
လေးစားစွာ ဖြင့် ..
မင်းတခေတ်
ဝန်ခံချက်
ဤစာအုပ်ပါ အကြောင်းအရာများ နှင့် ပတ်သက်၍
မည် သည့် စုန်းကဝေအတတ်ပညာရှင်များ ကိုမှ
စော်ကားလို၍ မဟုတ်ပါကြောင်း
တင်ကြိုအသိပေးအပ်ပါသည်။
လေးစားစွာ ဖြင့် ..
မင်းတခေတ်
(A)
နွေဦးပေါက် နံနက်ခင်းတစ်ခု၏ အခင်းအကျင်းသည် လင်းချင်းစွာ တောက်ပနေ၏ ။ လေနုအေးများ ၏ ပြေးလွှားဆော့ကစားမှု ကြောင့် မြေခနေကြသော သစ်ရွက်ခြောက်တချို့ ကွန်ကရစ်လမ်းမထက်မှာ ဝဲယှက်လွင့်ပျံ့သွားကြသည်။
ရန်ကုန်မြို့၏ နံနက်ခင်းတွေ ကတော့ ထူးမခြားနား။ ကားသံ လူသံများ ဖြင့် ဖုံးအုပ်ထား၏ ။ ရုံးသွားကြမည့်  လူငယ်မောင်မယ်များ ဘတ်စ်ကား မမီမည် စိုးသော ကြောင့် သူ့ထက်ငါ ခြေလှမ်းခပ်သွက်သွက်ဖြင့် သွားလာလှုပ်ရှားနေကြသည်။
ထိုမြင်ကွင်းကို ကြည့်ပြီး သက်ပြင်းခပ်ဖွဖွ ပစ်ချလိုက်သော မိန်းမပျိုလေး တစ်ယောက် သည် The Top company ရှေ့ရှိ စိန်ပန်းပင်ကြီးအောက်တွင် မတ်တပ်ရပ်နေ၏ ။ မိန်းမပျိုလေးသည် ဘယ်ဘက်လက်တင် ဝတ်ဆင်ထားသော ရွှေအိုရောင် နာရီ ခပ်သေးသေးလေးကိုလည်း မကြာခဏဆိုသလို ငုံ့ငုံ့ကြည့်နေသည်ကိုလည်း တွေ့ ရသည်။
ပါးစပ်မှလည်း တီးတိုးရွတ်ဆိုလိုက်သေးသည်။
“ဒီနေ့မှ နောက်ကျလိုက်တာ..”
မိန်းမပျိုလေးသည် လမ်းမအတိုင်း ငေးမျှော်ကြည့်လိုက်၊ နာရီမကြာခဏကြည့်လိုက် လုပ်နေပုံအရ တစ်စုံ တစ်ယောက် အလာကို စောင့်မျှော်နေသည်မှာ သေချာလွန်းလှ၏ ။
အချိန်ငါးမိနစ်ခန့် ကုန်ဆုံးသွားချိန်မှာ တော့ စောင့်မျှော်နေသူ မိန်းမပျိုလေး၏ မျက်နှာသည် အပြုံးရောင် တို့ လွှမ်းခြုံသွားပြီး ဖြစ်သည်။ အကြောင်းမှာ မူ သူမ မြင်ကွင်းထဲသို့ ခပ်ဖြောင့်ဖြောင့် လူငယ် တစ်ယောက် စမတ်ကျကျ လျှောက်လှမ်းလာနေသော ကြောင့် ပင် ဖြစ်သည်။ လူငယ်လေးက ရုံးဝန်ထမ်း တစ်ယောက် ဖြစ်ဟန်တူပါသည်။ ဘေးလွယ်အိတ်တစ်လုံးကိုလည်း လွယ်ထားတာတွေ့ ရသည်။
မိန်းမပျိုလေး ကတော့ တက်ကြွရွှင်မြူးသော အမူအယာဖြင့် သူမလက်တစ်ဖက်မှာ ကိုင်ထားသော နှင်းဆီပန်းစည်းလေးကို နှစ် လိုအားရစွာ တစ်ချက်ကြည့်လိုက်ပြီး လူငယ်လေးလာမည့်  ပလက်ဖောင်းလေးပေါ်သို့ တက်လိုက်ပြီး ကြိုရပ်စောင့်နေလိုက်သည်။
လူငယ်လေးက လမ်းလျှောက်လာရင်း ရှေ့သို့ မျှော်ကြည့်မိရာ မိန်းမပျိုလေး၏ မျက်ဝန်းတွေ နှင့် စက္ကန့်ဝက်မျှ ဆုံမိသွားသည်။ ချက်ချင်ဆိုသလို လူငယ်လေးက အကြည့်တွေ ကို လွှဲဖယ်ပစ်လိုက်သည်။ လူငယ်လေး၏ မျက်နှာပေါ်မှာ လည်း အလိုမကျမှု သံစဉ်တွေ ဖြတ်ပြေးသွား၏ ။
မလွှဲမရှောင်သာသည့်အ ဖြစ်မို့ နွေနံနက်ခင်းတစ်ခု၏ ပလက်ဖောင်းထက်ဝယ် ဆန့်ကျင်ဘက်လိင်နှစ် ဦးတို့ မျက်နှာချင်းဆိုင် ဆုံတွေ့ သွားကြသည်။
Lady first ဆိုသော အနောက်တိုင်းစကားလုံးသည် ဤနေရာမှာ တော့ အတော် မှန်ကန် အရေး ပါပုံရသည်။ ပန်းစည်းကိုင်ထားသော မိန်းမပျိုလေးဘက်မှ စကားလုံးအချို့ကို စတင်လာခဲ့၏ ။
“ကိုထက်..ဒီနေ့ ရုံးလာတာ နောက်ကျတယ်နော်..လမ်းမှာ ကားတွေ ပိတ်နေတာ ဖြစ်မယ်”
ချိုသာနွဲ့နှောင်းသော မိန်းမပျိုလေး၏ ဆီးကြိုနှုတ်ဆက်မှု အတွက် တစ်ဖက်က လူငယ်လေး၏ Reply ကတော့ သိပ်မလှပ လှချေ။
“ကျွတ်…ဒုက္ခပဲ..ငါ့ဘာသာ ရုံးလာတာ…နောက်ကျကျ…စောစော..အဲဒါ မင်းကိစ္စမ မဟုတ်ဘူးလေ..”
“ကိုထက်ကလေ…လူကိုဆို အရမ်းစိမ်းတာပဲ…ဘယ်တော့မှ စကားအကောင်းလည်း မပြောဘူး”
မိန်းမပျိုလေးက အလိုမကျသလို မူနွဲ့နွဲ့လေးပြောတော့ လူငယ်လေးက“ဟက်” ခနဲ တစ်ချက်ရယ်လိုက်သေးသည်။ပြီးမှ
“ဟုတ်လား..မင်းလုပ်ပုံကရော စကားကောင်းပြောချင်စရာလား..မိန်းကလေးတန်မဲ့နဲ့ ကိုယ့်ကို လုံးဝ စိတ်မဝင်စားတဲ့ ယောက်ျား တစ်ယောက် ကို နေ့စဉ်နေ့တိုင်းလာစောင့်ပြီး မိန်းမ နောက်ပိုးလာလုပ်နေတာကိုး”
“ဒီလိုတော့ မပြောပါနဲ့ ကိုထက်ရယ်..ကိုထက်ကို တက္ကသိုလ်မှာ ကတည်းက..”
“တော် ပါတော့..မင်းပြောမယ့် စကားလုံးတွေ အားလုံးကို ငါအလွတ်ရထားပြီးသားပါ..ကျောင်းမှာ တုန်းကလည်း မင်းငါ့ကို စာပေးလိုက် ..ရည်းစားစကား လိုက်ပြောလိုက်နဲ့ …ဒါက လွတ်လပ်ပျော်ရွှင်ရတဲ့ ကျောင်းသားဘဝမှာ ဆိုတော့ ထားလိုက်ပါတော့.. ငါ နားလည်လက်ခံပေးလို့ရတယ်..အခု ငါတို့တွေ က ကျောင်းသူကျောင်းသားတွေ မဟုတ်ြ ကတော့ဘူး..တစ်ကယ့်လက်တွေ့ ဘဝထဲကို ရောက်နေပြီ မင်းရဲ့ စိတ်ကူးယဉ် အရူးထမှု တွေ ကို ရပ်တန်းက ရပ်လိုက်ပါတော့..ငါ အနူးအညွတ်တောင်းပန်ပါတယ်..”
ဖြတ်ပြောလာသည့် လူငယ်လေးစကားကြောင့် မိန်းမပျိုလေး အတော် ဝမ်းနည်းသွားပုံရသည်။ မျက်ရည်အချို့ပင် သူမမျက်ဝန်းအိမ်မှာ ဝိုင်းသွား၏ ။
“ကိုထက် ကတော့ ရူးတယ်လို့ပဲ မြင်မှာ ပေါ့..ဒါပေမယ့် စန္ဒာ ကတော့ ဒီလုပ်ရပ်အတွက် ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ရူးတယ်လို့မြင်မိမှာ မဟုတ်ဘူး ကိုထက်..ဘာ ဖြစ်လို့လဲဆိုတော့ ကျောင်းမှာ ကတည်းက ကိုထက်ကို စန္ဒာ ရူးရူးမူးမူးချစ်ခဲ့မိလို့ပဲ…”
(၂၁) ရာစု၏ ပွင့်လင်းမြင်သာမှု က ထိုသို့ ခမ်းနားလွန်းပါ၏ ။ မိန်းကလေး တစ်ယောက် ၏ အချစ်စိတ်က ထိုသို့ လည်း အံ့သြဖွယ်ရာ အတိပြီးနေ၏ ။
“တော် စမ်းပါ အေးစန္ဒာရာ…ငါ အခု မင်းကို တစ်ခါတည်း အပြတ်ပြောခဲ့မယ်..ငါ မင်းကို လုံးဝစိတ်မဝင်စားဘူး..အဲဒါ ဒီတစ်သက်တင်မဟုတ်ဘူး..နောက် ဆယ်သက်အထိပဲ..နောက် ငါ့ရုံးရှေ့ကိုလည်း လာလာ မစောင့်ပါနဲ့..ဟိုလူကကြည့် ဒီလူကကြည့်နဲ့ မင်းမရှက်တတ်ပေမဲ့ ငါရှက်တတ်တယ် အေးစန္ဒာ”
ဒေါသအသံကြောင့် လူငယ်လေး၏ vocal က အနည်းငယ် ပွင့်ထွက်နေ၏ ။ မြန်မာလူမျိုးတို့ ထုံးစံအတိုင်း ဖြတ်သွားဖြတ်လာ လူအချို့ကလည်း စပ်စုသလို ငေးကြည့်သွားကြသသည်။ တချို့ဆို မျက်နှာပြောင်ပြောင်နှင့် ပင် ရပ်ကြည့်နေကြသေး၏ ။
အေးစန္ဒာဟု အမည် ရသော မိန်းမပျိုလေး ကတော့ ဝမ်းနည်းရှက်ရွံ့မှု ကြောင့် ရစ်ဝိုင်းနေသော မျက်ရည်စတွေ စီးကျလာနေ၏ ။ လူငယ်လေးကိုလည်း နားလည်ရခက်လှသော မျက်ဝန်းအကြည့်တွေ နှင့် ငေးကြည့်နေ၏ ။
“ကျေးဇူးပြုပြီး ဒီနေရာမှာ မငိုလိုက်ပါနဲ့ အေးစန္ဒာ….ရုံးကလူတွေ မြင်သွားရင် ငါ့ကို တစ်မျိုးထင်ကုန်ကြလိမ့်မယ် ..ငါလည်း ရုံးနောက်ကျနေပြီ…သွားတော့မယ်..နောက်ကို ငါ့မျက်စိရှေ့မှာ လည်း ထပ်ပေးမလာပါနဲ့တော့ အေးစန္ဒာ”
လူငယ်လေးက မိန်းမပျိုလေးကိုရှောင်ပြီး The Top Company ထဲသို့ ဝင်ရန် ပြင်စဉ် မိန်းမပျိုက လူငယ်လေးလက်မောင်းကို ဖမ်းဆွဲလိုက်ပြီး
“နေ..နေပါဦး ကိုထက်ရယ်..နောက်ဆုံးအနေနဲ့ပဲ ဖြစ် ဖြစ် စန္ဒာယူလာတဲ့ ဒီပန်းစည်းလေးကိုတော့ လက်ခံပေးပါ ကိုထက်..”
ထိုစဉ် လမ်းတစ်ဖက်မှ လျှောက်လာသော ဇော်ဇော်ဆိုသူက အေးစန္ဒာတို့ အ ဖြစ်အပျက်မြင်ကွင်းကို မြင်သွားပြီး ရှေ့ဆက်မလျှောက်တော့ဘဲ ပြုံးပြီး ငေးကြည့်နေမိ၏ ။
မိန်းကလေး တစ်ယောက် က ယောက်ျားလေး တစ်ယောက် ကို လက်ဆွဲပြီး ပန်းစည်းပေးနေသော မြင်ကွင်းတစ်ခု။ ခံစားတတ်ရင် ကြည်နူးစရာကောင်းလှသော Love scence တစ်ခု။ ပြီးတော့ နှစ် ယောက် စလုံးက သူနှင့် ကျောင်းနေဖက်သူငယ်ချင်းတွေ ။ စန္ဒာက ကျောင်းမှာ ကတည်းက တစ်ဖက်သတ်ချစ်လာခဲ့သူ။ လူငယ်လေးဘက်က လုံးဝ စိတ်မဝင်စားတာကိုလည်း သူသိပါတယ်။
သို့ သော် သူ့အနေဖြင့် သူငယ်ချင်းနှစ် ယောက် ကို အဆင်ပြေသွားစေချင်တယ်။ ခက်သည်က အိုးက မပူဘဲ စလောင်းက ပူနေသည့် ကိစ္စ။
ထိုစဉ် မထင်မှတ်ဘဲ သူ့မြင်ကွင်းထဲက Love scence လေးက ချက်ချင်း ဆိုသလို Hate scence အ ဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေတော့၏ ။
လူငယ်လေးက မိန်းမပျိုလေး ကိုင်ထားသော လက်ကို ဖယ်ချပြီး..
“အေးစန္ဒာ..ရုပ်ရှင်တွေ ထဲက ဒိုင်ယာလော့တွေ နဲ့ ငါ့ကို Drama လာချိုးပြမနေနဲ့တော့..ငါဘာမှ လက်ခံနားလည်ပေးနိုင်စရာအကြောင်းမရှိဘူး…ဒီပန်းစည်းကြီးကို ငါက ယူပြီး ဘာလုပ်ရမှာ လည်း..သွားစမ်း ကဲကွာ..ကဲကွာ..အလကား..အရေး မပါတာတွေ ”
ပြောပြောဆိုဆို နှင်းဆီပန်းစည်းလေးကို ဆွဲခါရိုက်ပုတ်ပစ်လိုက်သည်။ နီရဲစိုထွေးနေသော နှင်းဆီပွင့်ဖတ်လေးတွေ ၏ ရနံ့အစုံဟာ နွေဦးလေပြည်တွေ နှင့် အတူ လွင့်ပျံဝဲသွားသည်။ ပလက်ဖောင်းလေးအထက်မှာ တော့ ရိုးတံကျဲကျဲ ပန်းစည်းတစ်ခုနှင့် နှင်းဆီပွင့်ဖတ်ကလေးများ ဖွာလန်ကျဲနေလေ၏ ။
မိန်းမပျိုလေးလည်း ထိုလုပ်ရပ်အတွက် မျက်လုံးအဝိုင်းသားဖြင့် ကြော်ငငေးအံ့သြနေမိ၏ ။ တစ်နေရာမှရပ်ကြည့်နေသော ဇော်ဇော်နှင့် လူအချို့လည်း အံ့သြငေးမောသွားကြ၏ ။
“ဟာ ကိုထက်..ဒါဘယ်လိုလုပ်လိုက်တာလဲ”
“မင်းမြင်တဲ့အတိုင်းပဲလေ…ငါက အာရုံနောက်မခံနိုင်ဘူး ..ကိုယ့်ဘာသာ အေးဆေးနေပါရစေ… အေး.. နောက်ထပ် ငါ့ကို လိုက်နှောက်ယှက်နေဦးမယ်ဆိုရင်တော့ ငါ့အဆိုးမဆိုပါနဲ့တော့ အေးစန္ဒာ”
လူငယ်လေးက ပြောပြီး ရုံးထဲသို့ လှည့်မကြည့်စတမ်း ထွက်သွားလေတော့သည်။ မိန်းမပျိုလေးမှာ သာ လူငယ်လေးကျောပြင်ကို စူးစိုက်စွာ ရပ်ငေးကြည့်ရင်း ကျောက်ရုပ်တစ်ရုပ်လို ကျန်ခဲ့လေတော့၏ ။
ထိုအချိန်တွင် သူငယ်ချင်း ဖြစ်သူ ဇော်ဇော် အပြေးရောက်လာပြီး..
“စန္ဒ…သူငယ်ချင်း..ငါအ ဖြစ်အပျက်အားလုံးကို မြင်လိုက်ပါတယ်။ ဒီကောင် ဘာပဲ ဖြစ် ဖြစ် နင့်ကို ဒီလိုတော့ မဆက်ဆံသင့်ပါဘူးဟာ..ဒီကောင့်ကိုယ်စား ငါကြားထဲကနေပဲ တောင်းပန်ပါတယ်..အဲဒီ ထက်မြတ်လင်းဝေဆိုတဲ့ကောင်ဟာလေ..ဘယ်လိုကောင်စားမှန်းကို မသိဘူး..ငါတကယ် စိတ်မကောင်းလိုက်တာ စန္ဒာရယ်”
စကားအဆုံးမှာ အေးစန္ဒာက ဇော်ဇော်ကို မချိသလို အပြုံးလျော့ရဲရဲလေးဖြင့် ပြန်ကြည့်ပြီး စီးကျလက်စ မျက်ရည်စတွေ ကို သုတ်ဖယ်ပစ်လိုက်၏ ။ ပြီးမှ…
“ရပါတယ် ဇော်ဇော်ရယ်. .ငါ့ကံလို့ပဲ သဘောထားပါတယ်ဟာ…နင်လည်း ကြားထဲကနေ ဘာမှစိတ်မကောင်း ဖြစ်မနေပါနဲ့တော့”
“ဒီလိုလည်း ဘယ်ဟုတ်ပါမလဲဟာ..ငါတို့က သူငယ်ချင်းတွေ ပဲ..ရုံးထဲရောက်ရင်လည်း ဒီကောင့်ကို ငါပြောဦးမယ်..ငါ နင့်ခံစားချက်ကို နားလည်တယ်..စန္ဒာ..ဒီကောင် လင်းဝေကို ကျောင်းမှာ ကလည်းက နင်ဘယ်လောက်ထိချစ်ခဲ့တယ်ဆိုတာလည်း ငါသိပါတယ်..ဒါပေမယ့် စန္ဒာရာ ချင်စိမ်းနဲ့မိဿလင်ပေါ့…သူကြင်မှ ကိုယ်ကြင်ပေါ့ဟာ..နင့်ရုပ်နင့်ရည် နင့်အဆင့်အတန်းနဲ့ ဒီကောင့်ထက်သာတဲ့ကောင်တွေ ကို ခေါင်းခေါက်တွဲ လို့ရပါတယ်..ဒီကောင့်ကို မေ့ပစ်လိုက်စမ်းပါဟာ”
“ငါ..ကြိုးစားပါ့မယ် သူငယ်ချင်းရယ်..ငါ့အပေါ် နားလည်နှစ် သိမ့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဟာ..”
“မလိုပါဘူးဟာ…အချင်းချင်းတွေ ပဲ..ဘာပဲပြောပြော ဒီတစ်ခါတော့ ဒီကောင်တော် တော် လွန်တာ ငါသိတယ်..”
“ထားလိုက်ပါတော့ သူငယ်ချင်းရယ်..တစ်နေ့ ငါကြေကွဲခံစားရသလို သူမခံစားရစေပါနဲ့လို့ ငါဆုတောင်းပါတယ်..ဝဋ်မလည်ပါစေနဲ့လို့ ငါမျှော်လင့်ပါတယ်..ဒါပေမယ့် တူညီတဲ့ပေးဆပ်မှု တွေ တော့ သူပြန်ပေးဆပ်ရဦးမှာ ပါ..ကဲပါ ဒါတွေ ထားလိုက်ပါတော့..ဇော်ဇော် နင်လည်း ရုံးနောက်ကျနေပြီ..ဝင်တော့လေ..ငါလည်းသွားတော့မယ် သူငယ်ချင်း”
“သြော်..အေးအေး သူငယ်ချင်း”
အေးစန္ဒာက “The Top Company” ကို တစ်ချက်ငေးကြည့်ပြီး လှည့်ထွက်သွား၏ ။ ဇော်ဇော်လည်း သူမကျောပြင်ကို ငေးကြည့်ကာ သက်ပြင်းတစ်ချက်ကို ဖိချလိုက်လေတော့သည်။
လမ်းမထက်မှာ တော့ ကြေမွပျက်စီးနေသော ပန်းစည်းလေးတစ်စီး ငြိမ်သက်လဲလျောင်းစွာ သေဆုံးနေလေတော့၏ ။
(B)
The Top Company ၏ ရုံးခန်းထဲတွင် ဖြစ်သည်။ ဝန်ထမ်းများ သူ့နေရာနှင့် သူ သက်ဆိုင်ရာအလုပ်များ ကို လုပ်ကိုင်ဆောင်ရွက်နေကြသည်။ ထိုအထဲတွင် “ထက်မြတ်လင်းဝေ” ဟု အမည် ပေါက်သော လူငယ်လေးလည်း အပါအဝင်ပင် ဖြစ်သည်။
လင်းဝေသည် Computer Screen ပေါ်ရှိ စာရင်းဇယားများ ကို ကြည့်လိုက်၊ အနီရောင် File လေးအတွင်းရှိ စာရွက်စာတန်းတွေ ထဲမှ ကိန်းဂဏန်းအရှုပ်အရှင်းများ ကို ကြည့်လိုက်နှင့် အလုပ်ရှုပ်နေလေ၏ ။
ထိုစဉ် လင်းဝေအနားသို့ သူငယ်ချင်း ဖြစ်သူ ဇော်ဇော် ရောက်လာပြီး စကားစရန် သူ့အမည် ကို ခေါ်လိုက်၏ ။
“လင်းဝေ”
သူ တစ်ချက်မော့ကြည့်လိုက်ပြီး..
“ဟင်..ဇော်ဇော် ဘာလဲကွာ”
“မနက်က ရုံးရှေ့မှာ ဖြစ်ပျက်သွားခဲ့တဲ့ မင်းနဲ့ အေးစန္ဒာရဲ့ ပြဿနာကို ငါ အားလုံးမြင်လိုက်ရတယ်..မင်းကွာ မိန်းကလေး တစ်ယောက် ကို လူတွေ ရှေ့မှာ အဲလိုကြီးတော့ မဆက်ဆံသင့်ပါဘူးကွာ..သူဘယ်လောက်ရှက်သွားမလဲ”
“ဒီမယ် ဇော်ဇော်…သူရှက်တတ်ရင် ဒီရုံးရှေ့ကို ရောက်လာစရာအကြောင်းကို မရှိဘူး…ငါ့အနားကို ကျောင်းကနေ အခုချိန်အထိ တောက်တဲ့လို တစ်ချိန်လုံးလိုက်ကပ်နေတာ မင်းလည်းအသိပဲ..ကြာတော့ ငါလည်း သည်းမခံနိုင်တော့ဘူး..ဒါကြောင့် ငါ တမင် အဲလိုဆက်ဆံပစ်လိုက်တာ..အဲဒါ အခုဘာ ဖြစ်လို့လဲ”
ဇော်ဇော်က သူ့အမေးကို သက်ပြင်းတစ်ချက် အရင်ချပြသည်။ ပြီးမှ ဖြေသည်။
“ဟ..ဘာ ဖြစ်ရမလဲ..သူကြေကွဲသွားရတာ ပေါ့..အေးစန္ဒာလေး သနားပါတယ်ကွာ”
“အေး..သနားရင် မင်းသူ့ကို သွားကြိုက်လိုက်ပါလား”
သူတမင်ရွဲ့ပြောမှ သကောင့်သားက အကွက်ဝင်သွားပုံရသည်။ အားရဝမ်းသာကြီးပင် ပြန်ဖြေနေသေး၏ ။
“ကြိုက်တယ် ဟေ့ကောင်ရေ..သူက မင်းမှမင်း ဖြစ်နေလို့..အေးစန္ဒာက မင်းကိုတော့ တော် တော် လေးချစ်တာနော်..ချစ်လွန်းလို့လည်း မိန်းကလေးတန်မဲ့ သူ့ဘက်က စတင်နေတာပေါ့..အေးစန္ဒာက ချောလည်းချောတယ် ခန္ဓာကိုယ် အချိုးအစားကလည်း သင်ဇာဝင့်ကျော်လား အိချောပိုလားပဲ…မင်း ဘာလို့ ပြန်မကြိုက်တာလဲဆိုတာကို ငါတော့ နားလည်လို့ကို မရဘူး”
ဇော်ဇော့်အပြောကြောင့် သူ မဲ့ခနဲ တစ်ချက်ပြုံးလိုက်မိသည် ထင်သည်။ ပြီးမှ ဇော်ဇော့်မျက်နှာကို သေချာကြည့်ပြီး သူခပ်ဖြည်းဖြည်း ဖြေပစ်လိုက်သည်။
“အချစ်ဆိုတာ အဲဒါပဲ သူငယ်ချင်း..ပြီးတော့ အဲလို မိန်းမနောက်ပိုးတွေ ကိုလည်း ငါလုံးဝအထင်ကြီးလို့ မရဘူး..စိတ်ဝင်စားဖို့ဆိုတာ ကတော့ ဟိုးအဝေးကြီးမှာ ”
“လင်းဝေ…မင်းနဲ့ငါနဲ့ တွဲ လာခဲ့တာလည်း ကြာပါပြီ..ကျောင်းမှာ ကတည်းက မင်း မိန်းကလေး တစ်ယောက် ကို စိတ်ဝင်စားတယ်ဆိုတာ ငါမကြားဖူးသေးဘူး..ပြောစမ်းပါဦး..မင်းက ဘယ်လိုကောင်မလေးမျိုးကိုမှ ချစ်ချင်တာလဲ”
“No No… အချစ်အတွက် ငါ့မှာ စံချိန်စံနှုန်းတွေ မရှိဘူး..အချစ်ဆိုတာ နှလုံးသားက အလိုလို မွေးဖွားထွက်ကျလာတတ်တာမျိုးပါ..ဘယ်လိုမိန်းကလေးမျိုးမှ ချစ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ တကူးတကလိုက်ရှာကောင်းတာမျိုး မဟုတ်ဘူး”
“အဟွန်း..အဲဒါဆိုရင်တော့ မင်းနှလုံးသားက အမြုံကြီးပဲ ဖြစ်မယ်..ဘယ်တော့မှ မွေးဖွားလာမှာ ကို မဟုတ်တော့ဘူး”
ဇော်ဇော့် ခပ်ထေ့ထေ့အပြောကို သူ သဘောတကျ ရယ်မိလိုက်သည်။ ပြီးမှ..
“အချိန်မကျသေးလို့ ဖြစ်မှာ ပေါ့..ဒီမှာ ဇော်ဇော် တကယ် သူ့အချိန်ကျလာရင် မိုးပေါ်က သိကြားမင်းကြီး ဆင်းတားရင်တောင် ရမှာ မဟုတ်ဘူး..ကဲ ကဲ မင်းလည်း ကိုယ်အလုပ်ကိုယ် သွားလုပ်တော့…ငါလည်း MD ဆီကို ဒီစာရင်းလေး လက်စသတ်ပြီး သွားအပ်ရဦးမယ်”
“အေးပါ အေးပါ..အဒီကျရောက်လာမယ့် အချိန်ကို ငါက သေချာကို စောင့်ကြည့်ချင်သေးတာ.မ.င်းကြိုက်မယ့် ကောင်မလေးမျိုးက ဘယ်လိုပုံစံမျိုးလဲဆိုတာကို အဟွန်း…”
ဇော်ဇော်က ပြောပြောဆိုဆိုဖြင့် သူ့နေရာသို့ ထထွက်သွားသည်။ သူကလည်း တမင်ပင် အော်ပြောလိုက်သေးသည်။
“စိတ်ချသူငယ်ချင်း..အဲဒီ အချိန်ကျရင်..ငါ့ ကောင်မလေးကို မင်းနဲ့ ပထမဦးဆုံး မိတ်ဆက်ပေးမယ် ဟုတ်ပြီလား ဟား ဟား..”
လင်းဝေက ပြောပြီး စာရင်းဇယားများ ကို Printer မှ တစ်ဆင့် ထုတ်ယူလိုက်ပြီး MD ကို သွားပေးရန် ပြင်ဆင်လိုက်သည်။ နောက်ဖိုင်ထဲသို့ စာရွက်စာတန်းများ သေချာထည့်ကာ ထထွက်လိုက်၏ ။
“ဟင်..ဘာ ဖြစ်တာလဲ”
ထအထွက် ..သူ့ခေါင်း ရုတ်တရက် မူးမိုက်သွားသည်။ ရုပ်ချည်းဆိုသလို အမြင်အာရုံတွေ ဝေဝါးကာ ခန္ဓာကိုယ်တစ်ခုလုံး လေးလံသလို ခံစားလိုက်ရပြီး အနားရှိ နံရံကို အားပြု၍ လှမ်းမှီလိုက်၏ ။
သို့ သော် သူလက်က နံရံကို မထိခင်အချိန်လေးအတွင်းမှာ ပင်..ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပျက်သလို ဘုန်းခနဲ လဲကျသွားလေတော့သည်။
“ဘုန်း”
“ဟာ”
“ဟင်..ဟိုမှာ ကိုလင်းဝေ ဘာ ဖြစ်တာလဲ မသိဘူး”
“သူငယ်ချင်း..လင်းဝေ”
“…”
“….”
ခန္ဓာကိုယ်တစ်ခု ကြမ်းပြင်ပေါ်မှာ မလှုပ်မယှက်..
ဇော်ဇော်အပါအဝင် ရုံးတွင်းလူအချို့ ကတော့ လုပ်လက်စအလုပ်ကို ပြစ်ချကာ လဲကျသူအနားသို့ သူ့ထက်ငါ အပြေးအလွှား..။
သေချာသည် ကတော့ ယခုအချိန်မှာ ထက်မြတ်လင်းဝေ တစ်ယောက် လောကကြီးနှင့် အဆက်အသွယ်ပြတ်ကာ တဒင်္ဂ ငြိမ်သက်နေပြီ ဖြစ်လေတော့၏ ။
(C)
ထက်မြက်လင်းဝေ..။
သူ့မျက်ဝန်းတွေ ကို ပထမဆုံး ဝိုးတဝါးဝင်လာတဲ့ မြင်ကွင်းက သူ့အခန်းက ဝါကြန့်ကြန့် မျက်နှာကျက်။ နောက်..စိုးရိမ်တကြီး စိုက်ကြည့်နေသည့် သူငယ်ချင်း ဖြစ်သူ ဇော်ဇော့်မျက်နှာ။
“သူငယ်ချင်း လင်းဝေ..သတိရလာပြီလား”
“ဇော်ဇော် ..ငါ ဘာ ဖြစ်သွားတာလဲ..ဘယ်လို ဖြစ်လို့ မင်းနဲ့ ငါ ငါ့အခန်းထဲကို ရောက်နေကြတာလဲ..”
သူက အခန်းတွင်း ဝေ့ဝဲကြည့်ရင်း ပြောလိုက်သည်။
သို့ မှ ဇော်ဇော်က အကြောင်းစုံကို ရှင်းလင်းပြ၏ ။
“ဘယ်လိုရောက်လာရမှာ လဲ..မင်း ရုံးမှာ ရုတ်တရက်ကြီး မေ့လဲသွားတယ်လေကွာ တစ်ရုံးလုံးကို ပြာသွားတာပဲ..ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိဘူး..သြော်..ငါ မှတ်မိပြီ။ MD ဆီကို လချုပ်စာရင်းတင်ဖို့ အထမှာ ..ငါ ခေါင်းမူးပြီး လဲကျသွားတာ..အဲဒီ နောက်တော့ ငါ ဘာမှ မမှတ်မိတော့ဘူး”
“တော် သေးတာပေါ့ကွာ..ကိုရီးယားကားတွေ ထဲကလို အတိတ်တွေ ဘာတွေ မေ့မသွားသေးလို့..ရုံးကစာရေး ကိုလှမောင်နဲ့ငါ မင်းကို ဆေးခန်းပြေးပြရတာ ပေါ့။ဆရာဝန်က စိုးရိမ်စရာမရှိဘူး။ လျှော့ ဖြစ်သွားတာတဲ့ ဆေးတစ်လုံး ထိုးပေးလိုက် တယ်။ ဒီမှာ သောက်ဆေးတွေ ..ကိုလှမောင် ကတော့ ရုံးကိုပြန်သွားပြီ ငါ ကတော့ မင်းသတိမရသေးလို့ ထိုင်စောင့်ပေးနေတာ”
ဇော်ဇော်က ဆေးကတ်အချို့ကို စားပွဲပေါ်တင်ရင်း ပြောပြနေ၏ ။ လင်းဝေ ကတော့ ငြိမ်သက်စွာ နားထောင်နေ၏ ။
“ဆရာဝန်က မှာ လိုက်သေးတယ်.အိပ်ရေး ပျက်မခံနဲ့တဲ့..သွေးတက်စေမယ့် အစားအသောက်တွေ ကို ရှောင်ပြီး ဒီရက်ပိုင်းမှာ ကောင်းကောင်းအနားယူပါတဲ့.ကြားလား..”
“သြော် အေး ကြားပါတယ်..ငါတစ်ခုစဉ်းစားနေတာကွ..ငါတစ်ခါမှ ဒီလိုမ ဖြစ်ဖူးဘူး ဘယ်လိုကြောင့် ဒီလို ဖြစ်တယ်ဆိုတာကို လုံးဝ စဉ်းစားလို့မရဘူးကွာ”
“စဉ်းစားမရရင် စဉ်းစားမနေနဲ့ ခေါင်းရှုပ်တယ်..အကောင်းဆုံး ကတော့ ဒီရက်ပိုင်းမှာ မင်းကောင်းကောင်းအနားယူလိုက်..ရုံးစာရေး ကိုလှမောင်ကိုလည်း မင်းအတွက် ခွင့်တစ်ပတ် ယူဖို့ ငါပြောထားပြီးပြီ။ ဒါနဲ့ အခု မင်းဘယ်လိုနေသေးလဲ …သက်သာရဲ့ လား”
ဟုတ်ပါရဲ့ .။ ဇော်ဇော်မေးမှ သူလည်း ကိုယ့်ကိုယ်ကိုယ် သတိထားမိသွားသည်။ မသိရင် အစောက သူ ဘာမှမ ဖြစ်ခဲ့သည့်အတိုင်း။
“အေး..ထူးဆန်းတယ်ကွ…အခု ငါ ဘာမှမခံစားရသလို ဘယ်လိုမှလည်း မနေဘူး မေ့လဲခဲ့တယ်ဆိုတာတောင် မယုံချင်စရာကြီး..”
“ဒီလိုပဲ ဖြစ်တတ်ပါတယ်ကွာ..ငါတို့သုံးနေတဲ့ Handset တွေ လိုပဲပေါ့ကွာ..အလုပ်လုပ်တာများ လွန်းသွားရင် Hand သွားတတ်တဲ့ သဘောမျိုးပေါ့ Restart ပြန်လုပ်လိုက်တော့လည်း အားလုံး ပုံမှန်ပြန် ဖြစ်သွားတယ်လေ..ကဲ သူငယ်ချင်း အခုမင်းလည်း အေးဆေးပြန် ဖြစ်သွားပြီဆိုတော့ ငါရုံးကို လစ်တော့မယ်”
“အေးအေး သူငယ်ချင်း လစ်လစ်..ငါ့ကို စိတ်ချ အားလုံး အိုကေပဲ..ကျေးဇူးတင်တယ်နော်..ဒီနေ့အတွက်”
“မလိုပါဘူးကွာ..အချင်းချင်းတွေ ပဲ..ကဲ စိတ်ချရအောင် တစ်ရေး လောက် ပြန်မှေးနေလိုက်ဦး..ငါသွားပြီ…”
သူ ခေါင်းညိတ်ပြတော့ ဇော်ဇော်ပြုံးပြီး လှည့်ထွက်သွားသည်။ အိပ်ရာထက်မှ ဇော်ဇော့်ကျောပြင်ကို ငေးကြည့်ရင်း ကျန်ရစ်နေခဲ့၏ ။
အတွေးထဲကိုတော့ မဆီမဆိုင်၊ မတော် မတည့် ဆိုသလို အေးစန္ဒာပုံရိပ်တွေ က ရုပ်ရှင်အနှေးပြကွက်တွေ လို ပြေးထင်လာ၏ ။
သူအာရုံကို လွှဲကာ ခေါင်းကို ခါရမ်းပြီး မျက်လုံးအစုံကို မှိတ်ပစ်လိုက်သည်။ မကြာလှသော အချိန်မှာ သူနှစ် နှစ် ခြိုက်ခြိုက် အိပ်ပျော်ကောင်း ပျော် သွားပါလိမ့်မည် ။ အိပ်မက်ထဲမှာ မည် သည့်အကြောင်းအရာတွေ ထပ်ပေါ်လာမည် ဆိုသည်ကိုတော့ မည် သူမျှ သိနိုင်တော့မည် မဟုတ်ချေ။
![]() တက်တူး | ![]() Mind | ![]() EXIT |