Cover

အမှာ စာ

ဗမိုးက မြန်မာလုပ်သားပြည်သူများ ရဲ့ စရိတ်နဲ့ ကမ္ဘာသုံးခါကြီးများ တောင် လှည့်ခဲ့ရ ဘူးပါတယ်။ ပြည်ထောင်စုမြန်မာဗဟိုဘဏ်ရဲ့ စီနီယာဘောဂဗေဒမှူးအ ဖြစ် ၁၉၅၉ နှစ် တာကာလ အတွင်း အစ္စရေး ဗဟိုဘဏ် (ရက်ပေါင်း ၈၀)၊ ချက်ကိုဆလိုဗက်ဗဟိုဘဏ် (၆လခွဲ)နှင့် အမေရိကန် ၀ါရှင်တန် (IMF နဲ့ ကမ္ဘာ့ဘဏ်တွေ မှာ ၅ လခွဲ) စသဖြင့် ငွေကြေးနဲ့ ဘဏ်လုပ်ငန်းလေ့လာဆွေးနွေး ဖလှယ်ခဲ့သွားရောက်နေထိုင်ခဲ့ပါတယ်။ အသွားအပြန် အာရှ-ဥရောပနိုင်ငံတစ်ချို့မှာ လဲ ရက်ပိုင်း ညအိပ်-ညနေ နေထိုင်ခဲ့တယ်။ အဲဒီ ခရီးစဉ်တွေ မှာ တော့ အနောက်တိုင်းနိုင်ငံတွေ ရဲ့ တိုးတက်မှု တွေ ကို အားကျသလိုတော့ ရှိခဲ့တယ်။ ဒါပေမယ့် အကြောင်းပြုအကျိုးဆက်တွေ ကို စဉ်းစားသုံးသပ် ဖြစ်သွားတဲ့ အခါ သူတို့ရရှိနေတဲ့ အခွင့်အလမ်းအနေအထားတွေ နဲ့ မြန်မာနိုင်ငံ မြန်မာပြည်သူအများ ရရှိနေတာ တွေ မတူတာတွေ့ ရတယ်။ ဒီတော့ အသိပညာတစ်မျိုးတော့ တိုးတယ်။ ဒါပေမယ့် အောင်နိုင်မြင့်ရဲ့ ဆောင်းပါးတွေ ကိုဖတ်ရတာ ကျတော့ ဗဟိုးနဲ့ အလားတူပညာတတ်တွေ ရဲ့ ဟာကွက်ကြီးတစ်ခု ထင်း ကနဲ လင်းကနဲ ခံစားလိုက်ရတယ်။ ဟုတ်တယ်လေ။ တစ်ပါးနိုင်ငံတွေ ရဲ့ တိုးတက်မှု တွေ ကြည့်ပြီး မိမိ နိုင်ငံရဲ့ တိုးတက်မှု အနေအထားထဲက သယံဇာတတွေ အခွင့်အလမ်းတွေ ကိုလဲ သတိပေးနေတယ်။ ဒီအနေအထားကို မီးမောင်းထိုးပြီး လှုပ်နိုးလိုက်တာ ကတော့ အောင်နိုင်မြင့်ပဲဗျ။

အသေးစိတ်ကိုတော့ ဗမိုးရဲ့ ခြေဆင်းကိုကျော်လွှားပြီး အောင်နိုင်မြင့်ခေါ်တာကို ပျော်ပျော် ပါးပါး လိုက်ပါသွားပေရော့လို့သာ ပြောချင်ပါတယ်။

တစ်ခုတော့ ပြောလိုက်ပါရစေဦး The Age of Knowledge ဆိုတဲ့ ပညာခေတ်မှာ ပညာဗဟု သုတကို ပေးရာမှာ ယခင်ကဆို ‘သုတ’သက်သက်ပါပဲ၊ အောင်နိုင်မြင့်ရဲ့ ဆောင်းပါးမှာ ကတော့ သုတ၊ ရသ၊ ဒဿန သုံးမျိုးလုံးကို တစ်ထိုင်ထဲမှာ ရသွားခံစားရပါတယ်။

ဗမိုး

♥ ♥ ♥


အိမ်ယာမြေ ငှားဝယ်ရောင်း ကြွယ်ဝကြောင်း - ၂၅ဖြာ

အိမ်မြေအရောင်းအဝယ်လုပ်ငန်းသည် အမြတ်အစွန်းရှိသော အမြတ်အစွန်းရှိသော လုပ်ငန်းတစ်ရပ် ဖြစ်၏ ။ ထို့ကြောင့် အိမ်အရောင်းအဝယ်၊ မြေအရောင်းအဝယ်၊ အိမ်ငှား၊ မြေငှားကဏ္ဍကို ရင်းနှီးမြှုပ်နှံရန် ကောင်းသော်ကဏ္ဍအ ဖြစ်လည်း စီးပွားရေး ပညာရှင်တို့က လမ်းညွှန်ကြပါ၏ ။ သို့ သော် မည် သူမဆို အိမ်ရာမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည် (သို့ မဟုတ်) မိမိပိုင်မြေကိုရောင်းမည် (သို့ မဟုတ်) အိမ်အသစ်ဝယ်မည် ဟုဆိုပါက အောက်ဖော်ပြပါအချက် (၂၅)ချက်ကို သတိထားပါ။ ဤအချက် (၂၅) ချက်ကို လိုက်နာပါက မြေအိမ်ရာရောင်းဝယ်ငှား ရမ်းမည့် လုပ်ငန်းဖြင့် အမှန်တကယ် သင် ကြီးပွားနိုင်ပါသည်။

၁။ ယခုအခါ တန်ဖိုးနိမ့်ကျနေသော်လည်း နောင်တစ်ချိန်တွင် တက်ဈေးရှိလာနိုင်သော အိမ်ရာမြေများ ကို မြင်တတ်၊ ကြည့်တတ်ပါစေ။

၂။ အိမ်၊ မြေ အရောင်းအဝယ် မလိုက်သည့်အချိန်များ တွင် အကျိုးအမြတ်ရရှိနိုင်သည့် အခွင့်အလမ်းကြီးများ ပေါ်ပေါက်လာနိုင်သည်ကို သတိပြုပါ။

၃။ အိမ်၊ မြေများ ကို ဈေးကျချိန်တွင် ဝယ်ယူထားပြီး၊ အဝယ်လိုက်ချိန် (ဝါ) ဈေးတက်ချိန်တွင် ရောင်းချခြင်းအားဖြင့် အကျိုးအမြတ် များများ ရအောင် ပြုလုပ်ပါ။

၎။ စီးပွားရေး ကျပ်တည်းချိန်တွင် မြေများ ကို ဈေးချိုချိုဖြင့် ရရှိနိုင်ပါက အမြန်ဝယ်ယူထားပြီး တက်ဈေးမိချိန်တွင် ပြန်လည်ရောင်းချခြင်းအားဖြင့် စီးပွား ဖြစ်ထွန်းအောင် ကြံဆောင်ပါ။

၅။ အိမ်၊ မြေ အရောင်းအဝယ် လုပ်ငန်းများ ပြုလုပ်ရာတွင် လုပ်ငန်းတိုးချဲ့နိုင်ရန် ငွေရေး ကြေးရေး ဘဏ္ဍရေး အစီအစဉ်များ ကို စောစောစီးစီး စီမံခန့်ခွဲထားပါ။ သို့ မှသာ အခွင့်သာသော အခြေအနေများ ပေါ်လာပါက မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် ငွေကြေးအသင့် ရှိနေပါမည် ။

၆။ သင် ပိုင်ဆိုင်ထားသော လက်ရှိအိမ်၊ မြေများ ကို အသုံးပြု၍ ချေးယူထားသော ငွေများ ကို ထပ်ဆင့် အသုံးပြုပြီး အခြားဝင်ငွေ ဖန်တီးပေးနိုင်မည့်  အိမ်၊ မြေများ ကို ဝယ်ယူပါ။

၇။ အိမ်၊ မြေ အရောင်းအဝယ်တွင် ရောင်းလိုသူက တောင်းသလောက်ဈေးကို ဘယ်တော့မှ မပေးပါနှင့် ။ အနည်းငယ်မျှ ဈေးဆစ်ညှိနှိုင်းရုံမျှနှင့် ရောင်းသူသည် သူတောင်းထားသော ဈေးကို လျှော့ချပစ်နိုင်သည်။ အိမ်မြေရောင်းသူများ ကလည်း ဝယ်သူက ဈေးဆစ်လိမ့်မည် ကို ကြိုတင်တွက်ဆထားပါသည်။

၈။ ဝင်ငွေ ရရှိနိုင်မည့်  အိမ်၊ မြေများ ကို ဝယ်ယူရာတွင် အထောက်အထား ခိုင်လုံစိတ်ချရမှသာ ဝယ်ယူပါ။

၉။ သင်သည် အပေါင်ဆုံး၍ ရွေးနုတ်ခွင့် ပိတ်ပင်ခြင်းခံရသော အိမ် ဟုတ်မဟုတ် စသည့်အချက် အပါအဝင် မြေများ ကို ဘဏ်များ ၊ ဒေသခံ အခွန်ရုံးအာဏာပိုင်များ ၊ ပြည်နယ်အစိုးရဌာနများ ၊ စီးပွားပျက်၍ လူမွဲစာရင်း ကြေညာပေးရသည့် ရုံးများ စသည့် ဇစ်မြစ်များ ၊ အ ဖြစ်မှန်များ ကို စုံစမ်းပြီးမှ ဝယ်ပါ။

၁၀။ ဒေသခံဈေးကွက်အပြင် တစ်တိုင်းပြည်လုံးဆိုင်ရာ ဈေးကွက်အခြေအနေကိုလည်း သိရှိလာအောင် ကြိုးစားပါ။ ယင်း တတ်သိနားလည်မှုများ ဗဟုသုတများ သည် သင့်အတွက် အကျိုးခံစားမှုများ ကို ရရှိလာစေနိုင်သည်။

၁၁။ အသာစီးရနိုင်သော ယင်းအချက်အလက်များ ကို ထောက်လှမ်းရယူပြီး အသုံးပြုပါ။ ဥပမာ - ရောင်းချလိုသူ၏ “ဗိုက်နာ၊ ခေါင်းကိုက်” အချိန်ကိုက် ငွေလိုမှု ဖြစ်နေချိန်တွင် ဖိအားကောင်းကောင်းသုံး၍ အခွင့်ကောင်းယူ အသုံးချလိုက်စမ်းပါ။ သို့ သော် မလွန်ကျွံပါစေနှင့် ။ သူ ဗိုက်နာကြောင်း သင်တစ်ဦးတည်းသာ သိတာမဟုတ်။ သင့်လို လူများ လည်း ရှိနိုင်၍ သူတို့ လက်ထဲ ပါသွားမည် ကိုလည်း သတိထားပါ။

၁၂။ သင့်ဒေသတွင် အိမ်ငှားရမ်းခများ ဈေးတက်နေပါက သင်၏ ငှားရမ်းခများ ကိုလည်း တက်၍ တောင်းခံပါ။

၁၃။ အိမ်၊ မြေ စီးပွားရေး လုပ်ငန်းသည် အချိန်ပြည့် ဆောင်ရွက်ရသည့် လုပ်ငန်းမဟုတ်ပါ။ သင် အားလပ်ချိန်တွင် မြေအရောင်းအဝယ် ကိစ္စဖြင့် သန်းနှင့် ချီ၍ တန်ဖိုးရှိသော အလုပ်များ ကို လုပ်ကိုင်နိုင်သည်။ သတိပြုပါ။

၁၄။ သင့်အားလပ်ချိန်များ ကို အသုံးပြု၍ ငွေကြေးရှာကြံနိုင်သည်။ အိမ်၊ မြေ အရောင် အဝယ် စီးပွားရေး လုပ်ငန်းအား သင့် လက်ရှိ ဝင်ငွေရရှိနေသော အလုပ်မှ နုတ်ထွက်ရန်မလိုဘဲ လုပ်ဆောင်နိုင်သော အလုပ် ဖြစ်သည်ကို သတိပြုပါ။ သင့်အိမ် မြေ စီးပွားရေး လုပ်ငန်းမှ သင့်အား လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်သည်အထိ ပင်မအလုပ်ကမထွက်ပါနှင့် ။ နေ့စဉ်အားလပ်ချိန်တိုင်းတွင် သင့်အိမ် မြေ စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်ပါ။

၁၅။ အိမ်၊ မြေ ဈေးကွက်အေးနေချိန်ကို ရွေး၍ လုပ်ငန်းစပါ။ သို့ မှသာ သင်သည် ပိုမို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ပေမည် ။

၁၆။ ပွဲစားမလိုဟု ကြေညာထားသော ကြော်ငြာများ ကိုလည်း ဂရုစိုက်ရှာဖွေထားပါ။ ထိုသူများ သည် သင်နှင့် အရောင်းအဝယ် ဖြစ်လိုသူများ ဖြစ်တတ်သည်။

၁၇။ အိမ်၊ မြေများ ၏ တန်ဖိုးသည် တည်နေရာ၊ ဝင်ငွေ၊ ပတ်ဝန်းကျင်နှင့် အဆောက်အအုံ အခြေအနေ၊ ယင်းဒေသ၏ ဖွံ့ဖြိုးနိုင်မှု အလားအလာ စသည့်အချက်များ ပေါ် မူတည်လျက်ရှိသည်ကို သတိပြုပါ။

၁၈။ အိမ်၊ မြေတို့၏ တန်ဖိုးသည် တစ်ချိန်တွင် ဈေးကျနေသော်လည်း အမြဲအားဖြင့် ၄င်းရှိသင့်သည့် တန်ဖိုးသို့ ပြန်တက်စမြဲ ဖြစ်သည်။ သင့်လက်ထဲမှာ မြေကို ဈေးကျချိန်တွင် စိတ်အပျက်ကြီးပျက်ကာ ဈေးမလျှော့လိုက်ပါနှင့် ။ သည်းခံ စိတ်ရှည်ရှည်ထားနိုင်ခြင်းသည် အိမ်၊ မြေ စီးပွားရေး လုပ်ငန်းတွင် အကျိုးအမြတ် ရနိုင်သည်။

၁၉။ အဆောက်အအုံ တည်ရှိရာ နယ်မြေကို လိုက်၍ ထိုက်သင့်သည်ထက် အဆောက်အအုံကို ပိုမိုပြုပြင် မွမ်းမံခြင်း မပြုလုပ်ပါနှင့် ။ အဆောက်အအုံကို ဆွဲဆောင်မှုရှိအောင် ပြုပြင်ပြီး ယင်းအဆင့်တွင် ရပ်ထားပါ။ ဆက်၍ အကုန်အကျ မခံပါနှင့် ။

၂၀။ သင်သည် အသိုင်းအဝိုင်းများ ထဲမှ ဝမ်းနာ ခေါင်းကိုက် အိမ်၊ မြေများ ရောင်းချလေသူ တစ်ဦးတစ်လေဖြင့် တွေ့ ရှိနိုင်ပြီး ထိုသူထံမှ ထိုအိမ်မြေကို သင့်ကြိုက်ဈေးဖြင့် ပေါပေါလောလောဝယ်ယူရရှိနိုင်သည်ကို သတိပြုပါ။

၂၁။ သင့်အား အငိုက်ဖမ်းသည့် အရောင်းအဝယ်၊ အပေးအယူများ ကို သတိထား ရှောင်ပါ။ ကြီးမားသော ပမာဏရှိသည့် ငွေကြေးများ ကို အနာဂတ်ကာလ ရက်ချိန်းတစ်ခုတွင် အကြေပေးဆပ်ရမည့်  ကိစ္စမျိုးကို ရှောင်ပါ။

၂၂။ အိမ်၊ မြေ လုပ်ငန်းသည် အချိန်တိုအတွင်း စီးပွား ဖြစ်ထွန်းလာနိုင်သည်။

၂၃။ အိမ်၊ မြေလုပ်ငန်း စီမံခန့်ခွဲမှု ကုမ္ပဏီတစ်ခုခု ထူထောင်ခြင်းအားဖြင့် သင့်အားလပ်ချိန်တွင် အိမ်၊ မြေ စီမံခန့်ခွဲမှု ပညာများ ကို သင်ယူလေ့လာထားပါ။

၂၄။ အိမ်၊ မြေများ ၏ အခရာကျသည့် အချက်များ ကို ရှာကြံပါ။ ဥပမာ- တည်ရှိရာ အရပ်ဒေသ၊ သွားလာမှု လွယ်ကူခြင်း၊ ဈေးဝယ်ရန် လွယ်ကူခြင်း၊ ကျယ်ကျယ်ဝန်းဝန်း၊ သန့်သန့်ရှင်းရှင်းရှိမှု၊ ရာဇဝတ်မှုများ ကင်းရှင်းမှု၊ အဆောက်အအုံ အရည်အသွေး ကောင်းမွန်မှုတို့ကို လေ့လာပါ။

၂၅။ သင်သည်လည်း အိမ်၊ မြေ စီးပွားရေး လုပ်ငန်းဖြင့် သူတစ်ပါးကဲ့သို့ ပင် ကြီးပွားချမ်းသာလာနိုင်သည်။ အချိန်အခါကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ အိမ်မြေယာ ရောင်းဝယ်မှုလုပ်ငန်းများ ကို လုပ်ဆောင်ပါ။

ပုလဲမြို့ပြမြေယာမဂ္ဂဇင်း

အမှတ် (၁)၊ ၁၉၉၆ ခုနှစ် ။

♥ ♥ ♥


ကျေးဇူးတင်လွှာ

စာရေး သူသည် ၁၉၅၉-၆၀ ပညာသင်နှစ် တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၅၉ ခု စက်တင်ဘာလ ၁၂၊ ၁၃၊ ၁၈၊ ၁၉ ရက်နေ့များ က မြန်မာနိုင်ငံအသံလွှင့်ရုံကြီး၌ ကျင်းပခဲ့သော နိုင်ငံ တော် စီးပွားရေး ဆွေးနွေးပွဲတွင် ကုန်သည်ကြီးများ ၊ စက်မှု လက်မှု လုပ်ငန်းရှင်များ ၊ ဘောဂဗေဒ ဆောင်းပါးရှင်များ ၊ အယ်ဒီတာကြီးများ နှင့် သက်ဆိုင်ရာ အရာရှိကြီးများ ၏ ဆွေးနွေးပြောကြားချက်များ ကို နှစ် ခြိုက်အားကျမိခဲ့သည်။

ဤသို့ ဖြင့် ရန်ကုန်တက္ကသိုလ်၌ Economics, Statistics, Mathematics ဘာသာတွဲ ဖြင့် ၁၉၆၃-၆၄ ပညာသင်နှစ် တွင် ဘွဲ့ရရှသည့်အခါ Central Statistical and Economics Department ၌ အမှု ထမ်း ဖြစ်ခဲ့သည်။ တစ်ဖန် တပ်မတော် ၌ ပြန်တမ်းဝင်အရာရှိ ဖြစ်လာခဲ့ပြီးသည့်နောက် ၁၉၈၆ ခုနှစ် တွင် အိုးအိမ်ဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသည်။

၁၉၉၃ ခုနှစ် တွင် Asian Institute of Technology ၌ ‘Urban Development Through The Land Market”ပညာရပ်ကို သင်ယူဆည်းပူးခဲ့သည်။ ဤတွင် Mr.Ray W.Archer (Professor of Urban Land Economics and Management)၏ ကူညီပံ့ပိုးမှု များ ကို ရရှိခဲ့သည်။ ထို့ကြောင့် စာရေး သူသည် အတွေးသစ်အမြင်သစ်ဖြင့် ‘ပုလဲမြို့ပြ/မြေယာမဂ္ဂဇင်း’ကို နယ်ပယ်အသစ်မှ အားထုတ်၍ တည်ထောင်စီစဉ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့ ပါ၍ ယင်းမဂ္ဂဇင်းမှ ဆောင်းပါးအချို့ကို စုစည်းပြီး စာအုပ်ထုတ်ဝေနိုင်ခြင်းသည်ပင်လျှင် ကြောင်းကျိုးဆက်နွှယ်နေသော ကျေးဇူးတင်ထိုက်သူအားလုံး၏ ကျေးဇူးကြောင့် ဟု ဆိုရမည် သာ ဖြစ်ပေသည်။

အောင်နိုင်မြင့်

(၁၁-၁၂-၂၀၀၂)

♥ ♥ ♥


ဥယျောဇဉ်

သူ့ကို စတင်သိရှိသည်မှာ ၁၉၈၆ ခုနှစ် တွင် ကျွန်တော် တို့ အိုးအိမ်ဦးစီးဌာနကို ရောက်ရှိလာစဉ် က ဖြစ်သည်။ သူသည် ၁၉၉၀ ပြည့်နှစ် မှ ၁၉၉၉ ခုနှစ် ကုန်အထိ ညွှန်ကြားရေး မှူး(အိုးအိမ်)နှင့် ဒဂုံမြို့သစ် တည်ဆောက်ရေး ကော်မတီ တွဲ ဖက်အတွင်းရေး မှူးတာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။ စီမံ ထူးချွန်(ဒုတိယအဆင့်)နှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်တို့ကို လည်း ရရှိခဲ့သူ ဖြစ်သည်။ မြို့ပြ မြေယာဆိုင်ရာ စာအုပ်(၃)အုပ် ပြုစုရေး သားထုတ်ဝေနိုင်ခဲ့ရုံမက ‘ပုလဲမြို့ပြမြေယာမဂ္ဂဇင်း’အမည် ရှိ မြန်မာပြည်၌ တစ်ခုတည်းသော Property Magazine နှင့် CD-Rom Magazine တို့ကို ပထမဆုံး ထုတ်ဝေနိုင်ခဲ့သူလည်း ဖြစ်သည်။

စာအုပ်ပါ ဆောင်းပါးများ သည် ‘ပုလဲမြို့ပြမြေယာမဂ္ဂဇင်း’မှ ထုတ်နှုတ်ဖော်ပြထားခြင်း ဖြစ်ရာ ယခင်ကလည်း ဖတ်ခဲ့ဖူးသည်။ ဤဆောင်းပါးများ ကို သူလွယ်လွယ်နှင့် မွေးဖွားခဲ့သည်မဟုတ်၊ သူသည် ဤဘာသာရပ်ကို ပြည်တွင်းပြည်ပတွင် နှိုက်နှိုက်ချွတ်ချွတ် လေ့လာဆည်းပူးခဲ့သူ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြားသင်တန်းများ ကို သွားရောက်သင်ကြားသော အခါ သင်တန်းသို့ လာရောက်ပို့ချ သည့် ဆရာများ သည် ပညာရှင်များ ၊ ပါရဂူများ ဖြစ်ကြောင်း သူကောင်းကောင်းသဘောပေါက်၏ ။ ထိုသို့ မြို့ပြမြေယာ ဘာသာရပ်၌ တစ်ဘက်ကမ်းခတ်တတ်မြောက်သော ၀ိဇ္ဖာပညာရှိ ပဏ္ဍိက၀ိများ ထံမှ သူ သည် ချဉ်းကပ်၍ သင်ယူခဲ့သည်။ သာမန်သင်တန်းသားများ ထက်ပို၍ လုံ့လ၀ိရိယစိုက်ထုတ်၍ ပညာ ရယူခဲ့သည်။ ဤသို့ သင်ယူဆည်းပူးခဲ့သမျှတို့ကို အများ လူထုမျှဝေရရှိစေရန် ပြန်လည်ဖြန့်ဖြူးပေး သည့် အနေဖြင့် ဆောင်းပါးများ ကို ရေး သားတင်ပြခြင်း ဖြစ်သည်။

သူ့ဆောင်းပါးများ သည် သာမန်ဖတ်လိုက်ပါက သာမန်လောက်အကျိုးကျေးဇူးရသည်။ ပို၍ လေးလေးနက်နက် ဖတ်ပါက ပို၍ အကျိုး ဖြစ်သည်။ စဉ်းစားချင့်ချိန် ဆင်ခြင်သုံးသပ်သော ဥာဏ်ဖြင့် ဖတ်ပါက မမျှော်မှန်းနိုင်လောက်သည့် ကျယ်ပြန့်သော အကျိုးကျေးဇူးများ ကို ရရှိနိုင်ပါသည်။

ယခုခေတ်တွင် နိုင်ငံတိုင်း၌ မြို့ပြမြေယာ၏ တိုးတက်ပြောင်းလဲလာပုံမှာ သာမန်အမြင်နှင့် ကြည့်ရုံနှင့် မပြီးတော့ပေ။ လွန်ခဲ့သော ၂၀ ရာစုနှစ် ဦးကကဲ့သို့ မြို့ကြီးပြကြီးများ အရှိန်မြင့်စွာ စုဖွဲ့ကြီး ထွားလာလေသာ ပုံစံနှင့် ၂၁ ရာစုနှစ် ၏ ဖွံ့ဖြိုးမှု ပုံစံက မတူတော့။ တစ်နေရာထဲစုဖွဲ့ပြီး ဖွံ့ဖြိုးတိုးတက် ရုံနှင့် Effective Human Development System ထိမိသော လူသားဖွံ့ဖြိုးရေး စနစ်ဟု ဖွင့်ဆို၍ မလုံ လောက်တော့။

ပထမအဆင့်အနေဖြင့် မြို့ကြီးပြကြီးများ ကြီးထွားတိုးတက်လာသော အခါ ကျေးလက်နေလူထု က မြို့ပြသို့ ပြောင်းရွှေ့နေထိုင်လာကြသည့် ပုံစံ Pattern မျိုး ဖြစ်ခဲ့သည်။ ဤပုံစံဖြင့် မြန်မာပြည်တွင် လက်ရှိအခြေအနေ၌ တစ်ပြည်လုံး လူဦးရေ၏ ၂၉ ရာခိုင်နှုန်းသည် မြို့နေလူထု ဖြစ်လာကြသည်။ ကျေးလက်နှင့် မြို့ပြနေပြည်သူများ ၏ ဖွံ့ဖြိုးတိုးတက်မှု နှုန်းကွာဟနေခဲ့သည်။ ဤ ဖြစ်စဉ် ဖြစ်ရပ်မျိုးသည် ၂၀ ရာစုနှစ် က သူ့ခေတ်နှင့် သူ ဖြစ်ခဲ့သော Pattern နမူနာပုံစံမျှသာ ဖြစ်သည်။ ၂၁ ရာစုနှစ် အဖို့ ဤပုံစံ ကား ခေတ်နောက်ကျ၍ အတိတ်၌ နေရစ်ခဲ့ပြီ။

သူစာရေး ဆရာအောင်နိုင်မြင့်က ၂၁ ရာစုနှစ် အကြို နှစ် များ ကတည်းက ဤအသိ ဤအမြင်များ ကို ကြိုတင်သိမြင်ခဲ့သူပီပီ ရာစုနှစ် အသစ်ကြီးတွင် များ သူငါနှင့် ညီညာညာ ပုခုန်းချင်းယှဉ် ခရီးနှင်နိုင် စေရန် စိတ်ရင်းစေတနာအပြည့်နှင့် ဇော-လော-သဘောတို့ဖြင့် ပြင်းစွာ ရေး သားခဲ့သော ဆောင်းပါး များ ကို သိရှိစေရန်အလို့ငှာ ပုလဲမြို့ပြမြေယာမဂ္ဂဇင်းများ မှ ထုတ်နှုတ်၍ ယခုစာအုပ်တွင် စုစည်းထုတ် ဖော်တင်ပြလိုက်ခြင်း ဖြစ်သည်ဟု ပြက်ပြက်ထင်ထင် ရှုမြင်မိစေလိုပါသည်။

ဒေါက်တာစံထွန်းအောင်

B.Sc(Engg), M.C.P (Harvard)

D.M.A., D.E.P, D.E ngg

၁၀-၁၂-၂၀၀၂

ရန်ကုန်မြို့။

♥ ♥ ♥


မြို့ပြမြေယာဈေးကွက်ကဏ္ဍ

ရန်ကုန်အိမ်မြေယာဈေးကွက်ကို သုတေသနပြုခြင်း

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် မှစ၍ ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့၏ ။ ထိုအချိန်မှစ၍ နိုင်ငံခြားအရင်းအနှီးများ စွာ လည်း ၀င်ရောက်လာကာ မြန်မာနိုင်ငံ၏ ပုဂ္ဂလိက စီးပွား ရေး ကဏ္ဍလည်း ကျယ်ပြန့်လာခဲ့သည်။

ထူးခြားချက်တစ်ရပ်မှာ ယင်းကာလအတွင်း မြန်မာ့မြေယာဈေးကွက်သည် ပြောင်းလဲမှု များ ပြောရုံသာမက မြန်မြန်ဆန်ဆန်လည်း ပြောင်းလဲလာ၏ ။ ယခင့်ယခင်နှစ် များ ၏ အပြောင်းအလဲကို ခေတ္တထား၍ ၁၉၉၆ ခုနှစ် အတွင်း၌ ရန်ကုန်မြေဈေးသည် နှစ် ၀က်အတွင်း ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ သည်။

ထို့ကြောင့် ယနေ့ မြေယာဈေးကွက်ကို ကျွန်တော် တို့သည် မျက်ခြေမပြတ် လေ့လာနေမှ တော် ကာကျမည် ဖြစ်သည်။

ယနေ့ မြန်မာ့မြေယာဈေးကွက်ကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးနှစ် မြို့က ဦးဆောင်နေပါ၏ ။ ကျွန်တော် တို့သည် ဤဆောင်းပါးဖြင့် ရန်ကုန်မြေယာဈေးကွက်ကို စတင်၍ လေ့လာကြမည် ဖြစ် သည်။

စိတ်ဝင်စားဖွယ်ကောင်း

မြေယာဈေးကွက် သုတေသနပြုလုပ်ငန်းသည် အလွန်မှစိတ်ဝင်စားစရာကောင်း၍ ဤလုပ်ငန်း ကို ကျွမ်းကျင်၍ အသက်မွေးဝမ်းကျောင်းပြုပါကလည်း အလားအလာကောင်းသော လုပ်ငန်း ဖြစ် သည်။ သို့ သော် မြေယာဈေးကွက်ကို ခန့်မှန်းစနည်းနာဖို့ဆိုသော ကိစ္စသည် လေးနက်ခက်ခဲသော ကိစ္စ ဖြစ်သည်။ ပုံသေ မှတ်သားထား၍ မရသော ကိစ္စ ဖြစ်၏ ။ ဥပမာ တစ်ရပ်တည်း တစ်လမ်းတည်း၌ ပင် လမ်းထိပ်နှင့် စီးပွားရေး အချက်အချာကျသော မြေကွက်က ဈေးပိုရသည်။ မြန်မာ့မိရိုးဖလာ အယူအဆ များ အရ လှည်းဦးတိုက်၊ လှေဦးတိုက်မြေများ ကို ၀ယ်ယူသူတို့က ရှောင်ကြသည်။

ယနေ့ ရန်ကုန်မြို့ နယ်နိမိတ်အတွင်း အဆောက်အအုံမရှိ၊ မြေကွက်အလွတ်များ ၏ အကြမ်း ဖျင်း ယေဘုယျခန့်မှန်းဈေးသည် အောက်ပါအတိုင်း ဖြစ်သည်။

၁၉၉၆ ခုနှစ် အောက်တိုဘာလအထိ ရန်ကုန်မြေကွက်အလွတ်

အကြမ်းဖျင်းခန့်မှန်းပေါက်ဈေး

တစ်စတုရန်းပေ

စဉ် မြို့နယ် ပေါက်ဈေး

၁။ ကမာရွတ်(အင်းစိန်လမ်း အရှေ့ခြမ်း) ၂၅၀၀ ကျပ်

၂။ ကမာရွတ်(အင်းစိန်လမ်း အနောက်ခြမ်း) ၁၈၀၀ ကျပ်

၃။ ဗဟန်းမြို့နယ် ၂၁၀၀ ကျပ်

၎။ မရမ်းကုန်းမြို့နယ် ၁၆၀၀ ကျပ်

၅။ လှိုင်မြို့နယ် ၁၅၀၀ ကျပ်

၆။ အင်းစိန်မြို့နယ် ၁၃၅၀ ကျပ်

၇။ တာမွေမြို့နယ် ၁၅၀၀၀ ကျပ်

၈။ သင်္ဃန်းကျွန်းမြို့နယ် ၁၅၀၀၀ ကျပ်

၉။ သာကေတမြို့နယ် ၁၃၅၀ ကျပ်

၁၀။ တောင်ဥက္ကာပမြို့နယ် ၁၄၀၀ ကျပ်

၁၁။ ဒဂုံမြို့သစ်မြို့နယ် ၁၂၅ မှ ၁၅၀ ကျပ်

မြေတစ်ဧကတွင် ၄၃၅၆၀ စတုရန်းပေရှိပါ၏ ။ အိမ်မြေ အရောင်းအ၀ယ်ပြုရာတွင် ပေါက်ဈေး ကို တစ်စတုရန်းပေါ်တွင် အခြေခံ၍ တွက်ချက်သည်။

ယနေ့ ရန်ကုန်မြို့၏ အိမ်ပေါက်ဈေးမှာ အာရ်စီတိုက် အဆောက်အအုံတစ်လုံးကို ဆောက်မည် ဆိုပါက အဖြူထည်သက်သက် အကြမ်းဖျင်းပေါက်ဈေးသည် တစ်စတုရန်းပေတွင် တစ်ထောင်ကျော် ဖြစ်သည်။

ဖော်ပြပါ ဈေးနှုန်းသည် ယေဘုယျဈေးနှုန်း ဖြစ်သည်။ သို့ သော်

- မြို့လယ်ကောင်ကျခြင်း CBD ဧရိယာ (တရုတ်တန်း)Central Business district

- အစိုးရဖွံ့ဖြိုးရေး စီမံကိန်းများ ရှိခြင်း

- စက်မှု ဇုန် ဧရိယာ ဖြစ်ခြင်း၊

- ရေ မီး တယ်လီဖုန်း ရနိုင်ခြင်း၊

- လမ်းမကြီးပေါ်၌ ကျခြင်း၊

- အဆင့်မြင့်အိမ်ရာ ဖြစ်ခြင်း၊

စသည့် အချက်များ ပေါ် မူတည်၍ မြေဈေး၊ အိမ်ဈေး အသာစီးရမှု များ ဖြစ်ပေါ်တတ်၏ ။ မြို့ပြ ဖွံ့ဖြိုးမှု မြန်ဆန်လေ မြေယာအိုးအိမ်ဈေးများ အတက်ကြမ်းလေ ဖြစ်သည်။

ဥပမာတစ်ခု တင်ပြရသော် ယနေ့ကာလတွင် ကမာရွတ်နှင့် ဗဟန်းမြို့နယ်များ အတွင်းရှိ ရွှေ တောင်ကြားရပ်ကွက်၏ မြေယာပေါက်ဈေးသည် မြင့်မားလှသည်။ အလားတူပင် မြို့လယ်စီးပွားရေး ရပ်ကွက် CBD ဧရိယာများ ၏ ပေါက်ဈေးသည်လည်း မြင့်လှပါသည်။ ယခုအချိန်တွင် သုဝဏ္ဏနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၏ မြေပေါက်ဈေးသည် ရွှေတောင်ကြားနှင့် မြို့နယ် CBD ဧရိယာတို့၏ မြေ ဈေးကို ဘယ်လိုနည်းစနစ်နှင့် မျှ လိုက်၍ မီနိုင်စရာအကြောင်းမရှိပါ။

သို့ သော် ၁၉၉၆ ခု ဇူလိုင်လအတွင်းက သုဝဏ္ဏမြို့သစ်တွင် အမေရိကန်ဒေါ်လာ ၂၀၂ သန်းတန် စီမံကိန်းတစ်ရပ်ကို ငါးနှစ် အတွင်း အကောင်အထည်ဖော်ရန် နိုင်ငံတော် နှင့် ပုဂ္ဂလိကပိုင်းတို့ သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးခဲ့၍ ထိုဒေသ၏ မြေဈေးသည် နောင်တွင် ယခုဈေးခေါင်ခိုက် နေသော မြေနေရာများ ထက် သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြေဈေးက ပို၍ ပင် များ လာလေမလားဟု စဉ်းစား စရာ ဖြစ်သည်။

မင်္ဂလာဒုံမြို့နယ် အမြန်လမ်းမကြီးဘေးတွင် တည်ဆောက်လျက်ရှိသော စက်မှု ဇုန်ကြောင့် ပုလဲမြို့၏ မြေတစ်ဧက ပေါက်ဈေးသည် ၁၂၅ သိန်း ဖြစ်လာခဲ့ပါ၏ ။ တကယ်တော့ မြေဈေး ယာဈေး ကို ကြိုတင်ခန့်မှန်းရန် ခဲယဉ်းသည်ဟုဆိုကာ မခန့်မှန်း မတွက်ချက်ပါက ကျွန်တော် သည် ခေတ် နောက်ကျမှု ၊ မသိနားမလည်နိုင်မှု နှင့် အလားအလာကောင်းသော မြေဈေး၊ ယာဈေးတို့နှင့် ကင်းကွာ ကာ နေရင်းထိုင်ရင်း ဆုံးရှုံးမှု များ ရှိတတ်သည်။

ယနေ့ ရန်ကုန်မြေဈေးကို မလေ့လာပါက မိမိနေထိုင်လျက်ရှိသော မြေရာအိမ်တန်ဖိုးကိုမျှပင် မသိဘဲ အများ ကြီးရပြီအထင်နှင့် မိမိမြေကို ရောင်းချမှု ၊ ဖွံ့ဖြိုးမှု နှေးကွေးမည့် နေရာတွင် မြေ၀ယ်ထား မိခြင်းစသည်တို့ ဖြစ်တတ်သည်။

ထို့ကြောင့် ကျွန်တော် တို့သည် ရန်ကုန်မြေဈေးကွက်ကို အတတ်နိုင်ဆုံး နီးစပ်မှု ရှိအောင် လေ့လာကြရမည် ဖြစ်သည်။

ဆွဲဆောင်မှု အမြင့်ဆုံးနေရာများ

ရန်ကုန်မြို့တွင် အဆင့်မြင့် လူနေရပ်ကွက်များ ဖြစ်သော မရမ်းကုန်းမြို့နယ် ကမာရွတ်မြို့နယ် နှင့် ဗဟန်းမြို့နယ်များ အတွင်းရှိ မြေများ သည် အဆင့်မြင့်ဖွံ့ဖြိုးမှု လုပ်ငန်းများ အတွက် ဆွဲဆောင်မှု အကောင်းဆုံးနေရာများ ဖြစ်သည်။

တစ်ဖန် ရန်ကုန်မြို့၏ အဓိကလမ်းမကြီး ဖြစ်သော တောင်နှင့် မြောက်တည်ရှိနေသည့် ပြည် လမ်းမကြီးတစ်လျှောက်ရှိ နေရာများ သည် တည်ဆောက်မှု လွယ်ကူစွာ ရရှိနိုင်ပြီး ငှားရမ်းခသည် မြို့ လယ်ရပ်ကွက်များ နှင့် မခြား ရရှိနိုင်သော နေရာများ ဖြစ်၍ ထိုနေရာများ သည်လည်း တန်ဖိုးမြင့်မားသော နေရာများ ဖြစ်သည်။

ဒုတိယအဆင့် ကုန်ကျမှု စရိတ်သက်သာပြီး ဆက်သွယ်ရေး လွယ်ကူမှု ကို အခြေခံ၍ တန်ဖိုးရှိ သည့်နေရာများ မှာ ဓမ္မစေတီလမ်း၊ ရွှေဂုံတိုင်လမ်းများ ၊ အင်းလျားကန်အရှေ့ဘက်ခြမ်းရှိ ကမ္ဘာအေး စေတီလမ်းနှင့် ပါရမီလမ်းပေါ်ရှိ မြေနေရာများ ဖြစ်သည်။

တစ်ဖန် ရန်ကုန်မြို့လယ်ရှိ စီးပွားရေး ရပ်ကွက် CBD ဒေသ၊ တရုတ်တန်းနေရာများ သည် ကျပ် သိပ်မှု ။ မော်တော် ကားရပ်ရန် နေရာအခက်အခဲတို့ကြောင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင် စားမှု နည်းသော ဒေသများ ဖြစ်၏ ။ သို့ သော်လည်း ထိုဒေသများ သည် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင် များ အတွက် အသုံးတည့်နေသေးသော ကြောင့် ထိုနေရာများ ၏ မြေယာဈေးသည်လည်း မြင့်မားကာ ကျရိမရှိသော နေရာများ ဖြစ်ပါ၏ ။ မြို့လယ်စီးပွားရေး ရပ်ကွက် CBD ဒေသသည် မြို့နေလူထုအတွက် ပြည်တွင်းကုန်စည်များ ကို လက်လီလက်ကား ဖြန့်ဖြူးရောင်းချရန် လွန်ခဲ့သော ကာလများ ကပင် အရေး ပါမှု ရှိခဲ့ပြီး ရှေ့ဆက်၍ လည်း အရေး ပါနေဦးမည့်  မြေများ ဖြစ်သည်။

တစ်ဖန် ရန်ကုန်မြို့၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို ကန့်လန့်ဖြတ်ဆက်ရန် ကမ္ဘာအေး စေတီလမ်းသည် ပြည်လမ်း၊ အင်းစိန်လမ်းနှင့် ဘုရင့်နောင်လမ်းကြီးဖြတ်၍ တိုးချဲ့ဖောက်လုပ်ထား သော ပါရမီလမ်းတစ်လျှောက်ရှိ နေရာများ သည် နောင်တွင် အကျိုးရှိ ဈေးကောင်းရနိုင်သော နေရာ များ ဖြစ်သည်။ တောင်ဥက္ကလာပါရမီလမ်းနှင့် ဆက်၍ ယခင် ဦးဘဟန်လမ်းကို ဆက်ကို ဒဂုံနှင့် လှိုင် သာယာအထိ ယခုအခါ တစ်ဆက်တည်း ဖောက်လုပ်ကာ ယင်းလမ်းမကြီးကို ပါရမီလမ်းဟု မှည့် ခေါ်ထားသည်။

ဖြစ်ပေါ်လာသော ဈေးကွက်စီးပွားရေး စနစ်ကြောင့် ရန်ကုန်မြို့တွင် မြေယာပိုင်ဆိုင်မှု တန်ဖိုး တက်လာသည်မှာ အမှန် ဖြစ်သည်။ အထက်ဖော်ပြပါ မြေယာအသာစီးရမှု သည် လာမည့်  ၁၀ နှစ် တိုင် ယခုအတိုင်း ဆက်လက်တည်ရှိနေမည် ဟု သုံးသပ်ရပါသည်။

ရန်ကုန်မြို့၏ ဖွံ့ဖြိုးမှု သည် အတော် အတန် မြန်ဆန်သည်ဟု ဆိုနိုင်ပါသည်။ ရန်ကုန်မြို့၏ အချက်အချာနေရာသည် ယခင်ကလို တစ်နေရာတည်းမဟုတ်ဘဲ လာမည့်  လေး ငါး ဆယ်နှစ် အတွင်း ရန်ကုန်မြို့တွင် စီးပွားရေး အချက်အချာဒေသ သုံးလေးခု ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည်။ မည် သည့်နေရာများ သည် အချက်အချာနေရာများ ဖြစ်လာမည် ဆိုသော ကိစ္စကိုကား ကျွန်တော် တို့သည် သတင်းအချက်အလက်များ နှင့် အကဲခတ်ကြရမည် ဖြစ်သည်။

သတင်းအချက်အလက်

လက်ရှိအနေအထားအရ နိုင်ငံခြားသားလုပ်ငန်းရှင်များ စိတ်ဝင်စားမှု ရှိသော နေရာများ သည် အကျိုးသက်ရောက်မှု များ တိုးပွားလျက်ရှိသည်။ ထို့ကြောင့် ယနေ့အချိန်အခါတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတို့က ဘယ်နေရာတွင် ရင်းနှီးမြှုပ်နှံရန် ရွေးချယ်လိုက်ပြီဟုဆိုသော သတင်းအချက် အလက်များ သည် ရန်ကုန်မြေဈေးအတွက် အဖိုးတန်သတင်းအချက်အလက်များ ဖြစ်ပါသည်။ ဤကဲ့ သို့ သော သတင်းအချက်အလက်များ ကို ပုလဲမြို့ပြမြေယာမဂ္ဂဇင်းက မှန်မှန်ကန်ကန် အကဲခတ်၍ လေ့လာတင်ပြသွားမည် ဖြစ်သည်။

ရန်ကုန်မြို့၏ တိုက်ခန်းဈေးများ

ရန်ကုန်မြို့တွင် နှစ် အနည်းငယ်အတွင်း လူနေအိမ်တိုက်တာအဆောက်အအုံများ စွာ လည်း ပေါ်ထွက်လာခဲ့သည်။ ထိုပေါ်ထွက်လာသော လူနေအိမ်များ တွင် လုံးချင်းများ ၊ တိုက်ခန်းများ ပါဝင် သည်။ ရန်ကုန်မြို့တွင် ၀င်ငွေမြင့်မားသော သူများ မျက်စေ့ကျသည့် လုံးချင်းအိမ်ရာများ ဈေးကွက်တွင် ဈေးကောင်းလျက်ရှိသည်။

ရန်ကုန်၌ လူနေအဆောက်အအုံများ ကို ဆောက်လုပ်ရာတွင် ဆောက်လုပ်ဆဲ ကာလတွင် ပင် ရာနှုန်းပြည့် ရောင်းချပြီး ဖြစ်နေ၍ နေအိမ်တိုက်ခန်းများ ၀ယ်အားကောင်းနေသည်ဟု ယူဆရမည် ဖြစ် သည်။

အောက်ထပ်များ ဈေးရဆဲ

အထပ်များ စွာ ပါသော တိုက်ခန်းများ ကို ရောင်းချရာတွင် အောက်ထပ်များ ဈေးပိုရကြသည်။ အောက်ထပ်များ ကို နေအိမ်နှင့် ဈေးရောင်းရန် နှစ် မယ်အသုံးပြုလိုသော ကြောင့် ဈေးပိုပေး၍ ၀ယ်ကြ ခြင်း ဖြစ်၏ ။ အထက်ထပ်များ ဈေးကောင်းမရသည့်အကြောင်းအချက်များ တွင် ဓာတ်လှေကားမရှိခြင်း နှင့် ဓာတ်လှေကားအပေါ် စိတ်မချခြင်းတို့ကြောင့် ဖြစ်ရာ ဓာတ်လှေကားစနစ်ကောင်းလာပါက အပေါ် ထပ်များ ဈေးကောင်းရနိုင်သည်။ စင်ကာပူတွင် သူဌေးကြီးများ သည် အပေါ်ဆုံးထပ်တွင် သာ နေကြ သည်။ တရုတ်ပြည်တွင် တတိယထပ်။ စတုတ္ထထပ်များ ဈေးကောင်းရ၏ ။ အိန္ဒိယနိုင်ငံတွင် အောက် ဆုံးထပ်များ သည် ကြွက်များ ၊ ရွံ့ဗွက်များ ၊ အမှိုက်သရိုက်များ ၊ အနံ့အသက်များ နှင့် လူနေ၍ မရသော ကြောင့် အောက်ဆုံးထပ်များ သည် ဈေးပေါနေပြီး ပထမထပ်နှင့် ဒုတိယထပ်တို့တွင် ဈေးကောင်းနေ တတ်သည်။

အရည်အသွေး

ရန်ကုန်အိမ်ရာဈေးတွင် အရည်အသွေးစကားပြောလာပါ၏ ။ အိမ်အရည်အသွေးတွင် အိမ်ခိုင်ခံ့ မှု ၊ ပုံသဏ္ဌာန်လှပမှု ၊ ပတ်ဝန်းကျင်အနေအထား နေထိုင်ရန် သက်တောင့်သက်သာ ရှိမှု /မရှိမှု ၊ ပြည့်စုံ မှု ရှိ/မရှိ ကားရပ်ရန် နေရာ ပါ/မပါ စသည်တို့ကို ရန်ကုန်အိမ်ရာ ၀ယ်သူတို့ ဆန်းစစ်လာကြသည်။

ဆောက်လုပ်သည့်အိမ်ရာ၊ ပြိုကျမှု သတင်းများ ရှိခြင်း၊ အချို့အိမ်များ အရည်အသွေးမကောင်း ခြင်းတို့ကြောင့် ယခုအခါ အိမ်ဝယ်သူတို့သည် အရည်အသွေး (Quality Control(QC)ကို ဂရုစိုက်လာ ကြ၏ ။ ထို့ကြောင့် အရည်အသွေးရှိသော အိမ်များ ကို ဈေးကောင်းပေးကြသည်။ အရည်အသွေးကို ဦးစားပေးဆောက်လုပ်သည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီများ ၊ ကန်ထရိုက်တာများ နောက်သို့ ၀ယ်ယူသူများ ငွေ ထုပ်ပိုက်၍ လိုက်ကြသည်။

အရည်အသွေးဟူသော စကားတွင် ခိုင်ခံ့မှု သာမက ပြည့်စုံဖြည့်ဆည်းမှု လည်း ပါဝင်ပါသည်။ အထူးသဖြင့် ကားရပ်ရန်နေရာ၊ အမြင့်ဆိုပါက ဓာတ်လှေကားပါဝင်လျှင် ဈေးပိုရကြသည်။

ဗဟိုစည်လုံးချင်းအဆောက်အအုံများ သည် ရန်ကုန်အနောက်ပိုင်း အချက်အချာနေရာတွင် တည်ရှိသော်လည်း မော်တော် ယာဉ်ရပ်နားရန် နေရာလုံလောက်မှု မရှိခြင်းနှင့် အခြားအချက်အလက် တို့ကြောင့် ခေတ်မီ ပထမတန်းစားအရည်အချင်းပြည့်ဝသော ရုံးခန်းနေရာများ ဖြစ်နိုင်ပါလျက် ဖြစ်မလာခြင်းမှာ နှမြောဖွယ်ရာ ဖြစ်သည်။

ခေတ်မီရုံးခန်းများ

မြန်မာနိုင်ငံတွင် ယခင်က ကျင့်သုံးခဲ့သော စီးပွားရေး စနစ်အရ နိုင်ငံခြားကုမ္ပဏီများ လာရောက်အခြေစိုက်ဖွင့်လှစ်မှု မရှိသလောက် ဖြစ်၏ ။ ထို့ကြောင့် နိုင်ငံခြားကုမ္ပဏီများ အတွက် ရုံးခန်း လိုအပ်ချက်ကိုလည်း မစဉ်းစားဘဲနေခဲ့သည်။ သို့ သော် ယခုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ပြားလာ သော အချိန်တွင် ကုမ္ပဏီများ အတွက် ရုံးခန်းများ လိုအပ်လာသည်။

မြန်မာနိုင်ငံတွင် ရုံးခန်းလိုအပ်ချက် နှစ် မျိုးရှိသည်။ တစ်မျိုးမှာ နိုင်ငံတကာအဆင့်မီ ရုံးခန်းများ ဖြစ်၍ အခြားတစ်မျိုးမှာ အတော် အတန် အဆင့်နိမ့်ကျသော ရုံးခန်းများ ဖြစ်သည်။ ရန်ကုန်တွင် လိုအပ် ချက်ရှိသော ရုံးခန်းလိုအပ်ချက်ကို ပုဂ္ဂလိကပိုင်းရော၊ နိုင်ငံတော် ပိုင်းကပါ ၀ိုင်းဝန်းဖြည့်ဆည်းလျက်ရှိ ကြသည်။

ရုံးခန်းများ ၏ ရောင်းဈေးမှာ လည်း ဗဟိုလေအေးစက်ပေးမှု စနစ်နှင့် ဓာတ်လှေကား တပ်ဆင်မှု ရှိ/မရှိအပေါ်မူတည်၍ အနည်းအများ ရှိသည်။

ဥပဒေအရ အဆောက်အအုံတစ်ခု၏ အမြင့်သည် မိမိတည်ရှိရာလမ်းအကျယ်၏ နှစ် ဆထက် ပိုမိုမြင့်မားသော အဆောက်အအုံကို ၆၈ ပေ ၄ လက်မအထက်မြင့်အောင် ဆောက်ပါက ဓာတ်လှေ ကားတပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။ မြန်မာနိုင်ငံတွင် ၆ ထပ်နှင့် အောက် အဆောက်အအုံများ သည် ဓာတ်လှေကားတပ်ဆင်မှု နည်းပါးသည်။ အပေါ်ထပ်အိမ်ဈေးများ ကဲ့သို့ ပင် အပေါ်ထပ်ရှိ ရုံးခန်းများ သည် ဈေးလျော့သည်။ ဓာတ်လှေကားမရှိသော ငါးထပ်အဆောက်အအုံ၏ အပေါ်ဆုံးအခန်းများ သည် မြေညီအခန်းများ ထက် တစ်ဝက်မျှ ဈေးသက်သာနေသည်ကို တွေ့ ရသည်။

IBC နှင့် FMIC

၁၉၉၅ အထိ ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့်မီ ရုံးခန်းဟူ၍ IBC နှင့် FMIC အဆောက် အအုံနှစ် ခုသာ ရှိခဲ့၏ ။ IBC အဆောက်အအုံမှာ သစ်တောရေး ရာဝန်ကြီးဌာနမှ ပြည်လမ်း၊ အင်းလျား ကန်အနီးတွင် တည်ဆောက်ထားသော အပြည်ပြည်ဆိုင်ရာ စီးပွားရေး လုပ်ငန်း ဗဟိုဌာန Internatiaonal Business Centre ဖြစ်ပါ၏ ။ IBC သည် မြို့လယ်စီးပွားရေး ရပ်ကွက်နှင့် ၁၀ ကီလိုမီ တာ အဝေးတွင် ရှိ၍ ၂၂၀၀၀ စတုရန်းပေ အကျယ်အ၀န်းရှိသည်။ အဆောက်အအုံ ငှားရမ်းခမှာ တစ် စတုရန်းပေလျှင် တစ်လ အမေရိကန်ဒေါ်လာ ၆ ဒေါ်လာကျော်မျှရှိသည်။ ပြိုင်ဆိုင်မှု မရှိသေး၍ IBC ၏ ငှားရမ်းခဈေးနှုန်း မြင့်မားနေခြင်း ဖြစ်သည်။ နောက်နှစ် များ တွင် ငှမ်းရမ်းနိုင်မည့်  ရုံးခန်းနေရာများ ပိုမို ရရှိလာသည့်အခါ IBC ၏ တစ်စတုရန်းပေအတွက် တစ်နှစ် ငှားရမ်းခငွေသည် အမေရိကန်ဒေါ်လာ ၇၀ အထိ ကျလာဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

Serge Pun Associates မှ တည်ဆောက်သော ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးရှိ First Myanmar Investment Centre (FMIC) အဆောက်အအုံသည် ၁၉၉၅ ခုနှစ် မေလအတွင်းက ပြီးစီးခဲ့သည်။ FMIC ပေါ်လာသော အခါ ရန်ကုန်တွင် နိုင်ငံတကာအဆင့်မီ ရုံးခန်းနေရာ သုံးဆမျှ တိုးတက်လာသည်။ FMIC သည် ရန်ကုန်မြို့၏ အဆင့်မြင့် ရောင်းဝယ်ဖောက်ကား နေရာကြီးတစ်ခုအ ဖြစ်လည်း တည်ရှိ လာခဲ့သည်။ ထိုအဆောက်အအုံရှိ ရုံးခန်းများ ကို တစ်နှစ် အတွက် စတုရန်းတစ်ပေကို အမေရိကန်ဒေါ် လာ ၂၄ ဒေါ်လာ သက်မှတ်ခဲ့၏ ။ သို့ သော် ၂ နှစ် ငှားရမ်းခ စာချုပ်သက်တမ်းကျော်လွန်ပါက ၂၀ ရာခိုင် နှုန်းတိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထိုအခါ ငှားရမ်းခသည် ၃၆ ဒေါ်လာ ဖြစ်လာပါမည် ။ ငှားရမ်းခတိုးလာသည့်တိုင်အောင် နောင် နှစ် နှစ် အတွင်း ယင်းငှားရမ်းခစရိတ်ကို ယှဉ်နိုင်လာမည့်  အခြေအနေ နည်းပါးသေးကြောင်း လေ့လာ တွေ့ ရှိရသည်။

လူနေအိမ်ရုံးခန်းများ

လက်ရှိ အခြေအနေတွင် ဖော်ပြပါအတိုင်း ရန်ကုန်၌ အဆင့်မီ ရုံးခန်းရှားပါးမှု ကြောင့် ရန်ကုန်မြို့ လယ် စီးပွားရေး ရပ်ကွက်၏ မြောက်ဘက်တွင် ရှိနေသော သီးခြားလုံးချင်း တိုက်အိမ်များ ကို ငှားရမ်း ကာ ရုံးခန်းအ ဖြစ် အသုံးပြုလျက်ရှိနေကြသည်။

စတုရန်းပေ ၄၀၀၀ ရှိပြီး ယင်း၏ သုံးပုံတစ်ပုံကို ရုံးခန်းအ ဖြစ် အသုံးပြုနိုင်သော အိမ်များ ငှား ရမ်းခမာ အမေရိကန်ဒေါ်လာ ၃၀၀၀ ခန့်ရှိသည်။ တစ်အိမ်လုံးငှားရမ်းခ၏ ၅၀ ရာခိုင်နှုန်းကို ရုံးခန်း ငှားခအ ဖြစ် ယူ ဆပါက တစ်စတုရန်းပေတွင် အိမ်များ ၌ ရုံးခန်းဖွင့်မှု သည် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၀ ကျကြောင်း တွေ့ ရှိရသည်။ ဤငှားရမ်းခသည် ကုမ္ပဏီများ အတွက် သင့်လျော်သော ဈေး ဖြစ်ပြီး နေအိမ်နှင့် ရုံးတွဲ လျက်ရသော ကြောင့် အခြားအဆင်ပြေမှု များ လည်း ရရှိလာသဖြင့် ယင်းစနစ် ကို နိုင်ငံခြားသားလုပ်ငန်းရှင်များ ဆက်လက်ကျင့်သုံးကြဖွယ်ရာရှိသည်။

နိုင်ငံတကာတွင် အဆင့်မြင့်ရုံးခန်းများ သည် မြို့လယ် (CBD) ဒေသတွင် စုပြုံနေတတ်သည်။ ရန်ကုန်မြို့၏ ထူးခြားမှု မှာ မြို့လယ်စီးပွားရေး ရပ်ကွက်တွင် အဆင့်မြင့်ရုံးခန်းများ စုစည်းနေမှု မရှိခြင်း ဖြစ်၏ ။ ဤသို့ ဖြစ်ရခြင်းမှာ မြို့လယ်ပိုင်းသည် ကျဉ်းမြောင်းသော လမ်းများ နှင့် လူနေအိမ်ခြေ ပြည့်သိပ် နေပြီး ထိုနေရာကို ဒေသခံပြည်သူတို့ စိတ်ဝင်စားမှု မြင့်မားနေကာ မြေယာတန်ဖိုးကလည်း ကြိးမြင့်နေ သဖြင့် မြို့လယ်တွင် အဆင့်မြင့်ရုံးခန်းနေရာမျာ ဆောက်လုပ်မှု မဖွံ့ဖြိုးနိုင်ဘဲ ရှိနေရခြင်း ဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီများ ၏ ရုံးခွဲများ နှင့် JV များ သည် ၁၉၉၆ ခု ဧပြီလအထိ ၇၀၀ ခန့်ရှိသည်ဟု သိရ သည်။

နောင်အခါ စီးပွားရေး လုပ်ငန်းကြီးများ ကြီးထွားလာပါက လူနေအိမ်များ တွင် ရုံးခန်းဖွင့်လှစ် နေခြင်းမှ ရုံးခန်းများ အတွက်သာ သီးခြားရည်မှန်းဆောက်လုပ်ထားသော နေရာများ သို့ ပြောင်းရွှေ့ သွားကြမည် ဖြစ်သည်။ သို့ ရာတွင် ၂နှစ် အတောအတွင်း ရုံးခန်းများ သည် တန်ဖိုးရှိ လူနေအိမ်များ တွင် တွဲ လျက် က်လက်ရှိနေဦးမည် ဟု တွက်ဆရသည်။

ယခုအခါ တန်ဖိုးရှိ လူနေအိမ်များ နှင့် တွဲ လျက်ရှိသော ရုံးခန်းအကျယ်ပမာဏ လိုအပ်ချက်မှာ စတုရန်းပေ ၂၅၀၀၀၀ မျှ ရှိနေဦးမည် ဟု ခန့်မှန်းရသည်။

ရန်ကုန်၌ ဆောက်လုပ်စရိတ်မြင့်တက်လာခြင်း

အိုးအိမ်ပေါက်ဈေးများ အိမ်ငှားခစရိတ်များ စသည်တို့သည် ဆောက်လုပ်ရေး စရိတ်များ နှင့် ဆက်စပ်မှု ရှိနေသည်။

ရန်ကုန်မြို့ ဆောက်လုပ်ရေး စရိတ်စကသည် အရှေ့တောင်အာရှနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက များ စွာ သက်သာနေသော်လည်း တစ်နှစ် ထက်တစ်နှစ် အရှိန်အဟုန်နှင့် တိုးမြင့်လျက်ရှိသည်ကို တွေ့ ရှိ ရပါသည်။ ယနေ့ အလုပ်သမားစရိတ်သည် လွန်ခဲ့သော ၂ နှစ် ကထက်စာပါက သုံးဆတိတိ တက်လာ ခဲ့သည်။

ဆောက်လုပ်လျက်ရှိသည့် အသင့်နေနိုင်သော အလတ်တန်းစားအဆောက်အအုံ ဆောက် လုပ်ရေး စရိတ်သည် ယခုအခါ ကြမ်းခင်းဧရိယာ တစ်စတုရန်းပေသည် ၁၆၈၀ ကျပ်မှ ၂၃၂၀ ကျပ် အထိ ရှိနေသည်။

(မှတ်ချက်။ ။ ဆောင်းပါးအစတွင် ဖော်ပြထားသော တစ်စတုရန်းပေသည် ၁၀၀၀ ကျပ်ဟူသော စရိတ်မှာ အဖြူထည်သက်သက် ဖြစ်သည်။)

ဗဟိုလေအေးပေးစက်စနစ်နှင့် ဓာတ်လှေကားများ ပါရှိသော မြင့်မားသည့်အဆောက်အအုံများ အတွက် ဆောက်လုပ်ရေး စရိတ်စက ပေါက်ဈေးသည် တစ်စတုရန်းပေလျှင် ၂၄၀၀ ကျပ်ရှိသည်။ အဆင့်မြင့်ဈေးများ ၏ ဆောက်လုပ်ရေး စရိတ်သည် ပိုမိုကောင်းမွန်သော ရုံးခန်းများ နှင့် လူနေခန်းများ ထည့်ထားပါက တစ်စတုရန်းပေအတွက် ကုန်ကျစရိတ်သည် ကျပ်ငွေ ၃၂၀၀ ခန့်ရှိသည်။ ထို့ထက် အဆင့်မြင့် အဆောက်အအုံကြီးများ ၏ ဆောက်လုပ်မှု စရိတ်သည် ပိုမိုများ ၏ ။ FMI ၏ အဆောက်အအုံ သက်သက် ကုန်ကျစရိတ်သည် တစ်စတုရန်းပေအတွက် ၄၈၀၀ ကျပ် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဆောက်လုပ်လျက်ရှိသော အဆင့်မြင့်ဇိမ်ခံဟိုတယ်ကြီးများ ၏ ကုန်ကျစရိတ် သည် တစ်စတုရန်းပေလျှင် ၉၆၀၀ ကျပ်အထက်တွင် ရှိသည်။

သို့ သော်လည်း ဤဆောက်လုပ်ရေး စရိတ်များ သည် တရုတ်ပြည်နှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများ ၏ ဆောက်လုပ်ရေး စရိတ်များ နှင့် နှိုင်းယှဉ်ပါက များ စွာ သက်သာနေသေးကြောင်းကို တွေ့ ရှိရသည်။ ထို့ ကြောင့် မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး စရိတ် မြင့်တက်လာသည့်တိုင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ တို့အား ဆွဲအားကောင်းမြဲကောင်းလျက်ပင်ရှိနေသည်။

ရန်ကုန်မြို့ရှိ အဆောက်အအုံများ ဆောက်လုပ်ရေး စရိတ်နှင့် ရောင်းချမှု တန်ဖိုး

ရန်ကုန်မြို့၏ စီးပွားရေး ကုန်သွယ်မှု ကဏ္ဍသည် တိုးတက်လျက်ရှိသည်။ ကုန်ပစ္စည်းစီးဆင်းမှု သည် ယခင် မန္တလေး၊ မုံရွာ၊ မော်လမြိုင်၊ ပခုက္ကူအစရှိသော မြို့ကြီးများ တွင် တစ်ထောက်နားမှု ရှိသော်လည်း ယခုအခါ ရန်ကုန်သို့ တိုက်ရိုက်ကုန်စီးလမ်းကြောင်းများ ပေါ်ပေါက်လာခဲ့သည်။ ဤသို့ ဖြစ်ရသည်မှာ ရန်ကုန်သည် ထွက်ကုန်ပစ္စည်းတင်ပို့ရာ တစ်ခုတည်းသော ထွက်ပေါက်ဆိပ်ကမ်းမြို့ ဖြစ်ခြင်း၊ မင်္ဂလာဒုံလေဆိပ်သည် တစ်ခုတည်းသော ပြည်ပထွက်ပေါက် ဖြစ်နေခြင်း၊ ရန်ကုန်မြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့၏ ရုံးများ ၊ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ထားခြင်း စသည့် အကြောင်းများ ကြောင့် ဖြစ်သည်။

ရန်ကုန်မြို့တွင် စီးပွားရေး ကုန်သွယ်မှု ကဏ္ဍ တိုးတက်လာသည်နှင့် အမျှ ရုံးခန်း၊ ဆိုင်ခန်း၊ နေအိမ်၊ အလုပ်ဌာန၊ ရုံးဌာနများ သည် လိုအပ်ချက်နှင့် အညီ တိုးပွားလာကာ ရန်ကုန်မြို့နှင့် ယင်း၏ အနီးအနားရှိ စက်မှု ဇုန်မြေယာများ ၊ ရန်ကုန်မြေဈေး၊ အိမ်ဈေး၊ အိမ်ငှားခ၊ ရုံးခန်းဌားခ အဖိုးအခများ လည်း တက်နေဖွယ်ရာရှိသည်။

ရန်ကုန်မြို့၏ စီးပွားရေး ဖွံ့ဖြိုးမှု နှင့် အညီ လုံလောက်သော နေရာထိုင်ခင်း၊ အခင်းအကျင်းများ ရရှိရေး အတွက် နိုင်ငံတော် မှလည်းကောင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများ မှလည်းကောင်း ဆောက်လုပ် ရေး လုပ်ငန်းများ ကို တိုးချဲ့တည်ဆောက်ရဦးမည် ဖြစ်သည်။ တည်ဆောက်ရေး လုပ်ငန်းများ ပို၍ များ လေ မြေဈေးက ပို၍ တက်လာလေလေ ဖြစ်သည်။

အာရှရှိ အခြားနိုင်ငံခြားနှင့် တစ်စတုရန်းပေတွင် ကုန်ကျသည့်

ဆောက်လုပ်မှု စရိတ် နှိုင်းယှဉ်ချက်

တစ်စတုရန်းပေတွင် ကုန်ကျသော အမေရိကန်ဒေါ်လာ

ယခုအခါ ရန်ကုန်မြို့တွင် ၁၉၉၅ နှင့် ၁၉၉၆ ခုအတွင်း နိုင်ငံတော် မှ တည်ဆောက်ရန် ခွင့်ပြု ထားသော တည်ဆောက်မှု အကျယ်အ၀န်းပမာဏသည် ဧရိယာစတုရန်းပေ ၂၆ သန်းမျှ ရှိသည့်တိုင် လာမည့်  ၂ နှစ် အတွင်း ရန်ကုန်မြို့ မြေဈေးမှာ တက်ရိပ်ဘက်သို့ သာ ဦးတည်နေမည် ဖြစ်ကြောင်း စေတနာကောင်းနှင့် သတင်းကောင်းပါးရပါကြောင်း။

ပုလဲမြို့ပြမြေယာမဂ္ဂဇင်း

အမှတ်(၁)၊ ၂၀၀၀ ပြည့်နှစ်

♥ ♥ ♥


သင် ဒီဗလော့ပါ ဖြစ်လိုပါသလား

ဒီဗလော့ပါ တစ်ဦး၏ အခန်းကဏ္ဍ၊ တာဝန်ဝတ္တရားများ ကိုလည်းကောင်း၊ ဒီဗလော့ပါတစ်ဦး သိသင့်သိလိုက်သည်များ ကို လည်းကောင်း စာရေး သူအနေဖြင့် ရေး သားပြီး ဖြစ်ပါသည်။ ဤတွင် ဒီဗလော့ပါတစ်ဦး သိသင့်သိလိုက်သည်များ ကို လည်းကောင်း စာရေး သူအနေဖြင့် ရေး သားပြီး ဖြစ်ပါသည်။ ဤတွင် ဒီဗလော့ပါတစ်ဦး ဖြစ်လိုပါက ငွေကြေးပိုင်းဆိုင်ရာများ ကို တွက်ချက်ရန် လိုအပ်လာပါ၏ ။ ငွေကြေးမတွက်ချက်မီ အာရှမြို့တော် များ တွင် ယေဘုယျအားဖြင့် မြို့ပြမြေယာ ဖွံ့ဖြိုးမှုလေးမျိုးရှိပါ၏ ။ ထိုအချက်များ ကို သိထားသင့်ပါ၏ ။

ပထမတစ်မျိုးမှာ မြေယာနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ (LAND AND HOUSE DEVELOPMENT PROJECTS) ဖြစ်ပါသည်။ မည် သည့် မြေအမျိုးအစား ဖြစ်စေ နိုင်ငံအလိုက် ခွင့်ပြုသတ်မှတ်ပေးထားသော မြေတွင် အကွက်ချ ပုံစံရေး ဆွဲပြီး ရေရရှိရေး ဆောင်ရွက်ပြီးမှ အိမ်ရာများ အသင့် ဆောက်လုပ်ရောင်းချစေ၍ ပြည်သူများ လာရောက်နေထိုင်ခြင်းကို ဆိုလိုပါသည်။ အောက်ပါပုံကို ကြည့်လျှင် သဘောပေါက်နိုင်ပါသည်။

ဒုတိယတစ်မျိုးမှာ မြေယာခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဖြည့်ဆည်းခြင်း စီမံကိန်းများ (LAND SUBDIVISION AND SERVICING PROJECTS) ဖြစ်ပါသည်။ တစ်နည်းအားဖြင့် နေရာဒေသအလိုက် ဖြည့်ဆည်းခြင်း စီမံကိန်းများ (SITES AND SERVICES PROJECTS) ဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ဥပမာ ဒဂုံမြို့သစ်၊ ရွှေပြည်သာမြို့သစ်၊ လှိုင်သာယာမြို့သစ်၊ ဒလမြို့သစ်များ မြေကွက်ဖော်ထုတ်၍ နေရာချခြင်းများ ဖြစ်ပါသည်။ အောက်ပါပုံကို ကြည့်လျှင် ပို၍ ရှင်းလင်းမည် ဖြစ်ပါသည်။

တတိယတစ်မျိုးမှာ မြေကွက်ဖော်ထုတ်ပြီး နေရာချထားပေးပြီးမှ ဖြည့်ဆည်းဆောင်ရွက်ခြင်း စီမံကိန်းများ (LAND SUBDIVISION PROJECTS) ဖြစ်ပြီး အိန္ဒိုယနိုင်ငံကာရာချိမြို့တွင် ကျူးကျော်တဲ့များ ကို အကွက်ချပုံစံဖြင့် မြေကွက်ဖော်ထုတ်ကာ နေရာချထားပြီးမှ အခြေခံ အဆောက်အအုံများ (ရေ၊ မီး၊ လျှပ်စစ်) ကို နောက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ အောက်ပါပုံကို ကြည့်လျှင် ပို၍ ရှင်းလင်းနိုင်ဖွယ်ရာ ရှိပါသည်။

စတုတ္ထနည်းတွင် နှစ် မျိုးရှိပါသည်။ ကျူးကျော်များ ကို အရှိအတိုင်း နေရာချထား၍ အိမ်ရာမဲ့ ပြဿနာ ဖြေရှင်းနည်း (SQUATTER – TYPE HOUSING SETTLEMENTS) ထိုနှစ် မျိုးအနက် တစ်မျိုးမှာ မြေပြင်တွင် အရှိ ကျူးကျော်သူများ ကို အရှိအတိုင်း ထားရှိပြီး နောက်အခြေခံ အဆောက်အအုံအချို့ကို တည်ဆောက်ပေးခြင်း ဖြစ်ပါသည်။ အောက်ပါပုံကို ကြည့်ရှု နှိုင်းယှဉ်နိုင်ပါသည်။

နောက်တစ်မျိုးမှာ ကျူးကျော်သူများ ကို ထိုနေရာတစ်ဝိုက်တွင် အလှည့်အပြောင်းပြု၍ အဆင့်မြှင့်တင်ပေးခြင်း (SQUATTER-TYPE HOUSING SETTLEMENTS WITH REGULARISATION AND UPGRADING ) ကျူးကျော်နေရာတွင် အကွက်ချပုံစံရေး ဆွဲပြီး စနစ်တကျ နေရာချထားပေးပြီးမှ အခြေခံ အဆောက်အအုံများ တည်ဆောက်ပေးခြင်း ဖြစ်ပါသည်။ အောက်ပါ ပုံကို ကြည့်ရှုခြင်းဖြင့် သဘောပေါက်နိုင်ပါ၏ ။

ရှေ့တစ်ဆင့်တက်၍ ဈေးကွက်ကိုအကြမ်းဖျင်းလေ့လာမည် ဆိုပါက လေးမျိုးလေးစား တွေ့ နိုင် ပါ၏ ။ ဆိုင်ငှား ရုံးငှား၊ အိမ်ငှား၊ အိမ်ငှား၊ မြေငှား ဈေးကွက် (RENTAL HOUSING MARKET) မြို့ပြမြေယာ ဖွံ့ဖြိုးရေး ဆောင်ရွက်ထားရှိသော ဒေသ အလိုက် ဈေးကွက် (HOUSING SITES MARKET) နှင့် ထပ်မံ ခွဲခြမ်းစိတ်ဖြာထားသော မြေယာဈေးကွက် (SUBDIVISION LAND MARKET) တို့ပင် ဖြစ်ပါသည်။ မြှုပ်နှံထားသော ဆောက်လုပ်ရေး လုပ်ငန်းများ အနက် အချက်အချာကျသော အဆောက်အအုံအ ဖြစ် သတ်မှတ်၍ အငှားချထားသည်၊ ချထားသည်ကို ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။ အလားတူပင် အခြားသော ဈေးကွက်များ အခြေအနေကို တစ်ခုချင်း ခွဲခြမ်းစိတ်ဖြာ၍ လေ့လာကြည့်ပြီးတွဲ ၍ စဉ်းစားလျှင် အဖြေတစ်မျိုး ပေါ်နိုင်သဖြင့် ခွဲ၍ တွဲ ၍ စဉ်းစားမည် ဆိုပါက ပို၍ ပို၍ ခိုင်မာ စိတ်ချရသော သုံးသပ်ချက်၊ ဆုံးဖြတ်ချက်များ ရရှိနိုင်မည် ဖြစ်ပါသည်။

ဤသို့ လေ့လာပြီးလျှင် သင့်မှာ ငွေကြေး မည် မျှ ရှိပါမှ ဒီဗလော့ပါအ ဖြစ် လုပ်နိုင်မည် ကို ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏ မည် မျှ လိုအပ်သည်ကို ဆန်းစစ်ကြည့်ရန် လိုအပ်ပါလိမ့်မည် ။

သို့ ကြောင့် သင် ရည်မှန်းထားသော လုပ်ငန်းပမာဏအပေါ် မူတည်၍ မည် မျှ စိုက်ထုတ်ရင်းနှီးရမည် ကို အောက်ပါခန့်မှန်းခြေ ကုန်ကျစရိတ်ကို တွက်ချက်ကြည့်ပါက ခန့်မှန်းကုန်ကျမည့်  ငွေနှင့် ဈေးကွက် အခြေအနေပေါ် မူတည်၍ မည် သို့ အကျိုးခံစားခွင့် ရှိနိုင်သည် ကို သုံးသပ်အဖြေ ရှာနိုင်ရန် စေတနာကောင်းဖြင့် ဖော်ပြအပ်ပါသည်။

စီမံကိန်းအတွက် အစကနဦး ကုန်ကျစရိတ် ခန့်မှန်းခြေများ

၁။မြေ

၁-၁ လက်ဝယ်မြေရရှိမှု

၁-၂ မြေတိုင်းတာခြင်း

၁-၃ မြေယာပြုပြင်ခြင်း

၁-၄ မြေဖို့ခြင်း

၁-၅ အခွန်အတုပ်များ

၁-၅ မြေခွဲခြမ်းစိတ်ဖြာခြင်းနှင့် မြေအမည် ပြောင်း။

ပေါင်း

၂။ အခြေခံအဆောက်အအုံ

၂-၁ လမ်း

၂-၂ ရေတံခါး၊ ပင်မရေနှုတ်မြောင်း

၂-၃ လျှပ်စစ်ဓာတ်အား

၂-၄ ရေပေးရေး

၂-၅ တယ်လီဖုန်း

၂-၆ ရေဆိုးစွန့်ပစ်စနစ်

၂-၇ ကစားကွင်း

၂-၈ ပနးဥယျာဉ်နှင့် ခြံစည်းရိုးကာရံရေး

၂-၉ အခြား

၂-၁၀ အသေးသုံး

ပေါင်း

၃။ အဆောက်အအုံ

၃-၁ အဆော်ကအအုံအမျိုးအစားနှင့် အရေအတွက်

၃-၁ (က) အဆင့်မြင့်နေအိမ်များ

(ခ) တိုက်တန်းများ

(ဂ) နှစ် ခန်းတွဲ လုံးချင်းများ

(ဃ) လုံးချင်းအိမ်များ

(င) အပန်းဖြေရိပ်သာ

၃-၂ အသေးသုံး

ပေါင်း

၎။ လုပ်ငန်းစရိုက်

၎-၁ ယာယီရုံးခန်းနှင့် ပရိဘောဂ

၎-၂ ဒီဇိုင်းခနှင့် စီမံဆောင်ရွက်ခြင်း ကုန်ကျစရိတ်

- ဗိသုကာ

- အဆောက်အအုံ

- နည်းစနစ် (ပိုင်ရိုက်၊ သမားရိုးကျ)

- ကြီးကြပ်ခ

၎-၃ ရောင်းချရေး

- မော်ဒယ်ပုံစံခ

- စာအုပ်ထုတ်ဝေရေး

- ကော်မရှင်

- ကြော်ငြာ

၎-၄ အတိုးနှုန်းအတွက် ကုန်ကျစရိတ်

၎-၅ ဘဏ်ကုန်ကျစရိတ်

၎-၆ မြေကွက်ခွဲစိတ်မှုအတွက် ကုန်ကျစရိတ်

- ဆောက်လုပ်ခွင့်အတွက် ကုန်ကျစရိတ်

- အခြား

ပေါင်း

၅။ အခွန်အကောက်များ

၅-၁ ကုမ္ပဏီတည်ထောင်ခြင်းအတွက် ကုန်ကျစရိတ်

၅-၂ ချေးငှားခြင်းအတွက် ကုန်ကျစရိတ်

၅-၃ အရောင်းခွန်

၅-၄ ဝင်ငွေခွန်

၅-၅ အခြားအခွန်များ

၅-၆ အမည် ပြောင်း

ပေါင်း

၆။ စီမံအုပ်ချုပ်စရိတ်

၆-၁ စီမံအုပ်ချုပ် ကြီးကြပ်သူများ အတွက် လခများ

၆-၂ ဝန်ထမ်းလစာများ

၆-၃ အပိုဆောင်းငွေ

၆-၄ ဆုကြေး

၆-၅ ပျော်ပွဲရွှင်ပွဲကုန်ကျစရိတ်

၆-၆ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်

၆-၇ လုပ်သားများ အတွက် ကုန်ကျစရိတ်

၆-၈ အခြား

ပေါင်း

ပုလဲမြို့ပြမြေယာမဂ္ဂဇင်း

အမှတ်(၁၀)၊ ၁၉၉၈ခုနှစ်

♥ ♥ ♥


ဒီဗလော့ပါတိုင်း သိထားသင့်သည့်အချက်များ

မြေ (သို့ မဟုတ်) မြေနှင့် တွဲ လျက် (သို့ မဟုတ်) မြေပေါ်တွင် ဖွံ့ဖြိုးရေး စီမံကိန်းများ ကို အမြတ်ရရှိရေး ကို ရှေးရှု၍ ရောင်းရန် ငှားရန် ဆောင်ရွက်သူ တစ်ဦး တစ်ယောက် (သို့ မဟုတ်) အဖွဲ့အစည်း တစ်ခုကို ဒီဗလော့ပါဟု ခေါ်ဆိုရပေလိမ့်မည် ။

ဒီဗလော့ပါများ သည် အဆင့်တိုင်းတွင် ထောင့်ပေါင်းစုံနှင့် အထွေထွေအရပ်ရပ် အရည် အသွေးထိန်းသိမ်းမှု Total Quality Control ကို အထူး အလေးပြုရမည် ဖြစ်ပါသည်။ ဤတွင် မြေကွက်တစ်ကွက်ကို စည်ပင်ဖွံ့ဖြိုးအောင်လုပ်မည် ဆိုပါက ဘာလုပ်မှာ လဲ။ လုံးချင်းဆောက်မှာ လား၊ နှစ် လုံးတွဲ အိမ်ဆောက်မှာ လား၊ အိမ်တန်းရှည်ဆောက်မှာ လား၊ စီးပွားရေး အဆောက်အအုံ ဆောက်မှာ လား၊ ဘာတွေ တွဲ ပါသေးသလဲဆိုသည့် ကိစ္စကို အလေးအနက် ထားရမည် ဖြစ်၏ ။

ဘာလုပ်မည် ဆိုသည့် ကိစ္စတော့ ဆုံးဖြတ်ပြီးပြီ။ ယင်းအမျိုးအစားအတွက် မြေအသုံးချမှုကို ဘယ်လို စီမံလဲဆိုသည့် ကိစ္စကို စဉ်းစားရမည် ဖြစ်သည်။ ဆိုကြပါစို့ ကျွန်တော် တို့ သိထားကြသည့် ပေ ၄၀ x ပေ ၆၀ မြေကွက်ပေါင်း (၁၈) ကွက်သည် မြေတစ်ဧက ရှိသည်ဆိုသည့် အချက်တွင် တကယ်တော့ ဖောက်လုပ်ပြီးလမ်းများ အပါအဝင် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ပေ ၄၀ x ပေ ၆၀ မြေတစ်ကွက်သည် ၂၄၀၀ စတုရန်းပေ အကျယ်ရှိ၍ (၁၈)ကွက် အကျယ်မှာ ၄၃၂၀၀ စတုရန်းပေ ရှိသည် ဖြစ်ပါသည်။ မြေတစ်ဧကသည် စတုရန်းပေပေါင်း ၄၃၅၆၀ ရှိသဖြင့် ခြားနားချက် ၃၆၀ စတုရန်းပေသည် လမ်းမြေအ ဖြစ် ပါဝင်နေသည့်အချက်ကို တွေ့ ရမည် ဖြစ်၏ ။

ဆိုလိုသည်မှာ ပေ ၄၀ x ပေ ၆၀ မြေကွက်အရွယ်တူကို တစ်ဆက်တစ်စပ်တည်း ဧကဖွဲ့လျှင် ကွက်တိမဝင်နိုင်ပါ။ အကွက်ချပုံစံအရ မြေကွက်ဖော်ထုတ်ထားခြင်းကြောင့် ဖြစ်ပါ၏ ။ ဤသို့ ဆိုလျှင် ဒီဗလော့ပါတစ်ဦးသည် မိမိလက်ဝယ် ရှိနေသော ဧက (၁၀၀) ကို မည် သို့ အကွက်ချပုံစံ (Layout Plan) ရေး ဆွဲမည် နည်း။ မိမိရောင်းလိုသည့် ပစ်မှတ် (Market Target) များ ကို မည် သည့်အိမ်ပုံစံဖြင့် ဆွဲအောင် ဖမ်းစားမည် နည်း စသည့် သို့ လော၊ သို့ လော ကိစ္စရပ်များ အနက် မသိမ ဖြစ်သော အခြေခံအချက်များ ကို တင်ပြ သွားပါမည် ။ ထိုအချက်များ သည် အာရှစက်မှု တက္ကသိုလ်တွင် မှတ်သားနားယူခဲ့သော ‘SUMMARY OF MINIMUM PERMISSIBLE STANDARDS FOR LAND SUBDIVISION PROJECTS FOR RESIDENTIAL,COMMERCIAL AND INDUSTRIAL LAND UNDER THE LAND SUBDIVISION REGULATIONS 1987” မှ ကောက်နုတ်ချက်များ ဖြစ်၏ ။

မြေအသုံးချပုံ အဆောက်အဦး အမျိုးအစားအလိုက် အနည်းဆုံးသတ်မှတ်ချက်

(Munimum Dimensions and Size for Building Plots) လုံးချင်းအိမ် (Single house)

အနည်းဆုံး အနံ ၁၀ မီတာ (၁မီတာ = ၃.၂၈၁ ပေ) x အလျား ၂၀ မီတာ = ၂၀၀ စတုရန်းမီတာ (၆၅၆.၂ စတုရန်းပေ) ဧရိယာ ရှိရသည်။ အကယ်၍ တစ်ဘက်ဘက်မှ ထိုအတိုင်းအတာထက် လျော့နည်းခဲ့သေည်ရှိသော် စတုရန်းမီတာပေါင်း (၂၄၀) ရှိရမည် ။

နှစ် လုံးတွဲ (Twin House)

အနံ ၇ မီတာ x အလျား ၂၀ မီတာ = ၁၄၀ စတုရန်းမီတာ ဧရိယာ ရှိရမည် ။

အိမ်တန်းရှည် ( Row house)

တစ်ခန်းလျှင် အနံ ၄ မီတာနှင့် ၆၄ စတုရန်းမီတာ ရှိရမည့် အပြင် ခြံစည်းရိုးကို လမ်းနယ်အစွန်မှ ၂ မီတာ နောက်ဆုတ်ထားရှိရမည် ။ အိမ်တန်းမျက်နှာစာကို (၆၀) မီတာ အနည်းဆုံးထားရှိ၍ အိမ်တန်းရှေ့တွင် ၄ မီတာကွက်လပ် ချန်လှပ်ထားရမည် ။

စီးပွားရေး ဆိုင်ရာ အဆောက်အအုံများ (အိမ်ဆိုင်၊ ဈေးဆိုင်များ )

(Commercial buildings (Shophouse))

တစ်ခန်းလျှင် အနံ ၄ မီတာနှင့် ၄၈စတုရန်းမီတာ ရှိရမည် ။ မျက်နှာစာ ကို (၆၀) မီတာ အနည်းဆုံးထားရှိ၍ အဆောက်အအုံရှေ့တွင် ၄မီတာ ကွက်လပ်ချန်ထားရမည် ။

စက်မှု လက်မှု အဆောက်အအုံများ နှင့် အသုံးပြုမှု

(Industrial building and use)

မြေကွက်အရွယ်အစား သတ်မှတ်ချက်၊ မြေကွက်ခွဲစိတ်ခြင်း ထိန်းသိမ်းခြင်း၊ ကိစ္စရပ်များ ကို ကော်မတီက ဆုံးဖြတ်ဆောင်ရွက်သည်။

လမ်းနယ်သတ်မှတ်ချက်များ

(Minimum Dimensions of Roads( right of way))

အဓိကလမ်း (Main Road) ၊ လမ်းနယ်ကို အနည်းဆုံး ၁၅မီတာ ထားရှိပြီး ၁၂ မီတာ အကျယ် ယာဉ်သွားလမ်းနှင့် ၁.၅ မီတာ လူသွားလမ်း ၂ခု ပါရှိရမည် ။

အခြားလမ်းများ

မည် သည့်လမ်းမဆို လမ်းနယ်ကို အနည်းဆုံး (၈) မီတာထားရှိပြီး (၆) မီတာ အကျယ်ယဉ်သွားလမ်းနှစ် ခုပါရှိရမည် ။

မျက်နှာချင်းဆိုင်လျက်ရှိသော စီးပွားရေး အဆောက်အအုံများ (အိမ်ဆိုင်များ Shop House) ၏ နှစ် တန်းကြားတွင် လမ်းနယ်ကို အနည်းဆုံး ၁၂မီတာထားရှိပြီး (၉) မီတာအကျယ်ယာဉ်သွားလမ်းနှင့် ၁.၅ မီတာလူသွားလမ်းနှစ် ခုပါရှိရပါမည် ။

စီးပွားရေး အဆောက်အအုံများ ၏ တစ်ခုတည်းသော အတန်းတစ်လျှောက်ရှေ့တွင် လမ်းနယ်ကို အနည်းဆုံး (၈) မီတာထားနိုင်သည်။

လမ်းစွန်လမ်း ( Dead-end roads) များ ကို လမ်းနယ်အား ၁၀ မီတာ လျော့၍ သတ်မှတ်နိုင်သော်လည်း မီတာ ၅၀ အရှည်ပိုထားပြီး ယာဉ်များ ပြန်လှည့်ရန် ဧရိယာအ ဖြစ် သတ်မှတ်ထားသည်။

ရေနုတ်မြောင်း ( Drainage)

ရေနုတ်ပြွန်များ ကို အနည်းဆုံး အချင်း၃၀ စင်တီမီတာ ရှိရန် လိုအပ်သည်။

Inspection manholes/boxes များ ဆောက်လုပ်ထားရမည် ဖြစ်ပြီး ခွဲခြားထားပြီးသည့် အိမ်မြေကွက် တစ်ခုချင်းအတွက် တစ်ခုစီထားရှိရမည် ။ တွဲ လျက်အိမ်များ နှင့် အတန်းလိုက် အိမ်များ အတွက် တစ်ခုချင်း ထားရှိရမည် ။

ရေဆိုးထုတ်စနစ် (Waste water treatment system)

စီမံကိန်းအဝန်းအဝိုင်းတွင် အဆောက်အဦး (၅၀) ထက်ပိုခဲ့သော် စီမံကိန်းနယ်မြေ၏ ၁% မြေကို ရေဆိုးထုတ်စနစ်ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိရမည့် အပြင် စီမံကိန်းနယ်မြေရှိ ရေနှုတ်မြောင်းနှင့် ပြင်ပ ပြည်သူသုံး ပင်မရေနှုတ်မြောင်းမကြီးကို ဆက်စပ်ထားရှိရမည် ။

ပြည်သူသုံးဧရိယာ သတ်မှတ်ခြင်း (Public Facility Areas)

ကစားကွင်း ။ စီမံကိန်း အဝန်းအဝိုင်းအတွင်း အိမ်မြေကွက်ပေါင်း (၁၀၀) ထက်ပို၍ တည်ဆောက်ခဲ့သော် မြေကွက်ပေါင်း (၂၀၀) အတွက် ရည်မှန်းပြီး (၈၀၀) စတုရန်းမီတာထက် မငယ်သော အားကစားကွင်း ဧရိယာမြေကွက်တစ်ခု ဖော်ပေးရမည် ။ (အကွက်ပေါင်း ၁၀၀ မှ ၃၀၀ အထိ အားကစားကွင်းတစ်ခု ဖော်ထုတ်ပေးရမည် ။ အကွက်ပေါင်း ၃၀၁ မှ ၅၀၀ အထိ ရှိခဲ့သော် ကစားကွင်းနှစ် ခု ဖော်ထုတ်ပေးရမည် ။

စာသင်ကျောင်း။ အကယ်၍ ထိုအဝန်းအဝိုင်းအတွင်း အိမ်မြေကွက်ပေါင်း (၅၀၀)ကျော် ဖော်ထုတ်ခဲ့သည်ရှိသော် မြေကွက်ပေါင်း (၅၀၀)အတွက် (၁၆၀၀) စတုရန်းမီတာထက် မငယ်သော မူကြိုကျောင်းတစ်ကျောင်း မြေကွက်ဧရိယာကို အသင့်ဖော်ထုတ်ပေးထားရမည် ။

ပန်းခြံ၊ အားကစားကွင်းနှင့် မူလတန်းကျောင်း။ စီမံကိန်းဧရိယာတစ်ခုအတွင်း အိမ်မြေကွက်ပေါင်း (၂၀၀၀) ကျော်ဖော်ထုတ်ခဲ့သည်ရှိသော် (၁၆၀၀၀) စတုရန်းမီတာထက် မငယ်သော ပြည်သူ့ဥယျာဉ်တစ်ခုအတွက် မြေကွက်ဖော်ထုတ်ပေးရမည့်  အပြင် (၈၀၀၀) စတုရန်းမီတာထက် မငယ်သော မူလတန်းကျောင်းတစ်ကျောင်း ဧရိယာကိုပါ အသင့်ဖော်ထုတ်ပေးထားရမည် ။

အလယ်တန်းကျောင်း။ စီမံကိန်းဧရိယာတစ်ခုအတွင်း အိမ်မြေကွက်ပေါင်း (၄၀၀၀)ကျော် ဖော်ထုတ်ခဲ့လျှင် အလယ်တန်းကျောင်းအတွက် (၃၂၀၀၀) စတုရန်းမီတာထက် မငယ်သော မြေကွက်အရွယ်အစားကို ဖော်ထုတ်ထားရှိပေးရမည် ။

တယ်လီဖုန်းစနစ် (Telephone System)

သက်ဆိုင်ရာဌာနကလက်ခံအတည်ပြုနိုင်ရန်အဆင့်မီသော တယ်လီဖုန်းအသုံးချမှနည်းစနစ်ကို အသင့်ပြုလုပ်ထားပြီး ဖြစ်ရမည် ။

လျှပ်စစ်ဓာတ်အားဖြည့်ဆည်းမှုစနစ် (Electricity Supply System)

သက်ဆိုင်ရာဌာနက လက်ခံအတည်ပြုနိုင်ရန် အဆင့်မီသော လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းမှု နည်းစနစ်ကို အသင့်ပြုလုပ်ထားပြီး ဖြစ်ရမည် ။

အထူးကင်းလွတ်ခွင့်များ (Special Exemptions)

မြေယာခွဲခြမ်းစိတ်ဖြာခြင်း ဥပဒေများ ဆိုင်ရာ တာဝန်ရှိကော်မတီက စီမံကိန်းတစ်ခုချင်းအတွက် စီးပွားရေး လူမှုရေး အကျိုးရှိမှုနှင့် မြို့ပြဆိုင်ရာရှုထောင့်အရ အကျိုးရှိမှုအပေါ် ဘက်စုံထည့်သွင်းစဉ်းစား၍ အထူးကင်းလွတ်ခွင့်များ ပေးပါသည်။

အချုပ်အားဖြင့် ဒီဗလော့ပါများ မှတ်သားထားသင့်သည်မှာ စီမံကိန်းဧရိယာတစ်ခုလုံး၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းသည် လမ်း/ရေမြောင်းနှင့် ပြည်သူသုံးဧရိယာအ ဖြစ် အသုံးပြုပါကြောင်း တင်ပြလိုက်ရပါသည်။

ပုလဲမြို့ပြမြေယာမဂ္ဂဇင်း

အမှတ်(၉) ၊ ၁၉၉၈ ခုနှစ် ။

♥ ♥ ♥


အိမ်မြေ အကျိုးဆောင်ဆိုတာ

ပုလဲမြို့ပြ မြေယာမဂ္ဂဇင်း စတင်ထုတ်ဝေတော့မယ်ဆိုတော့ ကျွန်တော် ဆရာမောင်ခိုင်မာကို သွားသတိရမိပါတယ်။ ဘာကြောင့် လဲဆိုတော့ ဆရာက ဓနမဂ္ဂဇင်းမှာ ကျွန်တော့်  “မြိုမာ့မြိုပြ” စာအုပ်ကို ကိုးကားပြီး ကဗျာရှည်တစ်ပုဒ် ရေး ထားတာကို ဖတ်ပြီးကတည်းက ဆရာ မောင်ခိုင်မာကို တွေ့ ချင်နေခဲ့တာပါ။

ဒါကြောင့် လည်း မြန်မာ့ဓန မဂ္ဂဇင်းတိုက်မှာ ဆရာနေမျိုးထွန်းကနေတစ်ဆင့် ဆရာ မောင်ခိုင်မာနဲ့ သိကျွမ်းခွင့်ရပြီး ကျွန်တော် ထုတ်ဝေမယ့် မဂ္ဂဇင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပြီး ပုလဲအမှတ် (၁) မှာ ကဗျာရှည်တစ်ပုဒ်အကောင်းဆုံး ဖြစ်မြောက်ရေး အတွက် ဆရာနဲ့ အချိန်ကြာကြာ ဆွေးနွေး ဖြစ်ခဲ့ပါတယ်။

အဲဒီ နောက် ဆရာမောင်ခိုင်မာက “မြေကမ္ဘာ အပူရောင် ထဲက ဝေဒနာ ပလူတစ်ကောင် အကြောင်း” ကဗျာရှည် ဖန်တီးလာခဲ့ပါတယ်။ အတော့် ကို ကောင်းတဲ့ ကဗျာရှည်ကြီးပါ။

အဲဒီ ထဲက …

အိမ်မြေအကျိုးဆောင်လုပ်ငန်းနဲ့ ပက်သက်ပြီး ရေး ထားတာလေးကို ကောက်နုတ်တင်ပြရရင် …

မြေရဲ့ အထာကို ထောင့်စေ့အောင်လေ့လာ

မြို့ပြသဘာဝ ကို

အခြေခံပဓာနကျကျသုံးသပ်

အိမ်တစ်အိမ် (သို့ ) တိုက်တစ်လုံးရဲ့

အလုံးအရပ်ကို မြင်ရုံနဲ့မှတ်မိ

အောက်ခြေပန္နက်ကို အတပ်သိနေရမယ်

သမာဓိတည်ကြည်တဲ့စိတ်ဓာတ်

တစ်နပ်စားဥာဏ်မဟုတ်တဲ့စေတနာ

“နာစေ သာစေ” မပါတဲ့ အဆုံးအဖြတ်

“အတ္တ ပရ” မျှတတဲ့ ဆက်ဆံရေး

ငွေကြေးနဲ့ ဂုဏ်သိက္ခာကို

တစ်ရွှေးသားမျှမလဲသူဟာ

ပုလဲဖြူသလို အသဲဖြူသလား

ကဲ ဘယ်သူလဲလို့ စဉ်းစား

အများ အကျိုး ဆောင်တတ်တဲ့ပွဲစား …

ကျုပ်တို့ဆီမှာ ရှိတော့ရှိတယ် ရှားတယ်

မှန်ပါတယ် … ယနေ့ မျက်မှော က်ကာလမှာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေ ကတစ်ဆင့် အရောင်းအဝယ် ဖြစ်ကြတယ်ဆိုတာထက် နယ်မြေပွဲစားတွေ နဲ့ပဲ အလုပ် ဖြစ်နေကြတာပါ။ ဒါပေမယ့် ဆရာ မောင်ခိုင်မာပြေသလို . . .

လွဲမှားသွားတဲ့ ဖြစ်ရပ်မျိုးတွေ

ရုံးရောက် - ဂါတ်ရောက်နဲ့

အမြတ်ပျောက်၊ ဖိနပ်ပေါက်ရတဲ့ ကိစ္စမျိုးတွေ

မိတ်ဆွေလည်း ကြားဖူးမှာ ပေါ့နော် . . .

သို့ ကလို အမှားမကျူးမိစေဖို့

သတိရှိရှိနဲ့ စောင့်ကြပ်

ရိုးသားဖြောင့်မတ်စွာ တည်ထောင်

အင်္ဂလန်နိုင်ငံက

အိမ်မြေအကျိုးဆောင်လုပ်ငန်း

၁၈၁၇ ခုနှစ် ကစတဲ့ သက်တမ်း

နှစ် ပေါင်း တစ်ရာ့ရှစ်ဆယ်နှစ် ပါးခြေလှမ်း

အံ့မခန်းတဲ့ လုပ်ငန်းသရုပ်ဟာ ရမ်းတုတ်မှန်းထုပ်တဲ့ အလုပ်မျိုးမဟုတ်

ခေတ်ကို ရုပ်ဝတ္ထုကျကျ တွေးချင့်

“ Estate Agents” တဲ့ အကြည်တော်

ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာအရပ်

မဟာရန်ကုန် ပတ်ဝန်းကျင်တစ်ဝိုက်နားမှာ

စရိုက်မှားတဲ့ ရိုက်စားတွေ ကို

သွေးလန့်ပြီး သကာလ

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအစစ်ကို

မဆုတ်မနစ်တမ်း ရှာဖွေကြည့်ကြစို့

“သမာဓိ၊ သိက္ခာ၊ မျှတမှု” . . . တရား

ရှိတော့ရှိတယ် . . . ရှားပါတယ်

ရှားတော့ရှားတယ် ရှိပါတယ်လေ . . .

ဒီလောက်ဆို ဆရာမောင်ခိုင်မာရဲ့ စေတနာအတိုင်းအဆကို ခန့်မှန်းနိုင် လောက်ပါတယ်။

မှန်ပါတယ်။ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းဆိုတာ ထင်သလောက် မလွယ်လှပါဘူး ကျွန်တော် ၂၀၀၁ ခုနှစ် ၊ စက်တင်ဘာလအတွင်း ယူကေ (UK) ရောက်တုန်း လန်ဒန်မြို့မှာ ၁၈၁၇ ခုနှစ် ကတည်းက တည်ထောင်ထားတဲ့ WHITE & SON’S ESTATE AGENTS ရုံးခွဲလေးတစ်ခုကို လေ့လာကြည့်ခဲ့ပါတယ်။ နောက်ပြီး တခြား Agents တွေ ကိုပါ ဝင်ရောက်မေးမြန်းကြည့်တော့မှ၊ ကျွန်တော် ဒီလုပ်ငန်းကို သဘောပေါက် သွားပါတယ်။

သူတို့ဆီမှာ က၊ ကျွန်တော် တို့ဆီကမှာ လို ကိုယ်ရောင်းချင်တဲ့ မြေ၊ အိမ်၊ တိုက်ခန်းတွေ ကို ရှိသမျှ အကျိုးဆောင်တွေ မှာ အပ်ချင်တိုင်း အပ်လို့မရပါဘူး။

ကိုယ့်အိမ်ကို ရောင်းမယ်ဆိုရင် ကိုယ်စားလှယ် တစ်ဦးတည်း ပေးတဲ့ သဘောမျိုးနဲ့ ရောင်းမှာ လား တခြားကိုယ်စားလှယ်တွေ ကိုပါ အပ်ပြီး ရောင်းမှာ လားဆိုတာတွေ ကို စိစစ်ပါတယ်။

ကိုယ်စားလှယ်တစ်ဦးတည်း Sole-agent ပဲ ပေးမယ်ဆိုရင် သတ်မှတ်ထားတဲ့ စာချုပ်ပုံစံမှာ သဘောတူညီကြောင်း လက်မှတ်ရေး ထိုးရပါတယ်။ အဲဒီ မှာ က အရောင်းအဝယ် ဖြစ်ရင် အိမ်တန်ခိုးကိုလိုက်ပြီး ၂% သို့ မဟုတ် ၃% အကျိုးဆောင်ခ ပေးရပါတယ်။

ဒါမှမဟုတ် အိမ်ရောင်းသူအနေနဲ့ တခြား အကျိုးဆောင်တွေ ကိုပါ အပ်နှံထားကြောင်း ပြောပြလိုက်တာနဲ့ Multi-agents ပုံစံမှာ သဘောတူညီကြောင်း လက်မှတ်ရေး ထိုးပေးရပါတယ်။ ရှိရှိသမျှ အကျိုးဆောင် အားလုံးကို အပ်နှံပြီးပြီဆိုတာနဲ့ ဘယ်အကျိုးဆောင်နဲ့ပဲ အရောင်းအဝယ် ဖြစ် ဖြစ် အိမ်တန်ခိုးပေါ်လိုက်ပြီး ရောင်းရငွေအပေါ်မှာ ၄% ကနေ ၅%အထိ ပေးရပါတယ်။ ဒီနေရာမှာ ရောင်းရပြီးရောဆိုတာမျိုးနဲ့ “လက်သိပ်ထိုး” လုပ်လို့မရပါဘူး၊ ဝယ်သူအနေနဲ့ မှန်မှန်ကန်ကန် တန်ရာတန်ခိုး ပေးနိုင်ဖို့ရာ အကျိုးဆောင်ကုမ္ပဏီက ရောင်းတဲ့ အိမ်၊ မြေ၊ တိုက်ခန်းတွေ ရဲ့ ဇာစ်မြစ်ကို ရှေ့နေကတစ်ဆင့် စိစစ်ပြီးမှ အာမခံချက် ပေးရပါတယ်။

ရောင်းလိုသူက အပ်နှံထားတဲ့ အိမ်၊ မြေ၊ တိုက်ခန်းတွေ ရဲ့ ဇာစ်မြစ်ကို စိစစ်ရာမှာ လည်း ပိုင်ဆိုင်မှု၊ မှန်ကန်မှု ရှိ၊မရှိကို အဓိက အလေးထားပြီး စိစစ်ရပါတယ်။ မှန်ပြီဆိုရင် မူလအမည် ပေါက်၊ လက်လွှဲအဆင့်ဆင့်ကနေ နောက်ဆုံးရောင်းမယ့်သူရဲ့ အမည် ပေါက်ကို ကျကျနနမှတ်တမ်းတင်ထားရပါတယ်။

ခုနှစ် အလိုက် အရောင်းအဝယ် ဖြစ်တဲ့ ဈေးနဲ့ ပေါက်ဈေးတွေ ဟာ တိကျမှန်ကန်တဲ့ အလျှောက် ဈေးကွက်ပေါ်တင်တဲ့ ဈေးတွေ ဟာလည်း များများ စားစား မကွာခြားလှပါဘူး။

မှတ်တမ်းမှာ တော့ အဲဒီ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း ပေါင်ထားတာ ရှိရင်တောင်မှ အပေါင်ထားမှု အခြေအနေ အသေးစိတ်ကို ဖော်ပြထားပါတယ်။

ဝယ်သူဘက်ကလည်း အိမ်ကို စိတ်ကြိုက်တွေ့ လို့ ဝယ်လိုစိတ်တဖွားဖွားပေါက်နေဦးတော့စိတ် ကို ချုပ်တည်းပြီး “Quantity Survey” လုပ်ခိုင်းတာတွေ လည်း ရှိကြပါတယ်။ ဒါမှလည်း အဲဒီ အိမ်ထဲမှာ “ခြ” ဘယ်လောက် တက်နေပြီလဲဆိုတာကအစ အားနည်းချက် အသေးစိတ်တွေ ကို သိခွင့်ရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဝယ်မယ့် အိမ်ရဲ့ Valuation တန်ခိုးဖြတ်တာကို မှန်မှန်ကန်ကန် သိရပြီးမှ အပြန်အလှန် ညှိနှိုင်း ရောင်းဝယ်ကြတာ ဖြစ်ပါတယ်။

ဒီထက် ထူးခြားတာက လန်ဒန်ထုတ် Property Magazine တစ်စောင်မှာ “Sell your property on the Internet” အင်တာနက်ပေါ်တင်ပြီး ရောင်းကြဖို့ တိုက်တွန်းထားတာ တွေ့ ရပါတယ်။ အင်တာနက်ပေါ် တင်ပြီးရောင်းတဲ့အိမ်ပေါင်း (၃၀၀၀) ခန့် လန်ဒန်မှာ တွေ့ ရပါတယ်။ (Pearl Property Magazine က အင်တာနက်ပေါ် အိမ် ၁၀လုံး တင်ခဲဖူးပါတယ်။ ဒါပေမယ့် “My Real Estate Information System” တည်ဆောက်နိုင်ခဲ့လို့ ပုလဲမှာ User Guide တောင် ရှိနေပါပြီ။)

တကယ်တော့ “သမာဓိ” - သိက္ခာ- မျှတမှု” ကို လက်ကိုင်ထားပြီး ဆောင်ရွက်နေကြတာပါ။ ကျွန်တော် တို့ဆီမှာ လည်း ရောင်းသူဝယ်သူကြားမှာ “အတ္တ - ပရ ” မျှမျှတတနဲ့ ပီပီပြင်ပြင် ဆောင်ရွက်နိုင်တဲ့ အကျိုးဆောင်ကုမ္ပဏီအချို့ရှိပါတယ်။

ဒါပေမယ့် ဆရာ မောင်ခိုင်မာပြောသလို . . . “ရှိတော့ ရှိတယ် . . . ရှားပါတယ် . . .ရှားတော့ရှားတယ် . . . ရှိပါတယ်လေ ” လို့ ဆိုရမှာ ဖြစ်ကြောင်းပါခင်ဗျား . . . ။

ပုလဲမြို့ပြမြေယာမဂ္ဂဇင်း

အမှတ် (၃၈) ၂၀၀၂ ခုနှစ် ။

♥ ♥ ♥


သြစတြေလျနိုင်ငံ အိမ်၊ ခြံ၊ မြေ လုပ်ငန်းလေ့လာချက်

သြစတြေလျနိုင်ငံအကြောင်း ပြောကြတိုင်း South East Queensland Region ရဲ့ အကြောင်း ပါစမြဲပါ။ မှန်ပတယ်။ အဲဒီ ဒေသအကြောင်း ချန်လှပ်ထားလို့ မရပါဘူး ဘာကြောင့် လည်းဆိုတော့ သဘာဝ တော တောင်ရေမြေ ကောင်းတာကြောင့် အတော့ကို သာယာလှပတဲ့နေရာ ဖြစ်ပါတယ်။ အထူးသဖြင့် Brisbane ဘရစ်စဘိန်းမြို့နဲ့ Gold Coast ဂိုးကို့စ်မြို့တွေ ရဲ့ ဆွဲဆောင်မှုစွမ်းပကား အားကောင်းတာကြောင့် ထင်ရှားကျော်ကြားနေတာလို့လည်း ဆိုနိုင်ပါတယ်။ ဒီနေရာကို ကျွန်တော် ၁၉၉၉ ခုနှစ် ၊ သြဂုတ်လအတွင်း ရောက် ဖြစ်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ကျော်ကြားသထက် ကျော်ကြားလာအောင် ၂၀၁၁ ခုနှစ် မှာ Asia Pacific ဒေသအတွင် ရင်းနှီးမြှုပ်နှံဖို့ရာ အကောင်းဆုံးအ ဖြစ်ဆွဲဆောင်နိုင်ဖို့ရာ ဝိုင်းဝန်းကြိုးပမ်းနေကြလေရဲ့ ။ ဒီနေရာမှာ နေလို့ ထိုင်လို့ အကောင်းဆုံး ဖြစ်ဖို့ ကြိုးစားနေကြသလို အလုပ်လုပ်ရာမှာ လည်း ဝင်ငွေအကောင်းဆုံးရဖို့ ကိစ္စပါ စီစဉ်နေကြပါတယ်။ အထူးသဖြင့် သဘာဝ ပတ်ဝန်းကျင်ကို မပျက်မစီးမယိုယွင်းရအောင် ဂရုစိုက်ဆောင်ရွက်နေကြပါတယ်။ သဘာဝ ပတ်ဝန်းကျင်ဆိုရာမှာ လည်း လေထု၊ မြေထုနဲ့ ရေထုအတွင်း ပတ်ဝန်းကျင် ညစ်ညမ်းမှု အလျဉ်းမရှိစေရလေအောင် အဆင့်ဆင့်စီမံဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ တကယ်တော့ “အရည်အသွေး ကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ လူနေမှုဘဝ ” ကို စီမံချက်ရှိရှိ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြို့ပြစီမံကိန်းအနေနဲ့ ၂၀၁၁ ခုနှစ် မှာ ဘရစ်ဘိန်းမြို့ကို မြို့တော် သတ်မှတ်နိုင်ဖို့ရာ အဝန်းအဝိုင်း အဆင့်ဆင့် တိုးချဲ့နိုင်အောင် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ မြို့တော် နယ်နိမိတ် သတ်မှတ်ပြီး အခြေခံအဆောက်အအုံတွေ တည်ဆောက်ရာမှာ လည်း သဘာဝ အလှအပ မပျက်စေဘဲ အလေးထား ဆောင်ရွက်နေကြပါတယ်။ မြို့တော် ဖြစ်လာတဲ့အခါ လူဦးရေကလည်း (၂) သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

အလားတူပဲ South East Queensland မှာ ဒုတိယအကြီးဆုံးမြို့အနေနဲ့ Gold Coast မြို့ ဖြစ်တာကြောင့် သက္ကရာဇ် ၂၀၁၁ ခုနှစ် မှာ ဒီမြို့မှာ လည်း လူဦးရေ (၅၉၀၀၀၀) နဲ့ (၆၄၀၀၀၀) အကြားမှာ ရှိလိမ့်မယ်လို့ တွက်ချက်ခန့်ထားပါတယ်။ ဂိုးကို့ (စ်) မြို့အနေနဲ့ သီးခြားဖွံ့ဖြိုးလာမှုကိုလည်း ဘရစ်ဘိန်းမြို့တော် နဲ့ တစ်ဆက်စပ်တည်း ဖြစ်အောင် မြို့ပြစီမံကိန်းကို စနစ်တကျ ရေး ဆွဲထားပါသေးတယ်။

အမှန်စင်စစ် အဲဒီ ဒေသတွေ ဟာ ၁၉၅၆ ခုနှစ် အထိ မဖွံ့ဖြိုးသေးဘူး။ ၁၉၈၃ ခုနှစ် ကစပြီး ဂျပန်နိုင်ငံသားတွေ က အိမ်ရာဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လာတာကြောင့် ၁၉၈၈ ခုနှစ် ကျော်မှ ဖွံ့ဖြိုးတိုးတက်လာပြီး ခရီးသွားလုပ်ငန်းပါ ကြီးထွားလာခဲ့တာပါ။

ဒါကြောင့် လည်း အဲဒီ ဒေသတွေ မှာ အိမ်ဈေး၊ မြေဈေးတွေ ခေါင်ခိုက်နေတာကြောင့် တော် ရုံတန်ရုံအနေနဲ့ ကိုယ်ပိုင်နေဖို့ဆိုတာ မစဉ်းစားဝံ့စရာပါ။ အထူးသဖြင့် ဂိုးကို့(စ်) လို နေရာက ပိုလို့တောင် ဈေးကြီးပါသေးတယ်။

ဒီလောက်ဈေးကြီးတဲ့ နေရာမှာ သန်းကြွယ်သူဌေးတွေ ပဲ နေနိုင်မယ်လို့ တွေးနေခိုက် လွန်ခဲ့တဲ့အနှစ် (၄၀) က ကျွန်တော် နဲ့ ကျောင်းနေဘက်သူငယ်ချင်းကို မမျှော်လင့်ဘဲ Santury Cove က Hyatt ဟိုင်းရပ် ဟိုတယ်မှာ တွေ့ ဆုံခဲ့ပါတယ်။ သူမရဲ့ မိတ်ဆွေကို နှုတ်ဆက်စကားပြောပြီးတဲ့နောက် သူငယ်ချင်းက သူနဲ့ အလည်ခေါ်လို့ သူမရဲ့ နေအိမ်ကို ရောက် ဖြစ်ခဲ့ပါတယ်။

ဒါနဲ့သူမရဲ့ ခွင့်ပြုချက်အရသူမရဲ့ အိမ်ကိုဓာတ်ပုံရိုက်ခဲ့ပြီး စာပေခွင့်ပြုချက်ပါအရယူနိုင်ခဲ့ပါတယ်။ ဓာတ်ပုံပါနေအိမ်ကို ဝယ်မယ်ဆိုရင် ဘယ်လောက်ပေးရမလဲလို့ စပ်စုလိုက်တော့ သြစတြေးလျ ဒေါ်လာ (၄) သိန်းခန့် ပေးရလိမ့်မယ်လို့ ဆိုပါတယ်။

ယခုဆို သူတို့ဆီမှာ လည်း အိမ်၊ ခြံ၊ မြေဈေးတွေ က ကောင်းနေတာကြောင့် ကျပ်သိန်း(၂၀၀၀) အောက် မလျော့ဘူးလို့ သိရပါတယ်။ ဆိုလိုတာက မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းရဲ့ တက်ရိပ်ကို သိလို့ အမိအရ ဝယ်ယူနိုင်ရင် အကျိုးများ တယ်ဆိုတာ ရိပ်စားမိသူတွေ က တစ်ခြားနေရာတွေ မှာ ရင်းနှီးမြုပ်နှံစရာမရှိတဲ့အဆုံး ရင်းနှီးမြှုပ်နှံကြပုံတွေ ကိုပါ သိလာခဲ့ပါတယ်။

အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းတွေ ရဲ့ လုပ်ကိုင်ပုံ နည်းစနစ်တွေ ဟာ အင်္ဂလန်နိုင်ငံက လုပ်ပုံကိုင်ပုံအတိုင်း ဆောင်ရွက်နေတာတွေ့ ခဲ့ရပါတယ်။ ကျွန်တော် က အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ပုံကို လက်တွေ့  သိလိုတာကြောင့် သူငယ်ချင်းကို လိုက်ပို့ခိုင်းတော့ သန်းကြွယ်သူဌေးတွေ နေတဲ့နေရာ တစ်နေရာကို လိုက်ပို့ခဲ့ပါတယ်။ အဲဒီ ရောက်တော့ For Sale ဆိုင်းဘုတ် ချိတ်ထားတဲ့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ရဲ့ ဖုန်နံပါတ်ကို ဆက်လိုက်တာ နာရီဝက်အတွင်း အရောင်းကိုယ်စားလှယ်ရောက်လာပြီး ရောင်းမယ့် အိမ်အတွင်းခေါ်ပြီး စိတ်ရှည် လက်ရှည်နဲ့ အိမ်နဲ့ပက်သက်သမျှ ကိစ္စမှန်သမျှကို ရွှန်းရွှနးဝေအောင် ရှင်းပြတော့တာပါပဲ။ အဲဒီ အိမ်နဲ့ပက်သက်လို့ စဉ်းစားဦးမယ်ဆိုတော့ သူ့ရဲ့ ကုမ္ပဏီက ရောင်းဖို့ရှိသေးတဲ့ မြေကွက်လွတ်တွေ ကို လိုက်ပြပါသေးတယ်။

ပထမဦးဆုံးပြသတဲ့ အိမ်ရဲ့ ခြံဝန်းအကျယ်အတိုင်း (ပေ ၁၀၀ x ၁၀၀) မြေလွတ်မှာ “ရောင်းရန်ရှိသည်” ဆိုင်းဘုတ်ကို စနစ်တကျ စိုက်ထူထားတာ တွေ့ ခဲ့ရပါတယ်။ အဲဒါ ဘယ်ဈေးနဲ့ ရောင်းမလဲလို့ မေးလိုက်တော့ သြစတြေးလျ ဒေါ်လာ (၅) သိန်းပါတဲ့ . . .။

ဒီမှာ တင် ကျွန်တော် အတွေးတစ်ခု ပေါ်လာပြန်ပါတယ်။

အဲဒါ တစ်ခြားမဟုတ်ပါဘူး။ သာမန်ပြည်သူတွေ မျှော်လင့်စရာက “မြို့ပြဝင်ငွေ နည်းသူများ အတွက် အိမ်ရာ” ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ “ Creation of the State Lottery to collect funds for the low income housing ” စာသားလေးပဲ ဖြစ်ကြောင်းပါခင်ဗျာ . . . ။

ပုလဲမြို့ပြမြေယာမဂ္ဂဇင်း

အမှတ် (၃၉) ၊ ၂၀၀၂ ခုနှစ်

♥ ♥ ♥


မြေအသုံးချမှုဆိုင်ရာဘတ်ဂျက်

“မြို့သစ်” ဆိုတဲ့ ဝေါဟာရကိုပဲ မြင်ရမြင်ရ၊ မြို့သစ်ဆိုတဲ့ အသံကိုပဲ ကြားရ၊ ကြားရ ကျွန်တော် နဲ့ အကျွမ်းတဝင် ဖြစ်ခဲ့ဖူးတဲ့ မြို့သစ်ကြီးရဲ့ မြင်ကွင်းကျယ်ကိုပဲ အမှတ်ရနေခဲ့တာ အတော် ကြာပါပြီ။ ဒီလိုနဲ့ နေလာလိုက်တာ လွန်ခဲ့တဲ့ ၂ နှစ် လောက်က အမှတ်မထင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် ရဲ့ တောင်ဘက်ယွန်းယွန်းမှာ တည်ရှိတဲ့ Bundang New Town ကို ရောက်ခဲ့ပါတယ်။ စင်္ကာပူမှာ ရှိတဲ့ ဘီရှန်းလို မြို့သစ်ထက် အတော် ကြီးမားကျယ်ဝန်းပြီး စနစ်တကျ တည်ဆောက်ထားတာကြောင့် တအံ့တသြ ဖြစ်မိပါတယ်။

မှန်ပါတယ်၊ မြို့အကွက်ချပုံစံကလည်းလှ၊ မြေခင်းဗိသုကာကလည်း ကြွဆိုတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။ အဲဒီ မြို့သစ်အတွက် Land Use Planning ကို ကျကျနန ဆောင်ရွက်ထားပါတယ်။ Community and Housing Allocation Planning ကိုလည်း အစီအရီ တွေ့ ရပါတယ်။ Transportation Network ဆိုတာကိုလည်း အဆင့် ၂ ဆင့်အထိ ဆောင်ရွက်ပေးထားပါတယ်။ Public Service Facilities ဆောင်ရွက်ထားတာကို ကြည့်လိုက်ရုံနဲ့ လူနေမှုအဆင့်အတန်းကို ခန့်မှန်းနိုင်လောက်ပါတယ်။ Infrastructure and Energy Facilities တွေ ကလည်း အကောင်းစား အပျံစားတွေ ချည်း လုပ်ကိုင်ဆောင်ရွက်ထားပါတယ်။ ဒီနေရာမှာ Cultural Environment Plan ကို စနစ်တကျ ရေး ဆွဲထားပြီး Urban Design Control ထားရှိတာကိုတော့ အတုယူရမှာ ဖြစ်ပါတယ်။

တစ်ခြား ထူးထူးခြားခြားများ ရှိလေဦးမလားဆိုပြီး စပ်စပ်စုစု လုပ်လိုက်တော့ ကုန်ပစ္စည်း ထုတ်လုပ်နေတဲ့ အခန်းတွေ (Manufacturing Apartment) ကိုသွားတွေ့ ပါတယ်။ Commercial District အ ဖြစ် သတ်မှတ်ထားတဲ့မြို့ရဲ့ အစွန်အဖျားမှာ တည်ရှိပါတယ်။ Public Open Space နဲ့လည်း ကပ်နေပါတယ်။

ကုန်ပစ္စည်း ထုတ်လုပ်နေတဲ့ အခန်းတွေ တည်ရှိရာ တိုက်ဟာ (၉) ထပ်တိုက် ဖြစ်ပါတယ်။ အဲဒီ တိုက်တွေ ရဲ့ ထူးခြားချက်က အခန်းတိုင်းမှာ လေအေးပေးစက်နဲ့ ခေါင်းတိုင်တွေ ရှိနေတာကို တွေ့ ရမှာ ဖြစ်ပါတယ်။

ခေါင်းတိုင်လို့သာ ပြောရတယ်။ မီးခိုးထွက်တဲ့ခေါင်းတိုင် မဟုတ်ပါဘူး။ စက်ခန်းထဲက လေကို သန့်စင်ပေးထားတာ ဖြစ်ပါတယ်။ ကုန်ပစ္စည်းထုတ်တဲ့နေရာမှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေမည့်  ကုန်ပစ္စည်းထုတ်တဲ့နေရာမှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေမည့်  ကုန်ပစ္စည်းထုတ်တဲ့နေရာမှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေမည့်  ကုန်ပစ္စည်းတွေ ကိုတော့ သုံးခွင့် မပြုထားပါဘူး။ မြို့သစ်တိုင်းမှာ အဲဒီ လို စက်ရုံအငယ်စားလေးတွေ ရှိသလို၊ အထင်ကရ စက်မှုဇုန်ကြီးတွေ ဟာလည်း ဟီးထနေပါတယ်။

POSSCO စက်မှုဇုန်ကြီးထဲ ရောက်တုန်းက ဆောင်ပုဒ်ကြီး ချိတ်ဆွဲထားတာ သဘောကျလွန်းလို့ လျှပ်တပြတ် ဓာတ်ပုံရိုက်ခဲ့တာ ပျက်သွားတာကြောင့် အတော် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် စာသားလေးကိုတော့ မှတ်မိနေပါသေးတယ်။

“Resources are limited .., Creativity is unlimited ”

ဒါကြောင့် ထင်ပါရဲ့ ၊ ဖန်တီးတီထွင်ထားတဲ့ အဲဒီ မြို့သစ်ကလေးကို သူတို့ ဘယ်ပုံဘယ်နည်းနဲ့ Land Use Budget ရေး ဆွဲခဲ့သလဲလို့ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေလိုက်တော့မှ ပူးတွဲ ပါအတိုင်း ဖော်ထုတ်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

တကယ်တော့ Land Use Budget အရ မြို့သစ်ကို ပီပီပြင်ပြင် တည်ဆောက်နိုင်တာရယ်၊ Natural Environment ကို ထိထိရောက်ရောက် ထိန်းသိမ်းထားနိုင်တာတွေ ကြောင့် ဒီမြို့သစ်ဟာ ဟိုးဟိုးကျော်ခဲ့ခြင်း ဖြစ်ပါတယ်။

ပုလဲမြို့ပြမြေယာမဂ္ဂဇင်း

အမှတ် (၂၉) ၊ ၂၀၀၀ ပြည့်နှစ် ၊

♥ ♥ ♥


အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေလိုသော်

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းကု မြန်မာနိုင်ငံအိမ်ရာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲအခမ်းအနားကို ၁၉၉၉ ခုနှစ် ၊ မေလ (၁၉) ရက်နေ့မှာ ရန်ကုန်မြို့ ကရဝိတ်နန်းတော် မှာ ကျင်းပခဲ့ပါတယ်။

အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်က အာရှမြို့ပြအိမ်ရာ မြေဈေးကွက် အခြေအနေ စာတမ်းဖတ်ကြားသွားသလို ရန်ကုန် စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဦးမော်သန်းကလည်း ၁၉၉၃ ခုနှစ် မှ ၁၉၉၈ ခုနှစ် အတွင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းများ လေ့လာခြင်း စာတမ်းကို ဖတ်ကြား သွားပါတယ်။

ပုလဲ အမှတ် (၁) မှ (၁၅) အထိ

မှတ်သားမိသလောက် တင်ပြရရင် မှီငြမ်းကိုးကားချက်တွေ ကို ကြည့်လိုက်တော့ ပုလဲမြို့ပြမြေယာမဂ္ဂဇင်း အမှတ်(၁) မှ (၁၅) အထိ ကိုးကားထားတာ တွေ့ လိုက်ရပါတယ်။ အဲဒီ အချက်ဟာ “မြို့ပြမြေယာ - ဝေဖြာသုတ - ရှုကြအစဉ် - ပုလဲတွင် ” လို့ ဖော်ညွှန်းပြဆိုနေတာပါ။

“ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းများ လေ့လာခြင်း ” စာတမ်းရဲ့ အနှစ် ချုပ်ကို ပထမ တင်ပြလိုပါတယ်။

၁၉၉၅ ခုနှစ် က ရန်ကုန်မြို့မှာ အိမ်ထောင်စုပေါင်း ၆၂၀၀၀၀ ခန့်ရှိပြီး နှစ် စဉ် အိမ်ထောင်စုပေါင်း ၁၆၀၀၀ ခန့် တိုးပွားနေတယ်လို့ ဆိုပါတယ်။ အဲဒီ မှာ ၉၀၀၀ ခန့် (၅၆ ရာခိုင်နှုန်း) ဟာ နှစ် စဉ် အိမ်ရာလိုအပ်နေကြောင်း သိရပါတယ်။

၁၉၉၀ ပြည့်နှစ် မြို့လယ်စီးပွားရေး ဗဟိုဒေသမှာ မြေ စတုရန်း (၁) ပေ၏ ပေါက်ဈေးဟာ ၁၈၉၀ ကနေ ၂၆၄၀ အထိ ရှိခဲ့ပေမယ့် ၁၉၉၅ ခုနှစ် မှာ ၄၅၉၀ - ၆၈၉၀ အတွင်း ရှိခဲ့ပါတယ်။ ၁၉၉၈ ခုနှစ် မှာ တော့ ၇၆၃၀ - ၈၈၆၀ အထိ တိုးတက်လာခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် က အဆင့်မြင့် လူနေရပ်ကွက်များ ဒေသမှာ ၉၂၀ မှ ၁၁၅၀ အထိ ရှိခဲ့ပေမယ့် ၁၉၉၅ ခုနှစ် မှာ တော့ ၂၂၉၅ မှ ၃၄၄၅ အထိ ရှိလာခဲ့ပါတယ်။

၁၉၉၈ ခုနှစ် မှာ တော့ ၄၂၅၅ -၅၃၃၀ အထိ ရှိခဲ့ပါတယ်။ မြို့ဆင်ခြေဖုံးဒေသတွေ မှာ လည်း ၁၉၉၀ ပြည့်နှစ် မှာ ၉၂၀ မှ ၁၁၅၀ အထိရှိခဲ့ပေမယ့် ၁၉၉၅ ခုနှစ် မှာ ၂၀၇၅ မှ ၂၅၂၅ အထိ မြင့်မားလာခဲ့ပါတယ်။ အိမ်ခန်း ဝယ်ယူနေထိုင်သူများ ရဲ့ အရည်အသွေး ရွေးချယ်မှု ပုံစံကို လေ့လာကြည့်မယ်ဆိုရင် သွားရေး လာရေး လွယ်ကူမှုနဲ့ လုံခြုံမှုကို အထူး ဦးစားပေးပါတယ်။ ဈေးနီးခြင်းအတွက် ဒုတိယ ဦးစားပေးနေရာမှာ ထားခဲ့ပါတယ်။ ယာဉ်ရပ်နားရန် နေရာနဲ့ ကျောင်းနားနီးခြင်းကိုတော့ တတိယ ဦးစားပေးအ ဖြစ် ရွေးချယ်ကြပါတယ်။ စီးပွားရေး အချက်အချာကျမှုကိုတော့ ဝယ်ယူသူ ၅၀ ရာခိုင်နှုန်းကသာ ရွေးချယ်ကြပါတယ်။

ဆိတ်ငြိမ်မှု၊ အပန်းဖြေရန် နေရာရှိမှုနဲ့ စုပေါင်းထိန်းသိမ်းမှုတို့ကိုလည်း ထည့်သွင်းစဉ်းစားကြပါသေးတယ်။

၁၉၉၇ ခုနှစ် တိုက်ခန်းဈေးနှုန်းများ ဟာ ၁၉၉၆ ခုနှစ် ကထက် ၂၀၈ ရာခိုင်နှုန်းကနေ ၂၇၄ ရာခိုင်နှုန်းအထိ သိသိသာသာ ထင်ထင်ရှားရှား တိုးတက်လာခဲ့ပါတယ်။ ၁၉၉၈ ခုနှစ် မှာ တော့ ပျမ်းမျှတိုက်ခန်းဈေးနှုန်းများ ဟာ ၁၄၀ ရာခိုင်နှုန်းကနေ ၂၂၇ ရာခိုင်နှုန်းတိုင် ပြန်လည် ထိုးကျသွားခဲ့ပါတယ်။

၁၉၉၇ ခုနှစ် တိုက်ခန်းဈေးနှုန်းအနေနဲ့ တစ်စတုရန်းပေအတွက်

ပန်းဘဲတန်း - ၈၁၂၁ - နှုန်း

ကျောက်တံတားမှာ - ၇၅၂၉ - နှုန်း

ဗိုလ်တထောင်မှာ - ၈၀၂၀ - နှုန်း

လမ်းမတော် မှာ - ၆၅၃၃ - နှုန်း

စမ်းချောင်းမှာ - ၅၆၅၅ - နှုန်း

ပုစွန်တောင်မှာ - ၅၈၉၁ - နှုန်း

လှိုင်မှာ - ၅၀၉၅ -နှုန်း

အလုံမှာ - ၅၀၁၇ - နှုန်း

တာမွေမှာ - ၄၆၉၂ -နှုန်း

သင်္ကန်းကျွန်းမှာ - ၄၀၂၈ - နှုန်း

အထိတောင် ဈေးပေါက်ခဲ့ကြပါတယ်။

စတုရန်း တစ်ပေ

အဆောက်အဦးအနေနဲ့ အာရ်စီ အဆောက်အဦးများ ဆောက်လုပ်မှု ကုန်ကျစရိတဟာ ၁၉၉၀ ပြည့်နှစ် မှာ စတုရန်းတစ်ပေကို ၅၀၀ ကျပ်၊ ၁၉၉၅ ခုနှစ် မှာ ၁၂၀၀ ကျပ်၊ ၁၉၉၈ ခုနှစ် မှာ တော့ ၂၅၀၀ ကျပ်အထိတက်ခဲ့ပါတယ်။

နံကပ်တိုက် အဆောက်အဦးများ အနေနဲ့က ၁၉၉၀ ပြည့်နှစ် မှာ စတုရန်းတစ်ပေကို ၃၀၀ ကျပ်၊ ၁၉၉၅ ခုနှစ် မှာ ၄၅၀ ကျပ်၊ ၁၉၉၈ ခုနှစ် မှာ တော့ ၁၂၀၀ ကျပ်အထိ တက်ခဲ့ပါတယ်။

ပျဉ်ထောင်အိမ်အနေနဲ့ ၁၉၉၀ ပြည့်နှစ် မှာ စတုရန်းတစ်ပေကို ၂၀၀ ကျပ်နှုန်း၊ ၁၉၉၅ ခုနှစ် မှာ ၃၀၀ ကျပ်၊ ၁၉၉၅ ခုနှစ် မှာ ၃၀၀ ကျပ်၊ ၁၉၉၈ ခုနှစ် မှာ တော့ ၇၀၀ ကျပ်နှုန်းအထိ ဖြစ်ခဲ့ပါတယ်။ ထရံကာ အဆောက်အဦးအနေနဲ့ စတုရန်းတစ်ပေကို ၁၀၀ ကျပ်နှုန်း ၁၉၉၅ ခုနှစ် မှာ ၁၈၀ ကျပ်နှုန်း ၁၉၉၈ ခုနှစ် မှာ တော့ ၄၅၀ ကျပ်အနှုန်းအထိ တိုးတက်ကုန်ကျလာခဲ့ပါတယ်။

အဲဒီ လို ဆောက်လုပ်မှု ကုန်ကျစရိတ်တွေ တိုးတက်လာတဲ့ အဓိက အကြောင်းရင်းက ကုန်ကြမ်းပစ္စည်း ဈေးနှုန်းနဲ့ လုပ်သားခများ တိုးတက်လာခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ကုန်ကျစရိတ်မြင့်မား

ကုန်ကြမ်းဈေးနှုန်း တက်လာရတာ ကလဲ သယံဇာတများ ရှားပါးခြင်းထက် ဆောက်လုပ်ရေး လုပ်ငန်းများ တိုးတက်လာချိန်မှာ ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများ မှာ ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းနဲ့ နည်းပညာပိုင်းဆိုင်ရာ အားနည်းခြင်းတို့ ဖြစ်တယ်လို့ သုံးသပ် သွားပါတယ်။

ပုဂ္ဂလိက အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းများ နဲ့ ဈေးကွက်ဝယ်လိုအားနဲ့ ရောင်းလိုအား အခြေအနေဟာလည်း အဆောက်အဦးများ ရဲ့ တည်နေရာနဲ့ အရည်အသွေးပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိနေကြောင်းကိုလည်း ဆွေးနွေး သွားပါတယ်။

ဆောက်လုပ်ရေး ကုန်ကျစရိတ်များ လာတာ ကတော့ သယံဇာတအရင်းအမြစ်တွေ ကို ထိရောက်စွာ မဖော်ထုတ်နိုင်လို့ ကုန်ကြမ်းပစ္စည်း ထုတ်လုပ်မှုပိုင်းမှာ လည်း ရင်းနှီးမြှုပ်နှံမှု နည်းနေလို့ နည်းပညာပိုင်းဆိုင်ရာ အားနည်းနေလို့ အဓိက ဆောက်လုပ်ရေး ပစ္စည်းအားလုံးနီးပါးကို နိုင်ငံခြားကနေ အားနည်းနေလို့ အဓိက ဆောက်လုပ်ရေး ပစ္စည်းအားလုံးနီးပါးကို နိုင်ငံခြားကနေ မှာ ယူတင်သွင်းနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လုပ်သားခတွေ မြင့်တက်လာတာကြောင့် ဆောက်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်မားလာခြင်း ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

အမြတ်ရာခိုင်နှုန်း

၁၉၉၇ ခုနှစ် လယ်ပိုင်းအထိ အိမ်ရာကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်လာရတာ က ရင်းနှီးမြှုပ်နှံလို့ ရရှိမယ့် အမြတ်ရာခိုင်နှုန်းဟာ ဘဏ်အပ်ငွေ အတိုးနှုန်းနဲ့ ငွေကြေးဖောင်းပွနှုန်းတို့ထက် ပိုမို မြင့်မားနေတာကြောင့် အိမ်ရာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်လုပ်မှု လုပ်ငန်း၊ ကုန်သွယ်မှု လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဟာ သူတို့ လုပ်ငန်းမှ ရရှိမယ့် အကျိုးအမြတ် အများ ဆုံး ရနိုင်တာကြောင့် အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းတွေ မှာ ဝင်ရောက်လုပ်ကိုင်လာကြခြင်း ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

၁၉၉၇ ခုနှစ် လယ်ပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ အရှေ့တောင်အာရှ ငွေကြေးအကျပ်အတည်းရဲ့ ဂယက်ရိုက်ခတ်မှုများ အရ ငွေကြေးဈေးနှုန်း မတည်ငြိမ်ခြင်း၊ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများ ရဲ့ လှည့်လည်ငွေရင်း နည်းပါးလာခြင်း၊ ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်း ဈေးနှုန်းများ တိုးတက်လာခြင်း၊ အိမ်ရာများ ကို ကြိုတင် ဝယ်ယူသူများ မှ အရစ်ကျ ငွေပေးချေမှုများ နှောင့်နှေးကြန့်ကြလာခြင်း၊ ဝင်ငွေတိုးတက်မှုနှုန်းသည် အိမ်ရာဈေးမြင့်တက်နှုန်းထက် နိမ့်ကျနေတာကြောင့် ဝယ်ယူနိုင်စွမ်း လျော့နည်းလာခြင်း စတဲ့အကြောင်းတွေ ကြောင့် ၁၉၉၇ ခုနှစ် နောက်ပိုင်းကစပြီး အိမ်ရာဆောက် ရောင်းဝယ်မှုလုပ်ငန်း ကျဆင်းလာခဲ့ရတယ်လို့ သုံးသပ်ထားပါတယ်။

ဖြည့်စွက်တင်ပြခြင်း

အဓိကအနေနဲ့ ကတော့ အိမ်ရာဈေးနှုန်း ပြောင်းလဲမှုများ ဟာ ဆောက်လုပ်ရေး ကုန်ကျစရိတ် တိုးတက်မှု၊ မြေဈေးနှုနး ပြောင်းလဲမှုနဲ့ ဝယ်ယူသူများ ရဲ့ ဝယ်ယူမှုပုံစံအပေါ် မူတည်တယ်လို့ ဆိုထားပါတယ်။

ဒီနေရာမှာ အိမ်ရာကဏ္ဍ စုဆောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်သွယ်ပုံနဲ့ ဆက်စပ်ပြီး “ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေလိုသော် ” ကို ဖြည့်စွက်တင်ပြဖို့ရာအကြောင်း ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။

ပုံကို ကြည့်ရင် ငွေကြေးနဲ့ စီးပွားရေး ဆိုင်ရာ မူဝါဒ၊ အိမ်ရာ ဆောက်လုပ်မှုအတွက် ထုတ်ချေးငွေနဲ့ အိမ်ရာအတွက် စုဆောင်းနိုင်မှု ကိစ္စတွေ ဟာ နိုင်ငံတော် အစိုးရရဲ့ မူဝါဒဆိုင်ရာ ကိစ္စတွေ ဖြစ်တာကြောင့် အောင်နိုင်မြင့်လက်လှမ်းမမီပါဘူး။ ဒါပေမယ့် အိမ်ရာ တည်ဆောက်ရေး စီးပွားရေး ဖွံ့ဖြိုးမှု ဆောင်ရွက်ရာမှာ တော့ “ အိမ်ရာကဏ္ဍ စုဆောင်းရေး နဲ့ ရင်းနှီးမြှုပ်နှံရေး ဘဏ်” (သို့ မဟုတ်) အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်က “အာရှမြို့ပြအိမ်ရာမြေဈေးကွက်အခြေအနေ စာတမ်းမှာ တင်ပြသွားသလို Mortgage Corporation တွေ တည်ထောင်ဖွဲ့စည်းထားရန် လို၊မလိုကိုတော့ စဉ်းစာရမှာ ဖြစ်ပါတယ်။

အကယ်၍ များ အိမ်ရာကဏ္ဍ စုဆောင်းရေး နဲ့ ရင်းနှီးမြှုပ်နှံရေး ဘဏ် Housing Bank Saving Loan သာ ရှိမယ်ဆိုရင် အိမ်ရာ အဖွဲ့အစည်းတွေ အနေနဲ့ အိမ်ရာဆောက်လုပ်ရေး စီမံကိန်း အစီအစဉ်တွေ ရေး ဆွဲပြီး အိမ်ရာထုတ်လုပ်မှုအပိုင်းမှာ ဆောက်လုပ်ရေး ပစ္စည်းထုတ်လုပ်ရေး အဖွဲ့အစည်းများ ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အိမ်ရာ တည်ဆောက်ထုတ်လုပ်ရေး အဖွဲ့အစည်းများ ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

အဲဒီ အဖွဲ့တွေ က ဘဏ်ချေးငွေနဲ့ ထုတ်လုပ်နိုင်သမျှဟာ အိမ်ရာရောင်းလိုအား ဖြစ်လာပါလိမ့်မယ်။ တစ်ချိန်တည်းမှာ ပဲ အိမ်ရာ လိုအပ်ချက်ကို လူဦးရေ တိုးပွားလာမှုနဲ့ မြို့ပြကြီးထွားလာမှုကို တစ်စိုက်မတ်မတ် သုတေသနပြုနိုင်မယ်ဆိုရင် အိမ်ရာ လိုအပ်ချက်ဟာ တိကျမှန်ကန်တဲ့ ကိန်းဂဏန်းတွေ ပေါ်ထွက်လာမှာ ပါ။ အဲဒီ နောက် အလုပ်အကိုင် ရရှိမှု၊ ဝင်ငွေ ပြန့်ပြူးမှုနဲ့ လူနေမြို့ရွာ ဖွံ့ဖြိုးမှု အသွင်သဏ္ဌာန်တွေ နဲ့ ဆက်စပ်လိုက်ရင် ဝယ်လိုအားအခြေအနေမှန်ကို မလွဲမသွေ ဖော်ထုတ်နိုင်လောက်ပါတယ်။

ဝယ်လိုအားတွေ ဟာလည်း ဘဏ်ချေးငွေနဲ့ စုဆောင်းငွေတွေ အပေါ်မှာ ပဲ တည်မှီနေတာကြောင့် ညှိနှိုင်းပေါင်းစပ်မှု ကောင်းရင် ကောင်းသလောက် ဝယ်လိုအားဟာ ဖြစ်ထွန်းတိုးတက်နေမှာ ပါ။ အဲဒီ လို အိမ်ရာ ဝယ်လိုအားနဲ့ အိမ်ရာ ရောင်းလိုအား ဖြစ်ထွန်းလာမယ်ဆိုရင်တော့ အိမ်ရာ ဈေးကွက်ဟာ အသစ်တစ်ဖန် ပြန်လည် ရှင်သန်လာလိမ့်မယ်လို့ မျှော်လင့်ရပါကြောင်း တင်ပြလိုက်ရပါတယ်။

ပုလဲမြို့ပြမြေယာမဂ္ဂဇင်း

အမှတ် (၂၄) ၊ ၂၀၀၀ ပြည့်နှစ် ၊

♥ ♥ ♥




ဝန်ဇင်းချစ်သူများ အောင်နိုင်မြင့် ၏ “ မြို့ပြမြေယာဈေးကွက်နှင့် ဆွဲဆောင်မှုများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မြန်မာ့မြို့ပြ

ဥရောပတစ်ခွင် အမြန်လမ်းနှင့် ခရီးတွင် (ကိုးနိုင်ငံခရီး)

ကျွန်တော့အမြင် ရောင်စုံတိမ်ပန်း