
(ကိုယ်ရေး အကျဉ်း)
အမည် ရင်းမှာ ဦးတင်ဝင်း ဖြစ်သည်။ အဖဦးချစ်၊ အမိခေါ်မြရီတို့မှ ၁၉၄၂ ခုနှစ် တွင် ပြည်မြို့၌ မွေးဖွားသည်။ ပြည်မြို့အမှတ်(၂)အစိုးရအထက်တန်းကျောင်းနှင့် ရန်ကုန်မြို့ လှ အလွတ်ပညာသင်ကျောင်းများ တွင် ပညာဆည်းပူးခဲ့သည်။
၁၉၆၀ ခုနှစ် တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၆၄ ခုနှစ် တွင် ရန်ကုန်တက္ကသလိုလ်မှ ဘောဂဗေဒ၊ စာရင်းအင်းပညာနှင့် သင်္ချာဘာသာတွဲ ဖြင့် ၀ိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါသည်။ ထိုနှစ် တွင် ဗိုလ်လောင်းသင်တန်းမှတ်စဉ် (၃၂)သို့ တက်ရောက်ခဲ့သည်။
၁၉၆၅ ခုနှစ်တွင် တပ်မတော် ပြန်တမ်းဝင်အရာရှိ ဖြစ်၍ မိခင်အမှတ်(၁၁)ခြေလျင်တပ်ရင်း တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း သုတေသနဌာနစုတွင် စစ်ဦးစီး မှူး (တတိယတန်း)တာဝန်ထမ်းဆောင်ခဲ့စဉ် ၁၉၇၃ ခုနှစ်မှစ၍ ဘာသာပြန်စာပေဖြင့် စာပေလော ကသို့ ၀င်ရောက်ခဲ့ပြီး၊ သုတေသနစာတမ်းများ ၊ ၀တ္ထုဆောင်းပါးများ နှင့် မှတ်တမ်းများ ရေး သားခဲ့ သည်။
အမှတ်(၆)ခြေလျင်တပ်ရင်းနှင့် အမှတ်(၃)ခြေမြန်တပ်ရင်းတို့တွင် လည်း တာဝန်ထမ်း ဆောင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ် မဲသဝေါတိုက်ပွဲကြီးတွင် ရှေ့ပြေးစစ်ကြောင်းမှူးအ ဖြစ်လည်း ကောင်း၊ ချေမှု န်းရေး စစ်ကြောင်းမှူးအ ဖြစ်လည်းကောင်း ဗိုလ်မှူးအဆင့်ဖြင့် ပါဝင်၍ ကေအင်(န်) ယူ အကြမ်းဖက်သော င်းကျန်းသူတို့အား အောင်မြင်စွာ ချေမှု န်းနိုင်ခဲ့သည်။
၁၉၈၆ ခုနှစ် တွင် စစ်ရေး ချုပ်ရုံး၊ ဒုလက်ထောက်စစ်ရေး ချုပ် (ရသုံးမှန်းခြေ)အ ဖြစ်မှ အိုးအိမ်ဦးစီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုနှစ် တွင် စိုက်ပျိုးမွေးမြေူရေး ရာ အမှတ်(၂) စီမံကိန်း ဒါရိုက်တာအ ဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ် တွင် တပ်မ တော် မှ ဗိုလ်မှူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။
၁၉၉၁ ခုနှစ် ၊ မတ်လ ၂၇ ရက်နေ့တွင် စီမံထူးချွန် (ဒုတိယအဆင့်)ရရှိခဲ့သည်။ ယခုအခါ ဒဂုံမြို့သစ်တည်ဆောက်ရေး ကော်မတီ တွဲ ဖက်အတွင်းရေး မှူး အ ဖြစ်လည်းကောင်း မြို့ရွာအိုးအိမ် ဖွံဖြိုးရေး ဦးစီးဌာန၊ ညွန်ကြားရေး မှုး အ ဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။
(ကျေးဇူးတင်လွှာ)
စာရေး သူသည် ဒဂုံမြို့သစ် တည်ဆောက်မှု မှတ်တမ်း (ပထမပိုင်း)ကိုအကြီးတန်းသတင်း ထောက် ဦးကြည်ဝင်း (မြန်မာ့အလင်း)နှင့် အတူ ၁၉၉၁ ခုနှစ် ဇူလိုင်လတွင် ရေး သားထုတ်ဝေခဲ့ပါ သည်။ ထိုစဉ်က စာရေး သူ၏ ရင်တွင်း၌ တစ်စုံတစ်ခုလိုနေသကဲ့သို့ ခံစားမိပါသည်။
ဤတွင် စာရေး သူသည် (၆)နှစ် နီးပါး လေ့လာဆည်းပူးစုဆောင်းထားသော စာအုပ်စာတမ်း အချက်အလက်များ အပေါ် အခြေခံ၍ မြန်မာ့မြို့ပြစာအုပ်ကို ဆက်လက်ရေး သားရန် ဆုံးဖြတ်ခဲ့ ပါသည်။ ထိုဆုံးဖြတ်ချက်အတိုင်း စာရေး သူသည် အလုပ်မအားမလပ် ဖြစ်နေသည့်ကြားကပင် ဤ စာအုပ်ကို မ ဖြစ်မနေရေး သားပြုစုခဲ့ခြင်း ဖြစ်ပါသည်။
စာရေး သူသည် အလုပ်နှင့် ရလဒ် ဆောင်းပါးတစ်စောင်ကို ၁၉၈၈ ခုနှစ် ဇူလိုင်လ(၆)ရက်နေ့ ထုတ်ကြေးမုံသတင်းစားတွင် မောင်တင် ကလောင်အမည် ဖြင့် ရေး သားခဲ့ဖူးပါသည်။ ယင်းဆောင်း ပါး၏ အနှစ် သာရမှာ အလုပ်သည်ဘ၀၊ ဘ၀သည်အလုပ်အတွက်၊ အလုပ်လုပ်မှ အောင်မြင်မည် မိမိလက်တွေ့ လုပ်ဆောင်မှု သည်လည်း မှတ်ကျောက်တင်ခံနိုင်ရမည် ၊ သို့မှသာ အောင်မြင်မှု ရ လဒ်ကိုရရှိမည် ဟုဆိုလိုရင်း ဖြစ်ပါသည်။ ထိုခံယူချက်အရ စာရေး သူ၏ မြန်မာ့မြို့ပြ စာအုပ်သည် လည်း မှတ်ကျောက်တင်ခံရဦးမည့်  စာအုပ် ဖြစ်ပေသည်။
မည် သို့ ပင် ဖြစ်စေကာမူ ဤစာအုပ် ဖြစ်မြောက်ရေး အတွက် အဘက်ဘက်မှဝိုင်းဝန်းကူညီခဲ့ ကြသော မိတ်ဆွေအပေါင်းတို့ကို လည်းကောင်း၊ ဝေဖန်သုံးသပ်ပေးသော စာရေး သူ၏ လက်ဦး ဆရာ၊ စာရေး ဆရာကြီး မောင်ထင် အားလည်းကောင်း အထူးကျေးဇူးတင်မိပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။
အောင်နိုင်မြင့်
(၁၁-၄-၉၄)
(နိဒါန်း)
စစ်ဘေးဒဏ်ကြောင့် ပထမဦးဆုံးပျက်စီးရသည်မှာ ကျေးရွာနှင့် မြို့များ ပင် ဖြစ်သည်။ ရန်သူက လက်နက်မိုးရွာချလိုက်သော အခါ၊ ကျေးရွာမြို့နယ်ရှိလူထုသည် ခြေဦးတည့်ရာ ပြေးကြ၏ ။ ဧချမ်းသော အခါ လူထုသည် ပြန်၍ စုကြသည်။ သို့ သော် သူတို့၏ အိုးအိမ်ကျီကျ ဘဏ္ဍာတို့ကား ပြာအတိ ဖြစ်ကုန်ကြပြီ။ ပြာပုံထဲမှ ကျေးရွာမြို့နယ်များ ကို ပြန်လည်ထူထောင်ရ သော ဒုက္ခသည် အလွန်ကြီးမားလှပေသည်။
ပထမကမ္ဘာစစ်ကြီးအတွင်းက ကျွန်ုပ်တို့မြန်မာတိုင်းရင်းသားတို့သည် ထိုဒုက္ခကို လက်တွေ့ မခံစားခဲ့ကြချေ။ စစ်ပြေငြိမ်းပြီးနောက် နှစ် ပေါင်းအတန်ငယ်ကြာသော အခါမှာ မှ စစ်ဒဏ် ကြောင့် ပေါ်ပေါက်လာသော ကမ္ဘာ့စီးပွားရေး ကပ်နှင့် ရင်ဆိုင်ရသည်။ စစ်၏ မကောင်းကျိုးတို့ကို အနည်းငယ် နားလည်လာကြသည်။ ထိုခေတ်က လူထုဆက်သွယ်ရေး ပစ္စည်းမှာ သတင်းစာသာ ဖြစ်သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်သွယ်ရေး မှာ ပင်လယ်ကူးသင်္ဘောမှတစ်ဆင့်သာ ဖြစ်သည်။ ထို့ကြောင့် တစ်နေရာမှာ ဘာ ဖြစ်နေသည်ကိုသိရန် ရက်ပေါင်းများ စွာ ၊ လပေါင်းများ စွာ သတင်းကို စောင့်မျှော်ရသည်။ အသံလွှင့်သတင်းကို နားထောင်ရန်မှာ လည်း ရေဒီယိုမပေါ်သေးချေ။ ထို့ကြောင့် စစ်ကိုအကြောင်းပြု၍ ဦးစွာ ၌ စပါးဈေးတက်သည်ကို ဟုတ်လှပြီဟု ထင်နေဆဲ။ စပါးဈေးထိုး၍ ကျသော အခါ အကျိုးနှင့် အကြောင်းကို ရုတ်တရက်ဆက်၍ မကြည့်နိုင်ကြသဖြင့် ယောင်တိယောင်တ ဖြစ်ခဲ့ကြရ သည်။
ဒုတိယကမ္ဘာစစ်အတွင်း၌ မူ ကျွန်ုပ်တို့သည် စစ်၏ အနိဋ္ဌာရုံကို နဖူးတွေ့ ဒူးတွေ့  တွေ့ ခဲ့ကြ သည်။ စစ်ဒဏ်ကို နှစ် ခါပြန်ခံခဲ့ရသော်လည်း စစ်ကြီးပြီးသော အခါ လွတ်လပ်ရေး ကို တည်ဆောက်နိုင်သော ကြောင့် တိုင်းပြည်နှင့် လူမျိုးတိုးတက်စေဖို့ရာ မိမိတို့၏ စိတ်ကြိုက်ဖန်တီးနိုင် တော့မည် ဟု အားခဲခဲ့ကြ၏ ။
သို့ သော် စစ်ကြီးပြီးပြီဆိုသော်လည်း ကမ္ဘာအရပ်ရပ် အေးချမ်းပြီဟု မဆိုနိုင်သေး။ စစ်မီးပုံထဲမှ စစ်မီးပွားများ ကမ္ဘာအနှံ့လွင့်နေသဖြင့် ဧရာမနိုင်ငံကြီးများ သည်ပင်လျှင် ယနေ့တိုင် ယင်းမီးပွားများ ကို အပြီးတိုင် ငြှိမ်းသတ်ခြင်းမပြုနိုင်ကြချေ။ ထို့ကြောင့် ကမ္ဘာစစ်နောက်ဆက်တွဲ စစ်ပွဲကလေးများ သည် များ စွာ သော အရပ်ဒေသတို့၌ မကောင်းကျိုးကို ပေးမြဲပေးနေကြလေသည်။
ဤခေတ်မှာ တယ်လီဗေးရှင်း (ရုပ်မြင်သံကြား)ခေတ် ဖြစ်သော ကြောင့် အရှေ့အလယ်ပိုင်း စစ်ပွဲတွင် မနေ့ကတိုက်ခဲ့သည်ကို ယနေ့ည ကျွန်ုပ်တို့ တီဗွီထဲမှာ မျက်ဝါးထင်ထင်မြင်ရသည်။ ယူဂိုဆလားဗီးယားနိုင်ငံတွင် နိုင်ငံသားအချင်းချင်းစိတ်ဝမ်းကွဲ၍ တိုက်ခိုက်နေကြသည်ကိုလည်း ကျွန်ုပ်တို့၏ မျက်စိအောက်မှာ တိုက်နေကြဘိသကဲ့သို့ မြင်ရသည်။ သေကျေပျက်စီးဒဏ်ရာရကြပုံ အနိဋ္ဌာရုံအမျိုးမျိုးကိုလည်း ဒိဋ္ဌဓမ္မအနီးကပ်မြင်ရကြားရသည်။
စစ်ကြီးပြီးလျှင် နိုင်ငံအသီးသီး ပြန်လည်ထူထောင်၍ ငြိမ်းချမ်းသော ကမ္ဘာကို တည်ဆောက်ကြရန်ရှိသည်။ သို့ သော် ရန် ဖြစ်နေကြသော ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများ တွင် အိမ်တစ်လုံးပြန်၍ တည်ဆောက်နေစဉ် အိမ်ဆယ်လုံး အလုံးတစ်ရာ အမြောက်ဒဏ် ဗုံးဒဏ်ကြောင့် ပြားပြားဝပ်သွားကြသည်ကို တီဗွီကြည့်သူကလေးသူငယ်များ ကပင်လျှင် တွေ့ မြင် နေကြသည်။
ဒုတိယကမ္ဘာစစ်ပြီးသော နှစ် ပေါင်းငါးဆယ်နီးပါးကာလအတွင်း ဂျာမနီနိုင်ငံ၊ ဂျပန်နိုင်ငံတို့ သည် စစ်မ ဖြစ်မီက လူနေမှု အခြေအနေထက် ပိုမိုကောင်းမွန်အောင် မိမိတို့နိုင်ငံကို မိမိတို့ ပြန်လည်ထူထောင်ခဲ့ကြ၏ ။ သို့ ရာတွင် တတိယအုပ်စုဟု ခေါ်နေကြသော နိုင်ငံအုပ်စုထဲတွင် ပါဝင်နေသည့် နိုင်ငံငယ်အများ စုသည် မိမိတို့၏ နိုင်ငံကို မိမိရှေးကကဲ့သို့ ပြန်လည်နေသားတကျရှိ အောင် မလုပ်နိုင်ကြသေးချေ။
ကျွန်ုပ်တို့သည် ဤကဲ့သို့ သော ဒုက္ခအမျိုးမျိုးတို့ကို မျက်ဝါးထင်ထင် သိမြင်နိုင်ကြသည့် အလျောက် သံဝေဂရစရာ များ စွာ ကောင်းလှပေသည်။
ယခုခေတ်၌ ကျွန်ုပ်တို့သည် သူတစ်ပါးက မိမိတိုင်းပြည်ထဲသို့ လိုင်စင်မရှိ တင်သွင်းလာ သော ဒုတိယကမ္ဘာစစ်၏ ဒဏ်ကို ကုစားရန် အမျိုးမျိုးကြိုးပမ်းနေဆဲပင် ဖြစ်သည်။ နိုင်ငံရေး ၊ စီးပွား ရေး ၊ လူမှု ရေး စသည်တို့၌ ရှေးခေတ်နည်းတူ ပြန်လည်၍ ခေါင်းထောင်ထနိုင်အောင် အပတ် တကုတ် အားထုတ်လျက်ရှိနေကြသည်။ ဤကဲ့သို့ ကြိုးစား၍ လုပ်ကိုင်နေကြသော အရေး အခင်း များ စွာ တို့ကို တစ်ခုစီပြောရန်မှာ စွယ်စုံကျမ်းကြီးတစ်စောင်ကို ပြုစုရေး သားမှသာ ပြည့်စုံမည် ။ ထိုမျှပြည့်စုံအောင် ကျွန်တော် ရေး မပြတတ်ပါ။ သို့ သော် ယနေ့ကြိုးပမ်းနေသော အခြင်းအရာ တစ်ရပ်အကြောင်းကိုမူ နမူနာသဘောဖြင့် ကျွန်တော် ညွှန်ပြပြောဆိုလိုပါသည်။
ကျွန်တော် တင်ပြပြောဆိုလိုသော အချက်တို့သည် အောင်နိုင်မြင့်ရေး သော ‘မြန်မာ့မြို့ပြ’ စာအုပ်ကို မှီငြမ်းပြုထားသော အချက်အလက်များ ပင် ဖြစ်သည်။
စာရေး ဆရာ အောင်နိုင်မြင့်ကား မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေး မှူး ဦးတင်ဝင်း၏ ကလောင်အမည် ဖြစ်သည်။ ဦးတင်ဝင်းသည် ၁၉၆၄ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်မှ ဘောဂဗေဒ၊ စာရင်းအင်းပညာနှင့် သင်္ချာဘာသာတို့ကို သင်ယူ၍ ၀ိဇ္ဇာဘွဲ့ကိုရရှိပြီးနောက် တပ် မတော် သို့ ၀င်၍ အမှု ထမ်းခဲ့ရာ မဲသဝေါတိုက်ပွဲတွင် ရှေ့တန်းမှပါဝင်ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ် တွင် ဗိုလ်မှူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ စစ်သားပင် ဖြစ်သော်ငြားလည်း စာပေ၀ါသနာပါ သူတစ်ဦး ဖြစ်သည်။ ၁၉၇၃ ခုနှစ် မှစတင်ပြီး စာပေများ ကို ရေး သားပြုစုခဲ့သည်။ မိမိကျွမ်းကျင်သော ဘောဂဗေဒပညာကို အရင်းခံ၍ မြို့ပြပြန်လည်ထူထောင်ရေး လုပ်ငန်းတို့ကို လက်တွေ့ ဆောင်ရွက် ရင်းနှင့် မိမိကျွမ်းကျင်သော လုပ်ငန်းအကြောင်းကို သုတေသနပြု၍ စာပေများ ကို ရေး သားစီရင်ခဲ့ သည်။ ၀ါသနာအရင်းခံမှာ ရသစာပေ ဖြစ်သော်လည်း သူ၏ လက်တွေ့ ဗဟုသုတတို့သည် သုတ စာပေ၌ အင်အားရှိပုံကို ညွှန်းဆိုလျက်ရှိသည်။
ကျွန်တော် ယခုရောက်ရှိနေသော အသက်အရွယ်၌ ဒုတိယကမ္ဘာစစ်၏ အနိဋ္ဌာရုံများ ကို ကိုယ်တွေ့ ခံစားခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးပါပြီဟု ဆိုသော်လည်း ကက်စဘီအုပ်ချုပ်ရေး ဟု ခေါ်သော ဗြိတိသျှတို့ မြန်မာပြည်သို့ ပြန်ရောက်၍ စစ်အုပ်ချုပ်ရေး ကို စတင်အသက်သွင်းသော ခေတ်တွင် တိုင်းကားပြည်ရွာ မတည်မငြိမ် ဖြစ်သည်ကိုလည်း ကြုံတွေ့ ရသည်။ လွတ်လပ်ရေး ကြိုးပမ်းနေဆဲအခိုက်အတန့်မှာ လည်း ကျွန်တော် တို့ တိုင်းရင်းသားများ သည် ကိုယ့်အိုးကိုယ့်အိမ် ကိုပင်လျှင် ဓနိမိုး ဓနိကာ ဖြစ်အောင် ကောင်းစွာ ပြန်လည်မထူထောင်နိုင်ကြပုံကိုလည်း မြင်တွေ့ ခဲ့ရ သည်။
လွတ်လပ်ရေး ကြေညာပြီးသည့်နောက်ပိုင်း၌ လည်း တိုင်းရင်းသားတို့ ဣနြေ္ဒရရမနေနိုင်ကြ ဘဲ အုပ်စုအမျိုးမျိုးဖွဲ့၍ တောခိုသူခိုကြသဖြင့် ကိုယ့်နိုင်ငံကို ကိုယ်တည်ထောင်သည့်အရေး ၌ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည့်သဘာဝကိုလည်း ကိုယ်တွေ့ သိရှိနားလည်ခဲ့ရသည်။ ပြည်သူ့ ထင်မြင်ချက်တိုပကို ထုတ်ဖော်သော သတင်းစာစသည့် ဆက်သွယ်ရေး ပစ္စည်းတို့က နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှု ရေး သော င်းကျန်းမှု များ ကို စာဖတ်ပရိသတ်တို့ သတိတရားရစေရန် ရေး သား ဖော်ပြနေကြရသည်။
တိုင်းပြည်ကို မူလအခြေသို့ ပြန်ရောက်ရန် တစ်နိုင်ငံလုံးကိုစည်းရုံးရသည့် အခိုက်အတန့်တွင် ကျေးလက်တောရွာတို့၌ မတည်ငြိမ်သော ကြောင့် ကျေးလက်လူထုသည် မြို့သို့ တက်လာကြသည်။ မြို့နေလူထုကား ကျေးလက်သို့ ဖရိုဖရဲရွှေ့ကြ ပြောင်းကြသည်။ ဤကဲ့သို့ တောမှမြို့သို့ မြို့မှတောသို့ ကူးချည်သန်းချည်နှင့် ဆောက်တည်ရာမရ ဖြစ်နေသော အခြေ၌ မြို့သဘာဝသည် ပျက်ပြား၍ တော၏ သဘာဝသည်လည်း ကစဥ့်ကရဲ ဖြစ်ခဲ့လေသည်။
သော င်းကျန်းမှု အထွေထွေကြောင့် လူနေမှု စနစ်ပျက်ပြားသော အခါ လူနေမှု စနစ် ယိုယွင်း သော ကြောင့် သော င်းကျန်းမှု အထွေထွေတို့သည်လည်း တစ်စတစ်စနှင့် လွှမ်းမိုးလာခဲ့လေသည်။ ဤအကြောင်းတရားတို့ကြောင့် မြို့ပြပြန်လည်ထူထောင်ရေး လုပ်ငန်းသည် ဂျာအေး သူ့အမေရိုက် သကဲ့သို့ လုံးလည်လိုက်လျက်ရှိခဲ့သည်။
လွန်ခဲ့သော နှစ် ပေါင်း ၅၀ ခန့်မှစ၍ အိုးအိမ်စည်းစိမ်များ ပျက်ပြားလာပုံကို ပြန်၍ စဉ်းစား ကြည့်ကြပါ။ ၁၉၄၂ ခုနှစ် တွင် အင်္ဂလိပ်ပြေး၍ ဂျပန်ဝင်လာသော အခါ မြို့နေလူထုသည် အထက်၌ ဖော်ပြခဲ့သည့်အတိုင်း ကျေးရွာများ တွင် ခိုလှုံရန်ထွက်ပြေးကြသည်။ နိုင်ငံခြားသားအနွယ်တို့သည် အိန္ဒိယသို့ လည်းကောင်း၊ တရုတ်ပြည်သို့ လည်းကောင်း ထွက်ပြေးကြသည်။ သူခိုးသူဝှက်နှင့် လူမျိုး ရေး ပဋိပက္ခကြောင့် တိုင်းရင်းသားများ စွာ တို့သည် မြောက်မှတောင်သို့ ၊ တောင်မှမြောက်သို့ ၊ အရှေ့ မှအနောက်သို့ ၊ အနောက်မှအရှေ့သို့ ၊ လူးလာဆန်ခတ်ထွက်ပြေးကြသည်။ ထွက်ပြေးသူများ သည် ဂျပန်ခေတ် လေးနှစ် ရာသီအတွင်း ရောက်ရာအရပ်တွင် ခြေချ၍ ခေတ္တမျှ အနားယူခဲ့ကြ၏ ။ သို့ သော် အင်္ဂလိပ်ပြန်ဝင်လာသော အခါ ရှေးနည်းအတိုင်း ထိုမှဤမှ ပြေးကြရပြန်သည်။
စစ်ကြီးပြီးသော အခါ အသက်ရှူပေါက်အနည်းငယ်ချောင်လာသော ကြောင့် ရောက်ရာ အရပ်တွင် မိမိတို့ဘာသာ မိမိအိုးအိမ်ကို ပြန်လည်ထူထောင်ကြသည်။ သို့ သော် ယာယီမျှသာ ဖြစ် သည်။ လွတ်လပ်ရေး ကြေညာပြီးနောက် နှစ် တစ်ပတ်မလည်မီ အနယ်နယ်အရပ်ရပ်၌ သော င်းကျန်းမှု များ ပေါ်ပေါက်ပြန်သည်။ ထို့ကြောင့် ရှေးယခင်ကအတိုင်း ထင်းအစည်းပြေသကဲ့ သို့ ကစဥ့်ကလျား ဖြစ်ကြရပြန်သည်။
အထူးသဖြင့် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်ရေး သည် အတည်တကျ ခိုင်ခိုင်မာမာမရှိသော ကြောင့် အိုးအိမ်ပြန်လည် ထူထောင်ရေး ဆိုသည်မှာ သမင်မွေးရင်း ကျားစားရင်းဟူသော သဘောအတိုင် ဖြစ်လိုက် ပျက်လိုက်၊ ပေါ်လိုက်ပျောက်လိုက်နှင့် ရှိခဲ့သည်။ ရန်ကုန်မြို့တွင် အိုးသစ်အိမ်သစ်များ ၊ တိုက်သစ များ ၊ ရပ်ကွက်သစ်များ ၊ မြို့သစ်များ ကို ထူထောင်ပေးခဲ့ကြသည်မှာ အများ မျက်မြင်ပင် ဖြစ်သည်။ သို့ ရာတွင် ယင်းလုပ်ငန်းတို့ကို သက်ဆိုင်ရာနိုင်ငံအစိုးရ အာဏာပိုင်တို့က အေးအေးချမ်းချမ်းနှင့် စနစ်တကျ အဆက်မပြတ်လုပ်ကိုင်ခြင်းပြုနိုင်ဟန်မတူချေ။ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှု ရေး အခက် အခဲ အကျပ်အတည်းများ ကြောင့် တစ်သမတ်တည်း အစအဆုံးပြီးမြောက်အောင် ဆောင်ရွက်ရန် အခွင့်အလမ်းမသာ ဖြစ်ခဲ့ဟန်တူသည်။ မြို့သစ်ရွာသစ်များ ကို တည်ထောင်ပေးနေစဉ် ကျူးကျော် ရပ်ကါက်များ ပွား၍ ပွား၍ လာပုံကို ပြန်၍ ကြည့်ကြပါ။
နိုင်ငံရေး တည်ငြိမ်၍ ကာကွယ်ရေး ၊ အုပ်ချုပ်ရေး လုပ်ငန်းတို့၌ စဉ်ဆက်မပြတ် ပုံမှန်ဆောင်ရွက်သွားနိုင်ပါက တစ်နိုင်ငံလုံး၏ ပြန်လည် ထူထောင်ရေး ကို တစ်မျိုးသားလုံးက မဆောင်ရွက်နိုင်စရာအကြောင်းရှိမည် မဟုတ်။ ဖြစ်ပျက်ခဲ့ပြီး သော အခြင်းအရာတို့မှာ ကျွန်ုပ်တို့အမျိုးသားများ မိမိလုပ်ငန်းကို မိမိစိတ်တစ်ချောင်းတည်းထား၍ ဖြောင့်ဖြောင့်တန်းတန်းဆောင်ရွက်သွားနိုင်စေရန် ဖန်တီးပေးသော အခြင်းအရာများ လည်း မဟုတ် ချေ။ တစ်မျိုးသားလုံးညီညွတ်ရေး ကို လုပ်မည် ကြံလျှင် အကွဲအပြဲများ ပေါ်ပေါက်သည်။ အကွဲအပြဲ တို့ကို ဖာထေးမည် ကြံလျှင် နိုင်ငံခြားသားတို့၏ ကျူးကျော်မှု ကို တွန်းလှန်ရသည်။ ကျူးကျော်သော ရန်ကိုနှိမ်နင်းမည် ဟုကြံလျှင် ပြည်တွင်းသော င်းကျန်းမှု ကို မြှောက်ထိုးပင့်ကော်လုပ်နေကြသော လုပ်ရပ်တို့ ဖြိုခွင်းရန် ကြိုးပမ်းရသည်။
ရှေး ဖြစ်ဟောင်းတို့ကို ပြန်ပြောင်းဆိုရသည်မှာ ကြည်နူးစရာမရှိပါ။ သို့ ရာတွင် အောင်နိုင်မြင့် သုတေသနပြုထားသော ‘မြန်မာမြို့ပြ’တည်ဆောက်ရေး လုပ်ငန်းအကြောင်းကို ဖတ်ရှုရလျှင် အနာဂတ်မြန်မာတိုင်းရင်းသားလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ဖြင့် တိုင်းပြည်ကို ပြန်လည်တည်ဆောက်လိုသော စေတနာ သဒ္ဓါတရားများ ပွားများ လာနိုင်လိမ့်မည် ဟု သဘောရရှိ ပါသည်။ ထို့ကြောင့် ထိုစာအုပ်ထဲတွင် ညွှန်ပြထားသော အရေး ပါသည့် အချက်အနည်းငယ်တို့ကို ပုံစံထုတ်ပြလိုပါသည်။
ရှေးဦးစွာ ဒုတိယကမ္ဘာစစ်မ ဖြစ်မီက မြန်မာနိုင်ငံ၏ လူဦးရေကို မျက်မှော က်ခေတ်လူဦးရေ နှင့် နှိုင်းယှဉ်၍ ပြဆိုပါသည်။ ၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် အစပျိုးချိန် တွင် သန်းခေါင်စာရင်းကို ရှေးလုပ်ရိုးလုပ်စဉ်အတိုင်း ကောက်ယူခဲ့ရာ မြန်မာနိုင်ငံ၌ လူဦးရေသန်း ပေါင်း ၁၆ ဒသမ ၈၂၄ ရှိကြောင်း တွေ့ ရသည်။ အကြမ်းအားဖြင့် ပြောကြသော အခါ ၁၉၂၁ ခုနှစ် က မြန်မာနိုင်ငံလူဦးရေသည် ၁၃ သန်းဟူ၍ လည်းကောင်း၊ ၁၉၃၁ ခုနှစ် က လူဦးရေမှာ ၁၄ သန်းကျော်ဟူ၍ လည်းကောင်း ပြောဆိုကြသည်။ ယခု ၁၉၄၁ ခုနှစ် တွင် ၁၆ ဒသမ ၈၂၄ သန်း ဖြစ်ရာ ထိုနှစ် မတိုင်မီ ဆယ်နှစ် အတွင်း လူဦးရေ ၂ ဒသမ ၈ သန်းတိုးလာသည်ဟု မှတ်ယူရသည်။ ထိုနှစ် မတိုင်မီ နှစ် ပေါင်း ၂၀ အတွင်း တိုးလာသော လူဦးရေ၌ ကား ၃ ဒသမ ၈ သန်းခန့်ရှိသည် ဟုလည်း မှတ်ယူရမည် ။ အကြမ်းအားဖြင့် ၁၀ နှစ် လျှင် လူဦးရေတိုးနှုန်း ၁ သန်းပတ်ဝန်းကျင်ရှိ သည်ဟု ဆိုနိုင်သည်။ သို့ သော်ထူးဆန်းသည်မှာ ဒုတိယကမ္ဘာစစ်၏ နောက်ပိုင်းကာလတို့တွင် လူဦးရေတိုးနှုန်းသည် အဆမတန် များ ပြားလာခြင်း ဖြစ်သည်။
၁၉၅၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၁၈ ဒသမ ၇၆၆ သန်း ဖြစ်သည်။ ထိုနှစ် မရောက်မီ ၁၀ နှစ် ခန့် (၁၉၄၁)နှင့် စာနာကြည့်လျှင် လူဦးရေ ၁ ဒသမ ၉၄၂ သန်း တိုးလာခဲ့သည်။ ထိုကိန်းဂဏန်းမှာ ပုံမှန်တိုးနှုန်းနှင့် နီးစပ်သည်။ ၁၉၆၀ ပြည့်နှစ် တွင် လူဦးရေ စုစု ပေါင်းမှာ ၂၂ ဒသမ ၃၅၅ သန်း ဖြစ်ခြင်းကြောင့် ပြီးခဲ့သော ဆယ်နှစ် အတွင်း လူဦးရေ ၃ ဒသမ ၅၈၉ တိုးလာသည်။ ပုံမှန်တိုးနှုန်းထက်များ စပြုလာပြီဟု ဆိုရမည် ။ ၁၉၇၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံ လူဦးရေမှာ ၂၇ ဒသမ ၅၈၄ သန်း ဖြစ်လာသည်။ ထို့ကြောင့် လွန်ခဲ့သော ၁၀ နှစ် အတွင်း လူဦးရေ ၅ ဒသမ ၂၂၉ တိုးလာပြန်ပြီဟု ဆိုရသည်။
၁၉၈၀ ပြည့်နှစ် တွင် မူ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၃၅ ဒသမ ၃၁ သန်း ဖြစ်သည်။ ဆယ်နှစ် အတွင်း တိုးလာသော လူဦးရေမှာ ၇ ဒသမ ၇၂၆ သန်း ဖြစ်သည်ကို ပြသည်။ ယခု ၁၉၉၀ ပြည့်နှစ် တွင် လူဦးရေ ၄၅ ဒသမ ၂ သန်းရှိလာပြန်ပြီ။ ဤကား ယမန်နှစ် ကထက် လူဦးရေ ၉ ဒသမ ၈၉ သန်း ပိုမိုများ ပြားလာခြင်းပေတည်း။ လူဦးရေတိုးနှုန်းသည် နှစ် ထပ်တိုးတိုးသော သဘောရှိသည်။ ၁၉၄၁ ခုနှစ် မှစ၍ ဆယ်နှစ် တစ်ကြိမ် နှစ် ထပ်တိုးလူဦးရေတိုးလာခဲ့ရာ လာမည့်  ခရစ်နှစ် ၂၀၀၀ တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၇ ဒသမ ၈၆ သန်း ဖြစ်လာတော့မည် ။
တွက်ချက်ရာ၌ လွယ်အောင် ဒသမဂဏန်းများ ကိုဖယ်၍ တွက်ချက်ကြည့်လျှင် ခရစ်နှစ် ၂၀၀၀ တွင် လူဦးရေ ၅၈ သန်းတိုးလာမည် ဖြစ်သော ကြောင့် ယခုနှစ် မှစ၍ ရေတွက်သော် နောင် ခုနစ်နှစ် ကြာလျှင် လွန်ခဲ့သော နှစ် ပေါင်း ၆၀ အတွင်း ကျွန်ုပ်တို့၏ လူဦးရေမှာ မြန်မာတန်ခိုးဖြင့် နှစ် ဆမက သုံးဆနီးပါးတိုးလာတော့မည် ။
မည် သည့်နိုင်ငံ၌ မဆို ကျေးလက်နေလူထုနှင့် မြို့နေလူထုတို့သည် အပြိုင်ရှိစမြဲ ဖြစ်သည်။ စိုက်ပျိုးရေး ခေတ်၌ ကျေးလက်လူထုက အများ စု ဖြစ်၍ မြို့နေလူထုက အနည်းစု ဖြစ်သည်။ စက်မှု ခေတ်တွင် မြို့နေလူထုဦးရေသည် တိုးပွား၍ ကျေးလက်လူထုဦးရေသည် လျော့ပါးသွား သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီကာလက ကျေးလက်နှင့် မြို့ပြလူဦးရေအတိုးအဆုတ်ရာခိုင်နှုန်း သည် ပုံမှန် ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့ သော် စစ်ကြီးပြီးသော နောက်ပိုင်းတွင် မြို့ပြတို့ကို တိုးချဲ့ ထူထောင်လာကြသည်။ ၁၉၂၁ ခုနှစ် တွင် ကျေးလက်လူဦးရေ ၉၀ ဒသမ ၂၁ ရာခိုင်နှုန်း၊ မြို့ပြလူဦးရေ ၉ ဒသမ ၇၇ ရာခိုင်နှုန်းဟူ၍ ဖြစ်သည်။ ၁၉၄၁ ခုနှစ် ၌ မူကား ကျေးလက်လူဦးရေ ၈၈ ရာခိုင်နှုန်း၊ မြို့ပြလူဦးရေ ၁၂ ရာခိုင်နှုန်း ဖြစ်လာသည်။
ဒုတိယကမ္ဘာစစ်မတိုင်မီက ကျွန်ုပ်တို့၏ စက်မှု လုပ်ငန်းဆိုသည်မှာ နိုင်ငံခြားသားပိုင် အများ ဆုံး ဖြစ်ရာ တစ်မျိုးသားလုံး၏ စီးပွားရေး မျက်စိဖြင့် ကြည့်လျှင် မပြောပလောက်ချေ။ သို့ ပါသော် လည်း နှစ် ပေါင်း ၂၁ နှစ် အတွင်း တိုးလာသော မြို့ပြလူဦးရေကိုကြည့်လျှင် တိုင်းရင်းသားတို့က ထူထောင်သော စက်မှု ခေတ်ဟူ၍ ပေါ်ပေါက်လာသော ကြောင့် မြို့ပြလူဦးရေ ကြီးထွားလာမည့်  အခြေအနေကို ကြိုတင်မြင်နိုင်မည် ။
လွတ်လပ်ရေး ကို တည်ဆောက်ပြီးသော ခေတ်သမယ၍ မြို့ပြလူဦးရေတိုးလာမည် ကို ကြည့်၍ စက်မှု လုပ်ငန်းများ ထွန်းကားလာပုံကို တွေ့ မြင်ရသည်။ ၁၉၅၀ ပြည့်နှစ် ၌ ကျေးလက် လူဦးရေ ၈၄ ဒသမ ၉၉ ဖြစ်၍ မြို့ပြလူဦးရေသည် ၁၅ ဒသမ ၀၁ ရာခိုင်နှုန်းအထိ တိုးလာသည်။ ၁၉၆၀ ပြည့်တွင် ကျေးလက်လူဦးရေ ၈၃ ရာခိုင်နှုန်း၊ မြို့ပြလူဦးရေ ၁၇ ရာခိုင်နှုန်း၊ ၁၉၇၀ ပြည့်နှစ် တွင် ကျေးလက်လူဦးရေ ၈၀ ရာခိုင်နှုန်း၊ မြို့ပြလူဦးရေ ၂၃ ရာခိုင်နှုန်း၊ ၁၉၉၀ ပြည့်နှစ် တွင် ကျေးလက်လူဦးရေ ၇၄ ရာခိုင်နှုန်း၊ မြို့ပြလူဦးရေ ၂၆ ရာခိုင်နှုန်း စသဖြင့် လူနေမှု ပုံဏ္ဌာန် ပြောင်းလဲလာပုံမှာ အလွန် စိတ်ဝင်စားစရာကောင်းလှပေသည်။ တစ်စတစ်စနှင့် ကျေးလက်လူထု လျော့နည်းပြီးလျှင် မြို့နေလူထုများ ပြားလာပုံမှာ စိုက်ပျိုးရေး ၊ စီးပွားရေး စနစ်မှ စက်မှု စီးပွားရေး စနစ်သို့ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေပုံကို ဖော်ပြလျက်ရှိသည်။ ထိုပြောင်းလဲခြင်းကိုလိုက်၍ မြို့သစ်များ ကိုထူထောင်ပေးရန်မှာ လွတ်လပ်သော ပြည်ထောင်စု၏ အဓိကကျသော လုပ်ငန်းကြီး ဖြစ်ပေသည်။
မြန်မာဘုရင်တို့၏ အုပ်ချုပ်ရေး စနစ်၌ ဇနပုဒ်၊ ကျေးရွာ၊ မြို့၊ နေပြည်တော် စသဖြင့် စီးပွားရေး ၊ လူမှု ရေး ကို အခြေခံ၍ နိုင်ငံတော် ကို ဖွဲ့စည်းသည်ဟု ယူဆရန်ရှိသည်။ ကိုလိုနီခေတ်၌ မူ ရွာသိမ်ရွာငယ်၊ ရွာကြီး၊ တိုက်နယ်၊ မြို့နယ်ဟု သတ်မှတ်၍ မြို့နယ်အရာရှိရုံးစိုက်ရာဌာနကိုသာ လျှင် မြို့ဟူ၍ ကြေညာသည်။ စီးပွားရေး လုပ်ငန်းဆောင်တာများ ဖြင့် ကြီးပွားတိုးတက်လာသော ရွာကြီးများ ကို မြို့ဟု သမုတ်ပေးခြင်း မရှိခဲ့ချေ။ တစ်နည်းဆိုသော် လူနေမှု တိုးတက်ခြင်းကို ပဓာနမပြုဘဲ အရာရှိအုပ်ချုပ်ရေး (ဗျူရိုကရေစီ)စနစ်ကိုသာ ဦးတည်၍ မြို့တည်ထောင်သည်ဟု ဆိုနိုင်သည်။
ဤသဘာဝကြောင့် မြန်အောင်မြို့တွင် ရုံးစိုက်သော အခါ မြန်မာဘုရင်လက်ထက်က ကနောင်မြို့ဟုတွင် ခဲ့သော အရပ်ဒေသသည် ကနောင်ရွာ ဖြစ်လာသည်။ မြန်အောင်မြို့အပိုင် ဖြစ် သော ထူးကြီးနှင့် အင်္ဂပူမြို့အပိုင် ဖြစ်သော ညောင်ကျိုးစသော ရွာကြီးများ ကို မြို့အင်္ဂါရပ်နှင့် ညီ အောင် ပြုပြင်စီရင်နိုင်ပါသော်လည်း ယင်းရွာကြီးများ မှာ ကျေးရွာများ သာလျှင် ဖြစ်ခဲ့သည်။ ဤ သဘောအတိုင်း အကဲခတ်ကြည့်လျှင် မြောင်းမြမြို့နယ်အတွင်း၌ ရှိသော ကြာကန်နှင့် ပြင်ရွာ စသည်တို့သည်လည်း မြို့အ ဖြစ်သို့ ရောက်ရန် အလားအလာရှိသော အရပ်ဒေသများ ဖြစ်သည်။
ဤနည်းတူ ၀ါးခယ်မမြို့ဟုတည်ထောင်လျှင် ကျုံမငေးကဲ့သို့ သော အရပ်မှာ မြို့အင်္ဂါရပ်နှင့် ညီ အောင် ပြုပြင်စီရင်ခြင်းကို ခံယူနိုင်စရာအကြောင်းရှိလိမ့်မည် ။ ဤကား ကိုလိုနီခေတ်၌ ပင်လျှင် မြို့ပြများ ကို တိုးချဲ့တည်ထောင်နိုင်ဖွယ်ရာရှိသည့်အလားအလာကို သာဓကပြဆိုလိုက်ခြင်းပင် ဖြစ် သည်။ ကိုလိုနီခေတ်၌ အခွန်တော် ကိုသာ ပဓာနထား၍ ကျေးရွာမြို့နယ်များ ကို ပြုစုပျိုးထောင်ပေး သည် ဖြစ်ရာ စီးပွားရေး ဖွံ့ဖြိုး၍ လူဦးရေတိုးပွားနေသော်လည်း မြို့ပြထူထောင်ရေး လုပ်ငန်းဟူ၍ ပြောပလောက်အောင် မရှိလှချေ။
ကိုလိုနီခေတ်က ကျေးလက်မြို့နယ်တို့တွင် ပြည်သူလူထုက မိမိတို့၏ စွမ်းအားအလျောက် မိမိတို့ဘာသာ မိမိအိုးအိမ်များ ကို တိုးချဲ့ထူထောင်ခဲ့ကြသည်မှာ နိုင်ငံအစိုးရ၏ အထောက်အပံ့ အကူအညီစီမံကိန်းများ မရှိဘဲ ထူထောင်ခဲ့ကြခြင်း ဖြစ်သည်။ နှစ် စဉ်တိုးပွားလာသော လူဦးရေနှင့် တိုးချဲ့ရန်ရှိသော အိမ်ရာမြေတို့မှာ လည်း ပုံမှန် ဖြစ်နေသော ကြောင့် ပြဿနာဟူ၍ ကြီးကြီး ကျယ်ကျယ်မရှိ။ သို့ သော် စစ်ကြီးပြီးသော အခါ ရန်ကုန်မြို့နှင့် တကွ မြန်မာနိုင်ငံရှိ မြို့ကြီးရွာကြီးတို့ ၌ လူဦးရေ အဆမတန်တိုးပွားနေသော ကြောင့် နေမှု ထိုင်မှု နှင့် စပ်လျဉ်း၍ အခက်အခဲ အကျပ် အတည်းများ ပေါ်ပေါက်သည်။
ထို့ကြောင့် နိုင်ငံအစိုးရ အာဏာပိုင်တို့က အိုးအိမ်ပြန်လည် ထူထောင်ရေး ၊ ဖရိုဖရဲပြန့်ကျဲနေသော လူဦးရေတို့ကို ပြန်လည်နေရာချထားရေး စသည်တို့၌ စီမံကိန်းချမှတ်လုပ်ဆောင်ရန် အကြံပြုလာသည်။ ဤသို့ အကြံပြုဆဲခဏ၌ ပင်လျှင် အလံနီတို့၏ အိမ်ရာတိုက်ပွဲများ ပေါ်ပေါက်လာသော အခါ မင်းမနိုင်ရပ်ကွက်ဟူသော ဝေါဟာရသည်ပင်လျှင် ရှေ့ပြေးနိမိတ်အ ဖြစ်ဖြင့် ထွန်းပလာလေသည်။ ထိုသည်မှစ၍ နိုင်ငံပိုင်မြေနှင့် ပုဂ္ဂလိကပိုင်မြေများ သည် ကျူးကျော်ရပ်ကွက်ဘ၀သို့ လျောကျသက်ဆင်းသည်။ ကျူးကျော်ပြဿနာသည် လွတ်လပ် ရေး ကပေးသော အမွေဆိုးကြီးပမာတမျှ အဆောက်အအုံကြီးမားလာလေသည်။
ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်တို့သည် ၁၉၅၁ ခုနှစ် ၁၉၆၁ ခုနှစ် အတွင်း အိမ်ခန်းပေါင်း ၅၂၅၄ ခန်း ပါသော တိုက်အိမ်ပေါင်း ၁၁၀၀ ကို စီမံကိန်းချ၍ ဆောက်လုပ်ပေးခဲ့ည်။ ဤအချက်ကို ယခုဖော်ပြ သည်မှာ သာဓကတစ်ရပ်ကိုသာ တင်ပြခြင်း ဖြစ်သည်။ အလားတူ ဆောင်ရွက်မှု များ ကို မြို့ကြီး ပြကြီးများ တွင် လည်း တွေ့ နိုင်ပါသည်။ သို့ သော် နိုင်ငံအစိုးရက မည် မျှပင် ကမ္မကထပြုခဲ့စေကာမူ ကျူးကျော်ပြဿနာသည် နေ့ချင်းညချင်းပြေလည်သွားသည်ဟု မရှိခဲ့ချေ။ အိုးအိမ်နေရာချထားရေး လုပ်ငန်းသည် သူ့သဘာဝအတိုင်း လေးလေးနှင့် မှန်မှန် သွားနေပါသည်ဟု ဆိုလောက်သည်။
၁၉၅၉-၆၀ ပြည့်နှစ် တွင် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနှင့် သာကေတမြို့သစ်များ ကို နိုင်ငံတော် က တည်ထောင်ပေးနိုင်ခဲ့သည်။ ဤအတွင်း နိုင်ငံတော် ကဦးဆောင်၍ ဖြစ်စေ၊ စုပေါင်း အိမ်ရာစီမံကိန်းချမှတ်၍ ဖြစ်စေ၊ တိုက်ခန်းပေါင်း ၇၀၀၁ ခန်း ပါဝင်သော တိုက်အိမ်လုံးရေ ၁၂၄၉ လုံးကိုလည်း တည်ဆောက်ပေးခဲ့သည်။ ဤနည်းအတိုင်း စဉ်ဆက်မပြတ် ဆောင်ရွက်နေပုံကို နမူနာသဘောပြောပြခြင်း ဖြစ်၍ အားလုံးပြီးပြည့်စုံပြီဟု ကျွန်တော် မဆိုလိုပါ။ ဤနည်းအတိုင်း မြို့သစ်ထူထောင်ရေး လုပ်ငန်းများ ကို ဆိုင်ရာတို့က ဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၉၆၅ ခုနှစ် တွင် သုဝဏ္ဏမြို့သစ် ပေါ်ထွန်းလာသည်။ ယင်းမြို့သစ်များ နှင့် ယှဉ်၍ ဝေဠုဝန်၊ ကြို့ကုန်း၊ ရန်ကင်း၊ ဦးဝိစာရ ရပ်ကွက်များ တွင် ၀န်ထမ်းအိမ်ရာစီမံကိန်းများ အား ချေးငွေဖြင့် ဆောက်လုပ်ရန် စီမံကိန်း၊ အပိုင်ရောင်းဝယ်သော အိမ်ရာစီမံကိန်း၊ ကိုယ်ပိုင်ရှိပြီးသား အိမ်ရာဆောက်လုပ်သော စီမံကိန်း၊ စိုက်ပျိုးမွေးမြူရေး ၊ ကျေးရွာထူထောင်သော စီမံကိန်းစသည်ဖြင့် စီမံကိန်းအမျိုးမျိုးကို ချမှတ်ခဲ့ခြင်း ကြောင့် ပြဿနာများ ပြေသင့်သရွေ့ ပြေလည်လာသည်။ သို့ ရာတွင် ကျူးကျော်ပြဿနာမှာ အခက်အခဲတစ်ခုအ ဖြစ်ဖြင့် ရှိမြဲရှိနေခဲ့သည်။
၁၉၇၀ ပြည့်နှစ် စာရင်းများ အရ ရန်ကုန်မြို့တော် တွင်းဝယ် အိမ်ထောင်စုပေါင်း ၁၁၂၇၁၃ နေထိုင်ကြသော ကျူးကျော်တဲပေါင်း ၄၂၂၀၄ တဲ ရှိသည်။ ယင်းကိန်းဂဏန်းကို ပိုင်းခြားစိတ်ဖြတ် ကြည့်လျှင် အစိုးရမြေပေါ်၌ ကျူးကျော်သော အိမ်ထောင်စုပေါင်း ၅၂၀၂၀၊ ပုဂ္ဂလိမြေပေါ် ကျူးကျော်သော အိမ်ထောင်စုပေါင်း ၆၀၆၉၃ ဟူ၍ အသိးသီးရှိရာ ကျူးကျော်သူ လူဦးရေသည် ၅၄၉၈၁၆ ဖြစ်သည်။ နိုင်ငံအစိုးရ၌ စစ်ကြီးပြီးသည့်နောက် အိုးအိမ်စည်းစိမ်များ ကို ပြန်လည် ထူထောင်ပေးပြီးလျှင် လူထုအသီးသီးကို ပြန်လည်နေရာချထားပေးရန် တာဝန်ရှိရာ ယင်းတာဝန်ကို ထမ်းဆောင်ရင်းနှင့် ပင် မြို့၏ အင်္ဂါရပ်နှင့် မညီသော ကိစ္စတို့သည် ထုထည်ကြီးထွား လာခဲ့လေသည်။
လူနေမှု ကို ပြန်လည်ထူထောင်ပေးပါမှ လူထု၏ စားဝတ်နေရေး ဆိုင်ရာ စီးပါားရေး များ ပြန်လည်ရှင်သန်လာနိုင်မည် ။ စီးပါားရေး အသက်ဝင်မှ လူမှု ရေး ၌ စည်းကမ်း ကလနားထွန်းကားမည် ။ လူမှု ရေး ၌ စည်းကမ်းကောင်းလာလျှင် အုပ်ချုပ်ရေး အခြေအနေကောင်း လာမည် ။ အုပ်ချုပ်ရေး တည်ငြိမ်လာလျှင် နိုင်ငံရေး လုပ်ငန်းတို့သည် တည်တည်ကြည်ကြည်နှင့် တိုး တက်လာနိုင်မည် ။
နိုင်ငံရေး ကြိုးပမ်းဆောင်ရွက်မှု များ ပုံမှန် ဖြစ်လာလျှင် လူထုအချင်းချင်း သဘော ထားကွဲပြားမှု များ လျော့ပါ၍ သမဂ္ဂါနံတပေါသုခေါ ဟူသော မြန်မာ့နိုင်ငံရေး အတွေးအခေါ်အရ နိုင်ငံ တစ်ခုလုံး စည့်လုံးညီညွတ်၍ လွတ်လပ်ရေး မှရသော အသီးအပွင့်အကျိုးကျေးဇူးတို့ကို ကိုယ်စိတ် နှစ် ဖြာချမ်းသာစွာ ဖြင့် ခံစားနိုင်ကြရန် ရှိသည်။ သို့ ရာတွင် လွတ်လပ်ရေး ကို တည်ဆောက်ပြီး နောက် နှစ် ပေါင်း ၄၀ ကျော်အတွင်းဝယ် တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှု ၌ ခိုင်မာလှပြီဟုဆို ရန် ခက်လှသည်။ ပြည်တွင်းညီညွတ်မှု ကို မတည်ဆောက်နိုင်သမျှကာလပတ်လုံး ပြည်ပ ပယောဂ များ က ၀င်ရောက်နှောင့်ယှက်ဖျက်ဆီးရန် လွယ်ကူလာလိမ့်မည် ။
ဤကိစ္စ၌ ကျွန်ုပ်တို့သည် အကြွေးတင်နေသည်။ သမိုင်းကြွေးဟုဆိုချင်လျှင် ဆိုနိုင်ပါသည်။ ထိုအကြွေးကိုပြေအောင်ဆပ်နိုင်ရန် ယနေ့ ကျွန်ုပ်တို့ ကြိုးပမ်းမြဲ ကြိုးပမ်းနေကြပါသည်ဟုလည်း ဆိုနိုင်ပါသည်။ ‘မြန်မာ့မြို့ပြ’ဟူသော စာအုပ်ကို ယောနိသော မနသိကာရစိတ်ဓာတ်ဖြင့် ဖတ်ရှု၍ ပိုင်းခြားဝေဖန်ကြည့်လျှင် အနိဋ္ဌာရုံအမျိုးမျိုးမှ လွတ်ကင်းအောင် ညီညွတ်သော မြန်မာတိုင်းရင်း သားလူထုတစ်ရပ်လုံးက အချင်းချင်း မေတ္တာစေတနာထား၍ ကြိုးပမ်းဆောင်ရွက်ကြရမည့် အခြင်း အရာတို့ကို ကောင်းစွာ စဉ်းစားဆင်ခြင်နိုင်လိမ့်မည် ဟု တွေးမိပါသည်။
ကျွန်တော် တွေးမိသည်မှာ ယခုမှ တွေးမိခြင်းမဟုတ်ပါ။ ၁၉၇၇ ခုနှစ် က ကျွန်တော် သည် ‘မြင်ဝါတော် ’ဟု အမည် ပေးထားသော စာအုပ်ကို ရေး သားပြုစုခဲ့ရာ စာပေဗိမာန်ထုတ် ပြည်သူ့ လက်စွဲစာစဉ်အ ဖြစ်ဖြင့် ပုံနှိပ်ထုတ်ဝေပါသည်။ ထိုစာအုပ်ကို ရေး သားရသော အာသီသမှာ ကျေးရွာ များ ဖွံ့ဖြိုး၍ မြို့ပြများ ကို ထူထောင်ပေးရသည့် လုပ်ငန်း၏ ပမာဏမှာ ထုထည်ကြီးမားလှသော ကြောင့် ယင်းလုပ်ငန်းကို ခေါင်းဆောင်အရာ၌ တည်သော ပုဂ္ဂိုလ်တို့နှင့် ပြည်သူလူထုတို့ ခေါင်းချင်း ဆိုင်၍ စဉ်းစားနိုင်ကြစေရန် ဖြစ်ပါသည်။ ကျွန်တော် ထိုစာအုပ်ကိုရေး သော အခါ ၁၉၇၃ မှ ၁၉၇၅ အထိ အစီရင်ခံသော ကမ္ဘာ့ဘဏ်အစီရင်ခံစာများ ကို ဖတ်ရှု၍ လမိုင်းကပ်သဖြင့် ရေး ခြင်း ဖြစ်ပါ သည်။
အထူးသဖြင့် ထိုစဉ်က ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ မက္ကနာမာရာ၏ အာဘော်ကို နှစ် ခြိုက်၍ ကျွန်တော် တို့၏ မြို့ပြထူထောင်ရေး အခြေအနေကို တင်ပြလိုရင်းလည်း ဖြစ်ပါသည်။ မက္ကနာမာရာက ‘စိုက်ပျိုးရေး လုပ်ငန်း၌ လျှံထွက်လာသော လူအင်အားကို မြို့ပြတို့တွင် အလုပ်နှင့် အကိုင်နှင့် နေရာချထားပေးရန်အလို့ငှာ ယင်းတို့၏ ထုတ်လုပ်မှု လုပ်ငန်းကို အားပေးရမည့်  နည်းလမ်းများ ကို (ကမ္ဘာ့ဘဏ်အဖွဲ့က)ရှာကြံနေပါသည်’ဟု ဆိုထားပါသည်။ သူ၏ အဆိုကို မျက်မှန်းတန်းမိ၍ urbanization ခေါ် မြို့ပြထူထောင်ရေး လုပ်ငန်းကို စိတ်ဝင်စားသင့်သူတို့ စိတ်ဝင်စားပါစေရန် ကျွန်တော် ရေး ပါသည်။ အထူးသဖြင့် ကမ္ဘာ့ဘဏ်အစီရင်ခံစာများ ၌ အဆိုပါ လုပ်ငန်းမှာ ကြီးမားလွန်းလှသဖြင့် ကမ္ဘာ့ဘဏ်၏ ထောက်ပံ့မှု မှာ မမျှတသော ကြောင့် ဆိုင်ရာနိုင်ငံ တို့ကလည်း ထကြွလုံ့လ၀ီရိယရှိကြစေရန် သညာပေးထားပါသည်။
သို့ သော် ကျွန်တော် ၏ အာသီသသည် ကျွန်တော် တစ်ဦးတည်းစိတ်ကူးပေါက်ခဲ့သော သဘောသာရှိပါသည်။ အကယ်၍ ထိုစဉ်အခါက အောင်နိုင်မြင့်ကဲ့သို့ သော ရေး ဖော်ရေး ဖက်များ ရှိခဲ့လျှင် လူထု၏ အသိဥာဏ်ဗဟုသုတကို ပို၍ လှုံ့ဆော်ပေးနိုင်စရာ အကြောင်းရှိလိမ့်မည် ။
အောင်နိုင်မြင့်၏ စာအုပ်တွင် ကမ္ဘာ့ဘဏ်က နိုင်ငံကိုးနိုင်ငံတို့ကို မည် သို့ ငွေကြေးအကူ အညီပေးခဲ့ကြောင်း စုံလင်စွာ ဖော်ပြသည်။ ယင်းအချက်ကိုကြည့်လျှင် ကျွန်တော် တို့နိုင်ငံသည် မြို့ပြထူထောင်ရေး ကိစ္စ၌ ကမ္ဘာ့နိုင်ငံကြီးများ ၏ လျစ်လျူရှုခြင်းကို ခံနေရပါတကားဟု ကျွန်ုပ်တို့ နားလည်နိုင်ကြလိမ့်မည် ။ ကျွန်ုပ်တို့အဖို့ကား သူတစ်ပါးက ၀ိုင်းပယ်လေလေ မိမိတို့ကိုယ်တိုင် မိမိတို့ ကိုယ့်အားကိုယကိုး၍ ကြိုးစားရလေလေ ဟူသော သဘောကို လက်ကိုင်ပြုရလိမ့်မည် ။ မိမိ နှင့် တူသော အားကိုးစရာ အခြားမရှိပါ။ ကျွန်တော့် အဖို့မှာ ကား ရှေးက ကျွန်တော် စိတ်ကူးမိသော ကိစ္စတို့၌ လက်တွေ့ အကောင်အထည်ဖော်နေသော အခြင်းအရာတို့ကို အောင်နိုင်မြင့်က ညွှန်ပြ ပေးသော ကြောင့် အလွန်ဝမ်းမြောက်မိသည်။
နိုင်ငံတော် ကို ပြန်လည်တည်ဆောက်တည်ခြင်း၌ အကျုံးဝင်သော မြို့ပြထူထောင်ရေး လုပ်ငန်းစဉ်များ ကို စတင်ဆောင်ရွက်နေခိုက် 'မြန်မာ့မြို့ပြ'စာအုပ်ပေါ်ထွက်ခဲ့ပါက ပြည်သူလူထု သည် ဒိဋ္ဌိဓမ္မအ ဖြစ်တို့ကို ယထာဘူတကျအောင် ဆင်ခြင်၍ လုပ်ငန်းဆောင်တာအ၀၀တို့၌ ပေါ်ပေါက်တတ်သော အဖျက်အဆီးများ ကို ကျော်လွှားနိုင်ကြပေလိမ့်မည် ။ ထိုစာအုပ်မျိုး ယခုမှ ထွက်ပေါ်လာနိုင်ခြင်းကြောင့် ကျွန်တော် မချင့်မရဲ ဖြစ်မိသည်။ သို့ သော် အမျိုးသားလုပ်ငန်းသဘော ကို ဆင်ခြင်လျှင် နောက်ကျပြီဟုမဆိုနိုင်ပါ။
လုပ်ငန်း၏ အတိမ်အနက်ကိုနားလည်လာလျှင် နားလည်သည့်နေ့ကစ၍ လုပ်လျှင် နောက်ဆုံးတွင် အောင်မြင်ရလိမ့်မည် ။ အပြုလုပ်ငန်းများ ကို ဆောင်ရွက်စဉ် အဖျက်လုပ်ငန်းတို့၏ ဇာတ်ပ၀တ္တိတို့ကို အကဲဖြတ်နိုင်သော်၊ ယောနိသော မန သိကာဖြင့် ဆောင်ရွက်နိုင်ကြမည် ဖြစ်၍ ယင်းအနှောင့်အယှက်များ အကြောင်းကိုလည်း သိသာရုံမျှ တင်ပြလိုပါသည်။ တင်ပြချက်တို့ကို ဓမ္မဒိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်ပါရန် စကားခံလိုသည်။ ဓမ္မကို ဓမ္မဟု ထင်ရှားအောင်ပြလိုသော အခါ အဓမ္မကို နောက်ခံကားအ ဖြစ်ဖြင့် စကားပလ္လင်ခ့စမြဲ ဖြစ်သည်။ ပုဂ္ဂလိကအစွဲဖြင့် ယိုးစွပ်လိုသော ဆန္ဒမရှိပါ။ တရားမျှတခြင်းကို ရှေးရှုစေလိုသော စေတနာသာရှိပါသည်။ ဤလူ့ဘောင်လောကကကို ယိုယွင်းစေသော စိတ်စေတသိတ်တို့ကို ဖွင့်ပြပါဟုဆိုလျှင် တရားသည်ကို မတရားဟူ၍ လည်းကောင်း မတရားသည်ကို တရားဟူ၍ လည်း ကောင်း ထင်မှတ်မှားနေသည့် သဘာဝကိုပြရပေလိမ့်မည် ။
ကျူးကျော်ဟူသော ကိစ္စ၌ နေစရာထိုင်စရာကို ရုတ်တရက်ရှာမရ၍ တွေ့ ရာနေရာ၌ ဖြစ်သလိုနေထိုင်ကြသော ရိုးရိုးကျူးကျော်သူတို့ရှိကြသည်။ ထိုကျူးကျော်သူတို့သည် ကျူးကျော် သော နေရာ၌ ပိုင်ရှင်ပေါ်လာလျှင် ဖြစ်စေ၊ တရားဥပဒေနှင့် မညီ၍ ဆိုင်ရာတို့က ဥပဒေနှင့် ညီအောင် စီမံပေးလျှင် ဖြစ်စေ၊ အလိုက်သိစွာ အမှန်ကို လိုက်နာကြစမြဲ ဖြစ်သည်။ ရိုးဖြောင့်သော စေတနာဖြင့် အမှားမှားအယွင်းယွင်း ဆောင်ရွက်မိခြင်းသည် ရာဇ၀တ်မှု မဟုတ်ချေ။ ထို့ကြောင့် မသိနားမလည်၍ မှားကြသည့်အခါ အမှန်ကို လိုက်နာပြီဟုဆိုသော် အားလုံး တရား မျှတပြီဟု အများ က လက်ခံစမြဲ ဖြစ်သည်။ အမှားမှ အမှန်သို့ ရောက်အောင် ကာယကံရှင်တို့သည် ပူးပေါင်းဆောင်ရွက်ကြသည့်အခါ မရိုးမဖြောင့်သော စေတနာမပါဘဲ ကျူးကျော်မိသူကို သက်ဆိုင်သူတို့က ကျေးဇူးတင်ကြလိမ့်မည် ။
သို့ ရာတွင် လိုချင်လောဘဖြင့် သူတစ်ပါးကို ကျူးကျော်လျှင် လူ့အဖွဲ့အစည်းကို ထိခိုက် လာနိုင်သည်။ စစ်ဒဏ်ကြောင့် လူနေမှု စည်းကမ်းများ ယိုယွင်းသော အခါ၊ ၀ိသမလောဘသားများ သည် သူတစ်ပါး၏ အိမ်ရာကို သိလျက်နှင့် ဖြစ်စေ၊ မသိ၍ ဖြစ်စေ ၀င်ရောက်သိမ်းပိုက်ကြသည်။ ထိုနောက် ပိုင်ရှင်ပေါ်လာလျှင် နစ်နာကြေး၊ လျော်ကြေး၊ ဖယ်ပေးရသည့်စရိတ် စသည်တို့ကို အထိုက်အလျောက် ဖြစ်စေ၊ မတန်တဆ ဖြစ်စေ တောင်းခံ၍ အမြတ်ထုတ်ကြသည်။ တစ်ခါတစ်ရံ ကျူးကျော်ခြင်းခံရသူက ကျူးကျော်သူထံမှ မိမိပိုင်ထိုက် ဆိုင်ထိုက်သော မြေကို ပြန်၍ ၀ယ်ကြရသည်။ မြေအရောင်းအ၀ယ်၌ ပေါက်ဈေး အဆမတန်လျှင် တက်သည့်အလျောက် ပေးကြ ရသည်။ ဤကဲ့သို့ တစ်ဦးချင်းအလိုက် ကျူးကျော်ကြသော ကိစ္စများ သည် မသိမသာ ဖြစ်စေ၊ သိသိ သာသာအထင်အရှား ဖြစ်စေ၊ ပေါ်ပေါက်လျက်ရှိသည်။
တစ်ခါတစ်ရံ တစ်ဦးချင်းကျူးကျော်ရုံမျှသာမက အုပ်လိုက်၊ အသင်းလိုက် လူစု၍ ကျူးကျော်သည်လည်းရှိသည်။ တစ်ခါက နိုင်ငံတော် အစိုးရသည် စိုက်ပျိုးရေး ကို အားပေးလိုသော ကြောင့် မြေတစ်လက်မမျှမကျန် စိုက်ကြပျိုးကြရမည် ဟု နှိုးဆော်ခဲ့သည်။ ထိုအခါ ကျူးကျော်ရေး သမားတို့သည် တောင်သူလယ်သမားအမည် ကိုယူ၍ သူတစ်ပါးက အိမ်ရာအ ဖြစ်လျှောက်ထားပြီး စနစ်တကျ မြေအကွက်ရိုက်နေစဉ် အုံနှင့် ကျင်းနှင့် ၀င်ရောက်ကျူးကျော်ကြသည်။ အိမ်မြေရာ လျှောက်ထားသူတို့၌ မြေရှင်အသင်းဟု တည်ထောင်ရန် အခွင့်ရေး မရှိသော အခါ ဤနည်းသည် တစ်ဖက်သတ်အနိုင်ယူရန်အတွက် လွယ်ကူသော နည်း ဖြစ်သည်။
သို့ ရာတွင် မြေရာချထားရေး ကိစ္စ ၌ နစ်နာသူတို့က ဆိုင်ရာသို့ တင်ပြလျှောက်ထားသော အခါ တောင်သူလယ်သမားရေး ရာ ဗဟိုဌာန က ရပ်ကွက်၊ ကျေးရွာတောင်သူလယ်သမားအဖွဲ့အနေဖြင့် စိုက်ပျိုးရန် နေရာချထားပေးခြင်းသည် တရားမ၀င်ဟု ဆုံးဖြတ်သည်။ ဤ၌ တရားမျှတသော လုပ်ရပ်များ ပေါ်လာသည်ဟု ဆိုရန်ရှိသည်။ သို့ သော် ဤအမှု ကိစ္စမှာ နှစ် ပေါင်း ၃၀ ကျော် ၄၀ မျှ အချိန်ဆွဲ၍ နေသော ကြောင့် တရားဥပဒေနှင့် အညီ ဆုံးဖြတ်လိုက်သော အခါ ကျူးကျော်ခဲ့သူတို့သည် ကျူးကျော်ထားသော နေရာတွင် သာမန် အိမ်များ ကိုသာမက တိုက်တာများ ကိုပင်လျှင် အခိုင်အမာတည်ဆောက်ခဲ့ပြီး ဖြစ်နေလေသည်။ ထို့ကြောင့် တရားနှင့် အညီဆုံးဖြတ်ချက်သည် စက္ကူပေါ်၌ ထင်ရှားသော်လည်း မြေပြင်ပေါ်၌ ကား မထင်ရှားချေ။ ဤကဲ့သို့ လူစုလူဝေးနှင့် ကျူးကျော်သော နည်းသည်လည်း အခိုက်အတန့်၌ ကျူးကျော်သူတို့အဖို့ အမြတ်ထွက်သည်။
အိမ်မြေရာကို စနစ်တကျဝယ်ယူ၍ မူလဆိုင်ရာနှင့် ညှိပြီးနောက် စနစ်တကျမြေကွက်များ ကို ရိုက်ပေးခဲ့သော လျှောက်လွှာရှင်များ သည် ၁၉၈၅ ခုနှစ် ၌ လည်းကောင်း၊ ၁၉၆၂ ခုနှစ် ၌ လည်း ကောင်း၊ ၁၉၇၄ ခုနှစ် ၌ လည်းကောင်း စီမံခန့်ခွဲအုပ်ချုပ်ရေး ဆိုင်ရာ လုပ်နည်းလုပ်ထုံးများ အမျိုးမျိုး ပြောင်းလဲခဲ့သည့်အလျောက် ပြောင်းလဲမှု အမျိုးမျိုးတို့၏ အကြားတွင် တရားသဖြင့် ဖြစ်ဖို့ရာ မျှော်လင့်စောင့်ဆိုင်းရင်းနှင့် သေသူကသေ၊ ရွှေ့ပြောင်းသူက ရွှေ့ပြောင်းနှင့် မို့ သော င်မတင် ရေမကျ ဖြစ်နောကသော သာဓကများ လည်း ရှိသည်။ အခြေအနေရှုပ်ထွေးနေသော နှစ် ပရိစ္ဆေဒ အတွင်း ပါတီအမည် ၊ ကောင်စီအမည် ၊ စစ်မှု ထမ်းဟောင်းအမည် တို့ကို အလွဲသုံးစားပြု၍ မဆိုင်သူတို့က မိမိတို့မပိုင်သော မြေများ ကို သူတစ်ပါးအား လက်လွှဲရောင်းစားသည့် လုပ်ရပ်များ မှာ လည်း သိသာသိစေ မမြင်စေနှင့် ဟူသော ဥပဒေသအတိုင်း ဖြစ်ပေါ်ခဲ့ရာ အခြေအနေသည် အမယ် ဘုတ်ကယ့်သူ့ချည်ခင်လို ပိုမို ရှုပ်ထွေးလာလေသည်။
ယင်းကဲ့သို့ ရှုပ်ထွေးလာသော အခါ ကျူးကျော်သူတို့၌ အခွင့်အရေး ဖွံ့ဖြိုး၍ တရားဥပဒေနှင့် အညီ အိုးအိမ်ထူထောင်ရန်လျှောက်ထားကြသူတို့ကား အခွင့်အရေး များ ဆုံးပါးရသော အခြေသို့ ဆိုက်ရောက်ခဲ့ရလေသည်။
ဤအခြေအနေမျိုးကို တရားသဖြင့် ဖြစ်အောင် ပြန်လည်ပြုပြင်ရာ၌ ရှေးကရှိခဲ့ဖူးသော ကိုလိုနီခေတ်မြေရာသိမ်းယူခြင်းဥပဒေ (Land Acquisition Act)နှင့် အခြားသက်ဆိုင်ရာ မြေခွန် တော် စည်းမျဉ်း၊ ဥပဒေများ (Revenue Laws and Regulations)စသည်တို့သည် တရားမျှတ အောင် ဆောင်ရွက်ပေးရာ၌ ထိရောက်မှု မရှိနိုင်တော့ချေ။ မျက်မှော က်ခေတ် ဒိဋ္ဌဓမ္မအခြေအနေတို့ ကို ကြည့်ရှုသုံးသပ်၍ ပြောရလျှင် အိုးအိမ်နေရာချထားရေး ကိစ္စတို့၌ (၁) တရားမျှတခြင်းနှင့် (၂) ပြည်သူလူထု၏ ငြိမ်းချမ်းသေ၀ပ်စွာ နေထိုင်သော ဣနြေ္ဒဟူသည့် တရားနှစ် ပါးနှင့် ညီဗအာင် ဆုံးဖြတ် ဆောင်ရွက်ခြင်းသည်လျှင် လူနေမှု ပြဿနာအ၀၀တို့ကို ပြေလည်အောင် ဖန်တီးပေးနိုင် လိမ့်မည် ။ ချီးမြှင့်သင့်သူကို ချီးမြှင့်၍ ရှုတ်ချသင့်သူကို ရှုတ်ချခြင်းသည် အုပ်ချုပ်စီမံခန့်ခွဲရေး အတွက် မဏ္ဍိုင် ဖြစ်သည်။ ချီးမြှင့်သင့်သူကို ရှုတ်ချ၍ ရှုတ်ချသင့်သူကို ချီးမြှင့်ခြင်းကား ထိုမဏ္ဍိုင်ကြီး ပြိုလဲစေရန်အကြောင်းပင် ဖြစ်လိမ့်မည် ။
မြို့ပြလုပ်ငန်းနှင့် စပ်လျဉ်း၍ ယနေ့ဆောင်ရွက်နေကြသည်မှာ ယခင်က ပြတ်တောက် ကောင်း ပြတ်တောင်းနှင့် လုပ်ခဲ့ရသော လုပ်ငန်းတို့ကို အဟုန်အရှိန်မြှင့်၍ ဆောင်ရွက်နေခြင်း ဖြစ် သည်ဟု ပြည်သူအများ သိရှိနားလည်သဘောပေါက်ာကစေရန် ကြိုးပမ်းကြရလိမ့်မည် ။ ဒဂုံ၊ လှိုင် သာယာ၊ ရွှေပြည်သာ စသော မြို့သစ်များ ကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ထောင်နေသည်မှာ ရှေးကပြုခဲ့သော အကြောင်းဆက်များ ဖြစ်သည်။ ရှေးက အကျိုးဆက်ဟူ၍ လည်း ပြောနိုင်ပါသည်။ အဓိကအချက်မှာ အကြောင်းနှင့် အကျိုးကို ဆက်စပ်အောင် ဆောင်ရွက်သွားကြဖို့ပင် ဖြစ်ပါသည်။
ယခုပြဆိုခဲ့သော အခြင်းအရာများ သည် ရန်ကုန်မြို့၌ သာ ကြုံတွေ့ နေရသော အခြင်းအရာများ ချည်း မဟုတ်ပါ။ မန္တလေးနှင့် တကွသော အခြားသော မြို့ကြီးပြကြီးတို့၌ လည်း ကြုံတွေ့ ရသော အခြင်း အရာများ လည်း ဖြစ်သည်။ ထို့ကြောင့် မြို့ပြထူထောင်ရေး သည် တစ်မျိုးသားလုံးနှင့် စပ်ဆိုင်သော အမျိုးသားရေး တစ်ရပ် ဖြစ်နေသည်ကိုလည်း ကျွန်ုပ်တို့ သတိမူကြရန်ရှိပါသည်။ ယိုယွင်းသော လူ့ဘောင်ကို လူ့အရပ်နှင့် ညီအောင် ပြန်လည်ပြုပြင်ရာ၌ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်ရမည် မှာ ဓမ္မတာပင် ဖြစ်သည်။
သို့ သော် မ ဖြစ်မနေကြိုးစား၍ အချင်းချင်း ချစ်ခင်ညီညွတ်သော စိတ်ဓာတ်ဖြင့် ဆောင်ရွက် သွားပါလျှင် စိတ္တသုခ၊ ကာယသုခတို့နှင့် ပြည့်စုံလာစရာအကြောင်းရှိပါ သည်။ ‘မြန်မာ့မြို့ပြ’ဟူသော စာအုပ်ကို ဖတ်ရှုရသော အခါ အပျက်သဘောမှ အပြုသဘောသို့ ရောက်အောင် ကြိုးပမ်းလျက်ရှိသော ဇွဲလုံ့လတို့ကို စဉ်းစားဆင်ခြင်မိပါသည်။ ဒုတိယကမ္ကာစစ် ကြောင့် တဲပုတ်မှဟ၍ ပြန်လည်ထူထောင်ရန်ရှိသော လုပ်ငန်းတို့သည် ချစ်တီးကြွေးကဲ့သို့ ကြွေးတင်၍ ကျန်ခဲ့သည်ကို အများ ပြည်သူနားလည်သဘောပေါက်၍ မြန်မာ့ထုံးတမ်းစဉ်လာ သန္ဒိပါတတရားတို့ဖြင့် အစွမ်းကုန်ကြိုးပမ်းနိုင်ကြပါစေရန် စာရေး သူအောင်နိုင်မြင့်က ဆော်သြပေး လျက်ရှိသည်ဟူ၍ လည်း ကျွန်တော် ဆိုလိုက်ပါသည်။
‘မြန်မာ့မြို့ပြ’၏ ထူးခြားချက်တစ်ရပ်မှာ မျက်မှော က်ခေတ်ကို နားလည်အောင် အတိတ် သမိုင်းကြောင်းနှင့် ဆက်စပ်ပေးသည့်အချက် ဖြစ်သည်။ မြန်မာတိုင်းရင်းသားတို့သည် သမိုင်းဦးမှ စ၍ မြန်မာ့ရိုးရာဓလေ့အတိုင်း မြို့ပြ၊ ကျေးရွာ၊ တိုင်းပြည် စသည်တို့ကို ထူထောင်ခဲ့ကြသည်။ ဗိဿနိုးမြို့၊ ဟန်လင်းမြို့၊ မိုင်းမောမြို့၊ သရေခေတ္တရာမြို့၊ ပုဂံမြို့၊ ပင်းယမြို့၊ စစ်ကိုင်းမြို့၊ အင်းဝမြို့၊ အမရပူရမြို့၊ ရတနာပုံမြို့ စသည်တို့ကို ထူထောင်ခဲ့ကြ၏ ။
အနောက်တိုင်းသားခရီး သည်များ ၏ မှတ်တမ်းများ အရ၊ အင်းဝနေပြည်တော် ကြီးမှာ အလွန်စည်ကားသိုက်မြိုက် ဖွံ့ဖြိုး တိုးတက်သော နေပြည်တော် ကြီး ဖြစ်ခဲ့ဖူးသည်။ မြန်မာ့သမိုင်းတွင် အင်းဝခေတ်သည် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှု ရေး ၊ ယဉ်ကျေးမှု စည်တို့၌ အထွဋ်အထိပ်သို့ ရောက်ခဲ့သည်ဟု ယူဆရန် အကြောင်းများ စွာ ရှိသည်။
စာပေအနုပညာ၊ ဗိသုကာအနုပညာ၊ ပန်းချီပန်းပုအနုသုခုမပညာ စသည်တို့၏ အဆင့်အတန်းကိုကြည့်လျှင် ထိုခေတ်သည် ဥရောပတိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက် သည့် သဘာဝနှင့် အလားတူ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် တိုးတက်ခဲ့သည်ဟုလည်း မှန်းဆနိုင်ပေ သည်။ ထိုခေတ်အသီးသီးက ထူထောင်ခဲ့သော မြို့များ ၏ စနစ်ပုံများ ကို ဗိသုကာပညာရှင်တို့၏ အမြင်ဖြင့် အောင်နိုင်မြင့်က ပြဆိုမှတ်တမ်းတင်ထားသည်။
ထိုမျှမကသေး၊ ဦးကြင်ဥ၏ အိမ်ပုံစံကို အသေးစိတ်ဖော်ပြ၍ ထိုခေတ် ထိုကာလအောင်မြင် နေသော ပြဇာတ်ဆရာကြီးတစ်ဦး၏ လူနေမှု အဆင့်အတန်းကို ပိုင်းခြားဝေဖန်ထားသည်မှာ ဤခေတ်လူတို့အဖို့ ဗဟုသုတကြွယ်ဝစရာ ဖြစ်သည်။ သာမန်အားဖြင့် အနုပညာရှင်တို့သည် ၀မ်းခါးလှရုံမျှသာ ရှိတတ်သည်။ သို့သော် တစ်နိုင်ငံလုံး ၀ပြောသာယာနေသော ခေတ်တွင် ဦးကြင်ဥ၏ နေအိမ်သည် ရှိတ်စပီးယား၏ နေအိမ်ထက်ပင် ခမ်းနားလှပေသည်။ သူနေထိုင်သော အိမ်ကို ဆက်လက်၍ အသေးစိတ်သုတေသနပြုနိုင်ပါလျှင် အင်းဝခေတ်၏ စီးပွားရေး ၊ လူမှု ရေး အခြေအနေတို့ကို ကောင်းစွာ သိရှိနိုင်ကြမည် ။
ဤ ‘မြန်မာ့မြို့ပြ’ဟု အမည် ပေးထားသော စာအုပ်သည် ဗိသုကာအတတ်၊ မြေယာစနစ်၊ မြို့ပြထူထောင်ခြင်း စသော ကိစ္စတို့၌ ကျွမ်းကျင်သူတို့သာ ဖတ်ရှုထိုက်သော စာအုပ်မဟုတ်ချေ။ ဗဟုသုတအလို့ငှာ အများ ပြည်သူတို့ပါ လေ့လာဖတ်ရှုထိုက်သော စာအုပ် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုလိုနီစနစ်အောက်တွင် နှစ် ပေါင်းများ စွာ ကျရောက်ခဲ့သည်။ ထိုစနစ်ဝင်ရောက်လာသော အခါ ရှေးရိုးမြန်မာ တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းနှင့် တကွသော အသိပညာ၊အတတ်ပညာတို့သည် မှေးမှိန်ခဲ့ရလေသည်။ ထို့ကြောင့် ခေတ်လူတို့သည် ရှေးလူတို့၏ ဥာဏ်ပညာအရည်အချင်းစသည် တို့ကို အကဲမဖြတ်နိုင်ကြချေ။
ခေတ်အလျောက် တိုးတက်လာသော ပညာဗဟုသုတတို့ကိုလည်း ပြည့်ပြည့်၀၀မရခဲ့ကြချေ။ သမိုင်းသဘော၌ အဆက်ပြတ်နေသော ကြောင့် အတိတ်နှင့် ပစ္စုပ္ပန်ကို ခိုင်မာအောင် ပြုပြင်ဖို့ ခဲယဉ်းသည်။ ထို့ကြောင့် ဤခေတ်၌ မိမိတို့၏ အတိတ်အကြောင်းကို လှန်လှောရှာဖွေသုတေသနပြုနေကြသည်။ ဤအချက်သည် အလွန်သဘာဝကျသော အချက် ဖြစ်သည်။ သုတေသီပုဂ္ဂိုလ်များ သည် အတိတ်ကို ပေါက်တူး၊ ပေါက်ချွန်းတို့ဖြင့် တူးဆွ၍ ရှာဖွေနေ ကြသည်။ ဤသို့ တူးဆွရှာဖွေနေခြင်းမှာ အတိတ်ကာလထဲသို့ နောက်ပြန်ဆုတ်ရန် ရှာဖွေနေခြင်း မဟုတ်ပေ။ အတိတ်ကံကြောင့် ပစ္စုပ္ပန်၌ သူပဲ ငါပဲဟု ပြောဆိုနိုင်ကြသည်။
ကံဆိုသည်မှာ အလုပ်ပင် ဖြစ်ရာ၊ ကျွန်ုပ်တို့ရှာဖွေနေကြသည်မှာ ရှေးကပြုခဲ့ဖူးသော ကောင်းမှု များ ကို ရှာဖွေနေ ခြင်း ဖြစ်သည်ဟု ဆင်ခြင်သင့်လှပေသည်။ အတိတ်ကကောင်းသော ဆောင်ရွက်များ ကို ပြန်လည် ထုတ်ဖော်၍ လေ့လာလျှင် ကောင်းမှု များ သည် အကျိုးအကြောင်း ဆက်စပ်နေသည်ဟု တွေ့ ရှိလာရမည် ။ ထိုဆက်စပ်နေသော အကျိုးအကြောင်းတို့က ကျွန်ုပ်တို့က ကျွန်ုပ်တို့အား လမ်းမှန်သို့ ရောက်အောင် ညွှန်ပြပေးလိမ့်မည် ။
ရန်ကုန်မြို့၊
၁၉၉၂၊ ဧပြီလ ၁၀ ရက်နေ့။
မောင်ထင်
![]() မြို့ပြမြေယာဈေးကွက်နှင့် ဆွဲဆောင်မှုများ | ![]() ကျွန်တော့အမြင် ရောင်စုံတိမ်ပန်း | ![]() ကျွန်တော့် အမြင် ရောင်စုံ တိမ်ပန်း(၂) |