Cover

အမှာ စာ

သူငယ်ချင်းတင်ဝင်း (စာရေး ဆရာ အောင်နိုင်မြင့်) က သူ့စာအုပ်တွင် အမှာ စာရေး ပေးရန် ပြောလာသည်။ များ သော အားဖြင့် အမှာ စာရေး သူများ သည် စာရေး ဆရာထက် အသက်ကြီးသူ၊ ၀ါကြီးသူများ သာ ဖြစ်ရ၏ ။ ကျွန်တော် က သူ့ထက် အသက်လည်း ငယ်သည်၊ စာရေး သက်လည်း ၀ါနုသည်။ သူက ၁၉၄၂ ခုနှစ် ၊ မတ်လတွင် မွေး၍ ကျွန်တော် က ၎င်းနှစ် နိုဝင်ဘာလတွင် မှ မွေးသဖြင့် သူ့ထက် (၈) လခန့် ငယ်ပါသည်။ ကျွန်တော် က ၁၉၈၅ ခုနှစ် တွင် ဤကလောင်အမည် ဖြင့် စာပေနယ်ထဲသို့ ၀င်လာသော်လည်း စာရေး ကျဲသည်။ သူ ‘အောင်နိုင်မြင့်’ အမည် ဖြင့် စာတွေ အားသွန်းရေး နေသော အခါ ကျွန်တော် အခုလောက် မရေး သေးပါ။ သူ ‘ပုလဲ (မြို့ ပြ/မြေယာ) မဂ္ဂဇင်း’ တည်ထောင်မှ သူ့စာအုပ်တွင် တွင် တွင် ကြီးစာရေး ခဲ့ပါသည်။

သူနှင့် ကျွန်တော် ကောလိပ်ရောက်မှ သိကြရသည်။ ထို့ကြောင့် မိတ်ဆွေ သက်တမ်းသည် သူ အသက် (၇၀) ပြည့်တွင် နှစ် (၅၀) ရှိပေမည် ။ ကျောင်းတုန်းက သူရော ကျွန်တော် ပါ စာဖတ် ၀ါသနာပါကြသော်လည်း တစ်နေ့စာရေး ဆရာလုပ်ကြရန် တစ်ခါမျှ မတိုင်ပင်ဘူး၊ စကားမစပ်ဘူးပါ။ ကျွန်တော် ရော သူပါ စာရေး ဆရာ ဖြစ်လာကြလိမ့်မည် ဟုလည်း မတွေးကြပါ။

သူက ကျွန်တော့် သူငယ်ချင်း ထားဝယ်သူနှင့် အိမ်ထောင်ကျသော အခါ ကျွန်တော် တို့ ပို၍ ခင်မင်နီးစပ်၍ သွားကြရလေတော့သည်။ ထို့ကြောင့် သူငယ်ချင်းရောင်းရင်းကြီး၏ အသက် (၇၀) ပြည့် အထိမ်းအမှတ်၊ အိမ်ထောင်သက် (၄၅) နှစ် ပြည့် အထိမ်းအမှတ်ထုတ်ဝေမည့်  စာအုပ်တွင် ၀မ်းမြောက်ဝမ်းသာ အမှာ စာရေး ပေးရန် လိုက်ခံလိုက်ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ၂၀၁၁ ခုနှစ် အောက်တိုဘာလထုတ် မဟေသီတွင် ‘ကန့်ကော်မြေသို့ အလွမ်းပြေ’ ဆိုသည့် အခန်းဆက် ဆောင်းပါးစီးရီးကို ရေး နေရာ၊ ကန့်ကော်မြေသို့ အလွမ်းပြေ (၅) တွင် သူတို့ မောင်နှံအကြောင်းကို ရေး သည်။ ဤဆောင်းပါးကို ဖတ်ရလျှင် သူတို့ဇနီးမောင်နှံနှင့် ကျွန်တော် ၏ ရင်းနှီးမှု အတိုင်းအတာ ကို သိရပါလိမ့်မည် ။

ယခု သူ့စာအုပ်သည် သူ့လုံးချင်းစာအုပ် (၅) အုပ်မြောက် ဖြစ်သည်။ ‘ကျွန်တော့်အမြင် ရောင် စုံတိမ်ပန်း’ ဆိုသည့်အတိုင်းပင် သူ့ဘ၀မှ တွေ့ ကြုံ ခံစားခဲ့ရသည်များ ၊ အတွေးအမြင်များ ကို ရေး သားခြင်း ဖြစ်သည်။ ကောင်းကင်မှ ရောင် စုံတိမ်ပန်းချီဆင်နေမှု နှင့် အလားတူသော သူ့ဘ၀ သူ့အတွေးများများ သူ့ဘက်မှ အမြင်သည် အခြားသူတို့၏ အတွေးအမြင်နှင့် တူချင်မှတူတည်။ တစ်ချိန်ထဲတွင် ပင် ကောင်းကင်မှ တိမ်ပန်းဆင်မှု သည် အခြားသူတစ်ဦးမြင်လိုက်ရသည်နှင့် မတူ သကဲ့သို့ပင် ဖြစ်တော့သည်။

သူ့စာအုပ်တွင် ကိုယ်တွေ့ ဝတ္ထု (၅) ပုဒ်၊ ဆောင်းပါး (၇) ပုဒ်အပြင် ဓမ္မပုံရိပ်အတွေးအမြင် (၁၀) ပုဒ်ပါရှိသည်။ သူ့ ပုလဲ (မြို့ ပြ/မြေယာ) မဂ္ဂဇင်းမှာ ကျွန်တော် ရေး သော အခါ သူ့မဂ္ဂဇင်းကို သဘောကျနေသည့် ဆရာမြသန်းတင့်နှင့် တနေ့ စကားစပ်မိကြသည်။ ဆရာက သူ့မဂ္ဂဇင်းကို သဘောကျနေသည်။ ထို့ကြောင့် ဆရာ့ထံ သူ့မဂ္ဂဇင်းအတွက် စာမူတောင်းပေးသည်။ ဆရာက အအောင်မြင်ဆုံး Developer တစ်ယောက် အကြောင်း ၀တ္ထု တစ်ပုဒ်ကို ဘာသာပြန်ပေးမည် ဟု ကတိပြု လိုက်သည့်အတိုင်း ဘာသာပြန်ပေးနေသည်။ သို့သော် ဆရာသည် ရုတ်တရက်ကွယ်လွန် သွားသည်။ ဤအကြောင်းနှင့် ပတ်သက်ပြီး ‘ဆရာမြင်စမ်းစေချင်တယ်’ ဆိုသည့် ဆောင်းပါးတစ် စောင် သူ့စာအုပ်တွင် ရေး ဘူးသည်။

သူ့မိဘအကြောင်း၊ သူ့ဇနီးနှင့် သူ့အိမ်ထောင်ရေး ၊ သူ့သားသမီးများ အကြောင်းကို သူ့ဝတ္ထု များ တွင် တွေ့ ရသည်။ သူ့ဆောင်းပါးများ ထဲမှ ထားဝယ်မြို့ ကို တစေ့တစောင်းလေ့လာခြင်း ဆောင်းပါးသည် ခေတ်ရှေ့ပြေးနေသည့် ဆောင်းပါးတစ်ပုဒ်ပင် ဖြစ်၏ ။ ယခု ထားဝယ်တွင် ရေနက် ဆိပ်ကမ်း ဖြစ်ပေါ်လာသဖြင့် သူ့အတွေးအမြင်အတိုင်း အကောင်အထည် ထားဝယ်တွင် ပေါ်လာ ပေတော့သည်။

ဓမ္မပုံရိပ် အတွေးအမြင် ဆောင်းပါးများ ရေး နိုင်ခြင်းမှာ သူကိုယ်တိုင်က ဓမ္မနှင့် မွေဲလျော် နေသော ကြောင့် ဖြစ်၏ ။ သူက အရာရာတွင် အစွန်းရောက်သည့် ၀သီရှိသည့်အတိုင်း တရားဓမ္မ ဘက်လိုက်သွားသည်မှာ ယခုအခါ တရားထိုင်ရုံသာမက ဥပုသ်နေ့တိုင်းစောင့်၍ သတင်းစာပင် မဖတ်တော့ပေ။ ကျွန်တော် ရေး သည့် စာအုပ်များ သူ့ကို သွားပေးနေသည်မှာ သူဖတ်ရန်မဟုတ်။ သူ့ဇနီး ကျွန်တော့် သူငယ်ချင်းဖတ်ရန် ဖြစ်သည်။ သို့သော် တစ်လောကနိုင်ငံတော် တွင် ဖြစ်ပေါ်ခဲ့ သည့်အကြောင်းအရာတစ်ခုကို အခြေတည်၍ သူ့ရင်ခွင်ရိုက်ခတ်လာပုံရသည်။ မနေနိုင်၊ မထိုင်နိုင် သူစာပြန်ရေး လေသည်။

ယခု သူစာရေး စားပွဲမှာ ထိုင်ပြီး သူ့စာအုပ် ဖြစ်မြောက်ရေး အတွက် စာတွေ ပြန်ရှာ၊ ပြန်ဖတ် လုပ်နေရသည်။ သူ့အသက်ရှည်ရှည်နှင့် စာများ ဆက်ရေး နိုင်ပါစေ။ နောက်ထပ် အသက် (၈၀) ပြည့် အိမ်ထောင်သက် စိန်ရတုအကြို အ ဖြစ် စာအုပ်ထုတ်နိုင်ပါစေဟုလည်း ဆုတောင်းလိုက်ရပါ သည်။

မောင်သန်းဆွေ (ထားဝယ်)

အမျိုးသားစာပေဆုရ

၁၅. ၁၀. ၂၀၁၁

အခန်း (၁)

Cover

ချစ်ခင်အပ်ပေတို့မေမေ

ချစ်ခင်အပ်ပေ၊ တို့မေမေ

ပုခက်ထဲသိပ်၊ အိပ်ပါလေ

ရွှေကြိုးနှင့် ဆင်၊ ပုခက်ယဉ်

မေမေလွှဲသိပ်၊ အိပ်ပါလေ။

ပုခက်ထက်ဝယ်၊ မေသိပ်မယ်

အိပ်ပါတော့လား၊ မေ့ချစ်သား

ပုခက်ကြိုးကို၊ ကိုင်ကာဆွဲ

မေမေကိုယ်တိုင်၊ ထိုင်ကာလွှဲ။

မေမေ့မေတ္တာ၊ ကြီးမားပါ

ချိုအေးနို့ရည်၊ ပျားသကာ

တိုက်ကျွေးယုယ၊ ပုခက်ထဲ

သားကိုသိပ်၍ ၊ မေမေလွှဲ။

သားလှသည်းချာ၊ အဖို့ရာ

မေမေ့မေတ္တာရည်၊ စီးဆင်းလာ

ငယ်မှကြီးတိုင်၊ ချစ်မငြီး

စောင့်ရှောက်ပြု စု၊ ပေးခဲ့ပြီး။

ငှက်ငယ်ပမာ၊ မေ့သည်းချာ

ကြည်နူးယုယ၊ ပိုက်ထွေးကာ

သားကိုမေမေ၊ ပြု စုထား

သားကမေ့လို၊ ချစ်မှာ လား

အိပ်ပါတော့လား၊ မေမေ့သား။ ။

ကရင်အမျိုးသားကလေးချော့ကဗျာ ‘မိုးထိုးဝ အမိုး’ ကို မြန်မာဘာသာပြန်ထားသည်။ ထိုကဗျာကို ကျွန်တော် ဖတ်ရှုရသည်။ မိမိ၏ ရင်သွေး သားငယ်အပေါ် မိခင်၏ ကြီးမားသော စေတနာမေတ္တာထားရှိပုံတို့ကို သရုပ်ဖော်ထားသည်။ မိခင်သည် မိမိ သားငယ်၏ ပုခက်ကြိုးကို ရွှေကြိုးဖြင့် ပင် ဆင်လိုပုံ၊ မိခင်၏ မေတ္တာကြီးမားလှသဖြင့် ပျားသကာရည်ကဲ့သို့ ချိုမြိန်သော နို့ရည် စီးဆင်းရပုံ၊ သားငယ်အား ပြု စုယုယချစ်၍ မ၀နိုင်ပုံတို့ကို ကွက်ကွက်ကွင်းကွင်းမြင်ယောင်လာ သည်။

ထိုကဗျာတစ်ပုဒ်ကို ကျွန်တော် အထပ်ထပ်အခါခါ ဖတ်ရှုနေမိသည်။ စကားလုံး တစ်ဆယ့် လေးလုံးက ကျွန်တော့်ဘ၀င်ကို ခိုက်သွားစေသည်။ ကျွန်တော့် အသည်းနှလုံးကို သိမ်းကြုံးယူငယ် ဘိသို့ ရှိလှသည်။

‘ငယ်မှကြီးတိုင်၊ ချစ်မငြီး

သားက မေ့လို ချစ်မှာ လား’

ဤတွင် ကျွန်တော့် အား လူလားမြောက်အောင် ပြု စုခဲ့သော မိခင်ကြီး၏ မေတ္တာကြီးမားပုံကို လည်းကောင်း၊ အမေနှင့် ပတ်သက်သမျှသော အကြောင်းချင်းရာများ ကိုလည်းကောင်း တစ်ရေး ရေး မြင်လာသည်။

၁၉၄၂ ခုနှစ် မတ်လအတွင်း အောက်မြန်မာပြည်မှ ဆုတ်ခွာလာသော အင်္ဂလိပ်တပ်များ အနက်မှ လက်ဖတင်နင်ဂျနရယ်စလင်းဦးစီးသော အမှတ် (၁) တပ်မကြီးသည် ပြည်မြို့ တွင် ရုံးဖွင့်ခဲ့သည်။ ထိုအချိန်တွင် ဂျပန်လေယာဉ်များ ကလည်း မကြာခဏ ဗုံးကြဲ၍ စက်သေနတ်ပစ်နေ သဖြင့် မြို့ ပေါ်မှ လူအများ သည် ပတ်ဝန်းကျင်ကျေးရွာများ နှင့် တောရကျောင်းများ သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြရသည်။ ကျွန်တော့်  မိဘများ သည်လည်း ရေလယ်သော င်ထွန်းနေသည့် မြေနုကျွန်း ပေါ်ရှိ ဂုံးသော င်ရွာငယ်သို့ ရှောင်တိမ်းနေရစဉ် ကျွန်တော့် အမေက ကျွန်တော့်ကို ထိုရွာ၌ မွေးဖွား သန့်စင်ခဲ့ရသည်။ ထိုရေလယ်ကျွန်းသည် လွန်ခဲ့သော နှစ် ပေါင်းလေးဆယ်ကျော်ခန့်ကပင် တိမ်းကောပျောက်ကွယ်သွားသည်ဟု ဆို၏ ။ ကျွန်တော် ချက်မြှု ပ်ကား မရှိတော့ပြီ။

ထိုစဉ် ပန်းတောင်း-တောင်ကုတ်လမ်းမှတစ်ဆင့် အိန္ဒိယပြည်သို့ ပြန်ရန်အတွက် အောက် မြန်မာပြည်မှရောက်လာကြသော အိန္ဒိယလူမျိုးများ ကို မိချောင်းရဲ၊ ရွှေကျွန်းတောတွင် စခန်းဖွင့်ပေး ခဲ့၏ ။ ကျောက် ရောဂါ ၀မ်း ရောဂါ များ ဖြစ်ပွားသဖြင့် စစ်ပြေးဒုက္ခသည် အိန္ဒိယလူမျိုးများ စွာ သေကြေ ခဲ့ကြသည်။ သို့ရာတွင် ကျွန်တော် တို့ မိသားစုမှာ ထိုကပ် ရောဂါ များ နှင့် ကင်းဝေးခဲ့ရသည်။ ကျွန် တော် ငယ်စဉ်က ကျောက်ပေါက်ရာရှိသည့် ကျွန်တော့် သူငယ်ချင်းတို့အကြောင်း ပြောပြတိုင်း အမေ ရဲ့ အပြောလေးကို ယခုတိုင်မှတ်မိနေပါသေးသည်။

‘မေမေ့သား ကျောက်ပေါက်မှာ စိုးလို့ မေမေတို့ အဆင်းရဲခံပြီး ရေလယ်ကျွန်းကို ပြေးရ တာလေ’

၁၉၄၂ ခုနှစ် မတ် ၃၀ ရက်နေ့တွင် စတင်ခဲ့သည့် ရွှေတောင်တိုက်ပွဲအပြီး ဧပြီ ၂ ရက်နေ့ တွင် ပြည်မြို့ ကို ဘီအိုင်အေနှင့် ဂျပန်တပ်များ သိမ်းပိုက်ခဲ့သည်။ ဆုတ်ခွာသွားသော အင်္ဂလိပ် တပ်က မြို့ ပေါ်ရှိ အဆောက်အဦးအချို့နှင့် မီးစက်စသည်တို့ကို ဖျက်ဆီးသွားခဲ့သည်။ ဤသို့ ဖြင့် ပြည်မြို့ ကြီးသည် မီးလောင်ပျက်စီးခဲ့သည်။

ဂျပန်များ သိမ်းပိုက်ပြီးနောက် ရှောင်တိမ်းနေကြသော ပြည်မြို့ သူမြို့ သားများ သည် မြို့ ပေါ် သို့ ပြန်လည်နေထိုင်လာခဲ့ကြသည်။ ဂျပန်ခေတ်အစပိုင်းတွင် ပြည်မြို့ သည် အထက်အောက်ကုန် သည်များ ဆုံဆည်းရာ ဖြစ်၍ အထူးစည်ကားလှသည်ဟု ဆို၏ ။ ထိုအချိန်ကစ၍ အဖေသည် ပွဲရုံ လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

၁၉၄၃ ခုနှစ် ဇွန်လတွင် မဟာမိတ်များ ပြည်မြို့ ကို ဗုံးကြဲခဲ့ပြန်သည်။ ဗုံးကြဲခြင်းမှာ လည်း တဖြည်းဖြည်း ပြင်းထန်းများ ပြားလာသဖြင့် မြို့ ပေါ်မှလူများ သည် အဆက်အသွယ်ရှိသည့် နေရာ များ သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရပြန်သည်။ ထိုစဉ်က ဗုံးဒဏ်ကြောင့် ပြည်မြို့ တမြို့ လုံး အဆောက် အဦးများ ပျက်စီး၊ လူသူမရှိဘဲ ချုံနွယ်တို့ဖြင့် ပိတ်ဖုံးနေခဲ့သည်။

ထိုချုံနွယ်များ အထဲတွင် ဂျပန်စစ်တပ်မှ ဓာတ်ဆီ၊ ရေနံဆီနှင့် ပစ္စည်များ သိုဝှက်ထား ကြောင်း အမေပြော၍ သိရသည်။ မြို့ ၏ အရှေ့တောင်ဘက်အရပ်ရှိ တောရကျောင်းများ နှင့် မြို့ ၏ မြောက်ဘက်ကမ်းနားတစ်လျှောက် ကျေးရွာများ တွင် နေထိုင်သူများ ခဲ့သည်။ တောရကျောင်းများ တွင် နေထိုင်သူများ အတွက် နိဗိန္ဒတွင် ဈေးဖွင့်၍ မြောက်ဘက်ရွာများ တွင် နေထိုင်သူများ အတွက် ကမ်းချောင်းတွင် ဈေးဖွင့်ပေးထားခဲ့သည်။

ထိုဈေးတွင် အမေက အထည်ရောင်းခဲ့သည်။ ဖက်ဆစ်တော် လှန်ရေး ကာလအတွင်း ဂျပန် တို့၏ ဖမ်းဆီးနှိပ်စက်ခြင်းခံရသူ ဗမာ့တပ်မတော် သားအချို့မှာ ကြားတောရလျှိုထဲတွင် အသတ်ခံခဲ့ ရကြောင်း အမေပြောပြသည့်အခါ ကျွန်တော့်ရင်ထဲတွင် မချိအောင် ခံစားခဲ့ရဖူးသည်။

၁၉၄၅ ခုနှစ် မေလ (၂) ရက်နေ့တွင် မဟာမိတ်တို့၏ အမှတ် (၂၀) တပ်မသည် ပြည်မြို့  အား သိမ်းပိုက်ခဲ့ပြန်သည်။ ၁၉၄၆ ခုနှစ် တွင် မြို့ အတွင်းသို့ လူအများ စုနှင့် အတူ ကျွန်တော် တို့ လည်း ပြောင်းရွှေ့နေထိုင်လာခဲ့ကြသည်။

၁၉၄၇ ခုနှစ် ၊ ၁၉၄၈ ခုနှစ် ၊ ၁၉၄၉ ခုနှစ် ၊ ၁၉၅၀ ခုနှစ် များ တွင် ပြည်မြို့ ၌ မြို့ လုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့သည်။ ကျွန်တော် တို့အိမ်သည် ၁၉၄၉ ခုနှစ် တွင် တစ်ကြိမ်၊ ၁၉၅၃ ခုနှစ် တွင် တစ်ကြိမ် စုစုပေါင်း နှစ် ကြိမ်မီးလောင်ခံရဖူးသည်။ ကျွန်တော့်အဖိုးပိုင် မင်းစုရွာမှ ရှေးမြန်မအိမ်ကြီး ကိုဖျက်၍ ၂ ကြိမ်အစားထိုးဆောက်ခဲ့ရသည်ကိုတော့ ကျွန်တော် မှတ်မိသည်။ အထူးသဖြင့် အမေ နှင့် ပတ်သက်၍ အမှတ်ရစေသည်က ၁၉၄၉ ခုနှစ် က ဖြစ်သည်။

ကျွန်တော့်အစ်ကိုနှင့် ကျွန်တော် သည် မီးလောင်စဉ်က ကျောင်းကြီးဆိပ် ဧရာဝတီမြစ်တွင်း ရေး ဆင်းကူနေချိန် ဖြစ်သည်။ မီးလောင်မှု အရှိန်အဟုန်က အလွန်မြန်ဆန်လွန်းသည်။ ပေါက်ကွဲ သံများ ကိုလည်း ကြားနေရသည်။ မီးခိုးလုံးကြီးများ နှင့် အတူ မီးတောက်မီးလျှံများ ကလည်း ၀ါးမြို တော့မည့် အသွင် ဆောင်နေသည်။ မြစ်ကမ်းနဖူးသို့ မတက်နိုင်အောင် ရှိနေသည်။ ကျွန်တော့် အစ်ကိုက ကျွန်တော့်လက်ကို ဆွဲ၍ မြစ်ကြောင်းအတိုင်းဆန်၍ န၀င်းရပ် ရွှေပလ္လင်မျှော်ဘုရားအနီး သော င်ခုံကို တိုင်အောင်ပြေးသည်။ ကျွန်တော် က ဖိနပ်မပါသည့်အတွက် သဲသော င်၏ အပူကို မခံ နိုင် ဖြစ်နေသည်။ အစ်ကိုက ချော့မော့၍ လက်တွဲ ခေါ်သည်။ ပြေးနေစဉ်အတွင်း လူအများ အပြား မြစ်ကမ်းစပ်သို့ အပြေးအလွှားရောက်လာကြသည်။

နေမွန်းတည့်ချိန် ဖြစ်သည်။ မြစ်ကမ်းနဖူးမှ ပေါက်ကွဲသံများ နှင့် အတူ ပေပေါခွံအချို့ မြစ်ကမ်း နဖူးသို့ ကျရာက်လာသည်ကိုလည်း တွေ့ ရသည်။ ကြောက်မက်ဖွယ်လိလိပင် ဖြစ်သည်။ မြစ်ဆိပ်များ ရှိ လှေအချို့ပင်လျှင် ဧရာဝတီမြစ်အနောက်ဖက်ကမ်းသို့ ထွက်ခွာနေကြသည်။ ကျွန်တော် သည် (၇) နှစ် သားအရွယ်မို့ အမေကို သတိရ၍ ငိုမိသည်။ ကျွန်တော့်အစ်ကိုက ၁၃ နှစ် သား လူပျိုပေါက်အရွယ်ရှိသည်။ ကျွန်တော့်ကို အားပေးရှာသည်။

ဤတွင် လှေသူကြီး တစ်ယောက် က ကျွန်တော် တို့ ညီအစ်ကို နှစ် ယောက် စလုံးကို သူ့လှေ ပေါ်တင်၍ ဧရာဝတီမြစ် အနောက်ဘက်ကမ်းသို့ ခေါ်ဆောင်သွားသည်။ လှေပေါ်တွင် မီးဘေး ဒုက္ခ သည်များ နှင့် ပြည့်နှက်နေသည်။ ကျွန်တော် တို့ ညီအစ်ကို နှစ် ယောက် အား လှေသူကြီးက သား သမီးချင်းကိုယ်ချင်းစာ၍ ကျွေးမွေးပြု စုသည်။ အနောက်ဘက်ကမ်းရွာတွင် တစ်ညအိပ်ကြသည်။ ထိုရွာ၏ အမည် ကို ကျွန်တော် မမှတ်မိချေ။ နောက်တစ်နေ့တွင် ပြည်မြို့ ၌ ပြောင်သလင်းခါ နေသည်ကို အဝေးမှပင် မြင်ရသည်။ မီးဘေးဒုက္ခသည်အားလုံးကို လှေသူကြီးက ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းရှိ မူလနေရာသို့ အရောက်ပြန်ပို့ပေးသည်။

ကျွန်တော် တို့ ဆိပ်ကမ်းရောက်သည့်အချိန်မှာ မွန်းတည့်ချိန်ပင် ဖြစ်သည်။ ကျွန်တော် တို့ အိမ်သည် မီးထဲပါသွားကြောင်း ကြားသိရသည်။ ကျွန်တော် တို့ မိသားစုအခြေအနေမည် သို့ ဒုက္ခ ရောက်နေသည်၊ မည် သည့်နေရာတွင် နေဲကသည်ကို ကျွန်တော် စိုးစဉ်းမျှ မတွေးမိ၊ အမေ့ကိုပဲ သတိရ၍ ငိုနေမိသည်။ လှေသူကြီးက ဖြောင်းဖြသည်။ ဆွေမျိုးသားချင်းတွေ ကတစ်ဆင့် ကျွန်တော့် အမေကို မတွေ့ တွေ့ အောင် ရှာပေးမည် ဟု ဆို၏ ။

ကျွန်တော့်အမေကို အဖေနှင့် အတူ နေ့လည် နှစ် နာရီခန့်တွင် အဆောင်းမပါ ဖိနပ်မပါနှင့် ငိုကြွေးလျက်ရှိသည်ကို တွေ့ လိုက်ရသည်။ ကျွန်တော် တို့ညီအစ်ကိုနှစ် ယောက် သည် အမေ့ထံ အပြေးသွားတွေ့ သည်။ အမေက ကျွန်တော် တို့ကို ဖက်ရင်း သတိလစ်သွားသည်။ လှေသူကြီး၏ ဖေးမကူညီမှု ကြောင့် လှေပေါ်တွင် သတိရလာသည်။ ကျွန်တော် နှင့် ကျွန်တော့်အစ်ကိုကို တင်းကျပ်စွာ ဖက်ထာရင်း အမေပြောလိုက်သော စကားကို ယနေ့တိုင်အောင် စွဲနေသည်။

‘သားတို့ကို တွေ့ လိုက်ရတာ အမေ့ဘ၀ သေရာက ပြန်ရှင်လာတာပါပဲကွယ်. . .’

‘အမေတို့ မီးလောင်ရာမှာ ပါသွားတဲ့ အိုးအိမ်စည်းစိမ်တွေ ပြန်မရချင်နေပါစေ၊ သားတို့ကို မသေမပျောက် ပြန်တွေ့ ရတာ ကိုဘဲ မေမေ ၀မ်းသာလှပါပြီ လူလေးတို့ရယ်. . .’

ပြည်မြို့ တွင် ရဲဘော်ဖြူ များ ကြီးစိုးလာစဉ်ကာလက အမေပြောသော စကားကိုလည်း အမှတ်ရနေသေးသည်။

‘သားတို့ မေမေ မသိဘဲ အပြင်ကို မသွားကြနဲ့၊ ခေတ်အခါကလည်း မကောင်းဘူးမှတ်လား၊ သေနတ်က သွေးဆာနေတာလား၊ လူကဘဲ လက်တည့်စမ်းချင်နေတာလား မသိဘူး၊ စိတ်မထင် ရင် ခွေးတောင်သေနတ်နဲ့ ပစ်နေတာ တွေ့ တယ်မှု တ်လား၊ မတော် တဆ အပြစ်မဲ့တဲ့သူကို မှန် လိုက်ရဖြင့် အကျိုးနဲရချည်သေးရဲ့ ’

‘မေမေ့မှာ မင်းတို့ဖွားဖွား မကျန်းမမာ ရှိနေတာကိုလည်း ပူရ၊ သားတို့ကိုလည်း မေမေရှိနေ သရွေ့ စိတ်ပူနေရတယ်၊ သေနတ်တွေ ၊ အမြှောက်သံတွေ ကြားနေရတော့ ညညလည်း အိပ်မပျော်ဘူး၊ အေးအေးချမ်းချမ်းနဲ့ စိတ်ချလက်ချ အိပ်ချင်စမ်းပါရဲ့ ’

မှန်ပေသည်။ ကျွန်တော့်အဖွား မေ့မျောနေသည့် အချိန်တွင် အမြှောက်သံများ မကြားရ အောင် မေမေနှင့် အရီးတို့က ဂွမ်းဖြင့် ဆို့၊ ကျွန်တော် တို့ ညီအစ်ကိုနှစ် ယောက် ကြေးစည်ကို တစ်ယောက် တစ်လှည့် ထုနေရပုံများ ကို လည်းကောင်း၊ ဖွားဖွား နားတစ်ဖက် တစ်ချက်စီတွင် ဖိုးဖိုး နှင့် ဖေဖေတို့က ဘုရားဂုဏ်တော် များ ရွတ်ဖတ်နေကြသည်ကိုလည်းကောင်း အမှတ်ရလာသည်။ ထိုစစ်အတွင်းက သေဆုံးခဲ့ရသော ထိုကျွန်တော့အဖွား ဖြစ်အင်နှင့် အေးချမ်းသော ကာလအတွင်း သေဆုံးခဲ့ရသော ကျွန်တော့်အဖိုး ဖြစ်အင်မှာ အတော် အတန်ခြားနားမှု ရှိပေသည်။

၁၉၅၀ ခုနှစ် မေလ (၁၉) ရက်နေ့ နေ့လည် (၁၁) နာရီခန့်တွင် ရန်ကုန်ဘက်မှလာသော အစိုးရတပ်မတော် စစ်ကြောင်းသုံးကြောင်းက ပြည်မြို့ ကို တိုက်ခိုက်သိမ်းပိုက်ယူလိုက်သည့် နောက်ပိုင်းတွင် မှ ပြည်မြို့ သည် အေးချမ်းခဲ့ခြင်း ဖြစ်သည်။ ကျွန်တော့် အဖိုးသည် ၁၉၅၉ ခုနှစ် က သေဆုံးခဲ့သဖြင့် ငြိမ်းချမ်းစွာ ဖြင့် ဘ၀ကူးပြောင်းခဲ့ရလေသည်။

ကျွန်တော် သည် မိဘအရာရောက်လာပြီမို့ မိဘ၀တ္တရားငါးပါးနှင့် ညီအောင် ကျင့်ကြံနေထိုင် လာရသည်။ တောင်၏ အနိမ့်အမြင့်ကိုသိလိုလျှင် တောင်ခြေသို့ သွားပါဟူသော ဆိုရိုးစကားရှိ သည်။ ယခု ကျွန်တော် သည် တောင်ခြေတွင် သာမက တောင်ပေါ်သို့ တစ်လှမ်းချင်းတက်လှမ်းနေရ ပြီ ဖြစ်သည်။ ‘မြင့်မြင့် ရောက်လေ ဝေးဝေးမြင်လေ’ ဆိုသကဲ့သို့ မိဘတို့၏ ဘ၀နှင့် မိဘတို့က သားသမီးအပေါ်ထားရှိသည့် ၅၂၈ သွယ် မေတ္တာ၏ သဘောအမှန်ကို နားလည်လာသည်။ စုန်ရေ နှင့် ဆန်ရေတို့၏ သဘောသဘာဝကို ပီပီပြင်ပြင် သဘောပေါက်လာသည်။

ကျွန်တော့်အမေ၏ မေတ္တာမှာ ‘လှောလေအပြေး၊ တက်ဖွေးဖွေး’ ကဲ့သို့ ရှိနေသည်။ အမေက ကျွန်တော် တို့အပေါ်ထားရှိခဲ့သည့် ကြီးမားသော မေတ္တာကို တုနှိုင်း၍ မရသည်မှာ အမှန် ပင် ဖြစ်သည်။ အမေ့ကို ကျွန်တော် တို့ လိုက်မမီအောင်ရှိသည်ကိုတော့ ၀န်ခံရပေမည် ။

တစ်ချိန်က ကျွန်တော် သည် သားသမီးဝတ္တရားပျက်ကွက်ခဲ့ဘူးသည်။ အမေ တစ်ယောက် အနေဖြင့် ခွင့်မလွှတ်နိုင်သည့် ပျက်ကွက်မှု မျိုး ဖြစ်သည်။ ကျွန်တော် က ရန်ကုန်မြို့ တွင် ကာကွယ် ရေး ရ/သုံး မှန်းခြေငွေစာရင်းကို တာဝန်ယူရသည်မို့ နှစ် စဉ် ဇန်န၀ါရီလအတွင်း အပြီးသတ်မှန်းခြေ စာရင်းပြု စုရသည်။ ထိုအချိန်မျိုးတွင် မည် သည့်နည်းဖြင့် မဆို ခွင့်မယူထိုက်ချေ။ ကျွန်တော့် လုပ်ငန်း ၏ သဘောသဘာဝအခြေအနေကို ကျွန်တော့်အမေမသိ၍ အဖေအသည်းအသန် ဖြစ်နေသဖြင့် အမြန်ဆုံးလိုက်လာရန် ကျွန်တော့အား အမေကိုယ်တိုင် ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။ ကျွန်တော် က ပြည်သို့ရောက်သည့်အချိန်မှာ ကျွန်တော့်အဖေ၏ အသက်ကိုပင် မမှီတော့ချေ။

ထိုအချိန်က ကျွန်တော့်အား အလေးနက်ဆုံးပြောခဲ့သော မေမေ့စကားသည် ကျွန်တော့် ရင်တွင်းဝယ် အမြဲကိန်းအောင်းနေသည်။

‘သားကို မေမေ ခွင့်လွှတ်ပါတယ်’

‘သား ဖေဖေ မရှိတော့တဲ့နောက် မေမေ့ကို ဂရုစိုက်ပါ’

‘မေမေ ပြောတဲ့စကားကို နားထောင်ပါ’

‘မေမေ့ကို စိတ်ချမ်းသာအောင်ထားပါ’

ယခု ကျွန်တော့်အမေသည် ကျွန်တော့် ထံ ဒုတိယအကြိမ် ကိုယ်တိုင်ဖုန်းဆက်လာပြန် သည်။

‘သား မေမေတို့ မိသားစုအားလုံး ပြည်စွယ်တော် လှည့်ပွဲမှာ ဆုံကြရအောင်’

‘ဒီနှစ် တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့မှာ သုဝဏ္ဏဇောတိက အုတ်ကျောင်းနှင့် သာလာယံဇရပ် အလှူ ရေစက်ချမယ်’

‘ဆက်ဆက်လာ ဖြစ်အောင် လာခဲ့နော် သား. . .’

သွားထိုက်ပေသည်။ ခေတ္တရာမြစ်စွယ်တော် သည် ၁၂၆၁ ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၁) ရက်နေ့ ညနေ (၅) နာရီတွင် ပြည်မြို့ သို့ ရောက်ရှိလာသည့်အတွက် ရောက်ရှိလာသည့် ရက်နှင့် အချိန်ကို နှောင်းလူငယ်များ မှတ်သားနိုင်ရန် အထိမ်းအမှတ်ပြု လျက် နှစ် စဉ်နှစ် တိုင်း ထိုရက်ထိုအချိန်မှာ ခေတ္တရာမြတ်စွယ်တော် ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ထို့နောက် တန်ဆောင်မုန်းလဆန်း ၁၃ ရက်နေ့ ညနေ ၃ နာရီတွင် ရွှေဆံတော် စေတီ တော် ကြီး၏ ရင်ပြင်တော် ပေါ်၌ နှစ် စဉ် လင်္ကျာရစ်သုံးပတ်လှည်လည်ပူဇော်ပွဲကို စည်ကား သိုက်မြို က်စွာ ကျင်းပခဲ့ပြီး သုံးနှစ် တစ်ကြိမ်ပြည့်မြောက်သော နှစ် များ တွင် မြတ်စွယ်တော် တိုက် အတွင်းမှ မြတ်စွယ်တော် အား ကရ၀ိတ်ဖောင်တော် ကြီးပေါ်သို့ ပင့်ဆောင်ကာ တန်ဆောင်မုန်း လဆန်း ၁၃ ရက်နေ့ နံနက် ၆ နာရီမှစ၍ ခေတ္တရာမြတ်စွယ်တော် လှည့်လည်ပွဲ ကျင်းပခဲ့ခြင်း ဖြစ် သည်။

ရွှေဆံတော် စေတီတော် မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကြီးနှင့် (၉၃) ကြိမ်မြောက် ခေတ္တရာ မြတ်စွယ်တော် ပြည်မြို့ တွင်းသို့ ဒေသစာရီကြွချီလှည့်လည်အပူဇော်ခံပွဲကို ဤနှစ် (၁၃၅၃) ခုနှစ် တန်ဆောင်းမုန်းလဆန်း ၈ ရက်နေ့မှ လုပြည့်ကျော် ၂ ရက်နေ့အထိ ကျင်းပပေတော့မည် ။

ကျွန်တော် ငယ်စဉ်က မြတ်စွယ်တော် ပြည်မြို့ အတွင်းသို့ ဒေသစာရီကြွချီလှည့်လည် အပူဇော်ခံပွဲကျင်းပတိုင်း ပျော်ခဲ့ရသည်။ ယခု ၀န်ထမ်း ဖြစ်လာသည့်အခါ တာဝန်ကို ဦးထိပ်ထား နေရသည်။

‘သားကြိုးစားပြီး လာခဲ့ပါမယ်’ ဟူသော မပြတ်မသား ဖြေကြားလိုက်ရသည်ကိုဘဲ စိတ် မကောင်း ဖြစ်နေမိသည်။

ပြည်မြို့ သည် သာယာလှပ၍ ထူးခြားချက်များ ကလည်း အများ အပြားရှိသည်။ ကျွန်တော် နိုင်ငံ့ဝန်ထမ်းအ ဖြစ် စတင်တာဝန်ထမ်းဆောင်စဉ်က ရှင်မဟာရဋ္ဌသာရ ကျောက်တိုင်ကို စာဆို ကျော်အရှင်မဟာရဋ္ဌသာရ ဆရာတော် ၏ မူလအရိုးအိုးဂူနေရာအနီးတွင် တွေ့ ရဘူးသည်။ တာပတ်ကွင်းနှင့် ရွှေမောင်းတုန်းဘုန်းကြီးကျောင်းကြားတွင် ရှိသည်။

‘ရင်သွေးဟူက၊ ချစ်မ၀တည်၊ မိဘတံထွာ၊ သားတကာနှင့် ၊ တစ်ရာနှစ် ကဲ၊ လည်ချင်းနွှဲ လည်း၊ ရောင့် ရဲမထင်၊ စုံမက်ပြင်လျက်၊ ဖြု တ်ခြင်ကိုက်နာ၊ မြူ ရှိမာမျှ၊ ရံခါတစ်ရစ် မ ဖြစ်စေရက်၊ အသက်ရှည်ကြောင်း၊ ဆုတောင်းဆုယူ၊ အလှူ ကောင်းမှု ၊ ကိုယ်စားပြု လျက်၊ ၀တ်တုစံပ၊ ဆောင် ရွက်စသား၊ ကုံငပြည့်တင်း၊ ဖြန့်ဖြူးခြင်းဖြင့် ၊ မကင်းရေမိုး၊ ဥယျာဉ်ပျိုးသို့ မညှိုးမခေါင်၊ ကြီးပြင်း အောင်လျှင်၊ စောင်စောင်ပျပ်ပျပ်၊ ကွပ်ညှပ်ဆုံးမ၊ သင်ပြသသည်၊ ငယ်ကလက်ဦး ဆရာတည်း’ ဟူ၍ သရုပ်ဖော်ခဲ့သည်။

ထိုလင်္ကကာကို ကျွန်တော် ငယ်စဉ်ကပင် အမြတ်တနိုး အာဂုံဆောင်ထားသည်။ မိဘနှစ် ပါး ကို ချစ်မြတ်နိုးသည်။ ယခု ကျွန်တော့်တွင် မိဘနှစ် ပါးရှိသည့်အနက် အဖေမရှိတော့ပြီ။ အမေက ပြည်မြို့ မှ လွဲ၍ အခြားမည် သည့်နေရာကိုမျှ ခေတ္တခဏမျှပင် ခရီးမထွက်တော့ချေ။ ထို့ကြောင့် သားကို တွေ့ လိုမြင်လိုနေခြင်းပင် ဖြစ်သည်။

ကျွန်တော့် အနေဖြင့် လည်း အမေ အသက်ထင်ရှားရှိနေသည်ဟူသော အသိတစ်ခုတည်း ကပင် ကျွန်တော့် အတွက် အားတက်စရာ ဖြစ်နေသည်။ ဤတွင် ကျွန်တော့် အနေဖြင့် တာဝန်ပိုင်းကို ဆန်းစစ်ကြည့်မိသည်။

ထိုသို့ ဆန်းစစ်ကြည့်ရာတွင် ပထမဆုံး ကျွန်တော့် အဖေ၏ ဈာပနကို မြင်ယောင်လာသည်။ ကျွန်တော့်အဖေသည် အသက် (၆၈) နှစ် အထိ ဆွမ်းလောင်းအသင်းကိုလည်းကောင်း၊ အဘိဓမ္မာ သင်တန်းကိုလည်းကောင်း၊ ဘုန်းကြီးကျောင်းများ ကိစ္စအ၀၀ကိုလည်းကောင်း ကိုယ်ဖိရင်ဖိ ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ကျွန်တော့် အဖေ၏ ဈာပနတွင် ပြည်မြို့  ကျောင်းတိုက်အသီးသီးမှ ရဟန်းသံဃာတော် အပေါင်း လိုက်လံပို့ဆောင်မှု က ထူးခြားနေသည်။ သို့ ဖြစ်ရသည်မှာ ကျွန်တော့် အဖေက သာသနာရေး ကိစ္စတ်ွင တာဝန်ကျေခဲ့၍ ရဟန်းသံဃာတော် အရှင်သူမြတ်များ က ၀မ်းနည်းကြေကွဲစွာ ဖြင့် လိုက်လံပို့ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။

ကျွန်တော့် အမေသည်လည်း အဖေ့ကဲ့သို့ တန်းတူရည်တူ မဆောင်ရွက်နိုင်သည့်တိုင် အောင် သာသနာရေး ကိစ္စ မှန်သရွေ့ အလှူ ရေစက် လက်နှင့် မကွာ ဆောင်ရွက်နိုင်သည်။ အမေ့ တာဝန်ကို ကျွန်တော် မှ တစ်ဘက်တစ်လမ်း ဖေးမကူညီထမ်းဆောင်သင့်သည်။ ဤသို့ဆိုလျှင် အမေလည်း စိတ်ချမ်းသာမည် ။ အမေစိတ်ချမ်းသာလျှင် ကျွန်တော် လည်း စိတ်ချမ်းမြေ့မည် ။ စိတ်နှလုံးအေးရက ကျွန်တော့် အနေဖြင့် နိုင်ငံတော် တာဝန်ကို ယခုထက် ပိုမိုတာဝန်ထမ်းဆောင် နိုင်မည် ။ အဖေ အသဲအသန် ဖြစ်စဉ်က မပြု စုလိုက်ရသည့် ၀တ္တရားပျက်ကွက်ခဲ့သော သားတစ် ယောက် အနေဖြင့် အမေ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရလျှင် ကောင်းလေစွဟု နှလုံးသွင်းမိသည်။

တိုက်ဆိုင်မှု ဟု ဆိုရပေမည် ။ ကျွန်တော့်စိတ်သဏ္ဌာန်တွင် ရှင်းရှင်းလင်းလင်းဖြင့် ကြည်နူး နေခိုက် ကျွန်တော့် သားအငယ်ဆုံး ကလေး၏ ‘တို့မေမေ’ ကဗျာရွတ်သံကို ကြားလိုက်ရ၍ အသက် ၇၆ နှစ် အရွယ် ရှိနေပြီ ဖြစ်သော မွေးမေမေကို ရည်မှန်းကန်တော့လိုက်ပြီး အမေ့ဆန္ဒကို လိုက် လျော၍ ဆုံးဖြတ်ချက် ချလိုက်ရပါတော့သည်။

ကျွေးမွေးသုတ်သင်၊ သက်ဆုံးပင်၊

ချစ်ခင်ရှာပေ၊ တို့မေမေ။

ငယ်စဉ်ကာလ၊ စည်းကမ်းပြ၊

ဆုံးမခဲ့ပေ၊ တို့မေမေ။

အရွယ်ရောက်လာ၊ ကျောင်းအပ်ကာ၊

ပညာပေးပေ၊ တို့မေမေ။

ကျန်းမာဖို့ရေး ၊ သင့်ရာကျွေး၊

လေးစားအပ်ပေ၊ တို့မေမေ။

ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊

ချစ်ခင်အပ်ပေ၊ တို့မေမေ။ ။

အောင်နိုင်မြင့်

စစ်ပြန်မဂ္ဂဇင်း၊ ၁၉၉၃ ခု၊ ဧပြီလ။

♦ ♦ ♦

အခန်း (၂)

Cover

ကျွန်တော့် ဘ၀ကို အလှဆင်ပေးခဲ့သော အကြွေ

ယနေ့ ကျွန်တော့်သား စုဘူးဖောက်သည့်နေ့ ဖြစ်သည်။ လွန်ခဲ့သော နှစ် က သားမွေးနေ့တွင် အမှတ်တရ ၀ယ်ပေးခဲ့သော စုဘူးကလေး ဖြစ်သည်။ တစ်နှစ် ပြည့်မြောက်သည့်နေ့တွင် ထိုစုဘူး ကလေးတွင် အကြွေတွေ အပြည့် ဖြစ်နေသည်။

ဤတွင် သားက. . .

‘ဖေဖေ၊ သားရှေ့နှစ် မှာ ငါးတန်းတက်ရတော့မယ်၊ သားစုထားတဲ့အကြွေတွေ ကို ဘာလုပ်ရရင်ကောင်းမလဲ’

ထိုအမေးကြောင့် ကျွန်တော့်ဦးနှောက်ထဲတွင် . . .

‘အကြွေတွေ ကို ဘာလုပ်ရရင် ကောင်းမလဲ’

‘အကြွေတွေ ကို ဘာလုပ်ရရင် ကောင်းမလဲ’

‘အကြွေတွေ ကို ဘာလုပ်ရရင် ကောင်းမလဲ’ ဆိုသည့် မေးခွန်းသံပဲ့တင်ထပ်နေသည်။

ယင်းအမေးမျိုး ကျွန်တော့်ကိုယ်ကျွန်တော် မေးခဲ့ဖူးသည်။ နောက်ဆုံးနှစ် တက္ကသိုလ် ကျောင်းသားဘ၀က ဖြစ်၏ ။ ဘောဂဗေဒဘာသာသင်ယူခဲ့သော ကျွန်တော် သည် အကြွေ၏ အခန်းကဏ္ဍကို သေးသိမ်မှေးမှိန်အောင် မလုပ်မိခဲ့သည့်အတွက် အရေအတွက်မှ အရည်အချင်းသို့ သဘောဆောင်သည်၊ ထိုစဉ်က သတိမမူမိခဲ့ချေ။

ကျွန်တော် နားလည်ထားခဲ့သည်က. . .

အရင်းရှင်စနစ်အောက်၌ ရောင်းကုန်တစ်ခုနှင့် တစ်ခုအပြန်အလှန်လည်ပတ်မှု ၊ သို့မဟုတ် ဖလှယ်မှု သည် အသပြာဆက်ဆံမှု ပုံဖြင့် ပေါ်ထွန်းနေကြောင်း. . .

ရောင်းကုန်ချင်းဖလှယ်မှု ၌ အသပြာသည် ‘ကြား’ မှာ နေကြောင်း၊

ဖလှယ်မှု ထွန်းကားလာသည်နှင့် အမျှ ရောင်းကုန်င်း ဖလှယ်မှု သည် အသပြာချင်း ဖလှယ်မှု ဖြစ်လာကြောင်း၊

အသပြာသည် ရှေ့တန်းကို ရောက်လာကြောင်း၊

ရောင်းကုန်ချင်း ဆက်ဆံရေး သည် အသပြာဆက်ဆံရေး အသွင်ဆောင်လာကြောင်းသာ ဖြစ်သည်။

ဖလှယ်တန်ဖိုးနှင့် ပတ်သက်၍ ကျွန်တော် သဘောပေါက်ထားသည်မှာ . . .

ကုန်ပစ္စည်းတစ်ခုသည် အသုံးဝင်တန်ဖိုး ရှေးဦးစွာ ရှိကြောင်း၊

ဤကဲ့သို့ ရှိပြီးသည့်နောက် အခြားကုန်ပစ္စည်းများ ဖြင့် လဲလှယ်ကြောင်း၊

လဲလှယ်ရာ၌ အရေအတွက် ညီမျှခြင်းတစ်ခုကို တည်ဆောက်ပြီး လဲလှယ်ကြောင်း

ဤသို့ ဖလှယ်နိုင်သော ဂုဏ်ဒြပ်သည် ဖလှယ်နိုင်သော တန်ဖိုးပင် ဖြစ်ကြောင်း၊

ထို့ကြောင့် ဖလှယ်နိုင်သော တန်ဖိုးဆိုသ်မှာ ကုန်ပစ္စည်းတစ်ခုနှစ် တစ်ခုကြားရှိ အရေ အတွက်ချင်း ညီမျှမှု ကို ဆိုကြောင်းပင် ဖြစ်သည်။

အမှန်စင်စစ် ကျွန်တော် သည် ကျွန်တော် သိနေသော အခြေခံဘောဂဗေဒ သဘောတရား နှင့် လက်တွေ့ ပေါင်းစပ်နိုင်ခြင်းမရှိ။ တစ်နည်းဆိုရသော် သိမှု အပေါင်း သိမ်းဆည်းသိုမှီးထားသော ဘ၀ဘဏ်တိုက်ကို သဘောတရားဟူသော သော့ ဖြင့် မဖွင့်နိုင်ခဲ့ချေ။ ဤသို့ ဖြင့် ထိုစဉ်က အလှမ်း ကျယ်အလယ်လတ်နေသည်။

ကျွန်တော့်မိဘတွေ က ‘အောင်မြန်မာ’ ပဲခွဲစက်တည်ထောင်ထားသဖြင့် ငွေရေး ကြေးရေး မပူမပင်နေခဲ့ရသည်။ ၁၉၆၃ ခုနှစ် ၊ ရန်ကုန်တက္ကသိုလ်နောက်ဆုံးနှစ် အရောက်တွင် ကျွန်တော် နေ သော ပဲခူးဆောင်သို့ ကျွန်တော့်အဖေ ရောက်လာသည်။ ခရီးရောက်မဆိုက်ပင် ကျွန်တော့်အဖေ က ကျွန်တော့် အား ဆုံးမသည်။

‘သား. . . မင်းကို ဖေဖေယုံပါတယ်၊ ဒါပေမယ့် နောက်ဆုံးနှစ် ရောက်နေတဲ့ သားကို သတိ လက်လွတ်မ ဖြစ်ရအောင် ဖေဖေ လက်ဆောင်မွန်ပေးမယ်၊ အဲဒါက သားအတွက် အဆောင်ခနဲ့ စားစရိတ်အလွတ် ဖေဖေ လစဉ်ပို့ပေးနေတဲ့ ငွေတစ်ရာ့ငါးဆယ်ကို လစဉ်အသုံးစာရင်းလုပ်ပေးဖို့ပဲ’

သို့သော် ကျွန်တော် က စောဒကတက်သည်။

‘စာရင်းတော့ မလုပ်ပေးပါရစေနဲ့ ဖေဖေ၊ စာရင်းလုပ်ပေးဖို့ရာ အချိန်လဲ ရမယ်မထင်ပါဘူး’

ကျွန်တော့် စကားအဆုံး ဖေဖေ့မျက်လုံးအစုံ၌ ဒေါသရောင် လျှမ်းတက်လာသည်ကို မြင်တွေ့ လိုက်ရ၍ ကျွန်တော် က ခေါင်းငုံ့ထားလိုက်မိသည်။ ဤတွင် ကျွန်တော့် အဖေက သူ့စိတ်ကို သူထိန်းလိုက်ပြီး. . .

‘မင်းအခန်းကို ဖေဖေ နောက်ဆုံးလာခြင်းပဲလို့ မင်းမှတ်လိုက်ပါ၊ ဒီနှစ် မင်းတက္ကသိုလ်က ဘွဲ့ရရင် ဖေဖေမျှော်မှန်းထားတဲ့ စီးပွားရေး လုပ်ငန်းလဲ မလုပ်နဲ့တော့ စာရင်းမနိုင်ရင် ဘယ်လိုမှ စီးပွားရေး လုပ်ငန်း ဖြစ်ထွန်းမှာ မဟုတ်ဘူး၊ မင်းလခစားဘ၀ရောက်တော့ကော စာရင်းမကိုင်ရ တော့ဘူးလား၊ စာရင်းကို အလေးထားမှ အခြေအနေမှန်ကို သိမြင်နိုင်တယ်၊ ကိုယ့်ဘ၀ တိုးတက် အောင် ကြံဆောင်နိုင်မယ်ဆိုတာ မင်းနားလည်ထားပါ၊ ကဲ. . . ငါသွားလိုက်အုံးမယ်’

ဟု တည်ငြိမ်လေးနက်သော အသံဖြင့် ဆုံးမသည်ကို နောက်ဆုံးကြားလိုက်ရသည်။

အခန်းထဲမှာ ကျွန်တော် တစ်ယောက် တည်း ကျန်ရစ်ခဲ့သည်။ ကျွန်တော့် အတွေးက ပြည်မြို့  သို့ရောက်သွားသည်။ ကျွန်တော့်အဖေက စနစ်ရှိသည်။ ဖေဖေ့လုပ်ငန်းခွင်၌ စားပွဲ၊ ကုလားထိုင်၏ ညာဘက်တွင် သံဆူးချိတ်ကောက်ကြီး ၃ ချိတ်နှင့် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားတွက်ချက် ရာတွင် အထောက်အကူပြု တရုတ်ပေသီး ကိရိယာတစ်ခုရှိသည်။ ကျွန်တော့်အဖေ၏ လက်ခုပ် တစ်ဖောင်အကွာတွင် ထိုအရာဝတ္ထု များ ချိတ်ဆွဲထားခြင်း ဖြစ်သည်။

ကျွန်တော့်အဖေ၏ အရပ်မှာ ခြောက်ပေခွဲခန့်ရှိသည်။ ထောင်ထောင်မောင်းမောင်း ခန့်ခန့် ညားညားရှိတာမို့ ကျွန်တော့် သူငယ်ချင်းများ ကို. . .

‘ပျူ လူမျိုးဆိုလို့ ငါတို့ပဲ ကျန်တော့်တယ်’

ဟု ကြွားဖူးသည်။

ကျွန်တော့်အဖေသည် သာရေး ၊ နာရေး ဖိတ်သာများ လာလျှင် ပြက္ခဒိန်တွင် ရေး မှတ်ပြီး ဘယ်ဘယ်အစွန်ဆုံး ဆူးချိတ်ကောက်တွင် ဖောက်၍ ဆွဲလိုက်သည်။ ပေးရန်ရှိသော ပြေစာ များ နှင့် အထောက်အထားဟူသမျှကို အလယ်ဆူးချိတ်ကောက်တွင် တွဲ သည်။ ရရန်ရှိသော ပြေစာများ နှင့် အထောက်အထားမှန်သရွေ့ကို ၎င်း၏ ညာဘက်အစွန်ဆုံးတွင် တွဲ သည်။

ထိုဆူးချိတ်ကောက်ကြီး ၃ ချိတ်ကို မည် သူ့ကိုမျှ ကိုင်ခွင့်မပြု ချေ။ တစ်ပတ်တစ်ခါ သံဆူးချိတ်ကောက်ကြီး ၃ ချိတ်မှ ပြေစာများ ၊ စာရွက်များ ကို ရှင်းလင်းသည်။ စာရွက်အချို့မှာ စားပွဲအတွင်း သော့ ခတ်သိမ်းဆည်းထားသည့် ဖိုင်များ အတွင်း ရောက်သွားသည်။ ထိုဖိုင်များ မှ တစ်ဆင့် ပြင်ပစာရင်းစစ်ကိုခေါ်၍ တစ်လတစ်ခါ စာရင်းပြု စုသည်ကို မြင်တွေ့ ရသည်။ ဤသို့ဖြင့် ယင်းသံဆူးချိတ်ကောက်များ သည် သူ့သဘောသူဆောင်၍ အလုပ်လုပ်ပေးနေရပေသည်။

ကျွန်တော့် အဘိုး (အမေ၏ အဖေ) ကလည်း စည်းစနစ်အလွန်ကြီးသည်။ သောက်ပြီးသည့် ဆေးပြင်းလိပ်တိုကလေးများ ကို ဂိုးလ်ဒင်းပတ်ဖ်လေးထောင့်သံပုံးအလွတ်တွင် အစီအရီထည့်ထား သည်။ ဆေးပြင်းလိပ်အထုပ်ကုန်သည့်အခါ ဆေးပြင်းလိပ်အတိုကို ချေ၍ ဆေးတံဖြင့် သောက် သည်။

နေ့စဉ် ထမင်း၊ ဟင်း မပိုစေရန် အမြဲ ကြပ်ကြပ်မတ်မတ်လုပ်ပေးသည်။ အကယ်၍ မလွှဲ မရှောင်သာဘဲ ထမင်းပိုခဲ့သော် အချို့ကို ကျီးစာ၊ ငှက်စာ၊ ခွေးစာကျွေးပြီး အချို့ကို ထမင်းဆုပ် လုပ် နေလှန်းသည်။ နေလှန်းပြီး ထမင်းခြောက်များ ကို မြေအိုးထဲထည့်၍ စနစ်တကျသိမ်းဆည်း ထားသည်။ တစ်ခါတစ်ရံ ထမင်းခြောက်များ ကို ထမင်းပန်းကန်အတွင်းထည့်၍ သောက်ရေ လောင်းပြီး ထန်းလျက်ဖြင့် စားသုံးသည်ကို တွေ့ ရဖူးသည်။

ကျွန်တော် တို့မြေးတွေ က အဘိုးကိုကြည့်ပြီး ရယ်မိခဲ့ကြဖူးသည်။ ထိုစဉ်က အဘိုးပြော သော စကားကို အမှတ်ရလာလေသည်။

‘မြေးတို့က ခေတ်ပျက်ကိုမှ မကြုံ ဖူးဘဲကိုး’

ကျွန်တော် သည် အဖေနှင့် အဘိုးတို့၏ စနစ်ကောင်းများ ကို ပြန်လည်မြင်ယောင်မှတ်သား လာမိသည်နှင့် ကျွန်တော့် အဖေနောက်သို့ အပြောင်းလိုက်သွားသည်။ ကျွန်တော် အဓိပတိလမ်းမ ကြီးအရောက် ကျွန်တော့် အဖေ စီးနင်းလိုက်ပါသွားသော ကားသည် အဓိပတိလမ်းမကြီးနှင့် တက္ကသိုလ်ရိပ်သာလမ်းဆုံသို့ ရောက်နှင့် နေပြီ ဖြစ်ချေသည်။

ကျွန်တော် ပဲခူးကျောင်းဆောင်သို့ လှည့်ပြန်ခဲ့သည်။ အပေါ်ဆုံးထပ်သို့ အရောက် ကျောင်း ဆောင်ရှေ့မျက်နှာရှိ မည် သူ့ကိုမျှ နေရာချထားပေးခြင်းမပြု သော ယခင် ဗိုလ်ချု ပ်အောင်ဆန်းနေခဲ့ သည့် အခန်းနံပါတ် ၁၁၃ ရှေ့တွင် အတန်ကြာရပ်နေမိသည်။ အဖြေတစ်ခုတော့ ရခဲ့ပါသည်။ ကျွန်တော် သည် ဗိုလ်ချု ပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘ၀ကလောက် တာဝန်မကြီး၊ အချိန်မရနိုင်လောက်အောင်လည်း တာဝန်မများ ပါဘဲလျက် စာရင်းမှတ်ခြင်းကို ဇာချဲ့၍ ကျွန်တော့်  အဖေအား ဆင်ခြေဆင်လက်ဖြင့် စောဒကတက်ခဲ့သည့်အမှားကို ကျူးလွန်ခဲ့မိခြင်း ဖြစ်သည်။ သို့ ဖြစ်ရာ ထိုအမှားကို စာရေး ၀န်ချတောင်းပန်ရန် ဘယ်ဘက်သို့ကွေ့၍ မိမိအခန်းအမှတ်-၁၀၀ သို့ ပြန်ခဲ့သည်။

မိမိအခန်းသို့ ရောက်သည်နှင့် ကျွန်တော့်အဖေ ကျေနပ်အောင်တောင်းပန်စာရေး အပြီးတွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်လိုက်သည်။ တစ်နေ့တာအတွက် အိတ်ထဲသို့ ငါးကျပ်သာ ထည့်၍ မသုံး ဖြစ်သော အကြွေမှန်သရွေ့ အိပ်ရာအောက်သို့ စုဘူးသဖွယ် ထည့်ထားပြီး စာမေးပွဲကြီး အပြီးတွင် ထိုအကြွေများ ဖြင့် အပျော်ကြီးပျော်လိုက်မည် ဟု နှလုံးသွင်းလိုက်မိခြင်း ဖြစ်သည်။

စာရင်းမှတ်ရန် လက်တွန့်နေချိန်တွင် ကျွန်တော့်အနေဖြင့် ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာမည့်  အလါယ်နည်းကို ကိုယ်နှင့် တန်ရုံကျင့်သုံးလိုက်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် ကျင့်သုံးလာရာ စာမေးပွဲကြီးပြီးစီးသည့်နေ့တွင် ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းနှစ် ယောက် ရှေ့ တွင် စုထားသော အကြွေများ ကို ရေတွက်ကြည့်မိသည်။ ငွေကျပ် ၃၀၀ ခန့်ရသည်။ ထိုစဉ်က. . .

‘အကြွေတွေ ကို ဘာလုပ်ရရင် ကောင်းမလဲ’

ဟု မိမိကိုယ် မိမိ မေးခဲ့ဖူးခြင်း ဖြစ်သည်။

နောက်ဆုံးတွင် အကြွေများ ကို ဦးချစ်လက်ဘက်ရည်ဆိုင်၌ လဲလှယ်ပြီး ကျွန်တော် တို့ သုံးဦးစလုံး နဂါးတံဆိပ် ဘတ်စ်ကားဖြင့် ရန်ကုန်မြို့ တွင်းသို့ ထွက်ခွာလာခဲ့ကြသည်။ မြို့ တွင်းသို့ ရောက်သည့်အခါ ကျွန်တော် အလိုချင်ဆုံးသော Ray-Ban မျက်မှန်တစ်လက်ဝယ်၍ တပ်လိုက် သည်။ တစ်လက်မှ ၆၅ ကျပ်ပဲကျသည်။ ကျန်ငွေဖြင့် ကျွန်တော့်သူငယ်ချင်းနှစ် ယောက် ကို နန်းသီတာတွင် ဘီယာဖြင့် အကျအနဧည့်ခံကျွေးမွေးခဲ့သည်။ ထိုအချိန်က မန္တလေးဘီယာပုလင်း ကြီး (ဘီယာပြင်း) တစ်ပုလင်းမှ ၂ ကျပ် ၇၅ ပြားသာပေးချေရသည်။ ဘီယာပျော့ဆိုက ပုလင်းကြီး တစ်ပုလင်းကို ၂ ကျပ် ၅၀ ပြားဖြင့် သောက်သုံး၍ ရသည်။

အားလုံး အ၀အပြဲစားသောက်ကြပြီး ငွေချေလိုက်ရာ ငွေ ၄၀ ကျပ် ကုန်သွားသည်။ လက်ထဲတွင် ငွေ ၂၀၀ ကျပ်နီးပါး ကျန်နေသေးသည်။ ကျွန်တော် တို့ရှေ့တွင် သုံးဘီးကားတစ်စီး ဆိုက်ရောက်လာသည်။ ကားဆရာက ကျွန်တော် တို့ အသွင်အပြင်ကိုကြည့်ပြီး တက္ကသိုလ်ကျောင်း သားများ ဖြစ်သည်ကို သိနေဟန်တူသည်။

မှန်ပေသည်။ ထိုခေတ်က တက္ကသိုလ်ကျောင်းသားဆိုလျှင် စာအုပ်သုံးလေးအုပ်ကို လက်ဖြင့် သာကိုင်သည်။ လွယ်အိတ်မသုံးချေ၊ တွဲ လုံချည်နှင့် တက်ထရွန်အင်္ကျီအဖြူ ဆို တက္ကသိုလ်ကျောင်းသားများ ၏ သင်္ကေတပင် ဖြစ်သည်။ ထို့ကြောင့် လည်း ကားဆရာက စ၍ ဖိတ်ခေါ်လိုက်သည်။

‘ကျွန်တော် ဈေးဦးမပေါက်သေးလို့ နောင်ကြီးတို့ လှည်းတန်းပြန်မယ်ဆိုရင် လိုက်ပို့ပါရ စေ’

ဤတွင် ကျွန်တော် ကစပြီး တုံ့ပြန်ပြောကြားလိုက်သည်။

‘နောင်ကြီးက အကင်းပါးတယ်နော်၊ ဈေးဦးမပေါက်သေးဘူးဆိုတော့ ဘယ်အချိန်အထိ ငွေရှာမှာ လဲ’

ကားဆရာက. . .

‘ညသန်းခေါင်ယံအချိန်အထိ ပြေးဆွဲမှာ ပါ၊ လောလောဆယ် ငွေများများ ကို မြန်မြန်နဲ့ ရချင်နေတယ်ဗျာ. . .’

‘နောင်ကြီးဆိုလိုတာ ငွေရရေး သည် ပထမ၊ ငွေရရေး သည် ဒုတိယ၊ ငွေရရေး သည် တတိယလို့ ဆိုလိုတာလား’

ဟု ကျွန်တော် က မေးလိုက်သည်။

ကားဆရာက. . .

‘ငွေရဖို့က ပဓာနပါဗျာ၊ ငွေရရင်ပြီးရော၊ နောင်ကြီးတို့ သွားလိုရာကို ပြော ကျွန်တော် လိုက်ပို့ပေးမယ်. . .’

ထိုအခါ ကျွန်တော် တို့ သူငယ်ချင်းသုံးဦးစလုံး တိုင်ပင်ပြီး သုံးဘီးကားနောက်ခန်းသို့ တက်လိုက်ကြသည်။

ကျွန်တော် တို့ ကားပေါ်ရောက်သည်နှင့် ကားဆရာက သုံးဘီးကားမီတာကို ချိုးလိုက်သည်။ ပြား ၅၀ ကျသည်ကို မီတာ၌ ဖော်ညွှန်းပြဆိုနေသည်။ နောက်တစ်မီတာပြည့်တိုင်း ၁၀ ပြားစီ တက်လာသည်။ တက္ကသိုလ်ဓမ္မာရုံရှေ့ အကြော်တန်းရောက်သည့်အချိန်တွင် ငွေ ၅ ကျပ်ကျော် သာကုန်သည်။ ကျွန်တော် တို့က ကားပေါ်မှ မဆင်းကြသေးဘဲ ပြည်လမ်းအ၀ိုင်းကြီးကို ပတ်မောင်းစေသည်။ ၁၀ ပတ်ခန့်မောင်းပြီးသည်နှင့် နဂါးကားဂိတ်အနီးရှိ အ၀ိုင်းလေးကို ၁၀ ပတ် ခန့် မောင်းစေပြန်သည်။ ကားဆရာ မူးနောက်နောက်ရှိလာလျှင် တက္ကသိုလ်ပရ၀ုဏ်ကို ပတ်၍ မောင်းခိုင်းသည်။ ည ၁၀ နာရီထိုးပြီ၊ မီတာတွင် လည်း ငွေကျပ် ၆၀ ပြနေသည်။

ကျွန်တော် တို့က ငြိမ့်ငြိမ့်ညောင်းညောင်းရှိနေဆဲ ကားဆရာမှာ ငေါင်းစင်းစင်ဖြင့် စိတ်ညစ် နေဟန်ရှိသည်ကို ကျွန်တော် သတိထားမိသည်။

ထို့ကြောင့် ကျွန်တော် က. . .

‘ကဲ ငွေရရင် ပြီးရောဆိုတဲ့ နောင်ကြီးက ကတိတည်ပါတယ်နော်၊ ငွေသာလျှင် ပဓာနလို့ ယူဆနေသေးရင် ၁၂ နာရီထိုးတဲ့အထိ မောင်းပေတော့ ကျသင့်ငွေကို ကျွန်တော် ချေမယ်. . .’

ဤတွင် ကားဆရာက စိတ်ရှုပ်နေဟန်မပြဘဲ ရယ်ရယ်မောမောဖြင့် . . .

‘ဆရာတို့ရာ ကျွန်တော့် ကို ခွင့်လွှတ်ပါဗျာ၊ ဒီအ၀ိုင်းကြီး၊ အ၀ိုင်းလေး ပတ်မောင်းရမယ်မှန်း မသိလို့ပါဗျာ၊ နေရာအလှည့်အပြောင်းလေးများ ပေးနိုင်ရင်တော့ ကျွန်တော် မောင်းစမ်းပါရစေ’

ဟု တောင်းဆိုသည်။

ဤတွင် ကျွန်တော့် သူငယ်ချင်းနှစ် ဦးက. . .

‘ဒါဆို အင်းလျားလမ်း၊ အင်းလျားဆောင်၊ ရတနာဆောင်ဘက် မောင်းဗျာ’

ဟု ပြောလိုက်သည်။

‘ဆရာတို့ရယ် ဒီအ၀န်းအ၀ိုင်းကနေ ပြင်ပကို မောင်းထွက်ပါရစေတော့၊ ကျွန်တော် အရှုံးပေးပါပြီဗျာ၊ ကျွန်တော် အစ အလှည့်အပြောင်းဆိုတာကို နားမလည်ခဲ့မိဘူး၊ အမြဲတမ်း တနင်္ဂနွေနေ့ ဖြစ်ရင် ကောင်းမှာ ပဲလို့ တမ်းတမိခဲ့တယ်၊ ငွေသည် ပဓာနအကျဆုံး ဖြစ်တယ်လို့ မှတ်ယူခဲ့မိပါတယ်၊ အခု ကျွန်တော် အမြင်မှန်ရလာပါပြီ၊ ကျွန်တော့် ကို ပြန်ခွင့်ပြု ပါ’

ဟူသော ကားဆရာ၏ တိုးလျှိုးတောင်းပန်သံများ ကို ယနေ့ထက်တိုင်အောင် ကျွန်တော် ကြားယောင်နေမိပါသေးသည်။

ဤသို့ဖြင့် ကျွန်တော် သည် ဖလှယ်တန်ဖိုးကို ကောင်းကောင်းကြီးသိခဲ့ရခြင်း ဖြစ်သည်။ ကျွန်တော် သိသော ဖလှယ်တန်ဖိုးသည် ဘောဂဗေဒအမြင် ဖလှယ်တန်ဖိုး မဟုတ်ချေ။ ငွေခြောက် ဆယ်ကျပ်ရင်းပြီး သုံးဘီးကားဆရာထံမှ ခံယူချက်အသိတရားအမှန်ကို ဖလှယ်ရယူနိုင်ခဲ့ခြင်းပင် ဖြစ်ပေသည်။

အခြားအသိတစ်ခုမှာ ကြားခံပစ္စည်းအ ဖြစ် အသုံးချခံနေရရှာသည်။ အရေအတွက်မှ အရည်အချင်းသို့ ဖြစ်ထွန်းနိုင်ရန် (ခု) ဂဏန်းမှ (ဆယ်) ဂဏန်းသို့ လည်းကောင်း၊ (ဆယ်) ဂဏန်းမှ (ရာ) ဂဏန်းသို့ လည်းကောင်း ကိန်းပြည့်တစ်ခု ဖြစ်ဖို့ရာ (တစ်နည်းအားဖြင့် ) မတည်ရင်းနှီးငွေ ဖြစ်ဖို့ရာ ထိုအကြွေကလေးများ က အဖြည့်ခံဘ၀ဖြင့် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပမာ ကပြပါဝင်အသုံးတော် ခံနေရပေသည်။

ယနေ့ သားဖောက်တော့မည့်  စုဘူးထဲမှ အကြွေကလေးများ သည် အရေအတွက်မှ အရည် အချည်းတစ်ရပ်သို့ ကူးပြောင်းပေတော့မည် ။ ကျွန်တော် အတွေးနယ်ချဲ့နေဆဲ သားက စုဘူးဖောက်လိုက်ပြီး အကြွေများ ကို ရေတွက်နေသည်။

ဤတွင် ကျွန်တော့်ဒါနအကြွေစုဘူးကို သတိရလာ၍ စာအုပ်စင်ပေါ်ရှိ စုဘူးကို ကျွန်တော် လှမ်းယူလိုက်သည်။ ကျွန်တော့် ချစ်သော ၊ ကျွန်တော် ချစ်ရပါသော အကြွေလေးများ သည် အလှူ အတန်းအတွက် ဒါနပါရမီဖြည့်ဘက်အ ဖြစ် စုဘူးထဲတွင် ရှိနေသည်။ စုဘူးကို ကျွန်တော့် လက်နှစ် ဘက်ဖြင့် ကိုင်၍ လှုပ်ကြည့်လိုက်ရာ အကြွေများ ပဲ့တင်ထပ်သွားသည်။

အကြွေများ က သာဓုအနုမောဒနာ ခေါ်နေကြသယောင်၊ ကျွန်တော် မြင်ယောင် ကြားယောင်နေမိသည်။ သို့ကြောင့် လည်း ကျွန်တော့်သား မေးထားသည့် မေးခွန်းကို အဖြေပေး နိုင်ရန် စကားစလိုက်ရသည်။

‘မင်းစုထားတဲ့ အကြွေလေးတွေ ပေါင်းလိုက်တော့ ဘယ်လောက်ရသလဲ သား. . .’

‘သုံးဆယ့်တစ်ကျပ်ရှိတယ် ဖေဖေ’

‘ဒါဆို အစွန်းထွက်တစ်ကျပ်ကို ဖေဖေ့ရဲ့ ဒါနအကြွေဘူးထဲ ထည့်လိုက်ပါ’

‘ဟုတ်ကဲ့ပါ’

ဟု သားကပြောရင်း ထိုအကြွေတစ်ကျပ်ကို ထည့်လိုက်သည်။

ကျွန်တော် က ဆက်လက်၍ . . .

‘သားထံမှာ ရှိနေတဲ့ ငွေသုံးဆယ်ကို ဘာလုပ်မယ် စိတ်ကူးထားသလဲ’

ဟု မေးလိုက်ရာ. . .

‘ကျွန်တော့သူငယ်ချင်းတွေ ထဲက အဆင်းရဲဆုံးနဲ့ စာအတော် ဆုံး ဖြစ်တဲ့ ဖိုးထူးရဲ့ ကျောင်းစားရိတ်ကို ထောက်ပံ့မယ်. . .’

ဟု ပြောလိုက်ရာ ကျွန်တော် မမျှော်လင့်ထားသော အဖြေကို ရလိုက်သဖြင့် ကျွန်တော့်မှာ သာဓုသုံးကြိမ် ခေါ်လိုက်ရသည်။

အကယ်စင်စစ် ကျွန်တော့်ဘ၀ကို အလှဆင်ပေးခဲ့သည့် အကြွေကလေးများ နည်းတူ အခြားအခြားသော အကြွေကလေးများ သည်လည်း လောကကိုပါ အလှဆင်ပေးနေကြမည် သာ ဖြစ်ပေတော့သည်။

အောင်နိုင်မြင့်

မြ၀တီမဂ္ဂဇင်း၊ ၁၉၉၃ ခုနှစ် ၊ ဧပြီလ

အခန်း (၃)

Cover

ဥယျာဉ်မှူး၏ ဆန္ဒမွန်

‘ဒေါက်. . . ဒေါက်. . . ဒေါက်’

ကျွန်တော် မှ ဇနီး၏ အိပ်ခန်းအား ခေါက်လိုက်သည်။

နှုတ်မှလည်း. . .

‘အမေကြီး သားနဲ့သမီးတို့ လာကန်တော့ကြတယ်၊ မြေးလေးပါ ပါလာတယ်၊ တံခါးဖွင့်ပါအုံး’

ဟု အော်ပြောလိုက်သည်။ ငြိမ်သက်တိတ်ဆိတ်နေပါသည်။

ဤတွင် ကျွန်တော် က စိတ်တိုတိုဖြင့် တံခါးကို ထုလိုက်သည်။

‘၀ုန်း. . .’

တုံ့ပြန်ချက် အလျဉ်းမရှိ။

ယနေ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ရာ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းစေချင်သည်။ သို့ ဖြစ်ရာ တံခါးကို ဆက်မခေါက်တော့ဘဲ တံခါးဝမှာ ရပ်နေလိုက်မိသည်။

အတိတ်က ပုံရိပ်တွေ ထင်လာသည်။

‘အတိတ်ဆိုသည်မှာ ပုပ်ရိဆွေးမြည့် နေသည့် အလောင်းကောင်ကို ဖော်ထုတ်ကြည့်ရှုခြင်း ဖြစ်သည်’ ဟု မှတ်သားဖူးသည်။ ကျွန်တော် ကတော့ အတိတ်ကို ပွဲကြည့်ပရိသတ်အ ဖြစ်သာ ကြည့်လိုမြင်လိုသည်။

အရေး အခင်းကာလနှင့် အတူ ပေါက်ဖွားလာသည့် ကျွန်တော် တို့ မိသားစု အတွင်းရေး ပြဿနာ၏ တရွေ့ရွေ့ ဖြစ်စဉ်ကို မြင်ယောင်လာသည်။ တိုင်းပြည်မှာ အစစအရာရာပြောင်းလဲခဲ့ သည်။ ကျွန်တော် တို့ မိသားစုအခြေအနေအရပ်ရပ်သည်လည်း အလှည့်အပြောင်း ဖြစ်ခဲ့ရသည်။

အရေး အခင်းကာလအတွင်း အရွယ်ရောက်နေပြီ ဖြစ်သည့် သားနှစ် ယောက် ကို ထိန်းထိန်း သိမ်းသိမ်း ကိုင်တွယ်ခဲ့ရသည်။ ‘ရေစီးကြမ်းလျှင် ပဲ့ကိုင်ကြမ်းရမည် ။ ရေအလျဉ်မှာ ငြိမ်းငြိမ့်ညောင်း ညောင်းဆိုပါက သာတောင့်သာယာပဲ့ကိုင်ရမည် ’ ဟု ယခင်က ကျွန်တော် နားလည်သဘောပေါက် ထားသည်။

အရေး အခင်းကာလတစ်လျှောက်လုံး အရာရာမှာ အစိုးမရသည့်အခြေသို့ ဆိုက်ရောက်နေ သည်။ သို့ ဖြစ်ရာ ကျွန်တော် ၏ မူလခံယူချက်မှ သွေဖည်ပြီး ချင့်ချင့်ချိန်ချိန်ဖြင့် ပဲ့ကိုင်ခဲ့ရသည်။

လမ်းမှားမရောက်ရေး အတွက် ထိန်းကျောင်းရသည့် တာဝန်က မသေးလှပေ။ အရေး အခင်းပြီးဆုံးသည့်တိုင်အောင် တက္ကသိုလ်ကျောင်းများ ကို အခြေအနေအရ အချိန်အတန် ကြာပိတ်ထားသည့်ကာလတွင် လည်း ဆက်လက်ထိန်းကျောင်းခဲ့ရသည်။

မည် သို့ပင် ဖြစ်စေ သားနှစ် ယောက် လေလွင့်မသွားစေရန် အများ တကာ ရေပန်းစားနေ သည့် သင်္ဘောသား ဖြစ်ရေး ကို ကျွန်တော် တစ်ယောက် တည်း တအားခဲကြိုးစားခဲ့သည်။ သားကြီးက သင်္ဘောသား ဖြစ်ချင်သည့် ဆန္ဒပြင်းပြသည်။ အမေက သားငယ်ကို အသက် ၁၆ နှစ် သာရှိသေး၍ သင်္ဘောသားမလုပ်စေချင်၊ ပညာကိုဘဲ သင်ယူစေလိုသည်။

သင်္ဘောသားအလုပ်အတွက် အစစအရာရာ အဆင်ပြေနေခိုက် သားကြီးက ရုတ်တရက် မိန်းမခိုးသွားသည်။ မတတ်သာသည့်အဆုံး မိဘတို့ဝတ္တရားရှိသည့်အတိုင်း ထိမ်းမြားပေးခဲ့သည်။ လက်ထပ်ပြီးမကြာမီမှာ ပင် သားကြီး ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။

အိမ်၌ သားငယ် တစ်ယောက် တည်း ကျန်သည်။ အမေက သားငယ်အပေါ် ချစ်မ၀နိုင် အောင်ရှိသည်။ ကလေးငယ် တစ်ယောက် သဖွယ် သဘောထားသည်။ ဤတွင် ကျွန်တော့် မှာ မနေသာ၍ သားငယ်ကို ပညာပေးရသည်။

‘သားငယ် ဒီမှာ ကြည့်စမ်း၊ သားနှစ် ယောက် အတွက် ပညာပေးလမ်းညွှန်စာအုပ်ကို မင်းတွေ့ တယ်မဟုတ်လား၊ အဲဒါ ဖေဖေ သားတို့အတွက် ငယ်စဉ်တောင်ကျေး ကလေးဘ၀ကနေ မင်းတို့အရွယ်ရောက်ချိန်အထိ သတင်းစာက ဖြတ်၊ ညှပ်၊ ကပ်ခဲ့ရတဲ့ ပညာပေးလမ်းညွှန်တွေ ပေါ့၊ ဖေဖေ့ရဲ့ ကိုယ်ပိုင်အတွေးအမြင်နဲ့ ပြု စုထားရခြင်း ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့လိုတယ်၊ ဒီစာအုပ်ရဲ့ ပထမမျက်နှာမှာ သားတို့နဲ့ မိတ်ဆက်ပေးခဲ့တာက ခေါင်းနှစ် လုံး မြွေပုံ ဟုတ်တယ် မဟုတ်လား. . .’

‘အဲဒီ နေက် အသက်အပိုင်းခြားအလိုက် သင့်တော် မယ့် ဆောင်းပါးတွေ ကို ဖြတ်၊ ညှပ်၊ ကပ် ပေးခဲ့တယ်လေ၊ တန်ဖိုးရှိတဲ့ ဆောင်းပါးတွေ ပါကွာ၊ ကြည့်စမ်းပါအုံး’

‘မြတ်ဗုဒ္ဓ၏ ဘ၀ ဖြစ်တော် စဉ်နှင့် သမိုင်းဌာနများ ’

‘ဗိုလ်ချု ပ်အောင်ဆန်း၏ ဂုဏ်ရည်’

‘နောက်မှရသော နောင်တ’

‘ကျွန်တော့်ကို ကယ်ပါ’

‘ဆရာကြီးပင့်ခြင်း’

‘ဘိန်းဖြူ ၊ ပြဿနာ၊ အမြစ်ပြတ်ရေး ’

‘ဘိန်းဖြူ မှု နှင့် ပြစ်ဒဏ်ပေးမှု ’

‘မူးယစ်ဆေးဝါးကုသမှု ကုသရေး လုပ်ငန်း’

‘ဘာလို့များ စွဲကြပါလိမ့်’

‘တံခါးခေါက်နေတဲ့ ဘိန်းဖြူ ’

‘လူငယ်နှင့် စီးကရက်’

‘လူသားကို ရန်မူနေသော ဘိန်းဖြူ ’

‘မူးယစ်ဆေးဝါးလူငယ်များ နှင့် မိန်းလိုင်နင်အန္တရာယ်’

‘ဓာတ်ပြာနှင့် ဘိန်းဖြူ ’

‘ဖွံ့ဖြိုးဆဲနိုင်ငံများ မှ လူငယ်ပြဿနာ’

‘လူငယ်’

‘ယနေ့လူငယ်ထုနှင့် အဖျက်သမား’

‘ကလေးလူငယ်တို့၏ စိတ်’

‘စိုးရိမ်မိပါသည်’

‘ယနေ့လူငယ်နှင့် အခြေခံစစ်ပညာ’

‘လူငယ်ပြု ပြင်ရေး ပါဝင်ဆွေးနွေး’

‘ရင်နှစ် သည်းချာ’

‘ကလေးမှော င်ခိုနေကြသည်’

‘ကလေးများ လိမ္မာကြပါစေ’

‘ခရီးသွားလူတိုင်း စည်းကမ်းရှိမှ’

‘စည်းကမ်းနှင့် ကိုယ်ကျင့်တရား’

‘စည်းကမ်းရှိကြပါ’

‘ငြိမ်းချမ်းစွာ ပညာသင်ကြားရေး ’

‘ပြည့်ဝသော လူ တစ်ယောက် ဖြစ်လာရေး ’

‘ဤကွာဟမှု ကြီး’

‘ဗိုလ်ချု ပ်စံနမူတို့ တုယူ’

‘နိုင်ငံသားများ ၏ တာဝန်နှင့် ၀တ္တရားများ ’

‘ဘော်တိုးရေး နှင့် ဘိုးတော် အရေး ’

‘ဟင်နရီဒူးနန့်ဘွဲ့တံဆိပ်နှင့် စိုင်းအောင်လှိုင်မြင့်’

‘ဘင်္ဂလိပ်စာဖတ်ချင်သူများ ’

‘မြန်မြန်ဖတ် များများ သိ’

‘စာဖတ်နှုန်းမြန်အောင် လေ့ကျင့်ပါ’

‘လူငယ်နှင့် စာဖတ်စွမ်းရည်’

‘ခါးပိုက်နှုတ်ဆိုတာ ဒါပဲ’

‘ကျောက်ကြမ်းဂေလီ သတိ’

‘လူငယ်မကောင်း ဘယ်သူ့ခေါင်း’

‘ဒီလောက်ပဲ ဖေဖေ ရွေးနှုတ်ပြောပါရစေတော့၊ လိုရင်း ကိုပြောရရင် သားငယ်ပြောခဲ့တာ မှတ်မိရဲ့ လား ၃-၁၂-၇၅ ရက်နေ့ထုတ် ဗိုလ်တထောင်သတင်းစာမှာ ပါတဲ့ ဘိန်းဖြူ ရည်ထိုးပြီး သတိမေ့မြောနေသော မောင်မင်းသူကို ကျောက်မဲဆေးရုံ၌ တွေ့ ရစဉ်’

ဆိုတဲ့ ဓာတ်ပုံကို သားမကြာခဏ ကြည့်ပြီး. . .

‘ဖေဖေ သား ဒါမျိုး ဘယ်တော့်မှ အ ဖြစ်မခံဘူးဆိုတာလေ’

‘မှန်တယ်သား၊ မင်း ဘိန်းဖြူ ရဲ့ သားကောင်မ ဖြစ်ခဲ့ဘူးဆိုတာ ဖေဖေလက်ခံတယ်၊ သားနှစ် ယောက် အတွက် ပညာပေးလမ်းညွှန်ရဲ့ ကျေးဇူးကြောင့် မင်းတို့နှစ် ယောက် စလုံး လမ်းမှားကို မရောက်ခဲ့ဘူဆိုတာကိုလဲ ဖေဖေ ယုံကြည်တယ်’

‘ဒါပေမဲ့ သားရယ်၊ အခု အရေး အခင်းကာလပြီးလို့ တက္ကသိုလ်ကျောင်းောတ်ကြီး ပြန်မဖွင့် ခင်မှာ အလုပ်မရှိ ၁၀၉ ဖြစ်နေတာကို ဖေဖေမလိုလားဘူး၊ ဒီတော့ မင်း နိုင်ငံခြားမှာ သွားပြီး ပညာ သင်နိုင်အောင် ဖေဖေကြိုးစားမယ်၊ ဒီအတောအတွင်း မင်းအနေနဲ့ နှလုံးသားရေး ရာ ပြဿနာ မပေါ်အောင် နေပါ၊ မင်းအစ်ကိုလို မ ဖြစ်စေချင်ဘူး. . . သား. . .’

‘သားတို့နဲ့ နှစ် စဉ်နှစ် တိုင်း ပြု လုပ်နေကျ ‘မိသားစုစကားဝိုင်း’ ဆိုတဲ့ မိသားစုဝိုင်းဖွဲ့ ပြောဆို တဲ့ တိတ်ခွေမှတ်တမ်းတွေ ကို ပြန်ဖွင့်ကြည့်စမ်းပါအုံး၊ အဲဒီ မှာ ဖေဖေ ဘာတွေ ဆွေးနွေးထားသလဲ၊ ကဏ္ဍအလိုက် ဆွေးနွေးချက်တွေ မှာ နှလုံးသားရေး ရာ အယူအဆနဲ့ပတ်သက်လို့ အဆိုအမိန့်တွေ ဖေဖေရဲ့ အယူအဆတွေ အမှားနဲ့ အမှန်ကို ပိုင်းခြားသိမြင်တတ်ဖို့ ဖေဖေ ဘယ်လိုဆွေးနွေးထား သလဲ၊ လုပ်သင့်တာနဲ့ လုပ်ချင်တာ၊ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကို ဘယ်လို ကွဲကွဲပြားပြား ခြားခြား နားနား သိမြင်ရမယ်ဆိုတာကိုရော အမှတ်ရသေးလား၊ ဘ၀နဲ့ ဆန္ဒဆိုတာ ဘာလဲ၊ ဘယ်လို လိုက် လျောညီထွေသုံးရမယ်ဆိုတာကော မှတ်မိသေးလား ‘အငင်မတတ်လျှင် ပန်းလျက်နဲ့ မရသကဲ့သို့ အဆင်မတတ်လျှင် ဆင်လျက်နှင့် မလှပါ’ ဆိုတာကို ဘယ်လို နားလည်ထားသလဲ’

‘မြတ်ဗုဒ္ဓက ‘ပြင်းထန်သော ဆန္ဒရှိသူ တစ်ယောက် အဖို့ မိမိအလိုရှိအပ်သော အရာသည် စကြ၀ဠာ ဟိုမှာ ဘက်ကမ်းတွင် ရှိသည်ဆိုငြားအံ့၊ ထိုအရာကား မီးခင်းသည့် လမ်းကိုနင်းလျက် သွားရောက်ယူခြင်းဖြင့် သာလျှင် ရယူနိုင်မည် ဟုလဲ ဆိုငြားအံ့၊ ထိုသူသည် ဆန္ဒ၏ အဟုန်ဖြင့် သွားရောက်ရပေလိမ့်မည် ၊ ရရှိသော အခါမူ ထိုသူ၏ ခြေဖ၀ါးကိုပင် မီးမကူးကြောင်း တွေ့ မြင်ရ ပေလိမ့်ဦးမည် ၊ ဤကား ပြင်းထန်သော ဆန္ဒ၏ သတ္တိတည်း’ လို့ ဆိုထားတယ် သား၊ ဒါကြောင့် သားရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြည်အပြတ်မခံဘဲ လိုရာခရီးကို ရောက်အောင်ကြိုးစားပါလို့ ဖေဖေ နောက်ဆုံးမှာ ပါရစေ’

‘စိတ်ချပါ ဖေဖေ သားအရင်တုန်းကလဲ မိဘတွေ စိတ်ဆင်းရဲအောင် မလုပ်ခဲ့ဘူး၊ နောင်လဲ မလုပ်ပါဘူး’

ဆိုသည့် သားငယ်၏ ကြည်လင်ပြတ်သားသော အသံနှင့် အတူ တောက်ပနေသော မျက်လုံးအစုံတို့ကို ကျွန်တော် တစ်သက်မမေ့နိုင်အောင် ရှိခဲ့သည်။

သားငယ်မှာ ပြောစကားနားထောင်သည်။ တစ်အိမ်သားလုံးက သူ့ကို ချစ်ကြသည်။ စကား ပြောလျှင် ပြုံးပြုံး ပြုံးပြုံးနှင့် ဖြေးဖြေးမှန်မှန်ပြောတတ်သည်။ ထို့ကြောင့် လူချစ်လူခင်ပေါများ ခြင်း ဖြစ်သည်။ မိန်းကလေးအပေါင်းအသင်းများ တွင် ရေပန်းစား၏ ။ သား၏ အမေမှာ မျက်စိအောက်က အပျောက်မခံဘဲ အိမ်၌ အမြဲတစေသာနေလိုသည်။ သားက လူငယ်တို့သဘာဝ အပေါင်းအသင်း ဖြင့် သာနေလိုသည်။ မိန်းကလေးများ နှင့် အရောတ၀င်နေတာကိုလည်း ကျွန်တော့်ဇနီးက ကြည့်မရ ဖြစ်နေသည်။ ဤသို့ဖြင့် အပျံသင်စအရွယ်မှာ ပင် သားငယ် တစ်ယောက် ခြေလှမ်းပျက်လာသည်။

ကာလ၊ ဒေသ၊ ပယောဂကြောင့် အခြေပျက်ရသည်ဟု ကျွန်တော် ယူဆသည်။ ကျောင်း တွေ ပိတ်ထားသည်။ အချိန်အတော် များများ ပိုနေသည်။ ပိုနေသည့်အချိန်ကို အချစ်ဝတ္ထု များ ဖြင့် အချိန်ဖြု န်းပစ်သည်။ ဤတွင် ကျွန်တော် က ပိုနေသည့်အချိန်ကို ကွန်ပျူ တာသင်တန်းသို့ လည်း ကောင်း၊ အင်္ဂလိပ်လက်နှိပ်စက်သင်တန်းသို့လည်းကောင်း၊ အင်္ဂလိပ်စကားပြောသင်တန်းသို့ လည်းကောင်း တက်ရောက်သင်ယူစေခြင်းဖြင့် အစားထိုးပေးသည်။ တက်မြောက်သွားသည်။ မူလအတိုင်း အချိန်က ပိုနေမြဲပိုနေပြန်သည်။ အားကစသားဘက်သို့လှည့်၍ အချိန်ကုန်စေပြန် သည်။ သို့သော် အချစ်ဝတ္ထု များ ၏ လွှမ်းမိုးချယ်လှယ်မှု ထမ်းပိုးအောက်က လွတ်မြောက်ရုန်းထွက် စေခြင်းငှာ ကျွန်တော် မစွမ်းဆောင်နိုင်တော့ချေ။ သားငယ် တစ်ယောက် စိတ်ကူးယဉ်ရာမှ ချစ်သူ တွေ့ သွားပြီ ဖြစ်သည်။

သား၏ မိခင်မှာ နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ ဆန္ဒစော၍ သား၏ ချစ်သူကို ဖုန်းဖြင့် အဆက်ဖြတ်ရန်ပြောသည်။ တစ်ဘက်မိန်းကလေးကလည်း ငယ်ရွယ်တက်ကြွသူပီပီ မာမာထန်ထန်ဖြင့် စိန်ခေါ်လိုက်ကြောင်း သိရသည်။ နောက်တစ်နေ့တွင် သားငယ်နှင့် ချစ်သူ နှစ် ဦး ပျောက်ခြင်းမလှ ပျောက်သွားကြောင်း သိလိုက်ရသည်။ ကျွန်တော့်သားငယ်မှာ အကိုင်း၊ အခက်၊ အလက်၊ အရွက်များ ဝေေ၀ဆာဆာဖြင့် အညွန့်တလူလူ ဖြစ်နေဆဲ အညွှန့်ကျိုးသွားပြီ ဖြစ် သည်။ သစ်တစ်ပင်ကောင်း ဖြစ်ရန် နှစ် ပေါင်းများ စွာ ပြု စုပျိုးထောင်ခဲ့ရသော ဥယျာဉ်မှူး ကျွန်တော် သည် ရင်နင့်အောင် ခံစားခဲ့ရသည်။ ကျွန်တော် ၏ ဇနီးဆိုလျှင် ဆိုဖွယ်ရာမရှိတော့ချေ။

မခင်သော ကမည် သို့ရှိသည်ကို ဝေဿန္တရာဇာတ်တော် ကို ဖတ်ဖူးသူတိုင်း သိကြပေမည် ။ မိခင်တိုင်း သော ကကို ခံစားဖူးသည်။ သော ကအမျိုးမျိုးမှာ ကွဲပြားခြားနားမှု ရှိသည်က အမှန်ပင် ဖြစ်သည်။ ရုတ်တရက် မမျှော်လင့်ဘဲ ကြုံ တွေ့ လိုက်ရသည့် ဤသော ကအပူမီးကို အပူတိုင်းကိရိ ယာဖြင့် တိုင်းတာ၍ ရမည် ဟုမထင်မိပါ။ အကယ်၍ တိုင်းတာကြည့်မည် ဆိုငြားအံ့၊ အတိုင်းမသိ ဖြစ်ခြင်း၊ အဆုံးမရှိခြင်းကိုသာ တွေ ရမည် ဖြစ်သည်။ ကျွန်တော့် ဇနီး၏ ဖြစ်အင်ကိုကြည့်ပြီး ယူကျုံး မရအ ဖြစ်ရဆုံးက ကျွန်တော် ပဲ ဖြစ်သည်။ ဤသို့ဖြင့် တမြေ့မြေ့ခံစားရမှု ကြိမ်ဖန်များ လာသော အခါ ကျွန်တော့်ဇနီးမှာ နှလုံး ရောဂါ ရလာသည်။ အချိန်အတော် ကြာပြီ ဖြစ်သော်လည်း ကျွန်တော့်ဇနီး၏ ရင်တွင်းမှာ က တငွေ့ငွေ့လောင်ကျွမ်းနေဆဲ ဖြစ်သည်။ ဤကား အရေး အခင်းကာလအပြီး ကျွန်တော် မိသားစု၏ ဘ၀အလှည့်အပြောင်းများ ဖြစ်ချေသည်။

ယခု မြေးကလေးပါလာသ်။ မြေးအချစ်အနှစ် ဆိုသည်ကို ကိုယ်တွေ့ ကြုံ ၍ သိရပြီ။ ကျွန်တော့်  ဇနီးမှာ လည်း သားကို အသက်တမျှချစ်သည်။ ထို့ကြောင့် အပြစ်မဲ့သော မြေးကလေး ကိုလည်း ချစ်ရျာသည်။ ယခု ကန်တော့မခံသည်မှာ အောင်နိုင်သူချွေးမအပေါ် မပြေသော အငြိုးရှိ ပေလိမ့်မည် ။ ဤအငြိုးအား ကျွန်တော် မည် သို့ချေဖျက်ပေးသင့်သည်ကို အဖြေရှာနေသည်။ မည် သူ့ကိုမျှ ကျွန်တော် အပြစ်မတင်ရက်။

ပကတိ အခြေအနေများ နှင့် အမှန်ကို အမှန်အတိုင်း ရှုမြင်ကြည့်မိသည်။ အကြောင်းအကျိုး ဆက်နွယ်ဆန်းစစ်မိသည်။ ကျွန်တော့်မှာ မနာတတ်သော အသည်းနှလုံးရှိသည်။ ကျွန်တော် အလိုအရှိဆုံးအရာမျာ ငြိမ်းချမ်းရေး ဖြစ်သည်။ ကျွန်တော် နားလည်ထားသည်မှာ ပေါင်းလို၊ မြှောက် လို၊ စားလို၊ နှုတ်လိုလျှင် မူတည်ကိန်း တစ်ခုတော့ ရှိရမည် ။

ကျွန်တော် လိုချင်သည့် မူတည်ကိန်းမှာ ရာခိုင်နှုန်းပြည့် ဖြစ်သည်။ ပြည့်ပြည့်၀၀ရှိမည့်  ၁၀၀ ကိန်းပဲ ဖြစ်သည်။ ငြိမ်းချမ်းရေး ကိန်းပြည့်ပဲ ဆိုကြပါစို့၊ ၁၀၀ ကိန်းကို မစားလို၊ မနှုတ်လိုသော ဆန္ဒသည် ကျွန်တော့်ရင်တွင် အမြဲကိန်းအောင်းနေသည်။ ဖြစ်နိုင်လျှင် မြှောက်လို၊ ပေါင်းလိုမှ ကျွန်တော့်မူတည်ကိန်း ၁၀၀ ကို အမြှောက်ခံ၊ အပေါင်းခံလိုသည်။ တစ်နည်းအားဖြင့် မေတ္တာပွား များ လျက် မုန်းစကို တိုစေပြီး၊ ချစ်စကို ရှည်စေလိုသည်။ ဤသည်မှာ ကျွန်တော့်တစ်ခုတည်းသော ဆန္ဒ ဖြစ်သည်။

လက်တွေ့ ဘ၀တွင် ကျွန်တော့်ဆန္ဒနှင့် ကျွန်တော့်ဘ၀မှာ အရှေ့နှင့် အနောက် ဖြစ်နေ သည်။ ကျွန်တော် နှင့် ကျွန်တော့် ဇနီးတို့ တက္ကသိုလ်ကျောင်းသားကျောင်းသူဘ၀တွင် ချစ်ကျွမ်းဝင် ခဲ့စဉ်က အမြင်ချင်းဖလှယ်ပြီး ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်နိုင်ခဲ့သော်လည်း ယနေ့ဖီလာ ဖြစ်နေသည်။ အပျက်သဘောဆိုသည်မှာ မျက်စိတမှိတ် လျှပ်တပြက်အတွင်း အဆိုးဘက်သို့ တစ်မဟုတ်ချင်း ဦးတည်သွားနိုင်သည်။ ဤအချက်ကြောင့် အပြု သဘောဆောင်သည့် အကောင်းမြင်ဝါဒဖြင့် အရာ ရာကို ချဉ်းကပ်ရှုမြင်လိုသည်က ကျွန်တော့်ဆန္ဒအမှန်ပင် ဖြစ်သည်။ ကျွန်တော့်အတွက် အလိုအပ် ဆုံးမှာ ငြိမ်းချမ်းရေး ပသင် ဖြစ်၏ ။ ငြိမ်းချမ်းရေး မှ ကျွန်တော် ဥယျာဉ်မှူး တစ်ယောက် အနေဖြင့် အညွန့်ချိုးခံလိုက်ရသည့် ထိုအပင်ကို ဆက်လက်ပြု စုပျိုးထောင်ပေးနိုင်မည် ဖြစ်သည်။ ပန်းမြို့ င် အလယ်ရှိ အပင်မှာ အားယူတ်သွားသည် ကတော့ အမှန်ပင် ဖြစ်သည်။ သို့ရာတွင် ရေခံ၊ မြေခံ ကောင်းခြင်းကြောင့် ပူစရာအကြောင်းမရှိချေ။ ဥယျာဉ်မှူး၏ မိတ်ကောင်းဆွေကောင်းများ က ထိုအပင် ရှင်သန်ကြီးထွားရေး အတွက်ဆိုလျှင် ပေါင်းသင်းပေးမည့် သူလည်း ရှိသည်။ ရေလောင်း ပေးမည့် သူလည်းရှိသည်။ လောင်းရိပ်မမိစေရန်လည်း ၀ိုင်းဝန်းဖေးမကူညီကြပေလိမ့်မည် ။

ဤသို့ ဆိုလျှင် သစ်တစ်ပင်ကောင်း ဖြစ်ဖို့ရာ ဥယျာဉ်မှူးကောင်း တစ်ယောက် အနေဖြင့် ဆက်လက်မြေတောင်မြှောက်ပေးသင့်သည်။ ကျွန်တော် ပြု စုပျိုးထောင်ပေးခဲ့သော ကျွန်တော့် အပင်ကို ငွားငွားစွင့်စွင့် ကြွားကြွားဝင့်ဝင့် ဖြစ်စေရန် ကျွန်တော့်အနေဖြင့် ဥယျာဉ်မှူးတာဝန်ကို ပြန်လည်ထမ်းဆောင်ရပေဦးမည် ။

မှန်ပေသည်။ ကျွန်တော့်တွင် မျိုးဆက်သစ်အ ဖြစ် မြေးကလေး တစ်ယောက် ရှိနေပြီ ဖြစ် သည်။ အားယုတ်နေသော မူလအပင်ထူထူထောင်ထောင်ရှိမှသာ မျိုးဆက်သစ်ကလေးမှာ လည်း ဆက်လက်ရှင်သန်နိုင်မည် ဖြစ်သည်။ သို့ ဖြစ်ရာ မည် သည့်နည်းဖြင့် မဆို သားငယ်ဘ၀ ထူထူ ထောင် ရှိရေး အတွက် အလေးပေးဆောင်ရွက်ရမည် သာ ဖြစ်ပေသည်။

ဤတွင် ကျွန်တော် သည် တံခါးဝ၌ ရပ်နေရာမှ အောက်ထပ်သို့ ခပ်သွက်သွက်လေးဆင်း လာသည်။ ဧည့်ခန်းသို့ရောက်လျှင် သားနှင့် သမီးတို့က ကန်တော့ကြသည်။ ကျွန်တော် ဆုပေး အပြီးတ်ွင ၎င်းတို့က ကျွန်တော့်ဇနီးအား ရည်မှန်း၍ ကန်တော့ကြသည်။

‘ကိုင်း. . . မင်းတို့လဲ ကန်တော့ပြီးပြီ။ ဒီမှာ ထိုင်ကြ’

ဟု ကျွန်တော် က ပြောလိုက်သည်။ ကျွန်တော် မှ ဆုံးမစရာရှိသည်များ ကို ဆုံးမရသည်။

‘ ဖြစ်သမျှအကြောင်း အကောင်းချည်းလို့သာ မင်းတို့မှတ်ပေတော့၊ သားကို ဖေဖေ ပထမ ပြောလိုတာက အမေဟာ အမေပဲသား၊ အစားမရဘူး၊ ဒီတော့ စိတ်နဲ့တောင် မပြစ်မှားနဲ့’

‘သမီးက မြန်မာမှု နယ်ပယ်မှာ ထားရှိတဲ့ စိတ်ထားအတိုင်း သားရဲ့ အမေကို သမီးရဲ့ အမေ လို သဘောထားလိုက်၊ အဲဒီ အခါ အမှန်ကို အမှန်အတိုင်း ကြည့်မြင်တတ်လာလိမ့်မယ်၊ သမီးလည်း မိခင်ဘ၀ရောက်နေပြီပဲ. . .’

‘ကိုင်း. . . မင်းတို့ရဲ့ သမီးကို ချစ်ကြတယ် မဟုတ်လား၊ အဲဒီ လိုပဲ မင်းတို့ မိဘတွေ ဟာလဲ မင်းတို့ချစ်တာထက် မလျော့ဘူးဆိုတာ မှတ်ပါ၊ အရေး ကြီးဆုံးအချက်က မင်းရဲ့ ဘ၀ကို ဖေဖေ ပြန်လည်ထူထောင်ပေးမယ်၊ မူလရည်မှန်းချက်ပန်းတိုင်ကို မရောက်ရောက်အောင် ပို့ဆောင်ပေး မယ်၊ ဖေဖေ့အနေနဲ့ မိဘ၀တ္တရားရှိသည့်အတိုင်း ယုံကြည်မှု အပြည့်အ၀နဲ့ ဆောင်ရွက်ပေးသလို မင်းအနေနဲ့ကလဲ အားသစ်၊ မာန်သစ်တွေ နဲ့ ကြိုးစားရလိမ့်မယ်၊ မင်းတို့ဘ၀အေးချမ်း သာယာရေး အတွက် မှာ ချင်တာ ကတော့ သက်ရှိ သစ်ပင်ကိုတောင်မှ မေတ္တာပွားများ ပေးရင် အသီးအပွင့် ကောင်းတယ်လို့ ဆိုရိုးစကားရှိတယ် မဟုတ်လား၊ ဒီတော့ အပေါ်ထပ်မှာ ရှိနေတဲ့ သားတို့ သမီး တို့ရဲ့ မေမေကို မ္တောစစ် မေတ္တာမှန်နဲ့ အစဉ်အမြဲ မေတ္တာပွားများ ပေးပါ’

‘ကိုင်း. . . နောက်ဆုံး သတိပေးလိုတာက ငါ့မြေးကလေး ပန်းကောင်းအညွန့်ချိုးမခံရစေဖို့ အမြဲသတိပြု စေချင်တယ်၊ ဒီတော့ သားနဲ့ သမီးတို့က တက္ကသိုလ်ပညာကို ဆက်လက်သင်ယူကြ ရင်း ဥယျာဉ်မှူးကောင်းတွေ ဖြစ်အောင် ကြိုးစားဖို့လိုတယ်၊ ဥယျာဉ်မှူးကောင်းတွေ ဖြစ်ကြပါစေလို့ လဲ ဖေဖေဆုတောင်းလိုက်ပါတယ်ကွာ. . .’

ဆုံးမစကားပြောအပြီးတွင် ကျွန်တော် က သားနှင့် သမီးတို့ကို စူးစူးစိုက်စိုက်ကြည့်လိုက် သည်။ သူတို့တစ်တွေ ၏ မျက်လုံးအစုံမှ မျက်ရည်များ တစ်တွေ တွေ ကျဆင်းနေသည်ကို မြင်ရ သည်။ ထိုမျက်ရည်တို့သည် ၀မ်းသာမှု ကြောင့် ကျရသော မျက်ရည် ဖြစ်သည်။ သို့တည်းမဟုတ် ၀မ်းနည်းမှု ကြောင့် ကျရသော မျက်ရည် ဖြစ်သည်ဆိုသည်ကို ကျွန်တော် ဝေခွဲမရချေ။

ဤတွင် ကျွန်တော် မှ မြေးကလေးကို ပြုံးပြုံးရယ်ရယ်ဖြင့် ချော့မြှူ လိုက်သည်။ မြေးကလေး သည် ကျွန်တော့်ကို ၀မ်းပန်းတသာ ကြို ဆိုနေပေသည်။ ကျွန်တော့်ဦးနှောက်တွင် ၀င်းလက်သွား သော အသိတရားတစ်ခု ပေါ်ပေါက်လာသည်။ ထိုအသိမှာ ကျွန်တော် အလိုချင်ဆုံး ငြိမ်းချမ်းရေး အတွက် ကျွန်တော့် မြေးကလေးကို ရင်ကြားစေ့ပေးနိုင်သူကလေးအ ဖြစ် မြင်ယောင်လာသည်။

အဆုံးတွင် ဒုတိယအြံကိမ်မြောက် တာဝန်ထမ်းဆောင်မည့်  ပန်းမြို င်လယ်က ဥယျာဉ်မှူး အ ဖြစ် တာဝန်ယူမည့်  အရေး ကို ကျွန်တော် ၀မ်းသာနေမိသည်သာမက မြေးကလေးကိုကြည့် နေရင်း ငြိမ်းချမ်းရေး ရောင် ခြည်သမ်းလာသည်ကို ကျေနပ်မဆုံး ဖြစ်နေချေတော့သည်။

အောင်နိုင်မြင့်

ငွေတာရီမဂ္ဂဇင်း၊ ၁၉၉၂ ခုနှစ် ၊ အောက်တိုဘာ။

♦ ♦ ♦

အခန်း (၄)

Cover

စိမ်းရောင် စို

‘ဖြောင်း’

ဂေါက်သီးရိုက်သံ ဖြစ်သည်။ မြန်မာ့ဂေါက်ကွင်းရှိ နံပါတန် (၁) တီခုံတွင် ဦးမောင်မောင် လွင်က ဒရိုင်ဗာခေါ် သစ်သားတုတ် နံပါတ် (၁) နှင့် ရိုက်လိုက်ခြင်း ဖြစ်သည်။ ဂေါက်သီးဖြူ ဖြူ ဖွေးဖွေးကလေးမှာ မြောက်တက်သွားပြီး ကိုက် ၁၈၀ ခန့် အကွာအဝေးသို့ ကျရောက်သွားသည်။

ကျရောက်နေသည့် နေရာကလည်း အနေအထားကောင်းသည်။ ဂေါက်ကွင်းအခေါ်အား ဖြင့် ဖဲယားဝေး၏ အလယ်တည့်တည့်မြေညီသည့် နေရာတွင် ရှိနေခြင်း ဖြစ်သည်။ ဖဲယားဝေးဆို သည်မှာ သတ်မှတ်ထားသော နယ်နိမိတ်၊ တစ်နည်းအားဖြင့် တီခုံမှ ဂရင်းအထိ မြေပေါ်တွင် သေချာစွာ ဖြတ်၍ လှိမ့်ထားသော မြက်ခင်းအတွင်းဘက်ကို ဆိုလိုရင်း ဖြစ်ပေသည်။

ဤသို့ဆိုလျှင် နံပါတ် (၁) ကျင်းတွင် ဦးမောင်မောင်လွင်အနေဖြင့် အောင်ပွဲခံဖို့ရာ အခြေ အနေပေးနေပြီ။ သို့သော် ဒုတိယရိုက်ချက်တွင် ဖဲယားဝေးပြင်ပသို့လည်း ရောက်နိုင်သည်။ ထိုသို့ ရောက်သွားလျှင် မြာက်ကြမ်းများ ၊ သစ်ပင်ချုံနွယ်များ ရှိ၍ ဂေါက်သီးဘောလုံးလေး ပျောက်ဆုံး သွားနိုင်သည်။ အနည်းဆုံး ဘောလုံးအသစ်ဆိုလျှင် ငွေ ၂၀၀ ကျော်ဆုံးရှုံးသွားနိုင်သည်။ အသင့် အတင့် ဘောလုံးဆိုပါက ငွေ ၅၀ လောက်တော့ ကုန်ဦးမည် ။

အကယ်၍ များ ဟဲဇတ်ခေါ် ရေမြောင်း၊ ချိုင့်၊ ရေကန်၊ လျှိုအတွင်းသို့ ကျသွားလျှင်လည်း ဂေါက်သီးဖိုးဆုံးရှုံးပေလိမ့်မည် ။ တကယ်တော့ ဂရင်းခေါ် ညီညာပြန့်ပြူးအောင် ပြု ပြင်ထားရှိသော မြက်စိမ်းပြင်ပေါ် ရောက်ဖို့ရာ အခက်အခဲများ ကို ကျော်လွှားဖြတ်ကျော်နိုင်ပါမှ လိုရာခရီးရောက် နိုင်ပေသည်။

မြက်ခင်းစိမ်းပြင်ပေါ် ရောက်သည့်တိုင်အောင်လည်း မြက်စိမ်းပြင်ပေါ်ရှိ ကျင်းပေါက်ကို ၀င်အောင် ကျင်းစိမ်နိုင်ပါမှ ရိုက်ချက် ၄ ချက်ဖြင့် သတ်မှတ်စံချိန်ရမည် ဖြစ်သည်။ သတ်မှတ်ရိုက် ချက်ထက် လျှော့၍ ကျင်းစိမ်နိုင်လျှင် ပို၍ အောင်ပနန်းဆင်နိုင်သည်။

ဦးမောင်မောင်လွင်က ၄ ချက်ရိုက်ဦးတော့ ကျန် ၃ ဦးက ၎င်းထက်ပို၍ ရိုက်စွမ်းအား ကောင်းလျှင် ကောင်းသလို အောင်ပွဲခံနိုင်ပေလိမ့်မည် ။

အကယ်စင်စစ် ဂေါက်သီးသမားသည် ဆိုသည်မှာ ဘောလုံးကို ဂေါက်ရိုက်တံဖြင့် တီခုံမှ ကျင်းထဲရောက်သည်အထိ သတ်မှတ်ထားသော ဥပဒေများ အတွင်း တိကျစွာ လိုက်နာကာ ရိုက်သွားခြင်းပင် ဖြစ်ပေသည်။

ဂေါက်ကွင်းတစ်ခုတွင် ၁၈ ကျင်းရှိ၍ အများ အားဖြင့် တီခုံမှ ဂရင်းအထိ ကိုက် ၂၅၀ ခန့် အကွာအဝေးရှိသော ကျင်းကို ၄ ကျင်း၊ ကိုက် ၂၅၀ မှ ၅၀၀ သို့မဟုတ် အရှည်အားဖြင့် ပို၍ ဝေးသော ကျင်းရှည် ၁၄ ကျင်းတို့ ပါဝင်ကြမြဲ ဖြစ်သည်။

ပြို င်ပွဲတစ်ခုကို ကစားစရာတွင် များ သော အားဖြင့် ၁၈ ကျင်းစလုံးပြီးအောင် ကစားရသည်။ ယခု ဦးမောင်မောင်လွင် ရိုက်ပြီးသည်နှင့် သူနှင့် တွဲ ဖက် ဥိးညို မြက ဂေါက်သီးရိုက်လိုက်သည်။

‘ခွပ်’

ဂေါက်ရိုက်တံထိပ်ဖျားနှင့် ဘောလုံးမထိတထိ ထိပြီးလိမ့်သွားသည်။ သတ်မှတ်ထားသော စံချိန်မီလိုင်းကိုပင် မကျော်နိုင်ခဲ့ချေ။

အမှန်တော့လည်း ဂေါက်သီးရိုက်သည်မှာ ထင်သလောက်မလွယ်လှပေ။ ဟန်ချက်ညီရန် အထူးလိုအပ်သည်။ တုတ်ခေါင်းကို ဘောလုံးနောက်မှ ဆွဲယူကာ လွှဲရိုက်သည့်အချိန်တွင် ခန္ဓာ ကိုယ် အစိတ်အပိုင်းကို လှုပ်ရှားမှု နှင့် အဆင့်ဆင့် မှန်ကန်ကိုက်ညီရသည်။ ထို့ပြင် ခန္ဓာကိုယ် ကျောရိုးအလယ်မြောင်း ဗဟိုပြု မှု မှန်ရသည်။

ဘယ်လက်အနည်းငယ်မြှောက်သည်နှင့် လက်နှစ် ဘက်စ၍ လွှဲရသည်။ ဘယ်ဒူးအတွင်းသို့ ကွေး၍ ပခုံးနှင့် တင်ပါးတို့ တဖြည်းဖြည်းချင်း စတင်လှည့်ရသည်။ တုတ်အနောက်ဘက်သို့ လွှဲ သည့်အချိန်အထိ ခေါင်းငြိမ်နေရသည်။ မေးစေ့သည် ဘောလုံးနှင့် တစ်တန်းတည်းရှိ၍ တုတ်ခေါင်း သည် လွှဲရမည့်  အဆုံးတစ်ဝက်ရောက်သည့်အချိန်တွင် လက်ဆစ်ကို ခေါက်လိုက်ရသည်။

လွှဲခြင်း၏ နောက်ဆုံးအနေအထားသည် မြေပြင်နှင့် တစ်တန်းတည်းရှိနေရသည်။ တုတ်ပြန် ကျလာသည့်အချိန်တွင် ဘယ်လက်ကိုချလာသည်။ ဤတွင် ပခုံးနှင့် လက်မောင်းတို့၏ ရှေ့ဆောင် မှု ဖြင့် တုတ်ခေါင်းသည် ပါလာရသည်။ ဘောလုံးအနီးရောက်သည့်အချိန်တွင် လက်ဆစ်ကို ဖြောင့်၍ ပခုံး၊ လက်၊ တင်ပါးဆုံ၊ ဘယ်လက်အားလုံး တစ်ပြို င်တည်း အထိန်းအသိမ်း စနစ်တကျ နှင့် ရှေ့သို့ ရိုက်လွှတ်လိုက်ရသည်။

ဒေါင်းဆွင်းခေါ် နောက်သို့ လွှဲပြီး ပြန်ချရိုက်သည့် အခါ၌ ရှေ့သို့ အရှိန်မပျက်မှန်ကန်စွာ တုတ်အားပါသွာဖို့လည်း လိုသည်။ ခန္ဓာကိုယ်အား ဘောလုံးထွက်ခွာမည့်  လမ်းကြောင်းအတိုင်း တည့်တည့်လှည့်ရိုက်၍ တုတ်ချောင်းသည်လည်း တစ်ပြေးညီစွာ ပါသွားရမည် ။

ရိုက်အားကုန်သွားသည့် အချိန်မှတုတ်ရော လက်ပါ ဘယ်ဘက်ပခုံးမှကျော်ပြီး မြေပြင်နှင့် တစ်ပြေးညီစွာ တစ်တန်းတည်းရှိနေမည် ဖြစ်သည်။

အခု ဦးညို မြရိုက်ချက်မကောင်း ဖြစ်သွားရသည်မှာ ခေါင်းမငြိမ်သော အပြစ်လည်းပါသည်။ မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်လောက်အောင် ယိမ်းယိုင်သွားခြင်းကြောင့် လည်း ဖြစ်သည်။

‘ခွပ်’

‘ဖြောင်း’

ဦးမောင်မောင်လွင်နှင့် ဦးညို မြတို့၏ ပြို င်ဘက် ဦးကြည်ဝင်းနှင့် ဦးအေးထွန်းတို့၏ ဂေါက်သီးရိုက်သံများ ဖြစသ်ည်။ ၎င်းတို့အနက် အဝေးဆုံးရိုက်နိုင်သူက ဦးမောင်မောင်လွင် ဖြစ် သည်။ ဘောလုံးကို နောက်ထပ် ၂၆၆ ကိုက် ကျော်ရောက်အောင် ရိုက်နိုင်ဖို့ရာ နှစ် ချက်မျှ ရိုက်ရ ပေလိမ့်မည် ။ သင့်တော် ရာသစ်သားရိုက်တံ သို့မဟုတ် သံရိုက်တံ အတိုအရှည်တို့ကို အကွာအဝေး ကိုကြည့်၍ လိုက်ဖက်ညီအောင် ရွေးချယ်အသုံးပြု တတ်ဖို့သာ လိုသည်။

နောက်ဆုံးတွင် ဦးမောင်မောင်လွင်လို ကျွမ်းကျင်သူအဖို့ အားလုံးချောချောမောမောဖြင့် အောင်နိုင်သူ ဖြစ်ခဲ့ရသည်။ ၃ ကျင်း ဆက်တိုက်အောင်ပွဲခံခဲ့သည်။ နံပါတ် ၄ ကျင်း ဂရင်းပေါ် အရောက်တွင် ဦးမောင်မောင်လွင်၏ ကယ်ဒီ (ဂေါက်အိတ်ထမ်းသူ) ဦးဌေးဝင်း၏ သားကြီးက သူ့ဦးလေးငယ်နှင့် အတူ အပြေးအလွှားရောက်လာပြီး အဖေကို အော်ပြောလိုက်သည်။

‘အဖေ အိမ်မှာ အမေထက် လှန်အောက်လျှော ဖြစ်နေတယ်၊ ဘကြီးက ဆေးရုံတင်မှ ဖြစ်မယ်လို့ ပြောနေတယ်။ နောက်ပြီး အိမ်မှာ ဆန်ကုန်နေလို့ ငွေလိုက်ချေးတာ ဘယ်မှမရဘူးဗျ’

‘သား မင်းအိမ်ပြန်တော့၊ ငါ ကိုးကျင်းပြီးမှ အိမ်လာခဲ့မယ်. . .’

ဦးမောင်မောင်လွင်၏ လက်စွဲကယ်ဒီ ဦးဌေးဝင်းက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်ရင်း သူ့ဆရာ၏ ဂေါက်တုတ်ကို အ၀တ်ဖြင့် သန့်စင်ပြီး ဂေါက်ထည့်အိတ်အတွင်းသို့ နေသားတကျ ထည့်လိုက်သည်။ ထို့နောက် ဦးမောင်မောင်လွင် ကျင်းစိမ်ရန် လိုအပ်သော ဘောလုံးနှင့် ပတ်တာ ကို ထုတ်ပေးလိုက်သည်။

ဤတွင် ဦးမောင်မောင်လွင်က မနေသာတော့ဘဲ ခပ်ဆတ်ဆတ်ပြောလိုက်ရသည်။

‘ဌေးဝင်း၊ မင်း ပြန်တော့၊ ရော့ လောလောဆယ် ငါ့မှာ ပါလာတဲ့ နှစ် ရာတန်နှစ် ရွက်ယူ သွားကာ’

‘ဟာ. . . ဆရာကလဲ မဟုတ်တာ၊ ကျွန်တော် နှစ် ရာတန် တစ်ရွက်ပဲ ယူသွားမယ်၊ နောက်ပြီး ကျွန်တော့်ကိုယ်စား ကျွန်တော့်ညီကို ထားခဲ့ပါရစေ’

‘ကဲကွာ၊ မင်းမိန်းမ ဆေးရုံတင်ဖို့သာ လုပ်တော့၊ ဘုရားတရားကို မမေ့နဲ့၊ မင်းငွေလိုရင် ငါ့အိမ်ကို လာယူ၊ ကြားလား’

‘မင်း’ ၊ ‘ငါ’ ပြောဆိုနေသည်ကို မသိကြသူများ အဖို့ ရိုင်းစိုင်းသည်ဟု ထင်စရာအကြောင်း ရှိကောင်း ရှိပါလိမ့်မည် ။ တကယ်တော့ ဦးဌေးဝင်းအသက်က ၄၀ နီးပါး ဖြစ်သော်လည်း ၅၁ နှစ် ရှိနေပြီ ဖြစ်သော ဦးမောင်မောင်လွင်ထက် ပို၍ ရင့်ရော်နေသည်။

ကယ်ဒီ ဦးဌေးဝင်းသည် စိတ်ကောင်း၊ စေတနာကောင်းရှိသူ ဖြစ်သည်။ သူက ဆရာပေါ် တွင် သာမက တစ်ဖွဲ့လုံးအပေါ်တွင် ထားရှိသော စေတနာသည်လည်း မှန်ကန်မှု ရှိသည်။ ဘောလုံး မပျောက်အောင်လည်း ထိန်းပေးနိုင်သည်။ တာဝန်အလွန်ကျေသူ ဖြစ်သည်။ သို့ကြောင့် လည်း ဦးညို မြ၊ ဦးကြည်ဝင်းနှင့် ဦးအေးထွန်းတို့က ဦးဌေးဝင်းကို ချစ်ခင်ကြသည်။

‘ကိုဌေးဝင်း နေအုံး၊ ရော့ ငွေနှစ် ရာယူသွား. . .’

ဦးညို မြက ၂၀၀ ကျပ်တန် ငွေစက္ကူ တစ်ရွက်ကို ဦးဌေးဝင်းလက်ထဲသို့ ထည့်ပေးလိုက် သည်။ ဦးညို မြဆိုသူက သုံးနိုင်၊ ဖြု န်းနိုင်သည်။ ရက်ရောသည်။ သို့သော် ထီးမိုးပါမှ ဂေါက်ရိုက် တတ်သူ ဖြစ်သည်။ ဦးမောင်မောင်လွင်ထက် ၃ နှစ် ငယ်သည်။ ဂေါက်သီးကစားရင်း အရွှန်းဖောက် ပြောတတ်သည်။၏

‘ကိုလွင် ဂေါက်ကွင်းမှာ စိတ်လွတ်လက်လွတ် ပျော်ပျော်ရွှင်ရွှင် နေစမ်းပါဗျာ၊ တရားထိုင် ချင်ရင် ကမ္မဋ္ဌာန်းကျောင်းသွားထိုင်’

‘ကျွန်တော် ကတော့ ဂေါက်သီးကစားပြီးရင် အကြည်ဓာတ်ရတယ်ဗျ၊ အတွေးသစ်၊ အမြင်သစ်တွေ အလိုလိုပေါ်လာပြီး ကျွန်တော့် စီးပွားရေး လုပ်ငန်းတွေ ပိုမိုအောင်မြင်လာတယ်ဗျ’

‘တစ်ခုတော့ရှိတယ်၊ ဂေါက်သီးပုံပြင်ထဲကလို ကစားသမားတစ်ဦးဟာ ဂေါက်ရိုက်ရင်းက လမ်းပေါ်ဖြတ်သွားတဲ့ အသုဘယာဉ်ဘက်ကို မျက်နှာမူလိုက်ပြီး ဦးထုပ်ချွတ် ဦးညွှတ်လိုက်လို့ အခြား တစ်ယောက် က ဘာ ဖြစ်တာလဲလို့ မေးမှ ‘အဲဒါ ကျွန်တော့် မိန်းမလေ’ ဆိုတာမျိုး မ ဖြစ်ဖို့ လိုတယ်’

မှန်ပါသည်။ ဂေါက်သီးကစားနည်းသည် အခြားအားကစားနည်းများ နှင့် မတူ၊ စတင်ကစား ပြီဆိုလျှင် မည် မျှပင် အချိန်ကုန်ပါစေ၊ ပင်ပန်းပါစေ၊ ငွေကုန်ပါစေ၊ သွားလာမှု ခက်ခဲပါစေ၊ လက်မလွှတ်တမ်း ကစားပေလိမ့်မည် ။ ဤသို့ဖြင့် အိမ်ရှင်မကို ‘ဂေါက်သီးမုဆိုးမ’ ဟု အခေါ်ခံရ၊ အမည် ပေးခံရလောက်အောင် အိမ်မေ့၊ ဆွေမျိုးမေ့ ဖြစ်လာတတ်ကြသည်။

သို့သော် ထိုလူစားမျိုးတွင် ဦးမောင်မောင်လွင်မပါ။

ဦးမောင်မောင်လွင်က ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူ ဖြစ်သည်။ ဂေါက်သီးကစားရာ တွင် လည်း တရားသဘောဖြင့် ရှုမြင်ပြီးမှ ကစားတတ်သူ ဖြစ်သည်။ ထိုသို့ ကစားတတ်အောင် လည်း ဆရာဘုန်းကြီးက အမြဲသွန်သင်ဆုံးမထားသည်။

‘စာရေး ဆရာကြီး သိပ္ပံမောင်ဝရေး တဲ့ ‘ဂေါက်သီး’ ၀တ္ထု ဆောင်းပါးကို ဘုန်းကြီးဖတ်ဖူးတယ်၊ ဂေါက်သီးကစားသူတွေ ဟာ အတော် အစွဲအလန်းကြီးဆိုပဲ၊ ဒီတော့ ဒကာကြီးကို ဘုန်းကြီးမှာ လိုက်ချင်တာက ဒကာကြီးမှာ နှလုံး ရောဂါ အခံရှိတယ်ဆိုတော့ ဒကာကြီးဂေါက်သီးရိုက်တဲ့အခါမှာ စိတ်အလိုမကျ ဖြစ်ပြီး ဒေါသမထွက်အောင်ထိန်းပါ၊ တကယ်လို့များ ဒေါသထွက်ပြီး အသက်ထွက် သွားရင် အပါယ်ကျမှာ နော်. . .

အဲ. . . ကိုယ့်ဘောလုံးကလေးရိုက်ချက် တစ်ချက်တည်းနဲ့ ကျင်းထဲဝင်သွားလို့ လောဘ စိတ်နဲ့ ၀မ်းသာပြီး သေသွားရင်လဲ ပြိတ္တာ ဖြစ်မှာ သေချာတယ်’

‘နောက်ဆုံးတော့ သူ့သဘောသူဆောင်ပြီး ဖြစ်တယ်၊ ပျက်တယ် လို့သာ ရှုပေတော့. . .’

‘ဌေးဝင်းရော့. . . ကိုးဆယ်တန် တစ်ရွက်ယူသွား. . .’

ဦးဝင်းကြည်က သူ့မှာ ပါလာသည့် ငွေကျပ် ၃၀၀ ထဲမှ ပေးလိုက်ခြင်း ဖြစ်သည်။ သူက စည်းစနစ်သမား တစ်ဦး ဖြစ်သည်။ ဂေါက်ကွင်းလာတိုင်း ငွေ ၃၀၀ တိတိကိုသာ ယူလာတတ်သူ ဖြစ်သည်။ ဘေးကပြောပါများ လာတော့မှ လာမည့် လဆိုလျှင် ငွေ ၅၀၀ ထိ ထည့်လာမည် ဟုဆိုသည်။ ဦးညို မြနှင့် သက်တူရွယ်တူ ဖြစ်သည်။ ဦးညို မြကဲ့သို့ ချမ်းသာသူ ဖြစ် သော်လည်း အသုံးအစွဲကျစ်လျစ်သည်။ မိမိ၏ မိသားစုကိုပင် ငစိန်ဆန်စားတတ်အောင် လေ့ကျင့် ပေးနိုင်စွမ်းရှိသူ ဖြစ်သည်။

‘ကိုဌေးဝင်း ငွေနှစ် ရာ ယူသွားအုံးလေ’

ဦးအေးထွန်းက ဘောင်းဘီအိတ်ကပ်ထဲမှ ၂၀၀ ကျပ်တန် ၅ ရွက်ကိုထုတ်လိုက်ပြီး ၂၀၀ ကျပ်တန် တစ်ရွက်ကို ဦးဌေးဝင်းအား လှမ်းပေးလိုက်သည်။ သူ ကတော့ ဦးဌေးဝင်းထက် အသက် ၅ နှစ် ခန့်သာ ကြီးသူ ဖြစ်သည်။ ၎င်းက အဆင့်အတန်းမရွေး၊ ဘာသာမရွေး လေးလေးစားစား ပေါင်းသင်းတတ်သူ ဖြစ်သည်။ ကူညီရိုင်းပင်တတ်သူလည်း ဖြစ်သည်။

ယခု မြန်မာ့ဂေါက်ကွင်းတစ်နေရာမြင်ကွင်းက ကြည်နူးစရာပါ။ မြန်မာမှု နယ်ပယ်မှာ ရှိနေ သေးသည့် ကြင်နာမှု အပြည့်လွှမ်းခြုံ ထားသော မေတ္တာတရားကို အန်တု၍ ယှဉ်ပြို င်နိုင်ဝံ့ကြမည် မထင်ပါ။

တစ်နေကုန် ရုံးခန်းအတွင်း ကျည်းကျည်းကျပ်ကျပ် ရှုတင်းတင်းနေခဲ့ရသမျှ ကွင်းပြင်သို့ ရောက်၍ လေကို ၀အောင်ရှူ ပြီး မြင်ကွင်းစိမ်းစိမ်း၌ စိတ်ချမ်းသာမှု အရသာတွေ့ နေကြသည်မှာ ဂေါက်သီးသမားများ သာမက ၀ါသနာကြီးစွာ ဖြင့် ဂေါက်အိတ်ထမ်းနေသူများ လည်း အပါအ၀င် ဖြစ်သည်။

ဂေါက်သီးသမားနှင့် ဂေါက်အိတ်ထမ်းသူတို့၏ ဘ၀အခြေအနေက မိုးနှင့် မြေပမာ ခြားနား စေဦးတော့ မေတ္တာဓာတ်လွှမ်းခြုံ ထားသော မြန်မာ့စရိုက်၊ မြန်မာ့ဓလေ့အရ နှစ် ဦးနှစ် ဖက် အပေး အယူမျှတစွာ ဖြင့် အပြန်အလှန်ထိန်းကျောင်းနေပေလိမ့်မည် ။

ဤနှစ် နွေရာသီတွင် ရန်ကုန်မြို့ ၌ အပူလွန်ကဲသည်ဟု ဆိုကြသည်။ ယင်းသို့ ပူပြင်းခြောက် သွေ့နေလင့်ကစား မြန်မာ့ဂေါက်ကွင်းတွင် စိမ်းစိမ်းစိုစိုပင် ရှိနေသေးသည်။ ထိုထက် ပိုမိုစိုပြည်နေ သည်မှာ မေတ္တာဓတ်လွှမ်းခြုံ နေသော ကြောင့် ပင် ဖြစ်သည်။ ယခုလည်း ဖြစ်ဆဲ၊ နောင်လည်း ဖြစ်မည် ပင်။ ထို့ကြောင့် ‘စိမ်းရောင် စို’ နေမည် မှာ မလွဲတော့ပေ။

အောင်နိုင်မြင့်

မြ၀တီမဂ္ဂဇင်း၊ ၁၉၉၃ ခုနှစ် ၊ စက်တင်ဘာလ



ဝန်ဇင်းချစ်သူများ အောင်နိုင်မြင့် ၏ “ ကျွန်တော့အမြင် ရောင်စုံတိမ်ပန်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မြန်မာ့မြို့ပြ

မြို့ပြမြေယာအကြောင်း သိကောင်းစရာ

ကျွန်တော့် အမြင် ရောင်စုံ တိမ်ပန်း(၂)