Cover

မြေယာပြဿနာ (၁)

United Nations Centre for Human Settlements (Habibat) မှ ၁၉၉၀ ပြည့်နှစ် တွင် ထုတ်ဝေသော Guidelines for the improvement of Land-Registration and Land information Systems in Developing Countries စာအုပ်ကို ဖတ်ရှုခဲ့ရပါသည်။

ဤစာအုပ်တွင် မြေယာမှတ်ပုံတင်ခြင်းအားဖြင့် ပိုင်ရှင်များ ကို ဖော်ပြထားသည်။ မြေယာ မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများ ကို ဖော်ပြထားသည်။ မြေယာမှတ်ပုံတင်ခြင်းအားဖြင့် ပိုင်ရှင် အမှန်ကို တိတိကျကျ ဖြစ်စေသည်။ မြေယာအငြင်းပွားမှု လျော့နည်းစေပြီး မြေယာဈေးကွက်ကိုပါ ထိန်းထားနိုင်သည့် မြေခွန်စည်းကြပ်ရာတွင် အထောက်အကူပေးသည့်အပြင် မြေနှင့် ပတ်သက် သော ဇာစ်မြစ်အထောက်အထားများ လည်း ရနိုင်သည်ဟု ဖော်ပြထားသည်။ ဤသို့ ဖြင့် လက်တွေ့  အကောင်အထည်ဖော်ရာတွင် လွယ်ကူအောင်မြင်သော အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်းကို လည်း အနှစ် ချုပ်ပြဆိုထားသည်။

အကယ်စင်စစ် ထိုစာအုပ်ဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ၏ မြေယာမှတ်ပုံတင်ခြင်းနှင့် မြေနှင့် ပတ်သက်သော ပြန်ကြားရေး စနစ်များ တိုးတက်စေရန် လမ်းညွှန်ချက်များ ကို အဓိကထား ဖော်ပြ ထားခြင်းပင် ဖြစ်သည်။

မြေယာမှတ်ပုံတင်ရာတွင် ပိုမိုကောင်းမွန်စေရန် အောက်ပါအတိုင်း အကောင်အထည်ဖော် သင့်သည်ဟု အကြံပြုထားသည်။

(က) အခြေခံမှတ်တမ်းတင်သည့်စနစ်ကို ပြုပြင်၍ တိုးတက်အောင် ကြံဆောင်ခြင်း။

(ခ) ကွန်ပျူတာနည်းစနစ်ကို ကျင့်သုံးစေခြင်း။

(ဂ) မိုက်ခရိုဖလင်ကို အသုံးပြုစေခြင်း။

မြေတိုင်းလုပ်ငန်းနှင့် ပတ်သက်၍ နည်းစနစ်ကိုလည်း ပြန်လည်သုံးသပ်သင့်သည်ဟု ဆို၏ ။ မြေကိစ္စနှင့် ပတ်သက်လာလျှင် အဓိကအားဖြင့် ဌာနချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သင့်ကြောင်း မီးမောင်းထိုးပြဆိုထား၏ ။ အရေး ကြီးဆုံးမှာ ပြည်သူတို့ သတင်းဖြန့်ချိထုတ်ဝေရေး ပင် ဖြစ်သည် ဆို၏ ။

မြန်မာနိုင်ငံတွင် မြေယာနှင့် ပတ်သက်၍ ကွန်ပျူတာနည်းစနစ်သို့ တက်လှမ်းရန် ကိစ္စမှ တစ်ပါး အခြားကိစ္စရပ်များ ကို စနစ်တကျဆောင်ရွက်ပြီး ဖြစ်နေသည်။ သို့ ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြေယာကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူတို့ဗဟုသုတ ဖြစ်စေ မည့်  ဆောင်းပါးများ ကို စာရေး သူအနေဖြင့် လက်ဆင့်ကမ်းခဲ့သည်မှာ မကြာသေးပါ။ ၁၉၉၁ ခုနှစ် က စတင်ရေး ခဲ့ခြင်း ဖြစ်သည်။ မဝေးလှသော ကာလတွင် ပြီးပြည့်စုံမှု မရှိသည့် တိုင် အတော် အတန် ခရီးရောက်အောင် ပို့ဆောင်ပေးနိုင်ပေလိမ့်မည် ဟု မျှော်လင့်ရပေသည်။

လူတို့သည် မြေပေါ်တွင် မွေးဖွား၍ မြေပေါ်တွင် သေဆုံးရ၏ ။ မြေကို အကြောင်းပြု၍ နေထိုင်စားသောက်သွားလာရ၏ ။ သို့ သော် မြေအကြောင်း သိကောင်းစရာများ ကို အမှု မဲ့ အမှတ်မဲ့ ဖြစ်နေ၏ ။ စာရေး သူလည်း မြေအကြောင်း လေ့လာမိရာမှ မှတ်စုသဖွယ် ထုတ်ယူ၍ တစေ့ တစောင်း လှစ်ဟပြခြင်းမျှသာ ဖြစ်ပေသည်။

စာရေး သူသည် နေရာအချို့တွင် ‘လူသာလာပါ၊ ပြဿနာ ယူမလာပါနှင့်’ ဟူသော စာတန်း လေး မကြာခဏ တွေ့ ဖူးသည်။ စာရေး သူ နေ့စဉ်ကြုံတွေ့ နေရသည်က ထိုစာတမ်းပါ အချက်နှင့် ပြောင်းပြန် ဖြစ်နေသည်။ မြေယာကိစ္စနှင့် ပတ်သက်၍ စာရေး သူထံလာတွေ သူတိုင်း ပြဿနာပါလာ တတ်ကြသည်။ ပြဿနာယူမလာပါနှင့် ဟု စာရေး သူအနေဖြင့် ပြော၍ မ ဖြစ်ပါ။ ယူလာသည့် ပြဿနာကို မည် သို့ မည် ပုံ ဖြေရှင်းရမည် ကိုသာ နှလုံးသွင်းထားရတော့သည်။

ယင်းပြဿနာများ အနက် စာရေး သူအနေဖြင့် မြေယာပြဿနာ (၁) ကို ဦးစွာ ပထမ ဖောက်သည်ချလိုက်ရခြင်း ဖြစ်ပေသည်။

စမ်းချောင်းမြို့နယ် . . . . . . . လမ်းရှိ မြေကွက်ကို မြေအမည် ပေါက် ဦးကြာညို၏ သမီး ဖြစ်သူ ဒေါ်စပယ်က မြေပုံ မြေရာဇ၀င်ရေး ကူးခွင့်ပြုရန် လျှောက်ထားချက်အပေါ် ဒေါ်မိုးပပဆိုသူမှ ၎င်းမြေကို မိမိအား မွေးစားခဲ့သော မိဘများ က အရပ်ကတိစာချုပ်ဖြင့် ၀ယ်ယူထားကြောင်း တင်ပြ၍ ကန့်ကွက်ခဲ့သည့်ကိစ္စ ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ အမှု တွဲ တွင် ပါရှိသည့် နောက်ခံအကြောင်းအချင်းအရာများ ကို စိစစ် လေ့လာရသည်။ ၎င်းမြေကွက်ကို ကန့်ကွက်သူ ဒေါ်မိုးပပ၏ ကွယ်လွန်သူမိဘများ က မြေပုံရာဇ၀င် ရေး ကူးခွင့်ပြုရန် လျှောက်ထားသူ ဒေါ်စပယ်၏ ကွယ်လွန်သူဖခင် ဦးကြာညိုထံမှ ၁၉၅၉ ခုနှစ် ၊ ဇန်န၀ါရီ ၁ ရက်နေ့တွင် အရပ်ကတိစာချုပ်ဖြင့် ငွေကျပ် ၃၀၀၀ိပေး၍ ၀ယ်ယူခဲ့သည်။ ဒေါ်မိုးပပ၏ ဖခင် ဦးမိုး ကွယ်လွန်ပြီးနောက် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဒေါ်မိုးပပ၏ မိခင် ဒေါ်သီတာမိုးက ဦးစီးဌာန (ယနေ့မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန) သို့ မြေအမည် ပြောင်းပေး ရန် လျှောက်ထားခဲ့ဖူးသည်။

ဤတွင် ဒေါ်စပယ်က ၎င်းမြေကွက်မှာ ရောင်းချခဲ့ခြင်း မဟုတ်ကြောင်း၊ အပေါင်ပြုလုပ်ထား ခြင်း ဖြစ်၍ ပြန်လည်ရွေးနုတ်ပြီး ဖြစ်ကြောင်း၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေငြာစာအုပ် ချုပ်ဆို ခဲ့ပြီး ဖြစ်ကြောင်း စသည်ဖြင့် အထောက်အထားများ တင်ပြ၍ ကန့်ကွက်ထားခဲ့သည်။ ယင်း ဖြစ်စဉ် များ ကို မြေရာဇ၀င်တွင် အထင်အရှား တွေ့ ရသည်။

မည် သို့ ပင် ဖြစ်စေ စာချုပ်မှာ အရပ်ကတိစာချုပ် ဖြစ်နေ၍ အိုးအိမ်ဦးစီးဌာနက အမည် ပြောင်း ကိစ္စကို ခွင့်မပြုခဲ့ချေ။ ထို့ကြောင့် မြို့မြေစာရင်းတွင် ဦးကြာညို၏ အမည် သာ ပေါက်လျက် ရှိသည်။

ယခု ဒေါ်မိုးပပ တင်ပြလာသော အရောင်းအ၀ယ်စာချုပ်ကို ဥပဒေအရ စိစစ်ကြည့်ရာတွင် မှတ်ပုံတင်ထားခြင်းမရှိ၍ စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေအရ တရားမ၀င်သော စာချုပ် ဖြစ်နေကြောင်း တွေ့ ရှိရသည်။

စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေတွင် အောက်ပါစာချုပ်စာတမ်းများ ကို မှတ်ပုံမတင် လျှင် တရားမ၀င်ကြောင်း အတိအလင်း ဖော်ပြထားသည်။

(က) မရွေ့မပြောင်းနိုင်သည့် ပစ္စည်းများ ကို အပိုင်ပေးကမ်းသည့် စာချုပ်စာတမ်းများ ။

(ခ) တန်ဖိုးငွေ ၁၀၀ နှင့် အထက်ရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ ပေါ်တွင် ပစ္စုပ္ပန်နှင့် အနာဂတ်ဆိုင်ရာ ပိုင်ခွင့်အကျိုးစီးပွား တစ်စုံတစ်ရာကို ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ ဖျက်သိမ်းခြင်း စာချုပ်စာတမ်းများ ။

(ဂ) အထက်ပါကဲ့သို့ လွှဲပြောင်းပေးအပ်သည့်အတွက် အဖိုးစားနား တစ်စုံတစ်ရာကို ပေးအပ်ကြောင်း လက်ခံရရှိကြောင်း ၀န်ခံသည့် စာချုပ်စာတမ်းများ ။

(ဃ) နှစ် စဉ် (သို့ တည်းမဟုတ်) တစ်နှစ် ထက်ပို၍ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းငှားရမ်း သည့် စာချုပ်စာတမ်းများ ။

(င) တန်ဖိုးငွေ ၁၀၀ နှင့် ၎င်းအထက် တန်ဖိုးရှိသည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းပိုင်ဆိုင် ခွင့်နှင့် ပတ်သက်သည့် တရားရုံးကချမှတ်သည့် ဒီဂရီ (သို့ မဟုတ်) အမိန့် (သို့ မဟုတ်) စီရင်ချက်ကို လွှဲပြောင်းပေးခြင်းများ ။ ယင်းသို့ လွှဲပြောင်းပေးခြင်းများ ပေါ်တွင် ပစ္စုပ္ပန်နှင့် အနာဂတ်ဆိုင်ရာ ပိုင်ခွင့်အကျိုးစီးပွား၊ တစ်စုံတစ်ရာကို ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ ဖျက်သိမ်းခြင်း။

မှတ်ပုံတင်အက်ဥပဒေ ၁၇ အရလည်း မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို မှတ်ပုံတင် စာချုပ်ဖြင့် လွှဲပြောင်းပေးမှသာ အတည် ဖြစ်ပြီး မှတ်ပုံတင်စာချုပ်မရှိလျှင် ပစ္စည်း၏ အကျိုးသက် ဆိုင်မှု ကို မရရှိနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

၎င်းအပြင် ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၅၄ အရ၊ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ရောင်းရန် ပဋိညာဉ်ပြုကာမျှဖြင့် ၀ယ်ယူမည့် သူသည် ပစ္စည်း၏ အကျိုးသက်ဆိုင်မှု တစ်စုံတစ်ရာကို မရရှိဟု ပြဋ္ဌာန်းထားသည်။ မှတ်ပုံတင်ဥပဒေပုဒ်မ ၁၇ အရလည်း မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို မှတ်ပုံတင်စာချုပ်ဖြင့် လွှဲပြောင်းပေးမှသာ အတည် ဖြစ်သည်။

ထိုဥပေဒပြဋ္ဌာန်းချက်များ နှင့် အညီ ခိုင်မာသော စာချုပ်တစ်ရပ် ပြုလုပ်၍ ၀ယ်ယူခြင်း မပြုခဲ့ သော ဒေါ်မိုးပပတို့၏ မိသားစုအနေဖြင့် ပစ္စည်းကို လက်ရောက်ရယူခြင်းလည်း မရှိသဖြင့် ပစ္စည်း လွှဲပြောင်းခြင်းဥပဒေပုဒ်မ ၅၃ (က) အရ တစ်ပိုင်းတစ်စ ဆောင်ရွက်သူ၏ အခွင့်အရေး ကိုပင် ရရှိ ခံစားနိုင်သည့်အနေအထား မရှိဟု ယူဆရသည်။

သို့ သော် ဒေါ်မိုးပပ၏ ကန့်ကွက်လွှာတွင် အခင်း ဖြစ်ပွားနေသော ကိစ္စနှင့် စပ်လျဉ်း၍ တရား စွဲဆိုရန် စီစဉ်နေကြောင်း ပါရှိသည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် လည်း တရား မျှတမှု ကို ရှေ့ရှုအခြေခံထားသည် ဖြစ်ရာ စီမံခန့်ခွဲမှု ရှုထောင့်အရ ဒေါ်မိုးပပ၏ ကန့်ကွက်လွှာကို သင့်တော် သော အချိန်အတိုင်းအတာ တစ်ရပ်ဖြင့် ကန့်သတ်ပေးရန် လိုအပ်လာသည်။

သို့ ဖြစ်ရာ ဒေါ်မိုးပပထံမှ တရားရုံးဆိုင်းငံ့အမိန့် (Stay Order) တောင်းခံရန်မှတစ်ပါး အခြားမရှိတော့ပြီ။

သို့ သော် ဤဆုံးဖြတ်ချက်အပေါ် ဒေါ်စပယ် တစ်ယောက် ကျေနပ်နိုင်ပါလေစ။ ဒေါ်မိုးပပ ကရော သဘောပေါက်ပါမည် လား မသိ။ လောလောဆယ်တွင် ဤရုံးမှ ရှင်းလင်းပြောကြားလင့် ကစား ၎င်းတို့လိုချင်သည်ကို မရ၍ မိမိတို့လိုရာစိတ်ကူးဖြင့် မှန်းဆ၍ ပြောဆိုနေကြမည် ကိုသာ မြင်ယောင်နေမိပါတော့သည်။

•••


မြေယာပြဿနာ (၂)

မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေကို ၁၉၈၇ ခုနှစ် ၊ မတ်လ (၁၆) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေဖြင့် ၁၉၄၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပေဒ (The transfer of lmmorable property (Restriction) Act. 1947) နှင့် ၁၉၅၆ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့် သတ်သည့် နည်းဥပဒေ (The transfer of lmmorable property (Restriction) Rules, 1956 တို့ကို ရုပ်သိမ်းခဲ့သည်။

ဤပြဋ္ဌာန်းချက် အခန်း (၁) ပါ အမည် နှင့် အဓိပ္ပာယ်ဖော်ပြချက် ပုဒ်မ ၂ တွင် မရွှေ့ မပြောင်းနိုင်သော ပစ္စည်းနှင့် ပတ်သက်၍ အောက်ပါအတိုင်းအဓိပ၌ာယ်ဖွင့်ဆိုထားသည်။

မရွှေ့ပြောင်းနိုင်သော ပစ္စည်းဆိုသည်မှာ မြေ ၊မြေမှ ဖြစ်ထွန်းသော အကျိုးခံစားခွင့်များ ၊ မြေ၌ ဆောက်လုပ်ထားသော သို့ မဟုတ် တည်ရှိသော အဆောက်အအုံနှင့် အရာဝတ္ထုများ ၊ ယင်း အဆောက်အအုံ၌ တပ်ဆင်ထားသော အရာဝတ္ထုများ ဖြစ်သည်။

အခန်း (၂) ပါ မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း၍ ကန့်သတ်မှု ပုဒ်မ (၃) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

“မည် သူမျှ နိုင်ငံခြားသားနှင့် ဖြစ်စေ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီနှင့် ဖြစ်စေ၊ မရွှေ့မပြောင်းနိုင် သော ပစ္စည်းကို ရောင်းခြင်း၊ ၀ယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကို လက်ခံခြင်း၊ ပေါင်နှံ ခြင်း၊ ပေါင်နှံသည်ကို လက်ခံခြင်း၊ လဲလှယ်ခြင်း သို့ မဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်း ခြင်း၊ လွှဲပြောင်းခြင်းကို လက်ခံခြင်းမပြုရ”

ပုဒ်မ (၄) တွင် လည်း အောက်ပါအတိုင်း ဖော်ပြထားပြန်သည်။

“မည် သည့်နိုင်ငံခြားသား သို့ မဟုတ် နိုင်ငံခြားသားပိုင်ကုမ္ပဏီမျှ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကို လက်ခံခြင်း။ ပေါင်နှံခြင်း၊ ပေါင်နှံသည်ကို လက်ခံခြင်း၊ လဲလှယ်ခြင်း သို့ မဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်းခြင်းကို လက်ခံခြင်းမပြုရ” ဟူ၍ ဖြစ်ပါသည်။

ယခင်က ကန့်သတ်ထားခြင်းမရှိသော နိုင်ငံခြားသား၏ အမွေဆက်ခံခြင်းကိစ္စနှင့် ပတ်သက် ၍ လည်း ပုဒ်မ ၆ တွင် အောက်ပါအတိုင်း အတိအလင်း ဖော်ပြထားသည်။

“နိုင်ငံခြားသားတစ်ဦး ကွယ်လွန်လျှင် ဖြစ်စေ၊ မည် သူမဆို နိုင်ငံခြားသို့ အပြီးအပိုင် ထွက်ခွာ သွားလျှင် ဖြစ်စေ၊ ပြည်နှင်ဒဏ်ချမှတ်ခြင်း ခံရလျှင် ဖြစ်စေ၊ ထိုသူပိုင်ဆိုင်သည့် မရွှေ့မပြောင်းနိုင် သော ပစ္စည်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ၀န်ကြီးဌာနက ကိစ္စရပ်တစ်ခုချင်းအလိုက် စစ်စစ်၍ လုပ်ထုံးလုပ်နည်းများ နှင့် အညီ အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။

(က) ဥပဒေနှင့် အညီ အမွေဆက်ခံခွင့်ပေးခြင်း။(ခ) ပြည်သူ့ဘဏ္ဍာအ ဖြစ် သိမ်းဆည်းခြင်း။

ဤဥပဒေတွင် နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှု ရှိစေရမည် ဟု အတိအလင်း ဖော်ပြ ပြဋ္ဌာန်းထားခြင်း မရှိချေ။ ထို့ကြောင့် ယခင်ဥပဒေများ အရ ပြုမူဆောင်ရွက်ထားရှိချက်များ အပေါ် နောက်ကြောင်းပြန် အာဏာသက်ရောက်မှု မရှိဟု ယူဆရန်အကြောင်းရှိပေသည်။ ဤ အချက်ကို အလေးထား ဆန်းစစ်ကြည့်ရန် လိုအပ်လာသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃ တွင် “မည် သည့် ပြစ်မှု ဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှု မရှိစေရ”ဟု အတိအလင်း ပြဋ္ဌာန်း ထားသည်။ ထို့အပြင် ၁၉၇၃ ခုနှစ် စကားရပ်များ အနက် အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၃ (င) တွင် လည်း ဥပဒေတစ်ရပ်ရပ်တွင် နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှု ရှိစေရမည် ဟု အတိအလင်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် ယင်းဥပဒေသည် နောက်ကြောင်းပြန်၍ အာဏာသက် ရောက်မှု မရှိစေရ”ဟု ပြဋ္ဌာန်းထားသည်။

သို့ ဖြစ်ရာ ဤကိစ္စနှင့် ပတ်သက်၍ အရေး ယူဆောင်ရွက်ရာ၌ ၁၉၈၇ ခုနှစ် ၊ မတ်လ ၁၆ ရက်နေ့မတိုင်မီက ကျူးလွန်ဖောက်ဖျက်ခဲ့သူများ အပေါ် ဥပဒေအဟောင်းနှင့် သာ အရေး ယူ၍ ထို နေ့ရက်နောက်မှ ကျူးလွန်ဖောက်ဖျက်သူများ အပေါ် ဤဥပဒေဖြင့် အရေး ယူရန် ဖြစ်ပေသည်။

ဤတွင် ၁၉၄၇ ခုနှစ် ၊ ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် ပြဋ္ဌာန်းထားသော ၁၉၄၇ ခုနှစ် မရွှေ့ မပြောင်းသော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (The Transfer of lmmorable property, (Restriction) Act. 1947) မပြဋ္ဌာန်းမီ ကာလအခြေအနေကို သိရှိထားရန် လိုအပ်ပေ လိမ့်မည် ။ ယင်းကာလ၌ နိုင်ငံခြားသား၊ နိုင်ငံသားဟူ၍ မခွဲခြားဘဲ မည် သူမဆို မရွှေ့မပြောင်းနိုင် သော ပစ္စည်းများ ကို လွှဲပြောင်းခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် လဲလှယ်ခြင်းတို့ကို အကန့်အသတ်မရှိ လုပ်ပိုင်ခွင့်ရှိခဲ့သည်။ အမွေဆက်ခံသည့် ကိစ္စရပ်များ တွင် လည်း တားမြစ်ချက်များ ကန့်သတ်ချက်များ မရှိခဲ့ချေ။

ယင်းသို့ ဖြစ်ရသည်မှာ မရွှေ့မပြောင်းနိုင် သော ပစ္စည်းလွှဲပြောင်းခြင်းဥပဒေကို ခရစ် သက္ကရာဇ် ၁၈၈၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၌ စတင်ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေကို ၁၉၂၄ ခုနှစ် ၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကန့်သတ်ထားသော နေရာမှတစ်ပါး စတင် အာဏာတည်ခဲ့သော ကြောင့် ဖြစ်သည်။

ထိုဥပဒေပေါ်တွင် အခြေခံ၍ မရွှေ့မပြောင်းနိုင် သော ပစ္စည်းများ ကန့်သတ်ရေး ဥပဒေကို ၁၉၄၇ ခုနှစ် တွင် မြန်မာနိုင်ငံ၌ ပြဋ္ဌာန်းပြန်သည်။ ၁၉၄၇ ခုနှစ် မရွှေ့မပြောင်းနိုင် သော ပစ္စည်းကို ကန့်သတ်သည့်ဥပဒေ ပြဋ္ဌာန်းခဲ့စဉ်ကို မရွှေ့မပြောင်းနိုင် သော ပစ္စည်းကို နိုင်ငံခြားသားက နိုင်ငံသားကို လွှဲပြောင်းခြင်း၊ ငှားရမ်းခြင်း၊ (တစ်နှစ် အချိန်ကာလထက်) ရောင်းချခြင်း၊ ပေးကမ်း ခြင်း၊ ပေါင်နှံခြင်း ပြုလုပ်နိုင်ခွင့်ရေး သည်။ နိုင်ငံခြားသား အချင်းချင်း အနေဖြင့် လည်းကောင်း၊ နိုင်ငံသားမှ နိုင်ငံခြားသားသို့လည်းကောင်း၊ ထိုကိစ္စရပ်များ ကို လုပ်ပိုင်ခွင့်မပေးတော့ချေ။

တစ်နည်းဆိုလျှင် ၁၉၄၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ် သော ဥပဒေပြဋ္ဌာန်းသည့် ၃၀-၁၂-၄၇ ရက်နေ့ နောက်ပိုင်းတွင် နိုင်ငံခြားသားအနေဖြင့် ပစ္စည်း လွှဲပြောင်းခြင်း ပြုလုပ်ပေးနိုင်သော်လည်း လက်ခံရယူခြင်းမပြုနိုင်ပါ။ ရောင်းချနိုင်ခွင့်ရှိသော်လည်း ၀ယ်ယူခွင့်မပြုခဲ့ခြင်းပင် ဖြစ်သည်။

ဤဥပဒေကို နိုင်ငံတော် ကောင်စီဥက္ကဋ္ဌက ၁၉၈၇ ခုနှစ် ၊ မတ်လ (၁၆) ရက်နေ့တွင် လက်မှတ်ထိုးလိုက်ပြန်သဖြင့် ထိုနေ့မှ စတင်၍ အာဏာတည်လာပြီး ထိုနေ့အထိသာ အာဏာ တည်ခဲ့သည်။ ဤသို့ ဖြင့် ၁၉၈၇ ခုနှစ် ၊ မတ်လ (၁၆) ရက်နေ့ နောက်ပိုင်းတွင် မူ ၁၉၄၇ ခုနှစ် ၊ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေရုပ်သိမ်းလိုက်ပြီး ဖြစ်သဖြင့် နိုင်ငံ သားအချင်းချင်းကိုသာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် ပတ်သက်၍ ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကို လက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံသည်ကို လက်ခံခြင်း၊ လှဲလှယ် ခြင်း၊ သို့ မဟုတ် အခြားနည်း တစ်ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်းသည်ကို လက်ခံခြင်းများ ကို လက်ခံခြင်းများ ကို ခွင့်ပြုထားခြင်း ဖြစ်ပေသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြေအမည် ပြောင်းခြင်း၊ မြေပုံမြေရာဇ၀င်ကူးခြင်း၊ မြေတိုင်းခြင်းစသည့် ကိစ္စရပ် များ တွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းချက်များ ပါအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်လျက်ရှိပေသည်။ မြို့ပြစီမံခန့်ခွဲခြင်းလုပ်ငန်းအားလုံးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လွှဲပြောင်းရယူပြီးနောက်ပိုင်းတွင် လည်း ချမှတ် ထားသော မူဘောင်အတွင်း စည်းမျဉ်းစည်းကမ်းနှင့် အညီ မလွှဲမသွေ ဆောင်ရွက်သွားမည် သာ ဖြစ်သည်။

လက်ရှိဆောင်ရွက်နေမှု ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသော မြို့တော် သူ မြို့တော် သားအပေါင်း အထူးသိထားသင့်ပေသည်။ မြေအမည် ပြောင်းခြင်း၊ မြေပုံမြေရာဇ၀င်ရေး ကူးခြင်း၊ မြေတိုင်းတာခြင်းစသည့်ကိစ္စရပ်များ တွင် တရားဝင် မှတ်ပုံတင်ထားသည့် စွန့်လွှတ်စာချုပ် တရားဝင်အရောင်းအ၀ယ်စာချုပ်၊ တရားရုံး (သို့ မဟုတ်) အဖွဲ့အစည်းတစ်ရပ်ရပ်၏ လေလံပစ်ခွင့်အမိန့် (သို့ မဟုတ်) တရားရုံး၏ စီရင်ချက် အမိန့်ဒီဂရီအရ လျှောက်ထားလွှာတို့နှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ပေးလျက်ရှိ ပါသည်။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆောင်ရွက်မှု      ၃၀-၁၂-၄၇နေ့မတိုင်မီ

(က) နိုင်ငံသားမှ နိုင်ငံသား          ခွင့်ပြု

(ခ) နိုင်ငံသားမှ နိုင်ငံခြားသား         ခွင့်ပြု

(ဂ) နိုင်ငံခြားသားမှ နိုင်ငံသားး         ခွင့်ပြု

(ဃ) နိုင်ငံခြားသားမှ နိုင်ငံခြားသားး       ခွင့်ပြု

၃၀-၁၂-၄၇ မ၁၆-၃-၈၇နေ့အထိ      ၁၆-၃-၈၇နောက်ပိုင်း

ခွင့်ပြု                 ခွင့်ပြု

ခွင့်မပြု                ခွင့်မပြု

ခွင့်ပြု                 ခွင့်မပြု

ခွင့်မပြု                ခွင့်မပြု

သက်ဆိုင်သူတို့က လျှောက်ထားတင်ပြကြရာတွင် အထောက်အထား ခိုင်လုံရမည် ဖြစ် သည်။ နိုင်ငံသား ဖြစ်ခဲ့လျှင် အမျိုးသား မှတ်ပုံတင် (သို့ မဟုတ်) နိုင်ငံသားပြုမှု လက်မှတ် (UCC-Union of Burma holding Citizenship Certificate) တင်ပြရန်လိုအပ်ပါသည်။ယင်းလက်မှတ် များ ထုတ်မပေးမီကာလက မြေအမည် ပေါက်သည်။ နိုင်ငံခြားသားအမည် ဖြင့် ရှိပြီး နိုင်ငံသား (သို့ မဟုတ်) နိုင်ငံခြားသားဟူ၍ အတည်မပြုနိုင်သူ ဖြစ်လျှင် နိုင်ငံသားအ ဖြစ် မမှတ်ယူနိုင်ချေ။ ထိုသူသည် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးဖွယ်ရာ ရှိပေသည်။ ထို့ကြောင့် ခိုင်လုံသော အထောက် အထားများ ကိုသာ သက်ဆိုင်ရာ ကာယကံရှင်များ က မပျက်မကွက် တင်ပြကြဖို့လိုသည်။အမွေထိန်းစာ (L-A-Letless of Administration)၊ သေတမ်းစာ၊ သေတမ်းစာ အတည်ပြု လက်မှတ်တို့ဖြင့် တင်ပြ လျှောက်ထားခြင်းနှင့် မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းဥပဒေအရ အထောက်အထားပြု၍ တင်ပြလျှောက်ထားချက်တို့နှင့် ပတ်သက်၍ လည်း အောက်ပါအတိုင်း ဆောင်ရွက်ပေးနေပါသည်။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆောင်ရွက်မှု      ၃၀-၁၂-၄၇နေ့မတိုင်မီ

(က) နိုင်ငံသားမှ နိုင်ငံသား          ခွင့်ပြု

(ခ) နိုင်ငံသားမှ နိုင်ငံခြားသား         ခွင့်ပြု

(ဂ) နိုင်ငံခြားသားမှ နိုင်ငံသား         ခွင့်ပြု

(ဃ) နိုင်ငံခြားသားမှ နိုင်ငံခြားသား        ခွင့်ပြု

၃၀-၁၂-၄၇ မ၁၆-၃-၈၇နေ့အထိ     ၁၆-၃-၈၇နောက်ပိုင်း

ခွင့်ပြု                  ခွင့်ပြု

ခွင့်ပြု                  ခွင့်မပြု

ခွင့်ပြု                  ခွင့်မပြု

ခွင့်ပြု                  ခွင့်မပြု

မှတ်ချက်။(၁) ၁၆-၃-၈၇ နေ့ နောက်ပိုင်းတွင် ပြည်ထဲရေး နှင့် သာသနာရေး ၀န်ကြီးဌာန၏ အတည်ပြု ချက် ရရှိမှ ခွင့်ပြုသည်။

(၂) မွေထိန်းစာနှင့် ပတ်သက်၍ စာချုပ်စာတမ်း မှတ်ပုံတင်ဌာနတွင် မှတ်ပုံတင်ထားရမည့်  အပြင် တရားရုံး၏ ထုခွဲရောင်းချခွင့်အမိန့်ပါရှိရန်လည်း လိုသည်။

(၃) သေတမ်းစာ သေတမ်းစာအတည်ပြုလက်မှတ်နှင့် ပတ်သက်၍ စာချုပ်စာတမ်း မှတ်ပုံ တင်ဌာနတွင် မှတ်ပုံတင်ထားရမည် ။

မြေကိစ္စသည် တိမ်မယောင်နှင့် နက်ပြီး လွယ်မယောင်နှင့် ခက်၏ ။ ထို့ကြောင့် အကျဉ်းချုံး တင်ပြထားသည်ကို အနည်းငယ်ထပ်မံရှင်းပြလိုသည်။ ဤဆောင်းပါး (၂) တွင် နောက်ဆုံး မီးမောင်းထိုးပြလိုသည်မှာ တရားအနိုင်ဒီဂရီများ ပင် ဖြစ်သည်။ တရားရုံးအဆင့်ဆင့်၏ စီရင်ချက် အမိန့်ဒီဂရီအရ ပိုင်ဆိုင်ခွင့်ဒီဂရီရရှိသူက လျှောက်ထားသည့် ကိစ္စရပ်များ အပေါ် မည် သို့ မည် ပုံ ဆောက်ရွက်ပေးသည်ကိုလည်း သက်ဆိုင်သူတို့ သိရှိထားသင့်ပေသည်။

တရားရုံး၏ စီရင်ချက်အမိန့်နှင့် ဒီဂရီသည် ဥပဒေအရ ခိုင်မာမှု ရှိရမည် ဖြစ်သည်။ ဥပဒေအရ ခက်ခဲနက်နဲသော ပြဿနာပေါ်ပေါက်လာပါက ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်ကို တောင်းခံယူရပေလိမ့်မည် ။

တရားရုံးအဆင့်ဆင့်၏ စီရင်ချက်အမိန့်ဒီဂရီတို့နှင့် ပတ်သက်၍ ကာလစည်းကမ်းသတ် ဥပဒေပထမဇယား အပိုဒ် ၁၅၂ (က) တွင် နစ်နာသူအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း အယူခံနိုင် သည်ဟုလည်းကောင်း၊ အပိုဒ် ၁၅၅ တွင် ရက်ပေါင်း ၉၀ အတွင်း အယူခံနိုင်သည်ဟူ၍ လည်း ကောင်း သတ်မှတ်ထားသဖြင့် ယင်းကာလများ ကုန်ဆုံးသည်အထိ စောင့်ဆိုင်းပြီးမှ ဤရုံးက ဆက်လက်ဆောင်ရွက်ပေးပါသည်။

နိုင်ငံသားအမည် ပေါက်၏ မြေအား တရားရုံး၏ ပိုင်ဆိုင်ကြောင်း ဒီဂရီတစ်ရပ်ကို အထောက်အထားပြုကာ ဒီဂရီရရှိသူ နိုင်ငံသားက တင်ပြလျှောက်ထားခဲ့လျှင် ဤရုံးက ခွင့်ပြုမည် ဖြစ်ပေသည်။

၃၀-၁၂-၄၇ ရက်နေ့မှ ၁၆-၃-၈၇ နေ့အတွင်း အမွေကြောင်းအရ ပိုင်ဆိုင်သည့်ကိစ္စမှအပ တရားရုံး၏ ပိုင်ဆိုင်ကြောင်း ဒီဂရီတစ်ရပ်ကို အထောက်အထားပြုကာ တင်ပြလျှောက်ထားလာ သူများ တွင် နိုင်ငံခြားသားတစ်ဦး (သို့ မဟုတ်) တစ်ဦးထက် ပိုမိုပါဝင်ခဲ့သည်ရှိသော် ဤရုံးက ခွင့်မပြုချေ။

သို့ သော် ၃၀-၁၂-၄၇ ရက်နေ့မှ ၁၆-၃-၈၇ ရက်နေ့အတွင်း နိုင်ငံခြားသားအမည် ပေါက်၏ မြေအား အမွေကြောင်းအရ ပိုင်ဆိုင်သည့် ကိစ္စမှအပ တရားလို၏ ပိုင်ဆိုင်ကြောင်း ဒီဂရီ တစ်ရပ် ရပ်ကို အထောက်အထားပြုကာ ဒီဂရီရရှိသူ နိုင်ငံသားက တင်ပြလျှောက်ထားလာလျှင် ခွင့်ပြုပေး မည် ဖြစ်သည်။

မေတ္တာရှေ့ထား၍ မှန်သော စကားကို ဆိုပါမည် ။

“ဥပဒေဘောင်တွင်း နေထိုင်းခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ”

ဆိုသည်ကား အမှန်ပင် ဖြစ်ပါသည်။

ထို့ကြောင့် ၁၆-၃-၇၈ ရက်နေ့နောက်ပိုင်းကာလ၌ မြေအမည် ပေါက်သူတွင် လည်းကောင်း၊ တရားရုံးပိုင်ဆိုင်သူ ဒီဂရီရရှိသူတွင် လည်းကောင်း၊ နိုင်ငံခြားသားတစ်ဦး (သို့ မဟုတ်) တစ်ဦးထက် ပိုမိုပါဝင်ခဲ့ပါက လုံးဝခွင့်မပြုနိုင်သည်ကို ဤမျှဖြင့် သက်ဆိုင်သူတို့ သဘောပေါက်လောက်ပြီဟု ယူဆမိပါတော့သတည်း။

•••


မြေယာပြဿနာ (၃)

မြန်မာနိုင်ငံဥပဒေကို ၁၉၈၂ ခုနှစ် ၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေဖြင့် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားအ ဖြစ် (ရွေးချယ်ရေး ) အက်ဥပဒေနှင့် ၁၉၄၈ ခုနှစ် ၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေတို့ကို ရုပ်သိမ်းကြောင်း ပုဒ်မ ၇၆ တွင် ပြဋ္ဌာန်းထားသည်။

နိုင်ငံခြားသားနှင့် ပတ်သက်၍ ၁၉၄၀ ပြည့်နှစ် ၊ နိုင်ငံခြားသား မှတ်ပုံတင်ခြင်း အက်ဥပဒေ နှင့် ၁၈၆၄ ခုနှစ် ၊ နိုင်ငံခြားသားများ အက်ဥပဒေဟု ပြဋ္ဌာန်းချက်များ ရှိသည်။

မြန်မာနိုင်ငံသား ဥပဒေအခန်း (၂) ပါ နိုင်ငံသား ဖြစ်ခြင်း၊ ပုဒ်မ (၃) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

“နိုင်ငံတော် တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် ၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအ ဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားများ နှင့် မျိုးနွယ်စုများ သည် မြန်မာနိုင်ငံသားများ ဖြစ်သည်။”

၁၉၈၃ ခုနှစ် ၊ စက်တင်ဘာ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၃/၈၃ ဖြင့် ထုတ်ပြန် သော “မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄”တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

“၁၈၂၄ ခုနှစ် တွင် အင်္ဂလိပ်မြန်မာ ပထမစစ် ဖြစ်ပွားခဲ့ပါသည်။ ထိုကာလ၏ နောက်ပိုင်းတွင် နိုင်ငံခြားသား အများ အပြား နိုင်ငံတော် အတွင်းသို့ ၀င်ရောက်နေထိုင်လာခဲ့ကြသည်။ ထို့ကြောင့် မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် ၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလကို ပိုင်းခြားသတ်မှတ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသားအက်ဥပဒေ ၇ တွင် နိုင်ငံတော် အတွင်း၌ ဖြစ်စေ၊ နိုင်ငံတော် ပြင်ပ၌ ဖြစ်စေ မွေးဖွားသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသား ဖြစ်သည်။

(က) နိုင်ငံသားမိဘနှစ် ပါးမှ မွေးဖွားသူများ ။

(ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ် ပါးမှ မွေးဖွားသူများ ။

(ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ် ပါးမှ မွေးဖွားသူများ ။

(ဃ) ဧည့်နိုင်ငံသား မိဘနှစ် ပါးမှ မွေးဖွားသော သားသမီးနှင့်

(၁) နိုင်ငံသား (သို့ ) (၂) ဧည့်နိုင်ငံသား (သို့ ) (၃) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ် ပါးမှ မွေးဖွားသူများ ။

(င) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ် ပါးမှ မွေးဖွားသော သားသမီးနှင့်

(၁) နိုင်ငံသား (သို့ ) (၂) ဧည့်နိုင်ငံသား (သို့ ) (၃) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ် ပါးမှ မွေးဖွား သူများ ။

မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၁၂ တွင် နိုင်ငံသားတစ်ဦးသည်-

(က) နိုင်ငံတော် ၏ ဥပဒေများ ကို ရိုသေလိုက်နာရမည် ။

(ခ) နိုင်ငံတော် ၏ ဥပဒေပါ တာဝန်များ ကို ထမ်းဆောင်ရမည် ။

(ဂ) နိုင်ငံတော် ၏ ဥပဒေပါ အခွင့်အရေး များ ကို ခံစားခွင့်ရှိသည်။

ယင်းပုဒ်မတွင် နိုင်ငံသားတို့၏ လုပ်ပိုင်ခွင့်တာဝန်နှင့် ခံစားခွင့်များ ကို ကွဲပြားခြားနားစွာ ခံစားရသည်က အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် လည်း နိုင်ငံသားတစ်ဦးသည် နိုင်ငံတော် ပါဝင်နေ သော စစ်မက်ကာလအတွင်း နိုင်ငံသားအ ဖြစ်ကို မည် သည့်နည်းနှင့် မျှ စွန့်လွှတ်ခွင့်မရှိကြောင်း “နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အပိုဒ် ၂၄” တွင် ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။

စာရေး သူသည် မြေယာပြဿနာဆောင်းပါး (၂) ၌ ၁၉၄၇ ခုနှစ် ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းချက်နှင့် ၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေနှင့် ပြဋ္ဌာန်းချက်များ အပေါ် အခြေခံ၍ တရားရုံးအဆင့်ဆင့်၏ စီရင်ချက်အမိန့်၊ ဒီဂရီအရ ပိုင်ဆိုင်ခွင့်ဒီဂရီရရှိသူက လျှောက်ထားလာ သည့် ကိစ္စရပ်တွင် နိုင်ငံသားနှင့် နိုင်ငံခြားသား ခံစားခွင့်များ ကို ပိုင်းခြားစိတ်ဖြာ၍ တင်ပြခဲ့ခြင်း ဖြစ်သည်။

ယခု တရားရုံး (သို့ ) နိုင်ငံတော် အဖွဲ့အစည်းတစ်ရပ်ရပ်၏ အမိန့်အရ၊ လေလံဆွဲဝယ်ခွင့် အရ ၀ယ်သူများ က လျှောက်ထားလာသည့် ကိစ္စရပ်များ ကို ဆက်လက်တင်ပြပါမည် ။

လေလံဆွဲသည်ဆိုရာ၌ တရားရုံး (သို့ ) နိုင်ငံတော် အဖွဲ့အစည်းတစ်ရပ်ရပ်၏ တရားဝင် အမိန့်အရ လေလံဆွဲဝယ်ယူခြင်းကို ဆိုလိုသည်။ ယင်းသို့ လေလံဆွဲ ၀ယ်ယူခွင့် ရရှိသည်ဆိုပါက တရားဝင် ၀ယ်ယူထားသည့် စာရွက်စာတမ်း အထောက်အထား (Scale Certificate) များ ပူးတွဲ တင်ပြရန် လိုအပ်ပေသည်။

ဤတွင် ၁၉၄၇ ခုနှစ် ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပြဋ္ဌာန်းသည့် ၃၀-၁၂-၄၇ ရက်နေ့မှ ၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းသည့် ၁၆-၃-၈၇ ရက်နေ့အတွင်း နိုင်ငံသားက တင်ပြလျှောက်ထားလာလျှင် ခွင့်ပြုရပေမည် ။ အကယ်၍ နိုင်ငံသားအမည် ပေါက်မြေကို လေလံဆွဲ ၀ယ်ယူခွင့် ရရှိသူ နိုင်ငံခြားသားက တင်ပြလျှောက်ထားလာလျှင် ခွင့်မပြုနိုင်ချေ။

အလားတူပင် ၁၆-၃-၈၇ နေ့ရက်နောက်ပိုင်းကာလ၌ မြေအမည် ပေါက်သူနှင့် လေလံဆွဲ ၀ယ်ယူခွင့်ရရှိသူတို့တွင် နိုင်ငံခြားသားတစ်စုံတစ်ဦး ပါဝင်ပတ်သက်နေမည် ဆိုပါကလည်း ခွင့်ပြုနိုင် ဖွယ်ရာ အကြောင်းမရှိပေ။

ဤအချက်များ ကို သိရှိထားပါက တစ်စုံတစ်ဦးသည် သက်ဆိုင်ရာသို့ မည် သည့်နည်းနှင့် မျှ ချဉ်းကပ်ရန် အခွင့်မသာသည်မို့ ပြဿနာ နည်းပါးမည် ဟု စာရေး သူ မျှော်လင့်ထားပါသည်။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်း တင်ပြရခြင်း ဖြစ်သည်။

ဆက်လက်ပြီး သေတမ်းစာနှင့် သေတမ်းစာ အတည်ပြုလက်မှတ်ဖြင့် လျှောက်ထားလာ သည့် ကိစ္စများ ကို တင်ပြလိုသည်။ ကွယ်လွန်သူ မြေအမည် ပေါက်၏ ကျန်ရစ်သော မြေများ နှင့် ပတ်သက်၍ သေတမ်းစာနှင့် သေတမ်းစာအတည်ပြုလက်မှတ်တို့ကို အထောက်အထားပြုကာ လျှောက်ထားလာသည့်ကိစ္စများ တွင် လျှောက်ထားလာသည့် သေတမ်းစာနှင့် သေတမ်းစာ အတည်ပြုလက်မှတ်တို့သည် ဥပဒေနှင့် အညီ မှတ်ပုံတင်ထားရမည် ဖြစ်သည်။

ဤတွင် မြေအမည် ပေါက်သူ နိုင်ငံသားကွယ်လွန်၍ ၎င်း၏ သေတမ်းစာနှင့် သေတမ်းစာ အတည်ပြုလက်မှတ် ရရှိသူ နိုင်ငံခြားသားက တင်လျှောက်ထားလာသော ကိစ္စတွင် ၁၆-၃-၈၇ ရက်နေ့မတိုင်မီက ဖြစ်ပါလျှင် ထိုကိစ္စကို ခွင့်ပြုပေးပါသည်။ ထို့အတူပင် မြေအမည် ပေါက်သူ နိုင်ငံခြားသား ကွယ်လွန်၍ ၎င်း၏ သေတမ်းစာနှင့် သေတမ်းစာအတည်ပြုလက်မှတ်ရရှိသူ နိုင်ငံသားက တင်ပြလျှောက်ထားလာလျှင်လည်း ခွင့်ပြုရသည်။

၎င်းအပြင် မြေအမည် ပေါက်သူ နိုင်ငံခြားသား ကွယ်လွန်၍ သေတမ်းစာနှင့် သေတမ်းစာ အတည်ပြုလက်မှတ် ရရှိသူ နိုင်ငံခြားသားက ခိုင်လုံစွာ တင်ပြလျှောက်ထားခြင်းသည် ၁၆-၃-၈၇ ရက်နေ့မတိုင်မီက ကိစ္စ ဖြစ်ပါမူ ခွင့်ပြုရမည် ဖြစ်သည်။

၁၆-၃-၈၇ ရက်နေ့နောက်ပိုင်းတွင် နိုင်ငံသားကွယ်လွန်၍ သေတမ်းစာနှင့် သေတမ်းစာ အတည်ပြုလက်မှတ် ရရှိသူ နိုင်ငံခြားသားက အမွေဆက်ခံခွင့် ပေါ်ပေါက်လျှင်သော်လည်းကောင်း၊ မြေအမည် ပေါက် နိုင်ငံခြားသားကွယ်လွန်၍ နိုင်ငံသားက အမွေဆက်ခံရန် အခွင့်အလမ်း ပေါ်ပေါက်လာလျှင်သော်လည်းကောင်း၊ နိုင်ငံခြားသားကွယ်လွန်၍ နိုင်ငံသားက ဆက်ခံရန် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင်သော်လည်းကောင်း၊ ပြည်ထဲရေး နှင့် သာသနာရေး ၀န်ကြီးဌာန၏ အတည်ပြုချက် ရရှိမှသာ ခွင့်ပြုနိုင်ပေလိမ့်မည် ။

တရားရုံး၏ ရောင်းချခွင့်အမိန့်ဖြင့် အုပ်ထိန်းသူမှ အရွယ်မရောက်သေးသူ နိုင်ငံသားများ အတွက် လျှောက်ထားသည့် ကိစ္စရပ်များ တွင် နိုင်ငံသားနှင့် နိုင်ငံခြားသားကို ပိုင်းခြားထားသည်။

အရွယ်မရောက်သေးသူ နိုင်ငံသားများ အတွက် အုပ်ထိန်းသူ နိုင်ငံသားက ထိန်းသိမ်းထား ရသော နိုင်ငံသားအမည် ပေါက် မြေအတွက် တရားရုံး၏ ရောင်းချခွင့်အမိန့်အရ လျှောက်ထားလာ သော ကိစ္စရပ်များ ကို ခွင့်ပြုပေးပါသည်။

သို့ ရာတွင် အရွယ်မရောက်သေးသူ နိုင်ငံသားများ အတွက် အုပ်ထိန်းသူ နိုင်ငံသားက ထိန်း သိမ်းထားရသော နိုင်ငံခြားသားအမည် ပေါက် မြေကွက်အတွက် တရားရုံး၏ ရောင်းချခွင့်အမိန့်အရ လျှောက်ထားလာခဲ့သည်ရှိသော် ၁၆-၃-၈၇ ရက်နေ့နောက်ပိုင်း လုံးဝခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း သက်ဆိုင်သူတို့ ကြိုတင်သိရှိထားအပ်ပေသည်။

ယင်းသို့ တင်ပြနေရသည်မှာ စာရေး သူ၌ အကြောင်း ရှိပါသည်။ ထိုအကြောင်းချင်းရာမှာ အခြားမဟုတ်၊ အနောက်တိုင်း စာရေး ဆရာကြီး ရှိတ်စပီးယား (Shakespeare) ၏ အဆိုအမိန့်ကို သတိရ၍ ဖြစ်သည်။ သူက “Strong reasons make strong actions” (ခိုင်ခန့်သည့် အကြောင်း တရားများ သည် ကြီးမားသည့် လုပ်ဆောင်မှု ကြီးများ ကို ဖြစ်ပေါ်စေသည်) ဟု ဆိုထားသည် မဟုတ်ပါလား. . . .။

•••


မြေယာပြဿနာ (၄)

(တရားဥပဒေစိုးမိုးခြင်း ကင်းမဲ့မှု သည် အကြီးမားဆုံးသော လူ့အခွင့်အရေး ဆုံးရှုံးခြင်းပင် ဖြစ်သည်။)

နိုင်ငံသားများ ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေကို ၁၉၇၅ ခုနှစ် တွင် အခြေခံဥပဒေပုဒ်မ ၁၆၃ အရ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ အခြေခံဥပဒေပုဒ်မ ၁၆၃ တွင် အောက်ပါ အတိုင်း ဖော်ပြထားပါသည်-

(က) နိုင်ငံသားတိုင်းည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေး များ ကို အပြည့်အ၀ ရရှိစေရမည် ။

(ခ) နိုင်ငံသားတစ်ဦးဦး၏ အခွင့်အရေး တစ်ရပ်ရပ် ထိခိုက်ဆုံးရှုံးမှု မရှိစေရန် အမြင့်ဆုံးနှင့် အထိရောက်ဆုံး ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် ဥပဒေများ ကို ပြဋ္ဌာန်းရမည် ။

နိုင်ငံသား ဆိုသည့် စကားရပ်နှင့် စပ်လျဉ်း၍ ယင်းအခြေခံဥပဒေပုဒ်မ ၁၄၅ နှင့် ပုဒ်မ ၁၄၆ တို့တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

ပုဒ်မ ၁၄၅-

(က) ပြည်ထောင်စု မြန်မာနိုင်ငံတော် ၏ တိုင်းရင်သားမိဘနှစ် ပါးမှ မွေးဖွားသူအားလုံးသည် နိုင်ငံသားများ ဖြစ်သည်။

(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီး သူများ သည်လည်း နိုင်ငံသားများ ဖြစ်သည်။

ပုဒ်မ ၁၄၆

နိုင်ငံသား ဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအ ဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်စေရမည် ။

ထိုပြဋ္ဌာန်းချက်အရ မြန်မာနိုင်ငံသား ဥပဒေကို ၁၉၈၂ ခုနှစ် က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံသားများ ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ အခန်း (၂) နိုင်ငံ သားများ ၏ အခွင့်အရေး များ ကို အပြည့်အ၀ ရရှိစေခြင်းပင် အောက်ပါအတိုင်း ဖော်ပြထားပါသည်-

ပုဒ်မ (၂)

နိုင်ငံသားတိုင်းသည် အခြေခံဥပဒေပါ အခွင့်အရေး များ ကိုလည်းကောင်း၊ ရှိရင်းစွဲ ဥပဒေ များ ပါ အခွင့်အရေး များ ကိုလည်းကောင်း အပြည့်အ၀ ရရှိစေရမည် ။

ဤတွင် နိုင်ငံသားတိုင်း၏ အမွေခွဲဝေဆက်ခံမှု လည်း အကျုံးဝင်၏ ။ ထို့ကြောင့် မြေပုံ ရာဇ၀င် ရေး ကူးခြင်း၊ မြေတိုင်းခြင်းနှင့် မြေအမည် ပြောင်းခြင်း ကိစ္စရပ်များ ကို မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက ကဏ္ဍတစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးနေရခြင်း ဖြစ်ပါသည်။

မြေယာပြဿနာ (၄) တွင် အမွေထိန်းလက်မှတ် (အယ်လ်အေ) နှင့် အတူ တရားရုံး၏ ရောင်းချထုခွဲပိုင်ခွင့်အမိန့်ဖြင့် တင်ပြလျှောက်ထားလာသည့် ကိစ္စရပ်များ ကို ဆက်လက်တင်ပြပါ မည် ။ တင်ပြလျှောက်ထားလာသော အမွေထိန်းလက်မှတ်သည် စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေနှင့် အညီ မှတ်ပုံတင်ထားခြင်း ရှိရပါမည် ။ ၎င်းအမွေထိန်းလက်မှတ်နှင့် အတူ အမွေ ဆက်ခံခြင်း၊ အက်ဥပဒေပုဒ်မ ၃၀၇ အရ အချင်း ဖြစ်ပစ္စည်းကို ထုခွဲရောင်းချခွင့်ပြုကြောင်း တရားရုံး ၏ အမိန့်ပူးတွဲ ပါရှိရန်လည်း လိုအပ်သည်။

ကွယ်လွန်သူအမည် ပေါက် နိုင်ငံသား၏ မြေကို အမွေထိန်းလက်မှတ်အရ ထုခွဲရောင်းချပိုင် ခွင့်ရှိသူ နိုင်ငံသားက တင်ပြလျှောက်ထားလာလျှင်လည်း ခွင့်ပြုရပါသည်။ ကွယ်လွန်သူ အမည် ပေါက် နိုင်ငံခြားသား၏ မြေကို အမွေထိန်းလက်မှတ်အရ ထုခွဲရောင်းချပိုင်ခွင့်ရှိသူ နိုင်ငံသားက တင်ပြလျှောက်ထားလာသော ကိစ္စသည် ၁၆-၃-၈၇ ရက်နေ့မတိုင်မီ ကိစ္စ ဖြစ်ပါမူ ခွင့်ပြုရပါမည် ။ ထို့အတူ ကွယ်လွန်သူအမည် ပေါက် နိုင်ငံသား၏ မြေကို အမွေထိန်းလက်မှတ်အရ ရောင်းချထုခွဲ ပိုင်ခွင့်ရှိသူ နိုင်ငံခြားသားက တင်ပြလျှောက်ထားလာလျှင်လည်း ခွင့်ပြုရပါသည်။

ထို့အပြင် ကွယ်လွန်သူ အမည် ပေါက် နိုင်ငံခြားသား၏ မြေကို အမွေထိန်းလက်မှတ် (အယ်လ်အေ) အရ ထုခွဲရောင်းချပိုင်ခွင့်ရှိသူ နိုင်ငံခြားသားက တင်ပြလျှောက်ထားလာလျှင် ၁၆- ၃- ၈၇ ရက်နေ့မတိုင်မီ ကိစ္စ ဖြစ်ပါမူ ခွင့်ပြုရမည် ဖြစ်ပါသည်။ ၁၆-၃-၈၇ ရက်နေ့နောက်ပိုင်းကိစ္စ ဖြစ်ပါက ပြည်ထဲရေး ၀န်ကြီးဌာန၏ အတည်ပြုချက် ရရှိမှသာ ခွင့်ပြုရပါမည် ။

တရားဝင်စာချုပ်စာတမ်းဖြင့် ရောင်းချပေးကမ်းခံရသူများ က လျှောက်ထားလာသည့် ကိစ္စ ကိုလည်း ဆက်လက်တင်ပြလိုပါသည်။

နိုင်ငံသားအချင်းချင်း ဥပဒေနှင့် အညီ မှတ်ပုံတင်ထားသည့် တရားဝင်စာချုပ်စာတမ်းဖြင့် ရောင်းချပေးကမ်းသည့် ကိစ္စများ ကို ခွင့်ပြုပေးလျက်ရှိပါသည်။

သို့ ရာတွင် ၁၉၄၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းသည့် ၃၀-၁၂-၄၇ ရက်နေ့မှ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲ ပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းသည့် ၁၆-၃-၈၇ ရက်နေ့အတွင်း တရားဝင်စာချုပ် စာတမ်းဖြင့် ရောင်းချပေးကမ်းခံရသူတို့တွင် နိုင်ငံခြားသားတစ်ဦး (သို့ မဟုတ်) တစ်ဦးထက် ပိုမို ပါဝင်ခဲ့လျှင် ခွင့်မပြုနိုင်ချေ။ ၁၆-၃-၈၇ ရက်နေ့ နောက်ပိုင်းကာလ၌ တရားဝင်စာချုပ်စာတမ်းဖြင့် ရောင်းချပေးကမ်းသူနှင့် ရောင်းချပေးကမ်းခံရသူများ တွင် နိုင်ငံခြားသား တစ်စုံတစ်ဦး ပါဝင်နေ လျှင်လည်း ခွင့်မပြုနိုင်ပါ။

စွန့်လွှတ်စာချုပ်ဖြင့် စွန့်လွှတ်ခံရသူများ မှ လျှောက်ထားလာသည့် ကိစ္စနှင့် ပတ်သက်၍ နိုင်ငံသားအချင်းချင်း ဥပဒေနှင့် အညီ မှတ်ပုံတင်ထားသည့် စွန့်လွှတ်စာချုပ်ဖြင့် စွန့်လွှတ်လက်ခံ ရယူခြင်း ဖြစ်ပါက ခွင့်ပြုရပါမည် ။ သို့ သော် ၁၉၄၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်း ခြင်းကို ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းသည့် ၃၀-၁၂-၄၇ ရက်နေ့မှ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင် သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းသည့် ၃၀-၁၂-၄၇ ရက်နေ့မှ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းသည့် ၁၆-၃- ၈၇ ရက်နေ့အတွင်း စွန့်လွတ်စာချုပ်ဖြင့် စွန့်လွှတ်သူများ တွင် နိုင်ငံခြားသားတစ်ဦး (သို့ မဟုတ်) တစ်ဦးထက် ပိုမိုပါဝင်ခဲ့လျှင် ခွင့်မပြုနိုင်ပါ။ ၁၆-၃-၈၇ ရက်နေ့ နောက်ပိုင်းကာလ၌ စွန့်လွှတ် စာချုပ်ဖြင့် စွန့်လွှတ်သူနှင့် စွန့်လွှတ်ခံရသူများ တွင် နိုင်ငံခြားသား တစ်စုံတစ်ဦး ပါဝင်ပါကလည်း ခွင့်မပြုနိုင်ကြောင်း သတိပြုသင့်ပေသည်။

အမည် ပေါက် နိုင်ငံခြားသားကိုယ်တိုင် (သို့ မဟုတ်) ၎င်း၏ ကိုယ်စားလှယ်မှ လျှောက်ထား လာသည့်ကိစ္စကိုလည်း သတိမူရမည် ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းသည့် ၃၀-၁၂-၄၇ ရက်နေ့ မတိုင်မီက ပိုင်ဆိုင် ခဲ့သော မြေအမည် ပေါက် နိုင်ငံခြားသားကိုယ်တိုင်က လက်ရှိနေထိုင်နေသော မိမိပိုင်မြေနှင့် ပတ်သက်၍ မြေပုံမြေရာဇ၀င် မှန်ကန်မှု ရှိ၊ မရှိ စိစစ်၍ မှန်ကန်ပါလျှင် ခွင့်ပြုပါသည်။ သို့ သော် မြေအမည် ပြောင်းခြင်းကိစ္စများ ကိုမူ ခွင့်မပြုနိုင်ချေ။

အလားတူပင် မြေအမည် ပေါက် နိုင်ငံခြားသားတစ်ဦး၏ ကိုယ်စားလှယ်က ဖော်ပြပါကိစ္စ အတွက် လျှောက်ထားလာပါလျှင် တရားဝင်ကိုယ်စားလှယ် ဖြစ် မ ဖြစ်ကို စိစစ်၍ မှန်ကန်ပြည့်စုံခြင်း ရှိပါက မြေပုံရာဇ၀င်ရေး ကူးခြင်းနှင့် မြေတိုင်းတာခြင်းတို့အတွက် ခွင့်ပြုရပါမည် ။ မြေအမည် ပြောင်း ခြင်းကိစ္စများ ကိုမူ ခွင့်မပြုနိုင်ပါ။

မြို့မြေစာရင်းတွင် အမည် ပေါက်နိုင်ငံသားကိုယ်တိုင် (သို့ မဟုတ်) ၎င်း၏ ကိုယ်စားလှယ်မှ လျှောက်ထားလာသည့်ကိစ္စတွင် လည်း မှန်ကန်မှု ရှိ၊ မရှိ စိစစ်၍ မှန်ကန်ပါက ခွင့်ပြုပေးပါသည်။ အမည် ပေါက်နိုင်ငံသား၏ ကိုယ်စားလှယ်က လျှောက်ထားရာတွင် အောက်ပါအထောက်အထား များ ပါရှိရန် လိုအပ်ပါသည်-

(က) စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ဥပဒေနှင့် အညီ ပြဋ္ဌာန်းထားသော အထူးကိုယ်စား လှယ် ပါဝါ (Special Power) သို့ မဟုတ် အထွေထွေကိုယ်စားလှယ် ပါဝါ (General Power) တို့ ပါရှိခြင်း။

(ခ) ကိုယ်စားလှယ်ပါဝါပေးသူသည် နိုင်ငံသား ဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ထောက်ခံချက်နှင့် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ ထောက်ခံချက်ပါရှိခြင်း။

(ဂ) တစ်နှစ် ထက်ပိုကြာနေသော ကိုယ်စားလှယ်ပါဝါ ဖြစ်ပါက ကိုယ်စားလှယ်ပါဝါပေးသူ သည် အသက်ထင်ရှားရှိကြောင်း သက်ဆိုင်ရာ ရပ်ကွက်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ထောက်ခံချက်၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ထောက်ခံချက်တို့ ပါရှိခြင်း။

နိုင်ငံခြားတွင် ရောက်ရှိနေသူ မြေအမည် ပေါက် နိုင်ငံသား၏ ကိုယ်စားလှယ်က လျှောက် ထားလာလျှင် အောက်ပါအထောက်အထားများ ပါရှိပါက ခွင့်ပြုပေးပါမည် -

(က) သက်သေခံ ဥပဒေပုဒ်မ ၈၅ နှင့် အညီ ဥပဒေအရ မှန်ကန်ကြောင်း ထင်ရှားအောင် ပြုလုပ်ထားသည့် ကိုယ်စားလှယ်ပါဝါ ပါရှိခြင်း။

(ခ) မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၁၈ (၁) နှင့် အညီ ကိုယ်စားလှယ်ပါဝါကို မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိသည့်နေ့မှ (၃) လအတွင်း ထိုက်သင့်သည့် တံဆိပ်ခေါင်းကပ်နှိပ် ထားမှု ရှိခြင်း။

(ဂ) နိုင်ငံခြားသို့ ရောက်ရှိနေသည့် ကိုယ်စားလှယ်ပါဝါ လွှဲအပ်သူသည် မြန်မာနိုင်ငံသား အ ဖြစ် ဆက်လက်တည်ရှိကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားကြောင်းနှင့် မြန်မာနိုင်ငံသား အ ဖြစ်ပေးရန်ရှိသော အခွန်အခများ ကို ပေးဆောင်ပြီးကြောင်း သက်ဆိုင်ရာနိုင်ငံရှိ မြန်မာနိုင်ငံသံရုံး၏ ထောက်ခံချက်ပါရှိခြင်း။

(ဃ) တစ်နှစ် ထက် ပိုကြာနေသော ကိုယ်စားလှယ်ပါဝါ ဖြစ်ပါက ကိုယ်စားလှယ်ပါဝါပေးသူ သည် နိုင်ငံခြားတွင် အသက်ထင်ရှားရှိနေကြောင်း မြန်မာနိုင်ငံသားအ ဖြစ် ဆက်လက်တည်ရှိနေ ကြောင်း သက်ဆိုင်ရာနိုင်ငံရှိ မြန်မာနိုင်ငံသံရုံး၏ ထောက်ခံချက် ပါရှိခြင်း။

(မှတ်ချက်။ ။ မြေအမည် ပေါက် နိုင်ငံခြားသား၏ ကိုယ်စားလှယ်မှ လျှောက်ထားသည့် ကိစ္စရပ်များ တွင် လည်း အထက်ပါနည်းအတိုင်း စိစစ်ပါသည်။)

စနစ်တကျ အကွက်ရိုက်ထားသော မြေအတွက် လျှောက်ထားသည့် ကိစ္စရပ်များ လည်း ရှိပါသည်။ ထိုမြေအတွက် မြေအမည် ပေါက်သူ နိုင်ငံသားက အဆောက်အအုံဆောက်လုပ်ရန် အလို့ငှာ မြေပုံ၊ မြေရာဇ၀င်ရေး ကူးခြင်း၊ မြေတိုင်းခြင်းကိစ္စရပ်များ ကို လျှောက်ထားလာသည့်အခါ ခွင့်ပြုပေးပါသည်။ အလားတူပင် ကွာတာမြေနှင့် ပတ်သက်၍ မြေပုံမြေရာဇ၀င်ရေး ကူးခြင်း၊ မြေတိုင်းခြင်းကိစ္စရပ်များ ကို မြေအမည် ပေါက်သူ နိုင်ငံသားက လျှောက်ထားလာလျှင်လည်း ခွင့်ပြု ပေးပါသည်။ သို့ ရာတွင် မြေအမည် ပြောင်းခြင်းအတွက် လျှောက်ထားလာခဲ့သော် မြေငှားစာချုပ် လျှောက်ထားရရှိပြီးမှသာ ခွင့်ပြုနိုင်မည် ဖြစ်ပါသည်။

ဤသို့ ဖြင့် နိုင်ငံသားများ သည် အခြေခံဥပဒေပါ အခွင့်အရေး များ ကိုလည်းကောင်း၊ ရှိရင်းစွဲ ဥပဒေများ ပါ အခွင့်အရေး များ ကိုလည်းကောင်း၊ ရရှိခံစားနေကြသည်ဆိုပါက လွန်အံ့ဟု မဆိုသာ ပါချေ။

•••


မြေယာပြဿနာ (၅)

မြန်မာနိုင်ငံ တရားဥပဒေများ အက်ဥပဒေ (The Burma Lawa Act) ပုဒ်မ ၁၃ (၁) ၌ -

“မြန်မာနိုင်ငံတော် ရှိ တရားရုံးများ တွင် အမွေဆက်ခံရေး ၊ အမွေခွဲဝေရေး ။ ထိမ်းမြား လက်ထပ်ရေး ။ မျိုးနွယ်ရေး ၊ ဘာသာရေး ဆိုင်ရာ အစဉ်အလာ (သို့မဟုတ်) အဖွဲ့အစည်းတို့နှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးရန် အမှု ဖြစ်ပွားလျှင် အမှု သည်များ သည်-

- ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြလျှင် ဗုဒ္ဓဘာသာ ဥပဒေ၊

- မဟာမေဒင်ဘာသာဝင်များ ဖြစ်ကြလျှင် မဟာမေဒင် ဥပဒေ၊

- ဟိန္ဒူဘာသာဝင်များ ဖြစ်ကြလျှင် ဟိန္ဒူဥပဒေအရ အဆုံးအဖြတ်ပေးရမည် ”ဟူ၍ ပြဋ္ဌာန်း ထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော နိုင်ငံသားများ လိုက်နာကျင့်သုံးရန် အတွက် ဥပဒေအာနိသင် ရှိသည်ဟု အသိအမှတ်ပြု လက်ခံထားသော မိသားစုဥပဒေ (Family Law) ၃ ရပ်ရှိကြောင်း တွေ့ ရသည်။ ထိုဥပဒေများ မှာ ဗုဒ္ဓဘာသာဥပဒေ (ယခုအခေါ် မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေ)၊ မဟာမင်ဥပဒေနှင့် ဟိန္ဒူဥပဒေတို့ ဖြစ်ကြသည်။

ဤတွင် မဟာမေဒင် ဥပဒေ၊ တစ်နည်းဆိုသော် အစ္စလာမ်တရားဥပဒေ (The lslsmic Law) ၌ ပါရှိသော ၀ါကပ်ဖ်ကိစ္စရပ်သည် အထူးစိတ်ဝင်စားဖွယ်ရာ ကောင်းလှပေသည်။ ၀ါကပ်ဖ် ဆိုင်ရာ ဥပဒေသည် မွတ်စလင်တို့၏ ဘာသာရေး ဘ၀နှင့် လူမှု ရေး စီးပွားရေး အဆောက်အအုံ တစ်ခုလုံးနှင့် ဆက်စပ်နှီးနှောနေသော ကြောင့် အစ္စလာမ်တရားဥပဒေ၏ အရေး အကြီးဆုံးသော အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။

အစ္စလာမ် တရားဥပဒေပါ စာအုပ်တွင် ပါကပ်ဖ်၏ အဓိပ္ပာယ်ကို အောက်ပါအတိုင်း ဖွင့်ဆို ထားပေသည်။

“၀ါကပ်ဖ်ဆိုသည်မှာ လှူဒါန်းသော ပစ္စည်းအပေါ်တွင် မူလပိုင်ရှင်၏ ပိုင်ဆိုင်မှု လုံးဝကွယ် ပျောက်သွားပြီး ပစ္စည်းကို ထာဝရဘုရားသခင်က ပိုင်ဆိုင်သွားကာ ပစ္စည်းမှထွက်ပေါ်လာသော အကျိုးအမြတ်များ ကို ဖန်ဆင်းခံများ က ခံစားအသုံးပြုစေနိုင်သော လှူဒါန်းမှု မျိုးကို ဆိုလိုသည်။ ထို့ကြောင့် ပစ္စည်းတစ်စုံတစ်ရာကို ၀ါကပ်ဖ်ပြုလုပ်ခြင်းမှာ အပြီးအပြတ်သဘောကိုဆောင်ပြီး နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခြင်း မပြုနိုင်သကဲ့သို့ ၊ ၀ါကပ်ဖ်ပစ္စည်းကို ပေးကမ်းခြင်း၊ ရောင်းချ ခြင်းစသည်ဖြင့် လွှဲပြောင်းခြင်း မပြုနိုင်တော့သည်သာမက အမွေဆက်ခံခွင့်လည်း မရှိတော့ပေ”

အာမက်ဆီဘရာဟင်မဒါးနှင့် အမ်ချယ်လာ ဆွာမိဆာဗေးစီရင်ထုံးတွင် နိုင်ငံတော် တရား ရုံးချုပ်က “အစ္စလာမ်တရားဥပဒေအရ မွတ်စလင်တစ်ဦးသည် ၎င်း၏ ပစ္စည်းတစ်စုံတစ်ရာကို ဘာသာရေး ရည်ရွယ်ချက်ဖြင့် ဘုရားသခင်အား ရည်စူး၍ အပြီးအပိုင် လှူဒါန်းခြင်းကို ၀ါကပ်ဖ်ပြု လုပ်သည်ဟုဆိုသည်။ ၀ါကပ်ဖ်၏ ပစ္စည်းကို ပိုင်ဆိုင်သူမှာ ဘုရားသခင်သာ ဖြစ်သည်” ဟူ၍ ဆုံးဖြတ်ခဲ့ကြောင်းလည်း တွေ့ ရ၏ ။

၁၉၁၃ ခုနှစ် ၊ မွတ်စလင်ဝါကပ်ဖ် အတည်ပြုရေး အက်ဥပဒေ (The Mussalman Validating Act. 1913) ပုဒ်မ ၂ (၁) အရ “၀ါကပ်ဖ်ဆိုသည်မှာ အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်သူတစ်ဦးက အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူတစ်ဦးက အစ္စလာမ်တရားဥပဒေ အရ အသိအမှတ်ပြုထားသည့် ဘာသာရေး ၊ ကုသိုလ်ရေး (သို့ မဟုတ်) ပေးကမ်းစွန့်ကြဲရေး ဆိုင်ရာ ရည်ရွယ်ချက် တစ်ရပ်အတွက် ပစ္စည်းတစ်စုံတစ်ရာကို အမြဲထာဝရ ပေးကမ်းလှူဒါန်းခြင်းကို ဆိုသည်”ဟု ဖွင့်ဆိုထားပေသည်။

သို့ ဖြစ်ရာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော နိုင်ငံသားတိုင်းသည် အခြေခံ ဥပဒေပါ အခွင့်အရေး များ ကိုလည်းကောင်း၊ ရှိရင်းစွဲ ဥပဒေများ ပါ အခွင့်အရေး များ ကိုလည်းကောင်း အပြည့်အ၀ရရှိခံစားနေကြသည်ကို အထင်အရှားတွေ့ မြင်နိုင်ပေသည်။

မြေယာပြဿနာ ၅ တွင် မြေအမည် ပေါက်သူ ကွယ်လွန်၍ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ၎င်း၏ အမွေစားအမွေခံများ ကလည်းကောင်း၊ အမွေဆက်ခံခွင့် လက်မှတ်ဖြင့် လည်းကောင်း၊ လွှဲပြောင်းစာချုပ်ဖြင့် လည်းကောင်း၊ တင်ပြလျှောက်ထားလာသည့် ကိစ္စကို ဆက်လက်တင်ပြပါ မည် ။

မြေအမည် ပေါက်သူ နိုင်ငံသားကွယ်လွန်၍ ၎င်း၏ အမွေစား၊ အမွေခံ နိုင်ငံသားများ က မြေပုံ မြေရာဇ၀င်ကူးခြင်း၊ မြေတိုင်းခြင်းနှင့် မြေအမည်ပြောင်းခြင်း စသည့် ကိစ္စရပ်များ ကို မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ တင်ပြလျှောက်ထားလာလျှင် ခွင့်ပြုပေးပါသည်။

၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းသည့် (၁၆- ၃-၈၇) ရက်နေ့ မတိုင်မီက ဖြစ်လျှင် မြေအမည် ပေါက်သူ နိုင်ငံသားကွယ်လွန်၍ ၎င်း၏ အမွေစား အမွေခံ ဖြစ်သူ နိုင်ငံသားများ က တင်ပြလျှောက်ထားလာလျှင် ခွင့်ပြုပါမည် ။

၎င်းပြင် ကွယ်လွန်သူ အမည် ပေါက် နိုင်ငံခြားသား ကွယ်လွန်၍ ၎င်း၏ အမွေစား၊ အမွေခံ ဖြစ်သူ နိုင်ငံခြားသားက တင်ပြလျှောက်ထားလာလျှင် ၁၆-၃-၈၇ ရက်နေ့မတိုင်မီက ကိစ္စ ဖြစ်ပါမူ ခွင်ပြုရမည် ဖြစ်ပါသည်။

သို့ ရာတွင် ၁၆-၃-၈၇ ရက်နေ့နောက်ပိုင်း နိုင်ငံခြားသား ကိစ္စရပ်များ နှင့် ပတ်သက်လာလျှင် ပြည်ထဲရေး ၀န်ကြီးဌာန၏ အတည်ပြုချက်ရရှိမှသာ ခွင့်ပြုရပါသည်။

တရားမ၀င်စာချုပ်စာတမ်းဖြင့် လက်ဝယ် လွှဲပြောင်းရရှိထားသူများ က တင်ပြလျှောက်ထား လာသည့် ကိစ္စရပ်များ နှင့် ပတ်သက်၍ ဆက်လက်တင်ပြလိုပါသည်။ တရားမ၀င် စာချုပ်စာတမ်း (သို့ မဟုတ်) အရပ်ကတိများ ဖြင့် လက်ဝယ်လွှဲပြောင်းရရှိထားသူများ က တင်ပြလျှောက်ထားလာ သည့် ကိစ္စများ ကို ခွင့်မပြုနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

သို့ရာတွင် အောက်ပါအချက်များ ကို စိစစ်၍ သဘောရိုးနှင့် ဆောင်ရွက်ထားကြောင်း ပေါ်ပေါက်ပါလျှင် အိမ်ပြင်ဆင် ဆောက်လုပ်ရန်အတွက် လျှောက်ထားလာမှု အပေါ် မြေပုံ မြေရာဇ ၀င် ရေး ကူးခြင်းနှင့် မြေတိုင်းတာခြင်းကို ခွင့်ပြုပါသည်။ (မြေအမည် ပြောင်းခြင်း ကိစ္စအတွက် လုံးဝ ခွင့်ပြုမည် မဟုတ်ပါ။)

(က) တင်ပြလာသည့် စာချုပ်စာတမ်းသည် စာချုပ်စာတမ်းများ မှတ်ပုံတင် အက်ဥပဒေအရ မှတ်ပုံတင်ထားခြင်းမရှိသော်လည်း ပဋိညာဉ်မြောက်သော စာချုပ်စာတမ်း၊ တစ်နည်းအားဖြင့် ပစ္စည်းလွှဲပြောင်း အက်ဥပဒေ ၅၃ (က) အရ တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း မြောက်ရပါမည် ။

(ခ) ၎င်းစာချုပ်အရ တင်ပြလျှောက်ထားလာသူ၏ လက်ဝယ်လွှဲပြောင်းရယူပြီး ဖြစ်ပါသည်။ ယင်းသို့ လက်ဝယ် လွှဲပြောင်းရယူပြီး ဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်း စသည့် ခိုင်လုံသော အထောက်အထားများ နှင့် ပူးတွဲ တင်ပြရပါမည် ။

(ဂ) အဆိုပါ လျှောက်ထားလွှာနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ရှုပ်ထွေးမှု များ ၊ တစ်ဦး နှင့် တစ်ဦး အငြင်းပွားမှု များ ကင်းရှင်းရပါမည် ။

အကယ်၍ တရားမ၀င် ချုပ်ဆိုထားသော စာချုပ် (သို့မဟုတ်) တစ်ပိုင်းတစ်စ အကောင် အထည်ဖော် ဆောင်ရွက်ထားသော စာချုပ် (Part performance) များ ကို သက်ဆိုင်ရာ ကာယကံ ရှင်များ က တရားရုံးအဆင့်ဆင့်တွင် လျှောက်ထား၍ ဥပဒေကြောင်းအရ ပြန်လည်ကုစားပြီး တင်ပြ လာပါက ယင်းတင်ပြချက် အထောက်အထားသည် ဥပဒေကြောင်းအရ ခိုင်လုံမှု ရှိ/မရှိ စိစစ်ရပါ သည်။ ခိုင်လုံမှု ရှိသည်ဟု ယူဆကျေနပ်ပါလျှင် မြေအမည် ပြောင်းခြင်းကိစ္စကို အောက်ပါအချက် များ နှင့် ညီညွတ်ပါက ခွင့်ပြုပေးရမည် ဖြစ်ပါသည်။

(က) နိုင်ငံသားအချင်းချင်း ချုပ်ဆိုခဲ့သော စာချုပ်စာတမ်းများ ဖြင့် တင်ပြလျှောက်ထားခြင်း။

(ခ) (၃၀-၁၂-၄၇) ရက်နေ့မတိုင်မီက ချုပ်ဆိုခဲ့သော စာချုပ်စာတမ်းများ ဖြင့် တင်ပြ လျှောက်ထားခြင်း

(ဂ) (၃၀-၁၂-၄၇) ရက်နေ့မှ (၁၆-၃-၈၇) ရက်နေ့အတွင်း တရားမ၀င်စာချုပ်ဖြင့် ချုပ်ဆိုပြီး နိုင်ငံသား ဖြစ်သူက လက်ခံရယူခဲ့ခြင်း။

ဂေါပကအဖွဲ့ပိုင်မြေများ အတွက် လျှောက်ထားလာသည့် ကိစ္စကို ဆက်လက်တင်ပြသွား ပါမည် ။ ဂေါပကအဖွဲ့ပိုင်မြေများ အတွက် လျှောက်ထားလာသည့် ကိစ္စရပ်များ တွင် အောက်ပါ အထောက်အထားများ ပါရှိပါက ခွင့်ပြုပါသည်။

(က) နိုင်ငံသား ဖြစ်သူများ ပါဝင်သော ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၏ သဘောတူ ဆုံးဖြတ်ချက်ပါရှိခြင်း။

(ခ) သက်ဆိုင်ရာ တိုင်းသာသနာရေး ဦးစီးဌာန၏ ထောက်ခံချက် ပါရှိခြင်း။

(ဂ) သက်ဆိုင်ရာမြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ထောက်ခံချက် ပါရှိခြင်း။

သို့ ရာတွင် အထက်ပါ အထောက်အထားများ ပါရှိသော်လည်း မြေရာဇ၀င် မှတ်ချက်တွင် မြေသိမ်းမှု (သို့ မဟုတ်) မြို့ပြစီမံကိန်းတွင် အကျုံးဝင်မှု တစ်စုံတစ်ရာ ပါရှိနေပါက ခွင့်ပြုနိုင်မည် မဟုတ်ပါ။

အလားတူ အသင်းအဖွဲ့ပိုင်မြေများ နှင့် ပတ်သက်၍ လျှောက်ထားလာသည့် ကိစ္စရပ်တွင် လည်း အောက်ပါ အထောက်အထားများ ပါရှိပါက ခွင့်ပြုပေးပါသည်။

(က) ပြည်ထဲရေး ၀န်ကြီးဌာနတွင် ဥပဒေနှင့် အညီ တရားဝင်အသင်းအဖွဲ့အ ဖြစ် မှတ်ပုံတင် ထားသည့် မှတ်ပုံတင်လက်မှတ် ပါရှိခြင်း။

(ခ) သက်ဆိုင်ရာ မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ထောက်ခံချက် ပါရှိခြင်း။

သို့ သော် မြေရာဇ၀င် မှတ်ချက်တွင် မြေသိမ်းမှု (သို့ မဟုတ်) မြို့ပြစီမံကိန်းတွင် အကျုံးဝင် မှု တစ်စုံတစ်ရာ ပါရှိနေပါက ခွင့်မပြုနိုင်ကြောင်း ကြိုတင်သိရှိထားသင့်ပါသည်။

နောက်ဆုံးအနေဖြင့် လျှောက်ထားလွှာများ အပေါ် ကန့်ကွက်သည့် ကိစ္စရပ်များ ကို တင်ပြ ပါမည် ။ တင်ပြလာသော ကန့်ကွက်လွှာတွင် အောက်ပါအထောက်အထားများ ပါရှိရပါမည် ။

(က) ဥပဒေကြောင်းအရ ခိုင်လုံသည့် ပိုင်ဆိုင်ခွင့်အထောက်အထားများ ။

(ခ) အချင်း ဖြစ်မြေနှင့် ပတ်သက်၍ တရားရုံးတွင် အမှု ရင်ဆိုင်ဖြေရှင်းလျက်ရှိကြောင်း သက်ဆိုင်ရာ တရားရုံး၏ ဆိုင်းငံ့မိန့်။

အကယ်၍ ဆိုင်ငံ့မိန့် ပူးတွဲ မပါရှိပါက ကန့်ကွက်လွှာတင်သွင်းသူထံသို့ တစ်လအတွင်း ဆိုင်းငံ့မိန့် တင်ပြစေရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက အကြောင်းကြားရပါမည် ။ သတ်မှတ်ရက်အတွင်း တရားရုံး ဆိုင်းငံ့မိန့်ကို ကန့်ကွက်သူက တင်ပြနိုင်ခြင်းမရှိလျှင် ၎င်း၏ ကန့်ကွက်လွှာအပေါ် ဤရုံးက လက်ခံစဉ်းစားမည် မဟုတ်ကြောင်း ကြိုတင်သိရှိထားသင့်ပါသည်။

မြေယာပြဿနာ (၁)/(၂)/(၃)/(၄)/(၅) တင်ပြချက်များ အပေါ် အများ ပြည်သူအပေါင်း သိရှိ နားလည်သဘောပေါက်ထားမည် ဆိုပါက ပြည်သူနှင့် ကြည်ဖြူစွာ အလုပ်ကို လုပ်ရခြင်းကား အဟော သုခံ သြော် . . . . ချမ်းသာစွ။

•••


မြေ

မြေယာသည် အကန့်အသတ်ရှိသော တိုးပွားမှု မရှိနိုင်သော သယံဇာတ ဖြစ်သည်။ အစား ထိုး၍ လဲလှယ်ခြင်းမပြုနိုင်သော ဂုဏ်သတ္တိလည်း ရှိသည်။ ငွေကြေး ဖောင်းပွမှု ဒဏ်ကို ကျော်လွှား နိုင်သော အစွမ်းသတ္တိရှိသည်ဟုလည်း ပညာရှင်အချို့က ဆို၏ ။ ဟင်နရီဂျော့ကမူ မြေကြီးချည်း သက်သက်ဆိုလျှင် တန်ဖိုးမရှိ။ လူ၏ လုပ်အားပေါ်မူတည်၍ သာ တန်ဖိုးရှိလာရသည်ဟု ဆို၏ ။

မြေပိုင်ရှင်တို့သည် မြေများ ကို အရောင်းအ၀ယ်ပြုလုပ်ကြ၏ ။ မြေကွက်ကို မည် မျှနှင့် ရောင်းသည်။ မည် မျှနှင့် ၀ယ်သည် စသဖြင့် အရောင်းအ၀ယ်ပြုလုပ်ကြကုန်၏ ။ အရောင်းအ၀ယ် ပြုလုပ်သော မြေယာတို့၏ ဈေးနှုန်းကို မည် သည့်အချက်က ပြဋ္ဌာန်းသည်ကို အခြေခံသော ဘောဂ ဗေဒတွင် ဖွင့်ဆိုထားသည်။

မြေယာဟူသည် သဘာဝ၏ ပစ္စည်း ဖြစ်သည်။ လူ့အလုပ်က ဖန်တီးရယူနိုင်ကောင်းသော အရာမဟုတ်ပေ။ ထို့ကြောင့် မြေယာ၏ “တန်ဖိုး”ဟူ၍ မရှိဟုဆို၏ ။ “တန်ဖိုး”ဟူ၍ မရှိလင့်ကစား အရင်းရှင်စနစ်တွင် မြေယာများ ကို ပုဂ္ဂလိကပိုင်ဆိုင်မှု ရှိခြင်းကြောင့် အရောင်းအ၀ယ်သဘော ဖြစ် ကာ ‘ဈေးနှုန်း’ ဟူ၍ ရှိလာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ မြေယာပေါ်တွင် လူတို့က အထပ်ထပ် ထွန်ယက်စိုက်ပျိုးခြင်းကြောင့် မြေသြဇာကောင်းလာတတ်ကြသည်။ ထိုအခါတွင် မြေယာ၌ လူ့အလုပ်ပါဝင်ခဲ့ပြီ ဖြစ်ရာ တန်ဖိုးအခြင်းအရာရှိလာကြောင်း သိရသည်။

အိမ်ရာမြေကွက်သည်လည်း တည်ရှိရာဒေသ၊ လမ်းပန်းဆက်သွယ်မှု အနေအထား၊ ပတ်ဝန်းကျင်အခြေအနေ၊ ရေ၊ မီး ရရှိနိုင်မှု စသည့်အကြောင်းများ ကြောင့် တန်ဖိုးအမျိုးမျိုး ကွဲပြား ခြားနားမှု ရှိနေ၏ ။

တန်ဖိုးအခြင်းအရ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ အရင်းရှင်စနစ်၌ မြေယာများ ကို အရောင်းအ၀ယ်ပြုလုပ်ကြကုန်၏ ။ မြေငှားစတက်လျှင် မြေဈေးတက်နိုင်သကဲ့သို့ မြေငှားခသည် မြေယာထွက်သီးနှံဈေးများ တက်လျှင် ဖြစ်စေ၊ မြေယာမှသီးထွက်ပိုလာလျှင် ဖြစ်စေ သို့ တည်း မဟုတ် ထိုအခြင်းအရ နှစ် ခုစလုံးပေါင်း၍ ဖြစ်စေ မြေဈေးတက်နိုင်သည်ဟု ဆို၏ ။ မြေငှားခတက် သည်ရှိသော် မြေဈေးများ လည်း တက်ပေမည် ။ မြေငှားခ မတက်သည့်တိုင်အောင် မြေဈေးများ တက်သည်လည်း ရှိ၏ ။

မြေကွက်တန်ဖိုးဆိုသည်မှာ အတိုးပေါ်မူတည်နေသော မြေငှားခစုစုပေါင်း ဖြစ်သည်ဟု ဆို၏ ။ လူတစ်ဦးသည် မြေတစ်ကွက်ပိုင်ဆိုင်ထားသည်ဟု ဆိုကြပါစို့။ ထိုမြေကွက်မှ ထိုသူသည် နှစ် စဉ် မြေငှားခ ၁၀၀၀ ကျပ် ရနေ၏ ။ ပေါက်နေသော အတိုးနှုန်းသည် ၅ ရာခိုင်နှုန်း ဖြစ်နေလျှင် သူက ဤသို့ တွက်ပေလိမ့်မည် ။ ယေဘုယျအားဖြင့် နှစ် စဉ်ရနေသော မြေငှားခနှင့် အညီ ၁၀၀၀ ကျပ် ရရန် ငွေတိုးချေးစားလျှင် သို့ မဟုတ် ဘဏ်၌ အပ်၍ အတိုးထိုင်စားလျှင် အရင်းငွေကျပ် ၂၀၀၀၀ ကျပ် လိုမည် ဖြစ်၏ ။ အတိုးနှုန်း ၅ ရာခိုင်နှုန်း၌ ငွေကျပ် ၂၀၀၀၀ ကျပ်ရင်းမှ ၁၀၀၀ ကျပ် ရပေမည် ။ ထိုကိစ္စ၌ ငွေကျပ် ၂၀၀၀၀ ရင်း၍ ရသော အတိုးသည် သူနှစ် စဉ်ရနေသော စုစုပေါင်း ငှားခနှင့် ညီမျှရာ ထိုသူသည် သူ၏ မြေကွက်ကို ၂၀၀၀၀- ကျပ်ထက်နည်း၍ ရောင်းချနိုင်ဖွယ်ရာ အကြောင်းမရှိပေ။ သို့ ဖြစ်ရာ မြေယာဈေးနှုန်းဟူသည် “အတိုးပေါ်မူတည်တွက်ထားသော စုစုပေါင်း ငှားခ” သာ ဖြစ်ကြောင်း ဖွင့်ဆိုထားခြင်း ဖြစ်သည်။

မြေယာတိုးတက် ကောင်းမွန်စေရန် အရင်းအနှီးစိုက်ထုတ်၍ ဆောင်ရွက်သည့်အခါ စိုက်ထုတ်သော အရင်းအနှီးမှ အတိုးနှုန်းတက်သွားသဖြင့် မြေဈေးသည်လည်း တက်သွားနိုင်စရာ အကြောင်းရှိသည်။ မြေကြီးပေါ်တွင် အပိုစိုက်ထုတ် ရင်းနှီးထားသည့် မတည်ရင်းနှီးငွေကြောင့် မြေငှားခကို ပိုပေးလာရသည်။ ဤနည်ဖြင့် မြေငှားခ တက်လာပြန်၏ ။ ငှားခတက်လာခြင်းကြောင့် မြေဈေးလည်း တက်လာပေမည် ။

အိမ်ရာဆောက်လုပ်ရန် မြေကွက်များ သည် လယ်ယာထွန်ယက်ရန် မြေကွက်များ ထက် ငှားရမ်းခကြီးကြသည်။ ဤသည်မှာ အကွာအဝေးဒေသ ခြားနားမှု ကြောင်း ဖြစ်သည်။ အဆောက် အအုံများ အတွက် မြေကွက်များ သည် မြို့ထဲ၌ ရှိခြင်း၊ စက်မှု လုပ်ငန်းဌာနများ နှင့် နီးခြင်း၊ ကူးသန်း ရောင်းဝယ်ရေး ဗဟိုအချက်အချာကျသည့် နေရာများ နှင့် နီးခြင်း စသည့် နေရာဒေသ ကောင်းခြင်း များ ရှိ၏ ။ ဤသို့ ဖြင့် နေရာဒေသခြားနားမှု ကြောင့် အဆောက်အအုံအတွက် မြေယာများ ၏ ငှားခ သည် လယ်ယာမှ ငှားခထက်ကြီးရခြင်း ဖြစ်သည်။ အဆောက်အအုံမြေယာများ တွင် လည်း နေရာ ဒေသကို လိုက်၍ တန်ဖိုးခြားနားမှု ရှိပေသည်။

အိမ်ငှားခနှင့် မြေငှားခတို့တွင် မတူညီသော အကြောင်းအချက်များ ရှိသည်။ အိမ်ငှားခ ဆိုသည်မှာ လူ့အလုပ်ဖြင့် တည်ဆောက်ရယူသော အိမ်၏ အသုံးဝင်တန်ဖိုး တစ်စိတ်တစ်ဒေသ အတွက် ပေးရသော အဖိုးအခ ဖြစ်သည်။ မြေငှားခသည် အိမ်ငှားခတွင် မသေးငယ်သော အစိတ် အပိုင်းအ ဖြစ် ပါဝင်လျက်ရှိသည်။

လူဦးရေတိုးပွားလာသည့်အခါနှင့် စက်မှု လုပ်ငန်းထွန်းကားလာသည့်အခါတို့တွင် အဆောက်အအုံမြေယာများ အပေါ် ၀ယ်လိုအား သည် ပို၍ ကြီးမားလာကာ မြေတန်ဖိုးများ ကို တက်စေ၏ ။

အဆောက်အအုံလုပ်ငန်း ဖွံ့ဖြိုးလာသည့်အခါ၌ အိမ်ရာဆောက်လုပ်သူတို့သည် မိမိတို့ အရင်းအနှီး မတည်၍ အိမ်ဆောက်ခြင်းမှ ရသော အမြတ်ထက် အိမ်ငှားခတွင် ဈေးကစားလိုကြ သည်။

ယခင်က မြန်မာနိုင်ငံတွင် အိမ်များ ကို ဆောက်ပြီးရောင်း၍ အမြတ်ယူသည့် သဘောထက် ဆောက်ပြီးအိမ်များ ကို စပေါ်ကြီးကြီးယူ၍ လည်းကောင်း၊ ငှားသူ အပြောင်းအလဲလုပ်၍ လည်း ကောင်း ၀င်ငွေရယူခြင်းကို ပိုလုပ်ခဲ့ကြသည်။ တစ်နည်းအားဖြင့် မြေငှားခကို ကစားခြင်း ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်လာသော မြို့ကြီးများ ၌ အဆောက်အအုံလုပ်ငန်းတွင် ဈေးကစားခြင်း၏ အဓိကဦးတည်ချက်မှာ မြေငှားခ ဖြစ်သည်။ ဤသို့ ဖြစ်ရခြင်းမှာ ကန်ထရိုက်တာအနေဖြင့် အဆောက်အအုံများ မှ အနည်းငယ်သာ အမြတ်ရနိုင်ပြီး အဓိကအမြတ်များ ကို မြေငှားခတိုးခြင်း ဖြင့် သာ ရနိုင်သော ကြောင့် ဖြစ်၏ ။

၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေကို ပြဋ္ဌာန်းပြီးနောက်ပိုင်းတွင် ၎င်းတို့၏ ဦးတည်ချက်မှာ ပြောင်းလဲခဲ့သည်။ မျက်မှော က်ကာလတွင် အမြတ်ကို လုံးလုံးလျားလျား ဦးတည်သွား၏ ။

ရန်ကုန်တိုင်းအတွင်း၌ ၁၉၆၅ ခုနှစ် တွင် မြိုနယ်ပေါင်း ၂၇ မြို့နယ်ရှိခဲ့ရာမှ ၁၉၇၃ ခုနှစ်တွင် မြို့နယ်ပေါင်း ၃၉ မြို့နယ် ပါဝင်လာခဲ့သည်။ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်း တစ်တိုင်းလုံး၏ လူဦးရေသည် ၃ ဒသမ ၁၉ သန်းခန့် ရှိခဲ့သည်။ ၁၉၆၅ ခုနှစ် မှ ၁၉၇၃ ခုနှစ် အတွင်း ရန်ကုန်တိုင်းလူဦးရေသည် ပျှမ်းမျှတစ်နှစ် လျှင် ၃ ဒသမ ၄၃ ရာခိုင်နှုန်းသို့ တိုးခဲ့သည်။

၁၉၇၃ ခုနှစ် တွင် ရန်ကုန်တိုင်းတစ်တိုင်းလုံး၌ အဆောက်အအုံပေါင်း ၄ ဒသမ ၉ သိန်း နီးပါးရှိခဲ့သည်။ မူလမြို့နယ်များ တွင် အဆောက်အအုံပေါင်း ၂ ဒသမ ၆ သိန်းနီးပါးနှင့် တိုးချဲ့ မြို့နယ်များ တွင် အဆောက်အအုံပေါင်း ၂ ဒသမ ၃ သိန်း ရှိခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းမူလ မြို့နယ်များ အနေဖြင့် ၁၉၆၅ ခုနှစ် မှ ၁၉၇၃ ခုနှစ် အထိ ရှစ်နှစ် တာ ကာလအတွင်း အဆောက် အအုံများ သည် နှစ် စဉ် ၂ ဒသမ ၇၈ ရာခိုင်နှုန်း တိုးပွားလာသည်ကို တွေ့ ရသည်။

ရန်ကုန်မြို့တော် ၏ လူဦးရေမှာ ၁၉၈၃ ခုနှစ် တွင် ၂ ဒသမ ၅ သန်း ရှိခဲ့ရာမှ ယခုအခါတွင် ၂ ဒသမ ၉ သန်းအထိ ရှိလာပြီ ဖြစ်သည်။ နှစ် စဉ် လူဦးရေ တိုးနှုန်း ၂ ဒသမ ၀၁၂ ရာခိုင်နှုန်းရှိ သည်။

သို့ ဖြစ်ရာ ပြည်သူတို့၏ နေရေး လိုအပ်ချက်များ ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရေး အတွက် နိုင်ငံတော် အစိုးရ၏ မူဝါဒနှင့် အညီ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက မြေကွက်များ ရောင်းချပေးနေကြောင်း သိရသည်။

သာကေတ ၁ ရပ်ကွက်တွင် ပေ ၈၀× ၆၀ မြေကွက်ပေါင်း ၄၉ ကွက်ကိုလည်းကောင်း၊ သုဝဏ္ဏရပ်ကွက် ၃၀ တွင် ပေ ၆၀×၈၀ မြေကွက်ပေါင်း ၆၄ ကွက်ကိုလည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ပေ ၄၀×၆၀ မြေကွက်ပေါင်း ၁၈၃၉ ကွက်ကိုလည်းကောင်း ရောင်းချပေးခဲ့ပြီး ဖြစ်သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) ဧရာဝဏ်လမ်းမကြီးတစ်လျှောက်တွင် ပေ ၄၀×၆၀ မြေကွက် ပေါင်း ၁၀၀၀၀ နီးပါးကို ဆက်လက်ရောင်းချပေးသွားမည် ဟု ဆို၏ ။ မြောက်ဥက္ကလာပ (ဝေဘာဂီ)၊ (သုနန္ဒာ) နှင့်သင်္ဃန်းကျွန်း (ကြီးပွားရေး ) တို့၌ မြေကွက်များ ရောင်းချရန် အစီအစဉ်ရှိကြောင်းကို လည်း သိရသည်။

ယင်းသို့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်သည့် နေရာဒေသများ ၌ အိမ်ရာမြေကွက်များ ၊ ဖော်ထုတ်ရောင်းချပေးခြင်းဖြင့် အိမ်ရာလိုအပ်နေသော ပြည်သူတို့အတွက် အိမ်ရာအခက်အခဲ ပြေလည်စေသကဲ့သို့ ၎င်းတို့၏ စုဆောင်းငွေများ သည်လည်း အိမ်ရာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု နယ်ပယ် သို့ ရောက်ရှိလာနေချေပြီ။

ဤသို့ ဆိုလျှင် မြေကြီးမှ ရွှေသီးပေတော့မည် ။

မှီငြမ်းကိုးကားချက်။ ။

၁။ ရန်ကုန်တိုင်းအဆောက်အအုံနှင့် လူဦးရေအခြေအနေ ဆန်းစစ်လေ့လာချက် စာရင်း အင်းပညာဌာန (၁၉၈၁) ခုနှစ် ၊ စီးပွားရေး တက္ကသိုလ်။

၂။ ဒဂုံမြို့သစ် တည်ဆောက်မှု မှတ်တမ်း၊ ၁၉၉၁ ခုနှစ် ဇူလိုင်လ။

၃။ ဘဲင်ဟဲင် ဘောဂဗေဒ။

•••


ယနေ့ ရန်ကုန်

လောကအရေး ၃ ပါး ဖြစ်သည့် စားဝတ်နေရေး ကိစ္စရပ်များ ကို ခေတ်အဆက်ဆက်တွင် အစိုးရက ဆောင်ရွက်ပေးခဲ့ပေသည်။

ပဒေသရာဇ်ခေတ်နှောင်း ကုန်းဘောင်ဧကရာဇ်၊ မြန်မာနိုင်ငံတော် ကို တည်ထောင်ခဲ့သော အလောင်းမင်းတရားသည် ၁၇၅၅ ခုနှစ် ၊ မေလ-၂ ရက်နေ့တွင် ရန်ကုန်မြို့ကို ၇ ရက်နှင့် အပြီး တည်ဆောက်ခဲ့သည်။ ‘ရန်’တကာတို့ကို ‘ကုန်’ စင်အောင် တိုက်ခိုက်ရှင်းလင်းမည် ဟု သန္နိဋ္ဌာန် ပြုကာ အမည် ဟောင်း ဖြစ်သော ‘ဒဂုံ’ ကို ‘ရန်ကုန်’ဟု အမည် သစ်ဖြင့် ခေါ်တွင် စေခဲ့သည်။ ထိုအချိန်မှစ၍ ‘ရန်ကုန်မြို့’ အ ဖြစ် တည်ရှိလာခဲ့ရာ ယခု ၂၃၆ နှစ် တိုင် ကြာခဲ့ပြီ ဖြစ်သည်။

ထိုစဉ်က ရန်ကုန်သည် အ၀န်း ၁၁၁၉ တာ (နှစ် မိုင်သာသာခန့်) ရှိ၍ ဧရိယာ စတုရန်းမိုင် ရှစ်ပုံတစ်ပုံခန့် ကျယ်သည်။ ယခု ရန်ကုန်မြေပုံတွင် ချကြည့်ပါက အကြမ်းအားဖြင့် မြောက်ဘက် တွင် ဆူးလေဘုရား၊ တောင်ဘက်တွင် လှိုင်မြစ်၊ အရှေ့ဘက်တွင် ကုန်သည်လမ်း၊ ပတ်ဝန်းကျင်ရှိ သိမ်ဖြူလမ်း၊ အနောက်ဘက်၌ လမ်း ၃၀ အထိ နယ်နိမိတ်အပိုင်းအခြားရှိသည်။

သာယာဝတီမင်းလက်ထက် ၁၈၄၁-၄၂ ခုနှစ် တွင် တည်ထောင်ခဲ့သော ရန်ကုန်မြို့၏ အ၀န်းအ၀ိုင်းသည် ၃ မိုင်သာသာ (တာဝန်း ၁၈၀၀) ခန့် ရှိသည်။ သာယာဝတီမင်းလက်ထက် ရန်ကုန်သည် အကြမ်းအားဖြင့် အနောက်မြောက်ဘက်ဆီသို့ သာ ဦးတည်၍ မြို့ပြပုံသဏ္ဍာန်ကို တိုးချဲ့ကြောင်း တွေ့ ရမည် ဖြစ်သည်။

ပုဂံမင်းလက်ထက် အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲ ပြီးဆုံးသော အခါ အောက်မြန်မာနိုင်ငံ တစ်ဝန်းလုံး အင်္ဂလိပ်လက်သို့ ကျဆင်းလေရာ ရန်ကုန်မြို့သည် ဗြိတိသျှ မြန်မာနိုင်ငံတော် ကော်မရှင်နာခေါ် မဟာဝန်ရှင်တော် မင်းကြီး ရုံးစိုက်ရာမြို့တော် ဖြစ်လာသည်။ ၁၈၅၂ ခုနှစ် တွင် ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲကြောင့် ရန်ကုန်မြို့မှာ အမြောက်ဆန်ထိမှန်၍ အတော် ပင် ပျက်စီးခဲ့ရသည်။ ဤတွင် အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ကို ပြန်လည်မြို့ကွက်ချ တည်ဆောက်ရန် စီစဉ်ရလေသည်။

၁၈၅၂ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့သစ် တည်ဆောက်နိုင်ရန် ဗြိတိသျှစစ်တပ်မှ ဆရာဝန် ဒေါက်တာ ၀ီလျံမောင်ဂိုမာရီက မြို့သစ်ပြန်လည်ထူထောင်ရေး စီမံချက်ကို တင်သွင်းခဲ့ သည်။ ၁၈၅၃ ခုနှစ် ၊ စက်တင်ဘာလတွင် အင်ဂျင်နီယာ တပ်ဗိုလ်၊ ဖရေဇာသည် လူဦးရေ ၃၆၀၀၀ အခြေတည်နေထိုင်နိုင်မည့်  မြို့သစ်ပုံစံကို ရေး ဆွဲခဲ့သည်။

ထိုမြို့သစ်မှာ မြောက်ဘက်တွင် မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊ တောင်ဘက်တွင် မြစ်နှင့် ယှဉ်သော ကမ်းနားလမ်း၊ အရှေ့ဘက်တွင် ဂျူဒါအီစကယ်လမ်း၊ (ယခု သိမ်ဖြူလမ်း)၊ အနောက်ဘက်၌ ဂေါ်ဒ၀င်လမ်း (ယခု လမ်းမတော် လမ်း)၊ အထိ နယ်နိမိတ်အပိုင်း အခြားရှိသည်။ အကျယ်အ၀န်းမှာ (၀ ဒသမ ၈) စတုရန်းမိုင်ခန့် ရှိသည်။

အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး မြန်မာနိုင်ငံကို မဟာဝန်ရှင်တော် မင်းကြီးအစား၊ ဒုတိယဘုရင်ခံက အုပ်ချုပ်ခဲ့ရာ ရန်ကုန်မြို့သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ မြို့တော် ဖြစ်လာ သည်။

၁၈၇၄ ခုနှစ် တွင် ရန်ကုန်မြို့၏ ပထမဆုံး မြူနီစီပါယ်ကို ဖွဲ့စည်းပြီး အုပ်ချုပ်ခဲ့သည်။ ၁၈၇၆ ခုနှစ် မှစ၍ မြူနီစီပါယ် နယ်နိမိတ်ကို မြောက်ဘက်နှင့် အရှေ့ဘက်သို့ ဦးစားပေး၊ ချဲ့ထွင်ခဲ့သည်။ အနောက်ဘက်တွင် ၁၆ လမ်းမှ ၁ လမ်းအထိ တိုးချဲ့နိုင်ခဲ့သည်။ ထိုစဉ်က မြူနီစီပါယ် နယ်နိမိတ် သည် ၁၁ စတုရန်းမိုင်သာ ကျယ်ဝန်းသည်။

၁၉၂၀ ပြည့်နှစ် တွင် မြို့လူဦးရေသည် ၃ သိန်းထိ တိုးတက်လာသဖြင့် ၁၉၂၁ ခုနှစ် တွင် မြို့သစ်ပုံစံ ရေး ဆွဲရေး အတွက် ကော်မတီတစ်ရပ်ကကို ဖွဲ့စည်း၍ မြို့သစ်ပုံစံရေး ဆွဲစေခဲ့သည်။ ထိုမြို့သစ်ပုံစံတွင် ရွှေတိဂုံဘုရားကိုဗဟိုပြု၍ ကံဘဲ့၊ သင်္ဃန်းကျွန်း ကမာရွတ်နှင့် သမိုင်းတို့ကို မြိုတော် ၏ ဆင်ခြေဖုံးများ အ ဖြစ် သတ်မှတ်ခဲ့သည်။ ဤသို့ ဖြင့် ရန်ကုန်မြူနီစီပါယ် နယ်နိမိတ်ကို စတုရန်းမိုင် ၃၃ ဒသမ ၃၈ အထိ တိုးချဲ့လာခဲ့ရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းသော င်းကျန်းမှု ဒဏ်ကြောင့် ရန်ကုန်မြို့ တွင်းရှိ မြေကွက်လပ်များ ၊ အချို့ အချို့သော လူသွားလမ်းများ ၊ တိုက်အိုတိုက်ပျက်နေရာများ တွင် နေအိမ်များ စုပြုံကျူးကျော်ဆောက်လုပ်နေထိုင်ကြရာ ရန်ကုန်မြို့ကြီး၏ အခြေအနေသည် မြို့တော် အင်္ဂါရပ်နှင့် မညီ ဖြစ်လာရသည်။ ထို့ကြောင့် ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေး အဖွဲ့ က ရန်ကင်းမြို့သစ်ကို တည်ဆောက်ခြင်း၊ ကွက်သစ်များ တွင် ပြည်သူ့အဆောက်အအုံကြီးများ ဆောက်လုပ်၍ ပြန်လည်နေရာချထားပေးခြင်းများ ပြုလုပ်ခဲ့ရသည်။ သို့ ရာတွင် ဤမျှ မလုံလောက် သေးသဖြင့် ၁၉၅၈-၅၉ ခုနှစ် ၊ အိမ်စောင့်အစိုးရ လက်ထက်တွင် တောင်ဥက္ကလာပ၊ မြောက်ဥက္က လာပနှင့် သာကေတမြို့သစ် ၃ မြို့ကို တည်ဆောက်ခဲ့ရသည်။ ထို ၃ မြို့နယ်များ ၏ အကျယ် အ၀န်းသည် ၁၉ ဒသမ ၂၅ စတုရန်းမိုင် ရှိသည်။ ၁၉၆၂ ခုနှစ် တွင် ဆင်ခြေဖုံးမြို့ ဖြစ်သော သင်္ဃန်း ကျွန်း၊ ကန်ဘဲ့၊ အင်းစိန်၊ ကမာရွတ်နှင့် သမိုင်းတို့ကို ရန်ကုန် မြူနီစီပါယ် နယ်နိမိတ်အတွင်း တည့် သွင်း၍ တိုးချဲ့ရန်ကုန်ဟု ခေါ်ခဲ့သည်။

၁၉၆၄ ခုနှစ် တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်သည် ၇၈ စတုရန်းမိုင် ကျယ်ဝန်းလာသည်။ မြောက်ဘက်ထောက်ကြံ့ချောင်းမှ တောင်ဘက် ဒလ၊ ဆိပ်ကြီးခနောင်တို အထိ ပါဝင်လာခဲ့သည်။ ၁၉၆၅ ခုနှစ် တွင် သုဝဏ္ဏမြို့သစ်ကို ၀န်ထမ်းများ နေထိုင်ရေး အတွက် တည်ဆောက်ပေးခဲ့သည်။ အကျယ်အ၀န်းမှာ ၂ ဒသမ ၅ စတုရန်းမိုင် ရှိသည်။

၁၉၇၃ ခုနှစ် တွင် ရန်ကုန်မြို့တော် တွင် မြို့နယ်ပေါင်း ၂၇ မြို့နယ် ပါဝင်ခဲ့သည်။ ထိုမြို့နယ် အားလုံး၏ အကျယ်အ၀န်းမှာ ဧရိယာစတုရန်းမိုင် ၈၀ ဒသမ ၅ မိုင် ဖြစ်သည်။ ၁၉၈၅ ခုနှစ် တွင် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်သည် ၁၃၃ ဒသမ ၆၄ စတုရန်းမိုင် ကျယ်ဝန်း လာသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်ကို ၁၉၉၁ ခုနှစ် ၊ ဇွန်လ ၁၉ ရက်နေ့တွင် နယ်မြေဧရိယာ ၂၂၃ ဒသမ ၂၂ စတုရန်းမိုင်အထိ တိုးချဲ့ခဲ့ရသည်။

ထို့ကြောင့် ၁၉၉၁ ခုနှစ် တွင် ၁၉၈၅ ခုနှစ် ကထက် ၈၉ ဒသမ ၅၈ စတုရန်းမိုင် ပိုမိုကျယ် လာပြီး ၆၇ ရာခိုင်နှုန်း တိုးချဲ့နိုင်ခဲ့သည်။ “ယနေ့ ရန်ကုန်” သည် နှစ် ပေါင်း ၂၃၆ နှစ် တိုင် ကြာမြင့်ပြီ ဖြစ်သော်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လက်ထက်တွင် မြို့တော် အင်္ဂါရပ်နှင့် အညီ သစ်လွင်လာသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် တွင် နေထိုင်သော လူဦးရေမှာ သန်းခေါင်စာရင်းအရ ၁၉၇၃ ခုနှစ် မှ ၁၉၈၃ ခုနှစ် အထိ ၁၀ နှစ် တာ ကာလအတွင်း လူဦးရေ ၂၈ သန်းကျော်မှ ၃၄ သန်းကျော်ရှိခဲ့ ရာ ၆ ဒသမ ၀၃ သန်းကျော်မျှ တိုးပွားလာခဲ့သည်။ မြို့ပြလူဦးရေမှာ ၁၉၇၃ ခုနှစ် တွင် ၆ ဒသမ ၈ သန်းရှိခဲ့ရာ၊ ၁၉၈၃ ခုနှစ် တွင် ၈ ဒသမ ၅ သန်းအထိ တိုးပွားလာခဲ့သည်။ သက္ကရာဇ် ၂၀၀၀ တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၏ လူဦးရေကို ၅၂ သန်းခန့် ရှိမည် ဟု ခန့်မှန်းထားရာ ယင်းလူဦးရေ ၏ ၂၈ ရာခိုင်နှုန်းမှာ မြို့ပြများ တွင် နေထိုင်ကြမည် ဟု ခန့်မှန်းသည်။

သို့ ဖြစ်ရာ မြို့ပြလူဦးရေမှာ ၁၉၈၃ ခုနှစ် တွင် ၈ ဒသမ ၅ သန်းရှိခဲ့ရာမှ သက္ကရာဇ် ၂၀၀၀ တွင် မြို့ပြလူဦးရေ ၁၄ ဒသမ ၅ သန်းအထိ ရှိလာနိုင်မည် ဟု ခန့်မှန်းတွက်ချက်ကြသည်။

ရန်ကုန်မြို့တော် ၏ လူဦးရေသည် ၁၉၈၃ ခုနှစ် တွင် ၂ ဒသမ ၅ သန်းရှိခဲ့ရာမှ ဤနှစ် တွင် ၂ ဒသမ ၉ သန်းအထိ ရှိလာပြီ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့ပြစီမံကိန်းများ ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ မြို့တော် ရန်ကုန်တွင် လည်း လှိုင်သာယာမြို့နယ်ကို ၂၆ ဒသမ ၀၁ စတုရန်းမိုင်၊ ရွှေပြည် သာမြို့နယ်ကို ၁၅ ဒသမ ၂၁ စတုရန်းမိုင်၊ ဒဂုံမြို့သစ်မြို့နယ်ကို ၁၀၇ ဒသမ ၄၆ စတုရန်းမိုင် သတ်မှတ်ပေးခဲ့သည်။ ၅ ဒသမ ၅၅ စတုရန်းမိုင် ကျယ်ဝန်းသော ရွှေပေါက်ကံမြို့သစ်နှင့် ၀ ဒသမ ၅၉ စတုရန်းမိုင် ရှိသည့် ဝေဘာဂီမြို့သစ်ကို တိုးချဲ့၍ မြောက်ဥက္ကလာပမြို့နယ်အတွင်း ထည့်သွင်း ခဲ့သည်။

မြို့သစ်များ အနက် မြို့မဧရိယာ ၅၀ ဒသမ ၂၄ စတုရန်းမိုင် ကျယ်ဝန်းသည့် ဒဂုံမြို့သစ် သည် အထင်ရှားဆုံးနှင့် အကြီးမားဆုံး စံပြမြို့သစ်ကြီး ဖြစ်ပေသည်။

•••




ဝန်ဇင်းချစ်သူများ အောင်နိုင်မြင့် ၏ “ မြို့ပြမြေယာအကြောင်း သိကောင်းစရာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကျွန်တော့် အမြင် ရောင်စုံ တိမ်ပန်း(၂)

ဥရောပတစ်ခွင် အမြန်လမ်းနှင့် ခရီးတွင် (ကိုးနိုင်ငံခရီး)

မြို့ပြမြေယာဈေးကွက်နှင့် ဆွဲဆောင်မှုများ