အခန်း(၁)
ကျွန်တော့် ဘ၀တွင် ကံထူးခဲ့သည်ဟု ယူဆရသော အခြင်းအရာများ အနက် ဆယ်ကျော်သက် အရွယ်မှာ ပင် မော်ဒန်ဝတ္ထုတိုများ နှင့် ထိတွေ့ ခွင့်ရပြီး သင်ကြားပေးခဲ့သူ အင်္ဂလိပ်စာဆရာမ ကလည်း မော်ဒန်ဝတ္ထုတိုကို နားလည်သူ၊ ပြန်ရှင်းပြနိုင်သူ ဖြစ်နေခဲ့ခြင်း ဖြစ်၏ ။ ပုဂံစာအုပ်တိုက်ထူထောင်အပြီး သိပ်မကြာမီမှာ ထုတ်ဝေသော ကမ္ဘာကျော်ဝတ္ထုတိုများ နှင့် တက်တိုး၏ ရှင်းပြချက်များ စာအုပ်ကလည်း မော်ဒန်ဝတ္ထုတိုများ ကို နားလည်စေခဲ့ပါသည်။
ထို့ကြောင့် ပင် ဆရာဒဂုန်တာရာနှင့် ဆရာမ ကြည်အေးတို့၏ ၀တ္ထုတိုများ ကို ကျွန်တော် နှစ်သက် ခဲ့ သည်။ ဆရာ၏ မူးယစ်ရီဝေသော နွေညများ ၀တ္ထုတိုပေါင်းချုပ်မှာ နိုင်ငံခြားဝတ္ထုတိုကောင်းများ ကို မြန်မာ မှု ပြုထားခြင်း ဖြစ်သည်။ ဆရာ၏ ၀တ္ထုတိုပေါင်းချုပ်ကို ကြိုက်နှစ်သက် ခဲ့သည် ဖြစ်၍ နွေညများ သည်လည်း ကျွန်တော့် အကြိုက် ဖြစ်ခဲ့သည်။ ထိုမြန်မာမှု ပြုဝတ္ထုတိုများ ကို ဖတ်ကြသော အခါ ဆရာ၏ မော်ဒန်ဝတ္ထုကို အာလျကိုမြင်မိသည်။ ထို့နောက် ဒဂုန်တာရာ ၀တ္ထုတိုပေါင်းချုပ် ထွက်လာသည်။ ထိုစာအုပ်သည် အိပ် ရာဘေးနားထားရသော စာအုပ် ဖြစ်လာခဲ့သည်။
ထိုစဉ်က ကျွန်တော် ဘွဲ့ရပြီးပြီ။ အလုပ်ဝင်နေပြီ။ လူပျိုဆောင်တွင် တစ်ခန်းတည်း အတူနေရ သော မိတ်ဆွေကလည်း စာဖတ်ဝါသနာပါသူ ဖြစ်သည်။ သူက ဒဂုန်တာရာဝတ္ထုတိုပေါင်းချုပ်ကို ယူဖတ် သည်။ နံနက်ပိုင်းကယူပြီး မွန်းလွဲပိုင်းကျတော့ ပြန်ပေးသည်။ ဘာတွေ မှန်းလဲ မသိဘူးဟု ထောပနာပြု ၏ ။ ကျွန်တောက နောက်ထပ် ၀တ္ထုတိုပေါင်းချုပ်တစ်အုပ် ထပ်ပေးလိုက် သည်။ ရေး သူမှာ ရုပ်ရှင်နယ်တွင် ထင်ရှားနေသော စာရေး ဆရာကြီး ဖြစ်သည်။ ဇာတ်လမ်းအဆင်တော် သည်။ လှည့်ကွက်ကို ပိုင်ပိုင်သုံး သော အိုဟင်နရီလိုင်း။ မိတ်ဆွေက အလွန်သဘောကျသွားသည်။ ၀တ္ထုတိုဆိုတာ ဒီလိုမှပေါ့ဟု မှတ်ချက်ပေးသည်။
ဇာတ်လမ်းအဓိက ၀တ္ထုတိုမျိုးသည် လှည့်ကွက်ကို အသားပေးတ်သည်။ ဖတ်သူမှာ ဇာတ်ကွက်မှ လွဲ၍ ဘာမှမရ။ ဘာမှမကျန်။ တစ်ထိုင်တည်းဖတ်အပြီးတွင် လှည့်ကွက်များ သာ ကျန်ခဲ့မည် ။ ဆရာဒဂုန် တာရာ၏ ၀တ္ထုတိုများ ကို သူတစ်ထိုင်တည်း အကုန်ဖတ်လိုက်တာ ဆိုး သွားပါသည်။ ထိုဝတ္ထုမျိုးကား တစ်ညတစ်ပုဒ်သာ ဖတ်ရသော ၀တ္ထုမျိုး။
ဆရာဦးဘုန်း(ဓာတု)၏ သုညအမည် ရှိ အတွေးရသစာစုစာမူ ကျွန်တော့်ထံ ရောက်နေသည်မှာ တစ်လလောက်ရှိတော့မည် ။ သူ့စာတို့၊ ဇော်ခိုင်ဦး(မန္တလေးတော် ကင်)စာတို့၊ မောင်ရင့်မာ (ကျောင်းကုန်း) ၏ အက်ဆေးတို့က တစ်ထိုင်တည်း အကုန်ဖတ်လို့ ရသည့်စာမျိုးမဟုတ်။ တစ်ပုဒ်ချင်းဖတ်ပြီး စဉ်းစားရ သည်။ နောက်နေ့ကျတော့ နောက်တစ်ပုဒ်ဖတ်။
ဦးဘုန်းကို ကျွန်တော် မသိပါ။ စာအုပ်တိုက် တစ်တိုက်မှပြုလုပ်သော စာအုပ်သစ်မိတ်ဆက်ပွဲတွင် ရိပ်ခနဲမြင်လိုက်ဖူးသည်။ ထိုနေ့က စာအုပ်သစ် နှစ် အုပ်မိတ်ဆက်ရာ တစ်အုပ်မှာ သူ့စာအုပ် ဖြစ်သည်။ ကျွန်တော့်ကို မိတ်ဆက်အမှာ စကား ပြောခိုင်းလေရာ ရသမျှအချိန်ကလေးအတွင်း သူ့စာများ ကို အမြန် ဖတ်ကြည့်ရသည်။ ပွဲစီစဉ်သူအလိုကျအောင် ပြောသင့်တာ ပြောလိုက်ရသော်လည်း လက်ဆင့်ကမ်း သော စာမျိုး ဖြစ်သည်။ ဤလိုစာမျိုးအတွက် အချိန်များများ ယူပြီး ဆင်ခြင်သင့်သည်။
သူ့စာများ ကို ဖတ်ရင်းက အနောက်တိုင်းတွင် နာမည် ကြီးလှသော Chicken Soup for the Soul စာအုပ်တွဲ များ ကို သတိရနေသည်။ အတွေးကို ပေးသော စာမျိုး၊ အားဖြည့်လမ်းညွှန်စာမျိုး၊ စာဖတ် ၀ါသနာပါပြီး ဆင်းဆင်းရဲရဲနှင့် ယုံကြည်ရာလုပ်နေသော အသက် ၇၀ကျော် လူပျိုကြီး တစ်ယောက် အ ကြောင်း ဖြစ်သည့် “ပဲ့တင်သံ”ဆိုသော စာပိုဒ်ကို ဖတ်ပြီး စဉ်းစားစရာတွေ အများ ကြီးရလိုက်သည်။ တစ် ပတ်လောက်အထိ နောက်တစ်ပုဒ်ဆက်မဖတ် ဖြစ်။
ဦးဘုန်း၏ စာများ ကိုဖတ်ရင်း ကိုယ့်ကိုယ်ကို ပြန်စစ်ဆေးမိတာတွေ ရှိလာသည်။ ကျွန်တော် တို့လို လူတန်းစားမျိုးက အပတ်စဉ်အလျင်မီအောင် ရေး နေရသော Professional Writer မျိုး။ ပေးချိန်တန် ပေး နိုင်အောင် စာမပြတ်ရေး နေရသည်။ ရေး နိုင်ဖို့အတွက် မပြတ်တွေးနေရသည်။ ဦးဘုန်းတို့ ကတော့ (ဆရာ ဇော်ဂျီစကား ငှားပြောရလျှင်) ပြောက်ကျားတွေးနေရသည်။ ဦးဘုန်းတို့ ကတော့ (ဆရာဇော်ဂျီစကား ငှား ပြောရလျှင်) ပြောက်ကျားစာရေး ဆရာတွေ ဖြစ်သည်။ ရေး ထိုက်တာတွေ ရေး တွေးပြီး ရေး ချင်စိတ်ပေါ်မှ သာရေး သော luxury ခံစားရသူမျိုး။ မတွေးဘဲ မရေး ဘဲ နေချင်သလောက် နေနိုင်ခွင့်ရှိနေသည်။ ထိုကြောင့် သူတို့ကလောင်ဖျားမှ ထွက်လာသမျှ စာတွေ က ၀င်းပနေတတ်သည်။ အချို့ ပြောက်ကျား စာရေး ဆရာတွေ က သုတေသန စာတမ်းတွေ သုတစာတွေ ရေး ကြသည်။ ဦးဘုန်းတို့လို စာရေး ဆရာမျိုး ကတော့ ဆင်ခြင်စရာတွေ ကိုပါရေး သည်။ ဘ၀အတွက် အားဖြည့်လမ်းညွှန်ပါနေ၍ မြန်မာ Chicken Soup ဟူ၍ ပင် ပြောလိုက်ချင်သည်။
ဦးဘုန်း တစ်ယောက် ရွာရိုးကိုးပေါက် များများ လျှောက်ပြီး များများ တွေးကာ ရေး ချင်စိတ်ပေါ်တိုင်း ရေး နိုင်ပါစေဟု ဆန္ဒပြုလိုက်ပါ၏ ။
အပြင်မှာ မိုးတွေ ရွာနေတယ်။
မိုးကို မျှော်နေတာကြာပြီ။ အခုမှပဲ မိုးကို မြင်ရတော့တယ်။ မိုးမရွာခင်က ပူလိုက်တာ။
မိုးတွေ ရွာနေတော့ “မိုးရွာသော နေ့” “Rainy Day” နဲ့ ပတ်သက်ပြီး တွေးမိတာလေးတွေ ရေး ချင် လာတယ်။
လူတိုင်းသိပြီးသား ပုံပြင်လေးတစ်ပုဒ် ရှိတယ်။
တစ်ခါတုန်းက ပုရွက်ဆိတ်ကလေးတစ်ကောင်နဲ့ နှံကောင်လေး အကြောင်းပေါ့။ ဒီပုံပြင်အကြောင်း ကိုတော့ ဖွဲ့နွဲ့ပြီး မရေး ချင်တော့ပါဘူး။ အပျော်ကြူးတတ်တဲ့ ၀ီရိယရှိတဲ့ ပုရွက်ဆိတ် ကလေးအကြောင်း ကို လူတိုင်းသိပြီးသားပါ။ တစ်နေ့နေ့မှာ မိုးရွာမယ်။ အဲ့ဒီအတွက် အစာကို ကြိုတင်ပြီးစုဆောင်းနေတဲ့ ပုရွက်ဆိတ်ကလေးရယ်။ ဘာပဲ ဖြစ် ဖြစ်ပျော်ဖို့သာအဓိကဆိုတဲ့ နှံကောင်လေးရယ်။ သူတို့အကြောင်းမှာ “မိုးရွာသော နေ့” ဆိုတာပါတယ်။ တကယ်လည်း မိုးတွေ ရွာလာတော့ အပျော်ကြူးတဲ့ နှံကောင်လေးဒုက္ခ ရောက်ရတယ်။
အဲ့ဒီအကြောင်းကို ဆက်ပြီးတွေးနေမိတယ်။
ကျွန်တော် တို့မိသားစုဟာ နှံကောင်ဘ၀ကို ရောက်ခဲ့ဖူးတယ်။ အဖေက ရုံးအုပ်စာရေး ကြီးဆိုတော့ သူ့ရုံးအလုပ်နဲ့ သူက ပျော်တယ်။ သူ့မိတ်ဆွေတွေ နဲ့ သူကပျော်တယ်။ ဝန်ထမ်းအိမ်ရာမှာ နေရတာ ကို ကျေနပ်နေတယ်။ လကုန်ရင် လခရတယ်။ ရတဲ့လခနဲ့ လောက်အောင်စားရတယ်။ ချေးလိုက် ငှားလိုက် ပြန်ဆပ်လိုက်၊ ပြန်ချေးလိုက်နဲ့ ကျွန်တော် တို့ဘဝမှာ အကြွေးတွေ သံသရာလည်ခဲ့ဖူးတယ်။ Rainy Day လို့ခေါ်တဲ့ မိုးရွာတဲ့တစ်နေ့ကို ရောက်လာခဲ့တယ်။ အဲ့ဒီနေ့က အဖေပင်စင်ယူတဲ့နေ့ပေါ့။ ကျွန်တော် တို့မှာ နေစရာမရှိဘူး။ အိမ်ငှားနဲ့နေဖို့ကလည်း ရေရှည်မလွယ်ဘူး။ ကျွန်တော် တို့ ငိုခဲ့ရဖူးတယ်။ ဘဝကို စိတ်ကုန် ခဲ့ရဖူးတယ်။ Rainy Day ကို ကျွန်တော် တို့မိသားစု မေ့နေကြတယ်။ တကယ်လည်း Rainy Day ကိုကြံရော အားလုံး ဒုက္ခရောက်ကြရတော့တာပါပဲ။ မိုးတွေ ရွာနေတာကို ကြည့်ပြီး ကျွန်တော့် ရဲ့ ငယ်ဘဝ ကို စဉ်းစားနေမိတယ်။
ကြိုတင်ပြင်ဆင်တတ်တဲ့သူက ဒုက္ခ မရောက်ဘူး။
ကြိုတင်ပြင်ဆင်မှု မရှိခြင်းဟာ ကြိုတင်ပြီး အရှုံးပေးခြင်း တစ်မျိုးပါပဲ။
စာသင်ခန်းထဲက တပည့်တော် တော် များများ ဟာလည်း “နှံကောင်” တွေ ပါပဲ။ အပျော်ကြူးနေကြ တယ်။ ကြိုတင်မပြင်ဆင်ဘူး။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေတဲ့အချိန်ဟာ Rainy Day ပါပဲ။ ဒီနေ့ခေတ် လူငယ်တော် တော် များများ ဟာ အပျင်းထူတယ်။ ခိုင်းမှလုပ်တတ်တယ်။ ဘေးက ကူညီတဲ့လူ တစ်ယောက် မပါဘဲ ဘာမှ မလုပ်တတ်ဘူး။ သူတို့တတွေ ရဲ့ ဘဝမှာ Rainy Day တွေ အများ ကြီး ကြုံဆုံရဦးမှာ ပါ။
ကျွန်တော့် မှာ ငယ်သူငယ်ချင်း တစ်ယောက် ရှိတယ်။ သူက နို့ဆီစက်ရုံတစ်ခုမှာ အလုပ်လုပ်တယ်။ သူ့ဘဝကို သူကျေနပ်နေတယ်။ ဒီကြားထဲမှာ အသောက်အစားကလည်းရှိတယ်။ ဒီလိုနဲ့တစ်ခုက သူ ဆေးရုံတက်ရတယ်။ အသည်း ရောဂါ ဖြစ်လို့တဲ့။ ဆေးကုစရာပိုက်ဆုံကလည်း မရှိဘူး။ သူ့သားသမီးတွေ က လည်း ငိုနေကြတယ်။ သူ့အမျိုးသမီးကလည်း ဘာမှ မလုပ်တတ်ဘူး။ နောက်ဆုံးတော့ ကျွန်တော် တို့ သူငယ်ချင်းတွေ စုပြီး သူ့ကို ကူညီကြရတယ်။ ကျွန်တော် တို့ကလည်း ဘယ်အတိုင်းအတာထိ ကူညီနိုင်မှာ လဲ။ သူနေတဲ့အိမ်ကလည်း အိမ်လခ၊ အိမ်စပေါ်တွေ တောင်းနေပြီ။ သူ့ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်မိ တယ်။ သြော် . . . “နှံကောင်” လိုလူတွေ အများ ကြီးပါလား။ Rainy Day ကြုံတော့ သူဘာမှမတတ်နိုင် ဘူး။
ကျွန်တော် တို့အရပ်ထဲမှာ ကျောင်းအုပ်အငြိမ်းစားဆရာကြီး တစ်ယောက် ရှိတယ်။ သူ ကတော့ ပုဂ္ဂိုလ်ဆိတ်လို လူ တစ်ယောက် ဖြစ်တယ်။ ကျောင်းဆရာဘဝမှာ စုစုဆောင်းဆောင်းနေခဲ့တယ်။ လုပ်သက်နဲ့ ရတဲ့မြေကို ရောင်းမစားဘူး။ အဲ့ဒီမြေပေါ်မှာ ပဲ တဲအိမ်လေးတစ်လုံးထိုးပြီးနေတယ်။ ပင်စင်ရပြီးကတည်း က ညနေစာမစားဘူး။ ဥပုသ်စောင့်တယ်။ ကျန်းမာရေး လိုက်စားတယ်။ ပရဟိသအလုပ်တွေ နဲ့ အချိန်ကို အသုံးချတယ်။ ရှိတာလေးနဲ့ လောက်အောင် စားတယ်။ မနက်တိုင်း လမ်းလျှောက်ထွက်တယ်။ နေ့တိုင်း တရားထိုင်တယ်။ လှူစရာရှိရင် စနစ်တကျလှူတယ်။ စည်းကမ်းရှိတယ်။ သူအမြဲပြောတဲ့ စကားတစ်ခွန်း ရှိတယ်။
“ကြိုတင်ပြင်ဆင်တယ်ဆိုတာ သူရဲကောင်းတွေ ရဲ့ အပြုအမူကွ။ ကျုပ်ပိုင်တဲ့ စည်းစိမ်တွေ က ကျုပ်ကို ငရဲပြည်ရောက်ဖို့ ဆွဲခေါ်နေတယ်။ ဒီအရွယ်မှာ ပိုက်ဆံများများ မလိုဘူး။ ငွေစက္ကူဟာ ငရဲပြည် သွားဖို့လက်မှတ် မဟုတ်ဘူး။ လူတချို့ ကတော့ ငွေစက္ကူကို တွယ်တာနေရင်းနဲ့ အဲ့ဒီငွေစက္ကူတွေ ဟာ ငရဲ ပြည်သွားဖို့ လက်မှတ်တွေ ဖြစ်ကုန်ကြတယ်”
သူပြောတဲ့ စကားတွေ ဟာ မှတ်သားလောက်တယ်။ အဓိပ္ပာယ်ရှိတဲ့ ပိုင်ဆိုင်မှု ကသာ အဓိပ္ပာယ်ရှိ တဲ့ဘဝကို ဖြစ်စေနိုင်တယ်။
ဒီလိုပါပဲ။ သေသေချာချာတွေးကြည့်ရင် လောကဓံဆိုတာ လူတိုင်းမှာ ရှိတယ်။
ဘဝဆိုတာ ပုံသေမရှိဘူး။ ဖြစ်အောင်ကြိုးစားနေပေမဲ့ ဖြစ်ချင်မှ ဖြစ်တတ်တယ်။ ပေါ့ပေါ့ပါးပါးလေး လုပ်ကိုင်နေရင်းနဲ့လည်း အောင်မြင်မှု ဆိုတာ ရချင်ရတတ်တယ်။ လူတွေ ရဲ့ နှုတ်ဖျားက ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ ခြင်းအကြားမှာ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းတွေ နဲ့ ဘဝကို တည်ဆောက်နေကြရတယ်။
လောကဓံဆိုတာ လူတွေ ကို ဘဝင်မမြင့်ဖို့၊ ဘဝမမေ့ဖို့၊ ဆုံးမပေးတဲ့ သဘာဝ ကပေးတဲ့ ဆရာကြီး တစ်ပါးပဲ။
လောကဓံဆိုတာ အတ္တနဲ့ မာနကို မှန်မှန်ကန်ကန် ချိုးနှိမ်ပေးတဲ့ ဆေးတစ်လက်ပဲ။
လောကဓံဆိုတာ Rainy Day ပဲလေ။
ကျွန်တော် တို့ဘဝမှာ Rainy Day တွေ ကြုံခဲ့ပြီးပြီ။ နောက်ထပ်လည်း Rainy Day တွေ ကြုံကြရ ဦးမယ်။ Rainy Day နဲ့ ကြုံတဲ့အခါ တစ်ခါတလေ ပုရွက်ဆိတ် ဖြစ်လိုက်။ တစ်ခါတလေ နှံကောင် ဖြစ်လိုက် နဲ့။ သေချာတာတစ်ခု ကတော့ ဘဝအတွက် ကြိုတင်ပြင်ဆင်တတ်ခြင်းဆိုတဲ့ အလေ့အကျင့် ရှိဖို့ပါပဲ။
မိုးရွာသော နေ့ရယ်၊ ပုရွက်ဆိတ်တစ်ကောင်ရယ်၊ နှံကောင်လေး တစ်ကောင်ရယ်။ ကျွန်တော် တို့ ဘဝတွေ မှာ ဆင်ခြင်စရာတွေ ၊ အတုယူစရာတွေ ၊ သံဂေဝတွေ ၊ သတိပြုစရာတွေ အများ ကြီးပါလားလို့ . . ကျွန်တော် တွေးနေမိတယ်။
လူတိုင်းလူတိုင်းဘဝမှာ Rainy Day ဆိုတာ ရှိနေဦးမှာ ပါ။
ဟော . . .
အပြင်မှာ မိုးတွေ ရွာနေတယ်။
ကျွန်တော် တို့ဟာ
ပုရွက်ဆိတ်လေး တစ်ကောင်လား။
နှံကောင်လေး တစ်ကောင်လား။
ဘာပဲ ဖြစ် ဖြစ် “လောကဓံမိုး” ကတော့ အကြိမ်ကြိမ် ရွာနေဦးမှာ ပါ။
နံနက်ခင်းတစ်ခုမှာ လမ်းလျှောက်ထွက်ရင်း ကျွန်တော့် ကို ရူပဗေဒသင်ပေးခဲ့တဲ့ ဆရာဦးကျော်တင့်နဲ့ တွေ့ တယ်။ ကျွန်တော် တတိယနှစ် ကျောင်း ဘဝတုန်းက မန္တလေးတက္ကသိုလ်မှာ ဆရာနဲ့ ရင်းနှီးခဲ့တယ်။
ဆရာက အသက် (၇၀) ကျော်ပြီ။ ဆံပင်တွေ ကလည်း တစ်ခေါင်းလုံးဖွေးနေပြီ။ ဆရာက အရပ်ပု တယ်။ အသားညိုတယ်။ ဆရာက ငယ်ငယ်တုန်းကဆိုရင် အပြေးချန်ပီယံ ဖြစ်ခဲ့ဖူးတယ်။ အခုလည်း အား ကစားဘောင်းဘီအရှည်ကို ဝတ်ပြီး လမ်းလျှောက်ထွက်လာတဲ့ ဆရာနဲ့ မမျှော်လင့်ဘဲ လမ်းမှာ ဆုံကြတယ်။ ဆရာက မြို့သစ်မှာ နေတယ်။
“မောင်ဘုန်း အရင်က လမ်းလျှောက်တာ မတွေ့ မိပါဘူး”
“ဟုတ်တယ်ဆရာ။ သီတင်းကျွတ် ကျောင်းအားရက်မို့ လမ်းလျှောက်ထွက် ဖြစ်တာပါဆရာ။ ဆရာ နေကောင်းတယ်နော်”
“နေကောင်းလို့ လမ်းလျှောက်ထွက်နိုင်တာပေါ့ကွ”
ကျွန်တော့် ဆရာက စကားပြောရင် ပြတ်သားတယ်။ ထိထိမိမိ ပြောတတ်တယ်။ စာသင်ရင် အပို စကား ဘယ်တော့မှ မပြောဘူး။ ရယ်စရာ မောစရာစကားတွေ ကိုတော့ ရံဖန်ရံခါ ပြောတတ်တယ်။ စာသင် ရင်လည်း စကားလုံးနည်းနည်း နဲ့ နားလည်အောင် ရှင်းပြတတ်တယ်။ ကျွန်တော် ကလည်း အမေး အမြန်း ထူတဲ့သူဆိုတော့ ဆရာက ကျွန်တော့် ကို မှတ်မိတယ်။ အဲ့ဒီနေ့က ဆရာနဲ့အတူ လမ်းလျှောက်ရင်း စကား တွေ ပြော ဖြစ်ကြတယ်။
“မင်းအခု စာသင်နေတယ်ဆို”
“ဟုတ်တယ်ဆရာ”
“မင်းသတင်းတွေ ငါကြားပါတယ်။ ကြော်ငြာဝေပြီး ဆရာလုပ်တဲ့ ခေတ်ဆိုတော့ ဆရာ တစ်ယောက် ဖြစ်ရတာ အဓိပ္ပာယ်မဲ့သလိုပဲကွ”
“ဗျာ . . . ဆရာ”
“ဟုတ်တယ်လေကွာ။ သင်ရိုးထဲကစာတွေ ဖတ်တတ်ရုံ၊ နားလည်ရုံနဲ့ ဆရာ လုပ်စားတယ်ဆိုတာ ရှက်စရာကောင်းပါတယ်ကွာ။ စာဂုဏ်ထူးထွက်အောင် သင်နိုင်တာ မဆန်းပါဘူးကွ။ စိတ်ဂုဏ်ထူးထွက် အောင် သင်နိုင်မှ ကိုယ့်ကိုယ်ကို ဆရာ တစ်ယောက် လို့ ဂုဏ်ယူသင့်တယ်”
ကျွန်တော့် ရဲ့ ငယ်ဆရာပီပီ ကျွန်တော့် ကို ဆုံးမနေပါတော့တယ်။
“မင်းကို ငါမေးရဦးမယ်။ ဆရာမှာ “နာ” (၃) နာ ရှိတယ်လို့ မင်းကြားဖူးတယ်နော်။ ဘာတွေ လဲ ပြောစမ်း”
“ဆရာကလည်းဗျာ ဒါများ လူတိုင်းသိတယ်။ စေတနာ၊ ဝါသနာ၊ အနစ်နာ။ လွယ်လွယ်လေးပါ”
“ဟုတ်ပါပြီကွာ။ အဲ့ဒီ “နာ” (၃) နာထက် အရေး ကြီးတဲ့ “နာ” (၁) ခု ရှိတယ်။ မင်းသိလား”
“ကျွန်တော် တော့ မကြားဖူးဘူးဆရာ”
“စဉ်းစားပြီး ဖြေလေကွာ”
“အကြင်နာလား ဆရာ”
“မဟုတ်ဘူး။ မင်း အနုအရွစဉ်းစားတဲ့ကောင်ပဲ”
“ဒါဖြင့် ရင် ကရုဏာလားဆရာ”
“မဟုတ်ဘူးကွ။ ငါပြောတဲ့ “နာ” က “နငယ်” နဲ့ “နာ” ကို ပြောတာ။ မင်းကို ဆက်မေးရဦးမယ်။ ဆရာဆိုတာ ဘာလဲ”
“စာသင်တဲ့သူက ဆရာပဲပေါ့ ဆရာရယ်”
“ညံ့ပြန်ပြီ ငါ့တပည့်ရာ။ ငါပဲ ပြောမယ်။ စာသင်တဲ့သူက ဆရာဆိုတာ ဟုတ်တယ်။ ဒါပေမယ့် မိဘ လည်း ဆရာပဲကွ။ ဘုရားလည်း ဆရာပဲ။ တရားလည်း ဆရာပဲ။ သံဃာလည်း ဆရာပဲ။ ဒီလိုပဲ ခေါင်းဆောင်ကလည်း ဆရာပဲကွ”
ဆရာဦးကျော်တင့်က ကျွန်တော့် ကို စိတ်ပါလက်ပါ အားရပါးရ ပြောနေပါတော့တယ်။
“ဒါကြောင့် ဆရာ တစ်ယောက် ဖြစ်ရတာ ဂုဏ်ယူစရာကောင်းတယ်ကွ။ ဒါကြောင့် ဂုဏ်ယူထိုက်တဲ့ ဆရာ တစ်ယောက် ဖြစ်အောင် ကြိုးစားရဦးမယ်။ ဒီမယ် မှတ်ထားကွ။ ဆရာ တစ်ယောက် ရဲ့ အနစ်နာခံနိုင် စွမ်းဟာ တပည့်တွေ အတွက် လမ်းပြကြယ် ဖြစ်တယ်။ ဒီလိုပဲ ဆရာ တစ်ယောက် ရဲ့ စိတ်ဓာတ်ဟာ တပည့် တွေ အတွက် ကံကြမ္မာ ဖြစ်တယ်”
ကျွန်တော့် ဆရာက အခုထိ ကျွန်တော့် ဘဝကို တည့်မတ်အောင် ပြုပြင်ပေးနေပါလားလို့ စိတ်ထဲ မှာ ခံစားနေမိတော့တယ်။
“ဆရာတွေ စာဖတ်သင့်တယ်။ စာဖတ်ရမယ်။ ဆရာ တစ်ယောက် ရဲ့ စာဖတ်စွမ်းအားဟာ တပည့် တွေ အတွက် နှလုံးသားရဲ့ ခွန်အား ဖြစ်တယ်။ ဆရာ တစ်ယောက် ရဲ့ အကျင့်စရိုက်ဟာလည်း တပည့်တွေ အတွက် အတုယူစရာ ဖြစ်တယ်။ ကုန်ကုန်ပြောမယ် ငါ့တပည့်ရာ။ ဆရာ တစ်ယောက် ရဲ့ မေတ္တာတရားဟာ လောကကြီးရဲ့ ငြိမ်းချမ်းခြင်းကို ဖန်တီးခြင်းကွ”
စိတ်ပါလက်ပါပြောနေတဲ့ ဆရာ့ကိုကြည့်ပြီး သဘောကျနေမိတယ်။
“မင်းစဉ်းစားကြည့်စမ်း။ အဲ့ဒီဆရာတွေ အတွက် အဓိက “နာ” (၁) နာ ရှိတယ်။ အဲ့ဒါ “စံနမူနာ” ပဲ။ မိဘဆိုတာ သားသမီးတွေ အတွက် “စံနမူနာ” ဖြစ်ရမယ်။ မိဘက အရက်သောက်ရင် သားသမီးက အရက်သောက်မှာ ပဲ။ မိဘက လောင်းကစားလုပ်ရင် သားသမီးက လောင်းကစားလုပ်မှာ ပဲ။ မိဘက အိမ် ထောင်ရေး ကို အလေးမထားရင် သားသမီးကလည်း သူ့ရဲ့ အိမ်ထောင်ရေး ကို အလေးထားမှာ မဟုတ် ဘူး။ မိဘကိုက သရုပ်ပျက်နေရင် သားသမီးလည်း သရုပ်ပျက်မှာ ပဲ။ ဒါကြောင့် “စံနမူနာ” ဆိုတာ အရေး အကြီးဆုံး “နာ” (၁) ခုပဲ”
ဆရာ့စကားက မှတ်သားစရာ ကောင်းလိုက်တာလို့ ကျွန်တော် တွေးနေမိတယ်။
“ဒီလိုပဲ ဆရာဆိုတာ လူငယ်တွေ အတွက် “စံနမူနာ” ဖြစ်သင့်တယ်။ ဆရာတွေ က စိတ်ကောင်းရှိ ရင် တပည့်တွေ လည်း စိတ်ကောင်းရှိတယ်။ ဆရာတွေ က အတ္တကြီးရင် တပည့်တွေ လည်း အတ္တကြီးမယ်။ ဆရာ တစ်ယောက် ရဲ့ အသိဉာဏ်ဟာ လူငယ်တွေ ရဲ့ အနာဂတ် ဖြစ်သလို၊ တိုင်းပြည်တစ်ခုရဲ့ ကံ ကြမ္မာလည်း ဖြစ်တယ်။ ဆရာဆိုတာ မြေဖြူကိုင်တဲ့လက်နဲ့ စိတ်ဓာတ်တွေ ကို ဖြူစင်အောင် လေ့ကျင့် ပေးနိုင်ရမယ်။ ဆရာဆိုတာ မင်နီကိုင်တဲ့လက်နဲ့ ရဲရင့်ခြင်း စိတ်ဓာတ်တွေ ကို မြှင့်တင်ပေးနိုင်ရမယ်။ ဆရာ ဆိုတာ ကြိမ်မကိုင်ဘဲ ဗဟုသုတတွေ နဲ့ ပျော်ရွှင်ခြင်းတွေ ကို တည်ဆောက်ပေးနိုင်ရမယ်”
ဆရာက ကျွန်တော့် ကို ထိထိမိမိ ဆုံးမနေသလိုပါပဲ။
“ငါက ဆရာ တစ်ယောက် ဖြစ်ခဲ့သူဆိုတော့ ဆရာရဲ့ အနက်အဓိပ္ပာယ်ကို အမြဲစဉ်းစားခဲ့ဖူးတယ်။ အသက် (၇၀) ကျော်မှ ငါလည်း တွေးမိတာ။ “စံနမူနာ” ဆိုတာ အဓိက အလေးအနက်ထားရမယ့် “နာ” ပဲကွ။ စာသင်ခန်းကို ဒေါသတွေ နဲ့ မတည်ဆောက်ပါနဲ့။ အတ္ကတွေ နဲ့ ဖွဲ့စည်းမထားပါနဲ့။ ကလေးတွေ ၊ တပည့်တွေ “စံနမူနာ” အယူမှားသွားနိုင်တယ်။ လူငယ်တွေ ညံ့ရင် ငါတို့ရဲ့ အနာဂတ်လည်း ညံ့ပြီပေါ့ကွာ။ ဆရာဆိုတာ လိမ်မပြောရဘူး။ ညာမပြောရဘူး။ ရိုးသားရတယ်။ ရိုးစင်းရတယ်။ “စံနမူနာ” ပြ ဖြစ်ရတဲ့ ဆရာဆိုတာ ဂုဏ်ရှိတယ်။ အဲ့ဒိဂုဏ်ဟာ ဘယ်လိုမှ တန်ဖိုးဖြတ်လို့မရဘူး။
ဆရာက သူ့ပြောလက်စ စကားကို ခဏလေးရပ်လိုက်တယ်။ ကျွန်တော့် ကိုလည်း ခြေဆုံးခေါင်း ဆုံး ကြည့်လိုက်တယ်။ ပြီးတော့ ဒီလိုဆက်ပြောတယ်။
“တပည့်တွေ ကို ရှုံးနိမ့်ချိန်မှာ မာနမကျိုးအောင် သင်ပေးစမ်းပါ။ လဲပြိုချိန်မှာ လည်း ကိုယ့်အား ကိုယ်ကိုးပြီး ပြန်ထတတ်အောင် သင်ပေးစမ်းပါကွ။ ရယ်မောခြင်းဖြင့် ဘဝကို တည်ဆောက်တတ်အောင် ငိုစရာတွေ့ တဲ့ အချိန်မှာ လည်း ရယ်မောစရာတွေ ကို ရှာဖွေတတ်အောင် သင်ပေးစမ်းပါ။ စာတော် ပြီး အတ္တမကြီးအောင်လည်း သင်ပေးပါကွာ။ စာမတော် ပေမယ့်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ သူ ဖြစ်အောင် သင်ပေးစမ်းပါ။ ဒီလိုပဲ ရှုံးနိမ့်တဲ့အခါမှာ လည်း ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့တပည့် ဖြစ်ဖို့၊ အောင်မြင်တဲ့အခါမှာ လည်း ကရုဏာထားရဲတဲ့ သတ္တိရှိတဲ့ တပည့်မျိုး ဖြစ်အောင် သင်ပေးစမ်းပါကွာ”
ကျွန်တော့် စိတ်ထဲမှာ ဆရာ့ကို ကြည်ညိုနေမိတယ်။
“ကဲ . . . ငါ့တပည့်ရာ။ နောက်တစ်ခါ ကြုံမှ ဆက်ပြောမယ်။ မင်းမှတ်ထားဦးနော်။ ဆရာဆိုတာ မိဘပဲ။ ဆရာဆိုတာ ခေါင်းဆောင်ပဲ။ ဒီတော့ မိဘတွေ ၊ ဆရာတွေ ၊ ခေါင်းဆောင်တွေ ဆိုတာ လူငယ်တွေ ရဲ့ အနာဂတ်ကို တည်ဆောက်ကြရတယ်။ မိဘကောင်းမှ သားသမီးကောင်းတာ။ ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းတာ။ ဆရာကောင်းမှ တပည့်တွေ ကောင်းမှာ ။ ခပ်ညံ့ညံ့လူငယ်တွေ ကို မွေးထုတ်ပေး နေရင်တော့ ခပ်ညံ့ညံ့အနာဂတ်ကိုပဲ ငါတို့ပိုင်ဆိုင်ကြရမှာ ပေါ့။ ဒီတော့ မိဘ ဒါမှမဟုတ်၊ ဆရာ ဒါမှ မဟုတ်၊ ခေါင်းဆောင် တစ်ယောက် လုပ်တဲ့အခါ စေတနာရှိရုံနဲ့ မပြည့်စုံဘူး။ ဝါသနာရှိရုံနဲ့လည်း မ ဖြစ်ဘူး။ အနစ်နာခံပါတယ်ဆိုတဲ့ အတွေးတွေ နဲ့လည်း ကျေနပ်မနေသင့်ဘူး။ ငါဟာလူငယ်တွေ အတွက် စံနမူနာပြ ဖြစ်ရဲ့ လားဆိုတာ အမြဲစဉ်းစားနေသင့်တယ်။ ဒါအရေး ကြီးဆုံးပဲကွ။ မင်းမမေ့နဲ့။ လူငယ်တွေ ဟာ အနာဂတ်ရဲ့ အင်အားဆိုရင် ဆရာဆိုတာ ပစ္စုပ္ပန်ရဲ့ ခွန်အားပဲကွ”
အရှေ့ဘက်မှာ နေလုံးနီနီကြီး ထွက်လာပါပြီ။
ရောင် နီတွေ သမ်းလာပါပြီ။
လောကကြီး နိုးထလာပြီ။
ကျွန်တော့် ရင်ထဲမှာ လည်းအရုဏ်ဦး အသစ်တွေ နဲ့ . . .
အတွေးအသစ်တွေ နိုးထခဲ့ရပါပြီ။
်တစ်နေ့ဆီတုန်းက . . ။
စာအုပ်စင်ကို သတိပြုမိတယ်။ ဝယ်ထားတဲ့ စာအုပ်တွေ က အများ ကြီးပါ။ တချို့စာအုပ်တွေ ဆိုရင် အစအဆုံးမဖတ် ဖြစ်ဘူး။ ဆွဲဆောင်မှု မရှိတော့ ကိုယ့်ရဲ့ အာရုံကို မဖမ်းစားနိုင်ဘူးပေါ့။ တချို့စာအုပ်တွေ ကျတော့ တစ်ခေါက်ဖတ်ပြီးရင် ထပ်ပြီး မဖတ်ချင်တော့ဘူး။ တချို့စာအုပ်အနည်းငယ် ကတော့ ခဏခဏ ပြန်ပြီး ဖတ်ချင်နေမိပြန်တယ်။ ဆရာကြီး ဦးရွှေအောင်ရဲ့ စာအုပ်တွေ ၊ ဆရာတက်တိုးရဲ့ စာအုပ်တွေ ၊ ဆရာ ဖေမြင့်ရဲ့ စာအုပ်တွေ ၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စာအုပ်တွေ ၊ ဆရာသော်တာဆွေရဲ့ စာအုပ်တွေ ဆိုရင် ပြန်ဖတ်တိုင်း မရိုးဘူး။
ဒီလိုနဲ့ တွေးမိတယ်။
လူ့ဘဝဆိုတာ . . . စာမျက်နှာ (၆၀) ကျော် (၇၀) ပါတဲ့ ဝတ္ထုစာအုပ်ကြီး တစ်အုပ်နဲ့ တူတယ်။ စာ (၁) မျက်နှာကို (၁) နှစ် လို့ ယူဆကြည့်ကြရအောင်။
လူဆိုတာ အသက် (၆၀) ကျော် (၇၀) လောက်ပဲ လူ့လောကမှာ နေထိုင်ခွင့်၊ ရှင်သန်ခွင့်ရကြ တယ်။ တစ်နည်းပြောရရင် စာမျက်နှာ (၆၀) ကျော် (၇၀) ကျော်လောက်ရှိတဲ့ ကိုယ်တိုင်ရေး ဝတ္ထုစာအုပ် ကြီးပါပဲ။ အဲ့ဒီဝတ္ထုဟာ ကိုယ့်ရဲ့ ပုံရိပ်ပါပဲ။ ကိုယ့်ရဲ့ ဖျက်မရတဲ့သမိုင်းပဲ။ ပြုပြင်လို့မရတဲ့ စာမျက်နှာတွေ ပဲ။
စာမျက်နှာ (၁) ကနေပြီး စာမျက်နှာ (၇၀)မှာ ဘယ်စာမျက်နှာတွေ က အရေး ကြီးဆုံးလဲဆိုတာ ကျွန်တော် စဉ်းစားနေမိတယ်။ စာမျက်နှာ (၁) ကနေပြီး စာမျက်နှာ (၁၃)၊ (၁၄) လောက်ထိအောင် ကလေးဘ၀ကို ဖြတ်သန်းကြရတယ်။ ဆော့မယ်။ ကစားမယ်။ လိုချင်တာကို ပူဆာမယ်။ ရရင်ပျော်မယ်။ မရရင် ငိုမယ်။ ဆရာ့စကား နားထောင်မယ်။ မိဘစကား နားထောင်မယ်။
စာမျက်နှာ (၁၄) ကစပြီး အရေး ကြီးလာပြီ။
ကိုယ့်ဘ၀မှာ မိဘဆရာတွေ အပြင် သူငယ်ချင်းတွေ ရဲ့ အပြုအမူတွေ က ကိုယ့်ကို လွှမ်းမိုးလာပြီ။ သူငယ်ချင်းတွေ ရဲ့ စကားဟာ မိဘဆရာစကားထက် နားဝင်လွယ်လာပြီ။ စာမျက်နှာ (၁၄)မှ စာမျက်နှာ (၂၃) အတွင်းမှာ စိတ်တွေ ပြောင်းလာပြီ။ မိဘကို သိပ်အထင်မကြီးချင်ဘူး။ ဆုံးမတဲ့ ဆရာတွေ ကို ကိုယ် ချင်းစာတရားမရှိသူတွေ လို မြင်တတ်လာတယ်။ ရည်းစားထားချင်လာတယ်။ စိတ်ကစားလာတယ်။ အချစ်ကို စိတ်ကူးယဉ်တတ်လာတယ်။ ပညာရေး ထဲမှာ အချစ်ရေး ကိစ္စတွေ ပါလာပြီ။ အချစ်ကြောင့် အရာရာကို အာခံရဲလာတယ်။ အဲ့ဒီစာမျက်နှာတွေ မှာ ယောကျာ်းလေးတွေ ဆိုရင် အပေါင်းအသင်းမှားပြီး ကျောင်းပြေးတတ်လာတယ်။ ဆေးလိပ် သောက်တတ်လာတယ်။ မူးယစ်ဆေး သုံးတတ်လာတယ်။ ဘီယာ၊ အရက် သုံးစွဲတတ်လာတယ်။ မိန်းကလေးတွေ ဆိုရင် အပြိုင်အဆိုင်စိတ်နဲ့ ရည်းစားလိုချင်လာ တယ်။ ရည်းစား ထာြး ကတော့တယ်။
စာမျက်နှာ (၁၄) မှ (၂၃) အထိ ဖြစ်ပျက်ခဲ့တဲ့ ကိုယ့်ဘ၀ဟာ စာမျက်နှာ (၂၃) နောက်ပိုင်းအထိ လွှမ်းမိုးနေတယ်ဆိုတာ သတိမပြုမိဘူး။
ဆိုပါစို့….စာမျက်နှာ (၁၈) မှာ ရည်းစားထားတယ်။ စာမျက်နှာ (၁၉) မှာ အိမ်ထောင်ကျတယ်။ စာမျက်နှာ (၂၀)၊ (၂၁) မှာ အိမ်ထောင်ရေး ဒုက္ခ၊ စီးပွားရေး ဒုက္ခတွေ ကြုံတယ်။ အတွေ အကြုံနုနယ်ပြီး ပညာချို့တဲ့ တဲ့သူဟာ စီးပွားရေး မှာ လည်း အဆင်မပြေနိုင်ဘူး။ အိမ်ထောင်ရေး မှာ လည်း မအောင်မြင် နိုင်ဘူး။ ဒီလိုနဲ့ စာမျက်နှာ (၂၂) မှာ အိမ်ထောင်ကွဲတယ်။ နောက်ထပ်စာမျက်နှာတွေ မှာ ကိုယ့်ဘ၀ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုကို အကောင်းဆုံး ဖြစ်အောင် ဘယ်လိုမှ ရေး လို့ မရနိုင်တော့ဘူး။
လူတွေ ဟာ အသက် (၁၄)၊ (၁၅) မှ (၂၃)၊ (၂၄) ထိကာလကို စာရိတ္တကောင်းကောင်းနဲ့ ဖြတ်သန်းလိုက်ဖို့လိုတယ်။ အဲ့ဒီအရွယ်ဟာ ဘ၀တစ်လျှောက်လုံး အတွက် အရေး ကြီးဆုံး အရွယ်ပါပဲ။ အဲ့ဒီအရွယ်ဟာ စာသင်ခန်း၊ ကျောင်း၊ သင်တန်းတွေ နဲ့ အချိန်ကုန်တဲ့ အရွယ် ဖြစ်နေတော့ အပေါင်း အသင်းတွေ ရဲ့ စရိုက်တွေ နဲ့ အပြုအမူတွေ ဟာ အရမ်းပဲ လွှမ်းမိုးနေတတ်ပါတယ်။ ဒါကြောင့် လူတစ် ယောက် ဘ၀ဟာ စာအုပ်ကြီးတစ်အုပ်နဲ့တူတယ်ဆိုရင် စာမျက်နှာ (၁၄) မှ (၂၃)အတွင်း အကောင်းဆုံး တွေ ကို ရေး သားနိုင်ခဲ့မှ ကိုယ့်ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုဟာဆက်ပြီး ဖတ်ချင်စဖွယ် ဖြစ်လာနိုင်မှာ ပါ။
ဒီလိုနဲ့ စာမျက်နှာ (၂၄) မှစပြီး လူ့အသိုင်းအ၀ိုင်းထဲကို ၀င်ကြပြီ၊ တိုးကြပြီဆိုရင် စိတ်ဓာတ်ခိုင်မာ ဖို့က အရေး ကြီးလာပြန်တယ်။
အဲ့ဒီအရွယ်မှာ အလုပ်လုပ်ချင်လာပြီ။ ၀င်ငွေ လိုချင်လာပြီ။ ငွေရှာချင်လာပြီ။ ငွေဆိုတာ စက္ကူတွေ ဆိုပေမယ့် သူ့မှာ အဓိပ္ပာယ်တွေ ရှိနေပြန်တယ်။ ငွေရဲ့ ဖြားယောင်းမှု ကြောင့် ကိုယ့်ဘ၀ရဲ့ စာမျက်နှာတွေ မှာ အမှားတွေ တစ်ပုံတစ်ပင် ဖြစ်တတ်ပြန်တယ်။ စာရိတ္တကို ငွေစက္ကူနဲ့ မလဲသင့်ဘူး။ အသက်မရှိတဲ့ ငွေစက္ကူက ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို အနိုင်မယူသင့်ဘူး။
အဲ့ဒီအချိန်မှာ ငွေထက်အရေး ကြီးတာ အလုပ်လုပ်ဖို့ပဲ။ အလုပ်လုပ်ခြင်းကြောင့် ရနိုင်တဲ့အကျိုး (၅) ခုရှိတယ်။ (၁) အလုပ်ကြောင့် ၀င်ငွေရတယ်။ (၂) အလုပ်ကြောင့် ကိုယ်ဘယ်လိုလူ ဖြစ်တယ်ဆိုတာ ဖော်ပြလာနိုင်တယ်။ (၃) အလုပ်ကြောင့် လူရာဝင်လာတယ်။ (၄) အလုပ်ကြောင့် ရင့်ကျက်ခြင်း၊ တည်ငြိမ်ခြင်းတွေ ရရှိလာနိုင်တယ်။ (၅) အလုပ်ကြောင့် အရေး ပါသူ တစ်ယောက် ဖြစ်လာတဲ့အတွက် စိတ်ချမ်းသာမှု ရရှိလာနိုင်တယ်။ ဒါကြောင့် ……စာမျက်နှာ (၂၄) ကစပြီး ၀င်ငွေနည်းသည် ဖြစ်စေ၊ များ သည် ဖြစ်စေ အလုပ်လုပ်ဖို့လိုတယ်။ အလုပ်လုပ်တဲ့သူဟာ အဲ့ဒီအလုပ်ကြောင့် စာမျက်နှာ (၃၀)၊ (၄၀)မှာ ပိုင်ဆိုင်မှု တွေ ၊ အောင်မြင်မှု တွေ ၊ ပျော်စရာတွေ ရှိလာပါလိမ့်မယ်။
ဒါကြောင့် လူ တစ်ယောက် ဘ၀ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ၀တ္ထုစာအုပ်ကြီး တစ်အုပ်နဲ့ တကယ်တူတယ်။ စာမျက်နှာ (၅၀)၊ (၆၀)၊ (၇၀) မှာ လောကဓံရဲ့ အကြောင်း ကောင်းကောင်းနားလည် လာတော့ အတ္တတွေ နည်းလာမယ်။ မာနတွေ လျော့ကျလာမယ်။ အများ အကျိုး သယ်ပိုးခြင်းနဲ့ အချိန် တွေ ကို အသုံးပြုမယ်။ ပရဟိတလုပ်ငန်းတွေ မှာ ကိုယ့်ရဲ့ အတွေ့ အကြုံတွေ ကို အသုံးချမယ်။ ကိုယ်ချင်း စာတရား၊ မေတ္တာတရားတွေ နဲ့ လောကကို ရှုမြင်မယ်။ ပိုင်ဆိုင်ခြင်းရဲ့ အဓိပ္ပာယ်နောက်မှာ စနစ်တကျ စွန့်လွှတ်ခြင်းတွေ ရှိခဲ့တယ်ဆိုတာ ဒီအရွယ်မှာ မြင်သိလာရတော့ စွန့်လွတ်ခြင်းဟာ ကျရှုံးခြင်းမဟုတ်ဘဲ စွန့်လွှတ်နိုင်စွမ်းဟာ မိမိကိုယ်မိမိ အောင်မြင်မှု ရဲ့ ကြီးမားတဲ့ စိတ်စွမ်းအင် ဖြစ်တယ်။ အဲ့ဒီစိတ်ကြောင့် စာမျက်နှာ (၇၀)မှာ အလွန်ဖတ်ကောင်းတဲ့ ၀တ္ထုစာအုပ်ရဲ့ အဆုံးသတ် ဖြစ်လာနိုင်မှာ ပါ။ ဘာပဲပြောပြော နောက်ဆုံးတော့ “လိပ်ပြာခုံးရုံး”မှာ ကိုယ့်ကိုကိုယ် အစစ်ဆေးခံရဖို့က အဓိကပါပဲ။
ကျွန်တော် အဖေဟာ အသက် (၇၇) နှစ် မှာ ကွယ်လွန်ပါတယ်။ အဖေရဲ့ ကိုယ်တိုင်ရေး ၀တ္ထုဟာ စာမျက်နှာ (၇၇) မှာ ပြီးဆုံးသွားခဲ့တယ်။ ကျွန်တော့်  အဖေရဲ့ ၀တ္ထုကို ဘယ်သူမှ စိတ်မ၀င်စားပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် (၃၂) မှာ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်တိုင် ရေး ၀တ္ထုဟာ ပါးပါးလေးပါ။ ဒါပေမယ့် အလွန်လေးနက်တယ်။ အလွန်အတုယူစရာကောင်းတယ်။
ကျွန်တော် တို့ ကိုးကွယ်ယုံကြည်တဲ့ မြတ်ဗုဒ္ဓ ကတော့ သက်တော် (၈၀) မှာ ပရိနိဗ္ဗာန်စံဝင်တော် မူ ခဲ့တယ်။ အလွန်လေးစားကြည်ညိုစရာကောင်းတဲ့၊ ဘယ်တော့ဖတ်ဖတ် ဖတ်လို့မ၀တဲ့ အနှိုင်းမဲ့ကိုယ်တိုင် ရေး ၀တ္ထုစာအုပ်ကြီးတစ်အုပ်ကို ထားရစ်ခဲ့တယ်။
ကိုယ့်ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုစာအုပ်ကို ဘယ်သူပဲဖတ်ဖတ် လွမ်းတသသ ဖြစ်နေရတဲ့ ၀တ္ထု စာအုပ် ဖြစ်ခဲ့မယ်ဆိုရင်တော့ လူ့ဘ၀ပိုင်ဆိုင်ခွင့်ရတာ တကယ့်လက်ဆောင်ပါပဲ။
ကိုယ်တိုင်မဖတ်ရဲတဲ့ ကိုယ်တိုင်ရေး ၀တ္ထုစာအုပ် ဖြစ်နေမယ်ဆိုရင်တော့ လူ့ဘ၀ပိုင်ဆိုင်ခွင့်ကို အလွဲသုံးစား လုပ်သွားသူ တစ်ယောက် လို့ သတ်မှတ်ခံရမှာ ပါ။
ဒီထက် အရေး ကြီးတာ ကတော့………
ကိုယ့်ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုစာအုပ်ကို ကိုယ့်သားသမီးမြေးမြစ်တွေ က လက်ဆင့်ကမ်းပြီး ဖတ်နေကြဦးမယ်ဆိုတာပါပဲဗျာ။
![]() ငှက်တစ်ကောင်၏ အတွေးရနံ့  | ![]() တွင်း အတွေးစာစကား | ![]() နီးနီးဝေးဝေး အတွေးလက်ဆောင် |