ငှက်တစ်ကောင်၏ အတွေးရနံ့
ကျွန်တော် သီတင်းကျွတ် ကျောင်းအားရက်မှာ စင်ကာပူနဲ့ မလေးရှား နိုင်ငံများ သို့ “ ဂန္ထဝင် ရွှေပုဂံ ” ခရီးသွားဝန်ဆောင်အဖွဲ့ဖြင့် ( ၆ ) ညအိပ် ( ၇ ) ရက်ခရီး သွားခဲ့ပါသည် ။ မြင်တာတွေ ကို ရေး ချင်လာသည် ။ တွေ့ တာတွေ ကို ရေး ချင်လာသည် ။ မြင်သမျှ ၊ တွေ့ သမျှကို စာဖတ်သူများ ကို ဝေမျှပေးချင်သည် ။ ခရီးသွားအက်ဆေး တစ်ပုဒ်ကဲ့သို့ သုတနှင့် ရသပုံစံမျိုး မရေး ချင်ပါ ။ အတွေးအက်ဆေး ပုံစံမျိုး ရေး ချင်ပါသည် ။
( ၆ ) ညအိပ် ( ၇ ) ရက်ခရီး ဖြစ်သော ကြောင့် မြင်သမျှသည် အမှန်များ မ ဖြစ်နိုင်သလို တွေ့ သမျှသည်လည်း အပေါ်ယံမျှသာ ဖြစ်ပါလိမ့်မည် ။ သို့သော် သူတို့ . . . သူတို့၏ လူနေမှု ဘဝ ၊ ဖြစ်သန်းမှု ဘဝ ၊ ခံစားမှု ဘဝများ ကို ကျွန်တော် မေးခဲ့သည် ။ ကျွန်တော် တွေးခဲ့သည် ။
အဲဒီ နိုင်ငံရောက် သူငယ်ချင်းတချို့အသက်တွေ ၊ အရွယ်တွေ ကြီးလြာ ကတော့ အတွေးတွေ လည်း ပြောင်းလာကြသည် ။ ကိုယ့်နှလုံးသားထဲက စံထားသတ်မှတ်တဲ့ တန်ဖိုးတွေ မရှိတဲ့နေရာမှာ အသက်ရှင်သန်နေထိုင်ခြင်းဟာ အဓိပ္ပာယ်မဲ့ပါသည် ။ ငွေ ၊ တိုက် ၊ ကား ၊ ပိုင်ဆိုင်မှု ၊ အောင်မြင်မှု တွေ ဆိုတာ လူ့ဘဝရဲ့ တကယ့်အနှစ် ဟုတ်မဟုတ်ကို ကျွန်တော် တွေးမိလာသည် ။ ကျွန်တော် ရေး ချင်လာသည် ။
ကျွန်တော် ကိုယ်တိုင် ရောက်စ တစ်ရက် ၊ နှစ် ရက် ၊ သုံးရက်မှာ အတွေးက တစ်မျိုး ၊ လေးငါးရက်လောက်နေတော့ အတွေးက တစ်မျိုး ဖြစ်လာပြန်သည် ။
“ သူ့ခြံထဲက ပန်းတွေ က လှပါသည် ။
ကိုယ့်ခြံထဲက ပန်းတွေ ကလည်း မွှေးပါသည် ။
သူ့ခြံထဲက ပန်းတွေ ကို ချစ်တတ်သလို . . .
ကိုယ့်ခြံထဲက ပန်းတွေ ကိုလည်း မြတ်နိုးတတ်ဖို့လိုပါသည်”
ယခု “ငှက်တစ်ကောင်၏ အတွေးရနံ့” စာစုသည် ခရီးသွားအတွေး အက်ဆေးမျှသာ ဖြစ်ပါသည်။
ဦးဘုန်း (ဓာတု) မန္တလေး
စာရေး သူ၏
အမှာ စကား
မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းနိုင်ငံတွေ ကို ရောက်ဖူးချင်တယ် ။ ဒါကြောင့် ကျောင်းအားရက်ရှိတိုင်း ခရီးသွား ဖြစ်တယ် ။ ခရီးသွားတယ်ဆိုတာ စာဖတ်ခြင်းတစ်မျိုးပါပဲ ။ ခရီးသွားတယ်ဆိုတာ မျက်လုံးများ ဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုဆုံးဖြတ် တွေးတောပြီး စာဖတ်ခွင့်ရခြင်း တစ်မျိုး ဖြစ်တယ် ။ စာအုပ်ထဲက စာတွေ ကို ဖတ်ရတာ လည်း တစ်မျိုးကောင်းပါတယ် ။ ဒါပေမယ့် ခရီးသွားခြင်းက ပိုပြီး ပြည့်စုံတဲ့ အသိအမြင်ကို ရရှိနိုင်တယ်လို့ ကျွန်တော် ထင်တယ် ။
ခရီးများများ သွားတော့ ကိုယ့်ရဲ့ အားနည်းချက်တွေ ကို သိလာတယ် ။ ဒီလိုပဲ ကိုယ့်ရဲ့ အားနည်းချက်တွေ ကိုလည်း မြင်မိတယ် ။ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်ကိုလည်း တွေးမိသလို ၊ ကိုယ့်နိုင်ငံရဲ့ အားသာချက်တွေ ကိုလည်း အထင်အရှား မြင်မိတယ် ။ ခရီးသွားတော့ လူမျိုးပေါင်းစုံနဲ့ တွေ့ ရတယ် ။ လူမျိုးပေါင်းစုံနဲ့ တွေ့ ရတော့ ဘာသာ စကားပေါင်းစုံ ယဉ်ကျေးမှု ဓလေ့အမျိုးစုံအောင် လေ့လာသိရှိခွင့်ရခဲ့တယ် ။ ကျွန်တော် က စာရေး ချင်နေတဲ့သူဆိုတော့ သိချင်တာတွေ မေးတယ် ။ ပြောသူရဲ့ ခံစားချက်ကို မြင်အောင် နားထောင်တယ် ။ ကျွန်တော် နဲ့ ဆက်နွယ်ခဲ့တဲ့ ပတ်ဝန်းကျင်ကို စံနစ်တကျ လေ့လာတယ် ။
ဒီစာစုကို ရေး တဲ့အခါ ခရီးသွားဆောင်းပါးကဲ့သို့ မရေး ချင်ပါ ။ သူတို့ နိုင်ငံတွေ မှာ ရှိတဲ့ နေရာတွေ ၊ လမ်းတွေ ၊ ကျောင်းတွေ ၊ စက်ရုံတွေ အကြောင်း မရေး ချင်ပါ ။ အဲ့ဒီနိုင်ငံမှာ ရှိနေတဲ့ ကျွန်တော် တို့ရဲ့ သူငယ်ချင်းတွေ ပညာရှင်တွေ ရဲ့ ခံစားချက်တွေ ကို မေးခဲ့တယ် ။ နိုင်ငံရပ်ခြားကို ရောက်နေတဲ့ ကျွန်တော် တို့ရဲ့ ညီအစ်ကိုတွေ ပညာရှင်တွေ ရဲ့ အရွယ်နဲ့ အမျှ ပြောင်းလဲလာတဲ့ အသိအမြင်တွေ ကို ရေး ချင်တယ် ။ ရေး ထားတယ် ။ သူတို့ ခံစားချက်တွေ မှာ မြန်မာ့ဓလေ့ ၊ မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေ ကျွန်တော် မြင်ခဲ့တယ် ။ တွေ့ ခဲ့တယ် ။
ရိုးသားစွာ ဝန်ခံရရင် နိုင်ငံရပ်ခြားကို ကျွန်တော် အစတုန်းက အထင်ကြီးမိခဲ့တယ် ။ အထင်ကြီးဖူးတယ် ။ တကယ်တမ်း ကြုံတွေ့ လိုက်တော့လည်း မိုးမျှော်တိုက်ကြီးတွေ ၊ ဖြောင့်စင်းနေတဲ့ လမ်းမကြီးတွေ ၊ ခမ်းနားတဲ့ ကုန်တိုက်ကြီးတွေ က ကျွန်တော့် ကို “ ပြုစား ” တယ် ။ “ ဦးနှောက်ကို ဥာဏ်ကပ်ပြီး တွေးတောကြည့် ” မှ အမှန်တရားနဲ့ နီးစပ်တာကို ကျွန်တော် မြင်တွေ့ လာတယ် ။ ကျွန်တော့်  သူငယ်ချင်းတွေ ကလည်း ကျွန်တော့် ကို သူတို့ရင်ထဲက ခံစားချက်တွေ ၊ ရိုးရိုးရှင်းရှုင်း ပွင့်ပွင့်လင်းလင်း ပြောကြတယ် ။
ကျွန်တော် ဒီစာစုကို ရေး တဲ့အခါ “ မန္တလေးတိုင်း(မ်) ” ဂျာနယ် အယ်ဒီတာ ဖြစ်တဲ့ ကိုကောင်းဇော် ( ကာတွန်းလေရူး ) က သူ့ဂျာနယ်မှာ ကျွန်တော့် ရဲ့ စာတွေ ကို ဖော်ပြပေးတယ် ။ ဒီအတွက် သူ့ကို ကျေးဇူးတင်ပါတယ် ။ ဒီလိုပါပဲ “ မန္တလေးတိုင်း(မ်) ” ဂျာနယ်မှာ အပတ်စဉ် ဖော်ပြပေးတဲ့အခါ မန္တလေးက စာဖတ်ပရိသတ်များ ရဲ့ စေတနာကိုလည်း ကျေးဇူးတင်မှတ်တမ်း တင်အပ်ပါတယ် ။ ယခုစာအုပ်အတွက် အမှာ စာ ရေး ပေးတဲ့ ဆရာကျော်ရင်မြင့်ရဲ့ စေတနာကိုလည်း ရင်နှင့် အမျှ ကျေးဇူးတင်ပါတယ် ။
ဤစာစုကို ဖတ်မိသူတိုင်း ရင်ထဲမှာ တွေးစရာလေးတွေ ဖြစ်လာပါလိမ့်မယ် ။
တကယ်တော့ ကျွန်တော် တို့ မညံ့ကြပါ ။
ဒါပေမယ့် ဘာကြောင့် လဲဆိုတာ တွေးကြည့်ကြရအောင်နော် ။
ဦးဘုန်း (ဓာတု) မန္တလေး
ကျော်ရင်မြင့်၏ မုဒိတာ
အတွေ့ နဲ့ အတွေး
စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေ က ပြန်လာတဲ့ ဆရာဦးဘုန်း ( ဓာတု ) က သူ့ အတွေးတွေ ကို စုပေါင်းပြီး စာအုပ်တစ်အုပ် ပြုစုပါတယ် ။
ဆရာဦးဘုန်းကို အတွေးသမားအ ဖြစ် ကျွန်တော် သတ်မှတ်တယ် ။ သူ့ရဲ့ အချို့အတွေးတွေ က ထူးတယ် ၊ ဆန်းတယ် ၊ ကွန့်တယ် ၊ ညွန့်တယ် ၊ သူ့အတွေးတွေ ထဲက အချို့အတွေးတွေ က အတွေးသစ် အမြင်သစ်တွေ မို့ ကျွန်တော် ကြိုက်တယ် ။ အချို့အတွေးတွေ ကိုတော့ “ လုပ်ပြီးတွေးသလား ” ဆိုပြီး ကျွန်တော် မကြိုက်ဘူး ။
လူတွေ မှာ တစ်ယောက် နဲ့ တစ်ယောက် အတွေးအမြင် မတူနိုင်သလို တစ်ခုခုကို ကြိုက်ခွင့် ၊ မကြိုက်ခွင့်လည်း ရှိကြတာပဲ ။
ကျွန်တော် က တွေးတတ်တဲ့လူကို ကြိုက်တယ် ၊ တွေးတတ်တဲ့ လူတွေ ကြောင့် လောကကြီး တိုးတက်ပြောင်းလဲလာတာကို ကျွန်တော် ယုံကြည်ပါတယ် ။ ခူးပြီးခပ်ပြီးသား ထိုင်စားနေတဲ့ သူတွေ များ လာရင် လောကဆုတ်ယုတ်မှာ ပါ ။
မြန်မာနိုင်ငံရဲ့ အခြေအနေ အပြောင်းအလဲတစ်ခု ၁၉၈၈ ခုနှစ် မှာ ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက် အရင်ကထက် ပိုမိုပွင့်လင်းတဲ့ အနေအထားကို ရောက်ရှိလာတယ် ။ မြန်မာတွေ နိုင်ငံခြားကိုသွားနိုင်တဲ့ အခွင့်အလမ်းရကြတယ် ။ မြန်မာတွေ အများ ကြီး နိုင်ငံခြားကို သွားကြတယ် ။
နိုင်ငံခြားသွားတာ ကောင်းပါတယ် ။ ကိုယ့်နိုင်ငံနဲ့ မတူတဲ့ အသိအမြင်တွေ ၊ အတွေ့ အကြုံတွေ အများ ကြီးရနိုင်တယ် ။ ကိုယ့်နိုင်ငံရဲ့ နှိုင်းယှဉ်ကြည့်ရင် အခြားနိုင်ငံတွေ မှာ ကောင်းတာတွေ လည်း ရှိတယ် ။ ကိုယ် လက်မခံနိုင်တာတွေ လည်း ရှိမယ် ။ ကောင်းတာတွေ ကို နမူနာယူပြီး ကိုယ့်အတွက် အသုံးချနိုင်ရင် ကိုယ်တိုးတက်မှာ ပဲ ဖြစ်ပါတယ် ။
ကျွန်တော် စိတ်ဝင်စားတဲ့ကိစ္စတွေ ထဲမှာ ကြံကြံဖန်ဖန် အိမ်သာတွေ ပါတယ် ။ အိမ်သာတွေ ထဲမှာ စာတွေ ရေး ကြ ၊ ရင်ဖွင့်ကြတာတွေ ကို ဖတ်မိပြီး “ စာတန်းစိတ္တဇ ” အမည် နဲ့ ဝတ္ထုတိုတစ်ပုဒ် ရွှေအမြုတေမဂ္ဂဇင်းမှာ ရေး ဖူးတယ် ။ အဲဒီ ဝတ္ထုကိုပဲ ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ် ၊ နိုင်ငံခြားဘာသာဌာန ပါမောက္ခ Midori Minamida ( မြန်မာအမည် မပန်းခက် ) က ဂျပန်ဘာသာကို ပြန်ဆိုပြီး Diado Life Foundation က ဂျပန်နိုင်ငံမှာ ထုတ်ဝေပါတယ် ။
၁၉၉၈ ခုနှစ် မှာ သတင်းစာပညာသင်ဖို့ ဗြိတိန်နိုင်ငံကို ကျွန်တော် သွားခဲ့တယ် ။ အဲဒီ အချိန်မှာ ကျွန်တော့်မိတ်ဆွေ ဆရာဦးသူရအောင်က ILA - Mandalay အမည် နဲ့ အင်္ဂလိပ်ကျောင်းဆရာစစ်စစ်တွေ ကို ငှားရမ်းပြီး မန္တလေးမှာ အင်္ဂလိပ်စာ ကျောင်းဖွင့်တယ် ။ အဲဒီ ဆရာလေးယောက် ထဲက Mr . Adian Foster ဆိုတဲ့ အင်္ဂလိပ်လူမျိုးက သူ့နိုင်ငံက ပြန်လာတဲ့ ကျွန်တော့် ကို အင်္ဂလန်ကို ဘယ်လိုမြင်သလဲ မေးပါတယ် ။ အိမ်သာတွေ သိပ်သဘောကျတာပဲလို့ပြောတော့ သူ အံ့ဩသွားတယ် ။
ကျွန်တော် က သူနားလည်အောင် ရှင်းပြတယ် ။ ဗြိတိန်နိုင်ငံမှာ ဘယ်နေရာသွားသွား ၊ မြို့ပေါ် ဖြစ် ဖြစ် ၊ ကျေးလက် ဖြစ် ဖြစ် ဘယ်နေရာမှာ မဆို လက်တစ်ကမ်းမှာ အိမ်သာတွေ အဆင်သင့်ရှိတယ် ။ အခင်းကြီး အခင်းလေး ဘယ်ကိစ္စမဆို အဆင်ပြေတယ် ။ အိမ်သာတွေ က သိပ်ရပ်သန့်ရှင်းတဲ့အပြင် ရေ ၊ စက္ကူအလုံအလောက် ရှိတယ် ။ အလင်းရောင် လုံလောက်တယ် ။ အနံ့က မွှေးပျံ့တဲ့ရနံ့ စီစဉ်ထားတယ် ။ အခင်းကြီး ၊ အခင်းလေးကိစ္စ အဆင်မပြေလို့ အောင့်ထားရရင် စိတ်လည်း မအီမသာ ဖြစ်မယ် ။ ကျန်းမာရေး လည်း ထိခိုက်မယ် ။ အိမ်သာကိစ္စ အရေး သိပ်ကြီးတယ် ။ အင်္ဂလန်မှာ သိပ်အဆင်ပြေတာပဲလို့ ရှင်းပြတော့ သူ သဘောကျသွားတယ် ။
ကြုံကြိုက်လို့ နိုင်ငံခြားမှာ ကြုံတွေ့ ရတဲ့ အိမ်သာအကြောင်း ဆက်ပြောချင်ပါသေးတယ် ။ ကျွန်တော် အမေရိကန်ပြည်ထောင်စုကို သွားစဉ်က ဘန်ကောက်လေဆိပ်ရောက်တော့ အိမ်သာဝင်တဲ့အခါ ရန်ကုန်နဲ့ မတူဘူးလို့ ခံစားရတယ် ။ ဂျပန် ၊ တိုကျို နရီတာလေဆိပ်မှာ ခေတ္တနားတော့လည်း တိုကျိုက ဘန်ကောက်ထက်သာတယ်လို့ တွေးမိတယ် ။ အမေရိကန်ပြည်ထောင်စု ရောက်တော့ အိမ်သာ ဘိုထိုက်ကမုတ်မှာ ထိုင်မောင်လုပ်တော့ အခင်းပြားမှာ ပတ်ထားတဲ့ ပလတ်စတစ်က အလိုအလျှောက် လဲလှယ်သွားတာမြင်ရတော့ ကျွန်တော် တော် တော် အံ့ဩမိတယ် ။ ကူးစက် ရောဂါ တွေ အတွက် စိတ်ချရတာ ပေါ့ ။
ဂျပန်နိုင်ငံကို ဆောင်းရာသီနည်းနည်း အေးနေတုန်းရောက်တော့ အိမ်သာ အထိုင်အခင်းပြားကို အနွေးဓာတ်ပေးထားလို့ ထိုင်ရတာ ဇိမ်ရှိခဲ့တယ် ။ အိမ်သာခုံဘေးမှာ ကုလားထိုင်လက်တန်းလိုဟာရှိပြီး ခလုတ်ကလေးတွေ ကို အရုပ်တွေ နဲ့ ပြထားတယ် ။ ရေပန်းပုံခလုတ်ကို နှိပ်လိုက်တော့ မစင်ကို အလိုအလျောက် ဆေးပေးတယ် ။ အမျိုးသမီးပုံ ခလုတ်လေးနှိပ်ပြန်တော့ ရှေ့ပိုင်းကို ရေနွေးနွေးလေး လာပန်းတယ် ။ တော် တော် အဆင်ပြေအောင် လုပ်ထားတာပဲ ။
လေဆိပ်အိမ်သာထဲမှာ နံရံကပ်ခုံကလေးတွေ ရှိတယ် ။ ကလေးပေါက်စ အဖေ ၊ အမေ တွေ ကလေးတစ်ဖက်နဲ့ အိမ်သာဝင်ရင် ကလေးခေတ္တထည့်ထားဖို့ပါ ။
ဆရာဦးဘုန်း ( ဓာတု ) နိုင်ငံခြားသွားတော့ မြင်ခဲ့ရတဲ့ တွိုင်းလက်အကြောင်းရေး ထားတာ ဖတ်မိပါတယ် ။ ကျွန်တော် အိမ်သာဋီကာချဲ့နေတာ ဒီလိုပါ ။ အခြေခံ အကျဆုံးကိစ္စကအစ လူတွေ အဆင်ပြေအောင် လုပ်ပေးထားတာကို ကြုံတွေ့ ရလို့ ပြန်လည်တင်ပြတာပါ ။ အခြေခံကိစ္စမှာ တောင် အဆင်ပြေအောင် လုပ်ပေးရင် အခြားကိစ္စတွေ မှာ ဆိုဖွယ်မရှိပါဘူး ။
ကောင်းတာတွေ နမူနာယူပြီး ကိုယ့်အတွက် ကိုယ့်နိုင်ငံအတွက် အသုံးချနိုင်ကြရင် ကောင်းလေစွလို့ ကျွန်တော် တွေးနေမိပါတယ် ။
ဒါဟာ ကြောင်တစ်ကောင်ရဲ့ အတွေး ဖြစ်ချင်လည်း ဖြစ်မှာ ပေါ့ ။
ကျော်ရင်မြင့်
ကျွန်တော် ဟာ အဲ့ဒီဖားကလေးနဲ့ တူတယ် ။
ကျွန်တော့် ဘဝဟာလည်း အုန်းမှု တ်ခွက်နဲ့ တူတယ် ။
ကျွန်တော် ရဲ့ ပိုင်ဆိုင်မှု ကို ဘဝမြင့်နေမိတယ် ။
ကျွန်တော် ရဲ့ အောင်မြင်မှု ကို အဟုတ်ကြီးထင်နေမိတယ် ။
ကျွန်တော် ရဲ့ သိကျွမ်းမှု ကို ပြည့်စုံပြီးလို့ သတ်မှတ်ထားမိတယ် ။
ကျွန်တော် ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကို
အမြင့်ဆုံးလို့ ထင်မှတ်ထားခဲ့တယ် ။
ခရီးသွားလိုက်တဲ့အခါ . . .
တစ်နေရာကို ရောက်သွားတဲ့အခါ . . .
*******
အုန်းမှု တ်ခွက်
ချန်ဂင်လေဆိပ်ကိုရောက်တော့ ကျွန်တော် ဟာ စကားမတတ်တဲ့ ကလေး တစ်ယောက် လို ဖြစ်သွားတယ် ။ မဆီမဆိုင် သီချင်းလေးတစ်ပုဒ်ကို သတိရမိတယ် ။
“ ရန်ကုန်မြို့ကြီးကိုတဲ့ . . . ယောင်လည်လည် ရောက်လာခဲ့တယ် ။ မျက်လုံးလေး ကလည်ကလည် . . . . ”
အဲဒီ လိုပဲ ကျွန်တော့် မျက်လုံးထဲမှာ မြင်သမျှဟာ ဆန်းကြယ်နေတယ် ။ တွေ့ သမျှဟာ လတ်ဆတ်နေတယ် ။ Toilet ဝင်တော့လည်း Aircon က အေးလိုက်တာ ။ အခုလေဆိပ်ထဲမှာ လည်း ဆောင်းတွင်းတစ်ခုလို အေးနေပြန်တယ် ။
ဒီလိုနဲ့ ကျွန်တော် တို့ကိုလာကြိုတဲ့ ဧည့်လမ်းညွှန်ခေါင်းဆောင်နဲ့ “ ချန်ဂင် ” လေဆိပ် ဧည့်ခန်းမထဲမှာ တွေ့ ကြတယ် ။ သူ့နာမည် က မစ္စတာ ဂျင်မီ ဖြစ်တယ် ။ သူက ကျွန်တော် တို့ကို စင်ကာပူ အင်္ဂလိပ်စကားနဲ့ စပြီး မိတ်ဆက်တယ် ။ သူ့အသံက တရုတ်သံဝဲနေတယ် ။ သူပြောတဲ့စကားတွေ ထဲမှာ စင်္ကာပူနိုင်ငံအကြောင်း ၊ စီးပွားရေး အကြောင်း ၊ အဆောက်အဦးတွေ ၊ လမ်းတွေ အကြောင်း ၊ ကြွားကြွားဝါဝါ ပြောသွားတယ် ။ ပြောအားလည်း ရှိတာကိုး ။ ညနေ Dinner စားကြတဲ့အခါ မစ္စတာဂျင်မီနဲ့ ကျွန်တော် စားပွဲတစ်ဝိုင်းလည်း ထိုင် ဖြစ်တယ် ။
ကျွန်တော် တို့ ခရီးသွားအဖွဲ့ဟာ မိသားစုလိုက် လာကြတာ များ တယ် ။ Single ဆိုလို့ ကျွန်တော် တစ်ယောက် ပဲ ပါတယ် ။ ဒါကြောင့် မစ္စတာဂျင်မီနဲ့ ကျွန်တော် ညစာ စားရင်း စကားပြော ဖြစ်ကြတယ် ။
ကျွန်တော် အင်္ဂလိပ်စကား ပြောမသွက်ပါ ။ ပြောလေ့မရှိတော့ စကားပြောရတာ လေးတယ် ။ နှေးတယ် ။
မစ္စတာဂျင်မီက ပြောတယ် ။ သူဟာ တရုတ်စကားလည်း ပြောတတ်တယ် ။ အင်္ဂလိပ်စကားလည်း ပြောတတ်တယ် ။ မြန်မာစကားလည်း ပြောတတ်တယ် ။ ဂျပန်စကားလည်း ပြောတတ်တယ်တဲ့ ။ အဲ့ဒါကြောင့် သူက ကျွန်တော် တို့ မြန်မာခရီးသွားအဖွဲ့ကို ဦးဆောင်တာ ဖြစ်တယ်တဲ့ ။ ဒါဆိုရင် သူက ဘာ ဖြစ်လို့ မြန်မာစကားမပြောဘဲ အင်္ဂလိပ်လို ပြောရသလဲလို့ ကျွန်တော် ကမေးတော့ အင်္ဂလိပ်လို ပြောရတာ က ပိုပြီး “ အာ ” တွေ့ တယ်လို့ သူက ပြန်ဖြေတယ် ။
ညပိုင်းမှာ ကျွန်တော် တို့ ဗစ်တိုးရီးယား ဟိုတယ်မှာ တည်းကြတယ် ။ ဟိုတယ်အပေါ်တက်တဲ့ ဓာတ်လှေကားကအစ အခန်းသော့  အားလုံးဟာ ကျွန်တော့် အတွက် အသစ်အဆန်းတွေ ဖြစ်နေတယ် ။ မိုးမျှော်တိုက်ကြီးတွေ ၊ သန့်ရှင်းနေတဲ့ လမ်းအကျယ်ကြီးတွေ ၊ နှစ် ထပ် ဘတ်(စ်)ကားကြီးတွေ ၊ မြေအောက်ရထားကြီးတွေ ၊ ရှော့ပင်းစင်တာကြီးတွေ အားလုံး . . . အားလုံးဟာ ဓာတ်ပုံရိုက်ချင်စရာချည်းတွေ ပါပဲ ။ ဗစ်တိုးရီးယားဟိုတယ်ဟာ မြန်မာတွေ အများ ဆုံး တွေ့ ဆုံလေ့ရှိတဲ့ “ ပန်နဆူးလား - ရှော့ပင်း ” ရဲ့ မနီးမဝေးမှာ ရှိတယ် ။
ဒီနေရာမှာ ကျွန်တော် တွေးမိတာလေး ရေး ပြပါရစေ ။
*
ခရီးသွားခြင်းအားဖြင့် ပထမဆုံးရတဲ့ အကျိုး ကတော့ ငါဟာ ဘာမှ မဟုတ်ပါလားဆိုတဲ့ အသိပါပဲ ။ ငါ့နေရာမှာ တော့ ငါဟာ ငါပဲ ။ ဒါပေမယ့် ခရီးသွားလိုက်တဲ့အခါ “ အနတ္တ ” ကို ခံစားမိတယ် ။ ငါ့နေရာမှာ တော့ ငါက “ ဆရာ ” ၊ ငါ့ပိုင်ဆိုင်မှု က ဘယ်လို ၊ ငါဟာ ဘယ်လိုလူ ၊ ဒါပေမယ့် ခရီးသွားပြီး နေရာတစ်ခုကိုလည်း ရောက်ရော ငါဟာ စကား လည်လည်ဝယ်ဝယ် ပြောတတ်တဲ့ မပြောတတ်တဲ့ ကလေးလေး တစ်ယောက် ဖြစ်သွားရတယ် ။ ငါဟာ ဘာမှ မဟုတ်ပါလား ။ ဒီနေရာမှာ ပုံပြင်လေးတစ်ပုဒ်လောက် ပြောပါရစေ ။
*
တစ်ခါတုန်းက -
လယ်ကွက်အရိုင်းတစ်ခုထဲမှာ ဖားပေါက်စလေးတွေ ခုန်ပေါက်ပြီး ဆော့ကစားနေကြတယ် ။ မိုးဦးကျစဆိုတော့ အုံးအင် အသံတွေ ကလည်း ဆူညံလို့ပေါ့ ။ လယ်ကွက်ထဲမှာ လည်း ကောက်ရိုးအဆွေးတွေ ၊ သစ်ရွက်ဆွေးတွေ ၊ အမှိုက်အဆွေးတွေ ပြည့်နှက်နေတယ် ။ ဖားပေါက်စကလေးတွေ ဟာ မိုးမမြင်လေမမြင် ပျော်နေကြတာပေါ့ ။ အဲ့ဒီလို ခုန်ဆွ ခုန်ဆွနဲ့ လယ်ကွက်ထဲမှာ ဆော့ကစားနေတုန်း ဖားပေါက်စ ကလေး တစ်ယောက် ဟာ အုန်းမှု တ်ခွက်တစ်ခုရဲ့ ဖုံးအုပ်ခြင်းကို ခံလိုက်ရတယ် ။ အုန်းမှု တ်ခွက်ထဲကို ရောက်နေတဲ့ ဖားကလေးဟာ ဘာမှမမြင်ရဘူး ။ မှော င်မည်းမည်းထဲမှာ အုံးအင်သံတစ်ခုသာလျှင် သူ့အတွက် အဖော် ဖြစ်နေတယ် ။ အဲ့ဒီအုန်းမှု တ်ခွက်ရဲ့ အပေါ်မှာ လည်း သစ်ရွက်အမှိုက်ဆွေးတွေ လာပစ်ကြ ၊ မြေဆွေးတွေ လာပြီးပြုံ ကတော့ မြေကြီးအောက်ထဲကို ရောက်သွားတော့တာပေါ့ ။
အုန်းမှု တ်ခွက်ထဲမှာ သုံးလေးရက်လောက်နေတော့ နေသာားကျလာတယ် ။ မှော င်မည်းနေတဲ့ အုန်းမှု တ်ခွက်ထဲမှာ ကျင့်သားရလာတယ် ။ ဗိုက်ဆာတဲ့အခါ အုန်းမှု တ်ခွက်ထဲကို ဝင်လာတဲ့ အင်းဆက်ပိုးလေးတွေ ၊ ပုရွက်ဆိပ်ကလေးတွေ စားပြီး နေရရှာတယ် ။ အုန်းမှု တ်ခွက်ထဲမှာ ပဲ သူ့ဘဝဟာ ပြည့်စုံခြင်းတွေ နဲ့ ပျော်ရွှင်အောင် နေတတ်လာတယ် ။ နေ့ည ခွဲခြားသိစရာ မလိုဘူး ။ အပူအအေး ခွဲခြားသိစရာ မလိုဘူး ။ အုန်းမှု တ်ခွက်ထဲကို ဝင်လာတဲ့ အကောင်ငယ်ငယ်လေးတွေ ကို ဖမ်းယူစားသောက်ပြီး သူ့ဘဝကို သူ ကျေနပ်နေတယ် ။
ဒီလိုနဲ့ ဖားကလေးဟာ တဖြည်းဖြည်းနဲ့ ကြီးလာတယ် ။ ထွားလာတယ် ။ သုံးလေးလလောက်နေတော့ အုန်းမှု တ်ခွက်အရွယ်နဲ့ အပြည့် ဖားကြီးတစ်ကောင် ဖြစ်လာတယ် ။
တစ်နေ့မှာ လူတွေ က ဒီလယ်ကွက်ကြီးကို လာပြီး ထယ်ထိုးကြတယ် ။ ထွန်ကြတယ် ။ မြေဆွေးတွေ ၊ အမှိုက်ဆွေးတွေ ကို စပါးစိုက်ဖို့အတွက် ဖြန့်ကြတယ် ။ အဲ့ဒီလိုလုပ်ရင်းနဲ့ အုန်းမှု တ်ခွက်ကလေးဟာ မြေပြင်ပေါ်ကို ဘွားခနဲရောက်လာပါတော့တယ် ။ ဖားကလေးဟာလည်း ကောင်းကင်ပြာကြီးကို မြင်လိုက်ရတယ် ။ လေနုအေးအေးလေးတွေ ကို တစ်ဝကြီး ရှူရှိုက်လိုက်ရတယ် ။ လှလိုက်တဲ့ ကောင်းကင်ပြာကြီးလို့ စိတ်ထဲက ရေရွတ်မိတယ် ။ အစတုန်းက ကိုယ့်ကိုကိုယ် အကြီးကြီးလို့ ထင်ခဲ့မိတာ ။ ကောင်းကင်ပြာကြီးနဲ့ နှိုင်းလိုက်တော့ သေးသေးလေး ဖြစ်သွားတော့တယ် ။ ဖားကလေးဟာ အရပ်လေးမျက်နှာကို ကြည့်ပြီး အံ့ဩနေမိတယ် ။
ကျွန်တော် ဟာ အဲ့ဒီဖားကလေးနဲ့ တူတယ် ။
ကျွန်တော့် ဘဝဟာလည်း အုန်းမှု တ်ခွက်နဲ့ တူတယ် ။
ကျွန်တော် ရဲ့ ပိုင်ဆိုင်မှု ကို ဘဝမြင့်နေမိတယ် ။
ကျွန်တော် ရဲ့ အောင်မြင်မှု ကို အဟုတ်ကြီးထင်နေမိတယ် ။
ကျွန်တော် ရဲ့ သိကျွမ်းမှု ကို ပြည့်စုံပြီးလို့ သတ်မှတ်ထားမိတယ် ။
ကျွန်တော် ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကို အမြင့်ဆုံးလို့ထင်မှတ်ထားခဲ့တယ် ။
ခရီးသွားလိုက်တဲ့အခါ ၊ တစ်နေရာကို ရောက်သွားတဲ့အခါ . . .
ကျွန်တော် ဟာ စကားမတတ်တဲ့ ကလေး တစ်ယောက် ဖြစ်သွားတယ် ။ ကျွန်တော့် ကျွမ်းကျင်မှု တွေ ဘာမှ အသုံးမကျတော့ဘူး ။ ကျွန်တော် သိနားလည်သမျှဟာ သေးသေးလေး ဖြစ်သွားတော့တယ် ။ ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ လူတွေ အများ ကြီး ရှိနေတာကို သတိပြုမိလာတယ် ။ လူတိုင်း လူတိုင်းဟာ ကိုယ့်စံသတ်မှတ်ချက်နဲ့ ကိုယ် ၊ ကိုယ်သတ်မှတ်ထားတဲ့ တန်ဖိုးအတိုင်း အသက်ရှင် နေထိုင်ကြပါလားဆိုတာ တွေးမိခဲ့တယ် ။
တကယ်တော့ ကျွန်တော် ရဲ့ ပိုင်ဆိုင်မှု ၊ အောင်မြင်မှု ၊ တွေးမြင်မှု တွေ ဟာ အုန်းမှု တ်ခွက်မျှသာပါ ။
မြန်မာစကားကလွဲပြီး ဘာမှ မပြောတတ်တဲ့
ကျွန်တော် ဟာ ဘာမှ အသုံးမကျတဲ့ အကောင် ဖြစ်ခဲ့ရတယ် ။
တကယ်လို့သာ ကျွန်တော် ဟာ အင်္ဂလိပ်စကား ၊
တရုတ်စကား တတ်ခဲ့ရင်
ဒီခရီးမှာ မိတ်ဆွေတွေ အများ ကြီး တိုးလာနိုင်တယ် ။
ကျွန်တော့် ခံစားချက်တွေ ကို ပြောပြနိုင်မယ် ။
ကျွန်တော် တို့နိုင်ငံရဲ့ အားသာချက်တွေ ကို ပြောပြနိုင်မယ် ။
သူတို့ဆီက ကောင်းတဲ့စိတ်ကူးစိတ်သန်းတွေ ကို
နှိုက်ယူနိုင်မယ် ။
အခုတော့ . . .
*******
![]() တွင်း အတွေးစာစကား | ![]() အတွေးလက်ဆောင် ဒိုင်ယာရီ | ![]() မွေးနေ့လက်ဆောင် |