Cover

ရည်ရွယ်ချက်

*ဒီနေ့လူတွေ . . .
စာဖတ်ဖို့အချိန်မရှိဘူး။ ကျောင်း၊ ကျူရှင်၊ သင်တန်း၊ ဒါတွေ နဲ့ပဲ အချိန်ကုန်နေ ကြရတယ်။ နေ့တိုင်းနေ့တိုင်း. . . ဆရာဆိုတဲ့ ပုဂ္ဂိုလ်တွေ နဲ့ အမြဲတွေ့ နေရတယ်။
ဒီတော့. . . သူတို့ဆရာတွေ ရဲ့ အသိဉာဏ်ဟာ သူတို့ရဲ့ ဘ၀ ဖြစ်လာတယ်။


*လူငယ်တွေ ကို စာဖတ်စေချင်တယ်။ တွေးတောစေချင်တယ်။ ခံစားစေချင်တယ်။ အမြင်ကွဲပြားခြင်းအပေါ်မှာ မျှတစွာ လက်ခံတတ်သူ ဖြစ်စေချင်တယ်။
ဒါကြောင် စာဖတ်ဖို့ လိုတယ်။


*သင်ရိုးထဲက စာတွေ ၊ အလွတ်ရပြီး အမှတ်ကောင်းရုံနဲ့ လူကောင်းလို့ မခေါ်နိုင် ပါ။ စိတကောင်းရှိဖို့ စာဖတ်ကြရပါတယ်။
လောကဓံကို ခံနိုင်ရည်ရှိဖို့ စာဖတ်ကြရပါတယ်။
စိတ်ဖိစီးမှု သက်သာစေဖို့ စာဖတ်ကြရပါတယ်။
ကိုယ်ချင်းစာတတ်ဖို့ စာဖတ်ကြရပါတယ်။
စာမဖတ်သူဟာ စိတ်အာဟာရ ချို့တဲ့သူ ဖြစ်စေနိုင်တယ်။
စာမဖတ်သူဟာ မျက်လုံးများ ရှိလျက် ကန်းနေသူသာ ဖြစ်တယ်။
စာမဖတ်သူဟာ ဦးနှောက်များ ရှိလျက် အသိဉာဏ်မဲ့သူသာ ဖြစ်တယ်။
စာမဖတ်သူဟာ နှလုံးသားများ ရှိလျက် ခံစားချက်မဲ့သူသာ ဖြစ်တယ်။
ဒါကြောင့် . . . လူငယ်တွေ စာဖတ်သင့်တယ်။


*စာတော် ၊ လူညံ့မ ဖြစ်ဖို့. . . စာဖတ်ကြပါ။
စာညံ့ပေမယ့် လူတော် လေးတွေ ဖြစ်စေဖို့. . . စာဖတ်ကြပါ။
အမှတ်မကောင်းပေမယ့် လူကောင်းလေးတွေ ဖြစ်စေဖို့. . .
စာဖတ်ကြပါ။


*စာမေးပွဲကျပေမယ့်. . . လောကတိုက်ပွဲ မကျရှုံးစေဖို့. . .
စာဖတ်ကြပါ။
စိတ်အာဟာရပြည့်ဝစေဖို့. . . စာဖတ်ကြပါ။


*ဒီစာအုပ်ဟာ
ကျွန်တော် ၏ ကျောင်းသား၊ ကျောင်းသူများ ရဲ့ ကိုယ်ပိုင်အရေး အသားတွေ
ပါနိုင်သလို၊
သူတို့ ဖတ်ဖူး၊ မှတ်ဖူး၊ ကြားဖူး၊ သိဖူးတာတွေ ၊ ကူးယူထားတာတွေ လည်း ပါနိုင်ပါတယ်။
ကျွန်တော့် တပည့်တွေ မညံ့ကြပါ။ တော် ခွင့်မရနေကြခြင်းသာ ဖြစ်သည်။


*မိဘအတွက်. . .
ပတ်ဝန်းကျင်အတွက်. . .
တိုင်းပြည်အတွက်. . .
စိတ်ကောင်းရှိတဲ့. . . အသုံးဝင်တဲ့. . . တန်ဖိုးရှိတဲ့. . .
ကိုယ့်ကိုယ်ကိုယ်. . . ယုံကြည်မှု အပြည့်ရှိတဲ့ . . .
လူသားအကျိုး သယ်ပိုးနိုင်စွမ်းရှိတဲ့. . .
လူငယ်များ ဖြစ်ကြပါစေ. . . ။

မေတ္တာဖြင့် . . .
ဦးဘုန်း (ဓာတု) မန္တလေး

၄၈ - မွေးနေ့ အတွေးစကား

*ဆရာတွေ ကို. . .
ပန်းပွင့်တို့၏ အရှင်သခင်. . .
ဥယျာသ်မှူးဟု
တင်စားကြသည်၊ ပြောကြသည်။
ဥယျာဉ်မှူးသည်. . .
မပွင့်သော ပန်းကလေးများ ကို
ဖူးပွင့်လာအောင် စွမ်းဆောင်နိုင်ပါ၏ ။
ပန်းပင်အရိုင်းကလေးများ ကိုယဉ်လာအောင် ဖန်တီးနိုင်ပါ၏ ။
မညီမညာ ဖြစ်နေသော ပန်းပင်ကလေးများ ကို
ညီညာအောင် ပြုစုပေးနိုင်ပါ၏ ။
ရေလောင်းချိန် ရေလောင်းလို့. . .
‘ပေါင်းသင်မြေဆွ. . . အပွင့်လှ’ အောင်
လုပ်ဆောင်နိုင်ပါ၏ ။


*သို့သော်. . . ဥယျာဉ်မှူးသည်
ပန်းပွင့်ကလေးများ ကို ‘ရနံ့’ ထည့်ပေးနိုင်စွမ်း မရှိပါ။
ပန်း၏ ‘ရနံ့’ ကို ပြုပြင်ပေးနိုင်စွမ်း မရှိပါ။
စံပယ်ပင်များ ကို ရေမှန်မှန်လောင်းပြီး ပြုစုယုယပေးခြင်းဖြင့်
နှင်းဆီပန်း ပွင့်လာမည် မဟုတ်။
စံပယ်ပန်း၏ ရနံ့ကိုလည်း
နှင်းဆီပန်း၏ ရနံ့ ဖြစ်အောင် မဖန်တီးနိုင်ပါ။
ပန်းပွင့်ကလေးများ ၏ ပိုင်ရှင်များ သည်
သူတို့ပန်းပွင့်ကလေးများ ၏ ရနံ့ကို ပြုပြင်ပေးစေချင်ကြသည်။
ရနံ့ကို ထည့်ပေးစေချင်ကြသည်။ မည် သည့် ဥယျာဉ်မှူးမှ မတတ်နိုင်ပါ။
စွမ်းဆောင်နိုင်သည်ဟုလည်း အာမခံရန် မသင့်ပါ။


*ဥယျာဉ်မှူးများ သည်လည်း
တော် ၀င်သည့် သဇင်ပန်း၊ တော် ၀င်သည့် သစ်ခွပန်းပွင့်များ ကို
ပြုစုယုယပေးပြီး. . . ကိုယ့်ကြောင့် လှသည်၊ ရနံ့ကြွယ်သည်ဟု
ဂုဏ်ဝင့်ရန်လည်း မသင့်ပါ။
ပန်းတိုင်း သူ့အလှနှင့် သူ၊
သူ့တန်ဖိုးနှင့် သူ ရှိကြပါသည်။


*ဥယျာဉ်မှူးကောင်းဆိုသည်မှာ . . .
ပန်းပွင့်တိုင်းကို ချစ်တတ်ဖို့လိုပါသည်။
တော် ၀င်ပန်းကိုမှရွေးပြီး ချစ်မည် ဆိုလျှင်. . .
ဥယျာဉ်မှူးမဟုတ်တော့ဘဲ
‘ပန်းရောင်းသူ’ သာ ဖြစ်ပေလိမ့်မည် ။


*တကယ်တော့. . .
- စံပယ်ပန်းပင်များ ကို တုတ်နဲ့ရိုက်ရုံဖြင့်
နှင်းဆီပန်းများ ပွင့်မလာနိုင်ပါ။
- စံပယ်ပန်းပင်ကို ရေမှန်မှန်လောင်းပြီး
ဂရုစိုက် ယုယသော်လည်း
နှင်းဆီပန်းရနံ့များ မွှေးမြမလာနိုင်ပါ။
- စံပယ်ပန်းပွင့်များ ကို သူ့ရာသီနှင့် သူ
ဝေေ၀ဆာဆာ ပွင့်လာစေဖို့အတွက်
ဥယျာဉ်မှူးများ စွမ်းဆောင်နိုင်ပါသည်။
- ပန်းပွင့်တိုင်းရဲ့ တန်ဖိုးနဲ့ ဂုဏ်ရည်ကိုသိပြီး
ပန်းပွင့်တိုင်းကို ချစ်တတ်မှသာ. . .
ဥယျာဉ်မှူးဟု ခေါ်ဆိုထိုက်ပါသည်။
- ပန်းပွင့်တိုင်း သူ့အလှနှင့် သူ၊ သူ့ဂုဏ်ရည်နှင့် သူ၊
သူ့တန်ဖိုးနှင့် သူ ရှိကြသည်မို့
ပန်းပွင့်များ ကို
အလှပြိုင်ခိုင်းရန် မလိုအပ်ပါချေ။
- ဆရာသည် ဥယျာဉ်မှူး ဖြစ်သည် ခံယူလျှင်. . .
ဘယ်လို ဥယျာဉ်မှူးလဲဆိုတာ. . .
တွေးဆသင့်ပါသည်။


ခင်ခင်မင်မင် မေတ္တာဖြင့် . . .
ဦးဘုန်း (ဓာတု) မန္တလေး
၆-၁၂-၂၀၀၇၊ မွေးနေ့အမှတ်ရ

၁။ ‘အလှ’ သည်. . . ‘အရက်’ ထက် ဆိုး၏ ။
အလှကို ကြည့်မြင်သူရော. . .
အလှပိုင်ရှင်ကိုရော. . .
မူးယစ်စေနိုင်သည်။

စိုးမြတ်သူ (ACE)


၂။ လှိုင်းတံပိုးကြောင့်
အမြင့်ကိုလည်း ရောက်နိုင်တယ်။
အနိမ့်ကိုလည်း ရောက်နိုင်တယ်။
လှိုင်းဘယ်လောက်ထန်ထန်
လှိုင်းနဲ့ တစ်ပြေးညီ ဖြစ်အောင်
ကြိုးစားလုက်ပါ. . . သူငယ်ချင်း။

ဖူးဖူးဝေ (SSH)


၃။ တစ်ခါမှားရင် ခွင့်လွှတ်လိုက်ပါ။
နှစ် ခါမှားရင် နားလည်ပေးလိုက်ပါ။
သုံး လေး ငါးခါ မှားတယ်ဆိုရင်တော့
ကိုယ်ချင်းစာပေးလိုက်ပါ။

အိအိမွန် (UP)


၎။ သြော်. . .
လောက. . . လောက. . . လောက
လောဘတွေ နဲ့ ‘က’ နေကြရတာ ပါလားနော်။

ဝတ်ရည်အောင် (ASK)


၅။ အားနွဲ့တဲ့ မိန်းမသားဆိုပြီး. . .
ဖြစ်သမျှအကြောင်း. . . အကောင်းချည်းပဲလို့ဆိုပြီး
လည်စင်းမပေးလိုက်ပါနဲ့။
ကိုယ့်အားကိုယ့်မာန်နဲ့
မှန်ကန်မှု ၊ မျှတမှု အတွက်
ကြိုးစားရုန်းကန်ပြီး. . .
လောကဓံကို. . . သတ္တိရှိရှိ ရင်ဆိုင်လိုက်စမ်းပါ။

လှမြတ်နွယ် (AK)


၆။ မြစ်ပြင်ထဲက. . . ဗေဒါတွေ ဟာ. . .
ရေကြောင့် ပဲ ပေါင်းဆုံ၊ ရေကြောင့် ပဲ. . . ကွဲကွာ။
သံသရာမြစ်ပြင်ထဲက. . . လူသားတွေ ဟာလည်း
ကံကြောင့် ပဲ ပေါင်းဆုံ၊ ကံကြောင့် ပဲ ကွဲကွာ။
ကံမကုန်ရင်. . . ပြန်ဆုံရမှာ ပေါ့။
လမ်းခွဲတာ. . . ၀မ်းနည်းစရာ မဟုတ်ပါဘူးနော်။

သန်းဇော်ဦး (IX-SAE)


၇။ ‘ကြိဂံ’ က
သူသာ ‘အချွန်’ ဆုံးလို့ ကြွေးကြော်နေစဉ်. . .
‘ချွန်’ ရင် ကျိုးတက်တယ်လို့
‘စတုဂံ’ က သတိပေးလေ၏ ။

သီရိလှိုင် (PSS)


၈။ အောင်မြင်တယ်ဆိုတာ. . .
အခက်အခဲတွေ နဲ့ ဒုက္ခတွေ ကို
အနိုင်ရခဲ့ခြင်း ဖြစ်တယ်။
အခက်အခဲနဲ့ ဒုက္ခကို ကြောက်သူမှာ . . .
အောင်မြင်ခြင်း မရှိနိုင်ဘူး။

မင်းကျော်သူ (WEC)


၉။ လောကကြီးဟာ. . . ဖိနပ်တစ်ရန်နဲ့ တူပါတယ်။
ဖိနပ်ဆိုတာ. . .
ဘယ်၊ ညာ ဒွန်တွဲမှ အဓိပ္ပာယ်ရှိတယ်။
လောကဆိုတာ. . .
အမှား၊ အမှန်. . . ဒွန်တွဲ နေလို့ အဓိပ္ပာယ် ရှိနေတာပါ။
ဖိနပ်ပြတ်သွားရင်. . .
အသစ်တစ်ရန် ၀ယ်လို့ရတယ်။
လောကမှာ လည်း. . .
မှားရင်. . . အမှန်ပြင်လို့ ရတယ်လေ။

နေလွင်မောင် (ESE)


၁၀။ ဘ၀ဆိုတာ. . . ရွက်ဆုတ်ပြက္ခဒိန်ပါ။
မနေ့က. . . ဆိုတာ ပြီးသွားပြီ။
ဒီနေ့ အကောင်းဆုံးလုပ်။
မနက်ဖြန်အတွက် မျှော်လင့်ချက်ထား။

ထက်ထက်ဝင်း (SSH)


၁၁။ ယောက်ျားဆိုတာ. . .
အနေအေးတာ၊ ရိုးတာနဲ့ မလုံလောက်ဘူး။
ကြုံလာတဲ့ အခက်အခဲတွေ အားလုံးကို
ရှေ့ကနေ သတ္တိရှိရှိ၊ မားမားမတ်မတ်နဲ့
ဦးဆောင်ရပ်တည်ပြီး ဖြေရှင်းပေးနိုင်ရမယ်။
အားကိုးထိုက်သူ ဖြစ်ရမယ်။
လေးစားထိုက်သူ ဖြစ်ရမယ်။
ဒါမှ. . . ယောက်ျားကောင်း. . . ။

ဝေဖြိုးထွန်း (ACE)


၁၂။ ပညာဆိုတာ. . .
စာဖတ်တတ်၊ ရေး တတ်ရုံနဲ့ ပညာလို့ မခေါ်နိုင်ဘူး။
အမှန်နဲ့ အမှား၊ အလင်းနဲ့ အမှော င်၊
အကြောင်းနဲ့ အကျိုး၊ အကောင်းနဲ့အဆိုး
ဓမ္မနဲ့ အဓမ္မ၊ တရားမှု နဲ့ မတရားမှု ကို. . .
ခွဲခြားသိနိုင်မှသာ ပညာလို့. . . ခေါ်ထိုက်တယ်။

ပိုင်ဖြိုး (UP)


၁၃။ ခေါင်းလောင်းသံတိတ်
ကျောင်းတွေ ပိတ်လို့
တိတ်တဆိတ် မျက်ရည်ကျရတယ်။

ဝင်းမျိုးအောင် (ASK)


၁၄။ ဒီနေ့ခေတ် စာသင်ကြတဲ့ ဆရာတွေ ဟာ. . .
တပည့်တွေ ကို. . .
‘ငါး’ တစ်ကောင်ပေးတဲ့ စာသင်နည်းမျိုး ဖြစ်နေတယ်။
ကျွန်တော် . . .
‘ငါး’ မလိုချင်ဘူးဗျာ။
‘ငါးမျှားတတ်ချင်တာ’ ။

ထက်ဖုန်းနိုင် (AK)


၁၅။ ဆင်းရနံ့ သင်းပျံ့တဲ့ နှင်းဆီမှာ
ဆူးတွေ ရှိတယ်နော်။
ဆူးဆိုတာ. . .
တော် ရုံလူ မခူးရဲအောင်
ဟန့်တားပေးတဲ့ အရာပဲပေါ့။
ဒီလိုပဲ. . .
မိန်းကလေး တစ်ယောက် မှာ
‘ဣနြေ္ဒ’ ဆိုတဲ့ ဆူး. . . ရှိသင့်တယ်။

ဝေေ၀အောင် (SAE)


၁၆။ မနိုင်ဘူးဆိုပြီး. . . အရှုံးမပေးလိုက်ပါနဲ့။
သရေ ဖြစ်ချင် ဖြစ်နိုင်တယ်။
တိုက်ရင်း. . . ရှုံးတာ. . . ရှုံးစမ်းပါ။
မတိုက်ဘဲရှုံး၊ လူညွန့်တုံး၍ . . .
လုံးလုံး လူ ဖြစ်ရှုံးတော့သည်။

အောင်ဆန်းဝင်း (ESE)


၁၇။ ကျွန်တော် ဟာ. . .
အမှန်ကို ပြုပြင်ရင်. . . မှားနေသူ တစ်ယောက် ပါ။
အမှားတွေ နဲ့ အသားကျနေတဲ့ လူ တစ်ယောက် ပါ။
ဒါပေမဲ့. . .
အမှန်ကို ရှာဖွေနေသူ တစ်ယောက် လည်း ဖြစ်ပါတယ်။

ရဲလင်းလင်းသိန်း (ACE)


၁၈။ ဘ၀မြင့်တဲ့ ‘သစ်ခွ’ ကို မုန်းတယ်။
ဈေးကိုင်တဲ့ ‘သဇင်’ ကို မချစ်ဘူး။
မွှေးပျံ့တဲ့. . . ‘စံပယ်’ လို စိတ်ထားပဲ. . . မြတ်နိုးတယ်။

လှလှဝင်း (UP)


၁၉။ လူသားတွေ သတိမပြုမိတဲ့ အချက်တစ်ခုရှိတယ်။
များများ ပိုင်ဆိုင်လေ. . .
များများ ဆုံးရှုံးလေ. . . ပဲ။
ငို - ပြုံး - ရယ် - မှိုင် - မရှိခဲ့ရင်
ဆားမပါတဲ့ ဟင်းတစ်ခွက် ဖြစ်သွားမှာ ပေါ့။

နှင်းနန္ဒာဝေ (SAE)


၂၀။ ကိုယ့်ကိုယ်ကိုယ် အားကိုးယုံကြည်ဖို့ထက်
ကိုယ့်ကိုယ်ကိုယ်
ကြည်ညိုလေးစားသူ ဖြစ်ဖို့ ကြိုးစားသင့်တယ်။

အေးမင်းဝင်း (ESE)


၂၁။ တကယ်လုပ်မကြည့်ရသေးဘဲ
မ ဖြစ်နိုင်ဘူး။ မလုပ်တတ်ဘူးလို့. . .
မပြောမိပါစေနဲ့။
မင်း တကယ်လုပ်ကြည့်ပါဦး သူငယ်ချင်း။

ဂျူလိုင်မိုး (ACE)


၂၂။ တစ်ခါသုံး ‘ဘောလ်ပင်’ လိုပါပဲ။
မင်ကုန်သွားရင်. . . စွန့်ပစ်ခြင်း ခံလိုက်ရသလို
နှစ် ကုန်သွားရင်. . .
တပည့်တွေ ရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတာ ပါပဲ။
အဲဒါ. . . ငွေကိုသာ ရှာနေတဲ့. . .
အသပြာဆရာတွေ ကို ပြောတာ။

အောင်သူရိန်ဦး (UP)


၂၃။ မနာလိုစိတ်သည်
မိမိကိုယ်. . . မိမိ
သူ့ထက်ညံ့တယ်လို့
ဝန်ခံလိုက်တဲ့ သိမ်ငယ်စိတ် ဖြစ်တယ်။

ထက်အောင် (SAE)


၂၄။ ပန်း ဆိုတာ. . .
နေခြည်ကြောင့် ပွင့်ရသလို. . .
နေခြည်ကြောင့် ညှိုးနွမ်းရတယ်။
မိန်းကလေးဆိုတာ. . . ပန်းကလေးပါ။
အလှကြောင့် . . . ။

ဝင်းမင်းအောင် (ESE)


၂၅။ အယုအယ. . . အနုအလှ
သမုဒယတွေ နဲ့. . . ဖွဲ့နှောင်ထားတာ. . .
လူ့ဘ၀တဲ့. . . ဗျား။

ကောင်းထက် (UP)


၂၆။ ပြောမှ သိ၊ ခိုင်းမှ လုပ်ခြင်းသည် . . .
လူမဟုတ်. . . တိရစ္တာန် ဖြစ်သည်။
ဒါဟာ. . .
လူနဲ့ တိရစ္ဆာန် ခွဲခြားတဲ့ နည်းပဲ။

သိန်းသန်းမျိုး (SAE)


၂၇။ ‘သံသယစိတ်’ နဲ့ ‘မနာလိုစိတ်’ ဟာ
ကိုယ့်ရဲ့ ‘အိပ်စက်ခြင်း’ တွေ ကို
ခိုးယူနိုင်စွမ်းရှိတဲ့
‘နတ်ဆိုး’ တစ်ကောင် ဖြစ်တယ်။

ဖူးဖူးပွင့် (UP)


၂၈။ ယှဉ်ပြိုင်ပြီ ဆိုမှတော့
နိုင်ချင်နိုင်မယ်၊ ရှုံးချင်ရှုံးမယ်။
နိုင်ရင် ခေါင်းမော့ချင်မော့။
ဒါပေမဲ့. . .
ရှုံးရင်တော့. . . ခေါင်းမငုံ့မိပါစေနဲ့. . . သူငယ်ချင်း။

ဝါ၀ါဖြိုးသက် (SAE)


၂၉။ ဒီဇင်ဘာကို ရောက်ရှိလာ. . . ဦးဘုန်း မွေးလပါ။
မွေးနေ့ပွဲမှာ အမှတ်တရ. . . စာရေး ခိုင်းတယ်ဗျ။
စာကြောင်းရေး ဖို့ ဖောင်တိန်ကိုင်. . . ဘာမှမရေး နိုင်။
မရေး နိုင်တော့. . . copy ပေါ့၊ ခွင့်လွှတ်လိုက်ပါတော့။

မျိုးစည်သူ (UP)


၃၀။ လူတိုင်း ငွေလိုတယ်။ ငွေရှာတယ်။
ငွေကို ရှာရတာ ထက်
ရှာပြီးသားငွေကို မြဲအောင် လုပ်ရတာ
လူ့အရည်အချင်း ဖြစ်တယ်။

သရဲလေး (ခေါ်) အောင်မျိုးဇော် (SAE)


၃၁။ မြေဖြူကိုင်ပြီး စာသင်တာချင်း တူရင်တောင်. . .
စိတ်ဓာတ်ချင်း ကတော့ ကွာခြားပါတယ်။
စိတ်ထားကောင်းတဲ့. . .
စိတ်ထားမွန်မြတ်တဲ့. . . ဆရာ ဖြစ်ဖို့ လိုမယ်ထင်တယ်။

အိန္ဒြာလှိုင် (KKM)


၃၂။ ပျားသည်. . . ပန်းကို အလိုရှိ၏ ။
ယင်ကောင်သည် . . . အပုပ်နံ့ကို အလိုရှိ၏ ။
ယုတ်မာသူသည်. . . ဒေါသကို အလိုရှိ၏ ။
သူတော် ကောင်းသည်. . . ဂုဏ်သိက္ခာကို အလိုရှိ၏ ။

ဉာဏ်လင်းအောင် (SAE)


၃၃။ လှတာ . . . မကောင်းဘူး။
ရွှေငါးလေးတွေ သာ. . . မလှပခဲ့ရင်
အခုလို ဖန်အိမ်ထဲမှာ လှောင်ပိတ်ခံရမှာ မဟုတ်ဘူး။
ဒါကြောင့် . . . လှတာ မကောင်းဘူး။

စိုးမြင့်ဦး (ASK)


၃၄။ ကိုယ်ခံရတဲ့ အပြစ်က
ကိုယ်လုပ်ခဲ့တဲ့ အပြစ်နဲ့
ထိုက်တန်နေတယ်ဆိုရင်
အပြစ်ပေးတဲ့သူကို အပြစ်ပြောတာဟာ
ကိုယ့်အပြစ်ပဲပေါ့။

စိုင်းဆိုင်းလှိုင်းပန် (UP)


၃၅။ သင် ရောက်သွားသော အခါ. . . အလုပ်များ နေသူသည်
သင်မရောက်မီက. . .
အလုပ်မလုပ်ဘဲ. . . ထိုင်နေသူ ဖြစ်သည်။
အမှန်တရားကို လုပ်သူသည်
တစ်ပါးသူကို ယုံအောင် လုပ်ပေးစရာ မလိုပေ။

ထိုက်ထိုက်စံ (SAE)


၃၆။ ဘ၀လမ်းမှာ . . . ဆူးငြောင့်ခလုတ်. . . နွံပုပ်တွေ ကြမ်းခဲ့ရင်တောင်
တေးသီချင်းဆို. . . မငိုဘဲ ဆက်လျှောက်. . .
ပန်းတိုင်ရောက်အောင်ပေါ့။

ဖြူဖြူနှင်း (UP)


၃၇။ အနိုင်. . . အရှုံးဆိုတာ
ပြိုင်ဖက်ရှိမှ သိနိုင်တာပါ။
ပြိုင်ဖက်ဆိုတာ
ရန်သူ မဟုတ်ပါဘူး
အရေး ပါတဲ့ အားပေးဖော်ပါ။

သန်းစိုးအောင် (GS)


၃၈။ လှိုင်းတွေ ထန်နေတိုင်း. . .
ငါးကလေးတွေ ဟာ
ကြောက်ပြီး ရေမကူးဘဲ နေကြလို့လား

နွယ်နီမင်း (KKM)


၃၉။ မနာလိုစိတ်သည်
အောက်တန်းကျသော ရူးသွပ်ခြင်းတစ်မျိုး ဖြစ်သည်။
ထိုစိတ်သည်. . .
ရုပ်ရည်ကို ပျက်စီးစေသည်။
အတွေးအခေါ်ကို မှားယွင်းစေသည်။
အပြုအမူကို. . . ကြမ်းတမ်းစေတော့သည်။

စောနိုင်လင်း (AEC)


၄၀။ ခဲတံထိပ်က. . . ခဲဖျက်ဟာ မှားခွင့်ရှိတယ်လို့. . .
ဆိုလိုတာပါ။
ခဲတံမကုန်မီ ခဲဖျက်ကုန်သွားပြီဆိုလျှင်. . .
သင်. . . အလွန်အကျွံ မှားယွင်းပြီဟု. . . သိပါလေ။

ခိုင်စန္ဒာထွန်း (UP)


၄၁။ ကမ္ဘာကြီး ဘယ်က. . . စစ။
ကမ္ဘာကြီး ဘယ်အချိန်. . . ပျက်ပျက်။
လူ့သက်တမ်း ဘယ်လောက်. . . နေရ နေရ။
မိမိ၏ အသက်ရှင်နေချိန်တွင် . . .
အများ အကျိုးအတွက်. . .
လုပ်သင့်သော အလုပ်ကို လုပ်ဆောင်ခြင်းဖြင့် . . .
ဘ၀ကို. . . အဓိပ္ပာယ်ရှိအောင် ဖန်တီးကြရမည် ။

အောင်ကျော်စိုး (AK)


၄၂။ လင်းသော ၊ မှော င်သော ၊ အောင်သော ၊ ရှုံးသော
မုန်းသော ၊ ချစ်သော ၊ သစ်သော ၊ ဟောင်းသော
ပူသော ၊ အေးသော ၊ နုသော ၊ ကြမ်းသော
စိတ်ကြော၊ စိဖြာ. . . မနေသာပေ
ဘ၀ဆိုတာ. . . အချိန်တစ်ခဏတာလေး မဟုတ်လား။

ခိုင်သဇင်မွှေး (SAE)


၄၃။ ဆေးကို. . . အခုသောက်. . .
ရောဂါ . . . အခုပျောက်တယ်လို့. . . မရှိပါဘူး။
ဆေးကို. . .
ဆေးပတ်မှန်အောင် စိတ်ရှည်ရှည်သောက်. . .
အချိန်တစ်ခု ရယူပြီးမှ ရောဂါ ပျောက်ပါတယ်။
စာကို. . . အခုသင်. . . အခုကျက်. . .
ချက်ချင်း . . . ရသွားတယ်ဆိုတာ. . . မရှိပါဘူး။
စာကို. . . မှန်မှန်ကျက်. . . ထိထိမိမိတွေးပြီး. . .
ကျောင်းမှန်မှန်တက်. . .
ဆေးသောက်သလို. . . စာကျက်ပါ။

မိုင်းညီကျော် (UP)


၄၄။ တကယ်တော့. . .
အချစ်ဆိုတာ. . . ကြည်နူးစွာ ချည်နှောင်ခြင်း
ခံလိုက်ရတဲ့
ချုပ်နှောင်မှု တစ်ခုပါပဲကွယ်

ဇင်မာနွယ် (AEC)


၄၅။ ဘ၀ဆိုတာ. . .
စဉ်းစားတတ်သူတွေ အတွက်. . . ရယ်မောစရာပါ။
ခံစားတတ်သူတွေ အတွက်တော့. . . ကြေကွဲစရာပါ။
သတိရှိသူတွေ အတွက်တော့. . . တရားရစရာပါ။

သက်လင်းဦး (ESE)


၄၆။ စာသင်ခန်းထဲက Top တွေ ဟာ. . .
Hip Hop သီချင်း တစ်ပုဒ်လိုပဲ။
တစ်ခဏအတွင်း လူကြိုက်များ ခံရတယ်။
အတော် ကြာ. . . အချိန်မှာ . . .
ပျောက်ကွယ်သွားကြတာချည်းပါပဲ။

ဟိန်းထက်အောင် (UP)


၄၇။ စာဘယ်လောက်. . . ခက်ခက်. . . ငါ စိတ်မပျက်။
ကျိတ်လျက်အော်ကာ. . . ငါ ပျော်ပါသည်. . .
ငါသည်. . . ဘ၀အတွက် ‘စာပျော်ငှာက်’။

ဇွန်ဇာလီနိုင် (SAE)


၄၈။ ပန်းကလေးတွေ ဟာ
အပင်ပေါ်မှာ တုန်းက. . . တန်ဖိုးရှိပေမယ့်
အပင်အောက်ရောက်သွားရင်. . .
တန်ဖိုးမဲ့သွားတော့တယ်နော်။
မိန်းကလေးတွေ အတွက်. . .
ပန်းဟာ စံနမူနာယူစရာပါပဲ။

စန်းမြတ်မွန် (ခ) မွန်လေး (AEC)


၄၉။ ငယ်ငယ်တုန်းက ပျော်လိုက်တာ. . .
(၁) နှစ် (၁) တန်း အောင်လို့ပါ။
ဒါဖြေ. . . ဒါကျက်. . . ဂုဏ်ထူးထွက်. . .
ဖေဖေ၊ မေမေ. . . မာန်တွေ တက်။
ဒီလိုနေလေ. . . အချိန်တွေ ကြာ. . .
ကျွန်တော် . . . (၁၀) တန်း ရောက်လို့လာ။
ဘာစာကျက်ကျက်. . . စာတွေ ခက်. . .
ကျွန်တော် ဦးနှောက်ပျက်။
Bio တစ်ပုဒ် ကျက်လိုက်တာ. . .
ညလုံးပေါက်ပေါ့ဗျာ။
ကျက်မေ့၊ ကျက်ရော ကြာလေဝေး. . .
မြန်မာ့ပညာရေး ။

စိုးမင်းထွန်း (SAE)


၅၀။ လူ့ဘ၀ဆိုတာ. . . ကိုယ်ကိုယ်တိုင်. . .
ငေးယူရတဲ့. . . ပကတိ ‘ရုပ်ရှင်’ ဇာတ်ကားတစ်ခုပါ။

ဆုမြတ်မွန် (PSS)


ဝန်ဇင်းချစ်သူများ ဦးဘုန်း (ဓာတု) ၏ “ မွေးနေ့လက်ဆောင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အတွေးလက်ဆောင် ဒိုင်ယာရီ

သံစဉ်များနဲ့ ကမ္ဘာ

ငှက်တစ်ကောင်၏ အတွေးရနံ့ 