Cover

ကျေးဇူးစကား

စာဖတ်ပရိသတ်များ ကို ကျေးဇူးတင်ပါသည်။

သူတို့မရှိဘဲ . . . ကျွန်တော် မ ဖြစ်နိုင်ပါ။ ထို့အတူ ကျွန်တော် ဖတ် ဖြစ်ခဲ့သော စာများ ၏ ကျေးဇူးတရားကြောင့် လည်း ကျွန်တော် “စာရေး သူ တစ်ယောက် “ ဖြစ်ခဲ့ရသည်။

စာဖတ်နေရခြင်းနှင့် စာရေး နေရခြင်းကို ကျွန်တော် ပျော်သည်။ နှစ်သက် သည်။ မိတ်ဆွေသူငယ်ချင်းများ က မေးကြသည်။

“စာသင်ဆရာဘ၀” နှင့် “စာရေး သူဘ၀” မည် သည့်ဘ၀ကို ပို၍ တန်ဖိုးထားသလဲတဲ့။

နှစ် ခုစလုံးကို တန်ဖိုးထားပါသည်။ သို့သော် “စာရေး သူဘ၀” ၏ အဓိပ္ဗာယ်ကို ပို၍ ကျေနပ်မိသည်။

“စာသင်ဆရာသည် ကိုယ့်စာသင်ခန်းအတွင်းသို့ ရောက်လာသော လူငယ်များ ကိုသာ ကယ်တင်နိုင်သည်။ စာရေး ဆရာသည် ထိုထက် များ ပြားသော လူငယ်များ ၏ ဘ၀ကို စောင့်ရှောက်နိုင်သည်”

ယနေ့ခေတ်သည် နှလုံသားဦးဆောင်သည့် ပညာ့လူ့အဖွဲ့ အစည်း ဖြစ်နေပြီ။ နှလုံးသားမဲ့သော ပညာသည် လောကကို အကျည်းတန်စေသည်။

ပညာတတ်လူငယ်များ ၏ နှလုံးသားကို လောကကြီးအတွက် အသုံးချတတ်အောင် စာဖတ်ခြင်း အလေ့အထများ ဖြစ်စေရန် အထူးလိုအပ်ပါသည်။

ကျွန်တော် တွေးမိသည်။

အခန်းတစ်ခုထဲတွင် ဖယောင်းတိုင်များ ရှိသည်။

ထိုဖယောင်းတိုင်များ ထဲတွင် တစ်တိုင်တည်းသော ဖယောင်းတိုင်သာ မီးလင်းလျက် ရှိသည်။ ကျန် ဖယောင်းတိုင်များ က မီးမလင်းကြ။

အလင်းရောင် မဲ့နေသည့် ဖယောင်းတိုင်များ ကို အလင်းရောင် ရှိနေသည့် ဖယောင်းတိုင်က မီးညှိပေးလိုက်လျှင် ပို၍ လင်းလာမည် မှာ သေချာသည်။ မီးညှိပေးလိုက်ရသော ဖယောင်းတိုင်သည်လည်း ဘာမှဆုံးရှုံးသွားသည် မဟုတ်ပါ။ မှော င်နေသော ဤအခန်းကြီး ပို၍ လင်းလက်လာမည် မှာ သေချာသည်။

တို့အတွက် . . . ကျွန်တော် စာရေး သည်။



ကျွန်တော့် စာများ သည် တိုသည်၊ ရှည်သည်၊ တွေးစရာပါသည်၊ ရသပါသည်။

လူငယ်များ ဖတ် ဖြစ်ကြသည်။ လူကြီးများ လည်း ဖတ် ဖြစ်ကြသည်။

အိမ်ရှင်မများ လည်း ဖတ် ဖြစ်ကြသည်။ ကျောင်းဆရာ၊ ဆရာမ များ လည်း ဖတ် ဖြစ်ကြသည်။

ရဟန်းသံဃာတော် များ လည်း ဖတ် ဖြစ်ကြသည်။ တို့အတွက် ကြည်နူးမိသည်၊ ကျေနပ်မိသည်။

ယခု . . . “သံစဉ်များ နဲ့ကမ္ဘာ” ဟု အမည် ဖွဲ့ ဆိုအပ်သော ‘အတွေး ရသစာစု’ များ ကိုလည်း စာဖတ်သူများ ထံသို့ အပ်နှံလိုက်ပါပြီ။

ခံစားတွေးတောပြီး ဘ၀အမောများ ပြေကြပါစေ။

ဦးဘုန်း ၊ ဓာတု၊ မန္တလေး။



ဆပ်ပြာမသုံးသူများ

စာရေး ဆရာ “ဇော်ခိုင်ဦး”သည် အလွန်လက်ဆေးသူ ဖြစ်သည်။

သူနှင် မကြာခဏ ခရီးသွား ဖြစ်သည်။ သူသည် ရောက်လေရာ နေရာတိုင်းတွင် စက္ကူတစ်ရှူး၊ သို့မဟုတ် အ၀တ်တစ်ရှူးဖြင့် သူ့မျက်နှာကို သုတ်လေ့ရှိသည်။ သူ့ကို သတိထားကြည့်မိသည်။ နာရီဝက်ကို တစ်ခါလောက် လက်ဆေးတတ်သည်။

စတိုးဆိုင်တစ်ဆိုင်တွေ့  လျှင် တစ်ရှူးပေပါ ၀ယ်တော့သည်။ ကျွန်တော် ကိုလည်း ပေးသည်။ သူလည်း သုံးသည်။ သူနှင့် စာပေဟောပြောပွဲသွားတိုင်း သတိပြုမိသည်မှာ မကြာခဏ လက်ဆေးခြင်း၊ သွားတိုက်ခြင်း၊ မျက်နှာသစ်ခြင်း ဖြစ်သည်။ ညအိပ်ရာမ၀င်မီ တစ်နာရီခန့်အလိုတွင် မျက်နှာကို နှစ် ခါ၊ သုံးခါ သစ်သည်။ ကြာတော့ မျက်စိနောက်လာသည်။

အဝေးပြေးလိုင်းကားများ ဖြင့် ခရီးသွားလျှင် ပိုဆိုးသည်။ ကားရပ်လိုက်သည်နှင့် လက်ဆးကန်ရှိရာသို့သွားပြီး လက်ကို သန့်စင်ပါတော့သည်။ ဆေးတော့သည်။ စာသောက်ဆိုင်တစ်ဆိုင်ကို ရောက်လျှင်လည်း ကျွန်တော် က မှာ ပြီးနေပြီ။ စားပြီးနေပြီ။ သူက လက်ဆေးနေတုန်း။

တစ်ခါကလည်း သူနှင့် ကျွန်တော် ရန်ကုန်ရှိ “စခန်းသာ” တည်းခိုခန်းတွင် အတူတည်း ဖြစ်ကြသည်။ ကျွန်တော် က အပြင်သွားရန် အဆင်သင့် ဖြစ်နေပြီ။ သူက အိပ်ရာထတုန်းကလည်း မျက်နှာသစ်သည်။ အပြင်သွားမည် ဆိုလည်း မျက်နှာသစ်သည်။ ပြန်ရောက်လျှင်လည်း မျက်နှာသစ်သည်။၊ လက်ဆေးသည်။ ရောဂါ တစ်ခုလားမသိ။ ကျွန်တော် ကတော့ လိုအပ်မှသာ လက်ကို သန့်စင်တတ်သည်။ ကျွန်တော် နှင့် သူ ကွာခြားသည်။

ဒီလိုနှင့် . . .

မကြာမကြာ လက်ဆေးလေ့ရှိသည့် သူ့ကို မေးမိသည်။

“ ရောဂါ နဲ့တူတယ်”

“မပြောတတ်ဘူးဗျ၊ လက်မဆေးရ၊ မျက်နှာမသစ်ရရင်ကို ကျုပ်က မနေတတ်ဘူး”

“ခဏခဏ လက်ထ,ထဆေးတော့ မျက်စိနောက်တယ်ဗျာ”

သူက စိတ်မဆိုးပါ။ သို့ သော် လက်ဆေးသည့်အကျင့် ကတော့ နဂိုအတည်းပါပဲ။

တစ်နေ့ဆီက သူနှင့် ကျွန်တော် ရွှေဘိုနယ်ရှိ ရွာတစ်ရွာသို့ စာပေဟောပြောပွဲ အတူသွား ဖြစ်ကြသည်။

ထိုကျေးရွာသည် ရေရှား၏ ။ ကျွန်တော် တို့ကို ရေချိုးဖို့ပြောသည်။ သူက ချက်ချင်း ရေထချိုးတော့သည်။ ရေကို တဗွမ်းဗွမ်းနှင့် ချိုးသည်။ သူ ရေချိုးနေသည်ကို တည်းခိုသည့်အိမ်မှ လူအများ က တအံ့တသြကြီး ခိုးကြည့်နေကြသည်။ ကျွန်တော့် စိတ်ထဲဝယ် ထူးဆန်းနေသည်။

ကျွန်တော် က မေးလိုက်မိသည်။

“ဘာ ဖြစ်လို့ ကြည့်နေကြတာတုံး”

“ဟာ . . . ဒီစာရေး ဆရာက ရေတွေ ကို တဗွမ်းဗွမ်းနဲ့ လွှတ်ပြီးချိုးတာပဲ”

“ကောင်းတာပေါ့”

“ဟာဗျာ၊ ကောင်းဘူးဗျ။ ကျုပ်တို့က နွားလှည်းနဲ့ ဟိုးအဝေးကြီကို သွားပြီး ရေတိုက်ရတာ ၊ ပင်ပန်းတယ်ဗျ။ ဒီလူဗျာ . . .”

“သန့်ရှင်းတာ မကောင်းဘူးလားဗျ”

“ဆရာတို့တော့ မသိဘူး။ အိမ်ကို ဧည့်သည်တွေ လာရင် ရေချိုးမှာ အကြောက်ဆုံးပဲ။ သူတို့ ကတော့ သန့်ရှင်းချင်လို့ ရေချိုးတယ်၊ ရေသုံးတယ်။ ကျုပ်တို့ ကတော့ ပင်ပန်းတယ်။ ရေတဗွမ်းဗွမ်းသံကြားရင် အသည်းထဲမှာ စူးခနဲ စူးခနဲ ဖြစ်သွားတယ်ဗျ”

ကျွန်တော် ပြုံးမိသည်။ ညနေကျလျှင် ရေချိုးရမည် ကို အားနာသွားသည်။

“ဇော်ခိုင်ဦး”သည် ရေချိုးပြီး နာရီဝက်လောက်ကြာသော် -

လက်ဆေးပြန်သည်။ နောက်ထပ် နာရီဝက်လောက်ကြာသော် မျက်နှာသစ်ပြန်သည်။ အိမ်ရှိလူများ သည် သူ့ကို တအံ့တသြ ဖြစ်နေကြသည်။

နောက်ထပ် နာရီဝက်လောက်ကြာသော် -

“ဘုရားဘုန်းရော ရေမချိုးသေးဘူးလား”

“ဟောပြောပွဲသွားခါနီး ရင် ချိုးမှာ ပေါ့”

“အိုက်တာဗျာ၊ ရေထပ်ချိုးရရင် ကောင်းမလား စဉ်းစားနေတာ။ ဟောပြောပွဲ သွားခါနီး မှပဲ ရေကို ထပ်ပြီးချိုးတော့မယ်”

နားထောင်နေတာ အိမ်ရှိလူများ သည် မျက်နှာပျက်သူကပျက်၊ ပြုံးသူကပြုံး ဖြစ်ကုန်ကြသည်။

ညနေစာ စားပြီးကြပြီ။ ဟောပြောပွဲ အချိန်နီးပြီ။

ကျွန်တော် က ရေချိုးမည် ဟု ပြင်ဆင်ချိန်တွင် တဗွမ်းဗွမ်းဖြင့် အသံတွေ ကြားရပြန်သည်။

“ဇော်ခိုင်ဦး” တစ်ယောက် ကတော့ ရေချိုးနေပြီနဲ့ တူတယ်။

ကျွန်တော် လည်း ရေကို ကပျာကယာချိုးပြီး အ၀တ်အစးလဲလိုက်သည်။ “ဇော်ခိုင်ဦး” က တိုက်ပုံအင်္ကျီ၊ စတစ်ကော်လံနှင့် စမတ်ကျကျ ရှိုးအပြည့်ဖြင့် ထွက်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း မွှေးကြိုင်၍ နေသည်။ လက်ထဲတွင် သားပွတ်တံနှင့် သွားတိုက်ဆေးကို ကိုင်လာသည်။

“သွားတိုက်ဦးမယ်”

ကျွန်တော် က သူ့အကြောင်းကို ကောင်းကောင်းသိသည်။ အစာစားပြီးတိုင်း သွားတိုက်တက်သည်။ သူသည် သွားတိုက်ပြီးလျှင် ခြေဆေးပြန်သည်။ အားလုံးက စိတ်မကောင်းကြီးစွာ ဖြင့် သူ့ကို ကြည့်နေကြသည်။ ကျွန်တော် ကလည်း စာပေဟောပြောပွဲပြီးမှ ဒီအကြောင်းကို ပြောမည် ဟု ဆုံးဖြတ်ထားသည်။

စာပေဟောပြောပွဲတွင် သူက “သီချင်းထဲကလူများ ” ဟူသော ခေါင်းစဉ်ဖြင့် ပြောသည်၊ ဟောသည်။

သူကြိုက်သော သီချင်းများ ကို ဆိုလိုက်၊ အဓိပ္ဗာယ် ဖွင့်လိုက်။ ပရိသတ်က လက်ခုပ်တီးလိုက်နှင့် ။ ပရိသတ်နှင့် လူ အပေးအယူ မျှနေကြသည်။ ‘ပြည်တော် ၀င်’ သီချင်းများ လည်း ပါရဲ့ ။ ‘အာရှသူရဲကောင်း’ သီချင်းလည်းပါရဲ့ ။ “ဆရာမ ကို ချစ်သည်” ဆိုတဲ့ သီချင်းလည်း ပါရဲ့ ။ သူသည် သီချင်းဆို အလွန်ကောင်းသည်၊ ဆိုလည်း ဆိုတတ်သည်။ စကာြးောကောင်းသလို အသံလည်းကောင်းသည်။

နိဂုံးချုပ်ခါနီး တွင် ‘ချစ်တယ်’ ဟူသော သီချင်းကို ကျကျနန ဆိုပြသွားသည်။ “ချစ်တယ်” သီချင်းထဲမှ သူချစ်သော လူသည် လူတိုင်းချစ်သော သူ ဖြစ်သည်ဟု အတွေးအမေဖြင့် စကားကို အဆုံးသတ်လိုက်သည်။ လက်ခုပ်သံ တဖြောင်းဖြောင်းနှင့်။ အားရစရာအလွန်ကောင်းသည်။

ကျွန်တော့် အလှည့်။ ကျွန်တော် ကြိုးစားရတော့သည်။

ကျွန်တော် ပြောမည့်  ခေါင်းစဉ်သည် ‘ကျေးရွာဝါဒ’ ဖြစ်သည်။

‘ကျေးရွာဝါဒ’ သီချင်းကို ဆိုလိုက်သည်။

“မောင်တို့ရွာကို . . . ယောင်လို့တောင် မလာချင်ဘူးတဲ့ . . . ကညှာခင် . . . ကညှာခင် ဆိုတဲ့ စကားရယ် . . . မှား . . . မှားလိမ့်မဗျာ”

သီချင်းကို သီဆိုရင်းဖြင့် ဟောပြောပွဲ လမ်းမပေါ်ရှိ ရွှံဗွက်အိုင်ကို ကျွန်တော် က လက်ညှိုးထိုးပြလိုက်သည်။ အားလုံးက တ၀ါးဝါးနှင့် ရယ်ြ ကတော့သည်။ ဒီလိုနှင့် ကျွန်တော့် စကားကို အစပျိုးလိုက်သည်။

ကျေးရွာများ ဖွံ့ ဖြိုးတိုးတက်ဖို့ စာဖတ်ရန်၊ ၀ိုင်းဝန်းလုပ်ဆောင်ကြရန်၊ ပူပေါင်းဆောင်ရွက်ကြရန်၊ ရည်ရွယ်၍ အတ္တမကြီးသင့်ကြောင်း၊ အများ အတွက် ရည်ရွယ်၍ အလုပ်လုပ်သင့်ကြောင်း၊ မာနနှင့် အာဃာတ၏ ဆိုးကျိုးများ ကို ပုံပြင်များ ၊ အတွေးရသများ ဖြင့် ပြောသင့်သည်ကို ကျွန်တော် ပြောသည်။ ပြောရင်းပြောရင်းဖြင့် ကျေးရွာရေ ရရှိရေး အတွက် မြေအောက်ရေချိုများ အကြောင်း၊ စက်ရေတွင်းများ အကြောင်း၊ မိုးရေသိုလှောင်မှုစနစ်များ အကြောင်း ရောက်သွားသည်။

ရေအကြောင်းပြောရင်းဖြင့် ရေရှားသော ဤဒေသတွင် ရေချိုးကြမ်းသော ‘ဇော်ခိုင်ဦး’ နှင့် ရေတဗွမ်းဗွမ်းသံကြားတိုင်း ‘အသည်းထဲတွင် စူးခနဲ ဖြစ်သွားတတ်သော ရွာသားများ ’ အကြောင်းကို ပြော ဖြစ်သွားသည်။ ပရိသတ်က တ၀ါးဝါးနှင့် ။ ပွဲကျနြေ ကတော့သည်။

“ရေဟာ သန့်ရှင်းရေအတွက် အဓိကပဲ။ ရေရှားလို့ ဆိုပြီး မသန့်မရှင်းနေတာ မကောင်းဘူးဗျ။ ကြုံလို့ပြောရဦးမယ်။ ဘုန်းကြီးတစ်ပါး ပြောတဲ့ စကားပါ။ တစ်ခါက ကျွန်တော့်အိမ်မှာ ဘုန်းကြီးတွေ ပင့်ပြီး ၀ါဆိုသင်္ကန်းကပ်တယ်။ အဲဒီ သင်္ကန်းကပ်တဲ့ပွဲမှာ တရားပေးတဲ့ ဘုန်းကြီးက ဒီလိုမေးတယ်။ ‘ဒကာ၊ ဒကာမတို့ သန့်ရှင်းရဲ့ လား’ 'ဆပ်ပြာသုံးကြရဲ့ လား'။ ကျွန်တော် ကလည်း ‘သုံးပါတယ်ဘုရား’ လို့ အလိုက်သင့် ဖြေလိုက်တယ်။

ဘုန်းကြီးက ဆက်ပြောတယ်။ ‘ကျုပ်တို့ဆီမှာ ဆပ်ပြာမသုံးတဲ့သူတွေ တော် တော် များ နေပြီတဲ့’။ ကျွန်တော့် စိတ်ထဲမှာ မ ဖြစ်နိုင်ပါဘူးလို့ ငြင်းလိုက်မိတယ်ဗျ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ။ ပေါလိုက်တဲ့ဆပ်ပြာတွေ ။ ပဲရစ်တဲ့၊ A21 တဲ့၊ လိုက်ဖ် တဲ့၊ ကဲဆပ်ပြာတဲ့ စုံနေတာပဲ။ ဆပ်ပြာမသုံးဘူးဆိုတာ မ ဖြစ်နိုင်ပါဘူးလို့ ကျွန်တော် တွေးနေမိတယ်ဗျ။ တရားပေးတဲ့ဘုန်းကြီးက သိပုံပေါ်တယ်။ ကျွန်တော် မျက်နှာကို တည့်တည့်ကြီးကြည့်ပြီး ဒီလိုပြောတယ်။ ‘ဆပ်ပြာမသုံးဘူးဆို ဦးဘုန်း ခင်ဗျား နားလည်လို့လား’ တဲ့။ ကျွန်တော် ကလည်း ဘာမှ ပြန်မဖြေဘူး”

ကျွန်တော် က စကားပြောရင်းဖြင့် ပရိသတ်ကို အကဲခတ်လိုက်သည်။ ပရိသတ် အားလုံးသည် ဆပ်ပြာမသုံးဘူးဟု ပြောသဖြင့် ကျွန်တော့်စကားကို မယုံကြည်နိုင်သော မျက်လုံးဖြင့် စိတ်ဝင်စားစွာ နားထောင်နေကြသည်။ ကျွန်တော် က ဆက်ပြီး စကားကို ပြောလိုက်သည်။

“ဒီမယ် ဒကာကြီး၊ မှတ်ထား ကျုပ်တို့ဆီမှာ တစ်ယောက် ကို တစ်ယောက် အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား။ ကိုယ့်လူမျိုးကိုမှ ကိုယ်က မစောင့်ရှောက်၊ ကိုယ့်ဘာသာ၊ သာသနာကိုမှ ကိုယ်က မလေးစား၊ ကိုယ့်သံယံဇာတကိုမှ ကိုယ်က တန်ဖိုးမထား၊ လိမ်ကြ၊ ညာကြ၊ ခိုးကြ၊ ဖွက်ကြ၊ လှည့်စားကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ညှဉ်းဆဲကြနဲ့ လူညစ်ပတ်တွေ တအားပေါလာတယ်။ အဲဒါ ဆပ်ြပာမသုံးတဲ့သူတွေ ပဲ”

ပရိသတ်ကြီးက လက်ခုပ်တွေ ဝေါခနဲ တီးလိုက်ကြသည်။ ကျွန်တော် လည်း စကားကို နိဂုံးချုပ်ရပါတော့သည်။

“ကဲ . . . ခင်ဗျားတို့ ရွာမှာ ရော ခင်ဗျားတို့ကိုယ်တိုင် ဆပ်ပြာသုံးကြရဲ့ လား၊ စဉ်းစားကြ။ ဒီလိုပဲ ဆပ်ပြာမသုံးသူတွေ ကို လူတွေ က နှာခေါင်းရှုံ့ တတ်ကြတယ်နော်။ ရွံကြတယ်နော်။ သူများ ဆပ်ပြာမသုံးတာကို အပြစ်မတင်ဘဲ လူတိုင်းကိုယ်စီ ကိုယ့်အသိစိတ်နဲ့ကိုယ် ဆပ်ပြာသုံးကြရင်ဖြင့် သန့်ရှင်းတဲ့ လူ့ အဖွဲ့ အစည်း ဖြစ်လာနိုင်တယ်။ ကဲ . . . ကျွန်တော့်သူငယ်ချင်း ‘ကိုဇော်ခိုင်ဦး’ ကိုလည်း ဟောဒီဟောပြောပွဲအပြီးမှာ ရေထပ်ပြီး ချိုးခွင့်ပြုပါ။ သွားတိုက်ခွင့်ပြုပါ။ ခြေဆေး၊ လက်ဆေးခွင့် ပြုပါလို့ တောင်းဆိုတိုက်တွန်းရင်း . . . အားလုံးကို နှုတ်ဆက်ပါတယ်”

ပရိသတ်ကြီးအားလုံးမှာ ပြုံးစိစိနှင့် ။

သူရော ကိုယ်ရော ဆပ်ပြာသုံးသူ ဟုတ်ရဲ့ လား ဟူသော အကြည့်ဖြင့် . . .

အလင်းတန်းဂျာနယ်



ကျွန်တော် . . . ခင်ဗျား . . . သူ . . .

တကယ်ကို ကမောက်ကမကြီးပါပဲ။

ကျွန်တော် တို့က ပြောလိုက်တဲ့ ဒုလ္လဘတရား (၅)ပါး။ ဘာတဲ့ . . . ။

ဘုရား ဖြစ်ဖို့ ခက်တယ်တဲ့၊ လူ ဖြစ်ဖို့ ခက်တယ်တဲ့၊ သဒ္ဓါတရားနဲ့ ပြည့်စုံသူ ဖြစ်ဖို့ ခက်တယ်တဲ့၊ ရဟန်း ဖြစ်ဖို့ ခက်တယ်တဲ့၊ သူတော် ကောင်းတရား ကြားနာရဖို့ ခက်တယ်တဲ့။ အဲဒီ (၅)ပါးထဲက လူ တစ်ယောက် လူ ဖြစ်ဖို့ ခက်တယ်ဆိုတာ ကျွန်တော် တို့ တကယ်ရော ယုံကြည်ကြရဲ့ လားလားဗျာ။

*

လူ ဖြစ်ဖို့ ခက်တယ်လို့ပဲ ဆိုတယ်။ နတ် ဖြစ်ဖို့ ခက်တယ်လို့ မပါဘူးနော်။

လူ့ပြည်က ‘အပ်’ တစ်စင်းနဲပ ကောင်းကင်က ကျလာတဲ့ ‘အပ်’ တစ်စင်း ဆုံဖို့၊ ထိဖို့ လွယ်ကောင်း လွယ်မယ်တဲ့။ လူ တစ်ယောက် အ ဖြစ်ရဖို့ ခက်တယ်တဲ့။ ဒါဆိုရင် လူ့ ဘ၀ကို ရောက်နေကြတဲ့ ကျွန်တော် တို့ ခင်ဗျားတို့ အားလုံးဟာ အခက်ခဲဆံးကို လွန်မြောက်ပြီး အမြင့်ဆုံးဘ၀ကို ပိုင်ဆိုင်နေကြတာပေါ့။ အဲဒီ လိုရော တွေးမိကြရဲ့ လား မသိပါဘူး။

အမြင့်ဆုံးဘ၀ကို ပိုင်ဆိုင်တယ်လို့ ယုံကြည်ရင် အမြတ်ဆုံး နေထိုင်နည်းနဲ့ နေထိုင်သင့်တာပေါ့။ အခုတော့ဗျာ . . . ကြည့်ကြစမ်းပါဦး။

လူလူချင်း ညှင်းပန်းကြတယ်၊ နှိပ်စက်ကြတယ်၊ စိတ်ဒုက္ခ ရောက်အောင် လုပ်ကြတယ်။

လူ တစ်ယောက် ရဲ့ ချွေးကို လူ တစ်ယောက် က သူ့ရဲ့ ဥစ္စာဓန လုပ်တယ်။ လူတွေ ရဲ့ ဒုက္ခကို အခြား လူ တစ်ယောက် က ကိုယ့်ရဲ့ စည်းစိမ်ဖန်တီးတယ်။

လူတွေ ရဲ့ မျက်ရည်ကို အခြားလူတွေ က ကိုယ့်ရဲ့ ဘ၀ ရှင်သန်ဖို့အတွက် သောက်သုံးတယ်။

ကိုယ့်ဘ၀ကိုတော့ ရခဲတယ်လို့ ပြောကြတယ်၊ တွေးကြတယ်၊ သိကြတယ်။ကိုယ့်ဘ၀ ရခဲသလိုသူ့ ဘ၀လည်း ရခဲတယ်ဆိုတာတော့ မေ့နေကြတယ်၊ သတိမရကြဘူး။

လူ တစ်ယောက် အသက်ရှင်ဖို့အတွက် အခြားလူတွေ ရဲ့ အသက် သေဆုံးပေးရတယ်ဆိုတာ ဒုလ္လဘတရား (၅)ပါးကို တကယ်နားမလည်လို့ပဲ ဖြစ်မယ်။ ဒါမှမဟုတ် အ၀ိဇ္ဇာဖုံးနေလို့ပဲ ဖြစ်မယ်။ မှတ်ပုံတင်ထဲမှာ ပဲ ကြည့် ဖြစ်မယ်၊ ပုံစံ (၁၀) ထဲမှာ ပဲ ကြည့်ကြည့်၊ ကိုယ်ရေး ရာဇ၀င်မှာ ပဲ ကြည့်ကြည့်၊ ကိုးကွယ်တဲ့ဘာသာကို ‘ဗုဒ္̕ဓဘာသာ’ လို့ ရေး ထားတယ်။ “ဗုဒ္ဓဘာသာ” ကို ယုံကြည်ကိုးကွယ်သူတိုင်းဟာ လူတွေ ကို တန်ဖိုးထားတတ်ဖို့ လိုတယ်။ ယုံကြည်ကိုးကွယ်သူတိုင်းဟာ လူတွေ ကို တန်ဖိုးထားတတ်အောင် သင်ပေးတယ်။ ကျွန်တော် တို့ မြတ်ဗုဒ္ဓက လူလူချင်း တန်ဖိုးထားတတ်အောင် သင်ပေးတယ်။

လူလူချင်း . . . လူကိုလူလို့မမြင်တဲ့လူဟာ . . . လူမဟုတ်သေးလို့ပဲ။

အခုတော့ဗျာ -

လူ့ ဘ၀ကို ရောက်မှ ကျန်တဲ့ဒုလ္လဘတရား (၄) ပါးကို တွေ့  နိုင်တာ မဟုတ်လား။

ကျွန်တော် တို့အားလုံးဟာ ရခဲတဲ့ “လူ” အ ဖြစ်ကို အတူတကွ ရောက်ရှိနေကြသူများ ဖြစ်တယ်။

အပြန်အလှန် တန်ဖိုးထားသင့်တယ်။ အပြန်အလှန် လေးစားသင့်တယ်။ အပြန်အလှန် ကူညီသင့်တယ်။

သူအသက်ရှင်ဖို့ ကိုယ့်မှာ တာဝန်ရှိသလို ကိုယ့်အသက်ရှင်ဖို့လည်း သူ့ မှာ တာဝန်ရှိတယ်။

ဒီလိုနေထိုင်နိုင်ခြင်းဟာ လူ့ဘ၀ရဲ့ အမြင့်မြတ်ဆုံး အဓိပ္ဗာယ်ပဲ။

ဒါနဲ့ ပတ်သက်လို့ ရှက်ရှက်နဲ့ပဲ ပြောရဦးမယ်။

ဗုဒ္ဓဘာသာလို့ ပြောနေကြတဲ့ ကျွန်တော် တို့တစ်တွေ အတွက် အတုယူစရာ ဖြစ်ရပ်တစ်ခု ကမ္ဘာမှာ ဖြစ်ခဲ့တယ်။



၅ - ၈ - ၂၀၁၀ နေ့က ချီလီနိုင်ငံ၊ ကော်ပိုရာမြို့ အနီး၊ စန့်ကပျို့စ် ကြေးနီမိုင်းတွင်း ပြိုကျတယ်တဲ့။

ပြိုကျတဲ့အတွက် မြေအောက်ပေ (၂၃၀၀) အနက်မှာ အလုပ်သမား (၃၃)ယောက် ပိတ်မိနေတယ်။ ပြိုကျပြီး (၁၇) ရက်အကြာမှာ ပိတ်မိနေတဲ့ အလုပ်သမား (၃၃) ယောက် အသက်ရှင်လျက် ရှိနေတယ်ဆိုတာကို ကယ်ဆယ်ရေး အဖွဲ့ တွေ က သိခဲ့ရတယ်။ သူတို့ အသက်ရှင်နေသေးကြောင်းကို လွန်တူးစက်ရဲ့ လွန်သွားမှာ စာတိုတစ်စောင်ရေး ပြီး မြေပြင်ပေါ်ကို သတင်းပို့လို့ သိခဲ့ရခြင်း ဖြစ်တယ်။ သိသိချင်းပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို လုပ်ြ ကတော့တာပေါ့။

ကယ်ဆယ်ရေး လုပ်ငန်းအတွက် စနစ်ကျနတဲ့ အစီအစဉ်တွေ ရေး ဆွဲတယ်၊ အကောင်အထည် ဖော်တယ်။ သူတို့နိုင်ငံရဲ့ ခေါင်းဆောင်တွေ က ဒီ ဖြစ်ရပ်ကို တာဝန်ယူတယ်။ ကတိပေးတယ်။ ပိတ်မိနေတဲ့ အလုပ်သမား (၃၃) ယောက် စလုံးကို ရအောင် ကယ်ထုတ်ဖို့ ကြိုးစားကြတယ်။ သူတို့ လုပ်ဆောင်ချက်တွေ ကိုလည်း အသက်ရှင်လျက် ရှိနေတဲ့ လူတွေ ကို ကယ်ဖို့အတွက် ခန့်မှန်းကုန်ကျစရိတ်ဟာ တစ်ပေကို အမေရိကန်ဒေါ်လာ (၂၀၀၀) ရှိတယ်။ မြန်မာငွေဆိုရင်တော့ တစ်ပေကို သိန်း (၂၀)လောက် ကုန်မယ်ပေါ့။ ပေ (၂၃၀၀) နဲ့သာ မြှော က်ကြည့်ပေတော့။ လူတွေ ကို အဲဒီ လောက်ထိ တန်ဖိုးထားတယ်။

ကယ်ဆယ်ရေး အတွက် ကုန်ကျစရိတ်ကိုလည်း နိုင်ငံပိုင် ‘ကိုဒယ်လ်ကို’ ကြေးနီကုမ္ဗဏီ၊ ‘အီးနပ်’ ရေနံကုမ္ဗဏီနဲ့ ပုဂ္ဂလိကပိုင် ‘လွန်ဒီဒါ’ ကုမ္ဗဏီ၊ ‘လာဟူစီ’ ကုမ္ဗဏီတွေ နဲ့ အခြားအလှူရှင်တွေ က လှူကြ၊ တန်းကြ ဝေမျှ ကျခံကြတယ်။

ပေ (၂၃၀၀) မှာ အသက်ရှင်ပိတ်မိနေတဲ့ လူ (၃၃) ယောက် စိတ်ဓာတ်မကျဖို့ မြေပြင်ပေါ်မှာ ရှိတဲ့လူတွေ က နည်းမျိုးစုံနဲ့ ကူညီကြတယ်။ သတင်းပို့ကြတယ်၊ ဆက်သွယ်ကြတယ်၊ တယ်လီဖုန်း ဆက်ကြတယ်။ မြေအောက်မှာ တောင် သူတို့နိုင်ငံရဲ့ နှစ် (၂၀၀) ပြည့် လွပ်လပ်ရေး အခမ်းအနားကို မေ့လျော့ခြင်းမရှိဘဲ ကျင်းပကြသတဲ့။ သူတို့နိုင်ငံရဲ့ လွတ်လပ်ရေး နေ့ဟာ စက်တင်ဘာလ (၁၈) ရက်နေ့လေ။ အင်္ကျီအနီရောင် ကို ၀တ်ဆင်ထားကြတယ်။ နိုင်ငံတော် သီချင်းကို သံပြိုင်သီဆိုကြတယ်။ ချီလီရိုးရာအက ဖြစ်တဲ့ ‘ကူရန်ကာ’ အကနဲ့တောင် ကခုန်နေကြတာကို ရုပ်သံကနေ ကြည့်လိုက်ရတယ်။ မြေအောက်ထဲမှာ တောင် ဘောလုံးပွဲတွေ လည်း ကြည့်ခွင့်ရကြသတဲ့။

တစ်နေ့တုန်းက စပိန်နိုင်ငံရဲ့ နာမည် အကျော်ကြားဆုံး ဘောလုံးကလပ်အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ဘောလုံးအသင်းက အဲဒီ လူ (၃၃)ယောက် ဆီကို သူတို့ဝတ်ကစားခဲ့တဲ့ အားကစားအင်္ကျီတွေ ပေးပို့ခဲ့သတဲ့။ အားကျစရာ ကောင်းလိုက်တာဗျ။ လူကို တန်ဖိုးထားကြတယ်။

မြေအောက်က လွတ်မြောက်လာတဲ့ အချိန်မှာ လည်း ရီးရဲလ်ဘောလုံးအသင်းရဲ့ ဘောလုံးကစားပွဲကိုကြည့်ဖို့ ဖိတ်ခေါ်တဲ့ စာတွေ လည်း ရေး ပို့ထားတယ်။ မိုင်းတွင်းလုပ်သား (၃၃)ယောက် ရဲ့ ကြံ့ကြံ့ခံမှုကို အားပေးထားတဲ့ အမှာ စကားတွေ ကိုလည်း ပေးပို့ကြသတဲ့။ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ရှိတဲ့ ဘောလုံးအကျော်အမော်တွေ ကလည်း အဒီလူ (၃၃) ယောက် ရှင်သန်ရေး အတွက် ၀ိုင်းဝန်းကူညီနေကြတယ်တဲ့။

ဒီလိုနဲ့ သူတို့အားလုံးဟာ ၂၀၁၀ ခု၊ နိုဝင်ဘာလဆန်းမှာ မြေပြင်ပေါ်ကို ပြန်ရောက်ခဲ့ကြတယ်။



ကျွန်တော် စဉ်စားကြည့်တယ်ဗျာ။

သူတို့နှုတ်ဖျားမှာ ဒုလ္လဘတရားတွေ ၊ ဘာတွေ ညာတွေ ရေး ကြီးခွင်ကျယ်လုပ်ပြီး မပြောကြပါဘူး။

လူအ ဖြစ် ရခဲတယ်တို့ . . . ဘာတို့ ညာတို့ မပြောကြပါဘူး။

ဒါပေမဲ့ . . . သူတို့စိတ်ထဲမှာ လူ တစ်ယောက် အသက်ရှင်သန်မှုကို တန်ဖိုးထားကြတယ်။ လူ့တန်ဖိုးကို သိတယ်။ လူလူချင်း ချစ်တတ်တယ်။ လူလူချင်း မေတ္တာရှိတယ်။ လူကို လူလို့မြင်တယ်။ လူကို လူတွေ ကသာ ကူညီပေးလို့ရတယ်။ နတ်တွေ တန်ခိုးရှင်တွေ ကို တမ်းတမနေဘူး၊ ပူဇော်မနေဘူး။ လုပ်သင့်တာကို လက်တွေ့  ကျကျလုပ်တယ်။

သူတို့ရဲ့ လုပ်ရပ်တွေ ကိုကြည့်ရင် သူတို့ဟာ လူအ ဖြစ် ရခဲတယ်ဆိုတဲ့ တန်ဖိုးကို သိနေကြလို့ပဲ။

ဟော . . .

ကျွန်တော် တို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြစမ်းပါ။

ငါ့ . . . အသက်ရှင်ဖို့ က သူအသက်ရှင်ဖို့ထက် ပိုပြီး အရေး ကြီးနေတယ်။ ဘာပဲ ဖြစ် ဖြစ်၊ ငါ့အတွက် ငါရှိနေမှ ဖြစ်မယ်။ ငါ့မိသားစုအတွက် ငါရှိနေမှ ဖြစ်မယ်။

ငါ . . . ငါ . . . ငါ . . .

ပြောလိုက်တဲ့တရား။ ပြောလိုက်တဲ့စကား။ ထိုင်လိုက်တဲ့တရား။ ပို့လိုက်တဲ့ မေတ္တာ။ ရွတ်လိုက်တဲ့ မင်္ဂလသုတ်။ အိမ်မှာ ရှိနေတဲ့ ကလေးတွေ တောင် ပဋိစ္စသမုပ္ဗာဒ်ကို အလွတ်ရနေပြီ။ သစ္စာ (၄)ပါးတရားကိုမှတ်မိနေပြီ။ မေတ္တာပို့သလွန်းလို့ တီးလိုက်ရတဲ့ ကြေးစည်။ ပတ်ချာကိုရမ်းပြီး မူးနေပြီ။ ကြေးစည်တီးတဲ့ သစ်သားတူလေးလည်း အရိုးကျိုးနေပြီ။ အရပ် (၁၀) မျက်နှာလည်း မေတ္တာရည် မွှန်နေလောက်ပြီ။

ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာလေးတစ်ခု ရှိတယ်။

မေတ္တာအကြောင်းပါ။

စိတ်နဲ့ပို့သတဲ့ မေတ္တာကို မနောကံမေတ္တာလို့ ဆိုကြတယ်။ နှုတ်နဲ့ပို့သတဲ့ မေတ္တာကိုတော့ ၀စီကံမေတ္တာလို့ ဆိုကြတယ်။

ကျွန်တော် က အဲဒီ လို မေတ္တာပို့တာကို ပိုပြီး လုပ်လေ့ရှိတယ်။

ဒါပေမဲ့ . . . မေတ္တာနဲ့ ပက်သက်ရင် လက်တွေ့  ကျင့်ဆောင်တဲ့ ကာယကံမေတ္တာက ပိုပြီး အရးကြီးမယ်လို့ ထင်ပါတယ်။



ချီလီမိုင်းတွင်းက အသက်ရှင်လျက်ရှိတဲ့ လူ (၃၃) ယောက် အကြောင်းကို တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူတွေ အားလုံး သိကြပါတယ်။

သူတို့ရဲ့ လူထုချင်းတန်ဖိုးထားမှုကိုလည်း တစ်ကမ္ဘာလုံးက လေးစားနေကြတယ်။

ကျွန်တော် ပြောချင်တာက လူအ ဖြစ်ရဖို့ တကယ်ခက်ခဲတယ်လို့ ယုံကြည်တယ်ဆိုရင် . . .

ကျွန်တော် လည်း လူ၊ ခင်ဗျားလည်း လူ၊ သူလည်း လူ။

လူ တစ်ယောက် ဖြစ်ဖို့အတွက် ကျွန်တော် လည်း ခက်တယ်၊ ခင်ဗျားလည်း ခက်တယ်၊ သူလည်း ခက်တယ်။

ကျွန်တော် လည်း . . . ဒုလ္လဘ၊ ခင်ဗျားလည်း . . . ဒုလ္လဘ၊ သူလည်း . . . ဒုလ္လဘ။

ဒါဆိုရင် . . . လူအချင်းချင်း တန်ဖိုးထားသင့်တာပေါ့ဗျာ။

အခုတော့ . . .

ရွှေမန္တလေးသတင်းဂျာနယ်



ချစ်လို့

မိဘ တစ်ယောက် ၏ ကောင်းသတင်းသည် မျိုးဆက်တစ်ခု၏ အမွေ ဖြစ်သည်။

မိဘ တစ်ယောက် ၏ အပြုအမူသည် မိသားစုတစ်ခုလုံး၏ အနာဂတ် ဘ၀အရေး ဖြစ်သည်။

မိဘ တစ်ယောက် ၏ အသိဥာဏ်သည် မျိုးဆက်အတွက် ဥစ္စာဓန ဖြစ်သည်။



ကျွန်တော် က ပုလဲငွေရောင် ရပ်ကွက်၊ အနောက်နန်းမတော် မိဖုရားကြီးဝင်းမှာ မွေးသည်။ ဘုရားနီဘုရားရဲ့ အနောက်ဘက်၊ ၈၂x၈၃ လမ်းကြား၊ ၂၁x၂၂ လမ်းကြားမှာ ရှိသည်။ ကျွန်တော် တို့ရဲ့ မြောက်ဘက်မှာ ‘မျိုးမြင့်’ ရုပ်ရှင်ရုံ ရှိပါသည်။ ယခု ‘ကိုယ်ပွားသတင်းစာတိုက်’ ဖွင့်ထားတဲ့နေရာ ဖြစ်သည်။

ကျွန်တော့် အိမ်ဘေးမှာ ဆိုက္ကားနင်းသော လူကြီး တစ်ယောက် နေသည်။ သူ့ နာမည် က ‘ဦးဖိုးသင်’။ သူ့မိန်းမက ‘ဒေါ်ခွေးကြီး’ ။ ‘ဦးဖိုးသင်’ က သီချင်းဆိုတာ အလွန်ကောင်းသည်။ ‘ဒေါ်ခွေးကြီး’က အက, အလွန်ကောင်းသည်။ သင်္ကြန်မှာ ကျွန်တော် တို့အရပ်ထဲက အမျိုးသမီးငယ်တွေ ကဖို့အတွက် ‘ဒေါ်ခွေးကြီး’ နည်းပြ လုပ်ပေးရသည်။ အဲဒီ အချိန်တုန်းက မန္တလေးမြို့ တွင် ရပ်ကွက်တိုင်းနီးပါး အကအသင်းတွေ ထွက်ကြသည်။ သင်္ကြန်ရောက်တိုင်း ၈၃ လမ်းနှင့် ၂၁ လမ်းထောင့်မှာ ‘မေစံပယ်’ ဆိုသော သင်္ကြန်အကမဏ္ဍတစ်ခု နှစ် တိုင်း ရှိခဲ့ဖူးသည်။ အဲဒီ အကအဖွဲ့ မှာ ‘ဒေါ်ခွေးကြီး’ က ဆရာမ ကြီးပေါ့။

‘ဒေါ်ခွေးကြီး’ ရဲ့ ထူးခြားချက်ကိုလည်း ပြောရဦးမည် ။

သူက ပိန်ပိန်ပါးပါး။

အသား ခပ်ညိုညို အမျိုးသမီးကြီး တစ်ယောက် ပါ။

‘နဂါးဆေးပေါ့လိပ်’ ကို နှစ်သက် သည်။

သူ့ရဲ့ အလွန်ထူးခြားတဲ့ စရိုက်တစ်ခု ကတော့ ရုပ်ရှင်အလွန်ကြိုက်ခြင်းပါပဲ။ ဒီတော့ ‘မျိုးမြင့်’ ရုပ်ရှင်ရုံမှာ ရုပ်ရျင်ကားအသစ်တင်တိုင်း သွားပြီး ကြည့်လေ့ရှိသည်။ အသံတိတ်ရုပ်ရှင်ခေတ်တုန်းက ဆိုက္ကားဆရာ ‘ဦးဖိုးသင်’ သည် ရုပ်ရှင်နောက်ခံသီချင်းမျာကို ဆိုင်းဝိုင်းကြီးနှင့် လိုက်ပြီးဆိုသူ ဖြစ်သည်။ ဒီတော့ ‘ဒေါ်ခွေးကြီး’ က ရုပ်ရှင်ကို လိုက်ပြီး ကြည့်ခွင့်ရတော့သည်။ ‘ဒေါ်ခွေးကြီး’ က ရုပ်ရှင်ကို လိုက်ပြီး ကြည့်ခွင့်ရတော့သည်။ ‘ဒေါ်ခွေးကြီး’ က မျက်လုံး သိပ်ပြီးမကောင်းဘူး။ ဒါပေမဲ့ ရုပ်ရှင်ကိုတော့ မကြည့်ဘဲ မနေနိုင်။

အဲဒီ့ ခေတ်တုန်းက ရုပ်ရှင်ကြည့်တဲ့အခါ ရှေ့ ဆုံးအတန်းကို ‘တစ်မတ်’ တန်ဟု ခေါ်သည်။

‘ဒေါ်ခွေးကြီး’ က ‘တစ်မတ်’ တန်းက အမြဲကြည့်သည်။ မျက်စိမှုန်နေသော ‘ဒေါ်ခွေးကြီး’ အတွက် ‘တစ်မတ်’ တန်းက အကောင်းဆုံးနေရာပါပဲ။

ကျွန်တော် က ‘ဒေါ်ခွေးကြီး’ နှင့် အတူ ရုပ်ရှင်လိုက်ပြီး ကြည့်ခွင့်ရည်။ သူက မျက်စိမှုန်နေသည့်အတွက် ကျွန်တော် က မြင်သမျှကို ရှင်းပြရသည်၊ တွေ့  သမျှကို ပြောပြရသည်။ ရုပ်ရှင်ကြည့်ပြီးလို့ အပြန်ဆိုရင် မင်းသားတွေ အကြောင်း၊ မင်းသမီးတွေ အကြောင်း၊ ၀တ်ပုံစားပုံတွေ အကြောင်း သူနှင့် အပြန်အလှန် ငြင်းခုံရသည်။

ဒုတိယကမ္ဘာစစ်ပြီးစမှာ မြန်မာပြည်တွင် ကျောက် ရောဂါ ဖြစ်ကြပါလေရော။

‘ဒေါ်ခွေးကြီး’ က ကျောက်ပေါက်ပြီး မျက်စိနှစ် လုံးစလုံး အလင်းကွယ်သွားတော့သည်။ သို့သော် သူက ရုပ်ရှင်ကြည့်သော စရိုက်ကို ဖျောက်၍ မရ။ ထုံးစံအတိုင်း သူ့ကို ရုပ်ရှင်လိုက်ပြီး ကျွန်တော် က ပို့မြဲပို့ရသည်။

ကျွန်တော် သည် ‘ရွှေဘ’ ပါသော ရုပ်ရှင်ကားကို ကြိုက်သည်။ သူက မကြိုက်။

ရုပ်ရှင်မင်းသား ‘ကျော်ဆွေ’ တို့၊ ‘ကောလိပ်ဂျင်နေ၀င်း’ တို့ ‘မြတ်လေး’ တို့၊ ‘ဝင်းဦး’ တို့ဆိုရင် ကျွန်တော် က မကြိုက်။ သူက ကြိုက်သည်။

သူ အကြိုက်ဆုံးမင်းသား ကတော့ ရုပ်ရှင်မင်းသား ‘ညွှန့်ဝင်း’ ဖြစ်သည်။

ခက်တာက သူသည် မျက်စိအလင်း မရသူ ဖြစ်နေ၍ သူကြိုက်သော မင်းသား ‘ညွန့်ဝင်း’ ကို သိပ်ပြီးမကြိုက်ပါ။ ကလေးဆိုတော့ လက်သီးထိုးတာ၊ စစ်တိုက်တာပဲ ကြိုက်သည်။ ဒါကြောင့် ရုပ်ရှင်မင်းသား ‘ဇော်လွင်’ ၏ စစ်ကားများ ကို ကျွန်တော် က အရမ်းကြည့်ချင်သည်။

သူကလည်း ‘ညွန့်ဝင်း’ ပါသော ရုပ်ရှင်ကားကို မလွတ်တမ်း ကြည့်ချင်သည်။ ‘ညွန့်ဝင်း’ ပါသော ရုပ်ရှင်ကားများ သည် အချစ်ဇာတ်လမ်းများ ဖြစ်နေတတ်သည်။ ကျွန်တော် က ကလေးဆိုတော့ အချစ်တွေ ဘာတွေ နားမလည်ပါ။ အဲဒီ အချိန်တုန်းက (၅) တန်းကျောင်းသား အရွယ်လောက်ပဲ ရှိသေးသည်။

ရုပ်ရှင်မင်းသား ‘ဝင်းဦး’ နှင့် ‘ညွန့်ဝင်း’ တို့သည် ကျွန်တော် တို့ မန္တလေးမြို့ ၏ အသည်းစွဲများ ဖြစ်ကြသည်။

သင်္ကြန်ဆိုလျှင် သူတို့လာမှ ပွဲစည်သည်။ သူတို့ရောက်မှ သင်္ကြန်ကျရသလို ဖြစ်ခဲ့ရသည်။

ပြောရဦးမည် ။ အဲဒီ တုန်းက ရုပ်ရှင်ရိုက်တယ် ဆိုတာ (၃)၊ (၄)၊ (၅)လ ကြာမည် ထင်သည်။

တစ်ရက်မှာ တော့ . . .

ရုပ်ရှင်မင်းသား ‘ညွန့်ဝင်း’ နှင့် အဖွဲ့ သည် မန္တလေးမြို့ ကျုံးအတွင်း ကန်ရေပြင်၏ ဘေးတွင် ရှိသော ‘မန်းသီတာ’ ဥယျာဉ်ထဲ၌ ရုပ်ရှင်ရိုက်နေကြသည်။

အဲဒါကို ‘ဒေါ်ခွေးကြီး’ က သွားပြီး ကြည့်ချင်သည်။ ကျွန်တော် ကလည်း လိုက်ချင်သည်။

ဒီတော့ ဆိုက္ကားနင်းသ့် သူ့ယောက်ျား ‘ဦးဖိုးသင်’ က ဆိုက္ကားနင်းပြီး လိုက်ပို့ရှာသည်။

‘မန်းသီတာ’ ဥယျာဉ်သည် ‘ဓာတ်စက်ရုံ’ နားတွင် ရှိသည်။ ‘ဓာတ်စက်ရုံ’ ဆိုသည်မှာ ၂၆ လမ်းနဲ့ ၇၈ လမ်းထောင့်က မြေနေရာကို ပြောခြင်း ဖြစ်သည်။ ယနေ့ခေတ်လူငယ်များ မသြိ ကတော့ပါ။

‘မန်းသီတာ’ ဥယျာဉ်ထဲကို ၀င်၍ ရသော မီးရထားနှင့် သံလမ်းတွဲ လျက် တံတားလေးတစ်ခု ရှိသည်။ ၎င်းတံတားမှတစ်ဆင့် ကျွန်တော် တို့ ၀င်ကြရသည်။ ရုပ်ရှင်ရိုက်နေသည်။ အားလုံးငြိမ်နေကြသည်။ စိတ်ဝင်းစားစရာကောင်းသည်။ အလင်းအားကောင်းဖို့အတွက် ‘မှန်’ ထောင်ထားသည်။ ကျွန်တော် ကလည်း ကလေးဆိုတော့ တမော့မော့နှင့် ကြည့်နေမိသည်။

ကျွန်တော် က ‘ဒေါ်ခွေးကြီး’ ကို ‘အရီး’ ဟု ခေါ်သည်။ ကျွန်တော် တို့ အညာဒေသတွင် ‘အဒေါ်’ ကို ‘အရီး’ ဟု ခေါ်လေ့ရှိသည်။

“ဒီမယ် သားရဲ့ ၊ မင်းသား ‘ညွန့်ဝင်း’ က ရုပ်ရှင်ထဲကလို အပြင်မှာ ချောရဲ့ လား”

“စကားမပြောရဘူးဗျ၊ ရုပ်ရှင်ရိုက်နေတယ်။ ‘အရီး’ သိချင်ရင် နောက်မှမေး”

“အေးပါ . . . သားရဲ့ ။ ငါက တိုးတိုးလေး မေးတာပါ”

“ရွှေဘလောက်တော့ မချောဘူးဗျ”

“မ ဖြစ်နိုင်ပါဘူးဟယ်။ နင့် ‘ရွှေဘ’ က ရုပ်ကြမ်းကြီး ဖြစ်မှာ ပါ”

“အရီး၊ အရီးက မမြင်ရဘူး။ ကျွန်တော် က မြင်ရတယ်။ ကျွန်တော် ပြောတာယုံပါ”

သူကြိုက်တဲ့မင်းသားကို မချောဘူဟု ပြော၍ သူက ကျွန်တော့်ကို မကျေနပ်။

ရုပ်ရှင်ရိုက်ကွင်းတွင် ‘ညွန့်ဝင်း’ နှင့် ‘၀ါဝါ၀င်းရွှေ’ စကားပြောနေကြသည်။ ဘာတွေ ပြောနေမှန်းတော့ ကျွန်တော် မသိ။ ‘မှန်’ တွေ ထိုးပြီး အလုပ်တွေ ရှုပ်နေကြသည်ကိုတော့ ကျွန်တော် မှတ်မိသည်။

‘ဒေါ်ခွေးကြီး’ က ကျွန်တော့် ကို စကားဆိုပြန်သည်။

“သာရယ် . . . ရုပ်ရှင်ရိုက်နေတာ ပြီးတော့မှာ လား။ ‘အရီး’ က ‘ညွှန့်ဝင်း’ နဲ့ စကားပြောချင်လို့”

“အရီးကလည်းဗျာ၊ ညွှန့်ဝင်းက မင်းသားဗျ။ ‘အရီး’ ကို ဘယ်စကား ပြောချင်ပါ့မလဲ”

“လုပ်ပါဟယ် . . . နင်ကလည်း . . . ‘အရီး’ ကို ပြောပေးပါ”

“မပြောရဲဘူးဗျ၊ သူတို့က မင်းသားတွေ လေ။ အလုပ်တွေ လုပ်နေကြတာ”

“ငါတို့ကလည်း ပရိသတ်ပဲတဲ့။ ညွန့်ဝင်းနဲ့ စကားပြောခွင့်ရရင် ငါ . . . သေပျော်ပါပြီဟယ်”

“အရီးကလည်းဗျာ ပိုတာ၊ မင်းသားဆိုတာလည်း လူပါပဲဗျ”

“မင်းသားဆိုတာ လူဟုတ်ပေမယ့် . . . လူတိုင်းက မင်းသားမဟုတ်ဘူးတဲ့။ ငါ . . . သူနဲ့ စကားပြောချင်တယ်”

“တော် တော် ခက်တာပဲဗျာ”

“ငါက မမြင်ရဘူးလေ။ သူစကားသံလေးကို နားနဲ့ဆတ်ဆတ် ကြားရမှ ဖြစ်မယ်”

ကျွန်တောတို့ မန္တလေးသူတွေ က ညွန့်ဝင်းတို့၊ ၀င်းဦးတို့ဆိုရင် ‘ဖျပ်ဖျပ်လူး’ အသည်းစွဲဗျ။

ဒီလိုနှင့် . . .

ကျွန်တော် နဲ့ အရီး စကားပြောနေသည်ကို ဇာတ်ပို့သရုပ်ဆောင် ဖြစ်သော ‘ဂျော်လီဆွေ’ က ကြားသွားတော့သည်။

‘ဂျော်လီဆွေ’ ကျွန်တော့် အနား ရောက်လာသည်။

“ဒီမယ် . . . အမေ၊ စကားမပြောပါနဲ့။ ရုပ်ရှင်ရိုက်နေတယ်”

“အေးပါဟယ်။ ငါက မင်းသားနဲ့ တွေ့  ချင်လို့ပါ”

“ဒါဆိုရင် စကားမပြောနဲ့။ ဒီနားက စောင့်နေ။ မင်းသားကို ကျွန်တော် ခေါ်လာခဲ့မယ်”

ရိုက်ကွင်း ခဏနားချိန်တွင် ‘ဂျောလီဆွေ’ က ‘ညွန့်ဝင်း’ ကို ခေါ်လာတော့သည်။ ရုပ်ရှင်မင်းသား ‘ညွှန့်ဝင်း’ သည် ယဉ်ကျေးသည်၊ ဖော်ရွေသည်။ မာနမရှိ။ ‘အရီး’ က ‘ညွန့်ဝင်း’ လာတယ်လို့လည်း သိရရော ငိုပါလေတော့သည်။

‘ညွန့်ဝင်း’ က ရောက်ရောက်ချင်း ‘အရီး’ ကို စကားစပြောပါသည်။

“အမေ . . . ဘာလို့ ငိုတာလဲ”

“မင်းသားကို တွေ့  ချင်လို့ပေါ့”

“အခု တွေ့  နေရပြီပဲ အမေရယ်”

“အမေက သားရဲ့ ရုပ်ရှင်ကြည့်ပရိတ်သတ်ပါ။ သားရဲ့ ရုပ်ရှင်ကားတွေ ကို အမေက မလွတ်မတမ်းကြည့်တယ်။ ‘ဗန်တိုလူလေးနဲ့ သူဇာ’ ဇာတ်လမ်းကို (၃) ခါတောင် အမေက ပြန်ပြီးကြည့်တယ်။”

ထိုအချိန်တွင် ‘ညွန့်ဝင်း’ ၏ မျက်နှာမှာ ၀င်းပသွားတော့သည်။ ပြုံးသွားတော့သည်။ ‘အရီး’ က သူ့ရဲ့ ပရိသတ် ဖြစ်နေတာကိုး။

“ဒါဆိုရင် အမေက ကျွန်တော့်ရုပ်ရှင်ကားတွေ ထဲက ဘယ်ကားကို အကြိုက်ဆုံးတုံး”

“ပြောပြီးပြီကော။ ‘ဗန်တိုလေးနဲ့ သူဇာ’ ဆိုတဲ့ဇာတ်ကားကို အကြိုက်ဆုံးပေါ့။ အဲဒီ ရုပ်ရှင်ကားတွေ ထဲမှာ သားက နှစ် ကိုယ်ခွဲသရုပ်ဆောင်တာ သိပ်ကောင်းတာပဲ”

‘ညွန့်ဝင်း’ တော် တော် ကျေနပ်သွားသည်။

“အမေ ဒီကို ဘာနဲ့လာတုံး”

“ဆိုက္ကားနဲ့လာတာပေါ့။ ဒီကလေးလိုက်ပို့လို့ အမေ ဒီကို ရောက်လာရတာ ”

ကျွန်တော့်ကို ‘အရီး’ က လက်ညှိုးထိုးပြလိုက်သည်။ ကျွန်တော် ကလည်း ၀င်ပြီး ဒီလိုပြောလိုက်သည်။

“ကျွန်တော့် အရီးက မျက်စိမမြင်ဘူးဗျ။ အရင်တုန်း ကတော့ မှုန်နေတာ။ ကျောက် ရောဂါ ဖြစ်ပြီး မျက်စိနှစ် လုံးစလုံး အလင်းကွယ်သွားတာ။ သူက ရုပ်ရှင်ကြည့်ချင်တယ်ဆိုရင် ကျွန်တော် က လိုက်ပို့ရတာ ၊ ရှင်းပြရတာ ၊ ပြောပြရတာ ”

ထိုအခါ ‘ညွန့်ဝင်း’ဘေးတွင် ရပ်နေသော ‘ဂျောလီဆွေ’ က တဟားဟားနဲ့ ‘ရယ်’ ပါတော့သည်။

‘မျက်စိမမြင်သူက မင်းသားကို သိပ်ကောင်းတာပဲ၊ သိပ်ကောင်းတာပဲ။ သိပ်ချောတာပဲ’ ဟု ချီးကျူးနေတဲ့အတွက် ‘သော ’ ပြီး ‘ရယ်’ တာပဲ ဖြစ်မည် ။ ‘ညွန့်ဝင်း’ ကလည်း ပြုံးစိစိ ဖြစ်သွားတော့သည်။

‘ဂျော်လီဆွေ’ က မေးတယ်။

“မျက်စိ မမြင်ရဘဲနဲ့ ဘ်လိုလုပ်ပြီး ‘ညွန့်ဝင်း’ ကို ကြိုက်ရတာ တုန်း အမေရဲ့ ”

“မင်းက ငါ့ကို ‘မကဲ့ရဲ့ ’ ပါနဲ့။ ငါက ညွန့်ဝင်းရဲ့ အဖေ ‘ရွှေမန်းတင်မောင်’ ကို သိပ်ကြိုက်တာ။ ‘ရွှေမန်းတင်မောင်’ ကို မြင်ဖူးတယ်။ ‘ရွှေမန်းတင်မောင်’ က သိပ်တော် တာ ငါ့သားရဲ့ ။ ‘အက’ ကလည်း ကောင်း။ ‘အဆို’ ကလည်း ကောင်း။ ‘ပညာ’ ကလည်း တော် ။ ဘာသာတရားကလည်း ကိုင်းရှိုင်း။ ဇာတ်နိပါတ်တော် ကိုတောင် စနစ်တကျ ဇာတ်လမ်းဆင်တတ်တယ်။ သူ့ အဖေတောင် ဒီလောက်တော် မှတော့ သူ့ သားလည်း ဘယ်ညံ့မလဲကွဲ့”

ထိုအချိန်တွင် ‘ဂျော်လီဆွေ’ စကားတစ်ခွန်း ၀င်ပြောသည်။

သူပြောသော စကားကို ကျွန်တော် ဒီကနေ့အထိ မှတ်မိနေသည်။

“ဟား ဟား ဟား ဟား ဟား၊ ဟုတ်တာပေါ။ အဖေ့ကိုချစ်ရင် သူ့သားသမီးတွေ ကိုလည်း ပြည်သူတွေ က အလိုလို ချစ်ပြီးသားပဲကိုး။ ဟား ဟား ဟား ဟား ဟား”



မိဘ တစ်ယောက် ၏ ကောင်းသတင်းသည် မျိုးဆက်တစ်ခု၏ အမွေ ဖြစ်သည်။

မိဘ တစ်ယောက် ၏ အပြုအမူသည် မိသားစုတစ်ခုလုံး၏ အနာဂတ်ဘ၀အရေး ဖြစ်သည်။

မိဘ တစ်ယောက် ၏ အသိဥာဏ်သည် မျိုးဆက်အတွက် ဥစ္စာဓန ဖြစ်သည်။

ပေါ်ပြူလာဂျာနယ်



ငါ . . . ဖြစ်စေချင်တဲ့သူ

မှတ်မိပါသေးသည်။

၁၉၄၇ တွင် ကျွန်တော် (၁၀) တန်းကျသည်။ ၁၉၇၈ တွင် ပြန်ပြီး ဖြေသည်။ ကြိုးစားသည်။ အောင်သည်။ ဂုဏ်ထူး (၂) ခုပါသည်။ ကျွန်တော် တို့ကျောင်းတွင် ဂုဏ်ထူး (၅) ခုအထိပါသော သူငယ်ချင်းတွေ ရှိသည်။ ထူးချွန်ကျောင်းသားများ ဖြစ်၍ မိဘဆရာအသင်းမှ ဂုဏ်ပြုပွဲ ကျင်းပသည်။ ဆုနှင်းသဘင် ကျင်းပသည်။ ထိုပွဲတွင် ကျွန်တော် ဆုယူခဲ့ဖူးသည်။

ဒီလိုနှင့် တက္ကသိုလ်ကျောင်းတော် ကြီးသို့ သွားကြရတော့မည့်  ကျွန်တော် တို့သည် သီတင်းကျွတ်လပြည့်နေ့တွင် ကျောင်းအုပ်ဆရာကြီးအား သွားပြီးကန်တော့ကြသည်။ ကျွန်တော် ရယ် . . . ကျွန်တော့် သူငယ်ချင်းများ ဖြစ်သော အောင်အောင်ရယ်၊ သန့်စင်ဦးရယ် ပါသည်။ ကျွန်တ်ာတို့ (၃) ယောက် ဆရာကြီးအိမ်ရောက်တော့ ဆရာကြီးက အနားယူနေသည်။ စာဖတ်နေသည်။

ကျွန်တော် တို့လည်း ရောက်ရောက်ခြင်း ဆရာကြီးကို ကန်တော့လိုက်သည်။ ကန်တော့ကြလျှင် ထုံးစံအတိုင်း ပါးစပ်နှင့် ဆုပေးလေ့ရှိကြသည်။ ကျွန်တော် တို့ ဆရာကြီးသည် ပါးစပ်ဖြင့် ဆုမပေး။ ဆုံးမစကားသာ ပြောတော့သည်။

“ကန်တော့တယ်ဆိုတာ သိလား။ ‘ကန်’ ဆိုတာ ‘တား’ တဲ့သဘော၊ ‘ဆီး’ တဲ့သဘောကို ပြောတာ။ ‘တော့’ တယ်ဆိုတဲ့ စကား ကတော့ ‘ယူ’ တယ်၊ ‘သိမ်းပိုက်’ တယ်လို့ အဓိပ္ဗာယ်ရတယ်။ ဒီတော့ ‘ကန်တော့’ တယ်ဆိုတာ ‘ကောင်းမြတ်ခြင်းတွေ ကို ယူဆောင်ပြီး အန္တရာယ်တွေ ကို တားဆီးတယ်’ လို့ ဆိုလိုတာ။ ဒါကြောင့် ‘ကန်တော့’ တာ ကောင်းတယ်ကွ”

ကျွန်တော် တို့ ဆရာကြီးသည် စကားပြော အလွန်ကောင်းသည်။

“ကန်တော့တယ်ဆို လူတိုင်း လုပ်နိုင်တဲ့အလုပ်တော့ မဟုတ်ဘူးကွ။ မာနကြီးတဲ့သူတွေ က ‘မကန်တော့’ ဘူး။ ဒီလူ ငါ့လောက် မတတ်ပါဘူး။ မသိပါဘူး . . . ဆိုတဲ့စိတ်နဲ့ ‘မကန်တော့’ ကြတာ။ လူမိုက်တွေ က ‘မကန်တော့’ ဘူး။ အမှားအမှန်ကို ခွဲခြားမသိဘူးကွ။

ဒီလိုပဲ အပြစ်ကို ၀န်မခံချင်တဲ့သူကလည်း ‘မကန်တော့’ ဘူး။ လိုရင်း ပြောရရင်တော့ကွာ . . . ‘အ၀ိဇ္ဇာ’ စိတ် ဦးစီးနေတဲ့ လူတွေ က ‘မကန်တော့’ တတ်ကြဘူး။ မှတ်ထား”

ဆရာကြီး၏ စကားများ ကို ဒီကနေ့ အထိ ကျွန်တော် စွဲလမ်းဆဲပါ။

“ကျေးဇူးသိသူသည် တရားသိသူ ဖြစ်သည်တဲ့။ ကျေးဇူးကန်းသူသည် တရားကန်းနေသူ ဖြစ်သည်တဲ့။ အဲဒီ စကားကို ငါ့အဘိုးက ငါ့ကို ပြောခဲ့ဖူးတယ်။ တရားသိတဲ့သူတွေ က ကျေးဇူးသိတယ်။ တရားကန်းတဲ့သူတွေ က ကျေးဇူးလည်း ကန်းတတ်ကြတယ်။ မှတ်ထား၊ ငါ့တပည့်တို့”

ကျွန်တော် တို့ဆရာကြီးက လူကောင်က ခပ်သေးသေး။ အသံကလည်း စူးစူးရှရှ ခပ်သေးသေးပါပဲ။ အရပ်ကလည်း ပုသည်။ အသားကလည်း ညိုသည်။ အမှတ်တမဲ့ကြည့်ရင်တော့ စိတ်ဝင်စားစရာ မကောင်းပါ။ သို့ သော် သူနှင့် စကားပြောကြည့်ရင်တော့ သူ၏ အတွင်းစိတ်ကို မြင်နိုင်သည်။ ချစ်သွားမည် မှာ သေချာသည်။

“လက်အုပ်ချီတယ်ဆိုတာ အဓိပ္ဗာယ် (၄) မျိုး ရှိတယ်ကွ။ ရိုးရာအစဉ်အလာအရ လက်အုပ်ချီတယ်ဆိုတာ ရှိတယ်။ အခု မင်းတို့ ငါ့ကို လက်အုပ်ချီကြတာ ရိုးရာအစဉ်အလာကြောင့် ဖြစ်မယ်ထင်တယ်။ လူဆိုတာ လိုချင်ရင်လည်း လက်အုပ်ချီတယ်ကွ၊ ကြောက်ရင်လည်း လက်အုပ်ချီတယ်၊ ရိုသေရင်လည်း လက်အုပ်ချီပြန်တယ်။

ဒီတော့ လက်အုပ်အချီခံရတဲ့ ငါတို့က လက်အုပ်ချီသူရဲ့ အတွင်းစိတ်ကို လှမ်းပြီး မြင်အောင်ကြည့်ရတယ်။ ကြောက်လို့ လက်အုပ်ချီတယ်၊ လိုချင်လို့ လက်အုပ်ချီတယ်ဆိုရင်တော့ . . . အကန်တော့ခံရတဲ့ ငါတို့လည်း ရှုံးတယ်။ ကန်တော့နေတဲ့ မင်းတို့လည်း ရှုံးတယ်။ လက်အုပ်အချီခံရတဲ့သူလည်း ရှက်စရာကောင်းတယ်။ လက်အုပ်ချီနေတဲ့သူလည်း သိမ်ငယ်နေတတ်တယ်။ ရိုသေလို့ လက်အုပ်ချီတယ် ဆိုတာ ကတော့ အကောင်းဆုံးပေါ့ ငါ့တပည့်တို့ရာ”

ကျွန်တော် တို့က ဆရာကြီး ပြောသမျှကို ငြိမ်ပြီး နားထောင်နေကြသည်။

ဆရာကြီးက ကျွန်တော် တို့ကို ဟန်ပါပါနှင့် တစ်ချက် လှမ်းကြည့်လိုက်သည်။

“ဘာမှ ပြန်မပြောဘဲ နားထောင်နေတာဟာလည်း စကားပြောသူကို စော်ကားတာနဲ့ အတူတူပဲ ငါ့တပည့်တို့ရ။ ဒါနဲ့ပက်သက်လို့ ငါကြားဖူးတာလေးတစ်ခု ပြောပြမယ်။ တစ်ခါတုန်းကပေါ့ကွာ။ အိုင်းစတိုင်းက သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ပညာရပ်တစ်ခုအကြောင်းကို ဆွေးနွေးတယ်။ သူက မိနစ် (၃၀) လောက် စကားပြောတယ်။ အားလုံးက ငြိမ်းပြီးနားထောင်နေတယ်။ ပြီးတော့ လက်ခုပ်တွေ ထပြီး တီးကြတယ်။ အဲဒီ အခါ အိုင်းစတိုင်းက ဒေါသ တော် တော် ထွက်သွားတယ်တဲ့။ စကားပြောတဲ့မိုက်ခွက်ကို ပြန်ပြီး ကိုင်လိုက်တယ်။

ပြီးတော့ ဒီလို ပြောတယ်။ ကျုပ်က ခင်ဗျားတို့လက်ခုပ်သံကို ကြားချင်လို့ စကားပြောခဲ့တာ မဟုတ်ဘူးဗျ။ ခင်ဗျားတို့ ငြိမ်ပြီးနားထောင်ဖို့လည်း စကားပြောခဲ့တာ မဟုတ်ဘူး။ ကျုပ်ရဲ့ အယူအဆကို ငြင်းကြဖို့၊ ခုံကြဖို့၊ ဆန့်ကျင်ကြဖို့၊ မတူတဲ့အမြင်တွေ ကို ဖလှယ်ကြဖို့ စကားပြောတာဗျ။ ဒီလိုသာ အလွယ်တကူနဲ့ လက်ခုပ်တီးနေကြရင် သိပ္ဗံပညာဆိုတာ ဘယ်လိုလုပ်ပြီး တိုးတက်တော့မလဲ”

ကျွန်တော် တို့စိတ်ထဲမှာ တော့ ဆရာကြီး၏ စကားလုံးများ ၊ အမူအရာများ ကို ကြည့်ပြီး အားရကျေနပ်နေမိသည်။

ထိုအချိန်တွင် အောင်အောင်က ၀င်ပြီးပြောသည်။

“ဆရာကြီး ၊ ကျွန်တော် တို့ ဆရာကြီးကိုလာပြီး ကန်တော့ကြတယ် ဆိုတာ ဆရာကြီးကို ရိုသေလို့၊ အားကျလို့ပါ ဆရာကြီး။ အခုလည်း ဆရာကြီးပြောသမျှ စကားတွေ ဟာ ကျွန်တော် တို့အတွက် အလွန် မှတ်သားစရာ ကောင်းလှပါတယ်။ ဒါပေမဲ့ ဆရာကြီးရယ်၊ ကျွန်တော် တို့မှာ က ရိုးရာအစွဲအလမ်းကို မဖျောက်နိုင်ကြဘူး။ လူကြီးနဲ့ လူငယယ်ဆိုရင် လူငယ်က ငြိမ်ပြီး နားထောင်ပေးကြရတယ်၊ ပြန်ပြောလို့ မရဘူး။ လူကြီးကို ပြန်ပြောရင် ငရဲနဲ့ ခြောက်တယ်။ လက်ခုပ်တီးတာ ကတော့ အကျင့် ဖြစ်နေပါပြီ ဆရာကြီးရယ်”

ဆရာကြီးက ပြုံးသွားသည်။ ပြီးတော့ ဆက်ပြောသည်။

“ဘာမှမဆိုင်ဘူးကွ၊ ပြောသင့်ရင်ပြော၊ ကောင်းစေချင်လို့ ပြောတာပဲ။ ဆရာပဲ ဖြစ် ဖြစ်၊ မိဘပဲ ဖြစ် ဖြစ်၊ လူကြီးပဲ ဖြစ် ဖြစ်၊ စေတနာအရင်းခံပြီး ပြောတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရင် ပြောကိုပြောရမယ်။ ဒါပေမဲ့ လေးလေးစားစား ပြောရမယ်။ ရိုရိုသေသေ ပြောရမယ်။ ထိထိမိမိ ပြောရမယ်။ နှစ် လိုဖွယ်ရာ ပြောရမယ်။ လက်ခုပ်တီးတာကလည်း အဓိပ္ဗာယ် အမျိုးမျို ရှိတယ်ကွ။ နျစ်သက်ရင်လည်း လက်ခုပ်တီးတယ်။ အားပေးရင်လည်း လက်ခုပ်တီးတယ်။ ဒီလိုပဲ မြန်မြန်ဆင်းစေချင်ရင်လည်း လက်ခုပ်တီးတတ်တယ်နော်။ လက်ခုပ်တီးတိုင်း ကောင်းတာမဟုတ်ဘူး။ တစ်ခါတစ်ရံများ မြှော က်ပေးရင်လည်း လက်ခုပ်တီးတတ်ကြသေးတယ်ကွ”

ကျွန်တော် တို့အားလုံးလည်း ပြုံးမိကြသည်။

“မေးရအုံးမယ်၊ မင်းတို့ ပညာသင်တာ ဘယ်သူ့ တွက် သင်တာလဲ။ ပညာတတ်ချင်တာ ဘယ်သူ့အတွက်လဲ။ ဆရာဝန် ဖြစ်ချင်တာ၊ စစ်ဗိုလ်ကြီး ဖြစ်ချင်တာ ဘယ်သူ့ အတွက်လဲ။ ကိုယ့်အတွက် ဖြစ်ချင်တယ် ဆိုရင်တော့ ငါက အထင်မကြီးဘူး တပည့်တို့ရေ။ လူဆိုတာ အများ အတွက်ပဲ ဖြစ်ရမယ်။ ကိုယ့်အတွက် စဉ်းစားတယ်ဆိုတာ လူစဉ်းစားတဲ့ စဉ်းစားနည်း မဟုတ်ဘူး။ တိရိစ္ဆာန်တွေ စဉ်စားတဲ့ စဉ်းစားနည်းပဲ။ အခုလည်း မင်းတို့ တက္ကသိုလ် တက်ကြရတော့မယ်။

ဒီတော့ ဘာအတွက် တက္ကသိုလ်တက်ချင်တာလဲလို့ စဉ်းစားကြ။ ဟုတ်ပြီလား။ ဒီမယ် မှတ်ထားကွ။ ငါတို့နေတာ လူတွေ နေတဲ့ လူ့ပြည်ကွ။ လူ့ပြည်မှာ လူတွေ ချမ်းသာဖို့အတွက် လူတိုင်းမှာ တာဝန်ရှိတယ်။ လူကို လူကပဲ သတ်ကြတယ်။ လူကို လူကပဲ ဦးညွှတ်ကြတယ်။ လူကို လူကပဲ မုန်းကြတယ်။ မှတ်ထား။ လူဆိုရင် လူအချင်းချင်း ရိုင်းပင်းကူညီကြရမယ်။ လူ့ဘုံဆိုတာ လုံ့လ၊ ၀ီရိယဘုံကွ။ နတ်ဘုံနတ်နန်း မဟုတ်ဘူး။ ပဒေသာပင်မြေက အလိုလို ပေါက်မလားဘူး။ ကြိုးစားကြ ဟုတ်ပလား”

“ဟုတ်ကဲ့ပါ ဆရာကြီး”

“ငါ စာတစ်ခု ရေး ထားတယ်။ မင်းတို့အတွက် ရေး ထားတာ။ ခေါင်းစဉ်က ‘ငါ ဖြစ်စေချင်တဲ့ သူ’ တဲ့။ ကူးသွားကြ။ ရော့ . . . ဒီမှာ ”

ဆရာကြီးသည် သူ၏ နေ့စဉ် ဒိုင်ယာရီစာအုပ်ကို ကျွန်တော် တို့အား ပေးလေသည်။

ကျွန်တော် မှတ်မိပါသည်။

ထိုနေ့က သီတင်းလပြည့်နေ့။ ၁၉၇၈-ခုနှစ် ။ အောက်တိုဘာ၊ ( ) ရက် ( ) နေ့ ဖြစ်သည်။



ငါ ဖြစ်စေချင်တဲ့ သူ

• ရှုံနိမ့်ချိန်မှာ မာနမကျိုးတဲ့ သူ။

• ရှံးနိမ့်တဲ့အခါမှာ လည်း ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့သူ။

• အောင်ပွဲခံချိန်မှာ မ၀င့်ဝါဘဲ သိမ်မွေ့ ယဉ်ကျေးတဲ့သူ။

• အောင်မြင်တဲ့အခါမှာ လည်း ရှုံးနိမ့်သူတွေ အပေါ် ကရုဏာထားရဲတဲ့ စိတ်ဓာတ် ရှိတဲ့သူ။

• ပြိုလဲကျဆုံးသွားသော သူတွေ ကို သနားကြင်နာတတ်တဲ့သူ။

• ပန်းခင်းလမ်းတွေ့  ရင်လည်း ရင်ကော့ခေါင်းမော့ပြီး လမ်းလျှောက်တတ်သလို ဆူးခင်းလမ်းတွေ့  ရင်လည်း ပန်းတိုင်အထိ အရောက်သွားနိုင်တဲ့သူ။

• လဲပြိုချိန်မှာ စိတ်သတ္တိနဲ့ သူများ အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထနိုင်တဲ့သူ။

• အိမ်မက်ကြီးကြီးတွေ မက်ပြီး အဲဒီ့ အိပ်မက်တွေ ကို မ ဖြစ် ဖြစ်အောင် ကြိုးစားပြီး ဖန်တီးနိုင်တဲ့ သူ။

• ရယ်မောခြင်းဖြင့် ဘ၀ကို တည်ဆောက်ပြီး ငိုစရာတွေ တဲ့ အချိန်မှာ လည်း စောင့်ရှောက်ရတဲ့ သတ္တိရှိတဲ့သူ။

• အမှန်တရားကို စောင့်ရှောက်ရဲတဲ့ သတ္တိရှိတဲ့သူ။

• အနိုင်ကျင့်တတ်တဲ့ ၀န်းကျင်မှာ အရှုံးမပေးဘဲ သည်းခံစိတ်နဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့သူ။

• မတရားမှုကို စိန်ခေါ်ရဲတဲ့သူ။

• ခွင့်လွှတ်ရဲတဲ့ သတ္တိရှိတဲ့သူ။

• စာတော် ပြီး အတ္တမကြီးတဲ့သူ။

• စာမတော် ပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့၊ ကြိုးစားတဲ့သူ။

• မှားရင်လည်း အမှားကို တောင်းပန်ရဲတဲ့သူ။

• အမှားတွေ ကို သင်ခန်းစာယူပြီး အမှန်ကို ပြုပြင်ရဲတဲ့သူ။

• စားများများ ဖတ်ပြီး သဘာဝတရားကြီးကို ဖတ်စာအ ဖြစ် သဘောထားတတ်တဲ့သူ။

• မိဘကျေးဇူးကို သိမြင်ပြီး ကျေးဇူးဆပ်နိုင်တဲ့သူ။

• ကိုယ့်အကျိုးအတွက် မရည်ရွယ်ဘဲ အများ ကောင်းစားရေး ကို ရည်ရွယ်ကြိုးစားတဲ့သူ။

အဲဒီ လို လူမျိုးတွေ ဖြစ်စေချင်တယ်။



နောက်လူ

‘ကပိလ၀တ်’ မြေကို ခြေချခဲ့သည်။

၂၀၀၆ ခုနှစ် ၊ မတ်လ ဖြစ်သည်။

ဧည့်လမ်းညွှန်က အင်္ဂလိပ်လို ရှင်းပြသည်။

“ဒီနေရာမှာ အစတုန်းက နွေစံအိမ်နေရာပေါ့။ ဟိုးဘက် ကတော့ မိုးရာသီမှာ နေတဲ့ စံအိမ်နေရာ ဖြစ်တယ်။ ဒီဘက် ကတော့ ဆောင်းရာသီမှာ နေဖို့ ဆောက်လုပ်ထားတဲ့ စံအိမ်နေရာ ဖြစ်တယ်။ ‘သိဒ္ဓတ္တ’ က ဒီနေရာမှာ (၂၉) နှစ် နေသွားခဲ့တယ်”

ကျွန်တော် တို့ ရောက်သွားချိန်သည် မတ်လဆန်း။

နေမြင့်လေလေ…. ပူလာလေလေ… ရာသီဥတုမျိုး။ ကျွန်တော် က ၀တ်လာသော အနွေးအထည်ကို ချွတ်လိုက်သည်။ ပြီးတော့ … လက်ထဲရှိ ကင်မရာဖြင့် မြင်မြင်သမျှကို မှတ်တမ်းတင်နေမိသည်။

ဧည့်လမ်းညွှန်က ပြောသည်။

“တွေးကြည့်ရတာ အေပေါ့။ ဟိုးလွန်ခဲ့တဲ့ ၂၅၅၀ ကျော်တုန်းက ဒီနေရာမှာ နန်းတော် ကြီး ရှိခဲ့တယ်။ အခုတော့လည်း အုတ်ပုံတွေ ပဲ ရှိတော့တယ်။ တကယ်တော့ ဘုရင်တို့၊ နန်းတော် တို့၊ စည်းစိမ်ဥစ္စာတို့၊ တန်ခိုးအာဏာတို့ဆိုတာ ကာလတိုလေးသာလျှင် ရှင်သန်ခွင့်ရကြတာပါ။ ဒီမှာ တွေ့  လား၊ အုတ်ချပ် တော် တော် များများ က မြေကြီးထဲမှာ ရောက်နေတယ်။ အဲဒါကို အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနက တူးဖော်နေတယ်။ မှတ်တမ်းပြုစုနေတယ်”

ကျွန်တော် က ဘုရားနေခဲ့တဲ့ နေရာ၊ ဘုရားဇာတိ ဆိုပြီး စိတ်ထဲမှာ ကျေနပ်နေမိသည်။

“ဒီနေရာမှာ ‘သိဒ္ဓတ္ထ’ က ကလေးဘ၀ကို ဖြတ်သန်းခဲ့မှာ ပဲ။ ကျုပ်တို့ ကိုးကွယ်နေတဲ့ဘုရားက လူသားဆန်တယ်။ အခြားဘုရားတွေ နဲ့ မတူဘူးဗျ။ လူးသားဆန်တယ်ဆိုတာ ကျုပ်တို့ ခင်ဗျားတို့လို ဘ၀တွေ ကို ဖြတ်သန်းခဲ့သူလို့ ဆိုလိုချင်တာပဲ။

ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ။ သူ့ဖမည်းတော် က ‘သုဒ္ဓေါဒန’၊ သူ့မယ်တော် ‘မယ်တော် မာယာ’ ။ သူတို့ဟာ လူတွေ ပဲ။ လူတွေ လိုပဲ ချစ်ခဲ့ကြတယ်။ နေခဲ့ကြတယ်။ အိပ်ခဲ့ကြတယ်။ ကိုယ်လက် နှီးနှောခဲ့ကြတယ်။ ဒီနန်းတော် ကြီးထဲမှာ လည်း နန်းရေး နန်းရာကိစ္စတွေ နဲ့ ရှုပ်ထွေးမှာ သေချာတယ်။ ဒီနေရာမှာ ပဲ ‘မယ်တော် မာယာ’ က သူ့ရဲ့ တစ်ဦးတည်းသော သား ဖြစ်တဲ့ ‘သိဒ္ဓတ္တ’ ကို ကိုယ်ဝန်ဆောင်ခဲ့မှာ ပဲ။ စဉ်းစားကြည့်လေ။ ကိုယ်ဝန်အရင့်အမာကြီးနဲ့ လမ်းလျှောက်ခဲ့မှာ ပဲ”

ဧည့်လမ်းညွှန်သည် စကား အပြောကောင်းပုံ ရသည်။ သူသည် ဘုန်းတော် ကြီးတစ်ပါး မဟုတ်ပါ။ မြန်မာလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူ နီပေါနိုင်ငံသား ဖြစ်သည်။ ကျောင်းဆရာအငြိမ်းစားဟု ပြောသည်။ အသက်က (၆၀) နီးပြီ။ အင်္ဂလိပ်လို ရိုးရိုးရှင်းရှင်း ပြောတတ်သည်။

“ကျုပ်က ဗုဒ္ဓ၀ါဒကို လက်ခံသူဗျ။ ကျုပ်ရဲ့ မိဘများ ကလည်း ဗုဒ္ဓဘာသာတွေ ပါ။ ကျုပ်က ဗုဒ္ဓရဲ့ နှုတ်ထွက်စကားတွေ ကို ကြိုက်တယ်။ လေးစားတယ်၊ ကြည်ညိုတယ်၊ နှစ်သက် တယ်။ ဒါကြောင့် ဧည့်လမ်းညွှန်လုပ်နေတာ။ ကဲ… လာ၊ ဟိုဘက်ကို သွားကြရအောင်”

‘ကပိလ၀တ်’ ဟု ဆိုကြသော နေရာမှာ အင်ကြင်းပင် အကြီးကြီးတွေ အများ ကြီးရှိသော တောအုပ်ငယ်တစ်ခုသော ဖြစ်သည်။ တချို့ သစ်ပင်များ အောက်တွင် ဟိန္ဒူနတ်ကွန်းများ တွေ့  ရသည်။ နွားရုပ်များ ၊ ဆင်ရုပ်များ ကို အမွှေးနံသာများ ဖြင့် ပူဆော်ပသနေကြသည်။

“ဒီနေရာမှာ လေးတင်ပွဲကို ကျင်းပခဲ့မယ် ထင်တယ်။ အဲဒီ ခေတ် အဲဒီ အခါတုန်းက လေးတင်ပွဲဆိုတာ ဒီဘက်ခေတ်လို ပြောရမယ်ဆိုရင် စစ်ရေး ပြပွဲတစ်ခုပဲ။ လေးသည်တော် တစ်ယောက် ကောင်းကောင်းရှိခြင်းဟာ ရန်သူရာထောင်ကို နှိမ်နင်းနိုင်ခြင်းပဲ ဖြစ်တယ်။ ကျုပ်တို့ ‘သိဒ္ဓတ္ထ’ က ‘လေးသည်တော် ကောင်း’ တစ်ယောက် ဗျ။ ထူးဆန်းအံဘနန်း ဖြစ်စေတဲ့ လေးအတတ်ပညာကိုပြပြီး ‘ကပိလ၀တ်’ ထီးနန်းကို ထိုက်ထိုက်တန်တန်နဲ့ ရနိုင်ခဲ့သူ ဖြစ်တယ်ဗျ”

‘ကပိလ၀တ်’ နေပြည်တော် အဟောင်း၏ အရှေ့ ဘက်နှင့် အနောက်ဘက်တွင် လယ်ကွင်းများ ကို တွေ့  ရသည်။

”‘သိဒ္ဓိတ္ထ’ က ဒီပတ်ဝန်းကျင်မှာ ပဲ မြင်းတွေ စီးခဲ့မယ်။ ဆင်တွေ စီးခဲ့မယ်။ သူ့သူငယ်ချင်းတွေ နဲ့ ပျော်ခဲ့မယ်။ စကားတွေ ပြောခဲ့မယ်။ ဒီနေရာမှာ ပဲ လူငယ်ဘ၀ကို ဖြတ်သန်းခဲ့မယ်။ ဒါပေမဲ့ ခင်ဗျားတို့ ၊ ကျုပ်တိုလို သာမန်လူငယ် တစ်ယောက် တော့ မ ဖြစ်နိုင်ဘူး။ ကျုပ် တွေးကြည့်တာပါ။ သူ့ဖခင်နဲ့ ဒီနေရာမှာ ပဲ ဗြဟ္မာဏ၀ါဒရဲ့ အကြောင်းတွေ ကို အချေအတင်ခြင်းခုံခဲ့မယ်။ ဒီနေရာမှာ ပဲ ဗြဟ္မဏာဝါဒရဲ့ ရှေ့ နောက် မညီညွတ်မှုတွေ ကို ပြောဆိုခဲ့မယ်ထင်တယ်။ သူ့ဖခင်နဲ့လည်း လောကအမြင်ချင်း တူပုံမရဘူးဗျ”

ဧည့်လမ်းညွှန်က စကားပြောကောင်း၍ လားမသိ။ သူ့ စကားနောက်မှာ ကျွန်တော် အတွေးတွေ ကွန့်မြူးနေမိသည်။

“အဲဒီ ခေတ်အါတုန်းက ‘ကပိလ၀တ်’ ဆိုတာ ကောသလတိုင်း လက်အောက်ခံ မြို့ ပြငယ်လေးတစ်ခုသာ ဖြစ်တယ်။ ကျုပ်တို့ ၊ ခင်ဗျားတို့ ထင်သလို တိုင်းပြည်အကြီးကြီးတော့ မဟုတ်ဘူးဗျ။ ကောသလတိုင်းကို အခွန်ဆက်သပြီး နေထိုင်ခွင့်ရတဲ့ နေရာလေးတစ်ခုပဲ။ ဒါကြောင့် သာ ‘သုဒေ္̕ဓါဒန’ က သူ့သား ဖြစ်တဲ့ ‘သိဒ္ဓတ္ထ’ ကို ‘စကြာဝတေးမင်း’ ဖြစ်စေချင်တာပေါ့

စဉ်းစားကြည့်ကြလေ။ ‘သိဒ္ဓတ္ထ’ ကလည်း တော် တော် ဥာဏ်ကောင်းတဲ့သူ ဖြစ်မယ်ဗျ။ နည်းနည်း သင်ယူရုံနဲ့ များများ နားလည်သူ ဖြစ်မယ်။ နီပေါဆိုတဲ့ အခုနေရာမှာ ‘ကပိလ၀တ်’ လိုပဲ မြို့ ပြ နေပြည်တော် ငယ်လေးတွေ အများ ကြီးရှိခဲ့ပုံရတယ်။ ဒီဒေသက ဘုရင့်သားတွေ ဟာ ဟို… တောင်ဘက်ခပ်လှမ်းလှမ်းက ‘ဗာရာဏသီ’ ကိုသွားပြီး ပညာသင်ယူခဲ့ကြရတယ်လို့ ကျုပ်မှတ်သားဖူးတယ်”

သူ့စကားကြောင့် ဘုရားရှင်ကို လွမ်းမိသလိုလို ဖြစ်လာသည်။

“စာပေတွေ အရ ပြောကြည့်တာပေါ့။ ဒီဒေသမှာ လူတန်းစား (၄) မျိုး ရှိတယ်ဗျ။ ဒီဒေသသားတွေ က ဆင်းရဲသား လူတန်းစားတွေ ပေါ့။ ‘အာရိရာန်’ တွေ က ဟို…. အနောက်မြောက်ပိုင်းက နေပြီး ရောက်လာတဲ့ စစ်တိုက်ကျွမ်းသူတွေ ပေါ့။ လူတွေ ကို တိုက်ခိုက်သတ်ဖြတ်ပြီးမှ ဘုရင်လုပ်ရတာ မလွယ်ပါဘူးဗျာ။ သူတို့က ဒီနေရာမှာ အုပ်ချုပ်သူလူတန်းစား လာ ဖြစ်ကြတယ်။ အဲဒီ ဆင်းရဲသားနဲ့ အုပ်ချုပ်သူ လူတန်းစားကြားထဲမှာ ‘လူလည်’ တွေ က ‘ကုန်သည်လူတန်းစား’ အ ဖြစ် ရပ်တည်ကြပြန်တယ်။

နောက်ဆုံး လူတန်းစား ကတော့ လူတွေ ရဲ့ အားနည်းချက်တွေ စိတ်ဓာတ်တွေ ကို လေ့လာပြီး လူပေါ်လူဇော်လုပ်တတ်တဲ့ အကိုးကွယ်ခံ ‘ဗြဟ္မဏ’ ခေါင်းဆောင်ကြီးတွေ ပေါ့။ သူတို့ရဲ့ ဒဿနတွေ ၊ အတွေးတွေ နဲ့ လူ့လောကကြီးကို တည်ဆောက်လိုက်ကြတယ်။ ဒါကို ‘သိဒ္ဓတ္ထ’ က တွေးမိပုံ ရတယ်ဗျ။ ရှေ့ နောက် မညီညွတ်မှုတွေ ကို ပြောဆိုခဲ့မှာ ပဲ”

ကျွန်တော့် နားထဲတွင် သူ့စကားများ က ဆန်းကြယ်နေသည်။

“လာကြဗျ၊ ဟိုဘက်နား သွားရအောင်။ ဒီမှာ က နေပူတယ်။ အဲဒီ နားက နေရိပ်တယ်”

ကျွန်တော် တို့အားလုံး အင်းကြင်းပင်ရိပ်တွင် နားလိုက်ကြသည်။

“အင်ကြင်းပင်ရိပ်ဆိုတာ ဘုရားမွေးတဲ့ အရိပ်နော်။ ဒီအင်ကြင်းပင်ရိပ်က ပိုပြီးတန်ဖိုးရှိတယ်။ ကျုပ်တို့ဘုရားက လူသားဆန်တယ်ဗျ။ သစ်ပင်အောက်မှာ ပဲ အမှန်တရားတွေ ကို ရှာဖွေတွေ့  ရှိခဲ့တယ်။ သစ်ပင်တွေ အောက်မှာ ပဲ အမှန်တရားတွေ ကို လိုက်လံပြီး ဟောပြောတယ်။ ပို့ချတယ်။ သစ်ပင်အောက်မှာ ပဲ ပရိနိဗ္ဗာန်ပြုတယ်။ သစ်ပင်တွေ ကို သိပ်ချစ်တဲ့သူဗျ။ ဒါကြောင့် သစ်ပင်တေါကို တန်ဖိုးထားသင့်တယ်။ သစ်ပင်တွေ ကို ခုတ်နေတယ်ဆိုတာ ဘုရားသီတင်းသုံးတဲ့ ကျောင်းတော် တွေ ကို ဖျက်ဆီးနေတာနဲ့ အတူတူပဲ။ ဘုရားကိုချစ်ရင် သစ်ပင်မခုတ်ကြနဲ့ဗျာ”

သူက ပတ်ဝန်းကျင်ထိန်းသိမ်းရေး တွေ ကို ထည့်ပြီး ပြောနေပြန်တော့သည်။

“ကျုပ်က ဒီနေရာမှာ နေ့စဉ်နေရသူဆိုတော့ တွေးမိနေတာလေးတွေ ရှိတယ်ဗျ။ နိမိတ်ကြီး (၄) ပါးကို ရှာဖွေတွေ့  ရှိခဲ့တဲ့ နေရာလေးဗျာ။ ‘ကပိလ၀တ်’ ဆိုတာ တခြားနေရာနဲ့ မတူဘူး။ သစ္စာလေးပါး မြတ်တရားကို တွေ့  ရှိဖို့အတွက် ပထမဆုံး နိမိပြတဲ့နေရာပဲ။ ‘သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုတာ နေရာတိုင်းမှာ ရှိပေမယ့်၊ တွေ့  မြင်နေရပေမယ့် သတိမပြုမိကြဘူး။ ကျုပ်က ဒါကြောင့် ဘုရားကို ချစ်တာဗျ။

ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ။ ‘သိဒ္ဓတ္ထ’ က ရည်ရွယ်ချက် တော် တော် ကြီးမားတဲ့ ပုဂ္ဂိုလ် ဖြစ်တာကြောင့် ဘုရင့်စည်းစိမ်ဆိုတာ သူ့အဖို့ အသေးအဖွဲပဲ။ လောကရဲ့ ကာမဂုဏ်အာရုံဆိုတာ သူ့အဖို့ မစင်ပုပ်တစ်ခုပဲ။ လူဆိုတာ သေရင် အပုပ်နံ့ နံကြရသူချည်းပဲ။ မသေခင်၊ မပုပ်ခင် ကောင်းတဲ့အလုပ် လုပ်ဖို့လိုတယ်ဗျ”

ကျွန်တော် တို့ကို ဧည့်လမ်းညွှန်က တရားပြနေသလို ဖြစ်နေပြန်သည်။ သူက ဆက်ပြောသည်။

“ကျုပ်မေးမယ်။ ဗုဒ္̕ဓရဲ့ ဘ၀ ဖြစ်စဉ်တွေ အားလုံးဟာ ကျုပ်တို့ခင်ဗျားတို့ဘ၀တွေ အတွက် အတုယူစရာ၊ အားကျစရာတွေ ချည်းပဲ။ အဲဒီ အထဲက ကျုပ် ကြိုက်တာ တစ်ခုရှိတယ်။ ကျုပ် ကြိုက်တာတွေ အများ ကြီးထဲက တစ်ခုကို ပြောတာနော်”

ကျွန်တော် က မေးလိုက်သည်

“ဘာများ လဲဗျ”

“သိဒ္ဓတ္ထက သုဒ္ဓေါဒနရဲ့ သား ဖြစ်တယ်။ သားနဲ့ အဖေမှာ ဘယ်သူက ပိုပြီးတော် သလဲ ဖြေကြည့်စမ်းပါ”

အားလုံးက ဧည့်လမ်းညွှန်မေးတာ မဖြေဘဲနေကြသည်။

“ကျုပ်ပြောမယ်။ တကယ်တော့ လူ့ ပတ်ဝန်းကျင် တိုးတက်ဖို့ဆိုရင် နောက်လူဟာ ရှေ့ လူထက်တော် ရမယ်၊ သာရမယ်။ နောက်လူက ရှေ့ လူထက် စွန့်စားရမယ်၊ အတ္တနည်းရမယ်၊ ကိုယ်ချင်းစာစိတ် ရှိရမယ်။ နောက်လူဟာ ရှေ့ လူထက် မေတ္တာတရား ပွားများ ရမယ်၊ အလုပ်ကို လုပ်ရမယ်။ သားဟာ အဖေ့ထက် တော် ရတယ်ဗျ။ ဒါကို ကျုပ်တို့ဘုရားက အထင်အရှား ပြသွားခဲ့တယ်။

အခုရှိတဲ့ ခေါင်းဆောင်ထက် နောက်တက်လာမယ့် ခေါင်းဆောင်က ပိုပြီး တော် ရမယ်။ ဒါမှသာ လူ့ အဖွဲ့ အစည်း တိုးတက်မှာ ဗျ။ စဉ်းစားကြည့်ကြလေ”

သူ့ စကားကို ကျွန်တော် အလွန်သဘောကျမိသည်။ စိတ်ထဲတွင် လည် ချက်ချင်း ဆိုသလို အတွေးများ ရောက်လာသည်။ ကျွန်တော် တို့ဆီမှာ .....။

ရှေ့ လူ ဖြစ်သော အနော်ရထာမင်းထက် နောက်လူ ဖြစ်သော ကျန်စစ်မင်းက တော် သည်။ ဒါကြောင့် ပုဂံပြည်ကြီး ကောင်းစားခဲ့သည်။ ကျန်စစ်မင်းထက် ညံ့သော ဘုရင်များ နန်းတက်လာသော အခါ ပုဂံပြည်ကြီး ပျက်တော့သည်။

ဒီလိုပဲ မင်းတုန်းမင်းကြီးက သူ့ အဘိုး ဖြစ်သော အလောင်းမင်းတရား ဦးအောင်ဇေယျလောက် မတော် ပါ။ သီပေါမင်းသည်လည်း မင်းတုန်းမင်းလောက် မတော် ပြန်။ ဒါကြောင့် ကုန်းဘောင်မင်းဆက် ပြတ်သွားခဲ့ရသည်။ ဒီလိုနှင့် ကျွန်တော် တို့တိုင်းပြည် ကျွန် ဖြစ်ခဲ့ရသည်။

နောက်လူတွေ က ရှေ့ လူတွေ ထက် ညံ့ဖျင်းလျှင် လူ့ အဖွဲ့ အစည်း တဖြည်းဖြည်းနှင့် ပျက်စီးတတ်သည်။ ဟုတ်သည်။ သားက အဖေ့ထက်တော် မှ ဖြစ်မည် ။ နောက်လူက တော် မှ ဖြစ်မည် ။ ဒါမှသာ လူ့ အဖွဲ့ အစည်း တိုးတက်မည် ။

အခုတော့ နောက်လူတွေ က ရှေ့ လူတွေ ထက် အတ္တတွေ ကြီးကြသည်။ ကိလေသာတွေ ၊ အ၀ိဇ္ဇာတွေ တိုးတိုးလာကြသည်။ ဒီလိုနှင့် လူ့ အဖွဲ့ အစည်း ဆုတ်ယုတ်လာခဲ့ရသည်။ ဧည့်လမ်းညွှန်ရဲ့ စကားသည် ပညာသားပါသည်၊ အဓိပ္ဗာယ်ပါသည်။

“ကဲဗျာ… နေလည်းပူလာပြီး။ ခရီးက ဆက်ကြရဦးမှာ မဟုတ်လား။ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူဆိုရင် ဘုရားလမ်းစဉ်ကို လိုက်ရမယ်။ ရှေ့ လူထက် နောက်လူက တော် အောင် ကြိုးစားကြ။ ရှေ့ လူထက် နောက်လူက စေတနာရှိပါမှ၊ မေတ္တာရှိပါမှ ကျုပ်တို့ လူလောကကြီး ငြိမ်းချမ်းမှာ ဗျ။ ဟုတ်ပလား။ ဒါမှသာ ကျုပ်တို့ဘုရားကို ကျုပ်တို့ ချစ်စရာရောက်မှာ ပေါ့”

မော်နီတာသတင်းဂျာနယ်



ပြောမထွက်တဲ့စကား

မနက် (၇) နာရီခွဲ ကျော်ကျော်ပဲ ရှိသေးသည်။ ‘ကိုစံရိုး’ တို့အိမ်မှာ ရန် ဖြစ်နေကြပြီ။

‘ကိုစံရိုး’ က အရက်မူးပြီး အိမ်ကို ပြန်လာသည်။ တစ်ညလုံး မူးနေတာ။ ဘယ်နေရာမှာ မူးနေတာလဲတော့ မသိဘူး။ မနက်အစောကြီးမှ အိမ်ကို ပြန်ရောက်တော့သည်။ တစ်အိမ်လုံးက ‘ကိုစံရိုး’ ကို မကြည်ဖြူကြ။

ကိုစံရိုး မှာ သားသမီး (၃) ယောက် ရှိသည်။ အကြီးဆုံးသားသည် ကုမ္ဗဏီတစ်ခုမှာ ၀န်ထမ်း။ အလတ်မနှင့် အငယ်မက တက္ကသိုလ်ကျောင်းသူကြီးတွေ ။

ကိုစံရိုးက ဓာတ်ဆီဆိုင်မှာ ပန့်ကိုင်တဲ့အလုပ် လုပ်သည်။ ဓာတ်ဆီဆိုင်တွေ ကို ပုဂ္ဂလိက လွှဲလိုက်တော့ ကိုစံရိုး အလုပ်ပြုတ်တော့သည်။ အလုပ်လက်မဲ့ ဖြစ်နေတာ (၂) လလောက်ရှိပြီ။ ၀င်ငွေမရှိတဲ့ ဖခင် ဆိုတော့ အိမ်နဲ့ သိပ်ပြီး အဆင်မပြေ။ အရက်သောက်တဲ့ အကျင့်ကလည်း ဖျောက်လို့မရ။

“အဖေ… ခင်ဗျားဗျာ၊ အရက်သောက်ရင် အိမ်ပြန်မလာနဲ့”

“အဖေနော်… သမီးတို့က ရှက်တယ်။ အဖေက ဒီကရက်တွေ သောက်နေရင် သမီးတိုနဲ့ မနေနဲ့”

“ကိုစံရိုး…. ရှင့်မျက်နှာ ကျွန်မ မကြည့်ချင်ဘူး။ ရှင်က အလုပ်ကလည်း မရှိ။ အရက်ကလည်း သောက်လိုက်သေးတယ်။ ကျွန်မတို့ မိသားစုကို ဒုက္ခမပေးပါနဲ့”

ကိုစံရိုး က နာမည် နဲ့လိုက်အောင် ရိုးသည်။ အေးသည်။ ရတဲ့ဝင်ငွေနှင့် မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသူ ဖြစ်သည်။ ဒါပေမဲ့… အခုတော့ အလုပ်လက်မဲ့ ဖြစ်နေပြီ။ သူ့လုပ်အားနှင့် ၊ သူ့ချွေးနှင့် သူ့မိသားစုကို ချစ်နေသူ ဖြစ်သည်။ အခုတော့ တစ်အိမ်လုံးက သူ့ ကို မကြည်ဖြူကြ။



မနေ့ညက ကိုစံရိုး ကျွန်တော့် အိမ်ကို ရောက်လာသည်။

“ကိုစံရိုး အရက်တွေ ပြန်သောက်နေတယ်ဆို”

“ဟုတ်တယ်”

“ဘာ ဖြစ်လို့လဲဗျာ။ မနက်မနက်ဆိုရင် ခင်ဗျားတို့အိမ်က ကျက်သရေ မရှိဘူး။ အော်ကြ၊ ဟဟ်ကြ၊ ငိုကြ၊ ယိုကြနဲ့”

“ကျုပ်က….. သောက်ချင်လို့သောက်တာ မဟုတ်ဘူး။ ကျုပ်ကို ကျုပ်သားသမီးတွေ က နားမလည်လို့။ ကျုပ်မိန်းမက ကျုပ်ကို ကိုယ်ချင်းစာစိတ်မရှိလို့ စိတ်ညစ်ပြီး သောက်တာ။ အလုပ်ကလည်း ရှာလို့မရပါဘူး”

“ဒီနေ့ညတော့….. ခင်ဗျား မသောက်ပါလားဗျ”

“ဟုတ်တယ်၊ ကျုပ် ခင်ဗျားနဲ့ စကားပြောချင်လို့ မသောက်ဘဲ လာခဲ့တာ။ အရက်သောက်ထားတဲ့ ပါးစပ်နဲ့ပြောရင် ကျုပ်စကားတွေ တန်ဖိုးမဲ့မှာ စိုးလို့ပါ”

ဒီလိုနှင့် အိမ်ရှေ့ က စိန်ပန်းပင်အောက်မှာ စကားတွေ ပြော ဖြစ်ြ ကတော့သည်။

“ကျုပ်တို့ဖခင်တွေ က သားသမီးတွေ ကို ဘယ်တော့မှ ပြောမထွက်တဲ့စကားတွေ ရှိတယ်။ ကျုပ် ပြောပြမယ်”

ကိုစံရိုး ပြောတဲ့ စကားတွေ က သားသမီးတွေ အတွက် မှတ်သားထိုက်သည်။ သူ့ ရင်ဘတ်ကြီးနှင့် ရင်း၍ ပြောသည့်စကားများ ဖြစ်သည်။ သူသည် (၈) တန်းမျှသာ ကျောင်းနေဖူးသူ ဖြစ်သည်။ သို့သော် ဖခင် တစ်ယောက် ၏ ခံစားချက်နှင့် မေတ္တာတရားသည် အားလုံးအတူတူပင် ဖြစ်မည် ဟု ကျွန်တော် ထင်သည်။ သူ့ စကားများ ကို ကျွန်တော် ရင်နှင့် အမျှ ခံစားခဲ့ရသည်။ သူပြောတာတွေ ကို ကျွန်တော် ကတစ်ဆင့် ဖောက်သည်ချပြသူသာ ဖြစ်သည်။



“သားသမီးတွေ က အိမ်ပြန်လာတိုင်း ကျုပ်က ဧည့်ခန်းထဲမှာ ထိုင်နေတယ်။ သူ့ အမေကို မမြင်တော့ အမေရော လို့ မေးကြတယ်။ သူ့အမေ ငုတ်တုတ်ထိုင်နေတဲ့ အခါကျတော့ အဖေရော လို့ မမေးကြဘူး။ ကျုပ် ခံစားရတယ်ဗျာ”

“မတွေးမိကြလို့ပါ။ သားသမီးတွေ က ကျောင်းလိုက်ပို့ပေးတဲ့ သူတို့အမေကိုတော့ ချစ်လိုက်ကြတာ။ ကျုပ်က ကျောင်းကို လိုက်ပို့မပေးနိုင်ဘူး။ ဒီတော့… ကျုပ်က သူတို့ကို မချစ်ဘူးလို့ ထင်ကြရော။ ကျုပ်ကလည်း အလုပ်ကို အစောကြီး သွားရတယ်လေ။ ဘယ်လိုလုပ်ပြီး ပို့ချိန်ရမှာ လဲ။

ဒီတော့…. ကျုပ်ပြောချင်တယ်။ ဒီမယ်…. သားတို့၊ သမီးတို့ မင်းတို့ကျောင်းသွားဖို့ စီးနေတဲ့ စက်ဘီးက ဒီကောင်ကြီး ၀ယ်ပေးထားတာပါ။ ခက်တယ်ဗျာ။ မကြည့်တတ်၊ မမြင်တတ်တဲ့ သူတွေ ကို ကြည့်တတ် မြင်တတ်အောင် ပြောရတာ ကိုယ်ရည်သွေးသလို ဖြစ် ဖြစ်နေတယ်။ သူတို့ကို မပြောချင်ဘူးဗျာ”



“ဒီမယ်…. သေချာ စဉ်းစားကြည့်ကြစမ်းပါ။ သားသမီးတွေ ရဲ့ ပါးစပ်ထဲကို ထမင်းတွေ ခွံ့ ကျွေးတဲ့ အမေ။ ထမင်းပန်းကန်ထဲကို ထမင်းခူးပေးတဲ့အမေ။ မီးဖိုချောင်ထဲက တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့အမေ။ သူတို့အမေကိုတော့ သူတို့က ချစ်လိုက်ကြတာ။ ချစ်ကြမှာ ပေါ့။ သူတို့အမေ အလုပ်လုပ်နေတာကို မြင်ကြရတာ ကိုး။ အဲ့ဒီထမင်းတွေ ဖြစ်လာဖို့ ကျုပ်တို့ ဘယ်လောက်အထိ သူတို့ကွယ်ရာမှာ အလုပ်လုပ်နေရတယ်ဆိုတာ သူတို့က မတွေးမိဘူးဗျ။

ကျုပ်တို့ ဖခင်တွေ က ယောက်ျားသားတွေ ပါ။ မာနရှိတယ်၊ သတ္တိရှိတယ်။ မဟုတ်ရင် ငုံ့မခံဘူး။ ဒါပေမဲ့ဗျာ… သားကျွေးမှု၊ မယားကျွေးမှုအတွက် ကျုပ်တို့ရဲ့ အလုပ်ရှင်က ကျုပ်တို့အပေါ်မှာ ဘယ်လိုပဲ ဆက်ဆံဆက်ဆံ။ ဘယ်လိုပဲ ဗိုလ်ကျကျ သားသမီးလေးတွေ ရဲ့ မျက်နှာကိုငဲ့ပြီး ယောက်ျားမာနကို ချိုးနှိမ်ခဲ့ရတယ်။ ယောက်ျားသတ္တိကို မျိုချထားရတယ်ဗျ။ ကျုပ်လည်း ကျုပ်သားသမီးတွေ ကို ချစ်တာပါ။ သူတို့အမေ ချစ်တာထက် မလျော့ဘူး။ ပိုရင်သာ ပိုမယ်။ ဒါပေမဲ့….. ကျုပ်တို့လို ဖခင်တွေ ရဲ့ အချစ်ကို ဘယ်သားသမီးကမှ မခံစားတတ်ပါဘူးဗျာ”



“သားသမီးဆိုတာ ရေချိုးပေးတဲ့ အမေ့ကိုသာ ချစ်တတ်ကြတာပါဗျာ။ စဥ့်အိုးထဲကို ရေအပြည့် ထမ်းထည့်ပေးထားတဲ့ ကျုပ်တို့ဖခင်တွေ ကိုတော့ ချစ်ရကောင်းမှန်း မသိကြပါဘူး။ သူတို့ အမေကလည်း သင်မပေးဘူးဗျ”



“ဒီလိုပဲ သရက်သီးခူးကျွေးတဲ့ သူတို့အမေကိုတော့ ကျေးဇူးတင်လိုက်ကြတာ၊ ချစ်လိုက်ကြတာ။ ဒီသရက်ပင်ကို မိုးထဲလေထဲ ရွှံ့ ထဲ ဗွက်ထဲမှာ အအေးအမိခံပြီး စိုက်ပျိုးပေးခဲ့တဲ့ ကျုပ်တို့လို ဖခင်တွေ ရဲ့ နှလုံးသားကိုတော့ နားမလည်ကြဘူး၊ မမြင်ကြဘူး။ မြင်တတ်အောင် အမေတွေ က မပြောကြဘူး”



“သားသမီးဆိုတာ သူတို့အမေရဲ့ နို့ဖိုးကိုသာ မြင်လွယ်ကြတာပါဗျာ။ ကျုပ်တို့လို ဖခင်တွေ ရဲ့ ချွေးဖိုးကိုတော့ တန်ဖိုးထားရကောင်းမှန်း မသိကြပါဘူး။ တစ်သက်လုံး စို့နေတဲ့ ချွေးကို နို့လောက် မချိုမြိန်ဘူးလို့ ထင်တတ်ကြတယ်ဗျ”



“ထီးမိုးပေးတဲ့ အမေ့ရဲ့ မေတ္တာကိုတော့ ချက်ချင်း သိတတ်လိုက်ကြတာ။ လုံခြုံနွေးထွေးတဲ့ဘ၀တွေ ကို ဖန်တီးပေးနေတဲ့ ဖခင် တစ်ယောက် ရဲ့ ချစ်ခြင်းနဲ့ မေတ္တာကိုတော့ မသိကြ၊ မမြင်ကြဘူး။ ၀မ်းနည်းတယ်ဗျာ”



“သားသမီးတွေ က ခက်တယ်ဗျ။ သောက်ရေအိုးထဲက ရေအေးအေးကို ခပ်ပြီးတိုက်တဲ့ အမေ့ကိုတော့ ချစ်ကြတယ်။ အဲဒီ သောက်ရေအိုးကို ရေအပြည့် ဖြည့်ပေးထားတာ ကျုပ်တို့အဖေတွေ ပါဗျ။

ဒီလိုပြောရမျာ ရှက်တယ်ဗျာ။ ဘယ်သားသမီးကိုမှ ကျုပ်တို့အဖေတွေ က ဒီလိုကြီး မပြောချင်ဘူး”



“ပန်းပေးတဲ့ မိခင်ရဲ့ အချစ်ကိုသာ ခံစားတတ်ကြတာပါ။ ပန်းပင်ကိုပျိုးပြီး ပန်းကလေးတွေ ပွင့်လာအောင် ရေလောင်းပေါင်းသင်ပေးနေတဲ့ ကျုပ်တို့လို ဖခင်တွေ ရဲ့ အချစ်ကိုတော့ သူတို့လေးတွေ မခံစားတတ်ကြပါဘူး။ သိစေချင်တယ်ဗျာ”



“ဘီယာတစ်ခွက်၊ အရက်တစ်ပတ်နဲ့ ကျုပ်ရဲ့ မေတ္တာကို တန်ဖိုးမဲ့သွားအောင် ကျုပ်မိန်းမက သားသမီးတွေ ကို သွေးထိုးပေးတတ်တယ်ဗျ။ ကျုပ်မှာ လည်း အပေါင်းနဲ့၊ အသင်းနဲ့။ တစ်ခါတလေလည်း အလိုက်အထိုက်ဆိုတာ ရှိတာပေါ့။ ကျုပ်ဘာပဲလုပ်လုပ် ကျုပ်သားမီးနဲ့ ကျုပ်မိန်းမအတွက် စဉ်းစားခဲ့တာချည်းပဲ။

သူတို့က ဒါတွေ ထည့်ပြီး မတွက်ကြပါဘူးဗျာ။ အိမ်ရှင်မတွေ က သူတို့ပြောချင်တဲ့ စကားတွေ ကို တိုက်ရိုက်မပြောဘူးဗျ။ သားသမီးတွေ ကို သွေးထိုးပေးတယ်။ သားသမီးတွေ ကတစ်ဆင့် ပြောခိုင်းတယ်။ ဒီလိုနဲ့ သားသမီးတွေ က ကျုပ်ကို မုန်းသွားကြရော။ မုန်းအောင် သင်ပေးနေတာတော့ မဟုတ်ဘူး။ မချစ်တတ်အောင် သင်ပေးသလို ဖြစ်နေတော့တယ်”



“မိကောင်းဖခင် ဆိုတဲ့စကားကို အိမ်က မိန်းမတွေ သဘောပေါက်သင့်တယ်။ မြန်မာစကားက အဓိပ္ဗာယ်လေးနက်တယ်ဗျ။ မိကောင်းဖခင်ဆိုတာ ‘အမကောင်းမှ အဖကို ခင်တယ်’ လို့ ဆိုလိုတာ။ အဖကို မခင်တွယ်တဲ့ သားသမီး ဖြစ်နေရင် အဲဒီ သားသမီးရဲ့ မိခင် မကောင်းလို့ပဲ။ အခု ကျုပ်သားသမီးတေါက ကျုပ်ကို ချစ်ရကောင်းမှန်း မသိကြဘူး။ ‘အမိ မကောင်းတော့ အဖကို မခင်ဘူး။ မချစ်ဘူးပေါ့’ ဗျာ။ ကျုပ်လည်း ကျုပ်သားသမီးတွေ ရဲ့ အချစ်ကို ခံချင်ပါပဲဗျ”



‘ကိုစံရိုး’ ကတော့ ပြောချင်တာ ပြောခွင့်ရလို့ ကျေနပ်သွားရှာသည်။

သူပြောတဲ့စကားတွေ ဟာ ကျွန်တော် ပြောချင်နေတဲ့ စကားတွေ ပါပဲ။

အိမ်ရှင်မတွေ ၊ သားသမီးတွေ ဖတ်မိကြပါစေလို့သာ….

ရတနာပုံနေ့စဉ်သတင်းစာ





ဝန်ဇင်းချစ်သူများ ဦးဘုန်း (ဓာတု) ၏ “ သံစဉ်များနဲ့ ကမ္ဘာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တွင်း အတွေးစာစကား

အတွေးလက်ဆောင် ဒိုင်ယာရီ

ငှက်တစ်ကောင်၏ အတွေးရနံ့ 