Cover

ဓာတ်ပုံများ

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နေအိမ်အကျယ်ချုပ်လွတ်စဉ်က

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နေအိမ်အကျယ်ချုပ်လွတ်စဉ်က

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နေအိမ်အကျယ်ချုပ်လွတ်စဉ်ကသတင်းမီဒီယာများ နှင့် တွေ့ ဆုံနေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားဆရာမြတ်ခိုင် အင်တာဗျူး နေစဉ်(ဘေးမှ ဗိုလ်မှူးကြီးစန်းပွင့်)

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားဆရာမြတ်ခိုင် အင်တာဗျူး နေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားဆရာမြတ်ခိုင် အင်တာဗျူး နေစဉ်

Cover

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ နေအိမ်အတွင်းမှ အမှတ်တရဓာတ်ပုံများ

Cover

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ နေအိမ်အတွင်းမှ အမှတ်တရဓာတ်ပုံများ

Cover

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ နေအိမ်အတွင်းမှ အမှတ်တရဓာတ်ပုံများ

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့် တပ်ရင်းမှူးဘဝတွင် ဇနီး ဖြစ်သူ ဒေါက်တာဒေါ်ခင်ဝင်းရွှေနှင့် အတူ

Cover

ပထမဦးဆုံးဗဟိုပြည့်သူဝန်ထမ်းကျောင်း (ဖောင်ကြီး)သင်တန်းတွင် ဒေါက်တာဒေါ်ခင်ဝင်းရွှေအားလုပ်ဖော်ကိုင်ဖက်ဆရာဝန်များ နှင့် တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အား ဗိုလ်ချုပ်ကြီး သူရကျော်ထင်နှင့် အတူ

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားဂျာမနီခရီးစဉ်တွင် တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားဂျာမနီခရီးစဉ်တွင် တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အင်းလျားတွင် ကျောင်းသူဟောင်းတစ်ဦးကို တွေ့ ဆုံခဲ့စဉ်က

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားတက္ကသိုလ် စိန်ရတုသဘင်တွင် တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားတက္ကသိုလ် စိန်ရတုသဘင်တွင် တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့မှသံဃမဟာနာယကကျေးဇူးရှင် မြင်းခြံဆရာတော် ကြီးအား ဝတ္ထုကပ်လှူနေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အသက် (၉၂) အရွယ် မိခင်ကြီးကို ဂါရဝပြုခဲ့စဉ်က

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားကိုရီးယားသံအမတ်ကြီးနှင့် တရင်းတနှီးတွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားတပ်မတော် အရာရှိကြီးများ နှင့် တောင်ပေါ် (၁၄) ရွာမှ တိုင်းရင်းသားများ နှင့် အတူ တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အ.ထ.က (၁) တာမွေသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အ.ထ.က (၁) တာမွေသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ်

Cover
Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အား ကုံလုံဆရာတော် ကျောင်းမှစေတီထီးတော် တင်ပွဲတွင် ဗိုလ်ချုပ်ကြီးမောင်အေးနှင့် အတူ တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့မှကုံလုံဆရာတော် အား ဝတ္ထုကပ်လှူနေစဉ်

Cover

စင်ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာဂိုချောက်တောင်ဦးခင်ညွန့်အိမ်သို့ လာရောက်လည်ပတ်စဉ်

Cover

စင်ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာဂိုချောက်တောင်ဦးခင်ညွန့်၏ မြေးများ နှင့် တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်ဗိုလ်ချုပ်ကြီး ဖြစ်စဉ်ကဘုရားထီးတင်ပွဲတစ်ခု၌ တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်ဗိုလ်ချုပ်ကြီး ဖြစ်စဉ်ကကျိုက်ထီးဆောင်းဆရာတော် နှင့် အတူဘုရားထီးတင်ပွဲတစ်ခု၌ တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်ဗိုလ်ချုပ်ကြီး ဖြစ်စဉ်ကကျိုက်ထီးဆောင်းဆရာတော် နှင့် အတူဘုရားထီးတင်ပွဲတစ်ခု၌ တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်ဗိုလ်ချုပ်ကြီး ဖြစ်စဉ်ကရွှေတိဂုံဘုရားထီးတင်ပွဲ၌ တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်ဗိုလ်ချုပ်ကြီး ဖြစ်စဉ်ကကျိုက်ထီးဆောင်းဆရာတော် နှင့် အတူဘုရားထီးတင်ပွဲတစ်ခု၌ တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်ဗိုလ်ချုပ်ကြီး ဖြစ်စဉ်ကအမျိုးသားစာပေဆုပေးပွဲ၌ တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်ငယ်စဉ်ကပုံ

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နှင့် ဇနီးဒေါက်တာဒေါ်ခင်ဝင်းရွှေတို့ငယ်စဉ်ကပုံ

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားနေအိမ်အကျယ်ချုပ်လွတ်မြောက်လာပြီးနောက် မိသားစုဝင်များ နှင့် အတူတွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နှင့် ဇနီးဒေါက်တာဒေါ်ခင်ဝင်းရေ

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့ကျိုက်ထီးဆောင်းဆရာတော် အားဆက်ကပ်လှူဒါန်းနေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားမိုင်းဖုန်းဆရာတော် နှင့် အတူ တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့မိုင်းဖုန်းဆရာတော် အားဆက်ကပ်လှူဒါန်းနေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့အားမြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲတစ်ခုတွင် တွေ့ နေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့အားမြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲတစ်ခုတွင် တွေ့ နေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားဆုထူးပန်ရုပ်ရှင်ရုံဖွင့်ပွဲ၌ တွေ့ မြင်ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားမာလ်တီမီဒီယာအခန်းတွင် ကျောင်းသားကျောင်းသူများ အသုံးပြုနေပုံကို ကြည့်ရှုနေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်မင်္ဂလာဒုံဥယျာဉ် အိမ်ရာစီမံကိန်းအားကြည့်ရှုနေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားဓမ္မသီတဂူ နာယကချုပ်ကျောင်းတိုက်ဖွင့်ပွဲတွင် တွေ့ ရစဉ်

Cover

ဆရာမောင်ဆွေသက်နှင့် ဘုရားခန်းတွင် တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်၏ ဘုရားခန်းအား တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်တွင် မြေးများ နှင့် တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားသူ၏ နဝဒေးပန်းချီပြခန်းတွင် ဆရာဦးလွန်းကြွယ်၊ဆရာမြတ်ခိုင်တို့နှင့် တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားသူ၏ နဝဒေးပန်းချီပြခန်းတွင် ပန်းချီဆရာ တင်လှတိုးထက်မှပုံတူရေး ဆွဲနေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားသူ၏ နဝဒေးပန်းချီပြခန်းတွင် ဇနီး ဖြစ်သူ ဒေါက်တာဒေါ်ခင်ဝင်းရွှေ၊ဆရာမြတ်ခိုင်တို့နှင့် တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်ခနောင်စံပြကျေးရွာရှိရွာလယ်ကျောင်းကြီးတိုက်အလှူတွင် ဖဲကြိုးဖြတ်နေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့ခနောင်စံပြကျေးရွာရှိရွာလယ်ကျောင်းကြီးတိုက်အလှူတွင် အောင်သပြေပက်ဖြန်းနေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့ခနောင်စံပြကျေးရွာရှိရွာလယ်ကျောင်းကြီးတိုက်အလှူတွင် ဆရာတော် အားဆက်ကပ်လှူဒါန်းနေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့လှူဒါန်းသော ခနောင်စံပြကျေးရွာရှိရွာလယ်ကျောင်းကြီးတိုက်အားတွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့လှူဒါန်းသော ခနောင်စံပြကျေးရွာရှိရွာလယ်ကျောင်းကြီးတိုက်ကမ္ပည်းကျောက်စာအား တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားခနောင်စံပြကျေးရွာရှိရွာလယ်ကျောင်းကြီးတိုက်အလှူတွင် တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားဓနုတ်ဘုရားထီးတင်ပွဲတွင် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် အတူ တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားဓနုတ်ဘုရားထီးတင်ပွဲတွင် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် အတူ တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားဓနုတ်ဘုရားထီးတင်ပွဲတွင် တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားဆရာမြတ်ခိုင်မွေးနေ့တွင် ဆရာမောင်ဆွေသက်၊ဆရာမ သီရိစံ၊ ဒေါ်မာလာတို့နှင့် အတူတွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်ကဆရာမြတ်ခိုင်အားမွေးနေ့လက်ဆောင်ပေးအပ်နေစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားဆရာမြတ်ခိုင်မွေးနေ့တွင် ဆရာမောင်ဆွေသက်၊ ဆရာမ မသက်ဆွေ(သရက်)၊ဒေါ်မာလာနှင့် ခင်ပွန်း၊ဆရာမ သီရိစံတို့နှင့် အတူ တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားသူ၏ နေအိမ်တွင် အင်တာဗျူး စဉ်ကတွေ့ ရစဉ်

Cover
Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားသူ၏ နေအိမ်တွင် အင်တာဗျူး စဉ်က ဆရာမြတ်ခိုင်နှင့် အတူ တွေ့ ရစဉ်

Cover

ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်အားသူ၏ နေအိမ်တွင် ဆရာမြတ်ခိုင်နှင့် အတူ တွေ့ ရစဉ်

ထုတ်ဝေသူစကား

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်သည် သက်ရှိသမိုင်းလူသား ဖြစ်သည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် နောက်ပိုင်းတွင် လျှပ်တစ်ပြက်ဂျာနယ်အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်နှင့် ဦးခင်ညွန့်၏ အင်တာဗျူး များ ကို ခပ်စိတ်စိတ်တွေ့ မြင်လာရသည်။ သူ၏ အဖြေစကားများ ကို သဘောတူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ . . . သမိုင်းတွင် ချန်လှပ်ထား၍ မရနိုင်ပေ။ ထို့ကြောင့် လေ့လာသူများ ၊စိတ်ဝင်စားသူများ အလွယ်တကူ ဖတ်ရှုကိုးကားနိုင်ရန် စုစည်းထုတ်ဝေလိုက်ပါသည်။

လေးစားစွာ ဖြင့်
ကိုမြင့်ထွန်း(Quality)

(၁)

ဗိုလ်ချုပ်ကြီး(ဟောင်း)ဦးခင်ညွန့်၏ ဥယျောဇဉ်

ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ရဲ့ အနေအထားက လမ်းဆုံလမ်းခွသို့ ရောက်ရှိနေသော အခြေအနေအချိန်အခါ ဖြစ်သည်ဟု ဆိုချင်ပါသည်။ နိုင်ငံတကာမှာ ကျင့်သုံးနေကြသည့် ဒီမိုကရေစီစနစ်နှင့် ဆီလျော်သော ဒီမိုကရေစီခေတ်ပြောင်းကာလကို ရောက်ရှိကာ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် စတင်ချီတက်နေချိန်လည်း ဖြစ်ပါသည်။ ယခင် တပ်မတော် အစိုးရခေတ်ကာလတုန်းက မြန်မာနိုင်ငံအပေါ် တားဆီးပိတ်ဆို့မှု အမျိုးမျိုးဖြင့် ခက်ခဲကျပ်တည်းမှု အဖုံဖုံကြုံရအောင် ကြံရွယ်ဆောင်ရွက်ခဲ့ကြသော အနောက်အုပ်စုနိုင်ငံကြီးများ သည် ကန့်သတ်မှု အချို့နှင့် ပိတ်ဆို့တားဆီးမှု အမျိုးမျိုးတို့ကို ဖြေလျှော့ပေးနေချိန်လည်း ဖြစ်ပါသည်။ ယခင်ခေတ်ကာလက အနောက်အုပ်စုနိုင်ငံကြီးများ ၏ ပိတ်ဆို့တားဆီးမှု အမျိုးမျိုးအဖုံဖုံကြောင့် တစ်ခုတည်းသော ထွက်ပေါက်အနေဖြင့် အိမ်နီးနားချင်းလည်း ဖြစ်သော ၊ အဖက်ဖက်က တိုးတက်ပြောင်းလဲမှု များ လည်း ဖြစ်ထွန်းလျက်ရှိသော နိုင်ငံကြီးတစ်ခုနှင့် လမ်းကြောင်းဖွင့်ကာ အကျပ်အတည်းပေါင်းစုံကို ဖြတ်သန်းကျော်လွှားခဲ့ရပါသည်။ယခုဆိုလျှင် အနောက်အုပ်စုနိုင်ငံကြီးများ ကလည်း ယခင်ခေတ်ကာလက မပေးဖူးသော အခွင့်အရေး များ နှင့် အတူ ကယ်တင်ရှင်ကြီးများ သဖွယ် လှုပ်ရှားဆောင်ရွက်နေကြတာကိုလည်း တွေ့ ရှိနေရပါသည်။

မည် သို့ ပင်ဆိုစေ ယခုလိုအချိန်ကာလမျိုးမှာ မြန်မာနိုင်ငံတော် ၏ တိုးတက် ဖြစ်ထွန်းမှု အတွက် အချိန်ကောင်းအခါကောင်း ဖြစ်သည်နှင့် အညီ နိုင်ငံတော် မှာ ဦးဆောင်ဦးရွက်ပြုနေကြသော အစိုးရအဖွဲ့ခေါင်းဆောင်များ ၊ နိုင်ငံရေး ခေါင်းဆောင်များ ၊ တပ်မတော် ခေါင်းဆောင်များ နှင့် တိုင်းရင်းသားခေါင်းဆောင်များ ၊ ပညာရှင်ကြီးများ ၊ အသင်းအဖွဲ့ခေါင်းဆောင်များ သည်စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြမည် ဆိုလျှင် အာဆီယံအဖွဲ့အစည်းအတွင်းမှာ ထွန်းတောက်လာသည့်နိုင်ငံတော် ကြီး ဖြစ်လာမှာ မလွဲဧကန် ဖြစ်မည် ဟု ယုံကြည်မိပါသည်။ စိတ်ဝမ်းကွဲပြားပြီး သူတစ်မျိုး ငါတစ်ဖုံ လုပ်ဆောင်နေကြမည် ဆိုလျှင်တော့ နိုင်ငံတော် အတွက် ရင်လေးဖွယ်ရာပင် ဖြစ်မိပါသည်။

ယခုအချိန်ကာလမှာ နိုင်ငံတော် ကို ပဲ့ကိုင်ဦးဆောင်နေကြသည့် ပုဂ္ဂိုလ်များ အနေနှင့် လည်း နိုင်ငံတော် ၏ ရေရှည်ကျင့်သုံးဆောင်ရွက်ခဲ့သော ဆောင်ရွက်လျက်ရှိသော ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒကို စွဲမြဲစွာ ကိုင်စွဲလျက် အားလုံးသော မိတ်ဆွေနိုင်ငံများ နှင့် မိတ်ဝတ်မပျက် ဆက်ဆံကျင့်ကြံနေထိုင်ကြရမည့်  အချိန် ကာလလည်း ဖြစ်ပါသည်။ကျွန်တော် တို့နိုင်ငံအတွက် ယခုအချိန်ကာလသည် ဆင်းရဲတွင်းက လွတ်မြောက်ပြီး ပြည်သူအများ ၏ လူနေမှု ဘဝမြင့်မားတိုးတက် ဖြစ်ထွန်းအောင် ကြိုးပမ်းကြရမှာ ဖြစ်တာကြောင့် စီးပွားရေး ကဏ္ဍသည် အလွန်အရေး ပါလှပါသည်။ သဘာဝ က ပေးထားသည့် သယံဇာတပေါကြွယ်ဝမှု သည် တစ်နိုင်ငံလုံးအနှံ့ တည်ရှိနေတာကြောင့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှု သည်လည်း အလွန်အရေး ပါလှပါသည်။ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှု ရှိမှသာလျှင် တစ်နိုင်ငံလုံး၏ စီးပွားရေး တိုးတက် ဖြစ်ထွန်းမှု ကို ဖန်တီးနိုင်မှာ ဖြစ်တာကြောင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှု ဖြစ်ထွန်းရေး သည် မ ဖြစ်မနေ ကြိုးပမ်းကြရမှာ ဖြစ်ပါသည်။

ယခုအချိန်ကာလမှာ တစ်ယောက် နှင့် တစ်ယောက် တစ်ဖွဲ့နှင့် တစ်ဖွဲ့ တစ်အုပ်စုနှင့် တစ်အုပ်စု အပြစ်အနာအဆာများ ကိုလက်ညှိုးထိုးဖော်ထုတ်ပြီး ငါတို့သာလျှင် သူရဲကောင်းတွေ ၊ ငါတို့သာလျှင် ကယ်တင်ရှင်တွေ ၊ ငါတို့သာလျှင် လူစွမ်းကောင်းကြီးတွေ ဆိုတဲ့ အစွဲအလမ်းအယူအဆများ ကို စွန့်ပယ်ပြီး တူညီသော ရည်မှန်းချက်ဖြင့် နိုင်ငံတော် ကြီး တိုးတက် ဖြစ်ထွန်းရေး ကို ဦးတည်လျက် စေတနာမှန်ဖြင့် ဝိုင်းဝန်း ကြိုးပမ်းကြဖို့ လိုမည် ဟု ထင်မြင်မိပါသည်။နိုင်ငံတစ်ခုမှာ မည် သည့်အစိုးရ ဖြစ်စေ၊ တိုင်းပြည်တိုးတက် ဖြစ်ထွန်းမှု ကို ဦးတည်ခဲ့ကြတာချည်းပင် ဖြစ်ပါသည်။ အဲဒီ အစိုးရလက်ထက်မှာ ကောင်းတာတွေ လည်း ရှိသလို မကောင်းတာတွေ လည်း ရှိနိုင်ပါသည်။ မှန်တာတွေ ရှိသလို မှားတာတွေ လည်း ရှိနိုင်ပါသည်။ စေတနာဖြင့် မှားခြင်းကိုတော့ ခွင့်လွှတ်နိုင်ကြရမည် ဟု ထင်ပါသည်။ လူအမျိုးမျိုးရှိတာကြောင့် ရှုမြင်ပုံချင်း ကတော့ မတူညီကြပါ။ လူအများ စုအတွက် ကောင်းမွန်သည့် ဆောင်ရွက်ချက်သည် လူနည်းစုအတွက်တော့ ကောင်းချင်မှလည်း ကောင်းပေလိမ့်မည် ။ ရှုထောင့်အမျိုးမျိုးက အမြင်အမျိုးမျိုးရှိကြပေမဲ့ မြန်မာနိုင်ငံ၏ လူဦးရေ သန်းပေါင်း (၆ဝ)ခန့်အတွက်ကိုပဲ ကြည့်ကြရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် အခြားသော နိုင်ငံများ နှင့် ယှဉ်လျှင် စီးပွားရေး ဖြစ်ထွန်းမှု မှာ အလွန်နောက်ကျနေတာကြောင့် ဒီမိုကရေစီ ဖြစ်ထွန်းမှု ၊ ဒီမိုကရေစီကြိုးပမ်းမှု မှာ ဖွံ့ဖြိုးလျက်ရှိကြသော နိုင်ငံကြီးများ ကဲ့သို့ တစ်ပုံစံတည်း ဖြစ်အောင် လုပ်ယူ၍ မရနိုင်ပါ။ အနောက်နိုင်ငံကြီးများ ၏ ပုံစံကိုယူ၍ တစ်ပုံစံတည်း ဖြစ်အောင် လုပ်ကြမည် ဆိုလျှင်လည်း တိုင်းပြည်အတွက်အခက်အခဲအကျပ်အတည်းများ နှင့် ရင်ဆိုင်ရဖွယ် မလွဲမသွေ ဖြစ်လာပေလိမ့်မည် ။ ဒါကြောင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်မှာ လျင်မြန်သော အရှိန်အဟုန်ဖြင့် မ ဖြစ်စေဘဲ ရည်မှန်းချက်တစ်ခုပြီးတစ်ခု စနစ်တကျ ကူးပြောင်းလျှောက်လှမ်းကြရမှာ ဖြစ်ပါသည်။

ဤစာအုပ်ကို ဖတ်ရှုသူများ အနေနှင့် ယနေ့ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု ကို ရှုမြင်ပြီး ကျွန်တော် ၏ ထင်မြင်ယူဆချက်များ ကို ဖော်ပြခြင်း ဖြစ်ပါသည်။ ကျွန်တော် ၏ ထင်မြင်ယူဆချက်၊ အကြံပြုချက်များ ကို မှားယွင်းသည်ဟု ထင်မြင်မိပါကလည်း ကျွန်တော့် ကို ခွင့်လွှတ်ပါလို့ တောင်းပန်အပ်ပါသည်။

ဒီကနေ့ ဖြစ်ထွန်းလျက်ရှိသည့် ဒီမိုကရေစီစနစ်ကြီးသည်လည်း ယခင် တပ်မတော် အစိုးရလက်ထက်က နိုင်ငံတော် ၏ အနာဂတ် ရေရှည်အကျိုးစီးပွားကို မျှော်မှန်းလျက် ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေး အတွက် ပုံဖော်ပေးခဲ့သည့် (Road Map)လို့ ခေါ်သော အဆင့် (၇) ဆင့်ပါ ခေတ်ပြောင်း၊ စနစ်ပြောင်းအခြေအနေကို ပုံဖော်ဆောင်ရွက်ပေးခဲ့မှု ကြောင့် ပေါ်ထွန်းလာခဲ့သည်ကို မည် သူမှ ငြင်းလို့မရနိုင်ပါ။ ဤကဲ့သို့ သော တပ်မတော် အစိုးရ၏ ကောင်းမွန်သော ဆောင်ရွက်ပေးခဲ့မှု ကိုတော့အသိအမှတ် ပြုသင့်ပါသည်။

ယနေ့ကမ္ဘာကြီးမှာ ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်တွင် တချို့သော ဖြစ်ရပ်အကြောင်းအရာများ သည် အလွန်အံ့သြဖွယ် ကောင်းလှပေသည်။ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းနေသည်ဟု ဆိုရလောက်သော နိုင်ငံကြီးတစ်နိုင်ငံကပင် ¤င်းတို့ထိပ်တန်းခေါင်းဆောင်အချင်းချင်း အလွန်ရင်းနှီးစွာ ဆက်ဆံလုပ်ကိုင်နေကြငြားသော်လည်း ထိုရင်းနှီးသော ခေါင်းဆောင်များ ၏ အတွင်းရေး များ ကို လျှို့ဝှက်စွာ ထောက်လှမ်းမှု ပြုလုပ်နေသည်ဆိုသည့် သတင်းများ ကို ကြားရသည့်အခါ အလွန်တုန်လှုပ်ဖွယ် ဖြစ်ပါသည်။ နိုင်ငံရေး ၊ စီးပွားရေး နှင့် လူမှု ရေး ကအစ ဘက်ပေါင်းစုံမှာ ပူးပေါင်းလုပ်ကိုင်နေကြသည့် ခေါင်းဆောင်ကြီးများ အပေါ်ကိုပင် လျှို့ဝှက်စွာ ထောက်လှမ်း မှု ပြုနေသည့်သတင်းများ သည် မိမိတို့ မြန်မာနိုင်ငံအတွက် သင်ခန်းစွာ ရယူဖွယ်၊သတိပြုဖွယ်များ ပင် ဖြစ်ပါသည်။ အဆိုပါ အနောက်နိုင်ငံကြီးအချို့၏ မြန်မာနိုင်ငံအပေါ် မည် သည့်ရည်ရွယ်ချက် မည် သည့်ရေရှည်မျှော်မှန်းချက်များ ဖြင့် ပြည်တွင်းရေး မှာ ဝင်ရောက်ဆောင်ရွက်နေကြသည်ဆိုသည်ကို သံသယစိတ်ဖြင့် ဂရုထားကြရမည့် အချိန်ကာလဟု ထင်မြင်မိပါသည်။ မြန်မာနိုင်ငံ၏ ဝင်ပေါက်တံခါးမကြီးများ ကို အဆီးအတားမရှိ ဖွင့်လှစ်ပေးလိုက် သည့်အချိန်ကာလမှာ နိုင်ငံတော် ၏ လုံခြုံရေး ၊ ပြည်သူအများ ၏ လုံခြုံရေး သည် ပြည်သူအားလုံးမှာ တာဝန်ရှိသည်ဟု ခံယူကာတူညီသော သဘောထားများ ဖြင့် သတိကြီးစွာ ထား ဆောင်ရွက်သင့်လှ ပေသည်။ တစ်ဖက်က နိုင်ငံတော် ၏ တိုးတက်ရေး ကိုဆောင်ရွက်နေကြသလို တစ်ဖက်ကလည်း နိုင်ငံတော် နှင့် ပြည်သူအများ ၏ လုံခြုံရေး ကိုပါ လျစ်လျူရှုမထားဘဲ အလေးထားဆောင်ရွက်သင့် လှပေသည်။

ယနေ့ထုတ်ဝေသည့် စာအုပ်အကြောင်း ကျွန်တော် နည်းနည်း ပြောချင်ပါသည်။ ဤစာအုပ်ပါ အကြောင်းအရာများ သည်လျှပ်တစ်ပြက်သတင်းဂျာနယ်အယ်ဒီတာချုပ် ကိုမြတ်ခိုင်က ကျွန်တော့် ကို လာရောက်တွေ့ ဆုံပြီး ¤င်းသိလိုသည်များ ကို မေးမြန်းချက်များ နှင့် ကျွန်တော် ၏ သဘောထားခံယူချက်များ ကို အရှိအတိုင်း ရိုးသားဖြောင့်မတ်စွာ ဖြင့် ဖြစ်စဉ် ဖြစ်ရပ် အမှန်အတိုင်း ပြောကြားချက်များ ၊ ဖြေကြားချက်များ ဖြစ်ပါသည်။ ကိုယ်ရည်သွေးပြောကြားချက်များ မဟုတ်ဘဲ သမိုင်း ဖြစ်ရပ်အမှန်ကျန်ရစ်စေရန် ရည်ရွယ်မှု ဖြင့် ဖြေကြားချက်၊ ပြောကြားချက်များ ကို ကိုမြတ်ခိုင်ကလည်း ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန်ဖော်ပြချက်များ ဖြစ်ပါသည်။ ကျွန်တော် အနေနှင့် လည်း ကိုမြတ်ခိုင်အပေါ် လေးစားယုံကြည်မှု ဖြင့် တွေ့ ဆုံဖြေကြားမှု များ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော် နိုင်ငံရေး မလုပ်ဘူးဆိုတာလည်း အမှန်ပင် ဖြစ်ပါသည်။

ဤစာအုပ်ပါ 'အင်တာနက်စာမျက်နှာပေါ်မှာ နာမည် ကြီးနေသော ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့် မိန့်ခွန်း'ဆိုသည့်အကြောင်းအရာ ကတော့ ကျွန်တော် ကိုမြတ်ခိုင်နှင့် တွေ့ ဆုံဆွေးနွေးပြောကြားခဲ့သည့် အကြောင်းအရာများ မဟုတ်ပါ။ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် အရာရှိကြီးများ အုပ်ချုပ်မှု မွမ်းမံသင်တန်း အမှတ်စဉ်(၃/၉၃) တွင် (၃ဝ-၁၁-၁၉၉၃) ရက်နေ့က ဟောပြောပို့ချချက်များ ကို ပြန်လည်ဖော်ပြထား ခြင်း ဖြစ်ပါသည်။ ဤဟောပြောပို့ချချက်များ သည် ထိပ်တန်းလျှို့ဝှက်ဖြင့် ထိန်းသိမ်းထားရသည့်စာတမ်း ဖြစ်ပါသည်။ ဤကဲ့သို့ သော ဟောပြောပို့ချချက်စာတမ်းသည် အင်တာနက်စာမျက်နှာပေါ်သို့ မည် သို့ မည် ပုံရောက်လာသည်တော့ ကျွန်တော် မပြောတတ်တော့ပါ။ ကိုမြတ်ခိုင်လာပြတော့မှပဲ သိရပါတော့သည်။ဒါလည်း အင်တာနက်ပေါ်ရောက်နေပြီဆိုတာနဲ့ လျှို့ဝှက်ထားဖို့မလိုတော့တာကြောင့် ဤစာအုပ်တွင် ဖော်ပြပေးလိုက် ခြင်း ဖြစ်ပါသည်။ ဤစာအုပ်ပါအကြောင်းအရာများ မှာ နိုင်ငံတော် အစိုးရ၏ ဖြစ်စဉ် ဖြစ်ရပ်အမှန်များ နှင့် ရှေ့ဆက်အကောင်အထည်ဖော်မည့်  နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှု ရေး အကြောင်းအရာများ ကို အရာရှိကြီးများ သိရှိစေရန် ဟောပြောခြင်း ဖြစ်တာကြောင့် စကားအသုံးအနှုန်းများ မှာ ကြမ်းတမ်းခြင်း၊ ရင့်သီးခြင်း၊ ရိုင်းပျခြင်းများ ပါဝင်နေသည်ဟု ထင်မြင်ပါသည်။ အချိန်အခါ အခြေအနေအပေါ် ရပ်တည်ပြောကြားခဲ့ရခြင်း ဖြစ်တာကြောင့် အချို့အသုံးအနှုန်းများ မှာ ရင့်သီးခြင်း၊ မာကျောခြင်းများ ပါဝင်ခဲ့သည်ကို ဝန်ခံပါသည်။ ကျွန်တော် ၏ ဟောပြောသုံးနှုန်းမှု များ တွင် အချို့သော ရင့်သီးမာကျောခြင်း၊ ကြမ်းတမ်းခြင်း၊ ရိုင်းပျခြင်းများ ကိုနားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။

စာရှုသူအားလုံး ကျန်းမာချမ်းသာပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ၊ စိတ်တူ ကိုယ်တူ ညီညွတ်စွာ ဖြင့် နိုင်ငံတော် ၏ အကျိုးတိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွား အတွက် ဦးတည်ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါသည်။

အားလုံးကို လေးစားစွာ ဖြင့်

Cover

(ဦးခင်ညွန့်)

ထောက်လှမ်းရေး များ ကို အရေး ယူခြင်းကိစ္စ စိတ်ဝမ်းကွဲပြား၍ မဟုတ်ဟုဆို

ဗိုလ်ချုပ်ကြီးခင်ညွန့်။    ။ ကျွန်တော် တို့ အရင်တုန်းက တပ်မတော် ထဲမှာ စိတ်ဝမ်းကွဲပြားတာ လုံးဝမရှိဘူးဗျ။ ကျွန်တော့် ကို အရေး ယူလိုက်တာမှာ လည်း စိတ်ဝမ်းကွဲလို့ အရေး ယူလိုက်တာ မဟုတ်ဘူးဗျ။ သံသယစိတ်နဲ့ အရေး ယူတာပဲ ဖြစ်ချင် ဖြစ်မှာ ပေါ့ဗျာ။ ကျွန်တော့် တပည့်တွေ ရဲ့ တချို့ဟာတွေ က လုပ်တာကိုင်တာ အမှားအယွင်းတွေ ကြောင့် လည်း ဖြစ်မှာ ပေါ့ဗျာ။ဒါပေမဲ့ ကျွန်တော် က အာဃာတ မရှိပါဘူး။ ကျွန်တော့် တပည့်တွေ မှားတာယွင်းတာလည်း ရှိမယ်။ ရှိတဲ့အတွက်လည်း ခေါင်းဆောင်ဆိုတာ ကတော့ ခံရမှာ ပဲဗျ။ တာဝန်ယူရမှာ ပဲ။ ကျွန်တော် အပြစ် မဆိုပါဘူး။ ကျွန်တော် က ကျွန်တော့် တပည့်တွေ ရဲ့ ခေါင်းဆောင် ဖြစ်နေတာကိုးဗျ။ တပည့်တွေ ကလုပ်လို့ ဆရာလည်း ဒီလိုပဲ တာဝန်ရှိတာပေါ့ဗျ။ တာဝန်ရှိတယ်ဆိုတဲ့ အနေနဲ့ကျွန်တော့် ကိုအရေး ယူတဲ့အတွက် ကျွန်တော် ခံသာပါတယ်ဗျာ။ ကျွန်တော့်  စိတ်ထဲမှာ ဘယ်လိုမှမရှိဘူး။ ဒါ ကျွန်တော့် သဘောထား။ ကျွန်တော့် စိတ်နေစိတ်ထား။

မြတ်ခိုင် ။    ။ သူတို့ကို ဒီနှစ် မကုန်ခင် ပြန်လွှတ်မယ်လို့ထင်သလား။

ဗိုလ်ချုပ်ကြီးခင်ညွန့် ။    ။ ဒါတော့ မသိဘူးဗျာ။

မြတ်ခိုင် ။    ။ ဒီနှစ် မကုန်ခင် နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်မယ်လို့ ပြောတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့် ။    ။ ဒါ ကတော့ သူတို့ဆုံးဖြတ်ချက်ပေါ့ဗျာ။ ကျွန်တော် တို့ ကတော့ ဒီလိုပဲစောင့်နေမှာ ပေါ့။ မိသားစုတွေ ကလည်း စောင့်နေကြတာပဲ။ ဘယ်တော့များ လွတ်မှာ လည်း စောင့်နေကြတာပေါ့ဗျာ။ ဒုက္ခဆင်းရဲရောက်တာလည်း ကြာပြီဗျ။ ယောက်ျားတွေ ထောင်ထဲရောက်နေတော့ မိန်းမတွေ ပဲ ရုန်းကန်နေရတာ ပေါ့။ တချို့ကျတော့လည်း မလုပ်တတ်မကိုင်တတ်နဲ့ ဒုက္ခရောက်နေတာ အများ ကြီး။ နေနိုင်စားနိုင်တာမျိုးက နည်းပါတယ်။ ကျန်တာက ရုန်းကန်ရတာ ။ သူတို့ (ဗိုလ်မှူးကြီးစန်းပွင့်ကို òန်ပြလျက်) ထောင်မှ လွတ်မြောက်လာတဲ့အခါမှာ ရုန်းကန်နေရတာ ပဲဗျ။ ကျွန်တော့် ထောက်လှမ်းရေး က စီးပွား ဖြစ်နေတဲ့သူတွေ တစ်ယောက် မှမရှိဘူး။ အိမ်ပိုင် ခြံပိုင်မြေပိုင် တစ်ယောက် မှမရှိဘူး။ စွပ်သာစွပ်စွဲနေတာလေ။ တစ်ယောက် မှ မရှိဘူးဗျာ။ သူတို့သွားပြီးတော့ လုပ်ခဲ့ကိုင်ခဲ့တဲ့သူတွေ ဆိုရင် ရုန်းကန်နေကြရတာ ပဲဗျ။ တချို့ဆိုရင်လည်း ကုမ္ပဏီမှာ သွားပြီးတော့ လုပ်နေကြရတာ ပဲ။

မြတ်ခိုင် ။ ။ တော် တော် များများ ကတော့ ကုမ္ပဏီမှာ သွားလုပ်တာ တွေ့ တယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့်။ ။ မလုပ်လို့မရဘူးလေ။ မိသားစုစားဝတ်နေရေး ကိုးဗျ။ ကုမ္ပဏီတွေ ကလည်း ယခင်တုန်းကဆက်ဆံဖူးတယ်ဆိုတော့ ဒီကောင်လေးတော့ တော် တယ်ပေါ့လေ။ တို့ကုမ္ပဏီအတွက် အထောက်အကူရမှာ ပဲဆိုပြီး ခေါ်ပြီးတာဝန်ပေးတာပေါ့ဗျာ။ ဒါတော့ လုပ်ရမှာ ပဲဗျာ။ မိသားစုစားဝတ်နေရေး ကိုး။ မလုပ်ရင် ငတ်သွားမှာ ပေါ့ဗျာ။

မြတ်ခိုင် ။    ။ ဗိုလ်မှူးကြီးကော ဘယ်လောက်နေခဲ့ရသလဲ။

ဗိုလ်မှူးကြီးစန်းပွင့် ။    ။ ဗိုလ်ချုပ်ကြီးနဲ့အတူတူပဲ။ ခုနစ်နှစ် ။

မြတ်ခိုင် ။    ။ ဘယ်ကလွတ်သလဲ။

ဗိုလ်မှူးကြီးစန်းပွင့် ။    ။ သရက်။

မြတ်ခိုင် ။    ။ သရက်မှာ တစ်ယောက် ကျန်သေးလား။

ဗိုလ်မှူးကြီးစန်းပွင့် ။    ။ သရက်မှာ မရှိတော့ဘူး။ ကုန်သွားပြီ။

ဗိုလ်ချုပ်ကြီးခင်ညွန့် ။    ။ သူက ရွှေ့လိုက်ပြီဗျ။

ဗိုလ်မှူးကြီးစန်းပွင့် ။    ။ အရင်က သရက်မှာ ကိုတင်ထွဋ်ရှိတယ်။ သူက နည်းနည်း စောတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့် ။    ။ သူတို့မိသားစုတွေ လည်း ကျွန်တော့် ဆီ လာကြတယ်လေ။ ငါလည်း မတတ်နိုင်တော့ဘူးကွာလို့။ ငါတော့ ပြောတော့ပြောပေးတာပဲ။ မတတ်နိုင်ဘူးကွာလို့။ ငိုချင်လည်း ငိုကြကွာလို့။ ကံတရားပဲလို့။ မင်းတို့ ဘုရားတရားကိုပဲ တရားနဲ့ဖြေလို့။ ဒီလိုပဲ ကလေးတွေ ကို ပြောရတာ ပေါ့ဗျာ။ ကိုယ်မှ မတတ်နိုင်ဘဲကိုးဗျ။

(ဦးခင်ညွန့်၊ ဦးစန်းပွင့်တို့ပြောကြားချက်မှ)
လျှပ်တစ်ပြက်
အတွဲ (၄)အမှတ်(၄၉)

(၂)

ABSDF (မြောက်ပိုင်း) သတ်ဖြတ်မှု ကိစ္စထောက်လှမ်းရေး ပါဝင်ခြင်းမရှိဟုဆို

ဗိုလ်ချုပ်ကြီးခင်ညွန့် ။    ။ ကချင်ပြည်နယ်မှာ ကျောင်းသားတွေ အသတ်ခံရတာ ကို ခင်ဗျားကြည့်ပါလား။ထောက်လှမ်းရေး သူလျှိုတွေ ဆိုပြီး အကုန်သတ်ပစ်လိုက်တာလေ။ အဲဒါကျတော့ ခင်ဗျားတို့ အပြစ်မပြောဘူးလား။

မြတ်ခိုင် ။    ။ အခုတော့ အဲဒါပြောနေကြပြီလေ။

ဗိုလ်ချုပ်ကြီးခင်ညွန့် ။    ။ ထောက်လှမ်းရေး သူလျှိုဆိုတာနဲ့ သတ်ကောလားဗျာ။ ကျွန်တော် ကကော ဘယ်လိုလုပ်သူလျှိုလုပ်မှာ လဲ။ သူတို့အချင်းချင်း ကျောင်းသားတွေ ပဲဗျာ။ မဟုတ်ဘူးလား။ အဲဒါတွေ ဘက်စုံစဉ်းစားကြည့်ပေါ့ဗျာ။ ဘက်စုံစဉ်းစား ကြည့်ရင် ဒါဟုတ်သလား၊ မဟုတ်ဘူးလား။ ဖြစ်နိုင်ချေ ရှိလား မရှိလား ဦးနှောက်ရှိရင် တွေးခေါ်မြော်မြင်လိုက်။

မြတ်ခိုင် ။    ။ အဲဒီ မြောက်ပိုင်း ABSDF မှာ တော့ လှမ်းက ဝင်ထားတာ မရှိဘူးပေါ့။

ဗိုလ်ချုပ်ကြီးခင်ညွန့် ။    ။ လှမ်းက ဘာလို့ဝင်မှာ လဲဗျာ။ ကျွန်တော် တို့က အဲဒီ လို ယုတ်ညံ့တဲ့အတွေးအခေါ်မျိုး မလုပ်ဘူးဗျ။ မရှိပါဘူး။ သူ့ဟာသူ ကျောင်းသားတွေ သွားတာပဲ။ တချို့ကျောင်းသားတွေ ဆိုရင် တောထဲမှာ ဟောဟိုက သံအမတ်ကြီးအသိဆုံးပါ။ မနေချင်လို့ ထွက်ပြေးလို့မရတဲ့သူတွေ အများ ကြီးပဲ။ ဘုန်းကြီးသုံးပါးတောင် ကလေးတွေ ပြန်ခေါ်ဖို့သွားရင်းနဲ့မှစခန်းရောက်တော့ ဘုန်းကြီးတွေ ပါ ထွက်လို့မရဘူး။ ဘုန်းကြီးတွေ ပါ ကျောင်းသားတွေ နဲ့အတူတူ။ နောက်တော့ ဘုန်းကြီးတွေ က ထွက်ပြေးလာပြီး သံရုံးရောက်လာပြီးတော့မှ သံရုံးကနေ ရန်ကုန်ကိုပြန်ပို့လိုက်တာ။ အဲဒီ လိုမျိုးတွေ ပေါ့ဗျာ။ ဒီလိုပဲကျောင်းသားတွေ ၊ လူငယ်တွေ က မနေချင်ဘဲနဲ့ နေရင်းနေရင်းနဲ့ ဘယ်လိုမှပြန်လို့မရတော့ဘူး။ ဒီလို ဖြစ်တာတွေ အများ ကြီးရှိတာပေါ့ဗျာ။ တချို့က ပြန်ချင်တာပေါ့ဗျာ။ ပြန်ချင်လို့ တစ်ခုခုကြံစည်တာ ဖြစ်မှာ ပေါ့ဗျာ။ အဲဒါကို သူလျှိုဆိုပြီး စွပ်စွဲတာ ဖြစ်မှာ ပေါ့ဗျာ။ မဟုတ်ဘူးလား။ သူတို့မှာ နေမှမနေချင်ဘဲကိုး။ ပြန်ချင်တဲ့စိတ်ရှိမှာ ပေါ့ဗျ။ တောထဲမှာ လက်နက်ကိုင် အဖွဲ့အစည်းဆိုတာ ရေရှည်ဘယ်နေနိုင်မှာ လဲဗျာ။ အထောက်အပံ့ရနေရင်တော့ စီးပွား ဖြစ်နေရင်တော့ နေမှာ ပေါ့ဗျာ။ အထောက်အပံ့မရဘဲ၊ စီးပွားမ ဖြစ်ဘဲနဲ့ ကတော့ ရေရှည်ဘယ်နေနိုင်မှာ လဲဗျ။ ယခင်တုန်းက နယ်စပ်မှာ ဆိုရင် သူတို့အထောက်အပံ့တွေ အများ ကြီး ပေးနေတာ ကျွန်တော် တို့သိတာပဲ။ ဘယ်အဖွဲ့အစည်းက ပေးနေလည်းဆိုတာ ကျွန်တော် တို့ သိတယ်။ အဲဒီ အဖွဲ့အစည်းတွေ ကလည်း တချို့ဆိုရင် ဒီတောင်ရောက်နေပြီ။ မြန်မာနိုင်ငံထဲတောင် ရောက်နေကြပြီ။ ဒါပေမဲ့ ခေတ်ကာလ ပြောင်းသွားပြီလေ။ စနစ်လည်း ပြောင်းသွား ပြီဆိုတော့ သူတို့အခြေအနေနဲ့သူ ပြောင်းသွား ပြီဆိုတော့ သူတို့ဝင်လာကြပြီပေါ့။ ဒါကဒီလိုပဲ ဖြစ်မှာ ပဲလေ။ စနစ်လည်း ပြောင်းသွား ပြီ။ ခေတ်ကာလလည်း ပြောင်းသွား ပြီ။ အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝင်လာတယ်ဆိုတာ ကောင်းတဲ့နိမိတ်ပါ။ အားလုံးက တစ်ပေါင်းတစ်စည်းလုပ်ရမှာ ဗျ။ စိတ်တူကိုယ်တူ အားလုံး တစ်ယောက် နဲ့ တစ်ယောက် က အာဃာတတွေ မရှိကြနဲ့။ ပေါင်းစည်းပြီးတော့မှ တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းလုပ်ရမယ်။ ပြည်သူတွေ ရဲ့ လူနေမှု ဘဝမြင့်မားအောင် ဝိုင်းလုပ်ကြမယ် ဆိုတဲ့စိတ်ထားမျိုးနဲ့၊ စေတနာအမှန် လုပ်ကြရင်တော့ကောင်းတာပေါ့ဗျာ။

(ဦးခင်ညွန့်၏ ပြောကြားချက်မှ)
လျှပ်တစ်ပြက်
အတွဲ (၄)အမှတ်(၄၉)

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေမှဦးနေဝင်း၊ ဦးခင်ညွန့်တို့ကိုဖမ်းဆီးခဲ့ခြင်းရှိမရှိဦးခင်ညွန့်သဘောထား

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ၏ ပြောကြားချက်အချို့ သတင်းမီဒီယာများ တွင် ဖော်ပြပါရှိနေခြင်းနှင့် ပတ်သက်၍ ဦးခင်ညွန့်၏ သဘောထားကို မေးမြန်းရာ -

မြတ်ခိုင် ။    ။ အခုတလော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောနေတဲ့အထဲမှာ ဗိုလ်ချုပ်ကြီးကို ဖမ်းတာတို့၊ဦးနေဝင်းတို့ကို ဖမ်းတာတို့ သူပါတာမဟုတ်ဘူးလို့ ပြောနေတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့် ။    ။ ဒါတော့ မသိဘူးပေါ့ဗျာ။ အင်းပေါ့ . . . သူပဲသိမှာ ပေါ့ဗျာ။

မြတ်ခိုင် ။    ။ ဗိုလ်ချုပ်ကြီးက ကာယကံရှင် ဖြစ်တဲ့အတွက် သူပါတယ်။ သူမပါဘူး ဆိုတာပေါ့။

ဗိုလ်ချုပ်ကြီးခင်ညွန့် ။    ။ အဲဒါတော့ မသိဘူးဗျာ။ ကာယကံရှင်အသိဆုံးပဲ။

မြတ်ခိုင် ။    ။ ရန်ကုန်လွှတ်တော် မှာ ဦးရွှေမန်းနဲ့တွေ့ တော့ သူက အဲဒါလေးထည့်ပြောတယ်လို့ ဂျာနယ်ထဲမှာ ပါတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့် ။    ။ သူတို့ကာယကံရှင် အသိဆုံးပေါ့ဗျာ။ ကျွန်တော် ကတော့ ဘယ်သူရယ်လို့ ဘာညာ ဘာမှမရှိတော့ပါဘူးဗျာ။ သူ့အခြေအနေ သူ့အချိန်အခါနဲ့ ဖြစ်ခဲ့တာပေါ့ဗျာ။ ဒါတွေ လည်း ကျွန်တော် ပြန်မစဉ်းစားတော့ဘူးလေ။ဘာမှလည်း အာဃာတစိတ်လည်း မရှိဘူး။ အေးချမ်းတဲ့ဘဝလေး ထူထောင်ထားတာကိုပဲ ဝမ်းသာနေတယ်။ ပီတိ ဖြစ်နေတယ်။ ဒါလေးနဲ့ပဲ ဟန်ကျနေတယ်။ အဆင်ပြေနေတယ်။ ဘုရားတရားအလုပ်လုပ်တယ်။ ဘာသာရေး လုပ်တယ်။ နောက်လူမှု ရေး လေးတွေ လုပ်တယ်။ တချို့အိမ်တွေ က ဘုရားမရှိဘူးဗျ။ ဘုရားကားလေးတွေ ချိတ်ထားတာလေးတွေ အတွက် လှူဖို့အတွက် အခု ဘုရားတွေ ကျွန်တော် စုနေတယ်။ ဒါက အခု စိတ်အေးချမ်းတယ်ဗျာ။ ကိုမြတ်ခိုင် အခု ကျွန်တော် နေရထိုင်ရတယ်သိပ်အေးချမ်းတယ်။

လျှပ်တစ်ပြက်
အတွဲ (၄)အမှတ်(၄၉)

ဒီပဲယင်းကိစ္စထောက်လှမ်းရေး မသိပါဟုဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်ပြောကြား

မျက်မှန်ကြီးတုန်းကလည်း ဒီလိုပါပဲ။ ကျွန်တော် တို့ ကတော့ ဟိုသင်းပေါ့ဗျာ . . . ရှေ့ကနေ အကုန်လုံးလုပ်ပေးရတယ်။ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ခိုင်းတာတော့ အကုန်လုပ်ရတယ်ပေါ့လေ။ အမှန်ဆိုရင်တော့ မြန်မာဘုရင် လက်ထက်တုန်းကဆိုရင်တော့ ပါးကွက်အာဏာသားပေါ့ဗျာ (ရယ်လျက်)။

ဗိုလ်ချုပ်ကြီး ကြိုသိလား။ ဗိုလ်ချုပ်ကြီးတို့ကို ဒီလို ထောက်လှမ်းရေး ကို ရှင်းဖို့ဆိုတာ ကြိုသိလား။

ကျွန်တော် မသိဘူးဗျ။ မသိဘူးဆိုတာက ဒီလောက်လည်း လုပ်လိမ့်မယ်လို့ မထင်ဘူး။ ဒါပေမဲ့ ကျွန်တော့် တပည့်တွေ ကတော့ ရိပ်ဖမ်းသံဖမ်းတော့ ပြောတယ်။ ကျွန်တော် က မယုံဘူး။ ဟေ့ကောင်တွေ ကွာ ငါ့ကို မဟုတ်တာတွေ လာမပြောနဲ့ကွာလို့။ တိတိကျကျသိရလို့တော့ မဟုတ်ဘူး။ အရိပ်အကဲပေါ့လေ။ လုပ်လိမ့်မယ်ထင်တယ် . . . ကျွန်တော် တို့ကို သံသယတွေ ရှိတယ်တဲ့။ ဟေ့ကောင် တွေ . . . ငါ့လာမပြောနဲ့ကွာလို့။ တို့က ဒီအချိန်မျိုးမှာ ဒါမျိုးလုပ်မှာ မဟုတ်ပါဘူးကွာလို့။ ကျွန်တော် အဲဒီ အတိုင်း ဒီကောင်တွေ ကို ငေါက်လွှတ်တာ။ ကျွန်တော် က မယုံဘူးလေ။

သူတို့က ရီပို့တင်တာလား။

ရီပို့မတင်ဘူး။ သူတို့က နှုတ်နဲ့ လာ . . . လာပြောတယ်။ ဒါလည်း ရီပို့တင်လို့က မကောင်းဘူးလေ။ စာနဲ့ရေး လို့ မ ဖြစ်ဘူး။နှုတ်နဲ့ပဲပြောတာ ကျွန်တော် က ငေါက်ပစ်တာ။ ဟေ့ကောင်တွေ . . . ငါတို့က ရဲဘော်ရဲဘက်တွေ ကွလို့။ ဒါမျိုး ဘယ်တော့မှမ ဖြစ်ဘူးကွလို့။ ဒါမျိုး ငါ့မတင်နဲ့လို့။ ငါ မကြိုက်ဘူးကွလို့။ ဘာ ဖြစ်လို့လဲဆိုတော့ တို့စိတ်ဝမ်းကွဲအောင် ဖန်တီးတာမျိုး ဖြစ်နိုင်တယ်ကွလို့။

ဒီကို ခေါ်မလာခင်တုန်းကပေါ့။

ပထမဦးဆုံး စစ်ကိုင်းသွားတာဗျ။ စစ်ကိုင်းမှာ ဆရာတော် ကြီး ဥူးဉာဏိဿရက ဒကာကြီး လာပါဦး၊ ဆွမ်းဦးပုညရှင် ဘုရားကို ဘက်စုံပြုပြင်ဖို့အတွက်ကို ဒကာကြီး လာကြည့်ပေးပါဦးတဲ့။ စီမံဆောင်ရွက်ပေးပါဦးဆိုတာနဲ့ ကျွန်တော် ပထမဦးဆုံးစစ်ကိုင်းကို သွားလိုက်တယ်။ စစ်ကိုင်းမှာ ဆွမ်းဦးပုညရှင်ဘုရား ဘက်စုံပြုပြင်မွမ်းမံဖို့ အစီအစဉ်လုပ်တာပေါ့။ ဆရာတော် ကြီးလည်း လျှောက်ထားတယ်။ ဆရာတော် ကြီးကို တပည့်တော် ဒီလိုလုပ်မယ်၊ ဆရာတော် ကြီးဆန္ဒက ဘယ်လိုလဲပေါ့။ဆရာတော် ကြီးက ဒီလိုလုပ်ချင်တယ် . . . သူ့ဆန္ဒနဲ့အညီပေါ့ဗျာ . . . ဒါတွေ ကျွန်တော် စီစဉ်ခဲ့ပါတယ်။ အဲဒီ တုန်းက တိုင်းမှူးကတော့ ဦးသာအေးပေါ့။ အဲဒီ က နေပြည်တော် ကိုရောက်တယ်။ နေပြည်တော် မဝင်ခင်မှာ ကျွန်တော် ဘယ်နေရာတွေ ဝင်သေးသလဲဆိုရင် ပျော်ဘွယ်ရယ်၊ ရမည်းသင်းရယ်ဝင်တယ်။ နေပြည်တော် မှာ တော့ အဲဒီ တုန်း ကတော့ စပြီးတည်ဆောက်နေဆဲကာလပေါ့။ အဲဒီ မှာ ကျွန်တော် ဝင်တယ်။ အဲဒီ မှာ တစ်ညအိပ်ခဲ့တယ်။ ပထမတော့ ကျွန်တော် မန္တလေးကို သွားမလို့။ ရာသီဥတုက မကောင်းတဲ့အခါကျတော့ တောင်ငူကို သွားပါတဲ။့ တောင်ငူမှာ မြန်မာ့လေကြောင်းက ဆင်းပေးမယ်တဲ့။ ရဟတ်ယာဉ်နဲ့တောင်ငူကိုသွားတယ်။ တောင်ငူမှာ မြန်မာ့လေကြောင်းက လေယာဉ်ပျံပေါ်တက်ပြီးလိုက်ခဲ့တယ်။ ကျွန်တော့် စိတ်ထဲတော့ကျွန်တော် သံသယမရှိဘူး။ ကျွန်တော် သံသယကို မရှိဘူး။ လေဆိပ်ရောက်တဲ့အခါကျတော့လည်း ကျွန်တော် က ပုံမှန်ပေါ့ဗျာ။ အဲဒီ တုန်းက ကိုခင်အောင်ကြီးက လာကြိုတယ်လေ။ သိပ်များများ စားစားတော့ မဟုတ်ဘူးဗျ။ သံသယလည်း မ ဖြစ်ဘူးဗျ။ ကျွန်တော့်  ရုံးခန်းရောက်တယ်။ ကျွန်တော့် ရုံးခန်းဝင်ပြီးတော့ တင်ပြမယ့်ဟာတွေ အစီအစဉ်လုပ်တယ်။ အခု ခရီးစဉ်မှာ လုပ်ခဲ့တာတွေ ပေါ့။ ဒါတွေ ကို တင်ပြမယ်ဆိုပြီးတော့ ပုံတွေ ပါ အစပေါ့ . . . ဒါတွေ နဲ့ အကုန်ပြင်ဆင်တယ်။ အဲဒီ လို ပြင်ဆင်နေတုန်းမှာ ပဲ ဗိုလ်ချုပ်ကြီး မောင်အေးကနေ ဗိုလ်ချုပ် ခင်ညွန့်တဲ့ . . . ကျွန်တော့် အခန်းလာပါဦးဆိုတာနဲ့ သြော် . . . ကျွန်တော် ကတော့သူတို့သိချင်တာတွေ မေးမယ်လို့များ ပေါ့။ ကျွန်တော် လာမယ်ဆိုပြီးတော့ ကျွန်တော် တင်ပြဖို့ဟာတွေ ပါ ယူသွားတယ်။ သူ့အခန်းရောက်တော့ အဲဒီ မှာ ထူးဆန်းနေတယ်။ ကိုရွှေမန်းရယ်၊ ကိုသိန်းစိန်ရယ်၊ ဗိုလ်ချုပ်ကြီးမောင်အေးရယ် . . . နောက်ပြီးတော့ ကိုစိုးဝင်းရယ် . . . သူတို့တစ်တွေ ရောက်နေတယ်။ ရောက်ရောက်ချင်း သိပ်တောင်မကြာလိုက်ဘူး ဗိုလ်ချုပ်ခင်ညွန့် . . .ခင်ဗျား အိမ်ပြန်ပါတော့တဲ့၊ ကျွန်တော် တို့ ခင်ဗျားနဲ့ ပတ်သက်ပြီးတော့ မေးမြန်းတာတွေ လုပ်နေပါတယ်။ အိမ်ပြန်ပါ။ ဘယ်မှလည်း မ သွားပါနဲ့တဲ့။ တော် တော် ထူးဆန်းသွားတယ်။ ဘယ်လိုလဲပေါ့။ သြော် ငါ့ အရေး ယူမယ်ထင်တယ်ဆိုပြီး စိတ်ထဲကပေါ့။ကျွန်တော့် သားကိုလည်း ခေါ်ထားတယ်တဲ့။ ကျွန်တော့် သားက တပ်ရင်းမှူး။ ခင်ဗျားသားလည်း ကျွန်တော် တို့ ခေါ်ထားပါတယ်တဲ့။ အဲဒါနဲ့ ကျွန်တော် . . . အေးပေါ့ဗျာလို့၊ ဝမ်းသာပါတယ်လို့၊ အဲဒီ လိုပဲ ကျွန်တော် ပြုံးပြုံးလေးနဲ့ ဝမ်းသာပါတယ်ဗျာလို့။ အင်မတန်မှ ဝမ်းသာပါတယ်ဗျာလို့။ ကျွန်တော် တော့ ကျွန်တော့် အခန်း ခဏဝင်မယ်လို့။ ငါးမိနစ်လောက် ဝင်ပါတဲ့။ ကျွန်တော့် အိတ်တွေ ဘာတွေ ပေါ့ဗျာ . . . အကုန်သိမ်းကျုံးထည့်ပြီးတော့ပေါ့။ စခန်းမှူးက ကျွန်တော် နဲ့ ကပ်ပြီးပါလာတယ်လေ။ စခန်းမှူးက ဗိုလ်မှူးချုပ်ပေါ့။ ကျွန်တော့် ဘေး ကပ်ပါလာတယ်။ ငါ့ပစ္စည်းတွေ ငါသိမ်းမယ်လို့။ တခြား ဘာမှတော့ မယူပါဘူး။ စားပွဲပေါ်မှာ ကျွန်တော် သုံးစွဲနေတာလေးတွေ ပဲကောက်ထည့်ပြီး ကျွန်တော့် အိမ်ကို ပြန်လာခဲ့တာ။ စခန်းမှူးကလည်း ကျွန်တော့် ဘေးကပ်ထိုင်လိုက် လာတာ။ အဲဒီ အချိန်မှာ တရားခံ ဖြစ်သွားတာပေါ့ဗျာ (ရယ်လျက်)။

နေ့ချင်းညချင်းပဲပေါ့။

ချက်ချင်း ပဲ ... ချက်ချင်း ပဲ တရားခံ ဖြစ်သွားတာ။

အဲဒီ အချိန်မှာ အကျယ်ချုပ် စထားလိုက်တာလား။

အဲဒီ ကတည်းက စတယ်ပေါ့။ အဲဒီ မှာ စပြီးတော့ ကျွန်တော့် ဆီက လူတွေ လည်း ရုတ်လိုက်ပြီလေ။ ကျွန်တော့် လုံခြုံရေး ကအဲဒီ မှာ တပ်စိတ်တစ်စိတ် ရှိတာကိုး။ ကျွန်တော့် ထောက်လှမ်းရေး ကလေ။ သူတို့လည်း ရုတ်လိုက်တယ်။ ရုတ်လိုက်ပြီးတော့တပ်ကို ထည့်လိုက်တယ်။ ကျွန်တော့် ကို ခေါ်တဲ့နေ့မှာ ပဲ ကျွန်တော့် လူတွေ မရှိ တော့ဘူး။

ဗိုလ်ချုပ်ကြီး စဖမ်းတာမဟုတ်ဘူးပေါ့။

ဖမ်းတဲ့သဘောပဲပေါ့ဗျာ။ စခန်းမှူးက ကျွန်တော့် ဘေးနား ကပ်ထိုင်လာတယ် ဆိုတာ ဖမ်းတဲ့သဘောပဲပေါ့။

ကြားထဲမှာ ဘာမှ စစ်တာ ဆေးတာမရှိဘူးလား။

ကျွန်တော့် ကို ဘာမှမစစ်ဘူး။ ဘာတစ်ခွန်းမှလည်း မမေးဘူး။ ဒီအတိုင်းပဲ ကျွန်တော့် ကိုထားတာပဲ။ နောက်တပည့်တွေ ဘက်ကို မေးတာပေါ့ဗျာ။ အင်းစိန်မှာ တရားရုံးဖွင့်တဲ့အခါကျတော့မှ ကျွန်တော့် ကိုခေါ်တယ်။

အဲဒါ ဘယ်လောက်အကြာမှာ လဲ။

အဲဒါဆိုရင် တစ်နှစ် နီးပါးရှိပြီပေါ့။ တစ်နှစ် လောက်ကြာတယ်။ တပည့်တွေ ကို မေးမြန်းစစ်ကြောနေတာပေါ့။ တစ်နှစ် လောက်က တပ်ကပဲ ကျွန်တော့် ကို လုံခြုံရေး ရံထားတာ။ ရဲမရောက်သေးဘူး။ နောက် အင်းစိန်က ပြန်လာတဲ့အခါ တပ်မရှိတော့ဘူး။ ရဲချတယ်။ တပ်နဲ့တုန်းက ကျွန်တော် နဲ့ ဆက်ဆံဖို့အတွက် တပ်ကြပ်ကြီးဗျ။ အရာရှိတောင်မထားဘူး။ ပြောစရာရှိရင်တပ်ကြပ်ကြီးကိုခေါ်ပြောရတယ်။

အဲဒီ တော့ စားရေး သောက်ရေး ကျတော့ ဘယ်လိုလုပ်ရသလဲ။

စားရေး သောက်ရေး ကတော့ ကိုယ့်ဘာသာကိုယ်ချက်ရ၊ စားရတာ ပေါ့။

ဈေးသွားတော့ကော။

ဈေးသွားတော့ သူတို့ဝယ်ပေးတယ်။ သူတို့ကို ပိုက်ဆံပေးလိုက် ရတယ်။ သူတို့က ရဲဘော် တစ်ယောက် ကို လွှတ်ပေးတယ်။ မှာ ချင်တာလေး စာရွက်ကလေးနဲ့ မှာ လိုက်ရတာ ပေါ့။ ဘာဝယ်ပေးပါ၊ ဘယ်လောက်ပါဆိုပြီး ပိုက်ဆံပေးလိုက် ။ အဲဒါပဲ။သူက ဝယ်လာတာပေါ့ဗျာ။ ဝယ်လာတာလည်း ကောင်းတာလည်းပါ၊ မကောင်းတာလည်း ပါပေါ့ဗျာ။ ဒါ ထုံးစံအတိုင်းပေါ့ဗျာ(ရယ်လျက်)။ အဲဒါက တစ်နှစ် လောက်။

(ဘေးမှဝင်ပြော - ကိုရွှေမန်းရှင်းတာက အင်းစိန်က ပြန်လွှတ်မှ ရှင်းတားလား)

မပို့ခင်။

(ဘေးမှဝင်ပြော - ဖြစ်စမှာ ရှင်းတာနော်)

မပို့ခင်။ ကျွန်တော် ဘယ်လောက်တောင် ဆိုးတယ်ဆိုတာတွေ ပေါ့ဗျာ။

အဲဒီ တုန်းက ဦးရွှေမန်းကို ထောက်လှမ်းရေး လွှဲခိုင်းလား။

ကျွန်တော့် ထောက်လှမ်းရေး လွှဲတာ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်မြင့်ဆွေပေါ့။ သူက တိုင်းမှူး as well as ထောက်လှမ်းရေး ညွှန်ကြားရေး မှူးဆိုပြီး တာဝန်ပေးတယ်။ ကျွန်တော် နှမြောတာက ကျွန်တော့် ရုံးခန်းထဲမှာ ကျွန်တော့်  own libraryရှိတယ်ဗျ။ အဲဒီ မှာ ကျွန်တော့် ကို by name နဲ့ နိုင်ငံခြားက ပို့ထားတဲ့စာအုပ်တွေ အများ ကြီးပဲ။ ကျွန်တော့် အခန်းထဲမှာ ပဲ။အဲဒီ စာအုပ်တွေ ရာချီပြီးရှိတယ်။ နောက်ပြီးတော့ ယခင် မျက်မှန်ကြီးလက်ထက်တုန်းက ရထားတဲ့ သူ့စာအုပ်တွေ ကလည်းရှိတယ်။ ကျွန်တော် အကုန်သိမ်းထားတယ်။ သူ့စာအုပ်တွေ ကော ကျွန်တော့် စာအုပ်တွေ ကော အဲဒါတွေ က ကျွန်တော် သိပ်နှမြောတယ်။ ဘာမှ ကျွန်တော် ပြန်မရဘူး။ ကျွန်တော့် အခန်းထဲကဆိုရင် ဘာမှ ကျွန်တော် ပြန်မရဘူး။ ကျွန်တော့် အဝတ်အစားတွေ ပဲ လာပြန်ပို့ပေးတယ်။ ဒိုင်ယာရီတွေ ဘာတွေ ကအစ အကုန်လုံးပဲ။ ဒိုင်ယာရီက အလုပ်သဘောရေး တာပါပဲ။personal ဘာမှမရှိဘူး။ personal ရေး တဲ့အလေ့အကျင့်လည်း မရှိဘူး။ လုပ်ငန်းသဘောပဲ။ အဲဒါတွေ အကုန်ထားခဲ့ရတယ်။ကျွန်တော် စာရေး ဖို့တောင် Raw က ဘာမှမရှိတော့ဘူး။

အဲဒီ တော့ လှမ်းတစ်ဖွဲ့လုံး ဖြိုလိုက်တော့ အကျိုးဆက်က Link တွေ တော် တော် ပျောက်သွားတယ်လို့ကြားတယ်။

ပျောက်တာပေါ့ဗျာ။ ထောက်လှမ်းရေး ဆိုတာ . . . ကိုမြတ်ခိုင်၊ ချက်ချင်း မွေးလို့ မရဘူး။ ချက်ချင်း ကြီး မွေးလို့မရဘူး။ကျွန်တော် က ကျွန်တော့် ကောင်တွေ ကို တပ်ရင်းတွေ က ခေါ်လိုက်တယ်။ ထောက်လှမ်းရေး သင်တန်းမှာ ပထမ၊ ဒုတိယ၊တတိယရတဲ့သူတွေ ။ အဲဒါကိုမှ batting ကျွန်တော် လုပ်သေးတယ်။ အားလုံးရှင်းမှ ခေါ်တယ်။ ခေါ်ပြီးလည်း ထောက်လှမ်းရေး သမား မဟုတ်သေးဘူး။ ဆယ်နှစ် ကြာမှ ထောက်လှမ်းရေး ဖြစ်ပြီလို့။ ဆယ်နှစ် ကြာမှ သူ့ကို ကျောင်းက သင်ပေးလိုက် တာနဲ့၊လက်တွေ့ နဲ့ပေါင်းစပ်ပြီးတော့မှ လုပ်တတ်တာ။ ဆယ်နှစ် မပြည့်ရင် ကျွန်တော် က လွတ်လွတ်လပ်လပ် တာဝန်ပေးလို့မရဘူး။မင်းတို့ ထောက်လှမ်းရေး သမား မဟုတ်ဘူးလို့။ ဆယ်နှစ် ပြည့်သွားပြီဆိုတဲ့အခါကျမှ သူတို့ကို တာဝန် လွတ်လွတ်လပ်လပ်စပြီးတော့ပေးတာ။ နို့မို့ရင် ဆယ်နှစ် မပြည့်သေးရင်တော့ သူ့ထက် စီနီယာကျတဲ့သူနဲ့ ကျွန်တော် က တွဲ ပြီးခိုင်းတယ်။ ဆယ်နှစ် ပြည့်ပြီဆိုတဲ့အခါကျရင် အေး . . . မင်း လွတ်လွတ်လပ်လပ် ထောက်လှမ်းရေး သမား ဖြစ်ပြီ၊ မင်းကိုငါ တာဝန်ပေးမယ်ဆိုပြီးတော့ ကျွန်တော် တာဝန်ပေးတာပဲ။ နိုင်ငံတကာအဆင့် ထောက်လှမ်းရေး သမား မဟုတ်သေးဘူး။ နိုင်ငံတကာအဆင့်ထောက်လှမ်းရေး သမား ဖြစ်ဖို့အတွက် လေ့လာရဦးမယ်။ နိုင်ငံခြားအတွေ့ အကြုံတွေ ရအောင် လေ့လာရဦးမယ်။ ဒါကြောင့် ကျွန်တော် နိုင်ငံခြားသွားတဲ့အခါမှာ တစ်လှည့်စီခေါ်သွားတာ။ လုံခြုံရေး လိုက်ဖို့အတွက် လုံခြုံရေး လိုက်တဲ့အခါမှာ လူကြီးအတွက် တစ်လှည့်စီ ခေါ်သွားပြီးတော့မှ ဟိုမှာ ရှိတဲ့ ထောက်လှမ်းရေး သမားတွေ နဲ့ လုံခြုံရေး သမားတွေ နဲ့ တွဲ ပြီးလေ့ကျင့်ပေးတယ်။ အဲဒီ တော့ နိုင်ငံတကာအတွေ့ အကြုံရှိတဲ့ ထောက်လှမ်းရေး သမားက အနှစ် နှစ် ဆယ်ရှိမှ ဖြစ်မယ်။ ကျွန်တော့် ဆီရောက်ပြီး အနှစ် နှစ် ဆယ်ရှိမှ နိုင်ငံတကာထောက်လှမ်းရေး အတွေ့  အကြုံကို ရမယ်။

ကျွန်တော် တို့ကြားတာက ထောက်လှမ်းရေး ဖျက်လိုက်တော့ Link တွေ အကုန်ပျက်ပြီး ကသီကုန်တယ်လို့ ကြားတယ်။

ဒါတော့ရှိမှာ ပေါ့ဗျာ။ သူတို့လည်းကြိုးစားမှာ ပေါ့။ ကျွန်တော် က ဦးစောဗိုလ်မြကြီးနဲ့ အတော် ရင်းနှီးသွားတာ။

ကျွန်တော် အဲဒီ ဗီဒီယိုဖိုင်ကြည့်လိုက်ရတယ်။

ကြည့်လိုက်ရလား။ အတော် ရင်းနှီးသွားတယ်။ ကျွန်တော် က သူ့ကို ဖထီး ခေါ်တယ်။ သူကလည်း သူတို့အခေါ်နဲ့ ဖိုးဒိုလို့ခေါ်တယ်။ သူ့သားလိုပဲ။ ကျွန်တော် က ဖထီးလို့ ခေါ်တယ်။ ကျွန်တော် က သူနဲ့တွေ့ တဲ့အချိန်မှာ ကရင်ဝတ်စုံ ကျွန်တော် ဝတ်တာ။ နောက်တစ်ခုက ဒါ တိုက်ဆိုင်တာဗျ။ ကျွန်တော့် ကို အင်းစိန်ခေါ်တဲ့အချိန်မှာ ပဲ အဲဒီ အချိန်မှာ ကျွန်တော် က ကရင်လုံချည်ဝတ်ထားတယ်။ အင်းစိန်ခေါ်တဲ့ညက ကရင်လုံချည်ကို အိမ်မှာ နေဝတ်ထားတာ။

အစ်မကြီးပါ ခေါ်သွားလား။

ပါတယ်။ ကျွန်တော် က အစ်မကြီးပါ ပါတယ်ဆိုတော့ ကျွန်တော် က မေးလိုက်တယ်လေ။ အစ်မကြီးကိုပါ အရေး ယူမှာ လားလို့။ အိမ်မှာ တင် ကျွန်တော် မေးလိုက်တယ်။ ကျွန်တော့် ဇနီးကိုပါ အရေး ယူမှာ လားပေါ့။ မဟုတ်ပါဘူးတဲ့။ အရေး မယူပါဘူးတဲ့။ မင်း အဝတ်အစားတွေ ထည့်ကွာလို့။ ကျွန်တော် ကတော့ အစောကြီးကတည်းက အဝတ်အစားထည့်ထားပြီးသား။ဘာ ဖြစ်လို့လဲဆိုတော့ ငါ့ကို တစ်ချိန်ချိန်တော့ ခေါ်တော့မှာ ပဲလို့ ကျွန်တော် တွက်ထားပြီးသား။ ကျွန်တော် က အဝတ်အစားတွေ အကုန်ထည့်ထားပြီးပြီ။ ဆေးဝါးတွေ အကုန်ထည့်ထားပြီးပြီ။ ဖတ်မယ့်စာအုပ်တွေ အကုန်ထည့်ထားတယ်။ အကုန်အဆင်သင့်လုပ်ထားတယ်။ ဒါပေမဲ့ မိန်းမ ကတော့ မပါဘူးပေါ့ဗျာ။ မိန်းမကိုတော့ ကမန်းကတန်း ကဲ . . . သွား။ မင်း အဝတ်အစားတွေ လုပ်ပေါ့။ ဘဝပဲဗျာ . . . ဘဝပဲ။

အင်းစိန်မှာ ကျတော့။

Guest House မှာ ထားတယ်။ ကောင်းကောင်းမွန်မွန်ထားပါတယ်။ အဲဒီ မှာ ကောင်းကောင်းမွန်မွန်ပဲ သူတို့ ပြုစုပါတယ်။

ဒေါ်စုလည်း ထားဖူးတယ်။

အင်း . . . အဲဒီ မှာ ပဲ ဖြစ်မယ်။

ဦးဇော်ဝင်းလက်ထက်ပေါ့။

ဟုတ်တယ်။ ကိုဇော်ဝင်းလက်ထက်မှာ ။

အခု နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ စိစစ်တဲ့အဖွဲ့ရှိတယ်။ အဲဒီ အဖွဲ့က တပ်မထောက်လှမ်းရေး တွေ လွှတ်ဖို့ မထောက်ခံဘူးလို့ ကျွန်တော် ကြားတယ်။

သူတို့လည်း ခံစားချက်ရှိမှာ ပေါ့ဗျာ။ အဲဒီ အချိန်တုန်းကလည်း ကျွန်တော် ထောက်လှမ်းရေး ဆိုပြီး အရေး ယူတာတွေ ရှိတယ်။ အစိုးရရဲ့ ကိုယ်စား အရေး ယူရတဲ့သူတွေ ဆိုတော့ သူတို့ခံစားချက် ရှိမှာ ပေါ့ဗျာ။ ခံစားချက်ကြောင့် ဒါ ဒီလို ဖြစ်တာ ဖြစ်မှာ ပါ။ အဆိုးမဆိုသာပါဘူးဗျာ။ ခံစားချက်ရှိတဲ့လူ ကတော့ မဟုတ်ဘူးလား။ အဆိုးမဆိုသာဘူး။ ဒီလိုပဲ ဖြစ်မှာ ပဲ။

ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံခြားသွားတော့ အစိုးရကို အာဃာတ မထားဘူးလို့ပြောတယ်။ ဗိုလ်ချုပ်ကြီးတို့အနေနဲ့ ကတော့ အစိုးရအပေါ် ဘယ်လို မြင်သလဲ။

လက်ရှိအစိုးရလား။

အရေး ယူလိုက်တဲ့အစိုးရ။

သြော် . . . ဘာအာဃာတမှ မရှိပါဘူးဗျာ။ ကျွန်တော် စောစောကပြောသလို တည်ဆဲဥပဒေကို ဖောက်ဖျက်တယ်။ကျူးလွန်တယ် နောက်ပြီးတော့ အမိန့်နဲ့ ညွှန်ကြားချက်တွေ ကို ဆန့်ကျင်တယ်လို့ ဒီလို ဖြစ်တာကိုးဗျ။ အဲဒီ အချိန်မှာ တော့ဒီလိုပဲ ခံရမှာ ပဲလေ။ တည်ဆဲဥပဒေအရ ဒီလိုပဲ ခံယူရင် ဒီလိုပဲ အပြစ်ပေးခံရမှာ ပါပဲ။ ကျွန်တော် အနေနဲ့ ဘယ်လိုမှမရှိပါဘူး။ဒါ ကတော့ ထုံးတမ်းစဉ်လာအတိုင်း ဒီအတိုင်း ဖြစ်မှာ ပဲ။

(ဘေးမှဝင်ပြော - ခုနက သူတို့စွဲချက်တွေ အမိန့်နဲ့ အာဏာဖီဆန်တယ် ဆိုတာ တရားရုံးမှာ ပြောသလား)

မပြောဘူး။

(ဘေးမှဝင်ပြော - အဲဒါဆို အမိန့်နဲ့အာဏာကို ဘာဖီဆန်သလဲဆိုတာ ပြောရတော့မယ်လေ၊ တရားရုံးကျတော့လေ။ဟုတ်တယ် မဟုတ်လား)

တရားရုံးက အဲဒါ ဘာမှမပြောဘူး။ ကျွန်တော် အဂတိလိုက်စားမှု ။ ဒါပဲ။

ဗိုလ်ချုပ်ကြီးကို အပြစ်ရှိလားလို့ မေးသေးလား။

ကျွန်တော့် ကို သူ ဖတ်ပြတယ်လေ။ ဖတ်ပြပြီး ဗိုလ်ချုပ်ကြီးမှာ အပြစ်ရှိသလားလို့ မမေးဘူးဗျ။ တာဝန်ရှိတယ် မဟုတ်လားတဲ့။ ကျွန်တော် ဟုတ်တယ်လို့၊ ကျွန်တော် လူကြီးပဲလို့ဆိုတော့ တာဝန်ရှိတာပေါ့လို့။

ရှေ့နေမငှားဘူးလား။

ကျွန်တော့် ကို ရှေ့နေငှားနိုင်တယ်လို့ တရားသူကြီးကပြောတယ်။ ကျွန်တော် အဲဒီ ကပြန်လာပြီးတော့ Guest Houseရောက်တော့ အဲဒီ မှာ ရဲချုပ်နဲ့ ညွှန်ချုပ် ကိုဇော်ဝင်းတို့ ပါလာတယ်။ ကျွန်တော် က မေးလိုက်တယ်။ ကိုခင်ရီ၊ ကိုဇော်ဝင်း တရားသူကြီး ကတော့ ကျွန်တော့် ကို ရှေ့နေငှားနိုင်တယ်လို့ ပြောတယ်။ ခင်ဗျားတို့ သဘောထားလေး သိချင်တယ်ဗျာလို့ဆိုတော့ဗိုလ်ချုပ်ကြီးရယ်တဲ့၊ ရှေ့နေငှားလည်း ထူးမှာ မဟုတ်ပါဘူးတဲ့။ ပွင့်ပွင့်လင်းလင်း ပြောလိုက်တာလေ။ အေးပေါ့ဗျာ၊ အဲဒီ လိုဆိုမငှားတော့ဘူးလို့။ နို့မို့ဆို ပိုက်ဆံကုန်နေဦးမှာ လို့။ ကျွန်တော် လည်း အဲဒီ လိုပဲ ယူဆပါတယ်။ ကျွန်တော့် ကို အရေး ယူရင်ဘယ်လိုပဲ ရှေ့နေငှားငှားအရေး ယူမှာ ပဲ။ မဟုတ်ဘူးလား။ ရှေ့နေက ဘယ်လိုပဲ လျှောက်လဲချက်တွေ ပေးပေး၊ အရေး ယူမှာ ပဲ။

ဗိုလ်ချုပ်ကြီးက အယူခံတင်တာ အသနားခံတာ မလုပ်ဘူးလား။

မလုပ်ခဲ့ဘူး။ ကျွန်တော့် ကို နောက်ဆုံး ပြစ်ဒဏ်တွေ စီရင်တော့ အဲဒီ အချိန်မှာ ရဲချုပ်ကိုခင်ရီလည်း ရှိပါတယ်။ သူကလာပြီးစောင့်နေတယ်။ ကျွန်တော် က သိထားပြီးသားပါ။ ကျွန်တော့် ကို ပြစ်ဒဏ်ချတော့မှာ ပဲ။ ပြစ်ဒဏ်မချခင် တစ်ညနေမှာ ကျွန်တော် က နည်းနည်း စူးစမ်းလိုက်တယ်။ အကျဉ်းဦးစီးဌာနက ကိုဇော်ဝင်းကို ကျုပ်အတွက် ခင်ဗျားတို့ နေရာလေးလုပ်ထားသလားလို့ ကျွန်တော် စူးစမ်းလိုက်တော့ အထက်က ဘာမှ ခိုင်းတာမရှိဘူးတဲ့။ ဘာ ဖြစ်လို့လဲဆိုတော့ ခိုင်းတာမရှိရင် ငါ့ကိုဘယ်မှာ ထားမလဲလို့ ကျွန်တော် က ခေါင်းထဲစဉ်းစားလိုက်တယ်။ တစ်နေရာတော့ ထားချင်ထားမှာ လို့။ ထောင်ထဲမှာ မထားဘူး။ မခိုင်းဘူးလို့ ပြောတယ်။ တစ်နေရာတော့ ရှိလိမ့်မယ်။ ဘယ်နေရာမှာ ထားမလဲလို့ ကျွန်တော် တွက်တာက ကျွန်တော် တို့Guest House ရှိတယ်လို့။ ရဲမွန်မှာ လေ။ အေး . . . ငါတော့ ရဲမွန်ပို့မယ် ထင်တယ်လို့။ အဲဒီ မှာ စီရင်ချက်မချခင်ညမှာ ကျွန်တော့် မိန်းမကို မှာ တယ်။ မိန်းမ မင်း ကတော့ အိမ်ပြန်ရမှာ ပဲ။ ငါတော့ ကျန်ခဲ့မှာ ပဲ။ အိမ်ပြန်ရင် လုပ်စရာရှိတာ လုပ်ဆိုပြီး မှာ စရာရှိတာတွေ မှာ တာပေါ့ဗျာ။ ငါ ကတော့ ကျန်ခဲ့မှာ ။ အဲဒီ လို စိတ်ထဲကတွက်လိုက်တာ။

sentence ချပြီးတာနဲ့ အိမ်ပြန်ပို့လား။

sentence ချပြီးတာနဲ့ ပြည်ထဲရေး ဝန်ကြီးက ပေါက်ချလာတယ်။ အိမ်မှာ ပဲ နေခွင့်ပေးတယ်။ လုံခြုံရေး အစောင့်အရှောက်နဲ့ အိမ်မှာ ပဲနေခွင့်ပေါ့။ အကျယ်ချုပ် ပေါ့လေ။ အဲဒါနဲ့ အိမ်မှာ ပဲနေခွင့်ပေးတော့ ကျွန်တော် လည်း ဝမ်းမြောက်ဝမ်းသာပေါ့ဗျာ။မိန်းမက သီချင်းတွေ တောင် ဆိုသေးတယ် (ရယ်လျက်)။ ဝမ်းသာလို့လေ။

(ဘေးမှဝင်ပြော - အဲဒီ တုန်းက လူတွေ ကလည်း ရဲမွန်ပဲတွက်ထားတာ။ ရဲမွန်ဆိုပြီး လိုက်ကြသေးတယ်။ အိမ်ပြန်လာတာ မသိလိုက်ကြဘူး။ အားလုံးက ရဲမွန်လို့)

ကျွန်တော် လည်း ရဲမွန်လို့ပဲ ထင်တယ်လေ။

အဲဒီ နှစ် တွေ ကို ဗိုလ်ချုပ်ကြီး ဘယ်လိုဖြတ်သန်းသလဲ။

အိမ်ထဲမှာ နေရတာ လား။ ကျွန်တော် ပြောဖူးတယ်ထင်တယ်။ ကျွန်တော် မနက်ဆိုရင် အိပ်ရာကထတယ်။ မျက်နှာသစ်၊ဘာညာပြီးရင် လမ်းလျှောက်တယ်။ (၄၅) မိနစ် လမ်းလျှောက်ရင်း ပုတီးစိပ်နေတယ်။ အခုလည်း ဒီအတိုင်းပဲ။ ပြီးတာနဲ့ကျွန်တော် ဘုရားပန်း လဲတယ်။ သောက်တော် ရေ လဲတယ်။ ဆွမ်းတော် ကပ်တယ်။ ကျွန်တော့် အိမ်မှာ ဘုရားအဆူပေါင်းတစ်ရာကျော် ရှိတာကိုး။ အဲဒီ တော့ ပန်းအိုးတွေ က အများ ကြီးဗျ။ ဘုရားပန်းလဲ၊ သောက်တော် ရေကပ်၊ ဆွမ်းတော် ကပ်နဲ့နှစ် နာရီလောက် ကြာတယ်။ ဒါကို လင်မယားနှစ် ယောက် ခွဲလုပ်တယ်။ အဲဒါပြီးတာနဲ့ တစ်နာရီလောက် တရားထိုင်တယ်။အဲဒါပြီးရင် ခြံထဲဆင်းတယ်။ ပထမတော့ ကောင်လေး တစ်ယောက် ရှိတယ်။ ဒီကောင်လေးနဲ့ ကျွန်တော် ခြံထဲမှာ ပေါက်တူးပေါက်၊ ရေလောင်း၊ ပေါင်းသင် သစ်ပင်တွေ ပြုစုပျိုးထောင်။ အဲဒါက မနက်ကိုးနာရီလောက်မှာ စလုပ်တာ (၁၁) နာရီ တစ်ခါတလေ (၁၂) နာရီလောက်အထိ ရောက်သွားတယ်။ ချွေးထွက်တာပေါ့ဗျာ။ ကျန်းမာရေး physical exercise က ဖြစ်နေတယ်။ (၁၂) နာရီ လောက်ရောက်ရင် မိန်းမက လှမ်းအော်တယ်။ အိမ်ပေါ်ပြန်တက် ရေမိုးချိုးပြီး ထမင်းစားတယ်။ ပြီးတာနဲ့နည်းနည်း ပါးပါး အနားယူပြီး သတင်းလေးဘာလေး တီဗီလေး ဖွင့်တယ်။

တီဗီကြည့်လို့ရလား။

တီဗီတော့ကြည့်လို့ရတယ်။ သတင်းစာလည်းရတယ်။ တီဗီက ဂြိုဟ်တုတော့ မရဘူး။

ဖုန်းရလား။

ဖုန်းဖြတ်ထားတယ်။ တီဗီလေးဘာလေး နည်းနည်း ပါးပါးကြည့်ပြီးတော့ နေ့ခင်းမှာ အိပ်တဲ့အလေ့အကျင့်မရှိဘူး။ နေ့ခင်းမှာ တစ်ခါ တရားထိုင်တယ်။ တရားထိုင် ပြီးတော့ စာဖတ်တယ်။ ကျွန်တော့် မှာ ရှိတဲ့စာအုပ်တွေ ဖတ်တယ်။ အဲဒီ တုန်းက ဂျာနယ်တွေ ဘာတွေ လည်း မရှိဘူးဗျ။ သတင်းစာပဲဖတ်ရတယ်။ ညနေ လေးနာရီလောက်ဆို ခြံထဲတစ်ခေါက်ပြန်ဆင်းတယ်။နှစ် ကြိမ်ဆင်းတယ်။ မနက်တစ်ကြိမ် ညနေတစ်ကြိမ်ဆင်းပြီး လှုပ်လှုပ်ရှားရှား လုပ်နေတယ်။ ငါးနာရီခွဲလောက်ဆို ပြန်တက်တယ်။ ရေမိုးချိုး၊ တီဗီလေးဘာလေးကြည့်။ ခြောက်နာရီထိုး ခုနစ်နာရီ လောက်ကျတော့ ထမင်းစားတယ်။ ညကျတော့ စကားပြောစရာရှိတာပြောပြီး အဲဒီ တုန်းက ကလေးတွေ မရှိဘူးဗျ။ ကလေးတွေ က တစ်အိမ်စီ။ ပြီးတော့မှ ညကျ ထပ်ပြီးတရားထိုင်တယ်။ တစ်နေ့ သုံးကြိမ်တရားထိုင်တယ်။ ဒါနဲ့ တစ်နေ့တစ်နေ့ ကုန်သွားတာပဲ။ အချိန်ကိုမလောက်ဘူး။ အဲဒီ လိုပဲ။ စိတ်ကအေးချမ်းသွားပြီဗျ။

တော် ရုံတန်ရုံဆိုရင် ခံနိုင်ရည်မရှိကြဘူးလေ။ ရုတ်တရက်ကျသွားတာကိုး။ ဗိုလ်ချုပ်ကြီးက ဘာမှ မပြောင်းလဲဘူး။

စိတ်ပဲဗျ။ စိတ်နိုင်ရင် ခန္ဓာကိုယ်က သူ့ဘာသာသူပါလာတာပဲ။ အဓိကက စိတ်ပဲ။ တရားထိုင်တာ အဲဒါပဲ။ တရားထိုင်တော့ သမာဓိအားကောင်းတယ်။ ကိုယ့်စိတ်ကိုယ်နိုင်တယ်။ အဲဒီ အချိန်မှာ တစ်ခါတစ်ခါကျတော့ သားတွေ နဲ့ မတွေ့ ရဘူး။သားတွေ မြေးတွေ နဲ့မတွေ့ ရတာ ။ ဒါပေမဲ့ . . . မြေးနှစ် ယောက် ကတော့ အိမ်မှာ ရှိတယ်။ မြေးခုနစ်ယောက် မှာ နှစ် ယောက် ကတော့အိမ်မှာ ရှိတယ်။ ကျန်တဲ့မြေးတွေ က အပြင်မှာ ။ တစ်ခါ တစ်ခါကျတော့ ကလေးအတွက် ပူတာပေါ့ဗျာ။ ဘယ်လိုများ စားသောက်နေကြသလဲ။

ကျောင်းတောင် အပ်လို့မရဘူးလို့ ကျွန်တော် တို့ကြားတယ်။

ဟုတ်တယ်။ ဒါပေမဲ့ . . . တစ်နှစ် ပေါ့။ အခု ဆယ်တန်းအောင်သွားတဲ့ ကလေးက အဲဒီ တုန်းက လေးတန်း။ အငယ်လေးကတော့ ငယ်သေးတော့ ကျောင်းမနေရဘူး။ လေးတန်းကလေးက အဲဒီ နှစ် တစ်နှစ် ကျောင်းမတက်လိုက်ရဘူး။ ဘယ်သူမှမထွက်ရဘူး။ နောက် ကျွန်တော့်  တရားစီရင်ပြီးတော့မှ ကလေးကျောင်းသွားဖို့ အဲဒီ မှာ ရဲချုပ်နဲ့ အက်စ်ဘီကို ကျွန်တော် မေးတာလေ။ ကလေးကျောင်းထားဖို့ ဘယ်လိုလုပ်ရမလဲလို့။ ရပါတယ်တဲ့။ သူတို့လုံခြုံရေး လိုက်ပါ့မယ်တဲ့။ ဈေးဝယ်ဖို့ကိုဘယ်လိုလုပ်ရမလဲ။ သမီးကို လွှတ်လို့ရပါတယ်။ သမီးကို အိမ်အဖော်နဲ့ ကျန်တဲ့ လုံခြုံရေး လိုက်ပါ့မယ်တဲ့။ ကျန်တာက ဘာမှအပြင်ကို ဆက်သွယ်မှု မရှိစေရဘူး။ ကျောင်းသွားတာ ဈေးဝယ်တာရတယ်။

ကိုရဲရဲ့ ဆိုင်ကော။

ကိုရဲရဲ့ ဆိုင်က ရုပ်ရှင်ရုံအောက်မှာ ။ အဲဒါက ဆက်ပြီးရှိနေတယ်။ သူက သူ့တပည့်တွေ နဲ့ခိုင်းထားတော့ သူ့ဇနီးက တစ်ခါတစ်ခါသွား ကြည့်တယ်။ သူ့ဇနီးသွားရင်လည်း လုံခြုံရေး က လိုက်တယ်။ ကျွန်တော့် သမီးက တစ်ခါတစ်ခါ ဖေဖေရယ်တဲ့မြို့ထဲလည်း မသွားချင်ပါဘူးတဲ့။ မလွှဲသာလို့သာ သွားရတာ တဲ့။ သမီးနောက်ကို လိုက်တဲ့လုံခြုံရေး ကလည်း လေလည်တာတောင် ကျယ်ကျယ်မလည်ရဲဘူး ဖေဖေရယ်တဲ့။ ကပ်လိုက်နေတာကိုး။ အသိမိတ်ဆွေတွေ့ ရင် စကားမပြောရဘူး။

ဗိုလ်ချုပ်ကြီးတို့နှစ် ယောက် ရယ်၊ သမီးရယ်၊ မြေးနှစ် ယောက် ရယ် နေရတာ ပေါ့။

အင်း . . . မြေးနှစ် ယောက် ရယ်ပေါ့။ ဒါ . . . ဘဝပေးဗျာ။ ဒါတွေ နဲ့ ပတ်သက်လို့လည်း တရားထိုင်နေတဲ့အခါကျတော့ ဒါလေးတွေ က ဖြေဖျောက်လို့ ရပါတယ်။

အခု ဒီအဆောက်အအုံဆောက်တော့ ဆောက်လုပ်ခွင့်တင်ရသေးလား။

တင်ရတာ ပေါ့။ မြို့တော် စည်ပင်ကိုတင်ရတယ်။ တင်ပြီးတော့ ခွင့်ပြုချက်ရမှ ဒါလုပ်တာ။ ကျွန်တော် က ပုံစံတွေ ထုတ်ပြီးတော့ အတိုင်းအတာနဲ့ ခွင့်ပြုချက်နဲ့ပါ။ သူတို့ လာစစ်တယ်လေ။ လာကြည့်ပြီးတော့မှ ခွင့်ပြုပါတယ်ဆိုပြီးတော့ ပထမတော့အုတ်မြစ်တွေ ကို ချထားတယ်။ နောက်ပြီးတော့မှ ပုံစံနည်းနည်း ပါးပါး လိုက်လုပ်တယ်။ ဖွင့်ပွဲလုပ်တော့မယ်ဆိုရင်လည်း သူတို့ကို အသိပေးတယ်။ လုပ်ပါဆိုပြီးတော့ ခွင့်ပြုချက်ရတယ်။ ကျွန်တော် က အဲဒီ ရက်ကို ရွေးလိုက်တယ်။

ဘယ်အထိ တင်ရသလဲ။

စည်ပင်သာယာကို။

အဲဒီ တော့ ဒါလေးနဲ့ပတ်သက်လို့ ဒါက ယဉ်ကျေးမှု နဲ့ဆိုင်တာကိုးဗျ။ ကျွန်တော် ယဉ်ကျေးမှု နဲ့ပတ်သက်လို့ မေးကြည့်တာပေါ့။ ယဉ်ကျေးမှု ကိုရော တင်ဖို့လိုသေး သလား။ ယဉ်ကျေးမှု တင်ဖို့ မလိုဘူးတဲ့။ ဒါ စည်ပင်သာယာနဲ့တင် လုံလောက်ပါတယ်ဆိုပြီးတော့ စည်ပင်ခွင့်ပြုချက်နဲ့ ပြီးသွားတယ်။

အရင်တုန်းက ဒီလမ်းက ပိတ်ထားတယ်လေ။

ပိတ်ထားတယ်။ ကျွန်တော် ဖွင့်တော့မယ်ဆိုမှ နောက်ကို ရွှေ့သွားတာ။ ကျွန်တော် ကလည်း စလုပ်တဲ့အချိန်တုန်း ကတော့မရဲတရဲပေါ့ဗျာ။ အဲဒီ ဂိတ်မှာ လုံခြုံရေး အစောင့်တွေ ရှိရင် ကျွန်တော့် ဆိုင် ဘယ်သူမှလာမှာ မဟုတ်ဘူး။

ကျွန်တော် တို့တောင် စိတ်ကူးနေတာ။ ဟိုဘက်လမ်းတစ်လမ်းတည်း ဘယ်လိုလုပ်မလဲ မသိဘူးလို့။

(ဘေးမှဝင်ပြော - ကျွန်တော် တို့တောင် အဲဒီ က ဝင်လာတာ)

ဒီဘက်က ပိတ်ထားလို့မလာရဲလည်း နောက်ဖေးပေါက် ကတော့ လာမှာ ပေါ့လို့။ အဲဒီ လို alternate ပေါ့ဗျာ၊ စဉ်းစားထားတာပေါ့။ နောက်တော့ သူ့ဘာသာသူတို့ ရွှေ့ သွားပါတယ်။ ကျွန်တော် ဖွင့်တော့မယ်ဆိုတော့ ရွှေ့သွားတော့ ဟန်ကျသွား၊အဆင်ပြေသွားတာပေါ့။

ဗိုလ်ချုပ်ကြီးကို သဘောထားပျော့ပျောင်းလာတဲ့ သဘောတော့ ရှိပါတယ်။

အင်းပေါ့။

အခုလို မီဒီယာတွေ နဲ့တွေ့ တယ်၊ ပြောတယ်ဆိုတော့ ဘာမှ ကန့်သတ်ထားတာ မရှိဘူးပေါ့။

မရှိပါဘူး။ ကျွန်တော် နဲ့လည်း တချို့နိုင်ငံခြားဧည့်သည်တွေ ပေါ့ . . . ဂျပန်တို့ဘာတို့ကလည်းလာကြတယ်။ NGO တွေ ပေါ့ဗျာ။ ယခင်တုန်း ကတော့ ကျွန်တော့် မိတ်ဆွေတွေ ပေါ့ဗျာ။ မိတ်ဆွေဟောင်းတွေ ပေါ့။ သူတို့လည်း ဝန်ကြီးလုပ်ခဲ့သူလည်းပါတယ်။ အခုအငြိမ်းစား ဖြစ်ပြီးတော့မှ NGO တွေ ဘာတွေ လုပ်နေတော့ အခုလာကြတာရှိတယ်။

ရွှေမှော်ဝန်းမှာ သူတို့ဝိုင်းဝန်းထားတာကော မရှိဘူးလား။

မရှိသေးဘူးဗျ။ နိုင်ငံခြားသားတွေ လည်း မရှိသေးဘူး။ NGO တွေ လည်း မရှိသေးဘူး။ ဂိုချောက်တောင် ဒီကိုလာတုန်းကကျွန်တော် က ရွှေမှော်ဝန်းမှာ ။ ဒါပေမဲ့ ကျွန်တော် က တစ်ခုတော့ ထိန်းတာပေါ့ဗျာ။ သံရုံးတွေ မသွားဘူး။ သံရုံးတွေ က ဖိတ်တော့ ဖိတ်တယ်။ တောင်းပန်လိုက်တယ်။ ဒီအချိန်မျိုးမှာ တော့ကျွန်တော် လာဖို့ မသင့်ပါဘူးလို့။ ဒါနဲ့ပတ်သက်လို့ ကျွန်တော့် ကိုခွင့်လွှတ်ပါဆိုပြီးတော့ သံအမတ်တွေ က ဖိတ်တာတွေ ရှိပါတယ်။ ကျွန်တော် မ သွားပါဘူး။

ကိုရဲတို့၊ ကိုဇော်တို့တော့ တွေ့ တယ်။

သူတို့ ကတော့ သွားလို့ရတယ်။ ကျွန်တော် တော့ မ သွားပါဘူး။ ဒါလေးတော့ ကျွန်တော် ထိန်းပါတယ်။ ဒီနေ့ပဲ ပြင်သစ်သံရုံးက သံအမတ်ကြီးက နေ့လယ်စာ ကျွေးချင်လို့ပါဆိုပြီး ကျွန်တော် က တောင်းပန်လိုက်တယ်။ အချိန်မကျသေးလို့ပါလို့။မလုပ်ပါနဲ့လို့ ပြောလိုက်တယ်။ တစ်လောကလည်း ဂျာမန်သံရုံးကနေ။ အဲဒီ ထက်စောစောက အမေရိကန်သံရုံးကလည်းဖိတ်တယ်။

စောစောပိုင်း ကတော့ ဗိုလ်ချုပ်ကြီးကို တစ်ချိန်ကျရင် ထုတ်သုံးမယ်လို့ ထင်ကြတယ်။ တစ်နည်းနည်း နဲ့ ထုတ်သုံးမယ်ပေါ့။

ကျွန်တော် အစိုးရအဖွဲ့နဲ့ contact မရှိပါဘူး။

(ဘေးမှဝင်ပြော - ဒါ နိုင်ငံရေး မမြင်တဲ့သူတွေ က ထင်တာ ဖြစ်မှာ ။ ဘယ်သုံး မလဲ။ စင်ပေါ်တင်လိုက်သလို ဖြစ်မှာ ပေါ့)

လွှတ်ခါနီး ကော ကြိုသိလား။

လွှတ်မယ့်နေ့ မသိဘူးဗျ။ မသိဘူးဆိုတာက ကျွန်တော် က ထင်တာက လွတ်လပ်ရေး နေ့ပေါ့ဗျာ။ လွှတ်ချင်းလွှတ်ရင်တော့လွတ်လပ်ရေး နေ့ လွှတ်လိမ့်မယ်လို့။ လွတ်လပ်ရေး နေ့ကျတော့ မပါဘူးဗျ။

ဗိုလ်ချုပ်ကြီးလည်း မျှော်ရမှာ ပေါ့နော်။

မျှော်တော့ မျှော်တာပေါ့ဗျာ။ အထူးသဖြင့် မိန်းမကပိုမျှော်တာ။ လွတ်လပ်ရေး နေ့ မပါတဲ့အခါကျတော့ ဒီနှစ် လည်း မပါတော့ဘူးကွာလို့။ ထားလိုက်ပါတော့ဆိုတော့ မိန်းမက တစ်ခါခံစားရပြန်ရော။

ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၃ ခုနှစ် ဒီပဲယင်းမှာ ဗိုလ်ချုပ်ကြီးတို့က ကယ်ခဲ့တယ်ဆိုတာ ...။

အဲဒါတော့ မပြောပါနဲ့တော့ဗျာ။ ဟိုတစ်နေ့က မီဒီယာတစ်ခုကလာပြီး အဲဒါလာ မေးတယ်။ ဒါတော့ မလုပ်ပါနဲ့လို့။

(ဘေးမှဝင်ပြော - သူတို့က ဒီအချိန်စောင့်နေတာ။ အဲဒါမေးချင်လို့။ ဆယ်နှစ် ပတ်လည်ဆိုပြီးတော့)

ဗိုလ်ချုပ်ကြီးပြောခဲ့တဲ့စကားအခံရှိတယ်။ ကယ်ခဲ့ဖူးတယ်ဆိုတဲ့ စကားအခံက ရှိတော့လေ။

ကျွန်တော် ဘယ်သူ့ကိုပြောဖူးလို့လဲ။ မပြောဖူးဘူးဗျ။

(ဘေးမှဝင်ပြော - တစ်ခါသတင်းပါလာဖူးတယ်)

မြင့်ရွှေ လုပ်တာလေ။ သူ့ကို ကျွန်တော် မပြောဘူးဗျ။ ကျွန်တော် မပြောဘဲနဲ့ သူက လုပ်ထည့်လိုက်တာ။ ကျွန်တော့် တပည့် အမေရိကားရောက်နေတဲ့ အောင်လင်းထွဋ်နဲ့ မြင့်ရွှေနဲ့တွေ့ ပြီးတော့မှ၊ ချိတ်မိပြီးတော့မှ အောင်လင်းထွဋ် ပြောတာတွေ ကို မြင့်ရွှေက ရထားတယ်။ အဲဒါ အောင်လင်းထွဋ်က ပြောသွားတာ။ ကျွန်တော် ပြောတာ မဟုတ်ဘူး။ အဲဒါကိုမြင့်ရွှေက ရောပြီးတော့ ကျွန်တော် ပြောတယ်ဆိုပြီး မြင့်ရွှေက လုပ်ထည့်လိုက်တာ၊ ရောချလိုက်တာ။ ကျွန်တော် က အဲဒီ တုန်းက ဘုန်းကြီးဝတ်နေတာ။ ကျွန်တော့် ဆီ အက်စ်ဘီကရောက်လာပြီး အဲဒီ လိုပါတယ်တဲ့။ ဟာ . . . ငါ မပြောပါဘူးလို့။ အဲဒီ တုန်းကပြောလည်း မပြောဖူးဘူးဗျ။ မပြောဘဲနဲ့ သူက ထည့်ရတာ လဲဆိုတော့ ကျွန်တော့် တပည့် ဝင်းမောင်မောင်က ခေါ်လာတာ။ ဟေ့ . . . ဝင်းမောင်မောင်၊ မင်းကောင်ဘယ်လိုလဲကွလို့။ ငါဘုန်းကြီးဝတ်ကြီးနဲ့ အကုသိုလ် မ ဖြစ်ချင်ဘူးကွာလို့။ မင်းတို့ ရှင်းလို့။ ငါ့လာပြီး ရှုပ်ရှုပ်ယှက်ယှက်လာမလုပ်နဲ့လို့။ ငါ ဘုန်းကြီးဝတ်နေတာလို့။ ကုသိုလ်ရေး လုပ်နေတာ စိတ်အနှောင့်အယှက်မ ဖြစ်ချင်ဘူးကွာလို့ သွား။ သူတို့ သတင်းစာရှင်းလင်းပွဲလုပ်ကြတယ်တဲ့။ ကျွန်တော် ပြောတာမှ မဟုတ်ဘဲ။ ကျွန်တော် မပြောပါဘူး။

အဲဒါ ဗိုလ်ချုပ်ကြီးတို့ ကြိုသိလား၊ ဒီပဲယင်း အဲဒီ လို ဖြစ်မယ်ဆိုတာကို လှမ်းက ကြိုသိသလား။

မသိဘူးဗျ။

ရွှေဘိုကို ကျွန်တော့် တပည့်တွေ သွားကြတယ်။ ရွှေဘိုမှာ ပွဲရုံက လူ တစ်ယောက် က သူ့ကလေးကို ကျောင်းသွားအပ်တော့ထောက်ခံစာသွားယူရင်း လိုက်ခဲ့ဆိုတာနဲ့ အဆင့်ဆင့်လိုက်သွားလိုက်တာ ရေဦးရောက်သွားတယ်။ ထောက်ခံစာ လိုက်ယူရင်းနဲ့ ပါသွားတာ။ ဟိုကျတော့ ထမင်းထုပ်တွေ ပေးပြီး တုတ်တွေ ဝေတယ်။ အဲဒီ တုန်းက ပြည်ခိုင်ဖြိုးပေါ့ဗျာ။ အဲဒီ လူကအခုအထိ ရွှေဘိုမှာ ရှိတယ်တဲ့။ ဟိုကျတော့ ရိုက်ခိုင်းတော့ မရိုက်ရဲဘူးတဲ့။ ကိုယ်တောင် မနည်းလွတ်အောင် ပြေးရတယ်တဲ့။အဲဒီ တုန်းက ပြည်ခိုင်ဖြိုးလုပ်တယ်လို့ ပြောတာ၊ လှမ်းက မပါဘူးလို့ပြောကြတယ်။ အဲဒါကို ဗိုလ်ချုပ်ကြီးတို့ ကြိုသိခဲ့သလားလို့။လှမ်း ညနအတသမု မသိဘဲ လုပ်တယ်ဆိုတော့ အဓိပ္ပာယ်တစ်မျိုး ဖြစ်သွားတာပေါ့။

တချို့တိုင်းပြည်တွေ လည်း လုပ်တတ်ပါတယ်။

(ဘေးမှဝင်ပြော - သူတို့က ဒါနဲ့ပတ်သက်လို့ သက်သက်ရှိတာကိုး)

Network တစ်ခု သက်သက်ရှိတာကိုး။

အဲဒီ အချိန်လေးမှာ လှမ်းအပြင် သက်သက်လုပ်ပေးတဲ့အဖွဲ့တွေ ရှိမှာ ပေါ့နော်။

ရှိမှာ ပေါ့။

နာမည် တော့ ထုတ်ပြောလို့ မကောင်းဘူးပေါ့။

ထုတ်ပြောလို့ မကောင်းလို့။ ရှိပါတယ်။ ကျွန်တော် လည်း သိပါတယ်။ နှစ် ဖွဲ့လောက် ရှိပါတယ်။

ဗိုလ်ချုပ်ကြီး ဘဝ ဖြစ်စဉ်ကို စာအုပ်လေးရေး စေချင်တယ်။

ကျွန်တော် က အခုအချိန် ရေး လို့မကောင်းသေးဘူး။

(ဘေးမှဝင်ပြော - ရေး ထားမှ။ တစ်နှစ် ထက်တစ်နှစ် Memory က မေ့လာပြီ)ရေး မထား ဖြစ်လည်း ပြောထားပါလား။ ပြောထားပြီး ရေး ဖြစ်တာပေါ့။

အေးပေါ့လေ။ တစ်ချိန်ချိန်တော့ ရေး ရမှာ ပေါ့။

ဗိုလ်ချုပ်ကြီး Life က အရမ်း စိတ်ဝင်စားစရာကောင်းတယ်။ အဲဒါကြောင့် အခုအချိန်မှာ ဖြည်းဖြည်းချင်း ပြုစုထားမှ။

အခု ကျွန်တော် ဝမ်းသာတယ်ဗျ။ အခု ဒီမှာ ထိုင်နေရင်းကို ကျွန်တော် တော့ မသိပါဘူး။ သူတို့က သိနေတာကိုးဗျ။ လာလာပြီး ထိုင်ကန်တော့သွားကြတဲ့သူတွေ ရှိတယ်။ ကျွန်တော် ကတော့ မသိဘူးဗျ။ တာဝန်ထမ်းဆောင်နေတဲ့ အချိန်တုန်း ကတော့ သူတို့ကို ကျေးဇူးပြုလိုက်တာတွေ ။ ကျွန်တော် ကတော့ ကျေးဇူးပြုတယ်ရယ်လို့ သဘောမရဘူးလေ။ သူတို့ ကတော့ကျေးဇူးပြုလိုက်တယ်။ ဘယ်လို သူတို့မှာ ရလိုက်တယ်ဆိုပြီးတော့ လာလာပြောကြတယ်။ ဘယ်တုံးက ကျွန်တော် ဘယ်လိုလုပ်ပေးလိုက် တာ၊ အဲဒီ မှာ ကျွန်တော် /ကျွန်မ ဘယ်လို ဖြစ်သွားတယ်ဆိုပြီး ကန်တော့ပါရစေဆိုပြီး ကန်တော့သွားကြတယ်။အများ ကြီးပေါ့။ ကျွန်တော် ကတော့ လူသားအချင်းချင်း ကိုယ့်အတိုင်းအတာထဲမှာ ကူညီနိုင်တာ ကူညီပေးလိုက် တာပဲ။ကိုယ့်အတိုင်းအတာအတွင်းမှာ မလုပ်နိုင်တာတော့ မလုပ်ပေးဘူးပေါ့။ တချို့နိုင်ငံရေး ကိစ္စတွေ မှာ ကျွန်တော် တစ်ယောက် တည်း လုပ်လို့မရတာ တွေ အများ ကြီးပဲလေ။ ကျွန်တော် က အဲဒီ အချိန်တုန်းက နံပါတ်သရီးဗျ။ နံပါတ်သရီးက ဘယ်လုပ်လို့ရမလဲ။ မဟုတ်ဘူးလား။ ဝမ်းနဲ့တူး ရှိတယ်။ သူတို့အသိပေးမှ လုပ်ရတာ တွေ ။ ကျွန်တော့် ကို လုပ်ပိုင်ခွင့်ပေးထားတာကျတော့တာဝန်ယူပြီး ရဲရဲတင်းတင်းလုပ်တာပေါ့ဗျာ။ အဲဒါကြောင့် လည်း တချို့ဟာတွေ က မြန်တာပေါ့ဗျာ။ တချို့ဟာတွေ ဆိုရင်ကျွန်တော် တာဝန်ယူပြီးလုပ်ရတယ်။ ခွန်ဆာကြီးကိစ္စဆိုရင် ကျွန်တော် တာဝန်ယူပြီးလုပ်ခဲ့တယ်။ တာဝန်ယူပြီး ကျွန်တော် သွားတင်ပြတယ်။ တင်ပြတော့ လုပ်ပါလို့၊ ဒါတော့ ဟိုသင်း ဖြစ်တယ်လို့ မပြောဘူး။ လုပ်ပါလို့လည်းမပြောဘူး၊ မလုပ်ပါနဲ့လို့လည်း မပြောဘူး။

(ဘေးမှဝင်ပြော - ကွမ်းလေး မြုံ့နေတယ်)

ဗိုလ်ချုပ်ကြီးလက်ထက်မှာ (၁၇) ဖွဲ့ ငြိမ်းချမ်းရေး လုပ်နိုင်ခဲ့တယ်လေ။

အဲဒါ confident ဗျ။ ကျွန်တော် တစ်ခါပြောဖူးတယ်။ တစ်ခါ ကျွန်တော် စွန့်ပြီးဝင်သွားတယ်။ ချင်းရွှေဟော်မှာ ။ ကွမ်လုံကနေ သွားတာပေါ့။ စံပြရွာက ကျွန်တော် တို့ outpost အဆုံးစွန်ပဲ။ စံပြရွာကျော်တာနဲ့ သူတို့အကုန်ဗကပအဖွဲ့ တွေ ပေါ့။ အဲဒီ တုန်းက တိုင်းမှူးက မောင်သင့်လေ။

(ဘေးမှဝင်ပြော - ကိုစောလွင်တို့ပါ ပါတယ်လေ)

အင်း . . . ကိုစောလွင်တို့ ပါတယ်။ အဲဒီ မှာ ကျွန်တော် တို့က တပ်ခွဲတစ်ခွဲပေါ့ဗျာ။ အမှန်တော့ တပ်ခွဲတစ်ခွဲဆိုတာ သူတို့နယ်မြေထဲဝင်တာ မလုံလောက်ပါဘူး။ တပ်ခွဲတစ်ခွဲနဲ့ ကျွန်တော် သွားတော့ စံပြရွာရောက်တော့ ကိုသင့် . . . တပ်စုတစ်ခုပဲ ယူသွားမယ်။ တစ်စုနှစ် စုထားခဲ့မယ်တို့။ ဟာ . . . ဖြစ်ပါမလား ဗိုလ်ချုပ်ကြီးတဲ့။ ကျွန်တော် ကဗိုလ်ချုပ်ကြီးရဲ့ လုံခြုံရေး ကိုတာဝန်ယူရတာ တဲ့။ ကျွန်တော် က တိုင်းမှူးဆိုတော့ ဗိုလ်ချုပ်ကြီးလုံခြုံရေး ကို တာဝန်ယူရတာ တဲ့။ ကိုသင့် ဟိုမှာ ထောင်ချီနေတာဗျလို့။ကျုပ်တို့က တပ်ခွဲတစ်ခွဲနဲ့ ဘယ်လိုလုပ်တိုက်ပွဲဆင်နွှဲမှာ လဲလို့။ ဖြစ်ပြီဟေ့ဆိုရင် အားလုံးသေမှာ ပဲလို့။ ကျုပ်လည်း သေမယ်၊ခင်ဗျားလည်း သေမှာ ပဲလို့။ အဲဒီ တော့ ခင်ဗျားကို ခုံရုံးလည်း လာစစ်စရာအကြောင်းလည်း မရှိတော့ဘူးလို့။ ခင်ဗျား သေနေပြီလေလို့။ ဟုတ်သားပဲတဲ့။ အဲဒီ ကျမှ သူလည်း သဘောပေါက်သွားတယ်။ တကယ်လည်း အဲဒီ စံပြရွာကထွက်တော့ ဟိုမှာ ဘယ်ဘက်မှာ တောင်ကုန်းပေါ်မှာ ထောင်ချီပြီး ရှိနေတာ တန်းစီနေတာပဲ။ လူက စိပ်နေတာ တစ်ခါတည်း တန်းစီနေတာ။လက်နက်ကြီးကော၊ ဘာတွေ ကော။ အဲဒီ ဘက်ကတောင်တွေ မှာ သစ်ပင်တွေ က ကျိုးတိုးကျဲတဲဗျ။ အကုန်မြင်နေရတယ်။ညာဘက်က ချောင်း။ ဘာမှအကာအကွယ်မရှိဘူးလေ။ တစ်ခုခု ဖြစ်ပြီဟေ့ဆိုရင် အားလုံးသေမှာ ပဲ။ ဒါပေမဲ့ . . . ချင်းရွှေဟော်ရွာထိပ်လည်း ရောက်ရော ဘေလီတံတားရှိတာကို ဖျက်ထားတယ်။ ဘေလီတံတားနေရာမှာ သစ်လုံးကြီးတစ်လုံးချထားတယ်။သစ်ပင်ကြီးကို လှဲချထားတာပေါ့။ အဲဒီ ပေါ်ကနေ ဖြတ်လျှောက်ရတယ်။ အဲဒီ ကလျှောက်အပြီး ကိုက် (၃ဝဝ) လောက် နေတော့မှ သူတို့နေတဲ့နေရာကို ရောက်တယ်။ အဲဒီ နေရာရောက်တော့ ဝန်ကြီးတွေ လည်း ကျွန်တော် နဲ့ပါလာတယ်။ ကိုသိန်းဝင်းတို့၊ ကိုသန်းညွန့်၊ ကိုစောလွင်၊ ကိုမျိုးသန့် ပါလာတယ်။ ကဲ ကိုသင့်၊ တပ်စိတ်နှစ် စိတ် ဒီမှာ ထားခဲ့။ ကျွန်တော် တို့တစ်စိတ်နဲ့ပဲသွားမယ်လို့။ အဲဒီ တော့ ကိုသင့်က ဘာမှမပြောတော့ဘူးလေ။ သူလည်း သဘောပေါက်သွားပြီ။ တပ်စိတ်တစ်စိတ်တည်းနဲ့သွားတော့ ကိုက် (၃ဝဝ) လောက်ရောက်တော့ တဲသုံးတဲ တွေ့ တယ်။ အဲဒီ တဲသုံးတဲမှာ ကျွန်တော် တို့အတွက် တဲနှစ် တဲ။အစောင့်အရှောက်တွေ နဲ့ သူတို့အဖွဲ့က တဲတစ်တဲထဲမှာ နေနေတယ်။ ကျွန်တော် တို့က တပ်စိတ်တစ်စိတ်တည်း ပါတယ်။ကျွန်တော် တို့လည်း ဝင်လည်းဝင်လာရော ဗိုလ်ချုပ်ကြီးက တပ်လည်းမပါပါလားတဲ့။ ကျွန်တော် က ခင်ဗျားတို့ရှိသားပဲဗျ။ကျွန်တော် က တပ်ယူစရာ လိုသေးလားဗျလို့။ ခင်ဗျားတို့လုံခြုံရေး ရှိနေတာပဲလို့။ ကျွန်တော့် လုံခြုံရေး ကို ခင်ဗျားတို့ ယူလိမ့်မယ် မဟုတ်လားလို့။ ဘယ်တပ်လိုတော့မှာ လဲဗျလို့ ကျွန်တော် ပြောလိုက်တော့ heart ထိသွားတယ်။ အဲဒီ မှာ အဲဒီ တစ်ချက်တည်းပဲ။ အဲဒီ စကားတစ်ခွန်းပဲ ကျွန်တော် ပြောတယ်။ ခင်ဗျားတို့လုံခြုံရေး ယူထားမှတော့ ကျွန်တော့် တပ်ယူဖို့ လိုသေးသလားဗျလို့။ အဲဒီ အချိန်မှာ ကျွန်တော့် ဘေးမှာ က သူတို့ရဲ့ ဦးစီးချုပ်ဗျ။ ရန်မိုးလျံဆိုတာ စစ်ဦးစီးချုပ်။ သူက ကျွန်တော့် ကို တာဝန်ယူထားတာ။ ကျွန်တော် သာ နည်းနည်း ဖောက်လိုက်ရင် ကျွန်တော့် ကို သူ အရင်ရှင်းလိမ့်မယ်။ သူက ပစ္စတိုနှစ် လက်နဲ့ဗျ။ ခါးမှာ ထိုးထားတယ်။ ကျွန်တော့် ကို အရင်ရှင်းမှာ ။ တစ်ခုခု မရိုးမသား ဖြစ်ရင် ကျွန်တော့် ကို သူ အရင်ရှင်းလိမ့်မယ်။ အဲဒီ သူတို့ကplan လုပ်ထားတာဗျ။ အဲဒါကို နောက်မှ ကျွန်တော် က သိတာဗျ။ နောက်မှ သူတို့ထမင်းကျွေးလို့ ကျွန်တော် သွားစားတဲ့အခါကျတော့ အဲဒီ အချိန်မှာ တော့ အခေါက်ခေါက်အခါခါသွားနေတော့ ကျွန်တော် တို့က ရင်းနှီးနေပြီ။ သူ့အိမ်မှာ ထမင်းတွေ စားကြတယ်။ သူ့မိန်းမတွေ ၊ ကလေးတွေ နဲ့လည်း ရင်းနှီးနေပြီ။ အဲဒီ အခါကျမှ အဘ . . . ကျွန်တော် တို့ဆီ ပထမတစ်ခေါက်လာတုန်းက ကျွန်တော် က အဘကိုသတ်ဖို့ တာဝန်ယူထားတာတဲ့။ အခုတော့ ဗွေမယူပါနဲ့နော်တဲ့။ ကျွန်တော် တောင်းပန်ပါတယ်တဲ့။ အဘက အဲဒီ လိုပြောလိုက်တဲ့အခါကျတော့ ကျွန်တော် လည်း စိတ်ပြောင်း သွားတယ်တဲ့။ ဒီလူ ကတော့ တကယ့်ငြိမ်းချမ်းရေး ယူဖို့လာတဲ့သူပဲ။ ငါတို့ တာဝန်ယူရမှာ ပေါ့။ ဒီလူပြောတာမှန်မယ်။ ဒီလူပြောတာတို့ ယုံကြည်မယ်ဆိုပြီးတော့ အဲဒီ မှာ စိတ် ပြောင်းသွား တာ။ အဲဒီ မှာ ထိုင်လည်းထိုင်တော့ ကျွန်တော် ကနေ ရှင်းပြလိုက်တယ်။ ဘာလုပ်မယ်၊ ဘာလုပ်မယ်ပေါ့။ကဲ . . . ခင်ဗျားတို့ဘာတွေ ရှိသလဲ။ ဘာမှတော့မရှိဘူး။ ဗိုလ်ချုပ်ကြီးလုပ်ပေးမယ့်အတိုင်း ကျွန်တော် တို့ သဘောတူတယ်ဆိုပြီးတော့ ပြီးသွားရော၊ ပြတ်သွားရော။ အဲဒါဗျ။ အဲဒါလည်းပြီးလည်းပြီးရော 'ဝ'တို့ ဘာတို့ ကျန်တာတွေ အကုန်လုံးက ပြီးသွားရောဗျ။ ဒါ . . . ကိုးကန့်နဲ့စတာလေ။

အခုကျတော့ ဘာကြောင့် ခဲယဉ်းနေလဲ။

မသိဘူး။ ကျွန်တော့် တုန်းက confidence ပေါ့ဗျာ။ တစ်ခုရှိတာက တစ်ယောက် နဲ့ တစ်ယောက် သံသယကင်းရမယ်လေ။ အဲဒီ တုန်းက ကျွန်တော် တို့ကို တကယ်အစပျိုးပေးတဲ့သူက ဦးလော်စစ်ဟန်ဗျ။ သူက ကိုးကန့်သားလေဗျ။ သူကနေပြီးတော့ ကျွန်တော် နဲ့ ဆက်သွယ်လိုက်တာ။ ဗိုလ်ချုပ်ကြီးနဲ့ တွေ့ ချင်တယ်။ တွေ့ မှ ဖြစ်မယ်။ သိပ်အရေး ကြီးပါတယ်။ တိုင်းပြည်အတွက်ပါ။ ဦးလော်စစ်ဟန်ရယ်၊ ဦးလော်စစ်မင်းရယ်၊ သူတို့နေရေး ထိုင်ရေး ကိစ္စ ကျွန်တော် စောင့်ရှောက်ပေးရတာ ရှိတယ်။သူပြောတော့ သူကကိုးကန့်သားဆိုတော့ တစ်ခုခုတော့ ထူးထူးခြားခြားရှိလိမ့်မယ်ဆိုပြီးတော့ ကျွန်တော် ကတွေ့ တယ်။

ပထမ ကျွန်တော် မတွေ့ ခင်မှာ ကျွန်တော့် တပည့်တွေ ကို လွှတ်လိုက်တယ်။ တပည့်တွေ နဲ့အရင် ဟိုဘက်ကို လွှတ်တာဗျ။ ရွှေလီမှာ တွေ့ တာ။ နောက် . . . ရွှေလီရယ်၊ ပန်ဆိုင်းရယ်။ ပထမတွေ့ တာ ကြူကုတ်၊ ပန်ဆိုင်းမှာ ။ တပည့်တွေ နဲ့ နှစ် ကြိမ်တွေ့ ပြီးတော့မှ နောက်မှတပည့်တွေ ရဲ့ တင်ပြချက်အပေါ် မူတည်ပြီးတော့ သူတို့ရဲ့ ပြောတဲ့သူတွေ က ယုံကြည်ရတဲ့သဘောရှိပါတယ်။ ကျွန်တော် က တပည့်တွေ ကို လွှတ်လိုက်ကတည်းက သူတို့ပြောဟန်ဆိုဟန်ကို သေသေချာချာကြည့်၊ သူတို့အရိပ်အကဲကိုကြည့်၊ သူတို့ပုံသဏ္ဌာန်ကိုကြည့်၊ မင်းတို့ သူတို့ရဲ့ မျက်နှာအနေအထားကို မူတည်ပြီးတော့မှ အတွင်းစိတ်ကိုမှန်းလို့ရတယ်။ သူတို့အတွင်းစိတ်ကို မှန်းလာခဲ့ဆိုပြီး ကျွန်တော် ဒီလိုခိုင်းလိုက်တယ်။ သူတို့က တကယ့်ကို ငြိမ်းချမ်းရေး လိုချင်တဲ့ သဘောဆောင်ပါတယ်။ အတွင်းစိတ်ကလည်း တကယ်ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတဲ့ စိတ်ထားမျိုးတွေ ပေါ်လွင်ပါတယ်ပေါ့ဗျာ။ အေး . . . အဲဒါဆိုရင်တော့ မှန်တယ်နော် . . . မင်းတို့။ ဟုတ်ပါတယ် မှန်ပါတယ်။ အဲဒါဆိုရင် ငါ တွေ့ မယ်ကွာဆိုပြီးတော့ပေါ့။

အခု 'ဝ' က ပြည်နယ်တောင်းဖို့ ကြိုးစားနေတယ်။

ကြားတယ်။ အဲဒါဆိုရင်တော့ တော် တော် မလွယ်ဘူးဗျ။ တော် တော် ခက်မယ်နော်။ တော် တော် လုပ်ရကိုင်ရခက်မယ်။ဘာ ဖြစ်လို့လဲဆိုတော့ ယခင်တုန်းက ဗကပထဲမှာ အများ စုက 'ဝ'။ အသေခံတာလည်း 'ဝ'တွေ ပဲ။ ခေါင်းဆောင်သာကိုးကန့်ဗျ။ ဒါပေမဲ့ . . . ရဲဘော်တွေ ကော၊ တပ်သားတွေ ကောက 'ဝ'တွေ ။

ကျွန်တော် တို့က အဲဒီ ဘက်ကို နှစ် ခေါက်ရောက်ဖူးတယ်။ သူတို့က တော် တော် strong ဖြစ်တယ်။

သူတို့ပြောတာက တဲ့တိုးဗျ။ သွယ်ဝိုက်ပြီးတော့ မပြောဘူး။ တဲ့တိုးပြောတယ်ဆိုကတည်းက ရိုးသားမှု ပေါ့ဗျာ။ ရိုးသားမှု ၊ပွင့်လင်းမှု ရှိတယ်။ ကြိုက်ရင်ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူး။ ဒီလို ဟိတ်နဲ့ ဟန်နဲ့ နည်းပရိယာယ်တွေ ဘာမှမရှိဘူး။တဲ့တိုးပြောတာ။ ကျွန်တော် နဲ့ပထမဆုံးတွေ့ တဲ့ 'ဝ'ခေါင်းဆောင်က ကျောက်ညီလိုင်။ သူတို့နဲ့ ဟိုပန်မှာ သွားတွေ့ တာပေါ့။သူ ကတော့ စတိုင်နဲ့လာတာပေါ့။ ကုတ်အင်္ကျီနဲ့၊ နက်ကတိုင်နဲ့။ နက်ကတိုင်အောက်က စပို့ရှပ်ဝတ်ထားတယ်။ စပို့ရှပ်ပေါ်မှာ နက်ကတိုင် ဆွဲတယ်။ နောက်ပြီး ကုတ်အင်္ကျီနဲ့။ ကျောက်ညီလိုင်က ငါးသုံးလုံးစီးကရက် သောက်တယ်။ သူ့တပည့်က နောက်ကနေ လိုက်တယ်။ ငါးသုံးလုံး တစ်ဝက်ကျိုးသွားပြီဆိုရင် ဆေးလိပ်ပြာခွက်ထဲကို ချေပစ်လိုက်တယ်။ ချေပြီးရင် တံထွေးကလည်း အဲဒီ ပြာခွက်ထဲကို ထွေးထည့်လိုက်တယ်။ ဗျစ်ခနဲဆို ထွေးထည့်လိုက်တယ်။ သူတို့ စီးကရက်တစ်လိပ်ရှူလိုက်ပြီးတာနဲ့နောက်ကတပည့်က စီးကရက်တစ်လိပ်ညှိပြီးတော့ နောက်ကနေကမ်းပေးလိုက် တယ်။ နောက်တော့ သူတို့အထာသိတဲ့အခါကျတော့လည်း လွယ်တာပေါ့ဗျာ။ ကိုးကန့်နဲ့တွေ့ ပြီးသွားတော့ သူတို့လည်း သိပ်မခက်ခဲတော့ဘူး။ သူတို့ချင်းကအဆက်အသွယ်ရှိတာကိုး။ ကျွန်တော့် အကြောင်းလည်း မတွေ့ သေးပေမဲ့ သိသွားပြီလေ။ သိသွားပြီဆိုတော့ ကျွန်တော် စကားပြောလိုက်တဲ့ အခါမှာ ဆင်ခြေဆင်လက်ဘာမှမရှိဘူး။ သဘောတူပါတယ်ဆိုပြီး ပြောတယ်။

ခွန်ဆာကျတော့ လုပ်ရတာ ဘယ်လောက်ခက်လဲ။

ခွန်ဆာကျတော့ ဒီလိုဗျ။ ခွန်ဆာကြီးက ကျွန်တော့် ဆီ စာရေး တယ်။ ပထမစာရေး တယ်။ စာကိုသူ့တပည့်တွေ က ဟိုမိန်းကနေ တာချီလိတ်ကိုပို့တယ်။ တာချီလိတ်က ကျွန်တော့် တပ်မှူးကနေ ကျွန်တော့် ဆီ လာတယ်။ ဟုတ်ပါ့မလားကွာလို့။အဲဒီ အချိန်မှာ ကျိုင်းတုံမှာ ဦးပေါက်ယူချမ်းနဲ့ ကျွန်တော် ချိန်းပြီးတွေ့ လိုက်တယ်။ ခွန်ဆာ ကတော့ အခုလိုစာရေး တယ်လို့ဦးပေါက်ယူချမ်းကို ပြောတယ်။ ဥပဒေဘောင်ထဲ ဝင်ချင်တယ်လို့ စာရေး တယ်လို့။ ဦးပေါက်ယူချမ်း ဘယ်လိုသဘောရသလဲလို့။ ဗိုလ်ချုပ်ကြီး မယုံနဲ့နော်တဲ့။ ဘာ ဖြစ်လို့လဲဆိုတော့ သူနဲ့တိုက်နေတာကိုး။ ဦးခွန်ဆာက သိပ်လည်တာတဲ့။ ကျွန်တော့် ကိုအဲဒီ လိုပြောတယ်။ ဒါနဲ့ ကျွန်တော် က သူပြောတာကို မှတ်ထားလိုက်တာပေါ့ဗျာ။ ပြီးတော့ ကျွန်တော် ပြန်လာတော့ တာချီလိတ်က တပ်မှူးကို မင်း . . . ဟိုမိန်းကိုသွားရဲလားလို့ဆိုတော့ ရပါတယ်။ ဗိုလ်ချုပ်ကြီးလွှတ်ရင် ကျွန်တော် သွားပါ့မယ်ဆိုပြီးတာချီလိတ်တပ်မှူးကို ဟိုမိန်းနဲ့ချိတ်ပြီး သွားဆိုပြီး လွှတ်လိုက်တယ်။ လွှတ်လိုက်တော့ သူတို့ ကောင်းကောင်းမွန်မွန်ပဲ ဧည့်ခံတယ်။ ပြုစုတယ်။ ပြီးတော့မှ ခွန်ဆာကြီးဆီက ပြောလိုက်တဲ့ အသံတိပ်ခွေကို ပေးလိုက် တယ်။ သူကိုယ်တိုင် ပြောလိုက်တာ။ကျွန်တော့် တပည့်က အဲဒီ တိပ်ခွေကို ယူလာပြီးပြတော့ ကျွန်တော် ဖွင့်ကြည့်တယ်။ သူက ဥပဒေဘောင်ထဲဝင်ချင်တာ သမိုင်းမှာ တဲ့။ မကောင်းတဲ့အမည်းစက်ကြီးနဲ့ သူ သေမသွားချင်ဘူးတဲ့။ အသက်လည်းကြီးပြီ။ သူက ဘိန်းဘုရင်၊ ဘိန်းဘုရင်ဆိုတဲ့အမည်းစက်ကြီးနဲ့၊ မကောင်းတဲ့သမိုင်းကြောင်းကြီးနဲ့ မသေချင်ဘူးတဲ့။ သန့်သန့်ရှင်းရှင်းနဲ့ပဲ သေချင်ပါတယ်တဲ့။ ဒါကြောင့် ကျွန်တော် ဥပဒေဘောင်ထဲ ဝင်ချင်တယ်တဲ့။ ဗိုလ်ချုပ်ကြီး ကူညီပါတဲ့။ ဗိုလ်ချုပ်ကြီး စောင့်ရှောက်ပေးပါတဲ့ဆိုတော့ ကျွန်တော် က အဲဒီ မှာ စဉ်းစားတယ်။

ပထမတစ်ကြိမ် သူ ရေး တယ်။ ကိုယ့်တပည့်ကို လွှတ်လိုက်တယ်။ ဟိုကျတော့ သူ ကောင်းကောင်းမွန်မွန် ဧည့်ခံတယ်၊ပြုစုတယ်။ ပြီးတော့ နှုတ်နဲ့ ဒီတိပ်ခွေကို သွင်းပေးလိုက် တယ်။ သူ့စိတ်ထား ကတော့ မဆိုးဘူးထင်တယ်လို့။ အဲဒီ မှာ ကျွန်တော် က နည်းနည်း လေး သူ့သဘောထားကို မှန်းလို့ရတယ်။ ဒါနဲ့ကျွန်တော် က စန်းပွင့်ကို ကိုစန်းပွင့် . . . မင်း ဟိုမိန်းကို သွားရဲလားလို့။ဗိုလ်ချုပ်ကြီးလွှတ်ရင် ကျွန်တော် သွားမှာ ပေါ့တဲ့။ ခွန်ဆာကြီးဆီ ငါပို့လိုက်တယ်။ မင်း . . . တာချီလိတ်တပ်မှူးကနေတစ်ဆင့်ဆက်သွယ်လိုက်လို့။ အဲဒီ အချိန်မှာ ခွန်ဆာကြီးကသူ့ဦးလေးကို လွှတ်လိုက်တယ်။ အဲဒီ လိုပဲတိပ်နဲ့သွင်းပြီး ကျွန်တော့် ဆီကိုပို့တယ်။ သူ့ဦးလေးပါ ရောက်လာတယ်။ သူ့ဦးလေးပါ ရန်ကုန်ရောက်လာတော့ ဒါဆိုရင် ဒီလူဟာ တော် တော် သူ့စိတ်ဓာတ်တွေ တော့ ဥပဒေဘောင်ထဲဝင်ဖို့ တော် တော် အားသန်နေပြီထင်တယ်လို့။ အားသန်တဲ့ အရိပ်အယောင်တော့ မြင်ရတယ်။ ဒါနဲ့စန်းပွင့်ကိုလည်း ပြောလိုက်တယ်။ ကဲ . . . စန်းပွင့်၊ မင်း သူ့ဦးလေးနဲ့ လိုက်သွားဆိုတော့ သူ့ဦးလေးနဲ့ တာချီလိတ်ကနေတစ်ဆင့် ဟိုမိန်းကို လိုက်သွားတယ်။ စန်းပွင့်ကို တိပ်သွင်းပြီး ပေးလိုက် တယ်။

ကျွန်တော့် သဘောဆန္ဒအတိုင်းပါတဲ့။ ကျွန်တော် စီမံသလိုလုပ်ပါ့မယ်တဲ့။ ကျွန်တော့် အစီအမံအတိုင်း လိုက်နာပါ့မယ်တဲ့။ ဒါနဲ့ စန်းပွင့်ပြန်လာတော့မှ သေချာပြီ၊ ယုံကြည်လောက်ပြီဆိုပြီး ကျွန်တော် က လူကြီးတွေ ကို တင်ပြလိုက်တယ်။ တင်ပြတော့ တကယ်ဟုတ်ရဲ့ လားဗျာ၊ မောင်ခင်ညွန့်တဲ့။ တကယ်စိတ်ချရဲ့ လားဗျာတဲ့။ ဟုတ်ပါတယ်လို့။ ကျွန်တော် ကတော့ ဆုံးဖြတ်ပြီးသားပါလို့။ တကယ် ဖြစ်လိမ့်မယ်လို့၊ တကယ်အောင်မြင်လိမ့်မယ်လို့ကျွန်တော် ယုံကြည်ပါတယ်လို့။ အဲဒီ တော့ ကိုအေး၊ဘယ်လိုသဘောရသလဲတဲ့။ ကျွန်တော် တို့ စမ်းကြည့်တာပေါ့တဲ့။ လုပ်ကြည့်တာပေါ့တဲ့။ ဒါနဲ့ ကျွန်တော် plan လုပ်တယ်။ကျွန်တော် ဆက်သွယ်ဦးမယ်ဆိုပြီး စန်းပွင့်ကိုပဲ နောက်တစ် ခေါက်လွှတ်လိုက်တယ်။ ဘယ်လိုလုပ်ချင်သလဲ။ အဲဒီ တစ်ခါမှာ တော့ ပြတ်ပြတ်သားသား စာလည်းရေး လိုက်တယ်။ ကျွန်တော် လက်နက်နဲ့လာပြီး စွန့်မယ်တဲ့။ အတော် ပြတ်သားတယ်။ဗိုလ်ချုပ်ကြီး အစီအမံအတိုင်း ကျွန်တော် လုပ်မယ်။ အစီအမံအတိုင်းနေမယ်။ ကျွန်တော့် တပည့်တွေ ကိုဗိုလ်ချုပ်ကြီးက ပြန်ပြီးစောင့်ရှောက်ပေးပါ။ အဲဒီ အဖြေရတယ်။

အဖြေရတော့ ကျွန်တော် က စန်းပွင့်ကို မှာ လိုက်တယ်။ ဘယ်လိုလုပ်ချင်သလဲ။ လုပ်မယ့်ဟာလေးတွေ ကို ညှိလိုက်စမ်း။ညှိလာခဲ့။ သူလုပ်ချင်တဲ့ဆန္ဒတွေ ကိုဆိုတဲ့ အခါကျတော့ ပြန်လာတော့ တပ်ကိုခေါ်မလာရဘူးတဲ့။ ဗိုလ်ချုပ်ကြီးထောက်လှမ်းရေး နဲ့ပဲ ဒီကိစ္စလုပ်မယ်တဲ့။ ထောက်လှမ်းရေး အဖွဲ့နဲ့ အားလုံးစီမံပြီးတော့မှ တပ်ကဝင်တာ ကောင်းပါတယ်တဲ့။ နို့မို့ရင် တပ်ဝင်လာရင် ကျွန်တော့် တပည့်တွေ က တစ်မျိုးတစ်မည် ထင်ကုန်မယ်တဲ့ဆိုတာနဲ့ ကျွန်တော့် ထောက်လှမ်းရေး အဖွဲ့ကို အဖွဲ့တွေ ခွဲရတယ်။ သူက တစ်နေရာတည်းမှ မဟုတ်ဘဲကိုး။ ဟိုမိန်းမှာ တစ်ဖွဲ့။ နေရာသုံးနေရာကို သုံးဖွဲ့ခွဲရတယ်။ မြောက်ဘက်မှာ လည်း တစ်ဖွဲ့ရှိတယ်။ အားလုံးလေးဖွဲ့ ကျွန်တော် လွှတ်လိုက်တယ်။ ရက်ကို ကျွန်တော် က ရွေးလိုက်တယ်။ အဲဒီ အချိန်မှာ ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ ကျွန်တော် နဲ့က မိုင်းဆတ်ကိုထွက်သွားတယ်။ တပ်မ ကတော့ တပ်မ (၅၅)။ တပ်မ (၅၅)က အဲဒီ စစ်ဆင်ရေး အတွက်ကို တပ်မတစ်ခုလုံးပေါ့လေ . . . တပ်ရင်း (၁ဝ) ရင်း။ အဲဒီ တော့ သူက ကျွန်တော် တို့ရဲ့ နောက်မှာ ကျွန်တော် တို့ plan လုပ်လိုက်တာက ထောက်လှမ်းရေး က ရှေ့ကနေဆက်သွယ်ပြီးခေါ်လိုက်ရင် တစ်နာရီခရီး ဖြစ်ရမယ်။ အဲဒီ တစ်နာရီခရီးမှာ တပ်တွေ က နေရာယူထားပေး။ ဟိုမိန်းဆိုရင် ဟိုမိန်းမရောက်ခင် တစ်နာရီခရီး။ နောက်နေရာတွေ ကလည်းနောက်ပွိုင့်မရောက်ခင် တစ်နာရီခရီးနဲ့ နောက်ကနေလိုက်တယ်။ ကျွန်တော့် အဖွဲ့တွေ က ရှေ့ကနေ အရင်သွားတယ်။ အဲဒီ မှာ အဆက်အသွယ်ယူပြီးတော့မှ။ ခွန်ဆာကြီးက ဟိုမိန်းမှာ ။ ဟိုမိန်းကို အရင်ဝင်။ ဟိုမိန်းမှာ တစ်ဖွဲ့။ ခွန်ဆာကြီးနဲ့ ဆွေးနွေးပြီးတော့ ခွန်ဆာက သူ့တပည့်တွေ ကို တန်းစီခိုင်းပြီး လက်နက်စင်တွေ လုပ်ထားတာမှာ မင်းတို့ လက်နက်တွေ ၊ ဒီမှာ လာတင်ကြဆိုတော့ သူ့တပည့်တွေ လာတင်ကြတယ်။ လက်နက်တွေ ထားပြီးမှ ခွန်ဆာကြီးက ငါတို့ ဥပဒေဘောင်ထဲဝင်တော့မယ်ဆိုပြီးမိန့်ခွန်းပြောလိုက်တယ်။

သူ့တပည့်တွေ ကို ကြိုပြောမထားဘူးပေါ့။

ကြိုပြောမထားဘူး။ အဲဒီ မှာ မှ မိန့်ခွန်းပြောတယ်။ အဲဒီ အချိန်မှာ သူ့ကိုတော့ တော် တော် လည်း ကြောက်တယ်၊ လေးလည်းလေးစားတယ်ဗျ။ နောက်ပိုင်း ကျွန်တော် ရောက်သွားတော့ သူ့နေပုံထိုင်ပုံ၊ သူ့တပည့်တွေ နဲ့ထိတွေ့ ပြီး ပြောတဲ့ဆိုတဲ့အခါမှာ သူ့ကို ကြောက်လည်းကြောက်တယ်၊ လေးလည်းလေးစားတယ်။ အဲဒီ တော့ ဟိုမိန်းမှာ ဘာမှပြဿနာမရှိဘူး။ အကုန်လုံးကခွန်ဆာကြီးသဘောပဲ။ ကျန်တဲ့နေရာတွေ လည်း သိပ်ပြဿနာမရှိဘူး။ အကုန်လုံးပြီးသွားပြီ။ ဒါပေမဲ့ . . . ရွက်ဆစ်ကဝင်ပြီးတော့မှ ပြန်ထွက်သွားတာ။ ဝင်ပြီးမှပြန်ထွက်တာ။ အဲဒီ တော့ ကျွန်တော် တို့က လက်နက်တွေ အကုန်နေရာချထားပြီးပြီဆိုတော့ တပ်ကိုခေါ်တယ်။ တပ်က တဖြည်းဖြည်းနဲ့မှ နေရာယူလိုက်တယ်။ ဒါအမှန်။ ကျွန်တော့် လူတွေ ကတော့ ရှေ့က အကုန်ရှင်းပစ်လိုက်တာပေါ့။ အကုန်လုံးရပြီဆိုတဲ့အခါကျတော့ တပ်က ရောက်လာတယ်။ အဲဒီ မှာ စပြီးတော့ ခွန်ဆာကြီး အခမ်းအနားလုပ်မယ်ဆိုတော့ ကျွန်တော့် ကို လုံးဝမထည့်တော့ဘူး။ ကိုခင်ညွန့် မ သွားပါနဲ့ဗျာတဲ့။ ခင်ဗျားသွားစရာ မလိုပါဘူးတဲ့။ တိုင်းမှူးပဲတာဝန်ပေးလိုက် ပါဆိုတော့ တိုင်းမှူးက ကိုတင်ထွဋ်ပေါ့ဗျာ။ အမှန်တော့ တိုင်းကတပ်တွေ လည်း ဘာမှမလုပ်လိုက်ရဘူး။တပ်မ (၅၅) ကလည်း ဘာမှမလုပ်လိုက်ရဘူး။ ကျွန်တော့် ဆီက နေရာယူပြီး သူတို့နဲ့စကားတွေ ပြောပြီး လုပ်လိုက်တာ။အဲဒါအမှန်ပဲ။

ဒါကြောင့် ကွင်းဆက်က ဟနေတယ်။ ဗိုလ်ချုပ်ကြီးက နောက်ပိုင်းပါမလာတော့ဘဲနဲ့။

ဒါပေမဲ့ ခွန်ဆာကြီးကျတော့ ကျွန်တော် ပဲ သူ့ကို စောင့်ရှောက်ထားရတယ်။ ဘယ်သူမှမသိအောင် ပေါ့ဗျာ။ ဘယ်နေရာထားမှန်းမသိအောင် ကျွန်တော် ပဲ အိမ်နှစ် လုံးလုပ်ထားရတယ်။ သူနေဖို့အိမ်၊ သူ့မိန်းမနေဖို့အိမ်။ မိန်းမကလည်းများ တယ်ဗျ။မိန်းမက လေးယောက် လောက် ရှိတာကိုး။ တစ်ယောက် လာပြီး သူနဲ့တစ်ပတ်၊ ဆယ်ရက်လောက်နေပြီး ပြန်သွား။ နောက် တစ်ယောက် လာ။ ဒါပေမဲ့ . . . သူ့တပည့်တွေ ကလည်း ကောင်းတယ်ဗျ။ တစ်လတစ်ကြိမ်လောက် သူ့တပည့်တစ်ဖွဲ့လာလိုက်။ပိုက်ဆံပေးသွားတယ်။ ကျွန်တော် က ဘယ်လောက်မှ များများ မပေးနိုင်ဘူးလေ။ အဲဒီ အချိန်တုန်းက ကျွန်တော် ပေးတာက တစ်လကိုမှ သုံးသိန်းလောက်ပေးတာ။ ဟိုကလာရင် ဆယ်သိန်းလောက်ပေးသွားတယ်၊ ဆယ့်ငါးသိန်းလောက်ပေး သွားတယ်။

သူ့ကို အဲဒီ တုန်းက အမေရိကန်က မတောင်းဘူးလား။

တောင်းတာပေါ့။ သူ့ကို ထုတ်လည်းထုတ်ထားတယ်လေဗျာ။

(ဘေးမှဝင်ပြော - သူ့ကို လွှဲမပေးပါဘူးဆိုတာ ပါတယ်မဟုတ်လား)

ဟုတ်တယ်။

(ဘေးမှဝင်ပြော - သူက အဲဒါကြောက်တာ)

သူ့ကို အမေရိကန်လွှဲမပေးပါဘူးဆိုတာတော့ ဗိုလ်ချုပ်ကြီး တာဝန်ယူပါ။ ကျွန်တော် ကလည်း ကတိပေးလိုက် တယ်။လွှဲမပေးဘူးဗျာလို့။ ခင်ဗျား ဘယ်အခြေအနေပဲ ရောက်ရောက်၊ လွှဲမပေးဘူးလို့။ ကျွန်တော့် အနေနဲ့ ကတိပေးလိုက် တယ်။အဲဒါကြောင့် သူက ယုံယုံကြည်ကြည်နဲ့ လာတယ်။ သူ့ကို အိမ်မှာ နေရာချထားတယ်။ သူက ရှမ်းတရုတ်ဗျ။ ဗုဒ္ဓဘာသာ။

သြော် . . . ခရစ်ယာန်အောက်မေ့လို့။

ကျွန်တော့် ကို ကန်တော့ပွဲနဲ့ ထိုင်ကန်တော့တာဗျ။ ဟာ . . . ဦးခွန်ဆာ၊ ခင်ဗျားက ကျွန်တော့် ထက်ကြီးမယ်ဗျ။ ကျွန်တော် က ခင်ဗျားထက် ငယ်တယ်လေ။ ဘာလို့ ကျွန်တော့် ကိုလုပ်မလဲလို့။ မဟုတ်ဘူးလေတဲ့။ ဗိုလ်ချုပ်ကြီးက ကျွန်တော့် ကျေးဇူးရှင်ပဲတဲ့။ ကျွန်တော် က ဗုဒ္ဓဘာသာပဲတဲ့။ ရှမ်းထုံးစံပဲတဲ့။ ရှမ်းထုံးစံကို ကိုယ့်ရဲ့ ကျေးဇူးရှင်၊ ကိုယ့်ရဲ့ အကြီးအကဲကိုကန်တော့ရတယ်တဲ့။ ဗိုလ်ချုပ်ကြီး ခံယူပါတဲ့။ ကျွန်တော် က ဗိုလ်ချုပ်ကြီးကို ကန်တော့ထိုက်လို့ ကန်တော့တာပါတဲ့။ ကျွန်တော့် ကို သူ့အိမ်မှာ ကန်တော့ပွဲနဲ့ဗျ။ ပြီးတော့ကျွန်တော့် ကို ဘုရားတစ်ဆူပေးတယ်။ ကျွန်တော် ကိုးကွယ်နေတဲ့ဘုရားကို ဗိုလ်ချုပ်ကြီးကိုးကွယ်ရအောင်တဲ့။ အဲဒီ ဘုရား ကျွန်တော့် အိမ်မှာ အခုအထိ ရှိတယ်။

အမေရိကန်ကတောင်းတော့ ဘယ်လိုရှင်းလိုက်လဲ။

ကျွန်တော့် ဆီမှာ မရှိဘူးပြောလိုက်တယ်။ ကျွန်တော် တို့က တရားခံလွှဲပေးရမယ်ဆိုတာ လက်မှတ်ထိုးထားတာ မရှိဘူးလေ။ အမေရိကန်နဲ့ ကျွန်တော် တို့နဲ့ အဲဒီ treaty မရှိဘူး။ သူက တစ်ခါတစ်ခါကျရင် သွားချင်တယ်ဗျ။ ကျွန်တော် က ငပလီကိုပို့ပေးရတယ်။ ပင်လယ်ကိုရောက်ချင်တယ်၊ ပင်လယ်မှာ အပန်းဖြေချင်တယ်။ ငပလီကို ပို့ပို့ပေးရတယ်။

သူ အေးချမ်းသွားတာပေါ့။

အင်း . . . သူ အေးချမ်းတဲ့ဘဝ ရသွားတာပေါ့ဗျာ။ သူရယ်၊ သူ့တပည့်က ကျန်စုရှင်း။ ကျန်စုရှင်းက စစ်ဦးချုပ်။ နှစ် ယောက် စလုံးကို ကျွန်တော် က စောင့်ရှောက်ထားရတယ်။ ကျန်စုရှင်းကလည်း သူ့အပေါ် သစ္စာရှိပါတယ်။ ကျွန်တော့် ကိုလည်း တော် တော် လေးစားတယ်။ ကျန်စုရှင်းကြီးက ဒီက မဟုတ်ဘူးဗျ။ သူက ထိုင်ဝမ်က။

ဒီနိုင်ငံသား ခံယူထားတာလား။

. . . . . . . . .

သြော် ...။

ကျွန်တော် က စောင့်ရှောက်ထားရတာ ပေါ့ဗျာ။ ကျွန်တော် က စောင့်ရှောက်မယ်။ ခင်ဗျားတို့ အန္တရာယ်မရှိအောင် လုပ်ပေးပါ့မယ်ဆိုပြီး ကတိပေးခဲ့တာကိုးဗျ။ ကျွန်တော် စောင့်ရှောက်တာကို သူတို့ကျေနပ်ပါတယ်။ ကျွန်တော့် တပည့်တွေ သွားသွားတွေ့ ၊ ဘာလိုသလဲ၊ လိုအပ်တာတွေ ကြည့်၊ လိုအပ်တာတွေ ဖြည့်ဆည်းပေး။ ဒါတွေ က ဘယ်သူမှမသိတဲ့ သမိုင်းကြောင်းတွေ ။

(ဘေးမှဝင်ပြော - အဲဒါလေးရေး ထားပေါ့။ မထုတ်နဲ့ဦးပေါ့)

ဒါက တိုင်းပြည်နဲ့ဆိုင်တယ်လေ။ သမိုင်းနဲ့လည်းဆိုင်တယ်။

သမိုင်းကိုးဗျ။

ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ အရေး ကြီးတယ်။ အထူးသဖြင့် ခွန်ဆာနဲ့ ပတ်သက်လို့၊ ဗိုလ်ချုပ်မြနဲ့ ပတ်သက်လို့ပေါ့။

(ဘေးမှဝင်ပြော - နောက်လူက ရှိတဲ့သမိုင်း ဖျောက်မှာ ဗျ။ ရေး ထား)

ဗိုလ်ချုပ်မြနဲ့တုန်းက သူပြောတာက ငါ ပြန်လာပြီး ငါ့တပည့်တွေ ကို ပြောမယ်။ ပြောပြီးရင် နောက်တစ်ခေါက် ငါ ပြန်လာမယ်။ ပြန်လာပြီးရင် မင်းနဲ့ လက်မှတ်ထိုး မယ်။အဲဒီ ကျရင် ငါ့ကို လေယာဉ်ပျံနဲ့ခေါ်ဦးနော်တဲ့။ ကျွန်တော် က လေယာဉ်ပျံနဲ့ သွားခေါ်တာကိုး။ လေယာဉ်ပျံနဲ့ လာခေါ်ကွာတဲ့။ မင်းနဲ့ငါနဲ့ လက်မှတ်ထိုးမယ်တဲ့။ ပြတ်နေပြီဗျ။ အဲဒီ တုန်းက သူ့မှာ ဦးစီးချုပ်လုပ်နေတဲ့ ဂျော်နီလည်း ပါတယ်ဗျ။ ဂျော်နီကလည်း ကျွန်တော့် ကို ကပ်ပြောသွားတယ် . . . ဗိုလ်ချုပ်ကြီးတဲ့။ ဘယ်သူလာလာ၊ မလာလာ ကျွန်တော် လာမယ်နော်တဲ့။ အေး ...လာ၊ ရတယ်လို့။ အဲဒီ တုန်းက သူတို့တပည့်တွေ တော် တော် များများ ပါလာတယ်။ တော် တော် ရင်းနှီးပါတယ်။ ဗိုလ်မြကြီးရဲ့ မွေးနေ့ ကျွန်တော် လုပ်ပေးလိုက်တယ်။

ဗီဒီယိုဖိုင်တွေ့ တယ်လေ။

အဲဒီ တုန်းက သူ့ဇနီးနဲ့လည်း စကားပြောလိုက်ရသေးတယ်။ ကျွန်တော် တို့ခေါ်ပေးတော့ သူ စကားပြောပြီးမှ သူကမိန်းမတဲ့၊ ငါ့သားရှိတယ်တဲ့။ မင်းပြောလိုက်ဦး ဆိုတော့ ကျွန်တော် နဲ့ပြောသေးတယ်။

အဲဒီ တုန်းက ဗိုလ်ချုပ်ကြီးမှာ လမ်းမှာ တပ်အင်အားက လေးထောင်လောက် ရှိသလား။

လေးထောင်တော့မရှိဘူးဗျ။ နစကနဲ့ပေါင်းရင်တော့ ရှိတာပေါ့။ နစကကို ကျွန်တော် ခွဲပေးထားတယ်။ အဲဒါတွေ အားလုံးပြိုပျက် သွားပါပြီ။

သူတို့ပြောတာက နောက်နှစ် သင်္ကြန်တော့ ဒီအထဲမှာ မနေချင်တော့ဘူးဗျာတဲ့။ သင်္ကြန်မကျော်ပါဘူးလို့ ပြောခဲ့ရတယ်။ကျွန်တော် လည်း မျက်နှာပူလို့ မသွားရဲတော့ဘူး။

သူတို့ဇနီးတော့ ကျွန်တော့် ဆီလာတယ်။ သူတို့ကိုတွေ့ တော့လည်း စိတ်ထဲမကောင်းဘူးပေါ့ဗျာ။ လာတော့လည်း မျက်နှာညှိုးညှိုးငယ်ငယ်လေးတွေ နဲ့ပေါ့လေ။

ကိုနိုင်ဌေးတောင် ကျန်းမာရေး ကောင်းရဲ့ လားမသိဘူး။ တောင်ငူရောက်နေတယ်တဲ့။

စောစောပိုင်းက ကောင်းတယ်ဗျ။ အခုက နည်းနည်း ချူချာတယ်လို့ကြားတယ်။

ပထမက ခန္တီးမှာ လို့ပြောတယ်။ ခန္တီးကနေ တောင်ငူရောက်သွားတယ်။

ဟုတ်တယ်။ တောင်ငူမှာ တော့ နည်းနည်း တော့ သက်သော င့်သက်သာ ဖြစ်တာပေါ့လေ။ ဒါပေမဲ့ . . . စိတ်ပဲဗျာ။ သိပ်ကြာတဲ့အခါကျတော့ စိတ်တွေ က လျော့သွားတာပေါ့ဗျာ။ စိတ်ကျသွားတာပေါ့။ စိတ်ကျသွားရင် လူလည်းကျသွားတာပေါ့။ ဘယ်လောက်ပဲတင်းထား၊ တင်းထားလေ။ ကျန်းမာရေး နည်းနည်း ချူချာလာတယ်။ ထောင်ဆိုတော့ အပြည့်အဝ ကျန်းမာရေး စောင့်ရှောက်မှု ကလည်း ဘယ်ရနိုင်မလဲ။

ကျွန်တော့် မိတ်ဆွေ ဆရာဝန်အဖွဲ့တွေ ခန္တီးကိုသွားတော့ တွေ့ ခဲ့တယ်တဲ့။ ကျန်းမာရေး သိပ်မကောင်းဘူးတဲ့။မိသားစုတွေ က ရုန်းကန်နေရတာ ပေါ့ဗျာ။ ကလေးတွေ လည်း သားသမီးတွေ က ကြီးကုန်ကြပြီ။ကိုအောင်ဇော်ဆိုရင် သူ့မိန်းမဆုံးသွားပြီ။ အခုတော့ သိပ်မကျန်တော့ဘူး ထင်တယ်နော်။လွှတ်တော့ လွှတ်နေတယ်။ အမြဲတမ်းမျှော်လင့်နေတယ်။



ဝန်ဇင်းချစ်သူများ မြတ်ခိုင် ၏ “ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် အင်တာဗျူး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဦးနေ၀င်း၏ သေရွာပြန်မြေးများ

လျှပ်တစ်ပြက် အယုဒ္ဓယ

မေးခွန်း တစ်ထောင်