လျှပ်တစ်ပြတ်
အယုဒ္ဓယ
ရာဇ၀င်ထဲက အယုဒ္ဓယ၊ သမိုင်းထဲက အယုဒ္ဓယ၊
စာမျက်နှာပေါ်က အယုဒ္ဓယ၊ရုပ်ရှင်တွေ ထဲက အယုဒ္ဓယ၊
ဗီဒီယိုတွေ ထဲက အယုဒ္ဓယကိုရောက်ဖို့
အကြောင်းဖန်လာသည်က သည်ဘက်ကာလမှာ ဖြစ်သည်။
ဟိုးတုန်း ကတော့ ဘာကြောင့် ရယ်မသိ၊
ပြည်ပခရီးထွက်ခွာဖို့ အရေး မှာ အကြောင်းအမျိုးမျိုးကြောင့်
နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ နှောင့်နှေးလို့နေခဲ့သည်။
သည်ဘက်ခေတ်ရောက်ပြန်တော့လည်း ပြည်ပခရီးဆိုသည်က
အိမ်ဦးနှင့်ကြမ်းပြင်လို ဖြစ်လာခဲ့သည်။
သို့ သော် အယုဒ္ဓယကိုတော့ဖြင့် နဖူးစာရွာလည်ခွင့်မရရှာ။
သည် တစ်ခေါက်သူငယ်ချင်း ဖြစ်သူ ကိုစံပယ်မင်းနှင့်ကျမှ တိုက်တိုက်ဆိုင်ဆိုင် အယုဒ္ဓယ ခရီးနှင် ဖြစ်တော့သည်။အမှတ်စစ်စစ် ကျွန်တော် ၏ ရည်ရွယ်ရင်းမှာ `ဖူးခက်’ ဖြစ်သည်။ ဆူနာမီဒဏ်ကို ကော့နေအောင်ခံခဲ့ရသော ဖူးခက်ကို ရောက်ဖူးချင်လှသည်။ဆူနာမီ ဖြစ်သည့်နေ့က ဖူးခက်မှာ ကိုကို(ကိုကိုဗျူးတီးဆလွန်း)၊ကိုဝင်းထွန်း(သီင်္ဂီရွှေရည်)တို့လည်းရှိနေကြသည်ဟုမှတ်သားဖူးသည်။
ကျွန်တော့သမီးလည်း ဆူနာမီမ ဖြစ်ခင် ရက်ပိုင်းအလိုက ဖူးခက်ကို ရောက်ခဲ့သေးသည်ဟုပြောဖူးသည်။ ဖူးခက်မှာ ဆူနာမီ သားကောင် ဖြစ်သွားသော အခါ ထိုဒေသသို့ ကျွန်တော် အရောက်သွားချင်ခဲ့သည်။သို့ သော်လည်း ဆူနာမီနှစ်ပတ်လည်မှပင် ကျွန်တော် အရောက်သွားနိုင်ခဲ့သည်။ဖူးခက်ခရီစဉ်ကို တိုင်ပင်ကြသော အခါ ကျွန်တော် သူငယ်ချင်း ကိုစံပယ်မင်းနှင့် ဆရာမောင်မျိုး(ကြောင်နစ်ကောင်)တို့နှင့် ဖူးခက်အပြင် အယုဒ္ဓယကိုထည့်ပြီး ခရီးသွား ဖြစ်ကြသည်။ သည်လမ်း၊သည်ခရိးကို ကျွမ်ကျင်သူက သူငယ်ချင်း ကိုစံပယ်မင်း ဖြစ်သည်။သူငယ်ချင်း ကိုစံပယ်မင်းသည် ရန်ကုန်မှ ကိုလံဘတ်(စ်)ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်ကာ အယုဒ္ဓယခရီးစဉ်ကို ထည့်သွင်းပေးခဲ့သည်။အယုဒ္ဓယကို စင်ကပူခရီးစဉ်တုန်းက သွားဖို့စီစဉ်ထားကြသော်လည်း ထိုစဉ်က ချင်းမိုင်းတွင် ကျောင်းတက်နေသော သမီးကြီးက တစ်နေ့အချိန် သက်သက်ပေးမှရမှာ ဟုဆိုသဖြင့် ထိုစဉ်က အယုဒ္ဓယကို မရောက် ဖြစ်ခဲ့။ဒါကြောင့် ကိုယ့်သမိုင်း၊သူ့သမိုင်းဆက်စပ်နေသော အယုဒ္ဓယကို သည်တစ်ခေါက် မရောက်ရောက်အောင် သွားအံ့ဟုကြုံးဝါးကာ အယုဒ္ဓယကိုချီတက်ကြသည်။ဟိုးရှေးရှေးတုန်း ကတော့ ကျွန်တော် တို့၏ ဘိုးဘေးမြန်စစ်သူရဲကောင်းများ သည် အယုဒ္ဓယကို ရေကြောင်း၊ ကုန်းကြောင်းမှ စစ်ချီတက်ကြခြင်း ဖြစ် လေသည်။ ကျွန်တော် တို့တွေြ ကတော့အယုဒ္ဓယကို လေကြောင်းမှ ချီတက်ကြခြင်း ဖြစ်သည်။ နောင်ကျွန်တော့် မြေးတွေ ခေတ်ကျလျှင် အယုဒ္ဓယကို ဘယ်လိုချီတက်ကြမည် လည်းတော့ မပြောတက်။ကျွန်တော် တို့ ဖူးခက်မှအပြန် အယုဒ္ဓယကိုချီတက်အံ့ဟုပိုင်းဖြတ်ကာ ဘန်ကောက်စီးလုံရှိ နရိုင်းဟိုတယ်မှ ဆင်းလိုက်သော အခါ တိုး(ရ်)ကုမ္မဏီမှ ၀န်ထမ်းတစ်ဦးက ဟိုတယ်အ၀င်အ၀တွင် ဆီးကြိုလို့နေသည်။ ကျွန်တော် တို့ကို လာကြိုသော ကားနှင့် အယုဒ္ဓယကိုပို့ပေးမည် လားဟုမေးရာ မဟုတ်ဟုဆိုသည်။ ကျွန်တော် တို့ကိုလာကြိုပြီးသူ့ကုမ္မဏီစုရပ်ကိုလိုက်ပို့ပေးခြင်း ဖြစ်သည်။ဘာနှင့်အလားသဏ္ဍန်တူလဲဆိုတော့ ရန်ကုန်မင်္ဂလာဒုံ၊အောင်မင်္ဂလာ အဝေးပြေးကားဝင်းကြီးမှာ သွားစီးကြရမည့် သူများ ကို မြို့ထဲမှာ လည့်၍ ကားလေးနှင့် လိုက်ကြိုပို့သည့် သဘောမျိုး ဖြစ်သည်။ စုရပ်ကိုရောက်တော့ ကျွန်တော် တို့နီးတူစွာ နိုင်ငံခြာသားအတော် များများ လည်းရောက်နှင့်နေတာတွေ့ ရသည်။ခရိးသွားကုမ္မဏီမှ ဂိုက်လုပ်သည့် အမျိုးသမီးက ကျွန်တော် တို့ကို နာမည် မေးပြီး သူ့စရင်းထဲတွင် စာရင်းတို့ကာ နားနေခန်းထဲဝင်ထိုင်ခိုင်းသည်။ ပြီးတော့ စတေကာ(၃)ခုပေးသည်။
အဆိုပါ ကားအသစ်မျိုးမှာ ကျွန်တော် တို့ဆီကတကယ့်စူပါ၊စူပါများ မှ စီးနိုင်သော ကားမျိုး ဖြစ်ပေရာ ကျွန်တော် သူငယ်ချင်း ကိုစံပယ်မင်းက အမှတ်တရရိုက်ထားစမ်းပါဟု ဆိုသည်။ ခုလည်း အယုဒ္ဓယကို ကားအသစ်တစ်စီးနှင့် ဖူးစာကြုံရပြန်ပြီ။ ကျွန်တော် တို့ ခရီးစဉ်တွင် အမျိုးသမီးဂိုက်တစ်ဦးက ကားရှေ့ခန်းမှာ ဟောင်ဖွာဟောင်ဖွာနှင့်ထိုင်ကာ ခရီးစဉ်တစ်လျှောက် အာပေါင်အာရင်းသန်သန်နှင့် ရှင်းပါတော့သည်။
သည့်နောက်ပိုင်း မရွှေယိုးဒယားမ သမိုင်းကြောင်း ပြောင်းသွား တော့သည်။ သည်ကြားထဲကျွန်တော် သူငယ်ချင်းနှစ်ဦးက မရွှေယိုးဒယားမအား အချွန်နှင့်ဝင်မ,လိုက်ကြသေးသည်။ မြန်မာပြည်က famous Journalist ဟုဝင်တို့လိုက်ကြခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ မရွှေယိုးဒယားမသည် လေသံရော၊ အချိုးရော၊ဆက်ဆံရေး ပါ ပြောင်းသွား တော့သည်။ ကျွန်တော် ကတောဘာမျှပြောမနေတော့ပါ။ သူများ ရွာမှာ ကိုယ်က ကြက်ဖ ဖြစ်ချင်၍ မရ။ သမီးကြီးဘန်ကောက်တွင် ကျောင်းတက်စဉ်က အဖေ ယိုးဒယားတွေ က သူတို့ဘုရင်မှ သူတို့ဘုရင်ပဲ။ ဘုရင်ကိုထိလို့ ကတော့ မရဘူးဟု ပြောခဲ့ဖူးသဖြင့် ကိုယ်ဓာတ်ပုံရိုက်စရာရှိတာကိုပဲ လိုက်ရိုက်နေ ဖြစ်သည်။ စင်စစ် ကျွန်တော် တို့ကို လိုက်ပြသည်က ဘုရားပျက်များ ဖြစ်သည်။ ဘုရာပျက်များ ကို အထူးအဆန်းလုပ်ပြီး သွားကြည့်ရသလားဟု မေးစရာရှိလိမ့်မည် ။ ဆရာသမားတွေ က ဘုရားပျက်ကို စနစ်တကျ၊သေသေသပ်သပ် ပျက်ပြထားခြင်း ဖြစ်သည်။ တချို့ အပျက်များ က အပျက်စစ်စစ်များ မဟုတ်။ တချို့က ပျက်အောင်ဖျက်ထားကြတာတွေ လည်း ဖြစ်နိုင်ကောင်းသည်။ ဘုရားပျက်တွေ ကြည့်ပြီး တို့မြန်မာ သူရဲကောင်းတွေ က သည်ဟာတွေ ဖျက်ဖို့ အချိန်တကယ်ရခဲ့ကြသလား၊ ဖျက်ကော ဖျက်ခဲ့ကြလားဟု စဉ်းစားနေ ဖြစ်သည်။ ခက်သည်က စစ်ဆိုသည်ကလည်း စစ်ပဲ ဖြစ်သည်။ စစ်မှာ မတရားတာမရှိ။
ဤသည်ကလည်း ထားဝယ်မြို့စားသည် ယိုးဒယားအားကိုးဖြင့် မြန်မာဘုရင် အလောင်းမင်းတရားပိုင်သင်္ဘော တနင်္သာရီသို့ ယူဆောင်သွားခဲ့ရာမှ စခဲ့သည့်ကိစ္စ ဖြစ်ကြောင်း မှတ်သားဖူးသည်။
ထိုစဉ်က(၁၇၆၀)ခုနှစ်ဟု သမိုင်းများ ကဆိုသည်။ အလောင်းဘုရားသည် တာခ်ခရိုင်၊ နယ်စပ်မရောက်မီ နတ်ရွာစံသည်ဟု ယိုးဒယားတို့ကဆိုသည်။ မြန်မာရာဇ၀င်ကျမ်းဂန်များ က (၁၇၆၀)ခုနှစ် မုတ္တမ`ကင်း’ရွာတွင် အလောင်းမင်းတရား နတ်ရွာစံသည်ဟုဆိုသည်။ မည် သို့ ဖြစ်စေ မြန်မာစစ်သူရဲကောင်း အလောင်းမင်းတရားကိုယ်တော် ကြီးသည် အယုဒ္ဓတိုက်ပွဲတွင် အသက်စွန့်ခဲ့ရခြင်း ဖြစ်သည်။
ကျွန်တော် သည် အယုဒ္ဓယဘုရားပျက်များ ကိုကြည့်ရင်း အသက်စွန့်၍ တိုက်ပွဲဝင်ခဲ့ကြကုန်သော ကျဆုံးခဲ့ကြသော မြန်မာစစ်သူရဲကောင်းများ ကို အလေးပြုခဲ့ ဖြစ်သည်။ ကျွန်တော် တို့ဘက်က အယုဒ္ဓယလာပြီး ကျဆုံးခဲ့ရသော မြန်မာစစ်သူရဲကောင်းကြီးများ အတွက် အောက်မေ့ဖွယ် အခမ်းအနား၊ ဆုတောင်းပွဲ အခမ်းအနားများ မလုပ်ခဲ့ဘူးလားဟု စဉ်းစားနေ ဖြစ်သည်။
မြေဒူးမင်းလက်ထပ်က ယိုးဒယားကို ချေမူန်းရန် နေပြည်တော် မှ မြင်းစုကြီးဝန် ဦးတုတ်ကြီး ဦးဆောင်သည့်တပ်များ ကို စေလွှတ်ခဲ့ဖူးကြောင်း ၊ဦးတုတ်ကြီးသည် အယုဒ္ဓယကို ဦးဆောင်တိုက်ခဲ့ဖူးသူဟု မှတ်သားဖူးသည်။ မြေဒူးမင်းသည် အယုဒ္ဓယကို အောင်မြင်ခဲ့ဖူးသူ ဖြစ်သည်။ မြေဒူးမင်းလက်ထက်တွင် အယုဒ္ဓယမြို့တော် ကိုစွန့်ကာ တောင်ဘက်ပင်လယ်ကမ်းခြေမှာ ယိုးဒယားတို့ ဘန်ကောက်မြို့သစ် တည်ထောင်ကြခြင်း ဖြစ်သည်။
စဥ့်ကူးမင်းလက်ထက်တွင် ၀န်ကြီးဦးသာနှင့်မြင်းစုကြီးဝန် ဦးတုတ်ကြီးတို့သည် ယိုးဒယားကို သွားရာက်တိုက်ခိုက်ခဲ့ကြသည့် မြန်မာသူရဲကောင်း တပ်မှူးများ ဟုဆိုသည်။ သည့်နောက်ပိုင်း မြန်မာ နေပြည်တော် မှ ယိုးဒယားကို ၀င်ရောက် တိုက်ခိုက်ခြင်းမရှိဟုလည်း မှတ်သားဖူးသည်။
ဗဒုံမင်းလက်ထက် ယိုးဒယားကို မြန်မာတို့ဝင်ရောက်တိုက်ခိုက်ခြင်းမှာ လည်း ယိုးဒယားဘုရင် ဘယားချက္ကရီကအောင်ပွဲခံကာ မြန်မာပိုင်မြေကို သိမ်းပိုက်သဖြင့် ၀င်တိုက်ရခြင်း ဖြစ်သည်။ ကျူးကျော်စစ်မဟုတ်။ အယုဒ္ဓယကို ချီတက်တိုက်ခိုက်ရာတွင် နေမျိုးသီဟပတေ့၊ မဟာအနော်ရထာတို့သည် တစ်နှစ်နှင့်သုံးလတိုင်အောင် ချေမူန်းတိုကိခိုက်ရကြောင်း သမိုင်းမှတ်တမ်းကဆိုသည်။ ကျွန်တော် တို့ မြန်မာပိုင်နက် နယ်မြေတွေ ကို ယိုးဒယားဘုရင်က မကျူးကျော်ခဲ့ဘူးဆိုလျှင် အယယုဒ္ဓယသည် ကျစရာရှိမည် လား။ ပြီးတော့ယိုးဒယားတို့သည် အယုဒ္ဓယကို စစ်ရေး အရ မြို့ဖျက်ပြီး ဘန်ကောက်ကို မြို့သစ်တည်ကြခြင်း ဖြစ်သည်။ အယုဒ္ဓယမြို့ပျက်ကြီးအ ဖြစ် ထားခဲ့ကြခြင်း ဖြစ်သည်။
သည်ဘက်ခေတ် အယုဒ္ဓယ ကတော့ မြို့ပျက်အစစ်မဟုတ်တော့။ ပြုပြင်မူတွေ တွေ့ နေရသည်။ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရန် အကူအညီတွေ လည်း ရနေပုံပေါ်သည်။ သည်လိုရှေးဟောင်းအမွေမျိုး အနှစ်မျိုး ကျွန်တော် တို့ပုဂံမှာ လည်းရှိသည်ပဲ။ကျွန်တော် တို့ ကတော့ ပုဂံပျက်သွားရခြင်းမှာ ဘယ်သူတွေ ၀င်တိုက်သွားလို့ပါ၊ ဘယ်ဝါတွေ ၀င်တိုက်သွားလို့ပါဆိုတာမျိုး မျက်ရည်ခံထိုးပြီး ဇာတ်နာအောင် လုပ်မနေကြတာတော့ သေချာသည်။
ကျွန်တော် သည် အယုဒ္ဓယ ဘုရားပျက်များ ကို ငေးရီကြည့်ရင်း ဘယ်ဟာ ကတော့ ပြုပြင်ထားတာ၊ ဘယ်ဟာ ကတော့ မွမ်းမံထားတာ၊ ဘယ် ကတော့ဖြင့် ရှေးဟောင်းအစစ် ဖြစ်ပုံရတယ် စသည်ဖြင့် တွေးနေ ဖြစ်သည်။ အယုဒ္ဓယဘုရား ပျက်ကြီးများ ထဲမှ အဆောက်အဦးမြင့်တစ်ခုပေါ်သို့ နိုင်ငံခြားသားနှင့် မစ္စတာမျိုးမင်းတို့ တက်သွားကြသော အခါ ကျွန်တော် မှာ မြန်မာသူရဲကောင်းကြီးများ အောင်ပွဲခံခဲ့တဲ့နေရာပဲ။ ဒီလှေကားထစ်တွေ မှာ တိုက်ပွဲတွေ ဖြစ်ကြလိမ့်မယ်။ မြန်မာကွဟု အသံနက်ကြီးတွေ နဲ့ အော်ပြီး သတ္တိတွေ ကို ပြခဲ့ကြလိမ့်မယ်။ ဒီလှေထစ်တွေ မှာ ရန်သူတွေ ဟာ အတုံးအရုန်း ပြိုလဲကျဆုံးကြလိမ့်မယ်။ ဒီနေရာမှာ သွေးစီးတွေ အလိမ်းလိမ်းပေစွန်းနေတဲ့ မြန်မာ့ဓားတွေ ဟာ နေရာင်အောက်မှာ ဖွေဖွေလူပ်နေလိမ့်မယ်။ ဒါမှမဟုတ် လရောင် အောက်မှာ မြန်မာသူရဲကောင်းကြီးတွေ ရဲ့ ဓားသံတွေ ဟာ ပွက်လောညံနေလိမ့်မယ်။ လှေကားထစ်တွေ ကိုပြေးတက်ပြီး ကျား ကျား မြန်မာဟေ့ မြန်မာဟေ့….လို့ လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံခဲ့ကြလိမ့်မယ် ဟု စဉ်းစားလိုက် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် ကိုယ်တိုင်လည်း ဒီလှေကားထစ်တွေ ကို အပြေးလေးပြေးတက်သွားသော အခါ စိတ်သာပါပြီး ခန္ဓာကိုယ်က မလိုက်နိုင်တော့။ လက်တစ်ဖက်မှာ ကင်မရာတစ်လုံး၊ ပြီးတော့ကျောပိုးအိပ်နှင့်အခက်တွေ့ နေသော အသက်(၅၀)ကျော်လာပြီ ဖြစ်သော ကျွန်တော့် အတွက် စွန့်စားခန်းတစ်ရပ်ပင် ဖြစ်နေသည်။ ကျွန်တော့် အ ဖြစ်ကို သည်နေရာတွင် တိုက်ပွဲဝင်ခဲ့သော မြန်မာသူရဲကောင်းကြီးများ သာ တမလွန်မှကြည့်နေပါက မျက်နှာပူစရာကောင်းနေပေလိမ့်မည် ။ မြန်မာသူရဲကောင်းကြီးများ သည်သည် လှေကားထစ်များ ကိုလွှားခနဲ၊လွှားခနဲနှင့် အော်ကာ ဟစ်ကာ ၊ဓားစွမ်း၊လှံစွမ်းပြကာ အပြေးတက်ခဲ့ကြမည် မှာ သေချာသည်။ မြန်မာသူရဲကောင်းကြီးများ သည် မြန်မာပြည်ထဲမှာ နေ၍ ကုန်းကြောင်း၊ ရေကြာင်းနှင့် နေ့ပေါင်းများ စွာ ၊ နာရီပေါင်းများ စွာ အပင်ပန်း အဆင်းရဲခံကာ၊ အငက်အပြက်ခံကာ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်စွန့်စားစား၊စွမ်းစွမ်းတမံချီတက် တိုက်ခိုက်ကြသော သည်နေရာကို လေယာဉ်ပျံစီးပြီး ကားဖြင့် ရောက်လာခဲ့သော ကျွန်တော် သည် တုန်တုန်ချိချိဖြင့် မတက်နိုင်ဘူးဆိုလျှင် မဟုတ်သေးပေ။
မြန်မာ - တရုတ် သတင်းလမ်းခင်းခဲ့ပြီ | သမိုင်းဝင် မိန့်ခွန်းများ | မေးခွန်း တစ်ထောင် |