Cover

အခန်း (၁)

ဗိုလ်ချုပ်အောင်ဆန်း

သမိန်းဝင် မိန့်ခွင့်များ

ဗိုလ်ချပ်အောင်ဆန်းနဲ့ပတ်သက်လို့ ထောင့်ပေါင်းစုံကနေ ခံစားချက်မျိုးစုံ၊ အမြင်မျိုးစုံနဲ့ ဖော်ပြနေကြတာ ခေတ်အဆက်ဆက်ပဲ ဖြစ်တယ်။ နောင်ကိုလည်း နောင်မျိုးဆက်တွေ ကသည် တာဝန်ကိုဆက်ပြီးသယ်ဆောင်သွားကြမှာ သေချာပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ (၁၉၅၀)ခုနှစ် မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြန်ကြားရေး ဌာနကလည်း စာအုပ်တစ်အုပ်ထုပ်ခဲ့ဖူတယ်။ အဲသည်တုန်းက စောင်ရေတစ် သော င်းကို (၄)ကြိမ်အထိ ပုံနှိပ်ခဲ့ဖူးတယ်လို့ သိရတယ်။ အဲသည့်စာအုပ်ရဲ့ နိဒါန်းမှာ အခုလို ဖော်ပြခဲ့တယ်။

“ပြည်ထာင်စု လွတ်လပ်ရေး ကြီးကို တည်ဆောက်သွားသော ကျေးဇူးရှင်ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တစ်ပြည်လုံးကိုခေါင်ဆောင်၍ မငဲ့မကွက်၊ မယိမ်းမယိုင်၊ ခိုင်မာလှ သော ခြေလှမ်းဖြင့် လွတ်လပ်ရေး သို့ ရှေးရှုချီတတ်နေချိန်တွင် သင့်ရာသင့်ရာ အဆစ်အပိုင်းတို့ ၌ ပြည်သူလူထုအား မိန့်ခွင်းစကားပြောကြားညွန်ပြခဲ့၏ ။ ယခုမူကား ထိုမိန့်ခွန်းစကားများ သည် ပြည်ထောင်စုကြီး၏ ထူမြတ်လှသော ရတနာအစစ်၊ အမွေအနှစ် ကြီး ဖြစ်၍ နေပေသည်။ ဤမိန့် ခွန်းစကားများ သည် ပြည်ထောင်စုသားအပေါင်းတို့၏ ရှေးအလားလာ၊ အဓွန့်ရှည်ကြာ၊ ပဒေသာ ပင်ကြီးသဖွယ်။ ဆွတ်ယူစားသုံး၍ စိမ့်သော ငှာ၊ သင့်ရာသင့်ရာတို့ကို ထုတ်နုတ်စီစဉ်၍ စာတစ် အုပ်ပြုလုပ်ထုတ်ဝေပါသတည်း။”

လို့ဖော်ပြထားတယ်၊ ပြီးတော့ မာတိကာစဉ်ပြီး ခေါင်းစဉ်အလိုက်ဖော်ပြခဲ့တယ်။ Subtitle တစ်ခုခြင်းစီရဲ့ အောက်မှာ ဖော်ပြခဲ့တာ ဖြစ်တယ်။ လွတ်လပ်ရေး ။ ညီညွတ်ရေး ၊ နိုင်ငံရေး ၊ ခေါင်းဆောင်မှု စသည်ဖြင့် ပေါ့။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ မိန့်ခွန်းတွေ ထဲက အနှစ် ချုပ်လို့ဆို နိုင်တယ်။ ဒီကနေ့ လူငယ်တွေ အတွက်မျှဝေပေးချင်တာကြောင့် စုဆောင်းတင်ပြလိုက်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဘာလဲဆိုတာလေးကို သိစေချင်လို့ အခြားလက်လှမ်းမီရာတွေ ကိုလည်း စုဆောင်းတင်ပြလိုက်ပါတယ်။ ဟိုတုန်းကအာဇာနည်နေ့ရောက်ပြီဆိုမှဖြင့် ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ မူရင်းအသံအတိုင်းလွှင့်ပေးတယ်။ ပြီးတော့ သတင်းစာတွေ မှာ လည်း ဗိုလ်ချုပ်မိန့်ခွန်းတွေ တလေး တစားဖော်ပြခဲ့တာ လွမ်းစရာပါပဲ။

မြတ်ခိုင်

၁၉၊ ဇူလိုင်၊ ၂၀၀၁၊ ရန်ကုန်

* * * * *


ဖျက်လိုဖျက်ဆီးလုပ်တဲ့ လူမှန်သမျှကိုတော့

အာဏာကုန်နှိမ်နင်းပစ်ရမှာ ပဲ

ရွေးကောက်ပွဲဖျက်တယ်ဆိုတဲ့ လူတွေ ကိုတော့ ကျုပ်တို့အစိုးရကလည်း ဒီတိုင်းကြည့်နေ မှာ မဟုတ်ဘူး။ အပြင်းအထန်နှိပ်ကွပ်ရမှာ ပဲ။ ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ယှဉ်ပြိုင်ရွေးကောက် တဲ့ ဘယ်သူ့ကိုမှ ကျုပ်တို့အစိုးရကနှောင့်ယှက်မှာ မဟုတ်ဘူး။ သို့ သော်ဖျက်လိုဖျက်ဆီး လူမှန်သမျှ ကိုတော့ အာဏာကုန်နှိမ်နင်းပစ်မှာ ပဲဆိုတာ ရှင်းရှင်းကြီး သတိပေးထားပါရစေ။

ဗိုလ်ချုပ်အောင်ဆန်း

(၁၉၄၇၊ မတ်လတွင် နှိုးဆော်သော အသံလွှင့်မိန့်ခွင်း)

(၁၉၄၇ မတ် ၁၃ ရက်တွင် နိုင်ငံရေး စားဖားကြီးတွေ ခေါင်းစဉ်ဖြင့်

ထပ်မံအသံလွှင့်ခဲ့သည်။)

* * * * *


ညီညွတ်ရေး ဆိုတာ ဘာလဲ

အမျိုးသားညီညွန်ရေး ဆိုတာ ဘယ်ကဲသို့ ညီညွတ်ရေး ကိုခေါ်ပါသနည်းဟု မေးရပေလိမ့်မည် ။ အမျိုး သားညီညွတ်ရေး ဆိုသည်မှာ ခေါင်းဆောင်များ သာ ညီညွတ်ခြင်းကိုမဆိုလို၊ လူမျိုးဘာသာ ယောက်ျားမိန်းမဂိုဏ်း ဂဏမရွေး တစ်နိုင်ငံလုံး ပြည်သူပြည်သားလူထုတစ်ခုလုံးအပြောသာမဟုတ်။ အလုပ်နှစ် တကွ အမျိုးသားတို့၏ အလိုဆန္ဒများ ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများ တွင် သော င်းသော င်းဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြသည်ကိုဆိုလိုသည်။

ရွေရတုဂျာနယ်၊

အတွဲ (၁) အမှတ်(၁)၊

(၁၉၇၁)၊ ဖေဖော်ဝါရီလ (၁၂)ရက်၊

* * * * *


စိတ်ချရတဲ့အမက်များ လိုတယ်

လာမယ့်တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲက အရင်ကရွေးကောက်ပွဲနဲ့မတူဘူးဆို တာကိုသတိပြုစေချင်ပါတယ်၊ အရင်ကလိုမဲဆွယ်ပြီး လေပျော့နဲ့အော်နေလို ဖြစ်မှာ မဟုတ်ဘူး။ အရင်က ခင်ဗျားတို့ တင်မြှော က်လိုက်တဲ့ အမတ်မျိုးတွေ ကိုမလိုချင်ဘူး။

ဗိုလ်ချုပ်အောင်ဆန်း

(၁၉၄၇၊ မတ်-၂၁)

(မုံရွာမြို့တွင် ဟောပြောချက်မှ)

* * * * *


အခန်း (၂)

တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင်

တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင် လူအား ငွေအား၊ ပစ္စည်း အားနဲ့ပေါင်းပြီး အင်တိုက် အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာ ပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့တစ်ခြား အကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်း လုပ်ကြမှ သာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။

ဗိုလ်ချုပ်အောင်ဆန်း

(၁၉၄၇၊ ဖေဖော်ဝါရီ- ၁၁ ရက်ည

ပင်လုံညစာစားပွဲတွင် မြွတ်ကြွားချက်မှ)

* * * * *


ယုံကြည်ချက်

“အရင်းရှင်ဝါဒ ကမ္ဘာပေါ်၌ ပြန့်နှံ့နေသ၍ ကာလပတ်လုံး တစ်နည်းအားဖြင့် ဆိုရသော်ဤ အရင်းရှင်ဝါဒ ပပျောက်ပြီးလျှင် ဗြဟ္မစိုရ်တရားကို အခြေပြုသော ဆိုရှယ်လစ်ဇင်း ခေါ် လူအများ ကောင်းစားရေး ၀ါဒ၊ လူထုကောင်းစားရေး ၀ါဒ မပြန့်ပွားမစည်ကားသ၍ ကာလပတ်လုံး ကျွန်ုပ်တို့ ကမ္ဘာမြေတွင် အထွေအထွေသော ကပ်ကြီးများ ဆိုက်ရောက်လျှက်ပင် ရှိကြပေလိမ့်မည် ။”

(၁၉၄၆-ခုနှစ် ဇန်န၀ါရီ ၂၀ရက်

ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလ အဖွဲ့ချုပ်ညီလာခံတွင်

ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းမှ)

* * * * *


ပြည်သူပိုင်လုပ်ငန်း

“မြန်မာပြည်၌ အရေး ကြီးသော စက်မှု လုပ်ငန်းအရပ်ရပ်ကို ပြည်သူပိုင်လုပ်ရန် ကျွန်ုကြံရွယ်ကြောင်း”

(၁၉၄၇-ခုနှစ် ၊ မက်လ ၁ရက်

မြန်မာကုန်သည်ကြီးများ အသင်းတွင် ပြောကြာသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းမှ)

* * * * *


တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး

တို်ုင်းရင်းသားအချင်းအချင်း ညီညွတ်ရေး ၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော် မလိုချင်းပါ ဘူး။ တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး ၊ တိုင်းသူပြည်သားလူထုညီညွတ်ရေး နှစ်ခုနှမရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်က လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ် ဖာသည်တိုင်းပြည် ဖြစ်နေမှာ ပဲလို့ ကျွန်တော် ပြောချင်တယ်။ အဲသည် တော့ကာ အဲသည်နှစ် ခုကို ခင်ဗျားတို့မပျက်ပြားပါစေနဲ့။ ဘယ်သူမှ အလုပ်လုပ်မပျက်ပါစေနဲ့။ အဲဒါအင်မတန်အရေး ကြီးပါတယ်။

ဗိုချုပ်အောင်ဆန်း

(၁၉၄၇၊ ဇူလိုင်-၁၃၊

မြို့တော် ခန်းမတွင် ပြောသော မိန့်ခွန်း)

* * * * *


အဖျက်သမားချေမှု န်းရေး

အဲဒီ တော့ ယခုတိုင်းပြည်မှာ မငြိမ်မသက် ဖြစ်နေတဲကိစ္စ ဆူဆူပူပူ ဖြစ်နေတဲ့ကိစ္စတွေ ဟာ တိုင်း ပြည်အတွက် အကျိုးရှိသလား၊ အကျိုးမရှိဘူးလားဆိုတာ ခင်ဗျားတို့ထပ်စဉ်းစားကြည့်၊ ခင်ဗျား တို့အကျိုးရှိတယ် မရှိဘူးဆိုတာ ခင်ဗျားတို့စဉ်းစားဖို့လိုတယ်။

ဆူပူသော င်းကျန်းမှု တွေ ကို ဗမာပြည်ချစ်တဲ့ လူတွေ မှန်သမျှ ၀ိုင်းဝန်းကူညီနှိမ်နင်းဖို့လို တယ်။ဘယ်သူကိုမှ အားပေးဖို့မလိုဘူး၊ သို့ သော်လည်းပဲ ဗမာပြည်ရဲ့ လွတ်လပ်ရေး ကိုထူးထောင် ရေး ၊ ဗမာပြည်တိုင်းသူပြည်သား ညီညွတ်ရေး ၊ လူထုရဲ့ ညီညွတ်ရေး ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ၊ အတွက်လုပ်တဲ့နေရာတွေ မှာ ယခုထက်ပိုပြီး ဆထက်ထမ်းပိုးတိုးပြီးလုပ်ကြဖို့လို တယ်။

(၁၉၄၇ခု၊ ဇူလိုင် ၁၃ရက်တွင်

မြို့တော် ခန်းမကြီး၌ ကျင်းပသော

ပြည်သူ့အစည်းအ၀းကြီးတွင်

ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော

နောက်ဆုံးမိန့်ခွန်း)

* * * * *


ဒီမိုကရေစီအတုတွေ

အခုဒီမိုကရေး စီခေါ်နေတဲ့

တိုင်းပြည်တွေ အများ ဟာ တကယ့်

ဒီမိုကရေစီမဟုတ်သေးဘူး။ ငါးမူး၊

သုံးမူး၊ တစ်ပဲလောက်ပဲ ဒီမိုကရေစီ

တွေ ဖြစ်ကြသေးတယ်။အဲဒီ ဒီမို

ကရေစီတွေ ဟာ အရင်းစစ်လိုက်

စစ်လိုက်တော့ အရင်းရှင်ခေါ်တဲ့

ပစ္စည်းရှင်အရင်းရှင်တွေ ၊ စီးပွားရေ

ခြယ်လှယ်တဲ့စနစ်တွေ အခြေခံတဲ့

ဒီမိုကရေစီတွေ ဖြစ်တယ်၊ တစ်နည်း

အားဖြင့် အရင်းရှင်တွေ ရဲ့ အာဏာ

ရှင်အုပ်ချုပ်ရေး စနစ် အုပ်ချုပ်ရေး

ဒီမိုကရေစီဆိုတဲ့ ဗန်းပြပြီးထားတဲ့

အုပ်ချုပ်ရေး ပဲ။

ဗိုလ်ချုပ်အောင်ဆန်း

(၁၉၄၇ ခုနှစ် ၊

မေ၁၉ရက်

ဂျူဗလီဟောပဏာမ

ညီလာခံ၊

ဗိုလ်ချုပ်အောင်ဆန်း

မိန့်ခွင်းမှ)

* * * * *


အခန်း (၃)

ဒီမိုကရေစီအစစ်ကတော

ဗမာပြည်လွတ်လပ်ရေး ရတဲ့အခါ တိုင်းသူပြည်သားတွေ သာလျှင် အဓိကလိုလားပြီး တိုင် ပြည်တည်ထောင် ချင်တယ်ဆိုရင် ဒီမိုကရေစီစနစ်ရမှ ဖြစ်နိုတယ်၊ ဒီမိုကရေစီအရင်းခံပဲ။ ဆိုရှယ် လစ်ဝါဒ ကျွန်မြူနစ်ဝါဒဆိုတာတွေ ဟာ စင်စစ်တော့ ဒီကနေဖြာထွက်သွားတာပဲ။ ဘယ်ဟာမှ ဒီမိုကရေစီမစစ်သေးဘူး။နိုင်ငံရေး တွင် မကစီးပွားရေး ပါပါမှဒီမိုကရေစီစစ်နိုင်မယ်လို့ ဒီမိုကရေစီ သ ဘောတရားတွေ ကိုလိုက်ရှားပြီး၊လုပ်နေကြခြင်းသာ ဖြစ်တယ်၊ဒီတောဒီမိုကရေစီဆိုတာ ဘယ်လိုအ င်္ဂါမျိုးနဲ့ညီညွတ်ရမလဲ။အဲဒီ လိုကျပ်ပြည့်တင်းပြည့်ဒီမိုကရေစီမျိုးကို ကျုပ်တို့ဘယ်လိုတည်ဆောက်ရ မလဲ။ ချက်ချင်း ဖြစ်မလား။ဘယ်လောက်ကြာမှာ လဲ။ဘယ်နည်းအကောင်းဆိုလဲဆိုတာတွေ ကို အခုကျုပ်တို့တိုင်ပြည်တည်ဆောက်ရမယ့်အခါ အထူးစဉ်းစားရမယ့် အချက်တွေ ပဲ၊နိုင်ငံရေး ဟာ စီးပွားရေအခြေခံပေါ်မှာ တည်တယ်။ နိုင်ငံရေး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွေ ကလည်း စီးပွား ရေး သဘောတရားတွေ နှင့် ကင်းလို့မ ဖြစ်နိုင်ဘူး။ အရင်းရှင်ဒီမိုကရေစီသမားသက်သက် မျက်စိနဲ့ ကြည့်ပြောရင်တော့ ဒါမမှန်ဘူးလို့ပြောရမှာ ပဲ။ ဒါပေမဲ့ဒီကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ နိုင်ငံအသီးသီးဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတွေ ကို အတွင်းကျကျလေ့လာရင် စီးပွားရေး သဘော တရားတွေ ပေါ်မူ တည်ပြီးလုပ်ကြတယ်ဆိုတာတွေ့ ရလိမ့်မယ်၊ အရင်းရှင်ဒီမိုကရေစီးသမားတွေ အဖို့ဆိုရင် အရင်းရှင် စနစ်သာလျှင်စီးပွားရေစနစ်မှန် ဖြစ်တယ်။ ဒီစနစ်သာလျှင်တည်တံ့ရမယ်။အဲဒီ စနစ်ဟာ အမြဲတမ်း တည်တံ့သလိုလိုယူဆပြီးအလုပ်လုပ်ကြတယ်။ အမှန်တော့ ဘယ်နိုင်ငံရေး ။ စီးပွားရေစနစ်မှာ မှ အမြဲတည်တံ့တာမရှိဘူး။ သူ့အချိန် သူ့အခြေနေအလိုက် ဖြစ်လာကြတာပဲ။ ဒီတော့ ကျွန်တော် တို့ ဗမာပြည်အဖို့မှာ အရင်းရှင်စနစ်ထက်တောင် အောက်ကျနောက်ကျ ဖြစ်နေတဲ့ ကျွန်ဘ၀ကလှမ်း တက်ရမယ်ဆိုတော့ အလယ်အလတ်အဆင့်မှာ ရှိတဲ့ ဒီအရင်းရှင်စနစ်ကို ကျော်မသွားနိုင်သေးပေ မဲ့ အဲဒီ စနစ်တင်သာမလုပ်နိုင်ဘဲ ဒီစနစ်ကို အမြန်ဆုံးကျော်သွားနိုင်မယ့် စီးပွားရေသဘောတရား တွေ ကိုအခြေခံထားပြီး တိုင်းပြည်တည်တံ့မှသာလျှင် တကယ့်ဒီမိုကရေစီနိုင်ငံကို ရောက်အောင် သွားနိုင်လိမ့်မယ်။

ဗိုလ်ချုပ်အောင်ဆန်း

(၁၉၄၇ ခုနှစ် ၊ မေ၁၉ရက်၊

ဂျူဗလီဟောပဏာမ ညီလာခံ၊ ဗိုလ်ချုပ်အောင် ဆန်းမိန့်ခွန်းမှ)

* * * * *


လွတ်လပ်ရေး

နိဗ္ဗာန်ရောက်စေချင်လျှင်၊ နိဗ္ဗာန်ရောက်

ကြောင်းတရားကိုကျင့်။

လွတ်လပ်ရေး လိုချင်လျှင်၊ လွတ်လပ်ရေး

ရရာရကြောင်းကျင့်။

ကမ္ဘာ့လွတ်လပ်ရေး မရှိနိုင်ရင်၊ ဗမာ့လွတ်

လပ်ရေး ဆိုတာလဲ မရှိနိုင်ဘူး။

ဗိုလ်ချုပ်အောင်ဆန်း

* * * * *


ညီညွတ်ရေး

တိုင်းပြည်မှာ ညီညွတ်ရေး ဟာ အဓိကလုပ်ငန်းပဲ၊ ညီညွတ်ရေး ဆိုပေမယ့် တိုင်းပြည်လွတ် လပ်ရေး နဲ့ထူထောင်ရေး ကို အထက်ပါအခြေခံအချက်တွေ အရ ဆောင်ရွက်မယ့်ညီညွတ်ရေး မျိုးကို သာ ဆိုလိုပါတယ်။ ရာထူးဝေစားရုံသာ ဖြစ်တဲ့ ညီညွတ်ရေး မျိုး ရွေးကောက်ပွဲချိန်ပြီး ငြမ်းဆင်တတ် ရုံလောက်သာတတ်နိုင်အောင် ညီညွတ်ရေး မျိုးဆိုရင်တော့ ဘယ်နည်းနှင့် မှ ဖြစ်လာမှာ မဟုတ်ဘူး။

တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင်၊ လူအား၊ ငွေအား။ ပစ္စည်းအားနဲ့ စုပေါင်းပြီးအင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာ ပဲ၊ ဗမာကတစ်မျိုး ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်း တို့က တခြားအကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်မှသာ အကျိုး ရှိနိုင်မယ်။

စစ်ကြီးအတွင်းက ကျွန်တော် ၀န်ကြီးလုပ်တုန်းမှာ ကရင်အမျိုးသား တပ်ရင်းဖွဲ့တဲ့အခါ ထမင်းစားပွဲတစ်ခုမှာ ၊ ကရင်စစ်သားတစ်ဦးက လူမျိုးအချင်းချင်း ညီညွတ်ဖို့အကြောင်းပြောတဲ့အ ထဲမှာ (ဗမာကဖဲရိုက်၊ ကရင်က ငါးမျှား)ဆိုတာလို အတူတူပါပဲလို့ပြောတာကိုသတိရပါတယ်။ ကိုယ့်ဒေသအလိုက် ကိုယ်ယုံကြည်တာကို ကိုးကွယ်နေထိုင်ကြပြီး တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင် တဲ့ကိစ္စကြီးမှာ ညီညီညွတ်ညွတ်လုပ်ကြရင်ဒါဟာတစ်မျိုးတည်းလို့ ယူဆကြရမယ်။

ဗိုလ်ချုပ်အောင်ဆန်း

* * * * *


နိုင်ငံရေး

အစိုးရဟာ ဘယ်သူ့ကိုမှ နိုင်ငံရေး အတိုက်အခံသမားတွေ ကို နှိပ်စက် ညှဉ်းပန်းမှု တွေ မလုပ်ဘူး။ စည်းကမ်းမဲ့ တရားလွန် တိုင်းပြည်အကျိုးမဲ့ ဆူပူအောင်လုပ်လျှင် ကြည့်မနေနိုင်ဘူး၊ နိုပ်ကွပ်ရမယ်။

ဝတ္တရားအတိုင်းလုပ်တာကို မကျေနပ်လို့ရှိလျှင် တည့်တည့်လင်းလင်း ပြောကြပါ။ ထွက် ပေးဖို့ အဆင်သင့်ပါပဲ။ မထိတထိနှင့် ဟိုကပွဒီကဆူတာနဲ့ဆိုလျှင် အရေး မယူဘဲမနေနိုင်ဘူး။

ဗိုလ်ချုပ်အောင်ဆန်း

* * * * *




ဝန်ဇင်းချစ်သူများ မြတ်ခိုင် ၏ “ သမိုင်းဝင် မိန့်ခွန်းများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မေးခွန်း တစ်ထောင်

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် အင်တာဗျူး

မြန်မာ - တရုတ် သတင်းလမ်းခင်းခဲ့ပြီ