Cover

အမှာ စာ

မြန်မာ-တရုတ် ချစ်ကြည်ရေး သမိုင်း၏

အုတ်တစ်ချပ်

မြန်မာမီဒီထာများ နိုင်ငံတကာ ဆက်ဆံရေး သမိုင်း၏

သဲတစ်ပွင့်

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု များ ကို သတင်းများ ၊ နိုင်ငံတကာရုပ်သံလိုင်း များ မှ တဆင့် ကျွန်တော် ကြားသိခဲ့ရစဉ်ကတည်းက တရုတ်ပြည်ကြီးကို လေ့လာရေး ခရီး သွားချင် နေခဲ့သည်။ သို့ သော် ခရီးက ချက်ချင်း မ ဖြစ်ခဲ့။ (၂၀၀၇) ခုနှစ် ၊ ဩဂုတ်လတွင် မှ ခရီးက ဖြစ် သည်။ ဆင်ဟွာသတင်း ဌာနမြန်မာနိုင်ငံဗျူရိုအကြီးအကဲ ဦးထွန်းဖေ (တရုတ်အမည် မစ္စတာ ဇောင်ယန်းဖေ) က ဆင်ဟွာ၏ ဧည့်သည်တစ်ဦးအ ဖြစ် ကျွန်တော့် ကိုဖိတ်ကြားပေးခဲ့ သော ကြောင့် ကျွန်တော့် ဆန္ဒ ပြည့်ဝသွား သည်။

သွားရပြန်တော့လည်း ခရီးက မြန်မာမီဒီယာမိတ်ဆွေတွေ နှင့် အတူ ဖြစ်သည်။ ထို အထဲမှာ ယခုစာအုပ်ရေး သားသူ အစ်ကိုမြတ်ခိုင်( ဆရာမြတ်ခိုင်) လည်း ပါလာသည်။ သူနှင့် ကျွန်တော် က ကျွန်တော် တို့စာနယ်ဇင်းလောကသားများ ပြန်ကြားရေး ဝန်ကြီးဌာန ရင်ခွင်သို့ ပြောင်းရွှေ့ခိုလှုံကြ ပြီးနောက်ပိုင်းမှာ ပိုရင်းနှီးသွားခဲ့ခြင်း ဖြစ်သည်။ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းဦးဦးဆောင်ကာ ကျွန်တော် တို့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် ပဲခူးတိုင်းနေရာ တော် တော် များများ မှာ လေ့လာရေး ခရီးများ ၊ သတင်းစာရှင်းလင်းပွဲများ အတူတကွရောက်ကြရင် ပိုခင်သွားသည်။ တစ်ယောက် အကြောင်း တစ်ယောက် ပိုနားလည် သွားသည်။ ယခုလည်း တရုတ်ခရီးစဉ်မှာ သူက အဖွဲ့ဝင်တစ်ဦးအ ဖြစ် လိုက်ပါလာပြန်ပြီ။

တရုတ်ခရီးက (၈) ရက်မျှကြာသည်။ (၁၂) ရက်မှ (၁၉) ရက်အထိ ဖြစ်သည်။ ဘေဂျင်း၊ ရှန်ဟဲ၊ ကူမင်းမြို့ကြီးသုံးမြို့ပါသည်။ ဘေဂျင်းသည် ဗဟိုအစိုးရရုံးစိုက်ရာ မြို့ တော် ၊ ရှန်ဟဲက စီးပွားရေး မြို့ပြကြီး၊ ပြီးတော့ ကူမင်းက ကျွန်တော် တို့နှင့် အနီးဆုံးတွင် ရှိနေ သည့် ယူနန်ပြည်နယ်၏ မြို့တော် ဖြစ်သည်။ မြို့ကြီးသုံးမြို့လုံး စိတ်ဝင်စားစရာတွေ ၊ လေ့လာစရာတွေ အပြည့်နှင့် ဖြစ်နေသည်။ ကျွန်တော် က ခရီးမထွက်ခင်ကတည်းက စိတ်က ကြိုလှုပ်ရှားနေပြီ။

ကျွန်တော် တို့က ဘေဂျင်းသို့ ခြေချရုံသာရှိသေး တရုတ်ပြည်တိုးတက်မှု ကို အံ့မခန်း စမြင်ရ သည်။ ကျွန်တော် တို့ငယ်ငယ်က ကြားခဲ့ဖူးသည့် ဆန်ပြုတ်သောက်ရသည့် တရုတ်တို့ မဟုတ် တော့။ အမေရိကန်နာမည် ကြီး အလွယ်စားဆိုင် မက်ဒေါနယ်မှာ ဟမ်ဘာဂါစား၊ ကြက်ကျော်ကိုက်၊ ကိုကာကိုလာသောက်နေသည့်တရုတ်တွေ ဖြစ်နေကြပေပြီ။ ကျွန်တော် တို့ကိုဖိတ်သည့် ဆင်ဟွာသတင်းဌာနကြီးပင်လျှင် တိုးတက်ပြောင်းလဲမှု တွေ အပြည့်နှင့် ဖြစ် သည်။ အစိုးရ၏ မူဝါဒပေါ်လစီသက်သက် သတင်းထုတ်ပြန်နေသည့် ဝါဒဖြန့်သတင်းဌာန မဟုတ်တော့။ ပြောင်းလဲနေသော ဈေးကွက်စီးပွားရေး စနစ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ဆင်ဟွာကိုပင် တရုတ်ခေါင်းဆောင်များ က ပြုပြင်ရေး တွေ လုပ်နေသည်။ ဝန်ကြီးဌာနတွေ ကို ဝေဖန်ရေး သားနိုင်လာသည်။ အကျင့်ပျက်ပြားမှု တွေ ကို ဖော်ထုတ်ရေး သားလာနိုင်သည်။ ပြီးတော့ ဆင်ဟွာက တရုတ်ကွက်ကွက်ကလေးအတွက် မရပ်တည်တော့ဘဲ အခြားနိုင်ငံ တကာသတင်းအေဂျင်စီများ လို ဈေးကွက်ဖြန့်ကျက်လာသည်။ ဝါဒဖြန့်သတင်းဌာနမှသည် ကော်မာရှယ်သတင်းအေဂျင်စီအသွင်သို့ တဖြည်းဖြည်းကူးပြောင်းနေ သည်။

ကျွန်တော် တို့ ရောက်သည့်ကာလက အိုလံပစ်အကြိုကာလ ဖြစ်ရာ ဘေဂျင်းမြို့တော် တစ်ခွင်လုံးသည် ရှားရှားပါးပါးရတော့ရခဲ အိုလံပစ်ပွဲတော် ကြီး ခမ်းနားကြီးကျယ်စွာ ကျင်းပ နိုင်ရေး ကြို တင်ပြင်ဆင်နေကြသည်။ လှုပ်လှုပ်ရှားရှား ဖြစ်နေသည့်မြို့တော် ကြီးမှာ အိုလံပစ်ရင်ခုန်သံတွေ ပင် ညံနေသလား ထင်ရသည်။ အိုလံပစ်ပွဲတော် ကျင်းပမည့် နေရာ ရောက်တော့ သူတို့က ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိုဦးတည်သည့် စိမ်းမြသော အိုလံပစ် ပွဲတော် ကို ထုဆစ်နေကြသည်ကိုတွေ့ ရသည်။ သတင်းယူကြ၊ဓာတ်ပုံတွေ ရိုက်ကြ၊ ကျွန်တော် တို့အဖွဲ့ထဲမှာ ဆရာဦးမြတ်ခိုင်က သူ့ကင်မရာကြီးနှင့် ဓာတ်ပုံတွေ တဖျတ်ဖျတ် အရိုက်ဆုံး ဖြစ် သည်။ ခရီးစဉ်မှတ်တိုင်းရိုက်သလို ကျွန်တော် တို့ အဖွဲ့သားတွေ လှုပ်ရှားမှု ကိုလည်း လစ်ရင်လစ်သလို ရိုက်ယူနေသည်။ ယင်းကြောင့် လည်း လျှပ်တစ်ပြက်ဂျာနယ်၏ ပဲ့ကိုင်ရှင် သူ့ဆီမှာ လျှပ်တစ်ပြက်ဓာတ်ပုံမှတ်တမ်းတွေ အများ ကြီးရှိနေ ခြင်း ဖြစ်ပေလိမ့်မည် ။

ရှန်ဟိုင်းရောက်တော့ ဒါလားကွ ကွန်မြူနစ်တရုတ်ပြည်ဟုပင် အော်ပစ်လိုက်ချင်စိတ် ပေါက်သွားသည်။ ဘေဂျင်းသည် အပျိုကြီးမမ တစ်ယောက် နှင့် တူပြီး ရှန်ဟိုင်းက ခပ်ငယ်ငယ် သွက်သွက် မော်ဒယ်လ်ကောင်မလေး တစ်ယောက် နှင့် တူနေသည်ဟု ကျွန်တော် က နှိုင်းယှဉ်မြင်နေမိသည်။ မိုးမြင့်ကုန်တိုက်ကြီးတွေ မှာ ၊ လမ်းပေါ်က သွေးသားရောင်းဝယ်နေ သည့်ပွဲစားတွေ ၊ မိန်းကလေးတွေ ၊ မီနီစကတ်တိုနံ့နံ့နှင့် တရုတ်ပျိုဖြူလေးတွေ ၊ စတိုင် အပြည့်နှင့် လမ်းသလားနေကြသည့် ကုမ္ပဏီဝန်ထမ်းတွေ ၊ အဲဒါတွေ အားလုံးကိုမြင်ရတော့ အိုး နယူးယောက် ဆိုသည့် ခေတ်ကောင်း အနောက်နိုင်ငံတေးတစ်ပုဒ်ကို ပြေးသတိရမိသည်။ ထိုတေးရေး ဆရာသာ ရှန်ဟိုင်းရောက်လျှင် အိုး ရှန်ဟိုင်းဟု သီးချင်းတစ်ပုဒ်ထပ်သီကုံး လိုက် မှာ သေချာနေသည်။

ရှန်ဟိုင်းက စက်မှု မြို့တော် ပူဒေါင်းမှာ နိုင်ငံတကာလူ့အဖွဲ့အစည်း သို့ မဟုတ် လူမျိုးပေါင်းစုံ ရွာကလေးတစ်ရွာလို ဖြစ်နေသည်။ အထူးစီးပွားရေး မြို့တော် ဖြစ်သည့်အတိုင်း စီးပွားရေး ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်နှင့် ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာသော ရင်းနှီးမြှုပ်နှံမှု ရာသီဥတုတစ်ခုကို ဖန်တီးပေးထားသည်ကို မြင်ရသည်။ လေ့လာရသည်။ သူတို့က ကျွန်တော် တို့အဖွဲ့အား မြန်မာနိုင်ငံ၊ ရန်ကုန်တစ်ဖက်ကမ်း သန်လျင်မြို့တွင် တည် ထောင်ရန် သူတို့အဆိုပြုထားသည့် အထူးစီးပွားရေး ဇုန်စီမံချက်ကို ပုံစံတူတွေ နှင့် အတူ အသေးစိတ်ရှင်းပြသည်။ ကျွန်တော် တို့ကလည်း ကိုယ့်နိုင်ငံနှင့် သက်ဆိုင်သည့်အတွက် ပိုပြီး စိတ်ဝင်တစားမေးကြသည်။ ကျွန်တော် ကမူ သူတို့ရှင်း ပြသည်ကို နားထောင်ရင်း ရန်ကုန် တစ်ဖက်ကမ်းမှာ တဟုန်ထိုးဖွံ့ဖြိုးတိုးတက်နေမည့်  အထူးစီးပွားရေး ဇုန်ကြီးကို စိတ်ကူးဖြင့် ရင်ခုန်နေမိလိုက်ပါသည်။

နောက်ဆုံးနေရာမှာ မြို့တော် ကူမင်း ဖြစ်သည်။ ကျွန်တော် တို့နှင့် အိမ်နီးချင်း၊ တစ်နည်းဆိုရသော် နယ်စပ်ပြည်နယ်တစ်ခု ဖြစ်သော်လည်း ကူမင်းသည်ပင် အပြောင်းလဲကြီး ပြောင်းလဲနေပြီ။ တိုးတက်မှု တွေ ကို မျက်ဝါးထင်ထင် တွေ့ မြင်ရပြီ။ ကူမင်းတွင် ကျွန်တော် တို့ လည်ပတ်စရာ နှစ် နေရာရှိသော်လည်း အချိန်မလုံလောက်သဖြင့် Stone forest ဟုခေါ်သည့် ကျောက်တုံးတောကိုသာ လေ့လာလိုက်ရသည်။ အိမ်ပြန်ရတော့မည် ဟူသော အသိ ကတော့ လူကိုပိုပြီး တက်ကြွလန်းဆန်း စေသည်။

တရုတ်ပြည်ခရီးသည် ဆရာမြတ်ခိုင်ကြောင့် ပင် ပိုပြီး အမှတ်ရစရာတွေ ဖြစ်ခဲ့သည်။ ဘေဂျင်းမှာ Forbidden City ဟုခေါ်သည့် ရှေးဟောင်းဝင်မြို့တော် ကို လေ့လာစဉ်မှာ သူက ကျန် ခဲ့သည်။ တိန့်အင်းမင်ရင်ပြင်မှာ သူက ထုံးစံအတိုင်း ကင်မရာအကြီးကြီးကို အဝေးရိုက် မှန်ဘီလူး အရှည်ကြီးတပ်ကာ ဟိုတစ်ဖြောင်းဖြောင်း၊ သည်တစ်ဖြောင်းဖြောင်းနှင့် ကင်မရာ သေနတ်တွေ တစ်ရစပ်ပစ်နေခဲ့သည်။ အဲသည်ကတည်းက အစ်ကိုတော့ ကျန်ခဲ့တော့မှာ ပဲဟု ကျွန်တော် က စိုးရိမ်ခဲ့သည်။ ထင်သည့်အတိုင်းပါပဲ။ ဖော်ဘစ်ဒင်စီးတီး အဝင်မှာ သူ့ကိုရှာမရတော့။ နောက်ပိုင်းမှာ တော့ သူ့နည်းသူ့ဟန်နှင့် ကြိုးစားကာ ကျွန်တော် တို့ဆီ တော့ ရောက်လာပါသည်။

နောက်တစ်ကြိမ်က ကူမင်းမှာ ဖြစ်သည်။ ကျောက်တုံးတောကြီးမှာ တောကြီးမျက်မဲ မဟုတ်ပါဘဲ သူပျောက်ခဲ့သည်။ သားကောင်အတွက် တောကစားရင်း မျက်စေ့လည်လမ်းမှား ခဲ့ခြင်းတော့မဟုတ်။ သူက သတင်းဓာတ်ပုံအတွက် ကင်မရာကစားရင်း စတုန်းဖောရက်စ်မှာ လူစုကွဲ ဘေးထွက်သွားရခြင်း ဖြစ်သည်။ ထိုစဉ်က သူ့ကိုကားပေါ်မှာ အကြာကြီးစောင်းစားခဲ့ ရစဉ် ကျွဲမြီးတို ကြရတော့လည်း မောမောပန်းပန်းနှင့် လေးလံသော ခြေလှမ်းကြီးများ နှင့် ကင်မရာကို ပင်ပင်ပန်းပန်းလွယ်ကာ ကားဆီသို့ လှမ်းလာနေသော သူ့ကိုမြင်ရတော့လည်း တိုတာတွေ ပြန်ရှည်၊ ဒေါသတွေ ပြေကြရပြန်ပါသည်။

မည် သို့ဆိုစေ ရန်ကုန်ပြန်ရောက်တော့ ကျွန်တော် တို့က ဟိုတို့တိသည်တို့တိသာ ပြန်ရေး နိုင်သည်။ ဆရာမြတ်ခိုင် ကတော့ သူ့လျှပ်တစ်ပြက်မှာ ဓာတ်ပုံတွေ ဝေဝေဆာဆာ၊ ခန့်ခန့်ကြီးကြီး၊ ရောင် စုံတွေ နှင့် တရုတ်ခရီးကိုစာပန်းချီ ချယ်လေတော့သည်။ ကျွန်တော် တို့ကလည်း အပတ်စဉ် စောင့်ဖတ်ကြရသည်။ သူ့ဆောင်းပါးတွေ က တရုတ်ခရီးကို ပြန်လွမ်း စေသည်။ တသစေသည်။

ယခု ဆရာမြတ်ခိုင်က ထိုဆောင်းပါးများ စုစည်းကာ စာအုပ်တစ်အုပ်အ ဖြစ် ထုတ်ဝေ တော့ မည် ဟုဆိုလေရာ ကျွန်တော် ဝမ်းသာသွားရပါသည်။ ခရီးသွားဆောင်းပါးများ နှစ် ခြိုက် ကြသူများ အတွက် တစ်စုတစ်စည်းတည်းဖတ်နိုင်သလို ကျွန်တော် တို့အတွက်လည်း ခရီးစဉ် အမှတ်တရ တစ်သက်တာသိမ်းဆည်းရမည့်  စာအုပ်တစ်အုပ် ဖြစ်လာတော့မည် မဟုတ်ပါ လား။ စာအုပ်က သူ့မူ၊ သူ့ဟန်၊ သူ့ထုံးစံအတိုင်း ပစ်တိုရီယယ်ဆန်ဆန်ပုံများ ၊ စာနည်းနည်း နှင့် မြင်ရမည် ဟု ထင်ထား ပါသည်။

ဆရာမြတ်ခိုင်၏ တရုတ်ပြည်ခရီးသွားမှတ်တမ်းစာအုပ်သည် စာနယ်ဇင်းတိုင်း ခေတ်သမိုင်း ဟူသည့်ဆိုရိုးလို တစ်ချိန်ချိန်တွင် မြန်မာနှင့် တရုတ်ချစ်ကြည်ရေး သမိုင်း မြန်မာ မီဒီယာများ ၏ နိုင်ငံတကာ ဆက်ဆံရေး သမိုင်းများ တွင် တစ်ထောင့်တစ်နေရာက ပါဝင် မော်ကွန်းထိုးနေလိမ့်မည် ဟု ယုံ ကြည်ပါသည်။

လေးစားစွာ ဖြင့်

ကိုကို (စက်မှု တက္ကသိုလ်)

*


တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့

တတိယခရီး

ဆင်ဟွာသတင်းဌာန၏ ဖိတ်ကြားချက်အရ မြန်မာသတင်းစာနှင့် စာနယ်ဇင်းကိုယ်စား လှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ (၂၀၀၇) ခုနှစ် ၊ ဩဂုတ်လ (၁၂) ရက်မှ (၁၉) ရက် အထိ တစ်ပတ်ကြာလေ့လာရေး ခရီး သွားရောက်ခဲ့ပါသည်။ ကျွန်တော် အပါအဝင် အဖွဲ့ဝင် (၈) ဦး ပါ ကိုယ်စားလှယ်အဖွဲ့ကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ နယူးလိုက်အော့ဖ် မြန်မာ သတင်းစာ တိုက်၏ အကြံပေး (စာတည်းမှူးချုပ်တာဝန်) ကျွန်တော် က ခေါင်းဆောင် ခဲ့ပါသည်။

ကျွန်တော် သည် (၂၀၀၂) ခုနှစ် က ပေကျင်း၌ ကျင်းပခဲ့သည့် ပထမအကြိမ် တရုတ်အာဆီ ယံမီဒီယာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ အဖွဲ့ခေါင်းဆောင်အ ဖြစ် တက်ရောက်ခဲ့ပြီး (၂၀၀၄) ခုနှစ် တွင် ကွမ်စီကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ၊ နန်နင်းနှင့် မြို့တော် ပေကျင်းတို့၌ ကျင်းပခဲ့သည် ဒုတိယအကြိမ် တရုတ်-အာဆီယံမီဒီယာပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ အဖွဲ့ဝင်အ ဖြစ် တက်ရောက်ခဲ့ပါသည်။ ပထမအကြိမ်က (၃) ရက်မျှသာကြာပြီး ဒုတိယအကြိမ်တွင် (၁၀) ရက်ခန့် ကြာခဲ့ပါသည်။ နှစ် ကြိမ်စလုံးမှာ ဆွေးနွေးပွဲကိစ္စကို အလေးထားခဲ့သဖြင့် တရုတ်ပြည်၏ ဒေသန္တရဗဟုသုတကို တစေ့ တစောင်းမျှ လေ့လာခွင့်ရခဲ့ပါသည်။

ယခု တတိယခရီးမှာ မူ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံနှစ် နိုင်ငံအနက် သတင်း ဖလှယ်ရေး ၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် ချစ်ကြည်ရေး အရှိန်အဟုန် ထိန်းသိမ်း တိုးမြှင့်ရေး အတွက် လေ့လာရေး ခရီးစဉ် ဖြစ်ပါသည်။ ထို့ကြောင့် လည်း အဓိကမြို့ကြီးများ ဖြစ်သည့် ပေကျင်း၊ ရှန်ဟိုင်း နှင့် ကူမင်းမြို့များ ကို လေ့လာလည်ပတ်ခွင့်ရကာ အထင်အရ ပုဂ္ဂိုလ်များ နှင့် တွေ့ ဆုံခွင့်ရခဲ့ပါသည်။

ယခုတစ်ခေါက်တွင် ဗုဒ္ဓမြတ်စွယ်တော် အား အနီးကပ်ဖူးမျှော်ခွင့်ရရှိသဖြင့် အထူးပင် ကျေနပ်အားရတန်ဖိုးထားကာ စီစဉ်ပေးသူ နှစ် နိုင်ငံစလုံးမှ တာဝန်ရှိပုဂ္ဂိုလ်ကြီးများ ကို လှိုက်လှိုက် လှဲလှဲကျေးဇူးတင်မိပါသည်။ သုံးကြိမ်စလုံးတွင် မဟာတံတိုင်းကြီးသို့ ရောက် ဖြစ် ခဲ့သော်လည်း (၆၂) နှစ် ကျော်အရွယ်ရောက်မှ ယခင်အခေါက်များ ထက် တစ်ဆင့်တိုးကာ မြင့်မြင့်တက်ရောက်နိုင်ခဲ့သည် ကို အမှတ်ထင်ထင် ရှိနေပါတော့သည်။

ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကစာနယ်ဇင်းများ မှ အဖွဲ့ဝင်များ မျှတစွာ ပါဝင်သည့် လေ့လာ ရေး ခရီးမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ခရီးစဉ်မတိုင်မီ၊ ခရီးစဉ်အပြီးတို့တွင် ရန်ကုန်ရှိ တရုတ် ပြည်သူ့သမ္မတ နိုင်ငံသံရုံး၏ ကြိုတင်ပြင်ဆင်၊ ပြန်လည်သုံးသပ်ချက်သဘော တွေ့ ဆုံ နိုင်အောင် စီစဉ်ပေးမှု သည်လည်း ပြီးပြည့်စုံသည့် အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။

ခြုံ၍ ဆိုရလျှင် မြန်မာကိုယ်စားလှယ်အဖွဲ့၏ တစ်ပတ်ကြာလေ့လာရေး ခရီးစဉ်သည် အရေး ပါသည့် ခြေလှမ်းကို လှမ်းနိုင်ခဲ့သည်ဟု ယုံကြည်ပါသည်။

မောင်မောင်အေး

စာတည်းမှူးချုပ် (ငြိမ်း)

နယူးလိုက်အော့ဖ် မြန်မာသတင်းစာတိုက်

*


စာမိတ်ဆက်

ကိုမြတ်ခိုင် (စာရေး ဆရာမြတ်ခိုင်) က သူ့ရဲ့ ဂျာနယ်မှာ သူအပတ်စဉ်ရေး သားဖော်ပြခဲ့တဲ့ (၂၀၀၇)ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံလေ့လာရေး ခရီးစဉ် ဆောင်းပါးကို စုစည်းပြီး စာအုပ်တစ်အုပ်အ ဖြစ် ထုတ်ဝေမယ့်အကြောင်း အဲဒီ စာအုပ်အတွက် အမှာ စာရေး သားပေးပါမည့် အကြောင်း ကျွန်တော့် ကိုပြောခဲ့တာ အတန်ကြာခဲ့ပါပြီ။ (အကြောင်းအမျိုးမျိုး ကြောင့် ကျွန်တော် မရေး ဖြစ်သေးတာမို့) တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ နောက်တစ်ကြိမ်ခရီးမထွက်ခွာမီ တစ်ရက်အလို (၂၀၀၈ ခုနှစ် ၊ အောက်တို ဘာလ ၉ ရက်) မှာ သူနဲ့တွေ့ တော့ အမှာ စာရရှိဖို့ ကျွန်တော် တစ်ယောက် သာ ကျန်တော့ ကြောင်း၊ အမြန်ရေး သားပေးပါမည့် အကြောင်း ထပ်မံပြောဆို ပါတယ်။ ဒါနဲ့ ကျွန်တော် လည်း ယခုခရီးသွားနေစဉ်အတွင်း အပြီးရေး သားပါမည့် အကြောင်း ကတိပြုခဲ့ပါတယ်။ အခုဒီစာ (အမှာ စာဟုမဆိုလိုပါ။ မိတ်ဆက်နိဒါန်းစာဟုသာ ဆိုချင်ပါသည်) ကို (ဆရာ မြတ်ခိုင် အပါအဝင်) စာရေး ဆရာမိတ်ဆွေတွေ နဲ့ အတူသွားခဲ့တဲ့ ခရီးစဉ်အမှတ်တရအ ဖြစ် သူတို့နဲ့ သွားရောက်ခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့က (Asia Hotel) မှာ ရေး ပါတယ်။ (သူတို့ နဲ့အတူတည်းခို Min Zu Hotel) မှသာရေး ခွင့်ရခဲ့ရင် ဆရာမြတ်ခိုင်အတွက် အမှတ်ရ စရာတွေ ပိုပြီး ဖြစ်စေမှာ ပါ)

မြန်မာနဲ့တရုတ်နိုင်ငံအကြား သတင်းဖလှယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် မြန်မာ နိုင်ငံကသတင်းစာဆရာတစ်ဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို လာရောက်လည်ပတ် လေ့လာဖို့ ဆင်ဟွာသတင်းဌာနက ဖိတ်ကြားခဲ့တဲ့အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရက ကျွန်တော် တို့အဖွဲ့ကို (၂၀၀၇) ခုနှစ် ၊ ဩဂုတ်လ (၁၂) ရက်မှ (၁၉) ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။ ဆရာဦးမောင်မောင်အေး၊ ဦးထိန်လင်း အောင်၊ ဒေါ်တင်မွှေး၊ ကျွန်တော် ၊ ဆရာမြတ်ခိုင်၊ ဆရာကိုကို (စက်မှု တက္ကသိုလ်)၊ ဆရာဟိန်းလတ်၊၊ ဆရာကျော်ရင်မြင့် တို့ ပါဝင်ပါတယ်။

အဖွဲ့ဝင်အားတောင့်တင်းသလို ခရီးစဉ်တစ်လျှောက် အတွေ့ အကြုံများ စွာ နဲ့ ပျော်စရာ လည်းကောင်းပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင်ထွက်ခွာမယ့်နေ့မှာ ဆရာ မောင်မောင်အေးရဲ့ လေယာဉ်လက်မှတ်ပါမလာတာကို လေဆိပ်ရောက်ပြီး (၁) နာရီ အကြာ လောက် (Chackin) လုပ်ခါနီး မှသိလို့ ပြေးလွှားရင်းမောစေခဲ့ကြရတာ ကစလို့ တရုတ် ပြည်၊ ပေကျင်းမြို့၊ တိန်အန်မင်ရင်ပြင်လူအုပ်ကြားမှာ ဓာတ်ပုံလျှောက်ရိုက်နေတဲ့ ဆရာ မြတ်ခိုင်က တစ်နေရာ ဆရာဟိန်းလတ်ကတစ်နေရာ၊ ကျန် ကျွန်တော် တို့အဖွဲ့က တစ်နေရာ လူစုကွဲသွားလို့ ဆင်ဟွာသတင်းဌာနက ဆက်ဆံရေး အရာရှိ မစ္စတာလျူယောင် သော ကပွား ရပြီး ကျန်ကျွန်တော် တို့အဖွဲ့ စိတ်ညစ်ကြရတာ က အလယ်၊ ကူမင်းမြို့ (Stone Forest) ဥယျာဉ်မှာ (ကျွန်တော် တို့ အားလုံးဂရုစိုက်နေကြတဲ့ကြားက) ဆရာမြတ်ခိုင် တစ်ယောက် (သူ့ဝသီအတိုင်း) လူစုကွဲသွားလို့ ဥယျာဉ်ကတာဝန်ရှိသူတွေ အားလုံး ထမင်းစားချိန်တောင် မနားကြဘဲ အလုပ်ရှုပ်သွားကြရတာ အဆုံး (ကျန်ကျွန်တော် တို့အဖွဲ့သားတွေ ကတော့ ထမင်းဆာတာကလွဲလို့ ဘယ်လိုမှမနေတော့ပါ) ပျော်စရာ၊ မောစရာ၊ ပြောစရာတွေ များ လှပါတယ်။ ခရီးစဉ်တစ်လျှောက် ကျွန်တော် တို့အဖွဲ့ဦးစား ပေးလေ့လာခဲ့ကြတာ ကတော့ ပေကျင်းအိုလံပစ်(၂၀၀၈) အတွက် ပြင်ဆင်ဆောင်ရွက်မှု များ ပဲ ဖြစ် ပါတယ်။ ကမ္ဘာတစ်ခု၊ အိပ်မက်တစ်ခုကိုပေါ့။ ဒါ့အပြင် ပေကျင်း၊ ရှန်ဟိုင်း၊ ကူမင်းစတဲ့မြို့ကြီးများ ကိုလည်း လေ့လာခဲ့ကြရတဲ့အတွက် ကျွန်တော် တို့အဖွဲ့အတွက် တွေးစရာ၊ ရေး စရာ၊ ဆွေးနွေး စရာများ အများ အပြားရှိခဲ့ပြီး သွားရင်းလာရင်း တွေးခဲ့၊ ဆွေးနွေးခဲ့၊ ရေး ခဲ့ကြပါတယ်။

ကျွန်တော် တွေးမိခဲ့တဲ့အထဲက တစ်ခုကိုတင်ပြချင်ပါတယ်။ မဟာတံတိုင်းကြီးကိုလေ့ လာဖို့ ပေကျင်းမြို့ကနေသွားရင်း မဟာတံတိုင်းကို အဝေးကစမြင်တယ်ဆိုတာနဲ့ ဒီလိုတွေးမိ ပါတယ်။တစ်ချိန်က လမ်းပန်းဆက်သွယ်ရေး ၊ သယ်ယူပို့ဆောင်ရေး ၊ ဆောက်လုပ်ရေး အတတ် ပညာများ မဖွံ့ဖြိုးမတိုးတက်သေးတဲ့ ခေတ်ကာလကတည်းက ဒီလိုကမ္ဘာ့မှတ်တမ်းဝင် ကြီးကျယ်လွန်းတဲ့ မဟာတံတိုင်းကြီးကို ဘယ်လိုလူသားတွေ က ဘယ်လိုအတွေး၊ ဘယ်လိုခံ ယူချက်၊ ဘယ်လိုစိတ်ဓာတ်၊ ဘယ်လိုဇွဲလုံ့လဝီရိယတွေ နဲ့ တည်ဆောက်ခဲ့ကြတာပါလဲ။ အသက်၊ သွေး၊ ချွေးနဲ့ အခြား တန်ဖိုးထားဖွယ်ရာ ဘယ်လောက်အထိ ဆုံးရှုံးခဲ့ကြရပါသလဲ။ စတေးခဲ့ကြရပါသလဲ။ ယခုအချိန်မှာ စဉ်းစားကြည့်ရင် အဲဒီ တုန်းကဆောင်ရွက်ခဲ့တာတွေ ဟာ အိပ်မက်တစ်ခုလို ဖြစ်ကောင်း ဖြစ်နေပေ မယ့် အဲဒီ အိပ်မက်ဟာ ဒီနေ့ဒီအချိန်မှာ “ကမ္ဘာတစ်ခု အိပ်မက်တစ်ခု” အ ဖြစ် အကောင်အထည် ဖော်ဖို့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်လောက်တဲ့အထိ ကြီးကျယ်ခဲ့တာပါလားလို့ ဒီလိုကျွန်တော် တွေးကြည့်မိခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ခရီးစဉ်တစ်လျှောက်အတွေ့ အကြုံများ ကို ဆရာမြတ်ခိုင်က သူ့ရဲ့ အတွေး၊ သူ့ရဲ့ အမြင်နဲ့ပေါင်းပြီး ဆောင်းပါးများ အပိုင်းလိုက်ရေး သားတင်ပြခဲ့ပါတယ်။ အဲဒီ ဆောင်းပါးတွေ ကို စုစည်းပြီး ထုတ်ဝေမယ့်ဒီစာအုပ်ကို အမှန်တကယ် ရောက်ရှိသလို ခံစားရင်း စာရေး ဆရာရဲ့ အတွေး၊ အရေး အပေါ်မှာ ထပ်ဆင့်ပြီး တွေးစရာ၊ ဆွေးနွေးစရာများ စွာ ရရှိ မယ်။ အဲဒီ ကမှတစ်ဆင့် လုပ်စရာတွေ ကို ပိုမိုမြင်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

မည် သည့် အကောင်အထည်မဆို အတွေးကစတင်အခြေခံတာလို့ ကျွန်တော် ဆိုချင် တာပါ။

မောင်မျိုးဇော် (၁၈၊၁၀၊၂၀၀၈)

*


ဆင်ဟွာသတင်းဌာန၏ အမှာ စာ

တရုတ်-မြန်မာနှစ် နိုင်ငံမှ သတင်းမီဒီယာဆရာများ အပြန်အလှန်သွားရောက်လေ့လာ လည် ပတ်ခြင်းသည် နှစ် နိုင်ငံယဉ်ကျေးမှု ဖလှယ်ရေး နှင့် သတင်းမီဒီယာတိုးတက်မှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍအတွက် အရေး ကြီးသော လုပ်ရပ် ဖြစ်ပါသည်။

တရုတ်နိုင်ငံဆင်ဟွာသတင်းဌာန၏ ဖိတ်ကြားချက်အရ The New Light of Myanmar သတင်းစာတိုက်မှ စာတည်းမှူးချုပ်ဦးမောင်မောင်အေးမှ ဦးဆောင်၍ လျှပ်တစ် ပြက် သတင်းဂျာနယ်မှ စာတည်းမှူးချုပ် ဦးမြတ်ခိုင်အပါအဝင် အဖွဲ့ဝင်ပေါင်း (၇) ဦး ပါဝင်သည့် မြန်မာသတင်း မီဒီယာအဖွဲ့သည် (၂၀၀၇) ခုနှစ် ၊ ဩဂုတ်လ (၁၂) ရက်နေ့မှ (၁၉) ရက်နေ့အထိ တရုတ်-မြန်မာ နှစ် နိုင်ငံသတင်းဖလှယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေး လုပ်ငန်းအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။

ဤခရီးစဉ်နှင့် ပတ်သက်၍ ထူးခြားချက်ကိုပြောရမည် ဆိုလျှင် ယင်းခရီးစဉ်သည် ပထမဆုံး အကြိမ် မြန်မာအစိုးရနှင့် ပုဂ္ဂလိကမီဒီယာတို့ပူးပေါင်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ သွားရောက် လည်ပတ်လေ့လာခြင်း ဖြစ်သည်။

ထိုခရီးစဉ်နှင့် ပတ်သက်၍ ကိုယ်စားလှယ်အဖွဲ့ဝင်များ က ဤခရီးစဉ်သည် အစစ အရာရာ အဆင်ပြေချောမွေ့ပြီး အောင်မြင်မှု ရှိကြောင်း၊ နှစ် နိုင်ငံသတင်းဖလှယ်ရေး နှင့် ပူးပေါင်းဆောင်ရွက် ရေး ကဏ္ဍအတွက် မှတ်တင်းတင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်- မြန်မာ သတင်းမီဒီယာလောကမှ ပုဂ္ဂိုလ်များ ဤကဲ့သို့ မကြာခဏလေ့လာ လည် ပတ်ခြင်းအားဖြင့် နှစ် နိုင်ငံမှတိုင်းသူပြည်သားများ အပြန်အလှန်နားလည်မှု ပိုမိုရရှိကာ ချစ်ကြည်ရင်း နှီးမှု များ တိုးပွားလာလိမ့်မည် ဟု ကျွန်တော် ယုံကြည်မိပါသည်။

ထွန်းဖေ(ဆင်ဟွာ)

Zhang Yunfei

Chief Correspondet

INHUA NEWSAGENCY (Yangon Bureou)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ဆင်ဟွာသတင်းဌာနတို့၏ စီစဉ်မှု ဖြင့် မြန်မာမီဒီယာအဖွဲ့ ချစ်ကြည်ရေး ခရီးထွက် ဖြစ်ခဲ့ကြသည်။ ထူးခြားမှု မှာ သည် ခရီးစဉ်တွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် အတူ ပုဂ္ဂလိကစာနယ်ဇင်းမှ (၄) ဦး လိုက်ပါခွင့်ရခဲ့သည်။ ထို(၄)ဦးအနက် ဆရာဦးကိုကို(စက်မှု တက္ကသိုလ်)၊ ဆရာ ကျော်ရင်မြင့်တို့မှာ ဆင်ဟွာသတင်းဌာန၏ ဖောက်သည်များ ဖြစ်ခြင်းကြောင့် စရိတ်ငြိမ်း လိုက်ပါခွင့်ရခဲ့ကြသည်။ ကျွန်တော် နှင့် ဆရာဦးဟိန်းလတ်မှာ ကိုယ့်စရိတ်နှင့် ကိုယ် လိုက်ပါခဲ့ ရခြင်း ဖြစ်သည်။ ကိုယ့်စရိတ်နှင့် ကိုယ် လိုက်ပါခွင့်ရသည်ကပင် မဟာအထူးအခွင့်အရေး ပေမို့ ကျေးဇူးအထူးတင်ရချေသည်။ သည်ခရီးစဉ်အတွက် လျှပ်တစ်ပြက်သတင်းဂျာနယ် ဒါရိုက်တာ အဖွဲ့မှ စရိတ်ကျခံပေး၍ သာ သည်ခရီးစဉ်ကို လိုက်ပါခွင့်ရသည် ဖြစ်ခြင်းကြောင့် လျှပ်တစ်ပြက် သတင်းဂျာနယ်ဒါရိုက်တာအဖွဲ့ကိုလည်း ကျေးဇူးတင်ရချေသည်။ ကိုယ့်စရိတ် နှင့် ကိုယ် လိုက်ပါရသည်ဆိုသော်လည်း လေယာဉ်စရိတ်နှင့် ဟိုတယ် စရိတ်မျှသာ ဖြစ်သည်။ ပေကျင်း၊ ရှန်ဟိုင်း၊ ကူမင်းမြို့ကြီး(၃)မြို့ကို ကူးချည်သန်းချည်လုပ်ရသော လေယာဉ်စရိတ်၊ ဟိုတယ်စရိတ်တွေ ကိုပင် ကျခံရခြင်း ဖြစ်၍ တော် တော့သည်။ (ဂိုက်လုပ်တဲ့သူက ဝင်ကြေး တချို့ကို တွက်ပြီး တောင်းတာမျိုး၊ ပိုက်ဆံပြန်မအမ်းတာမျိုးတော့ ထည့်မပြောတော့ပါ)။ အစားအသောက် အလျှံပယ်ကျွေးသည်။ ကားခတွေ ပေးစရာမလိုသည်များ ကတော့ ကျေးဇူး တင်စရာ ဖြစ်ပါသည်။ ပြီးတော့ ဆင်ဟွာလိုသတင်းဌာနကြီးကို ဝင်ေ၇ာက်လေ့လာခွင့် ရခြင်း ဖြစ်သည်။ အလားတူ ကူမင်းရောက်တော့လည်း ကူမင်းသတင်းစာများ ထုတ်လုပ်နေမှု များ ကို လေ့လာခွင့်ရခြင်းက ကျေးဇူးတင်စရာ ဖြစ်သည်။ တိုးရ် တစ်ယောက် အနေနဲ့ဆိုလျှင် သည်အခွင့်အရေး တွေ ဘယ်မှာ ရနိုင်ပါမည် လဲ။ သည့်ထက်ပိုကျေးဇူးတင်စရာကောင်းသည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော် ကို အနီးကပ်ကြည်ညိုပူဇော်ခွင့်ရခဲ့ခြင်းပဲ ဖြစ် သည်။ မည် သို့ ဖြစ်စေ၊ တရုတ်သို့ သွားမည် ဆိုပါက ကျွန်တော် ၏ ဆောင်းပါးများ က တစ်စုံ တစ်ရာ အထောက်အကူ ဖြစ်မည် ဟု ယုံသည်။

မြတ်ခိုင်

*


တရုတ်ကို အတူတူသွားခဲ့ကြစဉ်က

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာသတင်းနှင့် စာနယ်ဇင်းကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သွားရောက်ရာတွင် ကျွန်တော့် ကိုလည်း ရွေးချယ်ထားသည်ဟုသိရ၍ အထူးဝမ်းသာမိ သည်။ ကျွန်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လွန်ခဲ့သော ဆယ်နှစ် ကျော်က တစ်ခေါက် ရောက်ဖူးသည်။ ထိုစဉ်က မြန်မာနိုင်ငံစာရေး ဆရာ ကိုယ်စားလှယ်အဖွဲ့ဝင်အနေဖြင့် ။ ယခု တစ်ခေါက်သွားရမည် က စာနယ်ဇင်းကိုယ်စားလှယ်အနေနှင့် ဖြစ်ရာ ဘက်စုံထောင့်စုံလေ့လာ နိုင်မည် ဖြစ်၍ ဝမ်းသာမိခြင်း ဖြစ်၏ ။ ပထမတစ်ခေါက်တွင် တရုတ်စာရေး ဆရာများ နှင့် တွေ့ ဆုံ ခွင့်ရပြီး စာပေအကြောင်းတွေ နှီးနှောဖလှယ်ခွင့်ရခဲ့ပြီးပြီ။ ယခုအခေါက်တွင် ကား တရုတ်ပြည်၏ သတင်းလောကကို တီးခေါက်မြည်းစမ်းကြည့်နိုင်မည် ဖြစ်၏ ။ သွားရောက်မည့်  ကိုယ်စားလှယ်အဖွဲ့စာရင်းကိုသိတော့ ပို၍ ဝမ်းသာသွားသည်။ ဦးကိုကို(စက်မှု တက္ကသိုလ်) နှင့် ဦးမြတ်ခိုင်၊ ခရီးသွားရန်နီးတော့ နောက်ထပ် ပုဂ္ဂိုလ်တစ်ဦးပါမည့် အကြောင်းသိလာရ၏ ။ ဦးကျော်ရင်မြင့်။ ဤပုဂ္ဂိုလ်အားလုံးနှင့် ကျွန်တော် ရင်းနှီးခင်မင်ပြီးသား။ ကျွန်တော် တို့ လေးယောက် စလုံးသည် ပုဂ္ဂလိကသတင်းစာနယ်ဇင်းများ မှ ပုဂ္ဂိုလ်များ ချည်း ဖြစ်၏ ။ ကျွန်တော် တို့အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်လေးဦးလည်း ပါဝင်သေးသည်။ နယူးလိုက်အောဖ်မြန်မာ သတင်းစာတိုက်မှ အကြံပေး(စာတည်းမှူးချုပ် တာဝန်) ဦးမောင်မောင်အေး၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဦးဇော်မျိုး။ စာပေ ဗိမာန်စာတည်း ဒေါ်တင်မွှေး (မွှေးငယ်ငယ်) နှင့် မြန်မာ့သတင်းစဉ်မှစာတည်းမှူး ဦးထိန်လင်း အောင်တို့ ဖြစ်ကြသည်။ တကယ်တော့ ဤခရီးစဉ်ကိုဖိတ်ကြားခဲ့သည်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆင်ဟွာသတင်းဌာန၏ ဖိတ်ကြားချက်အရ ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် မြန်မာနိုင်ငံ နှစ် နိုင်ငံသတင်းဖလှယ်ရေး ၊ ပူပေါင်းဆောင်ရွက်ရေး နှင့် ချစ်ကြည်ရေး အရှိန်အဟုန်ကို ထိန်းသိမ်းတိုးမြှင့်ပေးရန် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။

လေယာဉ်လက်မှတ်ဝယ်ခါနီး ကျမှ သိရသည်မှာ ဦးမြတ်ခိုင်နှင့် ကျွန်တော် တို့နှစ် ဦးကား ကိုယ့်စရိတ်နှင့် ကိုယ် လိုက်ရန် ဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များ ကမူ ဆင်ဟွာသတင်းဌာန၏ စရိတ်နှင့် ဖြစ် ကြောင်း။ ဦးမြတ်ခိုင်၏ စကားလုံးသုံး၍ ပြောရလျှင် ကျွန်တော် တို့က ဆင်ဟွာ၏ ဧည့်မြှော င်တွေ ၊ လေယာဉ်အသွားအပြန်ခရီးစရိတ်မျှမက တည်းခိုခန်းစရိတ်များ ကိုပါ ကိုယ့် စရိတ် ကိုယ်ခံ၊ စရိတ်စကတွေ က ခန့်မှန်းတွက်ချက်ကြည့်လိုက်တော့ တစ်ဦးလျှင် အမေ ရိကန် ဒေါ်လာတစ်ထောင် ကျော်ခန့်ကုန်မည် ကိုသိရ၏ ။ မြန်မာငွေနှင့် တော့ (၁၂) သိန်းကျော် ကျော်ပေါ့။ အခုမှတော့ မလိုက် လို့လည်း မ ဖြစ်တော့ ကျွန်တော် တို့လိုက်ခဲ့ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် (၇) ရက်တာမျှ နေထိုင်ကာ ပေကျင်း၊ ရှန်ဟိုင်း နှင့် ကူမင်း မြို့များ ကိုသွားရောက်ကာ ဆင်ဟွာသတင်းဌာန၊ကွမ်မင်နေ့စဉ်၊ ယူနန်နေ့စဉ်၊ ရှန်ဟိုင်း ပူတုန် စက်မှု ဇုန်များ သို့ သွားရောက်လေ့လာခွင့်ရခဲ့ကြ၏ ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်ရောက်ပြီးနောက် ရက်သတ္တပတ်မျှအကြာတွင် ကျွန်တော် သည် ပေါ်ပြူလာဂျာနယ်တွင် တရုတ်ပြည်ခရီးစဉ်အကြောင်းဆောင်းပါးများ ကို (၆) ပတ်မျှအထိရေး ခဲ့သည်။ ယခင်တစ်ခေါက် တရုတ်ပြည်ခရီးစဉ်ကိုမူ ကျွန်တော် လုပ်သား ပြည်သူနေ့စဉ်သတင်း စာတွင် ရေး သားခဲ့သည်။ ထိုခရီးသွားဆောင်းပါးများ ကို စုစည်းကာ “တရုတ်ပြည်ခရီးသွား” စာအုပ် တစ်အုပ်အ ဖြစ် ထုတ်ဝေရန် စီစဉ်ထားခဲ့သော်လည်း ယခုတိုင် အကောင်အထည်ပေါ်မလာ။ ကို မြတ်ခိုင်ကမူ လျှပ်တစ်ပြက်ဂျာနယ်တွင် ရေး သားခဲ့သော ဆောင်းပါးများ ကိုစုစည်းကာ ယခုစာအုပ် အ ဖြစ် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်လို့ ဂုဏ်ပြုချီးကျူး မိပါသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဦးမြတ်ခိုင်နှင့် ကျွန်တော် သည် ဆင်ဟွာ၏ ဧည့်မြှော င်များ ဖြစ်ကြသည့်အလျောက် ကိုယ့်စရိတ်နှင့်ကိုယ် ကျခံသုံးစွဲရသည် ဖြစ်ရာ အစစ အရာရာ ခြွေတာသုံး၍ နေရ၏ ။ ဟိုတယ်ခန်းကို တစ်ယောက် တစ်ခန်းစီစဉ်ပေးရာ ကျန်သည့် သူများ ဇိမ်ကျကျနား နေနိုင်ကြသလောက် ကျွန်တော် နှင့် ကိုမြတ်ခိုင်မှာ ရင်တပူပူဖြင့် အိပ်စက်နေရ၏ ။ တစ်ခန်းကို တစ်နေ့လျှင် ဒေါ်လာတစ်ရာ၊ တစ်နေ့လျှင် တစ်နေကုန် တစ်နေခမ်းလှည့်လည်သွားလာပြီး ည (၈) နာရီလောက်ကျမှ ဟိုတယ်ပြန်ရောက်။ မနက် (၆) နာရီပြန်ထ။ (၈) နာရီမျှလောက် အိပ်ရုံမျှဖြင့် ဒေါ်လာတစ်ရာဆိုတော့ ကိုယ့်ဘာသာကိုယ် မသဒ္ဒါချင်တော့။ ထို့ကြောင့် နောက်ရက်များ တွင် ကျွန်တော် က သက်ဆိုင်ရာ တာဝန်ရှိသူများ ကို အရေး ဆိုရ၏ ။

“ကျွန်တော် တို့စရိတ်နှင့် ကျွန်တော် တို့ဆိုတော့ တစ်ယောက် တစ်ခန်းမနေနိုင်ဘူး။ ညအိပ်ရုံလေးပဲဆိုတော့ နှစ် ယောက် တစ်ခန်းနေလို့မရဘူးလား”

ထိုလူက သက်ဆိုင်ရာသို့ ကွိစိကွိစိဖုန်းဆက်ပြောပြီး “ရပါသည်” ဆိုမှ ရင်တစ်ဝက် အေးရတော့သည်။ သို့ ဖြင့် ဒေါ်လာတစ်ရာခန်းကို ဦးမြတ်ခိုင်နှင့် ကျွန်တော် တစ်ယောက တစ်ဝက်စီကျခံပြီး မျှဝေနေထိုင်ခဲ့ရ၏ ။ တစ်ယောက် ဒေါ်လာငါးဆယ်ဆိုတော့ တော် သေးတာ ပေါ့။ ဒါတောင် မြန်မာငွေနှင့် တွက်လျှင် ငါးသော င်းကျောင်၊ ခြောက်သော င်းဆိုတော့ သိပ် တော့လည်း တန်လှ သည်မဟုတ်ပြန်။

ဦးမြတ်ခိုင်နှင့် ကျွန်တော် ရင်းနှီးခင်မင်ခဲ့တာ နှစ် (၂၀) ကျော်ကြာပြီ။ သို့ သော် ယခုကဲ့သို့ တစ်ခန်းထဲတွင် နှစ် ယောက် အတူ ကြာကြာမတည်းခိုဖူးခဲ့။ နေပြည်တော် တွင် သတင်းစာရှင်းလင်းပွဲများ သို့ သွားရောက်ကြစဉ် သင်္ဂဟဟိုတယ်မှာ တစ်ညနှစ် ညလောက် အတူတည်းဖူးတာလောက် ပဲရှိ၏ ။ လူ တစ်ယောက် အကြောင်းကို ခရီးအတူသွားကြည့်မှ ပိုသိနိုင်သည်ဟူသော စကားအတိုင်း သူနှင့် အတူနေမှ သူ့အကြောင်းပိုသိရသည်။

လူတော် တော် များများ သည် အအိပ်မက်ကြ၊ အစားမက်ကြသူများ ၏ ။ ထိုလူစား များ ထဲတွင် ကျွန်တော် လည်းပါဝင်သည်။ သို့ သော် ဦးမြတ်ခိုင်ကား အတော် ပင် အအိပ်အနေ နည်းသူ ဖြစ်၏ ။ တစ်နေရးနိုး၍ ထအကြည့် သူကတကုတ်ကုတ်တလှုပ်လှုပ်နှင့် အလုပ်လုပ် နေသည်ကို တွေ့ ရ၏ ။ တစ်နေကုန်ရိုက်ထားသော ဓာတ်ပုံများ ကို ပြန်ကြည့်လိုကြည့်၊ လက်ပ်တော့ပ်ထဲသို့ ဓာတ်ပုံတွေ ထည့်လိုထည့်၊ စာကုန်းရေး လို့ရေး ၊ တ်စခါတစ်ခါလည်း ညသန်းခေါင် ဟိုတယ်အောက်ဘက်သို့ ဆင်း၍ ဟိုဟိုဒီဒီလမ်းသလားနေတတ်သေးသည်။ ရန်ကုန်မြို့တွင် ညလုံးပေါက်မအိပ်ဘဲ ဟိုဟို သည်သည်လျှောက်သွားနေတတ်သည့် ရန်ကုန် ညဘုရင် ဖြစ်ခဲ့သော သူ့စရိုက်သည် ပေကျင်းတွင် လည်း ပေကျင်းညမင်းသား။ ရှန်ဟိုင်းတွင် လည်း ရှန်ဟိုင်းညမင်းသား ဖြစ်ခဲ့၏ ။ ထို့ကြောင့် ကျွန်တော် တို့ အဖွဲ့သားတွေ အားလုံး မသိခဲ့ကြရသော ပေကျင်းနှင့်ရှန်ဟိုင်း၏ ညအလှ၊ ညဘဝများ ကို သိခွင့်ရခဲ့၏ ။ သူ၏ အရာရာ စပ်စုတတ်သော ၊ သိလိုစိတ်ပြင်းပြသော စာနယ်ဇင်းသမားဉာဉ်ကို သူမဖျောက်နိုင်ခဲ့။ အနှိပ် ခန်းခက ဟိုတယ်မှာ နှင့် အပြင်မှာ ဘယ်နေရာက ဈေးသက်သာတယ်။ ပေကျင်းလှပျိုဖြူ များ နှင့် ရှန်ဟိုင်းလှပျိုဖြူ ဘယ်သူကဆက်ဆံရေး ပိုကောင်း၊ ဘယ်သူက ပိုချော၊ ပိုသဘော ကောင်းကြောင်းတွေ သူပိုသိခဲ့သည်။ သူက မြန်မာပြည်တနှံ့တလျားတွင် သာ သူ့ မိတ်ဆွေ သင်္ဂဟတွေ ရှိသည်မဟုတ်။ ပေကျင်း၊ ရှန်ဟိုင်းတို့တွင် လည်း ဆွေမျိုးလောက်ဖော်ရွေသူရှိ ဟန်တူ၏ ။ အခန်းထဲတွင် ဧည့်သည်များ ခေါ်လာကာ စကားပြောနေသည်ကို ကျွန်တော် တရေး နိုးလျှင် ကြားရတတ်၏ ။ ကျွန်တော် ကတော့ အအိပ်ခုံမင်သဖြင့် စောင်ခေါင်းမြီးခြုံ ကာသာ အတင်းပေ အိပ်နေခဲ့၏ ။ ကျွန်တော့် ကိုလက်ညှိုးထိုးပြပြီး “သူကဘယ်သူလဲ” ဟုမေးသံသဲ့သဲ့ ကြားရ၏ ။ ဦးမြတ်ခိုင်အဖြေကြောင့် ကျွန်တော့် မှာ ခေါင်းကိုလုံအောင် ထပ်ခြုံ လိုက်ရ၏ ။ “သူက ကျွန်တော့်  ဖားသားကြီးလေ” တဲ့။ တရုတ်ပြည်ရောက်မှ ဦးမြတ်ခိုင်၏ အဖေ ကျွန်တော် ဖြစ်ခဲ့ရသေးသည်။

သူသည် အအိပ်နည်းသလို အစာလည်းနည်း၏ ။ တရုတ်လူမျိုးမှာ အစားအသောက် မျိုးစုံ အချက်အပြုတ်လည်းကောင်းသလို သဒ္ဒါတရားလည်း အလွန်ထက်သန်သူများ ဖြစ်ရာ မနက်မိုးလင်းမှမိုးချုပ် အစားတွေ လှိုင်ဘောလယ်အောင်ပင် ကျွေးတတ်ကြ၏ ။ ခုပဲ မနက်စာ စား၊ မကြာခင် နေ့လည်စာ၊ မကြာခင် ညစာ၊စားပွဲတွေ က အယ်နေ၏ ။ တစ်ပွဲတစ်ပွဲတွင် လည်း ဟင်းအမျိုး နှစ် ဆယ်သုံးဆယ်ကျော်လောက်၊ ဘယ်ဟင်းခွက်နှိုက်ရမှန်းမသိအောင်များ လှ၏ ။ ဟင်းအမယ်များ လှ သကဲ့သို့ အရသာမှလြည်း ထူးကဲလှသည်။ ဤသို့ သော ဟင်းလျာ မျိုးစုံကိုပင် ဦးမြတ်ခိုင်က သက်သက်လွတ်ပဲစား၏ ။ သက်သက်လွတ်ကလည်း တို့ကနန်း ဆိတ်ကနန်းပင်စားသည်။

သူတော် ကောင်းဟူသည် အအိပ်အနေနည်းရ၏ ။ အသားကို မမက်ရဟု ဆိုရိုးရှိရာ ဦးမြတ် ခိုင်သည် ဤဝိသေသနလက္ခဏာမျာနှင့် တကယ်ပင်ညီသော သူတော် ကောင်း ဖြစ်ကြောင်း အနီးကပ်နေသော ကျွန်တော် ပိုသိသည်။ ဦးမြတ်ခိုင်သည် သတင်းမုဆိုးတို့၏ မျက်စိဖြင့် အရာရာကို လျင်မြန်ဖျတ်လတ်စွာ ကြည့်တတ်၊ သုံးသပ်တတ်သကဲ့သို့ သူ၏ လက်သုံးတော် တန်ဖိုးကြီးကင်မရာ ကြီးကလည်း တွေ့ လေရာရာကို မလွတ်တမ်း မှတ်တမ်း တင်တတ်၏ ။ ကင်မရာအကောင်းစားကြီး နှစ် လုံးနှင့် ကင်မရာအပိုပစ္စည်းများ ကို သူ့ကျောပိုး၍ လည်းကောင်း၊ လက်ဆွဲ၍ လည်းကောင်း တနင့်တပိုးသယ်လာသည်။ သူတကာ မျက်စိဖြင့် ကြည့်ပြီး တအံ့တဩ ဖြစ်နေသော အရာဟူဟူသမျှကို သူက ကင်မရာဖြင့် ကြည့်ကာ မှတ်တမ်း တင်၏ ။ လမ်းပေါ်မှလူများ ၊ မော်တော် ယာဉ်များ ၊ ဆိုင်းဘုတ်များ ၊ အဆောက်အဦများ ၊ တွေ့ မြင်ကရာ အရာရာကို သူရိုက်ကူး၏ ။ ထို့ကြောင့် အချို့နေရာများ တွင် သူအုပ်စုနှင့်ကွဲပြီး ကျန်ရစ်ခဲ့သည်။ တစ်နေရာရောက်၍ သတိရကာ လူစစ်ကြည့်လျှင် သူ့ကို မတွေ့ ရတော့။ တိန့်အန်မင်(န်)ရင်ပြင်တွင် သူနှင့် ကျွန်တော် အုပ်ထဲမှခွဲပြီး တစ်နေရာရောက်သွား သည်။ နောက်မကြာခင် သူနှင့် ကျွန်တော် ထပ်လူကွဲသွားပြန်၏ ။ မိမိအုပ်စုကိုမိမိ ပြန်ရှာမရသော အခါ ကျွန်တော် က တည်းခိုရာဟိုတယ်ကိုပြန်ခဲ့၏ ။စတုန်းဖောရက်စ်ခေါ် ကျောက်တုန်း သစ်တောတွင် ဦးမြတ်ခိုင်ပြတ်ကျန်ခဲ့၏ ။ အချိန်အတော် ကြာစောင့်ပြီး လူလွှတ်ခေါ်မှ သူ့ကိုပြန်တွေ့ ရသည်။ ထို့ကြောင့် နောက်ထပ်လေ့လာရာတစ်နေရာသို့ သွားရန် အချိန်မရှိ တော့၍ ထိုအစီအစဉ်ကို ဖျက်ခဲ့ ရ၏ ။ တကယ်တော့ ဒါကသူ့အပြစ်မဟုတ်ပါ။ လမ်းပြက ဂရုတစိုက်ခေါ်သွားရမည် ။ လူမပျောက်စေရန် တာဝန်ယူရမည် ။ ယခုကဲ့သို့ ဖြစ်ရပ်ကို သက် ဆိုင်ရာကသိသွားရာ ထိုလမ်းပြတာဝန်ယူသူကို ချက်ချင်း အလုပ်မှ ထုတ်ပစ်လိုက်ကြသည်။ ကျွန်တော် တို့က မြန်မာပီပီခွင့်လွှတ်ပါတယ်။ ကျွန်တော် တို့ကြောင့် တော့ အလုပ်မထုတ် ပါနဲ့ဟု တောင်းပန်သော်လည်းမရ။ နိုင်ငံခြားသားတစ်ဦး အပေါ် ဂရုမစိုက်၊ တာဝန်မကျေ သဖြင့် ချက်ချင်း အရေး ယူလိုက်ကြောင်းသိရ၍ ကျွန်တော် တို့ စိတ် မကောင်း ဖြစ်ရ၏ ။

ယခု တရုတ်ပြည်ခရီးသွားဆောင်းပါးကို ကျွန်တော် သည်ရေး ခဲ့သည်။ ဦးမြတ်ခိုင်သည် လည်းရေး သည်။ ဦးကိုကိုနှင့် ဦးကျော်ရင်မြင့်တို့ကမူ တစ်ပုဒ်မျှလောက်စီပဲရေး ကြ၏ ။ တစ်ဦး နှင့် တစ်ဦး ရေး နည်းရေး ဟန်မတူ။ မြင်ပုံချင်းမတူ။ သုံးသပ်တင်ပြပုံခြင်းမတူ။ သို့ သော် ဦးမြတ်ခိုင်၏ ခရီးသွားဆောင်းပါးတွင် အခြားသူများ ထက်သာသော အချက်နှစ် ချက်ရှိသည် ကိုမူ ကျွန်တော် ထင်းထင်းပြတ်ပြတ်တွေ့ ရ၏ ။ ပထမတစ်ချက်မှာ ဓာတ်ပုံအား ဓာတ်ပုံတစ်ပုံ လျှင် သတင်းအချက် အလက်တစ်ရာမျှထက်ပို၍ ထိရောက်သည်ဟူသော ဆိုရိုးစကားအတိုင်း ဦးမြတ်ခိုင်၏ မှတ်တမ်း ဓာတ်ပုံများ မှာ သူဆောင်းပါးကိုပို၍ အထောက်အကူပြုပြန်၏ ။ ဦးမြတ်ခိုင်သည် ကျွန်တော် တို့ကဲ့သို့ သာမန်မှတ်တမ်းတင်၊ အပျော်ဓာတ်ပုံရိုက်သူမဟုတ်။ သူကိုယ်သော ကင်မရာများ ၊ မှန်ဘီလူးများ မှာ တကယ့်ပရော်ဖက်ရှင်နယ်ပစ္စည်းများ ။ ထို့ နောက်သူကိုယ်တိုင်ကလည်း ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာ။ (သူ့မွေးနေ့တွင် တင်ပြ သော နာဂစ်မုန်တိုင်းဓာတ်ပုံများ မှာ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာ ၏ လက်ရာများ ပင် ဖြစ်၏ ။) ဓာတ်ပုံသတင်းထောက်ကောင်းတစ်ဦး၏ သတင်းဓာတ်ပုံများ ၊ ခရီးသွားသူချင်းအတူတူ သူ့ကို မည် သူမျှမမီနိုင်။ သတင်းအမြင်ရှိသူတစ်ဦး၏ လက်ရာမြောက်သတင်း ဓာတ်ပုံများ ဖြစ်သဖြင့် ကြည့်ရှုသူအဖို့ တန်ဖိုးရှိလှ၏ ။

ဒုတိယအချက်မှာ ရဲရင့်သော အမြင်နှင့် အတွေး။ ဤနေရာတွင် ဝေးဝေးလံလံလိုက်၍ မနှိုင်း ယှဉ်လိုပါ။ အနီးကပ်ဆုံး ကျွန်တော် နှင့် ပဲ နှိုင်းပါရစေ။ ကျွန်တော် တရုတ်ပြည်ခရီးသွား ဆောင်းပါးများ ရေး ခဲ့၏ ။ ကျွန်တော် ကရောက်လေရာအရပ်၌ သမိုင်းနောက်ခံအချက်အလက် ကို သေသေချာ ချာ စူးစမ်းရှာဖွေကာ မှတ်တမ်းရေး ပြသော ပုံစံဖြင့် ရေး ခဲ့၏ ။ ကျွန်တော့်  အမြင်၊ ကျွန်တော့် အရေး က အပေါ်ယံရှပ်ရှပ်လေးသာပါ၏ ။ ကျွန်တော့် ဆောင်းပါးများ ကို ဖတ် လျှင် တရုတ်ပြည်အကြောင်း သတင်းအချက်အလက် ခိုင်ခိုင်မာမာသိရမည် ကား သေချာ၏ ။ သို့ သော် တရုတ်ပြည်အပေါ် အမြင် ကား ခပ်ပါးပါးမျှသာပါမည် ။ တကယ်တော့ သုတအက်ရှင် များ ပြီး ရသအက်ရှင်နည်းနေ၏ ။ ဦးမြတ်ခိုင် ဆောင်းပါးများ ကား သုတဘက်ကိုသိပ်အား မသန်၊ သူက မြင်မြင်ကရာကို သူ့နှလုံးသားခံစားမှု ဖြင့် ဖြန့်ချရေး ပြခြင်း ဖြစ်၏ ။ မည် သူ့ကိုသာ စေ၊ မည် သူ့ကိုနာစေဟူသော သဘောမရှိဘဲ သူခံစား သိသမျှကို ပွင့်ပွင့်လင်းလင်းဒိုးဒိုး ဒေါက်ဒေါက်ရေး ပြခဲ့၏ ။ ထို့ကြောင့် သူ့ဆောင်းပါးတွေ ဂျာနယ်မှာ ရေး နေတုန်း မပြီးဆုံး ခင်မှာ ပင် ကျွန်တော် သူ့ကိုပြောဖူး၏ ။

“ခင်ဗျားက ကျွန်တော် တို့ မမြင်တာတွေ တောင်မြင်တတ်၊ ခံစားတတ်လို့ ဖတ်လို့ ကောင်းတယ်ဗျာ။ ဆက်သာကျိတ်လိုက်စမ်း ကိုယ့်လူ”

နဂါးနီခေတ်က သခင်နုရေး ခဲ့သော “ဂန္ဓာလရာဇ်”၊ စစ်ပြီးကာစက ဆရာဒဂုန်တာရာ ရေး ခဲ့ သော “ဂန္ဓာလာရာဇ်” စသော တရုတ်ပြည်ခရီးသွားမှတ်တမ်းစာအုပ်များ မှသည် ယနေ့ဦးမြတ်ခိုင် ရေး သော စာအုပ်အထိ စာအုပ်အားလုံးတို့သည် မြန်မာစာပေလောက၏ “ခရီးသွားစာပေ” ကဏ္ဍ တွင် တစ်ထောင့်တစ်နေရာက အကျိုးပြုနေသော စာအုပ်များ ဖြစ်၍ ဝမ်းမြောက်ဝမ်းသာအထူး ကြိုဆိုအပ်ပါကြောင်း။

ဟိန်းလတ်

၂၉၊၈၊၂၀၀၈

*


တရုတ်ပြည်ကို သမိုင်းကြောင်းနှင့်ချီ၍ စိတ်ဝင်စားခဲ့သည်။ အထူးသဖြင့် ငယ်အိပ်မက် များ တွင် တရုတ်ပြည်နိုင်ငံသမိုင်းကြောင်းပေါ်မှ သူရဲကောင်းများ ကို ပို၍ စိတ်ဝင်စားခဲ့သည်။ မော်စီတုန်း၊ လူ့ရွှန်း၊ ချူအင်လိုင်း၊ တိန့်ရှောင်ဖိန် စသည်ဖြင့် တရုတ်ပြည်မှကြယ်နီတစ်ပွင့်၊ ဘဝချင်းမတူသည့် တရုတ်ပြည်၊ ဂန္ဓလရာဇ် ခရီးရှည်ချီတက်ပွဲ၊ ယင်းအန်းမိန့်ခွန်း၊ တော် လှန်စာပေအတွေ့ အကြုံ၊ ယဉ်ကျေးမှု တော် လှန်ရေး ၊ တိန်အန်မင်(န်) ရင်ပြင်စသည်ဖြင့် စိတ်ဝင်စားစရာ ရင်ခုန်စရာတွေ က များ နိုင်လွန်းခဲ့သည်။

ရာဇဝင်ထဲက မဟာတံတိုင်းကြီးသည် ကျွန်တော် ပြေးသွားချင်သည့် နေရာ ဖြစ်သည်။ ကျွန်တော် သည် တိန်အင်မင်(န်) ရင်ပြင်ရှေ့ရှိ ဥက္ကဌမော်ရုပ်ပုံလွှာကို ကိုယ်တိုင်ရိုက် ကြည့်ချင်နေ ခဲ့သည်။ ယဉ်ကျေးမှု တော် လှန်ရေး ကာလက စိတ်လှုပ်ရှားစရာ ပုံပြင်များ က လည်း အိပ်မက်ဟောင်း များ ကို ရိုက်ပုတ်လျက်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကျွန်တော် တို့သည် ရေမြေချင်းဆက်စပ်လျက်၊ သမိုင်း ကြောင်းချင်းဆက်စပ်လျက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ(ကွန်မြူနစ်) ခုန်ပျံကျော်လွှား တိုးတက်မှု တံခါးဖွင့်ဝါဒစကားလုံးများ ကို အစီအစဉ်မကျစွာ ရေရွတ်နေပြမိခဲ့သည်။ တစ် နေ့နေ့တော့ ကမ္ဘာကြီးတွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာသော တရုတ်ပြည်ကြီးထဲတွင် ကွန်မြူနစ်ဝါဒဆိုတာဘာလဲ၊ ကွန်မြူနစ်ပါတီဆိုတာဘာလဲ၊ ဘာကြောင့် တရုတ်ပြည်ကွန် မြူနစ်ပါတီသည် ကျဆုံးမသွားရတာ လဲ စသည်ဖြင့် ..။

ကျွန်တော် စိတ်ကူးယဉ်ခဲ့သော ကွန်မြူနစ်တို့ တိုင်းပြည်ကြီးကို မမျှော်လင့်သော တစ်ရက်မှာ ဖြင့် တရားဝင်သွားခွင့်ကြုံလာခဲ့ပြီ ဖြစ်သည်။ ကျွန်တော် သည် တရုတ်ပြည်ထဲသို့ သွားရောက်ရန် အကြောင်းအမျိုးမျိုးကြုံခဲ့ဖူးသော်လည်း တကယ့်လက်တွေ့ တွင် မူ တစ်ကြိမ် တစ်ခါမှ ဖူးစာမဆုံးခဲ့။ ခုတော့ဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှအစိုးရပိုင် ဆင်ဟွာသတင်း ဌာနတို့၏ အစီအစဉ်ဖြင့် တရုတ်ပြည်သို့ သွားရောက် လေ့လာခွင့်ရပြီ ဖြစ်သည်။

သည်နေရာတွင် ကျေးဇူးတင်စကားဆိုစရာရှိသည်က ကျွန်တော် ၏ တရုတ်ပြည်ခရီးစဉ် အတွက် ကူညီစောင့်ရှောက်ခဲ့ကြသော ပုဂ္ဂိုလ်ကြီး/ငယ်များ ၏ ကျေးဇူးကြောင့် သည်ခရီးကို ကျွန်တော် လိုက်ပါခွင့်ကြုံခြင်း ဖြစ်သည်။ အစီအစဉ်အရ ပြန်ကြားရေး ဝန်ကြီးဌာနမှ အရာရှိ (၄) ဦး လိုက်ပါကြမည် ဖြစ်ကာThe News Light of Myanmar (English) မှ ဆရာဦးမောင် မောင်အေး ဦးဆောင်မည် ဖြစ်ပြီး အတွင်းရေး မှူးက ဗိုလ်ကြီးထိန်လင်းအောင် ဖြစ်သည်။ အဖွဲ့ဝင်များ က ဆရာကိုဇော်မျိုးနှင့် အစ်မကြီး ဒေါ်မွှေးငယ်ငယ် (စာပေဗိမာန်) တို့ ဖြစ်သည်။ ကျန်အဖွဲ့ဝင် (၄) ဦး အနက် ရန်ကုန်တိုင်း(မ်) မှ ဆရာဦးကိုကို (စက်မှု ) နှင့် ဆရာ ကျော်ရင်မြင့်(ကုမုဒြာ) တို့က ဆင်ဟွာ သတင်းဌာ၏ ဖောက်သည် Customer များ ဖြစ်၍ ဆင်ဟွာ၏ အထူးဧည့်သည်တော် များ အ ဖြစ် လိုက်ပါရမည် ဖြစ်ပြီး ကျွန်တော် နှင့် ဆရာဟိန်း လတ် (ပေါ်ပြူလာဂျာနယ်) တို့က ဆင်ဟွာ၏ ဧည့်မြှော င် များ အ ဖြစ် လိုက်ပါခွင့်ရကြခြင်း ဖြစ်သည်။

သွားကြရမည် ဆိုကတည်းက ပတ်စ်ပို့ကိစ္စမှအစ စာရွက်စာတမ်းကိစ္စများ အားလုံးကို ဆင်ဟွာမှဦးထွန်းဖေနှင့် ကိုသက်နိုင်ဦးတို့က အသေးစိတ်ကူညီခဲ့ကြသည်။ ပြန်ကြားရေး ဝန်ကြီး။ ဌာနမှလည်း လိုအပ်သည့်စာရွက်စာတမ်းကိစ္စများ ကို ကူညီပံ့ပိုးပေးခဲ့သည်။ ကျွန်တော် နှင့် ဆရာဦး ဟိန်းလတ်တို့က ကိုယ့်စရိတ်နှင့် ကိုယ် လိုက်ပါကြရမည် ဖြစ်သော အခါ ပိုက်ဆံဘယ်လောက်ကုန်မှာ လဲဆိုသော မေးခွန်းကို ကျွန်တော် တို့ အကြိမ်ကြိမ်မေးခဲ့ကြရ သည်။

သွားရမည့် ခရီးက ဘန်ကောက်၊ စင်ကာပူမဟုတ်။ ပြီးတော့ ရောက်ပြန်ခရီးလည်း မဟုတ်။ (၇) ညအိပ် (၈) ရက်ခရီး ဖြစ်သည်။ သွားရမည့် မြို့တွေ ကလည်း ပေကျင်း၊ ရှန်ဟဲ၊ ကူမင်းဆိုသော အခါ နည်းနည်း နောနော စရိတ်တွေ မဟုတ်တာ သေချာသည်။ ဆင်ဟွာမှ လည်း ဘယ်ရွေ့ဘယ်မျှ ကုန်ကျမည် ကိုမသိကြ။ မှန်းခြေနှင့် ဒေါ်လာ (၁၅၀၀) လောက်ယူ သွားပါဆိုသဖြင့် ကျွန်တော့် မှာ မျက်လုံးပြူးသွားရသည်။ ဒေါ်လာ (၁၅၀၀) ရဲ့ မြန်မာငွေကို ကာလပေါက်ဈေးနှင့် တွက်လိုက်သော အခါ….

မည် သို့ ဖြစ်စေ၊ လျှပ်တစ်ပြက်သတင်းဂျာနယ်၏ ဒါရိုက်တာအဖွဲ့၏ ကျေးဇူး၊ သူငယ် ချင်း တစ်ဦး၏ ကျေးဇူး၊ အစ်မကြီးတစ်ဦး၏ ကျေးဇူး၊ကျေးဇူး ကျေးဇူးတွေ အားကိုးနှင့် တရုတ် ပြည်၏ မဟာတံတိုင်းကြီးနံရံနှင့် ပြေးဆောင့်ဖို့စိတ်ကူးခဲ့ရခြင်း ဖြစ်သည်။

ပတ်စ်ပို့ကိစ္စ၊ ဗီဇာကိစ္စ၊ D-Form ကိစ္စများ စွာ အားလုံး ဂဏန်းငြိမ်ပြီးမှ ကျွန်တော် တို့သည် ပတ်စ်ပို့အနီနှင့် မဟုတ်၊ ပတ်စ်ပို့အစိမ်းနှင့် ထွက်ကြရမည် ဟု ဆိုပြန်သည်။ ပတ်စ်ပို့ အစိမ်းက ဗီဇာမလိုဘူးဆိုသော အခါ သံရုံးတွင် ဗီဇာကြေးပေးလိုက် ရသော (၂၅) ဒေါ်လာက ဘုရားခေါ်သွားခဲ့ချေပြီ။ ပေကျင်း-ရန်ကုန်လေယာဉ်အသွားအပြန်က ဒေါ်လာ (၅၀၀) ကျော်၊ ဘုရားခေါ်သွားခဲ့ပြီ ဖြစ်သဖြင့် ရန်ကုန်မှမထွက်ခွာခင်ကတည်းက ဒေါ်လာ (၅၀၀) ကျော် ကျော်မှာ ကျွန်တော့် ကို လက်ပြနှုတ်ဆက် ခုန်ထွက်သွားခဲ့ကြပြီး ဖြစ်သည်။ ကျွန်တော် တို့သွားကြမည့် အဖွဲ့သည် ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီးကို မသွားမီဂါဝရပြုကြသော အခါ ဝန်ကြီးဗိုလ်မှူးချုပ်ကျော်ဆန်းက ချစ်ကြည် ရေး ခရီးစဉ် ဖြစ်ကြောင်း၊ ဝန်ကြီး၏ တရုတ် ခရီးစဉ်အတွင်း အပြန်အလှန်လေ့လာနိုင်စေရန် စေလွှတ် ခြင်း ဖြစ်ကြောင်းဟု ဆိုသည်။ ပြန်ကြားရေး ဝန်ကြီးထံက တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပုဂ္ဂလိကပိုင်သတင်းစာဟူ၍ မရှိ၊ အစိုးရပိုင်သတင်းစာများ သာရှိသည်ဟုလည်း ကြားလိုက်ရသည်။

ကျွန်တော် တို့ ခရီးထွက်ကြရသည့်အခါ ကျွန်တော် တို့သတင်းမီဒီယာအဖွဲ့ကို တရုတ်ပြည် သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်သံမှူးကြီးက ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ထိုနေ့က ညစာစားပွဲ သည် ချစ်ကြည်ရင်းနှီးသံများ ဖိတ်လျှံညံစည်လျက်၊ ထူးခြားသည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်သံမှူးကြီးအပါအဝင် အဆင့်မြင့်အရာရှိကြီးများ သည် မြန်မာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ကြခြင်းပဲ ဖြစ်သည်။ နောက်တစ်ရက် နေ့လယ်ဘက်မှာ တော့ဖြင့် ရန်ကုန်၊ မင်္ဂလာဒုံ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးမှာ ဆုံကြဖို့ချိန်းလိုက်ကြသည်။ အားလုံးက ကိုယ့် အစီအစဉ်နှင့် ကိုယ်လာကြမည် ဟုဆိုသဖြင့် ကိုယ့်အထုပ်ကိုယ်ဆွဲ၍ ပြည်တွင်းပြည်ပခရီးပေါင်းများ စွာ ၊ မိုင်ပေါင်းများ စွာ ကိုသွားနေရ သော်ငြားလည်း သည်တစ်ခေါက်တော့ဖြင့် တရုတ်ပြည်မှမြို့ကြီး (၃) မြို့ကို ဖြတ် သန်းရမည် ။ ပြီးတော့ ခရီးရက်ရှည်မည် ဆိုခြင်းအတွက် ကွန်ပျူတာတစ်လုံးက အပို ပါလာခဲ့သည်။ ပြီးတော့ ဓာတ်ပုံကင်မရာ၊ ဗီဒီယိုကင်မရာ၊ အယတ်အစား (၈) ရက်စာဆိုသော အခါ တစ်ယောက် ထဲနှင့် တနင့်တပိုးရှိရချေသည်။ မတတ်နိုင်၊ သည်ခရီးမျိုးက နောက်တစ်ကြိမ်ပြန် ရောက်ဖို့မလွယ်ကူသော ကြောင့် ပစ္စည်းအပြည့်အစုံထည့်လာခဲ့ခြင်း ဖြစ်သည်။ လေဆိပ်တွင် ကျောင်းနေဖက်သူငယ်ချင်း ဦးတင်မောင်ညွန့် (ခင်မောင်ညွန့် ထရေး ဒင်း) နှင့် တွေ့ သည်။ သူက သူ့မိတ်ဆွေတစ်ဦးကို လေဆိပ်လိုက်ပို့ခြင်း ဖြစ်သည်။ သူ့မိတ်ဆွေက တရုတ်ပြည်တွင် သင်တန်း တက်ရန်သွားမည် ဟုဆိုသည်။ သည်တစ်ခေါက် ကျွန်တော် ခရီးသွားရာတွင် တကူးတကလိုက်ပို့သူ ဆို၍ လျှပ်တစ်ပြက်သတင်းဂျာနယ်၏ C.E.O ဖြစ်သူ ကိုအောင်ကျော်ဦး တစ်ယောက် ပဲရှိသည်။ ကိုအောင်ကျော်ဦးက ဆရာဘာလိုသေးလဲဟုဆိုကာ စိတ်ပူပန်စွာ လိုက်မေးခြင်း ဖြစ်သည်။ ကျွန်တော် တို့ခရီးစဉ် ကိုပြောပြသော အခါ ဒါဆိုရင် ပေကျင်းကိုတိုက်ရိုက်မဟုတ်ဘူး။ ဆရာတို့ ကူမင်းမှာ ပြောင်းစီး ရတယ်။ ပြီးတော့ ပေကျင်းကို အဲသည့်လေယာဉ်ပျံပဲ ပြောင်းစီးရတယ်ဟု မှာ လိုက်သည်။

ကျွန်တော် တို့အားလုံးလူစုံပြီးဆိုသော အခါ အဖွဲ့သားအားလုံးက ဝတ်စုံအပြည့်ချီ တက်လာ ကြခြင်း ဖြစ်ပြီး ကိုယ် တစ်ယောက် တည်းသင်းကွဲ ဖြစ်ကာ ဝတ်စုံမပြည့်နိုင်ခြင်း ဖြစ်သည်။ ပစ္စည်းပစ္စယတွေ များ လွန်း၍ ဝတ်စုံကိုယ့်မှာ မပြည့်နိုင်။ လူစုံရင်ဝင်ကြမည် ဆိုသော အခါမှ အဖွဲ့ခေါင်းဆောင် ဖြစ်သူ ဆရာဦးမောင်မောင်အေးခမျာ အရေး ထဲအရာ ပေါ်လာတော့သည်။ ပြဿနာက သိပ်ပြီး အရေး ကြီးလှသည်တော့မဟုတ်။ လေယာဉ် လက်မှတ်ပါမလာခြင်းပဲ ဖြစ်သည်။ လေယာဉ်လက်မှတ်က ရန်ကုန်-ပေကျင်း၊ ပေကျင်း-ရန်ကုန် ဖြစ်နေခြင်းကြောင့် လက်မှတ်ပျောက်ပြီဆိုလျှင် အသစ်ပြန်ဝယ်ပါက သက်သာ မည် မဟုတ်။ သို့ နှင့် အားလုံးအလုပ်ရှုပ်ကုန်ြ ကတော့သည်။ တရုတ်လေကြောင်း လိုင်းကောင်တာကလည်း ကောင်တာပိတ်ချင်လှပြီဟု ဆိုသည်။ ဆ၇ာဦးမောင်မောင်အေးက ဟိုရှာသည်ရှာ ဟိုဆက်သည်ဆက်လုပ် သော အခါ လေယာဉ်လက်မှတ်က ရုံးမှာ ကျန်ခဲ့ သည်ဟု ဆိုသည်။ တရုတ်လေယာဉ်ကြီးကလည်း ဆွေမျိုးပေါက်ဖော်တွေ မို့ သဘောကောင်း သည်လား၊ သို့ တည်းမဟုတ် ချစ်ကြည်ရေး ခရီးသွားကြမည့် ကိုယ်စားလှယ်အဖွဲ့မို့ အလိုက်သိ ပေးသည်လား မပြောတတ်။ ကျွန်တော် တို့ကိုတော့ အထဲဝင်နှင့် ပါ။ လုပ်စရာရှိတာ လုပ်နှင့်ပါ ဟုဆိုသဖြင့် တရုတ်လေယာဉ်ကောင်တာသို့ သွားပြီး ပစ္စည်းအပ်စရာရှိတာအပ်ကြ၊ ပစ္စည်းချိန် စရာရှိတာချိန်နေကြစဉ်မှာ ပင် တရုတ်သံရုံးနှင့် ဆင်ဟွာမှ မိတ်ဆွေများ အပြေးအလွှား ရောက်လာကြသည်။ ထိုနေ့က ဆင်ဟွာကြောင့် သာလျှင် ကျွန်တော် တို့တတွေ အမှတ်တရ ဓာတ်ပုံရိုက် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ခဏနေတော့ ဆရာဦးမောင်မောင်အေးရုံးမှ လေယာဉ် လက်မှတ်လိုက်ပို့ပေးသဖြင့် အားလုံးပြုံးနိုင်ြ ကတော့သည်။

သို့ နှင့် အပေါ်ထပ်တက်ကြသော အခါ ဆရာကိုကျော်သော င်း၊ ဆရာကိုမောင်မောင် သိုက် တို့အဖွဲ့တွေ လေဆိပ်သစ်ကြီးမှာ ပန်းချီတွေ ရေး နေကြတာ တွေ့ ရသည်။ လေဆိပ် အသစ်ကြီးတွင် နံရံဆေးရေး ပန်းချီများ ကိုယ်တိုင်အပင်ပန်းခံရေး ဆွဲနေသူတို့ မျက်ဝါး ထင်ထင် တွေ့ မြင်ရသော အခါ ဘန်ကောက်လေဆိပ်သစ်ကြီးမှ ပန်းချီဒီဇိုင်းမျိုးစုံကို သတိ ရမိလိုက်သည်။

ကျွန်တော် တို့ လေဆိပ်အသစ်ကြီးသည်လည်း နိုင်ငံတကာလေဆိပ်ကြီးများ နည်းတူ ပြင်ဆင်နေပါလားဟုလည်း တွေးလိုက် ဖြစ်သည်။

ခဏနေတော့ ကျွန်တော် တို့ကို လေယာဉ်ပေါ်တက်ဖို့ခေါ်သည့်အတွက် လေဆိပ် အပြင် ဘက်ထွက်ကြည့်ရပြန်သည်။ တရုတ်လေယာဉ်ပျံက အကောင်သေးသည့်အတွက် Tube နှင့် မဟုတ်။ ကားပေါ်တွင် တစ်ဝါဆိုပြီးပါမှ တရုတ်လေယာဉ်ပေါ်သို့ ရောက်ကြရ သည်။ တရုတ် လေယာဉ်ပျံစီးရသည်မှာ ပထမဆုံးခရီးစဉ် ဖြစ်သည်။ တီဂျီလိုတော့ဖြင့် ဘယ် ဟုတ်ပါ့မလဲဟု တွေး နေ ဖြစ်ဆဲ။ လေယာဉ်မယ်တွေ က မျက်နှာကြောတင်းလိုက်တာဟူသော ဝေဖန်သံကြားရသည်။ ပြီး တော့ တီဂျီနဲ့များ ကွာပါ့။ ချောလည်းမချောဘူးဟု ဆိုမိကြ သော အခါ…

တရုတ်လေယာဉ်ပေါ်တွင် မလူးသာမလွန့်သာအချိန်ဖြူန်းခဲ့ကြရပြီးနောက် ညနေတွင် ကူမင်းလေဆိပ်သို့ လေယာဉ်ပျံက ထိုးဆင်းခဲ့သည်။ ကူးမင်းလေဆိပ်မှာ တိုက်တာအိမ်ခြေ အဆောက်အအုံများ ကြားတွင် ဖြန့်ခင်းထားခြင်း ဖြစ်သည်။ ကူမင်းသည် ကျွန်တော် တို့ တိုင်းပြည်၏ တံခါးပေါက်လည်း ဖြစ်သည်။ကူမင်းမှ မန္တလေးတံတားဦးသို့ တိုက်ရိုက်ခရီးစဉ်များ လည်းရှိသည်။ ကူမင်းလေဆိပ်သည် သေးသည်ဟုမဆိုသာသလို ကြီးသည်ဟုလည်း ပြောမရသော်ငြားလည်း နင် ဆင်းငါတက် ငါတက်နင်ဆင်းနှင့် လေယာဉ်ပျံချင်းဖြတ်သန်း နေ တာတော့ သေချာချေသည်။ ကျွန်တော် တို့အုပ်စု လေယာဉ်ပေါ်မှဆင်းသော အခါ စာရွက် ကလေးကိုင်ကာ စောင့်နေသူနှစ် ဦးကို တွေ့ ရသည်။ ပေကျင်း-ရန်ကုန် ခရီးသည် များ ကို ဆိုလိုခြင်း ဖြစ်သည်။ ကျွန်တော် တို့က အခြားခရီး သည်များ နှင့် မတူ။ ပေကျင်းသို့ ဆက်လက် လိုက်ပါရမည့် သူများ ကို ကားတစ်စီးပေါ်တက်ခိုင်းသည်။ ကျွန်တော် တို့စီးရသည့် ကားပေါ် တွင် ပေကျင်းသို့ လိုက်ပါမည့် ခရီးသည် နှစ် ဦးသာပါ လာခဲ့သည်။ ကူမင်းလေဆိပ်ထဲဝင်ကြ သော အခါ အပေါက်ဝတွင် ချိတ်ဆွဲဖို့ကတ်ပြားလေးများ တစ်ဦးချင်းကမ်းပေးသည်။ တရုတ်စာ တွေ မို့ ဘာတွေ ရေး ထားသည်လဲမပြောတတ်။ ခဏနေတော့ လူဝင်မှု ကြီးကြပ် ရေး ကောင်တာ ရှေ့သို့ ရောက်ကြရချေသည်။ ကျွန်တော် တို့က ကူမင်းသို့ဝင်သွားမည့် သူများ မဟုတ်။ သို့ သော် အင်မီဂရေး ရှင်းက တံဆိပ်ထုမလား၊ မထုဘူးလား မသေချာ။ နောက်တော့ ပတ်စ်ပို့များ ထုတ်ရမည် ဆိုသော အခါ ပတ်စ်ပို့အစိမ်းများ တန်းစီထုတ်ပေးလိုက် ရသည်။ တရုတ် အရာရှိများ ကို စတင်တွေ့ ရှိရသည့်နေရာ ဖြစ်သည်။ ကူမင်းလေဆိပ်မှာ ဘန်ကောက် လေဆိပ်လို သဘောကောင်းမည့် ကောင်တာကို ရွေးချယ်ခွင့်မရှိ။ ကောင်တာအားလုံးမှ ဆရာသမားများ သည် အားလုံးခပ်တည်တည်တွေ ချည်း ဖြစ်သည်။ ကောင်တာမှလွန် သော အခါ ကျွန်တော် တို့ကို တစ်ခါတည်းတန်းခ်ါနေသဖြင့် တကောက်ကောက် လိုက်ကြ ရပြန်သည်။ ခဏနေတော့ ပစ္စည်းတွေ ချမည် ကြံကာရှိသေး တစ်ခေါ်တည်းခေါ်နေသဖြင့် ကားပေါ်ပြန်တက်ကာ တရုတ်လေယာဉ်ထဲ ပြန် ဝင်ကြရပြန်သည်။ နေရာ ကတော့ ကျွန်တော် တို့ရန်ကုန်မှစီးလာသော ထိုင်ခုံနေရာများ ပဲ ဖြစ်သည်။

ထိုနေ့က သည်လေယာဉ်ပျံပေါ်ကဆင်း၊ လေဆိပ်ထဲဝင်၊ ပြီးတော့ သည်လေယာဉ်ပေါ် ပြန်တက်ရာမှာ ပင် စစ်ဆေးမှု တွေ များ နေပုံကိုစဉ်းစားရင်း စိတ်ရှုပ်ခဲ့ရသည်။ တကယ်တော့ လေယာဉ်ခရီးသည်များ ကို ရှာဖွေခြင်းသည် အချိန်တိုတိုတွင်း စေ့စေ့စပ်စပ်ရှာဖွေဖို့ဆိုတာ လွယ်လှ သည်တော့မဟုတ်။ ဒါ့ကြောင့် လည်း လေယာဉ်အပိုင်စီးမှု တွေ မကြာခဏ ကြုံနေရခြင်း ဖြစ်သည်။

ကျွန်တော် တို့စီးလာသော တရုတ်လေယာဉ်ပျံသည် ဒေသစံတော် ချိန်ည (၉) နာရီတွင် ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့သည်။ ညအမှော င်အောက်တွင် ပေကျင်းမြို့ကြီးသည် မီးရောင် စုံများ ဖိတ်ဖိတ်လက်လက်ဖြင့် ငယ်ငယ်တုန်းက မျှော်လင့် ထားသော ပေကျင်း မဟုတ်တော။ ဒေါက်တာဆွန်ယက်ဆင်သည်လည်းကောင်း၊ ဥက္ကဌ မော်စီတုန်းသည်လည်းကောင်း၊ လျူရှောက်ချသည်လည်းကောင်း၊ ချန်ကေရှိတ်သည် လည်းကောင်း၊ တိန့်ရှောင်ဖိန်သည်လည်းကောင်း၊ အမေရိကန်သတင်းစာဆရာကြီး အဂ္ဂါစနိုးသည်လည်းကောင်း၊ တရုတ်ပြည်သစ်အတွက် အသက်စတေးခံရရှာသော တရုတ် သူရဲကောင်းအပေါင်းတို့သည်လည်းကောင်း၊ပေကျင်းသည် ခုလိုရွှန်းစိုလင်းလက်တောက်ပနေ တာမျိုး ခံမစားသွားကြရတာ သေချာချေသည်။

ပန်းပေါင်းတစ်ရာကိုပွင့်ပါစေဟူသော ဥက္ကဌမော်စီတုန်း၏ ကြံလည်းကြံဆဝံ့ပါစေ၊ လုပ်လည်း လုပ်ဝံ့ပါစေဟူသော ကြွေးကြော်သံတွေ ကို အမှတ်ရနေ ဖြစ်သည်။

ပေကျင်းလေဆိပ်သို့ ရောက်သော အခါ စင်ကာပူ၊ ဘန်ကောက်လေဆိပ်တို့နှင့် သဘာဝ ချင်း ခြားနားနေသည်ကိုတွေ့ ရသည်။ ပေကျင်းကိုကျွန်တော် တို့ရောက်လာရသည်မှာ ချစ်ကြည်ရေး ကိုယ်စားလှယ်များ အ ဖြစ် ရောက်လာကြခြင်း ဖြစ်သည်။ ပေကျင်းကို ဆရာကြီးသခင်ကိုယ်တော် မှိုင်းဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် (၁၉၅၁) ခုနှစ် ကရောက်ခဲ့ဖူးကြသည်။ ထိုစဉ်က တရုတ်ပြည်တွင် တစ်လနှင့် (၇) ရက်ကြာ သည်ဟု မှတ်သားဖူးသည်။ ဆရာကြီး သခင်ကိုယ်တော် မှိုင်းက ပေကျင်းခရီးစဉ်နှင့် ပတ်သက် ၍ ဂန္ဓာရီလေးချိုးကြီးဟု ဆိုကာစာဖွဲ့ခဲ့ဖူးသည်။

ဂန္ဓာရီလေးချိုး

၁။ ဩော် စံဌာနီစံဌာနီနှင့် ။ သံသရာလည်ခဲ့တဲ့ ဗြဟ္မာပြည်တရုတ်ဘရက်ပြုတ်ပြုတ် နန်းဆီ က ဂန္ဓာရီတရုတ်တစ်ရက်၊ ကြဌာန်းဆီသို့၊ နှုတ်ဆက်စမ်းမယ်လို့ ကမ္မဌာန်းရတု အတိုင်း ပေကိုး (အိုကွယ်) ယုတ်တယက်လှမ်းခဲ့ပါတဲ့ ဘန်းတစ်စုံ မှိုင်းရွှေကိုယ်။

၂။ ဩ-ယင်စစအနူးတွေ ပေါ့။ သခင်ဘဦး-သခင်လွင်ရဲ့ ပြင်။ အယင်တွင် ယှဉ် မရနိုင်တဲ့၊ ခင်လှကလေးတပြောင်ပြောင်စွန်းသူနဲ့၊ မောင်ထွန်းမြင့်ဦးဆိုသူအမတ်တရှင်းရဲ့ ပြင်၊ ဒြပ်လင်း သဟာ ဒဂုန်တာရာနှင့် တဖြုန်ရန်ကော-မအောင်သမျှတင်းမဟဲ့ဆိုတဲ့၊ မောင်လှဝင်း တက္ကသိုလ်ဇာနည် တို့ရဲ့ တို့ဗမာဝေဟင်ယံမှ လေယာဉ်ပျံကောင်းကင်စခန်းပေပ၊ ဒေါင်းယာဉ် လိုပမာမြန်းခဲ့၊ စခန်းတချို့ သာသာယာယာနှင့် တို့ဗမာအလံအောက်မှာ ပေပ၊ အန်ကောက် တဆိတ်ဆင်းပြီး အင်္ဂလိပ်ပိုင် ရွှေဟောင်ကောင်မှထို့နောင်သော် တလောကတဖုံခေတ်ဆိုတဲ့၊ အိုတကဲ့-ကောဋမ္မရစ် တစ်ခါဝင်တဲ့ပြင်၊ ရာဇာဘုရင်အလီလီသနင်းတွေ ရဲ့ ၊ ပီကင်းဗိုလ် ဝင်ခံကြပြီ။ ဟိုအရင်ယမန်လူ့တခွင်လွမ်း တောက်တဲ့၊ ဗဟိုပလ္လင်ပျံ-မုခဒင်စခန်း ရဲ့ ပြင်၊ လူ့သဘင်တနန်းတည်ရန် ထင်လောက်သည့် တီယန်ဆင်-ထမြောက်မြန်းပြီး၊ ချောက် ကမ်းကမ္ဘာယံဝင်းတွေ နှင့် ၊ မြောက်နန်းအလံခင်းမည် ဟု နံကင်းတဖန်ဆိုင်းခဲ့ပြီး ရှန်ဟိုင်းသာ နဂိုရ်ရဲ့ ပြင်၊ ရာဇဂြိုဟ်ယမန်အဟောင်းကဲ့သို့ သော ဟန်ချောင်း မှတအားကိုး မဟဲ့လို့။ ဘုရားပုထိုး-ရှိရှဉ်ခိုးပြီး၊ ကျွန်မျိုး ခေတ်တစ်ခါမကြုံဘို့လို့၊ ပတ္တနာအစုံညွတ်ခါ ပျောက်တဲ့ပြီး၊ “မော်စီတုန်း” ဆိုတာ ထိုရာဇာဟာ၊ မဟော်အရည် တနှုန်းလိုသာကောင်းပါစေလို့၊ ဒေါင်းရတုမြန်မာဟိုဠ်မှာ နော်ကွယ်။ အပေါင်းတစ်စုအကြောင်းကြောင်းရှုပြီး တောင်းဆုပန်ဆို။

၃။အနှီစံရာ-ဘေးမကင်းတကင်း အရောက်နော်မြန်းခဲ့သော်လည်း ပြည်ဂန္ဓာ-သွေးရင်း ပေါက်ဖော်တို့ လွမ်းရာကနန်းဆက်၌ စနေခို၊ ရွှေဘိုနှင့် ရတာ နာပုံအဆင်း(အို-ကွယ်) နေညိုညိုနေ မှာ ဖြင့် ဆရာအာရုံမကင်း။ ။

၎။ သို့ ရာတွင် တို့ဗမာဇာတာခွင်၌ ဒသာ,မမြင်ပြောင်းချိန်သင့်ပြီမို့ ဒေါင်းအရှိန်-ကောင်းချိန် ဝင့်ပါလိမ့်၊အခွင့်အခါဟုတ်ပြီမို့၊ အများ အစီအရီ တအားညီညီ ထုတ်ကြပေတော့။ (အမယ်မင်း) အနုပ်စုပ်ဂုတ်စုပ်၊ အပြည်လုခဲ့တဲ့၊ ထာဝရအသင်းတည်းဟူသော ကမ္ဘာဒမြေရှင်းပေမည့် ။(ဩော်) ကျွန်ုပ်အကြည်တစ်စုတို့နှင့် တကွ၊ တရုတ်ပြည်သူ့မဟာသမတမင်း။ ။

(အလင်္ကာကျော်စွာ သခင်ကိုယ်တော် မှိုင်း)

(မှတ်ချက်။ ။ ယခင်သတ်မုံမူရင်းအတိုင်း ဖြစ်သည်။)

အဆိုပါခရီးစဉ်တွင် လိုက်ပါခဲ့ရသော ဒဂုန်တာရာက သူ၏ ဂန္ဓာရီစာအုပ်တွင် အမှာ စာရေး သားရာ၌ -

“တရုတ်ပြည်မသွားခင်ကတည်းက ခရီးသွားစာအုပ်တော့ရေး မယ်ဟု မှန်းထားခဲ့၏ ။ လေ ယာဉ်ပျံပေါ်၌ ရောက်ရာတိုင်းတွင် အချိန်ရသလောက် နေ့စဉ်ရေး သွားမည် ဟု စိတ်ကူး သည်။ ဟောင်ကောင်ရောက်သော အခါ စာရေး ကြည့်၏ ။ စိတ်ကစောနေ၍ လားမသိ။ ရေး ၍ မရ။ စာအုပ် များ တွင် ဖတ်ခဲ့ရသော “တားမြစ်ထားသည့်မြို့တော် ” ကြီးကိုသာ မှန်းကြည့်နေ မိကာ စာလုံးများ ဖြစ်မလာ။ ရောက်ချင်ဇောက သန်နေ၍ လားမသိ။ ကန်တုံရောက်သော အခါ “ကိုကာကိုလာမြို့ တော် ” ဟူသော ခေါင်းစဉ်သာရ၏ ။ သည်ကမတက်။ သို့ ဖြင့် ပီကင်း သို့ ရောက်သွား၏ ။ ညဘက် ကလောင်တန်တွင် မင်တို့ကာထိုင်နေ၏ ။ ရေး လို့မရပေ။ သို့ နှင့် တရုတ်ပြည်ကသာပြန်လာသည်။ တစ်လုံးမှ မရေး ဖြစ်ခဲ့။

ရန်ကုန်ရောက်သော အခါလည်း စာအုပ်အမြန်ရေး မည် ဟုတွက်ထားသော်လည်း တော် တော် နှင့် မစ ဖြစ်ပေ။ တရုတ်ပြည်အကြောင်း တက္ကသိုလ်သွား တရားဟောရ၏ ။ ဒလသင်္ဘော ကျင်း အလုပ်သမားများ အားသွား၍ ဟောပြောရ၏ ။ အလုပ်သမားပါတီကတောင်းပန်၍ ဗဟို ကော်မတီ ကွန်ဂရက်တွင် ဟောပြောခဲ့၏ ။ စာအုပ်ထဲရေး မည့် အကြောင်းအရာများ မှာ ဟောပြောပွဲများ တွင် ရောက်ကုန်၍ လားမသိ စာရေး ရန်ဖင့်နှေးနေပြန်၏ ။ ထို့ကြောင့် ဤမျှကြာသွားခြင်း ဖြစ်၍ တိုင်းပြည် အားတောင်းပန်ရပါသည်။

စာအုပ်ရေး မည် ရှိသော အခါ နာမည် ကိုစဉ်းစားရပြန်သည်။ ပြည့်သူ့တရုတ်ပြည်၊ တရုတ် ပြည်သစ်၊ ဂန္ဓလာရာဇ်သစ် စသည်ဖြင့် တွေးကြည်ရာ နောက်ဆုံး“ဂန္ဓလာရာဇ်” ကိုအတည်ပြုလိုက် လေသည်။ ကြော်ငြာထွက်လာသော အခါ မုံရွာမြို့မှဂန္ဓလာရာဇ်မှာ သခင်နုအမည် နှင့် တူနေ၍ ပြောင်းပေးပါဟု အကြံပေးစာရောက်လာသည်။ မူလအမည် ကို စဉ်းစားစဉ်က ဂန္ဓာလရာဇ်ဟူသော အမည် နှင့် သခင်နုရေး ခဲ့ကြောင်း မသိ၍ မဟုတ်ပါ။ သိပါ၏ ။ သို့ သော် သခင်နုက ကူမင်တန်အစိုးရ၏ မြို့တော် ချုံကင်းသို့ အသွားရေး သော တရုတ်ပြည် ဂန္ဓာလရာဇ် ဖြစ်၍ ကျွန်တော် ၏ ဂန္ဓာလရာဇ်မှာ ပြည်သူ့သမ္မတတရုတ်နိုင်ငံ၏ မြို့တော် ပီကင်းသို့ အသွား ရေး ခြင်း ဖြစ်ပေသည်။

“ဂန္ဓာလာရာဇ်” မှာ တရုတ်ပြည်ကိုခေါ်သော ရှေးအခေါ် ဖြစ်ပေသည်။ တရုတ်ပြည်နှင့် မြန်မာပြည်မှာ ပုဂံခေတ်ကတည်းက အဆက်အဆံရှိခဲ့သည်။ တရုတ်ရှေးဟောင်းစာတစ်ခု၌ ပုဂံမှ သံတမန်များ လာ၍ တရုတ်နန်းရင်ပြင်တွင် မြန်မာဂီတကို သီဆိုတီးမှု တ်သည်ဟု ကြားရဖူးသည်။ ထိုအခါလောက်ကစ၍ တရုတ်ပြည်ကြီးကိုဖွဲ့နွဲ့ကာ “ဂန္ဓာလာရာဇ်” ဟု ခေါ်ဝေါ်သည်ကို သိရှိခဲ့ကြပေသည်။ ဤသို့စာပေဆန်ဆန်အဓိပ္ပာယ်နှင့် စာအုပ်ကို “ဂန္ဓာလာ ရာဇ်” ဟု အမည် ပေးထားခြင်း ဖြစ် လေသည်။

ကျွန်တော် တို့ တရုတ်ပြည်၌ တစ်လနှင့် (၇) ရက်ကြာခဲ့သည်။ တရုတ်ပြည်ကဲ့သို့ သော ကျယ်ဝန်းကြီးမားသော ပြည်ကြီးကိုတစ်လကျော်ကျော်မျှနေသည်ဆိုသည်မှာ အင်မတန်မှ တို တောင်းသော အချိန် ဖြစ်သည်။ မိမိသိလိုသော အကြောင်းအရာများ ကို စုံစုံစေ့စေ့လေ့လာ ဆည်းပူး ချင်သော်လည်း အချိန်ကားမရပေ။

တရုတ်ပြည်ကြီးကို လှည့်လည်ရာ၌ မိုင်ပေါင်းများ စွာ ခရီးသွားခဲ့ကြသည်။ သွားလေရာ ၌ ကြုံတွေ့ ရခြင်းမှာ နိုင်ငံခြားသူစိမ်းတိုင်းပြည်များ သို့ ရောက်နေရသကဲ့သို့ မဟုတ်ဘဲ “နီးစပ် ခြင်း” သဘောခံစားမိပေ၏ ။ တောရွာများ သို့ ရောက်သွားသော အခါ ကျွန်တော် တို့ဆီမှ လယ်သမားများ နှင့် တွေ့ ရသကဲ့သို့ ပင် မှတ်ရ၏ ။ တေးဂီတသံကြားသော အခါ၌ မြန်မာဆန် ဆန်နားထဲ၌ ချောမွေ့စွာ ဝင်သွား၏ ။ ပန်းချီပန်းကွက်များ ကိုမြင်ရာ၌ လည်း ထိုနည်းတူစွာ သိပ်မစိမ်းလှ။ ဤသို့ အစစအရာ ရာတစ်မြေထဲလိုလိုတစ်ရေထဲလိုနီးစပ်ခြင်းရှိလှသော အရှေ့တိုင်းသားအချင်းချင်းပိုမိုနားလည်ဖို့ တစ်ယောက် အကြောင်း တစ်ယောက် ပိုမိုသိရှိဖို့ လိုအပ်၏ ။

ဟန်ချောင်၌ မြန်မာပြည်အကြောင်းစကားစပ်မိရင်း ကျွန်တော် တို့နှင့် ပီကင်းမှ အတူပါလာ သော မစ္စယန်းအား “ကျုပ်တို့မြန်မာပြည်ကတရုတ်တွေ နဲ့ အခုတရုတ်ပြည်မကြီး မှာ တွေ့ ဆုံပေါင်း သင်းခဲ့ရတဲ့ ခင်ဗျားတို့တရုတ်လူမျိုးတွေ တစ်မျိုးစီပဲ” ဟုပြောသော အခါ မစ္စယန်းက နားမလည်ဘဲ “ကျွန်မကိုရှင်းပြစမ်းပါ ဘယ်လိုမတူပါသလဲ” ဟု တတွတ် တွတ် မေး၏ ။ ကျွန်တော် ကအဖြေမပေးခဲ့။ အဖြေမပေးသည်မှာ အခြားကြောင့် မဟုတ်၊ တိုတိုနှင့် ပြော၍ မရသဖြင့် ဖြစ်၏ ။

ယခုကျွန်တော် ရေး သည့်စာအုပ်ကား၊ တစ်လကျော်လည်ပတ်ခဲ့သော ခရီးသွားမှတ် တမ်းနှင့် ကျွန်တော် ကြုံတွေ့ သိမြင်ခဲ့ရသော တရုတ်ပြည်ကြီး၏ ပုံသဏ္ဍာန် ဖြစ်ပေ၏ ။ ပုံ သဏ္ဍာန်မှာ ကျွန်တော် တို့ဟဒယ၌ ထင်ဟပ်သော ပုံသဏ္ဍာန် ဖြစ်ပေ၏ ။ ခရီးသွား ထင်မြင် ချက်များ ဟုလည်း ခေါ်နိုင်ပါသည်။ တရုတ်လူမျိုးနှင့် တိုင်းပြည်အားစူးစမ်းလေ့လာ သော သုတေသနမဟုတ်ပေ။ တရုတ်ပြည်၏ ရာဇဝင်ကျမ်းလည်းမဟုတ်ပေ။

ကျွန်တော် သည် တရုတ်ပြည်ကြီးတွင် ကြုံတွေ့ သိမြင်ခဲ့ရသော နေရာဒေသမြို့ပြပြည် ရွာများ ကို ပန်းချီခြယ်ရေး သလိုသာ ခြယ်ရေး ခြင်း ဖြစ်သတည်း” ဟူ၍ ဖော်ပြခဲ့ဖူးသည်။ ဆရာကြီး သခင်ကိုယ်တော် မှိုင်းတို့သည် မြန်မာပြည်မှ နိုင်ငံရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ ပြည် သူ့ကိုယ်စားလှယ် အဖွဲ့ဝင်များ (၇) ဦးပါဝင်ခဲ့သည်။ ဆရာဒဂုန်တာရာက ပြည်သူ့စာပေနှင့် အနုပညာယဉ်ကျေးမှု ကိုယ်စားလှယ်အ ဖြစ် လိုက်ပါခဲ့ရခြင်း ဖြစ်သည်။ (၁၉၅၁) ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် ထူထောင်ခြင်းအခမ်းအနား သဘင်သို့ တက်ရောက်ရန် ကမ္ဘာငြိမ်းချမ်းရေး အဖွဲ့နှင့် မြန်မာတရုတ်မိတ်ဆွေ ဖြစ်အသင်းက ဖိတ်ကြားခြင်း ဖြစ်သည်။ တရုတ်ပြည်မှ နိုင်ငံရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ ပြည်သူ့အဖွဲ့အစည်းများ ဖြစ်သော တရုတ်ပြည်လုံးဆိုင်ရာ ငြိမ်းချမ်းရေး အဖွဲ့ချုပ်၊ စာပေနှင့် အနုပညာအဖွဲ့ချုပ်၊ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ ဒီမိုကရက်တစ် လူငယ်အဖွဲ့ချုပ်၊ ဒီမိုကရက်တစ်အမျိုးသမီးအဖွဲ့ချုပ်တို့က ဖိတ်ကြားခြင်း ဖြစ်သည်။ ဆရာကြီး သခင်ကိုယ်တော် မှိုင်းတို့သည် ကျွန်တော် တို့လို ရန်ကုန် ကူမင်းပေကျင်းကို လေယာဉ်နှင့် တိုက်ရိုက်လာခြင်းမျိုးမဟုတ်။ (ယိုးဒယား) ထိုင်း၊ ဘန်ကောက် တွင် (၁) နာရီနား၊ ဟောင်ကောင်တွင် တစ်ရက်နေ၊ ထိုမှ တရုတ်ပြည်ကူးကြရတာ မျိုး ဖြစ်သည်။ ဆရာဒဂုန် တာရာက အဆိုပါခရီးစဉ်အတွက် မြန်မာတရုတ်မိတ်ဆွေ ဖြစ်အသင်းမှ ပေးလိုက် သော စောင်း ကောက်ကို သယ်ဆောင်သွားခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော် မှိုင်းတို့သည် တရုတ်ပြည် ကို ဟောင်ကောင်မှတစ်ဆင့် ကန်တုံသို့ သင်္ဘောစီးကြရသည်။ ကန်တုံမှတစ်ဆင့် လေယာဉ် ဖြင့် ပင် ပီကင်း (ပေကျင်း) ကိုကူးကြရခြင်း ဖြစ်သည်။ ဆရာကြီး သခင်ကိုယ်တော် မှိုင်းတို့ စီးရသော လေ ယာဉ်ပျံသည် ကျွန်တော် တို့စီးလာခဲ့ရသော တရုတ်လေယာဉ်ပျံလို လေယာဉ် မယ်မပါသဖြင့် အရာရှိတစ်ဦးက ခါးပတ်ပတ်ခိုင်းရသည်ဟု မှတ်သားဖူးသည်။

ဆရာကြီးသခင်ကိုယ်တော် မှိုင်းတို့ကို ပီကင်းလေဆိပ်တွင် စာရေး ဆရာကြီး ကူမိုးကြိုး၊ အလုပ်သမားသမဂ္ဂ ဒုတိယဥက္ကဌ ချူရှားဖန်၊ လူနန်ဟိဒီမိုကရက်တစ်လူငယ်အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ရှာချင်လိ၊ ဒီမိုကရက်တစ်အမျိုးသမီးအဖွဲ့ချုပ်မှဥက္ကဌ စာရေး ဆရာမော်ထွန်းစသော နိုင်ငံ ယဉ်ကျေးမှု ခေါင်းဆောင်များ က ဆီးကြိုကာ ၁၂ နှစ် ကျော်မိန်းကလေးများ က ပန်းစည်း ကမ်း၊ တေးသီချင်းသံပြိုင်သီဆိုခဲ့ကြသည်ဟု မှတ်သားဖူးသည်။ ကျွန်တော် တို့အဖွဲ့ကိုမူ ဆင်ဟွာမှလူငယ်တစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးကသာ ဆီးကြိုနေခဲ့သည်။ ဆရာကြီးသခင် ကိုယ်တော် မှိုင်းတို့သည် ပီကင်းသို့ရောက်ရောက်ချင်း ဗဟိုပြည်သူ့အစိုးရဥက္ကဌ မော်စီတုန်း၏ ဧည့်ခံပွဲသို့ တက်ရောက်ကြသည်။ ကျွန်တော် တို့ ကတော့ ပစ္စည်းတွေ ရွေးပြီး မင်စု ဟိုတယ်တွင် အေးဆေးစွာ အိပ်လိုက်ကြရ ချေသည်။

ဆရာဒဂုန်တာရာသည် မော်စီတုန်းနှင့် ပတ်သက်၍ ကဗျာဆရာက တော် လှန်ရေး ကိုခေါင်း ဆောင်နေရတာ ဟာ အနုပညာခံစားမှု မှာ အလိုရမ္မက်ကြီးတဲ့ အရှေ့အတွက် ကောင်းတဲ့လက္ခဏာပဲ ဟုသုံးသပ်ဖူးသည်။ မော်စီတုန်းကိုယ်တိုင်ကလည်း ကူမင်တန်ပါတီ နိုင်ငံရေး ဌာနမှထုတ်ဝေသော ဂျာနယ်တွင် အယ်ဒီတာလုပ်ဖူးသည်ဟုလည်း မှတ်သားဖူး သည်။ မော်စီတုန်းကိုယ်တိုင်က စာပေနှင့် ပတ်သက်၍ စာပေနှင့် အနုပညာသည် ပြည်သူ့ အတွက် ဖြစ်ရမည် ၊ အမျိုးသားဟန်ပါ၍ နည်းစနစ်ကျကာ လူထုကနှစ်သက် ခြင်းရှိရမည် ဟု မိန့်ဆိုဖူးသလို-

“စာကောင်းပေကောင်းဆိုတာ သဘောထားမှန်ကန်တဲ့အပေါ်မှာ တင် မဟုတ်ဘူး။ ရည် ရွယ်ချက်သဘောထားမှန်ပြီး အတွေးအခေါ်ကို မှားယွင်းတဲ့ပုံသဏ္ဍာန်နဲ့ဖော်ပြမိရင် အဆိုးကို တွေ့ ရ တတ်တယ်။ ဆရာဝန်ရဲ့ အရည်အသွေးကို အကဲဖြတ်တဲ့အခါ ဆေးညွှန်းဆေးပေး ပေါ်မှာ ဆုံးဖြတ်မလား။ လူနာ ရောဂါ ပျောက်မပျောက်ပေါ်မှာ ဆုံဖြတ်မလား။ စာရေး ဆရာ ကိုလည်း ဒီလိုပဲအကဲ ဖြတ်ရပါလိမ့်မယ်” ဟုလည်း မိန့်ဆိုဖူးသည်။

တကယ်တော့ ကျွန်တော် တို့ရောက်ရှိနေသော ပေကျင်းလေဆိပ်ကြီးသည် အရင်းရှင်နိုင်ငံ ၏ လေဆိပ်ကြီးမဟုတ်။ ကွန်မြူနစ်နိုင်ငံကြီးတစ်ခု၏ လေဆိပ်ကြီး ဖြစ်သည်။ တရုတ်တို့အိပ်ပျော်ပါစေ၊ သူတို့ကိုသွားမနှိုးပါနဲ့။ သူတို့နိုးလာရင် ကမ္ဘာမြေကြီးအတွက် စိုးရိမ်စရာ ဖြစ်လာလိမ့်မယ်ဟု ပြောခဲ့ဖူးသော နပိုလီယံသည် လေဆိပ်ကြီးကိုမြင်လျှင် ဘယ်လိုပြောလာမည် မသိ။

ကျွန်တော် တို့တည်းရသည့်မင်စုဟိုတယ်သည် ဈေးအကြီးဆုံးမဟုတ်သော်ငြားလည်း ဈေး မနည်းသည့် ဟိုတယ်ကြီး ဖြစ်သည်။ကွန်မြူနစ်နိုင်ငံ၏ ဟိုတယ်ကြီးသည် အရင်ရှင်နိုင်ငံ များ မှ ဟိုတယ်များ နှင့် အပြင်ဘက်မှအထားအသိုများ မှာ သိပ်ပြီးကွာဟလှသည်မဟုတ်။ ဟိုတယ်အပြင် အဆင်တရုတ်တို့၏ ဂန္တဝင်ယဉ်ကျေးမှု လက်ရာများ နှင့် မော်ဒန်ဒီဇိုင်းများ ကို ပေါင်းစပ်ထားဟန်တူပြီး နည်းနည်း အိနြေ္ဒကြီးလို့နေသည်။ ဆရာဦးဟိန်းလတ်ကို အခန်းက ဘယ်လောက်လဲဟု မေးသော အခါ ကျွန်တော် နှင့် ဆရာဦးဟိန်းလတ်တို့၏ အခန်းခမှာ ဒေါ်လာ(၁၀၀) ဟုဆိုသဖြင့် ကျွန်တော် တို့မှာ ငုတ်တုတ်မေ့လဲမလို ဖြစ်ခဲ့ရသည်။ ကျောဆန့်ရုံ လေး တစ်ညတာကျောဆန့်ရ သည့်နေရာကို ဒေါ်လာ(၁၀၀) ဟုဆိုသော အခါ..ဒါသော်မှ ကျွန်တော် တို့ကို ဆင်ဟွာမှဧည့်သည်များ ဖြစ်သည်ကြောင့် နည်းနည်း လျှော့ပေးထား သေးသည်ဟုဆိုသည်။ လျှော့များ မလျှော့ပေးလျှင် ဘယ်လောက်များ ပေးရမည် လည်း မပြောတတ်။ ကျွန်တော့် မှာ တစ်ယောက် တည်း ဒေါ်လာ (၁၀၀) ပေး၍ အိပ်ရမည့်  အရေး အတွက် အတော် လေးနေမထိထိုင်မသာ ဖြစ်ရသည်။ ဆရာဦးဟိန်းလတ်ကို လှမ်းတိုင်ပင်ကာ မနက်ဖြန်အတူတူပေါင်းနေကြရအောင်ဟု ပြောယူရတော့သည်။ ဆရာဦးဟိန်း လတ်ကလည်း သဘောတူသည်။ အေးကောင်းသားပဲ။ တစ်ညဆို တစ်ယောက် ကို ဒေါ်လာ (၅၀) သက်သာမယ်။ နှစ် ညဆိုရင် တစ်ယောက် ကို ဒေါ်လာ (၁၀၀) သက်သာမယ်။ ဒေါ်လာ (၁၀၀) ကို လဲလှယ်လိုက်လျှင် တရုတ်ယွမ်ငွေဘယ်လောက်ရမည် လဲ။ ကျွန်တော် တို့မှာ ခုချိန်အထိ ပိုက်ဆံ မလဲရသေး။ တရုတ်ယွမ်ကို ပန်ဆန်းဘက်သွားတုန်းက ဈေးဝယ်ချင်၍ မြို့ထဲသွားပြီး ပိုက်ဆံလဲခဲ့ ဖူးသည်မှအပ တရုတ်ယွမ်ငွေသည် ကျွန်တော် တို့နှင့် ဆွေမျိုးမတော် သေး။ တရုတ်ယွမ် ကတော့ သူ့ကို ဆွေမျိုးပေါက်ဖော်လုပ်ရမည့်  ကျွန်တော့် ကို သိနိုင်လိမ့်မည် မဟုတ်။ တရုတ်ယွမ်ဈေး၊ အမေရိကန်ဒေါ်လာဈေး၊ ထိုင်းဘတ်ဈေး၊ စင်ကာပူဒေါ်လာ ဈေးစသည်ဖြင့် ကျွန်တော် သည်လည်း ပြည်ပခရီးတစ်ခုထွက်လေတိုင်း နိုင်ငံခြားငွေများ နှင့် ရင်းနှီးကျွမ်းဝင်နေရပြီ ဖြစ်သည်။ နိုင်ငံခြားငွေ များ နှင့် ရင်းနှီးထားသော ကျွန်တော် သည် သူတို့ကိုလက်ထဲမှာ ပူအောင်မထား၊ ကိုယ့်လက်ထဲမှာ နိုင်ငံခြားငွေရှိနေလျှင်မ ဖြစ်။ ဒါကြောင့် ဘယ်နေရာရောက်ရောက် ကုန်အောင်သုံးခဲ့သည်ချည်း ဖြစ်သည်။ ကျွန်တော့် မိတ်ဆွေများ ကတော့ ထိုသို့မဟုတ်။ ဘယ်နိုင်ငံဘယ်ဒေသရောက်ရောက် တရုတ်ဆိုလည်း တရုတ် အ လျောက်၊ ထိုင်းဆိုရင်လည်း ထိုင်းအလျောက်၊ စင်ကာပူဆိုလည်း စင်ကာပူအလျောက်၊ နိုင်ငံခြားငွေများ ကို အရေး ပေါ်သုံးရန်ဟုဆိုကာ ဆောင်ထားတတ်ကြသည်။ ပြီးတော့ ကျွန်တော့် မိတ်ဆွေတွေ မှာ က ခရစ်ဒစ်ကတ်တွေ ဘာတွေ လည်း ဆောင်ထားတတ်ကြသည်။ ထိုသော အခါ သူတို့သည် အိမ်ကမိန်းမကထည့်မပေးလိုက် လို့လည်း ဘာမှပူစရာမလို၊ အိမ် ကမိန်းမက ရော့အင့် ဒေါ်လာ (၂၀၀) ပဲယူသွားဆိုလျှင်လည်း ကိုယ်တော် ချောတွေ က ခပ်အေး အေး ဖြစ်သည်။ ကျွန်တော့် မှာ တော့ဖြင့် တရုတ်ယွမ်ကလည်းပါမလာ။ ခရက်ဒစ်ကတ် လည်း မူးလို့ ရှုစရာမရှိသဖြင့် လက်ထဲပါလာသော အမေရိကန်ဒေါ်လာကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ မျက်စိ အောက်ကအပျောက်မခံနိုင်ဘဲ တစိမ့်စိမ့်ကြည့်နေရသည်။ ကိုယ့်ရည်းစား ကိုပင် သည်လောက်ဂရု စိုက်ဖူးမည် မထင်။ ပြီးတော့ ရန်ကုန်မှထွက်ကတည်းက အမေရိကန် ဒေါ်လာတွေ ကို အရွက်လိုက်၊ နံပါတ်မှတ်ယူလာခဲ့ရသေးသည်။ ဘယ်အရွက်က ဘယ်သူ့ ဆီကယူထားတာစသည်ဖြင့် ကွန်ပျူတာထဲထည့်ကာ မှတ်ထားရသေးသည်။ ဒါသော်မှ လေယာဉ်လက်မှတ်ဝယ်သော အခါမှ ပိုက်ဆံ တေါက တော် တော် ဟောင်းနေသည်ဆိုသဖြင့် ပြန်လဲပေးရသေးသည်။ နိုင်ငံခြားငွေအသေးတွေ ဆိုလျှင် ဈေးသိပ်မပေးချင်တာမျိုးလည်း ရှိသေးသည်။ ပြီးတော့ ဘယ်နံပါတ်၊ ဘယ်နံပါတ်ဆိုလျှင်လဲ မပေးဘူး။ လက်မခံဘူးဆိုသဖြင့် ဘန်ကောက်ဆေးရုံရှိ Money Exchange တွင် ကိုယ်တိုင်ငွေသွားလဲစဉ် ကိုယ့်မှာ ရင်တုန်ပန်းတုန် ဖြစ်ရသေးသည်။ ကိုယ်တော် ချောက ကိုယ်လဲမည့် ပိုက်ဆံကို စိမ်ပြေနပြေ စစ်ဆေးနေ၍ အတု ဖြစ်နေလျှင် ဘယ်နှယ့်လုပ်မလဲဟု အတော် ချွေးပျံခဲ့ရသည်။ ဒေါ်လာ အတုနှင့် လဲလှယ်သည်ဆိုပြီး ထိုင်းရဲတွေ လက်ထဲအပ်လိုက်လျှင် ဒုက္ခဟု တွေးပူခဲ့ရသည်။ ဒေါ်လာအတုနှင့် လဲမပေးဘူးဆိုလျှင်လည်း ကိုယ့်မှာ ထပ်မံလဲစရာ ပိုက်ဆံကမကျန်တော့ သဖြင့် ထိုစဉ်က အတော် အကြပ်ရိုက်ခဲ့ဖူးသည်။ ခုလည်း ပေကျင်းရောက်ပါမှ၊ မင်စု ရောက်ပါမှ၊ ကိုယ့်လက်ထဲက ဒေါ်လာတွေ သည်စစ်၊ မစစ်ဆိုသည်ကို အသေအချာမသိခဲ့ဘဲ ယူလာခဲ့မိသည့် အတွက် ထိုညက မင်စုဟိုတယ်တွင် ဒေါ်လာ(၁၀၀)ကိုကိုင်ရင် ညကြီးမင်း ကြီး ချွေးပျံခဲ့ရချေ၏ ။

မင်စုဟိုတယ်မှ ရှေ့ကိုလှမ်းမျှော်ကြည့်လိုက်ရင် ကားလမ်းအကျယ်ကြီးတွေ က ဖြူးလို့ ဖြောင့်လို့နေသည်။ အဆောက်အအုံတွေ က ထုထည်ကြီးမားလွန်းလှသည်။ ကျွန်တော် တို့ရောက် သည့်နေရာက တိန်အန်မင်(န်) ရင်ပြင်နှင့် သိပ်မဝေးဘူးဆိုသဖြင့် ကျွန်တော် သည် တိန်အင်မင်(န်) ရင်ပြင်ကို ညဘက်သွားကြည့်ဖို့ စိတ်ကူးယဉ် ဖြစ်ခဲ့သည်။ တရုတ်ပြည်သစ် သမိုင်းတွင် သည်ရင်ပြင် သည် သမိုင်းရှိခဲ့သော ရင်ပြင် ဖြစ်သည်။ ဥက္ကဌမော်က သမိုင်းနှင့် ပတ်သက်၍ လူဟာသူ့သမိုင်းကို သူဖန်တီးရမယ်။ ဒါပေမဲ့ မိမိရဲ့ ပတ်ဝန်းကျင်နဲ့ ကိုက်ညီ အောင် ဖန်တီးရမယ်လို့ ဩဝါဒချွေခဲ့ဖူးတာ သတိရနေမိသည်။ မော်စီတုန်းက သမိုင်းကို နားထောင်ရခြင်းစာအုပ်များ ကို ဖတ်ရခြင်းသည် သမိုင်းထဲတွင် ကိုယ်တိုင် ဖြတ်သန်းရ သည်နှင့်မတူဟုလည်း ဆိုဖူးသည်။ တကယ်တော့ မော်စီတုန်းသည် အညတရကျေးတော သားတစ်ဦးဘဝမှ သမိုင်းတွင် ထူးခြားသည့်ပုဂ္ဂိုလ်ဘဝသို့ ရောက်ရှိလာ ခြင်း ဖြစ်သည်။ တရုတ်ပြည်သစ်ထူထောင်ရာတွင် မော်စီတုန်းသည် အရေး ပါခဲ့သူ ဖြစ်သည်။ အခု အချိန်ထိ တိန်အင်မင်(န်) ရင်ပြင်တွင် မော်စီတုန်းရုပ်ပုံလွှာ ထီးထီးကြီးက ထီမထင်စွာ ရှိနေဆဲ။ “တော် လှန်ရေး ဆိုတာ ညစာထမင်းဖိတ်ကျွေးတာမျိုး၊ စာစီစာကုံးတစ်ပုဒ်ရေး တာမျိုး၊ ပန်းချီ ကား တစ်ကားဆွဲတာမျိုး၊ စိတ်ကူးယဉ်ယဉ်ပန်းထိုးတာမျိုးနဲ့တော့ ဘယ်တူမလဲပေါ့။ တော် လှန်ရေး ဆို တာမျိုးဟာ နူးနူးညံ့ညံ့၊ သိမ်သိမ်မွေ့မွေ့၊ အေးအေးချမ်းချမ်း၊ ကြင်ကြင် နာနာ၊ ယဉ်ယဉ်ကျေးကျေး လည်း ဘယ်လိုမလဲ” ဟူ၍ မော်က လယ်သမားသူပုန်ကြီး များ နှင့် ဆုံမိသည့်တစ်ခါက ပြောဖူးသည် ဟု ဆိုသည်။

မော်ကို သူ့ပြည်သူလူထုက ယနေ့မြင်နေသည့်အမြင်မှာ လည်း အလွန်ကြီးကျယ်သော ပုဂ္ဂိုလ်ကြီးဟူ၍ ပင် မြင်နေပါသည်။ သူတို့အဖို့ မော်သည် ပါတီအကြီးအမှူးမျှသာမက မော်သည် သူတို့ဆရာကြီးလည်းဟုတ်ပေသည်။ နိုင်ငံကိုအုပ်ချုပ်နေသူလည်းဟုတ်သည်။ သေနင်္ဂဗျူဟာကို ချမှတ်ပေးနေသူလည်းဟုတ်သည်။ အဘိဓမ္မာဆရာကြီးလည်း ဖြစ်သည်။ မျိုးချစ်စာဆိုလည်းမည် သည်။ အမျိုးသားခေါင်းဆောင်ကြီးလည်း ဖြစ်လေသည်။ အိမ်ထောင်၏ အကြီးအမှူးလည်းဟုတ် သည်။ ရာဇဝင်၌ အကြီးမားဆုံးကယ်တင်ရှင်လည်း ဖြစ်ပေသည်။ ထို့ကြောင့် မော်စီတုန်းသည် ကွန်ဖြူးရှက်၊ လောဇူ၊ ရူဆိုး၊ မာ့က်စ်နှင့် ဗုဒ္ဓတို့ပေါင်းစည်း ထားသည့်ပုဂ္ဂိုလ်ဟူ၍ တရုတ်သန်းပေါင်း များ စွာ တို့က ထင်မှတ်လျက်ရှိလေသည်။

“ပန်းပေါင်းတစ်ရာပွင့်ပါစေ” ဟူသည့်ခေတ်က မော်စီတုန်းတွင် ရန်သူများ ရှိသည်ဟု သိခဲ့ရသည်။ သို့ သော် ပြည်သူလူထု၏ ရင်ထဲရှိသမျှ မကျေနပ်ချက်မှန်သမျှ သတင်းစာမှ ဖော်ထုတ်ကြဟူ ၍ ပါတီခေါင်းဆောင် တစ်ယောက် အနေဖြင့် မော် တစ်ယောက် သာလျှင် ခွင့်ပြု ရဲပေသည်။

မော်ကို ပုဂ္ဂိုလ်အရ သူရဲကောင်းအနေဖြင့် ကိုးကွယ်မှု ရှိသည်ဆိုသော်လည်း လူဖြူများ ၏ တာဝန်ကို အင်ပါယာကြီးကဝင်၍ ပခုံးထမ်းစဉ်ကာလက ဝိတိုရိယဘုရင်မအား ပုဂ္ဂိုလ်အရ သူရဲ ကောင်းလုပ်ခဲ့ပုံ၊ ယနေ့ သတင်းစာများ က ကနေဒီကို သူရဲကောင်း လုပ်နေ ပုံများ နှင့် စာလျှင် မော်က ပို၍ ဆိုးဝါးသ်ညဟု ပြောမ ဖြစ်ပါ။ အတူတူပင်ရှိပါသည်။ ထို့ပြင် စတာလင်အသက်ရှိစဉ်က လူကိုငုတ်တုပ်ထား၍ ချီးမြှင့်မြောက်စားခဲ့ကြပါသည်။ မော်စီတုန်း မှာ ဤလိုမရှိပါ။ သို့ သော် တရုတ်ပြည်၌ မည် သည့်အဆောက်အအုံ၊ မည် သည့်ဘုံအဖွဲ့၊ မည် သည့်စက်ရုံတွင် မှာ မဆို မေးပ်ါတွင် မှဲ့တစ်လုံးပါသူ၏ ကိုယ်တစ်ပိုင်းပုံများ ရှိသည်ချည်း ဖြစ်ပါသည်။ မရှိဘဲမနေသလို မော်စိတုန်း၏ ရုပ်ပုံ ကိုလည်း ဧည့်ခန်းများ ၌ တွေ့ တတ် လှပါသည်။

မော် ပြောဖူးသည့်စကားတစ်ရပ်မှာ -

“သင့်ကို လူထုကနားလည်နေစေလိုလျှင် သင်ကိုယ်တိုင်လူထုထဲက လူ တစ်ယောက် ဖြစ် လာစေလိုလျှင် သင့်ကိုယ်ကို ပြန်လည်ပြုပြင်ဖို့လိုပါလိမ့်မည် ။ ထိုပြန်လည်ပြုပြင်ခြင်းသည် တချို့လူများ အဖို့ အလွန်ကြိုးစား၍ ကြာရှည်လေးမြင့် လုပ်ဆောင်ရသည့် ကိစ္စကြီးလည်း ဖြစ်ပါလိမ့်မည် ။ ကျွန်တော် ဆိုပါလျှင် ကျောင်းသားဘဝနှင့် စတင်ခြင်း ဖြစ်၍ ကျောင်းသား အမူအကျင့်များ အားလုံး ကျောင်းမှပင်ရရှိခဲ့ပါသည်။ ကိုယ့်ပစ္စည်းကို ကိုယ်သံရိုးထုံးစံမရှိသည့် ကျောင်းသားတောထဲ၌ ကိုယ့်အထုပ်ကိုကိုယ် ထမ်းရမည် ကို ကျွန်တော် ကရှက်စရာဟူ၍ ပင် သဘောထားသည်။ ထိုအချိန်၌ ကျွန်တော့်  စိတ်၌ ပညာတတ်လူတန်းစားသည်သာလျှင် ကမ္ဘာ ပေါ်၌ အထင်ရှားဆုံး ဖြစ်သည်။ လယ်သမား ဆိုသည်မှာ အလွန်ညစ်ပတ်စုတ်ပဲ့သည်ဟုထင်ပါ သည်။

တော် လှန်ရေး သမား ဖြစ်လာသည့်အခါတွင် ကား ကျွန်တော် ကိုယ်တိုင်မှာ အလုပ်သမား၊ လယ်သမားနှင့် တော် လှန်ရေး တပ်မတော် မှ စစ်သားတွေ နှင့် တတန်းတစားတည်း ဖြစ်လာပြီ ဖြစ်၍ သူတို့နှင့် တစ်နေ့တခြားရင်းနှီးပွန်းတီးလာပြီး သူတို့ကလည်း ကျွန်တော် ကိုပို၍ ရင်းနှီးလာသည်။ ဤအချိန်တွင် မှ ကျွန်တော့် စိတ်ထဲကိန်းအောင်းနေသည့် အရင်းရှင်နှင့် အရင်းရှင်ပေါက်စဥာဉ်များ ပျောက်ကွယ် သွားပါသည်။ ဤတွင် မှ တကယ်ညစ်ပတ်သူများ မှာ မိမိကိုယ်ကို မပြုပြင်သေးသည့် ပညာတတ်လူတန်းစား ဖြစ်၍ အလုပ်သမားနှင့် လယ်သမားလူတန်းစားများ ကား သူတို့လက်တွင် ရွံ့ ဘယ်လောက်ပေပေ၊ သူတို့ခြေထောက်တွင် နွားချေးဘယ်လိုပေပေ တကယ်သန့်ရှင်းသူများ ပါ တကားဟု သဘောပေါက်ပါသည်။ စိတ်ပါပြောင်းသည်ဆိုခြင်းမှာ ထိုအခါ မှ ဖြစ်ပါသည်။ လူတန်း စားစိတ်ကိုပါ ပြောင်းပစ်ဖို့လိုပါသည်” ဟူ၍ မော်ကရေး ဖူးသည်ဆို၏ ။

မော်စီတုန်းတို့ကို အာဏာရစေသည့် အချက်များ ကား ဘာတွေ ဖြစ်သည်ဟူသည်ကို မော်တို့က စောစောကပင် ဘာတွေ ဖြစ်သည်ဟူသည်ကို မော်တို့က စောစောကပင် သိရှိသဘော ပေါက်ထားကြသည်။ ဤအချက်တွေ မှာ အလွန်ပင်ထင်ရှားသော်လည်း အခြားသူတွေ က လျစ်လျှူ ရှုခဲ့ကြသည်။ ထိုအချက်များ မှာ (၁) တရုတ်ပြည်၌ အင်မတန်များ ပြားလှသည့်လူများ စုကြီးမှာ ဆင်းရဲလှပြီး ပညာမဲ့နေကြခြင်း၊ (၂) တရုတ်ပြည်၏ အကြီးဆုံးသော တီထွင်နိုင်မှု စွမ်းအားသည် ဤ လူအများ စုကြီး၏ ယုံကြည်ကိုးစားမှု ကို ခံယူရရှိအောင် ပြုလုပ်နိုင်သူ၊ (၃) ဤလူအများ စုကြီးကို စနစ်တကျစည်းရုံးနိုင်သူသာလျှင် နိုင်ငံရေး တက်လမ်းတွေ့ နိုင်ခြင်း၊ (၄) တရုတ်ပြည်ကြီးကို စက်မှု နိုင်ငံအ ဖြစ်တည်ဆောက်၍ ကြွယ်ဝသော ၊ ခွန်အားကြီးသော နိုင်ငံ ဖြစ်လိုသည်ဆိုက လိုအပ်သည့် အရင်းအနှီးမှာ ဖော်ပြပါလူများ စုကြီးတွင် ရှိသည့် လုပ်အားခများ သည်ပင် ဖြစ်ခြင်းတို့ ဖြစ်ပါသည်။

တရုတ်ပြည်ရှိ ဤကြီးမားများ ပြားသော အားတိုင်းမွေးပြည်သူတွေ ပညာမဲ့ခြင်း၊ မွဲတေခြင်း သည် တရုတ်ပြည်အဖို့ အနုတ်လက္ခဏာကြီး ဖြစ်သည်ဟု တရုတ်ပညာတတ်လူတန်းစားက အစဉ် တစိုက် မှတ်ယူလာခဲ့ကြသည်။ မော်တို့လူသိုက်ကမူ ယင်းသို့ စီးပွားရေး အရ ဆင်းရဲမွဲတေလှခြင်း၊ ယဉ်ကျေးမှု ချွတ်ခြုံပြာကျခြင်းသည်ပင်လျှင် တရုတ်ပြည်အတွက် အပေါင်းလက္ခဏာ ဖြစ်သည်ဟု မြင်သည်။ မော်က “ဒီလူတွေ ဟာ ဆင်းရဲလွန်းတော့ သူတို့အဖို့ ဘယ်ဘဝပဲ ဖြစ် ဖြစ် ဒီထက်ပိုဆိုး စရာမရှိပေမယ့်သူတို့ဘဝသာယာရေး အတွက် ဘယ်လောက်ကလေးဘဲလုပ်ပေးပေး၊ လုပ်ပေးတဲ့ ပါတီကို အင်မတန်သစ္စာရှိကြ၊ အင်မတန်ထောက်ခံကြပါတယ်။ သူတို့ခမျာရဲ့ ဘဝက သူတို့အဖို့ ယဉ်ကျေးမှု ဆိုလို့ ဘာဆိုဘာမှမရှိလေတော့ အင်မတန်ဖြူနေတဲ့ အိပ်ရာခင်းပေါ်ကို ဘာကလေးပဲ ကျကျ ထင်လွယ်၊ စွန်းလွယ်သလိုပါပဲ” ဟုပြောပြဖူးသည်ဆို၏ ။

ကျွန်တော် သည် မင်စုဟိုတယ်ပြတင်းပေါက်မှ ပေကျင်းညကို လှမ်းမျှော်ငေးရင်း သည် အချိန်ဆို ရန်ကုန်မှာ ဘာတွေ လုပ်နေကြမလဲဟု စဉ်းစားနေ ဖြစ်သည်။ ခရီးတစ်ခုထွက်လေတိုင်း လူကိုပို၍ အိုစာစေသည်။ ကိုယ်မရှိလျှင်မ ဖြစ်ဘူးဟု ထင်မှတ်မှားနေမှု က ကိုယ့်ကိုဒုက္ခပေးနေခြင်း ပဲ ဖြစ်သည်။ တကယ်တော့ လောကကြီးသည် ကိုယ်မရှိလည်း သူ ကတော့ ဘာမှ ဖြစ်သွားသည် မဟုတ်တော့။ ဒါကြောင့် ခရီးထွက်ပြီးဆိုတိုင်း အလုပ်ကိစ္စအားလုံးကို ခေါင်းထဲမှထုတ်ထားလိုက် သည်။ ဘန်ကောက်လိုနေရာမျိုးမဟုတ်တော့။ ဖုန်းကတ်ကို ဘယ်မှာ ဝယ်ရမည် လည်း မပြော တတ်။ ဆရာသမားတစ်ဦး ကတော့ တရုတ်ဖုန်းကတ်တစ်ခုပေးလိုက် သည်။ တရုတ်ဖုန်းနံပါတ် လည်း ပေးလိုက် သည်။ ယွမ်၂၀၀ ဖိုးကျန်သေးသည်ဟုဆိုသည်။ မြန်လာရင် ယွမ် ၃၀၀ ဖိုးပြန် ထည့်လာခဲ့ဟုလည်းဆိုသည်။ ဖုန်းနံပါတ်ထည့်နည်း ခေါ်နည်းတွေ လည်း မြေပုံအညွှန်းပေးလိုက် သည်။ သို့ သော် သူ့ဖုန်းကတ်က ပေကျင်းမှာ သုံး၍ မရ။ ရှန်ဟိုင်းကျမှသုံး၍ ရမည် ဆိုသဖြင့် အသက် မဝင်။ ထို့ကြောင့် ဒေါ်လာ ၁၀၀ သော်မှပေးရသော အခန်းထဲတွင် ဒေသန္တရဗဟုသုတ ရှာမှီးရတော့ သည်။ ရေချိုးခန်းထဲသို့ ရောက်သော အခါ ထူးထူးဆန်းဆန်းတစ်ခုတွေ့ ချေသည်။ အဆိုပါ ထူးဆန်း သော အရာမှာ အခြားမဟုတ်။ “ကွန်ဒုံး” ဖြစ်သည်။ ကွန်ဒုံးဆိုသော်လည်း ရိုးရိုးကွန်ဒုံးမဟုတ်။ လှုပ်ခါသော ကွန်ဒုံးဆို၍ ကိုယ့်မှာ အထူးအဆန်းလုပ်ပြီး ယူကြည့်ရသည်။ ကွန်မြူနစ်နိုင်ငံဆိုသော် လည်း ဒါမျိုးကျတော့ ကွက်ကျော်မြင်တတ်ပေသားပဲဟု တွေး ဖြစ်ခဲ့သည်။ ရန်ကုန်မှသူငယ်ချင်းများ မိတ်ဆွေများ ကို လက်ဆောင်ပေးရန်ဝယ်ဖို့စဉ်းစားသော်လည်း ဈေးကမသေးလှသဖြင့် အသာ ကလေး ပြန်ထားခဲ့ရသည်။

တရုတ်ပြည်တွင် အေအိုင်ဒီအက်စ်နှင့် ပတ်သက်၍ ပညာပေးမှု များ လည်း တွေ့ ရှိရသည်။ HIV တားဆီးရေး ပညာပေးမှု များ လည်း တွေ့ ရှိရသည်။ HIV တားဆီးရေး သည် လူ့အဖွဲ့အစည်း တစ်ခုလုံး၏ တာဝန် ဖြစ်သည်ဟူ၍ ကမ္ဘာလည့်ခရီးသွားကြီးကြပ်ရေး မှ အင်္ဂလိပ်ဘာသာ၊ တရုတ် ဘာသာတို့ဖြင့် ဖြန့်ဝေထားမှု များ လည်းတွေ့ ရသည်။ အဆိုပါပညာပေးလက်ကမ်းများ တွင် AIDS ဆိုတာဘာလဲ။ HIV ကူးစက်နည်း၊ လိင်ဆက်ဆံခြင်း၊ သွေးချင်းထိတွေ့ ခြင်း၊ မိခင်များ သို့ HIV မကူးစက်နိုင်သော နည်းလမ်း၊ HIV ကို ဘယ်လိုကာကွယ်မလဲစသည်ဖြင့် ပညာပေးဖြန့်ဝေနေမှု တွေ တွေ့ ရသည်။ AIDS နှင့် ပတ်သက်၍ ပြင်းထန်သော ကူးစက်သော ရောဂါ ဖြစ်ကာ အသေ အပျောက်များ ၍ လျင်မြန်စွာ ကူးစက်လွယ်ကြောင်း HIV ဟုခေါ်သော လူ၏ ခုခံမှု ကိုဖျက်ဆီးသော ဗိုင်းရပ်(စ်) ပိုးကြောင့် ဖြစ်ပွားရကြောင်း၊ HIV/AIDS နှင့် ပတ်သက်၍ ကာကွယ်ရန်ဆေးမရှိကြောင်း၊ သို့ သော် HIV ပျံ့နှံ့ခြင်းကို ကာကွယ်၍ ရနိုင်ကြောင်းဖြင့် ဖော်ပြထားတာလည်း လေ့လာတွေ့ ရှိရ သည်။

တရုတ်ပြည်တွင် ကာလသား ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ပထမဆုံး ပါဝင် ကူညီခဲ့သူ ဒေါက်တာဟာတမ်နှင့် အမေရိကန်စာရေး ဆရာကြီး အဂ္ဂစနိုးတို့ တွေ့ ဆုံကြရာတွင် ဒေါက်တာဟာတမ်သည် ရောဂါ ကိုသယ်ယူပို့ဆောင်သူများ ပပျောက်ရေး တိုက်ပွဲကို အရင်စတင် သင့်ကြောင်း၊ သယ်ယူပို့ဆောင်ရေး သမားများ က ပြည့်တန်ဆာများ ဖြစ်ကြောင်း၊ ပီကင်း(ပေကျင်း) နှင့် ဘီယန်မင်ဒေသတွင် ပြည့်တန်ဆာပပျောက်ရေး တိုက်ပွဲကို ဆရာဝန်နှင့် လက်ထောက် ၁၀၀ တို့ ဖြင့် စတင်ခဲ့ကြောင်း၊ ရှေးဦးစွာ ပါတီက အမျိုးသမီးများ သည် ပြည့်တန်ဆာအိမ်တွေ ကို ကိုယ်တိုင် သွားပြီး အစိုးရလုပ်ဆောင်မည့် အစီအစဉ်ကို ရှင်းပြကြောင်း၊ မိန်းကလေးများ သည် ပြည့်တန်ဆာ ခေါင်းများ ဆီမှာ ငွေဝယ်ကျွန်လိုအရောင်းစားခံထားရသူများ ဖြစ်ကြောင်း၊ တချို့နေရာများ တွင် အမျိုးသမီးကေဒါတွေ က ပြည့်တန်ဆာမလေးတွေ ၏ ယုံကြည်ကိုးစားမှု ခံရအောင် သူတို့နှင့် အတူ သွားနေကြရကြောင်း၊ ရောဂါ များ ဆိုးဆိုးဝါးဝါးရနေသည့် မိန်းကလေးများ ကို ဆေးရုံသို့ တစ်ခါ တည်းပို့ခဲ့ကြောင်း၊ ကျန်ကလေးများ ကို ကာလအခိုက်အတန့်အားဖြင့် ဧည့်သည်ကို ဆက်လက် လက်ခံစေကာ ငယ်ရွယ်သည့်မိန်းကလေးများ ကို ကျကျနနအချိန်ယူ၍ စည်းရုံးခဲ့ ကြောင်း၊ စည်းရုံးရင်းအောင်မြင်သည့်အခါ ကလေးမများ က သူတို့စာချုပ်များ ကို မီးရှို့ပစ်ကြကြောင်း၊ မိန်းကလေးများ က သူတို့ဘယ်ဘဝက လာရသည်ဆိုသည့် သူတို့ဇာတ်လမ်းများ ကို ပြောပြကြ ကြောင်း၊ သူတို့ရှေ့မှာ ဘာလုပ်ချင်သလဲဆိုတာလည်း ပြောပြကြောင်း၊ မည် သည့် မိန်းကလေးကိုမှ အပြစ်ပေးခြင်း၊ အရေး ယူခြင်းမပြုကြောင်း၊ အသင့် ဖြစ်ပြီဆိုသည်နှင့် ပီကင်း(ပေကျင်း) မှာ ရှိသည့် ပြည့်တန်ဆာအိမ်တိုင်းကို တစ်ညတည်းနှင့် အားလုံးကို ပိတ်ပစ် ခဲ့ကြောင်း၊ မိန်းကလေးများ ကို အသင့်ပြင်ထားသည့် အဆောင်များ ကို ခေါ်သွားကာ ဆေးကုပေးကြောင်း၊ ပြည့်တန်ဆာ ခေါင်းများ က ဆေးကုသပေးကြောင်း၊ ပြည့်တန်ဆာခေါင်းများ ၌ အဆွယ်အများ စုမှာ ထွက်ပြေးကြကြောင်း၊ ရှန်ဟိုင်း၊ဟောင်ကောင်သို့ ထွက်ပြေးကြကြောင်း၊ ပုန်းနေသူများ ကို လိုက်လံရှာဖွေကာ ဆေးကုပေးကြောင်း၊ ပီကင်းနှင့် တီယန်မင်တွင် ပြည့်တန်ဆာ ၇၀၀၀၀ ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းသည် ကာလသား ရောဂါ ရနေသည့် မိန်းကလေးများ ကြောင့် ပင်နယ်ဆလင်နှင့် ပင် ကုရကြောင်း၊တစ်ဦးကို ယူနစ် ၁၀ သန်း၊ ၁၅ သန်းကုခဲ့ကြောင်း၊ ပြည့်တန်ဆာအချို့သည် သူတို့ရပ်ရွာပြန်သွားကြကြောင်း၊ တချို့စက်ရုံများ မှာ ဝင်လုပ်ကြကြောင်း၊ တချို့ ငယ်ရွယ်သူများ မှာ မူလတန်းကျောင်းများ တွင် စာပြန်သင်စေကြောင်း၊ ပညာအရည်အချင်း ရှိသူများ ကို ဆေးဘက်ဌာနတွင် အကူအ ဖြစ်ခေါ်ထားကြောင်း၊ သူတို့အထဲမှ ဓာတ်ခွဲခန်းနှင့် သုတေသနဌာနတွင် အဖော်ရသော အလုပ်သမားကောင်းတွေ လည်း အများ ကြီးထွက်ခဲ့ကြောင်း၊ သူတို့ကို ဘယ်သူကမှ အတိတ်ကိုပြန်မလှန်ခဲ့ကြောင်း၊ ခွဲခြားခြင်းလည်းမပြုကြောင်း၊ အိမ် ထောင်ကျသွားသူများ လည်း အများ ကြီးရှိကြောင်း၊ ပေကျင်း၊ တီယန်မင်၊ ရှန်ဟဲ၊ ဟန်ကာကွမ်းတုံနှင့် အခြားမြို့ ၂၄ မြို့တွင် တစ်ပုံစံတည်းတိုက်ဖျက်ကြောင်း၊ ဆေးကုသရေး ဘက်မှာ လက်ထောက်များ ကို ကာလသား ရောဂါ ဟူ၍ စမ်းသပ်ဦးဆောင်စေသည့် နည်းများ နှင့် ဂနိုရီးယားနှင့် ဆစ်ဖလစ်ကာလသား ရောဂါ များ မည် သို့ ကုသရမည် ကို သင်ကြားပေးခဲ့ ကြောင်း၊ ၂ နှစ် အတွင်း တရုတ်ပြည်၏ မြို့ပြများ တွင် ရောဂါ ကင်းစင်၍ သွားခဲ့ကြောင်း၊ မြို့ကြီးများ ပြီးစီး သော အခါ တောမြို့များ သို့ ဆင်းကြောင်း၊ တောမြို့များ ပြီးသည့်အခါ တစ်နိုင်ငံလုံးကင်းစင် အောင် တိုက်ယူခဲ့ကြောင်းများ ဖတ်ရှုခဲ့ဖူးသည်။

ထိုကာလများ က တရုတ်ပြည်တွင် အိမ်ထောင်မပြုမီ ကျား/မ လိင်ကျူးလွန်မှု နည်းပါးပြီး လူ့အဆောက်အအုံကလည်း လက်မခံကြောင်း၊ သည်ဘက်ကာလတွင် လူတိုင်းအိမ်ထောင်ပြုလာ ကြကြောင်း၊ ကူလီများ သည်ပင် သားနှင့် မယားနှင့် ဖြစ်ကုန်ကြောင်း၊ ကူလီလယ်သမား၊ ဆင်းရဲသားတို့မှာ မယားလိုချင်သော်ငြားလည်း မတတ်နိုင်ခဲ့ကြရှာ၍ ၁၀ မိနစ်တာအပျော်အပါး အတွက် ရက်သတ္တပတ်ပေါင်းများ စွာ ပိုက်ဆံစုဆောင်းကာ ကြံစည်ကြိုးပမ်းရကြကြောင်း၊ ကာသလား ရောဂါ ပပျောက်ရေး ကို တိုက်ပွဲဝင်ဆဲမှာ ပင် ကျန်းမာရေး ဝန်ကြီးဌာနကလည်း လူထုကျန်းမာရေး လုပ်ငန်းကို ဖိလုပ်ကြကြောင်း၊ တရုတ်ပြည်တွင် နန်တူဒေသသည် ကာလသား ရောဂါ ကင်းစင်သည့် ပထမဆုံးခရိုင် ဖြစ်ကြောင်း၊ ရက်ပေါင်း ၄၀ နှင့် အောင်မြင်ခဲ့ကြောင်းများ ဖတ်ရှုခဲ့ရတာ အမှတ်ရနေမိပါသည်။

၁၉၅၇ ခုနှစ် ခန့်က တိဘက်တွင် ဒလိုင်းလားမားသည် ကာလသား ရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း၊ကုသခြင်းကို ဘာသာရေး အရ ခွင့်မပြုနိုင်ဟု ကန့်ကွက်ဆန့်ကျင်ခဲ့ဖူးကြောင်း၊ ဒလိုင်းလားမားသည် သူတို့ဆီတွင် ကာလသား ရောဂါ မရှိဟုဆိုသော်လည်း တိဘက်တွင် ဆစ် ဖလစ် ရောဂါ သည် ပျံ့နှံ့နေခဲ့ကြောင်း ဖတ်ရှုရဖူးသည်။

ဒီကနေ့ကာလတွင် တရုတ်ပြည်ကြီးသည် တံခါးဟင်းလင်းဖွင့်ထားပြီ ဖြစ်ရာ ရေချိုးခန်းထဲ တွင် အသင့်ဆောင်ထားသော ကွန်ဒုံးက ရောဂါ ဆိုးများ ကို ဘယ်လိုတားဆီးနိုင်မည် နည်းဟု စဉ်းစားနေ ဖြစ်ခဲ့သည်။

ကျွန်တော် ကသာလျှင် တံခါးဟင်းလင်းဖွင့်ထားသော တရုတ်ပြည်သစ်နှင့် ပတ်သက်၍ မဆီမဆိုင် စိတ်ပူသော်ငြားလည်း တရုတ်ပြည်သစ်သည် မကြာမြင့်မီမှာ ပင် အိုလံပစ်ပွဲတော် ကြီးကို ကျင်းပဖို့ရာ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ တကယ်တော့ အိုလံပစ်ပွဲတော် ကြီးကို လက်ခံကျင်းပ ဖို့ရာအခွင့်အရေး ဆိုသည်က ရွှေအခွင့်အရေး ဖြစ်သည်။ နိုင်ငံတိုင်း နိုင်ငံတိုင်းက တမ်းတမ်းဆွတ် ဆွတ် လိုလားကြသော ရွှေအိပ်မက် ဖြစ်သည်။ သည်ရွှေအိပ်မက်ကို တရုတ်ပြည်သစ်က လက်ခံ ရရှိခဲ့ခြင်းမှာ ကမ္ဘာက တရုတ်အနေအထားကိုတွက်ဆနိုင်၍ ကျင်းပခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ တကယ် တော့ ကျွန်တော် စိုးရိမ်သည့် ကွန်ဒုံကိစ္စဆိုသည်က ဘာမှမပြောပလောက်သော ကိစ္စ ဖြစ် ပေလိမ့်မည် ။

တရုတ်ပြည်သစ်ကြီးကို ထူထောင်ခဲ့သည့်ဥက္ကဌမော်နှင့် ကွန်မြူနစ်ပါတီ၏ မှန်ကန်သော ဦးဆောင်မှု အောက်က သည်ကနေ့တွင် အောင်မြင်မှု တွေ ရရှိနေခြင်း ဖြစ်မည် ။ မော်စီတုန်းက နိုင်ငံ ရေး သည် သွေးမထွက်သည့်စစ်ပွဲ ဖြစ်၍ စစ်သည် သွေးထွက်သည့်နိုင်ငံရေး ဖြစ်တယ်ဟုလည်း သုံသပ်ခဲ့ဖူးသူ ဖြစ်သည်။ ယနေ့တရုတ်ပြည်သစ်သည် သွေးမထွက်သည့်စစ်ပွဲကို ဆင်နွှဲနေခြင်း ဖြစ် သည်။ မကြာမီကျင်းပမည့်  ပေကျင်းအိုလံပစ်ပွဲတော် သည် သွေးမထွက်သည့် စစ်ပွဲကိုဆင်နွှဲခြင်းပဲ ဖြစ်သည်။ ကမ္ဘာကြီးကို သူတို့၏ ပါဝါကို ချပြလိုက်ခြင်းပဲ ဖြစ်သည်။

ကျွန်တော် သည် တိတ်ဆိတ်ငြိမ်သက်နေသော လမင်းကြီးကို ငေးမောကြည့်ရင်း ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပွဲတော် ကို မြင်ယောင်လို့လာသည်။ ကမ္ဘာကလည်း ပေကျင်းအိုလံပစ်ပွဲ တော် ကို တရုတ်တို့ဘယ်လိုပုံဖော်နေမည် ဆိုခြင်းကို စောင့်ကြည့်နေခြင်း ဖြစ်သည်။ ကျွန်တော် တို့၏ ချစ်ကြည်ရေး ခရီးစဉ်မှာ ပင် ပေကျင်းအိုလံပစ်ပွဲတော် ကြိုတင်ပြင်ဆင်မှု များ ကို လေ့လာရန်ဆိုသည် က ပါရှိပြီး ဖြစ်သည်။

မနက်ဖြန်ဆိုလျှင်ပဲ ကျွန်တော် တို့လေ့လာရေး ခရီးစဉ်က စတင်ခြေလှမ်းရတော့မည် ဖြစ် သည်။ မနက်ပိုင်းတွင် တရုတ်ကွမ်မင်းနေ့စဉ်သတင်းစာနှင့် နေ့လယ်ပိုင်းတွင် ဆင်ဟွာသတင်း ဌာနသို့ လည်းကောင်း၊ အိုလံပစ်အားကစားရုံတည်ဆောက်ရေး စီမံကိန်းသို့ လည်းကောင်း ခြေစင်္ကြာ ဖြန့်ရပေမည် ။ သည်ခရီးကို ကိုယ့်အစီအစဉ်နှင့် ကိုယ် ချီတက်ရမည် ဆိုပါက တရုတ်ကွမ်မင်း နေ့စဉ် သတင်းစာသို့ လည်းကောင်း၊ ဆင်ဟွာသတင်းဌာနသို့ လည်းကောင်း၊အိုလံပစ်အားကစားရုံ တည် ဆောက်ရေး စီမံကိန်းရုံးသို့ လည်းကောင်း အနားပင်သီနိုင်မည် မထင်။ တိန်အန်မင်(န်) ရင်ပြင်၊ ဖော် ဘစ်ဒင်းစီးတီး၊ ဂရိတ်ဝေါတို့ကို လေ့လာရေး ခရီးသွားလို့ရနိုင်ကောင်းသော်လည်း တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော် ဖူးမြော်ရေး ဆိုသည်ကလည်း ကိုယ်အစီအစဉ်နှင့် ကိုယ်ဆိုလျှင် ဘယ်လွယ်ပါ့မ လဲ။ ကျွန်တော် စိတ်ဝင်စားသည့် အစီအစဉ်ထဲတွင် ဗုဒ္ဓစွယ်တော် လည်း အရေး ကြီးသည်။ ရန်ကုန် သို့ တရုတ်ပြည်မှ စွယ်တော် ကြွလာစဉ်က လူမတိုးနိုင်၍ မဖူးလိုက်ရ။ ကိုယ့်တိုင်းပြည်သို့ ဗုဒ္ဓစွယ် တော် ရောက်လာပါလျက် ကိုယ်မဖူးလိုက်ရခြင်းမှာ မဖူးထိုက်၍ ပေပဲလား။ မပြောတတ်။

ကျွန်တော် ဖူးခွင့်မကြုံလိုက်ရသည်များ တွင် သာမညဆရာတော် ကြီးလည်း အပါအဝင် ဖြစ် သည်။ သာမညသို့ လူတွေ သွားရောက်ဖူးမြော်ကြနှင့် ကာလများ စွာ ကြာသည်အထိ ကျွန်တော် မဖူး ဖြစ်ခဲ့။သာမညဆရာတော် ကြီးထံ သွားရောက်ဖူးမြော်ဓာတ်ပုံရိုက်ကူးပူဇော်မည် ဟု စီစဉ်ပြီးချိန်မှာ မှ မရောက် ဖြစ်ခဲ့။ သာမညဆရာတော် ကြီးကို ဖူးခွင့်မကြုံလိုက်ရ။ ဆရာတော် ဘုရားကြီး ကံတော် ကုန် ပါမှ ရန်ကုန်အထွေထွေ ရောဂါ ကုဆေးရုံသစ်ကြီးတွင် ဖူးခွင့်ကြုံခဲ့ရချေသည်။ သို့ ဖြစ်ခြင်းကြောင့် တရုတ်ပြည်ခရီးစဉ်တွင် ဗုဒ္ဓစွယ်တော် မြတ်ကို ဖူးခွင့်မကြုံဘူးဆိုလျှင် ကျွန်တော့် ကံကြမ္မာသည် ခေ လွန်း၍ ဆိုရပေတော့မည် ။

ထိုညက မင်စုဟိုတယ်တွင် ဒေါ်လာ (၁၀၀) ပေးပြီး တန်နေအောင် လူးကာလိမ့်ကာ အိပ်လိုက်ရမည် ဖြစ်သော်ငြားလည်း အိပ်မပျော်ခဲ့။ T.V ကိုဖွင့်ကြည့်သော အခါ တရုတ်လိုတွေ က များ နေသည်။ တရုတ်ပြည်က T.V ဆိုတော့လည်း တရုတ်လိုတွေ များ တာ သဘာဝ ကျသည်။ အိပ် မပျော်သည်နှင့် T.V မှရုပ်ရှင်လိုင်းဖွင့်ကြည့်မည် ဟု စိတ်ကူးသော အခါ ရုပ်ရှင်လိုင်းများ က ပိုက်ဆံ ပေးရမည့် လိုင်းများ ဖြစ်နေသဖြင့် လှုပ်ပင်မလှုပ်ရဲတော့။ ထို့ကြောင့် အခန်းအပြင်သို့ ဒေသန္တရဗဟု သုတရှာမှီးရန် ဟိုဟိုဒီဒီ တောင်တောင်အီအီလျှောက်ကြည့်ဖို့ စိတ်ကူးရလိုက်သည်။ အောက်ထပ် မှာ ကော်ဖီဘားတစ်ခုရှိသည်ကို သတိထားကြည့်မိသည်။ ဘယ်လိုကော်ဖီများ လဲဟု စပ်စုသော အခါ မီးအမှော င်ချပြီး လူအချို့ထိုင်နေတာတွေ့ ရသည်။ ကျွန်တော် က ကော်ဖီသောက်ချင်သည်ဟု ဆိုသော အခါ ခေါင်းညိတ်ခေါင်းခါလုပ်ပြနေ၍ ကိုယ့်မှာ ခေါင်းကုတ်ကာ လှည့်ထွက်ခဲ့ရသည်။ ဆိုင် ပိတ်သွား၍ လည်း ဖြစ်နိုင်သည်။ သို့နှင့် ဒုတိယထပ်ကိုတက်ကြည့်ပြီး Business Center ကိုသွား သော အခါ 24 hour service ဟုဆိုပေမယ့် တံခါးပိတ်ဂျိတ်လို့နေသည်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းထင်ရဲ့ ။ စစ်စစ် ရန်ကုန်ကိုဖုန်းခေါ်ချင်၍ ပုံပို့ချင်၍ ဖြစ်သော်လည်း 24 hour service ကြီးက ဘယ်ရောက်နေသည်မသိ။

သို့ ဖြစ်ခြင်းကြောင့် Lobby ကိုပြန်ဆင်းရပြန်သည်။ Business Center ပိတ်ထားသလားဟု မေးလိုက်ရာ ခေါင်းတွေ ကုတ်ကုန်သဖြင့် ကိုယ်လည်းအလိုက်သိစွာ ပြန်လှည့်ခဲ့ရသည်။ ပြီးတော့ Reception ရှေ့ရပ်ပြီး ပိုက်ဆံလဲချင်လို့ပါဟုမေးသော အခါ Counter ပိတ်သွားပြီဟုဆိုသည်။ တကယ်တမ်းပြောရလျှင် ကျွန်တော့် အကြံက (၂) ထပ်တွင် ဖွင့်လှစ်ထားသော SPA ကိုလေ့လာလို ခြင်း ဖြစ်သည်။ ရောက်တုန်းရောက်ခိုက် ပေကျင်းမှ SPA ဆိုသည်များ က ဘာလဲဆိုတာလောက် တော့ ဗဟုသုတ ဖြစ်ဖွယ်သိသင့်သည်ဟု ထင်၍ ဖြစ်သည်။ ဒေသန္တရဗဟုသုတက ရှာမှီးလိုပါသည် ဆိုပါမှ အရေး ထဲပိုက်ဆံကလဲမရ။ ပိုက်ဆံလဲမရသော်လည်း ခပ်တည်တည်နဲ့တော့ဖြင့် ဝင်လေ့လာ မည် ဟုဆိုကာ ဝင်ကြည့်လိုက်တော့ “နိဟောင်” ဆိုသော ကြိုဆိုနှုတ်ခွန်းဆက်သံက လွင့်ပျံလာ သည်။ သူတို့စိတ်ထဲတွင် အိပ်မပျော်သည့် အချဉ်တစ်ကောင်တော့ မအူမလည်နှင့် ရောက်လာချေ ပြီး ကြိတ်တွေးနေသည်လား မပြောတတ်။ ကျွန်တော် က ရုပ်တည်နှင့် မှင်သေသေလုပ်ကာ ဈေးနှုန်းစနည်းနာကြည့်လိုက်ခြင်း ဖြစ်သည်။ ဈေးနှုန်းတွေ မေးလိုက်တော့ မျက်လုံးပြူးသွားသည်။ ရန်ကုန်မှဂရင်း(န်)မီးရထား၊ ဟိုတယ်နီကိုးလ်၊ အိုလံပစ်၊ ဆမ်းမစ်ပတ်ဗြူး၊ အိုလံပစ်၊ Excell ရွှေဂုံတိုင်လိဂ်ဗျူးတို့ကို မဆီမဆိုင် သတိရလိုက်သည်။ ကျွန်တော် စိတ်ဝင်စားသည်က ရိုးရိုးသား သားပြောရလျှင် Foot Massage ဖြစ်သည်။ Foot Massage ဈေးကပင်လျှင် ငွေဈေးနှင့် တွက် လိုက်သော အခါ ဘန်ကောက်ဈေးထက်ပိုများ နေသေးသဖြင့် ခေါင်းကုတ်ကာလှည့်ပြန်လာရာ အခန်းထဲခေါ်ချင်လည်းရတယ်ဟု ဆိုသဖြင့် မျက်လုံးပြူးသွားသည်။ ရင်လည်းနည်းနည်း ခုန်လို့ သွားသည်။ အခန်းထဲခေါ်ရင် ဘယ်လောက်လဲ။ Extra Charge ယူမှာ လားမေးတော့ မယူဘူးဟု ဆိုသည်။ သို့ သော် Body Massage မှရသည်ဟုဆိုသော အခါ အသာလေးလှည့်ပြန်လာခဲ့ရသည်။ ဒေါ်လာ (၁၀၀) တန်အခန်းမှာ ကိုယ် တစ်ယောက် တည်း Body Massage ခေါ်မည် ဆိုလျှင် မ ဖြစ် ချေဘူးဟု ကိုယ့်ကိုယ်ကိုယ်ဆုံးမက ဒေါသတွေ ကို အတောင့်လိုက်မြိုချကာ ကိုယ့်အခန်းကိုယ် ပြန်ခဲ့ရသည်။ ဓာတ်လှေကားထဲရောက်တော့ မင်စုဟိုတယ်လုံခြုံရေး ကင်မရာများ က ကျွန်တော့် ကို မျက်စိအတော် နောက်လောက်ပြီဟု တွေးမိလိုက်ချေသေးသည်။ အခန်းထဲရောက်တော့ မနက် (၂) နာရီထိုးနေချေပြီ။ အိပ်ရာထဲခေါင်းချလိုက်သည်။ မနက်ဆိုလျှင် ခရီးစဉ်က အများ သားလား။

ပေကျင်းစံတော် ချိန် မနက် (၆) နာရီမှာ ကျွန်တော် ရေမိုးချိုး၍ ဘရိတ်ဖတ်ဝင်စားလိုက် သည်။ ကျွန်တော့် အကျင့်က ဘယ်နိုင်ငံရောက်ရောက် မြန်မာစံတော် ချိန်ကို ဘယ်သော အခါမှ မရွှေ့ခြင်းပဲ ဖြစ်သည်။ အားလုံးက မြန်မာပြည်ကထွက်လာရင် နာရီတွေ ပြောင်းလေ့ရှိသော်လည်း ကျွန်တော် က နာရီကိုပင်မထိ။ ရန်ကုန်စံတော် ချိန်ကိုသိချင်၍ ဖြစ်သည်။ ဘရိတ်ဖတ်စ်စားရသော အခန်းမှာ စောလွန်း၍ ပဲလားမပြောတတ်။ သူသိပ်မရှိလှ။ အခန်းကကျယ်ကျယ် ဖြစ်သည်။ ပေကျင်း သူအရပ်ရှည်ရှည်လေးတွေ ကိုတွေ့ ရသည်။ ပေကျင်းသူများ ၏ မျက်နှာမှာ အပြုံးချိုမြမြနှင့် တွေ့ ရ သဖြင့် C.A လေယာဉ်ပေါ်မှာ လေယာဉ်မယ်မမများ ၏ ရုပ်တည်ကြီးများ ကို သတိရလိုက်သေး သည်။ ခဏနေတော့ ကျွန်တော် တို့အဖွဲ့တွေ ဟော တစ်ယောက် ဟော တစ်ယောက် ဆိုသလို ရောက်လို့လာကြသည်။ ကျွန်တော် တို့ Lobby မှာ ဆုံမည့် အချိန်ကို timming ပေးလိုက် ကြသည်။ ကျွန်တော် ကတော့ အခန်းပြန်စရာမလိုတော့။ ထွက်ပြီဟေ့ဆိုကတည်းက အားလုံးကအဆင်သင့် သယ်လာခဲ့ပြီး ဖြစ်သည်။ Lobby ရောက်တော့ ကျွန်တော် တို့၏ guide မစ္စတာလျူနှင့် ဆုံသည်။ မစ္စတာလျူကို ကျွန်တော် နှင့် ဆရာဦးဟိန်းလတ်တို့က အခန်းပေါင်းနေချင်သည်။ စရိတ်များ သည် ဟု ပြောသော အခါ သူခေါင်းကုတ်သွားသည်။ ကပ်စေးနှဲတဲ့မြန်မာကောင်တွေ ပဲဟု တွေးနေလျှင် လည်း ခံရပေလိမ့်မည် ။

တစ်ရက်ဒေါ်လာ (၁၀၀) ဆိုတာကြီးက အိပ်ရုံလေးအိပ်ရလျှင် မတန်ရေး ချမတန်။ တန် အောင်လုပ်လျှင်လည်း ထပ်ကုန်ရုံပဲရှိမည် မို့ အခန်းပေါင်းပေးဖို့ ပြောရခြင်း ဖြစ်သည်။ ကျွန်တော် တို့ ပြောလွန်း၍ မစ္စတာလျူက ကျွန်တော် တို့နှစ် ဦးကို အခန်းပေါင်းပေးဖို့ စီစဉ်ပေးသည်။ ထိုသော အခါ တစ်ညလုံးဖွထားသော ပစ္စည်းများ ကိုပြန်သိမ်းရင်း ဆရာဦးဟိန်းလတ်နှင့် အခန်းချင်းပေါင်းလိုက် ရသည်။ ဟူး…တော် ပါသေးရဲ့ ။ နို့မို့ဒေါ်လာ (၁၀၀) ကနောက်နှစ် ညခုန်ထွက်သွားမည် မဟုတ်ပါ လား။ ကျွန်တော် တို့ပစ္စည်းတွေ ရွှေ့ကြပြီး လူတွေ ပြန်စုတော့ ကိုယ့်အဖွဲ့တွေ ကပင် ကပ်စေးနှဲရန် ကောဟု ပြောချင်ပုံရသည်။ မတတ်နိုင်။ ကိုယ့်ဝမ်းနာကိုယ်သာသိသည်။

ထိုနေ့ ကျွန်တော် တို့ပထမဆုံးသွားရောက်လေ့လာကြသည်က ကွမ်မင်နေ့စဉ်သတင်းစာ တိုက် ဖြစ်သည်။ ကွမ်မင်နေ့စဉ်သတင်းစာသည် တရုတ်ဘာသာဖြင့် ထုတ်ဝေခြင်း ဖြစ်ပြီး ဒုတိယ အကြီးဆုံးသတင်းစာဟုဆိုသည်။ သတင်းစာတိုက်တာဝန်ရှိသူညွှန်ကြားရေး မှူး ဖန်ဇန်ရှင်၊ အယ်ဒီ တာချုပ် ဟိရှိန်ပင်၊ သတင်းထောက်ချုပ် ဟိနွန်တို့က ကြိုဆိုကြသည်။ ကွမ်မင်နေ့စဉ်သည် တရုတ် ပြည်သူ့နေ့စဉ်၏ ဒုတိယနေရာကကပ်လိုက်လျက်ရှိပြီး စောင်ရေတစ်သန်းရှိသည်ဆိုသော အခါ ကိုယ်သည်ပင်လျှင် ကြုံ့ဝင်သွားလေသလားမပြောတတ်။

ကွမ်မင်နေ့စဉ်သတင်းစာတိုက်သည် ပညာတတ်လူတန်းစားအလွှာကို ဦးတည်သည်ဟု လည်း သိရပြီး ကိုယ်ပွားသတင်းစာတိုက်(၁၆) တိုက်ရှိသည်ဟုဆိုသော အခါ…။

x x x


ဝန်ဇင်းချစ်သူများ မြတ်ခိုင် ၏ “ မြန်မာ - တရုတ် သတင်းလမ်းခင်းခဲ့ပြီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သခင်အောင်ကြီး

လျှပ်တစ်ပြက် အယုဒ္ဓယ

ဦးနေ၀င်း၏ သေရွာပြန်မြေးများ