Cover

နိုင်ငံတော် သမ္မတဟောင်းဦးနေဝင်းနှင့်

သူ၏ သမိုင်းဝင်ဓာတ်ပုံများ

Cover

Cover

Cover

Cover

Cover

Cover

Cover

Cover

Cover

Cover

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဇနီးတို့တည်ခင်းသော ဧည့်ခံပွဲသို့ကြွရောက်လာသော ယူဂိုဆလပ်သမ္မတကြီးမာရှယ်တီးတိုးနှင့် မြန်မာသမ္မတကြီး မန်းဝင်းမောင်။ ဗိုလ်ချုပ်ကြီးဇနီးမောင်နှံဘေးမှဧည့်သည်များ ကို ကြိုနေသူမှာ တရားဝန်ကြီးချုပ်ဦးမြင့်သိန်း ဖြစ်သည်။

Cover

ထိုင်းမိဖုရားကြီးနှင့် ဆုတောင်းပတ္ထနာပြုနေသော ဗိုလ်ချုပ်ကြီးနေဝင်း

Cover

ထိုင်းဘုရင်မင်းမြတ်နှင့် ညစာအတူ သုံးဆောင်နေသော ဒေါ်ခင်မေသန်း

Cover

ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော အိမ်စောင့်အစိုးရဝန်ကြီးများ ကို သမ္မတမန်းဝင်းမောင်နှင့် အတူတွေ့ ရပုံ။

Cover

တရုတ်ပြည်သို့ အလည်ရောက်လာသော ဦးနေဝင်းတို့ဇနီးမောင်နှံအား ဝန်ကြီးချုပ် ချူအင်လိုင်းက ကြိုဆိုနေစဉ်၊(ဒေါ်ခင်မေသန်း၏ နောက်နားတွင် ဒုကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီးကို တွေ့ နိုင်သည်)

Cover

ဂျပန်မိတ်ဆွေများ နှင့် အတူ တွေ့ ရသော ဦးနေဝင်းနှင့် ဒေါ်ခင်မေသန်း

Cover

မာရှယ်ချင်းယီနှင့် အတူ စက်ရုံများ သို့ ကြည့်ရှုနေသော ဗိုလ်ချုပ်ကြီးနေဝင်း

Cover

မာရှယ်ချင်းယီတို့ ဇနီးမောင်နှံနှင့် အတူတွေ့ ရသော ဦးနေဝင်းနှင့် ဒေါ်ခင်မေသန်း

Cover

ထိုင်းဘုရင်မင်းမြတ်၊ မိဖုရား၊ ရင်သွေးတော် များ နှင့် တွေ့ ရသော ဦးနေဝင်း(ထိုင်းဘုရင်မင်းမြတ်သည် မြန်မာနိုင်ငံမှပေးအပ်သော အမြင့်ဆုံးအဆောင် အယောင် အဂ္ဂမဟာသီရီသုဓမ္မ ရွှေစလွယ်ကိုဝတ်ဆင်ထားသလို မြန်မာသမ္မတသည်ထိုင်းနိုင်ငံမှ ပေးအပ်သော အမြင့်ဆုံးတော် ဝင်ဘွဲ့တံဆိပ်တော် ဆင် ဖြူရတနာရွှေစလွယ်နှင့် လည်ဆွဲတော် ကိုဆင်မြန်းကာနှစ် နိုင်ငံချစ်ကြည်ရေး သင်္ကေတကိုဆောင်ထားကြသည်)

Cover

ဦးနေဝင်းကို သမ္မတကြီး ဦးစန်းယု၊ ဗိုလ်မှူးချုပ်တင်ဦးတို့နှင့် အတူ တွေ့ ရစဉ်

Cover

အိမ်ဖြူတော် မြက်ခင်းပြင်တွင် အမေရိကန်နှင့် မြန်မာနှစ် နိုင်ငံခေါင်းဆောင်များ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်

Cover

အမေရိကန် သမ္မတကြီးဂျွန်ဆင်နှင့် အိမ်ဖြူတော် နှင်းဆီခြံတွင် လမ်းလျှောက်ရင်းဆွေးနွေးတိုင်ပင်နေသော ဦးနေဝင်း

Cover

မြန်မာနိုင်ငံတော် လှန်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီချုပ်အား အမေရိကန်သမ္မတကအိမ်ဖြူတော် မြက်ခင်းပြင်တွင် ကြိုဆိုနှုတ် ခွန်းဆက်နေပုံ(ဒေါ်ခင်မေသန်း၏ နောက်တွင် တွေ့ ရသူမှာ ဒုကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်မှူးချုပ်သော င်းဒန် ဖြစ်သည်)

Cover

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း၏ အမေရိကန်ချစ်ကြည်ရေး ခရီးစဉ်တွင် ဒေါ်ခင်မေသန်းအားသမ္မတကြီးဂျွန်ဆင်၏ ဇနီး ကိုယ်တိုင်က ပန်းစည်းလက်ဆောင်ကမ်းလင့်ကာ ကြိုဆိုနေပုံ

Cover

အမေရိကန်သမ္မတဇနီးမောင်နှံနှင့် အတူ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခံနေသော ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဒေါ်ခင်မေသန်း(နောက်တွင် တွေ့ ရသူမှာ သူရဦးတင်ဦး ငယ်စဉ်က ပုံ ဖြစ်သည်။

Cover

ဗြိတိသျှ ဘုရင်မကြီး၏ ညီမတော် မြန်မာ့ရှု့ခင်းတို့ကို မြတ်နိုးချစ်ခင်သူ အဲလစ်ဇန္ဒြားမင်းသမီးနှင့် အတူရှမ်းပြည်နယ်သို့ခရီးထွက်လာသော ဗိုလ်ချုပ်ကြီးနေဝင်း

Cover

Cover

Cover

Cover

Cover

ဝိပဿနာတရားဆွေးနွေးဖော် စင်ကာပူ အမျိုးသားခေါင်းဆောင်ကြီး လီယွမ်ယူးနှင့် ဦးနေဝင်း

Cover

ဦးနေဝင်းကို ဗိုလ်ချုပ်ကြီးသူရကျော်ထင်နှင့် အတူ ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် မိတ်ဆွေတစ်ဦးနှင့် တွေ့ ရစဉ်။နောက်တွင် လုံခြုံရေး ဆောင်ရွက် နေသော ဗိုလ်မှုးကြီးခင်ညွန့်ကိုတွေ့ နိုင်သည်။

Cover

Cover

ရဲဘော်သုံးကျိပ်ဝင် သမ္မတဦးနေဝင်းနှင့် သမီးဗိုလ်ခင်စန္ဒာဝင်းတို့က အိမ်တော် တွင် အခြားရဲဘော်သုံးကျိပ်မိသားစုများ အား ညစာဖြင့် မတည်ခင်းမီ စကားလက်ဆုံကျနေပုံ

Cover

ရဲဘော်သုံးကျိပ်ဝင် သမ္မတဦးနေဝင်းနှင့် သမီးဗိုလ်ခင်စန္ဒာဝင်းတို့က အိမ်တော် တွင် အခြားရဲဘော်သုံးကျိပ်မိသားစုများ အား ညစာဖြင့် မတည်ခင်းမီ စကားလက်ဆုံကျနေပုံ

Cover

ကြည်း ၉၁၇၉ ဗိုလ်ကြီးစောချမ်း (ကျဆုံး)အတွက် ဇနီး ဖြစ်သူ ဒေါ်နန်းပရီအား သီဟသူရဘွဲ့ချီးမြှင့်ခဲ့စဉ်

Cover

ကြည်း ၆၉၅၈ ဗိုလ်ကြီးကျင်စံ (ကျဆုံး)အတွက် မိခင်ကြီး ဒေါ်တင်မြိုင်အား သူရဘွဲ့ချီးမြှင့်ခဲ့စဉ်

Cover

တပ်မတော် သန္ဓေတည်ပေါက်ပွားရေး ကူညီပေးခဲ့သော ကွယ်လွန်သူ ဗိုလ်မိုးကြိုး၏ ဇနီးမစ္စစ်ဆူဇူကီးအားအောင်ဆန်းတံခွန်ဘွဲ့ချီးမြှင့်စဉ်

Cover

ကိုယ်ပိုင်အမှတ် ၄ဝ၅၂၄ တပ်သားမောင်ဟိန်း (ကျဆုံး)အတွက် ၄င်း၏ ဇနီးဒေါ်နန်းကျင်အား သူရဘွဲ့ချီးမြှင့်ခဲ့စဉ်

Cover

ကြည်း ၁ဝ၁၄၃ ဗိုလ်အောင်ကြိုင် (ကျဆုံး)အတွက် မိခင်ကြီး ဒေါ်ကျင်နုအား သူရဘွဲ့ချီးမြှင့်ခဲ့စဉ်

Cover

ကိုယ်ပိုင်အမှတ် လ/ ၅၇၉၇၈ ရဲအုပ်စိန်ဝင်း(ကျဆုံး)အတွက် ဖခင်ကြီး ဦးထွန်းအောင်အား သီဟသူရဘွဲ့ချီးမြှင့်စဉ်

Cover

ပင်လုံစာချုပ် ပေါ်ပေါက်ရေး ကမကထပြုပေးခဲ့သူ ဗြိတိသျှ ဘုရင်မ၏ အတိုင်ပင်ခံကောင်စီဝင် လွှတ်တော် အမတ်ဆာအာသာဂျော့ဘော်တွမ်လေအား အောင်ဆန်းတံခွန်ဘွဲ့ ချီးမြှင့်ခဲ့စဉ်

Cover

ဦးနေဝင်းနှင့် ဗိုလ်ချုပ်ကြီးသူရကျော်ထင်တို့နှင့် လုံခြုံရေး ဆောင်ရွက်ပေးနေသော ဗိုလ်မှူးကြီးခင်ညွန့်

Cover

ဝဲမှယာ - ဒေါက်တာမောင်မောင်၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊ ဦးမောင်မောင်ခ၊ ဦးစန်းယု၊ ဦးနေဝင်း၊ဦးသော င်းကြည်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးကို၊ ဦးရဲခေါင်၊ ဦးစိန်လွင်၊ သူရဦးစောဖြူ၊ ဦးချစ်လှိုင် (၃၊၈၊၈၁ -ဗဟိုနိုင်ငံရေး တက္ကသိုလ်)

Cover

ဝဲမှယာ - ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊ ဦးမောင်မောင်ခ၊ ဦးစန်းယု၊ ဦးနေဝင်း၊ ဦးသော င်းကြည်၊ဒုတိယဗိုလ်ချုပ်ကြီးအေးကို(၃၊၈၊၈၁-ဗဟိုနိုင်ငံရေး တက္ကသိုလ်)

Cover

၁၉၈၁ ဖေဖော်ဝါရီ ၆ ရက်က သက်ရှိထင်ရှား ရဲဘော်သုံးကျိပ်ဝင်များ အား အေဒီလမ်းအိမ် မြက်ခင်းပြင်တွင် ဂုဏ်ပြုမိတ်ဆုံစားပွဲ၌ တွေ့ ရစဉ်။(နောက်တန်း ဝဲမှယာ) ဗိုလ်တောက်ထိန်၊ ဗိုလ်ရန်နိုင်၊ ဗိုလ်နေဝင်း၊ ဗိုလ်အောင်၊ဗိုလ်မင်းခေါင်၊ ဗိုလ်ဗလ၊ ဗိုလ်ဖုန်းမြင့်။ (ရှေ့တန်း ဝဲမှယာ) ဗိုလ်မင်းရောင် ၊ ဗိုလ်ဇင်ယော်၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်တာရာ။ဖော်ပြပါဓာတ်ပုံရိုက်ခဲ့သော အိမ်တွင် ဦးနေဝင်း ခေါင်းချသွားခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးလက်ကျန် ရဲဘော်သုံးကျိပ် ဝင်ဗိုလ်ရဲထွဋ်သည် ၂ဝ၁၃ နိုဝင်ဘာ (၂၇)ရက်တွင် ကွယ်လွန်သွားရှာလေသည်

•••


နိုင်ငံတော် သမ္မတဟောင်းဦးနေဝင်းနှင့်

သူ၏ မြေးများ

Cover

ဦးနေဝင်းမိသားစု

Cover

ဦးနေဝင်းနှင့် သမီး ဖြစ်သူဒေါက်တာဒေါ်ခင်စန္ဒာဝင်း

Cover

Cover

ဦးအေးနေဝင်း၊ ဦးအေးဇော်ဝင်း၊ ဦးဇွဲနေဝင်း၊ ဦးကျော်နေဝင်းနှင့် ဒေါက်တာဒေါ်ခင်စန္ဒာဝင်း

Cover

ဦးနေဝင်းမြေးများ

Cover

ဦးနေဝင်းမြေးများ

Cover

Cover

ဦးနေဝင်းမြေးများ

Cover

ဦးနေဝင်းမြေးများ

Cover

ဦးအေးဇော်ဝင်း၊ ဒေါက်တာဒေါ်ခင်စန္ဒာဝင်းမိသားစု

Cover

Cover

ဦးနေဝင်းကို မြေးများ ရှင်ပြုတွင် ကိုယ်တိုင်ဆွမ်းကပ်နေပုံအား တွေ့ မြင်ရသည်

Cover

Cover

Cover

မြေးကိုရင်လေးများ ကို ဆွမ်းကပ်နေသည့် ဦးနေဝင်း

Cover

ဗိုလ်မှူးကြီးခင်ညွန့်၊ ဗိုလ်မှူးကြီးကျော်ဝင်း(မိသားစုသမားတော် )တို့နှင့် တွေ့ ရသော ဇွဲနေဝင်း

Cover

အေးနေဝင်းနှင့် ကျော်နေဝင်းတို့ စစ်သားလုပ်တမ်းကစားစဉ်

Cover

ရာထူးတာဝန်များ မှ အနားယူပြီးနောက်ပိုင်း မြေးများ နှင့် အတူ ဆွေမျိုးမင်္ဂလာဆောင်တစ်ခုသို့ တက်ရောက်လာသော ဦးနေဝင်း

Cover

Cover

ညနေစောင်းတွင် မြေးများ နှင့် အတူကစားလေ့ရှိသော ဦးနေဝင်း

Cover

ညနေစောင်းတွင် မြေးများ နှင့် အတူကစားလေ့ရှိသော ဦးနေဝင်း

Cover

နိုင်ငံခြားဆေးကုသွားရာမှ ပြန်လာသော ဦးနေဝင်းအား ကြိုဆိုနေသော တပ်မတော် အရာရှိကြီးများ (ဝဲမှယာ -တပ်မတော် ထောက်လှမ်းရေး မှုးချုပ်၊ ရန်ကုန်တိုင်းမှူး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)

Cover

ဗိုလ်ချုပ်ကြီးချတ်ချိုင်းချူနာဝန် (ထိုင်းဝန်ကြီးချုပ်) နှင့် နှုတ်ဆက်နေသော ဒေါက်တာခင်စန္ဒာဝင်းတို့ သားအမိ

Cover

မိသားစု လက်ဖက်ရည်ဝိုင်း (ဝဲမှယာ- ဦးနေဝင်း၊ ဒေါက်တာခင်စန္ဒာဝင်း၊ ဦးဖြိုးဝေဝင်း၊ အေးနေဝင်း၊ဒေါက်တာကြေးမုံဝင်း၊ ဦးအေးဇော်ဝင်း)

Cover

ကျော်နေဝင်း၊ ဇွဲနေဝင်းနှင့် အေးနေဝင်းတို့ ငယ်စဉ်ကတောင်ကြီးမြို့တစ်နေရာတွင် ဗိုလ်ချုပ်ကြီးမောင်အေး၏ သက်တော် စောင့်များ နှင့် အတူ တွေ့ ရစဉ်

Cover

အေဒီလမ်းသို့ အလည်အပတ်ရောက်ရှိလာသော ဆိုဗီယက်ခေါင်ဆောင်ကြီး ခရူးရှော့ဖ်ကိုဗိုလ်ချုပ်ကြီးနေဝင်းနှင့် မိသားစုက ကြိုဆိုဧည့်ခံခဲ့ပုံ။ (သားငယ်ကိုဖြိုးနှင့် နှုတ်ဆက်စကားဆိုနေသူမှာ (နောင်ဆိုဗီယက်ဥသျှောင်သဘာပတိအဖွဲ့ဥက္ကဋ္ဌကြီး ဖြစ်လာမည့် ) နိုင်ငံခြားရေး ဝန်ကြီး ဂရိုမီကို ဖြစ်သည်။

Cover

စတတ် နောက်တတ်သော သူတို့သားအဖ

Cover

ညစာစားပွဲတစ်ခုတွင် အမှတ်တရ ဓာတ်ပုံရိုက်စဉ် (နောက်တန်း ဝဲမှယာ - ကျော်နေဝင်း၊ ဇွဲနေဝင်း၊ ဦးအေဇော်ဝင်း၊ဒေါက်တာခင်စန္ဒာဝင်း၊ အေးနေဝင်း။ ရှေ့တန်း ဝဲမှယာ- ဒေါ်စိုးစိုး(ဘဏ်ဥက္ကဋ္ဌဦးစံလင်းဇနီး) ဒေါ်မြင့်မြင့်ကြီး(ဦးအေးဇော်ဝင်းတို့ မိခင်)

Cover

တပ်မတော် နေ့ အထိမ်းအမှတ်မိသားစုအလှူတွင် စစ်သည်အိမ်ထောင်စုဝင်တစ်ဦးအား နှုတ်ဆက်နေသော အေးနေဝင်း

Cover

ထမင်းစားပြီးလျှင် ချက်ပြုတ်၊ စားပွဲထိုးပေးသော ဝန်ထမ်းများ ကို ခေါ်ယူနှုတ်ဆက်ကာကျေးဇူးတင်ကြောင်းပြောလေ့ရှိသည့်ဦးနေဝင်း

Cover

ဦးနေဝင်းအား မြေးများ နှင့် တွေ့ ရစဉ်

Cover

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိလာသော စင်ကာပူဝန်ကြီးချုပ် ဂိုချောက်တောင်နှင့် တာဝန်မှအနားယူနေသော ဦးနေဝင်းတွေ့ ဆုံနှုတ် ဆက်စဉ်

Cover

အေးနေဝင်းကို သံအမတ်ကြီး(နောင် နိုင်ငံခြားရေး ဝန်ကြီး) ဦးဝင်းအောင်၊ ဇနီးဒေါ်စံယုံတို့နှင့် အတူလန်ဒန်မြို့ဓနသဟာယခန်းမတွင် တွေ့ ရပုံ

Cover

မကြေး၊ ကိုဖြိုးနှင့် မစန္ဒာတို့ကို ၁၉၇ဝ ပြည့်လွန်နှစ် များ က တွေ့ ရပုံ

Cover

လမ်းလျှောက်တတ်စ မစန္ဒာလေးကို ဖခင်ဗိုလ်ချုပ်နေဝင်းနှင့် တွေ့ ရပုံ

Cover

ရွှေတိဂုံစေတီတော် ထီးတော် တင်ပွဲတွင် အဖွားလေးဒေါ်ဓမ္မေသီနှင့် တွေ့ ရသော ဒေါက်တာခင်စန္ဒာဝင်း

Cover

တိုင်းရင်းသူလေးများ နှင့် ညစာမစားမီအိမ်တော် မြက်ခင်းပြင်တွင် တွေ့ ရသော မစန္ဒာဝင်း

Cover

ဦးနေဝင်း၏ သမီး ဖြစ်သူ ဒေါက်တာဒေါ်ခင်စန္ဒာဝင်း

Cover

ဒေါက်တာခင်စန္ဒာဝင်းကို ဗိုလ်ချုပ်ကြီးသူရကျော်ထင်ဇနီးဒေါ်ခင်ဝင်းမြင့်နှင့် အတူတွေ့ ရစဉ်

Cover

Cover

ရွှေတိဂုံစေတီသို့ သွားရောက်ဖူးမျှော်ခဲ့ကြသည့် မိသားစု

Cover

ရွှေတိဂုံအောင်မြေတွင် မိသားစုကိုတွေ့ မြင်ရစဉ်

Cover

Cover

Cover

•••


ထုတ်ဝေသူ အမှာ စာ

ကျွန်တော် တို့ မျိုးဆက်သည် တစ်ဖက်တည်းသော စကားများ ကိုသာ ကြားနာခဲ့ကြရသည်။ တခြားတစ်ဖက်မှ ပြောခွင့်ဆိုခွင့်ကို သိခွင့်ကြားခွင့်မရှိသည့် ၊ ကြားသိရန်ကြိုးစားခွင့်မရှိသည့် ကာလရှည်ကြီးတစ်ခုကို ဖြတ်သန်းခဲ့ကြ ရပါသည်။ ရလဒ်အ ဖြစ် မိမိကြားနာခဲ့ကြရသည်များ ကို အမှန်တရားအ ဖြစ် လက်ကိုင်ပြုကာ အကြောင်းအရာတစ်ခု ပေါ်တွင် ဇွတ်မှိတ်ထောက်ခံခဲ့ကြသလို မျက်စိမှိတ်ပြီးလည်း ကန့်ကွက်ခဲ့ကြဖူးပါသည်။ မြန်မာ့စာပေလောကတွင် ဆန့်ကျင်ဘက်အမြင်တို့ကို ဖတ်ရှုကြားနာခွင့်ရသည့်ကာလသည် ဘာမှ ကြာလှသေးသည်တော့မဟုတ်ပါ။ ဘက်ပေါင်းစုံမှ အမြင်ကို သိမြင်ကြားခွင့်ရရှိခြင်းဖြင့် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းနှင့် ငြင်းပယ်ခြင်း၊ လက်ခံခြင်းတို့သည် ပို၍ အဓိပ္ပာယ်ရှိလာမည် ဟု ထင်မြင်မိပါသည်။ ယခုစာအုပ်သည်လည်း ယင်းကဲ့သို့ သော အဓိပ္ပာယ် ပိုမိုရှိလာစေရန် ရည်ရွယ်ကာ စုစည်းထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။

ခင်မင်လေးစားလျက်

စိုးမင်းနိုင်

(Momentum Book Publishing)

•••


သတင်းစာရှင်းလင်းပွဲမှမှတ်တမ်းဓာတ်ပုံများ

Cover

Cover

နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ သည်ရက်ပိုင်းထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်က အားလုံးကို Heart ထိသွားစေတယ်လို့ ဆိုနိုင်တယ်။ နိုင်ငံတော် သမ္မတကြီးရဲ့ လုပ်ပိုင်ခွင့်နဲ့ နိုင်ငံရေး အကျဉ်းသားတော် တော် များများ ကို လွှတ်ပေးလိုက် တဲ့အပေါ်မှာ အားလုံးက ကောင်းချီးပေးကြတယ်။ တချို့များ ပြည်ပသံရုံးတွေ အထိသွားပြီး သမ္မတကြီးကို ထောက်ခံကြောင်း စာတစ်တန် ပေတစ်တန် ပို့ကြတဲ့အထိ သမ္မတကြီးအပေါ်ကောင်းချီးပေးခဲ့ကြတယ်။ တချို့များ ပြည်သူ့သမ္မတဆိုတာမျိုးတွေ အထိ ဂုဏ်တင်ပြောဆိုမှု တွေ ရှိခဲ့ကြတယ်။သမ္မတကြီးက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးလိုက် ရုံတင်မကဘဲ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေး အရာရှိကြီးတွေ ကိုပါ လွှတ်ပေးလိုက် တယ်။ ဒါ့အပြင် အာဏာသိမ်းဖို့ကြံစည်မှု ၊ တပ်မတော် ကိုသွေးကွဲအောင်ကြံစည်မှု နဲ့ ထောင်သွင်းအကျဉ်းချခံထားရတဲ့ သမ္မတကြီးဟောင်း ဦးနေဝင်းရဲ့ သမက် ဦးအေးဇော်ဝင်းနဲ့ မြေး ဖြစ်သူ ကိုဇွဲနေဝင်းတို့ကိုလည်း ထောင်ထဲကနေ ထုတ်ပေးလိုက် တယ်။ အဲသည့်အပေါ်မှာ လည်း အားလုံးကတအံ့တသြတွေ ဖြစ်ကြတယ်။ ကျွန်တော် တို့လည်း အံ့သြခဲ့ရတယ်။ ဦးအေးဇော်ဝင်းနဲ့ ကိုဇွဲနေဝင်းတို့အမှု ဆိုရင် ၂ဝဝ၂ခုနှစ် က ဖြစ်ပွားခဲ့တဲ့အမှု ၊ သတင်းစာတွေ TV တွေ ထဲမှာ ဟိုးဟိုးကျော်ခဲ့တဲ့အမှု ၊ ဓာတ်ပုံတွေ အထောက်အထားတွေ နဲ့ ခိုင်ခိုင်လုံလုံ ဖွင့်ချခဲ့တဲ့အမှု ...။ သတင်းစာတွေ ထဲမှာ အခိုင်အမာဖော်ပြခဲ့တဲ့အမှု ။

•••


အာဏာသိမ်းရန်ကြံစည်မှု နှင့် တပ်မတော် အတွင်း ပဋိပက္ခ ဖြစ်စေရန် လုပ်ဆောင်မှု ကြောင့် ဦးအေးဇော်ဝင်းနှင့် သားများ ဖြစ်သူ

အေးနေဝင်း၊ ကျော်နေဝင်း နှင့် ဇွဲနေဝင်းတို့အား ထိန်းသိမ်း

စည်းလုံးညီညွတ်မှု ပျက်ပြားစေ၍ တပ်ပြိုကွဲစေသည့်လုပ်ရပ် ဖြစ်သည့်အပြင် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ ဖြိုးတိုးတက်ရေး ကို

ပျက်ပြားစေသော လုပ်ရပ် ဖြစ်၍ အရေး ယူ

ရန်ကုန် မတ် ၉

ပြည်တွင်းပြည်ပသတင်းစာဆရာများ နှင့် တွေ့ ဆုံ၍ အထူးသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲ(၂)နာရီတွင် ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ တပ်မတော် ဧည့်ဂေဟာ၌ ကျင်းပသည်။အထူးသဖြင့် သတင်းစာရှင်းလင်းပွဲသို့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဦးတင်ဝင်း၊ ဒုတိယတပ်မတော် ထောက်လှမ်းရေး မှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်၊နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်ဝင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သိန်း၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ တပ်မတော် အရာရှိကြီးများ ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ ပြန်ကြားရေး ဝန်ကြီးဌာနသတင်းနှင့် ပြန်ကြားရေး ဆိုင်ရာတာဝန်ရှိသူများ ၊ ကျိုဒိုသတင်းဌာနမှ သတင်းထောက်ဦးစိန်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားသတင်းထောက်များ အသင်းနာယက ဦးလှထွေး၊ ဥက္ကဋ္ဌဦးစဝ်ကိုင်ဖနှင့် အသင်းဝင်သတင်းထောက်များ ၊ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အချိန်မီထိန်းသိမ်း

တွေ့ ဆုံပွဲတွင် ဒုတိယတပ်မတော် ထောက်လှမ်းရေး မှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်းက ရှင်းလင်းပြောကြားရာတွင် ရန်ကုန်မြို့၊ မေခလမ်းနေ ဦးအေးဇော်ဝင်းနှင့် သားများ ဖြစ်သူ အေးနေဝင်း၊ ကျော်နေဝင်းနှင့် ဇွဲနေဝင်းတို့အားနိုင်ငံတော် အာဏာသိမ်းရန်ကြံစည်မှု နှင့် တပ်မတော် အတွင်း သွေးခွဲ၍ ပဋိပက္ခ ဖြစ်စေရန် လှုပ်ရှားဆောင်ရွက်မှု များ ကြောင့် သက်ဆိုင်ရာက အချိန်မီထိန်းသိမ်းလိုက်ကြောင်း။

ကြိုတင်သတင်းရရှိ

ဦးအေးဇော်ဝင်းနှင့် သားများ ဖြစ်သူ အေးနေဝင်း၊ ကျော်နေဝင်းနှင့် ဇွဲနေဝင်းတို့သည် တပ်အင်အားအချို့နှင့် ခေါင်းဆောင်အချို့ကို စည်းရုံးသိမ်းသွင်းပြီး နိုင်ငံတော် အာဏာသိမ်းယူရန်နှင့် နိုင်ငံခေါင်းဆောင်များ အပြောင်းအလဲတစ်ရပ် ပြုလုပ်ရန် ကြံစည်လျက်ရှိကြောင်း၊ ၂ဝဝ၂ ခုနှစ် ၊ မတ်လ (၇)ရက်နေ့တွင် တပ်မှူးကြီးတစ်ဦးကို စည်းရုံးသိမ်းသွင်း၍ အဆိုပါ အာဏာသိမ်းရန်အတွက် တိုင်ပင်ဆွေးနွေးရန် စားသောက်ဆိုင်တစ်ခု၌ ချိန်းဆိုထားကြောင်းကြိုတင်သတင်းရရှိသည့်အတွက် သက်ဆိုင်ရာက စောင့်ဆိုင်း၍ ထိန်းသိမ်းခဲ့ကြောင်း။

စည်းရုံးသိမ်းသွင်းရန် ကြိုးစားခဲ့

စစ်ကြောမေးမြန်းချက်များ အရ ဦးအေးဇော်ဝင်းနှင့် သားများ သည် ၄င်းတို့ ပိုင်ဆိုင်သော ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းအချို့တွင် နိုင်ငံတော် ၏ မူဘောင်များ နှင့် ကိုက်ညီမှု မရှိသည့် အတွက် နိုင်ငံတော် ၏ စနစ်တကျ သတ်မှတ်ချက်များ ကြောင့် ၄င်းတို့တွင် စီးပွားရေး ထိခိုက်နစ်နာဆုံးရှုံးမှု များ အပေါ် ခံစားချက်ရှိခဲ့ကြောင်း၊ ယခင်ခေတ်ကာလကဲ့သို့ အထူးအခွင့်အရေး များ မရရှိသော ကြောင့် လည်းကောင်း၊ တိုင်းရင်းသားအဖွဲ့အစည်းများ ကို နိုင်ငံတော် အစိုးရကစီးပွားရေး ပိုင်ဆိုင်ရာတွင် အခွင့်အရေး ပေးလျက်ရှိသည်ကို မကျေနပ်သော ကြောင့် လည်းကောင်း၊ နိုင်ငံတော် အကြီးအကဲများ ဦးဆောင်၍ ဆောင်ရွက်နေသည့် နိုင်ငံရေး နှင့် စီးပွားရေး ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များ နှင့် ပတ်သက်၍ ကျေနပ်မှု မရှိသော ကြောင့် လည်းကောင်း တပ်အင်အားကိုအသုံးပြု၍ နိုင်ငံထိပ်တန်းခေါင်းဆောင်များ ကို အပြောင်းအလဲပြုလုပ်ပြီး ၄င်းအစိုးရအဖွဲ့သစ်တစ်ခုဖွဲ့စည်းရန် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း၊ ယခင်တုန်းက ရင်းနှီးသိကျွမ်းခဲ့သည့်တပ်မှူးကြီးတစ်ဦးကို တို့၏ အစီအမံများ အား ဖွင့်ဟတိုင်ပင်စည်းရုံး၍ အကောင်အထည်ဖော်ရန် ကြံစည်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အလားတူ အခြားရင်နှီးသူ တပ်မှူးကြီးအချို့ကိုလည်း စည်းရုံးသိမ်းသွင်းရန် ကြိုးစားခဲ့သည်ဟုဖော်ထုတ်သိရှိရကြောင်း။အထက်ဖော်ပြပါ ကြံစည်အားထုတ်လှုပ်ရှားဆောင်ရွက်ချက်များ သည် တပ်တွင်းစည်းလုံးညီညွတ်မှု ပျက်ပြား၍ တပ်ပြိုကွဲစေသည့်လုပ်ရပ် ဖြစ်သည့်အပြင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကိုပါပျက်ပြားစေသည့်လုပ်ရပ် ဖြစ်သဖြင့် သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပြီး လိုအပ်သော အရေး ယူဆောင်ရွက်မှု များ ပြုလုပ်လျက်ရှိကြောင်း။

အဆိုပါ ဦးအေးဇော်ဝင်းသည် ဦးနေဝင်း၏ သမက်၊ ဒေါ်ခင်စန္ဒာဝင်း၏ ခင်ပွန်း ဖြစ်ပြီး အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့သည် ဦးနေဝင်း၏ မြေးများ ဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် အထူးသတင်းစာရှင်းလင်းပွဲကို မွန်းလွဲ (၂)နာရီ (၁၅)မိနစ်တွင် ရုပ်သိမ်းလိုက်သည်။

မြန်မာ့အလင်းသတင်းစာ

၂ဝဝ၂ ခုနှစ် ၊ မတ် (၁ဝ)ရက်၊ တနင်္ဂနွေနေ့၊

အတွဲ (၃၉)၊ အမှတ် (၁၆၁)မှ

•••


ဦးနေဝင်း၏ မိသားစုများ နိုင်ငံတော် အာဏာသိမ်းယူမှု နှင့် တပ်မတော် ဖြိုခွဲရေး ကြိုးပမ်းမှု တွင် ပါဝင်နေ

ဦးအေးဇော်ဝင်း၊ ဒေါ်ခင်စန္ဒာဝင်းနှင့်သားများ ဦးနေဝင်း၏ လုံခြုံရေး တပ်ဖွဲ့အား ခါးပိုက်ဆောင်တပ်အသွင်အသုံးချ ကျော်နေဝင်းက

တပ်ခွဲမှူးအား တိုင်းပြည်တွင် ခေါင်းဆောင်များ အချိန်းအပြောင်းလုပ်ရန် အစီအစဉ်ရှိကြောင်းပြောကြား တပ်မတော် နေ့မတိုင်မီ

နိုင်ငံ့ခေါင်းဆောင်အပြောင်းအလဲလုပ်ရန်ကိစ္စကို လုပ်ဖော်ကိုင်ဖက်အချို့နှင့် အရိပ်အမြွက်တိုင်ပင်

ဘိုးတော် ဆိုသူတစ်ဦးကို ဖွင့်ဟပြောဆိုပြီး အောင်မြင်စေရေး စောင့်ရှောက်ပေးရန်ပြောကာ ငွေကျပ်သုံးသိန်းပေးခဲ့

ရန်ကုန် မတ် ၁၈

နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်မှု နှင့် တပ်မတော် အတွင်း သွေးခွဲ၍ ပဋိပက္ခ ဖြစ်စေရန် လှုပ်ရှားဆောင်ရွက် မှု များ ကြောင့် သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းခဲ့ပြီးနောက် ထပ်မံဖော်ထုတ်ရရှိသည့် အချက်များ နှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပ သတင်းစာဆရာများ နှင့် တွေ့ ဆုံကာ အထူးသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲ (၁၂)နာရီ (၁၅)မိနစ်တွင် ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ တပ်မတော် ဧည့်ဂေဟာ၌ ကျင်းပသည်။

အဆိုပါ အထူးသတင်းစာရှင်းလင်းပွဲသို့ အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးတင်ဝင်း၊ ဒုတိယတပ်မတော် ထောက် လှမ်းရေး မှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သိန်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်သူရမြင့်မောင်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ်ခင်အောင် မြင့်နှင့် တပ်မတော် အရာရှိကြီးများ ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ ကျိုဒိုသတင်းဌာနမှ သတင်းထောက်ဦးစိန်ဝင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသတင်းထောက်များ အသင်းမှ နာယကဦးလှထွေး၊ ဥက္ကဋ္ဌဦးစဝ်ကိုင်ဖ၊ အသင်းဝင်သတင်းထောက်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အထူးသတင်းစာရှင်းလင်းပွဲတွင် ရှေးဦးစွာ ဒုတိယတပ်မတော် ထောက်လှမ်းရေး မှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်းက ရှင်းလင်းပြောကြားရာ၌ သတင်းစာဆရာကြီးများ ကို မတ်လ (၁၂)ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ဦးအေးဇော်ဝင်းနှင့် သားများ ဖြစ်ကြသည့် အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့၏ နိုင်ငံတော် အာဏာသိမ်း ယူရန် ဆောင်ရွက်ခဲ့သည့် လုပ်နည်းလုပ်ဟန်များ ကို ရှင်းလင်းအသိပေးပြီး ဖြစ်ပါကြောင်း။

ထပ်မံဖော်ထုတ်သိမ်းဆည်းရမိ

ယခုအပတ်တွင် ထပ်မံဖော်ထုတ်သိမ်းဆည်းရခဲ့သည့် သက်သေအထောက်အထားအချို့ ဖြစ်သည့် ဆက်သွယ်ရေး စက်များ ၊ စစ်ဝတ်ပစ္စည်းများ ၊ တံဆိပ်များ ၊ မော်တော် ယာဉ်များ နှင့် သက်သေအ ဖြစ် ဖော်ထုတ်ရရှိခဲ့သည့် လူပုဂ္ဂိုလ် များ အကြောင်းကို ရှင်းလင်းအသိပေးမှာ ဖြစ်ကြောင်း။

ဦးနေဝင်း အနီးကပ်လုံခြုံရေး အတွက် တပ်မတော် မှ တပ်ခွဲမှူးတစ်ဦး ဦးစီးသည့် တပ်ခွဲတစ်ခွဲကို လုံခြုံရေး တာဝန် ထမ်းဆောင်စေခဲ့ကြောင်း။ ယခင်က တပ်ခွဲမှူးအဆက်ဆက် တာဝန်ထမ်းဆောင်စဉ် အေးနေဝင်း၊ ကျော် နေဝင်း၊ ဇွဲနေဝင်းတို့ ညီအစ်ကိုများ နှင့် တပ်ခွဲမှူးများ ၏ ဆက်ဆံရေး သည် ပုံမှန်သာရှိခဲ့ကြသော်လည်း လွန်ခဲ့သည့် (၂)နှစ် ကာလအတွင်း တာဝန်ကျသည့် တပ်ခွဲမှူးကို အထူးအခွင့်အရေး များ ပေးပြီး ရင်းနှီးအောင်၊ သြဇာသက်ရောက် မှု ရှိအောင် ပေါင်းသင်းခဲ့သည်ဟု သိရကြောင်း။

သြဇာခံအောင် စည်းရုံးသိမ်းသွင်း

ကျော်နေဝင်းသည် တပ်ခွဲမှူးကို လစဉ် ငွေကျပ် (၅)သော င်း ပံ့ပိုးပေးထားပြီး တရင်းတနှီးနှင့် သြဇာခံအောင် စည်းရုံးသိမ်းသွင်းခဲ့သည်ကို တွေ့ ရကြောင်း၊ တပ်ခွဲမှူးသည် ယခု မတ်လထဲတွင် တပ်ရင်းမှူးသင်တန်းတက်ရောက်ရန် ရှိကြောင်းကိုလည်း တပ်ခွဲမှူးက ဖေဖော်ဝါရီလထဲတွင် ကျော်နေဝင်းအား အသိပေးပြောကြားခဲ့ကြောင်း၊ ကျော် နေ ဝင်းက တပ်ခွဲမှူးကို တပ်မတော် နေ့မတိုင်မီ မတ်လထဲတွင် တပ်မှူးကြီးတစ်ဦးနှင့် တိုင်ပင်ညှိနှိုင်းပြီး တိုင်းပြည်မှာ ခေါင်းဆောင်များ အချိန်းအပြောင်းလုပ်ရန် အစီအစဉ်ရှိကြောင်း၊ တိုင်းမှူးတစ်ဦးကို ဦးစီးချုပ်အ ဖြစ် ခန့်အပ်ရန် စီစဉ်ထားကြောင်း၊ ဤသို့ အရေး ကြီးသည့်အချိန်တွင် အဘိုး ဖြစ်သူ ဦးနေဝင်းအနီးတွင် စိတ်ချရသည့် လုံခြုံရေး တပ်ခွဲမှူးအနေဖြင့် ရှိသင့်ကြောင်း၊ သင်တန်းကင်းလွတ်ခွင့်ရအောင် ကျော်နေဝင်းအနေဖြင့် သက်ဆိုင်ရာကို တင်ပြ ပေးမည် ဟု ပြောဆိုခဲ့ကြောင်း သိရကြောင်း။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ထဲတွင် အေးနေဝင်းကိုယ်တိုင် တွဲ ဖက် စစ်ရေး ချုပ်ထံသွားရောက်ပြီး တပ်ခွဲမှူးကို သင်တန်းကင်းလွတ်ခွင့်ရရန် ပြောကြားခဲ့ကြောင်း၊ အကြောင်းပြချက် ကတော့ ဦးနေဝင်းမှာ မကြာသေးခင်က စင်ကာပူတွင် နှလုံးခွဲထားရသဖြင့် အနီးကပ်ပြုစုစောင့်ရှောက်သူ အခြားအရာရှိ အချိန်းအပြောင်းမလုပ်လိုကြောင်း၊ အလိုက်သိသိ ဆောင်ရွက်ပေးမည့် သူတစ်ဦး လျော့နည်းသွားမည် ကို စိုးရိမ်သဖြင့် လုံခြုံရေး တပ်ခွဲမှူးကို သင်တန်းကင်းလွတ်ခွင့်ပေးရန်ပြောဆိုခဲ့ကြောင်း၊ တွဲ ဖက်စစ်ရေး ချုပ်က ဤကိစ္စသည် သူနှင့် မဆိုင်ကြောင်း၊ သက်ဆိုင်ရာတပ်ရင်းမှ တိုင်းစစ်ဌာနချုပ်သို့ အဆင့်ဆင့်တင်ပြရန် ပြန်လည် ပြောကြားလိုက်သည်ဟု သိရကြောင်း။

တစ်ပြိုင်တည်းပင် လုံခြုံရေး တပ်ခွဲမှူးကလည်း တပ်ရင်းမှူးထံ ဦးနေဝင်းမွေးနေ့ပွဲလုပ်ရန်ရှိသည့်အတွက် ယခု တစ်ပတ် သင်တန်းမတက်ရန် မိသားစုက ပြောဆိုကြောင်းကို သတင်းပို့ခဲ့သည့်အတွက် တပ်ရင်းမှူးက တိုင်းစစ်ဌာန ချုပ်သို့ အဆင့်ဆင့်တင်ပြပြီး သင်တန်းမှ ကင်းလွတ်ခွင့်တောင်းခံပေးခဲ့ရသည်ဟု သိရကြောင်း။ ယခု သက်ဆိုင်ရာ က ရှာဖွေစစ်ဆေးသည့်အခါမှ တပ်ခွဲမှူး၏ သေတ္တာများ ထဲမှ လမ်းလျှောက်စကားပြောစက် (၇၂)လုံးနှင့် အတူ ဘက္ထရီ ဓာတ်ခဲများ ၊ အားသွင်းစက်များ ၊ နားကြပ်များ ၊ ချပ်ဝတ်တန်ဆာများ အပြင် ကျော်နေဝင်းမိသားစုက သီးခြားပြုလုပ် ပေးထားသော ပစ္စည်းများ ဖြစ်သည့် ပြောက်ကျားမိုးကာအင်္ကျီ၊ ပြောက်ကျားလျှာထိုးဦးထုပ်၊ ပြောက်ကျားလည်ရှည် ဖိနပ်၊ ပြောက်ကျားပစ္စတိုအိတ်၊ ဓားမြှောင်အိတ်၊ ကျည်အိတ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း။ ယင်းပစ္စည်းများ ထဲမှ ခါးပတ်၊ ချပ်ဝတ်တန်ဆာနှင့် ကျည်ကပ်အိတ်၊ သေနတ်အိတ်အချို့သည် နိုင်ငံခြား ဖြစ်ပစ္စည်းများ ဖြစ်ပြီး ကျော်နေဝင်း စင်ကာပူက ဝယ်ယူလာခြင်း ဖြစ်သည်ဟု သိရကြောင်း။

တံခါးပိတ်ဆွေးနွေးခဲ့

ထို့အပြင် ကျော်နေဝင်းသည် သူနှင့် ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက်အချို့ကိုလည်း တပ်မတော် နေ့မတိုင်မီ နိုင်ငံ့ခေါင်းဆောင် အပြောင်းအလဲလုပ်ရန်ကိစ္စအတွက် အရိပ်အြ>ွမက်ထုတ်ဖော်ပြောဆိုတိုင်ပင်ခဲ့ကြောင်းကို စုံစမ်း စစ်ဆေးချက်များ အရ သိရှိရကြောင်း။ ထို့အပြင် အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့ ညီအစ်ကို (၃)ယောက် သည် သူတို့လုပ်မည့် အစီအမံများ ချောချောမောမော အောင်မြင်စေရန် သူတို့ယုံကြည်ကိုးကွယ်နေသည့် ဘိုးတော် ဆိုသူပုဂ္ဂိုလ်တစ်ဦးကို ဖွင့်ဟပြောဆိုပြီး အောင်မြင်စေရန် စောင့်ရှောက်ပေးရန်ပြောဆိုပြီး အလှူငွေကျပ် (၃)သိန်း ပေးခဲ့သည်ဟု သိရကြောင်း။ လုပ်ဖော်ကိုင်ဖက်ထဲက သက်သေများ ၏ ထွက်ဆိုချက်အရ ဒေါ်ခင်စန္ဒာဝင်းအပါအဝင် သားအမိသားအဖ (၅)ယောက် သည် လွန်ခဲ့သည့်လကစပြီး ပုံမှန်မဟုတ်သည့် တံခါးပိတ်တွေ့ ဆုံဆွေးနွေးမှု များ မကြာ ခဏ ပြုလုပ်လေ့ရှိကြောင်း။ (၇၊ ၃၊ ၂ဝဝ၂)ရက် နေ့လယ်ပိုင်း အေးနေဝင်းတို့ ညီအစ်ကို (၃)ယောက် တပ်မှူးကြီး ထံ မသွားမီအထိ တံခါးပိတ်တွေ့ ဆုံဆွေးနွေးမှု ကို ပြုလုပ်ခဲ့သည်ဟု သိရကြောင်း။

တပ်ဖြိုခွဲရေး ကြိုတင်ကြံရွယ်ချက်ရှိ

ကျော်နေဝင်းသည် ထိုတပ်ခွဲတွင် ရှိသည့် စစ်သည်များ အတွက် သီးသန့် ယူနီဖောင်းများ ဝယ်ယူကာ စစ်ဝတ်စုံ တစ်စုံစီအပြင် ကျည်ကာအင်္ကျီမှအစ ပြောက်ကျားလျှာထိုးဦးထုပ်၊ ခရာကြိုး၊ တိုက်ပွဲဝင်ဖိနပ်၊ ခြေပတ်၊ ခါးပတ်တို့ အပြင် အနွေးထည်ပြောက်ကျားရောင် နှင့် အစိမ်းရောင် နှစ် ဖက်လှ ဂျာကင်များ ကိုပါ ပေးထားသည်ကို တွေ့ ရကြောင်း။ ထိုလုံခြုံရေး တပ်ခွဲမှာ တပ်၏ ထုံးစံအရ တာဝန်ရှိသူများ က စစ်သည်များ ၏ ဝတ်စားဆင်ယင်မှု ကို အလှည့်ကျ စစ် ဆေးကျရကြောင်း၊ တနင်္လာနေ့တိုင်း အလှည့်ကျတာဝန်ကြပ်ကြီးများ က စစ်ဆေးပြီး လ၏ နောက်ဆုံးပတ်တိုင်းတွင် တပ်ခွဲမှူးက စစ်ဆေးလေ့ရှိကြောင်း။ ထိုလ၏ နောက်ဆုံးပတ်တိုင်းတွင် ကျော်နေဝင်းနှင့် ဇွဲနေဝင်းကလည်း တပ်ခွဲ မှူးနှင့် အတူ ဝင်ရောက်စစ်ဆေးလေ့ရှိသည်ဟု သိရကြောင်း။ ထို့အပြင် အိပ်ဆောင်အတွင်းမှာ လည်း စစ်သည်များ ၏ အိပ်ရာခင်းကျင်းမှု နှင့် ပတ်သက်၍ စစ်ဆေးသည့်အခါတွင် လည်း ကျော်နေဝင်း၊ ဇွဲနေဝင်းတို့က တပ်ခွဲမှူးနှင့် အတူ လိုက်ပါလာပြီး လိုက်လံကြည့်ရှုစစ်ဆေးမှု ပြုလုပ်လေ့ရှိသည်ကို သိရကြောင်း။ ဤသို့ တပ်စစ်ဆေးမှု လုပ်ရာတွင် တပ်၏ အကြီးအကဲ အဆင့်ဆင့်ကသာ မိမိတပ်ကို စစ်ဆေးသည့်ထုံးစံရှိသည်ကို အရပ်သားများ ဖြစ်သည့် ကျော်နေ ဝင်းနှင့် ဇွဲနေဝင်းတို့က တပ်ထုံးစံကို ကျော်လွှမ်းပြီး ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခြင်းသည် တပ်အပေါ် သြဇာလွှမ်းမိုး မှု ရှိစေရန် တပ်ဖြိုခွဲရေး အတွက် ကြိုတင်ကြံရွယ်ချက်ရှိနေသည်ဆိုသော သဘောမျိုး သက်ရောက်လျက်ရှိနေကြောင်း။

အခမ်းအနားပုံစံဖြင့် ဆုချီးမြှင့်

အဆိုပါ တနင်္လာနေ့ ဝတ်စားဆင်ယင်မှု စစ်ဆေးခြင်းနှင့် နေ့စဉ် အိပ်ဆောင် စစ်ဆေးခြင်းများ ကို အမှတ်ပေး စနစ်ပြုလုပ်ထားပြီး ပထမ၊ ဒုတိယ၊ တတိယ နှစ် အခါအားလျော်စွာ နှစ် သိမ့်ဆု (၂)ဆု ပေးလေ့ရှိသည်ဟု သိရ ကြောင်း။ ပထမဆု ကျပ် (၇)ထောင်၊ ဒုတိယဆု ကျပ်(၅)ထောင်၊ တတိယဆု ကျပ်(၃)ထောင်နှင့် နှစ် သိမ့်ဆု (၂)ဆု ကို ကျပ် (၁)ထောင်စီ သတ်မှတ်ပြီး အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့က ကိုယ်တိုင်ကိုယ်ကျ ဆုချီးမြှင့်ပေးခဲ့ သည်ဟု သိရကြောင်း။ ထို့အပြင် လစဉ် လ၏ ပထမပတ် ဗုဒ္ဓဟူးနေ့တိုင်းမှာ အနီးကပ် တပ်ခွဲက စစ်သည်များ ကို တပ်ခွဲရုံးမှာ နေ့လယ်စာ စားပွဲများ ပုံမှန်ပြုလုပ်ပေးပြီး ပထမဆုကို အေးနေဝင်းကလည်းကောင်း၊ ဒုတိယဆုကို ကျော်နေဝင်းကလည်းကောင်း၊ တတိယဆုကို ဇွဲနေဝင်းကလည်းကောင်း အခမ်းအနားပုံစံဖြင့် ပြုလုပ်ပြီး ချီးမြှင့်ပေး သည်ဟုလည်း သိရကြောင်း။

ဆီဒိုးနား၌ ဂုဏ်ပြု

ကျော်နေဝင်းအနေဖြင့် ထိုတပ်ခွဲကို အားကစားပွဲများ ကျင်းပပေးပြီး အားကစားဝတ်စုံများ ဝယ်ပေးလေ့ရှိကြောင်း လည်း သိရကြောင်း။ တပ်ခွဲအလိုက် ဘောလုံးပြိုင်ပွဲနှင့် ဆုရအသင်း ဂုဏ်ပြုပွဲကို ဆီဒိုးနားဟိုတယ်၌ ကျော်နေဝင်း က အကုန်အကျခံပြုလုပ်ပေးသည်မှာ (၂)ကြိမ်ရှိပြီ ဖြစ်သည်ဟု သိရကြောင်း၊ ဤဂုဏ်ပြုပွဲများ ကို အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းနှင့် ၄င်းတို့၏ အနီးကပ် လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်းအင်အား (၁၂ဝ)ခန့် တက်ရောက်ခဲ့ကြောင်း။ ယင်းညစာစားပွဲတွင် ညစာအ ဖြစ် စားသောက်ဖွယ်ရာများ နှင့် ဧည်ခံပြီးနောက် တပ်ရင်းမှူး နှင့် ကျော်နေဝင်းတို့က ကျေးဇူးတင်စကားပြောကြားကြကြောင်း။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရကြောင်း။ တပ်ရင်းဘောလုံးအသင်းနှင့် အနိုင်ရ လုံခြုံရေး တပ်ခွဲဘောလုံးအသင်းတို့ကို တစ်ဦးလျှင်ျှကမေအဖ လက်ပတ်နာရီတစ်လုံး၊ Walk Man ရေဒီယိုကက်ဆက်တစ်လုံးနှင့် ငွေသား ကျပ်တစ်သော င်းငါးထောင်ပါသော အိတ် တစ်အိတ်စီကို ကျော်နေဝင်းက ဆုအ ဖြစ် ပေးခဲ့ကြောင်းလည်း သိရကြောင်း။

ကိုယ်ပိုင်တပ်သဖွယ် စည်းရုံးထား

ထို့အပြင် ကျော်နေဝင်းက ငွေကြေးစိုက်ထုတ်ပြီး လုံခြုံရေး တပ်ခွဲသက်သာချောင်ချိရေး အတွက် ကြက်ခြံ (၃)ခြံ၊ ငုံးခြံ (၁)ခြံ၊ နွားခြံ (၁)ခြံတို့ကို တည်ထောင်ပေးထားကြောင်းလည်း သိရကြောင်း။ ငပလီကဲ့သို့ သော အပန်းဖြေစခန်း သို့ လည်း ထိုတပ်ခွဲမှအရာရှိနှင့် စစ်သည်အချို့ကိုပါခေါ်ပြီး အပျော်ခရီးထွက်ခဲ့ကြကြောင်း။ ယခု ပြောကြားခဲ့သည့် လုပ်ရပ်များ သည် တပ်မတော် တပ်ရင်းတစ်ရင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် တပ်ခွဲတစ်ခွဲကို အခွင့်အရေး တွေ အများ အပြားပေးပြီး ပုဂ္ဂိုလ်ရေး အရ စည်းရုံးထားသည်ကိုတွေ့ ရကြောင်း။ တပ်ခွဲအဆင့်လောက်က ဘောလုံးကန်သည့် ကိစ္စကို ဆီဒိုးနားဟိုတယ်၌ ညစာစားပွဲလုပ်ပြီး တန်ဖိုးကြီးလက်ဆောင်များ ပေးသည်ဆိုသည့်ကိစ္စသည် ငွေကုန်ကြေး ကျခံပြီး ကိုယ်ပိုင်တပ်သဖွယ် ဖြစ်လာအောင် စည်းရုံးထားသည်ဆိုတာ ထင်ရှားကြောင်း။

မိသားစုအာဏာတည်မြဲရေး

သက်ဆိုင်ရာက ကျော်နေဝင်း၏ နဝရတ်ဟိုတယ်တွင် ရှိသည့် Golden Crown Co.,Ltd ကို ဝင်ရောက်ရှာဖွေ ရာတွင် THARNE & THARNE ဂြိုဟ်တုဖုန်းတစ်လုံး၊ PASTI ဂြိုဟ်တုဖုန်း (၄)လုံး၊ ERRICSSON ဂြိုဟ်တု ဖုန်း တစ်လုံးနှင့် အတူ ဆက်သွယ်ရေး စက်များ ၊ GSM တယ်လီဖုန်းများ နှင့် ယာဉ်တင် အချက်ပြမီးနီများ ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း။ ထို့အပြင် ထူးခြားချက်တစ်ခုမှာ အေးနေဝင်း၏ ရုံးခန်းကို ရှာဖွေသည့်အခါတွင် နိုင်ငံတော် တံဆိပ်ပုံစံနှင့် ဆင်တူတံဆိပ်တစ်ခု၏ ရွှေချည်ထိုးကားချပ်တစ်ချပ်နှင့် ထို ရွှေချည်ထိုးကားချပ်တွင် ပါသည့် တံဆိပ် အတိုင်း ရိုက်နှိပ်ထားသော GREETING CARD များ ကို တွေ့ ရကြောင်း။ GREETING CARD အတွင်း၌ ဦးနေဝင်းအပါအဝင် ဦးအေးဇော်ဝင်း၊ ဒေါ်ခင်စန္ဒာဝင်းနှင့် သားများ ဖြစ်ကြသော အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲ နေဝင်းတို့ စုပေါင်းရိုက်ထားသည့် မိသားစုဓာတ်ပုံပါသည်ကို တွေ့ ရကြောင်း။ ယခု ကတ်ပြားနှင့် စာအိတ် (၃၅ဝ)ကို တွေ့ ရှိသိမ်းဆည်းထားကြောင်း။ ရွှေချည်ထိုးကားချပ်ပါ တံဆိပ်နှင့် ပတ်သက်၍ ၂ဝဝ၁ ခုနှစ် ၊ နှစ် ဆန်းပိုင်းကစပြီး အေးနေဝင်းက မိသားစုအမှတ်တံဆိပ်အ ဖြစ် တည်ထွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရကြောင်း။ နိုင်ငံခြားတိုင်းပြည်များ တွင် လူကုံထံအသိုင်းအဝိုင်း၌ ကိုယ်ပိုင် အမှတ်တံဆိပ်များ ထားရှိလေ့ရှိတာကြောင့် သူတို့အနေဖြင့် လည်း ထိုအနောက် တိုင်း အတုကိုယူပြီး နှစ် ဖက်မိဘများ ၏ မျိုးရိုးဂုဏ်ကို ဖော်ညွှန်းသည့် သင်္ကေတများ နှင့် ပုံဖော်ခဲ့တာတွေ့ ရကြောင်း။ ထိုတံဆိပ်တွင် ဒေါင်းကို မကိုဋ်ဆောင်းထားသည့်ပုံကို အပေါ်ဆုံးထိပ်မှာ တင်ထားပြီး ယခင်အပတ် သတင်းစာရှင်း လင်းပွဲတွင် ရှင်းပြခဲ့သည့် ဓား(၃)လက်၊ ကျား၊ စောင်းနှင့် ငါးရံ့ပုံပါ လက်မောင်းတံဆိပ်ကို အလယ်မှာ ဖော်ပြထား ကြောင်း။ ထို လက်မောင်းတံဆိပ်၏ ဝဲဘက်တွင် သံလျက်ကိုင်ထားသော ခြင်္သေ့ပုံဖော်ထားကြောင်း။ အဓိပ္ပာယ်မှာ မိခင် ဒေါ်ခင်စန္ဒာဝင်းသည် အင်္ဂါသမီး ဖြစ်သဖြင့် ခြင်္သေ့မှာ မိခင်ကို ကိုယ်စားပြုကြောင်း။ သံလျက်ကိုင်ထားသည့် အဓိပ္ပာယ်မှာ ¤င်းတို့ညီအစ်ကို (၃)ယောက် ကို အုပ်ချုပ်ညွန်ကြားနေသည့် အဓိပ္ပါယ်ကိုဖော်ညွှန်းကြောင်း သိရ ကြောင်း။ လက်မောင်းတံဆိပ် ယာဘက်မှာ ထီးဖြူးဆောင်းထားသည့် ဒေါင်းပုံဖော်ထားရာ ဒေါင်းပုံမှာ ဦးနေဝင်း ဖြစ်ပြီး ဦးနေဝင်းကို ထီးဖြူဆောင်းပေးထားခြင်းမျိုး ဖြစ်သည်ဟု သိရကြောင်း။ အောက်မှာ တော့ ပညာ၊ သဒ္ဒါ၊ သမာ၊ ဝီရိ စာတန်းကိုရေး ထားကြောင်း။ အေးနေဝင်း၏ ပြောကြားချက်အရ မိသားစုတံဆိပ်ဟုပြောသော်လည်း နိုင်ငံတော် တံဆိပ်နှင့် ပုံတူယိုးမှားဖန်တီးထားတာ တွေ့ ရကြောင်း။ တံဆိပ်မှာ ပါဝင်သည့် သံလျက်တို့၊ ထီးဖြူတို့၊ မကိုဋ်တို့ ဖော်ပြထားခြင်းသည်လည်း ဘုရင်၏ အဆောင်အယောင်တွေ ကို ထည့်သွင်း ထားတာ ဖြစ်လို့ ဘုရင့်မိသားစု၏ ပုံသဏ္ဍာန်ဖော်ဆောင်ထားခြင်းကဲ့သို့ ဖြစ် နေကြောင်း။ ယင်းကိုကြည့်ခြင်းအားဖြင့် ဦးနေဝင်း၏ မိသားစုသည် သူတို့ ကိုယ်သူတို့ (ROYAL FAMILY) ဘုရင့်မိသားစုအသွင်သဏ္ဍာန်မျိုး ဖော်ဆောင်နေကြသည်ဟု ခန့်မှန်း၍ ရကြောင်း။ အကယ်၍ များ သူတို့အာဏာရသွားလျှင် ဘုရင်စနစ်ထူထောင်ပြီး မိသားစုရာသက်ပန်အာဏာမြဲရေး ဆောင်ရွက် သွားမလားဟုပင် ထင်ရကြောင်း။

တရားမဝင်တင်သွင်းလာ

ကျော်နေဝင်း၏ စေခိုင်းချက်အရ နဝရတ်ဟိုတယ်မှာ ရှိသည့် ပြည့်စုံကျော်ထရေး ဒင်းကုမ္ပဏီဒါရိုက်တာ ဝေလင်းဆန်း သည် ကျော်နေဝင်းအတွက် တရားမဝင်လိုင်စင်မဲ့ကားတွေ ကို ဝယ်ပေးခဲ့ရကြောင်း။ ကျော်နေဝင်းသည် ဝေလင်း ဆန်းအပြင် တခြားကားပွဲစားတွေ ထံမှလည်း လိုင်စင်မဲ့မော်တော် ယာဉ်တွေ သွား ရောက်ဝယ်ယူစေခဲ့ကြောင်း။ ဝယ်လို့ရသည့် လိုင်စင်မဲ့ယာဉ်တွေ အနက် တချို့ယာဉ်တွေ ကို အမြတ်တင်ပြန်လည်ရောင်းချပြီး အချို့ယာဉ်တွေ ကို နံပါတ်အတုတပ်ဆင်ပြီး မိသားစုစီးရန် စီစဉ်ထားသည့်အပြင် ကုမ္ပဏီတွင် သုံးစွဲခဲ့ကြသည်ကိုလည်း တွေ့ ရကြောင်း။ ပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် လိုင်စင်မဲ့မော်တော် ယာဉ်(၁၅)စီးနှင့် ပတ်သက်၍ တင်ပြခဲ့ပြီ ဖြစ်ကြောင်း။ ထိုသို့ လိုင်စင်မဲ့ ယာဉ်များ သုံးစွဲမှု နှင့် ပတ်သက်၍ သတင်းကွင်းဆက်များ ပြန်ဖော်ပြရမည် ဆိုလျှင် (၂ဝဝ၂)၊ဖေဖော်ဝါရီ (၆)ရက်က ရှမ်းပြည်နယ် နမ့်စန်လိုင်စင်မဲ့ မော်တော် ယာဉ် (၄)စီးကို သက်ဆိုင်ရာကဖော်ထုတ်ဖမ်းဆီးပြီး တောင်ကြီးမှာ ထိန်းသိမ်းထားခဲ့ကြောင်း။ ထိုမော်တော် ယာဉ်(၄)စီးသည်လည်း ကျော်နေဝင်းက ဝေလင်းဆန်းတို့ကို ကျပ်သိန်းတစ်ထောင် ထုတ်ပေးပြီး ဝယ်ခိုင်းသည့်မော်တော် ယာဉ်များ ဖြစ်နေကြောင်း။ ဝေလင်းဆန်းတို့အဖွဲ့သည် တစ်ဘက်နိုင်ငံမယ်ဆိုင်မြို့ ကိုသွားရောက်ပြီး ကျပ်သိန်းလေးရာတန် အက်စကလိပ်(Escalade)ယာဉ်တစ်စီး၊ ကျပ်သိန်းနှစ် ရာတန် လင်ခရူဆာ ယာဉ်တစ်စီး၊ ကျပ်သိန်းသုံးရာတန် ပါဂျဲရိုးယာဉ်တစ်စီး၊ စုစုပေါင်းလိုင်စင်မဲ့ယာဉ်(၄)စီးကို ကျပ်သိန်းတစ်ထောင်ဖြင့် ဝယ်ယူ ခဲ့ပြီး တရားမဝင်လမ်းကြောင်းက တင်သွင်းလာခြင်း ဖြစ်ကြောင်းသိရကြောင်း။

ကျော်နေဝင်းသည်ပြည်တွင်းက လိုင်စင်မဲ့ယာဉ်တွေ ကိုဝယ်ယူသည့်အပြင် ပြည်ပကနေ တရားမဝင်မှာ ယူ တင်သွင်းတာမျိုးလည်းပြုလုပ်ခဲ့ကြောင်း။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ဆိပ်ကမ်းကနေ ကျော်နေဝင်း၏ အမည် လိပ်စာနှင့် တင်ပို့ လိုက်သည့်ကုန်သေတ္တာတစ်လုံးသည် (၂ဝဝ၁)ခုနှစ် ၊ နိုဝင်ဘာ(၂၇)ရက်မှာ MV Gissang သင်္ဘောနှင့် အလုံ အေးရှားဝေါလ်ဆိပ်ကမ်းကိုရောက်ရှိလာကြောင်း။ ထိုကုန်သေတ္တာသည် မရမ်းကုန်းမြို့နယ်၊ မေခလမ်းမှာ နေသည့် ကျော်နေဝင်း အမည် လိပ်စာနှင့် ရောက်လာတာ ဖြစ်ပြီး ကျော်နေဝင်းအနေနှင့် ပစ္စည်းထုတ်ယူနိုင်ရန် တရားဝင် သွင်းကုန်လိုင်စင်မရှိသည့် အတွက် ထုတ်ယူလို့မရခဲ့ခြင်း ဖြစ်ကြောင်း။ သတ်မှတ်ထားသည့်ဥပဒေအရ ရက်ပေါင်း (၆ဝ)ကြာမြင့်သည်အထိ ထိုကုန်သေတ္တာကို ထုတ်ယူနိုင်ခြင်းမရှိသည့် အတွက် လေလံစာရင်းသွင်းပြီး ဖွင့်ဖောက် စစ်ဆေးခဲ့ကြောင်း။ ဖွင့်ဖောက်စစ်ဆေးသည့်အခါတွင် ကျော်နေဝင်းတင်သွင်းခဲ့သော ကုန်သေတ္တာအတွင်းက အီဆူဇူး မော်တော် ယာဉ် တစ်စီးကိုတွေ့ ရှိခဲ့ကြောင်း။ အီဆူဇူး Vihe Cross(98 Model) အမျိုးအစား ဖြစ် ပြီး ဟွန်ဒီစနစ်ဖြင့် ငွေလွှဲပြီး ဝယ်ယူတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း။ ထိုမော်တော် ယာဉ်ကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ သိမ်း ဆည်းထားပြီး ဖြစ်ကြောင်း။

သက်သေအချို့ဖော်ထုတ်ရရှိ

အဆိုပါ ဖြစ်စဉ် ဖြစ်ရပ်များ ကိုကြည့်လျှင် ဦးအေးဇော်ဝင်း၊ ဒေါ်ခင်စန္ဒာဝင်း၊ သားများ ဖြစ်ကြသည့် အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့သည် ဦးနေဝင်း၏ လုံခြုံရေး အတွက်ပေးထားသည့် လုံခြုံရေး တပ်ခွဲမှူးနှင့် တပ်ခွဲရှိစစ်သည်များ ကို ထောက်ပံ့စည်းရုံးသိမ်းသွင်းပြီး သူတို့၏ ခါးပိုက်ဆောင်တပ်အသွင် အသုံးချရန်လုပ်ဆောင်ခဲ့သည်ကိုတွေ့ ရကြောင်း။ ထိုတပ်ခွဲကိုလည်း ပြည်ပမှ တရားမဝင်မှာ ယူတင်သွင်းခဲ့သည့် ဆက်သွယ်ရေး ပစ္စည်းမျိုးစုံအပြင် စစ်ဝတ်တန်ဆာ ပလာမျိုးစုံပါ ပေးကမ်းထောက်ပံ့ပြီး ထိုသို့ အလွန်အကျွံထောက်ပံ့ပေးကမ်းတာတွေ နှင့် သူတို့လိုရာအသုံးပြုနိုင်ရန် စည်းရုံးသိမ်းသွင်းဆောင်ရွက်ခဲ့တာ တွေ့ ရကြောင်း။ ထိုလုပ်ရပ်များ သည် တပ်တွင်းစည်းလုံးညီညွတ်မှု ကိုပျက်ပြား စေကြောင်း။ အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့၏ နီးစပ်ရာပုဂ္ဂိုလ်အချို့ကို ထုတ်ဖော်တိုင်ပင်ပြောကြားချက်ကြောင့် ယခုကဲ့သို့ နိုင်ငံတော် လုပ်ကြံမှု အစီအစဉ်တွင် ပတ်သက်နေသူ၊ သိရှိနေသူ သက်သေအချို့ကို ဖော်ထုတ်ရရှိ ခဲ့ခြင်း ဖြစ်ကြောင်း။ ကျော်နေဝင်းအနေဖြင့် လည်း ဥပဒေဘောင်အတွင်းက စီးပွားရှာခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတော် က သတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်ကိုကျော်လွန်ပြီး စီးပွားရေး ဆိုင်ရာမသမာမှု တွေ ကိုပါ လုပ် ဆောင်ခဲ့တာတွေ့ ရကြောင်း။

စစ်ဆေးအရေး ယူသွားမည်

ထို့ကြောင့် ဦးနေဝင်း၏ မိသားစုများ က နိုင်ငံတော် အာဏာသိမ်းယူခြင်း နှင့် တပ်မတော် ဖြိုခွဲရေး ကြိုးပမ်းမှု များ တွင် စီးပွားရေး မသမာမှု များ ပါ ပါဝင်နေခြင်းကြောင့် အကျုံးဝင်ပတ်သက်မှု များ အားလုံးကိုခြုံ၍ တည်ဆဲဥပဒေများ နှင့် အညီ ဆက်လက်စစ်ဆေးအရေး ယူသွားမည် ဖြစ်ကြောင်း အသိပေးပြောကြားလို ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းစာဆရာများ ၏ မေးမြန်းချက်များ ကို ဒုတိယတပ်မတော် ထောက်လှမ်းရေး မှူးချုပ်ဗိုလ်ချုပ် ကျော်ဝင်းက ပြန်လည်ရှင်းလင်းဖြေကြားပြီး အထူးသတင်းစာရှင်းလင်းပွဲကို မွန်းလွဲ(၁၂)နာရီ မိနစ်(၅ဝ)တွင် ရုပ်သိမ်း လိုက်သည်။

ကြည့်ရှုလေ့လာ

ယင်းနောက် ပြည်တွင်းပြည်ပသတင်းစာဆရာများ သည် ခင်းကျင်းပြသထားသော သိမ်းဆည်းရမိသည့်ပစ္စည်းများ ၊ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ ကို ကြည့်ရှုလေ့လာကြသည်။

မြန်မာ့အလင်းသတင်းစာ

(၂ဝဝ၂)ခုနှစ် ၊မတ်(၁၉)ရက်၊အင်္ဂါနေ့

အတွဲ (၃၉)၊အမှတ်(၁၇ဝ)မှ

ဒီလိုအမှု မျိုးကိုတောင် သမ္မတကြီးက သဘောထားကြီးစွာ လွှတ်ပေးသင့်တဲ့သူနှစ် ဦးကို လွှတ်ပေးလိုက် တယ် ဆိုတော့ကာ ကျွန်တော် လည်း ကာယကံရှင်တွေ နဲ့ တွေ့ ချင်စိတ် ပြင်းပြလာခဲ့တယ်။ အဲဒါကြောင့် ရဲဘော်သုံးကျိပ်ဝင် တစ်ဦးရဲ့ သမီး ဖြစ်သူကတစ်ဆင့် ဆက်သွယ်ခဲ့တယ်။ တွေ့ ခွင့်ရလိမ့်မယ်လို့ မျှော်လင့်မထားပေမယ့် တွေ့ ခွင့်ပြုတဲ့ အတွက် ကျေးဇူးတင်ရတယ်။

ကာယကံရှင်တွေ ရဲ့ နေအိမ်ဆိုတာ ဟိုတုန်းက အနားတောင်သီလို့မရတဲ့အိမ်မျိုးမဟုတ်လား။ ဒါတောင် ကြိုတင်ချိန်းဆိုထားပါလျက်ကယ်နဲ့ နာမည် ပြော၊ ဘယ်သူလဲ ဘယ်ဝါလဲနဲ့ လုပ်တာခံရသေးတာကလား။

သို့ သော်လည်း ခြံဝင်းထဲဝင်လိုက်တာနဲ့ ဦးအေးဇော်ဝင်း၊ ဒေါ်ခင်စန္ဒာဝင်း၊ ကိုဇွဲနေဝင်းတို့ (၃)ဦးလုံးက အိမ်အဝမှာ ဆီးကြိုနေတာမြင်ရတော့ စိတ်ထဲမှာ တော့ အခြေအနေမဆိုးပါလားပေါ့လေ။ မိသားစု(၃)ဦးစလုံးက ကိုယ်ထင်ထားတာတွေ နဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ပြီး နွေးနွေးထွေးထွေး သိမ်သိမ်မွေ့မွေ့ရြှိ ကတော့ အတော် လေးလည်း ထူးဆန်းသွားတယ်။

တကယ့်တကယ်မေးရမြန်းရတော့လည်း ဦးအေးဇော်ဝင်းနဲ့ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်းတို့က သီးခြားစားပွဲမှာ မိတ်ဆွေတွေ နဲ့သွားထိုင်ပေးပြီး ရှောင်ပေးထားတယ်။ ဘာတစ်ခုမှ ဝင်မစွက်ဖက်ကြဘူး။ ဟန့်တားတာ၊ ငြူစူတာ၊ ကန့်ကွက်တာလည်း မရှိကြဘူး။ ကိုဇွဲနေဝင်းကိုယ်တိုင်လည်း ကိုယ်တွေ မေးသမျှကို သိမ်သိမ်မွေ့မွေ့၊ နူးနူးညံ့ညံ့နဲ့ တရားသဘောတွေ နဲ့ယှဉ်ပြီး ကိုယ်တွေ ကိုပါ တရားပြလိုက်တဲ့အပြင် နိုင်ငံတော် သမ္မတကြီးနဲ့ပတ်သက်လို့လည်း သည် လိုသမ္မတမျိုး အရနောက်ကျလေခြင်းဆိုပြီး အားမလိုအားမရ ဖြစ်မိတယ်ဆိုတာမျိုးတွေ ကြားလိုက်ရလေတော့ သမ္မတကြီးဟောင်းဦးနေဝင်းမိသားစုရဲ့ တုံ့ပြန်မှု အပေါ် အမျှော်လင့်ကြီးမျှော်လင့်ခဲ့မိတဲ့ကိုယ်တွေ မှာ မှန်းချက်နဲ့နှမ်း ထွက်မကိုက်ခဲ့ရကြောင်းပါ ခင်ဗျား။

လျှပ်တစ်ပြက်ဂျာနယ်

အတွဲ (၃) အမှတ် (၇၃)

သည်လိုသမ္မတမျိုး အရနောက်ကျလေခြင်းဟု နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်နှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ မြေး ဖြစ်သူ ကိုဇွဲနေဝင်းမှထုတ်ဖော်ပြောကြား

Cover

နိုင်ငံတော် သမ္မတကြီး၏ (၂ဝ၁၂)လွတ် ငြိမ်းချမ်းသာခွင့်အကျိုးကို ခံစားခဲ့ရသူများ ထဲတွင် နိုင်ငံတော် သမ္မတ ဟောင်း ဦးနေဝင်း၏ သမက်နှင့် မြေး ဖြစ်သူတို့လည်းပါဝင်ခဲ့သည်။ သူတို့မိသားစု၏ အမှု သည်လည်း စိတ်ဝင်စားစရာ ကောင်း၍ ထူးခြားသည့်အမှု တစ်ခု ဖြစ်သည်။ နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ သမီး ဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းကိုယ်တိုင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရကာ ခင်ပွန်း ဖြစ်သူနှင့် သား(၃)ဦးလုံး ထောင်နံရံတစ်ဖက်စီသို့ နှစ် ရှည်လများ ကျခံခဲ့ ရမှု သည် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ သည့်အတွက် နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို လက်တွေ့ ခံစားနေရပြီ ဖြစ်သော နိုင်ငံတော် သမ္မတဟောင်းဦးနေဝင်း၏ သမက် ဖြစ်သူ ဦးအေးဇော်ဝင်းနှင့် မြေး ဖြစ်သူ ကိုဇွဲနေဝင်းတို့ကို ရန်ကုန်မြို့ရှိသူတို့နေအိမ်တွင် သွားရောက်တွေ့ ဆုံခွင့်ရရှိခဲ့သည်။ မိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် အဆိုပါ နေအိမ်သို့ရောက်ရှိသွားချိန်တွင် မိသားစု(၃)ဦးမှ နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ သမီး ဖြစ်သူ ဒေါက်တာဒေါ်ခင်စန္ဒာဝင်းသည် သား ဖြစ်သူ ကိုဇွဲနေဝင်းအား လွတ်လပ်စွာ မေးမြန်းခွင့်ပြုခဲ့သည့် အပြင် နေအိမ်ဧည့်ခန်းတွင် ချိတ်ဆွဲထားသော ဓာတ်ပုံများ ကို လွတ်လပ်စွာ ရိုက်ကူးခွင့်လည်းပြုခဲ့သည်။

အိမ်ကနေသွားတုန်းက ကျွန်မသားကအသက်(၂ဝ)ကျော် အခုပြန်ရောက်လာတော့ အသက်(၃ဝ)ဟုဆိုကာ တည်ငြိမ် စွာ ဖြင့် သား ဖြစ်သူကိုကြည့်ရင်း ဒေါက်တာဒေါ်ခင်စန္ဒာဝင်းမှဆိုခဲ့သည်။ နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ မြေး ဖြစ်သူ ကိုဇွဲနေဝင်းသည် မည် သည့်ကန့်သတ်ချက်၊ ကြိုတင်ညှိနှိုင်းခြင်းများ မပါရှိဘဲ လွတ်လပ်စွာ မေးမြန်းခြင်းကိုလည်း သဘော တူညီခဲ့သည်။ မွန်ရည်၊ သိမ်မွေ့စွာ ဖြင့် မေးသမျှမေးခွန်းများ ကို အကျစ်လျစ်ဆုံးပြန်လည်ဖြေကြားဖြေဆိုခဲ့သော ကိုဇွဲနေဝင်း၏ သတင်းသမားများ နှင့် တွေ့ ဆုံမှု လည်း ဖြစ်သည်။

အဖေနဲ့သားတို့ အရေး ယူခံရတဲ့ အ ဖြစ်မှန်ကို သိချင်ပါတယ်။

အဲဒါက အဲဒီ ခေတ်၊ အဲဒီ အခါက စိုးရိမ်စိတ်လွန်သွားပြီးတော့ Misunder standing တစ်ခုကြောင့် ဒီလိုမျိုးမ ဖြစ်သင့်၊ မ ဖြစ်ထိုက်တဲ့တိုင်းပြည်မှာ အရှက်ကွဲရတဲ့အရာမျိုးတွေ ဖြစ်သွားခဲ့တာပါ။ ဒါအတွက်တော့ ကျွန်တော် ကစိတ်မကောင်း တော့ ဖြစ်မိပါတယ်။

ဘာကြောင့် မိသားစုလိုက် အရေး ယူခံရသလဲ။

ဒါ ကတော့ ကျွန်တော် တို့မိသားစု ကတော့ လူတိုင်းက တစ်ယောက် တည်း၊ တစ်ဦးတည်းလို့ မြင်ခဲ့တာမျိုးမရှိခဲ့ပါဘူး။ အဘိုးကောဆိုတဲ့အတွက် မိသားစုတစ်ခုလုံးမြင်ခဲ့တဲ့အတွက် ဒီလို ဖြစ်သွားတယ်လို့ ကျွန်တော် မြင်ပါတယ်။

အခု သမ္မတကြီးပြန်ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်လွှတ်ပေးတဲ့အပေါ်မှာ ရော ဘာလို့ နှစ် ယောက် ကျန်နေလဲ။ အမှု ချင်းတူရဲ့ သားနဲ့ ဘာလို့နှစ် ယောက် ကျန်နေလဲ။

အဲဒါလည်း အများ အတွက်က အံ့သြစရာကြီးတစ်ခုလို့ ကျွန်တော် လည်း ဖြစ်နေပါတယ်။ လူတိုင်းအကုန်လုံးလည်း ဒါကို အံ့သြနေကြမယ်။ Question Mark အကြီးကြီးတစ်ခုပေါ်နေဦးမယ်လို့လူတွေ မြင်မှာ ပဲ။ ဒါ ကတော့ ကျွန်တော့်  အတွက်ကလည်း အခုအချိန်အထိ ဝေခွဲလို့စဉ်းစားလို့မရတဲ့ Question Mark ကြီးတစ်ခုပါ။ လေးယောက် ရှိတဲ့အထဲက နှစ် ယောက် ပဲလွတ်လာပြီး နှစ် ယောက် ကျန်နေသေးတယ်ဆိုတာ ကျွန်တော့် အတွက်က Question Mark ပဲ။ ကျွန်တော် လည်း ဒီလိုပဲပြောချင်ပါတယ်။ လူတွေ လိုပါပဲ။ လူတွေ အကုန်လုံးလည်း Question Mark ကြီးတစ်ခု ဖြစ်နေတယ်။

Casce အတူတူပဲ။ ဘာ ဖြစ်လို့ နှစ် ယောက် လွှတ်ပြီး နှစ် ယောက် ကျန်နေသလဲ။ စိတ်မချသေးတဲ့အတွက် စောင့်ကြည့်ဖို့အတွက် နှစ် ယောက် ချန်ထားတာ ဖြစ်မလား။

အဲဒီ လို ယူဆကြတဲ့သူတွေ လည်းရှိမှာ ပဲလေ။ လူတွေ က အမျိုးမျိုးယူဆကြမှာ ပဲ။ အဲဒါကြောင့် မို့ ကျွန်တော် ပြောသလို ဒါ Question Mark ကြီး အကြီးကြီးတစ်ခု ဖြစ်နေတယ်။ လူတိုင်းက ဒါကို အမျိုးမျိုးဖြည့်ပြီးတော့ စဉ်းစားပိုင်ခွင့်ရှိပါ တယ်။ ဒီလိုစဉ်းစားပိုင်ခွင့်ကို ကျွန်တော် လုပ်ပေးခဲ့တာမဟုတ်ဘူး။ ဒီလို ဖြစ်သွားတဲ့ ဖြစ်ရပ်ကလုပ်ပေးခဲ့တာ။ လူတိုင်းက ဒီနှစ် ယောက် ကျန်ခဲ့တဲ့ကိစ္စကို လွတ်လွတ်လပ်လပ် စဉ်းစားပိုင်ခွင့် ကျွန်တော် ကပေးထားပါတယ်။

အဲဒါကြောင့် ကျွန်တော် သိချင်တာက ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ပတ်သက်လို့ အပြင်မှာ ပြောကြဆိုကြတာ တွေ ရှိပါတယ်။ အဲဒီ အပေါ်မှာ ...။

အဲဒါနဲ့ပတ်သက်လို့က ဆရာရယ် သူ့အပေါ်မှာ လူတွေ က အမျိုးမျိုးစိတ်ထားတွေ ရှိကြတယ်။ တချို့ကျတော့လည်း သူတို့ လူသား တစ်ယောက် ထက်ပိုတဲ့စွမ်းရည်တွေ ရှိပြီးတော့ အရည်အချင်းတွေ ရှိတယ်ဆိုပြီးတော့လည်း တစ်ဖက် စွန်းတွေးပြီးတော့ ကြည်ညိုလေးစားနေတဲ့သူတွေ လည်းရှိပါတယ်။ တချို့ကျတော့လည်း အမှန်တရားနဲ့လုံးဝကင်းကွာ ပြီးတော့ သူ့အပေါ်မှာ အပြစ်တွေ မြင်ကြတယ်ဆိုတာလည်းရှိပါတယ်။ ဒါပေမယ့် ဒီလူတွေ အကုန်လုံးကိုတော့ လွတ်လပ် စွာ တွေးတောပိုင်ခွင့်၊ လွတ်လပ်စွာ စဉ်းစားပိုင်ခွင့်တော့ ကျွန်တော် ကပေးပါတယ်။ ဒီလူတွေ အကုန်လုံးဘယ်လိုစဉ်းစားပါ။ ဘယ်လိုမစဉ်းစားဘူး။ ဘယ်ဟာ ကတော့ဟုတ်တယ်။ မဟုတ်ဘူးမပြောပါဘူး။အားလုံးက Freely ပါပဲ။ ဒါပေမယ့်နောက် အနှစ် နှစ် ဆယ်၊ သုံးဆယ်လောက်ဆိုရင်တော့ ဒီလိုမျိုးနှစ် ဖက်အစွန်းတွေ အကုန်လုံးသည်အနည်ထိုင်သွားပြီးတော့သူ တကယ်စွန့်လွှတ်အနစ်နာခံခဲ့တာလေးတွေ သမိုင်းမှာ အမှန်တရားအတိုင်းထင်ပြီးကျန်ခဲ့မယ်လို့ကျွန်တော် ယုံကြည်ပါ တယ်။

အခုအများ က အဘိုးနဲ့ပတ်သက်လို့ တစ်ပါတီအာဏာရှင်စနစ်ကြောင့် နှစ် ပေါင်း (၂၆)နှစ် တိုင်းပြည် ချွတ်ခြုံကျခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ပတ်သက်လို့ မြေး တစ်ယောက် အနေနဲ့ ဘယ်လိုများ Defence လုပ်ချင်လဲ။

ဒါ ကတော့ သူ့အနေနဲ့တိုင်းပြည်ကတကယ်ဒုက္ခရောက်နေတဲ့အချိန်မှာ တိုင်းပြည်အတွက်အသင့်တော် ဆုံး ဖြစ်မယ့် ဟာကို လုပ်ပေးခဲ့တယ်။ ဒီအတွက်သူဟာလည်း အစကတည်းလည်းပြောခဲ့တယ်။ တို့စခဲ့တယ်။ တို့လိုရင်ပြင်မယ် ဆိုပြီး သူပြောခဲ့တာတွေ အများ ကြီးရှိပါတယ်။ ဒါတွေ ကိုကြည့်ခြင်းအားဖြင့် သူသည်တယူသန်ကြီး တိုင်းပြည်အပေါ်မှာ စိတ်ထားပြီးလုပ်ခဲ့တာ မဟုတ်ဘူးဆိုတာတော့ ကျွန်တော် မပြောလည်း လူတွေ အကုန်လုံးသိကြမှာ ပါ။

အဲဒီ တော့ ကိုဇွဲတို့အနေနဲ့ ဒီနိုင်ငံရေး အပြောင်းအလဲမှာ အစဉ်အလာရှိတဲ့ အဘိုးရဲ့ သွေးပါပြီးသား ဖြစ်နေတဲ့ အတွက် နိုင်ငံရေး လုပ်ဖို့စိတ်ကူးမရှိဘူးလား။

ကျွန်တော် တို့ကအစကတည်းက နိုင်ငံရေး လောကထဲမှာ နေလာခဲ့တဲ့သူ မဟုတ်ပါဘူး။ နိုင်ငံရေး လုပ်ဖို့လည်း အစီ အစဉ်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော် တို့တိုင်းပြည်ကို တခြားနိုင်ငံကနေရန်ပြုတာမျိုး၊ ဒီလိုကိစ္စမျိုးတွေ ပေါ့နော်။ နောက်ပြီး ကျွန်တော် တို့နိုင်ငံ ပဲ့ထွက်သွားပြီးတော့ ပြည်နယ်တွေ ဘာတွေ ကွဲသွားတာမျိုး၊ တိုင်းပြည်ကြီးပြိုကွဲမှာ မျိုး။ အဲဒါက ဒုတိယအချက်ပါ။ တတိယအချက် ကတော့ ဗုဒ္ဓသာသနာကို ညှိုးငယ်အောင်လုပ်ပြီးတော့ ဘုရားဟောတွေ ကို ပြင်ပြီးတော့ ကမောက်ကမ ဖြစ်အောင်လုပ်တဲ့ကိစ္စတွေ ။ နောက် တပ်မတော် ရဲ့ အခန်းကဏ္ဍကိုမှေးမှိန်အောင်၊ တပ်မတော် ရဲ့ အစဉ်အလာကိုသိမ်ငယ်အောင် တပ်မတော် ကိုစော်ကားတာမျိုးတွေ ဖြစ်လာရင်တော့ ဒီလိုမျိုး အကြောင်းအရာလေးချက်နဲ့ ဖြစ်လာရင်တော့ ဒါ နိုင်ငံသားလုပ်ရမယ့်တာဝန်ပဲလို့ ကျွန်တော် မြင်ပါတယ်။ ဒါ နိုင်ငံရေး လုပ်တာမဟုတ်ဘူး။ တိုင်း ပြည်အတွက်လုပ်တာ။

အမျိုးသားရေး ပေါ့။

အမျိုးသားရေး ပါ။

အခု ကိုဇွဲတို့ကို သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့် လွှတ်လိုက်တဲ့အပေါ်မှာ ရော ဘာများ ပြောစရာရှိပါသလဲ။

ကျွန်တော် ဟာ မြန်မာလူမျိုး တစ်ယောက် ဖြစ်တဲ့အတွက် ကျွန်တော် ပထမဦးဆုံးပြောချင်တဲ့စကား ကတော့ ကျေးဇူး တင်ပါတယ်။ နောက်လည်း ဒီလိုလွှတ်သင့် လွှတ်ထိုက်တဲ့သူတွေ အများ ကြီးကျန်ပါသေးတယ်။ ဒီလူတွေ ကို ဆက်ပြီး တော့လည်းလွှတ်နိုင်ပါစေ။ သမ္မတကြီးအနေနဲ့ လွှတ်ဖို့လည်း သူ့မှာ အခွင့်အရေး တွေ ရပါစေလို့ ကျွန်တော် ဆုတောင်း ပေးပါတယ်။ သူကလည်း တစ်နှစ် မပြည့်သေးတဲ့အချိန်အတွင်းမှာ ဒီလောက်အထိလုပ်လာတယ် ဆိုတာလည်း ဒါကိုတော့ ကြိုက်တဲ့သူရှိမယ်၊ မကြိုက်တဲ့သူရှိမယ်။ ဒါပေမယ့် လုပ်ပေးနေတယ်ဆိုတာကိုတော့ အသိအမှတ်ပြုသင့်ပါတယ်။

(၂ဝ၁၂) ခုနှစ် မှာ နိုင်ငံရေး Change ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း လွှတ်တော် ထဲ ဝင်မှာ တွေ ရှိလာတဲ့အပေါ်မှာ ရော ကိုဇွဲတို့အမြင်လေးပေါ့။

ဒါ ကတော့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မှာ ကိုတော့ သူ့အပေါ်မှာ ကျွန်တော် လည်း စာနာနားလည် မိပါတယ်။ ဒီလိုပဲဝင်မလား မဝင်မလား စဉ်းစားနေတဲ့တခြားပါတီတွေ လည်း ရှိနေကြသေးတယ်လေ။ သူတို့အပေါ်မှာ လည်း ကျွန်တော် က စာနာနားလည်မိတယ်။ ဒီလိုအခြေအနေတွေ မှာ အားလုံး confidence ရှိရှိနဲ့ ဖြစ်လာအောင်၊ နေနိုင်လာအောင် ဒီသမ္မတကြီးတို့ဘက်ကလည်း အကောင်းဆုံး ဖြစ်အောင်ညှိပေးလိမ့်မယ်လို့ ကျွန်တော် တော့ မျှော်လင့်ပါတယ်။

ကျွန်တော် တို့ကြားမှာ ပျံ့နှံ့နေတဲ့ ကောလာဟလတစ်ခုရှိတယ်။ စကော်ပီယံနဲ့ပတ်သက်လို့ပေါ့နော်။ စကော် ပီယံနဲ့ပတ်သက်လို့ ဘာများ ပြောချင်လဲ။

စကော်ပီယံနဲ့ကျွန်တော် နဲ့ ဘာမှမဆိုင်ပါဘူး။ ဒါကို သိလည်းသိကြပါတယ်။ အခုလည်း ကိစ္စမျိုး ဖြစ်သွားတော့လည်း လူတွေ က ပိုပြီးရှင်းလင်းသွားတာပေါ့လေ။

ဘာကြောင့် စကော်ပီယံနဲ့ကိုဇွဲတို့တွဲ ပြီး နာမည် ထွက်သလဲ။

ဒါ ကတော့ လူတွေ က ကျွန်တော် တို့ဆိုရင်အမျိုးမျိုးပြောကြမှာ ပဲလေ။ ဒီအတွက်တော့ သူတို့လည်းထင်ယောင်ထင် မှားနဲ့ အမှားသတင်းကိုပြောမိကြတာပါ။ ဒီလူတွေ အကုန်လည်းကျွန်တော် ခွင့်လွှတ်ပါတယ်။

တစ်ယောက် နဲ့ တစ်ယောက် နားလည်မှု လွဲပြီးတော့ အရေး ယူခံရတယ်ဆိုတဲ့အပေါ်မှာ အခုအပြင်ပြန်ရောက်တဲ့ အပေါ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ကတော့ ကံ,ကံ၏ အကျိုးပဲလို့ သူကပြောပါတယ်။ ကိုဇွဲတို့အနေနဲ့ကော ဘယ်လို များ ပြောချင်ပါသလဲ။

မှန်ပါတယ်။ ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ မြင်မယ်ဆိုရင်တော့ ရှေးရှေးဘဝက ကျွန်တော် ဘာလုပ်ခဲ့သလဲ ကျွန်တော် လည်း ဘယ်မြင်နိုင်မလဲ။ ဒါကို နာကြည်းနေလို့လည်းမရဘူး။ ဒါကို ဘာမှခံစားပြီးတော့ ကြေကွဲနေလို့မရဘူး။ ကျွန်တော့် အဘိုး ပြောပြောနေတဲ့စကားရှိပါတယ်။ နာစရာရှိရင်လွမ်းစရာနဲ့ဖြေရမယ်ဆိုတာပါ။

အဘိုးနဲ့ အနီးကပ်နေခဲ့တဲ့သူ တစ်ယောက် အနေနဲ့ အဘိုးအပေါ်ဘယ်လိုမြင်လဲ။

သူ ကတော့ ငယ်စဉ်ကတည်းက အရွယ်ကောင်းနေတဲ့အချိန်မှာ တကယ့်ကြီးမားတဲ့ တိုင်းပြည်တာဝန်ကြီးတွေ ကို သူတို့ လူငယ်လေးတွေ ဘဝကတည်းကထမ်းဆောင်ခဲ့ရတယ်။ ဒီလိုနဲ့ဆက်ပြီး တိုင်းပြည်အတွက် သူ့ဘဝတစ်ခုလုံးကို ပေးဆပ်လိုက်တာပဲ။ နောက်ဆုံး ကျွန်တော် တို့မြေးတွေ မွေးပြီးတော့ အသက်(၈ဝ)လောက်အထိ တိုင်းပြည်အတွက် သူ့ဥာဏ်အား၊ သူ့ခွန်အားအကုန်လုံး စိုက်ထုတ်ပြီးလုပ်ပေးခဲ့တဲ့ ပုဂ္ဂိုလ် တစ်ယောက် ပါ။

အဲဒီ လိုကြီးကျယ်တဲ့ တိုင်းပြည်လွတ်လပ်ရေး အတွက် ပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီး တစ်ယောက် က သူ့ဘဝ နေဝင်ချိန်ကျတော့ မလှမပနဲ့ လူမသိသူမသိဆုံးပါးသွားတဲ့ အပေါ်မှာ ရော ကိုဇွဲတို့ဘယ်လိုမြင်လဲ။

ဒါ ကတော့ လူဆိုတာဆုံးတဲ့အချိန်မှာ ဆုံးတတ်တဲ့စိတ်ထားဖို့ပဲလိုပါတယ်။ ရွှေအခေါင်းကြီးနဲ့ထည့်မှ ဒါဟာ ကောင်း တယ်။ ကောင်းရာရောက်မယ်။ ဒီအတိုင်းထားလို့ နတ်ပြည်မရောက်ဘူး။ နိဗ္ဗာန်မရောက်ဘူး။ ဒီလိုမျိုး စိတ်တွေ မရှိပါဘူး။ ဒါဟာ ဘာသာရေး အရကြည့်မယ်ဆိုရင် ခန္ဓာကြီးဆိုတာမက်မောစရာ ဘာမှမရှိပါဘူး။

အကျဉ်းကျခံရပြီးမှ ဘယ်လိုနေရထိုင်ရလဲ။ အခြားအကျဉ်းသားများ တန်းတူနေရသလား၊ အထူး အခွင့်အရေး ရသလား။

ကျွန်တော် တို့က တပ်ထဲမှာ ကြီးလာခဲ့တဲ့သူ ဖြစ်တဲ့အတွက် ငယ်ငယ်က ကျောင်းဆိုလည်းကျောင်းစည်းကမ်း။ တပ် ဆိုလည်းတပ်စည်းကမ်း။ အခု ထောင်ဆိုလည်း ထောင်စည်းကမ်းပေါ့။ ရောက်တဲ့နေရာမှာ သူ့စည်းကမ်းလေးတွေ အတိုင်းနေသွားရင် အားလုံးနေပျော်ပါတယ်။

အထူးအခွင့်အရေး ရတာ ရှိလား။

မရှိပါဘူး။

သာမန်အကျဉ်းသားများ နည်းတူ နေရတဲ့သဘောလား။

ဟုတ်ပါတယ်။ ထောင်မှာ တော့ ထောင်စည်းကမ်းအတိုင်းနေရတယ်။

အမေက အပြင်မှာ ကျန်ခဲ့တယ်ပေါ့နော်။ အဲဒီ နေ့က ကိုဇွဲတို့ ပြန်လွတ်လာတဲ့အခါမှာ အမေ့ရဲ့ ပီတိလေးသိ ချင်တယ်။

ကျွန်တော် တို့ပြန်လာတဲ့နေ့က အမေ့မျက်နှာကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော် က ပျော်နေမယ်လို့တောင် သူ့ကို မယူဆထားပါဘူး။ ဒါပေမယ့် အမေ့မျက်နှာကို မြင်လိုက်တဲ့အချိန်မှာ သနားစရာကောင်းတဲ့လူ တစ်ယောက် လို့ ကျွန် တော် မြင်ပါတယ်။

မိသားစုလိုက်အရေး ယူခံရတော့ အမေက အထီးကျန်ကျန်နေခဲ့ရတယ်။ အမေ့ကိုပူဆွေးမှု ကော အထဲမှာ မရှိဘူးလား။

အမေ့ကို ကျန်းမာရေး အရတော့ ကျွန်တော် စိုးရိမ်မှု ရှိပါတယ်။ အမေကျန်းမာရဲ့ လားဆိုတာတော့ အမြဲဆုတောင်းပြီး တော့ မေတ္တာပို့ပါတယ်။ ဒါပေမယ့် အမေ့စိတ်ထား ကတော့ အမေအကြောင်းကိုကျွန်တော် သိပြီးသား ဖြစ်တဲ့အတွက် စိတ်ပူတာမျိုးမရှိပါဘူး။

၁၉၈၈ ဝန်းကျင်မှာ အမေနဲ့ပတ်သက်လို့ အသံတွေ ထွက်ခဲ့ဖူးတယ်။ အဲဒီ အပေါ်မှာ ကော ကိုဇွဲအနေနဲ့ ဘာများ ပြောချင်သလဲ။

ဒါလည်း အမေနဲ့ပတ်သက်လို့ ပြောခဲ့တဲ့ဟာတွေ မဟုတ်မမှန် ဖြစ်ခဲ့ကြမယ်ဆိုတာ အားလုံးလည်းနောက်ပိုင်း သိ နေကြတာပဲ။ ပြောတဲ့အချိန်တုန်းကကျွန်တော် တို့လည်းသိခဲ့ကြတယ်။ နောက်ပိုင်းလည်းသိသွားကြတယ်။ ကျွန်တော် တို့တောင် ရှင်းစရာမလိုဘဲနဲ့ သူ့ဟာသူပျောက်ကွယ်သွားတဲ့စကားတွေ လို့ပဲ ကျွန်တော် မြင်ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ သားသမီးမြေးများ သည် ဘာကြောင့် နိုင်ငံရေး လောကထဲရောက်မလာကြတာလဲ။

ဒါ ကတော့ ကျွန်တော် တို့မိသားစုက အစကတည်းကလည်း ငါတို့ဟာနိုင်ငံရေး မိသားစုလို့၊ နိုင်ငံရေး လုပ်တဲ့ မိ သားစုလို့ ဘယ်တော့မှမခံယူခဲ့ဘူး။ လိုအပ်တာရှိရင်ကူညီကြမှာ ပါ။ နိုင်ငံရေး လောကမှာ လူတော် လူကောင်းတွေ များ နေပြီးသားလေ။ ကျွန်တော် တို့ကအစကတည်းက နိုင်ငံရေး လောကထဲကလာတဲ့သူတွေ မဟုတ်တဲ့အတွက် နိုင်ငံရေး လောကထဲကို မဝင်ြ ကတော့ဘူး။

နောင်ကိုလည်း နိုင်ငံရေး လုပ်ဖို့ စိတ်ကူးမရှိဘူးလား။

ကျွန်တော် ခုနကပြောခဲ့တဲ့အတိုင်းပါပဲ။ နိုင်ငံရေး နဲ့ပတ်သက်လို့ ကတော့။

လောလောဆယ် ကိုဇွဲ အပြင်မှာ အခုဘာလုပ်မလဲ။ စီးပွားရေး လုပ်မှာ လား ဘာလုပ်မလဲ။

လုပ်စရာတွေ တော့အများ ကြီးရှိတယ်။ ကျွန်တော် အခုလုပ်ရမယ်လို့ပြင်ထားတာ ကတော့ ကျွန်တော် တို့ မိတ်ဆွေ တွေ ပေါ့နော်။ မိတ်ဆွေအပေါင်းအသင်းတွေ ကိုတောင်းပန်ရမှာ တွေ ရှိတယ်။ ဘာလဲဆိုတော့ အရင်တုန်း ကတော့ ကိုယ့် နားမှာ တစ်ခုခုလိုချင်လို့လာနေကြတာလို့ထင်ခဲ့ဖူးတာရှိတယ်။ သို့ သော် ဒီလို ဖြစ်သွားပြီးတဲ့အချိန်မှာ သြော် မိတ်ဆွေ တွေ ဆိုတာကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေ အများ ကြီးရှိပါလားဆိုတာ၊ တကယ်မိတ်ဆွေကောင်းတွေ အများ ကြီး ရှိပါလားဆိုတာ ကျွန်တော် သံသယဝင်ခဲ့မိတာလေးကို ကျွန်တော် တောင်းပန်ရမှာ တွေ ရှိတယ်။

စီးပွားရေး နဲ့ပတ်သက်လို့ကော။

စီးပွားရေး နဲ့ပတ်သက်လို့ ကတော့ နိုင်ငံတော် မှာ စီးပွားရေး တွေ လည်း တိုးတက်နေတာတွေ တွေ့ ရပါတယ်။ ဒီလိုမျိုး ကြိုးစားနေကြတယ်ပေါ့နော်။ စီးပွားနဲ့ပတ်သတ်လို့ လူတွေ အကုန်လုံးဝိုင်းဝန်းကြိုးစားနေကြတယ်။ တချို့လည်း စီးပွားရေး မှာ တချို့လူတွေ လုပ်ပုံကိုင်ပုံတွေ ကို ဘဝင်မတွေ့ တာမျိုးတော့ရှိကောင်းရှိနိုင်တယ်။ ဒါတွေ ကိုလည်း မြင်တာတော့ ဒီလိုလူတွေ သည် သူတို့စေတနာ စိတ်ထားကကောင်းပြီးသားပါ။ သူတို့လည်းလုပ်သင့်လုပ်ထိုက်လို့ ဒီလုပ်မှ ဒီလို ဖြစ်မယ်လို့ လုပ်လာကြတာ။ စီးပွားရေး မှာ လည်း စိတ်ထားကောင်းတာတစ်ခုပြောရမယ်ဆိုရင် တီတီစီဆရာမ တွေ ဟာဆိုရင် သူတို့ တီတီစီကျောင်းသားဟောင်း တစ်ယောက် က စီးပွားရေး အဆင်ပြေလာတဲ့အခါမှာ ဆရာမ တွေ ကို ကြည့်ရှုစောင့်ရှောက် တယ်။ ဆရာမ တွေ ကိုပြန်လည်စောင့်ရှောက်တာတွေ ရှိတယ်လေ။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့သည်ကိုယ့်ကို ဘာမှမလုပ် ပေးနိုင်တဲ့ ဒီဆရာမ တွေ ကို စောင့်ရှောက်တယ်ဆိုတာ ဒီလိုလူတွေ သည်စိတ်ရင်းစေတနာမှန်နဲ့ ရှိတယ်ဆိုတာကိုတော့ ကျွန်တော် မြင်ပါတယ်။

ကိုဇွဲတို့ငယ်ငယ် အကျဉ်းမကျခင်ကာလတုန်းက နာမည် ဆိုးနဲ့ကျော်ကြားခဲ့ဖူးတယ်။ အရမ်းဆိုးတယ်ပေါ့နော်။ ဘယ်သူ့ရဲ့ မြေးတွေ အရမ်းဆိုးတာပဲဆိုတဲ့အသံတွေ အပြင်မှာ ရှိခဲ့ဖူးပါတယ်။ အဲဒါနဲ့ပတ်သက်လို့ကော။

ကျွန်တော် တို့ကို ဆိုးတယ်လို့ပြောတာလည်း ဒါလည်း အခုလူတွေ သိသွားပြီလေ။ ဒါတွေ ဟာ မဟုတ်ဘူး။ ဒါတွေ ဟာ ကောလာဟလလိုမျိုးတွေ ဖြစ်ခဲ့တယ်ဆိုတာလည်း လူတော် တော် များများ လည်းနားလည်ကြပါတယ်။

ဒါနဲ့ပတ်သတ်လို့ ဘာမှ Detail မရှင်းချင်ဘူးလား။

ဒါ ကတော့ ဆရာရယ်။ လူတွေ ဆိုတာက ကျွန်တော် တို့ကို အမျိုးမျိုးပြောကြမှာ ပဲ။ ဒီလူတွေ ကိုလည်း သူတို့အမှား ပြောနေပေမယ့်လည်း မင်းတို့ပြောနေတာမှားနေတယ်၊ မင်းတို့ပြောနေတာမဟုတ်ဘူးလို့တော့ ကျွန်တော် ပြောဖို့စိတ်ထဲ ရှိရင်တောင်မှ နောက်တော့လည်း သူတို့မြင်သွားတာပဲလို့ ကျွန်တော် ပြောခါနီး တောင်မှ သူတို့ ဒီလိုမဟုတ်ပါလားဆိုတာကို မြင်မြင်သွားတဲ့အတွက် ဒါကိုကျွန်တော် ပြန်ရှင်းစရာမလိုတော့ဘူး။ ဒါဟာ မဟုတ်ဘူးဆိုတာ လူတိုင်းသိပြီးသား ဖြစ် နေပါတယ်။

အဘိုးနဲ့ပတ်သက်လို့ ကိုဇွဲတို့ အနေနဲ့ မိသားစုအနေနဲ့ သမိုင်းနဲ့ဆိုင်တဲ့ စာအုပ်တစ်အုပ်လုပ်ဖို့ အစီအစဉ်ကော မရှိဘူးလား။ ဘာကြောင့် လဲဆိုတော့ အဘိုးနဲ့ပတ်သက်လို့ ဒီအချိန်အထိ သမိုင်းရဲ့ တရားခံအ ဖြစ်နဲ့ အမျိုးမျိုးပြော ကြဆိုကြတယ်။ အာဏာရှင်လို့ဆိုကြတဲ့အပေါ်မှာ ဒီမိသားစုအနေနဲ့ ဘာမှ ပြန်လုပ်ဖို့ အစီအစဉ်မရှိဘူးလား။

ဒါ ကတော့ ဆရာရယ် ကျွန်တော့် အဘိုးအပေါ်မှာ ချစ်တဲ့သူတွေ လည်းအရမ်းများ ပါတယ်။ သူလုပ်ခဲ့တဲ့ဟာက တစ်ကိုယ်ကောင်းဆန်ပြီး တစ်ယောက် ကောင်း၊ တစ်ဦးကောင်းအတွက်လုပ်ခဲ့တာမဟုတ်ဘူး။ တစ်တိုင်းပြည်လုံး အတွက် သူလုပ်ခဲ့တာပါဆိုတဲ့အတွက် သူ့ရဲ့ စေတနာ ခုနကကျွန်တော် ပြောသလိုပဲ သူ့ရဲ့ စွန့်စားခဲ့တာတွေ ၊ သူ့ရဲ့ စွန့်လွှတ်ခဲ့တာတွေ လူတွေ မြင်ပြီးသားပါ။ သိပြီးသားပါ။ ဟုတ်တယ်မဟုတ်လား။

အဲဒီ တော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြေး ဖြစ်ရတာ ဂုဏ်ယူလား။

ဂုဏ်ယူတာပေါ့ ဆရာကလည်း။ ဒါ ကတော့ ဖြစ်ချင်ကြတဲ့သူတွေ လည်း အများ ကြီးပဲလေ။

အဲဒီ အတွက် မြေး တစ်ယောက် အနေနဲ့ အဘိုးအတွက် ဘာလုပ်ပေးမလဲ။

ဒါ ကတော့ မြေးတိုင်းလုပ်ရမယ့် အလုပ်တွေ ရှိတယ်လေ။ ကုသိုလ်ကောင်းမှု ။ အဘိုးရဲ့ အစဉ်အလာကိုထိန်းရမယ်။ အဘိုးနေခဲ့တဲ့ စည်းကမ်းအတိုင်းနေရမယ်။ သူ့ရဲ့ စည်းကမ်းကြီးမှု ၊ သူ့ရဲ့ အစဉ်အလာတွေ ကို ကျွန်တော် ဆက်ထိန်း သွားမှာ ပေါ့။

အဲဒီ တော့ ကိုဇွဲ အဘိုးဆီက၊ အမေ့ဆီက၊ အဖေ့ဆီက ဘာတွေ ရလဲ။

အဘိုးရယ်၊ အမေရယ်၊ အဖေရယ်ဆီကရတာ က အနွေးထွေးဆုံး၊ လုံခြုံမှု အရှိဆုံး မေတ္တာတရားပဲ။

ကိုဇွဲ တခြားဖြည့်ပြောချင်တာလေး။

တချို့ကလည်း သမ္မတကြီးလုပ်တာ အေးတယ်။ တချို့ကလည်း အားမရဘူးဆိုပြီးရှိကြတယ်။ ကျွန်တော် တို့ အားမရတာ တော့ ဒီလိုလူမျိုး အရနောက်ကျခဲ့တယ်ဆိုပြီးတော့ အားမရခဲ့တာရှိပါတယ်။ သူလိုလူမျိုး အစောကြီး ကတည်းကသာ ခေါင်းဆောင် ဖြစ်နေမယ်ဆိုရင် အရာရာမှာ အခုလိုမျိုး သိမ်မွေ့စွာ နဲ့ သူလုပ်သွားနိုင်ခဲ့မယ်။ အကုန်လုံးသည် တစ်ချိန်တည်းပင် တစ်ခါတည်းပါလာခဲ့မယ်လို့ ကျွန်တော် မြင်ပါတယ်။

ကျွန်တော် တို့မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ဘယ်လိုများ မြင်လဲ။

လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့။ အနာဂတ်နဲ့ပတ်သက်လို့ ကတော့ အားလုံးသည်ကောင်းတာ လုပ် နေတာဆိုရင်ဝိုင်းလုပ်ကြမယ်။ မကောင်းတာလုပ်နေတာဆိုရင် ဝိုင်းပြီးတော့နားလည်အောင်လုပ်ကြမယ်။ နားလည်အောင် ရှင်းပြကြမယ်။ နားလည်အောင်ပြောဆိုနိုင်ကြမယ်ဆိုရင် အားလုံး တစ်တိုင်းပြည်လုံးရောက်ချင်တဲ့ ပန်းတိုင်ကိုတစ်တိုင်း ပြည်လုံးရောက်သွားမှာ ပဲ။ မှန်မှန်ပုံမှန်နဲ့ချီတက်ပြီး ရောက်သွားနိုင်မယ်လို့ ကျွန်တော် မြင်ပါတယ်။

ပန်းတိုင်ဆိုတာ ဒီမိုကရေစီပန်းတိုင်လို့ ပြောချင်တာလား။

မှန်တာပေါ့ဆရာ။

ကိုဇွဲနေဝင်းနှင့် မေးမြန်းမှု အပြီးတွင် ဖခင် ဖြစ်သူ ဦးအေးဇော်ဝင်းကိုလည်း မေးခွန်းအချို့ မေးမြန်းခဲ့သည်။

သားနှစ် ယောက် ကျန်ခဲ့တဲ့အပေါ်မှာ ကော။

ဦးအေးဇော်ဝင်း။ ။ အဲဒါတော့အကုန်မပျော်နိုင်ဘူး။

ဘာကြောင့် ကျန်တယ်လို့ အစ်ကိုထင်သလဲ။

ဦးအေးဇော်ဝင်း။ ။ သူ့ပေါ်လစီရှိတာပဲ။

ကိုဇွဲ ကတော့ ဒီဟာကို နားလည်မှု လွဲခြင်းတစ်ခု၊ မှားယွင်းမှု တစ်ခုလို့ ပြောပါတယ်။ အစ်ကိုကော ဒီအမှု နဲ့ပတ်သက်လို့ ဘာများ ပြောချင်သလဲ။

ကိုဇွဲနေဝင်း။ ။ ကျွန်တော် ခုနကပြောခဲ့အတိုင်းပါပဲ။ misunderstanding တစ်ခု ဖြစ်သွားတာလေးကြောင့် လို့။

အဲဒီ လို နားလည်မှု လွဲတဲ့အတွက် မနစ်နာဘူးလား။

ကိုဇွဲနေဝင်း။ ။ (ရယ်လျက်)နစ်နာတယ်ဆိုတာက တစ်ခုခုခံစားရတယ်။ တစ်ခုခု အာဃာတမျိုးတွေ ရှိမှသာ ဒါ နစ်နာတယ် ဆိုတာမျိုးပေါ့နော်။ ဒါပေမယ့် ကျွန်တော် တို့သည် ဒါမျိုးကိုငါတော့ နစ်နာသွားတယ်။ ငါ့ကိုတော့ လုပ်လိုက်တယ်။ ဒါမျိုး ကျွန်တော် တို့ တစ်ခါမှမစဉ်းစားခဲ့ဖူးပါဘူး။ သူတို့ အထင်လွဲသွားတာကို ကျွန်တော် မြင်လိုက်တယ်။ သြော် သူတို့ ဒီလိုအထင်လွဲသွားလို့ ဒီလို ဖြစ်သွားတာ။ ဟုတ်တယ်မဟုတ်လား။ misunderstanding ... ဒါကို ပေါ်သွား တဲ့အတွက် ဖြစ်သွားတယ်။ ဒါပဲပေါ့ ဆရာရယ်။

အလားတူ မိခင် ဖြစ်သူ ဒေါက်တာခင်စန္ဒာဝင်းကိုလည်း မေးမြန်းရာ

အားလုံးကလည်း အစ်မ Voice ကို ကြားချင်နေကြတယ်လေ။

မထင်ပါဘူး။ ကျွန်မ အရေး မကြီးပါဘူ။ Nobody. Nothing.

ကိုဇွဲနဲ့ ကိုအေးဇော်ဝင်း ပြန်လွတ်လာတဲ့အပေါ်မှာ အစ်မအမြင်လေး ပြောစေချင်တယ်။

သိပ်မပြောချင်ဘူး။

နည်းနည်း လေးတော့ပြောပါ။

အားလုံးပဲ စိတ်ချမ်းသာရပါစေလို့ပဲကျွန်မပြောချင်ပါတယ်။ ကျွန်မတင်မကပါဘူး။ ဘယ်မိသားစုမဆို ငြိမ်းချမ်း ကြပါစေ။

အစ်မအနေနဲ့ နိုင်ငံရေး လုပ်ဖို့ အစီအစဉ်မရှိဘူးလား။

--------------ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထိုနေ့က မိသားစုဓာတ်ပုံရိုက်ခွင့်တောင်း၍ မိသားစုဓာတ်ပုံရိုက်ယူခဲ့ ဖြစ်ကြသည်။ မိသားစုမစုံမလင်နှင့် ရိုက်ယူ ခဲ့ရခြင်း ဖြစ်သည်။ နောင်တစ်ချိန်တွင် မိသားစုစုံစုံလင်လင်နှင့် ဓာတ်ပုံရိုက်ခွင့်ကြုံဦးမည် ထင်သည်။ အပြန်တွင် ကိုဇွဲနေဝင်းမှ သူ့အဘိုးနှင့် လုပ်ဖော်ကိုင်ဖက်ဟောင်းများ အယ်လ်ဘမ်တစ်ခုကိုထုတ်ပြခဲ့သည်။ သူ့အဘိုး၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများ အပေါ်ထားရှိသော သံယောဇဉ်ကိုပြချင်ပုံရသည်။ အပြန်တွင် အင်းစိန်အကျဉ်းစခန်း၌ ဆုံခဲ့သော သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို သတိတရရှိနေကြောင်းလည်း ကိုဇွဲနေဝင်းမှ မှာ ကြားလိုက်ချေသည်။

'ကျွန်တော် ဖုန်းဆက်သေးတယ်။ ဖုန်းဆက်လို့မရလို့'ဟုဆိုသည်။



ဝန်ဇင်းချစ်သူများ မြတ်ခိုင် ၏ “ ဦးနေ၀င်း၏ သေရွာပြန်မြေးများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သခင်အောင်ကြီး

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် အင်တာဗျူး

မင်းသိင်္ခနှင့် စကားပြောခြင်း