Cover

အမှာ စာ

ကျေးဇူး

ကမ္ပည်းမော်ကွန်း

သခင်အောင်ကြီး (ပေါင်းတည်) ကို စာရေး ဆရာတစ်ဦးအ ဖြစ် လေးစားခဲ့သည်။ သခင် အောင်ကြီး (ပေါင်းတည်) ၏ စာများ ကို ပေဖူးလွှာမဂ္ဂဇင်းတွင် ဖတ်ခွင့်ကြုံခဲ့သည်။ သခင်အောင် ကြီး (ပေါင်းတည်)က သူ့အတွေ့ အကြုံများ ကို ရိုးရိုးရှင်းရှင်း ရေး ပြခဲ့ခြင်းအတွက် စိတ်ဝင်တစား စောင့်ဖတ် ဖြစ်ခဲ့သည်။ သည်နောက်ပိုင်း ၁၉၈၈ ခုနှစ် တွင် သခင်အောင် ကြီး (ပေါင်းတည်)သည် နိုင်ငံရေး ဇာတ်ခုံပေါ်သို့ ရောက်လာခဲ့သည်။ ၁၉၈၈-၈၉ ကာလများ သည် နိုင်ငံရေး သမား သခင်အောင် ကြီး (ပေါင်းတည်)၏ လှုပ်ရှားမှု ကို ပို၍ ထင်သာမြင်သာရှိစေခဲ့သည်။ ပို၍ လည်း လှုပ် လှုပ်ရှားရှားရှိခဲ့သည်။ သည့်နောက်ပိုင်း သခင်အောင် ကြီး (ပေါင်းတည်)သည် နိုင်ငံရေး ဇာတ်ခုံပေါ် မှ ဆင်းသွားခဲ့ပြန်သည်။ ထို့နောက် စီးပွားရေး လောကသို့ ကူးတော့မည် ဆိုသော အခါ မှတ်မှတ်ရရ ရန်ကုန် အင်းယားလိဂ်ဟိုတယ်တွင် တွေ့ ခွင့်ရခဲ့သည်။ စီးပွားရေး လုပ်ငန်းနှင့် ပတ်သက်၍ စာနယ် ဇင်းများ ကိုလည်း ရှင်းလင်းသည့်ပွဲတစ်ပွဲ ဖြစ်သည်။ ထိုနေ့က Teatime အချိန်တွင် သခင်အောင် ကြီး (ပေါင်းတည်)ကို “အန်ကယ်နိုင်ငံရေး က အနားယူပြီလား” ဟုမေး ဖြစ်ခဲ့သည်။ သခင်အောင် ကြီး (ပေါင်းတည်)က “လူဆိုတာ ကိုယ့်ခေတ်ကုန်ရင် ကိုယ်သိရတယ်။ အောင်ကြီးခေတ်ကုန်ပြီ” ဟု ဖြေကြားခဲ့သည်။ သညအကြောင်းတွေ ကို ကြီးပွားရေး လမ်းညွှန်ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ကြီးပွားရေး လမ်းညွှန်ဂျာနယ်တွင် ဖော်ပြလိုက်သည်ကို ဘန်ကောက်ပို့စ်မှ ကိုးကားဖော်ပြတာ လည်း တွေ့ ရသည်။ သည့်နောက်ပိုင်း သခင်အောင် ကြီး (ပေါင်းတည်)၏ သားများ ဖြစ်ကြသော ကိုသားချစ်၊ ကိုသားငယ်တို့နှင့် ရင်းနှီးခဲ့ရကာ မိသားစုရင်းချာပမာ နွေးနွေးထွေးထွေး ရင်းနှီးလာခဲ့ ကြသည်။ သခင်အောင် ကြီး (ပေါင်းတည်)အိမ်သို့ လည်း အဝင်အထွက် ရှိလာခဲ့သည်။ သခင်အောင် ကြီး (ပေါင်းတည်)နှင့် တွေ့ လေတိုင်းလည်း မေးချင်သည့်မေးခွန်းများ ကို မျိုချခဲ့ရ သည်မှာ အကြိမ်ကြိမ်။ သည်လိုနိုင်ငံရေး သမားဟောင်းကြီးတစ်ဦးကို သက်ရှိထင်ရှား နီးနီးကပ် ကပ်၊ ထိထိစပ်စပ်တွေ့ နေပါလျက် သမိုင်းဆိုင်ရာ အချက်အလက်များ ကို မှတ်တမ်းမှတ်ရာအ ဖြစ် မမေးမြန်းခဲ့ဘူးဆိုလျှင် တာဝန်မကျေရာ ရောက်ပေလိမ့်မည် ။ သို့ သော် အခြေအနေက အလှမ်းဝေး လို့နေသည်။ သည့်နောက်ပိုင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ စာပေစိစစ်ရေး မူဝါဒအပြောင်းအလဲ အချိုးအကွေ့တစ်ခုသို့ ရောက်လာပါမှ မေးခွင့်သာခဲ့ရတော့သည်။ သခင်အောင်ကြီး (ပေါင်းတည်) အိမ်သို့ အကြိမ်ကြိမ်အဖန်ဖန်သွားလာရင်း (၃) လတာမျှ အချိန်ယူခဲ့ရသည်။ သခင်အောင် ကြီး (ပေါင်းတည်)သည် သိရှိလိုသည့် သမိုင်းအချက်အလက်များ ကို မခြွင်းမချန် ထုတ်ဖော်ပြောကြား ခဲ့သည်။ သခင်အောင် ကြီး (ပေါင်းတည်)၏ ဇနီးမှအစ သားသမီးများ အားလုံးကလည်း ဝိုင်းဝန်းကူ ညီခဲ့ကြသည်။ အထူးသဖြင့် အန်ကယ့်ဇနီး အန်တီမူ၊ အန်ကယ့်သမက် ဦးရဲမြင့်၊ အန်ကယ့်သား ကိုသားချစ်၊ ကိုသားငယ်တို့ကိုလည်း ကျေးဇူးတင်မဆုံး ရှိခဲ့ရသည်။

မည် သို့ ပင် ဖြစ်စေ နိုင်ငံရေး သမားဟောင်းကြီး သခင်အောင် ကြီး (ပေါင်းတည်)နှင့် တွေ့ ဆုံ မေးမြန်းခဲ့သည်များ ကို ကာယကံရှင်ကိုယ်တိုင် သက်ရှိထင်ရှားရှိနေချိန်တွင် မေးသင့်မေးထိုက် သည်များ ကို မေးမြန်းကာ စာမျက်နှာထက်တွင် ကဗ္ပည်းတင်နိုင်ခဲ့ပြီ ဖြစ်သည်။ သခင်အောင် ကြီး (ပေါင်းတည်) ၏ ထုတ်ဖော်ပြောကြားချက်များ နှင့် ပတ်သက်၍ တစ်စုံတစ်ရာလွဲချော်နေသည် ဆို ငြားအံ့။ သခင်အောင် ကြီး (ပေါင်းတည်) သက်ရှိထင်ရှားရှိနေခိုက် ပြောနိုင်ဆိုနိုင် ချေပနိုင်ချိန်တွင် တုံ့ပြန်သင့်သည်ဟု မြင်သည်။

မြတ်ခိုင်

အမှာ စာ

3rd Nov 2007

ကျွန်တော် က ဘယ်တုန်းကမှ အင်တာဗျူး လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဘာ ဖြစ်လို့လဲဆို တော့ အဟောင်းတွေ ကို အသစ်မ ဖြစ်စေချင်တော့လို့ပါ။ ကျွန်တော် ကျောင်းသားဘဝက ကြားဖူးတဲ့ စကားပုံတစ်ခုရှိတယ်။ “ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ခုနှစ် ပါး” တဲ့။ ကိုယ်ရဲ့ လုပ်ဆောင်ချက် တွေ ကို ပြန်ပြောပြီး ဂုဏ်ဖော်သလို ထင်ကြမှာ စိုးတယ်။ ဒါပေမဲ့ ကိုယ်ရေး ကိုယ်တာအနေနဲ့ သဘောမထားဘဲ မြန်မာပြည်သမိုင်းကြောင်း၊ အထူးသဖြင့် လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းနဲ့ ပတ်သတ်ပြီး ပြောပြဖို့တာဝန်ရှိတယို့ ယူဆတယ်။ ကျွန်တော် ဟာ မြန်မာပြည်သမိုင်းကြောင်းမှာ အဓိကအရေး ကြီးတဲ့ အစိတ်အပိုင်း တော် တော် များများ ကို တာဝန်ယူ ဦးဆောင်လုပ်ခဲ့ရတယ်။ အဲဒီ အကြောင်းအရာတွေ ကို ဖော်ထုတ်ဖို့ အချိန်တန်ပြီလို့လည်း ယူဆတယ်။ ဥပမာအားဖြင့် မြန်မာပြည်ဟာ တစ်ချိန်က ကမ္ဘာ့အလယ်မှာ မော်ကြွားခဲ့တယ်။ Developing Country ကနေပြီး တော့ လက်တွေ့ မ ဖြစ်နိုင်တဲ့ ဆိုရှယ်လစ်စနစ်ကို နှစ် ပေါင်း၂၀ ကျော် ဖော်ဆောင်ခဲ့မိလို့ Undeveloping Country အ ဖြစ် နိဂုံးချုပ်ခဲ့ရတဲ့ ဖြစ်စဉ် ရှိခဲ့တယ်။ သမိုင်းမရှိတဲ့နိုင်ငံ၊ နိုင်ငံရေး အစဉ်အလာမရှိတဲ့နိုင်ငံအ ဖြစ် မကျန်ရစ်စေချင်တဲ့သဘောနဲ့ ရည်ရွယ်ပြီး ဒီ အင်တာဗျူး ကိုလက်ခံ ခဲ့တယ်။ ကျွန်တော် သက်ရှိထင်ရှားရှိနေချိန်မှာ တတ်နိုင်သလောက် တိုင်းပြည်ကို သမိုင်း ဖြစ်ရပ်မှန် တွေ ကို ပြည့်ပြည့်စုံစုံ တင်ပြချင်တယ်။ ဒါမှ ကျွန်တော် အသေဖြောင့်မှာ ၊ ဝတ္တရာကျေမှာ လို့ ယူဆ တယ်။

ကျွန်တော် တို့တိုင်းပြည်ဟာ အစဉ်အလာကောင်းရှိတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက်မှာ ဗြိတိသျှကျွန်ဘဝက နိုင်ငံများ လွတ်လပ်ရေး ရခဲ့ကြတယ်။ မြန်မာ နိုင်ငံလည်းပါတယ်။ မြန်မာနိုင်ငံဟာ နယ်ချဲ့လက်အောက်က လွယ်လွယ်ကူကူ လွတ်လပ်ရေး ရခဲ့ တာမဟုတ်ဘူး။ ကမ္ဘာစစ်ကြီးမ ဖြစ်မီ စစ်တွင်းကာလ စစ်ကြီးပြီးစတွေ အထိ နှလုံးရည် လက်ရုံးရည် နဲ့တိုက်ပြီးမှ ရခဲ့တာ။ ဒါပေမဲ့ ထူးခြားတာက မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက်က လွတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းသူပြည်သားများ ရဲ့ ဆန္ဒနဲ့အညီ ရေး ဆွဲခဲ့တယ်။ အတည်ပြုခဲ့တယ်။ ပြီးတော့ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပခဲ့ တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ခဲ့ပြီး လွှတ်တော် ခေါ်ပေးတယ်။ အစိုးရဖွဲ့ခဲ့တယ်။ ဒါကြောင့် စစ်ကြီးပြီးတဲ့ Post War ကာလမှာ တကယ်ကို ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ခဲ့တာ မြန်မာနိုင်ငံဟာ ပထမဆုံးနိုင်ငံ ဖြစ်ခဲ့တယ်။ သမိုင်းဘီးကို သဘာဝ အလျောက် မှန်မှန်လည်ပတ်ဖို့ တော့လိုတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်း ကမ္ဘာကျော် ယူဂိုစလားဗီးယားနိုင်ငံ သမ္မတ ကြီး မာရှယ်တီးတိုးဟာ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးပြီးချင်း Destroyer စစ်သင်္ဘောနဲ့ အလည် အပတ်ရောက်ရှိပြီး တစ်လကြာနေသွားခဲ့တယ်။ အဲဒီ မှာ မြန်မာပြည်အခြေအနေ အရပ်ရပ်ကို လေ့လာပြီး တအံ့တဩ ချီးမွမ်းခဲ့ရတဲ့ မှတ်တမ်းများ ၊ သမိုင်းအစဉ်အလာကောင်းများ ရှိခဲ့တယ်။ အဲဒီ အခြေအနေကောင်းကနေ အခြေအနေမဲ့အထိ ဖြစ်ခဲ့ရတယ်။ ဒါတွေ ဟာ သာဓကတွေ ၊ နမူနာ ယူစရာတွေ စတဲ့ မြန်မာ့သမိုင်း အတွေ့ အကြုံတွေ ပေါ့။

ယခုလက်ရှိ မြန်မာပြည် အခြေအနေတွေ မှာ စိတ်ရင်းစေတနာမှန်တဲ့ ပညာရှင်တွေ ၊ တက် သစ်စ အသိပညာရှင်၊ အတတ်ပညာရှင်တွေ ၊ ခေတ်အဆက်ဆက် နိုင်ငံတော် မှာ နာမည် ကောင်း၊ ဂုဏ်သိက္ခာကောင်းတွေ နဲ့ အနစ်နာခံ လုပ်ဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေ ၊ ခေတ်သစ်အတွေးအခေါ်ပညာ ရှင်တွေ အများ ကြီးရှိပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေ အကုန်လုံး အင်တိုက်အားတိုက်နဲ့ ဝိုင်းဝန်းကူညီ လုပ် ဆောင်ကြမှသာ မြန်မာနိုင်ငံတော် ဟာ အစဉ်အလာကောင်းတဲ့ သမိုင်းဝင်တဲ့နိုင်ငံတစ်နိုင်ငံအ ဖြစ် ကမ္ဘာ့စာမျက်နှာမှာ မော်ကွန်းတင်ကျန်ခဲ့မှာ ဖြစ်တယ်။ ဒါကြောင့် အဲဒီ ပုဂ္ဂိုလ်လေးတွေ ဟာလည်း နိုင်ငံတော် ရဲ့ အနာဂတ်မျှော်လင့်ချက်ရောင် ခြည်ကလေးတွေ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။ ဒီအခြေအနေတွေ ကိုတင်ပြ၊ ညွှန်ပြမှသာ ကျွန်တော် ဟာ တာဝန်ကျေပြီး အသေဖြောင့်မှာ ဖြစ်ပါတယ်။

ရဟန်းရှင်လူပြည်သူလူထုတစ်ရပ်လုံးကို အစဉ်လေးစားစွာ ဖြင့်

သခင်အောင် ကြီး (ပေါင်းတည်)

အပိုင်း(၁)

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေက အမျိုးသားညီလာခံ ပြီးဆုံးသွားတဲ့အပေါ်မှာ အဆင့်ဆင့်ကို ကျော်လွန်ခဲ့ပြီလို့ သုံးသပ်ကြပါတယ်။ အမျိုးသားညီလာခံအောင်မြင်စွာ ပြီးဆုံးသွား တဲ့အပေါ်မှာ အန်ကယ်ရဲ့ သဘောထား၊ သုံးသပ်ချက်ကို သိလိုပါတယ်။

ဒီတစ်ဆင့်အောင်မြင်သွားတယ်ဆိုတာ ဒီမိုကရေစီအတွက် ဝမ်းသာစရာပဲပေါ့ဗျာ။ ဒီတစ် ဆင့်က First Step ပဲ ရှိသေးတာကိုး။ အဆင့်တွေ က အများ ကြီး လာစရာအကြောင်းရှိတာကိုး။ မြန်မာပြည်ရဲ့ အလားအလားဟာ အရင်တုန်းက အခြေအနေကိုပြန်ပြီးရောက်ဖို့ လိုဦးမယ်။ အဲဒီ အချိန်အထိတော့ ကိုယ်တို့က အသက်ရှင်ဦးမှာ မဟုတ်တော့ဘူး။ ဒါ ကိုယ့်ရဲ့ ယူဆချက်ပဲ။

အမျိုးသားညီလာခံ First Step ပြီးသွားပြီဆိုတော့ Road Map နဲ့ပတ်သက်လို့ ပြောပြပါဦး။

Road Map ဆိုတာက ပထမခြေလှမ်းပေါ့နော်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာ ဒီမိုကရေစီ ခြေလှမ်း လှမ်းဖို့ဆိုတာ အရင်တုန်းက ခေတ်နဲ့ အခုခေတ်က မတူတော့ဘူး။ နောက်ပေါက်လူငယ် တွေ အလျင်စလို ခြေလှမ်းလှမ်းရင် ပိုကြာသွားမယ်။ အရင်တုန်းက ကျန်ရစ်ခဲ့တဲ့ နိုင်ငံရေး သမား ဟောင်းတွေ က အခုလူငယ်တွေ နဲ့ သဟဇာတ ဖြစ်အောင် ထိန်းထိန်းကျောင်းကျောင်းသွားရင် နိုင်ငံ ရေး မျှော်လင့်စရာလမ်း ရှိတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အန်ကယ် ဘယ်လိုမှန်းဆပါသလဲ။

အခု ကမ္ဘာမှာ Internet တွေ ၊ Email တွေ ပေါ်လာပြီးနောက်ပိုင်းမှာ International Connection ကလွယ်တယ်၊ တိကျတယ်၊ မြန်တယ်၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို လုပ်ဆောင်ရာမှာ လုပ်ဆောင်ချက်တွေ ကို ပြည်သူတွေ လက်ခံနိုင်အောင် ကြိုးစားရမယ်။ International လည်း လက်ခံနိုင်အောင် လုပ်ရမယ်လေ။

ရွေးကောက်ပွဲမှာ NLD ပါတီက တရားဝင်ပါတီအ ဖြစ် ရပ်တည်နိုင်ဖို့ရာ အလားအလာရှိ၊ မရှိ ဆိုတာ သုံးသပ်ပေးပါ။

NLD ပါတီက တရားဝင်ရပ်တည်နိုင်ဖို့ သူ့ရဲ့ လုပ်ဆောင်ချက်၊ မူဝါဒ၊ သုံးသပ်ချက်တွေ အပေါ်မှာ ပဲ မူတည်တယ်။ ဥပမာ ၁၉၉၀ ပြည့်နှစ် တုန်းက ပါတီစုံရွေးကောက်ပွဲမှာ NLD ပါတီက မဲအများ ဆုံးနဲ့ အနိုင်ရပြီး အမျိုးသားညီလာခံမှာ Majority ပါတီအနေနဲ့ တရာဝင်တက်ခွင့်ရခဲ့တယ်။ ရခဲ့တာကို အကျိုးရှိအောင် မလုပ်နိုင်ဘဲနဲ့ အလောသုံးဆယ်လုပ်ပြီးတော့ ထွက်သွားတယ်။ လွှတ်တော် အမတ်တွေ က ထွက်စာတင်ခိုင်းတယ်။ ကမ္ဘာမှာ လုပ်ရိုးထုံးစံမရှိဘူး။ တစ်သွေး တစ်သံ၊ တစ်မိန့်နဲ့ ထွက်လိုက်ဆိုတော့ ထွက်တဲ့လူတွေ ကလည်း ထွက်စာတကယ်ရေး ပြီး တင်ပေး လိုက်တော့ အစိုးရကလည်း ဒါကိုလက်ခံတယ်လို့ ကြေညာလိုက်တယ်။ အဲဒီ အဖွဲ့အစည်းကိုယ်စား လှယ်တွေ လည်း အကုန်လုံးပြာသွားတာပဲ။ နိုင်ငံရေး လုပ်မယ့်လူတွေ က တကယ် စဉ်းစဉ်းစားစား ဆောင်ရွက်ဖို့လိုပါပြီ။ အခု အဖွဲ့အစည်းတွေ လည်းမရှိ၊ အလားအလာတွေ ကလည်း ခေတ်နောက် ကို အများ ကြီးကျသွားပြီ။ ကိုယ်တို့အနေနဲ့ ကတော့ ကြေကွဲစရာကောင်းတယ်လို့ ယူဆတယ်။

NLD Founder ထဲမှာ အန်ကယ်လည်းပါခဲ့တယ်။ “အောင်စုတင်” ဆိုပြီး တွဲ ခဲ့ကြတယ်။ တွဲ တုန်းကတွဲ ပြီး ကွဲတော့မှ ဘာကြောင့် ကွဲခဲ့ရတာ လဲဆိုတာ အန်ကယ့်ရှုထောင့်က ရှင်းပြပေးပါ။

ကိုယ်တို့က ဒီမိုကရေစီ ယုံကြည်လို့ရှိရင် ကိုယ့်ဇာတ်နဲ့ ကိုယ့်ဘာသာ ကကြမှ ဒီမိုကရေစီ ဖြစ်နိုင်မှာ ကိုး။ အထက်က ဗဟိုဦးစီးစနစ်နဲ့ချပေးလို့ ရှိရင်တော့ မူဝါဒက တစ်လွဲစီ ဖြစ်သွားမယ်။ အဲဒီ တုန်းက သတိပေးပေမယ့် ကိုယ်တို့နဲ့ လုပ်ဖော်ကိုင်ဖက်အဟောင်းတွေ က ကိုယ်ပြောတာကို နားမဝင်ဘူးလေ။ နားမဝင်တော့ လမ်းမှားသွားတယ်။ အဖွဲ့အစည်းက တော် တော့် ကိုပျက်ပြားသွား ပြီ။

အဲဒီ တုန်းက NLD ကို အောင်စုတင်ဆိုပြီး ဖွဲ့တာကို လူနာမည် မလိုချင်ဘူး။ နာမည် ပြောင်း မယ်ဆိုပြီး နာမည် ရှာကြမယ်ဆိုပြီး ရှာကြတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဆိုပြီး ပြောင်းလိုက်တယ်။ ပြောင်းလိုက်ပြီးတော့ အန်ကယ်က Upper Myanmar ကိုတာဝန်ယူလိုက် တယ်။ တာဝန်ယူပြီး တက်သွားတဲ့အချိန်မှာ အန်ကယ်က ဘာပြောလဲဆိုတော့ “ကိုယ့်အရပ်နဲ့ ကိုယ်ဇာတ်မှာ ကိုယ်ကြိုက်တဲ့သူ၊ ကိုယ်တင်ပါ” လို့လေ။ ဟိုတုန်း ကတော့ ဗဟိုဦးစီးစနစ်နဲ့ မလုပ် သေးဘူး။ တောက်လျှောက်ဟောသွားပြီးတော့ မြို့တွေ မြို့တွေ မှာ လည်း ပြည်သူလူထုက တင်တဲ့ လူကို တင် ဖြစ်ခဲ့တယ်။ တောက်လျှောက် မန္တလေး ရောက်သွားတယ်။ မန္တလေးကနေ ရွှေဘို အကုန်လုံးရောက်ပြီးတဲ့အချိန်မှာ ရန်ကုန်က ဦးတင်ဦးနဲ့ မစုကို ထားပစ်ခဲ့တယ်။“မင်းတို့ ဒီမှာ နိုင် အောင်ထိန်း၊ ငါ Upper Myanmar တက်မယ်”ဆိုပြီး ဘယ်လို ဖြစ်လဲဆိုတော့ တစ်ဦး တစ်ယောက် ကနေပြီး ဒါ ပါတီထဲက မဟုတ်ဘူး။ အပြင်လူပေါ့။ နာမည် တော့ မပြောချင်ဘူး။ သူက လှမ်းခေါ်တယ်။ ဗိုလ်ချုပ် အမြန်ဆုံးပြန်လာပါတဲ့။ ဒီမှာ ကွန်မြူနစ်တွေ လွှမ်းမိုးနေပြီတဲ့။ ပထမတော့ အန်ကယ်က မပြီးသေးတော့ ခဏစောင့်ပါ။ ပြန်လာမယ်ပေါ့။ အဲဒါလည်းပြီးရော ပြန်လာကြတယ်။ သွားတုန်းက ဖွဲ့ထားတဲ့မြို့က တင်ပေးထားတဲ့လူတွေ တစ်ယောက် မှမရှိတော့ ဘူး။ ဘယ်လို ဖြစ်လဲဆိုတော့ လူသစ်တွေ ရောက်နေတယ်။ အဲဒီ လူသစ်တွေ က ဦးကိုယုတို့၊ ဦးတင်ရွှေတို့က (ကွန်မြူနစ်တွေ က) လူလာ ပြောင်းသွား တယ်တဲ့။ ရန်ကုန်ပြန်ရောက်တဲ့အခါကျ တော့ အန်ကယ်က တပ်မှူးကြီးအဖွဲ့ကို အရင်ခေါ်တယ်။

သူတို့ရောက်လာပြီးတော့ ကွန်မြူနစ်အဖွဲ့တွေ စိမ့်ဝင်နေပြီဆိုတော့ သူတို့က ဘာပြောလဲ ဆိုတော့ မစုနဲ့ညှိမှရမယ်တဲ့။ သူတို့ ကတော့ ဘာမှလုပ်လို့ မရဘူးပေါ့နော်။ အန်ကယ်က ကောင်းပြီ။ ဒါဆို မစုနဲ့ချိန်းပေးဆိုတော့ မစုက အိမ်ကိုရောက်လာတယ်။ အန်ကယ်က မစုကိုပြော တယ်။ မေဂျာ Post ကိုမထားနဲ့။ ထုတ်ပစ်လိုက်ပါဆိုတော့ မစုက ”သူတို့လည်း ဒီမိုကရေစီလိုလား သူပဲတဲ့။ မထုတ်နိုင်ဘူး လို့ပြောတယ်။ မထုတ်နိုင်ရင် ဘာလုပ်မလဲဆိုတော့ ကောင်းပြီ။ ဒါဆို ဒီမိုကရေစီနည်းကျကျ ဥက္ကဌရှုံးရင် ဥက္ကဌကိုထုတ်မယ်။ သူတို့ရှုံးရင် ကွန်မြူနစ်တွေ ကိုဖယ်မယ် ဆိုပြီး ပြောတဲ့အချိန်မှာ သိလိုက်ပြီ။ သုံးယောက် ပေါင်းထားတာ။ သုံးယောက် ပေါင်းထားတဲ့နေရာ မှာ တပ်မှူးကြီးတွေ က သူ့ဘက်ကိုပါထားပြီ။ နောက်ပြီးတော့ ကြားမှာ ဗိုလ်မှူးကြည်မောင်ကိုယ် တိုင်က ဟိုဘက်ကိုပါသွားတော့ Automatically ရှုံးသွားတာပေါ့။ မဲအနေနဲ့ကြည့်လိုက်ရင် သိတာ ပေါ့။ BBC က လှမ်းမေးတယ်။ ဒီလို ဖြစ်သွားတာ ဘာကြောင့် ပါလဲ ဆိုပြီးတော့လေ။

အန်ကယ်ပြောလိုက်တယ်။ ရှုံးသွားတာလို့ ရှုံးပေမယ့် မထွက်ဘူးလို့။ သူတို့ဘက် ကတော့ ရှုံးသွားလို့ ထုတ်လိုက်တယ်ဆိုပြီးတော့။ ဒါပေမဲ့ မစုတို့ ကြေညာတာက အန်ကယ်က ထွက်သွာုး တယ်ဆိုပြီး။ လူတွေ က ဒီဥစ္စာကို ပေါင်းချင်တာလေ။ ထွက်သွားလိုက်တယ်ဆိုတဲ့အချိန်မှာ လူတွေ က အန်ကယ့်ကို မုန်းသွားကြပြီလေ။ ပြီးတော့ ကွဲသွားကြတယ်ဆိုပါတော့။ အန်ကယ်လ်က NLD ကထွက်လိုက်ရတယ်။ ထုတ်တယ်လို့မပြောဘဲ ထွက်တယ်လို့ကြေညာလိုက်တော့ မုန်းသွားကြတယ်လေ။

တကယ်လို့ အောင်စုတင်ပါတီသာ မကွဲလို့ရှိရင် NLD ပါတီရဲ့ ရပ်တည်ချက်က ဘာ ဖြစ်လာ နိုင်မလဲ။

တကယ်လို့ စည်းစည်းလုံလုံးရှိခဲ့ကြရင် အဲဒီ တုန်းက နိုင်ငံရေး အခြေအနေက ကမ္ဘာက လေးစားလောက်အောင် စည်းရုံးတဲ့နိုင်ငံ ဖြစ်သွားမှာ ။ ဘာ ဖြစ်လို့လဲဆိုတော့ မြန်မာပြည်က ကိုလိုနီ နိုင်ငံထဲက အကုန်လုံးထွက်တဲ့အထဲမှာ ဒီမိုကရေစီလွှတ်တော် တွေ နဲ့ ပွဲဦးထွက်ထွက်ခဲ့တာက မြန်မာပြည်လေ။ မြန်မာပြည်ကိုလေ့လာဖို့ တအံ့တဩလာပြီး လေ့လာကြတယ်။ သို့ ပေမဲ့ ကံအားလျော်စွာ တစ်ကွဲတစ်ပြား ဖြစ်သွားတော့ ဟိုတစ်လောကတောင် နိုင်ငံခြားအချို့က မြန်မာ ပြည်ကို လာလေ့လာတယ်လို့ တွေ့ ရတယ်။

တကယ်တမ်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူလူထုနဲ့ ရင်းနှီးကျွမ်းဝင် မိတ်ဆက်ပေးတဲ့သူဟာ အန်ကယ်ကိုယ်တိုင် ဖြစ်တေနတယ်လို့ ပြောလို့ရမယ် ထင်ပါတယ်။ ပေဖူးလွှာမဂ္ဂဇင်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူလူထုနဲ့ မျက်စိထဲမြင်သာ၊ ထင်သာအောင် ဖန်တီးခဲ့စဉ်ကက ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံရေး လောကထဲကို ဝင်လာဖို့ရာ စိတ်ကူးမရှိခဲ့ဘူးဆိုတာ ဟုတ်ပါသလား။

သူကိုယ်တိုင်ကိုက ပထမဦးဆုံးသွားပြီး ချဉ်းကပ်တဲ့အချိန်ကျတော့ သူမြန်မာပြည်ကို ပြန်လာတာတဲ့။ သူ့အမေကြီးမမာလို့ ပြုစုဖို့လာတာဆိုပြီး နိုင်ငံရေး လုပ်ဖို့ မရည်ရွယ်ဘူးဆိုပြီး သူက အကုန်လုံးခါထုတ်လိုက်တယ်။ ဟိုတုန်းကပေါ့။ နောက်ပိုင်းကျတော့ မြန်မာပြည်က လူတွေ က အဖွဲ့အသီးသီးကသွားပြီး ချဉ်းကပ်တော့ သူကလည်း ခေါင်းဆောင်မယ်ဆိုပြီး တိုင်းပြည်ကို ကြေညာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်နဲ့ မိတ်ဆက်ပေးတယ်ဆိုတာ ဟုတ်ပါ တယ်။ ငယ်ငယ်ကတည်းက လက်ပေါ်မှာ ကြီးပြင်းခဲ့တဲ့အတွက် သူ့မိခင်ကြီးကို ပြုစုဖို့ဆိုပြီး အဲဒီ အချိန်မှာ ရောက်လာတာပါ။ မြန်မာပြည်နိုင်ငံရေး လောကထဲဝင်ရောက်ဖို့ နိုင်ငံရေး ရပ်တည်ချက် တွေ မှာ မရှိခဲ့ဘူးဆိုတာ ဟုတ်ပါတယ်။

Constitution ဆွဲတာကျတော့ UNDP ဖွဲ့လိုက်တဲ့အခါမှာ တခြားဟာတွေ အရင်မလုပ် သေးဘူး။ မူကြမ်းကိုအရင်ထုတ်တယ်။ ပထမဦးဆုံး စစချင်း “ပါတီညီလာခံ” ခေါ်ရမယ်။ ခေါ်ပြီးရင် မူကြမ်းဆွဲရမယ်။ ဆွဲပြီးတဲ့အခါကျတော့ Referendum လုပ်ရမယ်။ ပြီးတော့မှ ရွေးကောက်ပွဲလုပ်ရ မယ်ဆိုပြီးတော့ UNDP အတွက် မူဝါဒထုတ်ရမယ်။ ဒီအတိုင်းလုပ်ရမယ်ဆိုပြီးတော့ NLD က မူဝါဒ ထွက်လာတဲ့အခါကျတော့ ဗဟိုဦးစီးစနစ်နဲ့ထွက်လာတယ်။ စာအုပ်ထွက်လာတော့ အန်ကယ်က မန္တလေးမှာ ရောက်နေတယ်။ ဒီမှာ မစုတို့ကတိုင်ပင်ပြီး မူကြမ်းစာအုပ်ထုတ်လိုက်တယ်။ ရန်ကုန်က ကလေးတွေ ကို နယ်စပ်ကိုလွှတ်လိုက်တယ်။ မစုလက်မှတ်နဲ့။ တောခိုတဲ့သဘောပေါ့။ မန္တလေးမှာ ဥက္ကဌရှိတယ်ဆိုပြီးဝင်လာတော့ မူကြမ်းထွက်လာပြီဆိုပြီး ပေးလိုက် တော့၊ ဖတ်ကြည့်လိုက်တယ်။ မူကြမ်းနောက်ဆုံးပိတ်မှာ ဗဟိုဦးစီးစနစ်ရေး ထားတယ်။ အန်ကယ်က ကိုယ့်အရပ်၊ ကိုယ့်ဇာတ်ရေး ထားတယ်။ အဲဒါကြောင့် တပ်မှူးကြီးတွေ က ဗိုလ်အောင်ကြီးနဲ့ပေါင်းရင်တော့ သူတို့နေရာရမှာ မဟုတ်ဘူး။ မစုနဲ့ပေါင်းမှ ရမယ်ဆိုပြီးပြောတာ။ အန်ကယ် အသက်(၈၀) ပြည့်တုန်းကလေ၊ ထွက် သွားတာကို ထုတ်လိုက်တာပါလို့ပြောတော့ အရမ်းကို Sensitive ဖြစ်တဲ့အချိန်မှာ ကွာတယ်လေ။ ထွက်တာနဲ့ထုတ်တာက မတူဘူး။ အသက် (၈၀) ပြည့်နှစ် မွေးနေ့လုပ်မယ်။ မြရိပ်ညိုမှာ ပေါ့လေ။ NLD ကပြောတာနဲ့ လုပ်တာတွေ က မတရားဘူးလို့ ပြောချင်တယ်။ အန်ကယ်ရဲ့ ရဲဘော်ဟောင်း တွေ လည်းဖိတ်မယ်။ ပြည်သူတွေ လည်း ဖိတ်မယ်။ အစိုးရအဖွဲ့ကိုလည်း ဖိတ်ပြီးရှင်းချင်တယ်ဆိုပြီး ပြောတော့ လုပ်ပါတဲ့။ ရှင်းချင်တာကလည်း “တပ်မတော် ကို စိတ်နဲ့တောင်မပြစ်မှားပါနဲ့” ဆိုတဲ့ ကိစ္စရယ်၊ တပ်မှူးကြီးတွေ NLD ကဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာ ရှင်းချင်တာပါ။

၁၉၈၈ အရေး အခင်းနဲ့ပတ်သက်လို့ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရခြင်းမှာ အန်ကယ်ရဲ့ စာတမ်း ကြောင့် လို့လည်း နည်းနည်း ပြောလို့ရမယ်ထင်ပါတယ်။ အဲဒီ အချိန်က ဦးနေဝင်းနဲ့ အန်ကယ်တို့က ဆရာတပည့်တွေ ဖြစ်နေတာကြောင့် အဲဒီ လို ဖြစ်အောင် တမင်ဖန်တီးယူခဲ့တာလို့ဆိုရင်ရော အန်ကယ်အနေနဲ့ ဘယ်လိုဖြေရှင်းချင်ပါသလဲ။

အဲဒါတော့လုံးဝမဟုတ်ပါဘူး။ ဗိုလ်ချုပ်နေဝင်းနဲ့ ကိုယ်နဲ့က ငယ်ငယ်ကတည်းက သူလည်း စာရေး ၊ ကိုလည်းစာရေး ၊ အရမ်းခင်တယ်ဆိုတာတော့ ဟုတ်တယ်။ကိုယ်က ဘယ်တုန်းကမှ သူ့ ဆရာမ ဖြစ်ခဲ့ဘူး။ သူကလည်း ကိုယ့်ကိုဆရာမ တင်ခဲ့ဘူး။ နောက်တစ်ခုက ကိုယ်နဲ့ဗိုလ်ချုပ်နေဝင်း နဲ့က အတူတူလည်း နေဖူးတယ်လေ။ ၁၉၈၇ ခုနှစ် တုန်းက ကိုယ်တို့လင်မယားနှစ် ယောက် စလုံး နှလုံး ရောဂါ ဖြစ်ကြရော။ ကိုယ့်မိန်းမက အရင် ဖြစ်တာ။ ရှေ့ဆင့်နောက်ဆင့်ပေါ့။ ဆေးရုံကြီးမှာ တက်တဲ့အခါကျတော့ ဆရာဝန်တွေ က အန်ကယ်ကြုံတုန်း Medical Checkup လုပ်လိုက်ပါလား ဆိုတော့ Infarct ဖြစ်နေတယ်။ အန်ကယ် ဦးနေဝင်းဆီစာတင်ပြီး ဆေးကုဖို့ပြောပါဆိုတော့ ချက်ချင်း ရောက်လာပြီး နှစ် ယောက် စလုံးကို Passport လုပ်ပေးတယ်။ ဆရာဝန်နှစ် ယောက် ပါ ခေါ်သွားခွင့်ပေးတယ်။ ဗိုလ်ချုပ်နေဝင်းက ဘယ်လောက်ထိလုပ်ပေးသလဲဆိုတော့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်း သံအမတ်တွေ သံရုံးတွေ ဆက်ပေးလိုက် တယ်။ အန်ကယ်က ဗိုလ်ချုပ်ကို ဘာပြောခဲ့ သလဲဆိုတော့ “ဗိုလ်ချုပ်၊ ကျွန်တော် နိုင်ငံခြားရောက် လို့ရှိရင် နိုင်ငံခြားက အခြေအနေတွေ ကို Diplomatic Box ကနေပြီးတော့ ပို့ချင်တယ်။ ခွင့်ပြုပါ” ဆိုတော့ ခွင့်ပြုလိုက်တယ်။

တောက်လျှောက်သွားကြရင်း မလေးရှားရောက်တဲ့အခါမှာ Shopping Mall တစ်ခုမှာ ဆန်အတ်တွေ ထောင်ထားတယ်။ အဲဒီ မှာ Dog Rice ဆိုတဲ့ ဆန်အိတ်တစ်အိတ်ဝယ်တယ်။ အချောင်းချောင်းနဲ့ဆန်ပေါ့။ နောက်တစ်မျိးကျတော့ ရိုးရိုးဆန်ပေါ့နော်။ အဲဒီ မှာ Dog Rice တစ်အိတ်ဝယ်လိုက်တယ်။ အဲဒီ တုန်းက Singapore မှာ ဝန်ကြီးချုပ်မောင်မောင်ခက ရောက်နေ တယ်။ သူကနေတစ်ဆင့် ဦးနေဝင်းဆီကို စာရေး ပြီး ဆန်အိတ်ထည့်ပေးလိုက်တယ်။ “ဗိုလ်ချုပ် ကျွန်တော် တို့မြန်မာပြည်မှာ လူတွေ စားနေတဲ့ဆန်တွေ ဟာ ဒီနိုင်ငံကခွေးဆန်လောက်တောင် မကောင်းဘူးတဲ့။ ဆန်အကျိုးအပဲ့တွေ စားနေရတယ်။ ကြည့်လုပ်ပေးပါ” ဆိုပြီး ခွေးဆန်အိတ်ကို ပို့ လိုက်ရော။ ကိုယ်တို့လည်း ပြန်လာတော့ တော် တော် လေးစိတ်ဆိုးနေတာပေါ့။ အဲဒီ အချိန်မှာ ၁၉၈၈ အရေး အခင်းကြီးကပေါ်လာတော့တာပဲ။ လက်ဝါးရိုက်ပြီး လုပ်တာတော့မဟုတ်ပါဘူး။ တိုက်ဆိုင်သွားတာက နိုင်ငံခြားကိုဆေးကုခွင့်ပေးတယ်။ ပြန်လာတယ်။ ဒီလို ဖြစ်ကြတယ်ဆိုတော့ လူတွေ က သို့ လော သို့ လော ဖြစ်ကြတာပါ။

တော် လှန်ရေး အစိုးရနဲ့ လမ်းခွဲလိုက်တာဟာ အထုတ်ခံရတာ လား။ ထွက်တာလား သိချင်ပါတယ်။

နိုင်ငံရေး မှာ သဘောချင်းမတူလို့ရှိရင် တွဲ ပြီးလုပ်ဖို့ဆိုတာ မ ဖြစ်နိုင်ဘူးလေ။ အယူအဆချင်း Policy ကွဲတာကိုး။ အဲဒါကြောင့် မလုပ်နိုင်ဘူးဆိုပြီး ထွက်ကိုထွက်လိုက်တာ။ ထွက်တာလည်း ထွက်ခွင့်ပေးတဲ့စာကို မပေးဘဲနဲ့ ဦးနေဝင်းက ထွက်တယ်လို့မပြောဘဲနဲ့ အငြိမ်းစား ယူခွင့်ပေး လိုက်တယ်ဆိုပြီး စာပေးလိုက်တယ်။ အငြိမ်းစားယူတယ်ဆိုတာ Automatic ဖြစ်သွားတာပဲ။ ဝန်ကြီးချုပ်အမိန့်နဲ့ ပင်စင်ပေးလိုက် တာ။

အခုလက်ရှိရော အန်ကယ်ပင်စင်ရသေးလား။

ပင်စင်က နာမည် သာရှိတယ်လေ။ ၁၉၈၈ ကစပြီး ပင်စင်လုံးဝမယူတော့ဘူး။ မထုတ်တော့ ဘူးလေ။ ထုတ်မယ်ဆိုရင်လည်း သွားထုတ်လို့ရတယ်။

တော် လှန်ရေး အစိုးရနဲ့ ပတ်သက်လို့ပြောရရင် လမ်းစဉ်ပါတီ (မဆလ) ထူထောင်ခြင်းမှာ အန်ကယ်အခန်းကဏ္ဍ မပါဝင်တာကို အန်ကယ်ဦးချစ်လှိုင်ကို ကျွန်တော် မေးမြန်းရာမှာ သတိပြုမိခဲ့ ပါတယ်။ လမ်းစဉ်ပါတီကို ဘာကြောင့် မရောက်ခဲ့တာပါလဲ။

လမ်းစဉ်ပါတီ (မဆလ) ထူထောင်ခြင်းမှာ မပါဝင်ခဲ့ပါဘူး။ ဘာကြောင့် လဲဆိုတော့ ဗိုလ်နေဝင်းလုပ်ချင်တဲ့ ဆိုရှယ်လစ်လမ်းစဉ်အယူဝါဒနဲ့ ကိုယ်လုပ်ချင်တဲ့ ဆိုရှယ်လစ်လမ်းစဉ်ဝါဒ ချင်းက မတူဘူး။ ဗိုလ်နေဝင်းလမ်းစဉ်ပါတီက ပြည်သူပိုင်သိမ်းချင်တဲ့ဝါဒကို လုံးဝသဘောမတူ ကန့်ကွက်ခဲ့ပါတယ်။ ဒါကြောင့် လမ်းစဉ်ပါတီထဲ မပါဝင်ခဲ့တာပါ။

တော် လှန်ရေး ကောင်စီ ပြည်သူပိုင်သိမ်းရေး မှာ အန်ကယ်က သဘောမတူခဲ့ဘူးဆိုတာ ဟုတ် ပါသလား။

ဟုတ်ပါတယ်။ အဲဒီ တုန်းက တစ်ကမ္ဘာလုံး ဆိုရှယ်လစ်တွေ ထောင်တော့ ပြည်သူပိုင်လုပ်တဲ့ နိုင်ငံတွေ အကုန်လုံးက ကျွမ်းပြန်နေကြပြီ။ ဆိုရှယ်လစ်တွေ အကုန်လုံးကို မျက်ဝါးထင်ထင်တွေ့  ရတဲ့အတွက် ဦးနေဝင်းကိုပြောတော့ ကိုအောင်ကြီးက ဆိုရှယ်လစ်ကိုမယုံဘူးလားတဲ့။ ကိုယ်က ပြောလိုက်တယ်။ “ဗိုလ်ချုပ်၊ ကျွန်တော် ဆိုရှယ်လစ်ကိုယုံတယ်။ ကျွန်တော် ယုံတဲ့ဆိုရှယ်လစ်နဲ့ ဗိုလ်ချုပ်ယုံတဲ့ ဆိုရှယ်လစ် တူမှမတူတာလို့” ဆိုပြီး လမ်းကွဲကြတာပဲ။ ပြည်သူပိုင်သိမ်းတာတွေ က လည်း ကိုယ်က Opposite လုပ်တာတွေ ချည်းပဲ။ တစ်ကမ္ဘာလုံးမှာ ပြည်သူပိုင်သိမ်းလို့ အောင်မြင် တယ်ဆိုတာမှ မရှိခဲ့တာ။

၁၉၈၂ ခုနှစ် ၊ ဇူလိုင်လ (၁၅) ရက်နေ့မှာ စကားဝိုင်းဖွဲ့ကြတယ်လို့ သိရပါတယ်။ သခင်စိုး၊ ဦးကျော်ငြိမ်း၊ သခင်သာခင်၊ ဦးရဲထွဋ်၊ ဦးမောင်မောင်၊ ဦးခင်မောင်လေး၊ ဦးလှမြင့်တို့လို လူဟောင်း တွေ နဲ့ တွေ့ ဆြုံ ကတော့ သက်ဆိုင်ရာက ရှေးဟောင်းနှောင်း ဖြစ်တွေ ရေး နေတယ်ဆိုပြီး ခွင့်ပြုခဲ့တယ် လို့သိရပါတယ်။ ဆိုလိုတာက အဲဒီ ကာလတွေ မှာ အန်ကယ်နဲ့ဦးနေဝင်းနဲ့ ဆက်ဆံရေး ရှိနေဆဲပဲဆို တာ ဟုတ်ပါသလား။

မဟုတ်ပါဘူး။ကိုယ်က ကိုယ်ရေး ခဲ့တယ်ဆိုတဲ့ စာတွေ ရဲ့ First Proof ကို ဗိုလ်နေဝင်းကို ပေးလိုက် တယ်။ လက်ရေး မူနဲ့ပဲ။ ဒါကိုအသိပေးပြီး Object မလုပ်တော့ သဘောကွဲလွဲတာ အကုန်ပါတယ်။ သက်ဆိုင်ရာက ခွင့်ပြုထားလို့ ဆက်ဆံရေး ရှိနေကြတာတော့ မဟုတ်ပါဘူး။

အန်ကယ်က ဂျပန်ခေတ်တုန်းက အစည်းအဝေးလုပ်ရာမှာ ကွန်မြူနစ်တွေ နဲ့ မပြိုင်နိုင်ဘူး လို့ဆိုတယ်။ အန်ကယ်တို့က သခင်တင်မြကို ဖြောင်ပစ်ဖို့အထိ စီစဉ်ခဲ့ဖူးတယ်ဆိုတာ ဟုတ်ပါသ လား။

ဆိုရှယ်လစ်ဝါဒပါတီနဲ့ ကွန်မြူနစ်ပါတီမှာ ဆိုရှယ်လစ်တွေ က Organization ကို အစ ကတည်းက လျော့ရဲရဲ၊ကွန်မြူနစ်ပါတီက ဖွဲ့စည်းတာ ကျစ်လျစ်တယ်။ ပါတီစည်းကမ်း ဘာညာက တစ်ကမ္ဘာလုံးရဲ့ ကွန်မြူနစ်စနစ်ပဲ။ မြန်မာပြည် ကတော့ ဆိုရှယ်လစ်စနစ်နဲ့ တစ်ယာက်တစ်ပေါက် Majiority ရပြီး ငြင်းရင်းခုံရင်းနဲ့ နိုင်ငံရေး က ဒီလိုပဲ ဖြစ်သွားတာပဲ။ သခင်တင်မြကို ဖြောင်ပစ်ဖို့ဆို တာ ကြံကြီးစည်ရာ ၊ ဘယ်တုန်းကမှ ဖြောင်တာတွေ မလုပ်ခဲ့ဘူး။ ယုံကြည်ချက်နဲ့တိုက်တာပါ။

တော် လှန်ရေး နေ့ကို ဗိုလ်ချုပ်အောင်ဆန်းက မတ်လ (၂၅) ရက်နေ့လို့ သတ်မှတ်ခဲ့တာ ဟုတ်ပါသလား။

ခပ်စောစော ကတော့ မတ်လ (၂၅) ရက်နေ့ လုပ်မယ်လို့ ပြောတယ်။ အကြောင်းကြောင်း ကြောင့် ပေါက်ကြားမှု တွေ ရှိတာနဲ့ ရွှေ့ရင်းနဲ့ မတ်လ (၂၇) ရက်နေ့ ဖြစ်သွားတာပါ။

အန်ကယ်ကိုယ်တိုင်ကလည်း သခင်နုအိမ်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ တော် လှန်ရေး အတွက် သတ်မှတ်ရေး မတိကျလို့ သခင်စိုးကို ဓားနဲ့လိုက်ခုတ်တယ်ဆိုတာ ဟုတ်ပါသလား။

ခုတ်သတ်တယ်ဆိုတာ လူသတ်ဝါဒကြီးပဲ။ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး။

သခင်စိုးက သီလရှင်ယောင်ဆောင်ပြီး ထွက်ပြေးတယ်ဆိုတဲ့ကိစ္စမှာ အလံနီပါတီကို မတရား သိမ်းခဲ့တဲ့အတွက် ဗမာ့ခေတ်က သတင်းစာရောင်းကောင်းအောင် သခင်စိုး တစ်ယောက် ရဲများ ဝိုင်း ထားတဲ့ကြားက မယ်သီလရှင်ယောင်ဆောင်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရေး သားခဲ့ တယ်ဆိုတာ အမှန်ပဲလား။

လွတ်မြောက်တာတော့မဟုတ်ပါဘူး။ သူ့ဘာသာသူ Information တစ်ယောက် ယောက် က ပေးလိုက် တယ်လေ။ ဖမ်းတော့မယ်ဆိုတာ၊ အရေး ယူတော့မယ်ဆိုတာလေ။ သီလရှင် အယောင်ဆောင်ပြီး ထွက်ပြေးခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ အပုပ်ချကြတာပါ။ ကိုယ့် အချင်းချင်း ထဲကပဲ။

၁၉၄၀ Underground Unit ဖွဲ့ရာမှာ သခင်မြ၊ ဦးကျော်ညွန့်တို့ ခေါင်းဆောင်ပြီး အန်ကယ် က နောက်လိုက် ဖြစ်ခဲ့တယ်ဆိုတာ အမှန်ပဲလား။

အစကတည်းက ကျောင်းသားဘဝတည်းက ခေါင်းဆောင်ချည်းပဲ တောက်လျှောက်လုပ်ခဲ့ တာပါ။ ဘယ်တုန်းကမှ နောက်လိုက်မ ဖြစ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ကိုယ့်ကို လုပ်ဖော် ကိုင်ဖက်လိုပဲ သဘောထားခဲ့တာပါ။ ကိုယ်တို့က Original ကြီးအတိုင်း၊ တကယ်ကို ၁၉၃၇ ကျောင်းသားများ ညီလာခံမှာ ကတည်းက First ကျောင်းသားများ ညီလာခံမှာ ထဲက ထိပ်မှာ ရောက် နေတာ။ ကျောင်းသားများ ညီလာခံက နှစ် ကြိမ် ဖြစ်တယ်လေ။ ပထမအကြိမ်က မန္တလေး National ကျောင်းအပေါ်ထပ်မှာ ၊ ဒုတိယအကြိမ်က ပုသိမ်မြို့မှာ ဖြစ်တယ်။ မန္တလေးမှာ ညီလာခံလုပ်တော့ ပေါင်းတည်က လေးယောက် တက်တယ်။ ကျနတဲ့နေရာက တစ်ယောက် ပဲဆိုတော့လေ။ တို့က ညီလာခံကိုလာတဲ့အချိန်၊ ရန်ကုန်ရောက်တဲ့အချိန်မှာ ညီလာခံကိုရွှေ့လိုက်တော့ အများ ကြီးပဲ မန္တလေး National ကျောင်းပေါ်မှာ သော င်တင်နေတော့တယ်။ ကျောင်းဆရာ ဦးထွန်းမောင် စာရေး ပေးလို့ ပြင်ဦးလွင်သွားနေရတယ်။ အဲဒီ မှာ ကိုဘထွန်းနဲ့တွေ့ ကြတာကိုး။ တကယ်မိတ်ဆက် ပေးတာက ဘော်ဒါဆောင်မှူး ဆရာဦးထွန်းမောင်ပါ။

အန်ကယ်တို့က နိုင်ငံရေး ခေါင်းဆောင်များ နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အားမကိုးဘဲ ကိုယ့်အစီ အစဉ်နဲ့ကိုယ် တပ်ထဲမှာ ဂျပန်တွေ ကို ပြန်တိုက်ဖို့ရော ကြံစည်ဖူးပါသလား။

အဲဒါ ကတော့ ကိုယ်နဲ့ကိုမောင်မောင်တို့က သူတို့တွေ မလှုပ်မရှား ဖြစ်နေတာနဲ့ပဲ။ နောက်ဆုံးကျတော့ မ ဖြစ်ဘူးဆိုပြီး ဂျပန်ကိုတိုက်ဖို့ စိတ်စောနေတာကိုး။ အားမရလို့လုပ်မယ်ဆိုပြီး တော့ နောက်လည်း လူတွေ အကုန်ပါပါတယ်။

၁၉၄၃ ခုနှစ် အောင်လံမှာ ဗမာ့ဖက်ဆစ်ကာကွယ်ရေး တပ်မတော် စစ်သေနာပတိဗိုလ်မှူး ကြီးနေဝင်းကိုသွားတွေ့ ပြီး ဗိုလ်ချုပ်ကမှာ တဲ့အကြောင်းကို ဗိုလ်နေဝင်းကို အစည်းအဝေးမှာ ခေါင်းဆောင်ခန့်တဲ့အကြောင်း အဲဒီ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ဂျပန်ကိုတော် လှန်ဖို့ သွားပြောခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အတွက် ဗိုလ်နေဝင်းက ၁၉၄၄ ခုနှစ် ၊ ဇွန်လ(၂၂) ရက်နေ့မှာ ဂျပန်ကိုတော် လှန်ရေး လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒါကို ဗိုလ်ချုပ်အောင်ဆန်းက သိသွားတော့ ခင်ဗျား ကို ယုံကြည်လို့အပ်ထားတာ။ ဒီကောင်တွေ ပြောတဲ့အတိုင်းယုံပြီးလိုက်လုပ်ရင် တပ်လည်းပျက်မယ်။ အားလုံးလည်း ခေါင်းပြတ်မယ်။ ခင်ဗျားလည်း စစ်သေနာပတိလုပ်မနေနဲ့တော့ စစ်ဦးစီးပဲလုပ်တော့ ဆိုပြီး ဒေါပွပွနဲ့ ဆူခဲ့တယ်ဆိုတာ ဟုတ်ပါသလား။

ဆူတော့ဆူတာပဲ။ အတိအကျတော့ မသိဘူး။ အကျိုးအကြောင်းတော့ ပြောတာပေါ့။ ဗိုလ် ချုပ်အောင်ဆန်းက တားတယ်။ ကိုယ်တို့ ကတော့ မခံနိုင်တော့ဘူး။ Underground တွေ ကလည်း ရှိနေတာကိုး။

၁၉၆၃ ခုနှစ် ဖေဖော်ဝါရီမှာ အန်ကယ့်ကို ဒုတိယကာကွယ်ရေး စစ်ဦးစီးချုပ်အ ဖြစ်က ဘာကြောင့် ဖြုတ်ပစ်ခဲ့တာပါလဲ။

ဖြုတ်ခဲ့တာမဟုတ်ဘူး။ ကိုယ်ကထွက်တာ။ ကိုယ့်စိတ်ထဲမှာ ဘယ်တော့ ဖြစ် ဖြစ် သဘော မတူရင် ထွက်စာတင်တယ်လေ။ ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ ခုနှစ် မှာ ကိုယ့်ကို အာဏာလွှဲခဲ့တယ် ဆိုတာ ဘယ်ရာဇဝင်မှာ မှ မရှိခဲ့ဘူး။ အဲဒီ လိုအာဏာလွှဲခဲ့တယ်ဆိုကတည်းက ပြန်မလာတော့ဘူး ဆိုတဲ့သဘောလေ။ ဦးနေဝင်းက အမေရိကကိုသွားတာ။ ဒေါ်ခင်မေသန်း စိတ်ဆိုးပြီးထွက်သွားလို့ လိုက်ခေါ်တာ။ အန်ကယ်က အမေရိကားအထိ လိုက်ခေါ်ပြီး အာဏာပြန်အပ်ခဲ့တာ။ အဲဒါ ဘယ်သူ မှ မသိခဲ့ဘူး။ အာဏာပြန်ပေးလိုက်လို့ ကိုယ့်ကိုအပြစ်တင်ကြတယ်။

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ဗမာ့တပ်မတော် ဖွဲ့စည်းတဲ့နေ့စွဲအမှန်ကို သိပါရစေ။ တပ်မတော် သမိုင်းမှာ ဒီဇင်ဘာ (၂၇)၊ ဗိုလ်မင်းခေါင်က ဒီဇင်ဘာ (၂၇)၊ ဗိုလ်ကျော်ဇောနဲ့ ဗိုလ်ရဲထွဋ် တို့က ဒီဇင်ဘာ (၂၆) လို့ဆိုထားကြပါတယ်။

အမှန် ကတော့ (၂၆) ရက်နေ့ပါ။

အန်ကယ်နဲ့ ရန်ကုန်ဘဆွေ၊ ဗိုလ်မောင်မောင်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အင်းလျားကန် ဘောင်က အိမ်ကို ဖက်ဆစ်တော် လှန်ရေး ကိစ္စ ဆွေးနွေးဖို့သွားတဲ့အခါမှာ ဗိုလ်ချုပ်က အခန်းတံခါး ပိတ်ပြီး မိန်းမနဲ့အိပ်နေတယ်။ မနှောင့်ယှက်နဲ့လို့ အခန်းတံခါးဝမှာ စာရေး ထားတယ်ဆိုတာ ဟုတ်ပါ သလား။

အဲဒါတော့ မဟုတ်ပါဘူး။ ကိုယ်တို့က သူတို့လင်မယားနေတဲ့အခန်းထဲ အချိန်မရွေး ဝင်လို့ ထွက်လို့ရတာ ပဲ။ စာရေး စရာတောင် မလိုဘူး။

ဗိုလ်ချုပ်အောင်ဆန်းကို သခင်စိုးက ကွန်မြုနစ်ပါတီဝင်ပါဆိုလို့ ဝင်ခဲ့တယ်။ သူ့အယူအဆ၊ သူ့ဂိုဏ်းစိတ်များ နဲ့ အခြားကိုယ်ရေး ကိုယ်တာကိစ္စများ ကြောင့် ကွန်မြူနစ်ပါတီကထွက်ခဲ့တယ်ဆိုတာ ဟုတ်ပါသလား။

အဲဒါ ကတော့ မဟုတ်ပါဘူး။ သခင်စိုးကိုမကြိုက်လို့ထွက်ခဲ့တာမဟုတ်ဘူး။ ကွန်မြူနစ်ဝါဒ ကို မကြိုက်လို့ပါ။

ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိခဲ့ရင် ၁၉၄၈ ခုနှစ် ၊ မတ်လမှာ ကွန်မြူနစ်တွေ သူပုန်ထရဲမှာ မဟုတ်ဘူးလို့ အန်ကယ်ယူဆပါသလား။

ယူဆပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကွန်မြူနစ်ပါတီဝင်တွေ က တကယ်တိုက်ရဲခိုက်ရဲတဲ့ သူတွေ မဟုတ်ပါဘူး။

မမေးမ ဖြစ် မေးစရာမေးခွန်းတစ်ခုက အန်ကယ်အနေနဲ့ နိုင်ငံရေး ဘာကြောင့် ဆက်မလုပ် တော့တာလဲ။

၁၉၉၀ ပါတီညီလာခံရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်ရွေးတဲ့ နေရာမှာ ကိုယ်တို့ က တစ်ယောက် ပဲ အရွေးခံရတယ်။ အသက်ကလည်းကြီးပြီဆိုတော့ နိုင်ငံရေး မလုပ်တော့တာပါ။ အမတ် (၂၅၀) ဝင်ရွေးတာ တစ်ယောက် ပဲရတယ်။

သခင်အောင်ကြီး (ပေါင်းတည်) ရဲ့ စာတွေ ဘာကြောင့် မတွေ့ တော့တာလဲ။ စာရေး ခွင့်မရတ တာလား။ ကိုယ်တိုင်က မရေး တော့တာလား။

အသက်ကလည်းကြီးသွားပြီလေ၊ ရေး တော့လည်း သိပ်မထူးတော့ဘူး။ ဟိုတုန်း ကတော့ ပြောင်းလိုပြောင်းငြား ရေး တယ်လေ။ နောက် တိုင်းပြည်ကလည်း အခြေအနေ ပြောင်းသွား တော့ ရေး လည်းရေး တဲ့ဆောင်းပါးပဲ ရှိမှာ လေ။ ရေး ခွင့်တော့ ပြုပါတယ်။

ဗိုလ်ကျော်ဇောက ၁၉၅၄ ခုနှစ် မတ်လ (၂၇) ရက်နေ့မှာ တပ်မတော် နေ့လို့ နာမည် ပြောင်း ခြင်းက အဲဒီ ကာလက တပ်တွင်းဆိုရှယ်လစ်တပ်မှူးများ ဖြစ်ကြတဲ့ အန်ကယ်နဲ့ ဗိုလ်မောင်မောင်တို့ကို ဗိုလ်နေဝင်းက တပ်တွင်းဆိုရှယ်လစ်ခေါင်းဆောင်အ ဖြစ်တင်ပြီး တပ်မတော် ကို လွှမ်းမိုးလာတာ ကြောင့် လို့ ပြောထားပါတယ်။ အဲဒါ မှန်ပါသလား။ ဗိုလ်ကျော်ဇောက အန်ကယ်နဲ့ပတ်သက်လို့ ဗိုလ်အောင်ကြီးတို့ဂိုဏ်းသည် တပ်တွင်းအာဏာများ ကို ကျော်လွှားတက်လှမ်းယူလို့ရတယ်။ သူတို့ အပေါ်က ထင်ရှားတဲ့ခေါင်းဆောင်တစ်ဦးကို မှီဖို့ရာ ဗိုလ်နေဝင်းကို ရှာဖွေတွေ့ ရှိပြီးတစ်လျှောက်လုံး ဗိုလ်နေဝင်းကိုမြေတောင်မြှော က်ပေးပြီး တစ်ဖက်ကလည်း သူ့အရိပ်ခိုကာ တပ်တွင်းဗိုလ်ကျလာ တယ်လို့ ဆိုလာတဲ့အပေါ် အန်ကယ် ဘာမျာပြောချင်ပါလဲ။

ဗိုလ်ကျော်ဇောက အခြေခံနည်းရှာတယ်။ ၁၉၅၄ ခုနှစ် မတ်လ (၂၇) ရက်နေ့ တပ်မတော် နေ့လို့ နာမည် ပြောင်းခြင်းနဲ့ တပ်တွင်းအာဏာကို ကျော်လွှားတက်လှမ်းယူခြင်းဆိုတာတွေ က ဗိုလ်ကျော်ဇောရဲ့ တစ်ဖက်သက်ယူဆချက်များ သာ ဖြစ်ပါတယ်။ အမှန်က Ambition သိပ်ကြီးတာ လေ။ ဒါ့ကြောင့် နိုင်ငံက ထွက်သွားရတဲ့အထိ ဖြစ်သွားဖူးတယ်လေ။

ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှု မှာ တရားခံက ဘယ်သူပါလဲ။

ဂဠုန်ဦးစောတို့က ခေါင်းဆောင် တစ်ယောက် ကို သတ်ပြီး ခေါင်းဆောင်နေရာယူခဲ့တယ် ဆိုတာမှာ သူက ဗိုလ်ချုပ်တို့ကိုသတ်ပြီးတဲ့အချိန်မှာ အင်္ဂလိပ်ကလာပြီး ဝန်ကြီးချုပ်ခန့်မယ်ထင်ပြီး အိမ်ကထိုင်စောင့်နေတာ။ သခင်နုတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ကို အင်္ဂလိပ်က မကြိုက်ဘူးလေ။ ဂဠုန်ဦးစောနောက်က မြှော က်ပေးတဲ့အင်္ဂလိပ်တွေ လည်း ရှိတယ်။ တိုင်းပြည်ကံဆိုးလို့ မ ဖြစ်သင့် တာတွေ ဖြစ်သွားတာပေါ့ကွာ။

ကျောင်းသားသမဂ္ဂအဆောက်အအုံနဲ့ပတ်သက်လို့ 7 JULY နဲ့ပတ်သက်လို့ အန်ကယ်က တာဝန်အရှိဆုံးလို့ ဆိုနေကြတဲ့အပေါ်မှာ ရော ဘာပြောချင်ပါသလဲ။

(၄၁) မျက်နှာထဲမှာ လည်း ဒီကိစ္စကိုရှင်းပြီးပြီ။ အဲသည်တုန်းက ရှင်းထားတာ ကတော့ တပ်မှူးတွေ ကို ဝေလိုက်တယ်။ ဗိုလ်ချုပ်နေဝင်းကို နောက်ဆုံးမှဝေလိုက်တယ်။ တပ်မှူးညီလာခံ ရှိတာကိုး။ အဲဒီ အချိန်မှာ အဓိက တာဝန်ခံတစ်ဦးက မိုင်းဗုံးဖောက်ဖို့ လက်မှတ်ထိုးထားတဲ့ ဗိုလ်မှူး ကြီးတို့က အဲဒီ အချိန်တုန်းက ရှိသေးတယ်။ ကိုယ်က In Service ဆိုတော့ ပြောလိုက်ရင် အကုန် ပြုတ်ကုန်မှာ စိုးလို့ နာမည် နေရာမှာ Grp ချန်ခဲ့တယ်။ အဲဒီ အချိန်တုန်းက အားလုံးကိုငဲ့ညှာပြီး နာမည် တောင်မပြောခဲ့ဘူး။ အဲဒီ အချိန်တုန်းက ဓားထက်နေတဲ့အချိန်ဆိုတော့ ကျော်စိုးလိုလူက သိပ်မကြိုက်ဘူး။ ဗိုလ်ချုပ်နေဝင်းကိုပြောတော့ ဗိုလ်ချုပ်က သူ့ Section နဲ့သူပေါ့လေ။ တစ်ယောက် လုပ်တာ တစ်ယောက် ဝင်မစွက်ကြေးလို့ ပြောလိုက်တော့ ဝင်မစွက်တော့ဘူး။ အဲလို ဖြစ်နေပြီဆိုတဲ့အချိန်မှာ ဗိုလ်မှူးကလာခေါ်တယ်။ မြန်မာ့အသံကိုသွားကြတယ်။ သွားတဲ့အချိန်မှာ ကျတော့ ခဏဆိုပြီး အန်ကယ်ကထွက်လာလိုက်တယ်။ အရင်ဆို အဲလိုထွက်လာရင် ဘာမှ လုပ်လေ့မရှိဘူး။ ဒီတစ်ခါကျတော့ အမိန့်ပေးပြီးလုပ်လိုက်တော့ ဖြစ်ကုန်တာပေါ့။ ညီလာခံမှာ ခေါ်ပြောတော့သိတယ်။ လက်မှတ်ထိုးလိုက်တာ ဗိုလ်မှူးကြီးဆိုတာလည်းသိတယ်။ လုပ်တာ လည်းသိတယ်။ လုပ်သမျှကို အန်ကယ့်အပေါ် ပုံချလိုက်တော့ တရားခံ ဖြစ်သွားတာပေါ့။ (၄၁) မျက်နှာကျမှ By Name နဲ့ချရေး လိုက်တာပါ။ ဒါတောင် အားလုံးက ဝိုင်းဆော်ဩကြလို့ ဖွင့်ချလိုက် ရတာ ။

လမ်းစဉ်ပါတီ ဘာကြောင့် ကျဆုံးခဲ့ရတာ လဲ။

လက်တွေ့ မ ဖြစ်နိုင်တဲ့ ဆိုရှယ်လစ်လမ်းစဉ်ကို အကောင်အထည်ဖော်ခဲ့လို့ ကျဆုံးခဲ့တယ် လို့ မြင်ပါတယ်။

တော် လှန်ရေး ကောင်စီမှာ ပါဝင်ခဲ့တဲ့ မျိုးချစ်တပ်မှူးတွေ က လမ်းစဉ်ပါတီပြုတ်ကျအောင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်အောင် ဘာကြောင့် ဖန်တီးခဲ့ကြတာလဲ။

ဒါ ကတော့သူတို့ရဲ့ Personal Ambition ပေါ့ဗျာ။ လူတွေ က အာဏာရသွားရင် အာဏာကို လက်မလွှတ်ချင်တော့ စိတ်ထားတွေ ပြောင်းလာကြတာပေါ့ဗျာ။

အန်ကယ်ထူထောင်ခဲ့တဲ့ ရွှေလမင်းတို့၊ အောင်ကြီးကိတ်တို့ကို ဘာကြောင့် မထူထောင် တော့တာလဲ။ စီးပွားရေး အရ အောင်မြင်နေခဲ့ရဲ့ သားနဲ့။

ခေတ်က မတူတော့ဘူးလေ။ အစားအသာက်လုပ်ငန်းက ပြောင်းလဲလာပြီ။ အသက်ကြီး သွားတော့လည်း မလုပ်နိုင်တော့ဘူးလေ။ ရွှေလမင်းက အောင်မြင်ခဲ့တယ်ဆိုတာ သူများ ထက် ဆန်းတာတွေ လုပ်ခဲ့တယ်။ အဲဒီ တုန်းက အန်ကယ်က ထွက်ခါစဆိုတော့ Popular ဖြစ်နေတာလေ။ ပထမက လက်ဖက်ရည်ဆိုင်ဖွင့်မယ်ဆိုပြီး မိန်းမနဲ့တိုင်ပင်တယ်။ တိုင်ပင်လိုက်တော့ (၃) လလောက် ကိုယ့်ဆိုင်မှာ ကိုယ့်ကိုလာကြည့်ပြီး စာသောက်ကြလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ (၃) လ အတွင်းမှာ Customer စွဲနေအောင်လုပ်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ (၃) လကြိုးစားတာပေါ့။ ကိုယ်တိုင် ပလာတာလုပ်တယ်။ လုပ်ရင်းနဲ့ ကိတ်မုန့်ဖုတ်ချင်လာတော့ အလုံနေရာကြီးကိုဝယ်လိုက်တယ်။ ဝယ်လိုက်တဲ့အခါမှာ ကိတ်မုန့်စဖုတ်တယ်။ တစ်ဆက်တည်းမှာ ပဲ မတတ်နိုင်တဲ့ နိုင်ငံရေး သမား မိသားစုတွေ ၊ တပ်ကထွက်တဲ့မိသားစုတွေ အတွက် ဆိုင်တွေ ဖွင့်ပေးတယ်။ ဆိုင်နေရာကို စပေါ်ပေး ရမယ်ဆိုရင်လည်း စိုက်ပေးတယ်။ မုန့်တွေ ကိုလည်း ခေါက်ပြန်တင်ပေးထားတယ်။ အဲဒါကြောင့် မို့လို့ အောင်ကြီးကိတ်က အောင်မြင်သွားခဲ့တယ်။ ၁၉၈၈ ကျတော့မှ ဒါတွေ ပြုတ်သွားခဲ့တာ။ နောက်ပိုင်းကျမှ ပြန်လုပ်တော့လည်း အသက်အရွယ်က လင်မယားနှစ် ယောက် စလုံးရလာတော့ ကလေးတွေ က ဆက်မလုပ်စေချင်ဘူး။

အန်ကယ် ထောင်ကထွက်ထွက်ချင်း ညနေခင်းပဲ ပဒုမ္မာကွင်းမှာ လူထုအစည်းအဝေး တရားဟောတဲ့အခါမှာ တပ်မတော် ကို စိတ်နဲ့တောင်မပြစ်မှားနဲ့လို့ ဟောခဲ့တာနဲ့ပတ်သက်ပြီး ဂယက်အများ ကြီးထခဲ့တယ်။ တကယ့် ဖြစ်စဉ်အမှန်ကို ပြောပြပေးပါ။

လူတွေ က တပ်မတော် ကိုသိပ်မုန်းနေခဲ့တယ်။ အဲဒီ အချိန်တုန်းက Deversion ပေါ့ကွာ။ ကိယ်က တပ်မတော် ကိုစိတ်နဲ့တောင်မပြစ်မှားနဲ့လို့ ပြောလိုက်တော့ မြားတွေ အကုန်လုံးက ကိုယ့် ဆီကိုပဲ လာကြတာပေါ့လေ။ ကိုယ်က ငယ်ငယ်တုန်းကစိတ်နဲ့သာချကြရအောင်ဆိုရင် တစ်ပြည် လုံးကချကြမှာ ။ ကျွန်တော် က အဲဒါကြောင့် အမုန်းခံပြီး ဓားစားခံလုပ်လိုက်တာပါ။ စကား အပြည့်အစုံက “လူတွေ လက်ထဲမှာ ဂျင်ကလိပဲရှိတယ်။ ဘာလက်နက်မှမရှိဘူး။ ဂျင်ကလိနဲ့လည်း ပစ်စရာမလိုဘူး။ ငါတိုက ဒီမိုကရေစီလိုချင်လို့ရှိရင် ၊ ဒီမိုကရေစီနည်းနဲ့ပဲ ပြန်တိုက်ယူရအောင်၊ တပ်မရှိရင်လည်း မ ဖြစ်ဘူး။ အဲဒါကြောင့် တပ်မတော် ကို စိတ်နဲ့တောင်မပြစ်မှားကြနဲ့၊ ဒီလိုပဲ တပ်ကလည်း ပြည်သူတွေ ကို မပြစ်မှားကြနဲ့၊ ဘာကြောင့် လဲဆိုတော့ မနက်တိုင်း သစ္စာလေးချက် ဆိုပြီးတော့မှ ပြည်သူတွေ ထမင်းကို စားနေကြရတာ ” လို့ ပြောခဲ့တာပါ။ အဲဒါကို Press Freedom ဆိုပြီး ဦးကိုယုတို့ထုတ်တဲ့ ကွန်မြူနစ်စာစောင်ကနေပြီးတော့ အဲဒီ ထဲမှာ ရေး ထားတာ “ဗိုလ်အောင် ကြီးကနေပြီး ပြောတယ်။ တပ်မတော် ကိုစိတ်နဲ့တောင်မပြစ်မှားနဲ့တဲ့” ဆိုပြီး လုပ်လိုက်တာ။ ကိုယ်ကတိုက်ကြမယ်ဟေ့၊ ခိုက်ကြမယ်ဟေ့ဆိုပြီး ပြောလိမ့်မယ်ထင်နေတာ။ သူတို့ မျှော်လင့် ထားသလို မပြောတော့ အန်ကယ်ကိုမကျေနပ်ကြဘူး။ အဲဒီ တော့မှ မစု( ဒေါ်အောင်ဆန်းစုကြည်) တို့အဖွဲကထွက်လာတာ။ အန်ကယ်က ညနေဘက်ပဒုမ္မာကွင်းမှာ ဟောတယ်။ မစု ( ဒေါ်အောင် ဆန်းစုကြည်) တို့က အနောက်ဘက်မုခ်မှာ ဟောတာ။ အဲဒီ အချိန်မှာ ဦးထွန်းဝေတို့ အောင်လွင်နဲ့ က ရဲရဲတောက် ဖြစ်နေပြီ။ လူတွေ က သို့ လောသို့ လော ဖြစ်နေတဲ့ အချိန်မှာ တပ်မှူးကြီးကလည်း သူတို့ဘာသာ Stand မလုပ်နိုင်တော့ အန်ကယ့်ကိုလာပေါင်းတာ။ “အောင်စုတင်” ဇာတ်လမ်းအစ က ဒီက ဖြစ်သွားတာ။ မစုကျတော့ သူကိုယ်တိုင်တော့မဟုတ်ဘူးပေါ့နော်။ ကြားလူကနေပြီး အိမ် တစ်အိမ်မှာ သူကချိန်းလိုက်တယ်။ ဦးတင်ဦးလည်း ရောက်လာတယ်။ မစုလည်းရောက်လာတော့ အန်ကယ်ကိုခေါ်လိုက်တယ်။ ထောင်ကထွက်လာတဲ့အဖွဲ့ (၁၀) ယောက် အဖွဲ့က မသွားဖို့ တား တယ်။ “ခင်ဗျားက ရွှေ၊ ရွှေကိုကြေးတွေ လာပေါင်းလို့ရှိရင် ခင်ဗျားကြေး ဖြစ်သွားလိမ့်မယ်” ဆိုပြီး ဗိုလ်မှူးကြီးခင်ညိုက ပြောတာ။ အဲဒီ အိမ်မှာ သွားပေါင်းလိုက်တော့ “အောက်၊စု၊တင်” ဆိုပြီး ဖြစ်လာတာ။ အဲဒီ မှာ လက်မှတ်ထိုးရတယ်။ သုံးယောက် စလုံးနာမည် နဲ့ “အောင်၊ စု၊ တင်” ဖြစ် သွားပြီး နှစ် ပတ်လောက်မှာ လူနာမည် ဖြစ်နေလို့ မသုံးချင်ဘူးဆိုပြီး မစုကပြောတယ်။ မသုံးချင်ရင် နာမည် ရှာကြမယ်ဆိုပြီး “ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” NLDဆိုပြီး ဖြစ်လာတာ။ ဖြစ်လာပြီးတော့ အလံလုပ်ဖို့ရွေးကြမယ်ဆိုတော့ အန်ကယ်က ဒီမိုကရေစီလမ်းကြောင်းကိုသွားမှာ ဆိုတော့ ကရ တော့မယ်။ ဒီတော့ ဒေါင်းကိုရွေးမယ်ဆိုပြီး “ကဒေါင်း” လုပ်ရအောင်ပေါ့။ ပြည်သူ့ရဲဘော်တံဆိပ်က ကဒေါင်းလေ။ ဗိုလ်ချုပ်အောင်ဆန်းအင်္ကျီမှာ တပ်ထားတာလေ။ အဲဒါကိုမစု (ဒေါ်အောင်ဆန်းစု ကြည်) က ပျော့တယ်။ “ခွပ်ဒေါင်း” လုပ်ကြမယ်ဆိုလို့ အခု “ခွပ်ဒေါင်း” ဖြစ်သွားတာ။ အဲဒါအမှန် အကန်ပဲ။ အဖွဲ့ဖွဲ့ပြီးပြီဆိုတော့ စည်းရုံးရေး က အဓိကပေါ့နော်။ စည်းရုံးနိုင်မှအောင်မြင်မယ်ဆိုပြီး Upper Myanmar ကို စည်းရုံးရေး ဆင်းသွားတာ၊ တပ်မှူးတွေ နဲ့ မစုကကျန်ခဲ့တာ။ ဒေါ်ခင်ကြည် (ဗိုလ်ချုပ်အောင်ဆန်းကတော် ) မသေခင်မှာ မစုကိုမှာ ခဲ့တယ်။ နိုင်ငံရေး မလုပ်ပါနဲ့ဆိုပြီး၊ အဘွားကြီးက ကြိုမြင်လို့ပြောခဲ့တာ။

ရဲဘော်သုံးကျိပ်က သွေးသောက်တွေ လို့ ပြောတယ်။ သစ္စာဆိုထားတယ်လို့ ပြောတယ်။ ပြီး သွားတဲ့အခါမှာ ပြန်တိုက်တာလည်း ရဲဘော်သုံကျိပ်ပဲလို့ ပြောကြတယ်။ အဲဒါ ဘာကြောင့် ပါလဲ။

Personal Ambition ကို မခံနိုင်ကြဘူးလေ။

အန်ကယ် ပဒုမ္မာကွင်းမှာ ပရိသတ်ကို ဟောတဲ့ နေ့စွဲကို ပြောပါ။ ကျွန်တော် တို့သိတာ ထွက်ထွက်ချင်းပဲ။

ကျွန်တော် ထောင်ကထွက်တဲ့နေ့မှာ ဟောတာ။ မစုက အန်ကယ်ထက် တစ်ရက်နောက်ကျ တယ်။

နောက်တစ်ခု ဘာရေး ထားတာတွေ့ လဲဆိုတော့ အန်ကယ်တို့ မျိုးချစ်တပ်မှူးတွေ ကနေ၊ ဦးနေဝင်းအပေါ် ပုဂ္ဂိုလ်ရေး မကျေနပ်မှု နဲ့ ထလုပ်ကြတယ်လို့ ရေး ထားတာတွေ့ ရတယ်။ ဦးနေဝင်း အပေါ်မှာ ပုဂ္ဂိုလ်ရေး မကျေနပ်မှု တွေ ဘာရှိသလဲ။ ရှိခဲ့ရင်ပေါ့။

ဗိုလ်နေဝင်းနဲ့ကျွန်တော် နဲ့က ဘယ်တုန်းကမှ ပုဂ္ဂိုလ်ရေး မကျေနပ်မှု တွေ မရှိပါဘူး။ ဗိုလ်နေဝင်းနဲ့ Underground မှာ စပြီးတွေ့ ခဲ့တယ်။ ဗိုလ်နေဝင်းက အဲဒီ တုန်းက ချာချီလမ်းမှာ စာတိုက်စာရေး ပေါ့။ ကျွန်တော် ကတော့ SECRETARIAT မှာ BURMA FRONTIER FORCE ဆိုတဲ့ နယ်စပ်ဒေသဆိုင်ရာတပ်ဖွဲ့မှာ စာရေး လုပ်တယ်။ အဲဒီ တုန်းက BURMA ARMY ဆိုတာ မရှိသေး ဘူး။

ရန်ကုန်ကိုဗုံးကြဲတော့ ကျွန်တော် က ဌာနချုပ်မှာ လေ။ SECRETARIAT ကနေပြီးတော့ အင်းလျားဆောင်ကိုရွှေ့ပြီး ရုံးထိုင်ရတယ်။ ၁၉၃၇ ခုနှစ် မှာ ကျောင်းသားများ ညီလာခံကို မန္တလေး မှာ လုပ်တယ်။ ၁၉၃၈ ခုနှစ် ဒုတိယညီလာခံကို ပုသိမ်မှာ လုပ်တယ်။ ပထမဦးဆုံးကျောင်းသာညီ လာခံလုပ်တော့ ဧြ့ပီလမှာ လို့ထင်တယ်။ အိန္ဒိယက ပန်ဒစ်ဂျဝါလာနေရူး (အိန္ဒိယလွတ်လပ်ရေး ရပြီး ပထမဆုံးဝန်ကြီးချုပ်) လာမယ်ဆိုလို့ ရွှေ့လိုက်တယ်။ နေရူးတို့ဘာတို့ လာမယ်ဆိုပြီး ရွှေ့လိုက် တော့။ မန္တလေးလည်းမရောက်ဖူးတာနဲ့ မန္တလေးကို ပထမဆုံးအကြိမ် ရောက်တာပဲ။ မန္တလေး အမျိုးသား (National) ကျောင်းမှာ တည်းတယ်။ ဆရာကြီးဦးရာဇာတ်က ကျောင်းအုပ်၊ ဆရာဦးထွန်းမောင်က ဘော်ဒါဆောင်မှူး။ ကျွန်တော် တို့ကို ဧည့်ခံရင်းနဲ့ ခင်သွားတယ်။ ဦးရာဇတ် နဲ့ က ခပ်စောစောကတည်းက ကျောင်းသာညီလာခံမှာ တွေ့ ရင်း ခင်သွားတယ်။ ဘာပဲပြောပြော စောစောထဲက နိုင်ငံရေး ဗီဇရှိနေတော့ အဲဒီ ကျောင်းသားညီလာခံမှာ ကိုအောင်ဆန်းနဲ့ခင်သွားတယ် လေ။ ပထမ မန္တလေးညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ စတွေ့ တယ်။ မန္တလေးရောက်သွားတော့ ကျွန်တော် တို့ပေါင်းတည်က လူ (၄) ယောက် ၊ (ကျွန်တော် ရယ်၊ နတ်တလင်းက ကိုထွန်းရှိန်၊ ပေါင်းတည်က ကိုလွင်၊ ပေါင်းတည်က ကိုလှစော) ပေါင်းပြီး နေရတယ်။ ဒုတိယနေ့မှာ အညာသား လေး ခေါင်းစုတ်ဖွားနဲ့ ယောင်ပေယောင်ပေနဲ့ သားရေအိတ်ကလေးနဲ့ ရောက်လာတယ်။ အဲ့ဒီလူရဲ့ နာမည် ကတော့ ကိုအောင်စမ်း (နောက်တော့ ကိုအောင်ဆန်း) ဖြစ်လာတယ်။ ကျွန်တော် တို့က (၄) ယောက် ၊ သူက တစ်ယောက် တည်း အတူတူတရုတ်ဆိုင်မှာ ထမင်းစားကြတာများ တယ်။ ကျောင်း သားဘဝကတည်းက နိုင်ငံရေး သမားတစ်ပိုင်း ဖြစ်နေတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခင်ကြတာပေါ့။ သူက ကျွန်တော့် ထက် (၅) နှစ် ကြီးတယ်။ စတွေ့ တွေ့ ချင်း ဘယ်လို ဖြစ်သလဲဆိုတော့ ကျွန်တော် တို့က (၁၀) တန်းမအောင်ခင် နိုင်ငံရေး မလုပ်သင့်ဘူးလို့ ငယ်ငယ်ကတည်းက ယူဆထားတယ်။ ပညာအခြေခံက (၁၀) တန်းအောင်မှ နိုင်ငံရေး လုပ်သင့်တယ်လို့ ယူဆထားတယ်။ ကျွန်တော် ကျောင်းမှာ နေကတည်းက (၈) တန်း၊ (၉) တန်းလောက်မှာ “Teacher’s Library”ဆိုတာရှိတယ်။ အဲဒီ အချိန်က Times တို့၊ Newsweek တို့ ပေါ်ကာစ၊ မဂ္ဂဇင်းဆိုလည်း Geography မဂ္ဂဇင်း ပေါ်နေပြီ။ ကျွန်တော် က Libraryကိုကိုင်ရင်းနဲ့ စာတွေ ဖတ် ဖြစ်တယ်။ အဲ့ဒါကြောင့် ကျောင်းသားညီ လာခံတွေ မှာ စကားပြောတဲ့နေရာတွေ မှာ တခြားကျောင်းသားတွေ ထက် သာသွားတာပေါ့။ အဲဒီ အချိန်မှာ ဆရာကြီးဦးထွန်းအောင်နဲ့ ဦးရာဇတ်က ပေါင်းတည်က ကျောင်းသားခေါင်းဆောင် ကိုအောင်ကြီးဆိုတဲ့သူငယ်ဟာလည်း တော် တော် ကြီးစာဖတ်ထားတော့ တခြားကျောင်းသားတွေ နဲ့ ကွာခြားတယ်လို့ပြောတယ်။ ကျွန်တော် က ငယ်ငယ်ကတည်းက နိုင်ငံရေး လုပ်တာဆိုတော့ သူများ ထက်စာရင် နိုင်ငံရေး သမားပေါက်စ ဖြစ်နေပြီ။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ကျွန်တော် နဲ့တွေ့ ပြီး တော့ နိုင်ငံရေး နဲ့ပတ်သက်ပြီး နှံ့နှံ့စပ်စပ်ပြောဆိုနိုင်တော့ ခင်သွားတယ်။ အဲ့ဒါကြောင့် ဗိုလ်ချုပ် အောင်ဆန်းက ဖ-ဆ-ပ-လ ဖွဲ့ဖို့ ခရီးထွက်တော့ ပြည်ရောက်တဲ့အခါ တပ်ရင်း (၄) ကိုဝင်လာ တယ်။ အဲဒီ မှာ ရှိတဲ့အရာရှိရိပ်သာမှာ ထမင်းစားရင်း ဗိုလ်ချုပ်အောင်ဆန်းက တပ်ရင်းမှူး ဗိုလ်နေဝင်းကိုပြောတယ်။ “ကိုအောင်ကြီးကို ပြန်ပေးပါ။ သူက ကျွန်တော် တို့နဲ့ နိုင်ငံရေး လုပ်မယ့် သူ။ တပ်မှာ မလိုပါဘူး။” ဆိုတော့ ဗိုလ်နေဝင်းကလည်း သူ့သဘောပါပဲလို့ပြောတယ်။ ကျွန်တော် လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တစ်ခါတည်းလိုက်သွားတယ်။ နောက်တော့ တိုင်းပြု၊ ပြည်ပြု လွှတ်တော် မှာ ပြည်ခရိုင်အရှေ့ပိုင်း(PROME EAST) လွှတ်တော် အမတ် ဖြစ်လာတယ်။ သခင် ဝတင်က (PROME WAST) ပြည်ခရိုင်အနောက်ပိုင်း လွှတ်တော် အမတ် ဖြစ်လာတယ်။ အဲဒီ ကစပြီး ကျွန်တော် နဲ့ဗိုလ်ချုပ်အောင်ဆန်းဟာ တတွဲ တွဲ ဖြစ်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းမကျဆုံးမီ ည (၁၁) နာရီအထိပဲ။

အန်ကယ်က ဦးနေဝင်းအပေါ်မှာ ပုဂ္ဂိုလ်ရေး မုန်းတီးမှု မရှိခဲ့ဘူးပေါ့။

သူနဲ့ကျွန်တော် နဲ့က ပေါင်းတည်သားဆိုတော့ ပြည်ခရိုင်ထဲကပေါ့။ အနေလည်းနီးတယ်။ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး နိုင်ငံရေး အမြင်ကို ပွင့်ပွင့်လင်းလင်းပြောဆို နိုင်တယ်။ အဲဒါကြောင့် ဦးနေဝင်းနဲ့ကျွန်တော် တို့ဟာ ဘာအာဃာတမှ မှရှိပါဘူး။ ပုဂ္ဂိုလ်ရေး မုန်းတီး မှု လည်း မရှိပါဘူး။

ဦးနေဝင်းရဲ့ ဈာပနကိုရော အန်ကယ်လိုက်ပို့ခဲ့သေးလား။

ဦးနေဝင်းကွယ်လွန်တယ်ကြားချိန်မှာ ပဲ ဦးနေဝင်းကိုသင်္ဂြီုဟ်ပြီးပြီလို့ သတင်းရတယ်။ အဲဒါ ကြောင့် ဦးနေဝင်းအသုဘ မပို့လိုက်ရဘူး။

ဆောင်းပါးတစ်ပုဒ်မှာ ရေး ထားတာက အဲဒီ တုန်းက မဲခိုးကြတာ တပ်ကပါခဲ့တယ်လို့ ရေး ထား ကြတယ်။ အန်ကယ်သိပါသလား။

တည်မြဲသန့်ရှင်းတုန်းက မဲခိုးကြတယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့တပ်မှူးတွေ က မဲ ကို မသမာအောင် By Force နဲ့ထည့်ခိုင်းတာ ပေါ်သွားလို့ သူတို့ပြုတ်သွားတာ။ တာဝန်ရှိတဲ့သူ တွေ ဆိုပြီး သူတို့ကိုတပ်က အနားပေးလိုက် တယ်။ မလုပ်ကောင်းတဲ့အရာတွေ လုပ်ခဲ့မိတော့ သူတို့ တွေ ထွက်ဆိုတော့လည်း ထွက်သွားကြတာပေါ့။ အဲဒီ တုန်းက တပ်အနေနဲ့ ဘယ်ဘက်ကိုမှမပါရ ဘူးလို့ အမိန့်ထုတ်ထားတယ်။

အခု မျိုးချစ်တပ်မှူးတွေ ဆိုတဲ့ ပုဂ္ဂိုလ်တွေ ကရော အာဏာသိမ်းဖို့ ကြံစည်ခဲ့ဖူးလား။

အဲဒီ တုန်းက မျိုးချစ်တပ်မှူးဆိုတဲ့ ပုဂ္ဂိုလ်တစ်ချို့က အာဏာသိမ်းဖို့ ကြံစည်ခဲ့ဖူးတယ်။ ကျွန်တော် က လုံးဝသဘောမတူခဲ့ဘူး။ သူတို့ကို တတ်နိုင်သလောက် ဖျက်ခဲ့တယ်။ အဲဒီ အချိန်က မျိုးချစ်တပ်မှူးတချို့က G1 တို့ဘာတို့ ဖြစ်နြေ ကတော့ အာဏာသိမ်းဖို့ကြိုးစားခဲ့လို့ တပ်က အထုတ် ခံရခြင်း ဖြစ်တယ်။

အန်ကယ့်သဘောထားက မျိုးချစ်တပ်မှူးထဲက ပုဂ္ဂိုလ်တချို့က အာဏာလိုချင်တယ်လို့ဆို တာမျိုး ဟုတ်ပါသလား။

ဟုတ်ပါတယ်။

အဲဒီ လိုအာဃာတတွေ ၊ အာဏာသိမ်းချစ်စိတ်တွေ ကြောင့် NLD မှာ ပါခဲ့ကြတာလား။

အဲဒီ တပ်မှူးတချို့ ကတော့ သူတို့အကြွေးကို NLD ရောက်မှ လာဆပ်တာလည်း ဖြစ်နိုင်ပါ တယ်။

အန်ကယ်ကလည်း ပဒုမ္မာကွင်းမှာ ပြောတုန်းကလည်း နိုင်ငံရေး ပါတီမထောင်ဘူးလို့ ပြောခဲ့ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေး ပါတီမလုပ်ဘူးလို့ ပြောခဲ့တယ်။ သို့ သော် အားလုံး ထောင်ကြတယ်။ အန်ကယ်ကရော NLD ကလာမခေါ်ရင် သီးခြားထောင်ဖို့ အစီအစဉ်ရှိလား။

ပထမတုန်း ကတော့ ပါတီထောင်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒါပေမဲ့ ထောင်ကထွက်လာပြီးတဲ့ နောက်မှာ တိုင်းပြည်ကလည်း အခြေအနေက သို့ လော သို့ လေ ဘာမှန်းမသိ ဖြစ်နေတယ်။ အဲဒီ အချိန်မှာ ဂါးဒီးယမ်းဦးစိန်ဝင်းက သူ့အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ ဖို့ ချိန်းတယ်။ ကျွန်တော် လည်းလိုက်သွားတယ်။ အဲဒီ အိမ်လည်းရောက်ရော ဦးတင်ဦးကရှိနေတယ်။ အဲဒီ မှာ ပဲ အားလုံးက ကျွန်တော် ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးတင်ဦးရယ်(၃) ဦးပေါင်းပြီး 62

သည်အချက် (၄) ချက်ကို လိုက်လျောမှာ မဟုတ်ဘူးလို့ ယုံကြည်ပါသလား။

ဒေါ်အောင်ဆန်းစုကြည်က နဂိုကတည်းက STUBBORN ဖြစ်တယ်။ အဲဒီ အချက် (၄) ချက် ကို လိုက်လျောမယ်။ မလိုက်လျောဘူးဆိုတာ ကတော့ သူ့အပေါ်မှာ မူတည်တယ်။ အခြေအနေကို တော့ သုံသပ်ဖို့လိုတယ်။ သုံးသပ်တဲ့နေရာမှာ တော့ လက်တွေ့ ကျဖို့လိုတယ်။

မစ္စတာဂမ်ဘာရီက ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်ကထက်စာရင် ပြောချင်စိတ်ရှိတယ် လို့ သူ့စကားထဲမှာ ပါတယ်။ သူတို့ တွေ့ ဆုံ ဖြစ်မယ်ထင်ပါတယ်လို့ ဂမ်ဘာရီက သုံးသပ်ထားတယ်။ အန်ကယ်အမြင်ကရော။

သူလည်း အခုအသက်(၆၀) ကျော်ပါပြီဆိုတော့ စိတ်က ပြောင်းလဲချင်ပြောင်းလဲလာနိုင် တာပေါ့။ သူတို့တွေ ဆုံ ဖြစ်မယ်လို့ထင်တယ်။ တွေ့ ဆုံ ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ တိုင်းပြည် အနေနဲ့ ကတော့ ကောင်းချိန်တန်ရင် ကောင်းလာမှာ ပါ။

၁၉၄၇ ခုနှစ် က Constitution Final Test က ဘယ်လောက်ကြာခဲ့လဲ။

အဲဒီ တုန်းက လက်ခံတယ်။ အဲဒီ ရလဒ် ကတော့ ဒီနေ့အထိ အသက်ဝင်နေတုန်းလားဆို တော့ Constitution ဆိုတာက ကာလအားလျော်စွာ ပြောင်းလဲချိန်တန်လို့ ပြောင်းလဲသွားကြတာ လေ။ ခေတ် ပြောင်းသွား ပြီကိုး။ အသစ်ပြောင်းတာ ပိုကောင်းမယ်။

ဟိုတုန်းက Constitution ဖြစ်တဲ့ Main Body ထဲမှာ ကျွန်တော် လည်းပါတယ်။ ၁၉၄၇ ခုနှစ် က FEDERAL မူကိစ္စ မပါဘူး။ ရှမ်းပြည်နယ်က လူငယ်တွေ က ဆွဲသွင်းလာတာ။ အဲဒီ လိုသွင်းတာ နဂိုကတည်းကလက်မခံဘူး။ မလုပ်ကောင်းဘူးလို့ ယူဆတယ်။ လူဆိုတာက တစ်ခါတစ်ရံ Ambitious နောက်က ပါလာတတ်တယ်။ အဲဒီ လိုပါလာရင် မှားတတ်တယ်။ Conscience Clear ဖြစ်ဖို့လိုတယ်။

အန်ကယ်တို့ China-Myanmar Border လိုင်းကို ဘယ်လိုလုပ်ခဲ့တာလဲ။

China-Burma Border လိုင်းက ကျွန်တော် ရဲ့ Master piece ပဲ။ ခပ်စောစောက တရုတ် မြန်မာ နယ်နမိတ်ကိစ္စတွေ ရှိခဲ့တယ်။ မြန်မာနဲ့တရုတ်က သမိုင်းမှာ (၇) ကြိမ်လောက်စစ် ဖြစ်ခဲ့ တယ်။ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဆိုတဲ့ ရွာ(၃) ရွာကိစ္စက အဓိကပေါ့။ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ကိစ္စနဲ့ပတ်သက်ပြီး အင်္ဂလိပ်ခေတ်အားကောင်းစဉ်က အင်္ဂလိပ်နဲ့တရုတ် Border dispute ဖြစ်ပြီး တိုက်ပွဲ ဖြစ်ခဲ့တယ်။ အင်္ဂလိပ်က တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ချေမှု န်းခဲ့တယ်။ တရုတ် ကိုယ်စားလှယ်အဖွဲ့က (၂) ယောက် ပဲ လွတ်သွားတယ်။ အဲဒီ ကစပြီး အဲဒီ ရွာသုံးရွာဟာ အင်္ဂလိပ် လက်အောက်ရှိ မြန်မာနယ်ထဲပါလာတယ်။ တရုတ်အစိုးရအနေနဲ့ အဲဒီ ရွာ (၃) ရွာကို သိက္ခာဆည် တဲ့အနေနဲ့ ပြန်လိုချင်တယ်။ ကျွန်တော် နဲ့ဗိုလ်နေဝင်းက အဲဒီ Border ဘက်ကိုသွားကြည့်ကြတယ်။ ပြီးမှ ကျွန်တော် နဲ့ ဗိုလ်နေဝင်း ဦးဆောင်တဲ့ Mission တစ်ဖွဲ့ တရုတ်ပြည်ကိုသွားပြီး မစ္စတာ ချူအင်လိုင်း ခေါင်းဆောင်တဲ့ တရုတ် Mission နဲ့ စကားပြောကြတယ်။ ကျွန်တော် နဲ့ ဗိုလ်နေဝင်းက တရုတ်ကို အဲဒီ မော်ဖီ၊ ဂေါ်လန်၊ ကန်ဖန်ဆိုတဲ့ ရွာ(၃) ရွာကို ပြန်ပေးလိုက် တဲ့အတွက် မစ္စတာ ချူအင်လိုင်းတို့ အစိုးရအဖွဲ့ဟာ အရမ်းသိက္ခာတက်သွားတယ်။ အဲဒီ အတွက်ကြောင့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ မိုင် (၁၀၀၀) ကျော်ရှိတဲ့ Border ကို ကျောက်တိုင်တွေ တရားဝင်စိုက်ထူပြီး သတ်မှတ်ခဲ့တာ ယခုအချိန်အထိပါပဲ။

အန်ကယ်တို့လုပ်ခဲ့တာလား။

အဲဒီ တရုတ် မြန်မာနယ်နမိတ်သတ်မှတ်တဲ့ အသေးစိတ်ကိစ္စတွေ ကို ဆောင်ရွက်ဖို့ ကျွန်တော် က ဗိုလ်မှူးကြီးစောမြင့်ကို တာဝန်ပေးပြီး ဆောင်ရွက်စေခဲ့ပါတယ်။

ဦးနေဝင်းလက်ထက်တုန်းက လုပ်ကြံမှု တွေ ခဏခဏကြုံခဲ့ရတယ်။ အာဏာသိမ်း တာတွေ ပေါ့။ ဒီဘတ်ခေတ်မှာ ဘာကြောင့် မရှိတော့တာလဲ

အခု နိုင်ငံရေး အခြေအနေက ပြောင်းသွား ပြီလေ။ မြန်မာပြည်အခြေအနေကလည်း သူ့နည်း သူ့ဟန်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြစ်သွားပြီ။ အဲဒီ တော့ အာဏာသိမ်းစရာလည်း အကြောင်းမပေါ် တော့ဘူး။ အဲဒီ စိတ်မျိုးလည်း မရှိတော့ဘူးလေ။ နောက်ဆုံးပိတ် ကန့်သတ်ထားတဲ့ နယ်နမိတ် အတိုင်းပဲ။ အခုတော့ ခိုင်မြဲသွားပြီပေါ့။ စစ်တပ်က အာဏာသိမ်းတာတွေ ဒီခေတ်မှာ ခေတ်မမီ တော့ဘူး။ အခုခေတ်မှာ အာဏာသိမ်းရတာ လွယ်ပေမယ့် မအုပ်ချုပ်ရြဲ ကတော့ မ ဖြစ်နိုင်ဘူး။

အန်ကယ်တို့ခေတ်မှာ စစ်တိုက်နေရတော့ ငြိမ်းချမ်းရေး မရဘူး။ ဘာကြောင့် လဲ။

အဲဒီ အချိန်တုန်းက ကွန်မြူနစ်တွေ ၊ ရောင် စုံသူပုန်တွေ က အင်အားအကြီးဆုံးပဲ။ ဒါ့အပြင် ယူနည်ပြည်က ပြေးလာတဲ့ တရုတ်ဖြူကူမင်တန် တပ်အကြွင်းအကျန်တွေ ကလည်း တိုက်နေရ တယ်လေ။ အဲဒါကြောင့် ငြိမ်းချမ်းရေး ချက်ချင်း မရသေးဘူးလို့ ဆိုရမှာ ပေါ့။

အခု ရွေးကောက်ပွဲ ပြန်လုပ်မယ်ဆိုရင် NLD က ရွေးကောက်ပွဲဝင်နိုင်မယ့် အလားအလာရှိ လား၊ တစညကရော ရွေးကောက်ပွဲမှာ အနိုင်ရနိုင်လား။

NLD နဲ့ တစည ဆိုတဲ့ နိုင်ငံရေး ပါတီတွေ က ပါတီထောင်ခွင့်ရချိန်တုန်းက အားတက်သ ရော လုပ်ဆောင်ခဲ့ကြတယ်။ အခုအချိန်မှာ တော့ ခြေကုန်လက်ပန်းကြနေကြပြီလို့ မြင်တယ်။ လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရ၊ မရ ကတော့ သူတို့ရဲ့ လုပ်ဆောင်ချက်နဲ့ ပ်ြညသူတွေ ပေါ်မှာ မူတည်နေတယ်။

မဆလနဲ့ တော် လှန်ရေး ကောင်စီနဲ့သမိုင်းပေါ်တင်နေတဲ့ အကြွေးက ဘယ်သူ့မှာ တာဝန်ရှိလဲ။

အဲဒီ တုန်းက နိုင်ငံခေါင်းဆောင်မှာ တာဝန်ရှိတယ်။ အဲဒီ ပုဂ္ဂိုလ် ကတော့ ဦးနေဝင်းပေါ့။ ဘာ ဖြစ်လို့လဲဆိုတော့ ပြည်သူပိုင်သိမ်းပိုက်ပြီးနောက် တိုင်းပြည်ဟာ စီးပွားရေး ချွတ်ခြုံကျသွား တယ်။ အဲဒီ ပြည်သူပိုင်မသိမ်းခင် ကျွန်တော် နဲ့ တပ်မှာ ရှိစဉ်က ပြည်သူပိုင်သိမ်းဖို့ကိစ္စနဲ့ ပတ်သက် ပြီး စကားများ ကြတယ်။ ကိုယ်က ပြည်သူပိုင်သိမ်းတာကို မကြိုက်ဘူး။ အဲဒီ တော့ ဗိုလ်နေဝင်းက မေးတယ်။ “ကိုယ့်လူက ဆိုရှယ်လစ်ကို မယုံဘူးလား” လို့မေးတယ်။ ကျွန်တော် က “ဆိုရှယ်လစ်ကို ယုံတယ်ဗျာ။ ဒါပေမဲ့ ခင်ဗျားယုံတဲ့ဆိုရှယ်လစ်နဲ့ ကျုပ်ယုံတဲ့ဆိုရှယ်လစ်က မတူဘူး”။ အဲဒါနဲ့ ကျွန်တော် တပ်ကထွက်ခဲ့တာပဲ။

ဒေါ်အောင်ဆန်းစုကြည်က ဦးနုနဲ့ လက်မှတ်ထိုးခဲ့တာတွေ ရှိတယ်။ ကော်မရှင်တစ်ခုဖွဲ့ဖို့။ နောက်တစ်ခုက ဦးနုက ကြားဖြတ်အစိုးရဖွဲ့ဖို့ ကြိုးစားခဲ့ဖူးတယ်။ ကြားဖြတ်အစိုးရဖွဲ့ရေး ၊ မဖွဲ့ရေး အန်ကယ် လက်ခံခဲ့လား။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးနုတို့လက်မှတ်ထိုးခဲ့တာတွေ ရှိတယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး။

အန်ကယ်က ၁၉၈၈ မှာ လည်း ကြားဖြတ်အစိုးရဖွဲ့ရေး ကို လက်မခံခဲ့ဘူးလား။

၁၉၈၈ တုန်းက ဒေါက်တာမောင်မောင်ကို ကြားဖြတ်အစိုးရဖွဲ့ဖို့ တောင်းဆိုခဲ့ဖူးတယ်။ အဲဒီ တုန်းက မငြိမ်မသက် ဖြစ်နေတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီး တောင်းဆိုခဲ့တယ်။ အဓိက ကတော့ တိုင်းပြည်ငြိမ်သက်သွားဖို့ပဲ ရည်ရွယ်ခဲ့တာ ဖြစ်တယ်။

အခု လက်ရှိအနေအထားမှာ ဘယ်လိုလုပ်ပေးလိုက် ရင် ကောင်းမယ်ဆိုတာ ပြောနိုင်မလား။

ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ ကိုယ့်မှာ စိတ်ကူးတွေ ရှိတယ်။ မြန်မာပြည်က သယံ ဇာတ ပေါကြွယ်ဝတယ်။ သယံဇာတဆိုတာ ကျောက်စိမ်းထွက်တာ၊ ပတ္တမြားထွက်တာကိုပဲ ပြောတာမဟုတ်ဘူး။ မြန်မာပြည် ကြွယ်ဝတာ ကျွန်းသစ်၊ ရေနံ၊ ဆန်စပါးနဲ့ Natural Gas ဖြစ်တယ်။ ကျွန်းသစ်က အပင်ပြန်စိုက်လို့ရတယ်။ လယ်ယာမြေတွေ ချဲ့ ထွင်လို့ရတယ်။ စပါးမျိုး ကောင်း ဖြစ်ဖို့ သုတေသနပြုလုပ်ပြီး ကမ္ဘာ့စံချိန်မီအောင် ဖန်တီးလို့ရတယ်။ Natural Gas ကို Capitilize လုပ်ဖို့အတွက် နိုင်ငံခြားက အကူအညီရဖို့လိုတယ်။ ကိုယ်တို့မှာ ခေတ်မီ Techonology လည်း လိုတယ်။ Capital လည်းလိုတယ်။ ဆန်းစပါးစိုက်ဖို့ လူတွေ ကတော့ အများ ကြီးရှိတယ်။ ပိုးသတ်ဆေးတွေ ၊ Fertilizer တွေ အများ ကြီးသွင်းရမယ်။ တောင်သူလယ်သမားတွေ ကို အမတော် ကြေး ဖောဖောသီသီ ထုတ်ပေးနိုင်ရမယ်။ အဲဒီ လိုတွေ ဖြစ်ဖို့ ဒီမိုကရေစီရွေးကောက်ပွဲလုပ်ရင် Chance ရှိတယ်။ အဲ့ဒါမှ လူတော် လူကောင်းတွေ လည်း ပါလာနိုင်စရာ အကြောင်းရှိတယ်။

၁၉၈၈ ခုနှစ် တုန်းက ကျောင်းသားတွေ ကလည်း ကြားဖြတ်တောင်းတယ်။ ဒေါ်အောင်ဆန်း စုကြည်ကလည်း ကြားဖြတ်တောင်းကြတယ်။ ဘာကြောင့် အဲဒီ ကာလမှာ ကြားဖြတ်ကို တောင်းကြ တာလဲ။

အဓိက ကတော့ အားလုံးဟာ အခြေအနေ ငြိမ်သက်ဖို့ပဲ ရည်ရွယ်ကြတယ်။

မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွင့်တဲ့ည (၈း၀၀) နာရီသတင်းမှာ ဆိုရင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆက်ဆံရေး ဝန်ကြီးတို့ စိမ်းလဲ့ကန်သာ (နိုင်ငံတော် ဧည့်ဂေဟာ) မှာ တွေ့ ဆုံတယ်လို့ သတင်းထုတ်ပြန် သွားပါတယ်။ အဲဒီ လိုတွေ့ ဆုံမှု အပေါ်မှာ အန်ကယ့်အမြင်လေးပေါ့။

အမှန်စစ်စစ် ကတော့ တွေ့ ဆုံဆွေးနွေးတာဟာ အင်မတန်ကောင်းတဲ့အလားအလာ တစ်ခု လို့ သတ်မှတ်လို့ရပါတယ်။ ကိုယ်တို့ကိုယ်တိုင်လည်း ကျကျနန ဆွေးနွေးမှသာ ပိုပြီးလေးနက်တဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တယ်လို့ မြင်တယ်။

ဆောင်းပါးတစ်ခုမှာ မျိုးချစ်တပ်မှူးတွေ က ဦးနေဝင်းအပေါ်မှာ အာဏာသိမ်းဖို့ ကြံစည်မှု တွေ လုပ်ကြတယ်လို့ ရေး ထားပါတယ်။ အာဏာသိမ်းဖို့ ကြံတဲ့အထဲမှာ ဦးအောင်ရွှေ၊ ဦးကြည်ဝင်း၊ ဦးချစ်ခိုင်၊ ဦးဘဖြူ၊ ဦးတင်မောင်တို့ ပါခဲ့တယ်ဆိုတာ ဟုတ်ပါသလား။ အဲဒါနဲ့ပတ်သက်ပြီး ဘာကြောင့် မတားခဲ့တာလဲ။

အဲဒီ မျိုးချစ်တပ်မှူးတွေ က ဦးနေဝင်းအပေါ်မှာ အာဏာသိမ်းဖို့ ကြံစည်ခဲ့တာ ဟုတ်ပါ တယ်။ကျွန်တော် ကတော့ ဒီလိုမျိုးကို လုံးဝသဘောမတူလို့ တတ်နိုင်သလောက် တားခဲ့ပါတယ်။ သူတို့ ကတော့ တားတာကိုလက်မခံခဲ့ဘူး။ အဲဒါကြောင့် လည်း တပ်က သူတို့ကိုအနားပေးခဲ့ရတယ်။

ဦးနုက ဒီတိုင်းပြည်က ထွက်သွားမယ်။ ပြန်လာပြီး သူပုန်ထမယ်၊ အာဏာသိမ်းမယ်ဆိုပြီး စီစဉ်ဖူးတယ်လေ။ အဲဒါကိုသိလျက်နဲ့ အန်ကယ်ကိုယ်တိုင် နှာစေးခဲ့ဖူးတယ်လေ။

ဘယ်ဟုတ်မလဲ။ တားတာပေါ့။ မလုပ်သင့်ဘူးဆိုတာကို အတိအကျတားတာပါ။ လေယာဉ် မထွက်ခင်အထိ တားခဲ့တယ်။ မလုပ်သင့်ပေမယ့်လည်း ဦးနုကိုယ်တိုင်လုပ်ခဲ့တယ်။ ဟိုတုန်းက ဦးနုက နိုင်ငံရေး အဖွဲ့မှာ Real Leader လေ။ အခရာပေါ့။ ဦးရာရှစ်တို့ အကုန်သိတယ်။ ဦးနုက လုပ်မယ်ဟေ့ဆိုရင် မရဘူး။ လုပ်ကိုလုပ်တယ်။ ဦးနုပြောတဲ့စကားရှိတယ်။ “ကိုအောင်ကြီး၊ ငါက လုပ်မယ်ဟေ့ဆိုရင် မှားလည်းမပြင်ဘူး” တဲ့။ သူက အဲဒီ လောက်ထိ တင်းမာတဲ့သူ။

အပိုင်း (၂)

နိုင်ငံရေး သမားဟောင်းကြီး သခင်အောင်ကြီး(ပေါင်းတည်)နှင့် လျှပ်တပြက်တွေ့ ဆုံရာတွင် ဂယက်မျိုးစုံထလျက်ရှိကြောင်း လေ့လာတွေ့ ရှိရသည်။ ကြိုဆိုသူများ ရှိသလို ကဲ့ရဲ့ ပြစ်တင်ရှုပ်ချ သူများ လည်း ရှိခဲ့သည်။ မည် သို့ပင် ဖြစ်စေ နိုင်ငံရေး အစဉ်အလာရှိသော သခင်အောင်ကြီး အသက် (၉၀) ရှိနေပြီ ဖြစ်ရာ သက်ရှိထင်ရှားရှိခိုက် မေးသင့်မေးထိုက်သော အချက်အလက်များ ကို ဆက်လက်မေးမြန်းရန်လိုအပ်သည်ဟု ယူဆပါသော ကြောင့် လျှပ်တပြက်မှ ထပ်မံတွေ့ ဆုံခဲ့ပါ သည်။

NLD ဖွဲ့စည်းဖို့ ဒေါ်အောင်ဆန်းစုကြည်က ဦးထွေးမြင့်ကိုစေလွှတ်ပြီး “ကျွန်မ ဆွေးနွေးတိုင် ပင်လိုသဖြင့် ” ဟုဆိုပြီး သူကိုယ်တိုင် စာရေး ပြီးခေါ်တယ်ဆိုတာ ဟုတ်ပါသလား။

ကျွန်တော့် ကို နိုင်ငံရေး ပါတီဖွဲ့ဖို့ လာခေါ်တာတော့ မှန်ပါတယ်။ ကျွန်တော် က တိုင်းပြည် လွတ်လပ်ရေး အတွက် နယ်ချဲ့လက်အောက်က လွတ်မြောက်ဖို့ လှုပ်ရှားခဲ့စဉ်ကတည်းက ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ တွဲ လုပ်ခဲ့သူ ဖြစ်တယ်။ လူကြီး တစ်ယောက် အနေနဲ့ ကိုယ့်သမီးအရွယ် လူငယ် က လာတွေ့ ဖို့ ခေါ်ခိုင်းတာကိုတော့ လိုက်မ သွားပါဘူး။

(၁၂-၉-၈၈) နေ့မှာ ဂါးဒီးယန်းဦးစိန်ဝင်းက သူ့အိမ်ကိုဖိတ်ခေါ်ပြီး ဦးအောင်ရွှေနဲ့ ဦးတင်ဦး လည်း ဖိတ်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပါဝင်ဖို့ တိုက်တွန်းထားတယ်။ အဲသည့်မှာ သုံးဦးသားပေါင်းပြီး လက်မှတ်ထိုးကြရာက အောင်စုတင်ပေါ်လာတယ်ဆိုတာ မှန်ပါသလား။ ဦးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ခေါ်လို့ လိုက်ပါလာတယ်ဆိုတာ ဟုတ်ပါသလား။

ဂါးဒီးယန်းဦးစိန်ဝင်းအိမ်ကို လာခေါ်လို့တော့ လိုက်သွားတယ်ဆိုတာ ဟုတ်တယ်။ ဦးစိန်ဝင်းခေါ်တုန်းက ကျွန်တော့် တို့အိမ်မှာ ကျွန်တော် နဲ့အတူ အဖမ်းခံရြ့ပီး အတူလွတ်လာတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။

မှတ်မိသလောက် အဲဒီ လူတွေ ကတော့ ဗိုလ်မှူးခင်ညို၊ ဗိုလ်မှူးဘရွှေ၊ ဗိုလ်မှူးထွန်းရွှေ တို့ ရှိကြတယ်။ သူတို့က ကျွန်တော့် လိုပဲ တခြားသူနဲ့ပေါင်းပြီး အဖွဲ့ဖွဲ့မယ်။ ဒါမှမဟုတ် နိုင်ငံရေး လှုပ် ရှားမှု ပြုလုပ်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ ဟာ သိပ်မကောင်းနိုင်ဘူးလို့ ယူဆကြတဲ့ အတွက် ကျွန်တော့် ကိုမလိုက်ဖို့ တားကြတယ်။ ဒါပေမဲ့ ဦးစိန်ဝင်းက ကျွန်တော် နဲ့ လွန်ခဲ့တဲ့ နှစ် ပေါင်းများ စွာ ကတည်းက ခင်မင်ရင်းနှီးပြီး Guardian သတင်းစာကို စတင်တည်ထောင်စဉ်က ဦးစိန်ဝင်းကိုလုပ်ဆောင်ဖို့ တာဝန်ပေးခဲ့ဖူးတယ်။ အဲဒီ အချိန်ကစပြီး ပိုပြီး ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဒါကြောင့် ဦးစိန်ဝင်းခေါ်လို့ လိုက်သွားခဲ့တယ်။ ဦးစိန်ဝင်းအိမ်ရောက်တော့ ဦးတင်ဦးရောက်နေ တာတွေ့ ရတယ်။ နောက်မကြာခင်မှာ ပဲ ဒေါ်အောင်ဆန်းစုကြည်ရောက်လာတယ်။ ဦးစိန်ဝင်း အပါ အဝင် အဲဒီ မှာ ရှိနေတဲ့သူတွေ အားလုံးက ကျွန်တော် ရယ်၊ ဦးတင်ဦးရယ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးပေါင်းပြီး နိုင်ငံရေး လှုပ်ရှားမှု လုပ်ရင် ပိုပြီးကောင်းမယ်လို့ ဆိုကြတာပါ။ကျွန်တော့် အနေနဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ပေါင်းပြီး နိုင်ငံရေး လုပ်ရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက် တွေ ဟာ အတော် ပြင်းထန်နိုင်တယ်၊ ဖြေရှင်းရလိမ့်မယ်ဆိုတာကို သိတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အနောက်မှာ ကွန်မြူနစ်တွေ ကြိုးကိုင်နေတယ်ဆိုတာသိလို့ပဲ။ ဒါပေမဲ့ တိုင်းပြည်ကောင်းဖို့ ဆိုရင် နောင် ဖြစ်ပေါ်လာမယ့် ပြဿနာအရပ်ရပ်ကို အတတ်နိုင်ဆုံး ရင်ဆိုင်ဖြေရှင်းမယ်။ ကိုယ့်ကို ထိခိုက်လည်း ဂရုမစိုက်ဘူးဆိုပြီး ပေါင်းခဲ့တာ ဖြစ်တယ်။

(၂၄-၉-၈၈) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒေါ်မြင့်မြင့်ခင်နဲ့ ဦးဝင်းတင်၊ ဦးတင်ဦးဘက်က ဦးအောင်ရွှေနဲ့ဦးချစ်ခိုင်၊ အန်ကယ့်ဘက်က ဦးကြည်ဟန်နှင့် ဦးထွန်းရွှေတို့ပါဝင် ပြီး ရှေ့လုပ်ငန်းအတွက် ဆွေးနွေးကြတယ်။ အဲဒီ ဆွေးနွေးရာမှာ သုံးယောက် သားအလှည့်ကျ ဥက္ကဌလုပ်မယ်လို့ စိတ်ကူးကြတယ်။

အဲဒါ မဟုတ်ပါဘူး။

ပြီးတော့ ဦးတင်ဦးက အသင့်ရေး လာတဲ့ ဒိုင်ယာရီကိုကြည့်ပြီး အန်ကယ်ပဲ ဥက္ကဌလုပ်ပါ။ ကျွန်တော် က ဒုဥက္ကဌလုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေး မှူးလို့ အကြံပြု ခဲ့တာ ဟုတ်ပါသလား။

အဲဒါဟုတ်ပါတယ်။ ကိုယ်က ဥက္ကဌ မလုပ်ချင်ဘူးလို့ ငြင်းခဲ့တယ်။ မစုကို ဥက္ကဌလုပ်ခိုင်းပါ လို့ ပြောတယ်။ ဒါနဲ့ ဦးတင်ဦးအဖွဲ့က ဗိုလ်ချုပ်ပဲလုပ်ပါလို့ ထပ်တိုက်တွန်းတဲ့အချိန်မှာ မစုဘေးမှာ ရှိတဲ့ ကွန်မြူနစ်လိုလားသူ ဒေါ်မြင့်မြင့်ခင်က မစုလက်ခံလိုက်ပါ။ နောက်မှာ ကျွန်မတို့ရှိတယ်။ လိုအပ်တာအားလုံး လုပ်ပေးမယ်လို့ပြောတယ်။ ထင်ရှားတာက အဲဒီ ကွန်မြူနစ်နဲ့ ကွန်မြူနစ်လို လားသူ တချို့က သူတို့ထုံးစံအတိုင်း မစုကိုရှေ့တန်းတင် အကာအကွယ်ယူပြီး မကြာမီ ဖြစ်ပေါ် လာမယ့် နိုင်ငံရေး အဖွဲ့အစည်းကို ပုဂ္ဂိုလ်ဩဇာထူထောင်ကာ ကြိုးကိုင်ဖို့ ရည်သန်ပြီး စိမ့်ဝင်နေကြ ပြီဆိုတာပဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေး ခရီးထွက်ရာမှာ အန်ကယ်က ဌာနချုပ်မှ ပိုက်ဆံ တစ်ပြားမှမယူဘဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ခရီးထွက်တယ်ဆိုတာ ဟုတ်ပါသလား။

အဲဒါအမှန်ပါပဲ။ ကိုယ်က ကိုယ့်အမျိုးသမီးကိုပြောတာပါ။ “ကျောင်းဆောက်၊ ဆေးရုံ ဆောက်ရင် ကုသိုလ်ရပါတယ်။ ဒီလိုပဲ အခုလည်း တိုင်းပြည်အတွက် လုပ်ပေးတာ ကုသိုလ်ရပါ တယ်” လို့ပြောပြီး မြေရောင်းရတဲ့ပိုက်ဆံနဲ့ ခရီးထွက်ခဲ့တယ်။ မည် သူတစ်ဦး တစ်ယောက် ထံမှ အကူအညီ မယူခဲ့ပါဘူး။

မြန်မာနိုင်ငံအထက်ပိုင်းက အလှူငွေကျပ် ၈ သော င်းခွဲကို အဖွဲ့ချုပ်နဲ့ ကွဲတော့မယ်ဆိုတာ နှစ် ရက်အလိုမှာ သိသိကြီးနဲ့ အပ်ခဲ့တယ်ဆိုတာ ဟုတ်ပါသလား။

ဟုတ်ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်း စည်းရုံးရေး သွားတော့ ပြည်သူတွေ အတွက် အလှူ ငွေထည့်ကြတယ်။ အဲဒီ ငွေအားလုံးကို စာရင်းနဲ့အတူ အတိအကျပြန်အပ်ခဲ့တယ်။

NLD မှာ နာယကများ အ ဖြစ် ဝိဓူရ သခင်ချစ်မောင်၊ သခင်တင်မြ၊ ဗိုလ်မှူးရဲထွဋ်၊ ပမညတ ဦးအောင်သန်း၊ သခင်လွင်တို့ တင်ခဲ့တယ်ဆိုတာ ဟုတ်ပါသလား

ကိုယ့်လက်ထက်မှာ တော့ မရှိဘူး။ နောက်ပိုင်းကိစ္စတွေ ကိုတော့ မသိဘူး။

အန်ကယ်က ဦးကိုယု၊ ဦးအောင်လွင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးမိုးသူ၊ ဦးတင်ဝင်း၊ ဦးထွန်းတင်၊ ဦးချမ်းအေးတို့ကို အဖွဲ့ချုပ်က အနားယူဖို့ (၂၅-၁၁-၈၈) ရက်နေ့မှာ စာရေး ခဲ့တယ်ဆိုတာ ဟုတ်ပါ သလား။

သူတို့တွေ ကို အနားယူဖို့တော့ စာမရေး ခဲ့ဘူး။ ဒါပေမဲ့ Main Post မှာ မထားဖို့တော့ ပြောခဲ့ တယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းရှိစဉ် ဖ.ဆ.ပ.လ အဖွဲ့မှာ အလားတူအ ဖြစ်မျိုး ဖြစ်ခဲ့တယ်။ အဲဒီ တုန်းက ဗိုလ်ချုပ်အောင်ဆန်းက “မင်းတို့ရှေ့က ရန်သူကို အချိန်မရွေး တိုက်လို့ ရတယ်။ နောက် ရန်သူက နောက်ကျောကို ဓားနဲ့ထိုးနိုင်တယ်။ ဒါကြောင့် ကွန်မြူနစ်တွေ ကို အရင်ဆုံး တိုက်ထုတ်ရမယ်” လို့ ပြောခဲ့တာကိုသတိရတယ်။ ဒါကြောင့် မို့လို့ ကွန်မြူနစ်နှင့် ကွန်မြူ နစ်လိုလားသူတွေ ကို အဓိကနေရာမှာ မထားဘူးလို့ ပြောခဲ့တာပါ။

အန်ကယ်ခင်ဗျား။ အန်ကယ်က NLD ကနေ နှုတ်ထွက်တာလား။ အထုတ်ခံရတာ လား။

ကျွန်တော် NLD က နှုတ်ထွက်တာမဟုတ်ပါဘူး။ ဒေါ်စုအဖွဲ့နဲ့ မျိုးချစ်အဖွဲ့တို့ပေါင်းပြီး ကျွန်တော့် ကို ထုတ်လိုက်တာပါ။

NLD မှာ အန်ကယ်ရှိနေသေးရင် ဘာ ဖြစ်မလဲ။

သူတို့အဖွဲ့က ပေါင်းပြီးကိုယ့်ကို NLD က ထုတ်မယ်ဆိုတာ တိတိကျကျကြီး ကြိုသိခဲ့ တယ်။ ဒါကြောင့် NLD နောက်ဘာ ဖြစ်မယ်ဆိုတာကို မစဉ်းစားထားဘူး။ စကားကြုံလို့ နည်းနည်း ပြောမယ်။ ကိုယ် မြန်မာနိုင်ငံအထက်ပိုင်း စည်းရုံးရေး ဆင်းစဉ်က ရောက်ရာမြို့တိုင်းမှာ လွှတ်တော် ကိုယ်စာလှယ်မြို့နယ်ပါတီတွေ ရဲ့ တာဝန် (Post) တွေ မှာ သက်ဆိုင်ရာ မြို့နယ်ပါတီဝင်များ ၊ ကြိုက်နှစ်သက် သူများ ကို ခန့်ထားရန်။ “ကိုယ့်အရပ်၊ ကိုယ့်ဇာတ်” ဆိုပြီး ဒီမိုကရေစီနည်းလမ်း တကျ တင်မြှော က်ရန်မှာ ကြားခဲ့ပါတယ်။ ကျန်တဲ့နှစ် ဖွဲ့ ကတော့ ပါတီတည်ထောင်စဆိုတဲ့ အကြောင်းပြချက်နဲ့ ၎င်းတို့ကြိုက်နှစ်သက် တဲ့ လူတွေ ကို ပုဂ္ဂိုလ်ရေး အရ ဗဟိုဦးစီးစနစ်နဲ့ ခန့်အပ် စေခဲ့ကြတယ်။ ဒီအချက်ကပဲ ကိုယ်နဲ့လုံးဝသဘောထားကွဲလွဲသွားတယ်။

ဒေါ်ခင်ကြည် ကျန်းမာရေး ချို့ယွင်းနေချိန်မှာ အန်ကယ်က ဦးနေဝင်းအိမ်ကို စာတစ်စောင် သူ့အိမ် လုံခြုံရေး ဂိတ်ကိုသွားပေးခဲ့တယ်။ ကျန်းမာရေး စောင့်ရှောက်ဖို့ပါတယ်လို့ သိရပါတယ်။ အန်ကယ်ကိုယ်တိုင် ဒေါ်ခင်ကြည်ကျန်းမာရေး အတွက် စောင့်ရှောက်ကူညီခဲ့တယ်ဆိုတာ ဟုတ်ပါ သလား။

ဟုတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးကိုအောင်ဆန်းဦးနဲ့ အန်ကယ်ရဲ့ ဆက်ဆံရေး သိပါရစေ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် အိမ်ထောင်ပြုစဉ်ကတည်းက အရင်းနှီးဆုံး၊ အဓိက အကျဆုံး လုပ်ဖော်ကိုင်ဖက် တစ်ယောက် အ ဖြစ်နဲ့ ပါဝင်ခဲ့တယ်။ ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်ကလည်း အမြဲ ခေါ်တိုင်ပင်လေ့ရှိတယ်။ အဲဒီ အချိန်ကစပြီး ကလေး (၃) ယောက် (ကိုအောင်ဆန်းဦး၊ ကို အောင်ဆန်းလင်းနဲ့ မစု) တို့ဟာ ကိုယ့်လက်ပေါ်မှာ ပဲ ကြီးပြင်းလာတယ်လို့ ပြောလို့ရတယ်။ ကိုအောင်ဆန်းလင်း ကွယ်လွန်သွားတော့လည်း နာရေး ကိစ္စ ကိုယ်ကပဲ တာဝန်ယူပြီး လုပ်ပေးခဲ့ရ တယ်။ ဗိုလ်ချုပ်ကျဆုံးပြီးနောက်ပိုင်း ဒေါ်ခင်ကြည်ကို ဖ.ဆ.ပ.လ လက်ထက်မှာ ဝန်ကြီးချုပ်ဦးနု က အိန္ဒိယသံအမတ်အ ဖြစ် လွှတ်ခဲ့တယ်။ ကလေးနှစ် ယောက် လုံး ပါသွားတယ်။ ဒီနောက်ပိုင်းမှာ အဆက်အသွယ်ပြတ်သွားတယ်။ ဒေါ်ခင်ကြည် သံအမတ်အ ဖြစ် အငြိမ်းစားယူပြီး မြန်မာပြည်ကို ပြန်လာခဲ့ပြီးနောက်ပိုင်း ဒေါ်ခင်ကြည်ကို ကိုယ်တို့မိသားစုကပဲ အိမ်ကိုဝင်ထွက်ပြီး အစစအရာရာ လိုအပ်တာတွေ ကို လုပ်ပေးခဲ့တယ်။ ဒေါ်ခင်ကြည်ကလည်း အချိန်အခါမရွေး လိုအပ်ရင် ကိုယ်တို့ မိသားစုကိုခေါ်တယ်။ တစ်ချိန်မှာ ဒေါ်ခင်ကြည် နေမကောင်း ဖြစ်လာခေါ်တော့ အိမ်ကိုလိုက်သွား တယ်။ ကလေးနှစ် ယောက် ကို ခေါ်ပေးရမလားလို့ ကိုယ်ကမေးတယ်။ ဒေါ်ခင်ကြည်က “တွေ့ တော့ တွေ့ ချင်တယ်။ ဒါပေမဲ့ ကလေးတွေ ကို ပြန်မလွှတ်မှာ စိုးတယ်” လို့ပြောတယ်။ အဲဒီ မှာ တင် ကိုယ်က ကျွန်တော် တာဝန်ယူပြီး ခေါ်ပေးမယ်လို့ပြောပြီးနောက်ပိုင်းမှာ မစုနဲ့သူ့ခင်ပွန်း ရောက်လာတယ်။ ကိုဦး ကတော့ မလာနိုင်ဘူး။ ဒေါ်ခင်ကြည်နေကောင်းတော့ ပြန်သွားကြတယ်။ တစ်ရက်မှာ ဒေါ်ခင်ကြည်က ကိုယ်တို့ဇနီးမောင်နှံနှစ် ယောက် ကိုခေါ်တယ်။ အကြောင်း ကတော့ မစုတို့မိသားစု ပြန်လာမယ်။ ကလေးနှစ် ယောက် ကို ရှင်ပြုချင်တယ်။ အဲဒါကို ဖြစ်မြောက်အောင် လုပ်ပေးပါလို့ ပြောတယ်။ ဒါနဲ့ပဲ ကိုယ်တို့ဇနီးမောင်နှံက အကျွေးအမွေးကအစ တာဝန်ယူပြီး နတ်မောက်လမ်းက ရွှေကြက်ယက်ကျောငှ်းမှာ ရှင်ပြုပေးခဲ့ရတယ်။

ဦးနေဝင်းမရှိတဲ့အချိန် သမ္မတ ဦးစန်ယုလက်ထက်မှာ အန်ကယ်က ဒေါ်ခင်ကြည်မျက်စိ ခွဲစိတ်ဖို့ စာရေး ခဲ့တယ်။ အဲဒီ အတွက် ကျန်းမာရေး အဖွဲ့ ဒေါ်ခင်ကြည်အိမ်ရောက်ခဲ့ကြတယ်။ လိုအပ် တဲ့ အကူအညီပေးပြီး အစိုးရစရိတ်နဲ့ ပြည်ပ မျက်စိသွားခွဲခွင့် ပေးခဲ့တယ်ဆိုတာ အမှန်ပဲလား။

ဦးနေဝင်း နိုင်ငံခြားသွားတဲ့အချိန်မှာ ဒေါ်ခင်ကြည်ဟာ မျက်စိအခြေအနေအရမ်းဆိုးတယ် လို့ လာပြောတယ်။ အဲဒါနဲ့ ကိုယ်က ဗိုလ်ချုပ်စန်းယုဆီကို စာရေးြ့ပီး သွားပို့တယ်။ ဂိတ်မှာ ပဲ စာကို အစောင့် တစ်ယောက် က လာယူသွားတယ်။ နောက်တော့ ကျန်းမာရေး ဒုဝန်ကြီးအဖွဲ့ကအိမ်ကို လိုက်သွားတယ်။ အိမ်မှာ မတွေ့ တာနဲ့ မျက်စိဆေးရုံကိုလိုက်သွားတယ်။ ဟိုရောက်တော့ VIP လာမယ်ဆိုလို့ အခန်းတစ်ခန်းထဲမှာ ဒေါ်ခင်ကြည်ကိုထည့်ထားတယ်။ နောက်မှ VIP ဆိုတာ ဒေါ်ခင်ကြည် ဖြစ်တယ်ဆိုလို့ အခန်းထဲက ထုတ်လာတယ်။ ဒါနဲ့ပဲ ဆရာဝန်တွေ ကို ဒုဝန်ကြီးကမေး တော့ နိုင်ငံခြားမှာ ခွဲမှ ကောင်းလိမ့်မယ်လို့ ပြောလိုက်တယ်။ ကျွန်တော် က ဒေါ်ခင်ကြည်ကို နိုင်ငံ တော် စရိတ်နဲ့ မျက်စိကုပေးဖို့ ပြောခဲ့တယ်။ အဲဒါကိုလည်း မငြင်းဖို့ ဒေါ်ခင်ကြည်ကို သေချာမှာ ခဲ့ရ တယ်။

ဒေါ်ခင်ကြည်လေဖြတ်တဲ့အချိန်မှာ အန်ကယ် အကြောင်းကြားပေးခဲ့လို့ သက်ဆိုင်ရာက ဂျပန်ဆေးရုံမှာ ကုသပေးခဲ့တယ်ဆိုတာ ဟုတ်ပါသလား။

ဟုတ်ပါတယ်။

ဒေါ်ခင်ကြည် မကျန်းမာတဲ့အချိန်မှာ သား ဖြစ်သူ ဦးအောင်ဆန်းဦးကို အန်ကယ်ပေးတွေ့ ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူးဆိုတာ ဟုတ်ပါသလား။

ဟုတ်ပါတယ်။ အဲဒီ တုန်းက နိုင်ငံခြားရေး ဝန်ကြီး ဦးစောလှိုင်ကို ခေါ်ပေးဖို့ သွားပြောခဲ့ တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။

၁၉၈၈၊ ၇ လပိုင်း၊ အာဇာနည်နေ့က ဒေါ်ခင်ကြည်ကို သွားတွေ့ တဲ့အခါ အန်ကယ် ဝင်ခွင့် မရခဲ့ဘူးဆိုတာ ဟုတ်ပါသလား။

ဟုတ်ပါတယ်။

ဒေါ်ခင်ကြည်ကွယ်လွန်တဲ့ ဒီဇင်ဘာ ၂၇၊ ၈၈ မှာ အန်ကယ်နဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ သွားရောက်ဂါဝရပြုတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က အန်ကယ့်ကို နှုတ်မဆက်ခဲ့ဘူးဆိုတာ ဟုတ်ပါသလား။ အဲဒီ အချိန်က အန်ကယ်ကအကြောင်းကြားခဲ့လို့ ဦးအောင်ဆန်းဦးကို သက်ဆိုင်ရာ ပြည်ဝင်ခွင့်ဗီဇာပေးခဲ့တယ်။ သို့ သော် ဒေါ်အောင်ဆန်းစုကြည်က သဘောမတူဘူး။ တားမြစ်ခဲ့တယ် ဆိုတာ ဟုတ်ပါသလား။

ဒေါ်ခင်ကြည်မဆုံးခင် သတိလစ်နေတဲ့အချိန်မှာ အိမ်ကိုပြန်ခေါ်လာတယ်ကြားလို့ သွား တွေ့ တယ်။ တွေ့ ခွင့်မရခဲ့ဘူး။ ဆင်ဝင်အောက်က ပြန်လည့်လာခဲ့ရတယ်။

ဒေါ်ခင်ကြည်ဆုံးတော့ ကိုယ်တို့သွားကြတယ်။ သွားတဲ့အခါ မစုက အတွေ့ လည်းမခံဘူး။ ဒေါ်ခင်ကြည်အလောင်းကိုလည်းကြည့်ခွင့်မရခဲ့ဘဲ ပြန်လာရတယ်။ အဲဒီ မှာ ကိုယ်တော် တော် စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ ကားပေါ်ရောက်တော့ ဒေါ်ခင်ကြည်ကို ကတိတစ်ခုပေးထားတယ်လို့ လုပ်မပေးရသေးဘူး။ သတိရတာ နဲ့ အဲဒီ အချိန်က အာဏာပိုင်ထံ စာရေး ပြီး ဦးအောင်ဆန်းဦးကို ခေါ်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ ၂ နာရီလောက်ကြာတော့ ဖုန်းဝင်လာပြီး ခေါ်ခွင့်ပြုပါတယ် လို့ အကြောင်းကြားတယ်။ ပိုသေချာအောင် သံရုံးတစ်ခုကိုလည်း အောင်ဆန်းဦးနေတဲ့လိပ်စာ မသိတော့ ရှိတဲ့နေရာကို အကြောင်းကြားပေးဖို့ ပြောခဲ့တဲ့အချိန်မှာ သံရုံးမှာ တာဝန်ရှိတဲ့သူက ဒေါ် အောင်ဆန်းစုကြည်ကိုသွားမေးတော့ မပို့ပေးရဘူးလို့ တားထားတယ်။ ညနေပိုင်းကျတော့ ဗိုလ်မှူး ထွန်းရွှေ အိမ်လာပြီး မစုရဲ့ လူ တစ်ယောက် က အောင်ဆန်းဦးကို ခေါ်ဖို့ မကြိုးစားပါနဲ့လို့ ပြောသွား တယ်။

ဦးအောင်ဆန်းဦး လေဆိပ်ရောက်တဲ့အခါ(၃၁-၁၂-၈၈) က အန်ကယ်တို့သွားကြိုခဲ့ပေမယ့် သခင်သန်းထွန်းဇနီး ဒေါ်ခင်ကြီး (ဒေါ်ခင်ကြည်အစ်မ) နဲ့ ဦးခင်မောင်အေး စာရေး ဆရာ ခင်မောင်အေး (မန္တလေး) တို့က ကားပေါ်တင်ပြီး ခေါ်သွားခဲ့ကြတယ်။ ဦးအောင်ဆန်းဦးနဲ့ ဈာပန ကိစ္စပြီးမှ ဦးနန်းနွယ်၊ ဦးထွန်းရွှေတို့ လိုက်တွေ့ ခဲ့တယ် ဟုတ်ပါသလား။ ဦးအောင်ဆန်းဦးဟာ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေး စိတ်မဝင်စားတာလဲ။

အဲဒီ ကိစ္စ ဟုတ်ပါတယ်။ ဦးအောင်ဆန်းဦးကိစ္စ ကတော့ သူနဲ့ပဲ သက်ဆိုင်ပါတယ်။

တကယ်လို့များ ရွေးကောက်ပွဲ ကျင်းပခဲ့ရင် အန်ကယ်ရဲ့ ပြည်ထောင်စုအမျိုးသားဒီမို ကရေစီ ပြန်လည် အသက်သွင်းဖို့ ရှိပါသလား။

မရှိပါဘူး။

တစ်နှစ် အတွင်း မြန်မာပြည်လွတ်လပ်ရေး ရရင်ရ၊ မရရင်ချ ကြွေးကြော်သံကို အန်ကယ်ရေး ခဲ့ တယ်ဆိုတာ ဟုတ်ပါသလား။

လွတ်လပ်ရေး မရခင်အချိန်တုန်းက ပုသိမ်ကျောင်းသားညီလာခံမှာ ပြောကြားခဲ့ပါတယ်။

အသက် ၉၀ အရွယ်မှာ အန်ကယ့်အနေနဲ့ မြန်မာနိုင်ငံ နိုင်ငံရေး အခန်းကဏ္ဍကို ဘယ်နေရာ က ဝင်ပါမယ်လို့ စိတ်ကူးထားပါသလဲ။

ကိုယ်က အသက်ကြီးပါပြီ။ ဘယ်ကဏ္ဍမှ မပါဝင်လိုပါဘူး။ ဒါပေမဲ့ တိုင်းပြည်ကောင်းစားဖို့ အတွက်ဆိုရင် အခွင့်သာရင် သာသလိုတော့ ပြောဆိုသွားမှာ ပါ။

မြန်မာနိုင်ငံရေး မှာ CIA က ဘာကြောင့် ဝင်ရှုပ်နေတယ်လို့ အန်ကယ်ယူဆပါသလဲ။

ဒီဟာတွေ ကတော့ သူတို့ရဲ့ လုပ်နေကျအလုပ်တွေ ဖြစ်တယ်။

CIA က နိုင်ငံရေး အဖွဲ့အစည်းတစ်ခုကို Electronic Machine တွေ ပေးတယ်။ ဘယ်လိုသုံးရ မယ်ဆိုတာ သင်ပေးတယ်ဆိုတာ ဟုတ်ပါသလား။

အဲဒါတော့ မသိဘူး။။

ကြာဖြတ်အစိုးရနဲ့ပတ်သက်လို့ ၁၉၈၈၊ ၉ လ၊ ၁၂ ရက်နေ့စွဲနဲ့ သက်ဆိုင်ရာကို ကြားဖြတ် အစိုးရဖွဲ့ဖို့ တောင်းဆိုတဲ့အထဲ အန်ကယ်ကိုယ်တိုင် လက်မှတ်ထိုးခဲ့တယ်နော်။

“၈၈” တုန်းက သက်ဆိုင်ရာကို ကြားဖြတ်အစိုးရဖွဲ့ဖို့ တောင်းဖူးတယ်။ အဲဒီ တုန်းက မငြိမ် မသက် ဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး တောင်းခဲ့တာပါ။ အဓိက ကတော့ တိုင်းပြည်ငြိမ်သက် ဖို့ကိုပဲ ရည်ရွယ်ခဲ့ပါတယ်။

အန်ကယ်ခင်ဗျား။ ကျောင်းသားသမဂ္ဂ 7July ကိစ္စနဲ့ပတ်သက်လို့ ဦးနေဝင်း ၁၉၈၈ ဇူလိုင် ၂၃၊ ကျိုက္ကဆံမှာ ကျင်းပခဲ့တဲ့အရေး ပေါ် ပါတီညီလာခံ မိန့်ခွန်းမှာ အန်ကယ်ဟာ ဦးနေဝင်းကို မတင် ပြဘဲ လုပ်ခဲ့တယ်လို့ တရားဝင်ပြောဆိုခဲ့တယ်။ အဲဒီ အပေါ်မှာ ကော အန်ကယ့်အနေနဲ့ ဘာများ ပြော လိုပါသလဲ။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ဦးနေဝင်းက လူကြီးများ ကို “ဧည့်ရိပ်သာ အဆောက်အအုံ အပေါ်ထပ်ကိုခေါ်ပြီး ၁၉၆၂ တက္ကသိုလ်ကျောင်းသားများ ကိစ္စနှင့် ပတ်သက်ပြီး တစ်ဦးချင်းသိသမျှ ရှင်းလင်းတင်ပြခိုင်းတဲ့အခါ အ ဖြစ်မှန်ပေါ်ပေါက်လာရပါတယ်။ ဒီနောက် ဦးနေဝင်းက ဗိုလ်မှူးဟောင်းဦးအောင်ကြီးကိုခေါ်ပြီး တစ်ဦးချင်းပြောကြားရာမှာ ဦးနေဝင်းက “မင်း ဒါပဲလုပ်တယ် မဟုတ်လား” ဟုမေးရာ ဗိုလ်မှူးဟောင်း ဦးအောင်ကြီးက မျက်ရည်စက်လက် နှုတ်ဆိတ်နေပါတယ်။ ဦးနေဝင်းက ဆက်လက်ပြီး “ကိုယ့်လူ ဘာလုပ်မလဲ ဆိုတော့ မင်းထွက်မလား၊ ငါထွက်မလား၊ အဲဒါပဲ ရှိတော့ အဲဒီ တော့ ကိုယ်ထွက်ဆိုရင်ထွက်မယ်။ ကိုယ့်လူ တိုင်းပြည်ကိုနိုင်အောင် ထိန်းနိုင်မလား။ ထိန်းနိုင်ရင်သွား” ဟုပြောတဲ့အခါ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက “မ ဖြစ်ပါဘူး” ဆိုပြီး အဲဒီ နေ့ မှာ ပဲ နုတ်ထွက်စာတင်ပြီး ထွက်သွားခြင်း ဖြစ်ပါတယ်” လို့ ပြောထားဖူးပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အန်ကယ်ဘာများ ရှင်းလင်းလိုပါသလဲ။

7July ကိစ္စနဲ့ပတ်သက်လို့ ၁၉၈၈ July 23 ကျိုက္ကဆံမှာ ကျင်းပတဲ့ အရေး ပေါ် ပါတီညီလာခံ မိန့်ခွန်းမှာ ကျွန်တော် ဟာ ဦးနေဝင်းကို မတင်ပြဘဲ လုပ်ခဲ့တယ်လို့ တရားဝင်ပြောဆိုတယ်ဆိုတာ ဦးနေဝင်းသဘောနဲ့ ဦးနေဝင်းအမြင်နဲ့ ပြောတာ ဖြစ်တယ်။ ဧည့်ရိပ်သာ အဆောက်အအုံ အောက်ထပ်မှာ ခေါ်ပြောတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြောရရင် ကိုယ်မလုပ်ချင်ခဲ့တဲ့ ကိစ္စတစ်ခုပေါ်မှာ ကိုယ်လေးစားယုံကြည်ရတဲ့ အထက်အရာရှိတစ်ဦး (ဗိုလ်ချုပ်နေဝင်း) အနေနဲ့ လူအများ ရှေ့မှာ မထင်မှတ်ဘဲ ကိုယ်လုပ်ပါတယ်ဆိုပြီး အမိန့်သဘောဆောင်တဲ့ စွပ်စွဲပြောကြားချက်ကြောင့် ချက်ချင်း ဘာမှ ပြန်မပြောနိုင်ဘဲ ဝမ်းနည်းခံပြင်းစိတ်ကြောင့် မျက်ရည်ဝဲခဲ့တယ်။ တပ်ထုံးစံက အထက်အရာရှိကို ဘယ်တော့မှ ပြန်ချေပလေ့မရှိဘူး။ ဒါကြောင့် ကိုယ်ကငြိမ်နေခဲ့ရတယ်။ 7th July 1962 ကျောင်းသားသမဂ္ဂဖြိုခွဲတာနဲ့ ပတ်သက်ပြီး ကိုယ်တပ်က ထွက်ခဲ့တာမဟုတ်ဘူး။ ကိုယ် ဂျပန်က အပြန် မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်စနစ် ပုံဖော်ရာမှာ သဘောထားကွဲလွဲပြီး Feb 1963 ကျမှ တပ်ကထွက်ခဲ့တာ ဖြစ်တယ်။ ဦးနေဝင်း“မင်းထွက်မလား၊ ငါထွက်လာမလား” ဆိုတာက ဂျပန်က ပြန်ရောက်ပြီး Feb 1963 ခုနှစ် ဝန်းကျင်မှာ ဖြစ်ခဲ့တာ။ 7th July 1962 ကိစ္စနဲ့ ဘာမျှ မပတ်သက်ဘူး။

အန်ကယ်က အယူအဆကွဲလွဲပြီး နှုတ်ထွက်စာ တင်တယ်လို့ ပြောလေ့ရှိပါတယ်။ အဲဒီ အချက် သုံးချက် ကတော့ (၁) စီးပွားရေး အားလုံးကို ပြည်သူပိုင်သိမ်းတာကို လုံးဝ မလုပ်ရဘူး။ ဆိုရှယ်လစ်စီးပွားရေး စနစ်ကို လုံးဝ မလုပ်ရဘူး။ ဆိုရှယ်လစ်စီးပွားရေး စနစ်ကို သဘောမတူ၊ ရောပြွမ်း စီးပွားရေး စနစ် ဖြစ်သော ပုဂ္ဂလိက ဖက်စပ်၊ သမဝါယမနှင့် နိုင်ငံပိုင် ဟူသော လေးချောင်း ထောက် စီးပွားရေး စနစ်ကိုသာ ကျင့်သုံးလိုသည်။

(၂) တစ်ပါတီစနစ်ကို သဘောမတူ။ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလိုသည်။

(၃) သတင်းစာများ ၊ ဂျာနယ်၊ မဂ္ဂဇင်းများ ချုပ်ချယ်ခြင်းကို သဘောမတူ၊ လွတ်လပ်စွာ ရေး သားခြင်းကို ခွင့်ပြုလိုသည်။” တို့ကို အန်ကယ်ရေး ခဲ့တယ်ဆိုတာ ဟုတ်ပါသလား။ အဲဒီ သုံးချက် အပေါ်မှာ ကွဲလွဲတယ်ဆိုတာ မခိုင်မာဘူးဆိုရင် အန်ကယ်ဘာများ ပြောလိုပါသလဲ။

အဲဒီ အချက်တွေ နဲ့ပတ်သက်ပြီး သဘောထားကွဲခဲ့တယ်ဆိုတာ ဟုတ်တယ်။ ဒီထက်ပိုပြီး ပြောရရင် အဲဒီ ခေတ်က စစ်တပ်အနေနဲ့ လိုသည်ထက်ပိုပြီး အချိန်ကြာမြင့်စွာ အာဏာဆုပ်ကိုင် ထားတာကို သဘောမတူခဲ့ဘူး။

အန်ကယ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှာ အန်ကယ် မပါဝင်ခဲ့ဘူးလို့ အန်ကယ်ပြော တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဝါဒသဘောထား ကြေညာချက် (၄-၅-၆၂) နေ့စွဲနဲ့ လက်မှတ်ထိုးထားတာမှာ အန်ကယ်ပါဝင်နေတာ တွေ့ ရတယ်။ အန်ကယ် ပါတီဝင် နံပါတ်က တင်း/၁၀၀၀၀/၂၀ ဖြစ်နေတာ ဘာကြောင့် လဲ။

မဆလပါတီရဲ့ ဝါဒသဘောထား ကြေညာချက် (၄-၅-၆၂) နေ့စွဲမှာ လက်မှတ်ထိုးတယ်ဆို တာ ဟုတ်တယ်။ အဲဒီ အချိန်က နိုင်ငံကို ဆိုရှယ်လစ်စနစ်နဲ့သွားဖို့ သဘောတူခဲ့ကြတယ်။ ဒါပေမဲ့ ဆိုရှယ်လစ်စနစ်ပုံဖော်ရာမှာ ဗိုလ်နေဝင်းနဲ့ သဘောထား ကွဲလွဲခဲ့တယ်။ ဥပမာ “ပြည်သူပိုင်သိမ်းတဲ့ ကိစ္စကို ကိုယ်လုံးဝဆန့်ကျင်ခဲ့တယ်”။

၆၂ ခုနှစ် ၊ မတ်လ ၈ ရက်ထုတ် ဟံသာဝတီ သတင်းစာမှာ မတ် ရ ရက်၊ နံနက် ၉း၀၀ နာရီ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါ အန်ကယ်က အာဏာသိမ်းတဲ့ကိစ္စနဲ့ပတ်သက်လို့ ဖက်ဒရယ်မူ အရေး ကြောင့် သိမ်းခဲ့တာလို့ ပြောခဲ့ကြောင်း တွေ့ ရပါတယ်။ အန်ကယ်က ဖက်ဒရယ်မူကို လက်မခံ တဲ့သဘောလား။

ဟုတ်တယ်။ ဖက်ဒရယ်မူကို လက်မခံဘူး။ ဖက်ဒရယ်မူအရဆိုလျှင် တိုင်းပြည်အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားမှာ ဖြစ်တယ်။ ကိုယ်က ဒါတွေ ဘယ်တော့မှ အ ဖြစ်မခံနိုင်ဘူး။

၁၉၈၈ ခုနှစ် တုန်းက စက်တင်ဘာ ၁၃ ရက်နေ့၊ လမ်းမတော် ဆေးတက္ကသိုလ် (၁) မှာ နေ့လယ် ၁း၀၀ နာရီ အစည်းအဝေးလုပ်ြ ကတော့ ကြားဖြတ်အစိုးရဖွဲ့ဖို့ ညှိနှိုင်းရာမှာ ဦးရန်နိုင်၊ ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝမ်းကိုတို့ တွေ့ ကြရာမှာ အန်ကယ်ပါတယ်လို့ သိရတယ်။ အဲဒါဘာလို့ ကြားဖြတ်အစိုးရ မဖွဲ့နိုင်ခဲ့ရတာ လဲ။

အဲဒီ တုန်းက ကြားဖြတ်အစိုးရမဖွဲ့နိုင်ခဲ့တာ တစ်ဦးနဲ့တစ်ဦး သဘောထားကွဲလွဲမှု တချို့ကို ညှိနှိုင်းမရသလို မူလည်းမမှန်ကြဘူး။

အဲဒီ ကာလမှာ ပဲ ဝန်ကြီးချုပ်က တစ်ပြားသားမှ မလျှော့တဲ့ ဦးနုက သူ့လက်ထဲက ဦးနေဝင်း လုယူသွားတဲ့ အာဏာကို စက်တင်ဘာ ၉ ရက်၊ နံနက် ၉း၀၀ နာရီမှာ နှလုံးရည်ကို အသုံးပြုပြီး ပြန်ယူလိုက်ပါပြီ။ ဒါကြောင့် လုယူသွားတဲ့အာဏာကို ဦးနဝင်းလက်ထဲက ပြန်ယူလိုက်တဲ့အချိန်ကစ လို့ အချုပ်အခြာအာဏာဟာ ဦးနေဝင်းလက်ထဲမှာ မရှိဘဲ၊ သူ့လက်ထဲပြန်ရောက်ရှိလာပြီ ဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာ ကြေညာပါတယ် ဆိုပြီး အဲဒီ နေ့မနက် ၁၂း၄၀ နာရီမှာ ဝင်္ကပါလမ်း၊ အမှတ် (၁၀) မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီငြိမ်း ယာယီနာယကအနေနဲ့ ကြေညာခဲ့တယ်။ သူ့ရဲ့ ကြားဖြတ်အစိုးရအဖွဲ့မှာ မန်းဝင်းမောင်က သမ္မတ၊ သူက ဝန်ကြီးချုပ်၊ ဦးတင်ဦးက ကာကွယ်ရေး ဝန်ကြီး၊ ဦးသန်းစိန်က ယဉ်ကျေးမှု ဝန်ကြီး၊ ဦးစောမြင့်က ပြန်ကြားရေး ဝန်ကြီး၊ ဦးအောင်ရွှေက ပြည်ထဲရေး ဝန်ကြီး စသည်ဖြင့် ဖွဲ့ကြချိန်မှာ အန်ကယ့်နာမည် မပါတာ ဘာကြောင့် လဲ။

ကိုယ့်ကို ကြိုတင်အကြောင်းမကြားဘဲ သူ (ဦးနု) က ကိုယ့်နာမည် ကို မထည့်တာ ဖြစ်နိုင် တယ်။

မြန်မာပြည်အနာဂတ်ကောင်းဖို့ ဘယ်သူတွေ မှာ အဓိကတာဝန်ရှိတယ်လို့ ယူဆပါသလဲ။

မြန်မာပြည် အနာဂတ်ကောင်းဖို့ဆိုတာ လူတစ်ဦး တစ်ယောက် ၊ လူတစ်စုကောင်းဖို့ထက် လူအားလုံးကောင်းဖို့က ပိုပြီး အရေး ကြီးပါတယ်။ အဲဒါထက်ပိုပြီး အရေး ကြီးတာက အနာဂတ်အ တွက် ခေတ်သစ်နည်းပညာ တတ်ကျွမ်းတဲ့ လူငယ်တွေ ၊ စိတ်ကူးစိတ်သန်းကောင်းတဲ့ လူငယ်တွေ ၊ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ကျော်ကြားမှု မျိုး မရှိဘဲ စိတ်ဓာတ်မြင့်မားတဲ့ လူငယ်ခေါင်း ဆောင်များ ရဲ့ လွတ်လပ်စွာ ဦးဆောင်မှု ဟာ ပိုအရေး ကြီးတယ်။ ပိုပြီး လိုအပ်တယ်။ သူတို့လေးတွေ ဖော်ထုတ်ရမယ်၊ မြေတောင်မြှော က်ပေးရမယ်။ တောက်ပြောင်လာအောင် အရောင် တင်ပေးရမယ်။ အဲဒီ လိုလုပ်ဆောင်ပေးဖို့က ကိုယ်တို့အားလုံးရဲ့ အဓိကအကျဆုံးတာဝန် ဖြစ်တယ်။ တစ်ကမ္ဘာလုံး မှာ လည်း ခေတ်သစ်လူငယ်တွေ ရဲ့ ဦးဆောင်မှု ၊ တွေးခေါ်ကြံဆမှု တွေ နဲ့ အစားထိုးနေကြပြီလေ။ နောင်လာမယ့် New Generation တွေ ကို ကိုယ်တို့ အချိန်မီ ဝိုင်းဝန်းပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။ ကိုယ်တို့တိုင်းပြည်မှာ အဲဒီ လို Intelligent ရှိတဲ့ တိုင်းချစ် ပြည်ချစ် ခေတ်သစ်လူငယ်တွေ အများ ကြီး ရှိပါတယ်။ အဲဒီ New Generation တွေ က ကိုယ်ကျွမ်းကျင်တဲ့ ပညာတွေ ၊ အတွေ့  အကြုံတွေ နဲ့ တာဝန်ယူလုပ်ဆောင်မှသာ တိုင်းပြည်အနာဂတ် ကောင်းမွန်သေချာမှာ ဖြစ်ပါ တယ်။

“စိတ်ဓာတ်မြင့်မားပြီး ခေတ်သစ်နည်းပညာ တတ်ကျွမ်းတဲ့ တိုင်းချစ် ပြည်ချစ် ခေတ်လူငယ် တွေ ရဲ့ လွတ်လပ်စွာ ဦးဆောင်တာဝန်ယူမှု ဟာ ပိုအရေး ကြီးတယ်။



ဝန်ဇင်းချစ်သူများ မြတ်ခိုင် ၏ “ သခင်အောင်ကြီး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လျှပ်တစ်ပြက် အယုဒ္ဓယ

သမိုင်းဝင် မိန့်ခွန်းများ

မင်းသိင်္ခနှင့် စကားပြောခြင်း