Cover

စကားလက်ဆောင်

ပြည်တွင်းပြည်ပ စာနယ်ဇင်းအတော် များများ ၌ ပင်တိုင်ကဏ္ဍများ ကို ထည့်သွင်းဖော်ပြ ကြသည့် ကဏ္ဍများ မှာ “အယ်ဒီတာထံပေးစာ”၊ “ အင်တာဗျူး ”၊ “စာအုပ်ဝေဖန်စာ”၊ “အမေး အဖြေ” စသည်တို့ ဖြစ်သည်။

ယင်းကဏ္ဍများ အနက် “အယ်ဒီတာထံပေးစာ”မှာ စာဖတ်သူများ ၏ မကျေနပ်ချက်များ နှင့်ကိုယ်ရည်သွေးများ က အဓိကအကြောင်အရာများ ဖြစ်နေသည်။ “ အင်တာဗျူး ”ကဏ္ဍ၌ အယ်ဒီတာ သို့ မဟုတ် စာရေး သူ တစ်ယောက် ယောက် က စာရေး ဆရာ တစ်ယောက် ကို ဖြစ်စေ၊ အနုပညာရှင် တစ်ယောက် ကို ဖြစ်စေ၊ အခြားနယ်ပယ်တစ်ခုခုက ထူးချွန်သူဟု ယူဆရသူ တစ်ယောက် ကို ဖြစ်စေ တွေ့ ဆုံမေးမြန်းချက်များ ကို ဖော်ပြထားသည်။ “စာအုပ်ဝေဖန်စာ” ကဏ္ဍကမူ စာပေလောကနှင့်သာ ပတ်သက်နေ၍ ပြည်သူအများ နှင့် သက်ဆိုင်သည်ဟု ဆို၍ မရပေ။ “အမေး အဖြေ”ကဏ္ဍ၏ တန်ဖိုးနှင့် အကျိုးများ ပုံမှာ မူ အခြားကဏ္ဍများ နှင့် တခြားစီ ဖြစ်သည်။ စာဖတ်သူ သို့ မဟုတ် ပြည်သူ၏ အမေးနှင့် အယ်ဒီတာ၏ အဖြေကို ဖော်ပြထား သည့်အတွက်ကြောင့် ဖြစ်သည်။

လူ့ဘ၀သည် မေးခွန်းအပြည့်နှင့် ဘ၀ ဖြစ်သည်။ “အူဝဲ”ဆိုပြီး လူ့ဘ၀ရောက်လာစ ကတည်းက မေးခွန်းကပ်ပါလာသည်။ “အမေဘယ်သူလဲ”၊ “နို့ဘယ်တော့ စို့ရမလဲ”စသော မေးခွန်းများ သည် မွေးကင်းစကတည်းက ကလေး၏ စိတ်ထဲတွင် ပေါ်နေသော မေးခွန်းများ ဖြစ်သည်။ စကားပြောတတ်သော တစ်နှစ် သား၊ နှစ် နှစ် သားအရွယ်လောက် ရောက်လာသော အချိန်၌ ကား ကလေးမေးသော မေးခွန်းကို လူကြီးမိဘများ အနေနှင့် ဖြေဖို့သာကြံပေတော့။ ကလေးသည် မေးခွန်းပေါင်းများ စွာ ကိုမေးပြီး သူရောက်ရှိလာသော လူ့လောကကို စူးစမ်း သည့်အကြည့်ဖြင့် ကြည့်လာသည်။ ကလေးဘ၀ကစပြီး မေးခွန်းများ ကို မေးရင်း တစ်စတစ်စ အရွယ်ရောက်လာပြီး လူမှု ရေး ၊ ဘာသာရေး ၊ စီးပွားရေး နယ်ပယ်ထဲ ၀င်ရောက်လာသော အခါ ၌ လည်း မေးခွန်းအရာအထောင်၏ အဖြေကို ရှာရင်းနှင့် ရှေ့တိုးသွားရသည်။

ကမ္ဘာဦးလူသားများ လည်း စလုံးရေစကတည်းကပင် မေးခွန်းကို ရင်ဝယ်ပိုက်လာကြ ရသည်။ ကမ္ဘာဦးလူသားတို့သည် တနေရာ၌ ကျောက်ချမနေကြဘဲ ရေကြည်ရာ မြတ်နုရာသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ ကမ္ဘာဦးလူသားတို့၏ “ရေကြည်ရာ ၊ မြတ်နု၇ာ”၌ “ကွက်ရှင်း မာက်”(?)ရှိနေသည်။ “ဘယ်နေရာက ကောင်းသလဲ”ဟူသည့် မေးခွန်းက ကမ္ဘာဦးလူသားတို့ ကို တစ်နေရာမှ တစ်နေရာသို့ ဆောင်ကြဉ်းသွားခြင်း ဖြစ်သည်။ ယနေ့ ကမ္ဘာလောကကြီး၏ အခြေအနေနှင့် နှိုင်းစာကြည့်လျှင် ကမ္ဘာဦးလူသားတို့၏ အခြေအနေသည် ယနေ့ ကမ္ဘာလောကကြီး၏ အခြေအနေနှင့် မိုးနှင့်မြေကြီးမက ကွာခြားနေသည်။ ယင်းအဆင့်သို့ ရောက်လာခြင်းမှာ လည်း အမေး၏ အဖြေကိုရှာရင်း ရောက်လာခြင်း ဖြစ်သည်။ ကမ္ဘာလောက ကြီးသည် ယနေ့အခြေအနေနှင့်လည်း ရပ်တန့်မနေပေ။ ရှေ့ခရီးလှမ်းရဦးမည် ဖြစ်၍ ယနေ့ လည်း “ဘယ်လမ်းလိုက်မလဲ” ဟူသော မေးခွန်းနှင့် ရင်ဆိုင်နေရသည်။

ယင်းကဲ့သို့ လူ့ဘ၀၊ လူလောကသည် မေးခွန်းပေါင်းစုံနှင့် ရင်ဆိုင်နေရသည် ဖြစ်၍ လူ့ ဘ၀၊ လူ့လောက တိုးတက်ရေး နှင့် ဆုတ်ယုတ်ရေး ၌ “မေးခွန်း”၏ အဖြေသည် အခရာ ဖြစ်နေသည်။ ထို့ကြောင့် “မေးခွန်း”သည် ပြည်သူအများ ၏ အာရုံအစူးစိုက်ဆုံး အကြောင်းအရာတစ်ခု ဖြစ်နေသည်။

ယခုမြတ်ခိုင်၏ “မေးခွန်း တစ်ထောင်”စာအုပ်သည် လူပေါင်းများ စွာ တို့၏ ပြဿနာ တစ်ရပ်ကို ဖြေရှင်းထားသော စာအုပ် ဖြစ်၍ မေးခွန်းမေးဖို့အတွက် တာစူနေကြသူအားလုံး အတွက် စိတ်ပါဝင်စားစရာစာအုပ် ဖြစ်လာပေလိမ့်မည် ။

“မေးခွန်းတစ်ထောင်”ဟု စာအုပ်အမည် ပေးထားသော်လည်း “တစ်ထောင်”ကို အမြှော က်ကိန်းနှင့် ဆင့်ပွားဂဏန်း ဖြစ်အောင် လုပ်၍ ရသည်။ “မေးခွန်း တစ်ထောင်”၌ ပါ သော တစ်ယောက် စီ၏ မေးခွန်းသည် တခြားလူများ မေးလိုသော မေးခွန်းလည်း ဖြစ်နေနိုင် သည်။ ယင်းအမြင်ဖြင့်ကြည့်လျှင် မြတ်ခိုင်၏ “မေးခွန်း တစ်ထောင်”သည် “မေးခွန်း အသော င်း”၊ “မေးခွန်း အသိန်း”လည်း ဖြစ်လာနိုင်သည်။

ပါရဂူ

၁၄.၇.၂၀၀၄

*


မြတ်ခိုင် (သို့ ) ပြဿနာရှာသူ

(၁)

ဆရာညိုခင်ဗျား

ကျွန်တော် အကူအညီတောင်းထားတဲ့ မေးခွန်း ၁၀၀၀ စာအုပ်အတွက် အမှာ စာ ချီးမြှင့်ကူညီပါရန် ပန်ကြားအပ်ပါတယ်

ဆရာ့တပည့် -

မြတ်ခိုင်

*


(၂)

ပြောရလျှင် ကျွန်တော် သည် “မြတ်ခိုင်”၏ ဆရာလည်းမဟုတ်၊ “မြတ်ခိုင်”သည် ကျွန် တော့် ၏ တပည့်လည်းမဟုတ်။

သူ့မေးခွန်း အမှတ် (၆၆၇)တွင် “ဆရာ”ဆိုတဲ့ စကားကို ဘာကြောင့် အလွယ်တကူ သုံးနေကြတာလဲ။ “ဆရာ”ဂုဏ်နှင့် မညီညွတ်ပါပဲ “ဆရာ” ဖြစ်နေတဲ့ ဆိုက်ကားဆရာ၊ ကား ဆရာ၊ ၀ပ်ရှော့ဆရာ၊ အကြော်ဆရာဆိုတာမျိုးတွေ ကို ဆိုက်ကားသမား၊ ကားသမား၊ ၀ပ်ရှော့ သမား၊ အကြော်သမားလို့ ခေါ်ရင်မရဘူးလား?”ဟူသော မေးခွန်းကို ဖတ်ကြည့်ပြီးသော အခါ ငါ့ကို ဘာလို့ “ဆရာ”ခေါ်ပါလိမ့်၊ သမားညိုလို့ ခေါ်ရင်ကော ရသလားဟူသော အတွေးများ ပေါ်လာသည်။ သမားညိုခေါ်မရလို့ ဆရာညိုခေါ်လေသလားဟု တွေးမိသည်။

တစ်ဖန် -

မြတ်ခိုင်သည်ကျွန်တော် ၏ ဆရာလည်းမဟုတ်။ ကျွန်တော် သည် မြတ်ခိုင်၏ တပည့် လည်းမဟုတ်ပါ။

ဤသို့ ပြောရသည်မှာ အကြောင်းရှိပါသည်။ “မြတ်ခိုင်”ကတောင် ဆရာခေါ်တယ်ဆို တော့ .. ဆိုပြီး စကားဖြတ်ပစ်ရာ ၀မ်းသာရမှာ လား၊ ၀မ်းနည်းရမှာ လား မသိပါ။

အခြားမိတ်ဆွေ တစ်ယောက် က သူခိုင်းစရာရှိလို့ “ဆရာ”ခေါ်တာ၊ နောက်ကျရင် “တပည့်”ခေါ်လိမ့်မယ်ဟု ဆိုပြန်သည်။ သူက “မြတ်ခိုင်”နှင့် ကိုယ့်ထက်ပိုင်ပြီး ရင်းနှီးသူ။

ဆေးပညာဘွဲ့ကို အကြောင်းပြုပြီး စီးပွားရေး ပါရဂူလိုလို၊ ဆောင်းပါးတွေ ၊ သုံးသပ် ချက်တွေ ရေး နေသူတစ်ဦးနှင့် စကားပြောရင်း သူ၏ သုံးသပ်ချက်တွေ ကို နားထောင်၍ “ခင်ဗျား က မြတ်ခိုင်ပဲ”ဟု ပြောမိရာ ဆတ်ဆတ်ခါအောင် နာသွားသည်ကို တွေ့ ရဖူးသည်။

သူ၏ မေးခွန်း ၁၀၀၀ ကို ရံဖန်ရံခါကြုံဖူးသည်။ ဖြေဆိုရင် စိတ်မ၀င်စားပါ။ သို့ သော် မ၀င်စားချင်၍ မရ။ ကျွန်တော် ဘာသာပြန်ဆို၍ နှစ် ကြိမ်တိုင်တိုင် ရိုက်နှိပ်ခဲ့ရသော “ဖြေရဲရင် မေးကြည့်”စာအုပ်ကို ဖတ်ကြည့်၊ မေးကြည့် ဖြေကြည့်ရာမှ ထပ်၍ မေးကြည့်ချင်လာသည်ဟု ဆိုရာ ကျွန်တော့မှာ တာဝန်မကင်း။

ထိုစာအုပ်ငယ်လေးထွက်ပြီးနောက် ကျွန်တော် ဘာသာပြန်ကြောင်း သိသူတချို့က မကြာခဏ အဖြေတောင်းကြသည်။ “အဖြေတောင်းခြင်းသည်းခံပါ”ဟူ၍ ပင်။ ဒုတိယ အကြိမ် ရိုက်သည့် စာအုပ်တွင် ထည့်ရေး လိုက်ရသည်။

မေးခွန်းတွေ ကို ကြည့်ကာ ထပ်မေးစရာပေါ်လာသည်ဟု ပြောသူ တစ်ယောက် ကိုသာ တွေ့ ရသေးသည်။ “မြတ်ခိုင်” ဆိုတာ ဒါလား။

မူလစာအုပ်၏ ရည်ရွယ်ချက်မှာ “ကိုယ့်ကိုယ်ကို နားလည်ရေး ” ဖြစ်သည်ဟု အကျဉ်း ချုပ်ပြောနိုင်သည်။ လူသိရှင်ကြား ဖြေစရာမလို။ ရင်းနှီးသူအချင်းချင်း ဝေဖန်ဆွေးနွေးလျှင် ပြီးသည်။

ယခု မေးခွန်း ၁၀၀၀ ၏ အဖြေကို ဂျာနယ်ထဲတွင် ပြန်ထည့်သည်။ ကြားမိသမျှ ဆရာမ “ခင်နှင်းပန်း”အပါအ၀င် အစအဆုံး ဖြေသူတွေ လည်းရှိသည်ဟု သိရသည်။ နောက်ဆုံး မေး ခွန်း၌ “သင် ဘာ့ကြောင့် ဒီမေးခွန်းတွေ ကို ဖြေနေရတာ လဲ”ဟု ထပ်ပြဿနာရှာထားသည်ကို တွေ့ ရသည်။

သူ၏ မေးခွန်းများ ထဲ၌ ကျွန်တော် သိချင်သည့် မေးခွန်းတွေ ပါသည်။ ထားပါတော့….

“ကျွန်တော် မိတ်ဆွေများ သိချင်သော ……”ဒါလည်း ထားလိုက်ပါ။

“ကျွန်တော့် ချစ်သူများ သိချင်သော ………..”

ဘယ်သူတွေ များ ပါလိမ့်။

“ကျွန်တော့် ရန်သူများ သိချင်သော ……………”

သူက သတ်မှတ်သည့် ရန်သူလား ? သူ့ကို ရန်သူသတ်မှတ်သည့် သူလား? ဘယ်သူ ဘယ်ဝါတွေ ပါလိမ့်။ ပိုပြီး သိချင်လာသည်။ အင်္ဂါစကားဝိုင်းတက်သူတွေ ထဲကလား? ဒါမှ မဟုတ် တစ်ခါမှ မလာသည့်သူတွေ လား? အဲဒီ ရန်သူတွေ က သူ့ကို မေးခွန်းထုတ်ခွင့်၊ ကိုယ် စားလှယ်လွှဲစာ ပေးလိုက် သလား။

မကြိုက်ဆုံး အသုံးက “ဆရာသမား”၊ “မခန့်လေးစားနိုင်သည်”ဟု ကျွန်တော် ထင် သည်။

*


(၃)

တကယ်တော့ မေးခွန်း ၁၀၀၀ မက တစ်ခုတစ်ခုထဲမှာ ကို ထပ်ပြဿနာရှာထားတာ တွေ ၊ “သိပ်တင်သား”အပြောအရ “ဇယားကျထားတာတွေ အများ ကြီးပဲ”။

မေးခွန်းတွေ ဖတ်ပြီး ခေါင်းစားလိုက် (မေးခွန်းမြင်လို့) စိတ်ညစ်လိုက် (Silly Question မေးလို့)ဥပမာ - ရေ၏ အရာသာ မေးခွန်းအမှတ် ……..) ဖြစ်နေသည်။ သူပြောသလို တစ်ယောက် တည်း မေးတာမဟုတ်လို့လား? ဒါမှမဟုတ်၊ သူ့ကိုယ်ရည်သွေးက တက်လိုက်ကျ လိုက် ဖြစ်နေလို့လား? ဆူကြုံနိမ့်မြင့်၊ ပရိသတ်မခွဲဘဲ ရမ်းပစ်လို့လား? ဆယ့်နှစ် မျိုးချင်းသုပ် လား? ချင်းသုပ်ကြိုက်သူတွေ ရှိလား? ကျွန်တော် အသေအချာသိပါသည်။ ဖြေသူ၏ “အတ္တ”နှင့် “အဇ္ဇျတ္တ”ကိုပါ တွေ့ နေရလေသလား?

*


(၄)

ပြဿနာဆိုသည်မှာ စမိလျှင် အဆုံးသတ်ရပါမည် ။ ကျွန်တော် “စ”ခဲ့မိ၍ ယခု အဆုံး သတ်ကာ အကြွေးဆပ်လိုက်ပါသည်။

ဆက်ပြီး ပြဿနာရှာသော “မြတ်ခိုင်” အဖြေတွေ့ ပြီလား၊ ကျေနပ်ပြီလား၊ ဆေးတိုးပြီ လား၊ ဆေးမတိုးတော့ဘူးလား၊ ကျွန်တော် မသိရသေးပါ။ အဖြေတွေ့ စေချင်ပါသည်။

ခင်မောင်ညို (ဘောဂဗေဒ)

၂၂.၆.၀၄

*


မေးခွန်းများများ မေးပါ

ရှင်အာနန္ဒာက ဗုဒ္ဓကို လျှောက်သတဲ့။

“အရှင်ဘုရား - လောကမှာ ဥာဏ်ပညာကြီးရင့်အောင်ဘာလုပ်ရမလဲ”

“မေးခွန်းများများ မေးပါ”တဲ့။

တကယ်တော့ မေးခွန်းထုတ်တာဟာ စူးစမ်းတာပါပဲ။

လူ့ဘောင်လောကကြီးဟာ စူးစမ်းရာက တိုးတက်လာတယ်လို့ ဆိုတယ်။

မေးခွန်းထုတ်ခြင်းနှင့် ပတ်သက်တဲ့စကားတွေ အများ ကြီးရှိတယ်။

ဒီအထဲမှာ မြန်မာတွေ အသိများ တာက “အမေး နွားကျောင်းသား၊ အဖြေ ဘုရား လောင်း”ပါပဲ။

ဆိုလိုတာက မေးခွန်းထုတ်သူတွေ အတွက် လွယ်တဲ့ကိစ္စဟာ ဖြေရသူအတွက် များ စွာ ခက်ခဲတယ်ဆိုတာပါပဲ။

ဒါပေမယ့် တကယ်တမ်းမှာ “မေးခွန်းကောင်း”တစ်ခုကို မေးဖို့တော့ အင်မတန် ခက်ပါ တယ်။ ဒါကို စဉ်းစားမိသူ အတော် နည်းတယ်။

ခေတ္တထားပါဦး။

နောက် သိတဲ့ မေးခွန်း ကတော့ မောင်ပေါက်ကျိုင်း(နဂါးနိုင်မင်း)နဲ့ ပတ်သက်တာပါ။

“မေးပါများ စကားရ၊ သွားပါများ ခရီးရောက်၊ မအိပ်မနေအသက်ရှည်”တဲ့ ။

ဒါကိုလည်း ကြားဖူးသူများ တယ်။ ခပ်ငယ်ငယ် ဇာတ်ပွဲတွေ ၊ ကွက်စိပ်ဆရာတွေ ခင်းတဲ့ ဇာတ်လမ်းတွေ မှာ မကြာခဏ မြင်ရကြားရတယ်။

ဒါပေမယ့် အမေးအမြန်းထူသူကို လူတွေ က မနှစ်သက် ဘူး။

နောက်ပိုင်းမှာ “မေးပါများ ထိပ်ခေါက်ခံရ”ဆိုပြီး နောက်ထားတဲ့ ကာတွန်းတွေ ကို တွေ့ ရတယ်။ သူတို့က တိတ်တိတ်နေ ထောင်တန်ဆိုတာကိုပဲ အားပေးကြတယ်။

မေးသူတွေ ကို အားမပေးတာတွေ အများ ကြီးပါပဲ။

ဒါပေမယ့် ဒဿနိကပညာရှင်တွေ အတွက်တော့ မေးခွန်းဟာ အရေး အကြီးဆုံးပဲတဲ့။

ဘာထရန်ရပ်ဆဲလ်အကြောင်း ရေး ထားတဲ့ စာအုပ်ထဲမှာ -

Philosophers exist to ask questions, not to answer them.

သာမန်ဘာသာပြန်ကြည့်ရင်တော့ ဒဿနပညာရှင်တွေ ဟာ “မေးခွန်းထုတ်ဖို့ ရပ် တည်နေကြတယ်။ အဖြေပေးဖို့ မဟုတ်ဘူး”တဲ့။

တကယ်တမ်းဆိုလိုတာက ဒဿနပညာရှင်တွေ ဟာ မေးခွန်းတွေ နဲ့ အတွေးတွေ ကို ချဲ့ တာပါပဲ။

သူတို့ရဲ့ မေးခွန်းတွေ မှာ အဖြေရှိချင်မှရှိမယ်။

အဖြေမရှိလည်း တစ်ချိန်ကျရင် အဖြေကောင်းတွေ ပေါ်လာဖို့ မေးခွန်းကောင်းတွေ မေးတာပဲ။

“သိပ္ပံပညာရဲ့ အစ”လို့ဆိုကြတဲ့ ပညာရှင် “သေလ”(Thele)ဟာ မေးခွန်းတစ်ခုမေးခဲ့ တယ်။

အဲဒါ ကတော့ “What is the Universe made of” တဲ့ ။ “စကြ၀ဠာကြီးကို ဘာနဲ့ ဖန် တီးထားတာလဲ”တဲ့။

သူဆိုလိုတာက စကြ၀ဠာကို လုပ်ထားတဲ့ အခြေခံပစ္စည်း (Building Block)ဟာ ဘာလဲဆိုတာပါပဲ။

သေလကိုယ်တိုင်က ဂရိနိုင်ငံက ရေပတ်လည်ဝိုင်းတဲ့ကျွန်းမှာ နေထိုင်တော့ စကြ၀ဠာ ရဲ့ အခြေခံဟာ “ရေပဲ”လို့ သူဖြေခဲ့တယ်။ သူ့ရဲ့ အဖြေဟာ မှားသွားတယ်။ သို့ သော် အမေးက တော့ကောင်းလွန်းလို့ သူ့ကို သမိုင်းတစ်လျှောက်မှာ ထည့်ရေး နေရဆဲပဲ။

ယနေ့ထိ လူတွေ ဟာ သူမေးထားတဲ့ မေးခွန်းနောက်လိုက်ပြီး အဖြေရှာနေဆဲပဲပေါ့။

အမေးရှိတာပဲ အဖြေရှိရမှာ ပေါ့။ ပြဿနာတစ်ခုအတွက် အဖြေရှိဖို့တော့ လိုတယ်လို့ လူတိုင်း ယူဆကြတယ်။

ဒီစကားကို ဒဿနပညာရှင်တွေ က လက်မခံကြပါ။

သူတို့လက်ထဲမှာ အဖြေမရှိတဲ့ မေးခွန်းတွေ (Unsolved Problems)တွေ များ လေလေ သူတို့အနေနဲ့ အလုပ်ကို သူတို့ ကောင်းကောင်းလုပ်နေတာပဲတဲ့။

ကိုမြတ်ခိုင်မေးထားတဲ့ မေးခွန်းတစ်ထောင်ကို လူတွေ ဖြေထားကြတယ်။

အဖြေမရှိတဲ့မေးခွန်း မရှိပါဘူးလို့ ဆိုရမှာ ပဲ။

အဖြေတွေ ရှိပါတယ်။

မေးခွန်းတစ်ပုဒ်မှာ အဖြေတစ်မျိုးထက် ပိုတာတွေ အများ ကြီးပါပဲ။

ဥပမာ - မေးခွန်းအမှတ် (၄၅၈)မှာ “အဖေနဲ့ အမေဘယ်သူအရေး ကြီးလဲ”တဲ့။

ဒီတော့ ဖြေသူက “အဖေအရေး ကြီးတယ်”လို့ ဖြေရင် သူရဲ့ သက်သေပြချက်နဲ့သူ မှန်မှာ ပဲ။

“အမေအရေး ကြီးတယ်”ဆိုရင်လည်း သူ့သက်သေပြချက်နဲ့သူ မှန်မှာ ပဲ။

“ဘယ်သူမှ အရေး မကြီးဘူး”ဆိုရင်လည်း သူဆွေးနွေးစရာတွေ ရှိတယ်။ ဒါလည်း သွား ငြင်းလို့မရပြန်ဘူး။ ဒါမျိုးတွေ အများ ကြီးပါပဲ။

ဒီလိုမေးခွန်းတွေ မှာ အဖြေမှန်တွေ တစ်ခုထက်ပိုပြီး ပိုရှိတယ်။

ကျွန်တော် တို့တစ်တွေ ဟာ မေးခွန်းမေးတယ်ဆိုရင် ဆရာ။ ဆရာမ ရဲ့ မျက်နှာကိုပဲ ပြေးမြင်တယ်။ စာမေးပွဲမေးခွန်းတွေ ကိုပဲ သတိရနေတတ်တယ်။

လက်တွေ့ ဘ၀မှာ မေးခွန်းတွေ ရဲ့ အဖြေမှန်တွေ ဟာ ကျောင်းစာသင်ခန်းတွေ ထဲက မေးခွန်းတွေ လို တစ်ခုတည်းမ ကတော့ဘူး။

“ကြို့ထိုးပျောက်အောင် ဘယ်လိုလုပ်မလဲ”

မိတ်ဆွေအများ ကြီး ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်လို နေရာမှာ မေးကြည့်ပါ။ အဖြေ တွေ အများ ကြီးပေးကြပါလိမ့်မယ်။

“သကြားစား”

“ရေသောက်လိုက်”

“လန့်အောင်လုပ်လိုက်”

“နားနှစ် ဖက်ပိတ်ပြီး ရေသောက်လိုက်”

အဖြေမှန်တွေ အများ ကြီးပဲ။

တကယ်လည်း လူ့ဘ၀မှာ ကြုံတွေ့ ရလေ့ရှိတဲ့ ပြဿနာတွေ မှာ အဖြေမှန်တွေ အများ ကြီးရှိတယ်။ လူ တစ်ယောက် က ပြောတယ်။

“ကျွန်တော် တို့ကျောင်းမှာ စာသင်တဲ့ သင်ပုန်းကြီးဟာ အမည်းမဟုတ်ဘူး”တဲ့ ။

ဒါဆိုဘာအရောင် လဲ?

အဖြေက အများ ကြီးပေါ့။ အစိမ်းရောင် လား။ အဖြူရောင် လား၊ မီးခိုးရောင် လား။

အစိမ်းမှာ မှ အရင့်အနုတွေ အများ ကြီးပေါ့။

လွယ်တဲ့ပုစ္ဆာလေးပဲ။ သူ့မှာ ဖြစ်နိုင်တဲ့ အဖြေ အများ ကြီးရှိတယ်။

ဒါပေမယ့် ဒဿနပညာရှင်တွေ ရဲ့ မေးခွန်းအချို့ ကတော့ အဖြေမရှိဘူး။

ဥပမာ - “လူတွေ မရှိတဲ့အခါ သစ်ပင်တွေ ရော ရှိမှာ လား။ ရှိမရှိ သင်ဘယ်လိုသိမလဲ” တဲ့။

“ရှိချင်လည်း ရှိမယ်။ မရှိချင်လည်း မရှိဘူး” ဆိုတဲ့ အဖြေ ကတော့ ဘာမှ ရေရေရာရာ အဖြေမဟုတ်ဘူးပေါ့။

“ရှိမှာ ပေါ့”လို့ဖြေရင် ဘယ်လိုသက်သေပြမလဲ။

လူတွေ မရှိဘဲ။ မြင်တွေ့ တဲ့သူတွေ မရှိဘူးဆိုရင် သစ်ပင်တွေ ရှိမယ်လို့ ပြောလို့ရမ လား။ ဘယ်သူသက်သေခံမလဲ။

မရှိဘူးဆိုရင်ကော ဘာအထောက်အထားလဲ။ ဘယ်သူသက်သေလည်း။

မေးခွန်းတစ်ခုကို ခိုင်လုံတဲ့ အထောက်အထားနဲ့ သိပ္ပံနည်းကျကျ ပညာရှင်တွေ လက်ခံတဲ့အထိ ဖြေဖို့ ခက်တဲ့ မေးခွန်းတွေ တကယ်ရှိတယ်။

ဖြေရလည်း တကယ်ခက်တယ်။

နောက်မေးခွန်းတစ်ခုကို မေးပြမယ်။

“အလင်းရောင် ကြောင့် ကျွန်တော် တို့ဟာ အရောင် တွေ ကို မြင်ရတယ်။ တကယ်လို့ အမှော င်ထဲရောက်ရင် ဘာအရောင် မှ မမြင်ရတော့ဘူး။ ဒီတစ်ခါ အရောင် တွေ ဟာ ရှိနေသေး လား။ ဥပမာ - သစ်ရွက်စိမ်းတစ်ရွက်ဟာ အမှော င်ထဲမှာ ဘာအရောင် ရှိလဲ”

မဖြေကြည့်ပါနဲ့၊ အဖြေမရှိပါဘူး။

နောက်တစ်ခု။

ဘာမဆိုလုပ်နိုင်တဲ့ တန်ခိုးရှင် တစ်ယောက် ရှိတယ်ဆိုပါတော့….။

“အဲဒီ တန်ခိုးရှင်ဟာ သူမလို့ မနိုင်တဲ့ ကျောက်တုံးတစ်တုံးကို ဖန်တီးနိုင်မလား”

မဖြေပါနဲ့ ၊ အဖြေမရှိဘူး။

တကယ်တော့ ဒဿနပညာရှင်တွေ က တကယ် ဖြစ်ပျက်တာကို မြင်နေလျက်နဲ့ မေးခွန်းတွေ ထုတ်တယ်။

ဥပမာ - နေ့စဉ် နေထွက်တယ်။ အရှေ့က ထွက်တယ်။ ဒါမဆန်းပါဘူး။ ဒါပေမယ့် ပညာရှင်က မေးလိုက်တယ်။

“နက်ဖြန် နေ့အရှေ့က ထွက်မယ်ဆိုတာ ငါဘယ်လိုလုပ် သိနိုင်မှာ လဲ”တဲ့ (အတော် ခွကျတာပဲ)။

“တကယ်လို့ ငါရှိသလား”လို့မေးရင် ဗုဒ္ဓရဲ့ အလိုအရဆိုရင် “ငါမရှိဘူး”လို့ ဖြေရမှာ လဲ။ သက်သေပြချက်တွေ အများ ကြီးရှိတယ်။

ဒဿနပညာရှင်တွေ ကျတော့ “ငါရှိတယ်”တဲ့။ ဘာကြောင့်လဲ။ “ငါရှိလို့ ငါမေးခွန်းတွေ ထုတ်နိုင်တာပေါ့”တဲ့။

ခက်တယ်။

ဒါ့ကြောင့် ကျွန်တော် တို့ ကောက်ချက်တစ်ခုချနိုင်တယ်။

“Science is what you know and philosophy is what you don’t know”တဲ့။

သိပ္ပံပညာဆိုတာ သင်တို့တတွေ သိထားတာတွေ ပါ။

ဒဿနိကဗေဒ ကတော့ မသိတာတွေ ပါပဲတဲ့။

ဒီတော့ မေးခွန်းတွေ ထုတ်ကြည့်ပါ။

မဖြေနိုင်တာတွေ ကိုတွေ့ လာရင် သင်ဒဿနိကပညာရှင် ဖြစ်ဖို့ နီးလာပြီ။

ဖြေနိုင်တာတွေ ပဲဆိုရင်လည်း ကိစ္စမရှိဘူး။ သင်သိပ္ပံပညာရှင် ဖြစ်ဖို့ နီးပြီပေါ့။

ဒါပေမယ့် ဒီစာအုပ်ရေး သူနဲ့ ပတ်သက်တဲ့ အရေး အကြီးဆုံး အချက်တစ်ခု ကျန်နေ သေးတယ်။ ဒါ ကတော့

“Journalists should ask many questions”တဲ့။

“ဂျာနယ်လစ်တွေ ဟာ မေးခွန်းအများ ကြီးမေးရသတဲ့”။

သူဟာ သတင်းမှန်မမှန် စစ်ဆေးရတဲ့ တာဝန်ရှိတယ်။ လူအများ ကြီးကို မေးခွန်းတွေ အများ ကြီး မေးတတ်ရတယ်။

အင်တာဗျူး တွေ လုပ်ရတယ်။ ဒီအခါ သူ့ရဲ့ စာဖတ်ပရိသတ်တွေ သိချင်တာကို မေး တတ်ရတယ်။ (အမေးခံရသူ ပြောချင်တာတွေ ကို ကြောပေးဖို့ မေးခွန်းထုတ်တာမျိုးသက် သက်မဟုတ်ရဘူး။)

ဒါတွေ အားလုံးဟာ ကိုမြတ်ခိုင်နဲ့ လုံးဝပတ်သက်နေတာပဲ။

ကိုမြတ်ခိုင်ဟာ ဂျာနယ်လစ် တစ်ယောက် ဖြစ်တယ်။ သူမေးခွန်းတွေ အများ ကြီး မေးနေ ပြီပဲ။

မေးခွန်းတစ်ထောင်စာအုပ်ဟာ တကယ်တော့ လက်ကမ်းကြိုသင့်တဲ့ စာအုပ်တစ်အုပ် ပဲ။

ဖတ်ဖူးတဲ့စာအုပ်ထဲက ရူပဗေဒပညာရှင်ကြီး တစ်ယောက် အကြောင်း ရေး ထားတဲ့အထဲ မှာ သူဟာ ငယ်စဉ်က ကျောင်းမှ အိမ်ကို ပြန်လာရင်း သူ့အမေက နေ့စဉ်မေးသတဲ့။

“Have you asked any good questions today”တဲ့။

“သား .. ဒီနေ့ ကျောင်းမှာ မေးခွန်းကောင်းကောင်း မေး ဖြစ်သေးလား”လို့ပါပဲ။

သူဟာ မေးခွန်းတွေ ထုတ်ရင်း တော် လာတဲ့ နိုဘယ်လ်ဆုရ ရူပဗေဒပညာရှင် “အိုက်ဆက်ရာဘီ”ပါပဲ။

ပညာတတ်အောင် သင်တဲ့အထဲမှာ မေးခွန်းမေးတာ အရေး အပါဆုံးလို့ ယူဆနိုင်တယ် လို့ အချို့က ဆိုတယ်။

“ရှင်မဟာရဋ္ဌသာရရဲ့ ပညာတတ်ခြင်းအတွက် လိုအပ်တဲ့အချက် ရှစ်ပါးထဲမှာ အစိန္တေ ယျဆိုတဲ့ ကြံစည်ရာ၏ စကားဟာ မေးခွန်းတွေ ထုတ်ဖို့လိုတာကို ပြောထားတယ်”လို့ အချို့က ဆိုတယ်။

ဗုဒ္ဓ၀င်ကို ကျွမ်းကျင်တဲ့ ဆရာ တစ်ယောက် ပြောတာကို မှတ်သားဖူးတာ ကတော့ ရှင် အာနန္ဒာက ဗုဒ္ဓကို လျှောက်သတဲ့။

“အရှင်ဘုရား … လောကမှာ ဥာဏ်ပညာကြီးရင့်အောင် ဘာလုပ်ရမလဲ”

“မေးခွန်းများများ မေးပါ”တဲ့။

ဒေါက်တာ ခင်မောင်ညို

၂၀၁၄၊ ဇွန်လ (၃၀) ရက်

*


မေးခွန်း ၁၀၀၀ စာအုပ်အတွက်အမှာ

မေးခွန်းဆိုတာ ထွက်ပေါက် ဖြစ်တတ်သလို မေးခွန်းကြောင့် မိတ်မိသွားရတာ တွေ လည်း ရှိပါတယ်။ ကျွန်မ မေးခွန်း ၁၀၀၀ ထဲမှာ မေးခွန်းတိုင်းလိုလိုကို ဖြေချင်နေတာ။ မေးခွန်း ၁၀၀၀ မှာ အားလုံးနီးပါးက ပရိသတ်အများ စုအတွက် ပိတ်မိနေနိုင်ပါတယ်။ တစ်ယောက် ယောက် က ၀င်ဖြေလိုက်ခြင်းအားဖြင့် အစရပြီး ကိုယ်ပိုင်အဖြေရသွားတတ်ပါ တယ်။

မေးခွန်း ၁၀၀၀ အဖြေစာမူတွေ မှာ ပရိသတ်ပါဝင်မှု နည်းတယ်လို့ ထင်ပါတယ်။ အချို့ အဖြေတွေ မှာ ဘ၀င်မကျနိုင်တာတွေ တွေ့ ရပါတယ်။ ဥပမာအားဖြင့် ဆံပင်ဖြူတာကို ဘာ့ကြောင့် ဆိုးသလဲဆိုတာကို လှချင်လို့လို့ တစ်ယောက် က ဖြေထားတယ်။ ဆံပင်ဖြူတာကို ဆေးဆိုးလိုက်ရုံနဲ့ လှမသွားနိုင်သလို ငယ်လည်းမသွားနိုင်ပါဘူးတဲ့။ ပတ်ဝန်းကျင်အမြင်မှာ ကိုယ့်ကို တင့်တယ်မှု ရှိရအောင် ပတ်ဝန်းကျင်ကို လေးမြတ်သော အားဖြင့် မိမိကိုယ်မိမိ တင့် တင့်တယ်တယ် သပ်သပ်ရပ်ရပ်ရှိစေဖို့ လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။ မေးခွန်း ၁၀၀၀ ရဲ့ အဖြေတွေ မှာ မူတည်ပြီး ဤသို့ ဆင့်ပွားတွေးမိရခြင်းကလည်း အကျိုးရှိစေပါတယ်။

တကယ်တော့ ကျွန်မတို့အားလုံးသည် နေ့စဉ်နှင့်အမျှ မေးခွန်းတွေ နဲ့ နေထိုင်နေရပါ တယ်။ တစ်နေ့တစ်နေ့ ကိုယ်လုပ်စရာရှိတဲ့အထဲက ဘယ်အရာကို အရင်လုပ်မလဲ။ ဒီလို လုပ်မိရင် ဟိုလိုမျိုး ဖြစ်သွားမလား။ ဟိုလိုလုပ်လိုက်လို့ ဟိုလိုမ ဖြစ်ဘဲ ဒီလိုများ ဖြစ်သွားခဲ့ရင် ဆိုတဲ့ မိမိကိုယ်မိမိ ပြန်ပြီးမေးနေရတဲ့ အမေးကမ္ဘာက သူတွေ ချည်းပါပဲ။ ဒါပေမယ့် မနက်ဖြန် မှာ ငါ ဘာများ ဖြစ်နေမလဲဆိုတာတော့ မမေးမိကြပါဘူး။ ဘာ့ကြောင့် လည်းဆိုတော့ မနက် ဖြန် ဘာ ဖြစ်မယ်ဆိုတာဟာ ဒီနေ့ ဘာလုပ်ရမလဲဆိုတဲ့ အမေးရဲ့ အဖြေပေါ်မှာ မူတည်နေလို့ ပါပဲ။

ကျွန်မ မေးခွန်း ၁၀၀၀ ပါ မေးခွန်း အများ စုဖြေစဉ်က စိတ်ထဲမှာ ဒွိဟမ ဖြစ်ပါ။ ကိုယ့် ရင်ထဲက ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ပေါ်လာတဲ့ အဖြေကိုပဲ ဖြေတာပါ။ နောက်ပြီး အများ စုအတွက် ခံယူချက် လွဲနိုင်တဲ့ မေးခွန်းအဖြေတွေ ကို ပြတ်ပြတ်သားသား တည့်မတ် ပေးချင်တဲ့စိတ်လည်းပါတယ်။ ဥပမာ - မိန်းမတွေ ဟာ နှာခေါင်းမပါရင် မစင်တောင် စားမယ် ဆိုတာ မှန်သလားဆိုတဲ့ မေးခွန်းအတွက် ကျွန်မအဖြေအပြည့်အစုံက “နှာခေါင်းပါလျက် ခပ် တည်တည်နဲ့ အကုန်စားနေတဲ့ လူတွေ အများ ကြီးထဲမှာ မိန်းမ တစ်ယောက် နှာခေါင်းမပါလို့ စားမိတာ မဆန်းပါဘူး”လို့ ။ မိန်းမတွေ အဖို့ နှာခေါင်းမပါရင် ဘာညာ အပြောခံရတာ ကို ဆတ် ဆတ်ခါနာပြလိုက်ရင် ဟုတ်လို့ပဲလို့ အဖြေထွက်မှာ ။ ဒီအတွက် ဟုတ်တော့ ဟုတ်ပါတယ်။ အကျိုးဘယ်လို အကြောင်းဘယ်လို ကျွန်မရှင်းပြခဲ့ပါတယ်။

ဥပမာ- နောက်တစ်ခု ပြရရင် လူတော် လူကောင်းနဲ့ လူကောင်းလူတော် မေးခွန်းပါ။ တော် တာက မွေးရာပါ ဗီဇနဲ့ဆိုင်တယ်။ ကောင်းတာက သင်ယူလို့ရတယ်။ တော် တာကို သင် လို့မရပါ။ ခပ်ညံ့ညံ့၊ ခပ်ကောင်းကောင်းတွေ အများ ကြီးပါပဲလို့ ကျွန်မ ဖြေခဲ့ပါတယ်။

အခြားမေးခွန်းတစ်ခု ကတော့ ကိုယ်ချစ်နဲ့ သူချစ်ကိစ္စပါ။ မိန်းကလေးဆိုတာ သူချစ်ကို ပဲ ရွေးချယ်သင့်ပေမယ့် မိန်းကလေးအများ စု ရင်ဆိုင်ရတဲ့ စိတ်ဒုက္ခက ကိုယ်ချစ်စိတ်ဒုက္ခ ဖြစ် တတ်ပါတယ်။ ငယ်ငယ်တုန်း ကတော့ ကိုယ်ချစ်တွေ့ ရင် ကိုယ့်ကိုယ်ကို သူရဲကောင်းပေါ့နော်။ အခုအရွယ်လေးရလာတော့ “ကိုယ့်ကိုချစ်တဲ့ သူချစ်”ကို တန်ဖိုးထား လေးစားရကောင်းမှန်း သိလာရတယ်။

ကျွန်မအဖြေပေးလျက်နှင့် ကျွန်မအဖြေကို မရွေးချယ်တာမျိုးလည်းရှိပါတယ်။ ဥပမာ - သင် အခု အိုစမာဘင်လာဒင်နဲ့ တွေ့ ရင် ဘာလုပ်မလဲဆိုတာပါ။ ကျွန်မ ဘယ်လို အဖြေပေး ထားသလဲဆိုရင် တွေ့ ရသိရလို့ ၀မ်းသာဂုဏ်ယူတဲ့အကြောင်းက စမယ်။ နောက်ပြီး ရန်ကုန် အလှကို မြင်ရနိုင်တဲ့ ဆိုင်တစ်ဆိုင်မှာ စားပွဲလေးတစ်ပွဲလုပ်မယ်ပေါ့။ နောက်ပြီး ရှင်နောက် ထပ်အကြမ်းဖက်မှု တစ်ခုခု လုပ်တော့မယ်ဆိုရင် ရှင့်အနားမှာ ရှိနေတဲ့ လူတွေ နဲ့ပဲ တိုင်ပင်နေ ကျအတိုင်း တိုင်ပင်မယ့်အစား ရှင့်သူငယ်ချင်းအမျိုးသမီး တစ်ယောက် ယောက် သို့မဟုတ် ရှင့် ချစ်သူဟောင်းနဲ့ ရှင် တိုင်ပင်ကြည့်သင့်ပါတယ်လို့ ကျွန်မပြော ဖြစ်အောင်ပြောမယ်။

အဲဒါ ဦးမြတ်ခိုင်က ကျွန်မအဖြေကို မရွေးချယ်ဘူး။ မောင်နွယ်အောင် (ဒဂုံတောင်) အဖြေကို ဖော်ပြပါတယ်။ သက်ဆိုင်ရာကို လှမ်းအကြောင်းကြားမယ်ဆိုလား အဲဒီ အဖြေမျိုးပါ။

သမာရိုးကျအဖြေနဲ့ ဖြည့်စွက်စဉ်းစားတဲ့အဖြေတို့ရဲ့ ကွာခြားမှု ကို မြင်နိုင်ပါလိမ့်မယ်။

မေးနိုင်ကြပါစေ။

ဖြေတတ်ကြပါစေ။

ခင်ပန်းနှင်း

*


ဆရာမြတ်ခိုင်၏

မေးခွန်း (၁၀၀၀) နှင့် ပတ်သက်၍

(၁)

ငယ်ငယ်တုန်းက အမေက မေးဖူးသည်။

“ငါ့သား အဖေနဲ့ အမေ ဘယ်သူ့ပိုချစ်သလဲ”တဲ့။

အဖေနဲ့အမေကြား စိတ်ညစ်ခဲ့ရဖူးသည်။

*


(၂)

ကျောင်းနေတော့….

ဆရာမ က ကျောင်းစာတွေ ပြန်ပြန်မေးလို့ စိတ်ညစ်ရဖူးတာလည်း ခဏခဏ….။

*


(၃)

ရည်းစားထားတော့ ……..

ချစ်သူမေးဖူးသည်။

“ဘယ်ရည်းစားကို အချစ်ဆုံးလဲ”တဲ့။

*


(၄)

အလုပ်လျှောက်တော့ …….

Interview တစ်ခုမှ အမေးခံရဖူးတယ်။

“သင် စားဖူးသော မိုးကျလက်ဖက်သုတ်သည် ဒန့်ကျွဲရွက်လေးများ ကို သုတ်ထားမှန်း သိသည့်အခါ သင့်စိတ်ထဲမှာ အရသာခံစားမှု အပြောင်းအလဲ ဖြစ်သွားသလား”တဲ့

*


(၅)

စာဖက်ဝါသနာပါတော့….

လူမမြင်ဘူးပေမယ့် စာအုပ်တွေ ထဲမှာ ရင်းနှီးဖူးခဲ့ရတဲ့ ပုဂံပြည်က မှန်တန်းအရပ်သား၊ သူ့အဖေက ဦးဥာဏ်လင်း၊ သူ့အမေက ဒေါ်နှင်းဇံတို့ရဲ့ သား၊ ငယ်နာမည် က မောင်ကြံဘမ်း၊ ကြီးလာတော့ မောင်ကျဘမ်း၊ နောက်တော့ …. ခုံတော် မောင်ကျဘမ်း ဖြစ်လာတဲ့ မောင်ကြံ ဘမ်းလေး (၁၅) နှစ် သားအရွယ်က ဥပဒေဘက်တော် သား အမတ်တစ်ဦးကို မေးခွန်းထုတ်ဖူး တယ်တဲ့။

“မိန်းကလေး တစ်ယောက် ဟာ အ၀တ်အစားကောင်းတွေ ၀တ်ပြီး ပါးမှာ လည်း ရှင်မ တောင်သနပ်ခါးလေးလိမ်းခြယ်ပြီး လမ်းထွက်လာပါသတဲ့။ အဲဒီ အခါမှာ သူ့အနားက ဖြတ်သွား တဲ့ ကောင်လေး တစ်ယောက် က သူ့စိတ်ထဲမှာ အဲဒီ အမျိုးသမီးလေးကို စော်ကားလိုတဲ့စိတ် လုံးဝမရှိသလို ကာမရာဂစိတ်လည်း လုံးဝမပါဘဲ မိန်းကလေးရဲ့ ခန္ဓာကိုယ်ကိုလည်း ကိုင် တွယ်ခြင်းမရှိ၊ လက်ဖျားနဲ့မျှ မထိဘဲ ရိုးသားဖြူစင်သော စိတ်နဲ့ ရှင်မတောင်သနပ်ခါးနံ့လေး တွေ ကို စွဲလမ်းတပ်မက်တဲ့စိတ်နဲ့ မိန်းကလေးရဲ့ ပါးပြင်ပေါ်က ရှင်မတောင်သနပ်ခါးမှု န့်လေး တွေ ကို ညင်သာစွာ နမ်းလိုက်တဲ့အခါ………………..

အမျိုးသမီးလေးဟာ အရမ်းကိုရှက်သွားပြီး တရားရုံးမှာ တရားစွဲဖို့ ကြိုးစားတယ်။ ပါးကို နမ်းတဲ့ အမှု နဲ့ စွဲရမှာ လား………….

ဒါမှမဟုတ်…..

ပါးပေါ်က ရှင်မတောင် သနပ်ခါးမှု န့်လေးတွေ ကို နမ်းတဲ့အမှု နဲ့ စွဲရမှာ လား”တဲ့။

*


(၆)

ဒီတုန်းက…

ကျုပ်တွေးမိတယ်။

ကမ္ဘာမှာ မြန်မာလူမျိုးတွေ တွေးသလို ဒဿနပါတဲ့ ကတ်သီးကတ်သတ်အတွေးတွေ တော် တော် များများ ဖတ်ခဲ့ရဖူးပေမယ့် ခုံတော် မောင်ကျဘမ်းရဲ့ ပါးနဲ့ ပါးပေါ်က ရှင်မတောင် သနပ်ခါးပြဿနာအတွေးနဲ့ အမေးကို မလွှမ်းမိုးနိုင်ခဲ့ကြပါဘူးလို့ ………..

ဒီလိုနဲ့ ၀မ်းသာဝမ်းနည်း အသာထားပြီး ၀မ်းစာအတွက် အလုပ်တွေ လုပ်ရင်း အသက် တွေ က လက်ဖက်ရည်ရေစီးကြောင်းထဲကနေ ဘီယာရေစီးကြောင်းထဲရောက်၊ နောက် အသက်တွေ ကြီးလာတာနဲ့အမျှ ဖတ်ရတဲ့ စာတွေ ကလည်း မှတ်ရတဲ့ ဦးနှောက်အခန်းတွေ ထဲ မှာ ပြည့်လို့ ကြပ်လို့၊ ဒီကြားထဲ ကျုပ်က စာနယ်ဇင်းသမားဆိုတော့ ဦးနှောက်အပိုတောင် ထားရတော့မလို ဂျာနယ်မြစ်ကြီး အရှိန်အဟုန်မြန်ရေစီးသန်လာတဲ့အချိန် …………

ဆရာမြတ်ခိုင် လှေသူကြီးလုပ်ပြီး သွားနေတဲ့ လှေကြီးထဲက မဟာဂျာနယ်ထဲမှာ အမေး (၁၀၀၀)ဆိုပြီး ကဏ္ဍသစ်တစ်ခု တိုးလာတာ တွေ့ ရပြန်ရော……….

ဆရာမြတ်ခိုင် ကတော့ ပြဿနာရှာပြန်ပြီ။

မေးခွန်းထုတ်တယ်ဆိုတာ လွယ်တာမှတ်လို့ပေါ့။ ကျုပ် ကျောင်းဆရာ ဘ၀တုန်းက မေးခွန်းတွေ ထုတ်ခဲ့ဖူးတယ်။ ဒါတောင် ပြဋ္ဌာန်စာအုပ်တွေ ထဲက ဖတ်ပြီး ရွေးထုတ်ရတဲ့ အလုပ်။ ဒီအလုပ်တောင် ဦးနှောက်စားခဲ့ရသေးတာ….။

ခုလို သင်ရိုးညွှန်းတန်းမရှိဘဲ တွေ့ ရာမေးရမယ့်အလုပ်ဆိုတော့ ဘယ်တော့ ရပ်သွား မလဲလို့ စိတ်ပူမိတာတော့ အမှန်။

ဒီလိုနဲ့….

ကျုပ်ကလည်း အလုပ်များ သူဆိုတော့ ဂျာနယ်လောကမှာ ဈေးအများ ဆုံး ဖြစ်တဲ့ “မဟာဂျာနယ်”ကို မရှက်စတမ်းပြောရရင် အမြဲတမ်း ၀ယ်မဖတ်နိုင်တဲ့လူတွေ စာရင်းထဲမှာ ကျုပ်လည်း ပါတယ်။ ဒါပေမယ့် မကြာမကြာဝယ်ဖတ်ပြီး ဆရာမြတ်ခိုင်ရဲ့ မေးခွန်း (၁၀၀၀) ထဲက ဘာတွေ မေးပြီး ဘယ်သူတွေ ဖြေမလဲလို့တော့သိချင်လို့ အရင်ကြည့်တာများ တယ်။

တော် တော့် ကို ရေး နိုင်တဲ့သူလို့………………

သူရဲ့ မေးခွန်း (၁၀၀၀) ဖတ်ပြီး………………….

မဟော်သဓာ သွားသတိရလိုက်၊

အလောင်းမင်းတရားကြီးမ ဖြစ်ခင် မုဆိုးဖိုရွာသား မောင်အောင်ဇေယျကို သွားသတိရ လိုက်၊

ရှင်မဟာရဋ္ဌသာရကို တွေးမိလိုက်၊

စလေဦးပုညကို သတိရလိုက်။

အချုပ်တန်းဆရာဖေ ပေါ်လာလိုက်။

ယောအတွင်းဝန် ဦးဘိုးလှိုင် ရောက်လာလိုက်။

ဗန်းမော်ဆရာတော် နဲ့ မယ်ကင်းအကြောင်း တွေးမိလိုက်နဲ့…..

ဆရာမြတ်ခိုင်ရဲ့ အမေးစာဖတ်ရင်း အတွေးကမ္ဘာထဲက ချီးကျူးစရာတွေ တစ်မျိုးပြီး တစ်မျိုး ပေါ်လာခဲ့တယ်။

ဒီလိုနဲ့…..

တစ်နေ့….

မဟာဂျာနယ်ဖတ်ချင်တဲ့ ရောဂါ နဲ့ ၀က်သားတုတ်ထိုးစားချင်တဲ့ ရောဂါ …. ကျုပ်မှာ တစ်ပြိုင်တည်း ပေါ်လာတဲ့အချိန် ဈ

အစာအိမ်ရဲ့ ပူဆာမှု ကို ခဏဘေးဖယ်ပြီး အိတ်ထဲရှိတဲ့ (၅၀၀)တန် တစ်ရွက် မဟာဂျာ နယ်ဘက် မဲသာသွားတာနဲ့ ကျုပ်လက်ထဲရောက်လာတဲ့ ဂျာနယ်ကို အမြန်ဆုံး လှန်ပြီး လမ်း သွားရင်း တွေးဖို့ အမေး (၁၀၀၀) ကို အရင်ဖတ်လိုက်မိတယ်။ အဲဒီ ဂျာနယ်က အတွဲ (၁) ၊ အမှတ် (၃၅)၊ ၁၃-၅-၂၀၀၄။

ကျုပ်တော် တော် အံ့သြသွားတယ်။ ကိုမြတ်ခိုင် ဒီတစ်ခါတော့ လှေလှော်ရင်း တက် ကျိုးတော့မှာ ပဲ။

မေးခွန်း (၁၀၀၀) ပြည့်ဖို့ဆိုတာ လွယ်တာမှတ်လို့ပေါ့။

ဟော …. ခုတော့ …..

ဒီဂျာနယ်ရဲ့ ဒီနေ့ထုတ်ဟာ သူ့အတွက် မဟာအောင်ပွဲအထိမ်းအမှတ်ပါလား။

အဲဒီ နောက်ဆုံးပိတ် မေးခွန်းတွေ အ ဖြစ် ……….

တစ်ညလုံးမအိပ်ဘဲ အလုပ်လုပ်တဲ့သူနဲ့ တစ်နေ့လုံးအလုပ်လုပ်ပြီး ညကို အိပ်ရေး ၀အောင်အိပ်တဲ့လူ ဘယ်သူက ပိုအလုပ် ဖြစ်မယ်ထင်သလဲ”တဲ့။

နောက်တစ်ခုက ….

“အမေးအမြန်းထူတဲ့ လူနဲ့ အရာရာမှာ စပ်စုတဲ့လူ ဘာကွာသလဲ။ ဘယ်သူက ပေါင်းရ သင်းရခက်မလဲ”တဲ့။

ကျုပ် အရင်တုန်းက …

ဆရာမြတ်ခိုင်ရဲ့ အနုပညာလုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး မကြာခဏချီးကျူးခဲ့ဖူးတယ်။ အရှေ့တောင်အာရှမှာ ရှိတဲ့ လူငယ်တွေ ထဲမှာ အနုပညာလုပ်ငန်းအများ ဆုံး လုပ်နိုင်သူ။ အနု ပညာသမားတွေ အများ ဆုံးမုန်းသူ ( သို့ မဟုတ်) အနုပညာသမားတွေ အများ ဆုံး ကြောက်သူ (သို့ မဟုတ်) အနုပညာသမားတွေ အများ ဆုံးချစ်သူဟူ၍ ……..။

*


(၇)

ခု… သူ့အသက် (၄၈) နှစ် မှာ …..

သူ (၈၄)နှစ် ကျရင်သမိုင်းဝင် ကဏ္ဍတစ်ခုအ ဖြစ် ရပ်တည်တော့မယ့် သူ့ရဲ့ အမေး (၁၀၀၀) ကို ဖတ်ပြီး ဒီအရွယ်နဲ့ ဒီလို အတွေးတွေ တွေးနိုင် ရေး နိုင်ပါလားလို့ အရမ်းကို အထင်ကြီးသွားပြန်ပြီ။

ဒီလို လူငယ်ငယ် ဦးနှောက်ကျယ်ကျယ်နဲ့ ခုလို ကြီးကြီးကျယ်ကျယ် ကတ်သီးကတ် သတ် ဒဿနအတွေးတွေ တွေးပြီး မေးခဲ့တဲ့ မေးခွန်း (၁၀၀၀) ကို အမှတ်တရ စုစည်းပြီး လူ သားတွေ အတွက် ဦးနှောက်ကို ပံ့ပိုးပေးတဲ့ စာအုပ်တစ်အုပ်အ ဖြစ် ထုတ်ဖို့ စိတ်ကူးကောင်းခဲ့ တဲ့ စာပေတိုက်ကိုလည်း စာဖတ်ပရိသတ်ရဲ့ ကိုယ်စား ကျေးဇူးတင်ဂုဏ်ပြုရင်း……..

ဤစာကို ရေး လိုက်ရတာ ပါဟူ၍ …..

မောင်ယဉ်ကျော်

(စာရေး ဆရာ၊ ဒါရိုက်တာ)

*


ထုတ်ဝေသူ၏ အမှာ စာ

မြတ်ခိုင်

ကျွန်တော် အစ်ကို မြတ်ခိုင်ကို စတင်သိရှိခဲ့သော ကာလ ၁၉၇၅ ၀န်းကျင်၊ အစ်ကိုမြတ် ခိုင် မဟာဗန္ဓုလ ပန်းခြံလမ်း၊ ဘုရင်ရုပ်ရှင်ရုံဘေးတိုက် “စာပေလုပ်သား”မဂ္ဂဇင်းတွင် စာများ ရေး သားနေခဲ့သော ကာလကပင်။ ကျွန်တော် အားကျခဲ့ရသော ကာလ၊ စာတွေ ရေး ချင်ခဲ့သော ၊ စာတွေ ရေး ရန် ဆန္ဒပြင်းပြခဲ့သော ၊ စာတွေ ရေး ဖြစ်ရန် သန္ဓေတည်ခဲ့သော ကာလများ ။

*


၁၉၈၉ လွန် ကာလများ …..

ကျွန်တော် စာတွေ ရေး ဖြစ်ခဲ့ပြီး မိမိရေး ခဲ့သော စာကို ပုံနှိပ်စာလုံးများ အ ဖြစ် မြင်တွေ့  ပီတိ ဖြစ်ခဲ့ရ၊ စာတွေ အများ ကြီးရေး ဖြစ်ခဲ့သည်။

အစ်ကိုမြတ်ခိုင် ကျွန်တော့် ကို ပစ်မထားခဲ့။

သူအယ်ဒီတာလုပ်သော မဂ္ဂဇင်း၊ စာစောင်များ တွင် ကျွန်တော့် စာတွေ ကို နေရာပေး ခဲ့သည်။ အမှားတွေ ပြင်ပေး စာနယ်ဇင်းသမားဘ၀ကို လမ်းညွှန်သင်ပြခဲ့သည်။

*


၂၀၀၀ ပြည့်နှစ် လွန် ကာလများ ………….

ကျွန်တော် စာတွေ ရေး နေရာမှ စာအုပ်ထုတ်ဝေသူ ဘ၀ကိုပါ ပိုင်ဆိုင်လာခဲ့သည်။

ထိုစဉ်မမျော်လင့်ဘဲ ကျွန်တော် လေးစား၇သော အစ်ကိုမြတ်ခိုင်၏ စာမူကို ထုတ်ဝေ ခွင့် အခွင့်အရေး ရရှိခဲ့သည်။

စာအုပ်အမည် က မေးခွန်း (၁၀၀၀)။

မဟာအပတ်စဉ် ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးများ စုစည်းမှု ။

ဆရာခင်မောင်ညို (ဘောဂဗေဒ)၏ “ဖြေရဲရင် မေးကြည့်”ဆိုသော ဘာသာပြန်စာအုပ် လေးကို ဖတ်မိရာမှ သူ ဖြတ်သန်းခဲ့ရသော ဘ၀အတွေ့ အကြုံများ ပေါ် မူတည်၍ ဘ၀ဒဿန ပါသော မေးခွန်း(၁၀၀၀) ကို မေးလာခဲ့သည်။ မေးခွန်းများ ၏ အဖြေသည် တူညီလိမ့်မည် မ ဟုတ်။ စာဖတ်သူများ ၏ ဘ၀အတွေ့ အကြုံအပေါ် မူတည်၍ အမြင်တွေ ကွဲပြားသွားလိမ့် မည် ။ ထိုမေးခွန်း (၁၀၀၀) ကို စာဖတ်သူများ အနေနှင့် မိမိ၏ ဘ၀အတွေ့ အကြုံများ အပေါ် မူတည်၍ ကြိုးစား ဖြေကြည့်ကြစေချင်သည်။ ထိုမှတဆင့် စာဖတ်သူများ အနေနှင့် မိမိဘ၀အ တွက် အကောင်းဆုံးများ ကို တွေးဆဆင်ခြင်ရယူနိုင်ကြလျှင် ….

ကျွန်တော့် အနေနှင့် အစ်ကိုမြတ်ခိုင်၏ မေးခွန်း (၁ဝ၀၀) စာအုပ်ကို ထုတ်ဝေခွင့်ရခြင်း ကို ကျေနပ်ဂုဏ်ယူနေမည် ဖြစ်ကြောင်း …..။

မျိုးအောင် (ရုက္ခဗေဒ)

မေးခွန်း (၁၀၀၀)

ဆရာခင်မောင်ညို (ဘောဂဗေဒ)၏ ဖြေရဲရင် မေးကြည့်ဟူသော စာအုပ်လေးကို ခရီး သွားရင်း ဖတ် ဖြစ်ခဲ့သည်။ မူရင်းမှာ Gregory Stock Rh . D ၏ The Book of Question ဟူ၍ ဖြစ်သည်။ အဆိုပါစာအုပ်ကို ပုဂံသို့ ခရီးသွားရင်းကားပေါ်မှာ ဖတ်ကြည့်ရာမှ ကျွန်တော် ကိုယ်တိုင်လည်း အဆိုပါမေးခွန်းတွေ ကို ဖြေကြည့်နေခဲ့မိသည်။ ထိုသို့ ဖြေ ဖြစ်ရာမှ ကျွန်တော် ကိုယ်တိုင်လည်း မေးခွန်းတွေ မေးကြည့်ချင်လာသည်။ အချို့မေးခွန်းတွေ က ကျွန်တော် သိချင်သည့် မေးခွန်းတွေ ဖြစ်သည်။ အချို့မေးခွန်းများ က ကျွန်တော့် မိတ်ဆွေများ သိချင်သော မေးခွန်းများ ဖြစ်သည်။ အချို့မေးခွန်းများ က ကျွန်တော့် ဆရာသမားများ သိချင် နေသည့် မေးခွန်းများ ဖြစ်သည်။ အချို့မေးခွန်းတွေ က ကျွန်တော့် ချစ်သူများ သိချင်နေသော မေးခွန်းများ ဖြစ်၍ အချို့မေးခွန်းတွေ က ကျွန်တော့်  ရန်သူများ သိချင်နေသော မေးခွန်းများ ဖြစ် သည်။ သည်နေရာတွင် ကျွန်တော် မေးချင်သော မေးခွန်းများ ကို မည် သူမဆို ဖြေကြည့် ကြစေချင်ပါသည်။ တစ်ဦးတည်း လျှို့လျှို့ဝှက်ဝှက်ဖြေနိုင်သလို၊ အချင်းချင်း တိုင်တိုင်ပင်ပင် ဖြေကြည့်လို့လည်း ရသည်။ အသေအချာဖြေ ဖြစ်ပြီဆိုလျှင် ကျွန်တော့် ဆီ ပြန်လည်ပေးပို့စေ ချင်ပါသည်။ ကျွန်တော် ကိုယ်တိုင် သိချင်နေသော အဖြေများ ရရှိလိမ့်မည် ဟုလည်း မျှော်လင့် ပါသည်။

ကျေးဇူးတင်စွာ ဖြင့်

မြတ်ခိုင်

*

Q 1

ကိုယ့်ကိုယ်ကို ဘယ်လောက်ချစ်လဲ။ ကိုယ်ကောင်းစားဖို့အတွက် ဘယ်သူတွေ ရဲ့ ဘယ်သူတွေ ရဲ့ လည်မျိုတွေ ကို မသိမသာ ဒါမှမဟုတ် သိသိသာသာ ဘ၀မှာ ဘယ်နှစ် ခါ ဖြတ်နင်းခဲ့ဖူးပြီလဲ။ ကိုယ့်အတွက် ရင်းပေးလိုက် ရတဲ့သူတွေ ကကော ကိုယ့်ကို ကျေနပ်ခွင့် လွှတ်နေကြလိမ့်လို့ ထင်သလား။ အဲသည့် အတွက်ကော လိပ်ပြာလုံနေမှာ လား။

Q 2

ကိုယ့်မှာ အရည်အချင်းရှိတယ်၊ မရှိဘူးဆိုတာ ဘယ်အချိန်မှာ သိလာသလဲ။ ကိုယ့် အရည်အချင်းကိုကော ဘယ်အချိန်မှာ လူသိရှင်ကြား အသုံးပြုခွင့်ရခဲ့သလဲ။ ကိုယ့်အရည်အ ချင်းအတွက်ကော စိတ်ပျက်နေဖူးသလား။ အရည်အချင်း အစွမ်းအစပြခွင့်ရတာ မျိုးကော ကြံဖူးသလား။ ကိုယ့်အရည်အချင်းပြသခွင့်မရဘူးဆိုရင် ပြသခွင့်ရအောင် ဘာလုပ်သ့င်တယ် ထင်လဲ။

Q 3

မိဘကို စော်ကားဖူးသလား။ သိသိနဲ့ စော်ကားခဲ့တာမျိုးလား။ မသိစိတ်နဲ့စော်ကားခဲ့ တာမျိုးလား ။ ဒါမှမဟုတ် မိဘကြောင့် ကိုယ့်ဘ၀အဆင်မပြေ ဖြစ်ရတယ်ဆိုပြီး စိတ်နဲ့ပြစ်မှား ခဲ့တာမျိုးကော ရှိပါသလား။ မိဘကို စိတ်ဆင်းရဲအောင် ၊ စိတ်သော ကရောက်အောင် ဘယ်နှကြိမ်ဘယ်နှခါလုပ်ခဲ့ဖူးပြီလဲ။ ကိုယ်တိုင် မိဘနေရာရောက်ခဲ့ရင်ကော အဲသည်လို သားသမီးမျိုးကို ဘယ်လို သဘောထားမှာ လဲ။

Q 4

ခေါင်းအေးအေးထားပြီး ကိုယ့်အကြောင်းကိုယ်ပြန်စဉ်းစားကြည့်လိုက်ပါဦး။ ရိုးသားမှု ရှိရဲ့ လားဆိုတာ။ ဘယ်သူမှ ကိုယ့်ကို သံသယမရှိပေမယ့် ကိုယ်တိုင်က မရိုးမသားကိစ္စတွေ ကို လူမသိသူမသိ ရှိခဲ့ဖူးသလားဆိုတာလေ။ အဲသည်လို မရိုးမသားကိစ္စဆိုတာ တစ်ယောက် ယောက် ကိုများ ဖွင့်ပြောဖူးသလား။ ဒါမှမဟုတ် ကိုယ်မရိုးသားခဲ့ဖူးတာတွေ ရှိရင် အဲသည့် မရိုးသားမှု ကို တစ်စုံ တစ်ယောက် က သိနေမလားဆိုပြီးတော့ ရင်တထိတ်ထိတ်စိုးရိမ် ပူပန် ကြောင့် ကျနေတာမျိုးကော ကြုံဖူးလား။ အဲသည့် မရိုးမသားလုပ်ခဲ့မှု တွေ ကို နောင်တရဖူးပါ သလား။ အသေအချာစဉ်းစားကြည့်ပါဦး။

Q 5

ခုနေများ သိန်း ၃၀၀ ပေါက်ပါပြီတဲ့။ ဘယ်လိုသုံးစွဲလိုက်မယ်လို့ စိတ်ကူးလဲ။ သိန်း (၃၀၀) ထီပေါက်တာဟာ ကံတရားကြောင့် လို့ထင်သလား။ ဘ၀မှာ အဲသည်လိုမျိုး ဘယ်နှခါ ကံကောင်းခဲ့ဖူးပါသလဲ။ လူ တစ်ယောက် က ဘယ်နှစ် ခါကံကောင်းနေတတ်တယ်လို့ ယူဆသ လဲ။ ဘာ့ကြောင့် ကံကောင်းတယ်ဆိုတာကိုကော တွေးကြည့်ခဲ့ဖူးသလား။ ကံဆိုတာကို ဘယ် လို နားလည်ယုံကြည်သလဲ။

Q 6

ကိုယ့်ရုပ်ကိုယ် မှန်ထဲမှာ တစ်နေ့ ဘယ်နှခါ၊ ဘယ်နှကြိမ်ကြည့်ဖူးသလဲ။ ကိုယ့်ရုပ် အတွက်ကျေနပ်နေသလား။ ကိုယ့်ရုပ်အတွက် မကျေမနပ် ဖြစ်ဖူးပါသလား။ လူ တစ်ယောက် အတွက် “ရုပ်ရည်”ဟာ အရေး တကြီးကိစ္စလား။ ရုပ်ချောတယ်ဆိုတာ ၊ မချောဘူးဆိုတာ ကိုယ့်ကြောင့် လား။ မွေးထုတ်လိုက်တဲ့မိဘကြောင့် လား။

Q 7

သရဲ မြင်ဖူးလား။ သရဲကော အခြောက်ခံရဖူးလား။ သရဲရှိတယ်လို့ကော ယုံသလား။ သရဲဆိုတာ လောကကြီးမှာ တကယ်ကောရှိလို့လား။ သရဲကိုကော ကြောက်တတ်လား။ သရဲ ဆိုတာ ဘယ်လိုဟာမျိုးလဲ။ လူတော် တော် များများ ဟာ သရဲဆိုရင် ဟိုးငယ်စဉ်ကလေးဘ၀က စပြီး အရွယ်ရောက်တဲ့အထိ ဘာ့ကြောင့် ကြောက်နေတတ်ကြတာလဲ။

Q 8

လောကမှာ ဘယ်သူ့ကို အကြောက်ဆုံးလဲ။ ဆရာ၊ ဆရာမ ကိုလား။ အဖေလား။ အမေ လား။ ကိုယ့်အလုပ်ရှင်သူဌေးကိုလား၊ ကိုယ့်ရည်းစားကိုလား၊ ကိုယ့်ယောက်ျား ဒါမှမဟုတ် ကိုယ့်မိန်းမကိုလား။ ဘာ့ကြောင့် ကြောက်ကြတာလဲ။ ကြောက်ရတဲ့အကြောင်းအရင်းကို ပြော ကြည့်ပါဦး။ ကိုယ်ကြောက်ရတဲ့ သူကိုကော ကြောက်ကန်ကန်ဖူးလား။ မသိစိတ်နဲ့ စော်ကား ဖူးလား။

Q 9

ကိုယ်ဘယ်တော့ သေမယ်လို့ ထင်လဲ။ ဘယ်နေ့ သေမယ်ဆိုတာ သေသေချာချာ သိလိုက်ရပြီဆိုရင် အဲသည့်သေရမယ့်ကိစ္စအတွက် ဘယ်လိုပြင်ဆင်မှာ လဲ။ အဲသည့်နေ့မှာ မသေအောင်ကော တစ်ခုခုကြိုးစားကြည့်ချင်စိတ် မရှိဘူးလား။ သေရမှာ ကော သေပျော်ပြီ လား။

Q 10

သတင်းစာနေ့စဉ်ဖတ်လေ့ရှိသလား။ သတင်းစာနေ့စဉ် ဖတ်လေ့ရှိတယ်ဆိုရင် ဘယ် စာမျက်နှာကို အရင်ဆုံးစပြီး ဖတ်တတ်သလဲ။ ဘာ့ကြောင့် အဲသည့်စာမျက်နှာကိုမှ ရွေးပြီး ပထမဆုံးစဖတ် ဖြစ်တာလဲ။ အဲဒါကကော သတင်းစာဖတ်တိုင်း လုပ်လေ့ရှိတဲ့အပြုအမူလား။ သတင်းစာကိုဖတ်ပြီး အဲသည့်အထဲက အကြောင်းအရာတွေ ကိုကော တစ်စုံ တစ်ယောက် ကို ပြန်ပြောပြတာမျိုးရှိသလား။ သတင်းစာတစ်စောင်လုံး အစအဆုံး အသေအချာဖတ် ဖြစ်တဲ့နေ့ ကော ရှိသလား။ အဲသည်နေ့က ဘယ်လို နေ့မျိုး ဖြစ်နေတတ်လဲ။

Q 11

လောကကြီးမှာ ကိုယ်အမုန်းဆုံးအရာဟာ ဘာလဲ။ ဘယ်သူလဲ။ ဘာအတွက် မုန်းတာ လဲ။ ဘယ်အချိန်ကစပြီး မုန်းတာလဲ။ ဘယ်လောက်အထိ မုန်းနေဦးမှာ လဲ။

Q 12

လူ တစ်ယောက် ကို ဒုက္ခရောက်အောင် ၊ ချောက်ကျအောင် ၊ ဘ၀ပျက်အောင် အန္တရာယ် ဖြစ်အောင် ၊ လူညွှန့်တုံးအောင် ၊ လူတောမတိုးရဲအောင် လုပ်ဖူးသလား။ လုပ်ဖူးရင် အဲသည်လို ဘာ့ကြောင့် လုပ်ဖူးတာလဲ။ ကိုယ့်အတွက် ဘာအကျိုးရှိခဲ့ဖူးလဲ။

Q 13

ကိုယ့်ကိုယ်ကို သတ်ပစ်ချင်လောက်အောင် နာကျည်းရွံရှာစက်ဆုတ်မုန်းတီးတဲ့သူမျိုး ရှိသလား။ ဘာ့ကြောင့်အဲသည်လောက်ကြီးအထိ ဖြစ်သွားရတာ တဲ့လဲ။ ကိုယ့်မဟုတ်လို့လား။ ကိုယ့်အပေါ်နားလည်မှု လွဲနေတာမျိုးလား။ကိုယ့်ကိုယ်တိုင်ကရော တစ်ဖက်လူအနေနဲ့ သတ် ပစ်ချင်လောက်အောင် နာကျည်းရွံရှာစက်ဆုပ်မုန်းတီးသွားအောင် တမင်ရည်ရွယ်ချက်နဲ့ လုပ် ခဲ့တာမျိုးလား။

Q 14

လူယုတ်မာလို့ အပြောခံရဖူးလား။ အပြောခံရတယ်ဆိုရင် ဘာကြောင့် အပြောခံရ တယ်ဆိုတာ တစ်ယောက် တည်း အရင်ဖြေကြည့်လိုက်ပါလား။ ပြီးတော့မှ တစ်စုံ တစ်ယောက် ကို ပြန်ပြောပြသင့်တယ်ထင်ရင် တိုးတိုးတိတ်တိတ် ပြောပြလိုက်တာ မျိုးရှိဖူးလား။

Q 15

ကိုယ်က စကားပြောကောင်းတဲ့သူလား။ ကိုယ်စကားပြောတဲ့အခါ တစ်ဖက်သူက စိတ်ဝင်တစား နားထောင်လေ့ရှိပါသလား။ ကိုယ်တိုင်ရော ကိုယ့်ကိုကိုယ် စကားပြောကောင်း တယ်။ မကောင်းဘူး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရဲ့ လား။ စကားပြော မကောင်းတဲ့သူတွေ နဲ့ တွေ့ တဲ့အခါ အားနာပါးနာ နားထောင်ပေးရတာ မျိုး ကြုံခဲ့ဖူးပါသလား။ စကားပြောကောင်း ခြင်း၊ မကောင်းခြင်းဆိုတာဟာ လူ တစ်ယောက် အတွက် ဘယ်လောက်အထိ အရေး ပါနေတတ် ပါသလဲ။ ပြောပြပါဦး။

Q 16

ဘ၀မှာ ဘယ်လောက်ကြီး မြင့်မြင်မားမား မျှော်မှန်းထားခဲ့ဖူးသလဲ။ အခု ကိုယ်မျှော် မှန်းထားသလောက် ဟုတ်ရဲ့ လား။ မျှော်မှန်းထားသလို ဖြစ်မလာတဲ့အခါမျိုးတွေ မှာ စိတ်ပျက် တတ်သလား။ ဘ၀မျှော်မှန်းချက်အတိုင်း လုပ်ဆောင်ဖို့ကော အချိန်ရှိသေးတယ်လို့ ထင်ပါ သလား။ ဘ၀မျှော်မှန်းချက်ဆိုတာ လက်တွေ့ ဘ၀နဲ့ ဘယ်လောက်ကွာဟနေတတ်တာမျိုး လဲ။ စဉ်းစားကြည့်ပါဦး။ မျှော်မှန်းသလို ဖြစ်လာရင် ဘာလုပ်မလဲ။

Q 17

သင်ဟာ သားသမီးများ တဲ့ မိဘက မွေးဖွားလာတဲ့သူလား၊ သားသမီးနည်းတဲ့မိဘက မွေးဖွားလာတဲ့သူလား။ သားသမီးနည်းတဲ့ မိဘတွေ ဟာ သိမ်မွေ့တတ်ပြီး ၊ သားသမီးများ တဲ့ မိဘတွေ ဟာ စိတ်အလိုမကျ ဖြစ်တတ်တယ်လို့ ယူဆပါသလား။ သင်ကိုယ်တိုင် သားသမီး ဘယ်နှစ် ယောက် လောက် ယူမှာ လဲ။ သားသမီးနည်းခြင်းများ ခြင်းဟာ မိသားစုဘ၀သာယာရေး နဲ့ ဘယ်လို ပတ်သက်နေတတ်ပါသလဲ။ သားသမီးနည်းတဲ့သူတွေ ဟာ ပိုပြီး ထူးချွန်ထက်မြတ် တတ်တယ်လို့ကော တွေးမိပါသလား။

Q 18

လမ်းဘေးမှာ ရှူရှူပန်းဖူးသလား။ ခရီးသွားတဲ့အခါ ဖြစ်စေ၊ အရေး ပေါ်အခြေအနေ တစ်ခုအရပဲ ဖြစ်စေ။ လမ်းဘေးမှာ ရှူရှူပန်းတဲ့အခါ ကိုယ့်ရဲ့ ဂုဏ်သိက္ခာတွေ ထိပါးတယ်လို့ ထင်မိသလား။ ဒါမှမဟုတ် လမ်းဘေးမှာ ရှူရှူပန်းခြင်းဟာ စိတ်ဓာတ်မမြင့်မားသူတွေ ရဲ့ အ လုပ်လို့ မြင်တတ်ပါသလား။

Q 19

ကျော်ကြားချင်သလား ၊ နာမည် ကြီးချင်သလား၊ ဒါမှမဟုတ် အောင်မြင်ချင်သလား။ ဘာနဲ့ ကျော်ကြားအောင်မြင်နာမည် ကြီးချင်တာလဲ။ ပညာရေး နဲ့ ပတ်သက်လို့လား။ အနုပညာ နဲ့ ပတ်သက်လို့လား။ စီးပွားရေး နဲ့ ပတ်သက်လို့လား၊ ဘာသာရေး နဲ့ ပတ်သက်လို့လား။ လူမှု ရေး နဲ့ ပတ်သက်လို့လား။ အနုပညာနဲ့ ပတ်သက်လို့လား။ အချစ်ရေး နဲ့ ပတ်သက်လို့လား..။ အဲသည့် တစ်ခုခုအတွက် ဘာတွေ လုပ်ပြီး ပြီလဲ။ ဘာတွေ လုပ်ရဦးမလဲ။ ဘာတွေ မလုပ်သင့် ဘဲ လုပ်ခဲ့ဖူးပြီလဲ……။

Q 20

အသက်ဘယ်အရွယ်မှာ အပျို၊ လူပျိုဝတ်ရုံကို စွန်းပေစေခဲ့သလဲ။ ကိုယ့်ကြောင့် လား၊ သူ့ကြောင့်လား၊ အခြား ပယောဂကြောင့် လား၊ ကိုယ့် အိမ်ထောင်ဘက်က အစွန်းအထင်းရှိခဲ့ တယ်လို့ အိမ်ထောင်ပြုပြီးမှ သံသယ ဖြစ်စရာကြုံလာရင် ဘာဆက်လုပ် မလဲ…။

Q 21

ကိုယ့်အရည်အချင်းနဲ့ ရတဲ့ ပထမဆုံးဝင်ငွေဟာ ဘယ်လောက်လဲ။ အဲသည့် ပထမဆုံး ရတဲ့ ၀င်ငွေဟာ သမာအာဇီဝ ဖြစ်တဲ့ ၀င်ငွေမျိုးလား၊ ပထမဆုံးရတဲ့ ၀င်ငွေကို ဘယ်လို အသုံး ချခဲ့သလဲ။ ဘာအတွက် ရခဲ့တဲ့ဝင်ငွေလဲ။ လက်ရှိဘ၀မှာ တစ်နေ့ဝင်ငွေ ဘယ်လောက်ရှိရ မယ်လို့ မျှော်မှန်းထားပါသလဲ။ လူ တစ်ယောက် ဟာ ၀င်ငွေပမာဏ ကိန်းဂဏန်းဟာ အရည် အချင်းနဲ့ဆိုင်လား၊ အခြေအနေ အချိန်အခါနဲ့ ဆိုင်ပါသလား။

Q 22

ဆိုကြပါစို့၊ ကိုယ်သိပ်ချစ်တဲ့သူ သေသွားတယ်ဆိုပါစို့၊ ရုပ်ပျက်ဆင်းပျက်ကိုသေသွား တယ် ဆိုပါစို့။ ကိုယ့်ချစ်သူ မမျှော်လင့်ဘဲ ရုတ်တရက် ပိုးစိုးပတ်စက် ကွယ်လွန်သွားလို့၊ ကြေကွဲမဆုံး ဖြစ်နေတဲ့အချိန် ကိုယ်သိပ်ချစ်တဲ့ သူ့ရဲ့ အလောင်းနဲ့ နှစ် ယောက် တည်း အခန်း တစ်ခုထဲမှာ မီးအမှော င်ချပြီး တစ်ညလုံး နေရမယ်ဆိုရင် နေရဲပါ့မလား။ သိပ်ချစ်တယ်ဆို…။

Q 23

Sex နဲ့ပတ်သက်လို့ အားနည်းတယ်။ အရည်အချင်းမရှိဘူး။ ဆွဲဆောင်နိုင်ခြင်းမရှိဘူး။ အသုံးကိုမကျဘူး။ အ ဖြစ်မရှိဘူး။ မက်လောက်စရာမရှိဘူးဆိုရင် ဘာလုပ်မလဲ။ ရှက်ပြီး လဲသေမှာ လား၊ ကိုယ်မဟုတ်သလို မချိသွားဖြဲလုပ်နေမှာ လား။ Sex ကိစ္စဟာ လူ တစ်ယောက် ရဲ့ ဘ၀မှာ ဘယ်လောက်အရေး ပါနေလိမ့်မယ်လို့ ယူဆပါသလဲ။

Q 24

လမ်းသွားရင်းနဲ့ မမျှော်လင့်ဘဲ ပိုက်ဆံအိတ်တစ်လုံးကောက်ရလိုက်တယ် ဆိုကြပါစို့။ အဲသည့် ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံတွေ အထပ်လိုက်ပါမယ်။ တစ်ထောင်တန်တွေ လည်း ပါတယ်။ FEC တွေ လည်းပါတယ်။ ပြီးတော့ ရွှေထည်တွေ လည်းပါတယ်။ အဲ.. ပြီးတော့ ပိုက်ဆံအိတ်ပိုင်ရှင်ရဲ့ လိပ်စာကတ်ပြား၊ ဖုန်းနံပါတ်လည်းပါတယ်။ ကဲ သင်ဘာလုပ်မလဲ။ သင် အဲသည့် ပိုက်ဆံအိတ်ကောက်ရတယ်ဆိုတာ ဘယ်သူမှလည်း မသိဘူးလေ။ အဲသည် တော့ ပိုက်ဆံအိတ်ပိုင်ရှင်ရဲ့ လိပ်စာကတ်ပြားမှာ ပါတဲ့ ဖုန်းနံပါတ်ကို လှမ်းဆက်မှာ လား။ ပိုက် ဆံအိတ်ကိုလွှင့်ပစ်ပြီး ပိုက်ဆံတွေ ၊ ရွှေတွေ ယူလိုက်မှာ လား။ ဘယ်သူမှ မသိဘူးနော်။ ကိုယ့် ဟာကိုယ် တစ်ယောက် တည်း အေးအေးဆေးဆေး စဉ်းစားပြီးမှဆုံးဖြတ်….။

Q 25

ကိုယ်ဟာ နွမ်းပါးတဲ့သူ ဆိုပါစို့။ ဘ၀မှာ အဆင်မပြောမှု တွေ နဲ့ မျှော်လင့်ချက်မဲ့၊ အလင်းရောင် မဲ့၊ ရောင် ခြည်မဲ့ ရပ်တည်နေတဲ့သူပဲ ဆိုပါစို့။ အဲသည်လို ကာလမျိုးမှာ အရမ်း ချမ်းသာသူတစ်ဦးနဲ့ လက်ထပ်ရမယ်။ သို့ သော် အဲသည့် ကိုယ်လက်ထပ်ရမယ့် အိမ်ထောင် ဖက်ဟာ အေ့(ဒ်)ဝေဒနာရှင် ဖြစ်နေတယ် ဆိုရင် ဘာလုပ်မလဲ။ မျက်စိစုံမှိတ်ပြီး လက်ထပ် လိုက်မှာ လား။ ဒါမှမဟုတ် အဲသည့် အခွင့်အရေး ကို လက်လွှတ်ခံလိုက်မှာ လား။ သေသေ ချာချာစဉ်းစားနော်။ စားရမှာ လဲ သဲတရှပ်ရှပ် ၊ ပစ်ရမှာ လည်း အဆီတ၀င်းဝင်းဆိုတာ အဲဒါ မျိုး။

Q 26

ဆွေကြီး၊ မျိုးကြီး မျက်နှာကြီး အသိုင်းအ၀ိုင်းရဲ့ အလှူတစ်ခုကို ရောက်သွားတယ် ဆိုပါစို့။ အဲဒီ အလှူကလည်း ဓမ္မာရုံအကြီးကြီး တစ်ဆောင်မှာ လှူတဲ့အလှူလို့ဆိုကြပါစို့။ အဲ သည့်အလှူက ပြန်ထွက်အလာ ဖိနပ်ချွတ်နေရာမှာ သင့်ဖိနပ်ရှာမတွေ့ တော့ဘူး။ ပျောက် သွားပြီဆိုပါစို့။ ဖိနပ်ချွတ်နေရာမှာ ဘယ်သူမှလည်း မရှိဘူး။သင် တစ်ယောက် ပဲ ရှိတယ်ဆိုပါ စို့။ အဲသည့်အခါ ကြုံရာဖိနပ်တစ်ရံကို ဘယ်သူမှ မသိလောက်ပါဘူးလေဆိုပြီး တိတ်တိတ် လေးခိုးပြီး စွပ်သွားမှာ လား။ ဒါမှမဟုတ် ဖိနပ်မပါဘဲ ခြေဗလာနဲ့ နေပူကြီးထဲ လျှောက်သွားမှာ လား။ အသေအချာ စဉ်းစားကြည့်ပါဦး … ကိုယ်ဘာလုပ်မယ်ဆိုတာ….။

Q 27

စိတ်ညစ်တဲ့အခါ၊ စိတ်လေတဲ့အခါ ၊ စိတ်အိုက်တဲ့အခါ။ စိတ်လှုပ်ရှားတဲ့အခါ။ အဲဒါကို ဘာနဲ့ ဖြေဖျောက်လေ့ရှိသလဲ…… စီးကရက်သောက်လိုက်သလား။ ဒါမှမဟုတ် အရက်ပြင်း ပြင်း တစ်ခွက်မော့သောက်လိုက်သလား။ ဒါမှမဟုတ် အိပ်ရာထဲမှာ ပတ်လက်လှန်ပြီး နဖူးပေါ် လက်တင်စဉ်းစားနေတတ်သလား။ ဒါမှမဟုတ် လက်နှစ် ဖက်နောက်ပစ်ပြီး ခေါက်တုံ့ခေါက် ပြန်လမ်းလျှောက်နေတတ်သလား။ ဒါမှမဟုတ် စိတ်ငြိမ်ဆေးသောက်လိုက်သလား။ ဒါမှမ ဟုတ် ကာရာအိုကေ ဆိုင်တစ်ဆိုင်သွားပြီး သီချင်းအော်ဆိုလိုက်သလား။ ဒါမှမဟုတ် တစ် ယောက် တည်း ကားလျှောက်မောင်းနေတတ်သလား။ ဒါမှဟုတ် TV အစီအစဉ် တစ်ခုခုကို ထိုင်ကြည့်နေလိုက်သလား။ ဘယ်လိုနည်းက လူကို စိတ်သက်သာရစေတယ်လို့ ထင်သလဲ။ ဘာ့ကြောင့် လဲ။ အဲသည်လိုနည်းနဲ့ စိတ်ကိုလျှော့ချခြင်းဟာ မှန်ကန်တဲ့ နည်းလမ်း ဖြစ်မယ်လို့ ကော ယူဆပါသလား။

Q 28

ဘ၀မှာ ကောင်းတာရော၊ မကောင်းတာရော၊ အမျိုးမျိုးအဖုံဖုံ ကြုံဖူးမှာ ပေါ့။ တစ်နေ့ တစ်နေ့ မိုးလင်းက မိုးချုပ်ကောင်းတာက ဘယ်လောက်ဖိုး၊ မကောင်းတာက ဘယ်လောက်ဖိုး လုပ် ဖြစ်တယ် ဆိုတာလေးကို မှန်မှန်ကန်ကန် ချရေး ကြည့်လိုက်ပါလား… ပြီးတော့ ကောင်း တာများ နေရင် ဘာ့ကြောင့် မကောင်းတာများ နေရင် ဘာ့ကြောင့်ဆိုတာကိုရော သုံးသပ်ကြည့် ပါဦး။ ကိုယ့်ကြောင့် ကောင်းတာလုပ် ဖြစ်သလား။ ကိုယ်ကြောင့် မကောင်းတာလုပ် ဖြစ်သ လား။ ဒါမှမဟုတ် အခြေအနေက တွန်းပို့တာလား။ ပတ်ဝန်းကျင် ပယောဂတစ်ခုခုက တွန်း ပို့တာလား။ ဘယ်လိုလဲ ဆိုတာစဉ်းစားကြည့်ပေးပါ…….။

Q 29

ဗေဒင်မေးတာ ၀ါသနာပါတတ်သလား။ ဗေဒင်ကိုယုံသလား။ ဗေဒင်ကို အားကိုးတတ် သလား။ ဗေဒင်ကြောင့် စိတ်ချမ်းသာမှု ရတတ်လား။ ဗေဒင်ကြောင့် စိတ်ဆင်းရဲ ရတာ မျိုးကော ကြုံဖူးသလား။ ဗေဒင်ဆရာက ယတြာချေခိုင်းရင်ကော ယုံယုံကြည်ကြည်လုပ်တာပဲလား။ ကိုယ်မေးတဲ့ ဗေဒင်တွေ က မှန်ကော မှတ်တတ်သလား။ ဗေဒင်ဆရာကို ထိုင်ကန်တော့ ဖူးပါ သလား။ ဗေဒင်ဆရာကို ကိုးကွယ်ဖူးသလား။ ဂျာနယ်၊ မဂ္ဂဇင်းတွေ မှာ ပါတဲ့ ဗေဒင်တွေ ကို ကော ယုံယုံကြည်ကြည် ဖတ်ပါသလား။ ဘ၀မှာ ဗေဒင်ဘယ်လောက်ဖိုး မေးခဲ့ဖူးပြီလဲ။ ယတြာ ဘယ်လောက်ဖိုး ချေခဲ့ဖူးပြီလဲ။ ဗေဒင်နဲ့ ပတ်သက်တဲ့ သဘောထားလေး ပြောပြပါဦး။

Q 30

လူ တစ်ယောက် ရဲ့ ၀တ်စားဆင်ယင်မှု ဟာ အဲသည့်လူရဲ့ လူမှု အဆင့်အတန်း ၊ စိတ် ဓာတ်ကို ပြဋ္ဌာန်းထားတယ်ဆိုတာ လက်ခံပါသလား။ စိတ်ဝင်စားသူတွေ ဟာ ဂုဏ်သိက္ခာရှိရှိ ဣဒြေ္နရရမ၀တ်တတ် မစားတတ်ကြဘူးဆိုရင်ကော လက်ခံသလား။ သင်ကိုယ်တိုင်ကော ဘယ်လိုမျိုး ၀တ်စားရတာ ကို နှစ် နှစ် ခြိုက်ခြိုက်ရှိပါသလဲ။

Q 31

တစ်ယောက် တည်း၊ အခန်းတစ်ခုထဲမှာ အမှော င်ချပြီး လောကကြီးနဲ့ အဆက်အ သွယ်ဖြတ် နေရမယ်ဆိုရင် နာရီဘယ်လောက်ကြာကြာ နေနိုင်လိမ့်မယ်လို့ ထင်ပါသလဲ။ အဲသည်လို နေထိုင်ခြင်းဟာ အဓိပ္ပာယ်တစ်ခုခုရှိလိမ့်မယ်လို့ကော ထင်ပါသလား။ ဘ၀မှာ အဓိပ္ပာယ်မဲ့တာတွေ ဘယ်နှကြိမ်၊ ဘယ်နှခါလုပ်ခဲ့ဖူးပြီလဲ။

Q 32

“လူဝင်စား”ကို စိတ်ဝင်စားပါသလား။ “လူဝင်စား”ဘယ်နှစ် ဦးတွေ့ ဖူးပါသလဲ။ သင် ကိုယ်တိုင် ကာလတစ်ခုမှာ တစ်နေရာရာကို ပြန်ဝင်စားဖို့ကော စိတ်ကူးမိပါသလား။ “လူဝင် စား”ပြန် ဖြစ်ရမယ်ဆိုရင် ဘယ်လိုနေရာမျိုးမှာ လူဝင်စားပြန် ဖြစ်ချင်တယ်လို့ စိတ်ကူးထားပါ သလဲ။ “လူဝင်စား”ဆိုတာ တကယ်ကော ရှိလို့လား။ လူဝင်စားရှိတယ်လို့ ယုံကြည်ရင် ဘာ့ ကြောင့် “လူဝင်စား” ဖြစ်ရတယ်ဆိုတာ ပြောကြည့်ပါဦး။

Q 33

တချို့က တစ်ခါတစ်လေ အောက်တန်းကျတယ်ဆိုတာ နာမည် သာဆိုးပေမယ့် ကောင်းတယ်တဲ့။ တချို့က တစ်ခါတလေ “ခွေး ဖြစ်ချင်တယ်”ဆိုတဲ့ကိစ္စ လူကြားလို့သာ မ ကောင်းတာ ကောင်းတယ်တဲ့။ တချို့က “ယုတ်မာတယ်”ဆိုတာ အများ အမြင်မှာ ရွံစရာကြီး လို့ထင်ပေမယ့် ကောင်းတယ်တဲ့။ သင်ကော တစ်ခါတစ်လေ ယုတ်မာတဲ့လူ၊ အောက်တန်းကျ တဲ့သူ၊ ခွေး ဖြစ်ချင်တဲ့သူ ဖြစ်ဖို့ စိတ်မကူးမိဘူးလား။ အဲသည်လို လူတွေ ကို တွေ့ ရင်ကော ဘယ်လို အကြည့်မျိုးနဲ့ ကြည့်မှာ တဲ့လဲ။

Q 34

ဆုတောင်းတယ်ဆိုတာ ပြည့်တတ်တယ်လို့ ယူဆပါသလား။ “ဆု” ဘယ်နှစ် မျိုး တောင်းခဲ့ဖူးပြီလဲ။ “ဆု” ဘယ်နှစ် မျိုးထပ်တောင်းစရာ ကျန်နေလိမ့်မယ်လို့ ထင်ပါသလဲ။ “ဆု” ကော ဘယ်လိုတောင်းတာလဲ ။ ဘယ်နေရာတွေ မှာ ဆုတောင်းခဲ့တာလဲ။ ဘယ်လို နေရာမျိုး တွေ က ဆုတောင်းပြည့်တယ်လို့ ယုံကြည်ပါသလဲ။

Q 35

ကာလတစ်ခုက ခေတ်စားခဲ့တဲ့ စကားလုံးတွေ ပါ။ “လူတော် လူကောင်း” “လူကောင်း လူတော် ”တဲ့။ တချို့က လူတော် ဖြစ်ဖို့လွယ်တယ်။ လူကောင်း ဖြစ်ဖို့မလွယ်ဘူးတဲ့။ တချို့က လူကောင်း ဖြစ်ဖို့လွယ်တယ်။ လူတော် ဖြစ်ဖို့ မလွယ်ဘူးတဲ့။ သင်ကော ဘယ်လိုယူဆပါသလဲ။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါဦး။ လူကောင်းလူတော် လား၊ လူတော် လူကောင်းလားဆိုတာ ။ ဘယ်အယူအဆက မှန်ကန်မှု ရှိတယ်လို့ ယူဆပါသလဲ။ ဘာ့ကြောင့် များ လဲ။

Q 36

တချို့က လောကကြီးမှာ မလုပ်ဖူးတာ မရှိစေရဘူးလို့ အရာခပ်သိမ်းကို သွေးတိုးစမ်း လေ့ရှိကြတယ်လို့ ကြားဖူးပါတယ်။ ဥပမာ - ဆေးလိပ်သောက်ကြည့်တာ ၊ ဘိန်းရူကြည့်တာ၊ နံပါတ်ဖိုးထိုးကြည့်တာ၊ အပျော်ကျူးကြည့်တာ၊ အိမ်ပေါ်က ဆင်းသွားကြည့်တာ၊ ကျောင်း ပြေးကြည့်တာ၊ ရည်းစားထားကြည့်တာ စသည်ဖြင့်ပေါ့။ အဲသည်လို မကောင်းမှု တစ်ခုခုကို သွေးတိုးစမ်းကြည့်ခြင်းဟာ ကိုယ့်ရဲ့ လော်မာတဲ့စိတ်ကို ဖုံးကွယ်နိုင်အောင် အသံကောင်းဟစ် ခြင်းပဲလို့လည်း ဆိုကြတယ်။ သင်ကိုယ်တိုင်ကော သွေးတိုးစမ်းခဲ့ဖူးတယ်ဆိုရင် ဘာကြောင့် ဆက်ပြီး မလုပ် ဖြစ်ဘူးလဲဆိုတာ ဖြေကြည့်ပါဦး။

Q 37

နောက်လိုက်ကောင်း တစ်ယောက် မ ဖြစ်ခဲ့သူဟာ ဘယ်သော အခါမှ ခေါင်းဆောင် ကောင်းမ ဖြစ်နိုင်ဘူးဆိုလေ့ရှိကြတယ်။ နောက်လိုက်ကောင်း ဖြစ်ဖို့ သင်စိတ်ဝင်စားခဲ့ဖူးပါ သလား။ ဒါမှမဟုတ် “ခေါင်းဆောင်ကောင်း” ဖြစ်ဖို့ ရည်ရွယ်ခဲ့ဖူးပါသလား။

Q 38

တချို့က လောကကြီးမှာ တပည့်မွေးကြတယ်။ တချို့က ဆရာမွေးကြတယ်။ သင်က ကော “တပည့်”လား။ “ဆရာ”လား။

Q 39

တချို့က ချစ်ချင်ကြတဲ့သူများ ဖြစ်တယ်။ တချို့က အချစ်ခံချင်ကြတဲ့ သူများ ဖြစ်တယ်။ မိတ်ဆွေ သင်ကကော ချစ်ချင်တဲ့သူလား။ အချစ်ခံချင်တဲ့သူလားဆိုတာကို မှန်ထဲမှာ ကိုယ့် ကိုယ်ကို ပြန်ကြည့်ပြီး မေးလိုက်ပါဦး။

Q 40

တစ်စုံ တစ်ယောက် အတွက် ၀မ်းနည်းလို့ ဖြစ်စေ၊ နာကြည်းလို့ ဖြစ်စေ၊ နာကျင်လို့ ဖြစ် စေ၊ လွမ်းလို့ ဖြစ်စေ၊ နာလို့ ဖြစ်စေ မျက်ရည်ကျဖူးပါသလား။ အဲသည့် မျက်ရည်ကျခြင်းကိစ္စ ကို ပျော့ညံ့သူတွေ ရဲ့ လုပ်ရပ်လို့ပြောရင် ငြင်းမှာ လား။ အဲသည့်မျက်ရည်ကျတဲ့သူတွေ ကိုရော အထင်သေးတတ်ပါသလား။

Q 41

တချို့တွေ ကို မြင်ဖူးမှာ ပေါ့။ တစ်ယောက် တည်းစကားပြောတတ်တာမျိုးလေ။ အနား မှာ ဘယ်သူမှာ ရှိတာလည်း မဟုတ်ပဲနဲ့။ တချို့များ လက်ဟန်ခြေဟန်နဲ့ စိတ်လွတ်ကိုယ် လွတ်ပြောနေတာနော်။ အသြည်လိုမျိုး ကိုယ်တိုင်ကြုံဖူးသလား။ အဲဒါက စိတ်ဝေဒနာရှင်တွေ ရဲ့ လက္ခဏာလို့ ပြောရင်လက်ခံလား။ ဘာကြောင့် တစ်ယောက် တည်း စိတ်လွတ်ကိုယ်လွတ် စကားတွေ ပြော ဖြစ်သွားရတယ်လို့ ထင်သလဲ။ စဉ်းစားကြည့်ပေးပါဦး။

Q 42

ဒေါသထွက်တဲ့အခါ ဘာလုပ်သလဲ။ အရမ်းဒေါသ ဖြစ်တဲ့အခါမျိုးလေ။ အခြားသူကို လည်း ထိလို့၊ တို့လို့မရ။ ထိုးလို့ ၊ ကြိတ်လို့လည်းမ ဖြစ်တဲ့အခါမျိုးပေါ့။ ဥပမာ - တစ်ခုခုကို ခြေထောက်နဲ့ ပိတ်ကန်လိုက်တာမျိုး။ တံခါးကို ၀ုန်းခနဲဆောင့်ပိတ်လိုက်တာမျိုး။ “တောက်” ဆိုပြီး အကျယ်ကြီးတောက်ခေါက်လိုက်တာမျိုး။ အဲဒါမျိုးတွေ များ လုပ်ဖူးသလား။ အဲသည့် အပြုအမူကို အောက်တန်းကျတယ်လို့ကော ယူဆပါသလား။

Q 43

တစ်စုံ တစ်ယောက် ကို သနားတဲ့အကြည့်နဲ့ ကြည့်ဖူးပါသလား။ ကိုယ်က သနားတဲ့အ ကြည့်နဲ့ ကြည့်နေပါကလားရယ်လို့ တစ်ဖက်က သိအောင် ကြည့်လိုက်တာမျိုးလား။ ကိုယ့်ကို တစ်စုံ တစ်ယောက် က သနားတဲ့အကြည့်နဲ့ ကြည့်လိုက်မယ်ဆိုရင် ခံနိုင်ရည်ရှိပါ့မလာ။

Q 44

ကိုယ်က မိခင်နို့ရည်နဲ့ ကြီးပြင်းခဲ့ရသူလား။ နို့မှု န့်နဲ့ ကြီးပြင်းလာခဲ့ရသူလား။ ဒါမှ မဟုတ် နို့ထိန်းနဲ့ ကြီးပြင်းခဲ့ရသူလားဆိုတာ သေသေချာချာပြန်မေးကြည့်ဖူးပါသလား။ ကိုယ့် အလှည့်ရောက်တော့ကော ကိုယ့်ရင်သွေးကို ဘယ်လိုပုံသဏ္ဍာန်နဲ့ ကြီးပြင်းစေမှာ လဲ။

Q 45

ငယ်ငယ်တုန်းက ကြီးလာရင် ဘာလုပ်မယ်လို့ စိတ်ကူးခဲ့ဖူးသလဲ။ အခုကော ကိုယ် စိတ်ကူးသလို ဖြစ်ရဲ့ လား။

Q 46

အမုန်းဆုံးအရောင် ကို ပြောကြည့်ပါဦး။ ဘာကြောင့် အဲဒီ အရောင် ကိုမှ ရွေးပြီး မုန်းရ တာတုန်း။

Q 47

ငယ်ငယ်ကတည်းက ခုချိန်အထိ အခင်အမင်မပျက်တွဲ ခဲ့တဲ့ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်း ဘယ်နှယောက် ကိုယ့်အနားမှာ ရှိနေသေးလဲ။ ကိုယ့်ကြောင့် သူတို့က ကိုယ့် အနားမှာ ရှိတာလား။ သူတို့ကြောင့် ကိုယ်က သူတို့အနားမှာ ရှိနေတာလား။

Q 48

ထမင်းစားဖို့ အလုပ်လုပ်နေသလား။ အလုပ်လုပ်ဖို့ ထမင်းစားနေသလား။

Q 49

ဘာအတွက် အသက်ရှင်နေရတာ လဲ။

Q 50

တကယ်လို့ သေတမ်းစာသာ ရေး ခွင့်ရခဲ့မယ်ဆိုရင် သင့်ရဲ့ သေတမ်းစာမှာ ဘာတွေ ရေး ခဲ့မှာ လဲ။

Q 51

ကိုယ့်ကို ကိုယ်ရည်သွေး တက်သူတစ်ဦးလို့ သူများ တွေ က ယူဆသလား။ ကိုယ်ရည် သွေး တတ်လွန်းသူတွေ နဲ့တွေ့ ရင် ကိုယ့်စိတ်ထဲ ဘယ်လိုခံစားရသလဲ။ ကိုယ်ရည်သွေးတတ် သူများ က စိတ်ဓာတ်မမြင့်မြတ်ဘူးဆိုရင် မှန်ပါသလား။

Q 52

စားမေးပွဲကျဖူးပါသလား။ စာမေးပွဲကျတဲ့အတွက် ရှက်ခဲ့ရဖူးလား။ အဲသည့်အတွက် မိဘတွေ က ရိုက်ခဲ့ဖူးသလား။ ကိုယ်မိဘ ဖြစ်ရင်ကော ကိုယ့်သားသမီးစာမေးပွဲကျခဲ့ရင် ရိုက် မှာ ပဲလား။ စာမေးပွဲဆိုတာ ဘ၀တစ်ခုလုံးကို အဆုံးအဖြတ်ပေးတာမျိုးလား။

Q 53

ဘ၀မှာ ကြီးကြီးမားမားကိုယ်ကျိုးစွန့် အနစ်နာခံ ကူညီရတာ မျိုး ရှိခဲ့ဖူးပါသလား။ ကိုယ့်ကိုရော သူတစ်ပါးက အဲသည်လိုမျိုး ကိုယ်ကျိုးစွန့်အနစ်နာခံကူညီခဲ့ဖူးပါသလား။ အဲ သည်လို ကိုယ်ကျိုးစွန့်အနစ်နာခံကူညီခဲ့ဖူးပါသလား။ အဲသည်လို ကိုယ်ကျိုးစွန့်အနစ်နာခံ ကူညီတတ်သူတွေ ကို တချို့က အမနာပပြောတဲ့အခါ ဘယ်လိုခံစားရပါသလဲ။

Q 54

လူ တစ်ယောက် ကို မိတ်ဆွေကောင်း ဖြစ်တယ်မ ဖြစ်ဘူး။ ဘယ်လို ပေတံနဲ့ သတ်မှတ်၊ ကန့်သတ်ဆုံးဖြတ်သင့်သလဲ။

Q 55

အချစ်အတွက်နဲ့ ဘ၀အပျက်ခံတဲ့သူတွေ ကြုံဖူးလား။ ကိုယ်တိုင်ကော အချစ်အတွက် ဘ၀ပျက်ခံဖူးတဲ့သူတွေ ကို ဂုဏ်ပြုချီးကျူးသင့်သလား။ ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်သင့်တယ်လို့ ထင်သလား။

Q 56

မနက်ဖြန် သင်ဘာ ဖြစ်မလဲ။

Q 57

လောကကြီးမှာ တစ်ဘက်စွန်း ရောက်လွန်းတတ်တဲ့ အစွန်းရောက်သမားတွေ ကို တွေ့  ကြုံမြင်ဖူးမှာ ပေါ့။ အစွန်းရောက်သမားတွေ ကို ဆင်ခြင်တုံတရားမရှိတဲ့ သူတွေ လို့ပြောရင် လက်ခံမှာ လား။

Q 58

လူ တစ်ယောက် အပေါ် အရမ်းစိတ်ဆိုးတဲ့အခါမျိုးမှာ ဘာလုပ်သလဲ။ တချို့က စိတ်ထဲ ရှိတဲ့အတိုင်းပြောသင့်တယ်၊ မပြောသင့်ဘူး။ မစဉ်းစားဘူး။ မဆင်မခြင်ပတ်ပတ်စက်စက် ပြောတတ်ကြတယ်။ တချို့က လက်သီးနဲ့ထိုးတယ်။ တချို့က ပါးရိုက်တယ်။ တချို့က ရုန့် ရင်းကြမ်းတမ်းတဲ့စကားဆိုတယ်။ တချို့က တွေ့ ရာပစ္စည်းနဲ့ ကောက်ပေါက်ထည့်လိုက်တယ်။ တချို့က ဒုတ်နဲ့ရိုက်တယ်။ တချို့က ဓားနဲ့ထိုးတယ်။ တချို့က တစ်ကိုယ်လုံးတုန်ယင်လာပြီး နှုတ်ခမ်းကိုတင်းတင်းစေ့လို့ အံကြိတ်ခံတယ်။ ဘယ်အရာက အ ဖြစ်သင့်ဆုံးလို့ ထင်ပါသလဲ။

Q 59

သင်ဟာ ဟန်ဆောင်တတ်သူလား။ မျိုသိပ်နိုင်စွမ်းရှိသူလား။ ကျိတ်မှိတ်ခါးစည်းခံ တတ်သူလား။ စိတ်ရှည်တတ်သူလား။ သည်းခံတတ်သူလား။ အဲဒါတွေ ကို .. သင်က အစား ကောင်းစားရရင် ဘယ်သူ့ကို သတိရတတ်သလဲ။ ရုပ်ရှင် ဇာတ်ကားတစ်ကား၊ ဗီဒီယိုဇာတ် ကားတစ်ကားကို ကြိုက်ပြီဆိုရင် ဘယ်သူ့ကို ပြောတတ်သလဲ။ ၀တ္ထုတစ်ပုဒ်၊ ဆောင်းပါးတစ် စောင် ၊ ကဗျာတစ်ပုဒ်၊ သတင်းတစ်ပုဒ် ကြိုက်ပြီဆိုရင် ဘယ်သူ့ကို အရင်ဆုံး ပြောချင်ပါ သလဲ။ ဘာကြောင့် အဲသည်လို ထပ်ဆင့်ပြောပြချင်စိတ် ဖြစ်ပေးရပါသလဲ။ အဲသည့်အ ဖြစ်ကို ဘယ်လို ခေါင်းစဉ်တပ်သင့်ပါသလဲ။

Q 60

လူ တစ်ယောက် က ကုန်းကောက်စရာမရှိအောင် ဆင်းရဲပြာကျမွဲတေသွားပြီဆိုရင် အဲသည့်လူရဲ့ အရည်အချင်းမဲ့မှု လို့ သတ်မှတ်ရမလား။ သူ့ “ကံ”လို့ပဲ ပုံချလိုက်မှာ လား။

Q 61

ဒီကနေ့အထိ အများ ပြည်သူ အကျိုးရှိအောင် ဘာတွေ လုပ်ပြီးပြီလဲ။ ဒီကနေ့အထိ အများ ပြည်သူ အကျိုးယုတ်အောင် ဘာတွေ လုပ်ပြီးပြီလဲ။

Q 62

ကားငှားစီးပြီး ခရီးသွားတာက ကားအက်ဆီးဒင့် ဖြစ်တယ်ဆိုပါစို့။ ကားအက်ဆီးဒင့် ဖြစ်မှု ကြောင့် သင့်မှာ ဆိုးဆိုးဝါးဝါးထိခိုက်အနာတရ ဖြစ်တယ်ဆိုပါစို့၊ ယဉ်မောင်းကို အပြစ် တင်မလား။ သင့်ကံကို ယိုးမယ်ဖွဲ့မလား။ ဒါမှမဟုတ် ဘယ်သူ့ကို အပြစ်တင်မှာ လဲ။

Q 63

နိမိတ်ဆိုတာယုံသလား။ အတိတ်နိမိတ်တွေ ပြနေပါလျက် အခြေအနေတစ်ခုကို ဇွတ် တိုးခဲ့ဖူးပါသလား။

Q 64

သင်သေရင် သေပန်းပွင့်မယ်လို့ ယုံကြည်ပါသလား။

Q 65

သင့်မကောင်းကြောင်း အမနာပပြောတဲ့သူကို လက်ဆုပ်လက်ကိုင် သက်သေ အထောက်အထားနဲ့ ပက်ပင်းမိပြီဆိုရင် သင်ဘာလုပ်မလဲ။

Q 66

သင့်ရှေ့မှာ သင့်ကောင်းကြောင်း၊ တော် ကြောင်း ၊ သိကြောင်း ရှေ့တည့်တည့်မှာ ဂုဏ်ပြုချီးကျူးလာတယ်ဆိုရင် ဘယ်လိုမျက်နှာနဲ့ နေပြမလဲ။

Q 67

တကယ်လို့များ လူမှားပြီး သင့်ကို ဂုဏ်ပြုချီးကျူးစကားဆိုရှု ငြင်းဆန်မှာ လား။ ငြိမ်ခံနေမှာ လား။

Q 68

လိင်တူဆက်ဆံတဲ့သူတွေ ကို သင်ဘယ်လိုသဘောထားလဲ။ ယုတ်ညံ့သိမ်ဖျင်းတဲ့သူ တွေ လို့ သင်ယူဆသလား။ သူတို့ ၀ဋ်ကျွေးပဲဆိုပြီး သနားနေတတ်သလား။ လိင်တူ ဆက်ဆံ တဲ့သူတွေ ဟာ သဘောထား သိမ်ဖျင်းတတ်တယ်လို့ကော သင်ယူဆသလား။

Q 69

သ့င်ကိုသင် ကံငါးပါးလုံတယ်လို့ ယုံလို့လား။

Q 70

မိဘကသာ သားသမီးတွေ ကို ရွေးချယ်ခွင့်ရှိတယ်။ သားသမီးတွေ က မိဘကို ရွေးချယ် ခွင့်မရှိဘူးဆိုတဲ့ စကားကို လက်ခံပါသလား။ သင်ကော သားသမီး ဖြစ်ခဲ့ရင် မိဘကို ရွေးချယ် မှာ လား။

Q 71

သင့်ရှေ့မှာ လူ တစ်ယောက် ကို ကားနဲ့တိုက်ပြေးသွားတယ်။ ကားနဲ့အတိုက်ခံရတဲ့ သူခမျာ ပွဲချင်းပြီး သေသွားရရှာတယ်။ ကားနဲ့တိုက်ပြေးသွားတဲ့သူက ကိုယ့်မိဘ ဖြစ်နေတယ်။ အဲဒါကို သင် တစ်ယောက် တည်းပဲ သိလိုက်တယ်ဆိုပါစို့။ ဘယ်သူမှ မသိဘူးပဲဆိုပါစို့။ သင် ဘာလုပ်မလဲ။ (၁၉၉)အကြောင်းကြားမလား။ ကိုယ့်မိဘကိုတော့ ထောင်ထဲမပို့ဘူးဆိုပြီး သည်အတိုင်း နေမလား။

Q 73

လမ်းပေါ်မှာ တစ်ယောက် တည်း စိတ်လွတ်ကိုယ်လွတ်အသံထွက်ပြီး သီချင်းအော်ဆို ကြည့်ဖူးပါသလား။ အဲသည့်အပြုအမူကို လူကြီးလူကောင်းမဆန်ဘူးလို့ သင်ယူဆပါသလား။

Q 74

ကာလကြာမြင့်စွာ ဆက်ဆံလာခဲ့တဲ့ လူ တစ်ယောက် ကို ဘယ်လိုအကြောင်းအချက် အလက်တွေ နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်တတ်ပါသလဲ။ သင်မဆက်ဆံချင်တဲ့အခါ သင်ဟာ ချက်ချင်း ဆုံးဖြတ်တတ်သလား။ ဒါမှမဟုတ် အခြေအနေအချိန်အခါ စောင့်ကြည့်တတ်သလား။ ဘေးက ကြားစကားနဲ့ စဉ်းစားသလား။ ဒါမှမဟုတ် ဘယ်လို အကြောင်းအရာတွေ က သင့်ဆုံးဖြတ် ချက်ကို ခိုင်မာစေပါသလဲ။

Q 75

လူ တစ်ယောက် ကို ချစ်ပြီးရင် မုန်းလို့ရလား။ လူ တစ်ယောက် ကို မုန်းပြီးရင်ကော ပြန်ချစ်လို့ရသလား။

Q 76

ညညအိပ်မပျော်ဘူးဆိုပါစို့။ စဉ်းစားစရာတွေ များ နေတယ်။ သော ကတွေ များ နေတယ် ဆိုပါစို့။ ဘယ်လိုနည်းနဲ့ အိပ်ပျော်အောင် ကြိုးစားသလဲ။

Q 77

လွမ်းဖူးလား။ အရမ်းလွမ်းဖူးလား။ လွမ်းတာကို ဘာနဲ့ အစားထိုးဖြေဖျောက်လဲ။

Q 78

သေသော သူကြာရင်မေ့သတဲ့။သင်ကော သင်သံယောဇဉ်ရှိသူတစ်ဦး သေဆုံးသွားတဲ့ အခါ ဘယ်လောက်အကြာမှာ မေ့ပျောက်နိုင်ခဲ့ပါသလဲ။

Q 79

လူ တစ်ယောက် က သင့်ကို စော်ကားမော်ကား နှစ် ပြားမတန်အောင် ဒေါသတကြီး လက်ညိုးငေါက်ငေါက်ထိုး ပြောဆိုနေရင် သင်ဘာလုပ်မလဲ။ ငုံ့ခံမလား။ ပြန်ပြောမလား။ လှည့်ထွက်သွားမလား။

Q 80

သင်ဟာ ဗဟုသုတနဲ့ ပြည့်စုံတယ်လို့ ထင်မြင်ပါသလား။ ဒါဖြင့် ဆင်တစ်ကောင်လုံး မှာ သူ့ရဲ့ ရင်သားဟာ ဘယ်မှာ ရှိမယ်ဆိုတာ ပြောပြပါ။ (လက်တန်းဖြေပါနော်)

Q 81

သင်ဟာ ၀မ်းနည်းကြေကွဲ တတ်သူလား။ ထိခိုက်နာကျင်တတ်သူလား။ အသုဘတွေ ၊ ဘာတွေ လိုက်ပို့ရင်း ငိုကြွေးတတ်သူလား။ သွေးမတော် သားမစပ် ၀မ်းနည်းပက်လက် ငိုကြွေးနေတဲ့ သူတွေ ကို ဘယ်လိုမြင်လဲ။

Q 82

ဆွေမျိုး ညီအစ်ကို မောင်နှမတွေ ထဲမှာ လိင်တူဆက်ဆံတဲ့သူရှိရင် ကြည့်နေမလား။ ပြုပြင်ပေးမှာ လား။ ဒါမှမဟုတ် ဘာလုပ်မလဲ။

Q 83

သင်စီးလာတဲ့ လေယာဉ်ပျံဟာပျက်ကျတော့မယ်ဆိုပါစို့။ လေယာဉ်ပေါ်က ခုန်ချမလား ။ (လေထီးကလည်းမ၇ှိဘူးနော်) ဒါမှမဟုတ် လေယာဉ်ပျံနဲ့အတူ လိုက်သွားမလား။ ဘယ်လို ဆုံးဖြတ်မလဲ။

Q 84

မပြောကောင်းမဆိုကောင်း သင့်အိမ်မီးလောင်နေပြီဆိုပါစို့။ သင့်အိမ်ပေါ်မှာ သင့်မိဘ ရှိမယ်။ သင့်အိမ်ထောင်ဘက်ရှိမယ်။ သင့်သားသမီးရှိနေမယ်။ အဲသည်အထဲကမှာ တစ်ယောက် ကို ကယ်ခွင့်ရမယ်ဆိုရင် သင်ဘယ်သူ့ကို ကယ်တင်မှာ လဲ။ ဘာ့ကြောင့်အဲသည် တစ်ယောက် ကို ရွေးချယ်ပါသလဲ။ သေသေချာချာစဉ်းစားနော်။ တစ်ယောက် တည်းကိုပဲ ကယ်တင်ခွင့်ရမှာ ။

Q 85

အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတာ ဟုတ်ပါသလား။ ဘ၀မှာ အချစ်အတွက် ဘယ်လောက်အထိ ဒေါသအမျက်ချောင်းချောင်းထွက်ဖူးပါသလဲ။

Q 86

လူ တစ်ယောက် ဘ၀မှာ အချစ်အတွက် ဘယ်လောက်အထိ စွန့်စားသင့်တယ်လို့ထင်ပါ သလဲ။ အချစ်ဆိုတာကကော ဘ၀တစ်ခုလို့ ယူဆပါသလား။

Q 87

သင့်ကို အပြောင်းအလဲတစ်ခု ပေးစွမ်းနိုင်သော စာအုပ်တစ်အုပ်ရှိရင်ပြောပါ။

Q 88

ကိုယ့်အကြောင်းအတ္ထုပတ္တိရေး မယ်ဆိုရင် အမှန်အတိုင်းအရှိအတိုင်းရေး မှာ လား။ မခြွင်းမချန်ရေး ရဲလား။ ဘာကိုချန်လို့ဘာတွေ ကျန်ခဲ့မှာ လဲ။

Q 89

သင်ဟာ ပိုင်းလော့ တစ်ယောက် ဖြစ်နေတယ်ဆိုပါစို့။ နိုင်ငံတစ်ခုကို အနုမြူဗုံးကြဲချရ တော့မယ်ဆိုပါစို့။ အနုမြူဗုံးမကြဲခင် သင်အသတ်ခံရမယ်ဆိုပါစို့။ သင်ဘာလုပ်မလဲ။

Q 90

သင်ချစ်တဲ့သူဟာ ဥပဒေနဲ့ မကင်းတာ တစ်ခုခုလုပ်နေတယ်လို့ အခိုင်အမာသိရင် သင် ဘာလုပ်မလဲ။ သက်ဆိုင်ရာကို အကြောင်းကြားမလား။ သူ့ကိုကျောခိုင်းမလား။ ဒါမှ မဟုတ် မသိချင်ယောင်ဆောင်နေမလား။

Q 91

သင်ဟာ ဆရာဝန် တစ်ယောက် ဖြစ်နေပြီဆိုပါစို့။ သင့်လူနာဟာ သူ့ဝေဒနာကို မခံစား နိုင်တော့လို့ သင့်အကူအညီယူပြီး လောကကြီးက ထွက်သွားချင်တယ်ဆိုပါစို့။ သင့်ကိုလည်း အန္တရာယ်မ ဖြစ်ရအောင် သူ့ကိုသူ အဆုံးစီရင်သွားကြောင်း စာတစ်စောင်ရေး ပေးခဲ့မယ်ဆိုပါ စို့။ အဲသည်လို ကူညီတဲ့အတွက်လည်း သင့်ကို မြိုးမြိုးမြတ်မြတ်လေး ပေးခဲ့တယ်ဆိုပါစို့ အဲ သည်အစီအစဉ်ကို လူနာရဲ့ မိသားစုကလည်း သဘောတူတယ် ဆိုပါစို့။ သင်ဘာလုပ်မ လဲ။

Q 92

ပိုက်ဆံတစ်သိန်းပေးမယ်။ လမ်းပေါ်ထွက်ပြီး ကိုယ့်ကိုယ်ကို “ရူးနေပါတယ်” လို့ အ၀တ်အစားချွတ်ပြီး အခါတစ်ရာ အော်ခိုင်းမယ်ဆိုရင် လုပ်မှာ လား”

Q 93

ဥပုသ်နေတိုင်း ဥပုသ်စောင့်ဖူးပါသလား။ ဥပုသ်စောင့်တယ်ဆိုတာ လူကို ဘယ်လို ထူးခြားမှု ပေးတယ်လို့ ယူဆပါသလဲ။ ဥပုသ်စောင့်လေ့မရှိသူတွေ အပေါ် ဘယ်လိုသဘောထား ပါသလဲ။

Q 94

လူ တစ်ယောက် ကို မိတ်ဆွေ ဖြစ်သင့်တယ် မ ဖြစ်သင့်ဘူးဆိုတာ ဘယ်ပေတဲ့နဲ့ တိုင်း တာ သင့်သလဲ။

Q 95

လူ တစ်ယောက် က သူ့ဘ၀မှာ စိတ်ညစ်စရာတွေ များ လွန်းလို့ တံတားပေါ်ကနေ ခုန်ချမယ်ဆိုပါစို့။ ခုန်ချဖို့ရာအတွက် နောက်ကနေ အသာလေး လက်နဲ့ တွန်းပေးဖို့ အကူ အညီတောင်းတယ်ဆိုပါစို့။ အသာလေးတွန်းပေးခအ ဖြစ် ထိုက်ထိုက်တန်တန် ကြိုတင်ပေးခဲ့ မယ် ဆိုပါစို့ ။ သင်ဘာလုပ်မလဲ ကူညီမလား။

Q 96

သင် အင်မတန်ချစ်တဲ့သူဟာ အက်ဆီးဒင့် ဖြစ်ပြီး မျက်လုံးနှစ် ဖက်လုံး ကွယ်သွား တယ်။ အဲသည့်အတွက် သင့်မျက်လုံးနှစ် လုံးစလုံးအား အစားထိုးပေးမလား။ မျက်လုံးတစ်လုံး ပဲထုတ်ပေးမလား။ ဒါမှမဟုတ် So Sorry လို့ ပြောမလား။

Q 97

သင်သာ အယ်ဒီတာချုပ် ဖြစ်မယ်ဆိုရင် ဘယ်လိုဂျာနယ် မဂ္ဂဇင်းမျိုး ထုတ်ချင်သလဲ။

Q 98

ဥပမာ သတင်းကြေညာသူအ ဖြစ် သင်တာဝန်ထမ်းဆောင်ရတယ်ဆိုပါစို့။ သင့်ဆွေမျိုး သားချင်း အရင်းအချာတစ်ဦး မူးယစ်ဆေးဝါးမှု နဲ့ ကြီးလေးတဲ ပြစ်ဒဏ်စီရင်ခြင်းခံရတဲ့ သတင်းဖတ်ရမယ်ဆိုပါစို့။ သင်ကိုယ်တိုင် အဲဒီ သတင်းကို ဖတ်နိုင်စွမ်း ရှိပါ့မလား။

Q 99

ယောက်ျား တစ်ယောက် ဖြစ်စေ၊ မိန်းမ တစ်ယောက် ဖြစ်စေ အသက် (၅၀) ကျော်ရင် လိမ်စိတ်ကုန်ခမ်းသွားတယ်ဆိုတာ ဖြစ်နိုင်ပါသလား။ လိင်စိတ်မရှိဘူးဆိုရင် ဘ၀မှာ အဓိပ္ပာယ်ရှိနိုင်တယ်လို့ကော ယုံကြည်ပါသလား။

Q 100

ဘင်လာဒင်နဲ့ ပက်ပင်းတိုးပြီဆိုပါစို့။ သင်ဘာလုပ်မလဲ။ အိပ်မက်ထဲမှာ တော့ မဟုတ် ဘူးနော်။

Q 101

စစ်သွေးဆာနေတဲ့ အမေရိကန်သမ္မတဘုရှှ်ဆီကို ဖုန်းဆက်ပြောခွင့် (၅) မိနစ် ရမယ် ဆိုရင် လူသားတွေ အကျိုးရှိမယ့် ဘယ်စကားမျိုးကို ထည့်ပြောလိုက်မယ်လို့ စိတ်ကူးပါသလဲ။

Q 102

ဘာကြောင့် လူပျိုကြီး၊ အပျိုကြီးတွေ လောကကြီးမှာ အခုချိန်ထိ ရှိနေတယ်လို့ ထင်ပါ သလဲ။ လူပျိုကြီး၊ အပျိုကြီးများ ဟာ သူတို့ကိုယ်သူတို့ အရမ်းချစ်လွန်းလို့၊ အတ္တကြီးလွန်းလို့ ဆိုတာ ဟုတ်နိုင်ပါသလား။

Q 103

အီကြာကွေးရောင်းတဲ့သူတွေ ဟာ တရုတ်ကြီးတွေ များ တယ်။ ဘယာကြော်ရောင်းတဲ့ သူတွေ ဟာ ဘာ့ကြောင့် ကုလားတွေ ဖြစ်နေရသလဲ။ ပဲပြုတ်သည် အများ စု ကတော့ ဘာ့ ကြောင့် မြန်မာ ဖြစ်နေရပါသလဲ။

Q 104

တစ်ယောက် နဲ့ တစ်ယောက် အချစ်မပါပဲ လက်ထပ်တယ်ဆိုရင် သာယာတဲ့အိမ် ထောင်ရေး ဖြစ်နိုင်ပါသလား။

Q 105

သည်ကနေ့ကာလမှာ အိမ်ထောင်ပြုကြမယ်ဆိုရင် ဘယ်လို အခြေခံ အချက်အလက် တွေ ရှိသင့်သလဲ။

Q 106

သေအံ့မူးမူး ဖြစ်နေတဲ့ သင့်ချစ်သူက သူ့ရဲ့ နောက်ဆုံးထွက်သက်မှာ သင့်ကို သီချင်း တစ်ပုဒ်လောက် ဆိုပြပါဆိုရင် (ဘေးနားမှာ လူတွေ ရှိနေမှာ နော် ။ သူ့မိဘတွေ ဆွေမျိုးညီ အစ်ကိုမောင်နှမတွေ ) တည်တည်ငြိမ်ငြိမ်နဲ့ သီချင်းဆိုပြမှာ လား။ ဘယ်လို သီချင်းမျိုးဆိုပြ ဖြစ်မယ် ထင်ပါသလဲ။

Q 107

ငရဲရှိတယ်ဆိုတာ ယုံသလား။ နောက်ဘ၀ဆိုတာကော ယုံကြည်ပါသလား။ သင်သေ ရင် ဘယ်ရောက်မယ်ထင်ပါသလဲ။ ဘာ့ကြောင့်လဲ။

Q 108

ကိုယ့်သားသမီးက မဖွယ်မရာအလုပ်မျိုး လုပ်ကိုင်ပြီး ရှာဖွေပေးတဲ့ ပိုက်ဆံနဲ့ ထမင်း စားရင်း မာန်တက်နေတဲ့ မိဘမျိုးအပေါ် သင်ဘယ်လို သဘောထားသလဲ။

Q 109

သူတစ်ပါးသားပျို၊ သမီးပျိုကို သိစိတ်နဲ့ ဖြစ်စေ၊ မသိစိတ်နဲ့ ဖြစ်စေ စော်ကားဖူးပါသ လား။ အဲသည်လို စော်ကားတဲ့ သူကိုကော ဘယ်လို သဘောထားပါသလဲ။

Q 110

ဘာကြောင့် လူတွေ ဟာ တိရစ္ဆာန်ချစ်ကြတာလဲ။ ရှေးဘ၀က တိရစ္ဆာန်ဘ၀နဲ့ နီးစပ်လို့ ဆိုတဲ့ အယူအဆကို လက်ခံသလား။ တိရစ္ဆာန်ကို ချစ်ခြင်းဟာ တိရစ္ဆာန်ကို ညှင်းပန်းနှိပ်စက် ရာ ရောက်တယ်လို့ထင်သလား။ ကိုယ့်သာယာမှု အတွက် အသုံးချတယ်လို့ ထင်သလား။

Q 111

(အကြောင်းတစ်စုံတစ်ရာနဲ့) ကိုယ့်ဘ၀ကို အရှက်တကွဲ အကျိုးနည်းအောင် လုပ်ခဲ့တဲ့ သူမျိုးနဲ့ ကာလတစ်ခုမှာ ထမင်းလက်စုံစားဖို့ ကြုံလာရင် ထမင်းမျိုကျမယ်လို့ ထင်ပါသလား။

Q 112

လူရယ်လို့ ဖြစ်လာတဲ့ အပေါ်မှာ ကိုယ့်မိဘရဲ့ ကျေးဇူးတရားကို ရိုင်းရိုင်းပြပြ စော်ကား တဲ့သူတွေ နဲ့ နဖူးတွေ့  ဒူးတွေ့  တွေ့ ကြုံဖူးပါသလား။ အဲသည်သူတွေ ဟာ ကိုယ့်အတွက် မိတ် ဆွေကောင်း ဖြစ်နေနိုင်ပ့ါမလား။

Q 113

ကိုယ့်အကြောင်း ကိုယ် ဘယ်လောက်သိထားပြီလဲ။ မသိသေးဘူးဆိုရင် ကိုယ့် အကြောင်း ကိုယ်သိအောင် ဘယ်လိုကြိုးစားမလဲ။

Q 114

လူတွေ ဟာ ညဘက်မှာ ဘာ့ကြောင့် အိပ်ကြညပီး နေ့ဘက်မှာ ဘာ့ကြောင့် အလုပ်လုပ် နေကြရသလဲ။ ညဘက်အလုပ်လုပ်ပြီး နေ့ဘက်အိပ်ကြရတဲ့သူတွေ ကတော့ လူတွေ နဲ့ သဟဇာတ ဖြစ်ပ့ါမလား။

Q 115

နေထိုင်မကောင်း ဖြစ်တဲ့အခါ ဒါမှမဟုတ် သေကောင်ပေါင်းလဲ ဖြစ်တဲ့အခါ ကိုယ်အ တွေ့ ချင်ဆုံးသူက ဘယ်သူလဲ။ ဘာ့ကြောင့်တွေ့ ချင်ရတာ လဲ။

Q 116

လူ တစ်ယောက် ကို စကားပြောကြည့်ရုံနဲ့ အဲသည်သူရဲ့ အရည်အချင်းကို သိနိုင်တယ် ဆိုတာ ဟုတ်ပါသလား။ အဲသည်လို အကဲဖြတ်လောက်တဲ့ အရည်အချင်းကော ကိုယ့်မှာ ရှိ တယ်လို့ ပြောနိုင်သလား။

Q 117

သည်းခံနိုင်ခြင်းဟာ အရည်အချင်းတစ်ရပ်လို့ဆိုကြတယ်။ ဘယ်အတိုင်းအတာအထိ သင် သည်းခံနိုင်ပါသလဲ။ သည်းခံနိုင်အောင် ဘယ်လိုလေ့ကျင့်ယူ ပျိုးထောင်သလဲ။ သည်းခံ ခြင်းဟာ အရှုံးပေးရာရောက်တယ်လို့ကော ယူဆသလား။

Q 118

အတိတ်နိမိတ်ဆိတုာ ယုံသလား။ ကြုံခဲ့ဖူးတဲ့ အတိတ်နမိတ်တွေ အကြောင်းပြောပြပါ။ အတိတ်နိမိတ်ဆိုတာ ကိုယ့်ရဲ့ သီလသမာဓိနဲ့ သက်ဆိုင်တယ်ဆိုတာကော ဟုတ်ပါသလား။

Q 119

မပြောကောင်း၊ မဆိုကောင်း ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ သင့်မှာ အေအိုင်ဒီအက်စ် ရောဂါ ရနေပြီဆိုပါစို့။ ဘာလုပ်မလဲ။

Q 120

နားလည်မှု တစ်ခု လွဲချော်လို့ မိဘက အမွေဖြတ်စွန့်လွှတ်လိုက်တယ်ဆိုပါစို့။ သင်ဘာ ဖြစ်သွားနိုင်သလဲ။

Q 121

ကိုယ့်ကိုယ်ကို မာန ဘယ်လောက်ရှိတယ်လို့ ထင်သလဲ။ မရှိတဲ့သူတွေ ကိုကော ဘယ်လို မြင်သလဲ။ လူ တစ်ယောက် မှာ ဘယ်လိုမာနမျိုးရှိသင့်တယ်လို့ကော ထင်မြင်ယူဆပါ သလဲ။

Q 122

ဘ၀မှာ သတ်သေချင်လောက်အောင် စိတ်ညစ်ခဲ့ရဖူးပါသလား။ အဲသည့်စိတ်ကို ဘယ်လိုနည်းနဲ့ လွတ်မြောက်အောင်မြင်ခဲ့ပါသလဲ။ ပြောပြပေးပါဦး။

Q 123

လူ တစ်ယောက် မှာ မရှိမ ဖြစ်တဲ့အရာဟာ ဘာ ဖြစ်မယ်လို့ ထင်ပါသလဲ။

Q 124

အိပ်မက်ထဲမှာ လူတွေ က မရောက်ဖူးတဲ့ နေရာကိုရောက်ကြတယ်။ မတွေ့ ဖူးတဲ့ လူတွေ နဲ့တွေ့ တယ်။ မစားဖူးတာတွေ စားကြရတယ်။ အဲဒါတွေ အားလုံးဟာ လက်တွေ့ ဘ၀ မှာ တကယ်မရှိတဲ့ အရာတွေ လေ။ ဘာကြောင့် အဲသည်လို အိပ်မက်မျိုးမက်ကြတယ်လို့ သင် ထင်မြင်ယူဆပါသလဲ။

Q 125

အသားလှုပ်တယ်ဆိုတာ ကြုံးဖူးမှာ ပေါ့။ အိုင်တီခေတ်မှာ အသားလှုပ်တာ ၊ လက်ဖ၀ါး၊ ခြေဖ၀ါးယားတာ၊ မျက်ခုံးလှုပ်တာ အဲဒါတွေ ဘာ့ကြောင့် ရှိနေရသလဲ။ သင့်အမြင်ကိုပြောပြ ပါဦး။

Q 126

ကားစီးရင်း အမှိုက်ပစ်မချရဘူး။ လမ်းသွားရင်း အမှိုက်မပစ်ရဘူး။ အရေး ယူမယ်လို့ စည်းကမ်းချက်တွေ ထုတ်ထားတယ်နော်။ သင်အမှိုက်ပစ်ချချင်ပြီဆိုရင် ဘာလုပ်မလဲ။ (ခိုး ကြောင်ခိုးဝှက်တော့ မလုပ်ရဘူးနော်။ ကိုယ့် သိက္ခာနဲ့ကိုယ်)

Q 127

သင့်ကြောင့် သင့်မိဘဂုဏ်တတ်ဘူးသလား။ သင့်ကြောင့် သင့်မိဘ ဂုဏ်ပျက်ဖူး သလား။ သင့်ကြောင့် သင့်သားသမီး ဂုဏ်တက်ဖူးသလား။ သင့်ကြောင့် သင့်သားသမီး ဂုဏ် ပျက်ဖူးသလား။

Q 128

အမွေဆိုတာထိုက်မှ ရတယ်လို့လည်း ပြောကြတယ်။ အမွေဆိုတာ သားသမီးက ဆက် ခံစမြဲလို့လည်း ပြောကြတယ်။ သို့သော် မိဘက သားသမီးကို အမွေမပေးဘူးဆိုရင် သားသမီး အနေနှင့် မိဘကို ငြိုငြင်မှာ လား။ အဲသည်လို မိဘအပေါ်ငြိုငြင်မိရင်ကော သားသမီးမှာ အပြစ် ကျနိုင်ပါသလား။

Q 129

နိဗ္ဗာန်နဲ့ ငရဲမှာ ဘယ်နေရာက လူပိုများ နေလိမ့်မယ်လို့ ယူဆပါသလဲ။ ဘာ့ကြောင့် လဲ။ သင်ကိုယ်တိုင်ကော ဘယ်နေရာမှာ ရှိနေမှာ လဲ။

Q 130

ဘ၀မှာ ကျေးဇူးရှိခဲ့ဖူးပါတဲ့ ကျေးဇူးရှင် တစ်ယောက် က “ကျေးဇူးရှင် ကျေးဇူးရှင်” ဆိုပြီး သင့်အပေါ် အခွင့်အရေး ယူ အနိုင်ကျင့်လာမယ်ဆိုရင် ဘယ်အတိုင်းအတာအထိ လည် စင်းပေးမလဲ။ ကျေးဇူးရှင်ကို ပစ်မှားမိတယ်ဆိုရင်ကော အပြစ်ရောက်တတ်ပါသလား။

Q 131

မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ စကားကြားဖူးမှာ ပေါ့။ ဘ၀မှာ မချစ်ဘဲနဲ့ ဘယ်နှခါနမ်းခဲ့ဖူးပြီလဲ။ ကိုယ့်ကိုကော မချစ်ဘဲနဲ့ ဘယ်နှခါနမ်းသွားဖူးပြီလဲ။

Q 132

လူ တစ်ယောက် ကိုယ့်ကျင့်တရားကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဘယ်ပေတံနဲ့ တိုင်းတာ ဆုံးဖြတ်မလဲ။ သင်ကိုယ်တိုင်ကော ကိုယ်ကျင့်တရား စိုးစဉ်းမှ မဖောက်ပြန်ပါဘူးလို့ ရဲရဲကြီး အာမခံနိုင်ပါသလား။

Q 133

ချစ်တယ်ဆိုတဲ့စကားနှစ် ခွန်းကို ဘ၀မှာ ဘယ်နှကြိမ်ဘယ်နှခါ လွယ်လွယ်ပြောခဲ့ဖူးပါ သလဲ။ ကိုယ်ကိုင်ကော ချစ်တယ်လို့ ဘယ်နှကြိမ်လွယ်လွယ် အပြောခံခဲ့ရဖူးပြီလဲ။ ဘာ့ကြောင့် “ချစ်တယ်”ဆိုတဲ့ စကားကို လွယ်လွယ်ပြောဆိုကြတာလဲ။

Q 134

အမျိုးသားရေး စိတ် ဆိုတာ ဘယ်လိုနားလည်ပါသလဲ။ သင့်မှာ ကော အမျိုသားရေး စိတ် ရှိပါသလား။ အမျိုးသားရေး စိတ်မရှိတဲ့သူတွေ ကိုကော သင်ဘယ်လို သဘောထားမလဲ။

Q 135

ထမင်းငတ်ဘူးလား။

Q 136

သင့်ချစ်သူမှာ အခြား ရည်းစားအပို တစ်ယောက် ရှိနေတယ်ဆိုတာ သိလျက် သင့်ချစ်သူ က သင့်အပေါ် သစ္စာရှိလှပါချည်ရဲ့ လို့ ပြောနေရင် သင်ဘယ်လို ဆုံးဖြတ်မလဲ။ (သူ့မှာ အခြား ချစ်သူရည်းစားရှိနေတယ်ဆိုတာ သင်သိပြီးသားနော်၊ သင်သိတယ်ဆိုတာလည်း သူသိပြီး သားနော်)

Q 137

သင်က ခွဲစိတ်ဆရာဝန်ကြီးဆိုပါစို့။ အရေး ပေါ်လူနာ တစ်ယောက် ကို အရေး ပေါ် ခွဲစိတ် နေရချိန်မှာ သင့်အိမ်မီးလောင်နေပြီလို့ ဖုန်းဝင်လာရင် သင်ဘာလုပ်မလဲ။ ခွဲစိတ်တာကို ပြီး အောင်ဆက်လုပ် မှာ လား။ မီးလောင်နေတဲ့ သင့်အိမ်ဆီကို ပြေးမလား။

Q 138

ခန္ဓာကိုယ်လှူထားပါသလား။ မျက်ကြည်လွှာလှူထားပါသလား။ ခန္ဓာကိုယ် လှူဒါန်းသူ တွေ ကို ဘယ်လိုသဘောထားပါသလဲ။ မျက်ကြည်လွှာလှူဒါန်းသူတွေ ကို အဲသည့်အလှူရှင် တွေ က မိသားစုအပေါ် သံယောဇဉ် ဖြစ်တဲ့သူတွေ ၊ အတ္တကြီးတဲ့သူတွေ လို့ကော ယူဆပါ သလား။

Q 139

သည်းခံနိုင်တယ်ဆိုတာ အတိုင်းအတာရှိပါသလား။ လူ တစ်ယောက် ဟာ ဘယ်အတိုင်း အတာအထိ သည်းခံနိုင်လိမ့်မယ်လို့ ယူဆပါသလဲ။ အဲသည်လို သည်းခံခြင်းဟာ လူပျော့ လူညံ့တွေ ရဲ့ အကြောင်းပြချက်တစ်ခုလို့ကော ယုံကြည်ပါသလား။

Q 140

တချို့ ကိုယ့်ကိုချစ်မှန်းသိလို့ ချစ်တယ်တဲ့။ တချို့ ကတော့ ကိုယ့်ကို မချစ်မှန်းသိပေ မယ့်လည်း ချစ်တယ်တဲ့။ ကိုင်း ဒါဖြင့် ဘယ်အချစ်က ပိုပြီး အချစ်စစ်အချစ်မှန် ဖြစ်မယ်လို့ ပြောကြမတုန်း။ ဘာ့ကြောင့် တုန်း။

Q 141

ချစ်တယ်ဆိုတာဘာလဲ။ အတိအကျဆုံး။ အတိုဆုံးသော စကားလုံးနဲ့ အဓိပ္ပာယ်ဖွင့်ပြပါ လား။

Q 142

သင့်အသက်ထက် ခေါက်ချိုးအရွယ် ခပ်ငယ်ငယ်နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်မလဲ။ သာယာတဲ့ အိမ်ထောင်ရေး တစ်ခု ဖြစ်လာနိုင်မယ်လို့ကော ယုံကြည်သလား။

Q 143

လွမ်းဖူးသလား။ လွမ်းတာကို ဘာနဲ့ ဖြေသင့်သလဲ။ တချို့က လွမ်းတာကို နာတာနဲ့ ဖြေရတယ်လို့ ဆိုကြတယ်။ ဒါဖြင့် မနာတတ် သူတွေ ကျတော့ လွမ်းတာကို ဘာနဲ့ ဖြေရမတုန်း စဉ်းစားပေးဦးလေ။

Q 144

မျက်နှာများ ခြင်းဟာ ဂုဏ်ယူစရာလား၊ဒါမှမဟုတ် ကိုယ်ကျင့်တရားကို ထိပါးစေသ လား။ ဘာလဲ ။ စဉ်းစားကြည့်ပါဦး။

Q 145

ဆဲတတ်သလား။ ဆဲရေး တိုင်းထွာပြောဆိုတတ်သူများ အား ဘယ်လို သဘောထား ပါသလဲ။

Q 146

ငြိမ်းချမ်းရေး ကိုလိုလားသလား။ ဘာ့ကြောင့် ငြိမ်းချမ်းရေး ကို လိုလားရသလဲ။

Q 147

အာဏာ၊ အသပြာ၊ သြဇာ (၃) ခုအနက်က တစ်ခုခုကို ရွေးပါဆိုရင် ဘာကိုရွေးမလဲ။

Q 148

ကိုယ့်အပေါ်သစ္စာမရှိတဲ့ သူကို ကိုယ်က သစ္စာရှိပေးနေဖို့လိုသလား။

Q 149

လူ တစ်ယောက် ရဲ့ မျက်လုံးကိုကြည့်ပြီး ရိုးသားတယ်။ မရိုးသားဘူးဆိုတာကို အကဲ ဖြတ်လို့ရတယ်ဆိုတာ ဟုတ်ပါ့မလား။ သင့်မျက်လုံးတွေ ကကော ရိုးသားတယ်လို့ ယူဆပါသ လား။

Q 150

သင်သေရင် ဘာ ဖြစ်မယ်ထင်ပါသလဲ။

Q 151

ဆံပင်ဖြူရင် ဘာ့ကြောင့်ဆေးဆိုးကြတာလဲ။ ဆံပင်ဖြူရင် ဆေးဆိုးတဲ့သူတွေ ဟာ အမှန်တရားကို ရင်မဆိုင်ရဲသူတွေ များ လား။

Q 152

သင့်ဘ၀မှာ အရေး အကြီးဆုံးအရာဟာဘာလဲ။

Q 153

ညညအိပ်မပျော်ဘူးဆိုရင် ဘာလုပ်သင့်သလဲ။

Q 154

လောင်းကစားဝါသနာပါသလား။ လောင်းကစားဝါသနာထုံတဲ့သူတွေ ဟာ စာရိတ္တချို့ငဲ့ တတ်တယ်ဆိုတာ လက်ခံပါသလား။

Q 155

ဘောလုံးပွဲဝါသနာပါသလား။ မြန်မာအသင်းနိုင်ငံခြားပွဲသွားကစားရင် နိုင်စေချင်ပါ သလား။ ကိုယ် ဖြစ်စေချင်သလို ဖြစ်မလာရင် ဘယ်သူ့ကို စိတ်တိုမှာ လဲ။

Q 156

ကိုယ်နားမလည်တဲ့ကိစ္စ လိုက်မမီတဲ့ကိစ္စကို နားလည်ချင်ယောင်ဆောင်ရတာ သိချင် တတ်ချင်ယောင်ဆောင်ရတာ မျိုး ကြုံဖူးပါသလား။ အဲဒါမျိုး ဟန်ဆောင်တတ်သူတွေ ကို ဘယ် လို သဘောထားကြရမလဲ။

Q 157

ဘင်လာဒင် သေသွားပြီလို့ ယုံကြည်သလား။

Q 158

မြန်မာပြည်ပရိသတ်တွေ ကိုရီးယားမင်းသား၊ မင်းသမီးကို ဘာ့ကြောင့် ကြိုက်နှစ်သက် ကြတယ်လို့ ထင်သလဲ။

Q 159

တရုတ်ဇာတ်လမ်းတွဲ တွေ ထဲက “ပေါင်ချိန်” ရဲ့ ဆုံးဖြတ်ချက်တွေ ဟာ သည်ဘက်ခေတ် မှာ အံဝင်ခွင်ကျ ဖြစ်ပါ့မလား။

Q 160

ရန်ကုန်က ရိုင်းပျတဲ့ ကားစပယ်ယာတွေ ဘယ်တော့ ယဉ်ကျေး သိမ်မွေ့လာမယ်လို့ ယူဆပါသလဲ။

Q 161

အသက်ဘယ်လောက်မှာ ရည်းစားစထားဖူးခဲ့သလဲ ။ ပထမဆုံးရည်းစားကို “အချစ်ဦး” လို့ သတ်မှတ်သလား။ “အချစ်ဦး”တွေ ကို ပိုချစ်တယ်ဆိုတာကော ဟုတ်ပါသလား။

Q 162

အရပ်ပုတဲ့သူတွေ ဖိနပ်အမြင့်စီးလေ့ရှိကြတယ်။ ဘာ့ကြောင့်လို့ထင်လဲ။ ဘာ့ကြောင့် အရှိအတိုင်းဖိနပ်စီးကြတာလဲ။

Q 163

ချစ်ရေး ဆိုတဲ့အခါ

ပါးစပ်နဲ့ပြောတာရယ်

စာနဲ့ရေး ပြောတာရယ်အပြင်၊ အခြားဘယ်လိုနည်းလမ်းတွေ ရှိနိုင်သေးလဲ။ ဘယ်လို နည်းလမ်းနဲ့ သင်ရည်းစားထားခဲ့သလဲ။ ဘယ်လိုနည်းလမ်းက အထိရောက်ဆုံး ဖြစ်မယ် ထင်လဲ။

Q 164

လက်မထပ်ဘဲ အတူနေကြတဲ့သူတွေ ဘယ်လိုသဘောထားပါသလဲ။

Q 165

ဓာတ်ပုံအရိုက်ခံရတာ ၀ါသနာပါပါသလား။ ဓာတ်ပုံဆိုတာ လူ တစ်ယောက် အတွက် လိုအပ်ချက်တစ်ခုလို့ ယူဆပါသလား။ ဓာတ်ပုံအရိုက်ခံရရင် အိုက်တင်လုပ်ဖို့ကော လိုအပ်ပါ သလား။

Q 166

ဒိုင်ယာရီရေး ခြင်းဟာ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်တာပဲလို့ဆိုကြတယ်။ ဟုတ်ပါ သလား။ သင်ကော ဒိုင်ယာရီရေး လေ့ရှိပါသလား။

Q 167

အပြစ်အကင်းစင်ဆုံး “လူ”သည် ကမ္ဘာမြေကြီးပေါ်မှာ ရှိတယ်ဆိုရင် ကြည်ညိုနိုင် အောင်ခိုင်လုံစွာ ဖော်ပြပေးစေလိုပါတယ်။

Q 168

သင့်ကို တယ်လီဖုန်းနဲ့ လှမ်းဆက်ပြီး အကြောင်းတစ်ခုအတွက် ရိုင်းရိုင်းပြပြ စော်စော် ကားကားပြောဆိုတဲ့အခါမျိုးမှာ ဘာလုပ်မလဲ။

Q 169

စာအုပ်စာပေဟာ လူ တစ်ယောက် ရဲ့ ဘ၀ကို ပြောင်းလဲနိုင်စွမ်းရှိပါသလား။ (သင့်ဘ၀ ကို ပြောင်းလဲစေခဲ့တဲ့ စာအုပ်ရှိရင် တိတိပပဖော်ပြပါ)

Q 170

တချို့ကဆိုကြတယ် ပုဂ္ဂိုလ်ခင်လို့ တရားမင်သတဲ့ အဲဒါဆိုရင် တရားစစ် တရားမှန် ဟုတ်ပါသလား။

Q 171

HIV ပိုးရှိမရှိ သွေးစစ်ကြည့်ဖူးသလား။ မပြောကောင်းမဆိုကောင်း ရှိနေရင်ဘယ်လို လုပ်မလဲ။

Q 172

ပိန်တဲ့သူက ပိုချစ်တတ်သလား။ ၀တဲ့သူက ပိုချစ်တတ်သလား။ ဘယ်သူက သစ္စာအရှိ ဆုံး ဖြစ်မယ်ထင်ပါသလဲ။

Q 173

အမျိုးသားရေး စိတ်ဓာတ်ဆိုတာဘာလဲ။ အမျိုးသားရေး နဲ့နိုင်ငံရေး ဘယ်လိုကွာခြားလဲ။ သင်ဟာ အမျိုးသားရေး စိတ်ရှိသူလား၊ နိုင်ငံရေး စိတ်ရှိသူလား။

Q 174

ဘ၀မှာ ရည်းစားဘယ်နှစ် ယောက် ထားခဲ့ဖူးပါသလဲ။ ချစ်ဦးသူနဲ့ လက်ထပ်ထားသူ တစ် ထပ်တည်း ဖြစ်ဖို့လိုသလား။

Q 175

ငယ်ငယ်တုန်းက အကြောင်းအမျိုးမျိုးကြောင့် ဘာသာတရား မကိုင်းရှိုင်းခဲ့သူတွေ က ကြီးလာရင် ဘာ့ကြောင့် တရားဖက်ကြသလဲ။

Q 176

သင့်ရဲ့ ကိုယ့်ကျင့်သိက္ခာကို ဘယ်လောက်အထိ အာမခံပေးနိုင်သလဲ။ ပတ်ဝန်းကျင်က လူကို ပြုပြင်ပြောင်းလဲ ဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာကော ဟုတ်သလား။

Q 177

သင့်ရဲ့ သစ္စာအရှိဆုံးသူဟာ ဘယ်သူလဲ ကိုယ့် “သွေး”ဟာ သစ္စာအရှိဆုံးသူပဲ ဆိုတဲ့ စကားကိုကော သင်လက်ခံသလား။

Q 178

တချို့မိန်းမထဘီအနား ခိုစားကြသတဲ့။ တချို့က လင်လုပ်စာထိုင်စားကြသတဲ့။ ဘယ် ဟာက အကောင်းဆုံးလဲ။

Q 179

တစ်လင်တစ်မယားစနစ်ကို လက်ခံပါသလား။

Q 180

“အချစ်”ဟာ လူ တစ်ယောက် ရဲ့ ဘ၀ကို ပြောင်လဲပစ်နိုင်တဲ့ အရည်အချင်းရှိနိုင်သ လား။ သင့်ဘ၀ကော အချစ်ကြောင့် ပြောင်းလဲဖူးပါသလား။

Q 181

သင့်အတ္တအတွက် ဘ၀မှာ လူတွေ ကို ထိုးကျွေးခဲ့ဖူးပါသလား။

Q 182

သင်အကြိုက်ဆုံး တီဗွီ ကြော်ငြာဟာ ဘာ ဖြစ်မလဲ။ ဘာ့ကြောင့် ကြိုက်သလဲ။

Q 183

အမုန်းနဲ့စတဲ့ အချစ်က ပိုခိုင်မြဲတယ်ဆိုတာ ဟုတ်ပါလား။

Q 184

ပါးစပ်မပါတဲ့ မိန်းမနဲ့ နားမပါတဲ့ယောက်ျားတို့ရဲ့ အိမ်ထောင်ရေး ဟာ သက်ဆိုးရှည် တယ်ဆိုတဲ့စကားကို သင်ဘယ်လို နားလည်ပါသလဲ။

Q 185

တိုင်တန်းနစ်သင်္ဘောနစ်မြုပ်ရာမှာ သင်ပါသွားခဲ့မယ်ဆိုရင် ဘာလုပ်မလဲ။

Q 186

ဝဋ်လိုက်ဖူးပါသလား။ ၀ဋ်လည်ဖူးပါသလား။

Q 187

လူ တစ်ယောက် ရဲ့ ယုံကြည်မှု ကို အလွဲသုံးစားလုပ်ခဲ့ဖူးသလား။ အဲသည့်အတွက် နောင်တရပါသလား။

Q 188

ထူးချွန်ထက်မြတ်သူတွေ ကို အတ္တကြီးတဲ့သူတွေ လို့ စွပ်စွဲရင် မှန်ပါသလား။

Q 189

နာမည် ကြီးတဲ့သူတွေ မှာ ကောင်းတာရယ်၊ ဆိုးတာရယ် ဘယ်လောက်ဖိုးစီ ရှိတတ် သလဲ။

Q 190

ကိုယ့်ကြောင့် မျက်ရည်ပေါက်ကြီးငယ်ကျတဲ့သူရှိသလား။ အဲသည့်အတွက်ကော ဂုဏ် ယူနေတတ်သလား။

Q 191

စကားပြောကောင်းတတ်သူတွေ ဟာ အပြောတခြား၊ အလုပ်တခြား လုပ်တတ်ကြတယ် ဆို။ အဲဒါ ဟုတ်ပါသလား။

Q 192

သင်သေရင် သင့်နာမည် ကျန်ခဲ့မယ်လို့ ထင်ပါသလား။ သင့်နာမည် တစ်လုံးကျန်ရစ်ခဲ့ဖို့ အတွက် ဘာတွေ လိုမှာ လဲ။

Q 193

မိဘကို ချစ်တတ်ရဲ့ လား။

Q 194

ရုတ်တရက် သင်လေဖြတ်သွားပြီဆိုရင် အဲဒါကို ၀ဋ်ကြွေးလို့ ပြောမလား။

Q 195

အရည်အချင်းဆိုတာ လုပ်ယူလို့ရတာ မျိုးလား။ လူ တစ်ယောက် ရဲ့ အရည်အချင်းဟာ ကံတရားနဲ့ကော ပတ်သက်နေလား။

Q 196

လောကကြီးထဲကနေ ထွက်ပြေးချင်တဲ့စိတ် ပေါ်ဖူးသလား။

Q 197

အိမ်သာတက်တိုင်း စာဖတ်လေ့ရှိသလား။ အဲသည်အကျင့်က ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ပြောနိုင်ပါသလား။

Q 198

သံသရာဆိုတာ ယုံသလား။ နောက်ဘ၀ဆိုတာ ရှိခဲ့ရင် သံသရာမှာ ကျင်လည်ချင်သေး လား။

Q 199

သင့်အတွက် အချိန်ဘယ်လောက်ကျန်သေးလဲ။

Q 200

လိင်တူဆက်ဆံတဲ့သူတွေ မှာ “စိတ်ကောင်း”ရှိပါ့မလား။

Q 201

လရောင် ဟာ လူ့စိတ်ကို ဖမ်းစားနိုင်သလား။

Q 202

မိန်းမမာယာနဲ့ ကျားမာယာ ဘယ်သူက ပိုသာလိမ့်မယ်လို့ ထင်သလဲ။

Q 203

အမေရိကန်အီရတ်စစ်ပွဲဘယ်လိုအဆုံးသတ်မယ်လို့ ယူဆပါသလဲ။

Q 204

ယောက်ျားသားတွေ ဟာ မိန်းမသားတွေ ထက်ပိုပြီး တစ်ကိုယ်ကောင်းဆန်တတ်ကြ တယ်ဆိုတဲ့ စကားဟာ ရာနှုန်းပြည့် မှန်ပါသလား။

Q 205

သမီးရည်းစားဘ၀မှာ ချစ်သူတွေ ဟာ အပြန်အလှန် လေးစားဖို့ လိုအပ်ပါသလား။

Q 206

မိန်းမတွေ ဟာ ယောက်ျားတွေ အပေါ် ဘာ့ကြောင့် အနိုင်ယူချင်စိတ် လွှမ်းမိုးနေတတ် ပါသလဲ။

Q 207

ယောက်ျားနဲ့ မိန်းမ ဘယ်သူက သည်းခံနိုင်စွမ်းပိုရှိသလဲ။

Q 208

လူ တစ်ယောက် ကို ဘယ်လိုအခြေအနေမျိုးမှာ “နာ” တတ်ပါသလဲ။

Q 209

တစ်လင်တစ်မယားစနစ်ကြားမှာ နှစ် လင်၊ သုံးမယား၊ သုံးလင်၊ နှစ် မယား ဖြစ်နေကြသူ တွေ ကို သစ္စာမရှိဘူးလို့ သင်ယူဆပါသလား။

Q 210

အရေး ကြုံလို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အမျိုးဘာသာသာသနာအတွက် အသက်စွန့် ရမယ်ဆိုရင် အသက်စွန့်နိုင်ပါ့မလား။ အသက်စွန့်သွားကြတဲ့ သူတွေ ကိုကော သင်ဘယ်လို သဘောထားပါသလဲ။

Q 211

“အနာခံမှ အသာစံရမယ်”တဲ့။ အဲသည့် စကားအရဆိုရင် သင်အသာ “စံ”ဖို့ အတွက် ဘယ်နှစ် ခါ အနာ “ခံ” ခဲ့ဖူးပြီလဲ။

Q 212

အနီးဆုံးရန်သူကို ရှာတိုက်ရမယ်လို့ မှတ်သားဖူးပါတယ်။ သင့်ရဲ့ အနီးဆုံးရန်သူဟာ ဘယ်သူလဲ။

Q 213

ဘာသာတရားအရ “ ဖြစ်”ပျက်သမျှ ကိစ္စအ၀၀ကို တရားနဲ့ဖြေရမယ်လို့ အဆိုရှိပါတယ်။ တရားနဲ့ဖြေလို့မရတဲ့အရာ ရှိပါသလား။

Q 214

သင့်ရှေ့မှာ မတရားမှု တစ်ခု ပက်ပင်းတွေ့ နေပြီဆိုရင် သင်ဘာလုပ်မှာ တုန်း။

Q 215

“တဏှာ”ကို ဘယ်အချိန်မှာ ဖြတ်နိုင်၊ ပြတ်နိုင်မယ်လို့ ထင်ပါသလဲ။

Q 216

သင့်တစ်နေ့တာ လုပ်ဆောင်ခဲ့သမျှကို အိပ်ရာထဲဝင်ချိန်မှာ အမှန်အမှား ဝေဖန်သုံး သပ်လေ့ရှိပါသလား။ အဲသည့်ကိစ္စဟာ လိုအပ်တယ်လို့ ယူဆပါသလား။

Q 217

သင်သာလူအ ဖြစ်ကို ပြန်ရမယ်ဆိုရင် ယောက်ျားနဲ့ မိန်းမဘယ်ဘ၀ကို ရွေးချယ်မှာ လဲ။ ဘာ့ကြောင့် လဲ။

Q 218

ဆုတောင်းတယ်ဆိုတာ ပြည့်တတ်တယ်ဆိုရင် သင်အလိုချင်ဆုံး “ဆု” က ဘာ ဖြစ် နိုင် သလဲ။

Q 219

လူ တစ်ယောက် ရဲ့ ဘ၀မှာ ပညာတတ်ဘွဲ့ရ ဖြစ်ရေး ၊ မ ဖြစ်ရေး ဆိုတာဟာ လိုအပ်ချက် တစ်ခုလို့ သင်ယူဆပါသလား။

Q 220

အချစ်မရှိတဲ့သူရယ်လို့ မြင်ဖူးပါသလား။

Q 221

သီချင်းဆိုလိုက်ရင် စိတ်လက်ပေါ့ပါးသွားတတ်တယ်ဆိုတာ ဟုတ်ပါသလား။ သင် ကိုယ်တိုင်ကော ခံစားမှု တစ်ခုခု ဖြစ်လာတဲ့အခါ သီချင်းဆိုလေ့ရှိပါသလား။

Q 222

“ဘုရားမှ တပါး အခြားမရှိ”ဆိုတဲ့ စကားကို လက်ခံယုံကြည်ပါသလား။

Q 223

သင်အားကျတဲ့ “စံ” ဇာတ်ကောင်ဆိုတာရှိပါသလား။ ရှိခဲ့ရင် ဘာ့ကြောင့် အားကျစံပြု ထိုက်တယ်ဆိုတာ ပြောပြပါ။

Q 224

သင့်မှာ ပုဂ္ဂိုလ်ကိုးကွယ်ယုံကြည်မှု ရှိပါသလား။ အဲသည်လို လူပုဂ္ဂိုလ်ကို ကိုးကွယ် ယုံ ကြည်မှု ဟာ လွဲမှားတဲ့ အယူအဆလို့ ထင်သလား။

Q 225

လူ တစ်ယောက် မှာ “လောဘ”ဆိုတာ ရှိသင့်တဲ့ အရာလို့ ဆိုသူတွေ က ဆိုကြတယ်။ “လောဘ”ရှိသင့်တယ်မရှိသင့်ဘူး။ ဆိုတာလေး. .. သင့်ယုံကြည်မှု ကို ပြောပြပေးပါဦး။

Q 226

သင့်ရှေ့မှာ လူ တစ်ယောက် “ခွေး” ဖြစ်တော့မယ်ဆိုရင် သင်ဘာလုပ်မလဲ။

Q 227

လူ တစ်ယောက် မှာ စိတ်နဲ့ ဦးနှောက် ဘယ်ဟာက အဆုံးအဖြတ်အပေးနိုင်ဆုံး ဖြစ် တယ်ထင်ပါသလဲ။ သင်ကိုယ်တိုင်ရော အလုပ်တစ်ခုလုပ်မယ်ဆိုရင် စိတ်နဲ့ လုပ်သလား။ ဦး နှောက်နဲ့ လုပ်သလား။

Q 228

စိတ်ရိုင်းဝင်လာတဲ့အခါမျိုး သင့်စိတ် မုန်ယိုတဲ့အခါမျိုးတွေ မှာ ဘာနဲ့ချွန်းအုပ်သလဲ။

Q 229

မုဆိုးဖို မုဆိုးမ ဖြစ်စေ၊ တစ်ခုလပ်၊ တစ်လင်ကွာ ဖြစ်စေ သူတို့မှာ အချစ်ဆိုတာ အသစ် တဖန်ပြန်လည်မွေးဖွားလာတယ်ဆိုရင် အဲဒါ စစ်မှန်တဲ့အချစ် ဟုတ်တယ် မဟုတ်ဘူး ဆိုတာ ဘယ်လို ပိုင်းခြားစဉ်းစားကြမလဲ။

Q 230

သင့်မွေးနေ့မှာ ဘာလုပ်သလဲ။ ဒါမှမဟုတ် သင့်မွေးနေ့မှာ ဘာမှမလုပ်ဘဲ သည်အတိုင်း ပြီးသွားတတ်သလား။ လူ တစ်ယောက် ဘ၀မှာ မွေးနေ့ဆိုတာ အရေး ပါတယ်မပါဘူး။ ပြောပြ ပေးပါ။

Q 231

မိဘကို မစော်ကားရဘူး။ မိဘဆိုတာ မိဘပဲလို့ ဆိုလေ့ရှိကြတယ်။ မိဘကို မသေခင် လုပ်ကျွေးပါလို့လည်း ပြောကြတယ်။ မိဘကျေးဇူးဆပ်ဖူးပြီလားလို့ မေးကြတယ်။ တချို့ကျ တော့လည်း မိဘကို အကြောင်းအမျိုးမျိုးကြောင့် ငြိုငြင်တတ်ကြတယ်။ သင်ကိုယ်တိုင်ကော မိဘ ကို ငြိုငြင်ဖူးသလား။ စိတ်ကွက် စိတ်ပျက်ဖူးသလား။ သားသမီးဆိုတာ မိဘလုပ်သမျှ ခံရ တာပဲဆိုတဲ့ စကားကိုကော ဘယ်လို လက်ခံထားသလဲ။

Q 232

လူဆိုတာ ဘ၀ကူးကောင်းဖို့ အရေး ကြီးတယ်လို့ဆိုကြတယ်။ ဘ၀ကူးကောင်းအောင် သင်ဘာလုပ်မလဲ။

Q 233

လူ တစ်ယောက် မှာ စိတ်ကောင်းရှိတယ် မရှိဘူး။ ဘာပေတံနဲ့ တိုင်းတာသင့်သလဲ။ သင် ကိုယ်တိုင်ကော စိတ်ကောင်းရှိရဲ့ လား။ စိတ်ကောင်းရှိမှ လူကြီးလူကောင်း ဖြစ်တယ်ဆိုတာ ကော ဟုတ်ပါသလား။

Q 234

စကားပြောကောင်းတဲ့သူတွေ ဟာ စိတ်ကောင်းမရှိဘူးတဲ့ ။ စိတ်ကောင်းရှိတဲ့သူတွေ ဟာ စကားပြောမကောင်းဘူးတဲ့။ အဲဒါ ဟုတ်ပါသလား။

Q 235

တိုင်းပြည်နဲ့ လူမျိုးအတွက် အမျိုးဘာသာ သာသနာအတွက် သင်ဘယ်လောက် ကိုယ် ကျိုးစွန့်ခဲ့ဖူးပြီလဲ။

Q 236

သင့်ကိုယ်သင် ဘယ်လောက်ချစ်သလဲ။

Q 237

အိမ်ထောင်သည် တစ်ယောက် မှာ “အချစ်သစ်”ဆိုတာ ရှိလာနိုင်သလား။ ရှိလာခဲ့တယ် ဆိုရင်ကော အဲဒါဟာ အစစ်အမှန် ဟုတ်နိုင်သလား။

Q 238

အနာသိရင် ဆေးရှိသတဲ့။ အနာသိပြီး ဆေးမရှိတဲ့အ ဖြစ်မျိုးကြုံလာရင် သင်ဘာလုပ် မလဲ။

Q 239

တချို့က အချစ်ကို ကိုးကွယ်ကြသတဲ့။ သင်ကော အချစ်ကို ကိုးကွယ်သလား။ အချစ် ကို ကိုးကွယ်တဲ့သူတွေ ကိုကော သင်ဘယ်လို သဘောထားမလဲ။

Q 240

မျက်ရည်ဆိုတာ အကောင်းဆုံးလက်နက်လို့ ဆိုကြတယ်။ “မျက်ရည်”ကို ဘ၀မှာ လက် နက် အ ဖြစ်အသုံးပြုဖူးသလား။

Q 241

တချို့က “စိတ်”ကို အလိုလိုက်တတ်ကြသတဲ့။ စိတ်ကို အလိုလိုက်တတ်တဲ့သူများ ဟာ ပျော့ညံ့တတ်သတဲ့။ သင်ဘယ်လိုမြင်သလဲ။ သင်ကော စိတ်ကို အလိုလိုက်တတ်သူလား။

Q 242

ဗေဒင်မေးတယ်ဆိုတာ ကိုယ့်ကိုယ်ကို မယုံကြည်တတ်တဲ့ သူတွေ လုပ်တဲ့အလုပ်လို့ ပြောတဲ့သူတွေ က ပြောကြတယ်။ သင်ကော ဗေဒင်ကို ယုံကြည်တတ်သလား။

Q 243

ရွှေဝတ်တယ်ဆိုတာ လူအထင်ကြီးခံရအောင် လုပ်တာမျိုးလို့ ပြောရင် သင်ဘာပြော မလဲ။

Q 244

လူ တစ်ယောက် ကို ဘာကြည့်ပြီး ပေါင်းသလဲ။

Q 245

ကိုယ့်ကို ကြည့်မရဘူးဆိုတဲ့ သူကို ကြည့်လို့ရလာတဲ့အထိ မကြိုးစားနိုင်ဘူးဆိုရင် အဲသည့်လူဟာ လူညံ့တဲ့ ။ အဲသည့်အချက်ကို သင်လက်ခံသလား။

Q 246

တချို့က လမ်းသွားရင် ကိုယ့်ကို လူကြည့်ခံစေချင်ကြတယ်။ အဲဒါ ဘာ့ကြောင့် လဲ။

Q 247

ကိုယ့်မှာ ဘာတွေ အားနည်းနေတယ်လို့ ထင်သလဲ။ အဲသည့် အားနားချက်တွေ ကို တစ်စုံ တစ်ယောက် က ဝေဖန်ထောက်ပြရင် စိတ်ဆိုးတတ်ပါသလား။

Q 248

လူ တစ်ယောက် ကို လူမှု ရေး ဖောက်ပြန်မှု ရှိတယ်။ မရှိဘူး ဆိုတာ ဘာနဲ့ တိုင်းတာဆုံး ဖြတ်မလဲ။ အဲသည်လိုလူမျိုးဟာ လူကြီးလူကောင်းရော ဖြစ်နိုင်ပါ့မလား။

Q 249

စကား၊ စကား ပြောပါများ ၊ စကားထဲက ဇာတိပြသတဲ့။ ထန်းရည်မူးရင် ကျွဲခိုးပေါ်သတဲ့။ သင်ရော ကျွဲခိုးပေါ်ဖူးပါသလား။

Q 250

အရပ်ကောင်းမှ အလောင်းလှသတဲ့။ အဲသည့်အချက်ကို သင်လက်ခံပါသလား။

Q 251

ခင်ရာဆွေးမျိုး၊ မြိန်ရာ ဟင်းကောင်းလို့ ဆိုကြတယ်။ ဘယ်လို အခြေအနေမျိုးမှာ သင် ထမင်းစားကောင်းတတ်ပါသလဲ။

Q 252

တချို့က မသေခင်မှာ ကြိုတင်ပြီး သရဏဂုံတင်လေ့ရှိကြတယ်။ အဲသည့် အယူအဆကို မိစ္ဆာဒိဋ္ဌိအယူအဆလို့ ပြောမှာ လား။

Q 253

တယ်လီဖုန်းပြောတဲ့အခါ သင်ဘယ်လို “ထူး”လေ့ရှိသလဲ။ တချို့က “ဟယ်လို”၊ တချို့ က “အမိန့်ရှိပါ”၊ တချို့က “ပြောပါ”၊ တချို့က “အခုစကားပြောနေတာဘယ်သူလဲ”၊ တချို့က “ ဘယ်က အမိန့်ရှိပါသလဲ”၊ တချို့က “ဘယ်သူနဲ့ပြောချင်လဲ”၊ တချို့က “ဟုတ်ကဲ့” စသည်ဖြင့် ထူးလေ့ရှိကြတယ်။ တယ်လီဖုန်း ပြောပုံကိုကြည့်ပြီး လူ တစ်ယောက် ရဲ့ အဆင့်အတန်းကို အကဲဖြတ်တတ်ပါသလား။

Q 254

သည်သင်္ကြန်ရက်တွေ မှာ ကောင်းမှု ကုသိုလ်ဘာတွေ လုပ် ဖြစ်ခဲ့လဲ။ ဘာ့ကြောင့် အခါ ကြီးရက်ကြီးတွေ မှာ ကောင်းမှု ကုသိုလ် လုပ်ကြသလဲ။ ကျန်တဲ့နေ့ရက်တွေ မှာ ရော ကောင်းမှု ကုသိုလ် မလုပ်သင့်ဘူးတဲ့လား။

Q 255

လူ တစ်ယောက် ကို အရောင် ဆိုးလို့ရပါသလား။ အဲသည်လို အရောင် ဆိုးလို့ရတယ် ဆိုတဲ့သူတွေ ကို ကိုယ်ပိုင် အရည်အသွေးမရှိသူတွေ လို့ ပြောရင် ရပါသလား။

Q 256

“အမေနေ့”ဆိုတာ ကျင်းပနေကြတယ်။ “အဖေနေ့”ဆိုတာဘာလို့ မလုပ်ကြတာလဲ။ အဖေတွေ က အမေတွေ လောက် ကျေးဇူးမရှိဘူးဆိုတဲ့ သဘောလို့ သင်ယူဆသလား။

Q 257

ကိုယ့်အတွက် “သစ္စာ”အရှိဆုံးသူက ကိုယ့် “သွေး”ပဲလို့ဆိုကြတယ်။ အဲဒါ ဟုတ်ပါ့ မလား။

Q 258

မရှိလို့ မလှူ၊ မလှူလို့မရှိတဲ့။ မရှိဘဲ လှူနေကြတဲ့သူတွေ ကို ဘာပြောကြမလဲ။

Q 259

နေရေး ထက် သေရေး ခက်တယ်လို့ ဆိုကြပြန်တယ်။ဘာကြောင့် သေရေး ကျမှ ခက်နေ ရတာ တုန်း။

Q 260

တစ်ရွာမပြောင်းသူကောင်းမ ဖြစ်တဲ့။ သေချင်တဲ့ကျားတောပြောင်းသတဲ့။ မြန်မာစကား ကလည်း အမျိုးမျိုးပဲနော်။ ကိုင်း သင်ဘာလုပ်မလဲ။

Q 261

ပန်းနီနီပေးရင် ချစ်ဦးသူနဲ့ လွဲတတ်သတဲ့။ ချစ်သူတွေ လက်ကိုင်ပုဝါပေးရင် ကွဲတတ် သတဲ့။ အဲသည့်အယူအဆတွေ ဟာ မှန်တတ်လို့လား။ အူကြောင်ကြောင် အယူအဆတွေ လို့ သင်မထင်ဘူးလား။ သင်ရော ပန်းနီနီပေးဖူသလား။ လက်ကိုင်ပုဝါပေးဖူးသလား။

Q 262

တချို့က လူသိရှင်ကြား စေ့စပ်ကြောင်းလမ်းပြီးပါမှ လက်ထပ်ထိမ်းမြားလေ့ရှိတယ်။ တချို့က မကြောင်းလမ်းတော့ဘဲ လက်ထပ်ထိမ်းမြားလေ့ရှိကြတယ်။ ဘယ်လိုနည်းလမ်းက အိမ်ထောင်ရေး ကို ပိုမိုခိုင်မြဲစေတယ်လို့ ထင်ပါသလဲ။ ဘာ့ကြောင့် လဲ။

Q 263

ချစ်ခြင်းအစ မျက်စိကလို့ ဆိုကြတယ်။ သင်ကော ဘယ်လို ချစ်ခဲ့တာလဲ။ အချစ်ရဲ့ အစ ဟာဘာလဲ။

Q 264

သင့်မိသားစုထဲမှာ SARS ရောဂါ ရှိသူ တစ်ယောက် ရောက်လာပြီဆိုရင် သင်ဘာလုပ်မ လဲ။

Q 265

ဘာသာခြားလူမျိုးခြားနဲ့ အိမ်ရာထူထောင်သူတွေ ကို အမျိုးဘာသာ၊ သာသနာကို မစောင့်ထိန်းသူတွေ ရယ်လို့ ဆိုင်းဘုတ်တပ်ကြမလား။

Q 266

မွေးနေ့မွေးရက် တစ်ထပ်တည်းမ ဖြစ်ကြပါဘဲနဲ့ လေယာဉ်တစ်စီးလုံးပျက်ကျလို့ သေသွားရတဲ့သူတွေ ၊ ကားတစ်စီးလုံး မှော က်လို့ သေသွားရတဲ့သူတွေ ၊ ဗုံးကွဲလို့ အတူတူသေ ရတဲ့သူတွေ ၊ သင်္ဘောတစ်စီးလုံး မြုပ်လို့ သေသွားရတဲ့သူတွေ ဟာ ဘာ့ကြောင့် ကံတူအကျိုး ပေး ဖြစ်ကြရတာ လဲ။

Q 267

ဓာတ်လှေကားထဲမှာ ပိတ်မိနေပြီဆိုပါစို့။ ပထမထပ်နဲ့ ဒုတိယထပ်အကြားမှာ ကန့်လန့် ခံပြီး ဓာတ်လှေကားကအပေါ်တက်မရ၊ အောက်ဆင်းမရနဲ့ တန်းလန်း ဖြစ်နေပြီဆိုပါစို့ သင်ဘာ လုပ်မလဲ။

Q 268

ကိုယ်ချစ်နဲ့ သူချစ် ဘယ်သူက အားသာမယ်ထင်ပါသလဲ။

Q 269

ကိုယ့်အပေါ် စိတ်ကောင်းမရှိတဲ့သူနဲ့ ဘယ်လောက်ကြာကြာ ပေါင်းနိုင်မယ်လို့ ထင်ပါ သလဲ။

Q 270

သင့်အတွက်ဆိုရင် မှန်မှန်မှားမှား။ သင့်ကို အသက်စွန့်ပြီး သစ္စာရှိတဲ့ သူရှိပါသလား။

Q 271

စည်းနဲ့ ကမ်းနဲ့ နေတတ်စားတတ်ဖို့၊ ပြောတတ်ဆိုတတ်ဖို့ဆိုတာ လူ တစ်ယောက် ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တတ်ပါသလား စည်းနဲ့ကမ်းနဲ့မနေတတ် မပြောတတ်၊ မစားတတ်၊ မဆိုတတ်ဘူးဆိုရင် အဲသည့်လူကို လူကြီးလူကောင်းလို့ မသတ်မှတ်တော့ဘူးလား။

Q 272

ဘင်လာဒင်ကို အမေရိကန်တွေ ရှာမတွေ့ ကြတာလဲ။ အမေရိကန်တွေ ရဲ့ ညံ့ဖျင်းမှု လို့ သင်ထင်သလား။

Q 273

မျက်နှာမြင်ချစ်ခင်ပါစေ၊ အသံကြားသနားပါစေလို့ ဆုတောင်းလေ့ရှိကြတယ်။ အဲသည် လို ဆုတောင်းခြင်းဟာ အဓိပ္ပာယ်ရှိပါရဲ့ လား။

Q 274

မျက်ရည်ကျတတ်တဲ့ ယောက်ျားတွေ ကို မိန်းမတွေ က အထင်မကြီးလို့ပြောကြတယ်။ အဲဒါဟာ ယောက်ျားကောင်းတွေ ရဲ့ လက္ခဏာမဟုတ်ဘူးလို့လည်း ဆိုကြတယ်။ သင်ဘယ်လို ယူဆပါသလဲ။

Q 275

သူတစ်ပါးကြောင့် ကဲ့ရဲ့ သဂြိုဟ်စကားဆိုတတ်သူတွေ ၊ အတင်းပြောတတ်သူတွေ ဟာ ယောက်ျားမပီသတဲ့သူတွေ လို့ ပြောရင်မှန်ပါသလား။

Q 276

သင်ဟာ ဘ၀ကိုရောင့် ရဲတင်းတိမ်တတ်သူလား။ ဘယ်လို အခြေအနေမျိုးမှာ သင့်ဘ၀ ကို ရောင့် ရဲတင်းတိမ်မှာ လဲ။ ဘ၀ကို မရောင့် ရဲနိုင်သူတွေ ဟာ စိတ်ချမ်းမြေ့မှု ဘယ်တော့မှ မရ နိုင်ဘူးဆိုတာကိုရော သင်လက်ခံပါသလား။

Q 277

တဏှာရာဂစိတ်ကြီးမားတဲ့သူတွေ ကို စိတ်အလိုလိုက်တတ်သူတွေ လို့ ဆိုတတ်ကြ တယ်။ အမှန်အမှား မခွဲခြားတတ်သူတွေ လို့လည်း ပြောကြတယ်။ အဲဒါ ဟုတ်ပါသလား။

Q 278

လူတိုင်းဘာကြောင့် စာရေး ဆရာမ ဖြစ်ကြတာလဲ။ ဗီဇနဲ့ ဆိုင်သလား။ ပတ်ဝန်းကျင် လှုံ့ဆော်မှု နဲ့ ဆိုင်သလား။

Q 279

လူတွေ ဟာ ဒေသ ဖြစ်ရင် တစ်ခုခုလုပ်တတ်ကြတယ်။ သင်ကောဒေါသ ဖြစ်ရင် ဘာလုပ်သလဲ။ ဒေါသကြောင့်ရော ဘယ်နှစ် ခါမှားဖူးသလဲ။ အဲသည့်ဒေါသ ကိုရော ဘယ်လို ထိန်းချုပ်သလဲ။

Q 280

လူတွေ မှာ အချစ်မရှိရင် ဘာတွေ ဖြစ်ကုန်မယ် ထင်ပါသလဲ။

Q 281

အရှက်နဲ့ အသက်လဲစရာကြုံလာရင် သင်ဘာရွေးမလဲ။

Q 282

လူ တစ်ယောက် ရဲ့ အတွင်းစိတ်ကို သိနိုင်ဖို့ အချိန်ဘယ်လောက်ယူရမယ်ထင်ပါသလဲ။

Q 283

လောကမှာ ဘယ်သူ့ကို အချစ်ဆုံးလဲ။ ဘယ်သူ့ကို အမုန်းဆုံးလဲ။

Q 284

မေတ္တာစစ်နဲ့ ချစ်တဲ့သူတွေ ဟာ ကိုယ့်ချစ်သူရဲ့ လိမ်ညာလှည့်စားမှု ကို သိသိနဲ့လည်း ကျေကျေနပ်နပ် ခံယူတတ်ကြတယ်။ ရင်ဆိုင်ခံစာတတ်ကြတယ်ဆိုတာ ဟုတ်ပါသလား။

Q 285

လူ တစ်ယောက် ရဲ့ နာမည် ကို ငွေနဲ့ ၀ယ်လို့ရတယ်ဆိုတာ ဟုတ်ပါသလား။

Q 286

လကမ္ဘာကို လိုက်ခွင့်ကြုံမယ်ဆိုရင် ဘာတွေ လုပ်ခဲ့မလဲ။

Q 287

သည်ကနေ့မနက်ဖြန်ဆိုသလို အရေး ပေါ်ခရီးထွက်မယ်ဆိုရင် တစ်ယောက် တည်းကိုပဲ နှုတ်ဆက်ဖို့အချိန်ရမယ်ဆို သင်ဘယ်သူ့ကို နှုတ်ဆက်ခဲ့မှာ လဲ။ အဖေ၊ အမေ လား။ ချစ်သူလား။ သူငယ်ချင်းလား။

Q 288

ဘာသာတရားရဲ့ အဆုံးအမဟာ လူ တစ်ယောက် ရဲ့ ဘ၀ကို ပြောင်းလဲစေတတ်ပါသ လား။

Q 289

ငယ်ငယ်တုန်းက ဆိုးခဲ့တဲ့ကလေးတွေ ဟာ ကြီးလာရင် လိမ်မာတတ်ကြတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။

Q 290

ကိုယ့်စိတ်ကြိုက် ထူထောင်တဲ့ အိမ်ထောင်နဲ့ မိဘစိတ်တိုင်းကျ ထူထောင်ရတဲ့ အိမ် ထောင်တွေ မှာ ဘယ်လို အိမ်ထောင်မျိုးတွေ က ရေရှည်တည်တံ့ခိုင်မြဲတယ်လို့ ထင်ပါသလဲ။

Q 291

သင်နဲ့ ဘယ်လိုမှ မျက်နှာကြောမတည့်တဲ့သူနဲ့ လေယာဉ် ဘေးချင်းယှဉ်ပြီး ခရီးအရှည် ကြီး သွားရမယ်ဆိုရင် သင်ဘာလုပ်မလဲ။

Q 292

တိရစ္ဆာန်တွေ ကို ချစ်တတ်ပါသလား။ အိမ်မွေးတိရစ္ဆာန်ကို ချစ်တဲ့သူတွေ ဟာ စိတ်သ ဘောထား နူးညံ့ပျော့ပျောင်းစေတယ်ဆိုတာကိုကော လက်ခံပါသလား။

Q 293

သင့်ဘ၀ကို ပြန်လည်သုံးသပ်ကြည့်ဖူးပါသလား။ တကယ်လို့များ အရာအားလုံးကို တစ်ကနေပြန်လည်စတင်ခွင့်ရမယ်ဆိုရင် သင်ဘာတွေ လုပ်မလဲ။

Q 294

လူ တစ်ယောက် သေဆုံးသွားခဲ့ရင် မြေမြှုပ် ၊ မီးသဂြိုဟ် ၊ ဂူသွင်းကြရာမှာ ဘယ်လိုနည်း လမ်းကို သင်ရွေးချယ်မှာ လဲ။ ဘာ့ကြောင့် လဲ။

Q 295

သင်ဟာ ရိုင်းပျတဲ့စပယ်ယာ တစ်ယောက် နဲ့ ဘက်စ်ကားပေါ်မှာ ကြုံပြီဆိုရင် ဘယ် လောက်အတိုင်းအတာအထိ သည်းခံနိုင်မယ်လို့ ထင်ပါသလဲ။

Q 296

ကံထူးရှင်အ ဖြစ် မြန်မာပြည်ထဲက စိတ်ကြိုက်နေရာတစ်နေရာတစ်ခုကို သွားခွင့်ရမယ် ဆိုရင် ဘယ်နေရာကို သွားချင်သလဲ။

Q 297

အိမ်ထောင်တစ်ခုမှာ ယောက်ျားဦးဆောင်တဲ့ အိမ်ထောင်ရေး ရယ်၊ မိန်းမဦးဆောင်တဲ့ အိမ်ထောင်ရေး ရယ် ဘယ်ဟာကပိုပြီး အောင်မြင်မယ်လို့ ယူဆပါသလဲ။

Q 298

SARS ရောဂါ ကို အမြစ်ပြတ်အောင် တိုက်ဖျက်နိုင်မယ့် မြန်မာ့တိုင်းရင်းဆေး ပေါ်ပေါက် လာလိမ့်မယ်လို့ သင်ထင်ပါသလား။

Q 299

ရာဇာနေ၀င်းခေတ် ဘာ့ကြောင့် ရောက်လာတယ်လို့ သင်ထင်ပါသလဲ။

Q 300

အဆက်မပြတ် တသွင်သွင်စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးဟာ တစ်နေ့နေ့မှာ ခြောက် ခန်းသွားနိုင်တယ်လို့ သင်စဉ်းစားကြည့်ဖူးလား။



ဝန်ဇင်းချစ်သူများ မြတ်ခိုင် ၏ “ မေးခွန်း တစ်ထောင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မြန်မာ - တရုတ် သတင်းလမ်းခင်းခဲ့ပြီ

ဦးနေ၀င်း၏ သေရွာပြန်မြေးများ

လျှပ်တစ်ပြက် အယုဒ္ဓယ