၁။ မွေးနေ့ပွဲ
အိပ်မက် မက်နေတာ ရာနှုန်းပြည့်နီးပါး သေချာသည်။ အိပ်မက်ဟု တိတိကျကျ ပြောရခြင်း တွင် အချက် နှစ် ချက် ရှိသည်။ ပထမအချက်မှာ ဘယ်တုန်းကမှ နေသာလေ့မရှိဘဲ အမြဲပင် မှိုင်း ဝေအုံ့ဆိုင်းနေတတ်သော ကျွန်မနေထိုင်ရာ ဖော့ခ်မြို့ကလေးဝယ် မျက်စိကျိန်းလောက်အောင် အလင်းရောင် များ ၀င်းထိန်နေခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အိပ်မက်ထဲတွင် ကျွန်မ၏ အဘွား နှင့် ပြန်ဆုံနေရသည်။ အမှန်တော့ အဘွားကွယ်လွန်သွားခဲ့သည်မှာ ခြောက်နှစ် ခန့် ရှိပါပြီ။ထို့ ကြောင့် ဒါဟာ အိပ်မက်မျှာသာ ဖြစ်သည်ဟု ကျွန်မကအခိုင်အမာ ယူဆခဲခြင်း ဖြစ်သည်။
အဘွားမှာ သိပ်ပြီး မပြောင်းလဲပေ။ သူမ၏ မျက်နှာမှာ ကျွန်မမှတ်မိနေသော အဘွား၏ မျက်နှားနှင့် တစ်သဝေမတိမ်း တူသည်။ အတွန့် အခေါက်များ စွာ ပါသော နှုးညံ့ဖြူဖွေးသည့် မျက် နှာ။ ဆွတ်ဆွတ်ဖြူနေသော ထူးထဲ့သည့် ဆံပင်များ က အပြင်က အဘွားလိုပင်။ ကျွန်မက အဘွား ကိုမြင်၍ အံ့သြသွားသလိုပင် အဘွားကလည်း ကျွန်မကိုမြင်း၍ အံ့သြသွားဟန်ရှိသည်။ ကျွန်မ ခေါင်းထဲမှာ အဘွားကို မေးစရာ မေးခွန်းများ စွာ ရှိနေသည်။ ကျွန်မအိပ်မက်ထဲမှာ အဘွား ဘာ လုပ်နေပါသနည်း။ လွန်ခဲ့သော ခြောက်နှစ် လုံးလုံးအဘွား ဘယ်ရောက်နေပါသလဲ။ အဘိုးနှင့် ရော တမလွန်မှာ ဆုံတွေ့ ခဲ့ကြပါသလား။ ကျွန်မက မေးခွန်း မေးမလို့ရှိစဉ် အဘွားကလည်း စကားပြော မလို့ ပါးစပ်ဟလိုက်ပြီးမှ ကျွန်မကိုဦးစားပေးသည့် အနေနှင့် ဘာမှ မပြောဘဲ နေလိုက်ပြီး ကျွန်မတို့ နှစ် ယောက် တစ်ယောက် ကို တစ်ယောက် အားတုံ့ အားနာပြုံးပြလိုက်ကြသည်။
“ဘယ်လာ…”
ကျွန်မနာမည် ကို ခေါ်လိုက်သူမှာ အဘွားမဟုတ်။ အဘွားရော ကျွန်မရော တစ်ပြိုင်တည်း လိုလို အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။ အသံပိုင်ရှင် ဘယ်သူ ဖြစ်သည်ကို ကြည့်ရန် ပင် မလိုချေ။ ကျွန်မ နိုးနေသည် ဖြစ်စေ၊ အိပ်မက်မက်နေသည် ဖြစ်စေ ဤအသံပိုင်ရှင် ဘယ်သူ ဆိုတာတော့မကြည့်ဘဲနှင့် သိပါသည်။
အက်(ဒ်)၀ပ် ..
အိပ်မက်ထဲမှာ ပင် ဖြစ်လင့်ကစား ကျဲကျဲတောက် ပူလောင်နေသော အလင်းရောင် ထဲသို့ သူ လမ်းလျှောက်လာတာ တွေ့ တော့ အံ့သြရသည်။ နေရောင် ထဲမှာ လမ်းလျှောက်လာလျှင် စိန်ပွင့် လေးတွေ လို ရောင် ပြန်တွေ တလက်လက် ဖြစ်တတ်သော သွေးစုပ်ဖုတ်ကောင် တစ်ယောက် နှင့် ကျွန်မချစ်ကြိုက်နေတာကို အဘွားအားမသိစေချင်ပါ။ ဘယ်လိုရှင်းပြရမှန်းပင် မသိပါ။ သူသည် သလင်းကျောက်ဖြင့် ….ဒါမှမဟုတ် စိန်ပွင့်များ ဖြင့် လုပ်ထားသော အရုပ်တစ်ခုပါဟု ပြောရမလို ဖြစ်နေပေသည်။
သူဒီမှာ ဘာလုပ်နေတာပါလိမ့်။ ဒီမြို့မှာ နေရောင် သိပ်မရဘဲအမြဲလို မိုးရွာပြီး တိမ်ဖုံးနေ တတ်သဖြင့် သူတို့မိသားစု လျှို့လျှို့ဝှက်ဝှက်လာနေကြတာ ဖြစ်သည်။ မိုးအုံ့နေသော အခါမှ သူအ ပြင်သို့ ထွက်လို့်ရသည်။ သွားလို့လာလို့ရသည်။ ဟော….သူလာနေပြီ။ ကျွန်မထံသို့ မျက်နှာမှု ၍ ကျွန်မသိပ်နှစ်သက် မြက်နိုးရသော အပြုံးကို ပြုံးကာ သူလာနေပါပြီ။ တစ်လောကလုံးမှာ ကျွန်မ တစ်ယောက် တည်း ရှိနေသလို ဘေဘီကို ဂရုမစိုက်ဘဲ ကျွန်မကို သူက ပြုံးပြပါသည်။
အဘွားမြင်သွားမှာ ဆိုးသဖြင့် မလုံမလဲ ကျွန်မ တစ်ချက်လှမ်းကြည့်မိသည်။ သိပ်နောက် ကျသွားပေပြီ။ အဘွားကလည်း စူးစမ်းသော အကြည့်များ ဖြင့် ကျွန်မကို ပြန်ကြည့်နေသည်။ အဘွားကိုမြင်ပြန်တော့ ကျွန်မ အံ့သြရပြန်သည်။ အဘွားသည် သူ့လက်နှစ် ဖက်ကို ရှေ့သို့ ဆန့် တန်းလျက် တစ်စုံ တစ်ယောက် ကို ကြိုလင့်နေသည်။ မမြင်ရသော တစ်စုံ တစ်ယောက် ပေါ့။ အဘွား ကိုကြည့်ရသည်မှာ ပန်းချီကားတစ်ချက်ထဲကို ရောက်နေသလို ရှိသည်။
ထိုအခိုက်တွင် ကျွန်မက အဘွားရှိရာသို့ ဦးတည်သွားလိုက်ကာအဘွား ကမ်းပေးသော လက်ကို ကျွန်မလက်ဖြင့် ထိလိုက်သည်။ ကျွန်မတို့လက်နှစ် ဖက်သည် ထိတွေ့ ဆုပ်ကိုင်လိုက်ရ မည့် အစား အေးစက်မာကျောသော အရာတစ်ခုကိုသာ ကျွန်မလက်က ဒေါက်ခနဲ ထိတွေ့ လိုက်မိ သည်။ ထိုအရာသည်မှန်တစ်ချက် ဖြစ်သည်။ ဘုရားရေ…ကျွန်မတွေ့ တာ အဘွားကို မဟုတ်၊ မှန်ထဲက ကိုယ့်အရိပ်ကို ကိုယ်ပြန်မြင်နေခြင်း ဖြစ်သည်။
သာယာကြည်နှုးဖွယ် အိပ်မက်က ထမင်းလုံးတစ္ဆေ ခြောက်ခံရသလို ထိတ်လန့်ဖွယ်အ ဖြစ် ကူး ပြောင်းသွား သည်။
အက်(ဒ်)၀ပ် ကတော့ ကျွန်မဘေးမှာ ရပ်နေဆဲ ဖြစ်သည်။ သူ ကတော့ ကျွန်မလို အဘွား ကြီးအရွယ်မဟုတ်။ အိုမင်းခြင်း မရှိ။ အမြဲတမ်းဆယ့်ခုနှစ် နှစ် သားလို ပျိုမြစ်နုနယ်နေဆဲ ဖြစ်သည် ။ သူကပါးရေတွန့်နေသော ကျွန်မပါးကို ထုံးစံအတိုင်း အေးစက်နေသော သူ၏ နှုတ်ခမ်းများ ဖြင့် နမ်း သည်။
“ပျော်ရွင်သော မွေးနေ့ပါ”
ထိုအခိုက်မှာ ပဲ ရုတ်တရက် ကျွန်မအိပ်ရာမှ လန့်နိုးသည်။ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ မိုးစင်စင်လင်းနေတာ တွေ့ ရသည်။
ဒါဟာအိပ်မက်ပါပဲ….ဟုကိုယ့်ကိုယ်ကိုယ်ပြောရသည်။ ဒါဟာအိပ်မက်တစ်ခုမျှသာ ပါပဲ။ နှိုးစက်နာရီက မြည် လာသဖြင့် အိပ်ရာမှ ကမန်းကတန်း ထကာ သွားပိတ်ရသည်။ စားပွဲတင်နာရီး ကလေး၏ ထောက်တွင်းပါရှိသော ပြက္ခဒိန် နေ့စွဲအကွက်လေးက ဒီနေ့သည် စက်တင်ဘာလ ၁၃ ရက်နေ့ဆိုတာ ညွန်ပြနေသည်။
အိပ်မက်က တစ်ခုတော့မှန်သည်။ ဤနေ့သည်ကျွန်မမွေးနေ့ ဖြစ်သည်။ ကျွန်မအသက် ဆယ့်ရှစ်နှစ် တင်းတင်းပြည့်သော နေ့ ဖြစ်ပါသည်။
ဤနေ့ကို ရောက်မှာ ကြောက်ရွံ့စိတ်ဖြင့် စောင့်ခဲ့ရတာ လပေါင်းများ စွာ ကြာပေပြီ။ စက္ကန့် နှင့် အမျှ မိနစ်နှင့် အမျှ နေ့ရက်များ ကုန်လွန်သွားသည်နှင့် အမျှ တစ်နှစ် ပြီး တစ်နှစ် အသက်ကြီးရင့် လာရသည်မှာ ဓမ္မာတာ ဖြစ်သည်။ ယခုအခါ ကျွန်မအသက် ဆယ့်ရှစ်နှစ် ။ အက်(ဒ်)၀ပ် ကတော့ ဒီလိုမဟုတ် သူသည် အိုမင်းရင့်ရော်ခြင်းကို လွန်မြောက်နေသူတစ်ဦး ဖြစ်သည်။
ကျွန်မသွားတိုက်ရင်း ကိုယ့်မျက်နှာကို မှန်နဲ့ပြန်ကြည့်မိသည်။ မှန်ထဲက ကျွန်မမျက်နှာမှာ ပြောင်းလဲခြင်း မရှိဘဲ ယခင်ကလို နုပျိုနေတာတွေ့ ရတော့ အံ့သြရမလိုပင် ဖြစ်ရသည်း။ ဖြူးဖွေး နုနယ်လှသော ကျွန်မမျက်နှာပေါ်မှာ အိမ်မက်ထဲမှာ တွေ့ ရသော ဇရာ၏ အရေး အကြောင်းများ ကို ရှာကြည့်မိသည်။ ဘာမှ မတွေ့  မျက်မှော က်ကြုက်ထားသဖြင့် ပေါ်လာသော နဖူးပြင်ထက်မှ အရေး အကြောင်းတစ်ခုကိုသာ တွေ့ ရသည်။ စိုးရိမ်ပူပန်နေသော မျက်လုံးညိုညို တစ်စုံက ကျွန်မ ကိုပြန်လှန်ပြီး စိုက်ကြည့်နေပါသည်။
ဒါဟာ အိပ်မက်တစ်ခုမျှသာပဲ…ဟုကျွန်မကိုယ် ကျွန်မ ပြန်ပြီးသတိပေးရသည်။ ဒါက အိပ် မက်ပါပဲ မက်ဖူးသမျှ အိပ်မက်ထဲမှာ တော့အဆိုးဆုံး အိပ်မက်တစ္ဆေပေါ့။
နံနက်စာပင် မစားတော့ဘဲ ကျောင်းသို့ ထွက်လာခဲ့သည်။ အရေး ထဲအိပ်မှ အထွက်တွင် အဖေနှင့် တည့်တည့်တိုးကာ စကားပြောနေရသည်။ ကျွန်မက မပေးပါနှင့် ဟု ပြောထားသော် လည်း အဖေက နားမထောင်ဘဲကျွန်မအတွက် မွေးနေ့လက်ဆောင်တစ်ခု ပေးလိုက်သေးသည်။ သာမန်အားဖြင့် ကျွန်မသည် မွေးနေ့တို့၊ မွေးနေ့လက်ဆောင်တို့ကို အလိုမရှိပါ။ သိုသော်လည်း အဖေက အမှတတ်တရ ပေးလာသော အံ့သြ၀မ်းမြောက် ဟန်ဆောင်ကာ အဖေစိတ်ချမ်းသာဖို့ သရုပ်ဆောင်ရသေးသည်။
ကျောင်းသို့ ကားမောင်းလာသည့် လမ်းတစ်လျှောက်လုံး အဘွာအို တစ်ယောက် လို ဖြစ်သွား သော အိပ်မက်ထဲမှ ကျွန်မပုံသဏ္ဍာန်ကိုသာ ထပ်တလဲလဲမြင်ယောင်နေပါသည်။ ကားရပ်နားရာ နေရာ၌ ကျွန်မချစ်သူ အက်(ဒ်)၀ပ်သည် ယခင်နေ့များ လိုပင် မလှုပ်မယှက် မတ်တတ်ရပ်၍ ကျွန်မ ကိုစောင့်နေပါသည်။ သူမက်တတ်ရပ်နေသည်မှာ နတ်သားတစ်ပါးလို ကြည့်လို့ပင် ကောင်းသေး သည်။ သူ့ညီမ အဲလစ်သည် သူ့ဘေးတွင် ရပ်၍ ကျွန်မကိုစောင့်နေ၏ ။ အလစ်၏ လက်ထဲတွင် ငွေရောင် စက္ကူဖြင့် ထုပ်ထားသော လေးထောင့်လက်ဆောင်ဘူးကလေးကို တွေ့ တော့ ကျွန်မ မျက် မှော င်ကြုပ်သွား၏ ။ မွေးနေ့အတွက် ဘာမှ မလိုချင်ပါဟု ကျွန်မအဲလစ်ကို ပြောထားပြီးသား ဖြစ် သည်။ ကျွန်မအဆိုပြုချက်မှာ မအောင်မြင်ခဲ့ပေ။
“ဟက်ပီးဘာ့(သ်)ဒေး ဘယ်လာ”
လူမသိ သူမသိ တိတ်တိတ် မွေးနေ့ကို ဖြတ်သန်းချင်သော ဆန္ဒမှာ မပြည့်ဝနိုင်တော့ပြီ။
“မွေးနေ့လက်ဆောင်ကို နင်အခုဖွင့်ကြည့်မလား၊ နောက်မှ ဖွင့်ကြည့်မလား”
“လက်ဆောင် မပေးပါနဲ့ဆို”
“သြော် အေးပါဒါဆို နောက်မှပဲဖွင့်ကြည့်ပေါ့၊ ဒါနဲ့ နင့်အမေပေးတဲ့ မှတ်တမ်းစာအုပ်နဲ့ နင့်အဖေ ပေးတဲ့ ကင်မရာကိုရော ကြိုက်ရဲ့ လား”
ကျွန်မသက်ပြင်းချလိုက်သည်။ ကျွန်မမိဘတွေ ပေးသော မွေးနေ့လက်ဆောင်ကိုပင် အဲလစ်က သိနေသည်။ အင်း…သူသတာ ဘာဆန်းသလဲ။ သူကရှေ့ ဖြစ်မှာ ကြိုမြင်နေသော အမြင် အာရုံပိုင်ရှင်ပေပဲ။
“ဟုတ်ကဲ့ ကြိုက်ပါတယ် တကယ့် အမိုက်စားတွေ ပဲ”
ထိုစဉ် ကျွန်မချစ်သူအက်(ဒ်)၀ပ်အနားသို့ ရောက်လာ၍ များ စွာ စိတ်သက်သာရာ ရမိသည်။ သူက ကျွန်မလက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့လက်များ မှာ ထုံးစံအတိုင်းပင် အမြဲတမ်း ချော မွေ့နူးညံ့ကာ အေးစက်နေကြသည်။
“မွေးနေ့ ရောက်တော့ ဘယ်လို ခံစားရသလဲ အချစ်လေး”
“အသက်တစ်နှစ် ပိုကြီးလာတယ်လို့ ခံစားရတာ ပေါ့”
“ဆယ့်ရှစ်နှစ် ဆိုတာ သိပ်မကြီးသေးပါဘူး”
ဟု အဲလစ်က ၀င်ဖြေသည်။
“မိန်းကလေးတွေ က အသက်နှစ် ဆယ့် ကိုးနှစ် မှ မွေးနေ့တွေ ကို စိတ်ပျုက်လာတတ်ကြ တာပါ။ သြော်…ဒါနဲ့နင် ဘယ်အချိန်လောက် အိမ်မှာ ရှိမလဲဟင်၊ ငါတို့ လာခေါ်မလို့”
“မခေါ်ပါနဲ့ ကျွန်မဘယ်အချိန်ပြန်ရောက်မလဲ မပြောတတ်လို့ပါ။”
“ကျောင်းဆင်းရင် ငါသူ့ကိုဝင်ခေါ်လိုက်မယ် အဲလစ်၊ သူ့အဖေကိုငါ ခွင့်တောင်းပြီးပြီး”
ဟု အက်(ဒ်)၀ပ်က ပိုင်ပိုင်နိုင်နိုင်ပင် ၀င်ပြောလိုက်သည်။
“ကျွန်မကျွန်မ အိမ်စာတွေ လုပ်ရဦးမယ်၊ ဟိုလေ..အင်္ဂလိပ်စာသင်ခန်းစာအတွက် ရိုမီယိနဲ့ ဂျူးလီယက် ဇာတ်ကားကို မကြည့်ရသေးဘူး”
“အဲဒီ ဇာတ်လမ်းကို နင်သိပြီးသားပါ”
“ဒီလိုပါ အဲလစ်၊ အင်္ဂလိပ်စာ ဆရာကြီးက ပြောတယ်လေ၊ ရှိတ်စပီးယားရဲ့ အရသာ အပြည့်အ၀ရအောင် လုံးစေ့ပတ်စေ့ နားလည်တဲ့အထိ ရုပ်ရှင်ကို ကြည့်သင့်တယ်တဲ့ အဲဒါကြောင့် ဒီနေ့ ငါအိမ်မှာ ဗီဒီယိုကြည့်မလို့ပါ”
“နင်အဲဒီ ဇာတ်လမ်းကို ကြည့်ဖူးပြီးသားမဟုတ်လား”
“ဟိုလေ…ဆရာကြီးပြောတာက ၁၉၆၀ ပြည့်နှစ် တွေ က ထွက်တဲ့ဇာတ်ကားအဟောင်းက ပိုကောင်းတယ်တဲ့၊ အကောင်းဆုံးပဲတဲ့”
အဲလစ် မျက်နှာပျက်သွားသည်။ အက်(ဒ်)၀ပ်က အခြေအနေကိုဝင်ထိန်းသည်။
“နေပါစေ အဲလစ် ဘယ်လာ ဗီဒိယို ကြည့်ချင်တယ်ဆိုရင်ကြည့်ပါစေ၊ ဒါသူ့မွေးနေ့ပဲ”
“ဟုတ်တာပေါ့”
ဟု ကျွန်မက ၀မ်းသာအားရ ၀င်ပြောသည်။
“သူရုပ်ရှင်ကြည့်ပြီးမှ ခုနစ်နာရီလောက်ကို ငါ ခေါ်လာခဲ့မယ်၊ နင်တို့ပြင်ဆင်ချိန် ပိုရတာ ပေါ့”
သူတို့ဘာသာ အဆိုတင်သွင်း၊ သူတို့ဘာသာဆုံးဖြတ်တာ အကွက်စေ့နေသည်။ အဲလစ် က စပ်ဖြဲဖြဲနှင့် …
“ကောင်းတာပေါ့ ညကျမှ တွေ့ မယ် ဘယ်လာ၊ ပျော်စရာတွေ နင်ကြုံတွေ့ ရမှာ ပါ”
ဖိတ်ခေါ်ထားသည့် အတိုင်း ဒီည အက်(ဒ်)၀ပ်တို့အိမ်ကို သွားရမှာ လန့်နေသည်။ စိတ်မပါ တာက တစ်ကြောင်း၊ ကျွန်မကို အရေး တယူခေါ်ကြ၊ ပြောကြ၊ နှုတ်ဆက်ကြ၊ လက်ဆောင်တွေ ပေး ကြမှာ ကို မနေတတ် မထိုင်တတ် ဖြစ်၍ တစ်ကြောင်း ဖြစ်သည်။ ကျောင်းမှာ တစ်နေကုန် စာသင်နေရသော်လည်းစိတ်မပါ။ ကျွန်မမှာ ချမ်းသာသူ တစ်ယောက် မဟုတ်သဖြင့် ဘယ်တော့မှ မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် လုပ်လေ့မရှိ ဒီလိုပဲ ဘာသိဘာသာ ကျော်ဖြတ်ခဲတာ များ သည်။ ကျွန်မ အမေမှာ ကျောင်းဆရာမ လစာနှင့် ချင့်ချိန်သုံးစွဲနေရသူ ဖြစ်ပြီး အဖေက ရဲအရာရှိ ဖြစ်သော် လည်း သိပ်ကြီးပိုပိုလျှံလျှံ ရှိလှသူမဟုတ်၊ ဒါ့ကြောင့် အဖေ့ဆီကလည်း ပိုက်ဆံတွေ ဘာတွေ တောင်းလေ့မရှိ။ ကျွန်မ၏ တစ်ခုတည်းသော ၀င်ငွေမှာ တစ်ပတ်လျှင် သုံးရက် အချိန်ပိုင်းအလုပ် ဆင်းရသော အားကစားပစ္စည်း ရောင်းသည့် စတိုးဆိုင်မှ အရောင်းစာရေး မ အလုပ် ၀င်ငွေကလေး သာ ဖြစ်သည် ။ ထိုဝင်ငွေမှာ လည်း သုံးဖို့မဟုတ်။ အကယ်၍ တက္ကသိုလ် ဆက်တက် ဖြစ်ပါက ကျောင်စရိတ်အ ဖြစ်စုထားရန် ဖြစ်သည်။
နေ့လယ်ခင်းစာသင်ချိန်များ မှာ တိတ်ဆိတ်စွာ ကုန်လွင်သွားသည်။ ညနေ ကျောင်းဆင်း တော့ အက်(ဒ်)၀ပ်က ကျွန်မကားနှင့် အိမ်သို့ လိုက်လာသည်။ ကျွန်မ ကားမောင်နေသည်ကို ဘေး မှ ထိုင်ကြည့်ရင်း ကားကက်ဆက်ကို ချောက်ခနဲ ဖွင့်လိုက်ရင်း ခလုတ်များ ကို ဟိုလှည့်ဒီလှည့် လုပ် ကြည့်ကာ-
“မင်းကားကက်ဆက်က သိပ်မကောင်းဘူးနော်၊ ရေဒီယို ဖွင့်လို့လည်းမရဘူး”
“ရှင်ကက်ဆက်ကောင်းကောင်း နားထောင်ချင်ရင် ကိုယ့်ကားကို ကိုယ်စီးပေါ့”
“ဒီနေ့ မင်းမွေးနေ့ စိတ်ကိုရှည်ရှည်ထားလေ”
“မထားရင်ကော”
အိမ်ရှေ့သို့ ရောက်လာ၍ ကားရပ်လိုက်စဉ် သူက ကျွန်မဘေးသို့ တိုးကပ်လာ၍ ဘာမပြော ညာမပြောနှင့် ဆွဲဖက်ကာ နမ်းလိုက်သည်။ အေးမြသော သူ့နှုတ်ခမ်းသည် ကျွန်မနှုတ်ခမ်းကို ဖိကပ်ထားရာ အက်ရှူဖို့ကိုပင် သတိမရတော့လောက်အောင် ရင်ခုန်လှိုက်မောသွားတော့သည်။ သူက နောက်တစ်ကြိမ် ထပ်နမ်းပြီးမှ ကျွန်မကိုလွှတ်ပေးသည်။
“သွားမယ် ကျွန်မဗီဒီယို ကြည့်တော့မယ်”
“ငါလည်းမင်းနဲ့ အတူတူကြည့်မယ်လေ၊ ငါက ရုပ်ရှင်ကို မကြည့်ဘူး၊ မင်းကိုပဲကြည့်မှာ ပါ၊ ရုပ်ရှင်ကြည့်ရင် မင်းကငိုမှာ လား ဟင်”
“အင်း စိတ်ထဲမှာ အရမ်းခံစားလာရင် ကျွန်မငိုမှာ ပေါ့”
“ကြိုက်လိုကြည့်ပါ၊ ကိုယ်မင်းကို မနှောက်ယှက်ပါဘူး”
ရိုမီယိုနှစ် ဂျူးလီယက်ခွဲခွာရသည့် အခန်းကိုကြည့်ရတော့ ကျွန်မတကယ် ငိုမိသည်၊ ဂျူးလီယက်က မေ့မျောနေရာမှ နိုးလာပြီး သူ့ယောက် က်ျားရိုမီယို၏ အသက်မဲ့ ရုပ်အလောင်းကို တွေ့ လိုက်ရသည့် အခန်း၌ ကျွန်မကြေကြကွဲကွဲ ခံစားရသည်။
“လူတွေ ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေရတာ လွယ်လိုက်တာနော်”
“ဘာရယ်”
အက်(ဒ်)၀ပ်က ရုပ်ရှင်ထဲမှ ဂျူးလီယက် အဆိပ်သောက်သေးသည့် အခန်းကို ကြည့်ကာ ပြောနေခြင်း ဖြစ်သည်။
“အဲဒီ ကိစ္စကို လုပ်ဖို့ လူတွေ မှာ သိပ်လွယ်တာပဲ၊ ဆေးမြစ် ဆေးဥအချိုကို လည်ချောင်းထဲ ၀င်အောင် မျိချလိုက်ရုံနဲ့ အောင်မြင်တာပဲ”
“ဘာ”
“ငါလည်း အရင်က ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ တစ်ခါ ကြေံစည်ဖူးတယ်၊ ဒါပေမဲ့ ငါ့အဖေရဲ့ အတွေ့ အကြုံအရ ငါတို့သွေးစုပ်ဖုတ်ကောင်တွေ ဟာ သေချင်တိုင်း ကိုယ့်ကိုယ်ကိုယ် လွယ်လွယ်ကူကူ သတ်သေလို့မရဘူး ဆိုတာ သဘောပေါက်လာတယ်၊ အဖေကဟာ ဘယ်နှစ် ကြိမ်လောက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့သလဲတောင်းမသိဘူး၊ ဒါပေမဲ့ သူဟာခု ထက်ထိ ကျန်မာလိုက်တာမှ ဒေါင်းဒေါင်မြည် လို့”
ကျွန်မက ခန္ဓာကိုယ်ကို တည့်တည့်လှည့်ကာ သူ့မျက်နှာကို မြင်အောင်ကြည့်လျက်..
“တစ်ခါ ကြံစည်ဖူးတယ်ဆိုတာ ဘယ်တုန်းကလဲ၊ ဘာကြောင့် လဲ”
ဟုမေးလိုက်သည်။
“ပြီးခဲ့တဲ့ နွေရာသီးက မင်းအသတ်ခံရတော့မယ်လို့ ဖြစ်တုန်းကလေ၊ မင်းကို အသက်ရှင် လျက် ပြန်တွေ့ ရဖို့ ငါအစွန်းကုန် ကြိုးစားခဲ့တယ်၊ တစ်ဖက်ကလည်း တခြားအစီးအစဉ်တွေ ကို လုပ်ဖို့တောင်း စိတ်ကူးမိပါတယ်၊ ကိုယ်ပြောခဲ့သလိုပေါ့၊ ဒီကိစ္စဟာ ကိုယ့်တို့အတွက်တော့ လူ တွေ လို အကောင်အထည်ဖော်ဖို့ မလွယ်ပါဘူး”
“ရှင် ကိုယ့်ကိုယ်ကို သတ်သေးဖို့ ကြံဖူးတယ်ဟုတ်လား”
“ဟုတ်တယ် မင်းမရှိဘဲ ကိုယ်အသက်မရှင်ချင်ဘူး”
ကြားရသော စကားကို ကျွန်မယုံပင် မယုံနိုင်ပေ။ သို့ သော် သူအတည်ပြောနေမှန်းတော့ သူ့မျက်လုံးများ က ဖော်ပြနေသည်။ ထိုအခိုက်တွင် အချက်ပြမီးများ မှိက်လိုက် လင်းလိုက်ဖြင့် ရဲကားတစ်စီး အိမ်ရှေ့သို့ ရောက်လာ၏ အဖေ ပြန်လာချေပြီ။
“ပျော်ရွှင်သော မွေးနေ့ပါ သမီး၊ ဒီနေ့ ပျော်ပျော်ပါးပါး နေနော်၊ အိမ်အလုပ်တွေ မလုပ်နဲ့”
“ဒီညနေ ကျွန်တော် အန်ကယ့် သမီးကို အပြင်းခဏခေါ်သွားချင်လို့ ခွင့်ပြု့ပါခင်ဗျား”
“အက်(ဒ်)၀ပ်က ယဉ်ကျေးစွာ ခွင့်ပန်၏ ”
“ကောင်းသားပဲ သမီးရဲ့ ၊ လိုက်သွားလေ…သူတို့အိမ်းသားတွေ နဲ့ ဓာတ်ပုံရိုက်ခဲ့ပေါ့၊ ဟုတ်လား”
အက်(ဒ်)၀ပ်တို့အိမ်းသို့ သွားရာလမ်း၌ အက်(ဒ်)၀ပ်က ကားမောင်းသဖြင့် ကျွန်မက ဘေးမှပဲ ထိုင်လိုက်လာခဲ့သည်။
“ကိုယ်တို့အိမ်မှာ မွေးနေ့ပွဲ မကျင်း ဖြစ်တာ တော် တော် ကြာသွားပြီ၊ မှတ်မိသလောက် ၁၉၃၅ က အမ်မက် မွေးနေ့ ကျင်းပပြီးနောက်ပိုင်းပဲ၊ ဒါကြောင့် ကိုယ့်တို့တစ်အိမ်းလုံး ဒီနေ့ စိတ် လှုပ်ရှားနေကြတယ်၊ ဒါနဲ့မင်း ကားကက်ဆက်အသစ်မလိုချင်ရင် တခြားမွေးနေ့လက်ဆောင် ဘာ လိုချင်လဲ”
“ကျွန်မဘာလိုချင်တယ်ဆိုတာ ရှင်သိပါတယ်”
“ဒီနေ့ညတော့ မ ဖြစ်နိုင်ပါဘူး ဘယ်လာ၊ တောင်းပန်းပါတယ်”
“ရှင်မလုပ်နိုင်ရင် ရှင့်ညီးအဲလစ်က ကျွန်မ ဖြစ်ချင်တာကို ဆောင်ရွက်ပေးချင်ပေးမှာ ပေါ့”
“အက်(ဒ်)၀ပ်က အံကိုကြိတ်ကာ ဟင်းခနဲ သက်ပြင်းချပြီး-”
“ဒီညဟာ မင်းရဲ့ နောက်ဆုံးမွေးနေ့ပွဲ မ ဖြစ်စေရဘူး ဘယ်လာ”
“ဒါမတရားဘူး”
ပြောရင်းဆိုရင်း အက်(ဒ်)၀ပ်တို့ အိမ်ရှေ့သို့ ရောက်လာသဖြင့် ကားကို ရပ်လိုက်သည်။ အိိမ်ထဲမှ မီးအလင်းရောင် များ က ပြတင်းပေါက်မှ လျှံကျနေကြသည်။ အိမ်ပတ်ပတ်လည်၌ ဂျပန်မီး ပုံးလေးများ ကို အလှဆင်ထွန်းထား၏ အိမ်ရှေ့ တံခါးမကြီး ၀င်ပေါက် လှေကားထစ်များ ၏ တစ်ဖက်တစ်ချက်၌ ပန်းနုရောင် နှင်းဆီများ ကို တန်းစီပြီး ချထားသည်။
“အို”
ဟုသာကျွန်မ ရေရွတ်မိတော့သည်။
“ဒီနေ့ မင်းမွေးနေ့မို့စပါယ်ရှယ် ပြင်ဆင်ထားတာပါ၊ မင်းနေချင့်စဖွယ် ဖြစ်အောင် ကြိုးစားထားတာပါ။”
“တကယ်ကို လှပါတယ်ရှင်”
ဟု ကျွန်မ မသဲမကွဲ ပြောမိ၏ ။ အက်(ဒ်)၀ပ်က တံခါးကို ဖွင့်ကာ ကျွန်မကို လက်ကမ်းပေး ၏ ။
သူတို့အားလုံး အဖြူရောင် ဧည့်ခန်းမကျယ်ကြီးထဲတွင် စောင့်နေကြသည်။ အခန်းထဲသို့ ကျွန်မ၀င်သွားသည်နှင့် -
“ဟက်ပီးဘာ့(သ်)ဒေး ဘယ်လာ”
ဟုဝိုင်းအော်ကြသည်။ ဧည့်ခန်းထဲ၌ နေရာလွတ်မကျန်အောင် ပန်းရောင် ဖယောင်းတိုင်များ ထွန်းညှိထားပြီး နှစ် ဆီပန်းများ ကိုလည်း သလင်းကျောက်အိုးများ ဖြင့် ထည့်ကာ အနှံ့အပြား အလှ ဆင်ထား၏ ။ ကျွန်မထင်တာတော့ ဒါ အဲလစ်၏ လက်ရာပဲ ဖြစ်မည် ။ အခန်းထဲရှိ အက်(ဒ်)၀ပ် စန္ဒရားဘေးမှာ တော့ အဖြူရောင် စားပွဲခင်းဖြင့် အလှဆင်ထားသော စားပွဲခုံတစ်ခုထိုစာပွဲပေါ်တွင် လည်း ပန်းနုရောင် မွေးနေ့ကိတ်တစ်လုံး၊ နောက်ထပ် နှစ် ဆီးပန်းအချို့၊ ဖန်ပန်ကန်ပြားများ ၊ ငွေ ရောင် ပါကင်စက္ကူဖြင့် ထုပ်ထားသော မွေးနေ့လက်ဆောင်ဘူးလေးများ ။
သူတို့လုပ်ပုံတွေ က ကျွန် ထင်တားထက် အဆတစ်ရာလောက်ဆိုးနေသည်။ အက်(ဒ်)၀ပ် ကကျွန်မအရိပ်အကဲကို သိသဖြင့် နှစ် သိမ့်သည့် အနေဖြင့် ကျွန်မလက်ကို တွဲ လိုက်ကာ နဖူးကို တစ်ချက် နမ်းလိုက်၏ ။
အက်(ဒ်)၀ပ်နှင့် မိဘများ ဖြစ်သော ဒေါက်တာကယ်လန်နှင့် အက်(စ်)မီမှာ သူတို့အသက် အရွယ်နှင့် မလိုက်အောင် နုပျိုလှပနေကြသည်။ သူတို့ကတံခါးဘေး ၀င်ပေါက်နှင့် အနီးဆုံးတွင် ရပ် ကာ ကျွန်မကိုကြိုဆိုနေကြသည်။ မိခင် ဖြစ်သူ အက်(စ်)မီက ကျွန်မကို ဂရုတစ်စိုက် ပွေ့ဖက်ကာ နှုတ်ဆက်သည်။ ဒေါက်တာကယ်လန် ကတော့ ကျွန်မပခုံးကို သူ့လက်ဖြင့် ဆုပ်ကိုင်ကာ နှုတ်ဆက် သည်။ အက်(ဒ်)၀ပ်၏ ညီမ ဖြစ်သူ ရိုစလီနှင့် ညီ ဖြစ်သူ အမ်းမက်တို့မှာ သူတို့ မိဘနှစ် ပါး၏ နောက်တွင် ရပ်နေကြသည်။
ရိုစလီမျက်နှာက ပြုံးမနေပါချေ။
သူတို့နှစ် ယောက် ကို မတွေ့ ရသည်မှာ တော် တော် ကြာချေပြီ၊ အမ်းမက် ကတော့ ရယ်ပြီး နှုတ်ဆက်သည်။
“နင် ကတော့ အရင်အတိုင်းပဲ မပြောင်းလဲဘူးနော် ဘယ်လာ၊ အမြဲတမ်းမျက်နှာကြီးနီရဲပြီး ရှက်နေတတ်တာပဲ၊ နေဦး ငါအိမ်အပြင်ခဏထွက်လိုက်ဦးမယ်၊ ငါ မရှိတုန်း အခမ်းအနား မစနဲ့ဦး”
အဲလစ်က ကျွန်မကို ပြုံးပြလိုက်တော့ သူမ၏ သွားများ က မီးရောင် တွင် လက်ခနဲ့ ဖြစ်သွား ကြသည်။ ဂျက်စပါးကလည်း ကျွန်မကို ပြုံးပြသည်။သို့ သော်သူကအနားသို့ ကပ်မလာ။ ခပ်လှမ်း လှမ်းမှာ ပဲနေသည်။ လွန်ခဲ့သော လများ က ဖီးနစ်(စ်)မြို့တွင် သူစောင့်ကြည့်နေသည့်ကြားမှ ကျွန်မ ကတစ်ပတ်ရိုက်ကာ ထွက်ပြေပြီး သတ်ကြပုတ်ကြ ဖြစ်ကုန်သည့် နောက်ပိုင်း ဂျက်စပါးနှင့် ကျွန်မ ခပ်တန်းတန်း ဖြစ်သွားသည်။ (ကမ္ဘာခြားနေတဲ့ချစ်သူစာအုပ်တွင် ရှုပါ)သူက သွေးကိုမြင်လျှင် စိတ် မထိန်းနိုင်ဘူးဟု အက်(ဒ်)၀ပ်ကပြောဖူးသည်။ အမ်းမက် ဆိုသော လူလည်း ထို့အတူပင်။ သို့ သော် သွေးမြင်လျှင်သွေးညှီနံ့ရလျှင် မသောက်ရ မနေနိုင်အောင် မထိန်နိုင် မသိမ်းနိုင် ဖြစ်လာရာတွင် ဂျက်စပါးသည် ဒေါက်တာကယ်လန်တို့ မိသားစုထဲတွင် အဆိုးဆုံး ဖြစ်သည်။
“လက်ဆောင်ပစ္စည်းတွေ ဖွင့်ကြည့်ဖို့အချိန်ကြလာပါပြီ”
ဟုအဲလစ်က ကြေညာသည်။ သူမက ကျွန်မ တံတောင်ဆစ်ကို ကိုင်ပြီး စားပွဲဘက်သို့ တွန်းပို့ပေးသည်။
“အဲလစ်ရယ် ကျွန်မဘာလက်ဆောင်မှ မလိုချင်ပါဘူးဆိုတာ ပြောပြီး”
“နင်ပြောတာ ပြောတာပဲ၊ တို့ကလည်း ပေးချင် ပေးမှာ ပေါ့၊ ကဲပါဖွင့်ကြည့်ပါဦး”
လက်ဆောင်ဘူးလေမှာ အလွန်ပေါ့ပါးလှသဖြင့် အထဲမှာ ဘာမှမပါဘူးဟု ခံစားမိသည်။ ဘူးကလေး၏ အပေါ်မှာ တော့ အမ်းမက် ရီုစလီနှင့် ဂျက်စပါတို့၏ လက်ဆောင်ဟု စာကပ်ထား သည်။ ပါကင်စက္ကူကို ဖြဲလိုက်တော့ အောက် ဘူးကလေး ပေါ်လာသည်။ လျှက်စစ်ပစ္စည်းတစ်ခု ဖြစ်ပုံရသည်။ ဘူးကို ဖောက်လိုက်သည်။ အထဲမှာ ဘာမှ မရှိ။ ဗလာနတ္တိ။
“ဟင် ကျေးဇူးပဲ”
ကျွန်မက ဘာမှမပေးပါနဲ့ ဆို၍ သူတို့ကဘာမှ မပါသော ဘူးကိုပေးခြင်းပေပဲ ဖြစ်သည်။ ရိုစလီက ရှားရှားပါးပါး ပြုံးလိုက်သည်။ ဂျက်စပါရယ်မောလိုက်၏ ။
“ငါတို့ ပေးတာ ကားကဆက်တစ်လုံးပါ၊ အမ်းမက်ရာယ် အခုမင်းကားထဲမှာ စက်တွေ ဆင် နေတယ်၊ အဲဒီ လိုဆိုတော့ နင် ငါတို့ကို မလိုချင်ဘူးဆိုပြီး ပြန်ပေးလို့ မရတော့ဘူးပေါ့”
အဲလစ်မှာ အမြဲတမ်း၊ ကျွန်မထက် တစ်ကွက်ကျောနေသည်။
“ကျေးဇူးပဲ ဂျက်စပါနဲရိုစလီ”
နေ့လယ်က ကားပေါ်မှာ ကျွန်းမ ကားကက်ဆက်၏ ညံ့ဖျင်းပုံ ရေဒီယို ဖွင့်မရပုံကို အက်(ဒ်)၀ပ်က အပြစ်တင် ညည်းထွားနေသည်ကို သတိရမိသည်။ လက်စသက်တော့ ဒါဟာ သူတို့ မောင်နှမတွေ အားလုံး ပေါင်းပြီး ကြံတာပါလား။
“အမ်းမက်ရေ…ကျေးဇူးတင်ပါတယ်”
ဟု အပြစ်မှာ ကားကက်ဆက် ဆင်နေသော အမ်းမက်ကြားအောင် ကျွန်မက အသံကို မြင့်၍ အော်ပြောလိုက်သည်။ အမ်းမက်၏ ရယ်သံကို အပြင်ဘက်မှ ကြားရသည်။ ကျွန်မလည်း မရယ်ဘဲ မနေနိုင်တော့ပေ။
ငါ့လက်ဆောင်ကိုလည်း ဖွင့်ကြည့်ဦးလေ၊ ပြီးတော့မှ အက်(ဒ်)၀ပ်လက်ဆောင်ကို ဖွင့်
အမ်းမက်က အိမ်းထဲဝင်လာပြီး ဂျက်စပါနှင့် အတူ ကျွန်မအနားသို့ ရောက်လာကာ လက် ဆောင်ပစ္စည်းထုပ် ဖွင့်သည်ကို လာကြည့်သည်။
“ကဲ…ပေး ပေး ဖွင့်ကြည့်မယ်”
လက်ဆောင်ဘူးလေးကို အဲလစ်ထံမှ ယူလိုက်သည်။ ကျွန်မ အကြည့်က အက်(ဒ်)၀ပ်ဆီ သို့ ရောက်သွားရင်း ဘူးကို ဖွင့်လိုက်ရာ စတက်ပလာကလစ်နှင့် လက်ညှိုးထိပ် ထိမ်ပြီး စူးသွား၏ ။
“အ”
ကျွန်မက အားခနဲအော်ပြီး ဘူးကို လွှတ်ချလိုက်ရာ လက်ညှိုးမှာ အနည်းငယ် ပြတ်ရှသွား ၏ ။
မဆိုသလောက် ပြတ်ရှသွားသော ဒဏ်ရာမှ သွေးတစ်စက်သည် ကျွန်မလက်မှ ကြမ်းပြင် ပေါ်သို့ ကျသွား၏ ။
၎င်းနောက် ဖြစ်ပျက်ခဲ့သမျှ အ ဖြစ်အပျက်များ မှာ အလွန်လျင်မြန်လေသည်။
ဂျက်စပါသည် သွေးညှီနံ့ ရသည်နှင့် စိတ်မထိန်းနိုင်ဘဲ ကျွန်မ၏ သွေးကို သောက်ရန် ရှေ့ သို့ တစ်ဟုန်ထိုး တက်လာ၏ ။
“မလုပ်နဲ့”
ဟု အက်(ဒ်)၀ပ်က အော်ပြီး ကျွန်မ ရှေ့တွင် ၀င်ရပ်ကာ ဂျက်စပါကို လက်တစ်ဖက်ဖြင့် တားရင်း ကျွန်မကို နောက်ဘက်သို့ တွန်းလိုက်၏ ။
အက်(ဒ်)၀ပ် တွန်းလိုက်သဖြင့် ကျွန်မသည်နောက်ပြန်လွင့်သွားပြီး ပန်းကန်များ တင်ထား သော စားပွဲနှင့် တိုက်မိကာနံရံနှင့် ပစ်ဆောင့်မိသလို ဖြစ်သွား၏ ဂျက်စပါလည်း ကျွန်မနှင့် ဆန့်ကျင် ဘက်သို့ လွင့်ထွက်သွားသည်။
ဆူဆူညံညံ ရုန်းရင်းဆန်ခတ် အသံများ ကိုလည်း ကြားရသည်။ ဂျက်စပါသည် ရင်ခေါင်း အသံကြီးဖြင့် အော်ဟစ်ရုန်ကန်နေသည်ကို အက်(ဒ်)၀ပ်က အတင်းချုပ်ကိုင်ထားသည်။ ဂျက်စပါ ၏ သွားများ သည် အက်(ဒ်)၀ပ်မျက်နှာတွင် ကပ်ပြီး ပါးစပ်ကို ဟထားသည်။ သူ့မျက်လုံးများ က ကျွန်မကိုကြည့်ကာ ပါးစပ်ကို ကြောင်တစ်ကောင်လိုဖြဲပြထားသဖြင့် ဖြစ်၍ ထိတ်လန့်ဖွယ် ကောင်းလှသည်။ ထိတ်လန့်ကြောက်ရွံ့မှု နှင့် အတူ နာကျင်မှု ကိုပါခံစားရသည်။ စားပွဲပေါ်သို့ ပစ် အကျတွင် လက်ထောက်လိုက်သဖြင့် ပန်းကန်ကွဲများ ဖြင့် ရှမိရာမှ ကျွန်မလက်ကောက်ဝတ်မှ သွေးများ စီးကျလာ၏ ။ အခြေအနေက ထင်ထားတာထက် ဆိုးနေသည်။ သွေးစုပ်ဖုတ်ကောင်များ ရှိသောေ အခန်းထဲ၌ ကျွန်မ၏ သွေးညှီုနံ့မှာ လိုတာထက် ပိုနေကာ အန္တရာယ်ကို ဖိတ်ခေါ်နေ တော့သည်။
လက်မှ ထွက်သော သွေးများ ကို မြင်ရပြီး ခေါင်းများ မှုးဝေလာကာ ကျွန်မမြင်ကွင်းများ ချာချာလည်း သွားပါတော့သည်။
နောက်ဆုံးအနမ်း
သွေးမြင်သဖြင့် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသူများ တွင် ဒေါက်တာကယ်လန် မပါဝင်ပေ။ ရာစုနှစ် ပေါင်းများ စွာ ဆေးရုံ အရေး ပေါ်ခန်းထဲ၌ တာဝန် ထမ်းဆောင်ခဲ့သည့် အတွေ့ အကြုံက သူ့ ကို တည်ငြိမ်စေသည် ထင်သည်။
“အမ်းမက်နဲ့ ရိုစလီ… ဂျက်စပါကို အပြင် ခေါ်ထုတ်သွား”
အမိန့်သံ ပါသော ဖခင်၏ စကားအဆုံးတွင် ဂျက်စပါကို ဆွဲထုတ်သွားကြ၏ ။ ဂျက်စပါက တွန့်လိမ် ရုန်းကန်ရင်း ပါသွားသည်။
ကျွန်မ ချစ်သူ အက်(ဒ်)၀ပ်၏ မျက်နှာမှာ ကျွန်မ မြင်ဖူးသမျှ အခါတိုင်းထက် ပို၍ သွေး ဆုတ် ဖြူဖွေးနေသည်။ သူ့ ကြည့်ရသည်မှာ အသက်ပင် ရှူပုံမရဘဲ ကျွန်မနားတွင် ရပ်ကာ ကျွန်မ ကို ကာကွယ်ရန် အသင့်အနေအထားဖြင့် ရပ်နေသည်။
“ဒဏ်ရာမှာ မှန်စ တော် တော် များများ စိုက်ဝင်နေတယ်”
ဒေါက်တာကယ်လန်က ကျွန်မ လက်မောင်းကို သေသေချာချာ စစ်ဆေးကြည့်ပြီး မှတ်ချက် ပေးလိုက် သည်။
“ဘယ်လာ…သမီးကို အန်ကယ်ကိုယ်တိုင် ဆေးရုံကို ကားမောင်းပြီး လိုက်ပို့ရမလား၊ ဒါမှ မဟုတ် ဒီမှာ ပဲ အန်ကယ်ကိုယ်တိုင် ကုပေးရမလား”
“ကျေးဇူးပြုပြီ ဒီမှာ ပဲ လုပ်ပေးပါ”
ဟု ကျွန်မ လေသံဖျော့ဖျော့ဖြင့် ဆိုလိုက်၏ ။ အဲလစ်က သူ့အဖေ၏ ဆေးအိတ်ကို ယူလာ ၏ ။ အက်(ဒ်)၀ပ်က ကျွန်မကို ချီ၍ ကုလားထိုင်ပေါ်တွင် ချပေးသည်။ အက်(ဒ်)၀ပ် ကြည့်ရသည်မှာ သွေးညှီနံ့ကို မရှူမိအောင် အသက်အောင့်ထားပုံ ရသည်။
“အပြင်ခဏထွက် သွားပါလား အက်(ဒ်)၀ပ်”
“ဟင့်အင်း”
“လေကောင်းလေသန့် ထွက်ရှူလိုက်ပါလား၊ ကျွန်မ တစ်ယောက် တည်း ဖြစ်ပါတယ်”
“ဟင့်အင်း… ကိုယ် ဒီမှာ ပဲ နေမယ်”
သည်တစ်ခါတော့ ဒေါက်တာကယ်လန်ပင် မနေသာတော့။
“သား… အက်(ဒ်)၀ပ်၊ ဂျက်စပါနောက်ကို လိုက်ကြည့်စမ်း၊ သူ အဝေးကြီးကို ထွက်သွား ဦးမယ်”
“ဟုတ်တယ်… အက်(ဒ်)၀ပ်၊ ရှင် လိုက်ကြည့်လိုက်ပါ”
အက်(ဒ်)၀ပ်က မထွက်ချင် ထွက်ချင်ဖြင့် နောက်ဖေးတံခါးကို ဖွင့်ကာ အခန်းထဲမှ ထွက် သွား၏ ။ အဲလစ်ကလည်း တောင်းပန်သော အပြုံးလေးနှင့် ကျွန်မကို ပြုံးပြကာ လှစ်ခနဲ အခန်းထဲမှ ပြေးထွက် သွားပါတော့သည်။ ကျွန်မ သွေးနံ့ကို သူတို့ ဘယ်သူမှ မခံနိုင်ပါတကား။
“အင်း… ကျွန်မကြောင့် တစ်အိမ်လုံးလည်း လူမကျန်သလောက် ဖြစ်ကုန်ပြီ၊ ရှင်ကျတော့ ခံနိုင်ရည်ရှိအောင် ဘယ်လိုလုပ်တာလဲ ဒေါက်တာ”
“နှစ် ပေါင်းများ စွာ အလေ့အကျင့်ပေါ့ကွာ”
ကျွန်မ လက်မောင်းထဲမှ မှန်ကွဲစများ ကို စနစ်တကျ တစ်ခုပြီး တစ်ခု ဆွဲထုတ်သည်။ ပြီး တော့ အ၀တ်စတွင် ဆေးရည်တစ်မျိုး ဆွတ်ပြီး အနာပေါ် အုပ်လိုက်သေးသည်။ ဆေးနံ့မှာ ပြင်းလှ သဖြင့် ခေါင်းထဲမှာ စူးခနဲ ဖြစ်သွားသေးသည်။ ကျွန်မ ဒဏ်ရာမှ သွေးစသွေးနများ ကို စက္ကူအဖြူ များ ဖြင့် သုတ်ထားရာ သွေးစွန်းသော စက္ကူများ မှာ ထွေးခံထဲဝယ် ပြည့်နေ၏ ။ မှန်ကွဲစ တော် တော် များများ မှာ လည်း ပန်းကန်ထဲဝယ် ရှိကြသည်။ ဒေါက်တာကယ်လန်က အရက်ပြန် အနည်းငယ်ကို ထွေးခံထဲသို့ လောင်းထည့်လိုက်ပြီး မီးခြစ်ကာ စက္ကူများ ကို မီးရှို့လိုက်၏ ။ ဟုတ်ခနဲ တောက် လောင်သွားသော မီးညွန့်က ကျွန်မကိုပင် ထိတ်လန့်သွားစေသည်။ မီးတောက်သည် သွေးစွန်းနေ သော စက္ကူများ ကို ခဏအတွင်း လောင်ကျွမ်း ပြာကျသွားတော့သည်။ ဒေါက်တာက သူ့ဆေးသေ တ္တာထဲမှ အပ်နှင့် အပ်ချည်ကို ထုတ်လိုက်သည်။
“မနာပါဘူး၊ ထုံဆေးနဲ့ ချုပ်ပေးပါ့မယ်”
ဒေါက်တာကယ်လန်က ဆေးထိုးအပ်ထဲသို့ ထုံဆေးကို စုပ်ယူလိုက်စဉ် ကျွန်မ အသိချင် ဆုံး မေးခွန်းကို မေးလိုက်၏ ။
“ဒါတွေ အားလုံးရဲ့ အစဟာ ဘယ်လို ဖြစ်လာတာလဲ ဟင်”
ဒေါက်တာကယ်လန်က ကျွန်မ မေးခွန်းကို မဖြေဘဲ အကြာကြီး တိတ်ဆိတ်နေ၏ ။ ပြီးမှ…
“အဲဒါ အက်(ဒ်)၀ပ်ရဲ့ အမေကြောင့် ပဲ၊ သူ့ကြောင့် ငါ ဒီလမ်းကို ရွေးခဲ့တာ”
“သူ့အမေ… ဟုတ်လား”
မိဘတွေ အကြောင်း မေးတိုင်း အက်(ဒ်)၀ပ်က သူတို့ ဆုံးတာ ကြာခဲ့ပြီဟုသာ ဖြေခဲ့သည်။ နှစ် တွေ ကြာညောင်းသဖြင့် သူ့မှတ်ဥာဏ်က မလိုက်နိုင်တော့တာ ဖြစ်မည် ။ ဒေါက်တာကယ်လန် ကတော့ အာလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေပုံရလေသည်။
“သူ့အမေ နာမည် က အဲလိဇဘက် တဲ့၊ သူ့အဖေ နာမည် ကလည်း အက်(ဒ်)၀ပ်ပဲ၊ အက်(ဒ်) ၀ပ်စီနီယာပေါ့၊ သူ့အဖေဟာ ဆေးရုံ ရောက်ကတည်းက သတိပြန်လည်မလာတော့ပါဘူး၊ အဲဒီ နေ့ မှာ ပဲ ဆုံးသွားရှာတယ်၊ ဒါပေမဲ့ အဲလိဇဘက် ကတော့ သူမရဲ့ နောက်ဆုံးအချိန်အထိ သတိရှိသွား ခဲ့တယ်၊ အက်(ဒ်)၀ပ်က အမေတူသားကွဲ့၊ ဆံပင်အညိုရောင် သန်းနေတာ၊ မျက်လုံးက အစိမ်း ရောင် လဲ့နေတာဟာ သူ့အမေနဲ့ တထေရာတည်းပဲ”
“သူ့မျက်လုံးက အစိမ်းရောင် ဟုတ်လား… အန်ကယ်”
“ဟုတ်တယ်”
ဒေါက်တာကယ်လန်၏ မျက်လုံးများ သည် လွန်ခဲ့သော နှစ် တစ်ရာခန့်ကို ပြန်လည်မြင် ယောင်နေမိသလို ဖြစ်နေတော့သည်။
“အဲဒီ တုန်းက အဲလိဇဘက်ဟာ သူ့သားအတွက် အတော် စိုးရိမ်နေတာ တွေ့ ရတယ်၊ အနား မယူနိုင်ဘဲ သူ့သားကိုပဲ တစ်ချိန်လုံး ပြုစုပေးနေရှာတယ်၊ တကယ်ဆိုရင် ကလေး ရောဂါ က သူ့ ထက် ပိုပြင်းတာပါ၊ ငါ ထင်ခဲ့တာ ကလေးဟာ လောကကြီးက အရင်ထွက်ခွာရလိမ့်မယ်လို့ပဲ၊ ဒါပေ မဲ့ ကလေးဟာ မသေသေးဘဲ အမေဟာ တဖြည်းဖြည်း အဖျားတက်ပြီး နောက်ဆုံး အချိန်ကို ရောက်လာတယ်။ အဲလိဇဘတ်ဟာ အတော် ကြီး အားနည်းနေတဲ့ကြားက ငါ့ကို မြင်တော့ လေသံ ယဲ့ယဲ့နဲ့ သားလေးကို ကယ်ပါလို့ ပြောရှာတယ်။”
“ကလေးကို ကယ်ဖို့ ကျုပ်မှာ ရှိတဲ့ အစွမ်းသတ္တိအားလုံးကို အသုံးချပါ့မယ်လို့ ငါလည်း သူ့ ကို ကတိပေးလိုက် တယ်၊ `သူများ မှာ မရှိဘဲ ရှင့်မှာ သာရှိတဲ့ အစွမ်းသတ္တိတွေ အားလုံး ကျွန်မ သား လေး အသက်ကို ကယ်ဖို့ ထုတ်သုံးပါ´လို့ နောက်ဆုံးစကား ပြောသွားသေးတယ်။ သူ့ ကြည့်ရတာ ငါ့ရဲ့ လျှို့ဝှက်ချက်ကို သိနေသလိုပါပဲ။ သူ့မျက်လုံးတွေ ဟာ ငါ့ရင်ထဲကို ဖောက်ထွင်းသွားသလို ရှိရဲ့ ။ အဲဒီ လို တောင်းဆိုပြီး တစ်နာရီလောက်အတွင်းမှာ ပဲ အဲဒီ အမျိုးသမီး ဆုံးသွားတယ်။ ငါ့လို လူမျိုး နောက် တစ်ယောက် ဖန်ဆင်းသင့်မသင့် ရာစုနှစ် ပေါင်းများ စွာ ငါ စဉ်းစားခဲ့ပေမယ့် အဖေမ ပေါ်ဘူး။ အက်(ဒ်)၀ပ် ကလေး ကတော့ သေလုမြောပါး ဖြစ်နေရှာပြီ။ သူ အသက်ရှင်ဖို့က နာရီ အနည်းငယ်ပဲ ကျန်တော့တယ်။ အက်(ဒ်)၀ပ်ကို ကြည့်လိုက်တော့ သေလုမျောပါး အချိန်မှာ တောင် တော် တော် ချောမောတယ်၊ သူ့မျက်နှာက ရိုးသားပုံပေါက်ပြီး လူကောင်း တစ်ယောက် ဆိုတာ ထင် ရှားတယ်၊ ငါ့မှာ သာ သား တစ်ယောက် ရှိခဲ့ရင် ဒီလို မျက်နှာမျိုးဟာ ငါ လိုချင်တဲ့ ရုပ်မျိုးပဲ၊ ဒါနဲ့ အက်(ဒ်)၀ပ်ကို ဆေးရုံနောက်ဖေးပေါက်ကနေ တိတ်တိတ် သယ်ထုတ်ပြီး ငါ့လို ဖြစ်အောင် လုပ်ခဲ့ တယ်၊ အဲဒီ အတွက်တော့ ငါဟာ ၀မ်းမနည်းဘူး၊ သူ့အသက်ကို ကယ်ခဲ့ရလို့ ငါ ဘယ်တော့မှ ၀မ်း မနည်းမိပါဘူး”
ဒေါက်တာကယ်လန်သည် အတိတ်အကြောင်း ပြောနေရာမှ လက်ရှိအခြေအနေကို သတိ ထားမိသွားသည်။
“ကဲ… သမီးဒဏ်ရာကိုလည်း ချုပ်ပြီး သွားပါပြီ၊ အန်ကယ် သမီးကို လိုက်ပို့ပါ့မယ်”
“ကျွန်တော် လိုက်ပို့လိုက်ပါ့မယ်”
ဟူသော အသံနှင့် အတူ အက်(ဒ်)၀ပ် အခန်းထဲသို့ ပြန်ရောက်လာ၏ ။ အဲလစ်လည်း အခန်း ထဲသို့ မယောင်မလည် ပြန်ရောက်လာ၏ ။
“အဲလစ်… ဂျက်စပါ ဘယ်လို နေသေးလဲ”
“သူ တော် တော် စိတ်မကောင်း ဖြစ်နေတယ်၊ သူ့ကိုယ်သူ မထိန်းနိုင် ဖြစ်သွားတာကို သူ တော် တော် မုန်းတီးနေတယ်”
“အဲဒါ သူ့အပြစ်ချည်းပဲ မဟုတ်ပါဘူး၊ ကျွန်မက သူ့ကို ဘယ်လိုမှ သဘောမထားပါဘူးလို့ ပြောလိုက်ပါ”
“စိတ်ချပါ”
အက်(ဒ်)၀ပ်က ကားရှေ့ခန်းတွင် ၀င်ထိုင်ကာ ကျွန်မကို စောင့်နေသည်။ ကျွန်မလည်း ကားရှေ့ခန်းတွင် ၀င်ထိုင်လိုက်၏ ။ အဲလစ်က ဧည့်ခန်းတွင် ကျကျန်ခဲ့သော ကျွန်မ၏ ကင်မရာနှင့် မွေးနေ့လက်ဆောင် အထုပ်ကလေးနှစ် ထုပ်ကို ယူလာပေး၏ ။ ဒေါက်တာကယ်လန် လင်မယားက ဂွဒ်နိုက်ဟု တိုးတိတ်စွာ နှုတ်ဆက်သည်။
ကျွန်မ ကားထဲ၌ ကားကက်ဆက်နှင့် ဆောင်းဘောက်(စ်) အသစ်များ တက်ဆင်ထား၏ ။ ဖဲ ကြိုးအနီလေး တစ်ခုကိုပင် ကက်ဆက်အသစ်ပေါ်၌ ချိန်ဆွဲထားသည်။ အက်(ဒ်)၀ပ်က စကားတစ် ခွန်းမှ မပြောဘဲ ကားကို မောင်းနေသည်။ တိတ်ဆိတ်ခြင်းကို ကျွန်မ သည်းမခံနိုင်တော့။
“တစ်ခုခု ပြောပါလား”
အဝေးပြေးလမ်းမကြီးပေါ်သို့ ကားက ကွေ့ဝင်လိုက်သည်။ အက်(ဒ်)၀ပ်က ကျွန်မကို မ ကြည့်ဘဲ ….
“ဘာပြောစေချင်လို့လဲ” ဟု မေး၏ ။
“ဘာပဲ ဖြစ် ဖြစ်ပေါ့၊ ဥပမာ… ရှင် ကျွန်မကို ခွင့်လွှတ်တယ် ဆိုတာ မျိုးပေါ့”
သူ့မျက်နှာမှာ ဒေါသ ဖြစ်သွားသည့် အရိပ်အယောင် တွေ့ ရသည်။
“ခွင့်လွှတ်တယ် ဟုတ်လား… ဘာကို ခွင့်လွှတ်ရမှာ လဲ”
“ကျွန်မသာ နမော်နမဲ့ မနိုင်ခဲ့ရင် ဒီလို စိတ်မချမ်းသာစရာတွေ ဖြစ်ခဲ့မှာ မဟုတ်ဘူး”
“မဟုတ်ပါဘူး… မတော် တဆ လက်မှာ ရှမိတာလေးနဲ့ အသတ်ခံရမလို ဖြစ်တာ မင်းမှာ ဘာအပြစ်မှ မရှိဘူး”
“ဒါလည်း ကျွန်မ အမှားပါပဲ”
“မင်းအမှား… ဟုတ်လား၊ မင်းသူငယ်ချင်း မိုက်(ခ်)နယူတန်ရဲ့ အိမ်မှာ တခြား သူငယ်ချင်း တွေ နဲ့ ရှိနေတုန်း လက်ကို ဓားချမိရင် အဆိုးဆုံး ဘာ ဖြစ်မလဲ သိလား၊ အဆိုးဆုံး ပတ်တီးရှာလို့ မရတာ လောက်ပဲ ရှိမယ်၊ အဲဒါကလည်း ဆေးခန်း သွားပြလိုက်ရင် ပြီးသွားမှာ ပဲ၊ ကိုယ်တို့နဲ့ကျ ဒီလို မဟုတ်ဘူးလေ၊ ဘာမဟုတ်တဲ့ ကိစ္စလေးအတွက် မင်းအသက်ကို ပေးသွားရလိမ့်မယ်၊ အဲဒါတွေ ကို သိရဲ့ သားနဲ့ ဖြစ်သမျှ မင်းအမှားပါလို့ ပြောတာ ကြားရတဲ့အတွက် ငါ့ကိုယ်ငါ ရွံရှာစက်ဆုပ်မိပါ ရဲ့ ”
“ဘာ ဖြစ်လို့ မိုက်(ခ်)နယူတန်ကို ထည့်ပြောရတာ လဲ”
“ဘာ ဖြစ်လို့လဲဆိုတော့ မိုက်(ခ်)နယူတန်အနားမှာ နေရင် မင်းအတွက် ပိုပြီး ဘေးအန္တ ရာယ် ကင်းမယ်ဆိုတဲ့ သဘောပဲ”
“မိုက်(ခ်)နယူတန်နဲ့ နေပြီး အသက်ရှင်နေမယ့်အစား ရှင်နဲ့ နေပြီး ကျွန်မ အသက် အသေ ခံမယ်”
“စိတ်ကူးမယဉ်စမ်းပါနဲ့ ဘယ်လာ”
“ဒါဆို ရှင်ကလည်း အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့”
မကြာခင် အိမ်ရှေ့သို့ ရောက်လာကာ ကားရပ်လိုက်ပြီး သူရော ကျွန်မရော ကားထဲမှ ထွက်လိုက်၏ ။
“ဟတ်ပီးဘာ့(သ်)ဒေး”
ဟု တိုးတိတ်စွာ ပြောပြီး ကိုယ်ကို ကိုင်းကာ ကျွန်မကို နမ်းပါသည်။ ကျွန်မက ခြေဖျားကို ထောက်ကာ သူ့အနမ်းကို ကြာရှည်စေဖို့ တုံ့ပြန်လိုက်ပါသည်။ အစပိုင်း၌ သူ့အနမ်းမှာ ယခင်အခါ များ ကအတိုင်းပင် ဖြစ်သည်။ ကျွန်မ၏ ရင်ခုံသံများ သာ တဒိတ်ဒိတ် မြန်လာခဲ့၏ ။ ထို့နောက် သူ့အ နမ်းက အနည်းငယ် ထူးခြားလာသည်။ သူ့အနမ်းက ပိုပြီးပြင်းထန်လာသလို လက်တစ်ဖက်က ကျွန်မကို လွတ်ထွက်သွားမှာ စိုးသလို သိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်က ကျွန်မဆံပင်များ ကို ဆွဲယူ ဆုပ်ကိုင်နေသည်။ ကျွန်မကလည်း သူ့အနမ်းမှာ စီးမျောရင်း သူ့ဆံပင်များ ကို ဖွဖွလေး ဆုပ်ကိုင်နေမိပါတော့သည်။
အနမ်းရှည်ကြီးကို နမ်းရင်း ကျွန်မ သတိရလိုက်သည်မှာ တစ်ချိန်က သူ ကျွန်မကို ယခုလို နမ်းခဲ့ဖူးသည်။ ထိုစဉ်က ဂျိမ်း(စ်) ဆိုသော သွေးမုဆိုး၏ နောက်သို့ လိုက်ပြီး သူသေ ကိုယ်သေ တိုက်ခိုက်ရခါနီး တစ်ယောက် နှင့် တစ်ယောက် အသက်ရှင်လျက် ပြန်တွေ့ မည် ၊ မတွေ့ တော့မည် မသေချာသော အခိုက်အတန့်တွင် နှုတ်ဆက်အနမ်း နမ်းသွားပုံမျိုးနှင့် ယနေ့ည သူ ကျွန်မကို နမ်း ပုံမှာ ဆင်တူနေပါလေသည်။
၃။ ကြယ်ရောင် အောက်မှာ လမ်းပျောက်ခဲ့သူ
ပြတင်းပေါက်မှ အလင်းရောင် ပျပျ မြင်ရသည်နှင့် ကျွန်မ အိပ်ရာမှ နိုးထလာခဲ့သည်။ အ လင်းရောင် ကောင်းကောင်း မရသေးသဖြင့် ခဏစောင့်နေရသေး၏ ။ မနက်စာ စာနေရင်း နံနက် ခင်း၏ အလင်းရောင် က ပို၍ ပီပြင်လာသည်။ ဓာတ်ပုံရိုက်ဖို့ အချိန်ကောင်း ဖြစ်သည်။ မနေ့က အက်(ဒ်)၀ပ်၏ ဓာတ်ပုံကို ကျွန်မ ရိုက်ယူခဲ့သည်။ သူ အိမ်လာလည်စဉ်က ဖြစ်သည်။ ယနေ့တော့ ကျန်နေသေးသော ဖလင်များ ကို ကုန်အောင် ဖြုန်းရမည် ။ ဒါမှ ဓာတ်ပုံဆိုင်သို့ သွားကာ ပုံတွေ ကူး ပြီး ကျွန်မ သိချင်သော အဖြေကို ထုတ်နိုင်ပေမည် ။ ကျွန်မ ကားကို ဓာတ်ပုံတစ်ပုံ ရိုက်လိုက်၏ ။ ထို့ နောက် အိမ်ကို ရှေ့တည့်တည့်မှ တစ်ပုံ ရိုက်သည်။ အိမ်ရှေ့ သစ်တောအုပ်ကိုလည်း ပုံအနည်း ငယ် ရိုက်လိုက်သေးသည်။ တောအုပ်မှာ စိမ်းညှို့နေပြီး မှော်ဆန်သော အလှကိုတော့ ပေါ်လွင် အောင် ရိုက်နိုင်မည် မဟုတ်ချေ။
ကင်မရာကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီး ကျောင်းသို့ ထွက်လာခဲ့၏ ။ ညဘက်တွင် ရိုက်ထားသော ဓာတ်ပုံထဲတွင် အက်(ဒ်)၀ပ်၏ ပုံမှာ တစ်မျိုးတစ်မည် ဖြစ်နေလိမ့်မည် ဟု ကျွန်မ ပြင်းပြစွာ ယုံကြည်နေလေသည်။ အက်(ဒ်)၀ပ် ကတော့ တစ်ချိန်လုံး ကျွန်မ ဘေးတွင် တိတ်ဆိတ် စွာ ထိုင်နေ၏ ။ ဆရာက စာမေးသော အခါ အာရုံထွေပြားနေသော ကျွန်မက မဖြေနိုင်သဖြင့် အက် (ဒ်)၀ပ်က ဆရာ မမြင်အောင် အဖြေမှန်ကို ခပ်တိုးတိုး ပြောပြပေး၏ ။
နေ့လယ် ထမင်းစားချိန်တွင် ကျွန်မက ကင်မရာကို သူငယ်ချင်းများ အား ပေးလိုက် ပြီး -
“ဂျက်ကာဆီရေ… ငါ့အမေက သူ ပေးတဲ့ မှတ်တမ်း အယ်လ်ဘမ် စာအုပ်ကလေးထဲမှာ ထည့်ဖို့ ငါ့သူငယ်ချင်းတွေ အားလုံးရဲ့ ပုံလိုချင်တယ်တဲ့၊ အဲဒါ ငါ့ကင်မရာနဲ့ လျှောက်ရိုက်ပေးစမ်း ပါ”
“အေး… ဖြစ်တာပေါ့၊ ပေး ကင်မရာ… ဖလင်တစ်လိပ်လုံးကုန်အောင် လျှောက်ရိုက်ပစ် လိုက်မယ်”
“ရတယ် ရိုက်သာရိုက်”
ညနေ ကျောင်းဆင်း၍ ဓာတ်ပုံများ ကူးပြီးသော အခါ ပုံများ ကို ကျွန်မ မကြည့်ရဲဘဲ ရှိသည်။ ဖလင်လိပ်၏ ပထမဆုံး ရိုက်လိုက်သော အက်(ဒ်)၀ပ်ပုံမှာ ဘာမှ မပေါ်ဘဲ ဗလာသက်သက်သာ ထွက်လာလိမ့်မည် ဟု မ၀ံ့မရဲ ထင်မိနေတုန်းပင် ဖြစ်သည်။ သို့ သော် ကျွန်မ ထင်သလို မဟုတ်၊ ဓာတ်ပုံထဲက အက်(ဒ်)၀ပ်မှာ အပြင်က အက်(ဒ်)၀ပ်အတိုင်းသာ ဖြစ်သည်။
နှစ် ရပ်လုံးလုံး ကျွန်မကို စကားဟဟ မပြောသော အက်(ဒ်)၀ပ်သည် ယနေ့တော့ ကျောင်း ဆင်းလျှင် ကားရပ်နားရာ နေရာ၌ ကျွန်မကို စောင့်နေသည်။
“ငါ မင်းနဲ့ စကားပြောချင်လို့ မင်းအိမ်ကို လိုက်ခဲ့လို့ ရမလား”
ကျွန်မက သူ့ဓာတ်ပုံ သုံးပုံကို မှတ်တမ်းစာအုပ်ကလေးထဲ ထည့်လိုက်ကာ ကျန်သူငယ်ချင်း များ ပုံကို စာအိတ်ကြီး တစ်လုံးထဲတွင် စုပြုံထည့်လိုက်သည်။
“ကျွန်မ စာတိုက်ကို ၀င်ဦးမယ်၊ ဒီဓာတ်ပုံတွေ အမေ့ဆီကို ပို့ပေးချင်လို့”
“ရတယ်လေ… မင်းအိမ်ရှေ့ကနေ စောင့်နေပါ့မယ်”
ကျွန်မ စာတိုက်တွင် စာဝင်ထည့်ပြီး အိမ်ပြန်လာသော အခါ သူက အိမ်ရှေ့တွင် စောင့်နေပါ သည်။
“လမ်းလျှောက်ကြရအောင်”
ဟု သူက တိတ်ဆိတ်စွာ ပြောကာ ကျွန်မလက်ကို ကိုင်ပြီး ခေါ်သည်။ ကျွန်မက ဘာမှ ပြန် မဖြေပါ။ အခြေအနေဟာ ဆိုးနေပြီဟု စိတ်ထဲမှာ ယူဆမိသည်။ သူ ဒီလောက် တိတ်ဆိတ်တာ တစ်ခါမှ မတွေ့ ဖူးပါဘူး။ ကျွန်မ အိမ်၏ အရှေ့ဘက်တွင် ရှိသော မှိုင်းညှို့နေသည့် တောအုပ်က လေးထဲသို့ သူက ကျွန်မကို ခေါ်လာခဲ့ပါသည်။ သိပ်ဝေးဝေးသို့ မရောက်မီ အိမ်ကို လှမ်းမြင်ရသော နေရာ၌ ကျွန်မက ရပ်လိုက်၏ ။
“ကောင်းပြီ….ကျွန်မတို့စကားပြောကြစို့”
သူက သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဘယ်လာ ငါတို့ဒီကနေထွက်သွားတော့မယ်”
ဤ စကားမှာ ကျွန်မမျှော်လင့်ထားပြီး ဖြစ်သည်။ နောက်ဆုံးတော့ သူကျွန်မကိုဤမြို့မှ ခေါ် ထုတ်သွားမှာ ပဲ ဖြစ်သည်။
“ဘာ ဖြစ်လို့ ချက်ချင်း ကြီး သွားမှာ လဲ၊ နောက်နှစ် မှ သွားလည်းရတာ ပဲ”
“အချိန်ကျနေပြီ ဘယ်လာ…ဒီဖော့ခ်မြို့ကလေးမှာ ဘယ်လောက်ကြာကြာ ငါတို့ဆက်နေ လို့ ရဦးမှာ လဲ၊ ဆယ်နှစ် လောက်နေလာပြီးတာတောင် ငါ့အဖေ ဒေါက်တာကယ်လန်ဟာ ရုပ်မ ပြောင်းတာ၊ ကြာရင် လူတွေ ရိပ်မိကုန်တော့မယ်”
သူ့အဖြေက ကျွန်မကိုရှုပ်ထွေးစေသည်။ ဒီမြို့ကသူနှင့် ကျွန်မထွက်သွားတယ် ဆိုတာ သူ့မိ သားစုကို အေးအေးချမ်းချမ်း နေစေချင်၍ ဖြစ်သည်။ သူတို့ပြောတော့မည် ဆိုလျှင် ကျွန်မတို့က ဘာကြောင့် ပြောစရာလိုမှာ လဲ။ ကျွန်မ သူ့ကိုနားမလည်စွာ ငေးကြည့်နေမိတော့သည်။ သူကလည်း ကျွန်မကို ပြန်လည်ငေးစိုက်ကြည့်နေပါသည်။ ကျွန်မနားမလည်မှု လွဲနေပြီထင်သည်။
“ရှင်ခုနက ပြောတဲ့ ငါတို့ ဆိုတာ…”
ကျွန်မစကားက တစ်ဝက်တစ်ပျက်မှာ ရပ်သွားသည်။
“အဲဒါကိုယ်နဲ့ ကိုယ့်မိသားစုကိုဆိုလိုတာပါ”
ကျွန်မခေါင်းကိုတွင် တွင် ယမ်းမိသည်။ သူက ဘာမှမပြောဘဲ ကျွန်မစကားပြောမှာ ကို စိတ်ရှည်လက်ရှည် စောင့်နေ၏ ။
“ဒါဆို ကျွန်မလည်းရှင်တို့နဲ့ လိုက်ခဲ့မယ်”
“မင်း လိုက်လို့မရဘူး ဘယ်လာ ကိုယ်တို့ သွားမယ့် နေရာဟာ မင်းနဲ့ မသင့်တော် ဘူး”
“ရှင်ရှိတဲ့နေရာဟာ ကျွန်မအတွက် သင့်တော် တဲ့နေရာပါပဲ”
“မင်းအတွက် ငါဟာအသုံးမ၀င်တဲ့လူပါ ဘယ်လာ”
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေဲပါနဲ့၊ ရှင်ဟာကျွန်မဘ၀အတွက် အရေး ပါဆုံး အစိတ်အ ပိုင်းပါ။”
“ငါကျင်လည်တဲ့ ကမ္ဘာဟာ မင်းနဲ့ မသင့်တော် ဘူး”
“ဟိုနေ့က ဂျက်စပါနဲ့ ဖြစ်တဲ့ကိစ္စလေးဟာ မ ဖြစ်စလောက်ကိစ္စလေးပါ အက်(ဒ်)၀ပ်၊ ဘာမှ မ ဖြစ်လောက်တဲ့ ကိစ္စပါ”
“မင်းပြောတာမှန်တယ် ဒါပေမဲ့ ဒါမျိး ထပ် ဖြစ်လာနိုင်တယ်ဆိုတာ ရှေ့လျှောက် သတိထား ရတော့မယ်”
“ရှင်ဒီကနေ ဘယ်မှ ထွက်မ သွားပါဘူးလို့ ကျွန်မကို ရှင်ဖီးနစ်မှာ တုန်းက ကတိပေးဖူး တယ်လေ”
“ကိုယ် ပြောခဲ့တာက မင်းကောင်းကျိုးအတွက် လိုအပ်သမျှ နေပါ့မယ်လို့ ပြောခဲ့တာပါ။”
ဟု သူကကျွန်မစကားကို ဖြည့်ပေးသည်။
“ကျွန်မရဲ့ အသက်အတွက်ရှင်စိုးရိမ်နေတာမို့လား၊ ရှင့်အဖေက ကျွန်မကို ပြောပြဖူးပါ တယ်၊ ကျွန်မ ကတော့ ဂရုကို မစိုက်ဘူး၊ ဖြစ်ချင်တာ ဖြစ်ပါစေ၊ ကျွန်မ၀ိညာဉ်ကို ရှင်နုတ်ယူလိုက် လို့ရတယ်၊ ရှင်မရှိဘဲအသက်မရှင်ချင်ဘူး၊ ကျွန်မ စိတ်-၀ိညာဉ်ဟာ ရှင့်ကိုပေးထားပြီးသားပါ”
ကျွန်မကဒေါ်သဖြင့် ဟစ်ဟော် ပြောလိုက်လျှင် သူက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက် ပြီး ဘာမှမပြောဘဲ မြေကြီးကိုသာ မမြင်သလိုစိုက်ကြည့်နေ၏ ။
“ဘယ်လာ မင်းကိုငါကိုယ်တိုင်က လိုက်မလာစေချင်ဘူး၊ အလိုမရှိဘူး”
သူကထိုစကားများ ကို တစ်လုံးချင်း ကျွန်မ မျက်နှာကို ကြည့်၍ ပြောခြင်း ဖြစ်သည်။ သူ့ စကား၏ ဆိုလိုရင်းကို ကျွန်မခေါင်းထဲဝယ် အကြိမ်ကြိမ် ရေရွတ်နေမိသည်။
“ရှင်က ကျွန်မကိုအလိုမရှိဘူး”
ထိုစကားလုံးများ ကို ကျွန်မနှုတ်မှ ထွက်ဖို့ပင် နာနာကျင်ကျင် ခံစားရပါသည်။
“ဟုတ်တယ်”
“ကျွန်မထင်ထားတာတွေ တခြားစီးပေါ့”
“ကိုယ်မင်းကို အမြဲချစ်ပါတယ် ဘယ်လာ၊ ဒါက တစ်ပိုင်းပေါ့၊ ဒါပေမဲ့ ဟိုနေညက ကိစ္စ ဖြစ်ပြီးသွားတော့ အပြောင်းအလဲတစ်ခု လုပ်ရတော့မယ် ဆိုတာ သဘောပေါက်လိုက်တယ်၊ ဘာ ဖြစ်လို့လဲ ဆိုတော့ မင်းနဲ့တွေ့ တိုင်း ဟန်ဆောင်နေရတာ ကို ငါငြိးငွေ့လှပြီး ဘယ်လာ၊ ငါဟာ လူသား တစ်ယောက် မဟုတ်ဘူး၊ ဒီကိစ္စကို အရင်ကတည်းက ရပ်ဖို့ကောင်တာ၊ အဲဒီ လို ပြောရတဲ့ အတွက် ၀မ်းနည်းပါတယ်”
“အဲဒီ လိုမလုပ်ပါနဲ့”
ကျွန်မ၏ တားမြစ်ချက် စကားလုံးများ သိပ်နောက်ကျသွားပြီဆိုသည်ကို သူ့မျက်လုံးများ ထဲ တွင် မြင်ရလေသည်။
“မင်းဟာ ငါ့အတွက်အသုံးမ၀င်ဘူးဘယ်လာ”
အက်(ဒ်)၀ပ်က ပြောပြီးသားစကားတစ်ခွန်းကို ထပ်ပြောသည်။ ကျွန်မမှာ ငြင်းချက်ထုတ်ဖို့ အားမရှိပါ။ တစ်ခုခု ပြောဖို့ ကျွန်မပါးစပ်ကို ပြင်လိုက်သည်။ သို့ သော် ဘာမှ မပြော ဖြစ်ပါ။ ကျွန်မ ထပ်ကြိုးစားလိုက်ပါသည်။
“ဒါဟာ ရှင် ဖြစ်ခြင်တာလား”
သူက မဆိုင်းမတွ ခေါင်းညိတ်ပြသည်။ ကျွန်မတစ်ကိုလုံးအေးစက်တောင့်တင်းသွားကာ မလှုပ်ရှားနိုင်သလို ဖြစ်သွားသည်။
“ကိုယ်တစ်ခုတော့တောင်းဆိုပါရစေ”
ဟု သူက ဆိုလာသည်။
“ပြောပါ”
“စိတ်လိုက်မာန်ပါ ဘာတစ်ခုမှ လျှောက်မလုပ်ပါနဲ့လို့ ကတိပေးပါ၊ အဓိပ္ပာယ်မရှိတာတွေ ဘာမှ လျှောက်မလုပ်ပါနဲ့၊ ကိုယ်ပြောတာ နားလည်းတယ်မဟုတ်လား”
ကျွန်မက စိတ်ပျက်လက်ပျက် ခေါင်းညိတ်ပြလိုက်၏ ။
“မင်းအဖေဟာ မင်းကိုလိုအပ်နေတယ်၊ သူ့ကိုဂရုစိုက် စောင့်ရှောက်ပါ”
“စောင့်ရှောက်ပါမယ့်”
သူအနည်းငယ်စိတ်သက်သာရာ ရသွားပုံရသည်။
“ဒါဆို ကိုယ်လည်းမင်းကို ကတိတစ်ခုတော့ ပြန်ပေးနိုင်တယ်၊ ဒီတစ်ကြိမ်ဟာ မင်းကိုယ့် ကို မြင်ရတာ နောက်ဆုံးအကြိမ်ပဲ၊ ကိုယ်ပြန်မလာတော့ဘူး၊ ကိုယ်မင်းကို ဒီလိုကျဉ်းထဲကျပ်ထဲ ရောက်အောင် ဘယ်တော့မှထပ်လုပ်မှာ မဟုတ်ဘူး၊ ကိုယ့်ရဲ့ အရိပ်ဟာ မင်းအပေါ်မှာ မိုးနေတာ လည်းရပ်သင့်ပြီ၊ မင်းဘ၀သစ်ကို လွတ်လွတ်လပ်လပ် တည်ဆောက်ပါတော့၊ ကိုယ်ဟာဒီလော ကကြီးထဲမှာ ဘယ်တုန်းကမှ ဖြစ်တည်မလာခဲ့ဘူးလို့ပဲ မှတ်လိုက်ပါ”
ကျွန်မ ဒူးများ တဆက်ဆက် ကွေးညွတ်ကျမတတ် တဆတ်ဆတ်တုန်ယင်လာကြသည်။ သွေးခုန်နှုန်းများ တဒိတ်ဒိတ် မြန်လာ၏ ။ သူက ညင်သာပြုံးသည်။
“သိပ်လည်းစိတ်မပူပါနဲ့၊ မင်းက လူသား တစ်ယောက် လေ၊ လူးသာရဲ့ မှတ်ဥာဏ်ဆိုတာ တဖြည်ဖြည်းနဲ့ မှု န်ဝါးပျောက်ကွယ်လွယ်တတ်စမြဲပါ၊ လူတွေ အချိန်က ဒဏ်ရာကို ဒဏ်ရာကို ကုစား သွားပါလိမ့်မယ်”
“ဒါဆိုရင် ရှင်တို့ရဲ့ မှတ်ဥာဏ်ကရော…”
“မေ့မှာ တော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ်တို့မျိုးနွယ်စုတွေ ဟာ စိတ်ဝင်စားစရာအာရုံ ပြောလဲလွယ်တယ်၊ နောက်ကို ငါတို့ မင်းကိုမနှောက်ယှက်တော့ပါဘူး”
“အက်(ဒ်)၀ပ်ရောပြန်မလာတော့ဘူးလား”
အက်(ဒ်)၀ပ်က သူ့ခေါင်းကိုဖြည်းညင်းစွာ ခါသည်။ ကျွန်မမျက်နှာကို မလွှဲတမ်း ကြည့်ကာ..
“ပြန်လာမှာ မဟုတ်ဘူး၊ ကိုယ့်မိသားစုဝင်တွေ အားလုံး ဒီမြို့ကထွက်သွားကြပြီ၊ ကိုယ် တောင် မင်းကို နောက်ဆုံး နှုတ်ဆက်ချင်လို့ နေကျန်ခဲ့တာ”
“အဲလစ်လည်း ထွက်သွားပြီး ဟုတ်လား”
“ဟုတ်တယ် သူကမင်းကိုနှုတ်ဆက်သွားချင်တာ၊ ဒါပေမဲ့ နှုတ်မဆက်ဘဲ ထွက်သွားတာ မင်းအတွက် ပိုကောင်းမယ်လို့ ငါထင်တယ်လို့ ပြောတာနဲ့ ဒီအတိုင်း…”
သူ့အသံက တိုးတိမ်သွားသည်။ ကျွန်မ ခေါင်းထဲမှာ မူးဝေလာ၏ ။ ကျွန်မက အသက်မှန်မှန်ရှူ ဖို့ ကြိုးစားလိုက်သည်။ ဒီအိပ်မက်ဆိုးကြီးထဲမှ လွတ်မြောက်ရာ နည်းလမ်းကို ရှာဖွေဖို့ စိတ်အာရုံ ကိုစုစည်းမိသည်။
“နှုတ်ဆက်ခဲ့ပါတယ် ဘယ်လာ”
သူ့အသံမှာ ကျွန်မအသံလိုပဲ ခြောက်ကပ် အက်ကွဲနေသည်။ သူကရှေ့သို့ တိုးလာကာ ကျွန်မ နဖူးကို ခပ်ဖွဖွ နမ်း၏ ကျွန်မ မျက်လုံးများ ကိုမှိတ်ထားမိသည်။
“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါနော် အချစ်ကလေး”
သူ့စကားဆုံးတော့ပုံမှန်မဟုတ်သော လေပြည်တစ်ခု တိုက်ခတ်သွားသည်။ ကျွန်မမျက်လုံး ကိုလျင်မြန်စွာ ပြန်ဖွင့်လိုက်၏ ။ သူထွက်သွားရာလမ်းတစ်လျှောက်ဝယ် သစ်ရွက်ကြွေများ က ဝေ့၀ဲ လှုပ်ခတ်ကျန်ရစ်ခဲ့သည်။
သူထွက်သွားလေပြီး။
ကျွန်မကြိုးစားမှု မှာ အရာမထင်မှန်း သိသော်လည်း ဒူးများ က တဆက်ဆက်တုန်နေသည့် ကြားမှ သူထွက်သွားရာ တောအုပ်ထဲသို့ လိုက်ဝင်ခဲ့လေသည်။ သူထွက်သွားရာလမ်းကြောင်းမှာ သဲလွန်စ ပျောက်ခဲ့ပြီ ဖြစ်သည်။ သူ့ခြေရာလည်းမကျန်ခဲ့။ သစ်ရွက်များ မှာ လည်း မြေပြင်ပေါ်ဝယ် ပြန်လည် ငြိမ်သက်နေချေပြီ။ သို့ သော်လည်း ကျွန်မသည် ဘာမှ စဉ်းစားမနေတော့ဘဲ ရှေ့သို့ သာ ဆက်လျှောက်နေမိတော့သည်။ ကျွန်မအခြား ဘာကိုမှလည်း မလုပ်နိုင်။ တစ်လှမ်းပြီး တစ်လှမ်း ဆက်လျှောက်၍ သာ နေမိတော့သည်။ အကယ်၍ ကျွန်မသူ့ကို ရှာဖွေဖို့ လက်လျှော့လိုက်မည် ဆိုလျှင် ဇာတ်လမ်းက ပြီးဆုံးသွားပေတော့မည် ။
အချစ်…ဘ၀….အဓိပ္ပါယ်က ပြီးဆုံးခြင်းမျှသာ။ ကျွန်မဆက်၍ ဆက်၍ လျှောက်လာခဲ့မိ သည်။ အချိန်ဆိုတာလည်း ဘာအဓိပ္ပာယ်မှ မရှိတော့။ တောက ထူထပ်လာသည်။ နာရီအနည်း ငယ် ကြားသွားသည့်တိုင် စက္ကန့်ပိုင်းလောက်ဟုသာ စိတ်က ထင်မြင်နေဆဲ။ ဘယ်လောက် ဝေးဝေး သွားသွားသစ်တောအုပ်ကြီးသည် ကျွန်မမျက်စိထဲဝယ် တစ်ပုံစံတည်း ဖြစ်နေ၏ ။ ကျွန်မ သွားနေသည်မှာ ၀ိုင်းကြီးပတ်ပတ် ချာချာလည် ဆိုသလိုများ ဖြစ်နေရော့သလာဟု တွေးကာ စိုးရိမ် မိသော်လည်း သွားမြဲ သွားနေမိသည်။ ညနေခင်းမှာ မှော င်သထက် မှော င်လာသော ကြောင့် မကြာ ခဏ ခလုပ်တိုက်ကာလဲကျ၏ ။
နောက်ဆုံး၌ ခလုပ်တိုက်၍ ပစ်လဲကျသွားရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ပိန်းပိန်း ပိတ် မည်းမှော င်နေတာ တွေ့ ရ၏ ။ အချိန်မှာ ကျွန်မထင်တာထက် တော် တော် များများ ကုန်လွန်ခဲ့ ပြီ။ ညမှော င်လာတာ ဘယ်လောက်ကြာသွားပြီလဲ။ တောထဲမှာ အမြဲဒီလို မှော င်မည်းနေတာပဲလား လရောင် က သစ်ပင်တွေ ကြားက ဖောက်ထွင်းလို့ မြေပြင်ကို အလင်းရောင် ဖြာကျလာသင့်တာပေါ့
သို့ သော် ဤညသည်ကျွန်မမျှော်လင့်သလို မဟုတ် ဤညမှာ လမိုက်ည…ကောင်းကင်မှာ မည်းနက်လွန်းသည်။ ဧကန္တယနေ့ညသည် လငပုပ်ဖမ်းသော ညလား..လကွယ်ပြီး နောက်တစ်နေ့ လား တစ်ခုခုတော့ ဖြစ်ရမည် ။
လကွယ်ညအကြောင်းတွေးမိတော့ တစ်ကိုယ်လုံး စိမ့်နေအောင်အေးကာ တုန်သွားမိသည် အချိန်အတန်ကြာ မှော င်ထဲမှာ နေပြီးမှ ခေါ်သံအော်သံ အချို့ကို ကျွန်မကြားရသည်။
တစ်စုံ တစ်ယောက် က ကျွန်မနာမည်ကို ဟစ်ခေါ်နေသည်။ အသံမှာ သဲ့သဲ့လေးသာ ကြားရ သော်လည်း ကျွန်မနာမည် ကို ခေါ်နေတာတော့သေချာသည်။ အော်သံကို ပြန်ထူးရကောင်းမလား မထူဘဲ နေရမလား၊ ဆိုတာ စဉ်းစားရတာ အချိန်တွေ ကြားသွားကာ ခေါင်းကလည်း နည်းနည်း မူး နေသည်။ ခေါ်သံမှာ ပြန်လည်၍ တိတ်ဆိတ်သွား၏ ။
ခဏကြာတောာ့မိုးက စတင်ရွသွန်းလာသည်။ မိုးရေများ ကြောင့် ကျွန်မချမ်းလာသည်။ မျက်နှာကိုမိုးရေများ မမှန်အောင် လက်ဖြင့် ကာထားရ၏ ။ ထိုအခိုက်၌ ကျွန်မနာမည် ကို ထပ်ခေါ် သံကြားရပြန်သည်။ ခေါ်သံမှာ အတော် ဝေးဝေးမှ လာဟန်ရှိသည်။ တစ်ခါတစ်ရံ လူများ စွာ က ကျွန် မနာမည် ကို တစ်ပြိုင်နက်တည်း ခေါ်လိုက်သလို ထင်ရသည်။ အသက်ကို ကြိုးစား၍ ပြင်းပြင်းရှူ လိုက်သည်။ ခေါ်သံတွေ ကို ပြန်ထူးသင့်တာ ကျွန်မသတိရသည်။ သို့သော်ကျွန်မပြန်ထူးလည်း သူ တို့ကြားလောက်အောင် အကျယ်ကြီး အော်ဖို့ရာ ကျွန်မ မတတ်နိုင်ပါ။
ရုတ်တရက် ကျယ်လောင်သော အော်မြည် သံတစ်ခုက ကျွန်မနှင့် မလှမ်းမကမ်းမှ ပေါ်ထွက်လာသည်။ တိရိစ္ဆာန်တစ်ကောင် မာန်ဖီးသံလိုလိုနှာမှု တ်သံလိုလို၊ ၀ံပုလွေအူသံလိုလို အသ့မျိုး ဖြစ်သည်။ ထိုအသံကြောင့် ကျွန်မအရမ်းတော့ မကြောင့်ပါ။ ခဏကြာတော့ ညည်းထွား သံသည် ပျောက်ကွယ် သွားတော့၏ ။
မိုးကဆက်ရွာနေသည်။ ကျွန်မပါးပြင်မှာ မိုးရေပေါက်များ စီးဆင်းလျှောကျသွားသည်။ ထိုစဉ်မှာ ပင် အလင်းရောင် တစ်ခုကို မြင်လိုက်ရခြင်း ဖြစ်သည်။
အစပိုင်း၌ ၀ိုးတ၀ါး အလင်းရောင် တစ်ခုကို ချုံပုတ်များ နောက်ဘက်မှ မြင်လိုက်ရခြင်း ဖြစ် သည်။ မီးရောင် မှာ ကြည့်နေရင်း တဖြည်းဖြည်းကြီးလာသည်။ အလင်းရောင် လည်း ကောင်းသဖြင့် လက်နှိပ်ဓာတ်မီး အလင်းတော့ မဟုတ်နိုင်ဟု တွေးမိသည်။ အလင်းရောင် အနားရောက်လာသော အခါလက်ဆွဲမီးအိမ်တစ်ခု ဖြစ်ကြောင်း သိရ၏ ။
“ဘယ်လာ”
ထိုအသံကို ယခင်က တစ်ခါမှ မကြားဖူးခဲ့၊ ထိုလူက ကျွန်မပျောက်နေသဖြင့် ကျွန်မ နာမည် ကို အော်ဟဟစ် ခေါ်ပုံမျိုး မဟုတ်၊ ကျွန်မကို ပြန်တွေ့ လိုက်ရသဖြင့် အားရ၀မ်းသာ ခေါ်သံ မျိုး ဖြစ်သည်။
“ဘယ်လာ ငါ့နာမည် ဆမ်အူလေးပါ”
ကျွန်မဒီနာမည် ကိုလည်း တစ်ခါမှ မကြားဖူးပေ။
“မင်း အဖေက မင်းပျောက်လို့လိုက်ရှာခိုင်းလို့ပါ။”
“အဖေ…”
အဖေ ဆိုသဖြင့် ကျွန်မပိုပြီး နိုးနိုးကြားကြား ဖြစ်သွာသည်။ လဲကျနေသော ကျွန်မကို အရပ် မြင့်မြင့်နှင့် ထိုလူက ဆွဲထူလိုက်ပြီးပွေ့ချီလိုက်သည်။ လူစိမ်း တစ်ယောက် ၏ အချီခံရခြင်းကို မနှစ် သက်သော်လည်း ကျွန်မမှာ အားအင်နည်းကာ ဖျော့တော့နေသည်။ သိပ်မကြာခင် အချိန်မှာ ပင် အလင်းရောင် များ ကို ထပ်တွေ့ ရပြီး လူများ စွာ ၏ ခပ်အုပ်အုပ် စကားများ ကို ကြားရသည်
“ငါသူ့ကို တွေ့ ပြီဟေ့”
မသဲမကွဲပြောသံများ ကိုလည်း ကြားရသည်။
“ဟင့်အင်း…ဒဏ်ရာရတာ တော့ မတွေ့ ဘူး၊ သူထွက်သွားပြီလို့ပဲ ထောက်လျှောက် ပြော နေတယ်”
ထိုစကားလုံးများ ကျွန်မပါးစပ်မှ ထွက်ကျလာတာတောင် သတိမထားမိချေ။
“သမီးရေ…ဘာမှ မ ဖြစ်ဘူးနော်”
“ဖေဖေ….”
“အဖေဒီမှာ ရှိတယ် သမီး”
ကျွန်မကို အဖေက ပြောင်းပြီးပွေ့ချီလိုက်သည်။
နေရာတိုင်း၌ မီးရောင် များ ကို တွေ့ ရကာ မီးအိမ်၊ ဓာတ်မီးများ ကိုင်ထားသော လူအုပ်သည် အဖေနှင့် အတူ လမ်းလျှောက်၍ လိုက်လာကြပုံမှာ စစ်ရေး ပြ အခမ်းအနားတစ်ခု ချီတက်သလိုမျိုး (သို့ မဟုတ်)အသုဘအခမ်းအနားတစ်ခုသို့ လိုက်ပို့ပုံမျိုးနှင့် ဆင်ဆင်တူလေသည်။
“အိမ်ရောက်တော့မယ် သမီးရဲ့ ”
ကျွန်မမျက်ဆီကို ဖွင့်ကြည့်လိုက်သည်၊ တံခါးသော့  ဖွင့်သံကိုကြားရသည်။ အဖေက ကျွန်မ ကို ဧည့်ခန်း ဆိုဖာခုံရှည်ပေါ်တွင် ချပေးလိုက် သည်။ စောင်တစ်ထည် သွားယူဖို့ အဖေက တစ် ယောက် ယောက် ကို ပြောလိုက်သည်။ ကျွန်မတစ်ကိုယ်လုံး ရွဲရွဲစိုနေသည်။ အဖေ့ မိတ်ဆွေ ဒေါက် တာ ဂရန်ဒီလည်း ရောက်လာသည်။
“ဒဏ်ရာရသွားတာရှိလားသမီး”
ဟု ဆရာဝန်က ကြင်နာစွာ မေးသည်။
“ဒဏ်ရာမရပါဘူး”
ဆရာဝန်က သူ့လက်ဖြင့် ကျွန်မနဖူးကို စမ်းကြည့်သည်။
လက်ကောက်ဝတ် သွေးခုန်နှုန်းကို စမ်းကြည့်သည်။
“ဘာတွေ ဖြစ်ခဲ့တာလဲ”
ကျွန်မ တစ်ကိုယ်လုံး ငြိမ်သက် အေးခဲ့သွားသည်။ ပြောစရာ စကားရှာမရ။
“တောထဲမှာ မျက်စိလည်ပြီး လမ်းပျောက်နေတာလား”
အဖေကလည်း ဤမေးခွန်းကို စိတ်ဝင်တစား နားစွင့်နေသည်။
“ဟုတ်တယ် ကျွန်မ မျက်စိလည်နေတာ”
ဆရာဝန်က တွေးတွေးဆဆဖြင့် ခေါင်းညိတ်သည်။ အဖေ့မျက်နှာမှာ တစ်စုံတစ်ရာကို ဘ၀င်မကျသလို ဖြစ်သွား၏ ။
“ပင်ပန်းနေသေးလား”
ဟု ဆရာဝန်မေးသည်ကို ကျွန်မ ခေါင်းညိတ်ကာ မျက်စိကို မှိတ်ထားလိုက်သည်။
“ကြီးကြီးကျယ်ကျယ် ဘာမှ ဖြစ်တာတော့ မဟုတ်ပါဘူး အားပြတ်ပြီးမူးလဲသွားတာပါ၊ အိပ်ရေး ၀အောင်အိပ်လိုက်ပြီး အနားယူလိုက်ရင် ကောင်းသွားမှာ ပါ”
ဆရာဝန်ရော အဖေပါ ထိုင်ခုံမှ ပြိုင်တူထလိုက်ကြသည်။ ခပ်လှမ်းလှမ်းရောက်တော့ အဖေ က ဆရာဝန်ကို မေးနေသံ ကြားရသည်။
“သူတို့ ပြောင်းသွား ကြပြီဆို…အဲဒါအမှန်ပဲလားဗျ”
“ဒေါက်တာကယ်လန် ကတော့ အဲဒီ အကြောင်းဘယ်သူကိုမှ မပြောပါနဲ့လို့ ကျုပ်ကို မှာ သွားတယ်ဗျ၊ အလုပ်အသစ်က ကမ်းလှမ်းတာလည်းရုတ်တရက်ကြီးဆိုတော့ ဘယ်သူ့မှ နှုတ် မဆက်နိုင်ဘဲ ကတိုက်ကရိုက် ထွက်သွားရတာ ပဲ”
ကျွန်မဘာကိုမှ ဆက်ကြားနိုင်စွမ်းမရှိတော့ပါ။ နောက်တော့ကျွန်မကြိုးစားပြီး အိပ်ပါသည်။ သို့ သော် ဖုန်းမြည် သံ တစ်ခုကြောင့် အဖေရော ကျွန်မပါ နိုးလာကြသည်။ အဖေက အိပ်မှု န်စုံမွှား နှင့် ထ၍ ဖုန်းကို ကိုင်သည်။
“ဟုတ်ကဲ့”
“ဘာ ဘယ်နေရာလဲ”
အဖေ့အသံမှာ ပို၍ စိုးရိမ်မကင်းဟန် ရှိသွားသည်။
“ရက်အင်ဒီယန်းတွေ ရဲ့ ရွာအပြင်မှာ ဆိုတာ သေချာရဲ့ လား။ ဟုတ်ကဲ့…အခုပဲ စခန်းကို ဖုန်းဆက်ပြီး လူလွှတ်ကြည့်ခိုင်းလိုက်ပါ့မယ်”
အဖေ့စကားကို စိတ်ဝင်စားသွားပြီး ကျွန်မ လိုက်ကြည့်နေမိသည်။ အဖေက ဖုန်းချလိုက်ပြီး နံပါတ်အချို့ကို နှိပ်နေသည်။
“ဟေ့…ဘေလီ၊ ကျုပ်ပါ…ချာလီပါ၊ အေး အချိန်မတော် ကြီး ဆက်ရတာ ဆောရီးကွာ၊ မဟုတ်ဘူး၊ ငါ့သမီးက ကောင်းပါတယ်၊ သူအခုအိပ်နေတယ်၊ ဒီလို ငါခေါ်တာ အဲဒါကြောင့် မဟုတ်ဘူး၊ ခုနလေးတင် မစ္စစ်စတင်လေက ဖုန်းဆက်တယ်၊ မင်းတို့ဘက်က ပင်လယ်ကျောက် ဆောင်တွေ ဘက်မှာ မီးလောင်နေတာကို သူ့အိမ်အပေါ်ထပ်ကနေ မြင်နေရတယ်တဲ့၊ ဘာ ဘာ ဖြစ် လို့ သူတို့က အဲဒီ လို လုပ်တာလဲ၊ သြော်..အဲဒီ လိုလား ကောင်းပြီ မီးကို ဆက်မပြန့်အောင်လုပ် ထားလိုက်၊ ဒီလိုရာသီးဥတုမျိုးမှာ ဒီလိုလုပ်ရသတဲ့လားကွာ”
အဖေက တစ်ဖက်မှ ပြောသွားသည်ကို ခဏနားထောင်နေ၏ ပြီးမှ -
“သမီးကိုရှာဖို့ ဆမ်တို့အဖွဲ့ကို လွှတ်ပေးတာ ကျေးဇူးပဲ၊ မင်းပြောတာ မှန်တယ်၊ သူတို့က ငါတို့ထက် တောကျွမ်းတယ်၊ သမီးကို ရှာတွေ့ တာလည်း ဆမ်ပဲ၊ ဒါပဲနော်…နောက်မှတွေ့ မယ်”
“ဘာ ဖြစ်လို့လဲ အဖေ”
“ဘာမှ မဟုတ်ပါဘူးသမီးရယ်၊ ပင်လယ်ကမ်းခြေဘက်မှာ မီးပုံပွဲ လုပ်ကြလို့တဲ့”
“မီးပုံပွဲဟုတ်လား”
“ဒေါက်တာကယ်လန်မိသားစု ဒီမြို့ကထွက်သွားတဲ့ သတင်းကို ကြားလို့ ပျော်ပွဲရွင်ပွဲ လုပ် ကြတာတဲ့”
“လာပု(ရ်)ရွာက လူတွေ က ဒေါက်တာကယ်လန်တို့မိသားစုကို သဘောမကျကြဘူး အဖေ”
ကွေးလူးတပ်(စ်)မျိုးနွယ်စုများ သည် ရှေးရိုးစွဲအယူသီးကြသည်။ သွေးအေးသတ္တ၀ါများ ဟု သူတို့က ခေါ်သော သွေးသောက်သည့် သတ္တ၀ါများ ကို သူတို့မနှစ်သက် ပါ။ ၀ံပုလွေလူသာ ပုံပြင် များ ကိုလည်း သူတို့ယုံကြည်ကြသည်။ အဖေ့ မိတ်ဆွေကြီး ဘေလီဘလက်လည်း ထိုအရာတွေ ကို ယုံကြည်သည်။ သူ့သားဂျက်ကော့ဆိုသော ကောင်လေးပင် ဒီတောက်တီး တောက်တဲ့တွေ ကို လက်ခံသည်။ ဘေလီးဘလက် ဆိုသော အဘိုးကြီးကဆိုလျှင် ကျွန်မ ချစ်သူအက်(ဒ်)၀ပ်နှင့် အဆက်ဖြတ်ဖို့်ပင် ကျွန်မကို ပြောခဲ့ဖူးပေသည်။
“အဓိပ္ပာယ်မရှိတဲ့ ဟာတွေ ”
သူ့အဖေက ရေရွတ်မြည် တမ်းသည်။
“ဘယ်လာ..သမီး”
ကျွန်မက အဖေ့ကို မော့ကြည့်လိုက်သည်။
“ကောင်လေးက သမီးကို တောထဲမှာ တစ်ယောက် တည် ထားခဲ့တာလား”
“နေပါဦး သမီးတောထဲမှာ ရှိတာ အဖေ ဘယ်လိုလုပ် သိတာလဲ”
“ဒီမှာ လေ…သမီးထားခဲ့တယ့်စာ”
အဖေက ကျွန်မကို စာရွက်တစ်ရွက်ပြသည်။
“သစ်တောအုပ်ဘက်သို့ အက်(ဒ်)၀ပ်နှင့် အတူ လမ်းလျှော်ထွက်သွားသည်။ မကြာမီ ပြန် လာမည် …ဘယ်လာ”
ကျွန်မလက်ရေး နှင့် အတော် တူသော်လည်း ကျွန်မ မရေး သော စာတစ်စောင်က အဖေ့ လက်ထဲမှာ ရောက်နေသည်။
“အချိန်တန်လို့ သမီးပြန်မလာတော့ ဒေါက်တာကယ်လန်တို့ အိမ်ကို ဖုန်းဆက်တယ်၊ ဘယ်သူမှ ဖုန်းမကိုင်ဘူး၊ ဒါနဲ့ ဆေးရုံးကို ဆက်တောမှ ဒေါက်တာဂရန်ဒီက ပြောတာ၊ ဒေါက်တာ ကယ်လန်တို့တစ်မိသားစုလုံး အလုပ်ကထွက်ပြီး ပြောင်းသွား ပြီတဲ့”
“သူတို့က ဘယ်ကို ပြောင်းသွား တာလဲ အဖေ”
“လော့(စ်)အိန်ဂျလိမှာ ရှိတဲ့ ဆေးရုံးကြီးတစ်ရုံက အလုပ် ကမ်းလှမ်းလို့ ဒေါက်တာကန် လန်က လက်ခံလိုက်တယ်တဲ့၊ ငွေတော် တော် ပေးပြီးခေါ်ပုံပါပဲ”
နေသာသော L.A မြို့….။သူတို့ နေဖို့ မ ဖြစ်နိုင်ဆုံး နေရာ၊ နေရောင် ထဲမှာ အရောင် တလက် လက် ထွက်နေသော အက်(ဒ်)၀ပ်နှင့် မှန်ထဲမှာ ကိုယ့်ကိုယ်ကို မြင်ရသော ကျွန်မ၏ အိပ်မက်ဆိုး ကိုသတိရမိသည်။ မ ဖြစ်နိုင်။ L.A မြို့ မ ဖြစ်နိုင်။
“တောအုပ်အလယ်မှာ အက်(ဒ်)၀ပ် သမီးကို တစ်ယောက် တည်းထားခဲ့သလား၊ အဖေ သိချင်တယ်”
ကျွန်မခေါင်းကို ခါလိုက်သည်။
အဲဒါသမီးအပြစ်ပါ၊ သူကအိမ်ကို လှမ်းမြင်နိုင်တဲ့ တောစပ်မှာ ကျွန်မကို ထားခဲ့တာပါ၊ ဒါပေ မဲ့ သူ့နောက်ကိ ပြေးလိုက်ဖို့ သမီးကြိုးစားမိခဲ့တယ်
ကျွန်မ ဘာမှ ထပ်မပြောချင်တော့၊ ဒီထက် ပို၍ မခံစားနိုင်တော့၊
“သမီးအခန်းထဲမှာ သွားအိပ်ပါရစေတော့ အဖေ”
တစ်စုံ တစ်ယောက် သည် အိမ်ထဲသို့ ၀င်လာ၍ အဖေဖတ်စေရန် ကျွန်မရေး သလိုနှင့် စာတစ်စောင် ထားခဲ့သည်။ ထိုစာက ကျွန်မကို ဘယ်နေရာမှာ ရှာရမည် ဆိုသည်ကို ပြောခဲ့သည်။ ကျွန်မခေါင်းထဲတွင် သံသယသည်ကြီးထွားလာ၏ ။
အခန်းထဲသို့ အမြန်ပြေးသွားကာ တံခါးကို အတွင်းဘက်မှ ချက်ချလိုက်၏ ။ အခန်းမှာ ကျွန် မ ထွက်သွားတုန်းကလိုပင် ခြေရာလက်ရာ မပျက်ရှိသည်။ ချက်ချင်း ပင် အက်(ဒ်)၀ပ်ဓာတ်ပုံ ထည့်ထားသော အမေ့ မွေးနေ့လက်ဆောင် ပေးထားသည့် မှတ်တမ်းစာအုပ်လေးကို ဖွင့်လိုက် သည်။ စာအုပ်ကို လှည်ကြည့်သော ကျွန်မလက်များ မှာ တဆက်ဆက် တုန်ယင်နေသည်။
ဓာတ်ပုံသည် ကျွန်မကပ်ထားသော နေရာတွင် မရှိတော့ပါ၊ ကွက်လပ် ဖြစ်နေသော ဓာတ်ပုံ ရှိခဲ့သည့် နေရာအောက်တွင် ကျွန်မ လက်ရေး အစစ်ဖြင့် ရေး ထားသော စာတစ်ကြောင်း ကတော့ မပျက်မစီး ရှိနေဆဲ ဖြစ်သည်။
အက်(ဒ်)၀ပ်ကယ်လန်
ကျွန်မ အိမ် မီးဖိုခန်း
စက်တင်ဘာ (၁၃)ရက်
သူပြောသွားဖူးသော စကားတစ်ခွန်းကို သတိရသည်။
“ကိုယ်ဟာ ဒီလောကကြီးထဲမှာ ဘာတုန်းကမှ ဖြစ်တည်မလာခဲ့ဘူးလို့ပဲ မှတ်လိုက်ပါ”
ကျွန်မဒူးမှာ ကြမ်းပြင်ပေါ်သို့ ညွန်ကျသွားသည်။ ရပ်တည်ခြင်းငှာ မစွမ်းသဖြင့် ပါးနှင့် ကြမ်း ပြင် အပ်မိသည်အထိ လဲလျောင်းနေရတော့သည်။ နာကျင်ခြင်းသည် ရင်ထဲမှသည် ဦးခေါင်းထက် အထိ ပျံ့နှံ့၏ ။ ဘာကိုမှလည်း မတွေးချင်တော့ ကျွန်မမှာ ဘာမှလည်း မရှိတော့။
“သမီးကို အိမ်ပြန်ပို့တော့မယ် ဘယ်လာ”
နံနက်စာ စားနေစဉ် အဖေ ပြောလိုက်သော စကားတစ်ခွန်းကြောင့် ကျွန်မ ထိတ်လန့်တုန် လှုပ်သွားခဲ့သည်။ အချိန်များ သည် မယုံကြည်နိုင်စရာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်မှာ လေးလ ခန့်ပင် ရှိခဲ့ပြီ ဖြစ်သည်။
“ဒါ ကျွန်မ အိမ်ပဲ ဖေဖေ”
“ဂျက်ဆင်ဗေးမှာ ရှိတဲ့ သမီး အမေ အိမ်ကို ပို့မလို့”
ဟု အဖေက ဖြေသည်။
“သမီးက ဘာလုပ်မိလို့လဲ”
အဖေက သက်ပြင်းတစ်ချက်ကို ချ၍ -
“ဘာမှ မလုပ်ဘူး သမီး၊ အဲဒါကိုက ပြဿနာပဲ… သမီးဟာ ဘာဆိုဘာမှ မလုပ်တော့ဘူး”
“အရင် ကတော့ သမီး လုပ်လိုက်သမျှဟာ ပြဿနာချည်းပဲဆို၊ အဖေက သမီးကို ပြဿနာ ရှာစေချင်လို့လား”
“အခုလို စိတ်လေနေတာနဲ့စာရင် ပြဿနာ ဖြစ်တာကမှ တော် ပါသေးတယ်”
“သမီး စိတ်လေနေတာ မဟုတ်ဘူး အဖေ”
“သမီးရယ် ဒီကိစ္စမျိုးဆိုတာ သမီး တစ်ယောက် တည်း ကြုံဖူးတာ မဟုတ်ပါဘူး”
“သမီးအမေ သမီးကို ခေါ်ပြီး အိမ်ပေါ်က ဆင်းသွားတုန်းက အဖေ အတော် ခံစားရတာ ပေါ့၊ ဒါပေမဲ့ အဖေ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ခဲ့တယ်၊ ဒါပေမဲ့ သမီး ကတော့ ဒီလို မဟုတ်ဘူး၊ စိတ်လေ နေသလိုပဲ”
“သမီး ဘာမှ မ ဖြစ်ပါဘူး”
“အဖေ ကတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန် တစ်ယောက် နဲ့ ပြလိုက်ရင် ပိုကောင်းမယ် ထင်တယ်”
“သမီးက စိတ်ဂေါရာကုဆရာဝန်နဲ့ ပြရမှာ လား ဖေဖေ”
“ပြလိုက်ရင် ပိုကောင်းမယ်လို့ အဖေ ထင်တယ်”
“ဒီလို လုပ်ဖို့တော့ မလိုသေးဘူး ထင်တယ် အဖေ၊ ဒီလို လုပ်၊ သမီး ဒီည အပြင်ကို ထွက် လည်မယ်၊ ဂျက်ဆီကာ ဖြစ် ဖြစ်၊ အန်ဂျလာ ဖြစ် ဖြစ် အဖော်ခေါ်သွားမယ်”
“အဖေ လိုချင်တာက ဒါမျိုး မဟုတ်ပါဘူး၊ သမီး ကြိုးစားပြီး ဟန်ဆောင်ပြနေတာ အဖေ မကြည့်ရက်ဘူး”
“ဒါဆို သမီးက ဘာလုပ်ရမှာ လဲ”
“အဖေက သမီးကို ပျော်စေချင်တယ်၊ အနည်းဆုံးတော့ ခုလို စိတ်မချမ်းမသာ ဖြစ်နေတဲ့ ဘ၀က လွတ်စေချင်တယ်၊ ဒီမြို့က သမီး ထွက်သွားရင် ဒီစိတ်ဆင်းရဲစရာတွေ က ကင်းဝေးသွား မယ်လို့ အဖေ ထင်တယ်”
“သမီး မသွားဘူး အဖေ”
“ဘာ ဖြစ်လို့လဲ”
“ဒီမှာ ကျောင်းတက်တာ တန်းလန်းကြီး နှစ် လယ်ကို ရောက်နေပြီ၊ နောက်ကျောင်းမှာ ပြောင်းတက်လို့ အဆင်ပြေမှာ မဟုတ်ဘူး”
“မင်းအမေကလည်း သမီးကို ပြန်လာစေချင်တာ တစ်ပိုင်းသေနေပြီ”
“ဖလော်ရီဒါက သိပ်ပူတယ် အဖေ”
အဖေက သူ့လက်သီးဆုပ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။
“သမီးလည်း အသိပဲ၊ လပေါင်းများ စွာ ကြာခဲ့ပြီ… ခုအထိ ဖုန်းမဆက်ဘူး၊ စာမရေဘူး၊ အဆက်အသွယ် မလုပ်ဘူး၊ သမီး ကောင်လေးကို စောင့်မနေပါနဲ့တော့”
“သမီး ဘာကိုမှ စောင့်နေတာ မဟုတ်ဘူး အဖေ… ဘာကိုမှလည်း မမျှော်လင့်ဘူး”
“ဘယ်လာ… ”
အဖေ့အသံက ကျွန်မနာမည် ကို ခေါ်တာလား၊ ကျွန်မကို ငေါက်တာလား မသဲကွဲပါ။
“သမီး ကျောင်းသွားတော့မယ် အဖေ၊ ကျောင်းမှာ ဂျက်ဆီကာနဲ့ တိုင်ပင်ပြီး ဒီည အပြင် ထွက်လည်မယ်၊ ညစာ ချန်မထားနဲ့တော့၊ သမီးတို့ ပို့အိန်ဂျလီကို သွားပြီး ရုပ်ရှင်ကြည့်မလို့”
“ဘာကားကြည့်မလို့လဲ ဘယ်လာ”
ကျွန်မလည်း အဖေ အဆူသက်သာရင် ပြီးရောဟု အိမ်မှ ထွက်လာခြင်း ဖြစ်၍ ဘာတွေ ရုံ တင်နေမှန်းပင် မသိပါ။
“ငါလည်း မသိဘူးဟ၊ ဘာတွေ ပြနေလဲ”
“အချစ်ဟာသကား တစ်ကား ပြနေတယ်၊ ကောင်းတယ်လို့တော့ သတင်းစာတွေ က ရေး ကြတာပဲ”
“နောက်တစ်ကားကရော ဘာလဲ”
“မရဏနိဂုံးတဲ့၊ မနေ့တစ်နေ့ကပဲ ငါ့အဖေ ကြည့်ခဲ့တာ သိပ်ကောင်းတဲ့ကားလို့ တဖွဖွ ပြော နေတာပဲ”
“ရုပ်ရှင်က ဘာအကြောင်းလဲဟ”
“လူသားစား ဖုတ်ကောင်တွေ အကြောင်း ဆိုလားပဲ၊ အဖေ ပြောတာတော့ အတော် ကြောက်ဖို့ကောင်းတယ် ဆိုပဲ”
အချစ်ဟာသထက်စာလျှင် သရဲရုပ်ရှင်ကမှ ကောင်းဦးမယ်ဟု ကျွန်မ ဆုံးဖြတ်လိုက်သည်။
“ဒါဆို… မရဏနိဂုံးပဲ ကြည့်မယ်ဟာ”
“အိုကေ…”
ရုပ်ရှင်မှာ ထိတ်လန့်ချောက်ချားဖွယ် ဇာတ်လမ်း ဆင်ထားပါသည် ဆိုသော်လည်း ဇာတ် လမ်းစသော အခါ ချစ်ခန်း ကြိုက်ခန်းတွေ ချည်း ပြနေသည်။ ဇာတ်လမ်းထဲ၌ ငယ်ရွယ်သော စုံတွဲ တစ်တွဲ သည် ပင်လယ်ကမ်းခြေတစ်ခုတွင် တစ်ယောက် လက်ကို တစ်ယောက် တွဲ ကာ လျှောက် သွားရင်း တစ်ယောက် ကို တစ်ယောက် ဘယ်လောက် ချစ်ကြောင်းတွေ ကို ဖွဲ့နွဲ့ သီကုံးနေလေ သည်။
“ငါတို့ ကြည့်တာ သရဲကား ဟုတ်ပါတယ်နော်”
ဟု ကျွန်မ ဂျက်ဆီကာ့ကို လေသံဖြင့် ပြောလိုက်၏ ။
“ဟုတ်ပါတယ် ဒါ သရဲကားဟဲ့”
“ဒါဆို ကြောက်စရာတွေ ဘာလို့ မလာသေးတာလဲ၊ လူသားစားခန်းတွေ လေ”
“နင်ကလည်း ဘာမှာ ပေါ့ဟ”
“ငါ ပြောင်းဖူးပေါက်ပေါက် သွားဝယ်ဦးမယ်၊ နင် စားဦးမလား”
“ဟင့်အင်း”
နောက်ခုံမှ လူ တစ်ယောက် က ကျွန်မတို့အား `ရှူး´ ဟု အသံပြုပြီး စကားမပြောဖို့ သတိ ပေးသည်။ ရုံအပြင်ဘက် မုန့်ဆိုင်တွင် ဆယ်မိနစ်လောက် အချိန်ဖြုန်းလိုက်ပြီး ရုံထဲမှ ထိတ်လန့်တ ကြား အော်သံ ဟစ်သံများ ကို ကြားမှ ရုံထဲသို့ ပြန်ဝင်လာခဲ့၏ ။
“တကယ့် ကောင်းခန်းနဲ့ နင် လွဲသွားတာပဲ၊ အခု လူတွေ အားလုံးနီးပါး ဖုတ်ကောင်တွေ ဖြစ်ကုန်ကြပြီ”
ရုပ်ရှင်၏ ကျန်သော အပိုင်းမှာ ဖုတ်ကောင်များ က ကျန်သေးသူ လူများ အား လိုက်လံတိုက် ခိုက်သဖြင့် ပြေးကြလွှားကြ အတော် မသတ် အော်ကြဟစ်ကြပုံများ သာ ဖြစ်သည်။ ရုပ်ရှင်ကြည့်ရင်း တစ်ယောက် သော သူကို သတိရလာသဖြင့် စိတ်မသက်မသာ ဖြစ်ရသေးသည်။ ရုပ်ရှင်ဇာတ်ဝင် ခန်းတစ်ခုကိုကြည့်ရင်း သူ့ကို သတိရလာခြင်း ဖြစ်သည်။ ရုပ်ရှင်မပြီးမီ ထိုင်ခုံမှ ထလာခဲ့၏ ။
“ဘယ်သွားမလို့လဲ ဘယ်လာ၊ ရုပ်ရှင်က ပြီးခါနီး ပါပြီ”
“ရေသောက်ချင်လို့ပါ”
ရုပ်ရှင်ရုံ အပြင်ဘက် ခုံတန်းကလေးတွင် ကျွန်မ တစ်ယောက် တည်း သွားထိုင်နေမိသည်။ မကြာမီ ရုပ်ရှင်ပြီး၍ ရုံထဲမှ လူများ ထွက်လာကြ၏ ။
“ရုပ်ရှင်က ကြောက်ဖို့ ကောင်းရဲ့ လား”
ဟု ဂျက်ဆီကာက ကျွန်မ သဘောထားကို မေးလိုက်သည်။
“အေ… ငါ ကတော့ သိပ်သတ္တိမရှိဘူးလို့ ထင်တာပဲ”
“အံမယ်… နင် ကြောက်တယ်ဆိုတာ ငါတော့ မယုံပါဘူး၊ ငါဖြင့် တစ်ချိန်လုံး ကြောက်လို့ အော်နေတာ နင့်အော်သံကို တစ်ခါမှ မကြားပါဘူး၊ တကယ်ပါအေ… ငါ ကြည့်ဖူးသမျှမှာ ကြောက် ဖို့အကောင်းဆုံး ရုပ်ရှင်ပါပဲ”
“နင် ပြောတာ ငါ ထောက်ခံတယ်၊ သြော် ဒါနဲ့ ဘယ်ဆိုင်မှာ နင် ညစာစားချင်လဲ”
“ဘယ်နေရာ ဖြစ် ဖြစ် ရတယ်”
“ပြီးရော”
ကျွန်မတို့နှစ် ယောက် စကားတပြောပြောဖြင့် လျှေက်လာကြ၏ ။ ဂျက်ဆီကာ ဘယ် နေရာ ကို သွားနေသလဲဆိုတာ ကျွန်မ သတိမထားမိပါ။ မည်းမှော င်တိတ်ဆိတ်သော လမ်းသွယ်တစ်ခု ဖြစ်တာကိုသာ သတိထားမိသည်။ ဂျက်ဆီကာလည်း အမျှင်မပြတ် စကားမပြောတော့ဘဲ ရှေ့သို့ မျှော်ကြည့်ကာ ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့၏ ။ ကျွန်မတို့ လျှောက်လာခဲ့သော လမ်းတွင် ဆိုင်တော် တော် များများ မှာ ပိတ်သွားလေပြီ။ အချို့သော ဆိုင်အနည်းငယ်မှသာ မီးရောင် ပျပျ မြင် တွေ့ နေရ၏ ။။ ဟိုးခပ်လှမ်းလှမ်းတွင် တော့ မက်ဒေါ်နယ်စားသောက်ဆိုင်မှ မီးရောင် ပျပျကို မြင်ရ သည်။ ဤဆိုင်သို့ ဂျက်ဆီကာသွားနေခြင်း ဖြစ်ပုံရသည်။ ကျွန်မတို့လျှောက်လာသော လမ်း၏ တစ် ဖက်ခြမ်း၌ မီးလင်းနေသော ဆိုင်တစ်ဆိုင်ရှိသည်။ အရက်ဘားဆိုင်တစ်ခု ဖြစ်ပုံရသည်။ ဆိုင်နမည် ဆို်င်းဘုတ်တစ်ခုကို ချိတ်ဆွဲထားရာ one Eyed Petes ဟုရေး သားထား၏ ။ နာမည် ကြည့်ရတာ တော့ ပင်လယ်ဓာပြလိုလူလွင့်တွေ လာသောက်ဆိုင် ဖြစ်ပုံရသည်။ ဆိုင်ထဲမှဖန်ခွက်ချင်း ထိသံ များ ၊ ယောက် ကျာ်းများ ၏ ရယ်သံများ က အပြင်ဘက်သို့ ပင် လျှံကျလာ၏ ။ ဆိုင်ရှေ့ ပလက်ဖောင်း ပေါ်တွင် ကား နံရံကို မှီလျက် ယောက် က်ျားလေးယောက် ရပ်နေကြ၏ ။
ယခင်က မြင်ဖူးသလိုစိတ်ထဲမှာ ခံစားရသဖြင့် ကျွန်မသူတို့ကို တစ်ချက် လှည့်ကြည့် လိုက် သည်။ အရပ်ပုပုနှင့် လူ တစ်ယောက် ကို မြင်ဖူးတာသေချားသလို ရှိသည်။ ဒီနေ့မြင်ဖူးတာ မဟုတ်။ အခြား တစ်နေရာရာမှာ မြင်ဖူးတာ ဖြစ်သည်။ ဧကန္တ လွန်ခဲ့သော တစ်နှစ် က ကျွန်မဒီပို့အိန်ဂျလီ မြို့မှာ တစ်ယောက် တည်း လျှောက်သွားရင်း မျက်စိလည်နေစဉ် ကျွန်နောက်ကလိုက်၍ နှောက် ယှက်နေသော တစ်ယောက် ဖြစ်ဖို့များ သည်။ ကျွန်မက ကိုယ့်လမ်းကို သွားနေရာမှ သူတို့ဘက် သို့ လှည့်လိုက်သည်။
“ဘယ်လာ နင်ဘာလုပ်မလို့တုံး”ဟု ဂျက်ဆီကာကမေးသည်။
“သူတို့ကိုငါတွေ့ ဖူးသလိုပဲဟ”
ကြုံပဲ ကြုံတတ်သည်ဟုသာ တွေးနေမိသည်။ အရပ် ခပ်ပျပ်ပျပ်နှင့် လူကိုသေသေချာချာ ကြည့်လိုက်သည်။ ဒီလူသည် လွန်ခဲ့သော နှစ် ကလမ်းပေါ်ဝယ် ကျွန်မကို ခြိမ်းခြေက်နှောက်ယှက် ခဲ့သူ ဖြစ်သည်။ ကျွန်မလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူတို့ထဲမှ တစ် ယောက် ကကျွန်မကို သကြားခဲလေးရေ…ဟု ခေါ်လိုက်၍ ကျောထဲမှ စိမ့်သွား၏ ။
“ဘယ်လာ လာပါဟာ သွားကြမယ်”
စိုးရိမ်းသော လေသံဖြင့် ဂျက်ဆီကာက ကျွန်မကိုခေါ်သည်။ ကျွန်မကဂျက်ဆီကာ တာမြစ် သည်ကို မကြားချင်ယောင်ဆောင်လိုက်ပြီး ထိုလူလေးယောက် ရှိရာသို့ လမ်းဖြတ်ကူး၍ ခပ်ဖြည်း ဖြည်း လျှောက်လာခဲ့သည်မှာ လမ်းမ၏ တစ်ဝက် အလယ်သို့ ပင် ရောက်လာခဲ့၏ ။ ဂျက်ဆီကာက ကျွန်မလက်ကို လာဆွဲသည်။
“အရက်ဆိုင်ထဲကို နင်ဝင်လို့ မရဘူး”
“ဆိုင်ထဲကို ငါမ၀င်ပါဘူး၊ ငါကြည့်ချင်တာတစ်ခုရှိလို့”
“နင်ရှုးနေလား၊ ဒုက္ခရောက်သွားမယ်နော်”
ဂျက်ဆီကာ၏ သတိပေးချက်ကြောင့် ကျွန်မ တစ်စုံ တစ်ယောက် ကို ကတိပေးခဲ့ဖူးတာ အမှတ်ရသည်။
“အဓိပ္ပာယ်မရှိတဲ့ ပေါက်ကရတွေ ဘယ်တော့မှ မလုပ်ပါဘူး”
ဟုကျွန်မသူ့ကို ကတိပေးဖူးသည်ပဲ။
“စားသောက်ဆိုင်ကိုသွားနှင့် ငါလိုက်လာခဲ့မယ်”
ဂျက်ဆီကာကို ကျောခိုင်း၍ လမ်းတစ်ဖက်ရှိ လူလေးယောက် ထံခြေဦးလှည့်လိုက်၏ ။ ထိုလူများ က ကျွန်မနှင့် ဂျက်ဆီကာ ငြင်းခုံနေကြသည်ကိုစပ်စုသော မျက်နှာနှင့် စိတ်ဝင်တစား ကြည့်နေကြ၏ ။
“ဘယ်လာ အခု ချက်ချင်း ရပ်လိုက်စမ်း”
ကျွန်မတစ်ကိုယ်လုံးကြွက်သားများ တောင့်တင်း ရပ်ဆိုင်းသွားကြသည်။ အဘယ်ကြောင့် ဆိုသော် ကြားလိုက်ရသော အသံမှာ ဂျက်ဆီကာ့အသံမဟုတ်။ ထိုအသံမှာ ဒေါသထွက်နေသော အသံ ကျွန်မနှင့် ရင်းနှီးလွန်းသော အသံ ကျွန်မချစ်သူ ကတ္တီပါစလိုနှုးညံ့သော အသံ။ ကျွန်မချစ်သူ အက်(ဒ်)၀ပ်၏ အသံ ဖြစ်ပါတော့သည်။
သူ့အသံကိုကြားလိုက်ရသည်မှာ သိပ်ထင်ရှားသည်။ ကျွန်မ၏ ဦးခေါင်းမှာ ရေနက်ထဲမှာ ငုတ်နေရာမှ ရေပေါ်သို့ ရုတ်တရက်ဖော်လိုက်သကဲ့သို့ ရှိတော့သည်။ အေးစက်သော လေသည် ဖျက်ခနဲ တိုက်ခက်သွားပေသည်။ ထိလန့်စွာ ဖြင့် ကျွန်မ၏ ရှေ့နောက်ဝဲယာကို အကဲခတ်ကြည့် ရှုလိုက်သည်။
“ဂျက်ဆီကာ့ဆီကို ပြန်သွားလေ၊ စိတ်ကူးပေါက်ရာတွေ လျှောက်မလုပ်ပါဘူးလို့ ကတိပေး ပေးထားတာ မှတ်မိသေးလား”
လမ်းပေါ်မှာ ကျွန်မ တစ်ယောက် တည်းသာ ရှိသည်။ ဂျက်ဆီကာကခပ်လှမ်းလှမ်းမှာ ကျွန် မကိုစိတ်ပူပန်သော မျက်လုံးများ ဖြင့် ကြည့်နေပါသည်။ လမ်းတစ်ဖက်မှာ တော့ နံရံကို မှီ၍ ရပ်နေ သော ငနဲ့လေးပွေသည် ကျွန်မယောင်နနဖြင့် ရပ်နေသည်ကို အထူးအဆန်းသဖွယ် ကြည့်နေကြ ပေသည်။
ကျွန်မက သူ့စကားကိုနားလည်းသလို ခေါင်းညိတ်ပြလိုက်သည်။ ဟိုစဉ်က ခွဲခွာသွားပြီး ကတည်းက ပထမဆုံးအကြိမ် ကျွန်မအနားသို့ သူပြန်ရောက်လာခဲ့ဖြင်း ဖြစ်သည်။ တကယ်တော့ သူသည် ဤအနီအနားမှာ မရှိ။ လူမမြင်ရဘဲ အသံသာကြားနေရခြင်း ဖြစ်သည်။
“ကိုယ့်ကတိကိုယ် တည်ပါစေ”
ဟုပြောကာာ အသံမှာ တဖြည်းဖြည်း တိုးတိမ် ပျောက်ကွယ်သွားသည်။ စိတ်ဖောက်ပြန်ပြီး ထင်ရာ မြင်ရာမြင်ယောင်နေတာလားဟု တွေးမိသေးသည်။ ဖြစ်နိုင်ခြေနှစ် ခုကိုသုံးသပ်မိ၏ ။
(တစ်) ကျွန်မ ဦးနှောက် ကြောင်သွားပြီ ဖြစ်မည် ။ (ခေါင်းထဲမှာ အသံတွေ ကြားရတယ် ဆို လျှင် လူတွေ က ရှုးနေပြီဟု သတ်မှတ်ကြသည်မဟုတ်လား)
(နှစ် )ကျွန်မ ဖြစ်စေချင်တာတွေ ကို ခေါင်းထဲမှ ကြားရသည်ဟုထင်မိခြင်းလည်း ဖြစ်နိုင် သည်။ (ဥပမာ-သူ ကျွန်မ သွားလေရာကို လိုက်နေ၍ ကျွန်မကိုစောင့် ရှောက်နေလျှင် ကောင်း မည် ဟု တောင့်တမိသော စိတ်ကြောင့် တကယ့်သူ့အသံ ကြားရသလိုလို ဘာလိုလို ဖြစ်လာ တာလည်း ဖြစ်နိုင်သည်)
ဒီနှစ် ကလွဲလို့ အခြား ဘာကိုမှ စဉ်းစားလို့မရ။ အဖေ ပြောတာမှန်သည်။ ကျွန်မစိတ်ကျန်း မားရေး ဆရာဝန်းနှင့် ပြသဖို့ သင့်ပြီ။ သို့သော်ခေါင်းမာပြီး တဇွတ်ထိုး လုပ်တတ်သော ကျွန်မက စမ်းသပ်သည့်အနေဖြင့် ရှေ့သို့ တစ်လှမ်း ထပ်တိုးလိုက်သည်။
“ဘယ်လာ နောက်ကို ပြန်ဆုပ်လိုက်တော့”
သူ့အသံမှာ စိတ်တိုနေပုံရသည်။ ကျွန်မ ထင်တာ မှန်နေပြီ။ အကြားမှားတာ မဟုတ်။ ကျွန်မရှုးနေတာမဟုတ်။ တကယ့်သူ့အသံမှ သူ့အသံ။
“ဟိုင်း”
လေးယောက် အဖွဲ့ထဲမှ တစ်ယောက် က ကျွန်မကို နှုတ်ဆက်သည်။ ကျွန်မခေါင်းထဲမှာ သွေးစုပ်ဖုတ်ကောင် တစ်ကောင်း၏ မာန်ဖီးဟိန်းဟောက်သံကို ကြားရသဖြင့် ကျွန်မပြုံလိုက်သည်။ ကျွန်မကိုနှုတ်ဆက်သော လူက သူ့ကိုပြုံးပြသည် ထင်ပြီး အားတက်သွားသည်။
“ဘာကူညီးရမလဲ ညီမလေး မျက်စိလည်နေတာလား”
ကျွန်မကလမ်းဘေးရေမြောင်းထိပ်တွင် ရပ်လိုက်သည်။ မြောင်းထဲမှ ရေများ တဝေါဝေါ စီးဆင်းသံကို အမှော င်ထဲ၌ ကြားရ၏ ။
“ဟင့်အင်း မျက်စိလည်နေတာ မဟုတ်ပါဘူး”
ကျွန်မက အရပ်ပုပု၊ အသားညိုညိုလူကို အနီးကပ်လေ့လာအကဲခတ်လိုက်သည်။ ကျွန်မ ထင်ထားသော လူ မဟုတ်သဖြင့် စိတ်ပျက်ရသည်။
“တစ်ခုခု သောက်ပါလား..ငါဝယ်တိုက်ပါ့မယ်”
“ဟင့်အင်းကျွန်မ အရက်သောက်ဖို့ အသက်မပြည့်သေးဘူး”
(မှတ်ချက်)အမေရိကတွင် ၂၁ နှစ် ပြည့်မှ အရက်ဝယ်ခွင့် ရှိသည်။)
“ရတယ်လေ ဒါဆိုငါတို့နဲ့လျှောက်လည်ပါးလား”
“ကျေးဇူးပါပဲ ဒါပေမဲ့ မ ဖြစ်ပါဘူး”
ဂျက်ဆီကာက ကျွန်မကို ဝေခွဲမရသော အကြည့်ဖြင့် လမ်းတစ်ဖက် ခပ်လှမ်းလှမ်းမှ ကြည့် နေ၏ ။
“လာပါ ခဏတစ်ဖြုတ်ပဲဟာ”
ကျွန်မက ခေါင်းကိုခါလိုက်ကာ ဂျက်ဆီကာ ရှိရာသို့ လှမ်းကြည့်လိုက်ကာ-
“လမ်းဟိုဘက်က ကြည့်လိုက်တုန်းက ရှင်က ကျွန်မအသိ တစ်ယောက် နဲ့ အရမ်းတူနေလို့ ပါ သွားမယ်နော်”
ဂျက်ဆီကာ့ကို ခေါ်ကာ ကျွန်မ ထိုနေရာမှ ထွက်လာခဲ့သည်။
“နင် ဘာတွေ တွေးနေတာလဲ၊ ကိုယ်နဲ့မသိတဲ့ လူတွေ နဲ့ ဘာလို့စကားသွားပြောတာလဲ။ ဟိုလူတွေ က စိတ္တဇလူသက်သမား ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
ကျွန်မက ပခုံးတွန့်ပြလိုက်ကာ-
“ငါ့အသိ တစ်ယောက် နဲ့ တူနေလို့ သွားကြည့်တာပါ”
“နင်လုပ်လိုက်ရင်အထူးအဆန်းကြည့်ပဲ၊ နင့်ကို ငါ နားမလည်တော့ဘူး ဘယ်လာစွမ်း”
“ဆောရီးပဲ”
ဟု ပြန်ပြောရုံမှ တစ်ပါး ကျွန်မ ဘာမှ မပြောနိုင်တော့ပေ။ သရဲရုပ်ရှင်ကြောင့် ပဲ ဖြစ် ဖြစ်၊ ခေါင်းထဲမှာ ကျွန်မ တစ်ယောက် တည်းသာ ကြားနေရသော အသံကြောင့် ပဲ ဖြစ် ဖြစ် ယနေ့ညသည် ထူးခြားသော ညတစ်ညပင် ဖြစ်ပါတော့သည်။ ဤညတွင် ကြုံ့ခဲ့ရသော အ ဖြစ်အပျက်က လပေါင်း များ စွာ အိပ်မောကျနေသော ကျွန်မ ၀ိညာဉ်ကို လှုပ်နိုးလိုက်သကဲ့သို့ ရှိပါတော့သည်။
အန္တရာယ်ကို ကားယားခွစီးခြင်း
ယခုအခါ ညစဉ်လိုပင် ကျွန်မအိပ်မက်ဆိုးများ ကို မြင်မက်ကာ အိပ်ရာမှ အော်ဟစ်ရင်း လန့်နိုးလေ့ရှိသည်။ အိပ်မက်တစ်ခုကို အထပ်ထပ် မြင်မက်နေခြင်း ဖြစ်သည်။ ထိတ်လန့်စရာ အိပ်မက်တစ်ခု ဖြစ်ပြီး ဟော်ဟစ်ပြီး အိပ်ရာမှလန့်နိုးပါမှ အိပ်မက်မှာ ရပ်တန့်သွားလေ့ရှိသည်။ ပထမတော့ အဖေကကျွန်မဘာ ဖြစ်သလဲဟု စိုးရိမ်စိတ်နှင့် လာကြည့်သော်လည်း နောက်တော့ ရိုးသွားပုံရကာ ကျွန်မယောင်ပြီး အော်လျှင်လည်း လာမကြည့်တော့ပေ။
အိပ်မက်ထဲ၌ ကျွန်မသည်တောအုပ်တစ်ခုထဲမှာ ပြေးလွှားနေသည်။ တောအုပ်မှာ အဆုံး အစမရှိသော ၀င်္ကပါတစ်ခုလိုပင် ရေညှိများ ဖုံးလွှမ်းနေသော သစ်ပင်များ က နေရာအနှံ့ ပေါက် ရောက်နေကာ နေပြောက်မထိုးနိုင်အောင်အုံးဆိုင်း မည်းမှော င်နေသည်။ ဤကမ္ဘာပေါ်တွင် သက်ရှိ သက်မဲ့ဟူ၍ ကျွန်မ တစ်ယောက် တည်း ကျန်တော့သယောင်ဘာသံမှ မကြားရဘဲ ပကတိ တိတ်ဆိ တ်နေပုံမှာ ချေက်ချားဖွယ်ကောင်းလှတော့သည်။ ကျွန်မရှာနေသော အရာသည် ကျွန်မထံသို့ တဟုန်ထိုး ပြေးဝင်လာရာ ကျွန်မကို အရှိန်နှင့် ၀င်တိုက်မိလုဆဲဆဲတွင် အိပ်မက်မှ ရုတ်တရက် နိုး လာတတ်စမြဲပင် ဖြစ်သည်။ ကျွန်မ လိုက်ရှာနေသော အရာကို အိပ်မက်ထဲမှာ တစ်ခါမှ မမြင်ရဘဲ ဘီးလူစီးသလို၊ ထမင်းလုံးတစ္ဆေခြောက်သလိုသာ အေးခနဲ့ ပြုတ်ကျသွားရမှ အော်ဟစ်ရုန်းကန် လန့်နိုးရခြင်း ဖြစ်သည်။
ယနေ့တော့ လုပ်မှ အပြန် ဘယ်ရယ်ဟု ရယ်ရွယ်ချက် မရှိဘဲ ကျွန်မကားကို ဦးတည်ရာမဲ့ မောင်းလာမိသည်။ အိမ်ကိုလည်း မပြန်ချင်သေး။ ယခုတလော အဖေနှင့် လည်း သိပ်မျက်နှာချင်းမ ဆိုင်ဘဲ တစ်ယောက် တည်း နေချင်သည်။ လမ်းဘေး၌ ကားကို ရပ်ကာ တံခါးဖွင့်၍ ဆင်းလိုက်၏ ။ မိုးဖွားလေးများ တဖွဲဖွဲ ကျလာပြီး မျက်ရည်စက်များ သဖွယ် ပါးပြင်ပေါ်မှာ ဖြတ်၍ စီးဆင်းသွားကြ သည်။ မိုးရေစက်များ ကြောင့်ေ၀၀ါးနေသော စိတ်များ အနည်းငယ် ကြည်လင်လာသည်။ မျက်ဝန်း ထဲမှ မိုးရေစက်များ ကို ပုတ်ခတ်ပုတ်ခတ် လုပ်၍ ထုတ်ပစ်လိုက်ပြီး ပတ်ဝန်းကျင်ကို ငေးကြည့်နေမိ တော့သည်။ ထိုအခါကျမှ ကျွန်မ ကားရပ်ထားသော နေရာမှာ အိမ်တစ်အိမ်၏ ရှေ့တွင် ဖြစ်ပြီး ထို အိမ်ရှေ့၌ ဆိုင်းဘုတ်တစ်ခုကို လက်ရေး ဖြင့် မသေမသပ် ရေး ထားတာကို တွေ့ ရလေသည်။
“မော်တော် ဆိုင်ကယ် ရောင်းရန် ရှိသည်”
တိုက်ဆိုင်သည်လား၊ ကံကြမ္မာက အချိန်ကိုက် ဖန်တီးလိုက်သည်လား မသိပေ။ ထိုအိမ် ရှေ့ ခြံဝင်းထဲ၌ မော်တော် ဆိုင်ကယ် အဟောင်းနှစ် စီးကို ထောင်ထားတာ တွေ့ ရသည်။
“မိုက်မဲပြီး ဦးနှောက်မရှိတဲ့ သူတွေ စီးတာ”
မော်တော် ဆိုင်ကယ်ကို ရည်ညွှန်းသော ကျွန်မအဖေ ရဲမှူးကြီး၏ စကားနှစ် ခွန်း ဖြစ်ပါသည် သူ၏ အမှု ထမ်းသက်တစ်လျှောက်တွင် ဆိုင်ကယ် မတော် တဆ ဖြစ်မှု များ စွာ ကို မြင်တွေ့ ခဲ့ရပြီး နောက် ရလာသော အတွေ့ အကြုံအရ ပြောသော စကား ဖြစ်ပါသည်။ အက်ဆီးဒင့် တော် တော် များ များ တွင် ဆိုင်ကယ်စီးသူမှာ သူငယ်အများ စု ဖြစ်ကြပြီး အတော် များများ မှာ သူတို့ အသက်များ ကို စတေးသွားကြရသည်ဟု ဆို၏ ။ တချို့လူများ က ဆိုင်ကယ်စီးရသည်မှာ အန္တရာယ်များ လှသဖြင့် မိမိ၏ အသုဘအခေါင်းကို မိမိကိုယ်တိုင်ကားယားခွ၍ စီးနေသည်နှင့် တူသည်ဟု ပြောကြသေး၏ ။ မည် သို့ ပင်ရှိစေ ကျွန်မသည် မိုက်မဲချင်နေသူ ဖြစ်သည်။ ဦးနှောက် ဆင်ခြင်ဥာဏ်မဲ့ချင်နေသူ ဖြစ် သည်။ ထို့ကြောင့် ဆိုင်ကယ် ရောင်းရန် ရှိသည် ဆိုသော အိမ်တံခါးကိုသွား၍ ခေါက်လိုက်၏ ။
ချာတိတ် တစ်ယောက် တံခါး လာဖွင့်ပေးသည်။ သူ့ကို ကျွန်မ မြင်ဖူးသော်လည်း နာမည် မ မှတ်မိ။ သူက ကျွန်မ နာမည် ကို သိနေသည်။
“ဘယ်လာစွမ်းပါလား”
“ဆိုင်ကယ်က ဘယ်လောက်ရရင် ရောင်းမှာ လဲ”
“တကယ် ပြောနေတာလား”
“အေးလေ… တကယ်ပေါ့”
“ဆိုင်ကယ်က မောင်းလို့မရဘူး”
“ဘယ်လောက်လဲသာ ပြောပါ”
“လိုချင်ရင် တစ်စီး အလကားယူသွား၊ အမေက အဖေ့ကို အမှိုက်ပုံမှာ သွားလွှတ်ပစ်ဖို့ တောင် ပြောနေတာ”
“သေချာလို့လား”
“မယုံရင် ကျွန်တော့် အမေကို မေးကြည့်မလား”
လူကြီးတွေ ပါလာလျှင် ကျွန်မ အဖေထံသို့ သတင်းပေါက်မှာ စိုးသဖြင့် -
“ဟင့်အင်း… ယုံပါတယ်၊ နင့်အမေကို မမေးပါဘူး”
ဟု ပြောလိုက်သည်။
“ဆိုင်ကယ်တွေ က နည်းနည်း လေးတယ်၊ ကျွန်တော် ကူသယ်ပေးမယ်လေ”
“ကျေးဇူးပဲ… ငါ တစ်စီးတည်း ယူမှာ ပါ”
“နှစ် စီစလုံးသာ ယူသွားဗျာ၊ တစ်စီး မကောင်းရင် တစ်စီး စပါယ်ယာပါတ်တွေ လဲသုံးလို့ ရ တာပေါ့”
လေးလံလှသော ဆိုင်ကယ်နှစ် စီးကို ကူသယ်၍ ကျွန်မ ကားပေါ်သို့ ကောင်လေးက ခဲရာခဲ ဆစ် တင်ပေးပါသည်။
“ဒါတွေ ကို ဘယ်လိုလုပ်မယ် မှန်းထားလဲ၊ မောင်းမရတာ တော့ နှစ် ချီနေပြီ”
“ရတယ်… အစ်မမှာ သူငယ်ချင်း တစ်ယောက် ရှိတယ်၊ သူက ကားပြင်တတ်တယ်”
“ဒါဆိုရင်တော့ ကောင်းသွားမှာ ပါ”
ကျွန်မက ကားမောင်းထွက်လာခဲ့သော အခါ ကောင်ကလေးက ပြုံးပြီး လက်ပြ ကျန်ရစ် သည်။ အတော် ဖော်ရွေသော ချာတိတ်ပင်။
မြို့အပြင်ဘက်ရှိ လာပု(ရှ်) ဆိုသော ရက်ဒ်အင်ဒီယန်းများ နေသည့် အရပ်ဆီသို့ ကျွန်မ ကားကို မောင်းလာခဲ့သည်။ ဂျက်ကော့ ဆိုသော ကျွန်မသူငယ်ချင်း ရက်ဒ်အင်ဒီယန်း ကောင်လေး ၏ အိမ်ကို အလွယ်တကူပဲ ရှာတွေ့ သည်။ ပြတင်းပေါက် သေးသေးလေးတွေ နှင့် ပျဉ်ထောင်အိမ် ကလေး ဖြစ်သည်။ ကားစက်သံ ကြားသဖြင့် ဂျက်ကော့ မျက်နှာသည် ပြတင်းပေါက်မှ ပေါ်လာပြီး ကျွန်မကို မြင်တော့ ၀မ်းသာအားရ ပြေးထွက်လာသည်။
“ဘယ်လာ”
သူ့မျက်နှာမှာ စိတ်ကြည်နူးမှု ကြောင့် ၀င်းပနေသည်။ ပြုံးလိုက်သော အခါ ဖြူဖွေးညီညာ သော သွားများ ပေါ်လာကြ၏ ။ အမြဲတမ်း ဆံပင်ရှည်ကို ပိုနီတေးလို စုချည်ထားတတ်သော်လည်း အိမ်နေရင်း ဖြစ်၍ လား မသိ၊ သူ့ ဆံပင်ရှည်ကို ဖားလျားချထားသည်။
“ဟေ့ ဂျက်ကော့”
ကျွန်မလည်း သူ့ကို တွေ့ ရ၍ ၀မ်းသာအားရ ဖြစ်သွားတာ အံ့သြဖို့ ကောင်းလှသည်။
“ဂျက်ကော့ နင် တော် တော် ထွားလာတယ်နော်”
ဟု ကျွန်မက ပြုံးပြီး တအံ့တသြ ပြောလိုက်သည်။
“ဟုတ်တယ်… အခု ကျွန်တော့် အရပ် ၆ပေ ၅ လက်မ ရှိပြီ”
သူက ကျွန်မကို အိမ်ထဲသို့ ခေါ်သွားသည်။ ဂျက်ကော့က သားရေကွင်းတစ်ကွင်းကို ယူ၍ သူ့ဆံပင်မှာ စည်းနှောင်လိုက်၏ ။
“အဖေ… ဒီမှာ ဧည့်သည်ရောက်နေတယ်၊ ဘယ်သူလဲ… လာကြည့်ပါဦး”
ဂျက်ကော့အဖေ ဘေလီက လက်ထဲမှာ စာအုပ်တစ်အုပ် ကိုင်ပြီး ဧည့်ခန်းကျဉ်းလေးထဲမှာ ထိုင်နေသည်။ သူက ကျွန်မကို မြင်သည်နှင့် စာအုပ်ကို ချကာ ၀ှီးချဲကို တွန်း၍ ကျွန်မ ရှိရာဘက်သို့ လာ၏ ။
“ဘယ်လာပါလား၊ တွေ့ ရတာ ၀မ်းသာသကွယ်”
ကျွန်မတို့ လက်ချင်းဆွဲ၍ နှုတ်ဆက်ကြသည်။
“သမီး အဖေရော နေကောင်းလား… ဘာကိစ္စထူးလဲ သမီး”
“ကောင်းပါတယ်… ကိစ္စမထူးပါဘူး၊ ဂျက်ကော့နဲ့ မတွေ့ တာ ကြာလို့ လာလည်တာ”
ကျွန်မ စကားကြောင့် ဂျက်ကော့ရော ဘေလီပါ ကျေနပ်သွားကြသည်။ သူ့အဖေ အလစ် တွင် ကျွန်မက ဂျက်ကော့ကို အိမ်အပြင်သို့ ခေါ်ထုတ်လာပြီး -
“ဟဲ့… ဂျက်ကော့၊ နင် ဆိုင်ကယ် ပြင်တတ်လား” ဟု မေးလိုက်၏ ။
“နည်းနည်း တော့ ပြင်တတ်တယ်၊ ကျွန်တော့်  သူငယ်ချင်း အမ်ဘရီမှာ ဆိုင်ကယ်တစ်စီး ရှိ တယ်၊ သူ့ဆိုင်ကယ် ပျက်ရင် ကျွန်တော် တို့ နှစ် ယောက် ပဲ အတူပြင်ကြတာ၊ ဘာ ဖြစ်လို့လဲ”
“ကောင်းတယ်… မကြာသေးခင်ကမှ ငါ ဆိုင်ကယ်နှစ် စီး ရလာတယ်ဟ၊ ဆိုင်ကယ်တွေ က မောင်းလို့တော့ မရဘူး၊ အဲဒါ နင် ပြင်ပေးနိုင်မလားလို့”
“တယ်ဟုတ်ပါလား… ကျွန်တော် ကြိုးစားကြည့်မယ်လေ”
ကျွန်မက လက်ညှိုးတစ်ချောင်းကို သတိပေးသလို ထောင်၍ -
“တစ်ခုတော့ ရှိတယ်ဟ၊ အစ်မ အဖေကလေ မော်တော် ဆိုင်ကယ်စီးတာကို လုံးလုံးခွင့်မပြု ဘူး၊ အဲဒါကြောင့် နင့်အဖေ မသိစေနဲ့၊ သူ သိရင် ငါ့အဖေကို ပြန်ပြောလိမ့်မယ်”
“သြော်… အဲဒါတော့ စိတ်ချပါ၊ ကျွန်တော် သဘောပေါက်ပါပြီ”
ဟု ဂျက်ကော့က ပြုံးပြုံရွှင်ရွှင်နှင့် ဖြေသည်။
“ငါ နင့်ကို ပြင်ခ ပေးပါ့မယ်”
“ဒါ ကတော့ အစ်မ ကျွန်တော့် ကို စော်ကားတာပဲ၊ ကျွန်တော် က ကူညီမှာ ပါ၊ ပိုက်ဆံပေးစ ရာ မလိုပါဘူး”
“ဒါဆို ဒီလိုလုပ်… ငါက ဆိုင်ကယ်တစ်စီးပဲ လိုတာဟ၊ ပြီးတော့ အမောင်းလည်း သင်ချင် တယ်၊ ဒီတော့ ပိုတဲ့ တစ်စီးကို နင်ယူလိုက်၊ အပြန်အလှန်အနေနဲ့ ငါ့ကို ဆိုင်ကယ်စီး သင်ပေး၊ ဘယ်လိုလဲ”
“ကောင်းမှကောင်း”
ဟု ဂျက်ကော့က ပျော်ရွှင်မြူးထူးစွာ ပြောလိုက်သည်။
“နေပါဦး… နင့်အသက် ဘယ်လောက်ရှိပြီလဲ”
“ဆယ့်ခြောက်နှစ် ပြည့်ပြီ၊ မွေးနေ့ ပြီးသွားတာ မကြာသေးဘူး”
“အေးဟယ်… နင့်မွေးနေ့ ငါ မတတ်လိုက်ရတာ ခွင့်လွှတ်ပါ”
“ရပါတယ်… အစ်မ မွေးနေ့လည်း ကျွန်တော် မှ မရောက်တာ၊ အစ်မ အသက် ဘယ် လောက်ရှိပြီလဲ၊ လေးဆယ်လား”
ဟု ဂျက်ကော့က စပ်ဖြဲဖြဲနှင့် မေးသည်။ ကျွန်မက နှာခေါင်းရှုံ့လိုက်ပြီး -
“အင်း… နီးစပ်တယ် ဟာ ဟ”
ဟု ပြောလိုက်၏ ။
“ဒါဆို နှစ် ယောက် ပေါင်းပြီး ပါတီပွဲလုပ်ကြတာပေါ့”
“ကောင်းသားပဲ၊ နှစ် ယောက် ချိန်းတွေ့ သလိုပေါ့”
သူ့မျက်နှာမှာ ၀မ်းပသွား၏ ။ ပြောမိပြောရာ လျှောက်ပြောပြီးမှ ကျွန်မ စကားမှားသွားပြီကို သိလိုက်သည်။ ကျွန်မ သူ့ကို မျှော်လင့်ချက်ပေးသလို ဖြစ်သွားတာ သိပ်မှားသည်။ ဒါပေမဲ့ ကျွန်မ ဘာမှ ဆက်မပြောတော့ပါ။
“ဆိုင်ကယ်တွေ ဘယ်တော့ လာပို့မှာ လဲ”
“ကားထဲမှာ အခု တစ်ခါတည်း သယ်လာတယ်”
“တယ်ဟုတ်ပါလား”
“ငါတို့ ဆိုင်ကယ်တွေ ကားပေါ်က ချရင် နင့်အဖေ မြင်သွားမလား မသိဘူး”
သူက ကျွန်မကို မျက်စိမှိတ်ပြ၍ -
“ရပါတယ် ခိုးကြောင်ခိုးဝှက် လုပ်ရမှာ ပေါ့”
ကျွန်မတို့ နှစ် ယောက် လမ်းလျှောက်သလိုလို၊ လာလိုလိုနှင့် အိမ်ရှေ့ဘက်သို့ လျှောက် လာခဲ့ကြသည်။ ပြတင်းပေါက်နှင့် ကွယ်သည့် နေရာသို့ ရောက်သည်နှင့် ကျွန်မကားဆီသို့ သွား ကာ ဆိုင်ကယ်များ ကို ကားပေါ်မှချဖို့ လုပ်ကြသည်။ ကားပေါ်သို့ တင်စဉ်က အလွန်လေးလံလှ သော ဆိုင်ကယ်များ ကို ဂျက်ကော့က ကလေးကစားစရာ အရုပ်ကလေးများ သဖွယ် စွေ့ခနဲစွေ့ခနဲ ဆွဲယူလိုက်ပုံမှာ အံ့သြစရာ ကောင်းလှသည်။
“ဆိုင်ကယ်တွေ က သိပ်အခြေအနေ မဆိုးပါဘူး၊ ဒီဥစ္စာဆို ပြင်လိုက်ရင် တော် တော် တန်ဖိုး ရှိမယ်၊ ဟာလီစပရင့် လက်ဟောင်းလေ”
“ဒါဆို အဲဒီ တစ်စီး နင် ယူလိုက်”
“တကယ်လား”
“လုံးဝ အသေအချာပဲ”
“ပစ္စည်းဝယ်ဖို့တော့ ပိုက်ဆံ နည်းနည်း လိုလိမ့်မယ်၊ ကျွန်တော် တို့ စုကြတာပေါ့”
“နင် စိုက်စရာ မလိုပါဘူး၊ နင်က လူစိုက်ပြီး ပြင်ပေးတာပဲ၊ ကုန်ကျစရိတ် ငါ ခံမှာ ပေါ့”
“ကျွန်တော် တော့ ဘာပြောရမှန်း မသိတော့ဘူး”
“ငါ အလုပ်လုပ်ပြီး ပိုက်ဆံစုထားတာ ရှိတယ်၊ ကောလိပ် ဆက်တက်ရင် သုံးဖို့လေ၊ အဲဒီ ထဲက ဖဲ့သုံးရင် ရပါတယ်ဟ၊ ကောလိပ်ကလည်း ဆက်တက် ဖြစ် မတက် ဖြစ် မသေချာသေးပါဘူး”
ဂျက်ကော့က လက်ခံသလို ခေါင်းညိတ်၏ ။ ကျွန်တို့နှစ် ယောက် ကားဂိုဒေါင်ဆီသို့ ပြန်လာ ခဲ့သည်။
ပညာရေး အတွက် စုထားသော ပိုက်ဆံကို အန္တရာယ် ဖြစ်နိုင်သော မော်တော် ဆိုင်ကယ် ပြင် ရာ၌ သုံးမည် ဟု သိလျှင် လူကြီးတွေ ကတော့ ဆူပူကြိမ်းမောင်းမေလိမ့်မည် ။ ဂျက်ကော့နှင့် ကျွန်မ ကတော့ လူငယ်များ ပီပီ ကိုယ်လုပ်ချင်တာကို လုပ်ရ၍ ကျေနပ်နေကြပါသည်။ တကယ်တော့ ဂျက် ကော့သည် ဘုရားသခင်က ကျွန်မအတွက် စေလွှတ်လိုက်သော မိတ်ဆွေကောင်း တစ်ယောက် ဖြစ်ပါသည်။
၆။ မိတ်ကောင်းဆွေကောင်း
မော်တော် ဆိုင်ကယ်မှာ ဂျက်ကော့ ကျွမ်းကျင်စွာ ဖြုတ်လိုက်သဖြင့် တစ်စစီ ဖြစ်သွား၏ ။ ကားထိုင်ခုံကို ဖြုတ်ပြီး ကျွန်မ ထိုင်နိုင်ရန် ချပေးထားသဖြင့် ကားဂိုဒေါင်ထဲ၌ ဟန်ကျပန်ကျ ထိုင် နိုင်ပေသည်။ ဂျက်ကော့ဆိုင်ကယ် ပြင်နေသည်ကို ကျွန်မက ဘေးမှ ထိုင်ကြည့်နေစဉ် သူက သူ့ ကျောင်းအကြောင်း၊ သူ့သူငယ်ချင်းများ အကြောင်းကို မမောနိုင် မပန်းနိုင် ပြောပြနေ၏ ။
“သိလား… ကျွန်တော့် မှာ အခင်ဆုံး သူငယ်ချင်း နှစ် ယောက် ရှိတယ်၊ သူတို့နာမည် ကွေးလ် နဲ့ အမ်ဘရီတဲ့”
“ကွေးလ်နဲ့ အမ်ဘရီ”
“ဟုတ်တယ်၊ ငယ်သူငယ်ချင်းတွေ ပေါ့”
စကားပြောနေစဉ်ဝယ် - “ဂျက်ကော့ရေ…” ဟူသော ခေါ်သံကို ကြားရ၏ ။
“နင့်အဖေ ခေါ်တာလား မသိဘူး”
“မဟုတ်ဘူး… ဒီကောင်တွေ သေခဲဦးမယ်၊ အခုပဲ သူတို့အကြောင်း ပြောနေသေးတယ်၊ အခု ရောက်လာတာပဲ”
ခဏကြာသော အခါ ကားဂိုဒေါင်ထဲသို့ လူငယ်နှစ် ယောက် ၀င်လာကြပြီး ကျွန်မကို တွေ့  လိုက်သော အခါ မျှောင်လင့်မထားဘဲ လူစိမ်း တစ်ယောက် ရောက်နေသည်ကို မြင်လိုက်ရဟန်ဖြင့် ကိုယ်ရှိန်တန့်သွား၏ ။
“ဟေ့ကောင်တွေ လာကြ၊ မိတ်ဆက်ပေးရဦးမယ်၊ သူက ဘယ်လာတဲ့၊ ဘယ်လာ သူတို့က ကွေးလ်နဲ့ အပ်ဘရီ”
သူတို့နှစ် ယောက် က ကျွန်မကို လက်ဆွဲ နှုတ်ဆက်ကြသည်။
“မင်းတို့ ဘာတွေ လုပ်နေကြတာလဲ”
“ဘယ်လာနဲ့ ငါနဲ့ ဒီဆိုင်ကယ်ကို ပြင်နေကြတာကွ”
ကျွန်မ နာမည် ကိုပါ ထည့်ပြောလိုက်သော်လည်း တကယ်တော့ ဆိုင်ကယ်ပြင်နေသူက ဂျက်ကော့ တစ်ယောက် တည်းသာ ဖြစ်သည်။ သူ့သူငယ်ချင်းနှစ် ယောက် မှာ ဆိုင်ကယ် ဆိုသော အသံကို ကြားလိုက်သည်နှင့် သားကောင်ရနံ့ကို ရသော သိမ်းငှက်ကဲ့သို့ အားတက်သရော ဖြစ် သွားကြ၏ ။ သူတို့က ဂျက်ကော့၏ ဆိုင်ကယ် ပြုပြင်ရေး စီမံကိန်းကို ၀ိုင်းဝန်းကြည့်ရှု အကြံပေးကြ ၏ ။ သူတို့ ပြောသော စကားအများ စုမှာ ကျွန်မ နားမလည်သော အသုံးအနှုန်းများ ဖြစ်သည်။
“ပျင်းနေပြီလား ဘယ်လာ”
ထူးဆန်းစွာ ပင် သူတို့ ပြောသော စကားများ ကို နားထောင်ရတာ ကျွန်မ မပျင်းပါ။
“ငါ ပြန်တော့မယ်ဟာ… အဖေ့အတွက် ညစာ ချက်ရဦးမယ်”
“သြော်… အင်း… ဘာတွေ လိုတယ်ဆိုတာ ဒီည သေသေချာချာ ကြည့်ထားလိုက်ဦးမယ် လေ၊ အစ်မ ဘယ်တော့ ပြန်လာဦးမလဲ”
“မနက်ဖြန် လာခဲ့မယ်လေ”
ကွေးလ်နှင့် အမ်ဘရီက တစ်ယောက် ကို တစ်ယောက် တံတောင်ချင်းတွက်လိုက်သည်။ ဂျက်ကော့ မျက်နှာမှာ လည်း ပြုံးရွှင်နေ၏ ။
“ကောင်းတယ်… လာခဲ့”
“ဘယ်လိုလဲ ဆိုတာ စာရင်းရေး ထား၊ မနက်ဖြန်ကျ သွားဝယ်ကြတာပေါ့”
“ကျွန်တော် အစ်မကို ပိုက်ဆံ စိုက်ခိုင်းလို့ ကောင်းပါ့မလား”
“နင်က လုပ်အားစိုက်ပြီးပြီပဲ၊ ၀ပ်ရှော့မှာ သွားပြင်ရင် ဘယ်လောက်ကျမလဲ၊ နင် သိပါ တယ်”
“အင်းပါ… ထားပါတော့”
အိမ်ပြန်ရောက်တော့ အဖေ့အတွက် ညစာအ ဖြစ် ကြက်သားကြော် ပေးလိုက် သည်။ အဖေက ညစာ စားရင်း -
“ဂျက်ကော့ဆီ သွားလည်တာ ပျော်ရဲ့ လား သမီး”
“ပျော်ပါတယ် အဖေ”
“ကောင်းတယ်… ဘာတွေ လုပ်ကြလဲ သမီး”
“သူက ကားပြင်တာ ဂိုဒေါင်ထဲမှာ ထိုင်ကြည့်တာပါပဲ၊ အဖေ သိတယ် မဟုတ်လား၊ ဘောက်(စ်)၀င်ဂွန်ကားလေးကို သူ ပြန်ပြင်နေတာလေ”
ကျွန်မက မုသားတစ်ဝက်၊ အမှန်တစ်ဝက်ဖြင့် ဆိုင်ကယ်အကြောင်း ထိမ်ချန်၍ ပြောလိုက် ၏ ။
“အေး… သိတယ် သမီး၊ ဘေလီက အဲဒီ အကြောင်း ပြောဖူးတယ်”
နောက်တစ်နေ့ မနက် အိပ်ရာမှ နိုးလာသော အခါ ပြတင်းပေါက်မှ ၀င်လာသော ဘော်ငွေ ရောင် အလင်းတန်းများ ကို ကြည့်ကာ ကျွန်မ အံ့သြနေမိပါသည်။ လေးလခန့် အချိန်အတွင်း ယခု ညသည် အိမ်မက်ဆိုးများ မမက်ဘဲ လန့်မအော်ဘဲ ကောင်းစွာ အိပ်စက်ခဲ့ရသော ပထမဆုံးညပင် ဖြစ်ခဲ့လေသည်။ ဤကိစ္စ ကြာကြာခံမည် ၊ မခံမည် ကိုမူကား ကျွန်မ မသိပါလေ။
“သမီး ဒီနေ့ ဘယ်သွားဦးမလဲ”
“ဂျက်ကော့ဆီ သွားလည်ဦးမယ် အဖေ”
အဖေက သဘောကျသော်လည်း မကျသယောင် ပြုကာ `သြော်´ ဟု ဆို၏ ။
ကျွန်မအဖေနှင့် ဂျက်ကော့အဖေမှာ ငယ်သူငယ်ချင်းများ ဖြစ်သည်။
ကျွန်မက စချင်သည်နှင့် -
“မသွားရဘူးလား အဖေ… ဒါဆို သမီး အိမ်မှာ နေပါ့မယ်”
ဟု ပြောလိုက်၏ ။ အဖေက ကျွန်မ စိတ် ပြောင်းသွား မှာ စိုးရိမ်ဟန်ဖြင့် -
“မဟုတ်ပါဘူး… သွားပါ သွားပါ၊ ဒီနေ့ ဟော်ကီပွဲ ကြည့်ဖို့ ဟယ်ရီနဲ့ ချိန်းထားပြီးသား၊ သမီး သွားသာသွား၊ အဖေတို့က အိမ်မှာ တီဗီကြည့်ကြမှာ ”
“ဒါဆို ဂျက်ကော့အဖေကိုလည်း သွားခေါ်လိုက်ပါလား၊ သူက၀ှီးချဲနဲ့ နေရတာ ဆိုတော့ အဖေတို့ ခေါ်မှ သူ့မှာ အပြင်ထွက်ရတာ ”
ဆိုင်ကယ် ပြင်နေတာ လူကြီးတွေ တွေ့ သွားမှာ စိုးသဖြင့် ဂျက်ကော့ အဖေကို ပ,ထုတ်ဖို့ ကြံမိခြင်း ဖြစ်သည်။
“သမီး အကြံကောင်းသားပဲ”
မိုးက ရေတံလျှောက်ကို မှော က်ချလိုက်သလို သဲသဲမဲမဲ ရွာနေ၏ ။ မိုးက အုံ့မှိုင်း သည်းထန် သလောက် ကျွန်မ စိတ်များ ကြည်လင်ပေါ့ပါးနေ၏ ။ မိုးရွာထဲမှာ ပဲ ကျွန်မ ဂျက်ကော့ အိမ်ကို ရောက်သွားသည်။ ဂျက်ကော့က ဆိုင်ကယ်ပြင်ဖို့ လိုအပ်မည့်  ပစ္စည်းစာရင်းကို စာရွက်ပေါ်တွင် ရေး ထား၏ ။
“ပစ္စည်းတော် တော် များများ ၀ယ်ထည့်ရမယ်၊ ဈေးတော့ နည်းနည်း ကြီးတယ်၊ ဟိုဟာ… ဒေါ်လာ တစ်ရာကျော်လောက် ကျနိုင်တယ်”
ကျွန်မက တစ်ခါမှ မသုံးရသေးသော အသစ်စက်စက် ချက်လက်မှတ် စာအုပ်ကို လက်ဖြင့် ပုတ်ပြလိုက်သည်။
“ပိုက်ဆံ အလုံအလောက် ပါတယ်”
ဂျက်ကော့နှင့် ပေါင်းရသည်မှာ စိတ်လွတ်လပ်ပေါ့ပါးသည်။ သူက ကျွန်မအမှားကို စောင့် ကြည့်ပြီး ဝေဖန်မည့် သူမျိုးလည်း မဟုတ်။ သူက ပျော်တတ်သည်။ ကမ္ဘာပေါ်က ဘယ်နေရာမှာ ပဲ နေနေ၊ နေမင်းကြီးက သူ၏ အလင်းရောင် များ ဖြင့် တွေ့ ထိသမျှ လူတိုင်းကို နွေးထွေးစေသလို ဂျက်ကော့ကလည်း သူနှင့် ဆက်ဆံသူ လူအပေါင်းကို အပျော်ဓာတ်များ စီးဝင် ကူးစက်စေပါသည်။ ထို့ကြောင့် သူ့ကို တွေ့ လျှင် ကျွန်မ အမြဲပျော်မိသည်။
“အစ်မ ကားကက်ဆက်က အသစ်ပါလား”
“ဟုတ်တယ်၊ အဟောင်းက ပျက်သွားလို့”
ကျွန်မ မုသာဝါဒ သုံးလိုက်မိသည်။
“စက်ကို ဘယ်သူ လဲတပ်တာလဲ၊ ပဲ့ရွဲ့နေတာပဲ”
“ငါ တပ်တာပါ”
ဂျက်ကော့က ရယ်သည်။
“မော်တော် ဆိုင်ကယ် ပြင်ရင် အစ်မ ၀င်မကိုင်နဲ့နော်”
“အေးပါ… ဟဲ ဟဲ”
ဂျက်ကော့တို့ အိမ်မှ နှစ် နာရီခန့် ကားမောင်းသွားရသော ဟိုကွင်းဆိုသော မြို့ကလေးတွင်
ကားပစ္စည်း အရောင်းဆိုင် ရှိသည်။ ထိုဆိုင်မှာ ဆိုင်ကယ်အပိုပစ္စည်း သွားဝယ်ကြခြင်း ဖြစ်သည်။ တစ်လမ်းလုံး ဂျက်ကော့က ရောက်တတ်ရာရာ ပြောလာသဖြင့် ပျင်း ချိန် မရတော့ပေ။
“ကဲ… တစ်လမ်းလုံး ကျွန်တော် ပဲ ပြောလာရတယ်၊ အစ်မလည်း စကားလေး ဘာလေး ပြောစမ်းပါဦး၊ ဥပမာ အစ်မ နေတဲ့ ဖော့(ခ်)မြို့မှာ ဘာတွေ ထူးခြားလဲ၊ ကျွန်တော် တို့ လာပု(ရှ်) ထက်တော့ စိတ်ဝင်စားစရာတွေ ပိုရှိမှာ ပေါ့”
“မဟုတ်ပါဘူး… ငါတို့မြို့က ဒီလိုပါပဲ၊ ဘာမှ စိတ်ဝင်စားစရာ မရှိဘူး၊ နင့်သူငယ်ချင်းတွေ က ငါ့သူငယ်ချင်းတွေ ထက် စိတ်ဝင်စားဖို့ ကောင်းသေးတယ်”
“ဟုတ်လား… ကျွန်တော့် သူငယ်ချင်း ကွေးလ်က အစ်မကို သဘောကျနေတာ”
“နင်ကလည်း သူက ငါ့အတွက်ဆို တော် တော် ငယ်ပါသေးတယ်”
ဂျက်ကော့က မျက်မှော င်ကြုတ်လိုက်သည်။
“ဒီလောက်လည်း မငယ်ပါဘူး အစ်မရာ၊ တစ်နှစ် ကျော်ကျော်လေးပဲ ငယ်တာပါ၊ လွန်ရော ကျွံရော တစ်နှစ် ခွဲပေါ့”
တကယ်တော့ ဤစကားမှာ ကွေးလ်ကို ရည်ရွယ်ပြီး ပြောသော စကား မဟုတ်တော့မှန်း သူရော ကျွန်မပါ သဘောပေါက်မိ၏ ။
“ဒီလိုရှိတယ် မောင်လေးရဲ့ ၊ ယောက်ျားလေးနဲ့ မိန်းကလေး အရွယ်ရောက်တာချင်း မတူ ဘူး၊ အချိန်ကွာတယ်၊ တစ်နှစ် ကျော်ကျော်ဆိုတာ ဘာမှမရှိဘူးလို့ ထင်ရပေမယ့် ဥပမာ… ခွေးတွေ ကို ကြည့်၊ ခွေးသက်တမ်းနဲ့ကြည့်ရင် တစ်နှစ် ကျော်ကျော် ဆိုတာ အတော် ကို ကွာနေပြီ”
“လုပ်ပြီ… ကျွန်တော် တို့က ခွေးလားဗျ၊ တကယ်တော့ အသက်ဆိုတာ အရွယ်နဲ့ တိုင်းရမှာ ၊ ဥပမာ… ကျွန်တော် က ထွားတယ်၊ အစ်မက ညှက်တယ်၊ ဒါကြောင့် အစ်မအသက်ထက် ကျွန် တော် က ဆယ်နှစ် ကြီးတယ်”
“အမယ်… ငါ့အရပ်က ငါးပေ လေးလက်မ ရှိတယ်၊ အဲဒါ ပုံမှန်ပဲ”
ကျွန်မတို့သည် ငြင်းရင်း ခုံရင်းဖြင့် အသက်ကို အတိုး အလျှော့လုပ်ကြရာ ကားဘီးပေါက် လျှင် ဖြုတ်မလဲတတ်သော ကြောင့် နှစ် နှစ် နုတ်ရခြင်း၊ သို့ သော် စာရင်းကိုပညာ တတ်သဖြင့် တစ် နှစ် ပြန်ပေါင်းထည့်ခြင်း စသည်ဖြင့် အတွေ့ အကြုံကို မူတည်သော သက်တမ်းအရ နောက်ဆုံး အိမ်ပြန်ရောက်ချိန်၌ ကျွန်မမှာ နှစ် ဆယ့်သုံးနှစ် ရှိပြီး ဂျက်ကော့မှာ အသက်သုံးဆယ် ရှိပေပြီ။
ပြန်ရောက်ရောက်ချင်း ကားဂိုဒေါင်ထဲသို့ သွားပြီး ဆိုင်ကယ်ပြင်သော လုပ်ငန်းကို စ,ကြ၏ ။ စက်ပစ္စည်းများ နှင့် ပတ်သက်၍ ဂျက်ကော့၏ စွမ်းရည်မှာ အံ့မခန်း ဖြစ်သည်။ သူ့လက်သည် ဇယ် ဆက်သလို လှုပ်ရှားနေ၏ ။ တစ်နေ့တာအချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားပြန်သည်။ ကျွန်မက ပြန် တော့မည် ဟု မတ်တတ်ရပ်သော အခါ ဂျက်ကော့က -
“ညကျ ကျွန်တော် ဆက်လုပ် ထားလိုက်မယ်”
“ကျောင်းစာတွေ လုပ်ဖို့လည်း မမေ့နဲ့ဦးနော်”
အိမ်သို့ ပြန်ရောက်သော အခါ အိပ်ရာသို့ ၀င်ရမှာ ကြောက်နေမိပြန်သည်။ ဒီနေ့ရော အိမ် မက်မက်ပြီး လန့်နိုးမှာ လား။ မနေ့ကလို တစ်ညလုံး အနှောင့်အယှက် မရှိ အိပ်ပျော်မှာ လားဟု မဝေ ခွဲနိုင် ဖြစ်ရသည်။ နှစ် ရက်ဆက်ပြီး ငြိမ်းချမ်းစွာ အိပ်စက်ဖို့ လွယ်ပါ့မလား။ ညဥ့်နက်မှ အိပ်ရာဝင်ခဲ့ ၏ ။
ထင်သည့်အတိုင်းပင် အော်ဟစ် ရုန်းကန်ရင်း အိမ်မက်မှ နိုးထကာ ကျွန်မ နိုးလာ၏ ။ မနက် မိုးလင်းနေချေပြီ။ ဒီတစ်ခါ မက်သော အိပ်မက်က ယခင်အိမ်မက်များ နှင့် အနည်းငယ် ကွဲပြားသည် အိမ်မက်ထဲ၌ တောထဲတွင် ကျွန်မမှာ တစ်ယောက် တည်း မဟုတ်။ တော် ထဲမှာ ကျွန်မ လမ်း ပျောက်၍ အဖေတို့ လိုက်ရှာသော နေ့က လာကယ်ခဲ့သော ဆမ်အူလေး ဆိုသော လူကို အိမ်မက် ထဲ၌ ကျွန်မ ပြန်တွေ့ ရသည်။ စိတ်မစွဲပါဘဲ၊ ထင်မှတ်မထားဘဲ အိမ်မက်ထဲမှာ တွေ့ ရခြင်း ဖြစ် သည်။ ထိုလူ၏ မည်းနက်သော မျက်လုံးများ မှာ ခက်ထန်လှပြီး တစ်စုံတစ်ခုကို လျှို့ဝှက်ထားသလို ရှိသည်။ သူ့ကို တွေ့ လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားကာ ကြောက်ကြောက်ဖြင့် ကျွန်မ ငေး ကြည့်နေမိသည်။ သူ့တစ်ကိုယ်လုံးသည် တဆတ်ဆတ် တုန်လာပြီး တဖြည်းဖြည်း အသွင်ပြောင်း လာသကဲ့သို့ ရှိသည်။ သူက ကျွန်မကို ဘာမှမပြောဘဲ ရပ်ကြည့်၍ သာ နေသည်။ ယခင် အပြင်မှာ တကယ် တွေ့ ခဲ့တုန်းကကဲ့သို့ ကျွန်မကို အကူအညီပေးခြင်းကား အလျှင်းမရှိတော့။ လူက ၀ံပုလွေ ဖြစ်သွားသဖြင့် ကျွန်မ လန့်အော်မိကာ အိမ်မက်ဆိုးမှ နိုးလာခဲ့ခြင်း ဖြစ်သည်။
ယနေ့သည် တနင်္လာနေ့ ဖြစ်သဖြင့် ကျောင်းသို့ ထွက်လာခဲ့၏ ။ ကျောင်းမှာ တော့ အရာရာ သည် ပုံမှန်ပဲ ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ် က ဤကျောင်းသို့ ကျွန်မ စရောက်လာသော နေ့များ ကလို ဘယ်သူမှ ကျွန်မကို ပြူးတူးပြဲတဲ လိုက်မကြည့်တော့။ ကျွန်မကို ဘယ်သူမှ အရေး လုပ်၍ နှုတ်မဆက်ြ ကတော့။ ကျွန်မက နှုတ်နည်းပြီး အေးသဖြင့် လူတွေ က စကားမပြောကြခြင်းလည်း ဖြစ်နိုင်သည်။
မနက်ပိုင်း သင်ခန်းစာများ ပြီး၍ ထမင်းစားဆောင်သို့ သွားသော အခါ ၀ိုင်းထိုင်နေကြသော သူငယ်ချင်းများ ကို တွေ့ ရသည်။ မိုက်(ခ်)၊ ဂျက်ဆီကာ၊ အိန်ဂျလာ၊ ကော်နာ၊ တိုင်လာ၊ အဲရစ်၊ လော်ရင်းနှင့် ကေတီမာရှယ်တို့ အတူထိုင်၍ စကားပြောနေကြသဖြင့် ကျွန်မက မိုက်(ခ်) ဘေးတွင် ၀င်ထိုင်လိုက်သည်။ သူတို့က ရောက်တတ်ရာရာများ ပြောနေကြသဖြင့် ကျွန်မ တစ်ခွန်းတစ်ပါဒမျှ ၀င်၍ မပြော ဖြစ်ပေ။ စကားဝိုင်းတွင် ကျွန်မမှလွဲ၍ ရောက်တတ်ရာရာ ၀ိုင်းပြောနေကြခြင်း ဖြစ် သည်။ စကားများများ ပြောရခြင်းကို ကျွန်မ စိတ်ကုန်နေသည်မှာ ကြာခဲ့ပြီ။
“ပြီးခဲ့တဲ့ ကျောင်းပိတ်ရက်က ပျော်ပွဲစားခရီး ထွက်မလို့ဘဲ… ဒါပေမဲ့”
အိန်ဂျလာ၏ တိုးညင်းသော အသံကြောင့် ကျွန်မ စိတ်ဝင်စားသွား မိသည်။
“ဒါပေမဲ့… ဘာ ဖြစ်လဲဟ”
ဂျက်ဆီကာက သိချင်ဇောဖြင့် မေးသည်။
“ဒီလိုဟ… ငါတို့ ကားကို မြောက်ဘက် တောင်ကုန်းတွေ ဘက်ကို မောင်းလာခဲ့တာ၊ လူ သွားလမ်းကနေ တစ်မိုင်လောက် သွားလိုက်ရင် ရေပူစမ်းရှိတဲ့ နေရာတစ်ခုက အပန်းဖြေဖို့ တော် တော် ကောင်းတယ်တဲ့၊ ဒါပေမဲ့ လမ်းတစ်ဝက်လောက် ရောက်တော့ တစ်ခုခုကို တွေ့ တယ်ဟ”
“ဘာကို တွေ့ တာလဲ… ဘာလဲဟ”
ဟု လော်ရင်းက တအံ့တသြ မေးသည်။ အခြားလူများ လည်း စိတ်ဝင်စားသွားကြသည်။
“သေသေချာချာတော့ မပြောနိုင်ဘူးဟ၊ ၀က်ဝံတစ်ကောင်လို့ ထင်တာပဲ၊ အဲဒီ ကောင်က အနက်ရောင် ဟ၊ ဒါပေမဲ့ အရွယ်က တော် တော် ကြီးတယ်”
လော်ရင်းက နှာခေါင်းရှုံ့၍ -
“မ ဖြစ်နိုင်တာဟာ… တိုင်လာလည်း ငါ့ကို ဒါမျိုး ပြီးခဲ့တဲ့ အပတ်က လာလှိမ့်သေးတယ်”
“ဟုတ်တယ်… ၀က်ဝံတွေ ကို အဲဒီ ကောင် နီးနီးကပ်ကပ် အပန်းဖြေ စခန်းနားမှာ ဘယ်လို လုပ် တွေ့ နိုင်မှာ လဲ”
ဂျက်ဆီကာကလည်း တွေ့ နိုင်မှ ၀င်ကူကာ ပြောလိုက်၏ ။
“ငါ့တို့ ကတော့ တကယ်တွေ့ ခဲ့တာပါ”
ဟု အိန်ဂျလာက ခုခံပြောဆိုသည်။
“သူ ပြောတာ ဟုတ်လိမ့်မယ်၊ စနေနေ့တုန်းက ငါတို့ဆိုင်ကို ဈေးလာဝယ်တဲ့ တောင်တက် သမား နှစ် ယောက် က ပြောတယ်၊ သူတို့လည်း မြို့ပြင်ဘက်မှာ ၀က်ဝံကို တွေ့ လိုက်တယ်တဲ့။ အကောင်က အတော် ကြီးပြီး အမည်းရောင် တဲ့၊ အဲဒီ လို ပြောနေတုန်းက မိုက်(ခ်)လည်း ရှိတယ်၊ ဟုတ်တယ် မဟုတ်လား မိုက်(ခ်)”
ခေတ္တမျှ အားလုံး တိတ်ဆိတ်သွားကြသည်။ သူငယ်ချင်းများ ၏ မျက်လုံးများ သည် ကျွန်မ ကို ထူးဆန်းအံ့သြစွာ ငေးကြည့်နေကြသည်။ လေးလတာ ကာလအတွင်း သူတို့စကားဝိုင်းအတွင်း သို့ ကျွန်မ ပထမဆုံး စကားပင် ပြောလိုက်ခြင်း ဖြစ်၍ အားလုံး အံ့သြသွားကြခြင်း ဖြစ်သည်။
“မိုက်(ခ်)… ၀က်ဝံတွေ အကြောင်း ပြောတဲ့ လူကို မှတ်မိသေးတယ် မဟုတ်လား”
“မှတ်… မှတ်… မှတ်မိပါတယ်၊ ဟုတ်တယ် ဟုတ်တယ်၊ ဆိုင်ကို အားကစားပစ္စည်း လာ ၀ယ်တဲ့ လူ တစ်ယောက် က ပြောတာ၊ မြို့စွန်က လူသွား တောလမ်းလေး အဆုံးမှာ ၀က်ဝံကို တွေ့  တာတဲ့၊ အကောင်က တော် တော် ကြီးတယ်တဲ့၊ အမည်းရောင် အကောင်ကြီးတဲ့”
လော်ရင်းနှင့် ဂျက်ဆီကာက ကျွန်မတို့ စကားကို မယုံကြည်ဟန်ဖြင့် ပခုံးတွန့်ပြ၏ ။ အိန်ဂျ လာက စကားလမ်းကြောင်း ပြောင်းသည့်အနေဖြင့် -
“ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နင် ဘာတွေ လုပ်နေလဲ ဘယ်လာ”
ဟု မေး၏ ။ အားလုံးက ကျွန်မ ဘာပြောမလဲဆိုတာ စိတ်ဝင်စားနေကြသည်။
“သော ကြာနေ့ ညက ဂျက်ဆီကာနဲ့ ငါ ရုပ်ရှင်သွားကြည့်ကြတယ်၊ စနေနဲ့ တနင်္ဂနွေ ငါ လာပု(ရှ်)ကို သွားလည်တယ်”
ဂျက်ဆီကာက ကျွန်မ သူနှင့် တွဲ ၍ ရုပ်ရှင်သွားကြည့်ကြောင်းကို လူပုံအလယ်တွင် အာ ပေါင်အာရင်းသန်သန် ကိုယ်တိုင်ကိုယ်ကျ မပြောလိုက်ရသဖြင့် အားမလိုအားမရ ဖြစ်သွားပုံရ၏ ။ ဒါတောင် ပြော ဖြစ်အောင် ပြောလိုက်သေးသည်။
“ရုပ်ရှင်က သွေးစုပ်ဖုတ်ကောင်ကားဟ၊ ဘယ်လာဆိုရင် ကြောက်လန့်ပြီး ရုပ်ရှင်မပြီးခင် ရုံပြင်ထွက်ထိုင်နေတယ်”
နေ့လယ်စာ စားပြီး ကန်တီး(န်)ထဲမှ ထွက်လာကြသော အခါ အိန်ဂျလာက ကျွန်မကို လာ နှုတ်ဆက်သည်။
“ကျေးဇူးပဲ ဘယ်လာ”
“ဘာကို ကျေးဇူးတင်တာလဲဟင်”
“သြော်… ငါ့ဘက်က ၀င်ပြီး ပြောပေးတဲ့အတွက်ပေါ့”
“ရပါတယ်”
“နင် နေကောင်းလာပြီလား ဘယ်လာ”
“နည်းနည်း တော့ ကောင်းလာပါပြီ”
ထိုအခိုက် ဂျက်ဆီကာနှင့် လော်ရင်း ကျွန်မ ဘေးမှ ဖြတ်သွားရင်း သူတို့အချင်းချင်း တီး တိုး ပြောသွားကြသည်။
“ဘယ်လာ… ပုံမှန်ပြန် ဖြစ်လာပြီဟ၊ သူ့ကြည့်ရတာ ပျော်ပျော်ရွှင်ရွှင်ပဲ၊ စကားတွေ ဘာတွေ ပြောလို့”
သူတို့ စကားကြောင့် အိန်ဂျလာက ကျွန်မကို အားတုံ့အားနာ ပြုံးပြီး ကြည့်သည်။
“ဒီနေ့ ဘယ်နှရက်နေ့လဲ ဟင်”
“ဇန်န၀ါရီလ ၁၉ ရက်လေ”
“သြော်”
“ဘာ ဖြစ်လို့လဲ”
“သြော်… မနှစ် က ဒီနေ့မတိုင်ခင် တစ်ရက်မှာ ငါ ဒီကျောင်းကို စရောက်လာတာ တွေးမိလို့ ပါ”
“ဘာမှ သိပ်မပြောင်းလဲဘူးနော်”
ဟု အိန်ဂျလာက မှတ်ချက်ချသည်။
“ဟုတ်တယ်… ငါလည်း သဘောတူတယ်၊ ဘာမှ မပြောင်းလဲဘူးလို့ ငါ တွေးနေမိတယ်”
![]() အင်္ဂလန်ရောက် မြန်မာတစ်ယောက် | ![]() ဒီမိုကရေစီသို့ အိတ်ဖွင့်ပေးစာ နှင့် အခြားဆောင်းပါးများ | ![]() ကျွန်တော်တို့ ဟိုကားကြည့်ခဲ့စဉ်က |