စာရေး သူ၏ အမှာ
ကျွန်တော် သည် ၁၉၈၉ ခုနှစ် တွင် ရုပ်ရှင်သစ္စာမဂ္ဂဇင်းပါ `မီးခိုးနဲ့ပြာ´ ဟူသော ကဗျာဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်ရာ ယခု (၂၀၀၇) တွင် ကျွန်တော် ၏ စာရေး သက်တမ်း (၁၈)နှစ် ပြည့်ချေပြီ။ ကဗျာများ ၊ ၀တ္ထုတိုများ ကို အားကောင်းမောင်းသန် ရေး နေဆဲကာလ (၁၉၉၅)တွင် လိုင်စင်ရ ဧည့်လမ်းညွှန်အ ဖြစ် စတင်ဆောင်ရွက်ခဲ့ရာမှ ခရီးသွားလုပ်ငန်းလောကထဲတွင် ယနေ့တိုင် ကျင်လည်လျက်ရှိပါသည်။ စာရေး ဆရာဘ၀နှင့် ဧည့်လမ်းညွှန်ဘ၀သည် ဒင်္ဂါး၏ ခေါင်းနှင့်ပန်းလို ဆက်စပ်နေလျက် အပြန်အလှန် အကျိုးပြုနေသည် ဖြစ်ရာ `စာဖတ်နာခြင်း´က နိုင်ငံခြားသား ဧည့်သည်များ အား မြန်မာပြည်အကြောင်း၊ ဗုဒ္ဓဘာသာအကြောင်း ရှင်းလင်းပြောပြာရာ၌ လည်းကောင်း၊ ကမ္ဘာ့ရေး ရာဗဟုသုတများ ကို အမြင်ဖလှယ်ရာ၌ လည်းကောင်း များ စွာ အထောက်အကူပြုသကဲ့သို့ ခရီးသွားခြင်းသည် စာရေး ဆရာ တစ်ယောက် အတွက် ဦးနှောက်ကို ဉာဏ်သစ်လောင်းသည့်သဖွယ် ရေး စရာ ကုန်ကြမ်းများ ရရာရကြောင်း ဖြစ်သော ကြောင့် ဟန်ကျလှပါသည်။
ကျွန်တော် သည် ပြည်တွင်းခရီးသွားဆောင်းပါးများ ကို အခါအခွင့်သင့်သလို မဂ္ဂဇင်းများ တွင် ရေး သားခဲ့ပြီး အချို့ကို `အရှေ့သို့ရောက်လာကြသူများ ´ အမည် ဖြင့် လုံးချင်းဆောင်းပါး ပေါင်းချုပ်အ ဖြစ် ထုတ်ဝေခဲ့သည်။ ပြည်ပသို့ သွားရောက်နိုင်ရန် ငယ်စဉ်ကတည်းကပင် ရွယ်ရွယ်ရင်း ရှိခဲ့ပါသည်။ ငယ်စဉ်ကပင် ငါ နိုင်ငံခြားသို့ သွားလျှင် တိုးရစ်အ ဖြစ်သာ ခဏတစ်ဖြုတ်သွားမည် ။ သွားနိုင်လျှင်လည်း အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် တစ်ယောက် အတွက် သူ့မိခင်ဘာသာစကားပြောနိုင်ငံ ဖြစ်သည့် အင်္ဂလန်သို့ အရောက်သွားမည် ဟု မျှော်လင့်ထားခဲ့ပါသည်။ ကျွန်တော် ဧည့်လမ်းညွှန်အ ဖြစ် ဆောင်ရွက်ခဲ့သော ဧည့်သည်အများ စုမှာ အင်္ဂလန်မှ ဖြစ်ပါသည်။ သူတို့ဖိတ်ခေါ်သဖြင့် အင်္ဂလန်သို့ သွားရောက်နိုင်ခြင်း ဖြစ်ပါသည်။ မူလက `ဒိန်းမတ်´နိုင်ငံသို့ သွားလည်ဖို့ စီစဉ်ခဲ့သော်လည်း ဗီဇာ ကြန့်ကြာမှု ကြောင့် ဒိန်းမတ်သို့ လည်ပတ်ခွင့်မရခဲ့ပါ။ ထူးဆန်းသည်မှာ မူလက သွားရောက်ရန် ရည်ရွယ်မထားခဲ့သော် ဆွဇ်ဇာလန်မှ မိတ်ဆွေက ထပ်မံဖိတ်ခေါ်သဖြင့် အင်္ဂလန်ရောက်မှ ဆွဇ်ဇာလန်ခရီးကို ကတိုက်ကရိုက် စီစဉ်ခဲ့ရာမှ သွားရောက်လည်ပတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ စကော့တလန်သို့လည်း မူလကသွားရောက်ရန် အစီအစဉ်မရှိဘဲ ကျွန်တော် ၏ မိတ်ဆွေ မစ္စစ်ဂျိမ်းဘာကလေ၏ စီစဉ်ပေးမှု အရ သွားရောက်လည်ပတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသား နိုင်ငံရပ်ခြားတိုင်းပြည်များ သို့ သွားရောက်လည်ပတ်ကြပုံများ ကို ခရေစေ့တွင်းကျ မှတ်တမ်းမှတ်ရာ များများ စားစား မရှိလှ။ ပဒေသရာဇ်ခေတ်၌ `ကင်းဝန်မင်းကြီး၏ ဥရောပခရီးသွားမှတ်တမ်း´၊ ကိုလိုနီခေတ်၌ သိပ္ပံမောင်ဝ၏ `အောက်စ်ဖို့ဒ် တက္ကသိုလ်ခရီးသွားမှတ်တမ်း´၊ လွတ်လပ်ရေး ရပြီးနောက် ကမ္ဘာလှည့်တင်တင်စိန်၏ `ကမ္ဘာလှည့်ခရီးသွားမှတ်တမ်း´၊ မြန်မာ့အသံကျော်ဦး၏ အင်္ဂလန်ပြည်ရောက် `ပညာတော် သင်ဘ၀နေ့စဉ်မှတ်တမ်း´တို့မှာ ထင်ရှားသည်။ ယနေ့ခေတ်တွင် နိုင်ငံရပ်ခြားသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်လည်ပတ်နေထိုင်ကြသူ မြန်မာနိုင်ငံသားများ တစ်စတစ်စ များ ပြားလာလျက်ရှိရာ `ပြည်ပခရီးထွက်ခြင်း´ ကား ထူးဆန်းလှသော ကိစ္စမဟုတ်တော့ပြီ။ ထို့အတူ မိမိရောက်ခဲ့သော အရပ်ဒေသများ ၏ အကြောင်းနှင့် အတွေ့ အကြုံများ ကို ပြန်လည်ရေး သားထားသော စာအုပ်များ လည်း အတန်အသင့် ထွက်ပေါ်လာလျက်ရှိရာ ဗဟုသုတလိုလားသူများ အတွက် ၀မ်းမြောက်ဖွယ် ဖြစ်ချေသည်။
ကျွန်တော် လည်း အင်္ဂလန်၊ စကော့တလန်၊ ဆွဇ်ဇာလန်နိုင်ငံများ သို့ သွားရောက်လည်ပတ်ခဲ့စဉ်အတွင်း ကြုံတွေ့ သမျှကို မှတ်တမ်းမှတ်ရာအ ဖြစ် ရေး သားခဲ့ပါသည်။ ထိုသို့ရေး သားရာတွင် သူများ အပြောနှင့်မရေး ၊ လက်တမ်းစာစောင်များ မှ အချက်အလက် ကိန်းဂဏန်းများ ကိုချည်းသာ ကူးချ၍ မရေး ၊ မိမိကိုယ်တိုင် ရင်ဆိုင်တွေ့ ကြုံခဲ့ရသည်များ ကိုသာ အဓိကထား ရေး သားခဲ့ပါသည်။ ရုပ်ရှင်တေးကဗျာ၊ မဂ္ဂဇင်းတွင် အခန်းဆက် ရေး သားဖော်ပြခဲ့သော်လည်း မဂ္ဂဇင်း၌ စာမျက်နှာကို ငဲ့ကွက်ရသော ကြောင့် မဖော်ပြနိုင်ခဲ့သော ဆောင်းပါးအားလုံးကို ဤစာအုပ်၌ တစ်စုတစ်စည်း ဖော်ပြလိုက်ပါသည်။
ဤစာအုပ်ကို ရေး သားနိုင်ရန် နိုင်ငံခြားတိုင်းပြည်များ တွင် ရှိစဉ် နေ့စဉ်နံနက်စောစောထကာ မပျက်မကွက် မှတ်တမ်းရေး သားခြင်းကြောင့် ခရီးစဉ်ပြီးဆုံးသွားသော အခါ လုံးချင်းတစ်အုပ်စာ စာမူများ ကို ရရှိခဲ့ပါသည်။
ကျွန်တော် ၏ ပြည်ပခရီးသွားမှတ်တမ်းစာမူများ ကို ဖတ်ကာ ဗဟုသုတအရာ၌ လည်းကောင်း၊ ရသခံစားမှု ၌ လည်းကောင်း အနည်းငယ်မရရှိခဲ့သည်ဆိုငြားအံ့ ဤဆောင်းပါးများ ကို အပင်ပန်းခံရေး သားရကျိုးနပ်ပြီဟု ခံယူပါကြောင်း......။
လေးစားလျက်
သရ၀ဏ် (ပြည်)
အင်္ဂလန်ရောက် မြန်မာ တစ်ယောက်
ကျွန်တော် သည် ၂၀၀၆ ခုနှစ် ၊ ဇူလိုင်လ (၁၂)ရက်မှ သြဂုတ်လ (၂၃)ရက်နေ့အထိ ရက် (၄၀)ခန့် အင်္ဂလန်၊ စကော့တလန်နှင့် ဆွဇ်ဇာလန်နိုင်ငံများ သို့ သွားရောက် လည်ပတ်ခွင့်ရခဲ့ပါသည်။ နိုင်ငံခြားတွင် ရှိသော ကျွန်တော့် မိတ်ဆွေများ က ဖိတ်ခေါ်သဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုမိတ်ဆွေများ ကား အခြားမဟုတ်၊ မြန်မာပြည်သို့ လာရောက်လည်ပတ်ကြစဉ် ကျွန်တော် ဧည့်လမ်းညွှန်အ ဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့ဖူးသော တိုးရစ်များ ပင် ဖြစ်သည်။ ၎င်းတိုးရစ်အများ စုမှာ ကျွန်တော် နှင့် အတော် ပင် ခင်မင်သွားရာ ၎င်းတို့နိုင်ငံသို့ တစ်ပြန်တစ်လဲ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်သည်တွင် ဗဟုသုတ အတွေ့ အကြုံအလို့ငှာ အနောက်တိုင်းနိုင်ငံများ သို့ သွားရောက်လေ့လာခဲ့ပေသည်။ ကျွန်တော် ၏ ခရီးစဉ်အတွင်း စိတ်ဝင်စားဖွယ်ကောင်းလောက်သည်ဟု ယူဆသော အ ဖြစ်အပျက်၊ အကြောင်းအရာများ ကို စာဖတ်သူများ မျှဝေခံစားနိုင်စေရန် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှတဆင့် တင်ပြအပ်ပါသည်။
--------------------------
ခရီးစဉ်အစ
ဇွန်၊ ဇူလိုင်၊ သြဂုတ် သုံးလသည် ဥရောပ၌ ခြေခင်းလက်ခင်းအသာဆုံး နွေဥတု ဖြစ်သည့်အပြင် ဧည့်လမ်းညွှန် တစ်ယောက် အနေဖြင့် မြန်မာပြည်တွင် မိုးတွင်း ဖြစ်၍ အလုပ်ပါးသော ကာလ ဖြစ်သဖြင့် ထိုအချိန်တွင် ခရီးသွားဖို့ အကောင်းဆုံး ဖြစ်သည်။ သို့သော် ကျွန်တော် သည် ဘောလုံးဝါသနာအိုး ဖြစ်သည်နှင့်အညီ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားကို ပြီးဆုံးသည်အထိ ရုပ်သံမှ အေးအေးလူလူ ကြည့်ရှုနိုင်ရန် ကမ္ဘာ့ဖလားဗိုလ်လုပွဲပြီး၍ နှစ် ရက်အကြာ ၂၀၀၆ ခုနှစ် ၊ ဇူလိုင်လ (၁၂)ရက်နေ့တွင် ရန်ကုန်မှ ထွက်ခွာခဲ့ပေသည်။
၎င်းနေ့ညနေ (၈)နာရီတွင် ထွက်ခွာသော ထိုင်းလေကြောင်းခရီးစဉ်အမှတ် TG-306 ဖြင့် လိုက်ပါခဲ့ပေ၏ ။ လေယာဉ်သည် အမြင့်ပေ သုံးသော င်းငါးထောင်မှ ပျံသန်းပြီး ပျံသန်းချိန် တစ်နာရီနှင့် ဆယ့်ငါးမိနစ်သာ ကြာမြင့်လေသည်။ လေယာဉ်ပေါ်တွင် ထမင်းနှင့် ကြက်ချိုချဉ်ကြော်ကိုရော၍ ဗူးဖြင့် ကျွေးသည်။ လေယာဉ်ပေါ်တွင် ခရီးသည်အပြည့် ပါလာသည်မှာ (ရန်ကုန်-ဘန်ကောက်)အံ့သြဖို့ကောင်းသည်။ ပုံမှန်အားဖြင့် ဇွန်၊ ဇူလိုင်လများ တွင် မြန်မာပြည်၌ ကမ္ဘာလှည့်ခရီးသည် အ၀င်နည်းလှသည်။ ဘန်ကောက်လေဆိပ်သို့ ဒေသစံတော် ချိန် ည (၉း၄၅)ရောက် (နာရီကို မိနစ်သုံးဆယ်ရှေ့တိုးရသဖြင့် အသက်နာရီဝက် ပိုကြီးသွားသည်။) ဘန်ကောက်လေဆိပ်မှ အလွန်ကြီးမားသော လေဆိပ်ကြီး ဖြစ်သည်။ လေယာဉ်ပေါ်မှ ဆင်းလျှင် ကားပေါ်သို့ တက်ရပြီး လေယာဉ်ရပ်နားရာမှ ရောက်ရှိဆောင် (Arrival Hall) သို့ ကားဖြင့် (၁၅)မိနစ်ခန့် မောင်းရသည်။ လေဆိပ်မှာ ကြီးမားလွန်းပြီး လမ်းခွဲများ ၊ လမ်းညွှန်ဆိုင်းဘုတ်များ များ လွန်းသဖြင့် ဘယ်သွားရမှန်းမသိဘဲ ယောင်နန ဖြစ်ရသည်။ ကျွန်တော် က ဘန်ကောက်တွင် လေယာဉ်ပြောင်းစီးရမည် ဖြစ်သည်။ ကံအားလျော်စွာ ပင် လန်ဒန်သို့သွားမည့်  မြန်မာမိန်းကလေးတစ်ဦးကို လေဆိပ်ထဲမှာ တွေ့ ၏ ။ သူနှင့် နှစ် ယောက် အတူ လန်ဒန်ကောင်တာသို့ ဟိုမေးသည်မေး သုံးခါလောက်လုပ်ပြီး တွေ့ သွား၏ ။ လန်ဒန်သို့ လေယာဉ်ထွက်ချိန် သုံးနာရီခန့် လိုသေးသဖြင့် လေဆိပ်ထဲတွင် လျှောက်ကြည့်ရာ ကုန်ပဒေသာဆိုင်ကြီးတစ်ခုထဲသို့ ရောက်နေသည့်အလား ထင်မှတ်ရ၏ ။ အဖြူ၊ အမဲ၊ နိဂရိုး၊ ကပ္ပလီ၊ တရုတ်၊ ယိုးဒယား စသည်ဖြင့် လူမျိုးပေါင်းစုံတို့ဖြင့် လေဆိပ်သည် စည်ကားရှုပ်ထွေးနေ၏ ။ Duty Free လက်ဆောင်ပစ္စည်းဆိုင်များ မှာ လည်း မြင်သူတကာ သွားရည်ကျအောင် ပစ္စည်းအမျိုးအမည် စုံလင်လှသည်။ ကျွန်တော် ကား စာပေသမားပီပီ စာအုပ်ဆိုင်ကို တွေ့ တော့ ၀င်ငေးမိသည်။ စာအုပ်များ က စုံလင်လှသော်လည်း အပျော်တမ်းစာပေများ နှင့် အမျိုးသမီးဖက်ရှင်နှင့် အလှအပရေး ရာ မဂ္ဂဇင်းများ ကိုသာ အဓိကတွေ့ ရသည်။ သမ္မတဟောင်း ဘီကလင်တန်၏ အတ္ထုပတ္တိစာအုပ်နှင့် ဟီလာရီ၏ အတ္ထုပတ္တိစာအုပ်များ ကိုလည်း တွေ့ ခဲ့သည်။
ဘန်ကောက်လေဆိပ်၌ ထူးဆန်းတာ သုံးခုကို တွေ့ မြင်ခဲ့ရ၏ ။
--------------------------
မစ္စတာကင်ကို တွေ့ ပြီ
မြန်မာပြည်သို့ ငါးကြိမ်လာရောက်ဖူးသော အကြိမ်တိုင်းတွင် ကျွန်တော့်ကိုသာ ဧည့်လမ်းညွှန်အ ဖြစ် အမြဲငှားရမ်းခဲ့သော မစ္စတာကင်ကြီး၏ အိမ်သို့ ရောက်ရှိပေပြီ။ ၀မ်းမြောက်မှု ကား ဆိုဖွယ်ရာမရှိ။ သူက ယခု အသက် (၈၉)နှစ် ရှိပြီ။ အသက်ကြီးသဖြင့် စိတ်သွားတိုင်း ကိုယ်မပါတော့ သည့်အပြင် ချော်လဲ၍ ခါးဆစ်ရိုး ကျိုးသွားသဖြင့် ခွဲစိတ်ကုသခံထားရလေရာ မည် သည့်နည်းနှင့်မျှ လူကောင်းပကတိလို မလှုပ်ရှားနိုင်တော့ပေ။ သို့သော် တုတ်ကောက်ကို အားပြု၍ ခပ်ဖြည်းဖြည်းသွားနိုင်၏ ။ အစားအသောက်မှာ ကျွန်တော့်ထက် နှစ် ဆခန့် စားနိုင်သေးသည်။ တစ်အိမ်လုံးမှာ လည်း မိုက်ကရိုဝေ့မီးဖို၊ ဂက်စ်မီးဖို၊ အ၀တ်လျှောက်စက်၊ ရေခဲသေတ္တာ၊ ဖရီဇာ (Freezer) လေပူပေးစက်၊ ထမင်းဟင်ချက်လျှင် အချိန်မှတ်စက် စသည်ဖြင့် စက်များ ဖြင့် သာ ပြည့်နေတော့သည်။ သူ့လည်ပင်းမှာ ဆွဲထားသော တစ်လက်မခန့် ပလတ်စတစ်ဆွဲပြားလေးကို ပြ၍ `ဒါက ငါလဲကျသွားပြီး မထနိုင်ရင် ဒီခလုတ်လေးကို နှိပ်လိုက်ရုံပဲ၊ ဒါက ရီမုတ်ကွန်ထရိုးလေးပဲ သူ့အလိုလို ဆေးရုံ အရေး ပေါ်ဌာနကို ဖုန်းဆက်သွားလိမ့်မယ်၊ ကြည့်နေ၊ ငါ စမ်းသပ်ပြမယ်´ ဟုဆိုကာ လည်ပင်း၌ ဆွဲထားသော လော့ကပတ်သီးအ၀ိုင်းမှ ခလုတ်ကို နှိပ်လိုက်ရာ အလိုလိုပင် တယ်လီဖုန်းမှ အသံမြန်လာ၏ ။ စက္ကန့်ပိုင်းအတွင်းမှာ ပင် `မစ္စတာကင်..... ဘာ ဖြစ်သလဲ၊ ဘာ ဖြစ်သလဲ အမြန်အကြောင်းပြန်ပါ´ ဟူသော အမျိုးသမီးတစ်ဦး၏ အသံ တယ်လီဖုန်းစပီကာမှ ထွက်ပေါ်လာ၏ ။ မစ္စတာကင်က ဖုန်းကို ကိုင်ပြောခြင်းကား မဟုတ်ပေ။
`ဘာမှမ ဖြစ်ဘူး ငါ့မိတ်ဆွေ တစ်ယောက် မြန်မာပြည်က ရောက်လာတုန်း ဒီအရေး ပေါ်စနစ်ကို စမ်းကြည့်တာ´
`ကျွန်မတို့ အရေး ပေါ်စနစ်ကို စမ်းသပ်ကြည့်တဲ့အတွက် ကျေးဇူးတင်ပါတယ်´ ဟု ယဉ်ကျေးစွာ ပြောပြီး အသံတိတ်သွား၏ ။ အလွန်ကောင်းသော စနစ်ပေတကား။ တစ်ယောက် တည်းနေသော အသက်ကြီးရွယ်အိုများ ကို ကာကွယ်ပေးသော စနစ် ဖြစ်သည်။ အကယ်၍ တစ်ဖက်မှ ပြန်မထူးနိုင်တော့လျှင် အိမ်နီးချင်းသို့ ဖုန်းဆက်ပြီး မေးမည် ။ ဖုန်းဆက်မရပါက အလျင်အမြန် ဆေးရုံကား လွှတ်လိုက်မည် ဟု သိရသည်။ စနစ်က ကောင်းသော်လည်း သူတို့ဆီမှာ အဘိုးကြီး အဘွားကြီးများ မှာ အထီးကျန်ဆန်လှသည်။ သား/သမီးများ က တစ်အိမ်သတ်သတ်နေပြီး သူတို့ဘာသာ တစ်ကိုယ်တည်းနေကြသည်သာ များ သည်။
--------------------------
JET JEGS
လေယာဉ်ပေါ်တွင် ၁၂ နာရီခန့် ငုတ်တုတ်လိုက်ပါခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေချိန်တွင် မြန်မာပြည်နှင့် အင်္ဂလန်အချိန် ကွာခြားချက် (၆)နာရီခွဲရှိသော ကြောင့် နေ့နှင့် ည မှားသည့်ဒဏ်ကို အတော် ခံရသည်။ မြန်မာပြည်၌ ပုံမှန်အိပ်ရာဝင်လေ့ရှိသော ည (၉)နာရီခွဲမှာ အင်္ဂလန်၌ နေ့လယ် (၃)နာရီသာ ရှိသေးရာ အိပ်ရမလို၊ စကားပြောရမလို ဖြစ်ပြီး နောက်ဆုံး၌ သူတို့စံတော် ချိန် ညနေ (၅)နာရီ (မြန်မာအချိန် ည ၁၁ နာရီခွဲ)တွင် အိပ်ပျော်သွားရာ နိုးလာတော့ `မင်းအိပ်နေတာ ၁၆ နာရီကြတယ်´ဟု မစ္စတာကင်က ပြောပါသည်။ ဒီလောက်များများ တစ်ခါမှ မအိပ်ဖူးပါ။ နောက်နေ့မှာ တော့ အင်္ဂလန်အချိန်အတိုင်း ပုံမှန်ပြန် ဖြစ်သွားသည်။ ခန္ဓာကိုယ်တွင်းရှိ ဇီဝယန္တယားပြောင်းလဲခြင်းပင်။ ဤသည်ကို သူတို့က JET JEGS ဟု ခေါ်ကြသည်။
--------------------------
လန်ဒန်ကို လှည့်လည်ကြည့်ရှုခြင်း
(၁၄-၇-၂၀၀၆)
အိပ်ရာနိုးလာတော့ အိပ်ရေး ၀လန်းဆန်းနေသဖြင့် စာထိုင်ရေး ၊ နံနက်စာစားပြီး လှည့်လှည်ကြည့်ရှုရေး အစီအစဉ် စသည်။ အဘိုးကြီးက ကျွန်တော့် ကို လမ်းထိပ်ဘတ်စကားမှတ်တိုင်အထိ လိုက်ပို့ပေး၏ ။ အဘိုးကြီးနေသော ရပ်ကွက်မှာ လန်ဒန်အရှေ့ပိုင်းရပ်ကွက် ဖြစ်ရာ `ဂျက်လန်ဒန်´၏ ချောက်ကမ္ဘာကြီးထဲမှ လူသားများ စာအုပ်ကို သတိရမိသေးသည်။ ဂျက်လန်ဒန်တို့ခေတ်ကလောက်တော့ မဆိုး၊ ယခုအခါ အများ ကြီး လူနေမှု အဆင့်မြင့်လာသည်ကို တွေ့ ရသည်။ သို့သော် လမ်းပေါ်သို့ ထွက်လာရင်း သတိထားမိသည်မှာ ဤရပ်ကွက်အတွင်း၌ လူဖြူမတွေ့ ရသလောက်ရှားပြီး လူမည်းများ ကိုသာ တွေ့ မြင်နေရရာ အကယ်၍ တစ်စုံ တစ်ယောက် က ကျွန်တော် မျက်စိကိုပိတ်ပြီး ဤနေရာ၌ လာချထားပါက မြင်ရသော မြင်ကွင်းကိုထောက်၍ ကျွန်တော် ရောက်နေသော နေရာမှာ အာဖရိက (သို့မဟုတ်) အိန္ဒိယပင် ဖြစ်သည်ဟု အခိုင်အမာ ပြောမိမှာ သေချာသည်။ အသက်အရွယ်မျိုးစုံ၊ ပုံစံမျိုးစုံနှင့် ကပ္ပလီ၊ နီဂရိုးများ ကို အမြောက်အများ စတင်တွေ့ မြင်ဖူခြင်း ဖြစ်သည်။
--------------------------
လန်ဒန်ဘတ်စ်ကား
လန်ဒန်တွင် ဘတ်စ်ကား အလွန်ပေါသည်။ သွားလိုရာအရပ်သို့ ဘတ်စ်ကားလိုင်းများ ချိတ်ဆက်ထားသည်။ မှတ်တိုင်သို့ တစ်မိနစ်လျှင် တစ်စီး၊ မိနစ်ဝက်လျှင်တစ်စီး စသည်ဖြင့် ဆိုက်ရောက်လာကြသည်။ ဘတ်စ်ကားအားလုံး၏ အရောင် မှာ အနီရောင် ဖြစ်သည်။ အချို့မှာ Double Decker ခေါ် နှစ် ထပ်ဘတ်စ်ကားကြီးများ ဖြစ်ကြသည်။ အချို့က ရိုးရိုးတစ်ထပ်ဘတ်စ်ကားများ ဖြစ်ကြသည်။ Stage Coach ခေါ် နှစ် စီးတွဲ ယာဉ်များ လည်း ရှိသည်။ ကားမှာ သစ်လွင်ကောင်းမွန်လှပြီး မာစီးဒီးဘင့် (Mecredes-Benz) ကုမ္ပဏီမှ ထုတ်လုပ်သည်။ မှတ်တိုင်တိုင်း၌ လက်မှတ်ရောင်းစက်ရှိသည်။ ကားပေါ်မတက်ခင် လက်မှတ်အရင်ဝယ်ပါ။ Buy ticket before boading ဟူသေ စာများ ကို မှတ်တိုင်တိုင်း၌ ချိတ်ဆွဲထားသည်။ ကားခမှာ တစ်ကြောင်းတည်းစီးမည့်  လက်မှတ်ဝယ်လျှင် (၁.၅)ပေါင်၊ တစ်နေကုန် ကြိုက်ရာကားကို တက်စီးနိုင်သော လက်မှတ်ကိုဝယ်လျှင် (၃.၅)ပေါင် ဖြစ်သည်။ ကျွန်တော် က အတောမသတ် ဟိုသွားဒီသွား သွားမည့် သူ ဖြစ်၍ တစ်နေကုန်စီးနိုင်သော လက်မှတ်ကို ၀ယ်သည်။ ယနေ့တစ်နေ့လုံးနှင့် နောက်တစ်နေ့ မနက် (၄)နာရီခွဲအထိ ထိုလက်မှတ်ကို သုံးနိုင်သည်။ စက်ထဲသို့ အကြွေစေ့ထည့်ပြီး ခလုတ်ကိုနှိပ်လိုက်ရာ ဘာမှ ထွက်မလာသဖြင့် ကျွန်တော် နှင့်မစ္စတာကင် အခက်ကြုံရသေးသည်။ စက်ကပဲ ပျက်နေတာလား၊ ကျွန်တော် တို့ကပဲ မအူမလည် ဖြစ်နေတာလားတော့ မသိ။ စက်ထဲမှ လက်မှတ်ရော၊ ပိုက်ဆံ သုံးပေါင်ခွဲရော တစ်ခုမှ ထွက်မလာပေ။ နည်းမျိုးစုံသုံး၍ ခလုတ်များ ကို လျှောက်နှိပ်ကြည့်ပြီး မရ၍ ဘေးမှအမျိုးသမီး တစ်ယောက် ကို အကူအညီတောင်းကြည့်ရာ သူက ကားလာလျှင် ကားဆရာကိုပြောပြပါ။ One Way ticket အခမဲ့ ထုတ်ပေးလိမ့်မည် ဟု ပြောသည်။ သူပြောသည့်အတိုင်း ကားလာသော အခါ ကျွန်တော် က အကျိုးအကြောင်းပြောပြတော့ ကားဆရာက ယာယီလက်မှတ်တစ်စောင် ထုတ်ပေးသည်။ ထိုလက်မှတ်မှာ အသွားအတွက်သာ ဖြစ်၍ မြို့ထဲ၌ စက်ထဲသို့ အရဲစွန့်ကာ ပိုက်ဆံထည့်ပြီး လက်မှတ်ဝယ်ကြည့်ပြန်ရာ ဤအခါတွင် မှ အဆင်ပြေချောမွေ့စွာ လက်မှတ်ထွက်လာတော့သည်။ Oxfored Road နှင့် Oxford Circus, Victora Station စသော နေရာများ မှာ လန်ဒန်၏ အချက်အချာကျသော မြို့လည်ခေါင်အရပ် ဖြစ်သည်။ လမ်းများ မှာ သိပ်မကျယ်၊ အနော်ရထာ၊ ဗန္ဓုလစသော လမ်းများ လောက်ပင် ရှိသည်။ လန်ဒန်မြို့လည်ခေါင်တွင် မြန်မာပြည်မှ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းစသော လမ်းမကြီးများ ကဲ့သို့ ကျယ်ပြန့်သော လမ်းတစ်ခါမှ မတွေ့ ခဲ့ပါ။ သို့သော် ပလက်ဖောင်းများ မှာ လမ်းတိုင်းနီးပါး ကျယ်ဝန်းလှသည်။ အနည်းဆုံး တစ်ဖက်လျှင် (၁၀)ပေခန့် ကျယ်၍ လူများ စွာ လမ်းလျှောက်သွားနိုင်သည်။ လမ်းဘေးဈေးသည် မရှိသလောက် ရှားသည်။ ပန်းသီးအစရှိသော သီးနှံအရောင်းဆိုင်နှင့် သတင်းစာရောင်းသော ဆိုင်များ ကိုသာ လမ်းဘေးဆိုင်အ ဖြစ် တွေ့ ရသည်။ မြို့ကောင်စီမှ ပလက်ဖောင်းပေါ် ဈေးရောင်းခြင်းကို ခွင့်ပြုပုံမပေါ်။ အများ အားဖြင့် အနော်ရထားလမ်းတွင် တွေ့ ရသကဲ့သို့ မြေညီထပ်ဆိုင်ခန်းများ ကိုသာ အတွေ့ ရများ ၏ ။ ဆိုင်အများ စုမှာ စတိုးဆိုင်၊ စားသောက်ဆိုင်၊ နိုင်ငံခြားငွေလဲလှယ်သော ဆိုင်၊ ဖက်ရှင်ဆိုင်နှင့် အပ်ချုပ်ဆိုင်များ ဖြစ်သည်။
--------------------------
ကတ်သီးကတ်သပ် လုပ်တဲ့အလုပ်
လောက၌ ပညာတတ်သူ၊ မတတ်သူ၊ ချမ်းသာသူ၊ ဆင်းရဲသူသည် နေရာတိုင်းမှာ ရှိသကဲ့သို့ လန်ဒန်မြို့လယ်ခေါင်တွင် လည်း စမတ်ကျကျဝတ်ကောင်းစားလှဖြင့် သွားလာနေကြသူတွေ ရှိသလို၊ အမူးသမား၊ ခပ်နုပ်နုပ်ဝတ်ထားသူများ လည်း မရှားပေ။ အမှိုက်များ ကို လိုက်သိမ်းနေသော စည်ပင်သာယာဝန်ထမ်းလို လူများ ကိုလည်း တွေ့ ရသည်။ ကတ်သီးကတ်သပ် အလုပ်တစ်ခုမှာ အလွန်ကြီးမားသော ဆိုင်းဘုတ်ကြီးတစ်ခုကို ကိုင်လျက် လူပုံအလယ်၌ ရပ်နေရခြင်း ဖြစ်သည်။ ဆိုင်းဘုတ်၌ ကြော်ငြာတစ်ခုခုကို ပြူးတူးပြဲတဲ ရေး ထားလေ့ရှိသည်။ ထိုသို့ လူလယ်ခေါင်၌ ဆိုင်းဘုတ်ကိုင်နေသော လူနှစ် ယောက် ၊ သုံးယောက် ကို တွေ့ ရ၏ ။ တစ်ယောက် မှာ မိန်းမပျိုလေး ဖြစ်သည်။ ဘာမှမလုပ်ဘဲ ရပ်နေသည်မှာ အနည်းငယ် ကြောင်စီစီနိုင်သည်။ လူတွေ လှည့်ကြည့်လှည့်ကြည့်နှင့် ကြည့်သွားကြသည်။ သူ ကတော့ ခပ်တည်တည်ပင်။ ထိုသို့ ဆိုင်းဘုတ်ကိုင်ခမှာ တစ်နာရီလျှင် (၅)ပေါင်မှ (၇)ပေါင်အထိ ရသည်ဟု သိရသည်။
--------------------------
ဟိုဒ်ပါတ်ခ် Hyde Park ဥယျာဉ်
အလွန်နာမည် ကျော်ကြားသော နေရာ ဖြစ်၍ လန်ဒန်ရောက်သည့် နောက်တစ်နေ့မှာ ပင် ပထမဆုံးသွားသည့်နေရာ ဖြစ်သည်။ ဥယျာဉ်ကြီးကား တစ်ချိန်က အဋ္ဌမမြောက် ဟင်နရီဘုရင်ပိုင်သော ကိုယ်ပိုင်အမဲလိုက် ဥယျာဉ်ကြီး ဖြစ်သည်။ အတော် လည်း ကျယ်ဝန်းသည်။ ဥယျာဉ်ဝင်ပေါက်၌ စီတန်းစိုက်ပျိုးထားသော သစ်ပင်ကြီးများ ၀န်းရံထားသော လျှောက်လမ်းကလေးကို တွေ့ တော့ နှစ်သက် စရာပင်။ အတွင်းသို့ ၀င်သွားတော့ သစ်ပင်၊ ပန်းပင် သိပ်မရှိဘဲ ကုန်းပြောင်ပြောင်တွေ သာ အတွေ့ များ သည်။ ဆာပင်တိုင်း (Serpentine) ဟုခေါ်သော လှပသော ရေကန်ကလေးကား ရှိ၏ ။ ကန်ကို သာယာလှပစွာ ပြုပြင်ထားသည် ဘဲငန်းကလေးတွေ လည်း ရေထဲ၌ ကူးခတ်နေကြသည်။ ကျွန်တော် သည် မြန်မာပြည်အနှံ့ ရောက်ဖူးသူ ဖြစ်ပြီး စိမ်းလန်းစိုပြည်သော နိုင်ငံမှာ လာခဲ့သူ ဖြစ်ရာ အင်္ဂလိပ်တို့ အပြောကြီးလှသော ဟိုဒ်ပါတ်မှာ မြန်မာပြည် ပြင်ဦးလွင်မှ ရုက္ခဗေဒဥယျာဉ်ကို မမှီဟု ရဲရဲကြီး ပြောဝံ့ပါသည်။ သစ်ပင်၊ ပန်းမာန်ရှားပါေးသာ အရပ်မို့သာ ဤဥယျာဉ်ကြီးမှာ ကျော်ကြားနေခြင်း ဖြစ်ဟန်ရှိပါသည်။ အရွယ်ပမာဏကား ဗန္ဓုလပန်းခြံ၏ ဆယ်ဆခန့် ရှိပေသည်။
--------------------------
စကားပြောသူတို့၏ နေရာ (Speaker's Corner)
ယခင်က ကြားဖူးပေါင်းများ ပြီး တစ်ခါမှ မမြင်ဖူးသော Speaker’s Corner ခေါ် တစ်ကိုယ်တော် ဟောပြောပွဲများ ကိုလည်း မျက်မြင်ကိုယ်တွေ့  လေ့လာခဲ့ရ၏ ။ မည် သူမဆို သတ်မှတ်ထားသော ခုံလေးပေါ်သို့တက်ကာ ကိုယ့်စိတ်ထဲရှိတာကို အားရပါးရ ပြောနိုင်၏ ။ ဆဲစရာရှိလျှင် ဆဲနိုင်၏ ။ မကျေနပ်တာရှိလျှင် ဖွင့်ချနိုင်၏ ။ မည် သူကမှ အရေး ယူလိမ့်မည် မဟုတ်။ နားထောင်သူများ ကလည်း တကယ်တမ်း အလေးအနက် နားထောင်ကြခြင်းမဟုတ်၊ အထူးအဆန်း အပျော်အပျက်သဘောသာ နားထောင်ကြခြင်း ဖြစ်သည်။
အချို့ ကတော့ တကယ်ပင် သမ္မတလောင်းက လူထုပရိသတ်ကြီးကို နှုတ်ဆက်နေပုံမျိုးနှင့် အားရပါးရ ဒေါနှင့်မောနှင့် ပြောနေ၏ ။ တနင်္ဂနွေနေ့တွင် ပုံမှန်အားဖြင့် စကားပြောသူများ ပိုများ တတ်သည်ဟု သိရ။ ကျွန်တော် ရောက်သွားသော နေ့မှာ သော ကြာနေ့ ဖြစ်၍ ပြောသူနှစ် ဦးခန့်သာ ရှိသည်။ သူက ခရစ်ယာန်ဘာသာကောင်းကြောင်း ဂျီးဆက်ခရုကိက်သည် ဘုရား၏ သာဝကမဟုတ် ဘုရားသခင် (God) ပင် ဖြစ်သည်ဟု ထောက်အထား အကိုးအကားများ နှင့် အာပေါင်အာရင်းသန်သန် ဟောပြောနေ၏ ။
ထိုသို့နားထောင်နေစဉ် ထိုတရားဟောဆရာနှင် အပေါင်းပါ ဖြစ်ဟန်တူသော တရုတ်မ တစ်ယောက် က ကျွန်တော့် ကိုပြုံးပြပြီး ဘယ်နိုင်ငံက လာတာလဲဟု မေးရာ ကျွန်တော် က မြန်မာနိုင်ငံဟု ဖြေလိုက်သည်။ မြန်မာနိုင်ငံက ထိုင်းစကားပြောလားဟု မေးသည်။ မပြောဘူး၊ မြန်မာက မြန်မာစာ၊ မြန်မာစကားသီးသန့်ရှိတယ်ဟု ပြောတော့ ဒါဆို ခဏနေပါဦးဟုဆိုကာ သူ့မိတ်ဆွေ အင်္ဂလိပ်ကြီးကို တီးတိုးတီးတိုး လုပ်နေ၏ ။ ခဏကြာတော့ သီချင်းစာအုပ်အရွယ် စာအုပ်ပါးလေးတစ်အုပ်ကို ယူလာပြီး ကျွန်တော့် ကိုပေးရာ ကျွန်တော့် မှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏ ။ စာအုပ်ကလေးက ဘာမှထူးဆန်းလှသည်မဟုတ်ပါ။ ခရစ်ယာန်ဓမ္မကျမ်းစာလေးသာ ဖြစ်သည်။ သို့သော် မြန်မာဘာသာဖြင့် အကျအန ကွန်ပျူတာစာစီ ရိုက်နှိပ်ထား၏ ။ ရှေ့မျက်ဖုံး၌ မြန်မာဘာသာဖြင့် …..
``ဘုရားသခင်၏ ဖြေပေးတော် မူချက်´´
ဟု ရေး သားထားသည်။ အထဲမှာ လည်း မြန်မာလိုပင် ရေး သားထားသည်။ ရေခြားမြေခြား အင်္ဂလန်လို နိုင်ငံတစ်ခုဝယ် မိမိစာ၊ မိမိစကားကို နိုင်ငံခြားသားက တခုတ်တရ ရေး သားပြန်ဆိုထားတာ တွေ့ ရတော့ သူတို့ဘာသာကို မယုံလင့်ကစား အတော် တော့ အံ့သြလေးစားမိပါသည်။ ဘာသာပြန့်ပွားရေး အတွက် ကမ္ဘာ့လှည့်ခရီးသည်တို့ဆုံရာ ဟိုဒ်ပါတ်အထိ လာရောက်စည်းရုံးကြသည်ပဲ။ ဘာသာပေါင်း (၁၅၀)ခန့်ဖြင့် ပြန်ဆိုထားသော စာအုပ်များ သူတို့ဆီမှာ ရှိသည်ဟု သိရသည်။ ထိုအထဲမှာ မြန်မာပါနေတာ တစ်မျိုးဂုဏ်ယူရပေသည်။
Speaker’s Corner ၏ ထောင့်မှာ ပဲ Marble Arch ခေါ် စကျင်ကျောက်ဖြင့် လှပစွာ ထွင်းထုထားစော မုခ်ဦးတစ်ခုကို တွေ့ ခဲ့ရပါသည်။ ထိုနေရာတစ်ဝိုက်၌ ယဉ်သွားယဉ်လာ ထူးထပ်လွန်းသဖြင့် လူအများ က လမ်းပေါ်မှ ဖြတ်ကူးခွင့်မပြုဘဲ Sub way ဟု ခေါ်သော မြေအောက်ဥမင်မှတစ်ဆင့် လမ်းကူးရပါသည်။ ဥမင်ထဲ၌ ပုလွေမှု တ်ပြီး ပိုက်ဆံတောင်းနေသော သူတို့အခေါ် ဖျော်ဖြေရေး သမား (Entertainer) ကျွန်တော့်အမြင် သူတောင်းစား (Begger) များ ကိုလည်း တွေ့ ခဲ့ရပါသည်။ သူတို့နိုင်ငံမှာ လူမှု ဖူလုံရေး စနစ်ဖြင့် အားလုံးကို ထောက်ပံထားသဖြင့် မည် သူမျှ တောင်းရမ်းစားသောက်ခွင့်မပြု၊ သို့သော် ကခြင်း၊ ခုန်းခြင်း၊ တူရိယာတစ်ခုခုတီးမှု တ်ခြင်း စသည်တို့ကို ပြုပြီး သဒ္ဓါကြေးပေးလျှင်တော့ လက်ခံခွင့်ရှိသည်။ အမှန်မှာ တော့ ၀ိနည်းလွတ် တောင်းစားနေကြခြင်း ဖြစ်သည်။
--------------------------
အနှိပ်ခန်းများ
ထိုင်းတွင် အနှိပ်ခန်းများ ရှိသော်လည်း လေဆိပ် Transit (တစ်ထောက်နားခန်းမ) ထဲတွင် အနှိပ်ခန်းအများ အပြားကို တွေ့ တော့ အံ့သြမိသည်။ ထိုအနှိပ်ခန်းလေးထဲဝယ် အနှိပ်ခံရသော ယောက်ျား၊ မိန်းမများ စွာ ကိုလည်း တွေ့ ခဲ့ရသည်။ အနှိပ်ခမှာ ခြေထောက်သီးသန့် နာရီဝက်နှိပ်ခ ဘတ် (၄၀၀) (သို့မဟုတ်) (၁၁)ဒေါ်လာခန့် ကျသင့်သဖြင့် ရန်ကုန်-ပန်းဆိုးတန်းခုံးတံတားအောက်က အနှိပ်သည်များ တစ်နာရီ (၁၅၀၀/-)နှင့် နှိပ်ကြပုံကို တွေးမိကာ ပခုံးတွန့်မိသေး၏ ။
--------------------------
Day Room (ခေါ်) နားနေခန်းများ
ဟိုတယ်လည်းမကျ၊ မြန်မာပြည် အဝေးပြေးကားဂိတ်များ မှ ခရီးသည်နားနေဆောင်လည်း မကျသော ဧည့်ဂေဟာဆန်ဆန် အခန်းများ ကိုလည်း လေဆိပ်တစ်ထောက်နား ခန်းမထဲမှာ တွေ့ ရ၏ ။ ရေချိုးနိုင်သည်၊ နားနိုင်သည်၊ အခန်းရသည်ဟု ရေး သားထားသည်။ လေဆိပ်အနီးမှ ဟိုတယ်ကြီးမျိုးမဟုတ်၊ စောင့်ဆိုင်း ခန်းမထဲမှာ ပင် ဒုတ်ဒုတ်ထိဖွင့်ထားသော Guest House များ ပေတကား။ ထိုင်းတို့ကား ပိုက်ဆံရှာပုံနည်းလမ်း စုံလှသည်။ ထိုခေတ္တတည်းခိုခန်းလေးများ မှာ လည်း ၀င်သူ၊ ထွက်သူ အပြည့်နှင့် စည်ကားလျက်ပင်၊ မိနစ်တိုင်းတွင် ထွက်ခွာမည့်  လေယာဉ်အမှတ်စဉ်ကို ကြေညာလျက်ရှိသည်။ အ၀င်အထွက် အလွန်များ သော အာရှ၏ ၀င်ပေါက်ပေပဲ။ ထို Day Room များ ၏ ဈေးမှာ လည်း မသေးလှ။ မယောင်မလည်နှင့် ဈေးနှုန်းစာရွက်ကို သွားကြည့်တော့ နှစ် ယောက် ခန်း (သို့မဟုတ်) သုံးယောက် ခန်းကို အမေရိကန်ဒေါ်လာ (၄၂)ဒေါ်လာတောင် ယူပါ၏ ။ ရေတစ်ခါချိုးလျှင်ကား (၁၀)ဒေါ်လာခန့် ပေးရပေသည်။
--------------------------
လူပျင်းတို့၏ သွားရာလမ်း
လေဆိပ်မှာ ကြီးလှ၍ တစ်နေရာမှတစ်နေရာသို့ စင်္ကြံလမ်းများ အတိုင်း လျှောက်သွားရာတွင် ခြေထောက်ညောင်းသက်သာစေရန် တီထွင်မှု တစ်ခုကို တွေ့ ရ၏ ။ ၎င်းမှာ Side Walk ဟု ခေါ်သော ရွေ့လျားစက်လှေကားများ ဖြစ်သည်။ Escalator နှင့်ဆင်တူသော်လည်း အက်စတာလေတာမှာ အောက်မှအပေါ်သို့ တက်ရာတွင် လည်းကောင်း၊ အပေါ်မှာ အောက်သို့ ဆင်းရာတွင် လည်းကောင်း လှေကားထစ်သဖွယ် တပ်ထားခြင်း ဖြစ်၍ ယခုတွေ့ ခဲ့သော Side Walk မှာ မြေပြင်ညီ၌ လှေကားထစ်များ ရွေ့လျားနေခြင်း ဖြစ်ရာ လမ်းလျှောက်သူများ က လမ်းလျှောက်နေချိန် ၎င်းဘေးရှိ စက်ပေါ်သို့ တက်လိုက်လျှင် လမ်းမလျှောက်ဘဲ လူအများ ရွေ့လျားနေကြပုံမှာ မမြင်ဖူးသော ကျွန်တော့် အတွက် ထူးဆန်းနေ၏ ။ လမ်းလျှောက်တာကို အကျင့်ရနေပြီ ဖြစ်သော ကျွန်တော် တော့ ကိုယ်သွားရမည့်  ဂိတ်အမှတ် (၁၂)ကို ခြေလျင်ပဲ လျှောက်လာခဲ့သည်။ ရပ်လျက်ရွေ့နေသူများ ကိုလည်း အများ အပြားတွေ့ ရရာ ကျွန်တော် က ထိုစက်ခြေထောက်ကို `လူပျင်းတို့၏ သွားရာလမ်း´ဟု နာမည် ပေးလိုက်၏ ။ Day Room မယူသော ဧည့်သည်များ က စင်္ကြံလမ်းတစ်လျှောက် ထိုင်သူထိုင်၊ လှဲသူလှဲ အိပ်သူအိပ် ပုံစံအမျိုးမျိုးဖြင့် ကိုယ့်လေယာဉ်ကို စောင့်ရင်း အတုံးအရုံးရှိကြ၏ ။
--------------------------
ဘန်ကောက်မှ - လန်ဒန်သို့
သုံးနာရီခန့်စောင့်ပြီးနောက် ထိုင်းလေကြောင်းခရီးစဉ် အမှတ် TG-910 ကို ပြောင်းစီရ၏ ။ လေယာဉ်မှာ ဘန်ကောက်မှ လန်ဒန်သို့ တိုက်ရိုက်ပျံသန်းသည်။ လေယာဉ်ကား ဘိုးရင်း 747/400 လေယာဉ်ကြီး ဖြစ်သည်။ First Class, Business Class, Economy Class ဟု ခွဲခြားထားရာ ကျွန်တော် အပါအ၀င် ခရီးသည်အများ စုမှ Economy Class ကိုသာ စီးနင်းကြကုန်၏ ။ ဘန်ကောက်မှ လန်ဒန်သို့ ပျံသန်းချိန် (၁၂)နာရီခန့်ရှိပြီး အမြင့်ပေ ၃၇၉၀၀ မှ ပျံသန်းမည် ဖြစ်ကြောင်းနှင့် အခြားအသေးစိတ်များ ကို TV-Projector ပေါ်မှာ အစုံအလင် ဖော်ပြပေး၏ ။ ထိုင်းဒေသစံတော် ချိန် နံနက် (၀၁း၁၀)မိနစ်တွင် လေယာဉ်ထွက်ခဲ့ပါသည်။ တစ်တန်းလျှင် ထိုင်ခုံ ၁၀ ခုံ ပါရှိသည်။ ကျွန်တော် ထိုင်ရသော ခုံမှာ လေးယောက် တန်း အလယ်ခုံ ဖြစ်သည်။ လက်ယာဘက်ဘေးခုံမှာ ထိုင်းအမျိုးသားတစ်ဦး၊ လက်ဝဲဘက်၌ ဗီယက်နမ် ကျောင်းသူတစ်ဦးတို့နှင့် ထိုင်ရသည်။ ဗီယက်နမ်မက အပျင်းပြေဖတ်ရန် စာအုပ်တစ်အုပ်ကို ထုတ်လိုက်ရာ စာအုပ်ပေါ်၌ ဖောင်းကြွစာလုံးများ ဖြင့် ဆစ်ဒနီရှယ်ဒန် (Sidney Sheldon) ဟု ရေး ထားတာတွေ့ တော့ သူ့ကို ကျွန်တော် တော် တော် အထင်ကြီးသွား၏ ။ သူများ တွေ ဆစ်ဒနီရှယ်ဒန်ကိုတောင် အင်္ဂလိပ်လို ဖတ်နေပြီ ငါတို့လည်း အင်္ဂလိပ်စာတော် အောင် ဒီထက်ပိုပြီး ကြိုးစားမည် ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ စာအုပ်ဖွင့်ဖတ်စဉ် မသိမသာ ကြည့်လိုက်တော့မှ အင်္ဂလိပ်လို့ ရေး ထားတာမဟုတ်ဘဲ ဗီယက်နမ်ဘာသာပြန် စာအုပ်ကြီး ဖြစ်နေသည်။ ဗီယက်နမ်ဘာသာကလည်း အင်္ဂလိပ်စာလုံးတွေ ကို သုံးထားတာ တွေ့ ရသည်။ သူတို့မှာ ကိုယ်ပိုင်စာပေမရှိလို့ အင်္ဂလိပ်စာလုံးတွေ ကို ယူသုံးပြီး စာရေး ရတာ ပါလား၊ ပုဂံခေတ်ကတည်းက ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့သော မြန်မာစာ၊ မြန်မာစကားကို ပို၍ လည်း လေးစားမိပေသည်။ သို့သော် အင်တာနက် (chatting) များ ၌ မြန်မာလူငယ်များ ရေး လေ့ရှိသော Nay Kaung Lar ဆိုသော တောင်မရောက် မြောက်မရောက် ခိုင်မာပြီးသား ကိုယ့်ဘာသာစကားကို အင်္ဂလိပ်စာလုံးများ ဖြင့် ဇွတ်အဓမ္မ သွတ်သွင်းဖျက်ဆီးမှု မျိုးကိုလည်း စိတ်မကောင်းစွာ တွေ့ နေရဆဲ ဖြစ်သည်။ မြန်မာစာလုံးများ အင်တာနက်ပေါ်၌ တွင် တွင် ကျယ်ကျယ် လွယ်လွယ်ကူကူ သုံးလာနိုင်လျှင် ထိုပြဿနာ ပြေလည်သွားနိုင်သည်။ လောလောဆယ်တွင် အင်္ဂလိပ်စာကို ဟုတ်တိပတ်တိ မလေ့လာချင်သော မြန်မာလူငယ်များ ကြောင့် မြန်မာဘာသာစကားကို မဟုတ်သည့်လမ်းကြောင်းသို့ တွန်းမပို့ကြပါစေနှင့်ဟုသာ ဆုတောင်းပါသည်။
--------------------------
ဟိသရိုးလေဆိပ်
နာမည် ကြီးလှသော လန်ဒန်မြို့ ဟိသရိုးလေဆိပ်သို့ (13-7-2006) အင်္ဂလန်စံတော် ချိန် နံနက် (၆း၃၀)၌ ရောက်၏ ။ လေယာဉ်ပေါ်မှ ဆင်းဟန်ပြင်နေဆဲဝယ် ကျွန်တော့် နောက် နှစ် တန်းကျော်မှ မိန်းကလေး တစ်ယောက် က `အစ်ကိုက မြန်မာ မဟုတ်လား´ဟု လှမ်းမေးသည်။
`အေး ဟုတ်တယ်´ဆိုတော့ `ဒါဆို အတူတူဆင်းရအောင်´ ဟု ဖြေသည်။ သူ့မှာ လက်ဆွဲအထုပ်အပိုးတွေ က များ လှသည်။ သို့ဖြင့် သူ့ခရီးဆောင်လက်ဆွဲအိတ်တစ်လုံးကို ကူဆွဲပေးလိုက်၏ ။ သူက အင်္ဂလန်မှာ ကျောင်းတက်ဖို့လာတာ ဖြစ်ကြောင်း၊ Accounting ဘာသာရပ်ကို လေ့လာမှာ ဖြစ်ကြောင်း ပြောပြသည်။ ဟိသရိုးလေဆိပ်ကား မျှော်လင့်ထားသည့်အတိုင်း ကြီးမားလှသည်။ ရပ်နားထားသော ဧရာမလေယာဉ်ကြီးများ ကိုလည်း တစ်မျှော်တစ်ခေါ် တွေ့ ရ၏ ။ ကမ္ဘာကျော် လေကြောင်းလိုင်းများ ၏ လေယာဉ်အားလုံးနီးပါးကို တစ်နေရာတည်းမှာ မြင်တွေ့ ရခြင်း ဖြစ်သည်။ လေယာဉ်ပေါ်မှ လေဆိပ်ထဲရောက်အောင် စင်္ကြံလမ်းအတိုင်း လျှောက်ရတာ တင် မိနစ် (၂၀)ခန့် ကြာ၏ ။ စင်္ကြံလမ်းဆုံးသော အခါ လူဝင်မှု ကြီးကြပ်ရေး ခန်းမထဲသို့ ရောက်၏ ။ လူဝင်မှု အရာရှိများ က တစ်ယောက် လျှင် ကောင်တာသေးသေးလေးတစ်ခု ဖွင့်လျက် ရပ်နေရာ ကောင်တာနံပါတ် (၇၀)အထိ ရှိတာတွေ့ ခဲ့ရ၏ ။ ထိုနေရာအ၀င်၌ အင်္ဂလန်နိုင်ငံသားများ အတွက် ဂိတ်ပေါက်တစ်ခု၊ ထိုင်း၊ မြန်မာ စသော အရှေ့တောင်အာရှနိုင်ငံသားများ အတွက် ဂိတ်ပေါက်တစ်ခု စသဖြင့် တန်းစီရ၏ ။ တန်းစီရင် တရွေ့ရွေ့လျှောက်လာကြရာ ကျွန်တော် တို့အလှည့်သို့ ရောက်သော် ကျွန်တော့် ပတ်စပို့နှင့် မြန်မာကျောင်းသူ ပတ်စပို့ကို လူဝင်မှု ကြီးကြပ်ရေး အရာရှိ အမျိုးသမီးကို ပေးလိုက်၏ ။
``မင်းတို့နှစ် ယောက် က ဘာတော် လဲ´´
ဟု မေးသည်။
``ဘာမှမတော် ဘူး၊ လေယာဉ်ပေါ်မှာ တွေ့ တာ၊ သူနဲ့ငါနဲ့က တစ်နိုင်ငံတည်းသား၊ ဒါကြောင့် တစ်ယောက် နဲ့ တစ်ယောက် ကူညီရအောင် အတူတူထ ထွက်လာတာ´´
ကောင်မလေး ပတ်စပို့ကို ဟိုလှန်ဒီလှန် လုပ်ကြည့်၏ ။ ပြီးတော့ မေးခွန်းများ ကို အတောမသတ် တစ်ခုပြီးတစ်ခု မေးသည်။ နောက်ဆုံး၌ ကျောင်းနှင့်သက်ဆိုင်သည့် အထောက်အထား စာရွက်ပြပါဟုဆိုသည်။ ကျောင်းနှင့် ဆိုင်သော စာရွက်စာတမ်းများ အားလုံး ခရီးဆောင်သေတ္တာကြီးထဲမှာ ထည့်ထားသည်ဟု ဖြေသည်။ ဒါဆို အထောက်အထား တစ်ခုခုပြပါဟု ဆိုလာပြန်သည်။ ကောင်မလေးက ပြပါမည် ဟုဆိုကာ သူ့လက်ဆွဲအိတ်ထဲ၌ ဟိုနှိုက်သည်နှိုက် နှိုက်ပါသော်လည်း လိုချင်သော စာရွက်က ထွက်မလာပေ။ ကျွန်တော် က `ညီမ စိတ်အေးအေးထား၊ ကျောင်းသားကဒ် ဖြစ် ဖြစ်၊ ကျောင်းဝင်ကြေးသွင်းထားတဲ့ စလစ်ပဲ ဖြစ် ဖြစ် တစ်ခုခုပြလိုက်၊ သူတို့သံရုံးကတောင် ဗီဇာပေးလိုက်ပြီးပြီ၊ တမင်သက်သက် ရစ်နေတာ´ဟု သူ့အနားကပ်၍ မြန်မာလို ပြောလိုက်သည်။ ဤနေရာ၌ အင်္ဂလန် (သို့) ဥရောပသို့ ပထမဆုံးအကြိမ်သွားကြသော မြန်မာများ ကို အကြံပြုလိုသည်မှာ မိမိ၏ ခရီးစဉ်နှင့်ပတ်သက်သော စာရွက်စာတမ်းများ ကို ကိုယ်နှင့်မကွာ အလွယ်တကူ သယ်ဆောင်ထားပြီးလိုအပ်က ချက်ချင်း ထုတ်ပြဖို့ ပြင်ဆင်ထားသင့်၏ ။ ခရီးဆောင်အိတ်အကြီးကြီးထဲတွင် ထည့်သိမ်းမထားသင့်ပေ။ လူဝင်မှု ကြီးကြပ်ရေး ကို ဖြတ်ပြီးမှ ခရီးဆောင်အိတ် ရွေးသော နေရာသို့ ရောက်မှ မြန်မာ၊ ထိုင်း စသော နိုင်ငံသားများ ကို ကြပ်ကြပ်မတ်မတ် စစ်ဆေးချင်သော လူဝင်မှု ကြီးကြပ်ရေး က စာရွက်စာတမ်းများ ကိုပြမှ ကျေနပ်လေ့ရှိ၏ ။ ကောင်မလေးက သူ့ပိုက်ဆံအိတ်ထဲ ဟိုနှိုက်ဒီနှိုက် နှိုက်နေပြီး နောက်ဆုံးမှ ကျောင်းသားကဒ်ကလေး ထွက်လာ၏ ။ ကျောင်းသားကဒ်ကိုပြတော့ ဖင်ပြန်ခေါင်းပြန်ကြည့်ပြီး ဒါ ဘယ်ကရတာ လဲစသည်ဖြင့် မေးနေရာ စိတ်ပျက်ဖွယ် ကောင်းလှသည်။ သူငယ်မက အင်္ဂလိပ်စာကို ကြိုးစားပြီးပြောသည်။ ပြောလည်း ပြောနိုင်သည်။ သို့သော် နားထောင်စွမ်းရည် (Listening Skill) အတွေ့ အကြုံနည်း၍ အင်္ဂလိပ်မ ပြောတာကို သိပ်နားမလည်သဖြင့် ကျွန်တော် က မြန်မာလို တစ်လုံးကောင်း ၀င်ထောက်ပေးသည်။ လူဝင်မှု တံဆိပ်တုံးကို ဒုံးဆိုထုမှ ကောင်မလေး သက်ပြင်းချသွားသည်။ ဒါတောင်မှ ဟိုဘက်ခန်းကို သွားပါ အဲဒီ မှာ ကျန်းမာရေး ဌာနရှိတယ်၊ ဒီက လွတ်လိုက်တယ်ပြောပါ။ ကောင်တာနံပါတ် (၆)ကိုသွားဟု လွှတ်နေပြန်သည်။ ကောင်မလေးက ကျွန်မ ရန်ကုန်မှာ မက်ဒီကယ်ချက်ကပ် လုပ်ပြီးသားဟု ပြန်ဖြေသည်။ ရေရှည်နေမယ့်သူက Health Department မှာ သွားပြီး အကြောင်းကြားပါဟု ဆိုသည်။ ကဲ..... သွားပေတော့ ညီမရေ Baggage ရွေးတဲ့နေရာက စောင့်နေမယ်ဟုမှာ ၍ သူငယ်မကိုသာ သွားရမည့် ဘက်သို့ ညွှန်ပြလိုက်သည်။
ကျွန်တော့် အလှည့်သို့ ရောက်လာ၏ ။ ဘာလာလုပ်တာလဲ၊ ဘယ်လောက်ကြာကြာနေမှာ လဲ၊ ဘယ်မှာ နေမှာ လဲ၊ ဘယ်သူနဲ့နေမှာ လဲ စသည်ဖြင့် လုပ်လာပြန်သည်။ ကျွန်တော် က ဧည့်လမ်းညွှန် တစ်ယောက် ဖြစ်ကြောင်း၊ မြန်မာပြည်သို့ အကြိမ်ကြိမ်လာလည်ဖူးသော ကျွန်တော့် မိတ်ဆွေ ဧည့်သည်များ က ဖိတ်ခေါ်၍ အင်္ဂလန်သို့ လာလည်ခြင်း ဖြစ်ကြောင်း၊ ၄၅ ရက်ခန့် အင်္ဂလန်တွင် နေမည် ဖြစ်ကြောင်း၊ ဖိတ်ခေါ်စာနှင့် ကျွန်တော် တည်းခိုနေထိုင်မည့်  လိပ်စာများ ကို ကြည့်နိုင်ပါကြောင်းပြောပြီး စာရွက်စာတမ်းများ ကို ထုတ်ပြလိုက်၏ ။ လွန်ခဲ့သော (၂)ရက်ကမှ ရိုက်လိုက်သော ကျွန်တော့် မိတ်ဆွေ (Mrs. Jane Barclay) ထံမှ E-mail ကိုလည်း ထုတ်ပြလိုက်သည်။ အရာရှိက အီးမေးလ်ကို ဖတ်ကြည့်ပြီး `ဒီစာထဲမှာ မင်းကိုလာကြိုဖို့ မြန်မာ တစ်ယောက် လွှတ်လိုက်မယ် ဆိုပါလား၊ သူက ဘယ်သူလဲ´ ဟု မေးပြန်သည်။
`ငါ အခုသွားတည်းမယ် အဘိုးကြီးက အသက် (၈၉)နှစ် ရှိလို့ ငါ့ကို လာမကြိုနိုင်ဘူး၊ အဲဒါကြောင့် အောက်စ်ဖို့ဒ်မှာ နေတဲ့ ငါ့မိတ်ဆွေ ဂျိမ်းဘာကလေက ငါ့ကိုကြိုဖို့ အဆင်ပြေတဲ့လူ တစ်ယောက် ကိုရှာပြီး လွှတ်လိုက်မယ် ပြောတာ၊ အဲဒီ လူက မြန်မာလည်း ဖြစ်နိုင်တယ်၊ ကုလားလည်း ဖြစ်နိုင်တယ်၊ အင်္ဂလိပ်လည်း ဖြစ်နိုင်တယ်´ ဟု ကျွန်တော် ဘုတောလိုက်၏ ။ ထိုအခါမှ တံဆိပ်တုံးကို ပတ်စပို့၌ ဒုံးခနဲ ထုလိုက်ပြီး သွားလို့ရပြီဟု ဆို၏ ။
ခရီးဆောင်သေတ္တာရွေးသော (Baggage Reclain) ခန်းမကြီးမျာလည်း အကြီးကြီး ဖြစ်သည်။ ရွေ့လျား စက်ခါးပတ်များ မှာ များ လွန်းလှသဖြင့် ဘက်စက်ခါးပတ်မှာ ကိုယ့်သေတ္တာထွက်လာပါ့မလဲဟု စဉ်းစားမရအောင် ဖြစ်မိသည်။ သို့သော် စက်ခါးပတ်တိုင်း၏ ထိပ်တွင် လေယာဉ်ထွက်ခွာလာရာ နိုင်ငံများ ကို ရေး ထားရာ တစ်ခုချင်းလျှောက်ဖတ်ပြီး `ဘန်ကောက်´ဟူသော ဆိုင်းဘုတ်ကိုတွေ့ တော့ ၀မ်းသာသွား၏ ။ သို့သော် အပြည့်အ၀ ၀မ်းမသာသေး၊ ကိုယ့်ခရီးဆောင်သေတ္တာကို မြင်ရမှ ၀မ်းသာ၏ ။ ကျွန်တော် က ဧည့်လမ်းညွှန်ဆိုတော့ နိုင်ငံခြားသားများ လူရောက်လာပြီး ခရီးဆောင်အိတ်ပါမလာတာ ရန်ကုန်၌ မကြာခဏ ကြုံဖူးသည်။ ဇွန်လကုန်လောက်မှ လန်ဒန်သို့သွားသော မြန်မာပြည်မှ ရော့ခ်အဆိုတော် တစ်ယောက် လည်း အရှေ့အလယ်ပိုင်းမှ လေကြောင်းလိုင်းတစ်ခုဖြင့် စီးသွားရာ လန်ဒန်ရောက်တော့ ခရီးဆောင်သေတ္တာ ပါမလာဘဲ ပျောက်သွားသည်ဟု ကြားရသည်။ ထိုသို့ ဖြစ်လျှင်တော့ အတော် ကသီလင်တ နိုင်ပေတော့မည် ။
အကောက်ခွန်ဌာနကိုဖြတ်တော့ ရင်တုန်ရပြန်သည်။ ရဲမေ တစ်ယောက် က ကျွန်တော့် ခါးလောက်ရှိမည့်  ခွေးမဲကြီးတစ်ကောင်ဖြင့် လေဆိပ်ထဲမှာ လမ်းသလားနေ၏ ။ ခွေးကြီးက ခရီးသည်များ ၏ အိတ်များ ကို လိုက်အနံ့ခံနေ၏ ။ ခွေးကြီးအနံ့ခံပုံမှာ အကြာကြီးလည်းမဟုတ်၊ စတိသဘောလည်း မဟုတ်။ သို့သော် အိတ်တစ်လုံးကို အနံ့ခံလျှင် သေသေချာချာ ရှူကြည့်ပြီး ဆတ်ခနဲ လှည့်ထွက်သွားသည်။ ခွေးကြီးက ကျွန်တော် နှင့် နီးလာ၏ ။ ငါသေတ္တာထဲက ငါးပိကြော်၊ ဘာလချောင်ကြော်တွေ အနံ့ကို ရင်ကမရဖူးတော့ ငါ့ခြေထောက်များ ဖမ်းခဲထားလိုက်မလား၊ ဟိသရိုးရောက်မှ ခွေးကိုက်ခံရတယ်ဆိုရင်လည်း ကျော်မကောင်း ကြားမကောင်း ဖြစ်တော့မယ် စသည်ဖြင့် အမျိုးမျိုးတွေးတောနေမိ၏ ။ ကံကောင်းသဖြင့် ခွေးကြီးက ကျွန်တော် ဆွဲလာသော သေတ္တာကိုနမ်းကြည့်ပြီး လှည့်ထွက်သွားသည်။
နောက်ထပ် အရာရှိ တစ်ယောက် က သေတ္တာကို ဖွင့်ကြည့်ချင်တယ်ဆိုသဖြင့် ဖွင့်ပြရသေးသည်။ ဒီအရာရှိ ကတော့ သဘောကောင်းပုံရသည်။ ဘာမှ အထူးအထွေ မပြောဘဲ ကြည့်ပြီးပြန်ပိတ်ကာ သွားခွင့်ပြုသည်။ ဤကျမှ စိတ်ထဲဝယ် အားလုံး အိုကေပြီဟု စိတ်နှလုံး ဒုံးဒုံးချရ၏ ။ လက်တွန်းလှည် ထရောလီလေးဖြင့် တွန်းထွက်လာခဲ့ရာ လမ်း၏ လက်ဝဲလက်ယာ၌ ဧည့်သည်လာကြိုသူများ ကို တတန်းကြီး တွေ့ ရ၏ ။ သူတို့လက်ထဲမှာ လည်း ဧည့်သည်၏ နာမည် များ ကို ရေး သားသော စာရွက်ကလေးတွေ တကိုင်ကိုင်နှင့်။ ရန်ကုန်လေဆိပ်မှာ ထိုအလုပ်မျိုးကို အကြိမ်ကြိမ်လုပ်ပြီး `ဧည့်သည်တိုးရစ်´ ကြိုခဲ့ရပုံများ ကို သတိရမိသည်။ (၁၁)နှစ် လုံးလုံး ရန်ကုန်မှာ သူများ ကို ကြိုလာခဲ့ရတာ အခုတော့ ငါအကြိုခံရမယ့်အလှည့်ပါလားဟုလည်း တွေးမိသည်။ ကျွန်တော့် နာမည် ကို လျှောက်ဖတ်ကြည့်ရာ မတွေ့ သဖြင့် ငွေလဲကောင်တာတွင် ဒေါ်လာနှင့် စတာလင်ပေါင်သွားလဲသည်။ Exchange Reat က ၁ စတာလင် ကို ၁.၉ ဒေါ်လာ။
လာကြိုသူကို မတွေ့ သဖြင့် ယောင်ယောင် ယောင်ယောင်နှင့် ဖြစ်နေ၏ ။ သို့သော် ကိုယ့်လိုစောင့်နေသူတွေ ကလည်း ဒုနဲ့ဒေးပင်။ မုန့်ဆိုင်များ ၊ တိုးရစ် Imformatiion Centre, Card Phone ဆိုင်များ စသည်ဖြင့် စုံလှသည်။ တစ်နေရာတွင် လေးပေပတ်လည်ခန့် အံစာတုံးပုံစံမှန်ကြီးကို နံရံမှာ တွဲ လောင်း ဆွဲထား၏ ။ ထိုမှန်ပုံးတွင် "Meetin Point" `ဆုံရပ်´ဟု ရေး ထားရာ ထိုစနစ်ကို သဘောကျမိ၏ ။ လူများ ကွဲသွားလျှင် ဖြစ်စေ၊ အချိန်းအချက် လုပ်လျှင် ဖြစ်စေ ထို Meeting Point ဆိုင်းဘုတ်ကြီးနားမှာ ရပ်နေလိုက်ရုံပဲ ဖြစ်သည်။ ထိုနေရာ၌ ကျွန်တော့် လို ရပ်နေစောင့်နေသော ခရီးသည် အများ အပြား တွေ့ ရ၏ ။
ခဏကြာတော့ အမျိုးသမီး တစ်ယောက် အမောတကော ရောက်ချလာသည်။ သူ့လက်ထဲ၌ ကျွန်တော့် နာမည် Nyi Nyi ဟု ရေး ထားသည့် စာရွက်ကလေးကို ကိုင်ထားကာ ကျွန်တော့် ဆီ ရောက်လာပြီး `မင်း.... ညီညီလား´ ဟု မေးရာ ကျွန်တော် လည်း ၀မ်းသာအားရ ဖြစ်ကာ `မင်း... ဒိုင်ယာနာ မဟုတ်လား´ ဟု နှုတ်ဆက်လိုက်သည်။ Diana Certer ဆိုသော အမျိုးသမီးကို လာကြိုဖို့ လွှတ်ကောင်းလွှတ်လိုက်မည် ဟု ကြိုသိထား၍ ဖြစ်သည်။
--------------------------
ဗြိတိန်မြန်မာအသင်း
ဒိုင်ယာနာသည် ကျွန်တော့် မိတ်ဆွေ၏ မိတ်ဆွေ၏ မိတ်ဆွေ ဖြစ်သည်။ (နှစ် ဆင့်ခံ အသိ ဖြစ်သည်။) သူနှင့် ကျွန်တော် မသိပါ။ သို့သော် ကိုယ့်ကို တကူးတက လာကြို၍ ၀မ်းသာရသည်။ သူက ဗြိတိန်မြန်မာ (Britain-Myanmar) အသင်းဝင် တစ်ယောက် ပါဟု ဆိုသည်။ သူတို့အသင်းအကြောင်း မေးကြည့်ရာ အသင်းဝင်များ မှာ မြန်မာများ နှင့် မြန်မာပြည်သို့ ရောက်ဖူးသော ဗြိတိန်နိုင်ငံသားများ ဖြစ်၍ အသင်းမှာ နိုင်ငံရေး မပါဘဲ လူမှု ရေး သက်သက် ဖြစ်ကြောင်း၊ တစ်ပတ်တစ်ခါ ဆုံ၍ မြန်မာပြည်အကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အနုပညာ စသည်ဖြင့် ဆွေးနွေးကြကြောင်း၊ အသင်းဝင်ကြေးမှာ တစ်နှစ် လျှင် စတာလင်ပေါင် ရှစ်ပေါင်သာရှိကြောင်း ရွှန်းရွှန်းဝေ ပြောပြပါသည်။
--------------------------
မြေအောက်ရထား
လေဆိပ်မှာ ပင် မြေအောက်သို့ ဆင်းသော အပေါက်ကြီးရှိရာ လှေကားထစ်များ အတိုင်း (သို့မဟုတ်) ခပ်လျှောက်လျှော်လုပ်ထားသော လမ်းကလေးအတိုင်း ဆင်းမိလျှင် မြေအောက်သို့ ရောက် သွားပါသည်။ ဘူတာရုံသို့ရောက်ရန် မြေအောက်လျှောက်လမ်းအတိုင်း ဆယ့်ငါးမိနစ်ခန့် လျှောက်ရပြန်သည်။ လူအများ သည် ရေး ကြီးသုတ်ပျာသွားနေကြရာ မြန်မာပြည်၌ လမ်းလျှောက်မြန်လွန်းသည်ဟု နာမည် ရသော ကျွန်တော့် ကိုပင် လူအများ က ကျော်တက်သွားကြပါသည်။ ဘန်ကောက်လေဆိပ်၌ တွေ့ ခဲ့ရသော စက်ခြေထောက် (Side Walk) များ ကိုလည်း ဟိသရိုးမြေအောက်ဘူတာစင်္ကြံ၌ တပ်ဆင်ထား၏ ။ လူအများ မှာ ပျာယီးပျာယာ သွားနေကြရာ မြန်မာပြည်၌ အေးအေးလူလူနေထိုင်ကြပုံမျိုးနှင့် ကွာခြားလှပေသည်။ ဒါကြောင့် သူတို့လူမျိုးတွေ ဟာ စိတ်ဖိစီးမှု (Stress) တွေ ရကြတာပဲဟုလည်း တွေးမိသေးသည်
မြေအောက်ဘူတာရုံတွင် လက်မှတ်ဖြတ်ပြီး ရထားထဲဝင်ထိုင်ကြပါသည်။ ရတားမှာ အထူးသန့်ရှင်းသပ်ရပ်သည်။ ရထားထဲမှာ လည်း လူရှင်းနေပါသည်။ ဒိုင်ယာနာက ယခု လူရှင်းနေသည်မှာ ဟိသရိုးလေဆိပ်မှာ စထွက်၍ ဖြစ်ကြောင်း လန်ဒန်မြို့လယ်နှင့် နီးလာလျှင် လူကြပ်လာမည် ဖြစ်ကြောင်း ပြောပါသည်။ မြေအောက်ရထားသည် သာမန်အားဖြင့် ဘတ်စ်ကားထက် ဈေးပိုကြီးသော်လည်း ပို၍ မြန်မြန်ရောက်သဖြင့် လူတွေ က ရထားကိုပဲ အစီးများ ကြသည်။ ရထားလက်မှတ်မှာ ခရီးစဉ်တစ်ခုချင်းအတွက်ကိုလည်းကောင်း၊ တစ်ရက်ချင်းအတွက်ကိုလည်းကောင်း၊ စီးချင်ရာစီး တစ်လအတွက်ကိုလည်းကောင်း နှစ်သက် ရာ ၀ယ်နိုင်ကြသည်။ ရထားမှာ လည်း ကုမ္ပဏီအသီးသီး ဆွဲနေသော လိုင်းအမျိုးမျိုးရှိသည်။ ဘူတာရုံတစ်ခုမှာ ပင် ရထားလိုင်း (၃)လိုင်း (၄)လိုင်းခန့် ၀င်ထွက်ပြေှးဆွဲနေရာ သွားနေကျမဟုတ်က ရထားမှားစီးမိမှာ သေချာသည်။ ကျွန်တော် သွားလိုသော လန်ဒန်အရှေ့ပိုင်း Plaistow ဘူတာသည် ဟိသရိုးလေဆိပ်မှ ၁၅ မိုင်ခန့်ရှိပြီး ရထားခ (၄)ပေါင် (၇ ဒေါ်လာခန့်) ပေးရ၏ ။ လမ်းခုလတ် West Kengington ဘူတာရုံ၌ ရထားပြောင်းစီးရာ ရထားခ ထပ်မံပေးရခြင်း မရှိပေ။ ဒိုင်ယာနာ ပြောတာမှန်၏ ။ လန်ဒန်မြို့လယ်ပိုင်းသို့ ရောက်လာသော အခါ ခရီးသည် အတက်ပိုများ လာပြီး ရထားမှာ ကြပ်လာ၏ ။ မိုးတိုးမတ်တပ်လိုက်ရသူများ လည်း မနည်းလှပေ။ ရထားခုတ်နှုန်းမှာ အမြန်ကြီးမဟုတ်လှသော်လည်း ဘူတာရုံများ တွင် ရောက်သည်နှင့် တစ်မိနစ်မပြည့်မီ ပြန်ထွက်သည်သာ များ သည်။ ရထားသည် တစ်ခါတစ်ရံ မြေပေါ်သို့ တက်လာပြီး ခုတ်ကာ လူစည်ကားသော ရပ်ကွက်များ တွင် မူ မြေထဲသို့ ပြန်လည်ငုပ်လျှိုးသွား၏ ။ ဘူတာတိုင်းသည် အထူးပင် သန့်ရှင်းသပ်ရပ်လှသည်။ ဘူတာတိုင်း၌ ၎င်းဘူတာရုံနာမည် ကို ထင်ရှားစွာ အကြိမ်ကြိမ်ရေး ထားသဖြင့် ရထားပေါ်မှာ ကြည့်လျှင် ကိုယ် ဘယ်ဘူတာရောက်နေပြီကို သိနိုင်၏ ။ ရထားတွဲ ထဲ၌ လည်း ဘူတာစဉ်မြေပုံကို ချိတ်ဆွဲထားရာ ကိုယ်ရောက်နေသော ဘူတာရုံနာမည် ကို ကြည့်၍ ရှေ့ရပ်မည် ဘူတာကို သိနိုင်၏ ။ ယခု ဆိုက်မည့် ဘူတာ၊ ရှေ့ဆိုက်မည့် ဘူတာများ ကိုလည်း ရထားပေါ်ဝယ် စပီကာမှ အဆက်မပြတ် ကြေညာပေးနေ၏ ။
--------------------------
လန်ဒန်တက္ကစီ
Plaistow ဘူတာသို့ရောက်လျှင် မြေပေါ်သို့တက်ခဲ့၍ တက္ကစီရှာကြရာ ရပ်ထားသော တက္ကစီတစ်စီးကို အခန့်သင့် တွေ့ ပါသည်။ သူတို့ဆီမှာ တက္ကစီမှာ ရှေ့ဟောင်းပုံ ဆီဒင်ကားများ သာ ဖြစ်သည်။ မူလရိုးရာမှာ အနက်ရောင် ကားများ ဖြစ်၍ နောက်ပိုင်း၌ အပြာရင့်ရောင် ကားများ လည်း ထပ်တိုးချဲ့ထားသည်။ အားနေလျှင် တက္ကစီဆိုင်းဘုတ်မီးဖွင့်၍ ခရီးသည်ရလျှင် မီးပိတ်ပါသည်။ လန်ဒန်တက္ကစီများ မှာ ဈေးကြီးလှသဖြင့် ကျွန်တော် သွားလိုသော နေရာ၏ အနီးဆုံးနေရာကို ရထားဖြင့် လာပြီးမှ ၁၀ မိနစ်ခန့် ကားငှားစီးရခြင်း ဖြစ်ပါသည်။ တက္ကစီမှာ ခရီးသည်က အနောက်ခန်းမှာ စီးရပြီး ရှေ့ခန်းနှင့် မှန်ကာထား၏ ။ ဘေးအန္တရာယ်ကင်းစေရန် ထိုင်ခုံခါးပတ်ပတ်ရန် အကြံပေးစာ ချိတ်ထားပြီး မပတ်ချင်လည်း ရသဖြင့် ကျွန်တော် က ဒီအတိုင်းပဲ လိုက်လာခဲ့သည်။ တက္ကစီမောင်းနေစဉ် ကားဆရာရှေ့ရှိ မီတာဒိုင်ခွက်မှ ကြာမြင့်ချိန်နှင့် ကျသင့်ငွေစာရင်း တရိတ်ရိတ်တိုးလာရာ ကျွန်တော့်မှာ ရင်ထိတ်နေရပါတော့သည်။ လန်ဒန်အရှေ့ပိုင်းမှာ သိပ်အစည်ကားကြီးမဟုတ်ဘဲ မြန်မာပြည်မှ ပြင်ဦးလွင်နှင့် ခပ်ဆင်ဆင် တူပါသည်။ ဤသို့လာခဲ့ကြရာ ခဏကြာလျှင် ကျွန်တော် သွားလိုသော Vicarage Lane အိမ်အမှတ် (၁၅၅)ရှေ့သို့ ဒုတ်ဒုတ်ထိ ရောက်ပါတော့သည်။ ကျသင့်ငွေမှာ ၄ ပေါင်နှင့် ၆၀ ပဲနိ၊ ကျွန်တော် က ၅ ပေါင်တန်စက္ကူပေးလိုက်ရာ ကားဆရာက အကြွေအမ်းရန် ဟိုရှာဒီရှာ လုပ်နေစဉ် အကြွေပိုတာ ယူလိုက်တော့ဟု သူတို့အင်္ဂလိပ်လူမျိုးထုံးစံအတိုင်း ပြောလိုက်ပါသည်။ ကားဆရာက အဘိုးကြီး ဖြစ်သည်။ မြန်မာပြည်ဆိုတာ ဘယ်နေရာလဲ၊ မြန်မာပြည်မှာ ဘာတွေ ထွက်သလဲ၊ လက်ဖက်ခြောက်ပေါမှာ ပေါ့ စသည်ဖြင့် ကားကိုရပ်ကာ စကားကောင်းနေသဖြင့် မနည်းစကားဖြတ်ကာ အိမ်ထဲဝင်ခဲ့ရပါသည်။ လန်ဒန်တက္ကစီ ကားဆရာများ ခရီးသည်များ ကို အဆင်ပြေအောင် အလိုက်အထိုက် ပြောဆိုတတ်သည်ဆိုခြင်းမှာ ဟုတ်မှန်လှပေသည်။
--------------------------
![]() ဖွဲ့ စည်းပုံဥပဒေကို အားနာကြစမ်းပါ | ![]() အညတရမှတ်တမ်း | ![]() အရှေ့သို့ ရောက်လာကြသူများ |