အခန်း(၁)
အရှေ့သို့ ရောက်လာကြသူများ ဟူသော ခရီးသွားဆောင်းပါးကို ၁၉၉၆ ခုမှစ၍ ရေး သား ဖြစ်သည်။ အမှန်တော့ ခရီးသွား ဆောင်းပါးဆိုသည်မှာ အများ အားဖြင့် မိမိ တွေ့ ကြုံခဲ့သော ဒေသန္တရအတွေ့ အကြုံများ ကို ပြန်ပြောပြခြင်းပင် ဖြစ်သည်။ ဤဆောင်းပါးများ တွင် တော့ စာရေး သူ၏ အာဘော်ကို အဓိကမထားဘဲ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များ ၏ အာဘော်ကိုသာ အဓိကထားလျက် သူတို့နှင့် အင်တာဗျုးလုပ်ခဲ့သည်။ မြန်မာပြည်ကိုသူတို့ ဘယ်လိုသဘောထားလဲ၊ မြန်မာလူမျိုးတွေ ကို သူတို့ဘယ်လိုမြင်ကြလဲ။ မြန်မာပြည်ကို ဘာကြောင့်လာသလဲ။ အရှေ့တိုင်းနှင့် အနောက်ပိုင်းတွေး ခေါ်ယူ ဆပုံတွေ ၊ လူနေမှု စနစ်တွေ ဘယ်လိုကွာခြားလဲဆိုတာ ကျွန်တော် သိချင်သည်။ ကျွန်တော် သိချင်သလို မြန်မာစာဖတ်ပရိတ်သတ်များ လည်း သိချင်ကြလိမ့်မည် ဟု ကျွန်တော် ထင်သည်။
ယနေ့ကမ္ဘာသည် ကိုယ့်တစ်ရပ်၊ ကိုယ်တစ်ရွာ၊ တစ်နိုင်ငံထဲ ကွက်ကွက်ကလေး ကျင်လည်နေ၍ မရတော့။ ကမ္ဘာကြီးသည် တစ်နေရာ ဆက်သွယ်မှု များ ပြားလာတာနဲ့အမျှ မတူညီသော ဘာသာစကား၊ ယဉ်ကျေးမှု ၊ ထုံးတမ်းစဉ်လာများ တစ်ခု နှင့်တစ်ခု ထိစပ်လာရသည်။ ထိုအခါ တစ်ဦး၏ ဘာသာစကားကို တစ်ဦးက၊ တစ်ဦး၏ ယဉ်ကျေးမှု ကို တစ်ဦးက၊ တစ်ဦး၏ တန်ဖိုးကို တစ်ဦးကိုတစ်ဦးက သဘောပေါက်နားလည်ရေး မှာ ရှေ့ဆုံးမှနေရာယူလာခဲ့သည်။ ထိုကဲ့သို့ ကွဲပြားခြားနားသော ယဉ်ကျေးမှု ၊ ဓလေ့များ ကိုနားလည်ရန် ကြိုးစားသည့်နေရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ က ဓနဥစ္စာခြေလှမ်းသာသဖြင့် ကိုယ်တိုင်ကိုယ်ကျ ကမ္ဘာကို လှည့်လည်ကြည့်ရှုကြသည်။
ကမ္ဘာပတ်၍ လေ့လာရေး ထွက်ခြင်းဖြင့် မိမိလူမျိုးသာ တော် သည်၊ အခြားလူမျိုးများ မိမိလောက်မတော် ဟူသော အစွန်းရောက်မျိုးချစ်ဝါဒနှင့် မိမိလူမျိုးသည် အခြားလူမျိုးများ ထက် အရာရာညံ့သည်ဟုသော လူမျိုးရေး စိတ်ကျဝေဒနာကို ပျောက်ကင်းစေပြီး မိမိလူမျိုးနှင့် နိုင်ငံ၏ အားနည်းချက်၊ အားသက်ချက်၊ သူတစ်ပါးလူမျိုးများ နျင့် သူတစ်ပါးနိုင်ငံများ ၏ အား နည်းချက် အားသက်ချက်များ ကို ကိုယ်တွေ့ မျက်မြင် ချိန်ထိုးလေ့လာာကာ သင်ခန်းစာယူတတ်သော စသည့် စိတ်ထားကို ရရှိစေပါသည်။
ဆက်သွယ်ရေး စနစ် လျှင်မြန်စွာ တိုးတက်နေသော သတင်းမီဒီယာခေတ်ကြီးဝယ် ကမ္ဘာအရပ်ရပ်သို့ ကိုယ်တိုင် မသွားရောက်နိုင်သော်လည်း သွားရောက်ရဘိသကဲ့သို့ ဂြိုလ်တုသတင်းများ ၊ ရေဒီယို၊ တယ်လီဖုန်း၊ ရုပ်မြင်သံကြား၊ ဖက်စ်၊ အီးမေး၊ (Electronic Mail) အင်တာနက်တို့၏ တန်ခိုးဖြင့် ကမ္ဘာတစ်ခြမ်းမှ ဖြစ်ရပ်ကို တစ်ခြားတစ်ဖက်မှ မိနစ်မလပ် မြင်တွေ့ နိုင်ကြပြီ ဖြစ်သည်။ သို့ သော် လျှပ်စစ်နှင့် ပုံနှိပ်မီဒီယာများ မှ တင်ပြချက်ကို မိမိမျက်စိဖြင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ ကြုံခံစားရသလောက် ဘဝင်မတွေ့ သူများ ကတော့ ဘတ်စကိုဒဂါးမားမှသည် ယနေ့ခေတ်ထိရှိနေဆဲ၊ နောင်ကိုလည်း ရှိနေပေလိမ့်ဦးမည် ။ ၎င်းတို့အင်အားစုသည် ခေတ်သစ်ကမ္ဘာကြီး၌ ခရီးသွားလုပ်ငန်း (Tourism Industry) ဟု အမည် တွင် သည့် ဧရာမလုပ်ငန်းကြီးတစ်ခုကို ပေါ်ထွန်းစေခဲ့သည်။
ကျွန်ုပ်တို့ မှီတင်းနေထိုင်ကြသော ကမ္ဘာကြီးဝယ် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်း ရေခဲဒေသများ မှအပ တိုးရစ် များ အလည်မလာကြသော နေရာဟူ၍ မရှိတော့ပေ။ ၂၁ ရာစုသည် ပစိဖိတ်ဒေသ၊ အထူးသဖြင့် အာရှတိုက်၏ ရာစုနှစ်အ ဖြစ် စီးပွားရေး ပညာရှင်များ က ခန့်မှန်းထားသကဲ့သို့ ကမ္ဘာခရီးသွားဈေးကွက်တွင် လည်း အာရှတိုက်သို့ သွားရောက်လည်ပတ်သူ အရေ အတွက်မှာ တစ်ရှိန်ထိုးကြီးမားလျက်ရှိသည်။ မြန်မာနိုင်ငံသည် အာရှတိုက်၏ စိတ်ဝင်စားဖွယ် အကောင်းဆုံးခရီးစဉ် ဒေသအ ဖြစ်တဖြည်းဖြည်း နိုင်ငံတကာမှအာရုံစိုက်လာကြသည်။ ဈေးကွက်စီးပွားရေး စနစ်ကိုကျင့်သုံးသော ယနေ့ခေတ်အခါသ မယတွင် နိုင်ငံတကာနှင့် ကူးလူးဆက်ဆံမှု တိုးတက်များ ပြားသည်နှင့် အမျှ မြန်မာကို ကမ္ဘာကသိရေး ၊ ကမ္ဘာကို မြန်မာကသိရေး တို့သည် မလွဲမသွေ လိုအပ်လာပြီ ဖြစ်သည်။ ထိုလိုအပ်ချက်များ ကို ဖြည့်ဆည်းရန် ကျွန်တော် တို့သည် သူများ ဘာလုပ်နေသည်၊ ဘာကိုစိတ်ဝင်စားသည်၊ ဘယ်လိုနေထိုင်ကြသည်ကိုသိရှိရန်နှင့် ကျွန်တော် တို့ကို သူတို့ဘာကြောင့် စိတ်ဝင်စားသည်၊ ဘာကြောင့် လာရောက်လေ့လာရသည်ဆိုသည်များ ကိုလည်း သိသင့်ပေသည်။
ထိုရည်ရွယ်ချက်များ ကို တတ်စွမ်းသမျှဖြည့်ဆည်းသည့်အနေဖြင့် ကျွန်တော် ဧည့်လမ်းညွန်အ ဖြစ် လိုက်ပါဆောင် ရွက်ခွင့်ရသော တိုးရစ်များ အား အချိန်ရလျှင် ရသလို၊ အခွင့်သာလျှင် သာသလို သိလိုသည်များ ကိ ဆွေးနွေးမေးမြန်ခဲ့ကြရာ အများ စုက စိတ်ပါလက်ပါ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။ ၎င်းအမေးအဖြေများ ကို အင်တာဗျူး ဆောင်းပါးအ ဖြစ် ချယ်ရီ မဂ္ဂဇင်းနှင့် ရုပ်ရှင်တေးကဗျားမဂ္ဂဇင်းများ တွင် လအတော် တော် များများ ဖော်ပြခဲ့ပါသည်။ မူလက တစ်ပုဒ်၊ နှစ်ပုဒ်သာရေး မည် ဟု ရည်ရွယ်ခဲ့သော်လည်း ဤဆောင်းပါးများ ကို နှစ်သက် အားပေးဖတ်ရှုသူများ တိုးပွားလာသဖြင့် ဆက်တိုက်ရေး သား ဖြစ်ခဲ့ပါသည်။
၁၉၉၆ မှ ၂၀၀၀ ခုနှစ်အတွင်း ရေး သားခဲ့သည့် ဟိုတစ်စ ဒီတစ်စ ပြန့်ကြဲနေသော ဆောင်းပါးများ ကို ယခုလို စာအုပ်အ ဖြစ် ပြန်လည်စုစည်းနိုင်ခဲ့ခြင်းကို များ စွာ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ဤစာအုပ်ထုတ်ဝေနိုင်ရေး အတွက် ဝိုင်းဝန်းကူညီကြသော ကိုညိုသစ်(ပန်းရိုင်းမြေစာအုပ်တိုက်)၊ စာမူဟောင်းများ ကို ကူရှာပေးသော ဦးခင်စိုး(စာပေဗိမာန်)၊ စာမူများ ကို ထည့်သွင်းဖော်ပြခဲ့သော အယ်ဒီတာများ ၊ အရှေ့သို့ ရောက်လာကြသူများ အမည် ကို ရွေးချယ်ပေးခဲ့သည့် စာရေး ဆရာအယ်ဒီတာ ကိုကျော်သီဟ (ဟင်္သာတ)၊ စာမူများ ကို အချောကူးပေးခဲ့သော ကျွန်တော် ၏ ဇနီး မခင်ဝင်းကြူ၊ ကျွန်တော် ကို အင်္ဂလိပ်စာတတ်အောင် သင်ကြားပေးခဲ့သော ဆရာ ဦးကျော်တင့် (ပြည်)၊ ဧည့်လမ်းညွန်သင်တန်း(၁/၁၉၉၅) မှ ဆရာဆရာမ များ ၊ ငယ်ဆရာများ ကို အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
သရဝဏ် (ပြည်)
၁၆-၂-၂၀၀၀
အခန်း(၂)
၁၉၉၆ ခုနှစ်ဟာ မြန်မာ့ခရီးသွားနှစ် ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံကို ကမ္ဘာနိုင်ငံအသီးသီးမှ ဧည့်သည်များ တစ်စထက်တစ်စ တိုးတက်များ ပြားစွာ လာရောက်လည်ပတ်တာကို တွေ့ မြင်နေရပြီ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်များ မြန်မာပြည်ကို လာရောက်လည်ပတ်စဉ် သူတို့ရဲ့ သဘောထားအမြင်များ ကို အလျဉ်းသင့်သလို တွေ ဆုံခန်းတွေ လုပ်ပြီး ချယ်ရီမဂ္ဂဇင်းမှာ ဖော်ပြ သွားမှာ ဖြစ်ပါတယ်။ ဒီလ ဗြိတိန်နိုင်ငံသူ နှစ်ဦး ဖြစ်တဲ့ MRS.A.HERRIES, MRS NORTON တို့ နှစ်ဦးနဲ့ တွေ့ ဆုံမေးမြန်းခဲ့ပါတယ်။ ဒီလို တွေ့ ဆုံမေးမြန်းမှု ကို ကမ္ဘာလှည့်ခရီးသည်များ အား လိုက်ပါပို့ဆောင်ရှင်းပြပေးသူ ဧည့်လမ်းညွန် ဦးညီညီ (သရဝဏ်-ပြည်) က ကူညီဆောင်ရွက်ပေးပါတယ်။ အမေးအဖြေတွေ ထဲက စာဖတ်သူများ စိတ်ဝင်စားမယ့် ကောက်နုတ်ချက်တချို့ကို ဖော်ပြလိုက်ပါတယ်။ ကူညီသူ ညီညီအားကျေးဇူးတင်ရှင်ပါကြောင်း။
အယ်ဒီတာအဖွဲ့
(ချယ်ရီမဂ္ဂဇင်း၊ ၁၉၉၆၊ ဇွန်)
မေး။ ။၁၉၉၆ ဟာ မြန်မာ့ခရီးသွားနှစ် ဆိုတာကို သိပါသလား။ သိလို့လာတာလား။
MRS.HERRIES။ ။ မသိဘူး၊ ကျွန်မသူငယ်ချင်း ANNIE က သူမြန်မာပြည်ကို သွားလည်မလို့၊ လိုက်ခဲ့ဖို့ အဖော်ညှိတာနဲ့ ရောက်ခဲ့တာပါ။
MRS.NORTON။ ။ ကျွန်မက သိတယ်။ ကျွန်မက ကာလကတ္တားမှာ အလုပ်နဲ့နေနေတုန်း မြန်မာပြည်က ပြန်လာတဲ့ သူငယ်ချင်းတချို့ကပြောလို့ ၉၆ ဟာ ခရီးသွားနှစ်ဆိုတာသိတယ်။
မေး။ ။ ဘာကြောင့် မြန်မာပြည်ကိုလာချင်ပါသလဲ။
NORTON။ ။ မရောက်ဘူးလို့ပါ။
HERRIES။ ။ ပြီးတော့ လွန်ခဲ့တဲ့ အနှစ်(၅၀)က အင်္ဂလန်ကိုကြည့်ချင်ရင် မြန်မာပြည်ကို သွားသင့်တယ်လို့ တချို့က အကြံပေးတာနဲ့ မြန်မာနိုင်ငံမှာ သိပ်ပြီးပြောင်းလဲတိုးတက်မှု တွေ အရမ်းမ ဖြစ်ခင် လာပြီးတော့ကြည့်တာပါ။
မေး။ ။ အဲဒါလို လာကြည့်တော့ တကယ်ကော ထင်တဲ့အတိုင်းတွေ့ ရလား။
ဖြေ။ ။တစ်ချို့နေရာတွေ မှာ တွေ့ ရတယ်။ ဥပမာ- ရန်ကုန်စာတိုက်ကြီး ဆိုပါတော့။ ကောင်တာတွေ ဖွင့်ပြီး တံဆိပ်တုံးတွေ တဒုံးဒုံးထုနေကြတာ။ တကယ်ကို စစ်ကြီးပြီးခါစ အင်္ဂလန်နိုင်ငံက စာတိုက်တွေ နဲ့တစ်ပုံစံတည်းပါ။ အခုတော့ လန်ဒန်မှာ ဒါမျိုးမတွေ့ ရတော့ဘူး။ နှမြောစရာပဲ။
မေး။ ။ မြန်မာပြည်ဟာ ဆင်းရဲပါသလား။
HERRIES။ ။ဗီယက်နမ်နဲ့ အိန္ဒိယကို အလည်အပတ်အရောက်ပြီးနောက် မြန်မာပြည်ကိုဆင်းရဲတယ်လို့မထင်တော့ဘူး။
NORTON။ ။ မြန်မာပြည်မှာ အန္ဒိယလို လမ်းပေါ်နေ၊ လမ်းပေါ်စား(Street People) တွေ မတွေ့ ရသလောက်ဘဲ။
မေး။ ။ မြန်မာပြည်ကို ဘယ်လိုနေရာမျိုးတွေ ကို သွားလာလည်ပတ်လိုပါသလဲ။
HERRIES။ ။ ပုဂံ၊ မန္တလေး၊ အင်းလေးလို မရောက်မ ဖြစ်သွားကြရတဲ့ Tourist Destina-tions တွေ ကိုလည်း သွားချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့သဘောကတော့ တိုးရစ်တွေ ရောက်လေ့ ရောက်ထမရှိတဲ့ နေရာတွေ ၊ ဥပမာ မြန်မာကျေး ရွာလေးတွေ ကို သွားချင်စိတ်ပိုရှိပါတယ်။
မေး။ ။ မြန်မာပြည်ကို လာလည်ဖို့ ဆောင်ရွက်ရတဲ့ လုပ်ငန်းအဆင့်ဆင့်ကို သိပါရစေ။
HIRRIES။ ။ မြန်မာပြည်ကို သွားမယ်ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ သွားလည်ရရင် ကောင်းမလဲလို့ အရင်စဉ်းစားပါတယ်။ တိုးရစ်တွေ မှာ မသွားခင်အားလုံး ငွေပေးချေထားပြီး ခရီးစဉ်တစ်လျောက် ခရီးသွားကုမ္ပဏီတွေ က ကြိုတင်စီစဉ်ပေးတဲ့ Package Tour ရယ်၊ Back Packer လို့ခေါ်တဲ့ ကိုယ့်ကျောပိုးအိတ်ကိုယ်လွယ်ပြီး ဂိုဒ်မပါ၊ ကားမပါနဲ့ ထင်ရာမြင်ရာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားတဲ့သူရယ်လို့ နှစ်မျိုးနှစ်စားရှိတယ်။ ကျွန်မတို့က အသက်ကလည်း နည်းနည်း ရလာတော့ ကျောပိုးအိတ်လွယ်ပြီး မသွားနိုင်တော့ဘူး။ London က ခရီးသွားကုမ္ပဏီတစ်ခုကို ဆက်သွယ်ပြီး မြန်မာခရီးစဉ် ၁၀ ရက်စာတစ်ခုကို ဝယ်လိုက်တယ်။ သူတို့ကတစ်ဆင့် မြန်မာပြည်ကို မလာခင်မှာ မြန်မာပြည်အကြောင်းသိထိုက်တဲ့စာအုပ်တွေ ရှာဖတ်ပါတယ်။ ဆောင်ရန်၊ ရှောင်ရန်တွေ ကို ကြိုပြီးလေ့လာခဲ့ပါတယ်။
မေး။ ။ မြန်မာပြည်ကို လာတဲ့ ကုန်ကျစရိတ်ဟာ တခြားအာရှတိုက်က နိုင်ငံတစ်ခုခုကို သွားရောက်လည်ပတ်တဲ့ စားရိတ်ရဲ့ နှစ် ဆခန့်ရှိတယ်ဆိုတာ ဟုတ်ပါသလား။
NORTON။ ။ ကမ္ဘောဒီယားနဲ့ အိန္ဒိယက ပိုသက်သာတယ်။ မြန်မာပြည်က ခရီးသွားကုမ္ပဏီတွေ နဲ့ တိုက်ရိုက်အဆက်အသွယ်မရဘဲ ကြားက ပွဲစားသဘောမျိုး ဥရောပတိုက်ကခရီးသွားအေဂျင်စီတွေ ကတစ်ဆင့် ဆက်သွယ်ရတာ ဆိုတော့ ဈေးပိုများ သွားတယ်ထင်တယ်။ နောက်နောင် မြန်မာပြည်ဈေးကွက် မြန်မာပြည်မှာ ပွင့်သွားပြီး ဆယ်သွယ်ရေး စနစ်နဲ့ ကြော်ငြာအားတွေ ကောင်းမယ်ဆိုရင် ဈေးကဒီထက်သက်သာသွားမယ်ထင်ပါတယ်။
မေး။ ။ အနောက်တိုင်းက ခရီးသွားအေဂျင်စီတွေ ကကော ခင်ဗျားတို့ဆီက စာနယ်ဇင်းတွေ မှာ မြန်မာပြည်အကြောင်း ကြော်ငြာသလား။
HERRIES။ ။ သူတို့က ကြော်ငြာကိုတော့ ကောင်းကောင်းလုပ်တယ်။ ဈေးကိုလည်း ကောင်းကောင်းယူတယ်။ ကျွန်မတောင် သတင်းစာထဲမှာ တွေ့ တဲ့ မြန်မာပြည်ကို သွားလည်ကြမလားဆိုတဲ့ ကြော်ငြာကို ဖြတ်ယူလာသေးတယ်။
မေး။ ။ မြန်မာပြည်မှာ ဘုရား၊ စေတီ တော် တော် များများ နဲ့ အခြားလေ့လာစရာ နေရာတိုင်းမှာ နိုင်ငံခြားသားတွေ ကို ဝင်ကြေး (Entrance Free) ကောက်တဲ့အပေါ် ဘယ်လိုသဘောထားပါသလဲ။
NORTON။ ။ Entrance Fee ကောက်တာကတော့ နိုင်ငံတိုင်းလိုလိုမှာ ပါပဲ။ ကျွန်မတို့ကတော့ ကျင့်သားရနေပါပြီး။ ပုဂံလိုနေရာမျိုးမှာ ဘုရားအားလုံးအတွက် တစ်ယောက် ကို ဆယ်ဒေါ်လာကောက်တာ သဘာဝ ကျပါတယ်။ မန္တလေး နန်းတော် ကျတော့ ဝင်ကြေးငါးဒေါ်လာပေးထားပြီး အထဲရောက်တော့ ပြတိုက်ကြည့်ချင်ရင် ဒေါ်လာငါးဒေါ်လာထပ်ပေးရမယ်ဆိုတာကိုတော့ တစ်မျိုးစဉ်းစားသင့်တယ်။
HERRIES။ ။ ခြုံကြည့်ရင်တော့ မဆိုးပါဘူး။
မေး။ ။ မစွစ်နော်တွန်နဲ့ ဟဲရစ်တို့ နှစ် ယောက် လည်း မြန်မာပြည်မှာ ဆယ်ရက်လောက် နေခဲ့ပြီးပြီဆိုတော့ သိသင့်သလောက်တော့ ကိုယ်တွေ့ သိခဲ့ရပါပြီ။ အဲဒီ တော့ မြန်မာပြည်အပေါ်မှာ မလာခင်နဲ့ လာပြီး ဘယ်လို အမြင်ကွာခြားချက်တွေ ရှိပါသလဲ။
HERRIES။ ။ ကျွန်မတို့ သိထားတာတွေ နဲ့ လုံးဝခြားနားနေတယ်။ ကျွန်မက မြန်မာပြည်ကို ဗီယက်နမ်လို တောကြီးမျက်မည်း ထင်နေတာ။ ပုဂံ၊ မန္တလေးကားလမ်းတစ်လျှောက်ကိုရောက်မှ သစ်ပင်မရှိတဲ့ ကွင်းခေါင်ခေါင်တွေ များ နေတာ တွေ့ ရတယ်။ ကျွန်မတို့ နေရတဲ့ ရက်တွေ ကလည်း တိုတော့ မြစ်ဝကျွန်းပေါ်ဘက်ကိုလည်း မရောက်ခဲ့လို့ ဖြစ်ပါလိမ့်မယ်။ အဲဒီ ဘက်မှာ တော့ သစ်ပင်တွေ ရှိမှာ ပေါ့။ ကျွန်းပင်တွေ ပေါတယ်ဆိုတာနဲ့ မြန်မာလူမျိုးတွေ သိပ့်ဖော်ရွေတယ်ဆိုတာကတော့ တကယ် မှန်ပါတယ်။
NORTON။ ။ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှု တွေ က သိပ်ပြီး မြန်ဆန်တယ်။ ရန်ကုန်မြို့ကြီးမှာ ဆောက်လုပ်ဆဲ ဟော်တယ်တွေ အများ ကြီးတွေ့ ရတယ်။ ကားလမ်းအခြေအနေတွေ ဒီထက် ကောင်းလာဖို့ပဲလိုပါတယ်။ မကြာခင်မှာ အာရှတိုက်ရဲ့ ခရီးသွားဈေးကွက်ဟာ မြန်မာပြည် ဖြစ်လာနိုင်ပါတယ်။
HERRIES။ ။ ကျွန်မလိပ်စာက AMANDA HERRIES
9 MAYFORD ROAD
LONDON SW 12 8 RZ, U.K
NORTON။ ။ကျွန်မက လောလောဆယ် အိန္ဒိယမှာ အလုပ်နဲ့ နေနေတာပါ။
ANNIE NORTON
MADHU KUNJ
7 NARAAYAN DABHOLKAR ROAD
BOMBAY 400 006
INDIA ဆိုရပါတယ်။
အခန်း(၃)
ကျွန်တော် ဟာ ၁၉၉၆ ခု၊ ဧပြီလ ၆ ရက်နေ့ကနေ ဧပြီလ ၁၉ ရက်နေ့အထိ နိုင်ငံခြားသားဧည့်သည် (၁၆) ဦးကို ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ အင်းလေး၊ ကလော၊ လားရှိုးမြို့များ သို့ လိုက်ပါပို့ဆောင်ရှင်းလင်းပြသခဲ့ပါသည်။ ဧည့်သည်များ မှာ အင်္ဂလန်နိုင်ငံမှ (၁၁) ဦး၊ ကနေဒါမှ (၂) ဦးနှင့် သြစတြေးလျနိုင်ငံမှ (၃) ဦးတို့ ဖြစ်ကြသည်။ ယခုခရီးစဉ်သည် မြန်မာ့ရိုးရာ သင်္ကြန် ပွဲတော် နှင့် တိုက်ဆိုင်နေသဖြင့်ထူးခြားသော ခရီးစဉ်လည်း ဖြစ်ပါသည်။ ၎င်းတို့နှင့် သွားရောက်စဉ်အတွင်း စကားစပ်မိသမျှထဲမှ စာဖတ်ပရိတ်သတ် စိတ်ဝင်စားမည့်  အမေး/အဖြေအချို့ကို ဖော်ပြလိုက်ပါသည်။
မေး။ ။အမည် ၊ နိုင်ငံသားနဲ့ အလုပ်အကိုင်ကို အရင်သိပါရစေ။
ဖြေ။ ။ကျွန်မနာမည် က ပရက်စီလာ (PRICILLA)ပါ။ ဗြိတိန်နိုင်ငံသား အလုပ်အကိုင်က ကျောင်းအုပ်ဆရာမ ကြီးပါ။
မေး။ ။ဘယ်အရွယ်မှာ နိုင်ငံခြားကို စရောက်ဘူးပါသလဲ။
ဖြေ။ ။အသက် ၁၃ နှစ်လောက်ကထင်တယ်။ ကျောင်းသူကျောင်းသားတွေ ကိုဆရာမ ကစုပြီး ဆွစ်ဇာလန်ကို အလည်သွားကြတာ။ တစ်ယောက် တည်းလွတ်လွတ်လပ်လပ် ခရီးသွားဖူးတာကတော့ အသက် (၁၈)နှစ် ကျမှပါ။ ကျွန်မက ကိန်းဘရစ် တက္ကသိုလ်ကို ဝင်ခွင့်ရတော့ မိဘတွေ ကဂုဏ်ပြုတဲ့ အထိမ်းအမှတ်နဲ့ လေယာဉ်လက်မှတ် ၂ စောင် ဝယ်ပေးတယ်။
မေး။ ။အဲဒါ ဘယ်ကိုသွားတဲ့ ခရီးစဉ်လဲ။
ဖြေ။ ။ အာဖဂနစ္စတန်ကို သွားတာ။
မေး။ ။ အဲဒီ ပထမဆုံး ခရီးသွားအတွေ့ အကြုံလေး မှတ်မိသလောက် ပြောပြပါလား။
ဖြေ။ ။ အဲဒါက ကြာပါပြီ၊ ၁၉၅၇ လောက်က ဖြစ်မယ်၊ မိဘတွေ က လေယာဉ်လက်မှတ်နဲ့ ငွေအနည်းငယ် ပေးလိုက် တယ်။ သမီး ခဏနေပြီးပြန်လာခဲ့ပေါ့လေ။ ကျွန်မလည်း ခဏဆိုပြီး နေလိုက်တာ ခြောက်လလောက်ကြာသွားတယ်။ ကျွန်မလက်ထဲမှာ သုံးစရာငွေ ၁၀ ပေါင်လောက်ဘဲ ကျန်တော့တယ်။ အဲဒီ မှာ ခရီးသွားဖော် တစ်ယောက် နဲ့ ထပ်တွေ့ တယ်။ သူက လေယာဉ်လက်မှတ်ကို ရောင်းပြီး ကုန်းလမ်းဘက်က ပြန်ဖို့ အကြံပေးတာနဲ့ လက်မှတ်ကို ရောင်းပြီး ရတဲ့ငွေနဲ့ ခြစ်ခြုတ် လည်ပတ်ပြီး အင်္ဂလန်ကို ပြန်ခဲ့တယ်။
မေး။ ။ အဲဒီ လို အစီအစဉ်ပြောင်းလိုက်တာ မိဘတွေ ကိုအကြောင်းကြားသေးလား။သံကြိုးရိုက်တာတို့၊ ဖုန်းဆက်တာတို့ပေါ့။
ဖြေ။ ။ မကြားဘူး။ ကျွန်မဆီက ဘာမှ ဖုန်းတို့ဘာတို့ မလာရင် အခြေအနေကောင်းတယ်လို့ပဲ မှတ်လို့ အစကတည်းက မှာ ထားခဲ့တယ်။ သူတို့ကတော့ စိုးရိမ်နေတာပေါ့။
မေး။ ။ ဟုတ်ပြီ၊ အခုမြန်မာပြည်ကို ရောက်လာခဲ့ပြီ။ အဲဒီ တော့ မြန်မာပြည်ကို ဘာကြောင့် လာပါသလဲ။ လာဖို့ ဘယ်လိုပြင်ဆင်ခဲ့ပါသလဲ။
ဖြေ။ ။ ဘာကြောင့် လာသလဲဆိုတော့ တိုးရစ်တွေ အများ ကြီးရောက်မလာခင် အေးအေးလူလူ မြန်မာပြည်ကို မြင်ချင်လို့ပါ။ မြန်မာပြည်ကိုလာဖို့ ၆ လလောက် ကြိုပြီး ဒီခရီးစဉ်ကို စီစဉ်ခဲ့ရပါတယ်။
မေး။ ။ ခင်ဗျားတို့ဆီမှာ Passport တစ်ခုရဖို့ စလျှောက်ချိန်ကစပြီး ရတဲ့အထိ အချိန်ဘယ်လောက်ကြာလဲ။ မှော င်ခိုပွဲစားတွေ ဘာတွေ မပါဘူးနော်။ ဒီအတိုင်း (Proper Channel) ကိုပြောတာ။
ဖြေ။ ။ ပတ်စပို့ပွဲစားဆိုတာ ကျွန်မနားမလည်ဘူး။ ဘာကိုဆိုလိုတာလဲ။ ကျွန်မတို့ဆီမှာ Passport တစ်ခုရဖို့ အများ ဆုံး ရှစ်ပတ်ပဲ။ ဒီထက်မြန်ချင်ရင် လျှောက်လွှာရေး ပြီး အရာရှိနဲ့ ဝင်တွေ့ ရတယ်။
မေး။ ။ Passport တစ်ခုရဖို့ ငွေဘယ်လောက် ကုန်လဲ။
ဖြေ။ ။ အစိုးရကို ၁၈ ပေါင် (၃၃၀၀ ကျပ်ခန့်) ပေးဆောင်ရတယ်။
မေး။ ။ ရေသဘင်ပွဲဆိုတာတော့ သိထားပါတယ်။ အဲဒီ လောက် တစ်ပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် ပျော်ရွှင်ကစားကြမယ်လို့ မထင်ခဲ့ဘူး။ အရမ်းပျော်ဖို့ကောင်းတယ်။ မြန်မာ့နှစ် သစ်ကူးပွဲက ဘယ်နိုင်ငံမှ မတူဘူး အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်မတို့ဆီမှာ တစ်ယောက် ကို တစ်ယောက် ရေပက်မိရင် အရမ်းစိတ်ဆိုးတာ။ ဒီမှာ တော့ သင်္ကြန်ရက်မှာ ဘာပြဿနာမှမရှိဘဲ အားလုံးပျော်ရွှင်နေတာ တွေ့ ရတယ်။
နောက်ထပ် မေး ဖြစ်ခဲ့တဲ့သူကတော့ အင်္ဂလန်နိုင်ငံမှ အငြိမ်းစား ဘဏ်အရာရှိ Mr. Paul Newman ဖြစ်ပါတယ်။
မေး။ ။ နိုင်ငံရပ်ခြားကို ဘယ်နှစ်ခါ ရောက်ဖူးပါသလဲ။
ဖြေ။ ။ ၁၀ ခေါက်ထက် မနည်း ပြည်ပကို ရောက်ဖူးပါတယ်။
မေး။ ။ မြန်မာပြည်တွင်းမှာ ခရီးသွားရတာ အဆင်ပြေရဲ့ လား။ ပို့ဆောင်ရေး စနစ်ကို ပြောတာ။
ဖြေ။ ။ ရထားတွေ က သိပ့်ကြာတယ်။ လည်ပတ်ရမှာ အချိန်တော် တော် များများ က ရထားပေါ်၊ ကားပေါ်မှာ ပဲ ကုန်နေတယ်။ ဥပမာ လားရှိုး-မန္တလေး ရထားစီးချိန် ၁၅ နာရီ၊ ပုဂံ-အင်းလေး ကားစီးချိန် (၉) နာရီ၊ ရန်ကုန်-မန္တလေးရထားစီးချိန် (၁၄) နာရီ။
မေး။ ။ ဟော်တယ်တွေ မှာ တည်းခိုရတာ အဆင်ပြေရဲ့ လား။
ဖြေ။ ။ စနစ်တကျ နားလည်တတ်ကျွမ်းတဲ့ ဟိုတယ်ဝန်ထမ်းတွေ နည်းနေသေးတယ်။ စနစ်တကျ နားလည်တတ်ကျွမ်းတဲ့ ဟိုတယ်ဝန်ထမ်းတွေ နည်းသေးတယ်။ ပျူငှာတဲ့နေရာ၊ဧည့်ဝတ်ကျေတဲ့နေရာမှာ တော့ မြန်မာနိုင်ငံက အထူးသင်တန်း ပေးစရာမလိုဘူး။ အားလုံးကို ခြုံပြောရရင် အဆင်ပြေပါတယ်။
မေး။ ။ ခင်ဗျား ပိုက်ဆံကုန်တာနဲ့ ဒီမှာ နေရထိုင်ရ လည်ရပတ်ရ စားရသောက်ရတာ နဲ့ရော တန်ရဲ့ လား။
ဖြေ။ ။ တန်ပါတယ်။
မေး။ ။ ဒါဆို ခင်ဗျားရဲ့ အားလပ်ရက်ကို အသုံးချဖို့ မြန်မာပြည်ကို ရွေးလိုက်တဲ့အတွက် စိတ်ကျေနပ်မှု ရှိ/မရှိ။
ဖြေ။ ။ ရထားတွေ ကားတွေ အကြာကြီးစီးနေရတာ ကလွဲရင် မြန်မာပြည်ခရီးစဉ်ကို လုံးဝကျေနပ်ပါတယ်။
မေး။ ။ မြန်မာပြည်မှာ အစားအသောက် ဝယ်ရစားရတဲ့ ဈေးနှုန်းကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အစားရော၊ အသောက်ရော မြန်မာပြည်က နိုင်ငံခြားထက်စာရင် ဈေးပေါပါတယ်။ ရေနွေးကြမ်းကို စားသောက်ဆိုင်တိုင်းက အလကားတိုက်တာ ကျွန်တော် တို့ အံ့သြနေတာ။
မေး။ ။ ခင်ဗျားတို့က လူ(၁၆)ယောက် အဖွဲ့မြန်မာပြည်မှာ ၁၄ ရက်အတူလည်ကြတယ်ဆိုတော့ ၁၆ ယောက် လုံး အရင်ထဲက အသိအကျွမ်းတွေ ပဲလား။
ဖြေ။ ။ မဟုတ်ဘူး။ ကျွန်တော် တို့က လင်မယားနှစ်ယောက် ပဲ အတူလာတာ။ ကျန်တာတွေ က ဒီရောက်မှတွေ့ တာ။ အင်္ဂလန်က ခရီးသွားအေးဂျင့်ဆီမှာ ပိုက်ဆံချေးပြီး လာလည်ကြတဲ့ အနယ်နယ်အရပ်ရပ်က သူစိမ်းတွေ ပါ။
မေး။ ။ သူစိမ်းတွေ အတူသွားတော့ စိတ်အနှောင့်အယှက် ဖြစ်ရတာ တွေ ရှိလား။ ၁၆ ယောက် ဆိုတဲ့ လူဦးရေက များ လား၊ နည်းလား။
ဖြေ။ ။ ၁၆ ယောက် အတော် ပဲ။ ဒီခရီးစဉ်မှာ တော့ ပြဿနာရှာတဲ့သူမပါဘူး။ အားလုံးခင်ခင်မင်မင် ရှိကြတယ်။ ပြဿနာရှာတတ်တဲ့ ပေါင်းရသင်းရခက်တဲ့ သူ တစ်ယောက် ကိုယ်အုပ်စုထဲမှာ ပါနေရင်တော့ အားလပ်ရက်တွေ က ထင်သလောက် ပျော်စရာမကောင်းတော့ဘူး။
မေး။ ။ မြန်မာပြည်ခရီးစဉ်တစ်လျှောက် စိတ်ထဲစွဲထင်နေတဲ့ နေရာတွေ ၊ အ ဖြစ်အပျက်လေးတွေ ပြောပြပါလား။ အကြိုက်ဆုံးနေရာလေးတွေ ပေါ့။
ဖြေ။ ။ အကြိုက်ဆုံးက ပုဂံ၊ အင်းလေးကန်၊ ရေသဘင်ပွဲတော် နဲ့ လမ်းတစ်လျှောက်မှာ တွေ့ ခဲ့တဲ့ သူတွေ အားလုံးကိုပါပဲ။
မေး။ ။ မစ္စတာနယူမန်းရဲ့ လိပ်စာလေးသိပါရစေ။
ဖြေ။ ။Mr. PJ NEWMAN
51 PARK ROAD
BRENTWOOD ECSEX
CM 14 4TX
UK
မေးခဲ့ဖြေခဲ့သမျှကတော့ ဒီလကဒီလောက်ပါပဲ။ နောက်လ ကျန်တဲ့သူတွေ နဲ့ တွေ့ ဆုံ မေးမြန်းခန်းကို ဆက်လက် ဖော်ပြပါမယ်။
ချယ်ရီမဂ္ဂဇင်း၊ (၁၉၉၆၊ ဇူလိုင်)
အခန်း(၄)
တချို့သော ကမ္ဘာလှည့်ခရီးသည်တွေ ဟာ အရှေ့ကို ရောက်လာကြပြီးတဲ့နောက် အချိန်တန်လို့ အနောက်ကို ပြန်ခဲ့ရပေမဲ့ သူတို့ချစ်တဲ့ မြန်မာပြည်နဲ့ မြန်မာပြည်သားတွေ ဆီကို သတိတရနဲ့ စာလွာပါးပြီး သူတို့ရဲ့ခံစားချက်တွေ ကို ဖွင့်ဟတတ် ပါတယ်။ ကျွန်တော် ဆီကို ပြည်ပမှ ရောက်လာတဲ့ စာများ အနက်မှ စာတစ်စောင်ကို ဖော်ပြလိုက်ပါတယ်။ စာကတော့ အင်္ဂလန် နိုင်ငံ ကျေးရွားလေးတစ်ရွာ (Seaford) က ဆေးနှင့် ဆေးပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် အသက် ၆၀ အရွယ် ရှိတဲ့ ပက်နဲ့ ဂျယ်ရီ လင်မယားဆီက စာပဲ ဖြစ်ပါတယ်။
သူတို့ဟာ ၁၉၉၆ ခုနှစ် နှစ်ဦးပိုင်းဆီက မြန်မာပြည်ကို ရက် ၂၀ ကြာ လာရောက်လည်ပတ် ခဲ့သူတွေ ပဲ ဖြစ်ပါတယ်။ စာက ရှည်နေလို့ လိုရင်းကိုပဲ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
ခင်မင်ရသော ညီ
ဓာတ်ပုံပို့ဖို့နဲ့ စာရေး ဖို့နောက်ကျတာ ခွင့်လွှတ်ဖို့ တောင်းပန်ပါရစေ။ တို့အိမ်ပြန်ရောက်ကတည်းက မနားရတာ အခုထိပဲ။ အချိန်တွေ ကလည်း ကုန်တာမြန်လိုက်တာ မပြောပါနဲ့တော့။ တို့မြန်မာပြည်ကပြန်လာတော့ လမ်းခရီးမှာ အင်္ဂလိပ်လူမျိုး ကျောင်းဆရာတစ်ဦးနဲ့ စကား လက်ဆုံကျခဲ့သေးတယ်။ သူတို့က ရန်ကုန်မှာ ကျောင်းတစ်ကျောင်းဖွင့်ပြီး အင်္ဂလိပ်စာသင်မလို့တဲ့။ မြန်မာလူမျိုးတွေ အင်္ဂလိပ်စာကို စိတ်ဝင်တစားလေ့လာလိုက်စားတဲ့အတွက် အံ့သြမိကြောင်း၊ ဒီလိုမျိုးသာ စိတ်ဝင်စားမှု ထားရင် အရမ်း အောင်မြင်ထူးချွန်လာမယ်လို့ထင်ကြောင်း သူကပြောပါတယ်။ တို့ဘန်ကောက်မှာ ရက်အနည်းငယ် ဝင်လည်သေးတယ်။ ဒါပေမဲ့ ရန်ကုန်မြို့နဲ့ မြန်မာပြည်မှာ ပျော်ခဲ့ရသလောက်ကို ဒီမှာ မပျော်ပိုက်ပါဘူး။ တို့မြန်မာပြည် ခရီးစဉ်တစ်လျှောက် သွားလာလည်ပတ်စဉ် ရိုက်ခဲ့တဲ့ ဓာတ်ပုံများ ကို ပို့လိုက်ပါတယ်။ ကော်ပီအပိုပါတဲ့ ပုံတွေ ကို ဒရိုက်ဘာနဲ့ အခြား ဓာတ်ပုံမှာ ပါတဲ့သူတွေ ကို ဝေပေးလိုက် ပါ။ ဗြိတိသျှတံဆိပ်ခေါင်းနှစ်စုံလည်း အမှတ်တရလက်ဆောင်အ ဖြစ် ထည့်ပေးလိုက် ပါတယ်။ မင်းစိတ်ဝင်စားမယ်ထင်တဲ့ မြန်မာပြည်ခရီးသွားအကြောင်း သတင်းပါတဲ့ သတင်းစာဖြတ်ပိုင်းလည်း ထည့်ပေးလိုက် ပါတယ်။ ‘Road To Mandalay’ ဆိုတဲ့ ဧရာဝတီမြစ်အတွင်း ဇိမ်ခံသင်္ဘောခရီးစဉ်အကြောင်းပါပဲ။ တို့တစ်တွေ စီးခဲ့ ကြတဲ့ မန္တလေး၊ ပုဂံ ရိုးရိုး လူစီးသင်္ဘောကြီးက ပိုပြီးစိတ်ဝင်စားဖို့၊ ပျော်ဖို့ကောင်းတယ်လို့ငါတော့ ထင်နေတုန်းပဲ။ ပို့စကတ်အချို့လည်း ပူးတွဲ ပို့လိုက်ပါတယ်။ တို့တွေ ရဲ့ မွေးရပ်မြေ ရွာကလေးရဲ့ ပုံတွေ ပါပဲ။ မင်းစိတ်ဝင်စားမယ်ထင်လို့ ပုံအောက်ခြေမှာ မှတ်ချက်တိုကလေးတွေ ရေး ပေးလိုက် တယ်။ မြန်မာပြည်ခရီးစဉ်ဟာ လွန်စွာ ပျော်ရွှင်ချမ်းမြေ့ဖွယ် ကောင်းခဲ့တဲ့အတွက် မင်းကို ထပ်ပြီး ကျေးဇူးတင်ပါရစေ။ သာယာလှပလွန်းတဲ့ မြန်မာပြည်ရဲ့ ရှုခင်းအလှတွေ ၊ ခင်မင်တတ်တဲ့ ချမ်းမြေ့ နှစ်ခြိုက်ဖွယ် မြန်မာပြည်သားတွေ ကို အမြဲသတိရနေမိတယ်။ ငါအခု ဒူးခေါင်းနာ ရောဂါ ကြောင့် အိပ်ရာပေါ် လဲနေရတယ်ကွာ။ အရှေ့တိုင်းရဲ့ အပူပိုင်းဇုံမှာ အနေကြာပြီး အသားကျနေကာမှ လေယာဉ်ပေါ်ကဆင်းဆင်းချင်း လန်ဒန်မြို့ကြီးရဲ့ အအေးဓာတ်တွေ ဆီးကြို ပွေ့ဖက်လိုက်တာ ငါ့မှာ အေးလွန်းလို့ ရှော့ ဖြစ်သွားမတတ်ပါဘဲ။ ဘယ်လို ဖြစ် ဖြစ် တို့ရဲ့ အားလပ်ရက်လေး ပျော်ပျော် ရွှင်ရွှင်နဲ့ အောင်မြင်သွားတာ ရန်ကုန်ရောက်တဲ့အချိန်ကနေ ပြန်တဲ့အထိ မင်း ဂရုတစိုက်ကြည့်ရှုစောင့်ရှောက်ပေးလို့ပါကွာ။ ငါတို့လင်မယားမြန်မာပြည်မှာ နေစဉ် အစစ ကူညီခဲ့ကြသူတွေ ၊ ကြင်ကြင်နာနာရှိခဲ့ကြသူအားလုံးကို ဘယ်တော့မှ မမေ့ပါဘူး။
ဆန္ဒမွန်ဖြင့် ပက်နှင့် ဂျယ်ရီဘောင်း
များ သော အားဖြင့် အသက်အရွယ်ရလာသော အနောက်ပိုင်းသားလူကြီးသူမများ သည် အလိုလိုအားငယ်လာတတ်ကြသည်။ အားမငယ်တောင် မေတ္တာငတ်နေကြသည်ဟုတော့ ထင်သည်။ အငြိမ်းစားဝန်ထမ်းများ ၊ ပင်စင်စားများ ၊ သက်ကြီးရွယ်အိုများ သည် သူတို့ဆီက ပင်စင်စနစ်၊ လူမှု ဖူလုံရေး စနစ်၊ အာမခံစနစ်တို့၏ အကျိုးကြောင့် စားဝတ်နေရေး ပူပင်ရခြင်း သိပ်မရှိ။ ငွေကြေးအဆင်ပြေ၍ ပြည်ပသို့ ပင် လေ့လာရေး ခရီးထွက်နိုင်ကြသည်။ သူတို့တွင် လိုနေသည်ကား မေတ္တာပင် ဖြစ်သည်။ အရှေ့တိုင်းမှာ မေတ္တာတရားနှင့် နွေးထွေးဖော်ရွေသော လူနေမှု စနစ်က သူတို့ရင်ကို ရိုတ်ခတ်စေသည်။ ယဉ်ကျေးမှု တွေ ကွာခြားပေမယ့် မေတ္တာတရားကတော့ တစ်မျိုးတည်းရှိမည် ထင်သည်။ သူတို့ ငံ့လင့်ခဲ့သော ၊ သူတို့ တောင်းတခဲ့သော ခင်မင်မှု ၊ စာနာမှု ၊ နားလည်မှု ၊ သံယောဇဉ် စသော ကောင်းမြတ်သည့် မေတ္တာတရားတို့ကို အရှေ့တိုင်း(အထူးသဖြင့်) မြန်မာပြည်တွင် ရှားရှားပါးပါး တွေ့ လာရသော အခါ သူတို့ အံ့သြရပါသည်။ ကြည်နူးကြပါသည်။ မိမိနိုင်ငံသို့ ပြန်ရမည့် နေ့တွင် ထွက်ခွာကောင်တာ၌ ဧည့်လမ်းညွန်ကို ဖက်၍ ငိုသော တိုးရစ်အဖိုးကြီး၊ အမယ်ကြီးများ ကို ရန်ကုန်လေဆိပ်၌ မကြာခဏ မြင်ဖူးပါသည်။ အဓိကတော့ မြန်မာလူမျိုးတိုင်း၏ ရင်ထဲ၌ ကိန်းအောင်းနေသော လူကြီးတို့အပေါ် ဂါရဝတရားထားရှိမှု ၊ ရိုင်းပင်း ကူညီလိုစိတ်နှင့် ဗုဒ္ဓအဆုံးအမ ဒေသနာများ ၏ ရောင် ပြန်ဟပ်မှု ပဲ ဖြစ်ပါလိမ့်မည် ။ ကျွန်တော် တို့ မြန်မာလူငယ်များ အနေဖြင့် သာမန်အပြုအမူသာ ဖြစ်သော သက်ကြီးရွယ်အိုများ ရှေ့၌ ကိုယ်ကိုယို့၍ သွားခြင်း၊ ဖေးမတွဲ ကူခြင်း၊ ခြေဆုပ်လက်နယ်ပြုခြင်းတို့အတွက် သူတို့ မျက်ရည်လည်အောင် အံ့သြပီတိ ဖြစ်ရပါသည်။
မတူညီသော ယဉ်ကျေးမှု နှစ်ခု၊ လူနေမှု စနစ် နှစ်ရပ်တွင် မည် သူကသာသည်ဟု ကျွန်တော် မနှိုင်းယှဉ်လိုပါ။ တကယ်တော့ ကမ္ဘာကျော် စာရေး ဆရာကြီး ‘ ယုဒယာဒ်ကစ်ပလင် ’ က ပြောခဲ့သော်
‘အရှေ့သည် အရှေ့၊ အနောက်သည် အနောက်
အရှေ့နှင့် အနောက်သည် ဘယ်လိုမှ မပေါင်းဆုံနိုင်ပါ’
ဟူသော စာကားကို ပြန်လည်ညွှန်းဆိုရတော့မည် ဖြစ်ပါသည်။
တကယ်တော့ ယဉ်ကျေးမှု နယ်နမိတ်ဆိုသည်မှာ ပထဝီနယ်နိမိတ်ထက် ပိုမို လုံခြုံခိုင်ခံ့ သည် မဟုတ်ပါလား။
ချယ်ရီ ( ၁၉၉၆၊ စက်တင်ဘာ )
အရှေ့သို့ရောက်လာကြသူများ ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာပြည်ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားများ အထူးသဖြင့် အနောက်တိုင်းသားများ နဲ့ တွေ့ ဆုံမေးမြန်းခန်းကို ချယ်ရီ မဂ္ဂဇင်းမှာ တင်ဆက်ခဲ့တာ ၃ လမြောက်ရှိခဲ့ ပြီ ဖြစ်ပါသည်။ နောက်လများ မှာ လည်း ပရိတ်သတ် စိတ်ဝင်စားမည့်  ကောင်းနိုးရာရာ မေးခွန်းလေးတွေ ကို ရွေးချယ်မေးမြန်း ဖော်ပြ သွားပါ့မယ်။ ဒီလို မေးမြန်းရေး သားရာမှ ပရိတ်သတ်သိချင်တဲ့ မေးခွန်းနဲ့ ကျွန်တော် ရေး သားတဲ့ မေးခွန်းများ လွဲချော်ကောင်း လွဲချော်နိုင်မှာ ဖြစ်ပါသည်။ ဒါကြောင့်မို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအကြောင်းနဲ့ ပက်သက်လို့ပဲ ဖြစ် ဖြစ်၊ နိုင်ငံခြားသားများ ထံမှ သိလိုသည့်အချက်များ ရှိရင်ပဲ ဖြစ် ဖြစ် ချယ်ရီမဂ္ဂဇင်းကတဆင့် စာရေး သားမေးမြန်းနိုင်ပါတယ်။
ကျွန်တော် ဉာဏ်မီသလောက် ဖြေကြားပေးပါမယ်။ ကျွန်တော် မသိသော မေးခွန်းများ ဖြစ်နေရင် တတ်ကျွမ်းနားလည်သူ ဆရာများ ထံ တင်ပြပေးမှာ ဖြစ်ပါတယ်။ ဒီလတွေ့ ဆုံခန်းမှာ တော့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံကို ၁၀ ရက်ကြာ လာရောက်လည်ပတ်သွားတဲ့ နယူးဇီလန်နိုင်ငံသား ၃ ဦး၊ အင်္ဂလန်နိုင်ငံမှ ၁ ဦးတို့နဲ့ ဆွေးနွေးခန်း ဖြစ်ပါတယ်။
မေး။ ။ အမည် နဲ့ လာရောက်တဲ့နိုင်ငံကို အရင်သိပါရစေ။
ဖြေ။ ။ ကျွန်တော် က KEVIN ပါ။ သူက ကျွန်တော့်  အမျိုးသမီး NICKY၊ ကျွန်တော် တို့ နှစ်ယောက် က နယူးဇီလန်က။ ကျန်တဲ့နှစ်ယောက် က ကျွန်တော့်  မိန်းမသူငယ်ချင်းတွေ ။ သူတို့က အခု စင်ကာပူမှာ အလုပ်လုပ်နေကြတယ်။ တကယ့်ဇာတိက အင်္ဂလန်နဲ့ နယူးဇီလန်။
မေး။ ။ ဒီနှစ်ပိုင်းမှာ နယူးဇီလန်က မြန်မာပြည်ကို တော် တော် လာကြတယ်။ ခင်ဗျားတို့ဆီမှာ မြန်မာပြည်နဲ့ ပတ်သက်လို့ တော် တော် ကြော်ငြာကြသလား။
ဖြေ။ ။ သတင်းဆောင်းပါးတွေ တော့ သတင်းစာနဲ့ မဂ္ဂဇင်းမှာ မကြာမကြာ ဖတ်ရပါတယ်။
မေး။ ။ ဒါဆို မြန်မာပြည်အကြောင်းကို ခင်ဗျားတို့ နိုင်ငံသားတွေ တော် တော် သိနေပြီလား။
ဖြေ။ ။ အဲဒီ လိုတော့ မဟုတ်သေးဘူး။ ကျွန်တော် တို့က ခရီးသွားမယ်ဆိုတော့ အဓိကအားဖြင့် မရောက်ဖူးသေးတဲ့ နိုင်ငံ၊ ဒေသကို အဓိကသွားချင်တယ်။ ကမ္ဘာကျော်ဒေသတော် တော် များများ ကို ကျွန်တော် တို့ဆီက လူတွေ က ရောက်ဖူးတာ များ တယ်။ မြန်မာပြည်က အာရှမှာ ရော ကမ္ဘာမှာ ပါ အသစ်လို ဖြစ်နေတော့ စမ်းကြည့်တဲ့သဘောပါ။
မေး။ ။ မြန်မာပြည်ခရီးသွားလာရေး လုပ်ငန်းမှာ အားနည်းချက်၊ အားသာချက်တွေ တွေ့ သမျှ ပြောပြပါလား။
ဖြေ။ ။ မြန်မာပြည်ဟာ တော် တော် ကြီးမားတဲ့ တိုင်းပြည်ပါ။ အဲဒီ တော့ နာမည် ကျော်ဒေသ တစ်ခုနဲ့တစ်ခုက အတော် ဝေးကွာနေတာကို တွေ့ ရတယ်။ ဥပမာ- ကျိုက်ထီးရိုးနဲ့ ပုဂံ၊ ပုဂံနဲ့ အင်းလေး၊ နေရာတစ်နေရာနဲ့ တစ်နေရာကဝေးတော့ ပို့ဆောင်ဆက်သွယ်ရေး ပိုင်း အားနည်းတယ်လို့မြင်ပါတယ်။ ကားလမ်းတွေ ကို ဒီထက်ကောင်းအောင် လုပ်သင့်တယ် ရထားတွေ စီးရေ များများ နဲ့ အချိန်မှန်အောင်၊ မြန်အောင်၊ ခရီးသည်တွေ သက်သာအောင် လုပ်သင့်ပါတယ်။ ကျွန်တော် တို့ စီးခဲ့ရသလောက်တော့ လေယာဉ်ခရီးစဉ်ကတော့ အဆင်ပြေပါတယ်။ ပြည်တွင်းက အဲယားမန္တလေးလိုဟာမျိုး အပြိုင်အဆိုင် များများ ရှိသင့်တယ်။ အားသာချက်ကတော့ မြန်မာပြည်မှာ လည်စရာ၊ ကြည့်စရာ နေရာဒေသတွေ အများ ကြီးရှိပြီး အားလုံးလိုလိုဟာ သဘာဝ အတိုင်း မပျက်မစီးဘဲ ရှိနေသေးတာပါပဲ။
မေး။ ။ မြန်မာပြည်ဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံ ဖြစ်တယ်။ အဲဒီ တော့ မြန်မာပြည်ကို လာမလည်ခင် ဗုဒ္ဓဘာသာ အကြောင်း လေ့လာခဲ့ပါသလား။
NICKY။ ။ကျွန်မတို့ ဗုဒ္ဓဘာသာအကြောင်းကို ကျကျနနတော့ မသိပါဘူး။ ဒါပေမဲ့ မိတ်ဆွေတွေ က တိုက်တွန်းလို့ LITTLE BUDDHA ဆိုတဲ့ ဗီဒီယိုခွေတော့ ကြည့်ခဲ့ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာအကြောင်းနဲ့ သိဒ္ဓတ္ထမင်းသားအကြောင်း ဘဝနောက်ခံကို အတော် နားလည်လိုက်ရပါတယ်။
KEVIN။ ။ ဘုရားပုထိုးတွေ ကို ရောက်တော့ အထူးသဖြင့် ပုဂံနံရံဆေးရေး ပန်းချီတွေ မှာ ပါတဲ့ ဗုဒ္ဓရဲ့ ဖွားတော် မူခန်း၊ နမိတ်ကြီးလေးပါးတွေ့ ခန်း အဲဒါတွေ ကို ခံစားလိုက်ရတယ်။ ကောင်းကောင်း သဘောပေါက်သွားတယ်။
မေး။ ။ မြန်မာပြည်ခရီးစဉ်မှာ စိတ်ထဲမှာ စွဲထင်နေတဲ့ အ ဖြစ်အပျက်ရှိရင် ပြောပြပါ။
ဖြေ။ ။ ပုဂံက ရေတွင်းတစ်တွင်းမှာ ရေငင်ရတာ အမှတ်အရဆုံးပဲ။ ကျွန်တော် က ရေတွင်းဆိုတာ တစ်ခါမှ မတွေ့ ဖူးဘူး။ စာထဲမှာ ဘဲ ဖတ်ဖူးတာ။
NICKY။ ။ ကျွန်မကတော့ ပုဂံမှာ စက်ဘီးတွေ နဲ့ လျှောက်လည်ရတာ သဘောအကျဆုံးဘဲ။ မနက်အစောကြီးထ၊ စက်ဘီး ကိုယ်စီစီးပြီး မြေနီလမ်းလေးအတိုင်း ဘုရားကြို ဘုရားကြား လျှောက်သွားရတာ နဲ့တင် မြန်မာပြည်လာရတာ တန်နေပါပြီ။
(SHARON က ရယ်မောလျက်ဝင်ပြောသည်။)
ကျွန်မကတော့ လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ ထိုင်ရတာ အကြိုက်ဆုံးဘဲ။ မြန်မာပြည်က လူတွေ က အပူအပင် သိပ်ရှိပုံမပေါ်ဘူး။ အေးအေးလူလူနေလိုက်ကြတာ၊ ပျော်စရာကြီး။
NICOLA WATSIN။ ။ ကျွန်မကတော့ ပုပ္ပားတောင်ပေါ်မှာ သင်္ဘောသီးစားရတာ ကို မမေ့နိုင်ဘူး။ မျောက်တွေ နဲ့ တရုန်းရုန်း ဖြစ်နေတာ ဗွီဒီယိုရိုက်ထားတယ်။
မေး။ ။ စာဖတ်ပရိတ်သတ် အားလုံးသိရအောင် ထပ်မေးပါရစေ။ ခင်ဗျားတို့ မြန်မာပြည်မှာ နေ့စဉ် တည်းခို၊ စားသောက်၊ သွားလာ၊ စားရိတ်ကို ဘယ်လိုရှင်းပါသလဲ။ ဘယ်သူရှင်းပါသလဲ။
ဖြေ။ ။မြန်မာပြည်က ခရီးသွားကုမ္ပဏီကို ကျွန်တော် တို့ နိုင်ငံခြားဘဏ်ကတစ်ဆင့် ငွေပို့လိုက်ပါတယ်။ ခရီးလမ်းတစ်လျှောက် သွားလာနေထိုင်မှု အားလုံးနဲ့ ဝန်ဆောင်မှု ၊ ဧည့်လမ်းညွန်ခ အားလုံးအတွက်ကိုပါ ကုန်ကျစရိတ်အားလုံးကိုတော့ လမ်းတစ်လျှောက်မှာ Guide က အားလုံးရှင်း သွားပါတယ်။ ညီက ကျွန်တော့် တို့အားလုံးရဲ့ Bank ကြီးပါ။
(ထပ်မံ၍ Miss SHARON နှင့် Miss NICOLA တို့ကို မေးခွန်းအချို့မေးခဲ့ပါသည်။)
မေး။ ။ မြန်မာပြည်ကို နောက်တစ်ခေါက် ထပ်လာခွင့်ရမယ်ဆိုရင် ဘယ်ကိုသွားချင်ပါလဲ။
ဖြေ။ ။ ငပလီကို သွားချင်တယ်။ ကျွန်မက ရေကူးရတာ ဝါသနာပါတယ်။ နယူးဇီလန်က ကျွန်းနိုင်ငံလေးဆိုတော့ ရေပတ်လည်ဝိုင်းနေတာ။ အမြဲရေကူးနေကြဆိုတော့ ရေမကူးရင် မနေနိုင်ဘူး။
မေး။ ။ ခင်ဗျားတို့နှစ်ယောက် က စင်ကာပူမှာ ရှေ့နေတွေ အ ဖြစ် လာပြီး အလုပ်လုပ်နေတယ်လို့ သိရတယ်။ ဒီတော့ မြန်မာနဲ့ စင်ကာပူ နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုမြင်သလဲ။
ဖြေ။ ။ စီးပွားရေး ကို နှိုင်းယှဉ်မှာ လား။ လူမှု ရေး ကို နှိုင်းယှဉ်မှာ လား။စီးပွားရေး မှာ တော့ စင်ကာပူဟာ အရှအဆင့်ကို ကျော်လို့ ကမ္ဘာအဆင့်ကိုတောင် ရောက်စပြုနေပြီ။ ဒါပေမယ့် ဒေသန္တရ ပထဝီအရ ဆိုရင်တော့ စင်ကာပူဟာ ရန်ကုန်တိုင်းထက်တောင်သေးတဲ့ ရှုပ်ယှက်ခတ်နေတဲ့ မြို့ကြီးပါ။ စိမ်းလမ်းစိုပြေလှတဲ့ မြန်မာပြည်နဲ့တော့ မတူပါဘူး။ လူမှု ရေး ပိုင်းမှာ တော့ မြန်မာပြည်ကလူတွေ က မကြုံဖူးအောင် ဖော်ရွေတာ ဧည့်ဝတ်ကျေတာတွေ တွေ့ ရပါတယ်။ စင်ကာပူမှာ ၊ ဟောင်ကောင်မှာ တော့ အားလုံးက ခပ်တည်တည်၊ ခပ်တန်းတန်းဘဲ။ ကျွန်မတို့ ဆိုတာ ဘယ်သူ့ကိုမှ ဓာတ်ပုံမရိုက်ဖူးဘူး။ ပြသနာတတ် တတ်လွန်းလို့။
မေး။ ။ ခင်ဗျားတို့က အခုရှေ့တိုင်းမှာ လာအလုပ်လုပ်နေကြတယ်။ ကျွန်တော် တို့ မြန်မာအပါအဝင် ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ် စတဲ့နိုင်ငံက လူငယ်တွေ အနောက်တိုင်းကိုထွက်ပြီး အလုပ်လုပ်ကြဖို့ ကြိုးစားနေတယ်။ တချို့လည်း လုပ်နေကြတယ်။ အဲဒီ အပေါ်မှာ ခင်ဗျားရဲ့ အမြင်လေးပြောပြပါဦး။
ဖြေ။ ။ စင်ကာပူ၊ ဟောင်ကောင်နဲ့ အိန္ဒိယမှာ လာအလုပ်လုပ်နေတဲ့ အနောက်တိုင်းသားတွေ အများ ကြီးရှိပါတယ်။ ဒီလိုပဲ အနောက်ပိုင်း အထူးသဖြင့် အမေရိကန်လိုနိုင်မျိုးမှာ လာပြီး အလုပ် လုပ်နေကြတဲ့ အာရှတိုက်သားတွေ ရှိကြမှာ ပဲ။ ကျွန်မ အမြင်အရ ပြောရရင် နေရာဒေသက အဓိက မဟုတ်ဘူးလို့ မြင်ပါတယ်။ ကိုယ် ဘယ်အဆင့်ရောက်နေတယ်၊ ဘာအလုပ် လုပ်ရတယ်ဆိုတာက အဓိကပါပဲ။ ပြည်ပကိုထွက်လို့မှ အဆင်ပြေမယ်ဆိုရင်လည်း ထွက်ရမှာ ပေါ့။ ဒါပေမယ့် Home Sweet Home ဆိုသလိုပေါ့လေ။ ကိုယ်အိမ်ကတော့ အကောင်းဆုံးပေါ့။
မေး။ ။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ (SHARON) တို့လိပ်စာလေးတွေ သိပါရစေ။
ဖြေ။ ။ လောလောဆယ်တော့ စင်ကာပူမှာ နေတာဆိုတော့ စင်ကာပူလိပ်စာပဲ ပေးမယ်။ ကျွန်မတို့ လိပ်စာက -
SHARON AND NICOLA WATSON
C/O FRESHERELDS
16 COLLYER QUAY # 34-00
HITACHI TOWER
SINGPORE
ချယ်ရီ(၁၉၉၇၊ ဇန်နဝါရီ)
![]() အာဏာရှင်ငါ့စကော နှင့် ခရိုနီအရည်းကြီးများ | ![]() အင်္ဂလန်ရောက် မြန်မာတစ်ယောက် | ![]() အညတရမှတ်တမ်း |