ကျွန်တော့် ကို နိုင်ငံရေး စာပေဆိုင်ရာ ဆောင်းပါးများ ၊ ခရီးသွားဆောင်းပါးများ ၊ ရသ၀တ္ထုတိုများ ရေး သူအ ဖြစ်သာ သိကြသူများ က ယခုလို ဟာသ၀တ္ထုတိုများ ရေး သားထုတ်ဝေတော့ အနည်းငယ် အံ့သြကြမည် ထင်သည်။
ကျွန်တော် နှင့် အနီးကပ် ရင်းရင်းနှီးနှီး ပေါင်းသင်းဖူးသူများ ဆိုလျှင်တော့ ကျွန်တော် ဟာသ၀တ္ထုရေး ခြင်းကို အံ့သြမည် မထင်။ ရေး တာ နောက်တောင်ကျနေသည်။ နည်းတောင် နည်းသေးသည်ဟု ပြောကြမလား မသိ။ အဘယ်ကြောင့် ဆိုသော် ဟာသဓာတ်သည် ကျွန်တော့်ရင်ထဲ၊ အသည်းထဲမှာ အမြဲမပြတ် စွဲကပ်၍ နေသည်။ ကျွန်တော် သည် အမြဲတမ်း တစ်ဖက်သားကို စ နေ၊ နောက် နေတတ်သည်။
သူတစ်ဖက်သားကို သရော်လှောင်ပြောင်ရတာ ကို ၀ါသနာပါသည်။ ထိုဝါသနာ ပါလာကြောင်းကို စတင် သတိထားမိသော အချိန်မှာ ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀မှာ ဖြစ်သည်။
ထိုစဉ်က အ.ထ.က (၁) ပြည်မြို့တွင် ကျွန်တော် ဆယ်တန်း တက်နေသည်။ ဆယ်တန်းတွင် ကြီးကြပ်သူ (In charge) ခေါ် ဆရာခေါင်းဆောင်မှာ ဆရာကြီးဦးမြင့်ဇော် ဖြစ်သည်။ ဆရာဦးမြင့်ဇော်သည် စည်းကမ်း အလွန်ကြီးရုံသာမက ကျောင်းသား ကျောင်းသူများ ကို ဟိုဟာ မလုပ်ရ၊ သည်ဟာ မလုပ်ရ စသည်ဖြင့် တင်းကျပ်စွာ ကိုင်တွယ်၏ ။ ထိုဆရာကြီးကို ဆယ်တန်းကျောင်းသား အားလုံးသည် ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရ၏ ။
ကျွန်တော် လည်း ထိုဆရာကြီးကို ကြောက်ပါ၏ ။ လေးစားပါ၏ ။ သို့သော် အမြင်မတော် တာတွေ ကို အမြဲလို သရော်လှောင်ပြောင်တတ်သော ကျွန်တော် ၏ ဥာဉ်ဆိုးက နှိုးဆော်သဖြင့် စာပေအစွမ်းပြလိုက်ပေ၏ ။ ပြပုံမှာ ဆယ်တန်းကျောင်းဆောင်သည် နှစ် ထပ် ကျောင်းဆောင်ကြီး ဖြစ်၏ ။ ထိုကျောင်းဆောင်အပေါ်ထပ် အများ သူငါ မြင်နိုင်သော ၀ရန်တာပေါ်ဝယ် ဆန်ကောလောက် ကြီးသော လက်ရေး ကြီးများ ဖြင့် ‘တပ်ကြပ်ကြီးမြင့်ဇော်’ ဟူသော စာလုံးကြီးကို ကျွန်တော် နှင့် ကျွန်တော့် သူငယ်ချင်း ခင်ဇော်ဝင်းတို့ သွားရောက် ရေး သားကြရာ ထိုစာလုံးမှာ အဝေးမှပင် မြင်နိုင်ရကား ကျောင်းသူ ကျောင်းသားများ ပင်မက ဆရာကြီးဦးမြင့်ဇော်အကြောင်း သိထားကြသော ဆရာ၊ ဆရာမ များ ပင် တ၀ါးဝါး တဟားဟား ဖြစ်နေကြပေ၏ ။
ထိုအကြောင်းကို သိသွားသော အခါ ဆရာကြီးဦးမြင့်ဇော်သည် မျက်နှာကြီး နီရဲကာ ရေး သူကို ဖော်ထုတ်ပေးရန် တောင်းဆို၏ ။ တစ်ခန်းလုံးက မသိဘူးဟု (သိလျှက်နှင့် ) ဘူးခံကြသော်လည်း မျက်နှာလို မျက်နှာရ လုပ်လိုသော ကျောင်းသား တစ်ယောက် က အတို့အထောင် လုပ်လိုက်သဖြင့် လက်သည်တရားခံ ကျွန်တော် တို့ နှစ် ယောက် မှာ ကျောင်းအုပ်ကြီး ရုံးခန်းသို့ မိဘများ နှင့် အတူ ဆင့်ခေါ်ခံရ၏ ။ ရုံးခန်းတွင် ဆရာဦးမြင့်ဇော်က ကျွန်တော် နှင့် ခင်ဇော်ဝင်းအား ကျောင်းထုတ်ပစ်ဖို့ အဆိုကို ကျောင်းအုပ်ကြီးအား ပြောပြ တိုင်တန်းလေသည်။ ကံအားလျော်စွာ ဦးဝင်း ဆိုသော ဆရာကြီး တစ်ယောက် က ကျွန်တော် တို့ကို ကျောင်းထုတ်သည်အထိ ပြစ်ဒဏ် မပေးထိုက်ကြောင်း၊ နောက် မလုပ်ပါဟု တောင်းပန်ရုံနှင့် ကျေနပ်သင့်ကြောင်း ၀င်ရောက်ပြောဆိုတော့မှ ကျွန်တော် တို့မှာ အ.ထ.က (၁) မှ မင်နီတား၌ ကျောင်းထုတ်ခံရဖို့ လက်မတင်လေး လွဲခဲ့ရပေသည်။ ဤကား ကျွန်တော့် ကလောင်စွမ်းအတွက် ပထမဆုံး ရရှိသော ဆုလာဘ်ပေတည်း။
ရသစာပေ ရေး သားရာတွင် ဟာသရသမြောက်အောင် ရေး သားရခြင်းမှာ ကျွန်တော် တို့ စာရေး ဆရာများ အတွက် အခက်ခဲဆုံး စာပေအမျိုးအစား ဖြစ်သည်။ လူ တစ်ယောက် ကို ရယ်မောအောင် လုပ်ရခြင်းမှာ အခက်ခဲဆုံး အလုပ်ကြီး ဖြစ်ပါပေသည်။ ထိုအလုပ်ကို အောင်မြင်အောင် လုပ်ခဲ့ကြသော ဟာသစာရေး ဆရာကြီးများ ကို ကျွန်တော် အကြိမ်ကြိမ် လေးစားဦးညွှတ်မိပါသည်။ မြန်မာပြည်တွင် ကျွန်တော် အကြိုက်ဆုံး စာရေး ဆရာ (၁၀) ဦးကို စာရင်းချကြည့်မည် ဆိုပါက ဆရာသော်တာဆွေနှင့် ဆရာအီကြာကွေးတို့ကို ချန်လှပ်ခဲ့၍ ရမည် မဟုတ်ပါချေ။ ထို့အပြင် ကြူမွှေး၊ ကြပ်ကလေးတို့၏ စာများ ကိုလည်း ကျွန်တော် စွဲစွဲလမ်းလမ်း ဖတ်ခဲ့ဖူးပါသည်။
ဤစာအုပ်တွင် ပါဝင်သော ဟာသ၀တ္ထု အများ စုမှာ ရယ်စရာမဂ္ဂဇင်းတွင် ကျွန်တော် အဆင်သင့်သလို ရေး သားခဲ့သော လက်ရာ အများ စု ဖြစ်ပါသည်။ အခြားမဂ္ဂဇင်းများ တွင် ရေး ခဲ့သော ၀တ္ထုများ လည်း ပါဝင်ပါသည်။ ထို့အတွက် ဟာသ၀တ္ထုများ ရေး ဖြစ်စေရန် တွန်းအားပေး စာမူတောင်းခဲ့သော ရယ်စရာမဂ္ဂဇင်းအယ်ဒီတာချုပ် ကိုမောင်မောင်ကြည်(ခေါ်) မောင်မောင်စနေအားလည်း ကျေးဇူးတင်ပါသည်။ သူသာ တခုတ်တရ စာမူ မှန်မှန်မတောင်းခဲ့ပါလျှင် ကျွန်တော် လည်း ဤသို့ လုံးချင်းတစ်အုပ်စာ ရအောင် ရေး ဖြစ်မည် မဟုတ်ပါ။
ပါဝင်သော စာမူများ မှာ ကျွန်တော့် ဘ၀ကို အခြေခံထားပြီး တွေ့ သမျှကြုံသမျှ အ ဖြစ်အပျက်များ ကို ရောမွှေထားခြင်း ဖြစ်ရာ ကာယကံရှင်များ သည် သဘောထားကြီးကြီး ထားပြီး ပြုံးရယ်နိုင်ကြမည် ဟု မျှော်လင့်မိပါသည်။ နစ်နာစရာများ ရှိခဲ့ပါလျှင်လည်း အပျော်သဘောသက်သက်ဖြင့် ရေး သားခြင်း ဖြစ်၍ နားလည် ခွင့်လွှတ်ပေးစေလိုပါသည်။
ကျွန်တော် သည် လောကကြီးကို အမြဲတမ်း အကောင်းမြင်လေ့ ရှိပါသည်။ စိတ်ညစ်စရာ၊ စိတ်မချမ်းသာစရာများ သည် ကျွန်တော့် ကို မည် သည့်အခြေအနေတွင် မှ ကြာရှည် မနှိပ်စက်နိုင်။ လောကကြီးသည် စိတ်ညစ်စရာ၊ စိတ်မချမ်းသာစရာဟု တစ်ခါမှ မတွေးဖူးပါ။ မည် မျှ စိတ်မချမ်းသာစရာများ ကြုံလာသည် ဖြစ်စေ ရယ်စရာ ဟာသ၀တ္ထုတစ်ပုဒ်၊ သရော်စာ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရသည်နှင့် ပေါ့ပေါ့ပါးပါး ရယ်မောကာ ဘ၀၏ အားအင်များ ရလာတတ်စမြဲပင် ဖြစ်သည်။
အင်မတန် ရှုပ်ထွေးပွေလီလှသော နိုင်ငံရေး ၊ လူမှု ရေး ဖြစ်ရပ်များ မှ ခေတ္တ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကျွန်တော် ၏ ဟာသ၀တ္ထုများ က သင့်ကို မဆိုသလောက် ကူညီနိုင်မည် ဆိုလျှင် စာရေး သူဘက်မှ ရေး သားရကျိုးနပ်ပြီဟုခံယူပါသည်။
မူကြိုကျောင်းသားလေး တစ်ယောက် က ဒီဗီဒီစက်ရှေ့တွင် ထိုင်ရင်း ရီမုတ်ကွန်ထရိုလ်းကို ကျွမ်းကျင်စွာ ကိုင်၍ ရုပ်ရှင် ဇာတ်ကောင်များ ကို စိတ်ကြိုက်ရွေးချယ်ကြည့်နေသည်ကို မြင်ရသော အခါ ကျွန်တော် တို့ ငယ်စဉ်က ဘ၀ကို အမှတ်ရမိသည်။ ယခုခေတ်တွင် ဗီစီဒီ၊ ဒီဗီဒီ စသော ခွေတွေ ကလည်း ပေါ၊ အပေါ်စက်၊ အောက်စက် (တီဗီနှင့် ဒီဗီဒီ ပြစက်) များ ကလည်း အများ တတ်နိုင်သော ဈေးနှုန်းမျိုးဖြင့် ၀ယ်ယူလာနိုင်ကြသော ကြောင့် အိမ်တိုင်းလောက်နီးပါး ကိုယ့်အိမ်မှာ ကိုယ် သက်သော င့်သက်သာ ဘေးအန္တရာယ် လုံခြုံစွာ ဖြင့် ကြိုက်ရာဇာတ်ကားကို ကြိုက်သည့်အချိန် ကြိုက်သလို ကြည့်နိုင်ကြပေပြီ။
ကျွန်တော် တို့တုန်း ကတော့ ထိုသို့ မဟုတ်။ ရုပ်မြင်သံကြားနှင့် ဗီဒီယိုပြစက်ကို ကျွန်တော် စတင် မြင်ဖူးသည်မှာ အသက် ဆယ့်နှစ် နှစ် ၊ ခုနှစ် တန်းကျောင်းသားဘ၀တွင် ဖြစ်သည်။ သီတင်းကျွတ် မီးထွန်းပွဲတော် ၏ ညတစ်ည၀ယ် ကျွန်တော် ၏ ငယ်သူချင်း ဇော်မြင့်သည် ကျွန်တော် ထိုင်နေသော လမ်းထိပ်မျောပုံ (၀ါးဆိုင်၊ မျောဆိုင်မှာ ပုံထားသော မျောများ ) သို့ ဒရောသော ပါး ပြေးချလာ၏ ။
“ဟေ့ကောင် ညီညီ … ဟေ့ကောင် ညီညီ … ဟောဟဲ … ဟောဟဲ”
“ဘာ ဖြစ်လာတာလဲကွ … ဇော်မြင့်ရ”
“တော် တော် ထူးဆန်းတယ်ကွ၊ ဟိုဘက်လမ်းထိပ်မှာ ရုပ်ရှင်ပြနေတယ်”
“ရုပ်ရှင်ပဲ ထူးဆန်းလားကွ၊ မင်းနှယ် … ဒါများ ရေး ကြီးသုတ်ပျာ”
“မဟုတ်ဘူးကွ၊ ရုပ်ရှင်ပေမယ့် ငါတို့ ကြည့်နေကျ ရုပ်ရှင်မျိုး မဟုတ်ဘူး၊ ခုဟာက ထင်းရှူးသေတ္တာလို ပုံးကလေးထဲမှာ အရုပ်ရော၊ အသံရော ပေါ်လာတာ၊ အောက်က ပြတဲ့စက်က လေးထောင့်သေတ္တာရှည်မျောမျောလေးကွ၊ ငါ သေသေချာချာ အနီးကပ် ကြည့်ခဲ့ပြီးပြီ”
ဇော်မြင့်၏ တိကျခိုင်မာသော ပထမဆုံး သတင်းပေးပို့ချက်က ကျွန်တော် တို့ ကလေးတစ်သိုက်ကို အထူး တုန်လှုပ်သွားစေသည်။ အသဲ၊ လွင်ဦး၊ ကျော်ပိ၊ ဇော်မင်း၊ ပလာတူး စသော နှပ်ချေးတွဲ လောင်း ပုစုခရုလေးများ အတွက် ဤသတင်းထက် အံ့ဖွယ်ကောင်းသော သတင်း မရှိပြီ။ ထိုအချိန်က ကျွန်တော် တို့ အံ့သြမှု အကယ်၍ သိကြားမင်းကြီးက ဟစ်ဟော့ဖက်ရှင်ကို ၀တ်ဆင်၍ လူ့ပြည်သို့ ဆင်းလာသည်ဟု ကြားရစေကာမူ ဒီထက်ပို၍ အံ့သြနိုင်မည် မထင်တော့ပေ။
ဤသို့ဖြင့် ဗီဒီယိုအပေါ်စက် အောက်စက်ကို စတင် မြင်ဖူးခဲ့၏ ။ နောက်တော့ ဗီဒီယိုတိပ်ခွေများ လည်း ခေတ်စားလာသည်။ မြန်မာဗီဒီယိုကားရယ်လို့တော့ ဖြစ် ဖြစ်မြောက်မြောက် ပေါ်ပေါက်မလာသေး။ ကုလားကား၊ အမေရိကန်ကား၊ မလေးရှား စုန်းကား၊ သရဲကားများ သာ များ သည်။
ဤသို့ဖြင့် အချိန် တစ်နှစ် ကုန်လွန်သွား၏ ။ ကျွန်တော် လည်း ရှစ်တန်းကျောင်းသား ဖြစ်လာသည်။ ကျွန်တော် တို့ ရပ်ကွက်ထဲတွင် ညတိုင်း ညတိုင်း ကာလသားကြီးများ သည် လမ်းထောင့် အုတ်ခုံပေါ်တွင် ထိုင်၍ ဆေးလိပ်သောက်၊ ကွမ်းစားရင်း ရောက်တတ်ရာရာ စကားပြောတတ်လေ့ ရှိရာ (အများ အားဖြင့် ဖို မ ဆက်ဆံရေး နှင့် ပတ်သက်သော ညစ်တီးညတ်ပတ် ပုံတိုပတ်စများ ) ကျွန်တော် တို့ ကလေးကြီးများ က သူတို့ ခိုင်းသမျှ လက်တိုလက်တောင်း အလုပ်ကလေးများ ကို မညည်းမညူ လုပ်ကိုင်ပေးရင်း နားစွန်နားဖျား နားထောင်ရသည်မှာ အဖိုးအနဂ္ဃ ထိုက်လှသော မဟာ အခွင့်အရေး ကြီး တစ်ရပ်ပမာ ရှိပါတော့သည်။ ထိုညက သူတို့ ပြောကြသော စကားများ အနက် ထူးခြားသော စကားတစ်ရပ်ကား ဤသို့တည်း။
“ဟေ့ကောင် ခေါင်းကြီး၊ မနက်ဖြန်ကျ ကိုပေါက်စတို့ ခြံထဲမှာ ဟိုကား ပြမယ်တဲ့”
ခေါင်းအနည်းငယ် ကြီးနေသဖြင့် ခေါင်းကြီးဟု အမည် ပြောင်ဖြင့် ခေါ်ခံရသော လူက …
“ဟုတ်ကဲ့လား ကိုဝင်း၊ သေချာရဲ့လား”
“အေး … သေချာတယ်ကွ၊ မောင်မြင့်ဦးနဲ့ ဌေးကြီးတောင် ဗီဒီယိုဖိုး ရအောင် သူတို့အိမ်က ကြက်နှစ် ကောင်ကို ခိုးရောင်းလိုက်ပြီ”
ဥစားကြက် မွေးသော ကိုဌေးကြီးတောင် ကြက်နှစ် ကောင် ဖြောင်လိုက်ပြီဟ ဆိုတော့ ကိုဝင်း၏ စကားက တိကျရေရာ၍ ဖြစ်ပေလိမ့်မည် ။
“ခြံထဲမှာ ပြမှာ ပဲလားဗျ၊ ဇာတ်ကားကရော ကောင်းပါ့မလား”
ဟု ကိုစိန်ပြူးက စေ့ငုသည်။
“ည ခုနှစ် နာရီအရောက် န၀ရတ်ခြံကြီးထဲကို လာခဲ့ကြ၊ ကိုပေါက်စကိုယ်တိုင် ရွေးထားတာ ဆိုတော့ ကား ကတော့ ကောင်းမှာ သေချာတယ်”
“၀င်ကြေးက ဘယ်လောက်လဲဗျ”
“ တစ်ယောက် ငါးကျပ်တဲ့”
ငွေငါးကျပ်ကို ရအောင် ရှာရသော ဒုက္ခသည် ထိုနေ့ တစ်နေ့လုံး ကျွန်တော် တို့အတွက် အဓိက ဖိစီးနေသော ကိစ္စကြီး ဖြစ်ခဲ့သည်။ လက်ဖက်ရည် ရှယ်တစ်ခွက်မှ တစ်ကျပ်ခန့်သာ ရှိသော ၁၉၈၄ ခုနှစ် တစ်ဝိုက်လောက်က ငွေ ငါးကျပ်လောက်ကို ရရှိဖို့ကိစ္စသည် ရှစ်တန်းကျောင်းသား ကျွန်တော့် အတွက် အတောာ့်ကို မလွယ်ကူသော ကိစ္စကြီး ဖြစ်နေခဲ့သည်။ ညက ကာလသားကြီးတို့ စကားဝိုင်းမှ ကြားသိခဲ့သမျှကို ကျွန်တော့် ညီ တစ်ဝမ်းကွဲ တော် စပ်သူ ခင်မောင်တာအား ဖောက်သည်ချလိုက်လျှင် ခင်မောင်တာသည် တက်ကြွသော မျက်နှာဖြင့် …
“ဟာ … ဒါမျိုးဆို သွား ဖြစ်အောင် သွားကြတာပေါ့ ကိုညီရာ”
ဟု အားတက်သရော ဆို၏ ။
“သွားတာက လွယ်တယ်ကွ၊ ဒါပေမဲ့ ဒါက ခက်တယ်”
ဟု ကျွန်တော် က လက်ညှိုးနှင့် လက်မကို ၀ိုင်းပြလိုက်၏ ။ ခင်မောင်တာသည် ခေတ္တမျှ တွေ ဝေ စဉ်းစားနေပြီး …
“ရပါတယ်ကွာ … ငါ့တာဝန် ထားလိုက်”
“ဟုတ်ရဲ့လားကွာ၊ မင်းက ဘယ်က ပိုက်ဆံရမှာ လဲ”
“ဘယ်က ရမှာ လဲ၊ ငါ့မှာ ဇယ်ခုံ (တောက်ခုံ) ကြီးကို သွားရောင်းလိုက်မှာ ပေါ့”
“ ဖြစ်ပါ့မလားကွာ”
“ ဖြစ်ပါတယ်ကွာ၊ အဲဒါ ငါ့ဥစ္စာပဲ”
သို့ဖြင့် ခင်မောင်တာ၏ ဇယ်ခုံကြီးကို ဆိုက်ကားပေါ်တွင် တင်၍ သူ့သူငယ်ချင်း တစ်ယောက် ထံတွင် သွားရောက် ရောင်းချရာ ငွေအစိတ် (နှစ် ဆယ့်ငါးကျပ်) တိတိ ရရှိသဖြင့် ကျွန်တော် တို့ နှစ် ယောက် မှာ ဖွတ်ကျောပြာစု နေရာမှ ချက်ချင်း လက်ငင်းပင် သူဌေးသားများ သဖွယ် ဖြစ်သွားကြသည်။ စီးကရက်များ ကို မဖွာတတ် ဖွာတတ် ဖွာလိုက်၊ လက်ဖက်ရည်ဆိုင်တကာ လည်ထိုင်လိုက်ဖြင့် တစ်နေ့လုံး အတော် ပင် လမ်းသလားကာ ဟန်ကျနေကြ၏ ။
ညနေစောင်းသော အခါ ‘န၀ရတ်ခြံကြီး’ ဆီသို့ ချီတက်လာခဲ့ကြ၏ ။ မှော င်ရိပ်ခို၍ အရိပ်အကဲကို စောင့်ကြည့်သော အခါ ကျွန်တော် တို့ ကြားသော သတင်းမှာ မှန်ပုံရ၏ ။ ကာလသားများ သည် နှစ် ယောက် တစ်တွဲ ၊ သုံးယောက် တစ်တွဲ ဖြင့် ခြံကြီးထဲသို့ ၀င်သွားကြ၏ ။ ကျွန်တော် တို့နှစ် ယောက် လည်း လူကြီးများ နှင့် ရောကာ ၀င်လာခဲ့ကြ၏ ။
“ဟေ့ကောင်လေးတွေ မင်းတို့က ဘယ်လဲ”
ဟု အပေါက်စောင့်က အူတူတူ လုပ်ကာ ဖိမ့်လိုက်သေးသည်။
“ဘယ်ကမှာ လဲဗျ၊ ဟိုကား ကြည့်မလို့ပေါ့၊ ရော့ ဒီမှာ ပိုက်ဆံ တစ်ယောက် ငါးကျပ်”
ဟု ကျွန်တော် က ခပ်ကျယ်ကျယ် ပြောလိုက်ရာ-
“ဟဲ့ … တိုးတိုး တိုးတိုး၊ ရှူး … မင့်အမေလင်တွေ ကြားသွားဦးမယ်၊ သွား မြန်မြန်ဝင်”
ခြံထဲတွင် ကြည့်ရမည် ဟု ထင်ထားသော်လည်း မဟုတ်။ လူစုံသော အခါ ကျွန်တော် တို့အားလုံးကို ချက်ပလက်ကားကြီး တစ်စီးပေါ်သို့ တက်ခိုင်းပြီး မြို့ပြင်ဘက်သို့ မောင်းသွား၏ ။ တာခွဟုခေါ်သော နေရာသို့ ရောက်သော အခါ ဂိုဒေါင်ကြီးတစ်ခုထဲသို့ မောင်းဝင်လိုက်သည်နှင့် အသင့် စောင့်နေသူများ က ခြံဝင်းတံခါးကို ကပျာကယာ ပိတ်လိုက်ကြ၏ ။ ထို့နောက် ဂိုဒေါင်ထဲသို့ ကျွန်တော် တို့ကို ခေါ်သွားသည်။ ဂိုဒေါင်မှာ နှစ် ထပ် ဖြစ်၍ အပေါ်ထပ်သို့ တက်ရပြန်၏ ။ အောက်ထပ်မှာ ငရုတ်သီးများ ကို သိုလှောင်ထားပုံရ၏ ။ အနံ့မှာ မွှန်ထွန်နေသည်။
“ဦးပေါက်စ”
“ဟေ”
“ကျုပ်တို့ကို ဘယ်နေရာ ခေါ်လာတာလဲဗျ”
“ဘယ်နေရာရမှာ လဲ၊ ဒါ ငါ့အဖေ ငရုတ်သီး ဂိုဒေါင်ကွ၊ ကြေးမများ ကြနဲ့၊ ဒီနေရာက လုံခြုံတယ်၊ ရဲတွေ ဘာတွေ မသိနိုင်ဘူး၊ ကဲ ကဲ စကားမများ နဲ့၊ ဇာတ်လမ်း စမယ် … ပြမယ်”
မကြာမီ မီးများ မှိတ်ပြီး ဇာတ်လမ်း စ၏ ။ အမေရိကန်ကား ဖြစ်သည်။ မင်းသားနှင့် မင်းသမီးမှာ ချောကြပါ၏ ။ လှကြပါ၏ ။ သူ့လိုင်းနှင့် သူ အကြမ်းဆုံး၊ အရမ်းဆုံး အားမာန်အပြည့်ဖြင့် သရုပ်ဆောင်ကြပါ၏ ။ သို့သော် အောက်ထပ်မှ တက်လာသော ငရုတ်သီးနံ့ မွှန်သဖြင့် ဗီဒီယိုကို အပြည့်အ၀ စိတ်မ၀င်စားနိုင်ဘဲ အားလုံး သည်းမခံနိုင်၍ ထအော်ကြသည်။
“ဟပ်ချိုး … ကိုပေါက်စ … ရွှတ် … ကျုပ်တို့ ရွှတ် … တော် ပြီ … အိမ်ပြန်တော့မယ် … ရွှတ် …”
‘ရွှတ်’ ကား ငရုတ်သီး အငွေ့များ ကြောင့် နှာရည်ယိုသော အသံတည်း။
“ဟုတ်တယ်ဗျို့၊ ဟပ်ချိုး … ပိုက်ဆံ ပြန် … ရွှတ် … အမ်းပါ၊ ဟပ်ချိုး … ရွှတ် … အမ်းပါ … ဟပ်ချိုး … ရွှတ်”
ဂိုဒေါင်ထဲတွင် အော်ဟစ် ကန့်ကွက်သံများ နှင့် ဆူညံနေ၏ ။ ကိုပေါက်စခေါင်းခဲရပြီ။
“ကဲ … ဒီလောက်တောင် ရှိရင်လည်း ဆက်မပြဘူး ပိတ်ပြီဗျာ … တကတဲ … ငွေတော့ ပြန်မအမ်းနိုင်ဘူးဗျာ၊ မကျေနပ်ရင် မနက်ဖြန်ကျ ကျုပ်ခြံထဲကို လာခဲ့၊ ကျုပ်အိမ်မှာ ပြပေးမယ်၊ မိန်းမနဲ့ ကလေးတွေ ခဏရှောင်ခိုင်းထားမယ်၊ ဟပ်ချိုး …”
ဤသို့ဖြင့် ကျွန်တော် တို့၏ ဗွေဆော်ဦး ရင်သိမ့်တုန် ရှိုးပွဲကြီးမှာ မအောင်မမြင်ဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ကြ၏ ။ ညသန်းခေါင်ယံတွင် ကားကြီးဖွတ်ချက် ဖွတ်ချက်ဖြင့် ရပ်ကွက်ထဲသို့ ပြန်ရောက်လာကြ၏ ။ နောက်တစ်နေ့တွင် ကား ကျွန်တော် တို့သည် လက်မလျှော့ဘဲ ည ခုနှစ် နာရီတိတိတွင် န၀ရတ်ခြံကြီး (မင်းသမီး န၀ရတ်၏ ခြံ မဟုတ်ပါ။ ဤကား စကားချပ်) သို့ ချီတက်ခဲ့ကြ၏ ။ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ယနေ့ လူပိုစည်ကားသည်။ ကျွန်တော် တို့ ရပ်ကွက်ထဲမှ လူများ အပြင် အခြားရပ်ကွက်မှ လူအချို့ပါ လာရောက်အားပေးကြ၏ ။ ကြိုတင်စီမံထားသဖြင့် ဦးပေါက်စကြီး အိမ်မှာ လူရှင်းနေသည်။ ခုနစ်နာရီကျော်ကျော်တွင် အိမ်မီးများ မှိတ်လိုက်ပြီး ဇာတ်လမ်း စတင်ရန် ခွေထိုးလိုက်၏ ။
ယနေ့တော့ ငရုတ်သီး အနှောင့်အယှက် မရှိသဖြင့် လူများ မှာ ဇာတ်လမ်းထဲတွင် စီးမျောသွားကြသည်။ ဇာတ်ကား စတင်၍ မိနစ်နှစ် ဆယ်ခန့် အကြာတွင် အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ် ငြိမ်သက်နေကြလျက် ဇာတ်ရှိန်တက်နေဆဲ အချိန်ဝယ် …
“၀ုန်း ... ဂလွမ် … လွမ် … လွမ် …”
ဟူသော အသံကြီးကြောင့် အခန်းထဲမှာ ရှိသမျှ လူအားလုံး လန့်သွားကြသည်။ ကပျာကယာ မီးဖွင့်၍ ကြည့်လိုက်သော အခါ ကျွန်တော့် ညီ ခင်မောင်တာသည် ကောင်းကောင်း မမြင်ရသဖြင့် စားပွဲပေါ်သို့ တက်ကြည့်ရာမှ စားပွဲပေါ်တွင် တင်ထားသော ရေတကောင်းကြီးကို တိုက်မိကာ လူရော၊ ရေတကောင်းရော သမံတလင်းပေါ်သို့ ပြုတ်ကျရာမှ ခွေခွေလေး လဲနေကြောင်း တွေ့ ရသဖြင့် ဆဲသံများ မိုးမွှန်အောင် ညံသွား၏ ။ ထို့နောက် ဇာတ်ကား ဆက်ပြပြန်သည်။ ငါးမိနစ်လောက်ပဲ ကြာဦးမည် ။ ရုန်းရင်းဆန်ခတ် ဖြစ်သံ၊ ပြေးသံ လွှားသံ၊ တံခါးခေါက်သံများ ကို ကြားရ၏ ။
“တံခါးဖွင့်စမ်း … ဒုန်း ဒုန်း ဒုန်း … ရပ်ကွက်လူကြီးတွေ လည်းပါတယ်၊ မင်းတို့ကို ပြည်သူ့ရဲတွေ ၀ိုင်းထားပြီ၊ တစ်ယောက် မှ မပြေးကြနဲ့”
တစ်အိမ်လုံး ရုန်းရင်းဆန်ခတ် ဖြစ်သွား၏ ။ လူအများ ကြောက်လန့်တကြား ပြေးလွှားကြသည်။ ကျွန်တော် လည်း ခင်မောင်တာကို ခေါ်ပြီး နောက်ဖေးပေါက်မှ ထွက်ကာ ရေမြောင်းကြီးကို မှော င်နှင့် မည်းမည်းမှာ ခုန်ကျော်လိုက်တော့ ရပ်ကွက်ထဲသို့ ပြန်ရောက်လာသည်။ ဤလမ်းမှာ ကျွန်တော် တို့ ရပ်ကွက်မှ လူများ ပဲ သိသဖြင့် ရပ်ကွက်ထဲမှကာလသား အတော် များများ လွတ်လာကြသည်။ အခြားရပ်ကွက်မှ လူများ မှာ မပြေးသာသဖြင့် အဖမ်းခံကြရသည်။ အိမ်ပိုင်ရှင်လည်း ညစ်ညမ်းဗီဒီယို ပြသမှု ဖြင့် အရေး ယူခံရ၏ ။
နောက်တစ်နေ့ နံနက်တွင် ရဲစခန်းထဲသို့ ကျွန်တော် အခြေအနေသွားကြည့်၏ ။ ကျွန်တော် တို့ အိမ်မှာ ဆံတော် ဂါတ် (ခေါ်) ပြည် ၂ ရဲစခန်းရှေ့တွင် ပင် ရှိသဖြင့် ရဲစခန်းအတွင်းသို့ လွယ်ကူစွာ ပင် ၀င်ခွင့်ရ၏ ။ ညက ဗီဒီယိုအမှု တွင် အဖမ်းခံရသူများ မှာ အချုပ်ခန်းထဲမှာ ပင် ရှိကြသေး၏ ။ ကျွန်တော့် အသိများ ပါမလားဟု အချုပ်ခန်းထဲမှ လူများ ကို လျှောက်ကြည့်ရာ အသက် အစိတ်ခန့် ခပ်ပိန်ပိန် လူ တစ်ယောက် သည် ကျွန်တော့် ကို မြင်လိုက်လျှင် ၀မ်းသာအားရ ဖြစ်သွားကာ …
“ဟဲ့ … ကောင်လေး … မင်း ညီညီ မဟုတ်လား”
ဟု နှုတ်ဆက်၏ ။ ထိုလူကား မီးသွေး ဦးမွတ်တား၏ သားအကြီးကောင်တည်း။ ဦးမွတ်တားမှာ ကုလား မဟုတ်။ မီးသွေး ရောင်း၍ အမြဲတမ်း မည်းပေနေသဖြင့် လူအများ က နောက်၍ ခေါ်ရာမှ အမည် တွင် သွားခြင်း ဖြစ်သည်။ ဦးမွတ်တား သား ကိုတင်ဝင်းသည် မျက်နှာငယ်ကလေးဖြင့် -
“ကောင်လေးရာ … ငါ့အဖေကို သွားပြောပေးပါကွာ၊ ငါ့ကို အာမခံနဲ့ လာထုတ်ပေးဖို့ သွားပြောပေးပါကွာ”
ကျွန်တော် လည်း ဘ၀တူချင်း ဖြစ်၍ သနားသွားကာ ကောင်းပါပြီဟု ကတိခံကာ ပြန်လာခဲ့ပြီး ကိုယ်တိုင် မသွားဘဲ ဆိုက်ကားသမား တစ်ယောက် ကို အကျိုးအကြောင်း ပြောပြီး လွှတ်လိုက်၏ ။ ကျွန်တော် ကိုယ်တိုင်ကမူ အခြေအနေသိရရန် နောက်မှ မယောင်မလည် လိုက်သွား၏ ။ ဆိုက်ကားဆရာနှင့် ဦးမွတ်တားပြောနေသံများ မှာ အောက်ပါအတိုင်း ဖြစ်သည်။
(ဆိုက်ကားဆရာ) “ဦးရဲ့သား ပြည် ၂ ရဲစခန်းထဲမှာ ရောက်နေပါတယ်၊ အဲဒါ ဦး လာထုတ်လှည့်ပါလို့ ခေါ်ခိုင်းလိုက်ပါတယ်”
(ဦးမွတ်တား) “ဟေ့ … ဟုတ်လား၊ ဒါကြောင့် ညက တစ်ညလုံး ပြန်မလာတာဘဲ၊ ဒါနဲ့ ဘာအမှု နဲ့ ရဲစခန်း ရောက်ရတာ လဲကွဲ့၊ ရန် ဖြစ်မှု များ လား”
(ဆိုက်ကားဆရာ) “မဟုတ်ဘူး ဦးလေး၊ ဟို … ဗီဒီယိုအပြာကား ကြည့်လို့ အဖမ်းခံရတာ ”
(ဦးမွတ်တား) “ဟင် … တောက် … မိုက်ရိုင်းလိုက်တဲ့ကောင်၊ မိဘမျက်နှာ အိုမည်းသုတ်တဲ့ကောင်၊ အရှက်ခွဲတဲ့ကောင်၊ မလိုက်ဘူးဟေ့၊ တစ်သက်တစ်ကျွန်း ကျရင် ကျပစေ၊ မလိုက်ဘူးလို့ ဒီခွေးမျိုးကို ပြောလိုက်”
ဆိုက်ကားခ မြက်မြက်ကလေး ရလိမ့်နိုးဖြင့် မျှော်ကိုးကာ ရောက်လာသော ဆိုက်ကားဆရာမှာ ဦးမွတ်တား၏ ယမ်းပုံမီးကျ ဒေါသစက်ကွင်းကြောင့် ဘာမှ ဆက်မပြောဝံ့တော့ဘဲ လစ်လာခဲ့ရပေသည်။ ကျွန်တော် လည်း ဆိုက်ကားဆရာ နောက်မှ ထက်ကြပ်မကွာ လစ်ခဲ့ရလေ၏ ။ ဤကား ကျွန်တော် တို့ ကြည့်ခဲ့ရသော မှတ်မှတ်ရရ ဗီဒီယိုကား တစ်ကားပေတည်း။
နှစ် များ ကား ကြာခဲ့ပေပြီ။ ခေတ်များ လည်း ပြောင်းခဲ့ပြီ။ တိပ်သားများ ပါသော ၊ လက်ဖြင့် လှည့်၍ ရစ်ရသော ဗီဒီယိုခွေများ လည်း ကွယ်ပျောက်ခဲ့ပြီ။ စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီ၊ ဒစ်ဂျစ်တယ် ကင်မရာ၊ ဟန်းဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်သို့ ခေတ်ပြောင်း ရောက်ရှိလာရာ ဗီဒီယိုတစ်ကားကို ကျွန်တော် တို့ငယ်ငယ်ကလို သည်းထိတ်ရင်ဖို စွန့်စားပြီး ကြည့်ရတာ လည်း မရှိတော့ပါ။
ဟိုတစ်လော ကတော့ မြို့သို့ အလည်ပြန်ရောက်ရာ အိမ်တွင် ထိုင်နေခိုက် ဘုရားလှည့်လာသည်နှင့် ကြုံပါသည်။ ကျွန်တော် တို့ဆီတွင် ၀ါတွင်းသုံးလပတ်လုံး ဥပုပ်နေ့တိုင်း မြတ်စွာ ဘုရား ရုပ်ပွားတော် မြတ်ကို လက်တွန်းလှည်းပေါ်တွင် ပင့်ဆောင်၍ ဆိုင်းနှင့် ဗုံနှင့် ဒေသစာရီ ကြွချီ အလှူခံကြပါသည်။ ဘုရားဂေါပကများ က အလှည့်ကျ လိုက်ပါ အလှူခံရပါသည်။ အိမ်ရှေ့တွင် ဖြတ်သွားသော အလှူခံအဖွဲ့တွင် ၀၀ဖိုင့်ဖိုင့်၊ ဥပဓိရုပ်ကောင်းကောင်း တောင်ရှည်ပုဆိုး၊ တိုက်ပုံအကျီင်္တို့ကို ကျကျနန ၀တ်ထားသူ တစ်ယောက် က ငွေဖလားကြီးကို ကိုင်လျက် တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံ အလှူခံပါသည်။ ကျွန်တော် လည်း အလှူခံ ဖလားထဲသို့ ငွေစက္ကူတစ်ရွက် ထည့်လိုက်ရာ အလှူခံသူသည် ကျွန်တော့် ကို သေသေချာချာ ကြည့်၍ …
“မင်း … ညီညီ မဟုတ်လား”
ဟု မေးလိုက်၏ ။
“လူကြီးမင်းက ဘယ်သူပါလဲ”
ဟု မေးလိုက်ရာ ထိုလူသည် တဟားဟား ရယ်လျက် -
“ဘယ်သူ ရမှာ လဲ၊ ငါ မီးသွေး ဦးမွတ်တား သား တင်ဝင်းပေါ့ကွ၊ ငါ ဒီဘုရားမှာ ဂေါပက လုပ်နေတယ်၊ ကဲ ကဲ … ဤသို့ ပြုရ မြတ်ဒါနကြောင့် နိဗ္ဗာနပစ္စယော ဟောတု နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်ပါစေ၊ လိုအပ်သော ဆုနှင့် တစ်လုံးတစ်ဝတည်း ပြည့်စုံပါစေဗျာ”
ဟု ဆုပေးလျက် ကျွန်တော့် ထံပါးမှ ခပ်သွက်သွက် ထွက်သွားသဖြင့် လွန်ခဲ့သော နှစ် နှစ် ဆယ်ခန့်က သူ့ကို ဘယ်သူ လာ၍ အာမခံဖြင့် ရဲစခန်းမှ ထုတ်ပေးသလဲ ဆိုတာ မမေးလိုက်ရဘဲ ရှိပါပေသတည်း။
ကျွန်ုပ် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ ရောက်ရှိနေခိုက် ဖြစ်သည်။ တစ်ချိန်တည်းမှာ ပင် စာရေး ဆရာ မောင်ကျော်သာ(ပဲခူး) ခေါ် ကိုမြကျော်သည်လည်း ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင် ကျောက်မျက်ပညာ သင်တန်းတစ်ခု တက်ရောက်နေသည့်အခိုက်လည်း ဖြစ်သည်။
တိုးရစ် မိတ်ဆွေများ က စရိတ်စက ခံကာ အလည်အပတ်သဘောခေါ်ယူခြင်း ဖြစ်၍ ကျွန်ုပ်သည် ရောက်တုန်းရောက်ခိုက် သဘောဖြင့် အင်္ဂလန်တစ်နိုင်ငံလုံးကို ပြဲပြဲစင်အောင် လျှောက်သွားမိသည်မှာ လေးဆယ့်ငါးရက်ခန့်ပင် ကြာရှိခဲ့ပေပြီ။ ထိုသို့ စားလိုက်၊ သွားလိုက်၊ လည်လိုက်၊ ပတ်လိုက်၊ သုံးလိုက်၊ ဖြုန်းလိုက်ဖြင့် ငွေရော လူရော အတော် ပင် ဟိုက်သွားသော တစ်ခုသော ဆောင်းဦးရာသီ နံနက်ခင်းတစ်ခုဝယ် အောက်ပါအဓိပ္ပာယ်ရသော အီးမေးလ်တစ်စောင်ကို မိတ်ဆွေကြီး မောင်ကျော်သာထံမှ ရရှိခဲ့ခြင်းကြောင့် ဤဇာတ်လမ်းစခဲ့ခြင်း ဖြစ်ပေသည်။
သို့
ကိုသရ၀ဏ်
ခင်ဗျား လန်ဒန်သို့ ရောက်နေသည် ကြား၍ ကျွန်တော် ဂျာမနီမှ အင်္ဂလန်သို့ အလည်လာခဲ့မည် ။ သော ကြာနေ့ မနက် ၁၁ နာရီ ဂက်ထ၀စ် လေဆိပ်မှာ လာကြိုပါ။ ပျော်ပျော်ပါးပါး ကဲကြရအောင်။ (မှတ်ချက် … လန်ဒန်မှာ ဖော်ချွတ်ကပွဲတွေ အတော် ကို နာမည် ကြီးသည်ဟု သိရသည်။ ခင်ဗျားကိုပဲ အားကိုးရမှာ ပဲ)
မြကျော် (ခေါ်) မောင်ကျော်သာ
သော ကြာနေ့ မနက်သို့ ရောက်လျှင် ဂက်ထ၀စ်လေဆိပ်သို့ သွားရောက်ကြိုဆိုရာ ပျားပန်းခတ်မျှ တိုးဝှေ့ထွက်လာကြသော ခရီးသည် အများ ကြီးထဲ၌ ကမ္ဘာလုံးကြီးလိုလို၊ ရွှေဖရုံသီးကြီးလိုလို ဖြစ်နေသော ဦးခေါင်းလုံးလုံး ပြောင်ပြောင်ကြီးကြောင့် ကိုကျော်သာကို လွယ်ကူစွာ ပင် ရှာဖွေတွေ့ လေသည်။
“ဗျို့ … ကိုကျော်သာ၊ ကျွန်တော် ဒီမှာ ဗျို့”
ဟု ကျွန်ုပ်က နှုတ်ဆက်လိုက်လျှင် -
“သြော် … ကိုသရ၀ဏ် ဂလက်တူ ဆီးယူ၊ ဂွတ်ထမော်ဂန် … မင်္ဂလာပါ”
အင်္ဂလိပ်လို၊ မြန်မာလို၊ ဂျာမန်ဘာသာဖြင့် သူက ပြန်မှု တ်လိုက်၏ ။
“ခင်ဗျား နိုင်ငံခြားမှာ နေတာ ကြာလို့ အတော် အမှု တ်ကျွမ်းလာတယ်ဗျ”
“ဟဲ ဟဲ… အလေ့အကျင့်ပေါ့ဗျာ၊ ကဲ … ဒါနဲ့ ကျုပ်ကို ဘယ်တွေ လိုက်ပြမှာ လဲဗျ၊ ဒီနိုင်ငံမှာ တော့ ခင်ဗျားကိုပဲ ကျုပ်က အားကိုးပြီး လာခဲ့တာ”
“စိတ်ချပါ၊ ကျုပ်ကလည်း ကိုယ့်မြန်မာချင်း မတွေ့ တာ ကြာလို့ တွေ့ ချင်နေတာပါ၊ ပျော်စရာ မှန်သမျှ အကုန်လျှောက်သွားကြတာပေါ့၊ နေတာတော့ လွတ်လွတ်လပ်လပ် ဖြစ်သွားအောင် တည်းခိုခန်းမှာ ပဲ တည်းကြမယ်ဗျာ၊ ကျွန်တော့် မိတ်ဆွေအိမ်မှာ လိုက်တည်းရင် ခင်ဗျား စိတ်ကျဉ်းကျပ်နေမယ်”
“ကောင်းပါလေ့ဗျာ”
ဤသို့ဖြင့် ကျွန်ုပ်တို့ မြန်မာတိုးရစ် နှစ် ယောက် သည် ဗြိတိသျှပြတိုက်အမျိုးသားပန်းချီပြတိုက်၊ တိတ်မော်ဒန်ပန်းချီပြတိုက်၊ ပါလီမန် အဆောက်အအုံ၊ သိမ်းမြစ်၊ ဟိုဒ်ပါတ် စသော လန်ဒန်မြို့၏ ကမ္ဘာကျော် နေရာများ သို့ လျှောက်သွားကြလေသည်။ ညနေစောင်းအချိန်သို့ ရောက်လျှင် ကျွန်ုပ်က အလိုက်တသိပင် ကိုကျော်သာအား လန်ဒန် တရုတ်တန်း၊ ဆိုဟိုရပ်ကွက်သို့ ခေါ်သွား၏ ။ ဤရပ်ကွက်ကလေး၌ တရုတ် စားသောက်ဆိုင်များ ၊ အရက်ဘားများ ၊ ရုပ်ရှင်နှင့် ပြဇာတ်ရုံများ ၊ ဖော်ချွတ်ပြပွဲရုံများ ၊ နိုက်ကလပ်များ ဖြင့် ပြည့်နှက်နေ၏ ။
ပထမဦးစွာ ကျွန်ုပ်တို့သည် ဘားဆိုင်တစ်ခုသို့ ၀င်၍ ဘီယာနှစ် ခွက်စီ ၀င်၍ နှိပ်လိုက်ကြလျှင် အတန်ပင် အူရွှင်လာ၏ ။ ဘီယာ သောက်ပြီးလျှင် စားသောက်ဆိုင်သို့ တက်၍ တရုတ် အစားအစာများ ကို စားကြပြန်သည်။ အလွန်စား၍ မြိန်ရှက်လှ၏ ။ ၎င်းနောက် တစ်ယောက် လျှင် ၀င်ကြေးငါးပေါင်စီပေးကာ မီးမှိန်မှိန် ထွန်းထားသော မြေအောက်ခန်းမထဲသို့ ၀င်ခဲ့တော့၏ ။
အထဲတွင် စင်မြင့်တစ်ခု ရှိပြီး စင်မြင့်ရှေ့၌ ရုပ်ရှင်ရုံလို ထိုင်ခုံများ ကို ချထား၏ ။ ထိုင်ခုံတွင် ထိုင်ကြည့်နေကြသော ပုရိသ ပရိသတ် အတော် များများ ကိုလည်း တွေ့ ရသည်။
“ရွှေပွဲလာ ပရိသတ်များ ရှင် … ယခုတစ်ဖန် ဖျော်ဖြေဖို့ အလှည့်ကျတာ ကတော့ ဘရာဇီးလှပျိုဖြူလေး အန်နာ ဖြစ်ပါတယ်။ ရှုစားကြပါရှင်”
စင်မြင့်ပေါ်မှ ကန့်လန့်ကာ မ တင်သွားပြီး မီးရောင် မှိန်မှိန်ဝယ် ကောင်မလေး တစ်ယောက် ပေါ်လာ၏ ။ ကောင်မလေးမှာ အသက် ဆယ့်ကိုး၊ နှစ် ဆယ်ခန့်ပဲ ရှိဦးမည် ဖြစ်သော်လည်း ကိုယ်ခန္ဓာမှာ ဖွံ့ထွားလှသည်။ ကျွန်ုပ်တို့ နှစ် ဦးသားသည် ရှေ့ဆုံးတန်း၏ နောက်တစ်တန်းတွင် ကပျာကယာ ၀င်ထိုင်၍ မိန်းကလေး၏ အလှကွက်များ ကို တစ်ဝကြီး ရှုစားတော့သည်။ ဆောင်းဘောက်မှ ထွက်လာသော နောက်ခံဆိုင်းချက်က သွက်လာသလောက် ကောင်မလေးမှာ ခန္ဓာကိုယ်ပေါ်မှ အ၀တ်အစားများ ကို တစ်စစီ ဖယ်ရှားပစ်တော့သည်။ ကျွန်ုပ်တို့၏ မျက်လုံးများ ကို စင်မြင့်ပေါ်မှ အလှမယ်လေးအား မကွာစေဘဲ သမာဓိရစေရန် စူးစိုက်ရှုမှတ်နေခိုက် သီချင်းဆုံးကာ ကန့်လန့်ကာချသွား၏ ။ နောက်ထပ် အာဖရိက လှပျိုဖြူကလေးက လည်းကောင်း၊ အာရှ၏ အလှပဂေးကလေးက လည်းကောင်း ဖျော်ဖြေကြသေးသော်လည်း သူတို့၏ အလှအပ ပြကွက်များ ကတော့ တစ်ပုံစံတည်း ဖြစ်ကြ၏ ။ ကြာတော့ ရိုးအီလာပေသည်။
ထို့ကြောင့် ရုံပြင် ပြန်ထွက်လာကြကာ ရုပ်ရှင်ရုံများ ဘက်ဆီသို့ ခြေဦးလှည့်ခဲ့၏ ။ ဤသို့ဖြင့် နေ့တိုင်း လည်ကြ၊ ပတ်ကြ၊ စားကြ၊ သောက်ကြဖြင့် သုံးရက်ခန့် ကြာသွားသော် သင်တန်း ပြန်တက်ရတော့မည် ဖြစ်၍ သူဂျာမနီသို့ ပြန်တော့မည် ဟု ကိုကျော်သာက ဆိုလာ၏ ။ ကျွန်ုပ်လည်း မြန်မာပြည်သို့ ပြန်တော့မည် ဖြစ်၍ လမ်းခွဲကြရန် ပြောပြီးသော အခါ တည်းခိုခန်းခများ ရှင်းရန် အချိန်ကျလာ၏ ။
“ကဲ … ကိုကျော်သာရေ … တည်းခိုခန်းခလေးတော့ ခင်ဗျားပဲ ရှင်းလိုက်ပါလား”
“ကျုပ်မှာ မရှိဘူးဗျ၊ အပြန်စရိတ်ပဲ ရှိတော့တယ်”
“ဟင် … ကျုပ်က ခင်ဗျားမှာ ငွေပါတယ် မှတ်လို့”
“ဟင်”
“ဟိုက်”
ကျွန်ုပ်တို့နှစ် ယောက် စိတ်ပျက်သွားပုံမှာ ပြောစရာ မရှိတော့ပေ။ ကျွန်ုပ်မှာ မြန်မာပြည် ပြန်ရန် လေယာဉ်လက်မှတ် ၀ယ်ပြီးသား ရှိသော်လည်း လေဆိပ်သို့ သွားရန် ခရီးစရိတ်ပင် မရှိတော့ချေ။ ကိုကျော်သာက သူ့တွင် လည်း အပြန်စရိတ် အတိသာ ကျန်တော့သည်ဟု ပြောရာ အင်္ဂလန်မှ ဂျာမနီသို့ အချိန်မီပြန်ရမည့် သူမို့ လမ်းစရိတ်ကို ဖဲ့သုံး၍ လည်း မရ။ တည်းခိုခန်းခများ မရှင်းနိုင်ပါက အရှက်ကွဲမည့် အပြင် ရုံးရောက်၊ ဂါတ်ရောက်ပင် ဖြစ်ပေရော့မည် ။ အသိမိတ်ဆွေ အင်္ဂလိပ်များ ကို ဖုန်းဆက်ပြီး ငွေချေးလျှင် ရနိုင်သော်လည်း အရှက်ကွဲခံ၍ ကား မဆက်သွယ်လိုတော့ချေ။ ကျွန်ုပ်တို့သည် ကြံရာမရသဖြင့် ငေးမှိုင်ကာ လမ်းလျှောက်လာကြရင်း သူများ ဖတ်ပြီး၍ လွှင့်ပစ်ထားသော အသစ်စက်စက် သတင်းစာတစ်စောင်ကို ကားမှတ်တိုင်တစ်ခုတွင် တွေ့ ၍ ကိုကျော်သာက လျှောက်လှန်ကြည့်နေလေသည်။ ခဏကြာသော် ကိုကျော်သာ၏ မျက်နှာသည် ၀င်းထိန်သွားကာ -
“ရပြီ ကိုသရ၀ဏ်၊ ရပြီ၊ ကျုပ်တို့တော့ အဆင်ပြေပြီ၊ ဟောဒီကြော်ငြာလေးကို ဖတ်ကြည့်စမ်း”
“ဘာတဲ့လဲဗျ၊ အံမာ … ခွေးတွေ မှတ်ပုံတင် အသစ်လဲရတော့မယ် ဆိုပါလား”
“ပေါက်ကရဗျာ၊ ဟောဒီမှာ ဒါကို ဖတ်ခိုင်းတာဗျ၊ အဲဒါ ကျုပ်တို့အတွက် ပွပေါက်ပဲ”
သူ ဖတ်ခိုင်းသော ကြော်ငြာကို ကြည့်လိုက်ရာ ကျွန်ုပ်မှာ မျက်နှာများ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွား၏ ။
‘အာဒမ်နှင့် ဧ၀ ဆေးခန်းမှ အလိုရှိသည်။
ကိုယ်ဝန် မအောင်သော လင်မယားများ အား သိပ္ပံနည်းကျ သားစပ်ပေးရန် ယောက်ျား မျိုးစေ့များ အလိုရှိသည်။ တစ်ကြိမ် လာရောက်ပေးသွင်းလျှင် စတာလင်ပေါင် ရှစ်ဆယ် ချီး မြှင့်မည် ’
“အဲဒါ ပွပေါက်ပဲဗျ၊ ဒါပေမဲ့ ကျုပ်တို့ပစ္စည်းကို သူတို့က လက်ခံပါ့မလား”
ဟု ကိုကျော်သာက ဆို၏ ။
“လက်ခံမှာ ပါဗျာ၊ ကြော်ငြာထဲမှာ ဥရောပတတိုက်သား ဖြစ်ရမည် လို့မှ ရေး မထားတာပဲ၊ အင်း … တစ်ခုတော့ ရှိတယ်ဗျ၊ ခင်ဗျား ထိပ်ပြောင်နေတာ မြင်ရင်တော့ လက်ခံချင်မှ လက်ခံလိမ့်မယ်၊ ကဲ … ဒီလိုလုပ်၊ မြေအောက်ရထားစီးတုန်းက အင်္ဂလိပ် အဘိုးကြီး တစ်ယောက် မေ့ကျန်ခဲ့တဲ့ ဦးထုပ်ကြီးတစ်လုံး ကျုပ်မှာ ရှိတယ်၊ အတော် ပဲ ခင်ဗျား ဆောင်းလိုက်၊ ထိပ်ပြောင်တာ လူ မမြင်နိုင်တော့ဘူး”
မိနစ်ပိုင်းအတွင်း ကိုကျော်သာမှာ ဂျော့ဝါရှင်တန်လိုလို၊ ချာလီချက်ပလင်လိုလို၊ ဟယ်ရီဆင်ဖို့ဒ်လိုလို ဖြစ်သွား၏ ။
“ကျုပ်ကိုတော့ ပြောနေ၊ ခင်ဗျားကိုယ် ခင်ဗျားလည်း ကြည့်ဦး၊ ဒီလို အရိုးပဒေသာ ဘော်ဒီကို သူတို့က မျိုးစေ့ ၀ယ်မလားဗျ”
“ဟာ … ဒါ ကတော့ ကျုပ် မရောင်းဘူးလေ၊ ခင်ဗျားပဲ လုပ်၊ ပေါင်ရှစ်ဆယ်ဆို ရပါပြီ ဟဲ ဟဲ”
“ဘာဗျ၊ သာတော့ အတူတူ၊ နာတော့ ကျုပ်ချည်း ခံရမှာ လား၊ မြန်မာပြည် ပြန်ရောက်တော့ မဟုတ်ကဟုတ်ကတွေ မဂ္ဂဇင်းမှာ ထည့်ရေး ဦးမယ်၊ တော် ပြီ၊ ခင်ဗျား မပါရင် ကျုပ် မလုပ်ဘူး”
ကျွန်ုပ်လည်း မောင်ကျော်သာ စိတ် ပြောင်းသွား ၍ လာဘ်လာဘပိတ်သွားမှာ စိုးရိမ်သဖြင့် -
“ဒါဆိုလည်း ပြီးရောဗျာ၊ ကျုပ်လည်း လုပ်မယ်၊ ကျုပ် ပိန်တာ မသိသာရအောင် ကျုပ်မိတ်ဆွေ အင်္ဂလိပ်ကြီး လက်ဆောင်ပေးတဲ့ လောင်းကုတ်အကျီင်္ကြီးတစ်ထည် ရှိတယ်၊ အဲဒါကြီးကို ၀တ်သွားမယ်ဗျာ၊ ကဲ … သွားကြစို့”
တစ်ခုသော ဆောင်းဦးရာသီ၏ ညနေခင်းတစ်ခု၌ လန်ဒန်မြို့၏ လူစည်ကားလှသော ပစ်ကာဒယ်လီ လမ်းမကြီးပေါ်ရှိ ‘အာဒမ်နှင့် ဧ၀’ အမည် ရှိ ဆေးခန်းတစ်ခုအတွင်းမှ ဦးထုပ်အရှည်ကြီး တစ်ခုကို ဆောင်းထားသော လူတစ်ဦးနှင့် လောင်းကုတ်အကျီင်္ကြီးကို တရွတ်တိုက်မတတ် ၀တ်ဆင်ထားသော လူတစ်ဦးသည် ဟိုကြည့်၊ ဒီကြည့် ကြည့်လျက် ထွက်လာကြလေသည်။
အနှစ် နှစ် ဆယ် ကြာခဲ့ပြီ။
ကျွန်ုပ်သည် မြန်မာပြည်တွင် ဧည့်လမ်းညွှန်အလုပ်ဖြင့် အသက်မွေးခဲ့ရာ အတော် ပင် အဆင်ပြေခဲ့၏ ။ သို့သော် အသက်ကလေး ရလာသဖြင့် ပင်ပင်ပန်းပန်း သွားလာရသော ထိုအလုပ်ကို မလုပ်ကိုင်တော့ဘဲ ၀ါသနာ အလျောက် စာတိုပေစများ ရေး သား၍ ဘ၀ကို အေးချမ်းစွာ ဖြတ်ကျော်ခဲ့ပေသည်။ ကျွန်ုပ် မိတ်ဆွေကြီး ကိုကျော်သာမှာ ပို၍ ပါရမီပါသည်ဟု ပြောရပေမည် ။ ဂျာမနီမှ ပြန်ရောက်လာစက ကျောက်မျက် ကျွမ်းကျင်ပညာရှင်အနေဖြင့် စီးပွားရေး လုပ်ကိုင်ခဲ့ရာ အတော် ပင် ၀င်ငွေ ကောင်းခဲ့ပေသည်။ သို့သော် တဖြည်းဖြည်းနှင့် တရားရိပ်သာများ ဆီသို့ ပိုမိုနီးစပ်ကာ လောကီကို ငြီးငွေ့လျက် နောက်ဆုံးတွင် ‘ဦးဂန္ဓာမာ’ ဟူသော ဘွဲ့ဖြင့် ရဟန်းဘောင်သို့ ကူး ပြောင်းသွား တော့သည်။
တစ်နေ့တွင် ဆရာတော် ဦးဂန္ဓာမာသည် ကျွန်ုပ်ထံသို့ ကြွလာ၍ ပုဂံညောင်ဦးနှင့် ပုပ္ပားဘက်ဆီသို့ ဘုရားဖူးသွားမည် ဖြစ်၍ လိုက်ခဲ့ရန် လာရောက်ခေါ်ငင်ရာ ကျွန်ုပ်လည်း ၀မ်းသာအားရ လိုက်ပါလာခဲ့လေသည်။
“ကောင်းတယ် ဒကာကြီး၊ ရုပ်နာမ်ဓမ္မ ဆိုတာ သခါင်္ရတွေ ပဲ၊ ကိုယ့်ကိုယ်ကိုယ် သိနေအောင် မြင်တာကို အမြဲ ရှုမှတ်ကြ”
ဆရာတော် သည် တရားထူးကိုရဟန်ဖြင့် က္ကနြေ္ဒ အပြည့်နှင့် မိန့်တော် မူ၏ ။ ဤသို့ဖြင့် ကျွန်ုပ်တို့လည်း ပုဂံသို့ ရောက်ရှိခဲ့ကာ ဘုရားစုံလျှောက်ဖူးကြ၏ ။ ရန်ကုန် ပြန်မည့် နေ့ နံနက်တွင် ကျွန်ုပ်တို့သည် ကန်တော့ပလ္လင်ဘုရားကို သွားရောက်ဖူးမြော်ရာ ဘုရားရှေ့တွင် တိုးရစ်ဘတ်စ်စကားကြီး တစ်စီး ရပ်ထားပြီး ကမ္ဘာလှည့်ခရီးသည်များ သည် ဘုရားဖူး၊ ဓာတ်ပုံရိုက်ပြီးသွား၍ ကားပေါ်သို့ တစ်ယောက် ချင်း ပြန်တက်နေကြ၏ ။ ကျွန်ုပ်သည် ဘာရယ်မဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသည်များ ကို ကြည့်နေမိရာ အသက် ဆယ့်ကိုး၊ နှစ် ဆယ်ခန့် တိုးရစ်တစ်ဦးကို မြင်လိုက်သော အခါ ပါးစပ် အဟောင်းသား ဖြစ်လျက် ‘ဟယ်’ ဟုသာ ပြောနိုင်တော့သည်။ အရှေ့တိုင်းနှင့် အနောက်တိုင်း စပ်ထားသော မျက်နှာရှိသည်မှတစ်ပါး ထိုသူငယ်မှာ ကိုကျော်သာ (ခေါ်) ဦးဂန္ဓာမာနှင့် တထေရာတည်း ဆင်တူလှသည်။ ကျွန်ုပ်သည် ဘုရားပန်း ကပ်နေသော ဦးဂန္ဓာမာအား လက်ကုတ်၍ -
“ဆရာတော် … ဆရာတော် ဟိုမှာ ကြည့်ပါဦး၊ ဟိုမှာ ”
ဟု ပြောလိုက်လျှင် ဆရာတော် လည်း ဟိုက်ခနဲ ဖြစ်သွား၏ ။ ထိုအခိုက်ဝယ် ကားပေါ်၌ ရောက်နှင့် နေသော အခြား တိုးရစ်တစ်ဦးက ကားပေါ်မှ ဆင်းလာပြန်သည်။ ထိုလူ့ကို ကြည့်ပြီး ကျွန်ုပ်လည်း ဦးပဉ္စင်းနည်းတူ ပါးစပ်ဟောင်းလောင်း ဖြစ်သွားပေသည်။
ဤတစ်ခါ တွေ့ ရသော တိုးရစ်သူငယ်ကား လူအကောင် အနည်းငယ် ထွားသည်မှ တစ်ပါး ကျွန်ုပ်နှင့် ချွပ်စွပ် တူလှ၏ ။ ဟိုက် … ဧကန္တ …
ကျွန်ုပ်နှင့် ဦးဂန္ဓာမာသည် တစ်ယောက် ကို တစ်ယောက် ကြည့်လိုက်မိ၏ ။ ဦးပဉ္စင်းက မျက်နှာပျက်ပျက်ဖြင့် ခေါင်းညိတ်ပြ၏ ။ ကျွန်ုပ် ရင်ထဲမှာ တဒိတ်ဒိတ် ဖြစ်ကာ ဘာဆက်လုပ် ရမှန်းလည်း မသိတော့ပေ။ ထိုသို့ ရင်ထဲမှာ ဗလောင်ဆူနေခိုက် တိုးရစ် ဘတ်စကားကြီးမှာ ၀ူးခနဲ မောင်းထွက်သွားတော့၏ ။ ကျွန်ုပ်သည် ပြေးလိုက်ရမလို၊ ရပ်ကျန်ခဲ့ရမလို ယောင်နနဖြင့် ဆွေ့ဆွေ့ခုန် ကျန်နေခဲ့ရာမှ ဦးပဉ္စင်း ဦးဂန္ဓာမာကိုသာ လှမ်းကြည့်လိုက်လျှင် တုန်တုန်ယင်ယင်ဖြင့် မျက်စိမှိတ်ကာ ဘုရားစာ ဆိုနေသော ကိုယ်တော် ကို တွေ့ ရလေသည်။
ဦးပဉ္စင်း၏ စိတ်သည် ရုပ်နာမ်တို့၏ ဖြစ်ပျက်ကိုပဲ ရှုနေသလား။
အာဒမ်နှင့် ဧ၀ ဆေးခန်းသို့ပဲ ရောက်နေပြီလား ဆိုတာ ပုထုဇဉ် တစ်ယောက် သာ ဖြစ်သော ကျွန်ုပ် မသိနိုင်တော့ပါတကား။
ကိုထွန်းအောင် … ခင်သူသူထွန်းကို ချစ်သည်မှာ တစ်မြို့လုံးက သိသော ကိစ္စ ဖြစ်သည်။ ခင်သူသူထွန်းကလည်း လူပျိုကြီး ကိုထွန်းအောင်ကို ချစ်ပါသည်ဟု အောင်သွယ်တော် မှ တစ်ဆင့် အဖြေပေးပြီး ဖြစ်ရာ နှစ် ဦး မေတ္တာမျှနေသဖြင့် နောက်တစ်ဆင့်တက်ကာ လက်ထပ်လိုက်ကြရုံသာ ရှိသည်။ ကိုထွန်းအောင်ရော၊ ခင်သူသူထွန်းပါ အရွယ်တော် တစ်ဆိတ်ဟိုင်း၍ နှစ် ဆယ်ကျော် အစိတ်ပိုင်းသို့ ရောက်လာကြရုံသာမက သုံးဆယ့်ငါးနှစ် ကိုပင် ခပ်သီသီ စွန်းထွက်လာခဲ့ကြလေပြီ။
“ခင်ဗျားတို့ မယူကြသေးဘူးလားဗျ၊ မင်္ဂလာဆောင်ပြီးတာနဲ့ ဘိုးဘွားရိပ်သာကို တန်းသွားနေရဦးမယ်နော်”
“ယူချင်တာပေါ့ဗျာ၊ ဒါပေမဲ့ သူ … သူ့မိဘတွေ က ကျွန်တော် နဲ့ သဘောမတူဘူးတဲ့”
“ဘာကြောင့် များ လဲဗျာ”
“ကဗျာယောင်ယောင် စာယောင်ယောင် လုပ်နေလို့ သူ့သမီး ထမင်းငတ်မှာ စိုးလို့တဲ့”
“ဒါ ကတော့ဗျာ … သစ္စာနီတို့၊ အကြည်တော် တို့၊ ပဉ္စမံဒီရိုင်းတို့လို လက်ဖျား ငွေသီးနေတဲ့ စာရေး ဆရာတွေ ဒီအဘိုးကြီး မမြင်ဖူး၊ မကြားဖူးလို့ပါ၊ နို့မို့ဆို သမီး လက်ဆွဲပြီး အတင်း လိုက်ပေးစားတောင်နေပါဦးမယ်”
“အေးဗျ … ကျုပ်က ဒီဆရာတွေ လောက် အ ဖြစ်မရှိတော့ သဘောမတူဘူး ထင်ပါတယ်ဗျာ”
“ဒါဆို ခိုးပြေးဗျာ”
“ပြောကြည့်ပြီးပြီဗျ၊ ဒီအရွယ်ကြီးကျမှ ခိုးရာလိုက်ရမှာ ရှက်ဖို့ကောင်းသတဲ့၊ သူ့မိဘကို ကျုပ်နဲ့ သဘောတူလာအောင် တဖြည်းဖြည်း နားချကြည့်ဦးမယ် ပြောတာပဲ”
ကိုထွန်းအောင်၏ အခင်ဆုံး သူငယ်ချင်း ကိုဖိုးထောင်က မချင့်မရဲလေသံဖြင့် -
“နေပါဦးဗျာ၊ ခင်ဗျားတို့က အခုပဲ သုံးဆယ့်ငါး ကျော်လို့ လေးဆယ်ဘက်ကို နီးလာပြီ၊ ဒီအချိန်မှ မယူကြသေးရင် ဘယ်အချိန်မှ လက်ထပ်ပြီး ကလေးယူမှာ လဲ၊ အချိန်က သိပ်မကျန်တော့ဘူးနော် ဆရာကြီး”
“အေးဗျ၊ ဒါကိုလည်း သူ သဘောပေါက်အောင် ကျုပ် ပြောပြပါတယ်၊ ဒါပေမယ့် သူ ပြန်ပြောတဲ့ စကားတစ်ခွန်းနဲ့တင် ကျုပ်လည်း ဘာဆက်ပြောရမှန်း မသိတော့ဘူး”
“ခင်ဗျား ကောင်မလေး (အဲ) ကောင်မကြီးက ဘာပြောလို့လဲ”
“သူက ပြောတယ်၊ ဒါဆို ရှင်က ကျွန်မကို ချစ်တာ တဏှာတွေ ပေါ့တဲ့”
“အမယ်လေး … အရေး ထဲမှာ မယ်သီလရှင် ဖြစ်မယ့်လူနဲ့ လာတွေ့ နေပါပြီ”
“ဟိုတစ်နေ့ကလည်း ဘီယာ သောက်နေတဲ့ သူငယ်ချင်း တစ်ယောက် က လှမ်းခေါ်လို့ သွားနှုတ်ဆက်မိပါတယ်၊ လမ်းမှာ ဖြတ်သွားတဲ့ အဘိုးကြီးက တွေ့ သွားပြီး ကျုပ်ကို အရက်သမားကြီးလို့ စွပ်စွဲခံရပါပေါ့လား”
“မလွယ်ပါလားဗျာ”
“ဟုတ်တယ်ဗျ၊ ဘယ်သူက သွားပြီး အချွန်နဲ့ မ လိုက်တယ်တော့ မသိပါဘူး၊ အရက်သမား၊ ဖဲသမား၊ လက်ကြောမတင်းတဲ့ ကောင်တဲ့ … စုံလို့ပါပဲဗျာ၊ အဘိုးကြီးက အဓိကပဲ၊ သူ ကြိုက်အောင် ဘယ်လို နေရမယ်ကို မသိတော့ပါဘူး”
ကိုထွန်းအောင်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ့ရည်းစား ခင်သူသူထွန်း၏ အိမ်ဘက်သို့ ထွက်လာခဲ့သည်။ အိမ်သို့ကား တိုက်ရိုက်သွားဝံ့သည် မဟုတ်။ သူ့ယောက္ခမလောင်းကြီးမှာ စားသောက်ဆိုင် ဖွင့်ထားသဖြင့် စားပွဲထိုး ကုလားလေး ဂျာဂျားကို အောင်သွယ်အ ဖြစ် အသုံးပြုရ၏ ။
“အစ်ကို ညကျ ရန်ကုန် သွား ဖြစ်သလားတဲ့၊ အစ်မက မေးခိုင်းလိုက်တယ်”
“သွား ဖြစ်တယ် ဂျာဂျား၊ ငါ အလုပ်သွားရှာမလို့၊ အဆင်ပြေ၊ မပြေ သိရတာ နဲ့ အမြန် ပြန်လာခဲ့မယ်”
“အစ်မ သူသူက ပြောတယ်၊ အစ်ကို ပြန်လာရင် ရန်ကုန်က ဒစ္စကာ (Discovery) ဗီစီဒီခွေတွေ ၀ယ်ခဲ့ပါတဲ့၊ သူ့အဖေ ကျွန်တော့် ဆရာက တိရစ္ဆာန်တွေ ၊ တောကောင်တွေ ကို အရမ်းကြိုက်တယ်၊ အစ်မအတွက် လက်ဆောင်ပေါ့ဗျာ”
“စိတ်ချကွာ၊ ငါ ဆက်ဆက် ၀ယ်လာခဲ့မယ်”
သူတို့ မြို့ကလေးမှာ နိုင်ငံခြား ဗီစီဒီ၊ ဒီဗီဒီခွေများ ကို ဖောဖောသီသီ ၀ယ်၍ မရ။ ကြည့်ချင်သော ခွေ ရှိလျှင် ရန်ကုန်သို့ လူကြုံမှာ ရ၏ ။
ဤသို့ဖြင့် ကိုထွန်းအောင်သည် မြို့ကလေးမှ ငါးရက်ခန့် ပျောက်သွား၏ ။ သူ ပြန်လာသော အခါ ကိုဖိုးထောင်နှင့် သူငယ်ချင်းများ က ဘူတာရုံမှာ လာကြိုသည်။
“အလုပ် အဆင်ပြေလားဗျ”
“မဟန်ခဲ့ပါဘူးဗျာ”
“ကုလားလေး မှာ လိုက်တာကော ပါလား”
“ပါတာပေါ့၊ ဒါတော့ ဘယ်ပေးမလို့လား”
“ခင်ဗျား အခု သွားပေးမလို့လား”
“ညတွင်းချင်းတော့ သွားပေးလို့ မရဘူး၊ မနက်ကျမှ ကောင်လေးကို ပေးခိုင်းရမယ်”
“ဒါဆို ကျုပ်တို့ ကြည့်ချင်လို့ ခဏငှားပါဗျာ၊ မနက်ကျ ကျုပ်အိမ်မှာ ၀င်ယူပေါ့”
“မပျောက်စေနဲ့နော် ကိုဖိုးထောင်”
“အေးပါဗျ”
စားသောက်ဆိုင်တွင် နေ့ခင်းဘက် လူပါးသည်နှင့် ဦးထွန်းဇံသည် ဆက်တီထိုင်ခုံကို အကျအန ချကာ တီဗီရှေ့တွင် ထိုင်လိုက်၏ ။ ခင်သူသူထွန်းနှင့် သူ့မိခင် ဒေါ်မြစန်းအပြင် စားပွဲထိုးလေး နှစ် ယောက် ပါ သူတို့နှင့် အတူ ထိုင်၍ နေရာ ယူလိုက်ကြသည်။
“ကဲ … ကြည့်မယ်၊ ခွေထိုးဟေ့”
“ဘယ်ခွေ အရင်ကြည့်မလဲ အဖေ၊ အားလုံး ဒစ္စကာဗာရီတွေ ပဲ”
“သမီး ကြိုက်တာ အရင်ပြပါကွယ်”
“ဟုတ်ကဲ့ အဖေ”
ခင်သူသူထွန်း ဗီစီဒီခွေကို စက်ထဲ ထည့်၍ (Play) နှိပ်ကာ ထိုင်ခုံတွင် ပြန်ထိုင်လိုက်၏ ။
အလွန် မြင့်မား မတ်စောက်သော တောင်တန်းကြီးတစ်ခု ပေါ်လာသည်။ ကျားတွေ ၊ ကျားသစ်တွေ ကျက်စားသော အမေဇုန်တောထဲက တောင်တန်းကြီးလားဟု ဦးထွန်းဇံ မျက်မှန်ကို အ၀တ်ဖြင့် သုတ်ကာ စိုက်ကြည့်သည်။ ရုပ်မြင်သံကြား ဖန်သားပြင်အပြည့် (close up) ဆွဲထားသော တောင်တန်းကြီးမှာ တဖြည်းဖြည်း အဝေးရိုက်ချက် (zoom out) သို့ ဆွဲယူလိုက်ရာ-
“ဘာကြီးလဲဟ”
“ဟင် …”
“ဟယ် …”
“အမယ်လေး …”
“ပိတ် ပိတ် … ဟိုဟာကြီးဟ”
တစ်အိမ်လုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။ စားပွဲထိုးလေး ဂျာဂျားက တီဗီကို မပိတ်တတ်သဖြင့် သူ ၀တ်ထားသော ပုဆိုးကို ချွတ်၍ ကပျာကယာ တီဗီဖန်သားပြင်ကို ပြေးဖုံးလိုက်သည်။ (မှတ်ချက် … ကုလားလေးမှာ အတွင်းခံဘောင်းဘီတို ၀တ်ထားပါသည်)
“တောက် …”
ဦးထွန်းဇံမှာ ဒေါသဖြင့် မျက်နှာကြီး နီလျက် ၀ုန်းခနဲ ထရပ်ကာ-
“သမီး ဒီအခွေ ဘယ်က ရတာ လဲ”
“သမီးရည်းစား ကိုထွန်းအောင် ပေးတာပါ ဖေဖေ”
“ဟေ … နင်တို့က ဒီအပြာခွေတွေ ကို ဖလှယ်ပြီး ကြည့်ကြတဲ့ အဆင့်ကိုတောင် ရောက်နေပြီ၊ ဟုတ်လား”
“ဟုတ်ပါတယ် အဖေ၊ အဲ … မဟုတ်ပါဘူး၊ ဟို သမီး မှာ လို့ သူက ယူလာတာ၊ ဟိုက် … မဟုတ်ပါဘူး အဖေ”
ခင်သူသူထွန်းမှာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် စကားများ မှားကုန်သည်။
“တော် စမ်း၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ၊ ငါ့သမီးနဲ့ ဒီသူငယ်က ဒီအဆင့်တောင် ရောက်နေကြမှကိုး၊ ဟေ့ … ငါ နင့်ကို ရှင်းရှင်းပဲ တစ်ခွန်းတည်း ပြောမယ်၊ ဘာမှ ထပ်မရှည်ကြနဲ့”
ဦးထွန်းဇံ တစ်ချက်လွှတ် အမိန့် ချမှတ်တော့မည် ဆို၍ အားလုံးတုတ်တုတ်မျှ မလှုပ်ဘဲ တိတ်ဆိတ်သွားကြသည်။
“မနက်ဖြန်ကျရင် နင့်ရည်းစားကို လူကြီးစုံရာ ခေါ်လာပြီး နင့်ကို လာတောင်းခိုင်းလိုက်၊ ဒါပဲ”
ကိုထွန်းအောင်နှင့် ခင်သူသူထွန်းတို့၏ မင်္ဂလာပွဲမှာ သူတို့ မြို့ကလေးတွင် တော့ အတော် အတန် ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲတစ်ခု ဖြစ်ခဲ့သည်။ မင်္ဂလာပွဲ၌ ကိုထွန်းအောင်၏ သူငယ်ချင်း ကိုဖိုးထောင်သည် မင်္ဂလာလက်ဖွဲ့လက်ခံသည့် စားပွဲတွင် ထိုင်ကာ သတို့သမီးနှင့် သတို့သားကို ပြုံးပြုံးကြီး ကြည့်နေ၏ ။
ဆံပင်ညှပ်ဆိုင်မို့ ကာလသားတွေ လူဝင်လူထွက် များ သော သူ့အိမ်မှ ဒစ္စကာဗာရီခွေ မျက်နှာဖုံးနှင့် အတွင်းသားဓာတ်ပြားကို ပျာယီးပျာယာဖြင့် မှားထည့်သွားသော ကိုထွန်းအောင်၏ အ ဖြစ်ကို တွေးမိတိုင်း သူ့မျက်နှာမှာ မျက်နှာပိုးသတ်၍ မရအောင် စပ်ဖြဲဖြဲကြီး ဖြစ်သွားတတ်လေသည်။
ငြိမ်းကျော် … မောင်စိန်ဝင်း (ပုတီးကုန်း) အစ …
တာရာမင်းဝေ … မင်းခိုက်စိုးစန် အလယ် …
လူနေ … လင်းညို့သွေးတို့ အဆုံး …
အနုဆုံး၊ အရွဆုံး၊ အလန်းဆုံး ဆိုတဲ့ စာသားတွေ ကို သူ နှုတ်တက်ရွရွ အာဂုံရအောင် တစ်နေ့လုံး တတွတ်တွတ်နဲ့ အလွတ်ကျက်တယ်။ ချစ်သူနဲ့ တွေ့ ရင် ရေခဲတုံး မီးသဂြိင်္ုဟ်စက်ထဲ ထည့်လိုက်သလို အရည်ပျော်သွားမယ့် အဖွဲ့အနွဲ့တွေ ကို သူ လေ့လာတယ်။ တစ်ချက်တည်းနဲ့ ဘ၀င်ခိုက်သွားမယ့် မိန်းကလေးကြိုက် အလှဘွဲ့တွေ ကို မှတ်သားတယ်။ သူဟာ ဒီတိုက်ပွဲအတွက် အတော် ကြီးကို စနစ်တကျ ပြင်ဆင်ခဲ့တာပါ။ ရပ်ရွာက ဂေါ်မစွံလူပျိုကြီးလို့ ခေါ်ကြတာလည်း စိတ်ကုန်လှပြီ။ တကယ်ဆို သူ့အသက် သုံးဆယ် ဆိုတာ သိပ်ပြီး အသက်ကြီးသေးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အချစ်ကံ အလွန်ခေပြီး ‘ကိုယ်က ချိန်လိုက်၊ လင်နောက်လိုက်’ ဆိုတဲ့ စကားပုံလိုလို၊ သရော်စာလိုလိုဟာကြီးထဲကအတိုင်း ကွက်တိကို ဖြစ်နေတော့တာ။ တကယ်က သူဟာ ရုပ်ရည်လည်း သိပ်ဆိုးလှတာ မဟုတ်ဘူး။ ချောတယ်လို့ မဆိုနိုင်ပေမယ့် သပ်သပ်ရပ်ရပ် ၀တ်လိုက်၊ စားလိုက်ရင် အသားလေး ခပ်လတ်လတ်၊ နှာတံပေါ်ပေါ်နဲ့ပိုင်ဇေရဲထွန်းတို့နီးပါး ကြည့်ပျော်ရှုပျော် ရှိတဲ့သူပါ။ ဒါပေမဲ့ သူ့မှာ ရည်းစားမရအောင် ဖျက်နေတဲ့ အားနည်းချက် နှစ် ခု ရှိတယ်။
ဘယ်ဘ၀က ၀ဋ်ကြွေးလဲ မသိဘူး။ အသက် နှစ် ဆယ်လောက်က စပြီး သူ့ငယ်ထိပ်က ဆံပင်တွေ ဟာ ဖြည်းဖြည်းချင်း ပြောင်လိုက်လာတာ။ အခု အသက် သုံးဆယ်မှာ တော့ ရုပ်ပြောက်ကာတွန်းထဲက ဦးပြောင်ရှင်း ဆိုတဲ့ သူက အဘ ခေါ်ရအောင်ကို ပထမတန်းစား ထိပ်ပြောင် တစ်ယောက် ဖြစ်လာခဲ့တယ်။ ခေါင်းတစ်ခေါင်းလုံး ဆံပင်မပေါက်တာမျိုးလည်း မဟုတ်ဘူး။ တောမီးလောင်ပြီး ငြိမ်းသွားသလို အလယ်တည့်တည့်မှာ ကွက်ပြီး ကျန်ခဲ့တာ ဘယ်လောက် အခံရခက်သလဲဗျာ။ ထိပ်ပြောင်တို့ရဲ့ ထုံးစံအတိုင်း ဘေးဘီဝဲယာက မရှိမယ့် ရှိမယ့် ဆံပင်လေးတွေ ကို ထိပ်ပြောင်ပေါ်မှာ တတ်နိုင်သလောက် ဖုံးဖိထားပေမယ့် မရဘူးဗျို့။ ပြောင်တာက ပြောင်တာပါပဲ။ စာနဲ့ တစ်မျိုး၊ ဖုန်းနဲ့ တစ်ဖုံ၊ အင်တာနက်က တစ်နည်း ချစ်ကြိုးသွယ်ခဲကြတဲ့ မိန်းကလေးတွေ ဟာ ပထမတစ်ခါ ချိန်းတွေ့ ပြီးတာနဲ့ -
“ချစ်တော့ ချစ်တယ်၊ ထိပ်ပြောင်ကြီးမို့ ရှေ့မဆက်ပါရစေနဲ့တော့”
လို့ တပ်ခေါက်သွားတာချည်းပါပဲ။
သူ့ရဲ့ နောက်ထပ် အားနည်းချက် တစ်ခုက နှုတ်ကြမ်းတာပဲ။ စကားကို ဘယ်တော့မှ ချိုချိုသာသာ သိမ်သိမ်မွေ့မွေ့ မပြောတတ်ဘူး။ ပိဿလေးနဲ့ ဘေးပစ်သလို ပြောလိုက်ရင် ဘုကန့်လန့်ချည်းပဲ။ ဟိုတစ်ခါတုန်းကလည်း ကောင်မလေး တစ်ယောက် နဲ့ ရည်းစား ဖြစ်ပြီး ပထမဆုံး ချိန်းတွေ့ ကြတယ်။ ကောင်မလေးက ခပ်ချောချောလေးပါ။ ဒါပေမဲ့ စကား ကတော့ အင်မတန် များ တယ်။ ရောက်လာကတည်းက ပြောလိုက်တာ တတွတ်တွတ်နဲ့ မနားတော့ဘူး။ ကြာတော့ သူ နားငြီးလာတယ်။ သည်းမခံနိုင်တော့ဘူး။ ‘ကျွန်မကို ချစ်ရဲ့လား ဟင်’ လို့လည်း မေးရော ‘သိပ်ချစ်တာပေါ့ ဒေါ်သာလိကာရယ်’ လို့ ပြောလိုက်တာ ကောင်မလေးလည်း စိတ်ဆိုးပြီး အဲဒီ နေ့မှာ တင် ဖြတ်စာပို့တာပဲ။
ဒီနေ့တော့ သူ့အားနည်းချက် နှစ် ခုစလုံးကို ပြင်လိုက်တယ်။ မိုးနတ်သူဇာ အလှပြုပြင်ရေး ပိုင်ရှင် မိတ်ကပ် မာမီစိုးဆီက ဆံပင်တု တစ်ခု သွားငှားပြီး သူ့ရဲ့ ခေါင်းမှာ စွပ်လိုက်တော့ ထိပ်ပြောင်တာ ပျောက်ပြီး သူ့ရဲ့ကေက ကိုးရီးယား မင်းသား ရိမ်းလိုလို ဘာလိုလို ဖြစ်သွားတယ်။ ဘုကန့်လန့် ပြောတတ်တဲ့ ၀သီကို ဖျောက်နိုင်ဖို့အတွက်တော့ စောစောက ပြောသလို နာမည် ကြီးစာရေး ဆရာတွေ ရဲ့ အချစ်ဝတ္ထုတွေ ဖိဖိတ်ရတော့တာပဲ။ ကောင်မလေးနဲ့ တွေ့ တဲ့အခါ ၀တ္ထုထဲက ချစ်စကား၊ ကြိုက်စကား အနုအရွ ဒိုင်ကြောင်တွေ ကို ဟုတ်ဟုတ် မဟုတ်ဟုတ် ရွတ်ပြလိုက်မဟဲ့လို့ အားခဲထားတယ်။
အင်တာနက်မှာ ချက်တင် (chatting) လုပ်ရင်း အဆင်ပြေ ရည်းစား ဖြစ်တဲ့ ကောင်မလေးနဲ့ အင်းလျားကန်ပေါင်မှာ တွေ့ ဖို့ ချိန်းထားတယ်။ ဓာတ်ပုံချင်းတော့လည်း ကြည့်ပြီးကြပါပြီ။ အပြင်မှာ တော့ ဒီနေ့မှာ မှ ဆုံရမှာ မို့ သူ့ရင်တွေ ခုန်နေတယ်။
ကောင်မလေးက သူ ထင်တာထက် ပိုချောနေတယ်။ ဒါပေမဲ့ သူ့ကို ပေးထားတဲ့ ဓာတ်ပုံထဲကထက် အပြင်မှာ သုံးနှစ် လောက် ပိုကြီးနေတာ တွေ့ ရတယ်။ ဒါပေမဲ့ အရမ်းကြီး အသက်ကြီးတာတော့ မဟုတ်ပါဘူး။ အသက်က နှစ် ဆယ့်ခြောက်ပတ်ဝန်းကျင်လောက်ပဲ ဖြစ်မှာ ပါ။ ကိုယ်ခန္ဓာ ကတော့ တော် တော် လှတယ်။ လှယဉ်ကျေးမယ် ဘော်ဒီမျိုးပဲ။ စကတ်ထဘီ ခပ်ကျပ်ကျပ်ကို ၀တ်ထားတာမို့ တင်သားကြီးတွေ ဟာ အိစက်တင်းကား နေကြတယ်။ တံတွေးကို ဂလုခနဲ မျိုချရင်း ခန္ဓာကိုယ်ချင်း နီးနိုင်သမျှ နီးစပ်အောင် ပူးကပ်ထိုင်ပြီး ကောင်မလေး ခိုက်သွားအောင် ၀တ္ထုစာအုပ်ထဲက စာသားတွေ ကို ရွတ်ပြလိုက်တယ်။
“ရိုးသားလွန်းတဲ့ မင်းရဲ့ မျက်နှာလေးကို ဟန်ဆောင်ခြင်း ကင်းမဲ့စွာ ဒီရင်မှာ ချစ်မိနေပြီ၊ ငါ့ရဲ့ အပြစ်တွေ ကို ခွင့်လွှတ်ပေးနိုင်ရင် ငါ့အတွက် ချစ်ခွင့်တစ်ခုလောက် ပေးသနားလှည့်ပါကွာ”
“အစ်ကို ဘာတွေ လျှောက်ပြောနေတာလဲဟင်”
“သြော် … ဟိုဟာလေ၊ ၀တ္ထုစာအုပ်တွေ ထဲက ခိုးချ၊ အဲ … ဟုတ်ပါဘူး၊ ညီမကို ချစ်တဲ့အကြောင်း ပြောတာ”
“ သွားပါ၊ ယောက်ျားတွေ ဟာ ဒီလိုချည်းပဲ၊ တွေ့ စတော့ ချစ်တယ် ချစ်တယ်နဲ့ နောက်တော့ ဟုတ်တာလည်း မဟုတ်ဘူး၊ ကဲ ဒီ့အပြင်အကြောင်း ပြော”
“ဘာအကြောင်း ပြောရမလဲ”
“အစ်ကို ဘာဝါသနာပါလဲ၊ အဲဒီ အကြောင်း ပြော”
“အစ်ကို လှယဉ်ကျေးမယ်ပြိုင်ပွဲတွေ သွားတာ ၀ါသနာပါတယ်၊ အဲလေ … ဘွာတေး … ဘောလုံးပွဲ ၀ါသနာပါတယ်”
“ဟယ် … ကျွန်မနဲ့ အကြိုက်တူနေပြီတော့၊ ပြောစမ်း ပြောစမ်း၊ ဘယ်အသင်းကို အားပေးတာလဲ၊ ကျွန်မ ကတော့ မန်ယူမှ မန်ယူပဲ”
“အစ်ကိုက ချယ်ဆီး ပရိသတ်ပါ”
“ဟင် … အစ်ကိုကလည်း ချယ်ဆီး အစုတ်ပလုတ်ကြီးကို ဘာလို့ အားပေးသေးလဲ၊ မန်ယူမှာ ဆို ဒိုလေး ရှိတယ်၊ ရွန်နီ ရှိတယ်၊ တိဗက် ရှိတယ်၊ ဂိုးသမားကလည်း အရပ်ရှည်ကြီး၊ ဗန်ဒါသီး အဲ … ဟုတ်ပေါင်၊ ဗန်ဒါဆား ရှိတယ်၊ မန်ယူကမှ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်း”
“အကောင်းဆုံးအသင်းဆို ဘာ ဖြစ်လို့ ပို့(စ်)မောက်တို့၊ လီဗာပူးတို့ကို ရှုံးသေးလဲ”
“ဘောလုံးအသင်းပဲ၊ တစ်ခါတလေတော့ ရှုံးမှာ ပေါ့၊ အစ်ကိုတို့ ချယ်လ်ဆီးအသင်းကရော ပြိုင်တိုင်း နိုင်နေလို့လား”
“အေး … ငါတို့အသင်းက အိမ်ကွင်းမှာ ရှုံးပွဲမရှိ စံချိန်တင်ထားတာနင် ဘောလုံးဂျာနယ် ၀ယ်ဖတ်လိုက်ဦး”
“ရှင်တို့အသင်းက မရှုံးတာလည်း မပြောနဲ့၊ နည်းပြဆရာရော၊ ဘောလုံးသမားတွေ ရော၊ အို ရှင် … အားပေးတဲ့ လူတွေ ရော တစ်ယောက် မှ သိက္ခာမရှိဘူး၊ ပယ်နယ်တီ လိုချင်လို့ အလကားနေရင်း အားလျားမှော က် ဒိုင်ဗင်ပစ်ရတာ နဲ့ ပလီပလာ ဒဏ်ရာ ရချင်ယောင်ဆောင်ရတာ နဲ့ ဒရော့ဘာ ဆိုတဲ့ကောင်ဟာ ကျက်သရေကို မရှိပါဘူး”
“နင်တို့ မန်ယူမှာ ကော ကျက်သရေရှိတဲ့ကောင် ဘယ်နှယောက် ပါလို့လဲ”
“ပေါလို့ပေါ့တော် ၊ ဥပမာ … ရော်နယ်ဒိုလေးဆို ကြည့်၊ ဘယ်လောက်ကျက်သရေရှိလဲ၊ ရုပ်ကလည်း ချောလိုက်ပါဘိနဲ့”
“သြော် … နင်က ဘောလုံးပွဲကြည့်တာ ဘဲကြောင်ပြီးတော့ ကြည့်တာပေါ့၊ ဟုတ်လား၊ နင်တို့ ပြောပြောနေတဲ့ ဒိုလေး ဆိုတာ မိန်းမလျာလိုကောင် မဟုတ်လား၊ သူ့ကို ဘောလုံး ခပ်ကြမ်းကြမ်း ဖျက်ထုတ်ပြီဆို ငိုမလို မျောက်မျက်နှာနဲ့ အလကား အခြောက်”
“ရှင် … နော် … ရှင် ဒိုလေးကို မထိနဲ့”
“ထိတော့ ဘာ ဖြစ်လဲ၊ နာနေရအောင် အဲဒီ ဒိုလေး ဆိုတဲ့ကောင်က နင့်လင် မို့လို့လား”
“ဘာရှင့်၊ ကဲဟယ် စော်ကားဦး”
“ရှလွတ် … ဖလပ်”
“ဟိုက် …”
ဒေါသနဲ့ သူလည်း စွတ်ကောလိုက်တာ ကောင်မလေးကလည်း သူ့လိုပဲ စိတ်ကြီးတယ် ထင်တယ်။ ဘာမပြော ညာမပြော သူ့ဆံပင်ကို ဆွဲပြီး ပါးကို လက်ဝါးနဲ့ တွယ်လိုက်တယ်။ တကယ်ဆို သူ့ပါးနဲ့ ကောင်မလေး လက်ဝါးထိသံဟာ ‘ဖျန်း’ လို့ အသံမြည် ရမယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ကောင်မလေးက သူ့ဆံပင်ကို ဒေါသအလျောက် ဆွဲလိုက်တဲ့အချိန်မှာ မာမီစိုး ဆိုင်က ငှားလာတဲ့ ဆံပင်တုကြီးဟာ ‘ရှလွတ်’ ဆို ကျွတ်ထွက်သွားတော့ ကောင်မလေးလက်ဟာ ချိန်သားမကိုက်တော့ဘဲ သူ့ပါးနဲ့ လက်ဖျားလေး ရှပ်ထိရုံပဲ ထိလို့ ‘ဖလပ်’ ဆိုတဲ့ အသံထွက်လာတာပါ။ ‘ဟိုက်’ ဆိုတာ ကတော့ ထိပ်ပြောင်တာ ဖုံးထားကာမှ ဘွားခနဲ ပေါ်သွားလို့ စိုးရိမ်ပြီး အော်လိုက်တဲ့ သူ့အသံပေါ့။
ကောင်မလေး မျက်နှာဟာ ဒေါသကြောင့် နီမြန်းနေရာကနေ အံ့သြတဲ့မျက်နှာ၊ အံ့သြတဲ့ မျက်နှာကနေ အ ဖြစ်အပျက်ကို သဘောပေါက်သွားပြီး စပ်ဖြဲဖြဲ မျက်နှာ ဖြစ် သွားပါတယ်။ သူလည်း ရှက်ရှက်နဲ့ …
“ကောင်မ၊ အဲဒီ လောက်တောင် ရှိလှတာ၊ ကဲဟယ်”
ဆိုပြီး ဖင်ကို ဆောင့်ကန်လိုက်တယ်။ ကောင်မလေးကလည်း မြ၀တီနဲ့ မြန်မာ့အသံက လာတဲ့ တရုတ်သိုင်းကားတွေ ကြည့်ထားသလားတော့ မသိဘူး။ သူ့ကန်ချက်ကို ခါးကော့ပြီး ရှောင်တယ်။ သူ့ကန်ချက်ဟာ ကောင်မလေးရှောင်လိုက်တာကြောင့် မူလ ရည်မှန်းထားတဲ့ တင်ပါးလုံးလုံး အိအိကြီးကို တည့်တည့် မထိဘဲ ရှပ်ထိသွားတယ်။ အဲဒီ မှာ နှစ် ယောက် လုံး အရှက်ကွဲဖို့ ဖြစ်လာတာပဲ။ ကောင်မလေး တင်ပါးလုံးလုံး ကစ်ကစ်ကြီးဟာ နေရာရွေ့ပြီး ဘေးဘက်ကို ရောက်သွားတယ်။ လတ်စသတ်တော့ ကောင်မလေးဟာ တင်တုကြီးဝတ်လာတာဗျ။ အခုတော့ ကောင်မလေးဟာ လူရွှင်တော် တွေ ရဲ့ ပြက်လုံးထဲကလို လေယာဉ်ပျံနဲ့ ကွင်းနဲ့ လွဲနေပြီ ဆိုတာမျိုး ဖြစ်ပြီး ဖစ်ဆိုဒ် ဖြစ်အောင် ပြန်ဆွဲချနေရတယ်။ အဲဒီ အချိန်မှာ သူ့ဒေါသတွေ လည်း ပျောက်ကုန်ပါပြီ။
“ဟား ဟား ဟား … ဖင်တုကြီး”
လို့ အော်ပြီး သူလည်း မြေကြီးပေါ်ကျနေတဲ့ ဆံပင်တုကြီး ကောက်ကိုင်ပြီး အင်းလျားကန်ပေါင်ပေါ်က ပြေးဆင်းခဲ့တယ်။
ညနေစောင်း လူစည်ကားတဲ့ အချိန်မို့ ဖြတ်သွားဖြတ်လာထဲက သူတို့အ ဖြစ်ကို မြင်ပြီး ရယ်ကြသူတွေ လည်း မနည်းပါဘူး။
သူ့စိတ်ထဲမှာ တော့ မနေ့က တစ်နေ့လုံး ကြိုးစားပမ်းစား ကျက်ထားရတဲ့ ၀တ္ထုထဲက အချစ်စာသားလေးတွေ ကုန်အောင် ရွတ်မပြလိုက်ရတာ နှမြောလို့ မဆုံးဘူး။
ကြာခဲ့ပြီ။ သူနှင့် ပြန်တွေ့ ခွင့်ရလိမ့်မည် ဟု ကျွန်တော့် ဘ၀တစ်လျှောက်လုံးမျှော်လင့်ချက် မထားတော့ဘဲ လက်လျှော့ထားခဲ့မိသည်မှာ အနှစ် နှစ် ဆယ်ခန့်ပင် ရှိခဲ့လေပြီ။ ခွဲခွာခဲ့ရစဉ်တုန်း ကတော့ ဖျပ်ဖျပ်လူးအောင် ခံစားခဲ့ရသည်။ R.C (2) ခေါ် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) သို့ နေ့စဉ် ကျောင်းလာတိုင်း သူ စီးလာတတ်သော တိုယိုတာ Mark (2) ကား အဖြူလေးကို တွေ့ တိုင်း သူ့ကို သတိရသည်။ မင်္ဂလာဒုံလေဆိပ်ကို ရောက်တိုင်း လေယာဉ်ကြီးများ ကို ကြည့်ကာ ရေခြားမြေခြား တိုင်းတစ်ပါးသို့ ထွက်ခွာသွားသော သူ့ကိုလွမ်းဆွတ်မိသည်။ သူ ဆိုသည်ကား တက္ကသိုလ် လေးနှစ် တာအတွင်း စိတ်တူကိုယ်တူ ချစ်ခဲ့ရသူ ဟေမာန်နှင်းစု ခေါ် ကျွန်တော့်  ရည်းစားပေတည်း။
သူနှင့် ကျွန်တော် လည်း တက္ကသိုလ်တွင် မေဂျာတူချင်း အနေနီးကာ ချစ်သူတွေ ဖြစ်ခဲ့ကြသော်လည်း အဆင့်အတန်းချင်း ကွာခြားလှသည်။ သူတို့အသိုင်းအ၀ိုင်းက ကျိကျိတက် ချမ်းသာလှသည်။ ရွှေတောင်ကြားထဲမှာ နေသည်။ ကျောင်းလာလျှင် ကိုယ်ပိုင်ကားနှင့် လာသည်။ ဗိုလ်ချုပ်ဈေးတွင် ကျောက်မျက်ဆိုင်တစ်ဆိုင် ရှိသည်။ ကျွန်တော် ကတော့ ၀န်ထမ်းသားသမီးထဲ က ဖြစ်၍ လူလတ်တန်းစားအဆင့် ခပ်လျော့လျော့ ဖြစ်သည်။ နယ်မှ ဆယ်တန်းအောင်၍ ရန်ကုန်တက္ကသိုလ် လာတက်တော့ အဆောင်မှာ နေရသည်။ အဆောင်ကြေး မှန်မှန်ပေးနိုင်ဖို့ကိုပင် မနည်း ကြိုးစားရသည်။ ကျောင်းသွားလျှင် ဘတ်စ်ကားကို တိုးစီးရသည်။
သို့သော် အားနည်းချက် ရှိသူတွေ မှာ လည်း အားသာချက် ရှိတတ်သည်။ ကျွန်တော် သည် ဆင်းရဲသော်လည်း စာတော် သည်။ ကျူရှင်ယူသော ကျောင်းသားများ ၏ စာကို ကျူရှင်မယူသော ကျွန်တော် က ပြန်ရှင်းပြနိုင်သည်။ ကျူရှင်တက်သော ဟေမာန်နှင်းစုက အင်္ဂလိပ်လို ရေး ထားသော ကမ္ဘာ့သမိုင်းမှတ်စုများ နှင့် နိုင်ငံတကာ ဆက်ဆံရေး (I.R) မှတ်စုများ ကို နားမလည်၍ ကျွန်တော့် ထံမှာ လာမေးလျှင် စိတ်ရှည်လက်ရှည် ရှင်းပြမိသည်။ တစ်ခါတစ်ရံ စာသင်ခန်းထဲမှာ ၊ တစ်ခါတစ်ရံ တရုတ်စံကားပင်အောက်မှာ ၊ တစ်ခါတစ်ရံ အင်းလျားလေး ကန်ရေစပ်မှာ (အင်းလျားလေးကန်သည် အင်းလျားကန်နှင့် ဆက်စပ်နေပြီး ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ကျောင်းဝင်းထဲတွင် ရှိသော ရေကန်ကလေး ဖြစ်သည်) စာရှင်းပြရင်း မကြာခဏ နှစ် ယောက် တည်း တွေ့ ကြသည်။ ကြာတော့ သံယောဇဉ် ငြိတွယ်မိကာ ချစ်သူတွေ ဖြစ်ကြသည်။
ကျွန်တော့် ချစ်သူသည် အလွန်လှသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ ထိုခေတ် ထိုအခါက ခေတ်စားခဲ့သော ရုပ်ရှင်မင်းသမီး ခိုင်ခင်ဦးတို့ ဖိုဘီကိတ်တို့လို သွယ်သွယ်လျလျဖြင့် လှပသူ ဖြစ်သည်။ သူ လမ်းလျှောက်လာလျှင် ရွှေရောင် သစ်ရွက်ကလေး တစ်ရွက် လေတိုက်၍ မြေမှာ လွင့်လာသလို ကဗျာဆန်လှသည်။ ပါးလျ၍ လေးကိုင်းသဖွယ် ကွေးညွှတ်နေသော သူမ၏ နှုတ်ခမ်းပါးပါးလေးကို ကြည့်ကာ စာရူး၊ ကဗျာရူး ဖြစ်သော ကျွန်တော် က ‘သန္တာရသမြောက် နှုတ်ခမ်းတစ်စုံ’ ဟူသော ခေါင်းစဉ်ဖြင့် ကဗျာ ရေး ဖွဲ့ခဲ့သည်။
ထိုသို့ ကျွန်တော် အဆင်ပြေ ကောင်းစားနေသည်ကို မိုးနတ်မင်းကြီးက မကြည့်ရက်လေသလော မသိ။ လောကကြီး၌ ကြည်နူးချမ်းမြေ့ဖွယ် အခွင့်ကောင်း၊ အခါကောင်းတို့သည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်မျှ တိုတောင်းသော ကာလလောက်သာ တည်တံ့လေ့ ရှိပြီး တချို့ ဆိုးဝါးယုတ်ညံ့သော ကိစ္စများ မှာ မူ ကမ္ဘာမပျက်မချင်း တည်တံ့တော့မလို ရှိတတ်သော လောက၏ နိယာမတရားအတိုင်း ကျွန်တော် တို့နှစ် ယောက် အချစ်ရေး မှာ ကောင်းခန်းမှာ ရပ်ရရှာလေသည်။ ပြဿနာကို ဆတ်ဆတ်ဆော့ဆော့ မီးမွှေးသူမှာ သူ့အစ်မ၀ဿန်မိုးစု ဖြစ်ပြီး ဆုံးဖြတ်ချက်ချသူမှာ အသားဖြူဖြူ၊ ဗိုက်ရွှဲရွှဲ၊ နှုတ်ခမ်းမွှေးကော့ကော့နှင့် သူ့အဖေ ဦးမြတ်စု ဖြစ်သည်။
ကျွန်တော် သည် အလုပ်အကိုင် အတည်တကျ မရှိ၊ စာရေး ဆရာ ယောင်ယောင် ဘာယောင်ယောင်ဖြင့် ယောင်ဆစ်စတိ လုပ်နေသဖြင့် ကျွန်တော် နှင့် ညားလျှင် သူ့ညီမ ပဲပြုတ်ပဲ နေ့စဉ် စားနေရလိမ့်မည် ဟု သူ့အစ်မ၀ဿန်မိုးစုက အဆိုတင်သွင်းပြီး ကျွန်တော် ၏ ချစ်သူကိုယ်တိုင်က ထောက်ခံမဲပေးကာ အဘိုးကြီးက သူ့သမီးကို နိုင်ငံခြား ပို့လိုက်ခြင်းဖြင့် ကျွန်တော့် အချစ်ဇာတ်လမ်းမှာ နိဌိတံလေပြီ။
ကျွန်တော် လည်း သူ လမ်းခွဲသွားသည့်နေ့မှ စကာ ပဲပြုတ်ကို နာမည် မျှ မကြားချင်လောက်အောင် စိတ်အနာကြီး နာသွားပြီး စာရေး ဆရာများ ဆင်းရဲ၍ ပဲပြုတ်နှင့် ထမင်း စားရသည်ဟူသော အယူအဆဟောင်းကို ချိုးဖျက်အံ့ဟု ရဲရဲတောက် ဆုံးဖြတ်၍ ကြိုးစားခဲ့ရာ စာရေး သက် အတော် အတန် ရလာသော အခါ ပဲပြုတ်နှင့် ထမင်း မစားရတော့ဘဲ ဘူးသီးကြော်နှင့် စားနိုင် သောက်နိုင်သည်အထိ ကြီးပွား တိုးတက်ခဲ့လေသည်။ စာရေး သက် နှစ် နှစ် ဆယ်အတွင်း ထိုက်သင့်သလောက် နာမည် ရကာ တစ်ဖက်မှလည်း ၀ါသနာပါရာ ဧည့်လမ်းညွှန်အလုပ်ကို ပူးတွဲ လုပ်ကိုင်ခဲ့သဖြင့် အဆင်ပြေသင့်သလောက် ပြေခဲ့သော်လည်း အချစ်ရေး မှာ မူကား ခဲမှန်ဖူးသော စာသူငယ်ကဲ့သို့ တာထွက် မကောင်းခဲ့ခြင်းအတွက် အထိတ်လန့်ကြီး ထိတ်လန့်ကာ မိန်းမချော မိန်းမလှလေးများ နှင့် ဆုံစည်းရပါသော်လည်း နီးစပ်ပတ်သက်ဖို့ အရေး ကို စိတ်မရဲနိုင်အောင် ဖြစ်နေရချေသည်။ (မယုံပါက ရယ်စရာမဂ္ဂဇင်း အယ်ဒီတာများ သို့ မေးကြည့်ကြပါကုန်)
ထိုသို့ ရှိစဉ် နှစ် ပေါင်းများ စွာ အိပ်မောကျနေသော ကျွန်တော့် နှလုံးသားသည် တယ်လီဖန်းခေါ်သံတစ်ခုကြောင့် ပြန်လည် နိုးထ အသက်ဝင်လာရပေတော့မည် ။
“ဟလို … စာရေး ဆရာ မောင်မောင်မူး (ကမ္ဘာမြေ) နဲ့ ပြောချင်လို့ပါ”
“ဟုတ်ကဲ့ ပြောနေပါတယ်၊ ကျွန်တော် မောင်မောင်မူးပါ”
“ဟယ် … ၀မ်းသာလိုက်တာရှင်၊ ကျွန်မ အသံကို မမှတ်မိဘူးလား”
“လမ်းထိပ် အပေါင်ဆိုင်က မတင်မြင့်လား၊ မတင်မြင့်ရေ ... ဟိုတလောက ထားခဲ့တဲ့ လည်ကတုံးအကျီင်္နဲ့ ယောလုံချည်ကို အပေါင်ဆုံးပစ္စည်းထဲတော့ ထည့်မရောင်းလိုက်ပါနဲ့ဗျာ၊ စာမူခ ရရင် ဆက်ဆက်ရွေးမှာ ပါ”
“ဘယ်က မတင်မြင့်ရမှာ လဲ၊ မောင် ကတော့ အရင်တုန်းကလို စချင်နောက်ချင်တုန်းပဲ၊ ကျွန်မလေ လွန်ခဲ့တဲ့ နှစ် နှစ် ဆယ်က ရှင့်ရဲ့ အချစ်ဟောင်း ဟေမာန်နှင်းစု၊ မှတ်မိပြီလား”
ကျွန်တော် သည် အိပ်မောကျနေရာမှ မိုးကြိုးပစ်သံကို အနီးကပ်ကြား၍ နိုးလာသူ တစ်ယောက် လို ထိတ်လန့်တကြား ဖြစ်သွားသည်။
“ဟေမာန် … မင်း … မင်း နိုင်ငံခြားမှာ မဟုတ်လား၊ ပြီးတော့ ကိုယ့်ဖုန်းနံပါတ် ဘယ်က ရသလဲ”
“ကျွန်မ မြန်မာပြည်ကို အပြီး ပြန်ပြောင်းလာတာ၊ ကျွန်မ အဖေလည်း ဆုံးသွားပြီလေ၊ အစ်မ၀ဿန်မိုးလည်း အိမ်ထောင်ကျသွားပြီ၊ ကျွန်မ ရှင့်ကိုတွေ့ ချင်လို့ စုံစမ်းနေတာ ကြာပြီ၊ ကျောင်းတုန်းက အ ဖြစ်အပျက်တွေ ကို ကျွန်မ ဘယ်တော့မှ မေ့လို့မရပါဘူး၊ ကျွန်မ မောင်နဲ့ တွေ့ ချင်တယ်၊ တွေ့ ပါရစေ”
ထိုအခါမှ ကျွန်တော် လည်း ၀မ်းသာသွားကာ -
“တွေ့ လေ၊ ကောင်းတာပေါ့၊ တို့လည်း မင်းကို မျှော်နေတာ ကြာပြီ၊ ဒီလိုလုပ်၊ မနက်ဖြန် ၁၀ နာရီ ဆူးလေနဲ့ အနော်ရထာထောင့်က Moon Bakery ကော်ဖီဆိုင်ကို လာခဲ့ … တို့ မင်းကို ပဲပြုတ် ကျွေး … အဲလေ … ကော်ဖီ တိုက်ပါ့မယ်”
“သြော် … ရှင်က ဒါတွေ မှတ်မိသေးသကိုး၊ see you.”
ချိန်းထားသည့်အချိန်ထက် ဆယ့်ငါးမိနစ် စောကာ ကော်ဖီဆိုင်သို့ ကျွန်တော် ရောက်သွား၏ ။ ညက တော် တော် နှင့် အိပ်မပျော်။ အတွေးထဲမှာ ဟေမာန်နှင်းစု၏ မျက်နှာလေးက စိုးမိုးထားသည်။ မနက် အိပ်ရာမှ နိုးသည်နှင့် ချိန်းဆိုထားသော ဆိုင်သို့ သုတ်ချေတင်ကာ ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူ့စိတ်ထဲ၌ ကံ့ကော်တောနှင့် မြကျွန်းသာ၊ ဘွဲ့နှင်းသဘင်နှင့် သစ်ပုတ်ပင်ကို ပြန်လည်မြင်ယောင်လာသည်။ ချစ်သူ၏ ဆံကေသာထက်၌ ကျွန်တော် ကိုယ်တိုင် ပန်ဆင်ပေးခဲ့ဖူးသော ကံ့ကော်တစ်ခက်ကို သတိမိသည်။ အနှစ် နှစ် ဆယ်ကြာခဲ့ပြီ ဖြစ်သော်လည်း ဟေမာန်နှင်းစု၏ ကိုယ်သင်းရနံ့က မနေ့တစ်နေ့ကလို ကျွန်တော့် ထံပါးတွင် သင်းပျံ့မျောလွင့်နေဆဲပင် ရှိပါသည်။
ကော်ဖီဆိုင်ထဲတွင် လူပြည့်နေ၏ ။ စားပွဲအလွတ်ဟူ၍ မရှိတော့။ ဟေမာန်နှင်းစု ကတော့ ရောက်မလာသေး။ လေးယောက် ထိုင်ခုံ ချထားသော ၀ိုင်းတွင် တစ်ယောက် တည်း ထိုင်နေသော ခပ်၀၀ အန်တီကြီး တစ်ယောက် ထိုင်နေသော ၀ိုင်းတွင် သူ ၀င်ထိုင်လိုက်သည်။ လူမှု ရေး အရ မူလစားပွဲဝိုင်း ပိုင်ရှင်ကို ကျွန်တော် ခွင့်ပန်လိုက်သည်။
“အန်တီ ထိုင်မယ်နော်”
ထိုအမျိုးသမီးကြီးသည် သူ့ရှေ့တွင် ကျွန်တော် ၀င်ထိုက်လိုက်၍ အတော် မကျေမချမ်း ဖြစ်သွားပုံရသည်။
“ဘာ အန်တီလဲ”
ဟု ဆိုကာ ကျွန်တော့် ကို မျက်စောင်းခဲလိုက်၏ ။ ကျွန်တော် ဒေးကာနက်ဂျီ၏ မိတ္တဗလ ဋီကာကို သတိရလိုက်သည်။ အန်တီ အရွယ်သည် အန်တီဟု အခေါ်ခံရသည်ကို မကြိုက်။ မိန်းမတို့၏ သဘောသဘာဝအရ ရှိရင်းစွဲ အသက်ထက် နည်းနည်း လျှော့ခေါ်ရမည် ။
“ဒီလိုပါ အစ်မကြီး … ကျွန်တော် ကလည်း ဒီ့ပြင်လွတ်တဲ့ ၀ိုင်း မရှိလို့ အစ်မကြီးရှေ့မှာ ၀င်ထိုင်လိုက်တာ စိတ်မရှိပါနဲ့၊ ဟဲ ဟဲ … ဟဲ …”
“ဘာ အစ်မကြီးလဲ ဟင်း …”
ထိုမိန်းမ ၀တုတ်ကြီးက ဘုတောပြန်သည်။ ဒီလောက် ပြေပြေလည်လည် ဆက်ဆံတာတောင် ရိုင်းကျလှသော မိန်းမပါတကားဟု စိတ်ထဲမှ မှတ်ချက်ပြုကာ နာရီကို တစ်ချက် ကြည့်ကာ လမ်းဘက်သို့ မျှော်နေလိုက်သည်။
“ယောက်ျားတွေ ဟာ ဒီလိုချည်းပဲ၊ အရင်တုန်း ကတော့ ချစ်လှပါချေရဲ့၊ ကြိုက်လှပါချေရဲ့ဆို”
ထိုအမျိုးသမီး၏ တိုက်ကွက်က မပြီးသေး။ သူ့ကိုယ်သူ ပြောသလိုလို ကျွန်တော့် ကို ပြောသလိုလိုနှင့် ချဲလင်း ခေါ်သည်။
“နေစမ်းပါဦး၊ ဘယ်သူက ခင်ဗျားကို ချစ်တယ် ပြောဖူးလို့လဲ”
“ရှင်ပေါ့၊ ဟိုတုန်း ကတော့ ချစ်လှပါချေရဲ့ ဟေမာန်ရယ်ဆို၊ ကျွန်မအချစ်ကိုမှ မရရင် အင်းလျားရေကန်ထဲပဲ ဆင်းပြီး သေလိုက်ပါတော့မယ်ဆို၊ မေ့သွားပြီလား၊ မောင်မောင်မူးရဲ့၊ စာရေး ဆရာကြီးရဲ့”
ဟိုက် … အမှားကြီး မှားလေစွတကား။ လွန်ခဲ့သော အနှစ် နှစ် ဆယ်က ဆံပင်ရှည်ရှည်၊ ပိန်ပိန်ပါးပါးဖြင့် လှချင်တိုင်း လှခဲ့သော ကျွန်တော့် ချစ်သူသည် ဒေးဗစ်ကော်ပါဖီး မျက်လှည့်ပြလိုက်သလို ခေါင်းတုံး ဆံပင်ပေါက်နှင့် ဘိလပ်ရည်ပုလင်းဖင်လို ထူထဲသော ပါဝါမျက်မှန်တပ်ထားသော မိန်းမ ၀၀ကြီး ဖြစ် သွားပါကလား။ ကျွန်တော် နှင့် လမ်းခွဲခဲ့စဉ် ပေါင် ၁၁၀ ခန့်သာ ရှိခဲ့သော စလင်းဘော်ဒီလေးသည် ယခုအခါ ပေါင်ချိန် ၂၀၀ ခန့် အလေးချိန်စီးမည့်  သရုပ်ဆောင် ပွင့်နှင့် အပြိုင် ၀ နေသော ပုလင်းဘော်ဒီ ဘယ်လို ဖြစ်သွားတာပါလိမ့်။ အနှစ် နှစ် ဆယ်အတွင်း ဘာအလုပ်မှ မလုပ်ဘဲ စားခြင်းနှင့် အိပ်ခြင်းကိုပဲ ကန်ထရိုက်ဆွဲကာ လုပ်ငန်းတစ်ခုအနေဖြင့် လုပ်နေသလားဟု ယူဆရလောက်အောင်ပင် မမှတ်မိနိုင်တော့အောင် ၀တုတ်ကြီး ဖြစ်နေပေသည်။
ကျွန်တော် လည်း ထိုအခါမှ သူနှင့် တွေ့ လျှင် ပြမည် ဟု ယူဆောင်လာခဲ့သော လွန်ခဲ့သော နှစ် နှစ် ဆယ်က သူ ပန်ခဲ့ဖူး၍ ကျွန်တော် အမြတ်တနိုးသိမ်းထားသော ကံ့ကော်ပန်းခြောက်ကလေးကို မယောင်မလည်ဖြင့် သူ မမြင်အောင် ရေမြောင်းထဲသို့ ချပစ်လျက် …
“ဆောရီးပဲ နှင်းရယ်၊ နှင်းက သိပ်ခန့်နေတော့ ကိုယ် မမှတ်မိတာပါ၊ ဒါနဲ့ နှင်း … အခုဆိုရင် အိမ်ထောင်ကျရောပေါ့။ ကလေး ဘယ်နှယောက် ရပြီလဲ”
“ဘာကလေးမှ မရဘူး၊ ခုချိန်ထိ အပျိုကြီးရှင့်၊ အပျိုကြီး … ရှင်ကော လူပျိုကြီးပဲ မဟုတ်လား”
“ဟုတ်ပါတယ် … အဲ … မဟုတ်ပါဘူး၊ ကိုယ် အိမ်ထောင်ကျပြီးကလေး ရှစ်ယောက် တောင် ရနေပါပြီကွာ”
အမျိုးသမီးကြီးက သူ၏ တုတ်တုတ်ခိုင်ခိုင် လက်မောင်းကြီးများ ဖြင့် ကော်ဖီခွက်ကို ဖျော်ရင်း ကျွန်တော့် ကို စူးစမ်းသလို စိုက်ကြည့်နေသည်။ ဘုရားသခင်သည် လူတွေ ကို ဖန်ဆင်းခဲ့သည်ဟု ဆိုလျှင် အနှစ် နှစ် ဆယ်အတွင်း ဘုရားသခင် ဘာကြောင့် စိတ်ပြောင်းခဲ့ပါလိမ့်။
ကံကောင်းထောက်မစွာ ကျွန်တော့် အိတ်ထဲမှ ဟန်းဖုန်းက မြည် လာသည်။ အရေး ကြီးသော ဖုန်းမဟုတ်။ ဖုန်းမှား ၀င်လာခြင်း ဖြစ်၍ တစ်ဖက်မှ တောင်းပန်ပြီး ဖုန်းချသွားသည်။ သို့သော် ကျွန်တော် သည် ဖုန်းကို ပြန်မချသေးဘဲ ခပ်တည်တည်ဖြင့် ဆက်ကိုင်ထားလျက် -
“ဘာ … ဂျင်မခါနာက ဟုတ်လား၊ ကျွန်တော့် မိန်းမ သားလေးမွေးတယ်၊ ဟုတ်လား၊ ဒါ န၀မမြောက်ကလေးပေါ့၊ ဟုတ်ကဲ့ ၊ ကျွန်တော် အခုပဲ လာခဲ့ပါ့မယ်”
ဟု ပြောလိုက်လေ၏ ။ ထို့နောက် တစ်ခါက ဖိုဘီကိတ်နှင့် တူ၍ ယခုအခါ ပွင့်နှင့် တူလာပြီ ဖြစ်သော ရည်းစားဟောင်းကြီး ဟေမာန်နှင်းစု ဘာမှ စောဒက မတက်နိုင်မီ၊ ဘယ်တုန်းကမှ မရှိခဲ့သော ဇနီးမယားနှင့် တွေ့ ဆုံရန် ကော်ဖီဆိုင်ထဲမှ အူယားဖားယား ထ၍ ပြေးလာခဲ့ပါသတည်း။
Asia Express လို့ ခေါ်တဲ့ ပြည်-ရန်ကုန် အမြန်ကားပေါ်သို့ တက်လိုက်ချိန်ကစပြီး သူ့ဘ၀ဟာ မတူ ခြားနားတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားပြီလို့ ထိပ်နီ ခံစားလိုက်ရတယ်။ ဒီအချိန်ကစပြီး သူ့နာမည် ဟာ မိဘတွေ မှည့်ခေါ်ထားတဲ့ တင်မြင့်အောင် မဟုတ်တော့ဘူး။ ဆံပင်တွေ ကို တစ်ခေါင်းလုံး နီကြောင်ကြောင် ဆိုးထားလို့ သူငယ်ချင်းတွေ က နောက်ပြီး ခေါ်တဲ့ ‘ထိပ်နီ’ ဆိုတာလည်း သူ မဟုတ်တော့ဘူး။ ဒီခရီးကို ထွက်တော့မယ် ဆိုကတည်းက သူ အသေအချာ ကြိုတင်ပြင်ဆင်မှု တွေ လုပ်ပြီးသား။ သူ့ခြေထောက်မှာ အီတာလျံလုပ် ကွင်းထိုးသားရေဖိနပ်ကို စီးထားတယ်။ ၀တ်ထားတာတော့ ကွာတားပင်နဲ့ တီရှပ်အဖြူ၊ ကျောကုန်းမှာ တော့ နိုင်ငံခြားသားတွေ လွယ်လေ့ရှိတဲ့ တနင့်တပိုး သယ်ရတဲ့ ကျောပိုးအိတ် ရှည်မျောမျောကြီးကို လွယ်လို့ အဲဒီ အိတ်ကလည်း ရန်ကုန် လမ်း-၃၀ က သားရေအိတ်ဆိုင်တစ်ခုမှာ မရမက ရှာဝယ်ထားရတဲ့ တစ်ပတ်ရစ်အိတ်။
ဆံပင်က နီကြောင်ကြောင်၊ လူပုံက ပုပျပ်ပျပ်၊ တရုတ်စပ်မို့ ဖြူစပ်စပ်။ ၀တ်စားထားတာတွေ က ကိုးရိုးကားရားမို့ မသိတဲ့ လူတွေ က သူ့ကို တိုးရစ်လို့ ထင်ရင် သူ အရမ်း သဘောကျတယ်။ ပထမတော့ လူတွေ က သူ့ဝတ်ပုံစားပုံကို ကြည့်ပြီး -
“ငါတို့ဟယ် နင့်ကို ကြည့်ရတာ နိုင်ငံခြားသား ထင်လို့”
ဆိုပြီး ရိုးရိုးသားသား ပြောကြတာကို ကြာတော့ ကြားရတာ နားကြောစိမ့်လာပြီး ဖော်ရိန်နာနဲ့ မတူ တူအောင် ထိပ်နီ တစ်စခန်းထတော့တာပဲ။ ဒါပေမဲ့ ဒီမြို့ကလေးမှာ တော့ အပ်ကျတာက အစ တစ်ယောက် အကြောင်း တစ်ယောက် အကုန်သိကြတဲ့ မြို့ကလေး ဆိုတော့ ထိပ်နီ ဘယ်လောက်ပဲ ကြိုးစားပမ်းစား တိုးရစ်ပုံ ဖမ်းနေပေမယ့်လည်း မြို့ခံတွေ က သူ့အကြောင်း သြိ ကတော့ ‘ဘူးရို’၊ ‘ထိပ်နီ’ စသည်ဖြင့် အခေါ်ခံရတာ ပဲ အဖတ်တင်တယ်။ ဟန်ကျပန်ကျ တိုးရစ်ယောင်ဆောင်လို့ မရဘူး။
ဒါပေမဲ့ ထိပ်နီမှာ တော် တဲ့ အချက်တစ်ချက် ရှိတယ်။ အင်္ဂလိပ်စကားကို အမေရိကန်လေသံနဲ့ မွှတ်နေအောင် သူ ပြောနိုင်တယ်။ တော် ရုံတန်ရုံ အင်္ဂလိပ်စပီကင်ဆရာတွေ ၊ ကျူရှင်ဆရာတွေ ဆို ထိပ်နီ သွားပြီး ပညာစမ်းလွန်းလို့ သူ့ကို မြင်တာနဲ့ တချို့ ကျူရှင်ဆရာတွေ ၊ အင်္ဂလိပ်ဆရာကြီးတွေ ဟာ ဝေးဝေးက ရှောင်ြ ကတော့တာပဲ။ အင်္ဂလိပ်စကားပြော ကောင်းကောင်းတက်လာလို့ ဘိုရူးထတာလား၊ ဘိုရူးထချင်လို့ အင်္ဂလိပ်စကားပြော သင်ထားတာလား ဆိုတာတော့ ထိပ်နီပဲ သိလိမ့်မယ်။ ထိပ်နီဟာ အင်္ဂလိပ်စကားကို ကျကျနန ပြောတတ်တာတော့ အမှန်ပဲ။
ထိပ်နီက သူ့ရဲ့ အင်္ဂလိပ်စာ အရည်အသွေး ဖော်ထုတ်တဲ့အနေနဲ့ သူတို့မြို့ကို ရောက်လာတဲ့ ကျောပိုးအိတ်လွယ် နိုင်ငံခြားသားခရီးသည်မှန်သမျှကို အတင်းလိုက်ကပ်ပြီး စကားပြောတယ်။ လိုအပ်တာကို အကူအညီပေးတယ်။ လူကလည်း ငယ်ပြန်၊ ဘာသာစကားစွမ်းရည်ကိုလည်း ပြချင် ဖြစ်နေတဲ့ အချိန်ဆိုတော့ ထိပ်နီဟာ သိပ်ပြီး အရိပ်သုံးပါး နားမလည်ဘူး။ တစ်ခါတုန်းက အဝေးပြေးကားဂိတ်ကို သွားမယ့် တိုးရစ်နှစ် ယောက် က မြို့ထဲကနေ ဆိုက်ကား နှစ် စီး ငှားတယ်။ သွားရမယ့်ခရီးက နှစ် မိုင်လောက် ဝေးတဲ့အပြင် နိုင်ငံခြားသားဆိုတော့ ဆိုက်ကားဆရာတွေ က တစ်စီးကို နှစ် ထောင် တောင်းတယ်။ ဟိုက ဆစ်တာပြုတာနဲ့ နောက်တော့ တစ်စီးကို တစ်ထောင့်ရှစ်ရာနဲ့ ဈေးတည့်ပြီး ဆိုက်ကားနှစ် စီးငှားလို့ ဈေးတည့်ပြီး ထွက်တော့မယ်အလုပ်မှာ ထိပ်နီ ရောက်လာတယ်။
“အဟမ်း … ကျွန်တော် ကူညီနိုင်တာများ ရှိလား”
လို့ ဘိုလို မှု တ်ရင်း အဝေးပြေးကားဂိတ်ကို ဆိုက်ကားနဲ့ ငွေတစ်ထောင့်ရှစ်ရာစီ အကုန်ခံပြီး သွားဖို့ မလိုကြောင်း၊ ဟိုရှေ့မှာ ရပ်ပြီး လူခေါ်နေတဲ့ လိုင်းကားကို တက်စီးလိုက်ရင် ငွေတစ်ရာနဲ့ အဝေးပြေးကားဂိတ်ထဲ ဒုတ်ဒုတ်ထိရောက်နိုင်ကြောင်းကို စေတနာ ဒလဟောနဲ့ ၀င်ပြီး အာချောင်တယ်။
သူ့စကားလည်း ဆုံးရော၊ ကပ်စေးနှဲကတောင် အဘ ခေါ်ရမယ့် ငနဲသားတွေ ဟာ ဆိုက်ကားပေါ်က ငေါက်ခနဲ ထလိုက်ကြပြီး ကျောပိုးအိတ်ကိုယ်စီ လွယ်လို့ လိုင်းကားပေါ် အလျှိုလျှို တက်သွားလိုက်ကြတာ အလှည့်ကျလို့ထွက်တော့မယ့် ဆိုက်ကားဆရာတွေ ခမျာ ထီပေါက်ပြီးမှ လက်မှတ်ပျောက်သလို ငိုင်ငိုင်လေးတွေ ကျန်ခဲ့လို့။ ဆိုက်ကားဆရာ တစ်ယောက် ကဆို ထိပ်နီကို ထိုးမယ် ကြိတ်မယ် လုပ်လို့ ဂိတ်သားတွေ က မနည်းဆွဲထားရတယ်။ ထိပ်နီ ကတော့ ဒါတွေ လုံးဝ မသိဘူး။ ဈေးကြီး-အဝေးပြေးဂိတ် လိုင်းကားပေါ်မှာ တိုးရစ်တွေ နဲ့ ပူးကပ်ထိုင်ရင်း စကားရောဖောရော လုပ်ရတာ ကို ဘာနဲ့မှ မတူတဲ့ အရသာကြီးသဖွယ် ခံစားရင်း ကားပေါ် ပါသွားလေရဲ့။
နောက်တော့ ထိပ်နီ ရောဂါ က နည်းနည်း ရင့်လာတယ်။ တိုးရစ်တွေ နဲ့ ပြောဟယ် ဆိုဟယ် သွားဟယ် လာဟယ် လုပ်ရင်း သူကိုယ်တိုင် တိုးရစ် ဖြစ်ချင်လာတယ်။ တကယ့်တိုးရစ်အစစ်လို ကမ္ဘာပတ်ရအောင်လည်း နိုင်ငံခြားသွားဖို့ စရိတ်မပြောနဲ့၊ သူ့မှာ ရှိတဲ့ ပိုက်ဆံက နယ်စပ်အထိတောင် သွားဖို့ မလုံလောက်သေးဘူး။ ဒါပေမဲ့ ဂျစ်ပစီတွေ လို ၀တ်၊ အမေရိကန်လို ပြောပြီး တိုးရစ်လုပ်ရတဲ့ ဘ၀ကို သူ တော် တော် ကြိုက်နေပြီ။ သူ့ကိုယ်သူ မိတ်ဆက်ရင်လည်း “ကျွန်တော့် နာမည် ဖရက်ဒရစ်၊ ကျွန်တော် က အေဘီစီ လို့ခေါ်တဲ့ အမေရိကန်မှာ မွေးတဲ့ တရုတ် (America Born Chinese) ပါလို့ လုပ်ကြံပြောရင်း ကြာတော့ စိတ်ပညာသဘောအရ မဟုတ်တာကို ဆက်ကာဆက်ကာ ပြုမူပြောဆိုရင်း သူ့ကိုယ်သူ အမေရိကန်မှာ မွေးတာလို့ တကယ်လိုလို ထင်လာတယ်။ (အမှန်က သူ့ကို အရပ်လက်သည် နော်ဖောဒင်းနဲ့ ဒီမြို့၊ ဒီလမ်း၊ ဒီအိမ်လေးမှာ မွေးခဲ့တာ ရပ်ကွက်ထဲက လူတွေ အားလုံး သိကြပေရဲ့)
တစ်လော ကတော့ ရန်ကုန်ကို ကိစ္စတစ်ခု ရှိလို့ သုံးရက်လောက် သွားခဲ့ရင်း သုံးရက်လုံးလုံး မြန်မာစကား တစ်ခွန်းမှ မပြောဘဲ တိုးရစ်ယောင်ဆောင်ပြီးနေတာ လူတွေ က အဟုတ်မှတ်ပြီး သူ့ကို နိုင်ငံခြားသားအနေနဲ့ ပြောကြဆိုကြ ဆက်ဆံကြတာတွေ ကို သူ့မှာ အကျေနပ်ကြီး ကျေနပ်ပြီး ဘ၀င်လေဟပ် ဖြစ်မိပုံကို အခုလို ပြန်ပြောပြတယ်။
“ငါကွာ … Café Aroma ထဲမှာ ဈေးအကြီးဆုံး ကော်ဖီ တစ်ခရားကို အင်္ဂလိပ်လို မှာ သောက်လိုက်တော့ စားပွဲထိုးက ပျာပျာသလဲ လာချပေးတယ်။ ငါ့ဘေး စားပွဲဝိုင်းက တောသားလိုလို၊ အညာသားလိုလို လူတွေ က ငါမှာ တဲ့ ကော်ဖီမျိုး လိုက်မှာ သောက်တာ စားပွဲထိုးက မယုံသလိုလို ဘာလိုလိုနဲ့ကွာ … မြန်မာတွေ ဟာ ကော်ဖီစစ်စစ်ရဲ့ ခါးသက်သက် အရသာကို မခံစားတတ်ကြဘူး …”
အဲဒီ နေ့ကစပြီး ထိပ်နီရဲ့ တိုးရစ် အယောင်ဆောင်ချင်စိတ်ဟာ အထွတ်အထိပ်ကို ရောက်သွားတယ်။ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ် ဖြစ်နေတော့တယ်။ နောက်တော့ အင်္ဂလိပ်စကားပြောသင်တန်းလေး ဘာလေးတွေ အိမ်လိုက်ပြီးသင်၊ မိဘ မုန့်ဖိုးထဲက တောင်းသင့်တာတောင်း၊ လစ်ရင် လစ်သလို ဖြောင်သင့်တာ ဖြောင်ပြီး ပိုက်ဆံလေးစု၊ ငွေစကြေးစလေး နည်းနည်း စုမိတော့ ခြစ်ခြစ်ကုတ်ကုတ် စုထားတဲ့ ပိုက်ဆံလေးနဲ့ အမေရိကန်ဒေါ်လာလေးတွေ ရသလောက် ၀ယ်ပြီး ပိုက်ဆံအိတ်ထဲမှာ ထည့်သိမ်းထားလိုက်တယ်။ ရန်ကုန်မှာ တိုးရစ်လိုလို ဘာလိုလို လုပ်တဲ့အခါကျ အမေရိကန်ဒေါ်လာကို ဟန်ပါပါ ထုတ်သုံးဖို့ လိုတာကိုး။ သူ့ဇာတိမြို့ကလေးမှာ နှစ် လ တန်သည်၊ သုံးလတန်သည် အလုပ်ကို ကျုံးလုပ်လို့ ငွေကလေး နည်းနည်း စုမိတာနဲ့ ရန်ကုန်ကို သွားပြီး သုံးရက်လောက် တိုးရစ်ယောင်ဆောင်ရရင် သူ ကျေနပ်ပြီ။ ဒီကြားထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ ပတ်သက်ပြီး ရတတ်သမျှ စာအုပ်စာတမ်းမျိုးစုံကို ဖတ်ပြီး နိုင်ငံသမိုင်းကို အသေးစိတ် သူ လေ့လာတယ်။ အမေရိကန်သမ္မတတွေ အကြောင်း မေးမလား၊ အမေရိကန် မြို့ကြီးတွေ ရဲ့ ရာဇ၀င်၊ အမေရိကန် ပြည်တွင်းစစ် စတာတွေ ကို အမေရိကန်အစစ်လောက်နီးပါး သိနေအောင် လေ့လာတယ်။ တစ်ခါက အမေရိကန်တိုးရစ် တစ်ယောက် ဟာ သူ့နိုင်ငံအကြောင်း ပြောပြရင်း အရှေ့နဲ့ အနောက် အကျယ်အ၀န်းကို ပြောဖို့ ရုတ်တရက် စဉ်းစားမရ ဖြစ်နေတုန်း ထိပ်နီက -
“အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာကမ်းခြေကနေ အနောက်ဘက်အတ္တလန္တိတ်သမုဒ္ဒရာကမ်း ခြေအထိ အမေရိကန်ပြည်ထောင်စုရဲ့ အလျားဟာ မိုင်ပေါင်း ၄၅၀၀ ရှိတယ်ဗျ”
လို့ သွက်သွက်လက်လက် ဖြေပေးလိုက်တယ်။
“ဟ … မင်းက သိလှချေလား၊ ငါတောင် ငါ့နိုင်ငံအကြောင်း မင်းလောက် မသိဘူး”
လို့ သူ့ဗဟုသုတကို အမေရိကန်ကတောင် လက်ဖျားခါသွားရတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူ နေတဲ့မြို့မှာ လူဦးရေ ဘယ်လောက် ရှိသလဲ၊ လတ္တီတွဒ်၊ လောင်ဂျီတွဒ် ဘယ်လောက်လဲ၊ မြို့သမိုင်းကြောင်းက ဘယ်လိုလဲလို့တော့ ထိပ်နီကို သွားမမေးနဲ့၊ သူ့ရပ်ကွက်က ဥက္ကဌ နာမည် တောင် သူက သိတာ မဟုတ်ဘူး။
ထိပ်နီက ပေါင်းလည်း ပေါင်းတတ်၊ တွေ့ လည်း တွေ့ တတ်တယ်လို့ ပြောရမယ်။ ထိပ်နီ သူငယ်ချင်း တစ်ယောက် နာမည် က ဇော်ထွန်းတဲ့။ ဇော်ထွန်းက သူ့လို တိုးရစ်ရူးတော့ မဟုတ်ဘူး။ ဇော်ထွန်းရဲ့ ရည်မှန်းချက်က အောင်မြင်တဲ့ ဧည့်လမ်းညွှန် (Tour Guide) တစ်ယောက် ဖြစ်ဖို့တဲ့။ ဟိုတစ်လောက ရန်ကုန် ဟိုတယ်ခရီးမှာ ဧည့်လမ်းညွှန် ဖြစ်ဖို့ အရည်အချင်းစစ်စာမေးပွဲ သွားဖြေတာ မအောင်လို့ စိတ်ဓာတ်ကျနေတဲ့သူ။ အဲဒီ ထဲမှာ ထိပ်နီက ဇော်ထွန်းကို အားပေးသလိုလိုနဲ့ အဖော်ညှိတယ်။
“သုံးရက်လောက် ရန်ကုန် သွားကြမယ်… ငါက တိုးရစ် လုပ်မယ်၊ မင်းက ငါ့ဂိုဒ် လုပ်၊ ကုန်ကျစရိတ် တစ်ယောက် တစ်ဝက်” တဲ့။
တစ်ယောက် က တီရှပ် ချိုင်းပြတ်နဲ့၊ ကွာတားပင်နဲ့၊ သားရေကွင်းထိုးဖိနပ်နဲ့၊ ကျောပိုးအိတ်နဲ့၊ နေကာမျက်မှန်နဲ့။ သူနဲ့ တွဲ လာတဲ့သူက စတစ်ကော်လာ ရှပ်အဖြူနဲ့၊ ယောပုဆိုးနဲ့၊ ကတ္တီပါဖိနပ်နဲ့။
ထိပ်နီနဲ့ ဇော်ထွန်း တစ်မြို့လုံး လျှောက်သွားကြရင်း ဆူးလေဘုရားပေါ်မှာ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ ဆံပင်လှိုင်းတွန့်နဲ့ နိုင်ငံခြားသား တစ်ယောက် ကို တွေ့ ပြီး မိတ်ဆက်ကြတယ်။
“ဟိုင်း … နယူးယောက် က ဖရက်ဒရစ်ပါ၊ ဒါက ငါ့ရဲ့ ဧည့်လမ်းညွှန်ဇော်ထွန်း”
လို့ ထိပ်နီက ဘာရယ် မဟုတ်ဘဲ ထုံးစံအတိုင်း ဖြီးလိုက်တယ်။ သူတို့ တွေ့ တဲ့ဧည့်သည် ကတော့ အဆင့်အတန်းရှိရှိ ယဉ်ယဉ်ကျေးကျေးထဲကပါ။ ဖော်ရိန်နာက -
“အဲရစ်ပါ … လန်ဒန်ကပါ”
လို့ ပြန်ပြောပြီး လက်ဆွဲနှုတ်ဆက်ကြတယ်။ ကိုယ့်နိုင်ငံသားအချင်းချင်းကိုတော့ တိုးရစ်ယောင်ဆောင်တာ အတော် ဟုတ်ပြီ။ တကယ့် တိုးရစ်အစစ်ကိုရော ခပ်တည်တည်နဲ့ လှိမ့်ရင် ဘယ်လို နေမလဲ။ ဒါမှ ငါ့အရည်အချင်းအမှန် ပေါ်မယ်လို့ တွေးပြီး အဲရစ်နဲ့ ခင်အောင် ပေါင်းလိုက်တယ်။ အဲရစ်ကို ထိပ်နီက အနောက်တိုင်းသား တိုးရစ် အချင်းချင်း ဧည့်ဝတ်ပြုပါရစေလို့ ဆိုပြီး စားသောက်ဆိုင်မှာ နေ့လယ်စာ ခေါ်ကျွေးလိုက်တယ်။
အဲရစ် ဆိုတဲ့လူက အသားဖြူဖြူ၊ အရပ်က ခြောက်ပေလောက် မြင့်တယ်။ ဆံပင်တွေ ကို ကောက်ကောက်လိမ်လိမ်လေး လုပ်ထားတယ်။ မျက်မှန်အ၀ိုင်းလေး တပ်တယ်။ အင်္ဂလိပ်စကားကို ဗြိတိသျှလေသံနဲ့ ခပ်သွက်သွက်ပြောလို့ တချို့ သူ ပြောတာတွေ ကို ဧည့်လမ်းညွှန်ယောင်ဆောင်နေတဲ့ ဇော်ထွန်းနားမလည်ပေမယ့် အသာပဲ ငြိမ်ပြီး နားလည်သလိုနဲ့ နားထောင်နေရတယ်။ အဲဒီ လူက လူကောင်ကြီးပေမယ့် နည်းနည်း တော့ နွဲ့တယ် ထင်ရတယ်။ ချွေးထွက်တာကအစ တစ်ရှူးလေးနဲ့ မျက်နှာကို သုတ်တယ်။ ထိပ်နီကိုလည်း စိုက်ကြည့်နေလိုက်တာ တစ်ခါ တစ်ခါ ကြာပစ်နေသလိုတောင် ထင်ရပါရဲ့။
“မင်းတို့ ဘယ်မှာ တည်းလဲ”
ထိပ်နီနဲ့ ဇော်ထွန်း တည်းခိုနေတဲ့ ကုန်ဈေးတန်းလမ်းထဲက တည်းခိုခန်း နာမည် ကြားတော့ အဲရစ် မျက်နှာမှာ အထင်သေးတဲ့ အရိပ်အယောင်တွေ မသိမသာ ဖြတ်သန်းသွားတယ်။
“ငါက … ဟိုတယ်မှာ တည်းတယ်”
တဲ့။ သူ ပြောတဲ့ ဟိုတယ်က ပထမတန်းစား။ ဈေးကြီးတယ်။ ရန်ကုန်မှာ အကောင်းဆုံးဟိုတယ်ထဲက တစ်ခုပေါ့၊ ထိပ်နီ ကတော့ သူ တည်းတဲ့ တည်းခိုခန်းက ညံ့နေတာကို ကာကွယ်တယ်။
“ငါက ကျောင်းသားဘ၀နဲ့ ငွေစုပြီး ကမ္ဘာပတ်တာ ဆိုတော့ သိပ်ဈေးကြီးတဲ့ ဟိုတယ်ကြီးတွေ မှာ မတည်းဘူး။ ဈေးပေါတဲ့ နေရာမှာ ပဲ ရွေးပြီး တည်းတယ်၊ ဗီယက်နမ်မှာ တုန်းကလည်း ဒီလိုပဲ …”
“ဖရက်ဒရစ် … မင်း ငါနဲ့ လာတည်းမလား၊ ငါ တည်းတဲ့ဟိုတယ်က နှစ် ယောက် ခန်းခနဲ့ တစ်ယောက် ခန်းခက သိပ်မကွာပါဘူး၊ မင်း လာတည်းရင်း မင်းအတွက် တည်းခိုခ ငါ ရှင်းပါ့မယ်၊ မင်းက ကျောင်းသားဆိုတော့ ငါ ကိုယ်ချင်းစာပါတယ်၊ ငါ ကျောင်းသားဘ၀တုန်းကလည်း မင်းလိုပဲ ခြိုးခြံပြီး ကမ္ဘာပတ်ခဲ့တာ အခုတော့ ငွေကြေးက ပြဿနာ မဟုတ်တော့ပါဘူး”
ဇော်ထွန်း ဘယ်လိုမှ တားချိန်မရလိုက်ခင် ထိပ်နီက “အိုကေ” တဲ့။ ထိပ်နီက တိုးရစ်ရူး ရူးနေတာ ဆိုတော့ တိုးရစ်တွေ တည်းတဲ့ ဧရာမဟိုတယ်ကြီးမှာ အခမဲ့ တည်းရမယ်လည်း ဆိုရော ဟန်တောင် မဆောင်နိုင်အောင် ကောက်ကောက်ပါသွားတာပဲ။ ဇော်ထွန်း ကတော့ သူငယ်ချင်း ရေတိမ်မနစ်အောင် တိုးတိုးလေး ကပ်ပြီး မြန်မာလို သတိပေးလိုက်သေးတယ်။
“ဟေ့ကောင် ထိပ်နီ … မင်းလူက အခြောက်ကြီး ဖြစ်နေဦးမယ်နော် … သတိထား”
အဲဒီ ညက တည်းခိုခန်းမှာ တစ်ယောက် တည်း ကျန်ခဲ့တဲ့ ဇော်ထွန်း တစ်ယောက် တော် တော် နဲ့ အိပ်မပျော်ဘူး။ သူငယ်ချင်း ထိပ်နီ တစ်ယောက် အဆင်မှ ပြေပါ့မလားလို့ တွေးနေမိတယ်။ ကြယ်ငါးပွင့်ဟိုတယ်ကြီးက အခန်းထဲမှာ ရေမြှုပ်မွေ့ရာနဲ့ အဲယားကွန်းနဲ့ အကျအန လဲလျောင်းနေတဲ့ ထိပ်နီလည်း အိပ်မပျော်ဘူး။ နေ့လယ်က သူ့သူငယ်ချင်း ဇော်ထွန်း သတိပေးခဲ့တာကို ပြန်ပြီး ကြားယောင်နေတယ်။ လိုရမည် ရ ဆိုပြီး မောင်းချဓားတစ်ချောင်းကို ခေါင်းအုံးအောက်မှာ ထည့်ရင်း ဟိုဘက် ခုတင်ပေါ်က မွေ့ရာပေါ်မှာ အိပ်မောကျနေတဲ့ အဲရစ်ကြီးကို တစ်ချက် တစ်ချက် လှမ်းကြည့်မိတယ်။ ဘဏ်တစ်ခုက ငွေကြေးအတိုင်အပင်ခံဌာနမှာ အလုပ်လုပ်တယ် ဆိုတဲ့ အဲရစ်ကြီးက တော် တော် ထောပုံတော့ ရတယ်။ သုံးလိုက်၊ စွဲလိုက်တာ ပထမတန်းချည်းပဲ။ ပိုက်ဆံရှိပေမယ့် လွတ်လွတ်လပ်လပ် သွားချင်၊ လည်ချင်လို့တဲ့၊ ဂိုဒ်မငှားဘဲ တစ်ယောက် တည်း လျှောက်လည်တတ်တယ်။ လူပုံက တစ်ခါ တစ်ခါ နည်းနည်း နွဲ့တာကလွဲလို့ မိန်းမလျာအစစ်ကြီးတော့ မဟုတ်လောက်ပါဘူး။ မိန်းမလျာတွေ ဟာ လိင်တူဆက်ဆံတာတို့၊ ဘာတို့ ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်တတ်တယ်လို့ ကြားဖူးနားဝ ရှိတော့ ဘာပဲ ဖြစ် ဖြစ် ယီးတီးယားတား လုပ်လာရင်တော့ အင်္ဂလန်သားပဲ ဖြစ် ဖြစ်၊ လန်ဒန်သားပဲ ဖြစ် ဖြစ် ခံချပစ်မယ်လို့ ထိပ်နီ သန္နိဌာန်ချထားတယ်။ ဒါပေမဲ့ အဲဒီ ညက အားလုံး အေးအေးဆေးဆေးပါပဲ။ သူတို့ ထင်သလို ဘာတစ်ခုမှ ဖြစ်မလာဘူး။ သူ့စိတ်ထဲမှာ အထင်မှားမိတဲ့အတွက် အဲရစ်ကို အားနာသလိုတောင် ဖြစ်မိပါတယ်။ မနက်လင်းတော့ နံနက်စာ (Break fast) စားဖို့ စားသောက်ခန်းမကို ဆင်းလာကြတဲ့ သူတို့နှစ် ယောက် ကို ဟိုတယ်ဧည့်ကြိုဝန်ထမ်းတွေ က လေးလေးစားစား နှုတ်ဆက်ကြတယ်။
“ဂွတ်မောနင်း မစ္စတာအဲရစ်”
“ဂွတ်မောနင်း မစ္စတာဖရက်ဒရစ်”
ဟိုတယ်မှာ Check in ၀င်တုန်းက သူ့မိတ်ဆွေပါလို့ အဲရစ်က အာမခံပေးလို့ ပတ်စ်ပို့တွေ ဘာတွေ မပြရဘဲ ဧည့်မှတ်တမ်းမှာ ပဲ ပုံစံဖြည့်ပေးရတော့ ထိပ်နီလည်း ထုံးစံအတိုင်း သူ့နာမည် ကို ဖရက်ဒရစ်၊ နိုင်ငံသား အမေရိကန်၊ ပတ်စ်ပို့နံပါတ် …. သူ အလွတ်ကျက်ထားတဲ့ နံပါတ်တချို့ကို ရေး ဖြည့်ပေးလိုက်တယ်။
အဲဒီ လိုနဲ့ မနက်တိုင်း ထိပ်နီနဲ့ အဲရစ် ဟိုတယ်မှာ နံနက်စာ အတူစားပြီး အပြင်ကို အတူထွက်၊ ပြီးမှ ကိုယ် ကြိုက်တဲ့နေရာ ကိုယ်လျှောက်လည်ပြီးမှ ညနေ ဟိုတယ်မှာ ပြန်ဆုံနဲ့ အတော် အဆင်ပြေနေတယ်။ အဲရစ်ကြီး ကတော့ ဘယ်သူနဲ့မှ အတူမလည်ဘဲ သူ တစ်ယောက် တည်း လွတ်လွတ်လပ်လပ် ခြေဦးတည့်ရာ လျှောက်သွားပြီး ညနေဘက်မှ ဟိုတယ်ကို ပြန်လာလေ့ရှိတယ်။ ထိပ်နီလည်း မနက်တိုင်း ဇော်ထွန်းကို ၀င်ခေါ်ပြီး ရန်ကုန်တစ်မြို့လုံး တိုးရစ်ယောင်ဆောင် လျှောက်လည်ပြီး အားရမှ ကြယ်ငါးပွင့်ဟိုတယ်ကြီးကို ဟန်ပါပါ တက္ကစီငှားပြီး ပြန်လာတတ်တာ နှစ် ရက်ရှိပြီ။
ဒီနေ့ တတိယမြောက် ညနေ ဟိုတယ်ကို ပြန်လာတော့ မျက်မှန်းတန်းမိနေတဲ့ ဧည့်ကြိုမလေးက အခန်းသော့  ထုတ်ပေးရင်းနဲ့ သူ့ကို ရိုရိုသေသေ နှုတ်ဆက်တယ်။
“ကောင်းသော ညနေပါ … မစ္စတာဖရက်ဒရစ်”
“အီးဗနင်း မမ်”
“ရှင့်သူငယ်ချင်း အဲရစ်တော့ နေ့လယ်ကပဲ အရေး ပေါ်ကစ္စ ပေါ်လာလို့တဲ့ ဟိုတယ်က Check out ထွက် သွားပါတယ်၊ ဟိုတယ် အခန်းခတွေ ကိုတော့ မစ္စတာဖရက်ဒရစ်ပဲ ရှင်းလိမ့်မယ်လို့ မှာ သွားပါတယ်”
“အခန်းခက ဘယ်နှရက်တွက်လဲ ညီမ”
ကောင်မလေးက သူ့ရှေ့က ကွန်ပျူတာကို တဂျောက်ဂျောက် ခေါက်လိုက်ပြီး -
“တစ်နေ့ကို ဒေါ်လာ တစ်ရာ့ခြောက်ဆယ်နဲ့က ခုနစ်ရက် ဒေါ်လာ တစ်ရာ့ခုနစ်ဆယ်နဲ့က သုံးရက် … စုစုပေါင်း ဆယ်ရက် တည်းခိုခ ဒေါ်လာ ၁၆၃၀ ပါရှင်”
လို့ ယဉ်ယဉ်ကျေးကျေး ပြောလိုက်တဲ့ အသံက ထိပ်နီ လည်ပင်းကို ပြည်သူ့တရားရှင် ဇာတ်ကားထဲက ခွေးခေါင်းဓားစက်နဲ့ ကိုက်ချလိုက်သလိုပါပဲ။ ဒါပေမဲ့ ထိပ်နီက နပ်တယ်။ တိုးရစ်ယောင်ဆောင်လာတာ ကြာပြီ ဆိုတော့ က္ကနြေ္ဒမပျက်အောင် အသာထိန်းပြီး -
“သြော် … အေး … အေး … ဟုတ်တယ်၊ အဲရစ် မိန်းမ နေမကောင်း ဖြစ်တာ ကြာပြီ၊ အဲဒါ တစ်ခုခု ဖြစ်လို့ သူ ရုတ်တရက် ပြန်သွားတာ ဖြစ်မယ်၊ ငါလည်း မနက်ဖြန်မှ Check out ထွက်မှာ ပါ၊ အခုတော့ လေယာဉ်လက်မှတ် Reconfirm လုပ်ဖို့ ထိုင်း အဲယားဝေးရုံးကို သွားလိုက်ဦးမယ်”
လို့ ပြောပြီး ဟိုတယ်ပေါ်တောင် မတက်တော့ဘဲ ချက်ချင်း လစ်လာခဲ့တယ်။
ထိုင်းအဲယားဝေးကို သွားမယ် ဆိုတဲ့ ထိပ်နီဟာ လမ်းဘေး တယ်လီဖုန်းကတစ်ဆင့် ဇော်ထွန်းရဲ့ တည်းခိုခန်းကို ဖုန်းဆက်တယ်။
“ဇော်ထွန်းလား … အမယ်လေး … အင်္ဂလိပ်လိုတွေ ဘာတွေ လုပ်မနေစမ်းပါနဲ့၊ ဒီမှာ ငါ မြန်မာလိုပဲ ရှင်းရှင်းပြောမယ်၊ မင်း အခု ချက်ချင်း အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို လိုက်ခဲ့ပေတော့၊ ဟိုကောင် အဲရစ်ကြီးတော့ ငါ့ကို တစ်ပတ်ရိုက်သွားပြီ၊ အေး … ငါလည်း ငါ့ကျောပိုးအိတ်ကြီးတောင် ၀င်မယူနိုင်တော့ဘူး၊ ထားခဲ့ပြီး လစ်လာတာ၊ အဲဒါပဲ၊ ငါ သွားပြီး၊ မင်း အမြန်လိုက်ခဲ့”
ရန်ကုန်-ပြည် အမြန်ကားပေါ်မှာ လိုက်လာတဲ့ ထိပ်နီဟာ အဝေးပြေးဂိတ်ထဲက ကားစထွက်လာတော့မှပဲ စိုးရိမ်စိတ်တွေ လျော့ပါးပြီး ဂနာငြိမ်သွားတော့တယ်။ လေပူတစ်ချက်ကို မှု တ်ထုတ်လိုက်ရင်း သူ တည်းခိုခဲ့တဲ့ ဟိုတယ်ကြီးရဲ့ အခန်းအမှတ် (802) ကို ဖွင့်ကြည့်ကြတဲ့အခါ အ၀တ်အစား အနည်းငယ်သာ ပါတဲ့ သူ့ကျောပိုးအိတ်ကြီးကိုပဲ တွေ့ ကြရမယ့် ဟိုတယ်ဝန်ထမ်းတွေ ကို မြင်ယောင်ပြီး ပြုံးလိုက်တယ်။
ဒါပေမဲ့ သူ မသိတာ တစ်ခုတော့ ရှိသေးတယ်။ ထိပ်နီ ရန်ကုန်ကို သွားတော့မယ် ဆိုတော့ စိုးရိမ်တတ်တဲ့ သူ့အမေက သူ့သား မေ့ကျန်ခဲ့တယ် ထင်ပြီး ထိပ်နီ (ခေါ်) ဖရက်ဒရစ် (ခေါ်) အမည် ရင်း မောင်တင်မြင့်အောင်ရဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားကို သူ့သား ကျောပိုးအိတ်အရှည်ကြီးရဲ့ဘေးအိတ်တစ်ခုထဲမှာ ထည့်ပေးလိုက်တာကိုပေါ့။
ဒီနေ့ စီရင်ချက် ချမယ်တဲ့။ တရားသူကြီးကလည်း အာဂ တရားသူကြီး၊ (ဒီလောက် လာဘ်ပေးလာဘ်ယူ ပေါများ တဲ့ ခေတ်ကြီးမှာ ) လာဘ်မစားဘူးလို့ နာမည် ကျော်တဲ့ မြို့နယ်တရားသူကြီး ဦးခင်မောင်က ဒီအမှု ကို စီရင်မှာ တဲ့။ ပြောလို့သာ ပြောရတာ … တရားသူကြီးက လာဘ်စားတယ် ဆိုဦးတော့၊ တရားခံ ပြောင်ကြီးခမျာ တရားရေး အဖွဲ့ကို လာဘ်ထိုးဖို့ နေနေသာသာ ကိုယ့်မှု အတွက် ရှေ့နေတောင် ငှားနိုင်တာ မဟုတ်ဘူး။ ပြောင်ကြီးက တစ်ခါတလေလည်း မြောင်းတကာမှာ ငါးရှဥ့် လိုက်ဖမ်းပြီး ဒိုင်ကို ပြန်သွင်း၊ တစ်ခါတလေလည်း နင်းမယ့်သူ လွတ်နေတဲ့ ဆိုက်ကားလေး ဘာလေး ရှိရင် တစ်ရက်တလေ ကြားပေါက်ဝင်ဆွဲ။ တစ်ခါတလေလည်း အိမ်သာကျင်း တူးမယ့်သူလိုရင် ၀င်တူးပေါ့။ အလုပ်အကိုင်သာ မည် မည် ရရ မရှိတာ၊ ကလေး ကတော့ လေးယောက် ရှိတယ်။ သူ့မိန်းမကလည်း ဈေးတောင်း ခေါင်းရွက်ပြီး ရနိုင်သလောက် ၀င်ငွေရှာတာ ဆိုတော့ မိသားစု စားလောက် သောက်လောက်တော့ ရတယ် အပိုအလျှံရယ်လို့တော့ မရှိဘူး။ တစ်နေ့ တစ်နေ့ ရလိုက်ကုန်လိုက်ပဲ။
အမှု ကတော့ ဘာမှ ဆန်းဆန်းပြားပြားလည်း မဟုတ်ပါဘူး။ ကံဆိုးတာသက်သက်လို့ပဲ ဆိုရမလို ဖြစ်နေတယ်။ ထုံးစံအတိုင်း ပြောင်ကြီးနဲ့ သူ့မယားအေးဘုံက နှစ် လုံးတို့၊ သုံးလုံးတို့ ၀ါသနာပါတယ်။ အမှု ဖြစ်မယ့်နေ့က ပြောင်ကြီးက လမ်းထဲက ဒိုင်မှာ နှစ် လုံးထီ ငါးဆယ်ကွက် နှစ် ကွက် လာထိုးတုန်း သက်ဆိုင်ရာက ဒိုင်ကို ၀င်ဖမ်းတော့ ဘောက်ချာလေး ကိုင်ပြီး ထွက်လာတဲ့ ပြောင်ကြီးကိုပါ ရောပြီး ဖမ်းမိပါလေရော။ လူရည်ကလည်း မလည်၊ အပြောအဆိုကလည်း မတတ်၊ မြက်မြက်ကလေးများ ရမလားလို့ မျှော်ကိုးပြီး ဘောက်ချာဖြတ်တာ တရားရုံးကို ဒုတ်ဒုတ်ထိ ရောက်လာတော့တာပဲ။ ကျုပ်ကလည်း ကံဆိုးချင်တော့ ဒီလို ဖွတ်ကျားအမှု မှာ အစိုးရရှေ့နေ လာလုပ်ရတယ်။ ကျုပ်လည်း စိတ်ပျက်လှပါပြီ။ ဒီအမှု ကို မြန်မြန်ပြီးပါစေတော့လို့ ဆုတောင်းခဲ့ရတာ ဒီနေ့တော့ ပြီးပြီပေါ့။ ကျုပ်တို့ ကတော့ ဥပဒေ ဘက်တော် သားတွေ ဆိုတော့ တရားရုံးကို ရောက်လာရင် ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနဲ့အညီအပြစ်ပေး အရေး ယူဖို့ ဆောင်ရွက်ရပြီပေါ့။
ပထမဆုံး ပြောင်ကြီးတို့ အမှု မှာ အဓိက တရားခံ ဖြစ်တဲ့ ချဲဒိုင်ဇော်လွင်ထွန်းကို ရုံးထုတ်တယ်။ ဇော်လွင်ထွန်းက ချဲဒိုင်ပီပီ ပိုက်ဆံ တတ်နိုင်တော့ ၀ါရင့်ရှေ့နေ ဦးမြကျော်ကို ငှားပြီး သူ့မှာ အပြစ်မရှိကြောင်း သနားစဖွယ်လျှောက်ထားတယ်။
ချဲဒိုင်ကို စစ်ပြီးတော့ ထိုးသား ပြောင်ကြီးရဲ့အလှည့် ရောက်လာတယ်။
“ကဲ … ကိုပြောင်ကြီး ခင်ဗျားမှာ ဘာပြောစရာ ရှိပါသလဲ”
“ဘာမှ မရှိပါဘူး”
“ဒါဆို ခင်ဗျားမှာ … အပြစ်ရှိကြောင်း ၀န်ခံတယ်ပေါ့”
“ဘာကို ၀န်ခံရမှာ လဲ”
“ခင်ဗျား နှစ် လုံးထီ ထိုးတာ အပြစ်ရှိတယ်လို့ ၀န်ခံလား”
“အဲဒါ … အပြစ်ရှိလို့လား၊ ကျုပ်တို့ လမ်းထဲမတော့ အားလုံးထိုးနေကြတာပဲ၊ လမ်းထဲက ရာအိမ်မှူး မိန်းမလည်း ဒိုင် ကိုင်တယ်၊ မနက်မနက် ဆိုရင် ဦးမြင့်အောင် လက်ဖက်ရည်ဆိုင်မှာ ကျုပ်တို့တွေ စုပြီး ချိုင်းကြည့်ပြီ ဆိုရင် … ၀ါသိင်္ခစာရွက်တွေ လာရောင်းတဲ့အထဲမှာ …”
“ဟေ့လူ … တော် တော့၊ ကိုယ့်နဲ့ ဆိုင်တာပဲပြော၊ ခင်ဗျားအမှု ထဲမှာ ပါတာတွေ ပဲပြော၊ မဆိုင်တာတွေ လျှောက်မပြောနဲ့”
တရားသူကြီးက ငေါက်လိုက်တော့ ပြောင်ကြီး ခပ်ရွံ့ရွံ့ ဖြစ်သွားပြီး-
“ဒါဆိုရင်တော့ ပြောစရာ မရှိပါဘူး”
လို့ ဗလုံးဗထွေး ပြောပြီး တရားခွင်နောက်နားမှာ နို့စို့ကလေးကို နို့တိုက်ရင်း ခပ်ရို့ရို့ လာနားထောင်နေတဲ့ သူ့မိန်းမ အေးဘုံကို မျက်ရည်ဝဲတဲ့ အကြည့်နဲ့ တစ်ချက် ဝေ့ကြည့်လိုက်တယ်။ အဲဒီ နောက်မှာ တော့ ကျုပ်က အခုလို လျှောက်ထားပြီး စီရင်ချက်ချပေးဖို့ တရားသူကြီးကို ပန်ကြားရတယ်။
“တရားသူကြီး ခင်ဗျား … ချဲဒိုင် ဇော်လင်းထွန်း အိမ်ကို သွားရောက်ရှာဖွေ ဖမ်းဆီးစဉ်က ဇော်လွင်ထွန်းရဲ့ အိမ်မှာ တရားခံပြောင်ကြီးကို တွေ့ ရှိခဲ့ရပါတယ်၊ တရားခံရဲ့ လက်ထဲမှာ နှစ် လုံးထီ ဘောက်ချာစာရွက် တစ်ရွက်ကို တွေ့ ရှိရပြီး ၎င်းကိုယ်တိုင်ကလည်း နှစ် လုံးထီ ထိုးခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ ဒါကြောင့် တရားခံ ပြောင်ကြီးဟာ တရားမ၀င် နှစ် လုံးထီ လောင်းကစားမှု မှာ ထိုးသားအ ဖြစ် ပါဝင်ခဲ့ကြောင်း ထင်ရှားတဲ့အတွက် လောင်းကစားဥပဒေပုဒ်မ ၁၆(က) အရ ထိရောက်စွာ အရေး ယူသင့်ပါကြောင်း လေးစားစွာ လျှောက်ထားအပ်ပါတယ်”
တရားရုံးထဲမှာ အိုက်စပ်စပ် ဖြစ်နေတာမို့ ကျုပ်လည်း မျက်နှာမှာ ချွေးစို့လာတာကို သုတ်ဖို့ ရှပ်အကျီင်္အိတ်ထဲက လက်ကိုင်ပ၀ါကို ဆွဲထုတ်လိုက်တယ်။ အဲဒီ မှာ တင် ချောက်ကျတော့တာပဲ၊ ကျုပ်က ရှေ့နေဆိုပေမယ့် ချဲတို့၊ နှစ် လုံးတို့လည်း ၀ါသနာပါတာကိုးဗျ။ မနက်ကတင် ထိုးလာတဲ့ ချဲဘောက်ချာစာရွက်ဟာ ကျုပ်အိတ်ကပ်ထဲကနေ လျှောထွက်သွားပြီး တရားရုံး ကြမ်းပြင်ပေါ်ကို ဖျပ်ခနဲ ကျသွားတယ်။ ကျုပ်လည်း ပူထူပြီး တရားသူကြီးကို လှမ်းကြည့်လိုက်တော့ သူက ကျုပ်ကို မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေတာ တွေ့ ရသဗျ။ ဒီလို တိကျတဲ့ တရားသူကြီး ရှေ့မှာ မှ ဒါမျိုးက ဖြစ်ရပလေဗျာ။ အခုနေ ရဲခေါ်ပြီး ကျုပ်အိတ်ကပ်ထဲက ထွက်ကျသွားတဲ့ ချဲဘောက်ချာကို ရှာဖွေပုံစံနဲ့ သိမ်းပြီး အမှု ဖွင့်လိုက်ရင်တော့ တရားခံ ဖြစ်တော့မှာ ကို တွေးမိပြီး သွေးတွေ က တဒိတ်ဒိတ် တိုးလာတယ်။ ဒါပေမဲ့ ကျုပ်က လူအုပ်ကို ကျောပေးပြီး ရှေ့ဆုံးမှာ ရပ်နေတာဆိုတော့ ကျုပ်အိတ်ကပ်ထဲက ဘောက်ချာစာရွက် ကျသွားတာကို ကျုပ်ရှေ့က စင်မြင့်မှာ ထိုင်နေတဲ့ တရားသူကြီး ဦးခင်မောင် တစ်ယောက် ပဲ မြင်လိုက်တယ်။ သူ့မျက်နှာကလည်း တော် တော် ဒေါသထွက်သွားပုံပဲဗျ။ ကြံရာမရတဲ့အဆုံး ကျုပ်လည်း ကြမ်းပြင်မှာ ကျနေတဲ့ ဘောက်ချာစာရွက်ပေါ်မှာ ခြေထောက်နဲ့ နင်းရပ်ရင်း ဟိုလို ဒီလိုနဲ့ ဘောက်ချာကို နင်းချေပစ်လိုက်တယ်။ ဥပဒေအရ ပြောမယ် ဆိုရင်တော့ သက်သေခံပစ္စည်း ဖျောက်ဖျက်မှု ပေါ့ဗျာ။
ကျုပ် အခုလို ကျဉ်းထဲ ကျပ်ထဲ ရောက်နေတုန်း တရားရုံးရှေ့က လမ်းမမှာ ဆိုက်ကားသမားတွေ က အော်ကြီးဟစ်ကျယ် ပြောနေကြတယ်။ သူတို့ စကားသံတွေ ဟာ တရားရုံးထဲအထိ ဝေ့ပြီး ၀င်လာတယ်။
“ဘာထွက်သွားသလဲဟေ့”
“ကိုးကိုးသုည … တဲ့၊ ကိုးကိုးသုည”
“သေပါပြီကွာ၊ ပူးမယ် ဆိုတာ သိရက်နဲ့ ခံရတယ်”
တရားခွင်က လူတွေ ဆိုက်ကားသမားတွေ ဘက် အာရုံရောက်သွားတုန်း တရားသူကြီးက -
“အမိန့် …”
“တရားခံ ဇော်လွင်ထွန်း (ဘ) ဦးမောင်ကိုသည် တရားမ၀င်နှလုံးထီ ရောင်း၊ ချဲဒိုင် ကိုင်ကြောင်း အထောက်အထား ခိုင်လုံစွာ တွေ့ ရှိရသည် ဖြစ်၍ မြန်မာနိုင်ငံ လောင်းကစား ဥပဒေပုဒ်မ ၁၅(က) အရ ထောင်ဒဏ် ၃ နှစ် ကျစေ၊ တရားခံ ပြောင်ကြီး (ဘ) ဦးချစ်သိန်းသည် တရားမ၀င် နှစ် လုံးထီလောင်းကစားမှု တွင် ထိုးသားအ ဖြစ် ပါဝင် လောင်းကစားကြောင်း ထင်ရှားသည် ဖြစ်၍ မြန်မာနိုင်ငံ လောင်းကစားဥပဒေ ပုဒ်မ ၁၆(က) အရ ထောင်ဒဏ် ၆ လ အသီးသီး ချမှတ်လိုက်သည်”
အမှု ပြီးသွားလို့ ကျုပ်ရင်ထဲ ပေါ့သွားမလို ရှိသေးတယ်၊ တရားသူကြီးဦးခင်မောင်က -
“ရှေ့နေကြီး … ပြီးရင် ကျွန်တော့် အခန်းကို လာခဲ့ပါဦး”
ဆိုလို့ စိတ်ထဲမှာ နောက်ကျိသွားရပြန်တယ်။ အနည်းဆုံးတော့ ခုနကိစ္စအတွက် သတိပေး ဆုံးမတာကို ခံရဦးမှာ သေချာတယ်။
တရားသူကြီး အခန်းထဲကို ကြည့်လိုက်တော့ အခြေအနေက ထင်တာထက် ပိုဆိုးနေတာကို တွေ့ ရတယ်။ တရားရုံးက ၀န်ထမ်းတွေ ၊ ရှေ့နေတွေ အားလုံးနီးပါး သူ့အခန်းထဲမှာ ရောက်နေကြတယ်။ တရားသူကြီး ကတော့ လူပုံအလယ်မှာ ကျုပ်ကို အရှက်ခွဲမယ့်ပုံပဲ။ ဒါနဲ့ ကျုပ်လည်း ရေကန်ထဲကတက်လာတဲ့ ခွေးစုတ်လို ခပ်ကုပ်ကုပ်နဲ့ အခန်းထဲ ၀င်သွားတော့ တရားသူကြီးကပြုံးပြုံးရွှင်ရွှင်နဲ့ အခုလို ကြိုဆိုတယ်”
“လာ … ရှေ့နေကြီး၊ ကဲ … အားလုံးကို ကျုပ် ဒီနေ့ လက်ဖက်ရည်နဲ့ မုန့် ဒကာခံမယ်၊ အခု ထွက်သွားတဲ့ ကိုးကိုးသုညကို ကျုပ်တစ်ထောင်ဖိုး ပေါက်တယ်” တဲ့။
ကျုပ်လည်း ဘာပြောရမှန်း မသိအောင် အံ့သြပြီး စိတ်လှုပ်ရှားသွားတာကြောင့် -
“၀မ်းသာပါတယ် တရားသူကြီး”
လို့ ပြောလိုက်တော့ သူက အခုလို ထပ်ပြောသေးတယ်။
“အမယ် … အဲဒီ ဂဏန်း ဘယ်က ရတယ် မှတ်လို့လဲ၊ ပြောင်ကြီးဆိုတဲ့လူ ပေးတာဗျ၊ ဟိုတစ်လောက ကျုပ်အိမ်ကို သူ အိမ်သာကျင်း လာတူးတုန်းက စိတ်ဝင်စားရင် ထိုးပါ ဆိုပြီး ပေးသွားတာ၊ ဒါနဲ့ မေ့တော့မလို့၊ ဟေ့ကောင်တွေ … ရှယ်တစ်ခွက်၊ မုန့်တစ်ခုနဲ့ စီးကရက်တစ်လိပ် အချုပ်ခန်းထဲ ပို့လိုက်ပါဟေ့”
“ဒါက ဘယ်ကို သွားမလို့လဲ”
ဦးလေး ဖြစ်သူက ဂေါ်ရင်ဂျီကုလား နှုတ်ခမ်းမွှေးလို ကော့နေတဲ့ နှုတ်ခမ်းမွှေးကို ဟန်ပါပါ သပ်ရင်း သူ့ရဲ့ထုံးစံ ရှုတည်တည် မျက်နှာပေးနဲ့ ပပထွဋ်ခေါင်ကို မေးလိုက်တယ်။ ပပထွဋ်ခေါင် ဆိုတဲ့ နာမည် လှသလောက် ဖက်တီးပုတ် ဖြစ်နေတဲ့ လေဒီလေးက မှန်ထဲက သူ့အရိပ်ကို ကမ္မဌာန်းတရားမှတ်သလို စိုက်ကြည့်ပြီး ပို့စ် အမျိုးမျိုး ပေးနေရာက -
“ကွန်ပျူတာသင်တန်း သွားမလို့”
လို့ ပြီးလွယ်စီးလွယ် ဖြေလိုက်တယ်
“ငါ့ကို လူနုံ လူအ မှတ်လို့လား၊ ဟိုတစ်လောကပဲ နင် ကွန်ပျူတာ သင်တန်းပြီးသွားလို့ အောင်လက်မှတ်တောင် ရခဲ့ပြီ မဟုတ်လား”
“အဲဒါက အခြေခံ Basic Course ၊ အခုဟာ စီပလပ်(စ်)”
“နင် ကတော့ အိမ်က ထွက်ဖို့ပဲ လမ်းပေါက်ရှာနေ၊ စီပလပ် တဲ့၊ ကြားပဲ ကြားဖူးပါဘူး၊ နောက်ဆို ကျွဲရိုင်းတို့ … ဗီဗီ အချိုရည်တို့ လာဦးမလားပဲ”
သူ့ဦးလေးရဲ့ မြည် တွန်တောက်တီးသံကို ဥပက္ခာပြုပြီး ပပထွဋ်ခေါင်အိမ်က ထွက်လာခဲ့တယ်။ ပါးစပ်ကလည်း ပွစိပွစိနဲ့ ဆီမန်း မန်းသလိုလို၊ မြင်းအီးပေါက်သလိုလို၊ ဟစ်ဟော့ပ်သီချင်းကို တစ်ပိုင်းတစ်စကို တိုးတိုးရွတ်လာခဲ့တယ်။
“××× စကတ်တိုတို ၀တ်ရင် အောက်စ မလွတ်အောင် ဖုံး ××× ခုခေတ် လူငယ်အားလုံးက ဦးထုပ်ကိုယ်စီသုံး ×××”
အိမ်မှာ အဖေနဲ့ အမေက တစ်နေကုန် ဗိုလ်ချုပ်ဈေးမှာ ဈေးထွက်နြေ ကတော့ အိမ်မှာ သူနဲ့ သူ့ဦးလေး ဘကြီးမှု န်လို့ သူတို့ သူငယ်ချင်းတွေ က နာမည် ပြောင် ခေါ်တဲ့ ဦးရဲမြင့်ပဲ ရှိတယ်။ ဘကြီးမှု န်လို့ ခေါ်တာ မဟုတ်ဘူး။ အမြဲတမ်း သုန်သုန်မှု န်မှု န် ရှုတည်တည်နဲ့ မျက်နှာကြော တင်းလွန်းလို့ ကွယ်ရာမှာ ခေါ်ကြတာပါ။ ဦးလေးကလည်း ပပ မရှိတာနဲ့ သူလည်း အိမ်သော့ ခတ်ပြီး ဘိလိယက်ခုံလိုလို လက်ဖက်ရည်ဆိုင်လိုလို သွားတော့တာပဲ။
သူတို့က ၃၉ လမ်းမှာ နေတယ်။ ဆိပ်ကမ်းသာလမ်းထိပ်ကို ရောက်တာနဲ့ ယုဇန တည်းခိုခန်းရှေ့မှာ မျက်နှာ စပ်ဖြဲဖြဲနဲ့ ဂျင်မီအောင်အောင်တို့ အဖွဲ့ကို တွေ့ တယ်။ ဂျင်မီအောင်အောင်က ခု ချက်ချင်း မိုးကြိုးပစ်ခံရတော့မယ့်အတိုင်း မိုးပေါ်ကို ထောင်တက်နေတဲ့ ဂျယ်လ်လူးထားတဲ့ ဒူးရင်းသီးကေနဲ့ ရက်ပါ ဒီဇိုင်း ၀တ်ထားတယ်။
“ဟဲလို … အချစ်လေး … ဟေး အေး …
ကျောင်းသွားပြီလား … ရို့ ရို့ …
ခင်မောင် … မင်းကို ချစ်တယ် … ဖက်တီးရယ်”
လို့ အတည်လိုလို ပြောင်သလိုလိုနဲ့ သူ့ကို စ တယ်။
အဲဒီ ကောင်ဟာ ရုပ်ကလေး အသင့်အတင့် ရှိရဲ့သားနဲ့ မျက်နှာက စပ်ဖြဲဖြဲ ဖြစ်နေလို့ကို သူက ကြည့်မရတာ ။ ဒါပေမဲ့ ထုံးစံအတိုင်း တစ်ချက်တော့ ရှိုးခဲ့သေးတာပေါ့။
အင်တာနက်ကဖေးထဲကို ၀င်ခါနီး မှာ လမ်းတစ်ဖက်က ရပ်ပြီး သူ့ကို ငေးကြည့်နေတဲ့ P ညီညီ ဆိုတဲ့ ကောင်လေးကို တွေ့ တယ်။ သူ့ဟန်းဖုန်းနံပါတ်ကို ဘယ်က ဘယ်လို ရတယ် မသိဘူး။ သိချင်တယ်၊ ခင်ချင်တယ်၊ တွေ့ ချင်တယ်လို့ ‘မက်ဆေ့ဂ်ျ’ ပို့နေတာလည်း ဒီငနဲလေးပဲ ဖြစ်မှာ ပဲ။ သူကျတော့ တစ်မျိုး၊ လူကသာ ကုပ်ချည့်ချည့်၊ ဆူးချွန်တွေ ပါတဲ့ ခါးပတ်ကြီးကို ပတ်၊ မျက်ခုံးမွေးထိပ်မှာ ကွင်းတစ်ကွင်း ဖောက်လို့၊ မြင်းစီးဖိနပ်ကြီးနဲ့ ပန့် (Punk) ဒီဇိုင်း။ ဒါပေမဲ့ ပပက ပေါင် ၁၈၀ လောက်ရှိတာ။ ကောင်လေးက ရှိလှမှ ပေါင် ၉၀ လောက် ဆိုတော့ ဖြစ်ပါ့မလား။ တွဲ သွားရင် စဥ့်အိုးကို ဖားပျံကပ်သလို ဖြစ်နေမယ်လို့ သူငယ်ချင်းတွေ က နောက်ကြတယ်။ တော် ပါပြီ၊ အင်တာနက်က ချက်တင် (chatting) လုပ်တာပဲ ကောင်းတယ်။ အဲဒီ မှာ တော့ ဘဲနှစ် ပွေနဲ့ သူ ခပ်ချိတ်ချိတ် ဖြစ်နေတယ်။
ဂျီတော့ (G-talk) ထဲကိုဝင်၊ password နဲ့ user name ရိုက်ထည့်လိုက်တော့ အင်တာနက် အွန်လိုင်းပေါ် ရောက်သွားတယ်။ အွန်လိုင်းပေါ်မှာ ရှိနေတဲ့ လက်ရှိ ပပနဲ့ တစ်ချိန်တည်းမှာ ကွန်ပျူတာ အင်တာနက်ရှေ့မှာ ရောက်နေသူ တချို့ရဲ့ နာမည် ၀ှက်တွေ က မီးစိမ်းလေး လင်းနေတာ တွေ့ ရတယ်။ နာမည် တွေ ကလည်း တွေ့ ကရာတွေ လျှောက်ပေးထားတာပဲ … ‘ချစ်သူ’ တဲ့၊ ‘ရိုးရိုး’ တဲ့၊ ‘တုတ်ကြီး’ … ‘ကမ္ဘာ’ တဲ့၊ ‘ဟီးဟီး’ ဆိုတာတောင် ပါလိုက်သေးရဲ့။
ထုံးစံအတိုင်း အင်္ဂလိပ်လိုကလည်း ဖြစ် ဖြစ်မြောက်မြောက် မတတ်။ မြန်မာစာ လက်ကွက်တွေ ကိုလည်း ကောင်းကောင်းမရိုက်တတ် ဆိုတော့ ‘မြန်းဂလိရှ်’ လို့ သူတို့ဘာသာ မှည့်ထားတဲ့ မနုဿီဟ အင်္ဂလိပ်စာနဲ့ ရိုက်ပြီး စာရေး ဆက်သွယ်ရတယ်။ ဥပမာ … နေကောင်းလား ဆိုရင် (nay cow la) ၊ ချစ်တယ် ဆိုရင် (chit tel) ပေါ့။ နားလည်ရင် ပြီးတာပဲ။ တချို့ သူငယ်ချင်း ကောင်မလေးတွေ ဆိုရင် မိဘတွေ ရှေ့မှာ တင် ရည်းစားစာတွေ ကို အဲဒီ လို ကွန်ပျူတာမှာ အပြန်အလှန် ရိုက်နေကြတာ၊ လူကြီးတွေ ကတော့ ကျောင်းစာတွေ လေ့လာနေကြတယ် မှတ်လို့။
ဟီးဟီး (heehee@gmail.com) ဆီက …
‘ဓာတ်ပုံကြည့်ချင်တယ်၊ ပို့ပါ’ လို့ စာဝင်လာတယ်။
သူကလည်း ပြန်ရိုက်လိုက်တယ် (nauk hma po mel) ‘နောက်မှ ပို့မယ်’ ဆိုပြီး ကြိုးရှည်ရှည်နဲ့ ဆွဲထားလိုက်ရတယ်။ ကျွန်မပုံ ကြည့်ချင်ရင် ရှင့်ပုံ အရင်ပို့ ဆိုတော့ အခု ပို့လိုက်မယ် ဆိုတယ်။ ချက်ချင်း ကွန်ပျူတာထဲကို အီးမေးလ်ကနေ ရောက်လာတယ်။ နာမည် ကသာ ဟီးဟီး … လူ ကတော့ လူချောပဲ။ ဟီးဟီး ဆိုတာ ဂျင်မီအောင်အောင်လို့ ထင်နေတာလည်း မဟုတ်ကြောင်း သေချာသွားတယ်။ ကဲ … မထူးပါဘူး၊ ခင်ချစ် (khinchit) တစ် ဖြစ်လဲ ပပထွဋ်ခေါင်လည်း သူ့ပုံကို ပြန်ပြီး ပို့ပေးလိုက်တယ်။
ချက်ချင်း ပဲ စာပြန်လာတယ်။
‘ဘော်ဒီက မိုက်တယ်’ တဲ့၊ ‘ကာယအလှမယ်အတိုင်းပဲ …’ တဲ့။
‘ကမ္ဘာ’ ဆိုတဲ့ လူနဲ့လည်း ခပ်ချိတ်ချိတ် စာတွေ ရေး လိုက်သေးတယ်။
ချစ်တယ် (chitt tel)
ယုံဘူး (yone bu)
တွေ့ ချင်တယ် ( … )
ကြောက်ကြောက် ( … )
အဲဒီ လိုနဲ့ အရည်မရ၊ အဖတ်မရ တောင်စဉ်ရေမရတွေ လျှောက်ရိုက်ပြီး တစ်နာရီသာသာ ကြာတော့မှ ကွန်ပျူတာသင်တန်းကပဲ ပြန်လာသလိုလို၊ ဘာလိုလိုနဲ့ အင်တာနက်ကဖေးမှာ ငွေခြောက်ရာ ရှင်းခဲ့ရပြီး အိမ်ပြန်လာခဲ့တယ်။ အဲဒါက ပပထွဋ်ခေါင်ရဲ့ နေ့စဉ် ဆောင်ရွက်လေ့ရှိတဲ့ မဟာအလုပ်အကိုင်ကြီးပဲ။ အပြန်လမ်းမှာ တော့ ဂျင်မီအောင်အောင်ရော၊ P.ညီညီရော မတွေ့ တော့ဘူး။ အိမ်ပြန်သွားပြီလား၊ ဒါမှမဟုတ် ကွန်ပျူတာရှေ့မှာ ထိုင်ပြီး chatting ၀င်နေတာလည်း ဖြစ်နိုင်တယ်။
အဲဒီ နေ့ညက အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ သူက မင်းသမီးလေးခင်ဖက်တီး … တဲ့။ သူ့ကို လိုချင်လို့ ခုနစ်ပြည်ထောင် မင်းသားတွေ ဟာ လုကြ၊ သတ်ကြ၊ စစ်မက်တွေ ဖြစ်ကြ ဆိုပဲ။ အဲဒီ အထဲကမှ မင်းသား သုံးယောက် ဟာ ခင်ဖက်တီး (ခေါ်) ပပထွဋ်ခေါင်ရဲ့ အသိတွေ ဖြစ်နေတယ်။ သူတို့ ကတော့ ဂျင်မီအောင်အောင်ရယ်၊ P.ညီညီရယ်၊ အင်တာနက်ထဲမှာ တွေ့ တဲ့ ဟီးဟီးဆိုတဲ့ ခပ်ချောချော လူရယ်တဲ့။ သူတို့ သုံးယောက် ဟာ တစ်ယောက် နဲ့ တစ်ယောက် ဓားတွေ နဲ့ ခုတ်နေရာက -
“နေဦးကွ၊ ရပ်ကြဦး၊ ငါ အကြံတစ်ခု ရပြီ”
လို့ ဂျင်မီအောင်အောင်က ထအော်တယ်။ ကျန်တဲ့ နှစ် ယောက် က ဘာများ လဲလို့ ရပ်ပြီး နားစွင့်တယ်။
“တို့ ဒီလို ထိုးခုတ်နေကြရင် အားလုံး ဒဏ်ရာတွေ ရပြီး မသာပေါ်ကုန်ကြလိမ့်မယ်၊ ဒီတော့ မင်းသမီးလေး ခက်ဖက်တီးကို တို့သုံးယောက် လုံး လိုချင်တာ ဆိုတော့ အညီအမျှ သုံးပိုင်း ပိုင်းပြီး ဝေမျှယူကြရင် မကောင်းဘူးလား”
“ကောင်းတယ်၊ အရမ်းကောင်း”
လို့ ဟီးဟီးက ထောက်ခံတယ်။
“အိုကေ … သဘောတူတယ်”
လို့ P.ညီညီက ကောင်းချီးပေးတယ်။
ခင်ဖက်တီးလည်း အခြေအနေ မကောင်းရင် ပြေးရအောင်လို့ ဒေါက်ဖိနပ်အမြင့်ကြီးကို ချွတ်လိုက်ပြီး အသင့် ပြင်ထားလိုက်တယ်။
“ဒါဆိုရင် အပေါ်ဆုံးအပိုင်းကို ဟီးဟီးယူ”
“ကြိုက်တယ်ဗျာ”
“အောက်ပိုင်းကိုတော့ P.ညီညီက ယူလိုက်”
“ဒါဆို ခင်ဗျားကရော …”
“သုံးပိုင်း အညီအမျှ ပိုင်းမှာ ဆိုတော့ အလယ်ပိုင်းကို ကျုပ်ယူမယ်၊ ဒိုင်စားတဲ့ သဘောပေါ့”
“ဘာဗျ၊ အလယ်ပိုင်းက အကောင်းဆုံးပေါ့ဗျ၊ လူလည် မလုပ်နဲ့၊ အဲဒီ အပိုင်းကို ကျုပ်ယူမယ်”
“ဟုတ်တယ်ကွ၊ ရုတ်တရက်မို့ ငါက သဘောတူတယ် ပြောတာ ဂျင်မီအောင်အောင်၊ မောင်ရင် လူလည်မကျနဲ့”
“ဒါဆိုရင် ဘယ်လို ဝေမလဲဗျ၊ လိုက်ဗျာ … ဒီဖက်တီးမကို အရင်မိတဲ့သူက ကြိုက်တဲ့နေရာ ယူကြေး”
ခင်ဖက်တီးလည်း လူသားပေါက်စီ ဖြစ်မယ့်အရေး က ပြေးနိုင်မှ လွတ်တော့မှာ မို့ ရေတံခွန်စီးနေတဲ့ ချောက်ကမ်းပါးကြီးထဲကို ခုန်ချလိုက်တာ အိပ်ရာက လန့်နိုးတော့ ရှူးရှူးတွေ ရွှဲပြီး ခုတင်အောက်ကို အိပ်ရာပေါ်က ခွေးကျ ၀က်ကျ ပြုတ်ကျနေတာ တွေ့ ရပါသတဲ့။
အဲဒီ လို လင်တရူးထပြီး အိပ်ရာက နိုးတဲ့အခါ ဒီနေ့တော့ လာဘ်ကောင်းပြီလို့ သေချာပေါက် တွက်လိုက်ပါတယ်။ သူ့ကို ဘဲသုံးပွေက အိပ်မက်ထဲမှာ လုကြတယ်။ အပြင်မှာ လည်း ဓာတ်ပုံချင်းသာ မြင်ဖူး၊ chatting ချင်းသာ ရင်းနှီး၊ ရည်းစား ဖြစ်ပြီး လူချင်း မတွေ့ ဖူးသေးတဲ့ ကိုဟီးဟီး (ခေါ်) ကိုဟိန်းထက်နဲ့ ဒီနေ့ မြကျွန်းသာပန်းခြံမှာ ချိန်းထားလို့ပါပဲ။
ဘဲချောချောလေးက ချိန်းတယ် ဆိုတော့ သူ့သူငယ်ချင်းတွေ ကတောင် မနာလို ဖြစ်ကြတယ်။
“ပပရယ် … နင် မအားရင် ငါ သွားလိုက်မယ်ဟာ”
“ဘယ် ဖြစ်မလဲဟ၊ ငါနဲ့ ကြည်တာပဲ၊ ငါပဲ သွားမှာ ပေါ့”
ကောင်မတွေ ကို အသာ မျက်ခြေဖြတ်ပြီး မြကျွန်းသာကို တစ်ယောက် တည်း တက္ကစီနဲ့ လစ်လာခဲ့တယ်။ ဆုံရမယ့် နေရာက ချားရဟတ်ကြီးဘေးက သစ်ပင်အောက်မှာ ။ အချိန်က နေ့လယ် ၂ နာရီ။ မြင်ရင် ချက်ချင်း မှတ်မိအောင်လို့ သူ့ကို ဦးထုပ်အဖြူ ဆောင်းထားပါ ဆိုလို့ စတိုးဆိုင်မှာ ၀င်ဝယ်ရသေးတယ်။ ကိုဟိန်းထက်ကလည်း ဝေါ့ကင်းရှူး၊ ဂျင်းပင်အပြာနဲ့ တီရှပ်ကို ၀တ်လာမယ် ဆိုပဲ။ ဆွဲကြိုးကြီး တစ်ကုံးကိုလည်း ဆွဲလာဦးမတဲ့။ ရက်ပါဒီဇိုင်းလည်း မဟုတ်၊ p.ညီညီ ပန့်(ခ်)ဒီဇိုင်းလည်း မဟုတ်တဲ့ သဘောပေါ့။
ပပထွဋ်ခေါင် တစ်ယောက် တည်း ငုတ်တုတ်ကလေး ထိုင်နေတုန်း ချိန်းထားတဲ့အချိန် ၂ နာရီတိတိမှာ သူ့ရှေ့ကို လူ တစ်ယောက် လာရပ်တယ်။
ပထမဆုံး ဖြူဖွေးလှပတဲ့ အသစ်စက်စက် ဝေါ့ကင်းရှူးတစ်စုံကို စတွေ့ ရတယ်။ အကြည့်ကို အပေါ်နည်းနည်း ရွှေ့လိုက်တော့ ဂျင်းပင်အပြာအသစ်စက်စက်နဲ့။ အဲဒီ ကမှ ထပ်ပြီး အပေါ်ကို ကြည့်တော့ တီရှပ်လှလှလေး တစ်ထည်နဲ့ စတီးဆွဲကြိုးတစ်ကုံး …။
အဲဒီ နောက် ပပက သူ့ဦးထုပ်ကို လှန်ချွတ်ပြီး သူ့ရည်းစားမျက်နှာကို မော့ကြည့်လိုက်တော့ နှုတ်ခမ်းမွှေး ကော့ကော့ကြီးကြီးကို ဗြုန်းခနဲ တွေ့ ရတယ်။
“ဟင် … ဦးကြီး”
“ဟိုက် … ငါ့တူမ ပပ၊ နင် ဒီမှာ ဘာလုပ်နေတာတုံး”
“ဟို … ဟိုလေ … ဟီးဟီးနဲ့ ချိန်းထားလို့ လာစောင့်နေတာ”
“ဒါ … ဒါဆို … နင်က ခင်ချစ်ပေါ့”
“ဟုတ်တယ်”
“နေပါဦး … ဓာတ်ပုံထဲမှာ တွေ့ ဖူးတဲ့ ခင်ချစ်က နင် မဟုတ်ပါဘူး၊ ဟိုက မယ်ကမ္ဘာလို ကိုယ်လုံးလှလှ အင်ဂျင်လီနာဂျိုလီလို ရုပ်ချောချောပါ”
“အဲဒါက ဆွဲဆောင်မှု ရှိအောင် ကျွန်မသူငယ်ချင်းရဲ့ အစ်မ လှယဉ်ကျေးမယ် ဓာတ်ပုံကို လိမ်ပို့လိုက်တာ၊ ဒါနဲ့ ဟီးဟီး ဆိုတာ ဦးကြီး မဟုတ်ပါဘူး၊ ဟိုက စိုင်းစိုင်းတို့လို ခပ်ဖြောင့်ဖြောင့်ပါ”
“ငါလည်း ငါ့ပုံ ပို့လိုက်ရင် ပြန်မကြိုက်မှာ စိုးလို့ ငါ့သူငယ်ချင်းရဲ့ တူလေး ဓာတ်ပုံကို ပို့လိုက်တာ”
“ဦးကြီးက ဘယ်တုန်းက အင်တာနက် သုံးတတ်နေတာလဲ”
“ငါက လိုလိုမည် မည် ဆိုပြီး KMD မှာ အင်တာနက် အီးမေးလ် အမြန်သင်တန်း တက်ထားတာဟ”
“အမယ်လေး … ရှက်ဖို့ ကောင်းလိုက်တာ”
ဟု ဆိုကာ ပပထွဋ်ခေါင်သည် တစ္ဆေသရဲကို တွေ့ ရသည့်အလား နေရာမှ တစ်ချိုးတည်း လစ်လေသည်။
လူပျိုသိုးကြီး ဦးရဲမြင့် (ခေါ်) ဘကြီးမှု န်သည် သူ၏ နှုတ်ခမ်းမွှေးကြီးကို လက်ဖြင့် သပ်ကာ နှစ် လုံးထီပေါက်ပြီးမှ ဒိုင်ထွက်ပြေးသော လူ၏ မျက်နှာမျိုးဖြင့် …
“ဗိုင်းနာမ… ပြောတော့ အင်တာနက်အင်တာနက်နဲ့၊လက်စသတ်တော့လင်ရှာစက်ပါလား ဟဲ့”
ဟုဆိုကာရင်ဘတ်ကို ထု၍ ထု၍ မချိတင်ကဲမြည် ကြွေးလေသတည်း။
ယနေ့ ကိုမှု န်ကြီး မျက်စိထဲတွင် လောကတစ်ခွင် မြင်မြင်သမျှ အရာအားလုံးသည် လှပနေ၏ ။ လူတွေ ကို ကြည့်ရတာ လည်း လှနေသည်။ သစ်ပင်ပန်းမန်တို့လည်း ခါတိုင်းထက် ပိုမိုမွှေးပျံ့ ဖူးပွင့်နေသယောင် ရှိ၏ ။ ကောင်းကင်ဝယ် မျောလွင့်နေသော တိမ်တိုက်ဖြူဖြူတို့မှာ လည်း ကြည်နူးဖွယ် လှပါဘိတောင်း။ ယုတ်စွအဆုံး ကမ်းနားလမ်းထိပ် အမှိုက်ပုံဝယ် ကျက်စားလေ့ရှိသော ၊ သူ ဘယ်တော့မှ ကြည့်မရသည့် ခွေးမ ကုတ်ကျားကိုပင်လျှင် စေတနာ သဒ္ဒါတရား ပေါက်ဖွားလာသော ကြောင့် ကုန်စုံဆိုင်မှ ထန်းလျက် တစ်ဆယ်ဖိုး ၀ယ်ကျွေးလိုက်၏ ။ ထိုမျှနှင့် အားမရသေးဘဲ မိတ်ဆွေအပေါင်းအသင်းတို့ကို လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားပြီး ကျွေးမွေးပြုစုလိုက်သေး၏ ။
အဘယ်ကြောင့် ကိုမှု န်ကြီး ဤမျှ အပျော်ကြီး ပျော်နေရသနည်း။ လောကကြီးတွင် အပျော်ဆုံး သုံးနေ့ ရှိသည်ဟု ဆိုစမှတ် ပြုကြသော်လည်း ကိုရင်လူထွက်ခြင်းမှ လွဲ၍ မင်္ဂလာလည်း မဆောင်ဖူး၊ ထောင်မှလည်း မထွက်ဖူးသော ကိုမှု န်ကြီးအဖို့ စတုတ္ထမြောက် အပျော်ဆုံးနေ့အ ဖြစ် ဤနေ့ကို တိုးချဲ့သတ်မှတ်ရမလို ဖြစ်နေခြင်းကား သူ အနှစ် နှစ် အလလ မျှော်လင့် ကြိုးစားခဲ့သမျှအရာတစ်ခုမှ အောင်မြင်မှု ရလဒ်ကို ပီပီပြင်ပြင် သိမြင် ခံစားလိုက်ပေသော ကြောင့် ပေတည်း။ ထိုအရာကား အခြား မဟုတ်။ သိဂီင်္ရွှေခွက်ကို အနူလက်နဲ့ နှိုက်တယ်ဟု ပတ်ဝန်းကျင်မှ မှတ်ချက်ပေးနေသည့်ကြားမှ ကိုမှု န်ကြီး အင်မတန် ချစ်လှသော မကြော့မြိုင်က သူ့မေတ္တာကို လက်ခံကြောင်း အတိအလင်း ဖွင့်ဟ၀န်ခံလိုက်ခြင်းကြောင့် ပင် ဖြစ်သည်။ မကြော့မြိုင်ကို ကိုမှု န်ကြီး မေတ္တာသက်ဝင်နေခဲ့သည် ကတော့ ကြာချေပြီ။ ပထမဆုံးအကြိမ် ချစ်ရေး ဆိုစဉ်မှစ၍ ရေတွက်ရလျှင် အဖြေရသည့်နေ့သည်ပင် နှစ် နှစ် ခွဲခန့် ရှိပေတော့မည် ။ နှစ် နှစ် ခွဲဟူသော အချိန်အတွင်း၌ ကိုမှု န်ကြီးမှာ မကြော့မြိုင်မှ မကြော့မြိုင်ဟု တစ်ကြော့တည်း ကြော့ကာ တစ်မြိုင်တည်း မြိုင်နေပုံကား မကြော့မြိုင် မပြောနှင့် ၊ မကြော့မြိုင် အမေကပင် ကိုမှု န်ကြီးကို ပြန်ကြိုက်ချင်လာစရာ အကြောင်း ဖြစ်သည်ဟု အချို့ကို ဝေဖန်ကြ၏ ။
မကြော့မြိုင်သည် အသားဖြူပြီး ကိုယ်လုံးကိုယ်ပေါက် လှပပြေပြစ်သည်။ ဘုရားစောင်းတန်းတွင် ပန်းရောင်းသော မကြော့မြိုင်တို့ မိသားစုနှင့် ဘုရားရင်ပြင်တော် လုံခြုံရေး (ဘုရားရဲ) ၏ သား ကိုမှု န်ကြီးမှာ ငယ်စဉ်ကတည်းက ရင်းနှီးမှု ရှိခဲ့သည်။ မကြော့မြိုင်တို့က ဘုရားစောင်းတန်းရှိ ပန်းဆိုင်ကို အိမ်လုပ်ကာ နေပြီး ကိုမှု န်ကြီးတို့ မိသားစု ကတော့ ဘုရားခြေရင်း ၀န်ထမ်းတဲတန်းလျားတွင် နေထိုင်သဖြင့် ဤစကားဝါဟု ခေါ်ဆိုအပ်သော ဆင်းရဲသားရပ်ကွက်ကလေးမှာ ဖြင့် အခြေတကျ အဆင့်အတန်းရှိရှိ နေထိုင်သော ဒုတိယတန်းစား ဆင်းရဲသားများ ပင် ဖြစ်သည်။
ကိုမှု န်ကြီးတွင် နာမည် ကြီးချင်သော ရောဂါ ရှိ၏ ။ မြန်မာ့ရိုးရာ သင်္ကြန်ခါတွင် လူကြည့်လျှင် ပြီးရော သဘောဖြင့် မျက်နှာတစ်ခြမ်းကို အိုးမဲသုတ်လာသူများ ၊ ခေါင်းတုံးတစ်ခြမ်း … ဆံပင်တစ်ခြမ်း ရိတ်ကာ စကားမပြောဘဲ ခပ်တည်တည် လျှောက်သွားနေသူများ ၊ ကျိုက်ထီးရိုး သေနတ်ကြီးတစ်လက်ပိုက်ကာ တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် မကြီးမငယ် လမ်းသလားနေသူများ ထဲဝယ် ကိုမှု န်ကြီး တစ်ယောက် တည်း အပါအ၀င် ဖြစ်၏ ။ သူ၏ လူအများ စိတ်ဝင်စားမှု ခံယူလိုသည့် ရောဂါ ကား သင်္ကြန်မှာ ပင် မရပ်။ အရပ်ထဲမှာ အခမ်းအနားရှိတိုင်း ကိုမှု န်ကြီး ပါ၏ ။ သိကြားမင်း လုပ်ရမလား၊ မိန်းမလျာလုပ်ရမလား၊ လှေထိုးသား လုပ်ရမလား၊ ဇာတ်ကောင် မရွေး … နေရာမရွေး ကိုမှု န်ကြီးတို့က ပါဝင် ဆင်နွှဲရန် အသင့်ပင်။ ထိုမျှနှင့် ပင် အားမရသေးသော ကိုမှု န်ကြီးက ရံဖန်ရံခါ ရပ်ကွက်တွင်းရှိ ကလေးများ ကို စည်းရုံး၍ စတန့်ထွင် ပြသေး၏ ။
“အုတ်ခဲကို လေထဲ မြှော က်ပြီး ငါခေါင်းနဲ့ တိုက်မယ်၊ ကြည့်ကြမလား”
ဟု မကြော့မြိုင်တို့ အိမ်မှ မြင်သာလောက်သည့် နေရာမှ ကိုမှု န်ကြီးက ကြွေးကြော်လိုက်သော အခါ ‘ကြည့်မယ်’ ဟု ကလေးများ က ဟစ်အော်လိုက်လေသည်။ ကလေးများ သာမက လမ်းသွားလမ်းလာများ ကပါ ရပ်၍ အားပေးကြည့်ရှုကြသော ကြောင့် ကိုမှု န်ကြီး ပျော်သွား၏ ။ သူ့ခါးကြားတွင် လိပ်ယူလာသော တစ်ညလုံး ရေစိမ်ထားသဖြင့် ပွနေသော အုတ်ခဲ အသစ်စက်စက်တစ်လုံးကို ပရိသတ်အား ပြလိုက်၏ ။
“ဒီမှာ နော် … အုတ်ခဲမှ အုတ်ခဲအစစ်၊ ကြည့်ကြ … လာပြီဟေ့”
ကြာကြာကိုင်ထားလျှင် ပရိသတ်က မေးလားစမ်းလားပြုမည် စိုးသော ကြောင့် ပြောပြောမြှော က်မြှော က်ဖြင့် အုတ်ခဲကို လေထဲသို့ မြှော က်၍ ပြန်အကျဝယ် သူ့ချိုစောင်းဖြင့် ခတ်လိုက်၏ ။
အုတ်နီမှု န့်များ အရပ်ရှစ်မျက်နှာသို့ ဖွားခနဲ လွင့်စဉ်သွားကြသည်။ ကိုမှု န်ကြီး ခေါင်းတွင် အုတ်နီမှု န့်များ ဖြင့် နီမှိုင်းမှိုင်းကြီး ဖြစ်ကျန်ခဲ့၏ ။ ကိုမှု န်ကြီးက ခါးထောက်လျက် အောင်နိုင်သူလို တပြုံးပြုံးနှင့် လူအုပ်ကို လှည့်ပတ်ကြည့်ရှုနေ၏ ။
“ဟေး … ဒါမှ ဦးမှု န်ကြီးကွ၊ ရော့ ဒီမှာ နောက်ထပ် အုတ်ခဲတစ်လုံးခွဲဦး”
“ဟာ … မ ဖြစ်ဘူးကွ၊ အတွင်းအားထုတ်ရတာ လွယ်တာ မဟုတ်ဘူး၊ နောက်နေ့ကျ …”
“လုပ်ပါ ဦးမှု န်ကြီးရ၊ ဟိုမှာ ဒေါ်လေးမကြော့မြိုင်က ကြည့်ချင်လို့တဲ့”
“ဟိုက်”
မကြော့မြိုင် ကြည့်ချင်သလား၊ မကြည့်ချင်သလားတော့ မသိ။ လူအုပ်ကြီးက ကိုမှု န်ကြီး ခေါင်းကွဲတာ ကြည့်ချင်သဖြင့် အလုအယက် တိုးဝှေ့နေကြသည်။ မကြော့မြိုင် တူကလေး ဂျာရစ်က လူအုပ်ကြားမှ တိုးထွက်လာကာ အုတ်ခဲကျိုး ခပ်ညစ်ညစ်တစ်လုံးကို ကိုမှု န်ကြီးအား အတင်းထိုးပေးနေ၏ ။
ကိုမှု န်ကြီးက အုတ်ခဲကို လှမ်းမယူဘဲ တွန့်ဆုတ်ဆုတ် ဖြစ်နေသည်။ သူ့မျက်လုံးထဲတွင် အုတ်ခဲကျိုးကို အုတ်ခဲကျိုးဟု မမြင်။ သူ့ခေါင်းကို ထုမည့်  သံတင်းပုတ်တစ်ခုလို မြင်နေသည်။ အတင်းထိုးပေးနေသော ဂျာရစ်ကို မျက်စောင်းထိုးကြည့်ရင်း ‘သေချင်ဆိုးလေး၊ မကြော့မြိုင်နဲ့ ငါနဲ့ ရမှ သင်းကို ၀ါးခြမ်းပြားနဲ့ နေ့တိုင်း နှက်ရမယ်’ ဟု တေးထားလိုက်သည်။ ပရိသတ်က တောင်းဆိုလှပြီ ဖြစ်ရကား ကိုမှု န်ကြီးသည် ဘယ်လိုမှ မငြင်းပယ်သာဘဲ ဟန်ပါပါနှင့် အုတ်ခဲကျိုးကို လက်ခံယူလိုက်ရလေသည်။
“ခေါင်းနဲ့ တိုက်ပါတော့ဗျို့၊ ဦးမှု န်ကြီးကို ကြည့်ချင်လှပြီ”
ကလေးများ ၏ တစ်ယောက် တစ်ပေါက် အော်သံကြောင့် ကိုမှု န်ကြီးမှာ ဇောချွေးပြန်လာကာ ရပ်နေရာမှ အငွေ့ပြန်ပြီး ရုတ်တရက် မြင်ကွင်းမှ ပျောက်ကွယ်သွားသော် ကောင်းလေစွဟု ပြင်းစွာ တောင့်တမိ၏ ။ သို့သော် လာမယ့်ဘေး ပြေးတွေ့ ၊ ဒီအုတ်ခဲကို ခေါင်းနဲ့ မြန်မြန်တိုက်လိုက်မှ အေးမှာ ပါဟု ဆုံးဖြတ်ပြီး မျက်စိစုံမှိတ်ကာ ရတနာသုံးပါးအား အာရုံပြု၏ ။ ထို့နောက် မကြော့မြိုင်များ ကြည့်နေမလားဟု မကြော့မြိုင် အိမ်ဘက်ကို မျက်စိဝေ့ကြည့်သော်လည်း လူအုပ်က ကွယ်နေ၍ ဘာမှ သဲသဲကွဲကွဲ မမြင်ရတော့သဖြင့် အုတ်ခဲကိုသာ ဆတ်ခနဲ လေထဲသို့ စတိသဘော မြှော က်ပြီး ခေါင်းနဲ့ တအားဝှေ့လိုက်လေသည်။
ကိုမှု န်ကြီး၏ ခေါင်းနှင့် အုတ်ခဲ၏ မာကျောမှု ပြိုင်ပွဲသည် ကမ္ဘာ့လေထုအတွင်း ခွပ်ခနဲ မြည် သံပြုလျက် အုတ်ခဲရော၊ လူရော မြေပေါ်သို့ တဖုတ်ဖုတ် ကြွေကျခြင်းဖြင့် နိဂုံးချုပ်သွားတော့သည်။
ကလေး၊ လူကြီးများ ခေတ္တမျှ အလုပ်ရှုပ်သွားကြသည်မှာ မှန်ပါ၏ ။ သို့သော် ဆင်းရဲသော်လည်း အကြင်နာ မခေါင်းပါးကြသည့် လူသားများ ပီပီ သူတို့ ကိုမှု န်ကြီးအား ဆေးခန်းသို့ လိုက်လံ ပို့ဆောင်ပေးကြပါ၏ ။
ထိုနေ့မှစ၍ ကိုမှု န်ကြီးဟူသော မူလ အမည် ၌ အုတ်ခဲမှု န်ကြီး ဟူ၍ လည်းကောင်း၊ ပတ်တီးမှု န်ကြီး ဟူ၍ လည်းကောင်း ဆင့်ပွား အမည် များ တိုးပွား ရရှိခဲတော့သည်။
“နေစမ်းပါဦး၊ နင်က နိုင်စွမ်းတို့၊ ခိုင်မျိုးတို့ ရည်းစားစာ ပေးတာကျ မစဉ်းစားဘဲ ဒီမှု န်ကြီး ဆိုတဲ့ အလုပ်မရှိ အကိုင်မရှိ ပေါချာချာကောင်ကို ဘာမက်ပြီး လက်ခံလိုက်ရတာ လဲ”
မတင်မြင့်၏ ဒေါသသည် တိတ်ဆိတ်နေသော ညယံဝယ် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ သမီး ဖြစ်သူ မကြော့မြိုင်ကား သင်ဖြူးအစုတ်ကလေးပေါ်ဝယ် ပုဆစ်တုပ်ထိုင်ရင်း သူမ၏ မိခင်ကို ညှိုးငယ်စွာ ကြည့်လျက် မ၀ံ့မရဲ လျှောက်လဲချက် ပေး၏ ။
“နိုင်စွမ်းတို့၊ ခိုင်မျိုးတို့က ပိုက်ဆံသာ ရှိတာ၊ အရမ်းမိန်းမပွေတယ်လို့ သမီး ကြားတယ်၊ ကိုမှု န်ကြီးက ခပ်ပျော်ပျော် နေတတ်တာကလွဲပြီး ရိုးသားလို့ သမီးက … သမီးက လက်ခံလိုက်တာပါ၊ ပြီးတော့ သူက သမီးကို လက်ထပ်ဖို့အထိ …”
“ဘာ …”
မတင်မြင့်၏ ဘာသည် အတန်ငယ် ကျယ်လောင်သွားသဖြင့် ဘေးချင်းကပ်ဆိုင်ခန်းမှ ဗေဒ၀ိဇ္ဇာ ဆြာဒေ၀စကြာက ချောင်းတစ်ချက် ဟန့်ပြီး သူအိပ်တော့မည် ဖြစ်ကြောင်း အချက်ပြ၏ ။
“နေစမ်းပါဦး”
မတင်မြင့်က အသံကို အတန်ငယ် နှိမ့်ပြီး သူ့သမီးကို မေး၏ ။
“နင့်အကောင်က ဘာများ အလုပ်အကိုင် မည် မည် ရရ ရှိလို့ လက်ထပ်မယ်တွေ ဘာတွေ ပြောနေတာလဲ၊ နင်မို့ မစဉ်းမစား ယုံတာ အံ့ပါရဲ့ မိကြော့မြိုင်ရယ်၊ လုပ် လုပ် ညည်း ထင်တာတွေ ကြပ်ကြပ်လုပ်၊ တော် ကြာကျမှ ဗိုက်တစ်လုံးနဲ့ ကျန်ရစ်လို့ ရောင်းပန်းမလှ ဖြစ်နေမယ်”
“အို … အမေကလည်း၊ ကိုမှု န်ကြီးက အလုပ် လုပ်တော့မယ်လို့ သမီးကို ပြောထားပြီးပါပြီး၊ အလုပ်ရရင် အမေတို့ဆီမှာ လူကြီးစုံရာနဲ့ လာတောင်းပါရစေတဲ့”
“နင့်ရည်းစား လူပျင်းကြီး အလုပ်လုပ်မယ် ဆိုတာ ငါတော့ ယုံကိုမယုံပါဘူး၊ အေး … ငါ ကတော့ အမွှေးတိုင်လုံးတဲ့ ဆိုင်က မောင်စူပါကိုသာ စဉ်းစားစေချင်ပါတာပါပဲ၊ အင်း … ငါတို့တုန်း ကတော့ မိဘက ဒါဆို ဒါပဲ၊ နင်တို့လိုများ အတွန့်မတက်ပေါင်”
အနည်းငယ် ပျော့ပျောင်းလာသော မိခင်၏ လေသံကြောင့် မကြော့မြိုင် အားတက်သွားကာ အခွင့်အရေး ကို လက်လွတ်မခံဘဲ -
“ဒါပဲနော် အမေ၊ ကိုမှု န်ကြီး အလုပ်ရရင် အမေ သဘောတူရမယ်နော်”
ဟု ခပ်ချွဲချွဲလေး ပူဆာလိုက်လေရာ မတင်မြင့်သည် သဘောတူ၍ လော၊ သို့မဟုတ် နားငြီး၍ လော မသိ ခေါင်းတစ်ချက် ညိတ်ပြပြီး ဘုရားပေါ်သို့ပန်းများ ကိုင်၍ တက်သွားလေသည်။
တိုင်ကီထဲတွင် ရေများ အားလုံး ဖြည့်ထား၏ ။ အိမ်ရှေ့ မြေကွက်လပ်ကိုလည်း ပြောင်နေအောင် တံမြက်စည်း လှည်းထား၏ ။ အိုးခွက် ပန်းကန်များ မှာ လည်း သူ့နေရာနှင့် သူ သပ်သပ်ရပ်ရပ် ရှိနေသည်။ တစ်နေ့လုံး ဘယ်မှမသွားဘဲ ထူးထူးခြားခြား အိမ်အလုပ်များ ကို မနားတမ်း လုပ်နေသော သားတော် မောင် ကိုမှု န်ကြီးကို ဒေါ်စုမီအောင်က တအံ့တသြ ကြည့်လျက် ရှိသည်။
“ဟဲ့ သား … ဧည့်သည် လာမှာ မို့ ဒီလောက် ပြင်ဆင်နေတာလား”
“မလာပါဘူး အမေရာ”
“ဒါဆိုရင်တော့ မင်း ငါ့ကို တစ်ခုခု ပူဆာတော့မယ် ထင်တယ်၊ ပြောစမ်း … မင်း ဘယ်ရပ်ကွက်က ယိမ်းမှာ ပါချင်လို့လဲ”
“ဒီလိုပါ၊ ဟို … ဟိုသင်း … ယိမ်းတော့ မဟုတ်ပါဘူး၊ ကျွန်တော် အမေ့ဆီက ပိုက်ဆံနည်းနည်း ချေးချင်လို့ပါ”
“အမယ် … ကြီးကြီးကျယ်ကျယ် ချေးသလေး ပြုသလေးနဲ့ ထူးခြားလှချေလား၊ ဘယ်လောက် ချေးမှာ လဲ ၊ ဘာလုပ်ဖို့လဲ”
“သုံး … သုံးသော င်းလောက် ကျွန်တော့် ကို ရှာပေးပါ အမေ၊ ကျွန်တော် အဆင်ပြေပြေချင်း ပြန်ဆပ်ပါ့မယ်”
“ဘုရားရေ … မင်းအဖေ လခက ခြောက်သော င်းကျော်လေး ရတာ ၊ ဘယ့်နှယ်လုပ်ပြီး သုံးသော င်း အပိုရှိပါ့မလား သားလေးရဲ့၊ အဲဒီ လောက် အများ ကြီး ဘာလုပ်ဖို့လဲ”
“စပေါ်ပေးချင်လို့ပါ”
“ဟေ … ဘာစပေါ်လဲ”
“ကျွန်တော် ဆိုက်ကားနင်းမလို့၊ အဲဒါ အုံနာကို စပေါ် သုံးသော င်းတင်ရမယ် ပြောတယ်၊ ဒါတောင် တင်မြင့်တို့ … ကံထွန်းတို့ မျက်နှာကြောင့် ၊ သူများ တွေ ဆို စပေါ် လေး၊ ငါးသော င်း တင်မှ ရတယ်တဲ့”
“ဘုရားရေ … မင်းက ဆိုက်ကားနင်းမယ်၊ ကျားသားမိုးကြိုးကွယ်၊ အမေတို့ ဒီလောက်ကြီးလည်း မဆင်းရဲသေးပါဘူးကွယ်၊ ဆင်းရဲတယ် ထားပါဦး၊ ငါ့သားလေး ဒီလို ပင်ပင်ပန်းပန်း ရှာတာကို အမေတို့ မစားရက်ပါဘူးသားရယ်”
“အမေတို့ စားတာ၊ မစားတာ ကိစ္စမရှိဘူး၊ အလုပ်တစ်ခု ရဖို့က အရေး ကြီးတယ် အမေရဲ့၊ အလုပ်ရမှ မကြော့မြိုင် အမေက သဘောတူမယ်တဲ့”
“အမယ်လေး … ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့၊ ယောက္ခမသဘောတူအောင် ဆိုက်ကားနင်းပြမလို့တဲ့တော့၊ မိုက်လှချည်လား မှု န်ကြီးရဲ့၊ ဒီဘုရားတန်ဆောင်းက ဟာတွေ ကိုမှ မှန်းရသလား၊ ငါ့သားကို မရခင်က နဖားကြိုး ထိုးချင်တဲ့ ကောင်မတွေ ၊ စုမီအောင်အကြောင်း သိအောင် ပြရသေးတာပေါ့”
ထိုနေ့ ညနေခင်းက စကားဝါရပ်ကွက်အတွင်း ဗီဒီယိုရိုက်ကွင်းတစ်ခုပမာ စည်စည်ကားကား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏ ။ ကိုမှု န်ကြီး မိခင်ဒေါ်စုမီအောင်နှင့် မကြော့မြိုင် မိခင် ဒေါ်တင်မြင့်တို့၏ နပန်းလုံးပွဲကြီးတွင် ဖျန်ဖြေသူ သုံးဦး ဒဏ်ရာရ၍ ၀င်ရောက် တားဆီးသော ရပ်ကွက်လူကြီး ဦးလူပအောင် လုံချည် ကျွတ်သွား၏ ။ ရန် ဖြစ်သူ နှစ် ဦးကို ရပ်ကွက်ရုံးတွင် တစ်နာရီခန့် ဆုံးမသြ၀ါဒ စကား ပြောကြားပြီး နောက်နောင် ရပ်ကွက် ဆူပူအောင် မလုပ်တော့ပါ ဟူသော ခံဝန်ချက်ဖြင့် ပြန်လွှတ်လိုက်လေသည်။
ရွှေဗဟိုဈေးတစ်ခုလုံး အုတ်အော်သော င်းတင်း ဖြစ်သွားသည်။ လူ တစ်ယောက် သည် ကုန်စုံဆိုင်မှ ကြွက်သတ်ဆေး တစ်ပုလင်းကို ၀ယ်ကာ -
“ကျွန်တော် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ်”
ဟု ပြောကာ ထွက်ပြေးသွား၏ ။ ကိုမှု န်ကြီးသည် သူ အဆိပ်သောက်တော့မည် ဖြစ်ကြောင်း ဈေးအတွင်း လှည့်ပတ်ကြွေးကြော်ပြီး ရပ်ကွက်ထဲသို့ ပြန်ပြေးလာခဲ့၏ ။
“မကြော့မြိုင်ကို မရလို့ ကျွန်တော် မောင်မှု န်ကြီး ကြွက်သတ်ဆေးသောက်ပါတော့မယ် ခင်ဗျား”
လူတို့သည် ဟိုမှ သည်မှ ရုန်းစုရုန်းစုဖြင့် ထွက်ကြည့်ကြ၏ ။ ကလေးများ က ကိုမှု န်ကြီး ကြွက်သတ်ဆေး သောက်မည့်  မြင်ကွင်းကို စောင့်ဆိုင်းကြည့်ရှုနေကြ၏ ။ သို့သော် ယခုအချိန်အထိ ကိုမှု န်ကြီးသည် သူ့ကို တားမြစ်မည့် သူ တစ်စုံ တစ်ယောက် ပေါ်လာနိုးနှင့် ဘူးခွံကို အချိန်ယူ၍ ဖွင့်လိုက်သည်။ သို့သော် ကိုမှု န်ကြီးကို တားမြစ်မည့် သူ တစ်ယောက် မရှိချေ။
“အမေရေ … မပေးစားတော့ဘူးလား၊ တကယ် သောက်တော့မှာ နော်”
ဒေါ်စုမီအောင်သည် ရင်ဘတ်စည်တီးကာ အခင်း ဖြစ်ပွားရာသို့ ထဘီမနိုင်၊ ပ၀ါမနိုင် ပြေးချလာ၏ ။။ ကိုမှု န်ကြီး၏ ဖခင်ကမူ သူ့သားအကြောင်း ကြားလျှင်ကြားချင်း ‘သေချင်ရင် သောက်ပစေကွာ’ ဟု တစ်ခွန်းသာ ပြောကာ ပက်လက်ကုလားထိုင်ပေါ်ဝယ် ထိုင်မြဲ ထိုင်ပြီး သတင်းစာ ဖတ်နေ၏ ။ ကိုမှု န်ကြီးသည် သူ့မိခင် ပြေးလာသည်ကို မြင်သည်နှင့် -
“ကျွန်တော် တစ်ယောက် တည်း သွားသေတော့မယ်ဗျ”
ဟု အားလုံး ကြားအောင် အဆိပ်ပုလင်းကို ဖွင့်၍ အာဆွတ်ရုံ မော့လိုက်ကာ ဘုန်းတော် ကြီးကျောင်း ရှိရာ တောင်ကုန်းပေါ်သို့ ပြေးတက်သွား၏ ။ လူအုပ်ကြီးကလည်း ဘာရယ် မဟုတ်ဘဲ ကိုမှု န်ကြီးနောက်မှ တသီတတန်း ပြေးလိုက်ကြပြန်သည်။
“သားရေ … မသောက်နဲ့၊ အမေ သဘောတူပြီ၊ မသောက်နဲ့တော့”
ဒေါ်စုမီအောင်သည် သားဇောနှင့် တစာစာ အော်ရင်း ကိုမှု န်ကြီး နောက်သို့ လိုက်၏ ။ ကိုမှု န်ကြီးသည် အဆိပ်သောက်လိုက်၍ လော၊ ပြေးရတာ မောလာ၍ လော မသိ၊ ဘုန်းကြီးကျောင်းဝင်းထဲမှာ ပင် ပက်လက်လန်ကာလဲနေလေသည်။
ကျောင်းထိုင်ဆရာတော် သည် အဆပ်ဖြေရန်အလို့ငှာ ကန်စွန်းရွက်ကို အရည်ညှစ်ပြီး ပါးစပ်ထဲသို့ လောင်းထည့်၏ ။ ရှေးဦးသူနာပြုစုနည်း နားလည်သော ကပ္ပိယ ဦးကြူးနှစ် က နှလုံးခုန် နှိုးဆွနည်းဖြင့် ကိုမှု န်ကြီးရင်ဘတ်ကို လက်ဖြင့် သာမက တစ်ကိုယ်လုံး တက်ဖိရာ ကိုမှု န်ကြီး မျက်ကလဲဆန်ပျာနှင့် ကမန်းကတန်း ထထိုင်ရှာလေသည်။
“ဝေါ့ … အော့ … အမယ်လေးဗျ၊ ကျွန်တော့် မျက်လုံးတွေ ပြာလာပြီ”
“ဘယ်လိုလုပ်ကြမလဲ ကျောင်းဒကာ”
“ဟုတ်မှ ဟုတ်ရဲ့လားဗျ။ ဒီကောင့်ပုလင်းကလည်း အရာမယွင်းသေးပါဘူး”
“ဘဲအရှင်ရဲ့ လည်ချောင်းသွေးကို တိုက်ရင် အဆိပ်ပြေတယ် ပြောတယ်ဗျ”
“ဘဲမှ အလွယ်တကူ မရှိတာဘဲဗျ”
“ဦးလှအောင် အိမ်မှာ ရှိသားပဲ”
“ဘာဗျ … ရှုပ်ရှုပ်ယှက်ယှက်၊ ဒီကောင် အဆိပ်သောက်တာနဲ့ ကြားထဲက ကျုပ် အလှမွေးထားတဲ့ ဘဲငန်းကြီးက အချောင် အသတ်ခံရမှာ လားထွီ …”
“နေပါဦးဗျာ၊ ကျွန်တော် စမ်းကြည့်ပါဦးမယ်”
ရပ်ကွက်လူကြီး ဦးပလူအောင်က သေမလို ဖြစ်နေသော ကိုမှု န်ကြီးအား -
“ဟေ့ကောင် မှု န်ကြီး … မကြော့မြိုင်ကို ရရင် မင်း တကယ် ယူမှလား”
ဟု မေးလိုက်၏ ။
“ယူမှာ ပေါ့ ဦးလေးရာ”
ဟု မှု န်ကြီးက အသံ ညောင်နာနာဖြင့် ဖြေ၏ ။
“ခက်တာပဲကွာ၊ မင်းက မျက်စိတွေ ပြာပြီး မမြင်ရတော့ဘူးဆိုတော့ မကြော့မြိုင်က မျက်စိမမြင်တဲ့ ဒုက္ခိတကို လက်ထပ်မယ် မထင်ဘူး”
“ကျွန်တော် မြင်ပါပြီ ဦးလေး”
“ဟေ … မင်းပဲ ခုနက အဆိပ်သောက်ပြီး မျက်စိတွေ ပြာလာပြီဆို”
“ခုန မျက်စိပြာတာ နေထိုးတာရယ်၊ ကပ္ပိယကြီး ရင်ဘတ်ကို တက်ဖိလို့ အသက်ရှူကျပ်တာရယ်ကြောင့် ပါ”
ကပ္ပိယကြီးက သူ၏ ကြက်ခြေနီပညာကို စော်ကားရပါမည် လားဟု ရိုက်မည် ၊ ပုတ်မည် တကဲကဲ ဖြစ်နေသဖြင့် လူကြီးများ က ဆွဲထားရ၏ ။
“ဒါဆို မင်း အဆိပ် မသောက်လိုက်ဘူးပေါ့”
“စတိသဘောတော့ လျှာနဲ့ တို့လိုက်မိပါတယ်”
“တောက် … ဒါနဲ့များ အားလုံးက ၀ိုင်းဝန်းဆဲဆိုပြီး ပြန်သွားကြ၏ ။ ထိုနေ့ညနေမှာ ပင် ကိုမှု န်ကြီး မိဘများ က ရပ်ကွက်လူကြီးအချို့ကို ခေါ်ကာ မကြော့မြိုင်အား သွားရောက် တောင်းပေးကြ၏ ။
ကိုမှု န်ကြီးကား အများ အမြင်ကတ်လောက်အောင် ပြုံးဖြီးဖြီး နေတော့သည်။
ဆိုက်ကားကို ရပ်ကာ အိမ်ထဲသို့ ၀င်လိုက်သည်နှင့် ထုပ်တန်းပေါ်မှ ကြွက်သတ်ဆေးပုလင်းလေးကို ကိုမှု န်ကြီး အရင်ဆုံး ကြည့်လိုက်သည်။ ဤပုလင်းလေးကြောင့် သူ မကြော့မြိုင်ကို ရခဲ့တာ မဟုတ်ပါလား။ ထို့ကြောင့် ထိုပုလင်းလေးကို အချစ်သင်္ကေတအ ဖြစ် သူ အမြတ်တနိုး သိမ်းဆည်းထားခြင်း ဖြစ်သည်။
“ဟေး … ဖေဖေကြီး ပြန်လာပြီဟေ့”
သူ့ကလေးနှစ် ယောက် က စူးစူးဝါးဝါး အော်ဟစ်ပြီး သူ့ဆီ ပြေးလာသည်။ မကြော့မြိုင်က မီးဖိုခန်းထဲမှ ထွက်လာ၏ ။ ကိုယ်ဝန်အရင့်အမာကြီးနှင့် ဖြစ်၍ မကြော့မြိုင် လမ်းလျှောက်ပုံမှာ ရှေ့သို့ ကော့တော့တော့ကြီး ဖြစ်ကာ ရယ်စရာကောင်းနေသည်။ အိမ်ထောင်သက် လေးနှစ် အတွင်း သူတို့ မိသားစု အတွင်း တိုးပွားလာသည်က လူဦးရေပဲ ရှိသည်။ ဤသည်ကလည်း ကိုမှု န်ကြီး၏ လူဦးရေ ထိန်းချုပ်မှု ဆန့်ကျင်ရေး မူဝါဒကြောင့် ပဲ ဖြစ်သည်။
“မကြော့မြိုင်ရေ … မွေးတာက မင်း တာဝန်၊ ကျွေးဖို့က ငါ့တာဝန်၊ မွေးနိုင်သလောက်သာ မွေးကွာ၊ ဗိုက်မကြီးအောင် ဟိုဆေး ဒီဆေးတွေ စားတယ် ကြားရင်တော့ မင်းနဲ့ငါ အကွဲပဲ”
ဟု ကိုမှု န်ကြီးက မကြာခဏ ထုတ်ဖော် ပြောကြားဖူးသည်။
ကိုမှု န်ကြီးသည် မကြော့မြိုင်ကို လက်မထပ်ခင်က ကတိပြုထားသည့်အတိုင်း အိမ်ထောင်ကျပြီးသော အခါ ဆိုက်ကားဆရာဘ၀ကို ဂုဏ်ယူစွာ ခံယူခဲ့ပါ၏ ။ သို့သော် နေ့စဉ်နှင့် အမျှ တရိပ်ရိပ် တက်လာသော စားဝတ်နေရေး စရိတ်၌ နေ့စဉ် အုံနာခ၊ ဈေးဖိုး၊ အိမ်လခ၊ ကလေးမုန့်ဖိုး၊ ကျောင်းစရိတ်တို့ နုတ်လိုက်သော အခါ ဆိုက်ကား နင်းရဖန်များ သဖြင့် ကိုမှု န်ကြီး၏ ခြေသလုံးများ ၊ ယခင်ကထက် နှစ် ဆ ပိုကြီးလာသည်ကလွဲ၍ ပိုလျှံငွေက တဖြည်းဖြည်း နည်းသထက် နည်းလာခဲ့သည်။ သို့သော် ကိုမှု န်ကြီး စိတ်မပျက်ပါ။ ဒုက္ခအားလုံးကို ကျေနပ်စွာ သူ ခံယူနိုင်ပါသည်။ ဤလမ်းကို သူ ရွေးချယ်ခဲ့သည် မဟုတ်ပါလား။
“တောက် … အလုပ်အကိုင်ကလည်း မကောင်းဘူးကွာ၊ ဆိုက်ကားနင်းရတာ လည်း ခါးချည့်နေပြီ၊ ငါတော့ ထွက်သာပြေးချင်တော့တာပဲ”
“ဟဲ့ကောင် မှု န်ကြီးရ၊ မင်းက ဘယ်ကို ပြေးချင်တာလဲ”
“ဘယ်ကိုပဲ ဖြစ် ဖြစ်ဗျာ … ဒီမိသားစုနဲ့ ဝေးရင်ပြီးရော၊ ကျုပ်တော့ ရှေ့ဆက်ပြီး လုပ်မကျွေးနိုင်တော့ဘူး”
“လုပ်မကျွေးလို့ ရမလားကွ၊ မင်းပဲ သူများ သားသမီး ယူတုန်းက ယူထားပြီး ကလေးတွေ တိုးလိုးတွဲ လောင်းနဲ့ကျမှ စိတ်ပျက်သလေး၊ ပင်ပန်းသလေးနဲ့၊ ဘာလဲ … မင်း မကြော့မြိုင်ကို မချစ်တော့ဘူးလား”
“ချစ်တာက ချစ်တာပဲဗျ၊ အခုလို ပင်ပန်းမယ်မှန်း သိရင် ဘယ်သူခဲ့လိမ့်မတုံးဗျာ၊ အင်း အမေ … အမေ၊ အမေ တားခဲ့တုန်းက နားထောင်လိုက်ရဟုတ်သား”
အိမ်ထောင်သက် အတန်ရလာတော့ ကိုမှု န်ကြီး နောင်တတွေ အကြီးအကျယ် ရလာသည်။ လူပျိုဘ၀က မတောင့်မတ၊ မကြောင့် မကြဖြင့် အပျော်ကြီး ပျော်ခဲ့သလောက် အခုတော့ အိမ်ထောင့်တာဝန်များ က သူ၏ ငယ်ရွယ်ပျိုမျစ်မှု များ ကို ၀ါးမျို စားသောက်သွားလေပြီဟု ထင်လာမိသည်။ သူများ တွေ အိပ်ကောင်းနေချိန် ဝေလီဝေလင်းတွင် လည်း မအိပ်စက်နိုင်ဘဲ ထကာ ဆိုက်ကားဆွဲရ။ မိုးသည်းထန်စွာ ရွာသွန်းနေချိန်၌ လည်း ဆိုက်ကားငှားသူ လာပါက မိုးထဲ ရေထဲ၌ ထွက်လိုက်ရ၏ ။ အေးသည်ကို လည်းကောင်း၊ ပူသည်ကိုလည်းကောင်း သူ့မှာ ငြင်းပယ်ပိုင်ခွင့် မရှိ။ ဤသို့ မိုးလင်း မိုးချုပ် တကုပ်ကုပ်လုပ်ရင်းကပင် လိုအပ်ချက်တို့က ပြည့်စုံသည် မရှိဘဲ တိုး၍ တိုး၍ လာနေသော ကြောင့် သူ့မှာ ယခင်ကလို ပျော်ပျော်ပါးပါး နေရန် ဝေးစွ၊ ဆိုင်းသံဗုံသံကို အေးအေးလူလူ နားမဆင်ရတာ ပင် အတော် ကြာလေပြီ။
ဤသံသရာဝဲသြဃမှ လွတ်ရာလွတ်ကြောင်းကို သူ အဖန်ဖန် စဉ်းစားသော အခါ ဒုက္ခ၏ အဓိကချည်တိုင်ကို အိမ်ထောင်ဟူသော သံမဏိကြိုးဖြင့် တည်းနှောင်ထားကြောင်း သူ သဘောပေါက်လာ၏ ။ သို့နှင့် ကိုမှု န်ကြီးသည် စားဝတ်နေရေး ဖွေရှာမှ ကင်းဝေးမည့်  နည်းလမ်းကို နေ့စဉ်နှင့် အမျှ တွေးတော ကြံစဉ်နေလေသည်။
“အမယ်လေး ကိုမှု န်ကြီးရဲ့၊ ကျွန်မတို့ကို ထားသွားပြီလားတော့၊ ဟီး … ဟီး …”
နံနက်စောစော ကိုမှု န်ကြီးတို့ အိမ်မှ ထွက်ပေါ်လာသော မကြော့မြိုင်အသံကြောင့် အိမ်နီးချင်းတို့မှာ ကိုမှု န်ကြီးပင် ကွယ်လွန်သလောဟု စိုးရိမ်မကင်း ဖြစ်လျက် စုဝေး ရောက်ရှိလာကြသည်။
“ဟဲ့ … ကြော့မြိုင်၊ ဘာတွေ ဖြစ်လို့လဲ၊ နင့်ဥစ္စာ မထိတ်သာ မလန့်သာ”
“မရှိတော့ဘူး ဦးလေးရေ … မရှိတော့ဘူး”
“ဟေ … ဘာမရှိတာလဲ”
“ကိုမှု န်ကြီး မရှိတော့ဘူး၊ ဟောဒီမှာ စာရေး ထားခဲ့တယ်၊ ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့ … ဟီး”
ကိုမှု န်ကြီး စာက ခပ်တိုတိုပင် ဖြစ်သည်။
မကြော့မြိုင် …
ငါတော့ ဒဏ်မခံနိုင်လို့ ပြေးပြီ။
မှု န်ကြီး
ကိုမှု န်ကြီး ဘယ်ရောက်သွားသလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်းတတ်ချေ။ တစ်မြို့လုံး လိုက်ရှာသော်လည်း ကိုမှု န်ကြီးကို မတွေ့ တော့ဘဲ ကိုမှု န်ကြီးဆိုသော လူ တစ်ယောက် သည် ထိုနေ့ ထိုအချိန်မှ စကာ စကားဝါရပ်ကွက်မှ လည်းကောင်း၊ ရွှေဗဟိုရ်မြို့မှ လည်းကောင်း ထူးဆန်းစွာ ပျောက်ကွယ်သွားတော့သည်။
ရက်တွေ ၊ လတွေ ပြောင်းလဲခဲ့ပြီ။ ကိုမှု န်ကြီးကား ပေါ်မလာသေး။ ကိုမှု န်ကြီး အသက်ထင်ရှား ရှိသေးသည် ကတော့ သေချာပါသည်။ ကိုမှု န်ကြီးကို အဝေးပြေးကားတစ်စီးပေါ် တက်သွားတာ မြင်လိုက်သည်ဟု ဆိုသူက အခိုင်အမာ ဆိုသည်။ စစ်တပ်ထဲ ၀င်တော့မည် ဟု ကိုမှု န်ကြီးက ပြောသွားကြောင်း ထိုသူက ထပ်ဆင့် သတင်းပေး၏ ။ ဘယ်မြို့၊ ဘယ်တပ်သို့ သွားသည်ကိုကား စုံစမ်း၍ မရပေ။ အချို့က ကိုမှု န်ကြီးသည် ဇာတ်အဖွဲ့တစ်ခုနှင့် ကျပန်းလုပ်ရန် လိုက်သွားသည်ဟု ထင်ကြ၏ ။ အဘယ်ကြောင့် ဆိုသော် ကိုမှု န်ကြီးက ဇာတ်ရူး မဟုတ်ပါလား။ အချို့က ကိုမှု န်ကြီး အဆိပ်သောက်ရန် ကြိုးစားခဲ့ဖူးသည်ကို ထောက်၍ တစ်နေရာရာ၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီဟု ယူဆကြသည်။
မကြော့မြိုင် ကတော့ သူ့ယောက်ျား ကိုမှု န်ကြီး တစ်နေ့ သူ့ဆီပြန်လာမည် ဟု ခိုင်ခိုင်မာမာ ယုံကြည်နေ၏ ။ စစ်ယူနီဖောင်းကို သပ်ရပ်စွာ ၀တ်ဆင်လျက် ခံ့ညားစွာ အလေးပြုနေသော လင်တော် မောင် ကိုမှု န်ကြီးကို စိတ်ထဲတွင် မကြာခဏ မြင်ယောင်နေမိသည်။ ဒီအချိန် ဆိုရင်တော့ ကိုမှု န်ကြီးစစ်သင်တန်း တက်နေလောက်ပြီ ဟူ၍ လည်းကောင်း၊ ဒီအချိန်လောက်ဆို ရှေ့တန်းမှာ များ ရှိနေမလားဟု တစ်ဖုံ စိတ်ကူး၍ သာ နေမိလေသည်။ ရပ်ကွက်တွင်း စစ်ကားတစ်စီးတလေ ဖြတ်သွားလျှင်တောင် ကိုမှု န်ကြီး ပြန်လာသလားဟု ထင်ကာ လိုက်ကြည့်မိသည်အထိ မကြော့မြိုင် ကိုမှု န်ကြီးကို အမျှော်လင့်ကြီး မျှော်လင့်ခဲ့သည်။ သူတို့အဖေ ကိုမှု န်ကြီး ဘယ်ရောက်နေသနည်းဟု ကလေးများ ကလည်း မကြာခဏ မေးကြ၏ ။
“သားတို့အဖေ စစ်ဗိုလ်ကြီး သွားလုပ်နေတာ၊ မကြာခင် ပြန်လာလိမ့်မယ်”
ဟု မကြော့မြိုင်က အမြဲ ဖြေလေ့ရှိသည်။
ကိုမှု န်ကြီးသည် လမ်းထိပ်တွင် ရပ်နေပြီး အိမ်သို့ ပြန်သင့်၊ မပြန်သင့် အကြာကြီး စဉ်းစားနေ၏ ။ နောက်ဆုံးတွင် ကလေးများ ကို သတိရလွန်းသဖြင့် ခေါင်းငိုက်စိုက်ချကာ အိမ်ဘက်သို့ လျှောက်လာခဲ့သည်။
“ဟော … ကိုမှု န်ကြီးရယ်၊ ပြန်လာပြီတော့”
ချစ်ဇနီး မကြော့မြိုင်က အားရ၀မ်းသာ ပြေးဖက် ကြိုဆိုသည်။ အနီးအနားမှ လူများ သတင်းမေးရန် ၀ိုင်းလာကြ၏ ။ ကိုမှု န်ကြီး အ၀တ်အစားများ မှာ အိမ်က ထွက်သွားစဉ်ကအတိုင်းပင် ဖြစ်သည်။ တစ်ခု ထူးခြားလာသည်က ကိုမှု န်ကြီး ဆံပင်မှာ ခေါင်းတုံးဆံပင် မတိုမရှည်ပုံစံ ဖြစ်နေခြင်းပင် ဖြစ်သည်။
“ကိုမှု န်ကြီး တပ်ထဲ ၀င်သွားတယ်ဆို”
“အေး … ဟုတ်တယ်၊ ဒါပေမဲ့ ငါ့အသက်က ကြီးနေလို့တဲ့၊ ဘယ်တပ်ကမှ လက်မခံဘူး”
“ဒါဆို ရှင် ဘယ်တွေ လျှောက်သွားနေလို့ ဒီလောက် ကြာနေတာလဲ”
ကိုမှု န်ကြီးက ခေါင်းကို တဆတ်ဆတ် ညိတ်၏ ။ ပြီးမှ ဆိုက်ကားဂိတ်ဘက်သို့ တစ်ချက် မျှော်ကြည့်ပြီး -
“ငါ့ဆိုက်ကားရော … သူများ ပေးလိုက်ပြီလား မသိဘူး”
ဟု ဆို၏ ။
“ရှင်ပြန်လာရင် လိုရမည် ရ ပြန်ယူရအောင် အုံနာကို ကျွန်မတောင်းပန်ထားတယ်၊ ဒါနဲ့ ပြောစမ်းပါဦး၊ ရှင် ဘယ်တွေ ရောက်ပြီး ဘာတွေ ဖြစ်နေတာလဲ၊ ကဲ လာ၊ အိမ်ထဲဝင်”
“ငါ စိတ်ညစ်ပြီး ဘယ်သွားရမှန်း မသိတာနဲ့ အသိဘုန်းကြီးတစ်ပါးကျောင်းမှာ သင်္ကန်းဆီးနေတာ၊ မလွယ်ပါဘူးဟာ … သူတို့လည်း အစောကြီးထရတာ ပဲ၊ မိုးထဲ လေထဲ ထွက်ရတာ ပဲ”
ကိုမှု န်ကြီး ပြန်လာပြီ ကြားသဖြင့် ဆိုက်ကားဂိတ်မှ သူ့မိတ်ဆွေများ က ဆိုက်ကား ဘဲလ်များ ကို ကလင် ကလင် မြည် သံပြုရင်း သူ့အိမ်သို့ ချီတက်လာကြ၏ ။
ကိုမှု န်ကြီး အိမ်ထဲသို့ အ၀င်တွင် ခါးပန်းပေါ်၌ တင်ထားသော ချစ်သက်သေ ကြွက်သတ်ဆေးပုလင်းကို မျက်ထောင့်နီနှင့် တစ်ချက် ကြည့်လိုက်၏ ။
သို့သော် ကြွက်သတ်ဆေးပုလင်းကား မရှိတော့။
ဒီတစ်ခါ ကိုမှု န်ကြီး တကယ် သောက်မှာ ကို စိုးရိမ်သော မကြော့မြိုင်က ကြိုတင် ကာကွယ်သည့်အနေနှင့် ဖျောက်ဖျက်ပစ်လိုက်ချေပြီတည်း။
![]() နောက်ဆုံးရှင်းတမ်း | ![]() ၀ံပုလွေနဲ့ သွေးမုဆိုး | ![]() အညတရမှတ်တမ်း |