Cover

ဝံပုလွေနဲ့ သွေးမုဆိုး

(၁) ချစ်သူပေးတဲ့ ရာဇသံ

Cover

ဂျက်ကော့၏ စာကို တစ်ကြောင်းချင်း၊ တစ်ပိုဒ်ချင်း၊ တစ်လုံးချင်း ကျွန်မဖတ်ကြည့်မိသည်။ နောက်ဆုံး နှစ် ကြောင်းမှတပါး ကျန်စာများ ကို ရေး ပြီးမှ ပြန်ဖျက်ထား၏ ။ ဂျက်ကော့အကြောင်းကို ကျွန်မ စဉ်းစားနေမိသည်။ သူ့ရင်ထဲမှာ ဘာတွေ ဖြစ်နေပါလိမ့်၊ သူ့ကို မတွေ့ တာလည်း ကြာချေပြီ။ အဖေက ကျွန်မကို ကျောင်းနှင့် အိမ်မှတပါးဘယ်ကိုမှ မလွတ်ပါ။ ကျောင်းမှာ တော့ ကျွန်မ ချစ်သူ အက်(ဒ်)၀ပ်ကို တွေ့ ခွင့်ရနိုင်သည်။ ကျွန်မ၏ အခင်ဆုံးသူငယ်ချင်း ဂျက်ကော့ (သမန်းဝံပုလွေ) က ကျွန်မ မော်တော် ဆိုင်ကယ် ခိုးစီးသည့်အကြောင်း အဖေ့ကို တိုင်ပြောပြီးနောက် အဖေက ကျွန်မကို အိမ်အပြင်မထွက်ရ အမိန့်ထုတ်ခဲ့သဖြင့် ကျွန်မ၏ ရည်းစား အက်(ဒ်)၀ပ် (သွေးစုပ်ဖုတ် ကောင်) နှင့် တွဲ သွားတွဲ လာ မလုပ်နိုင်တော့ပါ။ (‘လမင်းနဲ့ ၀ံပုလွေ’ စာအုပ်တွင် ရှုပါ။) ကျွန်မ တောင်းဆိုလွန်းသဖြင့် ကျွန်မရည်းစား အက်(ဒ်)၀ပ်ကိုတော့ ညစဉ် ၇ နာရီမှ ၉ နာရီခွဲအထိ အိမ် လာလည်ခွင့်ပြုထားသည်။ သို့သော် လွတ်လွတ်လပ်လပ်ကား မဟုတ်။ အဖေက အမြဲမပြတ် အနားမှ စောင့်ကြည့်လျက် တွေ့ ရခြင်း ဖြစ်သည်။

အဖေက ဧည့်ခန်းထဲမှာ သတင်းစာထဲကို သဲကြီးမဲကြီး ဖတ်နေသည်။

‘ဘာသတင်းတွေ ထူးလို့ ဒီလောက်ဖတ်နေတာလဲ အဖေ’

‘ဆီယက်တဲလ်မြို့ဟာ လူသတ်မှု ဖြစ်ပွားနှုန်းမှာ တခြားမြို့ကြီးတွေ ထက် မြင့်လာတယ်၊ ပြီးခဲ့တဲ့ နှစ် ပတ်အတွင်း လက်သည်မပေါ်တဲ့ လူသတ်မှု ငါးမှု ဖြစ်ခဲ့တယ်တဲ့၊ ကောင်းကြသေးရဲ့ လား’

‘ဖီးနစ်မှာ လည်း လူသတ်မှု တွေ ဖြစ်တာပါပဲ အဖေ၊ သမီး ကတော့ ဒါမျိုးတွေ ရိုးနေပါပြီ. . .’

‘အမှန်စင်စစ် သူတစ်ပါး သတ်၍ သေလုဆဲဆဲ အ ဖြစ်မျိုးကို ဤမြို့ကလေးကိုရောက်မှ ကျွန်မ ကြုံတွေ့ ဖူးခြင်း ဖြစ်သည်။ ဤအကြောင်းများ ကို တွေးမိသော အခါ ထိတ်လန့်တုန်လှုပ်စိတ် ဖြင့် ဟင်းချိုဇွန်းကို ကိုင်ထားသော လက်သည် တဆတ်ဆတ်တုန်သဖြင့် ဟင်းချိုပန်းကန်သည် လှိုင်းကြက်ခွပ်ကလေးများ လို ဖြစ်နေ၏ ၊ အဖေနှင့် ကျွန်မသည် တိတ်ဆိတ်စွာ နှင့် ညစာကို စား သောက်နေခဲ့ကြသည်’

‘သမီးကို အဖေ ပြောစရာ ရှိတယ်. . .’

စကားအလွန်နည်းသော အဖေက ယခုလို နိဒါန်းချီလာပြီဆိုလျှင် တော် တော် အရေး ကြီး လာပြီ ဖြစ်သည်။

‘ဘာများ လဲ အဖေ. . . ပြောပါ’

‘ဂျက်ကော့ အကြောင်းပါ’

‘သူ ဘာ ဖြစ်လို့လဲ’

‘အဖေ ပြောတာကို စိတ်မဆိုးနဲ့နော်. . .’

‘ရှင်. . .’

‘သမီး ကောင်လေး အက်(ဒ်)၀ပ်အကြေင်းလည်း ပြောချင်လို့ပါ၊ သမီးကောင်လေးကို အဖေ အိမ်ကို လာခွင့်ပြုခဲ့တယ်နော်. . .’

‘သမီး ခေါင်းရှုပ်လာပြီ၊ အဖေ. . . အခုပြောမှာ ဂျက်ကော့အကြောင်းလား၊ အက်(ဒ်)၀ပ် အကြောင်းလား၊ ဒါမှမဟုတ် သမီးကို အိမ်ပြင်ထွက်ခွင့် မပေးဘဲ ဒဏ်ခတ်ထားတဲ့ အကြောင်းလား’

‘အင်း. . . အဲဒီ သုံးခုလုံးပဲ သမီး. . .’

‘ဘယ်လို ဆက်စပ်နေလို့လဲ. . .’

‘အဖေ စဉ်းစားမိတာက သမီးဟာ အရွယ်လည်းရောက်ပြီ၊ လိမ်လည်း လိမ္မာနေပြီ၊ ဒီတော့ လွတ်လပ်မှု နဲ့ ထိုက်တန်တယ်လို့ အဖေ ယူဆမိတယ်. . .’

‘တကယ်လား. . . အဖေ. . . ဒါဆို သမီး အပြင်ထွက်လည်လို့ ရပြီပေါ့နော်. . .’

‘တစ်ခုတော့ ရှိတယ်၊ အခု သမီးကို လွတ်လပ်ခွင့်ပေးမယ်၊ ဒါပေမဲ့ ဒါကို အကျိုးရှိစွာ အသုံးချစေချင်တယ်. . .’

‘ဘာကို ဆိုလိုတာလဲ အဖေ. . .’

‘ဒီလို. . . သမီး. . . အဖေ တည့်တည့်ပဲ ပြောတော့မယ်၊ သမီးဟာ သမီးရည်းစား အက်(ဒ်)၀ပ်နဲ့ပဲ အချိန်တွေ ကုန်နေတယ်၊ သမီးမှာ တခြား သူငယ်ချင်းတွေ ရှိသေးတယ်ဆိုတာ သတိရပါဦး၊ ဥပမာ. . . အရင်ကဆို သမီးနဲ့ ဂျက်ကော့ဟာ သိပ်ခင်ပြီး အမြဲတတွဲ တွဲ မဟုတ်လား’

‘အဖေ. . . ဆိုလိုတာက. . .’

‘ရည်စားအတွက် ကျန်တဲ့ အပေါင်းအသင်းတွေ ကို ဘေးဖယ်ထားတာမျိုး မလုပ်သင့်ဘူး သမီး၊ သမီးဘ၀ဟာ လူ တစ်ယောက် တည်းအတွက် မဟုတ်ဘဲ၊ အခြားသူတွေ အတွက်ပါ မျှပြီး ဟန်ချက်ညီညီ ပေါင်းသင်းဆက်ဆံသင့်တယ်လို့ အဖေ ထင်တယ်၊ သမီးကို အဖေ လွတ်လပ်ခွင့် ပြန်ပေးလိုက်မယ်၊ အဲဒီ လွတ်လပ်ခွင့်ကို အခြားသူငယ်ချင်းတွေ အတွက်ပါ မျှမျှတတ အသုံးပါ၊ အထူးသဖြင့် ဂျက်ကော့နဲ့ပေါ့’

‘ဂျက်ကော့နဲ့ သမီး အဆင်မပြေဘူး အဖေ’

‘ဘာအဆင်မပြေစရာရှိလဲ၊ သူတို့နဲ့ တို့နဲ့ဆိုတာ မိသားစုတွေ လို နေနေတာပဲ၊ သူဟာ သမီး အပေါ် အရမ်းကောင်းတဲ့ သူငယ်ချင်း တစ်ယောက် ပါ. . .’

‘အဲဒါတော့ ဟုတ်ပါတယ်. . .’

‘ဒါဆို ဘာကြောင့် အဆင်မပြေစရာရှိလဲ. . .’

ဤမေးခွန်းကို ကျွန်မ မဖြေနိုင်ပါ။ မနုဿလူသားစင်စစ် မဟုတ်သော သဏ္ဍာရီ ပုံပြင်ထဲမှ ဇာတ်ကောင်များ သည် ကျွန်မတို့ အနီးအပါးတွင် တကယ်ရှိနေကြကြောင်းကို ကျွန်မလို၊ အဖေ့လို သာမန်လူသားများ မသိသင့်ပါ။ ပြောမပြနိုင်ပါ။ ထို ဖြစ်ရပ် ဆန်းပြားလောကသားတို့ ရှိနေကြောင်း ကို ကျွန်မ သေသေချာချာ သိပါသည်။ သိသည့်အတွက်လည်း ဒုက္ခရောက်ခဲ့သည်မှာ နည်းနည်း နောနောမဟုတ်။ အဖေ့ကို ထိုဒုက္ခမျိုး မကြုံတွေ့ စေချင်ပါ။

‘ဂျက်ကော့နဲ့ ပြဿနာနည်းနည်း ရှိတယ် အဖေ၊ အဓိကက သူဟာ သူငယ်ချင်းအ ဖြစ်နဲ့ တင် မရောင့် ရဲဘဲ အဆင့်ကျော်ချင်တာပဲ. . .’

တကယ့်ပြဿနာမှာ သမန်းဝံပုလွေ မိသားစုနှင့် သွေးစုပ်ဖုတ်ကောင်မိသားစုမှာ တစ်ဖွဲ့ကို တစ်ဖွဲ့ ခါးခါးသီးသီး မုန်းတီးနေကြခြင်း ဖြစ်သည်။ ဂျက်ကော့ မုန်းသော သွေးစုပ်ဖုတ်ကောင်မိသား စုကိုမှ ကျွန်မက သွားရောက်ပူးပေါင်းဖို့ ကြံရွှယ်ချက်ရှိနေခြင်း ဖြစ်သည်။

‘သမီးက သူ့ကိုရှောင်နေတော့ ကောင်လေး တော် တော် ခံစားနေရတယ်’

‘သမီး မရှောင်ပါဘူး၊ သူက မတွေ့ ချင်တာပါ. . .’

‘သူ့အဖေ ဘေဘီလည်း သူ့သားအတွက် တော် တော် စိတ်ပူနေတယ်၊ ကောင်လေးက စိတ်ကျ ရောဂါ သလို ဖြစ်နေတယ်တဲ့၊ သမီး အဆင်ပြေရင် သွားတွေ့ လိုက်ပါဦး’

‘ဟုတ်ကဲ့. . . သမီး ကြိုးစားပါ့မယ်. . .’

‘ကောင်းတယ် သမီး သမီးရဲ့ အချိန်ကို မျှမျှတတ ဟန်ချက်ညီအောင် အသုံးချပါ၊ သြော်. . ဒါနဲ့ သမီးအတွက် စာတစ်စောင် ရောက်နေတယ်. . .’

စာမှာ ကျွန်မ လျှောက်လွှာတင်ထားသော အရှေ့တောင် အလက်စကာတက္ကသိုလ်မှ ကျောင်းဝင်ခွင့်ပြုလိုက်သော စာ ဖြစ်နေသည်။

‘ဂုဏ်ယူပါတယ် သမီး’

‘ကျေးဇူးပါပဲ ဖေဖေ’

တံခါးခေါက်သံတစ်ချက်ကြောင့် ကျွန်မတို့ ပြောလက်စ စကားပြတ်သွား၏ ။ အက်(ဒ်)၀ပ် ရောက်လာခြင်း ဖြစ်သည်။ ကျွန်မက ၀မ်းသာအားရ နေရာမှ ထကာ. . .

‘လာပြီ. . .’

ဟု ပြောလခိုက်စဉ် အဖေက. . .

‘မလာနဲ့ သွားစမ်း’

ဟု မသဲမကွဲ ရေရွက်လိုက်သေးသည်။ ကျွန်မ မကြားယောင်ပြု၍ တံခါးဖွင့်ပေးလိုက်သည်။

ချစ်သူ၏ ပြီးပြည့်စုံသော မျက်နှာကို အကြိမ်ကြိမ် တွေ့ ဖူးသော်လည်း ရိုးသားခြင်းငှာ မတတ်သာ။ ဖြူဖွေးသော အသားအရေနှင့် သူ့ပုံသဏ္ဌာန်မှာ ကြည့်ကောင်းလှသည်။ သလင်း ကျောက်သားရုပ်တုဖြင့် ထုလုပ်ထားသော ယောက်ျားရုပ်တုတစ်ခုလိုပင် သူ့အသွင်က နတ်သား တစ်ပါးလို လှပနေလွန်းသည်။

သူ့လက်ကို ကျွန်မလက်ဖြင့် ကမ်းလင့်လိုက်သည်။ ထုံးစံအတိုင်း သူံလက်များ က အေးစက်နေသည်။

‘မင်္ဂလာညနေခင်းပါ ဦးလေး. . .’

အဖေက သူ့အပေါ် တင်းမာသော်လည်း အက်(ဒ်)၀ပ်သည် အမြဲပင် သိမ်မွေ့နူးညံ့စွာ ယဉ် ယဉ်ကျေးကျေးနှုတ်ဆက်လေ့ရှိသည်။

Cover

‘ကိုယ် ဒီနေ့ပဲ အလက်စကာတက္ကသိုလ်က ကျောင်းဝင်ခွင့်ပြုတဲ့စာ ရတယ်’

‘ဟယ်. . . တိုက်ဆိုင်လိုက်တာ၊ ကျွန်မဆီလည်း စာလာတယ်. . .’

အဖေက ကျွန်မတို့ကို မျက်မှော င်ကုတ်ကာ ကြည့်လိုက်သည်။

‘အဖေ. . . တီဗီ ကြည့်လိုက်ဦးမယ်၊ ၉ နာရီခွဲတော့မယ် သမီး. . .’

‘အဖေပဲ သမီးကို လွတ်လပ်ခွင့်ပေးတော့မယ်ဆို. . .’

‘သြော် အေး. . . ဆယ်နာရီခွဲအထိနေ. . .’

‘ဘယ်လာ့ကို လွတ်လပ်ခွင့်ပေးလိုက်ပြီ. . . ဟုတ်လား၊ ကောင်းတာပေါ့၊ ကျွန်တော့် ညီမ အဲလစ်က ရှော့ပင်ထွက်ချင်နေတာ အဖော်မရှိလို့’

‘မသွားရဘူး’

‘အဖေ. . . ဘာ ဖြစ်လို့လဲ’

ကျွန်မ အဖေက သွားကို တင်းတင်းစေ့၍ တင်းမာသော လေသံဖြင့် . . .

‘သမီး ဆီယက်တဲလ်ကို မသွားရဘူး၊ လူဆိုးဂိုဏ်းတစ်ခုက လူသတ်မှု တွေ ဆက်တိုက် ကျူးလွန်နေတယ်၊ လွတ်လွတ်ကင်းကင်းနေပါ သမီးရယ်. . .’

‘စိတ်ချပါ ဦး၊ ဘယ်လာ့ကို ဆီယက်တဲကို မခေါ်ပါဘူး၊ သူတို့က ပို့လန်းကို သွားမှာ ပါ. . .’

အက်(ဒ်)၀ပ်က သတင်းစာကို သေသေချာချာ စိုက်ကြည့်နေရင်း ပြောလိုက်သည်။

‘ကောင်းပြီ. . .’

ဟု အဖေက ပြောလိုက်ပြီး ဧည့်ခန်းသို့သွားကာ တီဗီ ထိုင်ကြည့်နေ၏ ။

‘တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေ ယူလာတယ်၊ ဒါးမောက်တက္ကသိုလ်ကို လျှောက်လို့ လည်း ရတယ်. . .’

‘အထက်တန်းကျောင်း ပြီးဆုံးပွဲအခမ်းအနား ပြီးတာနဲ့ ကျွန်မ ဘာလုပ်မယ်ဆိုတာ ရှင် သိပါ တယ်၊ ကျွန်မ ရှင်တို့ မိသားစုထဲကို သွေးစုပ်ဖုတ်ကောင်အ ဖြစ် ၀င်မယ်. . .’

‘မလောပါနဲ့ ဘယ်လာ၊ အချိန်ယူပြီးမှ အေးအေးဆေးဆေးလုပ်ပါ၊ လူ့ဘ၀အတွေ့ အကြုံကို တက္ကသိုလ် ဆက်တက်ပြီး ယူပါဦး’

‘ကျွန်မ မစောင့်နိုင်တော့ဘူး၊ ရှင်တို့လို သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်ချင်လှပြီ’

‘မင်း ပြောနေတာ မင်း သဘောမပေါက်ဘူးနော်. . .’

အက်(ဒ်)၀ပ်က စားပွဲပေါ်တွင် ချထားသော သတင်းစာမှ ခေါင်းစီးစာလုံးကို လက်ဖြင့် ထောက်သည်။

‘လူသတ်မှု များ မြင့်တက်လာ. . . ဂိုဏ်းဖွဲ့သတ်သည်ဟု ရဲဘက်မှ စိုးရိမ်နေ’

ဟု သတင်းစာက ခေါင်းစဉ်တပ် ရေး သားထားသည်။

‘သားရဲတိရစ္ဆာန် ဖြစ်ချင်တယ်ဆိုတာ ပျော်စရာ မဟုတ်ဘူး. . . သိပြီလား. . .’

‘ဘာ. . . သွေးဆုပ်ဖုတ်ကောင်တွေ က ဒါကိုလုပ်နေတယ်၊ ဟုတ်လား. . .’

‘အံ့သြသွားလား ဘယ်လာ. . . လူတွေ ကြည့်ကြည့်နေကြတဲ့ သတင်းစာတွေ ၊ ရုပ်သံတွေ ထဲက ထိတ်လန့်စရာ သတင်း ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ တို့မျိုးနွယ် သတ္တ၀ါတွေ မကြာခဏ ပါဝင် ပတ်သက်နေတာသိရင် မင်း ပိုအံ့သြလိမ့်မယ်၊ ကြည့်တတ်ရင် လွယ်လွယ်နဲ့ သိနိုင်တယ်၊ ဖြစ်ခဲ့ တာတွေ ကိုကြည့်ရင် ဆီယက်တဲလ်မှာ သွေးစုပ်ဖုတ်ကောင် အသစ်တစ်ကောင် သော င်းကျန်းနေ တယ်၊ သူဟာ ဆေးဆာပြီး ရိုင်းတယ်၊ အထိန်းအကွပ်မဲ့တယ်၊ ဖြစ်ခဲ့တာတွေ အားလုံးဟာ ညဘက် မှာ ချည်းပဲ၊ သက်သေအထောက်အထားလည်း သိပ်မကျန်ခဲ့ဘူး၊ တို့နေတဲ့မြို့နဲ့ဝေးရင်တော့ ဘာမှ ၀င်ပါစရာ မလိုဘူး၊ ခုတော့ သိပ်နီးနေတယ်၊ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်ရတာ ၊ မကောင်းတဲ့ ဆိုးကျိုးရလဒ်တွေ ပဲ ထွက်လာလိမ့်မယ်. . .’

‘လူမရှိတဲ့နေရာမှာ . . . သွားနေရင်ကော၊ ဥပမာ တောင်ဝင်ရိုးစွန်းလေ. . .’

‘ကောင်းသားပဲ. . . ပိုလာဝက်ဝံတွေ ရှိတယ်၊ ၀ံပုလွေတွေ ကလည်း ကြီးမှ ကြီး. . .’

ဝံပုလွေကို စားစရာတစ်ခုအ ဖြစ် အပြောင်အပြက်ထည့်ပြော၍ ကျွန်မ ပါးစပ်ဟောင်း လောင်း ဖြစ်ကာ အံ့သြသွားသည်။

‘ဘာ ဖြစ်လို့လဲ ဘယ်လာ. . .’

‘ဂျက်ကော့က ကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်းပါ၊ ဒီလို မပြောသင့်ပါဘူး’

‘ဆောရီးပဲ ဘယ်လာ’

‘ရပါတယ်. . . ရှင် ရောက်မလာခင်လေးတင် ဂျက်ကော့အကြောင်းတွေးနေတာ၊ အဖေက ပြောတယ်၊ ဂျက်ကော့ တော် တော် စိတ်မကောင်း ဖြစ်နေတယ်တဲ့၊ အဲဒါ ကျွန်မကြောင့် လည်း ပါ တယ်တဲ့. . .’

‘မဆိုင်ပါဘူးကွာ၊ မင်းက အမှားလုပ်မိတာမှ မရှိတာဘဲ. . .’

‘သူ အဆင်ပြေအောင်တော့ ကူညီချင်တယ်၊ အဖေနဲ့လည်း အဲဒီ လိုလုပ်ဖို့ သဘောတူထား တယ်. . .’

ကျွန်မစကားကြောင့် အက်(ဒ်)၀ပ် မျက်နှာပျက်သွားသည်။

‘၀ံပုလွေတွေ အားကို အကာအကွယ်မယူဘဲ သွားတာ သိပ်အန္တရာယ်များ တယ် ဘယ်လာ၊ ကိုယ်တို့ကလည်း အဲဒီ ဘက်ကို နယ်ကျော်ရင် စာချုပ်ကို ချိုးဖောက်တာပဲ၊ ငါတို့ဘက်ကစပြီး စစ်ကြေညာတာမျိုး မင်း ဖြစ်စေချင်လို့လား’

‘မ ဖြစ်စေချင်ပါဘူး၊ ဒါပေမဲ့ ဂျက်ကော့ကိုတော့ ကျွန်မ တွေ့ ဖို့လိုတယ်. . .’

‘မတွေ့ ရဘူး’

‘အန္တရာယ် လုံးဝမရှိပါဘူး၊ လာပု(ရှ်)ရွာမှာ သူတို့တစ်ဖွဲ့လုံးနဲ့ ကျွန်မ တစ်နေကုန်နေဖူး တာပဲ၊ ဘာမှမ ဖြစ်ပါဘူး’

တကယ်တော့ ကျွန်မ စကားသည် အကုန်မမှန်ပါ၊ ကျွန်မရှေ့မှာ ပဲ လူက ၀ံပုလွ ဖြစ်သွား ကာ တိုက်ခိုက်ကြပုံ၊ အစွယ်ဖွေးဖွေးနှင့် လျှောက်လှမ်းလာသော ၀ံပုလွေကြီး. . . စသည့် မြင်ကွင်း များ ကို မြင်ယောင်လာမိသည်။

‘သမန်းဝံပုလွေတွေ ဟာ မတည်ငြိမ်ဘူး၊ တစ်ခါတလေ သူတို့အနားမှာ ရှိတဲ့ လူတွေ ကို အသက်ဆုံးတဲ့အထိ ရန်မူလေ့ ရှိတယ်. . .’

ထိုအချက်ကို ကျွန်မ မငြင်းနိုင်။ အမ်လီယောင်းဆိုသော ခပ်ချောချောကောင်မလေး၏ မျက်နှာမှာ အမာရွက်အစင်းကြီးသုံးခုကို ထိတ်လန့်စွာ သတိရမြင်ယောင်မိသည်။

‘သူတို့အကြောင်း ရှင် မသိပါဘူး. . .’

‘သူတို့အကြောင်းကို မင်းထက် ငါက ပိုသိတယ် ဘယ်လာ၊ နောက်ဆုံးအချိန်တုန်းက ကိုယ် အဲဒီ မှာ ရှိနေခဲ့တယ်. . .’

‘နောက်ဆုံးအချိန်. . . ဟုတ်လား. . .’

‘ဟုတ်တယ်. . . လွန်ခဲ့တဲ့ အနှစ် ခုနစ်ဆယ်လောက်ကပဲ၊ အဲဒီ တုန်းက အဲလစ်နဲ့ ဂျက်စပါ တောင် ကိုယ်တို့ မိသားစုထဲကို မရောက်သေးဘူး၊ အဲဒီ တုန်းက သူတို့နဲ့ ကိုယ်တို့ အုပ်စုဟာ စစ် ဖြစ်ရမလို ဖြစ်သေးတယ်၊ နောက်တော့မှ ကိုယ့်အဖေနဲ့ ဂျက်ကော့ အဘိုးရဲ့ အဖေနဲ့ ပိုင်နက် နယ်မြေ အကျူးကျော်ရေး စာချုပ်ကို သဘောတူခဲ့ကြတာ၊ အဲဒီ နောက်ပိုင်းည သမန်းဝံပုလွေတွေ မျိုးတုံးသွားပြီ ထင်နေတာ၊ မင်းကြောင့် ပြန်ပေါ်လာတာပဲ ဘယ်လာ. . .’

‘ဘာ. . . ရှင် တကယ်မသိဘူးလား၊ ၀ံပုလွေပြန်ပေါ်လာတာ ကျွန်မကြောင့် မဟုတ်ဘူး၊ ရှင်တို့ကြောင့် . . . သိရဲ့လား၊ သွေးစုပ်ဖုတ်ကောင်တွေ ကြောင့် . . .’

အက်(ဒ်)၀ပ်က ကျွန်မ စကားကို အံ့အားသင့်ကာ နားထောင်နေသည်။

‘ဂျက်ကော့က ကျွန်မကို ပြောဖူးတယ်၊ ရှင်တို့ မိသားစု ဒီမှာ ရှိနေတာနဲ့ အကုန်လုံး ပါဝင် ပတ်သက်လာရတော့တာပဲတဲ့၊ ကျွန်မက ရှင်တို့ သိတယ် မှတ်နေတာ. . .’

အက်(ဒ်)၀ပ်က မျက်မှော င်ကုတ်လိုက်သည်။

‘သူတို့က ဒီလိုပဲ ထင်သလား’

‘ရှင်ပဲ. . . စဉ်းစားကြည့်လေ. . . လွန်ခဲ့တဲ့ အနှစ် ခုနစ်ဆယ်က ရှင်တို့ရောက်လာတော့ သမန်းဝံပုလွေတွေ ပေါ်လာတယ်၊ အခုလည်း ရှင်တို့ ပြန်ရောက်လာတော့ သမန်းဝံပုလွေတွေ တစ် ပြန်ပေါ်လာပြန်တယ်၊ အဲဒါ တိုက်ဆိုင်မှု လို့ ရှင်က ထင်နေလား’

‘ကိုယ့်အဖေကို ပြောပြရင်တော့ ဒီအယူအဆကို အတော် စိတ်ဝင်စားလိမ့်မယ်၊ ဒါပေမဲ့ အခြေအနေ ကတော့ အရင်အတိုင်းပါပဲ. . .’

သူ့ဆိုလိုရင်း ကို ကျွန်မ ဘာသာပြန်ကြည့်မိသည်။ ၀ံပုလွေတွေ နဲ့ မိတ်ဆွေမ ဖြစ်လိုပါ။

‘ကျွန်မ စကားကို သေသေချာချာ နားထောင်ပါ၊ ဒီကိစ္စဟာ မိတ်ဆွေဟောင်း တစ်ယောက် ဆီ အပျင်းပြေသွားလည်တာထက် အများ ကြီး ပိုပြီး အရေး ပါတယ်၊ ဂျက်ကော့ စိတ်ဒုက္ခရောက်နေ တယ်၊ သူ့အလှည့်တုန်းက ကျွန်မကို အများ ကြီး ကူညီအားပေးခဲ့တာပါ၊ သူဟာ လူမဟုတ်ဘဲ ၀ံပုလွေတစ်ပိုင်း ဖြစ်ရုံနဲ့တော့ မကူညီဘဲ လက်ပိုက်ကြည့်မနေနိုင်ဘူး၊ ကျွန်မတုန်းကလည်း ရှင် ထွက်သွားလို့ စိတ်လေနေချိန်မှာ ပဲ သူပဲ ကယ်တင်ခဲ့တယ်၊ သူသာ မကယ်ရင် ခုလောက်ဆိုရင် ရှင် ကျွန်မကို တွေ့ ရမှာ တောင် မဟုတ်ဘူး’

အက်(ဒ်)၀ပ်က မျက်စိကိုမှိတ်ပြီး အံကို တင်းတင်းကြိတ်ထားသည်။

‘မင်းကို ထားပြီး ထွက်သွားမိခဲ့တဲ့အတွက် ငါ့ကိုယ်ငါ ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ နောင် နှစ် ပေါင်းထောင်နဲ့ချီပြီး နေရပါစေ. . . ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်ဘူး. . .’

‘အခု ရှင် ပြန်လာပြီပဲ၊ ကျွန်မက ဒါကိုပဲ မျှော်လင့်ခဲ့တာပါ’

‘မဟုတ်ဘူး၊ ကိုယ်သာ မင်းကို ထားမသွားခဲ့ရင် မင်းဟာ ကိုယ့်အန္တရာယ်ကို မငဲ့ဘဲ ဟိုခွေး ကို နှစ် သိမ့်ဖို့ အတွေးမျိုး ရှိခဲ့မှာ မဟုတ်ဘူး’

ကျွန်မ နောက်သို့ တစ်လှမ်းယောင်၍ ဆုတ်မိသွားသည်။ ဂျက်ကော့တို့ဘက်ကလည်း အက်(ဒ်)၀ပ်တို့ မိသားစုကို သွေးစုပ်ကောင်၊ မျှော့လိုကောင်၊ ၀င်ကစွပ်ကောင်. . . စသည်ဖြင့် ရင့်ရင့်သီးသီး သုံးနှုန်း ခေါ်ဝေါ်ခဲ့ကြသည်များ ကို အမှတ်ရမိသည်။ သို့သော် အက်(ဒ်)၀ပ်၏ နူးညံ့ သော စကားသံက ဤသို့ကြမ်းတမ်းသော စကားထါက်လာမည် ဟု ထင်မထားမိပေ။

‘ကိုယ် စကားပြောတာ ရိုင်းသွားရင် ခွင့်လွှတ်ပါ၊ မင်းကို အန္တရာယ်ပေးမယ့် ကောင်ကို တော့ လုံးဝသက်ညှာမှာ မဟုတ်ဘူး. . .’

သူက ကျွန်မကို ဖက်၍ နဖူးကို နမ်းသည်။

‘ကိုယ် တောင်းပန်ပါတယ်၊ ၀ံပုလွေတွေ နဲ့ မပက်သက်ပါနဲ့တော့. . .’

‘အဲဒါတော့ မလိုက်လျောနိုင်ဘူး၊ ဂျက်ကော့ကို သွားတွေ့ မှ ဖြစ်မယ်’

‘ဒါဆို. . . ကိုယ် မင်းကို မရ ရအောင် တားရလိမ့်မယ်. . .’

‘ကြည့်ကြသေးတာပေါ့၊ သူဟာ ကျွန်မရဲ့ သူငယ်ချင်း ဖြစ်နေတုန်းပဲ’

ကျွန်မ အိတ်ထဲတွင် ရှိသော ဂျက်ကော့စာကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ ဂျက်ကော့ ပါးစပ်မှ စကားသံကို ကြားရသလိုပင် စာထဲမှာ ရေး ထားတာကို သတိရသည်။ အက်(ဒ်)၀ပ်နှင့် ဂျက်ကော့က ဤနေရာမှာ တော့ သဘောထားချင်း တူကြသည်။

‘အရင်အတိုင်း ဘာမှ မပြောင်းလဲဘဲ ရှိနေမှာ ပါ၊ ၀မ်းနည်းပါတယ်’

♥ ♥ ♥


Cover

(၂) အပျိုစင်

ကျောင်းကင်တီး(န်)မှာ လူစုံနေကြသည်။ ကျွန်မအဖေက ကျွန်မကို မချုပ်ချယ်တော့ဘဲ ယနေ့မှစကာ လွတ်လပ်ခွင့်ပေးလိုက်သည့်သတင်းကို ၀ိုင်းပြီး နားထောင်နေကြခြင်း ဖြစ်သည်။ ကျွန်မအပါး၌ ကျွန်မချစ်သူ အက်(ဒ်)၀ပ်၊ အက်(ဒ်)၀ပ်ညီမ အဲလစ်၊ ကျွန်မအတန်းဖော်သူငယ်ချင်း များ ဖြစ်ကြသော အိန်ဂျလာ၊ မိုက်(ခ်)နယူတန်၊ ဘန်တို့လည်း ရှိနေကြသည်။

‘ကျောင်းဆင်းပွဲ လုပ်ဖို့ နီးလာပြီနော်၊ နင့်အမေကို မဖိတ်ဘူးလား ဘယ်လာ. . .’

‘ငါ့အမေက ငါ ကျောင်းဆင်းပွဲလုပ်မယ့်နေ့ကို သိပြီးသားဟ၊ ဖိတ်ဖို့တောင် မလိုဘူး၊ ဒါနဲ့ နင်တို့ရော. . . ဘယ်သူ့ကို ဖိတ်မှာ လဲ. . .’

အိန်ဂျလာက သက်ပြင်းတစ်ချက် ချလိုက်ပြီး. . .

‘ငါ့အမေမှာ ၀မ်းကွဲမောင်နှမတွေ အများ ကြီး ရှိတယ်၊ သူတို့ အားလုံးဆီကို ပို့ဖို့ ဖိတ်စာမှာ လိပ်စာတွေ ရေး ပေးရမယ်လို့ အဖေက ခိုင်းထားတယ်ဟ. . .’

‘ငါ့လက်ရေး သိပ်မလှတာကို လက်ခံရင် ငါ ကူညီပါ့မယ်. . .’

‘ကျေးဇူးပဲ ဘယ်လာ၊ နင့်အိမ်ကို ငါ လာခဲ့မယ်လေ. . .’

‘ဟင့်အင်း. . . ငါ့အိမ်မှာ နေရတာ ကို ငြီးငွေ့လာပြီ၊ ငါ နင့်အိမ်ကို လာခဲ့မယ်လေ. . .’

‘သိပ်ကောင်းတာပဲ၊ ဒါနဲ့ နင် လွတ်လပ်ရေး ရတာ ကို ပျော်ပွဲရွှင်ပွဲတစ်ခု လုပ်ကြရင် မကောင်းဘူးလား’

‘နောက်နေ့မှ လုပ်ပါဟယ်၊ ငါ့အဖေက ငါ့ကို စနေတာလားလို့ တစ်ရက်နှစ် ရက်လောက် စောင့်ကြည့်လိုက်ဦးမယ်၊ ပြီးတော့ ဒီနေ့က ကျောင်းဖွင့်ရက်ကြီးလေ’

‘ဒါဆို လာမယ့် စနေ၊ တနင်္ဂနွေမှာ ကျင်းပကြတာပေါ့. . .’

ဟု အဲလစ်က ၀င်ပြောသည်။ ကျွန်မအဖေက ကျွန်မကို အိမ်ပြင်ထွက်ခွင့်ပေးလိုက်ခြင်းကို သူငယ်ချင်းများ က ကျွန်မထက် ၀မ်းသာနေဟန်တူသည်။ ပို့အိန်ဂျလီမြို့ သို့မဟုတ် ဟိုကီယင်းသို့ သွားရန် အိန်ဂျလာနှင့် အဲလစ်တို့ ပြောဆိုတိုင်ပင်နေကြသည်။

ကျွန်မ ကတော့ အပြည့်အ၀ ၀မ်းမသာနိုင်။ ကျွန်မ အိမ်ရှေ့ သစ်တောအုပ်ထဲတွင် ဂျက်ကော့ကို နှုတ်ဆက်လမ်းခွဲခဲ့ပြီးနောက်တွင် ကျွန်မအာရုံထဲ၌ ဂျက်ကော့၏ ၀မ်းနည်းကြေကွဲ နေသော မျက်နှာပုံရိပ်က ဓာတ်ပုံရိုက်ထားသလို စွဲမြဲနေသည်။ ထိုပုံရိပ်သည် ကျွန်မခေါင်းထဲမှ ထွက်မသွားဘဲ ပျော်ပါးချင်သော စိတ်များ ကို အဝေးသို့ မောင်းထုတ်နေသကဲ့သို့ ရှိ၏ ။

‘အဲလစ်. . . အဲလစ်. . .’

အိန်ဂျလာ၏ အသံကြောင့် အတွေးကမ္ဘာထဲတွင် နစ်မျောနေရာမှ ကျွန်မစိတ်တို့ လက်ရှိ အချိန်သို့ ပြန်ရောက်သွားသည်။ အိန်ဂျလာက သူမ၏ လက်ကို အဲလစ်မျက်နှာရှေ့တွင် ရှေ့တိုး နောက်ငင် လှုပ်ယမ်းပြနေသော်လည်း အဲလစ်မှာ ဘာမှ မြင်ဟန်မပြဘဲ ပြူးကျယ်သော မျက်လုံး များ ဖြင့် ရှေ့သို့ စိုက်ငေးကြည့်နေ၏ ။ ထိုအကြည့်ကို ကျွန်မ မှတ်မိသည်။ ထိုသို့ မှတ်မိသော ကြောင့် ကျွန်မ ကျောရိုးတစ်လျှောက် စိမ့်တက်လာကာ ကြောက်ရွံ့ထိတ်လန်ပမိ၏ ။ သူမ၏ အကြည့်ကို ထောက်ရှုခြင်းဖြင့် အဲလစ်၏ မျက်လုံးများ သည် ယခုလောလောဆယ် ရောက်ရှိနေ သော ထမင်းစားခန်းကို မြင်ပုံမရဘဲ အဝေးတစ်နေရာဆီမှ အ ဖြစ်အပျက် တစ်ခုကို ထိတ်လန့် ချောက်ချားဖွယ် တွေ့ မြင်နေရသကဲ့သို့ ရှိပေသည်။ အနာဂတ်တွင် ဖြစ်ပျက်မည် ဖြစ်သော ကျွန်မ တို့ဆီ ဦးတည်လာနေသည့် ကံကြမ္မာ တစ်စိတ်တစ်ပိုင်းကို မြင်လိုက်ရခြင်း ဖြစ်မည် ။ ကျွန်မမျက်နှာ သည် သွေးရောင် ဖြင့် ရဲခနဲ ဖြစ်သွားသည်။ အက်(ဒ်)၀ပ် ကတော့ ဘာမှမ ဖြစ်သလိုပင် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

‘ကိုယ့်ညီမက ဒီလိုပဲ တစ်ခါတလေကျ အိပ်ငိုက်တတ်တယ်၊ ထတော့ အဲလစ်. . . ငိုက်မနေ နဲ့၊ အိပ်ချိန်ပြည့်သွားပြီ’

အဲလစ် အိပ်ငိုက်နေတာ မဟုတ်မှန်း ကျွန်မရော အက်(ဒ်)၀ပ်ရော သိသည်။ အဲလစ်က စိတ်နှင့် လူ ပြန်ကပ်လာ၏ ။

‘ဆောရီးပဲ. . . ငါ အိပ်ငိုက်သွားတယ် ထင်တယ်’

အဲလစ်က သူငယ်ချင်းများ နှင့် ဟန်မပျက် ဆက်စကားပြောသည်။ အဲလစ်နှင့် အက်(ဒ်)၀ပ် သည် ဖျတ်ခနဲ တစ်ယောက် ကို တစ်ယောက် အဓိပ္ပာယ်ပါပါ ခေတ္တခဏလေး ကြည့်လိုက်ကြပြီး ဟန်မပျက် စကားဆက်ပြောနေကြသည်ကို အခြားသူငယ်ချင်းများ သတိမထားမိသော်လည်း ကျွန်မ သတိထားမိသည်။

အဲလစ် အာရုံထဲမှာ ဘာကို မြင်လိုက်လို့လဲဆိုတာ ကျွန်မ သိချင်သည်မှာ တစ်ပိုင်းသေနေ သ်ည။ သို့သော် တစ်နေကုန် ကျောင်းမှာ လူမလစ်သဖြင့် မေးခွင့်မသာခဲ့ပေ။ အဲလစ်သည် ရှေ့ ဖြစ် များ ကို မြင်သူ ဖြစ်ပြီး အက်(ဒ်)၀ပ်မှာ သူများ စိတ်အကြံကို သိနိုင်သူ ဖြစ်သည်။ (ဤအကြောင်းကို ‘ကမ္ဘာခြားနေတဲ့ ချစ်သူ’ စာအုပ်နှင့် ‘လမင်းနဲ့ ၀ံပုလွေ’ စာအုပ်များ တွင် ဖော်ပြပြီး။)

ကျောင်းဆင်းသော အခါ ကားတစ်စီးတည်းဝယ် အက်(ဒ်)၀ပ်နှင့် ကျွန်မတို့ အတူစီးကာ အိမ်ပြန်လာခဲ့ကြသည်။ ဦးစွာ အဲလစ်ကို အိမ်သို့ အရင်ဝင်ပို့၏ ။ အိမ်ထဲသို့ မ၀င်ခင် အဲလစ်က အက်(ဒ်)၀ပ် ကတော့ အေးအေးဆေးဆေးပင်။ ကျွန်မကို အိမ်နြပ်လိုက်ပို့၏ ။

‘ကိုယ် အိမ်ထဲ ၀င်လိုက်လို့ရလား’

‘ရပါတယ်. . . အဖေက ရှင့်ကို ကိုက်မစားပါဘူး၊ လောလောဆယ်တော့ အဖေ မရှိဘူး’

သူက ကျွန်မ ဆံပင်များ ကို လက်ဖြင့် ဖြည်းဖြည်းဖွကစားနေရာမှ ကျွန်မကို နမ်းလိုက် သည်။ ကျွန်မက တစ်ကိုယ်လုံးရှိသမျှ အားအင်ဖြင့် သူ့ကို ကျစ်ကျစ်ပါအောင် ပြန်ဖက်ထားမိရင်း သူ့အနမ်းမှာ နစ်မျောနေတော့သည်။ သူသည် စောင့်ထိန်းသူ ဖြစ်သည်။ စည်းကမ်းရှိသူ ဖြစ်သည်။ အခွင့်အရေး မယူသူ ဖြစ်သည်။ ကျွန်မက ဖက်ထားသည့်ကြားမှ လူချင်းခွာလိုက်သည်။

ကျွန်မက ကွန်ပျူတာကို ဖွင့်ကာ အီးမေးလ် စစ်လိုက်သည်။ အမေ့ထံမှ စာရောက်နေ သည်။

သမီးရေ. . .

သမီး စာထဲမှာ ဂျက်ကော့အကြောင်း ထည့်မရေး တာ ကြာပြီ. . .

သူ ဘာတွေ လုပ်နေသလဲကွဲ့. . .

အဖေ ကတော့ ကျွန်မနှင့် ဂျက်ကော့အကြောင်း အမေ့ကို ပြောလိုက်ပြီထင်သည်။ ကျွန်မက စာပြန်ရေး သည်။

ဂျက်ကော့ နေကောင်းပါတယ်၊

သမီး သူနဲ့ သိပ်မတွေ့  ဖြစ်ဘူး

သူက ခုတလော လာပု(ရှ်)ရွာမှာ သူ့သူငယ်ချင်းတစ်သိုက်နဲ့. . .

အချိန်ကုန်နေတာ များ တယ်။

အက်(ဒ်)၀ပ်က သတိရကြောင်းပါ ထည့်ရေး ပြီး ‘send’ ခလုတ်ကို နှိပ်လိုက်၏ ။

‘အလို. . . ဒီလက်မှတ်တွေ က သက်တမ်းကုန်တော့မှာ ပါလား’

အက်(ဒ်)၀ပ်က ပြီးခဲ့သည့်နှစ် ကျွန်မ ဆယ့်ရှစ်နှစ် ပြည့် မွေးနေ့တွင် သူ့အမေနှင့် အဖေ ကျွန်မအား မွေးနေ့လက်ဆောင်ပေးထားသော လေယာဉ်လက်မှတ် ကူပွန်ဖြတ်ပိုင်းကိုကြည့်၍ တအံ့တာသ ရေရွက်လိုက်ခြင်း ဖြစ်သည်။ ထိုလက်မှတ်ဖြင့် ဖလော်ရီဒါရှိ ကျွန်မအမေရှိရာသို့ သွား ချင်လျှင် သွားနိုင်သည်။

‘ကျွန်မ. . . မေ့နေလို့ ပစ်ထားမိတာပါ. . .’

‘မင်းအမေဆီကို သွားပါလား၊ လက်မှတ်က စီးလို့ရသေးတယ်. . .’

‘အဖေက ခွင့်ပြုမှာ မဟုတ်ဘူး’

‘ကိုယ့်အမေဆီ ကိုယ် သွားတာပဲ၊ ခွင့်ပြုမှာ ပါ’

‘ဒီတစ်ပတ်တော့ မ ဖြစ်သေးဘူး၊ သူက ကျွန်မအပေါ် စိတ်ပြေခါစပဲ ရှိသေးတယ်၊ ထပ်ပြီး ပြဿနာမတက်ချင်ဘူး’

‘ကိုယ် ထင်တာတော့ လာမယ့် စနေ၊ တနင်္ဂနွေဟာ အကောင်းဆုံး အချိန်ပဲ’

‘နောက်မှ သွားတာပေါ့. . .’

ထို့နောက် ကျွန်မ နေ့လယ်က ကိစ္စကို သတိရသွားကာ. . .

‘နေ့လယ်က ကျောင်းမှာ အဲလစ် ဘာမြင်လို့်လဲ’

‘အဲလစ်က ဂျက်စပါကို ထူးဆန်းတဲ့နေရာတစ်ခုမှာ မြင်ရတယ်၊ အနောက်တောင် တစ်နေရာမှာ ပေါ့၊ အရင်က သူ့မိသားစုတွေ နေတဲ့ တစ်ဝိုက်မှာ ပဲ၊ ဒါပေမဲ့ အဲဒီ ကို ပြန်သွားဖို့ ဂျက်စပါမှာ ရည်ရွယ်ချက် မရှိဘူး၊ ဒါကြောင့် အဲလစ်က စိတ်ပူနေတာ. . .’

ကျွန်မ ထင်ထားတာနှင့် စိုးစေ့မျှ နီးစပ်မှု မရှိ။ ဒါပေမဲ့ ဂျက်စပါသည် အဲလစ်၏ ချစ်သူ ဖြစ်၍ စိတ်ပူမည် ဆိုက ပူထိုက်သည်။

ထိုစဉ် အိမ်ရှေ့မှ ကားရပ်သံကြားရကာ အဖေ အိမ်ထဲသို့ ၀င်လာ၏ ။

‘အဖေတောင် နေ့ခင်းက ဘေလီနဲ့ ဖုန်းပြောရသေးတယ်. . .’

‘ဟုတ်လား. . . သူ ဘယ်လိုနေသေးလဲ အဖေ’

‘ကောင်းပါတယ်. . . အရိုးအဆစ်တွေ ကတော့ နာတုန်းပဲတဲ့၊ သြော်. . . ဒါနဲ့ ဘေလီက လာမယ့် စနေ၊ တနင်္ဂနွေမှာ သူ့ဆီ လာလည်ဖို့ အဖေနဲ့ သမီးကို ဖိတ်လိုက်တယ်၊ ကလီယားဝါး တားမိသားစုနဲ့ ဆမ်အူလေးကိုလည်း ဖိတ်ထားတယ်တဲ့’

‘အန်ကယ်ချာလီ. . . ခင်ဗျာ. . .’

အက်(ဒ်)၀ပ်က အဖေပ့ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။

‘ပြီးခဲ့တဲ့ မွေးနေ့တုန်းက ဘယ်လာ့ကို ကျွန်တော့်မိဘတွေ က မွေးနေ့လက်ဆောင်အ ဖြစ် လေယာဉ်လက်မှတ် ၀ယ်ပေးခဲ့တာ ဘယ်လာက ဦးကို ပြောပြဖူးပါသလား၊ သူ့အမေဆီ သွားလည် ဖို့ လက်မှတ်ပါ’

ကျွန်မတစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သွားပြီ. . . ဘာလို အဖေ့ကို ခုလိုအချိန်မှာ ဒါတွေ လာပြောနေပါလိမ့်။ ပြဿနာတော့ စပြီ။

‘ဟင့်အင်း. . . သမီးက မပြောဖူးပါဘး၊ ဒါနဲ့ ဒီကိစ္စကို ပြောတာ အကြောင်းထူးရှိလို့လား’

အဖေ့အသံက အနည်းငယ် တင်းမာလာသည်။ အက်(ဒ်)၀ပ်က ပခုံးကိုတွန့်၍ . . .

‘လက်မှတ်တွေ က သက်တမ်းကုန်တော့မယ်၊ ဖွင့်မပြောပေမယ့်လို့ သူ ပေးတဲ့ မွေးနေ့လက် ဆောင်ကိုသာ ဘယ်လာက အသုံးမပြုဘူးဆိုရင် အမေ တော် တော် စိတ်မကောင်း ဖြစ်မှာ သေချာပါတယ်. . .’

အဖေက ခေတ္တမျှ တုံ့ဆိုင်းနေပြီး. . .

‘သမီး အမေဆီ သွားလည်မယ်ဆိုတဲ့ စိတ်ကူးက ကောင်းသားပဲ၊ သူလည်း ပျော်မှာ ပေါ့၊ ဘာ ဖြစ်လို့ သမီးက ဒီအကြောင်းအစက မပြောလဲ’

‘သမီးမေ့နေလို့’

‘ဒါနဲ့ ငါ သတိထားမိတာ၊ ခုနက လက်မှတ်တွေ က သက်တမ်းကုန်တော့မယ်လို့ မင်း ပြော လိုက်သလား အက်(ဒ်)၀ပ်၊ မင်းမိဘတွေ က သမီးကို လေယာဉ်လက်မှတ် ဘယ်နှစောင်တောင် လက်ဆောင်ပေးလို့လဲ’

ကျွန်မ ဆေးလက်စပန်းကန်မှ ဘေစင်ထဲသို့ လွတ်ကျသွားသည်။

‘ဘာမှ ဆက်ပြောစရာ မရှိတော့ဘူး. . .’

အဖေက ဒေါသတကြီး အော်ပြောသည်။

‘ဘာ ဖြစ်လို့လဲ ခင်ဗျာ’

အက်(ဒ်)၀ပ် အသံမှာ သူ နားမလည်နိုင်အောင် ဖြစ်ရပုံကို ရိုးရိုးသားသား ဖော်ပြနေသည်။

‘နင် သူနဲ့ ဘယ်ကိုမှ မသွားရဘူး နားလည်လား’

ဟု ကျွန်မကို လက်ညှိုးငေါက်ငေါက်ထိုးကာ အဖေက အော်ဟစ်ငေါက်ငမ်းသည်။

‘သမီး ကလေးမဟုတ်တော့ဘူး အဖေ၊ ဘယ်မှ မသွားရဘူးဆိုတဲ့ အမိန့်ကိုလည်း အဖေ ရုပ်သိမ်းပြီးပြီ မဟုတ်လား’

‘မရုပ်သိမ်းဘူး၊ ခုအချိန်ကစပြီး ပြန်ကျင့်သုံးတယ်. . .’

‘ဘာအတွက်လဲ အဖေ’

‘ဘာ ဖြစ်လို့လဲဆိုတော့ ငါ အဲဒီ လို ဆုံးဖြတ်လို့ပဲ. . .’

‘သမီးဟာ ဥပဒေအရ တရားဝင် အရွယ်ရောက်သူ ဖြစ်နေပြီဆိုတာ အဖေ့ကို သတိပေးဖို့ လိုဦးမှာ လား အဖေ. . .’

‘ငါ့အိမ်မှာ နေရင် ငါ့စည်းကမ်းကို လိုက်နာရမှာ ပဲ. . .’

‘အဖေ ဒီလို ဖြစ်စေချင်ရင် သမီး အခု ချက်ချင်း အိမ်ပေးက ဆင်းသွားတာကို ကြိုက်လား၊ တစ်ရက် နှစ် ရက်နေမှ ဆင်းသွားတာကို ကြိုက်လား’

အမေ့မျက်နှာသည် နီရဲသွား၏ ။ အိမ်ပေါ်မှ ဆင်းမည် ဟု ခြိမ်းခြောက်လိုက်ရသည့်အတွက် ကျွန်မ စိတ်မကောင်း ဖြစ်ရပါသည်။ ကျွန်မသည် အသက်မှန်မှန်တစ်ချက် ရှူသွင်းလိုက်ပြီး လေသံ ကို လျှော့ကာ. . .

‘သမီး မှားတယ်ဆိုရင် အဖေ ဆုံးဖြတ်သမျှ စောဒကမတက်ဘဲလက်ခံခဲ့တာချည်းပဲ၊ ဒါပေမဲ့ မမျှတတာတော့ သမီး လက်မခံဘူး အဖေ. . .’

အဖေက ဘာမှ စကားမပြန်ဘဲ နှုတ်ဆိတ်နေသည်။

‘အမေ့ကို သွားတွေ့ ဖို့ သမီးမှာ အခွင့်အရေး ရှိတယ်ဆိုတာ အဖေသိပါတယ်၊ တကယ်လို့ သမီးဟာ ဒီခရီးကို အဲလစ်နဲ့ပဲ ဖြစ် ဖြစ် အိန်ဂျလာနဲ့ပဲ ဖြစ် ဖြစ်သွားရင် အဖေ မကန့်ကွက်ဘူး မဟုတ် လား’

‘သူတို့က မိန်းကလေးတွေ လေ’

‘ဒါဆို ဂျက်ကော့နဲ့ဆိုရင်ရော သွားခိုင်းမျာလား’

‘မသွားခိုင်းဘူး’

‘အဲဒါ အဖေ ညာပြောတာ’

‘ဘယ်လာ’

‘သမီးက ဗီးဂတ်(စ်)ကို သွားပြီး ဖော်ချွတ်အကမယ် လုပ်မှာ မျိုးလည်း မဟုတ်ဘူး၊ အမေ့ကို သွားတွေ့ မှာ ကို အဖေ ဘာ ဖြစ်လို့ တားနေရတာ လဲ၊ အမေက သမီးကို မအုပ်ထိန်းနိုင်ဘူးလို့ ထင်လို့လား၊ ဒါဆို အဖေ့ကိုတိုင်ပြောမယ်. . .’

‘ပြောစရာ မလိုဘူး၊ ဒီကိစ္စကို အဖေ သဘောကို မကျဘူး’

‘စိတ်ဆိုးစရာ ဘာမှ မရှိဘူး အဖေ. . .’

အဖေက တစ်ဖက်သို့ လှည့်သွားသည်။ မုန်တိုင်းစဲသွားပြီဟု ကျွန်မ ပြောရဲသည်။

‘အိမ်စာတွေ လည်း လုပ်ပြီးပြီ၊ ညစာလည်း ချက်ပြီးပြီ၊ ပန်းကန်တွေ လည်း ဆေးပြီးပြီ၊ အိမ်ပြင်မထွက်ရအမိန့်လည်း ရုပ်သိမ်းပြီးပြီဆိုတော့ သမီး အပြင်ခဏသွားလိုက်ဦးမယ်၊ ဆယ်နာရီ မခွဲခင် ပြန်လာခဲ့မယ် အဖေ. . .’

‘ဘယ်သွားမလို့တုံး’

‘သိပ်မသေချာဘူး၊ အ၀းကြီးတော့ မ သွားပါဘူး. . .’

အိမ်အပြင်သို့ ရောက်သည်နှင့် ကျွန်မ အက်(ဒ်)၀ပ်ကို ကြိမ်းရသည်။

‘အဖေ့ကို ဘာလို့ သွားပြောတာလဲ. . .’

‘မင်းအမေကို မင်း အရမ်းတွေ့ ချင်တယ်၊ ဒါပေမဲ့ အဖေ့ကို ကြောက်လို့ မပြောရဲဘူး၊ ဒါကြောင့် ကိုယ်က ကူညီတာပါ. . .’

‘အဖေက ဦးလေးဘေလီတို့ဆီသွားပြီး ပျော်ပွဲစားမယ်လို့ ပြောသံကြားလို့ ဖလော်ရီဒါသွားဖို့ ပြောတာ မဟုတ်လား’

‘မဟုတ်ဘူး၊ မင်း. . . ဒီမှာ ပဲရှိရှိ၊ ကမ္ဘာတစ်ဖက်မှာ ပဲ နေနေ၊ အဲဒီ ကို မသွားရဘူး. . .’

ကျွန်မချစ်သူသည် ကျွန်မအဖေလိုပါပဲလား၊ အားလုံးက ကျွန်မကို ကလေး တစ်ယောက် လို တားဆီးချုပ်ချယ်ကြသည်။

‘ဒါဆို ရှင်တို့အိမ်မရောက်တာကြာပြီ. . . သွားမယ်. . .’

‘သွားလေ. . .’

အက်(ဒ်)၀ပ်တို့ အိမ်တွင် အနည်းငယ် အချိန်ဖြုန်းပြီး အိမ်သို့ပြန်လာခဲ့သည်။ အိမ်ထဲသို့ ၀င်လိုက်သည်နှင့် အဖေက တီဗီကြည့်နေရာမှ ကျွန်မကို လှမ်းခေါ်သည်။

‘ဒီကို လာပါဦး ဘယ်လာ. . .’

‘ကိစ္စရှိလို့လား. . . အဖေ. . .’

‘ဒီည သမီး သိပ်ပျော်ခဲ့ရဲ့ လား. . .’

အဖေဆိုလိုသော နောက်ကွယ်မှ အဓိပ္ပာယ်ကို ချိန်ဆတွေးတောကာ ကျွန်မ ဖြေလိုက် သည်။

‘ဟုတ်ကဲ့. . .’

‘သမီး ဘာတွေ လုပ်လဲ’

‘အဲလစ်တို့ ဂျက်စပါတို့နဲ့ စကားပြောတယ်၊ အက်(ဒ်)၀ပ်က အဲလစ်နဲ့ စစ်တုရင် ကစားတာ နိုင်တယ်၊ သမီးက ဂျက်စပါနဲ့ ကစားတော့ ရှုံးတယ်. . .’

အဖေက စကားမပြောဘဲ အကြာကြီး ငြိမ်နေသည်။၏

‘သမီးကို အဖေ ပြောစရာရှိတယ်၊ ဘယ်က စပြောရမယ်တောင် မသိဘူး. . .’

အဖေ့ပုံစံက ရှိုးတိုးရှန့်တန့် ဖြစ်နေပုံရသည်။ ဂနာမငြိမ်စွာ ဟိုဟိုသည်သည် လျှောက်ရင်း ကိုယ့်ဖိနပ်ကိုကိုယ် အကြာကြီး ငုံ့ကြည့်နေသေးသည်။

‘သမီးနဲ့ အက်(ဒ်)၀ပ်က တော် တော် ကြီးကို ရင်းနှီးနေကြသလိုပဲ၊ သမီး သတိထားဖို့ လိုမယ့် ဟာလေးတွေ ရှိတယ်၊ သမီး အခုဆို အရွယ်ရောက်နေပြီဆိုတာလည်း မှန်ပါတယ်၊ ဒါပေမဲ့ သမီး ဟာ ငယ်ရွယ်သေးတယ် ဘယ်လာ၊ သမီး ဟိုသင်း. . . လုပ်တဲ့အခါမှာ အရေး ကြီးတဲ့အချက် တော် တော် များများ ကို သိထားဖို့ လိုလိမ့်မယ်၊ အဖေ ပြောတာက ခန္ဓာကိုယ်ချင်း. . . ပက်သက်. .’

‘မဟုတ်ဘူး. . . မဟုတ်ဘူး၊ အဖေ ထင်သလို မဟုတ်ဘူး၊ အဖေ သမီးကို လိင်ကိစ္စတွေ ပညာပေးနေတာ မဟုတ်ဘူးလို့ ပြောလိုက်စမ်းပါ. . .’

ထိုင်ရာမှ ရုတ်တရက် ခုန်ထကာ ကျွန်မ တုံ့ပြန်လိုက်သည်။ အဖေက ကြမ်းပြင်ကိုပဲ ငုံ့ကြည့်နေသည်။

‘အဖေဟာ သမီးရဲ့ ဖခင်ပဲ၊ အဖေ့မှာ တာဝန်ရှိတယ် သမီး၊ တကယ်လို့ သမီး အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရင် သမီးနဲ့ ထပ်တူ အဖေလည်း အရှက်ကွဲမှာ ပဲ’

‘အဲဒီ ကိစ္စအတွက် မပူပါနဲ့ အဖေရယ်၊ အဖေ ထင်သလို မဟုတ်ပါဘူး’

‘သမီးကို မယုံလို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သမီးက အဲဒီ ကိစ္စ အသေးစိတ်ကို အားလုံး အဖေ့ကို ပြောပြမှာ မဟုတ်ဘူးဆိုတာ အဖေသိတယ်၊ အဖေကလည်း မသိပါရစေနဲ့၊ အဖေလည်း သဘောထားကြီးဖို့ ကြိုးစားမှာ ပါ။ ဒါပေမဲ့ ခေတ်ကြီးက အဖေတို့တုန်းကလို မဟုတ်တော့ဘူး. . .’

‘ခေတ်ပြောင်းတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ သမီး ရည်းစား အက်(ဒ်)၀ပ်က သိပ်ရှေးဆန် တယ် အဖေ၊ အဖေ. . . အဲဒီ ကိစ္စကို လုံးဝစိတ်မပူပါနဲ့. . .’

‘ဟုတ်မှာ ပေါ့. . .’

ဟု ပြောကာ အဖေက သက်ပြင်းချသည်။

‘အဖေ သမီးကို အတင်းအကျပ် အော်ကြီးဟစ်ကျယ် ၀န်ခံခိုင်းနေတာမဟုတ်ဘူးလို့တော့ ယူဆပါတယ်၊ ဒါပေမဲ့ သမီး ရှင်းအောင်ပဲ ပြောတော့မယ်၊ သမီးဟာ ခုအချိန်ထိ အပျိုစင်အစစ်ပဲ၊ အဲဒီ အနေအထားကို လောလောဆယ် ပြောင်းလဲဖို့ အစီအစဉ် မရှိသေးဘူး’

အဖေ့မျက်နှာ ၀င်းထိန်သွာသည်။ အဖေ့မျက်နှာမှာ ပုံမှန်ပြန် ဖြစ်သွား၏ ။ သူ၏ လိင်ပညာ ပေးမိန့်ခွန်းကြီး အောင်မြင်စွာ ပြီးဆုံးသွားသဖြင့်စိတ်သက်သာရာရသွားဟန်လည်း ရှိသည်။

‘တခြား သူငယ်ချင်းတွေ နဲ့ရော တွေ့  ဖြစ်ရဲ့ လား သမီး. . .’

‘အိန်ဂျလာ့ဆီ သွားပြီး ကျောင်းဆင်းပွဲဖိတ်စာတွေ ကူးရေး ပေးမလို့ ချိန်းထားတယ်. . .’

‘ကောင်းတယ်. . . ဂျက်ကော့နဲ့ကော တွေ့ သေးလား. . .’

‘သမီး မဆုံးဖြတ်ရသေးဘူး အဖေ. . .’

‘ကြိုးစားပါ၊ သမီးက လိမ္မာပါတယ်. . .’

‘ဟုတ်. . .’

အခန်းထဲမှာ ပြတင်းပေါက်ကို ရပ်ငေးနေရင်း အတွေးတစ်ခုဝင်သည်။ အက်(ဒ်)၀ပ်သည် ညလယ်လောက်မှာ အဖေ မသိအောင် ကျွန်မအခန်းကို ရောက်လာတတ်သည်။ သူ ရောက်မလာ ခင် ဂျက်ကော့ကို သွားတွေ့ ပြီး အမြန်ပြန်လာရင် သူ သိမှာ မဟုတ်။ ဒါကောင်းသည်။ ကျွန်မ အကျင့်က ခုဆိုခုပဲ လုပ်ရမှ ကျေနပ်သည်။

ဂျက်ကက်အင်္ကျီကို ကောက်ဝတ်သည်။ ကားသော့ ကို ယူသည်။ လှေကားမှ ပြေးဆင်းလာ ခဲ့သည်။

‘သမီး ဂျက်ကော့ဆီ သွားလိုက်ဦးမယ် အဖေ၊ သိပ်မကြာပါဘူး’

ဂျက်ကော့၏ အသံကို ကြားသည်နှင့် အဖေ့မျက်နှာမှာ အပြုံးပန်းပွင့်လန်းလာသည်။

‘ရတယ် သွား. . . သွား၊ သမီး ကြိုက်သလောက်နေ. . .’

ပုန်းလျှိုးကွယ်လျှိုးလုပ်သော လူအများ စု ထုံးစံအတိုင်း ကားဆီသို့ သွားရာတွင် မကြာခဏ နောက်သို့ လှည့်ကြည့်မိသည်။ သို့သော် အပြင်ဘက်တွင် ပိန်းပိတ်အောင် မှော င်နေသဖြင့် ဘာမှ ကောင်းကောင်း မမြင်ရပေ။ မှော င်ထဲမှာ ကားကို လက်ဖြင့် စမ်းပြီး တံခါးကို ဖွင့်ရသည်။ မျက်စိကို ကျင့်သားရအောင် မနည်းကြည့်၍ ကားသော့ ကို သော့ ပေါက်ထဲသို့ ခဲခဲယဉ်းယဉ်းထည့်ရ၏ ။ ကားသော့ ကို လှည့်လိုက်သော အခါ ကျယ်လောင်သော စက်သံမြည် ရမည့် အစား ချောက်ခနဲသာ ကြားရ၏ ။ နောက်တစ်ခါ ထပ်နှိုးကြည့်တော့လည်း ထိုအနည်းအတိုင်းသာ။

ထိုအခိုက်၌ ကျွန်မဘေးမှ လှုပ်ရှားသော အရာတစ်ခုကို တွေ့ ရသဖြင့် လန့်ခုန့်မှု ၏ ။

‘ရှူး. . .’

ကားထဲမှာ ကျွန်မ တစ်ယောက် တည်းမဟုတ်မှန်း သိလိုက်ရ၍ ထိတ်လန့်ချောက်ချား သွားသည်။

အက်(ဒ်)၀ပ်က မလှုပ်မယှက် ထိုင်နေသည်။

Cover

‘မင်း ကားကို မနက်ဖြန်ကျ ကျောင်းချိန်အမီ ကိုယ့်ကားနဲ့ လာဆွဲပေးပါ့မယ်၊ ၀ံပုလွေတွေ ဆီ သွားဖို့တော့ မ ဖြစ်နိုင်တော့ဘူး. . .’

ကျွန်မက နှုတ်ခမ်းကိုကိုက်ကာ ကားထဲမှ ထွက်လိုက်၏ ။

‘ဒီည ကိုယ် မလာစေချင်ရင် ပြတင်းပေါက်တံခါးကို ပိတ်ထားလိုက်ပါ၊ ကိုယ် နားလည်ပါ တယ်. . .’

ကားတံခါးကို ကျွန်မ ဆောင့်မပိတ်ခင် သူက လေသံဖြင့် ခပ်တိုးတိုးပြောလိုက်သေးသည်။ ကျွန်မ အိမ်ထဲသို့ ပြန်ဝင်သော အခါ၌ လည်း တံခါးကို ဆောင့်ပိတ်မိသည်။

‘ဘာ ဖြစ်လာတာလဲ သမီး’

‘ကားစက်နှိုးလို့ မရဘူး အဖေ’

‘အဖေ ကြည့်ပေးရမလား’

‘မနက်ကျမှပဲ လုပ်တော့မယ်. . .’

‘အဖေ့ကား ယူသွားမလား’

အဖေ့ရဲကားကို ကျွန်မ မောင်းခွင့် မရှိ။ ကျွန်မ လာပု(ရှ်)ရွာသို့ သွားမည် ကို အဖေက အတော် စိတ်အားထက်သန်နေပုံရသည်။ ကျွန်မသည်လည်း စိတ်အားထက်သန်ခဲ့တာပါပဲ။

‘မယူတော့ဘူး၊ သမီး ပင်ပန်းလို့ အိပ်တော့မယ်. . .’

လှေကားမှ တက်လာ၍ အခန်းထဲသို့ရောက်သည်နှင့် ပြတင်းပေါက်ရှိရာသို့ တန်သွားကာ တံခါးကို ဆောင့်ပိတ်ချလိုက်၏ ။

တဆတ်ဆတ်တုန်နေသော ပြတင်းပေါက်မှန်တံခါး ငြိမ်သွားသည်အထိ ကျွန်မ အကြာကြီး စိုက်ကြည့်နေမိသည်။ ထို့နောက် ကျွန်မ သက်ပြင်းချသည်။

ပြတင်းပေါက်တံခါးကိုလည်း အဆုံးအထိ ပြန်ဖွင့်လိုက်ပါတော့သည်။

♥ ♥ ♥


Cover

(၃) အလောင်းအစား

‘သမီး ဘယ်လာ’

‘ရှင် မေမေ. . .’

‘သမီးတို့ နှစ် ယောက် က သိပ်ချစ်တာပဲနော်. . .’

ပင်လယ်ကမ်းခြေတွင် ထိုင်ရင်း ကျွန်မတို့ သားအမိနှစ် ယောက် စကားပြောနေကြခြင်း ဖြစ်သည်။ အက်(ဒ်)၀ပ်က ခပ်လှမ်းလှမ်းမှ ကျွန်မကို စောင့်ကြည့်နေသည်။

‘သမီးတို့နှစ် ယောက် ကို ကြည့်ရတာ ထူးဆန်းတယ်. . . သမီးကလည်း ကောင်လေးအနား မှာ အမြဲကပ်နေတယ်၊ ကောင်လေး ကြည့်ရတာ လည်း အမြဲ သမီးကို ကာကွယ်စောင့်ရှောက် နေသလိုပဲ၊ သမီး အသက်ကို ကယ်ဖို့ ကျည်ဆန်ကိုတောင် သူ့ကိုယ်နဲ့ဝင်ပြီး ကာပေးမယ့်ပုံမျိုး ပေါက်နေတယ်. . .’

‘အဲဒါ မကောင်းဘူးလား. . .’

‘ကောင်းပါတယ်၊ သူများ တွေ နဲ့ မတူဘဲ ထူးခြားနေလို့ပါ၊ သူက သမီးကို သိပ်ဂရုစိုက်လွန်း တယ်. . . သမီးတို့ ဆက်ဆံရေး ကို အမေ နားမလည်နိုင်ဘူး၊ သမီးတို့နှစ် ယောက် ကြားမှာ အမေ မသိတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေသလိုပဲ’

အမေနှင့် သုံးရက်နေပြီး အိမ်အပြန်လမ်းဝယ် အမေပြောခဲ့သည့် စကားများ ကို စဉ်းစား နေမိသည်။ အမေသည် ကျွန်မကို တွေ့ သဖြင့် အလွန်ဝမ်းသာကာ ပျော်မဆုံးအောင် ရှိသည်။ ဘာပဲ ဖြစ် ဖြစ် အမေသည် သူ့အိမ်ထောင်နှင့် သူ ပျော်ရွှင်နေပါသည်။

‘အိမ်ပြန်ရောက်ပြီ အချစ်လေး. . . ထတော့. . .’

အက်(ဒ်)၀ပ်၏ အေးစက်သော လက်ချောင်းများ က ကျွန်မပါးကို လာထိသည်။

‘အိမ်ပြန်လာတာ ကြိုဆိုပါတယ် ကလေးတို့. . .’

အဖေက တံခါးပေါက်ဝတွင့်  စောင့်၍ ကျွန်မတို့ကို နှုတ်ဆက်သည်။

‘ဂျက်ဆင်ဗေးလ်မှာ တော် တော် ပျော်ခဲ့ရဲ့ လား သမီး. . .’

‘ပျော်ပါတယ် အဖေ’

‘မင်းရော. . . ဟိုမှာ အဆင်ပြေရဲ့ လား အက်(ဒ်)၀ပ်. . .’

‘ဟုတ်ကဲ့. . . အန်တီရေနီက တော် တော် ဂရုစိုက်ပါတယ်. . .’

‘ကောင်းတာပေါ့ကွာ. . . ဒါနဲ့ သမီးရေ. . . ဂျက်ကော့ဆီ ဖုန်းအရင်ဆက်လိုက်ပါဦး၊ မနက် ၆ နာရီလောက်ကတည်းက ငါးမိနစ်ခြား တစ်ခါဖုန်းဆက်ပြီး သမီးကို မေးနေတယ်၊ ရောက်ရောက် ချင်း ပြန်ဆက်ပါ့မယ်လို့ အဖေ သူ့ကို ပြောထားရတယ်. . .’

‘ဂျက်ကော့က သမီးနဲ့ ပြောချင်တယ်. . . ဟုတ်လား’

‘ဟုတ်တယ်. . . ဘာကိစ္စလဲမေးတော့ မဖြေဘူး၊ အရေး ကြီးတယ်လို့ပဲ ပြောသွားတယ်. . .’

ထိုအခိုက်ဝယ် ဖုန်းက မြည် လာပြန်၏ ။

‘အဖေ ပြောရဲတယ်၊ အဲဒါ ဂျက်ကော့ပဲ. . .’

ဟု အဖေက ရေရွတ်သည်။

‘သမီး ကိုင်လိုက်မယ် အဖေ’

အဖေက ဧည့်ခန်းထဲသို့ ရှောင်ထွက်သွားမည် ။ အက်(ဒ်)၀ပ်က မယောင်မလည်နှင့် ကျွန်မ နောက်မှ ကပ်လိုက်လာ၏ ။

‘ဟလို. . .’

‘ပြန်ရောက်လာပြီလား. . .’

ဟူသော ဂျက်ကော့ အသံကို ကြားရသည်။

‘အေး. . .’

‘ကျွန်တော် အစ်မနဲ့ စကားပြောချင်တယ်. . .’

‘ပြောလေ. . .’

တစ်ဖက်မှ အသံက ခေတ္တတုံ့ဆိုင်းသွား၏ ။

‘မနက်ဖြန်. . . အစ်မ ကျောင်းလာမှာ လား’

သူ့မေးခွန်းကို အဓိပ္ပာယ်ကောက်မရ၍ ကျွန်မ မျက်မှော င်ကုတ်မိသည်။

‘လာမှာ ပေါ့. . . ဘာ ဖြစ်လို့ မလာရမှာ လဲ’

‘သြော်. . . ဘာမှ မဟုတ်ပါဘူး၊ မေးကြည့်တာပါ. . .’

‘နင် ဘာသိချင်တာလဲ ဂျက်ကော့. . .’

ဂျက်ကော့က ခေတ္တမျှ တုံ့ဆိုင်းနေပြီး. . .

‘ဘာမှ မဟုတ်ပါဘူး၊ အစ်မ အသံကို ကြားချင်လို့ ဆက်လိုက်တာပါ. . .’

‘ဂျက်ကော့ နင် ဖုန်းဆက်တာ ငါ ၀မ်းသာပါတယ်၊ ဒါပေမယ့်. . .’

‘နောက်မှ ပြောတော့မယ်၊ ဒါပဲနော်. . .’

‘ဟဲလို. . . ဂျက်. . .’

ဂျက်ကော့ကား ကျွန်မ စကားမဆုံးခင် ဖုန်းချသွားလေပြီ. . .

‘အဆင်ပြေရဲ့ လား ဘာ ဖြစ်လို့လဲ. . .’

ဟု အက်(ဒ်)၀ပ်က မေး၏ ။

‘မသိဘူး၊ ဘာမှလည်း ပြောမသွားဘူး. . .’

တစ်မနက်လုံး ဖုန်းဆက်၍ ကျွန်မကို စကားပြောချင်သူမှာ မနက်ဖြန် ကျောင်းတက်၊ မတက် သိချင်ရုံပဲလား၊ ကျွန်မ အသံကို ကြားချင်ရုံပဲလား၊ ဘာကြောင့် ကမန်းကတန်း ဖုန်းချသွား သလဲ။

ယခင်က ကျွန်မ ဖုန်းဆက်လျှင် အမြဲတမ်း မကိုင်ဘဲ ငြင်းခဲ့သော ဂျက်ကော့ ကျွန်မ မရှိ သော သုံးရက်အတွင်း ဘာကြောင့် ပြောင်းလဲသွားသလဲ၊ ဤသုံးရက်အတွင်း အရေး ကြီးသော ဘာကိစ္စတွေ ဖြစ်ခဲ့သလဲ။

ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းအေးစက်သွားသည်။

ကျွန်မ လူသားစင်စစ်အ ဖြစ် ဟုတ်၊ မဟုတ် သေချာအောင် ဖုန်းဆက်၍ စစ်ဆေးခြင်း ဖြစ်မည် ။ သွေးစုပ်ဖုတ်ကောင် အကိုင်ခံရသော လူတစ်ယာက်သည် အိပ်ရာထဲမှာ အပြင်းဝေဒနာ ခံစားနေရပေလိမ့်မည် ။ လူသားကို သတ်မှမဟုတ်။ ကိုက်ရုံ ကိုက်လျှင်ပင် သမန်းဝံပုလွေမိသားစု နှင့် သွေးစုပ်ဖုတ်ကောင်မိသားစုတို့ နှစ် ပေါင်းများ စွာ က သဘောတူထားခဲ့သော နယ်မြေ မကျူး ကျော်ရေး သဘောတူစာချုပ်မှာ ကျိုးပျက်ပြီ ဖြစ်သည်။ ဂျက်ကော့ ဖုန်းဆက်ခြင်းမှာ စာချုပ် ပျက်၊ မပျက် စုံစမ်းခြင်း ဖြစ်ပေလိမ့်မည် ။

‘ဘယ်လာ. . . ဘာ ဖြစ်လို့လဲ’

‘ဟို ဟို. . . ကျွန်မ ထင်တာက ကျွန်မ လူ ဟုတ်၊ မဟုတ် သိချင်လို့ ဂျက်ကော့ ဖုန်းဆက် တာ ထင်တယ်. . .’

♥ ♥ ♥


ကျောင်းသားများ က ၀ိုင်းကြည့်နေကြသည်။ တချို့က ခပ်လှမ်းလှမ်းမှ မသိမသာ၊ တချို့က သိသိသာသာ ရပ်၍ ကြည့်ကြသည်။ ကျွန်မနှင့် အက်(ဒ်)၀ပ် လာမည့် လမ်းတွင် ဆိုင်ကယ်အနက် ကြီးကို မှီ၍ ဂျက်ကော့သည် တင်းမာသော မျက်နှာထားဖြင့် မားမားကြီးရပ်နေစောင့်နေ၏ ။ ကျွန်မ နှင့် အက်(ဒ်)၀ပ်တို့ လက်ချင်းချိတ်ကာ ကားထဲမှ ထွက်လာတာကို မြင်လျှင် သူ့မျက်နှာသည် ပို၍ တင်းမာသွား၏ ။

ဂျက်ကော့နှင့် ကိုက်အနည်းငယ်ဝေးသော နေရာတွင် အက်(ဒ်)၀ပ်က ရှေ့ဆက်မသွားဘဲ ရပ်လိုက်သည်။ ၀ံပုလွေလူသား တစ်ယောက် အနားသို့ ကျွန်မ ကပ်သွားမှာ ကို မနှစ် မြို့ပုံမျိုးနှင့် ကျွန်မလက်ကို ဆွဲကာ သူက ရှေ့ဘက်မှ ကာထားသဖြင့် ကျွန်မနှင့် ဂျက်ကော့ကြားတွင် အက်(ဒ်) ၀ပ်က နေရာယူထားသလို ဖြစ်သွားသည်။

‘မင်း ဖုန်းဆက်ပြီး ပြောလည်း ရတာ ပဲ’

ဟု အက်(ဒ်)၀ပ်က သံမဏိလို မာကျောသော လေသံဖြင့် တုံ့ပြန်၏ ။ ဂျက်ကော့က မျက်နှာ ကို မဲ့ကာ. . .

‘ဆောရီးပဲ. . . ငါ့ဖုန်းမှာ မျှော့သတ္တ၀ါတွေ ရဲ့ နံပါတ်ကို မှတ်မထားဘူး’

‘ဘယ်လာ့ဆီ ဆက်လိုက်လည်း ငါ ပြောလို့ရပါတယ်. . .’

ဂျက်ကော့က အံကြိတ်လိုက်သော်လည်း ဘာမှ ပြန်မပြောပေ။

‘ဒီနေရာမှာ စကားပြောလို့ သိပ်မကောင်းဘူး ဂျက်ကော့၊ ငါတို့ နောက်မှ ဆွေးနွေးရ အောင်’

‘အခု ပြောရင် ဘာ ဖြစ်လို့လဲ. . .’

ရပ်ကြည့်နေသော ကျောင်းသူ ကျောင်းသားများ မှာ ရန်ပွဲတစ်ခုကို မကြည့်လိုက်ရမှာ စိုး သည့်သဖွယ် သူ့ထက်ငါ စုဝေးရောက်ရှိလာကြသည်။ ထိုအထဲတွင် တိုင်လာ၊ အော်စတင်၊ မိုက်(ခ်) စသူတို့လည်း ပါသည်။

‘မင်း ဘာပြောမယ်ဆိုတာ ငါ သိပြီးပြီ၊ မင်း ပြောချင်တဲ့ သတင်း၊ ငါတို့ဆီ ပို့ပြီးပြီလို့ မှတ် လိုက်၊ လာသတိပေးတာပဲ မဟုတ်လား. . .’

ကျွန်မက သူ ပြောသော စကားကို နားမလည်စွာ မေးမိသည်။

‘သတိပေးတယ် ဟုတ်လား. . . ရှင် ဘာတွေ ပြောနေတာလဲ. . .’

ဂျက်ကော့က အံ့သြသော ဟန်ဖြင့် . . .

‘မင်း သူ့ကို ပြောပြမထားဘူး ဟုတ်လား၊ ဘာလဲ. . . အစ်မဘယ်လာက ငါတို့ဘက်ကို ပါလာမှာ စိုးလို့လား’

‘ကျေးဇူးပြုပြီး ဆက်မပြောနဲ့တော့ ဂျက်ကော့. . .’

အက်(ဒ်)၀ပ်က လေသံကိုနှိမ့်၍ ပြောရာ ကျွန်မပင် ကြားရရုံသာ ရှိသည်။

‘ဘာလို့ ဆက်မပြောရမှာ လဲ. . .’

ဟု ဂျက်ကော့က စိန်ခေါ်သည်။

‘ကျွန်မ ဘာလို့ မသိတာလဲ အက်(ဒ်)၀ပ်၊ ဘာကိစ္စလဲ. . .’

အက်(ဒ်)၀ပ်က ကျွန်မမေးသည်ကို ပြန်မဖြေဘဲ ဂျက်ကော့ဘက်သို့ လှည့်ကာ မာန်ဖီသလို လုပ်နေ၏ ။

ဂျက်ကော့က ကျွန်မဘက်သို့ ကြည့်လိုက်ပြီး. . .

‘သူ့အစ်ကိုတစ်ယေက်က စနေနေ့ညက ကျွန်တော် တို့နယ်မြေထဲကို ကျော်ဝင်လာတာ သူ အစ်မကို ပြောမပြဘူးလား’

ဟု မေး၏ ။

‘အဲဒါ ဘယ်သူမှ မပိုင်တဲ့ ကြားခံမြေကွ. . .’

ဟု အက်(ဒ်)၀ပ်က အော်ဟစ်သည်။

‘မဟုတ်ဘူး. . .’

ဟု ဂျက်ကော့က ပြန်အော်၏ ။ ဂျက်ကော့၏ လက်များ မှာ ဒေါသဖြင့် တဆတ်ဆတ်တုန် ယင်လာသည်။ သူက ဦးခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး အဆုတ်ထဲသို့ လေကို တစ်ဝကြီး ရှူသွင်းလိုက်၏ ။

‘ပေါက်လ် တော် တော် လေး ဒေါသ ဖြစ်နေတယ်’

‘အင်းမက်နဲ့ ပေါလ်’

ဟု ကျွန်မ တိုးညင်းစွာ ရေရွတ်မိသည်။ ပေါလ်သည် ဂျက်ကော့နှင့် အခင်ဆုံး ၀ံပုလွေ လူသား ဖြစ်သည်။ ပေါလ်သည် သစ်တောအုပ်ထဲ၌ ဒေါသကို မထိန်းနိုင်ဘဲ ကျွန်မရှေ့မှာ တင် လူအသွင်မှ ၀ံပုလွေဘ၀သို့ ပြောင်းသွား ဖူးသူ ဖြစ်သည်။

‘ဘာ ဖြစ်သွားကြလဲ၊ သူတို့ တိုက်ခိုက်ကြသေးလား၊ ပေါလ် ဒဏ်ရာရသွားလို့လား. . .’

ကျွန်မ အသံမှာ ထိတ်လန့်မှု ဖြင့် တုန်ရီနေသည်။

‘ဘယ်သူမှ မတိုက်ခိုက်ကြဘူး၊ ဘယ်သူမှ ဒဏ်ရာမရဘူး၊ မစိုးရိမ်ပါနဲ့. . .’

ဟု အက်(ဒ်)၀ပ်က ကျွန်မကြားသာရုံ ခပ်တိုးတိုး ပြောသည်။ ဂျက်ကော့က ကျွန်မတို့ကို စိုက်ကြည့်နေပြီး. . .

‘မင်း သူ့ကို ဘာမှ မပြောဘူးမဟုတ်လား၊ ဒီလို တစ်နေရာရာကို ရှောင်ထွက်သွားရုံနဲ့ ပြီးရောလား’

‘မင်းသွားတော့’

‘ဘာကြောင့် သူ့ကို မပြောခဲ့တာလဲ’

ဂျက်ကော့၏ အသံမှာ ၀ံပုလွေနှင့် တူလာပြီး အက်(ဒ်)၀ပ်၏ အသံမှာ လည်း သွေးစုပ်ဖုတ် ကောင်နှင့် တူလာကာ ပိုပြီး တင်းမာလာကြသည်။

တစ်စုံတစ်ခုကို အက်(ဒ်)၀ပ်က ဖုံးကွယ်ထားသည်။ တစ်စုံတစ်ခုကို ဂျက်ကော့က ဖွင့်ပြောဖို့ ကြိုးစားနေသည်။ တောအုပ်ထဲ၌ ဒေါက်တာကယ်လန်မိသားစုနှင့် ၀ံပုလွေတို့ တိုက်မလို ခိုက်မလို ဖြစ်ခဲ့ကြသည်။ ဒါတွေ ဟာ ဘာကြောင်ပါလိမ့်။

စဉ်းစားရင်းနှင့် တစ်ခုခုကို သဘောပေါက်လာ၏ ။ လောကကြီးသည် ငလျင်လှုပ်သလို ဖြစ်ကာ ခေါင်းထဲမှ မူးနောက်နောက် ဖြစ်လာသည်။

‘ဟိုမိန်းမ ငါ့ဆီ ပြန်လာပြီ. . .’

ဟုသာ အထစ်ထစ်အငေါ့ငေါ့ ပြောမိတော့သည်။

‘မင်း ပြောချင်တာ သူ သိသွားပြီ၊ ကျေနပ်ပြီလား. . .’

ဟု အက်(ဒ်)၀ပ်က ဂျက်ကော့ကို ခါးသီးစွာ ပြောသည်။

‘အစ်မ ဘယ်လာ့မှာ သိခွင့်ရှိတယ်၊ ဒါဟာ သူ့အသက်နဲ့ ဆိုင်နေတယ်. . .’

‘သူ့မှာ တကယ် အန္တရာယ်ကျမလာဘဲ၊ ဘာလို့ ငါက ထိတ်လန့်အောင် လုပ်ရမှာ လဲ’

‘လိမ်တာထက်စာရင် ကြောက်တာက တော် သေးတာပေါ့. . .’

သူတို့နှစ် ယောက် သတ်ပုတ်ဖို့ ဟန်ပြင်နေကြစဉ်. . .

‘ကျောင်းအုပ်ကြီး လာပြီဟေ့. . .’

ဟူသော အော်သံကို ကြားရပြီး လူအုပ်မျာ ကျွန်မတို့အပါးမှ ဖယ်ခွာသွားကြ၏ ။ ဂျက်ကော့ လည်း ဆိုင်ကယ်ကို စက်နှိုးကာ မောင်းထွက်သွားတော့သည်။ သူ ထွက်မသွားမီ. . .

‘ကျွန်တော့ဆီ လာခဲ့ပါဦး. . .’

ဟု ကျွန်မကို ပြောသွားသေးသည်။

‘ကျွန်တော် အစ်မဘယ်လာကို နေ့တိုင်း သတိ၇တယ်’

‘ငါ သိပါတယ်၊ စိတ်မကောင်းပါဘူး ဂျက်. . .’

စာသင်ခန်းထဲသို့ ပြန်ရောက်သော အခါ စာရွက်တစ်ရွက်ပေါ်တွင် အောက်ပါအတိုင်း ရေး ကာ အက်(ဒ်)၀ပ် ရှေ့သို့ ချပြလိုက်၏ ။

‘ဘာ ဖြစ်တာလဲ. . . ကျွန်မကို အားလုံး ပြောပြပါ’

အက်(ဒ်)၀ပ်က သက်ပြင်းချ၏ ။ ထို့နောက် စာတစ်စောင်ရေး ကာ ဆရာ့အလစ်တွင် ကျွန်မ ရှေ့သို့ တွန်းပို့လိုက်၏ ။

‘မင်းကို သတ်မယ့် ဗစ်တိုးရီးယားဆိုတဲ့ မိန်းမ ပြန်လာတာ အဲလစ်က မြင်တယ်၊ သူ မင်းကို အန္တရာယ်ပြုဖို့ အနားကပ်နိုင်တဲ့ အခွင့်အရေး ဘယ်တော့မှ မရနိုင်ပေမယ့် လိုလိုမည် မည် မင်းကို ခေါ်ထုတ်ပြီး ဒီမြို့က ခဏရှောင်နေလိုက်တယ်၊ အမ်းမက်နဲ့ ဂျက်စပါက ဒီမိန်းမကို မိလုနီးပါး ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ သူက သိပ်ပါးနပ်တော့ ရှောင်ထွက်သွားနိုင်ခဲ့တယ်၊ ဒီအမျိုး သမီးက ကေါးလူးတပ်(စ်) တွေ ရဲ့ နယ်မြေထဲကို ထွက်ပြေးသွားတယ်၊ သူတို့လည်း ဒီမိန်းမ ကို မိလုနီးပါး ဖြစ်ခဲ့တယ်၊ တို့အဖွဲ့နဲ့ ထိပ်တိုက်တိုးနေတာနဲ့ မဖမ်းလိုက်နိုင်တာ၊ မီးခိုး ရောင် ၀ံပုလွေကြီးက အမ်းမက်ဟာ သူတို့ နယ်မြေထဲ ကျော်လာတယ်လို့ထင်ပြီး သူ့နယ် ကို ကာကွယ်ဖို့ တိုက်ခိုက်မယ်လုပ်တယ်၊ တို့မိသားစုတွေ လည်း သားကောင်နောက်ကို ဆက်မလိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပြင်တယ်၊ အဖေနဲ့ ဂျက်စပါက အခြေအနေ ကို အေးအေးချမ်းချမ်း ဖြစ်သွားအောင် အားလုံးကို ဖျောင်းဖျလိုက်နိုင်တယ်၊ အဲဒီ အချိန်မှာ ဗစ်တိုးရီးယား ထွက်ပြေးသွားတာပဲ၊ ဇာတ်လမ်းက ဒါပါပဲ. . .’

ကျွန်မ သက်ပြင်းချမိသည်။ ၀ံပုလွေနှင့် သွေးစုပ်ဖုတ်ကောင် အဖွဲ့ကြီးနှစ် ခု အသေအကျေ တိုက်ခိုက်ကြဖို့ တဲတဲလေးလိုသော အခြေအနေအထိ ဖြစ်ခဲ့ပါလား။ တစ်ဖက်က အခင်ဆုံးသူငယ် ချင်း ဂျက်ကော့နှင့် အဖွဲ့၊ အခြားတစ်ဖက်ကလည်း ကျွန်မချစ်သူ၏ မိသားစုပင်။

စာသင်ချိန် ပြီးဆုံးချိန်၌ စာသင်ခန်းထိပ်ဝယ် ကျွန်မသူငယ်ချင်းများ တစ်စုံတစ်ခုကို အချေ အတင် ငြင်းခုံကြသည်ကို သဲ့သဲ့ကြားနေရသည်။

‘ရက်(ဒ်)အင်ဒီးယန်းလေးက အတော် ထွားတာ၊ ငါ ကတော့ အဲဒီ ဘက်က ငွေပုံပြီး လောင်း ရဲတယ်. . .’

တိုင်လာ၊ မိုက်(ခ်)၊ အော်စတင်နှင့် ဘန်တို့မှာ တစ်စုံတစ်ရာကို အကြိတ်အနယ် ဆွေးနွေး နေကြသည်။

‘ဟုတ်တယ်ကွ ဂျက်ကော့ဆိုတဲ့ ချာတိတ်ရဲ့ ကိုယ်လုံးက ကြီးမှကြီးပဲကွာ၊ ငါ့အထင်တော့ ဒီကောင်လေးက အက်(ဒ်)၀ပ်ကို အလဲထိုးနိုင်မှာ သေချာတယ်. . .’

ဟု မိုက်(ခ်)က သုံးသပ်သည်။

‘ငါ ကတော့ ဒီလို မထင်ဘူးကွ၊ အက်(ဒ်)၀ပ်ကလည်း တစ်မျိုးကွ၊ သူ့ကို ကြည့်ရတာ အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ပဲ၊ ဟိုကောင်လေးကို ကောင်းကောင်းကိုင်နိုင်လိမ့် မယ်လို့တော့ ငါ ခံစားရတယ်. . .’

ဤသည်က ဘန်၏ မှတ်ချက်ပင်။

‘ဘန် ပြောတာ ငါတော့ သဘောတူတယ်. . .’

ဟု တိုင်လာက ၀င်ပြောသည်။

‘နောက်ပြီးတော့. . . ဟိုချာတိတ်က အက်(ဒ်)၀ပ်ကို ဆော်ပြီထားပါတော့၊ အက်(ဒ်)၀ပ်တို့ ညီအစ်ကို လူထွားကြီးနှစ် ယောက် က ၀င်မပါဘဲ နေပါ့မလား’

‘မင်းတို့ လာပု(ရှ်)ကို ရောက်ဖူးသလား၊ ဂျက်ကော့ သူငယ်ချင်းတွေ အားလုံးလည်း ထောင်ထောင်မောင်းမောင်းတွေ ပဲနော်. . .’

‘ပွဲကြီးပွဲကောင်း ကြည့်ရပြီမှတ်တာ. . . ကျောင်းအုပ်ကြီးရောက်လာလို့ ပွဲပျက်ရတာ နာ တယ်ကွာ. . .’

‘ဘယ်သူ လောင်းချင်သလဲ ပြောကြ’

‘ဂျက်ကော့ဘက်က ဆယ်ဒေါ်လာ ရှိတယ်ကွာ. . .’

အော်စတင်၏ အသံ။

‘အက်(ဒ်)၀က်ဘက်က ဆယ်ဒေါ်လာကွာ. . .’

တိုင်လာ၏ ချေပသံ။

‘အက်(ဒ်)၀ပ်ဘက်က ငါလည်း ဆယ်ဒေါ်လာ’

ဟု ဘန်က ခေါ်သည်။

‘လုပ်စမ်းကွာ. . . ငါ ဂျက်ကော့ဘက်က ဆယ်ဒေါ်လာရှိတယ်. . .’

ဟု မိုက်(ခ်) က ကြိမ်းဝါး၏ ။

‘ဒါနဲ့ နေစမ်းပါဦး ဘာကိစ္စ ဒီကောင်နှစ် ကောင် ပြဿနာ ဖြစ်ကြတာလဲ’

‘ဒါများ စဉ်းစားဖို့ မခဲယဉ်းပါဘူးကွာ. . .’

စကားပြောနေသူ အားလုံးက ကျွန်မကို ကြည့်လိုက်ကြသည်။ ကျွန်မက သူတို့ကို ကြည့် နေတာ အားလုံး သတိမထားမိကြ။ ကျွန်မနှင့် အကြည့်ချင်းဆုံသော အခါ အားလုံး ရှက်ကိုးရှက် ကန်း ဖြစ်သွားကြလေသည်။

‘ငါ ကတော့ ဂျက်ကော့ဘက်ကပဲ နေမယ်’

ဟု မိုက်(ခ်)က ပြော ဖြစ်အောင် ပြောလိုက်သေးသည်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ သရဝဏ် (ပြည်) ၏ “ ၀ံပုလွေနဲ့ သွေးမုဆိုး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဒီမိုကရေစီသို့ အိတ်ဖွင့်ပေးစာ နှင့် အခြားဆောင်းပါးများ

ဖွဲ့ စည်းပုံဥပဒေကို အားနာကြစမ်းပါ

စစ်မတိုက်မီ စကားပြောသော ယဉ်ကျေးမှု