အခန်း (၁)
(၄.၉.၂၀၁၃) နေ့ ညက အမေရိကန် ကွန်ဂရက်လွှတ်တော် ၌ ကြားနာပွဲတစ်ခု ကျင်းပ ပြုလုပ်ပုံကို CNN သတင်းဌာနမှ တိုက်ရိုက်ထုတ်လွှင့် ပြသရာ Sky Net ရုပ်သံကောင်းမှု ဖြင့် အစမှ အဆုံး တိုက်ရိုက် ကြည့်ရှုခွင့် ရခဲ့ပါသည်။ မြန်မာစံတော် ချိန် ည ၁၀ နာရီခွဲ (16:00 GMT) တွင် စတင်ပြောဆို ကြပါသည်။ ပြောဆိုသော အကြောင်းမှာ ဆီးရီးယားကို စစ်ရေး အရ ဝင်ရောက်ခွင့် ပြုသင့် မပြုသင့်ကို နိုင်ငံခြားရေး ရာကော်မတီက ကြားနာမှု ပြုကြခြင်း ဖြစ်သည်။ အထက် လွှတ်တော် နိုင်ငံခြားရေး ရာ ကော်မတီဝင်များ တက်ရောက်လာကြပြီး အုပ်ချုပ်ရေး ပိုင်းမှ နိုင်ငံခြား ရေး ဝန်ကြီး ဂျွန်ကယ်ရီ၊ ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်၊ အမေရိကန်တပ်ပေါင်းစု သေနာပတိ ဗိုလ်ချုပ်ကြီး မာတင်ဒမ်ဆေးတို့ တက်ရောက်ခဲ့ကြသည်။ တစ်နည်းအားဖြင့် ပြောရလျှင် စစ်တိုက် မည့် ကိစ္စနှင့် ပတ်သက်၍ အစိုးရတာ ဝန်ရှိသူများ ကို လွှတ်တော် က ခေါ်မေးခြင်း ဖြစ်သည်။ အမေး၊ အဖြေများ ကို ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်သည့်အပြင် ကြိုတင်ဇာတ်တိုက်ထားသော (မေးခွန်း ကြိုပို့ထားရသော ) မေးခွန်းနှင့် အဖြေများ မဟုတ်ဘဲ လူပုံအလယ်ရောက်မှ ချက်ချင်း မေး၊ ချက်ချင်း ဖြေရသည်များ ဖြစ်သော ကြောင့် အလွန်ကြည့်လို့ကောင်းကာ ကြည့်ရင်း ကြည့်ရင်း ညသန်းခေါင်ကျော်၍ နံနက် ၂ နာရီထိုးသည်ကိုပင် သတိမထားမိပါ။
သတင်းစာထဲတွင် မကြာခဏ ဖတ်ဖူးသော အမေရိကန်ပြည်ထောင်စုမှ အထက် လွှတ်တော် ကြားနာပွဲဆိုတာ ဒီလိုမျိုးပါလားဟု နဖူးတွေ့  ဒူးတွေ့  လေ့လာရပါသည်။ ပြောကြသော စကားများ ၊ မေးကြသော မေးခွန်းများ မှာ ပွင့်လင်းမြင်သာ ရှိလွန်းသော ကြောင့် မည် သူမျှ အိပ်ငိုက် ဖို့ အချိန်မရ၊ ပျင်းစရာမကောင်း။ စက္ကန့်တိုင်း အသက်ဝင်နေသည်။ စစ်မတိုက်မီ ဘာကြောင့် တိုက်ချင်သည်၊ ဘယ်လို တိုက်ချင်သည်၊ ဘယ်လောက်အထိ အကုန်အကျရှိမည် ၊ ဘယ်သူတွေ က ငွေပေးမည် ၊ မတိုက်လျှင် ဘာ ဖြစ်နိုင်သည်၊ တိုက်လျှင် ဘာဆက် ဖြစ်နိုင်သည် ဆိုသည်များ ကို ဘက်စုံထောင့်စုံမှ ရေပက်မဝင်အောင် အမတ်မင်းများ က မေးမြန်းကြပြီး နိုင်ငံခြားရေး ဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးနှင့် ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးက စိတ်ရှည်လက်ရှည် ဖြေကြားသည်။ မည် သူကမျှ မေးလွန်းရန်ကောဟု မငြိုငြင်၊ တပ်မတော် ကို သိက္ခာချနေပါသည်ဟု ထမအော်၊ လွတ်လွတ်လပ်လပ်ပင် ကိုယ့်အမြင်ကိုကိုယ် တင်ပြကြသည်။
လွှတ်တော် အမတ် တစ်ယောက် က မေးရာတွင် -
"ဆီးရီးယား ပဋိပက္ခမှာ ဘာ ဖြစ်လို့ သူများ တွေ က ဝင်မတိုက်ဘဲ ကျုပ်တို့ အမေရိကန်ကပဲ ဝင်တိုက်ရမှာ လဲ၊ အမေရိကန်က ကမ္ဘာ့ပုလိပ်ကြီးလား" ဟု မေးသည်။
ထိုမေးခွန်းကို နိုင်ငံခြားရေး ဝန်ကြီးက -
"ဆီးရီးယား အစိုးရဟာ သြဂုတ် ၂၁ ရက်က ဒမတ်စကတ်မြို့မှာ အရပ်သား ၁၄၀၀ ကို ဆာရင်းအဆိပ်ငွေ့တွေ သုံးပြီး သတ်ဖြတ်ခဲ့ပါတယ်၊ ဒီအထဲကမှ ၄၀၀ လောက်ဟာ ကလေးတွေ ဖြစ်ပါတယ်၊ ဒါကြောင့် ဒါမျိုး ထပ်မ ဖြစ်အောင် တားဆီးရမယ်ဆိုတာ ကမ္ဘာ့နိုင်ငံ တော် တော် များများ က သဘောတူကြပါတယ်။ အမေရိကန်ဟာ ဘုရားသခင်ရဲ့ ကောင်းချီးပေးမှု ကြောင့် အာဆတ်ကို တိုက်နိုင်တဲ့ စစ်ရေး စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဒီတိုက်ခိုက်မှု မှာ အမေရိကန် တစ်ယောက် တည်း မဟုတ်ပါဘူး။ မဟာမိတ် ၃၂ နိုင်ငံ ပါ ပါတယ်" ဟု ပြည့်ပြည့်စုံစုံ ဖြေကြား သွားပါသည်။
ဒါကိုပင် မကျေနပ်သေးဘဲ -
"၃၂ နိုင်ငံတောင်ပါတယ် ဟုတ်လား၊ ကဲ - အဲဒီ နိုင်ငံတွေ က ဘယ်သူတွေ လဲ ပြောပြပါဦး"
ဟု ထပ်ဆင့် မေးလိုက်သေးသည်။ ဝန်ကြီးက သူ့မှာ စာရင်းပါမလာသဖြင့် အလွတ်မပြော နိုင်ကြောင်း၊ နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်ကြောင်း၊ ကျန်နိုင်ငံအမည် များ ကို နောက်တော့ သူ ကြေညာပေးပါမည် ဟု ရိုးရိုးသားသားပင် ဆင်ဝှေ့ရန်ရှောင် မဟုတ်ဘဲ ဖြေကြားသွားသည်။
ဤကြားနာပွဲကို ရုပ်သံမှ အသေးစိတ်ကြည့်ပြီးသော အခါ စဉ်းစားစရာ များ စွာ ရလာပါ သည်။ အတုယူစရာ များ စွာ ကိုလည်း တွေ့ ရသည်။ ပထမဆုံး တွေ့ ရသည်မှာ တက်ရောက်လာသူ အားလုံး၏ လွတ်လပ်စွာ သဘောထား ကွဲပိုင်ခွင့် ဖြစ်သည်။ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ မိန့်ခွန်းပြောနေစဉ် သူ့နောက်တွင် ထိုင်နေသော ကြားနာပွဲသို့ လေ့လာသူအ ဖြစ် တက်ရောက်လာ သည့် အရပ်သား ဧည့်သည်တော် များ ထဲမှ လူအချို့သည် လက်များ ကို မြှောက်ကာ အသံတိတ် ကန့်ကွက်ဆန္ဒပြနေကြသည်။ သူတို့ လက်ဖဝါးများ ကို သွေးစွန်းနေသော ပသဏ္ဌာန်အ ဖြစ် အနီရောင် များ ခြယ်သထားကြသည်။ နိုင်ငံခြားရေး ဝန်ကြီး စကားပြောနေပုံကို ရုပ်သံမှ ရိုက်ပြတိုင်း သွေးစွန်းနေသော လက်များ အား မြင်နေရသည်။ လက်များ ကို ပြန်မချဘဲ ဆက်တိုက် မြှောက်ပြ ထားကြသည်။
နိုင်ငံခြားရေး ဝန်ကြီးကလည်း ထိုသူများ ကို စိတ်မကွက်ဘဲ -
"အခု ကျွန်တော့် နောက်မှာ ထိုင်နေတဲ့ လူတွေ ဆိုရင် ကျွန်တော် ပြောတာကို သဘောမတူ ပါဘူး၊ သူတို့ စစ်ကို ဆန့်ကျင်တာ ကျွန်တော် အပြစ်မမြင်ပါဘူး၊ ဒါပေမဲ့ သူတို့စိုးရိမ်နေသလို ဆီးရီးယားကို အမေရိကန် မြေပြင်တပ်ဖွဲ့တွေ ဝင်မှာ မဟုတ်ပါဘူး၊ အကန့်အသတ်နဲ့ပဲ လေကြောင်းက တိုက်ခိုက်မှာ ပါ"
ဟု သဘောထားကြီးစွာ လူကြီးလူကောင်း ပီပီသသ ပြုမူပြောဆိုခဲ့သည်မှာ အတူ (ယူတတ်လျှင်) ယူစရာ ကောင်းလှသည်။ မြန်မာနိုင်ငံတွင် တော့ ထိုသို့ ကန့်ကွက်ပြုမူခဲ့လျှင် ပါတီဝင် ဖြစ်က ပါတီမှ အထုတ်ခံရမည် လား၊ လွှတ်တော် ခန်းမထဲက မောင်းထုတ်ခံရမည် လား၊ ရဲလက်သို့ အပ်၍ တစ်ခါတည်း ဖမ်းချုပ်မည် လား မသိပေ။
နောက်တစ်ခု သတိထားမိသည်မှာ လွှတ်တော် ၏ တာဝန်သည် မေးခွန်းမေးရုံ၊ အဆို တင်သွင်းရုံ၊ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ရုံသာမက လွှတ်တော် တွင်း ကြားနာပွဲများ ကို သက်ဆိုင်ရာ ကော်မတီများ က ပြုလုပ်ရမည် ဆိုသော လွှတ်တော် ၏ တာဝန်ကို ပို၍ သဘောပေါက်မိပါသည်။
ကြားနာပွဲ (Testimony) ဆိုသည်မှာ ကျွန်တော် တို့ မြင်တွေ့ နေရသော လွှတ်တော် တွင်း မေးခွန်း မေးသလို ကြိုတင် စာရေး ၍ မေး၊ ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီး၊ သို့ မဟုတ် ဒုဝန်ကြီးက ကြိုတင်ရေး လာသော စာများ ကို ဖတ်ပြ ဟူသော Process မျိုး မဟုတ်။ ကိစ္စတစ်ခုကို ဟုတ် မဟုတ်၊ မှန် မမှန် အပ်ကျမပ်ကျ သေသေချာချာ သိချင်သော အခါ သက်ဆိုင်ရာဝန်ကြီး သို့ မဟုတ် ဖြေဆိုနိုင်သော ပြင်ပပုဂ္ဂိုလ်များ ကို လွှတ်တော် သို့ ဖိတ်ခေါ်၍ ဘက်ပေါင်းစုံမှ မေးမြန်းကြခြင်း ဖြစ်သည်။
မေးမြန်းပုံမှာ (ဆီးရီးယားကိစ္စကိုပဲ ဥပမာ ပေးရလျှင်) ဖိတ်ခေါ်ခံရသော အရပ်ဘက်၊ စစ်ဘက် အရာရှိကြီးများ သည် ကြိုတင်ရေး လာသော အစီရင်ခံစာများ ကို ကြည့်၍ အချက်အလက် နှင့် တကွ ပြည့်စုံစွာ ရှင်းလင်းတင်ပြကြရ၏ ။ ထိုသို့ ကျေနပ်လောက်အောင် ကာယကံရှင်ဘက်မှ ရှင်းပြပြီးသော အခါ လွှတ်တော် ကိုယ်စားလှယ်များ အလှည့်သို့ ရောက်လာ၏ ။ ထိုအခါ ရေး ရာ ကော်မတီများ တွင် အဖွဲ့ဝင်များ က တစ်ဦးလျှင် အချိန် အကန့်အသတ်နှင့် ( တစ်ယောက် လျှင် ငါးမိနစ်ခန့်မျှ ထင်သည်) မေးခွန်းများ ကို မေးခွင့်ရှိသည်။ ထိုမေးခွန်းများ မှာ မေးသူက ကြိုတင် ပြင်ဆင်လာခွင့် ရှိသော်လည်း ဖြေသူက ချက်ချင်း လက်တန်း ဖြေရခြင်း ဖြစ်သည်။ တစ်ခွန်းနှင့် အားမရလျှင် (အချိန်ရှိသေးက) ဆက်ကာ ဆက်ကာ မေးခွင့်ရှိသည်။
ထိုသို့ မေးကြ၊ ဖြေကြသည်များ ကိုလည်း ရုပ်သံမှ တိုက်ရိုက်လွှင့်နေသည် ဖြစ်သော ကြောင့် တို့ဝန်ကြီးတော့ ဖြီးဖြန်းချနေသလား၊ သူမသိဘဲ လျှောက်ပြောနေတာလား၊ ဘာမှမသိဘဲ တက်အုပ်ချုပ်နေတာလား စသည်ဖြင့် အများ ပြည်သူက တန်းသိတော့သည်။
ထို့ကြောင့် ဝန်ကြီးဆိုသူ ရာထူးနေရာများ ကို သမ္မတက ပုဂ္ဂိုလ်ရေး ခင်မင်မှု ဖြင့် အရမ်း မပေးရဲ၊ သက်ဆိုင်ရာနယ်ပယ်တွင် ထိတ်ထိတ်ကြဲ တော် နေမှ ရာထူး ခန့်ထားပေးရလေသည်။
ကျွန်တော် ကြည့်ရသော ဆီးရီးယားအရေး ကြားနာပွဲတွင် နိုင်ငံခြားရေး ဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီးမှာ ညှပ်ပူးညှပ်ပိတ် မေးခွန်းများ ကို ချွေးပြန်လာအောင် ဖြေရသဖြင့် မကြာခဏ ရေဖန်ခွက်ကို ယူ၍ မော့သောက်နေတာ တွေ့ ရပေသည်။ သို့ သော် ချက်ကျ လက်ကျ ပြန်ဖြေနိုင်တာ တွေ့ ရသည်။
မြန်မာနိုင်ငံ လွှတ်တော် သက်တမ်း ထက်ဝက်ကျော်လာချိန်တွင် ဒီမိုကရေစီဆန်သော လွှတ်တော် ၏ သရုပ်သကန်များ အတော် ပေါ်ပေါက်လာသော်လည်း "လွှတ်တော် တွင်း ကြားနာပွဲ များ " တစ်ခါမှ လုပ်တာ မတွေ့ သေးချေ။ စင်စစ် ကြားနာပွဲဆိုသည်မှာ ကိစ္စတစ်ခု၊ အကြောင်းအရာ တစ်ခုကို လွှတ်တော် က ရေရေရာရာ နားမလည်သဖြင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်အား တရားဝင် ခေါ်ယူ မေးမြန်းခြင်း ဖြစ်၍ လွှတ်တော် ၏ ရပိုင်ခွင့်တစ်ခု ဖြစ်သည်။
ဥပမာအားဖြင့် လက်ပံတောင်းတောင် သပိတ်စခန်းများ ကို ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်း ခဲ့မှု ကိစ္စတွင် အစိုးရနှင့် အတိုက်အခံများ က တစ်ဖက်ကို တစ်ဖက် အပြစ်ဖို့သော စကားများ ကို ပြောကြရာ လွှတ်တော် အနေဖြင့် ဘယ်သူ မှန်သည်၊ ဘယ်သူမှားသည်ကို သိနိုင်ရန် ပြည်ထဲရေး ဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးများ ကို ဆင့်ခေါ်၍ ကြားနာပွဲ လုပ်ပိုင်ခွင့် ရှိလေ သည်။
ကြိုတင်ရေး လာသော စာရွက်ပေါ်မှ အဖြေများ အပြင် လက်တန်း မေးကြ၊ ဖြေကြခြင်းဖြင့် ထိုညက အ ဖြစ်အပျက်များ ဘာတွေ ကို ဘယ်သူက အမိန့်ပေး၍ ဘာကြောင့် လုပ်သည် ဆိုသော ကိစ္စများ ရှင်းလင်းစွာ ပေါ်လာပေမည် ။ လွှတ်တော် က ထိုအလုပ်ကို မလုပ်သော အခါ အုပ်ချုပ်ရေး ပိုင်း (အစိုးရ) က စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့သည်ဆိုတာမျိုး ဝင်လုပ်လိုက်လေသည်။ တကယ်တော့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့တာက သတ်သတ်၊ လွှတ်တော် ၏ ကြားနာခွင့်က သတ်သတ် ဖြစ်သည်။ မိမိ ရေရေရာရာ မသိသော ကိစ္စတစ်ခုကို ကြားနာပွဲ မလုပ်ဘဲ မဲခွဲဆုံးဖြတ် ပါက ရေရာသော ဆုံးဖြတ်ချက်တစ်ရပ် ထွက်လာမည် မဟုတ်ချေ။
ဥပမာပေးရလျှင် ပြန်ကြားရေး ဝန်ကြီးဌာနက တင်သွင်းလာသော ပုံနှိပ်ထုတ်ဝေရေး ဥပဒေ ကြမ်းကို ပြည်သူ့လွှတ်တော် သည် ကန့်ကွဲမဲမရှိ ဝိုင်းဝန်း ထောက်ခံခဲ့ပေ၏ ။ စာနယ်ဇင်းကောင်စီ (ယာယီ) က ပြင်ခိုင်းသော အချက် ၁၇ ချက်ကို မပြင်ပေးဘဲ တစ်ဖက်သတ် တင်လိုက်သော ဥပဒေကို ဘာကြောင့် ထောက်ခံခဲ့တာလဲဟု မေးသော အခါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒီချုပ်ဥက္ကဋ္ဌ စသူများ အပါအဝင် အမတ်မင်းများ က ဖြေကြသည်မှာ ထိုဥပဒေကို သူတို့လည်း သေသေချာချာ မသိလိုက်ပါတဲ့။ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် စာနယ်ဇင်းကောင်စီ (ယာယီ) တို့ သဘောတူညီချက် ရသွားပြီထင်သဖြင့် ထောက်ခံမဲ ပေးခဲ့ကြခြင်း ဖြစ်ကြောင်း ပြောကြပါသည်။
ဆိုလိုသည်မှာ မိမိ မရင်းနှီးသော အကြောင်းအရာတစ်ခုကို မဲခွဲရမည် ဆိုလာပါက ထိုဥပဒေ နှင့် တိုက်ရိုက်ပတ်သက်သော သက်ဆိုင်ရာဝန်ကြီးဌာန၊ မီဒီယာသမားများ ၊ ဥပဒေပညာရှင်များ စသည်တို့ကို ဖိတ်ခေါ်၍ ဥပဒေကြမ်းကော်မတီမှ ကြားနာပွဲများ ကျင်းပရမည် ဖြစ်သည်။ ကြားနာပွဲ တွင် တကယ့် လွှတ်တော် ကြီးလို လူတွေ အများ ကြီး တက်စရာမလိုပေ။ သက်ဆိုင်ရာ ရေး ရာ ကော်မတီဝင်များ နှင့် အထူးဧည့်သည်တော် အချို့တက်လျှင် ရပေပြီ။ ဆွေးနွေးကြသည်များ ကို တော့ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးရပါမည် ။ ထိုကြားနာပွဲမှ ရလာသော သုံးသပ်ချက် ကို လွှတ်တော် ကြီးတွင် မဲမခွဲခင် ရေး ရာကော်မတီဥက္ကဋ္ဌက လွှတ်တော် ကိုယ်စားလှယ်အားလုံးကို သဘောပေါက်အောင် ရှင်းပြပြီးမှ မဲခွဲဆုံးဖြတ်ရမည် ဖြစ်သည်။ ယခု ဖြစ်စဉ်မှာ လွှတ်တော် သည် ဘုမသိ ဘမသိ မဲခွဲလိုက်သည်ဟု အချို့က ယူဆသွားနိုင်ပေသည်။
ဒီမိုကရေစီ အစိုးရလက်ထက်တွင် အလားတူကိစ္စရပ်များ ဖြစ်သော တရားစီရင်ရေး မဏ္ဍိုင် ယိမ်းယိုင်နေမှု နှင့် ပတ်သက်သော ကိစ္စများ ၊ လာဘ်ပေး လာဘ်ယူမှု များ ၊ အာဏာအလွဲသုံးစားမှု များ ကို လွှတ်တော် မှ ကော်မတီအလိုက် ရဲရဲဝံ့ဝံ့ ကြားနာပွဲများ လုပ်ကြဖို့ လိုပေသည်။
ထိုသို့ လုပ်ခြင်းသည် တရားစီရင်ရေး နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်များ ကို ဥပဒေပြုရေး မဏ္ဍိုင်က ဝင်၍ စွက်ဖက်ခြင်း မဟုတ်၊ လွှတ်တော် ၏ ပုံမှန်တာဝန်ကို ဆောင်ရွက်ခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုလွှတ်တော် သည် ဘယ်လောက်တောင် ကြားနာပွဲများ လုပ်သလဲ ဆိုလျှင် ကျွန်တော် တို့နိုင်ငံမှာ ဖြစ်ပွားခဲ့သော ဒီပဲယင်းအရေး အခင်းမှ အသက်မသေ လွတ်မြောက် လာသူများ ကိုပင် ခေါ်ယူ၍ ကြားနာပွဲလုပ်ခဲ့ပါသေးသည်။
ကျွန်တော် တို့ဆီမှာ လည်း ကချင်စစ်ပွဲ၊ KNU နှင့် တိုက်ပွဲများ ၊ အလုပ်သမား အလုပ်ရှင် ကိစ္စ၊ မြေသိမ်း၊ လယ်သိမ်းယူမှု များ ၊ ရဲတပ်ဖွဲ့၏ အလွန်အကျွံ အင်အားသုံးမှု များ ၊ မူးယစ်ဆေးဝါး ပြဿနာ၊ လောင်းကစားမှု မပပျောက်သည့် ပြဿနာ၊ ဘာသာရေး ပဋိပက္ခများ ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ နိုင်ငံခြားသား တရားမဝင် ဝင်ရောက်လာမှု များ ၊ နယ်စပ်မှ သစ်ခိုးထုတ် မှု များ ၊ ခရိုနီများ အခွန်ရှောင်မှု စသည်များ ကို ရေး ရာကော်မတီများ အလိုက် ကြားနာပွဲများ ပွင့်ပွင့်လင်းလင်း လုပ်နိုင်ကြလျှင်ဖြင့် "ပြည်သူ့အသံ လွှတ်တော် အသံ" ဟူသော ဆောင်ပုဒ်နှင့် အညီ လွှတ်တော် သည် လွှတ်တော် နှင့် ပိုတူလာပေလိမ့်မည် ။ (ပြောရဲသော ချဲဒိုင်များ ၊ လာဘ်ပေးရ သူများ ကို ခေါ်ယူမေးမြန်းလျှင် လောင်းကစားမှု များ ဘယ်လို လည်ပတ်နေသည်၊ မည် သူတွေ ပါဝင်ပတ်သက်နေသည်ကို ပို၍ သိလာရပေမည် )
ဆီးရီးယားကိစ္စ ကြားနာပွဲကို ကြည့်မြင်ရခြင်းမှ နောက်ထပ် အမြတ်ထွက်သော ကိစ္စမှာ ပါဝင်ဆွေးနွေးသူ အမေရိကန်ဝန်ကြီးများ ၊ အမေရိကန်လွှတ်တော် အမတ်များ ပါးစပ်မှ မကြာခဏ ထွက်လာတတ်သော "American Interest (အမေရိကန် အကျိုးစီးပွား) " ဟူသော စကားကို မကြာခဏ ကြားရခြင်း ဖြစ်သည်။ ကျွန်တော် တို့ မြန်မာနိုင်ငံမှ နိုင်ငံရေး ဂုရုကြီးများ ၊ UN ကိုယ်စားလှယ်များ သမ္မာကျမ်းစာသဖွယ်၊ ပိဋကတ်သုံးပုံသဖွယ် အာဂုံဆောင်ကာ တတွတ်တွတ် ရေရွတ်နေကြသော လူ့အခွင့်အရေး (Human Right) ဆိုသော စကားကို အမေရိကန် အထက် လွှတ်တော် က အသည်းအသန် ဆွေးနွေးနေသော စစ်တိုက်သင့်၊ မတိုက်သင့် ကြားနာပွဲတွင် ပျင်းလောက်အောင် ကြာသော အခါမှ တစ်ခါလောက် နားစွန်နားဖျား ကြားရတတ်ပါသည်။ အမေရိကန်များ သည် အမေရိကန်အကျိုးစီးပွားကို အဓိကထား၍ ဆွေးနွေးနေကြခြင်း ဖြစ်သည်။
"စစ်တိုက်လို့ ငါတို့ အမေရိကန်အကျိုးစီးပွားကို ဘာတွေ ကာကွယ်နိုင်မလဲ"
"ဆီးရီးယားကို မတိုက်ရင် ကျုပ်တို့ အမေရိကန်အကျိုးစီးပွားတွေ ဘယ်လို ထိခိုက်မလဲ"
ဝန်ကြီးများ ကလည်း အမေရိကန်၏ အမျိုးသားအကျိုးစီးပွား (National Interest) ကိုပဲ ဇောင်းပေး၍ ဖြေသည်။
"ဆီးရီးယားက ဓာတုလက်နက်တွေ အသုံးပြုနေခြင်းကို မတားဆီးနိုင်ရင် နောင်အခါ အဲဒီ လက်နက်တွေ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေ လက်ထဲရောက်သွားပြီး အမေရိကန်ကို ပြန်ဒုက္ခ ပေးလာနိုင်တယ်။ ဒါ့အပြင် အီရန်၊ မြောက်ကိုရီးယားတို့ကလည်း ဆီးရီးယား အတုယူပြီး အမေရိကန်တပ်သားတွေ ကို တိုက်ခိုက်လာနိုင်တယ်၊ ဒါကြောင့် အမေရိကန်အကျိုးစီးပွား (American Interest) အတွက် ကျုပ်တို့ အကန့်အသတ်နဲ့ ထိုးစစ်ဆင်ရမယ်၊ စစ်မတိုက်ရင် အမေရိကန်အကျိုးစီးပွားကို ထိခိုက်လာနိုင်တယ်"
ဟု နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အမေရိကန်၏ အကျိုးစီးပွားကို ဇောင်းပေးပြောဆို သွားသည်။ ဗြိတိန်သည် ဖောက်ကလန်စစ်ပွဲတုန်းက လက်သွက်သလောက် ဆီးရီးယားအရေး တွင် သူတို့၏ အကျိုးစီးပွား မရှိသော အခါ လက်ရှောင်နေ၏ ။
ဆိုလိုသည်မှာ ဤကမ္ဘာပေါ်ဝယ် မည် သည့်နိုင်ငံကမှ ကိုယ့်နိုင်ငံအကျိုးစီးပွားကို ကျော်လွန် ၍ လူ့အခွင့်အရေး ဟု တစာစာ အော်နေခြင်းမရှိပါ။ ကိုယ့်နိုင်ငံ အကျိုးရှိမည် ဆိုလျှင် လူ့အခွင့် အရေး မှာ ဒုတိယ ဦးစားပေး ဖြစ်သွားသည် ဆိုသည့်အကြောင်းကို မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် လူ့အခွင့်အရေး မှတစ်ပါး ကိုးကွယ်ရာမရှိဆိုသော "Human Right သရဏံ ဂစ္ဆာမိ" သမားများ သိစေချင်ပါသည်။ ကျွန်တော် တို့ နိုင်ငံမှာ တော့ ကိုယ့်မြန်မာနိုင်ငံ၏ အကျိုးစီးပွား (Myanmar's Interest) အတွက် ခိုးဝင်လာသော ဘင်္ဂါလီများ ကို ပြန်နှင်ထုတ်မည် ဆိုလျှင်လည်း လူ့အခွင့်အရေး နှင့် မညီဘူးဟု အပြောခံရသည်။ ဥပဒေနှင့် အညီ စစ်ဆေးစီရင်၍ ထောင်ဒဏ်ချပြန်တော့လည်း လူ့အခွင့်အရေး နှင့် ကိုင်တုတ်ခံရသည်။ ထောင်မချဘဲ ဒုက္ခသည်စခန်းတွေ ဆောက်ကာ ထိန်းသိမ်းထားမည် ၊ UN က တာဝန်ယူ ကျွေးမွေးမလားဟု သမ္မတကြီး ဦးသိန်းစိန်က ပြောသော အခါ UN က လက်မခံ၊ လူ့အခွင့်အရေး နှင့် မညီဟု ဆိုသည်။ မြန်မာတစ်နိုင်ငံလုံးမှာ ဗလီတွေ ဆောက်ချင်သလောက် ဆောက်ခဲ့သည်ကို အစိုးရအဆက်ဆက် ခွင့်ပြုခဲ့သော်လည်း ဗလီတစ်လုံး လောက် အသစ်ဆောက်ခွင့် မပြုသည်နှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်မရဘူးတွေ ဖြစ်ကုန်သည်။
နောက်ဆုံးအနေဖြင့် အမေရိကန်လွှတ်တော် မှ သင်ယူမှတ်သားလိုက်ရသည်မှာ "စစ် မတိုက်ခင် အနုလုံပဋိလုံ သုံးသပ်ဆွေးနွေးသော အလေ့အထ (ဝါ) စစ်မတိုက်ခင် စကားပြောသော ယဉ်ကျေးမှု " ဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီးသည် လည်းကောင်း၊ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး သည် လည်းကောင်း စစ်မတိုက်ခင် လွှတ်တော် အမတ်များ သိလိုသမျှကို ဘက်စုံထောင့်စုံမှ ဖြေကြားရသည်။ "ငါတို့က တပ်မတော် ကကွ၊ မင်းတို့ အရပ်သားတွေ ဘာမှ မေးစရာ၊ သိစရာ မလိုဘူး" ဟူသော သဘောထားများ သူတို့မှာ တစ်စက်မှ မရှိ။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ အရပ်သားသမ္မတနှင့် အရပ်သား ကာကွယ်ရေး ဝန်ကြီး၏ ထိန်းချုပ်မှု အောက်တွင် တပ်မတော် သည် ရှိရသည်။ တပ်မတော် သည် အရပ်သားအစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ရှိရသည်။ ဒါသည် ဒီမိုကရေစီစံ ဖြစ်သည်။ စစ်ပွဲတစ်ပွဲကို မတိုက်မီ လွှတ်တော် အမတ်များ က သိလိုလျှင် ရေး ရာ ကော်မတီသို့ ဗိုလ်ချုပ်ကြီးများ က လာရောက် ရှင်းလင်းတင်ပြရမည် ။ တိုက်မည် ဆိုလည်း ဘယ်သူ့ ကို ဘာကြောင့် တိုက်သင့်ကြောင်း၊ ဘယ်ပစ်မှတ်တွေ ကို အဓိက တိုက်ခိုက်မည် ဖြစ်ကြောင်း၊ အရပ်သားများ ကို ဘယ်လောက် ထိခိုက်နိုင်ကြောင်း၊ စစ်ဆင်ရေး သည် ဘယ်လောက်ကြာမှာ ဖြစ်ကြောင်း၊ ကုန်ကျစရိတ် ခန့်မှန်းခြေ ဘယ်လောက်ရှိမှာ ဖြစ်ကြောင်း၊ အကျိုးရလဒ်က ဘာတွေ ဖြစ်နိုင်ကြောင်း၊ ဆုံးရှုံးမှု က ဘာတွေ ဖြစ်နိုင်ကြောင်း ရှင်းပြမည် ။ မတိုက်သင့်ဘူးဆိုပါက ဘာကြောင့် မတိုက်သင့်ဘူးလဲ၊ စစ်မတိုက်ဘဲ သံတမန်ရေး ၊ နိုင်ငံရေး နည်းဖြင့် ဘယ်လိုရှင်းနိုင်မလဲ စသည်ဖြင့် ထွက်ဆိုကြရမည် ဖြစ်ပါသည်။ နိုင်ငံအကျိုးရှိသည်ထင်လျှင်တော့ စစ်တိုက်ဖို့ လွှတ်တော် က ထောက်ခံမဲ ပေးပါမည် ။ အကျိုးမရှိဘူးထင်လျှင် ကန့်ကွက်မဲ ပေးကြပါမည် ။ စစ်တိုက်သည်မှာ တပ်မတော် ဖြစ်ပြီး၊ တိုက်သင့် မတိုက်သင့်ကို ဆုံးဖြတ်သူမှာ သမ္မတ၊ သို့ မဟုတ် လွှတ်တော် ဖြစ်ရပါမည် ။ စစ်မတိုက်ခင် လွှတ်တော် ၌ ထောင့်ပေါင်းစုံ အချေအတင် ဆွေးနွေး ကြပါသည်။ စစ်ဗိုလ်ချုပ်ကြီးများ ၏ လက်ထဲတွင် စစ်တိုက်ခွင့် (စစ်ကြေညာခွင့်) အာဏာ မပေး ထားပါ။
မြန်မာ့သမိုင်း၌ လွတ်လပ်ရေး ရခဲ့သော (၄.၁.၁၉၄၈) မှ ယခု ဤစာကို ရေး နေသော (၅.၉.၂၀၁၃) အထိ ၆၅ နှစ် ကျော် ကာလအတွင်း ဖြစ်ပွားခဲ့သော မြန်မာပြည် တစ်နံတစ်လျားမှ ပြည်တွင်းစစ်ပွဲများ တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ၏ စစ်မှန်သော ဆန္ဒမဲဖြင့် ဆုံးဖြတ်၍ တိုက်ခဲ့သော စစ်ပွဲ ဘယ်နှပွဲရှိသလဲဟု ကျွန်တော် စဉ်းစားနေမိပါသည်။
စောင့်ကြည့်ဂျာနယ်၊ ၁၇.၉.၂၀၁၃
အခန်း (၂)
တစ်လောက MRTV – 4 ရုပ်သံမှ Presenter ရာထူးများ ခေါ်သဖြင့် ကျွန်တော့် မိတ်ဆွေ တစ်ယောက် သည် သူ၏ သမီးလေးအတွက် သွားရောက် လျှောက်ထားခဲ့ပါသည်။ ထိုသို့ အလုပ် ခေါ်သော အကြောင်းကို သူများ ပြော၍ သိရခြင်း ဖြစ်ပြီး သိသည့်နေ့မှာ လျှောက်လွှာလက်ခံမည့်  နောက်ဆုံးနေ့ ဖြစ်နေပါသည်။ ထို့ကြောင့် သူတို့သားအမိနှစ် ယောက် သည် လိုအပ်မည် ထင်သော C.V Form ၊ ဓာတ်ပုံ၊ ဘွဲ့လက်မှတ်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် စသော စာရွက် စာတမ်းများ ကို တက်သုတ်ရိုက်ယူဆောင်ကာ ပြည်လမ်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းသို့ ချီတက်ခဲ့ကြသည် ဆို၏ ။
ထိုနေရာသို့ ရောက်၍ လျှောက်လွှာတင်မည် လုပ်သော အခါ လက်ခံသော ဝန်ထမ်းက စာရွက်များ ကို လှန်လှောကြည့်ရှုပြီး -
"အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံစာနဲ့ အိမ်ထောင်မရှိသူ အပျို ဖြစ်ကြောင်း ရပ်ကွက်ထောက်ခံစာ လိုနေတယ်၊ လက်ခံလို့ မရဘူး"
ဟု ဆိုကာ လျှောက်လွှာအတင်မခံဘဲ ပြန်လွှတ်သည်ဟု သိရသည်။ ထိုအခါ လာလျှောက် သော ကလေးမလေး၏ မိခင်က လျှောက်လွှာမှာ ဒီနေ့ နောက်ဆုံးပိတ်တော့မည် ဖြစ်ပါသဖြင့် ဤအတိုင်း လက်ခံထားပေးပါ။ နောက်နေ့တွင် လိုအပ်သော စာရွက်စာတမ်းများ လာပေးပါမည် ဟု ပြောသော်လည်း မရဘဲ "စာရွက်စာတမ်း မပြည့်စုံလျှင် လက်ခံလို့မရဘူး" ဟုသာ ဘူးခါလျက် ငြင်းလွှတ်လိုက်သည်ဟု ဆို၏ ။ ကျွန်တော့် မိတ်ဆွေလည်း ကြံရာမရ ဖြစ်နေစဉ် လုံခြုံရေး ဝန်ထမ်း အမျိုးသားကြီးတစ်ဦးက -
"ငါ့ညီမရယ် ထောက်ခံစာတွေ အမြန် သွားယူလိုက်ပါလား၊ အမြန်သွားရင် အချိန်မီပါသေး တယ်၊ ရဲစခန်းထောက်ခံစာက မြန်ပါတယ်၊ ရပ်ကွက်ထောက်ခံစာလည်း မြန်မှာ ပါ၊ မြန်မြန် သွားလိုက်ပါ၊ ညီမ ပြန်လာရင် ဦးလေး လက်ခံပြီး ပို့ပေးပါ့မယ်"
ဟု မြန်မာလူမျိုးချင်း ရိုင်းပင်းကူညီပြီး ပြောဖော်ရလေသည်။ ထို့ကြောင့် ကျွန်တော့်  မိတ်ဆွေ (မဖြူဟု ဆိုကြပါစို့) လည်း အားတက်သွားကာ ပြည်လမ်း မြန်မာ့အသံဝင်းမှ တာမွေ ရဲစခန်းသို့ တက်သုတ်ရိုက် နှင်ရလေ၏ ။
တာမွေရဲစခန်းကား မထင်ရလောက်အောင်ပင် ရိုင်းပင်းကူညီသည်ဟု ဆို၏ ။ မဖြူတို့ သားအမိ ရောက်သွားသည်နှင့် တာဝန်ကျ ရဲကြပ်ကြီးက -
"ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံစာ လုပ်မလို့ မဟုတ်လား၊ ရမယ်၊ ခဏစောင့်"
ဟုဆိုကာ အချိန်တိုအတွင်း ထောက်ခံစာတစ်စောင်ကို ထုတ်ပေးလိုက် သည်။ "ထောက်ခံ စာလုပ်မှာ ဘယ်လိုသိသလဲ" ဟု မဖြူက မေးတော့ -
"တစ်နေ့လုံး MRTV 4 မှာ အလုပ်လျှောက်ဖို့ ထောက်ခံစာတွေ ဆက်တိုက် လာလုပ်နေကြလို့ပါ"
ဟု ဖြေပါသည်။ ထိုရဲစခန်းမှ တပ်ကြပ်ကြီးကပင် -
"အစ်မ မြန်မြန်သွား၊ အိမ်ထောင်မရှိသူ အပျို ဖြစ်ကြောင်း ထောက်ခံစာ ကတော့ ရပ်ကွက် လမ်းမှူးတို့၊ ရာအိမ်မှူးတို့ ထောက်ခံစာလောက်နဲ့တင် ရပါတယ်၊ ဒီလောက် မခက်ပါဘူး"
ဟု အားပေးလိုက် သေးသည် ဆို၏ ။ ထို့ကြောင့် မဖြူလည်း အားတက်သွားကာ သူမတို့ နေထိုင်သော - - - - - လမ်းထဲသို့ သွားကာ လမ်းမှူးအား လိုက်ရှာရသည်။ စနေနေ့လည်း ဖြစ်၊ နေ့လယ် သုံးနာရီခန့်မို့ ရပ်ကွက်ရုံးမှာ လူမရှိ၊ ရပ်ကွက်လမ်းမှူးမှာ ဘယ်သူဘယ်ဝါမှန်းလည်း မဖြူက မသိ၊ သူသိတာ အရင် လမ်းမှူးအဟောင်းပဲ သိသည်။ ရွေးကောက်တင်မြှောက်ပွဲပြီးမှ တက်လာသော လမ်းမှူးကို မသိ။ သို့ သော် လူဟောင်းကိုမေးလျှင် လူသစ် ဘယ်သူ တက်လာ သလဲဆိုတာ သိရမည် ဟု ယူဆသဖြင့် သူသိသော လမ်းမှူးဟောင်းကို သွားမေးသည်။
"ဒီမှာ ရှင့်၊ ဒီလမ်းထဲမှာ လမ်းမှူးအသစ်က ဘယ်သူလဲ မသိဘူး"
ဟု မေးသော အခါ လမ်းမှူးအဟောင်းက "ကျွန်တော် ပါပဲ" ဟု ဖြေလေသည်။ သြော် - အဟောင်းနှင့် အသစ် အတူတူပါပဲလားဟု မဖြူသည် ဝမ်းသာသွားလျက် သူ့ကို ကူညီလျှင် လက် ဖက်ရည်ဖိုးပေးရန် ငွေ ၃၀၀၀ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် သူ့သမီးလေး အလုပ်လျှောက် ရန် ဒီနေ့ လျှောက်လွှာပိတ်ရက် ဖြစ်သဖြင့် အိမ်ထောင်မရှိသူ အပျို ဖြစ်ကြောင်း စာတစ်ကြောင်းမျှ ဖြစ်စေ လက်မှတ်ထိုး၍ ထောက်ခံရေး သားပေးစေလိုပါကြောင်း တောင်းပန် ပြောကြားလေသည်။
ထိုအခါ လမ်းမှူးသည် မျက်နှာထား တင်းမာသွားလျက် ဤမျှ ကြီးမားသော ကိစ္စကြီးတစ်ခု ကို လမ်းပေါ်တွင် အလွယ်ပြောရပါ့မလားဟူသော ခံယူချက်မျိုးနှင့် -
"ဘယ်ရမလဲဗျ၊ ဒါက ကျုပ်သဘောနဲ့ ကျုပ် လက်မှတ်ထိုးပေးလို့ ရတဲ့ကိစ္စ မဟုတ်ဘူး၊ ကျုပ်ကတစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးကို တင်ပြပြီးမှ သူ့လက်မှတ်နဲ့မှ ကိစ္စပြီးမှာ ၊ ကျုပ် သူ့ကို တွေ့ ရင် တင်ပြထားလိုက်မယ်၊ ညကျရင် ရုံးဖွင့်ရင် ရပ်ကွက်ရုံးကို လာခဲ့"
"အဲဒီ လို မလုပ်ပါနဲ့ရှင်၊ ရှင်က တင်ပြတာက ဘယ်တော့မှ တင်ပြမှန်း မသိဘူး၊ အခု ကျွန်မ သမီး လျှောက်လွှာက ခဏနေရင် ပိတ်တော့မယ်၊ သူ အပျို ဖြစ်ကြောင်း၊ အိမ်ထောင်မရှိကြောင်း လည်း တစ်လမ်းထဲနေလို့ ရှင်သိနေတာပဲ၊ ဘာလို့ အုပ်ချုပ်ရေး မှူးကို ထောက်ခံခိုင်းနေမှာ လဲ၊ ရှင်ပဲ ထောက်ခံပေးလိုက် ပါလား"
"အဲဒီ လို ကလေးကစားသလို လုပ်လို့မရဘူး၊ အုပ်ချုပ်ရေး မှူးကပဲ ထောက်ခံလို့ရတယ်၊ ညကျမှ လာခဲ့ပါ"
"အလုပ်လျှောက်ဖို့ အရေး ကြီးနေလို့ပါရှင်"
"မရဘူး၊ ကျွန်တော် တို့က သေရေး ရှင်ရေး ကလွဲလို့ ကျန်တာတွေ ရုံးချိန်အတွင်းပဲ လုပ်တယ်"
"နေပါဦး၊ သေရေး ရှင်ရေး ဆိုတာ ဘာတွေ လဲ၊ ကလေး တစ်ယောက် ရဲ့ ဘဝနဲ့ဆိုင်တဲ့ အလုပ်ကိစ္စဟာ သေရေး ရှင်ရေး မဟုတ်ဘူးလား"
"မသိဘူး၊ ကျုပ်တို့ ကတော့ သေရေး ရှင်ရေး ဆိုတာ မီးလောင်တာ၊ ရေကြီးတာ၊ မြွေကိုက် တာမျိုးတွေ ကို ခေါ်တယ်၊ ဒါကလွဲရင် ချက်ချင်း လုပ်မပေးနိုင်ဘူး"
ထိုအခါ မဖြူသည် ပြေပြေလည်လည် ရှင်းပြပါလျက် ရိုင်းပင်းကူညီမှု မရှိသော လမ်းမှူးအား စေ့စေ့ကြည့်ကာ စကားတစ်ခွန်းကို ပြောလိုက်၏ ။
"သြော် - ကျွန်မက ရှင့်မှာ လုပ်ပိုင်ခွင့်အာဏာ ရှိတယ်မှတ်လို့ ထောက်ခံခိုင်းတာပါ၊ လက်စသတ်တော့ ရှင့်မှာ အာဏာ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့ ဟုတ်လား၊ ကိုယ့်လမ်းထဲက မိန်းကလေး တစ်ယောက် အိမ်ထောင် ရှိတယ် မရှိတယ်တောင် ထောက်ခံချက်ပေးလို့မရတဲ့ လမ်းမှူးရာထူးပဲ"
ထိုစကားကို လမ်းမှူးသည် အနာပေါ် တုတ်ကျကာ ဆွေ့ဆွေ့ခုန်အောင် နာလေ၏ ။
သူ့မှာ အာဏာမရှိဘူးဆိုသော စကားသည် သွေးထွက်အောင် မှန်နေသော်လည်း တစ်ခါမှ တရားဝင်ပြောတာ မကြားဖူးသဖြင့် နားဝင်ဆိုးကာ ဒေါသတွေ အလိပ်လိုက် တက်လာလေသည်။ မဖြူနှင့် လမ်းမှူး၏ အ ဖြစ်ကို လမ်းသွားလမ်းလာများ ကလည်း ဝိုင်းအုံကြည့်ရှုကြလေသည်။ မဖြူ ငှားစီးလာသော တက္ကစီကားဆရာကလည်း လိုအပ်လျှင် ဝင်၍ ထိုးကြိတ်ရအောင် ကားပေါ်မှ ဆင်းလာလေသည်။ မဖြူသည် ဆုံးဖြတ်ချက်ကို ရဲရဲချကာ -
"ဟေ့-အလုပ်ရရင်ရ မရချင်နေ၊ ဒီလောက်ရှိတဲ့ ထောက်ခံစာကို နင်တို့ဆီက မယူဘူးဟေ့"
ဟု ကြွေးကြော်ကာ တက္ကစီပေါ်ပြန်တက်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းသို့ ပြန်သွား ကာ ရဲစခန်းထောက်ခံစာနှင့် အလုပ်လျှောက်လွှာစာရွက်များ ကို တောင်းတောင်းပန်ပန်နှင့် ပေးခဲ့ သည်ဟု ဆို၏ ။ အိမ်ထောင်မရှိကြောင်း ရပ်ကွက်ထောက်ခံစာ မပါသဖြင့် အလုပ်က လက်သင့် ခံမှာ မဟုတ်တော့ဘူးဆိုပြီး မဖြူမှာ သမီး ဖြစ်သူအတွက် စိတ်မကောင်း ဖြစ်နေသည်။ သူ့သမီးသည် ရုပ်ရည်လည်း ချောသည်။ အင်္ဂလိပ်စာ အဓိကဖြင့် လည်း ဘွဲ့ရထားသည်။ အနည်းဆုံး အင်တာဗျူး အခေါ်ခံရသော အဆင့်လောက်တော့ ရောက်သင့်ပါလျက် ထောက်ခံစာတစ်စောင် မပါရှိသည့် အတွက် ပယ်သည်ဆိုလျှင် တရားမျှတမှု မရှိဟုလည်း တွေးနေမိသည်။
ကံအားလျော်စွာ ပင် ဇွန် ၂၈ ရက်တွင် အင်တာဗျူး လာခဲ့ပါဟု MRTV 4 မှ ဖုန်းဆက်ပြီး ခေါ်သဖြင့် မဖြူ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်။ အလုပ်ရတာ ၊ မရတာ အပထား ထောက်ခံစာ မပါသဖြင့် ကြိုတင်ပယ်ချလိုက်ခြင်းတော့ မခံရတော့ပြီ။
ထိုသို့ ရှိပါလျှင် အစကတည်းက ထိုထောက်ခံစာကို ထည့်မတောင်းပါနှင့် တော့လား။ အလုပ်ရှာရန် ရန်ကုန်မှာ လာနေသော နယ်မှ လူငယ်များ စွာ သည် ထို (ဘာမဟုတ်သော ) ထောက်ခံစာတစ်စောင်ရဖို့ ဇာတိရပ်မြေသို့ ငွေကုန်ခံ၊ အချိန်ကုန်ခံကာ သွားရောက်ကြရပေလိမ့် မည် ။ အလုပ် ရ မရ မရေရာသေးဘဲ ထောက်ခံစာအတွက် ဒုက္ခရောက်ကြပေလိမ့်မည် ။ မိမိအလုပ် ခန့်မည့် သူကို အိမ်ထောင်မရှိကြောင်း သေချာချင်သည်ဆိုလျှင် အလုပ်ခန့်ဖို့ သေချာပေါက် ရွေးချယ်ပြီးမှ ထိုစာရွက်ကို တောင်းလို့ကော မရဘူးလား၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးကို ထောက်ခံ ခိုင်းမည့် အစား လေးစားလောက်သော ပုဂ္ဂိုလ်တစ်ဦးဦး (ဥပမာ ပြန်တမ်းဝင် အရာရှိတစ်ဦးဦး၊ သို့ မဟုတ် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အားကစား၊ နိုင်ငံရေး နယ်ပယ်မှ ဂုဏ်သိက္ခာရှိသော လေးစား လောက်ဖွယ် ပုဂ္ဂိုလ်တစ်ဦး) ကို ထောက်ခံခိုင်းလျှင်ကော မ ဖြစ်နိုင်ဘူးလား။ ရပ်ကွက်အာဏာပိုင် များ သည် ယခင်အစိုးရလက်ထက်က လူဟောင်းများ သာ ဇွတ်အဓမ္မ မူလရာထူးများ မှာ ကုတ်ကတ် နေကြသည် ဖြစ်ရာ သူတို့၏ စိတ်ဓာတ်ရေး ရာမူဝါဒ (Mind Set) အဟောင်းများ ကို ပြင်သင့် လှသည်။
မြန်မာနိုင်ငံသည် ထောက်ခံစာ အလိုအပ်ဆုံး တိုင်းပြည်အ ဖြစ် ကမ္ဘာတွင် နံပါတ်တစ် စွဲနိုင်ပါ၏ ။ ကိုယ့်အိမ် ဧည့်သည်လာ၍ ဧည့်စာရင်း တိုင်လျှင် လမ်းမှူး၏ ထောက်ခံချက် ယူရသည်။ ရပ်ကွက်အတွင်းနေထိုင်ကြောင်း ထောက်ခံစာယူခဲ့ပါဟု အချို့ကတောင်းသဖြင့် လမ်းမှူးမှ တစ်ဆင့် အုပ်ချုပ်ရေး မှူး (ယခင်က ရ.ယ.က ဥက္ကဋ္ဌ) ဆိုသူအား ထောက်ခံခိုင်းရသေး၏ ။ တစ်ခါ တရံ ရပ်ကွက်ဥက္ကဋ္ဌမှာ ရပ်ကွက်ထဲသို့ နောက်မှ ပြောင်းလာသော လူသစ် ဖြစ်နေသဖြင့် လူဟောင်းကို လူသစ်က နေထိုင်ကြောင်း ထောက်ခံစာ ရေး ပေးရသည့် ပြောင်းပြန် ဖြစ်ရပ်များ လည်း ရှိသေးသည်။
"ကိုယ့်လောက် အကျင့်စာရိတ္တမကောင်းတဲ့ သူ တစ်ယောက် ဆီက စာရိတ္တကောင်းကြောင်း ထောက်ခံစာ သွားယူရတာ တော့ တစ်မျိုးကြီးပဲ" ဟု လူငယ်တစ်ဦးက ပြောဖူးသည်။
ယခင်က နိုင်ငံခြားသွားမည့် သူများ မြို့နယ်အခွန်ရုံးတွင် အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ လုပ်ရာတွင် လည်း ရပ်ကွက်ထောက်ခံစာ အရင်ယူရ၏ ။ ကားလိုင်စင် ဝင်ရာတွင် လည်း ရပ်ကွက် ထောက်ခံစာ ယူရ၏ ။ ရဲစခန်းထောက်ခံစာ ယူရာတွင် လည်း ရပ်ကွက်ထောက်ခံစာ အရင်ယူရ၏ ။ အလုပ်လျှောက်ရာတွင် လည်း ထောက်ခံစာ ယူရ၏ ။ ဧည့်သည်လာလျှင်လည်း ထောက်ခံချက် ယူရ၏ ။ တရားပွဲလုပ်လျှင်လည်း ထောက်ခံချက် ယူရ၏ ။ ဆန္ဒပြလျှင်လည်း ထောက်ခံချက် လို၏ ။ လမ်းထိပ်တွင် အုန်းလက် သုံးလေးခက်ဖြင့် လူငယ် ၁၀ ယောက် လောက် သင်္ကြန်ရေ စုပက်လျှင် ပင် ထောက်ခံချက်လိုသည်။ ဆွမ်းသိမ်းပွဲလည်း ထောက်ခံချက်လိုသည်။ လမ်းထဲမှာ မင်္ဂလာ ဆောင်လျှင် ထောက်ခံချက်လိုသည်။
မြတ်စွာ ဘုရားပင် ယခုခေတ်တွင် သက်တော် ထင်ရှား ရှိသေးပါက မြန်မာနိုင်ငံတွင် တရားဟောရန် ထောက်ခံစာ အရင်ယူရပေလိမ့်မည် ။
သို့ သော် ထောက်ခံချက် မလိုသော ကိစ္စများ လည်း ရှိပါသည်ဟု ရေး မှ မျှတပေလိမ့်မည် ။
ရပ်ကွက်အတွင်း အရက်ပုန်းဆိုင်များ ဖွင့်လျှင် ထောက်ခံချက် မလိုပါ။ နှစ် လုံးထီ၊ ချဲထီ၊ ဘောလုံး၊ လောင်းကစားဒိုင်များ ဖွင့်လျှင် ထောက်ခံစာ မလိုပါ။ ရပ်ကွက်ပိုင် ကလေးကစားကွင်း ကို ကန်စွန်းခင်းအ ဖြစ် ငှားစားလျှင် ထောက်ခံစာ မလိုပါ။ မူကြိုကလေးကျောင်းကို ဖဲ့၍ အရက်ဆိုင် ဖွင့်လျှင် ထောက်ခံစာ မလိုပါ။ ရေမြောင်းကိုပိတ်၍ အိမ်များ ၊ အဖီများောဆက်ထားလျှင် ထောက်ခံစာ မလိုပါ။ နားလည်မှု သာ လိုပါသည်။ ရပ်ကွက်အမှိုက်ကန်များ ပြည့်လျှံနေလျှင် ထောက်ခံစာ မလိုပါ။ ရေပျက်၊ မီးပျက်လျှင် ထောက်ခံစာ မလိုပါ။ ဤအရာများ ကား ထောက်ခံစာ မလိုသော ကိစ္စများ ပေတည်။
အမှန်စင်စစ် ဌာနဆိုင်ရာများ သည် သူတို့အချင်းချင်း အပြန်အလှန် ယုံကြည်မှု ရှိကြသည် ဆိုလျှင် မလိုအပ်ဘဲ ထပ်ကာထပ်ကာ ထောက်ခံချက်များ တောင်းနေစရာ မလိုပေ။ အိမ်ထောင်စု စာရင်းတွင် အိမ်ထောင်ရှိ မရှိ၊ ဆွေမျိုးတော် စပ်ပုံ စသော ဇယားများ ကို ရေး သွင်းထားပြီး ဖြစ်ရာ ထိုဇယားကို ကြည့်လျှင် ရပါလျက် နောက်ထပ် ထောက်ခံချက် တောင်းခြင်းမှာ ခရုကို ခါးတောင်း ကျိုက်ဖမ်းသကဲ့သို့ မလိုအပ်ဘဲ အချိန်နှင့် လုပ်အားများ ကို ပြုန်းတီးစေ၏ ။ ဥပဒေအရ အပြစ်ရှိသည် ဟု ပြစ်မှု ထင်ရှားစီရင်ခြင်း မခံရသူအားလုံးသည် အပြစ်ကင်းသူများ ဖြစ်သည်။ ထို့ကြောင့် အကျင့် စာရိတ္တကောင်းကြောင်း မည် သူ့ကို မည် သူကမျှ ထောက်ခံနေစရာအကြောင်း မရှိပေ။ အလုပ်ရှင် များ ဘက်ကလည်း တကယ်မလိုပါဘဲ ထုံးတမ်းစဉ်လာလို ဖြစ်နေသော ဘာထောက်ခံချက်၊ ညာထောက်ခံချက် ဆိုတာတွေ တရစပ်တောင်းနေတာ လျှော့သင့်သည်။
ထိုသို့ ကြိုတင်တောင်းမည့် အစား အလုပ်ခန့်ပြီးခါမှ တကယ်လိုအပ်ပါက ထောက်ခံစာ ယူခိုင်းတာ၊ သို့ မဟုတ် လူကြီးလူကောင်း တစ်ယောက် ကို အာမခံခိုင်းတာ ပို၍ ဖြစ်သင့်ပေသည်။ နိုင်ငံခြားတိုင်းပြည်များ တွင် အလုပ်လျှောက်လွှာနှင့် အတူ ကိုယ့်ကို သိကျွမ်းပါသည်၊ အကျင့် စာရိတ္တနှင့် ပတ်သက်၍ ထောက်ခံပါသည်ဟု လူကြီးလူကောင်း တစ်ယောက် ယောက် ၏ စာကို ပူးတွဲ တင်ပြရလေသည်။ ရဲစခန်း၊ ရပ်ကွက်အာဏာပိုင်တို့၏ ထောက်ခံစာ မလိုပေ။
မြန်မာပြည်မှာ လည်း သူများ တောင်း၍ ရောယောင် လိုက်တောင်းနေသော ထောက်ခံစာ ယဉ်ကျေးမှု ကို ရပ်တန်းက ရပ်သင့်ပေပြီ။
ရပ်ကွက်အုပ်ချုပ်ရေး မှူး (ယခင် ရ.ယ.က ဥက္ကဋ္ဌ) ဆိုသူ အတော် များများ သည် ရပ်ကွက် အဆင့် လုပ်ပိုင်ခွင့်အာဏာကို တစ်ယောက် တည်း ချုပ်ကိုင်ထားသည်က များ ပါသည်။ လမ်းမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ဆိုသူများ မှာ အလှူငွေ လိုက်လံကောက်ခံခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်း၊ အစည်းအဝေး ဖိတ်စာဝေခြင်း၊ စာရင်းကောက်ခြင်း စသော လက်တိုလက်တောင်း ခိုင်းဖတ်အဆင့် မှာ ပင် ထားသည်။ ရပ်ကွက်အတွင်း အိမ်အရောင်းအဝယ် စာချုပ်ချုပ်ခြင်း၊ အိမ်ရှင်အိမ်ငှား စာချုပ် ချုပ်ခြင်း၊ မြေလွတ်များ ကို ငှားစားခြင်း၊ ကန်စွန်းခင်း စိုက်ခင်းသမားများ သို့ မြေငှားချထားခြင်း စသော ရပေါက်ရလမ်းရှိသည့် ကိစ္စမှန်သမျှကို အုပ်ချုပ်ရေး မှူး (ယခင်ကဆိုလျှင် ဥက္ကဋ္ဌ) က ချုပ်ကိုင်ထားသည်။ လမ်းမှူးများ မှ ကျောင်းထိုင်ဆရာတော် ကြီး မသိဘဲ ဘာမှမလုပ်ရဲသော ဘုန်းကြီးကျောင်းသားလေးတွေ သဖွယ် အုပ်ချုပ်ရေး မှူးကို အသိမပေးဘဲ မိမိသဘောဖြင့် ဘာမှ မလုပ်ဝံ့ကြပေ။ ထောက်ခံစာတစ်စောင်ကိုပင် လက်မှတ် ထိုးမပေးဝံ့ကြ။ ထိုသို့ မလုပ်ရဲ၊ မကိုင်ရဲ အမိန့်နာခံသူများ ကိုပဲ နောက်လိုက်အ ဖြစ် ရွေးချယ်ကြတာ များ ပေသည်။ ဇာဂနာ၏ ပြက်လုံးတစ်ခု ထဲကလို "မှန်တဲ့သူတွေ ကျကုန်ပြီ၊ မမှန်တဲ့လူတွေ ရှေ့တက်" ဟု ဆိုရမလို ဖြစ်နေပေသည်။
ထို့ကြောင့် ပြည်ထောင်စုအဆင့် ဖက်ဒရယ်စနစ် အကောင်အထည်ဖော်ရန် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရများ ကြား အာဏာခွဲဝေရာ၌ အဝေမတည့်ကြတာကို အပြစ်မဆိုသာ၊ ယုတ္တိရှိပေသည်။ အဘယ့်ကြောင့် ဆိုသော် ပြည်ထောင်စုအဆင့်ကို ထားဘိဦး၊ ရပ်ကွက်အဆင့် မှာ ပင် ရပ်ကွက်ဖက်ဒရယ်မရှိ။ လမ်းမှူးများ သို့ အာဏာခွဲဝေပေးထားမှု ဘာမှမရှိ။ အရာရာသည် အုပ်ချုပ်ရေး မှူး ပြီးမှ ပြီးသည်။ လမ်းမှူးများ သည် အိမ်ဖြည့်အဆင့်မှာ ပင် ရှိ၏ ။ ရပ်ကွက်အကျိုးကို အားကျိုးမာန်တက် ထမ်းရွက်ဖို့ထက် နေ့စဉ်မှန်မှန် ရုံးသို့ သွားကာ အုပ်ချုပ်ရေး မှူး မျက်နှာသာ ပေးခံရရန် လူလုံးပြနေကြရ၏ ။ လမ်းအတွင်း ရေမြောင်းများ ပိတ်ဆို့နေတာ၊ ရေစီးရေလာ မကောင်းတာသည် သူတို့နှင့် လားလားမှ မဆိုင်၊ လမ်းထိပ် အမှိုက်ပုံကြီး တောင်လို ဟီးနေတာ သူတို့ကိစ္စ မဟုတ်၊ လျှပ်စစ်ဓာတ်ကြိုးများ သစ်ပင်နှင့် မလွတ်တာ သူတို့ စိတ်မဝင်စား၊ သူတို့ သိသည်ကား ဘာပဲလာလာ အုပ်ချုပ်ရေး မှူးကို လက်ညှိုးထိုးပြမည် ။ ထောက်ခံစာတွင် အုပ်ချုပ်ရေး မှူးကို လက်မှတ်ထိုးခိုင်းမည် ။ ဌာနဆိုင်ရာတွေ ကလည်း ဆိုင်သည် ဖြစ်စေ၊ မဆိုင်သည် ဖြစ်စေ အမျိုးမျိုးသော ထောက်ခံစာများ ကို ယူလာခိုင်းမည် ။
သြော် - ဒီမိုး၊ ဒီလေ၊ ဒီလူတွေ နှင့် မြန်မာနိုင်ငံ၏ အခြေအနေကား -
အာရှကျား ဖြစ်တော့မည် ဟု ပြောသူများ က ပြော၍ ယုံသူများ က ယုံကြလေသည်မှာ အံ့ဖွယ်သရဲပါတကား။
အင်း - နောင်ဆိုလျှင် မြန်မာနိုင်ငံဝယ် ထမင်းစားတာ၊ ရေသောက်တာပင် ထောက်ခံစာ ယူရဦးမလား မသိ၊ "ထောက်ခံစာ မလိုတော့ကြောင်း ထောက်ခံပေးပါရန် ထပ်ဆင့် ထောက်ခံအပ် ပါသည်" ဆိုတာမျိုးပင် ရှိလာချေမည် တမုံ့။
အခန်း (၃)
စောင့်ကြည့်ဂျာနယ်၊ ၂၉.၁၀.၂၀၁၃
ထူးကြီး ။ မူးကြီးရေ၊ မင်း နယူးယောက် မှာ စိန်ဆိုင်ဖွင့်တော့မလို့ဆို။
မူးကြီး ။ ဟ - စိန်ဆိုင်ဖွင့်ရအောင် ငါက ငစိန်ဆန်တောင် နပ်မှန်အောင် မနည်း ကြိုးစားနေ ရတာ ၊ ဘယ်က ဘယ်လို ဖြစ်ပြီး စိန်ဆိုင် ဖွင့်ရမတုံးဟ။
ထူးကြီး ။ သိဘူးလေ၊ ငါလည်း သူများ ပြောလို့ လိုက်ပြောရတာ ၊ ထင်တော့ ထင်ပါတယ်၊ မင်းက ထမင်းနပ်မမှန်တဲ့ ချာပရာစီ မူးကြီး၊ အမြဲတမ်း အရက်မူးနေတတ်လွန်းလို့ မူးကြီးလို့ နာမည် ရတာ ကိုပဲ တောင်လိုလို မြောက်လိုလို ဘဝင်မြင့်နေတဲ့ကောင်။
မူးကြီး ။ တော် ပါပြီ ထူးကြီးရာ၊ ငါ့ဂုဏ်ကို အဲဒီ လောက် ဖော်ရရင် လုံလောက်ပါပြီ၊ မင်းကော ဘာထူးလဲ၊ နာမည် ကသာ ထူးကြီး၊ ဘာမှ ထူးတာလည်း မရှိဘူး၊ ခါနာတစ်လုတ်ကို ဝါစာကမာလုပ်ပြီး ဟိုပါတီဖွင့်ပွဲ စားလိုက်၊ ဒီအထိမ်းအမှတ်နေ့ ဖိတ်ဖိတ် မဖိတ်ဖိတ် လိုက်ဝါးလိုက် လုပ်နေတာ ငါ မသိဘူး ထင်လို့လား၊ ကြံ့လိုလို၊ ဒေါင်းလိုလို ငွေပေး တဲ့ဘက်က ဆောင်းပါးတွေ ရေး နေတာ ငါ ဖော်လိုက်ရင် မကောင်း ရှိတော့မယ်။
ထူးကြီး ။ ဟီး . . . ဟီး ဒါ ကတော့ သူငယ်ချင်းရယ်၊ ခေတ်ကြီးကိုက ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးလေကွာ၊ တစ်နေရာတည်းမှာ ရပ်နေပြီး ဝါဒတစ်ခုတည်းကိုပဲ တရားသေ ဆုပ်ကိုင်နေရင် ပါရာဒိုင်းတွေ အပြောင်းမှာ အိုင်ဒီယော်လော်ဂျီတွေ ပေါက်ကွဲပြီး ဘိစနက် ဗျူဟာတွေ . . .
မူးကြီး ။ တော် စမ်းကွာ၊ တံတွေး စဉ်လာပြီ၊ ထင်ရာမြင်ရာတွေ လျှောက်မပြောစမ်းနဲ့၊ ဘိုလို ညှပ်ပြောမှ စကား ဖြစ်တယ်ဆိုတဲ့ခေတ်က အန်းအော့ ဟစ်စထရီ ဖြစ်သွားတာ ကြာပြီ။
ထူးကြီး ။ အေးပါကွာ၊ ကိုရန်ပိုင်ကို အားကျလို့ပါ၊ ဒါနဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပြီ ဆိုပါလား၊ ဒါဆို နောက်နောင် တို့နိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှု တွေ လျော့နည်းသွားတော့ မယ်နဲ့တူတယ်။
မူးကြီး ။ တချို့က ပြောတော့၊ အဲဒီ လို တိုက်ဖျက်မယ်လို့ အသံတွေ ထွက်လာပြီးရင် ပေးရ ကမ်းရ လိုင်းဝင်ရတဲ့ ဈေးနှုန်းတွေ ပိုကြီးသွားတယ်တဲ့။
ထူးကြီး ။ ဘာ ဖြစ်လို့လဲဟ။
မူးကြီး ။ သြော်-အထက်က အရေး ယူ၊ အဲလေ- အရေး ယူတော့မယ်ဆိုတော့ လာဘ်စားမယ့် သူတွေ ဟာ အရင်လို အလွယ်လေးလုပ်လို့ မရတော့ဘဲ စွန့်စွန့်စားစား သက်စွန့် ဆံဖျား လာဘ်စားရတာ ကြောင့် အန္တရာယ်နဲ့ကာမိအောင် ဈေးတက်သွား တာပါတဲ့။
ထူးကြီး ။ ငါ ကတော့ လာဘ်စားတာ တိုက်ဖျက်နေရုံနဲ့မရဘူးလို့ ထင်တယ်၊ တရုတ်ပြည်လို လုပ်မှ ရမယ်။
မူးကြီး ။ ပြောပါဦးဟ၊ တို့ပေါက်ဖော်ကြီးတွေ ဘယ်လိုလုပ်သလဲ။
ထူးကြီး ။ ပေါက်ဖော်ကြီးတို့ တရုတ်ပြည်မှာ ရှိတဲ့ အရာရှိကြီးတွေ လာဘ်စားတဲ့အမှု ကို ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပြင်းပြင်းထန်ထန် အရေး ယူသတဲ့၊ အမှု အကြီး အသေးကို လိုက်လို့ ထောင်ဒဏ် နှစ် တို နှစ် ရှည်တွေ ချတဲ့အပြင် တချို့ လွန်ကဲ လာတဲ့အမှု မျိုးမှာ သေဒဏ်အထိ ပြင်းပြင်းထန်ထန် အပြစ်ပေးသတဲ့၊ အဲဒီ လို သေဒဏ် အပြစ်ပေးစီရင်ခံရရင်လည်း လက်မရွံ့အဖွဲ့က ပစ်သတ်မယ့် သေနတ် ကျည်ဆန်ဖိုးကိုတောင် လာဘ်စားတဲ့ တရားခံမိသားစုက ကျခံရတယ်တဲ့။
မူးကြီး ။ တရုတ်တွေ က တယ်ရိုး၊ တယ်အသကိုး၊ တို့နိုင်ငံမှာ လို လိုင်းဝင်လိုက်ရင် မရဘူး လား၊ ကွင်းလုံးကျွတ်တောင် လွတ်နိုင်တယ် မောင်။
ထူးကြီး ။ မူးကြီး၊ မင့် အရင်သောက်ကျင့်တွေ မပျောက်သေးဘူးလား။ လာဘ်ပေးလာဘ်ယူမှု ကို တကယ် တိုက်ဖျက်ပါပြီဆိုမှ လိုင်းတွေ ဘာတွေ ဝင်လို့ ရပါ့မလားဟ။
မူးကြီး ။ လူကြီး သားသမီးတွေ လာဘ်ယူရင်ကော။
ထူးကြီး ။ အင်း - ဒါ ကတော့ . . . အဲဒါ . . . ဟိုသင်း ငါ နေမကောင်းလို့ နှာစေး ချောင်းဆိုး ပျောက်ဆေး သွားဝယ်လိုက်ဦးမယ်၊ မင်းနဲ့ စကားပြောနေတာနဲ့ ငါ့မိန်းမ မှာ လိုက် တဲ့ အလုပ်ကိစ္စလေးတွေ မလုပ်ရသေးဘူးကွာ
မူးကြီး ။ ထူးကြီးရေ၊ မင်းမိန်းမ အိန်ဂျလီနာမီးယပ်က ဘာတွေ မှာ လိုက်လို့လဲ။
ထူးကြီး ။ သူ ကျန်းမာရေး မကောင်းလို့ ဇာတာတက်လာအောင် ယတြာချေခိုင်းလိုက်တာပါ ကွာ၊ သူ့ယတြာက အမှတ်တမဲ့ကြည့်ရင် သိပ်အခက်ကြီးတော့လည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ မလွယ်ဘူးကွ။
မူးကြီး ။ ဘယ်လို ယတြာလဲဟ။
ထူးကြီး ။ ယုန်ချို၊ လိပ်သွေး၊ ဂေါ်ဇီလာအမွေးကို ရှာရသလောက် ခက်တယ် မောင်။
မူးကြီး ။ တယ်ဆိုတဲ့ စာပါလား၊ လုပ်စမ်းပါဦး။
ထူးကြီး ။ အေးကွ၊ သူ့အတွက် သွေးဆေးတစ်ဖုံ ဖော်ရမယ်ကွ၊ ချေရမယ့် ယတြာက လာဘ်ပေးလာဘ်ယူ လုံးဝမရှိတဲ့ အစိုးရရုံး သုံးရုံးကို ရှာ၊ ပြီးရင် အဲဒီ ရုံးမှာ မနက် ၉ နာရီအတိမှာ ရုံးကိုရောက်လာပြီး ညနေ ၄ နာရီခွဲအတိမှာ ပြန်တဲ့ မန်နေဂျာ တစ်ယောက် ကို တစ်ခါတည်းနဲ့ တွေ့ ခွင့်တောင်းပြီး သူတို့စေတနာနဲ့ ထိုးပေးတဲ့ လက်မှတ်သုံးစောင် ယူခဲ့ပါတဲ့ဟ။
မူးကြီး ။ ဒါပဲလားဟဲ့ ထူးကြီးရဲ့ ။
ထူးကြီး ။ ရှိသေးတယ်ကွ၊ အဲဒီ လက်မှတ်သုံးစောင်ကိုတဲ့ ကန်တော် ကြီး၊ ကရဝိတ် ရိုက်ကွင်း လုံးဝမပါတဲ့ မြန်မာဗွီဒီယိုတစ်ကားကို ကြည့်ပြီး၊ ဆိုးဆေးမပါတဲ့ မုန့်တစ်ခုကို စားရင်း၊ ကြက်ဆူဆီနဲ့မောင်းတဲ့ကားတစ်စီးပေါ်မှာ ပြာကျသွားအောင် မီးရှို့ပြီး အဲဒီ ပြာကို သွေးဆေးနဲ့ရောပြီး လျက်ရမတဲ့။
မူးကြီး ။ တော် တော် နက်နဲတဲ့ အစီအရင်တွေ ပါလားဟ၊ ငါသာ မင်းနေရာမှာ ဆို အချိန်ကုန် သက်သာအောင် မိန်းမကို တစ်ခွန်းတည်းပဲ ပြောလိုက်မယ်။
ထူးကြီး ။ ဘာပြောမှာ လဲ ဟ။
မူးကြီး ။ မြန်မြန် သေလိုက်တော့လို့။
ဟစ်တိုင်ဂျာနယ်၊ ၂၀.၈.၂၀၁၂
ထူးကြီး ။ မူးကြီးရေ၊ ခုတစ်လော အသံတွေ တယ်ကြားနေရပါလားကွ။
မူးကြီး ။ မင်း ညအိပ်ရင် တံခါးလုံအောင် ပိတ်မအိပ်ဘူးထင်တယ်၊ ညဘက်ဆို ကာလသား တွေ အော်ကြ ဟစ်ကြတာရော၊ ခွေးလေခွေးလွင့်တွေ ရော ဆူညံပွက်နေတာပဲ ဟေ့။
ထူးကြီး ။ အဲဒါကြောင့် လူတွေ က မင်းကို အိုင်ကျူနိမ့်တယ်လို့ ပြောတာ မူးကြီး၊ မင်းက မူးနေဖို့ပဲ သိတဲ့ကောင်၊ အဲဒါကြောင့် မင်းကို မူးကြီးလို့ ခေါ်ကြတာ၊ ငါပြောတာက ခုတစ်လော အသံထွက်နေတဲ့ မျိုးစောင့်ဥပဒေတို့၊ လွှတ်တော် ထဲမှာ ဆုံးဖြတ်ချက် တစ်ခုချဖို့ မဲခွဲတဲ့အခါ တပ်မတော် သားကိုယ်စားလှယ်တွေ ဘာမှမပြောဘဲ နှုတ်ပိတ်နေလို့ လွှတ်တော် ဥက္ကဋ္ဌက သတိပေးတာတို့၊ ၂၅ ရာခိုင်နှုန်း ကိစ္စတို့ကို ပြောတာဟ။
မူးကြီး ။ နှုတ်ပိတ်နေတော့ကော ဘာ ဖြစ်လဲ၊ တိတ်တိတ်နေ ထောင်တန်တယ်ဆိုတဲ့ စကားလည်း ရှိသားမို့လား။
ထူးကြီး ။ နှုတ်ပိတ်တာက သူ့နေရာနဲ့သူ ရှိတယ် မူးကြီး၊ မင်းဘာသာ တရားစခန်းဝင်လို့ ရိပ်သာမှာ ဝစီပိတ် လေ့ကျင့်တာ ကိစ္စမရှိဘူး၊ အခုဟာက လွှတ်တော် ဆိုတာ တိုင်းပြည်ရဲ့ အသက်သွေးကြောကွ၊ တိုင်းရေး ပြည်ရာ အရေး ကြီးဆုံးဖြတ်ချက် ချတဲ့အချိန်မှာ ကိုယ့်ဆန္ဒကို မဖော်ထုတ်ဘဲ ငုတ်တုတ်ထိုင်နေလို့ ဘယ်သင့်တော် မှာ လဲ၊ အမြင်မတော် ဆင်တော် နဲ့ ခလောက်ပေါ့ဟ။
မူးကြီး ။ သူတို့ နှုတ်ပိတ်နေရတာ လည်း ဒီလိုရှိပါတယ်။ ပြောဖို့ အမိန့်မရသေးလို့ နေမှာ ပေါ့။ ငါ တစ်ခု စဉ်းစားမိတယ် ထူးကြီးရ။
ထူးကြီး ။ ပြောပါဦး။
မူးကြီး ။ သူတို့တွေ လည်း နိုင်ငံတော် တာဝန်နဲ့ မအားလပ်တဲ့ကြားက တိုင်းပြည်ကောင်းစား ရေး အတွက် လွှတ်တော် ထဲအထိ ဝင်ပါနေရတာ ဟ၊ အဲဒီ တော့ အားလုံးလည်း လာစရာမလိုဘဲ အလုပ်ရှုပ်သက်သာ၊ လွှတ်တော် မှာ လည်း အလုပ်လုပ်လို့ ရသွား အောင် တပ်မတော် သားတွေ အားလုံးကိုယ်စား တစ်ယောက် ကိုပဲ လွှတ်တော် လာတက်ခိုင်းရင် မကောင်းဘူးလား။ ဆုံးဖြတ်ချက်ချစရာရှိတော့ ၂၅ ရာခိုင်နှုန်း ယူထားတဲ့ တပ်မတော် ကိုယ်စားလှယ်တွေ အစား တစ်ယောက် ကပဲ မဲပေးလိုက် ရင် မပြီးဘူးလား၊ အချိန်ကုန်လည်း သက်သာမယ်၊ လွှတ်တော် ထဲမှာ အိပ်ငိုက်တာတို့၊ ဘာတို့၊ စကားမေးလို့ မရတာ တို့ မရှိတော့ဘူး။
ထူးကြီး ။ မူးကြီးရာ၊ မင်းကိုေ ချးဘရိန်းလို့ ငါ တစ်သက်လုံး အထင်လွဲခဲ့မိတာ တောင်းပန်ပါ တယ်ကွာ၊ မင်းလို အိုင်ဒီယာမျိုး National League for Muslim ပါတီကတောင် မစဉ်းစားမိဘူး။
မူးကြီး ။ ပြောလိုက်ရင် သောက်တလွဲချည်းပဲ၊ အင်္ဂလိပ်လို မတတ်ရင်လည်း မပြောစမ်းနဲ့၊ National League for Democracy ပါကွ။
ထူးကြီး ။ အေးပါကွာ၊ ငါက ငါ့ရည်းစား မွတ်ဆလင်ကောင်မလေးကို စိတ်စွဲသွားလို့ပါ။
မူးကြီး ။ ဒါနဲ့ မျိုးစောင့်ဥပဒေကို လွှတ်တော် မှာ တင်ဖို့ ဘုန်းဘုန်းတွေ စိုင်းပြင်းနေပြီနော်၊ မင်း ဘယ်လိုမြင်လဲ ထူးကြီး။
ထူးကြီး ။ ဥပဒေကြမ်းရယ်လို့ သေသေချာချာလည်း မဖတ်ရသေးတော့ ရမ်းပြောဖို့ခက်တယ် မူးကြီးရ၊ မိန်းမတွေ ကို ချုပ်ချယ်တာမျိုး မဟုတ်ဘဲ ကာကွယ်ပေးတာမျိုး ဆိုရင် တော့ ကောင်းတဲ့ ဥပဒေပါပဲ။ ဂျပန်ခေတ်ကတောင် ဒေါက်တာဘမော်က မြန်မာ အမျိုးသမီးတွေ ရပိုင်ခွင့်အတွက် အဲဒီ လို ဥပဒေမျိုး ပြဋ္ဌာန်းခဲ့လို့ ဂျပန်တွေ က သူ့ အသက်ကို လာလုပ်ကြံဖို့ ကြိုးစားတဲ့အထိ ခံရဖူးတယ်။ ဘာသာခြားနဲ့ညားပြီး အိမ်ထောင်ကွဲတဲ့အခါ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အိမ်ပေါ်က ဆင်းခဲ့ရတယ် ဆိုရင်တော့ မိန်းကလေးတွေ နစ်နာတာပေါ့ကွာ၊ ဒါမျိုးကို အမွေခွဲဝေပုံကအစ ကိုယ့်အမျိုးသားတွေ သင့်တော် တဲ့ ခံစားခွင့်ရအောင် လုပ်ပေးနိုင်မယ်ဆိုရင်တော့ မဆိုးဘူးဟေ့၊ ဒီလိုမှ မဟုတ်ဘဲ လူ တစ်ယောက် ရဲ့ လွတ်လပ်စွာ လက်ထပ်ခွင့်ကို ဝင်ရောက်စွက်ဖက်တာမျိုးဆိုရင်တော့ သဘောမတူဘူးကွာ။
မူးကြီး ။ အေး - ဒါကလည်း စောင့်ကြည့်သင့်တဲ့ ဥပဒေပေါ့ကွာ၊ မပြီးခင် ဗမာမမြင်စေနဲ့ ဆိုသလိုပဲ၊ ဥပဒေကြမ်းရယ် ဘာရယ် လွှတ်တော် က တရားဝင် ထွက်မလာခင် ငါတို့က ရမ်းဝေဖန်နေလို့တော့ မသင့်ဘူး ထူးကြီးရ။
ထူးကြီး ။ ဟုတ်ပ မူးကြီးရေ၊ ဒါနဲ့ လွှတ်တော် မှာ တပ်မတော် က ၂၅ ရာခိုင်နှုန်း ပါနေတာကို လည်း မင်း ဘယ်လိုမြင်လဲ။
မူးကြီး ။ ဘယ်လိုမြင်ရမှာ လဲ၊ တီဗွီထဲမှာ မြင်တာပေါ့။
ထူးကြီး ။ ပြောလိုက်ရင် ကန့်လန့်ချည်းပဲ။ ဘယ်လို သဘောရလဲလို့ မေးတာဟ။
မူးကြီး ။ တပ်မတော် ဆိုတာ မြန်မာ့လွတ်လပ်ရေး သမိုင်းကြောင်းမှာ အဓိက ဦးဆောင်ခဲ့တဲ့ အဖွဲ့အစည်းကွ။ ရောင် စုံသူပုန်တွေ ကို တိုက်ခဲ့တော့လည်း တပ်မတော် ပဲ၊ ကုန်ကုန် ပြောမယ်ကွာ တိုင်းပြည်ချောက်ထဲကြဖို့ လက်နှစ် လုံးအလိုမှာ ကယ်ခဲ့တာလည်း တပ်မတော် ပဲ။ ဒီလောက် အနစ်နာခံခဲ့တဲ့ တပ်မတော် ဟာ အနာဂတ်နိုင်ငံရေး မှာ လည်း ဦးဆောင်မှု အခန်းကဏ္ဍကနေ ပါသင့်တာပေါ့။
ထူးကြီး ။ မူးကြီးရေ၊ မင်းပြောတာ ရှင်းပါပြီ၊ ဒါနဲ့ မြန်မာ့လွတ်လပ်ရေး အတွက် လုပ်ကြတဲ့ နေရာမှာ တပ်မတော် ဟာ အရင်လား၊ တက္ကသိုလ် ကျောင်းသားတွေ က အရင်လား။
မူးကြီး ။ မင်း ကတော့ ကတ်ပြောပြီ။
ထူးကြီး ။ ကတ်ပြောတာ မဟုတ်ပါဘူး၊ တကယ်သိချင်လို့ပါ သူငယ်ချင်းရာ။
မူးကြီး ။ မြန်မာ့တပ်မတော် ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တွေ မြန်မာပြည် ကို ပြန်ဝင်လာတဲ့အချိန်ကျမှ စပေါ်ပေါက်လာတာ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု ကတော့ အဲဒီ အချိန် မတိုင်ခင် ကတည်းက အင်နဲ့အားနဲ့ ရှိနေပြီ မောင်၊ တပ်မတော် ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် သခင်လူငယ် တော် တော် များများ ဟာ တက္ကသိုလ် ကျောင်းသားဘဝကနေ တပ်မတော် သားတွေ ဖြစ်လာကြတာပဲ။
ထူးကြီး ။ ဒါဆို ကျောင်းသားလှုပ်ရှားမှု ကြောင့် တပ်မတော် ဆိုတာ ဖြစ်ပေါ်လာတာပေါ့။
မူးကြီး ။ ဒါတော့ ရှင်းသားပဲ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ မရှိခဲ့ရင် သခင်နုတို့၊ သခင် အောင်ဆန်းတို့၊ သခင်သိန်းဖေ၊ သခင်ကျော်ငြိမ်း၊ သခင်ဗဆွေတို့ မရှိနိုင်ဘူး၊ သခင်အောင်ဆန်း မရှိရင် B.I.A တို့၊ B.D.A တို့ မရှိနိုင်ဘူး၊ အဲဒါတွေ မရှိခဲ့ရင် အခု ပြော ပြောနေတဲ့ တပ်မတော် ဟာ မြန်မာ့နိုင်ငံရေး မှာ ဦးဆောင်ပြီး တိုက်ခဲ့တယ် ဆိုတာ မရှိနိုင်ဘူး ဆိုတာတော့ မှန်ပါတယ်။
ထူးကြီး ။ အိုင်ဒီယာရပြီဗျို့။
မူးကြီး ။ ဘာလဲ၊ ဆရာမ မနော်ဟရီက လက်ဆောင်ပေးလို့လား၊ အဲဒီ စာအုပ်ကြီးတွေ က လေးတယ်နော်၊ တစ်အုပ်ကို တစ်ပိဿာလောက်ရှိတယ်။
ထူးကြီး ။ အဲဒါကို ပြောတာ မဟုတ်ဘူးဗျ၊ ကျောင်းသားတွေ ကျေးဇူး နိုင်ငံတော် မှာ ရှိပြီ သေချာမှတော့ သူတို့ကိုလည်း လွှတ်တော် မှာ ၂၀ ရာခိုင်နှုန်းလောက် ပါခွင့်ပေးရင် မကောင်းဘူးလား။
မူးကြီး ။ ဒါတော့ သူတို့ကို ကွက်ပြီး မျက်နှာသာပေးသလို ဖြစ်နေမှာ ပေါ့ကွ၊ မြန်မာ့ လွတ်လပ်ရေး သမိုင်းကြောင်းမှာ သံဃာတော် တွေ ကလည်း သက်စွန့်ဆံဖျား ပါဝင် ခဲ့တာပဲမို့လား၊ ဦးဥတ္တမတို့၊ ဦးဝိစာရတို့ဆိုရင် လွတ်လပ်ရေး တိုက်ပွဲအတွက် ရဲရဲဝံ့ဝံ့ အသက်ပေးသွားတာပဲ၊ သူတို့လို နာမည် မကြီးပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် လူမသိ သူမသိ အသက်စွန့်သွားတဲ့ ဘုန်းဘုန်းတွေ အများ ကြီးပါ။
ထူးကြီး ။ ဟုတ်ပြီ၊ ဒါဆို ဘုန်းဘုန်းတွေ ကိုလည်း လွှတ်တော် မှာ ၁၀ ရာခိုင်နှုန်း ပေးလိုက် ။
မူးကြီး ။ နေဦးကွ၊ ဘုန်းကြီးတွေ တင် မဟုတ်သေးဘူး၊ ဆရာစံတို့လို တောင်သူလယ်သမား ဦးကြီးများ ဟာလည်း လွတ်လပ်ရေး တိုက်ပွဲမှာ ပါခဲ့တယ်နော်။
ထူးကြီး ။ အေးကွ၊ ဒီလိုဆိုရင် လယ်သမားတွေ ကိုလည်း လွှတ်တော် ထဲမှာ ၁၀ ရာခိုင်နှုန်း ထည့်လိုက်။
မူးကြီး ။ ပြီးတော့ ရှိသေးတယ်၊ ရေနံမြေသပိတ်ကြီးကို ဦးဆောင်ခဲ့တဲ့ သခင်ဖိုးလှကြီးတို့လို အလုပ်သမား လူတန်းစားဟာလည်း လွတ်လပ်ရေး ခရီးလမ်းမှာ ချန်ထားခဲ့လို့ မရဘူး။
ထူးကြီး ။ ဒါဆို လွှတ်တော် ထဲမှာ ၁၀ ရာခိုင်နှုန်းပေးလိုက် ကွာ။
မူးကြီး ။ အလုပ်သမားရယ်၊ လယ်သမားရယ်၊ ဘုန်းကြီးရယ်၊ ကျောင်းသားရယ်၊ စစ်တပ် ရယ် အချိုးကျ လွှတ်တော် မှာ နေရာတွေ ပေးလိုက် တဲ့အခါကျ ကျောင်းဆရာ တွေ က ကျေနပ်ပါ့မလား၊ တကယ်ဆို နိုင်ငံ့ခေါင်းဆောင်ဆိုသူတွေ ဟာ သူတို့ မွေးထုတ်လိုက်တဲ့ တပည့်တွေ မဟုတ်ဘူးလား။
ထူးကြီး ။ မင်းပြောတာ မှန်တယ်၊ သူတို့ကိုလည်း လွှတ်တော် မှာ ၅ ရာခိုင်နှုန်း ပေးလိုက် ။
မူးကြီး ။ ဒီလိုသာ လုပ်နေရင် အမျိုးသမီးတွေ ကလည်း ကျေနပ်မှာ မဟုတ်ဘူး၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး ရယ်၊ အမျိုးသမီးရေး ရာအဖွဲ့ရယ် ပေါင်းပြီး ၅ ရာခိုင်နှုန်း လောက်တော့ ပါခွင့်ပေးသင့်တယ်နော် ထူးကြီး။
ထူးကြီး ။ မူးကြီးသဘောအတိုင်းပါပဲ၊ ဒီလိုဆို တစ်လက်စတည်း အသိပညာရှင်၊ အတတ် ပညာရှင် ဖြစ်တဲ့ ဆရာဝန်နဲ့ အင်ဂျင်နီယာ ၅ ရာခိုင်နှုန်း။
မူးကြီး ။ မီးသတ်ရဲဘော်တွေ ၃ ရာခိုင်နှုန်း။
ထူးကြီး ။ ဗယာကြော်ကုလားက ၂ ရာခိုင်နှုန်း။
မူးကြီး ။ ဗယာကြော်က ဘယ်က ပါလာတာလဲဟ။
ထူးကြီး ။ အခု နာမည် ကြီးနေတဲ့ နိုင်ငံရေး သမားတွေ ဟာ လွှတ်တော် ကိုယ်စားလှယ် မ ဖြစ် ခင်က မွတ်တားရဲ့ ဗယာကြော်ကို အမြဲတမ်း အကြွေးစားနေကျတဲ့၊ အဲဒါကြောင့် အခုလို ကောင်းစားတော့ သူလည်း ပါသင့်ပါတယ်တဲ့။
မူးကြီး ။ အေး - ဒါဆို ဗယာကြော်ကုလားကို ၁ ရာခိုင်နှုန်း ထည့်လိုက်ကွာ။
ထူးကြီး ။ မူးကြီးရေ၊ နောက်ပြီ . . .
မူးကြီး ။ နောက်ပြီးမနေနဲ့တော့၊ အခု ဟိုထည့် ဒီထည့်နဲ့ လွှတ်တော် မှာ ၁၀၀ ရာခိုင်နှုန်း ကျော်နေပြီ၊ ဘယ်လို ဆက်လုပ် ရမလဲဟ။
ထူးကြီး ။ လွယ်ပါတယ် အာစရိရယ်၊ ရွေးကောက်ခံကိုယ်စားလှယ်တွေ အားလုံးကို ဖယ်ထုတ်ပစ်လိုက်တာပေါ့၊ ဒါဆို ရွေးကောက်ပွဲစရိတ်တွေ မကုန်တာကြောင့် နိုင်ငံတော် ဘတ်ဂျက်တွေ တောင် ပိုထွက်လာပါဦးမယ်။
မူးကြီး ။ တိန်။
စောင့်ကြည့်သတင်းဂျာနယ်၊ ၂၇.၈.၂၀၁၃
အခန်း (၄)
တစ်ခါတလေကျ စာရေး ရသည်မှာ ဝဋ်နာကံနာ ခံစားနေရသူ တစ်ယောက် လို ဖြစ်နေသည်။ ငွေကြေးစာမူခမှာ မက်မောလောက်ဖွယ် မရှိပါဘဲ ဝါသနာအရ အချိန်ကုန် လူပင်ပန်းခံ၍ ရေး သား ရာ၌ လူမုန်းခံရတာ နှင့် တန်ရဲ့ လားဟု စဉ်းစားမိသည်။
"အာဖဂန်နစ္စတန်တွင် ဗုဒ္ဓသာသနာ ကွယ်ပျောက်သွားခြင်းအကြောင်း" ဆိုသော ဆောင်းပါးကိုရေး မိတော့ ဘာသာခြားတွေ က မုန်းကြသည်။ မှန်တာတွေ ကို ဝေဖန်ထောက်ပြတော့ ပုဂ္ဂိုလ်ရေး ကိုးကွယ်သူ ပါတီဝင် အချို့က ပုတ်ခတ်ဝေဖန်ကြသည်။
အထူးသဖြင့် ထူးကြီး မူးကြီး ဆွေးနွေးခန်းဟူသော ဆောင်းပါး စောင့်ကြည့်ဂျာနယ်မှာ ပါလာတော့ NLD ပါတီဝင်အချို့က ကျွန်တော့် ကို အပြစ်တင်ကြသည်။ ဖေ့စ်ဘုတ်မှာ ရော၊ လူချင်း တွေ့ြ ကတော့ရော ဝေဖန်ကြသည်မှာ ကျွက်ကျွက်ညံနေသည်။
ကျွန်တော့် ကို NLD ဆန့်ကျင်ရေး တွေ ရေး သည်ဟု စွပ်စွဲကြသည်။ ကြံ့ခိုင်ရေး ပါတီဝင် ဖြစ်ရမည် ဟု တစ်ယောက် က သမုတ်သည်။ စစ်တပ်နှင့် ဆက်နွှယ်ရမည် ဟု မျက်ကန်း တစ္ဆေ မကြောက် ပြောသူက ပြောသည်။ ထောက်လှမ်းရေး ဖြစ်ကောင်း ဖြစ်မည် ဟု ထင်မိထင်ရာကို ပြောသူက ပြောသည်။ A. B. C. D တောင် တတ်ရဲ့ လားဟု ရန်တွေ့ သူလည်း ပါသည်။
ခက်သည်မှာ ကျွန်တော့်ဆောင်းပါး၏ ဆိုလိုရင်းကို တကယ် သေသေချာချာ မဖတ်ဘဲ ရမ်းဝေဖန်နေကြခြင်း ဖြစ်သည်။ ဖေ့စ်ဘုတ်၏ မကောင်းကွက်မှာ လူ တစ်ယောက် က မဟုတ်က ဟုတ်က ခေါင်းစဉ်တစ်ခုတပ်ကာ Post တစ်ခု တင်လိုက်သည်နှင့် လူတို့သည် ထိုခေါင်းစဉ် မှန်သည်၊ မှားသည်ကို မဆန်းစစ်တော့ဘဲ ထိုကိစ္စကို အမှန်ကြီးအလား ရေး ကြ၊ ပြောကြ၊ ဝေဖန် ကြခြင်းပေတည်း။ ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဉာဏ်ဖြင့် ဟုတ် မဟုတ်၊ တော် မတော် ဝေဖန်ပိုင်းခြား ခိုင်းသော ဗုဒ္ဓဘုရားရှင်၏ ကာလာမသုတ္တန်နှင့် တော့ အချို့သူများ မှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေလေသည်။
ပြောလက်စနှင့် ဆုံးခန်းတိုင်အောင် ပြောပါမည် ။ ရေး လက်စနှင့် ရေး ပါမည် ။ သဘောထား ကြီးကြီး ထား၍ ဖတ်တော် မူကြပါကုန်။
ကျွန်တော့် ဘဝတွင် ပထမဆုံးအကြိမ် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရခဲ့ဖူးသော ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီကို မဲပေးခဲ့ပါသည်။ ထို့နောက် နှစ် ပေါင်းများ စွာ မြန်မာ့နိုင်ငံရေး ဇာတ်မျောနေပြီး ၂၀၁၀ တွင် ရွေးကောက်ပွဲထပ်လုပ်ရာ NLD ပါဝင်မလာသဖြင့် မဲတစ်ပြား အလဟဿ မ ဖြစ်စေလိုသော ကြောင့် NDF ပါတီအား မဲပေးခဲ့ပါသည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် မူ ကျွန်တော် နေထိုင်သော မြောက်ဥက္ကလာပမြို့နယ်မှာ ရွေးကောက်ပွဲ မရှိ သဖြင့် မဲမပေးခဲ့ရပါ။ ရွေးကောက်ပွဲ ရှိခဲ့ပါမူ NLD ကိုပဲ မဲပေးပါမည် ။ ၂၀၁၅ တွင် ရွေးကောက်ပွဲ လုပ်ခဲ့လျှင်လည်း NLD ကိုပဲ မဲပေးပါမည် ။
ဘာကြောင့် NLD ကို မဲပေးသလဲဟု မေးလာလျှင်မူ လောလောဆယ်တွင် NLD ပါတီထက် ကောင်းသော နိုင်ငံရေး ပါတီ မရှိဟု (ကျွန်တော် တစ်ယောက် တည်း အယူအဆ ဖြစ်ပါသည်) ရိုးသားစွာ ယုံကြည်သော ကြောင့် မဲပေးဖို့ ဆုံးဖြတ်ထားခြင်း ဖြစ်ပါသည်။
ထိုသို့ ဆိုလျှင် မေးစရာရှိလာသည်မှာ ကျွန်တော် သည် NLD ပါတီဝင်လားဟု မေးလာခဲ့လျှင် မဟုတ်ပါ။ ကျွန်တော့် တစ်သက်တွင် ဘယ်နိုင်ငံရေး ပါတီကိုမှ မဝင်ဖူးပါဟု ဖြေရပါ လိမ့်မည် ။ ဒါဆိုလျှင် NLD ပါတီက ဆောင်ရွက်နေသော လုပ်ငန်းများ အားလုံးကို မျက်စိမှိတ် ထောက်ခံပါသလား၊ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ်၊ ဘာပြောပြော မျက်စိမှိတ်၍ ထောက်ခံ ပါသလားဟု မေးလျှင် မထောက်ခံနိုင်ပါ။ သဘောမတူသော အချက်အလက်များ ကိုမူ သဘော မတူကြောင်း ပြောမည် သာ ဖြစ်သည်ဟု အဖြေထွက်ပါသည်။ မြန်မာနိုင်ငံသည် အာဏာရှင်စနစ် အောက်သို့ နှစ် ပေါင်းများ စွာ ရောက်ခဲ့ခြင်း၏ အကြောင်းများ စွာ ထဲမှ အဓိက အကြောင်းအချက် တစ်ခုမှာ ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှု များ လွန်းသော ကြောင့် ဖြစ်သည်။
ကျွန်တော် တို့သည် လူ နှင့် မူ ကို ခွဲ၍ မမြင်နိုင်ကြ။ လူကို ခင်သည်နှင့် မူကို ပြင်ကြ တော့သည်။ ပုဂ္ဂိုလ်ခင်၍ တရားမင်ြ ကတော့သည်။ လူ တစ်ယောက် ကို ကြည်ညိုလျှင် အဆုံးအထိ ကိုးကွယ်ြ ကတော့သည်။ ဂျပန်ခေတ်တွင် လည်း ဒေါက်တာဘမော်ကို အဓိပတိ အာဏာရှင်ကြီး ဟူ၍ တင်မြှောက်လိုက်ကြသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကလည်း ဦးနေဝင်းဆိုလျှင် ဘုရင်တစ်ဆူပမာ ချီးပခဲ့ကြသူတွေ သူ့အနားမှာ ဝိုင်းဝိုင်းလည်နေသည်။ ကပ်ပါးရပ်ပါးတွေ ခြေချင်းလိမ်နေသည်။
ဦးနုခေတ်တွင် လည်း ဝန်ကြီးချုပ်ဦးနု လာလျှင် နင်းလျှောက်သွားရန် ဆံပင်ကို လမ်းခင်း ပေးသော အမျိုးသမီးတွေ ပင် ရှိခဲ့သည်။ စစ်အာဏာရှင်လက်ထက်တွင် လည်း ဟစ်တလာကို နာဇီပါတီဝင်များ က ကြောက်ရသလို ခေါင်းဆောင်ကြီးတစ်ဦးကို နောက်လိုက်များ က ဦးထိပ်တင်ခဲ့ ကြရသည်။ ခေါင်းဆောင်များ ကို ကြည်ညိုခြင်း၊ လေးစားခြင်း၊ ချစ်ခင်ခြင်း၊ ထောက်ခံခြင်းသည် ကောင်းပါ၏ ။ သို့ သော် ထိုလူ ဘာပဲလုပ်လုပ်၊ လုပ်သမျှ အားလုံး ကောင်းပါသည်ခင်ဗျားဟု မျက်စိစုံမှိတ် ထောက်ခံနေခြင်းသည် ဉာဏ်မပါသော အပေါ်ယံထောက်ခံခြင်းမျိုး ဖြစ်ပေသည်။
မြင်းထိန်းငတာက သူ၏ ဥတုဘောဇနကျမ်းကို ပစ်ခတ်ထောက်ခံနေတာကို ယောမင်းကြီး ဦးဘိုးလှိုင်က လက်မခံခဲ့ပါ။ ပုဆိုးတစ်ထည်ပေးပြီး နောက်ကို ငါ့ကျမ်းအကြောင်း ဘာမှ မပြောပါ နဲ့ဟု စကားပိတ်ပြောခဲ့ရသည်ကို သတိမူသင့်လှသည်။
ယနေ့ခေတ်တွင် လည်း မြန်မာပြည်နိုင်ငံရေး သည် အမိမဲ့သား ရေနည်းငါး ဆိုသကဲ့သို့ ဖြစ်နေပေသည်။ ယခင် နဝတ၊ နအဖ ခေတ်တစ်လျှောက်လုံးက ရှိခဲ့သော "အစိုးရနှင့် အတိုက် အခံ" ဟူသော အင်အားစုတွင် အတိုက်အခံ (Opposition) ဟူသော အင်အားစုမှာ မရှိသလောက် ဖြစ်သွားပြီး နိုင်ငံရေး အင်အားချိန်ခွင်လျှာ ပျက်သွားပေပြီ။ NLD သည် ကြားဖြတ်ရွေးကောက်ပွဲ တွင် အပြတ်အသတ် အနိုင်ရပြီး လွှတ်တော် ထဲသို့ ရောက်သွားသည့်အချိန်ကစ၍ အာစေးထည့် လိုက်သည့်သဖွယ် နိုင်ငံ့အရေး အရာများ တွင် နှုတ်ပိတ်၍ သွားလေပြီ။ ၈၈ မျိုးဆက်ကျောင်းသား များ သည်လည်း နိုင်ငံရေး ထက် လူမှု ရေး ၊ သာရေး နာရေး နယ်ပယ်များ ဆီသို့ ပို၍ တိမ်းညွှတ်သွား လေပြီ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တချို့ NLD အမတ်များ မှ ကောင်းမွန်သော မေးခွန်း များ ၊ အဆိုများ တင်သွင်းသည်ကို ကြားရပါသည်။ (ဥပမာ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်များ ၏ ပိုင်ဆိုင်မှု များ ကို ထုတ်ဖော်ကြေညာရေး အဆို၊ ရန်ကုန်တက္ကသိုလ်ကို ပြန်လည် အဆင့်မြှင့်တင်ရေး အဆို၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အဆင့်မြှင့်တင်မည့် အဆို စသည်ဖြင့် )။ ဤသို့ ကောင်းမွန်သော အဆိုပြုချက်များ ရှိခဲ့သော်လည်း ပါတီကြီးတစ်ခုလုံးအနေနှင့် မူကား ပြည်သူရှေ့က မားမားမတ်မတ် ရပ်တည်ရာတွင် ယခင် စစ်အစိုးရလက်ထက်ကလို ပြည်သူနှင့် တစ်သားတည်း အင်တိုက်အားတိုက် မရှိတော့သလို ခံစားရသည်။ အထူးသဖြင့် ရခိုင်အရေး အခင်း၊ ဘူးသီးတောင်၊ မောင်တော အရေး အခင်း၊ ကျောက်နီမော် အရေး အခင်း၊ ကချင် ပြည်တွင်းစစ်၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ထိန်းချုပ်ရန် ပြန်ကြားရေး ဝန်ကြီးဌာနက လွှတ်တော် တွင် ဥပဒေကြမ်း တင်သွင်းခြင်း၊ လယ်သမားများ မတရား မြေသိမ်းယာသိမ်းခံရခြင်း များ အား ပါတီအနေဖြင့် ထိရောက်သော တုံ့ပြန်မှု များ လုပ်ခဲ့တာ မတွေ့ ရပေ။ ကချင်စစ်ပွဲကို တစ်နိုင်ငံလုံးက အုန်းအုန်းကျွက်ကျွက် ဆန့်ကျင်ရာ၌ NLD ပါတီသည် ပါဝင်မလာပေ။
ရခိုင်အရေး ကို ပထမဆုံး သုံးသပ်ရာ၌ "လူနည်းစု၏ အခွင့်အရေး ကို လူများ စုက လေးစားရမည် " ဟု ဒေါ်အောင်ဆန်းစုကြည်က စတင်ပြောကြားခဲ့ရာ မူဝါဒအရ နိုင်ငံတကာတွင် လူကြား၍ ကောင်းသော်လည်း မြေပြင်အနေအထားနှင့် မူ ပြောင်းပြန် ဖြစ်နေခဲ့သည်။ ဘူးသီးတောင် နှင့် မောင်တောဒေသများ တွင် လူများ စုမှာ ဧည့်သည် ဘင်္ဂါလီများ ဖြစ်ပြီး လူနည်းစုမှာ အိမ်ရှင် ရခိုင်နှင့် မြန်မာတိုင်းရင်းသားများ ဖြစ်သည်။
ကျူးကျော်ရမ်းကားသော ဧည့်သည်အများ စုကြောင့် အိမ်ရှင်လူနည်းစုမှာ ဒုက္ခပင်လယ်ဝေ နေဆဲဝယ် ဤမှတ်ချက်ကြောင့် မြန်မာနိုင်ငံသား အများ စုမှာ စိတ်ထိခိုက်ခဲ့ကြပါသည်။
ဒုတိယအနေဖြင့် ရခိုင်ဒေသတွင် အချို့ဘာသာခြားများ သည် မယား အများ အပြားယူကာ ကလေးများ အကန့်အသတ်မရှိ ပေါက်ဖွားကြသော ကြောင့် လူဦးရေထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် တစ်အိမ်ထောင် ကလေးနှစ် ယောက် ဒေသန္တရအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းအပေါ် လူ့အခွင့်အရေး နှင့် မညီ၍ ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့ပြန်သည်။ ထိုစဉ်က ကျွန်တော် သည် ဤစောင့်ကြည့်ဂျာနယ်မှပင် အမျိုးသားရေး နှင့် လူ့အခွင့်အရေး အမည် ဖြင့် အောက်ပါအတိုင်း ဆောင်းပါးရေး ခဲ့ဖူးပါသည်။
"ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့အဆင့် ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့် အညီ နိုင်ငံ တကာက လက်ခံထားသော လူ့အခွင့်အရေး စံနှုန်းရှုထောင့်မှ ဤဝေဖန်ချက်ကို ပြောခြင်း ဖြစ်သည်။ အဖွဲ့ချုပ်ဥက္ကဋ္ဌအနေဖြင့် ပြည်ပသို့ ခရီးစဉ်များ ထွက်ခွာသော အခါ မွတ်ဆလင်များ ၊ ဘင်္ဂါလီများ ၊ ရိုဟင်ဂျာဟု သူတို့ကိုယ်သူတို့ အမည် ပေးထားသော ဘင်္ဂါလီများ က မကြာခဏ ဆန္ဒပြ၊ ကန့်ကွက်တောင်းဆို ဖိအားပေးသဖြင့် လူ့အခွင့်အရေး စာအုပ်ပေါ်တွင် ခြေစုံရပ်၍ ဤစကားကို ပြောခဲ့ခြင်း ဖြစ်ဟန် တူပါသည်။
သို့ သော် ဤကမ္ဘာကြီး၌ လူ့အခွင့်အရေး နှင့် တန်းတူ ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထား သော အရာတစ်ခုမှာ အမျိုးသားအကျိုးစီးပွား (National Interest) ဖြစ်ပေသည်။ တစ်ခါတစ်ရံ နှုတ်မှ ဖွင့်ဟမပြောကြသော်လည်း အမျိုးသားအကျိုးစီးပွားကို လူ့အခွင့်အရေး ထက် ပို၍ အလေး ထားကြသည်ကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီး၏ အစိုးရများ ၏ ဆုံးဖြတ်ချက်များ တွင် မကြာခဏ တွေ့ ရလေသည်။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမည် ဆိုလျှင် လူ့အခွင့်အရေး စံချိန်စံနှုန်းများ ကို ကျော်လွန်ဆုံးဖြတ်ခဲ့တာတွေ လည်း သာဓကအလီလီ ရှိခဲ့ပြီးသား ဖြစ်ပေသည်"
ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် လိုအပ် လျှင် နိုင်ငံသားတို့၏ တယ်လီဖုန်းကို ကြားဖြတ်နားထောင်ပိုင်ခွင့်၊ တရုတ်ပြည်တွင် ကျင့်သုံးခဲ့ သော တစ်အိမ်ထောင် ကလေး တစ်ယောက် မူဝါဒ၊ ဂွာတာနာမို အကျဉ်းစခန်းတွင် မွတ်ဆလင် အစွန်းရောက်အကြမ်းဖက်သမားဟု မသင်္ကာသူများ ကို တရားမစွဲဘဲ နှစ် ရှည်လများ အမေရိကန် အစိုးရမှ ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ စင်္ကာပူနိုင်ငံတွင် အများ ပြည်သူပိုင်ပစ္စည်းများ ကို မှု တ်ဆေး ဘူးဖြင့် ဖျန်းပက်ဖျက်ဆီးခဲ့သော အမေရိကန် ဆယ်ကျော်သက် မိုက်ကယ်ဖိန်းကို စင်္ကာပူအစိုးရမှ မှတ်လောက်အောင် ကြိမ်ဒဏ် အပြစ်ပေးခဲ့ခြင်း စသည်တို့သည် လူ့အခွင့်အရေး ရှုထောင့် သက်သက်မှ ကြည့်လျှင် မှန်ကန်သော လုပ်ရပ်များ မဟုတ်ပါ။
သို့ သော် နိုင်ငံတိုင်း၌ လူ့အခွင့်အရေး နှင့် တန်းတူ အရေး ကြီးသော အချက်မှာ ကိုယ့်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ ထောက်လှမ်းရေး လျှို့ဝှက်ချက် များ ကို ဖွင့်ချခဲ့သူ အက်ဒဝပ်စနိုးဒင်ကို လက်ခံ၍ နိုင်ငံရေး ခိုလှုံခွင့်ပေးခဲ့သူ မည် သည့်နိုင်ငံကိုမဆို အမေရိကန်ပြည်ထောင်စုက ကုန်သွယ်ရေး အထူးအခွင့်အရေး များ ရုပ်သိမ်းမည် ဟု ခြိမ်းခြောက် နေခြင်းသည် သူတို့နိုင်ငံ (အမေရိကန်နိုင်ငံ) ၏ အမျိုးသားအကျိုးစီးပွားအတွက် အသည်းအသန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ (ယခုအခါ ရုရှားနိုင်ငံက သူတို့အမျိုးသားအကျိုးစီးပွားအတွက် စနိုးဒင်ကို ခိုလှုံခွင့် ပြုလိုက်လေပြီ။) ဒါကို "အိုဘားမားရယ်၊ ဒါက သူ့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့် လူ့အခွင့်အရေး ပဲ၊ အရေး မယူပါနဲ့" ဟု လူ့အခွင့်အရေး ခေါင်းဆောင်များ သွားပြောလည်း ရမည် မဟုတ်ပါ။
အိုဘားမား သူ့နိုင်ငံ အမျိုးသားအကျိုးစီးပွားအတွက် ပြတ်ပြတ်သားသား ရပ်တည်ခဲ့သလို ကျွန်တော် တို့ မြန်မာနိုင်ငံအရေး တွင် လည်း ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံ၏ National Interest ပေါ်တွင် ခြေစုံရပ်၍ ပြတ်ပြတ်သားသား ပြောစေချင်ပါသည်။
လူ့အခွင့်အရေး သည် ကောင်းမှန်း ကျွန်တော် တို့ သိပါသည်။ သို့ သော် အမျိုးဘာသာ၊ သာသနာနှင့် ယှဉ်လျှင် လူ့အခွင့်အရေး သည် ဒုတိယနေရာမှာ ရှိစေချင်ပါသည်။ ပျူခေတ်မှစကာ မြန်မာနိုင်ငံတွင် တည်တံ့ထွန်းကားလာခဲ့သော ဗုဒ္ဓသာသနာသည် ကျွန်တော် တို့ခေတ်ရောက်မှ လူမျိုးနှင့် သာသနာ ကွယ်ပျောက်ဖို့ လမ်းစ ပေါ်လာသည်ဆိုလျှင် ရင်နာစရာ ကောင်းပါသည်။ ရာဇဝင် ရိုင်းပါလိမ့်မည် ။ ဘုန်းကြီး ဆွမ်းခံကြွရာတွင် သေနတ်နှင့် လိုက်၍ ရဲက စောင့်ရှောက် ရသော ထိုင်းနိုင်ငံ တောင်ပိုင်းလို အ ဖြစ်မျိုးလည်း မြန်မာနိုင်ငံကို မ ဖြစ်စေလိုပါ။ (ယခုပင် ဆရာတော် များ တရားပွဲမှာ ရဲအစောင့်အရှောက်နှင့် လုပ်နေရလေပြီ။) အစိုးရမှာ တာဝန်ရှိသကဲ့သို့ အဓိက အိုက်အခံပါတီကြီးများ မှာ လည်း အမျိုးသားရေး တာဝန် ရှိပါသည်။
ထိုကိစ္စများ သည် ပါတီအားလုံးနှင့် ဆိုင်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ ရွေး၍ ပြောနေခြင်းမှာ တရားမျှတမှု မရှိပါဟု အချို့ကလည်း ပြောကြသေးသည်။ အခြားပါတီများ အပေါ် ကျွန်တော် နှင့် တကွ ပြည်သူလူထုသည် မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ကြသဖြင့် ဘာမှ ဝေဖန်အကြံပြုစရာ မရှိပါ။ NLD ပါတီသည် အာဏာရပါတီတစ်ရပ် ဖြစ်လာရန် အလွန်နီးစပ်နေ သော အနေအထားတွင် ရှိရာ ကိုယ်သံယောဇဉ်ရှိသော ပါတီလမ်းချော်သွားမှာ စိုး၍ စေတနာဖြင့် ရေး နေ ပြောနေရခြင်း ဖြစ်သည်။
ဥပမာအားဖြင့် အရပ်က တာတေလန်အောင် ဆိုးသူ တစ်ယောက် ကို ဘယ်သူကမှ အမော ခံကာ တရားချမနေချင်တော့သော်လည်း လူကောင်း တစ်ယောက် သတိလက်လွတ်ကာ အမှတ်တမဲ့ လမ်းမှားသွားမည် ကို စိုးရိမ်သဖြင့် သတိပေး ထောက်ပြနေရခြင်းမျိုး ဖြစ်သည်။ ဘယ်သူကောင်းသည်၊ ဘယ်သူဆိုးသည်ကိုမူ လူတိုင်း လူတိုင်း၊ ပါတီတိုင်းသည် ကိုယ့်သမိုင်း ကိုယ် ရေး ခဲ့ကြပြီးပြီ ဖြစ်သည်။ ပြည်သူလူထုသည် သမိုင်းတစ်လျှောက် အဖြူ၊ အမည်းကို သဲကွဲခဲ့ ကြပြီး ဖြစ်သည်။ မြန်မာလူမျိုးသည် ဟင်ဆိုလျှင် မည် သူမျှ လှည့်မကြည့်ချင်ြ ကတော့ပေ။
NLD သည် ၂၀၁၂ တွင် အတော် ပြောင်းလဲသွား၏ ။ နှစ် ပေါင်းများ စွာ ပါတီအတွက် ထောင်ကျ တန်းကျ၊ ဘဝအပျက်ခံ၍ ပေးဆပ်ခဲ့ကြသူများ မထင်ပေါ်ဘဲ ခါတော် မီ ဝင်ရောက် လာသော Celebrity များ ရှေ့တန်းရောက်လာတာ တအံ့တသြ တွေ့ ရ၏ ။ (ကမ္ဘာ့နိုင်ငံရေး သုခမိန်များ ၏ အဆိုအရဆိုလျှင် နိုင်ငံရေး တွင် မယုံကြည်ရဆုံး၊ ဘက်အပြောင်းဆုံးနိုင်ဆုံးမှာ ရုပ်ရှင်၊ ဂီတ၊ မော်ဒယ် စသော Celebrity များ ဖြစ်သည်ဟူ၏ ။)
စစ်အစိုးရလက်ထက်တွင် ဒီမိုကရေစီ မကောင်းကြောင်း၊ နိုင်ငံရေး သမားများ မှာ တိုင်းပြည် အတွက် အဖျက်သမားများ သာ ဖြစ်ကြောင်း မကြာခဏ ပေါ်လစီရုပ်ရှင် ဇာတ်ကားများ တွင် စိတ်ပါ လက်ပါ သရုပ်ဆောင်ခဲ့သော မင်းသား၊ မင်းသမီး အချို့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့  ပြီး ဒီမိုကရေစီအရေး တော် ပုံကြီးတွင် သူတို့ ဘယ်လိုထောက်ခံခဲ့ကြောင်း လက်သီးလက်မောင်း တန်းကြသည်ကို အညတရ ထောင်ထွက် နိုင်ငံရေး သမားလေးတွေ သည် ငေးကြည့်နေရလေပြီ။
အချို့ကလည်း ကိုယ့်အမေအရင်း ပြောသော စကားကိုပင် ကျွန်မက နားမထောင်၊ အမေစု ပြောသည့် စကားကိုမှ မြေဝယ်မကျ နားထောင်ပါသည်ဟု ဟစ်ကြွေးလာကြလေရာ မျက်ကန်း တစ္ဆေမကြောက် ပြောသူက ပြောဝံ့၍ ယုံသူက ယုံကြသော်လည်း ကျွန်တော် ကတော့ဖြင့် ကိုယ့်မိခင်စကားကိုမှ နားမထောင်သူသည် အနန္တော အနန္တ ငါးပါးကို ဂရုစိုက်သူမဟုတ်၊ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားသူ ဖြစ်သဖြင့် ထောက်လည်း မထောက်ခံ၊ အယုံအကြည်လည်း မရှိပေ။ လူကြားကောင်းအောင် ပြောသော စကားများ သာ ဖြစ်ပေသည်။
ဒေါ်အောင်ဆန်းစုကြည် အနားတွင် လည်း အကြံကောင်း ဉာဏ်ကောင်းပေးနိုင်သော လူများ အနားမကပ်နိုင်ဘဲ ခရိုနီများ ၊ ကပ်ပါးရပ်ပါးများ ၊ ခါတော် မီ နိုင်ငံရေး သမားများ ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်သူများ ၊ စိန်နားကပ်အရောင် နှင့် ပါးပြောင်ချင်သူများ ၊ အခွင့်အရေး သမားများ ၊ Celebrity များ သာ ဝိုင်းဝိုင်းလည်နေပေသည်။
ကိုယ်တိုင်က အရည်အချင်းရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ၂၀၁၅ တွင် ဒေါ်အောင်ဆန်း စုကြည်အရှိန်၊ NLD အရှိန်ဖြင့် ဝင်တိုးလိုက်လျှင် အမတ် အချောင် ဖြစ်နိုင်သည်ဟု မျှော်လင့်ချက် ဖြင့် ဝင်ကပ်နေသူများ လည်း မရှားပေ။ တိုင်းပြည်ကို တကယ်ချစ်၍ ထောက်ခံသူများ ပင် မျက်စိ လည်နိုင်စေသော အခင်းအကျင်းများ ဖြစ်သည်။
ဤသို့ သော အခြေအနေတွင် မျက်စိရှင်သူများ က ကိုယ်မြင်သမျှ သိသမျှကို စေတနာဖြင့် သတိပေး ထောက်ပြသော အခါ ပြောဆိုဝေဖန်သူကို အပြစ်မလုပ်အပ်၊ ငါတို့အကျိုးကို လိုလားလို့ ပြောတာပါလားဟုသာ ခံယူအပ်၏ ။ မြန်မာ့နိုင်ငံရေး သမိုင်း၌ အင်အားအကြီးမားဆုံး ပါတီကြီးတစ်ခု ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီသည် သူ့ပါတီကို ဝေဖန်ထောက်ပြလာသူတိုင်းကို တောတွင်းသို့ မရမက ဖိတ်ခေါ်၍ ဖြုတ် ထုတ် သတ် လမ်းစဉ်ဖြင့် သားက အဖေကိုသတ်၊ တပည့်က ဆရာကို သတ်ဖြင့် ဘီလူးဆိုင်းတီး၍ ထွက်လိုက်ရာ တစ်ခါမှ အာဏာမရလိုက်ဘဲ အကွဲကွဲအပြားပြား ဖြစ်ကာ မလှမပ ဇာတ်သိမ်းသွားလေသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် လည်း ဝေဖန်ရေး ကို တစိုးတစိ လုပ်မိလျှင်သော်မှ ပါတီ၏ ရန်သူ သတ်မှတ်ပြီး ဒုက္ခမျိုးစုံပေးခဲ့ကြရာ မဆလပါတီ ဘယ်လို နိဂုံးချုပ်သွားသည်ကိုလည်း ပြောပြစရာပင် လိုမည် မဟုတ်ချေ။
ပါတီတစ်ခု၊ ပါတီခေါင်းဆောင် တစ်ယောက် ကို အမြဲတမ်း ပုဂ္ဂိုလ်ရေး ကိုးကွယ်ဆည်းကပ် နေခြင်းသည် ထိုပါတီကို ချစ်ရာမရောက်၊ နှစ် ရာရောက်နေပေသည်။ NLD ပါတီ၌ ဒေါ်အောင်ဆန်း စုကြည်ကို ကိုးကွယ်ကြခြင်းမှာ လိုသည်ထက် ပိုနေသည်ဟု ကျွန်တော် ထင်သည်။ မော်စီတုန်းကို ဘုရားတစ်ဆူ ဂူတစ်လုံးလို ကိုးကွယ်ခဲ့ကြသော တရုတ်ကွန်မြူနစ်ပါတီမှ လူငယ်လေးများ ကိုသာ သတိရမိလေသည်။ ဒီလှိုင်းစာစောင်ကို ထုတ်ဝေရာ၌ ပင် ဂျာနယ်မျက်နှာဖုံး၌ တစ်ခါလာလည်း ဒေါ်အောင်ဆန်းစုကြည်ပုံ ဖြစ်နေသည်။ မျိုးဆက်သစ် ပါတီဝင်များ ၏ ပုံကို မျက်နှာဖုံးတင်တာ တစ်ခါမှ မတွေ့ ဖူးပေ။ ဒေါ်အောင်ဆန်းစုကြည်ကို တကယ် ချစ်ကြပါမူကား မဟုတ်လျှင် မဟုတ်၊ မမှန်လျှင် မမှန်ဟု ပြောရဲကြဖို့ လိုပေမည် ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်၌ ကလည်း လက်ညှိုး ထောင် ခေါင်းညိတ်သမား သက်သက်များ ကို အလိုရှိမည် မဟုတ်ပေ။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ရတနာတစ်ပါး ဖြစ်သည်ကို ကျွန်တော် မငြင်းလို။ တိုင်းပြည်အတွက် တစ်ဘဝလုံး ပေးဆပ်အနစ်နာခံခဲ့သည်များ ကိုလည်း များ စွာ ချီးကျူး လေးစားသည်။ ကမ္ဘာက လေးစားရသော ရှားရှားပါးပါး ပညာတတ်ခေါင်းဆောင် တစ်ယောက် ဖြစ်သည်ကိုလည်း သဘောပေါက်သည်။ အနာဂတ် မြန်မာ့နိုင်ငံရေး တွင် လည်း ပညာတတ် အရပ်သား အစိုးရ အုပ်ချုပ်မှသာ တိုင်းပြည်ကောင်းစားမည် ကိုလည်း အကြွင်းမဲ့ ယုံကြည်သည်။
သို့ သော် ကျွန်တော် ပြောလိုသည်မှာ လူ တစ်ယောက် ကို မျက်စိမှိတ်ထောက်ခံနေမှ ချစ်ရာ ကျသည် မဟုတ်၊ ယထာဘူတကျကျ အမှန်အတိုင်း ကြည့်မြင်တတ်သော အဆင့်သို့ ကိုယ့် ဘာသာ မြှင့်ကြရမည် ဖြစ်သည်။
ယခု မြင်ရသည်ကား NLD ပါတီ၌ အပြန်အလှန် ထိန်းညှိမှု စနစ် (Check and Balance) ပျက်သုဉ်းနေသည်။ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီးသုံးရပ်မှာ သာ Check and Balance လိုသည် မဟုတ်၊ ပါတီကြီးတစ်ခု၏ အာဏာပိုင်အဖွဲ့အစည်းတွင် လည်း တစ်ဦးတည်း သဘောဖြင့် ပုံအပ်ထားခြင်းမျိုး မရှိဘဲ အပြန်အလှန် ထိန်းညှိစေရန် Check and Balance ရှိစေချင်သည့်သဘော ဖြစ်သည်။
ထိုသို့ ရှိလာစေရန် ပါတီသည် ပို၍ ပွင့်လင်းမြင်သာရှိဖို့၊ ကိုယ့်ပါတီကိုယ် ဝေဖန်ရေး ကို ရဲရဲလုပ်ကြဖို့၊ လူငယ်တွေ ကို ပို၍ လုပ်ပိုင်ခွင့်ပေးဖို့၊ ဗဟိုကော်မတီတွင် သတ်သတ်မှတ်မှတ် လုပ်ပိုင်ခွင့်များ ရှိဖို့၊ လူမှန် နေရာမှန် ရွေးချယ်ကြစေဖို့၊ လူ တစ်ယောက် ကို မူတည်၍ ပါတီကို မောင်းနှင်နေခြင်းမျိုးထက် ရေရှည်အစီအမံများ နှင့် ပါတီမူဝါဒများ ကို အခြေခံကာ လူထုကို ဦးဆောင်ကာ စည်းရုံးလှုပ်ရှားကြဖို့ ဆိုလိုရင်း ဖြစ်သည်။
NLD ဖွဲ့စည်းပုံသည် တိဗက် လွတ်လပ်ရေး လှုပ်ရှားမှု ကို ခေါင်းဆောင်သော ဆရာတော် ဒလိုင်းလားမားတို့ အဝေးရောက်တိဗက် အစိုးရနှင့် ခပ်ဆင်ဆင် တူသည်။ တိဗက်ပြည် လွတ်လပ်ရေး လှုပ်ရှားမှု ကို ဒလိုင်းလားမား ဆရာတော် တစ်ပါးတည်းကိုသာ အားထားပြီး လုပ်နေ ကြရာ ဆရာတော် အိုမင်းမစွမ်း ရှိလာသော အခါ သူ့နေရာ ဆက်ခံပြီး ထိထိရောက်ရောက် အလုပ် လုပ်မည့် သူ မရှိဘဲ နိုင်ငံရေး အရ ဆက်ခံမည့် သူမရှိ၍ တော် လှန်ရေး အညွန့်ကျိုးရတော့သည်။
၂၀၁၅ တွင် NLD ပါတီ နိုင်သည်ကို ကျွန်တော် မြင်လိုပါသည် ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်သည်ကို ကျွန်တော် မြင်လိုပါသည်။
လူ့အခွင့်အရေး နှင့် ဆတူ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးစဉ်းစားတာ ကျွန်တော် မြင်လိုပါသည်။ ထိုနည်းတူပင် ငါ့လူကို မထိနဲ့ဟု မျက်စိမှိတ်၍ အရာရာကို ထောက်ခံနေကြသော အစိုးရဘက်၊ အတိုက်အခံဘက်မှ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု များ ပပျောက်သွားကာ လူထက် မူကို ဦးစားပေး အုပ်ချုပ်ကြသည်ကို ကျွန်တော် မြင်လိုပါသည်။ တိုင်းပြည်ကလည်း ထိုသို့ ပင် မျှော်လင့် နေကြပါသည်။
အခန်း (၅)
စိတ်ကူးယဉ် ရုပ်ရှင်တွေ ထဲကလို အတိတ်ကာလကို သွား၍ ရသော စက်ယန္တရားရှိလျှင် ပြန်သွားလိုက်ချင်သည်။
လွန်ခဲ့သော ၂၅ နှစ် သြဂုတ်လသို့ ပြန်သွားကြည့်ချင်သည်။
စိတ်ကူးသည် လက်တွေ့ ထက် မြန်ဆန်လှသည် ဖြစ်ရာ ၁၉၈၈ သြဂုတ်လ ၈ ရက် (၈.၈.၁၉၈၈) သည် ကျွန်တော့် ရှေ့သို့ ရောက်လာ၏ ။ ကျွန်တော့် အသက်သည် များ စွာ ငယ်ရွယ် သွားသည်။ ထိုစဉ်က ကျွန်တော် သည် ၁၉ နှစ် ကျော်ကျော် ၂၀ စွန်းစ။ ရန်ကုန်တက္ကသိုလ် ပင်မဝင်း ထဲရှိ ပင်းယဆောင် အခန်း (၆) တွင် နေထိုင်ရင်း နိုင်ငံတကာဆက်ဆံရေး ပညာ အဓိကဖြင့် ပညာ သင်ကြားနေဆဲ ကျောင်းသား တစ်ယောက် ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်ကို ကျွန်တော် သည် စာတွေ ကဗျာတွေ ဖတ်ပြီး အလွန်ကို ရောက်ဖူးချင် လှသည်။ အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်၊ အင်းလျားကန်ပေါင်၊ ဦးချစ်လက်ဖက်ရည်ဆိုင်၊ ကံ့ကော် တော၊ သစ်ပုပ်ပင်တို့ကို ကြည့်ချင် ရောက်ချင် ခံစားချင်လွန်းသဖြင့် စာကြိုးစားခဲ့ရာ ၁၀ တန်း အောင်သော အခါ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခွင့် ရခဲ့သည်။ အဆောင်နေ ကျောင်းသားအ ဖြစ် ပင်မတက္ကသိုလ်ဝင်းထဲရှိ ပင်းယဆောင်တွင် ကျောင်းအိပ်ကျောင်းစား နေထိုင် ခွင့် ရခဲ့ပါသည်။
မူလက ကျွန်တော် တို့သည် အဆောင်ကြေးအ ဖြစ် တစ်လလျှင် နေစရိတ်၊ စားစရိတ်ငြိမ်း ၁၂၀ ကျပ်သာ ပေးသွင်းရပါသည်။ ကျွန်တော် ရန်ကုန်တက္ကသိုလ်သို့ စတင်ရောက်ရှိသော ကာလ မှာ ၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ဖြစ်ပါသည်။ နောက်တော့ အဆောင်ကြေးမှာ တစ်လလျှင် ၄၂၀ ကျပ် ဖြစ် သွားပါသည်။ ကျွန်တော် တို့သည် တစ်ချိန်တည်းတွင် ညီအစ်ကိုနှစ် ယောက် တစ်ပြိုင်တည်း ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည် ဖြစ်ရာ ကျွန်တော့် မိဘများ သည် များ စွာ ကသီလင်တ နိုင်ကာ တစ်ခါတစ်ရံ တစ်ယောက် လျှင် လကုန်သည်အထိ ငွေ ၁၀၀၀ ခန့်သာ ပို့နိုင်ပါသည်။ ထိုသို့ အိမ်မှ ငွေသိပ်မပို့နိုင်သော်လည်း နေရေး စားရေး အဘက်ဘက်က အဆင်ပြေသည်မှာ အစိုးရက အဆောင်ပေးထားပြီး နေရေး စားရေး မပူပင်ရသော ကြောင့် ဖြစ်သည်။
ယခုခေတ်လို အပြင်ဆောင်မှာ နေ၊ ကိုယ့်ထမင်းကိုယ် ဝယ်စား၍ မြို့ပြင်မှာ ကားခများ စွာ ကုန်ကာ ကျောင်းတက်ရလျှင် ကျွန်တော် တို့ ဘွဲ့ပင်ရပါ့မလား မသိပါ။
ကျွန်တော် တို့တွင် ညီအစ်ကို သုံးယောက် ရှိရာ ညီအငယ်နှင့် အလတ်မှာ ရန်ကုန် တက္ကသိုလ်သို့ ရောက်သော်လည်း အစ်ကိုကြီးမှာ ပညာရေး မှာ ကံမပါပါ။ သို့ သော် ညီနှစ် ယောက် ကျောင်းစရိတ်အတွက် တတ်နိုင်သလောက် ထောက်ပံ့ခဲ့ပါသည်။
မှတ်မှတ်ရရ ဖြစ်နေသော အ ဖြစ်အပျက်နှစ် ခုမှာ ကျောင်းပြန်ဖွင့်ချိန်၌ ကျောင်းစရိတ် အခက်အခဲ ဖြစ်နေသော အခါ အစ်ကိုသည် သူစီးနေသော Pheasant စက်ဘီးကို သွားပေါင်ကာ ကျောင်းစရိတ် ပေးခဲ့ပါသည်။ နောက်တစ်ခါတွင် လည်း ကျွန်တော် တို့ ကျောင်းတက်ရမည့်  အချိန်နှင့် သူ သုံးလုံးထီပေါက်သော အချိန် အံကိုက် ဖြစ်နေရာ ချဲထီပေါက်သော ငွေကို မသုံးဘဲ ကျွန်တော် တို့အား ပေးလိုက် ပါသည်။ ပြည်မြို့မှ ဦးဘမောင် ပရဆေးဆိုင်ပိုင်ရှင်၏ သား ဖြစ်သူ အဆိုတော် ကိုဇာနည်ကလည်း ကျွန်တော် တို့ကို အမြဲ ကျောင်းစရိတ် ထောက်ပံ့ပါသည်။
ရန်ကုန်တက္ကသိုလ်တွင် ပျော်ရွှင်ကြည်နူးစွာ ဖြင့် ပထမနှစ် စာသင်တန်းကို စတင်တက်နေ စဉ် သုံးလခန့်ရှိသော အခါ ဖုန်းမော်အရေး အခင်း စတင် ဖြစ်ပွားပါသည်။ အစပိုင်းတွင် စက်မှု တက္ကသိုလ်ကျောင်းသားများ နှင့် သာ သက်ဆိုင်သော ကိစ္စတစ်ခုလို ဖြစ်နေရာမှ အစိုးရ၏ ကိုင်တွယ် ပုံကို မကျေနပ်ကြသော ကြောင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) နှင့် ရန်ကုန်တက္ကသိုလ် (ပင်မ) ဝင်းအတွင်း ကျောင်းသားအရေး မှာ တဖြည်းဖြည်း ကျယ်ပြန့်ကြီးထွားလာပါသည်။ ကျွန်တော် တို့ စာသင်ခန်းများ ရှိရာ လှိုင်နယ်မြေ (RC 2) တွင် လည်းကောင်း၊ နေထိုင်ရာ ရန်ကုန်တက္ကသိုလ် ပင်မဝင်း (R.A.S.U) ထဲတွင် လည်းကောင်း အစိုးရဆန့်ကျင်ရေး ပိုစတာများ ၊ ကြေညာချက်များ ဟိုမှသည်မှ ပေါ်လာပါသည်။ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု ကြီးတစ်ခုသည် တစ်စုံတစ်ရာ ကြီးကြီး မားမား ပေါ်ထွန်းတော့မည် ဟု ကျွန်တော် တို့ အသိအာရုံထဲတွင် အနံ့တစ်ခုရသလို ဖြစ်နေသည်။
ထိုစဉ်က ကျောင်းသား အတော် များများ သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကို အကြည်ညို ပျက်နေကြပါသည်။ ငွေစက္ကူများ ကို နှစ် ကြိမ်တိုင်တိုင် တရားမဝင် ကြေညာခဲ့ခြင်း၊ ကျောင်းသားသမဂ္ဂကို ဗုံးခွဲဖျက်ဆီးခဲ့ခြင်း၊ သမဝါယမစနစ်ကြောင့် လူတို့ အသုံးအစွဲ ကျပ်တည်း ခြင်း၊ ပါတီကောင်စီဝင်ဆိုသူများ က အာဏာအလွဲသုံးစားလုပ်ခြင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှတွင် အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံမှ အဆင်းရဲဆုံး နိုင်ငံတစ်ခုအ ဖြစ် ဇောက်ထိုးဆင်းခဲ့ရခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း မရှိသလောက် ဖြစ်နေခြင်း၊ ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ် ခံထားရခြင်းတို့ကြောင့် ကျောင်းသားများ (အထူးသဖြင့် ပညာတတ် တက္ကသိုလ်ကျောင်းသားများ ) သည် အစိုးရကို အမြင်မကြည်လင်ပါ။ အကြည်ညို ပျက်နေကြပါသည်။
သေချာသည့်ကိစ္စတစ်ခုမှာ ရန်ကုန်တက္ကသိုလ်ဝင်းထဲသို့ မည် သည့်ကွန်မြူနစ်တစ်ဦးကမှ လာ၍ ဆွဲဆောင်စည်းရုံးခြင်းလည်း မရှိ၊ အစိုးရကို တော် လှန်ရန် မြှောက်ပင့်ပေးခြင်းလည်း မရှိပါ။ ကျောင်းသားများ သည် နှစ် ပေါင်းများ စွာ တည်ရှိလာသော ခွပ်ဒေါင်းစိတ်ဓာတ်ဖြင့် ကိုယ့်အသိနှင့် ကိုယ် အလိုလို ပါဝင်လာကြခြင်း ဖြစ်သည်။
၁၉၈၈ ဇွန်လထဲတွင် ကျောင်းထဲ၌ ဟိုစုစု၊ သည်စုစု ဖြစ်ကာ လူချင်းတွေ့ လိုက်သည်နှင့် ဖုန်းမော်တို့ ကျဆုံးသည့်အကြောင်း၊ ကျောင်းသားသပိတ်မှော က်ြ ကတော့မည့် အကြောင်း၊ ဗိုလ်ချုပ် အောင်ကြီး၏ ဦးနေဝင်းသို့ အိတ်ဖွင့်ပေးစာများ အကြောင်းကို ကျောင်းသားများ အဓိကထား ပြောဆိုဆွေးနွေးကြပါသည်။ ထိုစဉ်က ဗိုလ်ချုပ်အောင်ကြီးမှာ ကျောင်းသားတို့အကြား ဟီးရိုး ဖြစ်ကာ အတော် ရေပန်းစားနေပါသည်။ ကျွန်တော် တို့တစ်သက်လုံး တစ်ခါမှ မကြားခဲ့ဖူးသော မ.ဆ.လ ပါတီကို ပစ်ပစ်ခါခါ ဝေဖန်သော စာများ ကို ဖတ်ရသော အခါ ကျွန်တော် တို့သည် ကြက်သီး ဖြန်းဖြန်းထကာ ဦးအောင်ကြီးကို ထောက်ခံခဲ့ပါသည်။
ထိုစဉ်က ကျောင်းသားလှုပ်ရှားမှု များ သည် တက္ကသိုလ်ဝင်းထဲမှာ သီးသန့် ဖြစ်ပွားနေခြင်း ဖြစ်ပြီး ပြင်ပ နိုင်ငံရေး လောကနှင့် မချိတ်ဆက်မိသေးပါ။ ပြင်ပတွင် လည်း ဦးအောင်ကြီးမှလွဲ၍ တက်ကြွလှုပ်ရှားသူ၊ အာဏာရပါတီကို ဗြောင် ဝေဖန်ကန့်ကွက်ရဲသူ တစ်ယောက် မှ မရှိပါ။ ရှစ်လေးလုံးအရေး တော် ပုံ ဖြစ်ပြီးမှ ခေါင်းဆောင်တော် တော် များများ ပေါ်ပေါက်လာကြခြင်း ဖြစ်ကာ ထိုခေါင်းဆောင်များ သည်လည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့ သိပ်ပြီး စည်းလုံးညီညွတ်ခဲ့ကြသည် မဟုတ်ပါ။
နေ့တိုင်း နေ့တိုင်း ရန်ကုန်တက္ကသိုလ် ပင်မဝင်းထဲတွင် ကျွန်တော် တို့တွေ့ ရသော ကိစ္စ တစ်ခုမှာ တရားဟောခြင်း ဖြစ်သည်။ တရားဟောသော နေရာမှာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ရှေ့ ကံ့ကော်တောတွင် ဖြစ်သည်။ အပန်းဖြေရိပ်သာ (R.C) ရှေ့တွင် လည်း ဟောပြောကြပါသည်။ (နောင်အခါ ကျောင်းများ ပိတ်ပြီး ပြန်ဖွင့်သော အခါ အပန်းဖြေရိပ်သာ ခေါင်မိုးပေါ်တီကိုပေါ်တွင် ကျောင်းသားများ တက်ရောက် တရားမဟောနိုင်ရန် သံဆူးချောင်းများ စိုက်ထားတာ တွေ့ ရလေသည်။)
ပထမတွင် ခေါင်းဆောင်ရယ် ဘာရယ်မရှိ၊ ကျောင်းသား၊ ကျောင်းသူများ သည် ဟိုနားစုစု၊ သည်နားစုစုဖြင့် စာကြည့်တိုက်တစ်တိုက်၊ အဓိပတိလမ်းတစ်ဝိုက်တွင် နေရာယူထားရာမှ တစ်ခဲနက် လက်ခုပ်သံကြီးကို ကြားရ၍ ကြည့်လိုက်လျှင် စိတ်အားထက်သန်သော ကျောင်းသား တစ်ယောက် ၊ သို့ မဟုတ် ကျောင်းသူ တစ်ယောက် သည် ထိုင်ခုံတန်းလျားတစ်ခုပေါ်သို့ တက်၍ မတ်တတ်ရပ် နေရာယူထားလိုက်သည်ကို တွေ့ ရပေပြီ။ ထိုကျောင်းသားကလည်း ကျောင်းသား များ ကို အစိုးရက ဖိနှိပ်သော စကားများ ကို အားရပါးရ ဟောပြောလေ၏ ။ ထိုကျောင်းသား အဟောကောင်းလျှင် ကောင်းသလို နားထောင်သူ ကျောင်းသားများ က လက်ခုပ်လက်ဝါးများ တီးကာ အော်ဟစ်ထောက်ခံကြလေသည်။
ကျွန်တော် တို့ အဆောင်မှ လူများ မှာ အဓိကအားဖြင့် နားထောင်သမားများ ဖြစ်ကြသည်။ တချို့မှာ နားထောင်ဖို့ပင် ခေါ်၍ မရ၊ ခပ်ဝေးဝေးမှာ ရှောင်နေသူအချို့လည်း ရှိကြသည်။ အများ အားဖြင့် တော့ ရန်ကုန်တက္ကသိုလ်ပင်မဝင်းထဲမှ ကျောင်းသား၊ ကျောင်းသူ အတော် များများ မှာ မည် သူကမှ စည်းရုံးမခေါ်ငင်ကြပါဘဲ မိမိဆန္ဒအလျောက် ရောက်လာကြသည်သာ များ ပေသည်။
ထိုသို့ နေ့စဉ် အစိုးရဆန့်ကျင်ရေး တရားများ ဟောကြပြီး ဇွန်လ ၁၅ ရက်နေ့တွင် ကျောင်းထဲမှာ တရားဟောဆန္ဒပြနေရာမှ ကျောင်းအပြင်သို့ ထွက်ပြီး ဆန္ဒပြသင့် မပြသင့် ဆွေးနွေး ကြပါသည်။ ကျောင်းသားအချို့က အပြင်မထွက်ချင်၊ ကျောင်းထဲမှာ ဘေးအန္တရာယ်ကင်းသည်၊ အပြင်သို့ ထွက်၍ ဆန္ဒပြပါက အစိုးရက အင်အားသုံးဖြိုခွင်းနိုင်သည်ကို ထောက်ပြကြသည်။ သို့ သော် ထိုစကားမှာ နားမဝင်၊ သွေးဆူနေသော ကျောင်းသားအများ စုမှာ အပြင်သို့ ထွက်၍ ဆန္ဒ ပြရန် ဆုံးဖြတ်လိုက်ကြသည်။ နောက်တစ်နေ့ ၁၉၈၈ ဇွန်လ ၁၆ ရက်တွင် ကျောင်းဝင်းအပြင် ထွက်မည့်  သတင်းမှာ ကျောင်းသားများ အကြား အထူးပင် ဂယက်ရိုက်သွားလေသည်။
ကျွန်တော် တို့လည်း မနက်ဖြန် ကျောင်းသားများ အပြင်ထွက်လျှင် ဘာပဲ ဖြစ် ဖြစ် လိုက်ကြ မည် ဟု ဆုံးဖြတ်လိုက်ကြပါသည်။ သို့ သော် ကံကောင်းသည်လား၊ ကံဆိုးသည်လား မသိ၊ ထိုနေ့ ညနေတွင် အဆောင်သို့ ဧည့်သည်လာသည်ဆိုသဖြင့် ဧည့်ခန်းသို့ သွားကြည့်သော အခါ နယ်မှ လိုက်လာသော ကျွန်တော့် မိဘနှစ် ပါးကို တွေ့ ရလေသည်။ ကျွန်တော့် အမေကို တွေ့ ရသည်မှာ မဆန်းသော်လည်း အဖေပါ လိုက်လာသည်ကား နည်းနည်း ထူးဆန်းနေလေသည်။ အမေသည် လစဉ် ကျွန်တော် တို့ ညီအစ်ကိုရှိရာ ပင်းယဆောင်နှင့် ရွှေဘိုဆောင်သို့ အရောက်လာကာ စားစရာ သောက်စရာများ လာပို့ပေးသော်လည်း အဖေသည် ထိုသို့ လာရောက်လေ့ မရှိပါ။ အဝေးမှနေပြီး ငွေပို့လေ့ရှိသူ ဖြစ်သည်။ ကျွန်တော် တို့နှင့် လက်ပွန်းတတီး နေတတ်သူလည်း မဟုတ်ပါ။ ယခု ဖြစ်ပုံမှာ ကျွန်တော် တို့က ကျောင်းဝင်းထဲမှာ နေကာ ပတ်ဝန်းကျင်ကို ဂရုမထားမိသော်လည်း ကျောင်းသားများ ဆန္ဒပြသော သတင်းက နယ်မြို့များ တွင် ဟိုးဟိုးကျော် ပျံ့နှံ့နေ၏ ။ ဘီဘီစီ၊ ဗီအိုအေမှ ထုတ်လွှင့်ချက်များ နှင့် ကောလာဟလ ပါးစပ်သတင်းများ ပေါင်းစပ်လိုက်သော အခါ စပ်စပ် စပ်စပ်သမား ကျွန်တော့် အတွက် စိတ်မချသော မိခင်ကြီးနှင့် ဖခင်ကြီးတို့သည် မည် သို့ မျှ အေးအေးမနေနိုင်တော့ဘဲ ရန်ကုန်သို့ လိုက်ချလာကာ ကျွန်တော့် ကို လာခေါ်ကြခြင်း ဖြစ်သည်။ ကျွန်တော် လည်း မလိုက်လိုကြောင်း ပြောသေးသော်လည်း ဖခင်ကြီးက အခုတစ်ခါတည်း လိုက်ခဲ့ ရမည် ဟု ရာဇသံထုတ်သော ကြောင့် ကျွန်တော် သည် မိဘများ နှင့် ပြည်မြို့သို့ ပြန်လိုက်ခဲ့ရ လေသည်။
နောက်တစ်နေ့ ကျွန်တော် ရန်ကုန်-ပြည် အမြန်ရထားပေါ်တွင် ရှိနေဆဲဝယ် မြန်မာနိုင်ငံ ကျောင်းသားသမိုင်းမှာ ဖြင့် သွေးစွန်းသော တံတားနီအရေး အခင်းသည် ဖြစ်ပွားခဲ့ရလေသည်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှ အပြင်ထွက်ကာ ဆန္ဒပြကြမည့်  ကျောင်းသားများ နှင့် ပူးပေါင်းရန် လှိုင်နယ်မြေဘက်မှ ချီတက်လာသော ကျောင်းသား၊ ကျောင်းသူ လူအုပ်စုကြီးကို လုံထိန်းရဲတပ်ဖွဲ့ ဝင်များ သည် ပြည်လမ်း၏ တစ်ဖက်တစ်ချက်မှ ညှပ်ပိတ်ကာ ရက်ရက်စက်စက် လူမဆန်သော ရာဇဝတ်မှု ကြီးကို ကျူးလွန်ခဲ့ကြပေသည်။ လက်နက်မဲ့ ကျောင်းသား၊ ကျောင်းသူများ အား နံပါတ် တုတ်များ ဖြင့် ရက်ရက်စက်စက် ရိုက်နှက်ဖြိုခွဲ ဖမ်းဆီးခဲ့ရာ သေဆုံးသူများ မှာ မြင်မကောင်းအောင် ရှိတော့သည်။ တစ်ဖက်တွင် ရပ်ကွက်၊ တစ်ဖက်တွင် အင်းလျားကန်ပေါင်အတွင်းသို့ ညှပ်ပူး ညှပ်ပိတ် ကျရောက်သွားသော ကျောင်းသား၊ ကျောင်းသူများ မှာ လုံထိန်းတို့၏ မတရားရိုက်နှက် ဖမ်းဆီးခြင်းကို ခံကြရသည်။
မှတ်တမ်းမှတ်ရာ တိတိကျကျ မရှိ၍ ဘယ်နှယောက် သေသည်ဟု မသိရသော်လည်း သေဆုံးသူမှာ အတော် များ သည်။ ရိုက်နှက်ပြီး အချုပ်ကားထဲသို့ ပစ်ထည့်သဖြင့် လူချင်းထပ်ကာ အသက်ရှူကျပ် သေသော သူများ လည်းရှိကြောင်း န.ဝ.တ အစိုးရလက်ထက် သတင်းစာရှင်းလင်း ပွဲတစ်ခုတွင် ဝန်ခံခဲ့သည်။
ထိုအ ဖြစ်အပျက်များ ကို မျက်ဝါးထင်ထင် မြင်ရသဖြင့် မျက်မြင်သက်သေ ဖြစ်နေခဲ့သော အင်းလျားကန်စောင်းရှိ မိုးလေဝသနှင့် ဇလဗေဒမျှော်စင်ကြီးကို လက်စဖျောက်သည့်အနေဖြင့် ဖျက်ပစ်ပြီး ထိုနေရာတွင် I.B.C (International Business Centre) အဆောက်အအုံကြီး ချက်ချင်း ဆောက်ပစ်လိုက်သည်။ ဆူးလေဘုရားမှ ကျည်ဆန်ရာများ ကို ဖျောက်ဖျက်သည့် အနေဖြင့် ၈၈ အရေး အခင်း ပြီးသော အခါ ဘက်စုံမွမ်းမံပြင်ဆင်ရေး ဟု အမည် လှလှပေးကာ သေနတ်ကျည်ဆန်ရာများ ကို ဖျောက်ဖျက်ပစ်ခဲ့သေးရာ ထိုလုပ်ရပ်များ မှာ မြန်မာတစ်ပြည်လုံးတွင် တစ်ပုံစံတည်း ဖြစ်သည်။
အာရှအလင်းဂျာနယ်၊ ၁၀.၈.၂၀၁၃
![]() တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းမားလား ဘ၀ဇာတ်ကြောင်း | ![]() ဒီမိုကရေစီသို့ အိတ်ဖွင့်ပေးစာ နှင့် အခြားဆောင်းပါးများ | ![]() နောက်ဆုံးရှင်းတမ်း |