(ဘာသာပြန်သူ၏ အမှာ စာ)
စာရေး ဆရာမ Stephenie Meyer သည် Twilight ဇာတ်လမ်းတွဲ လေးတွဲ ရေး သားခဲ့ရာ ဤစာအုပ် Breaking Dawn သည် စတုတ္ထနှင့် နောက်ဆုံးစာအုပ် ဖြစ်ပါသည်။ ရှေ့စာအုပ်များ ဖြစ် သည့် Twilight, New Moon နှင့် Eclipse စာအုပ် သုံးအုပ်ကို ကျွန်တော် ဘာသာပြန်ခဲ့ပြီး ဖြစ် သည်။
ထိုစာအုပ်များ ကို ဘာသာပြန်ရာတွင် ၀တ္ထု ခေါင်းစဉ်များ ကို မူရင်းအတိုင်း တိုက်ရိုက် ဘာ သာမပြန်ဘဲ စာအုပ်တစ်အုပ်လုံး၏ ဇာတ်လမ်းကို ခြုံငုံမိစေမည့်  အမည် များ ကို မှည့်ခေါ်ခဲ့ပါသည်။ ထို့ကြောင့် Twilight (ဆည်းဆာရောင် ခြည်) ကို `ကမ္ဘာခြားနေတဲ့ ချစ်သူ´ ဟု လည်းကောင်း၊ New Moon (ဆန်းသော်တာ) ကို `လမင်းနှင့် ၀ံပုလွေ´ ဟု လည်းကောင်း၊ Eclipse (နေကြတ်/ လကြတ်ခြင်း)ကို `၀ံပုလွေနှင့် သွေးမုဆိုး´ ဟူ၍ လည်းကောင်း အမည် ပေးခဲ့ပါသည်။
ယခုစာအုပ် Breaking Dawn (အရုဏ်ကျင်းပြီး) ကိုလည်း `နောက်ဆုံး ရှင်းတမ်း´ ဟု ဆီ လျော်သည့် အမည် ကို ပေးခဲ့ပါသည်။ ဘာသာပြန်ရာတွင် မူရင်းဝတ္ထုမှာ A4 စာရွက်ဖြင့် စာမျက်နှာ ပေါင်း ၅၅၀ ခန့်ရှိပြီး ထုထဲလှသဖြင့် ဇာတ်လမ်းကို တိုက်ရိုက်အထောက်အကူမပြုသော အပိုဆာ ဒါများ ကို ချုံ့ကာ တတ်နိုင်သမျှ မူရင်းအရသာမပျက်ရအောင် ဘာသာပြန်ခဲ့ပေသည်။
ဤ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်သော အခါ မူရင်း စတုတ္ထစာအုပ်မှာ ဇာတ်လမ်း ရှည်လျားလှသ ဖြင့် Breaking Dawn အပိုင်း-၁၊ အပိုင်း-၂ ဟု ခွဲကာ ရုပ်ရှင်နှစ် ကား ရိုက်ကူးပြသမည် ဟု ကြားရပါ သည်။ ဤစာအုပ်ကို ဘာသာပြန်နေချိန်တွင် ရုပ်ရှင်မထွက်သေးပါ။
မူရင်းစာရေး ဆရာ၏ ၀တ္ထုတွင် ဤစတုတ္ထတွဲ ကို စာအုပ် နှစ် အုပ် (အပိုင်း-၁၊ အပိုင်း-၂ ဟူ ၍ ) ခွဲ၍ ထုတ်ဝေခြင်း မဟုတ်ဘဲ တစ်တွဲ တည်း ရေး သားထုတ်ဝေခြင်း ဖြစ်သဖြင့် ဘာသာပြန်သော အခါတွင် လည်း မူရင်းစာရေး ဆရာ၏ အာဘော်အတိုင်း တစ်အုပ်တည်းသာ အစ အဆုံး ရေး သား ပြန်ဆို လိုက်ရပေသည်။
သရ၀ဏ်(ပြည်)
၁၈-၆-၂၀၁၁
အခန်း (၁)
ငါ့ကို ဘယ်သူမှ ကြည့်မနေဘူးဟု ကျွန်မကိုယ် ကျွန်မ အားပေးရသည်။ ငါ့ကို ဘယ်သူမှ ကြည့်မနေဘူး။ ငါ့ကို ဘယ်သူမှ ကြည့်မနေဘူး။
ဒါပေမဲ့ ကျွန်မစိတ်ကို ကျွန်မ မလုံသဖြင့် ပတ်ဝန်းကျင်ကို မသိမသာ ကြည့်မိသည်။ မှန်ပါ သည်။ ကျွန်မဘာသာ တစ်မြို့လုံးကို ရှိုးတိုးရှန့်တန့် ဖြစ်နေခြင်းပင် ဖြစ်ပါသည်။ ဘယ်သူကမှ ကျွန် မကို အရေး လုပ်ပြီး ကြည့်မနေပါ။ ကျွန်မ အသိ တစ်ယောက် ကတော့ မီးပွိုင့်မှာ ကားရပ်နေစဉ် ကျွန်မကို စိုက်ကြည့်နေသည်။ တကယ်တော့ ကျွန်မ ကားမှာ မှန်မည်းများ တပ်ဆင်ထားသဖြင့် ကားထဲမှာ ကျွန်မ ရှိနေတာကိုပင် သူ သိချင်မှသိပေလိမ့်မည် ။ ကျွန်မကားကိုသာ စိုက်ကြည့်နေ တာ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည် ။
ကျွန်မ ကား…
လမ်းဖြတ်ကူးသူ နှစ် ယောက် က မီးစိမ်းသည့်တိုင်အောင် ဖြစ်မကူးကြသေးဘဲ ကျွန်မကား ကိုသာ ကျောက်ရုပ်သဖွယ် ရပ်လျက် ကြည့်ကျန်ခဲ့ကြသည်။ ကျွန်မလည်း မူလဦးတည်ရာ ဓာတ် ဆီဆိုင်ဆီသို့ မောင်းလာခဲ့၏ ။ လီဗာကို အသာဖိနင်းလိုက်သည်နှင့် ကားမှာ ရှေ့သို့ တစ်ရှိန်ထိုး ထွက်သွားရာ ကျွန်မမှာ ထိုင်ခုံနောက်မှီနှင့် ပင် ဆောင့်မိ သွားပါသည်။ လူတွေ နှင့် တွေ့ ရမှာ စိုးသ ဖြင့် ဤရက်ပိုင်းအတွင်း ကျွန်မ အပြင်သို့ သိပ်မထွက် ဖြစ်ပါ။
ဓာတ်ဆီဆိုင်မှာ ကိုယ်တိုင် ပန့်ကိုင်ကာ အမြန်ဖြည့်လိုက်သည်။ မြန်မြန် ဆီဖြည့်၊ မြန်မြန် အိမ်ပြန်မည် ။
“တစ်ဆိတ်လောက် ခင်ဗျာ”
ကားဘေးတွင် အ၀တ်အစား သပ်ရပ်စွာ ၀တ်ဆင်ထားသော လူငယ်နှစ် ယောက် ရပ်နေ သည်။ တစ်ယောက် က ပုပု၊ တစ်ယောက် က ရှည်ရှည်။ နှစ် ယောက် စလုံး ကျွန်မကို ကြည့်မနေပါ။ ကျွန်မ ကားကိုသာ စိုက်ကြည့်နေပါသည်။ ကျွန်မသည် ကားများ ၏ တံဆိတ်ကို ကြည့်၍ တိုယိုတာ၊ ဖို့ဒ်၊ ရှဗီး စသည်ဖြင့် ခွဲတတ်ရုံသာ ရှိသော်လည်း ကားအကြောင်း သိပ်သိသူ တစ်ယောက် မဟုတ် ပါ။
“နှောင့်ယှက်တယ်လို့တော့ မထင်ပါနဲ့ ခင်ဗျား… ဒီက ညီမ စီးလာတဲ့ ကားအမျိုးအစားကို သိပါရစေ”
ဟု အရပ်ရှည်ရှည်နှင့် လူက ယဉ်ယဉ်ကျေးကျေး ခွင့်ပန်၏ ။
“သြော်… မာစီဒီးကားပါ ၊ ဟုတ်တယ် မဟုတ်လား”
“ဟုတ်ပါတယ်၊ ကျွန်တော် ဆိုလိုတာက ခင်ဗျား စီလာတာ မာစီဒီးဂါဒီယန် (Marcedes Guardian) လားလို့ပါ”
ထိုလူက ကားနာမည် ကို သေချာပေါက် သိနေသလို ပြော၏ ။ ကျွန်မ အမျိုးသား အက်(ဒ်)- ၀ပ်ကယ်လန် (အမှန်တော့ ဤစကားမှာ အပြည့်အ၀ မမှန်ပါ။ အက်(ဒ်)၀ပ်နှင့် ကျွန်မ လက်ထပ်ဖို့ ရက်အနည်းငယ် လိုပါသေးသည်။) နဲ့ဆိုရင်တော့ ကားဝါသနာတူသူချင်း အဖွဲ့ကျမှာ သေချာ သည်။
“ဒီကားမျိုးက ဥရောပမှာ မရောင်းသေးဘူးဗျ၊ ဒီတစ်စီးပဲ တွေ့ ဖူးသေးတယ်”
သူ ပြောမှပဲ ကိုယ့်ကားကို ကိုယ် ပြန်ကြည့်မိသည်။ ကျွန်မ မျက်စိထဲမှာ တော့ ဤကား သည် အခြား မာစီဒီးကားများ နှင့် ဘာမှ မထူးခြားပေ။ သို့ သော် ကျွန်မ ကားအကြောင်း ဘာများ သိသနည်း။
“ကျွန်မ မသိပါဘူးရှင်”
ဟုသာ ရိုးသားစွာ ဖြေလိုက်တော့သည်။
“စိတ်မရှိဘူးဆိုရင် ကားကို ဓာတ်ပုံတစ်ပုံလောက် ရိုက်ပါရစေ ခင်ဗျာ”
ကျွန်မက ခဏ စဉ်းစားလိုက်ပြီး -
“ရှင် ဆိုလိုတာက ရှင့်ပုံကို ကားနဲ့ တွဲ ပြီး ရိုက်ချင်တာ ဟုတ်လား”
ဟု မေးလိုက်၏ ။
“ဟုတ်ပါတယ် ခင်ဗျ၊ သက်သေမပြနိုင်ရင် ဘယ်သူမှ ကျွန်တော် ပြောတာကို ယုံမှာ မဟုတ်လို့ပါ”
“ရတယ်လေ၊ ရိုက်ပါ”
ကင်မရာ အကောင်းစားတစ်ခုကို ထုတ်၍ ထိုလူ နှစ် ယောက် မှာ ကားရှေ့တွင် အိုက်တင် ပေးရင်း တစ်ယောက် တစ်လဲ ဓာတ်ပုံရိုက်နေကြသည်။ ရှေ့မှ ရိုက်ပြီးတော့ ကားနောက်သို့ သွား ရိုက်ပြန်သည်။
“ငါ့ ကားဟောင်းကြီးကို လွမ်းလိုက်တာ”
ဟု ကျွန်မဘာသာ တီးတိုး ပြောမိသည်။
ဟုတ်သည်။ ကျွန်မ၏ ကားဟောင်းကြီးမှာ သက်သော င့်သက်သာ ရှိသည်။ တော် တော် ကို အဆင်ပြေသည်။ အက်(ဒ်)၀ပ်၏ အဆိုအရတော့ ကျွန်မ ကားသည် ဟောင်းနွမ်းလှပြီ။ ကားသက် တမ်းမှာ လည်း ကုန်လွန်နေပြီ။ ဒီလောက် သက်တမ်း ရောက်လာတာပင် တော် လှပြီ။ ကားမှာ အ ချိန်မရွေး ထိုးရပ်သွားနိုင်သည်ဟု ဆိုကာ မရမက ကားအသစ်တစ်စီး ၀ယ်ပေးခဲ့ခြင်း ဖြစ်သည်။ ကျွန်မ ကားမှာ ဟောင်းလှပြီ ဖြစ်သော်လည်း ကျွန်မ၏ လက်စွဲတော် စက်ပြင်ဆရာလေးသာ ရှိခဲ့ လျှင် ယခုလို စွန့်ပစ်ရမည် မဟုတ်။ သူ ပြင်ပေးလျှင် ကားက အမြဲကောင်းနေမည် ဟု ကျွန်မ ယုံ ကြည်ပါသည်။
ကျွန်မ ခေါင်းထဲသို့ ရောက်လာသော ထိုအတွေးများ ကို ရင်နာနာနှင့် မောင်းထုတ်လိုက်ရ သည်။ လောလောဆယ်တော့ အာရုံ ပြောင်းသွား အောင် ကားကို ဓာတ်ပုံရိုက်နေသော လူနှစ် ယောက် ၏ စကားများ ကိုသာ ဘာရယ်မဟုတ် နားထောင်နေမိသည်။
“ဆေးက သိပ်ကောင်းတယ်ကွာ၊ ပတ်ကားပဲ၊ မီးတောက်ထဲကိုတောင် ဖြတ်မောင်းနိုင်မယ့် ပုံမျိုးပဲ၊ ဒီကားက အရှေ့အလယ်ပိုင်းက သံတမန်တွေ ၊ လက်နက်ကုန်သည်တွေ ၊ မူးယစ်ရာဇာ တွေ အများ ဆုံး ၀ယ်သုံးမှာ ပဲ၊ ဒီမှာ တော့ ဒီတစ်စီးပဲ မြင်ဖူးသေးတယ်”
“အေးကွ… ဒီအမျိုးသမီးက အကောင်ကြီးကြီးထဲက ဖြစ်နိုင်တယ်”
“ဟုတ်ရင် ဟုတ်မှာ ပေါ့ကွာ၊ ငါ စဉ်းစားလို့ မရတာ က ဒီလိုနေရာမှာ ဒုံးကျည်ကာမှန်တွေ ပေါင် ၄၀၀၀ ထောင်လောက် လေးတဲ့ သံချပ်ကာအင်္ကျီလို ဟာတွေ က ဘာလုပ်ရမှာ လဲ၊ ဒီထက် အန္တရာယ်များ တဲ့ နေရာကိုများ သွားမလို့လား မသိပါဘူး”
အက်(ဒ်)၀ပ် ဘာကြောင့် ကျွန်မကို ဒီကား ၀ယ်ပေးခဲ့သလဲ ဆိုတာ နည်းနည်း ရိပ်မိသလို ရှိလာသည်။ သူနှင့် လက်မထပ်ခင်အချိန်အထိ ကျွန်မမှာ အချိန်မရွေး အန္တရာယ် ကျရောက်လာ နိုင်သဖြင့် အကာအကွယ်ပေးထားတာ ဖြစ်နိုင်သည်။ လက်ထပ်ပြီးလို့ သွေးစုပ်ဖုတ်ကောင်ဘ၀ကို ပြောင်းလဲ ပြီးပြီဆိုရင်တော့ ဒီလို အပေါ်ယံ အကာအကွယ်တွေ မလိုတော့။
ကျွန်မကားမှန်ကို အရပ်မြင့်မြင့်နှင့် လူက လာခေါက်သည်။
“ဓာတ်ပုံရိုက်လို့ပြီးပါပြီ ခင်ဗျား၊ ကျေးဇူးတင်ပါတယ်”
“ရပါတယ်ရှင်”
လီးဗာကို ဖြည်ညင်းစွာ ဖိနင်း၍ မောင်းထွက်လာခဲ့သည်။ အိမ်အပြန်လမ်းကို အခေါက် ပေါင်း မရေနိုင်အောင် မောင့်းခဲ့ဖူးပြီ ဖြစ်သော်လည်း မိုးရေများ စိုရွှဲကာ မှိန်ဖျော့နေပြီ ဖြစ်သည့် ကြော်ငြာစာရွက်လေးကို မြင်တိုင် စိတ်ထဲမှာ မရိုးနိုင်အောင် ဖြစ်ရသည်။ စာရွက်ကလေးမှာ တယ် လီဖုန်းရုံကလေးကိုပင်၊ လမ်းမီးတိုင်တိုင်းတွင် ကပ်ထားရာ ထိုစာရွက်တစ်ရွက်ကို မြင်တိုင်း ကျွန်မ ပါးကို တစ်ချက် ဖြတ်၍ အရိုက်ခံလိုက်ရသလို နာကျင်လှသည်။
ထိုစာရွက်များ က အခြား မဟုတ်။ လူပျောက်ကြော်ငြာများ ဖြစ်သည်။ ကျွန်မ အချစ်ဆုံး သူငယ်ချင်း ဂျက်ကော့ ပျောက်ဆုံးနေသော လူပျောက်ကြော်ငြာများ ဖြစ်သည်။
ဂျက်ကော့ ပျောက်ဆုံးကြောင်း ကြော်ငြာစာရွက်များ နေရာအနှံ့ ကပ်ခြင်းသည် ဂျက်ကော့ အဖေ၏ စိတ်ကူး မဟုတ်။ ကျွန်မအဖေ ရဲမှူးကြီး ချာလီ၏ လက်ချက် ဖြစ်သည်။
`ဤသူငယ်ကို တွေ့ လျှင် အကြောင်းကြားပါ´
ဟူသော လက်ကမ်းစာရွက်များ စွာ ကို ကျွန်မတို့ တစ်မြို့လုံး နေရာအနှံ့ ဝေငှထားသည်သာ မက ပို့အိန်ဂျလိမြို့၊ စီးကွင်းမြို့၊ ဟိုကွင်းမြို့၊ အဘာဒင်းမြို့နှင့် အိုလံပစ်ကျွန်းဆွယ်ဒေသရှိ မြို့ တိုင်း၊ ရွာတိုင်းသို့ ဖြန့်ဝေထားခဲ့ပြီ ဖြစ်သည်။ ကျွန်မအဖေ တာဝန်ကျရာ ရဲစခန်းတွင် လည်း ဂျက် ကော့၏ လူပျောက်မှု အတွက် မှတ်တမ်းမှတ်ရာများ ကို သင်ပုန်းကြီးတစ်ခုပေါ်တွင် ကပ်ထား၏ ။ သို့ သော် ယခုအထိ သတင်းအစအနပင် မရသေးသဖြင့် အဖေစိတ်ပျက် ဒေါသထွက်နေလေသည်။
အဖေ ဒေါသထွက်ရခြင်းမှာ သတင်းအစအနမှ မရသော ကြောင့် ချည်းမဟုတ်။ ဂျက်ကော့ ဖခင်… သူ၏ သူငယ်ချင်း ဘေလီ၏ မထုံတက်သေး အေးစက်စက် အမူအရာများ ကြောင့် ဖြစ် သည်။ သားပျောက်သူ တစ်ယောက် အနေနှင့် ရတက်မအေး ပူပင်သော ကပွားနေရမည် သာ ဖြစ် သော်လည်း ဘေလီက စိတ်အေးလက်အေးပင်။
“သူလည်း အရွယ်ရောက်နေပြီပဲ၊ သူ ပြန်လာချင်ရင် တစ်နေ့တော့ အိမ်ပြန်ရောက်လာမှာ ပေါ့”
ဟု ခပ်အေးအေး ပြောလေ့ရှိသည်။ အန်ကယ်ဘေလီ၏ စကားကို ထောက်ခံမိသည့်အ တွက် ကျွန်မကိုလည်း အဖေက မကြည်ပါ။
လူပျောက်ကြော်ငြာများ ကို လိုက်ချိတ်ရာတွင် လည်း ကျွန်မ မပါဝင်ခဲ့ပါ။ တကယ်တော့ ဘေလီရော၊ ကျွန်မရော ဂျက်ကော့ ရှိသည့်နေရာကို အကြမ်းဖျင်း သိထားကြပါသည်။ ဂျက်ကော့ ကို ဘယ်သူကမှ တွေ့ မြင်နိုင်မည် မဟုတ် ဟူသည်ကိုလည်း ကျွန်မတို့ သိထားပြီးသားပင်။
စဉ်းစားရင်း ကားမောင်းလာသည်မှာ အိမ်ရှေ့ကိုပင် ရောက်လာတော့သည်။ ဒီနေ့ စနေနေ့ … အဖေက ထုံးစံအတိုင်း ငါးမျှားမသွားဘဲ အိမ်မှာ နေနေသည်။ အိမ်ရှေ့တွင် အဖေ့ရဲကား ရပ် ထားတာ တွေ့ ရသည်။
ကားထဲမှ မထွက်သေးဘဲ ဟန်းဖုန်းကို ထုတ်ကာ နံပါတ်အချို့ကို နှိပ်လိုက်သည်။ လိုရမည် ရ အသုံးပြုရန် အက်(ဒ်)၀ပ်က ပေးသွားခြင်း ဖြစ်သည်။
“ဟဲလို…”
တစ်ဖက်မှ ဆက်(သ်)ကလီးယားဝါးတား ဆိုသော လူဝံပုလွေကောင်လေး၏ အသံကို ကြားတော့ ကျွန်မ ၀မ်းသားသွားသည်။
“ဟေ့… ဆက်(သ်)၊ အစ်မပါ၊ ဘယ်လာပါ”
“ဟိုင်း… ဘယ်လာ၊ နေကောင်းရဲ့ လား”
“ကောင်းပါတယ်”
“နောက်ဆုံး သတင်းကို သိချင်လို့ ဆက်တာမို့လား”
“နင် အရမ်းတော် တာပဲ၊ သူ ဘယ်လိုနေသေးလဲ”
ဆက်(သ်)က သက်ပြင်းချကာ -
“အရင်လိုပါပဲ… လူအ ဖြစ်ကို မေ့ထားပြီး ၀ံပုလွေဘ၀နဲ့ နေနေတယ်၊ ကျွန်တော် တို့ ပြော တာတွေ ကို သူ ကြားပေမယ့် ဘာမှပြန်မပြောဘူး”
“ကနေဒါနယ်စပ်ကို ရောက်နေတယ်”
“သူ ပြန်လာမယ့် သဲလွန်စလေးများ မတွေ့ ဘူးလား”
“ဆောရီးပဲ… ဘယ်လာ၊ သူ ပြန်လာမှာ မဟုတ်ဘူး”
“အေးပါ… ဆက်(သ်)ရယ်၊ ငါလည်း မေးသာမေးရတယ်၊ အဖြေကို သိနေပြီးသားပါ၊ ပြန် လာပါစေလို့ ငါ ဆုတောင်းနေပါ့မယ်”
“ဟုတ်ပါတယ်၊ ကျွန်တော် တို့လည်း ဒီလိုပါပဲ”
“ငါ့ကို ကူညီတာ ကျေးဇူးတင်ပါတယ် ဆက်(သ်)၊ တခြား နင်တို့ သူငယ်ချင်းတွေ က ငါ့ကို မကြည့်ဘူးဟ၊ ငါ့ကြောင့် နင့်ကို ၀ိုင်းပယ်နေကြဦးမယ်”
“ရပါတယ်၊ ဒီကောင်တွေ အကျင့်ကို ဂျက်ကော့လည်း မကြိုက်ပါဘူး”
“ငါ စိတ်ပူနေတာက ဂျက်ကော့ သိမှာ ပေါ့နော်”
“သိပါတယ်”
“ငါ နင့်ကို ငါ့မင်္ဂလာဆောင်ကျ တွေ့ မယ်လေ”
`မင်္ဂလာဆောင်´ ဆိုသော စကားကို ပါးစပ်မှထွက်အောင် မနည်းအားတင်း၍ ပြောလိုက် သည်။
“အင်းပါ၊ ကျွန်တော် နဲ့ အမေနဲ့ နှစ် ယောက် လာခဲ့မယ်၊ အက်(ဒ်)၀ပ်ကို ကျွန်တော် နှုတ် ဆက်တယ် ပြောလိုက်ပါ”
“စိတ်ချ… ပြောလိုက်မယ်”
တစ်ဖက်မှ ဖုန်းချသွား၏ ။ အဖေ စောင့်နေမည် ဖြစ်သော အိမ်ထဲသို့ ၀င်ရန် ဦးတည်လိုက် သည်။ ကျွန်မမှာ အဖေနှင့် ဆွေးနွေးစရာတွေ အများ ကြီး ရှိလို့နေပါသည်။ သနားစရာ ဖခင်ကြီးမှာ ပူပန်စရာတွေ များ လှသည်။ ဂျက်ကော့ ပျောက်ဆုံးနေသည့် ကိစ္စအပြင် သူ၏ သမီး ကျွန်မ ဘယ် လာကလည်း မကြာမီ ရက်ပိုင်းအတွင်း အိမ်ထောင်ပြုတော့မည် ။
အဖေ့ကို ဖွင့်ပြောခဲ့သော နေ့က အ ဖြစ်အပျက်ကလေးကို မှတ်မိနေသေးသည်။ အိမ်ရှေ့မှ အဖေ့ကားရပ်သံ ကြားသည်နှင့် ကျွန်မမှာ နေစရာမရှိတော့ပေ။ လက်မှာ ၀တ်ထားသော လက်စွပ် သည် ဆယ်ပေါင်ခန့် ဖိစီးလေးလံ လာသည်ဟု ခံစားရသည်။ လက်ကို အိတ်ထဲထည့်ပြီး ၀ှက်ထား ရနိုး၊ ဖင်ခုထိုင်ထားရနိုးနှင့် ဂနာမငြိမ် ဖြစ်နေမိသည်။ ကျွန်မချစ်သူ အက်(ဒ်)၀ပ် ကတော့ အေးအေး ဆေးဆေးပင်။
“ဘာမှ စိတ်မပူပါနဲ့ မင်း အခု ဖွင့်ပြောမယ့် ကိစ္စဟာ လူသတ်မှု တစ်ခုကို ဖွင့်ဝန်ခံရတာ မျိုး မှ မဟုတ်ဘဲဆိုတာ သတိရစမ်းပါ”
“ရှင့်အတွက်တော့ ပြောရတာ လွယ်မှာ ပေါ့”
“စိတ်အေးအေးထား၊ ဘယ်လာ”
ဟု အက်(ဒ်)၀ပ်က ကျွန်မ နှလုံးခုန်သံကို နားထောင်ရင်း နှစ် သိမ့်သည်။ တံခါးဖွင့်သံ ပိတ် သံ ကြားရပြီး အဖေ အိမ်ထဲ ၀င်လာသော ခြေသံကို ကြားရသည်။
“ဟိုင်း ချာလီ”
ဟု အက်(ဒ်)၀ပ်က နှုတ်ဆက်သည်။
“နေဦး”
ကျွန်မက အသံကို ခပ်အုပ်အုပ်ထွက်ကာ ကန့်ကွက်လိုက်သည်။
“ဘာ ဖြစ်လို့လဲ”
“အဖေ့ ခါးက သေနတ်ကို ဖြုတ်ပြီး သွားထားတဲ့အထိ စောင့်ဦး”
“ဘာ ဖြစ်နေတာလဲ ကလေးတို့”
အဖေက ကျွန်မ မူပျက်နေတာကို သတိထားမိသွားသည်။ အက်(ဒ်)၀ပ်ကပဲ တာဝန်ယူပြီး ပြောသည်။
“ကျွန်တော် တို့ လူကြီးမင်းကို ပြောစရာ တစ်ခု ရှိတယ်၊ သတင်းကောင်း တစ်ခုပဲ ဆိုပါ တော့”
အဖေက တောင့်ခနဲ ဖြစ်သွားပြီး ဖော်ဖော်ရွေရွေ ရှိနေရာမှ သံသယဖြင့် ပြည့်နှက်သွာသည့် ပုံ ပြောင်းသွား ၏ ။
“သတင်းကောင်း… ဟုတ်လား”
ဟု ကျွန်မကို စိုက်ကြည့်ကာ မာမာထန်ထန် မေးသည်။
“စိတ်မဆိုးပါနဲ့ အဖေ၊ အခြေအနေက အားလုံးကောင်းပါတယ်”
“ဟုတ်ပါတယ်၊ ဟုတ်မှာ ပေါ့၊ ဒါဆို နင့်မျက်နှာက ဘာလို့ ချွေးတွေ ပြန်နေတာလဲ”
“သမီး ချွေးမထွက်ပါဘူး”
ဟု ကျွန်မ လိမ်ပြောလိုက်သည်။ အက်(ဒ်)၀ပ်ဘက် လှည့်ကာ ကျွန်မ နဖူးမှ ချွေးစက်များ ကို အဖေ မမြင်အောင် သုတ်ပစ်ရသည်။
“နင့်မှာ ကိုယ်ဝန်ရှိနေပြီ မဟုတ်လား”
အဖေက ဒေါသတကြီး အော်ဟစ် ပေါက်ကွဲသည်။
“နင့်မှာ ကိုယ်ဝန်ရှိနေပြီ၊ ဟုတ်တယ် မဟုတ်လား”
“မဟုတ်ဘူး၊ သမီးမှာ ကိုယ်ဝန် မရှိဘူး”
ကျွန်မ အမှန်ကို ပြောနေကြောင်း ကျွန်မ မျက်နှာကို ကြည့်နေသော အဖေက သိသွားဟန် တူသည်။
“သြော်… ဆောရီးပဲ သမီး”
အက်(ဒ်)၀ပ်က ကျွန်မကို အပေးနှစ် သိမ့်သည့် အပြုံးကို ပြုံးပြလိုက်ပြီး ဖြစ်ကြောင်းကုန်စင် ကို သူပဲ အဖေ့အား ပြောပြလိုက်လေသည်။
“အန်ကယ်ခင်ဗျား… အစီအစဉ်တကျ မလုပ်နိုင်တာ တောင်းပန်ပါတယ်၊ ထုံးတမ်းစဉ်လာ အရ ဆိုရင် မိဘအုပ်ထိန်းသူကို အရင်ဆုံး ခွင့်ပန်ရမှာ ပါ၊ မလေးမစား လုပ်တယ်လို့တော့ မယူ ဆပါနဲ့ ခင်ဗျား၊ ဘယ်လာကလည်း လက်ခံပြီး ဖြစ်လို့ ခွင့်မတောင်းတော့ပါဘူး၊ အဲဒီ အစား ကျွန် တော် တို့ မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့်ပေးဖို့ ဖိတ်ခေါ်ပါရစေ၊ ကျွန်တော် တို့ လက်ထပ်ကြပါတော့ မယ်၊ ကျွန်တော် သူ့ကို ဒီကမ္ဘာပေါ်မှာ ရှိသမျှ အရာအားလုံးထက် ချစ်ပါတယ်၊ ကိုယ့်အသက်ထက် ပိုပြီး သူ့ကို ချစ်ပါတယ်၊ ကံကောင်းချင်တော့ သူကလည်း ကျွန်တော့် အပေါ် အဲဒီ လိုပဲ သဘော ထားပါတယ်၊ ကျွန်တော် တို့ မင်္ဂလာပွဲကို ကြွရောက်ကောင်းချီးပေးမယ် မဟုတ်လားဟင်”
ကျွန်မ အဖေ၏ မျက်လုံးသည် ကျွန်မ လက်ပေါ်မှ စေ့စပ်လက်စွပ်အပေါ်သို့ မျက်တောင်မ ခတ် အကြာကြီး စိုက်ကြည့်နေသည်။ အဖေ့မျက်နှာမှာ အရောင် များ ပြောင်းသွား သည်ကို ကျွန်မ သတိထားမိသည်။ ဒေါသကြောင့် ရဲနေရာမှ ခရမ်းရောင် … ထိုမှ ပြာနှမ်းနှမ်းအရောင် ။
တိတ်ဆိတ်မှု က အတန်ကြာ ကြီးစိုးသွားသည်။ အဖေ့မျက်နှာမှ သွေးရောင် သည် ပုံမှန်ပြန် ဖြစ်သွား၏ ။ မျက်မှော င်ကိုတော့ ကုတ်ထားသည်။
“ဒီစကားမျိုး တစ်နေ့ ကြားရလိမ့်မယ်လို့တော့ မျှော်လင့်ထားပြီးသားပါ၊ မင်းတို့က လက် ထပ်ြ ကတော့မလို့လား၊ လက်ထပ်တာက ဟုတ်ပါပြီ၊ ဘာ ဖြစ်လို့ အလောသုံးဆယ် ဖြစ်နေကြတာ လဲ”
အလောသုံးဆယ် ဖြစ်ရခြင်းမှာ ကျွန်မသည် အသက် ဆယ့်ကိုးနှစ် ပြည့်ဖို့ တဖြည်းဖြည်း နီး ကပ်လာနေပြီး အက်(ဒ်)၀ပ် ကတော့ ဆယ်ခုနှစ် နှစ် အရွယ်မှာ ပဲ အမြဲတမ်းနုပျိုလျက် ကျန်ရစ်ခဲ့ ကြောင်း၊ ကျွန်မလည်း ထိုသို့ အမြဲတမ်း နုပျိုနေစေဖို့ လူသားဘ၀မှ သူတို့လို မသေနိုင်တော့သော ဘ၀သို့ ပြောင်းဖို့ ဆိုလျှင် သူ့ကို လက်ထပ်ဖို့ အက်(ဒ်)၀ပ်ဘက်က တောင်းဆိုထားကြောင်း။ စသည်တို့မှာ ကျွန်မ အဖေကို ပြောပြ၍ မ ဖြစ်သော အချက်အလက်များ ဖြစ်သည်။
“ကျွန်တော် တို့ ဒါးမောက်တက္ကသိုလ်ကို နှစ် ယောက် အတူသွား တက်တော့မှာ ပါ၊ အဲဒီ တော့ မိသားဖသားပီပီ နည်းမှန်လမ်းမှန်အတိုင်း လက်ထပ်သွားချင်ပါတယ်၊ ဒီလို အစဉ်အလာ သွန်သင်မှု တွေ နဲ့ ကျွန်တော် ကြီးပြင်လာ ခဲ့တာပါ”
“ကောင်းပါပြီ၊ လက်ထပ်ချင်သပ ဆိုရင် လက်ထပ်ကြ၊ ဒါပေမဲ့…”
“ဒါပေမဲ့ ဘာ ဖြစ်သလဲ အဖေ”
“နင်အမေကို နင်ပဲ ဖွင့်ပြော၊ ဒီကိစ္စကို ငါ လုံးဝတာဝန်မယူနိုင်ဘူး”
အဖေက ကျွန်မကို အမေနှင့် ခြိမ်းခြောက်ပြီး အိမ်ခန်းထဲမှ ထွက်သွားလေသည်။
ကျွန်မ စိတ်သည် အမေ့ကို ဖွင့်ပြောသော နေ့က အ ဖြစ်အပျက်များ ကို သတိရမိပြန်သည်။
“သ…. သ… သ… မီး… အက်(ဒ်)၀ပ်ကို လက်ထပ်တော့မလို့”
ဟူသော ကျွန်မ ပါးစပ်မှ အထစ်ထစ် အငေါ့ငေါ့ ထွက်လာသော စကားအဆုံးဝယ် -
“သမီး ဒီစကားကို ပြောပါ့မလားလို့ စောင့်နေတာ ကြာပြီ၊ သဘောတူတယ် သမီး၊ အမေ့ တုန်းက အိမ်ထောင်ရေး အဆင်မပြေတာနဲ့ သမီးတို့ကို တစ်သက်လုံး လက်မထပ်ရတော့ဘူး၊ အိမ်ထောင်ရေး ဟာ ဆေးခါးကြီးပါလို့ မခြောက်လှန့်ချင်ဘူး၊ အမေ့အမှားမျိုး သမီး ထပ်မကျူးလွန် ရင် ပြီးတာပါပဲ၊ အရေး ကြီးတာ မေးရရင်… သမီး သူ့ကိုချစ်ရဲ့ လား”
“ချစ်ပါတယ် အမေ”
“သူက သမီးကို ပျော်အောင် ထားနိုင်ပါ့မလား”
“ထားနိုင်မှာ ပါ… ဒါပေမဲ့”
“သမီး တခြား တစ်ယောက် ကိုရော… စိတ်ဝင်စားဦးမှာ လား”
“စိတ်မ၀င်စားပါဘူး၊ ဒါပေမဲ့…”
“ဒါပေမဲ့ ဘာ ဖြစ်လဲ”
“ငယ်သေးတယ်၊ လူငယ်ဘ၀မှာ ပျော်ပျော်နေပါဦးလို့ အမေ ပြောမယ်လို့ သမီး ထင်ထား တာ”
“လူငယ်ဘ၀ကို သမီး မရနိုင်တော့ဘူး ဘယ်လာ… ဘယ်ဟာ အကောင်းဆုံးလဲဆိုတာ သမီး ရွေးချယ်လိုက်ပြီပဲ”
အခန်း (၂)
ရှည်လျားလှသော အနမ်း၌ ကျွန်မ သာယာမိန်းမူးနေမိသည်။ ရင်ထဲ၌ မီးတောက်နေသလို ပြင်းပြသော အာသာဆန္ဒသည် တစ်ဆင့်ထက်တစ်ဆင့် လူးလွန့်လာ၏ ။ ထိုအခါ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သူမှာ ကျွန်မ မဟုတ်။ ချစ်ရသော အက်(ဒ်)၀ပ်သာ ဖြစ်သည်။ သူက လက်မထပ်ခင် ဘယ်တော့မှ ဘောင်ကျော်ချင်သူ မဟုတ်။ သူက ကျွန်မ နစ်ဝင်စီးမျောနေသော အနမ်းကို ရပ် တန့်ကာ -
“ကိုယ် သွားတောင်မသွားချင်ဘူး၊ သူတို့ကို ပြောလိုက်ရင် ရ… ”
“မဟုတ်ပါဘူး၊ ရှင် သွားလိုက်ပါ၊ ဒါဟာ ရှင့်ရဲ့ လူပျိုည နောက်ဆုံး ပါတီပါပဲ”
“လူပျိုညအထိမ်းအမှတ် ဧည့်ခံပွဲ ကျင်းပတယ် ဆိုတာ… လူပျိုဘ၀ ကုန်ဆုံးသွားမှာ ကို ၀မ်း နည်းတသနေသူတွေ ရဲ့ အလုပ်ပဲ၊ ကိုယ် ကတော့ တစ်ကိုယ်ရေ ဘ၀ကို ကျောခိုင်းထားခဲ့ဖို့ စိတ် အားထက်သန်နေတဲ့သူပဲ၊ ဒီပွဲဟာ ကိုယ်နဲ့ ဘာဆိုင်လို့လဲ၊ ဒါနဲ့ လက်ထပ်ပြီးရင် မင်း ကိုယ်တို့လို ဖြစ်အောင် ဘ၀ပြောင်းဖို့ သေချာပြီလား၊ နောင်တ မရဘူးလား၊ မင်းအဖေနဲ့ အမေကို ဘယ်လိုလုပ် မလဲ”
“ကျွန်မ သူတို့ကို သတိရနေမှာ ပါ၊ သူငယ်ချင်း အားလုံးကိုလဲပေါ့၊ ဒါပေမဲ့ ရှင်နဲ့ တစ်သက် လုံး မခွဲဘဲ အတူနေချင်တာ၊ လူ့သက်တမ်းတစ်ခုနဲ့တောင် မလုံလောက်သေးဘူး”
“ဆယ့်ရှစ်နှစ် အရွယ်မှာ ပဲ အမြဲ ရပ်နေတော့မှာ ပါ”
“မိန်းကလေးတွေ အားလုံး စိတ်ကူးယဉ်နေတဲ့ဘ၀ဟာ တကယ် ဖြစ်လာပြီပေါ့”
“ဟုတ်တယ်၊ ဘယ်တော့မှ မပြောင်းလဲတော့ဘူး၊ ဧရာဆိုတာ မရှိတော့ဘူး”
ထိုအခိုက်ဝယ် ပြတင်းပေါက်မှန်အား တစ်စုံတစ်ခုဖြင့် ကုတ်ခြစ်လိုက်သဖြင့် နားမခံသာ သော အသံများ ပေါ်ထွက်လာ၏ ။
“ဟေ့ကောင် အက်(ဒ်)၀ပ် လာခဲ့တော့၊ ကြာတယ်၊ ဘယ်လာရေ… နင် အက်(ဒ်)၀ပ်ကို မလွှတ်လိုက်ရင် ငါတို့ နင့်အခန်းထဲကို ၀င်လာမှာ နော်”
အက်(ဒ်)၀ပ် ညီအစ်ကိုများ ၏ အော်သံကို အပြင်မှ ကြားရ၏ ။ အက်(ဒ်)၀ပ်က ရယ်ရင်း -
“သွားပြီ အချစ်ရေ… ဒီကောင်တွေ က လွယ်တာမဟုတ်ဘူး၊ တကယ် ၀င်လာချင် လာမှာ ၊ ကဲ… ”
ဟု ဆိုကာ ပြတင်းပေါက်မှ ပေါ့ပါးလျင်မြန်စွာ ခုန်ထွက်သွား၏ ။
ကျွန်မ တစ်ယောက် တည်း ကျန်ခဲ့သော အခါ ဟိုစဉ်းစား၊ ဒီစဉ်းစားဖြင့် လုံးချာလည်၍ ကျန်ခဲ့ ၏ ။ မနက်ဖြန်သည် အလွန်ရှည်လျားသော နေ့တစ်နေ့ ဖြစ်ပေလိမ့်မည် ။ ကျွန်မ စိတ်ပူနေသော အ ချက် နှစ် ချက် ရှိသေးသည်။
မထမချက်မှာ မင်္ဂလာပွဲဝတ်စုံ ဖြစ်သည်။ ကျွန်မ ယောက် မလောင်း အဲလစ် လက်စွမ်းပြ ချုပ်လုပ်ထားသော ဂါဝန်အစမှာ ရှည်လျားလွန်းသဖြင့် လှေကား အတက် အဆင်းတွင် ဒေါက်မြင့် ဖိနပ်နှင့် တက်ရ ဆင်းရမည် မှာ ဖြစ်နိုင်ဖွယ်ရာ မရှိပေ။ ကျွန်မ ကြိုတင်လေ့ကျင့်ထားသင့်သည်။
နောက်တစ်ချက်မှာ မင်္ဂလာပွဲ ဖိတ်ရမည့်  ဧည့်သည်စာရင်း ဖြစ်သည်။ ကျွန်မ ခင်ပွန်း လောင်းနှင့် မျိုးတူ ဇာတ်တူ ဖြစ်သော ဒန်နလီမျိုးနွယ်စုမှ တန်ညာတို့ မိသားစု မနက်ဖြန် ရောက် လာပေတော့မည် ။
သူတို့ ရောက်လာသည်မှာ အကြောင်းမဟုတ်။ ပြဿနာက ကွေးလူးတပ်(စ်)ရွာမှ ကျွန်မ ၏ ၀ံပုလွေ မိတ်ဆွေများ ဖြစ်သော ဂျက်ကော့ဖခင် ဘေလီ၊ ဆက်(သ်)တို့ မိသားစုနှင့် တန်ညာတို့ ကို တစ်ခန်းတည်းမှာ အတူထိုင်ခိုင်းဖို့ အရေး ပင် ဖြစ်သည်။ သွေးစုပ်ဖုတ်ကောင်နှင့် ၀ံပုလွေလူ သားများ ထကိုက်ကုန်ကြလျှင် ခက်တော့မည် ။ တန်ညာတို့မိသားစုမှာ ၀ံပုလွေများ ကို မုန်းသူ ဖြစ် သည်။ တန်ညာတို့၏ မိတ်ဆွေ လော်ရန်းကို ၀ံပုလွေးများ က ကိုက်သတ်ထားဖူးသဖြင့် (အမှန်တော့ လော်ရန်းက ကျွန်မကို သတ်ရန် ကြံစည်ခြင်း ဖြစ်သည်။) ဤသို့ မုန်းတီးနေခြင်း ဖြစ်သည်။ တန် ညာ အစ်မကဆိုလျှင် ဤမင်္ဂလာပွဲသို့ ပင် မလာနိုင်အောင် ခါးသီးနေခဲ့သည်။ ကျွန်မချစ်သူ အက်(ဒ်)၀ပ်တို့ မိသားစု အသည်းအသန် အကူအညီလိုနေချိန်၌ ပင် တန်ညာမိသားစုက အကူအ ညီမပေးဘဲ ငြင်းပယ်ခဲ့သဖြင့် အက်(ဒ်)၀ပ်တို့ မိသားစုမှာ ဂျက်ကော့တို့ သမန်းဝံပုလွေများ နှင့် မဟာမိတ်ဖွဲ့ကာ အစဉ်အလာမရှိဘဲ ပူးပေါင်းခဲ့ရသည်။ (ဤအကြောင်းကို ၀ံပုလွေများ နှင့် သွေးမု ဆိုး စာအုပ်တွင် ဖော်ပြပြီး။)
သွေးဆာနေသော သွေးစုပ်ဖုတ်ကောင် လက်သစ်များ ကျွန်မတို့အားလုံးကို လာသတ်မည့်  ရန်မှ ၀ံပုလွေများ က ကူညီခဲ့သော ကြောင့် သာ ချမ်းသာရာရခဲ့ခြင်း ဖြစ်သည်။
လူသား ဖြစ်ကို စွန့်လွှတ်၍ အက်(ဒ်)၀ပ်တို့ မိသားစုထဲသို့ ၀င်ရောက်မိပြီဆိုလျှင် အရေး အ ကြီးဆုံး လိုက်နာရမည့်  တစ်ခုတည်းသော စည်းမျဉ်းမှာ -
`လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် ဖြစ်သည်´
လျှို့ဝှက်ချက်ကို မပေါက်မကြားအောင် ထိန်းသိမ်းရန် ဆိုသည်မှာ စကားလုံးအားဖြင့် တစ် ခုတည်း ဖြစ်သော်လည်း အဓိပ္ပါယ်မှာ ကျယ်ဝန်းလှသည်။ ဤကမ္ဘာလောက၌ အများ သူငါလို ရော ယှက်နေထိုင်လျက် ရှိသော မနုဿလူသား မဟုတ်သည့် သွေးစုပ်လူသားများ စင်စစ်မသွေ ရှိနေ ကြောင်းကို မည် သည့် သဲလွန်စမှ မထားရ။ မဖော်ရ။ မပြရ။ ဖောက်ဖျက်သူသည် သေဒဏ်မှတစ် ပါး အခြားပြစ်ဒဏ် မရှိစေရ။
ဤကား သွေးစုပ်ဖုတ်ကောင်ဂိုဏ်းချုပ် ဖြစ်သော အီတလီမှ ဗော်လ်ကျူရီများ ချမှတ်ထား သည့် သံမဏိစည်းမျဉ်းပင်။ ကလေး တစ်ယောက် မွေးလာသည် ဆိုပါစို့။ ထိုကလေးသည် လူသား ဆက် မဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင်မျိုးရိုး ဖြစ်ပြီး သာမန်လူသားတွေ ထက် သိပ်ပြီး စွမ်းရည်မြင့် ကာ ထင်ရှားပေါ်လွင်နေလျှင် ဗော်လ်ကျူရီများ မကြိုက်တော့ပေ။ ထိုအခါ ကလေးကို သူတို့ အနီး ကပ် စောင့်ကြည့်နေတော့မည် ။ သူတို့ လျှို့ဝှက်ချက် ပေါက်ကြားနိုင်သည်။ ကလေးက သိပ်ထူး ခြားသော စွမ်းရည်များ ကို ပြနေသည် ဆိုလျှင်တော့ ထိုကလေးမှာ အသက်မရှည်နိုင်တော့။ ဗော်လ်ကျူရီအဖွဲ့၏ လက်မရွံ့ လူသတ်သမားများ က မဆိုင်းမတွ စီရင်မြဲပင် ဖြစ်သည်။
ဤအကြောင်းများ ကို တွေးနေရင်း ကျွန်မ အိပ်ပျော်သွားကာ ထူးဆန်းသော အိမ်မက်တစ် ခုကို မြင်မက်၏ ။
အိမ်မက်ထဲ၌ လယ်ကွင်းပြင် တစ်ခုကို တွေ့ ရပြီး မြူများ ကြား၌ ၀တ်ရုံရှည်ကြီးများ ၀တ် ဆင်ထားသော ဗော်လ်ကျူရီများ ကို တွေ့ ရ၏ ။ ကျွန်မ လူသား တစ်ယောက် အ ဖြစ်ပဲ ရှိသေးသဖြင့် အပြစ်ပေးရအောင် ရောက်လာတာလားဟု ထိတ်လန့်မိသော်လည်း အခြား အိမ်မက်ထဲမှာ လိုပင် သူတို့က ကျွန်မကိုမြင်နိုင်စွမ်း မရှိပဲ ကိုယ်ပြောက်သလို ဖြစ်နေပြန်သည်။ ဗော်လ်ကျူရီများ အနီး တွင် အလောင်းများ ကျဲပြန့်နေ၏ ။ သူတို့ သတ်ပစ်လိုက်သော လူများ တွင် ကျွန်မအသိ သွေးစုပ် ဖုတ်ကောင်များ ပါနေမှာ ကို စိုးရိမ်သဖြင့် သေသေချာချာကြည့်လိုသော ဆန္ဒလည်း မရှိပေ။
ဗော်လ်ကျူရီ စစ်သည်များ က တစ်စုံတစ်ခုကို သို့ မဟုတ် တစ်စုံ တစ်ယောက် ကို စက်ဝိုင်းပုံ ၀ိုင်းထားကြပြီး တစ်ယောက် တစ်ပေါက် တီးတိုးပြောဆိုနေကြ၏ ။ သူတို့ လာကို ကြည့်နေကြတာ လဲဆိုတာ သိ၍ ကျွန်မလည်း ရှေ့တိုးပြီး ကြည့်မိ၏ ။
သူတို့ ကြည့်နေသော အရာမှာ တောင်ကုန်းလေးတစ်ခုပေါ်တွင် ရပ်နေသဖြင့် သေသေချာ ချာ တွေ့ လိုက်ရသည်။
အလွန်လှပ ချစ်စရာကောင်းသော ကလေး တစ်ယောက် ။ အသက်က နှစ် နှစ် ခန့်ပဲ ရှိဦးမည် ။ ယောက် က်ျားလေး ဖြစ်သည် နှုတ်ခမ်းပြည့်ပြည့်၊ မျက်နှာဝိုင်းဝိုင်း ကွေးကောက်နေသော အညို ရောင် ဆံပင်များ ရှိသည်။
ကလေးမှာ ကြောက်လွန်း၍ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေသည်။ စက္ကန့်ပိုင်းအတွင်း ကျရောက်လာတော့မည့်  သေဘေးကို ထိတ်လန့်သဖြင့် မျက်လုံးများ ကို မှိတ်ထားရှာသည်။
ကလေးကို ကယ်ရမည် ဟူသော အသိက လျှပ်စီးလက်လိုက်သလို ကျွန်မ ခေါင်းထဲ ၀င် လာ၏ ။ ဗော်လ်ကျူရီများ ကိုလည်း မကြောက်တော့။ ကျွန်မရှိနေတာ သိချင်လည်း သိပါစေတော့။ အားလုံးကို တွန်းဖယ်ပြီး ကလေးရှိရာဆီသို့ မြားတစ်စင်း၏ အဟုန်ဖြင့် ပြေးဝင်သွားမိသည်။
ကောင်လေး ရပ်နေသော တောင်ကုန်လေးကို အနီးကပ် မြင်ရတော့ ကျွန်မ ဆွံ့အတုန် လှုပ်သွားသည်။ တောင်ကုန်းကမူလေးသည် မြေသား မဟုတ်။ ကျောက်သား ကျောက်ဆောင် မဟုတ်။ အသက်ဝိညာဉ် ကင်းမဲ့နေပြီ ဖြစ်သော လူသေအလောင်းများ တစ်ခုပေါ်တစ်ခု ထပ်ကာ တောင်ပုံရာပုံ ဖြစ်နေခြင်းပါလား။ မကြည့်ချင်သော်လည်း ရှောင်လွှဲဖို့ သိပ်နောက်ကျခဲ့ပြီ။ အ လောင်းတွေ အားလုံးကို ကျွန်မ သိသည်။ အိန်ဂျလာ၊ ဘန်၊ ဂျက်ဆီကာ၊ မိုက်(ခ်)… ကျွန်မ ကျောင်းနေဖက် သူငယ်ချင်း။ ချာတိတ်ကလေး မတ်တတ်ရပ်နေသော အောက်တည့်တည့်မှာ ကား ကျွန်မအဖေနှင့် အမေ၏ ခန္ဓာကိုယ်များ ပါတကား။
ကောင်လေးက သူ၏ စွေးစွေးနီရဲနေသော တောက်ပသည့် မျက်လုံးအစုံကို ဖွင့်ကြည့်လိုက် သည်။
မျက်လုံးကို ဖွင့်ကြည့်လိုက်သော အခါ ကျွန်မ အိပ်ခန်းထဲတွင် ရှိနေကြောင့် သိလိုက်ရပြီး အရှေ့ဘက်ကောင်းကင်ဆီမှ ရောင် နီများ ပင် လင်းလက်နေခဲ့ပြီ ဖြစ်သည်။
ငါ့နှယ်… ဒီလို နေ့မျိုးမှာ မှ အိပ်မက်ဆိုးတွေ လာမက်နေရတယ်ဟု ကျွန်မမှာ မကျေမနပ် ရေရွတ်နေမိပါသည်။ အိပ်၍ မပျော်တော့သဖြင့် မီးဖိုထဲသို့ စောစောစီးစီး ၀င်ကာ အဖေ့အတွက် နံ နက်စာကို ချက်ပြုတ် ပြင်ဆင်ပေးနေမိသည်။
ခဏကြာသော အခါ ကျွန်မ ယောင်းမလောင်း အဲလစ် ရောက်လာကာ ကျွန်မကို သူ၏ ပို ရှေးကားလေးနှင့် တင်ခေါ် သွားပါသည်။
“နောက်ဆယ်နာရီဆို နင် ငါ့ယောက် မ ဖြစ်ပြီ၊ အခုတော့ အိမ်ကို သွားပြီး အ၀တ်အစားဝတ် မိတ်ကပ်လိမ်းကြရအောင်”
“သူ ပြန်လာပြီလားဟင်”
ဟု ကျွန်မက လူနာ အမဲခြောက်တောင်းသည့် လေသံဖြင့် မေးလိုက်၏ ။
“စိတ်မပူပါနဲ့ဟယ်… နင့် သတို့သားကလေ မင်္ဂဆောင် တီးလုံးစ မတီးခင် ဒီနေရာကို ရောက်ပြီး ဖြစ်နေမှာ ပါ၊ ဒါပေမဲ့ သူ ပြန်ရောက်လာရင်လည်း နင် သူ့ကို တွေ့ လို့မရသေးဘူး၊ ငါတို့ က မင်္ဂလာပွဲကို ရိုးရာအစဉ်အလာအတိုင်း ကျင်းပမှာ ”
“ရိုးရာအစဉ်အလာ… ဟုတ်လား”
ဟု နှားခေါင်းရှုံ့ရင်း ကျွန်မက ရေရွတ်လိုက်သည်။
“ဟုတ်တယ်လေ… အချိန်မကျမချင်း သတို့သမီးနဲ့ သတို့သား မတွေ့ ရဘူး၊ ဟုတ်ပြီလား”
အက်(ဒ်)၀ပ်တို့ အိမ်သို့ သွားရာလမ်းတစ်လျှောက် သုံးမိုင်ခန့်ကို မှိတ်တုတ်မီးလုံးလေးများ စွာ ထွန်းညှိအလှဆင်ထားပေသည်။
“အိမ်ထဲမှာ အလှဆင်ထားတာတော့ မင်္ဂလာပွဲအချိန်ကျမှ ကြည့်ပြီး အံ့သြပေတော့၊ အခု ကြည့်ခွင့် မပြုနိုင်သေးဘူး”
“အခု ကြည့်လို့မရဘူးလား”
“အပေါ်ထပ် လှေကားပေါ်ကနေ ဆင်းလာတဲ့အခါကျမှ မြင်ရပြီး တအံ့တသြ ဖြစ်သွားစေ ချင်လို့ပါ”
အဲလစ်က ကျွန်မ မျက်လုံးများ ကို လက်ဖြင့် ပိတ်ပြီး အိမ်ထဲသို့ ဆွဲခေါ်သွားသည်။ မွှေးပျံ့ သင်းထုံသော ပန်းရနံ့များ ကို ရသည်။
“နေဦး… ကျွန်မ ပြောပြမယ်၊ လိမ္မောနံ့ရယ်၊ လီလီပန်းနံ့ရယ်၊ ဒီပြင် အနံ့တစ်မျိုးရယ် ရ တယ်၊ ဟုတ်တယ်မဟုတ်လား”
“အရမ်းတော် တယ် ဘယ်လာ၊ အိုင်းရစ်ပန်းရယ်… နှင်းဆီပန်းရနံ့ရယ်ပဲ ပြောဖို့ ကျန်ခဲ့ တယ်”
နောက်ဆုံး၌ အပေါ်ထပ် အလှပြင်ခန်းထဲသို့ ရောက်လာမှ ကျွန်မ မျက်လုံးများ ကို ဖွင့်ပေး လိုက်သည်။ စားပွဲပေါ်ဝယ် အလှပြင်ပစ္စည်းပေါင်းများ စွာ ကို ညီညီညာညာ စီတန်းတင်ထားရာ ကျွန်မမှာ တအံ့တသြ ဖြစ်လျက် -
“ဒါတွေ က ဒီလောက် လိုလို့လား အဲလစ်ရယ်၊ ဘယ်လောက် အလှပြင်ပြင် အက်(ဒ်)၀ပ်နဲ့ တွဲ လိုက်ရင် ငါ့အလှက မှိန်သွားမှာ ပဲမဟုတ်လား”
ဟု ပြောလိုက်မိ၏ ။ အဲလစ်က ကျွန်မကို ထိုင်ခုံပေါ်သို့ ထိုင်စေကာ -
“ငါ အလှပြင်ပေးပြီးရင် ဘယ်သူကမှ နင့်အလှကို မှိန်တယ်လို့ မပြောရဲစေရဘူး၊ အာမခံ တယ်”
ကျွန်မက ကုလားထိုင်တွင် ကျောမှီထိုင်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။ အလှပြင် နေတုန်း တစ်ရေး တစ်မောတော့ အိပ်လိုက်ဦးမည် ဟူသော အကြံနှင့် ဖြစ်သည်။ ကျွန်မ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ ဘော်ဒီလိုးရှင်းများ မိတ်ကပ်များ ဆစ်ဆင့်ပြီးတစ်ဆင့် လိမ်းခြယ်နေချိန်ဝယ် ကျွန်မ မှာ မှေးခနဲ မကြာခဏ ဖြစ် သွားပါသေးသည်။
နေ့လယ်စာ စာချိန်ကျော်ကျော်လောက်မှာ ကျွန်မ၏ နောက်ထပ် ယောက် မလောင်းတစ် ယောက် ဖြစ်သော ရိုစလီ အခန်းထဲသို့ ၀င်လာသည်။
“သူတို့ ပြန်ရောက်လာကြပြီ”
ဟု ရိုစလီကပင် သတင်းပေးသည်။
“အက်(ဒ်)၀ပ်ကို ဒီကို တက်မလာစေနဲ့”
ဟု အဲလစ်က အမိန့်ပေး၏ ။
“စိတ်ချပါ၊ မလာပါဘူး၊ ထုံးစံကို သူ သိပါတယ်၊ ဒါနဲ့ ငါ ကူလုပ်ပေးရဦးမလား၊ သူ့ဆံပင် ငါ ထုံးပေးမယ်လေ”
ကျွန်မမှာ အံ့သြလွန်းသဖြင့် ပါးစပ်ဟောင်းလောင်းပွင့်မတတ် ဖြစ်သွားသည်။ ရိုစလီသည် ကျွန်မကို ဘယ်တုန်းကမှ သိပ်သဘောမကျခဲ့။ သူက ဖြစ်နိုင်လျှင် အားလုံးကို စွန့်လွှတ်လျက် လူ့ ဘ၀ကို ရချင်သူ။ ကျွန်မ ကတော့ ရပြီးသား လူ့ဘ၀ကို စွန့်လွှတ်လျက် သူတို့ မိသားစုဘ၀ထဲသို့ ၀င်ချင်သူ။ ဒါကြောင့် သူမက ကျွန်မကို သိပ်မကြည်တာ ဖြစ်သည်။
အဲလစ်က သူပဲ အားလုံး တာဝန်ယူပါသည်ဟုဆိုသဖြင့် ရိုစလီ အခန်းထဲမှ ပြန်ထွက်သွား သည်။ အဲလစ်က ကျွန်မကို မတ်တတ်ရပ်ခိုင်းပြီး မင်္ဂလာသတို့သားသမီးဝတ်စုံကို စတင်ဝတ်ဆင် ပေးသည်။
“နည်းနည်း လေး တောင့်ထားလိုက်ဦးနော်၊ ပြီးခါနီး ပါပြီ”
ကျွန်မက သူ့ကို ပြုံးပြလိုက်သည်။
“ကဲ… ငါလည်း အ၀တ်အစား သွားလဲလိုက်ဦးမယ်၊ နှစ် မိနစ်လောက်သည်းခံပြီး စောင့် လိုက်ဦး”
ခဏကြာတော့ အဲလစ် ပြန်ရောက်လာသည်။ ငွေရောင် ၀တ်စုံဖြင့် အဲလစ်မှာ ငန်းပျိုမလေး တစ်ကောင်လို လှချင်တိုင်း လှနေသည်။
“အို… သိပ်ကြည့်ကောင်းတာပဲ အဲလစ်ရယ်”
“ဒါ ဘာမှမဟုတ်သေးဘူး၊ လူတွေ က ဒီနေ့ ငါ့ကိုကြည့်မှာ မဟုတ်ဘူး၊ နင်ရှိနေသမျှ ငါ့ကို ဘယ်သူမှ ကြည့်ကြမှာ မဟုတ်ဘူး”
“ပိုပြီ”
“နင့်အမေတောင် ရောက်လာပြီ ဘယ်လာ”
ပြောရင်းဆိုရင်းပင် အခန်းတံခါးဝဆီမှ ခြေသံကြားရပြီး အမေ့အသံကို ကြားရတော့၏ ။
“အို… သမီးလေး ဘယ်လာ… အရမ်းလှနေပါလား သမီးရယ်၊ အမယ်လေး… အမေဖြင့် ငိုမိတော့မယ်၊ အဲလစ်ရယ်… နင်က သိပ်တော် တာပဲ၊ နင်နဲ့ အက်စ်မီတို့ ကတော့ မင်္ဂလာဆောင် တွေ မှာ လိုက်ပြီး အလှပြင်အခမ်းအနားပြင်ဆရာ လုပ်ရင်တောင် ရနေပြီ၊ ဒီသတို့သမီးဝတ်စုံမျိုး ဘယ်ကနေ ရှာလိုက်တာလဲဟယ်၊ သိပ်လှတာပဲ၊ သိပ်ပြီးကျက်သရေရှိတယ်၊ သမီးနဲ့ သိပ်လိုက် တယ်၊ သမီးရယ်… သမီးဟာ မနှင်းဖြူပုံပြင်ထဲက ထွက်လာတဲ့ မင်းသမီးလေးလိုပါပဲလား”
အမေ့အသံက အရင်ရောက်လာကာ လူက နောက်မှ အပြေးတစ်ပိုင်း ၀င်လာ၏ ။
“စိတ်ကူးတွေ ကတော့ ဆန်းပါ့ကွယ်၊ ၀တ်စုံကလည်း မိုက်မှမိုက်၊ တကယ်ပါပဲ၊ သမီး ခင် ပွန်းလောင်းမိသားစုဟာ ဆယ့်ရှစ်ရာစုကတည်းက လူ ဖြစ်နေသလိုပါပဲကွယ်”
အဲလစ်နှင့် ကျွန်မမှာ တစ်ယောက် ကို တစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်လိုက်မိသည်။ ထို အခိုက်ဝယ် တံခါးဝဆီမှ ချောင်းဟန့်သံ ကြားရသည်။
“ရေနီ… မင်း အောက်မှာ ထိုင်ပြီး နေရာယူဖို့ အချိန်ကျပြီလို့ အက်စ်မီက မှာ လိုက်တယ်”
ဟူသော ကျွန်မဖခင် ချာလီ၏ အသံကို ကြားရ၏ ။ အမေက ကျွန်မကို ဖက်ယမ်းနှုတ်ဆက် ကာ အောက်ထပ်သို့ ဆင်းသွား၏ ။ ခရစ်ယာန်ထုံးစံအရ အဖေက ကျွန်မကိုတွဲ ၍ ပွဲထွက်ကာ သတို့ သားလက်သို့ သမီးကို အပ်ရမည် ဖြစ်သည်။
အမေက အောက်ထပ်သို့ မဆင်းမီ အဖေ့ဘက်သို့ လှည့်ကာ -
“မေ့တော့မလို့၊ ဟိုဘူးကလေးရော”
ဟု ပြောသည်တွင် အဖေက သူ့အင်္ကျီအိတ်ထဲမှ အဖြူရောင် ဘူးကလေးကို အမေ့လက်ထဲ သို့ ကမ်းလိုက်၏ ။ အမေက ဘူးအဖုံးကို ဖွင့်လိုက်ပြီး -
“အပြာရောင် လေးပေါ့”
ဟု ပါးစပ်မှ ပြောလိုက်သေးသည်။ ဘူးကို ဖွင့်ကြည့်လိုက်သော အခါ ငွေရောင် ဘီးကလေး နှစ် ခုကို တွေ့ ရသည်။ ဘီးများ ၏ အထက်ပိုင်းတွင် နီလာ ကျောက်များ ကို လှပစွာ စီခြယ်ထား၏ ။ ကျွန်မမှာ အသံများ တုန်ရီလျက် -
“အမေ… အဖေ… ဘာလို့ ဒီလောက် ဈေးကြီးတာတွေ ပေးရတာ လဲ”
ဟု ၀မ်းနည်း ၀မ်းသာ ပြောလိုက်၏ ။ အဲလစ်က ငွေဘီးလေးနှစ် ခုကို လျင်မြန်စွာ ယူ၍ ကျွန် မ ဆံပင် ခေါင်းစည်းကြိုးအနီးတွင် သေသပ်စွာ ထိုးစိုက်လိုက်၏ ။
“၀တ်စုံက အသစ်၊ ဒီဘီးလေးတွေ က အဟောင်း၊ အပြောရောင် ဒီတော့ ပိုလိုက်သွားပြီ”
အဖေက ကျွန်မလက်ကို တွဲ ကာ အခန်းထဲမှ ထွက်လာသော အချိန်တွင် အောက်ထပ်မှ ဂီ တာသံများ သည် ပိုမိုကျယ်လောင်လာခဲ့၏ ။ ရာနှင့် ထောင်နှင့် ချီသော ပန်းပွင့်များ မှ မွှေးရနံ့တို့ သည်လည်း သင်းပျံ့လျက် လှေကားထိပ်ဆီသို့ ပင် တက်လာသည်။ သတို့သမီး ထွက်လာသော အ ခါ တီးခေတ်လေ့ရှိသည့် တီးလုံးကို မှန်မှန်လေး တီးခတ်သံ ပေါ်ထွက်လာပေသည်။ လှေကား အောက်ခြေ၌ ကျွန်မကို အက်(ဒ်)၀ပ် စောင့်ကြိုနေပုံကို စိတ်ကူးဖြင့် မြင်ယောင် ကြည့်မိသည်။
“သမီး လိမ့်ကျမသွားအောင် သေသေချာချာ ကိုင်ထားဦးနော် အဖေ”
အဖေ့ကို ကျွန်မ တီးတိုးပြောလိုက်လေလျှင် ဖခင်ကြီးက ကျွန်မ လက်မောင်းကို စွဲမြဲစွာ ဆုပ်ကိုင်ထားလိုက်လေသည်။
ခြေတစ်လှမ်းချင်း လှေကားကို ဂရုစိုက်ပြီးဆင်းဟု ကိုယ့်ကိုယ်ကို သတိပေးကာ ကျွန်မ ဆင်းလာခဲ့သည်။ မြေညီထပ်သို့ ရောက်မှပဲ ပတ်ဝန်းကျင်ကို ကြည့်တော့မည် ဟု ကိုယ့်ခြေထောက် ကို ကိုယ် အာရုံပြုထားသော်လည်း လူမြင်ကွင်းသို့ ကျွန်မ ထွက်လာသည်နှင့် စောင့်နေသော လူ လုပ်ကြီးသည် ကျွန်မကို မြင်သည်နှင့် တအံ့တသြ တီးတိုးဝေဖန် ပြောကြားသံများ ကိုတော့ ကြား နေရပေသည်။
ကြမ်းပြင်နှင့် ခြေထောက် ထိသည်နှင့် သူ့ကို အရင်ဆုံး လိုက်ရှာမိသည်။ ထိုသို့ ကြည့် လိုက်တော့မှ အခန်းတစ်ခုလုံး အဖြူရောင် ပန်းပွင့် ထောင်ပေါင်းများ စွာ ၊ ပိုးသား ဖဲသား ကြိုးမျှင်များ စွာ ဖြင့် အလှဆင်ထားသော ခန်းမကြီးကို သတိထားမိသည်။ ပန်းများ အများ ဆုံး အလှဆင်ထား သော မုခ်ဦးလေးတစ်ခုရှေ့မှာ ရပ်နေသော သူ့ကို နောက်ဆုံး၌ တွေ့ လိုက်ရ၏ ။ အက်(ဒ်)၀ပ် နံ ဘေး၌ သူ၏ ဖခင် ဒေါက်တာကားလစ်ကယ်လန် မတ်တတ်ရပ်နေပေသည်။ သူငယ်ချင်း ဖြစ်သူ အိန်ဂျလာ့အဖေကိုလည်း သူတို့နောက်ဘက်၌ တွေ့ ရသည်။
လူတွေ အားလုံးထဲ၌ သူ့မျက်နှာကိုသာ ကျွန်မ ထင်ထင်ရှားရှား မြင်မိသည်။ သူ့မျက်လုံးများ မှာ ရွှေရောင် တောက်နေသည်။ စိတ်လှုပ်ရှားသဖြင့် သူ့မျက်နှာသည် အလေးအနက် ဖြစ်နေသည်။ ကျွန်မတို့နှစ် ယောက် အကြည့်ချင်းဆုံလိုက်သည်နှင့် ချစ်သူက အသက်ရှူမှားစေတလောက်သော အပြုံးကို ပြုံးပြလိုက်သည်။
အဖေသာ ကျွန်မလက်ကို ဆွဲမထားဘူးဆိုလျှင် ချစ်သူရှိရာသို့ ကျွန်မ တစ်ဟုန်ထိုး ပြေး သွားမိပေလိမ့်မည် ။ ခပ်မှန်မှန် တီးခတ်နေသော ဂီတသံဖြင့် စည်းချက်ကျကျ လမ်းလျှောက်နေရ သည်ကိုပင် အားမရနိုင်။ တီးလုံးမှာ နှေးလှသည်ဟု ထင်မိ၏ ။
နောက်ဆုံး၌ ကျွန်မ အဖေက ကျွန်မလက်ကို ကိုင်ကာ အက်(ဒ်)၀ပ်လက်သို့ အပ်လိုက်၏ ။ ကျွန်မသည် အေးစက်သော သူ့လက်များ ကို ကိုင်လိုက်ရသည်နှင့် ကိုယ့်အိမ် ကိုယ့်ရာလို လုံခြုံ သွားသည်။
ကြိုတင်စီစဉ်ထားသည့်အတိုင်း ဘုန်းတော် ကြီး မစ္စတာဝက်ဘာကို ကောင်းချီးပေးရန် ဖိတ် ခေါ်ထား၏ ။ ထုံးတမ်းစဉ်လာ အမေး အဖြေ ကတိသစ္စာ ပြုကြရာတွင် အက်(ဒ်)၀ပ်နှင့် ကျွန်မက စ ကားလုံးတစ်ခုပဲ အဆန်းထွင်၍ ပြုပြင်ထား၏ ။ ၄င်းမှာ မေးရိုးမေးစဉ် -
“သေမင်းက ခွဲသည်အထိ ပေါင်းကြပါမည် ” ဆိုသည့် စကားအစား -
“ကျွန်ုပ်တို့ အသက်ရှင်နေသ၍ ပေါင်းကြပါမည် ”
ဟူ၍ ဖြစ်သည်။ ဘုန်းကြီး တိုင်ပေးသော စကားများ ကို လိုက်ဆိုရင်း ကျွန်မ မျက်ဝန်းမှ မျက်ရည်များ ပင် လည်လာပေသည်။ အက်(ဒ်)၀ပ်သာ မျက်ရည်မထွက်တတ်သော အမနုဿမျိုး နွယ် မဟုတ်ခဲ့လျှင် သူလည်း ကျွန်မလို မျက်ရည် လည်လာပေလိမ့်မည် ။
ဘုန်းကြီးက ကောင်းချီးပေးပြီး၍ ခင်ပွန်းက ဇနီးကို နမ်းခွင့်ပြုလိုက်သည်။ သူက ကိုယ်ကို ကျွန်မဘက်သို့ ကိုင်းကာ ညင်သာစွာ နမ်းလိုက်၏ ။ လက်ရှိအချိန်၊ လက်ရှိနေရာ၊ လက်ရှိပရိသတ် များ ကို မေ့သွားမတတ် သူ့အနမ်းမှာ ကျွန်မ မိန်းမောနေမိသည်။ သူက အနမ်းကို ခပ်တိုတိုနှင့် အ ဆုံးသတ်လိုက်သည်နှင့် အရိသတ်၏ တစ်ခဲနက် လက်ခုပ်သြဘာသံကြီး ထက်ပေါ်လာ၏ ။
အခုမှ ဧည့်သည်များ ကို လိုက်နှုတ်ဆက်နိုင်သည်။ တစ်ယောက် ပြီး တစ်ယောက် ကျွန်မကို လာနှုတ်ဆက်သဖြင့် လက်မလည်နိုင်အောင် ရှိသည်။ တချို့ကို ဘယ်သူတွေ လဲပင် သတိမထားမိ တော့။ အက်(ဒ်)၀ပ်က ကျွန်မ လက်တစ်ဖက်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားသည်။ ကျွန်မ သတိထားမိ သည်မှာ ကျွန်မ၏ လူသားစင်စစ် သူငယ်ချင်းများ ၏ လက်သည် နွေးထွေးနေပြီး ကျွန်မ၏ မိသားစု ၀င်အသစ်များ ၏ လက်များ မှာ တော့ အေးစက်လှကြောင်းပင် ဖြစ်သည်။
နောက်ဆုံးတော့ အထူးဧည့်သည် တစ်ယောက် ဆီသို့ ရောက်လာသည် သူကား အခြား မ ဟုတ်။ ကျွန်မ၏ ပုန်းရှောင်နေသော ၀ံပုလွေမိတ်ဆွေ ဂျက်ကော့ကိုယ်စား သွေးစုပ်ဖုတ်ကောင်များ ကြားသို့ ရဲဝံ့စွာ ရောက်လာခဲ့သော ဆက်(သ်) ကလီးထားဝါးတားပင် ဖြစ်တော့သည်။
အခန်း (၃)
မင်္ဂလာပွဲမှာ လက်ထပ်ပွဲမှ ဧည့်ခံပွဲသို့ တဖြည်းဖြည်း ပြောင်းလဲသွားပေပြီ။ အရာအားလုံးမှာ အဲလစ်၏ ကျွမ်းကျင်စွာ စီစဉ်ထားမှု ကြောင့် ဤမျှချောမွေ့သွားရခြင်း ဖြစ်သည်။
ဂျက်ကော့ ဖခင် ဘေလီသည် ဣနြေ္ဒကြီးစွာ ဘီးတပ်ကုလားထိုင်ပေါ်ဝယ် တည်တည်ငြိမ် ငြိမ် ထိုင်နေ၏ ။ တကယ်တော့ သူ ဒီလို တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့ ဆိုတာ တကယ်မလွယ်။ ဤပွဲ သည် သူ့အတွက် အင်မတန်ဆိုးဝါးသော အခမ်းအနားတစ်ခု ဖြစ်သည်။ သူ အချစ်ဆုံးသူငယ်ချင်း ၏ သမီး တစ်ယောက် အတွက် အဆိုးအ၀ါးကိစ္စပင် ဖြစ်သည်။
တကယ်တော့ ယခုကိစ္စသည် ကွေးလူးတပ်(စ်)နှင့် ကယ်လန်မျိုးနွယ်စု နှစ် ခုအကြား သို့ မ ဟုတ် သမန်းဝံပုလွေနှင့် သွေးစုပ်လူသားများ ဘက်မှ စတင်ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။ သ ဘောတူစာချုပ်အရဆိုလျှင် ဤနယ်မြေအတွင်း ကယ်လန်မိသားစုသည် လူအင်အား တိုးချဲ့ခြင်းကို မည် သည့်အကြောင်းနှင့် မျှ မပြုလုပ်ရ။
သဘောတူညီချက် ကျိုးပေါက်သွားပြီး တိုက်ပွဲ ဖြစ်တော့မည် ကို ၀ံပုလွေများ က သိနေခဲ့ပြီ။ သို့ သော် ဒေါက်တာကယ်လန်တို့ဘက်ကမူ မည် သို့ တုံ့ပြန်ရမည် ကို စဉ်းစား၍ မရသေး။ တစ်ဖွဲ့နှင့် တစ်ဖွဲ့ မဟာမိတ်မဖွဲ့ခင် အချိန်ကသာ ဒီလိုကိစ္စ ပေါ်ခဲ့လျှင် ချက်ချင်း တိုက်ခိုက်ကြမည့်  အဓိပ္ပယ် ဆောင်ပေသည်။ စစ်ကြေညာခြင်းလည်း မည် ပါ၏ ။ သို့ သော် ယခုလို တစ်ယောက် အကြောင်း တစ် ယောက် ပိုနားလည်လာသည့်အခိုက်မှာ တော့ စစ်ပွဲအစား ခွင့်လွှတ်လိုက်လျောခြင်းများ ဖြစ်လာ လေမလားဟုသာ မ၀ံ့မရဲ တွေးမိတော့သည်။
ထိုသို့ စဉ်းစားနေဆဲ ၀ံပုလွေလူသားလေး ဆက်(သ်)က အက်(ဒ်)၀ပ်အား လက်ဆွဲနှုတ် ဆက်ရန် လက်ကမ်းလာ၏ ။ အက်(ဒ်)၀ပ်က လက်တစ်ဖက်ဖြင့် ကျွန်မလက်ကို ဆုပ်ထားပြီး ကျန် လက်တစ်ဖက်ဖြင့် ဆက်(သ်)ကို ပြန်၍ လက်ဆွဲ၍ နှုတ်ဆက်၏ ။
“အစစအရာရာ ခင်ဗျားအတွက် အဆင်ပြေတဲ့အတွက် ၀မ်းသားပါတယ်” ဟု ဆက်(သ်)က ပြော၏ ။
“ကျေးဇူးတင်ပါတယ် ဆက်(သ်)၊ ငါတို့ မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့်တာ ငါ အရမ်းဝမ်း သာဂုဏ်ယူပါတယ်၊ မင်းနဲ့အတူ လိုက်လာတဲ့ ဘေလီနဲ့ ဆူးကိုလည်း ကျေးဇူးပါ၊ ဆက်(သ်)ကို ဒီ လို လာခွင့်ပေးလို့ ကျေးဇူးပါပဲ ဘေလီ”
“ရပါတယ်ကွာ… ကိစ္စမရှိပါဘူး”
ဟု ဘေလီက တည်တည်ငြိမ်ငြိမ် ပြန်ဖြေသံကြောင့် ကျွန်မပင် အံ့သြရ၏ ။ ကျွန်မကို နှုတ် တက်ရန် မိတ်ဆွေများ တန်းစီနေကြသဖြင့် ဤမျှသာ ပြောပြီး သူတို့ စာသောက်ခန်းမသို့ ထွက် သွားကြသည်။
သူတို့ ထွက်သွားပြီး ကျွန်မ သူငယ်ချင်းများ ဖြစ်သော အိန်ဂျလာနှင့် ဘန်က လာနှုတ်ဆက် ၏ ။ ထို့နောက် အိန်ဂျလာ၏ မိဘများ ၊ ၎င်းနောက် မိုက်(ခ်)နှင့် ဂျက်ဆီကာ (သူတို့နှစ် ယောက် အတွဲ ဖြစ်သွားကာ လက်ချင်းချိတ်လာကြသဖြင့် အံ့သြရသေးသည်။)
လူသားသူငယ်ချင်းများ အလှည့်ပြီးပြန်တော့ ဒန်နလီ သွေးစုပ်ဖုတ်ကောင် မျိုးနွယ်စုမှ ကျွန် မ၏ ယောက် မ၀မ်းကွဲများ အလှည့်ကို ရောက်လာပြန်သည်။
တန်ညာဟူသော လှပသည့် သွေးစုပ်လူသား မိန်းမပျိုနှင့် အခြားသုံးယောက် က ကျွန်မတို့ ကို လာ၍ နှုတ်ဆက်သည်။
“မိသားစုထဲက ကြိုဆိုပါတယ် ဘယ်လာ”
ဟု တန်ညာက ပြုံးပြီး ပြောသည်။
“ငါတို့ဟာ တစ်မိသားစုတည်း ဖြစ် သွားပါပြီ၊ ပြီးခဲ့တဲ့ ကိစ္စတုန်းက တို့တစ်တွေ အကူအညီ မပေးခဲ့မိတဲ့အတွက် စိတ်မကောင်းပါဘူး၊ မင်း ငါတို့ကို ခွင့်လွှတ်တယ် မဟုတ်လား ဟင်”
“ခွင့်လွှတ်ပါတယ်၊ ရှင်နဲ့ တွေ့ ရတာ သိပ်ဝမ်းသာတာပဲ”
ထုံးစံအတိုင်း တစ်ယောက် ပြီး တစ်ယောက် လက်ဆွဲ နှုတ်ဆက်ရ၏ ။ တီးဝိုင်းမှ တီးလုံး စတီးသော အခါမှပင် နားရတော့သည်။ အက်(ဒ်)၀ပ်က ကျွန်မကို ကပွဲခန်းမသို့ ခေါ်သွားကာ ငြိမ့် ညောင်းသော တေးသွား၏ စည်းချက်နှင့် အညီ ကနေပါတော့သည်။ ကျွန်မတို့နှစ် ယောက် ကနေ သော ရုပ်ပုံမှာ အခန်းနံရံ၏ မှန်ချပ်ပေါ်တွင် အရိပ်ထင်နေသဖြင့် ကျွန်မမှာ ကိုယ့်အရိပ်ကို ကိုယ် မမှတ်မိနိုင်လောက်အောင် ဖြစ်ရကာ ကြည့်မဆုံးတော့ပေ။ အရိပ်ထဲ၌ အလွန်လှပသော အဖြူ ရောင် သတို့သမီးကလေး ကျွန်မကို ငေးကြည့်နေပါသည်။
ထိုအခိုက်ဝယ် ကျွန်မကို ဖက်၍ ကနေရင်းမှ အက်(ဒ်)၀ပ်သည် တစ်စုံ တစ်ယောက် က သူ့ နာမည် ကို ခေါ်သံကြားလိုက်သည့်သဖွယ် ဆတ်ခနဲ ခေါင်းထောင်ကြည့်လိုက်၏ ။ ထို့နောက် အက် (ဒ်)၀ပ်က နှစ် လိုဖွယ် အားရပါးရ ပြုံးလိုက်သည်။
“ဘာ ဖြစ်လို့လဲ”
ဟု ကျွန်မ မေးလိုက်၏ ။
“အံ့သြစရာကောင်းတဲ့ မင်္ဂလာလက်ဖွဲ့တစ်ခုပါ”
“ဘာ… ”
အက်(ဒ်)၀ပ်က ကျွန်မကို ဘာမှ ပြန်မဖြေဘဲ ကပွဲခန်းမ၏ တစ်ဖက် အလင်းရောင် မရှိသော နေရာသို့ ခေါ်သွားသည်။ အိမ်အပြင်ဘက် သစ်ပင်ကြီး တစ်ပင်အောက်သို့ ရောက်မှ ရပ်လိုက်၏ ။
“ကျေးဇူးတင်ပါတယ် မင်းဟာ အတော် ကြင်နာတတ်တဲ့သူပဲ”
ကြားဖူးနေကျ ရှတတ အသံက အမှော င်ရိပ်ထဲမှ ပြန်ဖြေ၏ ။
“ဂျက်ကော့….”
ကျွန်မ ဗလုံးဗထွေး ဟစ်အော်မိ၏ ။
“ဂျက်ကော့”
“ဟေး … ဘယ်လာ”
ကျွန်မတို့နှစ် ယောက် တင်းကျပ်စွာ ဖက်ထားမိကြသည်။
“ရိုစလီက သူနဲ့ တွဲ ကဖို့ ခေါ်ထားသေးတယ်၊ မင်းတို့ စကားပြောနှင့် ကြဦး”
ဟု ပြောပြောဆိုဆို အက်(ဒ်)၀ပ်က ထွက်သွား၏ ။ အမှန်တော့ ကျွန်မတို့ အေးအေးလူလူ စ ကားပြောဖို့ ရှောင်းပေးခြင်း ဖြစ်ပေမည် ။
ကျွန်မသည် ဘာစကားမှ မပြောနိုင်ဘဲ ဂျက်ကော့ကိုဖက်ကာ ငိုမိ၏ ။
“ဂျက်ကော့ရယ်… နင် လာတယ်နော်၊ ငါ နင့်ကို ကျေးဇူးတင်လိုက်တာ”
“အစ်မကလည်း မငိုပါနဲ့၊ အလှတွေ ပျက်ကုန်ပါဦးမယ်၊ အခမ်းအနားစလို့ ရပြီလေ၊ လူပျိုရံ ရောက်လာပြီ၊ နောက်ကျသွားတာ ခွင့်လွှတ်ပါ”
“နင် ရောက်လာတာ ငါ အရမ်းဝမ်းသားတာပဲ”
ကျွန်မက ကပွဲခန်းမသို့ လှမ်းကြည့်လိုက်သည်။ မှော င်နေသဖြင့် သဲသဲကွဲကွဲ မမြင်ရပါ။
“အင်း… ဆမ်က အဖေ့ကို ပြောပြထားမယ် ထင်ပါတယ်၊ မင်္ဂလာ… မင်္ဂလာပွဲ… ပြီးသွားရင် တော့ အဖေ့ကို ကျွန်တော် သွားတွေ့ လိုက်ပါ့မယ်”
“နင် အိမ်ပြန်လာတာ သိရင် နင့်အဖေ အရမ်းဝမ်းသာမှာ ပဲ”
ဂျက်ကော့က ကျွန်မ လက်ဖ၀ါးကို ကိုင်ယူကာ သူ့ရင်ဘတ်ပေါ် တင်ထားလိုက်။ ကျွန်မ လက်ဖ၀ါးများ က သူ့နှလုံးခုန်သံကို ကြားနေရသည်။ ဒီလို ဖြစ်အောင် သူ တမင်လုပ်တာ ဖြစ်သည်။
“ကကြရအောင်”
ဟု ပြောကာ ဂျက်ကော့က စတင်ရွေ့လျားပါသည်။ သူ့ကကွက်သည် ခပ်လှမ်းလှမ်း အက ခန်းမထဲမှ ထွက်လာသော ဂီတသံနှင့် စည်းချက်လည်း မညီချေ။
“အကောင်းဆုံး ကကြမယ်”
သူ ကနေသည်မှာ ကျွန်မလက်မှတစ်ဆင့် သိနေသော သူ့ရန်ခုန်သံ စည်းချက်နှင့် အညီ က နေခြင်းပါလား။
“ဒီလို လာ ဖြစ်မယ်တောင် မထင်ဘူး၊ ရောက်လာ ဖြစ်တာ ကျွန်တော် တော့ တကယ်ဝမ်းသာ တယ်၊ အစ်မကို တစ်ကြိမ် ထပ်တွေ့ ခွင့်ရတာ သိပ်ကောင်းတာပဲ၊ ကျွန်တော် ထင်ထားသလောက် တော့ ၀မ်းနည်းစရာ မကောင်းပါဘူး”
“ငါ နင့်ကို ၀မ်းမနည်းစေချင်ပါဘူး”
“ကျွန်တော် သိပါတယ်၊ ဒီည ကျွန်တော် လာတာ အစ်မကိုယ် အစ်မ အပြစ်ရှိတယ်လို့ ခံစား ရအောင်လုပ်ဖို့ လာတာ မဟုတ်ဘူး”
“ဟင့်အင်း… နင် လာတာ ငါ အရမ်းပျော်တယ်၊ နင် ရောက်လာတာ ငါ့အတွက် အကောင်း ဆုံး မင်္ဂလာလက်ဆောင်ပဲ”
“တော် သေးတာပေါ့၊ ကျွန်တော် မရပ်မနား ပြေးလာရတော့ လက်ဖွဲ့ဝယ်ဖို့ အချိန်မရခဲ့ဘူး”
“နင် ပြန်လာဖို့ ဘယ်တုန်းက ဆုံးဖြတ်ခဲ့တာလဲ”
“ဒီဘက်ကို မသိစိတ်က ပြန်လှည့်နေတာတော့ ကြာပြီ၊ ဒါပေမဲ့ အစ်မ မင်္ဂလာဆောင်ကို လာဖို့တော့ ဒီနေ့မနက်ကမှ ဆုံးဖြတ်လိုက်ပြီ မရပ်မနား ပြေးလာခဲ့တာ၊ မီမှမီပါဦးမလားလို့တောင် တွေးမိတယ်၊ သိလား… အစ်မဘယ်လာ ခြေလေးချောင်းနဲ့ နေလာတာ ကြာပြီဆိုတော့ ခြေနှစ် ချောင်းနဲ့ လမ်းလျှောက်ရတာ မနေတတ်တော့ဘူး၊ တစ်ခုခု လိုနေသလိုပဲ၊ ဟာတာတာကြီး ဖြစ်နေ တယ်၊ ကျွန်တော် ဟာ သူ့ဓလေ့စရိုက်နဲ့လည်း တော် တော် ကင်းကွာနေပါပြီ”
“နင့်ဆံပင် ညှပ်လိုက်တာလား”
“ဟုတ်တယ်၊ မီးဖိုချောင်ထဲက သိုးမွေးရိတ်တဲ့ ကတ်ကြေးနဲ့ ကိုယ့်ဘာသာ ညှပ်လိုက်တာ”
“ကြည့်လို့ကောင်းသားပဲ”
ဟု ကျွန်မ လိမ်ပြောလိုက်၏ ။ ဂျက်ကော့က ပြုံးနေသည်။ ထို့နောက် တစ်စုံတစ်ခုကို တွေး မိဟန်ဖြင့် အပြုံးပျောက်ကွယ်သွားပြီး -
“အစ်မ… ပျော်ရဲ့ လား” ဟု ကောက်ခါငင်ကာ မေး၏ ။
“အင်းလေ… ”
“ကောင်းပြီ… ဒါဟာ အဓိကအကျဆုံးလို့ ကျွန်တော် ထင်ပါတယ်”
“နင် နေကောင်းရဲ့ လား ဂျက်ကော့”
“ကောင်းပါတယ်၊ ကျွန်တော့် အတွက် စိတ်မပူပါနဲ့၊ ကျွန်တော် တစ်ယောက် တည် လာတာ မဟုတ်ဘူး၊ ဆမ် ပါပါတယ်၊ လိုရမည် ရ အရေး အကြောင်း ရှိခဲ့ရင်ပေါ့”
“ဘာအရေး အကြောင်းလဲ”
“တကယ်လို့ ကျွန်တော် အစ်မ မင်္ဂလာပွဲကို ဖျက်ခဲ့ရင် တားရအောင် လိုက်လာတာပါ၊ ဒါပေမဲ့ ကျွန်တော် ဒီကိုလာတာ အစ်မ မင်္ဂလာပွဲကို ဖျက်ဖို့လာတာ မဟုတ်ပါဘူး၊ မင်္ဂလာပွဲကြီး ပြီး ပြည့်စုံသွားအောင် လာခဲ့တာပါ၊ အစ်မရဲ့ သူငယ်ချင်းအ ဖြစ် နောက်ဆုံးအနေနဲ့ လာခဲ့တာပါ”
“ဆမ်က နင့်ကို အမှတ်ကောင်းကောင်းပေးတော့မှာ ပဲ သူ ဘယ်မှာ လဲ”
“ဆမ်… ဒီမှာ ရှိနေတယ်၊ ဆက်(သ်)တို့ ကျွန်တော့် အဖေ ဘေလီတို့လည်း ရှိနေတော့ စိတ် မချလို့ စောင့်ကြည့်နေတာ၊ ဒီပွဲမှာ သွေးစုပ်ဖုတ်ကောင်တွေ အများ ကြီးပဲ မဟုတ်လား၊ ဆက်(သ်) က အန္တရာယ်ကို နားမလည်ဘူးလေ”
“ဆက်(သ်)က ဒီနေရာမှာ အန္တရာယ် မရှိဘူးဆိုတာ သိပြီးသားပါ၊ သူက ကယ်လန်မိသား စုအကြောင်းကို ဆမ်ထက် ပိုနားလည်တယ်”
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်ဗျာ”
“ငါ့အသံ မာသွားတာ ဆောရီးပဲ”
“ရပါတယ်၊ တစ်သက်တာအတွက် နှုတ်ဆက်တယ်လို့ ပြောချင်ပေမယ့် ကျွန်တော့်ပါးစပ်က ပြောမထွက်ဘူး”
ကျွန်မပါးပြင်မှ မျက်ရည်စများ ကျလာသဖြင့် ဂျက်ကော့က လက်ခုံဖြင့် ညင်သာစွာ သုတ် ပေး၏ ။
“မငိုရဘူးလေ… အစ်မဘယ်လာ”
“မင်္ဂလာပွဲမှာ လူတိုင်း ငိုတတ်ကြပါတယ်”
“ဒါ အစ်မ လိုချင်ခဲ့တဲ့ ကိစ္စ မဟုတ်လား”
“ဟုတ်ပါတယ်”
“ဟုတ်ရင် ပြုံးရတယ်”
ဂျက်ကော့က ကျွန်မကို တစ်စုံတစ်ခု ပြောရန် ကြိုးစားနေပြီး ပြောထွက်ဟန်ဖြင့် မကြာခဏ သက်ပြင်းချနေပြန်သည်။
“ဘာပြောမလို့လဲ ဂျက်ကော့… ပြောလေ”
“မေးချင်တာ တစ်ခု ရှိလို့ပါ”
“မေးလေ… ”
“ဥပါဒါန်ကြောင့် ဥပဒ်ရောက် ဆိုသလိုပဲ၊ သိချင်နေတာလေးတစ်ခု ရှိတယ်၊ မမေးတော့ပါ ဘူး”
ကျွန်မသည် ဂျက်ကော့စိတ်ကို ကောင်းကောင်းနားလည်သူ ဖြစ်သည်။
“ငါ့ကို သွေးစုပ်ဖုတ်ကောင်ဇာတ် ပြောင်းမယ့်ကိစ္စ မဟုတ်လား၊ ဒီညတော့ ဖြစ်မှာ မဟုတ် ဘူး ဂျက်ကော့”
ဂျက်ကော့က ကျွန်မ၏ လူသား ဖြစ်တည်မှု ကို အက်(ဒ်)၀ပ်ထက်ပင် ပို၍ အလေးအနက် ထားနေဟန် ရှိသည်။
“ဒါဆို ဘယ်တော့လဲ”
“တိတိကျကျတော့ မသိဘူး၊ တစ်ပတ် နှစ် ပတ်လောက် ကြာမှ ထင်တယ်”
ဂျက်ကော့ အသံသည် ရုတ်တရက် မာထန်သွား၏ ။
“ဘာလို့ အချိန်ဆွဲထားတာလဲ”
“အဲဒီ လို လုပ်လိုက်ရင် တစ်ကိုယ်လုံး ချစ်ချစ်တောက်ပူပြီး ဖျားနာသွားရောတဲ့၊ ငါ ဟန်းနီး မွန်းထွက်နေတုန်းမှာ မဖျားချင်ဘူး”
“ဒါဆို အစ်မက ဟန်းနီးမွန်းမှာ ဘာလုပ်နေမှာ လဲ၊ အပျင်းပြေ ဖဲရိုက်နေကြမှာ လား”
“မရွဲ့ပါနဲ့”
“အစ်မ ပြောတာလည်း အဓိပ္ပာယ်မရှိဘူး၊ အစ်မရဲ့ သွေးစုပ်ဖုတ်ကောင်နဲ့ ဘယ်လိုမှ ဟန်း နီးမွန်း ပျားရည်ဆမ်းခရီး ဖြစ်မှာ မဟုတ်ဘူး၊ ဝေ့လည်ကြောင်ပတ် မလုပ်ပါနဲ့၊ ခင်ဗျားက ဟိုဟာ လုပ်ရမှာ ကို ကြိုက်နေမှာ ပေါ့၊ ဟုတ်တယ် မဟုတ်လား၊ ရှက်မနေပါနဲ့ ပြောစမ်းပါ”
“ငါ ဘာမှ ဝေ့လည်ကြောင်ပတ် မလုပ်ဘူး၊ ဘာမှ ဖုံးကွယ်ထားစရာ အကြောင်းမရှိဘူး၊ အေး ဟုတ်တယ်၊ ငါဟာ ဟန်းနီးမွန်းခရီးအစစ်ကို ရနိုင်တယ်၊ ငါ လုပ်ချင်တာ ငါ လုပ်နိုင်ခွင့် ရှိ တယ်၊ နင် ဒီနေရာက ထွက်သွားတော့”
“ဘာ… ဘာပြောတယ်”
“ဘာ ဖြစ်လို့လဲ… ငါ ဘာမှားလို့လဲ ဂျက်ကော့”
“ဟန်းနီးမွန်းအစစ်ဆိုတာ ဘာကို ဆိုလိုတာလဲ၊ လူသားအစစ်နဲ့ သွေးစုပ်ဖုတ်ကောင် ဘယ် လို ပူးပေါင်းမှာ လဲ”
“ထွက်သွားတော့လို့ ငါ ပြောနေတယ် ဂျက်ကော့၊ ဒါ နင့်အပူ မပါဘူး၊ ဒီကိစ္စကို ပြောကိုမ ပြောသင့်ဘူး၊ ဒါ ငါ့ကိုယ်ရေး ကိုယ်တာဟဲ့”
ဂျက်ကော့ လက်များ က ကျွန်မ ပခုံးနှစ် ဖက်ကို အားရပါးရ ကိုင်လှုပ်နေသည်။
“လွှတ်… ဂျက်ကော့ နင် ငါ့ကိုလွှတ်”
“အစ်မ မိုက်လှချည်လား၊ စဉ်းစားဥာဏ် မရှိတော့ဘူးလား၊ ပြောစမ်း... ခင်ဗျား ကျွန်တော့်  ကို စ,နေတာ မဟုတ်လား၊ ပြောစမ်း”
ကျွန်မကို အရုပ်ကလေးတစ်ရုပ်လို ဂျက်ကော့က ကိုင်လှုပ်နေသည်။
“တော် တော့… လွှတ်တော့… ဂျက်ကော့”
မှော င်ရိပ်ထဲမှာ ကျွန်မတို့ချည်း မဟုတ်တော့ဘဲ အဖော်အချို့ ရောက်လာကြသည်။
“မင်းလက်ကို ရုပ်လိုက်စမ်း… ဂျက်ကော့”
အက်(ဒ်)၀ပ်၏ အသံက ရေခဲလို အေးစက်၍ ဓားသွားလို ချွန်မြသည်။
ဂျက်ကော့၏ နောက်မှာ ကား မည်းမည်းသဏ္ဌာန် နှစ် ခုက ၀ံပုလွေ နှာမှု တ်သံပြုလျက် ရှေ့ သို့ တက်လာသည်။
“အစ်ကို လုပ်လို့ အစ်မဘယ်လာ နာသွားလိမ့်မယ်၊ လွှတ်လိုက်ပါတော့”
“အခု ချက်ချင်း လွှတ်လိုက်”
ဟု အက်(ဒ်)၀ပ်က ၀င်အော်သည်။
ဂျက်ကော့က ကျွန်မကို လွှတ်လိုက်သည်နှင့် အက်(ဒ်)၀ပ်က လေ၏ လျင်မြန်မှု မျိုးဖြင့် ကျွန်မကို နောက်သို့ ဆွဲခေါ်သွား၏ ။ အက်(ဒ်)၀ပ်က ကျွန်မရှေ့မှာ ရပ်နေ၏ ။
အလွန်ကြီးမားလှသော ၀ံပုလွေကြီး နှစ် ကောင်သည် အက်(ဒ်)၀ပ်နှင့် ဂျက်ကော့ကြားတွင် ရပ်နေ၏ ။ သို့ သော် ရန်လိုပုံမပြဘဲ ရန်ပွဲကို ဖျန်ဖြေနေသည်နှင့် သာ တူ၏ ။
ဆက်(သ်) ဆိုသော ဆယ့်ငါးနှစ် သား ကောင်လေးက ဂျက်ကော့၏ တဆတ်ဆတ် တုန်ရီ နေသော ခန္ဓာကိုယ်ကို မနိုင့်တနိုင် အတင်းဆွဲခေါ်နေ၏ ။
“လာပါ… ဂျက်… သွားကြစို့”
ဒေါသအမျက်ခြောင်းခြောင်း ထွက်နေသော အကြည့်များ ဖြင့် အက်(ဒ်)၀ပ်ကို ကြည့်ကာ လည်ချောင်းဝမှ အချိမဆံ့ ထွက်လာသော အသံဖြင့် -
“ငါ မင်းကို သတ်မယ်၊ ငါ မင်းကို အခုပဲ ကိုယ်တိုင်သတ်မယ်”
ဟု ကြိမ်းဝါးပြောဆိုနေ၏ ။ သူ့ကိုယ်မှာ ၀ံပုလွေဘ၀သို့ ပြောင်းတော့မလို တဆတ်ဆတ် တုန်ယင်နေ၏ ။
“လာပါ… သူငယ်ချင်း လာပါ၊ ပြန်ရအောင်”
ဆက်(သ်)က အတင်းတွန်းကာ ခေါ်သွားသည်။ ဆမ်ဟု ယူဆရသော အမည်းရောင် ၀ံပု လွေကြီးတစ်ကောင်ကလည်း ဆက်(သ်)ကို ၀င်ကူကာ သူ့ ဦးခေါင်းကြီးဖြင့် ဂျက်ကော့ကို တွန်း ကာ တွန်းကာ တောထဲသို့ ခေါ်သွား၏ ။
ဒေါသဖြင့် တဆတ်ဆတ် တုန်နေသော ဂျက်ကော့…
ဂျက်ကော့ကို ဖျောင်းဖျနေသော ဆက်(သ်)…
ဂျက်ကော့ကို ခေါင်းဖြင့် တိုး၍ တွန်းထုတ်နေသော ၀ံပုလွေကြီး… သုံးဦးသားမှာ တဖြည်း ဖြည်း တော၏ အမှော င်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား လေတော့သည်။
အခန်း (၄)
“ဟူစတန်ကို သွားမလို့လား”
ကျွန်မက ဆီယက်တဲ လေဆိပ်မှ လေးလံလှသော မျက်ခွံများ ကို ဖွင့်ကာ မေးလိုက်သည်။
“ဟူစတန်မှာ ခဏရပ်ပြီး ဆက်သွားရဦးမှာ ပါ”
ဟု အက်(ဒ်)၀ပ်က ကျွန်မ အမေးကို ဖြေသည်။
ကျွန်မ လေယာဉ်ပေါ်မှာ အိပ်ပျော်လျက် လိုက်ပါလာရာ လေယာဉ်ပြောင်းစီးရမည့်  နေရာ သို့ ရောက်မှ အက်(ဒ်)၀ပ်က မ ဖြစ်မနေနှိုးခြင်း ဖြစ်သည်။
“ရီယိုဒီဂျနေရိုကို သွားမှာ လား”
“အဲဒါလည်း နောက်ထပ် ရပ်မယ့်နေရာပါပဲ”
တောင်အမေရိကတိုက်သို့ သွားသော လေယာဉ်ခရီးစဉ်မှာ ပထမတန်းမှ စီးရခြင်း၊ အက် (ဒ်)၀ပ်၏ ရင်ခွင်ထဲမှာ အိပ်စက်ရခြင်းတို့ကြောင့် သက်သော င့်သက်သာ ရှိလှသည်။
ကျွန်မ မျှော်လင့်ထားသကဲ့သို့ ရီယိုဒီဂျနေရို၌ နောက်ထပ် လေယာဉ် ပြောင်းစီးရခြင်း မရှိ တော့ပါ။ ၎င်းအစား ကျဉ်းမြောင်းရှုပ်ထွေးလှသော ရီယိုမြို့၏ လမ်းများ တစ်လျှောက် တက္ကစီကား လေးက တရိပ်ရိပ် မြေးလွှားနေပါသည်။ နောက်ထပ် လေယာဉ်ထပ်မစီးခင် ဟိုတယ်တစ်ခုမှာ နား မည် လား မသိပါ။ တက္ကစီကားသည် မြို့၏ တောင်ဘက်စွန်းသို့ ရောက်လာပြီး ကျွန်မတို့၏ ရှေ့တွင် ပင်လယ်ကြီးပဲ ရှိပါတော့သည်။ ဆိပ်ခံတံတားတွင် ကားကို ရပ်လိုက်၏ ။
ထိုနေရာ၌ ရွက်လှေ လေး ငါးစီး ရပ်ထားသည်။ ထိုရွက်လှေများ အနက် အသေးဆုံးနှင့် အ သစ်ဆုံး ဆက်လှေတစ်စီးဆီသို့ အက်(ဒ်)၀ပ်က ကျွန်မကို ဦးဆောင်ခေါ်ငင်သွားသည်။ သူ၏ လက်ထဲ၌ ဆွဲလာသော အလွန်ကြီးမားသည့် အိပ်ကြီးတစ်လုံးကို စက်လှေပေါ်သို့ ပစ်တင်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကျွန်မကို တွဲ ခေါ်ကာ စက်လှေပေါ်သို့ တက်စေ၏ ။
သူ ကျွမ်းကျင်စွာ စက်လှေကို ကိုင်တွယ် စက်နှိုးနေပုံကို ကြည့်ကာ အံ့သြမိသည်။ အက် (ဒ်)၀ပ်သည် စက်လှေမောင်းဖူးသည်ဟု ယခင်က တစ်ခါမှ မပြောခဲ့ဖူး၍ ဖြစ်သည်။ ဤကမ္ဘာပေါ်၌ သူ မလုပ်တတ်တာ တစ်ခုမှ မရှိတော့ သလိုပင် ဖြစ်သည်။
ကျွန်မတို့သည် ဟင်းလင်းပွင့်နေသော ပင်လယ် သမုဒ္ဒရာကြီးတစ်လျှောက် အရှေ့ဘက်စူး စူးသို့ မော်တော် ဘုတ်ကို မောင်းနှင်းလာခဲ့ကြပေသည်။ ကျွန်မ လေ့လာခဲ့ဖူးသော ပထ၀ီသင်ခန်း စားများ အရ ဘရာဇီးနိုင်ငံ၏ အရှေ့စူးစူးတွင် နယ်ပယ်ဒေသ အထွေအထူး မရှိလှ။ တည့်တည့်သွား လျှင် အာဖရိကတိုက်သို့ သာ ရောက်မည် ။ သို့ သော် အက်(ဒ်)၀ပ် ကတော့ စက်လှေကို အပြင်းနှင် လာခဲ့ရာ ရီယိုမြို့၏ မီးရောင် မှာ တဖြည်းဖြည်း ဝေးကျန်ခဲ့ပြီး တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား တော့သည်။ မော်တော် ဘုတ်သည် ရေလှိုင်းများ ကို ဖွေးဖွေးလှုပ်စေလျက် ရှေ့သို့ တစ်ရှိန်ထိုး ပြေး လွှားနေလေသည်။
နောက်ဆုံး၌ သိချင်စိတ်ကို မထိန်းချုပ်နိုင်ဘဲ ကျွန်မက စ၍ မေးရတော့သည်။
“တော် တော် ဝေးဝေးထိ ဆက်သွားရဦးမှာ လား”
“နာရီဝက်လောက်ဆို ရောက်ပါပြီ”
မိနစ် နှစ် ဆယ်ခန့် ကြာသော အခါ မော်တော် စက်သံကို ကျော်လွန်၍ အက်(ဒ်)၀ပ်က ကျွန်မ နာမည် ကို အော်ခေါ်ပါသည်။
“ဘယ်လာ… ဟိုမှာ ကြည့်လိုက်စမ်း”
ကျွန်မတို့ ရှေ့တည့်တည့်သို့ သူက လက်ညှိုးထိုးပြ၏ ။
လက်ဦးအစ၌ ကျွန်မသည် လက်ရောင် ဖြင့် လက်နေသော လှိုင်းဖွေးဖွေးနှင့် မည်းနက်နေ သော ပင်လယ်အမှော င်ထုကိုသာ မြင်၏ ။ သို့ သော် သူ ပြသော နေရာကို အာရုံစိုက်ကြည့်လိုက် သော အခါ လရောင် ခပ်ပါးပါး ကျနေသော ပင်လယ်ရေပြင်ထက်၌ ခပ်ပါးပါး အမည်းရောင် ၀တ္ထုတစ် ခုကို ၀ိုးတ၀ါး တွေ့ ရ၏ ။ ကြည့်နေရင်းကပင် ၀ိုးတ၀ါး အမည်းရောင် အရာဝတ္ထုမှာ ပို၍ ထင်ရှားပီပြင် လာ၏ ။ တြိဂံပုံ တစ်ဖက်သို့ ခပ်ချွန်းချွန်း ပြေသွားသော အရာတစ်ခုကို တွေ့ ရသည်။ ကျွန်မတို့ မော်တော် လေးသည် အနားသို့ ပို၍ ကပ်လာ၏ ။ ခပ်ဖြည်းဖြည်းတိုက်ခတ်နေသော လေပြည်လေ ညင်းနှင့် အတူ မြင်ရသော ပုံသဏ္ဌာန်မှာ ပို၍ ထင်ရှားလာသည်။
ကျွန်မတို့ရှေ့တွင် ကျွန်းကလေးတစ်ကျွန်းသည် ပင်လယ်ပြင်ကျယ်ကြီးထဲတွင် ထီးထီးရပ် နေ၏ ။ လရောင် အောက်၌ ဖွေးဖွေးဖြူသော ကမ်းခြေနှင့် ယိမ်းနွဲ့နေသော အုန်းပင်များ ကိုပင် မြင် လာရသည်။
“ကျွန်မတို့ ဘယ်ရောက်နေတာလဲ”
အက်(ဒ်)၀ပ်က စက်လှေကို ကျွန်း၏ မြောက်ဘက်စူးစူးသို့ မောင်းသွားရင်း ကျွန်မ မေးခွန်း ကို ဖြေသည်။
“ဒါ အက်စ်မီကျွန်းလေ”
စက်လှေက ကျွန်းကို ဖြည်းညင်းစွာ ဆိုက်ကပ်သည်။ ဆိပ်ခံတံတားလေးတစ်ခုတော့ ရှိ သည်။ လေမှ ပူနွေးနေသည်။ သက်ရှိသတ္တ၀ါတစ်ဦး တစ်ယောက် ၏ အရိပ်အယောင်ကိုမှ မတွေ့  ရ။ မော်တော် စက်အင်ဂျင်ကို ရပ်လိုက်သော အခါ လှိုင်းပုတ်သံမှတစ်ပါး ဘာမှ မကြားရပါ။
“ဘာ… အက်စ်မီကျွန်း ဟုတ်လား”
“ဟုတ်တယ်… ကိုယ့်အဖေ ကယ်လန်နဲ့ ကိုယ့်အမေ အက်စ်မီတို့ရဲ့ မင်္ဂလာလက်ဖွဲ့လေ၊ အဖေက အမေ့ကို ၀ယ်ပေးထားတာ၊ အမေက တို့ကို ခဏငှားလိုက်တာ”
လက်ဆောင်… ဘယ်သူက ကျွန်းတစ်ကျွန်းကို လက်ဆောင်အ ဖြစ် ပေးခဲ့ပါသလဲ။
အက်(ဒ်)၀ပ်က သူ၏ လေးလံလှသော အိတ်ကြီးကို လက်တစ်ဖက်က သယ်လာရင်း အခြား တစ်ဖက်က ကျွန်မကို တွဲ ခေါ်လာသည်။ သစ်ပင် ချုံနွယ်များ ကြားမှ ဖြတ်လျှောက်လာသော အခါ ကျွန်မတို့ရှေ့ခပ်လှမ်းလှမ်းတွင် မီးရောင် မြင်ရ၏ ။ သေသေချာချာ ကြည့်မှ ထိုမီးရောင် မှာ အိမ်တစ် လုံးမှ ထွက်ပေါ်လာသော အိမ်ရှေ့တံခါးနှစ် ခု၏ လေးထောင့်သဏ္ဌာန်များ ဖြစ်ကြောင်း သိရတော့ သည်။
အိမ်တံခါးမှာ သော့ ခတ်မထားပါ။ အက်(ဒ်)၀ပ်က အေးအေးဆေးဆေးပင်။ တံခါးဖွင့်ကာ ၀င်သွားသည်။ ကျွန်းကလေး သေးငယ်သော်လည်း အိမ်မှာ ကျယ်ဝန်းလှသည်။ အက်(ဒ်)၀ပ်တို့ အိမ်မှ အခန်းနံရံများ ကို သုတ်ထားသော ဆေးရောင် အတိုင်း သုတ်ထားသဖြင့် ယခင်အိမ်ကို အမှတ်ရစရာပဲ ဖြစ်သည်။
အခန်းမှာ ကျယ်ပြီး အဖြူရောင် ဆေးသုတ်ထားသည်။ နံရံမှာ အများ အားဖြင့် မှန်များ ကာရံ ထား၏ ။ သွေးစုပ်လူသားများ ၏ စိတ်ကြိုက်အပြင်အဆင်တစ်မျိုး ဖြစ်သည်။ အိမ်အပြင်ဘက်၌ လ ရောင် သည် သဲသော င်ပြင်ပေါ်ဝယ် ဖြူလွစွာ တောက်ပေနေပြီး အိပ်ခန်းမှ မဝေးလှသော ရေပြင် သည်လည်း လရောင် နှင့် ၀င်းလဲ့နေသည်။ သို့ သော် ကျွန်မက သဘာဝအလှရှုခင်းကို သိပ်သတိ မထားမိပါ။ အဘယ်ကြောင့် ဆိုသော် ကျွန်မအာရုံကို အလွန်ကြီးမားကျယ်ပြန့်သော အဖြူရောင် ခု တင်နှင့် အိပ်ရာက လွှမ်းမိုးထားသော ကြောင့် ဖြစ်သည်။ ဖွေးဖွေးဖြူသော မွေ့ရာကြီး၏ အလယ် တွင် ဇာခြင်ထောင်တစ်ခုကို တွဲ လောင်းချပြီး လှပစွာ ချည်နှောင်ထား၏ ။
“ဒီလို လုပ်ပါလား”
အံ့သြမင်တက်နေသော ကျွန်မမှာ အက်(ဒ်)၀ပ် စကားကြောင့် သတိဝင်လာသည်။
“အရင်ဆုံး… ကိုယ်နဲ့အတူ မင်း ညလယ်ယံ ရေကူးပွဲ မကျင်းပချင်ဘူးလား၊ ပင်လယ်ရေက လည်း နွေးနေမှာ ပဲ၊ ဒီလိုကမ်းခြေမျိုးကို မင်း ကြိုက်မယ် ထင်ပါတယ်”
“သိပ်ကောင်းတာပေါ့ရှင်”
“ကိုယ် သွားနှင့် မယ်၊ သိပ်မကြာစေနဲ့ မစ္စစ်ကယ်လန်”
ကျွန်မ၏ နာမည် အသစ်ကို ကြားရသဖြင့် မနေတတ် မထိုင်တတ် ဖြစ်သွားပေသည်။ အက် (ဒ်)၀ပ် ထွက်သွားသည်နှင့် အဲလစ် ပြင်ဆင်ပေးလိုက် သော ကျွန်မ၏ ခရီးဆောင်သေတ္တာကို ဖွင့်၍ ဘာဝတ်ရင် ကောင်းမလဲဟု မွှေနှောက်ရှာဖွေနေမိသည်။ ဤကျွန်းပေါ်မှာ လူဟူ၍ လည်း ကျွန်မတို့ နှစ် ယောက် သာ ရှိသဖြင့် ဘာပဲဝတ်ဝတ် အဆင်ပြေပါသည်ဟု ကိုယ့်ကိုယ်ကို နှစ် သိမ့်လိုက်သည်။ ၎င်းနောက် ဘာမှမ၀တ်တော့ဘဲ မျက်နှာသုတ်ပုဝါကိုသာ ရင်ရှား၍ ကမ်းခြေဘက်သို့ ထွက်လာခဲ့ ၏ ။
လရောင် အောက်၌ အရာရာမှာ အဖြူနှင့် အမည်းရောင် သာ ရှိသည်။ ကမ်းစပ်၌ ပုံထား သော အက်(ဒ်)၀ပ်၏ အ၀တ်အစားများ ကို တွေ့ ရသည်။ သူ့ကို သိပ်ကြာကြာမရှာလိုက်ရပါ။ အက် (ဒ်)၀ပ်သည် ကျွန်မကို ကျောပေးလျက် ခါးလယ်အထိ နက်သော ရေထဲဝယ် ရပ်ရင်း ဘဲဥပုံ လမင်း ကြီးကို ငေးကြည့်နေ၏ ။ သူ၏ လက်ဖ၀ါးနှစ် ဖက်ကို ရေပေါ်တွင် ဖွဖွလေး မှော က်ချထား၏ ။ ကျွန်မ သည် ချောမွေ့လှသော သူ၏ နောက်ကျော၊ သူ၏ ပခုံး၊ သူ၏ လက်မောင်း၊ သူ၏ လည်ပင်း၊ အပြစ်ပြောစရာ မရှိသည့် ကောက်ကြောင်းကို ငေးကြည့်နေမိသည်။ ကျွန်မ ရင်ထဲမှ ရှက်ကြောက် စိတ်နှင့် ပူပင်မှု များ အားလုံး ပျောက်ကွယ်သွားသည်။
ကျွန်မကိုယ်ပေါ်မှ မျက်နှာသုတ်ပုဝါကို ချွတ်၍ သူ့အင်္ကျီများ ပုံထားသော သစ်ပင်အနီးတွင် ပစ်ချလိုက်သည်။ ၎င်းနောက် ဘော်ငွေရောင် လရိပ်အောက်သို့ လမ်းလျှောက်လာခဲ့ရာ သော င်ပြင် မှ သဲဖြူဖြူများ နှင့် အပြိုင် ကျွန်မ ခန္ဓာကိုယ်မှာ လရောင် ခြည် ရွှန်းလဲ့နေပါတော့သည်။
“မင်း နိုးလာပြီလား”
အခန်းထဲဝယ် နေရာင်ခြည်က နွေးထွေးစွာ ဖြာကျလျက်ရှိသည်။ မျက်စိကို ဖွင့်ကြည့်လိုက်သော အခါ ကျွန်မ မျက်နှာကို မိုး၍ ကြည့်နေသော သူ့မျက်နှာကို တွေ့ ရသည်။ ညက ဘာ ဖြစ်ခဲ့သလဲ ကျွန်မ ပြန်စဉ်းစားနေမိသည်။
“မထနဲ့… မင်း နာနေလိမ့်မယ်”
အက်(ဒ်)၀ပ်က မျက်နှာပျက်ပျက်ဖြင့် ကျွန်မကို တားသည်။ ကျွန်မ အိပ်ရာက ထဖို့ ကြိုး စားလိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ကိုင်ရိုက်ထားသလို နာနေ၏ ။ ကိုယ့်ကိုယ်ကို သေသေချာချာ ကြည့်လိုက်သော အခါ ကျွန်မပခုံး၊ ကျွန်မ လက်မောင်းတို့ဝယ် အညိုအမည်းစွဲနေသော လက်ရာ များ ကို တွေ့ ရသည်။ ထိုဒဏ်များ ကို လက်ဖြင့် ကိုင်လိုက်လျှင် နာကျင်လှသည်။ လက်ဖြင့် ဖိလိုက် လျှင် အညိုအမည်းများ မှာ ပျောက်သွားပြီး ပြန်လွှတ်လိုက်လျှင် ပေါ်လာပြန်သည်။
ကျွန်မ ငယ်စဉ်က အမေ အတင်းလေ့ကျင့်ခိုင်းသဖြင့် အလေးမဖူးသည်။ ဆယ်ပေါင် ၀ိတ် ပြားများ ကို လက်စတ်ဖက်တည်းနှင့် အကြိမ်များ စွာ တင်ချ ပင့်တင့်စေရာ နောက်နေ့၌ တစ်ကိုယ် လုံး ကိုက်ခဲပြီး လမ်းမလျှောက်နိုင်တော့ပါ။ ယခုအ ဖြစ်မှာ ထိုစဉ်က အလေးမပြီး ခံရတာ ထက် တစ် ၀က်လောက်တော့ သက်သာပါသေးသည်။
“၀မ်းနည်းပါတယ်၊ ကိုယ် စိတ်မကောင်းပါဘူး၊ မင်း လူသားအ ဖြစ်နဲ့ ကိုယ်နဲ့ နေလိုက်တာ အန္တရာယ်ကြီးလွန်းတယ်”
“ရပါတယ်၊ ကျွန်မ ထင်သလောက် မဆိုးပါဘူး”
“လူ့သွေးကို သောက်ရတာ ကလွဲရင် ဒီကိစ္စဟာ ဒုတိယအကောင်းဆုံးလို့ ငါ့ညီတွေ ပြောတာ အခုတော့ လက်ခံပါပြီ၊ ဒါပေမဲ့ မင်းကို ကိုယ် ဒဏ်ရာ အနာတရ ဖြစ်စေခဲ့ပြီ”
“ကျွန်မ ခွင့်လွှတ်ပါတယ်လို့ ပြောပြီးပြီပဲ၊ ကဲ ကျွန်မ ဗိုက်ဆာတယ်၊ ဘာစားဖို့ ရှိလဲ”
“မင်းက လူဆိုတော့ ခဏခဏ ဆာတတ်မှန်းသိလို့ မနက်စာ အဆင်သင့်လုပ်ထားတယ်”
ကျွန်မက အိပ်ရာပေါ်မှ ကြိုးစား၍ ထလိုက်သည်။ ဒဏ်ရာများ ကြောင့် တစ်ကိုယ်လုံး နာနေ သည်။ မနက်ဖြန်ဆိုလျှင် အညိုအမည်းများ မှာ ဒီထက် ထင်ရှားလာဖို့ ရှိသည်။ ကျွန်မက သူ့ကိုဖက် ကာ နမ်းလိုက်၏ ။ သူက တစ်ဖက်သို့ မျက်နှာလွှဲသွားသည်။
“ဘယ်လာ… မင်း လူအ ဖြစ်ကနေ သွေးစုပ်ဖုတ်ကောင်အ ဖြစ် မပြောင်းရသေးမချင်း ကိုယ် မင်းနဲ့ လင်မယားလို မနေတော့ဘူး၊ ကိုယ် မင်းကို ဘယ်တော့မှ နာကျင်အောင် မလုပ်တော့ဘူး”
အခန်း (၅)
နောက်ရက်များ တွင် အက်စ်မီကျွန်းပေါ်၌ ဖျော်ဖြေရေး အစီစဉ်များ သည်သာ ကျွန်မတို့၏ အဓိကဦးစားပေး လုပ်ငန်းများ ဖြစ်လာပေသည်။
ရေငုပ်ခြင်း (ကျွန်မက အောက်ဆီဂျင်ဘူးဖြင့် ငုပ်သော်လည်း အက်(ဒ်)၀ပ်၏ သူမတူသည့် စွမ်းရည်ကြောင့် အောက်ဆီဂျင်ဘူး မလိုဘဲ အချိန် အတော် ကြာအောင် ရေထဲ၌ ငုပ်နိုင်လေသည်။) ကျွန်းပေါ်၌ ပေါက်ရောက်နေသော တောအုပ်ကလေးထဲသို့ ၀င်ရောက်လမ်းလျှောက်ခြင်း၊ ကျွန်း၏ တောင်ဘက်ခြမ်း၌ ရှိနေသော ကြက်တူရွေးအသိုက်များ အား သွားကြည့်ခြင်း၊ ကျွန်း၏ အနောက် ဘက်ခြမ်း ကျောက်တောင်ကြီးပေါ်မှ ပင်လယ်တွင်း နေ၀င်ချိန်ကို စောင့်ကြည့်ကြခြင်း၊ ပင်လယ် လိပ်များ နှင့် အပြိုင် ရေကူးခြင်းတို့သည် ကျွန်မတို့၏ ဖျော်ဖြေရေး အစီစဉ်များ ဖြစ်သည်။
ဘာ ဖြစ်နေလဲဆိုတာ ကျွန်မ သိပါသည်။ လင်ခန်း မယားခန်းဘက်သို့ ဦးတည်မလာစေရန် ကျွန်မကို တစ်နေကုန် မနားမနေ အလုပ်ပေးထားခြင်း ဖြစ်သည်။ ညစာကို တနင့်တပိုး (တမင်စီစဉ် ထားသည့်အလား) စားသောက် ပြီးသော အခါ ကျွန်မမှာ ဟန်မဆောင်နိုင်ဘဲ အမြဲတမ်း အိပ်မော ကျသွားလေ့ရှိပါသည်။ တစ်ခါတစ်ရံ၌ ထမင်းစားပွဲမှာ ပင် မှော က်လျက် အိပ်ပျော်သွား တတ်ပါ သည်။
ရက်သတ္တပတ်ခန့် ကြာသော အခါ ကျွန်မက သူနှင့် တစ်ခုလောက် ညှိနှိုင်းတိုင်ပင်ပါရစေဟု စကားစကြည့်လိုက်သည်။ ထိုစဉ်က ကျွန်မတို့သည် အဖြူရောင် အိပ်ခန်းထက် ပို၍ သေးသော အ ပြာရောင် အိပ်ခန်းသို့ ပြောင်းရွှေ့၍ နေခဲ့ကြပြီ ဖြစ်သည်။ အဖြူရောင် အိပ်ခန်းမှာ တော့ အက်(ဒ်) ၀ပ် လက်ချက်ဖြင့် ခေါင်းအုံးများ ပေါက်ပြဲကုန်သဖြင့် လဲမှို့များ ၊ ငှက်မွေးများ တစ်ခန်းလုံး ပြန့်ကျဲ ညစ်ပတ်ကုန်၍ ဖြစ်သည်။
“ကျွန်မ ရှင်နဲ့ အပေးအယူတစ်ခု လုပ်ချင်တယ်”
“မင်းနဲ့ အပေးအယူလုပ်စရာ ဘာမှ မရှိဘဲ”
“ကျွန်မ ပြောမှာ ဖြင့် ရှင် မကြားသေးဘဲနဲ့”
“ကဲ… ဒါဖြင့် ပြော… ဘာလဲ”
“ကျွန်မတို့နှစ် ယောက် ဒါးမောက်ကောလိပ်မှာ ကျောင်းသွားတက်မှာ မို့ အမြန်လက်ထပ် လိုက်ပါတယ် ဆိုတာ အဖေတို့ အမေတို့ကို အကြောင်းပြကောင်းအောင် ပြောတာ မဟုတ်လား၊ တကယ်တော့ လက်ထပ်တဲ့ အဓိပ္ပာယ်က လင်မယားလို နေချင်လို့မို့လား၊ ကျွန်မအသက် ဆယ့် ရှစ်နှစ် ကနေ ဆယ့်ကိုးနှစ် ဖြစ်တော့လဲ ဘာအရေး လဲ၊ တစ်နှစ် အတွင်းတော့ ကျွန်မက အမယ်ကြီး အို ဖြစ်မသွားနိုင်ပါဘူး၊ ဟုတ်တယ် မဟုတ်လား”
“ဒါဆို မင်းက စောင့်ဦးမယ်ပေါ့၊ လူသားအ ဖြစ်ပဲ နေချင်သေးတယ်ပေါ့၊ ဘာ ဖြစ်လို့လဲ၊ ဘာ ဖြစ်လို့ အဲဒီ လို ဆုံးဖြတ်ရတာ လဲ၊ ခုလိုနေတာ အန္တရာယ် မများ ဘူးလား”
“ကျွန်မ ကောလိပ်ဆက်တက်ချင်သေးလို့ပါ”
“မဟုတ်သေးပါဘူး၊ ကောလိပ်တက်ချင်ရုံသက်သက်နဲ့တော့ အန္တရာယ်ကို မဖိတ်ခေါ်သင့် ဘူး”
“ကျွန်မ တကယ် တက်ချင်လို့ပါ၊ ကောင်းပြီ… ရှင်းရှင်းပဲ ပြောမယ်၊ ကျွန်မ လူသားတစ် ယောက် အ ဖြစ် နည်းနည်း လောက် ထပ်နေချင်သေးတယ်”
အက်(ဒ်)၀ပ်က သူ့မျက်လုံးများ ကို မှိတ်လိုက်ပြီး သက်ပြင်းတစ်ချက် မှု တ်ထုတ်လိုက်၏ ။
“မင်းက ကိုယ့်ကို ရူးအောင်လုပ်နေတာပဲ ဘယ်လာ၊ ဒီကိစ္စကို တို့အကြိမ်ကြိမ် ဆွေးနွေး ပြီးပြီးလေ၊ မင်းဟာ သွေးစုပ်ဖုတ်ကောင် ဖြစ်ဖို့ အဆိုင်းမတွ ကိုယ့်ကို အမြဲတောင်းဆိုနေခဲ့တာ မှတ် မိသေးရဲ့ လား”
“ဟုတ်တယ်၊ ဒါပေမဲ့… အရင်တုန်းက မရှိခဲ့ပေမယ့် လူသား တစ်ယောက် အ ဖြစ် ဆက်နေဖို့ အကြောင်းပြချက် ကျွန်မမှာ အခုရှိတယ်”
“အဲဒါက ဘာလဲ”
“ရှင် ခန့်မှန်းကြည့်ပေါ့”
ဟု ပြောပြောဆိုဆို ကျွန်မက ခေါင်းအုံးကို ဖယ်လိုက်ပြီး သူ့ကို လှမ်း၍ နမ်းလိုက်၏ ။
“မင်းဟာ တကယ်ကို လူသားအစစ်ပဲ ဘယ်လာ၊ မင်းစိတ်ဟာ ဟိုမုန်းတွေ ကြောင့် အမြဲ ပြောင်းနေတယ်”
“အဲဒါက အဓိကအချက်ပေါ့ အက်(ဒ်)၀ပ်ရယ်၊ ကျွန်မက လူ့အ ဖြစ်ရဲ့ အဲဒီ အစိတ်အပိုင်းကို သဘောကျတယ်၊ ဒါကို အခုအထိ မစွန့်လွှတ်ချင်သေးဘူး”
“မင်း ပင်ပန်းနေပြီ၊ အိပ်လိုက်တော့ အချစ်လေး”
“ကျွန်မ ဘာလို့ အရမ်းပင်ပန်းနေတာလဲ သိချင်လိုက်တာ၊ ဒါ ရှင် တမင်အကွက်ချ စီစဉ် ထားတာတော့ မဟုတ်ပါဘူးနော်”
အက်(ဒ်)၀ပ်က ဘာမှမပြောဘဲ ရယ်ရုံသာ ရယ်နေ၏ ။
“တစ်နေကုန် ပင်ပန်းတာနဲ့ ကျွန်မက အိပ်ပျော်သွားမယ် ထင်နေလား”
“ထင်တာ မဟုတ်ဘူး၊ မြင်တာ၊ တစ်ခါတလေကျ မင်း အိပ်နေတာကို ကြည့်ပြီး ကိုမာဝင်လို့ မေ့မြောနေတယ်တောင် ထင်ရတယ်”
“ဟင်… ဟုတ်လား၊ အိပ်ရင်းနဲ့ ကျွန်မ ယောင်ပြီး စကားပြောသေးလား၊ အိပ်မက်ဆိုးတွေ မက်ရင် ကျွန်မက ယောင်ပြီး အော်မိတတ်တယ်”
“မင်း အိပ်မက်ဆိုးတွေ မက်နေတယ်… ဟုတ်လား”
“ဟုတ်တယ်၊ အိပ်မက်က ထင်ရှားလွန်းတော့ လူကို မောကျန်ခဲ့တာပဲ၊ အဲဒီ အကြောင်းကို ကျွန်မ တစ်ညလုံး လျှောက်အော်နေမိသေးလားဟင်”
“ဘာအကြောင်း မက်တာလဲ”
“မက်တာတော့ တစ်ခါနဲ့ တစ်ခါ မတူဘူး၊ ဒါပေမဲ့ ဇာတ်သိမ်းက အတူတူပဲ၊ အိပ်မက်ထဲမှာ ဆို ပိုကြောက်ဖို့ကောင်းတယ်”
“ဘာကို ကြောက်တာလဲ ပြောစမ်းပါ”
ဘာကြောင့် မှန်း မသိ။ ကျွန်မအိပ်မက်ထဲမှ ကလေးလေးနှင့် ထိုကလေးကို ကျွန်မ ကယ် တင်ဖို့ ကြိုးနေပုံ အိပ်မက်ကို ကျွန်မ သူ့အား ပြောပြချင်စိတ် မရှိပါ။ ဤထိတ်လန့်ဖွယ်ကိစ္စမှာ ကျွန် မ၏ ကိုယ်ရေး ကိုယ်တာသာ ဖြစ်သည်။ ထို့ကြောင့် အိပ်မက်အကြောင်း ခရေစေ့တွင်းကျ ပြောပြ မည့် အစား မယုတ်မလွန် သဲလွန်စတစ်ခုကိုသာ ပြောပြပါသည်။ ထိုတစ်ခုသည်ပင်လျှင် ကျွန်မ ထိတ်လန့်ကြောက်ရွံ့ရခြင်းအတွက် လုံလောက်နေပါပြီ။
“ဗော်ကျူရီတွေ အကြောင်း အိပ်မက်မက်လို့ပါ”
ဟု ကျွန်မက လေသံဖြင့် ပြောလိုက်သည်။ သူက ကျွန်မကို ပို၍ တင်းကျပ်စွာ ဖက်ထား၏ ။
“သူတို့တွေ တို့နှစ် ယောက် ကို ထပ်နှောင့်ယှက်တော့မှာ မဟုတ်ပါဘူး၊ မင်းဟာ ဘယ်တော့ မှ မသေနိုင်တဲ့ဘ၀ကို မကြာခင် ပြောင်းတော့မှာ ပဲ၊ သူတို့မှာ ဘာအကြောင်းပြချက်မှ မရှိတော့ပါ ဘူး” (ဗော်ကျူရီများ အကြောင်းကို လမင်းနှင့် ၀ံပုလွေစာအုပ်တွင် ရှုပါ)
သူ ကျွန်မကို ချော့မော့နှစ် သိမ့်နေတာကို အသာငြိမ်နေလိုက်သည်။ သူ နားလည်မှု လွဲနေ ခြင်းအတွက်တော့ အနည်းငယ် အပြစ်ရှိသလို ခံစားရပေသည်။ အိပ်မက်ဆိုးမှာ သူ့ကို ပြောပြသည့် အတိုင်း မဟုတ်။ ကျွန်မအတွက် ကျွန်မ စိတ်ပူနေရခြင်း မဟုတ်။ ကလေးလေးအတွက် စိတ်ပူနေရ ခြင်းသာ ဖြစ်ပေသည်။
ထိုကလေးမှာ ပထမဆုံး အိပ်မက်မက်ခဲ့သော ကလေး မဟုတ်တော့ဘဲ ပြောင်းနေပေသည်။ ပထမကလေးမှာ ကျွန်မ ချစ်ခင်ရသော လူသေအလောင်းများ ပေါ်တွင် ရပ်နေသော မျက်လုံးနီနီနှင့် သွေးစုပ်ဖုတ်ကောင်ကလေးလေး ဖြစ်သည်။ နောက်ထပ် လေးကြိမ် ထပ်အိပ်မက်မက်ရာတွင် တော့ ထိုကလေးသည် သေချာပေါက် လူသား ဖြစ်နေပြန်သည်။ ကောင်လေး ပါးအို့မှာ နီစွေးနေပြီး မျက်လုံးများ မှာ အစိမ်းရောင် ဖျော့ဖျော့ ဖြစ်သည်။ သို့ သော် ဟိုယခင် အိပ်မက်ထဲမျာ တွေ့ ခဲ့သော ကောင်လေးလိုပင် သူ့အနားသို့ ကပ်လာသော ဗော်ကျူရီများ ကြောင့် ကြောက်စိတ်ဖြင့် တစ်ကိုယ် လုံး တဆတ်ဆတ်တုန်လျက် ရှိပေသည်။
အိပ်မက်ထဲမှာ ရော အဟောင်းထဲမှာ ရော ကျွန်မသည် ထိုအမည် မသိ ကလေးငယ်ကို အ လိုလိုကာကွယ်သူ ဖြစ်နေခဲ့သည်။ ထိုသို့ လုပ်ရုံမှတစ်ပါး ကျွန်မမှာ ရွေးစရာလမ်းလည်း မရှိပေ။ တစ်ချိန်တည်းမှာ ပင် ထိုသို့ ကျွန်မ၏ ကာကွယ်ပေးမှု သည် အရာမရောက်ကြောင်း သိနေပြန် သည်။
ကျွန်မ မျက်နှာပေါ်မှ သော ကကို သူ တွေ့ မြင်သွား၏ ။
“ကိုယ် ဘယ်လို ကူညီရမလဲ”
ကျွန်မက ခေါင်းခါလိုက်သည်။
“ဒါဟာ အိပ်မက်တစ်ခုပါပဲ အက်(ဒ်)၀ပ်၊ တကယ်မဟုတ်ပါဘူး”
အိပ်မက်ထဲမှ အကြောင်းကို တွေးမိပြီး ကျွန်မမျက်ဝန်းထဲမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာပြန်သည်။
“ဘယ်လာ… ဘာ ဖြစ်လို့လဲ”
ကျွန်မပါးပေါ်မှ ပူနွေးသော မျက်ရည်များ ကို သူ၏ အေးစက်သော လက်ချောင်းများ ဖြင့် သုတ်ပေးရှာ၏ ။ သို့ သော် မျက်ရည်များ မျာ မတိတ်ချေ။
ကျွန်မ၏ လက်နှစ် ဖက်ကို သူ့လည်ပင်းအား သိုင်းဖက်ထားပြီး ကျွန်မထံသို့ ဆွဲယူလိုက်၏ ။ သူက အလိုက်သင့် ပြန်ဖက်လိုက်သော်လည်း ကျွန်မ စိတ်ကျေနပ်စေရန်သာ ရည်ရွယ်သဖြင့် သိပ် ပြီးစိတ်ပါလက်ပါ မရှိချေ။
“မလုပ်နဲ့လေ ဘယ်လာ”
သူက ကျွန်မကို စိတ်နှင့် ကိုယ် မကပ်တော့ဘူးဟု ထင်သွားဟန်ဖြင့် လူချင်းခွာဖို့ ပြင်လိုက် သည်။
ကျွန်မ လက်များ ဖြင့် သူ့ကို စွဲစွဲမြဲမြဲ ဖက်ထားဖို့ ကြိုးစားသည်မှာ မအောင်မြင်ပါ။ ကျွန်မ ရှုံး ပါသည်။ ရှိုက်သံသဲ့သဲ့သည် ကျွန်မ လည်ချောင်းထဲမှ ထွက်လာ၏ ။ သူ မှန်ပါသည်။ ကျွန်မ ရူးနေပြီ ထင်သည်။
သူက ကျွန်မကို စိတ်သော ကရောက်နေသော စိတ်ရှုပ်ထွေးသည့် မျက်လုံးများ နှင့် ကြည့် လိုက်၏ ။
“ကျွန်မ… စ… စ… စိတ်မကောင်းပါဘူး”
ဟု ကျွန်မ ဗလုံးဗထွေး ပြောလိုက်သည်။
ထိုအခါ သူက ကျွန်မအား သူ၏ သလင်းကျောက်သားရင်ခွင်ထဲသို့ ရုတ်တရတ် ပွေ့ဖက် ကာ ဆွဲသွင်းလိုက်၏ ။
ကျွန်မ၏ အသံမှာ မျက်ရည်များ ဖြင့် တုန်ခါနေ၍ လား၊ ကျွန်မ၏ မိန်းမမာယာကျော့ကွင်းကို ပဲ မကျော်လွန်နိုင်၍ ပဲလား၊ ကျွန်မလိုပဲ သူလည်း သူဆန္ဒကို ထိန်း… ထိုအခိုက်တွင် ထိန်းချုပ်ခြင်း ငှာ မစွမ်းသာတော့၍ ပဲလား မပြောနိုင်တော့ပါ။ သို့ သော် ဘာအကြောင်းကြောင့် ပဲ ဖြစ် ဖြစ် သူက ကျွန်မ နှုတ်ခမ်းများ ကို စုပ်နမ်းရင်း လက်နက်ချက်လိုက်ပါတော့သည်။
အခန်း (၆)
အမည်းရောင် အရာများ က မြူတွေ လိုပင် ရှေ့သို့ တဖြည်းဖြည်း တက်လာသည်။ သတို့ မျက်လုံးများ က လူ့အသက်ကို သတ်လိုဇောနှင့် နီညိုရောင် ပြေးနေကြတာ မြင်ရသည်။ သူတို့ နှုတ် ခမ်းများ ကို ဟကာ သွားများ ကို ဖြဲပြနေသလိုပင် ရှိသည်။
ကျွန်မ နောက်တွင် ပုန်းနေသော ကလေး တဆတ်ဆတ် တုန်ကာ ထိတ်လန့်တကြား ညည်းညူနေသံကို ကြားသော်လည်း နောက်သို့ ကျွန်မ လှည့်မကြည့်အားပါ။
သူတို့က ကျွန်မတို့အနားသို့ သရဲတစ္ဆေများ လိုပင် အနားသို့ ဘွားခနဲ ရောက်လာသည်။ သူ တို့ လှုပ်ရှားလိုက်တိုင်း အမည်းရောင် ၀တ်ရုံရှည်ကြီးများ က ယိမ်းနွဲ့လှုပ်ရှားသွားကြသည်။ သတို့ ၏ လက်များ မှ လက်သည်းရှည်ကြီးများ ထွက်လာကြ၏ ။ ကျွန်မတို့နှစ် ယောက် ကို တစ်စစီ ဖြစ် အောင် ဆုတ်ပိုင်းပစ်ရန် အရပ်မျက်နှာအသီးသီးမှ ချဉ်းကပ်လာတော့၏ ။ ကျွန်မတို့ ၀ိုင်းထားခံရပြီး မကြာမီ သေရတော့မည် ။
၎င်းနောက် လျှပ်ပြက်လိုက်သလို အလင်းရောင် တစ်ချက် ၀င်းခနဲ ဖြစ်သွားပြီးနောက် မြင် ကွင်းတစ်ခုလုံးမှာ ပြောင်းလဲသွား၏ ။ အမှန်တော့ ဘာမှ ပြောင်းလဲသွားခြင်း မဟုတ်။ ကျွန်မတို့ကို သတ်မည့်  ဗော်လ်ကျူရီများ ရှေ့သို့ တက်လာနေဆဲ ဖြစ်သည်။ အမှန်တကယ် ပြောင်းလဲသွားသည် က သူတို့ကို ကျွန်မ မြင်ရပုံ ပြောင်းသွား ခြင်း ဖြစ်သည်။ ဥပမာဆိုရလျှင် ရိုးရိုးမျက်စိဖြင့် ကြည့်နေ ရာမှ နေကာမျက်မှန်တပ်၍ ကြည့်ရသလို ညကြည့်မှန်ပြောင်းဖြင့် ကြည့်ရသလို အမြင်ပုံရိပ်များ အ ရောင် ပြောင်းသွား ခြင်းပင်။ ရုတ်တရက်ပင် ကျွန်မ ဆာလောင်လာ၏ ။ ကျွန်မ သူတို့ကို ရင်ဆိုင် တိုက်ခိုက်ချင်လာ၏ ။ ထိတ်လန့်ကြောက်ရွံ့နေရာမှ သွေးဆာလောင်မှု သို့ ပြောင်းသွား သဖြင့် ကိုယ် ကိုကိုင်း၍ ရှေ့တစ်လှမ်းတက်ကာ သူတို့အားလုံးကို သွားဖြင့် ကိုက်ဖြတ်ပစ်ရန် အော်ဟစ်ဟိန်း ဟောက်ပြီး ကျွန်မမျက်နှာပေါ်၌ အပြုံးတစ်စ ၀င်ရောက်လာ၏ ။
၎င်းနောက် ကျွန်မသည် ရုတ်တရက် ထထိုင်လိုက်မိပြီး အိပ်မက်မှ လန့်နိုးလာ၏ ။
အခန်းမှာ မည်းမှော င်နေပြီး ပူအိုက်လှရာ ကျွန်မတစ်ကိုယ်လုံး ချွေးများ ပင် ထွက်နေ၏ ။
“အက်(ဒ်)၀ပ်…”
အခန်းထဲ၌ အက်(ဒ်)၀ပ်ကို မတွေ့ ရဘဲ စာတစ်စောင်ကိုပဲ တွေ့ ရ၏ ။
“ကိုယ် မကြာခင် ပြန်လာခဲ့မယ်
ပင်လယ်ကမ်းခြေ ပြည်မကြီးဘက် သွားပြီး
အမဲလိုက်ထွက်လိုက်ဦးမယ်…
ပြန်ပြီးအိပ်လိုက်ပါဦး… အိပ်ရာက နိုးတဲ့အခါ
ကိုယ် ပြန်ရောက်လာမှာ ပါ…
ချစ်တဲ့
အက်(ဒ်)၀ပ်”
ကျွန်မ သက်ပြင်းချလိုက်သည်။ ကျွန်မတို့ ဤကျွန်းပေါ်သို့ ရောက်နေတာ နှစ် ပတ်ခန့်ရှိပြီ။ ဒါကြောင့် သူ အစာရှာထွက်ဖို့ သွားသင့်ပြီဟု တွေးသင့်သော်လည်း အချိန်ကာလကို ကျွန်မက မေ့ လျော့နေခြင်း ဖြစ်ပါသည်။ ကျွန်မသည် ချွေးတွေ ထွက်ပြီးရင်း ထွက်နေသည်။ ပူအိုက်လှောင်ပိတ် လှသော အခန်းထဲမှာ ကျွန်မ မအိပ်တတ်ပါ။
ဗိုက်ကလည်း ဆာလာသည်။ ခုတလော ခဏခဏ ဗိုက်ဆာသည်။ ရေခဲသေတ္တာထဲမှ စား စရာများ ကို ထုတ်ကာ မီးဖိုချောင်ထဲသို့ သွားပြီး ကြက်သားကြော် ကြော်လိုက်သည်။ မွှေးပျံ့သော ကြက်သားကို ဒယ်အိုးထဲမှပင် မထုတ်တော့ဘဲ ဒီအတိုင်းယူ၍ တစ်ကိုက် ကိုက်လိုက်၏ ။ ပူလွန်းသ ဖြင့် လျှာထွက်မတတ်ပင် ဖြစ်သွားသေးသည်။ ကြက်သားကို ခေတ္တအအေးခံလိုက်ပြီးနောက် တစ် ကိုက် ကိုက်လိုက်တော့ အရသာမရှိတော့ဘဲ အော်ဂလီဆန်လာသည်။ ကြက်သား၏ မွှေးပျံ့သော ရနံ့မှာ်ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားသည်။ ကျွန်မက ပါးစပ်ထဲမှ ကြက်သားများ ကို ထွေး ထုတ်ပစ်လိုက်ပြီး တစ်ပန်းကန်လုံး အမှိုက်တောင်းထဲသို့ သွန်ပစ်လိုက်၏ ။ ၎င်းနောက် ပြတင်း ပေါက်များ အားလုံးကို ဖွင့်လိုက်သည်။ လေပြည်လေညင်းများ ၀င်လာသဖြင့် နည်းနည်း တော့ နေ သာထိုင်သာရှိသွားသည်။ ကြည့်ပြီးသား ဒီဗီဒီရုပ်ရှင်တစ်ကားကို ပြန်ဖွင့်ကြည့်ရင်း ကျွန်မ အိပ်ပျော် သွား၏ ။
ကျွန်မ အိပ်ရာမှ နိုးတော့ အက်(ဒ်)၀ပ် ပြန်ရောက်နေသည်။ ထိုအခိုက် ကျွန်မ ၀မ်းဗိုက်ကို တစ်စုံ တစ်ယောက် က လက်သီးဖြင့် ထိုးလိုက်သလို စူးခနဲ အောင့်တက်သွား၏ ။
“ဘယ်လာ…”
ရေချိုးခန်းထဲသို့ ပြေးဝင်ကာ ကျွန်မ အန်ချလိုက်သည်။
“ဘယ်လာ… ဘာ ဖြစ်လို့လဲ”
ကျွန်မ ချက်ချင်း ပြန်မဖြေနိုင်ပါ။ သူက ကျွန်မကို တွဲ ထားပြီး ဆံပင်များ ကို လက်ဖြင့် သပ်ပေး ၏ ။
“အသုံးမကျတဲ့ ကြက်သားတွေ ”
ဟု ကျွန်မ ဗလုံးဗထွေး ရေရွတ်မိသည်။
“နေသာရဲ့ လား ဘယ်လာ”
“ကောင်းတယ်၊ အစာအဆိပ်သင့်တာပါ”
“အစာအဆိပ်သင့်တာ”
“ဟုတ်တယ်၊ ညတုန်း ကြက်ကြော်နည်းနည်း ကြော်စားလိုက်မိတယ်၊ အရသာ လုံးဝမရှိ တာနဲ့ ကျွန်မ သွန်ပစ်လိုက်တယ်၊ ဒါပေမဲ့ နည်းနည်း တော့ စားလိုက်မိတယ်”
သူ၏ အေးစက်သော လက်များ က ကျွန်မ နဖူးကို လာစမ်းကြည့်သည်။
“အခု ဘယ်လို နေသေးလဲ”
“ပုံမှန်ပါပဲ… နည်းနည်း တော့ ဗိုက်ဆာတယ်”
သူက ကျွန်မသောက်ဖို့ ရေတစ်ခွက် ယူလာပေးပြီး ကြက်ဥများ ကြော်ကျွေး၏ ။ ကျွန်မက ကြက်ဥစားရင်း တီဗီကြည့်နေမိသည်။ တီဗီသတင်းများ မှာ ပျင်းစရာကောင်းလှသည်။ သူ့ကိုနမ်းရန် ကိုယ်ကို တစ်ခြမ်းစောင်းလိုက်စဉ် မနက်တုန်းကလိုပင် ကျွန်မဗိုက်ထဲမှ စူးခနဲ အောင့်သွား၏ ။ ကျွန် မပါးစပ်ကို လက်နှင့် ပိတ်ကာ အနီးဆုံးနေရာ ဖြစ်သော မီးဖိုရေအင်တုံဆီသို့ ပြေးရတော့၏ ။
“ငါတို့ ရီယိုမြို့ကိုပြန်ပြီး ဆရာဝန်သွားပြရင် ကောင်းမယ်ထင်တယ်”
ဟု အက်(ဒ်)၀ပ်က စိုးရိမ်သော မျက်နှာနှင့် ပြော၏ ။ ကျွန်မ မလုတ်ကျင်းပြီး သွားတိုက် လိုက်သည်။ ဆရာဝန်နှင့် ကျွန်မ မတွေ့ ချင်ပါ။ ဆေးထိုးအပ်များ ကို ကြောက်ပါသည်။
နည်းနည်း သက်သာလာသည်နှင့် အဲလစ် ပြင်ပေးလိုက် သော ကျွန်မ၏ ခရီးဆောင်အိတ်ကို ဖွင့်ကာ ရှေးဦးသူနာပြုဆေးအိတ်ကလေးအား ရှာကြည့်၏ ။ ဆေးအိတ်ကို မတွေ့ မီ အဲလစ် ကျွန်မ အတွက် ထည့်ပေးလိုက် သော အပြာရောင် စက္ကူဘူးလေးကို တွေ့ ရသည်။ မိန်းကလေး လစဉ်သုံး ပစ္စည်းများ ကို ကြည့်ကာ ကျွန်မသည် တစ်လောကလုံးကို မေ့ကာ ဘာမှ မပြောနိုင်တော့ဘဲ ငေး ကြည့်မိနေ ပါတော့သည်။
၎င်းနောက် ကျွန်မ ခေါင်းထဲမှာ ရေတွက်ခြင်းများ စတင်ပါသည်။ တစ်ကြိမ်… နှစ် ကြိမ်… နောက်တစ်ကြိမ်…။
ကျွန်မခေါင်းထဲမှာ အချက်ပေးသံတွေ ပေါ်လာ၏ ။ စက္ကူဘူးအပြာလေး လက်ထဲမှ လွတ် ကျသွားသည်။
“နေကောင်းရဲ့ လား၊ အန်ချင်ပြန်ပြီးလား”
“ကောင်းလည်း ကောင်းတယ်၊ ကောင်းလည်း မကောင်းဘူး”
“ဘာတွေ ဖြစ်နေလို့လဲ”
“ကျွန်မတို့ လက်ထပ်ပြီးတာ ဘယ်နှရက် ရှိပြီလဲ”
“ဆယ့်ခုနစ်ရက်” ဟု သူက ချက်ချင်း ဖြေသည်။
“ဘယ်လာ… ဘာ ဖြစ်လို့လဲ”
“မဟုတ်ဘူး… ကျွန်မ ရာသီလာရမယ့်ရက်ကို ငါးရက်ကျော်နေပြီ၊ အစာအဆိပ်သင့်တာလို့ ကျွန်မ မထင်တော့ဘူး”
အက်(ဒ်ဝပ်က ဘာမှပြန်မပြောဘဲ ကျောက်ရုပ်လို ငြိမ်သွားသည်။
“အိပ်မက်တွေ မက်တယ်၊ အရမ်းအိပ်တယ်၊ ဗိုက်ဆာပြီး အစားအသောက် ပျက်တယ်”
ဟု ကျွန်မ တစ်ယောက် တည်း ပြောနေမိသည်။ ကျွန်မက အင်္ကျီကို မလိုက်ပြီး ကျွန်မ၀မ်း ဗိုက်ကို ကြည့်လိုက်သည်။
“မ ဖြစ်နိုင်ဘူး”
ကျွန်မသည် ကိုယ်ဝန်ဆောင်ရခြင်း၊ ကလေးမွေးရခြင်း စသော ကိစ္စများ နှင့် လားလားမျှ နီး စပ်သူ မဟုတ်ပါ။ သို့ သော် ကျွန်မသည် နလပိန်းတုံး တစ်ယောက် မဟုတ်ပါ။ ကျွန်မ ကြည့်ဖူးသမျှ ပညာပေးရုပ်ရှင်များ ၊ တီဗီဇာတ်လမ်းများ မှာ တွေ့ ရသမျှနှင့် ဆိုလျှင် ယခုကိစ္စမှာ တော် တော် ကို ဖီ လာကန့်လန့် ဖြစ်နေပါသည်။ ဓမ္မတာမလာသည်မှာ ငါးရက်ခန့်သာ ရှိပါသေးသည်။ ကျွန်မ ကိုယ် ၀န်စရှိခါစဆိုလျှင် ယခုအချိန်သည် ဒီလို လက္ခဏာများ ပေါ်ရဦးမည့် အချိန် မဟုတ်ပါ။ မနက်ပိုင်း ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အိပ်ရာမှ လန့်နိုးခြင်းတို့သည် ယခုအချိန်အတွင်း ဖြစ်ရဦး မည် မဟုတ်ပါ။
“မ ဖြစ်နိုင်ဘူး”
ဟု ကျွန်မ ထပ်ပြောမိသည်။ ကျွန်မ ၀မ်းဗိုက် ဖောင်းလာသည် ဖြစ်စေ၊ ဖောင်းမလာသည် ဖြစ်စေ၊ ဓမ္မတာလာသည် ဖြစ်စေ၊ မလာသည် ဖြစ်စေ (တကယ်တော့ ကျွန်မဘ၀တွင် ရာသီစက်ဝန်း မှာ တစ်ရက်ပင် နောက်မကျဖူးပါ။) ကျွန်မ ကိုယ်ဝန်ရှိစရာ အကြောင်းမရှိပါ။ ကျွန်မနှင့် လိင်ဆက် ဆံဖူးသော တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ သွေးစုပ်ဖုတ်ကောင်ချစ်သူသာ ဖြစ်ကြောင်း ကျိန်တွယ် ပြောဝံ့ပါသည်။
ကျွန်မ သိထားသမျှဆိုလျှင် သွေးစုပ်ဖုတ်ကောင်များ သည် ကိုယ်ဝန်မရှိနိုင်ပါ။ ကိုယ်ဝန် ဆောင် မိခင်သည် သူ၏ သန္ဓေသား နေထိုင်ကြီးထွားလာစေရန် မိခင်ခန္ဓာကိုယ်မှာ အဘက်ဘက် မှ ပြောင်းလဲပြင်ဆင်ပေးရသည်။ သွေးစုပ်ဖုတ်ကောင်များ ၏ ခန္ဓာမှာ လူသားကဲ့သို့ ပြောင်းလဲ၍ မ ရတော့သဖြင့် ဘယ်တော့မှ ကိုယ်ဝန်မရနိုင်တော့ချေ။
သို့ သော် ကျွန်မှာ တော့ ကိုယ်ဝန်ရနေပါပြီ။ ကျွန်မက လူသားအ ဖြစ်ပဲ ရှိနေသေးသည် မ ဟုတ်ပါလား။ သွေးစုပ်ဖုတ်ကောင် အထီး တစ်ယောက် သည် ဖခင်ဘ၀ မရောက်နိုင်ဟု ဘယ်သူ ကံ သေကံမ သိပါသနည်း။ ဘယ်သူကကော လူသားမိန်းမ တစ်ယောက် နှင့် စမ်းသပ်ကြည့်ဖူးပါသလဲ။
အ ဖြစ်အပျက်များ မှာ မြန်ဆန်၍ ရှုပ်ထွေးလွန်းသဖြင့် ကျွန်မ ဦးနှောက်ချာချာလည်ကုန်ပါ သည်။ ထိုအခိုက်ဝယ် အိပ်မက်ထဲမှာ လိုပင် ကျွန်မ အမြင်အာရုံသည် ရုတ်တရက် ပြောင်းလဲ သွားပါ သည်။ တကယ်တော့ မြင်ကွင်းသည် ဘာမှ ပြောင်းလဲသွားခြင်း မဟုတ်ဘဲ မြင်ရပုံသာ ပြောင်းသွား ခြင်း ဖြစ်သည်။
ထိုအခိုက်ဝယ် အက်(ဒ်)၀ပ်၏ ဖုန်းသည် အသံမြည် လာ၏ ။ အက်(ဒ်)၀ပ်က ချက်ချင်း မ ကိုင်သဖြင့် ဖုန်းမြည် သံသည် အချိန်တော် တော် ကြာသည်အထိ ဆက်ကာ မြည် နေ၏ ။ နောက်ဆုံး၌ ကျွန်မကပဲ ဖုန်းကို ကိုင်လိုက်သည်။
“ဟိုင်း… အဲလစ်”
ကျွန်မ၏ အသံမှာ ပုံမှန်မဟုတ်ဘဲ မူပျက်နေပေသည်။
“ဘယ်လာ… ဘယ်လာ… နင် အဆင်ပြေရဲ့ လားဟင်”
“ဟင်… အဲ… ဒေါက်တာကယ်လန် အဲဒီ မှာ ရှိသလား”
“ရှိတယ်၊ ဘာ ဖြစ်လို့လဲ”
“တစ်ရာ ရာခိုင်နှုန်းတော့ မသေချာပါဘူး၊ ဒါပေမဲ့…”
“အက်(ဒ်)၀ပ် ဘာ ဖြစ်လို့လဲ၊ သူ ဘာလို့ ဖုန်းမကိုင်တာလဲ”
“ဘာပြောရမှန်းတောင် မသိဘူး”
“ဘယ်လာ ဘာတွေ ဖြစ်နေတာလဲ၊ ငါ အခုပဲ မြင်လိုက်ရတာ က…”
“ဘာမြင်လိုက်သလဲ… ပြောစမ်းပါ”
ထို့နောက် ခဏ တိတ်ဆိတ်သွားသည်။ အဲလစ်က သူ့အကြားအမြင်ဖြင့် ရှေ့ ဖြစ်ကို မြင်နိုင် စွမ်းသူ ဖြစ်သည်။ သို့ သော် ကျွန်မ မေးတာကို မဖြေပါ။
“ဟောဒီမှာ အဖေနဲ့ ပြောလိုက်ဦး”
ဟု စကားလွှဲသွားသည်။ ကျွန်မယောက္ခမ ဒေါက်တာကယ်လန်အသံ ပေါ်လာ၏ ။
“သမီး ဘယ်လာ… ဘာတွေ ဖြစ်နေလဲ”
“ကျွန်မ ထင်တာ… အဲလေ… ကျွန်မ ထင်တာက ဟိုသင်း… ဖြစ်နိုင်မလားတော့ မသိဘူး၊ ကျွန်မမှာ ဟို… ကိုယ်ဝန်ရှိနေပြီ ထင်တယ်”
စကားပြောနေရင်းပင် ကျွန်မ ၀မ်းဗိုက်ထဲ၌ တစ်စုံတစ်ခု တွန်းထိုးလိုက်သလို လှုပ်သွားပေ သည်။ လက်ဖြင့် ဗိုက်ကို အမြန်ဖိလိုက်ရ၏ ။ ခဏကြာအောင် တစ်ဖက်မှ အသံတိတ်သွားပြီး ဒေါက်တာကယ်လန်၏ ပညာရပ်ဆန်သော မေးခွန်းကို စတင်ကြားရသည်။
“နောက်ဆုံး ရာသီလာခဲ့တဲ့ နေ့ဟာ ဘယ်နေ့လောက် ဖြစ်မလဲ”
“မင်္ဂလာမဆောင်ခင် ဆယ့်ခြောက်ရက်ပါ”
“အခု ဘယ်လို ခံစားရလဲ”
“စိတ်ရှုပ်ထွေးနေတယ်”
ကျွန်မပါးမှ မျက်ရည်များ ကျလာသည်။
“ပြောရရင်လည်း ရူးကြောင်ကြောင် ဖြစ်တယ် ထင်ဦးမယ်၊ ဒီလို ကိစ္စမျိုး ဖြစ်ဖို့က သိပ်စော နေသေးတယ်၊ ကျွန်မတော့ ရူးချင်နေပြီ၊ ဒါပေမဲ့ ထူးဆန်းတဲ့ အိပ်မက်တွေ လည်း မက်တယ်၊ အစား လည်း ခဏခဏ စားမိတယ်၊ ခဏခဏ ငိုမိတယ်၊ အန်လည်းအန်တယ်၊ အခု စကားပြောနေရင်းကို တစ်စုံတစ်ခု ကျွန်မဗိုက်ထဲမှာ လှုပ်နေတယ်၊ ကျွန်မ ကျိန်ပြောပါတယ်၊ တကယ်ပါ”
အက်(ဒ်)၀ပ်က ခေါင်းထောင်ကြည့်လိုက်ပြီး လက်လှမ်း၍ ကျွန်မ ဖုန်းကို တောင်းလိုက် သည်။
“အဲ… အက်(ဒ်)၀ပ်က ပြောချင်လို့တဲ့”
“ပေးလိုက် လေ”
ကျောက်ရုပ်ကြီးလို ငြိမ်သက်နေသော အက်(ဒ်)၀ပ်လက်ထဲသို့ ကျွန်မ ဖုန်းထည့်ပေးလိုက် သည်။ အက်(ဒ်)၀ပ်က ဖုန်းကို နားနားကပ်လိုက်ပြီး -
“အဲဒါ ဖြစ်နိုင်သလား” ဟု မေးလိုက်၏ ။
တစ်ဖက်မှ ပြန်ဖြေသံကို သူ အကြာကြီး နားထောင်ရင်း ပတ်ဝန်းကျင်ကို မမြင်သလို ငေး ကြည့်နေသည်။
“ဘယ်လာ့အတွက်ရော”
ဟု သူက မေးလိုက်သည်။ စကားပြောနေရင်း ကျွန်မကို သူ့ဘက်သို့ ဆွဲဖက်ထား၏ ။ ၎င်း နောက် တစ်ဖက်မှ ရှည်လျားစွာ ပြန်ပြောနေသည်ကို အတန်ကြာအောင် နေားထောင်ပြီး တစ်ခွန်း ပဲ ပြန်ပြော၏ ။
“ဟုတ်ကဲ့… ကျွန်တော် လုပ်ပါ့မယ်”
အက်(ဒ်)၀ပ်က ဖုန်းကို ပိတ်လိုက်ကာ နောက်ထပ် နံပါတ်တစ်ခုကို နှိပ်နေသည်။
“ရှင့်အဖေ ဘာပြောလဲ” ကျွန်မက စိတ်မရှည်စွာ မေးလိုက်သည်။
“သူ ထင်တာ ကတော့ မင်းမှာ ကိုယ်ဝန်ရှိနေပြီတဲ့”
စကားလုံးများ က ကျွန်မကျောရိုးတစ်လျှောက် စိမ့်ဝင်သွား၏ ။ ၀မ်းဗိုက်ထဲမှ တစ်စုံတစ်ရာ လှုပ်ရှားသွားသလို ခံစားရသည်။
“ရှင် အခု ဘယ်သူ့ဆီ ဆက်နေတာလဲ”
“လေဆိပ်ကိုလေ… ငါတို့ အိမ်ပြန်ကြမယ်”
ကျွန်မသည် ကလေး ချစ်တတ်သူ မဟုတ်။ ကလေးအကြောင်းလည်း နားမလည်။ ကလေး ဆိုသည်မှာ အသံကျယ်ကျယ်နှင့် ငိုတတ်သော သတ္တ၀ါလေးများ ဟုသာ မှတ်ယူထားခဲ့သည်။ က လေးယူဖို့လည်း တစ်ခါမှ စိတ်ကူးမယဉ်ဖူးခဲ့။ ကျွန်မယောက် မ ရိုစလီ ကတော့ကလေး လိုချင်လျက် နှင့် မရ၍ ကြေကွဲခဲ့ရသည်တဲ့။ ကျွန်မ ကတော့ ကလေးအကြောင်း တစ်ခါမှ အလေးအနက် မ တွေးခဲ့ဖူးပါ။
ယခု ကလေး… အက်(ဒ်)၀ပ် ကလေး ကတော့ တစ်မူ ခြားနားသည့်ကိစ္စ ဖြစ်နေသည်။ ဤ ကလေးကို ကျွန်မ လိုချင်ပုံမှာ အသက်ရှူဖို့ လေကို လိုချင်ပုံမျိုး ဖြစ်သည်။ ရွေးချယ်ခြင်း မဟုတ်။ တကယ်ကို လိုအပ်ချက် ဖြစ်သည်။
“ဘယ်လာ”
“ရှင်… ”
“မင်း သိပ်နာကျင်နေလား”
“ဟင့်အင်း… မနာပါဘူး”
သူက ကျွန်မကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
“မစိုးရိမ်နဲ့တော့၊ နောက် ဆယ့်ခြောက်နာရီဆို တို့ အိမ်ပြန်ရောက်ပြီ၊ မင်း ဘာမှ မ ဖြစ်တော့ ပါဘူး၊ တို့ ပြန်ရောက်တာနဲ့ အဖေက အဆင်သင့် ပြင်ထားပြီး စောင့်နေမယ်၊ တို့တွေ ကြည့်လုပ် လိုက်မယ်၊ မင်း အဆင်ပြေသွားမှာ ပါ၊ အဆင်ပြေသွားမှာ ပါ”
“ကြည့်လုပ်လိုက်မယ်… ဟုတ်လား၊ ဘာကို ဆိုလိုတာလဲ”
သူက လူချင်းခွာလိုက်ပြီး ကျွန်မမျက်နှာကို စိုက်ကြည့်ကာ -
“မင်းရဲ့ ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းကိုမှ အန္တရာယ်မပေးနိုင်ခင် အဲဒီ အရာဝတ္ထုကို မင်း ခန္ဓာကိုယ်ထဲက ထုတ်ပစ်မယ်လို့ ပြောတာ၊ မကြောက်ပါနဲ့၊ မင်းကို နာကျင်အောင် လုပ်ခွင့်မပြုနိုင် ဘူး”
“အဲဒီ အရာဝတ္ထု… ဟုတ်လား”
သူက ကျွန်မကို အကြည့်ဘဲ တံခါးမကြီးဘက်သို့ လှည့်လိုက်သည်။
“သြော်… တစ်ပတ် တစ်ခါ အိမ်သန့်ရှင်းရေး လုပ်တဲ့ လင်မယား ရောက်လာပြီ၊ သွားစကား ပြောလိုက်ဦးမယ်”
အက်(ဒ်)၀ပ်ကား ကျွန်မ၏ သန္ဓေသားကို အရာဝတ္ထုတစ်ခုဟု အမည် မှည့်ခေါ်သွားလေပြီ။ ဒေါက်တာကယ်လန်က ထိုကလေးကို ဖျက်ချပေးမည် ဟုလည်း ပြောသွားသေး၏ ။
“မလုပ်ရဘူး”
ဟု ကျွန်မဘာသာ ပြောလိုက်သည်။
အက်(ဒ်)၀ပ်သည် အိမ်ဖော် မိန်းမကြီးနှင့် စကားအချီအချ ပြောနေသည်။ ပေါ်တူဂီလို ပြော နေခြင်း ဖြစ်၍ ကျွန်မ နားမလည်ပါ။ သို့သော် ထိုမိန်းမကြီးက စကားပြောရင်း ကျွန်မကို လှမ်းကြည့် ၍ ကျွန်မအကြောင်း ပြောနေခြင်း ဖြစ်ကြောင်းကိုမူ ရိပ်မိ၏ ။
ကျွန်မ ဗိုက်ထဲမှ ကလေးကလည်း ခဏခဏလှုပ်သည်။ အက်(ဒ်)၀ပ်က အိမ်ပြန်ဖို့ ခရီး ဆောင်အိတ်ကို ပြင်နေ၏ ။ အဘွားကြီး ပြောစကားထဲ၌ “မော်တေး” ဆိုသော စကားတစ်ခွန်း ပါ လာသည်။ သေခြင်းတရားကို ရည်ညွှန်းသလောဟု သံသယရှိမိသည်။
“ဒီအဘွားကြီး ပြောတာကို စိတ်ထဲ ထားမနေနဲ့၊ သူက ရိုးရာပုံပြင်တွေ ကို လျှောက်ပြောနေ တာ၊ ကဲ… ခရီးဆောင်အိတ်ကို သင်္ဘောထဲ သွားထားလိုက်ဦးမယ်၊ ပြီးရင် ခရီးထွက်ကြတာပေါ့”
သူ ထွက်သွားသည်နှင့် ထားခဲ့သော ဖုန်းကို ယူ၍ ဖုန်းမှတ်တမ်းမှ ကျွန်မ လိုချင်သော နာ မည် ကိုရှာ၍ ကျွန်မ တစ်သက်တစ်ခါမှ ဖုန်းမခေါ်ဖူးသူ တစ်ယောက် ထံသို့ ဖုန်းခေါ်လိုက်၏ ။
“ဟဲလို… ”
တစ်ဖက်မှ ချိုလွင်သော အသံတစ်ခုဖြင့် နှုတ်ဆက်သံကို ကြားရသည်။
“ရိုစလီလား… ကျွန်မ ဘယ်လာပါ၊ ကျွန်မကို ကယ်ပါဦး၊ ရှင် ကျွန်မကို ကူညီမှ ဖြစ်တော့ မယ်”
![]() မှောင်ထဲကအလံတော် | ![]() အာဏာရှင်ငါ့စကော နှင့် ခရိုနီအရည်းကြီးများ | ![]() အညတရမှတ်တမ်း |