Cover

စာရေး သူ၏ အမှာ

ကျွန်တော် သည် ၁၉၈၉ ခုနှစ် ဧပြီလထုတ် ရုပ်ရှင်သစ္စာမဂ္ဂဇင်းတွင် “မီးခိုးနှင့် ပြာ” ဟူသော ကဗျာဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ရာ ယခုအခါ စာရေး သက်ပင် ၂၄ နှစ် ပြည့်လေပြီ။ မူလက ကဗျာကို စတင် ရေး သားခဲ့သော်လည်း နောက်ပိုင်းတွင် ဝတ္ထုတိုများ သာ အဓိက ရေး သားခဲ့ပါသည်။ ၄င်းနောက် ၁၉၉၅ ခုနှစ် မှစကာ အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွန်အ ဖြစ် လိုင်စင်ရယူကာ ခရီးသွားလုပ်ငန်း နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့ပါသည်။ ခရီးသွားရင်း မြင်သမျှ၊ တွေ့ သမျှ၊ ခံစားရသမျှကို စာဖတ်သူများ အားလည်း မျှဝေ ခံစားချင်သော စိတ်ဓာတ်များ ပေါ်ပေါက်လာသော ကြောင့် ၁၉၉၆ ခုနှစ် မှ စတင်ကာ ခရီးသွားဆောင်းပါးများ စတင် ရေး သားခဲ့ပါသည်။ လုံးချင်းဝတ္ထုများ လည်း ရေး သား ထုတ်ဝေခဲ့ရာ ဘာသာပြန်စာအုပ် ၅ အုပ်၊ ပင်ကိုရေး လုံးချင်းဝတ္ထု ၄ အုပ်၊ ခရီးသွားဆောင်းပါးပေါင်း ချုပ် ၂ အုပ် ထုတ်ဝေခဲ့ပါသည်။

၁၈-၉-၂၀၁၂ New Watch ဂျာနယ်ပါ “ရှင်းနေတာကို ရှုပ်အောင်လုပ်တဲ့ မိုးသီးဇွန်” ဆောင်းပါးမှ စတင်ကာ နိုင်ငံေ၇းနှင့် အတွေးအမြင် (Opinion) ဆောင်းပါးများ စတင်ရေး သားခဲ့ရာ ပရိသတ်နှစသက် လက်ခံသဖြင့် ယခုထက်တိုင် ဂျာနယ် အများ အပြားတွင် အတွေးအမြင် ဆောင်းပါးများ ဆက်တိုက် ရေး သားလျက် ရှိပါသည်။

ကျွန်တော် ၏ ဆောင်းပါးများ ကို တစုတစည်း ဖတ်ချင်သူများ အတွက် ဆောင်းပါးပေါင်းချုပ်များ ကို စုစည်းထုတ်ဝေန် စီစဉ်ရာ တစ်ချိန်တည်းလိုလိုမှာ ပင် စာအုပ် သုံးအုပ်စာအတွက် စာအုပ်တိုက် သုံးတိုက်နှင့် ထုတ်ဝေရန် စီစဉ်ခဲ့ပါသည်။ မြစ်ဝကျွန်းပေါ်မြောက်ဖျား စာအုပ်တိုက်အတွက် “အာဖဂန် နစ္စတန်တွင် ဗုဒ္ဓသာသနာ ကွယ်ပျောက်သွားခြင်းအကြောင်းနှင့် အခြား ဆောင်းပါးများ ”၊ ကံကောက်ဝတ်ရည်စာအုပ်တိုက်အတွက် “ဒီမိုကရေစီသို့ အိတ်ဖွင့်ပေးစာနှင့် ခေတ်ပြင်ဆောင်းပါးများ ” ၊ ရတနာပုံစာအုပ်တိုက်အတွက် “မှော င်ထဲက အလံတော် ” အပါအဝင် ဆောင်းပါးများ ကို ထုတ်ဝေရန် စီစဉ်ခဲ့ပါသည်။ ထိုစာအုပ် သုံးအုပ်ကို ရှစ်လတာ ကာလအတွင်း တစ်ပြိုင်တည်းလိုလို စာအုပ်တိုက်များ မှ ယူသွားကြလေရာ ပထမဆုံး စတင်စီစဉ်သော “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓသာသနာ ကွယ်ပျောက်သွားခြင်း” ဆောင်းပါးစာမူမှာ စာမူခ စရန်ငွေများ ပေးပြီးသည်မှာ ရှစ်လခန့် ကြာမြင့် သည့်အချိန်အထိ ထွက်ပေါ်လာခြင်း မရှိပါ။ ကံ့ကော်ဝတ်ရည် စာအုပ်တိုက်မှ စာအုပ်ကိုတော့ စီစဉ်နေဆဲ ဖြစ်သည်ဟု သိရပါသည်။

လက်ရှိအခြေအနေအရ နောက်ဆုံးမှ စီစဉ်သော ရတနာပုံစာအုပ်တိုက်မှ ဤ “မှော င်ထဲက အလံတော် နှင့် အခြားဆောင်းပါးများ ” စာမူသည် အရင်ဆုံးထွက်လာဖို့ များ နေသည်။ စာရေး ဆရာ ဆိုသူများ မှာ စာမူခ ရခြင်း၊ မရခြင်း၊ နည်းခြင်း၊ များ ခြင်းထက် မိမိစာအုပ် ထွက်လာပြီး စာဖတ်သူ လက်ဝယ်သို့ အချိန်မီ ပို့ဆောင်နိုင်မှု ကို ပို၍ အာသီသရှိပေသည်။တစ်ဖက်မှ ကြည့်တော့လည်း ထုတ်ဝေသူများ မှာ ကိုယ့်စာအုပ် တစ်အုပ်သာ လုပ်နေရသည် မဟုတ်။ စာအုပ်ပေါင်းများ စွာ ကို အလှည့်ကျ ထုတ်ဝေရတာ ဖြစ်သဖြင့် အချိန်ယူကြပေလိမ့်မည် ။

ကျွန်တော့် အနေနှင့် မူကား စာအုပ် မြန်မြန်ထွက်ခြင်း၊ နောက်ကျ ထွက်ခြင်းကို အဓိကမထား၊ စာကောင်းဖို့၊ စာအုပ် အပြင်အဆင် ကောင်းဖို့၊ စာကျစာပေါက် မှန်ကန်ဖို့ကိုသာ အဓိကထားသည်။ တစ်ခုတော့ ပြောစရာ ရှိသည်။ ဝတ္ထု၊ ကဗျာ စသည့် ရသစာပေများ သည် အချိန် အကန့်အသတ်မရှိဘဲ ကြိုက်သည့်အချိန်တွင် ခံစား၍ ရသည်။ နိုင်ငံရေး စာပေတွင် ကား အချိန် (Timing) ဆိုသည် ရှိပေ၏ ။ ယနေ့ သိပ်ထူးဆန်းနေသော အကြောင်းသည် မနက်ဖြန်တွင် ဖန်တရာတေကာ ဆီသည်မ လက်သုတ်ဖတ် ဖြစ်သွားနိုင်ပေ၏ ။ မနေ့က ဟီးရိုးများ သည် ယနေ့တွင် ဗီလိန် ဖြစ်သွားသည်များ လည်း ရှိသည်။ မနေ့က ရန်သူသည် ယနေ့ မိတ်ဆွေ၊ ယနေ့ မိတ်ဆွေသည် မနက်ဖြန် ရန်သူအ ဖြစ် နိုင်ငံရေး တွင် အားလုံး ဖြစ်သွားနိုင်ပေ၏ ။ ထို့ကြောင့် ခေတ်ကို ထင်ဟပ်၍ ရေး ရသော နိုင်ငံရေး ဆောင်းပါးများ ကိုတော့ မူရင်းစာရေး ချိန်နှင့် သိပ်မကွာစေဘဲ စာဖတ်သူထံ ပို့နိုင်မှ ဖတ်ရတာ ပိုအရသာရှိမည် ဟု ယူဆမိပါသည်။

ကျွန်တော် သည် နိုင်ငံရေး နှင့် ခေတ်ဝေဖန်ရေး ဆောင်းပါးများ ကို ရေး ရာ၌ ပုဂ္ဂိုလ်ရေး ၊ ဘာသာရေး အစွဲမထားဘဲ အာဃတကင်းကင်းနှင့် တိုင်းပြည် ကောင်းစားရေး ကို ရှေးရှု၍ ရေး ပါသည်။ မြန်မာနိုင်ငံ၏ အာဏာရ၊ အာဏာမဲ့ မည် သည့်နိုင်ငံရေး ပါတီ၊ အုပ်စုနှင့် မှ ပါဝင်ပတ်သက်မှု မရှိပါ။ မည် သည့်အဖွဲ့၏ သြဇာခံမျှ မဟုတ်ပါ။ သန်းခြောက်ဆယ်သော တိုင်းသူပြည်သားတို့၏ ကောင်းကျိုး ကိုသာ ရည်ရွယ် ရေး သားခဲ့ပါသည်။ စာရေး ဆရာသည် ဘက်မလိုက်ရသော်လည်း အမှားနှင့် အမှန် တွင် အမှန်ဘက်က၊ ဓမ္မနှင့် အဓမ္မတွင် ဓမ္မဘက်က လိုက်ရမည် မှာ လောကသစ္စာတရား ဖြစ်သည်ဟု ကျွန်တော် ခံယူသည်။ ထိုခံယူချက်ဖြင့် ဤဆောင်းပါးများ ကို ရေး ပါသည်။

ယခုစာအုပ်တွင် ဆောင်းပါး ၂၁ ပုဒ် ပါဝင်ပါသည်။ အမျိုးအစား ခွဲလျှင် နိုင်ငံရေး ဆောင်းပါး ၁၁ ပုဒ်နှင့် ခရီးသွားဆောင်းပါး ၁၀ ပုဒ် ပါဝင်ပါသည်။ ထိုဆောင်းပါးများ မှာ အများ အားဖြင့် စောင့်ကြည့် (New Watch) ဂျာနယ်၊ Media One ဂျာနယ်၊ ပြည်သူ့ဆန္ဒဂျာနယ်၊ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ Real Lives, Real Stories မဂ္ဂဇင်း၊ မဇ္ဈိမသတင်းစာ စသည့် စာနယ်ဇင်းများ တွင် ရေး သားခဲ့သည့် ဆောင်းပါးများ နှင့် ဆောင်းပါးအသစ်အချို့ကို စုစည်းထားခြင်း ဖြစ်သည်။

ဤဆောင်းပါးတွင် ပါဝင်သည့် အချက်အလက် အတွေးအမြင်များ သည် စာဖတ်သူအနေနှင့် အမြင်တူသည်လည်း ရှိမည် ၊ အမြင်မတူသည်လည်း ရှိနိုင်ပါသည်။ သဘောကျသော အချက် ရှိသလို၊ သဘောမကျသော အချက်များ လည်း ရှိနိုင်ပါသည်။ ကိုယ် ဖြတ်သန်းရသော ခေတ်နှင့် ကိုယ် ကြီးပြင်း ခဲ့ရာ ပတ်ဝန်းကျင်ကို မူတည်၍ လူတို့၏ အတွေးအခေါ်၊ အသိအမြင်များ သည် ခြားနားနိုင်ပါသည်။ ဤကဲ့သို့သော ခြားနားသည့် အတွေးအခေါ်၊ အယူအဆများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ဖြစ်ပေါ်နေခြင်းသည်ပင်လျှင် ယဉ်ကျေးသော လူ့အသိုင်းအဝန်း၏ ပြယုဂ်တစ်ခု ဖြစ်ပါသည်။ ငါနှင့် မ တူ ငါ့ရန်သူ ဟူသော အယူအဆဟောင်းများ ကို အတိတ်မှာ ထားခဲ့သင့်ပါပြီ။ ဒီမိုကရေစီ၏ အနှစ် သာရမှာ ကွဲပြားမှု ကို လက်ခံခြင်း (Agree to disagree)ပင် မဟုတ်ပါလား။

လေးစားစွာ ဖြင့်
သရဝဏ်(ပြည်)
၈-၈-၂၀၁၃

ခရီးသွားလုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများ

တစ်လောက MRTV-4 (Sunday Talk) အစီအစဉ်တွင် ကျွန်တော် စကားပြောခဲ့ရစဉ် ခရီးသွားလုပ်ငန်း၏ ကောင်းကွက်များ ကိုသာ အဓိက ဇောင်းပေး၍ ပြောခဲ့ပါသည်။ အချိန်မရသဖြင့် Tourism ၏ Side Effect များ (ခေါ်) ခရီးသွားလုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများ အကြောင်းကို မပြော ခဲ့ရပါ။ တကယ်တော့ မည် သည့်လုပ်ငန်းမဆို ကောင်းကျိုးနှင့် ဆိုးကျိုး ရောနေတတ်ပါသည်။ အလွန် အစွမ်းထက်လှသော ငှက်ဖျားဖြတ်ဆေး ၊ တီဘီ ရောဂါ ကုသဆေးများ တွင် ပင်လျှင် တန်ပြန်ဆိုးကျိုး (side effect) များ ရှိပါသည်။ ခရီးသွားလုပ်ငန်းတွင် လည်း ထိုနည်းနှင်နှင် ဖြစ်သည်။

ရွှေတိဂုံဘုရားသို့ နိုင်ငံခြားသားများ နှင့် ရောက်တိုင်း ကျွန်တော် တွေးမိတာ တစ်ခုရှိသည်။ ယခုအခါ ရွှေတိဂုံစေတီတော် ကြီးသို့ အနယ်နယ် အရပ်ရပ်မှ လာရောက်ဖူးမြော်ကြသော မြန်မာ ဘုရားဖူးများ ဘုရားရှိခိုးနေကြပုံ၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ ကပ်လှူနေကြပုံ၊ တရားထိုင်ကြပုံ၊ တရားစာများ ရွတ်ဖတ်နေကြပုံများ ကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ က တအံ့တသြ ကြည့်ရှုကြရသည်။ ကမ္ဘာလှည့် ခရီးသည်များ နှင့် မြန်မာဘုရားဖူးများ ၏ လူဦးရေ အချိုးမှာ လည်း ဒေသခံ ဆယ်ဦး လျှင် တိုးရစ် တစ်ဦးနှုန်း (၁၀း၁) လောက်သာ ရှိပါဦးမည် ။ သို့ရာတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသော တိုးရစ် အရေအတွက်မှာ အိမ်နီးချင်းနိုင်ငံများ လို တိုးတက်လာဦးမည် ဆိုလျှင် နောင်အခါ ရွှေတိဂုံဘုရားသို့ ရောက်သော အခါ မြန်မာများ ထက် နိုင်ငံခြားသားများ ကို ပိုပြီးတွေ့ မြင်ရတာ မျိုး၊ မြန်မာထက် တိုးရစ်က များ နေတာမျိုး ဖြစ်လာနိုင်ပေသည်။ ထိုသို့ဆိုလျှင် ရွှေတိဂုံသည် အေးအေးလူလူ ဘုရားဖူး၊ တရားအားထုတ်ရာ နေရာ ဖြစ်သော မြင့်မြတ်သည့် ဘာသာရေး အထွတ်အမြတ် နေရာတစ်ခုမှ တိုးရစ်များ ဖြင့် တရုန်းရုန်း စည်ကားရှုပ်ထွေးသော အမှတ်တရ ကြည့်ရှုလည် ပတ်စရာ နေရာတစ်ခု ( Tour Site) တစ်ခုအသွင် ပြောင်းသွား လိမ့်မည် ဖြစ်သည်။ ထိုအ ဖြစ်မျိုးကို တွေးကြည့်တာနှင့် ပင် စိတ်မချမ်းမြေ့ ဖြစ်ရပေသည်။

ထိုကဲ့သို့ အခြေအနေမျိုးအောက်တွင် ဒေသခံ ဗုဒ္ဓဘာသာ ဘုရားဖူးပြည်သူများ သည်လည်း စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်တော့မည် မဟုတ်ပေ။ သင်သာဆိုလျှင်လည်း မိမိ ဘုရားရှိခိုးနေစဉ် နိုင်ငံခြားသား အယောက် တစ်ရာလောက်၏ အထူးအဆန်း ဓာတ်ပုံရိုက်ခြင်း ခံနေရလျှင် စိတ်ချမ်းသာ ပါဦးမလား ဆိုတာ မေးစရာပင် လိုမည် မထင်ပေ။ ယခုပင်လျှင် တစ်ခါတစ်ရံ ကမ္ဘာလှည့်သင်္ဘော (Ocean Cruise) ဖြင့် လာလည်သော နိုင်ငံခြားသားများ အုပ်စုလိုက် လေ့လာရေး လာသော အခါများ တွင် ရွှေတိဂုံ၌ မြန်မာထက် နိုင်ငံခြားသား အရေအတွက် များ သွားတာ ကိုယ်တိုင် ဧည့်လမ်းညွှန်အ ဖြစ်လိုက်ပါဆောင်ရွက်ဖူး၍ အတိအကျ ပြောနိုင်ပါသည်။ ဓာတ်လှေကားများ တွင် နိုင်ငံခြားသား အုပ်စု ကြီးကို ဦးစားပေးရသော ကြောင့် အချိန်ပို၍ စောင့်ရသော ဒေသခံများ ၏ မျက်နှာပေါ်မှ အပြုံးများ သည် ယခုအခါ မပျောက်ကွယ်သေးသော်လည်း ဤ ဖြစ်ရပ်မျိုး နေ့စဉ်ရက်ဆက် ဖြစ်လာလျှင်မူကား နောင် အနာဂတ်တွင် သည်းခံစိတ်တို့ ပျောက်ဆုံးလာနိုင်ပါသည်။

ထိုသို့ဆိုလျှင် နိုင်ငံခြားသားများ ကို မလာရဘူးဟု ကန့်သတ်ပိတ်ပင်မလား။ ထိုသို့ လုပ်လို့ လည်း မရနိုင်။ သိပ်ပြီး အဆိုးမြင် တုံ့ပြန်ရာ ရောက်ပေမည် ။ အဓိက ကတော့ အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်မည့်  နိုင်ငံခြားသား အလွန်အကျွံလာရောက်မှု (Tourists Traffic Jam) ကို ဘယ်လို ထိန်းချုပ် ဖြေရှင်းမလဲ ဟူသော ရေရှည်စီမံချက်ကို ယခုကတည်းက စဉ်းစားထားကြဖို့ ဖြစ်သည်။ ကောင်းမွန် သော စီမံခန့်ခွဲမှု ဟူသည် ပြဿနာ ဖြစ်ကာမှ လက်ပူတိုက် ဖြေရှင်းသည်ထက် နောင်လာမည့်  ငါးနှစ် ၊ ဆယ်နှစ် အတွက် ကြိုတင်အစီအစဉ်ဆွဲ ပြင်ဆင်ထားခြင်းကို ဆိုလိုပါသည်။

စာရေး သူ အင်္ဂလန်သို့ ရောက်ခဲ့စဉ်က အဲလိဇဘက်ဘုရင်မကြီး၏ ဘာကင်ဟန်နန်းတော် ၊ မဒမ်တူးဆော့ပြတိုက်များ တွင် တိုးရစ်များ ဝင်ချင်တိုင်းဝင်၍ မရပါ။ ခရီးသွားကုမ္ပဏီများ က ရောင်းချ သော Tour ကို ဝယ်ထားသူများ သာ အထူးဝင်ခွင့်လက်မှတ်ဖြင့် တန်းမစီဘဲ ဝင်ခွင့်ရသော်လည်း FIT (သို့မဟုတ်) Back Packer ခေါ် ကိုယ့်အားကိုယ်ကိုး ခရီးသည်များ မှာ လူတန်းရှည်ကြီး နောက်တွင် ဝင်၍ တန်းစီရပါသည်။ တစ်ခါ ဝင်ကြည့်လျှင် လူငါးဆယ်သာ ဝင်ခွင့်ပြုပါသည်။ နောက်ထပ် နာရီဝက် လောက် ကြာမှ နောက်တစ်သုတ်ကို ထပ်သွင်းပါသည်။ ထို့ကြောင့် နန်းတော် ထဲ၊ ပြတိုက်ထဲတွင် လူတို့ စုပြုံမနေတော့ပါ။ ပြင်သစ်နိုင်ငံရှိ ကမ္ဘာကျော် အီဖယ်လ်မျှော်စင်ပေါ်သို့ တက်ရာတွင် လည်း ဤသို့ပင် တန်းစီပြီး လူဦးရေ ကန့်သတ်၍ တစ်သုတ်ပြီး တစ်သုတ် တက်ခွင့်ပြုသည်ဟု သိရပါသည်။ သို့ဆိုလျှင် နောင်အခါ ရွှေတိဂုံတွင် လည်း ဤစနစ်မျိုး ကျင့်သုံးသင့်က ကျင့်သုံးနိုင်ရန် ဂေါပကများ သည် ခေတ်အမြင်ကျယ်ကျယ်ဖြင့် ကြိုတင် ပြင်ဆင်ထားဖို့တော့ လိုမည် ဖြစ်သည်။

ကမ္ဘာလည့် ခရီးသွားများ အဆမတန် ဝင်ရောက်လာကြသော အခါ ဒေသခံ တိုင်းရင်းသား ခရီး သွားများ အတွက် သိသာသော အခက်အခဲတစ်ခုမှာ တည်းခိုစရာ ဟိုတယ်များ အရင်လို မပေါများ တော့ခြင်း ဖြစ်သည်။ ယခင်က ပေါပေါများများ ရွေးချယ်စရာ ရှိခဲ့သော ဈေးနှုန်း အသင့်အတင့်ရှိ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းများ မှာ အဆမတန် လှိမ့်ဝင်လာသော နိုင်ငံခြားသား ခရီးသည်များ က ဈေးပိုပေးပြီး ဝင်ယူသွားကြသော ကြောင့် မြန်မာနိုင်ငံသား ဒေသခံတို့မှာ တည်းခိုစရာ နေရာ ရွေးချယ်ခွင့် ရှားသထက်ရှားလာနိုင်ပါသည်။ ယခုပင်လျှင် သိသာထင်ရှားသော အချက်မှာ ယခင်က ဧည့်လမ်းညွန်များ အဆင့်မီစွာ သက်သော င့်သက်သာ တည်းခိုခဲ့ကြသော ဟိုတယ် အတော် များများ မှာ နိုင်ငံခြားသား တိုးရစ်များ ကို လက်ခံလိုက်ကြသဖြင့် ဂိုဒ်များ က နေရာဖယ်ပေးရ ခြင်း ဖြစ်သည်။ ယခင် 2 star ဟိုတယ်တွင် တည်းခဲ့ကြသော ဧည့်လမ်းညွန်များ သည် 1 star ဟိုတယ် သို့လည်းကောင်း၊ ယခင် 1 star တွင် တည်းခဲ့ကြသော ဧည့်လမ်းညွန်များ သည် Guest House အဆင့်သို့ လည်းကောင်း၊ ထို့ထက် ဆိုးလာလျှင် နေစရာ Guest House ပင် ရှာမတွေ့ နိုင်တော့ဘဲ ဘုန်းကြီးကျောင်း၊ ရဲစခန်းများ သို့ပင် သွားရောက်အိပ်စက်ခဲ့ရသော အ ဖြစ်များ ပေါ်ပေါက်လာပါသည်။ ခရီးသွားလုပ်ငန်း ထွန်းကားလာလျှင် “ရေမြင့် ကြာတင့်” ဆိုသလို ဧည့်လမ်းညွန်များ အလုပ်ပေါ၍ ဝင်ငွေတိုးသော်လည်း Professional ဂုဏ်သိက္ခာကို ပွန်းပဲ့စေသော ယခုလို မနိုင်မနင်း တိုးတက်မှု ကို မူကား ကျွန်တော် တို့ မလိုလားပါ။ ဧည့်သည် လာလွန်း၍ အိမ်ရှင်များ က နေစရာ အိပ်စရာ မရှိလောက်အောင် ဖြစ်သွားခြင်းမျိုးကို ဒေသခံများ သည် ကြာလျှင် သည်းခံနိုင်တော့မည် မဟုတ်ဘဲ တိုးရစ်များ ကို ပြဿနာ အရှုပ်ထုပ်များ ဟု ထင်ကာ ဆက်ဆံရေး အေးစက်လာနိုင်ပါသည်။ (ယခုအခါ Tourism ဖွံ့ဖြိုးသော ထိုင်း၊ မလေးရှားတို့တွင် တိုးရစ်များ ကို ပြုံးပြသူများ နည်းလာသည်မှာ ဤခံစားချက်များ ကြောင့် ဖြစ်မည် ထင်သည်၊ မြန်မာပြည်မှာ တော့ ထင်သလောက် မဆိုးသေးပါ။)

တည်းခိုခန်း မလုံလောက်သော ပြဿနာမှာ ပေါ့သေးသေး မဟုတ်ပါ။ ဤတည်းခိုခန်း မလုံလောက်မှု ပြဿနာကို ဖြေရှင်းရန် ထိုင်းနှင့် အိန္ဒိယတွင် ရပ်ကွက်ရှိ လူနေအိမ်များ တွင် မိသားစုနှင့် အတူတည်းခိုနေထိုင်နိုင်သော (Home Stay) စနစ်ကို ဖော်ဆောင်ခဲ့ကြသည်။ ဒေသခံမိသားစုနှင့် တစ်အိမ်တည်းတွင် နေထိုင်ခွင့်ရ၍ တိုးရစ်မှာ ကိုက်သည်။ ဟိုတယ်ကြီးတွေ မှာ လို ဈေးမကြီးဘဲ အခန်းခ အလွန်သက်သာသော နှုန်းဖြင့် နေနိုင်သည်။ ဒေသခံ တိုင်းရင်းသားများ ၏ မိသားစုဘဝနှင့် လူနေမှု စနစ်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ကို လေ့လာခွင့်ရသည်။ အိမ်ရှင်ဘက်ကလည်း အခန်းတစ်ခန်း ပေးလိုက် ရုံဖြင့် အပိုဝင်ငွေရသည်။ သို့သော် ဘေးထွက်ဆိုးကျိုးမှာ အိမ်ရှင်နှင့် ဧည့်သည် လိင်ကိစ္စ အရှုပ်အရှင်းများ ၊ လူမှု ရေး အရှုပ်အရှင်းများ ဖြစ်ပေါ်လာတတ်ခြင်း ဖြစ်သည်။ အိမ်ရှင်မှာ သမီးပျို ရှိခဲ့လျှင် ဧည့်သည်ကြောင့် သမီးမှာ အနေကျုံ့နိုင်သည်။ အိမ်ရှင်က အရက်သမား၊ သူခိုး ဖြစ်ခဲ့လျှင် ဧည့်သည်မှာ ဒုက္ခရောက်တော့သည်။ တစ်ခါတစ်ရံ ဧည့်သည်က ပစ္စည်းမပျောက်ဘဲ ပျောက်သည်ဟု လီဆယ်ကာ စွပ်စွဲတာတွေ လည်း ရှိတတ်သည်။ ထို့ကြောင့် ဤစနစ်ကို ဟိုတယ်အခန်းများ မလုံ လောက်သေးခင် ကာလမှာ ပင် လက်ပူတိုက်သုံး၍ နောင် ဟိုတယ်များ ပေါများ လာသော အခါ အစိုးရ က သိပ်အားမပေးတော့တာ အိမ်နီးချင်းနိုင်ငံများ တွင် တွေ့ နိုင်သည်။ မြန်မာနိုင်ငံမှာ လည်း တောင် တက်ခရီးစဉ် (Trekking Tour) များ တွင် သာ ခေတ္တ ညအိပ်သည့်အနေဖြင့် ကလော၊ အင်းလေး၊ ပင်းတယဘက်တွင် ဘုန်းကြီးကျောင်း၊ ရွာသူကြီးအိမ် စသည်ဖြင့် သုံးသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူ Home Stay စနစ် အသုံးမပြုသင့်ပေ။ ဘေးထွက်ဆိုးကျိုး များ စွာ ဖြစ်လာနိုင် ပေသည်။

မကြာသေးခင်က ဂျာနယ်တစ်စောင်မှ ကျွန်တော့် ကို ဖုန်းဆက်ပြီး မေး၏ ။ ပုဂံတွင် နိုင်ငံခြားသား၏ ပစ္စည်းများ အလုခံရတာ ကို ဘယ်လိုမြင်ပါသလဲဆိုသော မေးခွန်းကို မှတ်ချက်ပေးစေခြင်း ဖြစ်သည်။ ကျွန်တော် က ဖြေသည်မှာ တိုးရစ်များ အလုံးအရင်းနှင့် ဝင်လာသော အခါ တိုးရစ် ပစ္စည်းကို ဒေသခံက လုခြင်း၊ ခိုးခြင်း၊ ဒေသခံ၏ ပစ္စည်းကို တိုးရစ်က အလစ်သုတ်ခြင်း၊ခိုးခြင်း၊ တိုးရစ်ကို ဒေသခံက မုဒိမ်းကျင့်ခြင်း၊ ဒေသခံကို တိုးရစ်က မုဒိမ်းကျင့်ခြင်း၊ လူသတ်မှု ဖြစ်ခြင်း၊ တိုးရစ်များ အသက်ဆုံးရှုံးခြင်း စသည့်ကိစ္စများ သည် လူ့သဘောသဘာဝ အရ ဖြစ်လာမည် မှာ မလွဲဧကန် ဖြစ်၍ (ကျွန်တော့်  အမြင်တွင် ) ဘာမှ မထူးဆန်းကြောင်း။ လူရှိလျှင် လူနှင့် ပတ်သက်သော အမှု အခင်းများ ဖြစ်ကြသည်မှာ ပုံမှန်ပင် ဖြစ်ကြောင်း၊ မြန်မာပြည်မှာ ပြင်ပကမ္ဘာနှင့် နှစ် ပေါင်းများ စွာ အဆက်ဖြတ်ထားပြီး နိုင်ငံခြားသား အရေအတွက်မှာ လည်း အလွန်နည်းပါးသေးသော ကြောင့် နိုင်ငံခြားသားနှင့် ပတ်သက်သည့် အမှု အခင်းများ မှာ ဟိုးလေးတကျော်နှင့် အံ့သြနေကြခြင်းသာ ဖြစ်ကြောင်း၊ ကမ္ဘာပေါ် တွင် တိုးရစ်များ နေ့စဉ်နှင့် အမျှ အကြောင်းမျိုးစုံဖြင့် သေနေကြကြောင်း။ ထူးဆန်းသည့် ကိစ္စလို့တော့ မပြောနိုင်ကြောင်း ရှင်းပြလိုက်ပါသည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထွန်းကားလာလျှင် ကပ်လိုက်လာမည့်  ကိစ္စများ သာ ဖြစ်သည်။ ကိုယ့်ဘက်က လုပ်ရမည် မှာ ဥပဒေကြောင်းအရ နိုင်ငံခြားသားကိုရော၊ နိုင်ငံသားများ ကိုရော လုံလောက်၍ မျှတသော အကာအကွယ်များ ပေးဖို့ ဖြစ်သည်။ နိုင်ငံခြားသား ပိုက်ဆံပျောက်လျှင် ပြည်သူ့ရဲမှ အားတတ်သရော ရှာပေးပြီး မြန်မာ တစ်ယောက် ပစ္စည်းပျောက်၍ သွားတိုင်လျှင် တော် စွ လျော်စွ အရေး ယူ လုပ်ဆောင်နေတာမျိုးလည်း မ ဖြစ်သင့်ပေ။

Child Sex ဆိုသော ကလေးသူငယ်များ ကို လိင်ကိစ္စ မတော် မတရားပြုမှု များ လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် အတူပါလာနိုင်ပါသည်။ Child Sex ဆိုရာ၌ အရွယ်မရောက်သေးသော မိန်းကလေးငယ်များ ကို အမျိုးသားများ က ခေါ်ယူပျော်ပါးသည်ကိုသာ ဆိုလိုခြင်းမဟုတ်၊ အရွယ် မရောက်သေးသော ယောက်ျားလေးငယ်များ ကို ခေါ်ယူပျော်ပါးခြင်းလည်း ပါဝင်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မြန်မာနိုင်ငံ၌ ယခု လေလေဆယ် တွေ့ စပြုနေရသည်မှာ အရွယ်မရောက်သူ မိန်းက လေးများ ကို နိုင်ငံခြားသားများ က ပျော်ပါးခြင်း မဟုတ်ဘဲ အရွယ်မရောက်သေးသူ (ဆယ့်ခြောက်နှစ် အောက်) ကလေးအရွယ် ယောက်ျားလေးများ ကို နိုင်ငံခြားသား မိန်းမလျာ (အခြောက်)များ က စည်းရုံး ဆွဲဆောင် သိမ်းသွင်းပျော်ပါးကြခြင်းက ပိုအ ဖြစ်များ ပေသည်။ သက်ဆိုင်ရာကလည်း ဤကိစ္စကို အလေးထား တိုက်ဖျက်သည့်အနေဖြင့် ဟိုတယ်ကြီးများ တွင် Child Sex ကိစ္စပြုမူခဲ့လျှင် ဥပဒေအရ ပြင်းထန်စွာ အရေး ယူခံရမည် ဟု ကြေညာထားသည်ဟု သိရသည်။ ထိုကိစ္စကို ဟန့်တားဖို့ရာ အားလုံးမှာ တာဝန်ရှိပေသည်။ ထိုင်းနိုင်ငံလို လိင်အသားပေး ခရီးသွားလုပ်ငန်း ထွန်းကားလာမှာ ကိုတော့ မ ဖြစ်စေလိုပါ။

ခရီးသွားလုပ်ငန်းသည် သစ်တော၊ ကျောက်မျက်၊ သဘာဝ ဓာတ်ငွေ့ စသော သယံဇာတများ ကို ထုတ်ရောင်းသကဲ့သို့ ကိုယ့်ဘက်က ကုန်ခန်းသွားစရာ မရှိသော လုပ်ငန်းကြီးတစ်မျိုး ဖြစ်သည်။ စနစ်တကျ အသုံးချနိုင်လျှင် နိုင်ငံခြားဝင်ငွေများ စွာ ရှာပေးနိုင်ပြီး နိုင်ငံသားများ ကို အလုပ်အကိုင် နေရာပေါင်းများ စွာ ရှာပေးနိုင်သော ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စား၍ မကုန်နိုင်သော အကောင်းဆုံးလုပ်ငန်းကြီး ဖြစ်ပါသည်။ သို့သော် ကျွန်တော် တို့ သတိထားရမည် မှာ အလွန်အစွမ်းထက်၍ ကောင်းမွန်သော ဆေးကောင်းဝါးကောင်းများ မှာ ပင် Side Effect ဟု ခေါ်သော ဘေးထွက်ဆိုးကျိုးများ ရှိရာ တန်ဆေးလွန်ဘေး ဆိုသကဲ့သို့ ကောင်းမွန်သည့် စီမံခန့်ခွဲမှု များ ကို ယခု ပင်လျှင် ကြိုတင်ပြင်ဆင်ရေး ဆွဲထားသင့်ပါကြောင်း။

Media One ဂျာနယ်။
၁၄-၅-၂၀၁၃

ပြည်သူလူထု၏ ရပိုင်ခွင့်

ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းပေါ်ရှိ ကုန်သည်ကြီးများ ဟိုတယ်ရှေ့မှ ဖြတ်လျှောက်မိတိုင်း ရင်ထဲမှာ တနုံ့နုံ့ ဖြစ်ရသည်။ မကျေနပ်ချက်များ ကို ကျွန်တော် တစ်ယောက် တည်း မြည် တွန်တောက်တီးနေတတ်သဖြင့် ဇနီးမယားကပင်လျှင် “ရှင် ဘာတွေ ပြောနေတာလဲ၊ စိတ်လျှော့လိုက်တော့” ဟု မေးယူရသည်။ အမှန် ကတော့ ပြည်သူလူထုဘက်က ရပိုင်ခွင့် အပြည့်ရှိသင့်သည်။ သို့သော် အမှား ကြာ အမှန် ဖြစ်ဆိုသကဲ့သို့ သူတို့ကပဲ အမှန် ဖြစ်နေသယောင် ဖြစ်နေခဲ့သည် ကတော့ ကြာပါပြီ။ ကြာဆို ၁၉၉၀ ပြည့်လောက်က စတင်ခဲ့သည် ထင်သည်။

ထိုစဉ်က ယခု ကုန်သည်ကြီးများ ဟိုတယ်နေရာသည် ရန်ကုန်မြို့၏ အစည်းကားဆုံးသော နေရာတစ်ခု ဖြစ်သည်။ ထိုနေရာတွင် ပြည်သူ့ကုန်တိုက်ရှိသည်။ ပြည်သူတို့ အပန်းဖြေ အနားယူနိုင်သည့် ပပဝင်းရုပ်ရှင်ရုံနှင့် ဂုဏ်ရုပ်ရှင်ရုံ ရှိသည်။ ရုပ်ရှင်ရုံ နှစ် ရုံနှင့် ပြည်သူ့မုန့်တိုက် (ပြည်သူ့မုန့်တိုက်ဆိုသည်မှာ ယခုခေတ် Donut ဆိုင်များ လို လက်ဖက်ရည်၊ ကော်ဖီနှင့် ကိတ်မုန့ ရောင်းသော အစိုးရပိုင် စားသောက်ဆိုင် ဖြစ်ပါသည်။ ) ကော်ဖီဆိုင် တစ်ဆိုင်နှင့် ရုပ်ရှင်ရုံနှစ် ရုံရှိသော အများ ပြည်သူ အပန်းဖြေသည့် နေရာကောင်းတစ်ခုသည် ၁၉၈၈ ခုနှစ် တွင် တက်လာသော စစ်အစိုးရ လက်ထက် ရှားရှားပါးပါး ဝင်ရောက်လာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု FDI တစ်ခုကို လွန်လွန်ကဲကဲ အလျှော့ပေး လိုက်လျောမှု ရလဒ်တစ်ခုအ ဖြစ် ရန်ကုန်သူ ရန်ကုန်သားတို့ လက်မှ (တစ်နည်းပြော လျှင် မြန်မာနိုင်ငံသူနိုင်ငံသားတို့လက်မှ) လုယူခံလိုက်ရပါသည်။ ဂုဏ်ရုပ်ရှင်ရုံကို ဖျက်သိမ်းလိုက်သည်။ ပပဝင်းရုပ်ရှင်ရုံကို ဖျက်သိမ်းလိုက်သည်။ ပြည်သူ့ကုန်တိုက်ကို ဖျက်သိမ်းလိုက်သည်။ ၄င်းအပြင် ဟိုတယ် တည်ဆောက်ရန် မြေနေရာ လိုသေးသဖြင့် ၃၂ လမ်း( အထက်ဘလောက် အရှေ့ခြမ်း) မှ တိုက်အားလုံး၊ ဆူလေဘုရားလမ်း အထက်ဘလောက် (အနောက်ဘက်ခြမ်း)မှ အိမ်အားလုံး ဖျက်ပေးခဲ့ရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုအတွက် ကျွန်တော် တို့ အစိုးရ(စစ်အစိုးရ)သည် ပြည်သူလူထု၏ အများ ပိုင် အပန်းဖြေစရာ နေရာများ ၊ ပုဂ္ဂလိက အိုးအိမ်တိုက်တာများ ကို ပေးအပ်ခဲ့ရပါသည်။ (ယခုအခါ ဟိုတယ် ထပ်မံတိုးချဲ့လာမှု ကြောင့် အများ သုံး သန့်စင်ခန်းကိုပင် ဖျက်သိမ်းလိုက်လေပြီ။)

ထိုသို့ ပေးအပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံသူနိုင်ငံသားများ အကျိုးကျေးဇူး ကြီးကြီးမားမား ပြန်လည်ရရှိလိုက်လျှင်လည်း ဖြေသာပါသေးသည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံး ၂၂ ထပ် အဆောက်အ အုံကြီးအ ဖြစ် ရန်ကုန်မြို့လယ်တွင် ပေါ်ပေါက်လာဖို့ အများ ပြည်သူ အပန်းဖြေသော နေရာ ၃ ခုနှင့် ပုဂ္ဂလိက အိုးအိမ် ပိုင်ဆိုင်မှု များ ကို ပေးအပ်ပြီးသည့်နောက်တွင် အများ သိသည့်အတိုင်း အဆင့်မြင့်ဟိုတယ်ကြီးတစ်ခု ပေါ်ပေါက်လာပါသည်။ထိုနေရာ ထိုလမ်းမ (ဆူးလေဘုရားလမ်း) သည် ယခင်က ပြည်သူလူထု လွတ်လွတ်လပ်လပ် သွားလာဖြတ်သန်းခဲ့ရာ အများ ပိုင်နယ်မြေ ဖြစ်ပါသည်။ Traders ဟိုတယ် စတင် ဖြစ်ပေါ်လာစတွင် ကုလားအုပ် ပုံပြင်ထဲကလို မဝံ့မရဲ ဖြစ်ပါသည်။ ဟိုတယ်ရှေ့မှ ဧရိ ယာသည် ယခင်အတိုင်း လမ်းသွားလမ်းလာတို့ ဖြတ်သန်းသွားလာရာ လမ်းကြောင်းအ ဖြစ် ဆက်လက်ရှိနေပါသေးသည်။ လူတို့သည် ယခင်အခါများ လိုပင် ဟိုတယ် မရှိခင်ကအတိုင်း ပလက်ဖောင်းအတိုင်း လျှောက်သွားနိုင်ကြပါသေးသည်။ ယခု ဟိုတယ်အဝင် မှန်တံခါးကြီးများ ရှေ့မှပင် ဖြတ်သန်းသွားလာခဲ့ကြပါသေးသည်။ ၄င်းနောက် လူတို့ ဖြတ်သန်းသွားလာရာ နေရာကွက်လပ်ကြီး ကို ကားရပ်နားရန် အသုံးပြုလိုက်ပါသည်။ လူများ ကတော့ ခါတိုင်းလိုပင် ဟိုတယ်ရှေ့မှ ဖြတ်သွားကြ စမြဲ ဖြစ်သည်။ သက္ကရာဇ် ၂၀၀၀ ခုနှစ် လောက်အထိ ထိုသို့ ဖြတ်သန်းသွားလာ၍ ရပါသည်။

တစ်နေ့သော အခါတွင် ထိုဟိုတယ်၍ အာဆီယံဝန်ကြီးများ အဆင့် အစည်းအဝေး ကျင်းပပါသည်။ ထိုအစည်းအဝေးတွင် လုံခြုံရေး လိုအပ်ချက်အရဟု ဆိုကာ ဟိုတယ်ပတ်လည်ကို စတီးပိုက်များ ဖြင့် ယာယီ တားဆီးကာရံလိုက်ပါသည်။ သို့သော် အစည်းအဝေး ပြီးသော အခါ အကာအရံ အတားအဆီးများ ကို ပြန်၍ မဖယ်တော့ဘဲ ရောင် တော် ပြန်နှင့် ရောလွှတ်ကာ ပြည်သူများ ဖြတ် သန်းသွားလာနေကျ နေရာများ (ပြည်သူပိုင်လမ်း)ကို ဟိုတယ်မှ မောင်ပိုင်စီးလိုက်ပါတော့သည်။ နောင်သော အခါတွင် တည်းခိုသူမှအပ မည် သူမျှ မဝင်ရ ဟူသော စာသားများ ကိုပင် ချိတ်ဆွဲကာ ပြည်သူပိုင်လမ်းအား ချဲ့ထွင်ယူလိုက်ပါသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကဲ့သို့ သော အာဏာပိုင်များ ၊ မြို့တော် ဝန် အစရှိသူတို့သည် ဈေးဗန်းလေးနှင့် တစ်ဝမ်းတစ်ခါး ရောင်းချနေ ကြသူများ ကိုသာ ကျူးကျော်ဈေးသည်အ ဖြစ် သတ်မှတ်ကာ အာရုံစိုက် ဖမ်းဆီးနေကြပြီး ရန်ကုန် မြို့ သူမြို့သားများ ၏ လူသွားပလက်ဖောင်းတစ်ခုလုံး ကျူးကျော်သိမ်းပိုက်ခံလိုက်ရသည်ကို မမြင်မတွေ့  ခဲ့ကြပါ သို့မဟုတ် မမြင်ချင်ယောင်ဆောင်ခဲ့ကြပါသည်။ ဟိုတယ်ချင်းအတူတူ ကမ်းနားလမ်းမှ Strand ဟိုတယ်သည် ပြည်သူပိုင် ပလက်ဖောင်းကို ခိုးယူခြင်း မရှိသော ကြောင့် Strand ဟိုတယ်ရှေ့ မှ ခြေကျင်လျှောက်သူ ပြည်သူများ ယခုထက်တိုင် လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ကြပါသည်။

Traders ဟိုတယ်ရှေ့တွင် မူ ပြည်သူလူထု လျှောက်လှမ်းရန် ပလက်ဖောင်းတစ်ခု ပြုလုပ်ပေးထားပါသည်။ ဟိုတယ်ရှေ့ ပရဝဏ်ကို ကားရပ်နားရန် နေရာအ ဖြစ် ကျယ်နိုင်သမျှ ကျယ်ကျယ် နေရာယူကာ စတီးသံတန်းများ ဖြင့် ကာရန်လျက် ပြည်သူလူထုအတွက် ပလက်ဖောင်းမှာ ကား တစ်ပေခွဲလောက်ပဲ နေရာချန်ထားပေးပါသည်။ တစ်ပေခွဲလောက်ပဲ ကျယ်သဖြင့် လူနှစ် ဦး မျက်နှာချင်းဆိုင် လာလျှင် တစ်ဦးက လမ်းပေါ်သို့ ဆင်းပေးရပါသည်။ (လူစည်ကားသော နေရာ ဖြစ်၍ ယာဉ် သွားယာဉ်လာ အထူးရှုပ်ထွေးသော်လည်း ရှောင်စရာ နေရာမဆံ့၍ လမ်းပေါ်မှပဲ ဆင်းလျှောက်ကြရပါသည်) ပို၍ ဆိုးသည်မှ ထိုမစို့မပို့ ပလက်ဖောင်းကလေးသည် တဖြည်းဖြည်းကျဉ်းမြောင်းလာကာ ဗိုလ်ချုပ်လမ်းဘက်သို့ ကွေ့ခါနီး နေရာတွင် အုတ်ခဲနှစ် ခဲကို အရှည်လိုက် ယှဉ်၍ ချထားသည့်ပမာန( ခုနှစ် လက်မခန့်) လောက်သာ ရှိပါတော့သည်။ လူ တစ်ယောက် မည် သို့မှ လမ်းမလျှောက်သာတော့ သာ ကမ္ဘာ့အကျဉ်းဆုံး ပလက်ဖောင်းအ ဖြစ် ဂင်းနစ်စံချိန်တင်တော့မည် ဖြစ်သည်။ ကျွန်တော် တို့ ပြည်သူလူထုသည် ရုပ်ရှင်ရုံ နှစ် ရုံ၊ ကော်ဖီဆိုင်ကြီး တစ်ဆိုင်နှင့် ကိုယ်ပိုင်အိမ်များ စွာ ပေးအပ်ခဲ့ရ သော ရလဒ်အ ဖြစ် ဟိုတယ်က ပြန်ပေးလိုက် သော လက်ဆောင်ကို မြင်ရသော အခါ အများ ပြည်သူ အားလုံးကိုယ်စား ရင်နာရပါသည်။ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါသည်။ နာကြည်းရပါသည်။ (ဤဆောင်းပါး စောင့်ကြည့်ဂျာနယ်တွင် ပါလာခဲ့လျှင် ကျွန်တော် ကိုယ်တိုင် အင်္ဂလိပ်ဘာသာပြန်၍ ဟိုတယ်မန်နေဂျာသို့ ပေးပို့ပေးရန် ဆုံးဖြတ်ထားပါသည်။ ရန်ကုန်မြို့တော် ဝန်တို့လည်း မိတ္တူပေး ပို့ သွားပါမည် ။)

နိုင်ငံခြားသားများ က အဲယားကွန်း ဟိုတယ်ကြီးထဲတွင် ဇိမ်ကျကျနေနိုင်ရန်၊ သူတို့စီးသော ကားများ ကျယ်ကျယ်ဝန်းဝန်း ရပ်နိုင်ရန် အများ ပြည်သူက ကျဉ်းမြောင်းသော လမ်းကလေးအတိုင်း ယာဉ်အန္တရာယ်ကြားမှ ကတ်သီးကတ်သတ် သွားနေရခြင်းမှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းတွင် ဖြစ်သင့်ပါသလား။ ဟိုတယ် စတင်တည်ဆောက်စဉ်က ခွင့်ပြုခဲ့သော မြေနေရာ အကျယ်အဝင်းထဲတွင် ယခု ခပ်တည်တည် စတီးတိုင်များ ဖြင့် ဝင်းခတ်ထားသော နေရာ ပါပါသလားဟု ဟိုတယ်ကိုရော၊ သက်ဆိုင်ရာ အာဏာပိုင်များ ကိုရော မေးပါရစေ ခင်ဗျား။ ပြည်သူလူထု၏ ရပိုင်ခွင့်သည် ဘာမှမရှိတော့ဘူးလားဟု သိပါရစေ ခင်ဗျား။ ရန်ကုန်မြို့နှင့် မန္တလေးမြို့များ တွင် ကိုယ့်နိုင်ငံသား ကျူးကျော် အိမ်များ ကို မြို့တော် စည်ပင်နှင့် ပြည်သူ့ရဲမျးမှ လိုက်လံ ဖျက်ဆီးဖယ်ရှားသလို ပြည်သူလူထု၏ လမ်း နယ်နိမိတ်ကို မြို့လယ်ကောင်တွင် ကျူးကျော်ထားသူများ ကိုရော အရေး ယူရန် အစီအစဉ် ရှိ၊ မရှိဟု လွှတ်တော် လေသံဖြင့် မေးပါရစေခင်ဗျာ။

သတင်းစာထဲတွင် လူထုအော်သံတစ်ခုကို ဖတ်ရသည်မှာ လည်း ရန်ကုန်မြို့ ကမ်းနားလမ်းသစ်ကြီး တည်ဆောက်လိုက်ပြီး လမ်းဧရိယာကို အစွမ်းကုန် တိုးချဲ့လိုက်သော်လည်း ပြည်သူလူထု သွားစရာ၊ ရပ်စရာ ပလက်ဖောင်း ထည့်ဆောက်မထားသဖြင့် လိုင်းကား ရပ်စောင့်သူ ခရီးသည်များ မှာ ကား လမ်းမပေါ်မှ ရပ်ကာ ကားစောင့်စီးရသည့်အတွက် အန္တရာယ်များ နေပါကြောင်း ဆိုသော သတင်း ဖြစ်ပါသည်။ ဤကိစ္စမှာ လည်း ကားလမ်းချဲ့ခြင်းဟူသော ကိစ္စကို ပြုရာ၌ ခြေကျင်ခရီးသွားသူများ ဟူ သည့် အများ ပြည်သူ၏ ရပိုင်ခွင့်ကို ထည့်သွင်း မစဉ်းစားခဲ့ကြခြင်း၏ ရလဒ် ဖြစ်သည်။ ကားလမ်းချဲ့ခြင်းသည် ကောင်းသော်လည်း ကားလမ်း ချဲ့နိုင်ရန် အများ ပြည်သူလျှောက်မည့်  ပလက် ဖောင်းကို ကျုံ့ပစ်ခြင်း၊ ဖျက်ပစ်ခြင်းမှာ မလုပ်သင့် မလုပ်ထိုက်ပေ။ ယာဉ်ရပ်နားရန် နေရာအတွက် အရိပ်ရ သစ်ပင်ကြီးများ ကို ခုတ်လှဲပစ်ခြင်းမှာ လည်း မလုပ်သင့်သော ကိစ္စတစ်ခု ဖြစ်သည်။ ရန်ကုန် မြို့တွင် အင်္ဂလိပ်လက်ထက်က တည်ဆောက်ခဲ့သော ကျယ်ဝန်းသည့် စင်္ကြံပလက်ဖောင်းများ သည် အလကားသက်သက် မြေဖြုန်းခဲ့ကြသည် မဟုတ်ပေ။ နိုင်ငံတကာ မြို့ပြအင်္ဂါရပ်များ နည်းတူ တိုးတက် လာမည့်  မြို့ပြ လူဦးရေကို ကြိုတင်တွက်ဆကာ အနာဂတ်စီမံကိန်းဖြင့် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ Mega City ခေါ် ဧရာမမြို့ကြီး ဖြစ်လာပါက လမ်းပေါ်တွင် ကားများ ဖြင့် ပြည့်နေသလို ပလက်ဖောင်းပေါ်တွင် လည်း ခြေကျင်လျှောက်သူများ နှင့် ပြည့်နှက်နေပေလိမ့်မည် ။ ထိုအခါ ပလက်ဖောင်း ကျယ်ကျယ်များ လိုလာပါလိမ့်မည် ။

လွန်ခဲ့သော လက ပြည်မြို့သို့ ကျွန်တော် ရောက်ခဲ့စဉ် ကမ်းနားလမ်းတွင် လမ်းလျှောက်လာခဲ့ ရာ ဟိန္ဒူဘုရားကျောင်းအလွန်တွင် ခါတိုင်း မြင်နေကျ အလွန်လှပသော ဧရာဝတီမြစ်ရှုခင်းမှာ မမြင်ရတော့ဘဲ မြစ်ကမ်းပါး၌ အဆောက်အအုံကြီးတစ်ခု ဆောက်လုပ်ထား၍ မြစ်ရှုခင်း ပိတ်ကွယ်သွားသည်ကို တွေ့ ရပါသည်။ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက ယခင် စစ်အစိုးရလက်ထက်မှ အာဏာပိုင်များ ထံတွင် မြေဂရန်လျှောက်၍ ကမ်းနားကို အပိုင်စီးကာ ဂိုဒေါင်လိုလို၊ ဘာလိုလို အဆောက်အအုံကြီး တစ်ခု ဆောက်ထားသည်ကို တွေ့ ရပါသည်။ ကမ်းနားလမ်းမှ အနောက်ဘက်ကမ်း မြစ်ရှုခင်းကို မြင် ခွင့်၊ ကြည့်ခွင့်မှာ အများ နှင့် ဆိုင်သော ပြည်သူလူထု၏ အခွင့်အရေး ဖြစ်သော်လည်း ဝိသမာလောဘ သမားများ သည် ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၍ မြေဂရန်လျှောက်သူက လျှောက်၊ ထုတ်ပေးသူကပေးဖြင့် အပေးအယူ မျှခဲ့ကြသည်မှာ ရှက်ဖွယ်လိလိ ဖြစ်သည်။ ဤကိစ္စကို မြို့ခံ တစ်ယောက် က ဝေဖန်သည်မှာ မှတ်သားစရာကောင်းသည်။ သူ ပြောသည်မှာ -

“တကယ်လို့ အာဏာပိုင်တွေ က မြေဂရန်လျှောက်ထားတိုင်း အခုလို ချပေးမယ်ဆိုရင် ကျွန်တော် လည်း ကမ်းနားလမ်းတစ်လျှောက် ပြည်ဈေးကြီးကနေ ရွှေတောင်မြို့အထိ လျှောက်မယ်၊ ခွင့်ပြု ပေးမလား”

သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အုပ်ချုပ်မှု ဟူ၍ မရှိခင်က ခရိုနီနှင့် အာဏာရှင်တို့ ရှုပ်ခဲ့ကြသော အရှုပ်ထုပ်များ မှာ ယခုအခါ မြန်မာတစ်ပြည်လုံး ဟိုမှ သည်မှ ပေါ်လာပြီ ဖြစ်သည်။ အများ အားဖြင့် နစ်နာရသည်မှာ တိုင်းသူပြည်သား ဆင်းရဲသားများ ဘက်ကပဲ ဖြစ်သည်။ စီးပွားရေး သမားများ သည် အများ ပိုင်ပစ္စည်းကို မိမိပိုင် ဖြစ်ရန် ဥပဒေ စာချုပ်စာတမ်းများ ဖြင့် ဘယ်လမ်းကြောင်းမှ ဘယ်လို ဆောင်ရွက်ရမည် ကို အမြဲမပြတ်စဉ်းစား ကြံစည်နေကြသူများ ဖြစ်ရာ သူတို့လက်ထဲတွင် ဂရန်၊ ပါမစ်၊ခွင့်ပြုမိန့် စသည့် ဥပဒေဘောင်ဝင်လောက်သော သက်သေ အထောက်အထားများ ကို မရ ရအောင် ဖွေရှာ၍ ကိုင်ထားကြသည်သာ များ သည်။ မိရိုးဖလာပိုင်ဆိုင်လာခဲ့ကြသော ဒေသခံများ မှာ မူကား သူတို့နှင့် ဖက်ပြိုင်နိုင်သော အကောက်ဉာဏ် မရှိရကား လောကသစ္စာ အမှန်တရားတစ်ခုကိုသာ အားထားစရာ ရှိပေ၏ ။ အကယ်၍ အမှု အခင်း တစ်ခုကို စစ်ဆေးစီရင် ဆုံးဖြတ်နိုင်သည့် အာဏာရှိသူတစ်ဦး တစ်ဖွဲ့သည် လောကသစ္စာကို အလေးထားကာ သံသရာပါမည့် ဘေးကို ကြည့်၍ အမှန်တရားကို ဆုံးဖြတ်မည် ဆိုပါက ပြည်သူတို့ နစ်နာမှု သည် သက်သာရာ ရကောင်းပါ၏ ။ ထိုသို့ မဟုတ်ဘဲ စာရွက်စာတမ်းများ ကိုသာ မျက်စိစုံမှိတ်၍ ယုံကာ လှေနံဓားထစ် ဆုံးဖြတ်ခဲ့ပါက သမ္မတကြီး ကြွေးကြော်ခဲ့သော ကောင်းမွန်သော အုပ်ချုပ်မှု မှာ မည် သို့မျှ ဖြစ်လာနိုင်မည် မဟုတ်တော့ချေ။

လူ တစ်ယောက် သည် မည် မျှပင် ဆင်းရဲသော်လည်း ကျယ်ဝန်းသော ပလက်ဖောင်းပေါ်တွင် ယာဉ်အန္တရာယ်ကင်းစွာ လမ်းလျှောက်နိုင်ခွင့်၊ ပန်းခြံနှင့် ပြတိုက်များ သို့ အခမဲ့ ဝင်ကြည့်ပိုင်ခွင့်၊ မြစ် ကမ်းတစ်လျှောက် ရှုခင်းကို ကြည့်ရှုပိုင်ခွင့်၊ လတ်ဆတ်သော လေကို ရှူပိုင်ခွင့်၊ စိမ်းလန်းသော သစ်ပင်အောက်တွင် အရိပ်ခိုခွင့် စသည်တို့မှာ ပြည်သူလူထု၏ မွေးရာပါ ရပိုင်ခွင့် ဖြစ်ပါကြောင်း။

News Watch ဂျာနယ်၊
၂၁-၅-၂၀၁၃။

နိုင်ငံခြားသား ဆိုသူတွေ အကြောင်း

မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ထွန်းကားတိုးတက်လာမှု ကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ကို ယခင်ကထက် ပိုမိုများ ပြားစွာ နေရာအနှံ့တွင် တွေ့ မြင်လာရပြီ ဖြစ်သည်။ နိုင်ငံခြားသားများ (အထူးသဖြင့် အနောက်တိုင်းသားများ )မှာ ယောဘုယျအားဖြင့် စီးပွားရေး မှာ ကျွန်တော် တို့ နိုင်ငံထက် ကောင်းမွန်၍ ဝင်ငွေမှာ သာသဖြင့် သုံးနိုင် စွဲနိုင်ခြင်းကြောင့် တစ်ကြောင်း၊ သူတို့နိုင်ငံ၏ ပညာရေး စနစ်မှာ ကောင်းမွန်သဖြင့် ပညာရေး အဆင့်အတန်း မြင့်မားခြင်းကြောင့် တစ်ကြောင်း၊ နိုင်ငံရေး စနစ်ပွင့်လင်း လွတ်လပ်မှု ကြောင့် လွတ်လပ်စွာ ပြောဆိုတတ်သော အလေ့အထ၊ မိမိကိုယ်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိသော အလေ့အထတို့ကြောင့် တစ်ကြောင်း၊ စာ ဖတ်သော အလေ့အထရှိ၍ မျက်စိကြီး၊ နားကြီး ရှိသည်ဟု ယူဆကြ၍ တစ်ကြောင်း ထိုအနောက်တိုင်းသား တိုးရစ်များ သည် ဗဟုသုတအရာတွင် မြန်မာနိုင်ငံသားများ ထက် သာသည်ဟု (ယေဘုယျအား ဖြင့် ) အများ စုက လက်ခံထားလေ့ ရှိပါသည်။ သို့သော် ဤထင်မြင်ချက်မှာ လုံးဝဥဿုံ အမြဲမှန်နေ သည်တော့ မဟုတ်ပါ။ အနောက်တိုင်းသား ကမ္ဘာလှည့် ခရီးသည်များ ထဲတွင် လည်း အူတူတူ၊ ဗဟုသု တ နဲသဖြင့် ထင်မိထင်ရာ တလွဲတချော်ပြောကြ ဆိုကြသူများ စွာ ကို ဧည့်လမ်းညွှန် တစ်ယောက် အနေ ဖြင့် ကျွန်တော် တွေ့ ဆုံခဲ့ဖူးပါသည်။ သူတို့အထဲမှ အချို့အကြောင်းကို ပြောပြချင်ပါသည်။

*******

လွန်ခဲ့သော သုံးနှစ် က ကျိုက်ထီးရိုးဘုရားသို့ ကျွန်တော် အမေရိကန်လင်မယား နှစ် ယောက် နှင့် အတူ သွားရောက်လည်ပတ်ခဲ့ပါသည်။ ဘုရားသို့ရောက်၍ သွားရောက်လည်ပတ်အပြီး နောက်တစ်နေ့တွင် တည်းခိုရာ ဟိုတယ်မှ တောင်အောက်သို့ ပြန်ဆင်းခဲ့ပါသည်။ အတော် လေး ခရီး ပေါက်ခဲ့ပြီးသော အခါ နိုင်ငံခြားသား ဧည့်သည်သည် လမ်းတွင် ကျွန်တော့် ကို စောင့်နေကာ အောက်ပါ အတိုင်း ထူးဆန်းသော စကားကို ပြောပါသည်။

“ညီညီရ … မင်းတို့ ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးတွေ က ကုတ်ကင်းရှူတယ်နော်… ငါ မြင်လိုက်တယ်”

“ပေါက်ပေါက်ရှာရှာကွာ .. . ဘုန်းကြီးက ဘယ့်နှယ်လုပ်ပြီး ကုတ်ကင်းရှူရမှာ လဲ”

“ကုတ်ကင်း မဟုတ်ရင် ဘိန်းဖြူပဲကွာ၊ ငါ သေသေချာချာ မြင်လိုက်တယ်၊ ငါ့မိန်းမလည်း မြင်လိုက်တယ်”

သူ့မိန်းမကလည်း သူ့ယောက်ျား ပြောသည်ကို အခိုင်အမာ ထောက်ခံသည်။ နှစ် ယောက် တစ်ယောက် ဖြစ်နေ၍ ကျွန်တော့် ဘက်က ရှုံးနေသော်လည်း မကျေနပ်၍ ကျွန်တော် က သေသေချာချာ မေးသည်။

“ဘယ်မှာ တွေ့ တာလဲ၊ ဘယ်ဘုန်းကြီးလဲ၊ ဘယ်ကြောင့် ဘိန်းဖြူ ရှူတယ်လို့ စွပ်စွဲနိုင်တာလဲ”

“အခုလေးတင် တောင်ဆင်းလမ်းမှာ မျက်နှာချင်းဆိုင် တွေ့ လိုက်တာ၊ သူက အတက် ငါ့တို့က အဆင်း၊ လူလစ်ပြီ ထင်ပြီး နှာခေါင်းထဲကို ကုတ်ကင်းတွေ ရှူထည့်လိုက်တာ ငါတို့နဲ့ တည့် တည့်တိုးတာပဲ”

“ခုနက လမ်းမှာ တွေ့ လိုက်တဲ့ အသက်ကြီးကြီး ဘုန်းတော် ကြီး တစ်ပါး မဟုတ်လား၊ ဘုန်းကြီး ကျောင်းသားလေး တစ်ယောက် တောင် သူ့ဘေးမှာ ပါသေးတယ်လေ”

“ဟုတ်တယ် အဲဒီ ဘုန်းကြီးပဲ”

“ငါ မယုံဘူးကွာ၊ လက်တွေ့ မြင်ရမှ ယုံမယ်၊ မင်းတို့ ဒီမှာ ခဏစောင့်၊ ငါ ဘုန်းကြီးနောက်ကို လိုက်ကြည့်ဦးမယ်”

အရာရာကို သူများ ပြောဖြင့် မယုံဘဲ လက်တွေ ကမြင်ရမှ ယုံတတ်သော ကျွန်တော် မှာ ကိုယ့်မြန်မာဘုန်းကြီး သိန်းရှူသည် ဆိုသဖြင့် ပို၍ မခံချင်သော ကြောင့် ဤကိစ္စ ပြတ်အောင်ရှင်းမှ ဖြစ်မည် ဟု ယူဆပြီး တောင်တက်လမ်းဘက်သို မျက်နှာမူကာ ဘုန်းတော် ကြီးနောက်သို့ ပြေးလိုက်မိပါသည်။ ကံအားလျော်စွာ ပင် ဘုန်းကြီးနှင့် ကျောင်းသားလေးသည် မောပန်းဟန်ဖြင့် လမ်းဘေးတွင် ရပ်ကာ နားနေပါသည်။ ကျွန်တော် လည်း အချိန်ဆွဲမနေတော့ဘဲ တဲ့(ဒဲ့)ပင် အောက်ပါအတိုင်း မေးမိပါသည်။

“ဘုန်းဘုန်းဘုရား .. . ခုနက ဘုန်းဘုန်း ပစ္စည်းတစ်ခုခုကိုများ နှာခေါင်းထဲ ရှူသွင်းမိပါသ လား”

“သွင်းတာပေါ့ ဒကာရဲ့ ”

“မူးယစ်ဆေးဝါးများ လား ဘုရား”

“ပေါက်ပေါက်ရှာရှာ ငါက ဘာလို့ မူးယစ်ဆေးဝါး လုပ်မလဲဟ”

“ဒါဆို ဘာလဲ ဘုရား၊ စိတ်မရှိပါနဲ့ ၊ နိုင်ငံခြားသားက ဘုန်းဘုန်း ဘိန်းဖြူ ရှူတယ်လို့ သံသယရှိနေလို့ပါ ဘုရား၊ တပည့်တော် ကတော့ မယုံပါဘူး”

“ဟယ် တယ်ခက်တဲ့ကောင်တွေ ပဲ၊ ငါ ခုနက ရှူတာ ဒါဟဲ့၊ ဟတ်ချိုး ဂမုန်းနာ”

ဘုန်းကြီးက ပြောလည်း ပြော၊ သူ့လွယ်အိတ်ထဲမှာ ပုလင်းလေးတစ်ခုကို ထုတ်ပြရာ ကျွန်တော် တို့ ငယ်စဉ်က ဆောင်းတွင်းဘက် နှာပိတ်လျှင် လူကြီးများ နှာခေါင်းထဲသို့ ရှူလိုက်ပါက ဟက်ချိုးဟု ချေဆတ်ပြီး နှာပွင့်သွားတတ်သော ဟတ်ချိုးဂမုန်းနာ ဆေးဘူးကို တွေ့ ရှိရသဖြင့် ကျွန်ုပ် မှာ ငိုအားထက် ရယ်အားသန် ဖြစ်ကာ ဘုန်းဘုန်းအား ရှိခိုးဦးတင် တောင်းပန်ရလေ၏ ။ အခန့်သင့်ပင် နိုင်ငံခြားသား လင်မယားလည်း မယောင်မလည်နှင့် ကျွန်တော် တို့အနားသို့ ရောက်လာရာ ကျွန်တော် က ဘုန်းတော် ကြီး နှာခေါင်းထဲသို့ ရှူထည့်လိုက်သည်မှာ သင်တို့ ထင်သလို ကုတ်ကင်း လည်း မဟုတ်၊ ဘိန်းဖြူလည်း မဟုတ်၊ တိုင်းရင်းဆေးတစ်မျိုး ဖြစ်သော ဟတ်ချိုး ဂမုန်းနာနှာပွင့်ဆေး ဖြစ်ကြောင်း ဆေးကိုပြကာ တဲ့(ဒဲ့)ရှင်းရလေ၏ ။ ထိုအခါမှ ထင်မိထင်ရာ ကိုရွှေတိုးရစ်မှာ သူတို့ မှားကြောင်း ဝန်ခံလေသည်။ ကျွန်တော် သာ ချက်ချင်း လိုက်မရှင်းပါက မြန်မာပြည်မှ ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးများ နံပါတ်ဖိုးချသည် ဟူသော ပါးစပ်စကားက ဘယ်အထိ ပျံ့နှံမလဲ မသိနိုင်ပေ။ နိုင်ငံခြားသားများ ကား ဤကဲ့သို့ ထင်မိထင်ရာပေတကား။

နောက်တစ်ကြိမ် ကြုံရသည်က ပဲခူးမြို့ ရွှေသာလျောင်းဘုရားမှာ ဖြစ်သည်။ ထိုခေါက်တွင် တော့ နိုင်ငံခြားသားများ မှာ ၂၆ ယောက် အဖွဲ့ကြီးနှင့် ဖြစ်သည်။ အများ အားဖြင့် အင်္ဂလန်နိုင်ငံမှ တိုးရစ်များ ဖြစ်သည်။ ရွှေသာလျောင်းဘုရားကို ဖူးမြော်ပြီး၍ ဘတ်(စ်)ကားကြီး ထွက်တော့မည် ပြင်စဉ် အမျိုးသားတိုးရစ် တစ်ယောက် သည် ကျွန်တော့် ထံသို့ လာ၍ -

“မစ္စတာညီ … မင်းတို့နိုင်ငံက ဘုန်းကြီးတွေ က ခြေသည်းကို အနီဆိုးထားတယ်နော်”

ဟု ဆိုလာပြန်သည်။ ဟိုက် . . .မြတ်စွာ ဘုရား လာပြန်ပြီ တစ်မျိုးဟု ကျွန်တော့် စိတ်ထဲမှ ရေရွတ်မိပြန်ပါသည်။

“ဟုတ်ရဲ့ လားကွာ၊ တို့ ဘုန်းကြီးတွေ ခြေသည်း လက်သည်း ဆေးဆိုးလေ့ မရှိပါဘူးကွာ”

ဟု ကျွန်ုပ်က ပြောလျှင် ဧည့်သည် နိုင်ငံခြားသားက ရွှေသာလျောင်းဘုရားတန်ဆောင်းထဲတွင် သူ သေသေချာချာ မြင်ခဲ့ကြောင်း အခိုင်အမာ ဆိုလေသည်။ တစ်ခုခုတော့ လွဲလေပြီ။ ဤကိစ္စကို ချက်ချင်း ရှင်းမှ သင့်တော် မည် ဖြစ်ကြောင်း ယခင် အတွေ့ အကြုံများ အရ သိသဖြင့် အခြားတိုးရစ်များ ကို ကားပေါ်မှာ ပင် စောင့်ခိုင်းကာ ကိုယ်တိုင် သိမြင်လာခဲ့ပါသည် ဆိုသော အင်္ဂလိပ်ကြီးနှင့် အတူ ဘုရားထဲသို့ ကျွန်တော် ပြန်ဝင်လာခဲ့မိပါသည်။ ရွှေသာလျောင်းဘုရား မျက်နှာတော် နှင့် တည့်တည့် တွင် တစ်ပါးတည်း ထိုင်နေသော ဘုန်းကြီးအိုအိုကြီး တစ်ပါးကို တွေ့ သော အခါ

“ဟိုမှာ ဟိုမှာ .. သူပဲ သူပဲ၊ ခြေသည်းမှာ အနီဆိုးထားတာ”

ဟု အားရဝမ်းသာ ပြလေသည်။ ကျွန်တော် က အနားသို့ ကပ်ကာ ဘုန်းကြီး ခြေထောက်ကို သေသေချာချာ ကြည့်ပါသည်။ ထို့နောက် စပ်ဖြဲဖြဲဖြင့် ကျွန်တော် ပြန်လာပါသည်။ ဘုန်းကြီး ခြေထောက်မှာ ခြေသည်းနီ ဆိုးမထားပါ။ ဘုန်းကြီးမှာ အသက်ကြီးလွန်း (သက်တော် ၉၀ ခန့် ရှိမည် ထင်ပါသည်) သည့်အပြင် တောဘက်မှ လာသော ကိုယ်တော် ဖြစ်ပုံရသဖြင့် ခြေသည်းများ မှာ နှစ် ပေါင်းများ စွာ ပြုပြင်မှု မရှိသဖြင့် နီကျင်ကျင် ဖြစ်နေပါသည်။ လူများ အသက်ကြီးလျှင် ခေါင်းမှ ဆံပင်သည် ဆွတ်ဆွတ်ဖြူသွားသလိုမျိုး ခြေသည်းများ မှာ လည်း နီကျင်ကျင်အရောင် ဖြစ်သွားဟန်တူပါသည်။ အာရှတိုက်သားများ ကို များများ စားစား မြင်ဖူးဟန်မတူသော အင်္ဂလိပ်မှာ ခြေသည်းကို နဂို အရောင် လား၊ ဆေးဆိုးထားတာလားဟု မခန့်မှန်းတတ်ဘဲ သူထင်ရာသူ လျှောက်ပြောခြင်း ဖြစ်ပါ သည်။ ကျွန်တော် က သေသေချာချာ ရှင်းပြလိုက်မှ လက်ခံ သွားပါတော့သည်။

နောက်တစ်ကြိမ် ကြုံရသည် ကတော့ မကြာသေးပါ။ ယခု ၂၀၁၃ ခုနှစ် တွင် မှ ဖြစ်သည်။ အမေရိကန်နိုင်ငံသား မက္ကဆီကိုလူမျိုး သုံးယောက် နှင့် အတူ ဧည့်လမ်းညွန်အ ဖြစ် ကျွန်တော် လိုက်ပါ ရပါသည်။ သူတို့ သုံးယောက် မှာ မအေကြီးက အသက် ၆၀ ခန့်၊ သားမှာ အသက် ၃၅ နှစ် ခန့်၊ သမီး မှာ အသက် ၃၀ ခန့် ဖြစ်ပါသည်။ စားသောက်ဆိုင်သို့ ရောက်သော အခါ အမေ ဖြစ်သူနှင့် ညီမ ဖြစ်သူက အထူးအထွေ မပြောသော်လည်း သား ဖြစ်သူက

“ငါက ဗုဒ္ဓဘာသာကွ .. သက်သက်လွတ်ပဲ စားတယ်၊ သက်သက်လွတ် ဟင်းများ ကိုသာ မှာ ပေးပါ” ဟု ပြောပါသည်။ ထို့ကြောင့် ကျွန်တော် ဖီးလ် မြန်မာစားသောက်ဆိုင်သို့ ခေါ်သွားပြီး ကျွန်တော် တို့ သုံးယောက် က ကြက်သား၊ ဝက်သားဟင်းများ မှာ ကာ သူ့အတွက် ဟင်းသီးဟင်းရွက် ဟင်းလျာများ မှာ ပေးလိုက် ပါသည်။ ထိုနေ့မှစကာ နေ့တိုင်း နေ့တိုင်း စားသောက်ဆိုင် ရောက်လျှင် သူ့အတွက် သက်သက်လွတ်ပဲ မှာ ပေးရပါသည်။ သူက ဘုရားစကား၊တရားစကားလည်း သူသိ သူတတ် လုပ်ကာ သူ့အမေနှင့် ညီမ ဖြစ်သူကို ရှင်းပြလေ့ရှိပါသည်။ တစ်နေ့တွင် မန္တလေး ရွှေဘဲ စားသောက်ဆိုင်တွင် ညစာ စားကြပါသည်။ ထုံးစံအတိုင်း သူ့အတွက် သက်သက်လွတ် အစိမ်းကြော်၊ ကိုက်လန်ကြော်နှင့် ထမင်းအဖြူတစ်ပွဲ မှာ ပေးပါသည်။ ကျွန်တော် တို့က ပုဇွန်တုပ်ကြီးများ ကို မှာ စား ကြပါသည်။ စားရင်းသောက်ရင်း သက်သက်လွတ်သမားသည် ဘာမပြော ညာမပြော ပုဇွန်တုပ်ကြီး တစ်ကောင်ကို ယူ၍ ဂျွပ်ခနဲ ဝါးစားလိုက်ပါသည်။ ကျွန်တော် သည် အံ့သြ၍

“နေပါဦး ခင်ဗျားက သက်သက်လွတ်ဆို၊ ဘာလို့ ပုဇွန် စားလို့ရတာ လဲ” ဟု မေးကြည့်ရာ

“ရတယ် ငါ့သက်သက်လွတ်က ပုဇွန်တော့ စားလို့ရတယ်” ဟူသတည်း။ မြန်မာပြည်မှ သက်သက်လွတ်သမားများ လည်း အတုယူနိုင်ပေလောက်သော အာဂ သက်သက်လွတ်သမားကြီးပေတကား။

နောက်တစ်ကြိမ် ကြုံရသည်ကား .. ငါသိ ငါတတ် အမြဲလုပ်သော အမေရိကန်နိုင်ငံမှ တိုးရစ် အဘွားကြီး တစ်ယောက် အကြောင်း ဖြစ်သည်။ ထိုစဉ်ကလည်း အုပ်စုဖြင့် သွားသော တိုးရစ် ၁၈ ယောက် အဖွဲ့ကြီးကို ကျွန်တော် ဝန်ဆောင်မှု ပေးရသည်။ ၁၉၉၈ ခုနှစ် ခန့်က ဖြစ်သည်။ လည်ပတ်ကြည့်ရှုရမည့်  နေရာတစ်နေရာ ရောက်၍ ကျွန်တော် က ဧည့်လမ်းညွှန်တို့တာဝန်အတိုင်း ပြောစရာ ရှိသမျှ မှာ စရာရှိသမျှ ပြောပြ ရှင်းပြလျှင် သူများ တွေ လို သေသေချာချာ နားမထောင်ဘဲ ငါ သိ ငါတတ် လုပ်ကာ ပမာမခန့်လုပ်နေလေ့ရှိသည်။ တစ်နေ့သော အခါ ညောင်ဦးဈေးသို့ သွားရောက် လည်ပတ်ရာ ကျွန်တော် က စကားကြုံသဖြင့် သနပ်ခါးအကြောင်းကို ရှင်းပြရာ ထိုအဘွားကြီးက သေသေချာချာ နားမထောင်ချေ။ ချိန်းဆိုထားသော အချိန်တွင် ကားရပ်ထားရာ နေရာသို့ တိုးရစ်များ အားလုံး ပြန်လာကြရာ ထိုအဘွားကြီးလည်း လက်ထဲတွင် အထုပ်တစ်ထုပ်ဖြင့် ပြန်လာပြီး ပြောသည်မှာ

“မင်း ပြောတဲ့ သနပ်ခါးဈေးနဲ့ ငါ ဝယ်ခဲ့တဲ့ ဈေးက တော် တော် ကွာတယ်၊ အေးလေ ဂိုဒ် မပါ တော့ ငါ့ကို လျှော့ပေးလိုက် တာပေါ့၊ ဈေး သက်သက်သာသာနဲ့ ရခဲ့တယ်၊ အဲဒါတွေ အားလုံးမှ ငါးရာကျပ်ပဲ ပေးရတယ်”

သူ ဝယ်လာသော သနပ်ခါးများ ကို ပြရာ ကျွန်တော့် မှာ ဟိုက်ခနဲ ဖြစ်သွား၏ ။ အကြောင်းမှာ မူကား သူက ဈေးပေါသော သနပ်ခါးဟု ဆိုကာ ဝယ်လာသည်များ မှာ သနပ်ခါး မဟုတ်ဘဲ ထင်းရှူးဆီများ ဖြစ်နေသော ကြောင့် ပင်တည်း။ သြော် .. . နိုင်ငံခြားသားတွေ ၊ နိုင်ငံခြားသားတွေ .. ဟုသာ ကျွန်တော့် မှာ ညည်းနိုင်ပါတော့သည်။

နောက်တစ်ကြိမ် ကြုံရသည်ကား မင်းကွန်းမှာ ဖြစ်သည်။ မြသိန်းတန်ဘုရားအနီးမှ အအေးဆိုင်တွင် အမျိုးသမီး တိုးရစ်တစ်ဦး အအေးလာသောက်သည်။ အုန်းသီးတစ်လုံး ပေးပါ ဆိုသဖြင့် ဆိုင်ရှင် ကောင်မလေးက အုန်းသီးအစိမ်းတစ်လုံးကို သေသေချာချာ ဓားဖြင့် ဖောက်ပြီး ပိုက်တပ်ပေးလိုက် ၏ ။ အုန်းရည် သောက်ပြီးနောက် အုန်းသီး အသားစားချင်သည် ဆိုသဖြင့် သေသေချာချာ ခုတ်ထစ်ပြင်ဆင်ပေးလိုက်ပြန်သည်။ အုန်းသီးအား ဇွန်းခြစ် လုပ်ပေးလိုက် ခြင်း ဖြစ်သည်။ တိုး ရစ်မကား အုန်းသီးများ အားလုံး စား၍ ကုန်ခါမှ

“နင့်အုန်းသီးက စားလို့လည်း မကောင်းဘူး” ဟု လုပ်လာ၏ ။ ဆိုင်ရှင်ကလည်း သူ့အုန်းသီး ကောင်းကြောင်းတတ်သလောက် မှတ်သလောက် ရှင်းပြသည်။ သို့သော် ထိုတိုးရစ်က အမျိုးမျိုး အပြစ်ရှာပြီး

“ကဲ နင့် အုန်းသီးက ဘယ်လောက်လဲ” ဟု မေးရာ

“ငါးရာကျပ်ပါ” ဟု ဆိုင်ရှင် ကောင်မလေးက ဖြေသည်။ တကယ်ဆိုလျှင် ထိုဈေးသည် ဈေးမှန် ဖြစ်သည်။ မြန်မာဘုရားဖူးများ ဝယ်စားလျှင်လည်း ဤဈေးပဲ ရောင်းသည်။ သို့သော် လူလည် လူတတ် လုပ်ချင်သော တိုးရစ်အမျိုးသမီးက ကက်ကက်လန် ရန်တွေ့ ပြီး

“ဟေ့ ငါးရာတော့ မပေးနိုင်ဘူး၊ သုံးရာပဲ ပေးနိုင်မယ် ယူချင်ယူ မယူချင်နေ” ဟု ပြောကာ ပိုက်ဆံကို စားပွဲပေါ် ချပြီး ဆောင့်ကြီး အောင့်ကြီးထွက်သွား၏ ။

ဈေးသည် ကောင်မလေးမှာ သူ ချထားခဲ့သော ပိုက်ဆံကို ကြည့်ကာ တအံ့တသြ ဖြစ် ကျန်ခဲ့ပါသည်။ အဘယ့်ကြောင့် ဆိုသော် သုံးရာပဲ ပေးနိုင်မယ်ဟု ပြောကာ ထားခဲ့သော ပိုက်ဆံ သုံးရွက်မှာ တစ်ထောင်တန် သုံးရွက် ဖြစ်နေသော ကြောင့် ဖြစ်သည်။

နောက်ထပ် လွဲပုံ တစ်ခုမှာ ပုဂံတွင် ဖြစ်သည်။ မြန်မာပြည်သို့ ရုပ်ရှင်လာရိုက်သော အမေရိကန်ရုပ်ရှင်အဖွဲ့နှင့် ကျွန်တော် ဂိုဒ်လိုက်ရ၏ ။ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် အမေရိကန်သူဌေးမှာ အလွန်သဘောကောင်းသည်။ ဒါရိုက်တာ ဖြစ်သူ အမေရိကန်မှာ လည်း သဘောထားပြည့်ဝသည်။ သို့ သော် သူတို့က မိုက်ကယ်ဖရီးမန်း ဆိုသော အင်္ဂလိပ် တစ်ယောက် ကို အကြံပေးအ ဖြစ် ခေါ်လာ၏ ။ ထိုမိုက်ကယ် ဖရီးမန်းမှာ တကယ်တော့ မြန်မာနိုင်ငံကို တစ်ခေါက်၊ နှစ် ခေါက် ရောက်ဖူးသည်မှတစ်ပါး ဤနိုင်ငံအကြောင်း ဘာမှ မသိဘဲ တတ်ယောင်ကားဖြင့် အကြံပေးရာထူးကို ယူကာ သူဌေးဆီမှ ညာစားနေခြင်း ဖြစ်သည်။

တစ်နေ့တွင် ကျွန်တော် တို့သည် ပုဂံ ရိုက်သွင်းအတွက် ရှုခင်းရှုကွက်များ ကို လိုက်ကြည့်ကြ၏ ။ မိုက်ကယ်ဖရီးမန်းသည် နယ်မြေကိုလည်း မကျွမ်းကျင်၊ ဒေသခံ ကားဆရာများ နှင့် ဧည့်လမ်းညွှန် ၏ အကြံဉာဏ်ကိုလည်း လေးစားခြင်း မရှိဘဲ ပုဂံတွင် ဘုရားကြို ဘုရားကြား၌ ရောင်းချသော Pictorial Guide to Bagan ဆိုသော ဓာတ်ပုံစာအုပ်ကြီးကို တကိုင်ကိုင် လုပ်ကာ ဒီစာအုပ်ထဲက ဓာတ်ပုံကို သွားချင်တယ်ဟု ဆိုလာ၏ ။ သူ ပြသော ပုံမှာ မထင်မရှား ဘုရားသုံးဆူတန်းလေးတစ်ခု ဖြစ်သည်။ထိုဘုရားများ ၏ နောက်၌ အာနန္ဒာ စသော နာမည် ကျော် ဘုရားများ ကို တွေ့ ရသည်။ စာအုပ်ထဲမှ ဘုရားသုံးဆူမှာ တစ်ဆူချင်း နာမည် မရှိဘဲ ဘုရားသုံးဆူကို ပေါင်း၍ ပဲနံ့သာဘုရားစုဟု ခေါ်၏ ။ ဉာဏ်တော် အတောင်နှစ် ဆယ်ခန့်သာရှိသော ရှေးဘုရားများ ဖြစ်သည်။ အင်္ဂတေများ ကွာ၍ ရေညှိများ ပင် တက်၍ နေချေပြီ။

ထိုနေရာသို့ ရောက်၍ ဘုရားများ ကို ပြလိုက်သော အခါ ပရိုဂျူဆာနှင့် ဒါရိုက်တာ အမေရိကန်များ က ဘာမှ မပြောသော်လည်း အကြံပေးဆိုသော အင်္ဂလိပ်ကြီးက

“ဒီနေရာ မ ဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီနေရာက ကြည့်လိုက်ရင် ဓာတ်ပုံထဲမှာ မြင်ရတဲ့ ဘုရားတွေ ကို နောက်ခံ မြင်ကွင်းမှာ မတွေ့ ရဘူး” ဟု ဇွတ်ခံငြင်းနေလေသည်။ အမှန်မှာ ဤ ဓာတ်ပုံစာအုပ်ကို ထုတ်ဝေခဲ့သော ဓာတ်ပုံဆရာက ဓာတ်ပုံကို ဤနေရာမှာ ပင် ရိုက်ခဲ့ကာ နောက်မှ နာမည် ကြီးဘုရားများ ကို ကွန်ပျူတာဖြင့် ကြည့်ကောင်းအောင် ထည့်ခဲ့ခြင်း ဖြစ်သည်။ ဒါကို ဘုရားပေးမှ ကွမ်းယာရောင်းသော မိန်းမကပင် သိသည်။ မိုက်ကယ်ဖရီးမန်းက ကျွန်တော် တို့ကို ပြသော ဓာတ်ပုံကို ကွမ်းယာရောင်းသော အဘွားကြီးအား သွားပြရာ အဘွားကြီးက သေသေချာချာ ကြည့်ပြီး

“ရှေ့က ဘုရားသုံးဆူ ကတော့ ဒီနေရာပဲ၊ နောက်ခံဘုရားတွေ ကတော့ ကွန်ပျူတာနဲ့ လုပ်ထားတာ ဖြစ်မယ်၊ ဒီမှာ ကြည့်လေ၊ အာနန္ဒာဘုရားပါပြီး သဗ္ဗေညုဘုရားကျတော့ မပါဘူး။ ပြီး တော့ ဟိုးအဝေးကြီးက ကန်တော့ ပလ္လင်ဘုရားက အာနန္ဒနဲ့ မလှမ်းမကမ်းကို ရောက်နေတယ်”

ဤအဘွားကြီး၏ စကားကို ကားဆရာများ ကလည်း ထောက်ခံသည်။ပုဂံမှာ မွေးကတည်းက နေလာသော ဒေသခံများ ၏ စကားက ယုတ္တိခိုင်မာသည်။ သို့သော် အကြံပေးဟု ဆိုသော အင်္ဂလိပ်က ဇွတ်မှိတ်ငြင်းနေသည်။ အသုံးမကျတဲ့ ဒေသခံတွေ (Stupid locals) ဟုပင် ကျွန်တော် တို့ကို နှိမ်လိုက်ပါသေးသည်။ ကျွန်တော် ကလည်း အားကျမခံပင်

“မရှိတာကို လိုက်ရှာတဲ့သူမှ တကယ်မိုက်မဲတဲ့သူပဲ” ဟု ပြုံးပြီး ပြန်ဖြေမိသည်။

ဤတွင် ကျွန်တော် က ကွမ်းယာသည် အဒေါ်ကြီးကို

“အဒေါ်ရယ် ဒီအင်္ဂလိပ်က ကျွန်တော် ပြောတာကို မယုံဘူး ဖြစ်နေတယ်၊ အဒေါ်ကပဲ တတ်သလောက် အင်္ဂလိပ်လို တိုက်ရိုက်ပြောလိုက်စမ်းပါဗျာ” ဟု တောင်းပန်လိုက်ရာ Broken အင်္ဂလိပ်စာမှာ မခေသော ပုဂံသူပီပီ အမျိုးသမီးကြီးက

“သစ်ဖိုတို” “အစ်” “ဟီးယား” “ဒစ်ဂျစ်တယ် ကွန်ပျူတာ” ဟု ဘိုလို မှု တ်လိုက်ပါလေသတည်း။ သြော် မသိဘဲနှင့် အသိ၊ မတတ်ဘဲနှင့် အတက်လုပ်ချင် သော နိုင်ငံခြားသားများ ပေတကား။

Real Lives,Real Stories မဂ္ဂဇင်း၊
သြဂုတ်လ၊ ၂၀၁၃ ခုနှစ် ။



ဝန်ဇင်းချစ်သူများ သရဝဏ်(ပြည်) ၏ “ မှောင်ထဲကအလံတော် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်ခြင်းဖြင့် တီးခတ်သော ဂီတ

အညတရမှတ်တမ်း

တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းမားလား ဘ၀ဇာတ်ကြောင်း