Cover

အချစ်ဆိုတာ လမင်းကိုကြည့်ရသလိုပဲ

လပြည့်ညတွေ ချည်း အမြဲမရှိနိုင်ဘူး

လကွယ်တဲ့ညတွေ မှော င်တစ်ဝက် လင်းတစ်ဝက် လဆုတ်ညတွေ နဲ့လည်း

တွေ့ ရဦးမယ်…

•••


ဝန်ခံချက်

ဤဝတ္ထုသည် ၁၉၉၆ ခုနှစ် ပတ်ဝန်းကျင်က ဂီတလောကကို အခြေခံကာ ရေး သားထားသော စိတ်ကူးယဉ်ဇာတ်လမ်း ဖြစ်ပါသည်။ မည် သူကိုမျှ ရည်ရွယ်ရင်း မရှိပါ။ တိုက်ဆိုင်မှု ရှိပါက ခွင့်လွှတ် ဖတ်ရှုကြပါရန်။

(စာရေး သူ)

•••


“ကျွန်တော့် ဘဝမှာ အမြတ်နိုးဆုံးအရာဟာ ဂီတပါပဲ”

(ဒီပါ)

•••


မီးလောင်နေသော နှလုံးသားသည် ဦးနှောက်ထဲသို့

အခိုးလွှတ်တတ်ကြောင်းကို သူမ တစ်ယောက် တည်းသာ

သိသည်။

နှလုံးသားဟူသော ခွက်လွတ်ထဲတွင် သူ့ကိုချစ်ခဲ့ခြင်းဟူသော

မေတ္တာတရားဖြင့် ပြည့်လျှံနေခဲ့ပြီးသည့်နောက်

ဘယ်အရာဖြင့် အစားထိုးဖြည့်ဆည်းလို့ ရတော့မှာ လဲကွယ်…

(ကောင်းကင်)

•••


မိန်းမ တစ်ယောက် ကိုမရလို့ ရခဲလှတဲ့လူ့ဘဝကို

အဓိပ္ပာယ်မဲ့ စွန့်လွှတ်ပစ်မယ်ဆိုတဲ့ ခပ်ညံ့ညံ့အတွေးအခေါ်

မျိုးရှိတဲ့ လူ တစ်ယောက် ကို ဘဝကြင်ဖော်အ ဖြစ် ဘယ်လို

လက်ခံရွေးချယ်မလဲ…

(သင်းပျံ့ကြိုင်)

•••


အပိုင်း [ ၁ ]

သူ့ဘဝအတွက် အရေး ကြီးဆုံး ဆုံးဖြတ်ချက်ကို ချရတော့မည့် နေ့ ဖြစ်သည်။ လူသည် ဘာအ တွက် အသက်ရှင်နေသလဲဆိုတာ ယခင်က တစ်ခါမှ အလေးအနက် မစဉ်းစားမိခဲ့။ ဂစ်တာတီးသည်။ လက်ဖက်ရည်ဆိုင်ထိုင်သည်။ သူငယ်ချင်းများ နှင့် လျှောက်လည်သည်။ မမဟုခေါ်သော ရည်းစား ဖြစ်သူ ဟန်နီဦးနှင့် တစ်ခါတလေ ချိန်းတွေ့ သည်။ အပျော်တမ်း တီးဝိုင်းလေးတစ်ခုတွင် ဒရမ်မာသမား တစ်ယောက် အ ဖြစ် တီးခတ်သည်။ ဂီတသင်္ခန်းစာ ဗီဒီယိုများ ကို ကြည့်သည်။ ဂီတသင်္ကေတများ ဖြင့် ရင်းနှီးသည်။ သူ့ဘဝသည် ယနေ့ ညနေပိုင်းအထိ ပုံမှန်သာ ဖြစ်သည်။ သို့ သော် သူ့ရည်းစားထံမှ စာတစ်စောင်သည် သူ့ကိုအိပ်မက်ထဲတွင် ပျော်နေရာမှ လှုပ်နိုးလိုက်သလို ရှိတော့သည်။

“မောင်”

မမ… ကို အိမ်က သဘောတူတဲ့လူနဲ့ အိမ်ထောင်ချပေးတော့မယ်… မမတို့ ခိုးပြေးကြရအောင် ဒါမှမဟုတ် … မမတို့ လမ်းခွဲလိုက်ကြရအောင် မောင်လဲ အလုပ်တစ်ခု တည်တည်တန့်တန့် လုပ်ဖို့ စဉ်းစားထားပါ… ဆုံနေကျနေရာမှာ ညနေကျတွေ့ မယ်

ထိုစာ၏ အဆုံးတွင် မှ စဉ်းစားခြင်းကစသည်။ သူဘာဝါသနာပါသည်။ ဘယ်အလုပ်မျိုးဖြင့် ဘဝကို ဖြတ်ကျော်သွားမည် ဆိုတာကို ယခုအခါ သူအပြင်းအထန် စတင်စဉ်းစားသည်။ တကယ်တမ်း ကျတော့ သူ့ဘက်ကနည်းနည်း လွန်သည်။ အနေနီးစပ်မှု မှတစ်ဆင့် သမီးရည်းစား ဖြစ်ခဲ့ကြသော်လည်း ရည်းစားသက်တမ်းလေးလအတွင်း မမနှင့် အိမ်ထောင်ရှင်ဘဝအထိ လက်တွဲ သွားဖို့ တစ်ခါမှပင် လေး လေးနက်နက် မစဉ်းစားခဲ့ဘူးချေ။ တကယ်တော့ သူဝါသနာပါသည်က ဂီတ။ ဂီတသမား တစ်ယောက် အ ဖြစ်သာ သူ့ဘဝကို ဖြတ်သန်းလိုသည်။ ကုန်သည်ဘဝကိုလည်းကောင်း၊ ဝန်ထမ်းဘဝကို လည်း ကောင်း၊သူဝါသနာမပါ။ အသက်ရှူလိုက်တိုင်း သူ့ရင်ခုန်သံနှင့် ထပ်တူ သွေးထဲ၌ လည်ပတ်စီးဆင်း နေသည်က ဂီတသင်္ကေတများ ၊ သီချင်းတေးသွားများ သာ ဖြစ်လေသည်။ အနုပညာနဲ့ပဲနေမယ် အနုပညာနဲ့ပဲသေမယ်ဟု သူဆုံးဖြတ်လိုက်ပြီး အရာရာကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်၏ ။

သူ့ဆုံးဖြတ်ချက်ကို သူငယ်ချင်းများ ကို ဖွင့်ပြောတော့ Music Men တေးဂီတအဖွဲ့တွင် အတူလက်တွဲ ၍ ဆိုလာတီးလာခဲ့ကြသော သူငယ်ချင်းများ က ဝမ်းနည်းဝမ်းသာ ဖြစ်ကြသည်။

“မင်းဒီလို ရည်မှန်းချက် ကြီးကြီးထားတာကို ဝမ်းသာတယ် ဂုဏ်ယူ ဒီပါ … မင်းအောင်မြင် လိမ့်မယ်လို့လဲ ငါတို့ယုံတယ် မဟန်နီနဲ့ကိစ္စကိုတော့ အတတ်နိုင်ဆုံး ပြေလည်အောင် ညှိကြ ပေါ့ကွာ…”

•••


သူ၏ ချစ်သူသည် အင်မတန်အချိန်တိကျသော မိန်းမ တစ်ယောက် ဟု သိထားလျက်နှင့် ပင် ချိန်းထားချိန်ထက် မိနစ်နှစ် ဆယ်နောက်ကျမှ သူရောက်သွား၏ ။ ဆောရီးဟု တစ်ချက်ပြောရင်း သူမနှင့် မျက်နှာချင်းဆိုင်ခုံမှာ သူဝင်ထိုင်လိုက်သည်။

“တကယ်… ဆောရီးပဲ မမရာ၊ ဇာနည်တို့အိမ်မှာ သီချင်းတိုက်နေတာ မပြတ်သေးလို့”

“မမ မင်းကို အလေးအနက် စကားပြောစရာရှိတယ် ဒီပါ”

သူ့ထုံးစံအတိုင်း ခေါင်းတစ်ချက်ဆတ်ကြည့်ကာ စီးကရက်တစ်လိပ်ကို ဘူးထဲမှ ထုတ်ယူ မီးညှိပြီး…

“ပြောလေ” ဟု မေးလိုက်၏ ။

“မင်းတစ်ခုခုကို ဆုံးဖြတ်ရတော့မယ်၊ ဒါမှမဟုတ် မင်းတစ်ခုခုကို စွန့်လွှတ်ရတော့မယ်”

“ကျွန်တော် က ဘာကိုစွန့်လွှတ်ပြီး ဘာကိုဆုံးဖြတ်ရမှာ လဲ။ ကျေးဇူးပြုပြီး ရှင်းရှင်းပြောပါလား”

“မင်း အခုလိုဟေးလားဝါးလားနဲ့ အပျော်တမ်းဂီတသမား တစ်ယောက် အ ဖြစ် မင်းဘဝကို မင်းဖျက်ဆီးနေတော့မှာ လား ဒီပါ။ မင်း မမအတွက် နည်းနည်း မှ မစဉ်းစားတော့ဘူးလား။ နောက်ပြီး မမကို လူကြီးတွေ က သူတို့သဘောတူတဲ့သူနဲ့ အိမ်ထောင်ချပေးတော့မယ်”

“အဲဒီ တော့ ကျွန်တော် က ဘယ်လိုကူညီရမလဲ။ ဝတ္ထုတွေ ထဲကလို နောက်ဆုတ်ပေးရမှာ လား”

“မဟုတ်ဘူး ဒီပါ။ မင်းမမကိုချစ်ရင် အခုလို အရေမရအဖတ်မရတဲ့ ဂီတအလုပ်တွေ ကို စွန့်လွှတ်လိုက်ပါ၊ ပြီးတော့ ဘဝအာမခံချက်ရှိတဲ့ အခြားအလုပ်တစ်ခုခုကို ဝင်လုပ်ပြီး မမကို လက် ထပ်ဖို့ ကြိုးစားပါ။ ဥပမာ မမတို့ပွဲရုံမှာ စာရေး အနေနဲ့”

“ဟိုး… ဟိုး… ဟိုး… နေပါဦး မမရယ်၊ မမပြောတာတွေ ကို သေသေချာချာ စဉ်းစားပါဦး၊ ကျွန်တော့ ဝါသနာကို မှိုချိုးမျှစ်ချိုးပြောတာ မမသိပ်လွန်နေပြီလို့ မထင်ဘူးလား၊ ကျွန်တော် ဂီတကို ဝါသနာပါတာ၊ လေ့လာလိုက်စားတာ မမထင်သလို အလကား အချိန်ဖြုန်းရုံသက်သက်မဟုတ်ဘူး တကယ့်ကို အသည်းနှလုံးထဲကပေါ်လာတဲ့ တောင့်တချက်တွေ ပါ၊ တစ်နေ့မှာ ကျွန်တော် ဟာ ဂီတ သမား တစ်ယောက် ။ player တစ်ယောက် ဖြစ်ကို ဖြစ်ရမယ်၊ ဒီမယ် မမ… Drum Stick ကိုင်မယ့်လက် တွေ ဟာ ပွဲရုံပေသီးကိုတော့ မကိုင်ပါရစေနဲ့၊ အဲဒါ ကျွန်တော့် ရွေးချယ်မှု ပဲ”

“မင်းက သိပ်ပြတ်သားနေတယ်ပေါ့လေ”

“တကယ်ချစ်ရင် တကယ်ပြတ်သားရတယ် မမ”

“မင်း မမကို မချစ်ဘူးလား”

“ကျွန်တော် မမကို ချစ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့် ဝါသနာကို ပိုချစ်တယ်”

မမက ရှိုက်ကာရှိုက်ကာ ငိုလေသည်။

“မမနဲ့ မင်းဝါသနာမှာ မင်းမမကို စွန့်လွှတ်လိုက်ပြီပေါ့ ဟုတ်လား”

“ကျွန်တော့် ဝါသနာအတွက် အရာရာကို စွန့်လွှတ်ခဲ့ပြီးပါပြီ မမ၊ ကျွန်တော့ကို ခွင့်လွှတ်ပါ၊ မမ ခုနကပြောတဲ့ လူကြီးချင်း သဘောတူတဲ့သူနဲ့ပဲ လက်ထပ်လိုက်ပါ၊ ကျွန်တော့် ကို မေ့လိုက်ပါတော့၊ ကျွန်တော် ဒီနယ်မြေက ထွက်သွားတော့မယ်၊ ကျွန်တော့်  အိပ်မက်တွေ ကို အကောင်အထည်ဖော် တော့မယ်။ ဖော်မှ ဖြစ်တော့မယ် ကျွန်တော် အလေးအနက် ဆုံးဖြတ်လိုက်ပြီ”

“မင်း ဘယ်မှ မသွားရဘူး”

“ဂွဒ်ဘိုင် မမ။ ခုညရထားနဲ့ ကျွန်တော် ရန်ကုန်ကို သွားတော့မယ်။ မအောင်မြင်မချင်း၊ ကျွန်တော် ဒီကို ဘယ်တော့မှ ပြန်မလာတော့ဘူး”

မမကို နှုတ်ဆက်ပြီး သူ ချာခနဲလှည့်ထွက်ခဲ့သည်။ နေရစ်ပေတော့ ချစ်စရာမြို့ကလေးရေ။

•••


မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) အတိုင်း သူလျှောက်လာခဲ့သည်။ ထိုလမ်းထဲတွင် တေးသံ သွင်းဆိုင်များ များ ပြားစွာ တည်ရှိသည်။ နာမည် ကျော်တေးသံရှင်များ ။ တက်သစ်စ အဆိုတော် သစ် များ ၏ ထွက်ပြီး၊ ထွက်လတ္တံ့သော တေးစီးရီးကြော်ငြာ Board ကြီးများ ကို သူအားကျတပ်မက်စွာ ကြည့်ရင်း လူရောင် စုံတွေ ကြားမှာ သူ လိုက်ပါ စီးမျောနေမိတော့သည်။

တီရှပ်နှင့် ဂျင်းဘောင်းဘီကိုဝတ်ကာ ဂစ်တာတစ်လုံးကို ကိုင်ရင်း ဘားလမ်းထဲမှာ လမ်း လျှောက်လာရတာ အနည်းငယ်တော့ ကြောင်တောင်တောင် ဖြစ်တာ အမှန်ပင်။ သူ့မှာ လည်း ကိုယ့် အပူနှင့် ကိုယ် ဖြစ်သည်။ ကျောပိုးအိတ်တစ်လုံးနှင့် ဂစ်တာတစ်လက်ကို ဆွဲ၍ သူထွက်လာခဲ့ခြင်းသည် သူ့ဘဝတစ်ခုလုံးကို ဂီတလောကအတွင်း ခြေစုံပစ်ဝင်လိုက်ဖို့လည်း ဖြစ်သည်။ သူ့မှာ အားကိုးစရာ ဟူ၍ သူငယ်ချင်းတေးရေး ဆရာ တစ်ယောက် ပဲ ရှိသည်။ အခုလည်း သူ့ကို လိုက်ရှာဖွေရန် ရန်ကုန် ရောက်ရောက်ချင်း ဤလမ်းထဲသို့ အရင်ရောက်လာရခြင်း ဖြစ်သည်။

Super Metal တေးထုတ်လုပ်ရေး ဆိုသော ဆိုင်းဘုတ်ကြီးအောက်တွင် သူရပ်လိုက်သည်။ ကံကောင်းရင်တော့ သူရှာနေတဲ့သူကို တည့်တည့်မတ်မတ်တွေ့ ရမှာ ပေါ့ဟု အားတင်းကာ မှန်တံခါးကို တွန်းဖွင့်၍ သူဝင်လိုက်သည်။ ပေါက်ကွဲကြမ်းရှသော Rock သီချင်းတစ်ပုဒ်က အင်နှင့် အားနှင့် သူ့ရင်ကို လာမှန်သည်။

“ဘာအလိုရှိပါသလဲရှင်”

အရောင်းစာရေး မလေး တစ်ယောက် က လေ့ကျင့်ထားသော ယဉ်ကျေးဖွယ်ရာသံဖြင့် နှုတ် ဆက်၏ ။ သူက ဂစ်တာကို နံရံတွင် မီထောင်လိုက်ရင်း-

“သီချင်းရေး ဆရာ ကိုထွဋ်နဲ့များ တွေ့ နိုင်မလားလို့ပါ၊ သူက ဒီဆိုင်လိပ်စာပေးထားလို့”

“သြော်… Recording ရှိလို့ စတူဒီယိုကို သွားပါတယ်၊ အဲဒီ ကို လိုက်သွားရင်တော့ တွေ့ နိုင် မှာ ပါ၊ လင်း စတူဒီယိုကိုလေ၊ သိတယ်မို့လား”

ကျေးဇူးပါပဲဟုပြောကာ သူ Super Metal တေးသံသွင်းဆိုင်ထဲမှ လှည့်ထွက်ခဲ့သည်။ ကိုထွဋ် ရှိရာ လင်း အသံဖမ်း စတူဒီယိုသို့ သွားရန် တက္ကစီ ငှားလိုက်၏ ။ ထိုစဉ်က နောင်တွင် သူ၏ အကောင်း ဆုံးဂီတမိတ်ဆွေ ဖြစ်လာမည့် သူများ သည် လင်း စတူဒီိယိုတည်ရှိရာ ခြံဝင်းလေးအတွင်းရှိ သီးသန့် ကင်တီးလေးအတွင်းဝယ် စိတ်ပျက်လက်ပျက် ထိုင်ရင်း သူတို့တီးဝိုင်း၏ ပင်တိုင်ဒရမ်သမားကို စောင့်မျှော်နေကြကြောင်း သူမသိချေ။

“ကိုထွဋ်”

“ဟာ … ဒီပါလေး၊ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ”

“Super Metal က လွှတ်လိုက်တာ၊ ကိုထွဋ်ကို လိုက်ရှာနေတာ”

“ဆိုစမ်း၊ ခါတိုင်းလို မင်းစပ်ထားတဲ့ သီချင်းတွေ လာရောင်းတာလား”

“မဟုတ်ဘူး ကိုထွဋ်၊ ဒီတစ်ခါ ကျွန်တော် အပြီးထွက်လာတာ၊ Player တစ်ယောက် အ ဖြစ် ရပ်တည်နိုင်အောင် ကျွန်တော် ကြိုးစားမယ်၊ လောလောဆယ်တော့ အရာရာ ကိုထွဋ်ပဲ အကူအညီ တောင်းရမှာ ပဲ”

“ကြိုဆိုတယ်ကွာ ဒီပါ၊ မင်းလို အစွမ်းအစရှိတဲ့ ကောင်လေးဟာ ဖြစ်ကို ဖြစ်ရမှာ ပေါ့၊ငါနေတဲ့ တိုက်ခန်းမှာ ပဲ လိုက်နေပေါ့၊ ဒါနဲ့ ငါ့သူငယ်ချင်း တီးဝိုင်းသမားတွေ နဲ့ မိတ်ဆက်ပေးရဦးမယ်၊ ကဲ ဘော်ဒါတို့ မှတ်ထား၊ ဒါ ကိုယ်နဲ့ ညီအစ်ကိုလိုခင်တဲ့ ဒီပါတဲ့၊ ပြည်မှာ နေတယ်၊ ခုတော့ ဂီတလောက ထဲကို ခြေစုံပစ်ဝင်တော့မလို့ ရန်ကုန်ကို ကိုယ်နဲ့အတူနေရအောင် ရောက်လာတာပဲ ”

“သူတို့ကတော့ မင်းလည်းအရင်မြင်ဖူးပြီးသား ဖြစ်ချင် ဖြစ်မှာ ပါ၊ ရွှေစင်ယော်တေးဂီတအဖွဲ့ သားတွေ ပဲ၊ သူကနိုင်ဇော်တဲ့၊ Guiter တီးတယ်၊ သူကတော့အောင်အောင် Bass တီးတယ်၊ သူက အဆိုတော် သစ် ကောင်းကင်တဲ့”

ကောင်းကင်ဆိုသော ကောင်မလေးက သူ့ကို လက်ဆွဲနှုတ်ဆက်၏ ။ နာမည် ကျော်ဂီတသမား များ ကို ရုတ်တရက်တွေ့ လိုက်ရသဖြင့် ဒီပါ ဘာပြောရမှန်းမသိဘဲ နှုတ်ဆွံ့အနေမိသည်။ သူတို့အဖွဲ့၏ တေးစီးရီးများ စွာ ကို သူနားထောင်ဖူးသည်။စင်မြင့်ဖျော်ဖြေပွဲ အချို့ကိုလည်း သူကြည့်ဖူးသည်။ အင်မ တန် အတွဲ ညီသော လူငယ်ဂီတသမားများ ပင်။

“ကိုဒီပါက Player လုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုတော့ ဘယ် Instrument (တူရိယာ) ကို အဓိက တီးသလဲ”

“ကျွန်တော် အဓိကတီးတာကတော့ Drum ပါ”

“ဟုတ်တယ်ကွ၊ ဒီကောင် ဒရမ်တိးတာ တော် တော် ကောင်းတယ်၊ Recording သာ တစ်ခါမှ မတီးဘူးသေးတာ၊ သူတို့ဒေသ၊ မြို့တွေ က မင်္ဂလာဆောင်တွေ ၊ Show ပွဲတွေ မှာ တော့ တော် တော် နွှဲခဲ့ပြီးပြီ၊ Notes လည်း ကောင်းကောင်းရတယ်”

“ကိုထွဋ် ခဏဗျာ”

ရွှေစင်ယော် တေးဂီတအဖွဲ့မှ လိဒ်ဂစ်တာသမား နိုင်ဇော်က ကိုထွဋ်ကို ခပ်ဝေးဝေး တစ်နေ ရာသို့ ခေါ်သွားပြီး တစ်စုံတစ်ရာကို အပြန်အလှန်ပြောနေကြ၏ ။ စကားပြောရင်း တစ်ခါတစ်ရံ သူ့ ထံသို့ လှမ်းကြည့်သဖြင့် သူ့အကြောင်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ခုပြောနေမှန်း သိသော်လည်း ဘာ အကြောင်းလဲဟု တွေးမရချေ။ ခဏကြာတော့ ကိုထွဋ်နှင့် နိုင်ဇော် သူတို့ရှိရာသို့ ပြန်လာ၏ ။

“ဒို့မှာ အခက်အခဲတစ်ခု ရှိနေတယ် ဒီပါ၊ မင်းသိတဲ့အတိုင်း စတူဒီယိုတစ်ခုမှာ ရက်ချိန်းရဖို့ ဘယ်လောက်ကြပ်သလဲ၊ အဲ ရတဲ့ ရက်ချိန်းကြတော့လည်း ဂီတသမားအချို့၊ အထူးသဖြင့် နာမည် ကြီးပြီး အောက်ခြေလွတ်နေတဲ့ player အချို့ပေါ့ကွာ၊ အချိန်မှန်မှန် လာမတီးချင်ကြဘူး၊ ချမ်းသာတဲ့ ပရိုဂျူဆာရှိရင်တော့ ဘာအရေး လဲကွာ၊ ဒီဂျူတီချိန်ကုန်သွားရင် နောက်တစ်ချိန်ထပ်ပြီး ရက်ချိန်း ယူလိုက်ရုံပေါ့၊ ဒါပေမဲ့ အချို့ဝါသနာပါလို့ မရှိမဲ့ရှိမဲ့နဲ့ စီးရီးလုပ်တဲ့ သူမျိုးကျ ဂျူတီတစ်ခါဖျက်လိုက်ရင် အရမ်း နစ်နာသွားမယ်၊ အထူးသဖြင့် ကျန်တဲ့သူတွေ အစုံအလင်ရှိပါရက်နဲ့ Bodyတီးမယ့် Drum သမား ရောက်မလာတာတော့ တော် တော် ဆိုးတယ်ကွာ၊ Recording မှာ Drum မတီးရသေးရင် ကျန် တာတွေ ဘာမှလုပ်လို့မရဘူးဆိုတာ မင်းလည်းသိပါတယ်”

အသံဖမ်းချယ်နယ်လိုင်းများ တိုးတက်ခေတ်မီလာသော ကာလတွင် အတီးနှင့် အဆို တပြိုင် နက် အသံသွင်းခြင်းမရှိတော့။ အတီးကို အရင်သွင်းသည်။ပြီးမှအဆိုတော် က သူ့ဘာသာအားတဲ့နေ့ သပ်သပ်လာကာ ကိုယ်ဆိုစရာရှိတာ အေးအေးဆေးဆေး မကြိုက်မချင်း ပြန်ဆိုနေရုံပဲ ရှိသည်။ အတီးတွင် လည်း ဂစ်တာရော၊ ဒရမ်ရော။ ကီးဘုတ်ရော တပြိုင်နက်တီးခြင်းမဟုတ်။ ပထမဦးဆုံး ဒရမ်သမားက Notes ကိုကြည့်ကာ သီချင်းတစ်ပုဒ်လုံးဆုံးအောင် တီးထည့်လိုက်သည်။ ဒုတိယ Bass ဂီတသမားက ထပ်မံ အသံသွင်း၏ ။

သီချင်းတစ်ပုဒ်ကို Drum နှင့် Bass သွင်းပြီးလျှင် Body (ကိုယ်ထည်) သွင်းပြီးသွားသည်ဟု ခေါ်၏ ။ ဂစ်တာနှင့် Keyboard ကို နောက်မှတစ်ဆင့်ချင်း ပြန်သွင်းယူသည်။ Drum ကို အခြေခံ အုတ်မြစ်ချပြီး ကျန်တဲ့အတီးတွေ တစ်ထပ်ပြီးတစ်ထပ် တက်တဲ့သဘော ဖြစ်သည်။

“ငါ မန်နေဂျာလုပ်နေတဲ့ ဒီရွှေစင်ယော်တေးဂီတအဖွဲ့မှာ Drum သမားက သိပ်ပြီးအလုပ်လုပ် လို့ မကောင်းဘူးကွာ၊ ဒီနေ့လည်းလက်ကျန်သီချင်းလေးပုဒ်တီးရဦးမှာ သိရက်နဲ့ သူရောက်မလာဘူး၊ နေမကောင်းလို့ သာရေး နာရေး အရမ်းအရေး ကြီးလို့ Recording ဖျက်တယ်ဆို ငါတို့လက်ခံပါ တယ်ကွာ၊ ခုဟာက ဒီကောင်က နယ်မှာ Stage Show တီးဖို့ အပြင်ဝိုင်းနဲ့ သိသိကြီးနဲ့ လိုက်သွား တယ်ကွ၊ မနက်က သွားတာတဲ့။ ငါတို့လည်း ခုမှသိပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း မင်းရောက် လာတာပဲ”

“ငါ့ကို တစ်ခု ကူညီကွာ၊ အခုကျန်တဲ့ သီချင်းလေးပုဒ်ကို မင်းဒရမ်ဝင်ပြီး တီးပေးနိုင်မလား။ အရင် သီချင်းတွေ အားလုံးက Vocal (အဆို) ကော။ အတီးကော သွင်းပြီးသွားပြီ။ ဒီသီိချင်းလေးပုဒ်က ဒီနေ့အပြီးတီးမယ်၊ Vocal အတွက် မနက်ဖြန်တစ်ရက်ပဲ ဒိတ်ရှိတော့တယ်၊ အတီးပြီးလို့ ရက်ချိန်း ပြန်ယူရရင် ငွေလည်းထပ်ကုန်မယ်၊ ပြီးတော့ သုံးလလောက်ကြာမှ ရက်ချိန်းပြန်ရမယ်”

“ကျွန်တော် ကတော့ ကွင်းမရွေးဘူး ကိုထွဋ်။ ဒရမ်တီးရမယ်ဆိုရင် ဘယ်နေရာ ဘာသီချင်းပဲ ဖြစ် ဖြစ် ကျွန်တော် က တီးမှာ ပဲ၊ ဒါပေမဲ့ ဟို ဒရမ်သမားကို ကျော်လုပ်သလို ဖြစ်နေရင်တော့ မကောင်း ဘူး”

“အဲဒီ ကိစ္စ ခေါက်ထားလိုက်ကွာ၊ ငါတို့ကြည့်ပြောလိုက်မယ်၊ ငါတို့ဘက်က အလွန်ဘာမှ မရှိဘူး”

“အိုကေ ကိုထွဋ်၊ ဒါဆို တီးမယ်”

သူ့စကားအဆုံးဝယ် အားလုံးက ဝမ်းသာအားရ လက်ခုပ်တီးကြ၏ ။

“သိပ်ကျေးဇူးတင်ပါတယ်ရှင်၊ ကောင်းကင်က နောက်လတွေ ဆို စာမေးပွဲဖြေရမှာ နဲ့ မအား တော့ဘူးလေ၊ ဒီနေ့ Recording မ ဖြစ်တော့ဘူးလို့ အားလျော့နေတုန်း ကိုဒီပါရောက်လာတာ ကောင်းကင်တို့ အခက်အခဲကိုသိလို့ ဘုရားသခင်က ဒရမ်သမား တစ်ယောက် လွှတ်လိုက်သလိုပါပဲ”

ကောင်းကင်က သူ့အသံနွဲ့နွဲ့အေးအေးလေးနှင့် ရွှင်မြူးစွာ ပြောသည်။

ကိုထွဋ်က ဒီပါနဲ့ တို့အဖွဲ့ ဆုံစည်းမှု အထိမ်းအမှတ်ဟုဆိုကာ ဘီယာခွက်များ ကို ချီးယား လုပ် ကြသည်။

“ဘီယာသောက်ဦး ဒီပါ၊ပြီးတော့ နိုင်ဇော်က မင်းတီးရမယ့် သီချင်းနုတ်စ်တွေ ပေးလိမ့်မယ်၊ ဒရမ်ခန်းမှာ ဝင်ပြီး စိတ်ကြိုက်တီးပေတော့၊ အားလုံး ကိုယ်ရေး တဲ့ Own Tune သီချင်းတွေ ချည်းပဲ”

ထိုနေ့သည် သူအင်မတန် လိုလားတောင့်တခဲ့သော player တစ်ယောက် ဘဝသို့ မမျှော် လင့်ဘဲ ရောက်ခဲ့ရသော နေ့ ဖြစ်ပြီး သူတို့တစ်ဖွဲ့လုံးက ကင်းကောင်ဟု ချစ်စနိုးဖြင့် ခေါ်သော ကောင်းကင်ဆိုသည့် ချစ်စရာ အဆိုတော် မလေးနှင့် စတင်သိကျွမ်းရသော နေ့လည်း ဖြစ်ခဲ့ပါသည်။

ဒရမ်တီးချင်တာကလွဲလို့ ဘာမှမသိသော လူငယ် တစ်ယောက် ကို ဂီတလောက၏ တုံ့ပြန်မှု မှာ အံ့သြစရာကောင်းပြီး ပြင်းထန်လွန်းပါသည်။ ကောင်းကင်၏ သီချင်းများ အားလုံး အတီး၊ အဆို သွင်းပြီးသွားသော နေ့ဝယ် သတင်းစာထဲ၌ အောက်ပါကြော်ငြာပါလာလေသည်။

“ရွှေစင်ယော်တေးဂီတအဖွဲ့သို့ သတိပေးကြေညာချက်”

ကျွန်တော် တည်ထောင်ဖွဲ့စည်းထားသော ရွှေစင်ယော်တေးဂီတအဖွဲ့တွင် မည် သူတစ်ဦး တစ် ယောက် ကိုမျှ ကျွန်တော့် ကိုယ်စား ဒရမ်တီးခတ်ပေးရန် လွှဲအပ်တာဝန်ပေးထားခြင်းမရှိပါ။ အဆိုတော် ကောင်းကင်၏ တေးစီးရီးတွင် ကျွန်ုပ်၏ ခွင့်ပြုချက်မရဘဲ ကျွန်တော် မရှိခိုက် လူစားထိုး တီးခတ်ခြင်းကို လုံးဝခွင့်မပြုပါကြောင်းနှင့် မလိုက်နာပါက ဥပဒေအရ ထိရောက်စွာ အရေး ယူမည် ဖြစ်ပါကြောင်း သိစေအပ်ပါသည်။

ဒေးဗစ်

DRUMMER ရွှေစင်ယော်တေးဂီတအဖွဲ့

•••


သတင်းစာကြော်ငြာပါလာပြီးပြီးချင်း ဒီပါ တယ်လီဖုန်းတစ်လုံးနှင့် အလုပ်များ သွား၏ ။ ပထမ ဦးစွာ ဆက်သွယ်လာသူမှာ ကောင်းကင်ထံမှ ဖြစ်သည်။

“ကျွန်မ စိတ်မကောင်းလိုက်တာ ကိုဒီပါရယ်၊ ကျွန်မကို ကူညီလို့ ဒီလို ဖြစ်ရတာ ကျွန်မမှာ တာဝန်မကင်းဘူး”

“အဲဒီ လိုလည်း မဟုတ်ပါဘူး ကောင်းကင်ရယ်၊ ကျွန်တော် တို့လည်း အားလုံးအဆင်ပြေအောင် စေတနာနဲ့ လုပ်ခဲ့တာပဲ၊ ကိုထွဋ်ကတော့ တော် တော် ဒေါသ ဖြစ်နေတယ်၊ ဒီကိစ္စကို အပြတ်ရှင်း မယ်ပြောတယ်၊ ကျွန်တော် လည်း စိတ်မကောင်းဘူးဗျာ”

“ဒီပါ”

“ဗျာ”

“စိတ်မကောင်းမ ဖြစ်နဲ့နော်၊ တို့ အခုလာခဲ့မယ်၊စောင့်နေ။ ကိုနိုင်ဇော်တို့၊ ကိုအောင်အောင် တို့ကိုလည်း ခေါ်ထားလိုက်၊အားလုံးဝိုင်းပြီးဆွေးနွေးကြတာပေါ့”

နောက်နာရီဝက်ခန့်ကြာသော အခါ သူတို့အားလုံး စားပွဲတစ်လုံးတွင် ဝိုင်းထိုင်မိသွားကြ၏ ။

“ဒီိစကားဝိုင်းမှာ ဒေးဗစ်လည်း ရှိနေသင့်တယ်လို့ ငါထင်တယ်”

ကိုထွဋ်၏ ထင်မြင်ချက်ကို အားလုံးက ဝိုင်းဝန်းတုံ့ပြန်ကြ၏ ။ ပထမဦးစွာ ဘေ့စ်ဂစ်တာသမား အောင်အောင်က ဒေါသတကြီး ခုံကိုလက်ဖြင့် ပုတ်၍

“ဒီကောင့်မျက်နှာမြင်ရင် ကျွန်တော် ထိုးမိလိမ့်မယ် ကိုထွဋ်၊ သူ့ဘက်ကလည်း ပျက်ကွက်သေး တယ်။ သူကပဲ လူသိရှင်ကြားအသံကောင်းဟစ်သေးတယ်၊ တောက်”

အောင်အောင်က မဟုတ်မခံ၊ လူဖြောင့်စိတ်တိုသမားမို့ အားလုံးက ဝိုင်းချော့ရသည်။

“မဟုတ်ဘူးလေကွာ။ ဒေးဗစ်ကိုခေါ်ပြီးမေးမှ ဒီကိစ္စကို ဘယ်လိုဆက်လုပ် မလဲဆိုတာ ဆုံးဖြတ်ရမှာ ပေါ့၊ ခေါင်းအေးအေးထားပါ အောင်အောင်ရာ ”

Lead ဂစ်တာသမားနိုင်ဇော်က ဖျောင်းဖျောင်းဖျဖျ ဆို၏ ။

“ကျွန်တော် တော့ ဒီလူနဲ့ဆက်ပြီး အလုပ်မလုပ်ချင်တော့ဘူး၊ အဲ့ဒီတော့ ဆုံးဖြတ်ရမှာ နှစ် ခုပဲ ရှိတယ်၊ ဒေးဗစ်နဲ့ပြန်ပေါင်းမလား၊ ဒါမှမဟုတ် ကျွန်တော် တို့ဘာသာ သပ်သပ် Band တစ်ခုထောင်မလား”

“ကိုယ်လည်း ဒါကိုပဲ စဉ်းစားနေတာ နိုင်ဇော်”

ကိုထွဋ်က တွေးတွေးဆဆပြော၏ ။

“ကဲ … ကိုယ် ဒေးဗစ်ဆီ ဖုန်းဆက်လိုက်ဦးမယ်”

ကိုထွဋ် ဒေးဗစ်ဆီဖုန်းဆက်နေစဉ် ဒီပါက ထိုင်ရာမှထပြီး-

“ကိုနိုင်ဇော်တို့ အေးအေးဆေးဆေး ဆွေးနွေးကြပါ၊ ကျွန်တော် ရှိနေရင် အနှောက်အယှက် ဖြစ်မှာ စိုးတယ်၊ ကျွန်တော် အပြင် ခဏ သွားနေလိုက်မယ်၊ သိပ်လည်း ပေါက်ပေါက်ကွဲကွဲ မ ဖြစ်ကြပါနဲ့ဗျာ၊ ကျွန်တော့် အတွက်နဲ့ ပြဿနာစ ဖြစ်တယ်ဆိုတော့ ဘာပဲ ဖြစ် ဖြစ် ကျွန်တော့်  တာဝန်မကင်းလို့ပါ”

“ဒီပါသွားရင် တို့လည်းလိုက်ခဲ့မယ်၊ သူတို့ဝိုင်းသားအချင်းချင်း ပြဿနာရှင်းတဲ့နေရာမှာ တို့က ကန့်လန့်ကန့်လန့်နဲ့ ရှုပ်နေလိမ့်မယ်”

ကောင်းကင်က ထိုင်ရာမှထကာ စလင်းဘက်ကိုလွယ်ပြီး ဒီပါနှင့် အတူ ထွက်လာခဲ့၏ ။ နိုင်ဇော်၊ အောင်အောင်နှင့် ကိုထွဋ်တို့သာ အတွေးကိုယ်စီနှင့် တိတ်ဆိတ်စွာ ကျန်နေခဲ့ကြ၏ ။

•••


ဒီပါကို ကောင်မလေးတွေ က ငေးငေးသွားတာ ကောင်းကင်ကမနာလိုသလို ဖြစ်နေမိသည်။ ဒီပါကလည်း ဘာ ဖြစ်လို့ ပြန်ပြန်ကြည့်နေရတာ လဲ။ မိန်းကလေးတွေ ကိုက ကဲပါတယ်ဟု သူမတွေးနေမိသည်။

တက္ကသိုလ်မှာ တတိယနှစ် အထိ နေလာစဉ်ကာလအတွင်း ယောက်ျားလေးများ စွာ နှင့် တွေ့ ဆုံနှုတ်ဆက်စကားပြောခဲ့စဉ်တုန်းကရော၊ အဆိုတော် ဘဝမှာ တီးဝိုင်းအဖွဲ့သားများ နှင့် တရင်းတနှီးပြောဆိုနေထိုင်စဉ်မှာ ရော ခုလို ဒီပါနဲ့တွဲ သွားရသလိုရင်မခုန်ခဲ့ဘူးပါ။

ဘုရားရေ … ၊ စတွေ့ တာ ရက်ပိုင်းပဲရှိသေးတဲ့ ယောက်ျား တစ်ယောက် ကို သူကြိုက်နေမိပြီလား။ ဟိုဘက်ကဖြင့် ဘာမှမတုန်မလှုပ်နဲ့။

မိန်းမဈေးကျလိုက်တာ ကောင်းကင်ရယ်ဟု ကိုယ့်ဘာသာသတိပေးနေရသည်။ ဒီပါ ကတော့ ကောင်းကင်ရင်ထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ စိုးစဉ်မျှ တွေးမိပုံမရဘဲ ဘောင်းဘီထဲ လက်နှစ် ဖက်နှိုက်ကာ ခေါင်းကိုငုံ့ပြီး လမ်းလျှောက်လာ၏ ။

သူမနှင့် ဒီပါ အတူတွဲ ၍ လျှောက်လာသော အခါ ဒီပါအရပ်မှာ သူမကို မိုးနေလေသည်။ တီရှပ်နှင့် ဂျင်းဘောင်းဘီကို အမြဲတမ်းတွဲ ဖက်ဝတ်ဆင်လေ့ရှိသော အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ မျက်ခုံးကောင်းကောင်း ယောက်ျား တစ်ယောက် ရဲ့ ရင်ထဲမှာ ဘာတွေ ရှိနေသလဲ။ သူ ဘယ်လိုအကြောင်းတွေ ကြောင့် ရန်ကုန်ကို ရောက်လာခဲ့သလဲ။ သူ့မိဘတွေ က ဘယ်သူလဲ။ သူ့မှာ ချစ်သူရှိသလား။ အို … သူနှင့် ပတ်သက်သမျှ အရာအားလုံး သူမသိချင်လာလေသည်။

“ကျွန်တော် သိချင်တာတစ်ခုရှိတယ် ကောင်းကင်”

ဟုတ်ပြီ။ ဒါဆို နည်းနည်း နီးစပ်လာပြီ။ ကောင်းကင်မှာ ရည်းစားရှိသလား။ ဒါမှမဟုတ် ကောင်းကင်ရဲ့ဖုန်းနံပါတ်ကိုမေးမလို့လား။ နောက်ဆုံးတော့ ဒါပဲ မဟုတ်လား။

သို့ သော် ဒီပါ့စကားကြောင့် သူမအကြီးအကျယ် စိတ်ဓာတ်ကျသွား၏ ။

“ဒရမ်ဆက်တစ်စုံဝယ်ရင် ဘယ်လောက်ပေးရမယ် ထင်လဲဟင်”

ဒေးဗစ်နှင့် တွေ့ ဆုံဆွေးနွေးပွဲ၏ ရလဒ်က ရွှေစင်ယော်အဖွဲ့ နှစ် ခြမ်းကွဲသွားခြင်းပဲ ဖြစ်သည်။ ဒေးဗစ်ဦးဆောင်သော ရွှေစင်ယော်တေးဂီတအဖွဲ့တွင် မူလကီးဘုတ်သမား ကိုဇော်ဝင်း ဆက်လက်နေခဲ့ပြီး မန်နေဂျာကိုထွဋ် အပါအ၀င် နိုင်ဇော်နှင့် အောင်အောင်တို့က သီးခြား Bandတစ်ခုထောင်ရန် ရွှေစင်ယော်မှ နှုတ်ထွက်ခဲ့ကြသည်။ ကိုထွဋ်က ထိုနေ့မှာ ပင် ကီးဘုတ်သမားအသစ် တစ်ယောက် ထပ်ခေါ်ပြီး

Running Stars တေးဂီတအဖွဲ့ကို

Guitars နိုင်ဇော်

Bass အောင်အောင်

Drum ဒီပါ

Keyboard စိုးဝင်းသော င်းတို့ဖြင့်

ဖွဲ့စည်းကြောင်း စာနယ်ဇင်းရှင်းလင်းပွဲ လုပ်လိုက်၏ ။ နေ့စဉ်ထုတ်သတင်းစာထဲတွင် တော့ ရွှေစင်ယော်တေးဂီတ အဖွဲ့နှင့် မိမိတို့မည် သို့ မျှ မသက်ဆိုင်တော့ပါကြောင်း ကြေညာချက်ထည့်သွင်းခဲ့၏ ။ ဤအပြောင်းအလဲများ ၏ ရလဒ်ကို အဓိကခံစားရသူနှစ် ဦးမှာ ဒီပါနှင့် ကောင်းကင် ဖြစ်သည်။ ကောင်းကင်သည် ပထမစီးရီးမထွက်မီကပင် ရွှေစင်ယော်တေးဂီတအဖွဲ့ အကွဲအပြဲနှင့် ပတ်သက်၍ စာနယ်ဇင်းများ က အာရုံစိုက်လာကြ၏ ။ ဂီတလောကတွင် ဒီပါသည် အစိမ်းသက်သက် တစ်ယောက် ဖြစ်သော်လည်း ဒေးဗစ်လို ဆရာကြီး တစ်ယောက် နေရာတွင် အစားထိုးဝင်လာသူ တစ်ယောက် အ ဖြစ် ပရိသတ်က စိတ်ဝင်စားကြ၏ ။ မည် သို့ ပင်ရှိစေ ဤအပြောင်းအလဲကြောင့် ပင် ကောင်းကင်နှင့် ဒီပါ ပို၍ ရင်းနှီးပတ်သက်စရာအကြောင်းများ ပေါ်လာခဲ့၏ ။ အကြောင်းမှာ ကောင်းကင်၏ တေးစီးရီးကို Running Stars တေးဂီတအဖွဲ့နှင့် အစအဆုံး ပြန်လည်တီးခတ်ရတော့မည့်  အတွက်ပင် ဖြစ်သည်။ သူတို့အဖွဲ့၏ အခက်အခဲကို ကူညီနေသည့်အနေဖြင့် ကိုတိုနီ(လင်းစတူရီယို)က အမြန်ဆုံး အသံသွင်းယူနိုင်ရန် ရက်ချိန်းသတ်မှတ်ပေး၏ ။ စာမေးပွဲတစ်ဖက်ဖြင့် မအားလပ်သည့်ကြားမှ ကောင်းကင်က ဒီပါ အသံသွင်းရှိသော နေ့များ တွင် ကိုယ်တိုင်လာရောက်အားပေးကြည့်ရှု၏ ။ ယခုအချိန်တွင် Running Stars တေးဂီတအဖွဲ့သည် တေးစီးရီးပေါင်းများ စွားကို လက်ခံတီးခတ်ပေးနေပြီ ဖြစ်သည်။ သူတို့အဖွဲ့သည် စီးရီးတစ်ခွေမှ ပရိသတ်ဆီသို့ မပို့ရသေးမိ ဂီတအသိုင်းအဝိုင်းကြား၌ တဖြည်းဖြည်းအရှိန်ရလာကာ ကောင်းသတင်းပျံ့နှံ့နေပြီ ဖြစ်သည်။

အထူးသဖြင့် မိမိအလုပ်ကို လေးစားမှု နှင့် အကောင်းဆုံးဖန်တီး၊ တီးခတ်နိုင်မှု တို့ကြောင့် အချိန်တိုတိုအတွင်း အောင်မြင်လာခဲ့ခြင်း ဖြစ်သည်။

•••


လင်းစတူဒီယို၏ 24 Tracks (၂၄ လိုင်း) အသံဖမ်း အဆောက်အဦးအတွင်း ဒရမ်ခန်းထဲဝယ် ဒီပါ တစ်ယောက် သီချင်း တစ်ပုဒ်ကို အကြိမ်ကြိမ်ပြန်တီးနေသည်။ သီချင်းက Speed Metal ကော်ပီ သီချင်းတစ်ပုဒ်၊ မူရင်းသီချင်းမှာ ကိုက Drum Solo များ ဖြင့် လက်စွမ်းပြ တီးခတ်ထားသည်မို့ တော် ရုံ တန်ရုံနှင့် သူမလွှတ်ရဲ။ သူ့လက်သံကို စောင့်ကြည့်နေသူတွေ ရှိသည်။ ဝေဖန်ကြမည့် သူတွေ ရှိသည်။ အထူးသဖြင့် သူ့ပရိသတ်ကို သူမညာချင်။ ညာဝါးဖြီးဖြန်းတီးသော လက်ရာများ ကို လူငယ်တွေ က သိသည်။

“ရပြီ ကိုတိုနီ၊ ဒီတစ်ခါ တီးတာ ယူလိုက်တော့မယ်”

ကိုတိုနီက အသံဖမ်းခန်းထဲမှ မိုက်ကရိုဖုန်းဖြင့် အိုကေဟု ပြန်ပြော၏ ။ လေအေးစက် တပ်ထားသော အခန်းထဲမှာ ပင် ဖြစ်လင့်ကစား ဒီပါ့တစ်ကိုယ်လုံး ချွေးစို့နေ၏ ။ မှန်တံခါးကိုတွန်းဖွင့်၍ ထွက်လိုက်စဉ်မှာ ပင် အနီရောင် အမိုးဖွင့်ကားလေး လင်းစတူဒီယိုခြံဝင်းထဲသို့ ထိုးဝင်လာကာ ကား ပေါ်မှ ကောင်မလေး တစ်ယောက် ဆင်းလာ၏ ။ ဆံပင်တိုတို၊ မိတ်ကပ်ပါးပါး၊ မျက်နှာမှာ နေကာ မျက်မှန်နဲ့ ကိုယ်ကြပ်အကျီင်္ိ ချောကလက်ရောင် ကို ပိုးသားလိုနူးညံ့သော လုံချည်အနက်နှင့် ရင်ခုန် ဖွယ်တွဲ ဖက် ဝတ်ဆင်ထားသော ကောင်မလေး ကောင်းကင်ကို ငေးကြည့်နေမိသည်။

“ဟေ့… ကြည့်လှချည်လား။ မမြင်ဖူးဘူးလား”

“ဟာ… ကောင်းကင်။ လူတွေ ဘာတွေ တောင် မှားတယ်။ ကောင်းကင်က သိပ်မိုက်နေ တာကိုး”

“သိပ်မမြှောက်ပါနဲ့၊ မုန့်ကျွေးမှာ ပါ၊ ဒီပါ Recording ပြီးရင် တစ်ခုခု သွားစားရအောင်”

“အကောင်းဆုံးအကြံပေါ့။ ဘယ်သွားကြမလဲ”

“ရောက်တတ်ရာရာပေါ့၊ လာ တက်”

ဒီပါဝင်ထိုင်လိုက်လျှင် ကောင်းကင်က ကားကို နောက်ပြန်ဆုတ်ထွက်လိုက်ပြီး ကျင်လည်စွာ ဂီယာချိန်း၍ မောင်းထွက်လိုက်သည်။

“ကျွန်တော် ဒီမှာ ရှိတာ ကောင်းကင် ဘယ်လိုသိလဲ”

“ကိုနိုင်ဇော်နဲ့တွေ့ လို့ ဒီနေ့ လင်းမှာ ဒီပါ တစ်ယောက် တည်း Body တီးမယ်ဆိုတာ သိတာ”

“ကောင်းကင်အခွေကော ဘယ်တော့ထွက်မလဲ”

“ရှေ့လလောက် ထွက် ဖြစ်မယ်ထင်တယ်။ Music World ကဖြန့်မှာ ၊ ကြော်ငြာတွေ ဘာတွေ လုပ်နေတုန်းပဲ”

“စာမေးပွဲရော ဖြေနိုင်လား”

“အင်း… ဖြေနိုင်ပါတယ်” ဟု ဖြေရင်း ဒီထက်ကောင်းတဲ့ မေးခွန်းတွေ ဒီပါ့မှာ မရှိတော့ဘူး လားဟု ကောင်းကင် တွေးနေမိဆဲဝယ် သူတို့ကားကလေး အင်းလျားကန်ဘောင်အနီးသို့် ရောက်ရှိ လာလေသည်။ ကန်ရေပြင်ကို မျက်နှာမူထားသော ခွေးခြေပုကလေးတွေ နှင့် ဗူးသီးကြော်ဆိုင်မှာ သူတို့ထိုင်ကြသည်။

“ဒီပါ့ဘဝမှာ အမြတ်နိုးဆုံးအရာဟာ ဘာလဲ”

ကောင်းကင်က အရေး မကြီးဟန်ဆောင်၍ ဗူးသီးကြော်ကို အချဉ်နှင့် တို့ရင်း ရုတ်တရက် မေး လိုက်သည်။ ပြီးတော့ ဒီပါအမှန်အတိုင်းဖြေ။ မဖြေသိနိုင်ရန် ဒီပါ့မျက်လုံးတွေ ကို စိုက်ကြည့်လိုက် သည်။ ကဲ ဖြေပေတော့ ဒီပါ။ ဒီနေ့ မင်းအကြောင်းကို သိရမှတို့ ကျေနပ်နိုင်မှာ ။

“ကျွန်တော့် ဘဝမှာ အမြတ်နိုးဆုံးအရာဟာ ဂီတပါပဲ”

“တကယ်လို့ မင်းဘဝမှာ ချစ်သူ တစ်ယောက် ရှိခဲ့မယ်ဆိုပါစို့၊ သူ့ထက် ဂီတကို မင်း ပိုချစ်မယ် ပေါ့၊ ဟုတ်လား”

“ကောင်းကင် ယုံမလားတော့ မသိဘူး၊ ကျွန်တော့်  ဝါသနာကိုတားမြစ်လို့ ကျွန်တော့် ကို သိပ်ချစ်တဲ့ မိန်းကလေးနှစ် ယောက် နဲ့ လမ်းခွဲခဲ့ဘူးတယ်၊ ကျွန်တော် က ဘယ်လိုပြောရမလဲ၊ ဟိုလေ… သူတို့အပေါ်မှာ တကယ်မချစ်လို့လည်း ဖြစ်ရင် ဖြစ်မှာ ပေါ့၊ ခုချိန်မှာ တော့ ဂီတထက်ပိုချစ်ရမယ့်သူ ကျွန်တော့် မှာ မရှိဘူး”

“စိတ်တူကိုယ်တူ ချစ်သူဆိုရင်ကော”

“ကျွန်တော် ချစ်သလို ကျွန်တော့် ချစ်သူက ဂီတကို ချစ်နိုင်ရင်တော့အကောင်းဆုံးပေါ့၊ ဒါပေမဲ့ ကောင်းကင်ရယ် ကျွန်တော် တစ်ခုဝန်ခံချင်တာက ခုချိန်ထိ ကျွန်တော် ဘယ်မိန်းမကိုမှ စူးစူးနစ်နစ် မချစ်ဖူးဘူး၊ တစ်ယောက် ယောက် ကို ကျွန်တော် တကယ်ချစ်လာမိတဲ့အခါကျရင်တော့ ကျွန်တော့ သဘောထားတွေ ပြောင်းချင် ပြောင်းလာမှာ ပေါ့”

“စပ်စုရာတော့ ရောက်ရာကျမှာ ပဲ၊ တို့ ဒီပါ့အကြောင်းသိချင်တယ်၊ ဒီပါ ပြောချင်စိတ်ရှိရင်ပေါ့”

ဒီပါက အင်းလျားကန်ထဲမှ ရွက်လှေတွေ ကို ကြည့်နေရာမှ ကောင်းကင်ကို ပြုံးပြသည်။ ထိုအပြုံးကိုပဲ ကောင်းကင်စွဲမက်နေတာပါလေ။

“ကျွန်တော့် အကြောင်းက သိပ်စိတ်ဝင်စားစရာ မကောင်းဘူး ကောင်းကင်ရဲ့ ၊

“ညီအကို မောင်နှစ် မ တစ်ယောက် မှ မရှိဘူး၊ အသက်ဆယ့်နှစ် နှစ် မှာ ဂစ်တာစတီးတတ်တယ်၊ နောက်တစ်နှစ် လောက်ကြာတော့ ကျွန်တော် ဒရမ်တီးတတ်နေပြီ၊ ကျွန်တော် တို့မြို့က တီးဝိုင်း တစ်ခု မှာ ကျွန်တော် Drum ဝင်တီးတော့ ရှစ်တန်းပဲ ရှိသေးတယ်၊ ကျွန်တော့် ကို သိပ်ချစ်တဲ့မေမေက ကျွန် တော့် ဝါသနာကို မတားမြစ်ခဲ့ဘူး၊ ဆယ်တန်းအောင်တဲ့နှစ် မှာ ကျွန်တော် သီချင်းတွေ ရေး တတ် စပြု နေပြီ၊ တချို့သီချင်းတွေ ကို ချစ်ကောင်းနဲ့ကိုငှက်ကြီး(ထူးအိမ်သင်)ကို ပေးဆိုခဲ့ဖူးတယ်၊ ကျွန်တော့် မှာ ချစ်သူနှစ် ယောက် ရှိခဲ့ဖူးတယ်၊ တစ်ယောက် က ဆယ့်ခြောက်နှစ် လောက်က ကြိုက်တာ၊ ခုတော့ ယောက်ျားတွေ ဘာတွေ ရနေပြီလား မသိဘူး၊ နောက် တစ်ယောက် ကတော့ ကျွန်တော့် ထက် အသက် သုံးလေးနှစ် လောက်ကြီးတယ်၊ လမ်းခွဲခဲ့တာလေးလ အင်း … ငါးလလောက်တော့ရှိပြီ ထင်တာပဲ၊ ဂီတ လောကထဲကို ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်ချက်နဲ့ ရန်ကုန်ကို ရောက်လာခဲ့တာ၊ ကျွန်တော့် ဇာတိက ပြည် က၊ ကိုထွဋ်နဲ့လည်း ပြည်မှာ ပဲသိတာ၊ ကိုထွဋ်က သီချင်းရေး တယ်။ သူ့မိန်းမဘက်က အမျိုးတွေ က ပြည်မှာ ရှိတယ်လေ၊ အဲ့ဒီတော့ ကျွန်တော် တို့ဆီကို ခဏခဏလာလည်ရင်း ဝါသနာတူလို့ သိကြတာ”

“မင်း ဆယ်တန်းအောင်တော့ ကျောင်းဆက်မတက်ဘူးလား”

“ရန်ကုန်တက္ကသိုလ်မှာ တစ်နှစ် တက်လိုက်သေးတယ်၊ အင်္ဂလိပ်စာအဓိကနဲ့၊ နောက်တော့ ကျွန်တော် ဂီတဘက်ကို လုံးဝ ပိုးဝင်သွားပြီ၊ ကျောင်းလည်း မနေချင်တော့ဘူး ဖြစ်သွားတယ်၊ ကျွန်တော့် အကြောင်းပြောပြီးပြီ၊ ကောင်းကင်အကြောင်း ပြောဦးလေ”

“မေးဖော်ရသေးသားပဲ”

“ဟုတ်သားပဲ၊ ကောင်းကင်နဲ့ သိတာသာကြာပြီ၊ ဘယ်မှာ နေလဲ၊ မိဘတွေ က ဘာလုပ်လဲ၊ ကျွန်တော် တစ်ခါမှ မမေးမိဘူး၊ ကျွန်တော့်  စရိုက်ကလည်း လူ တစ်ယောက် ကို စိတ်ထဲကခင်လာရင် ပေါင်းပစ်လိုက်တာပဲ၊ အဲဒီ လူရဲ့ နောက်ကြောင်းရာဇဝင်တွေ ဘာတွေ သိပ်လေ့လာမနေချင်ဘူး၊ တစ်ခါတုန်းကလည်း ရထားပေါ်မှာ ခင်တဲ့ သူငယ်ချင်း တစ်ယောက် ကို အိမ်ခေါ်တင်ထားတာ အိမ်ကပစ္စည်းတွေ အလစ်သုတ်သွားမှပဲ မကောင်းမှန်း သိတော့တယ်”

“ကောင်းကင်ကတော့ ဒီပါ့ပစ္စည်းကို အလစ်သုတ်မှာ မဟုတ်ဘူးနော်”

မသကာဒီပါ့အချစ်ကိုပဲ အလစ်သုတ်မှာ ဟု ကောင်းကင်စိတ်ထဲမှာ တွေးလိုက်ရင်း ကိုယ့်ဘာ သာ ရယ်ချင်သွားသည်။

“နောက်တစ်ပတ်ကျ ကျောင်းတွေ ပြန်ဖွင့်တော့မယ်”

“ဒီပါအားရင် ကောင်းကင်တို့ကျောင်းကို လာလည်ပါလားဟင်”

“အင်းပါ… ၊ လာလည်တာပေါ့၊ ကောင်းကင်အကြောင်းလည်း ပြောဦးလေ”

ကောင်းကင်က သူမဘဝဇာတ်ကြောင်းကို စီကာပတ်ကုံး ပြောပြနေချိန်ဝယ် ဒီပါက မနက်ဖြန် တီးခတ်ရမည့်  သီချင်းတစ်ပုဒ်အတွက် ဂီတသင်္ကတများ ကို အပြန်ပြန်အလှန်လှန် စဉ်းစားနေ လေသည်။

•••


ဘဝမှာ ဘယ်သူစိမ်းယောက်ျား တစ်ယောက် ကိုမှ စူးစူးနစ်နစ် မချစ်ဘူးသော ကောင်းကင် သည် ဒီပါ့ကို ချစ်နေမိပြီဟု ကိုယ့်ကိုကိုယ် မညာတမ်းဝန်ခံလိုက်သော အခါ စိတ်ရှုပ်ထွေးမှု များ စွာ ဖြစ်ပေါ်ရလေသည်။ စိတ်အနှောက်အယှက် ဖြစ်ရမှု များ အနက် ပထမအချက်မှာ ဒီပါ၏ အေးစက်စက် နိုင်မှု ဖြစ်ပြီး ဒုတိယအချက်မှာ ဤကိစ္စကို သူမဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို မသိခြင်း ပင် ဖြစ်သည်။ ထိုအခါ သူမခေါင်းထဲသို့ ဝင်လာသည်မှာ သူမ၏ အရင်းနှီးဆုံးသော ကျောင်းနေဖက် သူငယ်ချင်း သိဂီင်္ိရွှေကို ဖြစ်သည်။ သိဂီင်္ိရွှေကို တိုင်ပင်ရလျှင် နည်းလမ်းတစ်ခုခုတော့ ရနိုင်သည်ဟု တွေးမိလျှင် စိတ်မြန်လက်မြန်ရှိသော သူမသည် ကားကို ကိုယ်တိုင်မောင်းလျက် သူမနေထိုင်ရာ ရွှေတောင်ကြားနေအိမ် သိဂီင်္ိရွှေရှိရာ မြေနီကုန်းသို့ ထွက်ခဲ့လေသည်။

သိဂီင်္ိရွှေတို့နေထိုင်ရာ ကန်ထရိုက်တိုက်ခန်းသည် တတိယထပ်တွင် ရှိသည်မို့ သူမက အောက် ထပ်မှ ခေါင်းလောင်းကြိုးကို ဆွဲလိုက်၏ ။

“ဟယ်… ကောင်းကင်၊ လာလေ အပေါ်ကို”

“မလာတော့ဘူး၊ နင် ဆင်းခဲ့”

“OK’ wait a minute”

ကားထဲမှာ သူမဝင်ထိုင်စောင့်နေသည်။ ခဏကြာတော့ သိဂီင်္ီရွှေ ဆင်းလာ၏ ။ သိဂီင်္ိရွှေက သူ၏ ခန္ဓာကိုယ် ဖိုင့်ဖိုင့်ကြီးကို ကားထဲသို့ ပစ်ထိုင်ချလိုက်ပြီး …

“ကဲ မရွှေချော၊ ဘယ်ကလာလာပြီး ဘယ်ကလာပြီး ဘယ်ကိုသွားမလို့လဲ”

“အိမ်ကလာတယ်၊ Dream မှာ Milk Shake သွားသောက်ရင်း စကားပြောကြမယ်”

ဝါးတန်းလမ်းအတွင်းရှိ Dream Snack & Cold Drink ဆိုင်ကလေးသည် အေးချမ်းတိတ်ဆိတ် ပြီး လွတ်လပ်စွာ စကားပြော၍ ကောင်းသော နေရာလေး ဖြစ်သည်။ ကောင်းကင်က သူမအတွက် Milk Shade နှင့် သိဂီင်္ိရွှေအတွက် ဆလာမီတစ်ပွဲမှာ လိုက်သည်။

“ငါ ဘယ်လိုစပြောရမှန်းတောင် မသိဘူး သိဂီင်္ိရယ်၊ ငါ ယောက်ျား တစ်ယောက် ကို ချစ်နေမိပြီ”

“ဘာရယ်”

သိဂီင်္ိရွှေက သူကြားလိုက်သည်ကို မယုံကြည်ဟန်ဖြင့် ထပ်မံမေးမြန်း၏ ။ ဒီတစ်ခါတော့ ကောင်းကင်သည် နည်းနည်း ပြောရဲဆိုရဲရှိသွားကာ သူနှင့် ဒီပါအကြောင်းကို အစအဆုံးပြောပြ လိုက်သည်။

“အဲဒါပဲ သိဂီင်္ိ၊ ငါလည်း ဘာဆက်လုပ် ရမှန်း မသိလို့အကြံတောင်းရအောင် နင့်ဆီ ထွက် လာခဲ့တာ”

“သူက နင့်ကို စိတ်မဝင်စားတာ သေချာလား”

“ငါ့မှ မဟုတ်ဘူး၊ ဘယ်မိန်းမကိုမှ စိတ်မဝင်စားတာ၊ လူက အေးတိအေးစက်နဲ့၊ သူ့ဘဝမှာ ဂီတကို အချစ်ဆုံးပဲတဲ့၊ ကဲ… ဘယ်လောက်ခက်လဲ”

“နင့်လို မိန်းကလေးတောင်မှ အေးတိအေးစက်လုပ်နေတယ်ဆိုတဲ့ ငတိကိုငါတော့ တော် တော် ဒေါသ ဖြစ်မိတယ်၊ ကျောင်းထဲမှာ ဆို နင့်ကို မြင်မြင်ချင်းကြွေသွားတဲ့ ဘဲတွေ အများ ကြီးပါ ကောင်းကင် ရယ်၊ ဒီပါကော ဘာသားထုထားတာမှတ်လို့”

“ငါ ဘာဆက်လုပ် ရမလဲ သိဂီင်္ိ”

“နင် လုပ်ရမယ့်လမ်းက နှစ် မျိုးပဲ ရှိတယ်၊ ပထမ တစ်မျိုးက သူ့ဆီက ခြေလှမ်းစလာအောင် စိတ်ရှည်ရှည်နဲ့ စောင့်ဖို့”

“ဒုတိယနည်းကကော”

“ဒုတိယနည်းကတော့ ပိုပြီးရှင်းတယ်၊ သူ့ကိုချစ်နေကြောင်း မင်းကိုယ်တိုင် ဒီပါ့ကို စပြောဖို့ပဲ”

“အို… မ ဖြစ်နိုင်တာ၊ ငါက မိန်းကလေးပဲ”

“မိန်းကလေးလည်း လူပဲဟ၊ No Pain, No Gain တဲ့၊ တစ်စုံတစ်ခုကိုလိုချင်ရင် တစ်စုံတစ်ခု ကိုတော့ ပြန်ပေးရမှာ ပဲ၊ နင် ဒီပါ့ကို လိုချင်ရင် နင့်ရဲ့ ဣနြေ္ဒ၊ သိက္ခာတွေ ကိုတော့ ခဏဘေးဖယ်ထား ရလိမ့်မယ်၊ ကိုယ့်ကိုစိတ်ဝင်စားလာနိုးနဲ့ စောင့်စားရင်း အပျိုကြီး ဖြစ်သွားရတဲ့လူတွေ ၊ မချစ်တဲ့သူနဲ့ လက်ထပ်သွားရတဲ့သူတွေ ထက်စာရင် ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောပြီးမှ အသည်းကွဲရတာ ပိုပြီးတော့ လူသားဆန်တယ်လို့ ငါထင်တယ်”

ကောင်းကင်၏ စီးရီးကိုဖြန့်ချိသော နေ့က ပျော်ရွှင်ဖွယ် အထိမ်းအမှတ်အ ဖြစ် Running Stars အဖွဲ့သားအားလုံးကို ကောင်းကင်တို့အိမ်သို့ ဖိတ်ခေါ်ကာ ထမင်းလက်ဆုံစားကြ၏ ။ ဒီပါ့ကိုတွေ့ မြင် လေ့လာချင်သော သိဂီင်္ိရွှေလည်း ထိုနေ့က ကောင်းကင်တို့အိမ်သို့ ရောက်လာ၏ ။ သစ်ရိပ်ဝါးရိပ် ကောင်းသော ခြံဝင်းထဲဝယ် ကြိမ်ဆက်တီခုံတွေ ကိုချကာ ထမင်းမစားမီ တပျော်တပါးဟော်လိုဂစ်တာ များ ဖြင့် ဝိုင်းဖွဲ့သီဆို တီးမှု တ်ကြ၏ ။ပထမဦးစွာ နိုင်ဇော်က ဂစ်တာတီးပြီး ကောင်းကင်က သူ့စီးရီးထဲမှ သီချင်းသုံးပုဒ်တိတိကို ဆို၏ ။ တတိယမြောက်အပုဒ်တွင် အားလုံးက သံပြိုင်ဝိုင်းဆိုကြတာ အလွန် ပျော်ဖို့ကောင်းသည်။ ကောင်းကင်ဆိုပြီးတော့ အောင်အောင်အလှည့်။ အောင်အောင်က သူကိုယ်တိုင် ရေး စပ်ထားသော အကြင်နာဂျက်ကက်သီချင်းကိုဆိုသည်။ အောင်အောင်ဆိုပြီးတော့ အားလုံးက ဒီပါ့ကို ပွဲတောင်းကြသည်။ ဒိပါက ဟော်လိုဂစ်တာကို ကျွမ်းကျင်စွာ တီးခတ်လိုက်ပြီး ဘယ်သူ့ကိုမှ မကြည့်ဘဲ သီချင်းတစ်ပုဒ်ကို အာရုံဝင်စားမှု အပြည့်ဖြင့် ဆို၏ ။ ထူးအိမ်သင်၏ Rhythm in Blue သီချင်းတစ်ပုဒ် ဖြစ်သော “အမေ့ရဲ့ ဒုက္ခအိုးလေး”။

“အမေ ကျွန်တော့ကို စိတ်မပျက်ဘူးလား… အမေ ယုံကြည်မျှော်လင့်ထားသမျှ××× ဘာတစ် ခုမှ ဖြစ်မလာ… ကိုယ်မှန်တယ်ထင်ရင် ပြီးရော ခေါင်းမာတတ်တဲ့ အကျင့်ကဆိုး××× အသက်သာ ကြီးလို့သွားတယ်၊ ကျွန်တော့အိပ်မက်တွေ မပြောင်းလဲ××× အဆုံးအရှုံးများ နဲ့ ရင်ခုန်ရင်း”

အသံအဆွဲအငင် အရစ်အဝဲနေရာများ တွင် ဒီပါက အဆိုတော် ထူးအိမ်သင်ဆိုဟန်အတိုင်း မဆိုဘဲ သူ့ဘာသာခံစားရသလို ဖြည့်စွက်သီဆိုသွားသဖြင့် နားထောင်ရတာ တမျိုးဆန်းနေသည်။ Chorus ပိုဒ်တွင် နိုင်ဇော်က Harmony လိုက်ပေးသဖြင့် သီချင်းသံက မြိုင်နေသည်။

¬¬×××ကံအကျိုးပေး နည်းရတဲ့အထဲ××× အပျင်းကလည်းကြီးသေး… အိုး… ခက်ရချည်ရဲ့ ဆင်းရဲတွင်း ဘယ်လောက်နက်မလဲ… ကျွန်တော် ဟာ အမေ့ရဲ့သားပါ… မိုက်မိုက်မဲရိုးရိုးသားနေဆဲ ရင်ခုန်သံလေး ညည်းရင်းနဲ့ ချစ်ခြင်းမေတ္တာအကြောင်းသင်ကြား×××

…………………….

…………………….

……………………..

သူ့သီချင်းဆုံးတော့ အားလုံးက လက်ခုပ်ဝိုင်းတီးကြသည်။ သိဂီင်္ိရွှေက ကောင်းကင်နား, နား ကပ်ပြီး “ငါတောင် ကြွေသွားပြီ” ဟု လေသံဖြင့် ပြောသည်။ကောင်းကင်ကသိဂီင်္ိ့ပေါင်ကို ဆိတ်ဆွဲ လိုက်၏ ။

ထို့နောက်တွင် တော့ ကောင်းကင်က အားလုံးကို တိတ်ခွေတစ်ခွေစီနှင့် သူ့စီးရီးကြော်ငြာ ဝေါရှိများ ကို အမှတ်တရလက်ဆောင်ပေး၏ ။

ပြီးတော့ အမှတ်တရ သိမ်းထားရန်ဟုဆိုကာ ဝေါရှိတစ်ရွက်ပေါ်တွင် Running Stars တေး ဂီတအဖွဲ့သားများ အားလုံး လက်မှတ်ရေး ထိုးခိုင်း၏ ။ ဒီပါက သူလက်မှတ်ထိုးရမည့် အလှည့်တွင် နေရာ လွတ်မကျန်တောသဖြင့် ကြုံရာနေရာလွတ်တစ်ခုတွင် သူ့နာမည် သင်္ကေတကို ရေး ခြစ်လိုက်၏ ။ သူ လက်မှတ်ထိုးလိုက်မိသည်က ကောင်းကင်ဓာတ်ပုံ၏ နှလုံးသားတည့်တည့်မှာ ။ ကောင်းကင် ဒီပါ့ကို ဖျတ်ခနဲကြည့်လိုက်သည်။ သူတို့ တင်္ဒဂ အကြည့်ချင်းဆုံသွားကြ၏ ။ ဒီပါ့မျက်ဝန်းက အနက်အဓိပ္ပာယ် ကို ကောင်းကင်မဖော်တတ်ပါ။

•••


တိတ်ဆိတ်စွာ စောင့်စားရသော ကာလများ ဟူသည် ရှည်လျားတတ်ပါသည်။ ဒီပါ့ဘက်က ခြေလှမ်းစလာမှာ ကို စောင့်နေရသော ကောင်းကင်သည် သိဂီင်္ိရွှေ၏ ပထမနည်းဗျူဟာကို စိတ်မရှည် နိုင်တော့အောင် ဖြစ်လာသည်။ သူမ၏ ပထမဆုံးပရိယာယ်အ ဖြစ် စီးရီးထွက်ပြီး နောက်တစ်နေ့မှစကာ ဒီပါ့ကို သူမက စတင်မဆက်သွယ်ဘဲ အဆက်အသွယ် ဖြတ်တောက်ထားခဲ့၏ ။ ထိုအတွက်ရလဒ်က တော့ တွေ့ နေကြ၊ ကြားနေကြ ဒီပါ့ရုပ်သွင်၊ စကားသံတို့ကို ရက်သတ္တနှစ် ပတ်ခန့် မမြင်ရ မကြားရ တော့ခြင်းပဲ ဖြစ်သည်။ တယ်လီဖုန်းဒိုင်ခွက်တွင် ဒီပါ့ဖုန်းနံပါတ်ကို နှိပ်ပြီးခါမှ ပြန်ချထားခဲ့ရသော အခါများ လည်း အကြိမ်ကြိမ်ရှိခဲ့သည်။ ဝငိဒါမီယာထိပ်ရောက်တိုင်း မသိစိတ်က လင်းစတူဒီယိုဘက်သို့ သူရှိလိမ့်နိုးနှင့် ရောက်သွားချင်တတ်သည်။ အဆုံးမတော့ သူမစိတ်ကို မလိမ်ညာချင်တော့။ ထို့ကြောင့် ချစ်သူဆီသို့ ဖုန်းဆက်မိသည်။

“ဟဲလို… ဒီပါလားဟင်”

“ကင်းကောင်လား၊ ကိုထွဋ်ပါ၊ ကိုဒီပါရယ် မရှိဘူး၊ Stage Show တီးရအောင် နယ်ထွက်သွား တယ်၊ တစ်ပါတ်လောက်ကြာမယ်၊ နင့်ကိုတောင် ဖုန်းမဆက်လို့တဲ့၊ ဘာများ ဖြစ်နေသလဲ မသိဘူးလို့ ပြောနေသေးတယ်၊ ငါလည်းရန်ကုန်မှာ အလုပ်ကိစ္စနည်းနည်း ရှိလို့ စောပြီးပြန်လာတာ၊ ခွေကိစ္စ အခြေအနေ ဘယ်လိုလဲ၊ အားမွေးထားဦးနော်၊ နောက်ဆို နင်လည်း တို့ Band နဲ့ စတိတ်ရှိုးတက်ရမှာ ”

“အလကားပါ၊ ကိုထွဋ်တို့က တကယ်ဖြင့် မခေါ်ဘဲနဲ့၊ ကောင်းကင်က နာမည် မကြီးသေးလို့ မခေါ်တာမို့လား”

“ဟာ… အဲဒီ လို မဟုတ်ပါဘူးဟာ၊ နင်က ကျောင်းတစ်ဖက်နဲ့မို့ အနှောက်အယှက် ဖြစ်မှာ စိုးလို့ပါ။ ရန်ကုန်ထဲမှာ ဆိုရင် ခေါ်ပါ့မယ်”

“ဟား…ဟား… အလကားစတာပါဗျာ၊ ကျွန်တော် လည်း ပျင်းနေလို့ ဆက်လိုက်တာ၊ ဟိုကောင် တွေ ပြန်လာရင်ပြောလိုက်၊ ကျွန်တော့ဆီကို ဖုန်းဆက်ပါဦးလို့”

ဖုန်းဆက်ပြီးတော့ အိပ်ရာပေါ်မှာ တိတ်ဆိတ်စွာ လဲလျောင်းနေမိသည်။ ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်သော အခါ သစ်ကိုင်းထက်မှာ နားနေသော ငှက်ကလေးတွေ ကို မြင်ရ၏ ။ သူ ရန်ကုန်မှာ မရှိဘူးဆိုတာနှင့် လောကကြီးဟာဘယ်လောက်ခြောက်သွေ့ သွားပါသလဲ။ ကဲ… ကိုဒီပါရေ၊ ကျွန်မ သိပ်လွမ်းနေရပြီ သိလား။ ထို့နောက် သိဂီင်္ိရွှေကို ရုတ်တရက် သတိရသွားကာ ဖုန်းနံပါတ်အချို့ကို နှိပ်ချလိုက်၏ ။

“သိဂီင်္ိရေ… ငါပါ… ကောင်းကင်ရယ်၊ ဒီပါ့ကို နောက်တစ်ခါတွေ့ ရင်လေ၊ ငါ…ငါ နင်ပြောတဲ့ ဒုတိယနည်းကိုပဲ ကျင့်သုံးတော့မယ်”

•••


သူမမျှော်လင့်နေသည်ထက် သုံးရက်ခန့်စောကာ ဒီပါက ကောင်းကင်ထံသို့ ရောက်လာ၏ ။ ဒီပါ့ပုံက ခါတိုင်းလိုမဟုတ်ဘဲ တွေ တွေ ငေးငေး ဖြစ်နေသည်။ ခါတိုင်း ပိုးကြိုးကလေးတွေ ဖြင့် စုချည် ထားလေ့ရှိသော သူ့ဆံပင်ရှည်ရှည်မှာ ပွယောင်းပြီး ကျဲပြန့်နေသည်။ မျက်ဝန်းနှစ် ဖက်ကလည်း အိပ်ရေး ပျက်ထားသလို ချောင်ကျနေသည်။

“ဒီပါ ဘယ်လို ဖြစ်နေတာလဲ”

“ဒီလိုပါပဲဗျာ၊ ကဲ လာပါ၊ လက်ဖက်ရည်သောက်ရင်း အေးအေးဆေးဆေး စကားပြောကြ တာပေါ့”

“ကောင်းတယ်၊ ကောင်းကင်လည်း ဒီပါ့ကိုပြောစရာရှိတယ်”

သူတို့နှစ် ယောက် တစ်ယောက် မျက်ဝန်းကို တစ်ယောက် ကြည့်ကာ အတွေးကိုယ်စီနှင့် ငြိမ် သက်နေကြသည်။ ပြောစရာရှိသည်ဆိုသော ဒီပါက လက်ဖက်ရည်ခွက်ကို ဇွန်းနှင့် အကြာကြီးမွှေ နေသည်။ တိတ်ဆိတ်မှု ကို သည်းမခံနိုင်လွန်းသော ကောင်းကင်က-

“ဒီပါ ပြောစရာရှိတယ်ဆို၊ ပြောလေ”ဟု လမ်းကြောင်းပေးမှ-

“ကောင်းကင် တစ်ခါက မေးဖူးတယ်လေ၊ ကျွန်တော့် ဘဝမှာ အမြတ်နိုးဆုံးအရာဟာ ဘာလဲ လို့”

ကောင်းကင်က မွှေလက်စ လက်ဖက်ရည်ဇွန်းကို ရပ်၍ ဒီပါ့မျက်နှာကို မော့ကြည့်လိုက်သည်။

“အဲဒီ တုန်းက ဂီတကို အမြတ်နိုးဆုံးလို့ ကျွန်တော် ဖြေခဲ့တယ် ဒါပေမဲ့ ဒီနေ့ ကောင်းကင်ဆီ လာခဲ့တာ အဲဒီ စကားကို ပြင်ချင်လို့”

ကောင်းကင် ရင်ခုန်နှုန်းတို့ တဒုတ်ဒုတ်တို့ မြန်လာသည်။ ဒီပါ မရိပ်မိစေရန် ခေါင်းကို ငုံ့ထား ရ၏ ။

“ခုရက်ပိုင်းအတွင်း ဂီတနဲ့တန်းတူ မြတ်နိုးတန်ဖိုးထားရမယ့် အရာတစ်ခုကို ကျွန်တော် တွေ့ရှိ ခဲ့တယ်၊ အဲဒါကတော့ ချစ်ခြင်းမေတ္တာတရားပဲ”

ဒီပါက စားပွဲခုံကို လက်ဖြင့် အားပြုထောက်ကာ ကောင်းကင်ဘက်သို့ ကိုယ်ကိုကိုင်ပြီး အင်မတန် စိတ်အားထက်သန်သော အမူအရာဖြင့် စကားတစ်ခွန်း ထပ်ပြော၏ ။

“ကျွန်တော် မိန်းကလေး တစ်ယောက် ကို ချစ်မိသွားပြီ ကောင်းကင်၊ အဲဒီ မိန်းကလေးက ဘယ်သူလဲ၊သိလား”

ဟင့်အင်း၊ မသိဘူးဟု တိုးတိတ်စွာ ပြောကာ လက်ကိုင်ပဝါကို သူမ လုံးချေနေမိသည်။

“အဲဒီ မိန်းကလေးနာမည် က သင်းပျံ့ကြိုင်တဲ့”

“ဘာ”

လက်ကိုင်ပဝါလေးသည် ကောင်းကင်လက်ထဲမှ မြေကြီးပေါ်သို့ လွတ်ကျသွားသည်။ သူမ တစ်ကိုယ်လုံး အင်နှင့် အားနှင့် ဖိညှစ်ချေမွခြင်းကို ခံရသည့်နှယ် မောပန်းနွမ်းလျသွားသည်။ မျှော်လင့် ခြင်းသည် အံ့သြခြင်းဆီသို့ လည်းကောင်း၊ အံ့သြခြင်းသည် နာကျင်ခြင်းဆီသို့ လည်းကောင်း အဆင့် ဆင့်ကူး ပြောင်းသွား ကာ သူမနှလုံးသားသည် တဆတ်ဆတ်ခါအောင် နာကျင်ထိခိုက်သွားတော့ သည်။ ရုတ်တရက် ဝဲလာသော မျက်ရည်စတို့ကို မျက်တောင်ဖြင့် ပုတ်ထုတ်ရင်း သူမကိုယ်သူမ ကြိုးစား၍ ဆောက်တည်စေရသည်။ ဖြစ်ရလေ ဒီပါရယ်။ “သင်းပျံ့ကြိုင်” လို မိန်းမမျိုးကိုမှ မင်းက ချစ်မြတ်နိုးရတယ်တဲ့လားဟု စိတ်ထဲမှာ ရေရွတ်နေမိသည်။

“ဘာ ဖြစ်လို့လဲဟင်၊ သူ့ကို ကောင်းကင်သိလို့လား”

“ဟင့်အင်း မသိပါဘူး နာမည် ကို ကြားဖူးသလိုရှိလို့”

“ကြားဖူးရုံတင် မဟုတ်ဘူး၊ မြင်ဖူးရင် ကောင်းကင်ပိုပြီး သဘောကျသွားဦးမယ်၊ သူက အရမ်း လှတယ် သိလား၊ ကျွန်တော် တော့ မြင်မြင်ချင်းကို ချစ်မိသွားတယ်ဗျာ”

“အဲဒါတွေ ဘာ ဖြစ်လို့ ကောင်းကင်ကို လာပြောနေတာလဲ ဒီပါ၊ မင်းကောင်မလေးကို သွား ပြောလိုက်တာ ပိုထိရောက်မယ် ထင်တယ်”

“ပြောလို့ရရင် ပြောလိုက်ချင်တာပေါ့ ကောင်းကင်ရယ်၊ ဒါပေမဲ့ သူက ပဲခူးမှာ နေတာ၊ လော လောဆယ် ကျွန်တော် က ဘယ်လို ဆက်လုပ် ရမှန်းမသိလို့ တစ်ညဥ့်လုံးငေါင်နေပြီး မိုးလင်းလင်းချင်း ကောင်းကင်ကို ပြေးလာပြီး ရင်ဖွင့်တာ၊ ကိုထွဋ်တို့ကို သွားပြောရင် ဟားမှာ ဗျ၊ ရှက်စရာကြီး”

“ဘာမှ စဉ်းစားနေစရာ မလိုဘူး ဒီပါ၊ မင်း ဒီမိန်းမကို တကယ်ချစ်လား၊ ချစ်တယ်ဆိုရင် ဖွင့် ပြောလိုက်ရုံပဲ၊ မင်းဟာ ယောက်ျား တစ်ယောက် ဖြစ်ခဲ့တဲ့အတွက် ကိုယ်ချစ်တဲ့သူ တစ်ယောက် ကို ဣနြေ္ဒမပျက် အချိန်မရွေး ဖွင့်ပြောပိုင်ခွင့်ရှိတယ်၊ ဒီလို ပြောလိုက်လို့လည်း ဘယ်သူမှ မင်းကို ကဲ့ရဲ့ ကြမှာ မဟုတ်ဘူး၊ တို့ပြန်တော့မယ် ဒီပါ၊ ခေါင်းတွေ ကိုက်လာလို့”

“ခဏလေး ကောင်းကင်၊ တကယ်လို့သူ့မှာ ချစ်သူတွေ ဘာတွေ ရှိနေပြီ ဆိုရင်ကော”

“သွားသေလိုက်ကွာ ဟု ပြောပြီး သူမလှည့်ထွက်လာခဲ့သည်။ ဒီပါ တစ်ယောက် တည်း လက် ဖက်ရည်ဆိုင်မှာ ကျန်ခဲ့၏ ။”

•••


“နင်က ‘သင်းပျံ့ကြိုင်’ဆိုတဲ့ မိန်းမဟာ ချောသလောက် လှသလောက် ရည်စားများ ကြောင်း၊ ပွေရှုပ်ကြောင်း ပြောမပြလိုက်ဘူးလား”

ကောင်းကင်၏ စကားဆုံးတော့ သိဂီင်္ိရွှေက တအံ့တသြမေးသည်။ ကောင်းကင်က ခေါင်းကို ငြင်သာစွာ ခါ၍ …

“တို့လည်းထူပူနေတော့ ဘာမှမပြောလိုက် ဖြစ်ဘူး သိဂီင်္ိ… ပြီးတော့ သူက ဒီအချိန်မှာ ဒါတွေ ကို ကြားချင်မှာ မဟုတ်ဘူး၊ တို့က သူ့ကိုကြွေနေလို့ မလိုတမာစိတ်နဲ့ ဟိုမိန်းကလေးမကောင်းကြောင်းတွေ ပြောနေတယ်လို့ ထင်သွားမှာ ငါအကြောက်ဆုံးပဲ…”

သိဂီင်္ိရွှေက ကောင်းကင်မျက်နှာညှိုးညှိုးလေးကို ကရုဏာသက်ဟန်ဖြင့် တစ်ချက် လှမ်းကြည့် လိုက်သည်။ ကောင်းကင်က အင်းလျားကန်ရေပြင်ကို ခဲလုံးကလေးများ ဖြင့် လုပ်မိလုပ်ရာ ပစ်ပေါက် နေသော်လည်း စိတ်နှင့် လူကပ်ပုံမရ… သိဂီင်္ိရွှေက သက်ပြင်းကို ဟင်းခနဲချသည်။

“သင်းပျံ့ကြိုင်က အရမ်းနာမည် ကြီးတာဟ… ပဲခူးမှာ လှယဉ်ကျေးမယ် ပထမတဲ့… ပဲခူး ကောလိပ်မှာ လည်း အလှဆုံးလို့ပြောကြတယ် Queen တဲ့၊ ဒါပေမဲ့ ကြောက်ဖို့ကောင်းတယ်ကွာ တို့ မောင်ဝမ်းကွဲ တစ်ယောက် ကိုတောင် တင့်တင့်တယ်တယ် တောင်းရမ်းနိုင်မှ လက်ထပ်မယ်လို့ ပြော လိုက်လို့… ဟိုကောင်က မိုင်းရှူးအထိ ကျောက်သွားတူးတာ ဖေဖေတို့အလိုက်မြန်ပေလို့ပေါ့… နို့မို့ရင် ငှက်ဖျားနဲ့သေလောက်ပြီ ”

“အေးဟယ် ငါနဲ့ဒီပါ အဆက်အသွယ်ပြတ်နေတာ ဆယ့်လေးငါးရက်လောက်ပဲ ရှိဦးမယ်ဟာ ဒီလောက်အချိန်ပိုင်းလေးနဲ့ မိန်းမ တစ်ယောက် ကို အရူးအမူးစွဲလမ်းသါားတာ ငါတော့ နားမလည်ဘူး”

ကောင်းကင်က ဖြစ်ခဲ့တာတွေ ကို တကယ်နားမလည်နိုင်တော့၍ စိတ်ပျက်လက်ပျက် ညည်းညူ ရှာသည်။

“ဘာမှမတတ်နိုင်တော့ဘူး ကောင်းကင် လွှတ်ထားလိုက်ပေတော့ နင့်ကို ငါမေးခွန်းတစ်ခုပဲ မေးမယ် နင်အခု ဒီပါ့ကို ချစ်သေးရဲ့ လား”

ကောင်းကင်က ကလေးငယ် တစ်ယောက် လို ခေါင်းညိတ်ပြသည်။ သိဂီင်္ိရွှေက သူ့စကားကို ဆက်၏ ။

“တကယ်လို့များ ပေါ့… သင်းပျံ့ကြိုင်ဆိုတဲ့ မိန်းမနဲ့ ဒီပါ ချစ်သူတွေ ဖြစ်သွားကြပြီဆိုရင်ရော… နင်သူ့ကိုချစ်နေဦးမှာ လား”

ကောင်းကင်က ခေါင်းကို အကြာကြီးငုံ့ထား၏ ။ ပြီးမှ မျက်နှာ အနည်းငယ်မော့လာကာ တ ဆတ်ဆတ်တုန်ရင်သော အသံဖြင့် …

“သူ ဘယ်အခြေရောက်ရောက် ငါ့ဘက်က ဘယ်တော့မှ မပြောင်းလဲဘူး သိဂီင်္ိ… ဖွင့်ဟပြခွင့်ရ တာနဲ့ သိုဝှက်သိမ်းဆည်းထားတာပဲကွာမယ်… အချစ်စစ်အချစ်မှန်ဆိုတာ ဘယ်တော့မှ နှလုံးသားထဲ က ပျောက်ပျက်မသွားဘူး… ငါ သူ့ကို ချစ်တဲ့အချစ်က နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ တစ်သက် တာထာဝရ… ကိန်းအောင်းနေမှာ ပါပဲ”

•••




ဝန်ဇင်းချစ်သူများ သရဝဏ်(ပြည်) ၏ “ ချစ်ခြင်းဖြင့် တီးခတ်သော ဂီတ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အာဏာရှင်ငါ့စကော နှင့် ခရိုနီအရည်းကြီးများ

ဝံပုလွေနဲ့ သွေးမုဆိုး

မှောင်ထဲကအလံတော်