ကော်ဖီပူပူတစ်ခွက်၊ ခရုတစ်ကောင်နဲ့ နေရောင် ခြည် ရပိုင်ခွင့်ု
ကမ္ဘာ့မီဒီယာလောကမှာ ရော၊ တရားစီရင်ရေး နယ်ပယ်မှာ ရော ဟိုးလေးတစ်ကျော် သိမ့်သိမ့်တုန်သွားစေတဲ့ ကမ္ဘာကျော် စီရင်ချက် သုံးခု ရှိခဲ့ဖူးပါတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းပြီး ဒီမိုကရေစီခေတ် မြန်မာနိုင်ငံမှာ လည်း အသုံးဝင်ကောင်းတယ်ထင် လို့ အကျဉ်းရုံး တင်ပြပါရစေ။
ငယ်ငယ် ကတော့ ကျောင်းသင်ခန်းစာမှာ `မပုကြွယ်နှင့် ခရုငယ် ဆိုတာပဲ သင်ခဲ့ဖူးပါတယ်။ အခုတော့ ဘီယာဘူးနှင့် ခရုငယ် ဆိုတာ လာပါပြီ။ ဖြစ်ခဲ့တာ ကတော့ စကော့တလန်နိုင်ငံ၊ ဂလပ်စကိုမြို့ မှာ ပါ။ ၁၉၂၈ ခုနှစ် ၊ သြဂုတ်လ ၂၆ ရက် တနင်္ဂနွေနေ့ ညနေဘက် ဖြစ်ပါတယ်။ မေဒိုနိုကူး ဆိုတဲ့ လက်ထောက် အရောင်းစာရေး ၀န်ထမ်း အမျိုးသမီးဟာ ဂလပ်စကိုမြို့ နားမှာ ရှိတဲ့ ပစ်စလေ ဆိုတဲ့ အရပ်မှာ ဖွင့်ထားတဲ့ Wellmeadow ကဖေးဆိုင်မှာ ထိုင်ပြီး သူ့မိတ်ဆွေ (အမည် မဖော်လိုသူ) တစ်ယောက် ကို စောင့်နေပါတယ်။ သူ့မိတ်ဆွေ ရောက်လာတဲ့အခါမှာ ရေခဲမုန့်ထဲကို ဘီယာ လောင်းထည့်ပြီး သောက်ရတဲ့ Ice Cream Ginger Beer Float နှစ် ခွက်ကို မိတ်ဆွေက မှာ လိုက်ပါတယ်။ အိုက်စခရင် ရောက်လာလို့ ဘီယာပုလင်းကို ဖွင့်ပြီး မေရဲ့ ဖန်ခွက်ထဲကို လောင်းထည့်ပြီး သောက်လိုက်ပါတယ်။ နောက်ဆုံးလက်ကျန်ဘီယာကို ဖန်ခွက်ထဲ ထည့်လိုက်တဲ့အခါမှာ တော့ အမည်းရောင် ဘီယာပုလင်းထဲကနေ ခရုတစ်ကောင်ရဲ့ အပိုင်းပိုင်း ဖြစ်နေတဲ့ အစိတ်အပိုင်းတွေ ဟာ ထွက်ကျလာပါတယ်။
မေဟာ ဆိုင်ရှင်ကို အကျိုးအကြောင်း ပြောပြီး complaint တက်ပါတယ် အဲဒီ အချိန်ကစလို့ မေဟာ ဗိုက်ထဲက တိုးထိုးပြီး အောင့်တဲ့ ဝေဒနာကို ခံစားရပါတယ်။ ဆရာဝန်သွားပြတော့ အစာအိမ်နဲ့ အူမကြီး ရောင် ရမ်းတဲ့ လက္ခဏာရယ်၊ ထိတ်လန့်မှု (shock) ကြောင့် ရယ်လို့ ရောဂါ အမည် တပ်ပါတယ်။ အဲဒီ ခေတ်၊ အဲဒီ အချိန် ၁၉၂၈ ခုနှစ် က စားသုံးသူဘက်က တစ်ခုခု ဖြစ်လာရင် ကိုယ် နမော်နမဲ့နိုင်လို့ ဖြစ်တာ ဆိုပြီး ဥပဒေက စားသုံးသူဘက်ကိုပဲ အပြစ်ပုံချလေ့ရှိတာကြောင့် မေဟာ သူ့ဒုက္ခတွေ အတွက် ဘယ်သူ့ကိုမှ တရားစွဲလို့ မရပါဘူး။ ဘီယာဖိုးကို မေရဲ့ သူငယ်ချင်းက ပေးခဲ့တာမို့ စားသောက်ဆိုင်ပိုင်ရှင်ကို မေက တရားစွဲလို့ မရဘူး ဖြစ်နေပါတယ်။ မေဟာ တိုက်ရိုက်စားသုံးသူ မဟုတ်ဘူး ဆိုတဲ့ သဘောပေါ့။
ဒါပေမဲ့ ရဲရင့်ပြီး သတ္တိရှိတဲ့ ဝေါလ်တာလိခ်ျမန်း ဆိုတဲ့ ဥပဒေအကျိုးဆောင်တစ်ဦးဟာ မေရဲ့ အမှု ကို လက်ခံလိုက်တယ်။ ဒီရှေ့နေဟာ အလားတူ အမှု နှစ် မှု ကို ကိုင်တွယ်ဖူးတယ်။ အမှု ကတော့ ဘီယာပုလင်းထဲမှာ ကြွက်သေတစ်ကောင် တွေ့ တယ် ဆိုပြီး ဘီယာစက်ရုံပိုင်ရှင် အေဂျီဘား ဆိုသူကို တရားစွဲထားတဲ့ အမှု ပါ။ အဲဒီ နှစ် မှု စလုံးမှာ ရှေ့နေကြီး အမှု ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ မေရဲ့ အမှု ကိုတော့ တတိယမြောက် အမှု တွဲ အ ဖြစ် ဆက်လက် ကိုင်တွယ်ခဲ့ပါတယ်။
ဘီယာပုလင်းထဲက ခရုကို တွေ့ ပြီး သုံးနှစ် တိတိ ကြာတဲ့ ၁၉၃၁၊ ဒီဇင်ဘာ ၁၀ ရက်မှာ တော့ မေရဲ့ အမှု ကိုသူတို့နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးချု ပ်က စတင်ကြားနာခဲ့ပါတယ်။ မေတို့ဘက်က စွဲဆိုတာ ကတော့ အထဲမှာ ဘာပါမှန်း စစ်ဆေးဖို့ မလွယ်ကူတဲ့ စားသုံးပစ္စည်း ထုတ်ကုန်တစ်ခုမှာ မူလကြော်ငြာမှာ မပါတဲ့ အန္တရာယ်ရှိ ပစ္စည်းတစ်ခု ပါလာခဲ့ရင် နစ်နာမှု အကျိုးဆက်ကို တာဝန်ယူပြီး စားသုံးသူကို နစ်နာကြေးပေးဖို့ ဖြစ်ပါတယ်။ ဘီယာပုလင်းဟာ အမည်းရောင် ဖြစ်နေတာကြောင့် မသောက်ခင် မေဟာ ပုလင်းအထဲကို သေသေချာချာ စစ်ဆေးကြည့်ခွင့် မရခဲ့ပါဘူး။
၂၀ ရာစုရဲ့ အထင်ရှားဆုံး တရားသူကြီးများ ထဲက တစ်ယောက် ဖြစ်တဲ့ တရားသူကြီး လော့ဒ်အက်ကင် (Lord Atkin) က ဒီအမှု ကို စီရင်ချက်ချပါတယ်
တရားသူကြီး လော့ဒ်အက်ကင်ရဲ့ သမိုင်းတွင် မယ့် စီရင်ချက်ဟာ ကမ္ဘာကျော်ခဲ့ပါတယ်။
“မည် သူမဆို မိမိ ပတ်ဝန်းကျင်ကို နစ်နာဆုံးရှုံးအောင်၊ ဘေးအန္တရာယ်ကျအောင် လုပ်ခွင့်မရှိ။ ပတ်ဝန်းကျင် ဆိုရာတွင် မိမိကို ယုံကြည်၍ ထုတ်ကုန်တစ်ခုကို သုံးစွဲနေသူ၊ စားသုံးသူများ ဟုလည်း မှတ်ယူရမည် ”
စီရင်ချက်အရ ဘီယာစက်ရုံပိုင်ရှင်ဟာ တရားလို အမျိုးသမီးကို ဗြိတိန် စတာလင်ပေါင် ၂၀၀ ပေးဆောင်ရပါတယ်။
လျော်ကြေးငွေဟာ နည်းပေမယ့် စီရင်ထုံးတစ်ခုအ ဖြစ် ကျော်ကြားခဲ့ပြီး ကမ္ဘာတစ်လွှား အလားတူ တရားစွဲဆိုမှု ပေါင်း သန်းနဲ့ချီပြီး ရှိလာတာကြောင့် အာမခံကုမ္ပဏီတွေ ၊ စက်ရုံပိုင်ရှင်တွေ ဟာ နောင်းအခါမှာ တရားစွဲဆိုမခံရစေဖို့၊ စားသုံးသူကို မထီမဲ့မြင် မပြု မိဖို့ သတိထားလာကြရပါတော့တယ်။
အဲဒီ က အစပြု လို့ ယနေ့ခေတ် `စားသုံးသူ အခွင့်အရေး ကာကွယ်သည့် ဥပဒေ အထိ ပြောင်းလဲရောက်ရှိလာဖို့ မေနဲ့ ခရုငယ်အမှု က စတင် လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။
နောက်ထပ် ထင်ရှားတဲ့ အမှု ကတော့ ‘မက်ဒေါနယ် ကော်ဖီဆိုင်အမှု ’ လို့လည်း ခေါ်ပြီး ‘ကော်ဖီပူပူတစ်ခွက်အမှု ’ လို့လည်း ခေါ်တဲ့ အမှု ပါ။ ဖြစ်ပုံ ကတော့ ၁၉၉၂၊ ဖေဖော်ဝါရီ ၂၇ မှာ အသက် ၇၉ နှစ် ရှိပြီ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု နယူးမက်စီကိုပြည်နယ်က Stella Liebeck ဆိုသူ အမျိုးသမီးဟာ ကားမောင်းလာရင်း လမ်းမဘေးက အသင့်စား မက်ဒေါ်နယ်ကော်ဖီဆိုင်ကနေ ၄၉ ဆင့် တန်ဖိုးရှိတဲ့ ကော်ဖီတစ်ခွက် ၀ယ်ပါတယ်။ သူတို့ဆီက ကော်ဖီဆိုင်တွေ က မြန်မာပြည် အဝေးပြေးလမ်းတွေ ပေါ်က Toll Gate တွေ မှာ လမ်းတံတားကြေး ဆောင်သလိုပါပဲ။ ကားပေါ်က ဆင်းစရာ မလိုပါ။ ကားရပ်ပြီး ပိုက်ဆံပေးလိုက်တာနဲ့ ကားပေါ်ကို မှာ တဲ့ အစားအသောက် ပို့ပေးပါတယ်။ သူဟာ ဒရိုင်ဘာဘေးက ခုံမှာ ထိုင်နေပြီး သူ့မြေးက ကားမောင်းပါတယ်။ အဘွားဟာ ကော်ဖီကို ပေါင်နှစ် လုံးကြားမှာ ညှပ်ထားပြီး နို့နဲ့ သကြားထုပ်ကို ဖောက်ပါတယ်။ ပြီးတော့ ကော်ဖီခွက် အဖုံးကို ဖွင့်ဖို့ သူ့ဘက် ဆွဲယူလိုက်စဉ်မှာ ပဲ ကော်ဖီခွက်ဟာ သူ့ပေါင်ပေါ်ကို မှော က်ကျပါတယ်။ သူ ၀တ်ထားတဲ့ ဘောင်းဘီဟာ ချည်သားနဲ့ ရက်ထားတဲ့ ချွေးစုပ်ဘောင်းဘီ ဖြစ်တာကြောင့် ကော်ဖီဟာ ဘောင်းဘီမှာ စုပ်ဝင်ပြီး သူ့ကို အပူလောင်စေပါတယ်။ ပေါင်၊တင်ပါး၊ ခွဆုံတို့ကို အပူလောင်ခံရတယ်လို့ ဆိုပါတယ်။ အပူလောင်ခံရတဲ့ အမျိုးသမီးကြီး လိုင်းဘက်ကို ဆေးရုံကို ချက်ချင်း ပို့လိုက်ရပါတယ်။ ဆေးရုံမှတ်တမ်းမှာ တော့ အမျိုးသမီးဟာ သူ့ခန္ဓာကိုယ် အရေပြားဧရိယာ စုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်း ဆိုးဆိုးဝါးဝါး အပူလောင်ခံရပြီး ခနကိုယ်ရဲ့ ၁၆ ရာခိုင်နှုန်းကိုတော့ အနည်းငယ် အပူလောင်ခံရတယ်လို့ မှတ်တမ်းတင်ပါတယ်။ သူမဟာ ဆေးရုံမှာ ၈ ရက် တက်ရောက် ကုသရပြီး အရေပြား အစားထိုး ကုသမှု ကိုလည်း ခံယူခဲ့ရပါတယ်။ ဆေးရုံတက်နေရတဲ့အခိုက်မှာ သူမရဲ့ ခန္ဓာကိုယ် အလေးချိန်ဟာ ပေါင် ၂၀ (၉ ကီလိုဂရမ်၊ သူမ ခနာကိုယ် အလေးချိန် စုစုပေါင်း၏ ၂၀% ခန့်) အလေးချိန် လျော့ကျ သွားပါတယ်။ နောက်ထပ် နှစ် နှစ် တိတိလည်း ဆေးကုသမှု ကို ဆက်လက် ခံယူခဲ့ရပါတယ်။
အစပိုင်းမှာ ရုံးရောက် ဂါတ်ရောက် မ ဖြစ်ကြဘဲ အပူလောင်ခံရသူ အမျိုးသမီးက နစ်နာကြေး ဒေါ်လာ နှစ် သော င်း မက်ဒေါ်နယ် ကော်ဖီဆိုင်ကနေ တောင်းပါတယ်။ သူ တွက်ပြတာ ကတော့ ပြီးခဲ့တဲ့ ဆေးကုသစရိတ် ၁၀၅၀၀ ဒေါ်လာ၊ နောင် ကုန်မယ့် ဆေးကုသစရိတ် ၂၅၀၀ ဒေါ်လာ၊ ၀င်ငွေထိခိုက်ရတဲ့ အတွက် ဒေါ်လာ ၅၀၀၀။ စုစုပေါင်း တစ်သော င်း ရှစ်ထောင် ကျတာမို့ ဒေါ်လာနှစ် သော င်း ပေးဖို့ တောင်းတာပါ။ သူက ဒီလောက် တောင်းပေမယ့် မက်ဒေါ်နယ် ကော်ဖီဆိုင်က ဒေါ်လာ ၈၀၀ ပဲ ပေးနိုင်မယ်လို့ ပြောပါတယ်။ ကော်ဖီဆိုင်ဘက်က လျော်ကြေး တိုးမပေးတာကြောင့် အမျိုးသမီးကြီးဟာ တက္ကဆက်ပြည်နယ်က ရှေ့နေကြီး ရိဒ်မော်ဂန်ကို ငှားပြီး အန္တရာယ်ရှိသော ပစ္စည်းတစ်ခုကို သတိမပေးဘဲ ရောင်းချမှု ၊ ပေါ့လျော့စွာ ကုန်စည်ထုတ်လုပ်မှု တွေ နဲ့ တရားစွဲပါတယ်။ ရှေ့နေကြီး တောင်းဆိုတဲ့ ဒေါ်လာ ကိုးသော င်း ပေးရင် ကျေအေးမယ် ဆိုတဲ့ ညှိနှိုင်းချက်ကို ကော်ဖီကုမ္ပဏီက ပယ်ချလိုက်ပါတယ်။ ဒါနဲ့ ရှေ့နေက သုံးသိန်းပေးမှ ကျေနပ်မယ် ဖြစ် သွားပါတယ်။ ကြားက ၀င်ပြီး ညှိပေးသူက နှစ် သိန်း နှစ် သော င်း ငါးထောင် (၂၂၅၀၀၀) နဲ့ ရုံးမရောက်ခင်မှာ ညှိပေးပါတယ်။ ဒါပေမဲ့ မက်ဒေါ်နယ်က လက်မခံဘဲ နောက်ဆုံး တရားရုံးမှာ ရင်ဆိုင်ကြဖို့ သဘောတူပါတယ်။
၁၉၉၄ သြဂုတ်လ ၈ ရက်နေ့မှာ အမှု စစ်ပါတယ်။ အမှု ရင်ဆိုင်နေစဉ်အတွင်း ရှေ့နေကြီး စုံစမ်းသိရှိလာတာ ကတော့ မက်ဒေါ်နယ် ကော်ဖီဆိုင်ဟာ သူ့ ဖရန်ချို က် လက်ဆွဲကော်ဖီဆိုင် အာားလုံးကို ညွှန်ကြားထားတာက ကော်ဖီရောင်းတဲ့အခါမှာ ကော်ဖီရဲ့ အပူချိန်ဟာ ၁၈၀ ကနေ ၁၉၀ ဒီဂရီဖာရင်ဟိုက် (၈၂ မှ ၈၈ ဒီဂရီ စင်တီဂရိတ်) အထိ ရှိရမယ်ဆိုတဲ့ ညွှန်ကြားချက်ပါပဲ။ အဲဒီ လောက် အပူချိန်ဟာ နှစ် စက္ကန့်ကနေ ခုနစ်စက္ကန့်အတွင်း လူ တစ်ယောက် ကို ဆိုးရွားစွာ အပူလောင်နိုင်စေတယ် ဆိုတာပါပဲ။
ရှေ့နေကြီးက တရားရုံးမှာ ကော်ဖီဆိုတာ အပူချိန် ၁၄၀ ဒီဂရီဖာရင်ဟိုက် (၆၀ စင်တီဂရိတ်) အပူချိန်လောက်ပဲ ရှိသင့်ကြောင်း၊ တခြား ကော်ဖီဆိုင်တွေ အားလုံးမှာ လည်း ၁၄၀ ဒီဂရီသာ ကော်ဖီကို အပူပေးကြောင်း၊ မက်ဒေါ်နယ်ကော်ဖီဆိုင်တွေ မှာ သာ ၁၈၀ ဖာရင်ဟိုက်အပူချိန် ရှိနေကြောင်း၊ တခြားကော်ဖီဆိုင်တွေ ဟာ မက်ဒေါ်နယ်ကော်ဖီထက် အပူချိန် လျော့နည်းကြောင်း လျှောက်ထားပါတယ်။ ကျွတ်ကျွတ်ဆူနေတဲ့ မက်ဒေါ်နယ် ကော်ဖီတစ်ခွက်ဟာ အရေပြားပေါ်ကို ဖိတ်ကျခဲ့မယ်ဆိုရင် ဆယ့်နှစ် စက္ကန့်ကနေ ဆယ့်ငါးစက္ကန့်အတွင်းမှာ ဆိုးဆိုးရွားရွား အရေပြား လောင်ကျွမ်းခံရပြီး အရေပြား အစားထိုး ခွဲစိတ်မှု ပင်လိုမှာ ဖြစ်ကြောင်း သက်သေနဲ့တကွ တင်ပြခဲ့ပါတယ်။
မက်ဒေါ်နယ်ဘက်ကလည်း ကော်ဖီကို အရမ်းပူအောင် လုပ်ထားရခြင်းမှာ သူတို့ဆိုင်ကို အားပေးသူတွေ ဟာ အဝေးပြေးလမ်းမှာ ကားမောင်းသူတွေ ဖြစ်လို့ ကားမောင်းရင်းနဲ့ အေးအေးလူလူ သောက်ရအောင်၊ ချက်ချင်း အေးမသွားအောင် လုပ်ထားတာပါလို့ ချေပတယ်။ ကော်ဖီခွက် ပေါင်ပေါ် မှော က်ကျခြင်းဟာလည်း ဖြစ်လေ့ ဖြစ်ထမရှိဘဲ ကာယကံရှင်ရဲ့ နမော်နမဲ့မှု သာ ဖြစ်တယ်လို့ ချေပပါတယ်။ တရားလိုရှေ့နေဘက်ကလည်း မက်ဒေါ်နယ်ဆိုင်က ကော်ဖီ အပူလောင်တဲ့ သူတွေ ရဲ့ အလားတူ ဖြစ်ရပ်တွေ ကို ရှာပြီး တင်ပြပါတယ်။ အစားအသောက် တစ်ခုဟာ ၁၃၀ ဒီဂရီဖာရင်ဟိုက်ထက် ကျော်ခဲ့ရင် အန္တရာယ်ရှိတယ်၊ အပူလောင်နိုင်တယ် ဆိုတာကို မီးမောင်းထိုးပြလိုက်ပါတယ်။
အဖွဲ့ဝင် ဆယ့်နှစ် ယောက် ပါဝင်တဲ့ ဂျူ ရီအဖွဲ့က ဒီအပူလောင်မှု မှာ မက်ဒေါ်နယ် ကော်ဖီဆိုင်မှာ ၈၀ ရာခိုင်နှုန်း တာဝန်ရှိတယ်။ စားသုံးသူရဲ့ အမှားဟာ ၂၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆုံးဖြတ်တယ်။ ဒါကြောင့် ဆေးကုသ စရိတ် ဒေါ်လာ နှစ် သိန်းရဲ့ ၈၀ ရာခိုင်နှုန်း ဖြစ်တဲ့ တစ်သိန်းခြောက်သော င်း (၁၆၀၀၀၀) ရယူစေ။ ဒါ့အပြင် စိတ်ပိုင်း၊ ရုပ်ပိုင်း နစ်နာကြေး ပြစ်ဒဏ်အ ဖြစ် မက်ဒေါ်နယ်ကော်ဖီကုမ္ပဏီက သူမကို ဒေါ်လာသ ၂ ဒသမ ၇ သန်း ပေးဆောင်စေဖို့ ရာဇ၀င်တွင် မယ့် ဆုံးဖြတ်ချက်အမိန့်ကို ချမှတ်ခဲ့ပါတယ်။
ဒီအမှု ကလည်း အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တာပါ။ ဗားဂက်စ် (Vergas) ဆိုသူရဲ့ အိမ်နဲ့ တီနာနဲ့ ဘစ်ဆက်တို့ရဲ့ အိမ်နှစ် အိမ်ဟာ ခြံချင်း ကပ်ရက် ဖြစ်ပါတယ်။ ဗားဂက်စ်ဟာ သူ့အိမ် လျှပ်စစ်မီးရဖို့ အိမ်ခေါင်မိုးပေါ်မှာ နေရောင် ခြည်စွမ်းအင် သိုလှောင်တဲ့ ဆိုလာပြားတွေ တပ်ထားပါတယ်။ ပြဿနာက သူ့ရဲ့ ခြံချင်းကပ် အိမ်က တီနာနဲ့ ဘစ်ဆက်တို့ဟာ သူတို့ခြံထဲမှာ သစ်ပင်တွေ အလှအပအ ဖြစ် စိုက်ပါတယ်။ သူတို့ စိုက်တဲ့ သစ်ပင်ဟာ Redwood လို့ ခေါ်တဲ့ အလွန်ကို အမြင့်ကြီး ပေါက်လေ့ရှိတဲ့ သစ်ပင်တစ်မျိုးပါ။ အဲဒီ အပင်ကြီးတွေ ကြီးလာတော့ သစ်ပင်ရဲ့အရိပ် ထိုးထားတာကြောင့် ဗားဂတ်စ် ရဲ့ အိမ်ဟာ နေရောင် ခြည် တိုက်ရိုက် မရတော့ပါဘူး။ ဆိုလာပြားတွေ ပေါ်ကို နေရောင် ခြည် မကျရောက်နိုင်တာကြောင့် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်လို့ အဆင်မပြေတော့ပါဘူး။ ဒီအခါမှာ ဗားဂက်စ်ဟာ အိမ်နီးချင်း လင်မယားကို သစ်ပင်တွေ ခုတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒါပေမဲ့ တစ်ဖက် လင်မယားက ခုတ်မပေးပါဘူး။
ဒါကြောင့် နေရောင် ခြည်ရပိုင်ခွင့်နဲ့ တရားစွဲပါတယ်။ တရားရုံးက နှစ် ဖက် လျှောက်လဲချက်တွေ ကို ကြားနာပြီးတဲ့အခါမှာ သစ်ပင် ပိုင်ရှင်ဟာ ကိုယ့်ခြံထဲမှာ စိုက်ထားတာ မှန်ပေမယ့် တစ်ဖက်ခြံက လူတွေ ရဲ့ အခွင့်အရေး ကို ပိတ်ပင်ထားရာ ရောက်တဲ့အတွက် သစ်ပင်ကို ခုတ်ပေးစေ။ အကယ်၍ မခုတ်လိုပါက နစ်နာကြေးအ ဖြစ် တစ်ရက်လျှင် ဒေါ်လာ ၁၀၀၀ ပေးဆောင်စေလို့ အမိန့်ချလိုက်တာကြောင့် နေ့တိုင်း ဒေါ်လာ ၁၀၀၀ မပေးချင်တဲ့ ပိုင်ရှင်ခမျာ သူ့ရဲ့ သစ်ပင်တွေ ကို လိုအပ်တဲ့ အတိုင်းအတာအထိ ခုတ်ပေးခဲ့ရပါတယ်။ ဒါဟာ ပထမဆုံး နေရောင် ခြည် ရပိုင်ခွင့်အမှု ဖြစ်ပြီး ဒီအမှု ဖြစ်အပြီးမှာ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုက တိုက်အမြင့်ကြီး တစ်လုံး ဆောက်လိုက်လို့ အိမ်ချင်းကပ်နေတဲ့ လူ တစ်ယောက် ဟာ သူ့အိမ်မှာ ဘယ်တော့မှ နေရောင် ခြည်မရတော့တာကြောင့် ဆောက်လုပ်ရေး ကုမ္ပဏီကို တရားစွဲတဲ့အခါ အနိုင်ရပြီး ဆောက်လုပ်ရေး ကုမ္ပဏီက နစ်နာကြေး ပေးဆောင်ခဲ့ရပါတယ်။
အခုလို ရေး ပြနေရတာ ဟာ အနောက်တိုင်းနိုင်ငံတွေ မှာ လို ထစ်ခနဲရှိတရားစွဲမယ် ဆိုတဲ့ အလေ့အထတွေ ပွားများ လာအောင် အားပေးလှုံ့ဆော်နေလိုရင်း မဟုတ်ပါဘူး။ မြန်မာလူမျိုးတွေ ဟာ အင်မတန်မှ သည်းခံခြင်းတရားနဲ့ ပြည့်စုံပါတယ်။ ကမ္ဘာပေါ်မှာ သည်းအခံနိုင်ဆုံး လူမျိုးထဲမှာ ပါမယ် ထင်ပါတယ်။ ဆရာဝန် နမော်နမဲ့ ကုလို့ မသေသင့်ဘဲ သေခဲ့ရင်လည်း ‘သူ့ကံပေါ့ကွာ၊ နေဖို့က ဒီလောက်ပဲ ကံပါလာတာကိုး’ ဆိုပြီး ဆရာဝန်ကို တရားစွဲမနေပါဘူး။ ကိုယ်နေတဲ့ တိုက် ပြို ကျလည်း ကန်ထရိုက်ကို တရားစွဲဖို့ထက် ဘေးလွတ်ရာကို ပြောင်းကြဖို့သာ တွေးတတ်ကြတဲ့ လူမျိုးပါ။
လက်ဖက်ရည်ထဲမှာ ယင်ကောင်ကျလို့ သွားပြောရင်တောင် ဆိုင်ရှင်က ‘ခင်ဗျားတို့က ဒါကို ကြီးကြီးကျယ်ကျယ် လာပြောနေတယ်၊ နို့ဆီပုံးထဲ ကြွက်သေနေတာကျ မမြင်ဘဲကိုး’ လို့ ပြောတာကိုတောင် ဘာမှ စောဒက ပြန်မတက်ဝံ့တဲ့ လူမျိုးပါ။ ဒါကို အခွင့်ကောင်းယူပြီး အချို့ သော ပုဂို လ်များ ၊ အချို့ သော အသင်းအဖွဲ့များ ၊ အချို့ သော စီးပွားရေး သမားများ က ထင်ရာစိုင်းပြီး အနိုင်အထက် ပြု ကျင့်လာတာတွေ လည်း တွေ့ ရပါတယ်၏
မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို သွားနေပြီဆိုတော့ ဒီမိုကရေစီနိုင်ငံရဲ့ အားသာချက်ဟာ လွတ်လပ်တဲ့ တရားစီရင်ရေး မဏ္ဍို င် ရှိရတာ ပါပဲ။ တရားသူကြီးတွေ ၊ ဥပဒေအရာရှိတွေ ဟာ နစ်နာသူတွေ က တိုင်ကြားလာတဲ့အခါ ဘယ်လောက် သေးငယ်တဲ့ အမှု ပဲ ဖြစ် ဖြစ်၊ မိမိနိုင်ငံသားတွေ ရဲ့ ရပိုင်ခွင့်တွေ ကို လူသားချင်း စာနာစိတ်နဲ့ လေးလေးနက်နက် ဆင်ခြင်လက်ခံ ဆုံးဖြတ်ပေးဖို့ လိုအပ်ပါတယ်။ ဒီအမှု က ဘာမှ မဟုတ်လို့ တရားစွဲခွင့် မပြု နိုင်ဘူး ဆိုတာမျိုး ဒီမိုကရေစီနိုင်ငံမှာ မရှိသင့်ပါဘူး။ သူတို့ တရားစွဲတာက အာဏာပိုင်တွေ နဲ့ မကင်းရာမကင်းကြောင်း ဟိုအဖွဲ့အစည်းကြီး ဖြစ်နေတယ် ဆိုပြီး ရှောင်လွှဲတောမျိုး မရှိသင့်တော့ပါဘူး။
လူ တစ်ယောက် ကို လူပုံအလယ်မှာ ပါးရိုက်လိုက်တဲ့ အမှု ကို နှစ် ပေါက်အောင် စစ်ဆေးပြီး ဒဏ်ငွေ ကျပ်တစ်ထောင်နဲ့ ပြီးသွားရတဲ့ ဆုံးဖြတ်ချက်မျိုးဟာလည်း တရားစီရင်ရေး အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု ကို ပျက်စီးစေပါတယ်။
တကယ်တော့ မြန်မာ့နိုင်ငံမှာ ဘီယာထဲ ခရုပါလာတာထက် ဆိုးတဲ့ အစားအသောက်ထဲမှာ ပိုးသတ်ဆေးတွေ ၊ ဓာတုဗေဒ ဆိုးဆေးတွေ ပါလာတဲ့အမှု ၊ ကော်ဖီပူပူတစ်ခွက် ပေါင်ပေါ် မှော က်ကျတာထက် ဆိုးတဲ့ သံဃာတော် များ ကို မီးလောင်ဗုံးနဲ့ ပစ်ခွင်းခံရမှု ၊ နေရောင် ခြည် ရပိုင်ခွင့်လောက်ကို စာမဖွဲ့တဲ့ လယ်မြေ၊ ယာမြေ၊ ဘိုးဘွားပိုင်မြေတွေ စွန့်ခွာပေးရမှု တွေ၊ အဓမ္မအသိမ်းခံရမှု တွေ နဲ့ ပတ်သက်ပြီး တစ်စုံ တစ်ယောက် ကများ အမှု ဖွင့် တိုင်ကြားလာခဲ့မယ်ဆိုရင် ဘယ်လို လုပ်ကြမလဲ။ ဒီအမှု မျိုး တစ်ခါမှ မကြားဖူးဘူးလို့ လက်မခံဘဲ ပယ်ချလိုက်တယ် ပြောမလား။
ပြည်သူ့ဝန်ကိုထမ်း၊ ပြည်သူ့ဘဏ္ဍာကို စားနေတဲ့ တရားသူကြီးမင်းများ ဖြစ်တဲ့အတွက်၊ ဒီမိုကရေစီခေတ်လို့ ပြောထားတဲ့အတွက် ဒီမိုကရေစီနိုင်ငံများ လို ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ အမှန်ကို အမှန်အတိုင်း လက်ခံ စစ်ဆေးဆုံးဖြတ်ပေးမှာ လား ဆိုတာကို ပြည်သူတွေ က သိချင်နေကြကြောင်းပါ။
ကိုးကား
McDonalds, hot cups of coffee from Wikipedia, the free encyclopedia
http://solarpowerrocks.com/solar-trends/right-to-sun-lawsuit-won-first-of-many/
BBC News-The legal case of the snail found in ginger beer news.bbc.co.uk/2/hi/business/8367223.stm-
News Watch ဂျာနယ်၊ ၁၉-၃-၂၀၁၃
လူ့အသက်ထက် ဘယ်အရာမှ တန်ဖိုးမရှို
ပုံမှန်အားဖြင့် ကျွန်တော် နားလည်သည်မှာ လူ တစ်ယောက် အရေး ပေါ် ဒဏ်ရာရ၍ သေကောင်ပေါင်းလဲ ဖြစ်သော အခါ အနီးဆုံး ဆေးရုံသို့ ပို့ဆောင်ကြရစမြဲ ဖြစ်သည်။ တစ်ကမ္ဘာလုံးမှာ လည်း ဤသို့ပင် ဆောင်ရွက်ကြသည်။
သို့သော် ကျွန်တော် တို့ နိုင်ငံကား ရှာမှရှားသော နိုင်ငံပေတကား။
အရိုက်ခံရသော လူနာသည် အနီးဆုံး(အခင်း ဖြစ်ရာ နေရာတစ်ဝိုက် အကောင်းဆုံး) ဆေးကုသမှု ပေးနိုင်သော ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်း ပို့ဆောင်ကုသမပေးကြဘဲ ရဲကင်းသို့ စက်လှေဖြင့် သွားကြရသတဲ့။ ဆေးရုံရှိရာမြို့ နှင့် ခရီးဆန့်ကျင်ဘက် ဖြစ်သော သေသို့ သွားရပါသတဲ့။
အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများ အရ ရဲအရေး ပိုင်သော အမှု အခင်းတစ်ခုခုကြောင့် ဒဏ်ရာအနာတရ ဖြစ်လျှင် ရဲဆေးစာ မပါဘဲ မည် သည့် ဆရာဝန်၊ ဆေးရုံကမှ ကုသပေးခွင့် (အသက်ကယ်ခွင့်) မရှိပါတဲ့ ခင်ဗျာ။
ဒါ့ကြောင့် နီးတာ ဝေးတာ အပထား၊ သေတာ ရှင်တာ အပထား၊ ရဲမလာလျှင် ငုတ်တုတ်ထိုင် စောင့်ကြရမည့်  လုပ်ထုံးလုပ်နည်းများ ပေတကား။ ထို ဖြစ်ရပ်မျိုးနှင့် ခပ်ဆင်ဆင်တူသော ဖြစ်ရပ်များ စွာ ကိုလည်း သိဖူး၊ ကြားဖူးပါသည်။ မန္တလေးမြို့ တွင် ဖြစ်သည်။ ဂေါဝိန်ဆိပ်နှင့် မလိခ မော်တော် ဆိပ်အကြား ကမ်းနားလမ်းပေါ်ရှိ ညောင်ပင်ကြီးကို လူနှစ် ယောက် စီးလာသော ဆိုင်ကယ်တစ်စီး အရှိန်လွန်ပြီး ၀င်တိုက်မိရာ နှစ် ယောက် စလုံး ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။ သွေးသံတရဲရဲနှင့် လူနာကို ဆေးရုံသို့ ပို့ခွင့်မရှိ၍ လမ်းဘေးတွင် သည်အတိုင်း ထားရသည်။ ရဲကို အကြောင်းကြားရသည်။ အတော် ကြာသော အခါ ရဲ ရောက်လာသည်။ ရဲမှ ယာဉ်ထိန်းရဲသို့ ထပ်မံ အကြောင်းကြားသည်။ အတန်ကြာသော အခါ ယာဉ်ထိန်းရဲ ရောက်လာသည်။ ယာဉ်မှု စစ်ကို ထပ်မံ အကြောင်းကြားသည်။ ယာဉ်မှု စစ် ရောက်လာသော အခါ လူနာသည် ရရှိသော ဒဏ်ရာဖြင့် သွေးထွက်လွန်ကာ သေသွားသည်။
ဖြစ် ဖြစ်ချင်း ဆေးရုံသို့ တင်ပို့နိုင်ပါက အခြားဒဏ်ရာ ပြင်းထန်သော် သေချင်သေမည် ။ သို့သော် သွေးထွက်လွန်၍ သေမည့် ဘေးကိုတော့ တားဆီးနိုင်ပါလိမ့်မည် ။
နောက်ထပ် အ ဖြစ်အပျက်တစ်ခုမှာ စစ်ကိုင်းတွင် ဖြစ်ပွားသည်။ စစ်ကိုင်းမြို့ အ၀င် အ၀ိုင်းပတ်တွင် ထော်လာဂျီနှင့် ဆိုင်ကယ် အရှိန်ပြင်းစွာ တိုက်မိကြသည်။ ဆိုင်ကယ်သမားကို စစ်ကိုင်းဆေးရုံ ပို့သည်။ လက်မခံသဖြင့် မန္တလေးဆေးရုံသို့ အမြန် သယ်ဆောင်သည်။ မန္တလေးဆေးရုံ ရောက်သော အခါ (ကိုရီးယားရုပ်ရှင်ကားများ ထဲကလို) အရေး ပေါ် အခန်းတွင်းသို့ ချက်ချင်း မပို့ဘဲ တွန်းလှည်းပေါ်တွင် သည်အတိုင်း ထားပြီး ရဲစစ်ချက် ယူသည်။ ထိုသို့ စစ်ချက်ယူနေစဉ် အရေး ပေါ်လူနာကို ဘာမှ ကုသမှု မပေး။ လူနာမှာ မချိမဆံ့ ညည်းတွားအော်ဟစ်နေရသည်။
ပြည်မြို့ တွင် ဖြစ်ခဲ့သော အ ဖြစ်အပျက် နှစ် ခုမှာ ရင်နာစရာကောင်းသည်။ တက္ကသိုလ်ကျောင်းသူ မိန်းကလေး တစ်ယောက် စီးလာသော ဆိုင်ကယ်နှင့် ကားတစ်စီး ပြည်မြို့  ဗိုလ်ချု ပ်လမ်းနှင့် ကျောက်တော် ကြီးဘုရား လမ်းထိပ်တွင် တိုက်မိသည်။ ထုံးစံအတိုင်း ဆိုင်ကယ်သမား ကောင်မလေးမှာ ပြင်းထန်စွာ ဒဏ်ရာရသည်။ ထိုနေရာသည် ကားဖြင့် သွားလျှင် ပုဂ္ဂလိကဆေးရုံတစ်ခုနှင့် ငါးမိနစ်သာ ဝေးသည်။ ရဲစခန်းနှင့် ၂ မိနစ်သာ ဝေးသည်။ သို့သော် ကြိုးနီစနစ်အတိုင်း လုပ်ထုံးလုပ်နည်းများ ကြောင့် အရေး ပေါ် ဖြစ်နေသော ကောင်မလေးကို ဘယ်သူမှ ထိကိုင်ခွင့် မရှိ။ အကူအညီပေး၍ မရ။ ရဲ မလာမချင်း သည်အတိုင်း လူနာကို ငုတ်တုတ်ကြည့်နေရသည်။ မျက်မြင်သက်သေတစ်ဦးက ပြောပြရာတွင် -
“ရဲမလာသေးလို့ ဆိုပြီး လမ်းဘေးမှာ ဒီအတိုင်း ပစ်ထားတာဗျာ။ ခွေးတစ်ကောင် ကားတိုက်ခံရလို့ ပစ်ထားသလိုပါပဲ။ ကြည့်ရတာ တော် တော် စိတ်မကောင်း ဖြစ်စရာပါပဲ။ ရဲကို စောင့်နေတုန်း အရေး ပေါ် အသက်ကယ်တဲ့ နည်းလမ်းတစ်ခုကိုတော့ သုံးသင့်ပါတယ်။ မလာသေးတဲ့ ရဲကို စောင့်ရရင်လည်း ဒီလို လမ်းဘေးမှာ လူ့သိက္ခာမရှိ ခွေးတစ်ကောင်လို ပစ်ထားတာတော့ မ ဖြစ်သင့်ပါဘူး။ ကောင်မလေးဟာ အဲဒီ နေရာမှာ ပဲ သွေးထွက်လွန်ပြီး ဆုံး သွားပါတယ်”
ပြည်မြို့ မှ နောက်ထပ် အ ဖြစ်အပျက်တစ်ခုမှာ အမှု တစ်ခုကြောင့် ရဲက လိုက်ဖမ်း၍ ကြောက်ကြောက်လန့်လန့်နှင့် ဆိုင်ကယ် မောင်းပြေးသော ဆယ်တန်းကျောင်းသားလေး နှစ် ယောက် အမှု ဖြစ်သည်။ ကျောင်းသားနှစ် ယောက် က ရှေ့မှ ပြေးသည်။ ရဲတစ်ဦးက ဆိုင်ကယ်နှင့် နောက်မှ လိုက်သည်။ မီလာသော အခါ ရဲက လှမ်းဆွဲလိုက်ရာ ကျောင်းသားလေး နှစ် ယောက် ၏ ဆိုင်ကယ်မှာ အရှိန်နှင့် တိမ်းမှော က်သွားသည်။ ထိုကျောင်းသားလေးတွေ သွေးအလိမ်းလိမ်း ဖြစ်နေစဉ်မှာ ရဲက လက်ထိတ်ခတ်သည်။ ဘေးနားက လူတွေ က လက်ထိတ်မခတ်ဖို့ ၀ိုင်းပြောသဖြင့် လက်ထိတ်ဖြု တ်စဉ် လူနာကျောင်းသားလေးမှာ အသက်ပျောက်သွားသည်။
ထိုသို့ ရင်နာစရာ ကိစ္စများ မြန်မာပြည် တစ်နံတစ်လျားမှာ နေ့စဉ် ဖြစ်ပျက်နေသည်။ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါ ဖြင့် ကွယ်လွန်သူထက် မတော် တဆ ယာဉ်တိုက်မှု ၊၊ ဆိုင်ကယ်တိုက်မှု ကြောင့် သေသော သူက အရေအတွက် ပိုများ နေသည်။ မန္တလေးတစ်မြို့ တည်းမှာ ပင် ၂၀၀၈ ခုနှစ် တစ်နှစ် တည်းတွင် ယာဉ်မတော် တဆမှု ၅၁ မှု ဖြစ်ပွား၍ ၂၅ ဦး သေကာ ၇၁ ဦး ဒဏ်ရာရခဲ့သည်ဟု တရားဝင် ကိန်းဂဏန်းများ က ဆိုသည်။ ၂၀၀၅ မှ ၂၀၀၈ လေးနှစ် အတွင်းမှာ ပင် မန္တလေးတွင် ယာဉ်တိုက်မှု ကြောင့် သေဆုံးသူပေါင်း ၆၁ ဦး ရှိပြီး ဒဏ်ရာရသူ ၄၀၉ ဦး ရှိသည်။ တစ်နိုင်ငံလုံး ဆိုပါက သေဆုံးသူ အရေအတွက်မှာ နည်းမည် မဟုတ်ချေ။
သေသေချာချာ စနစ်တကျ မှတ်တမ်းတင်မထား၍ သေသူများ ၏ မည် သည့် ရာခိုင်နှုန်းသည် ဒဏ်ရာကြောင့် ၊ မည် သည့်ရာခိုင်နှုန်းသည် အချိန်မီမကုသ၍ သွေးထွက်လွန်မှု ကြောင့် သေဆုံးသည်ဟု တိတိကျကျ မပြောနိုင်သော်လည်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ နှင့် လုပ်ထုံးလုပ်နည်းများ အရ အချိန်မီ ဆေးရုံသို့ မပို့ဆောင်နိုင်သဖြင့် သေဆုံးရခြင်းမှာ အများ စု ဖြစ်ကြောင်း ထင်ရှားသည်။
ထိုသို့ ဘာကြောင့် ဖြစ်နေရသလဲ ဆိုတာ သုံးသပ်ကြည့်သော အခါ ‘ရဲအရေး ပိုင်သော (Police Case) ဖြင့် အရေး ပေါ် ဒဏ်ရာရသော လူနာများ ကို ရဲ၏ ခွင့်ပြု ချက် မပါပဲ ဆေးရုံ ဆေးခန်းများ မှ ကုသမပေးရ’ ဟူသော ကန့်သတ်ချက်ကြောင့် ဖြစ်ကြောင်း လေ့လာတွေ့ ရှိရသည်။
ဤကန့်သတ်ချက်၏ မူလ ရည်ရွယ်ချက်မှာ ရာဇ၀တ်မှုခင်း တစ်ခု ဖြစ်ရာတွင် ရရှိသော ဒဏ်ရာကို ရဲက မစစ်ဆေးရသေးဘဲ ဆရာဝန်က ကုသလိုက်လျှင် မူရင်းဒဏ်ရာ ပျောက်သွား၊ ပုံပျက်သွားပြီး တရားခံကို ဖော်ထုတ်ဖမ်းဆီးရာတွင် အနှောင့်အယှက် ဖြစ်မှာ စိုး၍ ရဲက ကြည့်ရှု မှတ်တမ်းတင်ပြီးမှ ဆရာဝန်များ ဆက်လက်ကုသဖို့ ကြံရွယ် ပြဌာန်းခဲ့ဟန် ရှိသည်။
သို့သော် တစ်ခု စဉ်းစားစရာ ကောင်းသည်မှာ ဆိုင်ကယ်မှော က်မှု ၊ ယာဉ်တိုက်မှု စသည် တို့သည် လူသတ်မှု မဟုတ်။ ပေါ့ဆ၍ လူသေစေမှု နှင့် သာ အကျုံးဝင်သည် ဖြစ်ရာ ‘ရဲ မလာရောက်ခင် ကုသခွင့် မပြု ရ’ ဟူသော တားမြစ်ချက်မှာ ကျိုးကြောင်းဆီလျော်မှု မရှိဘဲ တန်ဖိုးရှိ လှသော လူ့အသက်များ ကို အလဟဿ ဖြု န်းတီး နုတ်ယူနေသလို ဖြစ်ပါသည်။
ယာဉ်တိုက်မှု ၊ ယာဉ်မှော က်မှု ဖြစ်တိုင်း ယာဉ်မောင်း၊ သို့စမဟုတ် ဆိုင်ကယ်မောင်းသူအား ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က) ဖြင့် ရဲမှတရားလိုလုပ်ပြီး အမှု ဖွင့်လေ့ရှိရာ မူလဥပဒေ ပြဌန်းချက်ကို အောက်ပါအတိုင်း တွေ့ ရှိရလေသည်။
‘ပုဒ်မ ၃၀၄ (က)။ ပေါ့လျော့ခြင်းဖြင့် လူသေစေမှု ၊ မည် သူမဆို ရာဇ၀တ်ပြစ်ဒဏ်ထိုက်သော လူသေမှု အ ဖြစ်ဖြင့် လည်းကောင်း၊ လူသတ်မှု အ ဖြစ်ဖြင့် လည်းကောင်း ပြစ်ဒဏ်ချမှတ်ခြင်း မခံထိုက်သော အရမ်းပြု လုပ်မှု ကို။ သို့တည်းမဟုတ် ပေါ့လျော့သော ပြု လုပ်မှု ကို ပြု ၍ လူကို သေစေလျှင် ထိုသူကို ခုနစ်နှစ် အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ သို့ရာတွင် အဆိုပါ ပြု လုပ်မှု ကို သေစေတန်ရာသည်ဟု သိလျက်နှင့် ပြု လျှင် ထောင်ဒဏ်ကို တိုး၍ ဆယ်နှစ် အထိ ချမှတ်နိုင်သည်’ ဟူ၍ မြန်မာနိုင်ငံ ရာဇသတ်ကြီးတွင် ပြဌာန်းထားပေသည်။
သို့သော် ထိုမူလဥပဒေထဲတွင် ဒဏ်ရာရသူကို ရဲက စစ်ဆေးပြီးမှ ဆက်လက် ဆေးကုသ ခွင့်ပြု ရမည် ဟု မပါဝင်ချေ။ ထိုကန့်သတ်ချက်သည် မူလဥပဒေတွင် မပါဘဲ နည်းဥပဒေ၊ အမိန့်များ တွင် ထပ်ထည့်ထားဟန် တူပါသည်။ ဥပဒေအထက်တွင် နည်းဥပဒေ၊ ညွှန်ကြားချက်၊ နှုတ်မိန့်၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များ က လွှမ်းမိုးနေသော ခေတ်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အိမ်အဖီက အိမ်မကြီးကို ကျော်ပြီး ဆောက်ထားသကဲ့သို့ ဖြစ်နေပေ၏ ။
တစ်ခါတစ်ရံ နိုင်ငံခြားသား တိုးရစ်အချို့  အရေး ပေါ် ကျန်းမာရေး ချို့ ယွင်းလာ၍ ပုဂလိက ဆေးခန်း၊ ဆေးရုံများ သို့ ပို့သော အခါ ဆရာဝန်များ က ကုသပေးနိုင်ပါလျက် သူတို့ကို အမှု ပတ်မှာ ကြောက်သဖြင့် ဆေးရုံကြီးသို့ပဲ ပို့ပါဟု ဘောလီဘော ပုတ်ကြသော ကြောင့် လမ်းခရီးတွင် အချိန်ကြန့်ကြာကာ အသက်ဆုံးရှုံးမှု များ ဖြစ်ခဲ့ဖူးပါသည်။ ဆရာဝန်၏ လုပ်ပိုင်ခွင့် (အသက်ကယ်ခွင့်) အပေါ် ရဲ၏ လုပ်ပိုင်ခွင့်က ၀င်ရောက်ကြီးစိုး လွှမ်းမိုးနေသော ကိစ္စ ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံတွင် ဥပဒေတစ်ခုကို ပြဌာန်းသော အခါ သူ့နိုင်ငံသားများ ၏ အသက်အိုးအိမ် စည်းစိမ်များ ကို ကာကွယ်ဖို့ ရည်ရွယ်ချက်ဖြင့် ရည်ရွယ် ပြဌာန်းထားသည် များ ပါ၏ ။ ထိုပြဌာန်းချက် တစ်ခုသည် လူတွေ ၏ အသက်ကို မကယ်နိုင်ရုံမျှမက အသက်အန္တရာယ်ကို ခြိမ်းခြောက်လာပြီ ဆိုရင်တော့ အမြန်ဆုံး ထိုဥပဒေ၊ တားမြစ်ချက်များ ကို ဖျက်သိမ်းပစ်ရန် လိုအပ်လှသည်။ (ဥပဒေ- ဒဏ်ရာရသူကို ဆေးကုသမှု အမြန်ဆုံး ခံယူစေပြီးမှ ရဲက စစ်ချက် ယူတော့ကော မရသလော။)
ကိုယ် ၀ယ်ထားသော ဖိနပ်တစ်ရန်သည် ခြေထောက်နဲ့ မတော် ဘဲသေးနေသော အခါ ပို၍ အဆင်ပြေမည့်  နောက်ထပ် ဖိနပ်တစ်ရန်ကို ရှာရပါမည် ။ ခြေထောက်နဲ့ တော် သွားအောင် ခြေဖနောင့်ကို ဓားနဲ့ လှီးပစ်မယ် ဆိုသော ဥာဏ်ပညာ မပါသည့် အရိုးစွဲ တရားသေ၀ါဒအား ဖယ်ရှားပစ်ချိန် တန်ပါပြီ။
ကျွန်တော် တို့သည် ဥပဒေများ ကို ပြဌာန်းရာတွင် ပိဋကတ်သုံးပုံလို၊ သမ္မာကျမ်းစာလို ထိုင်ရှိခိုးနေဖို့ မဟုတ်။ အများ ကောင်းကျိုးအတွက် အသုံးချကြဖို့ လိုရင်း ဖြစ်သည်။
လူ့အသက်ပေါင်းများ စွာ ကို သေစေခဲ့ပြီး ဖြစ်သော နည်းဥပဒေဟောင်းကြီး တစ်ခုကို လှေနံဓားထစ် ဖက်တွယ်ကာ လူ့အသက်များ ကို ဆက်လက်စတေးမလား၊ ပို၍ ကောင်းသော ဥပဒနှင့် လုပ်ပိုင်ခွင့် တစ်ခုကို ပြဌာန်းကြမလား ဆိုတာ တိုးတက်သော အမြင်ဖြင့် ရဲရဲဝံ့ဝံ့ ဝေဖန်ကြဖို့ အချိန်ကျပြီဟု နှိုးဆော်လိုက်ရကြောင်းပါ။
News Watch ဂျာနယ်၊ ၅-၃-၂၀၁၃
ဒီမိုကရေစီသို့ အိတ်ဖွင့်ပေးစာု
အစ်ကိုကြီး နေကောင်းရဲ့လား။ ၁၉၆၂ မှာ အစ်ကို ဆုံးသွားတယ်လို့ ပြောသံ ကြားရပြီး နှစ် တွေ အတော် ကြာမှ အစ်ကိုကြီး မသေဘူးဆိုတာ သိရလို့ ကျွန်တော် တို့ အားလုံး တအားဝမ်းသာနေကြတယ်။ အသက် မသေပေမယ့် အစ်ကိုကြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ် ကြားလို့ ကျွန်တော် တို့ စိတ်ပူနေကြတယ်။ ဒါပေမဲ့ အစ်ကိုကြီးကို လူကိုယ်တိုင် မမြင်ရသေးတော့ အစ်ကိုကြီး ပြန်လာပြီဆိုတာ မသေချာသလို မယုံမရဲ ဖြစ်နေကြသေးတယ်။ အိမ်က အစ်ကိုကြီး ထွက်သွားတာလည်းကြာပြီ မဟုတ်လား။ အစ်ကိုကြီး မရှိတဲ့အခိုက်မှာ အိမ်မှာ လည်း အပြောင်းအလဲတွေ တော် တော် ဖြစ်တယ် အစ်ကိုကြီး။
ပထမဆုံး အပြောင်းအလဲက အိမ်ကို တောက ဦးကြီး ရောက်လာတယ်။ သူ့ခြေ သူ့လက် သူပဲ အားလုံးကို အုပ်ချု ပ်တယ်။ ကျွန်တော် တို့ဟာ ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ အစ်ကို မရှိတဲ့အခိုက်မှာ ကျွန်တော် တို့ ညီအစ်ကို မောင်နှမအားလုံး သူ့ကို သေမလောက် ကြောက်ရတယ်။
ထစ်ခနဲရှိ ရိုက်တယ်၊ နှက်တယ်၊ နှိပ်စက်တယ်၊ အကြောင်းအမျိုးမျိုးရှာပြီး အနိုင်ကျင့်နေတော့တာပဲ။ ရွာအနောက်အပိုင်းက အမြင်မတော် လို့ ၀င်ပြော ကတော့လည်း ကိုယ့်မိသားစု အရေး ပဲတဲ့၊ ဘယ်သူမှ ၀င်ပါစရာ မလိုဘူးတဲ့။ အဖေ ရှိတုန်းကဆိုရင် ဒီဦးကြီးဟာ အိမ်ကိုတောင် ရဲရဲမလာဝံ့တာ အစ်ကိုကြီး သိပါတယ်။ သူ ပေါင်းတဲ့သူကလည်း သိပ်ပြီးတော့ အကျင့်မကောင်းဘူးလေ။ ရွာအရှေ့မြောက်ဘက်က ကိုပေါက်ဖော် ဆိုတဲ့ သူနဲ့ပဲ ပေါင်းတယ်။ ကိုပေါက်ဖော်ကလည်း တစ်ကိုယ်တည်းဆန်လွန်း၊ စီးပွားရေး သော င်းကျန်းလွန်းလို့ တစ်ရွာလုံးက အော့ကြောလန်တဲ့ ချဉ်ဖတ် တစ်ယောက် ပါ။
အရင် ကတော့ ကျွန်တော် တို့ အိမ်ရဲ့စီးပွားရေး ဟာ ချောင်ချောင်လည်လည် ရှိပါတယ်။ အိမ်နီးပါးချင်းထဲမှာ ကျွန်တော် တို့ဟာ စီးပွားရေး အကောင်းဆုံးပဲ။ ဒါပေမဲ့ အစ်ကိုကြီး ထွက်သွားပြီးနောက် စီးပွားရေး တောက်လျှောက်ကျလာတယ်။ ဦးကြီးက စီးပွားရေး နားမလည်ဘဲ ထင်ရာစိုင်းတာရြော၊ ဦးပေါက်ဖော်ရဲ့ တပည့်တပန်းတွေ တရစပ် စားကြ သောက်ကြတာရော၊ ဦးပေါက်ဖော်နဲ့ လူပေါင်းမှားတာရောကြောင့် အိမ်ရဲ့ စီးပွားရေး ဟာ မယုံနိုင်စရာ ကုန်းကောက်စရာ မရှိအောင် ဖြစ်ခဲ့ရတယ် အစ်ကိုကြီး။ နောက်ဆုံးမှာ တော့ ရွာမှာ အမွဲဆုံး အိမ်ထောင်စုတစ်စု ဖြစ်သွားတဲ့အပြင် အကြွေးတွေ တောင် နင့်နေအောင် တင်နေပါသေးတယ်။
အဖေထားခဲ့တဲ့ ပစ္စည်းတွေ ရော၊ အစ်ကိုကြီး လက်ထက်မှာ ပွားစီးခဲ့တဲ့ လုပ်ငန်းတွရော တဖြည်းဖြည်း ချွတ်ခြုံ ကျလာတော့ နောက်ဆုံးမှာ ဦးကြီးဟာ အိမ်မှာ ရှိတဲ့ အတွင်းပစ္စည်းတွေ ကိုပဲ ပေါပေါပဲပဲနဲ့ ချရောင် လာ တော့တယ်။ အဓိက ကတော့ ဦးပေါက်ဖော်ကို သူခိုးဈေးနဲ့ ချရောင်းတာပါပဲ။ အိမ်ဝိုင်းထဲက သစ်ပင်တွေ ရော၊ ဘိုးစဉ်ဘောင်ဆက် ရှိခဲ့တဲ့ ကျောက်မျက်ရတနာတွေ ရော ချရောင်းရတော့တာပါပဲ။
ဘာတွေ ရောင်းလို့ ဘယ်လောက် ရသလဲ ဆိုတာတော့ ဦးကြီးက ဘယ်တော့မှ ကျွန်တော် တို့ မောင်နှမတွေ ကို ချမပြလို့ မသိရပါဘူး။
ဒီလိုနဲ့ ညီမလေး မရှမ်းဆီက ပတ္တမြားလက်ကောက်၊ ညီအငယ်မောင်ဒူးဝါးဆီက ကျောက်စိမ်း အနှစ် သားလေးတွေ ရော၊ ညီလေး မောင်ရခိုင်ဆီက ဓာတ်ငွေ့မီးဖိုကြီးရော ဦးလေးဟာ သူ့မိတ်ဆွေ ပေါက်ဖော်ကြီးဆီ ရောင်းပစ်လိုက်တယ်။ ကျွန်တော် တို့ ကတော့ ဘာမှ မရဘူး အစ်ကိုကြီး။ မငတ်ရုံတစ်မည် စားနေ၊ ၀တ်နေရတာ ကိုတောင် သူနဲ့ ကိုပေါက်ဖော်ရဲ့ ကျေးဇူးကြောင့် ဆိုပြီး မကြာ မကြာ ဂုဏ်ဖော်ပြီး ပြောသေးတာ။ သူ ခဏ ခဏ ပြောတာက ‘မင်းတို့အိမ်က ချောက်ထဲကို ကျဖို့ လက်နှစ် ဖက်လုံးပဲ လိုတော့လို့ သူ ကယ်တင်လိုက်ရတာ ပါ’ တဲ့။ သူ ပြောတာ မဟုတ်မှန်း သိပေမယ့် အိမ်သားတွေ ကို ခွေးရိုက်၊ နွားရိုက် ရိုက်လေ့ရှိတာမို့ ကျွန်တော် တို့လည်း တစ်ခွန်းတစ်ပါဒမှ စောဒက မတက်ရဲဘူး ရွာထဲက လူတွေ ကတော့ သူ့ကို အော့ကြောလန်ပြီး ဆေးဖော်ကြောဖက်တောင် မလုပ်ြ ကတော့ဘူး။
အစ်ကိုကြီးကို တမ်းတပြီး ငိုနေလို့ ဆိုပြီး ညီမလေးနဲ့ ညီလေးတောင် အရိုက်ခံရသေးတယ်။ အိမ်ကိုလည်း ကိုပေါက်ဖော်ကလွဲလို့ ဘယ်သူမှ လာလည်တာ မကြို က်ဘူး။ ရွာအနောက်မြောက်ဘက်က ကိုဆာမိကြီးလည်း တစ်ခါတလေတော့ လာလည်ပါတယ်။ ဒါပေမဲ့ ဦးလေးက သိပ်လက်မခံချင်ပုံ မရတာ နဲ့ မလာတော့ဘူး။ အိမ်ကိုလည်း အမြဲ ပြတင်းပေါက် တံခါးတွေ ပိတ်ထားတာများ တော့ အနံ့အသက် မကောင်းဘဲ မှော င်မည်းနေတယ်။ လေ၀င်၊ လေထွက်လည်း မကောင်းဘူး။ ကိုပေါက်ဖော် ကတော့ မကြာ မကြာ လာပါတယ်။ အိမ်က သံတိုသံစတွေ ၊ ကြေးနီ ကြေးဝါတွေ ၊ ရွှေတိုငွေစတွေ အားလုံးကို ပေါပေါပဲပဲ အောက်ဈေးနဲ့ ၀ယ်တာပဲ။ ပြီးတော့ သူတို့အိမ်မှာ မသုံးတော့တဲ့ တိုလီမိုလီ ပစ္စည်းလေးတွေ နဲ့ လဲပြီး ယူသွားတတ်သေးတယ်။ သူတို့ စားလို့ မကုန်တဲ့ အကြွင်းအကျန်လေးတွေ ပေးပြီး ကျေးဇူးရှင်လိုလို ဘာလိုလိုပေါ့ အစ်ကိုကြီးရယ်။
တဖြည်းဖြည်းနဲ့ အိမ်ဟာ ချွတ်ခြုံကျလာတဲ့အချိန်မှာ ဦးကြီးဟာ သူနဲ့ ပလဲနံပသင့်တဲ့ လူတွေ ကို လူကောင်းမှန်း မသိ၊ လူဆိုးမှန်း မသိ အိမ်ထဲကို ခေါ်သွင်းလာတတ်တယ်။ အိမ်ဟာ တဖြည်းဖြည်း ယိုယွင်းလာလိုက်တာ အိမ်အနောက်ဘက် ခြံစည်းရိုးဟာ လုံးဝ ကျိုးသွားပြီ အစ်ကိုကြီး။ အဲဒီ အနောက်ဘက် ခြံစည်းရိုးအပေါက်ကနေ ခွေးတွေ ရော၊ ကြောင်တွေ ရော၊ ကျီးကန်းတွေ ရော အိမ်က ပစ္စည်းတွေ ကို ရရင် ရသလို အချောင်နှိုက်ဖို့ ၀င်ဝင်လာကြတယ်။ ဦးကြီးက ရေနွေးအိုးကျို ဖို့ ထင်းမရှိတာနဲ့ ခြံစည်းရိုးကို ထင်းခွေရာက ကြာတော့ ခြံစည်းရိုး ပျက်သွားတာပါ။ ပြန်ကာဖို့ ကတော့ အတော် ကို လုပ်ယူရလိမ့်မယ် အစ်ကိုကြီး။
အစ်ကိုကြီးရေ … မမွန်တို့၊ မောင်ကရင်တို့ ကတော့ နေကောင်းကြပါတယ် မောင်ဒူးဝါး ကတော့ ဟိုနေ့က အိမ်မှာ လုံခြုံ ရေး ဒရ၀မ် ငှားထားတဲ့ ဦးကြီးတပည့် မောင်ပွကြီးနဲ့ ရန် ဖြစ်ကြသေးတယ်။ မှော င်ထဲမှာ လုံးကြ၊ ထွေးကြ၊ ထိုးကြ၊ ကြိတ်ကြတာ နှစ် ဖက်စလုံး တော် တော် နာတသွားကြတယ်။ အခုတော့လည်း သူတို့နှစ် ယောက် လက်ဆွဲနှုတ်ဆက်နေကြပါပြီ။ မောင်ပွကြီးကလည်း မောင်ဒူးဝါးက စထိုးလို့ သူ့ကိုယ်သူ ကာကွယ်တာပါတဲ့။ မောင်ဒူးဝါးကလည်း မောင်ပွကြီးက စ ချဲလင်းခ်ါလို့ သူက ပြန်ထိုးရတာ ပါလို့ ပြောတယ်။ ကျွန်တော် တို့ကလည်း သူတို့ ရန် ဖြစ်တဲ့ နေရာကို သေသေချာချာ သွားကြည့်တာ မဟုတ်လို့ ဘယ်သူ့အလွန် ဆိုတာ မပြောတတ်ဘူး အစ်ကိုကြီး။ သေချာတာ ကတော့ ဒီလိုသာ အိမ်ထဲမှာ ကိုယ့်အချင်းချင်း သတ်နေကြတယ်ဆိုရင် အိမ်ရဲ့ စီးပွားရေး ဟာ ဘယ်တော့မှ နာလန်ထူမှာ မဟုတ်ဘူး။ မောင်ပွကြီးကလည်း ကိုယ်နဲ့ မဆိုင်တာတွေ ၀င်ဝင်လုပ်နေတယ်။ ညဘက် ကင်းစောင့်ရင်းနဲ့ ဈေးထွက်ရောင်းနေတယ်။
အိမ်မှာ လည်းပဲ ခုတစ်လော ပွက်လောရိုက်နေတယ် အစ်ကိုကြီးရေ။ အိမ်ရှေ့က တောင်ပူစာကို ဦးကြီးက သူ့သဘောနဲ့သူ ကိုပေါက်ဖော်ကို ရောင်းစားတဲ့ ကိစ္စလေ။ အိမ်သားတွေ က မကျေနပ်တော့ ပူညံပူညံ ဖြစ်ကုန်ရော။ အစ်မကြီးကလည်း ပြေလည်ရာ ပြေလည်ကြောင်း ၀င်ရှင်းပါသေးတယ်။
ဒါပေမဲ့ ဦးကြီး၊ ကိုပေါက်ဖော်နဲ့ ကိုပွကြီးတို့ ရှုပ်ထားတဲ့ ဇာတ်လမ်းမှာ သူက ဓားခုတ်ရာ လက်ဝင်လျှို သလို ဖြစ်ပြီး အချောင် နာမည် ပျက်ရမယ့် ကိန်းဆိုက်နေတယ် အစ်ကိုကြီး။ ပဲလှော်ကြား ဆားညပ်တယ် ပြောမလား။ အဆင်းကို ဘီးတက်ပေးတယ် ဆိုမလား။ ချောက်ချခံရတယ်ပဲ ခေါ်မလား။
အစ်မကြီးခမျာ အသက်အရွယ်နဲ့မမျှ အပင်ပန်းခံပြီး ၀င်ရှင်းပေးခါမှ ကတ်ကတ်လန် ရန်တွေ့ ခံရတာ ရင်နာလို့ မဆုံးဘူး အစ်ကိုကြီး။ အိမ်မှာ တော့ အဲဒီ လိုပဲ ဦးကြီး လက်ထက်က မရှုပ်မရှင်း လုပ်ခဲ့တဲ့ ကိစ္စတွေ ဟာ အခုထက်ထိ ရှင်းလို့ မနိုင်သေးဘူး အစ်ကိုကြီးရေ …။ အမယ်ဘုတ်ရယ် သူ့ချည်ခင် ဆိုတာလို ဖြစ်နေတုန်းပါပဲ။
ဟိုတစ်လော ကတော့ အစ်ကိုကြီး မသေဘူးဆိုတဲ့ သတင်း သဲ့သဲ့ကြားတယ်။ အစ်ကိုကြီး ပြန်လာတော့မယ်လို့လည်း တချို့ တွေ က ရွာထဲမှာ ပြောနေကြတယ်။ အစ်ကိုကြီး ပြန်လာမယ် ဆိုတဲ့ သတင်း ကြားလို့လားတော့ မသိဘူး၊ ဦးကြီးက ငါ့ဇာတိရွာ ခဏပြန်ဦးမယ် ဆိုပြီး အိမ်ကနေ ထွက်သွားတယ်။ သူ ပြန်လာမှာ ကိုတော့ ကျွန်တော် တို့ စိုးရိမ်တယ် အစ်ကိုကြီး။ သူ့တပည့်တွေ ကလည်း အစ်ကိုကြီးကို လုပ်ကြံဖို့ ရွာအ၀င်လမ်းမှာ စောင့်နေကြတယ်လို့ သတင်းရတယ် အစ်ကိုကြီး။ သတိထားပါ။ အစ်ကိုကြီး ပြန်လာရင် အချောင်သမားတွေ နေရာ မရမှာ မို့ လူညစ်ပတ်တွေ က အစ်ကိုကြီးကို မလိုလားကြဘူး။ ဒါပေမဲ့ အစ်ကိုကြီး ပြန်လာမယ်ဆိုလို့ မြို့ မှာ ကြီးပွားနေတဲ့ အန်ကယ်ဆမ်ကလည်း တွေ့ ချင်နေတယ်။ သူကလည်း အစ်ကိုကြီးနဲ့ တွဲ ပြီး အလုပ်တွေ အများ ကြီး လုပ်စရာ ရှိတယ် ပြောတယ်။ ကိုနိပ္ပန်ကလည်း အစ်ကိုကြီးနဲ့ အလုပ် အတူလုပ်ချင်တယ်တဲ့။ ကျွန်တော် ထင်တာတော့ သူတို့နဲ့ လက်တွဲ ပြီး အစ်ကိုကြီး အလုပ်လုပ်လိုက်ရင် ကျွန်တော် တို့ မိသားစု အရင်လို ပြန်ပြီး ကြီးပွားတိုးတက်လာမှာ ပဲလို့ အားလုံးက ယုံကြည်နေကြတယ်။။
ဟိုနေ့က ရွာအစွန် တောင်ကုန်းနားမှာ အစ်ကိုကြီးကို တွေ့ ခဲ့တယ်လို့ ရွာသား တစ်ယောက် က ကျွန်တော် တို့ကို လာပြောတယ်။ သူက အစ်ကိုကြီးကို မျက်စိနဲ့ တပ်အပ်သေချာ မြင်ခဲ့တာပဲ။ ဒီတော့ ကျွန်တော် တို့ ညီအစ်ကို မောင်နှမအားလုံး ၀မ်းသာတာပေါ့။
ဒါပေမဲ့ အစ်ကိုကြီးကို မြင်ခဲ့တဲ့သူက ပြောတယ်။ အစ်ကိုကြီးဟာတဲ့ ရွာအနောက်ဘက်က ရေတွင်းပျက်ကြီးရဲ့ ဘောင်ပေါ်မှာ မတ်တတ်ရပ်နေတယ်တဲ့။ ပြီးတော့ အစ်ကိုကြီးရဲ့ ပေါင်အောက်ခြေကစပြီး ခန္ဓာကိုယ်ရဲ့ လေးပုံတစ်ပုံကို အ၀တ်မည်းကြီး အုပ်ထားတယ်တဲ့ အစ်ကိုကြီးတစ်ကိုယ်လုံးကို သူ မြင်ခဲ့ရပေမယ့် အ၀တ်မည်းကြီး အုပ်ထားတဲ့ အပိုင်းကိုတော့ သေသေချာချာ မမြင်ခဲ့ရပါဘူးတဲ့။
အဲဒီ တော့ ကျွန်တော် တို့လည်း စိုးရိမ်တယ်။ အစ်ကိုကြီး ခြေထောက်နှစ် ဖက် မရှိတော့လို့ အ၀တ်မည်းကြီး ပတ်ထားတာလို့ ပြောတယ်။ တချို့ ကလည်း အစ်ကိုကြီးက ခြေတုကြီး တပ်ထားတာ လူမြင်မှာ စိုးလို့တဲ့။ တချို့  ကတော့ အစ်ကိုကြီး အ၀တ်မည်းကြီးကို ခဏ ၀တ်ထားတာ၊ နောက်တော့ ချွတ်မှာ လို့ ပြောကြတယ်။ ဒီလို အမျိုးမျိုး ပြောနေကြပြီး အစ်ကိုကြီးကို ခုထက်ထိ လက်ဆုပ်လက်ကိုင် မတွေ့ ရသေးတော့ ကျွန်တော် တို့လည်း စိတ်ပူတယ် အစ်ကိုကြီး။ အ၀တ်မည်းကြီးကို ဖြေလိုက်တဲ့ အချိန်မှာ ခြေတုကြီးတပ်ထားတဲ့ အစ်ကိုကြီးကိုကျွန်တော် တို့ မမြင်ချင်ဘူး။ ချို င်းထောက်ကြီးနဲ့ အစ်ကိုကြီးကို ကျွန်တော် တို့ မတွေ့ ချင်ဘူး။ အစ်ကိုကြီး ရေတွင်းထဲ ခြေချော်ကျသွားမှာ ကို မလိုလားဘူး။ အစ်ကိုကြီး ကျန်းကျန်းမာမာ ဘေးအန္တရာယ် ကင်းရှင်းစွာ နဲ့ ပြန်လာမယ့်နေ့ကို ကျွန်တော် တို့အားလုံး အိမ်ရှေ့က ထွက်ကြို နေမယ်။ ကိုယ်လက်အင်္ဂါ အစုံအလင်နဲ့ အစ်ကိုကြီး အမြန် ပြန်လာနိုင်ပါစေ။
မှတ်ချက်။ ။ အစ်ကိုကြီး ပြန်လာရင် အစ်ကိုကြီး သားလေး မောင်ဖက်ဒရယ်ကိုပါ ရအောင် ခေါ်ခဲ့ပါ။ ကျွန်တော် တို့လည်း သူ့ကို တစ်ခါမှ မမြင်ဖူးတော့ တွေ့ ဖူးချင်လှပြီ။ အစ်ကိုကြီး ဒီမိုကရေစီ သက်တော် ထောင်ကျော် ရှည်ပါစေ။
ချစ်တဲ့ ညီအစ်ကို၊ မောင်နှမများ
ပြည်သူ့ဆန္ဒသတင်းဂျာနယ်၊ ၂၈-၃-၂၀၁၃။
ရှက်တတ်ကြစေချင်ပါသည်
ဧည့်လမ်းညွှန် တစ်ယောက် အနေဖြင့် အင်းလေးကန်ဒေသသို့ မကြာခဏ ကျွန်တော် ရောက်လေ့ရှိပါသည်။ ထိုသို့ သွားလာလည်ပတ်သော အခါ အင်းလေးကန်၏ အထင်ကရ နေရာတစ်ခု ဖြစ်သော ငါးဖယ်ချောင်း ဘုန်းကြီးကျောင်းသို့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ နှင့် သွားရောက်လည်ပတ် ကြည့်ရှုကြစမြဲ ဖြစ်ပါသည်။ ငါးဖယ်ချောင်း ဘုန်းတော် ကြီးကျောင်းသည် နှစ် ၁၅၀ ကျော် သက်တမ်းရှိ ရှေးဟောင်း ဘုန်းတော် ကြီးကျောင်းကြီး ဖြစ်ပါသည်။ ကျွန်းတိုင်ပေါင်း ၆၅၄ တိုင်ဖြင့် ရေပေါ်တွင် တည်ဆောက်ထားပြီး အင်းသားရိုးရာ၊ ရှမ်းရိုးရာ ရှေးဟောင်းဗိသုကာလက်ရာမြောက်လှသော အဆောက်အအုံကြီး ဖြစ်ပါသည်။ ဘုန်းကြီးကျောင်းထဲသို့ ၀င်သွားသော အခါ ရှေးနှစ် ပေါင်း များ စွာ ကတည်းက အင်းလေးဒေသတွင် အစဉ်အဆက် ကိုးကွယ်ခဲ့ကြသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် မြတ်များ ကို ဖူးမြော်ရသည်မှာ အံ့မခန်းရှိကာ ဗုဒ္ဓဆင်းတုတော် ပြတိုက်ကြီးတစ်ခုထဲသို့ ရောက်နေသည့်အလား ထင်မှတ်မှားရပါသည်။
ထိုသို့သော အဖိုးမဖြတ်နိုင်သည့် မြန်မာ့ယဉ်ကျေးမှု ဗိသုကာလက်ရာများ ၊ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် မြတ်များ အကြောင်းကို ကျွန်တော် တို့ ဧည့်လမ်းညွှန်များ သည် အလွန်ဂုဏ်ယူစွာ နိုင်ငံခြားသားများ အား ပြသလိုပါသည်။ သို့သော် နိုင်ငံခြားသားများ ကား ထိုအလှအပများ ဆီသို့ စိတ်မရောက်ပါ။ ဘုန်းကြီးကျောင်းသို့ စက်လှေ ကပ်လိုက်သည်နှင့် ‘ကြောင်ခုန်ကျောင်း၊ ကြောင်ခုန်ကျောင်း’ (Jumping Cat Monastery) ဟု ဆိုကာ ဘုန်းကြီးကျောင်းမှ ကြောင်များ ကြိုးကွင်းအတွင်း ခုန်ပြသည်ကို အလုအယက် ကြည့်ကြ၊ ဓာတ်ပုံရိုက်ကြသည်မှာ ဆပ်ကပ်ပြပွဲတစ်ခုသို့ ရောက်လာသော ကလေးသူငယ်များ လို ဖြစ်နေပါသည်။
ထိုကျောင်းတွင် သီတင်းသုံးသော ကိုယ်တော် များ သည် အပျင်းပြေသဘောနှင့် ကြောင်တစ်ကောင်ကို ကြိုးကွင်းခုန်တတ်အောင် လေ့ကျင့် ပေးထားရာမှ အခြားကြောင်များ လည်း မိခင် ကြောင်မကြီး လုပ်သလို လိုက်လုပ်ရင်း ကြောင်အားလုံး ကြိုးကွင်းခုန်တတ်နေရာ ငါးဖယ်ချောင်းဘုန်းတော် ကြီးကျောင်းသည် ‘ကြောင်ခုန်ကျောင်း’ ဟု ထင်ရှားလာခြင်း ဖြစ်သည်။
အဓိက ပြောလိုသည်မှာ ပရိယတ်၊ ပဋိပတ် လုပ်ရမည့်  ရဟန်းတော် များ သည် တိုးရစ် လာတိုင်း ကြောင်များ ကို ဆပ်ကပ်ဆရာလို ခုန်ပြနေရခြင်းမှာ မသင့်တော် ဟူသော အချက် ဖြစ်သည်။ (ယခုအခါတွင် တော့ သံဃာတော် များ အစား လူဝတ်ကြောင် ဒကာ၊ ဒကာမများ က ကြောင်ကို ခုန်ပြကြပါသည်။ ဘုန်းကြီးကျောင်းတွင် ဆပ်ကပ်ပွဲလို ဖြစ်နေတာ ရှက်တတ်ပါက ရှက်စရာ ကောင်းပါသည်။ ဗုဒ္ဓဘာသာ ရဟန်းတော် များ ၏ ဘ၀ကို နိုင်ငံခြာသားများ က အထင်အမြင် လွဲမှားနိုင်ပါသည်။
ပြီးခဲ့သော သင်္ကြန်က Sky Net ရုပ်သံမှ လာသော သင်္ကြန်ဂီတဖျော်ဖြေပွဲ မဏ္ဍပ်များ ကို ကြည့်မိသော အခါ သတိထားမိသော အချက်တစ်ချက်ရှိပါသည်။ စင်ပေါ်တွင် ဖျော်ဖြေသူ အနုပညာရှင် (တီးဝိုင်း၊ စက်အဖွဲ့နှင့် ၊ အဆိုတော် ၊ အကသမား) များ သာမက ဘယ်သူတွေ မှန်း မသိသော လူတွေ တရုန်းရုန်းဖြင့် စင်ပေါ်တွင် ရှုပ်ယှက်ခတ်နေတာ တွေ့ ရပါသည်။
နိုင်ငံတကာမှ ဂီတဖျော်ဖြေပွဲများ ကို ရုပ်သံမှတစ်ဆင့် MTV လိုင်းများ မှတစ်ဆင့် ကြည့်ဖူးပါသည်။ ဘယ်ကမ္ဘာကျော် အဆိုတော် ၏ ဖျော်ဖြေပွဲတွင် မှ စင်ပေါ်တွင် မြန်မာပြည်မှာ လို လူပိုတွေ မရှိပါ။ ဖျော်ဖြေရေး နှင့် တိုက်ရိုက်မသက်ဆိုင်သူများ သည် စင်အောက်မှပဲ ကြည့်ရှုအားပေးကြပါသည်။ မြန်မာနိုင်ငံတွင် မူကား ဒေသဆိုင်ရာ အာဏာပိုင်များ ၊ အခွင့်ထူးခံ ပုဂ္ဂိုလ်များ ၊ ၎င်းတို့၏ ပတ်သက်ရာ ပတ်သက်ကြောင်းများ သည် ဆက်တီခုံများ ရှေ့မှာ ချလျက် လက်ဖက်ပွဲ၊ အအေးဘူးများ ဖြင့် စင်ပေါ်တက်၍ ပျော်ပွဲစားထွက်သလို လုပ်နေကြသည်မှာ ရှက်တတ်လျှင် ရှက်စရာကောင်းလှပါသည်။
တစ်လောက နိုင်ငံခြား ဘောလုံးပွဲတစ်ခုတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချု ပ် မစ္စတာဘန်ကီမွန်းက ဘောလုံးပြို င်ပွဲကို ဖွင့်လှစ်ပေးသည်။ သူက ရိုးရိုးလေးပင်၊ တီရှပ်နှင့် ဂျင်းဘောင်းဘီကို ၀တ်ကာမ (ထီးတော် မိုးပင်မပါပါ) ကွင်းထဲ ၀င်လာပြီး ဘောလုံးကို ကွင်းအလည်စည်းမှ စကန်ကာ ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြီးတော့ သူ ထိုင်ရမည့်  ထိုင်ခုံတွင် သွားထိုင်ကြည့်ကာ ရိုးရိုးလေးပင် ကြည့်ရှု အားပေးပါသည်။ မြန်မာနေရှင်နယ်လိဂ်ပြို င်ပွဲ၌ ရန်ကုန်တွင် မဟုတ်ဘဲ နယ်မြို့ တစ်မြို့ ၌ ဘောလုံးပွဲ လာအားပေးသော ဒေသအာဏာပိုင်ဆိုသူကြီး ဘောလုံးပွဲ လာကြည့်သည့် မြင်ကွင်းတွင် တော့ ဆိုဖာဆက်တီများ ပေါ်တွင် စားကောင်းသောက်ဖွယ်များ ချထားပြီး ဘုရင်တစ်ဆူလို မင်းမူနေသော သူတို့ကို ကြည့်၍ မဆီမဆိုင် ကျွန်ုပ်မှာ ရှက်ရွံ့မိပါသည်။
မန္တလေး မဟာမုနိဘုရားကြီးအ၀င် တန်ဆောင်းထိပ်တွင် ပုဂ္ဂလိက ဘဏ်ကြီးတစ်ခုက ATM ငွေထုတ်စက် လာတပ်ထားပါသည်။ တိုးရစ်များ အဆင်ပြေ လွယ်ကူအောင် ဆောင်ရွက်ပေးသည်ဟု နားလည်နိုင်သော်လည်း ဘာသာရေး အထွတ်အမြတ် နေရာ၌ စီးပွားရေး ဆန်ဆန် ငွေလဲစက် လာရောက်နေရာယူထားခြင်းအား ဗုဒ္ဓဘာသာ တစ်ယောက် အနေ ဖြင့် ရှက်ရွံ့မိပါသည်။ ရန်ကုန်မြို့  ရွှေတိဂုံဘုရားကြီးတွင် လည်း ထိုသို့ ATM ငွေထုတ်စက်များ တပ်ထားတော့မည် ဟု သိရပါသည်။ အမြင်မတော် ဆင်တော် နှင့် ခလောက် ဖြစ်ပါသည်။ ငွေလဲချင် သူသည် ဗိုလ်ချု ပ်ဈေးတို့၊ ဘဏ်တို့ သွားပါလိမ့်မည် ။ ရွှေတိဂုံတွင် ငွေထုတ်စက်များ ထားခြင်းကား ဘုရားကို Shopping Center အဆင့်သို့ လျှော့ကျစေပါသည်။ ခေတ်မီခြင်းနှင့် ရိုးရာတန်ဖိုးကို ခွဲမြင်စေချင်ပါသည်။ ပစ္စည်းတစ်ခုသည် အသုံးဝင်ပင် ၀င်ငြားသော်လည်း နေရာမှား ရောက်နေပါက ရှက်စရာကောင်းပါသည်။
တစ်ခါတစ်ရံ တီဗီကြည့်သော အခါ လွှတ်တော် အစည်းအဝေးများ ကျင်းပပုံများ ကို တွေ့ ရပါသည်။ လွှတ်တော် ထဲတွင် ထိုင်နေသော ပုဂ္ဂိုလ်များ မှာ နိုင်ငံချစ်စိတ် အပြည့်ရှိကြမည် ကို သံသယ မရှိသော်လည်း ထူးအိမ်သင်၏ သီချင်းလို ‘နည်းနည်း လေးတော့ လွဲနေမယ်’ ဆိုသည့်အလား တစ်စုံတစ်ခုကို သတိပြု မိပါသည်။ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူက မဲပေး ရွေးချယ်တင်မြှော က်ထားသော ကိုယ်စားလှယ်များ ဖြင့် သာ တိုင်းပြည် အရေး အရာများ ကို ဆောင်ရွက် စည်းဝေးရစမြဲသာ ဖြစ်ပါသည်။ ထိုအထဲကမှ ပြည်သူက တိုက်ရိုက် အရွေးချယ်ခံရသူ မဟုတ်သည့် လူများ ငုတ်တုတ်ထိုင်နေသည်ကို မြင်ရသော အခါ ဆင်က မြင်းလှည်းဆွဲပြီး၊ မြင်းက သစ်ဆွဲနေသည်ကို ကြည့်ရ၊ မြင်ရသလို ခံစားမိပါသည်။ လောကတွင် မည် မျှ ကောင်းမွန်သော အရာဝတ္တု ဖြစ်စေ၊ နေရာမှားပြီး ရောက်လာပါက မူလတန်ဖိုးပင် ကင်းမဲ့သွားတတ်ကာ ရှက်တတ်ပါက ရှက်စရာပင် ကောင်းပါကြောင်း။
News Watch ဂျာနယ်၊ ၁၄-၅-၂၀၁၃
အကြောင်းမရှိဘဲ
ု
မိတ္ထီလာ အရေး အခင်း ဖြစ်ပွားခဲ့သော အခါ စာနယ်ဇင်းဆရာများ ၊ စာရေး ဆရာများ ၊ ဘာသာရေး ခေါင်းဆောင်များ ၊ နိုင်ငံရေး တာဝန်ရှိသူများ ၊ အရပ်ဘက် လူ့အဖွဲ့အစည်းမှ ပုဂ္ဂို လ်တော် တော် များများ က ဈေးသည်နှင့် ဈေးဝယ် အချင်းများ ကြသော ဘာမဟုတ်သည့် သာမန်ကိစ္စလေးမှ ပုံကြီးချဲ့ သွေးထိုးလှုံ့ဆော်သူများ ကြောင့် အဓိကရုဏ်းကြီး ဖြစ်ရသည်ဟု တညီတညွတ်တည်းနီးပါး မှတ်ချက်ပြု ကြသည်ကို ကျွန်တော် သဘောမတူပါ။
သူတို့၏ မှတ်ချက်ပြု ပြောကြားမှု များ သည် အပေါ်ယံဆန်ပြီး ပဋိပက္ခ၏ လားရာလမ်းကြောင်းကို ခြေခြေမြစ်မြစ် ထည့်သွင်း သုံးသပ်ထားခြင်းမရှိဘဲ အပေါ်ယံရှပ်၍ ပညာရှိဆန်ဆန်၊ သံတမန်ဆန်ဆန် ဆင်ဝှေ့ရန်ရှောင် ပြောနေကြသည်ဟု မြင်ပါသည်။ ဥပမာအားဖြင့် မုန်တိုင်းတစ်ခု ၀င်ရောက်လာရာတွင် ကုန်းတွင်းပိုင်း မြို့ ရွာ တစ်ခုသို့ ၀င်ရောက် မဖျက်ဆီးမီ ကာလ အတော် ကြာကတည်းက ကမ်းလွန်ပင်လယ်ပြင် တစ်နေရာတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာပါသည်။ ထိုလေဖိအားနည်းရပ်ဝန်းသည် တဖြည်းဖြည်း အားကောင်းလာပြီးမှ အရှိန် ပြင်းသထက်ပြင်းကာ ကမ်းခြေဘက်ဆီသို့ ဦးတည် ရွေ့လျားလာပါသည်။ သိပ္ပံပညာ မထွန်းကားမီ ကာလကမူ မုန်တိုင်းလာသည်ကို ကြို တင် မသိနိုင်ဘဲ မြို့ ရွာများ သို့ ၀င်ရောက်လာသော အခါမှ မိုးနတ်မင်းကြီး မကြို က်လို့၊ အရှင်ကြီးကို မပသလို့၊ ဒီနှစ် ယဇ်မပူဇော်မိလို့၊ ဘုရားသခင် စိတ်ဆိုးလို့ စသည်ဖြင့် ရောက်ရာပေါက်ရာ ပြောကြပါသည်။ မုန်တိုင်း ဘာကြောင့် ဖြစ်သည်၊ ဘယ်လမ်းကြောင်းကို ဦးတည်လာနေသည် စသည်ဖြင့် သိကြသော ယခုခေတ်ဝယ် ဘယ်သူ့ကိုမှ အပြစ်တင်မနြေ ကတော့ပါ။ (အပြစ်တင်လျှင်လည်း မုန်တိုင်းကျစေသော သဘာဝအခြေခံ အချက်များ ကိုသာ သိပ္ပံနည်းကျ လေ့လာ၍ အပြစ်တင်ကြဖို့ပဲ ရှိပါသည်။)
ကိစ္စတစ်ခုကို အပေါ်ယံရှပ် ပြောသော အခါ မှန်ကန်သော အဖြေကို မရနိုင်ပါ။ တစ်သက်လုံး ကြိုးစားလာခဲ့သော ကျောင်းသား တစ်ယောက် ၏ ငယ်စဉ်မှစ၍ ကြိုးစားအားထုတ်လာမှု ကို ထည့်မတွက်ဘဲ ဘွဲ့ယူသော နေ့တွင် ဘွဲ့နှင်းသဘင်ခန်းမထဲမှ ဘွဲ့လက်မှတ်ကိုင်၍ ထွက်လာခါမှ ‘ဘွဲ့ရတယ် ဆိုတာ ဘာမှ မဟုတ်ပါဘူး၊ နာရီဝက် တစ်နာရီလောက် ဘွဲ့နှင်းသဘင်ခန်းမထဲ ၀င်ထိုင်လိုက်ရင် ရလာတာပါပဲ’ ဟု မှတ်ချက်ချခဲ့ပါမူ ထိုမှတ်ချက်သည် ဥာဏ်ပညာမပါသော မှတ်ချက်သာ ဖြစ်ပေလိမ့်မည် ။
ဘာသာရေး အဓိကရုဏ်းများ သည် တိုင်းပြည်ကို နောက်ကြောင်းပြန်လိုသူများ ၏ သွေးထိုးလှုံ့ဆော်မှု များ ကြောင့် ဖြစ်သည်ဟု ဆိုလျှင် လတ်တလော ကိစ္စအတွက် မှန်ကောင်းမှန်နိုင်သော်လည်း တိုင်းပြည် စစ်အုပ်ချု ပ်ရေး ကာလ ဖြစ်သော ၁၉၈၈ နှင့် ၂၀၀၇ တို့တွင် ပြည်မြို့ ၌ ဖြစ်ပွားခဲ့သော ဘာသာရေး အဓကရုဏ်းများ မှာ ဘယ်ခေတ်ကို နောက်ကြောင်းပြန်သွားချင်၍ ဖြစ်ခဲ့ပါသလဲဟု မေးခွန်းထုတ်ချင်ပါသည်။
မိတ္ထီလာကိစ္စကို စဉ်းစားသော အခါ မိတ္ထီလာမတိုင်ခင်က ဖြစ်ပွားခဲ့သော စစ်တွေ အရေး အခင်း၊ တောင်ကုတ် အရေး အခင်း၊ ဘူးသီးတောင်အရေး အခင်း၊ ပြည်အရေး အခင်း၊ ရခိုင်အရေး အခင်း၊ ကျောက်နီမော်အရေး အခင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် အရေး အခင်းတို့ကို ပြန်ပြောင်း စဉ်းစားရပါမည်
အကြောင်းမရှိဘဲ အကျိုးမ ဖြစ်ဟု ဗုဒ္ဓက ဟောကြားခဲ့ပြီး ဖြစ်ပါသည်။ အရင်းအမြစ်ကို မြင်အောင် ကြည့်သော အခါ တိုင်းရင်းသားတို့ ရင်ထဲ၌ ဆယ်စုနှစ် ပေါင်းများ စွာ ခံစားနေခဲ့ရသော အောက်ပါ အကြောင်းတရားများ ကို သိစေအပ်ပါသည်။ ဤဆောင်းပါးသည် ဘာသာတစ်ခုကို ဘာသာတစ်ခုက တစ်ဖက်စောင်းနင်း အပြစ်ပုံချသော ဆောင်းပါး မဟုတ်။ ပဋိပက္ခ ဖြစ်ပေါ်လာရခြင်းတွင် ပါဝင် စဉ်းစားသင့်သည့် အဓိကအချက်များ ကို မီးမောင်းထိုးပြခြင်းသာ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် မွတ်စလင် လူဦးရေမှာ တစ်ရှိန်ထိုး များ ပြားလာနေပါသည်။ သာဓကအ ဖြစ် ၁၉၄၂ ခုနှစ် ၌ ဘူးသီးတောင်တွင် မွတ်စလင် မိသားစု ၁၄ စု (လူဦးရေ ၁၀၀) ခန့်သာ ရှိပြီး ၂၀၀၉ တွင် ဘင်္ဂါလီ လူဦးရေသည် ဘူးသီးတောင်၌ ၂၈၀၀၀၀ (နှစ် သိန်းရှစ်သော င်း)၊ ရခိုင်လူဦးရေ ၅၁၀၀၀ (ငါးသော င်း တစ်ထောင်) သာ ရှိတော့သည်ကို မှတ်တမ်းမှတ်ရာများ နှင့် ကျွမ်းကျင်သူများ က လေ့လာသုတေသနပြု ထားသည်ကို တွေ့ ရပါသည်။ မွတ်စလင် ယောကျာ်း တစ်ယောက် သည် သူတို့ ဘာသာဓလေ့ထုံးစံအရ မိန်းမလေးယောက် တရားဝင် ယူခွင့်ရှိပြီး မြန်မာနိုင်ငံတွင် သားဆက်ခြားခြင်း (လူဦးရေ ထိန်းချု ပ်ခြင်း မူဝါဒ) တရားဝင်ဥပဒေ ပြဌာန်းထားခြင်း မရှိသဖြင့် သားသမီး မျိုးဆက်များ လည်း ယူချင်သလောက် ယူခွင့်ရှိသဖြင့် လူဦးရေ တိုးပွားနှုန်းမှာ တစ်ရှိန်ထိုး တိုးတက်ပွားများ လျက် ရှိပါသည်။ လူ့အခွင့်အရေး ရှုထောင့်မှ ကြည့်လျှင် မည် သူမဆို ကိုယ်ကျွေးနိုင်ပါက ကလေး ကြို က်သလောက်မွေးဖွားခွင့် ရှိသည် မှန်သော်လည်း ထိုသို့ မွတ်စလင်များ တစ်ရှိန်ထိုး ပွားများ လာမှု မှာ ဗုဒ္ဓဘာသာဝင်များ ကို စိတ်မသက်မသာ ဖြစ်စေပါသည်။ နောင်နှစ် ပေါင်း ၂၀၀၊ ၃၀၀၊ ၄၀၀ ကြာသော အခါ မွတ်စလင်များ က လူဦးရေ အသာစီးဖြင့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာကို မောင်းနှင်ထုတ်မလားဟူသော စိုးရိမ်စိတ်များ မြန်မာ၊ ရခိုင်၊ မွန်၊ ရှမ်း စသော ဗုဒ္ဓဘာသာ တိုင်းရင်း သားတို့၏ ရင်ထဲဝယ် စိုးရိမ်စိတ် စတင် ဖြစ်ပေါ်နေခြင်းသည် ဘာသာရေး ပဋိပက္ခ ဖြစ်ပွားရသော အရင်းခံ အကြောင်းထဲတွင် အဓိကအချက်တစ်ခုအနေဖြင့် ပါဝင်ပါသည်။ လတ်တလော အ ဖြစ်အပျက်များ အရ မြန်မာ့မြေပိုင်နက် ဖြစ်သော မောင်တောနှင့် ဘူးသီးတောင်တွင် ဗုဒ္ဓသာသနာ ကွယ်ပျောက်လုနီးပါး ဖြစ်နေပါသည်ဟု ဗုဒ္ဓဘာသာဝင်များ က ခံစားနေကြပါသည်။ ၂၀၁၃ ၊ မတ်လ ၂၈ ရက်နေ့က ဘူးသီးတောင်မြို့  ဓမ္မမဏ္ဍိုင် ဘုန်းတော် ကြီးကျောင်းမှ တောရကျောင်းတွင် တစ်ပါးတည်း တရားအားထုတ်နေသော တောမှီရဟန်း ဦးပညာသီရိအား အမည် မသိသူ ဘင်္ဂါလီအမျိုးသားနှစ် ဦးမှ တိုက်ခိုက်ခဲ့သဖြင့် လက်ဝဲတက်ပုဇွန်ချောင်းကျေးရွာမှာ မာမက်အီနုနှင့် ဇူဘိုင်တို့အား ဘူးသီးတောင် ရဲစခန်းတွင် ပုဒ်မ ၄၅၂/၂၉၅ ဖြင့် အမှု ဖွင့် စစ်ဆေးနေကြောင်း နေရဉ္ဖရာသတင်းဌာနက ဧပြီလ ၂ ရက်နေ့က ရေး သား ဖော်ပြခဲ့ရာ ကြားသိရသူအပေါင်း၏ စိုးရိမ်စိတ်များ ကို ကြီးထွားစေပါသည်။
ထိုအချက်ကို ချေဖျက်ဖို့ဆိုလျှင် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ သည် ယခုထက် ပိုမို ပွင့်လင်းကြဖို့ လိုမည် ဖြစ်သည်။ မွတ်စလင်ဦးရေ တိုးတက် များ ပြားလာမှု သည် အိမ်ရှေ့ ဗုဒ္ဓဘာသာကို ခြိမ်းခြောက်မှု တစ်ရပ် မဟုတ်ကြောင်း အကျေအလည် ရှင်းပြဖို့ လိုပါမည် ။ ဗုဒ္ဓဘာသာဝင်များ ၏ စိုးရိမ်မှု ကို လျော့ပါးအောင် အကြောင်းအကျိုးကို ပွင့်လင်းစွာ ရှင်းလင်းဖွင့်ဟဖို့ လိုပါလိမ့်မည် ။ ကျွန်တော် ထောက်ပြသော အယူအဆကိုပင် စာရေး ဆရာမာဂျေက ၁-၄-၂၀၁၃ နေ့ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊ စာမျက်နှာ ၁၃ တွင် ‘ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ မိန်းကလေး ယူနိုင်လျှင် ထောက်ပံ့ကြေး ဘယ်လောက်၊ ပညာတတ်ရင် နောက်ထပ် ဘယ်လောက်၊ ရုပ်ချောရင် နောက်ထပ် ဘယ်လောက်၊ အလုပ်အကိုင် ရာထူးရှိရင် နောက်ထပ် ဘယ်လောက်၊ အစိုးရ အရာရှိသမီးက အစ ရပ်ကွက်လူကြီး သမီးအထိ ယူနိုင်ရင် အစားအစာအလိုက် ဘယ်လောက် ဆိုပြီး သတင်းတွေ ထွက်နေတယ်။ ဒီကိစ္စကိုလည်း မဟုတ်ရင် မဟုတ်ကြောင်း သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်တွေ က မီဒီယာတွေ ကို ခေါ်ပြီး တရားဝင် ရှင်းပြသင့်ပါတယ်’ ဟု ရေး သားထားပါသည်။
ကျွန်တော့် တွင် မွတ်စလင် မိတ်ဆွေ မိတ်ဆွေ များ စွာ ရှိပါသည်။ ပြည်မြို့ မှ ကိုရွှေဝင်း ဆိုသော ပုဂ္ဂို လ်မှာ မွတ်စလင် တစ်ယောက် ဖြစ်ပါသည်။ သို့သော် သူသည် သာရေး နာရေး အဖွဲ့များ တွင် ပါဝင်ဆောင်ရွက်သည်။ ဇောတိကာရုံ ပါဠိတက္ကသိုလ်၏ အကျိုးဆောင်အဖွဲ့တွင် သူ ပါသည်။ ၀တ်ပုံစားပုံတွင် လည်း အခြား မြန်မာများ လိုပင် ခပ်ရိုးရိုး ဖြစ်သည်။ တစ်ခါတစ်ရံ အခမ်းအနားများ တွင် တိုက်ပုံအကျီင်္ကိုပင် ၀တ်လိုက်သေးသည်။ ကိုရွှေဝင်းကို မြင်တိုင်း သူသည် မွတ်စလင် တစ်ယောက် ဖြစ်သည် ဆိုတာကို ကျွန်တော် တို့ သတိမရ။ သူသည် မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်သည်ဟုသာ ကျွန်တော် တို့ ခံစားရသည်။ မြန်မာ့လူနေမှု စနစ်နှင့် တစ်သားတည်း ကျနေသော ကိုရွှေဝင်း ဖြစ်သည်။ ကိုဘာဘူ ဆိုသော နောက် တစ်ယောက် မှာ လည်း ပြည်မြို့ မှ မွတ်စလင်ပင် ဖြစ်သည်။ သို့သော် သူသည် စာရေး ဆရာများ ကို လေးစားသည်။ ဆင်းရဲနွမ်းပါးသော စာရေး ဆရာအချို့ ကို ထောက်ပံ့သည်။ ကျွန်တော် တို့နှင့် စားအတူ သွားအတူ ဖြစ်သည်။ ၀တ်ပုံ စားပုံမှာ လည်း မွတ်စလင်ဟူ၍ ဘာမှ ထူးထူးခြားခြား မ၀တ်။ သူလို ငါလိုပင် ၀တ်သည်။ ဗုဒ္ဓဘာသာ အလှူ အတန်းများ ရှိ၍ ဖိတ်ခေါ်ပါက အမြဲ ရောက်လာတတ်သည်။ ပြည်မြို့ တွင် ဘာသာရေး ပဋိပက္ခများ တင်းမာနေသော ကာလ ဖြစ်သည်။ ၃၁-၃-၂၀၁၃ နေ့ကပင်လျှင် စာရေး ဆရာ မင်းယွန်း(ခေတ္တရာ)၏ သားကလေး ရှင်ပြု အလှူ ပွဲသို့ ကိုဘာဘူ ရောက်လာသေးသည်။ သူနှင့် ပေါင်းသင်းရာတွင် လည်း ကျွန်တော် တို့ စိတ်ထဲတွင် အစ္စလာမ်တွေ ၊ ဗုဒ္ဓဘာသာတွေ မရှိ၊ မြန်မာမှု လူမှု ဓလေ့နှင့် အံကိုက်နေသဖြင့် မြန်မာနိုင်ငံသား တစ်ယောက် လို့သာ ခံစားရပါသည်။
သို့သော် အချို့  မွတ်စလင်များ မှာ သူတို့လို မဟုတ်။ မြန်မာနိုင်ငံတွင် မျိုးဆက် လေး ငါးဆက်လောက် နေထိုင်ခဲ့၍ မြန်မာနိုင်ငံသားမှတ်ပုံတင်ကတ်ပင် ရရှိနေသော်လည်း ၀တ်ပုံ၊စားပုံ နေပုံထိုင်ပုံများ မှာ မနေ့တစ်နေ့ကပင် ပါကစ္စတန်တို့၊ ဆော်ဒီအာရေဗျတို့၊ အီရန်နိုင်ငံတို့မှ ရောက်လာသလား မေးရလောက်အောင် တသီးတခြား ဆန်လှသည်။ မြန်မာ့မြေမှာ နေ၊ မြန်မာ့ရေကို သောက်၊ မြန်မာ့ဆန်ကို စားနေသော်လည်း မြန်မာ့ယဉ်ကျေးမှု လူနေမှု စနစ်သည် သူတို့နှင့် လားလားမျှ မပတ်သက်သလို သီးခြားအသိုက်အမြုံ့ တည်ထောင်ရန် လုပ်နေကြသူများ ကို ဒေသခံ မြန်မာတိုင်းရင်းသားတို့သည် အဘယ်မှာ လျှင် ညီရင်းအစ်ကို မောင်နှမသဖွယ် သဘောထားနိုင်ပါ့အံ့နည်း။ မျက်စိ ဆံပင်မွှေးစူးရာမှာ ထိပ်တိုက်ရင်ဆိုင်မှု များ ဖြစ်လာနိုင်ပေသည်။ ဤသည်မှာ လည်း ရေရှည်တွင် ပဋိပက္ခ ဖြစ်ပွားလာစေနိုင်သော အကြောင်းတရားများ ဖြစ်သည်။
မြန်မာပြည် တစ်နှံတစ်လျားတွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ တရားပွဲများ ကို ဆရာတော် အမျိုးမျိုး၊ တရားအဖုံဖုံ ဟောပြောကြပါသည်။ ထိုသို့ ဟောပြောကြရာ၌ အချို့  ဆရာတော် များ မှာ နိဗ္ဗာန်ရောက်ကြောင်း တရားတော် များ ကို ပိဋကတ်သုံးပုံထဲမှ ဘုရားဟောအတိုင်း ဟောပြောကြသော်လည်း အချို့ ဆရာတော် များ သည် ဗုဒ္ဓသာသနာ မြန်မာနိုင်ငံမှ ကွယ်ပျောက်သွားမည် ကို စိုးရိမ်စိတ်ဖြင့် ဘာသာခြားတို့၏ အန္တရာယ်ကို ထည့်သွင်းဟောပြောကြပါသည်။ ထိုသို့ ဟောပြောရာတွင် တရားဟောဓမ္မကထိကမှ အပြောကောင်းလျှင်ကောင်းသလို တရားနာသူတို့၏ စိတ်ထဲတွင် ခံစားရပါသည်။
အချို့ သူများ သည် ခံစားရသည့် အခြေအနေတွင် သာရပ်နေသော်လည်း အချို့  ထိန်းချု ပ်နိုင်စွမ်း နည်းပါးသည့်သူများ သည် အခါအခွင့်သင့်သည်နှင့် စိတ်နောက်ကိုယ်ပါ ပြု မူတတ်ကြလေသည်။ Over Reaction ဟု ခေါ်သော အလွန်အကျွံ တုံ့ပြန်မှု များ ဖြစ်ပေါ်လာတတ်ပါသည်။
ဤကဲ့သို့ ဟောပြောမှု များ ကိုလည်း အစွန်းမရောက်အောင် ထိန်းချု ပ်သင့်ပါသည်။ တစ်ဖက်တွင် လည်း ဗလီများ တွင် တရားဟောဆရာများ မှ သင်ကြားပို့ချရာတွင် မိမိ ရောက်ရှိနေသော နိုင်ငံ၏ လူနေမှု စနစ်နှင့် လိုက်လျောညီမည့်  တရားများ ကိုသာ အားပေး ဟောပြောသင့်ပါသည်။
မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ၏ အစပိုင်း ဖြစ်ရပ်တွင် ဤ ဖြစ်ရပ်မျိုးသာ တရားဥပဒေစိုးမိုးမှု အားကောင်းသော ဒီမိုကရေစီနိုင်ငံများ တွင် ဆိုလျှင် အောက်ပါအတိုင်း ပြဿနာကို ရှင်းလင်းကြပေလိမ့်မည် ။
(က) ရွှေဆိုင်ပိုင်ရှင်သည် သူ့ဆိုင်ဘောက်ချာ ပါပါလျက် ပြန်လည်ဝယ်ယူရာတွင် ကာလပေါက်ဈေးအတိုင်း မပေးသဖြင့် ပဋိညာဉ် ဖောက်ဖျက်မှု ဖြင့် ရွှေရောင်းသူက တရားစွဲမည် ။ တရားရုံးက အမှု ကို မှန်မှန်ကန်ကန် လက်ခံပြီး မြန်မြန်ဆန်ဆန် စစ်ဆေးကာ ဟုတ်မှန်ပါက ထိရောက်သော နစ်နာကြေး ပေးဆောင်စေရန် အမိန့်ချမည် ။
[မြန်မာနိုင်ငံတွင် မူကား ဤသို့ တရားစွဲခဲ့လျှင် အမှု ဖွင့်ခွင့် ရ၊ မရပင် မသေချာ။ အမှု ဖွင့်ခဲ့ပါက တရားရင်ဆိုင်ရသော ကာလမှာ အလွန်ရှည်လျားမည် ။ တစ်ခါတစ်ရံ နှစ် နှစ် ၊ သုံးနှစ် ပင် ကြာနိုင်သည်။ အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့ပါကလည်း ဒဏ်ငွေ ကျပ်ထောင်ဂဏန်းနှင့် သာ ပြီးသွားတတ်သဖြင့် တရားစွဲသူမှာ အချိန်ကုန်၊ ငွေကုန်၊ အလုပ်ပျက်၊ လူပင်ပန်း၊ သိက္ခာကျသည်သာ အဖတ်တင်မည် ။ ထိုအစား ပဋိပက္ခကို ကိုယ်တိုင် (ရွာမှ လူများ ကို ပြန်ခေါ်ကာ) ရင်ဆိုင်ခြင်းက ပို၍ ထိရောက်မည် ဟု ယူဆမည် ။]
(ခ) ရွှေဆိုင်ပိုင်ရှင်မှ ကိုယ်ထိလက်ရောက် ကျူးလွန် ရိုက်နှက်ခဲ့လျှင် ခံရသူသည် ရဲစခန်းသို့ သွားရောက်အမှု ဖွင့်ပြီး ဥပဒေကြောင်းအရ ဆက်လက် ရင်ဆိုင်မည် ။ ထိုအခါ လက်ရောက်မှု ကျူးလွန်သူကို ရဲစခန်းမှ ဖမ်းဆီးကာ တရားရုံးမှ စစ်ဆေးပြီး ထောင်ဒဏ် အပြစ်ပေးမည် ။ (မိတ္ထီလာတွင် ထိုသို့ သွား၍ ။ အမှု ဖွင့်ခဲ့ပါသည်။ သို့သော် ယနေ့အချိန်အထိ ထိုအမှု သည် ရုံးထုတ်ပြီလား၊ စစ်ဆေးနေပြီလား ဆိုသည်ကို ရေရေရာရာ သဲသဲကွဲကွဲ မသိရသေးပါ။)
(ဂ) ရွှေဆိုင်ပိုင်ရှင်၏ အိမ်ကို လူတစ်စုမှ စတင်ဖျက်ဆီးသည်နှင့် ရဲစခန်းသို့ အမြင်မတော် သူများ မှ ဖုန်းဆက် အကြောင်းကြားမည် ။ (စင်္ကာပူ၊ အင်္ဂလန်၊ အမေရိက စသော နိုင်ငံမျိုးမှာ ဆိုလျှင်) ထိုအခါ ရဲများ သည် အချိန်နှင့် တစ်ပြေးညီ အင်အားအပြည့်ဖြင့် အခင်း ဖြစ်ပွားရာသို့ ရောက်လာမည် ။ အဓိကရုဏ်း ဖန်တီးနေသော လူအုပ်စုကို လူစုခွဲရန် သတိပေးခြင်း၊ အချိန်တစ်ခု အထိ စောင့်ဆိုင်းပြီး လူစုမကွဲခဲ့လျှင် မီးသတ်ပိုက်ဖြင့် ထိုးခြင်း၊ ထိုမှ မရခဲ့လျှင် မျက်ရည်ယိုဗုံး သုံးခြင်း၊ ထိုမှ လူစုမကွဲခဲ့လျှင် ရာဘာကျည်ဆန်ဖြင့် ပစ်ခတ်ခြင်း၊ နံပါတ်တုတ်ဖြင့် ရိုက်နှက် လူစုခွဲခြင်းစသော နိုင်ငံတကာ အဓိကရုဏ်း နှိမ်နင်းနည်းတို့ကို အဆင့်ဆင့် စနစ်တကျ ကျင့်သုံးမည် ။ ပြစ်မှု ကျူးလွန်သူများ ကို ဖမ်းဆီး၍ ရုံးတင် စစ်ဆေးမည် ။ (မြန်မာပြည်တွင် ထိုသို့ တစ်ခုမှ စနစ်တကျ မလုပ်ခဲ့သော ကြောင့် ဆူပူအုံကြွမှု မှာ ပို၍ ကြီးထွားလာ ရသည်။ မနိုင်ခါမှ စစ်တပ်ကို ခေါ်ရသည်။)
မြန်မာနိုင်ငံတွင် မူကား ဥပဒေစိုးမိုးမှု ၏ အဓိကဒေါက်တိုင်များ ဖြစ်သော ရဲတပ်ဖွဲ့၊ တရားရေး စနစ်၊ ခေတ်နှင့် မလျော်ညီသော ပြစ်ဒဏ်ပေးမှု စနစ် (ဥပမာ- ပါးရိုက်မှု ကဲ့သို့သော သာမန် နာကျင်စေမှု မျိုးတွင် ပုဒ်မ (၃၂၃ အရ) တစ်နှစ် အထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ သို့မဟုတ် ဒဏ်ငွေ တစ်ထောင်ကျပ်အထိ ဖြစ်စေ ပြစ်ဒဏ် ချမှတ်ခွင့်ပြု ထားရာ တရားသူကြီးမှ လာဘ်ငွေယူပြီး ထောင်ဒဏ် အပြစ်မပေးဘဲ ငွေတစ်ထောင်ကျပ်သာ ပြစ်ဒဏ် ချမှတ်နိုင်ခြင်း) များ မှာ ဥပဒေစိုးမိုးရေး ကို များ စွာ အားနည်းစေပါသည်။
ထို့ကြောင့် ပြဿနာ ဖြစ်လာပါက နည်းမှန် လမ်းမှန် ဥပဒေအတိုင်း မရှင်ြး ကတော့ဘဲ လက်နက်စွဲကိုင် သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လာစေပါသည်။ လက်သည် တရားခံမှာ တရားစီရင်ရေး စနစ် ချို့ ယွင်းအားနည်းနေခြင်းနှင့် ဥပဒေစိုးမိုးရေး တွင် ရဲတပ်ဖွဲ့ဝင်များ ထိရောက်စွာ အလုပ်မလုပ် ခြင်း ဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သော အချက် လေးချက်သည် မြန်မာနိုင်ငံတွင် ဘာသာရေး ပြဿနာများ ဖြစ်ပွားစေသော အဓိကချက် လေးချက် ဖြစ်ပါသည်။ အဓိကအချက်များ တွင် မပါဝင်သော်လည်း ထည့်သွင်းစဉ်းစားရမည့်  အချက်များ မှာ ပြည်ပစွက်မှု (ဥပမာ- OIC အဖွဲ့၏ ပြည်တွင်းရေး ကို ၀င်ရောက် စွက်ဖက်မှု များ ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ဆိုသူ ကန်တာနား၏ မရောင် ရာ ဆီလူးချက်များ )၊ ကောလဟာလများ ( မြေပြင်သတင်း ကောလဟာလများ နှင့် အွန်လိုင်းအင်တာနက် ကောလဟာများ )သည်လည်း မီးလောင်ရာ လေပင့်စေသော အကြောင်းရင်းများ ဖြစ်ပါသည်။
အနာကို သိမှ ဆေးရှိပါသည်။ အေအိုင်ဒီအက်စ် ဖြစ်နေသူပင် HIV ပိုး ရှိမှန်း သိပါက ဆေးကုသရန် နည်းလမ်း ရှိပါသေးသည်။ အမှန်ကို မမြင်ဘဲ ဘာ ရောဂါ မှ မရှိပါဘူး၊ နှာစေးချောင်းဆိုးရုံလေးပါပဲဟု လုပ်နေပါက မရဏလမ်းသို့ သေချာပေါက် မြန်းရပါလိမ့်မည် ။
မြန်မာနိုင်ငံတွင် လည်း ဘာပြဿနာမှ မရှိပါဘူး။ ဘာမှမဟုတ်တဲ့ သာမန် ဈေးရောင်း ဈေးဝယ်ကိစ္စလေးကို ဆူပူချင်တဲ့ သူတွေ က နှောင့်ယှက်လို့ ဖြစ်ရတာ ပါဟု အမှန်ကို မမြင်နိုင်သေးသူများ အတွက် ဤကိစ္စ၊ ထိုကိစ္စတွေ ကတော့ အသားထဲမှာ တွယ်နေသော လောက်တစ်ကောင်လို အမြန်ဆုံး ဖယ်ရှားကုသမှ ဖြစ်တော့မည် ဆိုသည်ကို သတိပေးနေပါကြောင်း။ မကုသပါက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဒီထက် ကြီးသော ပဋိပက္ခမီးကို အနာဂတ်မျိုးဆက်များ သို့ လက်ဆင့်ကမ်းသလို ဖြစ်နေမည် ဖြစ်ပါကြောင်း။
သွေးသစ်ဂျာနယ် (News Blood Journal)
၉-၄-၂၀၁၃
ဆရာဝန် လုပ်မှာ လား၊ ဈေးရောင်းမှာ လား
တစ်လောက ကျောင်းနေဖက် ငယ်သူချင်း တစ်ယောက် နှင့် ပြန်တွေ့ သည်။ ကိုးတန်းတုန်းက သူနှင့် အ.ထ.က (၁) ပြည်မြို့ မှာ စာသင်ခန်း တစ်ခန်းတည်းမှာ ကျောင်း အတူနေဖူး၊ ပညာဆည်းပူးဖူးသည်။ သူက ဟိန္ဒူ ဘာသာဝင်။ ကျွန်တော် တက္ကသိုလ်တက်နေစဉ် သူသည် ဆေးကျောင်းသူ တစ်ယောက် နှင့် အိမ်ထောင်ကျသွားသလိုလို သတင်းကြားသည်။ နောက်တော့ သူနှင့် ကျွန်တော် အဆက်ပြတ်သွားသည်မှာ နှစ် ၂၀ ခန့် ကြာသည်။ ပြီးခဲ့သော လ ကတော့ သူနှင့် မမျှော်လင့်ဘဲ ပြန်တွေ့ သည်။ သူသည် တိုက်နှင့် ကားနှင့် ချမ်းသာသော လူ တစ်ယောက် ဖြစ်နေပါပြီ။ သား တစ်ယောက် ၊ သမီး တစ်ယောက် ရ၍ စော်ဘွားကြီးကုန်းထဲတွင် ရေပိုက်နှင့် ပိုက်ဆက်ပစ္စည်း အရောင်းဆိုင် ဖွင့်ထားကာ စီးပွားရေး အတော် အဆင်ပြေနေလေသည်။ သူ့အမျိုးသမီး ဘာလုပ်နေသလဲဟု ကျွန်တော် က မေးရာ -
“ဆေးကျောင်း ပြီးလို့ ဆရာဝန်ဘွဲ့တော့ ရတယ်။ ဒါပေမဲ့ ဆရာဝန်အလုပ်က ဘာလုပ်မှာ လဲကွာ။ ငါ သူ့ကို ငါ့ဆိုင်မှာ ပဲ ရေပိုက်တွေ ရောင်းခိုင်းထားတယ်။ အခုဆိုရင် သူက အရောင်းအ၀ယ်မှာ ငါ့ထက်တောင် တော် နေသေးတယ်။ သူ့ခြေ၊ သူ့လက် အားလုံး သူ့ကို လွှဲထားလို့ ရတာ ကြောင့် ငါလည်း ဆိုင်ကို သူနဲ့ပဲ လွှဲထားပြီး တစ်နေ့ တစ်နေ့ ကလေးကို ကျောင်းကြို ကျောင်းပို့ လုပ်လိုက်၊ လျှောက်လည်လိုက်နဲ့ ဟန်ကျနေတယ်ကွ”
“ဒါဆို မင်းမိန်းမ ဆေးမကုတော့ဘူးပေါ့”
“မင်းကလည်း … ကျားကိုက်ပါတယ်ဆို အပေါက်ကလေးနဲ့လား မေးနေပါပြီ။ ဘာ ဖြစ်လို့ ဆေးကုတော့မလဲကွ။ ငါ့ဆိုင်က ၀င်ငွေ ဒီလောက်ကောင်းနေမှပဲ”
သူ့စကား ဆုံးသည်နှင့် ကျွန်တော့် မျက်စိထဲဝယ် ရုပ်ရှင်ဆန်ဆန် မြင်ယောင်လာသည်မှာ ဖုန်များ တက်နေသော နားကြပ်တစ်စုံ၊ ဆေးကျောင်းတက်ခွင့် ရအောင် ငယ်စဉ် သူငယ်တန်းမှ စကာ နောက်ဆုံးနှစ် အပိုင်း (ခ) အထိ ကျက်မှတ်ထားခဲ့သော စာအုပ်များ ၊ အသစ်ကျပ်ချွတ် ငွေစက္ကူ များ ၊ ရေပိုက်၊ ပိုက်ဆက်ပစ္စည်း၊ ဘုံဘိုင်ခေါင်း၊ ဆော့တ်ကတ်၊ ချက်ဘားများ ကို ကိုင်တွယ် ရောင်းချနေသော လက်များ ၊ ဂဏန်းပေါင်းစက် တစ်ခု၊ ဆရာဝန်မရှိသဖြင့် မျှော်နေကြသော တောမြို့ ၊ နယ်စွန်နယ်ဖျား ဆေးရုံ။ ဆေးခန်းမှ လူနာများ နောက်ဆုံးပေါ် ALPHARD ကားဖြူ ကြီး။
လောကကြီးဝယ် မည် သည့်အလုပ်၊ မည် သည့် အသက်မွေးဝမ်းကျောင်းမှု သည် အခြား မည် သည့် အလုပ်တစ်ခု၊ အသက်မွေးဝမ်းကျောင်းမှု တစ်ခုထက် သာလွန်မြင့်မြတ်သည်ဟု ကျွန်တော် မဆုံးဖြတ်ဝံ့ပါ။ ဆရာဝန် တစ်ယောက် သည် လူ့အသိုင်းအ၀န်းအတွက် အရေး ကြီးသလို၊ ပိုက်ဆက်သမား တစ်ယောက် ၊ ဖိနပ်ချု ပ်သမား တစ်ယောက် သည်လည်း လောကကြီးအတွက် အသုံးဝင်ပါသည်။ မည် သူသည် မည် သူ့ထက် သာသည်ဟု ပြောရခက်ပါသည်။ အလုပ်တစ်ခုကို နှိမ့်ချ ပြောဆိုရန် ကျွန်တော့် တွင် ရည်ရွယ်ချက် မရှိပါ။ နောက်ထပ်တွေးစရာ တစ်ခု ထပ်ရသည်မှာ Real Lives, Real Stories မဂ္ဂဇင်းတွင် ဆရာဝန် တစ်ယောက် အကြောင်း ဖတ်ရ၍ ဖြစ်သည်။ ထိုဆရာဝန်သည်လည်း အမျိုးသမီးဆရာဝန်တစ်ဦး ဖြစ်ပါသည်။ သူသည် ဆေးကျောင်းတက်၍ ဘွဲ့ရပြီးသော အခါ အိမ်ထောင်ကျ၍ ယောက္ခမများ ၏ စီမံမှု အရ ဆရာဝန်အလုပ်ကို မလုပ်ရတော့ဘဲ ရန်ကုန်မြို့  မဟာဗန္ဓု လလမ်းတွင် ရွှေဆိုင်ထွက်၍ ရွှေဆိုင်ပိုင်ရှင်ဘ၀ကို ခံယူခဲ့သူ ဖြစ်ပါသည်။ ထိုစာအုပ်ထဲ၌ ခရေစေ့တွင်းကျပင် ရွှေလောကသို့ အစိမ်းသက်သက် ၀င်ရောက်ခဲ့ပုံ၊ ယောက္ခမ၏ သင်ကြားပေးမှု ဖြင့် တဖြည်းဖြည်း နားလည်လာပုံ၊ ခေတ်ပညာတတ် တစ်ယောက် ဖြစ်သဖြင့် ခေတ်စီမံခန့်ခွဲမှု ပညာများ ဖြင့် ပေါင်းဆက်လိုက်သော အခါ သူ့ရွှေဆိုင်သည် တစ်ဟုန်ထိုး အောင်မြင်လာပုံ။ သူ သင်ယူလာခဲ့သော ဆေးပညာကို နှမြောသော်လည်း ဆရာဝန်အ ဖြစ် ဆေးကုသရန် ရည်ရွယ်ချက် မရှိတော့ပုံများ ကို အင်တာဗျူး ဆောင်းပါး၌ ထည့်သွင်းပြောပြထားပါသည်။
ဆရာဝန် ဖြစ်မှ ဈေးသည်အ ဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားသူနှစ် ယောက် အကြောင်းကို ဥပမာအ ဖြစ် တင်ပြရသော်လည်း အကယ်စင်စစ် အပြင်လောကကြီး၌ ဆရာဝန်ဘွဲ့ ရခါမှ အဆိုတော် လုပ်နေသူများ ၊ ရုပ်ရှင်မင်းသား မင်းသမီး လုပ်နေသူများ ၊ စာရေး ဆရာ လုပ်နေသူများ ၊ ခြံစိုက်စားနေသူများ ၊ ဆေးဆိုင်ဖွင့် ရောင်းနေသူများ ၊ ဆောက်လုပ်ရေး ကန်ထရိုက် လုပ်နေသူများ ၊ ပွဲစားလုပ်နေသူများ စွာ လည်း ရှိသေးသည်။ ဤကမ္ဘာပေါ်ဝယ် မည် သူတစ်ဦး တစ်ယောက် မှ ကိုယ်ရထားသော ဘွဲ့နှင့် အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်စားပါမည် ဟု သစ္စာဓိဌာန်ပြု ထားခြင်း မရှိလေရာ မည် သူမဆို ဘာဘွဲ့ကို ရရ ကိုယ် ကြို က်တာ ကိုယ်လုပ်နိုင်သည်မှာ ထိုသူများ ၏ အခွင့်အရေး ဖြစ်သည်။
သို့သော် ပြောစရာရှိသည်မှာ မြန်မာပြည်၏ အနေအထားနှင့် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ပုံများ ဖြစ်သည်။ အများ သိကြသည့်အတိုင်း မြန်မာနိုင်ငံ၌ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ပုံမှာ ဆယ်တန်းအောင်သော အမှတ် အနည်း၊ အများ ကို လိုက်၍ အမှတ်အများ ဆုံး လူ( )ကို ရန်ကုန်ဆေးတက္ကသိုလ်၊ နောက်ထပ် တိုင်းနှင့် ပြည်နယ်များ မှ အများ ဆုံးလူ ( ) ကို မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ် စသည်ဖြင့် လူဦးရေကို အမှတ်ဖြင့် ကန့်၍ ခေါ်ယူခြင်း ဖြစ်သည်။ ထို့ကြောင့် ဥပမာ အမှတ်အများ ဆုံးလူ (၁၀၀) ကို ဆေးတက္ကသိုလ်တစ်ခုက ခေါ်ယူသည်ဆိုလျှင် အမှတ်တစ်မှတ်မျှကပ်လျော့နေသော (၁၀၁) ယောက် မြောက် ကျောင်းသား၊ ကျောင်းသူမှာ (အမှတ်တစ်မှတ် လျော့နည်းမှု အတွက်နှင့် ) မည် မျှ ဆေးပညာကို တန်ဖိုးထား ၀ါသနာပါသည် ဖြစ်စေ ဆေးတက္ကသိုလ်တက်ခွင့် မရတော့ပေ။ ဆေးပညာကိုမည် မျှ ၀ါသနာမပါသူ ဖြစ်စေ ဆယ်တန်းတွင် အမှတ်ကောင်းနှင့် အောင်ပါက ဆေးတက္ကသိုလ်တက်ခွင့် ရရှိမည် ဖြစ်သည်။
ဤနေရာ၌ ၀ါသနာမပါဘဲ ဆေးတက္ကသိုလ်ဝင်ခွင့် ရခဲ့သော ကျောင်းသား၊ ကျောင်းသူ တစ်ယောက် အတွက် တက်ချင်ပါလျက် အမှတ်တစ်မှတ်၊ နှစ် မှတ်ကြောင့် ကပ်၍ ပြု တ်ကျန်ရစ်ခဲ့သော ဆေးပညာကို ၀ါသနာပါသည့် ကျောင်းသားမှာ ဘ၀နှင့် ချီ၍ နစ်နာရတော့သည်။ ဘွဲ့ရခါမှ ဆေးမကုဘဲ ဈေးသည်လုပ်မည့်  ဆေးကျောင်းသားလောင်း တစ်ယောက် အတွက် နေရာဖယ်ပေးခဲ့ရသော (၁၀၁) ယောက် မြောက် ကျောင်းသားမှာ သူလည်း ဆရာဝန် မ ဖြစ်၊ သူ့နေရာတွင် အရွေးခံခဲ့ရသူ တစ်ဦးမှာ လည်း အချိန်ကုန် လူပန်း၊ နိုင်ငံတော် ၏ ဘဏ္ဍာများ ပြု န်းတီးပြီး သဲထဲရေသွန် ဖြစ်ကြခြင်းမှာ စနစ် မကောင်းသော ကြောင့် ဖြစ်သည်။
ဆယ်တန်းအောင်စ၊ အသက် ၁၆ နှစ် သာသာအရွယ်သည် ဘ၀အတွေ့ အကြုံ နည်းသေးသည် ဖြစ်ရာ ထိုအရွယ်တွင် ဘ၀နှစ် ခုလုံးပိုင်ဆိုင်သော တက္ကသိုလ်ဝင်ခွင့်ကို (ပြင်ဆင်ခွင့် မရှိ) တစ်ခါတည်း အပြီးသတ် ရွေးချယ်လျောက်ထားစေခြင်းမှာ အကောင်းထက် အဆိုးကိုပို၍ ဖြစ်စေမည် ဖြစ်သည်။ ၀ါသနာ ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ၊ ပါရမီပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ ဆယ်တန်းတွင် မျက်စိစုံမှိတ်၍ အမှတ်အသား ကောင်းသော သူသာ ဆရာဝန် ဖြစ်ခွင့်ရှိ၍ အမှတ်အသားကောင်းသော်လည်း အိုင်ကျူ IQ မြင့်သော ဆရာဝန်တကယ် ဖြစ်လိုသော ၊ ဆေးပညာကို ၀ါသနာပါသော ၊လူ့အသက်ကယ်ရတာ ဂုဏ်ယူသော လူငယ်များ ဆရာဝန် ဖြစ်ခွင့် လုံးဝ လမ်းဆုံးနေသော စနစ်သည် နိုင်ငံနှင့် လူမျိုးအတွက် မကောင်းသော အကျိုးဆက်များ ကိုသာ ပေါ်ထွန်းလာစေမည် ဖြစ်သည်။
ထိုစနစ်အား တက္ကသိုလ် ဒုတိယနှစ် အောင်မှ ၀င်ခွင့် စာမေးပွဲစစ်၍ ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ် စသည်ဖြင့် လက်ခံသင့်သော စနစ်သည် ပို၍ လူမှန်၊ နေရာမှန် ရွေးချယ် နိုင်ပေ၏ ။ ကျောင်းသားများ အနေဖြင့် လည်း အသက် ၁၆ နှစ် အရွယ်တွင် မိဘက ခိုင်း၍ လုပ်ရသည်ထက် တက္ကသိုလ်တွင် ၂ နှစ် တက်ပြီးခါမှ ကိုယ့်ဝါသနာကို ကိုယ် အချိန်ယူ စဉ်းစားပြီး ဆုံးဖြတ်ခြင်းက ပို၍ အမှန်တရားနှင့် နီးစပ်နိုင်ပေသည်။ နိုင်ငံကျော် စာရေး ဆရာမ ကြီး ကြည်အေးသည် ရိုးရိုးဝိဇ္ဇာဘွဲ့ (B.A) ဘွဲ့ကို ရယူပြီးမှ ဆေးတက္ကသိုလ် ၀င်ခွင့်ကို ၀င်ဖြေပြီး အောင်မြင်သဖြင့် ဆရာဝန် တစ်ယောက် ဖြစ်လာခဲ့ကြောင်း သိမှတ်ဖူးပါသည်။ ယခုလို စနစ်မျိုးနှင့် ဆိုလျှင် ဆယ်တန်း အောင်ကတည်းက တစ်ခါတည်း ဆုံးဖြတ်လိုက်သဖြင့် ကြည်အေးလည်း ဆရာဝန် ဖြစ်လာနိုင်မည် မဟုတ်ချေ။
နိုင်ငံခြား တိုင်းပြည်များ တွင် လူ တစ်ယောက် သည် မည် သည့် အသက်အရွယ်သို့ ရောက်နေသည် ဖြစ်စေ ဆေးပညာ အပါအ၀င် သက်ဆိုင်ရာဘာသာရပ်တွင် တက္ကသိုလ်တစ်ခုခုက ၀င်ခွင့်စစ်ဆေးပြီး အရည်အချင်းကို ကျေနပ်လက်ခံပါက တက်ရောက်၍ ဆက်လက် ပညာသင်ခွင့်ရှိပေသည်။ ထို့ကြောင့် အသက်ကြီးမှ ပါရဂူဘွဲ့ရသူများ ၊ ဆေးပညာဘွဲ့ရသူများ ၊ ဆေးပညာဘွဲ့ရသူများ ၊ ဘီအေ၊ အမ်အေ၊ ရှေ့နေဘွဲ့ရသူများ သည် မရှားပေ။ ပညာလို အိုသည် မရှိပေ။
မြန်မာပြည်မှာ လို လူ ၁၀၀ ကိုပဲ ရွေးလိုက်ပြီ ဖြစ်၍ ၁၀၁ ယောက် မြောက် ပြု တ်ကျန်ခဲ့ပေတော့ ဆိုသည်မှာ တိုးတက်သော နိုင်ငံများ ၌ မရှိတော့ပေ ဤကဲ့သို့ တစ်လမ်းသွား တစ်ဖက်ပိတ် ပညာရေး စနစ်မျိုးကိုသာ ကျင့်သုံးခဲ့မည် ဆိုပါက အမေရိကန်ပြည်ထောင်စု၌ သမ္မတကြီး အေဗရာဟမ်လင်ကွန်းသည်ပင်လျှင် ဥပဒေဘွဲ့ ရလာစရာ အကြောင်းမရှိပေ။
ဝါသနာမပါဘဲ နုနယ်ပျို ရွယ်စဉ် အသက် ၁၆ နှစ် နှင့် ၂၀ ကြားတွင် မိဘက ၀င်ဆုံးဖြတ်၍ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်လာရသူများ သည် သူတို့ ဆန္ဒ မပါဘဲ ဘ၀ကို ရွေးချယ်ခဲ့သူများ ဖြစ်၍ လုပ်ငန်းခွင်၌ မပျော်ပိုက်ချေ။ အချို့ မှာ အရည်အချင်း မပြည့်မီပေ။ ဆေးရုံ ဆေးခန်းများ ၌ မကြာခဏ ကြားရတတ်သော ပေါင်းသင်းဆက်ဆံရေး ဆိုးသည့် ဆရာဝန်၊ လူနာများ အား အလွဲလွဲအမှားမှား ကုသမှု ပေးသည့် ဆရာဝန်၊ ပေါ့လျော့၍ လူသေစေသော ဆရာဝန်၊ ငွေမျက်နှာမှတစ်ပါး အခြား ဘာမှ စိတ်မ၀င်စားသော ဆရာဝန်၊ လူနာများ အား အောက်လက်ငယ်သားသဖွယ် အော်ပေါက်ဆက်ဆံတတ်သော ဆရာဝန် စသည်များ မှာ ၀ါသနာမပါ့ဘဲ ဆေးပညာကို ၀ါသနာအရ မဟုတ်ပါဘဲ ဆယ်တန်းအောင်စဉ် ပွင့်လာသော အခွင့်အရေး တံခါးတစ်ချပ်မှတစ်ဆင့်လျှောတိုက် မျှောချလာခဲ့သူများ ဖြစ်သည်။ ၀ါသနာကို အခြေခံကာ ကြိုးစားလာခဲ့သော ဆရာဝန်များ ကတော့ တစ်စထက်တစ်စ နာမည် ကျော်ကြားကာ အများ က လေးစား ချစ်ခင်ရသော အောင်မြင်သည့် ဆရာဝန်ကြီးများ ဖြစ်လာကြသည်သာ များ လေသည်။
တချို့ ကလည်း ဆေးပညာနှင့် ဘွဲ့ရပြီးမှ အခြား ၀ါသနာပါရာ အလုပ်များ သို့ ပြောင်းလဲ စွန့်ခွာသွားလေသည်။ ဆရာဝန် တစ်ယောက် သူ့အလုပ်ကို စွန့်ခွာသွားတိုင်း တိုင်းပြည်၌ တစ်မျိုး နစ်နာလေသည်။ အထူးသဖြင့် လူတစ်သိန်းလျှင် ဆရာဝန် ၃၀ ယောက် နှုန်းသာ ရှိသော မြန်မာနိုင်ငံလို နိုင်ငံမျိုး၌ ဆရာဝန် တစ်ယောက် လျော့သွားခြင်းမှာ လူ ၃၃၃၃ ဦး၏ ကျန်းမာရေး စောင့်ရှောက်မှု ဟာကွက်ကြီး တစ်ခု ဖြစ်သွားခြင်း ဖြစ်သည်။ ရွှေရောင်းခြင်းကြောင့် ၊ ရေပိုက်ရောင်းခြင်းကြောင့် ထိုလူနှစ် ဦး၏ မိသားစုများ ချမ်းသာ ကြွယ်ဝကောင်း ကြွယ်ဝ သွားပါမည် ။
သို့သော် လူများ ၏ ကျန်းမာရေး စောင့်ရှောက်မှု ကွက်လပ်ကြီး ဖြစ်သွားသည်ကိုကား မည် သို့မျှ အစားမထိုးနိုင်ပါပေ။ နဂိုကတည်းက ၀ါသနာ မပါ၍ ၀င်မလျှောက်ခဲ့လျှင် ထိုလူနှစ် ယောက် ၏ နေရာတွင် အမှတ် ကပ်၍ ပြု တ်ကျန်ခဲ့သော လူနှစ် ဦးလည်း ဆရာဝန် ဖြစ်မည် ၊ နိုင်ငံတော် နှင့် ပြည်သူတွေ အတွက်လည်း အကျိုးရှိမည် ။ ၀ါသနာမပါဘဲ ဆေးကျောင်းတက်ခဲ့ရသော ကျောင်းသားများ အတွက်လည်း ခြောက်နှစ် ကျော် ကာလပတ်လုံး ငွေကုန်၊ လူပန်းခဲ့သည်များ လည်း သက်သာမည် ။ အားလုံးအတွက် အကျိုးရှိမည် ဖြစ်သည်။ ၀ါသနာအရ ဖြစ်လာရသော ဆရာဝန်၊ အင်ဂျင်နီယာ၊ ဥပဒေပညာရှင်၊ စစ်ဗိုလ် စသည်တို့သည် ၀င်ငွေ ဘယ်လောက်ပဲ နည်းပါးသည် ဖြစ်စေ ပညာရှင်မာနတော့ ရှိကြမည် ဖြစ်သည်။ မည် မျှ ၀င်ငွေနည်းသည်ပဲ ဖြစ် ဖြစ် မိမိ ရွေးချယ်ခဲ့သော Professional အလုပ်တစ်ခုကို တန်ဖိုးထား လေးစားမည် ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဥပမာပေး၍ ပြောရလျှင် တစ်နေ့ကို ငွေတစ်သိန်း ပေးမည် ။ စာရေး ခြင်း၊ စာဖတ်ခြင်းကို တစ်သက်လုံး စွန့်လွှတ်ရမည် ဆိုလျှင် ကျွန်တော် သည် ဘယ်တော့မှ လက်ခံမည် မဟုတ်ချေ။ ငွေသည် အရေး ကြီးသည် မှန်သော်လည်း လောကကြီး၌ ငွေထက် တန်ဖိုးရှိသော အရာများ စွာ လည်း ရှိပါသေးသည်။
အခြားနိုင်ငံများ ၌ လည်း ဆရာဝန်ဘွဲ့ ရခါမှ အခြား အလုပ်လုပ်သူ များ လည်း ရှိသည်ဟု စောဒကတက်ချင်လည်း တက်နိုင်ပါသည်။ သို့သော် တိုးတက်ပြီး နိုင်ငံများ ၌ လူဦးရေနှင့် စာလျှင် ဆရာဝန်အရေအတွက်မှာ အလွန်များ ပြားသဖြင့် တစ်ယောက် တလေ လျော့သွားခြင်းမှာ မထောင်းသာပါ။ ဥပမာ - အမေရိကန်ပြည်ထောင်စု၌ လူတစ်သိန်းလျှင် ဆရာဝန် ၅၄၉ ယောက် ရှိပါသည်။ ဗြိတိန်တွင် လူတစ်သိန်းလျှင် ဆရာဝန် ၁၆၆ ယောက် ၊ စကာင်္ပူတွင် ၁၄၀၊ အီတလီတွင် ၆၀၆ ယောက် ၊ ရုရှားတွင် ၄၁၇ ယောက် ၊ တရုတ်တွင် ၁၆၄ ယောက် ၊ မြန်မာတွင် ၃၀ ယောက် သာ ရှိပါသည်။ ရုပ်နည်းရာအဂ္ဂလူထွက် ဆိုသကဲ့သို့ မရှိမဲ့ရှိမဲ့ ဆရာဝန်များ က ဆေးမကုကြသော အခါ တိုင်းပြည်မှာ မိအေး နှစ် ခါနာ ဆိုသလို ဖြစ်နေလေသည်။
မြန်မာနိုင်ငံ၌ ပြု ပြင်ရမည် မှာ မိဘတို့၏ စိတ်နေစိတ်ထား (Mind Set) ကိုလည်း ပြင်ရမည် ဖြစ်သည်။ လောကကြီး၌ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်အလုပ်သာ အမြတ်ဆုံး ဖြစ်ဘိသည့်အလား ထိုလမ်းကြောင်းသို့ မိမိသားသမီးများ ကို ဖားစီးငါးစီး အတင်းအဓမ္မ ပုံစံဝင်အောင် လမ်းကြောင်းနေကြခြင်းသည် တကယ်တမ်း၌ ဟုတ်ရော ဟုတ်ရဲ့လား၊ ငါ့သားသမီး ၀ါသနာနှင့် ရော ကိုက်ရဲ့လားဟု တက္ကသိုလ်ဝင်ခွင့် မလျှောက်မီ အပြန်ပြန်အလှန်လှန် စဉ်းစားကြဖို့ လိုမည် ဖြစ်သည်။ လူ့လောက၌ ဆရာဝန်အားလုံး လူတော် များ မဟုတ်ကြသလို၊ ဆရာဝန် မဟုတ်သူတိုင်းလည်း လူညံ့များ မဟုတ်ကြပါ။ ၀ါသနာကို မူတည်၍ အံဝင်ခွင်ကျ ကြိုးစားသူများ သည် သူ့နယ်ပယ်နှင့် သူ အစွမ်းထက်သော ခေါင်းဆောင်များ ဖြစ်လာကြမည် ဖြစ်သည်။
အရေး ကြီးသည်မှာ လူများ သည် မိမိ ၀ါသနာပါရာ အလုပ်ကို သင်ကြားခွင့်ရကြဖို့ပဲ လိုပါသည်။ ထိုသို့ မဟုတ်ပါက ဆရာဝန် ဖြစ်ပြီးမှ ဈေးရောင်းခြင်း၊ ဈေးသည် ဖြစ်ပြီးမှ အပ်ပုန်းကိုင်ခြင်း စသော ကမောက်ကမ ကိစ္စများ အတောမသတ်အောင် ဖြစ်လာနေမည် ဖြစ်ပါကြောင်း …။
ကိုးကား
World Statistics JACARANDA,Atlas (Sixth Edition)
News Watch ဂျာနယ်၊ ၃-၉-၂၀၁၃
![]() အညတရမှတ်တမ်း | ![]() တိမ်တွေထဲက ကောင်မလေး | ![]() စစ်မတိုက်မီ စကားပြောသော ယဉ်ကျေးမှု |