Cover

တိမ်တွေ ထဲက ကောင်မလေး

ဘ၀ဆိုတာ တိုးတိုးညင်သာ တိုက်ခတ်လိုက်တဲ့ ဆည်းလည်းသံလို ချိုမြိန်တာလည်းရှိရဲ့ ။ ဂျက်လေယာဉ်စက်သံလို ကြမ်းရှပြင်းထန်တာတွေ လည်း ရှိခဲ့ပါတယ်။ ကျွန်တော် စိုက်ထားတဲ့ သစ္စာပန်းခင်းပေါ်ကို နေ့ စဉ်နေ့ တိုင်း ၀ဲပျံဖြတ်သန်းသွားတဲ့ လေယာဉ် တွေ ရဲ့ နောက်ကို စိတ်ကူးနဲ့ပျံဝဲရင်း နေ့ စဉ်နေ့ တိုင်း ကျွန်တော် လုပ် ဖြစ်တာ ကတော့ ပန်းခင်းကို ကိုယ်တိုင်ကိုယ်ကျ ရေထမ်းလောင်းခဲ့တာပါပဲ။ အဲဒီ လိုအခါမျိုးမှာ တစ်ခါတစ်ရံတော့ ပန်းခင်းဘေးမှာ ချစ်သူက အေးအေးလူလူရပ်ငေးနေပါတယ်။ ကျွန်တော် ဟာ သူ့ ကိုမြတ်နိုးကိုးကွယ်ပြီး ချစ်ခဲ့တာပါ။ ဥယျာဉ်မှုးဟာ သူ့ ရဲ့ ပျိုးပင်တွေ ကိုချစ်ခဲ့သလိုမျိုး၊ မုဆိုးဟာ သူ့ ရဲ့ လေးနဲ့ မြားကို ချစ်သလိုမျိုး၊ ဖယောင်းပန်းလေးတစ်ပွင့်ကို လေးညင်းလေးက ချစ်သလို ကျွန်တော် သူ့ ကိုချစ်ခဲ့ပါတယ်။

ဒါပေမဲ့ပေါ့ ဘာကြောင့် ချစ်သလဲလို့  ကောင်မလေးက မေးတိုင်း ကျွန်တော့် မှာ အဖြေမရှိဘူး။ ချောလို့ လည်းမဟုတ်၊ ချမ်းသာလို့ လည်းမဟုတ်။ လိင်စိတ်ပြင်းတဲ့ ညှို့ အားကြောင့် လည်း မဟုတ်တဲ့ သာမန်မိန်းကလေး တစ်ယောက် ကိုချစ်တာဟာ ချစ်သက်သက်ပါပဲဆိုတာထက် လေးနက်ပေါ်လွင်အောင် ဘယ်လို အဓိပ္ပာယ် ဖွင့်ရမှာ လဲ။ ကျွန်တော် က စာရေး ဆရာတွေ ကို ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ လည်း မပြောတတ်ဘူး။ ဒါပေမဲ့ လူ့ ဘ၀ဆိုတာ ထင်သလောက်လည်း ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ ပြောပြစရာ ဘာမှမရှိပါဘူး။ လူတစ်ရာကိုစာရင်းကောက်ကြည့်ရင် လူတစ်ရာလုံးဟာ အချိန်စီးကြောင်းတစ်ခုတည်းမှာ သိပ်မကွဲပြားတာတွေ ကို ခြားနားစွာ ရင်ဆိုင်နေကြရတာ တွေ ချည်းပါပဲ။ အဖြူရောင် ဖြစ် ဖြစ်၊ အနီရောင် ဖြစ် ဖြစ် နောက်ဆုံးတော့ ကျွန်တော့် ခြံထဲကပန်းတွေ အားလုံး ဈေးကိုရောက်တာချည်းပဲ မဟုတ်လား။ လောကီထုပ္ပာတ် လူတို့ ဇာတ်ဟာ ရှည်လျားရှုပ်ထွေးတယ်ဆိုပေမဲ့ ရှင်းအောင်ကြည့်ရင် ရှင်းနေပါတယ်။ တကယ်တော့ အခင်းအကျင်းတွေ ၊ အဆင်းတန်ဆာ အသိုင်းအ၀ိုင်းတွေ သာ မပါရင် လူ့ ဘ၀ဆိုတာ ပန်းတစ်ပွင့်လိုပါပဲ။ မြေကြီးထဲက အညှောက်ကလေး ထိုးထွက်လာမယ်။ နေရောင် ခြည်ကို ရှာဖွေသုံးစွဲမယ်။ တည့်တံခိုင်မာအောင် အမြစ်တွေ နဲ့  ကုတ်တွယ်ထားမယ်။ အချိန်တန်တော့ ပန်းကလေး ဘာလေးပွင့်၊ ပြီးတော့ ဘယ်မှာ ကြာကြာခံလို့ လဲ။ မြေသြဇာပြန် ဖြစ်သွားတာပဲ မဟုတ်လား။ ပန်းသာမပွင့်ခဲ့ဖူးဆိုရင် ဒီအပင်တွေ ဟာ တော် တော် ကို အဓိပ္ပာယ်မဲ့မှာ ပါပဲ၊။ ချစ်မေတ္တာဆိုတဲ့ပန်းသာ မပွင့်ခဲ့ရင် လူတွေ ဟာခြောက်သယောင်းပြီး မတ်တတ်သေနေတဲ့ပန်းပင်တချို့ နဲ့  တူနေလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ဟာ သစ္စာပန်းခင်းလေးထဲမှာ ပဲ ဘ၀ကိုမြုပ်နှံထားရတာ ကို ကျေနပ်နိုင်ခဲ့တယ်။ ကမ္ဘာမြေကြီးရဲ့ရင်ခွင်ကို ယက်ဖောက်ပြီး ထွက်လာတဲ့ပန်းပင်တွေ နဲ့  ကောင်မလေးအတွက် နှလုံးသားက ပွင့်လာမယ့်ပန်းပွင့်တွေ ရှိရုံနဲ့ ပဲ ဘ၀ဟာချိုမြိန်လှပါပြီ။

ဝေးဝေးကို မကြည့်ချင်ဘူး။ မိုးကုတ်စက်ဝိုင်းဆုံးတဲ့အခါမှာ ထပ်တွေ့ ရမှာ က နောက်ထပ်မိုးကုတ်စက်ဝိုင်းတစ်ခုပဲမို့ လား။ မျှော်လင့်ချက်တွေ ကို မွေးမြူရေး လုပ်နေတဲ့သူတစ်ချို့ ကို ထမ်းထားရတာ နဲ့ တင် ကမ္ဘာမြေကြီးဟာ လေးလံလှပါပြီ။

ကျွန်တော် ကတေ့ မျှော်လင့်ချက်ဆိုတဲ့ လူကအနိုင်ကျင့်တိုင်း တိမ်တွေ ကို မော့မော့ကြည့်တာပဲ။ တိမ်တွေ ထဲမှာ ကိုယ့်ဆန္ဒတွေ ကို စိတ်နဲ့ ဖန်ဆင်းနိုင်တယ်လေ။ ဒါဟာ လွတ်မြောက်နည်းတစ်ခုပေါ့။

“တိမ်တွေ ဟာ ရေငွေ့ တွေ ပါပဲ” တဲ့။

တစ်နေ့ တော့ စာသိပ်ဖတ်တဲ့ သိပ္ပံဘွဲ့ ရသမား တစ်ယောက် က ကျွန်တော့် ကိုပြောတယ်။ ကျွန်တော် တော့ မယုံးဘူး။ တကယ်တော့ တိမ်တွေ ဟာ ရေငွေ့ တွေ မဟုတ်ဘူး။ တိမ်တွေ ဟာ ပုံစံခွက်တွေ မဟုတ်ဘူး။ တိမ်တွေ ဟာ အိပ်ရေး ပျက်နေတဲ့ သိုးတစ်ကောင် မဟုတ်ဘူး။ ကျွန်တော့်လွယ်အိတ်ထဲမှာ အမြဲရှိနေတဲ့ တိမ်တစ်ဆုပ်ကိုတော့ အမြဲသတိရနေတယ်။ အသက်ရှုမွန်းကြပ်ပြီး အောက်ဆီဂျင်ပြတ်လုဆဲကာလမှာ ကောင်မလေးက ကျွန်တော့် အဆုပ်ထဲတိုးရှဲဝင်လာတဲ့ တိမ်ပြာတစ်ဆုပ်လေ။ မှုတ်ထုတ်ပစ်လိုက်ရမှာ ကိုတောင်နှမြောရဲ့ ။

ဗိလိန်မရှိ၊ ဇတ်ရှိန်မရှိ။ ဇတ်လိုက်မရှိတော့တဲ့ လောကဓံပန်းခင်းဟာ ဒြပ်မဲ့ဝတ္ထုတွေ နဲ့  လူလှချည်ရဲ့။ တကယ်တော့ ကျွန်တော် တို့ အားလုံးဟာ ဗီလိန်တွေ ပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဇတ်နာအောင် နှိပ်စက်ပြနေတဲ့ ခပ်ညံ့ညံ့ဇတ်လိုက်တွေ ပါ။ လူ့ ဘ၀ဆိုတာ ဗီလိန်ရော၊ ဇတ်လိုက်ရော၊ မီးထိုးမှန်ထိုးရော ယုတ်စွအဆုံး ဇတ်စင်တောင်မရှိတဲ့ မှော င်မည်းနေတဲ့ မြေတစ်ကွက်ပါ။လူ့ လောကဟာ ဇတ်ခုံတစ်ခုံပါဆိုတာ ကျွန်တော် တော့ ဘယ်လိုမှယုံလို့ မရဘူး။ ဇတ်ခုံ ဖြစ်ခဲ့မယ်ဆိုရင်လည်း ရွှံ့ ပုပ်တွေ နဲ့  ပြည့်နှက်နေတဲ့ မြေ၀ိုင်းဇတ်ခုံသာ ဖြစ်လိမ့်မယ်။ ဇာတ်ဆရာစကား၊ နားမထောင်ဘဲ ထင်ရာစိုင်းနေတဲ့ ဇတ်ဆောင်တွေ ပဲ ဖြစ်လိမ့်မယ်။ အစီအစဉ်တကျကပြလို့ မှ မရခဲ့ကြပဲ။

ကျွန်တော် ဟာ အားလပ်ချိန်တိုင်း သိစိတ်တစ်ခုရဲ့ အလျဉ်ကို တိမ်တွေ ဆီပို့ ပြီး ကောင်မလေးနဲ့ စကားပြောနေခဲ့တယ်။ တိမ်တွေ ထဲက ကောင်မလေးနဲ့  ကျွန်တော် နေ့ တိုင်းစကားပြောနိုင်ခဲ့တယ် Tuning မညှိဘဲ ထတီးလိုက်တဲ့ တူရိယာနှစ် ခုကို ကျွန်တော် တို့ ဟာ အချိန်မရွေး သံစဉ်တွေ ညီနေကြတယ်။

လကိုတိမ်ဖုံးလို့  မှော င်မည်းနေတဲ့ ချောက်ချောက်ချားချားညကြီးမှာ တစ်ခါတစ်ခါမှ ကြယ်ရောင် ၊ လရောင် လေး ပေါ်လာတတ်သလို၊ လူ့ ဘ၀ဆိုတာ အမှော င်ထဲမှာ ကိုယ့်ကိုယ်ကိုယ်လောင်မြိုက်ခံပြီး အလင်းရှာနေရတာ ပါ။ ဒရမန်းကြမ်း မောင်းထွက်သွားတဲ့ကားတစ်စီးရဲ့  နောက်မီးပျပျလေးနောက်ကို ခုန်ဆွခုန်ဆွလိုက်နေတဲ့ ပုရစ်တွေ နဲ့  ကျွန်တော် တို့ ဟာ ဘာခြားသေးလို့ လဲ။ ကျွန်တော် ပန်းခင်းထဲမှာ စိတ်ပျက်လက်ပျက်ထိုင်နေမိတယ်။ အဲဒီ အချိန်မှာ ပန်းတစ်ပွင့်က ကျွန်တော့် ကို စကားစပြောတယ်။

“ခင်များ ဘာ ဖြစ်နေသလဲ” တဲ့။

“ငါ ဘာ ဖြစ်နေမှန်းလည်း မသိပါဘူး”

“ခင်များ တို့  လူတွေ ဟာ အမြဲတမ်းတစ်ခုခုတော့ ဖြစ်နေကြတာပဲနော်”

“ဟုတ်တယ်၊ ဒါပေမယ့် ငါ ကတော့ ဘာမှမ ဖြစ်ချင်ဘူး။ ဒါပေမဲ့ကွာ တကယ်တန်းပြောရရင် ငါဟာ ပန်းပင်တစ်ပင် ဖြစ်ချင်ခဲ့တာပါ။ ငါ့ကို ပန်းပင် ဖြစ်ခွင့်ပေးပါ။ မင်းက ငါ့နေရာမှာ လာနေပါ”

ပန်းကလေးက သွက်သွက်ခါအောင် ငြင်းလိုက်တယ်။ ပြီးတော့ ကျွန်တော် တစ်သက်လုံး ရှက်ရွံ့  နေစေမယ့်စကားကို ပြောတယ်။ ‘ပန်းပင်ဆိုတာ တစ်ယောက် နဲ့  တစ်ယောက် ကောက်ကျစ်လို့ မရဘူးဗျ’

“ပြီးတော့ ရေနဲ့  နေရောင် ခြည်ကလွဲရင် ဘာမှသုံးစွဲခွင့်မရှိဘူး။ အဲဒါတောင် တစ်ပင်စာလုံလောက်ရင် နောက်ထပ်မစုဆောင်းတော့ဘူး”

နောက်တစ်နေ့ မှာ တော့ ကျွန်တော် ဟာ ပန်းပင်တွေ ကို ကြည်ကြည်ဖြူဖြူနဲ့  ရေထမ်းလောင်းပါတော့တယ်။ အလှဆုံးပန်းကလေး တစ်ပွင့်ကိုလည်း ကောင်မလေးရဲ့  ဆံကေသာမှာ ကျွန်တော် ဟာ ပန်ဆင်ပေးလိုက် တယ်။ ဒါပေမဲ့ ပန်းပင် ဖြစ်ဖို့ တော့ ဘယ်တော့မှ အားမထုတ်တော့ဘူး။

ကောင်မလေးက ပြောတယ်။ ဂေါ်ပင်မရှိ။ ပီကာဆိုမရှိ။ တော် လ်စတွိုင်းမရှိ။ ဗွန်ဂျိုဗီမရှိတဲ့ တာဝတိံသာကို သူ မသွားလိုပါဘူးတဲ့။ ဒုက္ခသစ္စာတွေ နဲ့  ပြည့်နှက်နေတဲ့ လူဘုံခမ်းဝါ လူတို့ ရွာမှာ မှ ပျော်ရွှင်နိုင်သတဲ့။ ကျွန်တော် ကတော့ ဘ၀မှာ ကောင်မလေးနဲ့  ပန်းပွင့်တွေ ကိုသာ အလေးထားခဲ့တာပါ။ ဒီလိုနဲ့  ညပန်းချီကားတွေ ကို ကျွန်တော် နှစသက် လာတတ်ခဲ့တယ်။ စူးရှတဲ့ နေရောင် ခြည်အောက်မှာ ကျွန်တော် ဟာ ပန်းပွင့်ရဲ့  ပုံတူပန်းချီကားကို စိတ်ဆေးနဲ့  စတင်ရေး ဆွဲခဲ့တယ်။

သစ္စာပန်းရောင်းသည်ဆိုတဲ့ စာသားလောက်ကလွဲလို့  ဘာမှ မယ်မယ်ရရ မရေး တတ်ခဲ့တဲ့သူဟာ တစ်ခါတစ်ရံတော့ စာရေး ဆရာ ဖြစ်ချင်စိတ်လည်း ၀ိုးတိုးဝါးတား ပေါ်လာတတ်ရဲ့ ။ ချမရေး တတ်တာကလွဲလို့  လူတွေ အားလုံးဟာ ၀တ္ထုရေး ဆရာတွေ ချည်းပဲ မဟုတ်လား။ စုတ်တံမကိုင်တတ်တာကလွဲလို့  လူတွေ အားလုံးဟာ ပန်းချီဆရာတွေ ချည်းပဲ မဟုတ်လား။ ပန်းမပွင်တာကလွဲလို့  လူတွေ အားလုံးဟာ သစ်ပင်တွေ ချည်းပဲ မဟုတ်လား။ လူတိုင်းလူတိုင်းရဲ့ ဦးနှောက်ထဲမှာ သံစဉ်တွေ မျော်လွင့်နေခဲ့ပါတယ်။ လူတိုင်းလူတိုင်းရဲ့ အသွေးအသားထဲမှာ ရောင် စဉ်တွေ စီးဆင်းနေပါတယ်။ အားကောင်းမောင်းသန် အနုပညာဆိုတာ အသွေးအသားထဲက လျှံကျလာတဲ့နှလုံးသွေးစစ်စစ်တွေ ပါပဲ။

ကြေကွဲစရာပါပဲ။ အချိုမြိန်ဆုံးအရာတွေ ဟာ ခါးသီးခဲ့တယ်။ အနီးကပ်ဆုံးအရာတွေ ဟာ ဝေးကွာခဲ့တယ်။ မရှောင်နိုင်တာဆိုလို့  နောက်ကျောဘက်က ဓားတွေ ကိုပါပဲ။ တတိယတန်းစား ပျက်လုံးတွေ ပေါလောမျောနေတဲ့ လက်ဖက်ရည်ခွက်ထဲမှာ ပျိုမြစ်နုနယ်မှုတွေ ဟာ အလျားလိုက်သေးဆုံးလို့ ။

မြေမျက်နှာသွင်ပြင်ကိုလိုက်ပြီး နေ၀င်ချိန်တွေ ကွဲပြားကြတယ်။ ဟိုတယ်မှာ ပဲအိပ်အိပ်၊ ပလက်ဖောင်းပေါ်မှာ ပဲနေနေ၊ နှစ် ခြိုက်စွာ အိပ်စက်ခြင်းရဲ့  အဓိပ္ပာယ်ဟာ ညပါပဲ။ ကောင်မလေးနဲ့  ဝေးနေတဲ့ အခါတွေ မှာ ကျွန်တော့် အနာဂတ်ဟာ နာဖျားနေတဲ့ ကြယ်စင်တွေ လို ပန်းခင်းပေါ်ကို တဖွဲဖွဲကြွေကျလာကြတယ်။ ကြယ်ပွင့်တွေ ဟာ နံနက်ခင်းထံမှာ လက်နက်ချခဲ့သလိုမျိုး၊ ယုံကြည်ချက်ဟာ အစာအိမ်ထံမှာ လက်နက်ချခဲ့သလိုမျိုး၊ ကျွန်တော့် ရဲ့  မာန်မာနတရားတွေ ကို ချစ်ခြင်းမေတ္တာထဲမှာ လက်နက်ချခဲ့ဖူးတယ်။

အစိမ်းရောင် ဖက်ရှင်တွေ ကို ကျွန်တော် မကြိုက်ဘူး။ မချစ်မနှစသက် သော အင်္ကျီများ ကို မလွှဲမရှောင်သော လက်ခံဝတ်ဆင်နေရခြင်းဒုက္ခဟာ ကြီးမားလှပါတယ်။ ကျွန်တော် သစ္စာပန်းတွေ ကို ချစ်တယ်။ ကျွန်တော် ကောင်မလေးကို ချစ်တယ်။ ကျွန်တော် သဘာဝတရားကို ချစ်တယ်။ ကျွန်တော် ပစ္စုပ္ပန်ကို ချစ်တယ်။ ကျွန်တော် တိမ်တွေ ကို ချစ်တယ်။

ကျွန်တော့် ဘ၀မှာ ဘာကိုမှ ကြီးကြီးကျယ်ကျယ် မတောင်းဆိုဖူးပါဘူး။ ကောင်မလေးကို တစ်ခုတော့ တောင်းဆိုခဲ့ဖူးတယ်။ ကျွန်တော် သေတဲ့အခါ ကျွန်တော့် မြေပုံထိပ်မှာ သစ္စာပန်းလေးတစ်ပင်လောက် စိုက်ပေးဖို့ ပါပဲ။ တကယ်တော့ သေပြီးမှာ ပန်းပွင့်ကို တပ်မက်နေတာတော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ကျွန်တော့်  ကိုယ်စား သစ္စာပန်းလေးတွေ က တိမ်တွေ ကိုကြည့်ရင်း ကောင်မလေးကို နှုတ်ဆက်နေနိုင်သေးတယ် မဟုတ်လား။

(၁၉၉၆ ခု၊ ဇန်န၀ါရီလ၊ ရုပ်ရှင်အမြုတေ)

သိက္ခာခြေစစ်ပွဲ

သူမသည် အထက်တန်းပြဆရာမ တစ်ဦး ဖြစ်သည်။ ဆရာမ တစ်ဦး ဖြစ်ခြင်းသည် အခြားသူများ ကို မည် သို့ မျှ ပိုမိုမထူးခြားစေသော်လည်း သူမကိုယ်တိုင် သတ်မှတ်ထားခဲ့သော ကိုယ်ပိုင်စံနှုန်း သတ်မှတ်ချက်များ ကိုတော့ ပိုမိုမြင့်မားသွားစေပါသည်။ ဆရာဆိုသော အသက်မွေးဝမ်းကျောင်း၊ အလုပ်တစ်ခု၌ ဂုဏ်သိက္ခာ၊ ဖြောင့်မတ်ခြင်းတို့ သည် အလိုလို ပြဋ္ဌန်းပြီးသား ဖြစ်နေသည်။ ကိုရင်ဝတ်သည်နှင့် သင်္ကန်းစည်းရသည့်သဘော။ ဆရာ ဖြစ်သည်နှင့် လူ့ ကျင့်ဝတ်သိက္ခာ၊ သမာဓိတို့ ကို စောင့်ထိန်းဝတ်ဆင်ရမည် ။ ဒါက သူမ တစ်ခါက ယုံကြည်ယူဆခဲ့သည့် ဆောင်ပုဒ်များ ၊ ငဲ့စောင်း၍ မကြည့်လိုတော့သည့် စံနှုန်းများ ။

မြန်မာပြည်၏ မြို့ တော် မှ နယ်စွန်နယ်ဖျား တစ်နေရာသို့  ပြောင်းရွှေ့  တာဝန်ထမ်းဆောင်ရမည် ဟု သတင်းသဲ့သဲ့ကြားစဉ်က သူမက တာဝန်အရပဲ သွားရမှာ ပေါ့ဟု စိတ်ဖြေနိုင်ခဲ့သော်လည်း အရာရာပူပင်တတ်သော မိခင်နှင့် ဒေါ်လေးတို့ က သူမထက်များ စွာ စိုးရိမ်သော က ရောက်ခဲ့ကြရသည်။ သူမက ရောက်ရာအရပ်ကို သွားမည် ဟု အားခဲစောင့်စားနေစဉ်မှာ ပဲ မေမေနှင့် ဒေါ်လေးတို့ က အတည်မ ဖြစ်သေးသော နယ်ပြောင်းမိန့် ကို အမျိုးမျိုး အန်တုခဲ့ကြသေးသည်။ ဗေဒင်ဆရာများ ရှိရာသို့  အကြိမ်ကြိမ်သွားသည်။ ယတြာချေရန်ဟုဆိုက သူမဓာတ်ပုံများ ကိုတောင်းတော့ မေမေနှင့် အတိုက်အခံမပြုလိုသဖြင့် အောင့်သက်သက်နှင့် ပင် သူမဓာတ်ပုံများ ကို ထုတ်ပေးခဲ့ရသေးသည်။ နောက်ပိုင်းတွင် တော့ မေမေနှင့် ဒေါ်လေး မကြာခဏ တီးတိုးတိုင်ပင်နေကာ တွေ့ ရတတ်သည်။ အရာရှိကြီးငယ်တို့ ထံသို့ လည်း မေမေအ၀င်အထွက် ရှိလာသည်။ ထို့ နောက်တွင် တော့ သူတို့ ၏ ယတြာများ သည် ပိုမိုဆန်းကြယ်လာ၏ ။ သူမ ကျောင်းကပြန်လာသေတစ်နေ့ ၌ မေမေတို့ နှစ် ယောက် တီးတိုးတိုင်ပင်နေတာ တစ်စွန်းတစ်စ ကြားခဲ့ရသည်။

“ဘယ်တတ်နိုင်မလဲ။ ဒီလောက်တော အကုန်ခံရမှာ ပေါ့” သူမကိုမြင်သော အခါ ပြောလက်စစကားကို ချက်ချင်း ရပ်ပစ်လိုက်ကြသည်။

“ဘာ အကုန်ခံရမှာ လဲ။ ယတြာလား” သူမက ပြုံးစိစိနှင့် မေးတော့-

“နင့်ကြောင့် ခက်ပါတယ် ဝေေ၀ရယ်” ဟုဆိုကာ ဒေါ်လေးစကားဝိုင်းမှ ထသွားသည်။ နောက်တစ်နေ့ မနက် မေမေဈေးကပြန်လာတော့ မေ့မေ့လက်ဆွဲခြင်းထဲမှာ ပန်းစက္ကူများ ဖြင့် ထုပ်ပိုးထားသော ဘူးကြီးတစ်ဘူးပါလာတာ တွေ့ ရ၏ ။ (အထဲမှာ ဘာတွေ ပါသလဲဆိုတာတော့ မစပ်စုသဖြင့် သူမ မသိခဲ့ပါ။)

ထိုနေ့ ညနေ ကျောင်းဆင်း၍ အိမ်သို့ ပြန်လာတော့ သူမထိုအထုပ်ကြီးကို မတွေ့ ရတော့ပါ။ မေမေနှင့် ဒေါ်လေးကိုလည်း မတွေ့ ရတော့ပါ။ နောက်နေ့ များ တွင် တော့ မေမေနှင့် ဒေါ်လေးက သူမကို နယ်ပြောင်းမည့် ကိစ္စနှင့် ပက်သက်၍ ဘာမှထပ်မပြောတော့ချေ။ သူတို့ မျက်နှာမှာ လည်း တစ်စုံတစ်ခုကို စိတ်ချသွားဟန်ဖြင့် ကြောင့်ကြ မှု လျော့ပါးသွားကြပုံရပါသည်။ ထိုအချိန်မှစ၍ သူမထံသို့  ရောက်လာဖွယ်ရှိသော ပြောင်းရွှေ့ မိန့် လည်း ပျောက်ကွယ် သွားပါသည်။ သူမသည် ထိုအပြုအမူအတွက် စိတ်မသန့် သလိုရှိသော်လည်း အဖြေကိုအတိအကျမသိရသော ကြောင့် မေမေနှင့် ဒေါ်လေးအား ထိုအကြောင်းနှင်ပတ်သက်၍ တစ်စုံတစ်ရာ မေးမြန်းစုံစမ်းခြင်းမပြုလုပ်ခဲ့ပါ။ (စိတ်ထဲမှာ တော့ မေမေ့ကို ကျိတ်၍ ကျေးဇူးတင်မိပါသည်။)

သူမသည် အသင်အပြကောင်းသော ဆရာမ တစ်ယောက် ဟု ကျောင်း၌ နာမည် ရသော်လည်း အိမ်တွင် ကျူရှင်မပြခဲ့ပေ။ ပညာနှင့် ငွေကို လဲလှယ်ခြင်းသာ ဖြစ်၍ သမာအာဇီဝကျသည်ဟု လက်ခံသော်လည်း ကျူရှင်မတက်နိုင်ရှာသော ဆင်းရဲသည့်ကလေးများ ကို ချန်မထားရက်သဖြင့် သူမ ဘယ်တော့မှ ကျူရှင်ပြခြင်း၊ ကျိတ်ဝိုင်းသင်တန်းပို့ ချခြင်းတို့ ကို မပြုလုပ်ခဲ့ပေ။ ကျောင်းတွင် သာ အလျဉ်းသင့်သလို အချိန်ပိုခေါ်၍ အားစိုက်သင်ကြားခဲ့သည်။

စာမေးပွဲနီးလာသော အခါ ကျောင်းသားတို့ ၏ ပြိုင်ဆိုင်နှုန်းမှာ ပိုမိုမြင့်မားလာခဲ့သည်။ တစ်နှစ် ပတ်လုံး စာမကျက်ဘဲ အပျော်အပါးမက်ခဲ့သော ကျောင်းသားကျောင်းသူများ ပင်လျှင် စာကျက်ခြင်း၊ မှတ်စုများ စုံအောင်ကူးခြင်း၊ နားမလည်သည့်သင်ခန်းစားများ ကို ဆရာ ဆရာမ များ အား မေးမြန်းခြင်းတို့ ကို အားသွန်ခွန်စိုက် ပြုလုပ်လာကြသည်။ ဤအပိုင်းတွင် တော့ သူမ ကိုယ်အားဥာဏ် အားရှိသမျှ တပည့်တို့ ကို စေတနာတွင် ဂရုဏာဆင့်၍ ကူညီခဲ့ပါသည်။ သို့ သော် အနီးကပ်ခန့်  မှန်းမေးခွန်းတောင်းခြင်း၊ ပါနိုင်မည့်  ပုစ္ဆာများ ကို မိတ္တူကူးစက်ဖြင့် မိုက်ခရိုကူးခြင်း၊ တစ်နှစ် ပတ်လုံး လေ့လာရမည့်  သင်ရိုးများ ကို ဆယ့်ငါးရက်ပြတ်၊ တစ်လပြတ်ဟူသော ကြော်ငြာများ ဖြင့် မျက်နှာပြောင်တိုက် ဖွင့်လှစ်သည့် ကျူရှင် သင်တန်းများ သို့  သွေးရူးသွေးတန်း သွားတက်ခြင်းတို့ ကိုတော့ သူမအားမပေးခဲ့ပါ။ တတ်နိုင်သမျှ ကန့် ကွက်ခဲ့ပါသည်။

စာမေးပွဲသည် ကျောင်းသားတို့ အတွက် ဥာဏ်ရည်ကို စစ်ဆေးသည့်ပွဲ ဖြစ်ပြီး ဆရာများ အတွက် သိက္ခာကို စစ်ဆေးသော ပွဲလည်း ဖြစ်ပြန်ပါသည်။

ကျောင်းသားများ အတွက် စာမေးပွဲအကျအရှုံးကို သုံးလခန့်  စောင့်ဆိုင်းပြီးမှ သိခွင့်ရှိသော်လည်း ဆရာ၊ ဆရာများ ၏ သိက္ခာအကျအရှုံးကား စာမေးပွဲကျင်းပနေသော သုံးနာရီအတွင်း အဆုံးအဖြတ်ပေးနိုင်လေသည်။ ထိုသိက္ခာ ခြေစစ်ပွဲတွင် အကြောင်းကြောင်းကြောင့် ကျရှုံးခြင်း၊ အောင်မြင်ခြင်းတို့ သည် ကာကကံရှင်မှလွဲ၍ အခြားမည် သူမျှ သိခွင့်မရှိသော ၊ မသိနိုင်သော အဇ္စုတ္တ လောင်းကစားပွဲတစ်ရပ်ပဲ ဖြစ်သည်။

သူမအတွက်တော့ စာမေးပွဲခန်းတစ်ခါစောင့်ရတိုင်း တိုက်ပွဲတစ်ခုကို တိုက်ရသလို ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန် အောင်မြင်စေပါသည်။ စာမေးပွဲဟူသည် ကျောင်းသားတို့ အဖို့  ဘ၀နှင့် ချီ၍ အရေး ကြီးသော ကိစ္စဟု သတ်မှတ်နိုင်သော်လည်း လူ့ စာရိတ္တက ပိုမိုအရေး ပါကြောင်း ယူဆထားသော သူမလိုဆရားများ မှာ ကျောင်းသား၊ ကျောင်းသူများ ၏ မုန်းတီးရွံရှာခြင်းကိုလည်း ခံရပြန်ပါသေးသည်။ သို့ သော် စာမေးပွဲတစ်ခါစစ်ပြီးတိုင်း သူမ လိပ်ပြာ သန့် သန့် ဖြင့် စာမေးပွဲခန်းထဲမှ ထွက်ခဲ့ရသော အရသာကို ဘာနဲ့ မျှမလဲနိုင်အောင် ကြည့်နူးမိဖူးပါသည်။

ထိုကြည့်နူးမှုသည် ဆယ်တန်းစာမေးပွဲ ပထမနေ့ ပြီးသော အခါ ပျောက်ကွယ်တော့မလို ဖြစ်ခဲ့ရသည်။ သူ့ တာဝန်ယူ စောင့်ကြပ်ရမည့်  စာမေးပွဲခန်းမှ ကျောင်းသား တစ်ယောက် ၏ မိဘက သူမအိမ်သို့  ကားနှင့် ရောက်လာပါသည်။ ထူးဆန်းသည်မှာ မေမေက ထိုဧည့်သည်နှင့် ရင်းနှီးကျွမ်းဝင်နေခြင်းပင် ဖြစ်သည်။

“ဘာကိစ္စရှိလို့ ပါလဲရှင်”

“ဒီလိုပါဆရာမ ၊ ကျွန်တော့် သားလေး စာမေးပွဲခန်းကို မနက်ဖြန်ကျ ဆရာမ စောင့်ရမယ်လေ။ အဲဒါနည်းနည်း ပါးပါး စောင့်ရှောက်လိုက်ဖို့ ပါ”

“ကျွန်မက ဘယ်လိုစောင့်ရှောက်ရမှာ လဲ။ ရှင်ပြောတာက ကျွန်မ သိပ်ပြီး သဘောမပေါက်ဘူး”

“ဒီလိုပါ ဆရာမ ရယ်။ ကလေးက ဥာဏ်သိပ်မကောင်းတော့ ဆယ်တန်းကျတာ နှစ် ခါရှိနေပါပြီ။ ဒီနှစ် တော့ မအောင်အောင်တဲ့နည်း ကို သုံးမှ ဖြစ်တော့မှာ မို့  ဆရာမ က တော် ရုံတန်ရုံမသိချင်ယောင်ဆောင်နေဖို့ ပါ ဆရာမ ရယ်။ ကျွန်တော် ကျန်တဲ့ဆရာနှစ် ယောက် နဲ့ လည်း ညှိပြီးပါပြီ။ ဆရာမ ကျေးဇူးကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ လက်ခံပါ”

ကျောင်းသားမိဘက စက္ကူဖြင့် ပတ်ထားသော အထုပ်တစ်ထုပ်ကို စားပွဲပေါ်တွင် ရိုရိုသေသေ ချပေးလိုက် သည်။

“ ဖြစ်နိုင်ရင် ကူညီလိုက်ပါ သမီးရယ်။ လူရင်းတွေ ပဲ”

သူမ အလုပ်ကိုတစ်ခါမှ ၀င်မစွက်ဖူးသော မေမေက ၀င်ပြောလိုက်သော ကြောင့် သူမ အရမ်းအံ့သြသွားသည်။ ဒီကိစ္စဟာ သူ့ သမီးရဲ့  သိက္ခာကို ရောင်းစားနေတာပါလားဆိုတာ မေမေ နည်းနည်း မှမသိတော့ဘူးလား။

“ ဖြစ်မှာ မဟုတ်ပါဘူးရှင်။ အဲဒီ လိုကိစ္စမျိုး အားမပေးချင်ဘူး။ အကောင်းဆုံး ကတော့ နောက်နှစ် မှ အခြေခံကစပြီး”

“အဆိုးဝါးကြီးလည်း မ ဖြစ်စေရပါဘူး ဆရာမ ။ စိတ်ချပါ။ ခန့် မှန်းမေးခွန်းတွေ လည်း သေချာပေါက်နီးပါး ကျွန်တော် တို့  လိုက်ထားပါတယ်။ အခန်းစောင့်မယ် တခြားဆရာနှစ် ယောက် နဲ့  လည်း ညှိပြီးပါပြီ။ ကျွန်တော့် သား နာမည် က ၀င်းထွန်းအောင်၊ ခုံနာပါတ် ၃၁၈ ပါ”

“၀မ်းနည်းပါတယ်ရှင်။ ကျွန်မ မလုပ်နိုင်ပါဘူး” ဟူသော စကားကို အားတင်း၍ ပြောပြီး သူမအခန်းတွင်းသို့  ၀င်ပြေးလာခဲ့မိသည်။ ထိုလူနှင့် မေမေခေတ္တမျှ စကားတိုးတိုးပြောနေသံကြားရပြီး မကြာမီ အိမ်ရှေ့ မှကားတစ်စီး မောင်းထွက်သွားသည်။

“အားနာစရာ အရမ်းကောင်းနေပြီသမီးရေ၊ သူငယ်လေးက ငွေငါးထောင် အတင်းထားသွားတယ်”

“သမီးမယူချင်ဘူး မေမေ”

အိမ်မှာ ငွေလိုနေတာကိုသိသော်လည်း သူမဇွတ်မှိတ်ပြီး ငြင်းလိုက်သည်။ မထင်မှတ်သော မေမေ့စကားက သူမစိတ်ကို မောပန်းနွမ်းလျသွားစေခဲ့ပြန်သည်။

“ဒီသူငယ်ကလေးက တခြားသူမဟုတ်ဘူးသမီး။ သမီး နယ် မပြောင်းရအောင်လိုက်ပြီး အစအဆုံး ကူညီထားတဲ့သူပဲ။ မေမေ မျက်နှာ မပျက်ပါရစေနဲ့ နော်”

* * *

အခန်းစောင့်ဆရာများ ၏ လမ်းလျှောက်သံ၊ စာရွက်များ လှန်လှောသံတို့ မှတစ်ပါး စားမေးပွဲခန်းသည် ပကတိငြိမ်သက် တိတ်ဆိတ်နေ၏ ။ သူမသည် ဂနာမငြိမ်လွန်းစွာ အခေါက်ခေါက် အပြန်ပြန် အခြားအခန်းစောင့် ဆရာနှစ် ဦးနှင့် လည်း မျက်နှာချင်းမဆုံ ဖြစ်အောင် ခေါင်းကိုသာ ထွင်ထွင်ငုံ့  ထားမိသည်။ သူမတစ်သက်တာတွင် တစ်ခါမျှ ဒီလောက် မရှက်မရွံ့ ဘူးချေ။

ကြွယ်ဝချမ်းသာတဲ့ လူ တစ်ယောက် ကို မတရားတဲ့အခွင့်အရေး တစ်ခုယူဖို့  လျစ်လျူရှုနေလိုက်ခြင်းဟာ တရားသဖြင့် ကြိုးစားနေတဲ့ ဆင်းရဲတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေ ရဲ့  ပြေးလမ်းမှာ ၀င်ရှုပ်တာပဲမဟုတ်လား။ ခိုးကျတာကို ကြိုတင်သိပါလျက်နှင့် မထားဆီးခဲ့တဲ့ ဆရာ တစ်ယောက် ဟာ ဆရာ့ကျင့်ဝတ်သိက္ခာနှင့် ညီပါရဲ့ လား။ သူ့ ခေါင်းထဲမှာ မေးခွန်းတို့  ပဲ့တင်ရိုက်နေသည်။

“အို ငါ တစ်ယောက် တည်းမဟုတ်။ အခြားဆရာနှစ် ယောက် မှာ လည်း တာဝန်ရှိတယ်။ တကယ်ဆို သူတို့ က ပိုပြီးစေ့စေ့စပ်စပ် စောင့်ကြည့်သင့်တာပေါ့။ အများ သောက်နေတဲ့ မိုးခါးရေဟာ ငါ့အတွက်ကျမှ ချိုလာနိုင်ဦးမှာ လား။ ဒီကလေး တစ်ယောက် ကူးချရုံနဲ့ လည်း ပညာရေး စနစ်ကြီးတစ်ခုလုံး ပျက်စီးမ သွားပါဘူး။ တကယ်ရိုးသားကြိုးစားတဲ့ ကလေးတွေ ကပဲ နောက်ဆုံးမှာ အောင်ပွဲခံပါလိမ့်မယ်။ ခိုးချတဲ့သူတွေ ဟာ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေ ဖြစ်မယ့်ကျောင်းသားတွေ လည်း မဟုတ်ဘူး။ ဟုတ်ခဲ့ဦး သူတို့  ဥာဏ်မမီရင် တက္ကသိုလ်ကျ မလိုက်နိုင်ဘဲ ကျရုံပေါ့။ တကယ်တော့ ငါ့တာဝန်က စာမေးပွဲခန်းစောင့်တယ်။ မဟုတ်မဟတ် ဘာကိုမှ ငါမမြင်ဘူးဟုတ်ပြီ။ ငါဘာမှ မမြင်ဘူး။ မမြင်ဘူးလို့  ဆုံးဖြတ်ထားရင် ဖမ်းစရာမလိုဘူး။ ငါ့မှာ လည်း အပြစ်မရှိဘူး”

ကျဉ်ထဲကြပ်ထဲမှ လွတ်မြောက်သွားသူ တစ်ယောက် လို သူမ စိတ်ပေါ့ပါးသွားသည်။ ထိုကျောင်းသားနှင့် တကွ စာမေးပွဲခန်းအတွင်းရှိ မသမာနည်းအသုံးပြုနေမည့်  ကျောင်းသားများ ကို မမြင်ရန် ကျောခိုင်းလိုက်သည်။ မမြင်ဘူး၊ မမြင်ဘူး။ ငါဘာမှ မမြင်ဘူး။ ဟိုကျောင်းသားက ဖက်ဖ၀ါးမှာ စာတွေ ရေထားပါလား။ အိုမဟုတ်ဘူး။ အဲဒါစာမေးပွဲ ဖြေနိုင်အောင် အင်းတွေ လက်မှာ ချလာတာ ဖြစ်မှာ ပါ။ ဟိုကောင်မလေးကလည်း ဘာလို့  လက်ကိုင်ပ၀ါကို ခဏခဏဖြန့် ကြည့်နေတာလဲ။ စာမေပွဲ စည်းကမ်းထဲမှာ လက်ကိုင်ပ၀ါ ခဏခဏဖြန့် မကြည့်ရလို့ မှ မပါတာ ဘာ ဖြစ်သေးလဲ။

ထို့ နောက် မြင်လျက်နဲ့  ကန်းချင်ယောင် သူမ ဆောင်ရတော့သည်။ သူမတစ်ကိုယ်လုံးဝယ် ထိုအချိန်၌ အမုန်းတီးဆုံးအရာမှာ သူမ၏ မျက်လုံးနှစ် လုံးကိုပင် ဖြစ်သည်။ သူသည် ထိုခဏ၌ အကန်း တစ်ယောက် ဖြစ်လျှင် ကောင်းပေစွဟု ရူးသွပ်မိုက်မဲစွာ ဆုတောင်းမိပြန်သည်။ သူမသည် ပြတင်းပေါက်မှတစ်ဆင့် ကျောင်းရှေ့ ကားလမ်းကို အကြည့်လွှဲထားသည်။ အနှေးယာဉ် မ၀င်ရဟူသော ဆိုင်းဘုတ်ရှေ့ မှ ကားများ တ၀ီဝီ ဖြတ်မောင်းသွားကြသည်။

“ဆရာမ စာရွက်” အသံလာရာသို့ သူမ ရုတ်တရက် ကြည့်လိုက်သည်။

“အလို သူပါလား”

စောင့်ရှောက်လိုက်ပါဟု အပ်နှံခံထားရသော ကျောင်းသားက အဖြေလွှာစာရွက် ထပ်မံတောင်းနေပြန်သည်။ ထိုကျောင်းသားအနားသို့ သွားရမှာ ကိုယ့်ကိုယ်ကိုယ် မသတီသဖြင့် သူမ မကြားဟန်ပြုကာ မျက်နှာလွှဲနေလိုက်သည်။ တခြားဆရာ တစ်ယောက် ကပျာကယာ ထသွားသည်။ အချိန်တို့  တိတ်ဆိတ်စွာ ကုန်လွန်သွားပြန်သည်။ ကျောင်းသားများ ၏ တရားမ၀င် စာရွက်စာတမ်းအပိုများ ကို သိမ်းဆည်းရန် အနားသို့ အကြိမ်ကြိမ်ချဉ်းကပ်ပြီးမှ သူမ လိပ်ပြာကို သူမ မလုံသဖြင့် အကြိမ်ကြိမ် နောက်ပြန်ဆုတ်ခဲ့ရသည်။ မည် မျှပင် မမြင်ယောင်ဆောင်သော်လည်း နှစ် ပေါင်းများ စွာ အကျင့်ရလာသော မျက်လုံးများ က အခန်းတွင်းရှိ လှုပ်ရှားမှုအားလုံးကို အသေးစိတ် (စိတ်ဆင်းရဲစွာ ) မြင်နေပြန်သည်။ မြင်လျက်နှင့် မမြင်ယောင်ပြုနေရခြင်း ဒုက္ခက ကြီးမားလှပေစွ။ အချိန်တို့ သာ မြန်မြန်ကုန်လွန်ပါစေဟု သူမ ဆုတောင်းနေမိသည်။ သုံးနာရီမျှသော ကာလအတွင်း အရှင်လတ်လတ် ငရဲခန်းရောက်နေသလို ခံစားနေရသည်။ ဆရာ တစ်ယောက် ဖြစ်လျက်နှင့် တပည့်တွေ မျက်နှာကို ရဲရဲမကြည့်ဝံ့။

အဖြေလွှာများ ကို မသိမသာ ထောင်ပြကြသည်။ မေးခွန်း စာရွက်ချင်းလဲသည်။ တရားမ၀င် သယ်ဆောင်လာသော စာရွက်ပိုင်းများ ကို လုံးခြေ၍ လက်ဆင့်ကမ်းကြသည်။ တစ်ချို့ မှာ အဖြေကို တစ်ဦးနှင်တစ်ဦး မေးကြပြောကြ လုပ်လာကြသည်။

သူမ၏ မျက်နှာသည် ဒေါသ ဖြစ်ခြင်း၊ ရှက်ခြင်းဖြင့် ရဲရဲနီလာသည်။ ထိုစဉ်အတွင်း အနှီကျောင်းသားသည် မသမာသည့်နည်းကို တရားဝင်အမိန့် ရသည့်သဖွယ် လုပ်ဆောင်လာ၏ ။

သူသည် ဖခင်၏ ညွှန်ကြားချက်ဖြင့် အရာရာကို စိတ်ချလက်ချရှိနေဟန်တူသည်။ စာရွက်ပိုင်းလေးတစ်ခုကို စာရေး စားပွဲခုံပေါ်တင်၍ အကြောက်အရွံမရှိ ဗြောင်ကူးနေ၏ ။ သူမ သည်းမခံနိုင်စွာ ရုတ်တရတ် ထရပ်လိုက်သည်။ အာရုံထဲမှာ ပုံရိပ်များ ၊ စကားသံများ ရှုပ်ထွေးရောယှက်နေသည်။

“မေမေ မျက်နှာမပျက်ပါရစေနဲ့ နော်”

“ကူညီပါ ဆရာမ ရယ်”

“ငွေငါးထောင်”

“နယ်မပြောင်းရအောင် ကူညီခဲ့တာလေ”

အသံများ တဖြည်းဖြည်း တိုးလျပျောက်ကွယ်သွားသည်။

ထိုစဉ်မှာ ပင် အချိန်စေ့ခေါင်းလောင်း တီးလေးသည်။

* * *

ပျာပန်းခတ်ရှုပ်ထွေးနေသော လူရေစီးကြောင်းနှင့် အတူ မျောပါလမ်းလျှောက်ခဲ့သည်။ နေက ခြစ်ခြစ်တောက်ပူနေသည်။ ဆွဲနေကျကြိမ်ခြင်းသည် ယနေ့ မှ ပိုလေးလံလာသယောင်ရှိသည်။ အိမ်အပြန်လမ်းဝယ် သူမတစ်ကိုယ်လုံး နုံးချိနေ၏ ။ ဘတ်စ်ကား မှတ်တိုင်ဝယ် လူတို့ စုပြုံနေကြသည်။

မျက်မမြင် အဘိုးအို တစ်ယောက် ခွက်တစ်လုံးကိုကိုင်ကာ တုတ်ကောက်ဖြင့် စမ်းကာစမ်းကာ လမ်းလျှောက်လာ၏ ။

“မျက်မမြင် ဒုက္ခိတမို့  ထမင်းဖိုးလေးတစ်ကျပ်တစ်ပြား စွန့် ကျဲခဲ့ကြပါကွယ်”

သူမက ပိုက်ဆံအိတ်ကို ကပျာကယာဖွင့်၍ ဆယ့်ငါးကျပ်တန် တစ်ရွက် အဘိုးအိုခွက်ထဲသို့  ထည့်လိုက်၏ ။

“သာဓုကွယ်၊ သာဓု၊ မျက်မမြင်ဒုက္ခိတကို လှူဒါန်းစွန့် ကျဲရသော အကျိုးကြောင့် ဖြစ်လေရာဘ၀တိုင်း မမြင်ရသော ၊ မကြားရသော ဒုက္ခိတဘ၀မျိုးနှင့် ကင်းဝေးပါစေကွယ်”

မြင်လျက်ကြားလျက် မမြင်ယောင် မကြားယောင်ြ့ပုနေသူတို့ လည်း ဤလောက၀ယ် ရှိနေသေးကြောင်းသိရလျှင် ထိုအဘိုးအံ့သြပေလိမ့်မည် ။

အတွေးထဲဝယ် ကန်းခြင်းနှင့် မြင်ခြင်း၏ ခြားနားမှုကို တနုံနုံစဉ်းစားနေစဉ်မှာ ပင် သူစောင့်နေသော ရှားရှားပါးပါး ကားက လူအုပ်ရှေ့ သို့  ထိုးရပ်လိုက်လေးသည်။

ဂျပန်ပြည်ကစာတစ်စောင်

ဒုတိယကမ္ဘာစစ်အတွင်းက သေမင်းတမန်လမ်းမကြီးဟု ကျော်ကြားသော ထိုင်း-မြန်မာ မီးရထားလမ်းလုပ်ရာသို့  မြန်မာအမျိုးသားများ စွာ ကို ချွေးတပ်သားများ အ ဖြစ် အဓမ္မ စေလွှတ် ခံခဲ့ရသည်။ ထိုချွေးတပ်သားတို့ သည် အများ အားဖြင့် အစာရေစာ ရှားပါးမှု ၊ ရောဂါ ဘယထူပြောမှု ၊ ဖက်ဆစ်တို့ ၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုတို့ ကြောင့် ရှေ့ တန်းစခန်းများ ၌ အလုပ်လုပ်ရင်း သေပွဲဝင်ခဲရရှာ၏ ။ အလွန့် အလွန် ကံထူးသော ချွေးတပ်သားအချို့ သာလျှင် အလုပ်တာဝန်ပြီးဆုံးကာ နေရပ်ဒေသများ သို့  သေကံမရောက် သက်မပျောက်ပြန်ရောက်လာခဲ့ကြလေသည်။ ထိုသို့  မွေးရပ်ဌာနေသို့  ပြန်ရောက်လာကြသော “သေရွာပြန်” ချွေးတပ်သားများ သည် ၎င်းတို့ အချင်းချင်း မကြာခဏ တွေ့ ဆုံ၍ တစ်ဦးအခက်အခဲကို တစ်ဦးက ၀ိုင်းဝန်းကူညီဖြေရှင်းပေးခြင်း ၊ တောတွင်း ရှေ့ တန်းစခန်းများ ၌ ခါးသည်းစွာ ဖြတ်သန်းခဲ့ရသော အနိဋ္ဌာရုံများ ၊ ငိုအားထက် ရယ်အားသန်စရာ ဖြစ်ရပ်များ ကို ရှေးဟောင်းနှောင်း ဖြစ် ပြောဆိုဆွေးနွေးခြင်းတို့ ကို ပြုလေ့ရှိ၏ ။ သူတို့ သာမက ဇနီးမယား သမီးသားများ အချင်းချင်း ရင်းနှီးကျွမ်းဝင်စေကြ၏ ။ ဤသို့  ဖြစ် “ချွေးတပ်ပြန်မိသားစုအသင်း” ဟူ၍ နာမည် မတပ်သော်လည်း ချစ်ခင်စည်းရုံးသော ဆိုးတိုင်ပင် ကောင်းတိုင်ပင် လူမှုရေး အင်အားစုကြီးတစ်ခု ဖြစ်လာကြလေသည်။ သူတို့  ချွေးတပ်ပြန်များ သည် မူလတွင် အယောက် ၁၅၀ ခန့် ရှိသော်လည်း တဖြည်းဖြည်း ကာလရွေ့ လျားကာ ၁၅ ယောက် ၊ ၁၆ ယောက် ခန့် သာ စုစုစည်းစည်း ကျန်တော့၏ ။ ထိုအခါ ချွေးတပ်ပြန်ထဲမှ အမြော်အမြင်ရှိသော ဦးကြီး တစ်ယောက် က ချွေးတပ်ပြန် ၊ မိသားစုဝင်များ ကို စည်းရုံးကာ ချွေးတပ်ပြန်မိသားစုသာရေး ၊ နာရေး တစ်ကြိမ် တွေ့  ဆုံလျက် လူမှုရေး ကိစ္စများ တွင် တစ်ဦးချင်းကို လည်းကောင်း ၊ တစ်မိသားစုချင်းကိုလည်းကောင်း အသင်းကြီးမှ ကမကထလုပ်ကာ ထောက်ပံ့ကူညီလာခဲ့လေသည်။

ဤသို့ ဖြင့် ကာလများ စွာ ကုန်လွန်လာခဲ့၏ ။ မူလအသင်းဝင် ချွေးတပ်သားဟောင်းများ မှာ လည်း များ စွာ မကျန်ရှိတော့ချေ။ အနိစ္စတရားနောက်သို့  ကောက်ကောက်ပါအောင် လိုက်သွားကြသဖြင့် အသင်းဝင်လူကြီးများ မှာ တဖြည်းဖြည်းနည်းပါးလာခဲ့ပြီ ဖြစ်သည်။ သက်ရှိထင်ရှား ကျန်နေကြသူများ ထဲတွင် ‘ဦးဘိုနီ’ ဆိုသော အဘိုးကြီးတစ်ဦးသာ အသင်းကြီးရေရှည်တည်တံ့ခိုင်မြဲရေး ကို အမြဲကြိုးပမ်းလျက်ရှိပြီး အများ အားဖြင့် တစ်ချိန်ကတက်ကြွမှုရှိခဲ့ကြသော ချွေးတပ်ပြန်မိသားစု အသင်းကြီးမှာ အသင်းဝင်မိသားများ အတွင်းမှာ ပင် တစ်ခါတစ်ရံ စကားစပ်ပြောဆိုမိသည်ကလွဲ၍ သိပ်ပြီး အရေး မထားလှတော့ချေ။ ‘ဦးဘိုနီ’ မှာ လည်း သက်ကြီးပြီ ဖြစ်ရကား ငယ်စဉ်ကလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့သဖြင့် သူ၏ မြေမလေး ‘ခင်မေသူ’ ကိုသာ အသင်းကိစ္စများ ကို တာဝန်လွှဲထားလေသည်။ ခင်မေသူသည် တတိယနှစ် ဥပဒေကျောင်းသူ ဖြစ်သည်။ လုပ်ချင်ကိုင်ချင်သူမရှိသဖြင့် ပျက်လူမတက် ဖြစ်သော ချွေးတပ်ပြန်မိသားစု သာရေး နာရေး အသင်းကြီးတွင် သူသည် ပြိုင်ဘက်မရှိ အတွင်းရေး မှုး ဖြစ်သည်။ သူမသည် ချွေးတပ်ပြန် မိသားစုဝင် အခင်ဆုံးမိန်းကလေးနှစ် လုံးကိုလည်း အဖော်သဟဲရအောင် အသင်း၏ မှုဆောင်ကော်မတီထဲတွင် ဆွဲသွင်းထားသည်။ ဤသို့ ရာထူး ခွဲဝေချထားခြင်းကို မည် သူကမျှ အားအားလျားလျား ထ၍ မကန့် ကွက်ကြချေ။ အဘယ်ကြောင့် ဟုမူ အသင်းကြီးရှိခြင်း၊ မရှိခြင်းသည် အသင်းဝင်များ အတွက် ဘာမျှအကျိုးမထူးကြသော ကြောင့် ပင်တည်း။

ခင်မေသူတို့  သူငယ်ချင်းသုံးယောက် သည် အသင်းကြီး၏ ဝေယျာဝစ္စများ ကို အသင်းနာယကလည်း ဖြစ်၊ အဘိုးလည်းတော် သူ ချွေးတပ်ပြန်ဟောင်းကြီး ဦးဘိုးနီနှင့် တိုင်ပင်ကာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့  တက်ကြွစွာ ဆောင်ရွက်ကြသော ကြောင့် အသင်းကြီး၌ လူမှုရေး လှုပ်ရှားမှု အချို့ ကား ဖြစ်မြောက်လာခဲ့၏ ။ အသင်းဝင် မိသားစုထဲမှ တစ်စုံ တစ်ယောက် ကွယ်လွန်အနိစ္စ ရောက်လျှင် သတင်းစာမှ ၀မ်းနည်းကြောင်း ကြော်ငြာထည့်၏ ။ (ကြော်ငြာခ ကိုမှ သူတို့ သုံးယောက် မျှခံရခြင်း ဖြစ်သည်။) အသင်းဝင် တစ်ယောက် မင်္ဂလာဆောင်လျှင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ဦးဘိုနီ ပေးလိုက် သော မင်္ဂလာလက်ဖွဲ့ ပစ္စည်းများ ကို အသင်းကြီး၏ ကိုယ်စား တက်ရောက်ချီးမြှင့်သည်။ အသင်းဝင် မိသားစုထဲမှ ပညာထူးချွန်သော ကျောင်းသား ၊ ကျောင်းသူကလေးများ အတွက် ပညာရေး ထောက်ပံ့ငွေကိုမူ ရတတ်သလောက် သူတို့ မိန်းကလေး သုံးဦးက နီးစပ်ရာလိုက်လံ အလှူခံရ၏ ။ ဤနည်းအားဖြင့် အသင်းကြီး သက်ရှိထင်ရှားရှိသေးကြောင်းကို အခြားအသင်းဝင် မိသားစုများ အား သိစေအပ်၏ ။ သို့ သော် သင်းလုံးကျွတ် အစည်းအဝေးကိုမူကား တက်ရောက်သူမရှိသော ကြောင့် ဘယ်တုန်းကမှ မကျင်းပ ဖြစ်ချေ။

သို့ သော် သူတို့ ၏ အသင်းကြီးသည် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းလာသော စာတစ်စောင်ကြောင့် အတော် အတန်ပင် လှုပ်ရှားလာပေးတော့သည်။ စာကား ဂျပန်နိုင်ငံမှလာသော စာတစ်စောင် ဖြစ်ပြီး ချွေးတပ်အသင်းကြီးသို့  လိပ်မူထား၏ ။ အတွင်းစာသားများ ကိုမူ ဂျပန်ဘာသာဖြင့် ရေး သားထားပြီး အဓိပ္ပာယ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

သို့ 

မြန်မာနိုင်ငံမှ မိတ်ဆွေများ -

အခုလို မိတ်ဆွေဟောင်းတွေ နဲ့  ပြန်လည်ဆက်သွယ်ခွင့်ရတဲ့ အတွက် ကျွန်တော် ပြောမပြတတ်အောင် ကြည်နူးမိပါတယ်။ ကျွန်တော့် ကို ကျွန်တော် အရင်ဆုံး မိတ်ဆက်ပေးပါရစေ။ ကျွန်တော် ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ထိုင်းမြန်မာမီးရထားလမ်းဖောက်လုပ်စဉ် ချွေးတပ်သားများ ကို ကွက်ကဲရတဲ့ ဂျပန်ဗိုတ် ဗိုလ်ကြီး ယာမာမိုတိုပဲ ဖြစ်ပါတယ်။ ကျွန်တော် ဟာ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်စဉ်ကတည်းက ချွေးတပ်သားများ ရဲ့ ဘ၀ကို အထူးစာနာခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင် မသေခင်မှာ ချွေးတပ်သားဟောင်းများ နဲ့  တွေ့ ခွင့်ရချင်ပါသေးတယ်။ မြန်မာပြည်မှာ ချွေးတပ်သားဟောင်းတွေ လူမှုရေး အသင်းအဖွဲ့  ထောင်ထားတယ်ဆိုတာသိရလို့  ကျွန်တော် အများ ကြီး ၀မ်းသာပါတယ်။ ကျွန်တော် တို့ လည်း ဂျပန်ပြည်မှာ မြန်မာစစ်ပြန်များ ကလပ်ကို ကျွန်တော် ဦးစီးပြီး တည်ထောင်ထားပါတယ်။ ပြီးတော့ အသင်းဝင်မိသားစုထဲမှ သင့်လျော်သူများ ကို ဂျပန်ပြည်ကို အလည်အပတ် ဖိတ်ခေါ်ဖို့  အစီအစဉ်ရှိပါတယ်။ မြန်မာအသင်းဝင်များ ရဲ့ ဆန္ဒကိုသိလို၍ စုံစမ်းပြီး စာရေး သား ဆက်သွယ်ရခြင်း ဖြစ်ပါတယ်။ ယခုမြန်မာပြည်မှ ချွေးတပ်သားအသင်းထဲက လူတစ်ချို့  လောက်ပဲ ဖြစ် ဖြစ် ကျွန်တော့် နာမည် ကို မှတ်မိကြလိမ့်မယ်လို့  မျှော်လင့်ပါတယ်ခင်မျာ။ မိတ်ဆွေများ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

သင်တို့ ရဲ့  မိတ်ဆွေ

ယာမာမိုတို

“မှတ်မိပြီကွ မှတ်မိပြီ”

ဦးဘိုနီက စာကိုဖတ်ပြီး ထခုန်၏ ။

“ဘိုးဘိုး ဘာကို မှတ်မိတာလဲ။ သမီးတို့ ကို ပြောဦးလေ”

“ယာမာမိုတိုကို မှတ်မိတာကွ။ သိပ်သဘောကောင်းတဲ့ ဂျပန်ကြီး။ ချွေးတပ်စခန်းတုန်းက တခြားဂျပန်တွေ လစ်ရင် ဘိုးဘိုးတို့ ကို စီးကရက်တွေ ပစ်ချပေးတယ်”

“ဟာ၊ ဒါဆိုတော် တာပဲ။ သမီးတို့  ဂျပန်ကိုရောက်ရဦးမယ်”

“မဟုတ်ဘူး သမီးရဲ့ ။ ဒီကိစ္စက ဘိုးဘိုး တစ်ယောက် တည်း သဘောနဲ့ တင် မပြီးသေးဘူး။ သင်းလုံးကွတ်အစည်းအဝေးခေါ်ဖို့  လုပ်ပါ။ ဒါပေမယ့် ဒီစာထဲက အကြောင်းတွေ ကိုတော့ အတတ်နိုင် သမျှ လူတွေ မသိစေနဲ့ ဦး”

မသိစေနဲ့ ဦးဟုသော ကိစ္စကို ပိုမိုသိလိုကြသည်ကတစ်ကြောင်း အသင်းအတွင်းရေး မှုး ခင်မေသူနှင့် သူငယ်ချင်းနှစ် ယောက် မှာ သုံးခါလောက် စကားတောက်လိုက်လျှင် သိသမျှဘွင်းဘွင်းကုန်အောင် ပြောပြတတ်ခြင်းတို့ ကြောင့် တစ်ကြောင်း၊ အချိန်တိုတို အတွင်းမှာ ပင် ဂျပန်ပြည်မှ စာတစ်စောင်သတင်းသည် ချွေးတပ်သားဟောင်းများ သာရေး နာရေး အသင်းကြီးတွင် ဗီဒီယိုမင်းသား နှင့် မင်းသမီး ခိုးရာလိုက်ပြေးသည့်သတင်းသဖွယ် လျင်မြန်စွာ ပျံ့ နှံ့ သွားလေသည်။

* * *

အသင်းကြီး၏ မျက်နှာစုံညီ အစည်းအဝေးမှာ မကြုံစဖူးအောင် စည်းကားသိုက်မြိုက်နေ၏ ။ အသင်းသို့ မလာတာနှစ် အတန်ကြာပြီ ဖြစ်သော ချွေးတပ်သားဟောင်းကြီး သုံးလေးဦးသည် ၀ိုင်းဖွဲ့ ၍ လက်ဖက်ရည်ကြမ်းသောက်ရင်း ဂျပန်စစ်ဗိုလ် ယာမာမိုတို အကြောင်း တစ်ယောက် တစ်ပေါက် ထင်မြင်ချက် ပေးနေကြ၏ ။ အစည်းအဝေး မစမီ အသင်းဝင်အခြင်းခြင်း နှုတ်ခွန်းဆက်သနေကြ သည်များ ကိုလည်း နားဆင်ကြည့်ပါဦး။

“ခင်များ ကို ဒီအသင်းကမှန်း အရင်ကမသိဘူးဗျ”

“ဒီလိုပေါ့ဗျာ။ ချွေးတပ်အသင်းဝင်ဆိုပြီး ဂုဏ်ဝယ်တဲ့သဘောတော့ မဟုတ်ပါဘူး။ ဟိုဒင်း ကိုယ့်အလုပ်နဲ့  ကိုယ်ရှုပ်နေကြတယ် ဆိုတော့ အခုလို အရေး အရာရှိမှပဲ ကိုယ်သွေးရင်း မိတ်ဆွေတွေ နဲ့  ဆုံးဆည်းရတာ ပဲ ဗျို့ ”

“ဒါနဲ့  ခင်မျာ ကတော့ ဒီအသင်းဝင် မိသားစုထဲကပလား”

“မိသားစုပဲဆိုပါတော့ဗျာ။ ကျွန်တော့် မိန်းမရဲ့  ဦးလေးနဲ့  ဟိုနားမှာ ထိုင်နေတဲ့ ချွေးတပ်ပြန်ကြီးနဲ့  က ညီအစ်ကိုနှစ် ၀မ်းကွဲတော် တယ်လေ။ မိသားစုစိတ်ဓာတ်ကြောင့် ကျွန်တော် လည်း ဒီအသင်းကြီးမှာ ၀င်ပါနေတာ။ ဒါနဲ့  ဂျပန်က ဘယ်တော့ လွှတ်မှာ လဲဗျ။ ဘယ်လိုရွေးမှာ လဲ”

“ကျုပ်လည်း အဲဒါသိချင်တာဗျ။ အဲအဲ ဟိုမှာ ဦးဘိုနီကြီး လာနေပြီ။ အခမ်းအနားစတော့မယ်နဲ့  တူတယ်”

ညိုညိုဝင်း ဆေးလိပ်ခုံပိုင်ရှင် ဦးဟုတ်ကြိုင်က ကဗျာကယာ အစည်းအဝေးစင်မြင့်ပေါ်သို့  တက်ကာ -

“ပရိတ်သတ်ကြီးခင်မျာ၊ ပရိတ်သတ်ကြီး ကျွန်တော် ညိုညိုဝင်း ဆေးလိပ်ခုံပိုင်ရှင် ဦးဟုတ်ကြိုင် နှင့် ဇနီးက ချွေးတပ်အသင်းကြီး အထွေထွေရန်ပုံငွေအတွက် ငွေငါးထောင် လှူဒါန်းပါတယ်ခင်ဗျာ”

“ကိုဟုတ်ကြိုင် နောက်မှလှူပါဗျာ၊ အခမ်းအနား အရင်ဖွင့်လိုက်ရအောင်”

အခမ်းအနားမှုး မခင်မေသူက သင်းလုံးကျွတ် မျက်နှာစုံညီ အစည်းအဝေးကြီး စတင်ဖွင့်လှစ်ကြောင်း ကြေညာသည်နှင့် လက်ခုပ်သံများ သော သော ညံသွား၏ ။ ခင်မေသူက အစည်းအဝေး ခေါ်ယူရခြင်း၏ အဓိကအကြောင်းကို ရှင်းလင်းဖော်ပြပြီး ဆွေးနွေးတင်ပြကြရန် ပန်ကြား၏ ။

ဈေးခေါင်းကြီးဟောင်း ဦးတင်ထွဋ်က ပထမဆုံး စတင်ဆွေးနွေး၏ ။

“တက်ရောက်လာကြတဲ့ အသင်းသား၊ အသင်းသူများ ခင်ဗျား ကျွန်တော် တို့ ဟာ အရေး ကြုံရင် ဘယ်လောက်သွေးစည်းညီညွတ်ကြတယ်ဆိုတာ ဒီအစည်းအဝေးကြီးက ပြသနေပါပြီ။ ကျွန်တော် တို့  တတွေ ဟာ အသင်းကြီးနဲ့  အနေဝေးနေခဲ့သလို ရှိနေပေမယ့် အသင့်ရဲ့  ဆောင်ရွက်ချက်အားလုံးကို အမြဲမပြတ်လော့လာပြီး ပံ့ပိုးကူညီခဲ့ကြတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ကျွန်တော် တို့ အသင်းကြီး လူသိများ တဲ့ အချိန်မှာ ကျွန်တော် အဓိကပြောချင်တာ ကတော့ အသင်းကြီးရဲ့  အမှုဆောင်အဖွဲ့ ဝင်တွေ ကို ပိုပြီးထိရောက်အောင် ကွပ်ကဲနိုင်အောင် ပြင်ဆင်ဖွဲ့ စည်းဖို့ ပဲ ဖြစ်ပါတယ်။ သိတဲ့အတိုင်း ကလေးမလေး သုံးယောက် ခမျလည်း ကျောင်းတစ်ဖက်နဲ့  လုပ်နေရတော့ သူတို့ ပညာရေး ထိခိုက်မှာ လည်း ထည့်တွက် ရပါသေးတယ်။ ဒီတော့ အမှုဆောင်သစ် ပြန်လည်ရွေးချယ်ဖို့  သဘောတူပါသလား ခင်ဗျား”

“တူပါတယ်”

“သဘောတူပါသလားခင်ဗျာ”

“တူပါတယ်”

“သဘောတူပါသလားခင်ဗျာ”

“မတူပါဘူး”

တစ်ခန်းလုံး တိတ်ဆိတ်သွား၏ ။ မတူပါဘူးဟု အော်လိုက်သူများ ကို အားလုံးက မီးဝင်းဝင်း တောက်သော မျက်လုံးများ နှင့် ၀ိုင်းကြည့်နေကြသည်။ ကန့် ကွက်သူများ မှာ ခင်မေသူနှင့် သူငယ်ချင်းနှစ် ဦး ဖြစ်သည်။

“အမှုဆောင်သစ် ဖွဲ့ စည်းဖို့ ကို သဘောမတူပါဘူး။ ဘာလို့ လဲ ဆိုတော့ လက်ရှိအမှုဆောင် တွေ ရဲ့  သက်တမ်းဟာ မကုန်ဆုံးသေးလို့ ပါပဲ”

“ကုန်ဆုံးတာတွေ မကုန်ဆုံးတာတွေ မဟုတ်ဘူးလေ တူမကြီးရဲ့ ။ ဒီလိုပါ တူမကြီးက အတွင်းရေး မှုးပဲ ဆက်လုပ် ပါ ။ ကျန်တဲ့ နေရာတွေ ကိုတော့ ဒီသူငယ်မလေးတွေ ထက် သင့်တော် တဲ့ လူကြီးတွေ နဲ့  အစားထိုး”

“ကန့် ကွက်တယ်။ ကျွန်မတို့ ဟာ အစကတည်းက တတ်လို့  လုပ်ခဲ့တာမဟုတ်ဘူး။ နေရာ ရချင်လို့  လုပ်ခဲ့တာလည်း မဟုတ်ဘူး။ လုပ်မယ့်သူမရှိလို့  စေတနာ့ဝန်ထမ်း ၀င်လုပ်ပေးခဲ့တာ ဘဘဦးဘိုနီ သိပါတယ်။ သမီးသူငယ်ချင်းတွေ မပါရင်တော့ သမီးလည်း မလုပ်တော့ဘူး။ ထွက်တယ်”

“ကဲ ကဲ ကလေးတွေ ဆန္ဒအတိုင်း ထွက်သွားတာကို လက်ခံပါတယ်ကွယ်”

“အမှုဆောင်သစ် ရွေးကြသေးတာပေါ့”

“ဒီမယ်ကျောင်းဒကာ၊ ကျုပ် ဥက္ကဋ္ဌလုပ်မယ်ဗျာ”

“ဘယ် ဖြစ်မလဲ ကိုလှမောင်ရဲ့ ။ ကျုပ်လုပ်ဖို့  သူတို့ က အတင်းတိုက်တွန်းပြီး ဆုံးဖြတ်ချက်တောင် ချပြီးနေကြပြီ”

“ဘာဗျ”

“နေကြပါဦး။ အားလုံး နေကြပါဦး။ ကျွန်တော့်ကို စကား နည်းနည်း ပြောခွင့်ပြုပါ”

နာယကကြီး ဦးဘိုနီ မတ်တတ်ရပ်လိုက်သဖြင့် အားလုံး ငြိမ်သွားကြသည်။

“ပြီးခဲ့တဲ့လက ကျွန်တော့်တပည့် တစ်ယောက် ဂျပန်ကို ပညာတော် သင်သွားရပါတယ်။ သူက ဘာမှာ မလဲမေးတော့ ကျွန်တော် က စာတစ်စောင်ရေး ပေးလိုက် ပါတယ်။ ဂျပန်ရောက်ရင် ကျွန်တော့် စာကို ဂျပန်လိုဘာသာပြန်ပြီး စတိုက်ကတစ်ဆင့် ထည့်လိုက်ဖို့  ကျိတ်ပြီးမှာ လိုက်ပါတယ်။ လူကြီးမင်းတို့  သိတဲ့အတိုင်းပဲ အဲဒီ စာဟာ ပြီးခဲ့တဲ့အပတ်က အသင်းလိပ်စာနဲ့ ရောက်လာပါတယ်။ တကယ်တော့ အဲဒီ စာဟာ မစ္စတာယာမာမိုတို ရေး လိုက်တဲ့ စာမဟုတ်ဘူး။ ကျွန်တော့် ဘာသာရေး ပြီး ထည့်လိုက်တဲ့ စာပါ။”

နားထောင်နေကြသူများ သည် ခေတ္တမျှငြိမ်သွားပြီး တစ်ပြိုင်နက် ဆူပူအောင်ဟစ်သံများ ထွက်လာ၏ ။ တစ်ချို့  အဘွားကြီးများ က သေနာကြီးဟုပင် ဆဲလိုက်သေး၏ ။ ဦးဘိုနီ သူငယ်ပြန်သွားပြီ ထင်တယ်ဟု အချို့ က အော်ကြ၏ ။

“ကျွန်တော် သေသေချာချာ တွေးကြည့်ပါတယ်ခင်ဗျာ။ ကျွန်တော် တို့ အသင်းကြီးဟာ ဘာမှလှုပ်ရှားမှု မရှိပါဘူး။ အဲဒီ အသင်းကြီးမှာ နာယကလုပ်နေရတာ လည်း ကျွန်တော့် မှာ ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ ခင်ဗျားတို့ တစ်တွေ ကိုလည်း ဘယ်လိုမှ စည်းရုံးလို့ မရပါဘူး။ အဲဒီ့ တော့ ဒီအသင်းကြီးကို ဖျက်သိမ်းပစ်ဖို့  အကြံရလာပါတယ်။ အသင်းကြီးရှိနေသရွေ့  အဖွဲ့ ဝင်မိသားစုတွေ ဟာ တို့ အဘိုးတွေ ၊ ဦးကြီးတွေ ဟာ တစ်ချိန်တုန်းက ချွေးတပ်သားတွေ ပါလားလို့  ကြံဖန်တွေးပြီး ဂုဏ်ငယ်နေစရာ မလိုတော့ဘူးပေါ့ ခင်ဗျာ။ အဲဒီ တော့ အသင်းကြီးကို စတင်တည်ထောင်ခဲ့သူ တစ်ယောက် အနေနဲ့  အသင်းဖျက်သိမ်းမှုကို အသင်းသားအားလုံးရှေ့ မှာ ကြေညာသင့်တယ်လို့  ယူဆပါတယ်။ ဒါကြောင့် တစ်သက်လုံး မမေ့နိုင်အောင် အမှတ်တရလည်း ဖြစ်၊ ခင်ဗျားတို့ အားလုံးလည်း စိတ်ဝင်စားမယ့် စာတစ်စောင်ကို ရေး ပြီး ခေါ်လိုက်တာပါ။ ကျွန်တော် ရယ်၊ အမှုဆောင် မိန်းကလေးသုံးဦးရယ် လုံးဝဆက်မလုပ်နိုင်တော့တဲ့အတွက် အသင်းကြီးကို ဖျက်သိမ်းပါတော့မယ်ခင်ဗျား။ ခင်ဗျားတို့  ဆက်လုပ် ချင်လည်း လုပ်ပါ။ ကျွန်တော် ပြောတာကို သဘာတူကြပါသလား”

“တော် ပါတော့ဗျို့ ”

ဦးဘိုနီ ဘာတွေ ပြောနေတာလဲ မည် သူမှ သဲသဲကွဲကွဲ မကြားရတော့ပါ။ အဘယ်ကြောင့် ဆိုသော် အစည်းအဝေး တက်ရောက်သူအားလုံး အော်ဟစ်ပြီး အခန်းထဲမှ ထွက်သွားကြသော ကြောင့် ဖြစ်သည်။

ခင်မေသူသည် ရုတ်တရက် လူအုပ်ကြားမှ ထိုးထွက်ကာ မိုက်ကရိုဖုန်း ရှိရာသို့  ကဗျာကယာ သွားပြီး -

“ကျွန်မတို့ ရဲ့  ချွေးတပ်ပြန်မိသားစု သာရေး နာရေး အသင်းကြီး ကို အောင်မြင်စွာ ဖျက်သိမ်းကြောင်း ကြေညာအပ်ပါတယ်ရှင်” ဟု ကြေညာလိုက်လေသတည်း။

(၁၉၉၄ ခု၊ အောက်တိုဘာလ၊ ဟန်သစ်)

ဈေးအကြီးဆုံးည

၁၉၈၉ ခုနှစ် ၊ သြဂုတ်လ၏ ညနေခင်းသည် မိုးစက်မှုန်များ ဖြင့် မှိုင်းညို့ ညို့  ရီဝေနေ၏ ။ ဒါရန်ကုန်တဲ့။ ဇာတိမြို့ ကလေး၏ တောင်ဘက် မိုင် ၁၇၀ ခန့် ကို ကျွန်တော် နယ်ကျွံလာပြီ။

“ရန်ကုန်ဆိုတဲ့ တော် ကြီးထဲမှာ ခရီးသွားမယ်ဆိုရင် သံလိုက်အိမ်မြောင်မလိုဘူး။ မြေပုံတွေ မလိုဘူး။ ရိက္ခာမလိုဘူး။ မီးပုံမလိုဘူး။ မိတ်ဆွေရင်းခြာ မလိုဘူး။ အဲဒါတွေ အားလုံး အစား ငွေပဲလိုတယ်” တဲ့။

မိတ်ဆွေ တစ်ယောက် ၏ စကားကို ကြားယောင်လာပြန်သည်။ ထောင်ချောက်ထဲတွင် ပိတ်မိခါနီး ပြီ။ ကျွန်တော့် မှာ ငွေနှစ် ဆယ်ပဲ ရှိတော့တယ်။ တိတိကျကျ ပြောရလျှင် ရန်ကုန်မြို့ ကြီးကို ရင်ဆိုင်ရန် ကျွန်တော့် မှာ ငွေနှစ် ဆယ်ကျပ်တိတိပဲ ရှိတော့သည်။ ငွေက အရေး မကြီးပါ။ ကျွန်တော့် အတွက် အရေး ကြီးသည်မှာ ယနေ့ ညအတွက် ကျောခင်းရန်နေရာတစ်နေရာပင် ဖြစ်သည်။ ကျွန်တော် ၏ စာမူကို အခန်းဆက်မဂ္ဂဇင်း ၀တ္ထုရှည်အ ဖြစ် ယခုလမှစကာ အသုံပြုတော့မည် ဖြစ်ကြောင်း မိတ်ဆွေအယ်ဒီတာက စာဖြင့် အကြောင်းကြားစဉ် ကျွန်တော် အလွန်ပျော်ရွှင်ဝမ်းမြောက် သွားခဲ့မိသည်။ ထိုမဂ္ဂဇင်းမှရမည့်  စာမူခလေးကို အားကိုးကာ မဂ္ဂဇင်းတိုက်များ သို့  စာမူပို့ ရန် ရန်ကုန်သို့ ခေတ္တ ဆင်းလာခြင်းပဲ ဖြစ်သည်။ ယခုတော့ ကျွန်တော့်  မျှော်လင့်ချက်များ တစ်စစီ ကွဲကြေပျက်သုဉ်းခဲ့ရပြီ။

“စိတ်မကောင်းဘူး ကိုထက်ရာ၊ ကျွန်တော် တို့  မဂ္ဂဇင်း ဆက်အရှုံးမခံနိုင်တော့လို့  ဒီလကစပြီး ရပ်လိုက်ပြီ။ ကျွန်တော် တို့ လည်း ၀တ္ထုတွေ ၊ ကဗျာတွေ ၊ ဆောင်းပါးတွေ အကောင်းဆုံးကို ရွေးပြီးထည့်တာပဲ။ ဒါပေမယ့် စာဖတ်ပရိတ်သတ်ကြီး လိုချင်နေတာနဲ့  အစပ်အဟပ်မတည့်ဘူးထင်တာပဲ။ လတိုင်းရှုံးနေလို့  ထုတ်ဝေသူက ဆက်မထုတ်ဖို့  ဆုံးဖြတ်လိုက်တယ်”

မိတ်ဆွေ ဒယ်ဒီတာက ၀မ်းနည်းခြင်းများ စွနှင့် အခြေအနေကို ရှင်းပြပြီး မဂ္ဂဇင်းတွင် မဖော်ပြ ဖြစ်တော့သော ကျွန်တော့် စာမူကို ပြန်ပေးသွား၏ ။

လေထန်ကုန်းလက်ဖက်ရည်ဆိုင်တွင် တစ်ယောက် တည်း မှော င်ရီသရောအထိထိုင်ပြီးသော အခါ ကျွန်တော် စတင်တွေးမိသော အရာမှာ ယနေ့ ညအတွက် အိပ်ရာတစ်နေရာရရှိရေး ပင် ဖြစ်သည်။ ညအိပ် တည်းခိုးရမည့်  မိတ်ဆွေများ ၏ အမည် ကို စဉ်းစားသော အခါ ပန်းချီဆရာလေးတစ်ဦးကို စတင်သတိရသည်။

“အချိန်မရွေးလာခဲ့ပါ။ ညနေ ၆ နာရီကျော်ရင် ကျွန်တော် ရှိမယ်”

ဟုတ်သည်။ ဒီည သူ့ အိမ်ကိုပဲ သွားရမည် ။ တစ်ကိုယ်ရေတကာယ အနုပညာသမား တစ်ယောက် အိမ်မှာ တည်းခိုရာတာ ကျွန်တော် အလွန်စိတ်ချမ်းသာသည်။ လူမှုရေး အပြုံးတွေ ပဋိသန္တာရတွေ ၊ အပေးအယူတွေ ဘာမှမရှိ မအိပ်ချင်သရွေ့ သူနှင့် စကားပြောနိုင်ပြီး အိပ်ချင်လာသည့်အချိန်တွင် ကြိုက်သည့် နေရာ၌ ချက်ချင်း လှဲအိပ်ချနိုင်သည်။ သူ့ အိပ်ခန်းတွင် ကုတင်မရှိပါ။ နံနက်လင်းသော အခါ တံခါးကို အသာပြန်စေ့ပြီး ထွက်လာခဲ့ရုံပင် ဖြစ်သည်။ သူ့ နှင့် ကျွန်တော့် ကြားတွင် ဘာနှောင်ကြိုးမှမလိုပါ။

ကျွန်တော် ရောက်သွားတော့ မိတ်ဆွေပန်းချီဆရာလေး၏ အိပ်ခန်းမှာ သော့ ခတ်ထားလျက်ပင် ရှိသေးသည်။ သူမြို့ ထဲ ပြန်မလာသေးပါ။ ဘာမှလုပ်စရာမရှိသဖြင့် အိပ်ခန်းတံစက်မြိတ် အောက်တွင် ကျွန်တော် ထိုင်ကာ လွယ်အိတ်ထဲမှ ဆေးပေါ့လိပ်နှင့် မီးခြစ်ကိုထုတ်၍ ဆေးလိပ်သောက်ရင်း သူပြန်အလာကို စောင့်ရသည်။ ဤတိုက်ခန်းသည်လည်း သူပိုင်တိုက်ခန်းတစ်ခုမဟုတ်ချေ။ အိမ်ပွဲစားတစ်ဦးက ဤတိုက်ခန်းကို ကြိုက်ဈေးဖြင့် ပြန်မရောင်းမီ ပန်းချီဆရာအား ခေတ္တနေထိုင်ခွင့်ပြုထားခြင်း ဖြစ်သည်။ ကျွန်တော် သည် ဆေးလိပ်ကိုဖွာရင်း ပန်းချီဆရာ ပြန်လာမည့် လမ်းဘက်သို့  ငေးမျှော်နေမိ၏ ။ လမ်းမီးများ လင်းလာကြပြီ။ မိုးကတဖြည်းဖြည်း သည်းလာသည်။ တိုက်တံစက်မြိတ်ကို ပိုပြီးကပ်နေလိုက်သည်။ မိနစ်တို့  တရွေ့ ရွေ့ ကုန်လွန်သွားသည်။ သောက်လက်စဆေးပေါ့လိပ် တစ်ဝက်ခန့်  တိုသွားပြီ။ တစ်ကိုယ်လုံး ညောင်းညာတောင့်တင်းနေသည်။ ထူးကဲနွေးထွေးသော အခန်းငယ်တစ်ခု၏ အိစက်ညက်ညောသော အိပ်ယာထက်တွင် အားရပါးရ နားနေအိပ်စက်လိုက်ရလျှင် မည် မျှကောင်းလိုက်မည် နည်း။ မရှက်မရွံ့  ၀န်ခံရလျှင် ကျွန်တော် သည် တစ်ခါမျှအဆင့်အတန်းမြင့်သော အိပ်ရာကောင်းကောင်းနှင့် မအိပ်ဖူးပေ။ ဘ၀တစ်လျှောက်လုံးတွင် မာကျောအေးစက်သော အိပ်ရာများ နှင့် သာ ကျွန်တော့် ကျောပြင် ထိတွေ့ ခွင့်ရခဲ့သည်။ နိုင်ငံခြား ရုပ်ရှင်များ တွင် တွေ့ ရလေ့ရှိသော မွေ့ ယာအထူကြီးနှင့် သန့် ရှင်း၊ သပ်ရပ်သော အိပ်ရာများ ကို တွေ့ ရတိုင်း ထိုအိပ်ရာများ ပေါ်တွင် စိတ်ကူးနှင့် လိုက်လံအိပ်စက်တတ်သည်မှာ ကျွန်တော် ၏ အပန်းဖြေနည်းတစ်ခု ဖြစ်ပါသည်။ တစ်ညပဲ ဖြစ် ဖြစ်ပေါ့။ ထိုမွေ့ ရာမျိုးနှင့် အိပ်ရာပေါ်တွင် အိပ်စက်ခွင့် ရရှိခဲ့လျှင် ဘာပဲ ဖြစ် ဖြစ် ပြန်ပေးဖို့  ကျွန်တော် ၀န်မလေးပါ။ ကျွန်တော် မသေမီ တစ်နေ့ သော အခါမှာ ပေါ့ ထိုအိပ်ရာမျိုးနှင့် အိပ်စက်ရဦးမည် ဟု ကျွန်တော် အခိုင်အမာ ယုံကြည်ပါသည်။ ကျွန်တော် အတွေးကို သင်ရယ်ချင်ရယ်နိုင်ပါသည်။ သို့ သော် ယုံကြည်ခြင်းသည် မျှော်လင့်ခြင်းကဲ့သို့  ဈေးပေါသော အရာတစ်ခု မဟုတ်ကြောင်းကိုတော့ သင်သိပြီး ဖြစ်ပါလိမ့်မည် ။

ပတ်ဝန်းကျင်သည် တဖြည်းဖြည်း ခြောက်ကပ်တိတ်ဆိတ် လာသည်နေသည်။ နှစ် နာရီခန့်  ရပ်စောင့်သည့်တိုင် ပန်းချီဆရာ ပြန်မလာသေးပါ။ နှစ် နာရီခန့်  ရပ်စောင့်သည့်တိုင် ပန်းချီဆရာ ပြန်မလာသေးပါ။ သူပြန်မအိပ်တော့ဘူးလား။ ဖြတ်သွားဖြတ်လာများ က ကျွန်တော့် ကို တစ်စေ့တစ်စောင့်း လေ့လာသွားသည်။ ပတ်ဝန်းကျင် အမ်ခန်းများ မှ ကျွန်တော့်ကို မသိမသာ (အချို့ က သိသိသာသာ) အကဲခတ်ကြ၏ ။ အ၀တ်အစား မပြောင်မရောင် နှင့် လွယ်အိတ်ခပ်ညစ်ညစ်တစ်လုံးကိုလွယ်ကာ ဆေးပေါ့လိပ်သောက်ခြင်းမှလွဲ၍ အခြားဘာကိုမှ မလုပ်ဘဲ မိုးတိတ်သည့်တိုင်အောင် တံစက်မြိတ် အောက်၌ ရပ်နေသော မသင်္ကာဖွယ် ခပ်ပိန်ပိန် လူ တစ်ယောက် သည် သူတို့ အမြင့်၌ ဖောက်တွင်း ၀ိဇ္ဇာတစ်ဦး (သို့ မဟုတ်) အနုကြမ်းစီးအဖွဲ့ ဝင်တစ်ဦးလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါသေးသည်။ ယခုအချိန်အထ မည် သူကမှ ကျွန်တော့် ကို မေးလားစမ်းလားမလုပ်သေးပါ။ သို့ သော် အိမ်ရှေ့ အိမ်မှလူက တယ်လီဖုန်းဆက်ရင်း ကျွန်တော့် ကို တစ်ချက်လှမ်းကြည့်သည်။ ရန်ကုန်က ကျွန်တော့် ကို တစ်ချက်လှမ်းကြည့်သည်။ ရန်ကုန်က ကျွန်တော့်ကို တောခြောက်နေပြီ။ ငါးပါးသီလကို နေ့ စဉ်လုံခြုံ အောင် မစောင့်နိုင်သော်လည်း မသင်္ကာဖွယ်ရာလူ တစ်ယောက် ဖြစ်ရခြင်းကိုမူ ကျွန်တော် မနှစ် မြို့ ပါ။ ဆိုဖာပေါ်ကသူခိုးတွေ က မသင်္ကာသည့် မျက်လုံးများ နှင့် ကြည့်ခြင်းကို ကျွန်တော် လည်း မခံနိုင်ပါ။ မျက်နှာ ပူခြင်း၊ ရှက်ခြင်းတို့ သည် ကျွန်တော့် ကို ထိုနေရာမှထွက်စေပါသည်။ ကျွန်တော် သည် ပတ်ဝန်းကျင်ကို အော့နှလုံးနာလွန်းသဖြင့် ပန်းချီဆရာလေး ပြန်လာသည့်အထိ မစောင့်တော့ဘဲ တိုက်တံစက်မြိတ်အောက်မှ ပြေးထွက်လာခဲ့သည်။

ခြေဦးတည့်ရာ လျှောက်သွားနေရင်း ကိုယ့်ကိုယ်ကိုယ် သတိပြုလိုက်မိချိန်တွင် မြန်မာ့ဂုဏ်ရည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်သို့  ရောက်နေခဲ့ပြီ ဖြစ်သည်။ ဘယ်ကိုသွားမလဲ၊ ဘယ်သူ့ ကို အကူအညီတောင်းရမလဲ၊ ဘယ်မှာ အိပ်ရမလဲ၊ မေးခွန်းများ သည် ကျွန်တော့် ကို တရစပ်ခြောက်လှန့်  နေတာ့သည်။ အချိန်က ညကိုးနာရီခန့် ရှိပြီ။ ဒီအချိန်ဆို ရေး ဖော်ရေး ဖက်တွေ အိမ်ပြန်ကြပြီ။ သင်္ဃန်းကျွန်း ကို တစ်ယောက် နှစ် ဆယ်ဟူသော ကြားကားတစ်စီး၏ လူခေါ်သံကို ခပ်သဲ့သဲ့ကြားရသည်။ ပတ္တရောင် ရဲကားတစ်စီး ခပ်ဖြည်းဖြည်းမောင်းသွားသည်။ ကျွန်တော် အောင်ဆန်းကွင်းဘက်သို့  လျှောက်လာခဲ့သည်။ ကျောက်ဆေးရုံကွေ့ သို့ ရောက်သော အခါ တစ်ဖက်မှ ရုတ်တရက် ကွေ့  ၀င်လာသော ကားတစ်စီးနှင့် တိုက်မိမလို ဖြစ်သွား၏ ။ ကားက ကျွန်တော် နှင့် ခြောက်လက်မခန့်  အကွာတွင် ရပ်သွားသည်။ ကားမီးရောင် ကြောင့် ကျွန်တော့် မျက်လုံးများ ကို လက်ဖြင့် ကာထား ရ၏ ။

“ကိုထက် ကိုထက် မဟုတ်လား”

ကျွန်တော် ၏ ၀မ်းသာမှုကို စကားလုံးများ ဖြင့် ပြည့်စုံစွာ ဖောပြခြင်းငှာ မစွမ်းသာပါ။ ကားပေါ်မှ ဆင်းလာသူမှာ ကျွန်တော့်  သူငယ်ချင်း ရုပ်ရှင်ဒါရိုက်တာ ‘နွေဦး’ ၏ ညီ ဖြစ်သည်။ နွေဦးနှင့် ကျွန်တော် သည် တစ်မြို့ တည်းသား ဖြစ်ပြီး အနုပညာ၌ ခေတ်ပြိုင်များ ဖြစ်သည်ဟု မဂ္ဂဇင်းများ က မကြာခဏ ထုတ်ဖော်ရေး သားဖူးသည်။ နွေဦးမှာ ယခင်ကထက်သန်သော ကဗျာဆရာများ တစ်ဦး ဖြစ်နေပေပြီ။ သူ့ ဇာတ်ကားများ သည် ယခုတိုင်ကဗျာ၏ အငွေ့ အသက်တွေ ပါဝင်နေဆဲ ဖြစ်၏ ။ စာပေကို ယခုအခု သူ ဘယ်လိုသဘောထားလဲ ကျွန်တော် သိချင်သည်။ ကဗျာတစ်ပုဒ်ကို ကျွန်တော် အတူတကွနေထိုင်ကာ စာပေလောကသို့ တိုးဝင်ရန် ကြိုးစားခဲ့ကြဖူးသည်။ ထမင်းနပ်မမှန်သော ထိုစဉ်က ညနေခင်းများ အကြောင်းကို ခုတော့သူရယ်ပွဲဖွဲ့နိုင်လေပြီ။ သူသည် အနုပညာကြေးအကြီးဆုံး ဒါရိုက်တာ တစ်ယောက် ဖြစ်သည်။ ငွေရေး ကြေးရေး ကော အနုပညာပါ သူအောင်မြင်နေသည်။ သူ့ ထံသို့  ယခင်က ကျွန်တော် တစ်ခါမျှ မသွားခဲ့ဖူးပါ။ ဒီတစ်ည ကတော့ ခြွင်းချက် ဖြစ်သည်။ ဂျစ်ကားသည် ကျွန်တော့် ကို နွေဦးရှိရာ ဖ-ဆ-ပ-လ တိုက်ခန်းများ ဆီသို့  သယ်ဆောင်သွား၏ ။

“အစ်ကို အိမ်ပေါ်မှရှိတယ်။ တက်သွားလိုက် ကိုထက်ရာ။ ကျွန်တော် မြို့တည်းကို ပြန်ရဦးမယ်။ လှေကားက တက်ရင် ပထမဆုံး တွေ့ ရတဲ့အခန်းပဲ”

တံခါးဖွင့်ပေးသူမှာ နွေးဦးကတော် ဖြစ်သည်။ သူက ကျွန်တော့် ကိုမြင်လျှင် ‘သြော်’ဟု တစ်ခွန်းပြောကာ ကျွန်တော် ၀င်ဖို့ လမ်းဖယ်ပေးပြီး တံခါးကိုပြန်ပိတ်လိုက်သည်။ အမျိုးသမီးက ကျွန်တော် ကို ဘာမှမပြောဘဲ ရုပ်မြင်သံကြားကိုကြည့်နေ၏ ။ နွေဦးသည် ကျွန်တော် ထင်တာထက်ပို၍ ချမ်းသာနေပုံရ၏ ။ နွေဦးမရှိဘူးလား ဟုမေးမည် ကြံသော်လည်း မမေးမိဘဲ တိတ်ဆိတ်စွာ ထိုင်နေမိသည်။ အတန်ကြာမှ အမျိုးသမီးက-

“ကိုကို ထမင်းစားခန်းထဲမှာ ရှိတယ်လေ။ ၀င်သွားလိုက်” ဟုဆို၏ ။ နွေဦးသည် ကျွန်တော့် ကို မြင်သော အခါ ကုလားထိုင်တစ်လုံး ထိုးပေးပြီး ထမင်းဆက်စားနေ၏ ။

“ထမင်းစားဦးမလား”

ဘာကြောင့် ရယ်မသိ ကျွန်တော် ခေါင်းယမ်းပြလိုက်သည်။ တကယ်တော့ လက်ဖက်ရည်မှလွဲ၍ ကျွန်တော် တစ်နေ့လုံး ဘာမှ မစားရသေးချေ။ လူကုံထံတို၏ ထမင်းဝိုင်းကိုကြည့်ရင်း ဟိုစဉ်က နွေဦးနှင့် ကျွန်တော် စားခဲ့ဖူးသော လမ်းဘေးထမင်းဆိုင်လေးများ ကို အမှတ်ရလာသည်။ တစ်ခါတစ်ရံ ကျွန်တော် တို့ သည် ထမင်းဖိုး မရှိသဖြင့် ဘိန်းမုန့် တစ်ချပ်ဝယ်ပြီး နှစ် ယောက် မျှစားကာ ရေအ၀သောက်၍ ရောင့် ရဲ ခဲ့ရဖူးသည်။

နွေဦးသည် စားလက်စခက်ရင်းနှင့် ဇွန်းကို ပန်းကန်ထဲသို့ ပြန်ချရင်း-

“ဒီညအတွက် ဘယ်လိုစီစဉ်ထားလဲ” ဟု ရုတ်တရတ်မေးလိုက်၏ ။ ကျွန်တော် သည် ထိုမေးခွန်းကို မျှော်လင့်မထားသည့်အတွက် ခေတ္တကြောင်သွား၏ ။

“ဟို ငါညအိပ်ဖို့  တော် တော် ခက်နေတယ်။ ငါ့မှာ ငွေနှစ် ဆယ်ပဲရှိတယ်”

နွေဦး၏ လှုပ်ရှားမှုအားလုံးကို အနှေးပြရုပ်ရှင်ရိုက်ချက်တစ်ခု သဖွယ် ကျွန်တော် မှတ်မိနေ၏ ။ ကျွန်တော့် စကားဆုံးလျှင် သူ့ မျက်လုံးသည် ကျွန်တော့်တစ်ကိုယ်လုံးအား ခြုံကြည့်လိုက်၏ ။ သူ့ ညာဘက် လက်သည် ဖြည်းညင်းစွာ မြောက်တက်သွားပြီး ဘယ်ဘက်အင်္ကျီအိတ်ထဲမှ ကိုးဆယ်တန်နှစ် ရွက်ကို ဆွဲထုတ်ပြီး ကျွန်တော့် လက်ထဲသို့ ထိုးထည့်လိုက်၏ ။ ထို့နောက် ခက်ရင်းကို ပြန်ကိုင်ကာ အသားတစ်လုံးအား ထိုးစားနေ၏ ။ ကျွန်တော့်  ရင်ထဲမှာ ပြောစရာစကားများ စွာ ရှိသော်လည်း ဘာတစ်လုံးမှ ပြောမထွက်ဘဲ ရင်ထဲတွင် တစ်ဆို့ နေ၏ ။ ကျွန်တော့်  မျက်ဝန်းထဲဝယ် မျက်ရည်ကြည်များ နှင့် စိုစွတ်မှုန်မှိုင်းနေသည်။ ဤအချိန်၌ ကမ္ဘာပေါ်တွင် ကျွန်တော် အမုန်းဆုံးအရာမှာ ကျွန်တော့်လက်ထဲသို့ ရောက်နေပြီ ဖြစ်သော ငွေစက္ကူနှစ် ရွက်ကိုပင် ဖြစ်သည်။ သူငယ်ချင်း နှစ် ယောက် ကြားတွင် ငွေစက္ကူသည် တံတိုင်းကြီးတစ်ခုသဖွယ် ခြားသွား၏ ။ မှန်လုံခန်း၏ တစ်ဖက်တစ်ချက်တွင် ရှိနေသော လူနှစ် ယောက် သည် တစ်ယောက် ကို တစ်ယောက် မြင်နေရသော်လည်း တစ်ဦး၏ အသံကို တစ်ဦးက မကြားနိုင်သကဲ့သို့ ကျွန်တော် နှင့် နွေဦးကြားတွင် ဆက်သွယ်စရာဘာသာစကားတို့ ခြားနားသွားခဲ့ပြီ ဖြစ်သည်။ ငါ့အိမ်မှာ မအိပ်နဲ့ ငွေယူပြီးပြန်တော့ဟု မပြောသော်လည်း အယဉ်ကျေးဆုံးသော အပြုအမူဖြင့် နှင်ထုတ်ခြင်းကို ခံလိုက်ရပြီမဟုတ်ပါလား။ ကျွန်တော် သည် ဆတ်ဆတ်ခါ နာကျင်လွန်းသဖြင့် ပိုက်ဆံကို အပိုင်းပိုင်းဆုတ်ဖြဲ လွင့်ပစ်လိုက်ချင်၏ ။ ဒါမှမဟုတ် နွေဦး၏ မျက်နှာကို လက်သီးဖြင့် တအားစွတ်ထိုးပြီး ခွက်ထိုးခွက်လန် ရယ်မောပစ်လိုက်ချင်၏ ။ သို့ သော် ထိုအတွေးတို့ကို ချက်ချင်း ရပ်ပြီး ပိုက်ဆံကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ကျွန်တော် လှည့်ထွက်လာခဲ့သည်။ မြေညီထပ်သို့ ဆင်းရာ အုတ်လှေကားလေးမှာ အလင်းရောင် နည်းပါးနေသည်။ အခန်းအားလုံး တံခါးပိတ်ထားကြသည်။ ကိုယ့်ခြေသံကို ကိုယ်အကျယ်ကြီး ပြန်ကြားနေရသည်။ လှေကားထစ်နှင့် ဖိနပ်ထိလိုက်တိုင်း ထွက်လာသော ခြေသံတဖျတ်ဖျတ်ကို ကျွန်တော့်နားထဲတွင် ‘သွားတော့ သွားတော့’ ဟု ကြားနေမိ၏ ။

တစ်ခါတစ်ရံ ဖြစ်သွားသော ကားတစ်စင်းတစ်လေမှလွဲ၍ လမ်းများ သည် ခြောက်ကပ်တိတ်ဆိတ်နေ၏ ။ ပန်းဆိုးတန်းလမ်းဘက်သို့ လျှောက်လာခဲ့၏ ။ လေတ၀ူးဝူးတိုက်နေသည်။ ကတ္တရာ လမ်းပေါ်ဝယ် အမှိုက်စများ လျှပ်တိုက်မျောလွင့်နေကြ၏ ။ ပန်းဆိုးတန်း လူကူးတံတားပေါ်မှ ဖြတ်လျှောက်လာခဲ့၏ ။ တံတားပေါ်ဝယ် အခြေအနေမဲ့များ ခိုကပ်၍ ထိုင်နေကြသည်။ လျှပ်ရောင် တစ်ချပ် လက်သွားသည်။ သတို့အားလုံး၏ မျက်နှာမှာ ကျွန်တော် သူတို့ကြားသို့ ၀င်ထိုင်မည် ကို စိုးရိပ်နေပုံရသည်။ ကျယ်လောင်သော မိုးချုန်းသံများ ကိုကြားရပြီး ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းလိုက်သည်။ သဲသဲမဲမဲ ရွာသွန်းနေသော မိုးရေပေါက်များ ကို ဂရုမပြုဘဲ ဘားလမ်းဘက်သို့ ကျွန်တော် ဆက်လျှောက်လာခဲ့သည်။ ထိုလမ်းတွင် တည်းခိုခန်းတွေ ရှိသည်။ တည်းခိုခန်းအချို့မှာ မီးလင်းနေသည်။

ကောင်တာရှေ့တွင် ကျွန်တော် ရပ်လိုက်သည့်အခါ ကျွန်တော် တစ်ကိုယ်လုံးမှရေများ သည် ခြေဖျားမှတစ်ဆင့် ကြမ်းပြင်သို့ လျောဆင်းသွား၏ ။ ကောင်တာနောက်မှလူသည် ကျွန်တော့် ကို မနှစ် မြို့စွာ ကြည့်လျက် အခန်းမရှိတော့ဘူးဟု သံပြတ်နှင့် ဆို၏ ။ နာရီဝက်အတွင်း ကျွန်တော် သည် တည်းခိုခန်းခြောက်ခန်းတိတိအား ၀င်ရောက်စုံစမ်းပြီးသွား၏ ။ အားလုံးက ကျွန်တော့် အား ငြင်းပယ်လွှတ်လိုက်ကြ၏ ။ ထိုအချိန်တွင် ဆာလောင်ခြင်း၊ အားငယ်ခြင်း၊ နာကြည်းခြင်းတို့ပေါင်းကာ ကျွန်တော့် တစ်ကိုယ်လုံး နုန်းချိမောပန်းနေ၏ ။ မိုးရေတို့ ရွှဲရွှဲစိုထားသည့်အပြင် လမ်းလျှောက်ရပါများ သဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေ၏ ။ သတ္တမမြောက် တည်းခိုခန်း၏ ကောင်တာနောက်ရှိမှန်ထဲတွင် ကိုယ့်ပုံရိပ်ကို ကိုယ်ပြန်မြင်လိုက်သော အခါ ဘာကြောင့် သူတို့ကျွန်တော့်ကို လက်သင့်မခံကြောင်း နားလည်သွား၏ ။ အိပ်ရေး ပျက်ထားသဖြင့် ကျွန်တော့် မျက်လုံးတို့သည် နီကြောင်ကြောင် ဖြစ်နေပြီး မျက်ကွင်းတို့ ချောင်ကျနေ၏ ။ မိုးရေစက်တို့ကြောင့် ဆံစများ သည် ငှက်သိုက်တစ်ခုပမာ ဖွာလန်ကျဲနေ၏ ။ ခရီးသည် တစ်ယောက် နှင့် မတူဆုံးအချက်မှာ လွယ်အိတ်တစ်လုံးမှလွဲ၍ ဘာအထုပ်အပိုးမှ ပါမလာခြင်း ဖြစ်သည်။ ကျွန်တော် က ကောင်တာပေါ်သို့ ကိုးဆယ်တန်ငွေစက္ကူနှစ် ရွက် ဖြန့်ချလိုက်ပြီး ‘အခန်းတစ်ခန်းပေးပါဗျာ’ ဟု ပြောလိုက်၏ ။ ဤတည်းခိုခန်းသည် တည်းခိုသူအားလုံးကို လူကြီးလူကောင်းဆန်ဆန် ဆက်ဆံတတ်သော တည်းခိုခန်းတစ်ခု (သို့ မဟုတ်) ငွေမျက်နှာကိုသာကြည့်သော တည်းခိုခန်းတစ်ခု ဖြစ်ရမည် ။

“ တစ်ယောက် ခန်းကို နှစ် ရာကျပ်ကျပါတယ်”

ဒါတမင်သက်သက်ပိုပြီးယူတာဟု ကျွန်တော့် စိတ်ထဲမှာ ပြောနေမိသည်။

“ကျွန်တော် တို့ တည်းခိုခန်းက လေအေးစက်နဲ့ အကောင်းစားရေမြုပ်မွေ့ရာနဲ့မို့ ဒီဈေးယူတာပါ။ များ တယ်ထင်ရင်”

“ဟာ မဟုတ်ပါဘူးဗျာ”

ကျွန်တော် က အိတ်ထဲမှ ငွေနှစ် ဆယ်ကျပ်ကို ထပ်မံထုတ်ပေးလိုက် သည်။ ထိုလူက ခပ်ဆိုင်းဆိုင်းအမူအရာနှင့် လက်ခံပြီး ကျွန်တော့် ကို အခန်းသော ထုတ်ပေး၏ ။ ကျွန်တော့် အခန်းမှာ နံပါတ် ၁၈ ဖြစ်သည်။

အခန်းတံခါးကိုဖွင့်ဝင်ပြီး မီးခလုတ်ကို နှိပ်ချလိုက်သော အခါ အံအားသင့်ပြီး ကျွန်တော် ငေးကြည့်နေမိသည်။ ကျွန်တော့် စိတ်ကူးဖြင့် အိပ်စက်ခဲ့ရဖူးသော မွေ့ရာကြီးပါလား။ အခန်းသည် အလွန်ကောင်းမွန်နေသည်။ ပြတင်းပေါက်တွင် ကျွန်တော် အကြိုက်ဆုံးသော ပန်းနုရောင် ဇာခန်းဆီတို့ကို တပ်ထား၏ ။ မွေ့ရာမှာ ပန်းနုရောင် ဖြစ်သည်။ မင်းအိပ်ချင်တဲ့ ဖဲမွေ့ရာမျိုးပေါ်ရောက်ပြီလေဟု စိတ်ကိုနှိုးဆွပေးသော်လည်း ၀မ်းသာရမည့် အစား ကျွန်တော် သည် အိပ်ရာနှင့် တကွ တစ်ခန်းလုံးကို မုန်းတီးလာ၏ ။ အေးစိမ့်စိမ့် ဖြစ်နေခြင်းကို မုန်းသည်။ မွေ့ရာကို မုန်းသည်။ ငွေစက္ကူတွေ ကို မုန်းသည်။

ရေစိုအ၀တ်တွေ ကို ကျွန်တော် အားလုံးချွတ်လိုက်၏ ။ ကျွန်တော့်မှာ အ၀တ်အပိုမပါပါ။ သို့ သော် ကိစ္စမရှိပါ။ ဟီရိသြတပ္ပတရားသည် တစ်ခါတစ်ရံကာလာ ဒေသတစ်ခုအတွင်းသာ ရှိတတ်သည်မဟုတ်ပါလား။ ကျွန်တော် အတောင့်တကြီး တောင့်တခဲ့ရသော အကောင်းစားအိပ်ရာပေါ်၌ ယခုအခု ကျွန်တော် မအိပ်ချင်သေးပါ။ ပန်းချီဆရာလေး၏ အိမ်ခန်းကြမ်းပြင်ပေါ်တွင် လှဲချလိုက်ရစဉ်တုန်းကလို ကျွန်တော့် အိမ်၏ ၀ါးကြမ်းခင်ပေါ်တွင် အိပ်ရသလို ဘာကြောင့် သက်သော င့်သက်သာ အိပ်ပျော်မသွားတာလဲ။ ကျွန်တော့် မျက်စိများ ကျိန်းစပ်ေ၀၀ါးနေသည်။ ကျွန်တော် အဖျားတက်နေပြီလားမသိပါ။ ဒိုင်ယာယီရေး မယ်ဟု စာအုပ်ကို ဖွင့်လိုက်သည်။ ခေါင်းထဲကမူးနောက်လာသည်။ ပထမ စာကြောင်းကို စရေး သည်။

လျှပ်စီးတစ်ချက်လက်လိုက်သည်။ ရုတ်တရတ် အသက်ရှူကျပ်သလို ဖြစ်သွား၏ ။ အာရုံထဲတွင် ရုပ်ပုံများ စွာ ပေါ်လာနေသည်။ ငါ့ကိုကြည့်ပြီး ဖုန်းဆက်နေကြတယ်။ နွေဦးရဲ့ အကြည့်၊ အကောင်းစားအပ်ရာ၊ ကိုးဆယ်တန်နှစ် ရွက်၊ နောက်တစ်ကြောင်းကို ကြိုးစားပြီး ဆက်ရေး သည်။ ဘယ်ဘက်ရင်ဘတ်ထဲမှ မခံမရပ်နိုင်အောင် တစ်ချက်အောင့်သွား၏ ။ ရေး လက်စဘောပင် လွတ်ကျသွားလေသည်။

* * *

အခန်း ၁၈ မှဧည့်သည် သေဆုံးနေကြောင်းကို တည်းခိုခန်း ၀န်ထမ်းများ သည် နေအတော် မြင့်မှ သိကြ၏ ။ တစ်ချို့က ထိုသူမှာ နှလုံး ရောဂါ နှင့် သေဆုံးသွားသည်ဟု ယူဆကြသည်။ တစ်ချို့က အဖျားဒဏ်ဖြင့် ကွယ်လွန်သည် ပြောကြ၏ ။ တစ်ချို့က ဦးနှောက်သွေးကြောပြတ်သွားသည်ဟုဆိုကြ၏ ။ သေသူ၏ ဘေးတွင် ပွင့်နေသော ဒိုင်ယာယီစာအုပ်တစ်အုပ်ကို တွေ့ ရ၏ ။ ထိုစာအုပ်တွင် နောက်ဆုံးရေး သားထားသည်မှာ အောင်ပါအတိုင်း ဖြစ်သည်။

“မွေ့ရာတွေ ပေါ်မှာ လူတွေ အိပ်ကြသတဲ့လား။ တကယ်တော့ လူတွေ အပေါ်မှာ တော့ မွေ့ရာတွေ က အိပ်စက်ခဲ့ကြပြီ”

အင်း

အနုပညာသမားတို့၏ စကားဝိုင်းသည် ငြိမ်သက်မှုဖြင့် စတင်ပြီး ငြင်းခုံမှုဖြင့် ပြီးဆုံးလေ့ရှိတ်တတ်သည်။ ထိုနေ့က ကျွန်တော် တို့၏ လက်ဖက်ရည်ဝိုင်းသည် ပန်းချီဆရာမောင်ဖုန်းနွယ် ရောက်မလာခင်အထိ တိတ်တိတ်ဆိတ်ဆိတ်ပင် ဖြစ်သည်။ ကဗျာဆရာက POEMS OF LOVE ဆိုသော အင်္ဂလိပ်ကဗျာစာအုပ်ကို သဲကြီးမဲကြီး ဖတ်နေသည်။ ၀တ္ထုတိုသမားက ဆေးပေါ့လိပ်ကို မိးခိုးခေါင်းတိုင် ဖြစ်အောင်ဖွာရင်း လမ်းမဘက်ဆီသို့ ငေးနေသည်။ သီချင်းရေး သမား တစ်ယောက် ကမူ ဆောင်းဘောက်စ်မှ တေးသွားကို ခပ်ညည်းညည်း လိုက်ဆိုနေသည်။ ကျွန်တော် က စီးကရက်ဘူးခွံ တစ်ခုပေါ်တွင် ကဗျာစာသားများ ကို အကြမ်းရေး ချနေသည်။ ကျွန်တော် တို့သည် တစ်ယောက် ကို တစ်ယောက် ရှိသည်ဟုပင် အသိအမှတ်မထားဘဲ ကိုယ့်စိတ်ကူးနဲ့ကိုယ် လွတ်ပ်မှုကို ခံစားနေကြ၏ ။

ထိုစဉ်မှာ ပင် ပန်းချီဆရာရောက်လာခြင်းပင် ဖြစ်သည်။ သူ့လက်ထဲတွင် ပန်းချီကားတစ်ချပ်ကို ဖယောင်းစက္ကူနှင်ပတ်ပြီး ပွေ့ကိုင်လာသည်။

“ဘာပုံတွေ လဲဗျ”

ဝတ္ထုတိုသမားက စတင်စကားပြောသည်။

“ပြပွဲတင်ဖို့ဗျာ။ အခုမှဆွဲပြီးလို့ ထွက်လာတာ”

“ကျွန်တော် တို့လည်း ကြည့်ချင်တယ်ဗျာ”

“ကြည့်လေ ရော့ဒီမှာ ”

ပန်းချီဆရာက သူ့ပန်းချီကားကို မိခင်က သားငယ်ကိုကိုင်သလို တယုတယလှဲချပြီး စက္ကူပတ်များ ကိုဖြေ၏ ။ ပန်ချီကားကို ဆန်းသစ်ပန်းချီနည်းဖြင့် ဆွဲထားသည်။ ပခြုပ်ထဲတွင် ခွေနေသော အနီရောင် မြွေတစ်ကောင်ဟု ယူဆရသော ဆေးရောင် တောက်တောက် ပန်းချီကားတစ်ချပ်ဟု ကျွန်တော် နားလည်၏ ။ ထိုထက်မကသော အနက်အဓိပ္ပာယ်တို့ ရှိကောင်းရှိနိုင်မည် ဟု ကျွန်တော် ထင်ပါသည်။ မှန်ရာကိုဝန်ခံရလျှင် ဝေဖန်ပိုင်းဖြတ်နိုင်သော အနုပညာဈာန် ကျွန်တော့် မှာ မရှိသေးပါ။

“ပြပွဲတင်မှာ ဆိုတော့ ဒီပန်းချီကားမှာ နာမည် ရှိတာပေါ့”

“ရှိတာပေါ့ဗျာ၊ ဒီကားနာမည် က သစ္စာတဲ့”

“သစ္စာ သစ္စာ ပြစမ်းပါဦး ခင်များ ဥစ္စာကို”

ဝတ္ထုတိုသမားက အိပ်ရာမှရုတ်တရတ်လန့်နိုးသူလို ကတုန်ကယင်ဖြင့် ပန်းချီကားကို ကြည့်နေသည်။

“အားမနာတမ်းဝေဖန်ရရင်တော့ ခင်ဗျားပန်းချီကားကို နာမည် ပြောင်းရင် ကောင်းမယ်ဗျို့ အခုပေးထားတဲ့ခေါင်စဉ်နဲ့စာရင် ခင်ဗျား ပန်းချီကားက နည်းနည်း အားပျော့နေတယ်”

“ကျွန်တော့်ကားက အားမပျော့ပါဘူး၊ ခင်ဗျားတို့ နားမလည်တာပါ”

“ဘာ ဘာဗျ၊ ခင်ဗျားကကော သစ္စာဆိုတာကို ဘယ်လောက် နားလည်လို့လဲ”

“ကျွန်တော် တို့အားလုံးဟာ သစ္စာတရားဆိုတာကို ကိုယ့်နည်းနဲ့ကိုယ် တစ်ယောက် တစ်မျိုး နားလည်နေကြတာပဲ”

“ကိုင်းဗျာ ဒါဆို သစ္စာဆိုတာဘာလဲ၊ လောကမှာ တကယ် သစ္စာကောရှိရဲ့ လား”

“ရှိတယ်ဗျ၊ တွေ့ ချင်ရင် ကျွန်တော့် ပန်းချီကားထဲမှာ ရှာကြည့်”

“ဒီ သေကာနီး မြွေဆီကနေ ဘာအမှန်တရားရနိုင်မှာ လဲ”

“ဟေ့လူတွေ နေကြဦးဗျာ၊ ခင်ဗျားတို့ သိပ်ငြင်းမနေကြနဲ့ ကျွန်တော့် မှာ ပုံပြင်တစ်ပုဒ်ရှိတယ်၊ ခင်ဗျားတို့နားထောင်ပြီးမှ ဆက်ငြင်းချင်လဲ ငြင်းကြပေါ့ဗျာ”

တစ်ချိန်လုံး စာအုပ်ဖတ်နေသော ကဗျာဆရာက ကျွန်တော် တို့အားလုံးအား အောက်ပါဇာတ်လမ်းလေးကို ပြောပြ၏ ။

“ပုံပြင်ဆိုပေမယ့် ကျွန်တော် ကိုယ်တိုင် ကြုံခံတာပေါ့ဗျာ။ မြစ်ဝကျွန်းပေါ်ဘက်ကို ကျွန်တော် တာဝန်နဲ့ ခရီးထွက်တုန်းကပေါ့”

လက်ဖက်ရည်ဝိုင်းမှ လူအားလုံး ကဗျာဆရာ့စကားကို စိတ်ဝင်စားကာ ငြင်းခုန်ခြင်းအမှုကိုရပ်ပြီး တလေးတစား နားထောင်နေကြ၏ ။

“အဲဒီ တုန်းက ကျွန်တော် စားမရေး သေးဘူး။ Eco နဲ့ ကျောင်းပြီးလို့ အလုပ်ဝင်ကာစပေါ့။ ကျွန်တော် တို့ စာရင်းစစ်အဖွဲ့ဟာ ဧရာဝတီတိုင်းထဲက သမ၀ါယမဆိုင်တွေ ကို လှည့်ပြီးစာရင်းစစ်ရတယ်။ ကျွန်တော် နဲ့ ကျွန်တော့် ဆရာဟာ မြစ်ဝကျွန်းပေါ်ဘက်ကရွာတွေ ကို သွားရတယ်။ ကျွန်တော် တို့ ကျေးရွာသမ၀ါယမတွေ ကို လေးရွာလောက်ကူးပြီး စားရင်းစစ်ရတယ်။ စာရင်းစစ်ရတယ် ဆိုပေမယ့် ကျွန်တော် ခင်ဗျားတို့ကိုပြောချင်တာက စာရင်းအကြောင်း မဟုတ်ဘူးနော်။ ငွေတွေ ဘာတွေ ကွာတဲ့အကြောင်းလည်း မဟုတ်ဘူး။ ကျွန်တော် ပြောချင်တာ အုတ်ခဲထွန်းစိန်အကြောင်း၊ အုတ်ခဲထွန်းစိန်အကြောင်းဆိုတာ ကျွန်တော် တို့တည်းတဲ့ရွာက အင်းသူကြီးရဲ့ သား ကိုထွန်းစိန်ကိုခေါ်တာပါ။ တံငါလုပ်ငန်းလုပ်ပေမယ့် သူ့ကိုယ်သူ ဘုရားဆုပန်ထားတယ်လို့ ကြီးကြီးကျယ်ကျယ် ပြောရာက ရွာသားတွေ က ကွယ်ရာမှခေါ်တဲ့နာမည် ။ ဒါပေမယ့် သူ့ရှေ့မှာ တော့ ကိုထွန်းစိန်၊ ဒါမှမဟုတ် အစ်ကိုထွန်းလို့ပဲ ခေါ်ကြတယ်။ ကျွန်တော် တို့ဟာ တစ်ရွာပြီးတစ်ရွာဝင်ပြီး စာရင်းစစ်ရင်း နောက်ဆုံးတော့ ကိုထွန်းစိန်တို့ရွာကို ရောက်လာတယ်။ ရွာမှာ လည်း မြို့ကစာရေး စာချီတွေ ဘာတွေ လာရင် ကိုထွန်းစိန် အိမ်မှာ ပဲ တည်းတာများ တယ်။ တစ်ရွာလုံးမလည်း မျက်စိပွင့်နားပွင့် ပြောဆိုတတ်ဆိုတတ်ဆိုလို့ သူတို့ပဲရှိတာကိုး”

ကဗျာဆရာက ရေနွေးကို ကျိုက်နဲ့မော့ရင်း သူ့စကားကို အခြားသူများ စိတ်ဝင်စားရှိမရှိ အကဲခတ်ပြီး ဆက်ပြော၏ ။

“ကိုထွန်းစိန်က အတန်းပညာတွေ ဘာတွေ ဟုတ်ဟုတ်ဟတ်ဟတ် မတတ်ဘူးဗျ။ ဒါပေမယ့် သူ့အမျိုးသမီး ကတော့ ဆယ်တန်းအထိ ပညာသင်ဖူးတယ်။ ကိုထွန်းစိန်တို့ရွာဇာတိလည်း မဟုတ်ဘူး။ ကိုထွန်းစိန်နဲ့ အကြောင်းပါပြီးတော့မှ မြို့ကနေ ဒီရွာကိုရောက်လာတာ။ မိန်းကလေးက ရုပ်လည်းလှ၊ သဘောလည်းကောင်းမို့ တစ်ရွာလုံးက ချစ်ကြတယ်။ တစ်ရွာလုံးမှာ လည်း စာဖတ်တာဆိုလို့ ရွာဦးကျောင်းဆရာတော် နဲ့ အဲဒီ မိန်းကလေးပဲ ရှိမယ်ထင်တယ်။ အချိန်ရရင် ၀တ္ထုစာအုပ်၊ ဒါမှမဟုတ် မဂ္ဂဇင်းစာအုပ် တစ်အုပ်အုပ်ကို ဖတ်နေတတ်တယ်”

“ကိုထွန်းစိန်တို့ရွာမှာ ကျွန်တော် တို့ အလုပ်ဟာ တစ်ရက်တည်းနဲ့ ပြီးသွားတယ်။ အဲဒါနဲ့ ကိုထွန်းစိန်တို့ တားတာနဲ့ ကျွန်တော် တို့ လည်း မြို့ကို ချက်ချင်း မပြန်သေးဘဲ ရွားနီးချုပ်စက်ကို လျှောက်လည်ကြတယ်။ ကိုထွန်းစိန်တို့အဖေက အင်းတွေ တော် တော် များများ ပိုင်တယ်။ ဒါပေမယ့် ကိုထွန်းစိန်တို့ လက်ထက်ကျတော့ ကိုယ်ပိုင်အင်း နည်းနည်း ပါးပါးပဲရှိတော့တယ်။ အခုလည်း ကိုထွန်းစိန်နေတာလည်း အင်းစပ်မှာ ခြေတံရှည်အိမ်ကလေးဆောက်နေတာ။ ညဘက်ကျရင် အင်းအလယ်မှာ ဆောက်ထားတဲ့ အင်းတဲလေးကို ကိုထွန်စိန်တို့ လှေနဲ့သွားပြီး စောင့်တယ်။ ကိုထွန်းစိန် ကတော့ အင်းတဲလေးမှာ ခဏနေပြီး ပြန်လာတာပါဘဲ။ ကျန်တဲ့အချိန်တွေ မှာ တော့ ကိုထွန်းစိန်ဟာ ကျွန်တော် တို့နဲ့ တစ်ချိန်လုံးရှိနေတာပဲ။ သူက ရှေးဟောင်းနှောင်း ဖြစ် ပုံတိုပတ်စတွေ လည်း ပြောတတ်တယ်။ ဒါပေမယ့် သူ့ဇတ်လမ်းတွေ က ယုတ္တိဗေဒနဲ့ နည်းနည်း ကင်းလွတ်နေတယ်။ ရှင်းရှင်းပြောရရင် စကားပြောရင် ကိုထွန်းစိန်ဟာ တစ်ခါတစ်ရံကျ ယုံရခပ်ခက်ခက်ပဲ။ ဒါပေမယ့် ကျွန်တော် တို့ သူ့စကားကို သိပ်ပြီးလက်ခံပုံမပေါက်ရင် သူက သူ့မိန်းမကိုလှမ်းပြီး အဖော်ညှိတယ်။ အမျိုးသမီး ကတော့ ရွာမှာ ပညာအတတ်ဆုံးဆိုတော အားလုံးက လေးစားကြပါတယ်။ သူပြောရင် ရွားသားတွေ ဟာ လက်ခံတာပဲ။ ကိုထွန်းစိန်ရဲ့ စကားတွေ ကိုတော့ တစ်ခါတလေ သူ့အမျိုးသမီးကပါ စိတ်လိုလက်ရ၀င်ပြီး ထောက်ခံနေတော့ ကျွန်တော် တို့မှာ ကိုထွန်းစိန်စကားကို အမှန်ယူရတော့မလို ဖြစ်ရတယ်။ တစ်နေ့တော့ ကိုထွန်းစိန်နဲ့ ရောက်တတ်ရာရာ စကားပြောရင်း ရေဒီယိုအကြောင်း ရောက်သွားတယ်။ ဒီမှာ တင် ကိုထွန်းစိန်က သူ့ရေဒီယိုအကြောင်း ဋီကာချဲ့တော့တာပါပဲ။ သူက ကျွန်တော် တို့ကို ဆရာလေးလို့ခေါ်တယ် ကိုထွန်းစိန်ပြောတာက ဒီလိုဗျ”

ကဗျာဆရာက သူ့ကိုယ်သူ ကိုထွန်းစိန်လုပ်ပြီး အောက်ပါအတိုင်း ပြောပြ၏ ။

“ဆရာလေးတို့ ယုံမလားတော့မသိဘူး။ ကျွန်တော့် မှာ ဓာတ်ခဲရေဒီယိုတစ်လုံး ရှိတယ်။ ကျွန်တော် ကလည်း ရေဒီယိုကလာတဲ့ သီချင်းတွေ ဆို တအားကြိုက်တာနဲ့ ရေဒီယိုကို သွားလေရာ ယူသွားတာပဲ။ ယုတ်စအဆုံး အင်းတဲကို ညဘက်သွားရင်တော့ ရေဒီယိုကို လှေဦးမှာ အကျယ်ကြီးဖွင့်ပြီးမှသွားတာ။ ဒါပေမယ့် ဆရာလေးရယ် ကံဆိုးချင်တော့ တစ်နေ့မှာ လှော်တက်နဲ့ ရိုက်မိပြီး ကျွန်တော့် ရေဒီယိုလေး ရေထဲကို ပြုတ်ကျသွားတယ်။ ကျွန်တော့်  တပည့်တွေ က ကျသွားတဲ့နေရာကိုဆင်းပြီး ငုတ်ရှာမယ်လို့တော့ပြောပါတယ်။ ဒါပေမယ့် ကျွန်တော် က လက်မခံဘူး။ ကျသွားတဲ့ နေရာကိုပဲ မင်းတို့ အမှတ်အသား လုပ်ထားလိုက်ကြလို့ ခိုင်းလိုက်တယ်။ ကျွန်တော် က ကိုယ့်အကြံနဲ့ ကိုယ်ကိုး။ ဘာရမလဲ ဆရာလေးရယ်။ ဆောင်းဦးပေါက်လို့ အင်းတွေ ဖော်တော့ ရေတွေ အားလုံး ခမ်းသွားတဲ့အခါမှာ ကျွန်တော် က ရေဒီယိုလေး ကျသွားတဲ့နေရာကို အမှတ်အသားနဲ့ ပြန်ရှာတာကိုး။ ဘာပြောကောင်းမလဲ ပတ်ကြားအတ်ကို ပေါက်တူးနဲ့ ခပ်နာနာလေးပေါက်လိုက်ရင်ပဲ မြေကြီးထဲက ရေဒီယို အေရိယာတိုင်လေး အရင်ပေါ်လာပြီး သတင်းများ ကို ကြေညာပါတော့မယ်ဆိုပြီး အသံထွက်လာတော့တာပဲ။ ဒါပေမယ့် ဆရာလေးရယ် နှမြောဖို့ကောင်းတာက ဆရာလေးတို့လို တအားရင်းနှီးတဲ့ မန္တလေးကမိတ်ဆွေတစ်ယာက်က ကျွန်တော် ရေဒီယိုကို ကြိုက်လွန်းအားကြီးလို့ ငွေသုံးထောင်ပေးပြီး အတင်းဝယ်သွားတယ်”

ကိုထွန်းစိန်စကားကိုမယုံလို့ ကျွန်တော် တို့နှစ် ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်မိတယ်။ ဒါပေမယ့် အကင်းပါးတဲ့ ကိုထွန်းစိန်က ကျွန်တော် တို့ မယုံမှန်းလည်းသိရော ချက်ချင်း ဘဲ သူ့မိန်းမဘက်လှည်းပြီး-

“မိန်မရေ၊ ငါက နည်းနည်း မေ့တတ်လို့ တို့ရေဒီိယိုကြီး ၀ယ်သွားတဲ့ သူဋ္ဌေးက ဘယ်သူ။ ငါ့နှယ် ပါးစပ်ဖျားလေးတင် မေ့နေတယ်”

“ရှင်ကလည်း ဦးဋ္ဌေးမောင်လေ”

“အေးဟုတ်ပြီ။ ဦးဋ္ဌေးမောင်၊ ဦးဋ္ဌေးမောင်ကြီး ခုတော့ သူလည်းဆုံးရှာပါပြီ” လို့ ၀မ်းနည်းသံကြီးနဲ့ ဘယ်တော့မှပြန်မလာတော့မယ့် သူ့ရဲ့ တစ်ဦးတည်းသော သက်သေကို တမ်းတာနေရှာတယ်။

ကျွန်တော် တို့က ရွံ့ထဲရေထဲမှာ လေးလလောက်မြုပ်နေတဲ့ ရေဒီယိုတစ်လုံးဟာ ပြန်ဆယ်ချိန်မှာ အကောင်းပတိရှိသေးတယ်ဆိုတာ လုံးဝလက်မခံပါဘူး။ ဒါပေမယ့် ခက်တာက ကိုထွန်းစိန်စကားကို သူ့မိန်းမကပါ ထောက်ခံနေတာပဲ။ ဘာပဲ ဖြစ် ဖြစ် မိန်ကလေးရဲ့ အသိဥာဏ်ကို လေးစားသော အားဖြင့် ကျွန်တော် တို့ ဘာမှစောဒကမတက်တော့ပါဘူး။

အဲဒီ လိုနဲ့ ကျွန်တော် တို့ ပြန်တော့မယ့်နေ့ကို ရောက်လာတယ်။ ကိုထွန်းစိန်ဟာ ကျွန်တော် တို့ကို သူ့အိမ်မှာ ပဲ ထမင်းစားသွားခိုင်းတယ်။ အနီးဆုံးမြို့ကိုရောက်ဖို့ အနည်းဆုံး လေးနာရီလောက် သင်္ဘောစီးရဦးမှာ မို့ ကျွန်တော် တို့ ကိုထွန်းစိန်ဆီမှာ ပဲ ထမင်းစားဖို့ သဘောတူလိုက်တယ်။ ဟင်းတွေ ကတော့ အင်းထဲက ရတဲ့ ငါးတွေ ကို အမျိုးမျိုးကြော်လှော်ချက်ပြုတ်ထားတာပါပဲ။ ငါးဖယ်အောင်၊ ငါးပတ်၊ ငါးကြင်း၊ ငါးအမျိုးမျိုး တစ်မျိုးနဲ့တစ်မျိုး မထပ်အောင် ချက်ပြုတ်ထားတယ်။ ကျွန်တော် တို့ဟာ ကိုထွန်းစိန်ရဲ့ အမျိုးသမီး ဟင်းချက်ကောင်းပုံကို မချီးကျူးဘဲမနေနိုင်ဘူး။ ခင်ဗျား မိန်းမရတာ သိပ်ကံကောင်းတယ်ဗျာ။ အသိပညာလည်းရှိ၊ မီးဖိုချောင်လည်းနိုင်တယ်ဆိုတော့ ကိုထွန်းစိန်ဟာ တဟဲဟဲနဲ့ သဘောကျနေတယ်။ ဒီလိုနဲ့ ထမင်းစားပြီးတော့ ရေး နွေးသောက်ရင်း ကျွန်တော် တို့ဟာ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ အကြောင်းကို စကားစပ်မိသွားတယ်ဆိုရင်ပဲ ကိုထွန်းစိန်က တစ်စခန်းထတော့တာပဲ။

“ဆရာလေးရယ်၊ ဘောလုံးကို ကျွန်တော် က မွေးကတည်းက ပါရမီပါတာဗျ။ ဟောဒီရွာနီးချုပ်စပ်ကဆိုရင် ကျွန်တော် ဘောလုံးကန်ကောင်းလွန်းလို့ ကျွန်တော့် ကို ဘယ်အသင်းကမှ ၀င်မကစားဖို့ ရပ်မိရပ်ဖတွေ ကိုယ်တိုင် မေတ္တာရပ်ခံထားရတယ်။ တကယ်လို့ ကျွန်တော် ၀င်ကစားပြီဆို၊ တစ်ဖက်အသင်းက ရုပ်ပျက်ဆင်းပျက် ရှုံးတော့တာကိုဗျ။ တစ်နေ့တော့ ကျေးရွာအုပ်စု ဘောလုံးပြိုင်ပွဲမှာ ကျွန်တော် တို့ရွာနဲ့ သဲကြီးအင်းရွာ ဗိုလ်လုပွဲမှာ သွားတွေ့ ကြတယ်။ ကျွန်တော့် ကိုတော့ အရေး အကြောင်းမှ ထုတ်သုံးမယ်ဆိုပြီး ရွာလူကြီးတွေ က အရန်နေရာမှာ နေဖို့ တောင်းပန်ကြတယ်။ ဘာပြောကောင်းမလဲဗျာ ဟိုဘက်ရွာက ဘောလုံးသမားတွေ က အရမ်းခြေညီတော့ ကျွန်တော် တို့ဘက်က အသေအလဲ ခုခံပေမယ့် ပထမပိုင်းမှာ တင် သုံးဂိုးအသွင်းခံရတယ်။ ဒုတိယပိုင်ပြန်စကားတော့လည်း အခြေအနေမကောင်းဘူး။ တစ်ဂိုးထပ်သွင်းခံရတယ်။ ဒီပုံအတိုင်းဆို ကျွန်တော် တို့ရွာဟာ ရှုံးဖို့သေချာနေပြီ။ အဲဒီ တော့မှ ကျွန်တော့်ကို ၀င်ကစားဖို့ တစ်ရွာလုံးက တောင်းဆိုလာကြတယ်။ ကျွန်တော် ကွင်းထဲကိုရောက်သွားတော့ တစ်ဖက်အသင်းက ပြစ်ဒဏ်ဘော စကန်ရတယ်။ ဘာပြောကောင်းမလဲဆရာရယ် ကျွန်တော် အဲဒီ မြင်ကွင်းကို ခုထိမှတ်မိသေးတယ်။ ဒိုင်လူကြီးက ရွှီလို့လည်း မှုတ်လိုက်တော့ ဟိုဘက်အသင်းကလူနှစ် ယောက် အပေးအယူလုပ်ပြီးရုံရှိသေးတယ် ကျွန်တော် က အတင်းဝင်လုပြီး ရှူးလိုက်တာ ဟိုဘက်ဂိုးထဲကို တည့်တည်ကြီးဝင်သွားလို့ ဂိုးဝင်းသွားတဲ့ ၀ီစီသံတစ်ခုထပ်ပေါ်လာပြီး ရွှီရွှီနှစ် ခါထပ်သွားတာပေါ့ဗျာ။ ခပ်တိုတိုပြောရရင်တော့ အဲဒီ နေ့က ဘောလုံးပွဲမှာ ကျွန်တော် တို့ရွာက ခြောက်ဂိုးလေးဂိုးနဲ့နိုင်တယ်။ အဲဒီ ခြောက်ဂိုးမှာ ငါးဂိုးက ကျွန်တော် သွင်းတာဗျ”

“မိန်မရေ၊ အဲဒီ နေ့ ကပွဲမှာ ကျန်တဲ့တစ်ဂိုးကိုသွင်းတာ ဘယ်သူ”

“သြော်- ရှင်ငါးဂိုးသွင်းတဲ့ပွဲတုန်းကလား၊ ကျန်တဲ့တစ်ဂိုးက ရွာလယ်ပိုင်းက မောင်တင်အောင်လေ”

“အေးအေး ဟုတ်တယ်။ ကဲ ဆရာတို့ရေ၊ ခရီးထွက်ကြစို့။ ပစ္စည်းသယ်ဖို့ ကျွန်တော့် ကောင်လေးတွေ ကို သွားခေါ်လိုက်ဦးမယ်။ ဆရာတို့ အဆင်သင့်ပြင်ထားနှင့် ကြပေတော့”

ကိုထွန်းစိန်ထွက်သွားတော့ အိမ်မှာ ကျွန်တော် တို့နှစ် ယောက် ရယ်၊ ကိုထွန်းစိန်အမျိုးသမီးရယ်ပဲ ကျန်ခဲ့တယ်။ မိန်ကလေး ကတော့ ခုနသူပြောခဲ့တဲ့ စကားတွေ ကို အမှတ်မထားဘဲ မဂ္ဂဇင်းတစ်အုပ်ဖတ်နေတယ်။ ကျွန်တော် လည်း ခရီးမဆက်ခင်မှာ အသိချင်ဆုံး မေးခွန်းတစ်ခုကို ကိုထွန်းစိန်မိန်းမကို မနေနိုင်မထိုင်နိုင် မေးမိတယ်။

“စပ်စုတယ်လို့တော့ မထင်ပါနဲ့ကွယ်။ မင်းယောက်ျား ကိုထွန်းစိန်ပြောတာတွေ ကို တို့မယုံပါဘူး။ ဒါပေမဲ့ သူပြောတာ မဟုတ်မှန်းသိလျက်နဲ့ မင်းကပါရောပြီး တအင်းအင်းနဲ့ ဘာ ဖြစ်လို့ ထောက်ခံနေတာလဲ”

မိန်းကလေးက ကျွန်တော့် ကို အထူးအဆန်းသဖွယ် မော့ကြည့်လိုက်တယ်။ ခပ်လှမ်းလှမ်းမှာ ကိုထွန်းစိန် ပြန်လာတာကို ပြတင်းပေါက်ကနေ တွေ့ ရတယ်။

“ကျွန်မက သူ့စကားကို ထောက်ခံတယ်ဟုတ်လား။ ထောက်ခံရတယ်ရှင့်။ သူပြောတာကို မထောက်ခံရင် ရှင်တိုပြန်သွားတော့ သူက ကျွန်မကို ကျွှဲရိုက်နွားရိုက် ရိုက်တာ။ ခုလိုအလိုက်သင့်ဆက်ဆံလိုက်တော့ အန္တရယ်ကင်းတာပေါ့”

ကဗျာဆရာက ထိုနေရာတွင် စကားကိုရပ်လိုက်၏ ။ ငါပြောမယ့်ဇာတ်လမ်းက ဒါပဲကွဆိုပြီး ကဗျာစာအုပ်ကို ဆက်ဖတ်နေသည်။ ကျွန်တော် တို့အားလုံး နေညိုလာသည်နှင့် လမ်းခွဲပြီး ကိုယ့်အိမ် ကိုယ်ပြန်လာခဲ့ကြသည်။

ကျွန်တော် မှတ်မိသလောက် နောက်နေ့များ တွင် ပန်းချီဆရာက မြွေပုံပါသော ပန်းချီကားများ ယူလာသော်လည်း ကျွန်တော် တို့ အငြင်းမပွာြး ကတော့ချေ။

နေ့စဉ်မှတ်တမ်း

ဒီကမ္ဘာမှာ လူတိုင်းလူတိုင်းဟာ ၀ါသနာတစ်ခုတာ့ ရှိကြတာချည်းပဲ။ ဒါပေမယ့် ဘရှင်လောက် အစွဲအလမ်းကြီးတာ မတွေ့ ဖူးသေးဘူး။ သူ့ဝါသနာကလည်း ရိုးရိုးလေးနဲ့ ဆန်းသား။ သူက နေ့စဉ်မှတ်တမ်ရေရတာ ၀ါသနာပါတယ်။ ငါတန်းတောင်မအောင်ဘဲနဲ့ ဒိုင်ယာရီ စာအုပ်ကြီး တကိုင်ကိုင် ဆိုတော့ လူတွေ က သူ့ကို မျက်စိစပါးမွေးစူးတာပေါ့။ ဟဲ့ဘရှင်ရဲ့ ဒိုင်ယာရီတို့ဘာတို့ဆိုတာ မြို့ကပညာတတ်တွေ လုပ်တဲ့ အလုပ်ဟဲ့လို့ သူ့ကိုဆုံးမသလိုလိုနဲ့ နှိမ်ပြီဆိုရင် ဘရှင်က မျက်မှော င်ကြီးကြုတ်ပြီး တစ်ခွန်းပဲ ပြန်ပြောတယ်။

“ပညာတတ်လည်း လူပဲဗျ”

ဘရှင် အသက်ဆယ့်လေးငါးနှစ် လောက်က မြို့မှာ သွားနေဖူးတယ်။ သူ့ဦးလေး ၀မ်းကွဲ တစ်ယောက် အိမ်မှာ နေရတာ ။ ဟို ကတော့ အရာရှိကြီးတွေ မို့ သူ့ကိုကျောင်းထားပေးမယ်လို့ ပြောပေမယ့် အသက်ကြီးပြီ အတန်းငယ်နေတာကိုရှက်လှချည့်ရဲ့ ဆိုပြီး ကျောင်းဆက်မနေခဲ့ဖူး။ ဦးလေးအရာရှိကြီနဲ့နေစဉ်မှာ ဦးလေးရဲ့ အမူအကျုင့်နှစ် ခုတော့ သူသိပ်သဘောကျတယ်။ တစ်ခုက ဂေါ့ဖ်ရိုက်တာ။ နောက်တစ်ခုက ဒိုင်ယာရီရေး တာ။ ဦးလေးက သူဂေါက်ကွင်းကိုသွားတိုင်း ဘရှင်ကိုခေါ်သွားလေ့ရှိတယ်။ ရွယ်တူချာတိတ်တွေ နဲ့ ဂေါက်အိတ်ထမ်းရင်း ဂေါက်သီးကောက်ရင်း သူဂေါက်ရိုက်တာကို ၀ါသနာပါလာတယ်။ ဒါပေမယ့် ဂေါက်ရိုက်တယ်ဆိုတာ အင်မတန် ငွေကုန်ကြေးကျများ တဲ့ လူကုံထံတွေ ရဲ့ အပန်းဖြေကစားနည်းတစ်ရပ်မို့လား။ သူ့လိုသူများ အိမ်မှာ ကပ်ရပ်မှီခိုနေရတဲ့သူက ဂေါက်ရိုက်ဖို့နေနေသာသာ ဂေါက်သီးတစ်လုံးတောင် ၀ယ်နိုင်လိုက်အောင် ငွေမရှိတော့ ဂေါက်သီးအဟောင်းလေးတွေ ကို အိမ်မှာ တုတ်တစ်ချောင်းနဲ့ မြေကျင်းထဲကို လှိမ့်သွင်းပြီး စိတ်ဖြေနေရတော့တယ်။

သူ့ဦးလေးဝမ်းကွဲအရာရှိကြီးက ဒိုင်ယာရီ မှန်မှန်ရေး တဲ့အလေ့ရှိတယ်။ ညဘက် ကော်ဖီသွားပို့ရင် ဒိုင်ယာရီရေး နေရာက သူ့ဘက်ကို ဦးလေးက မျက်မှန်ကျော်ပြီးကြည့်ရင်း-

“ကော်ဖီလား၊ အေး ထားခဲ့လေကွာ”

ဆိုပြီး ရေး လက်စနေ့စဉ်မှတ်တမ်းကို ဆက်ရေး နေလေ့ရှိတယ်။ သူ ကတော့ ဟိုလိုလိုဒီလိုလိုနဲ့ ဦးလေးရေး နေတာကို မယောင်မလည် စောင့်ကြည့်နေလေ့ရှိတယ်။ တစ်ခါတစ်လေတော့ ဦးလေးက သူ့ကို စိတ်လိုလက်ရ အခန်းထဲခေါ်ပြီး ဇာတ်ကြောဆွဲခိုင်းတဲ့အခါမျိုးမှာ တော့ ဦးလေးဒိုင်ယာရီရေး နေတာကို တစ်စေ့တစ်စောင်း လေ့လာခွင့်ရခဲ့တယ်။ အဲဒီ လိုနဲ့ သူလည်းတဖြည်းဖြည်း နေ့စဉ်မှတ်တမ်းရေး တဲ့အလပ်ကို စိတ်ဝင်စားလာခဲ့တယ်။ ဒါဟာ လူကြီးလူကောင်းတွေ လုပ်လေ့ရှိတဲ့အလုပ်။ စေ့စပ်သေချာသူတွေ လုပ်လေ့ရှိတဲ့အလုပ်။ ပြီတော့ အတန်းပညာတွေ ၊ ဂုဏ်တွေ ၊ ရာထူးတွေ ဘာမှ ကုန်သတ်မထားဘဲ လူတိုင်းလုပ်နိုင်တဲ့အလုပ်လို့ ဒရိုင်ဘာ မောင်တူးက သူ့ကိုပြောပြထားဖူးတာကိုလည်း စိတ်ထဲကဆန္ဒကို အကောင်အထည်ဖော်တော့မယ်လို့ ဆုံးဖြတ်ပြီး ဘဘကြီး (သူ့ဦးလေး)ကို ကော်ဖီသွားပို့ရင်း ဗလာစာအုပ်တစ်အုပ်လောက် အပိုရှိရင်ပေးပါလို့ အရဲစွန့်ပြီး တောင်းလိုက်တယ်။ ဘဘကြီး ကတော့ ထုံးစံအတိုင်း သူ့မျက်လုံးတွေ ကို မျက်မှန်ကိုကျော်ကြည့်ပြီး-

“ဟေ့မောင်ဘရှင်၊ ကျောင်းပြန်နေချင်လို့လား” လို့မေးလိုက်တယ်။

“မဟုတ်ဘူး ဘဘကြီး၊ ဟိုလေဟိုဒင်း ဒန်ဒါရီရေး ချင်လို့ အဲဒိုင်ယာရီ ရေး ချင်လိုဗျ”

ဘဘကြီးဟာ ပထမတော့ မောင်ဘရှင် ဘာကိုဆိုလိုနေတယ်ဆိုတာ ကောင်းကောင်းသဘောမပေါက်ဘူး။ ရွာမှာ ဆိုးလွန်း၊ မိုက်လွန်း ထိန်းမနိုင်လွန်းလို့ သူ့မိဘတွေ က မြို့ကိုပို့လိုက်တာကြောင့် အိမ်မှာ နေနေတာကလွဲရင် ဘာကိုမှမဟုတ်ဟုတ်ဟတ်ဟတ် အလုပ်မရှိတဲ့သူက ဒိုင်ယာယီတွေ ဘာတွေ ရေး ချင်တယ်ဆိုတာ ဒါသူ့ကို သက်သက်လှောင်တာပဲလို့တွေးပြီး နည်းနည်း ကျွဲမြီး တိုသွားတယ်။ ဒါပေမယ့် ဘရှင် ကတော့ သူ့ဆင်ခြေနဲ့သူ ဟုတ်နေပြန်ရော။

“ဘဘကြီးတို့ဆီမှာ ကျွန်တော် ဘယ်လို ကောင်းကောင်းမွန်မွန်နေရတယ်ဆိုတာ မှတ်တမ်းတင်ထားချင်လို့ပါ။ ရွာကို ပြန်ရောက်တော့ အစ်မ (အမေ)တို့ကို ပြန်ပြရတာ ပေါ့”

ဒီလိုနဲ့ ဘဘကြီးလည်း မနေသာတော့ဘဲ ဗီရိုထဲမှာ သိမ်းထားတဲ့ ဒိုင်ယာရီစာအုပ် (နှစ် ချို့)တစ်အုပ်ကို စွန့်ကျဲလိုက်တော့တယ်။ ဒါပေမယ့် ဒီဒိုင်ယာရီမှာ ပါတဲ့ စာမျက်နှာ ၃၆၅ ရွက်စလုံး သူအကုန်မရေး မှတ်ရခင်မှာ ပဲ သူ့ဘဘကြီးတို့အိမ်ကနေ ထွက်ပြေးခဲ့တယ်။ ဘဘကြီးမရှိခိုက် ဒရိုင်ဘာကိုတူးနဲ့ သူစကားများ ရန် ဖြစ်ရာက နှစ် တစ်လက်မတုတ်နဲ့ ကိုတူးခေါင်းကို ဆော်လိုက်တာ ကိုတူးခမျာ အသံတောင်ကျယ်ကျယ်မအော်နိုင်တော့ဘဲ လဲကျသွားတယ်။ အဲဒီ တော့မှ ဘရှင်ဟာ ကြောက်ရကောင်းမှန်းသိတယ်။ ဘဘကြီးပြန်လာရင်ဆိုတဲ့အတွေးက သူ့ကိုနှိပ်စက်တယ်။ မတော် တဆ ကိုတူးအသက်အန္တရယ် ထိခိုက်သွားမယ်ဆိုရင် သူထောင်ကျမှာ ကိုတွေးပြီး လန့်လာတယ်။ နောက်ဆုံးတော့ ဘဘကြီးပေးထားတဲ့ ဒိုင်ယာရီအပြင် ရှိစုမဲ့စုသူ့ပစ္စည်းလေးတွေ ကို ခိုးယူလာခဲ့သေးတယ်။

အဲဒီ နောက်မှာ တော့ သူ့ဘ၀ဟာ ပေတေလေလွင့်တော့တာပါပဲ။ ရွာကိုလည်း မပြန်ရဲ။ ဘဘကြီးနဲ့လည်း အတွေ့ မခံဝံ့တော့ ခြေသလုံးအိမ်တိုင်ဘ၀နဲ့ ရောက်ရာအရပ်မှာ ကြုံသလိုနေတာပဲ။ လုပ်တဲ့အလုပ်ကလည်းစုံတယ်။ အထမ်းသမား၊ ပန်းရံ၊ မြေကျင်းတူးသမား၊ လမ်းဘေးဈေးသည်စတဲ့ ကောင်းရောင်းကောင်းဝယ် အပြင် ခါးပိုက်နှိုက်၊ အလစ်သမား၊ ယုတ်စွအဆုံး ပြည့်တန်ဆာခေါင်းတောင် လုပ်းဖူးတယ်။

ဒုစရိုက်အလုပ်တွေ ကြောင့် ထောင်လည်းအကြိမ်ကြိမ်ကျဖူးတယ်။ သူ့ဘ၀ဟာ အမှော င်မှာ နေပြီး အမှိုက်ပုံမှာ ပဲသေရတော့မယ့်ဘ၀ပါလို့ သူကိုယ်တိုင်ကထင်ရတဲ့အထိ လေလွင့်ခဲ့တယ်။ သူဟာ လိမ်လည်မှုတစ်ခုနဲ့ ထောင်မကျခင်က မိန်းမ တစ်ယောက် လက်ထပ်ပေါင်းသင်းဖူးတယ်။ အဲဒီ အမျိုးသမီးဟာ ကံအကြောင်းမလှလို့ ဘရှင်လိုလူမျိုးနဲ့ညားခဲ့ပေမယ့် ဘရှင်တို့လိုအနုံညာတာထဲက မဟုတ်ဖူး။ မိုက်မိုက်ရိုင်းရိုင်းထဲက မဟုတ်ဖူး။ အရပ်ထဲကလူအချို့ ပြောစကားအရဆိုရင် ဘရှင်က ဒီမိန်းကလေးကို အလိုမတူပဲ အဓ္ဓမကြံတာနဲ့ အရှက်ကိုငဲပြီး လက်ထပ်လိုက်ရတာ လိုလို ဘာလိုလို ပြောတာပဲ။ ဘယ်လို ဖြစ်ပြီး သူတို့နှစ် ယောက် ညားခဲ့ကြလဲမသိပေမယ့် သူတို့နှစ် ယောက် ရဲ့ စရိုက်တွေ ဟာ တစ်ခြားစီပဲ။ မိန်းကလေးဟာ ဗိုင်းကောင်းကျောက်ဖိ အေေးအးဆေးဆေးနေပြီး မယားဝတ္တရားနှင့် အညီ ဘရှင်ကိုအလုပ်အကျွေးပြုပေမယ့်လည်း ဘရှင်က မူးလာတိုင်းမညှာမတာ ရိုက်နှက်ကန်ကျောက်လေ့ရှိတယ်။ တိုတိုပြောရရင် ဘရှင်မိန်းမဟာ သူနှိပ်စက်တာကို မခံနိုင်လွန်းတဲ့ တစ်နေ့ မှာ ဘရှင်ဆီကနေ ထွက်ပြေးသွားတယ်။ ဘယ်ကိုထွက်ပြေးတာလည်းတော့မသိဘူး။ ဘရှင်ကလည်း အရင်းအတိုင်း မကေင်းမှုကို အစုံလုပ်ရင်း ထောင်နှုတ်ခမ်းပေါ်မှာ လမ်းလျှောက်နေတယ်။

နောက်ဆုံးတော့ ဘရှင်ဟာ ဆင်းရဲတဲ့မိန်းမပျိုလေးတွေ ကို ဖြားယောင်းသွေးဆောင်ပြီး တစ်ဖက်နိုင်ငံကို ပြည့်တန်ဆာအ ဖြစ် ရောင်းစားတဲ့အလုပ်ကိုတောင် လုပ်ကိုင်လာတယ်။ သူဟာ တစ်ရွာတည်းသား မျက်နှာသိမိန်းကလေး နှစ် ဦးကိုတောင် အလုပ်ရဖို့ ကူညီသလိုလိုနဲ့ တစ်ဖက်နိုင်ငံက ဇိမ်အိမ်ကို ပို့ပစ်လိုက်တယ်။ အဲဒီ လို လူမှော င်ခိုဂိုဏ်းကြီးကို သက်ဆိုင်ရာကလည်း နှိမ်နှင်းရော တစ်နွယ်ငင် တစ်စင်ပါ အကုန်ပေါ်ကုန်ပြီ။ ဘာရှင်လည်း အဖမ်းခံလိုက်ရတယ်။ ထောင်ထဲမှာ ရှစ်နှစ် လောက်နေပြီး သူပြန်လွတ်လာတယ်။ ထူးဆန်းတာတစ်ခုက သူဟာ ဒုစရိုက်လောက်ကမှာ ကျင်လည်စဉ်ကာလမှာ ရော၊ ထောင်ထဲမှာ အကျဉ်းကျနေတုန်းမှာ ပါဝါသနာကို မဖျောက်နိုင်ဘဲ လစ်ရင်လစ်သလို နေ့စဉ်မှတ်တမ်းတွေ ရေး ထား ဖြစ်တာပဲ။ သူ့နေ့စဉ်မှတ်တမ်းဟာလည်း အကုသိုလ် ဒုစရိုက်တွေ နဲ့ ပြည့်နှက်နေတာမို့ ဖတ်ချင်စရာတစ်စက်မှတောင် မရှိပါဘူး။ သူ ကတော့ နေ့တစ်ဓူဝေ ကြုံခဲ့ရတဲ့အ ဖြစ်သနစ်တွေ ကို ဖြစ်ကြောင်းကုန်စင် အကုန်ရေး မှတ်ထားတာပဲ။ ခဏခဏ ရေး လွန်းမှတ်လွန်းလို့ ခိုးဘက်၊ ဆိုးဘက်တွေ ကတောင် သူ့ကိုမသင်္ကာ ဖြစ်ပြီး သက်ဆိုင်ရာက လွှတ်ထားတဲ့သူလို့တောင် ထင်လားထင်ရဲ့ ။ တစ်ခါတော့ သူ့ဒိုင်ယာရီကိုယူကြည့်မိတဲ့ လုပ်ဖောကိုင်ဖက် တစ်ယောက် က စိတ်ဆိုးမာန်ဆိုးနဲ့-

“ဟေ့ကောင် ဘရှင်၊ မင်း ရေး ချင် မင်းနာမည် ပဲရေး ကွာ။ ငါတို့နာမည် တွေ မပါစေနဲ့။ တော် ကြာ မင်းစာအုပ်ကို သက်ဆိုင်ရာက တွေ့ သွားရင်၊ ငါတို့အမှုဟောင်းတွေ ပါ ဖော်နေဦးမယ်” လို့ တားယူရတယ်။

ဘယ်သူတွေ ဘာပဲပြောပြော ဘရှင် ကတော့ နေ့ စဉ်မှတ်တမ်းကို မှန်မှန်ရေး တာပဲ။ ဘရှင်ထောင်က ထွက်လာတဲ့အခါမှာ အခြားထွေထွေထူးထူး ဘာမှမပြောင်းလဲပေမယ့် နေ့စဉ်မှတ်တမ်း စားရွက်တွေ ကတော့ ပါလာခဲ့တယ်။

ဘရှင်ထောင်ကထွက်တော့ သတင်းတစ်ခုကြားတယ်။ သူ့မိန်းမဟာ သူ့နဲ့ကွဲပြီး နောက်အိမ်ထောင်ပြုလိုက်တယ်။ နောက်အိမ်ထောင်မပြုခင် သူနဲ့ရခဲ့တဲ့ကလေးကို မိဘအိမ်ပြန်ပြီးမွေးတယ်။ ကလေးက သမီးလေး၊ နောက်အိမ်ထောင်နဲ့ နောက်ထပ်ကလေး သုံးယောက် ရတယ်။ သမီးလေးဟာ သူ့အမေနဲ့ပဲ အခုအထိ အတူတူရှိနေတယ်။ သူ့ရင်ထဲမျာ သမီးဆိုတဲ့အသိနဲ့ အေးမြသွားတယ်။ သူ တာဝန်မကျေခဲ့တာတွေ ကို ဖြည့်ဆည်းပေးချင်တယ်။ ဒါပေမဲ့ ခုအချိန်မှာ သူသွားလို့မ ဖြစ်သေးဘူး။ ခြူးတစ်ပြားမှမရှိတဲ့ ကလေးကချေ ထောင်ထွက် တစ်ယောက် ကို အဖေအရင်းပါလို့ သိရင်လည်း ဒိုင်ယာရီမှတ်တမ်းကို တောက်တော် ရှည်ရှည်လျားလျား ရေး မိတယ်။

အဲဒီ့ နောက်ပိုင်းကာလတွေ မှာ တော့ ဘရှင်ဟာ ငွေကိုကြိုးစားပြီးရှာတယ်။ (တရားတဲ့နည်းနဲ့ရော၊ မတရားတဲ့နည်းနဲ့ရော ငွေရရင်ပြီးရော မီးကုန်ယမ်းကုန် သူကြိုးစားပြီးရှာတယ်။ သူတို့ထောင်ထဲမှာ ဆိုလေ့ရှိတဲ့-

“ရွှေ ငွေ ငွေ လောကမှာ ငွေ” ဆိုတဲ့ သီချင်းတစ်ပိုင်းတစ်စကို ညည်းပြီး သူ ဖားစီးငါးစီး ငွေရှာတယ်။ မြှော က်သင့်တဲ့သူကို မြှော က်တယ်။ ပေါင်းသင်းတဲ့လူကို ပေါင်းတယ်။ ချောက်တွန်းစရာရှိရင် တွန်းတယ်။ သူဟာ ငွေရှိရင် ဂုဏ်ရှိတယ်။ အပြစ်တွေ အားလုံးကို ငွေနဲ့ဖုံးလွမ်းလို့ရတယ်လို့ ယုံကြည့်သူပီပီ သမီးလေးရဲ့ အနာဂါတ်အတွက် ပြီးတော့ သူ့ရဲ့ ဘ၀ ကောင်းစားဖို့မလုပ်သင့်တာတွေ အားလုံးကို လွယ်လွယ်ပဲ လုပ်ခဲ့တယ်။ နှစ် အနည်းငယ်ကြာတော့ သူလိုချင်တဲ့ငွေတွေ လည်း အထိုက်အလျောက်ရတာ တယ်။ တိုက်နဲ့ကားနဲ့ ဖြစ်လာတယ်။) သမီးကို သူနဲ့ခေါ်ထားဖို့ အဲဒီ လိုကြိုးစားဆဲအခိုက်မှာ ပဲ ရုတ်တရတ် သူလေဖြတ်သွားတယ်။ အရက်မူးပြီး အင်္ကျီချွတ်နဲ့ ပန်ကာဖွင့်ပြီး အိပ်လိုက်တာ တရေး နိုးတော့ ကိုယ်တစ်ခြမ်းလှုပ်လို့မရတော့ဘူး။ စကားပြောရင်လည်း ဗလုံးဗထွေးနဲ့ လူသံမပြီတော့ဘူး။ သူ့အခြေအနေဟာ ဗြုန်းစားကြီး အိပ်ရာထဲလဲနေတဲ့ နာတာရှည်လူမမာကြီး ဖြစ်သွားတယ်။ သူဟာ အကောင်းပကတိ ကျန်ရှိသေးတဲ့ လက်တစ်ဖက်နဲ့ စာရေး ပြီး သူ့ရှေ့နေကတစ်ဆင့် သမီးကိုခေါ်တွေ့ တယ်။ သူ့သမီး သူ့ရှေ့ရောက်လာတဲ့နေ့က သူဝမ်းသာလွန်းပြီး သမီးကိုခေါ်လိုက်တယ်။ ဒါပေမယ့် အကြောတွေ ဆိုင်းနေသော ကြောင့် သူ့သမီး အေးမြစန်းကကြောက်ပြီး နောက်ကိုဆုတ်သွားတယ်။

အဲဒီ နေ့မှပဲ ရှေ့နေရဲ့ အကူအညီနဲ့ သူပိုင်ဆိုင်သမျှပစ္စည်းတွေ အားလုံးကို သမီးလေးအေးမြစန်းကို စာချုပ်စာတမ်းနဲ့ လွှဲပြောင်းပေးလိုက် တယ်။ သမီးလေးက သူ့ကိုသနားသွားလို့ပလား။ သူ့ စေတနာမေတ္တာကို နားလည်လာလို့ပဲလား။ ဒါမှမဟုတ်လည်း စည်းစိမ်ဥစ္စာတွေ ရလို့ပဲလားတော့ မဆိုနိုင်ဘူး။ သူနဲ့အတူတူလာနေပြီး သူ့ကိုပြုစုစောင့်ရှောက်ရှာပါတယ်။ ဒါပေမယ့် သူ့မှာ ညဘက်ကောင်းကောင်း အိပ်မပျော်ဘူး။ သူ့ ကျန်းမာရေး ဟာ တဖြည်းဖြည်း ယိုယွင်းလာပြီး သေလုမျောပါး ဖြစ်နေတုန်းမှာ အတိတ်က သူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေ အာရုံထဲမှာ ရုန်းရင်းဆန်ခတ် နေရာယူနေကြတယ်။

သူခြေတော် တင်ခဲ့တဲ့ မိန်းကလေးတွေ မျက်နှာ။

သူ့လက်ချက်ကြောင့် သွေးထွက်သံယို ဖြစ်သွားသူတွေ ရဲ့ ညည်းညူသံ။

သူ့ကြောင့် စီးပွားပျက်သွားသူတွေ ရဲ့ မျက်ရည်။

အားလုံးဟာ သူ့မှတ်ဥာဏ်တံခါးကို တဒုန်ဒုန်းလာထုနေကြတယ်။ သူဟာ ယုတ်မာခဲ့ပါတယ်။ သူဟာ မိုက်ကန်းခဲ့ပါတယ်။ ဒါပေမယ့် သူမီးလေးကိုတော့ ဒါတွေ မသိစေချင်ဘူး။ သူ့အဖေဟာ လူကောင်း တစ်ယောက် မဟုတ်ဘူးလို့ သိထားပေမယ့် သူဘယ်လို ဆိုးယုတ်ခဲ့တယ်ဆိုတာတော့ သမီးလေးကို သိမသွားစေချင်ဘူး။ တတ်နိုင်သမျှ ဒီအကြောင်းတွေ ကို ဘယ်သူမှ မသိစေချင်ဘူး။ အချိန်တိုင်း ငွေနောက်လိုက်နေတဲ့သူဟာ ခုလို အိမ်ရာထက်မှာ လဲနေရတဲ့အချိန်မှာ မှ သူ့ကိုယ်သူ ပြန်သုံးသပ်ဖို့ အချိန်ရလာတယ်။ သူမမြင်ခဲ့၊ မတွေးခဲတာတွေ ကိုလည်း လေးလေးနက်နက် တွေးလာမိတယ်။ သူ့အခြေအနေကို သူအားမရဘူး။ လာမမာကြီး ဖြစ်နေတာလည်း ကြာလှပြီ။ သူရုတ်တရတ် ဆုံးပါးသွားရင် ခက်တော့မယ်ဆိုတဲ့အသိနဲ့ ချောက်ချားလာတယ်။ အိပ်ရာထက်မှာ ကတုန်ကရင်နဲ့ စာတစ်စောင်ကြိုးစားရေး ပြီး သမီးကိုပေးလိုက် တယ်။

“သမီး ဖေ့ဖေ့ဒိုင်ယာရီတွေ အားလုံး မီးရှို့ပစ်လိုက်ပါ” အေးမြစန်းဟာ သူ့အဖေစာကိုဖတ်ပြီး တအံတသြနဲ့ အိမ်ပေါ်ကိုတက်သွားပြီး ဗီရိုကိုဖွင့်လိုက်တယ်။ ဒိုင်ယာရီစာအုပ်တွေ ကို သူ့အဖေအိပ်ရာဘေးကို သယ်လာခဲ့တယ်။ စာအုပ်တွေ ကများ လို့ နှစ် ခေါက်ခွဲသယ်ရတယ်။ စာအုပ်တစ်အုပ်ကိုဖွင့်ပြီး အမှတ်တမဲ့ ဖတ်ကြည့်လိုက်ရင်ကိုပဲ အေးမြစန်းမျက်နှာဟာ သွေးဆုတ်ဖြူရော်သွားပြီး စာအုပ်ကို ရုတ်တရက် ပိတ်လိုက်တယ်။ နောက်တစ်အုပ်ကို ဖတ်ကြည့်တယ်။ သူရုတ်တရက် မူးမိုက်သွားသလို ဖြစ်ပြီး ကိုင်ထားတဲ့စာအုပ်တွေ ကြမ်းပြင်ပေါ်ကို ပြုတ်ကျကုန်တယ်။ ဒီယီးဒယိုင်နဲ့ သူ့အဖေအိပ်ရာနားကို စာအုပ်တွေ ပိုက်ပြီး ရောက်လာခဲ့တယ်။ နောက်ပြီး သူ့အဖေရဲ့ ဒိုင်ယာရီစာအုပ်တွေ အားလုံးကို သူ့အဖေရှေ့မှာ တင် မီးဖိုထဲထည့်ပြီး ဖျက်ဆီးပစ်လိုက်တယ်။

ဦးဘရှင်ဟာ ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ငင်နေရာက စာအုပ်တွေ အားလုံး ပြာကျသွားတာနဲ့ အသက်ထွက်သွားရှာတယ်။ အေးမြစန်းရဲ့ မေမေနဲ့ သူ့ရဲ့ အမေတူ အဖေကွဲမောင်နှမတွေ ဦးဘရှင်အိမ်ကို ရောက်လာကြတယ်။ ဦးဘရှင် ဘာကြောင့် ဒီစာအုပ်တွေ ကို မီးရှို့ပစ်ချင်ခဲ့မှန်း သူတို့မစဉ်းစားတတ်ဘူး။ လျှို့ဝှက်ချက်တွေ ရှိလို့၊ ရတနာမြေပုံမှတ်ထားလို့၊ အင်းတွေ ရှိလို့ စသည်ဖြင့် တစ်ယောက် တစ်ယောက် စိတ်ကူးပေါက်ရာ လျှောက်ပြောနေကြတယ်။

“ကိုယ်ရေး ကိုယ်တာကိစ္စတွေ ကို တစ်ခါတည်း လက်စတုန်းခဲ့တာဗျ။ ဘယ်သူမှ သိမသွားရဘူး။ သိပ်ပြီးတော့လည်း ပိရိသေသပ်တယ်” လို့ လူ တစ်ယောက် က ထင်မြင်ချက်ပေးနေတယ်။

ဘယ်သူမှသိမသွားရဘူးဆိုပေမယ့် ဒိုင်ယာရီထဲမှာ ပါတဲ့ စာမျက်နှာတစ်ချို့ကတစ်ဆင့် သူ့အဖေရဲ့ ဘ၀ကို အေးမြစန်း တစ်ယောက် တော့ သိသင့်သလောက် ချောက်ချောက်ချားချား သိလိုက်ရတယ်။ ဒါကို အဖေသိရင် အေးမြစန်းကိုတောင် မီးရှို့ပစ်မယ်ထင်ပါရဲ့ ။

မြန်မာ့ရုပ်ရှင်၊ ဒီဇင်ဘာ ၁၉၉၅



ဝန်ဇင်းချစ်သူများ သရဝဏ်(ပြည်) ၏ “ တိမ်တွေထဲက ကောင်မလေး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်ခြင်းဖြင့် တီးခတ်သော ဂီတ

ဒီမိုကရေစီသို့ အိတ်ဖွင့်ပေးစာ နှင့် အခြားဆောင်းပါးများ

လမင်းနဲ့ဝံပုလွေ