Cover

အခန်း (၁)

ကျွန်တော် သည် စင်ရော်တစ်ကောင် မဟုတ်ပါ။

ထို့ကြောင့် ကျွန်တော် သည် လူ တစ်ယောက် သာ

ဖြစ်ခဲ့ရ၏ ။

ကျွန်တော့်မှာ သာမာန်လူတိုင်း ရရှိခဲ့သော

အခွင့်အရေး တစ်ခု ဖြစ်သည့် ကိုယ်လက်အင်္ဂါ

အပြည့်အစုံရှိသည်။

ကျွန်တော် သည် သာမာန်လူများ ထက် ပိုသော

အခွင့်အရေး မျိုး မရခဲ့။

သို့ သော် လူတိုင်းရရှိသည့် အခါအခွင့်ကို

ကျွန်တော် ရသည်။

ပထမဆုံးရသည့် အခါအခွင့်ကို ဆုပ်ကိုင်သည်။

ဒုတိယ အခါအခွင့်ကို အသုံးချသည်။

..............................

……..အခါအခွင့်မျိုးကို ကြောက်ရွံ့စွာ လွှင့်ပစ်

လိုက်သည်။

ကျွန်တော် မှာ သာမာန်လူများ ထက် မပိုသာသော

အတွေးအခေါ်သာရှိ၏ ။

ကျွန်တော် သည် ကျွန်တော် သာ ဖြစ်သည်။

ထိုကြောင့် ကျွန်တော် သည် စင်ရော်တစ်ကောင်

မဟုတ်ပါ။

* * * * *


နိုင်ရဲ

ဒီလိုညမျိုးမှာ ပါဝင်ခွင့်ရဖို့ သူနှစ် ရှည်လများ စောင့်ခဲ့ရသည်။ သူ့အိမ်မက်ဆီ အရောက်ပို့မယ့် လှေကားထစ်တစ်ခုအ ဖြစ် သူ့သွေးသားမှာ ယုံကြည်နေသည်။ သူဟာ တစ်စုံ တစ်ယောက် ရဲ့ သွေးဆာမှု ကို လိုက်လံဖြည့်ဆည်းနေတာ မဟုတ်ဘူးဆိုတာလည်း သိနေတယ်။ သူ့ရဲ့ သွေးဆာမှု ကို သူ့ဖြည့်နေတာ။ ဒီနေ့မှာ သူ့အလင်းတံခါးပွင့်တယ်လို့ ပြောနိုင်ပေမယ့် သူ့ရှေ့ရောက်လာတဲ့ အခွင့်အ ရေး ကို တည့်တည့်ဆုပ်ကိုင်မိတာသာ ဖြစ်သည်။ ဒီညဟာ သာမန်ညလေး တစ်ညပါပဲလေ။ ဘာမှ မထူးခြားတဲ့ ပျော်ရွှင်စရာ သက်သက် သို့ မဟုတ် စိတ်အပန်းဖြေမှု ခဏတာလေးကို ရရှိမယ့် ညလေး တစ်ညပဲ။ ဒီလိုညမျိုးမှာ မီးရောင် တွေ နဲ့ အတူကခုန်ဖို့၊ မှော်အတတ်တွေ နဲ့ ရင်ချင်းအပ်ဖို့၊ သူ့သွေးဆာမှု တွေ ကို ချကျွေးဖို့၊ ဒီလိုအခွင့်အရေး မျိုးကို ရရှိအောင် သူ့ရင်ခွင်ကို ဖောက်ခွဲပစ်ချင် ပစ်ရပါစေ။ သူ့ခန္ဓာ ကိုယ်တစ်ခုလုံး ချည်နဲ့သွားချင် သွားပါစေ၊ သူအစွမ်းကုန် ကြိုးစားရမှာ ဖြစ်နေသည်။ သူသတ်မှတ်တဲ့ သူ့ပြိုင်ပွဲသက်သက်၊ သူ့ရပ်တည်ချက် သက်သက်၊ သက်သေပြချက် သက်သက်၊ တစ်ယောက် တည်း ရူးသွပ်ရင်း သူ့ခန္ဓာကိုယ် ရွေ့မျောနေသည်ကိုပင် မေ့လျော့ကာ သူကမီးရောင် များ ၏ နောက်ကျောကို ရောက်သွားလိုက်၊ ရှေ့ကိုထွက်လာလိုက်၊ မီးရောင် ၏ လှည့်ဖျားနေမှု အောက်မှာ သူဖန်တီးလိုက်တဲ့ ဂီတသံတွေ က ချိုမြလွန်းနေသည်။ ညာဘက်လက်မလေးနှင့် လက်ညှိုးလေးများ ကို နာကျင်စွာ လှုပ် ရမ်းရင်း ဘယ်ဘက်လက်ဖျားထိပ်များ က အလိုက်သင့် ရွေ့လျားဖိကပ်နေတော့သည်။

လက်ခုပ်သံများ ကြားမှ သူကြည်နူးလွန်းလို့ မျက်ရည်တောင် ကျမိသည်။ နိုင်ရဲ… လိဒ်ဂစ်တာ သူရဲကောင်း နိုင်ရဲ…

ဂစ်တာ ဘိုးဘိုးနိုင်ရဲ…

သူ့ရဲ့ ခပ်စိပ်စိပ် အကွန့်အညွန့် သံစဉ်တွေ ကို သတိပြုမိသွားကြပြီပေါ့။ ပထမဦးဆုံးပွဲမှာ ပထ မဦးဆုံးအနေနဲ့ အတီးသမား တစ်ယောက် ကို ထုတ်ဖော်ချီးကျူးလိုက်ခြင်း ဖြစ်နေသည်။ သူ့သွေးတွေ က သီချင်းနောက်တစ်ပုဒ်၏ Intro ကို စတီးလိုက်သည်။ သူရှည်လျားစွာ လက်စွမ်းပြခွင့်ရတဲ့ တီးကွက်တွေ က သူ့ကိုပိုလို့ ထင်ပေါ်စေသည်။ သူ့ရှေ့မှာ ကာဆီးထားဖူးတဲ့ မီးညွှန့်မီးလျှံကြီးများ ဟုတ်ခနဲငြိမ်းသွားသလို ဆူညံနေသော ပရိသတ်အားလုံး ငြိမ်ဆိတ်သွားသည်။ လရောင် ရဲ့ သဒ္ဓါစွာ ပေးဝေမှု ဖြူမှု န်မှု န်အလင်းရောင် က ပရိသတ်ကို ဖျတ်ဖျတ်လင်းလက် နေစေတော့သည်။ သူစပ်ထား သော သီချင်းလေး အေးအေးညက်ညက်နဲ့ ပရိသတ်ကိုတီးတိုး ပုတ်ခတ်ခေါ်ယူသွားတဲ့ သံစဉ်လေး.. နုနုလှလှ စာလုံးတွေ နဲ့ အားလုံးရဲ့ နှလုံးသားကို သိမ်းဆည်းသွားတဲ့ သီချင်းလေး…

ကမ္ဘာမြေရယ် တိတ်ဆိတ်…နှလုံးသားတွေ သယ်ဆောင်သွားတဲ့ ရထားသံ သဲ့သဲ့မျှ

မကြားရ..ပေးလိုက် ရသူတို့သာ ရင်ထဲကသိသော …နားလည်မှု …

အဝေးကိုမပြေးဘဲ ရက်စက်မှု တွေ သိမ်းထားတဲ့.. မေတ္တာတရား..

မဆိုင်သူများ လျှို့ဝှက်စွာ ကျိန်စာမသင့်လိုက်ပါနဲ့…

သက်ဆိုင်တဲ့ ရင်ခွင်များ က ခွင့်လွှတ်နေတယ်…

သူ့အသံ၏ စူးရှကြည်လက်မှု ၊ ခိုင်ခံ့သော အသံချိုမြိန်မှု အလုံးစုံက သူ့သံစဉ်ရဲ့ သွေးသားအ ဖြစ် နှုလုံးသားထဲ သွေးသစ်လောင်းဖို့ ဝင်ရောက်သွားသည်။ မေ့လျော့စွာ ငြိမ်သက်နေသော ပရိသတ် ထဲ နှလုံးသားများ ကို တစ်ခုချင်း ချော့သိပ်ရင်း သူ့ရင်ထဲမှာ လည်း ကွဲကြေလုမတတ် နာကျင်နေသည်။ သူ့သွေးသားကို သွန်ထုတ်ပြီး ပေးဆပ်နေတာလား။ သူဒီလောက်ထိတော့ မရက်ရောပါဘူး။ သူ့ဖန်တီး ချက်ကို သူ့ဘာသာသူ စားသုံးနေတာပါ။

တစ်ယောက် ထည်းကမ္ဘာ..မှိုတက်..တိတ်ဆိတ်စွာ

နာကျင်ရင်း မျက်ရည်ကျသံ သိသူ တစ်ယောက် …

ငါ့ရင်ထဲက ခွန်အား… ငါ့ရင်ထဲမှာ သိမ်းထား.. ကျေနပ်မှု

အသားမာတွေ ခွာချပြီး အသက်ဆက်စေသတဲ့…

အတင်းစကားဆိုတဲ့ လေရူးများ ထွက်သွား…

ငါ့မှိုတွေ ကို ရှင်းလင်းပေးနေတယ်…

လရောင် က ဖမ်းစားထားသလား၊ သူ့ဖန်တီးမှု က ဖမ်းစားထားသလား။ ဒါဟာ မေတ္တာတရားကို ဖွဲ့ဆိုနေတာလေ…။ ရက်စက်တတ်သူတွေ ဟာ အေးစက်စက်လူများ ထက် နူးညံ့ပျော့ပျောင်းလွန်း တယ်။ သူတို့က ပိုပြီး ထိခိုက်လွယ်တယ်…။

မေမေ့သွေးနဲ့ ကြီးပြင်းခဲ့တဲ့ ငမိုက်သားလေး။

မေမေ့မျက်ရည်နဲ့ စိတ်တိုင်းမကျခဲ့တဲ့ စင်ရော်တောင်ပံလေး။

မေမေ့မေတ္ထာတရားကို နားမလည်တဲ့ ကျောက်ဆောင်လေး။

သူ့လက်ချောင်းတွေ ရပ်တန့်အပြီး သံစဉ်ဖျော့ဖျော့များ ငြိမ်သက် သေဆုံးသွားသော အခါ သူနဲ့ အတူ ပရိသတ်အားလုံးကလည်း တစ်စုံတစ်ခု ငတ်မွတ်နေမှု ကို သိသွားသလိုမျိုး ဝန်ခံနေပုံရသည်။ လ ရောင် ဆီ လွင့်မျောသွားတဲ့ သူ့ရင်ထဲက မေတ္တာတရား နူးညံ့မှု အလုံးစုံ၊ သူ့ခံစားမှု အနုအဖျားလေးတွေ ကို လမင်းကြီးက နားလည်ခံစားမိသလိုမျိုး၊ သူ့မျက်ဝန်းတွေ မှာ ဖျတ်ခနဲ ဖျတ်ခနဲ လင်းလက်သွား အောင် လရောင် ၏ အဆီအနှစ် များ က တစ်စုံတစ်ခုသော အလိုပြည့်ခြင်းကို ဖြည့်ဆည်းပေးလိုက် ခြင်း လား။ ငြိမ်သက်မှု အလုံးစုံက ရုပ်လုံးကြွ နိုးထလာပုံရသည်။ ပရိသတ်၏ လက်ခုပ်သံများ က သူ့ခန္ဓာ ကိုယ်ထဲ စီးမျောဝင်လာတော့သည်။ ငြိမ်သက်စွာ မျက်စိစုံမှတ် ပီတိအဟုန်ကိုဖယ်ခွာပြီး သူ့မျက်ဝန်း များ ကို ပရိသတ်သို့ ရဲရဲစိုက်ကြည့်ပြီး ခါးညွှတ်၍ ခြေတစ်လှမ်း ဆုတ်မိတော့သည်။ ဆလိုက်မီးရောင် များ အောက်မှာ လျှပ်စစ်ဂစ်တာလေးကို ပိုက်ရင်း သူ့ရဲ့ နေ့သစ်ကို သူရိုကျိုးစွာ ဂုဏ်ယူလက်ခံလိုက် တော့သည်။ သူ ဖြစ်ချင်တဲ့ အနာဂတ်အိပ်မက်ကို တိုက်ရိုက် စတင်ထိတွေ့ ခွင့်ရပြီး သူ့သွေး၊ သူ့သားကို သံစဉ်များ ကြားထဲ ရဲရဲမြှုပ်နှံဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ သူ့ရှေ့က ပရိသတ်ကြားထဲမှာ မေမေရှိမ နေနိုင်ဘူး။ ဒီလိုအချိန်ဆို မေမေက ဆေးရုံမှာ တာဝန်ကျနေမှာ ။ သူ့မိခင်ကို ဖျတ်ခနဲ သတိရသွားပြီး ဒီသီချင်းလေးအတွက် မေမေ့ကို ကျေးဇူးတင်မိနေသည်။ ဒီသီချင်းလေးကြောင့် သား တစ်ယောက် ကို ကျေနပ် နှစ် သိမ့်စေနိုင်မည် ။

‘သား ...ထတော့လေ၊ စာကျက်ဦးလေ … စာမေးပွဲ သိပ်နီးနေပြီ’

မေမေ့အသံက နူးညံ့ပျော့ပျောင်းလွန်းနေသည်။ မေမေဟာ ကျွန်တော့် ကို ဆရာဝန်တစ် ယောက် ဖြစ်ကို ဖြစ်ရမယ်ဟု မျှော်လင့်သည်။

“၇ နာရီထိုးပြီး သားရဲ့ ၊ စာကျက်ဦးလေ”

တစ်ညလုံး ဂစ်တာတီးနေတာ မေမေက သိပုံမပေါ်။ အခုမှဆေးရုံမှ ပြန်လာသည့် အဝတ်အ စားဖြင့် ကျွန်တော့်ကို လာရောက်နှိုးနေခြင်း ဖြစ်သည်။ မနေ့က ငှားခဲ့သည့် လျှပ်စစ်ဂစ်တာလေးကို မေ မေ့မသိအောင် စောင်များ ဖြင့် လွှ့မ်းခြုံလိုက်သည်။

“အခုထတော့မယ် မေမေ”

အိပ်ချင်စိတ်များ လည်း ပြေသွားတော့သည်။ မေမေထွက်သွားတော့မှ ဂစ်တာလေးကို နမ်းရှုပ် ပြီး ခုတင်အောက်သို့ ထိုးသွင်းလိုက် ရသည်။ အိပ်ရာမှထပြီး စာကြည့်စားပွဲပေါ်တွင် ဖွင့်လျက်ရှိသေး သည့် ဓာတုဗေဒဘာသာရပ်ကို ဆက်လက်ကျက်မှတ်လိုက်သည်။ ကျန်တဲ့ ညီတွေ က စာမေးပွဲဖြေရန် သွားကြပြီး။ မေမေ ယူလာပေးသော ထမင်းကြော်ကို စားလိုက်၊ စာကျက်လိုက်၊ မေမေ ဖြစ်စေချင်တဲ့ ဆရာဝန် တစ်ယောက် တော့ ကျွန်တော် ဖြစ်ချင်သေးသည်။ ဆယ်တန်းမှာ သင်ရသော ဘာသာရပ်တွေ က ကျွန်တော့် အတွက် လွယ်ကူလွန်းနေသေးသည်။ စာကိုသုံးခေါက် လေးခေါက်ဖတ်ရုံနှင့် အလွတ်ရ နေတတ်သည်။ ဂစ်တာတီးရသလောက်တောင် မခက်ခဲ။ ငယ်စဉ်ကတည်းက စာကျက်ချိန်တွင် မေမေ ဂရုတစိုက် လာရောက်စောင့်တတ်သည့် နှစ် များ တွင် ပထမရခဲ့တာချည်း ဖြစ်သည်။ သို့ သော် ကျွန်တော် က အတန်းထဲတွင် အမြဲတမ်းလည်း ပထမမရချင်။ စာတော် သည့် ကောင်လေး တစ်ယောက် လည်း မ ဖြစ်ချင်။ နောက်နှစ် လည်း ပထမရ ရမည် ဟု လောဘလည်းမရှိ။ အဋ္ဌမတန်းစာမေးပွဲတွင် မြို့ နယ်ပထမဆု ရခဲ့ပေမဲ့ နဝမတန်းစာမေးပွဲတွင် ဂုဏ်ထူးတစ်ခုမှမပါဘဲ ရိုးရိုးသာ အောင်ခဲ့သည်။ မေမေ က ဘယ်လို ဖြစ်ရတာ လဲ သားရယ်ဟု တဖွဖွရေရွတ်ရင်း စိတ်မကောင်း ဖြစ်နေတော့ ကျွန်တော့် ရင်ထဲ မှာ ထိထိခိုက်ခိုက် ခံစားရသေးသည်။ စာတော် တဲ့သူတွေ အများ ကြီးပါ မေမေရယ်၊ ဆရာဝန်တွေ လည်း အများ ကြီးပဲ။ သားဆရာဝန်မ ဖြစ်ချင်ဘူးဗျ။

ကျွန်တော့်ရင်ထဲက ထိုစကားစကို ဖွင့်ထုတ်မပြောရဲခဲ့။ စာတော် တဲ့သူ တစ်ယောက် ဖြစ်ဖို့ အမြဲ တမ်း အချိန်ပြည့် စာကျက်နေရမှာ လောက် ပျင်းစရာမရှိတော့ဘူး။ ကျွန်တော့်ခံယူချက်ကို မေမေထံ ဖွင့်ဟမပြောရဲ။ ဆယ်တန်းစာမေးပွဲကို မေမေစိတ်ချမ်းသာအောင် ဂုဏ်ထူးများ စွာ နဲ့ အောင်အောင်ဖြေ ပေးပါ့မယ်။ ကျွန်တော့် ရင်ထဲ မေမေကျေနပ်အောင် စာကျက်ရမည် ။ မေမေမျှော်လင့်တဲ့ ဆရာဝန်တစ် ယောက် ဖြစ်အောင် စာကျက်ရမည် ။ ကျွန်တော့်မျက်ဝန်းထဲ မြင်နေရသော ဂီတသင်္ကေတတွေ …F” Fm” တွေ … အနိမ့်ဆုံးကီးကို နိမ့်သထက်နိမ့်အောင် ဆွဲခေါ်သွားပြီး ဝုန်းခနဲ့ မြင့်တက်လိုက်ဖို့… အဲဒါ တွေ ကမှ ပိုခက်ခဲတာ မေမေရဲ့ ။

မေမေက လယ်သမားမိဘများ မှ မွေးဖွားပြီး သုနာပြုဆရာမ လေး ဖြစ်ခဲ့သည်။ ဖေဖေကလည်း လယ်သမားမိဘများ မှ ဆင်းသက်လာသော ကျန်းမာရေး မှူးလေး၊ သူနာပြုဆရာမ လေးနဲ့ ကျန်းမာရေး မှူးလေးတို့ရဲ့ ချစ်ခြင်းမေတ္တာကြောင့် ကျွန်တော် တို့ ညီအစ်ကိုသုံးယောက် လူ့လောကထဲ ဝင်ရောက် ခွင့်ရခဲ့သည်။ မေမေက နူးညံ့ပျော့ပျောင်းသလို ဖေဖေကလည်း အေးဆေးတည်ငြိမ်သူ၊ အလုပ်ကြိုးစား သူ တစ်ယောက် သာ ဖြစ်ခဲ့သည်။ ရသမျှ ဝင်ငွေလေးနဲ့ ရောင့်ရဲတင်းတိမ်ပြီး မွေးထုတ်ထားတဲ့သားသုံး ယောက် ကို ကျန်းမာသန်စွမ်းအောင်၊ ဉာဏ်ရည်ဖွံ့ထွားအောင်၊ တစ်စစကြီးရင့်အောင် မပင်မပန်း မညည်းမညူနဲ့ အလုပ်လုပ်နေကြသည်။ သူတို့ဘဝလေးတွေ အပေါ် ကျေနပ်နှစ်သက် ပြီး သားတွေ အ ပေါ်ပဲ လောဘထားခဲ့သည်။ သိပ်မပြည့်စုံတဲ့ လယ်သမားမိဘများ မှ မွေးဖွားလာတဲ့ မေမေဟာ သူ့အ လုပ်ပေါ်မှာ ဂုဏ်ယူလို့မဆုံး၊ ကျေနပ်လို့မဆုံး၊ ပီတီ ဖြစ်လို့မဆုံး။ မေမေ့ရင်ထဲက မျှော်လင့်ချက်ကသား တွေ ဂုဏ်ရှိရှိနေနိုင်ဖို့၊ လူနေမှု မြင့်မားတဲ့ဝန်းကျင်မှာ ဝင်ဆံ့ဖို့၊ ပညာတတ်တွေ ဖြစ်ဖို့၊ ဒါ့ထက်လည်း ပိုမက်မောပုံ မရပါဘူး။

မေမေ… ကျွန်တော် လိဒ်ဂစ်တာ သူရဲကောင်း ဖြစ်ချင်တယ်ဗျာ…။

ကျွန်တော့်စကားကို မေမေက သိပ်နားလည်ပုံမရ။ အတီးသမား တစ်ယောက် ရဲ့ ဘ၀ကို အ ထင်မြင်သေးချင်ပုံလည်း ရသည်။ အတီးသမား တစ်ယောက် ရဲ့ ဘဝရပ်တည်ချက်ကိုလည်း သိရှိနိုင်မှု ဗဟုသုတပင်မရှိ။ အသက် ၁၀နှစ် ၁၁နှစ် လောက် ကတည်းက နွေရာသီကျောင်းပိတ်ရက်တွေ မှာ တခြား ကလေးတွေ လိုဆော့ကစားခြင်းမရှိဘဲ ရေဒီယိုကက်ဆက်ရှိသော ဦးလေးအိမ်မှာ ပဲ ကက်ဆက် နားထောင်လိုက်၊ မြန်မာ့အသံ အင်္ဂလိပ်ပိုင်းအစီအစဉ်မှလာသော အင်္ဂလိပ်သီချင်းတွေ ၊ တီးလုံးတွေ သွားနားထောင်လိုက်၊ ဒါကို သနားပြီး ကျွန်တော် ရှစ်တန်းသို့ တက်သည့်နှစ် တွင် ရေဒီယိုတစ်လုံးဝယ် ပေးခဲ့ဖူးသည်။ ရေဒီယိုကိုရဖို့လည်း မေမေ့ဘက်က စုဆောင်းထားသော ပိုက်ဆံအနည်းငယ်မှ ဖဲ့ချွေ လိုက်ရသလို ကျွန်တော့်ဘက်ကလည်း ပထမရအောင် စာကြိုးစားပါ့မယ်ဆိုတဲ့ ကတိတစ်ခုကို ပေး အပ်ခဲ့ရတယ်။ သို့ သော်လည်း ရေဒီယိုလေးကို ကျောင်းပိတ်ရက်ရှည်တွေ မှာ သာ ထိတွေ့ ခွင့်ရခဲ့တယ်။ ငါးတန်းကျောင်းသား ဘဝကတည်းက ရပ်ကွက်ထဲမှာ ဂစ်တာတီးတတ်သော အစ်ကိုကြီးများ ကို ဆေး လိပ်ဝယ်ပေးရင်း၊ လက်တိုလက်တောင်းခိုင်းတာကို လုပ်ကိုင်ပေးရင်းနဲ့ သုတို့တီးတာကို အနားမှာ သွား ထိုင်ကြည့်ခဲ့ရသည်။ သူတို့တီးတာ ခဏရပ်ထားရင် ယူပြီး လယ်ကွက်တင် ကစားကြည့်လိုက်၊ ညာ ဘက်လက်ကို သူတို့ကဲ့သို့ ခါရမ်းလိုက်နဲ့ မက်မောစွာ တို့ထိကြည့်နေခဲ့မိသည်။ တစ်ခါတစ်ရံလည်း အ ငေါက်ခံရသလို တစ်ခါတစ်ရံလည်း ဒီလို မခတ်ရဘူးကွ။ ဒီလိုခေတ်၊ ဒီလိုပါးစပ်ကရွတ်၊ ဒူချပ် ဒူချပ်… ဒူ…ချပ်…ဒူချပ် ဒူချပ်စတာတွေ ကို တစ်လုံးစ နှစ် လုံးစ သင်ကြားခွင့်ရခဲ့သည်။ အိမ်ရောက်တဲ့အထိ၊ တစ်ခါတစ်ရံ အိပ်မက်ထဲထိ ဒီစာသားလေးက နှုတ်ခမ်းဖျားမှာ ခိုတွဲ နေတော့သည်။

သားကြီးရယ်…မင်းဟာဉာဏ်သိပ်ကောင်းတဲ့ ကလေး တစ်ယောက် ဖြစ်နေတယ်။ မေမေက ဆရာဝန်ပဲ ဖြစ်စေချင်တယ်…

ဒါဟာ ကျွန်တော် ငါးတန်းလောက်ကတည်းက ဂစ်တာကို လက်ကွက်မထိခင်ကတည်းက ကျွန်တော့် ရင်ထဲက ဆန္ဒာနဲ့ မေမေ့ဆန္ဒတွေ ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်။

“ဂစ်တာသမားဟာ နားထောင်မယ့်သူရှိမှ၊ မေမေတို့ ခေတ်တုန်း ကတော့ ဖက်ခွက်စားလို့ခေါ် တယ်။ ကြုံတဲ့နေရာမှာ ကြုံသလိုစား၊ ဟုတ်တိပတ်တိ ပွဲလမ်းသဘင်လည်း မရှိတော့ မတီးရဘူး။ သူ များ လာငှားမှ တီးရတယ်။ မေမေ ကတော့ ဂုဏ်ရှိရှိ ဣနြေ္ဒရရ ဆရာဝန်ကြီးပဲ ဖြစ်စေချင်တယ်။ မင်း အရူးမထစမ်းနဲ့ကွယ်၊ ဂစ်တာတီးပြီး ဗိုက်ဝဖို့ဆိုတာ ဖြစ်မှမ ဖြစ်နိုင်တာ”

မေမေ ကတော့ ကျွန်တော့ဉာဏ်ရည်အားကိုးနဲ့ ဆရာဝန် တစ်ယောက် ဖြစ်စေချင်တယ်။ အနိမ့် ပါးဆုံး ဖေဖေ့လို ကျန်းမာရေး မှူးလေး တစ်ယောက် ဖြစ်ရင်လည်း သူ့ဂုဏ်နဲ့သူ တင့်တယ်တယ်လို့ ထင်ပုံရသည်။ အသက်အရွယ်ကြီး အရွယ်ရောက်တော့ မိန်းမယူ ကလေးမွေး၊ သားသမီးကိုပြုစုတဲ့ ဖခင် တစ်ယောက် ဖြစ်၊ မေမေဖြတ်သန်းခဲ့တဲ့ သမားရိုးကျ ဘ၀လေးက ရိုးစင်းလွန်း အပြစ်ကင်းစင်လွန်း ပေမယ့် ကျွန်တော့်အတွက် ပျင်းရိဖွယ် သက်သက် ဖြစ်နေရသည်။

“မေမေတောင် လယ်သမားမိသားစုက ရုန်းထွက်ပြီး တိုင်းမြို့မှာ အလုပ် လုပ်နေတယ် မဟုတ်လား။ ကျွန်တော် ကလည်း…”

“ဟုတ်တယ်။ မင်းကလည်း သူနာပြုဆရာမ အမေရဲ့ မိသားစုအောက်က ရုန်းထွက်ပြီး ဆရာ ၀န် မိသားစုဘ၀ကို ဖန်တီးရမှာ ”

“မဟုတ်သေးဘူး မေမေ”

“ဟုတ်ပါတယ် သားရယ်၊ မင်းဆရာဝန် ဖြစ်ဖို့ စရိတ်ကို မေမေတို့စပြီး စုဆောင်းနေပြီ၊ မင်းဆရာ ၀န် ဖြစ်ရင် မင်းဝါသနာပါတဲ့ ဂီတာကို တီးပေါ့၊ ဒါပေမဲ့ သားရယ်၊ မေမေတို့ ဆရာဝန်တွေ က ယဉ်ကျေး သိမ်မွေ့ကြတယ်။ မင်းအထင်ကြီးတဲ့ ဂစ်တာသမားတွေ လို ဆံပင်ရှည်လည်း မထားဘး ဘောင်းဘီ ကျပ်ကျပ်တွေ လည်း မဝတ်ဘူး။ ကြောင်ကျားအင်္ကျီတွေ လည်း မဝတ်ဘူး။ ဆရာဝန်တွေ ကို ကြည့် လိုက်ရင် ရုပ်ချောတာ၊ မချောတာထက် သိပ်သပ်ရပ်ကြတယ်။ လူနာတွေ ရဲ့ အားကိုးယုံကြည်လေး စားမှု ကို ရတယ်။ လူတိုင်းရဲ့ အားကျမှု ကို ခံရတယ်။ မေမေက ဒါကြောင့်…”

မေမေပြောသလို ဆရာဝန် ဖြစ်အောင်လုပ်ပြီးမှ ဂစ်တာကို ပြန်တီးရမယ်ဆိုရင်..။ တွေးကြည့် ရုံနဲ့တင် လန့်သွားမိသည်။ အချိန်တွေ …အချိန်တွေ …နှမြောစရာ။ နောက်ပြီး ကျွန်တော် က ဂစ်တာသ မား တစ်ယောက် သက်သက်ပဲ ဖြစ်ချင်တာ။ ငတ်ချင်ငတ် သွားပါစေ။ လူတိုင်းဖြတ်ကျော်ရမယ့် သမား ရိုးကျမိသားစုဘဝလေးနဲ့ လဲလှယ်ချင်လည်း လဲလှယ်လိုက်ရပါစေ။ ဂစ်တာကို အရူးအမူးစွဲလမ်းပြီး ငတ်လို့သေဆုံးသွားလည်း ကျွန်တော် ရဲဝံ့စွာ သေဆုံးလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ဒီအချိန်မှာ မေမေအောင်စေချင်တဲ့ ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးများ စွာ နဲ့ အောင်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက် တော့သည်။

* * * * *


အခန်း (၂)

စာမေးပွဲခန်းထဲက ထွက်လာတော့ ကျွန်တော့် ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါးလွန်းနေသည်။ နောက်ဆုံးဖြေခဲ့ရသော သမိုင်းဘာသာရပ်ကလည်း ဂုဏ်ထူးမထွက်တောင် အမှတ် ၇၀နားမှာ ပင် ရ လိမ့်မည် ။ အနည်းဆုံးဂုဏ်ထူး သုံးခုလောက်ရမှာ သေချာသော ကြောင့် မေမေ့အတွက် ပျော်ရွှင်မိသ လို စာမေးပွဲပြီးဆုံးသွားပြီ ဖြစ်တဲ့ အတွက်လည်း ဂစ်တာကို လွတ်လွတ်လပ်လပ် တီးခွင့်ရမှာ သေချာနေ ပြီ။ အနည်းဆုံး အောင်စာရင်းမထွက်ခင်ထိပေါ့။

ကျွန်တော့် ခြေလှမ်းတွေ က အိမ်ကိုတန်းမပြန် ဖြစ်။ ညနေတိုင်း ကျွန်တော် ဂစ်တာတီးနေကျ ကိုကျော်တို့အိမ်ကို လှမ်းခဲ့တယ်။ အဆင်သင့်စွာ ကိုကျော် တစ်ယောက် တည်းကိုပဲ တွေ့ ရသည်။ ပို၍ ကံကောင်းစွာ ကိုကျော်က ဂစ်တာတီးမနေ။ ကျွန်တော် ဝင်အလာကို အားရဝမ်းသာနှုတ်ဆက်ပြီး “ဆရာဝန်လေး စာမေးပွဲဖြေနိုင်လား”ဟုဆီးမေးသည်။ ကျွန်တော့် အမေ ဆရာဝန်ရူး ရူးနေတာလည်း ကိုကျော်ကသိသည်။ ကျွန်တော့်ကို စနောက်ချင်တိုင်း ဆရာဝန်လေးဟုလည်း ပြောင်နောက် ခေါ် တတ်သည်။ ကျွန်တော် က တိုင်မှာ ချိတ်ထားသော ဂစ်တာကို ဖြုတ်လိုက်ပြီး မတ်တပ်ပင်ပိုက်၍ မစ္စစ္စပီ သီချင်း၏ Intro ကို တီးခတ်လိုက်သည်။ ကိုကျော်က ကျွန်တော့် ခန္ဓာကိုယ်မှာ လွယ်ထားဆဲ လွယ် အိတ်ကို ကြည့်သည်။

“ဆရာဝန်လေး ထမင်းမစားရသေးဘူး မဟုတ်လား၊ လာ…သွားစားမယ်”

ကျွန်တော် ဟာ ကိုကျော်ရဲ့ တပည့် တစ်ယောက် ဖြစ်ခွင့်ရခဲ့သည်။

“မင်းလက်တွေ တက်လာရင် မင်းကို တို့တီးဝိုင်းမှာ ဝင်တီးခိုင်းမယ်”

ထိုစကားနဲ့တင် ကိုကျော့်ကို ကျွန်တော် လေးစားအထင်ကြီးသည်။ နောက်ပြီး ကိုကျော်က ကျွန်တော့် မေမေ့ကို လန့်ပုံရသည်။ သူ့ကြောင့် ဆယ်တန်းစာမေးပွဲ ကျသွားမှာ ။ အမှတ်နည်းသွားမှာ ကို စိုးရိမ်ပုံရသည်။ လူငယ် တစ်ယောက် ရဲ့ အခွင့်အရေး ကို လက်လွှတ်ဆုံးရှုံးရမည့် အချိန်အခါကိုလည်း သိသည်။ စာမေးပွဲမဖြေခင် သုံးလအလိုကတည်းက ကျွန်တော့်အား ငှားထားသော သူ့ဂစ်တာများ ကို ပြန်လည်သိမ်းပြီး သူ့ထံသို့ သွားလျှင်ပင် ဂစ်တာကို ပေးမကိုင်သည်အထိ တင်းတင်းကျပ်ကျပ် တားမြစ် ခဲ့သည်။

“ဆရာဝန်လေး ဒီသုံးလတာဟာ ဘာမှမကြာပါဘူး။ ဒီသုံးလကို မင်းတီးနေရင်လည်း ချက်ချင်း သူရဲကောင်း ဖြစ်မသွားနိုင်ဘူး။ အေး…ဒီသုံးလကို မင်းစာကျက်လိုက်ရင် အမှတ်ကောင်းကောင်းနဲ့ အောင်မှာ တော့ သေချာတယ်။ မင်းဂစ်တာကို ကျင့်သလို စာကို ကြိုးစားကျက်စမ်း။ မင်းစာမေးပွဲပြီး တာနဲ့ ငါတတ်သမျှတွေ ကို ဆရာစားမချန် သင်ပေးသွားမယ်။ မင်းလိုကောင်ရဲ့ ဆရာ ဖြစ်ရမှာ ကိုလည်း ငါဂုဏ်ယူတယ်။ ငါ့ထက်တော် တယ့် တပည့် တစ်ယောက် ဆိုတာလည်း ငါသိတယ်။ ဒါပေမဲ့ဒီအချိန်ဟာ မင်းဘဝရဲ့ ”တစ်ဆစ်ချိုးလမ်းပဲ၊ မင်းမှာ ဆရာဝန် ဖြစ်လောက်တဲ့ ဉာဏ်ရှိတယ်။ မင်းကြိုးစားရင် ရမယ် ဆိုတာ သိရမယ်။ အများ အားဖြင့် ငါပေါ့ကွာ ဆယ်တန်းကို မကြိုးစားလို့ ကျခဲ့တယ်။ အခုချိန်မှာ အရွယ်ကကြီး ဒါ့ပြင် စီးပွားရေး က တစ်ဖက်ပါလာတော့ ဆယ်တန်း မဖြေ ဖြစ်တော့ဘူး ငါသာ ဆယ် တန်းလေးောင် လူရိုသေရှင်ရိုသေ ဘွဲ့လေးတစ်ခုနဲ့ဆိုရင် ပညာတတ်ရဲ့ သားနဲ့ ဂစ်တာပဲတီးစားတာ ဆိုတာမျိုးက ပညာမတတ်လို့ ဂစ်တာတီးစားရတာ ထက် ပိုပြီးအဓိပ္ပာယ်ရှိတယ်။ သိပ်ကွာခြားသွား တယ်။ မင်းကျ အဲလိုမ ဖြစ်စေရဘူး။ ဆရာဝန်မလုပ်ချင်လို့ ဂစ်တာတီးစားတယ်ကွာ။ မင်းက ငါ့ထက်ပို ပြီး ဂုဏ်ရှိသွားမှာ ပေါ့ ကလေးရာ။ ဒီသုံးလ ငါ့ဆီမလာဘဲ စာကျက်မယ်လို့ ကတိပေးစမ်းပါ”

ထိုအချိန်က ကိုကျော့်ကို စိတ်ဆိုးဖို့ထက် ကိုကျော့်ကို ပိုလေးစားသွားသည်။ ရလာတဲ့အခွင့်အ ရေး မှာ ရှိနေတဲ့ခွန်အားကို စနစ်တကျ ဇွဲရှိရှိ သုံးစွဲတတ်ဖို့သာ လိုအပ်တာပါ။ တိတ်ဆိတ်စွာ နာကျင် ခြင်းမရှိရဘဲ ပျော်ရွှင်စွာ နဲ့ပဲ အခန်းအောင်း စာကျက်ခဲ့သည်။

“ကိုကျော်…ဒီနှစ် တန်ဆောင်တိုင်မှာ ကျွန်တော် တီးလို့ရမလား”

စာမေးပွဲဖြေပြီးပြီးချင်း ကိုကျော့်အိမ်ကို တန်းသွားတာမို့လို့ ဆာလောင်လွန်းသဖြင့် ဟန်မ ဆောင်နိုင်ဘဲ ထမင်းဝင်စားလိုက်တော့သည်။ ကိုကျော်က အကျပ်အတည်းတစ်ခုကို ရင်ဆိုင်လိုက်သ

လိုမျိုး ထမင်းစားနေရင်းမှ ရပ်လိုက်သည်။ ယခုလက်ရှိ “တောင်ပံခေတ်သံ”တီးဝိုင်းမှာ တီးမယ့်လူပြည့် နေပြီ။ နိုင်ရဲအတွက် လောလောဆယ်ပေးတီးစရာ ဂစ်တာလည်းမရှိ။ နိုင်ရဲကိုလည်း ပွဲထုတ်ချင်သည်။ တီးဝိုင်းစထောင်ကတည်းက လက်တွဲ လာသော ဖရက်ဒီကို ပွဲဝက်ပဲ တီးခိုင်းပြီး ကျန်တဲ့ပွဲဝက်ကိုပဲ နိုင် ရပေးရမှာ လား။ ဖရက်ဒီကလည်း ဒီကောင်လေးလက်ကို ကြိုက်တယ်။ ဒီကောင်လေးကိုပွဲထုတ်ချင် ကြောင်း တစ်ခါပြောဖူးတယ်။ အခုလည်း သွေးကိုစမ်းပြီး မေးကြည့်မှ သင့်တော် မယ်။ နိုင်ရဲရဲ့ လက်အ ခြေအနေကိုလည်း သေချာတော့ စိတ်မချရသေးဟုထင်သည်။

“အေးပေါ့ကွာ၊ မင်းကို Lead ဂစ်တာ ပေးတီးမယ်။ ဒါပေမဲ့ ဖရက်ဒီနဲ့ညှိပြီး မင်းလက်အခြေအ နေကို test လုပ်ကြည့်ချင်သေးတယ်”

ပျော်ရွှင်လွန်းသဖြင့် ထမင်းတောင်ဆက်မစားနိုင်တော့။

‘အိုဗျာ…တစ်ပုဒ်ပဲ တီးရတီးရ ကျွန်တော် တီးကြည့်ချင်တယ်။ ဒီနေ့ကစပြီး နှစ် ဆကြိုးစားရ မယ်”

ထိုစကားကြောင့် ကိုကျော်လည်း ကျေနပ်သွားပုံရသည်။ ဖရက်ဒီကိုလည်း ပွဲပြီးခါနီး ပေးတီး လိုက်စမ်းကွာလို့ ပြောရတာ က ပိုအဆင်ပြေမည် ။ နိုင်ရဲကြောင့် ကိုကျော်နဲ့ ဖရက်ဒီတို့ကြား စိတ်အ နှောင့်အယှက်မ ဖြစ်ချင်။

“ဒီနေ့တော့ မင်းအိမ်ပြန်လိုက်ဦး။ မင်းအမေလည်း မျှော်နေရောပေါ့။ မင်းသိထားရမှာ က Live တီးတယ်ဆိုတာ ပြိုင်ပွဲဝင်နေတာနဲ့ အတူပဲ။ တီးနေရင်း အဆိုတော် ကြောင့်ပဲ ဖြစ် ဖြစ်၊ တခြား အနှောင့် အယှက်တစ်ခုကြောင့်ပဲ ဖြစ် ဖြစ် လိုအပ်လာရင် လိုအပ်သလို လိုက်ဖြည့်တီးနိုင်မှ တကယ် Lead သူရဲ ကောင်း ဖြစ်မှာ ။ Skill တွေ ကျွမ်းကျင်ဖို့ မင်းကျင့်ရဦးမယ်။ ပြီးရင် Side Reading Note ဖတ်တတ် နိုင်ရမယ်။ Technique ပိုင်းမှာ လည်း Tapping နဲ့ Haramony နဲ့ Slide တွေ ကို သူ့နေရာနဲ့သူ သုံးတတ်ရမယ်။”

ကိုကျော်က ရန်ကုန်ဂီတလောကကို မိသားစုရေး အရ စွန့်ခွာလာသူ ဖြစ်သည်။ Live Show တွေ မှာ ၊ Section Player အနေနဲ့ နယ်ပွဲအတော် များများ ၌ အတွေ့ အကြုံရှိခဲ့သူ။ Recording ပိုင်းမှာ ပင် Arrangement ကို အကြံဉာဏ်ပေးခဲ့သူ ဖြစ်သည်။ ရန်ကုန်မှာ သာနေနိုင်ရန် ကိုကျော်ဟာ လျှမ်း လျှမ်းတောက် ကျော်ကြားနိုင်တဲ့ Lead ဂစ်တာသမား တစ်ယောက် ဖြစ်နိုင်သလို Arrangement ကောင်းကောင်းလုပ်နိုင်မယ့်သူလည်း ဖြစ်နိုင်မည် ။

ကိုကျော့်တပည့်အ ဖြစ် လက်ခံဖို့ ကျွန်တော့် မှာ တစ်နှစ် နီးပါး စာမေးပွဲစစ်ခြင်း ခံခဲ့ရသည်။ တစ် ရက်မှာ Skill တစ်ခုသင်လျှင်နောက်ရက်ကျ ပြန်တီးပြရသည်။ အနည်းဆုံး သုံးရက် မငြီးမငွေ့တစ်နေ့ တည်း သုံးနာရီတစ်ထိုင်တည်း တီးပေရော့ပဲ။ ဒါကြောင့် တပည်တော် တော် များများ ထွက်ပြေးကြ သည်။ ‘ဒါအပျော် မဟုတ်ဘူးကွ။ ဒါဟာပညာပိုင်းတွေ ပဲ’လို့ ဟစ်ကြွေးတဲ့ ကိုကျော့်မှာ တပည့်ဆိုလို့ ကျွန် တော် တစ်ယောက် တည်း ရှားရှားပါးပါး ရှိခဲ့သည်။

“ငါ့ဆီလာတဲ့ကောင်တွေ က သီချင်းဆိုချင်လို့ လာပြီးတပည့်ခံတာကွ။ ပြီးတော့လည်း ငါမောင်း တာမခံနိုင်ဘူး။ ပညာရှင်ဆိုတာ ဘာတစ်ခုမှ အောက်ခြေကစလို့ ပိုင်ပိုင်နိုင်နိုင်မရှိရင် ဘယ်လိုလုပ်ဖန် တီးရမလဲကွ။ ကျတဲ့နေရာမှာ ကျသလိုသုံးသွားနိုင်တဲ့ ဉာဏ်ရှိဖို့ကလည်း လိုသေးတယ်။ အလှပြချင် လို့ မရဘူးလေ။ စင်ပေါ်တက်ပြီး ဂစ်တာတီးတာဟာ အလှပြဖို့သက်သက်မှ မဟုတ်တာ။ အနုပညာကို ဖန်တီးနေတာ၊ ဒီလိုပဲ ခံယူရမယ်”

“အခုမင်းဂစ်တာယူသွား Skill တွေ ကို ပြန်တီးနေ၊ တစ်ပတ်ကြာမှ ငါ့ဆီလာခဲ့။ မင်းရဲ့ Skill ကို ငါနားထောင်မယ်။ ဒီမှာ တက်တီးဖို့ မင်းလက်တွေ ကို တစ်ခုချင်းစစ်ဆေးတာ။ တစ်လကြာနိုင်တယ်။

ကျွန်တော့်လက်ထဲကို ‘စင်ရော်(၁)’ဟု အမည် ပေးထားသော ဂစ်တာတစ်လုံးကို ထည့်ပေး လိုက်သေးသည်။ ကျွန်တော် ၏ ခန္ဓာကိုယ်သည် လေထဲမှာ ဝေ့ဝဲလွင့်မျောနေသလို ပျော်ရွှင်နေမိသည်။

အိမ်ဝမှာ ရပ်နေသော မေမေသည် ကျွန်တော့် အပေါ် နားလည်မှု အရှိဆုံး အပြု့းဖြင့် ဆီးကြို သည်။ တကယ်ဆို ကျွန်တော် စာမေးပွဲ ဖြေနိုင်လား၊ မဖြေနိုင်ဘူးလားဆိုတာ စာမေးပွဲပြီးပြီးချင်း သိချင် ရှာမှာ ပေါ့။ ထို့အတွက် ဘာမှမပြောခဲ့ဘဲ ကျွန်တော် ပြန်လာနိုင်မည့် အချိန်ကို ကြိုသိနေသလို ပုံစံပြင်ဆင်ပြီး ကြိုဆိုလိုက်ခြင်းပဲ။

“ကဲ…သား…မင်းတီးချင်တဲ့ဂီတာ တီးပေတော့၊ အိမ်အမိုးတွေ ပွင့် သွားပါစေ။ အိမ်နံရံတွေ ကွဲထွက်ပါစေ။ ဟုတ်ပြီလား”

ကျွန်တော့် မေမေက အဲသလို မေမေ။ ကျွန်တော့်အောက် အငယ်ကောင် “လှိုင်းဦး”က ဘောလုံး ဝါသနာပါသည်။ ဒီကောင့်ကို ဘောလုံးကောင်းကောင်းတစ်လုံး ဒီနှစ် မှ ဝယ်ပေးလိုက် သည်။ အငယ်ဆုံးကောင် “သဲနှစ် ”က စာကြမ်းပိုးလေ။ သူတက်ချင်တဲ့ အင်္ဂလိပ် သဒ္ဒါနှင့် စကားပြောသင်တန်း ကို ပင်စင်စား အင်္ဂလိပ်ဆရာမ ကြီးထံ အပ်နှံပေးထားသည်။ ကျွန်တော် တို့လည်း ဒီကောင်ရဲ့ ပယောဂ ကြောင့် အင်္ဂလိပ်စကားပြောသင်တန်းကို တက်ရလိမ့်မည် ။ ခေတ်ပညာဆယ်တန်းအထိသာ တတ် ကျွမ်းသော မေမေက ကျွန်တော် တို့၏ အသံထွက်မှားတွေ ကို မနှစ်သက် ။

အင်္ဂလိပ်စာမှာ Phonetic က အရေး ကြီးဆုံးပဲ။ အင်္ဂလိပ်စာ ဘယ်လောက်တော် တော် သဒ္ဒါ ဘယ်လောက်ပိုင်ပိုင်၊ ဘယ်လောက်ပဲ ခပ်သွက်သွက်ပြောနိုင်နိုင် Accent မကောင်းရင် ရယ်စရာကြီး ဖြစ် ဖြစ်သွားတတ်တယ်။ တို့မြန်မာလူမျိုးတွေ က အင်္ဂလိပ်စကားကို ကိုယ်တိုင်မပြောရဲ၊ ပြောရဲတဲ့လူကို လည်း အဲဒီ အသံထွက်ကြီးကမှားတယ်။ လေယူလေသိမ်းကြီး မှားတယ်နဲ့လည်း ဝေဖန်တယ်။ ဝိုင်းဟားတယ်။ အဲဒါတကယ်မတတ်တဲ့သူတွေ လုပ်တာ။ တကယ်တတ်တဲ့သူက မှားရင်ပြင်ပေးမယ်။ မဟားဘူး။ ဒါကြောင့်မင်းတို့ကို ‘အသံထွက်’ သီးသန့်သင်ပေးဖို့ ပြောထားတယ်။ အဲဒါမင်းတို့ သုံး ယောက် စလုံး သွားတက်ပါ။ မင်းတို့ လုပ်ချင်တာကိုလည်း လုပ်ခွင့်ပေးထားတယ်။ မေမေ ဖြစ်စေချင် တာလည်း မင်းတို့ပြန်လုပ်ပေးရမယ်။

မေမေက ကျွန်တော် တို့နှင့် ဆက်ဆံတိုင်း အပေးအယူသဘောတွေ ဖုံးအုပ်ထားပြီး ဖြစ်သည်။ တစ်ခုခုလိုချင်ရင် မရ မရှိစေရ။ ဒါပေမဲ့ တစ်ခုခုပေးဆပ်ရမယ်။ ကျွန်တော် ကလည်း စင်ပေါ်တက်တီးရ တော့မယ့် လူကြီးလေး တစ်ယောက် အ ဖြစ် စိတ်ထဲမှာ ကြည်နူးလို့ မဆုံး။ တက်သွားရမည့် ခြေတစ် လှမ်းကို မေမေ့ကို ဖွင့်မပြောဘဲနဲ့ ကျွန်တော် ဘယ်လိုမှ ဖြတ်ကျော်လို့မ ဖြစ်နိုင်။ တခြားလူတွေ နဲ့ ဆက် ဆံရင် ငါဘာကောင်လဲဆိုတာ ‘နေရာယူ’ပြီးမှ ဆုံးဖြတ်သိစေပေမဲ့ မေမေ့ကိုတော့ ကျွန်တော် အမှန်အ တိုင်း တစ်ခါတစ်ရံ သာသာထိုးထိုး ကြွားဝါတတ်သည်။ ကျွန်တော် က ဖေဖေ့ထက် မေမေ့ကို ပိုရင်းနှီး တာ တခြားကြောင့်မဟုတ်။ ကျွန်တော် က ဖေဖေ့ထက်မေမေ့ကို ပိုရင်းနှီးတာ တခြားကြောင့် မဟုတ်။ ကျွန်တော် လိုချင်တာကို ရယူရတိုင်း ပေးဆပ်မှု တစ်ခုခုကို တောင်းယူတတ်လို့ပါ။

“ကျွန်တော် ဒီအပတ်မှာ Skill အကုန်လုံး ပြန်ကျင့်ရမယ်။ ပြီးရင် ကိုကျော့်ဆီမှာ သွားအစစ် ဆေးခံရမယ်။ မေမေ့အိမ်ရဲ့ ခေါင်မိုးတွေ ၊ နံရံတွေ ကွဲထွက်တာ ဘာအရေး လဲဗျ။ ကျွန်တော့်နှလုံးအိမ် ကွဲထွက်သွားမှာ တောင် မကြောက်သေးဘူး”

မေမေ့အပြုံးက ကျေနပ်အပြုံး။ ကျွန်တော် သုံးနှုန်းလိုက်တဲ့ အတိဿယဝုတ္တိ အလင်္ကာလေးကို မေမေလှောင်ပြောင်ချင်စိတ် ရှိပုံရနေသည်။ သို့ သော် မလှောင်ပြောင်။

“မင်း ကိုကျော့်အိမ်မှာ နံနက်စာစားပြီးပြီ မဟုတ်လား။ အခုညနေစာ စားလိုက်တော့၊ အိမ်မှာ မင်းအကြီးဆုံးနော်၊ ဖေဖေနဲ့ မေမေမရှိရင် မင်းတာဝန်ပဲ။ မေမေက ဒီနေ့ Night ဂျူတီ၊ မင့်အဖေက ခရီးသွားတယ်။ အိမ်တံခါးတွေ စစ်ဆေးပြီးမှ အိပ်၊ အငယ်နှစ် ကောင်ကိုလည်း နားလည်အောင်ပြောပြ ထားပြီး မင်းဂစ်တာတီးနေတော့၊ အကုန်လုံး အိမ်ထဲမှာ ပဲနေပါ”

မေမေက အနီဝတ် နာ့စ်မ တစ်ယောက် ပဲ ဖြစ်သေးသည်။ Special Nusce ဝင်ငွေဖြင့် ကျွန် တော် တို့ကို လုံခြုံစေသည်။ တကယ်တော့ မေမေ့ငွေကြေးဟာ တကယ့်ကို ဖြူစင်လွန်းပါသည်။ နယ် မြို့မှာ လုပ်တဲ့အတွက် ထိုက်သင့်သလောက်လေးသာ ရသည်။ မေမေ့ပိုက်ဆံကို အပိုမသုံး ဖြစ်အောင် ကြိုးစားဖူးသည်။ တကယ်တော့ ဆယ်ခါသုံးမှ တစ်ခါသတိရပြီး သုံး ဖြစ်တာကများ နေသည်။ ငယ်ငယ် ကတည်းက ပိန်တဲ့အပြင် အိပ်ရေး ပျက်ခံကာ သူနာပြုလုပ်ရသော ငွေရှာဖွေမှု ထပ်ဆင့်ထားသဖြင့် မေမေက ဘယ်တော့မှ ဝမလာ။ အမြဲတမ်း ခပ်ပါးပါးခန္ဓာကိုယ်၊ ပါးရိုးအနည်းငယ် ပေါ်လာစပြုသော မျက်နှာသွင်ပြင်၊ အကြောလေးတွေ ထင်ထင်ပေါ်ပေါ် ရှိလွန်းတဲ့ လက်ခုံလေးတွေ စသည်က ကျွန် တော် တို့ရဲ့ အနာဂတ်ကို လှပစွာ တည်ဆောက်နေတော့သည်။ ကျွန်တော့်ဂီတတွေ ဟာလည်း မေမေ့ ရဲ့ နှလုံးသာက ယိုစိမ့်လာလို့သာ ဖြစ်ပေါ်လာတယ်ထင်ပါရဲ့ ။ စာမေးပွဲ ရာသီစာကျက်ချိန်မှလွဲလျှင် မေမေက ကျွန်တော့် ဂစ်တာသံကို မျှော်လင့်မြဲ၊ နားထောင်မြဲ၊ အားပေးမြဲ။

G Skill ကို စတီး ဖြစ်သည်။ ဂျီမေဂျာ၊ ဂျီမိုင်နာ၊ ဂျီ 7၊ ဂျီင်္မေဂျာ 7၊ တစ်ခုနဲ့တစ်ခုကြား အဖော့အ ဖိတူအောင် အသံကို အာရုံစိုက်၊ C, Cm, C 7, Cmaj 7, Cdim, Csus 4; (A မေဂျာ၊ A မိုင်နာ)စတဲ့ မေဂျာတစ်ခုချင်းစီ မြန်သတဲ့မြန်အောင် လက်ချောင်းတွေ ကို စေခိုင်း၊ အာရုံတွေ လဲ ထိုးနှစ်သက် ။ ဒါက အောက်သံကြီးလး။ လက်သူကြွယ်ရဲ့ ဖိအားက ပျော့နေတာပဲ။ အိုလက်သန်းမှာ လည်း အားသွင်းထား မှ။

ကဲဒါဖြင့် Skill တစ်ခုတည်းကိုပဲ တစ်နာရီတီးနိုင်မလား။ ဘယ်နှကျော့ရလဲ။

ခန်းဆီးမရှိ၊ သံတိုင် သံဆန်ခါမရှိတဲ့ သစ်သားပြတင်းပေါက်လေးတစ်ချပ်၊ တစ်ယောက် အိပ် ခု တင်လေးတစ်လုံးမှာ မွေ့ရာက ပါးပါးလေး။ ချည်စောင်ပါးတစ်ထည်ကို အိပ်ရာခင်းအ ဖြစ် ဖုံးအုပ်ထား သည်။ ခေါင်းအုံးစွပ်အပြာနုလေးမှ မည်းကွက်ကွက် ဖြစ်အောင် ဆံပင်သားက ကပ်ညိနေတာလား။ တစ်ယောက် အိပ် စစ်ခြင်ထောင်လေးကိုတော့ ခပ်မြင့်မြင့် ချည်နှောင်ထားသည်။ ခုတင်ဘေးမှာ အံဆွဲ မပါသော သစ်သားစားပွဲတစ်လုံး၊ သစ်သားကုလားထိုင်တစ်လုံး၊ စားပွဲတင် နာရီလေးထဲမှ ငှက်စိမ်း လေးက တစ်ချက်ချက်အော်မြည် ပျံသန်းဆဲ။ တစ်ဘာသာဖြေပြီးကတည်းက ထိုတစ်ဘာသာနှင့် သက် ဆိုင်သော စာအုပ်တွေ ကို ခုတင်အောက်သို့ ထိုးသွင်းမြဲ ဖြစ်သဖြင့် စားပွဲပေါ်မှာ ကျောင်းစာအုပ်များ ပင် မရှိတော့။ ဂစ်တာနုတ်စ်လက်ရေး စာအုပ်။ ကော့ဒ်တွေ ရဲ့ အသွားအလာပုံတွေ က မလှပ။ ဒါပေမဲ့အိပ် ခန်းတံခါးကို ဖွင့်ထားလျှင် တစ်ခန်းလုံး လင်းလက်စေသည့်အတွက် စိတ်ပျော်ရွှင်စရာ။ ကုလားထိုင် ပေါ်မှာ ငြိမ်သက်စွာ ထိုင်ရင်း ညောင်းညာကိုက်ခဲလွန်းနေသော လက်ချောင်းလေးများ ကို ကွေးကာ ဆန့်ကာဖြင့် အနားဖြေစဉ်အတွင်း ပါးစပ်ဖျားမှာ တော့ သံစဉ်အနိမ့်အမြင့်ကို ရွက်ဆိုနေသည်။ ဒီအချိန် မှာ သူ့ရင်ထဲမှာ စင်ပေါ်တက်ဖို့ လေ့ကျင့်နေခြင်းထက် တီးကွက်တစ်ခု၏ အလှည့်အပြောင်းကို သေ ချာ စိစစ်နေခြင်း ဖြစ်သည်။ သူတို့လို အတီးသမားတွေ အတွက် Silde Reading ဖတ်တတ်ဖို့က အရေး ကြီးဆုံးမဟုတ်လား။ သူ့လက်တွေ ကို ကြာရှည်စွာ ရပ်နားနေဖို့ ခွင့်မပြုနိုင်။ ထပ်ခါလဲလဲ ပြန်ကျော့ရင်း သူ့ရဲ့ ကြိမ်နှုန်းကိုလည်း သေချာစွာ စစ်ဆေးရသည်။ မြန်သထက်မြန်အောင်ထက် အသံ မှန်တွေ တိတိကျကျ ထွက်ရဲ့ လားလို့ အာရုံခံမှု က သူ့ခေါင်းတွေ ကို ငိုက်နေစေပြီး သူ့မျက်ဝန်းတွေ က မှေးမှိတ်ထားသည်။

ခပ်ညိုညို သူ့မျက်နှာမှာ အဆီတွေ က တဝင်းဝင်း၊ အနည်းငယ်ထူကြမ်းသော သူ့ဆံပင်တွေ ကို လည်း ဖြီးသင်ထားမှု လည်းမရှိ။ သူ့အမေ လာချပေးသော ထမင်းကြော်ပန်းကန်ကြောင့် မိုးလင်းပြီလား လို့ သူ့ဘာသာပြန်မေးရင်း အချိန်တွေ ကို အကုန်မြန်လှချည်လားလို့ ရေရွတ်တတ်နေပြန်သည်။ သူ့အ တွက် တစ်နေ့မှာ ၄၈နာရီရှိနေဖို့ ကောင်းနေပြီ။ ခပ်သွက်သွက် တီးကွက်ပြောင်းဖို့ ကြိုးစားလိုက်တိုင်း အသံမှန်ကို လွတ်သွားလျှင် သူ့ကိုယ်သူ စိတ်တိုစိတ်ဆိုးနေမြဲ။ အဲသလိုများ ဖြစ်သွားစမ်း အဲဒီ သင်ခန်း စာကို သူ့အသံမှန်နဲ့ အကြိမ် ၂၀လောက် ပြန်တီးရမှ ကျေနပ်နေသည်။ သူတို့လို လိဒ်ဂစ်တာသမား တွေ စင်ပေါ်မှာ Live တီးမယ့်သူတွေ အတွက် Slide Reading အပြင် effect တွေ ကို သူ့နေရာနဲ့သူသုံး တတ်ဖို့ကိုလည်း သူသေချာစွာ လေ့ကျင့်ရဦးမယ်။ သူ့စားပွဲရဲ့ ရှေ့တည့်တည့်အခန်းနံရံမှာ သူကပ် ထားတဲ့ Planning စာရွက်လေးကို သူကြည့်ရင်း သူ့ကိုယ်သူ အားမရ။

သူ၏ ဇယားကွက်လေးကို Level သုံးမျိုးခွဲထားသည်။ သူ၏ Skill ခေါင်းစဉ်မှာ Level 1သာ တပ်နိုင်သေးသည်။ သူက Level 1ကို သာမန်အဆင့်ဟု သတ်မှတ်ထားသည်။ Level 2ကို Notes အလွတ်တီးနိုင်သော အဆင့်ဟုသတ်မှတ်ပြီး Level 3ကို သူ၏ အလွတ် ခပ်မြန်မြန် တိတိကျကျ တီးနိုင် သော အဆင့်ဟု သတ်မှတ်ထားသည်။ ဒီ Level 3ကို သူ၏ ထပ်ဖြည့်ထားသော တီးကွက်တွေ ပါရှိဖို့ဟု သူသတ်မှတ်ထားသည်။ ဘယ်လိုတီထွင်မှု တွေ ပြုနိုင်မယ်ဆိုတာ သူမသိနိုင်ပေမဲ့ ထိုအဆင့်ကို သူ သတ်မှတ်ထားသည်။ သူတကယ်ကျွမ်းကျင်လာရင် ဒါတွေ ကို တကယ်ဖန်တီးနိုင်မှာ ပဲလို့ သူယူဆလာ တယ်။ သူ၏ ဂစ်တာတီးသက် သုံးနှစ် မှာ Lead ဂစ်တာတီးသက် တစ်နှစ် ခွဲကျော်နေပြီ ဖြစ်သည်။

ပူလောင်အိုက်စပ်လွန်းတဲ့ ရာသီဥတုမှာ သူများ နည်းတူ လမ်းဘေးမှာ ဟေးလားဝါးလား ဂစ်တာတီးနေဖို့ထက် သူ့ရဲ့ ကျွမ်းကျင်မှု ကိုသာ တိုင်းတာရင်း တစ်ပတ်မှာ တစ်ရက်ခန့် ကိုကျော့်ထံမှာ လည်း အစစ်ဆေးခံရသေးသည်။ ကိုကျော်ပေးဖတ်သည့် ဓမ္မိကဘသန်း၏ ယောနသံစင်ရော် စာအုပ် လေးကို ဖတ်ပြီးပြီးချင်း သူ့ရင်ထဲက ခွန်အားတွေ က အရှိန်အဟုန်မဲ့ တိုးပွားကြီးမားလာကြောင်း သူရိပ် မိသည်။ “သူ့ဘယ်တော့မှ နောက်ပြန်မဆုတ်ဘူး” “သူဟာ မြန်မာပြည်ရဲ့ အကောင်းဆုံး လိဒ်ဂစ်တာ သမား တစ်ယောက် ဖြစ်ရမယ်လို့ မိုက်မိုက်ရိုင်းရိုင်း မျှော်လင့်ချက်” “သူ့လက်တွေ ဟာ ယောနသံရဲ့ တောင်ပံတွေ ပါဟု ရူးရူးနှမ်းနှမ်း ငုံ့ငုံ့နမ်းလျက်” “သူ့နှလုံးသားနဲ့ ခံယူချက်တွေ ဟာ ယောနသံသေလို့ ဝင်စားသွားတာလား” “ယောနသံဝင်စားလို့သာ ဇွဲရဲ့ တန်ဖိုးကိုသိခဲ့တာလား” “ယောနသံရဲ့ အောင် မြင်ခြင်းမျိုး သူရဖို့…တကယ်ပိုင်ပိုင်နိုင်နိုင်ရဖို့…” ယောနသံရဲ့ ခွန်အားတွေ သူ့ရင်ထဲရောက်လာတဲ့အခါ သူမေ့လျော့အိပ်မောကျသွားတော့သည်။ သူတကယ်နှစ် နှစ် ခြိုက်ခြိုက် မအိပ်စက်ခဲ့ရတာ စာမေးပွဲပြီး ကတည်းက ဆိုပါတော့။

“ကိုကျော်..တကယ်ပါဗျာ…ယောနသံစင်ရော်စာအုပ် ပေးဖတ်လို့ အရမ်းကျေးဇူးတင်တယ်ဗျာ၊ ဒီစင်ရော်တွေ ရဲ့ ဆရာမ ပါဘဲ မျှော်လင့်ချက်မရှိဘဲ သူများ နည်းတူ သမားရိုးကျလမ်းမှာ မလျှောက်ချင် ဘူးဆိုတဲ့ အတွေးလေးက သူ့ဘ၀ကို တစ်ဆစ်ချိုး” ပြောင်းလဲလိုက်စေတာ ဖြစ်မှာ နော်။ ကျွန်တော့်မှာ ကျွန်တော့် မှာ … အရာရာအားလုံးပြည့်စုံတယ် ဇွဲပဲလိုတာ’

မိုးတွေ တဝုန်းဝုန်း တဒိုင်းဒိုင်း ရွာချနေတဲ့ရက်တွေ မှာ ကျွန်တော် ဟာအတော် အသင့် ကျွမ်း ကျင်သော Lead ဂစ်တာသမား တစ်ယောက် ဖြစ်လာသည်။ ကိုကျော့်အိမ်မှာ ချည်းပဲ Slide Reading ကို တစ်ချိန်လုံးဖတ်ပြီး တီးခတ်နေမိသလို ကိုကျော်ဖွင့်ပြပေးသည့် အင်္ဂလိပ်သီချင်းများ ကို နားထောင် ၍ Notes ရေး ပေးခြင်းမျိုး အပြန်အလှန် လေ့ကျင့်မှု ကို ခံယူခဲ့ရသည်။ သီချင်စီစဉ်သူရဲ့ (Arragment) ကို ဘယ်လို Arrange လုပ်သွားရင် ဘယ်လို Effect မျိုး တီးသင့်လို့ တီးထားတယ်။ ကဲဒီလို သီချင်းဆို ရင် နားထောင်ခိုင်းပြီး အဲဒီ မူရင်း Arrange ကြီး မလှပါဘူးကွာဟု ပြောလျှင်တော့ အခြား Effect တစ်ခု ခုကို ရှာဖွေပေးဖို့ ကြိုးစားပေတော့ပဲ။ တစ်ခါတစ်ရံ Own Tune သီချင်းတစ်ပုဒ်ကို ကိုကျော်နှင့် နှစ် ယောက် ရောစပ်ပြီး Arrangement ကို ရှာဖွေရတာ နှင့် တစ်နေကုန်ချင် ကုန်သွားရော။

“ဂီတတစ်ခုမှာ Arrangment က အရေး ကြီးဆုံးပဲ။ Arrange ကောင်းရင်ကောင်းသလို မကောင်းရင် မကောင်းသလို ရှိနေ ကွာခြားနေမှာ ပဲ။ သီချင်းပေါက်တယ်ဆိုတာ အဆိုတော် ရဲ့ အသံ တစ်ခုတည်း ကောင်းလို့မဟုတ်ဘူး။ သံစဉ်တွေ ကို လှလှပပ ခမ်းခမ်းနားနား အနုပညာအမြင်နဲ့ Arrange လုပ်နိုင်မယ်။ ခေတ်နဲ့လျော်ညီတဲ့ တေးစာသားကို ရေး နိုင်မယ်ဆိုရင် အကြမ်းအားဖြင့်တော့ သီချင်းက ပေါက်နိုင်တယ်။ အဆိုတော် ရဲ့ ဆိုဟန်ပါးနပ်မှု အခြေခံအသံခိုင်မာမှု နဲ့ Mood ဆိုတဲ့ သီချင်း စာသားနဲ့ ထပ်တူခံစားသရုပ်ဖော်ဆိုနိုင်မှု ခံစားချက်ပါ ပါသွားရင်တော့ မင်းသီချင်း ပေါက်ပြီပဲ”

ကိုကျော်က နောက်ထပ် စာအုပ်ဖတ်ဖို့ပေးတယ်။ အဲဒီ စာအုပ်ကို လက်မှာ ကိုင်ရင်း စာအုပ်အ တွင်း မာတိကာကို လှန်ကြည့်မိသည်။ စာအုပ်၏ အသက်က ၁၅နှစ် ခန့်ရှိနေပြီ။ အဖုံးများ စုတ်ပြဲနေ၍ အဖုံးကလည်း ပြန်ချုပ်ပြီးသား ဖြစ်နေသည်။ ဝါကျင့်ကျင့် ဆွေးလုလုစာရွက်သားလေးမှာ ကလေးတစ် ယောက် ၏ လက်ရေး စာလုံး “ဝလုံးလေး”များ ကို တွေ့ ရသည်။ ထင်းရှူးရိပ်တဲ့။ မောင်သာနိုး၏ နိုင်ငံတ ကာ ကဗျာခံစားမှု ၊ ကျွန်တော် ထခုန်မိတော့မတတ် ပျော်ရွှင်သွားမိသည်။

အဲဒီ လို စာအုပ်မျိုးကို မင်းဖတ်ရမယ်၊ သူတို့ရဲ့ အရေး အဖွဲ့တွေ ၊ နိမိတ်ပုံတွေ ကို နားလည်အောင် လေလာပြီး ဖတ်ရမယ်။ သီချင်းစာသားတွေ ရဲ့ အခြေခံဟာ ကဗျာပဲ။ ကျော်ကြားတဲ့ ကဗျာတွေ ဟာ ကျစ်လျစ်သိပ်သည်းပြီး နိမိတ်ပုံတွေ နဲ့ ခံစားမှု တွေ အတွေးတွေ ကို ဖွင့်ဟဝန်ခံထားတာ တွေ ၊ မင်းတွေ့ ပါလိမ့်မယ်။ ရှယ်လီရဲ့ ကဗျာတွေ ၊ ဘို့ဒလယ်ရဲ့ ကဗျာတွေ ၊ ဒီမှာ ကြည့်စမ်း အမေ့ရဲ့ ဒုက္ခအိုးလေးတဲ့။ ယက်ဖ်တူရှင်ကိုရဲ့ မွေးနေ့ကဗျာထဲမှာ ထည့်သုံးသွားတာ ဘယ်လောက်လှ တဲ့ စကားလုံးလဲ၊ ငါဆာလောင်ငတ်မွတ်တိုင်း ဒီစာအုပ်ကို ကောက်လှန်ခဲ့ရတာ ။ မင်းဖတ်ဖို့ ငါငှားလိုက် မယ်နော်။

ထင်းရှူးပင်ရိပ်စာအုပ်လေးကို သေတ္တာကြီးထဲမှ ထုတ်ပေးလိုက် ခြင်း ဖြစ်သည်။ ကိုကျော့်ထံမှာ စာအုပ်ကောင်းတွေ ရှိလှချည်လား။ သူ့စာအုပ်လေးတွေ ကို ကျွန်တော့် ကို ငှားရမ်းခြင်းအတွက် ကျွန် တော် က ကျေးဇူးတင်ရသလို ကိုကျော့်ကိုလည်း ‘ဆရာ’ တစ်ယောက် အ ဖြစ် သတ်မှတ်ဖို့ ရင်ထဲမှ လှိုက် လှိုက်လှဲလှဲ လေးစားလိုက်ရသည်။

“ကဲ.. မင်းပြန်တော့၊ နောက်တစ်ပတ်မှာ စိုင်းထီးဆိုင်ရဲ့ ပလက်ဖောင်းမင်းသား အခွေထဲက သီချင်းတွေ ကို ရေး ယူလာခဲ့”

ကိုကျော့်အိမ်မှ အပြန်လမ်းမှာ ကျွန်တော် တစ်ယောက် တည်း ပျော်မြူးစွာ ပြန်လာခဲ့သည်။ ဖုန် အနည်းငယ် ကပ်နေသေးသော စာအုပ်လေးကို ရှပ်အင်္ကီင်္ျီလက်ဖျံစဖြင့် ပွတ်သပ်သုတ်လိုက်၊ ၀မ်းဗိုက် ရှိ ပုဆိုးခါးပုံစံဖြင့် သုတ်လိုက်လုပ်ရင်း စာအုပ်ကို လှန်ကြည့်လိုက်သော အခါ “ရှယ်လီ”၏ မိုးစွေငှက်သို့ ကဗျာခေါင်းစဉ်ကို တွေ့ ရသည်။

* * * * *


မိုးစွေငှက်သို့

ခရီးဦးကြိုပါရဲ့ ၊ မင်္ဂလာဝိညာဉ်ငဲ့။

ကောင်းကင်ဘုံကနေ ဝါ ကောင်းကင်ဘုံနားကနေ

မင်းရဲ့ ပြည့်ဝတဲ့ နှလုံးသားကို

မတွေးတောစဖူး အနုပညာရဲ့ ထွေပြားတဲ့ ဂီတသံတွေ နဲ့

သသွန်းချလိုက်တဲ့ မင်းဟာဖြင့် ငှက်မဟုတ်ပါဘူးကွယ်။

မြင့်စွာ ၊ ပိုလို့ပဲ မြင့်မားစွာ

မီးလျှံတိမ်လိပ်တစ်ခုလို

ကမ္ဘာမြေကနေ မင်း ခုန်တက်သွားလေတယ်။

ပြာလဲ့လဲ့ ဇဋာပြင်မှာ တောင်ပံခေတ်သွားတော့တယ်။

တေးသီရင်းပျံတက်၊ ပျံတက်ရင်း တေးသီနေတော့တယ်။

* * * * *




ဝန်ဇင်းချစ်သူများ သင်းသင်းသာ ၏ “ စင်ရော် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်ခြင်းမေတ္တာအကြောင်း သင်ကြားပေးမယ်

ဘယ်သူပြောသလဲ တစ်တောလုံးကြွေ

မိုး