Cover

သူ ဘယ်သူလဲ

♥ ♥ ♥


သင်္ချာအသိဥာဏ်ကို ခေါင်းထဲသို့ ရိုက်ထည့်ပေးသော

ဆရာဒေါက်တာခင်မောင်ဝင်းအား ဦးညွတ်အရိုအသေပြုပါသည်။

♥ ♥ ♥


I

“င့ါကိုနည်းနည်း လောက် ကူစဉ်းစားပေးပါဦးကွာ၊ ငါ ဒီမှာ ခေါင်းခြောက်နေလို့”

“ပြောလေ အစ်မ၊ ကျွန်တော် တတ်နိုင်သလောက် ကူညီပေးပါ့မယ်”

“ဒီလိုကွ..ငါတို့ခြံထဲမှာ သစ်ပင်ကြီးတစ်ပင်ရှိတယ် ကုက္ကိုလ်ပင်ကြီး၊ သစ်ပင်ကြီးကွ၊ ကြာလည်း ကြာပြီ။ အသက်လည်း တော် တော် ကြီးနေပြီကွ။ အခု အဲဒီ သစ်ပင်ကြီးနဲ့ ပတ်သက်ပြီး ငါတို့တစ်မိသားစုလုံး ခေါင်းခြောက်နေလို့”

“ဘာများ ဖြစ်လို့လဲ..”

“ဒီလိုကွ..သစ်ပင်ကြီးက ငါတို့သစ်ပင်ကြီးဆိုပေမယ့် ပင်စည်တစ်ဝက်လောက်နဲ့ အကိုင်းအခက်တွေ က ဟိုဘက်ခြံဘက်ရောက်နေတယ်။ အရင်တုန်း ကတော့ ကိစ္စမရှိပေမယ့် အခု ဟိုဘက်ခြံကို လူစိမ်းတွေ ပြောင်းလာတယ်။ အဲဒီ တော့ သစ်ပင်ကြီးနဲ့ပတ်သက်ပြီး စကားပြောရတာ ပေါ့ကွာ။ သစ်ပင်ဧရိယာ တော် တော် များများ က သူတို့ခြံဘက်ရောက်နေတာကိုး”

“အဲဒီ တော့..”

“ငါ့အဖေက အဲဒီ သစ်ပင်ကြီးကို ခုန်ပစ်ချင်နေတယ်”

“ဒါများ အစ်မရယ် ခုတ်လိုက်ပေါ့”

“အေး..အဲဒီ ခုတ်ဖို့ကို ခေါင်းစားနေတာ”

ကောင်လေး နည်းနည်း တွေ ဝေသွားလေသည်။ အတော် ကြာမှ..

“ဘာကို ခေါင်းစားနေလို့လဲ”

“ခေါင်းစားရတာ ပေါ့ကွ။ သစ်ပင်ကြီးက အကြီးကြီး။ တော် တော် လည်း မြင့်တယ်။ ခုတ်မယ်ဆိုရင် အစ်မတို့ခြံထဲကိုပဲ ခုတ်ချရမှာ လေ။ ဟိုဘက်ခြံထဲကိုလည်း ကျလို့မ ဖြစ်ဘူး။ အိမ်ရှေ့လမ်းမပေါ်ကိုလည်း ကျလို့ မ ဖြစ်ဘူး”

“အဲဒီ တော့..”

“အစ်မတို့အိမ်က သစ်ပင်ကြီးရှိတဲ့ဘက်ကိုခွာပြီး တစ်ဖက်ကို ကပ်ဆောက်ထားတာ ဆိုပေမယ့် သစ်ပင်ကြီးကမြင့်တော့ ခုတ်လိုက်ရင် အိမ်နဲ့လွတ်မလွတ် စိုးရိမ်နေတယ်။ သစ်ပင်အမြင့်ကို တက်တိုင်းကြည့်ဖို့ကလည်း မ ဖြစ်နိုင်ဘူးလေ။ အဲဒါ အစ်မတို့ တစ်အိမ်သားလုံး အိမ်နဲ့မလွတ်ပဲ အိမ်ပေါ်ကျမှာ စိုးရိမ်နေလို့။ မင်းကူညီလို့ရရင် ကူညီပေးပါဦး။ မင်းတို့ ဆိုင်ကလူတွေ က ဒါမျိုးဆို တွေးတတ်တယ်လေ”

သူမစကားကြောင့် ကောင်လေး အချိန်အတော် ကြာ စဉ်းစားသွားသည်။ အတော် ကြီးကြာတော့မှ..

“ဒါဆို အစ်မတို့လိုချင်တဲ့အချက်က သစ်ပင်ခုတ်ရင် အိမ်နဲ့ လွတ်မလွတ်ဆိုတဲ့အချက်ကို သိချင်တာပေါ့”

“ဟုတ်တယ်”

“ဒါဆိုရင်တော့ အစ်မ အချက်နှစ် ချက်ကို သိမှ ဖြစ်လိမ့်မယ်။ သစ်ပင်ရဲ့ အမြင့်နဲ့၊ သစ်ပင်နဲ့ အိမ် အကွာအဝေး။ သစ်ပင်ရဲ့ အမြင့်က သစ်ပင်နဲ့ အိမ်အကွာအဝေးထက်ငယ်နေရင် အစ်မတို့ လွတ်လွတ်လပ်လပ် လှဲလို့ရပြီလေ”

“ဟုတ်ပြီ…အစ်မလည်း အဲဒါကိုတော့ စဉ်းစားမိတယ်။ ဒါပေမယ့် သစ်ပင်နဲ့ အိမ်အကွာအဝေးက တိုင်းလို့လွယ်ပေမယ့် သစ်ပင်ရဲ့ အမြင့်က တိုင်းဖို့ခက်နေတယ်”

“အင်း..အဲဒါလည်း သိပ်မခက်ပါဘူး အစ်မ။ ကျွန်တော် တို့ ဆိုင်စဆောက်တုန်းကလည်း အစ်မတို့လိုအ ဖြစ်မျိုး တစ်ခါကြုံဖူးတယ်။ သစ်ပင်အမြင့်ကိုတိုင်းဖို့က သိပ်မခက်ပါဘူး။ လွယ်လွယ်လေးပါ။ လွယ်လွန်လို့လည်း ကျွန်တော် ခုထိ မှတ်မိနေတာ”

“ဟုတ်လား…ပြောစမ်းပါဦး”

မိန်းကလေးဘက်မှ စိတ်ဝင်စားသံမှာ အထင်းသားပေါ်သွားသည်။

“ဒီလိုဗျ. လွန်ခဲ့တဲ့နှစ် ပေါင်း ၂၅ဝဝ လောက်က ဂျီသြမေတြီပညာရှင် သေးလိ ရဲ့ ပိရမစ်အမြင့်ရှာတဲ့ ပုံသေနည်းတစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော် ၏ အရပ်နှင့် ကျွန်တော် ၏ အရိပ်တူညီသည့်အချိန်တွင် ပိရမစ်၏ အရိပ်သည်လည်း ပိရမစ်၏ အမြင့်နှင့် တူညီလိမ့်မည် တဲ့။ ဒါပေမယ့် အဲလို အရိပ်နှစ် ခုတူညီဖို့အတွက်က နေရဲ့ အမြင့်ဟာ ၄၅ံ တိမ်းစောင်းနေမှ ဖြစ်မှာ ။ အဲဒီ နည်းကို ကျွန်တော် တို့အသုံးပြုခဲ့တာ။ ဒါပေမယ့် နေရဲ့ အမြင့်ကို ၄၅ံ မြင့်အောင်ထိ မစောင့်နိုင်ခဲ့ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ သစ်ပင်လှဲဖို့အချိန်ကို အတိအကျ ဗေဒင်ဆရာဆီမေးခဲ့တာကိုး”

“အဲဒီ တော့ မင်းတို့ ဘယ်လိုဆက်လုပ် လဲ”

“လွယ်လွယ်လေးလေ အစ်မရဲ့ ၊ ကျွန်တော် တို့အရိပ်ဟာ ကျွန်တော် တို့ အရပ်ထက် နှစ် ဆ (သို့ ) သုံးဆရှိနေရင် အဲဒီ အချိန်မှာ ပဲ သစ်ပင်ရဲ့ အရိပ်ဟာ သစ်ပင်ရဲ့ အမြင့်ထက် နှစ် ဆ (သို့ ) သုံးဆရှိနေမှာ ပေါ့။ ကျွန်တော် တို့ အဲဒီ နည်းနဲ့ သစ်ပင်ရဲ့ အမြင့်ကိုရှာပြီး အချိန်မီခုတ်လှဲနိုင်ခဲ့တာ။ တကယ်တမ်းကျတော့ သစ်ပင်ရဲ့ အမြင့်ဟာ ဆိုင်နဲ့သစ်ပင်အကွာအဝေးထက် ၅ ပေလောက်နိမ့်နေတယ်။ အစ်မလည်း အဲဒီ နည်းကို သုံးကြည့်ပေါ့”

တစ်ဖက်မှ အသံတိတ်သွားလေသည်။ လက်ခံသွားတာလား ၊ စဉ်းစားသွားတာလားမသိ။ ဒါပေမယ့် တစ်အောင့်ကြာတော့…

“အေးကွာ..ကျေးဇူးပဲ။ အစ်မ အဲဒီ နည်းကို သုံးကြည့်လိုက်မယ်။ ဒါနဲ့ မင်းတို့သစ်ပင်ခုတ်တုန်းက ဒီနည်းကို ဘယ်သူအရင်စဉ်းစားမိတာလဲ”

သူမစကားကြောင့် တစ်ဖက်မှကောင်လေး ခပ်ဟဟရယ်သည်။ ပြီးတော့..

“အစ်မကလည်း သိရဲ့ သားနဲ့ ဘယ်သူရှိရမှာ လဲ..အဟင်း..ဟင်း”

“သြော်…”

စကားသံတို့ ပြတ်တောက်သွားလေသည်။

နောက် နှစ် ဖက်စလုံး ဖုန်းချသွားတော့သည်။

♥ ♥ ♥


II

နှင်းမှု န်ဖွေးဖွေးတို့က ဝေသီမှု န်ဝါးစွာ ခပ်ကျဲကျဲကျနေသည်။ ဆောင်းလေအေးအေး၏ ဆော့ကစားမှု ကြောင့် နှင်းမှု န်တို့မှာ ယိမ်းထိုးလှုပ်ရှားနေကြသည်။

ဆောင်းမနက်ခင်းတစ်ခုနှင့် လျော်ညီစွာ လမ်းမပေါ်တွင် လမ်းလျှောက်သူ၊ ပြေးသူ၊ စက်ဘီးစီးသူများ နှင့် စည်ကားနေသည်။

သူရပ်၍ လက်မှနာရီကို ကြည့်လိုက်၏ ။ စောနေသေးသည်။ ထို့ကြောင့် ဆယ့်ငါးမိနစ်လောက် ဆက်ပြေးကာ ပြန်လှည့်လာခဲ့လိုက်၏ ။ သူတို့၏ လမ်းထိပ်ရောက်တော့ ရပ်ကာ အမောဖြေမိသည်။

မြို့ပြတစ်ခုနှင့် လျော်ညီစွာ ဒီအချိန် ဘယ်သူမျှအိပ်ရာမထသေး။ ထို့ကြောင့် သူတို့အိမ်ရာ လမ်းထဲတွင် ရှင်းနေသည်။ ဒါပေမယ့် ဝီရိယရှိရှိ နိုးကြားနေသော ပုဂ္ဂိုလ်အချို့ကိုတော့ တွေ့ ရပါ၏ ။

ဟိုတစ်ကောင် ဒီတစ်ကောင်နှင့် သူပတ်ကြည့်မိတော့ လေး၊ ငါးကောင်လောက်တွေ့ ရသည်။ ထိုစဉ်မှာ ပင် သတိတစ်ျက်ရလိုက်ကာ အနီးအနားမှ ခဲလုံးကိုကောက်၍ အနီးဆုံးတစ်ကောင်ကို ပစ်လိုက်သည်။

မထိ။ ဘေးချော်သွားသည်။ သို့ သော်..

“ကိန်..ကိန်..”

ဟု မပီမသအော်ကာ ထွက်ပြေးသွားသည်။ သူမကျေနပ်။ ထို့ကြောင့် ခဲတစ်လုံးထပ်ကောက်ကာ ခပ်လှမ်းလှမ်းမှတစ်ကောင်ကို ပစ်လိုက်ပြန်၏ ။

ဒီတစ်ခါတွင် လည်း..

“ဝုတ်..ဝုတ်..ဝုတ်”

မထိပဲ အာပြဲပြနေသည်ကြောင့် နောက်တစ်လုံး ထပ်ပစ်ပေးလိုက် သည်။

“ဝုတ်..ဝုတ်…ဝုတ်”

ခပ်ဝေးဝေး ပြေးထွက်သွားသည်။

နောက်တစ်ခါ ခဲလုံးကုန်းအကောက်မှာ ပင်..

“ဂီး..ဂီး…”

ကျန်ပုဂ္ဂိုလ်များ က ဒေါခီးလာပေပြီ။ အကုန်လုံး အသင့်အနေအထားရပ်ရင်း မျက်လုံးပြူး၍ သူ့ကို ကြည့်ကာနေသည်။ သူ ဆက်မပေါက်ရဲတော့ လက်ထဲမှခဲကိုပစ်ချရင်း ခပ်မြန်မြန် လှည့်ထွက်ခဲ့လိုက်တော့သည်။ သူ၏ စမ်းသပ်မှု မအောင်မြင်ခဲ့ပါ။

ဒါပေမယ့်…

အိမ်နားအရောက်မှာ ပင် ဓာတ်တိုင်အောက်၌ ပျင်းကြောထူကာ ခွေနေသော ခွေးတစ်ကောင်ကို ထပ်တွေ့ ရသည်။ ဒီတစ်ခါတော့ သေချာပေပြီ။ မထိရန် အကြောင်းမရှိတော့။

ချက်ချင်း ပင် လမ်းဘေးမှခဲတစ်လုံးကိုကောက်ကာ သေချာချိန်တွယ်၍ ပစ်ထည့်လိုက်တော့…

“ဘုန်း”

“ဂိန်..ဂိန်…ဂိန်”

အရမ်းကာရော ထပြေးသွားလေတော့သည်။ ဘလိုင်းကြီး ညှင်းဆဲလိုက်ခြင်းအတွက် စိတ်မကောင်းတော့ ဖြစ်မိသည်။ ဒါပေမယ့်….

ခွင့်လွှတ်ပါကွယ်။

သူခေါင်းယမ်း၍ အိမ်ဆီပဲ လျှောက်လာခဲ့လိုက်တော့သည်။ ခြံဝရောက်တော့ ဈေးသွားဝီရိယကောင်းသော မေမေနှင့် တိုးသည်။

မေမေက သူ့ကို မသိမသာ အကဲခတ်ရင်း…

“စာတိုက်ကလာတဲ့စာ ရောက်နေပြီ။ သတင်းစာနဲ့ရောပေးသွားတာ။ ဧည့်ခန်းထဲကစားပွဲမှာ တင်ထားတယ်”

မေမေ့စကားကြောင့် ရင်တစ်ချက်ခုန်သွားကာ နာရီပင့်ကြည့်မိတော့..ဟုတ်ပေသားပဲ၊ ဒီနေ့ ငါ့မွေးရက် အင်္ဂါနေ့ရောက်ပြီပဲ။

သူ စိတ်လှုပ်ရှားစွာ အိမ်ထဲသို့ ဝင်ခဲ့လိုက်သည်။ ပြီးတော့ စားပွဲပေါ်မှစာကို ရင်ခုန်စွာ ဖောက်ကြည့်ရင်း..

တစ်ခဏတာ ငြိမ်သက်တိတ်ဆိတ် သွားပါ၏ ။ ပြီး စာအိတ်လေးကို ရင်ဘတ်ပေါ် တယုတယတင်ထားမိသည်။

သူ့ရင်တွေ ခုန်နေသည်။ စိတ်တွေ မတရား သိမ်မွေ့လှုပ်ရှားနေသည်။ စာအိတ်လေး ကတော့ သူ့ရင်ခုန်သံကို အနီးကပ်နားထောင်နေမည် ထင်ပါ၏ ။

ပြီးတော့ သူ့စိတ်ထဲ စကားတချို့ပြော ဖြစ်သည်။

“စာအိတ်လေးရေ..မင်းပိုင်ရှင်လည်း မင်းလို ငါ့ရင်ခုန်သံကို လာနားထောင်ပေးရင် သိပ်ကောင်းမှာ ပဲနော်…

တွေ့ ရင်ပြောလိုက်ပါကွာ၊ ငါ ရင်ခုန်နေပါပြီလို့…”

♥ ♥ ♥


ချစ်ကြိုက်၊ လွမ်းဆွေး၊ အပူ၊ အအေး

အကုန်ရသည့် ဆိုင်လေးတစ်ဆိုင်ရှိလေသည်။

ဆိုင်နာမည် လေးက “Thinking”

လွယ်လွယ်ခေါ်ရရင်တော့ အတွေးအခေါ်ဆိုင်လေးပေါ့။

အတွေးအခေါ်ဆိုင်ဆို၍ အတွေးအခေါ် ရောင်းစားသော ဆိုင်ဟု

မထင်လိုက်ပါနှင့် …

သာမန် Café & Snacks Bar ဆိုင်လေး ဖြစ်ပါသည်။

မြို့ပြကိုမှီ၍ မှိုလိုပေါက်လောက်အောင် ပေါများ လှသော

အလားတူဆိုင်များ ထဲမှ ဆိုင်လေးတစ်ဆိုင်ပါ။

ဒါပေမယ့် ထို “Thinking” ဆိုင်လေးက အများ နှင့် မတူပဲ

တစ်မူထူးနေပါသည်။

♥ ♥ ♥


ပတ်ဝန်းကျင်အခြေအနေ

ဆိုင်နေရာ အခင်းအကျင်းလေးက လမ်းဆုံလမ်းခွကျသည်။ စီးပွားရေး လုပ်လို့ ကောင်းသည်။

ညာဘက်ခပ်လှမ်းလှမ်းတွင် “Kiss” အမည် ရှိသော Mini Market တစ်ခုရှိ၍ ဘယ်ဘက်ခပ်လှမ်းလှမ်းတွင် “ ဇွတ်ကြီးပဲ ” အမည် ရှိသော တည်းခိုခန်းတစ်ခုရှိလေသည်။

ပြီးတော့ မျက်စောင်းထိုးတွင် “ဘာလာလာဒါပဲ” အမည် ရှိ အမျိုးသားသီးသန့် “Beauty Saloon” တစ်ခုနှင့်

ရှေ့တည့်တည့်တွင် ကား “Triangle” အမည် ရှိသော အထူးကုဆေးခန်းတစ်ခု ရှိလေသည်။

ကဲ…. ဘယ်လောက် စီးပွားရေး လုပ်လို့ကောင်းသနည်း။

♥ ♥ ♥


ဆွဲဆောင်မှု
>

ဆိုင်နေရာအခင်းအကျင်း ကောင်းရုံတင်မဟုတ်၊ ထိုဆိုင်မှ Customers ဆွဲဆောင်ပုံလေးက အများ တကာထက်ထူးသည်။

အခြားဆိုင်တို့မှာ များ သော အားဖြင့် အစားအသောက် quality, ဝန်ဆောင်မှု ကောင်းကောင်း၊ ဈေးနှုန်းချိုသာမှု တို့နှင့် Customers ကို ဆွဲဆောင်ကြသလောက် “Thinking” ဆိုသော ဆိုင်ကလေးမှာ တော့ ထိုအရာတို့အပြင် ရင်ခုန်စရာကောင်းသော နောက်ထပ်ဆွဲဆောင်မှု တစ်ခု ရှိသေးသည်။

အဲဒါက ဒီလိုပါ…

ဆိုင်တွင်းရှိ ခင်းကျင်းထားသော စားပွဲတိုင်းပေါ်တွင် လက်တစ်ဝါးသာသာရှိသော စာရွက်ဖြူတစ်ထပ်ထည့်ထားသော ခြင်းတစ်လုံး၊ ဆော့ပင်(သို့ ) ဘောပင်ထိုးစိုက်ထားသော ရှည်မျောမျောပန်းအိုးလှလှလေးတစ်လုံးနှင့် အတော် အသင့်ကျယ်ဝန်း၍ လှပအောင် တန်ဆာဆင်ထားသော စာတိုက်ပုံး (သို့ ) မဲပုံးတစ်ခုဆီတို့ ရှိကြသည်။

အဲဒါက ထို “Thinking” ဆိုင်လေးကို လူဝင်များ စေသော ၊ ရောင်းကောင်းစေသော ၊ ကောင်းသတင်းထွက်စေသော အဓိကအကြောင်းရင်းတစ်ချက်ပင် ဖြစ်ပါသည်။

♥ ♥ ♥


ပြုလုပ်ပုံ အဆင့်ဆင့်

လာရောက်စားသောက် အပန်းဖြေသူအားလုံးတို့သည် ထိုဆိုင်နှင့် ပတ်သက်သော မကျေနပ်ချက်ကို ဖြစ်စေ၊ အကြံပေးချက်ကို ဖြစ်စေ၊ စားပွဲပေါ်တွင် ရှိသော စာရွက်ခြင်းထဲမှ စာရွက်ကိုနှိုက်၍ ပန်းအိုးထဲမှ ဆော့ပင် (သို့ ) ဘောပင်ကိုထုတ်ကာ ရေး သားနိုင်သည်။ ပြီးတော့ စာတိုက်ပုံးထဲသို့ တံဆိပ်ခေါင်းဖိုးပေးစရာမလိုပဲ ထည့်နိုင်သည်။ ဒါက တစ်ပိုင်း။

ဒါပေမယ့် စားပွဲပေါ်တွင် စာရွက်၊ ဘောပင်နှင့် စာတိုက်ပုံး (သို့ ) မဲပုံးထားပေးခြင်းသည် အထက်ပါအကြောင်းအရာကို အဓိကရည်ညွှန်းလိုခြင်းမဟုတ်ပေ။ အဓိက ရည်ညွန်းလိုသည်က..

မည် သည့်စားသုံးသူမဆို မိမိကိုယ်ပိုင်အတွေးအခေါ်၊ ဒဿန၊ တွေ့ ရှိချက် (သို့ ) ရှိဖူး၊ ကျော်ကြားဖူးသော ကမ္ဘာကျော်အဆိုအမိန့်တစ်ခုခုကို မိမိ၏ နာမည် လိပ်စာနှင့် တကွ စာရွက်တွင် ချရေး ကာ မဲပုံးထဲသို့ ထည့်စေလိုခြင်း ဖြစ်သည်။

ဆိုင်နာမည် “Thinking” ဆိုသော ဝေါဟာရသည် အထက်ပါ အကြောင်းအရာကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။

♥ ♥ ♥


“Tinking” ၏ ဝန်ဆောင်မှု

ထိုအတွေးအခေါ် အဆိုအမိန့်စာရွက်များ ကို နံပါတ်စဉ်တပ်ကာ လတစ်လ၏ နောက်ဆုံးနေ့တိုင်း စာရွက်ပါလိပ်စာအတိုင်း ပိုင်ရှင်များ ကို ဖိတ်ကြား၍ မဲဖောက်ပေးသည်။

မဲပေါက်သော သူသည် ပထမလ၏ အတွေးအခေါ်ပိုင်ရှင် ဖြစ်ပြီး သူကိုယ်တိုင်ပင် မဲနှိုက်ကာ နောက်တစ်လ၏ အတွေးအခေါ်ပိုင်ရှင်ကို ရွေးထုတ်ပေးသည်။ (လွှဲပေးသည်)

မဲပေါက်သော အတွေးအခေါ်ကို ဆိုင်၏ အဓိကလူစိတ်ဝင်စားသော နေရာတွင် ရှိသည်။ Thinking board မှာ တစ်လတိတိ (နောက်တစ်ကြိမ်မဲမဖောက်ခင်အချိန်ထိ) တင်ထားပေးသည်။ ထိုနေ့၌ ပင် မဲပေါက်သော အတွေးအခေါ်ရှင်ကို ဆုပေးသည်။

ဆုပေးသည်ဆိုရာ၌ လည်း ဆိုင်မှ တစ်လတာ Thinking board ပိုင်ရှင်ကို ဆုအ ဖြစ်ပေးသည့် လက်ဆောင်အား မူလ Thinking board ပိုင်ရှင်မှပင် ဆိုင်ကိုယ်စားပေးအပ်ရခြင်း ဖြစ်ပေသည်။

ထို Thinking board ပိုင်ရှင်များ အားလုံးကို Thinking family ဝင်အ ဖြစ်သတ်မှတ်ကာ နှစ် ကုန်တိုင်းနှစ် ကုန်တိုင်း ဆိုင်မှ ဘုရားဖူး (သို့ ) အပန်းဖြေခရီး ပို့ဆောင်ပေးလေသည်။

ဒါက “Thinking” ၏ ဝန်ဆောင်မှု ။

♥ ♥ ♥


Thinking’s Owners

“Thinking” ဆိုင်လေးကို သူငယ်ချင်းယောက်ျားလေးနှစ် ယောက် ပေါင်းစုကာ ဖွင့်ထားခြင်း ဖြစ်ပေသည်။ စီးပွားရေး အရမဟုတ်။ ဝါသနာသက်သက်သာ။

ဒါပေမယ့် သူတို့နှစ် ယောက် ဆိုင်ကို တာဝန်ယူပုံလေးက ဆန်းသည်။ ဆိုင်ရှိ ဝန်ထမ်းအားလုံးသည် တစ်လလျှင် တစ်ယောက် ဆိုင်တာဝန်ခံရာထူးကိုယူ၍ အလှည့်ကျ ကောကင်တာထိုင်ရမည် ။

ဒါ သူတို့နှစ် ယောက် ထားသော စည်းကမ်း။

ထိုအပေါ်တွင် မူ သူတို့နှစ် ယောက် က ဆိုင်၏ စာရင်းဇယားငွေကြေးမှစလို့ ကိစ္စအဝဝအားလုံးတို့အား တစ်ယောက် တစ်လစီတာဝန်ယူသည်။ ယခု တာဝန်ယူထားသော တစ်ယောက် သည် လကုန်၍ မဲဖောက်ပေးရမည့် နေ့တွင် ပင် ဆိုင်နှင့် ပတ်သက်သော ကိစ္စအားလုံးကို နောက် တစ်ယောက် ထံ လွှဲပေးသည်။ ထိုအချိန်မှစ၍ ဆိုင်တာဝန်အားလုံးသည် ပထမ တစ်ယောက် နှင့် မဆိုင်တော့ လွှဲယူသူ ဒုတိယ တစ်ယောက် နှင့် သာ ဆိုင်သွားပေသည်။

ဒါက ဆိုင်ပိုင်ရှင် သူငယ်ချင်းနှစ် ယောက် ၏ ခပ်ဆန်းဆန်း စိတ်ကူး။ သူတို့နှစ် ယောက် နာမည် က…

မိုးနှင့် ဆောင်း

♥ ♥ ♥


(11: 00) AM

“Thinking” ဆိုသော ဆိုင်လေး၏ မလှမ်းမကမ်းနေရာတွင် ကောင်လေး တစ်ယောက် က ကောင်မလေး တစ်ယောက် ကို ရည်းစားစကားလိုက်ပြောနေသည်။

ကောင်မလေးပုံစံက လန်းသည်။ ဆန်းသည်။ ရွှေအိုရောင် ဆံပင်ပျော့ပျော့နှင့် ဝင်းမွတ်သော မျက်နှာက ဥရောပဆန်ဆန် ကျက်သရေရှိနေသည်။ ကောင်လေးပုံစံက လုံးဝဂေါ်လီ။ ဂေါ်လီအကြီးစားတော့ မဟုတ်။ ဝတ်ပုံစားပုံ၊ သွားပုံလာပုံ စတိုင်ကျသော ဂေါ်လီအသေးစား။

မြင်သူတိုင်း ကတော့ လိုက်ဖက်သော မြင်ကွင်းတစ်ခုဟု ယူဆကြပေမည် ။ ဒါပေမယ့် ကာယကံရှင်နှစ် ယောက် က ထင်သလိုမဟုတ်။ သူတို့နှစ် ယောက် ကြားမှာ မီးတောက်သေးသေးတစ်ခု လောင်မြိုက်နေသည်။ ကောင်မလေးမျက်နှာမှာ ဒေါသကြောင့် လား၊ စိတ်အိုက်မှု ကြောင့် လားမသိ၊ အနည်းငယ် တင်းစေ့ပြတ်သားနေသလောက် ကောင်လေး ကတော့ အောက်ကျို့အသာနားခံသည့်အရိပ်တွေ ပေါ်နေပါ၏ ။

လျှောက်လာကြရင်း မီးတောက်မှာ ကြီးလာသည့်သဘောရှိသည်။ သဘောထားမတူသော စကားသံတွေ က ပုံမှန်ထက် ကျယ်ကာလာသည်။

ဒီလိုနှင့် “Thinking” ဆိုင်ရှေ့သို့ အရောက်တွင် ကောင်လေးမှာ ဘာစိတ်ကူးပေါက်သွားသည်မသိ။ ဆိုင်ထဲသို့ တစ်ချက်ကြည့်ကာ ကောင်မလေးလက်အားဆွဲ၍ စကားပြောတော့သည်။ ဒီမှာ တင် ဇာတ်လမ်းက စပါတော့၏ ။

♥ ♥ ♥


“ငါ နင့်ကိုအရမ်းချစ်တယ် ဆေတန် ရာ။ ငါ့စကားကို ဒုတိယအကြိမ် ထပ်လက်ခံပေးပါ”

ကောင်လေး၏ အဆင့်ကျော်သွားသော အပြုအမူကြောင့် ကောင်မလေးကလက်ကို အတင်းဆောင့်ရုန်းသည်။ ကောင်လေးကလည်း မလွှတ်တမ်းကိုင်ထားသည်မို့ ရုန်းရင်းဆန်ခတ် အနည်းငယ် ဖြစ်သွားရာ ဆိုင်ထဲမှလူအများ စုမှာ ခေါင်းတွေ ထောင်ကုန်ပါ၏ ။

ထိုစဉ်မှာ ပင် ကောင်မလေးက ရှက်ဒေါသသံကျယ်ကျယ်ဖြင့် ကောင်လေး လုံးဝမျှော်လင့်မထားသော စကားကို ပြောချလိုက်လေသည်။

“နင် ဘောလုံးပွဲကြည့်ဖူးလား”

“ဟင်…အင်..ကြည့်..ကြည့်ဖူးပါတယ်”

“ဒါဆို လူကျွံသွားရင် ဒိုင်လူကြီးက ဘာလုပ်လဲ”

“ကျွံသွားတဲ့အသင်းကို အပြစ်ပေးတာပေါ့”

“အခု နင်က လူကျွံရုံတင်မကဘူး…စကားပါကျွံလာတယ်။ အဲဒီ တော့ ဘာလုပ်သင့်လဲ”

ကောင်လေး၏ တအံ့တသြအမေးကြောင့် ကောင်မလေးမှာ မထိတရိပြုံးပန်းပွင့်သွားလေသည်။ ပြီးတော့..

“ဘာလုပ်ရမလဲဆိုတော့ အပြစ်ပေးရမှာ ပေါ့။ ဒါပေမယ့် ဘောလုံးပွဲမှာ လိုတော့ ငါခြေထောက်နဲ့ မကန်တတ်ဘူး။ လက်နဲ့ပဲ ကန်တတ်တယ်”

မကြာပါ။

“ဖြန်း” ဟူသော အသံမှာ အနီးအနားမှာ “ခို” တွေ ထပျံပြေးသွားသည်အထိ အရှိန်အဟုန်ပြင်းသွားလေသည်။

နောက် ကောင်မလေးမှာ မည် သူ့ကိုမျှ တစ်ချက်လှည့်မကြည့်ပဲ သူမဦးတည်ရာသို့ ဆက်လက်လျှောက်လှမ်းသွားလေတော့သည်။

♥ ♥ ♥


15 minutes earlier

(10:45) AM

“Thinking” ဆိုင်ထဲတွင် ဖြစ်သည်။

စားပွဲဝိုင်းတစ်ဝိုင်း၌ ယောက်ျားလေးနှစ် ယောက် နှင့် မိန်းကလေးနှစ် ယောက် ထိုင်နေကြသည်။

“ဟေ့ကောင်..သေချာတယ်နော်”

“သေချာပါတယ်ကွာ…စိတ်ချ၊ ဆေတန် ဒီလမ်းကလာမှာ ။ သူဒီအချိန်ဆို ငါ့ဆိုင်ရှေ့က ဖြတ်သွားနေကျ”

ထိုစကားကြောင့် မေးသူကောင်လေးမှာ စိတ်လှုပ်ရှားပုံပေါက်သွားကာ လက်ဝါးချင်းပွတ်သည်။

အဲဒါဆိုရင်တော့ ငါတစ်ခါတည်း အဖြေတောင်းတော့မယ်ကွာ။ ဆေတန် ငါ့ကို အရူးကွက်နင်းနေတာကြာပြီ။ ဒီနေ့တော့ ဖြစ်ချင်ရာ ဖြစ် လက်ဆွဲပြီး အဖြေတောင်းသင့်ရင်လည်း တောင်းရမယ်

“ဟဲ့.. ဖြစ်ပါ့မလား”

ကောင်မလေး တစ်ယောက် က စိုးရိမ်သလို မေးသည်။

“ ဖြစ်ပါတယ်ဟာ။ ဒီလောက်တော့ စွန့်စားရမှာ ပေါ့”

ထိုစကားကို မည် သူမျှ ဆက်မထောက်ပေးပါ။ သို့ သော် တစ်ယောက် က..

“ဟေ့ကောင်…ကြည့်လည်းလုပ်ဦးနော်။ ဒီနေ့ မင်း Thinking board လွှဲပေးရမှာ ၊ (၁၂) နာရီထိုးဆိုစပြီ။ အခုတောင် လူတွေ တော် တော် ရောက်လာပြီ။ တော် ကြာ လူတွေ အများ ကြီးရှေ့မှာ အရှက်ကွဲနေဦးမယ်”

စိုးရိမ်တကြီးပြောသော သူငယ်ချင်းယောက်ျားလေး၏ စကားကြောင့် သူပြုံးလိုက်ကာ လေသံအေးအေးဖြင့်

“မိန်းကလေးတွေ မှာ နှစ် မျိုးရှိတယ်ကွ။ အဲဒါ မင်းတို့သိလား”

သူ့စကားကြောင့် ယောက်ျားလေး တစ်ယောက် မှာ ခေါင်းယမ်း၍ မိန်းကလေးနှစ် ယောက် မှာ စိတ်ဝင်စားဟန်ပြသည်။

“ပထမတစ်မျိုးက ရှေးကျပြီး ဒုတိယတစ်မျိုးက ခေတ်ဆန်တယ်။ ပထမမိန်းကလေးမျိုးက ခေတ်နဲ့ညီအောင် ပြောဆိုနေထိုင်တတ်ကြပေမယ့် သူတို့ရဲ့ အငုပ်စိတ်မှက ရှေးအယူတွေ မှီခိုတတ်တယ်။ ဆိုလိုတာက အရှက်အကြောက်ကြီးတယ်ပေါ့ကွာ။ သူတစ်ပါးကို မှီခိုတတ်တယ်။ လူများ တဲ့ နေရာ၊ လူရှုပ်တဲ့နေရာမျိုးဆို မသွားရဲ၊ မလာရဲဘူး။ အဲလိုနေရာမျိုးမှာ သူတို့က က္ကနြေ္ဒကို အတတ်နိုင်ဆုံးထိန်းတယ်။

ဒုတိယတစ်မျိုးကျတော့ အစစအရာရာ ပထမတစ်မျိုးနဲ့ ဆန့်ကျင်ဘက်ပေါ့ကွာ။ ပွင့်လင်းတယ်၊ ရဲတင်းတယ်၊ လူမကြောက်ဘူး။ အထူးသဖြင့် ယောက်ျားလေးတွေ နဲ့ ရင်ပေါင်တန်းနိုင်တယ်။ အဲဒီ တော့ မင်းတို့အမြင်မှာ ဆေတန်က ဘယ်လိုမိန်းကလေးမျိုး ဖြစ်မယ်ထင်လဲ”

သူ့စကားကို အကုန်လုံး ခေါင်းယမ်းကြသည်။ ပြီး တစ်ယောက် က..

“အပြင်အဆင် အနေအထိုင်တွေ အားလုံး ကတော့ ဒီဘက်ခေတ်ကလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်ကိုတော့ ငါမခန့်မှန်းတတ်ဘူး။ သူတို့ကို မေးကြည့် သူတို့က မိန်းကလေးချင်းဆိုတော့ ပိုသိမှာ ပေါ့”

ထိုစကားကြောင့် ကောင်မလေးနှစ် ယောက် မှာ ပျာပျာသလဲပင် ခေါင်းယမ်းကြရင်း..

“အာ…ငါတို့လည်း မခန့်မှန်းတတ်ဘူး။ ဆေတန်က ခန့်မှန်းရခက်တယ်ဆိုတာ နင်တို့လည်း သိသားနဲ့”

နောက် ကောင်မလေး တစ်ယောက် က..

“ဒါနဲ့နေပါဦး..နင်က အဲဒါတွေ သိပြီး ဘာလုပ်ဖို့လဲ”

“ငါခုနပြောပြီးသားပဲဟ။ ဒီလိုလူရှုပ်တဲ့ ဆိုင်ရှေ့တည့်တည့်မှာ လက်ဆွဲပြီး အဖြေတောင်းရင် ဘယ်လိုတုံ့ပြန်မလဲသိချင်လို့။ ဆိုလိုတာက ပထမ မိန်းကလေးလား၊ ဒုတိယ မိန်းကလေးလားပေါ့”

ထိုစကားကြောင့် အကုန်လုံး သက်ပြင်းချသံတွေ ကို ကြားရသည်။ တစ်အောင့်ကြာတော့ အဖြေတောင်းမည့် ကောင်လေးက..

“Thinking board မှာ တင်ထားတဲ့ ငါ့ရဲ့ ဒုတိယ ဒဿနဖွင့်ဆိုချက်အတိုင်းတော့ မ ဖြစ်လောက်ပါဘူးနော်”

“ဘာလဲ..မုန်းရင်လည်း သူ့ကိုရိုက်တယ်ဆိုတဲ့စကားလား”

“အေး”

“ပထမဖွင့်ဆိုချက်အတိုင်းပဲ ဖြစ်ပါစေလို့ ဆုတောင်းပေါ့ကွာ”

ထို့နောက်မှာ တော့ သူတို့တွေ အားလုံး ဒုတိယမ္ပိ တိတ်ဆိတ်သွားကြလေတော့သည်။

သိပ်မကြာလိုက်ပါ။ ထိုင်နေသော မိန်းကလေး တစ်ယောက် က-

“ကဲ..အဲဒါဆို ငါတို့သွားတော့မယ်။ ငါတို့ကို ဆေတန်တွေ့ သွားရင် မကောင်းဘူး”

“ဟုတ်တယ်…ငါလည်း သွားတော့မယ်ကွာ”

နောက်ထိုင်နေသော စားပွဲဝိုင်းဆီမှ ကောင်လေး တစ်ယောက် နှင့် ကောင်မလေး တစ်ယောက် ထထွက်သွားလေသည်။ စားပွဲဝိုင်းတွင် တော့ ကောင်လေး တစ်ယောက် နှင့် ကောင်မလေး တစ်ယောက် သာ ကျန်ခဲ့ပါ၏ ။

တစ်အောင့်ကြာတော့..

“ဟိုမှာ ဆေတန်လာပြီ”

ကောင်မလေး၏ စကားသံကြောင့် ထိုကောင်လေးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ပြီးတော့ ညွန်ပြရာဆီသို့ ကြည့်သည်။ ကောင်လေးမျက်နှာမှာ ရင်ခုန်ရိပ်သို့ ကြီးစိုးသွားပြီးသည့်နောက်

“ငါလစ်တော့မယ်ဟာ။နင်လည်း အတွင်းဝိုင်းကိုရွေ့တော့”

“အေး”

မကြာလောက်သော အချိန်တစ်ခုမှာ ပင်….

♥ ♥ ♥


“ဆေတန်…ငါပြောထားတဲ့စကားကို စဉ်းစားပြီးသွားပြီလား”

“. . . ..”

“ဆေတန်..ငါ နင့်ကို တကယ်ချစ်တာပါကွာ”

“……..”

“ဆေတန် ……..”

“ဆေတန် ………..”

စိတ်မရှည်တော့၍ ထင်သည်။ ဆေတန်ဆိုသော ကောင်မလေးက ကောင်လေးကို သေချာကြည့်သည်။ ပြီးတော့ တိကျပြတ်သားသော လေသံဖြင့် ….

“နင့်ကိုငါ ဘယ်နှစ် ခါပြောရမလဲ။ ငါနင့်ကို သူငယ်ချင်းထက် မပိုနိုင်ပါဘူးလို့၊ အခုလောက်သည်းခံနေတာတောင် ငယ်ငယ်ကတည်းက ခင်လာတဲ့သံယောဇဉ်ကြောင့် မို့လို့ဆိုတာ နင်နားလည်လား”

ကောင်မလေးစကားကြောင့် ကောင်လေးမှာ အနည်းငယ်အမ်းသွားသည်။ ဒါပေမယ့်..

“ဆေတန်..နင်စကားကို ဖော့မပစ်နဲ့။ ငါ နင့်ကို ချစ်တယ်လို့ပြောတာ။ နင်ပြောရမယ့်အပိုင်းက ချစ်တယ် မချစ်ဘူးပဲ။ သူငယ်ချင်းထက်ပိုတာတွေ ၊ မပိုတာတွေ ငါနဲ့မဆိုင်ဘူး။ ငါသိချင်တာ ချစ်တယ် မချစ်ဘူး…Yes or No”

ကောင်လေးစကားကြောင့် ကောင်မလေးမှာ နှုတ်ခမ်းကိုကိုက်ရင်း၊ ခြေကိုဆောင့်ကာ လျှောက်သွားသည်။ ကောင်လေးကလည်း ပျာပျာာသလဲ နောက်ကလိုက်သည်။ ထိုအချိန်၌ ပင် သူတို့နှစ် ယောက် မှာ Thinking ဆိုင်ရှေ့သို့ ရောက်သွားလေပြီ။

နောက်ကောင်လေးမှာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ဟန်မျိုးဖြင့် ဆိုင်ထဲသို့ တစ်ချက်လှမ်းကြည့်သည်။ ပြီးတော့ ကောင်မလေးလက်ကို ကောက်ဆွဲလိုက်ကာ..

“ငါ နင့်ကို အရမ်းချစ်တယ် ဆေတန်ရာ။ ငါ့စကားကို ဒုတိယအကြိမ် ထပ်လက်ခံပေးပါ”

……………………..

………………………..

………………………..

………………………

“ဘာလုပ်ရမလဲဆိုတော့ အပြစ်ပေးရမှာ ပေါ့။ ဒါပေမယ့် ဘောလုံးပွဲမှာ လိုတော့ ငါခြေထောက်နဲ့ မကန်တတ်ဘူး။ လက်နဲ့ပဲ ကန်တတ်တယ်”

♥ ♥ ♥


III

“ဖြန်း”

အနီးအနားမှ ခိုတစ်အုပ် ထပျံသွားသည်။ ကောင်မလေးမှာ မည် သူ့ကိုမျှ တစ်ချက်လှည့်မကြည့်ဘဲ သူမဦးတည်ရာကို ဆက်လက်လျှောက်လှမ်းသွားလေသည်။ ကောင်လေးမှာ မယုံကြည်နိုင်သော အကြည့်တွေ ဖြင့် ပါးကိုလက်ဝါးဖြင့် အုပ်ရင်း ကျန်ခဲ့ပါတော့သည်။

ချက်ချင်း ပင် ဆိုင်ထဲမှ ခုန သူငယ်ချင်းကောင်မလေး ပြေးထွက်လာသည်။ သို့ သော် သူမသည်လည်း အံ့သြမှု တို့ဖြင့် ကြောင်ငေးနေပါ၏ ။

“လာ..ငါတို့ဆိုင်ထဲပြန်ဝင်ရအောင်။ အချိန်နီးနေပြီ”

“ငါ မလိုက်တော့ဘူး။ ပြန်တော့မယ်ဟာ”

ကောင်မလေးက စိတ်မကောင်းစွာ ခေါင်းယမ်းရင်း…

“နင် ဒီနေ့ Thinkingboard လွှဲပေးရမှာ လေ”

ထိုစကားကြောင့် အရိုက်ခံရသူကောင်လေးက ဆိုင်ထဲသို့ စူးစူးနစ်နစ်ကြည့်သည်။ သူ့အကြည့်တွေ က သူကိုယ်တိုင်ရေး ထိုးထားသည့် Thinkingboard မှ သူ၏ ဒဿနဆီသို့ ..

နောက် မျက်လုံးအကြည့်ကိုလွှဲရင်း နာနာကြည်းကြည်းပြုံးလိုက်ကာ..

“ငါဆိုင်ထဲ ပြန်မဝင်ချင်တော့ဘူး။ ငါ့အစား နင်ပဲနေခဲ့လိုက်တော့”

ပြောပြီးပြီးချင်း ကောင်မလေးမှာ ဆိုင်ကိုကျောခိုင်း၍ (ဝါ) Thikingboard မှ ဒဿနကိုကျောခိုင်း၍ တစ်လှမ်းချင်းထွက် သွားပါတော့သည်။

“ဟဲ့..နေဦးလေ”

ကောင်မလေးက လှမ်းတားသည်။ သို့ သော် …

နောက် ကောင်မလေးမှာ လည်း တစ်ယောက် ထဲ ကြောင်တောင်တောင်နှင့် မကြာခင်မှာ ပဲ သူမလည်းပဲ ဆိုင်ရှေ့မှ ထွက် သွားပါတော့၏ ။

♥ ♥ ♥


(11:00)AM

“ဆောင်း..ဟိုမှာ ကြည့်စမ်း။ ဟိုနှစ် ယောက် တော် တော် လိုက်တယ်”

မိုး စကားကြောင့် ဘာရယ်မဟုတ်။ ဆောင်းအပြင်သို့ လှမ်းကြည့်လိုက်သည်။ ဟုတ်သည်။ သန့်ပြန်ပေါ်လွင်သော အဆင်အပြင်တွေ ဖြင့် ကောင်လေးနှင့် ကောင်မလေးမှာ တော် တော် ကြည့်လို့ကောင်းပါ၏ ။

“ဟေ့ကောင်…ငါ ဒီကောင်လေးကို မြင်ဖူးသလိုပဲ”

(ကောင်လေးဟု သုံးလိုက်သော်လည်း အမှန်က သူတို့နှင့် အသက်သိပ်ကွာဟန်မတူသေး။ ကောင်မလေးမှာ လည်း ထိုအတိုင်း)

“မြင်ဖူးမှာ ပေါ့ကွ…အဲဒါ ဒီလရဲ့ ငါတို့ Thinkingboard ပိုင်ရှင် ခက်ဆစ်ဆိုတာလေကွာ”

ထိုအခါမှ ဆောင်း ရုပ်လုံးကွဲသွားသည်။

“ဟာ..ဟုတ်သားပဲ။ ငါ မျက်နှာကို သေချာမှတ်မထားလိုက်ဘူး။ မြင်ဖူးတယ်လို့တော့ ထင်နေတာ”

“ကောင်မလေးက တော် တော် မိုက်တယ်နော်…ဆောင်း”

မိုးစကားကြောင့် ဆောင်း ကောင်မလေးကို သေချာကြည့်လိုက်ကာ..

“အင်း..မဆိုးပါဘူး။ သူတို့နှစ် ယောက် လိုက်ပါတယ်”

ဆောင်း ပြောနေရင်းမှပင် ကောင်မလေးမှာ မျက်နှာထားတင်းတင်းနှင့် ခြေကိုဆောင့်ကာ လျှောက်လာသည်ကြောင့် …

“ကောင်မလေးစိတ်ဆိုးနေလို့ ခက်ဆစ်လိုက်ချော့နေတာနဲ့ တူတယ်ကွ”

သူတို့ကြည့်နေရင်းမှပင် နှစ် ဦးလုံးမှာ ဆိုင်ရှေ့သို့ ရောက်လာပါ၏ ။ ထိုစဉ်မှာ ပင် ခက်ဆစ်က ချစ်သူတွေ ကြားမှာ မထူးဆန်းသော အရာတစ်ခုကို ပြုလုပ်လိုက်သည်။အဲဒါက ကောင်မလေးလက်ကို လှမ်းကိုင်လိုက်ခြင်း။

သို့ သော် ကောင်မလေး၏ တုံ့ပြန်မှု ကတော့ ခက်ဆစ်ပင်မဟုတ်။ ဆိုင်အပေါ်ထပ် မှန်လုံခန်းအတွင်းမှ သူနှင့် မိုးကိုပါ အံ့အားသင့်သွားစေသည်။

“ဖြန်း” ဟူသော အသံကိုတော့ မှန်လုံခန်းအတွင်းမှာ မို့ သူတို့မကြားလိုက်။ ဒါပေမယ့် ပါးရိုက်လိုက်တယ်ဆိုတာတော့ သေချာသည်။ နောက် ကောင်မလေးက ဆက်လျှောက်သွားသည်။ ခက်ဆစ်က ရပ်ကျန်ခဲ့သည်။ ပြီး ဆိုင်ထဲက ခက်ဆစ်သူငယ်ချင်း ဖြစ်ဟန်တူသူ ကောင်မလေး တစ်ယောက် ပြေးထွက်လာသည်ကို တွေ့ ရပါ၏ ။

မကြာလိုက်သော အချိန်အတွင်းမှာ ပင် ခက်ဆစ်မှာ ဆိုင်ရှေ့မှ လှည့်ထွက်သွားတော့သည်။

“ဟေ့ကောင်..မိုး၊ ခက်ဆစ်က ဒီနေ့ Thinkingboard လွှဲပေးရမှာ မလား။ သူ့ပုံစံကြည့်ရတာ ပြန်သွားတဲ့ပုံပဲ”

သူ့စကားကြောင့် မိုး ကြည့်နေရာမှ ခေါင်းကိုယမ်းကာ..

“မသိဘူးကွာ။ ပြန်သွားတော့လည်း ဆိုင်မှာ ရှိတဲ့ တစ်ယောက် အစားထိုးပြီး မဲနှိုက်ခိုင်းတာပေါ့။ ဘယ်တတ်နိုင်မလဲ။ အချိန်တောင် တော် တော် နီးနေပြီ”

မိုး အပြောကြောင့် ဆောင်း နာရီကို လှမ်းကြည့်လိုက်သည်။ ဟုတ်သည်။ အစီအစဉ်စပေတော့မည် ။

♥ ♥ ♥


(11 :03) AM

“Thinking” ဆိုင်ရှေ့မှ ဖြစ်ပျက်သွားသော ကိစ္စတစ်ခုကို မလှမ်းမကမ်း “ဘာလာလာ ဒါပဲ” အမည် ရှိ ဆိုင်ထဲမှ တစ်စုံ တစ်ယောက် က ကြည့်နေသည်။ ပြီးမှ မချင့်မရဲဖြင့် စိတ်မကောင်းစွာ စုတ်တစ်ချက်သပ်လိုက်တော့၏ ။

“ကျွတ်”

♥ ♥ ♥


ထို့အတူ “Thinking” ဆိုင် ညာဘက်ခပ်လှမ်းလှမ်းမှ “Kiss” အမည် ရှိ Mini Market အတွင်းမှလည်း အ ဖြစ်အပျက်အားကြည့်၍ စိတ်မကောင်းသူမိန်းကလေးတစ်ဦး ရှိနေပေသည်။

သူမ ကတော့ မသက်မသာ ခေါင်းကိုယမ်းရင်း ခပ်တိုးတိုးညည်းသည်။

“စိတ်မကောင်းလိုက်တာ ခက်ဆစ်ရယ်”

♥ ♥ ♥


IV

စာရင်းစာအုပ်ကြီးကိုင်ကာတတ်လာသော သီဟကို သူနှင့် မိုးလှမ်းကြည့်လိုက်သည်။

“ရော့…အစ်ကို..ဒါ ဆိုင်ရဲ့ တစ်လတာ စာရင်းချုပ်နဲ့ နောက်လအတွက် ပစ္စည်းဝယ်ရမယ့် စာရင်းကြမ်း”

သီဟထိုးပေးသော စာအုပ်ကိုလှမ်းယူရင်း..

“မင်းတို့ ဂျူတီချိန်းပြီးသားပြီလား”

“ဟုတ်ကဲ့..အစ်ကို၊ ချိန်းပြီးသွားပြီ”

“ဒါဆို အခု မင်းကောင်တာထိုင်ရမယ့် အလှည့်ပေါ့”

“ဟုတ်ကဲ့”

“နောက်..မင်းပြီးရင် ဘယ်သူလလဲ”

“ဇော်မင်းပါ”

ဆောင်း ခေါင်းတဆတ်ဆတ်ညိတ်ရင်း စာရင်းစာအုပ်ကို လှမ်လှောကြည့်မိသည်။ ထိုစဉ်မှာ ပင်

“အစီအစဉ်စလို့ရပြီ အစ်ကို။ အောက်မှာ လူစုံနေပြီ”

ဒီလိုနှင့် ပဲ သူတို့သုံးယောက် အောက်ဆင်းခဲ့ကြပါသည်။ အောက်ောက်တော့ သီဟပြောသည့်အတိုင်းပင် လူတော် တော် စုံနေပြီ ဖြစ်သည်။မကြာခင်မှာ ပင် အစီအစဉ်စပါ၏ ။

မဲနှိုက်တော့ ခက်ဆစ်မရှိတော့၍ သီဟကပင် ခက်ဆစ်အစား နှိုက်ပေးသည်။

မဲလိပ်ပေါက်သည့် နံပါတ်က (၇)။

နာမည် က ကိုသန်းထိုက်။

ကိုသန်းထိုက်၏ အတွေးအခေါ်ဆန်ဆန် ဒဿနလေးက ဆန်းသည်။

“ယောက်ျား မိန်းမ၊ ယောက္ခမ၊ ယောက် ဖတို့၏ လျှို့ဝှက်ချက်” တဲ့။

မကြာခင်မှာ ပင် ပရိသတ်ထဲမှ ကိုငန်းထိုက်ဆိုသူထွက်လာပြီး သူ၏ ဒဿနကို ရှင်းတော့သည်။

“ယောက်ျား မိန်းမ၊ ယောက္ခမ၊ ယောဖတို့၏ လျှို့ဝှက်ချက်ဆိုတာကို ကျွန်တော် မဖော်ထုတ်ခင် စကားနည်းနည်း ပြောချင်ပါတယ်”

ဟု အစပြုကာ..

“ယောက်ျား တစ်ယောက် ဟာ မိန်းမယူတော့မယ်ဆိုတာနဲ့ အရင်ဆုံးလေ့လာရမှာ က ကိုယ်ယူမယ့်မိန်းကလေးကို မဟုတ်ပါဘူး။ အဲဒီ မိန်းကလေးမှာ ကိုတော် ရမယ့် ယောက္ခမနဲ့ယောက် ဖ ရှိမရှိဆိုတဲ့ အချက်ပဲ။ ယောက္ခမနဲ့ယောက် ဖ နှစ် မျိုးလုံးရှိမယ်ဆိုရင်တော့ စဉ်းစားရပါတော့မယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူတို့သာ ရှိနေရင် ကိုယ့်အိတ်က တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ လှုပ်တော့မှာ မို့လို့ပါ”

ကိုသန်းထိုက်ပြောစကားကြောင့် နားထောင်နေသူအားလုံး စိတ်ဝင်စားသွားကြသည်။ ဘယ်လို အိတ်လှုပ်မှာ လဲ ?

“အားလုံးကထင်ထားကြတယ်ပေါ့…ယောက္ခမဆိုတာ ကိုယ်ယူမယ့်မိန်းကလေးရဲ့ မိဘပဲလို့။ အဲဒါကိုမှ ယောက္ခမလို့ ခေါ်တယ်လို့ပေါ့။ အမှန်က မဟုတ်ပါဘူး။ ယောက္ခမဆိုတဲ့ စကားဟာ အရမ်း အစဉ်အလာကြီးပါတယ်။ ဘာ ဖြစ်လို့လဲ..ယောက္ခမဆိုတာ ကိုယ်ရောက်သွားတာနဲ့ သူ့ကို ခခယယဆက်ဆံရပြီး စီးပွားရေး မကောင်းရင် ကိုယ့်အိတ်ထဲက စိုက်ပြီးပဲ မစနေရလို့ ယောက္ခမလို့ခေါ်တာပါ။ ခေါ်ချင်လို့ခေါ်နေတာ မဟုတ်ပါဘူး”

ထိုစကားကြောင့် နားထောင်နေသူအကုန်လုံးမျက်နှာတွေ ပြုံးကုန်ကြသည်။ယောက္ခမနှင့် ပတ်သက်၍ တော် တော် ခံစားချက်ပြင်းထားပုံရပါ၏ ။

“ယောက် ဖဆိုတာလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် ယောက် ဖဆိုတာ စကားလုံးအမှန် မဟုတ်ပါဘူး။ အမှန်က ယောက် ဖားပါ။ အဓိပ္ပါယ် ကတော့ အားလုံးသိကြတဲ့အတိုင်း ရောက်တာနဲ့ဖားရလို့ ယောက် ဖားလို့ ခေါ်တာ ဖြစ်ပါတယ်။ အဲဒီ ကနေမှ အချိန်တွေ ၊ နှစ် တွေ ကြာလာတော့ ယောက် ဖကနေ ယောက် ဖဆိုပြီး ဖြစ်လာတာပါပဲ။ အဲဒီ တော့ ယောက်ျားလေး တစ်ယောက် မိန်းမယူတော့မယ်ဆို ကိုယ်ယူမဲ့မိန်းကလေးကို အရင်မလေ့လာပဲ သူ့မှာ ကိုယ်တော် ရမယ့် ယောက္ခမနဲ့ယောက် ဖ ရှိမရှိသေချာလေ့လာပြီးမှယူပါ လို့ အကြံပေးချင်ပါတယ်။ ကျွန်တော် တို့အိတ်ကပ်တွေ မလှုပ်ရေး ၊ မပါရေး ပေါ့”

ကိုသန်းထိုက်အကြံပေးချက်က လက်ခံလောက်ပေသည်။ လက်ခံလောက်သည့် ဘောင်တစ်ခုဝင်နေသည် မဟုတ်ပါလား။

ထိုစဉ်မှာ ပင် ကိုသန်းထိုက်၏ ဒဿနရှင်းသံက ထပ်မံထွက်ပေါ်လာပါ၏ ။

“ယောက္ခမနဲ့ ယောက် ဖပြီးတော့ လက်ထပ်ပေါင်းသင်းရမယ့် ကာယကံရှင်နှစ် ယောက် အပိုင်းပဲ။ ယောက်ျားလေးနဲ့ မိန်းကလေး အပိုင်းပေါ့။

အားလုံးက လက်ခံထားကြတယ် လင်မယား ဖြစ်ပြီဆိုတာနဲ့ ယောက်ျား ဖြစ်သူက မိန်းမ ဖြစ်သူကို လုပ်ကျွေးရမယ်လို့ပေါ့။ အဲဒီ အယူအဆဟာ လုံးဝကို မှားယွင်းပါတယ်။ ဘာ ဖြစ်လို့လဲ..ဒီလိုပါ ကမ္ဘာဦးအစကတည်းက အခုချိန်ထိ မိန်းကလေးဆိုတာ အားနွဲ့တဲ့အမျိုးဆိုတဲ့ အယူအဆက လူတိုင်းရဲ့ စိတ်မှာ သန္ဓေတည်နေလို့ပဲ ဖြစ်ပါတယ်။ ဘုရားသခင်က အာဒဒမ်လုပ်ကျွေးစေလို့ မိန့်ခဲ့တာလည်း မိန့်ခဲ့တာပေါ့။ ဒါပေမယ့် သေချာနှိုင်းယှဉ်စဉ်းစားကြည့်ရင် ယောက်ျားလေးနဲ့ မိန်းကလေးက ဘာမျှမကွာပါဘူး။ အချို့နေရာတွေ မှာ ဆို ယောက်ျားလေးတွေ ထက်တောင် မိန်းကေးတွေ က စွမ်းဆောင်ရည်သာတာကို တွေ့ ရပါတယ်။ ဥပမာပြောရရင်တော့ မိန်းကလေးတွေ ဟာ မွေးကတည်းက ယောက်ျားလေးတွေ ထက်သာတဲ့ စွမ်းရည်တစ်မျိုးရှိပြီးသားပါ။ အဲဒါဘာလဲ။ ရှင်းရှင်းလေးပါ။

ဘယ်ယောက်ျားလေးမှ ကလေးမမွေးနိုင်ပါဘူး။ လူ တစ်ယောက် ကို ဖန်ဆင်းနိုင်ခြင်းသည် ယောက်ျားလေးတွေ ဘယ်လိုမှလိုက်မမီတဲ့ မိန်းကလေးတွေ ရဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မို့လည်း မိန်းကလေးလို့ ခေါ်ကြတာပေါ့။ (Main) ဆိုတာ အဓိကလေ။ (Main) ရဲ့ နောက်မှာ ကလေးဆိုပြီး ကပ်လိုက်တော့ မိန်းကလေးဆိုတာ “ကလေးမွေးဖို့အဓိက” ဆိုပြီး ဖြစ် သွားပါတယ်။ ဒါဆို ယောက်ျားလေးတွေ ဘက်က မေးစရာမေးခွန်းတွေ ရှိလာပါပြီ။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံအတိုင်းအတာနဲ့ ယှဉ်ရင်တော့ ဘယ်မိန်းကလေးမှလည်း သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ လူသား တစ်ယောက် ကို မဖန်ဆင်းနိုင်ပါဘူး။ ဒီတော့ ကျွန်တော် ဆိုလိုချင်တာက ယောက်ျားလေးနဲ့ မိန်းမဟာ တန်းတူစွမ်းရည်ရှိပါတယ်။

ဒီသဘော၊ ဒီအယူအဆကိုနားလည်တဲ့ အခုခေတ်မိန်းကလေးတွေ ကတော့ ယောက်ျားလုပ်စာ ထိုင်မစာြး ကတော့ပါဘူး။ သူတို့စွမ်းရည်ကို သူတို့ယုံကြည်ပြီး ယောက်ျားလေးတွေ နဲ့ တန်းတူအလုပ်လုပ်နေကြပါပြီ။

ဒီတော့ ကျွန်တော် ဆိုလိုချင်တာက မိန်းမယူတော့မယ်ဆို ကိုယ်ယူမယ့်မိန်းကလေးကို သိပ်လေ့လာစရာမလိုပါဘူး။ အဓိကက ယောက္ခမနဲ့ယောက် ဖ ရှိမရှိကိုပဲ ကြည့်ကြပါလို့ ကျွန်တော် ပြောချင်ပါတယ် ခင်ဗျ”

လက်ခုပ်သံတွေ သော သော ညံသွားသည်။ ထို့နောက် ကိုသန်းထိုက်က Thinking board တွင် စာလေးကြောင်းကို ရေး ချသည်။

ယေက္ခမ - ရောက်တာနဲ့ ခခယယ ဆက်ဆံပြီး မစရမည် ။

ယောက် ဖ - ရောက်တာနဲ့ ဖားရမည် ။

(Main)ကလေး - ကလေးမွေးဖို့ အဓိက ဖြစ်သည်။

ယောက်ျားလေး - လိုရာပန်းတိုင်ကို ရောက်အောင်သွားနိုင်မည့်  ကျားတစ်ကောင် ဖြစ်သည်။

ထို့နောက် အစီအစဉ်အတိုင်း ကိုသန်းထိုက်ကို သူတို့ Thinking ဆိုင်မှ လက်ဆောင်ပေးသည်။ ပြီးတော့ Thinking family ဝင်တွေ နှင့် ဖိတ်ကြားထားသည့်လူများ (ထိုလအတွက် မဲထည့်ထားသူများ )ကို အစားအသောက်နှင့် ဧည့်ခံ၍ အစီအစဉ်ကို နိဂုံချုပ်လိုက်ပါသည်။

ဘာပဲပြောပြောပါ။ ဆိုင်ပိုင်ရှင် သူငယ်ချင်းနှစ် ဦး၏ Customer ဆွဲဆောင်စည်းရုံးပုံလေးက သစ်သည်ဟု ဆိုရပေမည် ။

ရက် (၃ဝ) ကြာကြာ နေရာယူမည့်  Thinkingboard မှ ဒဿန ကတော့ ဝံ့ကြွားစွာ ရပ်တည်နေပါ၏ ။

ဒါပေမယ့် ဆောင်း အပါအဝင် လူအနည်းငယ်၏ ရင်ထဲမှာ တော့ စိတ်မကောင်း ဖြစ်စရာ ကိစ္စတစ်ခုက တငွေ့ငွေ့လောင်မြိုက်နေသည်။ အဲဒါ ကတော့ Thinkingboard ကို ကိုယ်တိုင် လွှဲပေးခွင့်မရလိုက်သော ခက်ဆစ်ဆိုသော ကောင်လေး၏ အတွေးအခေါ်ဆန်ဆန်စိတ်ကူးလေးက ဆောင်း၏ ရင်မှာ ကပ်ငြိခိုဝင်နေပါတော့သည်။

“ပါး” ဆိုတာ ဆန့်ကျင်ဘက် အဓိပ္ပာယ်နှစ် ခုပေါင်းစပ်ထားတဲ့ အဖြူသက်သက် အရည်ပြားတစ်ချပ်ပါ။

- ချစ်ရင်လည်း သူ့ကို နမ်းတယ်။

- မုန်းရင်လည်း သူ့ကို ရိုက်တယ်။

ခက်ဆစ်ဆိုသည့် ကောင်လေး အချစ်ခံပြီးသွားပြီလား၊

သူတို့မသိ၊

ဒါပေမယ့်….

♥ ♥ ♥




ဝန်ဇင်းချစ်သူများ သိုးဆောင်း ၏ “ သူ....ဘယ်သူလဲ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နေကမ္ဘာရဲ့မီးအိမ်ရှင်

အပေအတေတစ်ယောက်ရဲ့ ကျောင်းဆင်းချိန်

မြို့ကလေးရဲ့ရာဇ၀င်