အခန်း(၁)
ဘီလူးစောင့်ဇာတာ
နပိုလီယံရဲ့ အဘိဓာန်တစ်အုပ်
ညတိုင်းခြောက်တဲ့တစ္ဆေတစ်ကောင်နဲ့
ဘ၀ကို ပန်းပွင့်ချင်သူ ကျွန်တော်တစ်ယောက်အကြောင်း
xxxxx
စကြာတံဆိပ်ရိုက်နှိပ်ထားတဲ့ ကလေးလေးတစ်ယောက်လောကကြီးထဲကိုရောက်လာခဲ့တယ်။
သူ့ကိုမွေးချိန်မှာ မိုးကရွာ လေမတိုက်ဘူး
‘ဒိန်း’ဆိုပြီး မိုးကြိုးမပစ်သလို
သူ့အဖေလက်မောင်းမှာ လည်း မီးတောက်မလာဘူး။
ဒါပေမဲ့ သူ့လက်ရုံးမှာ ဘုန်းကံပါပြီးမျက်လုံးတွေ မီးတောက်နေတယ်။
လက်နှစ် ဖက်ကို ဖြန့်ကားဆန့်မြှောက်ပြီးကောင်းကင်မန္တန်ကိုလည်းရွက်ဆိုတတ်တယ်။
သူပါပဲ…
သူ့အနာဂတ်ကိုသူကလွဲပြီး ဘယ်သူမှမသိဘူး။
ယုတ်စွအဆုံး ကံကြမ္မကြီးတောင်မသိဘူး။
ဒီလိုနဲ့ပဲ…
မိုးဦးကျ မနက်ခင်းတစ်ခုမှာ သူလူ ဖြစ်လာခဲ့တယ်။
xxxx
ကျွန်တော်နေတဲ့နေရာကတော့ မိဘမဲ့ ကလေးထိန်းသိမ်းရေးကျောင်းတစ်ကျောင်းပေါ့။ ကျွန်တော် ဒီကနေ ထွက်သွားဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ တစ်ခါမှ အောင်မြင်ခြင်း မရှိခဲ့ပါဘူး။
အကြောင်းကတော့ ဆယ့်နှစ် နှစ် သား အရွယ်ကလေးနဲ့ လောကကြီးထဲဝင်ပြီး လောကဓံကို စိန်ခေါ်ရဲဖို့ဆိုတာထက် ဒီကထွက်သွားရင် တစ်ချိန်မှာ လာခေါ်ကြလိမ့်ဦးမယ်။ ကျွန်တော့် မိဘတွေ နဲ့ လွဲသွားမှာ စိုးလို့ပါ။
ကျွန်တော့်မှာ မိသားစုရှိတယ်ဆိုတာ ယုံကြည်နေပါတယ်။ ဘယ်သတွေ ဘယ်လိုပဲပြော ပြောကစားဖော်သူငယ်ချင်းတွေ ကျွန်တော့်အနားက ဘယ်လိုပဲ ထွက်ခွာသွားကြပါစေ ကျွန်တော် ကတော့ အထီးကျန်ဆန်တဲ့နေ့တွေကို မိသားစုလွမ်းတဲ့စိတ်နဲ့ပဲ ဖြတ်ကျော်လာခဲ့တာ ကြာပါပြီ။
ကျွန်တော်အဖေနဲ့ အမေ ဘယ်သူလဲ။ ဘယ်လိုရုပ်ရည်တွေ ရှိကြသလဲ မသိပါဘူး။ မြင် လည်း မမြင်ဖူးဘူး။ ဒါပေမဲ့ အဖေနဲ့အမေလို့ထင်ရတဲ့ အရာတစ်ခုတော့ ကျွန်တော်မှာ ရှိပါတယ်။ အဲဒါကတော့ လက်စွပ်ကလေးတစ်ကွင်းပါ။ သာမန်လက်စွပ်တစ်ကွင်း ဖြစ်ရုံကလွဲပြီး ဘာမျှ မထူး ခြားပါဘူး။
ဒါပေမဲ့ ထူးခြားနေတာကတော့ ကျွန်တော်ပါပဲ။ ဒီလို လက်စွပ်မျိုး ကျွန်တော်ကျောင်းမ တစ်ယောက်ဆီမှာ မှ မရှိကြဘူး။ အဲဒါကြောင့် လက်စွပ်လေးကို ကျွန်တော် အမြဲပဲ ၀ှက်ထားရပါ တယ်။ မ၀ှက်လို့မရဘူးလေ။
တာတီးတို့အုပ်စုမြင်ရင် ယူသွားမှာ ။ သူတို့က ကျောင်းမှာ တော်တော်ဆိုးတယ်။ သူတို့ ထက် ငယ်သူတွေကိုလည်း အနိုင်ကျင့်တယ်။ ရွယ်တူဆိုရင်လည်း အမြဲ ပြဿနာရှာတတ်တယ်။ ကျွန်တော်တောင် တာတီးတို့အုပ်စု အနိုင်ကျင့်တာကို နှစ် ခါလောက် ခံခဲ့ရဖူးတယ်။ အဲဒါကြောင့် ကျွန်တော်လက်စွပ်လေးကို အမြဲပဲ ၀ှက်ထားရတာ ပါ။
တပ်အပ်သေချာ မပြောနိုင်ပေမဲ့ ကျွန်တော်ကတော့ လက်စွပ်ကလေးကို မေမေကိုယ်တိုင် ပေးခဲ့တာလို့ ယုံကြည်နေပါတယ်။ ပြီးတော့ ဒီလက်စွပ်လေးနဲ့အတူ မေမေ ကျွန်တော်ကို လာပြန် ခေါ်မယ်လို့လည်း ယုံပါတယ်။
ကျွန်တော်တစ်ယောက်တည်း ရှိနေချိန်မှာ တော့…အမြဲလုပ် ဖြစ်တဲ့ အရာတစ်ခုရှိတယ်။
အဲဒါက…
“ပန်းချီဆွဲခြင်းနဲ့ရုပ်လုံးဖော်ခြင်းပါပဲ’’
နောက်ပြီး ကျွန်တော့်မှာ ထူးခြားချက်တွေရှိသေးတယ်။
အဲဒါက ပုံရိပ်တွေကို မြတ်နိုးတယ်။ နောက်ပြီး သစ်သားကို ချစ်တယ်။ တခြား ကျောင်းတွေကစားနေချိန်မှာ ကျွန်တော်ကတော့ ဓားလေးတစ်ချောင်းနဲ့ သစ်သားစတွေကို လှီးနေတတ်တယ်။ ပြီးတော့ ကျွန်တော့်စိတ်ကူးကို ကျွန်တော် ပုံဖော်နေမိတယ်။
ကျောင်းသင်ခန်းစာအားချိန်မှာ တော့ သစ်ပင်ကြီးတစ်ပင်အောက်မှာ ကျွန်တော် တစ်ယောက်တည်း သွားထိုင်နေတတ်ပါတယ်။ ကျောင်းခြံဝင်းထဲက သစ်ပင်ကြီးတစ်ပင် ပေါ့။ သစ်ပင်ရဲ့ သစ်ကိုင်းတွေကို မော့ကြည့်ပြီးလိုချင်တဲ့ ရုပ်တုတွေကို စိတ်ကူးနဲ့ပဲ ပုံဖော် နေမိတယ်။
ကျွန်တော့်အာရုံမှာ တော့ ထိုသစ်ပင်ကြီးရဲ့ သစ်ကိုင်းတွေအားလုံးက အရောင်အ သွေးစုံတဲ့ နတ်သမီးတွေ ကကွက်မျိုးစုံနဲ့ ယိမ်းထိုးနေသလိုပါပဲ။ သူတိုရဲ့ ကဟန်တွေကို သာ ရုပ်တုထုရင် ဒီသစ်ပင်ကြီး ကုန်သွားနိုင်ပါတယ်။
အဲလိုတွေကြောင့်ပဲ ရုပ်တုဖန်တီးခြင်း အတတ်ပညာက နှလုံးသားထဲမှာ ခိုင်မာလာ ခဲ့တယ်။
ကျွန်တော်သာ ရုပ်တုတွေကို ဖန်တီးအသက်သွင်းနိုင်မယ်ဆိုရင် ကျွန်တော်ကမိဘ တွေ ကျွန်တော့်ကို အသိအမှတ်ပြုကြမှာ ပါ။
ပြီးတော့ သူတို့ရဲ့ ရင်သွေးအ ဖြစ် လိုက်ရှာကြလိမ့်မယ်။
xxxxx
တစ်ခါတစ်ရံမှာ လောကကြီးရဲ့ အလဲထိုးမှု ကို ခံရနိုင်ပါတယ်။
အဲဒီ အခါမှာ ပြုံးတတ်အောင် လေ့ကျင့်ထားကြပေါ့။
မဲ့ပြုံးမဟုတ်ပါဘူး။
ဂရုမစိုက်ဘူးဆိုတဲ့ စိန်ခေါ်ပြုံးပါ။
ဒါပေမဲ့ တချို့တွေကတော့ အိပ်ရာဝင်ပုံပြင်တွေကို ယုံကြည်ကြဆဲပါပဲ။
ကျွန်တော်လည်း ယုံကြည်ပါတယ်။
ကျွန်တော့်ရဲ့ အနုပညာကိုပေါ့…
xxxxx
“ဟိုကောင်လေး… နေရောင် မအိပ်သေးဘူးလာ။ အိပ်ချိနရောက်နေပြီး။ မီးမှိတ် လေ…”
အိပ်ချိန်မှာ လူစုံမစုံလိုက်စစ်သော အဒေါ်ကြီးရဲ့ စကားကြောင့် ကျွန်တော် ခေါင်း ရင်းမှ မီးခလုတ်ကို လက်လှမ်းလိုက်တယ်။ ပြီးတော့-
“ဖျောက်…”
မီးမှိတ်သွားတော့ အပေါ်ခုတင်မှ ပိုးတီက အောက်မှာ ရှိတဲ့ ကျွန်တော့်ကို ငုံ့ပြော တယ်။
“မင်းကို ငါပြောသားပဲ။ အဒေါ်ကြီး ရောက်လာတော့မှာ မီးမှိတ်တော့လို့။ မင်းမှငါစ ကားကို နားမထောင်ပဲ”
ဒါနဲ့ပဲ အလွမ်းပြေကြည့်နေတဲ့ လက်စွပ်လေးကိုပြန်သိမ်းထားလိုက်ရပါ တယ်။ ရင်ထဲမှာ တော့ မမြင်ဘူးလိုက်ရတဲ့ ဖေဖေ၊ မေမေနဲ့ မိသားစုလေးကို လွမ်းလို့ပေါ့။
အပြင်မှာ လသာနေပါတယ်။ ဒါပေမဲ့ ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့အတွက် လရောင် က အခန်းထဲကို ထင်သလောက်ရောက်မလာပါဘူး။ အငွေ့ပျံမှု ကြောင့် ရေမှု န်ရေမွှားတွေ ဝေသီတွယ်ကပ်နေတဲ့ မှန်ပြတင်းမှာ ပဲ ကျွန်တော် နာမည် တစ်ခု ရေးမိတယ်။
‘မေမေ’ တဲ့…။
လက်နဲ့ ရေးတာမို့ ရေငွေ့တွေပေါ်မှာ မေမေဆိုတဲ့စာသားက ထင်ထင်ရှား ရှားပေါ်လာတယ်။ ဒီတော့မှာ ကောင်းကင်ကလမင်းကြီးကို မေမေဆိုပြီး မြင်လိုက် ရလေရဲ့ ။
xxxxx
အခန်းတံခါး ဖွင့်ဖွင့်ချင်းမှာ ပင် အပေါက်ဝမှာ ရပ်နေတဲ့ ကျွန်တော့်ကို အခန်း ထဲမှ မျက်လုံးတစ်စုံက လေ့လာအကဲခတ်ဟန်အပြည့်နဲ့ ဆီးကြိုတယ်။ ကျွန်တော့်ခန္ဓာကိုယ် ထက်အောက်ကို စုန်ချည်ဆန်ချည် ကျေနပ်လောက်အောင် ကြည့်ပြီးမှ သူရှေ့မှထိုင်ခုံကိုညွှန်ပြရင်း...
“ထိုင်ပါ”
ကျွန်တော် ၀င်ထိုင်လိုက်ပြီးတော့…
“မင်းနာမည် ဘယ်လိုခေါ်လဲ”
“နေရောင်…”
ကျွန်တော်ဖြေသံစကားကြောင့် ရှေ့မှလူကြီးက ကျွန်တော့်ကို သေချာထပ် ကြည့်တယ်။
“ငါ့နာမည် ထွန်းအောင်ကျော်လို့ခေါ်တယ်။ ငါက (…..) တက္ကသိုလ် အရည် အချင်းမီ ကျောင်းသားရှာဖွေရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပေါ့။ အခု မင်းကိုခေါ်တွေ့ရတဲ့ ရည်ရွယ်ချက်ကိုလည်း မင်းသဘောပေါက်မှပါ”
ကျွန်တော် သိပါတယ်။ အရင်ခေါက်က လူကြီးတွေလိုပဲ သူတို့ တက္ကသိုလ် ဘယ်လောက်ကောင်းကြောင်း၊ လူတော်တွေ ဘယ်လောက် ဖြစ်ထွန်းကြောင်းပြော ပြီး ကျွန်တော့်ကို သူတို့နဲ့လိုက်ခဲ့ဖို့ စည်းရုံးဦးမှာ ပါ။ ကျွန်တော့်နှုတ်ဆိတ်နေ မှု ကြောင့်…
“မင်းမိသားစုနဲ့ မနေချင်ဘူးလား”
“ကျွန်တော့်မှာ မိသားစုရှိတယ်။ မိဘလည်း ရှိတယ်”
“မှန်တယ်လေ။ လူတိုင်းမှာ တော့ မိဘဆိုတာ ရှိကြတာပဲ။ ဒါပေမဲ့ မင်းရဲ့ မိ ဘတွေက မင်းနဲ့အတူလာနေလို့လား”
ထိုစကားကြောင့် ကျွန်တော် မျက်ရည်လည်သွားမိပါတယ်။ ပြီးတော့ နှုတ်ခမ်းကို အားယူဖွင့်ဟရင်း…
“မနေပါဘူး”
“မင်းကိုရော လာတွေ့ကြလား”
“မတွေ့ပါဘူး”
ပြောရင်းနဲ့ ကျွန်တော့်အသံကို တုန်သွားကြောင်း သတိပြုမိတယ်။ ဒါကို ရှေ့မှလူကြီးက သဘောပေါက်ပြီး စကားမဆက်ပဲ သူ့ရှေ့မှ ကျွန်တော့်ဖိုင်တွဲကို ဟို လှန်ဒီလှန်ကြည့်ပါတယ်။ တအောင့်ကြာတော့…
“မင်း ဒီကိုရောက်လာတာ ၂၀၀၀ ခုနှစ် ကဆိုတော့ အခု…”
“ဆယ်နှစ် နှစ် နဲ့ ရှစ်ရက်ရှိပါပြီ”
ကျွန်တော်ကို ဆတ်ခနဲ မျက်လုံးလှန်ကြည့်တယ်။
“ကျွန်တော် သေချာတွက်ထားတာ”
“မင်းအသက်ကရော…”
“ကျွန်တော် ဒီကိုစရောက်တဲ့ရက်က မွေးစာရင်းထဲက ကျွန်တော့် မွေးရက်နဲ့ အတူတူပဲ”
ကျွန်တော့်စကားကြောင့် ရှေ့မှလူကြီးက အဓိပ္ပယ်တစ်ခုဖြင့် ပြုံးပြီး…
“ဒါဆို မင်းအသက်ကလည်း ဆယ်နှစ် နှစ် နဲ့ ရှစ်ရက်ပေါ့”
“ဟုတ်ပါတယ်”
လူကြီးက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ကျွန်တော့်ဖိုင်ကို ထပ်လှန်တယ်။ နောက် စာရွက်တစ်နေရာကို သေချာကြည့်ရင်း…
“ဒီလောက်ဆို မင်းသဘောပေါက်မှာ ပေါ့ကွာ။ မင်းမိဘတွေက မင်းကိုမွေး ကတည်းက မင်းအတွက် အရွယ်ရောက်တဲ့အချိန်ထိ စောင့်လျှောက်စရိတ် ဘဏ် မှာ သွင်းပြီး မင်းကို ဒီကျောင်းမှာ စွန့်ပစ်ထားခဲ့ကြတာ။ ဒါကို မင်းက ပြန်လာခေါ် မလားလို့ စောင့်နေတာ ရူးမိုက်ရာ မကျလွန်းဘူးလား။ သူတို့ကမှ မင်းကို အလိုမရှိတာပဲ”
“ မဟုတ်ဘူး”
ကျွန်တော်အော်သံ နည်းနည်း ကျယ်သွားမယ် ထင်ပါတယ်။ ရှေ့မှလူကြီး မျက်လုံးပြူးသွားတယ်။
“တောင်းပန်ပါတယ်”
တိုရှရှနှင့် ပြီးသွားသော ကျွန်တော်တောင်းပန်စကားနောက်မှာ မျက်လုံး အိမ်မှာ မျက်ရည်တို့ စီးကျလာတယ်။ ရှေ့မှာ လူကြီးက စိတ်မသက်ကသာ ခေါင်းကိုယမ်းရင်း…
“ဆောရီးကွာ… ကလေးတစ်ယောက်ကို ငါ ဒီလိုစကားမျိုး မပြောသင်ဘူး။ အခုလို ပြော ဖြစ်သွားရတာ ကလည်း မင်း အရည်အချင်းတွေ ပျောက်ကွယ်သွားမှာ စိုးလို့။ မင်း ဒီကျောင်းမှာ ပဲ ဆက်နေမယ်ဆိုရင်တော့ မင်းအရည်အချင်းတွေ ကြက် ပျောက်ငှက်ပျောက် ပျောက်သွားလိမ့်မယ်။ ဒီမှာ နောက်လေးနှစ် ဆက်တက်ပြီးရင် မင်း မလုပ်မကိုင်ချင်ပေမဲ့ မလုပ်မ ဖြစ်လုပ်ရမယ့် အလုပ်တွေ လုပ်ပြီးတော့ပဲ မင်း ဘ၀ အဆုံးသတ်သွားမှာ ”
ဒီစကားကတော့ ကျွန်တော့်ရင်ကို တော်တော်ထိသွားတယ်။ ဟုတ်ပါ တယ်။ ဒီမှာ နောက်လေးနှစ် ဆက်နေပြီးသွားရင် ကျွန်တော့်ရှေ့ကလူတွေအတိုင်း ပဲ ရွေးချယ်ပိုင်ခွင့်မရှိပဲ ကျရောက်ရာ လုပ်ငန်းခွင်တွေကို ၀င်ရောက် လုပ်ကိုင်ရမှာ ပါ။ ဒါကိုတော့ ကျွန်တော် မလိုလားဘူး”
“ဒီမယ်… မင်း ဆေးပညာသင်ချင်လား၊ ဟိုမှာ မြင်နေရတဲ့ အဆောက်အဦး တွေကို ဦးစီးဦးဆောင်လုပ်ရတဲ့ ဗိသုကာပညာရှင်ကြီး ဖြစ်ချင်လား၊ သိပ္ပံပညာရှင် ဖြစ်ချင်လား၊ ဒါမှမဟုတ် နာမည် ကြီး အနုပညာရှင်ကြီး ဖြစ်ချင်လား”
နောက်ဆုံးစကားကြားရတော့ ကျွန်တော်ခန္ဓာကိုယ် ဆတ်ခနဲတုန်ခါသွား တယ်။ ပြီးတော့ ချက်ချင်း ပင်…
“ဘယ်လို အနုပညာရှင်မျိုးလဲ”
“ငါတို့ကျောင်းမှာ တော့ နာမည် ကြီးသရုပ်ဆောင် ဖြစ်ခွင့်ရှိတယ်။ ဂီတပညာ ရှင် ဖြစ်ခွင့်ရှိတယ်။ အကနဲ့ စာပေပညာရှင် ဖြစ်ခွင့်ရှိတယ်”
ကျွန်တော့်ရင်ကိုထိသောစကား တစ်လုံးတစ်လေမျှ ပါမလာပါဘူး။ ဒါ ပေမဲ့…
“ပန်းချီဆွဲလို့ မရဘူးလား”
ကျွန်တော့်စကားကြောင့် ရှေ့မှပုဂ္ဂိုလ်က မျက်လုံးပြူးနဲ့ ကျွန်တော့်ကိုကြည့် တယ်။ နောက် ကျွန်တော့်မျက်နှာကို သေချာအကဲခတ်ပြီး…
“ဘာလဲကွာ… မင်းက ပီကာဆိုတို့ ၊ ဒါဗင်ချီတို့၊ ဗန်ဂိုးတို့၊ မိုးနေးတို့ကို အား ကျလို့လား။ ဒီမှာ … သူတို့ခေတ်က သူတို့စုတ်ချက်နဲ့ စကြ၀ဠာက အနုပညာဝိညာဉ် ပူးကပ်ခွင့်ကို မပေးတော့ဘူး။ အနုပညာပါရမီကို ပြည့်ပြည့်၀၀ ထည့်သွင်းမပေး တော့ဘူး”
“မဟုတ်ပါဘူး”
ကျွန်တော်၏ အေးစက်စက်စကားကြောင့် ရှေ့မှပုဂ္ဂိုလ်ကြီး စကားရပ်သွား တယ်။
“ကျွန်တော် ပန်းချီဆွဲချင်တာမဟုတ်ဘူး”
“ဒါဖြင့် မင်းဘာလုပ်ချင်တာမဟုတ်ဘူး”
အိတ်ကပ်ထဲမှာ အမြဲရှိနေသော လက်ညှိုးသာသာ သစ်သားရုပ်လေးတစ် ရုပ်ကို စားပွဲပေါ် တင်ပြလိုက်တယ်။ ပထမတော့ ကြောင်အမ်းအမ်း သွားပါတယ်။ နောက်မှ တအံတသြအမူအရာဖြင့် …
“ဘုရားရေ… ဒါဆို မင်းက ဒီလိုရုပ်တုတွေ ဖန်တီးချင်တာပေါ့”
ခေါင်းညိတ်ပြလိုက်တော့ ထိုလူကြီးက ကျွန်တော့်လက်တွင်းမှ ရုပ်တုလေးကို ယူကြည့်လိုက်တယ်။ အရုပ်လေးကို လှည့်ပတ်ကြည့်ရင်း…
“တော်တော်ကောင်းတဲ့ လက်ရာပဲ။နာမည် ဘာတဲ့လဲ”
“စွန့်ပစ်သွားတဲ့ မေမေတဲ့”
အရုပ်လေးကို ကိုင်နေရင်းမှ ကျွန်တော့်ကို လှန်းကြည့်ပြန်ပါတယ်။
“ကျွန်တော်မှာ ဒီအရုပ်လေးတွေ အများ ကြီးပဲ”
“ဟုတ်လား”
ပြီးတော့ ကျွန်တော့်ရှေ့ကို အရုပ်လေး ပြန်ချပေးတယ်။ နောက်ကတ်ပြား တစ်ခုကို ကျွန်တော့်ရှေ့သို့ ထိုးပေးရင်း…
“မိုက်ကယ်အိန်ဂျယ်လိုတို့ ၊ ဟင်နရီမိုးတို့ကိုတော့ ကြားဖူးတယ်။ ဒါပေမဲ့ တို့ကျောင်းမှာ ဒီပညာရပ်မရှိဘူး။ ဆောရီးပဲ… ကလေးရာ။ မင်းလက်ရာ တော် တော်ကောင်းပါတယ်။ ဒါပေမဲ့ ငါမကူညီနိုင်ဘူး။ ဒီမှာ ငါလိပ်စာကတ်။ ငါပြောတဲ့ ပညာရပ်တစ်ခုခုကို စိတ်ဝင်စားတယ်ဆိုရင်တော့ မင်းကို ငါတို့ကျောင်းကြီးက အသင့်ပါပဲ”
ကျွန်တော် ထိုင်နေမိဆဲပါ။ တအောင့်ကြာတော့…
“သွားလို့ရပါပြီ”
ကျွန်တော် နှုတ်ဆက်၍ ပဲ ထွက်လာခဲ့လိုက်ပါတယ်။ ဒါပေမဲ့ တံခါးဝရောက်ခါနီး မှာ …
“ကောင်လေး…”
ကျွန်တော် လှည့်ကြည့်လိုက်တော့…
“မင်း အခုလက်ရှိနေနေတဲ့ ကျောင်းဝင်ရဲ့ အပြင်ဘက်မှာ တော့ မင်းလိုချင် တဲ့ ရုပ်တုတွေ အများ ကြီးရှိလိမ့်မယ်။ မင်းကြည့်တတ်ရင်ပေါ့”
“ဟုတ်ကဲ့…။ ကျွန်တော်သိပါတယ်”
xxxxx
ဒီလိုနဲ့ပဲ ကျွန်တော့်ရဲ့ ညနေချိန်တွေကို မသေချာမရေရာမှု တွေနဲ့ပဲ ကုန်ဆုံး ဖြစ်ခဲ့တယ်။ ကျွန်တော်နေထိုင်ရာ ကျောင်းဝင်းရဲ့ အပြင်ဘက်မှာ ဘာတွေရှိနေမှန်း ကျွန်တော်မသိသေးပါဘူး။
သေချာတာကတော့ ကျွန်တော် မဖော်ထုတ်ရသေးတဲ့ ကောက်ကြောင်းနဲ့ ရုပ်တုတွေရှိနေမှာ ပါ။ ပြီးတော့ ကျွန်တော်ချစ်တဲ့ သစ်သားအမျိုးမျိုးတွေရောပေါ့။ ကျောင်းထဲက သစ်ပင်ရဲ့ ရနံ့တွေနဲ့ မြင်နေကျမြင်ကွင်းတွေက ကျွန်တော့်စိတ်အာရုံကို တဖြည်းဖြည်းနဲ့ ဆွဲဆောင်မှု ညံ့ဖျင်းလာပါတယ်။
ပြင်ပလောကကြီးရဲ့ အလှတရားတွေကို ကြည့်ချင်မြင်ချင်စိတ်တွေသာ တဖွားဖွားပေါ်လာတယ်။
“ငါတို့ အခုနေနေတာ ရန်ကုန်မြို့ကွ”
ပိုးတီက ညအိပ်ရာဝင်ချိန်မတိုင်မီ တချို့နေ့တွေမှာ ကျွန်တော်ပူဆာလို့ ပြောပြတတ်တယ်။
“ရန်ကုန်မြို့ထဲမှာ ဘာတွေရှိလဲ”
ကျွန်တော်မေးတော့ ပိုးတီက သူ့ခန္ဓာကိုယ်ကို ဆရာကြီးစတိုင်ဖြင့် နောက် သို့ ကျောမှီထိုင်ရင်း…
“လူတွေရှိတာပေါ့ကွ”
ဘာပဲပြောပြော ပိုးတီက အသက် (၅)နှစ် သားလောက်မှ ဒီကျောင်းကို ရောက်လာသူဆိုတော့ ကျွန်တော်နဲ့စာရင် အတွေ့အကြုံအများ ကြီးရှိပါတယ်။
“လူတွေ ရှိတာတော့ ငါသိတာပေါ့ကွ။ နောက် ဘာတွေရှိသေးလဲ”
“တိုက်တွေ ကားတွေပေါ့”
“သစ်ပင်တွေရော မရှိဘူးလား”
“ရှိတယ်။ သစ်ပင်တွေလည်း ရှိတယ်”
ထိုစကားကြောင့် ကျွန်တော် ၀မ်းသားသွားမိတယ်။
“ဘယ်… ဘယ်လိုသစ်ပင်တွေ ရှိတာလဲ”
ပိုးတီက လူကြီးပုံစံဖြင့် စဉ်းစားသလို ခေါင်းတဆတ်ဆတ်ညိတ်ပါတယ်။ ရွယ်တူဆိုပေမဲ့ ဒီနေရာမှာ ကျွန်တော်က တပည့်ပေါ့။
“အဲဒါတော့ ငါလည်းမသိဘူးကွ။ ဒါပေမဲ့ ငါငယ်ငယ်တုန်းက ရောက်ခဲ့ဖူးတဲ့ နေရာလောက်တော့ သစ်ပင်တွေမများ ဘူး”
“ဟုတ်လား။ မင်းရောက်ဖူးလား ဘယ်နေရာလဲ”
“ မသိဘူးကွ။ မေမေရောက်ဖူးတာ။ မေ့တော်မေ့နေပြီ။ သွားတုန်းက လယ် ကွင်းတွေကို ဖြတ်သွားရတယ်။ အဲဒီ မှာ သစ်ပင်တွေ အများ ကြီးပဲ”
“ဟုတ်လား”
စိတ်ကူးနဲ့ပဲ ကျွန်တော် သွားကြည့်လိုက်တယ်။ နှာခေါင်းထဲမှာ တစ်ခါမှမ ရရှိခဲ့ဘူးတဲ့ သစ်သားရနံ့တွေကို ရလိုက်သလိုပါပဲ။
“ငါသွားချင်လိုက်တာကွာ”
ကျွန်တော် အံကြိတ်ရင်းပြောတော့…
“သွားချင်သွားပေါ့ကွ”
ပိုးတီပြောတာတော့ ခပ်လွယ်လွယ်ပါပဲ။
“ဒါပေမဲ့ ငါသွားလိုက်လို့ ငါ့အဖေနဲ့ အမေ ငါ့ကို လာပြန်ခေါ်တာနဲ့ လွဲသွားရင် ဘယ်လိုလုပ်မလဲ”
ဒီတစ်ခါတော့ ပိုးတီရဲ့ တုံ့ပြန်စကားကို မကြားရပါဘူး။ ဒါပေမဲ့ တအောင့် ကြာတော့…
“အေးကွ…။ အဲဒါလည်း ဟုတ်တယ်။ ငါအမေလည်း ငါ့ကိုလာပြန်ခေါ်မယ်လို့ ပြောတယ်ကွ။ အဲဒါကို စောင့်နေတာ။ သူပြန်မလာသေးဘူးနဲ့တူတယ်။ ပြန်လာရင်တော့ ငါ့ကိုလာခေါ်မှာ ပါ”
“နိုင်ငံခြား”
နိုင်ငံခြားဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ဆက်လည်းမမေးချင်တော့ဘူး။ ကျွန်တော့်ဘ၀က သိတတ်ချိန်မှစပြီး ဒီကျောင်းဝင်းထဲမှာ ပဲ ကျင်လည်ခဲ့ရတာ ကိုး။
ဒါပေမဲ့ ကျွန်တော်စိတ်ထဲမှာ စွဲမြဲနေတဲ့ အရာတစ်ခုတော့ရှိပါတယ်။ အဲဒါက တစ်နေ့မှာ ဒီလောကကြီးထဲမှာ ရှိတဲ့ ဘယ်သူမျှမမြင်သေးတဲ့ ကောက်ကြောင်းတွေကို ကျွန်တော်ဖော်ထုတ်ဦးမှာ ပါ။
ပြီးတော့ ပုံရိပ်တွေကို ဖန်တီးဦးမှာ ။
နောက် ရုပ်တုတွေကို သွန်းလုပ်အသက်သွင်းဦးမှာ ပါ။
တစ်ခါတစ်ရံမှာ တော့ ကျွန်တော်က လက်စွပ်လေးကိုကြည့်ပြီး မမြင်ဖူး လိုက်တဲ့ ဖေဖေနဲ့မေမေရဲ့ မျက်နှာကို ပုံဖော်နေမိတယ်။ ဒါပေမဲ့ ဘယ်လိုမျှ ပုံဖော် လို့မရခဲ့ပါဘူး။ ကျွန်တော့်အဖေက ဘယ်လိုပုံစံရှိလဲ။ အမေကရော ချောလား၊ ကျွန်တော်နဲ့တူလား တွေးမရနိုင်အောင်ပါပဲ။
ပိုးတီကတော့ နိုင်ငံခြားသွားတယ်ဆိုတဲ့ သူ့အမေဓာတ်ပုံကိုလွမ်းရင် ထုတ်ထုတ်ကြည့်တတ်ပါတယ်။ ကျွန်တော့်မှာ တော့ ထုတ်ကြည့်စရာ ဓာတ်ပုံမရှိ ပါဘူး။ အဲလိုအခါမျိုးမှာ မ ဖြစ်နိုင်မှန်းသိလျှက်နဲ့ ကျွန်တော် တောင့်တမိ ပါသေးတယ်။ အဲဒါက ကျွန်တော့်ဖေဖေနဲ့မေမေရဲ့ ဓာတ်ပုံကို လိုချင်မိတာပါပဲ။
ပြီးတော့ ထွန်းအောင်ကျော်ဆိုတဲ့ လူကြီး ပြောသွားတဲ့စကားတွေမှန်များ မှန်နေပြီလားလို့ တွေးမိပါတယ်။ ဖေဖေနဲ့မေမေက ကျွန်တော်ကိုမလိုချင်လို့ စွန့်ပယ်သွားခဲ့တယ်ဆိုတာကိုလေ။
အဲဒါဆို ကျွန်တော်ဘာဆက်လုပ် ရမှာ လဲ။
သေချာတာကတော့ တကယ်လို့သာ စွန့်ပစ်တာမှန်ရင် ကျွန်တော်ကို လာခေါ်မှာ မဟုတ်ပါဘူး။
ဒါဆို ကျွန်တော်လုပ်စရာတစ်ခုပဲ ရှိပါတော့တယ်။
အဲဒါက လိုက်ရှာဖို့ပါ။
ဟုတ်ပါတယ်။ သူတို့လာမခေါ်လည်း ကျွန်တော်လိုက်ရှာရင် ရနိုင်တာပဲလေ။ ဒါပေမဲ့ ၀ိုးတ၀ါးပါပဲ။ သေချာရေရာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကျွန်တော် မပြု လုပ်နိုင်သေးပါဘူး။ သို့ သော်လည်း စကားတစ်ခွန်းကတော့ ကျွန်တော်နှလုံးသား ထဲမှာ နေရာတော်တော်ယူလာတယ်။ ပြီးတော့ ထိုစကားကပဲ ကျွန်တော်လောကကြီးထဲကို ထွက် သွားပါလို့ တွန်းလွှတ်နေပါတော့ တယ်။ အဲဒါက…
‘မင်း အခုလက်ရှိနေနေတဲ့ ကျောင်းဝင်းအပြင်ဘက်မှာ တော့ မင်းလိုချင်တဲ့ ရုပ်တုတွေ အများ ကြီးရှိလိမ့်မယ်’ ဆိုတဲ့စကား။ ဟုတ်ပါတယ်။ မွေးကတည်းက မြင် လာတဲ့ ပတ်ဝန်းကျင်က ကျွန်တော့်ကို ပုံရိပ်သစ်တွေ မပေးနိုင်တော့ပါဘူး။
နောက်နေ့တွေမှာ တော့ တမှိုင်မှိုင်တတွေတွေနဲ့ပဲ ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ် ချနေမိတော့တယ်။ ကျွန်တော်နှလုံးသားမှာ ကောက်ကြောင်းသစ်တွေ လိုနေပြီ။ ပြီးတော့ ကျွန်တော် မခံစားရသေးတဲ့ အရောင်တွေ၊ အထိအတွေ့ တွေကိုလည်း တို့ထိချင်လာတယ်။ ဒီထက် ပိုမိုပြည့်စုံနကရှိုင်းတဲ့ ရုပ်တုတွေဖန်တီးချင်လာတယ်။ အဲလိုဖန်တီးနိုင်တဲ့တစ်နေ့ ကျွန်တော် ပြန်ဆုံစည်းမယ်ဆိုတဲ့ အသိ ကလည်း နှလုံးသားထဲမှာ တဆစ်ဆစ် ခိုင်မာလာတယ်။
ဒီလိုနဲ့ နေ့သစ်တစ်ခုမစခင် မှော င်ရီဝိုးတ၀ါး မနက်ခင်းတစ်ခုမှာ တော့ ကျွန်တော်…
ပုံရိပ်တွေခေါ်ဆော်ရာနောက် လိုက်သွားမိပါတော့တယ်။
အဲဒီ နေ့ကဟာ…
ကျွန်တော်နဲ့လောကကြီး ပထမဆုံးအကြိမ် လက်ဆွဲနှုတ်ဆက်တဲ့ နေ့ပါပဲ။
xxxx
နေရောင်ခြည်နွေးနွေးရဲ့ လက်ဖြာမှု အောက်မှာ ကျွန်တော်ကျောက်ဆစ်ရုပ် တစ်ခုလို ငြိမ်ကာရပ်နေမိတယ်။ ကျွန်တော့်ဘေးမှာ ကားတွေတ၀ီဝီဖြတ်သန်းသွား နေကြတယ်။ သူတို့တွေရဲ့ တစ်ဖက်မှာ တော့ ကျွန်တော်တစ်မျှော်တစ်ခေါ် မော့ ကြည့်ရတဲ့ အထပ်မြင့် တိုက်တာအဆောက်အအုံးကြီးတွေပါ။
ကျွန်တော့်တစ်သက်မှာ ပထမဆုံးအကြိမ် မြင်ခွင့်ရတဲ့ မြင်ကွင်း ဖြစ်ပေမဲ့ ဒီအရာတွေအပေါ်မှာ အာရုံမရောက်မိပါဘူး။ အာရုံရောက်နေတာက နေရောင်ပျပျ အောက်မှာ ဆေးသုတ်အခြောက်ခံထားတဲ့ သစ်သားရုပ်လေးတစ်ခုပေါ်ကိုပါပဲ။
ခုံတစ်လုံးနဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာ ချထားတာပဲ။ ဆေးသုတ်ထားတဲ့အတွက် ဆေးနံ့ကို အရင်ဆုံး ရှူရှိုက်မိပေမဲ့ အောက်က သစ် သားရဲ့ ရနံ့ကိုတော့ ခဏချင်းပင် ကျွန်တော် ခွဲခြားသိမိလိုက်ပါတယ်။
ဒါ ကျွန်တော် ခံစားဖူးနေကျ သစ်သားရနံ့ မဟုတ်ပါဘူး။ ကျောင်းဝန်းထဲ က သစ်ပင်တွေမှာ တစ်ခါမျှမရှိဘူးတဲ့ ရနံ့တစ်ခုပါ။ ထူးဆန်းတဲ့ ရနံ့တစ်မျိုးကို အနံ့ခံရှူရှိုက်ရင်း ရုပ်တုလေးကို လှည့်ပတ်ကြည့်နေမိတယ်။
မိန်းကလေးပုံ။လက်ကိုအပေါ်မြှောက်ပြီး ရေအိုးရွက်ထားတယ်။ ပြီးတော့အမှု အရာတစ်မျိုးနဲ့ လမ်းလျှောက်နေဟန်ရုပ်တု။ အရွယ်အစားက ကျွန်တော့်မှာ ရှိတဲ့အရုပ်သေးသေးလေးတွေထက်တော့ တော်တော်ကြီးပါတယ်။ကျွန်တော့် လက်တစ်ဆန့်လောက် ရှိမယ်ထင်တာပဲ။
အနောက်ဘက်အိမ်ထဲမှာ လည်း ထုရိုက်နေသံ တဒုတ်ဒုတ်ကို ကြားနေ ရတယ်။ အပေါ်ကိုမော့ကြည့်မိတော့ ‘ပန်းပုဆရာကြီး ဦးငွေဆိုင်’ဆိုတဲ့ ဆိုင်း ဘုတ်တပ်ထားတာကို တွေ့ရလို့ ကျွန်တော် စိတ်ဝင်စားသွားမိတယ်။
အမှန်အတိုင်းပြောရရင် ‘ပန်းပု’ ဆိုတဲ့စာသားကိုပါ။ ပန်းပုဆိုတာ ဘာကို ပြောတာလဲ။ အဲဒီ သိချင်မှု နဲ့ပဲ ကျွန်တော် အိမ်ထဲဝင်သွားလိုက်ပါတယ်။ အိမ်ထဲမှာ တဒုတ်ဒုတ်ထုရိုက်သံကိုတော့ ကြားနေရဆဲ။
အိမ်ထဲမှာ လည်း ကျွန်တော့်အာရုံကို စူးနစ်ဆွဲခေါ်ထားတဲ့ ရုပ်တုတွေ အ များ ကြီးပါပဲ။ ပြီးတော့ ရုပ်တုမဟုတ်တဲ့ အနွယ်အခက်တွေကိုလည်း တွေ့ရတယ်။ တစ်နေရာမှာ တော့ ကျွန်တော်တို့ကျောင်းအုပ်ဆရာကြီးအရွယ် ဦးလေးကြီး တစ်ယောက် ခုံတစ်လုံးကို မကုန်းမကွထိုင်ရင်း သစ်သားတုံးကြီးတစ်ခုကို တဆတ် ဆတ် ထုရိုက်နေတယ်။
ချွန်ထက်တဲ့အရာရဲ့ ဖဲ့ထွင်မှု ကြောင့် သူ့ရှေ့မှာ ရှိနေတဲ့ သစ်သားတုံးမှာ သစ်စတွေတဖွားဖွားလွင့်ကျလို့၊ ကျွန်တော်ရပ်ကြည့်တဲ့ ခဏမှာ ပဲ ထိုဦးလေးကြီးက ကျွန်တော့်ကို သတိပြုမိပြီး လှည့်မေးတယ်။
“ကောင်လေး… ဘာလဲ”
ကျွန်တော် ခေါင်းယမ်းပြရင်း…
“ဟို…ဦးလေးအရုပ်လုပ်တာကို ကြည့်ချင်လို့”
ဦးလေးကြီးက ကျွန်တော့်ကို သေချာကြည့်တယ်။ ပြီးတော့ အနီးရောက် လာတဲ့ ကျွန်တော့်ခေါင်းကိုပွတ်ပြီး ရယ်တယ်။
“အရုပ်လုပ်တာ မဟုတ်ပါဘူးကွ။ ပန်းပုထုတာပါ”
“ပန်းပု…”
ကျွန်တော် တိုးတိုးလေး ရေရွတ်မိတော့…
“ဟုတ်တယ်ကွ။ ဒီလို သစ်သားနဲ့ အရုပ်တွေလုပ်တာကို ပန်းပုလို့ခေါ် တယ်။ ပန်းပုထုတဲ့လူတွေကိုတော့ ပန်းပုဆရာပေါ့”
“ဒါဆို ဦးလေးက ပန်းပုဆရာပေါ့”
“အေးပေါ့ကွ”
“ကျွန်တော်လည်း ပန်းပုဆရာပဲ”
“ဟေ…”
ထိုဦးလေးကြီး အံသြသွားပုံရပါတယ်။ နောက် ကျွန်တော့်ကို ခပ်ပြုံးပြုံး ကြည့်ရင်း…
“မင်းက ပန်းပုဆရာ။ ဟုတ်လား”
“ဟုတ်တယ်လေ။ ဦးလေးပဲ အရုပ်တွေလုပ်တဲ့လူက ပန်းပုဆရာဆို”
“အေးလေ…”
“ဒီမှာ ကြည့်ပါလား။ ကျွန်တော်လည်း အရုပ်တွေကို လုပ်ထားတာအများ ကြီးပဲ။ ဦးလေးထက်တောင် များ ဦးမယ်”
ပြောရင်း ကျွန်တော် အင်္ကျီိအိတ်ထဲက အရုပ်သေးသေးလေးတွေကို ထုတ် ပြတော့ ဦးလေးကြီးက မယုံသင်္ကာဟန်နဲ့ အရုပ်တစ်ခုကို ယူကြည့်တယ်။ အကြာ ကြီးပါပဲ။ ပြီးတော့ တစ်ခါက ကျွန်တော့်တို့ကျောင်းကိုရောက်လာတဲ့ ဦးထွန်းအောင် ကျော်ရဲ့ မျက်နှာကို တဖြည်းဖြည်း အံ့သြဟန်တို့ ကြီးစိုးလာတယ်။ ကြည့်နေရင်းနဲ့ တအောင့်ကြာတော့…
“ဒါ မင်းလုပ်ထားတာ ဟုတ်လို့လား”
“ဟုတ်တယ်။ ဒီမှာ ကျွန်တော့်လက်ကို ကြည့်ပါလား။ ဓားရှထားတဲ့အ ရာတွေ”
ရှရာ၊ ခြစ်ရာတွေနဲ့။ အမာရွတ်တက်နေတဲ့ ကျွန်တော့်လက်ကို ကိုင်ကြည့် ရင်း ဦးလေးကြီး တော်တော်အံ့သြ သွားပါတယ်။ ပြီးတော့ မယုံနိုင်လည်း ဖြစ်သွားပုံ ရတယ်။ အဲဒီ နောက်တော့ ဘာမျှမပြောတော့ပါဘူး။ သူ့အလုပ်ပဲဆက်လုပ် နေတယ်။ ကျွန်တော်ကလည်း သူပန်းပုထုနေတဲ့ဘေးမှာ ငုတ်တုတ်လေးထိုင်ရင်း ကြည့်နေမိတယ်။ အကြာကြီးပါ။
ဦးလေးကြီးလက်မှာ ကိုင်ထားတဲ့ ပစ္စည်းတွေကို ဘာတွေမှန်းကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်လို ဓားနဲ့ထွင်းတာထက်စာရင် အများ ကြီးမြန် ဆန်တာတော့ သေချာပါတယ်။ ဦးလေးကြီးဘေးမှာ လည်း အဲလိုပစ္စည်းတွေ အများ ကြီးပဲ။ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေလိုက်မိတာ ဘယ်လောက်ကြာ သွားတယ်မသိဘူး။
ဦးလေးကြီးက ရုပ်တုတင်ထားတဲ့ ဆုံလည်းခုံကို တစ်ပတ်ပြည့်အောင် လှည့်ကာ မျက်မှန်ကိုချွတ်တော့ နဖူးမှာ ချွေးတွေ သီးနေပါပြီး။ ပခုံးပေါ်တင်ထားတဲ့ သဘက်နဲ့ တစ်ချက်သုတ်ပြီးတော့မှ ကျွန်တော်ရှိနေတာကို အမှတ်ရသွားသလိုမျိုး။
“ကောင်လေး… မပြန်သေးဘူးလားကွ”
ကျွန်တော် ခေါင်းယမ်းပြလိုက်တော့ ဘာမျှမပြောပါဘူး။ ဒါပေမဲ့ ထိုင်နေရာ ခုံပုလေးကထပြီး ကုလားထိုင်ပေါ် ပြောင်းထိုင်တယ်။ အနားယူတာလို့ ကျွန်တော် ထင်မိပြီ။ တအောင့်ကြာတော့ ဦးလေးကြီးမျက်လုံးမှိတ်ဆင်း သွားပါတယ်။
ဒီတော့မှ ကျွန်တော် ကိုယ်တွယ်ကြည့်ချင်တဲ့ ၀က်အူလှည့်လိုလို လက်ကိုင်ပါပြီး အသွားထက်တဲ့ သံပြားထူတွေ၊ လခြမ်းကွေးသဏ္ဌာန်သံပြားတွေ၊ နောက် ရေတလျှောက် ‘v’ ပုံစံ သံချောင်းလေးတွေကို ကိုင်ကြည့်လိုက်မိတော့…
“အဲဒါ ဆောက်လို့ ခေါ်တယ်ကွ”
အသံကြားလို့ လန့်သွားမိပေမဲ့ ကျွန်တော့်လက်ထဲက ပစ္စည်းတွေကို ပြန်မချမိပါဘူး။ ဘာ ဖြစ်လို့လည်းဆိုတော့ ကျွန်တော့်မှာ မရှိဖူးတဲ့ မောင်နှမတစ် ယောက် ရလိုက်သလို ခံစားတွယ်တာမိသွားလို့ပါ။ ကျွန်တော် တယုတယကိုင် တွယ်ရင်းနဲ့ပဲ ခုနဦးလေးကြီးလို သစ်သားမှာ ထွင်းထုချင်စိတ်တွေ အဖွားဖွားပေါ် လာရတယ်။
ပြီးတော့ ရှေ့မှ ထွင်းထုလက်စရုပ်ပုံကိုကြည့်ရင်း ကျွန်တော် တစ်စုံတစ်ရာကို သတိရမိသွားလေရဲ့ ။
အဲဒါက…
မမြင်လိုက်ရတဲ့ မိဘတွေကို သတိရလေတိုင်း ကျွန်တော် လှီးခြစ်ထားတဲ့ ‘စွန့်ပစ်သွားတဲ့မေမေ’ ဆိုသော သစ်သားရုပ်လေးကိုပါ။
xxxx
“ကောင်လေး… မပြန်သေးဘူးလားကွ။ မိုးချုပ်တော့မယ်။
ဦးလေးကြီးက ပြန့်ကျဲနေတဲ့ပစ္စည်းတွေကို လိုက်သိမ်းရင်း ပြောပါတယ်။ ခေါင်းယမ်းတာကလွဲပြီး ကျွန်တော့်မှာ ပြောစရာစကား မရှိပါဘူး။ ထို့အတွက်ကြောင့်…
“မင်းမိဘတွေ စိတ်ပူနေလိမ့်မယ်။ သွား… ပြန်တော့”
ကျွန်တော် ခေါင်းယမ်းမြဲ ယမ်းလျက်ပါပဲ။ သူ့ရဲ့ အလုပ်ခန်းလေးထဲမှာ အချိန်အကြာကြီး ငုတ်တုတ်ထိုင်နေမိတဲ့ ကျွန်တော့်ကို ဦးလေးကြီးက ပြန်စေချင် နေပါပြီ။ ဒါပေမဲ့ ကျွန်တော့်မှာ ပြန်စရာမရှိပါဘူး။ အဲဒါကြောင့်…
“ကျွန်တော် ဘယ်ကိုပြန်ရမှန်း မသိဘူး”
ဟေ…”
ကျွန်တော့်စကားကြောင့် ဦးလေးကြီးက မျက်မှန်အောက်က မျက်လုံးတွေနဲ့ မျက်မှော င်ကြုတ်ပြီး ကြည့်တယ်။
“မင်း ဘယ်ကလာတာလဲ”
“မိဘမဲ့ကလေး ထိန်းသိမ်းရေးကျောင်းက”
ကျွန်တော် နာမည် ပြောပြတော့ ဦးလေးကြီးက အကြာကြီးငြိမ်ပြီး စဉ်းစား တယ်။ ပြီးတော့ ကျွန်တော့်ကို အကဲခတ်သလို ကြည့်ပါတယ်။ ကျွန်တော်လိမ် ပြောတာ ဟုတ်မဟုတ် ဝေခွဲနေပုံပါပဲ။
“မင်းပြန်မလာရင် သူတို့ မင်းကို လိုက်ရှာကြမှာ ပေါ့”
“ဟုတ်ကဲ့… ရှာကြမှာ ပေါ့။ ဒါပေမဲ့ ကျွန်တော် ပြန်မသွားချင်တော့ဘူး”
“ဟ… မသွားတော့ မင်းက ဘယ်လိုလုပ်မှာ လဲ”
“ကျွန်တော် ဦးလေးနဲ့နေပြီး ဒီလိုအရုပ်တွေ လုပ်ချင်တယ်”
ထိုစကားက ဦးလေးကြီးကို တော်တော် ချောက်ချားသွားစေခဲ့ပါတယ်။ ပျာပျာသလဲ ဖြစ်သွားပြီး…
“ဟာ… မ ဖြစ်ဘူး၊ မ ဖြစ်ဘူး။ မင်းပြန်တော့… မင်းပြန်တော့”
ပြောပြောဆိုဆို ကျွန်တော်လက်ကိုဆွဲပြီး အိမ်အပြင်ဘက်ကိုခေါ်ထုတ် သွားတယ်။ ပြီးတော့ ကျွန်တော်ကို အပြင်မှာ ထားခဲ့ပြီး အိမ်တံခါးကြီးကိုပိတ်ပစ် လိုက်လေရဲ့ ။
“၀ုန်း…”
ဗိုက်က တချုတ်ချုတ်ဆာနေပြီ။ ဒါပေမဲ့ ကျွန်တော် နေနိုင်သေးပါတယ်။ ဖြတ်သွားဖြတ်လာတွေ ကျွန်တော်ကို ကလေးလေးတစ်ယောက် ဗိုက်ဆာနေတာကို သတိမထားမိကြပေမဲ့ အိမ်ထဲက ဦးလေးကြီးကတော့ ရိပ်မိနေတယ်ဆိုတာ ကျွန်တော်သိတယ်။
ကျွန်တော်လည်း ‘ပန်းပုဆရာကြီး ဦးငွေဆိုင်’ ဆိုတဲ့ ဆိုင်းဘုတ်ရှေ့တည့် တည့်မှ နည်းနည်း လေးမျှ မရွေ့သေးသလို အိမ်ထဲမှ ဦးလေးကြီးကလည်း ကျွန်တော် ရှိနေတယ်ဆိုတာက်ကို နည်းနည်း လေးမျှ သတိမထားမိမှာ မဟုတ်ပါဘူး။ ဘာ ဖြစ်လို့လည်းဆိုတော့ အိမ်ဘေးမှန်တံခါးထဲက ကျွန်တော့်ကို ခဏခဏ ရပ်ကြည့်အကဲခတ်နေတယ်ဆိုတာ ကျွန်တော် ရိပ်မိနေလို့ပါ။
ခြေထောက်တွေ တဆစ်ဆစ်နာလာပေမဲ့ကျွန်တော်မ ဖြစ်မနေ မတ်တတ် ရပ်လို့ထားတယ်။ အခုဆို ကျွန်တော် မတ်တတ်ရပ်နေတာ သုံးနာရီကျော် သွားပါပြီ။သဘာဝအလင်းရောင်နေရာမှာ မိချောင်း၊ မီးလုံးတွေနဲ့ ၀ါကျင်ကျင်အလင်းရောင်တွေက မင်းမူလာနေပြီ။ ပတ်ဝန်းကျင်က တစ်စ ထက်စမှော င်မိုက်လာတယ်။
ကျွန်တော်ကတော့ ရပ်နေပါပဲ။ လမ်းဘေးမီးတိုင်ရဲ့ အလင်းရောင်က ကျွန်တော့်ပေါထိုးကျ ပေးနေလို့ အင်္ဂတေရောင်ကြမ်းခင်းပေါ်မှာ ကျွန်တော့်အရိပ်က လဲလျောင်းနေတယ်။ ထိုအရိပ်လေး ကို ငေးကြည့်ရင်းနဲ့ပဲ ကောက်ကြောင်းအချို့ကိုစိတ်ထဲမှာ ရေးခြစ် ဖြစ်သည်။ ဒါပေမဲ့ အကြာကြီး မဟုတ်ပါဘူး။
ကျွန်တော့်ခန္ဓာကိုယ်ကို သေးကျုံပစ်ရလောက်အောင် တငွေ့ငွေ့အေးလာလို့ပါ။ အပေါ်အင်္ကျင်္ီ ခေါင်းစွတ်လေးကိုစောင်းပြီး လက်ဝါးနှစ် ဖက်ကို ခဏခဏ ပွတ်နေမိတယ်။ ကျွန်တော်ရပ်နေရာ ပလက်ဖောင်းမှာ တော့ လူတွေ… လူတွေ ဦးတည်ရာအမျိုးမျိုးကို သွားလာ လှုပ်ရှားနေကြပါတယ်။ ဒါပေမဲ့ သူတို့မှာ နေစရာအိမ်နဲ့၊ မိသားစုနဲ့၊ အသိုက်အမြုံနဲ့ပါ။
ကျွန်တော်ကတော့ ခိုကိုးရာမဲ့ တစ်ကောင် ပေါ့။ အခုအချိန်မှာ ကျွန်တော်လုပ်ချင်နေတာ က ကျွန်တော့်စိတ်ကို တနည်းနည်း နဲ့ ဖွင့်ချလိုက်ချင်စိတ်ပါ။ ဒီအခါမှာ တော့ ကျွန်တော့်လက်ရာ ရုပ်တုတွေမှာ အချိုးအစားကျနလှပမှု ဆိုတာထက် အထီးကျန်အားငယ်စိတ်ကို ပရိသတ်ကြီး ခံစား ရပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်လိုပဲ အထီးကျန်ဆန်မှု ကို သူတို့ ခံစားလိုက်ရမယ်။ နောက် ကျွန်တော်ဝမ်းနည်းသလို သူတို့ လိုက်ဝမ်းနည်းရမယ်။
ကျွန်တော်ထင်ပါတယ်။ အနုပညာဆိုတာ လူတစ်ဦးနဲ့တစ်ဦးကို စိတ်ဓာတ်ချင်း ဆက်သွယ် ပေးတဲ့ အနူးညံ့ဆုံး ကြားခံပစ္စည်းဆိုတာကိုပေါ့။
ငုတ်တုတ်ပြန်ထိုင်ရင်း ဒူးနှစ် ဖက်ကို ခပ်တင်းတင်းပိုက်ထားမိတယ်။ အအေးဒဏ်က ကျွန် တော့်ခံနိုင်ရည်ကို တစ်စထက်တစ်စ ဖြိုခွင်းလာပါပြီ။ ခြေထောက်တွေထုံပြီး အားနဲ့ပိုင်ထားရလို့ လက်မောင်းတွေ ကျင်လာတယ်။ ကျွန်တော်မြင်ကွင်းမှာ လည်း လူတွေ တစ်စထက်တစ်စ နည်းပါး လာပါပြီ။
အအေးဒဏ်ကို အန်တုနိုင်တဲ့ ကျွန်တော့်စွမ်းအားတွေလည်း တစ်စထက်တစ်စ ယုတ် လျော့လာသလိုပဲ။ ဒီအတိုင်းသာ ဆက်သွားရင် မကြာခင်အချိန်အတွင်းမှာ ကျွန်တော် လဲကျသွား မှာ ပါ။
ထိုအချိန်မှာ ပဲ ကျွန်တော်စောင့်ဆိုင်းနေတဲ့ တံခါးကြီးနှစ် ချပ်က မြို့တစ်မြို့ရဲ့ ပင်မတံခါး ကြီးလို တကျွီကျွီမြည်းရင်း ပွင့်သွားတယ်။ ဖော်မပြနိုင်လောက်အောင် ၀မ်းသာစိတ်တွေနဲ့ ကျွန်တော် မော့ကြည့်လိုက်မိတော…
“လာ…ကောင်လေး…. အထဲဝင်တော့”
အားငယ်စိတ်တွေ လွင့်ပျောက်၊ အထီးကျန်ဆန် ၀မ်းနည်းမှု တွေ တရွေ့ရွေ့ထွက်ခွာရင်း အိမ်ထဲကို အလျင်စလို ပြေးဝင်သွားလိုက်တော့…
မီးလင်းဖိုတစ်ဖိုရဲ့ အနွေးဓာတ်က ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ဆီးကြိုနေလေရဲ့ ။
xxxxx
ဒီလိုနဲ့ပဲ ကျွန်တော့်ဘ၀တစ်ဆစ်ချိုးဟာ ပြောင်းလဲသွားခဲ့ပါတယ်။ မိဘမဲ့ကလေး ထိန်း သိမ်းရေးကျောင်းက ဆွေမရှိ၊ မျိုးမရှိ၊ လာရောက်ကြည့်ရှုသူမရှိ ဘ၀ကနေ မိသားစုတစ်ခု ရလာခဲ့ တယ်။ အဖေ၊ အမေ မောင်နှမတွေနဲ့ သိုက်သိုက်ဝန်းဝန်းမဟုတ်ပေမဲ့ ကျွန်တော် ကျေနပ်ပါတယ်။ ပြီးတော့ ပျော်တယ်။
ကျွန်တော်မခံစားရသေးတဲ့ သစ်သားရနံ့ပေါင်းများ စွာ ကို ရှူရှိုက်ရင်း ကျွန်တော်ဖန်တီးချင် တဲ့ ရုပ်တုတွေကို ဦးလေးငွေဆီက စနစ်တကျ သင်ယူတည်ဆောက်ရင်း အသားကျလာပါပြီ။
အချိန်တစ်ခုကို ဖြတ်သန်းကျော်လွန်တာနဲ့အမျှ ကျွန်တော့်အသက်အရွယ်နဲ့ ကိုယ်ရည် ကိုယ်သွေးကိုလည်း ကျွန်တော် ဖန်တီးနေကျ ရုပ်တုလေးတွေလို ပထမအရိုင်းတုံး။ ပြီးတော့ အကြမ်းထည်။ နောက် ရုပ်လုံးပေါ်ပြီး အချောကိုင်အဆင့်ရောက်အောင် တဖြည်းဖြည်း ဖြတ်ကူး လာတယ်။
ဘယ်လိုပဲ ဖြတ်သန်းရာ ပတ်ဝန်းကျင်တွေ နှစ် တွေ ပြောင်းလဲသွားပေမဲ့ ပြောင်းလဲမသွားမ သွားတဲ့ အရာတစ်ခုကတော့ ကျွန်တော့်ရင်ထဲမှာ ယနေ့တိုင် ရှိနေပါသေးတယ်။
အဲဒါက ကျွန်တော့်အဖေနဲ့အမေကို ရှာဖို့ပါပဲ။
xxxxx
အခန်း (၂)
I
ကျွန်တော့်လက်တွေ သေအံ့မူးမူး ဖြစ်နေတယ်။ ဒါပေမဲ့ လက်ထဲက ဆောက်နဲ့ လက်ရိုက် ကို မချသေးပါဘူး။ ကျွန်တော့် အသက်ညာဉ်အားလုံး ခိုတွဲ ၀င်ပြီး ရှိုင်းရှိုင်းနက်နက် ထုဆစ်ပုံဖော် တဲ့ ရုပ်တုဆီက ခွာလို့မရသေးဘူး။
ရုပ်တုက ပြီးဖို့ အဝေးကြီး လိုသေးတယ်။ ကျွန်တော့်အနုပညာကို ဒီရုပ်တုထဲမှာ နေ့ပေါင်း များ စွာ ၊ ညပေါင်းများ စွာ ထည့်သွင်းပူဇော်ရဦးမယ်။ ရင်ထဲမှာ တလှပ်လှပ် ဖြစ်နေတယ်။ ဆာလောင် မှု ကြောင့်လား၊ မောဟိုက်မှု ကြောင့်လားတော့ မသိဘူး။ ဒါပေမဲ့ ဒီရုပ်တုနားက ကျွန်တော် ဘယ်လို မျှ ခွာလို့မရသေးဘူးဆိုတာတော့ သေချာတယ်။
ကျွန်တော့်သွေးသား၊ အသက်ဝိညာဉ်အားလုံးက အနုပညာကလွဲပြီး ကျန်တာအားလုံးကို မက်မက်မောမော မရှိတော့ဘူး။ ကိုယ်ထဲက သွေးတွေက အစဉ်သဖြင့် အနုပညာကို ဆာနေကြ တယ်။ ခေါင်းတွေတရိပ်ရိပ် ဝေလာတာကို သတိထားမိပေမဲ့ ကျွန်တော့်လက်က ရုပ်တုရဲ့ ကိုယ် ထည်ပေါ်မှာ တဒေါက်ဒေါက် တပ်မက်နေတုန်းပါပဲ။
ကျွန်တော် စတင်ထုလုပ်တုန်းကတော့ မနက်ခင်းပါ။ နေခြည်က ပြုံးဖျော့ဖျော့ရောင်ဝါနဲ့ ညင်ညင်လေး ထိုးကျနေတယ်။ ပြီးတော့ မနက်ခင်းလေတချို့ကလည်း လတ်လတ်ဆတ်ဆတ် တိုက်ခတ်ပေးထားတယ်။ ကျွန်တော့် အနုပညာဝိညာဉ် စတင်ပူးကပ်ရာအချိန်က မနက်ခင်း၊ ဆိုပေမဲ့ ယခု ဘယ်အချိန်မှန်းမသိတော့ဘူး။
နောက်ဆုံးတစ်ချက် ထုရိုက်ပြီးချိန်မှာ ကျွန်တော် လက်ကို အောက်ချပြီး ခြေငါးလှမ်း လောက် နော်ဆုတ်လိုက်တယ်။ ကြည့်နေရင်းနဲ့ ပန်းပုနဲ့ပတ်သက်တဲ့ အတွေးအခေါ်တစ်ရပ် ခေါင်း ထဲ အလိုလိုဝင် ရောက်လာတယ်။
“ဟာ…”
ဝမ်းသာပျော်ရွင်မှု နဲ့ အသံတစ်ချက်ပြုပြီး ရုပ်တုဆီ ပြန်သွားလိုက်တယ်။ ခဏတွင်းမှာ ပဲ သစ်စလေးတွေ ဖွားခနဲဖွားခနဲ လွင့်ကျလာပါတယ်။
“ဒီလောက်ဆိုရပြီ”
ခြေတစ်လှမ်းနောက်ဆုတ်ရင်း နောက်တစ်ချက်ကြည့်လိုက်တော့…
“ဟား… ဟား… ဟား…”
ကျွန်တော် အကျယ်ကြီး အော်ရယ်လိုက်တော့…
“ အဟွတ်… အဟွတ်… အဟွတ်….”
လည်ချောင်းတွေ ကွဲထွက်မတတ် ချောင်းတဟွတ်ဟွတ် ဆိုး သွားပါတယ်။ ထိုဒဏ်ကြောင့် ပဲ ချောင်းဆိုးရပ်ရပ်ချင်း ကျွန်တော် ဖင်ထိုင်ကျသွားတယ်။ ရင်ထဲမှာ မိုင်ထောင်ချီ ဖြတ်သန်းပြေးလွှားလာရသူ တစ်ယောက်လို ရှူးရှူးရှားရှား မောဟိုက်လို့ အသက်ကိုတောင် အသည်းအသန် ရှူနေရတယ်။ ရင်ဘတ်တစ်ခုလုံးလည်း မို့မောက်လိုက်၊ နိမ့်ကျလိုက်ပေါ့။
ကျွန်တော် ဖင်ဒရွတ်ဆွဲပြီး ဇရပ်နဲ့ အနီးဆုံးတိုင်လေးဆီ တရွေ့ရွေ့ တိုးသွားလိုက်တာ တိုင်ကိုမှီရင်း အမောဖြေနေမိတယ်။ မျက်လုံးကို မှိတ်ပြီး အသက်ကို မျှင်းရှူနေတာကြောင့် ပတ်ဝန်းကျင် ပြောင်းလဲသွားတာကို သတိမထားမိလိုက်ဘူး။ ကျွန်တော့်စိတ်ထင် အချိန်တော် တော် ကြာသွားတယ်ထင်တာပဲ။
“ဒေါက်… ဒေါက်…”
“ရှပ်…ရှပ်…”
တောင်ဝှေးထောက်သံကို အရင်ကြားရပြီး ဖိနပ်သံတရှပ်ရှပ်က နောက်မှပါလာတယ်။ ဘရ သေ့ ပြန်လာပြီထင်တယ်။ ခြေသံက ကျွန်တော်ထိုင်နေရာနဲ့ တဖြည်းဖြည်း နီးကပ်လာပြီး ကျွန်တော်နံဘေးမှာ ရပ်သွားတယ်။ သေချာပါတယ် ဘရသေ့ပါ။ မျက်လုံးဖွင့်မကြည့်ပေမဲ့ စိတ်က အလိုလို သိနေတယ်။ တအောင့်ကြာတော့ ဘရသေ့ ကျွန်တော့်နားက ထွက် သွားပါတယ်။ ဒါပေမဲ့ ချက်ချင်း ပဲ ပြန်ရောက်လာကာ…
“ထမင်းတွေလည်း ကုန်အောင်းမစားပါလား နေရောင်း”
မျက်လုံးကို ခပ်ဖြည်းဖြည်း ဖွင့်ကြည့်လိုက်တော့ အေးချမ်းတည်းငြိမ်းနေတဲ့ ဘရသေ့မျက်လုံးနဲ့ဆုံတယ်။
“ကျွန်တော်စားချင်စိတ်မရှိလို့ပါ”
ကရုဏာသက်သော မျက်လုံးတွေ ဘရသေ့ဆီက လျှံကျလာတယ်လို့ထင်ရပြီး ခေါင်းကို ခပ်လေးလေးယမ်းကာ…
“မင်းနဲ့တော့ ခက်နေပါပြီကွာ”
တိုးတိုးဖွဖွပြောရင်းနဲ့ပဲ သက်ပြင်းကိုချရင်း လှည့်ထွက် သွားပါတယ်။ ဘရသေ့ဦးတည်ရာက နံရံသစ်သားချပ်တွေ ကွာကျပျက်စီးနေသော ဇရပ်သာသာ ကျောင်းအိုလေး တစ်လုံးဆီကိုပါ။ တောင်ဝှေးကို တဒေါက်ဒေါက်ချရင်း တစ်လှမ်းချင်း လျှောက်ကာသွားတဲ့ ဘရသေ့ ကျောပြင်ကို ကြည့်ပြီးတော့ပဲ ကျွန်တော် ပင့်သက်တစ်ချက် ရှိုက်မိတယ်။
တစ်ခါတလေမှာ တော့ ဘရသေ့လို အေးချမ်းမှု မျိုး ကျွန်တော် မက်မက်မောမော လိုချင်မိပါ တယ်။
ဒါပေမဲ့ ကျွန်တော့်အတွက် မဟုတ်ပါဘူး။
အတွေးနဲ့ ရှေ့တည့်တည့်က ပန်းပုရုပ်ကြီးကို ကြည့်မိတော့ လရောင်နွေးနွေးမှာ သူမက အေးချမ်းလက်ဖြာလို့။
လရောင်ဝါ၀ါက ရွာလေးပေါ်ကို အုပ်မိုးလို့ ပြန့်ပြန့်ဖြူးဖြူး သာယာနေတယ်။ ညဥ့်တော် တော်နက်ပြီမို့ အသံဗလံတွေ မကြားရတော့ပါဘူး။ ကျွန်တော်နဲ့ ဘရသေ့ကတော့ ပြတင်းပေါက် တစ်ခုဘေးမှာ မျက်နှာချင်းဆိုင်ထိုင်ရင်း စကားပြောနေကြတယ်။
“နေရောင်… မင်းရဲ့ ဇာတာက ထူးခြားတဲ့ နက္ခတ်ခွင်တစ်ခုထဲကို ရောက်နေပြီ။ ဇာတာအ ကူးမှာ မင်းအတွက် ထူးဆန်းတာတွေ အများ ကြီး ဖြစ်လာလိမ့်မယ်။ သတိထားပြီးနေပါ”
ပြောပြီး ဘရသေ့ အတန်ကြာအောင် ငြိမ်သက်လို့သွားတယ်။ ကျွန်တော့်ရဲ့ တုံ့ပြန်မှု ကို စောင့်နေပုံပါပဲ။
“အညံ့တွေ ကုန်လို့ ဇာတာက လွတ်ပြီဆိုရင်တော့ မင်းဆီက အလင်းရောင်နက္ခတ်တွေပဲ ရောက်လာမှာ ပါ။”
ယခုထိ ကျွန်တော် ငြိမ်နေတုန်းပါပဲ။ ကြားရတဲ့ စကားတွေအတွက် တုန်လှုပ်မှု မရှိသလို မျှော်မှန်းဝမ်းသာစိတ်လည်း မရှိဘူး။ ဒါပေမဲ့ စိတ်ထဲက အမှန်တရားတစ်ခုကိုတော့ ပြောပြ လိုက်တယ်။
“ဘာတွေပဲ ဖြစ်လာ ဖြစ်လာ ကျွန်တော် ဂရုစိုက်ပါဘူး။ ကောင်းတာပဲလာလာ၊ ဆိုးတာပဲလာ လာ ကျွန်တော် ရင်ဆိုင်ဖို့အသင့်ပါပဲ။ ဒါပေမဲ့ တစ်ခုပဲ ဟောဒီရုပ်တုကြီးကို အပြီးမသတ်နိုင်ခင် ကျွန်တော်သေသွားမှာ ကိုဆိုးတာ”
ဒါကိုကြားတော့ ဘရသေ့ ရယ်ပါတယ်။ ရယ်နေရင်းနဲ့မှ…
“မင်း ရုပ်တုကြီး အပြီးမသတ်နိုင်မှာ ကိုတော့ မစိုးရိမ်ပါနဲ့ကွာ။ တကယ်လို့ ရုပ်တုမပြီးခင် မင်းသေသွားလည်း ၀ိညာဉ်ဘ၀နဲ့ပဲ မင်းဆက်ထုနေဦးမှာ ပဲမလား။ မင်းစိတ်ကို ငါသိပါတယ်”
ဘရသေ့ စကားကြောင့် ကျွန်တော် အသက်ကို တစ်ချက်ပင့်ရှူရင်း နံရံကပြက္ခဒိန် နွမ်းနွမ်း လေးကို ကြည့်နေမိတယ်။ ပြက္ခဒိန်ပေါ်မှာ က ရက်စွဲတစ်ခုကို ၀ိုင်းပြီး ကြက်ခြေခတ်ထားတယ်။
ဇွန်လ ၁၅ ရက်နေ့။
ကျွန်တော့်မွေးနေ့။ ပြီးတော့ ကောင်းကင်မှာ ကြယ်တစ်ပွင့် အ ဖြစ်ကိုယ့်ကိုယ်ကိုယ် ပွင့်ပြ ရမယ်နေ့။
ထိုစဉ်မှာ ပဲ မွေးနေ့နဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်က တစ်စုံတစ်ယောက်ကို ဆွတ်ဆွတ်ငေး ငေး လွမ်းမိတယ်။
လွမ်းလျှင် လုပ်နေကျအတိုင်းပဲ ကျွန်တော့်လက်က လည်ပင်းဆီ ရောက် သွားပါတယ်။ လည်ပင်းမှာ က ကြိုးမျှင်မျှင်ကလေးနဲ့ တွဲချည်ထားတဲ့ ပုလင်းသေးသေးလေးတစ်လုံး။ ထိုပုလင်း လေးကို ကိုင်ပြီး ကျွန်တော် သက်ပြင်းအကြိမ်ကြိမ် ချမိတယ်။
အခုချိန်ဆို သူမ ဘာလုပ်နေမှာ လဲ။ ကျွန်တော့်လိုပဲ လွမ်းနေမှာ လား။ ဒါမှမဟုတ် ကျွန်တော့်ကိုမတွေ့ရလို့ ငိုနေမှာ လား။ ထိန်ထိန်သာတဲ့ လမင်းကြီးကိုကြည့်ပြီး ကျွန်တော့်ကို သတိရတဲ့အကြောင်း စကားတွေပြောနေမှာ လား။ ဒါမှမဟုတ် ကျွန်တော့်အတွက်နဲ့ သူ့အုပ်ထိန်းသူ အားလုံးကို အတိုက်အခံလုပ်နေမှာ လား။
အတွေးနဲ့တင် ရင်ထဲမှာ မောလာရတယ်။
“ငါ စိုးရိမ်တာ အဲဒါပါ။
ဘရသေ့ရဲ့ အဆုံးအစမရှိစကားကြောင့် ကျွန်တော် ကြောင်ငေးငေး မော့ကြည့်မိတယ်။
“မင်းတို့ အဲလောက်တောင် ချစ်ကြတယ်လား”
ပင့်ကိုင်ထားတဲ့ ကျွန်တော့်လည်းပင်းက ပုလင်းလေးကို ကြည့်ပြီး ဘရသေ့မေးတော့…
အဖြေ ပြန်မပေးမိပါဘူး။ အဖြေပေးဖို့ မလိုဘူးလို့လည်း ထင်ပါတယ်။ ဒီပုလင်းလေးက အဖြေပေးတာထက် တိတကျတဲ့ သက်သေပဲလေ။
“ငါ အပြစ်မပြောပါဘူး။ လူတိုင်းမှာ တော့ ပါရမီဖြည့်ဘက်ဆိုတာ ရှိကြတာပဲလေ။ မင်းရဲ့ ချစ်သူ မိန်းကလေးကလည်း မင်းအတွက် ပါရမီဖြည့်ဘက်ကောင်းတစ်ယောက် ဖြစ်မှာ ပါ”
ကျွန်တော် ငြိမ်၍ ပဲ နားထောင်နေမိတယ်။ လရောင်ကအပေါ်တည့်တည့်ကို အုပ်မိုးနေပြီးမို့ ပတ်ဝန်းကျင်က ခုနထက် ပိုလင်းချင်လာတယ်။ ခပ်လှမ်းလှမ်း ရွာပြင်သင်္ချင်္ီုင်းက အုပ်ဂူဖြူဖြူလေး တွေတောင် ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ သံဝေဂတရားတစ်ခုကို ရွတ်ပြနေသလိုပါပဲ။
ကျွန်တော်တို့ရှိနေရာ ကျောင်းအိုစုတ်လေးက ရွာပြင်မှာ ဖြစ်ပြီး သင်္ချင်္ီုင်းက ကျွန်တော်တို့နဲ့ ရွာကြားမှာ နေရာယူထားတယ်။
“အခုချိန်ဆို မင်းအဖေလည်း မင်းကိုလိုက်ရှာနေမှာ ပဲနော်”
“လိုက်ရှာမှာ တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ စက္ကန့်မလပ်သတိရလိမ့်မယ်”
“ဘာလို့လိုက်မရှာတာလဲ။ အဖေရင်းမဟုတ်လား”
ကျွန်တော်ခေါင်းရမ်းလိုက်ပါတယ်။
“ကျွန်တော် ရှိမယ့်နေရာကိုမှ မသိတာပဲ။ လိုက်မရှာနိုင်ပါဘူး။ ဒါပေမဲ့ တစ်ခုပဲ။ ကျွန်တော့် အခန်းကို ဖွင့်ကြည့်ရင်တော့ ကျွန်တော်ဘယ်မှာ ရှိမယ်ဆိုတာ သူတွေးမိလိမ့်မယ်”
“သြော်…. မင်း စာရေးခဲ့တယ်လား”
“မဟုတ်ဘူး”
အကြည့်တစ်ခု ကျွန်တော့်ထံရောက်လာတယ်။
“ပန်းပုရုပ်တစ်ခု ထုခဲ့လို့”
“ဟေ…”
အံသြဟန်ပေါ်သွားပြီး ချက်ချင်း ပင်…
“ပန်းပုရုပ်တစ်ခုက မင်းအခုရှိနေတဲ့ နေရာအတိအကျကို ဖော်နိုင်လို့လား”
ဆတ်ခနဲ ခေါင်းညိတ်မှု နှင့် အတူ ကိုယ်ထဲမှာ နွေးသွားတယ်။
“အခု ကျွန်တော် ထုနေတဲ့ရုပ်တုကို ဘရသေ့ ဘယ်လိုသဘောရလဲ”
“ကောင်းတယ်… တော်တော်ကောင်းတယ်။ တော်တော်လည်း ဆန်းကြယ်တယ်။ ငါတွေ့ ဖူးတဲ့ ပန်းပုရုပ်တုတွေနဲ့ လုံးဝမတူဘူး”
ကျွန်တော် ပြုံးလိုက်ရင်း….
သက္ကရာဇ်တွေ ကူးပြောင်းလာတာနဲ့အမျှ အနုပညာပုံစံတွေ ပြောင်းလာကြပြီ။ ၂၁ ရာစု နောက်ပိုင်းကစပြီး အနုပညာပုံစံသစ် သဘော တရားအသစ်တွေ ပေါ်လာတယ်။ အဲဒီ ထဲမှာ ကျွန်တော်တို့ ပန်းပုပညာလည်း အပါအ၀င်ပေါ့။
အရင်ကတော့ ရုပ်တုတစ်ခု ထုတော့မယ်ဆို ပကတိနဲ့တူအောင် ကြိုးစားကြတယ်။ အခုတော့ မဟုတ်တော့ဘူး။ ရုပ်ပိုင်းထက် စိတ်ပိုင်းကို ဦးစားပေးလာကြတယ်။ အထိန်းအကွပ်မရှိ ဟိုဟိုသည်သည် လွင့်ပါးနေတဲ့ စိတ်ကူးဉာဏ်တွေနဲ့ ရုပ်တုကို ပုံဖော်ကြတယ်။
ဆိုလိုတာက ပုံတူထုလို့ လက်ရာမြောက်တယ်ဆိုတာထက် ကျွန်တော်တို့ထွင်းထုလိုက်တဲ့ ရုပ်တုတွေနောက်ကို ကြည့်ရှုသူပရိသတ်တွေ လိုက်ပါခံစားသွားရမယ်။ ရုပ်တုထဲမှာ မြစ်ရေတွေ စီး ဆင်းနေမယ်။ ကမ်းစပ်လို လှိုင်းတွေ ရိုက်ခတ်နေမယ်။ ငှက်ကလေးတွေ ပျံဝဲနေကြမယ်။ အဲလိုမျိုး”
ဘရသေ့ နှုတ်ခမ်းကိုကိုက်ရင်း ခေါင်းတဆတ်ဆတ်ညိတ်တယ်။
“ဒါဆို ပုံစံသစ်နဲ့ ပုံစံဟောင်း ကွာခြားမှု ကရော ဘာလဲ”
“ အနီးစပ်ဆုံး ပြောရရင်တော့ ကြည်နူးမှု နဲ့ နက်နဲမှု ပေါ့။ သဘာဝအရ လူတွေဟာ အချိုး အစားပြေပြစ်လှပတဲ့ အရာဝတ္ထုကို မြတ်နိုးတတ်ကြတယ်။ အဲဒီ အချိုးအစားလှပမှု ကို ကြည့်ပြီး ကြည်နူးတတ်ကြတယ်။ ကျွန်တော်ခုံမင်တဲ့ အယူအဆသစ်မှာ အဲလိုမဟုတ်ဘူး။ ကျွန်တော်တို့မှာ အချိုးအစားမရှိဘူး။
ဒါပေမဲ့ ထွင်းထုထွက်ပေါ်လာတဲ့ ရုပ်တုတွေက နက်နဲမယ်။ လျှိုဝှက်မှု တွေ ဆန်းကျယ်မှု တွေပါမယ်။ လူတွေရဲ့ စိတ်အာရုံကို ပြင်းထန်စွာ ဆွဲဆောင်နေရမယ်။ ပုံသဏ္ဌာန်တစ်ခုကို မိတ္တူကူးတာထက် အနက်ကောက်ခြင်း၊ သဘောဖွင့်ခြင်းလို့ ပြောရလိမ့်မယ်”
ကျွန်တော့်ပါးစပ်ကထွက်လာပေမဲ့ ကျွန်တော်ပြောတဲ့စကားတွေလို့တောင် မထင်မိပါဘူး။ တစ်စုံတစ်ခုသော အနုပညာဝိညာဉ်က ပူးကပ်ပြီး ပြောနေသလိုပါပဲ။ ဘရသေ့ကတော့ စကားကို နားထောင်ရင်း လရောင်ထိုးကျနေတဲ့ သင်္ချင်္ီုင်းဆီ ကြည့်လို့နေပါတယ်။ ပြီးတော့ သူသိလိုသမျှကို လည်း တစ်ချက်တစ်ချက်မေးတယ်။
‘မင်း ရုပ်တုတစ်ခုကို အချိန်ဘယ်လောက်ယူရသလဲ’
‘အကန့်အသတ်မရှိဘူး။ ဘာ ဖြစ်လို့လည်းဆိုတော့ ပုံတူထုတာ မဟုတ်လို့ပဲ။ နောက်ပြီး ကျွန်တော် မွေးထုတ်လိုက်တဲ့ ရုပ်ပုံတွေကိုလည်း ဘယ်သူမျှ ပုံတူကူးလို့ မရဘူး၊ စိတ်ကိုအခြေခံတဲ့ လက်ရာဆိုတာ တစ်ကြိမ်ပဲ’
ထိုစကားကြောင့် ဘရသေ့က ပြက္ခဒိန် နွမ်းနွမ်းလေးကို ခုနကျွန်တော်ကြည့်သလိုမျိုးပဲ တစ်ချက်လှမ်းကြည့် လိုက်ပြီး…
‘ဒါဆို မင်း အချိန်လောက်ငှပါ့မလား’
‘အနုပညာကို ဘောင်ခတ်လို့မရဘူး။ ဘာ ဖြစ်လို့လည်းဆိုတော့ ဘောင်ခတ်ခံရတဲ့ အနု ပညာတိုင်းဟာ ဂန္တ၀င် ဖြစ်မလာလို့ပဲ။ အနုပညာဆိုတာ အရမ်းသိမ်မွေ့လွတ်လပ်တဲ့ ဖန်းတီးမှု တစ်မျိုးပါ။ ဒါကိုမှ ထိန်းချုပ်ရင်၊ စည်းတားရင်း အဲဒီ အနုပညာကိုရော အနုပညာရှင်ကိုရော သတ်ပစ်လိုက်တာနဲ့အတူတူပဲ။ ကျွန်တော်ကိုယ် ကျွန်တော် ဘယ်တော့မျှ မသတ်ဘူး။ သူများ သတ်တာလည်း မခံဘူး။ ဒီရုပ်တုမှာ ပြီးဆုံးတဲ့ အချိန်မရှိဘူး။ ကျွန်တော့်လက်နဲ့ ထုရိုက်တဲ့ ဆောက်ချက်တွေ ရပ်သွားတဲ့ နေ့ဟာ ဟောဒီရုပ်တု အပြီးသတ်သွားတဲ့နေ့ပါပဲ’
‘ဒါဆို ပြက္ခဒိန်မှာ ၀ိုင်းထားတဲ့ ဇွန် (၁၅) ရက်နေ့ဆိုတာက…
‘ကျွန်တော့်မွေးနေ့ပါ။ ဒါပေမဲ့ အဲဒီ နေ့အမီ ရုပ်တုအပြီးသတ်နိုင်ဖို့ ကျွန်တော် အတတ်နိုင် ဆုံး ကြိုးစားမှာ ပါ’
ထိုစကားကြားရတော့မှ ဘရသေ့မျက်နှာမှာ စိုးရိမ်ပူပန်မှု တို့ လျော့ကျပျောက်ကွယ်သွား တယ်။ ဒါပေမဲ့ ကျွန်တော်လည်း ယတိပြတ် မပြောရဲသေးပါဘူး။ အနုပညာမှာ အနားကွပ်မှ မရှိ တာပဲ။
လာမယ့် (၁၅) ရက်နေ့ကတော့ ကျွန်တော့်ဘ၀အတွက်အရေးကြီးဆုံး နေ့တစ်နေ့ဆိုတာ သေချာပါတယ်။ ကျွန်တော်တင်မဟုတ်ဘူး။ ကျွန်တော်တို့ လောကတစ်ခုလုံးအတွက် အသက်တမျှ တန်ဖိုးကြီးမယ်နေ့။
ဒါပေမဲ့…
‘စိတ်တော့ မပူပါဘူး။ (၁၅) ရက်နားနီးလို့မှ မင်းသတင်းမထူးရင် သူတို့မင်းအခန်းကို ဖွင့်ကြည့်လိမ့်မယ်။ ပြီးတော့ မင်းကို ၀ိုင်းရှာကြလိမ့်မယ်’
‘ဟင့်အင်း…’
‘………’
‘ကျွန်တော်ရှိနိုင်မယ့်နေရာကို ကျွန်တော့်မွေးစားအဖေကလွဲပြီး ဘယ်သူမျှ တွေးနိုင်မှာ မဟုတ်ဘူး’
‘ငါလည်း ယုံပါတယ်။ ဒါပေမဲ့ မင်းအဖေကိုယ်တိုင် ပါလာမှာ ပါ
xxxxx
(a)
အဲဒီ နေ့က ကိုယ်ဘယ်လိုမျှ အလုပ်လုပ်လို့ မရခဲ့ပါဘူးချစ်သူ ။ တစ်နေ့လုံး ကိုယ့်ဝိညာဉ် ကိုယ်ပြန်နိုးပေမဲ့ အနုပညာဝိညာဉ်က နိုးမလာခဲ့ဘူး။ စိတ်ထဲမှာ လည် ကောက်ကြောင်းတွေ၊ မျဉ်းမာမျဉ်းပျော့တွေ ဆောက်ချက်တွေနဲ့ ရှုပ်ယှက်ခတ်နေတယ်။ ဒါနဲ့ပဲ ကိုယ် အားလုံးကို ပစ်ချပြီး အိမ်ထဲက ထွက်ခဲ့ပါတယ်။
အဲဒီ မှာ ပဲ ကိုယ့်နှလုံးသားကို လူရှုပ်ရှုပ်ပန်းချီအရောင်းပွဲ တစ်ခုမှာ ပြန်ရှာတွေ့ခဲ့တာပေါ့။
ညနေ တစ်ခုပေးဖို့ မြို့လယ်လမ်းမထက်မှာ လူတွေ ပျားပန်းခတ်လှုပ်ရှားသွားလာနေကြ တယ်။ လမ်းဘေးလက်ဖက်ရည်ဆိုင်တွေနဲ့ အာဟာရဆိုင်တွေ ၊ လက်ဖက်သုပ်၊ ချင်းသုပ်ဆိုင် တွေ၊ ၀က်သားတုတ်ထိုးဗန်းတွေနဲ့ ညနေတစ်ခုက မထုဆစ်ရပါပဲ။ ကဗျာဆန်ကာ လှလို့နေပါ တယ်။ အဲဒီ လမ်းပေါ်မှ ကိုယ်တစ်ယောက်တည်း လျှောက်လို့နေခဲ့တာပေါ့။
ဒီမှာ တင် ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားကြီးရဲ့ အ၀ိုင်းပတ်တစ်နေရာမှာ လူတွေဝိုင်း အုံနေတဲ့ မြင်ကွင်းတစ်ခုကို တွေ့ရတယ်။ ပုံမှန်အတိုင်းတော့ ဒါဟာ လမ်းဘေးမျက်လှည့်ပွဲ တစ်ခု ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် ရှားပါးဆေးဖက်ဝင်ပစ္စည်းတွေ ရောင်းချတဲ့ဆိုင်တစ်ခုပါပဲ။
သွားကြည့်လိုက်တော့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲ သွားပါတယ်။ ကျွန်တော် ထင်တာ တစ်ခုမှမဟုတ်ဘဲ ချက်ချင်း ဆွဲ ချက်ချင်း ရောင်းတဲ့ ပန်းချီအရောင်းဆိုင်လေးတစ်ခုပါ။ သာ မန်အားဖြင့် တော့ ဘာမှ ထူးထူးခြားခြား လူအုံစရာမရှိပါဘူး။ ဒါပေမဲ့ အသင့်အတင့်ဈေးနှုန်းနဲ့ ဆွဲထားသူ ပန်းချီဆရာလေးကြောင့် လူတွေ ၀ိုင်းအုံကြည့်နေကြတာပါပဲ။
အလွန်ဆုံးရှိမှ ဆယ်နှစ် ပေါ့။ ဒါပေမဲ့ မထင်ရလောက်အောင် လက်ရာတွေက ပြောင်မြောက်နေတယ်။ ကျွန်တော်ဝင်တိုးကြည့်မိတော့ ကျွန်တော်တို့ မြို့သူမြို့သားတွေပင် မဟုတ်ပါဘူး။ နိုင်ငံခြားသားအချို့တောင် တအံ့တသြ ကြည့်ရှုလို့နေပါတယ်။ လက်ထဲမှာ လည်း ၀ယ်ယူ ဂုဏ်ပြုထားတယ်ထင်ရတဲ့ ပန်းချီးကားလိပ်တွေနဲ့ပေါ့။
ဖြန့်ခင်းထားတဲ့ ပန်းချီတွေကိုကြည့်မိတော့ စေတီပုံ၊ ရှုခင်းပုံ၊ တိရစ္ဆာန်အလှပုံအချို့နဲ့ တောင်ကုန်းမြင့်လေးတွေပေါ်မှ ခပ်လှလှနေချင်စဖွယ် အိမ်ပုံစံမျိုးစုံကို စိတ်ကူးဉာဏ်ကွန့်ပြီး ရေး ဆွဲထားတာ တွေ့ရတယ်။ ကြည့်နေရာမှာ တော့ ကျွန်တော်အာရုံကို ပန်းချီကားတစ်ချပ်က ညှို့ငင် ဆွဲခေါ်သွားခဲ့ပါတယ်။
အဲဒါက မီးပြတိုက်တစ်ခုပုံကို ရေးဆွဲထားတဲ့ ပန်းချီကားပါ။ ဘေးမှာ ပင်လယ်လှိုင်းလုံးတွေ၊ ကျောက်ဆောင်တွေ၊ သစ်ပင်တွေပုံကို မထင်မရှား ရေးဆွဲထားပြီး မီးပြတိုက်က ထိုအရာအားလုံး အပေါ်ကိုမိုးကာ အလင်းရောင် ဖြန့်ကျက်ပေးထားတဲ့ပုံ။ ထူးခြားသွားတာကတော့ ညမှော င်မှော င်ကို နောက်ခံယူထားတဲ့ အချက်ပါပဲ။ ညမှော င်မှော င်အောက်မှာ ပင်လယ်၊ ကျောက် ဆောင်နဲ့ သစ်ပင်တွေက အရောင်ကွဲပြီး ရှင်းလင်းနေတယ်။
ပြီးတော့ ထိုအပေါ်ကို မီးပြတိုက်ရဲ့ အလင်းရောင်က တစ်ပိုင်းတစ်စ ကျရောက်ပေး ထားတယ်။ ဆေးစပ်သုံးစွဲမှု ၊ အရမ်းအသက်ပါပါတယ်။ ကြည့်နေရင်းနဲ့ ကျွန်တော် ကြက်သီးဖြိုင်း ဖြိုင်း ထသွားမိတယ်။
ပန်းချီအခြေခံရှိသူတွေသာ သိရှိနိုင်တဲ့ အယူအဆတစ်ရပ် ဖြစ်ပေမဲ့ ရေးဆွဲသူဆရာလေးရဲ့ ပါရမီကတော့ နည်းနည်း နောနော မဟုတ်ပါဘူး။
ချက်ချင်း ပဲ ကျွန်တော် ထိုပန်းချီပုံကို ကောက်ကိုင်လိုက်တယ်။
‘ဒီပုံယူမယ်’
‘ဒီပုံယူမယ်’
ကျွန်တော် နှစ် ခါမပြောလိုက်တာ သေချာပါတယ်။ ပြီးတော့ မိန်းကလေးအသံနဲ့လည်း လုပ်မပြောတတ်ပါဘူး။ ဒါဆို…
ပန်းချီပုံလေးက လေထဲမှာ လက်နှစ် ချောင်းနဲ့ တန့်နေတယ်။ တစ်ဖက်စွန်းက ကျွန်တော့် လက် ဖြစ်ပြီး အခြားတစ်ဖက်ကတော့ မိန်းကလေးရဲ့ လက်ပါ။ ဒီလိုနေရာမျိုးမှာ လူအများ စုက တော့ ချက်ချင်း ပဲ တစ်ဖက်လူကို စူးစမ်မိကြမှာ ဖြစ်ပေမဲ့ ကျွန်တော်ကတော့ပန်းချီလေးရဲ့ တစ်ဖက်စွန်းနဲ့တင် အသက်ရှုမှားသွားရပါပြီ။
လက်လေးတစ်ဖက်။ သွယ်ဥဖွေးဖြူတဲ့ လက်ချောင်းဖောင်းဖောင်းလေးတွေ။ ချက်ချင်း ပဲ ကျွန်တော့်အပေါ်ကို နှင်းတွေ ဖွဲခနဲကျလာသလိုပါပဲ။ ရင်ထဲမှာ အေးစိမ့်သွားတယ်။ ပြီးတော့ ပတ် ၀န်းကျင်က ရေခဲရိုက်ခံလိုက်ရသလို လှုပ်ရှားမှု တွေအားလုံး ရပ်သွားတယ်လို့ ထင်မိတယ်။
မောင်းနေတဲ့ကားတွေ၊ သွားလာလှုပ်ရှားနေကြသူတွေ၊ အော်ရောင်းနေတဲ့ ဈေးသည်တွေ၊ မုန့်စားနေကြသူတွေအားလုံး လုပ်လက်စအလုပ်တွေ ခဏရပ်တန့်ပြီး ဒီအတိုင်း ကျောက်ရုပ်တွေ လို ငြိမ်သက်သွားတယ်လို့ ထင်မိတယ်။
ညာဘက်လက်ချောင်းလေးတွေရဲ့ သွေးလည်ပတ်မှု အရ ကျွန်တောလက်ချောင်းတွေကို လည်း အကြည့်တစ်ခု စူးစူးနစ်နစ် စိုက်ကြည့်နေကြောင်း ခံစားမိတယ်။ ထိုအတိုင်းလေးပဲ ကျွန်တော့်တို့ အကြည့်တွေ တဖြည်းဖြည်း မြင့်တက်သွားကြပါတယ်။
ဒါပေမဲ့ နေရာတစ်ခု အရောက်မှာ တော့…
‘အို…’
ရှက်သွေးနဲ့ ငုံ့သွားတဲ့ သူမရဲ့ အလှတစ်ခုအောက်မှာ …
‘မင်းယူလိုက်ပါ’
ပန်းချီကားကို ကိုင်ထားဆဲလက်တစ်ဖက်ကို လွှတ်ချလိုက်တယ်။ ထိုတော့မှ ပတ်ဝန်းကျင် မှ လေတိုးသံတွေ၊ ကားဟွန်းသံတွေ၊ လူသူလှုပ်ရှားသံတွေကို ပြန်ကြားရတယ်။ ကမ္ဘာကြီး အခိုက်အတန့် ရပ်တန့်သွားရာမှာ ပြန်လည်ပတ် သွားပါပြီ။
ကျွန်တော်ကတော့ လည်ပြန်လှည့်ကြည့်ရင်း လျှောက်လှမ်းသွားတဲ့ ချစ်သူရဲ့ ပုံရိပ်ကို ကြည့်ကာ စိတ်ကူးထဲမှာ ရုပ်ပုံတစ်ခု ဖန်တီးမိလေရဲ့ ။
ပြီးတော့ နာမည်းတစ်ခုကိုလည်း ချက်ချင်း ပေးမိတယ်။
“snow’Finger”
xxxxx
(b)
‘သား…မအိပ်သေးဘူးလား’
‘ ဟုတ်ကဲ့ ဦးလေးငွေ။ အိပ်မပျော်တာနဲ့ ပန်းပုထုနေတာ’
ဦးလေးငွေက အနားရောက်လာရင်း ကျွန်တော်ထုလုပ်တဲ့ ရုပ်ပုံကိုကြည့်ပါတယ်။ ပြီးတော့…။
‘Snow’s finger လေးပဲလား’
‘ဟုတ်တယ်။ အဲဒီ အရုပ်လေးကို မြန်မြန်အပြီးသတ်ချင်နေပြီ။ ဒါပေမဲ့ စိတ်တိုင်းမကျသေး တာနဲ့ ကြနေတာ’
‘နို့… မင်းဟာက တော်တော်ပြည့်စုံနေပြီပဲ။ ရပ်လို့တောင်ရနေပြီ’
ကျွန်တော် အရုပ်လေးသေးမှခွာရင်း အတန်ကြာ ရပ်ကြည့်နေမိတယ်။
‘ဒါပေမဲ့ တစ်ခုခုလိုနေသလိုပဲ…’
ကျွန်တော့်ကိုကြည့်၍ ဦးလေးငွေ အတန်ကြာ ရယ်ပါတယ်။
‘ ဟုတ်တာပေါ့ကွာ။ အပြင်မှာ လည်း တစ်ခုခု လိုနေတာပဲဥစ္စာ။
အပြင်မှာ လည်း မင်းအဆုံးသတ်နိုင်သေးလို့လား’
ထိုစကားက ကျွန်တော့်နှလုံးသားကို တိုက်ရိုက်ထိ သွားပါတယ်။ ဟုတ်သားပဲ။ အပြင်မှာ တောင် ကျွန်တော်အဆုံးမသတ်နိုင်သေးတဲ့ဥစ္စာ။
‘တော်တော်ချောလား’
ကျွန်တော် နှုတ်ခမ်းနှစ် လွှာကို တင်းတင်းစေ့၍ ခေါင်းညိတ်ရင်း…
‘ချောတယ်’
ဦးလေးငွေက ကျွန်တော်မျက်လုံးထဲမှ အဖြေမှန်တွေကို နှိုက်ထုတ်သလို သေချာကြည့် တယ်။ နောက်… တစ်ခုခုကို ကျေနပ်သလို ခေါင်းတဆတ်ဆတ်ညိတ်ကာ…
‘သား… ဒါဆို မင်းအချစ်ကို ရှာတွေ့ခဲ့ပြီပေါ့’
ကျွန်တော် အဖြေမပေးမိပါဘူး။ ဦးလေးငွေကပင် ဆက်၍ …
‘အချစ်ကိုရှာတွေ့ တယ်ဆိုတာမှာ လည်း အမျိုးမျိုးရှိတယ်ကွ။
တချို့က ရုပ်ချောတဲ့မိန်းကလေးတွေမှာ ပဲ တို့ယောက်ျားလေးတွေ စိတ်ဝင်စားနိုင်တဲ့ အလှ ရှိတယ်ထင်ကြတာ။
ရုပ်ဆိုးတဲ့ မိန်းကလေးတစ်ယောက်ပဲ ဖြစ်နေပါစေနော် သူ့မှာ လည်း သူ့ကိုယ်ပိုင်အလှ တစ်ကွက်ကိုမြင်အောင်ကြည့်နိုင်ဖို့ပဲလိုတာ။ မြင်သွားပြီဆိုရင်တော့ အဲဒီ အလှဟာ တို့ယောက်ျား လေးတွေအတွက် အချစ်တစ်ခု ဖြစ်သွားလို့ရတယ်’
ဦးလေးငွေရဲ့ အချစ်နဲ့ပတ်သက်သော ဒဿနတွေက တစ်ခါတစ်ရံမှာ အသုံးတည့်လှ ပါတယ်။ အဲဒါကြောင့် ရုပ်ဆိုးတဲ့မိန်းကလေးတွေရဲ့ ကိုယ်ပိုင်အလှတစ်ကွက်ကို လိုက်ရှာရင်း လူပျို ကြီး ဖြစ်လာတာ။
‘မင်းရဲ့ …. Snow’s finger လေးကိုရော သူ့ရဲ့ ဘယ်အစိတ်အပိုင်းနဲ့ စိတ်ဝင်စားသွား တာလဲ’
‘လက်တစ်ချောင်းလေးတွေ။ ဟုတ်တယ်… သူ့ရဲ့ လက်ချောင်းလေးတွေကို စိတ်ဝင်စားသွား တာ’
ကျွန်တော့်စကားဆုံးတော့ ဦးလေးငွေက ထုလုပ်ဆဲရုပ်တုပုံကို တစ်ချက်လှမ်းကြည့်ကာ… ‘ဟုတ်မှာ ပါ။ ဒီပုံမှာ ရှာရင်တောင် တွေ့နိုင်တာပဲ။ မင်းဝှက်ထားပေမဲ့ ငါမြင်နေရတယ်။ မင်းရဲ့ snow’s finger လေးတွေက ဆံပင်ထဲမှာ ။ ဒါပေမဲ့ ရောနေတယ်’
ပန်ုးပုဆရာဆိုတာ ရုပ်တုတစ်ခုရဲ့ လျှိုဝှက်ချက်ကို သာမန်ခူတွေထက်တော့ ရှာတွေ့ နိုင်တာပဲလေ။ ဒါ မဆန်းပါဘူး။
‘ဟုတ်တယ်’
‘ ဒီ ရုပ်တုပြီးသွားရင်တော့ မင်းပြပွဲတင်ဦးမှာ လား’
ဒီတစ်ခါတော့ ခပ်သွက်သွက်ကို ကျွန်တော် ခေါင်းယမ်းပြလိုက်ပြီးထုထားတာ’
ကျွန်တော့်စကားကြောင့် ဦးလေးငွေ မျက်မှော င်တစ်ချက်ကြုတ်သွားတယ်။ ထူးဆန်းသွား တယ်။ ထူးဆန်းသွားတဲ့ စကားအလာကြောင့် အတန်ငယ်အံ့သြသွားပုံရလေရဲ့ ။ ပြီးတော့ တစ်ခုခုကို သဘောပေါက်သွားသလို ကျွန်တော်ကိုတစ်ချက်လှမ်းကြည့်တယ်။ မျက်ဝန်းနှစ် ခုက အသံမမြည်းအောင် ထိသွားပေမဲ့ ထူးခြားသွားတဲ့ အရာတစ်ခုကို ကျွန်တော်တို့နှစ် ယောက်ကလွဲပြီး ဘယ်သူမျှ မမြင်လိုက်ပါဘူး။
အကြည့်ချင်း အားပြိုင်သွားတယ်။ တအောင့်ကြာတော့ ဦးလေးငွေရဲ့ အားပေးသံလိုလို၊ အသိအမှတ်ပြုသံလိုလို စကားအချို့က တစ်လုံးချင်း လိမ္မာပါးနပ်စွာ ထွက်ကျလာတယ်။
‘မင်းပြခန်းကို ဘယ်သူတွေကို လာခွင့်ပေးမှာ လဲ’
‘ကမ္ဘာအရပ်ရပ်က အနုပညာချစ်သူတွေကို’
ဦးလေးငွေ ပြုံးသွားတယ်။
‘တစ်ချိန်ကျရင်တော့ ကျွန်တော်တို့အားလုံးက လောကကြီးထဲက ထွက်ခွာသွားရမှာ ပဲလေ။ ဘယ်သူမှ ထာဝရရှင်သန်ဖို့ မ ဖြစ်နိုင်ဘူး။ အဲဒီ အခါမှာ ကမ္ဘာကြီးအတွက် ကျွန်တော်ကိုယ်စား ထာဝရရှင်သန်နိုင်တဲ့၊ ရှင်သန်ခွင့်ရှိတဲ့၊ ရှင်သန်ခွင့်ရှိတဲ့ ရုပ်တုတစ်ခု ဖန်တီးပေးခဲ့ချင်တယ်။ အဲဒါဆို ကျွန်တော် သေပျော်ပြီ’
စကားဆုံးသွားတော့…
‘ဒါဆိုရင်တော့ မင်းကို တစ်ခုလောက် တောင်းဆိုချင်တယ်သား’
‘ဘာလဲ’
ဦးလေးငွေရဲ့ သက်ပြင်းချသံသဲ့သဲ့ကို ကြားရတယ်။
‘မင်းရဲ့ အုတ်ဂူကိုလည်း ကမ္ဘာအရပ်ရပ်က ပြည်သူတွေကို လာခွင့်ပေးလိုက်ပါ’
xxxx
ငါ့ကောင်းကင်မှာ မိုးတွေညို့
ငါ့ကမ်းပါးက တစ်ဝက်တိတိပြုတ်ကျနေပြီ။
ကူသူမရှိဘူး၊ ကယ်သူမရှိဘူး။
ဒါပေမဲ့…
နွယ်တစ်ချောင်းကို မွေးထုတ်ပေးနိုင်တဲ့
စုတ်တစ်ချက် ငါ့အနုပညာထဲမှာ ရှိတယ်။
အဲဒီ စုတ်နဲ့ ထိုနွယ်ကို အသက်သွင်းမယ်။
ပြီးတော့ ငါ့နှလုံးသားနဲ့ခိုတက်မယ်။
ငါ အခါခါပြောခဲ့ဖူးတဲ့ စကားလိုပေါ့…
အနုပညာဆိုတဲ့ ပင်လယ်ကြီးထဲမှာ
မသေခင်တော့ ကူးခတ်နေဦးမှာ ပဲ။
ကံကောင်းရင် မေခလာကယ်မယ်။
ကံမကောင်းလည်း…
အဟင်း…. ရပါတယ်။
(c)
ကျွန်တော်တို့ဆုံနေကျ မြေစိုက်လက်ဖက်ရည်ဆိုင်းလေးထဲကို လှမ်းဝင်လိုက်တော့ နန်းဝေက စားပွဲတစ်ဝိုင်းမှ လှမ်းခေါ်တယ်။
‘လာကွာ… နေရောင် မင်းကို စောင့်နေကြတာ’
ခရီးရောက်မဆိုက် ကြားလိုက်ရသေားစကားကြောင့် ကျွန်တော် အနည်းငယ်ကြောင် သွားတယ်။
‘ကျွန်တော့်ကို စောင့်နေတာ’
နားဝေသိမ်တောင် မေးလိုက်တော့…
‘အေး…’
‘အကြောင်းထူးရှိလို့လား’
ခုံဆွဲပြီး ၀င်ထိုင်လိုက်စဉ်မှာ ပဲ ကဗျာဆရာထဲက ကျွန်တော့်ရှေ့ကို အသင့်လှန်ပြီးသား မဂ္ဂင်ဇင်းတစ်အုပ်ထိုးပေးတယ်။ ကြည့်လိုက်မိတော့…
‘သြော်…
နှုတ်မှ ထိုမျှသာ ထွက်သွားသော်လည်း ရင်ထဲမှာ တော့ အတိုင်းအဆမရှိ ၀မ်းသားသွားတယ်။ အကြောင်းကား လူကြိုက်အများ ဆုံး ပန်းပုရုပ်အ ဖြစ် ပြခန်းတင်ထားတဲ့ ကျွန်တော်ရဲ့ ’အမေ တစ်ယောက် ဖန်ဆင်းခြင်း’ ဆိုတဲ့ ရုပ်တုက နံပတ်နှစ် နေရာမျာရောက်နေပါတယ်။ ဒါကို ကြည့်ပြီး ဘော်ဒါတွေက ၀ိုင်းညှင်းဖို့ ကြိုးစားနေခြင်းပါ။ နံပါတ်တစ်ကတော့ ထုံးစံအတိုင်းပဲ ‘မြစ်တို့ရဲ့ သံစဉ်’
အမည် နဲ့ သူရိန်ထွန်းပေါ့။
‘ဒါများ ကွာ… အထူးအဆန်းလုပ်လို့ ။ တစ်မှမဟုတ်တာ
‘ဟား… ဟား….မရဘူးလေ။ မင်းအသက်အရွယ်နဲ့ အခုလို နေရာရတာ ကို မင်းက နည်းတယ်ထင်လို့လား။ အောက်မှာ ကြည့် ကြည့်လိုက်… ဟေ့ကောင်။ ပန်းပုလောကမှာ ဆယ်စုနှစ် နှစ် ခုမက ကျင်လည်နေတဲ့ ဆရာကြီးတွေတောင် မင်းအောက်မှာ မနည်းတော့ဘူး။’
ဟုတ်ပါတယ်…။ ဒါကိုတော့ ငြင်းလို့မရပါဘူး။ ထိုစဉ်မှာ ကျွန်တော်တို့ ပြောစကားကို နားထောင်နေဟန်တူတဲ့ တစ်ဖက်ဝိုင်းမှ ပန်းချီဆရာ ဆူးရဲနီက…
‘ကြိုးစားစမ်းပါကွာ။ မင်းကို ငါတို့အားလုံးက မျှော်လင့်ထားကြတာ။ မင်းဒီလက်အတိုင်းသာဆက်သွားရင်သူရိန်ထွန်းကိုကျော်ပြီး ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးပန်းပုဆရာတစ်ယောက်အ ဖြစ် ပြည်ပကို ထိုးဖောက်နိုင်လိမ့်မယ်’
ဆရာဆူးရဲနီစကားကြောင့် ကျွန်တော်နှလုံးခုန်သံတို့ နွေးသွားတယ်ထင်တာပဲ။ ပြီးတော လက်ထဲမှ စာအုပ်ကိုလည်း နောက်ထပ်ဖြည့် ဖြစ်တယ်။
သူရိန်ထွန်းဆိုတာ လူငယ်ပန်းပုပညာရှင်တွေထဲမှာ အတော်ဆုံးပန်းချီဆရာပါ။ နိုင်ငံတကာ သံရုံး တွေက ပန်းပုနဲ့ပတ်သက်ရင် မခေါ်မ ဖြစ် ဖိတ်ခေါ်ဆွေးနွေးပြီး တဖွဖွ ချီကျူးဆက်ဆံရတဲ့ လူတစ်ယောက် နိုင်ငံတကာ ပန်းပုလောကမှာ လည်း သူရိန်ထွန်းဆိုတဲ့ နာမည် ကတော်တော်ပေါက်ရောက်ပါတယ်။ သူရိန်ထွန်းလက်မှတ်ပါတဲ့ ရုပ်တုတွေဆိုရင် ဈေးကြီးပေးပြီး ၀ယ်ယူချင်ကြသူတွေပေါမှပေါပဲ။
နိုင်ငံတွင်းပန်းချီ၊ ပန်းပုပြပွဲ လုပ်ပြီဆိုရင် သူ့ရုပ်တုတွေက လူကြိုက်အများ ဆုံး နံပါတ်တစ် နေရာမှာ အချိန်ပြည့်နီးပါးယူထားတယ်။ ထိုစဉ်မှာ ပဲ တစ်ချိန်လုံးငြိမ်နေတဲ့ ကိုချိုက…
‘ဟုတ်တယ်ကွ… ။ အခုဆို မင်းက သူရိန်ထွန်းနဲ့ အပြိုင် ဖြစ်လာပြီ။ ပန်းပုအကဲဖြတ် ပညာရှင်တွေအားလုံးကလည်း မင်းလက်ရာတွေကို စောင့်ကြည့်အကဲခတ်လာကြပြီ။ အဲတော့ မင်း မပေါ့နဲ့တော့။ အကောင်းဆုံးလက်ရာတွေ ဖန်တီးနိုင်အောင်သာ ကြိုးစား’
ကျွန်တော် တရိုတသေ ခေါင်းညိတ်လိုက်မိပါတယ်။ ရှင်းရှင်းပြောရရင် ဒီကိုလာတတ်သူ တွေထဲမှာ ကျွန်တော်က အငယ်ဆုံးလို ဖြစ်နေတော့ ကျွန်တော့်ကို အကုန်လုံးက ၀ိုင်းချစ်ကြတယ်။
သဲဝေနဲ့ နန်းဝေကတော့ လက်ဖက်သုပ်နဲ့ ဆေးလိပ်တစ်ပွဲ ထပ်မှာ တယ်။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်လေးက လက်ဖက်ရည်နဲ့ လက်ဖက်သုပ်၊ ချင်းသုပ်ကလွဲရင် ဘာမှမရပါဘူး။ အနုပညာကို တစိုက်မတ်မတ် ခုံမင်ပြင်းထန်လွန်းသူ စစ်စစ်တွေသာ အထိုင်များ တဲ့ဆိုင်မို့ ဒီလောက်နဲ့ပင် ပြည့်စုံလို့နေပါတယ်။ ဒီထက်ပိုရင်လည်း စားနိုင်ကြမှာ မဟုတ်ဘူးလေ။
‘မင်း ပြခန်းဘက် ရောက် ဖြစ်သေးလား’
‘မရောက် ဖြစ်ဘူး’
ကျွန်တော့်အဖြေကြောင့် နန်းဝေက ခေါင်းညိတ်တယ်။ နန်းဝေလည်း ပန်းပုဆရာတစ် ယောက် ဖြစ်ပြီး သူ့လက်ရာတွေက ပေါ့ပေါ့ပါးပါးနဲ့လှတယ်။ ဈေးကွက်ရှိတယ်ဆိုတဲ့ သဘော မျိုးပေါ့။
‘နေရောင်… မင်း ‘ရိုဒင်’ရဲ့ အတ္ထုပ္ပတ္တိစာအုပ် ဖတ်ပြီးသွားပြီလား’
‘ဖတ်ပြီးသွားပြီ။ ဘာ ဖြစ်လို့လဲ’
‘ရိုဒင်ဆိုတာ ကမ္ဘာကျော် ပြင်သစ်ပန်းပုပညာရှင်ကြီးပါ။ နန်းဝေက အတန်ငယ် စဉ်းစားရင်း
‘မဟုတ်ပါဘူး။ သူ့အတွေးအမြင်တွေနဲ့ ပတ်သက်ပြီး မင်းဘယ်လိုသဘောရလဲ သိချင်လို့ပါ’
ကျွန်တော် ငြိမ်သွားမိတယ်။ အခုလို ကမ္ဘာပညာရှင် တစ်ယောက်ရဲ့ အတွေးအမြင်ကို ဝေဖန်ဖို့ဆိုတာ မလွယ်ပါဘူး။
‘ငါ တွေးမိသလောက်ပဲ ပြောပြမယ်နော်။ အမှန်အတိုင်းပြောရင် ရိုဒင်က သူ့လောကကို သူ အားမရခဲ့ဘူ။ သူ့တို့ ပြင်သစ်ပန်းချီလောကဟာ ဂရိ၊ အီတလီတို့ကို မယှဉ်နိုင်ဘူးလို့ ထင်တယ်။ အဲ ဒါကြောင့်ပဲလားမသိဘူး။ တချို့ သူ့လက်ရာတွေမှာ စိတ်ဓာတ်အားနည်းနေတာမျိုးကို တွေ့ ရတယ်။
ဒါပေမဲ့ သူလည်းစွယ်စုံ ပညာရှင်ကွ။ ပန်းပုတင်မကဘူး။ ပန်းချီနဲ့ နက္ခတ် ဗေဒပညာ ရပ်တွေမှာ လည်း ပေါက်ရောက်တယ်။ တချို့ သူ့ပြောသွားတာတွေကို ကြည့်ပါလား။ ၂၀ ရာစုနောက်ပိုင်း ကမ္ဘာနဲ့အ၀ှမ်းပြောင်းလဲလာမယ့် အနုပညာသဘောတရားသစ်တွေကို မီးမောင်းထိုးသွားသလိုပဲ’
စကားဆုံးတော့ နန်းဝေတစ်ယောက် တဆတ်ဆတ် ခေါင်းညိတ်ပါတယ်။ ကိုချိုကလည်း သူ့အမြင်ကို ၀င်ပြောတယ်။
‘ဒီလိုပါပဲ ကမ္ဘာတုန်စေတဲ့ ပုဂ္ဂိုလ်တော်တော်များများ ရဲ့ တစ်ချို့စကားတွေဟာ အနာဂတ် မှာ လာတာများ တယ်’
ဒီစကားကတော့ ကန့်ကွက်စရာ တစ်လုံးမျှမရှိပါဘူး။ ကျွန်တော်အပါအ၀င် ၀ိုင်းထဲမှာ ရှိနေ သူတွေအားလုံး ထောက်ခံကြတယ်။
‘နေရောင်…. မနက်က မင်းကို လူလေးယောက် လာရှာသွားတယ်ကွ’
ဆိုင်ပိုင်ရှင်လူဝကြီးက အထဲမှ သုတ်သုတ်သုတ်သုတ်ထွက်လာရင်းပြောတော့ ကျွန်တော် မျက်မှော င်ကြုတ်မိတယ်။
‘ယူနီဖောင်းတွေ၊ စတီးကွင်းတွေနဲ့လား ဦးလေး’
သဲဝေက ရယ်ကျဲကျဲဝင်နောက်တော့…
‘မဟုတ်ပါဘူးကွ။ ဖော်ရိန်နာတစ်ယောက်၊ စကားပြန်တစ်ယောက်နဲ့ မိန်းကလေးနှစ် ယောက်ပါ။ ဖော်ရိန်နာနဲ့ စကားပြန်ကတောင် ပြခန်းတင်ထားတဲ့ မင်းရုပ်တုကို စိတ်ဝင်စားလို့ ဖြစ် လိမ့်မယ်ကွ။ ငါဆီက မင်းလိပ်စာ အတိအကျ စုံစမ်းသွားတယ်။ မိန်းကလေးနှစ် ယောက်ကတော့ ဘာကြောင့်ရယ်မသိဘူ…’
ပြောနေစဉ်မှာ ပဲ ဆိုင်ထဲမှ အော်ခေါ်သံကြောင့် လူဝကြီး သုတ်သုတ်သုတ်သုတ်နဲ့ ပြန၀င် သွားပါတယ်။
‘စိတ်ဝင်စားသွားပြီကွာ။ နေရောင်… မင်းညီမတွေများ လား မသိဘူး’
ညီမ မရှိမှန်းသိပေမဲ့ နန်းဝေက ၀င်နောက်တယ်။
‘ငါ့မှာ ညီမမှမရှိတာ’
‘ဒါဆို ဘယ်သူတွေ ဖြစ်မလဲ’
စဉ်းစားကြည့်ရသလောက် ကျွန်တော့်ပတ်သက်သူတွေထဲမှာ မိန်းကလေးနည်းပါတယ်။ လာရှာဖို့လောက်ထိလည်း မ ဖြစ်နိုင်ပါဘူး။
ထိုကြောင့်…
‘ငါလည်းမသိဘူး’
စကားဝိုင်း ခဏတာငြိမ်သက်သွားပေမဲ့ မကြာပါဘူး။ ထိုကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ် ပြီး ဆူဆူညံညံနဲ့ ပြန်လည်အသက်ဝင်လာတယ်။
ကျွန်တော်တို့နည်းတူပဲ တခြားဝိုင်းတွေလည်း ကိုယ့်လေနဲ့ကိုယ်၊ ကိုယ်ဦးတည်ရာနဲ့ကို လွင့်မျောလှိုက်ခါနေကြတယ်။ တစ်ညနေလုံး လေခန်းမတတ် ပြောဝပြီးသွားပြီဆိုရင်တော့ လမ်းစရိတ်ချေးသူကချေး၊ ရှိသူက မရှိသူကိုပေး၊ စားသောက်ထားတာတွေကို အကြွေးမှတ် စသည်ဖြင့် ကျွန်တော်တို့လောကရဲ့ ညနေခင်းလေးက သူ့ဟာနဲ့သူ ပျော်စရာကောင်းလို့ နေ ပါတယ်။
‘နေရောင်… မင်း မပြန်သေးဘူးလား’
ပြန်ချင်စိတ် မရှိသေးဘူးကွာ။ မင်းတို့ ပြန်ရင်ပြန်နှင့် ကြ’
ဒီလိုနဲ့ မြေစိုက်လက်ဖက်ရည်ဆိုင်လေးထဲမှာ လူတွေ တဖြည်းဖြည်းနဲ့ ကျဲပါးလွင့်ခါကုန်ကြ တယ်။ စားပွဲမှာ ကျွန်တော်တစ်ယောက်ထဲပဲ ကျန်ခဲ့တော့တယ်။ကိုဆူးရဲနီတို့ ပန်းချီဝိုင်းကတော့ ယခုထိ အရှိန်ကောင်းတုန်းပါ။ တခြားဝိုင်းတွေမှာ လည်း တစ်ယောက်စ၊ နှစ် ယောက်စ ကျန်နေ သေးပါတယ်။
ထိုအခိုက်….
ရှန်ပူနံ့လိုလို၊ ဆပ်ပြာနံ့လိုလို သင်းသင်းသက်သက်အနံ့တစ်ခုက ကျွန်တော့်ဘေးနား မထင်မရှားရောက်လာတယ်။ ပထမ တိုက်ဆိုင်လို့ထင်လိုက်မိပေမဲ့ ကျွန်တော့်နံဘေး အချိန်အ တော်ကြာ ဝေ့၀ိုက်ပွတ်ထိလာချိန်မှာ တော့….
လှမ်းကြည့်မိစဉ်….
‘ခဏထိုင်မယ်နော်’
ကျွန်တော်ရဲ့ ညတွေကို အလင်းရောင်ထွန်းညှိပေးတဲ့ မီးအိမ်လေးတစ်လုံးပါ။ ပြီးတော့ နှင်းကျတဲ့ညနေခင်းမှာ မွေးဖွားဆင်းသက်လာသူလေးလည်း ဖြစ်လေရဲ့ ။
‘Snow’s finger’
စိတ်ထဲက အသံနဲ့အတူ အိပ်မက်မဟုတ်မှန်း သိလိုက်ပါတယ်။
ထို့ကြောင့်…
‘ထိုင်လေ’
စကားဆုံးတော့ သူမတို့ ၀င်ထိုင်ပါတယ်။ တစ်ယောက်တည်းမဟုတ်ပါဘူး။ နှစ် ယောက်ပါ။ ပါလာတဲ့အဖော်က ကျွန်တော် snow’sfinger လေးနဲ့ ဘယ်လိုမှ နိုင်းယှဉ်လို့မရအောင် ရုပ်ရည်က ရွက်ကြမ်းရေချိုဆန်တယ်။ ဒါပေမဲ့ လူလည်းပဲ သူ့ဟာနဲ့သူကြည့်ကောင်းပါတယ်။
‘ကိုနေရောင် ဆိုတာလားမသိဘူး’
Snow’sfinger လေးဆီမှ ထွက်လာတာ မဟုတ်ပါဘူး။ အဖော်မိန်းကလေးက မေးတာပါ။
‘ဟုတ်ပါတယ်။ ကျွန်တော် နေရောင်ပါ’
ဟယ်… ဒါဆို တကယ်ပေါ့’
‘ဗျာ…’
တစ်ယောက်ကိုတစ်ယောက် လက်တို့ရင်း ၀မ်းသာအားရပြောနေပေမဲ့ ကျွန်တော် နားမ လည်ပါဘူး။
‘ဒါဆို အမေတစ်ယောက်ဖန်တီးခြင်း’က ကိုနေရောင်လက်ရာပေါ့။ လုံးဝကို ထင်မထားဘူး။ တကယ် ငယ်ငယ်လေးပဲ’
ဒီတော့မှ သဘောပေါက်ရင်း ကျွန်တော် ပြုံးမိသွားတယ်။
‘ဟန်နီတို့နှစ် ယောက်က အဲဒီ ပန်းပုရုပ်ကို ရုပ်/သံ အစီအစဉ်မှာ တွေ့ကတည်းက စိတ်ဝင် စားနေတာ။ ဒီမနက် ပြခန်းကို ကိုယ်တိုင်သွားကြည့်လာတာ။ လက်ရာ အရမ်းမြောက်တာပဲ’
ကြားဖူးနေကျ မှတ်ချက်တွေ ဖြစ်ပေမဲ့ snow’s finger လေးသဘောကျတယ်ဆိုလို့ ကျွန် တော် ၀မ်းသာမိပါတယ်။
‘ပြခန်းပိုင်ရှင်က နေရောင်ဆိုတာ အသက်ငယ်ငယ်လေးလို့ပြောတာကို မယုံဘူ။ အခု ကိုယ်တိုင်လာကြည့်မှပဲ ယုံတော့တယ်။ နေ့လယ်ကတောင် သင်တန်းမသွားခင် ဒီကိုဝင်ကြည့် သေးတယ်။ ကိုနေရောင်မလာသေးဘူးဆိုလို့’
ဆိုင်ပိုင်ရှင် ဦးလေးကြီးပြောတဲ့ မိန်းကလေးနှစ် ယောက်ဆိုတာ သဘောပေါက် သွားပါပြီ။ ဣနြေ္ဒကြီးတာလား၊ ကျွန်တော့်ကို ရှက်နေတာလားမသိပါဘူး။ အခုအချိန်အထိ snow’finger လေးက ငြိမ်လို့နေပါတယ်။ ဒါကိုကျွန်တော့်အရင်ရိပ်မိသွားတဲ့ ဟန်နီဆိုသော မိန်းကလေးက…
‘ဟဲ… စကားပြောဦးလေ။ နင်ပဲ အသည်းအသန် တွေ့ချင်နေပြီးတော့’
သူမမျက်နှာ နှင်းဆီရောင်ရဲသွားပြီ ဘေးမှအဖော် ဖြစ်သူကို မျက်စောင်းထိုးကြည့်တယ်။ နောက်ပြီး ကျွန်တော့်ကိုပါ မလုံသလို မော့ကြည့်ကာ ခေါင်းငုံ့ သွားပါတယ်။
ရင်ထဲမှာ ဘယ်လို ဖြစ်သွားမှန်း မသိပါဘူး။ ကျင်စက်နဲ့ အတို့ခံလိုက်ရသလို ရင်အုံအထက်ပိုင်းတွေ ကျင်သွားတယ်။
‘အမှန်ဆို ဟန်နီတို့က သင်တန်းပြီးတာနဲ့ ပြန်နေကျ။ မိုးလည်းချုပ်တော့မယ်။ အဲဒါကို ဒီမိန်းကလေးက နောက်တစ်ခါ ထပ်ရှာကြည့်ချင်သေးတယ်ဆိုတာနဲ့ ဒီကိုထပ်ရောက်လာတာ’
စကားဆုံးဆုံးချင်း ‘အား’ ဆိုသောအော်သံနဲ့ ဟန်နီ့မျက်နှာမဲ့သွားတယ်။ snow’s finger လေးက စားပွဲအောက်မှ တစ်ခုခု လုပ်လိုက်ပုံပါပဲ။
‘မိန်းမ. ဘာလုပ်တာလဲ။ ငါပြောတာ မဟုတ်လို့လား။
ကျွန်တော်ကြည့်လိုက်တော့ နှုတ်ခမ်းတစ်ဖက်ကိုက်ရင်း အဖော် ဖြစ်သူကို မျက်စောင်းထိုးနေတာ တွေ့ရတယ်။ ‘အရမ်းလှတာပဲလို့ ကျွန်တော် မှတ်ချက်ပြုမိစဉ်…
‘အလကား… မယုံနဲ့။ သူလျှောက်ပြောနေတာ’
ရှက်အမ်းအမ်းအပြုံးကြောင့် ကျွန်တော် ပြုံးမိသွားသလားပဲ။ သူမ ရှက်နေပါပြီ။ ထို့ကြောင့် ကျွန်တော်ကပဲ စကားလမ်းကြောင်း ပြောပေးလိုက်တယ်။
‘ဟိုပန်းချီပုံလေးက တော်တော်လှတယ်နော်’
‘အင်း….လှတယ်။
‘ကျွန်တော် မြင်မြင်ချင်းပဲ သဘောကျသွားတာ’
‘မုယော ရောပဲ’
ထိုစကားနောက်မှာ ကျွန်တော် ရင်တစ်ချက် နွေးသွားသလို ဟန်နီရဲ့ မကျေမချမ်းစကားကို လည်း ကြားလိုက်ရတယ်။
‘သြော်… ရှင်တို့နှစ် ယောက်က သူမကပါ ‘အဟဲ’ဟု ရယ်စစပြုရင်း…
‘အေး…’
ဟန်နီက ခါးထောက်ရင်း သူမကို အံကြိတ်ပြတယ်။ ပြီး ကျွန်တော့်ဘက် လှည့်ကာ…
‘ ဟန်နီ သူနဲ့တွဲလာတာ ကြာပြီး။ ကိုနေရောင်နဲ့ သိပြီးသားဆိုတာ တစ်ခါမှ မပြောဖူးဘူး။ အခု ကိုနေရောင် ပြောမှပဲ သိရတာ ။ မုယော မုယော… နင်တော့လား… အပြန်ရောက်မှ တွေ့မယ်’
‘မဟုတ်ဘူးဟ ။ ငါတို့ သိတာ မကြာသေးဘူး။ မယုံရင် မေးကြည့်ပါလား’
ကျွန်တော် ၀င်ရပါပြီ။ မဟုတ်ရင် ကျွန်တော် snow’s finger လေးရဲ့ အိမ်အပြန်ခရီးက မသိမသာ ဆိုးရွားသွားနိုင်တယ်လေ။
‘ဟုတ်ပါတယ်။ ကျွန်တော်တို့သိတာ မကြာသေးပါဘူး’
‘ဒါများ ဒီမိန်းမက အခုမှစတွေ့ရမယ်သူလိုလို ဘာလိုလိုနဲ့ မဂ္ဂဇင်းစာအုပ်ကြီးကိုင်ပြီး…’
‘ဟုတ်မဟုတ် မသေချာလို့ပေါ့။ ငါတို့က တစ်ခါပဲဆုံဖူးတာ’
ဟန်နီက စကားမဆက်မဆိုပေမဲ့ မျက်နှာကို မဲ့ပြတယ်။ ကျွန်တော်ကတော့ သိချင်မှု တစ်ခု ကိုပဲ သွက်သွက်မေးမိပါတယ်။
‘နာမည် က… မုယောတဲ့လား’
ပြန်ဖြေပုံလေးကလည်း လှပါတယ်။ ကဗျာဆန်တယ်လို့ ပြောရမှာ ပေါ့။
‘အင်း….’
တဲ့…။
xxxxx
ပတ်ဝန်းကျင်မှာ မုယောစပါးရနံ့တွေ သွဲ့သွဲ့ဖွဲ့ဖွဲ့ မွှေးပျံ့နေတယ်လို့ ကျွန်တော် ခံစားနေရတယ်။ ထိုစဉ်မှာ ပဲ စပါးလေးတစ်ပင်က ကိုင်းညွှတ်ငုံ့ကျတာ စကားပြောပါတယ်။
‘အမေတစ်ယောက်ဖန်ဆင်းခြင်းကို ဘာလို့ NOT FOR SALE လုပ်ထားတာလဲဟင်’
‘ကျွန်တော် ရောင်းချင်စိတ် မရှိလို့ပါ။ စကတည်းက ရောင်းဖို့ရည်ရွယ်ထားတာမဟုတ်ဘူး လေ’
‘ဘာ ဖြစ်လို့လဲ’
‘အဲဒါတော့ ကျွန်တော့်မှာ အဖြေမရှိဘူး။ ကျွန်တော့်ရူးသွပ်မှု တစ်ခုလို့ပဲ ပြောရမှာ ပေါ့’
စကားဆုံးတော့ ဟန်နီက ၀င်ပြောတယ်။
‘ကိုနေရောင်လက်ရာတွေက သူများ နဲ့ မတူဘူးနော်။ တစ်ခုခုထူးနေသလိုပဲ’
ဒီစကားကိုတော့ သေချာစဉ်စားပြီးမှ ကျွန်တော် အဖြေပေးမိပါတယ်။
‘အဲဒါကတော့ ပန်းပုအတတ်ပညာမှာ အသေအလဲ ကူးလူးခိုဝင်တတ်တဲ့ ကျွန်တော့်အနုပ ညာ ၀ိညာဉ်ကြောင့် ဖြစ်လိမ့်မယ်ထင်တာပဲ။ ကျွန်တော်က သစ်သားတွေကို အရမ်းချစ်တာ။ တန်ဖိုးလည်းထားတယ်။
ကျွန်တော့်ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ၊ အသိညာဏ်တွေ အားလုံးကိုလည်း ပန်းပုရုပ် ထွင်းထုဖို့ မွေးဖွားသက်ဝင်လာတာလို့ ခံယူထားတဲ့အတွက် ပန်းပုရုပ်တွေဟာ ကျွန်တော့်ဘ၀ပဲ။ ပန်းပုထုပြီဆိုရင် ကျွန်တော်အားလုံးကို မေ့သွားတယ်။ အဖေ၊ အမေ၊ မိသားစု။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်။ ဘာကိုမျှ သတိမရတော့ဘူး။
အဲဒီ အချိန် တစ်ယောက်ယောက် လာသတ်သွားရင်တောင် ကျွန်တော် သိလိုက်မှာ မဟုတ် ဘူး။ ကျွန်တော် အဲလောက်ကို ရှုးသွတ်တာ။ အဲဒါကြောင့်ပဲ ကျွန်တော့်လက်ရာတွေ ထူးခြားနေ တာ ဖြစ်လိမ့်မယ်’
စကာရှည်ကြီးဆုံးသွားတော့ ဟန်နီရဲ့ ပင့်သက်ချသံကြားရတယ်။ မုယောကတော့ အောက် နှုတ်ခမ်းလေးကို ဖိကိုက်ရင်း ကျွန်တော့် မျက်နှာကို ၀ံ့ဝံ့လေး ငေးလို့နေပါတယ်။ ဖျတ်ခနဲ ကျွန်တော် ကြည့်လိုက်တော့ သူခိုးလူမိသွားသလို ယောင်ယောင်မှားမှားနဲ့ ခေါင်းငုံ့သွားတယ်။
ရင်ထဲမှာ ကြည်နူးသွားလိုက်တာ မပြောနဲ့။
ကျွန်တော်တို့ကို အကဲခတ်နေတဲ့ ဟန်နီက “အဟမ်း…
အဟမ်း’ ဆိုပြီးနောက်တော့ သူမ ခေါင်းပိုငုံ့သွားတယ်လို့ ထင်လိုက်မိတယ်။ နောက်ပြီး သုံး ယောက်သား တိတ်ဆိတ်သွားကြပါတယ်။ စကားစဖို့ ခက်သွားကြသလိုပါပဲ။
ပတ်ဝန်းကျင်ကလည်း အလင်းရောင်ပျောက်လုလု ဖြစ်ပြီး ဟန်နိက နာရီပင့်ကြည့်တော့ သူမ ခေါင်းမော့လာတယ်။ ပြီးတော့ ကျွန်တော့် ဘက်ကိုလှည့်ကာ မ၀ံ့မရဲလေသံဖြင့်
ကိုနေရောင် မျက်လုံးချင်းဆုံသွားတော့….
‘မုယောကို ဒီပေါ်မှာ လက်မှတ်လေး ထိုးပေးပါလားဟင်’
ပြောစကားနှင့် သူမထိုးပေးသော မဂ္ဂဇင်းကိုကြည့်၍ ကျွန်တော် ခဏတာ အံသြသွားတယ်။ ခဏကြာတော့ ရင်ထဲမှာ အတိုင်းအဆမရှိ ကြည့်နူးသွားရပါပြီ။ ကျွန်တော် လုံးလုံးမသိသေးပါဘူး။ ဒီလထုတ် ‘သုခုမ’ မဂ္ဂဇင်းမှာ ‘အမေတစ်ယောက် ဖန်ဆင်းခြင်း’ ဟူသော ရုပ်တုနဲ့ ကျွန်တော့်ရဲ့ အသေးစားဓာတ်ပုံတစ်ပုံ ပါလာတယ်။ ကိုယ်ရေးအကျဉ်းကိုလည်း အောက်ဖက်ပိုင်းမှာ ဖော်ပြထား တယ်။
ဝမ်းသာကြည်နူးစိတ်တွေနဲ့ မဂ္ဂဇင်းကိုယူပြီး စာမျက်နှာရဲ့ ညာဘက်ထောင့်မှာ လက်မှတ် တစ်ခု ခြစ်ပေးလိုက်တော့…
‘ကျေးဇူးပဲနော်’
ဟူသော အသံတိုးတိုးလေးနဲ့ စာအုပ်ကို တယုတယ ပြန်ယူသွားပြီး…
‘ဒီထဲမှာ ပါတဲ့ ကိုနေရောင်ရဲ့ အိမ်လိပ်စာက အမှန်ပဲလားဟင်’
‘ဟုတ်ပါတယ်’
‘တစ်ယောက်တည်းနေတာလား’
‘ မဟုတ်ဘူး။ အဖေနဲ့နေတာ’
‘သြော်…’
‘ဘာ ဖြစ်လို့လဲ’
‘ကိုနေရောင်ရဲ့ ပန်းပု ရုပ်တွေကို ကြည့်ချင်လို့ပါ။ အိမ်မှာ ဆို အများ ကြီးနေမှာ ပဲနော်။ ပြခန်း တင်ထားတာက တစ်ရုပ်ထဲဆိုတော့ ကြည့်ရတာ အားမရလို့’
နောက်တော့ သူမတို့ ပြန်ရင်ပြင်ဆင်ကြတယ်။ ထွက်ခွာခါနီး ဟန်နိက…
‘အားရင်လည်း ဟန်နီတို့သင်တန်းကို လာလည်လို့ရပါတယ်။
ဟန်နီတို့က Art City မှာ ပန်းချီသင်တန်းတက်နေတာ’
တိုက်ဆိုင်မှု မဟုတ်လျှင်တော့ ဒါဟာ လောကကြီးက ကျွန်တော်ကို မျက်နှာပေးလိုက် တာ ပါပဲ။ သိတာပေါ့ Art City ဆိုတာ ကိုလူဇော်ဖွင့်ထားတဲ့ ပန်းချီသင်တန်းပဲဥစ္စာ။
သူမတို့ထွက်သွားပြီး တော်တော်ကြာအောင် စားပွဲမှာ တစ်ယောက်တည်း ဆက်ထိုင်နေ ဖြစ်တယ်။
အမှန်ဆို သူမတို့နဲ့ မရှေးမနှောင်းပဲ ထပြန်မလို့ပါ။ ဒါပေမဲ့ ချက်ချင်း ထလို့ မရပါဘူး။ အနီး အနားမှာ လည်း ကူမယ့်ကယ်မယ့်လူ သိပ်မတွေ့ရဘူးလေ။
ရင်တွေ ခုန်နေတယ်။ ပြီးတော snow’s finger လေးကို ဒုတိယအကြိမ်ထပ်တွေ့ရလို့ ၀မ်း သာနေတယ်။ တော်ကြာ မတ်တတ်ထရပ်လို့ အပျော်တွေလွန်ပြီး ပစ်လဲသွားရင် ဘယ်လိုလုပ်မလဲ။
မဟုတ်ဘူးလား။
ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကျွန်တော့်အိမ်ပြန်လမ်းတွေက အရင်ညတွေထက် မီးတွေ ထိန်နေမှာ ပါ။
xxxxx
မင်္ဂလာပါချစ်သူ။ မင်းကိုတွေ့သော ဒုတိယညမှာ လည်း ကိုယ်အိပ်လို့ မရပါဘူး။ ပုံရိပ်တွေ၊ ကောက်ကြောင်းတွေမဟုတ်ပေမဲ့ မင်းနဲ့စကားပြောခွင့်ရတဲ့ အချိန်ပိုင်းလေးကိုတွေးပြီး ရူးနေ မိတယ်။ ပြီးတော့ မုယောဆိုတဲ့ မင်းနာမည် လေးကလည်း ကိုယ်အတွေးတွေကို ၀ုန်းဒိုင်းကြဲစေ လို့ပေါ့။
မင်းကိုပြန်တွေ့ခွင့်ရတဲ့ အထိမ်းအမှတ်အ ဖြစ် ကိုယ်တစ်ယောက်တည်း ပွဲလေးတစ်ပွဲ ကျင်းပ ဖြစ်တယ်။ အဲဒါကတော့ ကော်ဖီတစ်ခွက်နဲ့ မင်းအကြောင်းတွေကိုတစ်ညလုံး ထိုင်တွေးပစ် လိုက်တာပဲ။
ဒါပေမဲ့ မိုးလင်းပိုင်းရောက်ခါနီး မှ ကိုယ်မှေးခနဲ အိပ်ပျော်သွားတယ်။ အဲဒီ မှာ အိပ်မကတစ် ခု မြင်မက်တယ်။
အိပ်မက်ထဲမှာ တစ်ခါမှ မြင်ဖူးခွင့် မရလိုက်တဲ့ ကိုယ့်မေမေပါတယ်။ ကိုယ်က မေမေ့ကို…
‘မေမေ… သား ကောင်မလေးတစ်ယောက်ကို အရမ်းချစ်မိနေပြီ’
လို့ပြောတော့ မေမေက…
‘မင်းချစ်နေတာ နှင်းမိန်းကလေးလာတဲ့’
ကိုယ်က…
‘မဟုတ်ပါဘူး။ နှင်းတွေကျတဲ့ နံနက်ခင်းမှာ သူ့လက်ချောင်းလေးတွေကို မြင်ပြီးချစ်သွားလို့
Snow’ finger လို့ နာမည် ပေးထားတာ’
လို့ ပြန်ပြောလိုက်တယ်။ ကိုယ်စကားလည်းဆုံးရော မေမေက…
‘သူ့နဲ့ဆိုရင်တော့ သဘောမတူဘူးတဲ့’
ကိုယ် အထိတ်တလန့်နဲ့ ‘ ဘာ ဖြစ်လို့လဲ မေမေ’ လို့ ပြန်မေးမိစဉ်မှာ ပဲ မေမေက ကိုယ်မြင် ကွင်းကနေပျောက်သွားတယ်။
ကိုယ် မေမေကို သွေးရူးသွေးတန်းနဲ့ တစာစာ အော်ခေါ်မိလိုက်တယ်။ အကျယ်ကြီးပါပဲ။
xxxxx
အခန်း (၃)
(d)
‘မေမေ…’
ထထိုင်လိုက်တော့ ဦးလေးငွေက ဘေးနားမှာ ခပ်တည်တည်းနဲ့ ကျွန်တော့်ကိုကြည့် နေတယ်။ ကျွန်တော့်တစ်ကိုယ်လုံးမှာ ချွေးတွေနဲ့။ ချက်ချင်း ပဲ လည်ပင်းကို အလျင်စလို စမ်းမိ တော့ လက်စွပ်ကလေးက ကံကောင်းထောက်မစွာ လည်းပင်းမှာ ကြိုးနဲ့ဆွဲလျက်သားရှိနေတယ်။
‘အိပ်မက် မက်ပြန်ပြီးလား သား’
‘ ဟုတ်တယ်။ မေမေ့အကြောင်းကို အိပ်မက်မက်လို့’
ဦးလေးငွေ၏ သက်ပြင်းချသံ သဲ့သဲ့ကိုကြားရတယ်။
‘အေးလေ… အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတဲ့ လူတွေပဲ။ အချိန်တန်ရင်သွေးက စကားပြောလာတာပေါ့။ မင်း ဒီလိုအိပ်မက်တွေ ခဏခဏ မက်ပုံထောက်ရင်တော့ လောကကြီးထဲ မှာ မင်းအရမ်းတွေ့ချင်နေတဲ့ မင်းအမေ ရှိသေးပါတယ်။
သေချာသယောင်ပြောနေသော ဦးလေးငွေစကားကြောင့် နားမလည်စွာ မျက်လုံးပင့်ကြည့် လိုက်တော့…
‘ဒီလိုရှိတယ်ကွ။ လူတစ်ယောက်အကြောင်းကို အိပ်မက်မက်ရင် အဲဒီ လူ အသက်ရှိစဉ်နဲ့ အသက်သေပြီးအချိန် အချိန်နှစ် ခုမှာ အသက်ရှိစဉ်အချိန်မှာ ပဲ အခြားတစ်ယောက်က သူ့အ ကြောင်းကို အိပ်မက်အမက်များ တယ်။
ဘာ ဖြစ်လို့လဲဆိုတော့ စိတ်ဆိုတဲ့အရာဟာ ဒီလူနှစ် ယောက်ကိုဆက်သွယ် ပေါင်းကူးပေး ထားလို့ ။ အခု အမေ့ကိုသတိရလို့ စိတ်ဆွဲပြီး မင်းအိမ်မက်မက်တယ်။ အိမ်မက်မက်တဲ့အချိန်မှာ မင်းအမေကလည်း မင်းကို သတိရမနေဘူးလို့ ဘယ်သူပြောနိုင်လဲ’
ပြောနိုင်တဲ့လူမရှိပေမဲ့ ကျွန်တော်ကတော့ အဲဒီ အတိုင်း တကယ် ဖြစ်ပါစေလို့သာ ဆုတောင်းမိလိုက်ပါတယ်။
‘သွေးနီးချိန်တန်လာရင် ဘာမှ အားထုတ်ကြိုးပမ်းစရာမလိုပဲ လောကကြီက သူ့အလိုလို ဖန်တီးပေးလိမ့်မယ်။ အဲဒီ အချိန်မှာ ဘာမှ တားလို့မရဘူး’
ဒီစကားကတော့ ကျွန်တော် အကြွင်းမဲ့ လက်ခံတဲ့စကားပါ။ သွေးနီးဖို့မှ မဟုတ်ပါဘူး။ အရာရာတိုင်းက သူ ဖြစ်ချိန်တန်လာရင် ဘာနဲ့တားတား တားလို့မရဘူးဆိုတာ လောကသဘာဝပဲ လေ။
‘ကဲ… ထတော့သား၊ ရေမိုးချိုးတော့။ အဖေထုနေတဲ့ရုပ်တုညက အပြီးသတ်သွားတယ်။ အဲဒါ ဦးကောင်းကင်ဆီကို သွားအပ်ပေးဦး’
ဦးကောင်းကင်ဆိုတဲ့ နာမည် ကြောင့် ကျွန်တော် ‘ကျွတ်’ ခနဲ စုတ်တစ်ချက် သပ်လိုက် မိတယ်။ ကျွန်တော်မပတ်သက်ချင်ဆုံး လူတစ်ယောက်က ဦးကောင်းကင် ဖြစ်ပြီး မ ဖြစ်မနေ ပတ် သက်ရသူကလည်း ဦးကောင်းကင်ပဲ ဖြစ်ပါတယ်။
ဦးကောင်းကင်ဆိုတာ နာမည် ကြီး ပန်းပုအရောင်းဆိုင်ပိုင်ရှင်ကြီးတစ်ဦးပါ။ ကျွန်တော်တို့လို ကိုယ်ချစ်တဲ့ အနုပညာနဲ့ အပင်တပန်း ကျားကန်ရပ်တည်နေသူတွေဆီကနေ မတန်တဆဈေးနဲ့ ရုပ်တုတွေ ခေါင်းပုံဖြတ်ဝယ်တယ်။
ပြီးတော့ နှစ် ဆသုံးဆဈေးတင်ပြီး ဈေးကွက်မှာ ပြန်ရောင်းတယ်။ တချို့ ရုပ်တုတွေဆို နိုင်ငံတကာ ဈေးကွက်ထိ ပေါက်ရောက်တယ်။ ထို့အတူပဲ ဦးကောင်းကင်နာမည် ကလည်း သူ့နယ်ပယ်မှာ ပေါ့သေးသေးမဟုတ်ပါဘူး။
ရှင်းရှင်ပြောရရင် ဈေးကွက်တစ်ခုလုံး အုပ်စိုးထားသူဆိုတော့ ကျွန်တော်တို့ ရပ်တည်မှု အရ မပတ်သက်မ ဖြစ် ပတ်သက်နေရသူပါ။ ကျွန်တော့် ပုံစံကိုကြည့်၍ ဦးလေးငွေက…
‘ဘာလဲသား ဦးကောင်းကင်ဆီ မသွားချင်လို့လား’
‘မဟုတ်ပါဘူး။
ကျွန်တော့် လိမ်ညာမှု က ဦးလေးငွေကို ယုံကြည်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဦးလေး ငွေ ခပ်လေးလေး ခေါင်းရမ်းလိုက်တာကိုတွေ့လိုက်တာကို တွေ့လိုက်တယ်။ ပြီးတော့…
‘ဒီမှာ သား… ရည်ရွယ်ချက်နဲ့ ရှင်သန်နေသူတွေဆိုတာ အဲဒီ ရည်ရွယ်ချက်ကလွဲပြီး ဘာကိုမျှ မကြည့်ရဘူး။ ကိုယ်ရည်ရွယ်ချက်ခင်စပ်ကြားမှာ တော့ တိုက်ခိုက်မှု တွေ၊ လဲပြိုမှု တွေ၊ စိတ်ပျက်အား ငယ်မှု တွေ ကြုံရမှာ ပဲ။
အခု ငါ့သားက အနုပညာကိုချစ်တယ်။ အနုပညာကို ခုတုံးလုပ်ပြီး စီးပွားရှာသူတွေကိ မုန်းတယ်။ ဒါက ဖြေရှင်းလို့မရတဲ့ ပြဿနာ မဟုတ်ပါဘူးသားရဲ့ ။ ဖြေရှင်းလို့ရပါတယ်။ သားရဲ့ အနုပညာကို အခိုက်အတန့်လောက်လေးပဲ ဖြစ် ဖြစ် ချိုးနှိပ်ထားလိုက်ပေါ့’
ကျွန်တော် ဆပ်ခနဲ ဦးလေးငွေကို မော့ကြည့်မိတော့ ဦးလေးငွေက သဘောပေါက်စွာ …
‘အခိုက်အတန့် လေးပဲနော်။ သားကို အခိုက်အတန့်လေးပဲ ချိုးနှိမ်ခိုင်းတာ။ အဲဒါဘာ ဖြစ်လို့လဲ သိလား သား’
‘…………………………’
‘အနုပညာမှာ ပဲ ဖြစ် ဖြစ်၊ ဘယ်နယ်ပယ်မှာ ပဲ ဖြစ် ဖြစ် ကိုယ့်မှာ အရည်အချင်းတွေ ပြည့်ဝနေရင်တောင် ကိုယ့်ရဲ့ အရည်အချင်းကို ပရိတ်သတ်ရှေ့ချပြဖို့၊ ပြည်သူတွေရှေ့ချပြဖို့ ကိုယ်ဆီမှာ အထောက်အပံ့တစ်ခုလိုတယ်။ အဲဒီ အထောက်အပံ့ကြောင့်ပဲ….’
ကျွန်တော် နှုတ်ဆိတ်နေဆဲပါ။ ဦးလေးငွေစကားတွေက အတိုင်းအတာတစ်ခုထက်ကျော် အောင် မှန်ကန်နေတယ်လေ။ ဒါပေမဲ့ ရင်ထဲမှာ ဘာကိုမှန်းမသိ နာနာကြည်းကြည်း ခံပြင်းမိ နေတယ်။ ထိုစဉ်မှာ ပဲ ဦးလေးငွေ နှုတ်ဖျားမှ ကျွန်တော် လုံးဝထင်မှတ်မထားတဲ့ စကားတွေ ထပ် ထွက်လာတယ်။‘တစ်ချိန်မှာ ဦးကောင်းကက်က မင်းရဲ့ အကောင်းဆုံး အထောက်အပံ့တစ်ခု ဖြစ်လာ လိမ့်မယ်’
မ ဖြစ်နိုင်တဲ့စကားမို့ ကျွန်တော် ပြန်လည်းပြောဆိုခြင်း မပြုတော့ပါဘူး။ ဒါပေမဲ့ မွန်းကြပ်ခံပြင်းသွားတဲ့ ကျွန်တော့်စိတ်ကိုတော့ ထွက်ပေါက်တစ်ခုပေးလိုက်မိတယ်။ အဲဒါက…
ခေါင်းမာတတ်တဲ့ ကျွန်တော့်ရဲ့ ဉာဉ်အတိုင်း…
‘ ဟက် ‘ ခနဲ တစ်ချက်ရယ်လိုက်တာပါပဲ။
XXXXXX
ဆိုင်ထဲကိုရောက်တော့ ခပ်လှမ်းလှမ်း စားပွဲမှာ ထိုင်နေတဲ့ ဦးကောင်းကင်က ခဏထိုင်ဦးဆိုတဲ့သဘော လက်ကာပြတယ်။ ထို့ကြောင့် ကျွန်တော်နဲ့ရဲဝင်း နီးစပ်ရာစားပွဲမှာ ပဲ ၀င်ထိုင်လိုက် ပါတယ်။ ကျွန်တော့်လက်ထဲမှာ ပန်းပုရုပ်တုထည့်ထားတဲ့ သားရေအိတ်ကြီးနဲ့ပါ။
ဦးကောင်းကင်က လူတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်စကားပြောနေပြီး ကျောပေးထား တဲ့အတွက် အဲဒီ လူဘယ်သူဆိုတာမသိရပါဘူး။ တအောင့်နေတော့ စားပွဲထိုးရောက်လာလို့ ကျွန် တော်တို့ ကော်ဖီ တစ်ယောက်တစ်ခွက်စီ မှာ လိုက်ကြတယ်။ ကော်ဖီစောင့်ရင်း ဆိုင်မှာ ဖွင့်ထားတဲ့ အင်္ဂလိပ်သီးချင်းတစ်ပုဒ်အား လိုက်ညည်းမိစဉ်မှာ ပဲ ရဲဝင်းက…
‘ဒီသီချင်းလေး တော်တော်ကောင်းတယ်ကွ။ ကမ္ဘာမှာ လူဖြူ လူမည်းခွဲခြားတဲ့ ပြဿနာကို ဦးတည်ပြီးဆိုထားတာ။ အဲဒီ သီချင်းရေးဆရာရော၊ ဆိုတဲ့အဆိုတော်ရောကို ဂရမ်မီပေးထားတယ်’
ကျွန်တော်သိပါတယ်။ ကမ္ဘာကျော်အဆိုတော်တစ်ယောက်ရဲ့ ဂန္ထ၀င်မြောက်သီချင်းတစ်ပုဒ် ပါ။ ကျွန်တော်ရဲ့ ဟိုးအတိတ် မိဘမဲ့ကျောင်းမှာ ကတည်းက အလွတ်ရနေတဲ့ သီချင်းလေးတစ်ပုဒ် ဖြစ်ပြီး ယခုအချိန်ထိ ဘယ်အချိန်နားထောင်နားထောင် မရိုးတဲ့ သီချင်းလေးတစ်ပုဒ် ဖြစ်တယ်။
ခုံကို တဒေါက်ဒေါက်ခေါက်ရင်း စည်းချက်လိုက်နေသောကြောင့် ရဲဝင်းက ကျွန်တော် လက်ချောင်းလေးများ ကို ကြည့်ကာ…
‘မင်းလက်လေးတွေက တော်တော်လှတာပဲကွ။ မိန်းကလေးလက်ကျနေတာပဲ’
‘အင်း’
ပြောပြောဆိုဆို ရဲဝင်းက ကျွန်တော့်လက်ကို ဆွဲယူကြည့်ပါတယ်။ နောက် လက်ဖ၀ါးကို သေချာပွတ်ထိကြည့်ပြီး...
‘ဟေ့ကောင် … ဟုတ်ရော -ဟုတ်သေးရဲ့ လား’
‘ဘာလဲ….’
‘လက်ဖ၀ါးက ချောလှချည်လား။ မင်း ပန်းပုထုတာရော ဟုတ်လို့လား။ ပနုးချီဆွဲတာလား’
ကျွန်တော် ခပ်ဝါးဝါးပြုံးလိုက်ပြီးနောက်…
‘ပန်ုးချီဆွဲ်တာတော့ ဆွဲရတာ ပေါ့ကွာ။ ပန်းချီက ပန်းပုရဲ့ အခြေခံပဲ။ ဒါပေမဲ့ ငါကတော့ ပန်းချီဆွဲဖို့ဆိုတာထက် ငါ့စိတ်ထဲမှာ ခံစားရသမျှကို သစ်သားပေါ်မှာ ကောက်ချက်တွေနဲ့ ဖော်ကျူး ပစ်ဖို့ပဲစိုအားသန်တယ်’
‘ဒါနဲ့များ တောင် ဆောက်ကိုင်တဲ့မင်းလက်က ဘာလို့ အဲလောက်ညက်နေရတာ လဲ’
‘အဲဒါတော့ ငါလည်းမသိဘူး’
ထိုစဉ်မှာ ပဲ စားပွဲထိုးရောက်လာတဲ့အတွက် ကျွန်တော်တို့ စကားစပြတ်သွားတယ်။ ကော်ဖီ ခွက်ရှေ့ရောက်လာတော့ ပန်းပုဆရာဉာဉ်အတိုင်း ကော်ဖီခွက်ကို သေချာကြည့်မိတယ်။ တော်တော်လှတယ်။ အရွယ်အစားနဲ့ အချိုးစားကျနမှု က မျက်စိအမြင်ကို ကောင်းကောင်းဆွဲ ဆောင်နိုင်တယ်လို့ ဆိုရမှာ ပဲ။
‘အခု နောက်ပိုင်းလူတွေက ရုပ်တ္ထုပစ္စည်းတွေရဲ့ အလှအပကို ပိုစိတ်ဝင်စားလာကြ တယ်ကွ နော်’
‘အင်း… ဟုတ်တယ်။ ပစ္စည်းထုတ်လုပ်သူတွေကလည်း သူတို့ထုတ်ကုန်ပစ္စည်းတွေမှာ အနု ပညာပါအောင် ထည့်သွင်းလာကြတယ်’
ကျွန်တော့် ရဲဝင်းက ခေါင်းညိတ်ထောက်ခံတယ်။
‘ဟုတ်တယ်ကွ။ လူတွေကလည်း အနုပညာမြောက်တဲ့ ပစ္စည်းဆို ဈေးကြီးပေးဝယ် ကြတယ်။
စကားကောင်းနေစဉ်မှာ ပဲ ကျွန်တော် တစ်စုံတစ်ရာကို သတိပြုလိုက်မိသည်။ အဲဒါက ကျွန်တော်တို့စားပွဲနဲ့ နှစ် ခုံကျော်မှာ ရှိတဲ့ နံရံချိတ်ပန်းချီကားကြီးတစ်ချပ်ပါ။ တခြားပန်းချီကားတွေ ဆိုင်အတွင်းမှာ အများ အပြားချိတ်ဆွဲထားပေမဲ့ ထိုပန်းချီကားက ကျွန်တော့်အာရုံကို ထူးထူးခြား ခြားဆွဲ သွားပါတယ်။
‘ရဲဝင်း… မင်းမှာ ပေတံပါလား’
ကောက်ခါငင်ကာဆိုသော ကျွန်တော့်စကားကြောင့် ပထမတော့ ရဲဝင်းကြောင်သွားတယ်။ ရဲဝင်းကမဂ္ဂင်းတိုက်တွေမှာ ဒီဇိုင်းလုပ်သူဆိုတော့ သူ့မှာ ပေတံပါမှာ သေချာပါတယ်။
‘အေး.. ပါတယ်လေ။ ဘာ ဖြစ်လို့လဲ’
‘ငါ့ကိုခဏပေးစမ်းကွာ’
လက်ထဲကို ပေတံရောက်လာတော့ ချက်ချင်း ပဲ ထိုပန်းချီကားဆီ ထသွားလိုက်တယ်။ ကျွန်တော့်အပြုအမှု ကြောင့် ရဲဝင်းအပါအ၀င် အနီးအနားမှစားပွဲထိုးတွေရော၊ ဦးကောင်းကင်တို့ပါ စူးစူးစမ်းစမ်းကြည့်နေကြတယ်။ ဂရုမစိုက်မိပါဘူး။ ဒါ ကြုံတောင့်ကြုံခဲ အခွင့်အရေးပါ။
အနားရောက်သွားတော့ ပန်းချီကားကို ကျွန်တော်လိုချင်တဲ့ ထောင့်ပေါင်းစုံမှ တိုင်းလိုက်တယ်။ အလျား၊ အနံ၊ အချိုးတွေ၊ ထောင့်ဖြတ်မျဉ်းတွေ၊ စတုဂံဖြတ်ပိုင်းတွေ။
စိတ်ကြိုက်တိုင်းပြီးတော့မှ စားပွဲဆီပြန်လာရင်း စာရွက်တစ်ရွက်မှာ ချတွက်ကြည့် လိုက်တော့….
ပုံတူဆွဲထားတာ ဖြစ်တဲ့အတွက် မူရင်းလောက်တော့ တိကျမှု မရှိပါဘူး။ ဒါပေမဲ့ အနီးစပ်ဆုံး အဖြေတော့ ထွက်လာတယ်။ ကျွန်တော်လုပ်ပုံကိုကြည့်၍ ရဲဝင်းက….
‘နေရောင်…. ဘာတွေလဲ’
‘ရဲဝင်းက လည်ပြန်လှည့်ပြီး သေချာထပ်ကြည့်ကာ…
‘ကောင်းတယ်…။ တော်တော်လက်ရာမြောက်တယ်။ ပန်းချီကားရဲ့ အရွယ်အစား၊ အနား သတ်လိုင်းတွေ၊ သရုပ်ဖော်ပုံတွေက သူ့နေရာနဲ့သူ စနစ်ကျနေသလိုပဲ။ ကြည့်လို့ တော်တော် ကောင်းတယ်’
ဒီဇိုင်းလုပ်သူတစ်ယောက်မို့ ရဲဝင်းစကားတွေက ပန်းချီကားရဲ့ ထူးခြားချက်ကို သေချာ မြင်လို့နေပါတယ်။
‘ဟုတ်တယ်… ။ အဲဒါ ဂရိလက်ရာ ပါသီနွန် (Parthenon) အဆောက်အအုံရဲ့ ပုံတူပဲ’
‘သြော်…’
ဟု ရဲဝင်းက မှတ်ချက်ပြုကာ….
‘ထူးခြားချက်တွေ တွေ့လို့လား’
ကျွန်တော် ခေါင်းညိတ်ရင်း…
‘အခုမှတွေ့တာမဟုတ်ဘူး။ အရင်ကတည်းက ထူးခြားချက်တွေရှိနေတာ။ ဒါကမ္ဘာကျော် သမိုင်းဝင် အဆောက်အအုံတစ်ခုလေ။အဲဒီ အဆောက်အအုံကို ဆောက်တဲ့ ပညာရှင်က ရွှေဂဏန်း (Golden Number) လို့ခေါ်တဲ့ ဂဏန်းလေးလုံးကို အခြေခံပြီး အချိုးကျအောင် ဆောက်ထားတာ။ သင့်တင့်ပြေပြစ်မှု အရှိဆုံး ရုပ်ဝတ္ထုတွေမှာ ရှိတတ်တဲ့ အချိုးအစားလို့ သူတို့က သတ်မှတ်ထား တယ်။ ငါအခု သွားတိုင်းကြည့်တာလဲ အဲဒီ အချိုး ဟုတ်မဟုတ်သိချင်လို့’
‘ဟုတ်လား’
‘ပုံတူဆွဲတဲ့ ပန်းချီဆရာ တော်တယ်ကွ။ ပန်းချီကားပေမဲ့ အဲဒီ အချိုးနဲ့ အနီးစပ်ဆုံး တူအောင်ဆွဲထားတယ်။ တို့နိုင်ငံက ပန်းချီတော့ မဟုတ်ဘူး။ ပြင်သစ်ကလာတာ။ ပန်းချီကား အောက်မှာ ပြင်သစ်နာမည် နဲ့ ဆိုင်းတစ်ခုတွေ့တယ်’
ထိုအချိန်မှာ ပဲ…
‘မောင်နေရောင်’
သြဇာသံအပြည့်ပါသော ခေါ်သံတစ်ခုကြောင့် ကျွန်တော် မော့ကြည့်လိုက်တော့ တစ်ဖက် ၀ိုင်းမှ ဦးကောင်းကင်ပါ။ လာခဲ့ဖို့ လက်လှမ်းပြတယ်။ ဒါနဲ့ပဲ လက်ဆွဲအိတ်ကိုဆွဲရင်း သူတို့ဝိုင်းဘက် ကူးသွားလိုက်မိတယ်။ စားပွဲဘေးကိုရပ်တော့…
အကြည့်နှစ် ခုက ကျွန်တော့်လက်ထဲမှ သားရေအိတ်ကို ထက်အောက်ဝဲသွားတယ်။ ဦးကောင်းကင်နဲ့ ထိုင်နေသူကို မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်ထက်တော့ အသက်ကြီးလိမ့်မယ်။
‘ပြပါဦး’
ထိုသို့ ဆိုတော့ လက်ဆွဲအိတ်ကို ဖွင့်ပြရမှာ မ၀ံမရဲပါ။ ဘယ်လောက်ပဲ ကြိုးစားထုထားတဲ့ ရုပ်တုတွေ ဖြစ်နေပါစေ ဦးကောင်းကင်း အပြစ်ရအောင်ရှာပြီးပြောတတ်တယ်။ ပြီးတော့ မတန် တဆဈေးနှိမ်တတ်ပါတယ် ။ အခုလည်း မ၀ံ့မရဲနဲ့ပင် ကျွန်တော် ဖွင့်ပြလိုက်တော့…
‘ဟုတ်ပြီလေ…. ထားခဲ့လိုက်။ ပိုက်ဆံကိုတော့ ရုံးခန်းမှာ ပဲလာထုတ်ချည်။ ဟုတ်လား..
အတန်ငယ်တော့ အံ့သြသွားသလိုပဲ။ ဒီတစ်ခါ ကြားနေကျအသံတွေ မကြားရပါဘူး။ ဘေးမှာ ဧည့်သည်ရှိနေလို့ထင်ပါရဲ့ ။ ဒါနဲ့ပဲ ခေါင်းညိတ်ရင်း ကျွန်တော် လှည့်ထွက်ခဲ့လိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အား ဦးတည်တယ်ထင်ရတဲ့ စကားတစ်ခုက နောက်ပိုင်းမှာ …
‘ပါသီနွန်ရဲ့ ရွှေအချိုးကို သွားတိုင်းကြည့်နေလို့ အဟုတ်မှတ်လို့ အောက်မေ့နေတာ။ လက်ရာကြည့်တော့လည်း ဒါပါပဲ။ ဘာမှမဟုတ်ပါဘူး။
ဖျင်းခနဲထသွားသော ကြက်သီးတို့နှင့် အတူ ကျွန်တော် ဆတ်ခနဲ လှည့်ကြည့်လိုက်တော့…
ရူးချင်ယောင်ဆောင်တဲ့ ပုံစံနဲ့ သူကောင်းသားက လှည့်မကြည့်ပါဘူး။ ဦးကောင်း ကင်ကတော့ မျက်နှာမှာ အားနာဟန်တွေပေါ်သွားပြီး ကျွန်တော့်ကို လက်ကာပြတယ်။
‘နေရောင်… လျှော်လိုက်…. လာသွားမယ်’
ကျွန်တော့်စိတ်ကိုသိတဲ့ ရဲဝင်းက ချက်ချင်း ပဲ အနားရောက်လာကာ ဆွဲခေါ်တယ်။ အစော် ကားခံရမှု ကြောင့် လူက အလိုလို အပြင်ပါသွားတယ်။ အပြင်ရောက်ရောက်ချင်းမှာ ပဲ….
‘တောက်…. တော်တော်မောက်မာတဲ့ကောင်ကွာ။ ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေလို့ သွေး နားထင်ရောက်နေတာ’
ရဲဝင်းစကားတို့က ကျွန်တော်တုံ့ပြန်လိုမှု တွေကို ခဏတုံ့ဆိုင်းသွားစေပြီး….
‘မင်း သူကိုသိတယ်လား’
‘သိတာပေါ့။ မင်းရော မသိဘူးလား’
‘ဟင်အင်း………ဘယ်သူမို့လဲ’
‘သူရိန်ထွန်း……..ဆိုတာ သူပေါ့’
xxxxx
(e)
အိမ်ပြန်ရောက်သည်နှင့် တိုင်အောင် ကျွန်တော့်စိတ်တွေ တအုံ့အုံ့မှိုင်းဝေနေတယ်။ ဘာ ကြောင့်ဆိုတာ အဖြေရှာလို့ မရခဲ့ဘူး။ ဒါပေမဲ့ အိမ်ထဲဝင်ဝင်ချင်းမှာ ပဲ အုံ့မည်းမှိုင်းဝေနေတဲ့ ကျွန်တော့်စိတ်ကို အလင်းရောင်ထွန်းညှိပေးဖို့ တစ်စုံတစ်ယောက်က စောင့်နေတယ်။
‘ကိုနေ…. ပြန်လာပြီလား’
‘ဗျာ….’
ထူးထူးဆန်းဆန်း ကြားလိုက်ရတဲ့ ကျွန်တော့်နာမည် ခေါ်သံကြောင့်’ဗျာ’သွားမိတယ်။ ဦးလေးငွေပါ။ ကျွန်တော့်ကို တစ်ခါမှအဲလို မခေါ်ဖူးပါဘူး။ ဦးလေးငွေကို ကြည့်မိတော့ မျက်နှာက မချိုမချဉ်ပြုံးနေတယ်။
‘ဘာလဲ….ကိုနေ’
နားမလည်သလို ကျွန်တော်မေးလိုက်တော့ ဦးလေးငွေက တစ်ယောက်တည်း ပြုံးတုံ့တုံ့ လုပ်နေရာမှ….
‘နေ့လယ်က အိမ်ကို ကောင်းမလေးနှစ် ယောက် လာသွားတယ်ကွ။ ကိုနေရောင်နဲ့ တွေ့ချင် လို့ဆိုပြီးတော့…’
‘ဟုတ်လား… ဘယ်သူတွေလဲ’
အလျင်စလို အံ့သြမှု တွေဖြင့် ကျွန်တော်ပြန်မေးလိုက်တော့…
‘အဲဒါတော့ ငါလည်းမသိဘူး။ ဒါပေမဲ့ တစ်ယောက်ကတော့ တော်တော်လှသကွာ’
နောက်နေပုံတော့ မပေါ်ပါဘူး။
‘ရော့… ဒီမှာ မင်းကို စာရေးပေးသွားတယ်။ ငါ့အထင်တော့ အင်း… ‘
ကျွန်တော့်လက်ထဲ စာထည့်မပေးသေးဘဲ ဦးလေးငွေက စဉ်းစားသလို အိုက်တင်ခံနေ သေးတယ်။ ပြီးတော့မှ…
‘အင်း … ငါအထင်…. မင်းရဲ့ snow’finger လေး ဖြစ်မယ်ထင်တယ်’
လှိုက်ခနဲတက်လာသော ၀မ်းသာစိတ်နဲ့အတူ ဦးလေးငွေပေးသောစာအား ဆွဲယူဖွင့်ကြည့် လိုက်စဉ်မှာ ပဲ။
ကိုနေ…
မုယောနဲ့ဟန်နီလာသွားတယ်။ ကိုနေ့ကို စောင့်ဦးမလိုပဲ။ ဒါပေမဲ့မအားတော့နဲ့ ပြန်သွားလိုက်တာ။ ကိုနေ့ကို မုယော တစ်ခုမေးချင်တယ်။ ကိုနေ မကွယ်မ၀ှက်တမ်း ဖြေပေးနော်။
စားပွဲပေါ်မှာ ရှိနေတဲ့ snow’finger ဆိုတဲ့ ရုပ်တုလေးက ဘယ်သူ့အတွက်လဲ။ ရုပ်တုအ ပေါ်မှာ ရေးထားတဲ့ (OLLAND) ဆိုတာကရော ဘာအဓိပ္ပါယ်လဲ။
မုယော အရမ်းသိချင်တယ်။
မုယော
ဦးလေးငွေရဲ့ တဟားဟား အော်ရယ်သံကို ကြားရတယ်။
xxxxx
(f)
ကျွန်တော့်ကိုမြင်တော့ ကိုလူဇော်က လက်လှမ်းပြတယ်။ အမှန်အတိုင်းပြောရရင် ကိုလူဇော့်ဆီလာတာ မဟုတ်ပါဘူး။ သူ့သင်တန်းက သူ့တပည့်မလေးတစ်ယောက်ဆီ လာတာပါ။
အပေါက်ဝက ရပ်ငေးရုံနဲ့တင် ရင်ထဲမှာ နွေးပျပျလျှပ်စီးကြောင်းတစ်ခု ၀င်းခနဲ ၀င်းခနဲလက် သွားတယ်။ ပထမ ကျွန်တော့်ကို မမြင်သေးဘူး။ ဘေးမှာ ရှိနေတဲ့ ဟန်နီက တံတောင်နဲ့တို့ပြီးပြမှ သူမမျက်လုံးတွေ ကျွန်တော်ဘက် ရောက်လာတယ်။ ကျွန်တော့်ကိုတွေ့တော့ ပထမ အံ့သြ ရိပ်တွေ မျက်နှာမှာ စွန်းသွားတယ်။ ပြီးတော့ ရှက်အမ်းအမ်းမျက်နှာလေးနဲ့ နှုတ်ခမ်းကိုကိုက်ပြီး ခေါင်းငုံ့ သွားပါတယ်။
သင်တန်းပြီးကာနီးပြီလား၊ လောလောဆယ် အရေးကြီးတာတွေ သင်နေလား ကျွန်တော့် မတွေးမိတော့ဘူး။ အမှန်အတိုင်းပြောရရင် သင်တန်းပြီးတဲ့ အထိ ကျွန်တော် မစောင့်နိုင်တော့ဘူး။ ဒါကြောင့်… ….
ခပ်တည်တည်နဲ့ပဲ အခန်းထဲဝင်သွားလိုက်တော့ အားလုံးရဲ့ မျက်လုံးအကြည့်တွေက ကျွန်တော့်ဆီမှာ ။ ဒါပေမဲ့ ကျွန်တော့်မျက်လုံးတွေကတော့ သူမဆီမှာ ။ ဒါပေမဲ့ ကျွန်တော့်မျက်လုံး တွေကတော့ သူမဆီကလွဲပြီး ဘယ်မှ စွန်းဖိတ်ပြိုကျမနေဘူး။ အမှန်ကတော့ ကိုလူဇော်ကို မကြည့်ရဲတာပါ။ အနားရောက်အောင်သွားပြီး သူမရှေ့တည့်တည့်ခုံပေါ်ကို စာရွက်ခေါက်တစ်ရွက် တင်ပေးလိုက်တော့ မ၀ံ့မရဲမော့ကြည့်လာပါတယ်။
‘ကို ဘယ်လိုမှ နေလို့မရတော့လို့ သင်တန်းထိလိုက်လာတာ။ ဒီထဲမှာ မုယောသိချင်တာ တွေ အားလုံးပါတယ်။ အောက်မှာ စောင့်နေမယ်နော်’
ပြောပြီး ကျွန်တော့် ချာခနဲလှည့်ထွက်ခဲ့လိုက်ပါတယ်။ အထဲမှာ ဘာတွေ ဖြစ်ကျန်ခဲ့လည်း မသိချင်တော့ဘူး။ အဓိက ကတော့ ကိုလူဇော့်ကို အားနာနေလို့ပါ။
မုယော….
Snow’finger ဆိုတဲ့ ရုပ်တုလေးက နှင်းကျတဲ့ ညနေခင်းတစ်ခုမှာ တွေ့ခဲ့တဲ့ လက်ချောင်းလှလှပိုင်ရှင် မိန်းကလေးတစ်ယောက်အတွက် ရည်ရွယ်ပြီး ထုလုပ်ထား တာပါ။ အဲဒီ ထဲမှာ ကိုယ်အသက်ဝိညာဉ်တွေပါတယ်။ ပြီးတော့ ကိုယ့်နှလုံးသားတွေ ကိန်းဝပ်နေတယ်။
OLLAND ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကတော့….
O (our) = တို့ရဲ့
L (love) = အချစ်ဟာ
L (live) = ရှင်သန်နေ
A (and) = ပြီး
N (never) = ဘယ်တော့မှ
D (die) = သေဆုံးသွားမှာ မဟုတ်ဘူး...
ကိုယ် တကယ်ပြောတာပါ။ မုယောကို ကိုယ့်အသွေးအသားတွေ အားလုံးထက်ပို ချစ်တယ်။
‘တကယ်လား’
‘ကိုယ် မဖြေဘူး။ ဘာ ဖြစ်လို့လည်းဆိုတော့ စာထဲမှာ ရေးထားတာတွေ အားလုံးက ကိုယ့်နှလုံးသားရဲ့ ပြောစကားတွေ ဖြစ်နေလို့ပဲ’
ထိုစကားကြောင့် ရှက်ပြုံးလေးနဲ့ အောက်နှုတ်ခမ်းကိုဖိကိုက်ရင်း ကျွန်တော့်ကို ကြည်ကြည်တောက်တောက်ကြည့်တယ်။ သူမမျက်ဝန်းတွေက အရည်လဲ့နေပြီး တစ်စုံ တစ်ရာသော ကြည်နူးစိတ်တွေနဲ့ ဖိတ်ဖိတ်လက်နေတယ် ထင်တာပဲ။
‘အဲဒီ ဘက်မှာ အတွေ့အကြုံမရှိလို့ ကိုယ်ပြောစကားတွေ အပြုအမူတွေ အားလုံးက ကြောင်တောင်တောင်နိုင်ရင်နိုင်နေမယ်။ ကပေါက်တိကပေါက်ချာ ဖြစ်ရင် ဖြစ်နေမယ်။ ဒါပေမဲ့ ကိုယ် မလိမ်ညာတတ်ပါဘူး။ မုယောလည်း ကိုယ်ထုထားတဲ့ ရုပ်တုကို ကြည့်ပြီးသွားပြီပဲ။ အဲလောက်ဆို ကိုယ်မုယောကို ဘယ်လောက်ထိ စွဲလမ်းနေတယ်ဆိုတာ ရိပ်မိမှပေါ့’
သူမဘက်က ဘာတုံ့ပြန်သံကိုမှ မကြားရဘူး။ ဖြတ်သွားဖြတ်လာတစ်ချို့ကတော့ ကျွန်တော့်တို့နှစ် ယောက်ကို ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြတယ်။
ခေတ်ဆန်ပြီး အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ဘေးမှာ စကားတွေ တတွတ်တွတ်ဆိုရင်း ပါလာတဲ့ ကျွန်တော့်ပုံစံ နွမ်းနွမ်းလေးက မြင်ရသူတွေအဖို့တော့ ဆန့်ကျင်ဘက် ဖြစ်နေမှာ သေချပါတယ်။ ဒါပေမဲ့ မုယောပုံစံက အဲဒါတွေကို နည်းနည်း မှ ဂရုစိုက်မဲ့ပုံ မပေါ်ပါဘူး။ အေးလူနှုတ်ဆိတ်စွာ နဲ့ ကျွန်တော့်ဘေးမှာ ငြိမ်ငြိမ်လေးပါ လာတယ်။
‘မုယောနဲ့ကိုယ်နဲ့ အခြေအနေတွေ အများ ကြီး ကွာခြားမှန်းလည်း သိပါတယ်။ ဒါပေမဲ့ ကိုယ်နှလုံးသားကို ကိုယ်မညာရက်လို့ အခုလို ဖွင့်ပြောရတာ ပါ။ ဒီလိုမှမပြော ရင်လည်း ကိုယ်ဘာအလုပ်မှ ဆက်လုပ် လို့ရမှာ မဟုတ်တော့ဘူး။
စကားဆုံးသွားတော့ မုယောအကြည့်တချို့ ကျွန်တော့်ထံ ဒုတိယအကြိမ် ရောက် လာတယ်။ တစ်ကိုယ်လုံး နွေးသွားသလိုပါပဲ။ သင်တန်းဆင်းဆင်းချင်း လျှောက်လာလိုက် ကြတာ ဘယ်ရောက်လို့ ရောက်နေမှန်းတောင်မသိလိုက်တော့ဘူး။ ဟန်နီက ပါးနပ်စွာ လူခွဲသွားတာမို့ ကျွန်တော်တို့နှစ် ယောက်ပဲရှိနေတယ်။
ဘေးမှာ ကားတွေ တ၀ီဝီဖြတ်သွားနေကြပြီ ပလက်ဖောင်းပေါ်မှာ လည်း သွားလာနေကြသူတွေ မနည်းပါဘူး။ ထိုစဉ်မှာ ပဲ…
‘ဟင်’
ဆိုသော အာမေဍ္ဍိတ်သံတစ်ခုနဲ့အတူ မုယောအကြည့်တွေက ခပ်ဝေးဝေးလမ်းမ ပေါ်ကို မျှော်ငေးရင်း ခြေလှမ်းတို့ရပ်သွားတယ်။ ချက်ချင်း ပါပဲ စိုးရိမ်ထိတ်လန့်ဟန်တွေ တစ်မုဟုတ်ချင်း ပေါ်ထွက်ကာ….
‘လာ… ကိုနေ… မြန်မြန်’
ကျွန်တော့်လက်အားဆုတ်ကိုင်ရင်း နီးစပ်ရာ ကုန်တိုက်တစ်ခုထဲသို့ ဦးဆောင်ပြေး ၀င်သွားတော့….
ဘာရယ်ညာရယ် မသိ ကျွန်တော်လည်း ကြောင်တောင်တောင်ပြေးဝင်သွားလိုက် ရတယ်။ ကုန်တိုက်ထဲက ထွက်လာသူတွေ၊ ရှေ့ကသွားလာသူတွေကို တိုးတိုက်မိသွားကြ ပေမဲ့ တောင်းပန်းချိန်မရလိုက်ပါဘူး။ မုယောပုံစံက အရေးတကြီး အလျင်လိုနေလို့ ဘာကြောင့်ဆိုတာလည်း ချက်ချင်း မမေးမိဘူ။ ဒါပေမဲ့ အတွင်းရောက်ရောက်ချင်းမှာ ပဲ ကျွန်တော် သဘောပေါက်လိုက်ရတယ်။
ကုန်တိုက်ရှေ့ တ၀ီဝီ ဖြတ်သန်းမောင်းနှင်းသွားကြတဲ့ ကားတွေထဲမှာ မုယောက ကားအကောင်းစားကြီးတစ်စီးကို မျက်တောင်မခတ်ငေးကြည့်နေတယ်။ ထိုကားကြီး မြင် ကွင်းက ပျောက်ကွယ်သွားတော့မှ သက်ပြင်းကို အထပ်ထပ်ချရင်း…
‘အဲဒါ ဖေဖေကားလေ။ တော်သေးတာပေါ့ မုယောတို့ကို မမြင်လိုက်လို့’
သူမက စိတ်သာသာရာရသွားပေမဲ့ ကျွန်တော်ကတော့ ယခုရင်မောသလိုပါပဲ။ အခြေအနေက မတွေးရဲလောက်အောင်ကွာလွန်းနေသည်လေ။ ထိုစဉ်မှာ ပဲ…
‘ကိုနေပြောတဲ့စကားတွေကို မုယောယုံပါတယ်။ ကိုနေအိမ်မှာ တွေ့ခဲ့ရတဲ့ ရုပ်တုကို မြင်ကတည်းက ထိုက်သင့်သလောက်တော့ မုယောလည်း ရိပ်မိပါတယ်။ အဲဒါကြောင့်မလို့ လည်း မုယောအခုပြောမထွက်တာပေါ့’
မုယောစကားနဲ့ဟန်ပန်က ကျွန်တော့်စိတ်တွေကို ယောက်ယက်ခတ်သွားစေတယ်။ ဘာတွေလဲ..။ ထိုစဉ်မှာ စိတ်မကောင်းမှု တို့ဖြင့် စွတ်ရည်နေသော မုယောအသံကို ထပ် ကြားရတယ်။
‘ဒါပေမဲ့ မပြောလို့လည်း ပြီးမှာ မဟုတ်တော့…..’
ရပ်သည်ဆိုရုံလောက်လေး ခဏခြားပြီ….
‘မုယောမှာ အရမ်းချစ်ရတဲ့ ချစ်သူရှိတယ်’
ချည့်နဲ့ မေ့မျောနေသူ အကျဉ်းသားတစ်ယောက်ကို သေဒဏ်ပေးလိုက်သလိုပါပဲ။ ကမ္ဘာကြီးပြိုကျ၊ ပတ်ကြားအက် မြေပြင်ထဲ အစမှအဆုံးတိုင် ညပ်မိသွားသလို တုံ့ပြန်မှု အား လုံးက တားဆီးပိတ်ဆို့မှု များ စွာ နဲ့ မွမ်းကြပ်ကုန်တယ်။
ကောင်းမလေးရယ်။ ကိုယ်ဟာ မြားချွန်ဖို့ မေ့နေသူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ မြားဆွဲခါနီး မှ လေးကြိုးပြတ်သွားခဲ့တာပါ။
ရှိသမျှ စွမ်းအားတွေကို တစ်စုံတစ်ရာက လွန်လွန်ကျူးကျူး စုတ်ယူသွားသလို ခေါင်းငိုက်စိုက် ကျသွာတယ်။ ပြီးတော့ မ ဖြစ်နိုင်ဘူးလည်း စိတ်ထဲမှာ အကြိမ်ကြိမ် အော်မိတယ်။
ကျွန်တော့်အော်သံကို ကြားသွားတယ်ထင်ပါရဲ့ ။
‘ကိုနေ လက်မခံနိုင်ဘူး ဖြစ်နေတယ်မလား’
ပြောပြောဆိုဆို မုယောက သူမလွယ်ထားတဲ့ ဘေးလွယ်အိတ်လေးထဲက တစ်စုံ တစ်ရာကို နှိုက်လိုက်တယ်။ အပြာရောင် စာအိတ်လေးထဲက တစ်စုံတစ်ရာကို နှိုက်လိုက် တယ်။ အပြာရောင်စာအိတ်လေး။
‘ဒါ မုယောချစ်သူကိုယ်တိုင် ပေးထားတဲ့စာ။ အထဲမှာ သူ့ဓာတ်ပုံလေးလည်း ပါတယ်။ ရော့…… အိမ်ရောက်မှ ဖွင့်ကြည့်နော်’
ပြောပြီး ကုန်တိုက်ထဲက အပြေးတစ်ပိုင်းနဲ့ ထွက် သွားပါတယ်။
သူမမျက်လုံးတွေဆီက တိကျတဲ့ အဓိပ္ပါယ်တစ်စုံတစ်ရာ ဖော်ထုတ်ဖို့ ညံ့ဖျင်းစွာ နဲ့ပဲ ကျွန်တော် ကျန်နေခဲ့တော့တယ်။ သူမကတော့ သွေးအေးပေါ့ပါးစွာ လှည့်ထွက်သွားခဲ့ပါပြီ။
ကျန်ခဲ့တဲ့ ကျွန်တော့်မှာ တော့….
xxxxx
ပြောစကားနားမထောင်လို့ ငယ်ငယ်တုန်းကလို အရိုက်ခံရမယ်ဆိုရင်လည်း ကျေကျေနပ်နပ်ပါပဲ။ မုယောချစ်သူ ဘယ်သူဆိုတာကို ကျွန်တော့်ရပ်တည်မှု အားလုံးက တမေ့တမော သိချင်နေကြတယ်။ ရင်ထဲမှာ ဘာကိုမှန်းမသိ တဆတ်ဆတ်နာကျင်လို့။
သွေးအေးအေး အသတ်ခံလိုက်ရပေမဲ့ သေဆုံးသူတစ်ယောက်မှာ လည်း သူ့ ဇီဝိန်နှုတ်ယူသွားတဲ့ လက်နက်ပစ္စည်းကို မသေခင်လေးတော့ မြင်တွေ့ချင်ကြတာပဲလေ။ စာအိတ်ကိုင်ထားတဲ့ ကျွန်တော့်လက်တွေက ရင်ထဲမှာ ရှိုက်သံတွေပေါင်းပြီး တုန်မော လှိုက်ရီနေတယ်။ စာအိတ်ပေါ်မှာ တော့ ဘာမျှရေးမထားပါဘူး။
ဒါက ကျွန်တော့်မျက်ဝန်းတွေေ၀၀ါးနေတဲ့ အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်တော့်အမြင်အာရုံတွေ အားပျော့ပျက်စီးသွားမှု ကြောင့်လည်း ဖြစ်နိုင် ပါတယ်။ တစ်ခါမှ ရူးရူးမူးမူးမချစ်ခဲ့ဖူးတဲ့ လူသားတစ်ယောက်ကိုမှ ကံကြမ္မာက ဘာလို့ ငဲ့ညှာစိတ်မထားရတာ လဲ။ နွေးနွေးထွေးထွေး မကြိုဆိုရတာ လဲ။
စာအိတ်ကိုဖောက်တော့ ရင်ထဲမှာ နာကျင်နေတယ်။ ပြီးတော့ ကျွန်တော့် ကျွန်တော့်လက်ချောင်းတွေ အားလုံးက ၀မ်းနည်းစိတ်တွေ တုန်ခါနေကြတယ်။ snow’ finger လေးရေလို့တောင် အကျယ်ကြီး အော်လိုက်သလားပဲ။
စာအိတ်လေးကို ခေါက်ခါလိုက်တော့ စာရွက်ခေါက်နှစ် ခုက လက်ပေါ်ကျ လာတယ်။ မြင်ဖူးသလိုလိုရှိတာကြောင့် ပထမစာရွက်ကို ဆွဲဖွင့်ကြည့်လိုက်စဉ်မှာ ပဲ…
‘ဟင်… ‘
တရိပ်ရိပ်ပြေးနေသော အံ့သြမှု လှိုင်းတွေနဲ့အတူ ကျွန်တော့်ရင်ထဲမှ ခံစားမှု တစ်ခု ဖြစ်ထွန်းသွားတယ်။ ဘာအဓိပ္ပါယ်လဲ။
လက်ထဲမှာ ရှိနေတာက မကြာခင်လေးကမှ မုယောကိုပေးခဲ့မိသော ကျွန်တော်ကိုယ်တိုင်းရေးထားသည့် ကျွန်တော့်လက်ရေးများ ။
ဒါ… ဒါဆို နောက်တစ်ရွက်က…
ချက်ချင်း ပင် နောက်တစ်ရွက်က ကျွန်တော့်ရှေ့သို့ ပြန့်လျက်သားကျသွားစဉ်မှာ ပဲ တစ်စုံတစ်ရာကို သဘောပေါက်စပြုသွားခဲ့ပြီး၊ မြင်တွေ့ရသည်က ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုးပေးထားခဲ့သောေ ကျွန်တော့်ရုပ်ပုံပါမဂ္ဂဇင်းစာမျက်နှာတစ်ခု။
‘ဟာ…’
ချက်ချင်း ပဲ စကားသံအချို့ကို အလိုလို ကြားယောင်သွားတော့….
‘ဒါ မုယောချစ်သူကိုယ်တိုင်ပေးထားတဲ့စာ။ အထဲမှာ သူ့ဓာတ်ပုံလည်းပါတယ်’
ကျွန်တော့်အသိမှာ ကြယ်တွေတလက်လက် ပွင့်သွားခဲ့ပြီ၊ လုံးဝထင်မှတ်မထား သော လှည့်ကွက်တစ်ခု ဖြစ်ပေမယ့် ထိုလှည့်ကွက်ကပင် ကျွန်တော့်အား အလင်းပြတိုက် ထဲသို့ ခေါ်သွားခဲ့ပါပြီ။ ဒါက ကျွန်တော် တမ်းတမ်းတတမက်ခဲ့ဖူးတဲ့ ဒုတိယအိပ်မက်ပါပဲ။
ပထမအိမ်မက် ဘယ်တော့မှ ဖြစ်လာမယ်မသိပေမဲ့ ကျွန်တော်မှာ အားဖော်ရှိ နေပါပြီ။
သူမလက်ကိုဆွဲတော့ပဲ ပထမအိမ်မက် မက်ခွင့်ကို လိုလိုလားလား တောင့်တနေ ဦးမှာ ပါ။
ဘယ်လိုပဲ ပြောပြောပေါ့…
အဲဒီ နေ့ဟာ ကျွန်တော်နဲ့ သူမ ချစ်သူတွေ စ ဖြစ်သွားတဲ့နေ့ပါပဲ။
xxxxx
အခန်း (၄)
II
အလျှံညီးညီး တောက်လောင်နေသောေ နေမင်းရဲ့ အပူရှိန်အောက်မှာ ကျွန်တော် ကျောပြင်ကို ထီးအ ဖြစ်ပမာပြုရင်း အနုပညာခြေလှမ်းတွေနဲ့ ဒယိမ်းဒယိုင် လျှောက်နေမိ တယ်။ အမိုးအကာမပါတဲ့ခေါင်းက လှောင်ချိုင့်ထဲထည့်ပြီး သော့ ခတ်ခံထားရသလို တင်းရင်းပိတ်လှောင်လို့။
အပူဒဏ်ကို အကာအကွယ်မဲ့ အံတုနေရမှု ကြောင့် ခန္ဓာကိုယ် အရေပြားတွေ တငွေ့ငွေ့ လောင်မြိုက်ရင်း တဆစ်ဆစ် နာကျင်နေပေမဲ့ ကျွန်တော်ခြေလှမ်းတို့ကို မရိပ်မိပါဘူး။
အိမ်ကထွက်လာခဲ့တာ အခုဆို နေ့တွေညတွေ ဘယ်နှကြိမ်ကူးပြီး ဘယ်နှကြိမ် ဖြတ်ကျော်ပြီးသွားပြီလဲ ဆိုတာကိုတောင် မသိတော့ဘူး။ ရေကလွဲပြီး ဘာမှမစားရသေးတဲ့ ၀မ်းဗိုက်ကို ထောက်ချင့်မည် ဆိုလျှင် အိမ်ကထွက်လာခဲ့တာ ရင်တော်တော် ကြာနေပါပြီ။
ဦးလေးငွေ၏ မျက်နှာ၊ ဦးကောင်းကင်၏ မျက်နှာ၊ ပြီးတော့ အနုပညာအသိုင်း အ၀ိုင်းက ကျွန်တော့်ကို မျှော်လင့်တောင့်တနေကြသူများ ရဲ့ မျက်နှာကို မြင်ယောင်မိတော့ နဖူးမှချွေးကိုသုတ်ရင်း ခေါင်းတစ်ချက်ယမ်းမိသွားတယ်။
ကိုယ် အားလုံးကို မေ့ထားလိုက်တော့မယ်ကွယ်။
အခုလောလောဆယ် ကျွန်တော့်ရင်ထဲမှာ ရက်ဆွဲတစ်ခုနဲ့ သတင်းတစ်ပုဒ်ပဲ ရှိတော့တယ်။ လက်မှာ ကိုင်ဆွဲလာတဲ့ ပစ္စည်းပစ္စယတွေက လေးလံလွန်းလှပေမယ့် အဲဒါနဲ့ ပတ်သက်လို့တော့ ကျွန်တော်စိတ်ကူးနဲ့တောင် မညဉ်းမညူမိပါဘူး။ ဒါတွေသာ ကျွန်တော့် ဘ၀၊ ဒါတွေသာ ကျွန်တော့်ထွက်ပေါက်။
ဒီလက်နက်ပစ္စည်းတွေနဲ့ပဲ နေရောင်ဆိုတဲ့ ကမ္ပည်းတစ်ခုကို ကောင်းကင်နံရံမှာ ရေးထွင်းရမှာ ပါ။ ပြီးတော့ မကြာခင်ရောက်လာတော့မယ့် ရက်စွဲတစ်ခုမှာ အမေက မွေးဖွား ခြင်းမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် မွေးဖွားခြင်းနည်းနဲ့ လောကကြီးထဲမှာ ကိုယ့်ကိုယ်ကိုယ် မွေးဖွားရမယ်။
လောကဇာတ်ခုံ အမြင့်တစ်နေရာမှာ ကိုယ့်မှတ်တိုင်ကို ကိုယ်ကိုတိုင် ရဲရဲဝံ့ဝံ့ စိုက်ရဲ ရမယ်။ နေရောင်ဆိုတဲ့ အရောင်ကို အမြင့်ဆုံးမှာ လွင့်ထူနိုင်ရမယ်။
ဒီစိတ်ဓာတ်တွေနဲ့ပဲ ကျွန်တော် အခုလို လမ်းတကာ၊ နယ်တကာ လွင့်ပါးနေ ခဲ့တာပေါ့။
ဒါပေမဲ့ စိတ်ဓာတ်မကျပါဘူး။ စိတ်ပျက်အားငယ်ခြင်းလည်းရှိခဲ့ဘူး။ ဘာ ဖြစ်လို့ လည်းဆိုတော့ ကျွန်တော့်အနာဂတ်ကို ကျွန်တော်ကိုယ်တိုင် ယုံနေတယ်လေ။
ထိုအချိန်မှာ ပဲ လေတစ်ချက်က နှုတ်ဆက်သလို စပါးရနဲ့တွေနဲ့ ဝေ့၀ဲရောက်ရှိ လာတယ်။ ကျွန်တော် တစ်ဝကြီးရှူသွင်းလိုက်တယ် ထင်တာပဲ။ စပါးရနဲ့တော့ ဆာလောင် မွတ်သိပ်နေတဲ့ဝမ်းက တကြုတ်ကြုတ်ဆာလောင်လာပြန်တယ်။ ခွင့်လွှတ်ပါဆိုတဲ့ စကား ကလွဲပြီး လောလောဆယ်မှာ ကျွန်တော့်အတွက် ပြောစရာမရှိဘူး။ ဟိုက်မောယိမ်းယိုင်ပြီး အားအင်ပြတ်လပ်ခါနီး ခန္စာကိုယ်အတွက်လည်း လောလောဆယ်မှာ ကျွန်တော်ဘာမျှ လုပ်မပေးနိုင်ဘူး။
ကျွန်တော့်ခြေထောက်တွေက ဖုန်အလိမ်းလိမ်းနဲ့ အနားယူချင်ပြီ ဖြစ်ကြောင်း ပြောနေတာကြာလှပြီ။ ဒါပေမဲ့…
မီးတောက်တွေ ကျောပေါ်တင်ထားရသလို နေမင်းရဲ့ ထိုးနှက်မှု က အရေပြားတွေ လောင်မြိုက်ကိုပြီ ထင်တာပဲ။ တစ်ခါ တစ်ရံမှာ ကျွန်တော့် နေမင်းကြီးကို ရက်ရက်စက်စက် မုန်းမိတယ်။ သူ့ကြောင့် ဖြစ်တည်လာတဲ့ အကျိုးကျေးဇူးတွေရှိပေမဲ့ အခုနောက်ပိုင်း သူ့ ကြောင့် ဒုက္ခရောက်လာတဲ့လူတွေ မနည်းပါဘူး။
အချိန်ကြာလေ လူပါးဝလာလေလို့ ထင်မိတယ်။ လိုအပ်တာထက် ပူပြင်းနေတဲ့ သူ့စွမ်းကို ကျွန်တော်ဘယ်တော့မျှ ချီးကျူးမိမှာ မဟုတ်သလို စွမ်းအားကြီးမားသူအ ဖြစ် ဘယ်တော့မျှလည်း အသိအမှတ်ပြုမှာ မဟုတ်ပါဘူး
အရင်ကတည်းက လူ့ဘ၀ဆိုတာ ပူလောင်ပြီးသားတွေပါ။ ဒါကိုမှ ထပ်ပြီး အပူ တိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ လူ ဖြစ်လာရတာ အပူခံတာနဲ့ ဘာထူးတော့မှာ လဲ။
ဟင့်အင်း… ကျွန်တော် အပူမခံချင်ပါဘူး။ ကျွန်တော့်လိုပဲ ကမ္ဘာသူကမ္ဘာသားအား လုံးကို အေးမြစေချင်တယ်။ ဒါဟာ ကျွန်တော့်ရဲ့ စေတနာမှန်ဆိုရင်တော့ အဲဒီ စေတနာဟာ အနုပညာက ဆင့်ပွားပေါက်ရောက်လာတဲ့ အကိုင်းအခက်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။
ခပ်လှမ်းလှမ်းမှာ သစ်ပင်ရိပ်တစ်ခုတွေ့တာကြောင့် ဒယိမ်းဒယိုင်ခြေလှမ်းတွေနဲ့ ရောက်အောင် ကြိုးစားသွားလိုက်တယ်။ ရင်ထဲမှာ အလှပ်လှပ်မောနေပါပြီ။ တင်းထားတဲ့ စိတ်တွေကြောင့်သာ အခုထိ ရှင်သန်နေနိုင်တာ။ စိတ်ကိုသာလျှော့ချလိုက်ရင် သေချာ တယ်။ ကျွန်တော် ချက်ချင်း ခွေလဲကျသွားလိမ့်မယ်။
နေရိပ်ကိုရောက်တော့ ပခုံးနဲ့လက်မောင်းတွေမှာ ချီပိုးထားတဲ့ ပစ္စည်းပစ္စယတွေကို ချရင်းကျွန်တော် ထိုင်ချလိုက်မိတယ်။ အာဟာရခမ်းခြောက်နေမှု ကြောင့် ခြေထောက် တွေကခန္ဓာကိုယ်ကို မြေပေါ်သို့ အလိုက်သင့်ချမပေးနိုင်ဘဲ လမ်းတစ်ဝက်နဲ့ အရုပ်ကြိုးပြတ် ပစ်ကျသွားတယ်။
တင်ပါးဆီမှ စူးအောင့်သွားသော ခံစားမှု က ရင်ဝအထိရောက်အောင် တလှိုက် လှိုက် စို့တက်သွားတယ်။ အရိုးထိအောင် အောင့်တက်သွားတာပါ။ ကျွန်တော့် အသားတွေ က ခပ်ကြမ်းကြမ်းပွတ်တိုက် လေတိုးမှု ကိုတောင် မခံနိုင်တော့ဘူး။ စပ်ပြီး နာလာသလိုပဲ။ မျက်လုံးကိုစုံမှိတ်ရင်း အမောဖြေနေမိတယ်။ ဘယ်လောက်ကြသွားတယ်။ မသိပါဘူး။ မျက်လုံးပြန်ဖွင့်တော့ အရာရာက မှု န်ဝါးနေတယ်။ ပြီးတော့မှ တဖြည်းဖြည်းပြန်ကြည် လင်လာတယ်။
ရှေ့အတန်ငယ် ခပ်လှမ်းလှမ်းမှာ က သစ်ပင်အစုအအုံများ စွာ နဲ့ ရွာကလေးတစ်ရွာ။ ရွာအ၀င်လမ်းလေးက ပြန့်ပြန့်ပြူးပြူး အသက်ပါနေတယ်။ ကျွန်တော့်ကိုလာခဲ့ဖို့ ဖိတ်ခေါ် နေသလိုပဲ။ ရွာအ၀င်လမ်းနံဘေးက အုတ်ဂူဖြူဖြူလေးတွေကိုတောင် လှမ်းမြင်နေရတယ်။ ဟုတ်ပါတယ်။ ရွာအပြင်သင်္ချင်္ီုင်းလေးပါ။ လူ့လောကရဲ့ မရှိမ ဖြစ် နောက်ဆုံးအိမ်ပြန်ချိန် အဆောက်အဦးလေးတွေပေါ့။
မျက်လုံးကို ပြန်လည်မှေးစင်းရင်း ဒုတိယအကြိမ် ရှုရှိုက်ကြည့်တော့ ကျွန်တော် လိုချင်တဲ့အနဲ့အသက်တွေ ဒီပတ်ဝန်းကျင်မှာ မရှိဘူး ။ဟုတ်ပါတယ်။
အဲဒီ အနဲ့နောက်ကို လိုက်ရင်းနဲ့ နေ့တွေ၊ ညတွေ အကြိမ်ကြိမ်ပြောင်းလာခဲ့တာပါ။ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းလည်းမသိဘူး။ လိုချင်တဲ့ အနဲ့အသက်ကိုလည်း ယခုအ ချိန်ထိ ရှုရှိုက်ခွင့် မပေးရသေးဘူး။ ရှာမတွေ့သေးဘူး။
သက်ပြင်းကိုချရင်း မျက်လုံးပြန်ဖွင့်လိုက်ပါတယ်။ ပြီးတော့ ကုန်ခမ်းလုလု အားအင်အကြွင်းအကျန်တွေနဲ့ အနိုင်နိုင် မတ်တတ်ထရပ်လိုက်တယ်။
ခရီးမဆုံးသေးပါဘူး။
ရည်ရွယ်ချက်တစ်ခုနဲ့ ရှင်သန်နေသူတစ်ယောက်ဟာ ခရီးမဆုံးမချင်း ရပ်နားပိုင်ခွင့် မရှိဘူး။ နောက်ပြန်လှည့်ခွင့်မရှိဘူး။
ပြီးတော့ ပန်းတိုင်မရောက်ခင် သေဆုံးခွင့်လည်းမရှိဘူး။
ရွာအ၀င်အ၀မှာ ဇရပ်လေးတစ်လုံး။
ထိုဇရပ်လေးဆီကမှ လမ်းနှစ် သွယ် ခွဲထွက်နေတယ်။ တစ်လမ်းက ရွာအ၀င်လမ်း ဖြစ်ပြီး၊ နောက်တစ်လမ်ကတော့ ရွာအပြင်သင်္ချီုင်းကိုသွားရာလမ်း။ ကျွန်တော်ဇရပ်လေး အောက်မှာ ရပ်ရင်း ပတ်ဝန်းကျင်ကို ဝေ့၀ဲအကဲခတ်ကြည့်လိုက်တော့ ရွာက သိပ်အကြီးကြီး ဖြစ်ပုံမရပါဘူး။ ဒါပေမဲ့ သစ်ဝါးပေါများ လို့ စိမ်းစိမ်းစိုစိုရှိလှတယ်။
နောက်တစ်လမ်းဆီ ဦးတည်လိုက်ပြန်တော အုတ်ဂူများ ၊ မြေပုံအစုအဝေးများ နဲ့ လွင့်လွင့်ငေးငေး တိတ်ဆိတ်နေတဲ့ သံဝေဂဆန်ဆန်ရပ်ဝန်းလေး။ ထိုရပ်ဝန်းလေးနောက် မှာ တော့ စိမ်းစိမ်းစိုစို သစ်တောတန်းနဲ့ ရိုးမဆန်ဆန် တောင်ကုန်းမြင့်တွေရှိတယ်။ ကျွန်တော်အလုပ်သင့်ဆုံးအလုပ်တစ်ခုကို စတင်ပြုလုပ်လိုက်တယ်။
အဲဒါက မွေးကတည်းက ပါလာတဲ့ အနဲ့ခံအာရုံနဲ့ ပတ်သက်တဲ့ ကျွန်တော်ပါရမီပါပဲ။ ရွာကလေးဆီက ကျွန်တော်လိုချင်တဲ့ အငွေ့အသက်ရှိပုံမရဘူး။ အချိန်အတန်ငယ် ကြာ သွားတာတောင် သာမန်အငွေ့အသက်တွေကိုသာ ခံစားရတယ်။
ဒီတော့ ကျွန်တော်အာရုံကို သင်္ချီုင်းနဲ့ တောတန်းဆီ ရွေ့ကြည့်လိုက်တယ်။ ပထမဆုံး မြက်ရိုင်းနဲ့၊ နောက်စိုစွတ်စွတ်မြေသား။ အုတ်သားနံရံ။ ပြီးတော့ သစ်ပင်တွေ…
သစ်ပင်တွေ…
သစ်သားတွေ…. အမျိုးမျိုးပဲ… အနံ့မျိုးစုံပဲ။
‘ဟင်…’
ခန္ဓာကိုယ်က ဆတ်ခနဲတုန်သွားပြီ။ ခပ်ပြင်းပြင်း ထပ်ရှူလိုက်တော့…
‘ဟာ…’
နှလုံးခုန်သံတွေ တော်တော်ဝေးဝေး ပြေးသွားကြပြီ၊ အနံ့အသက်တစ်ခု။
ကျွန်တော်လိုချင်တဲ့ သာမန်ထက်ထူးခြားသောရနံ့။ အားပြတ်ချည့်နဲ့မှု များ စွာ နဲ့ ကျွန်တော်ရှာနေတာ ဒီရနံ့ပါ။ ခံစားမှု အကွာအဝေးအရ သုဿန်ကိုကျော်ပြီး ဟိုဘက်တော တန်းလေးဘက်မှာ ဖြစ်နိုင်တယ်။
‘ဟား…. ဟား….. ဟား… ဟား’
ကျွန်တော် အကျယ်ကြီး အော်ရယ်မိလိုက်တယ်။ တွေ့ပါပြီ။ နောက်ဆုံးတော့ ကျွန်တော်လိုချင်တဲ့ ရနံ့ကို ရှာတွေ့ပြီ။ ချက်ချင်း ပဲ ခန္ဓာကိုယ်သွေးကြောတွေက အသစ် တစ်ဖန် ပြန်လည်စီးဆင်းသွားကြတယ်လို့ ထင်မိတယ်။ အားအင်ပြတ်လတ်မှု ၊ မောပန်းချည့်နဲ့မှု တွေ အားလုံးကလည်း ကြက်ပျောက်၊ ငှက်ပျောက်ပါပဲ။
ချက်ချင်း ပဲ လမ်းသွယ်တစ်ခုပေါ် ရဲရဲဝံ့ဝံ့ ခြေချလိုက်တယ်။ ဒီတစ်ခါမှာ တော့ ခြေလှမ်းတွေက ပန်းဝင်ဆဲဆဲ အပြေးသမားတစ်ယောက်လို အောင်ပွဲရနံ့တွေနဲ့ သွက်လက် နေကြပြီ။
အုတ်ဂူများ ၊ မြေပုံအစု အဝေးများ ကို ကွေ့ဝိုက်ကျော်ဖြတ်ပြီး ခပ်သွက်သွက်လှမ်း သွားလိုက်တော့ အမြင်အာရုံနဲ့ အနည်းငယ် ကွဲလွဲမှု တစ်ခုကို သတိပြုမိလိုက်တယ်။ အဲဒါက သစ်တောတန်းလေးထဲသို့ ခြေလှမ်းအနည်းငယ်ဝင်ပြီး သွားချိန်မှာ ပါ။
ဆွေးမြည့် ပြိုကျနေသော သစ်သားအဆောက်အဦးလေးတစ်ခု။ ပုံစံအရတော့ ဘုန်းကြီးကျောင်းတစ်ကျောင်း ဖြစ်လိမ့်မယ်။ အနည်းငယ်ဆက်သွားတော့ ထိုအဆောက် လေးဘေးမှာ ၀ါးလုံးလျှိုပြီးလှမ်းထားတဲ့ သင်္ကန်းနှစ် ထည်ကိုတွေ့တာကြောင့် ဘုန်းကြီး ကျောင်းဆိုတာ သေချာသွားပြီ။ ဒါပေမဲ့ တစ်စုံတစ်ရာသော အရိပ်အယောင်ကို မတွေ့ရ ပါဘူး။
ကျောင်းလေးက ကွာကျပေါက်ပြဲနေသော အကာအရံများ နဲ့ ပြိုလဲလုလုပင် ဖြစ်နေ ပါပြီ။
ဒါပေမဲ့ ကျွန်တော်ရှာနေတာ ဒါမဟုတ်ဘူး။
လှမ်းနေဆဲ….
အရွယ်အစားမျိုးစုံ အုံမှိုင်းမှိုင်းသစ်ပင်တွေအောက်မှာ ခြေလှမ်းတွေက ဦးတည် ချက်တစ်ခုကို ဖွေရှာလို့နေတယ်။ အနံ့ခံအာရုံရဲ့ အထောက်အပံ့ကို အပြည့်အ၀ယူလို့ပေါ့။
‘ဟော….’
တိခနဲ ရပ်သွားသော ခြေလှမ်းတို့နဲ့အတူ အသက်ရှူဖို့ပင် မေ့သွားသလားမသိ တော့။ လူတစ်ကိုယ်စာ သစ်တစ်ပင်။
ပင်စည်က ထူထဲနက်မှော င်နေတယ်။
ပြီးတော့ စူးရှရှသစ်ပင်ရနံ့က ကျွန်တော့်နှလုံသွေးကြောကို တဆစ်ဆစ်လာထိုး နေတယ်။ အကိုင်းအခက်၊ အပွင့်အလက်တွေ အားလုံးက ပင့်သက်ပြိုင်ြး့ပိုင်း ရှိုက်ရ လောက်အောင် ပင်စည်မှာ ရှိမနေကြဘူး။
ဟုတ်ပါတယ်။ ဒါဟာ သေအံ့ဆဲဆဲ အပင်အိုကြီးပါ။ ကျွန်တော် အရပ်တကာ နယ်တကာလှည့်ပြီး ရူးရူးနှမ်းနှမ်းရှာဖွေနေတဲ့ သစ်သားရနံ့ဟာလည်း ဒီပင်အိုကြီးရဲ့ ရနံ့တွေပါ။ အပင်ကြီးရဲ့ ကိုယ်ထည်မှာ ကျွန်တော်လိုချင်တဲ့ သစ်ရနံ့တွေ တငွေ့ငွေ့လွင့်ပါး နေကြပါတယ်။
လက်မှာ ဆွဲထားတဲ့ အထုပ်အပိုးတွေ၊ ကျောကုန်းက ၀န်စည်စလယ်တွေ အလိုလိုပြုတ်ကျ၊ ခရီးဆုံးအထိမ်းအမှတ်အ ဖြစ် ကြည်းနူးမှု တွေတောင် ဝေကျသွားတယ်။ အိမ်မက်တစ်ဝက်၊ နိုးတစ်ဝက်နဲ့ ကျွန်တော်ရင် အကြိမ်ကြိမ် ခုန်နေပါပြီ။
ဒါပေမဲ့ ရင်ထဲကထွက်လာတဲ့ နှလုံးခုန်သံမဟုတ်ဘူး။ ကောင်းကင်ပတ်ကြား အက်ထဲက ထွက်လာတဲ့အသံ။ ဒီအသံကြောင့်ပဲ ကောင်းကင်မျက်နှာကြက်တွေ ကွဲကုန်ရတာ ပါ။
ပြေးထွက်သွားတဲ့ ကျွန်တော်ခြေလှမ်းတွေကိုတားဖို့ လူမရှိဘူး။ကျွန်တော်နဲ့ သစ်ပင်တွေ့ဆုံမှု ကို တောအုပ်ကြီးက လက်ခုပ်တီးပေးလိမ့်မယ်။ သစ်ရွက်တွေ ယိမ်းကကြ လိမ့်မယ်။
ထိုခဏမှာ ပဲ ကျွန်တော်နဲ့ သစ်ပင် ပွေ့ဖက်မိသွားကြပါပြီ။
လေတွေ ဝေါခနဲ တိုက်လာတယ်။ သစ်ကိုင်းအချင်းချင်း ပွတ်တိုက်ကုန်တယ.်။ သစ်ရွက်တွေ မြေခကုန်တယ်။
ကျွန်တော်ကတော့ အရာအားလုံးမေ့ပျောက်ပြီး တရှိုက်မက်မက်ပါပဲ။
အပင်အိုအား တယုတယကို နမ်းရှုံ့ပစ်လိုက်မိတယ်။
ဒါဟာ ချစ်သူရဲ့ ပါးတစ်ဖက်မဟုတ်ပါဘူး။
ပွေးခေါက်ထူထူနဲ့ ပင်စည်ကြမ်းကြမ်းပါ။
ထိုအရာကပဲ ကျွန်တော့်နှလုံးသား မြင်နေသည်လေ။
ထိုအခိုက်မှာ ပဲ ခေါင်းတွေ တရိပ်ရိပ် မူးလာတယ်။ မျက်လုံးတွေ ပြာလာတယ်။ အသက်ရှူကြပ်ပြီး မောလာတယ်။ မြင်မြင်သမျှ အရာရာတိုင်း ရဟတ်တစ်စင်းပေါ်က မြင်ကွင်းလို ချာချာလည်နေတယ်။
ပြီးတော့….
ပြီးတော့….
ကျွန်တော် အရုပ်ကြိုးပြတ် ခွေလဲ သွားပါတော့တယ်။
xxxxx
‘စောစောစီးစီး ငိုင်လှချည်လားကွ။ ဘာတွေ တွေးနေတာလဲ။
ဘရသေ့အသံ ကြားကာမှ ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်တယ်။ ကျွန်တော့် အတွေးတွေ အတိတ်ကအရိပ်တချို့ဆီ ပြန်ငေးသွားတာပါ။ ဘရသေ့က ကျောပေါ်က ထင်းစည်းကို ပစ်ချရင်…
‘နိုးတာ ကြာပြီလား’
‘သိပ်မကြာသေးဘူး’
‘သတိရနေပြန်ပြီပေါ့’
အရယ်တစ်ဝက်နဲ့ ဆိုတာ ဘရသေ့စကားကို ကျွန်တော်ခေါင်းရမ်းဆန့်ကျင် လိုက်ရင်း….
‘မဟုတ်ပါဘူး။ ကျွန်တော် ဒီကို ဘယ်လိုရောက်လာခဲ့တယ်ဆိုတာ စဉ်းစားရင်း အံ့သြလွန်းလို့ အထပ်ထပ် တွေးကြည့်နေတာ’
ဘရသေ့က မျက်နှာကိုတည်ရင်း…
‘ဘာအံ့သြစရာရှိလို့လဲကွ။ ဒီမှာ ရော့…. ဒါ ဘာသားလဲ’
ပြောပြောဆိုဆို ပစ်ချထားတဲ့ ထင်းစည်းထဲက ထင်းချောင်းတစ်ချောင်းကို ဆွဲထုတ်ရင်း ကျွန်တော့်ဆီ ပစ်ပေးတယ်။ ဖမ်းယူတိုးကပ်ကြည့်လိုက်တော့…
‘ကုက္ကိုသား’
‘ဒါကရော..’
‘ပိတောက်သား’
‘ရော့….. ဒီတစ်ခုက….’
‘ကျွန်း’
‘ရင်းတိုက်’
ကျွန်တော့်ကို စူးစူးရှရှကြည့်ရင်း ခေါင်းတညိတ်ညိတ်လုပ်နေတယ်။ ပြီးတော့ လျော့ရဲရဲသင်္ကန်းကို ပခုံးပေါ်ပြန်တင်ရင်း…..
‘ဒါပဲပေါ့ကွာ။ ဘာစဉ်းစားစရာရှိလို့လဲ။ မင်းမှာ သူများ ထက် ထူးခြားတဲ့ ပါရမီတစ်ခုရှိတယ်။ အဲဒါပါရမီကြောင့် မင်း ငါ့ဆီကို ရောက်လာတာ’
ပြန်လည်အဖြေပေးရန် စကားလုံး ရှာမတွေ့တာကြောင့်ပဲ ကျွန်တော် ဆက်လက် ငြိမ်သက်နေမိတယ်။ အပြင်မှာ နှင်းတွေက မှု န်မှု န်မွဲမွဲ ဝေသီနေတယ်။ သစ်ရွက် တွေပေါ် တွဲခိုတော့ ကစားနေတဲ့ နှင်းစက်လေးတွေကိုတောင် လှမ်းမြင်နေရတယ်။
ဒါ မနင်ခင်းတစ်ခုပါ။ ဘရသေ့ ဘယ်အချိန်ထပြီးနောက် တောတန်းဘက်ထင်းခွေ သွားကြောင်း မသိရပေမဲ့ ကျွန်တော်နိုးနေတာတော့ တော်တော်ကြာနေပါပြီ။ ထိုအချိန်မှာ ပဲ ဘရသေ့က ထင်းစည်းကို နေရာချရင်း ကျောင်းပေါ်တက်သွားတယ်။ ကျွန်တော်ကတော့ ကျောင်းရှေ့သစ်ပင်အောက် သစ်သားတန်းလျားတိုတိုလေးမှာ တစ်ယောက်တည်း ဆက်လက်ထိုင်နေမိတယ်။
တအောင့်ကြာတော့ ဘရသေ့ပြန်ဆင်းလာပြီး…
‘ကောင်လေး… ငါသွားတော့မယ်။ ဒီနေ့ နည်းနည်း မိုးချုပ်ရင် ချုပ်လိမ့်မယ်’
‘ဟုတ်ကဲ’
ဒေါက်ချာဆောင်းပြီး တောင်ဝှေးတစ်ဖက်၊ လွယ်အိတ်တစ်လုံးနဲ့ အရပ်တကာ၊ ရွာတကာလှည့် တရားဟောသွားတော့မှာ ပါ။ တောင်ဝှေးကို တဒေါက်ဒေါက်ထောက်ရင်း ကျောင်းအိုလေးရှေ့မှ တစ်လှမ်းချင်း လှမ်းထွက် သွားပါတယ်။
ဒါပေမဲ့ ခြေငါးလှမ်းတောင် ပြည့်မယ်မထင်ဘူး။
‘သြော်…. ဒါနဲ့….’
ကျွန်တော့်ကို လှည့်ကြည့်ပြီးး တစ်ခုခုပြောဖို့ ပြင်တယ်။
‘မင်း ထမင်းတော့စားဦးနော်’
ခေါင်းညိတ်ပြမိလား၊ ငြိမ်ပဲနေမိလား မသိပါဘူး။ ဘရသေ့ကတော့ တည်ငြိမ်သော ခြေလှမ်းတွေနဲ့ အေးအေးချမ်းချမ်း ထွက်ခွာ သွားပါပြီ။
တအောင့်ကြာတော့ မတ်တတ်ရပ်ရင်း ကျောင်းထဲကိုဝင်သွားလိုက်တယ်။ ခြေလှမ်းမှန်မှန်ဖြင့် ၀င်လာတဲ့ ကျွန်တော့်ကို ပြက္ခဒိန်နွမ်းနွမ်းလေးတစ်ရွက်က ဆီးကြို နေတယ်။
ဘာလိုလိုနဲ့ တစ်ရက်ကုန်လို့ နောက်တစ်ရက်ပင် အစပြုနေပါပြီ။ ပြက္ခဒိန်ပေါ်က ရက်စွဲတစ်ခုကို ကြက်ခြေခတ်ပစ်လိုက်တော့ ကျွန်တော့်အသွေးတွေ နွေးသွားသလိုပဲ။ အသက်ရှင်ရပ်တည်မှု ၏ အဓိကရေသောက်မြစ်က လှုပ်ရှားအသက်ဝင်စပြုလာနေပြီ။
ဟုတ်တယ်… ။ ကျွန်တော့်လက်တွေ ဆောက်ခုံး၊ ဆောက်ပြားတွေနဲ့ ထိတွေ့ချင် လှပြီ။
xxxxx
(a)
‘မောင့်ကိုလွမ်းရင် မုယော ဘာလုပ်ရမလဲဟင်’
‘ပန်းချီဆွဲနေပေါ့’
‘မရပါဘူး။ မုယောကတော့ ငိုမှာ ပဲ’
‘……….’
‘မောင်နဲ့သာ အခုလို တွေ့ခွင့်မရတော့ဘူးဆိုရင် မုယောလေထမင်းလည်း မစားတော့ဘူး၊ ပန်းချီလည်းမဆွဲတော့ဘူး၊ အိပ်လည်း မအိပ်တော့ဘူး။ မောင့်အကြောင်း တွေပဲ တစ်နေကုန် ထိုင်တွေးနေမှာ …. သိလား’
‘……………’
‘နောက်ပြီး မောင့်နဲ့မတွေ့ရမချင်း ငိုနေမှာ ’
xxxxx
(b)
‘မုယောလက်မောင်းလေးတွေက သေးသေးလေးတွေနော်’
ကျွန်တော့် စကားကြောင့် သူမလက်မောင်းလေးများ အား လက်ဖ၀ါးသေးသေး လေးဖြင့် ရှက်အမ်းအမ်းဆုတ်ကိုင်းရင်း….
‘မောင်နော်…. ဘာလို့လိုက်ကြည့်နေတာလဲ’
နှုတ်ခမ်းကိုကိုက်ရင်း အရှက်သည်းစွာ ဆိုသော သူမကိုကြည့်၍ ကျွန်တော် ရယ် မိတယ်.။
‘တွေ့လား… သူများ ကို စိတ်ထဲကနေ အတင်းပြောနေတာ မသိဘူးမှတ်လို့လား’
‘ဟောဗျာ…’
သူမက ကိုယ်ဘာသာပြောရင် စိတ်ကောက်သွားလေပြီ။ ကျွန်တော်ကတော့ နှုတ်ခမ်းသေးသေး ချွန်ချွန်လေးနှင့် စိတ်ကောက်ပြနေသော သူမကိုကြည့်၍ သာ ရယ်နေ မိတယ်။
‘မောင်နော်… ဘာလို့လဲအဲလောက် ရယ်နေတာလဲ။ လက်မောင်းသေးတာ သဘောမကျရင် အရင်ကတည်းက လက်မောင်းကြီးတဲ့ မိန်းကလေးတွေကို ရွေးကြိုက် ပါလား။ ဘာလို့ မုယောကို လာကြိုက်လဲ’
ကျွန်တော် အရယ်ကို ရပ်လိုက်ရတယ်။ ဆက်ရယ်နေရင် ရှားရှားပါးပါး တွေ့ရတဲ့အ ချိန်လေးက စိတ်ကောက်လိုက် ပြန်ချော့လိုက်နဲ့ လုံးပါးပါးသွားနိုင်တယ်လေ။
ပန်းချီသင်တန်းအပြီး အအေးဆိုင်ထိုင်ရင်း စကားပြောနေကြတာပါ။ ဒီနေ့မှ သူမက လက်ပြတ်အင်္ကျင်္ီအဖြူရောင်လေး ၀တ်လာသည်မို့ ပါးပါးလှလှခန္ဓာကိုယ်အတိုင်း လက် မောင်းသားဖွေးဖွေးက သွယ်သွယ်ဝင်းဝင်း ပေါ်နေတယ်။
တကယ်တော့ ထင်သလောက် သေးလှတယ်လည်း မဟုတ်ပါဘူး။ သူမခန္ဓာကိုယ် အချိုးအစားနဲ့တော့ အနေတော်ပါပဲ။ အသားက ဆွတ်ဆွတ်ဖြူနေတဲ့အတွက် သူမလက် မောင်းလေးတွေက အစိမ်းရောင်သမ်းနေပါတယ်။ ကိုယ့်ချစ်သူမို့ ကိုယ်ကြွားပြောတာမ ဟုတ်ဘူး။ သူမ တော်တော်လှနေတယ်။
‘မဟုတ်ပါဘူး။ မုယောက မောင်လက်ထပ်မယ့် မိန်းကလေးတစ်ယောက်ရဲ့ စံနဲ့ ညီမညီ လေ့လာနေတာ’
ဒီစကားက သူမကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေပါတယ်။ ဝေခွဲမရတဲ့ပုံစံနဲ့ ကျွန်တော့်ကိုကြည့်တယ်။ ပြီးတော့ သူမလက်မောင်းကို သူမပြန်ကြည့်ပြီး အနည်းငယ်စိုး ရိမ်စိတ်ဝင်သွားသလိုပဲ။
‘ဘာ ဖြစ်တယ်…. မောင်။ မောင်လက်ထပ်မယ့် မိန်းကလေးတစ်ယောက်ရဲ့ ပုံစံ ဟုတ်လား။
ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့ ချက်ချင်း ပဲ ကျွန်တော့်အနားကို တိုးလာကာ စိုးရိမ်စိတ်ရောသောအသံဖြင့်…
‘မုယောမှာ မောင်သဘောမကျတဲ့အချက်တွေ ရှိနေလို့လားဟင်’
တကယ့်ကို တိုးတိုးပျော့ပျော့လေးပါ။ ခွင့်လွှတ်မရတဲ့ အမှားတစ်စုံတစ်ရာကို လွန်လွန်ကျူးကျူး ထိတ်လန့်နေသလိုမျိုး။ ခုနကလို ကျွန်တော့်အား စိတ်ဆိုးနေတဲ့အမှု အရာ လုံးဝမရှိတော့ဘူး။
‘အင်….’
စဉ်းစားသလိုပြုတော့ ကျွန်တော်ပြောမယ့်စကားကို ငြိမ်ကာ နားထောင်နေတယ်။ သူမလက်မောင်းလေးအား နောက်တစ်ကြိမ် ထပ်ကြည်လိုက်၍
‘ဒီလောက်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်’
ကျွန်တော်စကားကြောင့် သူမကြောင်အသွားတယ်။ ပြီးတော့ နားမလည်းသလို အမှု အရာဖြင့် …
‘မောင်လက်ထပ်မယ့် မိန်းကလေးမှာ လက်မောင်းကြီးတာ၊ သေးတာလည်း စံတစ် ခုပဲလား’
ထိန်းထားတာမဟုတ်ရင် ကျွန်တော် ခွီးခနဲရယ်မိမှာ ပါ။ ဒါပေမဲ့ သူမကတော့ တကယ်သိချင်ဟန် အမှု အရာလေးနှင့် မို့ သနားသလိုတောင် ဖြစ်သွားရတယ်။
‘မောင်သတ်မှတ်ထားတာတော့မဟုတ်ပါဘူး။ ရှေးတုန်းကလူတွေက သတ်မှတ်ခဲ့ ဘူးလို့ မောင်လည်း ကောင်း၏ ၊ မကောင်း၏ တွေးနေတာ’
စိတ်ဝင်စားတဲ့ အမှု အရာတစ်ခုကြောင့် ကျွန်တော် ရှင်းပြရန်ပြင်ဆင်လိုက်တယ်။
‘ရှေးတုန်းက ဂျာမနီနိုင်ငံ စကယ်လဆွစ်ဒေသမှာ သတို့သမီးတစ်ယောက်ဟာ လက်ထပ်တော့မယ်ဆိုရင် သူမလက်ထပ်မယ့် သတို့သားလောင်းကို သူမ ကြံ့ခိုင်မှု ဘယ် လောက်ရှိကြောင်း၊ လက်ထပ်ဖို့အတွက် ကျန်းမာကြံ့ခိုင်ကြောင်း လက်တွေ့ လုပ်ပြရတဲ့ အလုပ်တစ်ခုရှိတယ်’
‘ဘာလဲဟင်’
‘အဲဒါကတော့ အတော်အသင့် ကျယ်တဲ့ စမ်းချောင်းလေးတစ်ခုကို ၀ါးလုံး ထောက်ပြီး ခုန်ကျော်ပြရတာ ပဲ’
‘ဟယ်…. တကယ်’
ခေါင်းညိတ်ပြလိုက်တော့ သူမလက်မောင်း သူမပြန်ငုံ့ကြည့်ရင်း မျက်နှာညှိုး သွားတယ်။
‘မုယောဆိုရင်တော့ သေချာတယ်။ တစ်ဖက်ကမ်းမရောက်ဘဲ စမ်းချောင်းလေးထဲ ကို ပြုတ်ကျမှာ ’
ထိုစကားကြောင့် သူမအား ဆက်လက်စနောက်စိတ် ပေါ်သွားပြီ…
‘နောက်တစ်ခုရှိသေးတယ်’
‘……’
‘ပေါ်တူဂီနိုင်ငံ၊ ဂီနီ၊ ဘီနာဒေသက အမျိုးသမီးတွေဟာ နှစ် စဉ်နှစ် တိုင်း ကပွဲတစ်ခု ကျင်းပကြတယ်။ အဲဒီ ကပွဲက သူတို့တွေရဲ့ ခေါင်းပေါ်မှာ ခြင်းတောင်းကြီးတစ်ခုစီကို ရွက်ထားရတယ်။ အဲဒီ ခြင်းတောင်းကို ငြိမ်အောင် ဟန်ချက်ညီညီထိန်းပြီး ကရတဲ့ကပွဲပဲ’
‘အလေးကြီးနေမှာ ပဲနော်’
ကျွန်တော် ခေါင်းညိတ်ရင်း…
’ဒါပေမဲ့ သူတို့ကတော့ အဲဒီ ကပွဲကိ အမြတ်တနိုးနဲ့ သူ့ထက်ငါကြာအောင် ကြိုးစား ပမ်းစားကစားကြတယ်။ ဘာ ဖြစ်လို့လည်းဆိုတော့ ကပွဲဆိုတာထက် သူတို့ဓလေ့မှာ ကိုယ့်ချစ်သူအပေါ်ကို ဘယ်လောက်ထိ မေတ္တာထားနိုင်ကြောင်း၊ သူများ တွေထက် ဘယ်လိုသာအောင် ချစ်ပြနိုင်ကြောင်း ပြသရာရောက်တဲ့ စိတ်ခံစားမှု ပွဲတစ်ပွဲ ဖြစ်နေလို့ပဲ’
ကျွန်တော့်စကားဆုံးတော့ မုယော အကြာကြီး အပြင်ကိုငေး သွားပါတယ်။ ပြီးတော့ နှုတ်ခမ်ချင်း ထက်အောက်ကိုက်နေတာကိုလည်း တွေ့ရတယ်။ အတော်ကြီးကြာသွား တော့မှ ဆုံးဖြတ်ချက်တစ်ခု ချပြီးသွားသလို မျက်နှာထားနှင့် ကျွန်တော့်အားကြည့်ရင်း….
‘ကိုယ်ချစ်သူကို ဘယ်လောက်ထိချစ်ကြောင်း ဖော်ပြရာရောက်တဲ့ ကပွဲသာမှန် ရင်တော့…’
သူမရဲ့ မျက်ဝန်းတွေက အဓိပ္ပါယ်တစ်စုံတစ်ရာနဲ့ လက်ဝင်းနေတယ်။
‘သူတို့တွေလိုပဲ မုယောလည်း မောင့်ကို ရွက်ထားခဲ့ရဲပါတယ်’
ကြည့်စမ်းပါဦး၊ ဘယ်လောက်များ ချစ်စရားကောင်းတဲ့ ကျွန်တော့် snow’s finger လေးလဲ။ ရင်ထဲမှာ အတိုင်းအဆမရှိ ကြည့်နူးမှု တွေက ဒီရေတက်သလို တရိပ်ရိပ် တိုးတက်မြင့်မားလာပြီ….
‘မုယောရယ်’
တိုးဖွဖွဆိုရင်း လက်ဖ၀ါးလေးကို ဆုပ်ကိုင်လိုက်တော့ သူမကလည်း ပြန်လည်ဖျစ်ညှစ်တယ်။ ထိုလက်ဖ၀ါးတွေကတစ်ဆင့် တစ်ဦးနှင့် တစ်ဦး ချစ်တတ်မှု တွေ ကူးလျှောက်သွားနေသလိုပါပဲ။
အမှန်က သူမကို စနောက်နေခြင်းပါ။ ဒါပေမဲ့ ကျွန်တော်ပြန်ရလိုက်သည်ကတော့ …… ကျွန်တော်တို့နှစ် ယောက် တစ်ယောက်ကိုတစ်ယောက် လွတ်ထွက်သွားမှာ စိုးသည့် အလား ခပ်တင်းတင်း ဆုပ်ကိုင်ထားမိကြတယ်။
‘မုယော…. နောက်အပတ်ထဲမှာ ပန်းပုအရောင်းပွဲတော် ဖွင့်ပွဲရှိတယ်။ လာခဲ့ပါလား’
‘ဘယ်မှာ လဲ….’
ကျွန်တော်က ဟိုတယ်တစ်ခုရဲ့ နာမည် ကို ရွတ်ပြတော့ သူမစဉ်းစားသလို မျက်မှော င်ကြုတ်သွားပြီ….
‘တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပန်းပုပညာရှင်တွေအားလုံးကို ဖိတ်ခေါ်ပြီး လုပ်တဲ့ပြပွဲမလား။ အဲဒီ ပြပွဲမှာ အကောင်းဆုံးလက်ရာရှင် ဆယ်ဦးကို ရွေးချယ်လိမ့်မယ်’
ထိုစကားကြောင့် ကျွန်တော်အံ့သြသွားကာ..
‘မုယောက အဲဒါကို ဘယ်လိုလုပ်သိတာလဲ’
‘ဆရာ့ဆီက သိတာလေ။ မနေ့က ဆရာပြောပြထားလို့’
‘သြော်….’
ဟုတ်နိုင်ပါတယ်။ ဒီသတင်းကို ကိုလူဇော်လည်း သိပြီပေါ့။
‘သူတို့က အကောင်းဆုံးဆယ်ယောက်ကိုရွေူးပြီး ဘာလုပ်ကြမှာ လဲ ဟင်’
ကျွန်တော်တို့အားလုံး သိချင်နေတာလည်း အဲဒါပါပဲ။ တစ်နိုင်ငံလုံးက ပညာရှင် အားလုံးကို ဖိတ်ခေါ်ပြီး ပြပွဲလုပ်တယ်ဆိုကတည်းက ပေါ့သေးသေးမဟုတ်ပါဘူး။ ကိစ္စ တစ်ခုကြီးကြီးမားမားရှိနေမှာ ပါ။ ပြီးတော့ အကောင်းဆုံးဆယ်ဦးကို ရွေးမယ်။
ဒါပါပဲ။ ဒီထက်လည်း ဘယ်သူမှပိုမသိကြဘူး’
ခေါင်းညိတ်မိတယ်။ ပြီးတော့ ကျွန်တော့်အားကြည့်ကာ…
‘မောင် အဆင်သင့် ဖြစ်နေပြီလား’
‘အေးဆေးပဲ။ စိတ်ကြိုက် ဖြစ်တာတွေ များ နေလို့ ဘယ်ရုပ်တုတင်ရမှန်းတောင် မသိ ဘူး။’
‘မောင့်ကိုတော့ ယုံပါတယ်။ ဒါပေမဲ့ မောင်ဆက်ပြီး ကြိုးစားနော်’
ကျွန်တော် သက်ပြင်းတစ်ချက်ကို ခပ်လေးလေးပင့်ရှိုက်၍ …
‘စိတ်ချပါ’
‘မုယောကတော့ လာ ဖြစ်မယ်မထင်ဘူး။ မောင့်သတင်းကိုပဲ နားထောင်နေတော့ မယ်နော်’
ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်။ ကျွန်တော့်ချစ်သူလေးက ပန်းချီသင်တန်းတစ်ခုက လွဲပြီး အပြင်ထွက်ခွာရတာ မဟုတ်ဘူးလေ။
‘နောက်ပြီး မုယောနားမလည်တာတစ်ခုကို မေးရဦးမယ်။ မောင့်ရုပ်တုတွေက ဘာ ဖြစ်လို့ (Not for sale) တွေ များ ရတာ လဲ။ မောင့်ရုပ်တုတွေ လူကြိုက်များ ပါတယ်။ ၀ယ်ချင်သူတွေလည်း ပေါမှာ ပါ။ အဲဒါဘာလို့ မရောင်းတာလဲ ဟင်’
ဒီမေးခွန်းကို ကျွန်တော် အတန်ကြ စဉ်းစားငြိမ်သက်ပြီးမှ အဖြေပေးမိတယ်။
‘မရောင်းတာမဟုတ်ပါဘူး။ ကိုယ့်တန်ဖိုးကို ကိုယ်မသတ်မှတ်ချင်တာ’
သူမ စဉ်းစားသလို ငြိမ်သွားသေးတယ်။ ဒါပေမဲ့…
‘မုယော နားမလည်ဘူး’
‘မောင် ရှင်းပြမယ်။ ဥပမာ မောင့်ရဲ့ ရုပ်တုတစ်ခုကို ရောင်းဖို့ဈေးသတ်မှတ်လိုက်ပြီ ဆိုပါစို့။ အဲဒီ ဈေးက မောင်ကိုယ်တိုင် သတ်မှတ်ထားတဲ့ မောင့်ရဲ့ တန်ဖိုး ဖြစ်သွားပြီ။ မောင်ဟာ အဲဒီ ဈေးပဲတန်တဲ့ လူတစ်ယောက်။ အဲဒီ ထက် တစ်ပြားသားမှ ပိုမတန်တော့ဘူး။မောင့်ရဲ့ တန်ဖိုးဟာ အဲဒီ ဈေးမှာ ဂိတ်ဆုံးပဲ။ အဲလို ဖြစ်မသွားဘူးလား’
နားထောင်နေရာမှ သူမ ခေါင်းတဆတ်ဆတ်ညိတ်တယ်။
‘ဟုတ်တယ်နော်။ ကိုယ်ဟာ ဒီဈေး၊ ဒီဈေးပဲ တန်တော့သလို ဖြစ်သွားတာပေါ့’
ဟုတ်ထယ်။ တစ်နည်းအားဖြင့် အဲဒါ ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် ဘောင်ခတ် လိုက်တာပဲ။ အဲဒါကြောင့်မလို့ မောင့်ရုပ်တုအများ စုက(Not for sale) တွေများ တယ်။ မရောင်းဘူးတော့ မဟုတ်ပါဘူး။ တချို့တလေလည်း ရောင်းပါတယ်။ ဒါပေမဲ့ မောင်ကိုယ် တိုင်ရောင်းတာတော့ မဟုတ်ဘူး’
နားမလည်မှု နှင့် ဆက်လက်နားစွင့်လိုမှု ရောကော ကျွန်တော့်ကို ကြည့်တယ်။
‘ ပန်းပုထုရင် မောင်က ကိုယ့်အခန်းလေးထဲမှာ ပဲ ကိုယ်ထုတာ။ ပြီးသွားလို့ ရောင်းဖို့ စိတ်ပါရင် အခန်းပြင်ထုတ်ပေးတယ်။ စိတ်မပါရင်တော့ အခန်းလေးထဲမှာ ပဲထားတယ်။ မောင့်အခန်းကို ဘယ်သူမှပေးမ၀င်ဘူး။ အပြင်သွားရင် သော့ခတ်သွားတယ်။ ရောင်းဖို့ကိစ္စအားလုံးကိုတော့ မောင့်အဖေပဲ စီစဉ်တာ။ ဘယ်သူ့ ဆီရောင်းတာလဲ မမေးဘူး။ ဘယ်လောက်နဲ့ရောင်းလိုက်တယ်ဆိုတာကိုလည်း။ မသိချင်ဘူး။ မောင်က အဲလိုမျိုး’
ဝံ့ဝံ့စားစား နားထောင်နေရာမှ သူမရဲ့ သက်ပြင်းချသံလိုလိုကိုကြားရတယ်။ အပြင်မှာ နေရောင်က ကျဲပါးစပြုလာပါပြီ။ အိမ်ပြန်ချိန်နီးလာပြီဆိုပေမယ့် ကျွန်တော်တို့ တစ်ယောက်လက်ကိုတစ်ယောက် ယခုအချိန်အထိ ဆုပ်ကိုင်ထားတုန်းပါ။
‘ဒါ အနုပညာနဲ့ပတ်သက်တဲ့ မောင့်ရဲ့ မာနပေါ့။ အတ္တလို့ပြောရင်လည်း မငြင်းပါဘူး။ မုယောကရော မောင့်ကို ဘယ်လိုမြင်လဲ’
သူမ ကျွန်တော့်ကို ရွှန်းရွှန်းစားစားကြည့်ပါတယ်။ ပြီးတော့ သူမရဲ့ ထင်မြင်ယူဆ ချက်ကို တစ်လုံးချင်းပြောတယ်။
‘မောင်ဟာ တစ်ချိန်မှာ အနုပညာနဲ့ ပတ်သက်ပြီး ထင်မှတ်မထားတာတွေ အားလုံး ထက်ကို ကျော်လွန်အောင်မြင်မယ့် လူတစ်ယောက် ဖြစ်လာလိမ့်မယ်’
ဒါဟာ ဆုတစ်ခုဆိုရင်တော့ ထိုဆုကို ကျွန်တော် တမ်းတမ်းတတ တောင်းဆိုမိမှာ မ ဟုတ်ပါဘူး။
ဆုတောင်းတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မယုံကြည်သူတွေရဲ့ အလုပ်လို့ ကျွန်တော် ခံယူထားတယ်လေ။
xxxxx
![]() တောရိလျောရိလေးပဲ ချစ်ခဲ့သည် | ![]() သိသောသူမည်ကား ကြားပါစေ | ![]() မြို့ကလေးရဲ့ရာဇ၀င် |