သိသော သူမည် ကား ကြားပါစေ
သိသော သူမည် ကား ကြားပါစေ………
အနုပညာဖန်တီးမှု သက်သက် ဖြစ်ပါသည်။
ရွှေသုန္ဒရီသီချင်း ကောင်းမွန်သော ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်အား သွေဖည်ပျက်စီး စေလိုသော ဆန္ဒတ်စုံတစ်ရာ မရှိပါ။
ထိုသို့ ဖြစ် သွားပါက ဂီတစာဆို စိန်မောင်မြင့်နှင့် ရွှေသုန္ဒရီပရိသတ်ကြီးအား အထူးပင် တောင်းပန်ရပါကြောင်း….
သူဟာ ကောင်မလေ တစ်ယောက် ကို ဆောင်းတွင်းလေးတစ်ခုလို ချစ်ခဲ့ဖူးပါတယ်။ ဆောင်းတွင်းလေးနွေးစေဖို့ သူ့ကိုယ်သူ မီးအ ဖြစ်အကြိမ်ကြိမ် မွှေးပေးခဲ့ဖူးပါတယ်။ ရောင် နီသွေး တိုင်း ဝေးမှာ စိုးလို့ နေလုံးကြီးကိုလည်း ကျောအပြည့် ကွယ်ပေးခဲ့ဖူးပါတယ်။ နွေဆိုတဲ့ အရာနဲ့ မုတ် သုန်ဆိုတဲ့ စကားလုံးကိုလည်း မဆီမဆိုင် အမိုက်ဇာတ်သွင်းပစ်ခဲ့ဖူးပါတယ်။
အဲဒါကြောင့် ပဲလား မသိဘူး။ နောက်ပိုင်း မြန်မာပြည်မှာ မုတ်သုန် အ၀င်နည်းသွားတယ်။ နွေ ကတော့ အပြုံးမပျက်စွာ ဆက်လက်မင်းမူနေရဲ့ ။ ပြုန်းတီးသွားတဲ့ သစ်တောတွေ လိုပါပဲ။ အချစ် ဆိုတဲ့မီးနဲ့ သူဟာ လောင်မြိုက်နေခဲ့တာပါ။ သို့သော်လည်း အချစ်ကြီးတတ်အောင် လေ့ကျင့်ထား တာမို့ ပူလိုပူမှန်းလည်း မသိခဲ့ဘူးလေ။
မျက်နှာ ချစ်ခင်ပါစေလို့ ဘယ်နတ်ဘုရားထံမှာ မှ ဆုတောင်းထားခဲ့ဟန် မတူပါဘူး။ ထိုဆု နဲ့လည်း မပြည့်ခဲ့ပါဘူး။ သူမမျက်နှာက မြင်ရသူအပေါင်းကို တစိမ့်စိမ့်အေးပြီး တသိမ့်သိမ့် နွေးစေ ခဲ့တာပါ။
ရှိန်းမြနွေးထွေး ရင်ထဲက ကံ့ကော်လေး တစ်ပွင့်လို။ မွှေးအိပါရွှေးပါးပေါ်က သနပ်ခါးလေး တစ်စက်လို မထိရက်၊ မကိုင်ရ့်ကို ချစ်ခဲ့တာပါ။
ဒါဟာ မချစ်မနေရ အမိန်နဲ့ နှလုံးသားကို တစ်ချက်လွတ်ပြဋ္ဌာန်းထားတာ မဟုတ်ဘူး။ လွတ် လပ်စွာ ရွေးချယ်ခွင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်စတဲ့ လွတ်လပ်မှု တွေ တစ်သီကြီးနဲ့ ကိုယ်တိုင်တွေး၊ ကိုယ်တိုင်ရေး ၊ ကိုယ်တိုင်ထုဆစ်ပုံဖော်ထားတဲ့ ရာစုသစ် ကျောက်ဆစ်ရုပ်လေး တစ်ရုပ်ပေါ့။
လက်ထဲမှာ လွတ်လပ်စွာ ချစ်ပိုင်ခွင့်ဆိုတဲ့ အသည်းလေးတစ်ခြမ်းကို ကိုင်ထားပြီး နောက် တစ်ခြမ်း ကတော့ သူမရင်ဘတ်ထဲမှာ ရှိနေတယ်။ ၂၀၁၅ (သို့) ၂၀၂၀ ရဲ့ ဒီဇင်ဘာတစ်ရက်မှာ တော့ ထိုအသည်းနှစ် ခြမ်း ပြန်လည်ပေါင်းဆည်းပါလိမ့်မယ်။
ကတိပြုထားတယ်။ သစ္စာဆိုထားတယ်၊ လွတ်လပ်သော နိုင်ငံတော် သစ်မှာ ယဉ်ကျေး သော သိက္ခာရှိသော ထိန်းသိမ်းနိုင်သော အချစ်ဖြူဖြူတွေ နဲ့ ချစ်ကြမယ်လို့ပေါ့။
နှင်းဆီနှုတ်ခမ်း၊ ညနေရောင် အပြုံးနဲ့ စံပယ်ညတွေ ၊ သစ်ရွက်ကြွေတိုင်း ပြုံးတတ်တဲ့ မင်းရဲ့ ဓလေ့ချိုချို စတာ … စတာတွေ နဲ့ ရင်ထဲမှ၊ာ တနင့်တပိုး အရဲကိုး ချစ်ခဲ့ရတာ ပါ။
လသာတဲ့ညတွေ ဆို ကောင်းကင်ကြီးကိုကြည့်ပြီး ရင်ဘတ်နဲ့ ဂျက်ပင်ထိုး ဖြစ်တယ်။ အဲဒီ အခါမှာ သူမပြောဖူးတဲ့ စကားတစ်ခွန်းက ကမ္ဘာတွေ အလီလီပြောင်းလို့ သူ့နားတွင်းကို ပြန်လည် ရောက်ရှိလာပါတယ်။ “တို့တွေ တစ်သက်လုံး ချစ်သွားကြမယ်နော်”
ဘ၀ဆက်တိုင်း ချစ်ချင်တာပါဆို မင်းဘာပြောမလဲ။ ဒါပေမဲ့ အဲဒီ စကားလုံးလေးကို ပြန်ကြား ရတိုင်း နက်ပြာရောင် ညအိုအိုတွေ ကို သူထိုင်ထိုင်ရှိခိုးမိတာ ခဏခဏပေါ့။ ရင်ဘတ်နဲ့ ဆက်ထားတဲ့ ဂျက်ပင်ကိုဖြုတ်တော့ သော ကြာကြယ်ကြီးက သူ့ပခုံးစွန်းမှာ လာနားနေသလိုခံစား ရတယ်။
တကယ်တော… ကောင်မလေးရယ်….
“ကိုယ်ဟာ မင်းရဲ့ မိုးကုတ်စက်ဝိုင်းထဲမှာ ပိတ်မိနေတဲ့ကောင်ပါ။ ပြေးချင်တဲ့ အရပ်ကို ပြေး ပေါ့။ တစ်ချိန်မှာ တော့ မိုးကုတ်စက်ဝိုင်းနဲ့ အနားသတ်ထားတဲ့ မင်းရဲ့ နှလုံးသားရင်ငွေ့တော် အောက်မှာ ပြန်ခိုလှုံရမှာ ပဲလေ”
သူ မပြေးခဲ့ပါဘူး။ ဘယ်တော့မှလည်း ပြေမှာ မဟုတ်ဘူး။ ဒီသံသရာစက်ဝန်းက လွတ် မြောက်ရာ တရားထူးမရသ၍ တော့ မင်းရဲ့ စကားတစ်ခွန်းကို ကျိန်စာတစ်ခုကို ဘ၀ဆက်တိုင်း ယုံ ကြည်ကိုးကွယ်ထားမှာ ပါ။
“သူ့ကို အရမ်းချစ်တယ်….”
ကမ္ဘာတည်သ၍ တည်ပါစေ၊ ညီပါစေ… ကောင်မလေးရယ်။
အဲဒီ စကားကြားပြီတဲ့နောက်ပိုင်း သူစိတ်ထဲမှာ ရောဂါ တစ်ခုကပ်ငြိခဲ့ပါတယ်။ မြင်တွေ့  လေရာ သူမမျက်နှာပေါ်နေတဲ့ ရောဂါ ပါ။ အတွေးထဲမှာ လည်း အခန်းဆက်ဝတ္ထုရှည်ကြီးတစ်ပုဒ် က ကြီးစိုးထားတယ်။
သူမအကြောင်း တစ်ခမ်းတနား ဖွဲ့ဆိုရည်ညွှန်းထားတဲ့ ၀တ္ထုရှည်ကြီး၊ ရယ်ဖို့လည်း ကောင်း ပါတယ်။ သူနဲ့ယှဉ်ရင် ရိုမီယိုဆိုတာကလေးအဆင့်မှာ ရှိမှန်း ရှိတ်စပီးယားကို သိစေချင်လိုက် တာ လေ။ ရှိတ်စပီးယားဘယ်လောက်ယူကျုံးမရ ဖြစ်နေလိုက်မလဲ။
ခင်ဗျားတို့ ကတော့ သူ့ကို အချစ်လွန်း ရောဂါ ရနေပြီလို့ ထင်ကြလိမ့်မယ်။ မဟုတ်ပါဘူး…
“ချစ်မ၀” ရောဂါ ပါ။
First Cut
အခန်းတစ်ခုတွင်း၌ ….
ဖွင့်ထားသော TV ကိုကြည့်ပြီး လူ တစ်ယောက် မျက်ရည်တွေ ဖြိုင်ဖြိုင်စီးကျနေတယ်။ သူ့ရင်ဘတ်တစ်ခုလုံးက သမုဒ္ဒရာလေးစင်းမှာ ပေါလောမျောပါနေသော ဖော့စို့တစ်ခုလို နိမ့်လိုက်၊ မြင့်လိုက်၊ မြုပ်လိုက်၊ ပေါ်လိုက်၊ အကာအကွယ်မရှိ၊ အကူညီမဲ့ပြီး ဖြစ်ချင်တိုင်း ဖြစ်လို့။
ဝမ်းနည်းလိုက်တာ….
ခံပြင်းလိုက်တာလေ….
အံကိုဖိကြိတ်တော့ ကျလုလုမျက်ရည်တွေ က ဆည်တာတမံကျိုးသလို ဝေါခနဲ စီးကျလာ တယ်။ ဆတ်ဆတ်ခါနာတဲ့ထိ ဖိကိုက်ပြီးတော့မှ နှုတ်ခမ်းကျု ချမ်းသာပေးလိုက်သည်။
သူ့ရှေ့စားပွဲပေါ်မှာ ဓားတစ်လက်၊ အသွားက ဖွင့်ထားသော မီးရောင် အောက်မှာ လက် လက်ထကာနေတယ်။ ဓားကိုလှမ်းယူတော့ ရင်တွင်းမှာ စူးအောင့်သွားတယ်။ အကြိမ်ကြိမ် စဉ်းစား ပြီးသား ကိစ္စတဆတ်ဆတ် တုန်လာသလားပဲ။ အကြိမ်ကြိမ် စဉ်းစားပြီးသား ကိစ္စတစ်ခု ဖြစ်သော် လည်း တကယ့်လက်တွေ့ ရင်ဆိုင်ရတော့ နောက်တွန့်ချင်စိတ် တချို့ ဖြစ်မိသေးရဲ့ ။ ဒါပေမဲ့လည်း ရင်ထဲက ခံပြင်းမှု အရှိန်ကို မလွန်ဆန်နိုင်ပါဘူး။
ဒီနည်းနဲ့ပဲ အဆုံးသတ်ရမှာ ပါ။ ဒီနည်းနဲ့ပဲ ဘ၀တစ်ခုကို အဆုံးသတ်ပစ်ရမယ်။ အံကို နောက်တစ်ကြိမ်ဖိကိုက်တော့ ပြတ်ကွဲသွားတဲ့ နှုတ်ခမ်းသားက ပြန်နာလာတယ်။ အချိန်တန်လာပါ ပြီ။
ဘ၀တစ်ခုကို အဆုံးသတ်ပစ်ဖို့ အချိန်တန်နေပြီ။ အဆုံးသတ်ဖို့အတွက်လည်း လက်နက် တွေ လိုနေပြီ ကုပ်ပေါ်ဝဲကျနေသော ဆံပင်ကို ဆွဲလို့ လက်ထဲက ဓားနဲ့ လှီးဖြတ်ပစ်လိုက်တယ်။
“ရွှီး….”ဆိုတဲ့ အသံသဲ့သဲံလေး ထွက်လာပြီး လက်ပေါ်ကို ဆွဲလို့ လက်ထဲကဓားနဲ့ လှီးဖြတ် ပစ်လိုက်တယ်
ကိုယ့်ဆံပင်ကို ကိုယ်ကြည့်ပြီး နှုတ်ခမ်းမှာ မဲ့ပြုံးတစ်ခု ဖြစ်တည်သွားတယ်။
ထိုဆံပင်ကို စားပွဲပေါ်ဆန့်ဆန့်တင်၊ ပြီးတော့ လက်မှာ ကိုင်ထားသော ဓားနဲ့တစ် ချက်ချင်း ..
“တောက်..တောက်.. တောက်…”
တိတ်ဆိတ်နနေသော အခန်းလေးထဲမှာ ဓားဖြတ်သံတစ်ခုစည်းကျကျ ထွက်ပေါ်လာ တယ်။
အပိုင်းအပိုင်းပြတ်တောက်သွားသော ဆံပင်လေးကို ကြည့်ပြီး နာကျင်စိတ်တွေ ပိုကာလာ တယ်။ ၀မ်းနည်းမှု မျက်ရည်တွေ ကိုလည်း ခုနထက် စီးကာကျလို့…
သေချာတစ်ခု ကတော့ ခံပြင်းမှု ဆိုတာ တစ်ခါတစ်ရံမှာ ၀မ်းနည်းမှု ရဲ့ နောက်တော် ပါး သက်သက်မျှပါပဲ။
ပထမဆုံး ကျေးဇူးတင်ရမှာ ကတော့ သူမနဲ့ ဆုံဆည်းခွင့် ပေးခဲ့တဲ့ ကံကြမ္မာစောင့်နတ်မင်း ကြီးကို ဖြစ်ပြီး ဒုတိယကျေးဇူးတင်ရမှာ က တော့ ဆင်ရေတွင်းမှတ်တိုင်အား ပခုံးပေါ်ထမ်းတင်ထား သည့် ရန်ကုန်- အင်းစိန်လမ်းကြီးပါ။ တတိယကျေးဇူးရှင် ကတော့ ဆင်ရေတွင်းမှတ်တိုင် အနီးမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်း သက်ဖြိုးဝေ ဖြစ်လို့ စတုတ္ထကျေးဇူးတင်ရမှာ ကတော့ အိမ်က ကားယူမလာခဲ့တဲ့ သူကိုယ်တိုင်ပါပဲ။
အဲဒီ နေ့က သူငယ်ချင်း ဖြစ်သူ သက်ဖြိုးဝေနဲ့တွေ့ ဖို့ ဆင်ရေတွင်းမှတ်တိုင်ကို လာခဲ့တယ်။ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှု တွေ ကို စိတ်ပျက်လို့ ကားယူမလာခဲ့ပါဘူး။ ဒါဟာ သူ့ဘ၀ရဲ့ ကြီး မားသော အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကြုံရာ Taxi တားစီးပြီးမှတ်တိုင်မှာ ရပ်ခိုင်းခဲ့ရာက စတာပါ။
တွေ့ ဆုံမှု ကတော့ နှောင်းခေတ် မြန်မာရုပ်ရှင်ဇာတ်ကားတွေ လို သမားရိုးကျဆန်ပါတယ်။ အသစ်အဆန်းခုံမင်လွန်းသော သူ့ကိုမှ ကြမ္မာက ဘယ်လိုပြဋ္ဌာန်းပေးလိုက်တယ် မသိဘူး။ ရိုးရိုး လေးမှ တကယ့်ရိုးရိုးလေးပါ။
“ဟောတော် ….”
“ဟာ.. သွားပြီ”
Taxi ပေါ်က ဆင်းညပီး ကားလမ်းကူးလိုက်ချိန်မှာ သူ့ခြေထောက်က အခြား တစ်ယောက် ရဲ့ ဖိနပ်ကို တက်နက်မိလိုက်ပါတယ်။ လူက ချက်ချင်း ပဲ ခေါင်းနားပန်းကြီးသွားတယ်။ တက်နင်း ခံ ဖိနပ်လေးမှာ သဲကြိုးပြတ်သွားခဲ့ပြီလေ။
မိန်းကလေးမျက်နှာမှာ ရှက်စိတ်နဲ့ ရဲသွားတယ်။ သဲကြိုးပြတ်ဖိနပ်လေးကို ကြည့်ပြီး နှမြော တသဟန်တွေ အထင်းသားပေါ်လွင်သွားတော့…
“ဟာ.. အားနာလိုက်တာ… တောင်းပါန်ပါတယ်ဗျာ”
သူ့စကားကို ကြားပုံမရပါဘူး။ ဖိနပ်လေးကို ငုံ့ကြည့်ပြီးဘာလုပ်ရမှန်း မသိ ဖြစ်သွားပုံရ တယ်။ ထို့ကြောင့် အလျင်စလိုပင်..
“ကျွန်တော် အစားပြန်ဝယ်ပေးပါ့မယ်”
သူ့စကားကြောင့် မျက်နှာလေးမော့လာတယ်။ မျက်ဝန်းစပ်မှာ မျက်ရည်ကြည် အချို့တောင် ရစ်ဝဲနေသလိုမြင်ရတယ်။ ကားမှတ်တိုင် ဖြစ်တာမို့ လူအချို့ရဲ့ အာရုံစိုက်ခြင်း ခံနေရတာ လည်း ပါ တာပေါ့လေ။
“ရပါတယ်… ကျွန်မအပြစ်နဲ့ မတန်ဘူး”
ဖိနပ်နှစ် ဖက်ကို စုကိုင်ပြီး ပလက်ဖောင်းဘေးရေမြောင်းထဲကို လွင့်ပစ်လိုက်ပါတယ်။ ထို့ နောက် သူအပါအ၀င် စူးစမ်းနေသော မျက်လုံးများ ကို ဥပေက္ခာပြုလို့ ခြေဗလာအတိုင်း ထွက် သွားလေရဲ့ ။
“ဟာ.. ဟေ့.. ဟေ့”
လှည့်မကြည့်ပါဘူး။
“ဟာ.. ကျွတ်…”
နောက်က ကမန်းကတန်းပြေးလိုက်ကာ…
“ဟေ့..ခဏနေပါဦး ဖိနပ်မပါဘဲ မင်းဘယ်လိုသွားမှာ လဲ”
“အခုပဲ သွားနေပြီလေ”
ခြေကို သွက်သွက်လှမ်းရင်း အေးစက်စသက်ပြောတော့…
“ကျွတ်..အဲလောက်ထိ မလိုဘူးလေ။ ကျွန်တော် ပြန်ဝယ်ပေးပါ့မယ်။ ဒီမှာ ခဏလေးပဲ စောင့်ပေးပါ”
လက်မှာ ပတ်ထားတဲ့ နာရီကို ကြည့်တယ်။
“မရဘူး..ကျူရှင်ချိန်နီးနေပြီ။ စာမေးပွဲအတွက် အရေး ကြီးတာတွေ ဒီနေ့သင်မှာ ”
ပြီးတော့ တိုက်ခန်းလှေကားတစ်ခုပေါ်ကို ချိုးကွေ့တက် သွားပါတယ်။ ကြောင်တောင် တောင် ရပ်ကျန်ခဲ့သော သူ့မှာ တော့…
သဲကြိုးဖြတ်ဖိနပ်တစ်ရန် ကိုင်ပြီး ရန်ကုန်- အင်းစိန်လမ်းမကြီးပေါ်ပြေးနေသော သူ့ကိုမြင် တွေ့ ရသူတိုင်းက အရူးတစ်ကောင်ဟုထင်ကောင်း ထင်နိုင်ပါတယ်။ အဓိကက ပျက်စီးသွားသော ဖိနပ်နဲ့ ပုံစံတူ ဖိနပ်တစ်ရန် အမြန်ဆုံးတွေ့ ဖို့ပါ။ ဆင်ရေတွင်းမှတ်တိုင်အနီးဝန်းကျင်ကစလို့ မြင်မြင် သမျှ ဖိနပ်ဆိုင်များ ကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မေးလာခဲ့တယ်။
“အစ်မတို့ ဆိုင်မှာ ဒါမျိုးဖိနပ်မတင်ဘူး မောင်လေး.. ဒီက ဖိနပ်တွေ က အကုန်သော င်း ကျော်တွေ ချည်းပဲ”
“တခြားဖိနပ်သွားယူပါလား”
“အဲဒီ တံဆိပ် ကုန်နေတယ်”
“ဒီအမျိုးအစားက လူစီးများ တယ်။ ခုနစ်ရာ ရှစ်ရာလောက် စီးပျော်တယ်လေ”
ခြေတိုအောင် လျှောက်ပြီးမှတော့ သုခလမ်းဘ် ရပ်ကွက်ဖိနပ်ဆိုင်တစ် ဆိုင် တွေ့ တယ်။ ဒါပေမဲ့ အဆင်မပြေပါဘူး။ တွေ့ ရှိရာက ဖိနပ်က ဆိုဒ်အရမ်းသေးလွန်းနေတယ်လေ။
သြော်.. မိန်းကလေး။ ခုနစ်ရာ၊ ရှစ်ရာတန် ဖိနပ်ကိုမှ “နင်က အကောင်းနဲ့ မတန်ဘူး” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရန်တွေ့ နေရတဲ့ မိန်းကလေးရယ်.. အချိန်လည်း သိပ်မရတာ မို့ နောက်ဆုံး တော့ သင့်တင့်သော ဈေးနှုန်းနဲ့ ဆိုင်တူဖိနပ်တစ်ရန်ကိုပဲ ၀ယ်ခဲ့လိုက်တယ်။
မတတ်နိုင်ပါဘူး။
ကျူရှင်မဆင်းခင် ကြိုရောက်နေဖို့က လိုသေးတယ်လေ။
ဖိနပ်ဘူးလေးတစ်ခု ကိုင်ပြီး သူငယ်ချင်းနှင့် တွေ့ ဖို့ကို ခဏနောက်ထားလို့ သူမတက်လှမ်း သွားရာလှေကားခြေရင်းမှာ ရပ်စောင့်နေလိုက်တယ်။ အနည်းငယ် ပူပန်စိတ်လည်း ဖြစ်ရပါသေး တယ်။ ဖိနပ်လိုက်ဝယ်တုန်း ကျူရှင်မှာ ဆင်းသွားပြီလားပေါ့။
ဒါကို သိရဖို့ ကတော့ သိပ်မခက်လှပါဘူး။ လှေကားအတိုင်းတက်ပြီး တိုက်ခန်းတံခါးမှားရှေ့ ဘယ်ဟာက စာသင်ခန်းမှန်း မသိနိုင်ဘူးလေ။ လိုအပ်ရင် တံခါးမှာ နာကပ်ထောင်လိုက်တယ်။
သုံးလွှာမြောက် အခန်းတစ်ခုရှေ့ကို ရောက်တော့မှ စိတ်အေးသွားရတယ်။ အတွင်းမှ စာသင်သံသဲ့သဲ့ကို အပြင်က ကြားနေရပါတယ်။ အဲဒါကြောင့် အောက်ပြန်ဆင်းပြီး လှေကားခြေ ရင်းမှာ ပြန်ရပ်စောင့်တယ်။ အတော် ကြာရင် ရပ်စောင့်တာတောင် ကျူရှင်ကမဆင်းသေတာနဲ့ မျက်နှာချင်းဆိုင်က လက်ဖက်ရည်ဆိုင်ထဲဝင်ပြီး အအေးတစ်ခွက်မှာ လို့ ထိုင်စောင့်နေလိုက်တယ်။
နာရီဝက်နီးနိး ကြာသွားမယ်ထင်ရဲ့ ။
ပထမဆုံးဆင်းလာသည့် ကျောင်းသား တစ်ယောက် ကို တွေ့ စဉ်မှာ မိုးဝေပိုက်ဆံရှင်းပြီး တစ်ဖက်လမ်းအမြန်ကူးလိုက်တယ်။ ကျူရှင်လွှတ်ပြီလေ။
ဆယ်ယောက် ထက်မနည်းသော ကျောင်း သားလူငယ်တွေ တစ်ယောက် ပြီး တစ်ယောက် ဆင်းလာတယ်။ လူကုန်သွားတဲ့အထိ မိုးဝေ စောင်မျှော်နေသူက ရောက်မလာပါဘူး။ ဝေခွဲရခက်စွာ နဲ့ တိုက်လှေကားပေါ်မော့ကြည့်နေ မိတယ်။
လိုအပ်ရင် တက်သွားဖို့လည်း ဆုံးဖြတ်ပြီးသားပါ။ ဒါပေမဲ့လည်ပင်းမညောင်းခင်မှာ ခြေဖ၀ါး လေးတစ်ဖက် သက်ဆင်းလာတယ်။ လှေကားဝမှာ ရပ်နေတဲ့သူ့ကိုတွေ့ တော့ အံ့သြရိပ်စွန်း သွားပါ တယ်။
“ရော့….”
ထိုးပေးသော ဖိနပ်ဘူးလေးကို သွေးအေးအေးငုံ့ကြည့်စဉ်။
“ကျွန်တော် နင်းဖြတ်လိုက်တဲ့ ဖိနပ်တစ်ရန်အတွက် အစားပြန်ပေးတာပါ”
“ရပါတယ်… ကျွန်မအပြစ်နဲ့ ကျွန်မပဲ အစားပြန်ဝယ်ပေးဖို့ မလိုပါဘူး”
“မဟုတ်ဘူးထင်တယ်နော်… မင်းနဲ့ ဘာမှမဆိုင်ဘူးလေ။ ဖိနပ်က ကျွန်တော် နင်း လိုက်လို့ ပြတ်သွားတာပဲ”
“မဟုတ်ပါဘူး.. ရှင်နဲ့ ဝေးဝေးက မလျှောက်မိလို့ပါ”
“ဗျာ…”
စိတ်တွင်းမှာ မတင်မကျ ဖြစ်သွားတယ်။ ဘယ်လိုမိန်းကလေးပါလဲ။ တကယ့်တရားခံ အစစ် ကို လစ်လျူရှုပြီး လမ်းဝေးဝေးမလျှောက်မိလို့ဆိုကာကိုယ့်ကိုယ်ကို အပြစ်တင်နေပုံက၊ ပြီးတော့ လှုပ်ရှားမှု မဲ့သော မျက်နှာနဲ့ သူ့ကိုကျော်ကာ ပလက်ဖောင်းပေါ်ဆင်းပါတယ်။
ပူပြင်းထားသော နေရောင် ကြောင့် ပလက်ဖောင်းတွေ အငွေ့ထွက်နေမှာ မြေကြီးလက် ခတ်မလွဲပါဘူး။ ဒါကို ခြေဗလာအတိုင်း နင်းလျှောက်သွားသည်က…
နောက်ပြီး ခြေထောက်အစုံက ကြမ်းကြမ်းတမ်းတမ်းမဟုတ်။ ဖြူဖြူဖွေးဖွေးမှာ အနီရောင် ခြေသည်းလေးတွေ တောင် ဆိုးထားသေးရဲ့ ။
သက်ပြင်းကိုချပြီး မိုးဝေါပါ။ ကျွန်တော် ခင်းဗျားကို လိုက်နှောင့်ယှက်နေတာမဟုတ်ပါဘူး။ ဒါကလည်း လူမှု ရေး အရ အစားပြန်လုပ်ပေးတာပါ။ ပြီတော့ ဒီအပူရှိန်နဲ့ မင်းခြေဖ၀ါးတွေ အဆင် မပြေလောက်ဘူးထင်တယ်။
ခြေစုံကိုရပ်ပြီး သူ့ကို စေ့စေ့ကြည့်လာတယ်။
“ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ ရှင်ပေးတဲ့ဖိနပ်က ကျွန်မစီးနိုင်တာထက် ဈေးကြီးနေ တယ်။ ကျွန် ဘယ်လို ဖိနပ်မျိုးပဲ စီးနိုင်တယ်ဆိုတာ ကျွန်မအိမ်နီးနားချင်းတွေ သိတယ်။ ကျွန်မ အဘွား သိတယ်။ကုန်ကုန်ပြောရရင် ကျွန်မတို့တစ်ရပ်ကွက်လုံးတောင် သိတယ်။ အဲ့တော့ ကိုယ် မတတ်နိုင်တာတွေ စီးပြီး ပတ်ဝန်းကျင်က အထင်မြင်သေးတာကို ကျွန်မ မခံနိုင်ဘူး။”
ဖိနပ်ကိုင်ပြီးမိုးဝေ တစ်ယောက် ကြက်သေ သေသွားရပါတယ်။ ဘာပြန်ပြောရမှန်းလည်း မသိ တော့ဘူး။ ထိုစဉ်မှာ ပဲ အင်းစိန်ဘက်ကိုသွားတဲ့ ဘက်စ်ကားကြီးတစ်စီး မှတ်တိုင်ကို ထိုးစိုက် လာတယ်။ တားချိန်မရလိုက်ခင်မှာ ပဲ ဖိနပ်စီးမထားသော ကောင်မလေး တစ်ယောက် မှာ ထိုဘတ်စ် ကားကြီးပေါ်ကို တက်လို့သွားခဲ့ပြီ။
မှတ်တိုင်မှာ ရပ်ကျန်ခဲ့သူ တစ်ယောက် တော့ ရှိနေပါတယ်။ မကြာခင်မှာ “ချစ်မ၀ ရောဂါ ” ရလာမယ့် လူ တစ်ယောက် ပေါ့။ နာမည် ကို “မိုးဝေ”လို့ လွယ်လွယ်ခေါ်နိုင်ပါတယ်။
နောက်နေ့တွေ မှာ တော့ အလုပ်အကိုင်မရှိသော သူ့ဆီကို အလုပ်နှစ် ခုရောက်လာပါ တယ်။ တစ်ခုက သဲကြိုးပြတ်ဖိနပ်လေးနဲ့ အမျိုးအစားတူရာကို လိုက်လံရှာဖွေ ၀ယ်ယူရခြင်း ဖြစ်ပြီး နောက် တစ်ခု ကတော့ ဆင်ရေတွင်းမှတ်တိုင်အနီးမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းသက်ဖြိုး ဝေ ကို အကူအညီတောင်းရတာ ပါ။
“သုန္ဒရီ.. ဟုတ်လား.. မင်းဟာက ကျောင်းသူနာမည် ရော ဟုတ်လို့လားကွ။ ဇာတ်မင်းသမီး နာမည်း… ဟာ.. ဟ ဒီနယ်မှာ သတင်းကြီးလှသည် မင်းသမီးလေး ရွှေသုန္ဒရီ”
သက်ဖြိုးဝေက နောက်လို့ပင် နေပါသေးတယ်။ အမှန် ကတော့ မိုးဝေလည်း တိတိကျကျ မသိပါဘူး။ သူမပြောသွားတဲ့ စကားလေးတွေ ကို အိမ်ရောက်မှ တစ်ခုချင်းပုံပြန်ဖော်။ နှလုံးသားနဲ့ နားထောင်ပြီး ကောက်ချက်ဆွဲခဲတာပါ။
“ဟုတ်မယ်တော့ ထင်တာပဲကွာ.. သုန္ဒရီမဟုတ်ရင် သုန္ဒရေပဲ..ရှေ့က နှစ် လုံး ကတော့ သေချာတယ်”
“ဘယ်နားမှာ ကျူရှင်တက်တာလဲ”
“လမ်းမကြီး ဟိုဘက်ခြမ်းက ဆံပင်ညှပ်ဆိုင်ရဲ့ အပေါ်သုံးလွှာမှာ ”
သက်ဖြိုးဝေက မျက်မှော င်ကြုတ်ပြီး စဉ်းစားပါတယ်။ ဒါပေမဲ့ အာရုံမှာ ပေါ်လာပုံမရပါ ဘူး။
“ဘာပဲ ဖြစ် ဖြစ်ကွာ ငါ သူ့အကြောင်းကို သိချင်တယ်။ မင်းကူညီပေးနိုင်မလား”
နောက်ဆုံးတော့လည်း ထက်သန်ပြင်းပြနေသော သူ့ပုံစံကြောင့် သက်ဖြိုးဝေ ခေါင်းညိတ် ပေးရတယ်။
ရပါတယ်။ ဒီလောက်ဆိုရင်ပဲ တော် တော် အားကိုးလောက်နေပါပြီ။ ဘာကြောင့်သိချင်တာ လဲဆိုတော့ မမေးပါဘူး။ ဒါဟာ မေးစရာမလိုအောင် နားလည်နေသော အဖြေတစ်ခုလည်း ဖြစ်နိုင် သလို စပ်စုခြင်းကို အထုံပါလေ့မရှိသော သက်ဖြိုးဝေ ၀ါသနာလည်း ဖြစ်နိုင်ပါတယ်။
သက်ဖြိုးဝေ အလုပ်လုပ်ကြောင်း နောက်တစ်ပတ်အကြာမှာ သိခွင့်ရခဲ့တယ်။
“ဟုတ်တယ်ကွ.. ဆံပင်ညှပ်ဆိုင်က ကောင်တွေ ကို ငါမေးကြည့်ပြီးသွားပြီ။ သူတို့အ ပေါ်ထပ် မှာ နည်းပညာတက္ကသိုလ်က ဆရာမ တစ်ယောက် ကျူရှင်သင်တယ်တဲ့။ မင်းပြောတဲ့ သုန္ဒရီဆိုတဲ့ကောင်မလေးလည်းတကယ်ရှိတယ်။ နည်းပညာတက္ကသိုလ် ဒုတိယနှစ် တက်နေတာ။ လှိုင်သာယာမှာ နေတယ်ဆိုလားပဲ”
“ဟုတ်လား”
“နေပါဦး ..မင်းက ဘာ ဖြစ်လို့ သူ့အကြောင်းကို သိချင်ရတာ လဲ”
“စိတ်ဝင်စားနေလို့”
ထင်မှတ်ထားပြီးသား အကြည့်တစ်ခု ရောက်လာတယ်။ ပြီးတော့…
“တားတော့ မတားကောင်းပါဘူး။ ငါ ကတော့ မင်းကို သိပ်အားမပေးချင်ဘူး။ အခြေအနေ သိပ်မဆိုးသေးဘူးဆိုရင် နောက် တစ်ယောက် ပြောင်းလိုက်ပါလား”
“ဘာ ဖြစ်လို့လဲ”
သက်ပြင်းကိုချတယ်။ ခေါင်းကို ခပ်လေးလေးယမ်းပြီး..
“ငါ သိရသလောက်တော့ နောက်ကြောင်း သိပ်မကောင်းဘူး”
ထို့နောက်မှာ တော့ သူစုံစမ်းမေးမြန်းထားသော သုန္ဒရီဆိုသော မိန်းကလေးတစ်ဦးရဲ့ နောက် ကြောင်းရာဇ၀င်ကို အပေါ်ယံသဘောပြောပြပါတယ်။
အိမ်ထောင်ကျိုးမိသားစုမှာ ဆင်းသက်လာသူ ဖြစ်ကြောင်း။ မိဘနှစ် ဦးမှာ နောက်အိမ် ထောင်ကိုယ်စီဖြင့် နေထိုင်၍ သူမမှာ အဘွား ဖြစ်သူနှင့် နေရကြောင်း၊ စရိုက်စုံသော ပတ်ဝန်းကျင် တွင် ကျင်လည်ကြီးပြင်းလာသူ ဖြစ်ကြောင်း၊ တက္ကသိုလ်ကိုလည်း ပညာရေး ဖောင်ဒေးရှင်းတစ်ခု၏ အထောက်အပံ့ဖြင့် တက်နေရခြင်း ဖြစ်ကြောင်း၊ စနေ၊ တနင်္ဂနွေတွင် တက်ရောက်ရသော ယခုကျူ ရှင်ကိုလည်း နွမ်းပါးသူတစ်ဦး ဖြစ်၍ ဆရာမ က အခမဲ့သင်ကြားပေးခြင်း ဖြစ်ကြောင်း ပြောပါတယ်။
ဒီထက်ပြည့်ပြည့်စုံစုံ သိချင်ပါက သုန္ဒရီနှင့် ရပ်ကွက်တစ်ခုကျော်မှာ နေ ထို်င်သော ကျောင်းသားတစ်ဦးနဲ့ပင် မိတ်ဆက်ပေးမည် ဆိုလာသေးရဲ့ ။ သက်ဖြိုးဝေ ဘယ်လောက်တောင် အဆက်အသွယ်ကောင်းတွေ ရထားတာလဲ မပြောတတ်ပါဘူး။
“သူက သူငယ်ချင်းကောင်း တစ်ယောက် အနေနဲ့ တာဝန်ရှိတယ်လို့ ခံစားရလို့ မင်းကို တားတာသူငယ်ချင်း”
မိုးဝေ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်မိတယ်။ ကျေးဇူးလည်း တကယ်ကို တင်မိပါတယ်။ ဒါပေမဲ့….
“နောက်ကြောင်းမကောင်းဘူးဆိုတာ အဲဒါကို ပြောတာလား”
“ဟုတ်တယ်လေ..”
“ဘာကို မကောင်းဘူး ပြောတာလဲ”
“Generation လေ၊ ပြီးတော့ ပတ်ဝန်းကျင်”
“ဒါက မိဘမကောင်းတာလေကါာ သူမကောင်းတာမှ မဟုတ်တာဘဲ”
“ဒါပေမဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတာမဟုတ်ဘူးနော်”
“ဒါကလည်း ကိုယ့်စိတ်ဓာတ်၊ ကိုယ်နေမှု ထိုင်မှု အပေါ်မှာ မူတည်တာပါ.. သူငယ်ချင်းရာ။ တိုက်ကြီး၊ တာကြီးနဲ့ အဆင့်အတန်းမြင့်မြင့်နေပြီး ကြုံရာအိပ်၊ ကြုံရာစား၊ လမ်းဘေးဂျစ်ပစီ တွေ ထက်တောင်စိတ်ဓာတ်နိမ့်ကျတဲ့လူတွေ တစ်ပုံကြီးပါ”
အံ့အားသင့်သော မျက်လုံးတွေ နဲ့ သူ့ကို ပြူးကြောင်ကြောင်ကြည့်နေတယ်။ သူ့ကို ဘယ်လိုမှ နားမလည်နိုင်တော့ဘူးထင်ရဲ့ ။
“အဒါပေမဲ့ မင်းအနေအထားနဲ့က ကောင်းကင်နဲ့ မြေကြီးနော်”
အရေး မကြီးပါဘူး။
အဓိကက ဘယ်နေရာမျာ နေနေ အမှား၊ အမှန်ခွဲခြားတတ်ပြီး အမှန်ကို ရေရှည်ကျင့်သုံး နိုင်ဖို့ပါ။ (သို့) အမှန် ဖြစ်အောင် ကြိုးစားဖို့ပါ။ အမှားအမှန်မခွဲခြားတတ်သ၍ တော့ ခေါင်ဆောင် လုပ်နေလည်း သူ့အသိဉာဏ်က မူကြိုအဆင့်က မတက်သေးဘူးလို့ ယုံကြည်ထားပါတယ်။
သုန္ဒရီဆိုသော မိန်းကလေး ကတော့ မူကြိုအဆင့်ထက်သေချာပေါက် သာလွန်နေမှာ ပေါ့ လေ။
အမှန်ကို အမှန်အတိုင်း ပြောရဲတာကိုး။
ဒီတစ်ခုတည်းနဲ့ အမှတ်ပြည့် ပေးမိလိုက်တယ်။
ဝယ်မစီးနိုင်လို့ မစီးနို်င်ဘူးပြောတာ။ ဆင်းရဲလို့ ဆင်းရဲတယ်ပြောတာ။ ဖိနပ်စီးစရာ မရှိလို့ ခြေဗလာသွားတာ ရှက်စရာမဟုတ်ဘူလေ။ ဘာလို့ချစ်သွာယးတာလဲ မေး။ လက် မထောင်ဖြေ လိုက်မယ်။
ရိုးသားလို့”
အိမ်ပြန်ရောက်တော့ ရှေးဟောင်းသီချင်းလေးတစ်ပုဒ်ကို ဖွင့်နားထောင် ဖြစ်ပါတယ်။ ဂီတ စာဆို စိန်မောင်မြင့်ရေး ပြီး မြန်မာပြည်သိန်းတန်ဆိုထားတဲ့ သီချင်းလေးပါ။ အနုပညာ ပြည့်လို့လား မသိဘူး။ ဘယ်နှကြိမ် နားထောင်နားထောင် အရသာရှိလို့နေပါတယ်။
“ဒီနယ်မှာ သတင်းကြီးလှတယ်××××မင်းသမီးလေး ရေသုန္ဒရီ၊ အဆိုရော၊ အကရော ရုပ် ချောသဘောညီ××× လူတိုင်းချစ်နေပြီ×× ဒီနယ်မှာ သတင်းကြီးလှသည်××× မင်းသမီးလေး ရွှေသုန္ဒရီ××× လူတိုင်းပါးစပ်ဖျား မနာတမ်း ရေပန်းစားနေပြီ××× တျာနီမြန်း ချစ်နှုတ်ခမ်းပလီ××× သမင်မျက်လုံး ရှုမက်မဆုံးပြီ×× အမ္မရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဘူ ထူးမြတ်တဲ့ ဆုတွေ ညီ××× ဘယ်ရှေးဆုတောင်း ဘယ်အကြောင်းငယ် ဖန်သည်××××”
![]() သစ္စာမဖောက်ကြေးစာချုပ် | ![]() သူ....ဘယ်သူလဲ | ![]() လျှို့ဝှက်မြို့ရိုး |