အခန်း(၁)
I
နှင်းရောင် ဖွေးဖွေးတို့က ရိုင်းစိုင်းစွာ အလိုက်ကန်းဆိုးမသိ တဖြုတ်ဖြုတ် ကြွေကျနေသည်။ လေကလည်း ဖလမ်းဖလမ်း ထနေပါ၏ ။ နေမင်းက အချိုးမပြေစွာ အိပ်ရာမထသေး။
အနွေးထည်မပါ၊ ခေါင်းစွပ်မပါနှင့် လွယ်အိတ်ကို ချိုင်းကြားညှပ်ရင်း “သော်သော်” တစ်ယောက် နှာရည်တို့ တွဲ လောင်း ဖြစ်နေသည်။
“ရွှီး………”
ပထမအကြိမ် ရှူသွင်းလိုက်သည်။ ခဏသာခံပါသည်။ မကြာမီသော ကာလတစ်ခုမှာ ပင် အဝပြူလာပါသည်။
“ရွှီး……….”
ဒုတိယအကြိမ် ကြိုးစားလိုက်ပြန်ပါသည်။ သို့ သော်မရ။ ဒီတော့ အားနာပါနာနှင့် ပဲ လက်ကို နှာခေါင်းဝတေ့လိုက်ရင်း တင်ပါးကြောကို တစ်ချက်ရှုံ့ကာ ….
“အင်းဟာ….ဗျစ်”
ပွင့်ထွက်သွားသည်။ ပြီးတော့….
နို့စိမ်းရောင် ဖျော့ဖျော့ ပျစ်တစ်တစ်အရည်နှစ် တွေ က နံဘေးရှိ ပလက်ဖောင်းပေါ် ပြေးတက်သွားသည်။ အခုမှပဲ နေသာထိုင်သာ ရှိ သွားပါ၏ ။
ဒီနေ့ ကျောင်းစတက်ရမည့် နေ့ဆိုပြီး မနက်အစောကြီး ရေထချိုးမိတာ သူ့အမှားပင်။ အခုတော့ အိမ်ကထွက်ရုံရှိသေးသည် သော်သော် တစ်ယောက် နှာပြဿနာနှင့် ရင်ဆိုင်နေရပါ၏ ။ ရန်ကုန်ဆောင်းက မန္တလေးဆောင်းထက် နှာတစ်ဖျားသာတာလား၊ ဒါမှမဟုတ် ဒေသ အပြောင်းအလဲကြောင့် ပဲလားမသိ၊ သော်သော်ရန်ကုန်ဆောင်းနှင့် သိပ်အထာမကျသေး။
မန္တလေးရှိ မိဘနှစ် ပါးမှာ နယ်စပ်မြို့တစ်မြို့သို့ တာဝန်အရ ပြောင်းရွှေ့ရမှာ ဖြစ်သည့်အတွက် အခုလို သူ့အား ရန်ကုန်သို့ ပို့လိုက်ခြင်း ဖြစ်သည်။ ရန်ကုန်၌ အဒေါ် အပျိုကြီး တစ်ယောက် ၊ အစ်ကို ဝမ်းကွဲ တစ်ယောက် နှင့် အတူ နေပါ၏ ။ အဒေါ်အပျိုကြီးမှာ ဗိုလ်ချုပ်ဈေးတွင် အထည်ဆိုင်ဖွင့်ထား၍ အစ်ကိုဝမ်းကွဲ ကတော့ ဂစ်တာတစ်လက်နှင့် အမျိုးသမီး အဆောင်များ ရှေ့တွင် လက်စွမ်းပြ၍ သာ တစ်ညပြီး တစ်ည ကုန်လွန်စေသည်။
သော်သော် ကားမှတ်တိုင်ရောက်တော့ အမိုးအောက်ဝင်၍ ကားစောင့်နေလိုက်သည်။ ဟိုတစ်နေ့ ကျောင်းလိုက်အပ်ပေးတုန်း ကတော့ အစ်ကိုက ပြောဖူးသည်။ “ကျောင်းထဲ ကိုလို့အော်ရင် တက်သာစီးလိုက်၊ ဘာကား ဖြစ် ဖြစ်” လို့ပြောထားသည်။ ထို့ကြောင့် သော်သော်လက်လေးပိုက်ကာ “ကျောင်းထဲကို” လို့အော်မည့် ကားကို စောင့်နေလိုက်သည်။ ခဏသာ စောင့်ရပါသည်။ သူမျှော်နေသော ကားမှာ ရောက်လာပါ၏ ။
“ကျောင်းထဲကို…..ကျောင်းထဲကို….ကျောင်းထဲကိုသွားမှာ ဟိုညီလေး လိုက်မှာ လား။ အင်းမလှုပ် အဲမလှုပ်နဲ့ မလိုက်ရင်လည်း နေ မောင်းဆရာ”
“အဲ”
သော်သော် ပါးစပ်ဟောင်းလောင်း ပွင့်သွားသည်။ သူကလည်း ဟုတ်တော့ဟုတ်သည်။ အစဆိုတော့ ကြောင်အအဖြင့် ကားကိုသာ ဟုတ်မဟုတ် ကြည်နေမိသည်ကိုး။ ထိုစဉ်မှာ ပင်….
“ တစ်ယောက် ချိတ်မယ်ဆရာ..ဟိုးထား…..လာ ညီမလေး လာ….ညီမလေးအတွက် အစ်ကို ကြီးစထွက်ကတည်းက နေရာချန်ထားတာ…လာလာ..ဘယ်သူမှ မထိုင်ခိုင်းထားဘူး လာ”
သော်သော် ပြုံးမိသည်။ “ဩော်..စပယ်ယာဆိုတာ ကတော့ ဘယ်နေရာရောက်ရောက် အတူတူချည်းပါပဲလား ” ဟုလည်း မှတ်ချက်ပေးမိသည်။
ဒီလိုနှင့် မှတ်တိုင်မှာ သော်သော် တစ်ယောက် ကျောက်ချရပြန်ပါသည်။ ဒါပေမယ့် ခုနလို ခြောက်ကပ်မနေတော့။ သူ့လိုကားစောင့်သူတွေ နှင့် စည်ကားနေပြီ ဖြစ်သည်။ ဒီလိုနှင့် ပဲ သော်သော် နောက်တစ်ကားဖြင့် ကျောင်းကြီးဆီသို့ ချီတက်ခဲ့ပါ၏ ။
ကားပေါ်မှ ဆင်းသည်နှင့် တွေ့ ရသည်ကား..
“……တက္ကသိုလ်……”
ဟူသော စာလုံးပြူးကြီးတွေ နှင့် ခရီးဦးကြိုပြုထားသည့် ပညာဘဏ်တိုက်ကြီး။
“ဟတ်ချိုး”
နှာခေါင်းထဲ အယားပြေသလိုလိုတော့ ရှိသွားသည်။ ဒါပေမယ့် စိတ်မချရ။ နောက်တစ်ခါဆိုလျှင် သိပ်အဆင်မပြေချင်။ အကြောင်းကား ကျောင်းတော် ထဲ၌ ရောင် စုံလိပ်ပြာတွေ အတော် များများ အသက်ဝင်ကုန်ကြပြီ ဖြစ်သည်။
သော်သော်လည်း သူများ နည်းတူ ကျောင်းထဲသို့ လိုက်ဝင်ခဲ့ပါသည်။ ဒါပေမယ့် သူ့မှာ ဘယ်သွားလို့ ဘယ်လာရမှန်း မသိ။ ကျောင်းထဲသို့ လည်း ကျောင်းအပ်တုန်းက တစ်ခါသာ ရောက်ဖူးသည်။ အစ်ကိုကလည်း သူ့ကို ဘယ်မှလိုက်မပြ။ သူသိတာဆိုလို့ မေဂျာ၊ အတန်း အဲဒီ နှစ် ခုသာ သိ သည်။ ဘယ်အဆောင်မှန်းလဲမသိ။ ဘယ်အခန်းမှန်းလဲမသိ။
ဒါပေမယ့် သိပ်တော့ ခက်မည် မထင်ပါ။ “ပါးစပ်ပါ ရွာရောက်” ဆိုသော စကား ရှိသည်ပဲ။
ယခု သူလည်း ပါးစပ်ပါ အခန်းထဲရောက်မှာ ပေါ့။ ဒီတော့ အခုလို လျှောက်သွား နေတာထက်စာရင် တစ်စုံ တစ်ယောက် ကို မေးပြီးသွားတာ မကောင်းပေဘူးလား။
အတွေးနှင့် အတူ သော်သော်ခြေလှမ်းတို့ကို ရပ်ပစ်လိုက်သည်။ ထို့နောက် ဝဲယာသို့ ဝေ့ကြည့်ရင်း သဘောကောင်းပုံရသော သူကို ရှာလိုက်ပါသည်။ ဒီလိုနေရာမျိုးမှာ ယောက်ျားလေးကို မေးတာထက်စာရင် မိန်းကလေးကို မေးတာက ပိုကောင်းမှန်း သော်သော် သဘောပေါက်သည်။
ထို့အတွက်ကြောင့် သော်သော့်မျက်လုံးတို့က မိန်းကလေး အများ စုဆီမှာ သာ ယောင်လည်လည် ဖြစ်နေသည်။ ထိုသို့ ကြည့်နေရင်းမှ တစ်နေရာအရောက်တွင် သူ့မျက်လုံးတို့ ရပ်တန့် သွားပါသည်။
မြန်မာဆန်သော နုပျိုမှု တွေ နှင့် မျက်မှန်ပါးလေးအောက်က ကောင်မလေး တစ်ယောက် ။ သော်သော် ယုံကြည်လိုက်သည်။ ဒီလိုမိန်းကလေးမျိုးက သူတစ်ပါးကို ကူညီတတ် မည့်  ရုပ်ရည်ရှိသည်။ နောက်တစ်ခုက ခေတ်ဆန်သော မျက်မှန်ကိုင်းကလေးတို့ ထိန်းကွပ် ထားသည့် မှန်ဝိုင်းလေး နှစ် ချပ်။
သော်သော် စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးသည်။ မျက်မှန်တပ်သော သူနှင့် မျက်မှန် မတတ်သော သူယှဉ်လျှင် မျက်မှန်တပ်သော သူက အမှန်တရားတွေ ကို ပိုမြင်နိုင်ပါသည်တဲ့။ အကြောင်းကား မျက်လုံးတစ်စုံ အပိုပါသော ကြောင့် ဖြစ်သည်တဲ့။
ဒီတော့ သော်သော် တွေ ဝေမနေတော့ပါ။ ချက်ချင်း ပဲ ထိုကောင်မလေးနား တိုးကပ်သွားလိုက်သည်။ အနားရောက်တော့ နှစ် ယောက် ကြားယုံလောက်သာဖြင့် ….
“အစ်မ…သင်္ချာဆောင်က ဘယ်နားမှာ လဲ မသိဘူး”
သူ၏ အမေးကြောင့် ကောင်မလေး ခြေလှမ်းကို ရပ်လိုက်ရင်း သူ့ကိုမော့ကြည့်သည်။
“အလို….ဘုရား….ဘုရား.”
သော်သော်တံတွေးတို့ပင် အဝဆို့သွားရပါ၏ ။ ရက်ရက်စက်စက်လှသည်။ ကောင်မလေးက မပွင့်တပွင့် ပြုံးလိုက်ရင်း….
“သင်္ချာဆောင်က ဓူဝံကြယ်ရှိတဲ့အရပ်မှာ ရှိပါတယ်”
ထိုသို့ တစ်ခွန်းသာပြောရင်း သူ့ရှေ့မှ ထွက်ခွာ သွားပါတော့သည်။
သော်သော် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ နေကမထွက်သေး။ ခုနှစ် စင်ကြယ်လည်း ဘယ်ချောင်ကပ်နေသည်မသိ။ မြောက်အရပ်ကို မည် သို့ ရှာရမည် နည်း။
မြောက်အရပ်က ဘယ်လက်လဲ ထပ်မေးရမည် လား။ အဲလိုသာ သွားမေးလို့တော့ သူ့ကို အရုး ဟု ထင်ကြရုံသာရှိသည်။
“ဟာ..ကွန်ပက်…”
သော်သော်အတွေးတို့ လင်းလက်သွားသည်။ ချက်ချင်း ပင် လက်မှနာရီကို ပင့်မြှော က်လိုက်ပါ၏ ။ နာရီ၏ ဒုတိယဒိုင်ခွက်က လည်သွားသည်။ ထို့နောက်…
သော်သော်ခြေလှမ်းတို့ကို အဆောင်တစ်ဆောင်ဆီသို့ ဦးတည်လိုက်သည်။ ထိုအဆောင်က ခုနကောင်မလေး ပြောသွားသည့် ဓူဝံကြယ်အရပ်မှအဆောင်…။
အဆောင်ရှေ့သို့ တော့ ရောက်ပေပြီ။ ဘယ်အခန်းကိုသွားရမည် နည်း။ အဆောင်က သုံးထပ်ဆောင်။
ဒီတစ်ခါလည်း ပထမနည်းအတိုင်းပင် အဆောင်ထဲမှထွက်လာသော ကျောင်းသူ တစ်ယောက် ကို ကပ်မေးလိုက်သည်။
“ဟို…ဒုတိယနှစ် သင်္ချာအခန်းက ဘယ်အခန်းလဲမသိဘူး”
ကောင်မလေးက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပါ၏ ။ သော်သော် သဘောပေါက်လိုက်သည်။ ထို့ကြောင့် ပြာပြာသလဲပင်……
“ကျွန်……ကျွန်တော် တကယ်မသိလို့ပါခင်ဗျာ။ ကျွန်တော် ဒီနေ့မှ ကျောင်းစတက်ရမှာ ပါ။ တခြား ရည်ရွယ်ချက်မပါပါဘူး။ တကယ်ပါ”
သူ၏ အပြောကြောင့် ကောင်မလေးက ရယ်သည်။ သော်သော်လည်း ကြောင်သွား သည်။ ကောင်မလေး ကတော့ ရယ်သံတစ်ဝက်နှင့် ပင်..
“ရှင့်ကိုလည်း ကျွန်မဘာမှ မပြောမိပါလား…ခစ်..ဟုတ်ပါပြီ၊ ထားပါတော့။ ရှင်ရှာနေတဲ့ အခန်းကို ကျွန်မပြောလိုက်ပါ့မယ်။ ရှင်ရှာနေတဲ့အခန်းက သရဲခြောက်တဲ့ အခန်းရှင့်။ ကျွန်မ သွားစရာ ရှိလို့ ခွင့်ပြုပါဦး”
“ဟင်”
ထိုသို့ ပြောပြီး ကောင်မလေးမှာ ထွက် သွားပါ၏ ။ သော်သော် ဘာလုပ်ရမှန်းမသိ။ အချိုးကျန စွာ လျှောက်လှမ်းသွားသည့် ကောင်မလေး၏ ပွင့်လင်းသော အလှတစ်ခုကိုသာ….
သူရိုးသားမိပါတော့သည်။
I (a)
ဒီကျောင်းက ဘယ်လိုနည်း။ မိတ်ဆက်ပုံလေးက နည်းနည်း တော့ လှသည်။ ပညာစမ်းတာလား၊ ပဟေဠိ ဝှက်တာလား သူမသိ။ ဒါပေမယ့် သူပျော်နေသည်။
“သင်္ချာဆောင် ဘယ်နားမှာ လဲ?”
“ဟိုနားက ဒီဘက်ကအဆောင်၊ ဘယ်လို..ဘယ်ကိုသွား ဘယ်နားရောက်ရင်ကွေ့”
“ဒုတိယနှစ် သင်္ချာခန်းကရော?”
“ထပ်….အခန်းနံပတ် ဘယ်လောက်..ဘယ်လောက်”ဆိုတာထက် ယခုလိုနည်းလေးက ပိုစိတ်ဝင်စားဖို့ ကောင်းသည် မဟုတ်ပါလား။
ယခုလည်း သရဲခြောက်သည့်အခန်းကို အခြားသူအကူအညီ မပါဘဲ သူရှာတွေ့ ခဲ့ပါပြီ။
ပြီးနောက် အခန်း၏ နောက်ပေါက်မှ အထဲသို့ ဝင်၍ နောက်ဆုံးတန်းမှာ ပဲ ထိုင်နေလိုက်သည်။
အခန်း(၂)
“ဒီနေ့မှ ကျောင်းစတက်မှာ တဲ့ဟဲ့..ချောလိုက်တာဟယ်။ ငါတောင် ငေးသွားတယ်”
“ဘယ်သူလဲ မြင့်မိုရ်”
“မသိဘူး…အဆောင်ဝမှာ ငါ့ကိုလာမေးတာ။ ဒုတိယနှစ် သင်္ချာအခန်းက ဘယ်နားမှာ လဲတဲ့။ ငါလည် နောက်ချင်ချင်ရှိတာနဲ့ သရဲခြောက်တဲ့အခန်းလို့ ပြောပစ်ခဲ့တယ်”
မြင့်မိုရ်စကားကြောင့် ယမင်း စဉ်းစားသွားသည်။ ဒါပေမယ့် ချက်ချင်း ပင်..
“ဟယ်…နင့်ဟာကလည်း သူရှာလို့ တွေ့ မှတွေ့ ပါ့မလား မသိဘူး”
“သူ့ပုံစံကြည့်ရတာ တွေ့ နိုင်ပါတယ်ဟ..နင်ကလည်း ချောလိုက်တာ၊ မျက်စိထဲကကို မထွက်ဘူး။ ယောလုံချည်လေးနဲ့ အင်္ကျီအဖြူလက်ရှည်လေးကို တံတောင်ဆစ်လောက် ခေါက်တင်ပြီးတော့ လွယ်အိတ်…..”
“ကချင်လွယ်အိတ် အပြာလေးနဲ့ မဟုတ်လား”
“ဟင်…နင်ဘယ်တုန်းက တွေ့ လိုက်တာလဲ”
မြင့်မိုရ်၏ တအံ့တဩအမေးကြောင့် ယမင်း ပြုံးလိုက်ပါသည်။
“နင့်ပုံစံပြောမှ ငါမှတ်မိတာ။ မနက်က ငါနဲ့လည်း တွေ့ လိုက်တယ် ငါ့ကိုတောင် သင်္ချာဆောင် ဘယ်နားမှာ လဲမေးလို့ ငါနည်းနည်း စားလိုက်သေးတယ်”
“ဟင်….ဘယ်လိုစားလိုက်တာလဲ”
“ဓူဝံကြယ်အရပ်မှာ ရှိတဲ့အဆောင် လို့ပြောလိုက်တယ်။ မဆိုးပါဘူး၊ ရှာလို့တွေ့ သား ပဲ”
“ချောတယ် မဟုတ်လား”
“သေချာအောင် မကြည့်လိုက်မိပါဘူးဟယ်။ “သားသား”နဲ့ ချိန်းထားလို့ ငါ့ တက်သုတ်ရိုက်နေတုန်း တွေ့ လိုက်တာ။ ဒါပေမယ့် လွယ်အိတ်အပြာလေးကိုတော့ ငါမှတ်မိလိုက်တယ်။ သိတယ် မဟုတ်လား…ငါက နှစ် လုံးပိုပါတယ်လေ”
မျက်မှန်လေးကိုပင့်ရင်း ပြောလိုက်သော ကြောင့် မြင့်မိုရ်က ရယ်သည်။ သူမလည်း လိုက်ရယ်မိပါ၏ ။
“သားသားနဲ့ တွေ့ ခဲ့လား”
“မတွေ့ ဘူး..ကျောင်းမရောက်သေးဘူးနဲ့ တူတယ်”
“ဟွန်း…နင့်သားသားကလည်း ချိန်းတုန်းက ချိန်းပြီး….မလေးစားဘူး”
“ကိစ္စရှိလို့ နောက်ကျတာနေမှာ ပါဟယ်”
ယမင်းစကားကြောင့် မြင့်မိုရ်က နှာခေါင်းကို ရှုံ့သည်။
“ဘာကိစ္စလည်း …အလှပြင်နေရတဲ့ ကိစ္စလား၊ မပြောလိုက်ချင်ဘူး။ ကျောင်းလာတာနဲ့ ရှုတင် လာတာနဲ့ မှားနေတာ”
“ဩော်… သူက “ကင်း” ကိုးဟဲ့”
မြင့်မိုရ်က မျက်နှာကိုမဲ့သည်။
“ဘာ “ကင်း”လဲ။ ငါ့အမြင်တော့ မနက်ကတွေ့ လိုက်တဲ့ ကျောင်းသားအသစ်လေးကမှ နင့် သားသားထက် ချောသေးတယ်”
မြင့်မိုရ်၏ စကားကို ယမင်းက ချက်ချင်း တုံ့ပြန်သည်။
“သားသားလောက်တော့ ချောမယ် မထင်ပါဘူးဟယ်”
“ချောတယ်….နင့်သားသားထက်သာတယ်။ မယုံရင် နောက်တစ်ခါတွေ့ ရင် သေချာကြည့်”
ယမင်း အသံတိတ်သွားသည်။ သို့ သော်….
“ဒါပေမယ့် အရာရာတော့ သာမယ်မထင်ပါဘူး”
ယမင်း၏ စကားကြောင့် မြင့်မိုရ်က ယမင်းကို သေချာကြည့်သည်။
“အေးပေါ့ဟယ်….နင့်ရည်းစား သားသားလောက်တော့ ချမ်းသာချင်မှ ချမ်းသာမှာ ပေါ့”
“ငါပြောတာ အဲဒါမဟုတ်ဘူး။ သားသားကို မယှဉ်နိုင်ဘူးဆိုတာက …..”
“ဘာလဲ”
“ဦးနှောက်”
အခန်းထဲသို့ ဝင်သာသော လူရိပ်သုံးခုကြောင့် သော်သော် အမှတ်မထင် မော့ကြည့်လိုက်သည်။
“ဟင်”
သော်သော့် အသက်ရှူမှု သည် ခပ်ရေး ရေး လေး လှုပ် သွားပါ၏ ။
ကျောင်းသား တစ်ယောက် နှင့် ကျောင်းသူနှစ် ယောက် ၊ ကျောင်းသား ကတော့ တော် တော် ဆိုက်ပြည့်သည်။ ခေတ်မီအဆောင်အယောင်တို့ဖြင့် နဖူးမှ ခြေဖျားထိ ဆင်ယင်ထားသည်။ ပြီး ထိုကျောင်းသားကို အခန်းထဲရှိ မိန်းကလေး တော် တော် များများ က အရေး ပေးကြပုံရပါ၏ ။
“အဲဒါ ကင်း လေကွာ”
သူ့ဘေးမှ ကျောင်းသား တစ်ယောက် က မေးငေါ့ရင်းဆိုသည်။ ထို “ကင်း” ဆိုသော ကျောင်းသားနောက်မှ ကျောင်းသူနှစ် ဦး ကတော့ ဓူဝံကြယ်နှင့် သရဲခြောက်ဟု သူ့ကို အုံးစား ပေးခဲ့သည့် မိန်းကလေးနှစ် ယောက် ။
“ရှေ့က မျက်မှန်လေးနဲ့ ကျောင်းသူက “ကင်း” ရဲ့ ရည်းစားပေါ့။ နာမည် က ယမင်းဆုတဲ့၊ နောက် တစ်ယောက် က သိင်္ဂီမြင့်မိုရ်တဲ့။ သူတို့နှစ် ယောက် က သူငယ်ချင်း”
ခနကျောင်းသားကပင် သူ့ကို ပြောပြသည်။
ယမင်းဆု၊ နာမည် လေး သူ့အသိထဲသို့ လှုပ်ခတ်ကာ ကျသွားသည်။ သို့ သော် ဘာကိုမှန်း မသိသော တစ်ခုခုကို သူနှမျောသွားမိသည်။
“တစ်အောင့်နေ ဆရာဝင်တော့မှာ ။ အဲဒီ ဆရာက စည်းစနစ်ကြီးတယ်။ နားလည်ရလည်း ခက်တယ်။ သူဝင်လာရင် စကားမပြောမိစေနဲ့။ စကားပြောတာ မိသွားလို့ ကတော့ တိုင်ပတ်ပြီသာမှတ် …..”
ထိုကျောင်းသားစကားကို အလုံးစုံ သူနားမလည်။ ဒါပေမယ့် သူသိထားသင့်သည်ဆိုတာကိုတော့ သဘောပေါက်ထားပါ၏ ။
မကြာပါ၊ ဆရာဝင်လာပါသည်။
ဥပဓိရုပ်ကောင်းကောင်း၊ ဗိုက်ရွှဲရွှဲနှင့် ကြည်ညိုဖွယ် ရှိပါ၏ ။ နောက်ပြီး ဆရာ၏ မျက်လုံးနှင့် မေးရိုးတို့က သမာသမတ်ကျသည့် စိတ်ထားရှိကြောင်း ဖော်ပြနေသည်။
အားလုံး မတ်တပ်ရပ် နှုတ်ဆက်ပြီးသည်နှင့် ဆရာက သူသင်ရမည့်  အကြောင်းအရာတွေ ကို ဆက်တိုက်သင်သွားသည်။ အသင်ပြ တော် တော် ကောင်းပါ၏ ။ တစ်ခန်းလုံးကလည်း အသံတိတ်၍ ဆရာ၏ အာဘော်တွင် မျောပါနေကြသည်။
ထိုအချိန်မှာ ပင်
“ခစ်ခစ်….ခစ် ခစ်”
တော် တော် ကြီးကို တိုးသည်။
သော်သော်တို့ တစ်ခုံကျော်ရှိ စုံတွဲ တစ်တွဲ ဆီမှ ထွက်လာသော အသံ ဖြစ်သည်။ ဆရာ စာသင်နေရာမှ ခဏရပ် သွားပါ၏ ။ အကုန်လုံး ခေါင်းတွေ ငုံ့သွားကြသည်။ ထိုစုံတွဲ မှာ အသံ မထွက်တော့….
သော်သော် ခေါင်းငုံ့ထားရာမှ ကြက်သီးတွေ ထသွားသည်။ ဆရာ သူ့ကို ကြည့်နေပြီ ထင် သည်။ ဘာရယ်မဟုတ်၊ ဘေးမှ ကျောင်းသားကို ကြည့်မိတော့လည်း သူနှင့် သိပ်မကွာ။ မတုန်ရုံ တမယ်သာ ကျန်တော့၏ ။ ဒါပေမယ့် သိပ်မကြာလိုက်ပါ။ ဆရာ စာဆက်သင်သည်။ ထိုအခါမှ တစ်ခန်းလုံး သက်ပြင်းကိုယ်စီ ချမိကြသည်။၏
ဆရာက ပါးစပ်ကပြောလိုက်၊ ဘောမှာ ရေး ပြလိုက်ဖြင့် ဈာန်ဝင်နေပါ၏ ။ သော်သော်လည်း ထိုအတိုင်းသာ။ သော်သော်ပင် မဟုတ်။ အားလုံး….အားလုံး………ထိုစဉ်၌ ………
“ဟီး……ဟီး……..ဟီး……..ဟား..”
အသံအနည်းငယ် ကျယ်သွားသည်။ ခုနစုံတွဲ ပင်၊ ယောက်ျား၏ အသံ။ ဒီတစ်ခါတော့ ဆရာ သေချာမိ သွားပါပြီ။
“ဟိုး……..နောက်ဆုံးတန်းရဲ့ တစ်ခုံကျော်က ကျောင်းသား မတ်တပ်ရပ်ပါဦး”
“သေပြီ”
သော်သော့်ဘေးမှ ကျောင်းသားက သူ့ကိုယ်သူပြောတာလား (သို့ ) သော်သော့်ကိုပဲ ပြောတာလားမသိ။ နှစ် ကိုယ်ကြားရုံလောက်အသံဖြင့် ပြောသည်။ ထိုကျောင်းသားမှာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မတ်တပ်ထရပ်ပါ၏ ။ ဆရာ ကတော့ စစ်တုရင်သမားများ ပြုံးလေ့ ရှိသော အပြုံးမျိုးဖြင့် ပြုံးရင်း……..
“ကဲ…..ငါ့တပည့်က ဆရာစာသင်တဲ့အချိန်မှာ ရယ်တယ်ဆိုတော့ ဆရာသင်တဲ့ စာတွေ က ရယ်စရာ ကောင်းနေလို့နဲ့ တူတယ်…ဟုတ်လား….ဒါမှမဟုတ် ငါ့တပည့် သိပြီးသားတွေ ဖြစ်နေတယ် နဲ့ တူတယ်”
ထိုကျောင်းသားမှာ အသံမထွက်တော့၊ သူ့ဘေးမှ မဒီ ကတော့ မျက်နှာ အတော့်ကို ပျက်နေသည်။
“ဒီတော့ ဆရာလည်း သင်ပြီးသား ဖြစ်အောင် ဒီက မင်းသူငယ်ချင်းတွေ လည် ဗဟုသုတ ရအောင် ဆရာ့ကို သင်္ချာတစ်ပုဒ်လောက် သီအိုရီ ထုတ်ပေးစမ်းပါကွာ”
ထိုကျောင်းသားမှာ ဒူးပင် ညွတ်ကျသွားမတတ် ဣနြေ္ဒပျက်သွားသည်။ အားလုံး၏ အကြည့်တွေ ကလည်း ထိုကျောင်းသားထံ ရောက်ကုန်ကြပါ၏ ။ ဘေးမှမဒီ ကတော့ အခန်းထဲမှ အခု ချက်ချင်း ထပြေးချင်စိတ်ကို အသည်းအသန် ထိန်းထားရသည်ထင်၏ ။ မျက်လုံးတို့က အပေါက်ဝဘက်သို့ သာ ချောင်းနေသည်။
“ကဲ…ဆရာ ပုစ္ဆာပေးမယ် နားထောင်………
ငါတို့ ကျောင်းကြီးရဲ့ ကျောင်းသားကျောင်းသူဦးရေဟာ ပထမ (၃) နှစ် မှာ ၂၀% တိုးတယ် ဆိုပါစို့ကွာ။ အဲဒီ အတိုင်း တစ်နှစ် ကို နှစ် ဆစီ တိုးသွားမယ်။ ဒါပေမယ့် နှစ် တိုင်းမှာ လည်း လက်ရှိထက် (၃) ယောက် စီ ပိုပိုနေတယ်တဲ့။ အဲ..နောင် (၁၀) နှစ် ကြာရင် ငါတို့ကျောင်းကြီးရဲ့ ကျောင်းသားဦးရေ ရာခိုင်နှုန်း ဘယ်လောက် တက်လာမလဲ။
အဲဒါမေးခွန်း…ဒါပေမယ့် ဆရာသိချင်တာက အဲဒီ ပုစ္ဆာရဲ့ အဖြေမဟုတ်ဘူး။ အဲဒီ ပုစ္ဆာ ကို တွက်လို့ရမယ့် သီအိုရီ။ ကဲ…ငါ့ တပည့် ပြောပြလိုက်ပါ။ မင်းသူငယ်ချင်းတွေ က မင်းအဖြေကို စောင့်နေတယ်”
ရပ်နေသော ကျောင်းသားမှာ ချွေးသီးတွေ ကျွဲကောသီးလောက် ကျလာပါသည်။ နှုတ်ခမ်း တွေ လည်း တဆတ်ဆတ် တုန်နေပါ၏ ။ ထိုအချိန်မှာ ပင် ဘေးမှကောင်မလေးမှာ လှစ်ခနဲနေအောင်ပင် အခန်းပြင် ပြေးထွက်သွားတော့သည်။ မည် သူမှ တားချိန်မရလိုက်။ ရပ်နေသော ကျောင်းသား ကတော့ ထွက်ပြေးသူကို ဂရုမစိုက်အား။ ခေါင်းကြီးငုံ့လျက်ပင် ငူငူကြီး ရပ်နေပါသည်။
“ခင်ဗျား…… ဖြေတတ်လား”
ဘေးမှကျောင်းသားက သူ့အားမေးသည်။ သော်သော် ပြန်မဆိုမိ။
“ခင်ဗျားလည်း ရမှာ မဟုတ်ပါဘူး။ ကြည့်နေ သားသားဖြေပြလိမ့်မယ်။ ဒါမျိုးဆို သူဖြေနေကျ”
သော်သော် ကျောင်းသားပြောသည့် “သားသား”ဆိုသော လူကိုမသိသော်လည်း စိတ်ဝင်စားသွားမိသည်။
“ကဲ…..ငါ့တပည့် မဖြေနိုင်ဘူးလား”
ဆရာ၏ အမေးသာရှိသည်။ ပြန်ဖြေသံမကြား။
“ဒီလိုဆို ဒီအခန်းထဲက တစ်ယောက် ယောက် ကများ ဆရာ့မေးခွန်းကို ဖြေနိုင်ခဲ့ရင် မင်း ဆရာ့အချိန် တစ်ချိန်လုံးမှာ မတ်တပ်ရပ်နေရမှာ နော်”
ထိုကျောင်းသား ခေါင်းညိတ်လိုက်သည်လား မသိ။ ဆရာ့မျက်နှာ ပြုံးသွားသည်။
“ကဲ..ဒါဆို ဒီအခန်းထဲက ဆရာ့မေးခွန်းကို သီအိုရီ ဘယ်သူထုတ်နိုင်လဲ။ ထုတ်နိုင်တဲ့ လူရှိရင် မတ်တပ်ရပ်”
အားလုံး၏ အကြည့်တွေ တစ်နေရာသို့ စုပုံသွားသည်။ ထိုနေရာက “ကင်း” ဟု ဆိုသော …
“ကျွန်တော် ထုတ်နိုင်ပါတယ်ဆရာ”
“ကဲ..ဟုတ်ပြီ မောင်သားသား…ရှေ့လာခဲ့…အားလုံးမြင်သာအောင် မင်းသီအိုရီကို ဘောမှာ ရေး ပြလိုက်”
သားသား ဆိုတာသူကိုးဟု သော်သော်စိတ်ထဲမှ ဆိုမိသည်။ သားသား ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ဖြင့် ရှေ့ထွက်သွားလိုက်သည်။ ပြီး ခြင်းထဲမှ မြေဖြူကို နှိုက်ခါ သီအိုရီ တစ်ခုကို ဘောတွင် ရေး ပြလိုက်သည်။ အားလုံး၏ အထင်ကြီးသော အကြည့်တွေ က သားသားဆီမှာ …
Sn=n {2a+(n-1)d}
အားလုံး၏ အကြည့်တွေ က ထိုသီအိုရီပေါ်မှာ သာ ရှိနေကြသည်။ ဆရာကြီးက ဘောကိုကြည့် ၍ ..
“ဒါ….ဘာသီအိုရီလဲကွဲ့”
“AP….သီအိုရီ ပါဆရာ”
ဆရာ မျက်မှော င်ကြုတ်သွားသည်။ ပြီး သားသားကို သေချာပြန်ကြည့်၍ ……
“မောင်သားသား…မင်းသီအိုရီက နည်းနည်း လွဲနေတယ်။ မေးခွန်း နားမလည်လိုက်တာလား”
တစ်ခန်းလုံး အံ့ဩသွားသည်။ သားသားက အဖြေမမှန်ဘူးဆို၍ ဖြစ်နိုင်ပါသည်။ ထိုအချိန်မှာ ပင်….
“ကျွန်တော် ရပါတယ်ဆရာ”
“ဟင်”
“ဟာ”
အားလုံး၏ မျက်လုံးတွေ က အသံလာရာဆီသို့ ။။။။
“ဟောတော့”
မြင့်မိုရ်၏ အသံ ဖြစ်သည်။
“ဟယ်….ဟိုလူ”
ယမင်း၏ တအံ့တဩအသံ။
သော်သော် ရှေ့ထွက်သွားလိုက်သည်။ သူ့ဘေးမှ ကျောင်းသား ကတော့ မမြင်ဖူးသလို မျက်လုံးအပြူးသားဖြင့် သူ့ကို ကြည့်နေပါ၏ ။
သော်သော် အတန်းရှေ့၌ ရပ်ကာ….
“ဆရာမေးတဲ့ မေးခွန်းက သီအိုရီ သီးသန့်ထုတ်လို့ မရနိုင်ပါဘူး ဆရာ။ ဆရာပေးတဲ့ မေးခွန်း ပေါ်မှာ ပဲ အဆင့်ဆင့် သီအိုရီ ထုတ်ပြီး တွက်မှ ရမယ်”
ဆရာ့မျက်လုံးနှင့် သူ့မျက်လုံးတို့ သွားဆုံသည်။ ဆရာ့မျက်လုံး အဓိပ္ပာယ်ကို သူမဖော်တတ်။
“ ကဲ…..အဲဒါဆို လုပ်စမ်းပါဦး..ကြည့်ရအောင်”
ဆရာ့စကားဆုံးသည်နှင့် သော်သော် မြေဖြူကို ယူလိုက်ခါ ပါးစပ်မှလည်းပြော၊ လက်ကလည်း ဘောတွင် တဒေါက်ဒေါက်နှင့် တွက်ပြလိုက်သည်။
“အရင်ဆုံး မူလ ကျောင်းမှာ ရှိတဲ့ ကျောင်းသားဦးရေကို (X) ထားလိုက်မယ်။ ပထမသုံးနှစ် မှာ ၂၀ % တိုးတယ်ဆိုတော့ ပထမသုံးနှစ် ကို ၂၀၀၀ ခုနှစ် ကနေ ၂၀၀၃ ခုနှစ် လို့ ဥပမာထားပြီး အချိုးယူ လိုက်ရင်….”
120/1၀၀x X=6X/5
အဲဒါက တစ်ပိုင်း။
အဲဒီ အတိုင်း တစ်နှစ် ကို နှစ် ဆစီ တိုးသွားမယ်။ ဒါပေမယ့် နှစ် တိုင်းမှာ လည်း လက်ရှိထက် သုံးယောက် စီ ပိုပိုနေတယ်ဆိုတာကို ညီမျှခြင်းချရင်….
2x 6X/5 – 6X/5 = 3
12X/5-6X/5 = 3
6X/5 = 3
X = 15/6
အဲဒါကို အချိုးခေါ်ရင် …
X = 15/6
6X/5 = ?
= 6 x 15/6 x 1/5
X = 3
X တန်ဖိုး (၃) ရတယ်…..
ဆိုလိုတာက ၂၀၀၀ ကနေ ၂၀၀၃ ခုနှစ် မှာ (၃) ယောက် ၊ ပြီးတော့ ၂၀၀၄ ခုနှစ် ကနေ စပြီး နှစ် ဆစီ တိုးသွားမယ်ဆိုတဲ့ မေးခွန်းအတိုင်း လိုက်တွက်လိုက်ရင် အဖြေပါ ထွက်ပြီ။
သော်သော် စကားကို ခဏရပ်လိုက်သည်။ သူ့လက်မှ မြေဖြူနှင့် ကျောက်သင်ပုန်းထိခတ်မှု သည်လည်း ရပ် သွားပါ၏ ။
တစ်ခန်းလုံးမှာ အပ်ကျသံပင် မကြားရတော့လောက်အောင် တိတ်ဆိတ်လျက်။
“ဒီတော့ ခုနစကားအတိုင်း ပြန်ပြောရရင် ဆရာ့မေးခွန်းက သီအိုရီ သီးသန့်ထုတ်ပြီး တွက်လို့ မရဘူး”
အကြည့်တွေ အကုန်လုံး ခုန သားသား၏ သီအိုရီကို ကြည့်သလို ဘောမှမခွာ။ နောက် ဆရာကြီးကို ကြည့်သည်။ ပြီး သော်သော်ကို ကြည့်သည်။ နောက် ဘောကို ပြန်ကြည့် ကြသည်။
သားသား ဘောမှ သော်သော်တွက်ထားသည်များ ကို ကြည့်၍ မျက်နှာပျက်သွားသည်။ ဆရာကြီး ကတော့ ပြုံး သွားပါ၏ ။
“ဒါကို ဘာနည်းလို့ ခေါ်ရင် ရနိုင်မလဲကွ”
“Function နည်းလို့ ပြောရင် ရပါတယ်……..ဘာ ဖြစ်လို့လဲဆိုတော့ အီကွေးရှင်း တစ်ခု ဖြစ်ရင် Function လို့ သတ်မှတ်လို့ ရလို့ပါ”
မကြာပါ တစ်ခန်းလုံး တိတ်ဆိတ် သွားပါသည်။အားလုံးက ဆရာကြီး၏ အဖြေကို ငံ့လင့် လျက်..
ထိုအချိန်မှာ ပင် ဆရာကြီး၏ လက်ဝါးနှစ် ဖက် မြောက်တက်သွားပြီးနောက်၊ တစ် ချက်ချင်း ထွက်ပေါ်လာသော …
“ဖြောင်း……ဖြောင်း…….ဖြောင်း…..”
ဆရာကြီး၏ လက်ခုပ်သံ မရှေးမနှောင်းမှာ ပင် တစ်ခန်းလုံးမှ လက်ခုပ်သံများ သော သော ညံကုန်ကြပါသည်။
မြင့်မိုရ် လက်ခုပ်တီးနေရာမှ ရပ်၍ ယမင်းကို ကြည့်သည်။ ယမင်း ကတော့ မတီး၊ ထိုအချိန်မှာ ပင် ပျက်ယွင်းနေသော မျက်နှာနှင့် သားသားရောက်လာပြီး ယမင်းဘေးမှာ ဝင်ထိုင်သည်။
ထိုစဉ်မှာ ပင် ဆရာကြီး၏ စကားသံကို ကြားရသည်။
“ကဲ…..ငါ့တပည့် ဒီက မင်းသူငယ်ချင်းတွေ ကို မင်းကိုယ်မင်း မိတ်ဆက်ပေးလိုက် ပါဦး”
ဆရာကြီး၏ စကားသံကြောင့် လက်ခုပ်သံတွေ တိတ်သွားသည်။ သော်သော် အဖော်ရွေဆုံး အပြုံးကို အချိုသာဆုံး ပြုံးပြလိုက်ရင်း အတန်းဘက်ကို မျက်နှာမူ၍ ………
“ကျွန်တော့် နာမည် သော်သော်လို့ ခေါ်ပါတယ် ခင်ဗျာ။ ကျွန်တော် ကျောင်းတက်ရက် က ဒီနေ့ ပထမဆုံးပါ။ ကျွန်တော့် မေဂျာနဲ့ အတန်း ကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Second Year သင်္ချာ ဖြစ်ပါတယ်”
“ဟေ”
“ဟာ”
တစ်ခန်းလုံး အာမဍိတ်အသံတွေ ထွက်သွားသည်။ မြင့်မိုရ်နှင့် ယမင်း ကတော့ အလိုလို ခေါင်းငုံ့သွားကြပါ၏ ။
“မောင်သော်သော် တစ်ခုခု လွဲနေသလားလို့။ မင်းရဲ့ မေဂျာကို ပြန်ပြောပြစမ်း”
“သင်္ချာပါဆရာ”
ဆရာကြီးက သူ့ကိုတည့်တည့်ကြည့်၍ ခေါင်းရမ်းသည်။
“မင်း ကတော့ ခံလိုက်ရပြီနဲ့တူတယ်။ ဒါ သင်္ချာမေဂျာအခန်း မဟုတ်ဘူးကွဲ့။ ဒုတိယနှစ် ရူပဗေဒအခန်း”
“ဗျာ”
ဒိုင်းခနဲ့ပင်သူ့မျက်လုံးကို ရှေ့ဆုံးတန်းမှ ကျောင်းသူနှစ် ယောက် ဆီ ရောက်သွားသည်။
“မင်းကို ဘယ်သူလမ်းညွှန်လိုက်တာလဲ….ပြောစမ်း…”
သော်သော်မျက်လုံးတို့ ရှေ့ဆုံးတန်းသို့ ထပ်ရောက်သွားပြန်ပါသည်။ ဘယ်ဘက်အစွန်မှ ကျောင်းသူ၏ ဦးခေါင်းမှာ ထပ်မံငုံ့သွားသည်။ သော်သော် ယောက်ျားဆန်လိုက်ရပါ၏ ။
“ဟို.ဟို……….ကျောင်းသူ တစ်ယောက် ပါဆရာ။ ကျွန်တော် သေချာမမှတ်မိတော့ဘူး”
“ဘယ်လို လမ်းညွှန်လိုက်တာလဲ”
“ကျွန်တော် ရှာနေတဲ့အခန်းက သရဲခြောက်တဲ့အခန်းလို့ ပြောပါတယ်။ အဲဒါကြောင့် ကျွန်တော် ဒီအခန်းကို ပြောတယ်ထင်ပြီး ဝင်ထိုင်နေတာပါ”
“ဟဲ့……ပလုပ်တုတ်”
“အမယ်လေး”
အခန်းထဲမှ ကျောင်းသူတွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။ ဆရာကြီးက ကျောင်းသူတွေ ဘက်ကို လက်ကာပြရင်း မျက်မှော င်ကြုတ်သွားသည်။
“မောင်သော်သော်က ဒီအခန်းကို ဘာကြောင့် သရဲခြောက်တဲ့အခန်းလို့ ယူဆလိုက်တာလဲ”
“အခန်းနံပါတ် (၁၃) မို့လို့ပါ”
အခန်းထဲမှ သက်ပြင်းချသံတွေ ကို ကြားလိုက်ရသည်။ သော်သော်၏ အဖြေကြောင့် ဆရာကြီးက မပီမသပြုံးရင်း ခေါင်းကို ညိတ်သည်။
“အခန်းနံပါတ် (၁၃) ဆိုတာတော့ ဟုတ်တယ်ကွဲ့။ ဒါပေမယ့် ဒီအခန်းက သရဲခြောက်တဲ့ အခန်းမဟုတ်ဘူး။ သရဲခြောက်တဲ့ အခန်းက တတိယထပ် ညာဘက်ခြမ်းမှာ ရှိတယ်။ အဲဒီ ကို သွားလိုက်။ အဲဒါ မင်း ရှာနေတဲ့ အခန်းပဲ”
“ဗျာ…….ဟုတ်….ဟုတ်ကဲ့”
သော်သော် ခေါင်းကိုငုံ့ရင်း ဆရာကြီးရှေ့မှ ထွက်လာခဲ့သည်။ ဇက်ကျိုးလုနီးပါ ဖြစ်နေသော ကျောင်းသူနှစ် ဦး၏ မျက်နှာကိုတော့ မမြင်ရ။
ဒါပေမယ့် သော်သော့်ရင်ထဲမှာ တော့ မှတ်မှတ်ထင်ထင် ဖြစ်ခဲ့ပါသည်။ သော်သော် လွယ်အိတ်ကိုပြန်ယူ၍ အခန်းပြင်ထွက်ခဲ့တော့သည်။
“ဩော်….မောင်သော်သော်”
“ဗျာ”
“အားရင် ဆရာ့ဆီ လာခဲ့ပါဦး”
“ဟုတ်ကဲ့ ဆရာ”
သော်သော် အခန်းပြင်ရောက်သွားလေပြီ။ အခန်းထဲမှာ ကား……
“ဒါ သက်သက် လာကြောတာကွ”
“ဟုတ်တယ်…တို့မေဂျာကို တမင်နှိပ်ကွပ်သွာတာ”
ယောက်ျားလေးအချို့ဆီမှ ထိုသို့ သော စကားသံတွေ ထွက်လာသည်။
“တော် လိုက်တာဟယ်…သားသားတောင်မရတာ ကို သူက ရအောင်ဖြေသွားတယ် ဆိုတော့………”
“အေးဟာ..သားသားတော့ ခံပြင်းသွားမှာ ပဲ”
“အေးပေါ့ဟ…ဒါမျိုးဆို အရင်က သူပဲဖြေနိုင်တဲ့ ဥစ္စာ”
“တော် တော် ဖြောင့်တယ်နော်”
“ငါတို့ ကတော့ အတန်းပြီးရင် သင်္ချာခန်းတွေ ဘက် လမ်းလျှောက်ရမယ့် တာဝန်တစ်ခု တိုးလာပြန်ပြီ”
ကျောင်းသူတော် တော် များများ ဆီမှ ထိုသို့ သော စကားသံတွေ ထွက်လာပါသည်။ ဒါပေမယ့် မကြာခင်မှာ ပဲ ထိုအသံတွေ အားလုံးမှာ တိတ်ဆိတ် သွားပါ၏ ။
ဆရာကြီးက စာဆက်သင်လို့ နေပါသည်။
ကျောင်းသား တစ်ယောက် မှာ မူ ငူငူကြီး မတ်တပ်ရပ်လျက်အတိုင်း နေပါ၏ ။
တစ်ခန်းလုံးလည်း စာဆက်သင်လျက် ရှိနေကြပါသည်။
သ-၇၆
“ဟုတ်တယ် ဒီအခန်းပဲ ဖြစ်ရမယ်”
သော်သော် ဝင်ထိုင်နေလိုက်ပါတော့သည်။
အခန်း(၃)
“တစ်ခါတစ်လေပဲကွာ စိတ်ထဲထားမနေစမ်းပါနဲ့ သားရယ်။ ပင်ပန်းပါတယ်။ ပြီးတော့ ကိုယ့်မေဂျာကလူလည်း မဟုတ်ဘူး”
“ကိုယ့်မေဂျာက မဟုတ်လို့ ပိုခံပြင်းတာပေါ့။ဒါ သက်သက်လာကြောသွားတာ… တောက်”
သားသား၏ “တောက်” ခတ်သံ ကျယ်သွားမှု ကြောင့် အခြားဝိုင်းမှလူတွေ လှည့်ကြည့်ကုန်သည်။
“သား…အခုထိုင်နေတာ ကန်တင်းထဲမှာ ဆိုတာလည် သတိထားဦး”
သားသား ပတ်ဝန်းကျင်ကို ဝေ့ကြည့်၍ သက်ပြင်းကိုချသည်။ ပြီး ကန်တင်းအပြင် ဘက်လမ်းမပေါ်ကိုကြည့်၍ သားသားမျက်လုံးတွေ အနည်းငယ် အရောင် ကျ သွားပါသည်။ ထိုအခါမှ ယမင်းက လေသံအေးအေးဖြင့် …….
“ဘယ်ကိစ္စမဆို အဖြေထုတ်တဲ့အခါမှာ စိတ်က အတည်ငြိမ်ဆုံး အနေအထားမှာ ရှိရမယ်လို့ သားသားပဲ ယမင်းကို ပြောခဲ့ဖူးတယ်လေ။ မနက်က အခြေအနေကိုလည်း ပြန်ကြည့် ဦး…သားသားစိတ်အတည်ငြိမ်ဆုံးအနေအထားမှာ ရှိရဲ့ လားလို့”
သားသား စဉ်းစားသွားသည်။ ဟုတ်တော့လည်း ဟုတ်သည်။ သူ့စိတ်တွေ မနက်က တစ်မနက်လုံး ယောက် ယက်ခတ်နေတာ သူ့ကိုယ်သူပဲ သိသည်။ ဖေဖေ့ကုမ္ပဏီမှ ကားတစ်စီး အက်ဆီးဒင့် ဖြစ်လို့ ဟူသော သတင်းနှင့် အတူ ဒရိုင်ဘာ အခြေအနေမကောင်းဘူး ဟူသော သတင်းပါ တွဲ ထွက်လာသည့်အတွက် မနက်က သူရောဖေဖေရော ဆေးရုံသို့ တန်းပြေးခဲ့ရသည်။
ဆေးရုံရောက်လို့မကြသေး ဖုန်းဝင်လာသည်။ အိမ်မှာ လက်တိုလက်တောင်း ခေါ်ထားသည့် ကောင်မလေး၏ ပြာတာတာအသံလေးနောက်မှာ …
“မေမေ ရေချိုးခန်းကအထွက် ချော်လဲလို့ မထနိုင်ဘူး” ဆိုသော စကားက သူ့စိတ်ကို ဝုန်းဒိုင်းကျဲသွားစေခဲ့သည်။ ချက်ချင်း ပင် အိမ်တန်းပြေးရသည်။ မေမေ့ကို ဆေးခန်းပို့ရ၊ ဆေးရုံဖုန်းဆက်ပြီး အခြေအနေမေးရနှင့် သားသားပတ်ချာလည်နေရသည်လေ။
ထို့ကြောင့် ကျောင်းသို့ နောက်ကျမှရောက်သည်။ ရောက်ရောက်ချင်းပင် ပြဿနာက ဆီးကြိုနေပါ၏ ။
“ယမင်းပြောတာ ဟုတ်တယ်မဟုတ်လား။ စိတ်တည်ငြိမ်မှု မှ မရဘဲနဲ့လို့”
သူစကားဆက်မဆိုမိတော့ပါ။ ဖြစ်နိုင်လျှင် ဒီနေ့မနက်ကို အစမှ ပြန်စချင်နေသည်။ ဒါပေမယ့် အားလုံးဟာ လွန်သွားခဲ့ပြီ။
ထိုစဉ်မှာ ပင် ယမင်းက စကားလမ်းကြောင်း ပြောင်းလိုက်ပါ၏ ။
“သား…..မနက်ဖြန် Fresher Welcome ရှိတယ်နော်။ မနက်ဖြန်ကျရင် ဒီလို စူပုပ်ပုပ်ကြီး လုပ်မနေနဲ့။ တော် ကြာ King ထပ်မချိတ်ပဲ နေဦးမယ်”
“အင်းပါ……..ယမင်းသာ Queen ချိတ်အောင် အလှတွေ ပြင်လာခဲ့”
သားသားစကားကြောင့် ယမင်းက မဲ့သည်။
“ယမင်း ဘယ်လောက်ပြင်ပြင် Queen ဖြစ်မှာ မဟုတ်ပါဘူး။ Queen ဖြစ်မယ့်သူက အစကတည်းက ရှိပြီးသားပါ”
ပြောနေရင်းဖြင့် ယမင်းက သားသားကို အကဲစမ်းသလို ကြည့်သည်။ ပြီး …….
“သားသားဆီကို ခြူးချစ်ချော ဖုန်းဆက်သေးလား”
ယမင်းစကားကြောင့် ညက ခြူးချစ်ချောဖုန်း ဝင်လာသည်ကို အမှတ်ရမိသည်။ သို့ သော် ….
“မဆက်ပါဘူး။ သူ့ဖုန်းမှန်းသိရင် သားသားမကိုင်တာများ ပါတယ်။ ဘာ ဖြစ်လို့လဲ”
“မ ဖြစ်ပါဘူး။ အရင်လိုပဲ သားသားကို ကပ်နေတုန်းပဲလားလို့ မေးကြည့်တာ။ ဒါပဲနော် သားသား သစ္စာမရှိလို့ ကတော့ ယမင်းက ပြောထားတဲ့ အတိုင်းလုပ်မှာ ။ အဲဒီ တော့မှ ယမင်းကို ရက်စက်တယ်မလုပ်နဲ့”
ပြောနေရင်းနှင့် ယမင်း၏ မျက်နှာမှာ ညှိုးရော်သွားမှု ကြောင့် သားသား ကမန်းကတန်း ချော့လိုက်ရသည်။
“စိတ်ချပါ ယမင်းရယ်။ ယမင်းကလွဲပြီး သားသား ဘယ်သူ့ကိုမှ ရင်ခုန်လို့မရဘူး။ ယမင်းကလွဲပြီး သားသား ဘယ်သူ့ကိုမှ မချစ်ဘူး”
“အင်းပါ…စောင့်ကြည့်ရဦးမှာ ပေါ့”
ထိုအချိန်မှာ ပင် ဆိုင်ထဲသို့ မြင့်မိုရ် ဝင်လာပါ၏ ။ မြင့်မိုရ်လက်ထဲတွင် ဆိုလိုတိပ်(စ်) ကပ်ထားသော စာတစ်စောင် ပါလာသည်။
“ရော့…..သားသား၊ နင့်ကားမှန်ရှေ့မှာ ကပ်ထားတာတွေ့ လို့ ခွာလာတာ။ ဘာစာလဲ မသိဘူး”
မြင့်မိုရ်က သားသားရှေ့သို့ စာကိုထိုးပေးသည်။ သားသား စာရွက်ကိုယူ၍ ကြည့်လိုက်တော့…
ထိုစာက စာဟုလည် ပြောရခက်သည်။ သင်္ချာတွက်ထားတာဟုလည်း ပြောရခက်သည်။ ရှင်းရှင်းပြောရလျှင် စာနှင့် ဂဏန်းကို ပေါင်းရေး ထားခြင်း ဖြစ်သည်။
ထိုစာက အောက်ပါအတိုင်းသာ…..
ရ၅ ပ၆ဗဒ ကင၇၉၉အ၆လ၁င၇၉၉အလ၁၈၆လ၉၉က၂၄
ဂ၄ဏ၇ယ၅ပ၁တယ၇
သားသား စာကိုကြည့်၍ ပြုံးသွားသည်။ ဒါ ဘယ်သူ့လက်ချက်လဲဆိုတာ သားသား သိလိုက်သည်။
ဒါ “ခြူးချစ်ချော” တစ်ဦတည်းသာ လုပ်တတ်သော …….
သားသားမျက်နှာကို အရိပ်တကြည့်ကြည့်ကြည့်နေသော ယမင်းမှာ သားသားမျက်နှာ ပြုံးသွားမှု ကြောင့် စာကို ဆွဲယူလိုက်သည်။ ပြီးနောက်
“ဟင်….သားသား…..ဒါဘာတွေ လဲ”
သားသား ခေါင်းရမ်းပြလိုက်ကာ……..
“မဟုတ်ပါဘူး၊ သူငယ်ချင်း တစ်ယောက် နောက်လိုက်တာပါ။ ဘာမှ မဟုတ်ဘူး”
သားသားစကားက သိပ်တော့ အဓိပ္ပာယ်မရှိ။ ဒါပေမယ့် ယမင်းမှာ ထပ်မမေးတော့ပါ။ ဒါ သူမအတွက် ရိုးအီနေသော မသိချင်ယောင်ဆောင်မှု တစ်ခုပင် မဟုတ်ပါလား။
သိပ်မကြာမီမှာ ပင် သားသားမှာ အတန်းတက်ရမည် ကို အကြောင်းပြုပြီး သူမတို့ဝိုင်းမှ ထွက် သွားပါတော့သည်။
သားသားထွက်သွားပြီးတော့ စားပွဲပေါ်တွင် စာရွက်တစ်ရွက် ကျန်ခဲ့ပါ၏ ။ ဘာရယ် မဟုတ် ယမင်း ထိုစာရွက်ကို စာအုပ်ကြားထဲ ခေါက်ထည့်ထားလိုက်သည်။
ထိုစာရွက်ကား……………
“အဓိပ္ပာယ် တစ်ခုခုတော့ ရှိမှာ ပဲ။ အကြောင်းမဲ့တော့ ကားမှန်မှာ လာကပ်ထားမှာ မဟုတ်ဘူး”
“သူငယ်ချင်း တစ်ယောက် နောက်လိုက်တာလို့ ပြောတာပဲလေ”
ယမင်းစကားကြောင့် မြင့်မိုရ်က သူမကိုကြည့်ရင်း ခေါင်းရမ်းကာ….
“နင်က သူပြောတာကို ယုံတယ်လား”
“မယုံလို့မေးလည်း ဖြေမှာ မှမဟုတ်တာ”
“မဖြေလည်း ရအောင်မေးရမှာ ပေါ့ဟာ။ နင်နဲ့သူက တရားဝင် ချစ်သူတွေ ပဲဥစ္စာ။ သူပြောတိုင်း ခေါင်းညိတ်နေလို့ ပြီးမလား”
မြင့်မိုရ်စကားကို ယမင်းကပြန်မပြော။
“နောက်ပြီး သားသားမျက်လုံးတွေ က သိပ်မရိုးသားချင်ဘူးနော်။ နင့်နောက်ကွယ်မှာ တစ်ခုခုရှိနေသလိုပဲ”
မြင့်မိုရ်စကားကြောင့် ယမင်းက အဝေးတစ်နေရာကို ငေးကြည့်ရင်း………
“အဲလောက်ထိတော့ သားသား ဆိုးမယ်မထင်ပါဘူးဟာ။ ဒီကိစ္စကို ငါလုံးဝလက်မခံဘူးဆိုတာ သူသိတာပဲ။ အဲဒါကိုတော့ ငါယုံတယ်”
“အေး…ယုံနေ….ယုံနေယယယယယမိန်းမ။ ပြီးမှ မျက်ရည်နဲ့ မျက်ခွက် လာမလုပ်နဲ့”
မြင့်မိုရ်စကားကြောင့် ယမင်းမှာ မထင်မရှားမဲ့ပြုံးလေးတစ်ခုကို ပါးပေါ်တင်လိုက်ရင်း
“အဟွန်း………..အဲဒါတော့ စိတ်ချသူငယ်ချင်း။ ဒီလိုကိစ္စမျိုးနဲ့ ကတော့ ဝမ်းလည်း မနည်းဘူး၊ ငိုလည်း မငိုဘူး။ ကံမပါဘူးလို့ပဲ သဘောထားလိုက်မယ်”
မြင့်မိုရ်က မဲ့သည်။ ပြီး ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း….
“အေးပါ….အေးပါ….ကြည့်ရသေးတာပေါ့”
![]() New Rainbow | ![]() လက်ညိုးထိုး၍ ပန်းဝေသည် | ![]() မြကျွန်းညို မဟုတ်သော်လည်း |