အခန်း (၁)
နေပူရှိန်ကြောင့် အရှေ့လယ်ကွင်းများ ဆီမှာ တံလှပ်တွေ တရိပ်ရိပ်ပြေးနေသည်။ တစ်ခါ တစ်ရံ နွေဦးလေပွေငယ်အချို့ပင် ပွတ်ထိုးလွင့်ပျံနေသည်ကိုမြင်ရ၏ ။ မြို့ပြနှင် ကင်းကွာရာလယ် ကွင်းများ အလယ်မှ သွေ့ခြောက်လျက်ရှိသော တက္ကသိုလ်ကျောင်းကြီးတစ်ခု။
ကွင်းထီးထီးမှာ ရှိနေပုံက မြင်ရသူတိုင်းကို အာခေါင်ခြောက်စေသည်။ ကံ့ကော်တန်း မဟုတ်။ ရေတမာပင်မရှိ။ သစ်ပုတ်ပင်နှင့် အဓိပတိလမ်းတို့ ကင်းမဲ့သော အရိပ်တွင် ပညာသင်ရသူ များ မှာ ဒုက္ခမျိုးစုံ ခံနေရသည်။ ယူကလစ်ပင်ငယ်များ ကျိုးတိုးကျဲတဲသာ ရှိနေသော အရပ်။
ဂျပ်ဆင်ထိပ်မှာ လရိပ်မသာသော အရပ်၊ ထိုအရပ်မှာ သနားစဖွယ် အနာဂတ်ရဲ့ ခေါင်းဆောင်တွေ အရိုးပြိုင်းပြိုင်းကျလျက်ရှိနေပါ၏ ။ ယခုလည်း အရိပ်ရအပင်ငယ်လေးအောက် တွင် ၀ိုင်းစုစာကျက်နေသော ကျောင်းသူတစ်စုကို လေရူးတစ်သုတ်က တိုးဝေ့ပစ်တိုက်လိုက်သည်။
ပတ်ဝန်းကျင်မှာ ဖုန်နှင့် အမှိုက်တွေ တလူလူလွင့်ကုန်၏ ။ အကျိုးဆက်အ ဖြစ် ခပ်လှမ်းလှမ်း သစ်ပင်အောက်တွင် ထိုင်နေသော ကျောင်းသားအဖွဲ့မှာ …
“တောက်”
မီးငြိမ်းသွားသော ဖယောင်းတိုင်းကိုကြည့်ပြီး ဒေါသတကြီးတောက်ခတ်သူ တစ်ယောက် ။
“အတိုက်အခိုက်တော့ ၀င်နေပြီ အစ်ကို။ မေးခွန်းတွေ ခက်ပြီထင်တယ်”
“မေတ္တာသုတ်ရွတ်တုန်း မီးငြိမ်းသွားတာဆိုတော့ ကျွန်တော် တို့ပို့တဲ့မေတ္တာကို အခန်း စောင့်ဆရာမ တွေ လက်မခံဘူးဆိုတဲ့သဘောထင်တယ်”
“ကျွတ်.. မဆိုင်ပါဘူးကွာ… တိုက်ဆိုင်သွားတာပွ။ ကွင်းထီးထီးမို့ လေတိုက်တာ ဘာဆန်း လဲ။ ကဲ လာ.. ပြန်စကြမယ်”
အင်္ကျီနှင့် ပုဆိုးပေါ်မှ ဖုန်းများ ကို ခါသည်။ ပြီးတော့ ရေသန့်ဘူးပေါ်မှ ငြိမ်းသွားသော ဖယောင်းတိုင်ကို မီးပြတ်ညှိသည်။ ထို့နောက်မှာ မျိုးအောင်ဦးဆောင်သော မေတ္တာပို့ပွဲသည် ပြန်လည်အသက်ဝင်လာပါတော့၏ ။
အဆောင်ရှေ့မြက်ခင်းပေါ် ၀ိုင်းထိုင်ကာ မေတ္တာသုတ်ရွတ်နေကြသော သူတို့အဖွဲ့ကို ကြည့်ပြီး ကျန်ကျောင်းသူ၊ ကျောင်းသားများ နားမလည်နိုင်အောင် ဖြစ်နေကြသည်။ တချို့လည်း နီးစပ်ရာကို တီးတိုးမေးပါသည်။
“သူတို့ ဘာလုပ်နေကြတာလဲ”
“စာမေးပွဲဖြေနိုင်အောင် မေးခွန်းထုတ်တဲ့ ဆရာတွေ ၊ အခန်းစောင့်ဆရာမ တွေ ၊ ခုံချင်းကပ် လျက် သူငယ်ချင်းတွေ ကို မေတ္တာပို့နေကြတာ”
“ဟ.. ဟုတ်လှချည်လား”
“မင်းလည်း စိတ်ပါရင် ၀င်ပို့လို့ရတယ်”
ကြားရသော စကားကြောင့် စိတ်ဝင်စားခြင်းကြီးစွာ ဖြစ်သွားရသည်။
“စာကျက်မလာရင်တော့ သူတို့လို မေတ္တသုတ်သာ ၀င်ရွတ်တော့။ ဘာမှမလုပ်တာထက် စာရင် ဒါဟာ မျှော်လင့်ချက်ပဲ”
“ခင်ဗျားရော ၀င်မရွတ်ဘူးလား”
“ရွတ်မှာ ။ ငါလည်း စာတစ်လုံးမှ ကျက်မလာဘူး”
“ဟာ ဒါဆို ၀ယ်မလယ်လေဗျာ ဘာလုပ်နေတာလဲ”
အဖော်ရပြီမို့ နှစ် ဦးသား ၀ိုင်းတွင်းဝင်ထိုင်လိုက်ပါသည်။ ထို့နောက် တိုင်ပေသူနောက်မှ တစ်ကြောင်းချင်း လိုက်ဆိုသည်။
ဒုတိယမြောက် ဖယောင်းတိုင်မီလေးမှာ တော့ ရွတ်ဖတ်သူများ ကြားတွင် ယိမ်းနွဲ့လျက်ရှိ နေပါ၏ ။
ဦးဆောင်သူမျိုးအောင်မှာ လည်း သံနေသံထားမှန်မှန်၊ ဌာန်၊ ကရိုဏ်းကျကျဖြင့် ရှေ့မှ တစ်ကြောင်းချင်း တိုင်ပေးလျက်ရှိနေသည်။
ဘ၀တူတွေ များ သည်ထင်၏ ။ ယူကလစ်ပင်အောက်မှာ တဖြည်းဖြည်းလူတွေ တိုးလာ လာသည်။
ဝင်ရောက်ရွတ်ဖတ်သူ၊ ရပ်ကြည့်ဆော်သြသူများ ဖြင့် စည်ကားသိုက်မြိုက်လာသည်။
အချိန်က နေ့လယ်တစ်နာရီ၊ မနက်ပိုင်း ဖြေဆိုသူများ ပြီး၍ ညနေပိုင်း ဖြေဆိုရမည့် သူများ ရင်ခုန်နေကြချိန် လူတစ်အုပ် ကတော့ အားလုံးကို ဥပေက္ခာပြုရင်း အဆောင်ရှေ့ မြက်ခင်းပြင်မှာ တက်ညီလက်ညီ ရွတ်ဖတ်လို့။
ထိုလူစုကိုကြည့်ပြီး ရယ်မောနေသူ၊ ဖုန်းမြင့်မှတ်တမ်းတင်သူ များ လည်းရှိနေသည်။ သူတို့ က ဂရုမစိုက်။
ပစ်မှတ်ထက်ပတ်ဝန်းကျင်ကို ဂရုစိုက်နေလျှင်ကား…
စာမေးပွဲခန်းနှင့် လျော်ညီစွာ တစ်ခန်းလုံးက အားတက်သရော ဖြေဆိုနေကြသည်။ နိုင်ဦး တစ်ယောက် သာ ခေါင်းကုတ်ဖင်ကုတ်နှင့် အကြံထုတ်လျက်ရှိနေပါ၏ ။ ဘယ်လိုမှ ဆက်မဖြေနိုင် တော့။ စာမေးပွဲစတာ နာရီဝက်ပင်ရှိနေပါသေးသည်။ ဆက်မဖြေနိုင်ဟူ၍ အဖြေလွှာတွင် များများ စားစားဖြေဆိုထားသည် မထင်လိုက်ပါနှင့် ။
ပေးထားသော မေးခွန်းကို အစမှအဆုံးတိုင် တစ်ပုဒ်ကူးထား၏ ။ အဆုံးမှ အစတိုင် တစ်ပုဒ် ထပ်ကူးထားသည်။ ပြီးတော့ အလယ်မှ ဖောက်ကာ တစ်ပုဒ်လုပ်ထားပြန်ပါသေးသည်။ အားလုံး ပေါင်း သုံးပုဒ်။ ဒီထက် ထပ်ဖြေစရာလည်း မရှိတော့။
တွံတေးသိန်းတန်၏ အသီးတစ်ရာ အညှာတစ်ခုကို စာစီစာကုံးလုပ်ရေး မည် ကြံသော် လည်း တကယ်တမ်း အဆင်မပြေပါ။ သီးချင်းအလယ်ပိုဒ်ကို မေ့နေသည်။ ဆရာမ မေးရအောင်က လည်း ရုပ်ရည်အနေအထားက မြို့သူအဆစ်အပေါက် ဖြစ်နေ၏ ။ တွံတေးသိန်းတန်သီချင်းရပုံမ ပေါ်။
ဖြေဆိုချိန် တစ်နာရီခွဲ မပြည့်သေးသည်ကြောင့် အဖြေလွှာအပ်ထွက်သွားလို့လည်း မရ သေး။ လောလောဆယ် ဘာလုပ်ရမည် လဲ၊ ခုံပေါ်မှော က် အိပ်ရမည် မလား။ မ ဖြစ်နိုင်ပါ။ အခန်း စောင့်ဆရာမ ကို မလေးစးရာရောက်မည် ။ ရှေ့နောက် ၀ဲယာကြည့်တော့ အားလုံးမှာ ကြိုးစား ပန်းစားဖြေဆိုနေကြ၏ ။ သူ တစ်ယောက် က…
လုပ်စရာမရှိသည်မို့ ဟိုကြည့်ဒီကြည့် လုပ်နေစဉ်မှာ ပင် နှလုံးသည်းပွတ်ကို လှုပ်နှိုးသွား သော လက်ကလေးတစ်စုံ၊ အလျားလိုက် တစ္ခုေ့်က္မွာ မို့ ကိုယ်ကို ရှေ့ကိုင်းကြည့်တော့ နှာတံ ချွန်ချွန်လေးကို အရင်ဆုံးမြင်ရ၏ ။ ပြီးတော့ အကြောစိမ်းလေးများ ယှက်ဖြာနေသော လည်တိုင် ကျော့ကျော့လေး။
စာငုံ့ရေး နေသည်မို့ ဆံပင်နှင့် ကွယ်နေရာမျက်နှာကို အပြည့်အ၀မမြင်ရ။ ဒါပေမဲ့ တွက်ဆ မိပါသည်။ ဒီလောက်ဆိုလျှင် ပကတိရုပ်ရည်ကို တွက်ဆလို့ရပြီ။ ကပ်လျက်ပုဂ္ဂိုလ်မှာ ယောက်ျား လေး ဖြစ်နေသည်မို့ အားနာစရာမရှိ။
စာမေးပွဲ ဆက်ဖြေမရမည့်  အတူတူတော့ ရရှိသော အခွင့်အရေး ကို နိုင်သီး အပြည့်အ၀ အသုံးချလိုက်ပါသည်။ ကိုယ်ကို အနည်းငယ် ရှေ့ကိုင်းကာ ချစ်ရည်ရွှန်းလဲ့သော မျက်လုံးရွှဲကြီး များ ဖြင့် တစိုက်စိုက်မတ်ကြည့်နေလိုက်သည်။
ကြာလာတော့ အကြည့်ခံရသူ ကောင်မလေးမှာ တဖြည်းဖြည်း ပေါက်လာသည်ထင်သည်။ စာဖြေတာကိုရပ်ပြီး ကျောမလုံသလို ဘေးဘီလှည့်ကြည့်သည်။ ထိုအခါမှာ တော့…
“အို…”
နိုင်ဦး၏ မျက်လုံးရွဲကြီးများ နှင့် ဆုံမိစဉ် ကောင်မလေးခမျာ အသံခပ်အုပ်အုပ်ထွက်သွားရ ပါ၏ ။ ရင်ဆိုင်လိုက်ရသော မျက်လုံးရွဲကြီးများ က ကြောက်မက်ဖွယ်အတိ ပြီးနေသည်မဟုတ်ပါ လား။ထိုမျက်လုံးကြီးများ နှင့် ပင် နောက်တစ်ခေါက် ထပ်ဆုံတော့ ကောင်မလေးက အံ့ကြိတ်ပြသည်။
နိုင်ဦး ပျော်သွားရပါ၏ ။ ဒီလောက်ဆိုလျှင် အခြေအနေမဆိုး ယခုမှ စာမေးပွဲ ပထမရက် ပင်ရှိသေးရာ နောက်ရက်များ တွင် အလားအလာပိုကောင်းလာနိုင်ပါသည်။ ဖြတ်သန်းခဲ့သော အတွေ့ အကြုံအရ ဘာဆက်လုပ် ရမည် ကို အလိုလိုနားလည်ကာ မေးခွန်းစာရွက်တွင် တစ်ကြောင်း ကောက်ရေး လိုက်သည်။
“အရမ်းချစ်ဖို့ကောင်းတာပဲ”
ပြီးတော့ စာရွက်ကိုဖြဲကာ ဆရာမ အလစ်တွင် ကောင်မလေးထံ လှမ်းပစ်လိုက်သည်။ ထိုအခါမှာ တော့…
“တီချယ် ..တီချယ်..”
ခေါ်သံကြား၍ ခေါင်းထောင်ကြည့်စဉ် နိုင်ဦးမျက်လုံးတို့ ပြာနှမ်းသွားရပါသည်။ ခေါင်းကို မိုးကြိုးအတောင့်လိုက် ပစ်လေပြီ။
“ဘာလဲ သမီး”
ဆရာမ မမှာ ပြာပြာသလဲ၊ ကောင်မလေးက သူပစ်ပေးသော စာရွက်လုံးကလေးကို ဖြန့် ကာ ဆရာမ ထံ ဆက်သသည်။ ထို့နောက်မှာ တော့ သနာစဖွယ်မျက်နှာနှင့် နိုင်ဦးကို ရွပ်ရွပ်ချွံချွံ လက်ညှိုးထိုးပြလိုက်စဉ်မှာ တော့ ခေါင်းငုံ့ချလိုက်သော်လည်း မမီတော့ပါ။ တဒိုင်းဒိုင်း နင်းဖြတ်လာ သော ဖိနပ်သံကို ကြားလိုက်ရ၏ ။ ထို့နောက်မှာ ….
“မင်နီတောင်းတဲ့ သဘောလား”
“ဟာ မဟုတ်ပါဘူး မတောင်းပါဘူး”
“ဒါဆို ငြိမ်ငြိမ်ထိုင်နေ၊ နောက်တစ်ခါဆို မင်းအဖြေလွှာပေါ် မင်နီအရောက်ပဲ”
“ဟုတ်ကဲ့ … ဟုတ်ကဲ့”
ဝပ်ကျသွားချေပြီ။ ရိုးရိုးပဲ အကျခံလိုက်တော့မည် ။ မင်နီတားပြီး နှစ် ပယ်တော့ မခံချင်။ စတ်တွင်းမှ မယ်မင်းကြီးမကို ကျိတ်မှိတ်ကျိန်ဆဲမိလိုက်၏ ။ “သောက်ကောင်မ.. စာခြောက်ရုပ် မျက်နှာနဲ့ သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး”
ထို့နောက်မှာ တော့ နိုင်ဦး၏ ရွှေ့ကွက်သည် ရှေ့တည့်တည့်မှ ခုံနံပါတ်ရေး ထားသော စာရွက်ပေါ် ရောက်သွားရပါသည်။ စာရေး ခုံထောင့်တွင် ခုံနံပါတ်စာရွက်နှစ် ခု ကပ်ထား၏ ။ တစ်ခု က သူ့ခုံနံပါတ် ဖြစ်ပြိး နောက်တစ်ခုက မနက်ပိုင်း ဖြေဆိုသွားသူ၏ ခုံနံပါတ်။ ပြုံးမိလိုက်ပါ၏ ။ ထို့ နောက် မနာက်ပိုင်း စာရွက်ပေါ် စာတစ်ကြောင်းကောက်ရေး လိုက်သည်။
“နာမည် ဘယ်လိုခေါ်လဲ”
နောက်နေ့မှာ စာတစ်ကြောင်းက သူ့ကို စောင့်ကြိုနေသည်။
“ပိုးအိစက်.. သူကရော…”
မိန်းကလေး ဖြစ်နေသည်ကြောင့် ၀မ်းသာအားရဖြင့် ….
“နိုင်ဦး ခင်ချင်တယ် ရမလား”
နောက်နေ့မှာ …
“ရပါတယ် တို့လည်း ခင်တတ်ပါတယ်။ ဒါပေမဲ့ တို့ကိုမြင်ရင် ကိုနိုင်ဦးလန့်ပြေးသွားလိမ့် မယ်နော်။ တို့က ရုပ်အရမ်းဆိုးတာ”
“ တစ်ယောက် နဲ့ တစ်ယောက် ခင်ကြတယ်ဆိုတာ နှလုံးသားမှာ ပဲ အရင်းခံပါတယ်။ ရုပ်ရည် နဲ့ မသက်ဆိုင်ပါဘူး”
အခွင့်သာတုန်း တစ်ကြောင်း ပစ်ထည့်လိုက်သည်။ ရုပ်ဆိုးတာ ချောတာက လောလော ဆယ် မြင်ရသေးတာမှ မဟုတ်တာပဲ။
နောက်နေ့ စာရေး ခုံပေါ်တွင် သူမရေး သွားသည်က … (ခုံနံပါတ် စာရွက်တွင် နေရာမ ဆန့်တော့၍ စာရေး ခုံပေါ် ကူးလိုက်ခြင်း ဖြစ်သည်။)
“ဒါဆိုလည်း ပြီးရောလေ ခင်ကြတာပေါ့။ တော် ကြာ သူ့ကောင်မလေးသိသွားလို့ တို့ကို စိတ်ဆိုးနေဦးမယ်နော်”
“ကောင်မလေးလား မျှော်လင့်ဖူးပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ဆုတောင်းမပြည့်သေးဘူး။ အမွှေးတိုင်ထွန်းဆုတောင်းရလွန်းလို့ ရုက္ခစိုးလည်း တော် တော် နားပူနေပြီ”
“ဟိ ဟိ.. ဒါဆို ဘယ်လိုလဲ။ စာထဲမှာ ပဲ ခင်တော့မှာ လား”
စာကိုဖတ်ပြိးနောက်မှာ နိုင်သီး ရင်ခုန်သွာရတော့သည်။ တကယ်လားတဲ့ ကောင်မလေးဟူ ၍ လည်း မှတ်ချက်ချမိသည်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိလိုက်ပါ၏ ။ စာကြောင်းအနည်းငယ် နဲ့ တစ်ဖက်သားကို ထိအောင် ပစ်နိုင်ခဲ့သည်ဆိုတော့….
“တစ်ကျောင်းတည်းတက်ပြီး ဘာလို့ အခုမှဆုံရတာ လဲ.. ကိုယ့်ကိုယ်ကိုယ် ယူကြုံးမရ ဖြစ်လွန်းလို့ ပြောမထွက်တာပါ။ မနက်ဖြန်နေ့လယ် (၁၂) နရီကျောင်းရှေ့ ကြံရည်ဆိုင်မှာ စောင့် နေမယ်။ ကော်လံခေါင်းတုံး အင်္ကျီအဖြူနဲ့ ကချင်ပဆိုးဝတ်ထားမယ်။ အခုချိန်ကနေစပြီး အိစက် ကိုယ့်ကို စိတ်ပျက်မ သွားပါစေနဲ့လို့ ဆုတောင်းနေပါတယ်”
ထိုနေ့က နိုင်ဦး တစ်ယောက် အမြင်ကပ်လောက်အောင် တက်ကြွနေသည်။ နေရင်းထိုင် ရင်း ကျောင်းပိတ်ကာနီးမှ ရည်းစား တစ်ယောက် ကပ်ရဦးမည် ။ ကျောင်းပိတ်ရက်အတွင်း ပျင်းရန် မရှိတော့။ တစ်ခုပဲ စိုးရိမ်စရာရှိသည်။ ပိုးအိစက်ဆိုသူ မိန်းကလေးမှာ ဘယ်လိုအနေအထားလဲ။
အဓိက ရုပ်ရည်၊ တွဲ လာသမျှ ရည်းစားတွေ အားလုံးက အနိမ့်ဆုံအဆင့် ရွက်ကြမ်းရေကျို ထက်သာလွန်သည်။ ဒီတော့ ထိုစံချိန်ကို ဆက်ထိန်းထားနိုင်ရမည် ။ ပြီးပြီးရော လုပ်လို့မရ။ ကြံရည် ဆိုင် သွားစောင့်ပြီးမှ ဂွမ်းနေလျှင် နောက်ဆုတ်ရခက်နေမည် ။
ထိုအခက်အခဲနှင့် ပတ်သက်၍ သူငယ်ချင်းတစ်ဦးက အကြံပေးလာသည်။
“ဘယ်လိုရုပ်ရည်လည်း သိရအောင် သူစာမေးပွဲဖြေနေတုန်း သွားချောင်းပါလားကွ။ မဟုတ်ရင် ဂွမ်းသွားမယ်နော်”
နိုင်ဥိး လက်ခံသည်။ ရန်သူကို ထိုင်စောင့်ခြင်းထက် ဦးအောင်တိုက်ခိုက်ခြင်းက ယခုကိစ္စ တွင် ပိုထိရောက်နိုင်သည်မဟုတ်ပါလား။ ကျောင်းကို အစောကြီးထွက်ခဲ့လိုက်၏ ။ မနက်ပိုင်းလူ များ စာမေးပွဲဖြေနေသည်မို့ အစောင့်က သူ့ကို အဆောင်တွင်း ၀င်ခွင့်မပေး။ ကိစ္စမရှိ။ အစွန်ဆုံးအခန်း ဖြစ်သည်မို့ ပြတင်းပေါက်မှ ပတ်ချောင်းလျှင်ရသည်။
အဆောင်ကိုပတ်ကာ အခန်းရှိရာသို့ ရင်တထိတ်ထိတ်ဖြင့် တစ်လှမ်းချင်း လှမ်းလိုက်သည်။ ပြတင်းပေါက်အနီး ရောက်စဉ်မှာ တော့ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့ တိုင်တည်၍ ချောင်း ကြည့်လိုက်ရာ….
“ဟာ”
အုတ်နံရံကိုသာခေါင်းဖြင့် ပစ်တိုက်လိုက်ချင်တော့သည်။
“ဘုရား..ဘုရား.. အတွေ့ စောပေလို့။ မဟုတ်ပါက လုံးဝ ဘ၀ပျက် သွားနိုင်သည်။”
ပိန်ကာ ပိန်၏ ။ ၀ါးခြမ်းပြားပမာ။
မည်းကာမည်း၏ ။ ကျောက်မီးသွေးပမာ။
ချောကာ ချော၏ ။ မယ်က၀ုဏ် တရော်ကင်ပွန်းထုတ် ရွက်ထားသလို မချိတင်ကဲနှင့် အံသွားချင်းဖိကြိတ်လိုက်ပြီးနောက်တော့..
“လဲသာသေလိုက်ပါတော့ မအိစက်ရယ်”
အခန်း (၂)
အမေက အကြော်သည်မတစ်ဦး။ လမ်းဆုံလမ်းခွမှာ တဲထိုးရောင်းရလောက်သည့် အကြော် သည်မဟုတ်ပါ။ ရပ်ကွက်တွင်း တကြော်ကြော်အော်ပြီး လှည့်လည်ရောင်းချရသည့် ခေါင်းရွက် သည်၊ အကြော်သည်မသမီး ဖြစ်လေောတ့ သူမအတွက် အရာရာက ချို့တဲ့လွန်းလှသည်။
ငွေကြေး၊ အ၀တအစား၊ အပျော်အပါး စိတ်ဓာတ်စသဖြင့် ပေါက်။ အဖေဆုံးပါးသွားပြီး နောက်ပိုင်း သူမတို့သားအမိနှစ် ဦး ဒုက္ခပင်လယ်ဝေခဲ့ရပါသည်။ စီးပွားရေး လက်ငုပ်လက်ရင်းမရှိ သည်ကြောင့် အကြော်ဗန်းခေါင်းပေါ်ရွက်ပြီး မိသားစုအတွက် အမေငွေရှာခဲ့ရသည်။
တစ်ဖက်ကလည်း သူမကို အတန်းပညာ ဆက်လက်သင်ကြားပေးစေခဲ့၏ ။ ဒါပေမယ့် မိန်းမသားတစ်ဦးအနေဖြင့် လောကဓံကို အမေ ကြာကြာအန်မတုနိုင်ခဲ့။ သူမ ခုနစ်တန်းနှစ် အရောက်တွက် စပါးပွဲစားကိုမြင့်ဝေဆိုသူနှင့် အမေ တစ်ပင်လဲ၍ တစ်ပင်ထူခဲ့ပါသည်။
မိသားစုအတွက် ဦးဆောင်သူ တစ်ယောက် ရောက်လာပြီးနောက်မှာ အမေထမ်းထားရ သော တာဝန်တွေ အနည်းငယ်လျော့ပါးခွင့်ရခဲ့သည်။ သူမကိုလည်း အများ နည်းတူ မုန့်ဖိုး ပဲဖိုး ပေးလာနိုင်ကာ အရင်က ညှိုးနွမ်းညစ်ထေးသော ကျောင်းဝတ်စုံနေရာတွင် သင့်တင့်လျောက်ပတ် သော ၀တ်စုံသစ်လေးတွေ အစားထိုးဝင်ရောက်လာသည်။
အနည်းငယ် ချောင်လည်လာသော ဘ၀အတွက် သူမနှင့် အမေ ပျော်ခဲ့ကြသည်။ စီးပွားရေး အနည်းငယ်အဆင်ပြေလာတော့ ပင်ပန်းသည်အကြောင်းပြကာ အမေ့ယောက်ျား အရက်လေး တမြမြ ဖြစ်လာသည်။ မိသားစုကို အဓိကဦးဆောင်နေတာကတစ်ကြောင်း၊ အလွန်အကျွံမဟုတ် တာကတစ်ကြောင်း တို့ကြောင့် တင်းတင်းကျပ်ကျပ် အမေ မပိတ်ပင်ခဲ့။
ဒါပေမဲ့ သူ ကိုးတန်းအောင်၍ ဆယ်တန်းအရောက်မှာ တော့ ပထွေး၊ ဇာတိက စပြလာပါ သည်။ အရင်လို မူးရစ်ရုံမဟုတ်တော့ဘဲ သူမကို ရီဝေေ၀ကြည့်လာသည်။ အခေါ်အပြောကအစ လေသံပြောင်းလာကာ တရင်းတနှီး ဆက်ဆံလာ၏ ။ အရင်ကထက် အိမ်ကို စောစောပြန် လာသည်။ အမေ့အလစ်ကို သူခိုးချောင်း ချောင်းလာသည်။
အမေက သဘောပေါက်စွာ သူမကို မျက်စိအောက်မှ အပျောက်မခံတော့။ မထွေးအိမ်မှာ ရှိလျှင် သူမက အိမ်ရှေ့သစ်ပင်အောက်မှာ စာကျက်ရ၏ ။ သွားစရာလာစရာရှိလျှင် အမေက သူမကို မပါမ ဖြစ် ခေါ်ဆောင်သွားသည်။ ဒါတောင် တဆင့်ဆင့်တိုးလာသော ပထွေးအရိပ်အကဲ တွေ က သိပ်မလွတ်ချင်။
ဆယ်တန်းကိုလည်း အမေ့မျက်စိအောက်မှာ ပင် ဖြေဆိုခဲ့ရပါသည်။ ဆယ်တန်းအောင်ော့ အမေပျော်လိုက်တာ မပြောပါနှင် ဂုဏ်ထူးအချို့ ပါဝင်သော်လည်း ငွေကြေးမတတ်နိုင်သည်က တစ်ကြောင်း ၀ါသနာမပါသည်က တစ်ကြောင်းကြောင့် ရိုးရိုးမေဂျာသာ ရွေးချယ်ခဲ့သည်။
ဒါပေမဲ့ အောင်မြင်မှု အရှိန်က မသေခဲ့ပါ။ ဂုဏ်ထူးအောင်ကျောင်းသူ တစ်ယောက် ဖြစ် သည်မို့ အငယ်တန်းလေးများ ကို အိမ်မှာ စာလိုက်ပြသော အလုပ်တစ်ခု သူမရလာခဲ့သည်။ ရသော ၀င်ငွေကို တက္ကသိုလ်အတွက် ရည်ရွယ်ကာ ကြိုးစားသိးဆည်းခဲ့၏ ။
တက္ကသိုလ်သွားတော့လ်း သူမတို့အခြေအနကို သိသော ကျောင်းသားမိဘတစ်ဦးက ထင် မှတ်မထားသော အကူအညီတစ်ခုပေးခဲ့ပါသည်။ ရန်ကုန်မှ အသိအိမ်တစ်အိမ်တွင် အိမ်ရှင်သာ သမီးနှစ် ဦးကို စာပြပေးခွင့်ရအောင် ဆက်သွယ်ပေးခဲ့ခြင်း။
ပထွေးလုပ်စာကို မျှော်ကိုးစရာမလိုတော့။ အမေလည်း တစ်လတစ်လပိုက်ဆံကြိတ်စုရ သော အလုပ်တစ်ခုပိုမလာတော့။ ယခုတော့ ကျောင်းတက်ရင်း စာသင်ခဲ့တာ အချိန်ကာလတစ်ခု ထိ ပြီးမြောက်ခဲ့ပါပြီး ရန်ကုန်နှင့် လည် ကောင်းမွန်စွာ သူမနေသားကျခဲ့ပြီ။
“မေဖြူရေ .. ရေချိုးလို့ရပြီနော်”
တစ်ဆာင်တည်းနေ သူငယ်ချင်း အိခိုင်က ရေချိုးခန်းလွတ်ပြီ ဖြစ်ကြောင်း သတိပေးသည်။ အပြင်ကို ကြည့်ပြီး ငေးချင်ရာငေး၊ တွေးချင်ရာတွေးနေသော မေဖြူသတိဝင်သွားကာ…
“အေး အေး.. သူငယ်ချင်း”
“မြန်မြန်လုပ် တအောင့်နေအဆောင်ရှေ့ကို ဆို/အော်တွေ ရောက်လာတော့မှာ ”
နာမည် က တက်လူ။ နာမည် နှင့်လျော်ညီစွာ သူ့ကြိုးစားအားထုတ်မူကလည်း တလူလူ လွင့်လျက်ရှိသည်။ ယနေ့သည် ကျောင်းများ ပြန်ဖွင့်သော ကျောင်းဖွင့်ရက် ပထမနေ့၊ ကျောင်းနှင့် မနီးမဝေး ဆင်ခြေဖုံးရပ်ကွက်တွင်းမှ ခွက်ပုန်းဆိုင်တစ်ခုတွင် တက်လူ ငူငူကြီး ထိုင်နေပါ၏ ။ ရှေ့စားပွဲပေါ်တွင် အရက်ဖြူတစ်ပိုင်းနှင့် ပဲကြမ်းသုတ်တစ်ပွဲ ရှိနေသည်။
အချိန်က မနက် (၉) နာရီသာသာ။
ဤဆိုင်ကို တက်လူအားပေးခဲ့တာသည် နှစ် နှင့်ဆို လေးနှစ် တင်းတင်းပြည့်ပြီ။ ဆိုင်အခြေ အနေပတ်ဝန်းကျင်မှာ သည်လေးနှစ် အတွင်း ဘာမှမထူးခြားသလို တက်လူ တစ်ယောက် တည်း ဘာမှထူးခြားမလာခဲ့။ နောက်ဆုံးနှစ် ကို အကြိမ်ကြိမ် ပြန်တက်ရတာ တစ်ခုသာ ထူးခြားလာပါ သည်။
ပြီးတော့ ယမကာကို သစ္စာရှိသူအ ဖြစ် ပတ်ဝန်းကျင်အတွက် မှတ်ကျောင်တင်နိုင်ခဲ့သည်။ ထို့အတွက်လည်း ကိုယ့်ကိုကိုယ် ဂုဏ်ယူမဆုံး ဖြစ်ခဲ့မိ၏ ။ အချိန်ကို လှမ်းကြည့်တော့ ကျောင်းသွား ဖို့ သင့်နေပါပြီ။ ဒါပေမဲ့ တက်လူ သွားလို့မရသေး ။ လူ တစ်ယောက် ကို စောင့်ရဦးမည် ။
ယမကာ၏ ဘက်တော် သားအချင်းချင်း သစ္စာမရှိသူအ ဖြစ် ဘ၀တွင် အမည်းစက် အတင်မခံနိုင်။ လက်ကျန်ခွက်ကို တစ်ဘရိတ်တည်း ဆွဲလိုက်ကာ ပဲခြမ်းသုပ်ကို တစ်ဇွန်းခပ်စား လိုက်၏ ။ ရေချိန်က အနည်းငယ်ကျော်နေပြီ။ အမှန်က မနက်ပိုင်း အရေအတွက်သည် နှစ် ခွက်သာ ဖြစ်၏ ။ ပြန်ဖြေခြင်း ဖြစ်သည်မို့ စိတ်ကြိုက်ဆွဲလို့မရ။ ခေါင်းကိုက်ပျောက်၍ သာ နေသာထိုင်သာ ရှိ ရုံလောက်သာ။
ယခုက လူ တစ်ယောက် ကို စောင့်ရင်း သောက်နေသည် ဖြစ်ရာ လေးခွက်မြောက်နေပြီ။
“အရင်နေ့တွေ က ၈နာရီဆို ရောက်ပါပြီ။ ဒီနေ့ ဘယ်လို ဖြစ်တယ် မသိဘူး”
စိတ်တွင်းမှ တွေးမိလိုက်သလို သောက်ဖော်သောက်ဖက်အချင်းချင်းလည်း စိုးရိမ်ရပြန်ပါ သေးသည်။
ညက တော် တော် များ သွားတာ သိ၏ ။ သာမာန်အရက်ကျိုးသည်ဆိုလျှင် အကြောင်းမဟုတ် အန်ဖတ်တွေ ဘာတွေ များ ဆို့ပြီး….
တက်လူ အတွေးမဆုံးလိုက်၊ ချောင်းဆိုးသံ တဟွတ်ဟွတ်ကို အပြင်မှ ကြားလိုက်ရသည်။ စိတ်တွင်းမှ အလုံးကြီး ကျသွားတော့၏ ။ စောင့်မျှော်နေသော ဦးဘိုစွန် ရောက်ခဲ့ချေပြီ။ တက်လူကို မြင်တော့ ဆိုင်ဝမှ လှမ်းအော်သည်။
“ဟာ…..ဟေ့ကောင် မင်းရှိနေသေးတယ်လား။ ငါက မင်းမရှိတော့ဘူး ထင်နေတာ”
တက်လူ ဟက် ခနဲ ရယ်ရင်း….
“သွားမလားဗျာ….ခင်ဗျားကိုဖြေဖို့ စောင့်နေတာ”
ဘိုစွန်က ခုံတွင် ၀င်ထိုင်သည်။ ထည့်ထားသော အရက်ခွက်ကို တုန်ယင်နေသော လက်ဖြင့် လှမ်းယူကာ မော့သောက်၏ ။
“ရှီး…..အား…..”
အရက်ဝင်သွားပြီးချိန်မှာ တုန်နေသော လက်တွေ ရပ်သွားသည်။ ဖြူရော်နေသော မျက်နှာ က တစ်မုဟုတ်ချင်း သွေးရောင် လွှမ်းလာကာ ……..
“ညက တော် တော် များ သွားတယ်ကွာ……။ နိုးနေတာ ကြာပြီ။ ခေါင်းတွေ ကိုက်ပြီး မထ နိုင်လို့”
“ထင်တယ်….ကျွန်တော် တောင် ခင်ဗျားကို စိတ်ပူနေတာ”
“ရတယ်….ဘာမှမ ဖြစ်တော့ဘူး၊ အခု သွေးသစ်လောက်းလိုက်ပြီဆိုတော့ တစ်နေ့တာ လည်ပတ်လို့ ရသွားပြီ”
ဘိုစွန်က နောက်တစ်ခွက် ထပ်ချကာ….
“မင်းလည်း လုပ်ဦးလေ”
“တော် ပြီ…..ကျွန်တော် များ နေပြီ၊ ကျောင်းလည်း သွားရဦးမှာ ”
“ဟာ….အဲဒါဆို ပိုချရမှာ ပေါ့၊ ဒါမှ အရိပ်တွေ နှစ် ထပ်သုံးထပ် ဖြစ်ပြီး ကောင်မလေးတွေ ကြည့်ရာတာ တန်မှာ ”
ဘိုစွန်က တစ်ခွက်ထပ်ငှဲ့ပေး၏ ။ ဇာတ်တူသားချင်း ဒါမျိုးစိန်ခေါ်လျှင် တက်လူဆိုသည့် ကောင်က ဘက်မရွေးတက်၊ အံကြိတ်ကာ လည်ချောင်းတွင်း တစ်ခွက်ထပ်ထည့်သည်။ ထို့နောက် မှာ ……
“ကဲ….ဒါဆို ကျွန်တော် သွားတော့မယ်။ ညနေ အိမ်မှာ ပဲ မလား”
“အေး……အိမ်ကိုပဲ လာခဲ့”
ဘိုစွန်ဆိုသည်က တစ်ဦးတည်းနေထိုင်သူ လူပျိုကြီး၊ အမွေရထားသော ပိုက်ဆံတွေ ဖြင့် ဘာအလုပ်မှ မလုပ်ဘဲ အရက်ထိုင်သောက်နေသူ။ ဘိုစွန်အိမ်က မြောက်ဘက်အစွန်ဖျားမှာ ရှိသည်။ ပေါ့သေးသေးတော့ မဟုတ်။ တိုက်နှင့်တာနှင့်။
တကယ်တော့ ဘိုစွန်မှာ သူ့ထက်အက် ဆယ့်ငါးနှစ် ကျော်လောက်ပင် ကြီးပါသည်။ သို့ သော် တစ်ပိုင်းတည်း ထိုင်သောက်လျှင် ယမကာဖွား သက်တူရွယ်တူများ ပင် မဟုတ်ပါလား။ ဒီ တော့ အခေါ်အဝေါ် အသုံးအနှုန်းကအစ ခင်ဗျားနှင့် ကျွန်တော် ပင် ဖြစ်၏ ။
ထိုနေ့က ကျောင်းရှေ့တွင် အန်ဖတ်ပုံတို့အလယ်၌ မူးပြီး အိပ်ပျော်နေသူကျောင်းသားတစ် ယောက် ကို ထူးထူးခြားခြား မြင်ရပါသည်။
ကျောင်းဖွင့်ရက် ပထမနေ့မှာ -
လန်းစွင့်တက်ကြွနေသော ကျောင်းသား/ သူတို့ အလယ်မှာ ….
အမိတက္ကသိုလ်၏ ရင်ငွေ့တော် အောက်မှာ …….
တက်လူ ကတော့ တက္ကသိုလ်သမိုင်းတွင် နေ့သစ်တစ်ရက် စိုက်ထူနိုင်ခံလေပြီ။
ခေါင်းတွေ တဆစ်ဆစ်ကိုက်နေသော ကြောင့် ပထမချိန်ပြီးသည်နှင့် သိန်းဌေးအခန်းပြင် ထွက်ခဲ့ပါသည်။ ညက လမ်းထိပ်လက်ဖက်ရည်ဆိုင်တွင် ဘောလုံးပွဲ ကြည့်ကာ မနက်လေးနာရီမှ အဆောင်ပြန်ရောက်သည်။ အဆောင်တွင် လည်း ကောင်းကောင်း အိပ်မပျော်ခဲ့။
အကြောင်းက သုံးပွဲလောင်းတာ သုံးပွဲလုံး ဂွမ်းသွားခဲ့သည်။ မဟုတ်ပါလား။ မနက်ကျောင်း လာတော့ ၀င်ရှင်းပေးခဲ့ရသော ရှုံးကြေးကပင် နည်းနည်း နောနောမဟုတ်။ ယခုတော့ အိတ်ကပ် တွင်း ငါးရာသာ ကျန်ပါတော့သည်။အချိန်စောသေးသည်မို့ ဗိုက်မဆာသေး။
ဆာလည်း ကျောင်းပြင်ထွက်၍ သာ အထမ်းသည်ထံတွင် အသုပ်စားရတော့မည် ။ ငါးရာနှင့် က ကျောင်းကန်တင်းများ တွင် ကပ်လို့ရမည် မဟုတ်။ လောလောဆယ်တော့ အရမ်းအိပ်ချင်သည်။ ထို့ကြောင့် ခြေလှမ်းများ က အိပ်လို့ရမည် နေရာတစ်ခုစီ ဦးတည်ကာထားသည်။
သမိုင်းဆောင်အနီးမှ ရေကန်၊ ထိုရေကန်ပတ်လည်မှာ သစ်ပင် ကြီးများ အုပ်အုပ်ဆိုင်းဆိုင်း ရှိသည့်အပြင် လူသူလည်း အရောက်အပေါက်နည်းသည်။ အရင်နှစ် တွေ ကတော့ ကျိတ်ဝိုင်းများ ပေါသော အရပ် ဖြစ်၏ ။ ယခုတော့ ကျောင်းဖွင့်စပင် ရှိသေးတာမို့ ၀ိုင်းမဖွဲ့လောက်သေး။
ရေကန်အနီးရောက်တော့ ချုံပုတ်တစ်ခုအကွယ်တွင် ကျောင်းသား တစ်ယောက် ထိုင်နေ သည်ကို မြင်ရပါ၏ ။ သူ့လိုအိပ်စက်ရန် နေရာယူနေခြင်းတော့ မဟုတ်။ ထန်းရည်ကို ရေသန့်ဘူးနှင့် ထည့်ကာ ပိုက်နှင့်စုတ်သောက်နေခြင်း၊ ခိုးသောက်နေသော အမူအရာမျိုးလည်းမဟုတ်။ လူသူ ကင်းလွတ်ရာ အရပ်မှာ မို့ အေးအေးလူလူ စည်းစိမ်ခံနေသော အမူအရာမျိုး။
ပထမတော့ ကိုယ့်လမ်းကိုယ်သွားဖို့ စဉ်းစားမိသော်လည်း ခေါင်းတွင်းဝင်လာသော အကြံတစ်ခုနောက်မှာ ….ဒါဟာ ငွေလိုနေသော သူ့အတွက် ခွင့်ကောင်းတစ်ခု ဖြစ်သွားနိုင်သည်မဟုတ်ပါလား။ သစ်ပင်ကွယ်တွင် ရပ်ကာ ထန်းရည်ကုန်အောင် ခဏစောင့်ကြည့် နေလိုက်သည်။
ထန်းရည် ကုန်သွားစဉ်မှာ တော့…
အကွယ်မှထွက်လာသော သူ့ခြေသံကြားစဉ် သကောင့်သားမှာ ထန်းရည်ဘူးကို ခပ်ဝေး ဝေး လွှင့်ပစ်၏ ။ ဒါပေမဲ့ သူ့လိုကိုယ်လို ကျောင်းသားတစ်ဦး ဖြစ်ကြောင်း သိတော့…
“ခင်ဗျားကလည်း လန့်လိုက်တာဗျာ”
မလုံသလို အမူအရာဖြင့် နောက်လှည့်ပြောရာ….
“ုလုပ်စမ်းပါဦးဗျ……..ထန်းရည်ကျန်သေးရင်”
သိန်းဌေး ခပ်တည်တည်ပြောပြီး ဘေးမှာ ၀င်ထိုင်လိုက်သည်။
“မရှိတော့ဘူးဗျ….ကုန်လို့ လွှင့်ပစ်လိုက်တာ ခင်ဗျား အမြင်ပဲ”
“သောက်နေတာ ကြာပြီလား”
“ကြာပြီ…..ကျောင်းရောက်တည်းကပဲ”
သိန်းဌေး လေးစားစွာ ပခုံးတွန့်မိလိုက်သည်။ တကယ့် ကိုကြီးကျော် နွယ်ဖွားတွေ ပါလား။ မျက်နှာကို တစ်ချက်ရှိုးတော့ နည်းနည်း အရှိန်တက်နေသလို နီစစ ဖြစ်နေသည်။
“ခင်ဗျားကြည့်ရတာ ထန်းရည် တော် တော် ကြိုက်မယ့်ပုံပဲ”
“ဟာ…အညာသားလေဗျာ။ ထန်းရည်ကြိုက်တာ ကတော့ လာမယှဉ်နဲ့ ”
အညာသားဆိုပါလား။ ဒီလိုဆို ခွင်တည့်လေပြီ။
“ဟုတ်တယ်ဗျ။ …ကျွန်တော့်  သူငယ်ချင်းတွေ ထဲမှာ လည်း အညာသားတွေ ရှိတယ်။ ထန်း ရည်ကို တအားကြိုက်တာ။ ပြီးတော့ ရေလည်း တော် တော် ကြောက်ကြတယ်။ ခင်ဗျားတို့အညာသားတွေ ရေကြောက်တာ ထုံးစံလား”
“ဘာလဲဗျ….ရေကြောက်တာ”
လျှာမလေးတလေးနဲ့ ပြန်မေးလာတော့………
“သြော်….ဒီလိုဗျာ။ မြစ်ရေ ချောင်းရေကို ကြောက်တတ်တယ်လို့ ပြောတာ။ ရေထဲ မဆင်းရဲပါဘူးဗျာ”
“ခင်ဗျား ဘယ်သူပြောလဲ”
“ပြောတာမဟုတ်ဘူး။ လက်တွေ့ ပဲ။ ကျွန်တော် တွေ့ ဖူးသမျှ အညာသားတွေ အကုန်လုံး ရေကြောက်ကြတယ်”
အမည် မသိ အညာသားကြီးမှာ ထူအမ်းအမ်းမျက်နှာနှင့် ခေါင်းကို ဘယ်ညာယမ်းသည်။
“ပေါက်ကရတွေ ပါဗျာ….ဘယ်အညာသားမှ ရေမကြောက်ဘူး။ ကျွန်တော် ဆို ဧရာဝတီမြစ် ကမ်းဘေးမှာ နေတာ ရေကြောက်ဖို့မပြောနဲ့ ဧရာဝတီမြစ် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းလောက်က တော့ အသာလေးပဲ”
သိန်းဌေး ဖျတ်ခနဲ ထိုလူ့လက်မောင်းကို လှမ်းကိုင်ကြည့်လိုက်သည်။ ပြီး ခပ်မဲ့မဲ့ပြုံးရင်း….
“မ ဖြစ်နိုင်ဘူး ထင်တယ်နော်။ ခင်ဗျား လက်မောင်း ကိုင်ကြည့်ရတာ ပျော့ဖတ်ဖတ်နဲ့ ဧရာ ၀တီဟိုဘက်ကမ်းတော့ မ ဖြစ်နိုင်လောက်ဘူး”
ထန်းရည်ရှိန်နှင့် မခံချင်မူပေါင်းကာ မျက်နှာကြီး နီတက်လာသည်။
“ကျွန်တော့်အထင်တော့ ခင်ဗျား….ဒီရေကန် ၊ ဟိုဘက် ဒီဘက်တောင် ရောက်မယ် မထင်ဘူး”
“ဘာလို့ မရောက်ရမှာ လဲဗျ”
“မဟုတ်ဘူးနော်…..စဉ်းစားဦး၊ ဒါက ရေသေ၊ ရေရှင်လို မဟုတ်ဘူး၊ မကူးတတ်ရင် ပွဲသိမ်း သွားမယ်”
“ဘာပွဲမှမသိမ်းဘူး။ ဒီလောက်တော့ လက်ကြိုးတုပ်ပြီး ကူးတောင်ရောက်တယ်”
“ဟုတ်ပ့ါမလား…..ဒါဆို ခင်ဗျားနဲ့ ကျွန်တော် လောင်းမလား”
“လောင်းမယ် ဘယ်လောက်ကြေးလဲ”
“ငါးရာကြေး”
သူကောင်းသားမှာ လွယ်အိတ်တွင်းမွှေနှောက်ရှာဖွေပြီး ငါးရာတန်တစ်ရွက် ထွက် လာသည်။ သိန်းဌေး၊ အိတ်ထဲမှ ငါးရာတန်တစ်ရွက်ကို ခပ်သွက်သွက် ထုတ်လိုက်၏ ။ ပိုက်ဆံနှစ် ရွက်ကို ခဲနှင့် မြေမှာ ဖိပြီး မကြာလိုက်၊ လက်စွမ်းပြချင်နေသူ အညာသားမှာ ရေကန်ထဲ ဒိုင်ဗင်ထိုး ဆင်းသွားလိုက်တော့၏ ။
ပြီးလေပြီ။ ဟိုဘက်ကမ်းရောက်တာမရောက်တာ ကိုယ်နှင့်မဆိုင်တော့။ ကိုယ်နှင့်ဆိုင်တာ က ကျောက်ခဲဖိထားသော ပိုက်ဆံတစ်ထောင်၊ အိတ်တွင်းထည့်ကာ လှည့်ပြန်မည် ပြင်ဆင်မှာ ပဲ..
“အာ…..၀ု……၀ု………ဗွမ်း…….ဗွမ်း………”
ထူးဆန်းသော အသံများ ကြောင့် နောက်လှည့်ကြည့်စဉ်…..
“ဟာ…….”
မျက်လုံးပြူးသွားရသည်။ ဧရာဝတီ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းကူးနိုင်သည်ဆိုသော ညောင်ဦးဖီးလက်သစ် ကမ်းမှ ဆယ်ပေအကွာ လောက်တွင် ရေနစ်နေပြီ။
“အာ……၀ု……..အာ………၀ု”
ကန်ထဲတွင် မြုပ်လိုက်၊ ပေါ်လိုက်နှင့် မပဋာရေလူးသွားစဉ်မှာ တော့……
“ကယ်ကြပါဦးဗျို့….ဒီမှာ ကျောင်းသား တစ်ယောက် ရေနစ်နေလို့ ကယ်ကြပါဦးဗျို့”
သံကုန်ဟစ်အော်တော့ ခဏချင်းပဲ လူတွေ ၀ိုင်းလာသည်။ရေကန်တွင် လက်ညှိုးထိုး ပြရင်း…
“ဟိုမှာ ……ဟိုမှာ …..လုပ်ကြပါဦး၊ သေပြီလားမသိဘူး”
ရေကူးတတ်သူများ ၊ ကန်တွင်းခုန်ဆင်းကာ ကယ်ဖို့ကြိုးစားသည်။ နီးစပ်ရာ ဆရာ/မများ လည်း ရောက်လာသည်။
လက်ကြိုးတုပ်ပြီး ကူးမည် ဆိုသော ညောင်ဦးဖီးလက်သစ်မှာ တော့…..
“ကဲ…..ပြောစမ်း၊ မင်းတို့ ဘာဆင်းလုပ်ကြတာလဲ”
ကျောင်းအုပ်အော်သံက အခန်းတွင်းမှာ ဟိန်းထွက်သွား၏ ။တစ်ခန်းလုံး ငြိမ်သက်တိတ် ဆိတ်ပြီး ကျောက်ရုပ်တွေ အလား ထောင်မတ်ကာ နေပါသည်။ သိန်းဌေးမှာ မတ်တတ်ရပ် လက်ပိုက်နေညပီး အညာသား ကတော့ ခုံတစ်လုံးမှာ မျော့တော့တော့ထိုင်နေ၏ ။
ဆရာတစ်ဦး၏ အ၀တ်အစားနှင့်လဲဝတ်ထားသည်မို့ ပုံစံက ကပိုကရို၊ ရေမွမ်းထားသည် ကြောင့် မျက်လုံးများ နီရဲကာ သုတ်ထားသော ဆံပင်က ရေမပြောင်၍ တစ်ချောင်းချင်းထောင် လျက်ရှိနေသည်။ဆရာအချို့လည်း အခန်းအတွင်းမှာ ကျောင်းအုပ်ကြီး ဒေါပွနေသည်မို့ သူတို့လည်း မလှုပ်ရဲ။
ဖြေရှင်းသံ ထွက်မလာတော့……
“ဒါမင်းတို့ အပျော်အပျက် ရေဆင်းကူးရအောင် တူးထားတဲ့ ရေကန် မဟုတ်ဘူးကွ၊ နားလည်လား။ မတော် လို့ သေသွားရင် ငါတို့အကုန်လုံး ထောင်ထဲ ရောက်သွားလိမ့်မယ်။ မင်းတို့ ကွာ…..တောက်”
တောက်ခတ်သံကြောင့် ညောင်ဦးဖီးလက်သစ်မှာ တုန်သွားသည်။ သေချာပေါက် ကျောင်း ထုတ်ခံရပြီဟူသော အသိနဲ့ မျက်နှာပါ ညှိုးကျသွား၏ ။
“ကဲ…….ပြောကြလေကွာ၊ မင်းတို့ ဘာဆင်းလုပ်ကြတာလဲ”
သိန်းဌေး သက်ပြင်းကို ချလိုက်ပါသည်။ မ ဖြစ်တော့။ တစ်ဖက်က မလှုပ်တော့ သူပင် ဦး ဆောင်ဖြေရှင်းရတော့မည် ။ ခေါင်းဆောင်စိတ်ဟူသည် တာဝန်ယူတတ်ခြင်းက စတင်လာသည်မ ဟုတ်ပါလား။
“အမှန်အတိုင်းပြောရရင်တော့ ကျွန်တော် တို့ ရေဆင်းကူးတာ မဟုတ်ပါဘူး”
ကျောင်းအုပ်ကြီး မျက်လုံးပြူးကာ ဆရာအားလုံးမှာ ခေါင်းမော့သွားရ၏ ။ ချက်ချင်း ပင် သိန်းဌေးပုံစံက နတ်ဝင်သလို ဆေးတို့ခံလိုက်ရသလို ဖြစ်သွားကာ….
“ကျွန်တော် အဆောင်ကထွက်လာကတည်းက ကိုယ့်ကိုယ်ကို သတိထားမိတယ်။ ဘာလဲဆိုတော့ ကျွန်တော် ဟာ ပုံမှန်မဟုတ်ဘူး။ အာရုံထွေပြားပြီး ရင်တွေ တုန်နေတယ်။ ပြီးတော့ ကျွန်တော့်ကိုယ်ထဲမှာ ကျွန်တော် မဟုတ်တဲ့ အခြား တစ်ယောက် ၀င်နေသလိုပဲ”
“ဟေ့ကောင် မင်းဘာတွေ ပြောနေတာလဲ”
ကျောင်းအုပ်ကြီးက နားမလည်စွာ ထမေးတော့ သိန်းဌေး မသိယောင်ဆောင်နေလိုက်၏ ။ အတွေးထဲမှာ မျောနေသလို စိတ်ကူးထဲမှာ ၀င်စားနေသလို။ ကိုယ်တိုင်တွေ့ ကြုံခဲ့ရသော သမိုင်း ရာဇ၀င်တစ်ခုကိုပြောပြနေသလို။
“ကျွန်တော် နားထဲမှာ ခေါ်သံလိုလို တစ်ခုကိုကြားနေရတယ်။ ကျွန်တော် နာမည် ကို ခေါ်နေတာ ဟိုးအဝေးကြီးက လှမ်းခေါ်နေသလိုမျိုး ဆွဲဆွဲငင်ငင်နဲ့ ။ အတန်းထဲမှာ ထိုင်ပြီး စာသင် နေတယ်ဆိုတာတောင် မေ့သွားရပါတယ်။ သုံးခါလောက် ခေါ်သံကြားပြီးနောက် ကျွန်တော် မနေ နိုင်တော့ဘူး။ စာသင်ခန်းပြတင်းပေါက်ကနေ အပြင်ကို ခေါင်းထွက်ကြည့်လိုက်တယ်။ အဲ့ဒီမှာ အဘွားကြီး တစ်ယောက် အဆောင်ဝင်ပေါက်သံဘာဂျာတံခါးကိုကိုင်ပြီး ကျွန်တော့်ကို လက်ယပ်ခေါ်နေတယ်။ ဆံပင်တွေ ဆွတ်ဆွတ်ဖြူပြီး တစ်ခေါင်းလုံးလည်း ပန်းတွေ ဝေလို့။ ကျွန် တော် ကိုကြည့်ပြီး လက်ယပ်ခေါ်နေတာ။ ကျွန်တော် မနေနိုင်တော့ဘူး။ ထိုင်ရာကနေထပြီး အခန်းပြင် ထွက်သွားလိုက်တယ်”
စကားကိုရပ်တော့ အားလုံးက သူ့ကို မမြင်ဖူးသော လူ တစ်ယောက် လို တအံ့တသြ ကြည့် နေသည်။ ညောင်ဦးဖီးလက်သစ်ပင်မ သူ့ကို အကြောင်သားငေးလို့…
“အပြင်ရောက်တော့ အဲ့ဒီအဘွားကြီးက ကျွန်တော့်ခေါင်းကို ပုတ်ပြီး တစ်နေရာခေါ် သွားတယ်။ သူ ဘယ်သူလဲဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော့် စိတ်က အဲ့ဒီအဘွားကြီး နောက် လိုက်ချင်နေတယ်။ မလိုက်ရ မနေနိုင်အောင်လည်း စိတ်တစ်ခုခုက ကျွန်တော့်ကို ဦးဆောင် နေတယ်ထင်မိတယ်။ လမ်းတစ်လျှောက်လုံးလည်း ကျွန်တော် ဘာကိုမှမသိတော့ဘူး။ တစ်နေရာရောက်တော့ အဘွားကြီးက လက်ညှိုးထိုးပြတယ်။
ကြည့်လိုက်တော့ …အမယ်လေးဗျာ….လှလိုက်တာ။ ကျွန်တော် တစ်သက်နဲ့ တစ်ကိုယ် မမြင်ဖူးအောင်လှတဲ့ လမ်းမကြီး၊ ရှေ့မှာ လည်း ၀တ်ကောင်းစားလှတွေ ၀တ်ပြီး လူတွေ သွားနေကြ တယ်။ ကျွန်တော့်ကိုလည်း သူတို့က လက်ယပ်ခေါ်နေတယ်။ စိတ်ထဲမှာ သူတို့နောက် လိုက်ချင် စိတ်တွေ ထိန်းမရတော့ဘူး။ လမ်းမကြီးပေါ် ခြေချလိုက်တယ်ဆိုရင်ပဲ ဇက်ပိုးကို တစ်ယောက် ယောက် ပိတ်အုပ်လိုက်သလို ကျွန်တော် လည်ထွက် သွားပါတယ်။ မြေပေါ်မှော က်ကျပြီး သတိရ တဲ့အချိန်မှာ ရေကန်စပ်ကို ရောက်နေပြီ။ အဲ့ဒီမှာ ရေနစ်နေတဲ့ သူ့ကို တွေ့ တာပါပဲ ”
“ဟာ……”
“ဟယ်….”
“ဘုရား….ဘုရား…….”
ဆရာတွေ ပါးစပ်ဟောင်းလောင်းပွင့်သွားစဉ် ရွှေညာသားကို မျက်လုံးတစ်ဖက် ဖမ်းမှိတ်ပြလိုက်သည်။ ထိုစဉ်မှာ ပဲ….
“ဟုတ်ပါတယ်…ကျွန်တော် လည်း သူ့အတိုင်းပါပဲ။ စာသင်နေတုန်းမှာ နာမည် ခေါ် သံကြားလို့ ထွက်ကြည့်တော့ တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူနေတဲ့ မိန်းမကြီး တစ်ယောက် ကို တွေ့  ရတယ်။ သူကပဲ ဦးဆောင်ခေါ်သွားပြီး လမ်းမကြီးတစ်ခုကို ညွှန်ပြပါတယ် သူ ပြောသလိုပါပဲ။ တစ်သက်နဲ့ တစ်ကိုယ် မမြင်ဖူးလောက်အောင် လှတဲ့လမ်းမကြီးပါ။ ၀တ်ကောင်းစားလှတွေ နဲ့ လူတွေ အများ ကြီးလည်း သွားနေပါတယ်။ ကျန်တာ ဘာမှမသိတော့ဘူး။ သူတို့နောက် လိုက်ချင် တဲ့စိတ်ပြင်းပြပြီး ပြေးဆင်းသွားတာပါ။ ကျွန်တော် သိနေတာတစ်ခုတော့ စိတ်ထဲမှာ တအားပျော် နေတယ်ဆိုတာပါပဲ”
ကျောင်းအုပ်ကြီးအသံ ထွက်မလာတော့၊ နားထောင်နေသော ဆရာများ လည်း မျက်စိတွေ မျက်နှာတွေ ပျက်ကုန်သည်။ ဒီလိုဆိုတော့လည်း မခေပါလားဟု ရွှေညာသားကို သိန်းဌေး ချီးကျူး နေမိလိုက်သည်။
“မင်းတို့ တကယ်ပြောနေတာလား”
ကျောင်းအုပ်ကြီး အမေးစကားဆုံးစဉ် သိန်းဌေး ခေါင်းကိုငုံ့ချလိုက်ပစ်၏ ။ ထိုနောက်မှာ ၀မ်းနည်း ပက်လက်ထွက်လာသော အသံမျိုးဖြင့် ….
“အသက်နဲ့ ရင်းထားရတာ ပါ…….ဆရာကြီးရယ်”
ရွှေညာသားက Tempo ကို တစ်ဆစ်ချိုးကာ တရှုပ်ရှုပ်ငိုသည်။ လက်မတင်လေး အသက် ပြန်ရှင်ခွင့်ရသည့်ပုံစံမျိုး တရှုတ်ရှုတ်ငိုနေရာမှ သူ့ဘက်လှည့်ထွက်လာပြီး……
“သူငယ်ချင်းရာ……မင်းကို အရမ်းကျေးဇူးတင်ပါတယ်ကွာ၊ င့ါမှာ မင်းပေးတဲ့အသက်ပဲ ရှိ ပါတော့တယ်”
ရွှေညာသား၏ အိုက်တင်နောက်မှာ ကျောင်းအုပ်ကြီးမျက်နှာကို လှမ်းရှိုးမိလိုက်ပါ တော့သည်။ အခြေအနေတစ်ရပ်ကို ဆင်ခြင်မိသွားပြီး ချိန်မှာ သိန်းဌေး လျှို့ဝှက်စွာ ပြုံးမိလိုက် တော့၏ ။
သေချာပေပြီ။ သူတို့ ကျောင်းထုတ်ခံရမည် မဟုတ်တော့။
ထိုသတင်းမှာ နောက်တစ်နေ့ မနက်မှစပြီး တစ်ကျောင်းလုံးကို တုန်လှုပ်သွားစေခဲ့ပါသည်။ သမိုင်းဆောင်ဘေးရေကန်နှင့် ပတ်သက်၍ လည်း ထင်ကြေးအမျိုးမျိုးတွေ ထွက်ကုန်ပါသည်။
ရေကန်တွင် ဥစ္စာစောင့်တွေ ရှိသည်ဆိုတာမျိုး၊ ကန်အောက်တွင် သိုက်နန်းရှိရာ ရေကန် တူးစဉ်က သိုက်နန်းနှင့်မလွတ်ဘဲ ရှိခဲ့သည်ဆိုတာမျိုး၊ ကျောင်းအုပ်ကြီးကို အိပ်မက်ပေးကာ ယခု ဥစ္စာစောင့်မှာ လူလဲချင်နေသည်ဆိုတာမျိုး သတင်းစုံအောင် ထွက်သွားသည်။
ကျောင်းသူ/သားများ မှာ လည်း ထိုအနီးဝန်းကျင်ကို အလိုလိုရှောင်ကုန်ကြပါသည်။ နောက် ဆုံး နတ်ဆရာ တစ်ယောက် ပင့်ကာ ကန်တော့ပွဲပေးရသည့်အဆင့်ထိပင် ဖြစ်သွား၏ ။
သိန်းဌေးတို့ မချက် ကတော့ တစ်ကျောင်းလုံး တုန်လှုပ်ခဲ့ချေပြီ။
![]() လက်ညိုးထိုး၍ ပန်းဝေသည် | ![]() One Day | ![]() ဆိုက်ကိုဆော့ဝဲဖ် |