Cover

အခန်း (၁)

I

“ဟယ်လို …. မိုးညာလား”

“အေး”

“လင်းခ စကားမှန်ပြန်ပြီ”

“ဟင် … ဘယ်လို ….”

စကားသံတို့မြန်သွားသည်။

“နင်သတင်းစာဖတ်ပြီးသွားပြီလား”

“ဟင့်အင်း … မဖတ်ရသေးဘူး”

“ညက (၅၇)လမ်းမှာ ဆောက်လက်စတိုက်ပေါ်က လူ တစ်ယောက် ပြုတ်ကျပြီး သေ သွားတယ်တဲ့”

“ဟင်”

သူမရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

“အဲ … အဲဒါက ….”

“ညက ဆယ့်တစ်နာရီခွဲလောက် လင်းခ ငါ့ဆီဖုန်းဆက်တယ်။ သူအိမ်မက်မက်တယ် တဲ့။ အိမ်မက်ထဲမှာ အုတ်စတွေ ဖွာခနဲ လွင့်ကျလာတယ်။ ပြီးတော့ လူ တစ်ယောက် ပြုတ်ကျ လာတယ်တဲ့”

“ဟယ် …”

“ဘယ်သူမှန်းတော့ သူလည်း သေချာမမြင်လိုက်ဘူး။ ဒါပေမယ့် အဲဒီ ကျသွားတဲ့လူက ခေါင်းမှာ မီးလင်းနေတယ်တဲ့”

“ဘယ်…. ဘယ်လို…”

သူမစကားတို့ တုန်ရီစွာ အထစ်သွားရသည်။ ထိုစဉ်မှာ ပင် စကားသံက ဆက်ထွက်လာ ၏ ။

“ဒီနေ့မနက် သတင်းစာမှာ ငါတွေ့ လိုက်တယ်။ (၅၇)လမ်း ဆောက်လက်စ တိုက်ပေါ် ကလူ တစ်ယောက် ပြုတ်ကျသေသွားတာ။ ပြုတ်ကျသွားတဲ့လူက အဲဒီ တိုက်ကို ဆောက်နေတဲ့ လက်ထောက်အင်ဂျင်နီယာ တစ်ယောက် ။ ညဘက် လိုက်စစ်ဆေးရင်း မခြောက်သေးတဲ့ ကြမ်းခင်းကို နင်းမိပြီး ပြုတ်ကျသွားတာ။ နောက်ပြီး အဲဒီ လူက လုပ်ငန်းသုံး လိမ္မော်ရောင် ၀တ် စုံကြီးကို ၀တ်ထားတယ်။ ပြီးတော့ နဖူးပတ်ဓာတ်မီးပါတဲ့ ခေါင်းပတ်ကို ပတ်ထားတယ်တဲ့”

“ဘုရားရေ…”

“ကတ္တရာလမ်းပေါ် မှော က်လျက်ကြီး အသက်ပျောက်နေတဲ့ ခန္ဓာကိုယ်ကြီး (….. ) သတင်းစာထဲမှာ တော့ သွေးပျက်စရာပဲ”

အသံတို့ တိုးတိတ်သွားလေပြီ။ သူမ ဟန်ချက်မထိန်းနိုင်တော့စွာ ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။ နားထင်မှ သွေးကြောတို့ တဆက်ဆက်တုန်နေကြောင်း သတိထားမိ သည်။ ထိုစဉ်မှာ ပင် ….

“အံ့သြစရာအကောင်းဆုံးတစ်ခုက လင်းခ အိမ်မက်မက်ပြီး ဆယ်မိနစ်အကြာမှာ အဲဒီ လူပြုတ်ကျသေသွားတာပဲ”

“အို့ ….”

သူမနှုတ်မှ အာမေဋိတ်မကျတကျ ထိတ်လန့်တိုးညည်းသံတစ်ခု အလိုလို ညည်းတွား သွားသည်။

အရာအားလုံးနိုးထလှုပ်ရှားမှု ကင်းမဲ့လျက်။

တိတ်ဆိတ်ညွှတ်ခြုံပါးလျမှု ကား အရာရာတွင် ပျံ့လွင့်ကာနေသည်။ ဖုန်းခွက်နှင့် လက် ဖ၀ါးတို့ကြားတွင် စိုစွတ်စွတ် အထိအတွေ့ တစ်ခု စိမ့်ထွက်တို့ထိလာပြီးသည့်နောက် ….

“သူရ … နင် …. နင်အဲဒါကို ဘယ်လိုသဘောရလဲ”

သက်ပြင်းချသံတစ်ခုက ၀ါယာကြိုးဖြူဖျော့ဖျော့အတွင်းမှ စီးမျောကာလာသည်။

“ငါ ကတော့ တိုက်ဆိုင်မှု တစ်ခုထက် ကျော်လွန်ပြီးတော့ မတွေး ဖြစ်သေးဘူး။ ငါလက် မခံချင်သေးဘူးဟာ”

အဲလောက်ပါပဲ။ အဲလောက်နဲ့ သတင်းပေးဆွေးနွေးမှု တစ်ခုက ပြီးဆုံးသွားခဲ့ပါသည်။

ဟုတ်ပါတယ်။ သူရလား။ သူမလား မသိပေမယ့် ဖုန်းတော့ တစ်ယောက် ယောက် က ဦးအောင်ချသွားခဲ့တာပါ။

II

အင်းယားရေပြင်က ကချေသည် တစ်ယောက် ရဲ့ ကကွက်လို ယိမ်းနွဲ့လှုပ်ရှားနေသည်။ သူရ၊ မိုးညာ၊ ဝေမာတို့ သုံးဦး ကတော့ ငြိမ်သက်မှု ကိုယ်စီဖြင့် တိတ်ဆိတ်ကာနေသည်။ ချမ်း အေးမှာ ဆံပင်စိုစိုတို့ကို သဘက်ဖြင့် ပွတ်တိုက်နေ၏ ။ လှေလှော် ရွက်တိုက်အသင်းတွင် ထရိန်နင်အပြီး ရေကူးထားခြင်း ဖြစ်သည်။

အကုန်လုံး၏ မျက်နှာပေါ်၌ ဘာမှန်းဝေခွဲမရသော အငွေ့အသက်တွေ ထင်ဟပ်နေ သည်။

သူတို့လေးယောက် ၏ ရှေ့တွင် ကား ယနေ့ထုတ်သတင်းစာတစ်စောင်။ ပြီးတော့ လေး ယောက် လုံးပုံစံက တစ်စုံ တစ်ယောက် အား စောင့်မျှော်နေသည်မှာ ပေါ်လွင်လွန်းလှပါသည်။

ဟုတ်ပါသည်။ သူတို့အားလုံး ယနေ့ခေတ်၏ အရောင်းရဆုံး စာရေး ဆရာ “သိုး” (ခေါ်) လင်းခကို မျှော်နေတာပါ။ ဒါပေမယ့် လေးယောက် စလုံးမှာ မျက်နှာမကောင်းကြ။ အဓိက ကတော့ စားပွဲအလယ်တွင် ရှိနေသော သတင်းစာထဲမှ သတင်းတစ်ပုဒ်ကြောင့် ဖြစ်သည်။

ဝေမာနှင့် ချမ်းအေးတို့ နှစ် ယောက် မှာ လည်း အကြောင်းစုံသိပြီးသွားပြီမို့ အံ့သြမှု နှင့် မယုံကြည်နိုင်မှု တို့ လွန်ကဲနေသည်။ အားလုံးက ခေတ်ပညာတတ်တွေ ဖြစ်နေတော့ ပိုဆိုး၏ ။ ယုတ္တိမတန်သော ကိစ္စရပ်တွေ ဆိုလျှင် ဒီဘက်ခေတ်မှာ ဘယ်သူမျှ လက်မခြံ ကတော့။

အဲဒီ အထဲမှာ သူရ၊ ချမ်းအေးနှင့် ဝေမာတို့ပါသည်။ ဒါပေမယ့် -

“ဟိုမှာ .. .လင်းခလာပြီ”

ဝေမာက မေးငေါ့ကာပြောတော့ အားလုံး၏ အကြည့်တွေ က ညွှန်ပြရာဆီ ရောက်သွား သည်။ လင်းခကားလေးက မနှေးမမြန်အရှိန်ဖြင့် ထိုးစိုက်လာပါသည်။ လင်းခကားလေးက မနှေးမမြန်အရှိန်ဖြင့် ထိုးစိုက်လာပါသည်။ ပြီးတော့ ကားတံခါးကို ဖွင့်ရင်း လင်းခဆင်းလာ သည်။

အမြဲတမ်း ပြုံးရွှင်နေတတ်သော လင်းခမျက်နှာမကောင်း။ ကြီးမားသော ၀န်ထုပ်ကြီး တစ်ခု ထမ်းပိုးထားရသလို လမ်းလျှောက်ပုံကအစ လေးလံနေသည်။ စားပွဲဝိုင်းနားရောက် တော့ အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ အားနာပြုံးဖြင့်. ….

“ရောက်နေတာ ကြာပြီလား။ ဆောရီးကွာ.. .စိတ်ထဲမှာ သိပ်မကြည်တာနဲ့ မနက်အ စောကြီးကတည်းက ဘုရားရှိခိုးကျောင်းမှာ ရောက်နေတာ။ နည်းနည်း ကြာသွားတယ်”

ပြောပြီး ၀င်ထိုင်လိုက်တော့ သတင်းစာဆီသို့ အကြည့်အရောက် မျက်နှာတစ်ချက် ပျက်ကာသွားသည်။ နောက် အားလုံးကို ဝေ့ကြည့်ရင်း -

“အကုန် သိပြီးသွားကြပြီပေါ့”

သက်ပြင်းနှင့်ရောကာ ထွက်လာသည့် အမေးစကားကြောင့် အားလုံးခေါင်းညိတ်ပြကြ သည်။ လင်းခပုံစံက စိတ်လှုပ်ရှားမှု ကို အတင်းဖုံးဖိထားရသော ပုံစံမျိုး ဖြစ်၏ ။ ဆေးလိပ်တစ် လိပ်ကို နှုတ်ခမ်းတွင် တေ့ကာ တည်ငြိမ်မှု ရှာနေသည်။ ထိုစဉ်မှာ ပင် ချမ်းအေးက …. .

“မင်းညက ဒီသတင်းစာထဲကအတိုင်း အိမ်မက်မက်တယ်ဆိုတာ အမှန်လား …”

ပြန်မဖြေ သူရကို လှမ်းကြည့်သည်။ သူရက မျက်နှာလွှဲသွား၏ ။ လင်းခ၏ မျက်နှာပြင် ၌ မဲ့ပြုံးလိုလို အပြုံးတစ်ခု မထင်မရှားပေါ်သွားရကား ….

“အိပ်မက်တွေ မမက်ပါစေနဲ့လို့ ဆုတောင်းတဲ့အထဲမှာ ငါပထမဆုံးပါ။ မမှန်ပါစေနဲ့လို့ တောင်းပန်တိုးလျှိုးတဲ့ အထဲမှာ လည်း ငါအဦးဆုံးပဲ။ ဒါပေမယ့် ငါမလိုချင်ပဲ အိပ်မက်တွေ ရောက်ရောက်လာတယ်။ မဖိတ်ခေါ်ပါပဲ ပုံရိပ်တွေ လာလာပေါ်တယ်။ အဲဒီ ကိစ္စအတွက် အမုန်းဆုံးလူဆိုရင်လည်း ငါပထမဆုံးပဲ သူငယ်ချင်း။ ငါဘယ်လိုမှ မတက်နိုင်ဘူး။ ပိုဆိုးတာ က ငါအခု လုံးဝ စာရေး လို့မရတော့တာပဲ”

သူ၏ စကားအဆုံး နားထောင်သူအားလုံး နွမ်းလျသွားသည်။ ဂရုဏာနှင့် အကြင်နာ ရောထားသော မျက်ဝန်းတစ်ခု သူ့ထံသို့ ရောက်လာသည်။ ရင်မှာ သိမ့်ခနဲနေအောင် နွေးသွား မိပြီး ……

“မင်းတို့ လက်မခံနိုင်ဘူးဆိုတာ ငါနားလည်တယ်။ ငါကိုယ်တိုင်လည်း အခုလို ကိစ္စ ကြီးကို လုံးဝလက်မခံနိုင်ဘူး။ ဒါပေမယ့် အိပ်မက်တွေ ကို ငါမပိုင်ဘူး သူငယ်ချင်း”

အားလုံးတိတ်ဆိတ် သွားကြသည်။ ပြီး တစ်ယောက် ကို တစ်ယောက် ကြည့်ကုန်ကြ၏ ။ မေးသူ ချမ်းအေးမှာ တော့ အားနာသွားရသကဲ့သို့ မျက်နှာအနည်းငယ် ရဲကာနေသည်။ သူတို့ ၏ မယုံကြည်နိုင်မှု ထက် ကာယကံရှင်၏ ခံစားနေရမှု ကို နားလည်သွားကြသည်ထင်၏ ။ ထိုစဉ် မှာ ပင် ….

“လင်းခ … နင်အခုရေး နေတဲ့ ၀တ္တုကို ဆက်မရေး ပါနဲ့တော့လားဟာ”

မိုးညာ၏ စိုးရိမ်သံက ဖျော့တော့တော့ ရောက်လာသည်။ လင်းခ လှမ်းကြည့် ဖြစ်သည်။ မိုးညာမျက်နှာက ပျက်အံ့ဆဲဆဲ ဂီတာကြိုးတစ်ချောင်းလို အက်ရှရှ။

“ဘာလဲ … ငါအခုလို ဖြစ်သွားတာကို ဒီဝတ္ထုကြောင့် လို့ ဆိုချင်တာလား”

မိုးညာ ခေါင်းညိတ်သည်။ သူရ….

“အမှန်ပဲ လင်းခ။ ပုံမှန်အခြေအနေတစ်ခုကနေ တစ်ဆင့်ပိုတဲ့ အခြေအနေတစ်ခုကို ချက်ချင်း ပြောင်းသွား တာ မင်းအခုရေး နေတဲ့ ၀တ္ထုကြောင့် ပဲ”

သူပြန်မပြောတတ်။ သူရပြောသည်က ဟုတ်သယောင်ရှိနေသည်ကိုး။

“ငါအနုပညာကို ဘယ်လောက်မြတ်နိုးတယ်ဆိုတာကို မင်းတို့သိပါတယ်။ စာတစ်ပုဒ် ဖြစ်လာဖို့ မွေးဖွားလာသူရဲ့ နှလုံးသားကို မင်းတို့ နားမလည်နိုင်သေးဘူး”

“ဆောရီးလင်းခ။ မင်းနားလည်မှု လွဲသွားပြီ။ ငါတို့ပြောတာက မင်းကို စာမရေး နဲ့တော့ လို့ ပြောတာ မဟုတ်ဘူး။ ဒီဝတ္ထုကို ဆက်မရေး နဲ့တော့လို့ ပြောတာပါ။ မင်းအတွက် လွယ်ပါ တယ်ကွာ။ ဇာတ်လမ်းပြောင်း ရေး လိုက်ပေါ့”

သူခေါင်းရမ်းလိုက်သည်။

“ငါ့ကိုယ်ငါ လက်မခံတာလဲ ဒီအချက်ပဲ။ ငါ ဇာတ်လမ်းပြောင်းရေး ဖို့ စဉ်းစားပါတယ်။ ဒါပေမယ့် ငါ့ဦးနှောက်က လက်မခံဘူး။ ဒီဝတ္ထုရေး လို့ အခုလို ဖြစ်သွားတယ်ဆိုတာကို ဘယ် လိုမှ လက်မခံနိုင်ဘူး ဖြစ်နေတယ်။ ရှင်းရှင်းပြောရရင် ငါကိုယ်တိုင်က ဇာတ်လမ်းပြောင်းချင် ပေမယ့် ဦးနှောက်က ပြောင်းမပေးဘူး”

“လင်းခရယ်”

မိုးညာဆီမှ ဆို့နင့်နင့်အသံလေး ထွက်လာသည်ကို ကြားရ၏ ။ သူ ကတော့ ဆေးလိပ် ကိုသာ တစ်လိပ်ပြီးတစ်လိပ် ထုတ်သောက်နေမိသည်။

“ငါအခု ဘယ်လိုမှ အာရုံသွင်းလို့ မရတော့ဘူးဟာ။ တစ်ခုခုကို အပြင်းအထန်စဉ်းစား လိုက်ရင် ခေါင်းတွေ ကိုက်လာတယ်။ အသက်ရူတွေ ကြပ်ပြီး မောလာတယ်။ သေချာတာက တော့ လုံးဝ စာဆက်ရေး လို့မရတော့ဘူး”

အကုန်လုံးကသူ့ကိုကြည့်၍ ယူကြုံးမရ ဖြစ်သွားကြသည်။ အနုပညာသမား တစ်ယောက် ၏ အံမခန်း ဆုံးရှုံးမှု ပင် မဟုတ်ပါလား။ လင်းခ၏ အနုပညာကို ဘယ်လိုတန်ဖိုးထားကြောင်း ၊ ဘယ်လိုခံယူချက်တွေ နှင့် လျှောက်လှမ်းနေကြောင်း သူမတို့သိပါသည်။ ပြီးတော့ လူငယ်။

နာမည် တစ်လုံးနှင့် အောင်မြင်နေသော လူ တစ်ယောက် ၊ ရှေ့မှာ မြင်နေရသည့် အောင် မြင်မှု တွေ ၊ ကျော်ကြားမှု တွေ ၊ ကြီးကျယ်မှု တွေ ကို သူကိုယ်တိုင်မြင်နေရသလို သူမတို့လည်း မြင်ပါသည်။ ဒီလိုအခြေအနေတွေ ရောက်လာပါမှ ယခုကဲ့သို့ ဖြစ်ပျက်သွားခြင်းအပေါ် လင်းခ မည် မျှ ယူကျုံးမရ ဖြစ်လိမ့်မည် နည်း။ မည် မျှ စိတ်ဓာတ်တွေ ယိမ်းယိုင်သွားမည် နည်း။

ယခုကဲ့သို့ တည်ငြိမ်နိုင်ခြင်းကပင် လင်းခ၏ အရည်အချင်းတစ်ရပ် ဖြစ်ပါ၏ ။ သူမဆို လျှင်တော့ သေချာပါသည်။ သွက်သွက်ခါအောင် ရူးသွားမှာ မလွဲ။

နောက်တော့ စကားလမ်းကြောင်းကသူမဘက်လှည့်လာသည်။ ဟုတ်ပါသည်။ နောက် လတွင် မိုးညာ စေ့စပ်ရတော့မှာ ပါ။ ထိုကိစ္စနှင့်ပတ်သက်၍ သူငယ်ချင်းတွေ က ကြိတ်မနိုင် ခဲ မရ ဖြစ်နေကြသည်။ အကြောင်းကား အခြေအနေ၊ အခွင့်အရေး တွေ ပေးပါလျက် သူငယ်ချင်း စည်းကို မကျော်နိုင်သေးသည့် လင်းခနှင့်သူမ။

တစ်ခါတစ်ရံ၌ မိန်းကလေး ဖြစ်ရသည်မှာ အရမ်းစိတ်ပျက်ဖို့ကောင်းပါ၏ ။ ချစ်ရသူက ဖွင့်ပြောမလာသည့် အချိန်တွေ မှာ ပေါ့။

ယခုလည်း ထိုအကြောင်းကို ဦးတည်ပြောကြရင်းနှင့် ချမ်းအေးနှင့် သူရတို့က လင်းခ နှလုံးသားအား ထိခတ်မိမည့်  စကားအချို့ကို သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ပြော ကြသည်။ ဒါပေမယ့် အရာမထင်ပါ။

ဘာ့ကြောင့် လဲ မထင်ရစွာ ချက်ချင်း လက်ငင် ဖြစ်ပျက်သွားသော လင်းခ၏ အနာဂတ် နှင့် အိပ်မက် ဆက်စပ်သွားမှု ကြောင့် လား။ အလုံးစုံမ ဖြစ်နိုင်ပေမယ့် တစ်စိတ်တစ်ပိုင်းတော့ ဖြစ်နိုင်ပါသည်။

လင်းခကိုယ်တိုင်မှာ လည်း ကြီးစွာ သော စိတ်ရှုပ်ထွေးဖိစီးမှု တွေ နှင့် ရင်ဆိုင်နေရ၏ ။

ဆေးလိပ်ဘူးကို လက်ထပ်လှမ်းတော့ ………

“လင်းခ … တော် တော့။ နင်သောက်တာ များ နေပြီ”

ထိုသို့ ပြောကာ မိုးညာက ဆေးလိပ်ဘူးကို သူမရှေ့သို့ ဆွဲယူသွားသည်။ ရှုပ်ထွေးနေ သော စိတ်အစဉ်ကြားမှာ ပင် လင်းခကြည်နူးမိပါသေးသည်။

ရီဝေေ၀ပြန်ကြည့်မိရင်းမှ စိတ်ထဲမှာ စကားအချို့စီကာ ကျလာ၏ ။ ဒါပေမယ့် စိတ်ထဲ သို့ ပဲ ပြန်ဝင်သွားသည်။

“မင်းကို ခပ်ဝေးဝေးတစ်ချိန်ကတည်းက ဖွင့်ပြောပြီးသားပါ မိုးညာရယ် ။ မင်းမှ သတိ မထားမိပဲ။ အခုတော့ …..”

မျက်လုံးချင်း တစ်ချက်ဆုံသွား၏ ။ ဒါပေမယ့် သူ့ရင်ထဲက စကားတွေ ကို သူမရှာဖွေ တွေ့ လိမ့်မည် မဟုတ်ပါ။ ကိစ္စတော့ သိပ်မရှိ။

မည် မျှကြီးကျယ်သော အမှားတစ်ခုပဲ ဖြစ်နေပါစေ ခွင့်လွှတ်သင့်က ခွင့်လွှတ်နိုင်ပါ သည်။ မှားသူက မှားတတ်လျှင်ပေါ့။

ထိုစဉ်မှာ ပင် သူတို့ထိုင်နေရာဆီသို့ စာလေးဗေဒင်ဟောသော ကုလားမကြီးတစ် ယောက် လျှောက်လာသည်။ ချမ်းအေးက ရယ်ကျဲကျဲတစ်ချက်လုပ်ကာ ….

“လင်းခ … စမ်းကြည့်ရအောင်”

ဒါမျိုးတော့ စိတ်ဝင်စားပါသည်။ ပညာဆိုတာ အပေါ်ယံအလွှာပါးကို ကြည့်၍ ခွဲခြားမရ နိုင်သည်ပဲ။ အောင်မြင်သူဆိုတာ ကိုယ်ခြေချရာ အသက်မွေးဝမ်းကျောင်း တစ်ခုပေါ်တွင် အတိကျဆုံး ရဲရင့်နိုင်လျှင် အောင်မြင်သူပင် မဟုတ်ပါလား။ ယခုခေတ် ပညာသည်ကရော အောင်မြင်သူလော၊ ကျရှုံးသူလော။

ချမ်းအေးလက်ပြလိုက်တော့ သူတို့ဝိုင်းသို့ ရောက်လာသည်။ ထုံးစံအတိုင်း လင်းခ အရင်ဈေးဦးဖောက်လိုက်သည်။

ကံမကောင်း အနာဂတ်အတွက် စကားတစ်ခွန်းက …

“ချစ်သူ၏ စိတ်ကောက်ခြင်းကို ခံရမည် တဲ့” တဲ့။

အကုန်လုံးက သူ့ကို ပြုံးစိစိ ၀ိုင်းကြည့်သည်။ သူ မတုံ့ပြန် ဖြစ်။ စိတ်ထဲတွင် ဝေခွဲမရ သော အဖြေတစ်ခု လျှပ်တစ်ပြတ်ပေါ်သွားရာ ကုလားမကြီးကို ကြည့်မိတော့ …

အေးဆေးနေပါသည်။ ချမ်းအေးကိုပင် ကြည့်ပေးနေပြီ ဖြစ်သည်။ ချမ်းအေးကသူ့ထက် ပိုဆိုးသည်။

“အယုံအကြည်မရှိပါနဲ့။ လူလိမ်”တဲ့။

အကုန်လုံးဝိုင်းရယ်ြ ကတော့ ချမ်းအေးလည်း ရှက်ရယ်လိုက်ရယ်သည်။ အသက်မပါ မှန်းတော့ သူ့ဆီရောက်လာသော ချမ်းအေး၏ အကြည့်တစ်ခုကြောင့် သိလိုက်၏ ။ ဒါပေမယ့် သူတို့ စကားဝိုင်းလေးမှာ ယခင်ထက် ပိုမိုနွေးထွေးလာတာ သေချာသည်။

ချမ်းအေးပြီးတော့ သူရ။

သူရလည်း သိပ်မကွာပါ။ “ပိပိရိရိနေပါ။ သင်လုပ်ခဲ့သော မကောင်းမှု တွေ ဘူးပေါ် သလို ပေါ်လာလိမ့်မည် ”တဲ့။

ရယ်ကြပြန်သည်။ ရယ်သံတွေ တော် တော် နှင့် အတောမသတ်။ ဒါပေမယ့် လင်းခမှာ တော့ ဗေဒင်ဟောသူ ကုလားမကြီးကို လေးစားသလို ဖြစ်လာနေပါပြီ။ သူရ ကတော့ မျက်နှာ ကြီးရှုံ့မဲ့ကာ သူ့ကို “ ဖြစ်နိုင်တယ်”ဟု ပြောသည်။

နောက် တစ်ယောက် က ဝေမာ ။ သူမက မကြည့်ခင်ကတည်းကပင် …

“နင်တို့နော် ငါ့ကို ၀ိုင်းမရယ်ရဘူး”

“အေးပါဟ .. မရယ်ပါဘူး။ ဟီး … ဟီး ….”

မျက်နှာပိုးမသတ်နိုင်သော ချမ်းအေးပုံစံကြောင့် ….

“တွေ့ လား ..။ တော် ပြီ မကြည့်တော့ဘူး။ ငါသိတယ် ….. ငါ့ကို အကျယ်ကြီး ၀ိုင်းရယ် ကြမှာ ”

“မရယ်ပါဘူးဆို”

သူရက ရုပ်ကို မနည်းတည်ရင်း ၀င်ပြောသော်လည်း ဝေမာက ရွံ့တွံ့တွံ့ ဖြစ်နေ၏ ။ ထို အခြင်းအရာအားကြည့်၍ ….

“နင့်ပုံစံက ဘာနဲ့တူသလဲဆိုတော့ ဘုန်းကြီး ရည်းစားထားချင်သလို ဖြစ်နေပြီ”

“ဘာရယ် …”

သူ့စကားကို ဝေမာက နားမလည်စွာ ပြန်မေးတော့ ….

“ဟုတ်တယ်လေ .. လူတွေ လို ရည်းစားလည်း ထားကြည့်ချင်တယ်။ ဘုန်းကြီးဆိုတော့ မသင့်တော် ဘူးဆိုပြီး လူတွေ ၀ိုင်းမေးငေါ့မှာ လည်း ကြောက်နေတယ်။ အခုနင် ဖြစ်နေသလို မျိုးပေါ့”

“အောင်မာ …”

ဝေမာ နှုတ်ခမ်းကိုကိုက်ကာ ရုပ်တည်နဲ့ကြည့်သည်။ ပြီးတော့ ပြောချင်ရာပြော ရည်း စားထားတော့မယ်ဟူသော ပြောင်တင်းတင်းပုံစံဖြင့် ကြည့်လိုက်ရာ ….

ဝက်ဝက်ကွဲ သွားပါသည်။ တစ်ဆိုင်လုံး ဆူဆူညံသွားသည်။ ဝေမာ တစ်ယောက် က တော့ မျက်နှာတစ်ပြင်လုံးရဲတွက်ကာ ငိုရခက်၊ ရယ်ရခတ်ပုံစံဖြင့် နီးစပ်ရာ ကျောကုန်းတွေ ကို တစ်ဘုန်းဘုန်းလိုက်ထုတော့၏ ။

ဇာတာက သိပ်မလှပါ။ ၀ိုင်းရယ်မည် ဆိုလည်း ရယ်လောက်သည်။

“လူလိမ်ခံရမယ်တဲ့”

ခေါင်းထဲသို့ အတွေးတစ်ချက်ရောက်လာသည်။ ထိုအတွေးမှာ ယောင်ဝါးဝါးမဟုတ် တော့။ သေချာသလောက်ရှိသွားပေပြီ။ ကုလားမကြီးကို ကြည့်မိတော့ ရှိန်းတိန်းတိန်းပင် ဖြစ် သွားရပါ၏ ။

နောက်တစ်ခါ အလှည့်ကျသူက တစ်ဦးတည်းကျန်တော့သည်။ မိုးညာက သူမ ကတော့ ဘာအာရုံမျှမရှိသလို တည်ငြိမ်နေသည်။ ဘယ်သူ့ကိုမျှ မကြည့်ပဲ လုပ်စရာရှိသည်ကို လုပ် လိုက်တော့ ….

အေးဆေးပါသည်။ ကံကြမ္မာကလည်း အေးအေးချမ်းချမ်းလေး …..

“ချစ်သူထံမှ တန်ဘိုးအကြီးဆုံး မွေးနေ့လက်ဆောင် ရရှိမည် တဲ့”

ဒီတစ်ခါလည်း ကုလားမကြီးကို ကြည့်မိပါသည်။ ကုလားမကြီး ကတော့ အပြုံးမပျက် မိုးညာအတွက် မှန်လား၊ မမှန်လားမသိပေမယ့် သူ ကတော့ ပြုံးသွားမိတာ အမှန်ပါ။

ထို့အတွက် ကုလားမကြီးကို ထိုက်ထိုက်တန်တန် ပူဇော်မိပါသည်။ ပြန်ရန်ပြင်ကြ တော့ မိုးညာက စားပွဲပေါ်မှ လင်းခကားသော့ ကို ကောက်ယူကာ ….

“လင်းခ … ငါပြန်လိုက်ပို့ပေးမယ်”

မိုးညာစကားကြောင့် …

“နင်မှာ ကားမပါလာဘူးမလား ။ငါပဲနင့်ကို လိုက်ပို့ပေးပါ့မယ်”

“မဟုတ်ဘူး…. မဟုတ်ဘူး … ငါအိမ်ပြန်မှာ မဟုတ်သေးဘူး။ နင့်ကို ငါကိုယ်တိုင် ကားမောင်းပြီး အိမ်တိုင်ရာရောက် လိုက်ပို့ပေးချင်လို့”

ချမ်းအေးနှင့် သူရက ပုခုံးတွန့်ပြသည်။ ဝေမာက ….

“ငါမြို့ထဲ ခဏ၀င်စရာရှိလို့ သွားနှင့်လိုက်တော့မယ်”

ဟု ပြောကာ အရင်ထထွက်သွား၏ ။

ဝေမာ့နောက်မှ ချမ်းအေးနှင့်သူရ။

ချမ်းအေးနှင့် သူရနောက်မှ သူတို့နှစ် ယောက် ။

III

မိန်းကလေး တစ်ယောက် မောင်းသော ကားပေါ်မှာ ထိုင်စီးရခြင်းသည် လန်းဆန်းမှု တော့ သိပ်မရှိပါ။ ဒါပေမယ့် လန်းဆန်းသလို ရှိနေပါသည်။ သူမ ကတော့ ကားကို ကျင်လည် စွာ မောင်းရင်း နှုတ်ဆိတ်လျက်ရှိသည်။

တအောင့်ကြာတော့ ….

“လင်းခ …”

တိုးညင်းညင်း အသံလေးတစ်ခုက သူ့နံဘေးမှ ထပ်ထွက်လာသည်။

“လင်းခ .. နင်အခုရေး နေတဲ့ ၀တ္ထုကို ဆက်မရေး ပါနဲ့တော့လားဟာ”

သူမ တားမြစ်မှု က စိုးရိမ်မှု နှင့် ၀မ်းနည်းမှု တို့ ရောပြွန်းနေကြောင်း သိသာသည်။ ဒါပေ မယ့် …..

လင်းခ သက်ပြင်းပူကြီးတစ်ခုကို မှု တ်ထုတ်မိပါ၏ ။ လွယ်လွယ်နဲ့တော့ အလျှော့မပေး ချင်ပါ။ ပထမအခက်အခဲကို ကျော်ဖြတ်လာသည့် လူ တစ်ယောက် အဖို့ ဒုတိယအခက်အခဲ သည် ပြင်းထန်မှု မရှိတော့။ ထို့အတူ တတိယအခက်အခဲသည် ပေါ့လျော့သွားပေပြီ။

လင်းခ စိတ်မပါစွာ နှင့် ဒုတိယမြောက်သက်ပြင်းတစ်ခုကို ပါးပါးလေးမှု တ်ထုတ်လိုက် ပြီးတော့ …

“အေးပါဟာ .. လောလောဆယ်တော့ ၀တ္ထုသစ်ရော၊ ၀တ္ထုဟောင်းရော ဘာမျှ ရေး လို့ မရသေးတဲ့ အနေအထား ရောက်နေပါပြီ။ ငါနားချိန်ရောက်နေပြီနဲ့တူတယ်”

သူ့စကားဆုံးတော့ ကားမောင်းနေရာမှ လှည့်ကြည့်သည်။ သူမအကြည့်ကို အဓိပ္ပာယ် မဖော်တတ်။ ဒါပေမယ့် အရှိန်ပြင်းသော မျှားတစ်ချောင်းကို ပုတ်ခတ်သည့် လေဆိုသော အရာကိုတော့ မုန်းရိပ်ပြေးနေကြောင်း သိသာသည်။

နောက်တော့ သူတို့စကားမပြော ဖြစ်ြ ကတော့ပါ။ ဒီလိုနဲ့ပဲ မိုးညာမောင်းသော ကားက သူနေရာ ကွန်ဒိုရှေ့သို့ ရောက်လာသည်။ လင်းခကားပေါ်မှ အရင်ဆင်းလိုက်ကာ မိုးညာဘေး သို့ သွား၍ ……

“မိုးညာ .. အခုလို အချိန်မှာ နင့်ကိုငါ ပွဲတစ်ပွဲ ဖိတ်ရင် လက်ခံမှာ လား”

“ဘာပွဲလဲ”

ဖြူနုနုမျက်နှာနှင့် မော့ကြည့်ရင်း ကြည်လင်စွာ မေးလာတော့ …

“ကော်ဖီနဲ့ ဧည့်ခံတဲ့ပွဲလေးတစ်ပွဲ ဆိုပါတော့”

မိုးညာပြုံးသည်။ လင်းခဆိုလိုရင်းကို သဘောပေါက်သွားသလို ခေါင်းတစ်ချက်ညိတ် ကာ …

“ကောင်းပြီလေ .. နင်ဖျော်တိုက်တဲ့ ကော်ဖီတောင် မသောက်ရတာ ကြာပြီပဲ။ နင်ဖိတ် တဲ့ပွဲကို လက်ခံပါတယ်”

နှစ် ယောက် သား ခပ်ဟဟရယ် ဖြစ်သည်။ ထို့နောက်တော့ သူတို့ ဓာတ်လှေကားဆီသို့ လျှောက်ခဲ့ကြပါသည်။ အခန်းထဲရောက်ရောက်ချင်းပင် ……

“ဧည့်ခန်းမှာ ခဏထိုင်ဦးနော် ။ ငါကော်ဖီသွားဖျော်လိုက်ဦးမယ်”

“အိုကေ”

အခန်းက အိုက်စပ်လှောင်နေသည်။ ထို့ကြောင့် Air Con ဖွင့်ရန် မိုးညာ စာကြည့်ခန်း တွင်းသို့ သွားလိုက်သည်။ ဒါပေမယ့် စာကြည့်ခန်းအတွင်းသို့ သွားလိုက်သည်။ ဒါပေမယ့် စာ ကြည့်ခန်းအတွင်း ရောက်ရောက်ချင်းမှာ ပင် မိုးညာစိတ်အား အမှတ်မထင် တစ်စုံတစ်ရာက ဆွဲခေါ်သွားတော့၏ ။

အခန်းနံရံမှာ စိတ္တဇဆန်ဆန်ရေး ခြစ်ထားသော နာမည် အချို့ အရင်တုန်းက မတွေ့  ဘူး။ ယခုမှ …..

ဘာမှန်းမသိပေမယ့် သူမရပ်ကြည့် ဖြစ်သွားသည်။ ရေး ထားသည်မှာ ဤသို့ ….

Cover

မိုးညာကြောင်ငေးသွားစဉ်မှာ ပင် ….

“မိုးညာ … စာကြည့်ခန်းထဲမှာ လား”

လင်းခအသံတစ်ချက်ပြုရင်း အခန်းတွင်းသို့ ၀င်လာသည်။ အခန်းထဲရောက်ခိုက် သူမ စိတ်ဝင်တစားကြည့်နေသော နံရံမှ နာမည် တို့အား တွေ့ သွားစဉ် ….

ဖျက်ခနဲ မျက်နှာတစ်ချက်ပျက်သွားသည်။ မမြင်စေချင်၊ မတွေ့ စေချင်သော အရာတစ် ခု။ ကြီးမားသော ဖုံးကွယ်မှု တစ်ခု ပေါက်ကြားသွားသလို လင်းခမျက်နှာ အရောင် မျိုးစုံ ပြောင်း လဲသွား၏ ။ ပြီးတော့ ဟက်ခနဲ တစ်ချက်ရယ်ရင်း …

“သြော် … အလကားပါဟာ၊ ငယ်ဘ၀ကို သတိရပြီး ရေး ထားတာ”

လင်းခ၏ ခပ်ပေါ့ပေါ့ ဖြေရှင်းချက်ကြောင့် ….

“ငယ်ဘ၀ … ဘယ်လိုငယ်ဘ၀လဲ”

“ငါတို့ ဆယ်တန်းအောင်တုန်းက ဂုဏ်ထူးတစ်ဘာသာစီ ပါကြတယ်လေ။ အဲဒါကို ရေး ထားတာ”

မိုးညာ မျက်မှော င်ကြုတ်ကာ နံရံကို တစ်ချက်စိုက်ကြည့်သည်။ ပြီးတော့ ….

“One (D) ဆိုတာ ဂုဏ်ထူးကို ပြောတာလား”

“အေး……..”

လင်းခ၏ စကားအဆုံး မိုးညာက နံရံပေါ်မှ နာမည် တစ်လုံးကို ကြည့်ကာ ….

“ခင်လေးရောလား”

“အင်း ……”

မိုးညာ၏ မျက်မှော င်တစ်ချက် သူ့ဆီရောက်လာသည်။ ခပ်တည်တည်ပင် ဖြစ်နေ သည်။ မိုးညာသည် လွန်စွာ ပါးနပ်လွန်းသော မိန်းကလေး တစ်ယောက် ပင် မဟုတ်ပါလား။ လျှော့တွက်လို့မရ။ ထိုစဉ်မှာ ပင် မိုးညာ မေးခွန်းတစ်ခုက ဆက်တိုက်ဆိုသလို ပေါ်လာ၏ ။

“ဒါနဲ့ နေပါဦး။ ဟိုမှာ ကွက်လပ်ချန်ထားတဲ့ တစ်ယောက် က ဘယ်သူလဲ”

မေးတော့မည် ဆိုတာ သိနေသည့်အတွက် ရှာထားပြီးသား အဖြေတစ်ခုကို အလျင်အ မြန်ပြောလိုက်သည်။

“ငါတို့ဆယ်တန်းတုန်းက အတူတူတွဲ ခဲ့တဲ့ သူငယ်ချင်း တစ်ယောက် ပဲ ။ နာမည် မေ့နေ လို့ မရေး ပဲထားထားတာ”

သိပ်ပီပြင်မည် မထင်ပါ။ ဒါပေမယ့် မိုးညာ ကတော့ ခေါင်းတဆက်ဆက် ညိတ်နေ သည်။ နောက် ….

“ခင်လေးက ငါတို့ထက် အများ ကြီးငယ်ပါတယ်။ သူက ဘယ်လိုလုပ်ပြီး နင်တို့ သူငယ် ချင်းထဲပါလာတာလဲ”

ဒီတစ်ခါလည်း ချက်ချင်း လက်ငင်းထုတ်လိုက်သော အဖြေကို ချပြလိုက်၏ ။

“ခင်လေးက နင်တို့နဲ့ ပတ်သက်ပြီးမှ ခင်တာလေဟာ။ ငါတို့ သူငယ်ချင်းတွေ ထဲမှာ ဘယ်လိုလုပ်ပါမှာ လဲ။ ဒါပေမယ့် စကားစပ်ရင်းပြောမိလို့ ထည့်ထားတာ။ သူလည်း ဆယ်တန်း တုန်းက တစ်ဘာသာဂုဏ်ထူးပဲလေ။ လာပါဟာ….. ကော်ဖီတွေ အေးတော့မယ်။ ဧည့်ခန်းထဲ သွားရအောင်”

ပြောပြီး ဦးဆောင်ထွက်သွားသည်မို့ မိုးညာလည်း နောက်က လိုက်ထွက်ခဲ့လိုက်ပါ သည်။

နောက်တော့ ထိုကိစ္စကို အတတ်နိုင်ဆုံး ရှောင်ရှားရင်း စကားလမ်းကြောင်းပြောင်း ကာ ပြော ဖြစ်သည်။ နာရီဝက်နီးပါးလောက်နေပြီးတော့ မိုးညာပြန်သွား၏ ။

မိုးညာမရှိတော့မှပဲ လင်းခ တစ်ယောက် အသက်ကို ၀၀ရူမိတော့သည်။ အမှန်က အချိန်မကျသေး ။ စောနေသေးသည်။ ဒါပေမယ့် ယခုလို စောစောစီးစီး သိသွားတော့လည်း တစ်မျိုးကောင်းပါသည်။ ၀န်ထုပ်တစ်ခု ပေါ့သွားတာပေါ့။ နောက်လည်း မသိမ ဖြစ်သိမည့် ကိစ္စ တွေ ပဲလေ။ ဒါပေမယ့် ဘာမျှအဆင်သင့်မရှိသေးတော့ စကားတွေ မှာ ကပေါက်တိ ကပေါက် ချာ ။ တော် ပါသေးရဲ့ ။ မိုးညာ ဆက်မမေးတော့လို့။

အမှန်က ကော်ဖီတိုက်လိုချင်းသက်သက်ဖြင့် မိုးညာကို ခေါ်ခဲ့ခြင်း ဖြစ်ရာ ထိုကိစ္စကို သိပ်မထည့် ဖြစ်။ ဒါပေမယ့် အမှတ်မထင် ပေါ့လျော့မိတာတွေ က တစ်ခါတစ်ရံမှာ အကြီးအ ကျယ်ဘေးတွေ့ တတ်သည်။

တော် သေးတာပေါ့။

အေးဆေး အဆုံးသတ်သွားလို့။

ဘာပဲပြောပြော ရင်ထဲမှာ တော့ အနည်းငယ် ပေါ့သွားရပါသည်။ နောက်တော့ ရေချိုး ခန်းထဲဝင်ကာ ရေကို အကြာကြီးစိမ်ချိုးလိုက်သည်။

ပူပြင်းနောက်ကျိ ရှုပ်ထွေးမှု တွေ အကုန်လုံး လွင့်ပျောက်သွား၏ ။ ရေချိုးပြီးတအောင့် ကြာတော့ စားပွဲတွင် ၀င်ထိုင်လိုက်ပါသည်။ နောက် …..

လင်းခ၏ လက်နှစ် ဖက်မှာ တစ်စုံတစ်ရာ အကူအညီကြောင့် လက်ဆက် သွားပါတော့ ၏ ။

IV

“ရော့ …… နင်တို့ ဒါတွေ ဖတ်ကြည့်လိုက် ။ ငါ Internet ထဲက ကူးလာတာ”

စားပွဲပေါ်ပစ်တင်လိုက်သည့် စာရွက်တစ်ထပ်ကြောင့် အကုန်လုံး ကြောင်တောင် တောင်ဖြင့် မိုးညာကို တစ်လှည့် စားပွဲပေါ်မှာ စာရွက်များ ကို တလှည့် ၀ိုင်းကြည့်သည်။

တနင်္ဂနွေနေ့မို့ အလုပ်အားကာ လူစုံနေကြခြင်း ဖြစ်သည်။ ဒါပေမယ့် လင်းခတော့မပါ ပါ။ သူ့အကြောင်း ဆွေးနွေးတိုင်ပင်ဖို့ ဖြစ်ရာ ပါလာလို့မရ။

သူရ၊ ချမ်းအေး၊ ဝေမာနှင့်အတူ ခင်လေးနှင့် ဟေမာတို့ နှစ် ယောက် ပါရှိနေသည်။

ချမ်းအေးက အရင်ဆုံး စားပွဲပေါ်မှ စာရွက်များ ကို ကောက်လှန်ကာ …..

“သြော်… အနာဂတ်ကို ကြိုမြင်သူတွေ နဲ့ ကမ္ဘာအရပ်ရပ်က ဖြစ်ရပ်တွေ ပဲ”

“ဟုတ်တယ် … ။ လင်းခနဲ့ ပတ်သက်ပြီး နင်တို့ မယုံမကြည် ဖြစ်နေလို့ ငါလက်တွေ့ ပြ တာ။ လင်းခလိုမျိုး အနာဂတ်ကို ကြိုမြင်သူတွေ ကမ္ဘာပေါ်မှာ မရေမတွက်နိုင်လောက်အောင် ရှိဖူးတယ်”

သူမစကားကြောင့် ချမ်းအေးက ခေါင်းယမ်းပါ၏ ။

“နင်ဘယ်လောက်ထိ လေ့လာပြီးသွားပြီလဲ”

သူမခေါင်းညိတ်လိုက်ကာ …..

“နင်တို့ လက်ခံနိုင်လောက်တဲ့အထိ ငါလေ့လာထားတယ်”

“ပြောစမ်းပါဦး”

ဝင်ထောက်ပေးသည့် သူရစကားဆုံးတော့…..

“ငါလေ့လာထားသလောက်တော့ အနာဂတ်ကို ကြိုမြင်တာနဲ့ ပတ်သက်ပြီး ကနဦ ဖြစ် စဉ်သုံးမျိုးရှိတယ်။ ပထမတစ်မျိုး ကတော့ မွေးရာပါပေါ့။ ဒါပေမယ့် အဲဒါမျိုးက အရမ်းရှားပါ တယ်။ တော် တော့် ကို ပါရမီထူးတဲ့လူတွေ မှ ဖြစ်တတ်တာ။ ဒါကလည်း အရင်ဘ၀က စိတ်စွမ်း အင်နဲ့ ပတ်သက်ပြီး တိတိကျကျလိုက်စားထားတဲ့လူတွေ ။ မနောနဲ့ပတ်သက်တဲ့ ဂမ္ဘီရကျင့်စဉ် တွေ ကို အောင်မြင်ပေါက်ရောက်ပြီး သေဆုံးသွားတဲ့လူတွေ က ဒီဘ၀မှာ လူပြန် ဖြစ်ရင် အရင် ဘ၀က အထုံပါလာတာပဲ။ ဒါမျိုးက မရှိသလောက်ရှားတယ်။

ဒုတိယတစ်မျိုး ကတော့ ဒီဘ၀မှာ ကျင့်ကြံထားတဲ့လူတွပေါ့။ လူတိုင်းမှာ စိတ်တန်ခိုး ဆိုတာရှိတယ်။ ဒါကို ဘယ်သူမျှ ငြင်းလို့မရဘူး။ ငြင်းမယ်ဆိုရင်လည်း သတိမထားမိလို့ ငြင်း ကြတာ။ လူတစ်ဦးနဲ့ တစ်ဦးမှာ စိတ်တန်ခိုးစွမ်းရည်များ တာနဲ့ နည်းတာပဲကွာတယ်။ စိတ်တန် ခိုးစွမ်းရည်များ တဲ့လူတွေ က ထူးခြားတဲ့ အာရုံခံစားမှု တွေ ကို တိတိပပခံစားရတယ်။ အဲဒါကို အင်္ဂလိပ်လို “အက်စ်စထရားဆင်ဆိုနီပါစက်ပရှင်း” (Extrasenory Perception)လို့ ခေါ် တယ်။ အတိုကောက်အားဖြင့် (ESP)လို့ လည်းခေါ်တယ်။ မနောစွမ်းရည် ဖြစ်ရပ်အချို့ကို ခြုံငုံ ဖော်ပြထားတဲ့ စကားလုံးပေါ့”

မိုးညာစကားကို ခဏနားလိုက်သည်။ ပြီးတော့ တိကျရှင်းလင်းစွာ တစ်လုံးချင်းပြော၏ ။

“လူတိုင်း စိတ်တန်ခိုး အတွေ့ အကြုံရှိဖူးပါတယ်။ နင်တို့မှာ လည်းရှိခဲ့ဖူးတယ်။ ငါ့မှာ လည်း ရှိဖူးတယ်။ ဥပမာ လက်ငင်း ဖြစ်ပျက်နေမှု ၊ ဒါမှမဟုတ် အနာဂတ်မှာ ဖြစ်ပျက်မယ့် အ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ “ထင့်”ခနဲ ဖြစ်နေတယ်။ “ဟိုလိုများ ဖြစ်နေ မလား၊ ဒီလိုများ ဖြစ်နေမလား”ဆိုပြီး ပါးစပ်က ထုတ်ပြောမိတယ်။ နောက် ထင့်ခနဲတွေးထင် မိတဲ့အတိုင်း တကယ် ဖြစ်လာတယ်။ အဲဒါကိုကျတော့ “အင်ကျွမ်းရှင်း (Intuition)လို့ခေါ် တယ်။ အဲဒါ အလိုလိုသိခြင်းပဲ။ အများ အားဖြင့် အဲဒါ ငါတို့လို သာမန်လူတွေ မှာ ဖြစ်တတ် တယ်။

နောက်တစ်ခုက ငါတို့ လမ်းလျှောက်နေရင်းနဲ့ ကိုယ့်ကို တစ်စုံ တစ်ယောက် က ကြည့် နေသလို ခံစားရတယ်။ ချာခနဲလှည့်ကြည့်လိုက်တော့ ကိုယ့်ကို တကယ်ကြည့်နေတဲ့ မျက်လုံး တစ်စုံနဲ့တိုးတယ်။ ဒါလည်း အလိုလိုသိခြင်းပဲ။

လင်းခအခု ဖြစ်နေတဲ့ ရှေ့ ဖြစ်ညွှန်အိပ်မက်တွေ မက်တာ။ အဲဒါကို စိတ်ပညာရှင်တွေ က “ပရီကော့ဂ်နစ်ရှင်း” (Precognition)လို့သတ်မှတ်တယ်။ “ကြိုသိခြင်း”ပေါ့။

ပြီးတော့ မျက်လုံးဖွင့်ထားလျက် ဖြစ်စေ။ ပိတ်ထားလျက် ဖြစ်စေ စိတ်ငြိမ်ပြီး ကြည့်နေ ခိုက်မှာ အတွင်းအာရုံက ထပ်ဆင့်မျက်လုံးထဲမှာ အ ဖြစ်အပျက်တစ်ခုရဲ့ ပုံရိပ်ကို မြင်လိုက် တယ်။ နားထဲမှာ လည်း အဲဒီ အ ဖြစ်အပျက်ရဲ့ ပဲ့တင်သံကို ကြားရတယ်။ ဒါပေမယ့် ကိုယ့်ကိုယ် ကိုယ် သတိထားလိုက်မိတဲ့အခါမှာ အဲဒီ မြင်လာ၊ ကြားလာတဲ့ အာရုံတွေ က ကိုယ့်ရှေ့မှာ တကယ် ဖြစ်ပျက်သွားသလိုပဲ။ မကြာခင်မှာ ပဲ အာရုံထဲမှာ မြင်ခဲ့တဲ့ အ ဖြစ်အပျက်တွေ က အပြင် မှာ တကယ် ဖြစ်လာတယ်။ အဲဒါ “ကလယ်ယာဗွိုင်းယင့်စ်” (Clairvoyance)လို့ခေါ်တဲ့ “အလို လိုမြင်ခြင်း”၊ ဒါမှမဟုတ် “ကလယ်ယာအောဒီးယင့်စ်” (Clairaudience)လို့ခေါ်တဲ့ “အလိုလို ကြားခြင်း”ပဲ။

လင်းခအခု ဖြစ်နေတာက အဲဒါတွေ အားလုံးနဲ့ အကျုံးဝင်တယ်”

မိုးညာ၏ ရှည်လျားလှစွာ သော စကားဆုံးသွားတော့ …….

“နင်တော် တော် လေ့လာထားတာပဲ”

ဝေမာက အသိအမှတ်ပြုသည်။ ချမ်းအေးက ….

“နင်ပြောခဲ့တဲ့ အဲဒီ အာရုံခံစားမှု တွေ က သူ့အလိုလို ဖြစ်လာတာလား”

မိုးညာ ခေါင်းယမ်းလိုက်ရင်း …..

“မဟုတ်ဘူး ။ ရှိပြီးသား စိတ်တန်ခိုးကို စနစ်တကျမွေးမြူလေ့ကျင့်ပေးမှ အဲဒီ စွမ်းရည် တွေ ရတာ ။ ဒါပေမယ့် တစ်ယောက် နဲ့ တစ်ယောက် မတူဘူးနော်။ ရှေ့ ဖြစ်ညွှန်တဲ့ အိပ်မက် မက်တဲ့ လူချင်းမှာ တောင် မတူဘူး။ တချို့တွေ က အိပ်မက်မက်ပြီး တော် တော် ကြာမှ ဖြစ်လာ တာ။ တချို့ကျတော့ ချက်ချင်း ဖြစ်တာ။ အဲဒါ ကတော့ ဘာ့ကြောင့် လဲဆိုတာ ပြောလို့မရဘူး”

မိုးညာစကားဆုံးတော့ အကုန်လုံးက ခေါင်းညိတ်သည်။ ထိုစဉ်မှာ ပင် မိုးညာက ကျန် နေသော တတိယအချက်ကို အစပြုလိုက်ကာ ….

“တတိယ တစ်မျိုး ကတော့ မတော် တဆထိခိုက်မှု အချို့ကနေ အစပြု ဖြစ်လာတာပေါ့။ အဲဒါကိုတော့ နာမည် တစ်မျိုးပဲတပ်တယ်။ “ဆိုက်ကိုမေထရီ” (Psychometry)တဲ့။ သူက ဦး ခေါင်းကို တစ်စုံတစ်ရာပြင်းပြင်းထန်ထန် ထိခိုက်မိပြီး စိတ်ပုံမှန်မဟုတ်တော့ပဲ တစ်စုံတစ်ရာ ချို့ယွင်းသွားတဲ့ သဘောပဲ။ အဲဒီ ရောဂါ ကလည်း ဒုတိယတစ်မျိုးလိုပဲ။ အိပ်မက်မက်တာတို့ ၊ အာရုံမှာ မြင်တာတို့ပဲ ဖြစ်တာပါ။ ဒါပေမယ့် ထူးခြားတာက ဆိုက်ကိုမေထရီ ဖြစ်ရင် အနိဌာရုံ တွေ ပဲ မြင်တာများ တယ်။ အမင်္ဂလာတွေ ပေါ့”

ထိုစဉ်မှာ ပင် ငြိမ်နေသော သူရက သူ့ထင်မြင်ချက်ကို ၀င်ပြော၏ ။

“ဒါပေမယ့် ငါတစ်ခုမရှင်းတာက လင်းခ အခုလို ဖြစ်လာတာ ခေါင်းကို တစ်စုံတစ်ရာ ပြင်းပြင်းထန်ထန် ထိခိုက်မိပြီးမှ ဖြစ်လာတာမဟုတ်ဘူးလေ”

“ဟုတ်တယ်”

ချမ်းအေးကပါ ၀င်ထောက်ခံသည်။

“နင်တို့ပြောတာ မှန်ပါတယ်။ လင်းခအခုလို ဖြစ်နေတာ ပြင်ပထိခိုက်မှု တစ်ခုခုကြောင့် ဖြစ်လာတာမဟုတ်ဘူး။ ဆိုလိုတာက အိမ်လှေကားပေါ်က ပြုတ်ကျပြီး ခေါင်းထိသွားတာတို့ ဘာတို့ပေါ့။ ဒါပေမယ့် အတွင်းထိခိုက်မှု တစ်ခုခုလောက်ဆိုရင်တော့ ဖြစ်လောက်တယ်”

“ဘာလဲ”

ဝေမာက ၀င်မေးတော့ …

“လင်းခ အခုရေး နေတဲ့ ၀တ္ထုအကြောင်းကို နင်တို့သိမှာ ပေါ့”

ထိုစကားကြောင့် အကုန်လုံး ငြိမ်သက်သွားလေသည်။ မိုးညာဆက်ပြော၏ ။

“လင်းခ အခုရေး နေတဲ့ ၀တ္ထုက ဆိုက်ကိုမေထရီ ဖြစ်နေတဲ့ ကောင်လေး တစ်ယောက် အကြောင်းကို ရေး နေတာ။ အဲဒီ ၀တ္ထုကို တစ်ပတ်လောက် နေ့မအိပ်ညမအိပ်ရေး တယ်။ ပြီး တော့ အပြင်းဖျားပြီး နှစ် ရက်လောက် သတိလစ်သွားတယ်။ ဆေးရုံတင်ရတယ်။ အဲဒီ အချိန်မှာ သူ့ခေါင်းထဲကို ဇာတ်ကောင်က ၀င်သွားတယ်ဆိုရင်ရော”

“ဘယ်လို ….”

ဝေမာက မနေနိုင်စွာ ထမေးတော့ အကုန်လုံး မျက်လုံးပြူးကုန်ကြသည်။

“ခန္ဓာကိုယ်က အနားယူနေပေမယ့် ဦးနှောက် အလုပ်လုပ်နေတယ်ဆိုတာ နင်တို့ လက်ခံတယ်မလား”

“အေးလေ”

“လင်းခလို စာရေး ဆရာ တစ်ယောက် အနေနဲ့ ခန္ဓာကိုယ်က အနားယူလိုက်ပေမယ့်။ ဦး နှောက်က ၀တ္ထုကို ဆက်ရေး နေမှာ ပဲ။ ပြီးတော့ ဒီဝတ္ထုရေး ဖို့အတွက် ဆိုက်ကို သဘောတရား တွေ လင်းခအများ ကြီး လေ့လာထားတယ်။ အလုပ်ပင်ပန်းတဲ့ဒဏ်၊ အိပ်ရေး ပျက်တဲ့ဒဏ်၊ ပြီး တော့ သူ့ဇာတ်ကောင်၊ နောက် သူလေ့လာထားတဲ့ ဆိုက်ကိုသဘောတွေ က သတိလစ်သွား တဲ့အချိန်မှာ ဦးနှောက်အစိတ်အပိုင်းတစ်ခုကို ကြီးစိုးသွားတယ်ဆိုရင်ရော”

အားလုံး စွံ့အသွားကြသည်။ တော် တော် နှင့် စကားမဆိုမြိ ကတော့ …..

တအောင့်ကြာတော့ သူရက ….

“နင်ပြောသလို တွေးကြည့်ရင် ဖြစ်တော့ ဖြစ်နိုင်လောက်ပါတယ်။ စိတ်စွမ်းအင် မနော နယ်ပယ်တွေ နဲ့ ပတ်သက်လို့ ယနေ့ခေတ်သိပ္ပံပညာရှင်တွေ တောင် တိတိကျကျ မလေ့လာနိုင် သေးတာပဲ။ ဒါပေမယ့် ဖြစ်နိုင်ချေ တော် တော် နည်းနေသလားလို့”

မိုးညာ ရေး ရေး လေး ပြုံးမိသွားသည်။

“အိုကေ … အဲဒါဆို ငါမေးမယ်။ လင်းခ ၀တ္ထုရေး ဖို့အတွက် စိတ်ငြိမ်အောင် အမြဲတမ်း ဘာလုပ်လဲ”

ဒီတစ်ခါတော့ အားလုံးဝိုင်းဖြေကြသည်။

“တရားထိုင်တယ်”

“ဟုတ်ပြီ ။ အဲဒီ တရားထိုင်ကာက ရှိပြီးသား စိတ်စွမ်းအင်ကို စနစ်တကျ မွေးမြူလေ့ ကျင့်ပြီးသား ဖြစ်သွားတယ်ဆိုရင်ရော”

လုံးဝကို တိတ်သွားပေပြီ။ ဘာသံမျှမကြားရတော့။ မိုးညက အများ ကြီးလေ့လာထား ကြောင်းတွေ့ ရသလို။ သူမစကားတွေ ကလည်း တစ်ထောင့်တစ်နေရာက တိကျနေသည်။ ပြီး တော့ ….

တိတ်သွားသည် ။

အချိန် ဘယ်လောက်ကြာသွားမှန်းပင် သတိမထားမိလိုက်။ အချိန်အတော် ကြာသွား သည်ဆိုတာတော့ သေချာသည်။ ပြီးတော့မှ အားမပါသော တိုးသဲ့သဲ့မေးခွန်းတစ်ခုကဝေမာ့ ဆီမှ ထွက်လာ၏ ။

“ဒါဆို လင်းခ ဖြစ်နေတာက အနာဂတ်ကြိုမြင်တဲ့ ဒုတိယအမျိုးအစားလား … တတိယ အမျိုးအစားလား … ရှင်းရှင်းပြောရရင်ဟာ စိတ်ကို စနစ်တကျလေ့ကျင့်ထားလို့ အနာဂတ်ကို ကြိုမြင်တာလား … ဒါမှမဟုတ် ဆိုက်ကိုမေထရီလား …”

မိုးညာအသံတိတ်သွားသည်။ ဖြေရခက်သွားခြင်းလည်း ဖြစ်၏ ။ ပြီးတော့မှ တိုးရှရှ အဖြေတစ်ခုက မသက်မသာလေး …..

“မသိဘူး”

V

မှတ်တိုင်ကျော်သွားပြီးကာမှ ကားကို နောက်ပြန်ဆုတ်လာခဲ့သည်။ ဒါတောင် မယ်မင်း ကြီးမ သုံးယောက် က ချက်ချင်း မမြင်။ ရှေ့တည့်တည့်ရောက်၍ ဟွန်းတီးလိုက်ပါမှ အများ နှင့် ရောမြင်၏ ။

“ဟယ် … လင်းခ .. ဘယ်လဲ”

ဝေမာက တံခါးပေါက်ဘေးသို့ ခေါင်းပြူလာရင်း မေးသည်။ နောက်မှ ဟေမာနှင့် ခင် ခင်လေးတို့နှစ် ဦးက ရပ်နေသည်။

“ဆိုင်သွားမလို့ မဟုတ်လား။ လာ … ကားပေါ်တက်။ ငါလိုက်ပို့ပေးမယ်”

သူ့စကားဆုံးတော့ သုံးယောက် လုံး ကားပေါ် အူယားဖားယားပြေးတက်ကြ၏ ။ ကား ပေါ်ရောက်ရောက်ချင်းပင် ဝေမာက …..

“နင်ဘယ်သွားမလို့လဲ”

“မြို့ထဲဘက်ကို ကဗျာရွတ်ပွဲတစ်ပွဲ ဖိတ်ထားလို့”

“နင်ရွတ်ရမှာ လား”

ဝေမာ့စကားကြောင့် ခေါင်းယမ်းလိုက်ရင်း….

“မဟုတ်ပါဘူး။ အသက်ကြီးကြီး ဆရာကြီးတွေ ရွတ်မှာ ”

လင်းခစကားကို နားမလည်သလို ခင်လေးနှင့် ဟေမာက တစ်ယောက် ကို တစ် ယောက် ကြည့်ကာ ခင်လေးကပင် …..

“ကိုလင်းခစကားက ဘယ်လိုကြီးလဲ ။ အသက်ကြီးကြီး ဆရာကြီးတွေ ရွတ်မှာ ဆိုတော့ အသက်ကြီးလို့ ဆရာကြီး ဖြစ်နေတဲ့လူတွေ ရွတ်မှာ လို့ ဆိုလိုတာလား”

ခင်လေးစကားကြောင့် ကားမောင်းလျက်မှပင် ပြုံး ဖြစ်ပါသည်။

“ဘယ်ကလာ။ အသက်လည်းကြီးနေပြီ။ အဲဒီ ကြီးနေတဲ့အသက်နဲ့အညီ ကဗျာလောက၊ စာပေလောကမှာ လူတကာလေးစားရတဲ့ ဆရာ ဖြစ်နေတဲ့လူတွေ ရွတ်မှာ ကိုပြောတာ”

“သြော် … မသိပါဘူး”

ခင်လေးမှတ်ချက်ဆုံးတော့ အတူထိုင်နေသော ဟေမာက … .

“ဒါဆို ကိုလင်းခတို့လို အသက်ငယ်ငယ်ဆရာတွေ မရွတ်ရဘူးပေါ့”

“အဲဒီ လိုလည်း မဟုတ်ပါဘူး။ သူ့နေရာနဲ့သူပေါ့”

လင်းခပြောပြီး ရှေ့မှ ကားတစ်စီးကို အရှိန်တင်ကာ ကျော်ဖြတ်လိုက်သည်။ ပြီး အရှိန် တင်ကာ မောင်းနေဆဲမှာ ပင် ….

“ဒါနဲ့ နေပါဦး ။ နင်တို့ သုံးယောက် က ဘယ်လို ဖြစ်လို့ မှတ်တိုင်မှာ ကားစောင့်နေရ တာလဲ။ ဒီနေ့ မိုးညာ လာမကြိုဘူးလား”

မိုးညာနှင့်ဝေမာက နှစ် ယောက် ပေါင်းကာ Fashion ဆိုင်တစ်ဆိုင်ဖွင့်ထားခြင်း ဖြစ် သည်။ ခင်လေးနှင့် ဟေမာက ဆိုင်ဝန်ထမ်းများ ဖြစ်သော်လည်း ညီမလေးတွေ လိုပင် သူမတို့ နှင့် တန်းတူအခွင့်အရေး ပေးထား၏ ။ အရင်နေ့တွေ ဆိုလျှင် မိုးညာပင် ကြိုနေကျ ဖြစ်သည်။

ခင်လေးနှင့် ဟေမာမှာ အသက်ငယ်သည်ကတစ်ကြောင်း၊ သူ့ ၀တ္ထုတွေ ကို ကြိုက်၍ လေးစားသည်က တစ်ကြောင်းတို့ကြောင့် နာမည် ရှေ့တွင် ကိုတပ်၍ ခေါ်ပြီး မိုးညာနှင့် ဝေမာ မှာ တော့ ရွယ်တူပင် ဖြစ်ကာ ငယ်ပေါင်းကြီးဖော်တွေ လိုပင် နာမည် ရင်းကို အပိုအလိုမရှိခေါ် သည်။

သူရနှင့် ချမ်အေးမှာ အထက်တန်းကျောင်းကတည်းက တွဲ လာပြီး မိုးညာတို့အုပ်စု ကတော့ စာရေး ဆရာ ဖြစ်ပြီးမှ ခင်မိကြခြင်း ဖြစ်ပါ၏ ။

“လင်းခ .. နင်မသိချင်ယောင်ဆောင်နေတာတော့ မဟုတ်ပါဘူးနော်”

“ဘာလဲ ….”

နားမလည်စွာ ပြန်မေးမိတော့ ..

“မိုးညာ ဒီနေ့ လေယာဉ်ကွင်းသွားကြိုရတယ်လေ”

ထိုစကားကြားပါမှ သူ့မှတ်ဥာဏ်နှလုံးသားက ခပ်ရေး ရေး လေး လှုပ်ခတ် သွားပါ၏ ။ ပြီး တော့ သူ့ခန္ဓာကိုယ်ကို တစ်စုံတစ်ရာသော စိတ်ဓာတ်က နှိုးဆော်သည်။ နှုတ်မှလည်း မတိုး မကျယ်လေး ရေရွတ်မိသည်။

“သြော်”

ရင်ထဲမှာ ဆူးနစ်ကွဲရှသော ဝေဒနာတစ်ခုက စူးစူးအောင့်အောင့်ပေါ်လာသည်။ ဘာ မှန်းမသိသော တစ်စုံတစ်ရာ ဆုံးရှုံးသွားတော့မလို ရင်ထဲမှာ မကောင်း။

“အေးဟာ … ငါမေ့သွားတယ်”

အသက်မပါသော သူ့စကားဆုံးတော့ ဝေမာက ….

“နင့်ဦးနှောက်က မိုးညာနဲ့ ပတ်သက်ရင် အမြဲတမ်း ဒုတိယနေရာမှာ ချည်းပဲထား တယ်။ ဘယ်တော့ ဖြစ် ဖြစ် ဦးစားပေး အလေးထားတယ် မရှိဘူး။ မိုးညာကသာ … .”

ဝေမာက စကားကို ဆက်မပြောပဲ ရပ်လိုက်သည်။ ဒါပေမယ့် ဆိုလိုသည့် အဓိပ္ပာယ်ကို သူနားလည်ပါသည်။ သူ့မှာ လည်း သူ့အကြောင်းနှင့်သူပင် မဟုတ်ပါလား။ စိတ်ကတင်းထား သည့် ကြားမှပင် ထိန်းကွပ်မှု လျော့နည်းစွာ နှုတ်က စကားအချို့ထွက်သွား၏ ။

“နင်တို့အားလုံး ငါ့ကို အားမရ ဖြစ်နေတယ်ဆိုတာ ငါနားလည်ပါတယ်။ ဒါပေမယ့် အခု လောလောဆယ် ငါ့အခြေအနေကို ငါမယုံဘူး။ ပြီးတော့ ဆိုးဆိုးဝါးဝါး အိပ်မက်တွေ ကို ည တိုင်းမက်နေတယ်”

ထိုစကားကြောင့် အကြည့်တွေ စုပြုံရောက်လာကာ ….

“ဘာတွေ လဲ”

ဝေမာက အလျင်စလိုမေးတော့ စိတ်မပါစွာ ခေါင်းကိုရမ်းရင်း

“ဘာတွေ မှန်းမသိပါဘူးဟာ။ အိပ်မက်တွေ က တစ်ခုနဲ့တစ်ခု အဆက်အစပ်မဲ့နေတယ်။ ငါဘယ်လိုမှ ဆက်စပ်ကြည့်လို့မရဘူး”

ဝေမာနှင့် ဟေမာမှာ အံ့သြသွားကြသော်လည်း ခင်လေး ကတော့ သိပ်အံ့သြဟန်မပြ ။

“ကိုလင်းခ … ဘာကိုဆိုလိုတာလဲ”

သူ သက်ပြင်းတစ်ခုကို ခပ်လေးလေးချ ဖြစ်သည်။

“အိပ်မက်တွေ ကို ဆက်စပ်ကြည့်လို့ရတဲ့ တစ်နေ့ကျရင် ငါအားလုံးကို ပြောပြမှာ ပါ။ အခု လောလောဆယ်တော့ ငါဒါပဲ ပြောနိုင်သေးတယ်”

“အဲဒီ အချိန်ရောက်ရင် မမမိုးညာက အိမ်ကပေးစားတဲ့လူနဲ့ လက်ထပ်ပြီးလောက်ပြီ။ ဒီ နေ့တင် ဟိုလူကြီး နိုင်ငံခြားက ပြန်ရောက်လာပြီ”

“ဟုတ်တယ် လင်းခ နင်အူလည်လည် မလုပ်နဲ့နော်”

အကုန်လုံးကို သူနားလည်ပါသည်။ ဒါပေမယ့် …..

မတတ်နိုင်ပါ။

ထိုစဉ်မှာ ပင် သူမောင်းလာသော ကားလေးက မီးပွိုင့်တစ်ခုသို့ ခေါင်းထိုးဆိုက် သွားပါ ၏ ။ ရှေ့မီးပွိုင့်တစ်ခုကျော်လျှင် သူမတို့ဆိုင်သို့ ရောက်ပြီ ဖြစ်သည်။

ထိုစဉ်မှာ ပင် …

“တီ”

လင်းခ၏ ဘောင်းဘီအိတ်ထဲမှ တစ်စုံတစ်ရာက အသံမြည် လာသည်။ လက်နှိုက်၍ ဆွဲထုတ်လိုက်ချိန်၌ ပင် …….

“တီ … တီ….”

နောက်ဘက်ဆီမှ ထွက်လာသော ကားဟွန်းသံတွေ နှင့်အတူ …..

“လင်းခ. … မီးစိမ်းနေပြီလေ”

ဝေမာ၏ အလျင်စလိုအသံနှင့်အတူ သူမောင်းထွက်ခဲ့ပါတော့၏ ။ ဒါပေမယ့် မျှော်လင့် မထားသော တစ်စုံတစ်ရာက ကားမောင်းထွက်ချိန်၌ ပင် အစပြုတော့သည်။

ချက်ချင်း အသက်ရူတွေ ကြပ်လာသည်။ ပြီးတော့ ခေါင်းထဲမှာ မိုက်ခနဲ တစ်ချက် ဖြစ် သွားသည်။ နောက် ……

ကားက လမ်းကြောင်းမှန်သွားနေရာမှ ဘေးကို ဆက်ခနဲချိုးကွေ့သွားတော့……

“ဟဲ့ … လင်းခ …..”

အလန့်တကြားအော်လိုက်သော ဝေမာအသံကြောင့် သတိကိုထိန်းလိုက်ရင်း ကားကို လမ်းကြောင်းပေါ် ပြန်တင်လိုက်သည်။ ဒါပေမယ့် အသိတွေ ကေ၀၀ါးနေပါပြီ။ သတိပင် တစ် ချက်တစ်ချက် လွတ်သွားချင်သလို။

ဘာ ဖြစ်သွားတာလဲ။

လင်းခကိုယ့်ကိုယ်ကို သဘောပေါက်လိုက်ပါပြီ။ ကားကို သတိနှင့်ထိန်းရင်း မီးပွိုင့်ရှေ့ သို့ အရောက် ….

ခေါင်းတစ်ခုလုံး စတီယာရင်ပေါ်သို့ ငိုက်ကျသွားစဉ်မှာ ပဲ …..

“လင်းခ ….. လင်းခ….”

“ဘာ ဖြစ်လို့လဲ ကိုလင်းခ”

ကားထဲတွင် ဆူဆူညံသွားသည်။ သူဘာမျှမသိတော့ပါ။ လုံးဝကို လွတ်သွားချေပြီ။ နောက် …..

ကယောင်ချောက်ချား ထွက်လာသော သူကိုယ်တိုင်မကြားရသည့် သူ၏ အထိတ် တလန့်အသံ။

“မီး … မီးတွေ .. မီးတောက်ကြီးတွေ ။ ဟာ …အများ ကြီး. … အများ ကြီးပဲ .”

“ဟင်”

“အို …”

အကုန်လုံး သတိလွတ်စွာ ငေးငိုင်သွားစဉ်မှာ ပဲ …..

“တီ တီ … တီ …”

“ပွမ် …. ပွမ်..”

ကားဟွမ်းသံတွေ က တရစပ် ထွက်လာပါသည်။ မော့ကြည့်လိုက်တော့ မီးပွိုင့်က အစိမ်းရောင် သမ်းနေပြီ။

မတတ်နိုင်ပါ။ သူမတို့ကားမှာ ဦးဆောင်သူ မဲ့ သွားပါပြီ။ မကြာခင်မှာ ပင် ကားတွေ တစ် စီးပြီး တစ်စီး ဖြတ်ကျော်သွာြး ကတော့၏ ။

မီးပွိုင့်ရှေ့တည့်တည့်တွင် တုပ်တုပ်မျှမလုပ်သော ကားလေးတစ်စီး၏ အတွင်းမှာ တော့……

အခန်း (၂)

VI

ကားကိုရပ်ပြီးပြီးချင်း လင်းခဆိုင်ဆီသို့ အပြေးသွားလိုက်သည်။ နောက်မှ ဝေမာ၊ ခင် လေးနှင့် ဟေမာတို့ သုံးဦး ပြေးလိုက်လာပါ၏ ။

မိုးညာကားကို Parking တွင် တွေ့ လိုက်ရကတည်းက လင်းခတုန်လှုပ်လွန်းစွာ ဆိုင် ထဲသို့ ပြေးဝင်လာခြင်း ဖြစ်သည်။ ဆိုင်ကို မိုးညာရောက်နေတာ သေချာသည်။ ဒါဆို….

အပြေးဝင်လာသော သူတို့ကို မိုးညာဆိုင်ထဲမှ ကြောင်ကာကြည့်နေသည်။ ဆိုင်ထဲသို့ ရောက်ရောက်ချင်းပင် ရှေ့ဆုံးမှပြေးဝင်လာသော လင်းခက …

“မိုးညာ .. ရီမု … ရီမုရော…”

အလျင်စလိုနိုင်လွန်းစွာ ထွက်လာသည့် လင်းခ၏ စကား။

ဖွင့်ထားသော TVကိုကြည့်ရင်း ပြောသည်ကြောင့် လင်းခ၏ ပုံပန်းဟန်ပန်နှင့် မိုးညာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ အမှန်က TV ရီမုမှာ သူမလက်တွင်းတွင် ကိုင်ထားတာပါ။ ဒါပေမယ့် ထူးဆန်းလွန်းသော အားလုံး၏ ဟန်ပန်တွေ ကြောင့် …..

“ရီမုရောလို့ ….”

ဒုတိယမြောက် လင်းခ၏ မေးသံအဆုံး …

“ဟဲ့ … နင့်လက်ထဲမှာ လေ”

နောက်ဘက်မှ ထွက်လာသော ဝေမာ၏ အသံ။ ထိုအသံနှင့် ရော၍

“TV … TV -7 ကို ပြောင်းလိုက်စမ်းပါ”

ရောထွေးမောဟိုက်စွာ ထွက်လာသော လင်းခစကားကြောင့် မိုးညာ ကြောင်တောင် တောင်နှင့် ရီမုကို နှိပ်လိုက်သည်တွင် …..

TV ဖန်သားပြင် ၌ ပေါ်လာသည်ကား …..

ကြောက်မက်ဖွယ် မီးလျှံတွေ နှင့် မီးခိုးလုံးကြီးများ ၊

စိုးထိတ်စွာ ပြေးလွှားနေကြသော မီးဘေးသင့်ပြည်သူတွေ ၊

နောက် …..

တ၀ီဝီအော်မြည် ရင်း ထိုးဆိုက်လာကြသော မီးသတ်ကားများ ၊

ဟုတ်ပါသည်။ သူတို့နေထိုင်ရာ မြို့တော် ၏ တစ်စိတ်တစ်နေရာမှာ ကြီးမားသော မီး လောင်မှု ကြီးတစ်ခု ဖြစ်ပွားနေခဲ့ပါပြီ။

လင်းခ တစ်ယောက် တိုက်ရိုက်ပြသနေသော အစီအစဉ်အား ကြည့်နေရင်းမှပင် အရုပ် ကြိုးပြတ် လဲကျ သွားပါတော့၏ ။

VII

“ဒီတစ်ခါတော့ ငါတို့ကိုယ်တွေ့ ပဲ။ နင်တို့ လက်ခံသင့်ပြီ”

မိုးညာစကားကြောင့် TV ကိုကြည့်နေသော သူရနှင့် ချမ်းအေးက လှည့်ကြည့်သည်။ သူတို့ပုံစံက ဝေခွဲမရမှု အရိပ်အငွေ့တွေ ဝေသီလို့။

ဖုန်းဆက်ခေါ်လိုက်မှု ကြောင့် သူတို့နှစ် ယောက် ရောက်လာကြခြင်း ဖြစ်ပါ၏ ။ မီးငြိမ်း သွားပြီ ဖြစ်သော်လည်း တအူအူထွက်နေသော မီးခိုးငွေ့တွေ ကြားမှ ပျက်စီးဆုံးရှုံးမှု အကြွင်း အကျန်တွေ နှင့် ထိခိုက်ဒဏ်ရာရမှု တွေ က ပြည့်သိပ်နေသည်။

TV ကြည့်နေရင်းမှ ချမ်းအေးက တစ်ဖက်လှည့်ရင်း လေသံတိုးတိုးဖြင့် ….

“လင်းခရော”

“အတွင်းခန်းမှာ လှဲနေတယ်”

ဆိုင်အတွင်းဘက် မေးငေါ့ပြရင်း ဟေမာကပြောသည်။

“သူဘာ ဖြစ်သွားသေးလဲ”

“အေးဆေးပါပဲ။ ဘာမှမ ဖြစ်တော့ပါဘူး။ ပုံမှန် ဖြစ် သွားပါပြီ”

သူရက ခေါင်းတဆက်ဆက်ညိတ်သည်။ နောက် ဝေမာ့ကို လှမ်းကြည့်ရင်း….

“ငါတို့ကို အစအဆုံးတစ်ခေါက်လောက် ပြန်ပြောပြပါဦး။ လင်းခ ဘယ်လို ဘယ်လို စ ဖြစ်တာလဲ”

သူရအမေးကြောင့် ဝေမာက မီးပွိုင့်မိသည်မှစလို့ အားလုံးကို အသေးစိတ်ပြန်ပြောပြ သည်။ စကားဆုံးတော့ ….

“ဒီတစ်ခါ အိပ်မက်မဟုတ်ဘူးပေါ့”

“မဟုတ်ဘူး”

တိတ်ဆိတ်သွားကြပါသည်။ အားလုံးက ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်သက်ရင်း TV ဆီသို့ သာ အာရုံရောက်နေကြသည်။ သူရနှင့် ချမ်းအေး ကတော့ လက်ခံသည် ၊ လက်မခံ သည် မပြောပါ။

“ဘာလဲ … ဒီတစ်ခါလည်း လက်မခံချင်သေးဘူးလို့ ပြောချင်တာလား”

မိုးညာ၏ မာဆက်ဆက် ဘ၀င်မကျသော အမေးကို ပြန်မဖြေပါ။ ဒါပေမယ့် ခေါင်းတော့ ခပ်လေးလေးညိတ်ပြသည်။

“ဘာ့ကြောင့် လည်း …”

ဝေမာက ၀င်မေးသည်။ သူမသည်လည်း ယခုကိုယ်တွေ့ ကြုံလိုက်ရတော့ လက်ခံရ မလိုလို ဖြစ်နေပါ၏ ။

“ပထမအချက် ကတော့ လင်းခအခု ဖြစ်နေတာက ဘာ ရောဂါ မှန်း သေချာမသိတာပဲ။ အနာဂတ်ကို ကြိုမြင်တာအမှန်ပေမယ့် ရောဂါ နာမည် တပ်ရခက်နေတယ်။

ဒုတိယအချက် ကတော့ မြန်မာနိုင်ငံအတိုင်းအတာမှာ စိတ်ကို စနစ်တကျမွေးမြူပြီး အနာဂတ်ကို ကြိုတင်ဟောပြောသူတွေ ရှိပေမယ့် မတော် တဆ လင်းခလို ဖြစ်သွားသူတွေ မရှိ သလောက်ရှားတယ်”

“ဒါပေမယ့် နိုင်ငံအတော် များများ မှာ ရှိတာပဲလေ”

မိုးညာက အထွန့်တက်၏ ။

“ဟုတ်ပါတယ်. ..။ ဒါပေမယ့် မတော် တဆ ဖြစ်ပုံချင်း မတူဘူးမလား”

မိုးညာဘက်ဆီမှ ပြန်ဖြေသံမကြားရ။ တိတ်ဆိတ်သွားသည်။

“တတိယအချက် ကတော့ ငါတို့က ယောက်ျားလေးတွေ ဖြစ်နေလို့ပဲ။ ယောက်ျားလေး အများ စုက သူများ ပြောတာတို့၊ ထင်ကြေးတို့ကို သိပ်ယုံတာမဟုတ်ဘူး”

သူရစကားဆုံးတော့ သူမတို့ဘက်မှ ပြောစရာစကားမရှိတော့ပါ ။ ကိုယ်တွေ့ မဟုတ် သေးသ၍ သူတို့ယုံကြည်ရန် ခဲယဉ်းနေဦးမည် မဟုတ်ပါလား။ ထိုစဉ်မှာ ပင် ဝေမာက …..

“ဒါဆို ဘာ ရောဂါ မှန်း သေချာသိရအောင် ဆရာဝန်ပြကြည့်ရင်ရော …”

ဒီအဆိုကိုတော့ အားလုံးက ၀ိုင်း၍ ပယ်ချသည်။ မိုးညာမှာ ပထမဆုံး ဖြစ်သည်။

“ဒါကိုတော့ လင်းခလက်ခံမှာ မဟုတ်ဘူး။ ဘာ ဖြစ်လို့လည်းဆိုတော့ ဆရာဝန်ပြ ကြည့်လို့ဆရာဝန်က ရောဂါ တစ်ခုခု နာမည် တပ်လိုက်မှာ ကို စိုးရိမ်နေတယ်။ ဥပမာ ဆိုက်ကို မေထရီဆိုပါတော့ ငါ့မှာ ဆိုက်ကိုမေထရီ ဖြစ်နေတယ်ဆိုတဲ့ အသိကို လင်းခလက်မခံနိုင်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီ အသိက သူအရမ်းချစ်တဲ့ အနုပညာကို နှောင့်ယှက်မှာ မို့လို့ပဲ”

“ဒါဆို ငါတို့က ဘာဆက်လုပ် ရမှာ လဲ”

အားလုံးတိတ်သွားကြသည်။ မည် သူ့ဆီကမျှ အသံထွက်မလာပါ။ ဒီလိုနှင့် တအောင့် ကြာသွားတော့ ဖျော့တော့တော့ သက်ပြင်းချသံတစ်ခုနှင့်အတူ မိုးညာဆီမှ စကားသံက ပျံ့ လွင့်စီးမျောလာသည်။

“ငါတို့လုပ်ရမှာ တစ်ခုပဲရှိတယ်။ အဲဒါက လင်းခကို စိတ်ချမ်းသာအောင် ထားပေးဖို့ပဲ”

ကန့်ကွက်သူမရှိသော်လည်း သူရနှင့် ချမ်းအေး တစ်ယောက် ကို တစ်ယောက် ကြည့်မိ သည်။ ပြီးတော့ ဘာရယ်မဟုတ် နားထောင်သူအားလုံးကို ဝေ့ကြည့်ရင်းမှ ခင်လေးနှင့် အကြည့်ဆုံသည်။

သူတို့နှစ် ယောက် လက်ခံရန် မ ဖြစ်နိုင်သေးပါ။

ပြောပြလို့လည်း မရနိုင်သေး။

လက်မခံနိုင်ရသည့် အကြောင်းအရင်းတစ်ခုက သေသေချာချာကို ရှိနေခဲ့သည်။

ဘာအကြောင်းလဲဆိုပါက …..

အကြောင်းတစ်ခုခုဟုသာ ပြောရမည် ဖြစ်သည်။

ဘယ်လိုလဲ …..။

VIII

“ သမီး … ဖေဖေတို့ဆီ ခဏလာပါဦး”

အိမ်ထဲဝင်ဝင်ချင်းမှာ ပင် ဖေဖေက လှမ်းခေါ်သည့်အတွက် မိုးညာ ဧည့်ခန်းအတွင်း သို့ ၀င်သွားလိုက်သည်။ စားပွဲပေါ်တင်ထားသော ကော်ဖီပန်းကန်နှင့် မုန့်အချို့ကြောင့် မကြာခင် က အိမ်ကို ဧည့်သည်လာသွားကြောင်း ရိပ်စားမိ၏ ။

ထင်သည့်အတိုင်းပင်။

“ခုန မောင်ဘုန်းခန့်ကျော်တို့ သားအဖလာသွားတယ်”

ထိုစကားက သူမသွေးခုန်နှုန်းကို ဆက်ခနဲ တုန်သွားစေသည်။ ချက်ချင်း ပင် ဖေဖေ့ကို မော့ကြည့်လိုက်တော့ …..

“လာရင်းကိစ္စ ကတော့ သမီးသဘောပေါက်မှာ ပါ။ သမီးနဲ့ မောင်ဘုန်းခန့်ကျော်တို့ ကိစ္စ ပဲ”

ဖေဖေက စကားကို ခဏရပ်၍ သူမကိုကြည့်သည်။ သူမရင်ထဲမှာ အလိုမကျမှု နှင့် စိတ် ပျက်မှု တို့ စုပြုံသွားရ၏ ။ တစ်နေ့လုံး စိတ်ရှုပ်စရာတွေ နှင့် ကြုံလာပြီးသွားတာတောင် အားမရ နိုင်သေး။ ကံကြမ္မာဂြိုဟ်စီးက တော် တော် ညံ့နေသည်။

“သမီးဆန္ဒမှန်သမျှ ဖေဖေတို့ လိုက်လျောခဲ့တယ်နော်။ အခုလည်း ဖေဖေတို့ ဆန္ဒကို သမီးလိုက်လျောလိမ့်မယ်လို့ ယုံတယ်။ ဖေဖေလက်ခံလိုက်ပြီ သမီး၊ စေ့စပ်ပွဲရက်ကို သူတို့ ဘက်က သတ်မှတ်လိမ့်မယ်။ သမီးမငြင်းပါနဲ့”

ဖေဖေရယ်ဟုသာ ပြော၍ ငိုချလိုက်ချင်တော့သည်။ မိုးညာ စိတ်ကို တစ်ချက်တင်း လိုက်ကာ အထွန့်တက်မိသည်။

“သမီးဘက်ကို နည်းနည်း လေးမှ မကြည့်တော့ဘူးလား ဖေဖေ။ သမီး လွတ်လွတ်လပ် လပ်နေချင်သေးတယ်”

“သမီးနေခဲ့ပြီးပြီလေ။ သမီးအသက်အပိုင်းအခြားနဲ့တွက်ရင် အများ ကြီးလွတ်လပ်ခဲ့ပြီး ပါပြီ။ ဒီတော့ ဖေဖေတို့ သဘောအတိုင်းသာ လက်ခံပါတော့”

“မောင်ဘုန်းခန့်ကျော်ဟာ လူတော် တစ်ယောက် ပါသမီးရယ် ။ အခုဆို ငယ်ငယ်ရွယ် ရွယ်နဲ့ စီးပွားရေး လောကမှာ နာမည် တစ်လုံးက ခိုင်နေပြီ။ အိမ်ထောင်ဖက် တစ်ယောက် အနေ နဲ့ မောင်ဘုန်းခန့်ကျော်မှာ ငြင်းစရာမရှိပါဘူး”

မေမေကပါ ၀င်ပြော၏ ။ သမီးသူ့ကိုမှ ချစ်လို့မရတာ ဟု ပြောချင်သော်လည်း မပြော ဖြစ် ခဲ့ပါ။ အမှန်ဆို ဒီအချိန် သူမ၌ ချစ်သူတစ်ဦးသာရှိခဲ့ပါက အခုလိုမျိုး ဖြစ်လာစရာမရှိပေ။ အခု တော့ ….

စိတ်ထဲမှာ လင်းခမျက်နှာကို မြင်ယောင်ရင်း မချင့်မရဲ ဖြစ်မိသည်။ ပြီးတော့ အလိုမကျ လည်း ဖြစ်မိသည်။ ထိုစဉ် ….

“ဖေဖေနဲ့သမီး သဘောတူထားတဲ့အတိုင်း မောင်ဘုန်းခန့်ကျော် ဒီတစ်ခေါက်ပြန်မလာ ခင်ထိ ဖေဖေစောင့်ကြည့်ခဲ့တယ်နော် ။ ဒါပေမယ့် သမီးဘက်က စစ်မှန်တဲ့ချစ်သူ တစ်ယောက် ဖေဖေ့ရှေ့ ခေါ်မလာနိုင်ခဲ့ဘူး။ ဒါ့ကြောင့် အရင်ကတည်းက ကြောင်းလမ်းထားတဲ့စကားကို ဖေဖေဒီနေ့ အတည်ပြုလိုက်တာပဲ။ ဖေဖေတစ်ဖက်သက် ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူးနော်။ သမီးနဲ့ သဘောတူညီမှု အတိုင်း လုပ်ခဲ့တာပါ”

ဟုတ်ပါ၏ ။ ဖေဖေ့ကိုလည်း အပြစ်တင်၍ မရပါ။ အရင်တစ်ခေါက်စကားပြောဆိုပြီး ကတည်းက ဖေဖေနှင့်သူမ သဘောတူညီမှု တစ်ခု ယူခဲ့ခြင်း ဖြစ်ပါသည်။ ပထမတစ်ခေါက် ဘုန်းခန့်ကျော်မိဘတွေ နှင့် စကားပြောဆိုစဉ်က ဖေဖေတစ်ခါတည်း သဘောမတူခဲ့။ သူမသ ဘောကိုမေးဦးမည် ဟုဆိုကာ မယုတ်မလွန် ပြောဆိုခဲ့သည်။

တစ်ဖက်ကလည်း လက်ခံပါသည်။ ဒါပေမယ့် သူတို့သား ဒီတစ်ခေါက် နိုင်ငံခြားမှ ပြန် လာလျှင်တော့ တိကျသော အဖြေတစ်ခုပေးရန် တောင်းဆိုထားသည်။

ဒီအတောအတွင်း သူမနှင့်ဖေဖေတို့၏ သဘောတူညီမှု က အလွန်ရိုးရှင်းလွန်းပါသည်။ ငြင်းမည် ဆိုပါက စစ်မှန်သော ချစ်သူ တစ်ယောက် ဖေဖေ့ရှေ့သို့ ခေါ်ပြနိုင်လျှင် ဖေဖေနှင့် ထို ချစ်သူကို စကားပြောဖို့ တွေ့ ပေးနိုင်လျှင် ငြင်းခွင့်ရှိသည်။ သို့ မဟုတ်ပါက ငြင်းရန်မလို။

ချစ်သူကလည်း ရုပ်ရှင်ဗီဒီယိုတွေ ထဲကလို ခေတ္တခဏငှားရမ်းလို့မရ။ သေချာရမည် ။ ဖြစ်နိုင်လျှင် တစ်ဘ၀လုံးလက်တွဲ ဖို့အထိ တိကျနိုင်ရမည် ။ သို့ မှသာ ….

ဖေဖေ့လို လူမျိုးကိုလည်း အပေါစားနည်းနှင့် လိမ်လို့ရမည် မဟုတ်။ ထိုစဉ် ကတော့ ဘာရယ်မဟုတ် ပြီးပြီးရော လက်ခံလိုက်မိတာ ပါ။ အနည်းငယ်သော မျှော်လင့်ချက်လေးကို အားကိုးလို့ပေါ့။

ယခုတော့ …..

အခန်းထဲရောက်တော့ မိုးညာမျက်ရည်ကျမိပါသည်။ မချစ်သော သူနှင့် ပေါင်းစည်းရ မည် မို့ ၀မ်းနည်း၍ ကျသော မျက်ရည်မဟုတ်။ ချစ်သော သူကို မချင့်မရဲစိတ်ဖြင့်ကျသော ခံ ပြင်းမျက်ရည်ပါ။

ပြီးတော့ သူမကိုယ် သူမလည်း မေးခွန်းတစ်ခု မေးမိသည်။

“ကိုယ့်ချစ်သော သူကို ချစ်တယ်လို့ပြောဖို့ တွန့်ဆုတ်ဝန်လေးတတ်သည့် ယောက်ျား လေးမျိုးရှိတတ်ပါသလား”

သူမ မသိ။

လင်းခ ….

တွေ ဝေတွန့်ဆုတ်သူမဟုတ်တာတော့ သေချာသည်။ အကြောင်းကား သူ၏ ၀တ္ထုပါ ဇာတ်ကောင်များ က သက်သေခံသည်။

မိတ်ဆက်စာရေး ရင်းမှ တဆင့် သိကျွမ်းခဲ့ခြင်း ဖြစ်သည်။ လင်းခ အကြောင်းကို သူမ သိသင့်သည်ထက်ပိုကာ သိသည်။ လင်းခသည် တွေ ဝေတွန့်ဆုတ်တတ်သူမဟုတ်။ သူရဲဘော ကြောင်တတ်သူမဟုတ်။ သွေးနည်းသူမဟုတ်။ သွက်လက်သည်။ ထက်မြတ်သည်။ ပြီးတော့ ရဲရင့်သည်။

အပြင်းထန်ဆုံး စိတ်ဓာတ်တစ်ခုက စိန်ခေါ်မှု တွေ ကို စိတ်ဝင်စားသည်။ ဒီလိုလူမျိုးတစ် ယောက် က ချစ်သော မိန်းကလေး တစ်ယောက် ကို “ချစ်တယ်”လို့ မပြောရဲစရာ ရှိပါ့မလား။ မေးရန်မလိုပေ။

ဒါဆို ဘာ့ကြောင့် ….

သူမသည်လည်း လူကဲခတ်ညံ့လှသူမဟုတ်ပါ။

ဒါပေမယ့် အခုလိုအခြေအနေမှာ တောင် ဘာလို့ အေးဆေးနေရသနည်း အမှတ်မထင် ရလာသည့် ဆိုက်ကိုမေထရီကြောင့် လား။ သူမမတွေးတတ်ပါ။

ထိုသို့ အတွေးတွေ ဖြင့် မွန်းကြပ်နေစဉ်မှာ ပင် ဖုန်းကမြည် လာသည်။ ဖွင့်ကြည့်လိုက် တော့ အမြဲတမ်း မှတ်မှတ်ရရရှိနေသည့် ဖုန်းနံပါတ်။

လင်းခ။

ဝမ်းသာသွားသည်လား။ မချင့်မရဲ ဖြစ်သွားသည်လား မသေချာပေမယ့် အလိုလို ဖွင့်မိ သွားသည်။ ပြီးတော့ နားနားသို့ ကပ်လိုက်စဉ်မှာ ပင် ….

“မိုးညာ. …. ငါအိပ်မက်တွေ ကို ဆက်စပ်လို့ရသွားပြီ”

“ဟင် …”

ချက်ချင်း ပင် စိတ်တို့လှုပ်ရှားသွား၏ ။ မျှော်လင့်မထားသော အချိန်မှာ ထင်မှတ်မထား သော စကားကို ကြားလိုက်ရခြင်း ။ လင်းခမှာ လည်း အသံတွေ တုန်နေသည်။

“ငါ ညတိုင်းလိုလို မက်နေတဲ့ ဟိုတစ်ကွက်၊ ဒီတစ်ကွက် အိပ်မက်တွေ က တစ်ခုတည်း မဟုတ်ဘူး။ အိပ်မက်နှစ် ခု၊ ဒုတိယအိပ်မက်ကိုတော့ ငါဆက်စပ်မကြည့်နိုင်သေးဘူး။ ပထမ အိပ်မက်ကိုတော့ ဆက်စပ်လို့ရသွားပြီ”

“ဟုတ်လား ….. ။ ပြောပြစမ်းပါ”

သူမစကားတို့ မြန်နေသည်။ ထို့အတူ နှလုံးခုန်သံတွေ ကလည်း တဒုန်းဒုန်း။

“အိပ်မက်လို့ ပြောရမှာ တောင် ခက်တယ်။ ငါနဲ့အရင်ဘ၀က ပတ်သက်ဖူးသူတွေ က ဘယ်လို သတိပေးတာလို့ပဲ ပြောရမှာ ပဲ”

“ဘယ်လို …..”

မိုးညာက ကြောင်တက်တက် ဖြစ်သွားလေသည်။ တော် တော် လည်း အံ့သြသွားသည်။

“ဒါနဲ့ နင့်ကိုငါ ဖြတ်မေးရဦးမယ်။ နင်သိုက်တို့၊ သိုက်ဆက်တို့ ဆိုတာကို ယုံလား”

သူမ မျက်မှော င်ကြုတ်မိ သွားပါသည်။ ပြီးတော့ နှုတ်မှ တိုပြတ်ပြတ် စကားတစ်ခွန်းက တိတိကျကျ ။

“သိုက်”

IX

ပီကာဆို၏ ပန်းချီကားတစ်ချပ်တော့ မဟုတ်ပါ။ ဒါပေမယ့် ကားမှတ်တိုင် တစ်ခု ဖြစ် သည်။ သူတို့ထိုင်နေရာဝိုင်းမှ ကားမှတ်တိုင်သို့ တိုးလျှိုပေါက်လှမ်းမြင်နေရ၏ ။

မနက်စောစောစီးစီး ချမ်းအေးနှင့်သူရ ပေါက်ချလာ၍ Breakfast လိုက်ကျွေးနေရခြင်း ပါ။ မကျွေးမ ဖြစ် အနေအထားဆိုတော့လည်းလေ။ ဆိုင်လေး၏ နာမည် မှာ “tomorrow” ဖြစ် ၏ ။

စောစောစီးစီးဆိုသော်လည်း အချိန်က (၈)နာရီထိုးတော့မည် ။ သူတို့နှင့် ကပ်လျက် ၀ိုင်းတွင် ကား ရုံးဝတ်စုံနှင့် မိန်းကလေးတစ်စု မုန့်စားနေကြသည်။ သူရနှင့် ချမ်းအေးက ထမင်းကြော်စား၍ သူ ကတော့ ထုံးစံအတိုင်း မုန့်ဟင်းခါးသာစား ဖြစ်သည်။ စားနေရင်းမှပင် ချမ်းအေးက ဆိုင်ရှေ့သို့ ကြည့်ကာ …..

“ဒီဆိုင်လေးက တော် တော် ကျက်သရေ ရှိတာပဲကွ။ ဒီအတိုင်းဆို ငါတို့ မနက်တိုင်း Breakfast လာစားမှနဲ့တူတယ်”

ချမ်းအေးစကားကို သဘောပေါက်ပါသည်။ ဆိုင်ရှေ့မကျတကျမှာ က ကားမှတ်တိုင် ဖြစ်နေ၍ အလုပ်သွားသူ၊ ကျောင်းသွားသူ၊ သင်တန်းသွားသူ စသည့် အလွှာစုံ၊ ဆိုက်စုံကောင် မလေးများ အပြိုင်အဆိုင် ကြွရွနေသည်ကို ဆိုလိုခြင်း ဖြစ်ပါ၏ ။ သူရကလည်း ….

“ဒါကြောင့် ဒီကောင့် ၀တ္ထုတွေ လန်းနေတာကိုးကွ”

ဟု ရယ်ကျဲကျဲ ပြောပါသည်။ လင်းခ နှုတ်ခမ်းကို ခပ်မဲ့မဲ့ ပြုံး၍ သာ ခေါင်းညိတ်နေ ဖြစ် သည်။ ထိုစဉ်မှာ ပင် သူရက ကောင်မလေး တစ်ယောက် အား မေးငေါ့ပြရင်း …

“တော် တော် ယဉ်တယ်နော်။ ဆံပင်လည်း အရှည်ကြီးပဲ”

လင်းခကြည့်လိုက်မိပါသည်။ ဟုတ်၏ ။ သူရပြောသည်ထက်ပင် ကျက်သရေရှိနေသည် ကြောင့် …..

“အင်း .. တော် ၀င်မိန်းမ အမျိုးအစားပဲ”

သူ့စကားကို သူရက ခေါင်းညိတ်ကာ ထောက်ခံသည်။ ချမ်းအေးကလည်း ခပ်တည် တည်ခေါင်းညိတ်ရင်း ….

“ဘာလဲ ဆံပင်ရှည်လို့ ပြောတာလား”

ချမ်းအေးစကားကြောင့် သူရက ပြူးကြောင်ကြောင် ကြည့်သည်။ အဓိပ္ပာယ်လွဲသွားမှု ကြောင့် အမှတ်မထင်ကြည့်မိလိုက်သည့် အကြည့်မျိုး။ ပြီး ကောက်ခါ ငင်ကာပင် ….

“ဘာကို ပြောတာလဲ”

သူရက မေးလိုက်တော့ ချမ်းအေးက ခပ်တည်တည်ပင်။

“ဆံပင်ရှည် လို့ တော် ၀င်မိန်းမအမျိုးအစားလို့ ပြောတာလားမေးတာ”

သူရက ပြန်မဖြေပဲ လင်းခကို ကြည့်သည်။ လင်းခနားလည်လိုက်ပါသည်။ ချမ်းအေးမှ မသိသေးတာပဲ။

“ဟုတ်သားပဲ။ ချမ်းအေးမှ ငါ့စာမူကို မဖတ်ရသေးတာ။ မိန်းမ သုံးမျိုးကို ဘယ်လိုလုပ် သိမှာ လဲ”

“ဘာ….”

အံ့သြသံဖြင့် ကျယ်သွားသူက ချမ်းအေး။ သူထင်တာမဟုတ်၍ အံ့သြသွားခြင်း ဖြစ် သလို မိန်းမသုံးမျိုးဆို၍ စိတ်ဝင်စားသွားသံလည်းပါသည်။ မပြောလည်း ရမှာ မဟုတ်သည်မို့ သူရကို ကြည့်မိလိုက်စဉ်မှာ ပဲ သူရက ..

“မင်းရေး ထားတာ မင်းပဲပြောပြလိုက်”

ဟူသည့် ပုံစံမျိုး မျက်လုံးပင့်ကာ မေးဆက်ပြသည်။ မတတ်နိုင်တော့ပါ။ သူက စမိ လိုက်သည်ကိုး။ ချမ်းအေး ကတော့ ဂနာမငြိမ် ဖြစ်နေပါပြီ။

“ဟေ့ကောင် … လုပ်လေကွာ။ ဘယ်လို မိန်းမမျိုးသုံးမျိုးလဲ”

သိချင်စိတ်တို့ မဖုံးမဖိနိုင်သော အသံကြီးက အလျင်စလိုထွက်လာသည်မို့ လင်းခ လက်တစ်ချက်ကာ ပြလိုက်သည်။ ပြီးတော့မှ ဆေးလိပ်တစ်လိပ်ကို မီးကောက်ညှိကာ ….

“ဒီလိုရှိတယ်ကွ။ မိန်းကလေးတွေ ရဲ့ အပြင်ပန်းပုံသဏ္ဍာန်ကို ကြည့်ပြီး အကြမ်းဖျင်း ခွဲခြားနည်းပေါ့။ မိန်းမတွေ မှာ တော် ၀င်မိန်းမ၊ သာမန်မိန်းမနဲ့ ၊ အညံ့စားမိန်းမဆိုပြီးတော့ (၃) မျိုးရှိတယ်။ လူ တစ်ယောက် ရဲ့ ခန္ဓာကိုယ်ကို နှစ် ပိုင်းပိုင်းကြည့်လိုက်ကွာ။ တင်ပါးဆုံရိုးရဲ့ အထက်ပိုင်းကို အထက်ပိုင်းလို့ သတ်မှတ်ပြီး အောက်ခြေပိုင်းကို အောက်ပိုင်းလို့သတ်မှတ် လိုက်။ အပေါ်ပိုင်းထက် အောက်ပိုင်းက ရှည်နေရင် အကြမ်းဖျင်းအားဖြင့် တော် ၀င်မိန်းမပဲ။ လွယ်လွယ်ပြောရရင်တော့ ခါးတိုပြီး အောက်ပိုင်းရှည်ရမယ်ပေါ့”

သူ့စကားကြောင့် ချမ်းအေးတွေ ဝေသွားသည်။ ခုနဆံပင်ရှည်နှင့် တစ်ယောက် အား တော် ၀င်မိန်းမဟုတ်မဟုတ် ဆန်းစစ်နေသည် ထင်ပါ၏ ။

“အများ စု ကတော့ သာမန်မိန်းမတွေ ပဲများ ပါတယ်။ သာမန်မိန်းမဆိုတာ အပေါ်ပိုင်းနဲ့ အောက်ပိုင်းအတူတူပဲ။ ဘယ်အပိုင်းမှ ပိုမရှည်ဘူး။ အဲ. .. အပေါ်ပိုင်းထက် အောက်ပိုင်းက တိုနေတယ်ဆိုရင်တော့ အဲဒါ အညံ့စားမိန်းမပဲ။ အဲလို မိန်းမမျိုးက ရှားလည်းရှားတယ်။ တွေ့  ရင် လည်းအတတ်နိုင်ဆုံးရှောင်”

“ဘာ ဖြစ်လို့လဲ”

“ငါမပြောချင်ဘူးကွာ၊ ရှောင်ရမယ်ဆိုတာပဲ မှတ်ထားလိုက်”

ချမ်းအေးက ခေါင်းတဆက်ဆက်ညိတ်သည်။ သူရ ကတော့ သိပြီးသားမို့ ခပ်တည် တည် ပင်ရှိနေပါ၏ ။ ပြီးတော့ သိချင်သည်ထင်ရသည့် မေးခွန်းတစ်ခုအား ချမ်းအေးက မေး သည်။

“ဒါဆို တော် ၀င်မိန်းမဟာအကောင်းဆုံးပေါ့။ သူက ဘယ်လို အရည်အချင်းတွေ ရှိလဲ”

“ပြောရရင်တော့ အများ ကြီးပဲ။ ဒါပေမယ့် တိုတိုနဲ့ လိုရင်း ပြောရရင် မိန်းကလေးတွေ လုပ်နိုင်သမျှ အရာအားလုံးကို စွမ်းရည်အမြင့်ဆုံးလုပ်နိုင်တယ်။ မလုပ်ရင်သာနေမယ်။ လုပ် နိုင်တဲ့ စွမ်းရည် သူ့မှာ ရှိတယ်။ အလုပ်ကိစ္စ၊ အလှအပ၊ ဆက်ဆံမှု အားလုံးပေါ့ကွာ။ အပွင့် လင်းဆုံးပြောရရင် လိင်ကိစ္စမှာ တောင် တော် ၀င်မိန်းမတွေ က စိတ်ကျေနပ်မှု အကောင်းဆုံး ပေးဆပ်နိုင်တယ်။ ဒါအကြမ်းဖျင်းပြောတာပါ”

ချမ်းအေး စိတ်ဝင်စား သွားပါသည်။ အနည်းငယ်လည်း မျက်မှော င်ကြုတ်သွား၏ ။ ပြီး ချက်ချင်း ပင် …

“ဒါဆို သာမန်မိန်းမတွေ ကရော”

“သူတို့ ကတော့ အစစအရာရာ သာမန်ပါပဲ”

“သြော် ….”

ချမ်းအေးက မသိရသေးသော အကြောင်းတစ်ခုကို သိလိုက်သလို လေးလေးနက်နက် ခေါင်းညိတ်သည်။ ပြီးတော့ လင်းခနှင့် သူရအား ခပ်တည်တည်ကြည့်ရင်း …..

“ဒါဆို တော် ၀င်မိန်းမကို ရှာရမှာ ပေါ့”

“ဒါပေါ့”

သူရကဖြေကာ သူ ကတော့ လက်မထောင်ပြလိုက်သည်။ ပြီးတော့ သုံးယောက် သား ရယ်ဟဟ ဖြစ်ကြ၏ ။ ရယ်လို့မှမဆုံးသေးခင်မှာ ပင် စစ်ပွဲတစ်ခု၏ သွေးညှီနံ့လိုလိုကို ရူရှိုက်မိ လိုက်သည်။ စိတ်ထဲ ထင့်ခနဲ ဖြစ် သွားပါ၏ ။ ထိုစဉ် …..

“သနားပါတယ်ဟယ် ။ ငယ်ငယ်ရွယ်ရွယ်လေးတွေ နဲ့ အခုလို ဖြစ်သွားတာ”

“အေးဟာ … ရုပ်လေးတွေ က သနားကမားနဲ့ မထင်ရဘူး”

“နင်ကလည်း ဒါမျိုးအရူးတွေ က သာမန်လူတွေ နဲ့ ဘာမှသိပ်မကွာဘူး။ အားလုံးအတူ တူပဲ။ စိတ်ဖောက်လာမှသာ သိရတာ ”

“ဟယ် … ဟုတ်လား”

တွန့်ခနဲ ဖြစ်သွားမိသည်။ သူရနှင့် ချမ်းအေးမှာ လည်း ထိုအတိုင်း သူတို့နှင့် ကပ်လျက် ၀ိုင်းမှ ထွက်လာခြင်းပါ။

“ကျွတ် ….. မေမေမွေးတုန်းက အကောင်းလေးပါဟယ်။ ဖေဖေဘရက်ပစ်လည်း ဒီသ တင်းကြားရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ သူ့ခမျာ အချိန်ပြည့်ရုပ်ရှင်ရိုက်နေရတာ ”

ပြီး တစ်အုပ်စုလုံး ၀ါးခနဲထရယ်သည်။ လင်းခ မွေးညင်းပေါက်တွေ ဆက်ခနဲကျင်သွား သည်။ (ကြက်သီးထသွားတာကို ဆိုလိုတာပါ) ဒါပေမယ့် ဘယ်သူ့ကို ဦးတည်မှန်း မသေချာ၍ လှည့်မကြည့်သေး။

သူရနှင့်က မျက်နှာချင်းဆိုင် ဖြစ်ပြီး သူနှင့် ချမ်းအေးမှာ ကျောပေးထားလျက် ဖြစ်သည်။ သူရကို လှမ်းကြည့်တော့ သဘောပေါက်တယ်ဟူသော ပုံစံမျိုးဖြင့် မသိမသာရှိုးနေသည်။ သူ နှင့်ချမ်းအေးမှာ တော့ ကျောပေးထားလျက်မို့ မလူးသာမလွန့်သာ။

“နင်တို့ကလည်းဟယ် … .အဲလောက် အခြေအနေဆိုးမယ် မထင်သေးပါဘူး။ ၀တ်ပုံ စားပုံကို ကြည့်ပါလား။ ဟို တစ်ယောက် ဆို လုံးဝ Gent ပဲ”

သူရ ဆက်ခနဲတွန့်သွား၏ ။ အလုပ်ထဲသွားရမည် မို့ သပ်သပ်ရပ်ရပ်ဝတ်လာသည် မဟုတ်ပါလား။ အပေါ်က ရှပ်အင်္ကျီအဖြူလက်ရှည်၊ အောက်က စတိုင်ပင်န်အမည်းကို ဟတ်ဖ် ရှုးတစ်ရံနှင့် တွဲ စီးလာ၏ ။ သူရကို ဦးတည်က ပြောနေခြင်း ဖြစ်သည်။

“ဟုတ်တယ်နော်။ ဒါပေမယ့် နောက်နှစ် ယောက် ကတော့ ကလေးစိတ် မကုန်သေးဘူး နဲ့တူတယ်။ ဘောင်းဘီတိုလေးတွေ နဲ့”

“လင်းခနှင့် ချမ်းအေး နှစ် ယောက် လုံး ပေါ့ပေါ့ပါးပါး ကွာတားကိုယ်စီဝတ်ထားကြတာ ပါ။

“ဆိုးတော့မဆိုးဘူးဟနော်။ ဝေဒနာကို ရူပါနဲ့ ဖုံးထားနိုင်တယ်”

ချွန်စူးစူးအသံတစ်သံက ထပ်ထွက်လာသည်။ သုံးယောက် သား တစ်ယောက် ကို တစ် ယောက် ကြည့်မိသွားသည်။ တွေ ဝေစရာမလိုတော့။ သူတို့သုံးယောက် ကို ပြောနေခြင်းဆိုတာ သေချာသွားပြီ။ ထိုအခိုက် ကျီးအစာနင်သလို အစ်တစ်တစ် အသံဆိုးတစ်ခုက ထပ်မံ၍ ….

“ခုနက ပြောတဲ့စကားအတိုင်း ပြန်ပြောရရင်တော့ တော် ၀င်အရူးတွေ ပေါ့”

သဘောပေါက်လိုက်ပြီ။ သူတို့ပြောနေသော မိန်းမသုံးမျိုးကို သေချာနားထောင်ပြီး ယခုလို တိုက်ခိုက်ခြင်းပါ။ ဆက်ခနဲ လင်းခလှည့်ကြည့်လိုက်တော့ …..

“ဗြဲ ….”

“၀ူး …”

“ဟဲတော့ … ရယ်ရတယ် ။ ဟီးဟီး”

“ခစ်ခစ် …. ခစ်ခစ်”

သူ့ကို မျက်လုံးပြူးသူကပြူး၊ လျှာထုတ်သူကထုတ်၊ ကလေးတွေ သူရဲခြောက်သည့် ပုံစံ လုပ်သူကလုပ်နှင့် ၀ိုင်းဟားကြသည်။ နည်းနည်း တော့ ဖြုံးသွားရသလို ရင်ထဲမှ မာနတစ် ခုကလည်း ရုန်းကြွသွား၏ ။

သူတို့က သုံးယောက် ၊ တစ်ဖက်က ငါးယောက် ။

အလုပ်သွားမည့် သူတွေ လား။ ကျောင်းသွားမည့် သူတွေ လားမသိ။ ရေများ ရေနိုင်၊ မီး များ မီးနိုင်ဟူသည် ဒီဘက်ခေတ်၏ အထာတစ်ခုဆိုပေမယ့် လင်းခ လက်မခံနိုင်ပါ။ သူရနှင့် ချမ်းအေးကို ကြည့်မိတော့ ဘယ်လိုလဲဟူသည့် သဘော မျက်လုံးပင့်ပြသည်။

လင်းခ မျက်စိတစ်ဖက်မှိတ်ပြလိုက်ပါသည်။ ပြီးတော့ ထိုင်နေရာမှ ဆက်ခနဲ. …

“ဟေ့ကောင် … ဘယ်လဲ”

သူရက အလျင်စလိုမေးတော့ ….

“ဇ … တွေ ပြပြီ”

ညီပါသည်။ သူ့စကားကို သူရက ပခုံးတွန့်ပြပြီး ချမ်းအေးက လမ်းဖယ်ပေးသည်။ မင်း အရင်ဖိုက်ကြည့်ဆိုသည့် သဘော။

“ဟယ် ထလာပြီတော့”

အလန့်တကြား အသံသေးသေးလေးတစ်ခု။ လင်းခမမှု တော့ပါ။ ပဉ္စလက်ကွက်တွေ ပြ မည့်  မျက်လှည့်ဆရာ တစ်ယောက် လို လင်းခ မျက်နှာက လျှို့ဝှက်နေပါပြီ။ ပြီးတော့ ….

“ခဏထိုင်မယ်နော်”

“မထိုင်ပါနဲ့”

ဘယ်သူမှန်းမသိသော စွာ တာတာအသံလေးတစ်ခု ထွက်လာသည်ကြောင့် ……

“အိုကေ … အကြာကြီးထိုင်မယ်”

“အန်….”

သူမစကားနှင့်သူမ ပိတ်မိသွားခဲ့သည်။ လင်းခ ကတော့ အေးဆေးပါသည်။ ခပ်တည် တည်ပင် ခုံလွတ်တစ်လုံးဆွဲ၍ ၀င်ထိုင်လိုက်ပြီး….

“မင်းတို့ ဆစ်ဂမန်ဖရွိုက်ဆိုတာ သိလား”

သူ့စကားကြောင့် အားလုံးက “ဘာကြောင်တာလဲ”ဟူသည့်သဘော ၀ိုင်းကြည့်ကာ ..

“မသိဘူး ။ မုန့်ရောင်းတဲ့ ဈေးသည်လား”

ကပ်လျက်မှ ထွက်လာသည့် အသံကြောင့် ဒိုင်းခနဲ ပိတ်ကြည့်ပစ်လိုက်သည်။ မချော ၀ဲခနဲပြာသွားကာ ချက်ချင်း ဇက်ပုဝင်သွား၏ ။ သူမဲ့ပြုံးတစ်ခုကို မပီမသပြုံးလိုက်ရင်း ….

“မဟုတ်ဘူး … ဆက်ဂမန်ဖရွိုက်ဆိုတာ စိတ်မူမမှန်တဲ့ စိတ္တဇလူနာတွေ ကို စမ်းသပ် လေ့လာပြီး ဆိုက်ကိုနဲလစ်စစ် (Psychoanalysis)လို့ခေါ်တဲ့ စိတ်ခွဲပညာ သဘောတရားကို စတင်အုတ်မြစ်ချပေးခဲ့တဲ့လူပဲ”

“ကျွန်မတို့နဲ့ ဆိုင်လို့လား”

“ငါတစ်ခု စဉ်းစားမိတယ်ကွ။ ဆစ်ဂမန်ဖရွိုက်သာ အခုဒီနေရာမှာ ရှိနေရင် နောက်ထပ် စိတ်ပညာနဲ့ ပတ်သက်တဲ့ တန်ဖိုးကြီးပညာရပ်တွေ ထပ်မံတွေ့ ရှိသွားနိုင်တယ်”

စကား၏ အဓိပ္ပာယ်ကို သေချာမစဉ်းစားပဲ တစ်ယောက် က …

“ဟုတ်ကဲ့ … ကျွန်မတို့ သွားတွေ့ လိုက်ပါ့မယ်။ လိပ်စာသာ ပေးခဲ့ပါ”

မှင်စာလို ပုပုသေးသေး တစ်ယောက် က မထီမဲ့မြင် ၀င်ပြောသည်။ ထို တစ်ယောက် မှာ တော် တော် ကြည့်ရဆိုးပါ၏ ။ ပုပုလုံးလုံး နှင့် မျက်နှာကလည်း နေလောင်ခရမ်းသီးလို ရိတွဲ တွဲ ဖြစ်သည်။

“အင်း ကျွန်တော် ပေးလိုက် ပါ့မယ်။ ဒါပေမယ့် သေချာသွား ဖြစ်အောင်တော့ သွားနော်။ ဆစ်ဂမန်ဖရွိုက်က အခု တမလွန်မြို့ ၊ သင်္ချီုင်းရပ်ကွက်၊ သုဿာန်လမ်းမှာ နေပါတယ်”

“ဘာရှင့် ….”

မှင်စာလေး ပေါက်ကွဲသွားသည်။ ပုသေးသေးနှင့် ထိုင်ရာမှ ခါးထောက် အော်လိုက်ပုံ က ဖားပြုတ်တစ်ကောင် မာန်မီနေတာနှင့်ပင် တူနေသေးတော့၏ ။ ပြီးမှ စကားကို သဘော ပေါက်သွားပုံရကာ မှင်စာဘေးမှ တစ်ယောက် က ….

“ရှင်က စိတ်ပညာနဲ့ ကျောင်းပြီးထားတာလား”

ဒါကိုပင် နောက် တစ်ယောက် က မြန်မာပီသစွာ ….

“အရူးတွေ တက်တဲ့ မေဂျာနဲ့ ပြီးထားတာလားလို့ မေးတာမဟုတ်ဘူး”

လင်းခကြေကွဲသွားမိသည်။ နောက် ခေါင်းကို တစ်ချက် ခါယမ်းရင်း …..

“ကမ္ဘာ့အတော် ဆုံး သိပ္ပံပညာရှင်တွေ တောင် လက်မှိုင်ချထားတဲ့ မေဂျာနဲ့ ကျောင်းပြီး ထားတာပါ”

စကားက အနည်းငယ် ထူးဆန်းသွားသည်ထင်သည်။ တစ်ယောက် ကို တစ်ယောက် နားမလည်စွာ ကြည့်၍ ကိုယ်စီ ခေါင်းယမ်းကြသည်။ ဒါပေမယ့် သွက်ပုံရသော မှင်စာဘေးမှ တစ်ယောက် ကပင် …..

“ကမ္ဘာ့အတော် ဆုံး သိပ္ပံပညာရှင်တွေ တောင် လက်မှိုင်ချရတဲ့ မေဂျာဆိုတော့ ဘာမေ ဂျာလဲ”

“Psychology”

“ငကြောင်ပဲ”

“ပေါရဲလိုက်တာ”

မှတ်ချက်သံတွေ ဆူညံ သွားပါ၏ ။ လင်းခ ခပ်ထေ့ထေ့တစ်ချက် ပြုံးလိုက်ပါသည်။

“စိတ်ပညာဆိုတာ သိပ္ပံနည်းကျ ပညာရပ်တစ်ခု ဖြစ်လာပြီဆိုပေမယ့် စမ်းသပ်နည်း သက်သက်နဲ့ ဘယ်လိုမှ လေ့လာလို့မရသေးတဲ့ စိတ် ဖြစ်စဉ်တွေ အများ ကြီးရှိနေသေးတယ် ဆိုတာ မင်းတို့ယုံလား”

တစ်ယောက် ဆီကမှ အသံထွက်မလာ။

“ထားပါ….။ ငါ အဓိကပြောချင်တာ အဲဒါမဟုတ်ပါဘူး။ ငါဒီဝိုင်းရောက်လာတာလည်း မင်းတို့နဲ့ ငြင်းခုံဖို့မဟုတ်ဘူး။ အဓိက ပြောချင်တာက အရောင် (colour)တွေ အကြောင်း ပြောချင်လို့”

စကားဆုံးတော့ သူ့ထံသို့ အကြည့်တွေ စုပြုံဝင်ရောက်လာသည်။ ဒီအကြည့်တွေ က လည်း သူ၏ ပထမဆုံးပြောစကားအပြီး ၀ိုင်းကြည့်ကြတဲ့ အကြည့်မျိုးတွေ ပင်။

“ကိုယ်တွင်းမှာ ဖြစ်ပျက်နေတဲ့ စိတ်အာရုံ (သဏ္ဍာန်)ကိုလိုက်ပြီးတော့ ခန္ဓာကိုယ်ပြင်ပ တစ်ပေအကွာလောက်မှာ အရောင် တွေ ထွက်နေတက်တယ်။ ခန္ဓာရောင် ခြည်ပေါ့။ အင်္ဂလိပ်လို (အော်ရာ)လို့ ခေါ်တယ်။ ဥပမာကွာ ဘုရားသခင်ကို သေချာအာရုံညွတ်ပြီး ကြည်ညိုနေတဲ့ လူ တစ်ယောက် ဆိုပါစို့။ သူရဲ့ ဘေးမှာ လူရဲ့ ပုံသဏ္ဍာန်အတိုင်း ညိုပြာပြာအရောင် ကလေး ပတ်နေတယ်။ မင်းရဲ့ ဘေးမှာ တော့ နီပုပ်ပုပ်အရောင် ကြီးက မညီမညာ လှိုင်းတွန့်ကြီးတွေ နဲ့”

မှင်စာလေးကို လက်ညိုးထိုးပြီး ပြောလိုက်တော့ မျက်လုံးပြူး သွားပါသည်။ လန့်လည်း လန့်သွားရသည်။ အလန့်တကြား သူမကိုယ်သူမငုံ့ကြည့်၏ ။

“အဲဒါ ဘာ ဖြစ်လို့လဲဆိုတော့ မင်းငါ့ကို အကြီးအကျယ် ဒေါသထွက်နေလို့။ မင်းဘေး မှာ တော့ ဆူးပုပ်ရောင် တောက်နေတယ်။ ဒါမာနကြီးတဲ့လူတွေ ဆီမှာ ရှိတတ်တဲ့အရောင် ပဲ”

ရှေ့တည့်တည့်မှ ကောင်မလေးကို လက်ညိုးထိုးပြလိုက်ရင်း ပြောလိုက်သည်။ ထို ကောင်မလေးက ငါးယောက် ထဲတွင် ကြည့်အကောင်းဆုံး ဖြစ်သည်။ ပြီးတော့ တစ်ခွန်းတစ် လေမှ ၀င်မပြောပဲ နှုတ်ဆိတ်နေသူလည်း ဖြစ်သည်။ ထိုကောင်မလေးအား ခပ်တည်တည် တစ်ချက်ကြည့်ရင်း စကားဆက်လိုက်ပါ၏ ။

“ခုန ဟိုဘက်ဝိုင်းမှာ ထိုင်နေတုန်း ငါ့ဘေးမှာ အနီရောင် လှိုင်းရဲရဲလေးကို တွေ့ လိုက်ရ တယ်။ အဲဒါ တစ်ယောက် ယောက် ကို မေတ္တာထားချင်လို့ပဲ ဖြစ် ဖြစ်၊ မေတ္တာထားနေလို့ပဲ ဖြစ် ဖြစ် ပေါ်လာတတ်တဲ့ အရောင် ပဲ။ အဲဒါကြောင့် မို့လို့ ငါဒီဘက်ဝိုင်းကို ကူးလာတာ။ မင်းတို့ငါး ယောက် မှာ ဘယ်သူ့ခန္ဓာကိုယ်ကများ ငါ့လို အနီရောင် လေး ထွက်လာမလဲလို့။ ငါပြောတာ သဘောပေါက်လားမသိဘူး”

လင်းခစကားကြောင့် အားလုံး ခါးတွေ မတ်သွားသည်။ စကားတွေ အများ ကြီးပြောနေ ခြင်း၏ ရည်ရွယ်ချက်ကိုလည်း သဘောပေါက်သွားပုံရသည်။ ထိုအခိုက် ချက်ချင်း ပင်….

“အဲ. .. ငါ ကတော့ နီပုပ်ပုပ်အရောင် ကြီးဆိုတော့ မဆိုင်တော့ဘူး။ သွားတော့မယ်”

မှင်စာက ကပျာကယာ ထရပ်သည်။ သူ့ရုပ်သူ့ပုံစံနှင့် ကြောက်ခမန်းလိလိ စိုးရိမ်ပြ နေသည်ကို ကြည့်၍ လင်းခ ကိုယ့်ကိုယ်ကိုပင် ၀မ်းနည်းသွားရသည်။

“ဟဲ့ .. ငါတို့လည်း လိုက်မယ် ။ ဘာအရောင် မှ မထွက်ခင်သွားမှ”

“အေး .. အသည်းယားစရာကြီး။ ကြက်သီးတောင် ထလာပြီ”

မကြာလိုက်ပါ။ စားပွဲဝိုင်းဆီမှ အလျင်စလို လှုပ်ရှားသံတွေ ဆူညံသွားတော့သည်။ သူရနှင့် ချမ်းအေးကို လှည့်ကြည့်တော့ အားပါးတရပြုံးရင်း လက်မထောင်ပြ၏ ။ လင်းခ ပခုံး တစ်ချက် အလိုလိုတွန့်သွားသည်။ ပါးပါးလေးပါ။ တကယ့်ကို ပါးပါးလေး။

အကုန်လုံး ထသွားတော့မှ လင်းခလည်း မူလနေရာဆီ ပြန်လာထိုင်သည်။ တအောင့် ကြာတေ့ …..

“လစ်တော့မယ်ကွာ ။ ဖားသားကြီးအရင် အလုပ်ထဲကြိုရောက်နေမှရမှာ ”

သူရသည် ဖခင် ဖြစ်သူ၏ ဆောက်လုပ်ရေး လုပ်ငန်းထဲတွင် ၀င်ရောက်လုပ်ကိုင်နေရ သူ ဖြစ်၏ ။ လင်းခေါင်းညိတ်လိုက်ကာ ချမ်းအေးကို ….

“မင်းကရော….”

“ဒီနေ့တော့ ဘယ်မှ သွားစရာမရှိဘူး ။ အိမ်ပြန်ရုံပဲ”

နောက် စားပွဲထိုးကိုခေါ်၍ ပိုက်ဆံရှင်းပြီးချိန်၌ ချမ်းအေးက သူ့ကို သေချာကြည့်ကာ…

“လင်းခ … မင်းမှာ အချိန် သိပ်မရှိတော့ဘူးနော်”

မျက်လုံးတို့ တည်တံ့သွားသည်။ ချမ်းအေး ဘာကိုဆိုလိုမှန်း နားလည်လိုက်ပါသည်။

“ငါသိတယ်။ ဒါပေမယ့် ဦးနှောက်ထဲမှာ လွန်ဆွဲနေလို့”

“ဘာကိုလည်း”

“True (or) False”

ပြောသူနှင့် နားထောင်သူ သုံးဦးစလုံး တည်တံ့သွားလေပြီ။ စကားအသွားအလာက ခုနနှင့် ဘာမျှမဆိုင်တော့။ ထိုစဉ် သူရက ….

“အခုအချိန်မှာ ဘာဆက်လုပ် သင့်လဲ။ ငါတို့ထက် မင်းက ပိုသိမှာ ပါ”

ထိုစကားက သူ့နားထဲသို့ တသွင်သွင် စီးဆင်းသွားသည်။

ရှိရှိသမျှသော တုံ့ဆိုင်းမှု အားလုံးကိုလည်း တိုက်စားသွား၏ ။

ပြီးတော့ သူတို့စားပွဲဝိုင်းမှ ထထွက်ခြဲ့ ကတော့သည်။ ဆိုင်ရှေ့ရောက်၍ လူခွဲခါနီး မှ လင်းခတစ်စုံတစ်ရာကို သတိရကာ. ….

“ဟာ … ဒါနဲ့ ငါရဲ့ ပထမအိပ်မက်ကိုရော မင်းတို့ ဘယ်လိုမြင်လဲ”

ဒီတစ်ခါတော့ နှစ် ယောက် လုံး နှာခေါင်းရှုံ့ကြသည်။ ပြီးတော့ လက်တွေ ကို ခါယမ်း ကာ…..

“လုံးဝပဲ သူငယ်ချင်း”

X

“လင်းခက သိုက်ကလာတာတဲ့”

“ဘာ ….”

“ဟုတ်တယ်။ သူရဲ့ ပထမအိပ်မက်ဆိုတာ အဲဒါပဲ။ အရင်ဘ၀က သူနဲ့ ပတ်သက်ခဲ့ဖူး တဲ့ မိန်းကလေးက အိပ်မက်ပေးတာ”

မိုးညာမှလွဲ၍ အကုန်လုံးက ချမ်းအေးကို မယုံသလို ၀ိုင်းကြည့်သည်။ မိုးညာတို့ ဖက် ရှင်ဆိုင်ထဲတွင် ဖြစ်ပါ၏ ။ အားလုံးက ယုံရမလို၊ မယုံရမလို ဖြစ်နေကာ….

“ဘာ … ဘာ အိပ်မက်ပေးတာလဲ”

ဝေမာက အလျင်စလိုမေးသည်။ ချမ်းအေးက မိုးညာကိုကြည့်ကာ ပြောသင့် မပြော သင့် ချင့်ချိန်နေသည်ကြောင့် …..

“ဘာလဲ … အရင်ဘ၀က လင်းခဇနီးက အခုဘ၀မှာ အိမ်ထောင်မပြုရဘူး။ အိမ်ထောင် ပြုရင် ပြန်ခေါ်မယ်တို့ဘာတို့လား”

ဝေမာက အပြောင်အပျက်ပင် ပြောလိုက်ခြင်း။ ဒါပေမယ့် မိုးညာ မျက်နှာအံ့သြရိပ် တစ်ချက်စွန်းသွားသည်။ ချမ်းအေးက ….

“အမှန်ပဲ”

အကုန်လုံး မျက်လုံးပြူးသွားကြ၏ ။ ပြီး ချမ်းအေးကို ကြောင်တောင်တောင်ဖြင့် ၀ိုင်း ကြည့်သည်။

“အဲဒီ အကြောင်းကို အိပ်မက်ထဲမှာ တိတိကျကျပြောသွားတယ်တဲ့။ ပိုဆိုးတာက အိမ် ထောင်မပြုရုံတင်မကဘူး အရင်ဘ၀က ချစ်သူက ဒီဘ၀မှာ ချစ်ခွင့်ကို မပေးတော့တာ”

“ဘယ်လို … ဘယ်လို …”

ချမ်းအေးစကားကြောင့် နားရှုပ်သွားကြသည်။ သဘောပေါက်စွာ ချမ်းအေးက ဆက် ပြော၏ ။

“ရှင်းပါတယ်ဟာ ။ အခုဘ၀မှာ ချစ်သူမထားရဘူးပေါ့”

“အို …”

မိုးညာနှုတ်မှ အာမေဋိတ်သံတစ်ခု တိုးလျလျထွက်သွား၏ ။ ချမ်းအေးမချိပြုံး တစ်ချက် ပြုံးလိုက်ကာ ……

“သက်သက်ကြောင်တာပါဟာ။ ဒီခေတ်ကြီးမှာ ဒါတွေ ရှိသေးလို့လား”

ဘယ်သူမျှ ပြန်မဖြေပါ။ ဒါပေမယ့် ……

“ရှိတယ်”

ခင်လေးဆီမှ ထွက်လာခြင်း ဖြစ်သည်။

“အဲလိုအ ဖြစ်မျိုးက ကြားလည်းကြားဖူးတယ်။ ကိုယ်တိုင်လည်း ကြုံဖူးတယ်”

စိတ်ဝင်စားသွားကြ၏ ။ ခင်လေးက ဆက်ပြောသည်။

“ခင်လေးနဲ့မမက ကုလားသိုက်ကလာတာ။ အဲလိုပဲ မမအိမ်ထောင်ပြုကာနီးမှာ အရင် ဘ၀က ယောက်ျား လိုက်နှောင့်ယှက်တယ်။ အိပ်မက်တွေ ပေးတယ်။ အိမ်ထောင်ပြုရင် ပြန် ခေါ်မယ်လို့ပြောတယ်။ ဒါပေမယ့် မမက လက်မခံပဲ အိမ်ထောင်ပြုခဲ့တယ်။ မင်္ဂလာဆောင်ပြီး တဲ့ ညမှာ ပဲ ခြံထဲလမ်းဆင်းလျှောက်ရင်း မြွေကိုက်လို့ သေသွားတယ်”

“ဟယ် …”

ကျောချမ်းမိသွားကြ၏ ။ ဝေမာက ……

“ဒါ ….ဒါဆို နင်ကရော”

“မမကိုကြည့်ပြီး ခင်လေးလည်း ယုံသွားတယ်လေ။ ဒါ့ကြောင့် ဆရာ တစ်ယောက် နဲ့ သိုက်ကြိုးဖြတ်ထားတယ်”

“အဲဒီ လို ဖြတ်လိုက်ရင်….”

“အရင်ဘ၀က ကိစ္စတွေ နဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိတော့ဘူးပေါ့။ ဒါပေမယ့် မလွယ် ဘူးနော်။ တစ်ဖက်က လက်မခံလို့ သိုက်ကြိုးဖြတ်မရတဲ့လူတွေ လည်းရှိတယ်”

“ဟုတ်ရဲ့ လားဟာ”

ခင်လေးက တည်ငြိမ်စွာ ခေါင်းညိတ်ပြ၏ ။ မိုးညာ ကတော့ ဘာကြောင့် မှန်းမသိ လုံးဝ ကိုငြိမ်သက်သွားလေသည်။ နောက် ချမ်းအေးကို တစ်ခွန်းမေး၏ ။

“လင်းခ အဲဒီ အိပ်မက်မက်တာ ဘယ်လောက်ကြာပြီလဲ”

ချမ်းအေးက တစ်ချက်စဉ်းစားလိုက်ကာ……

“တော် တော် ကြာပြီလို့တော့ ပြောတယ်ဟ။ နောက်ပြီး အိပ်မက်က ပထမအကြိမ်တွေ မှာ ရှုပ်ထွေးနေတာရယ်။ မက်လိုက် မမက်လိုက်နဲ့ ဖြစ်နေတာရယ်ကြောင့် ငါတို့ကို မပြော တာလို့ပြောတယ်”

မိုးညာ တွေ ဝေသွားလေသည်။ ချမ်းအေး သဘောပေါက်လိုက်၏ ။ ထို့ကြောင့် ……

“မိုးညာ နင့်ကို ငါပွင့်ပွင့်လင်းလင်းမေးမယ်နော်”

မိုးညာ မော့ကြည့်သည်။ ပြီး “မေးလေ”ဆိုသည့်သဘော မျက်လုံးပင့်ပြသည်။

“လင်းခ ရှေ့ဆက်မတိုးလာတဲ့အချက်မှာ ဒီကိစ္စက အဓိကအကြောင်းအရင်း ဖြစ်နိုင် လား”

ဝေမာအပါအ၀င်ကျန်သူများ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အကုန်လုံးက ရှေ့ဆက်မတိုးလာသည့် လင်းခအပေါ် မချင့်မရဲ ဖြစ်နေကြခြင်း။ ယခု ဒါသည်အဖြေလား။

မိုးညာဆီမှ ဖြေသံထွက်မလာပါ။

“ငါ ကတော့ အဲဒါလို့ပဲထင်တယ်”

ချမ်းအေး ကောက်ချက်သံအဆုံး….

“ဟုတ်တယ်။ ဖြစ်နိုင်တယ်။ ငါတို့အားလုံး စဉ်းစားရကြပ်နေတာ အဲဒါပဲ”

ဝေမာက နှစ် ပေါင်းများ စွာ က ရှိနေခဲ့သည့် မြို့ဟောင်းတစ်ခုကိုတူးဖော်တွေ့ ရှိသလို သွက်သွက်လက်လက် ပြောသည်။ ခင်လေးနှင့် ဟေမာတို့နှစ် ဦးကလည်း ထိုကောက်ချက် အပေါ် ဖြစ်နိုင်ကြောင်း ခေါင်းညိတ်သည်။

မိုးညာ ကတော့ ဝေခွဲရခက်နေသလိုမျိုး နှုတ်ဆိတ်လျက်။

မှု န်ဝါးဝါး ဖြစ်နေသော မိုးညာပုံစံအား တစ်ချက်ကြည့်ကာ ဝေမာက တည်တည်ငြိမ်ငြိမ် တစ်ခွန်းမေး၏ ။

“လင်းခသိုက်ကလာတယ်ဆိုတာ သေချာလား”

“သေချာတယ် ။ သူ့အမေကိုယ်တိုင်က လင်းခကို သိုက်က တောင်းထားတာလို့ပြော တာ”

“ဒါဆို ဘာခက်လဲဟ။ ခင်လေးလို သိုက်ကြိုးဖြတ်လိုက်ရင် ပြီးတာပဲ”

“အင်း … ဟုတ်တယ်။ အချိန်မိသေးတယ်။ မမမိုးညာ စေ့စပ်ရက်က နောက်လ (၁၀) ရက်နေ့ ဒီကြားထဲမှာ ဖြတ်လိုက်ရင် ရတာ ပဲ”

ဟေမာကပါ အားတတ်သရော ၀င်ပြောသည်။ အကုန်လုံးက ဖြစ်စေချင်ကြသည်လေ။ ဒါပေမယ့် ….

“အဲလောက်ထိ မလွယ်လို့ပေါ့ဟာ”

ချမ်းအေးအသံက အေးစက်စက်။

“ဘာလဲ … ဟိုဘက်က ခင်လေးပြောသလို သိုက်ကြိုးဖြတ်မခံလို့လား”

“မဟုတ်ဘူး”

“ဒါဖြင့် ….”

ဝေမာစကားသံက တစ်ဝက်တစ်ပျက်နှင့်ရပ်သွားသည်။ ချမ်းအေးကားတစ်ခွန်းက အား လုံးကို စီးမိုးသွား၏ ။

“ဒုတိယအိပ်မက်ကြောင့် ပဲ”

“ဟင် …”

အားလုံး၏ မသိနားမလည်မှု ကို လိုက်မမီသော တစ်စုံတစ်ရာက ခပ်သော့ သော့ လေး ပညာပြသြွးသည်။ မိုးညာမျက်လုံးတို့ ညှိုးလျော်သယောင် နွမ်းလျလျလက်သွားရင်း…..

“ဒုတိယအိပ်မက်က ဘာလဲ”

လှုပ်လီတိုးခတ်စွာ ထွက်လာသော မိုးညာစကားကို ….

“အခုချိန်ထိတော့ လင်းခကိုယ်တိုင်လည်း ဘာမှန်းမသိသေးဘူး။ ဒါပေမယ့် စကား တစ်ခွန်းတော့ ငါတို့ကိုပြောတယ်”

ချမ်းအေးက အတည်ငြိမ်ဆုံး အနေအထားကိုယူရင်း တစ်လုံးချင်းပြောလိုက်သည်။

“သိုး ဆိုတဲ့ စာအုပ်က စာမျက်နှာသိပ်မကျန်တော့ဘူးတဲ့”

“ဘာအဓိပ္ပာယ်လဲ”

“ငါလည်းမသိဘူး”

ထိုစဉ်မှာ ပင် တစ်စုံတစ်ရာ၏ လှုံ့ဆော်မှု ကြောင့် အားလုံး၏ အကြည့်တွေ က ဆိုင်ဝ ကို ရောက်သွား၏ ။

ချမ်းအေး အများ နည်းတူ လှည့်ကြည့်လိုက်တော့ ….

သူ၏ မျက်နှာတည်သွားသလို ဆိုင်တွင်းဝင်လာသူ၏ မျက်လုံးသည်လည်း စူးခနဲ။

ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့် ၀င်လာသော ဘုန်းခန့်ကျော်။တည်ငြိမ်ပြည့်ဝမှု နှင့် ရှိနေသူက ချမ်းအေး။

နောက်တော့ နှုတ်ဆက်ဖွင့်ဟခြင်းကင်းမဲ့စွာ ချမ်းအေး တစ်ယောက် ဆိုင်တွင်းမှ တစ် လှမ်းခြင်း ထွက်လာခဲ့လိုက်တော့သည်။

အပြန်လမ်းတွင် ငယ်စဉ်အခါက ရှိတတ်သော မာနတစ်ခု ရင်တွင်းမှာ ပြန်ပေါ်လာ၏ ။

ဆိုင်တွင်း၌ ကျန်ခဲ့သော မိုးညာ၏ ရင်ထဲမှာ လည်း မေးခွန်းတစ်ခုက ဖွဖွယယ တိုးကျန် နေသည်။

“လင်းခ ဖွင့်မပြောတာ ဒီကိစ္စကြောင့် လား”

ပြီးတော့ နောက်တစ်ခွန်း …..

“ ဖြစ်နိုင်ပါ့မလား”

လူဆိုတာ မွေးဖွားလိုက်ကတည်းက စာအုပ်တစ်အုပ်နဲ့အတူ လောကထဲကို ရောက် လာတာပါ။ အဲဒီ စာအုပ်ကို ငါတို့မင်းတို့မပိုင်ဘူး။ ငါတို့ ကိုယ်ခန္ဓာကို ငါတို့ပိုင်တယ်။ ဒါပေ မယ့် အဲဒီ စာအုပ်က ငါတို့ကို ပိုင်တယ်။

စာအုပ်ထဲမှာ နိဒါန်းပါတယ်။ စာကိုယ်ပါတယ်။ နိဂုံးပါတယ်။ နိဒါန်း ကတော့ မွေးဖွားစဉ် အချိန်ကနေ ပထမအရွယ်အထိ ရေး ထားတာပေါ့။ စာကိုယ် ကတော့ ဒုတိယအရွယ်ကို ရေး ထားတယ်။ နိဂုံး ကတော့ တတိယအရွယ်နဲ့ မင်းဘ၀ အဆုံးသတ်ချိန်ပေါ့။

မင်းအရွယ်က နိဒါန်းဆိုပေမယ့် စာကိုယ်ရှိတဲ့ စာမျက်နှာတွေ ကို လှန်ကြည့်လို့မရဘူး နော်။ နိဂုံးလည်း အဲဒီ အတိုင်းပဲ။ ဒါပေမယ့် မင်းမနက်ဖြန်တစ်ရက်ကူးလိုက်တာနဲ့အမျှ အဲဒီ စာအုပ်က တစ်ရွက်လန်သွားတယ်။ ပေါ်လာတဲ့စာမျက်နှာမှာ အဲဒီ နေ့အတွက်မင်းလုပ်ရမယ့် အကြောင်းကိစ္စ အလုပ်တွေ အားလုံး ရေး ထားတယ်။ တစ်လုံးတစ်ပါဒမှ လွဲမသွားဘူး။ အား လုံးကွက်တိပဲ။

အမှန်က မင်းဆုံးဖြတ်ချက်နဲ့ မင်းလုပ်နေတာမဟုတ်ဘူး။ စာအုပ်ထဲမှာ ရေး ထားတဲ့ အတိုင်း လုပ်နေရတာ ။ မင်းရဲ့ အောင်မြင်မှု ။ ကျရှုံးမှု ၊ ချမ်းသာမှု ၊ ဆင်းရဲမှု အားလုံး စာအုပ်ထဲ မှာ ပါပြီးသား။ အောင်မြင်တဲ့ စာမျက်နှာတွေ ရောက်ရင် မင်းအောင်မြင်လာမယ်။ ချမ်းသာတဲ့ စာမျက်နှာတွေ ရောက်ရင် မင်းချမ်းသာလာမယ်။

စာမျက်နှာမှာ ရေး ထားတဲ့ စာသားတွေ ကို ပြင်လို့၊ ဖြည့်လို့ လုံးဝမရဘူးနော်။ စာထဲမှာ ရေး ထားသလောက်ပဲ မင်းရမှာ ။ မင်းဘယ်လောက်ပဲ ကြိုးစားနေပါစေ။ စာမျက်နှာမှာ ရေး ထား ပြီးသားထက် ပိုမရဘူး။

မင်းစာအုပ်က သူများ စာအုပ်နဲ့မတူပဲ ထူးထူးခြားခြား ပါးလျနေရင်တော့ လောကကြီး ထဲက အစောကြီးထွက်သွားရမှာ ပေါ့။ တကယ်တော့ ငါတို့ဟာ အဖြေထွက်ပြီးသား ပုစ္ဆာတစ် ပုဒ်ကိုပဲ အစကနေ ပြန်တွက်နေတာပါ။

ငါတို့နဲ့အတူ မွေးဖွားလာတဲ့စာအုပ်ကို ဘုရားသခင်ပဲမြင်ရပြီး ငါတို့မမြင်ရဘူး။ ဘုရား သခင်ပဲပိုင်ပြီး ငါတို့မပိုင်ဘူး။

ဒါပေမယ့် စာအုပ်ကြီးရဲက နောက်ဆုံးစာမျက်နှာကိုတော့ တွေးကြည့်ရင် မြင်နိုင်ပါ တယ်။

ပိုင်ဆိုင်မှု ဆိုရင်လည်း အဲဒီ နောက်ဆုံးစာမျက်နှာကိုပဲ ထိုးပြရလိမ့်မယ်။

ဟုတ်ပါတယ်။

စာအုပ်ကြီးထဲက ငါတို့ပိုင်တာ တစ်ခုတည်းရယ်ပါ။

အဲဒါ ကတော့…….

“သေဆုံးခြင်းပဲ”



ဝန်ဇင်းချစ်သူများ သိုးဆောင်း ၏ “ ဆိုက်ကိုဆော့ဝဲဖ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဧဒင်မြို့က အပြေးသမား

သုံးခါနမ်းမှ ပွင့်မယ့်ပန်း

ပုံပြင်တွေလွယ်ထားတဲ့ချစ်သူ