Cover

I

Cover

Whiteboard ပေါ်၌ ရေး သားထားသော စာကိုကြည့်၍ တစ်စုံတစ်ယောက် ကျေနပ်ပီတိအပြုံးတွေ ဖြင့် ဝေနေသည် ။ ဒီစာကို သူအကြိမ်ပေါင်းများ စွာ ဖတ်ခဲ့ဖူးပါသည် ။ ကြည့်ခဲ့ဖူးပါသည် ။ နှလုံးသွင်းခဲ့ဖူးပါသည် ။

ရှင်းရှင်းပြောရလျှင် ဒီစကားလုံးတွေ ၏ အဓိပ္ပာယ်သည် သူ့ ဘ၀၏ အလင်းရောင် ၊ သူ့ နှလုံးသားထဲမှာ ကျောက်ဆစ်အက္ခရာရေး ထိုးထားသလို ခိုင်မာနေသော ယုံကြည်မှုကျောက်တိုင် ။

ဒီစာသားတွေ ကို သူယုံကြည်ခဲ့သည် ။ ဒီစကားလုံးတွေ ကို သူအားကိုးခဲ့သည် ။ ထို့ ကြောင့် သူအခုလို ဘ၀မျိုးရောက်ခဲ့ခြင်း ဖြစ်ပေသည် ။

သူ့ နာမည် က ‘ ကံထူး ’ ။

ကံကို ယုံကြည်သည် ။ ကံကိုအားကိုးသည် ။ ထိုကံကြောင့် ပင် အနေမြင့်ခဲ့သည် ။ နာမည် အတိုင်း ကံထူးခဲ့သည်ပေါ့ ။

ယခုလည်း အခန်းနံရံတွင် ချိတ်ဆွဲထားသော Whiteboard မှ စာကိုကြည့်၍ နှလုံးသွင်းနေသည် ။

ဒီစာသည် လွန်ခဲ့သော ကိုးနှစ် ၊ သူ့ အသက်ဆယ့်ခြောက်နှစ် ခန့် က ရေး ထားခဲ့သော စာ ၊ ကိုးနှစ် မျှကြာခဲ့ပြီ ဖြစ်သော်လည်း Whiteboard မှ စာက သူရေး ထားခဲ့သည့်အတိုင်း နည်းနည်း မျှပုံစံမပြောင်းသေး ။ ထို့ အတူ သူ့ ရင်ထဲနှလုံးသားထဲမှ ကံနှင့် ပတ်သက်သည့် ယုံကြည်ကိုးစားမှုတွေ ကလည်း အရှိန်အဟုန်ပြင်းဆဲ ၊ တောက်လောင်နေဆဲပင် ဖြစ်ပါသည် ။

ကံထူး မျက်လုံးစုံမှိတ်ကာ နှလုံးသွင်းနေရာမှ မျက်စိကိုတဖြည်းဖြည်း ဖွင့်လိုက်သည် ။

“သြော် … ဘာလိုလိုနဲ့ မနက်ဖြန်ဆို သူတို့ သူငယ်ချင်းသုံးယောက် ရဲ့ ကုမ္ပဏီဖွင့် ပွဲနေ့ ရောက်ပြီပဲ ”

ကံထူးစိတ်ထဲမှ တွေးလိုက်ရင်း ကျေကျေနပ်နပ်ပြုံးမိသည် ။ နောက်စားပွဲပေါ်မှ သူတို့ သူငယ်ချင်း တွေ စုရိုက်ထားသည့် ဓာတ်ပုံကို လက်လှမ်းလိုက်ရင်း နံဘေးမှစားပွဲတင်နာရီကိုကြည့်မိတော့ ည (၉) နာရီအတိ ။

ဒီပုံသည် သူတို့ သူငယ်ချင်းလေးယောက် ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့ ဖြေအပြီး ရိုက်ထားသော ဓာတ်ပုံ ဖြစ်ပေသည် ။

ပုံထဲ၌ အချစ်ဆုံးသူငယ်ချင်း ယောက်ျားလေးနှစ် ယောက် က သူ နှင့် အတူမတ်တတ်ရပ်၍ သူငယ်ချင်းထက်ပိုသော ခင်မင်မှုဖြင့် သူ့ ရင်ထဲမှ စွဲလမ်းရသူ မိန်းကလေး တစ်ယောက် ကတော့ သူတို့ သုံးယောက် ရှေ့မှာ ခုံဖြင့် ထိုင်ကာနေသည် ။

သူတို့ လေးယောက် ဓာတ်ပုံထဲမှာ ပြုံးနေကြပါ၏ ။ ထိုအပြုံးသည် ငယ်စဉ်ကလေးသာသာဘ၀၏ အပြစ်ကင်းစင်သော ညစ်နွမ်းမှုမဲ့သည့်အပြုံး ။ ဒီလို အပြုံးမျိုး အခုလိုအချိန်၌ လုံးဝပြန်မရနိုင်တော့ဘူးဆိုတာ မေးရန်ပင်မလို သေချာနေသည် ။ အကြောင်းကား စားပွဲပေါ်မှ နောက်ထပ်ဓာတ်ပုံနှစ် ပုံက သက်သေခံနေသော ကြောင့် ဖြစ်ပါ ၏ ။

ဒုတိယပုံ၏ အပြုံးတွေ က ပထမပုံလောက်မကြည်လင် ၊ မသန့် စင်တော့ ၊ အပြစ်ကင်းစင်သော ကလေးဘ၀မှ လွန်မြောက်ကာ ဘ၀ဟူသော ခရီးလမ်းကို ရဲရဲဝံ့ဝံ့ ချီတက်မည့် စိတ်ဓာတ်တွေ ၊ စွမ်းအားတွေ ၊ မျှော်လင့်ချက်တွေ ၊ ပန်းတိုင်တွေ စသော မာန်ငွေ့ နည်းနည်း ရောနေသည်ဟု ထင်သည် ။

ဒါဆို တတိယပုံကရော …

ထိုတတိယပုံက ပိုလို့ ပင် မကြည်လင်မပြတ်သားတော့ …

ထိုတတိယပုံထဲက အပြုံးတွေ က ညှိုးနွမ်းပင်ပန်းသည့် ဟန်တွေ ပါနေသည် ။ နောင်တတွေ ၊ အမှန်တရားတွေ ၊ ယုံကြည်မှုတွေ အားလုံးပြောင်းလဲသွားရသည့်အချိန်တွင် ရိုက်ထားသော ပုံပင်မဟုတ်ပါလော ။

ထို့ ကြောင့် သူတို့ ဘ၀ ၏ အမှတ်တရပုံရိပ်တွေ ထဲတွင် ပထမ ဆုံးပုံသည်သာ စိတ်ချမ်းမြေ့ဖွယ် ကြည်လင်မှုတွေ ရောပြွမ်းနေသည်ဟု ကံထူးယုံကြည်သည် ။

ကံထူးဓာတ်ပုံလေးအား တစိမ့်စိမ့်ကြည့်နေရာမှ ရင်ဘတ်ပေါ်တင်ရင်းပြုံးမိသည် ။

ယခု သူပြုံးသော အပြုံးသည် ငယ်စဉ်ကလေးဘ၀ကပြုံးခဲ့သော အပြုံးလိုမျိုး ကြည်လင်မှုတွေ နှင့် သက်ဝင်နေမည် လား …

မသေချာပါ ။

ဖြစ်နိုင်လျှင် ထိုအပြုံးမျိုး ယခုအချိန်မှာ ပြန်လိုချင်သည် ။ သို့ ပေမယ့် …

“အေးလေ … ငါတို့ အရွယ်က ကလေးမှမဟုတ်တော့တာပဲ”

ကံထူး ကိုယ့်ကိုကိုယ် ဖြေတွေးတွေးနေရင်းမှ သူ၏ စိတ်တို့ သည် ငယ်စဉ်ကလေးများ ဘ၀ဆီသို့ …

ဦးနှောင်စာမျက်နှာတွေ တစ်ရွက်ချင်း ၊ တစ်ရွက်ချင်း နောက်ပြန်လန်သွားလေတော့သည် ။

*

(a)

မြို့နယ် အထက်တန်းကျောင်းတစ်ကျောင်းတွင် ဖြစ်သည် ။ အချိန်ကား တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးဖြေဆိုရန် နီးကပ်နေသော အချိန် ။ ထိုအချိန်တွင် ဒဿမတန်းအခန်းတစ်ခန်၌ ဆရာ တစ်ယောက် သည် စာမေးပွဲဖြေဆိုမည့်  ကျောင်းသားကျောင်းသူများ အား ပုံပြင်တစ်ပုဒ် ပြောပြလျက်ရှိသည် ။

စာမေးပွဲနီးချိန်တွင် စာပေနှင့် မဆိုင်ဘဲ ပုံပြင်ပြောနေသည့်ကိစ္စမှာ အနည်းငယ်ကြောင်သလိုတော့ရှိသည် ။ ဒါပေမယ့် ထိုပုံပြင်သည် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် သူများ အတွက် လွန်စွာ အရေး ကြီးလေသည် ။

ပုံပြောသူက ထိုအခန်း၏ အတန်းပိုင်ဆရာ ဦးခန့် နောင် ။ ထူးထူးဆန်းဆန်း ပုံပြင်တစ်ပုဒ် တော့မဟုတ်ပါ ။ လူတိုင်းကြားဖူးနေကျပုံပြင်တစ်ပုဒ် ဖြစ်သည် ။

“တစ်ခါတုန်က ရွာတစ်ရွာမှာ လူသုံးယောက် ရှိတယ်ကွဲ့ ။ က့ကို ယုံတဲ့သူရယ် ၊ ဉာဏ်ကိုယုံတဲ့သူရယ် ၊ ၀ီရိယကို ယုံတဲ့သူရယ်ဆိုပြီး ရှိတယ် ။ သူတို့ သုံးယောက် ဟာ သူတို့ ယုံကြည်မှုနဲ့ ပတ်သက်ပြီး အရမ်းအတ္တကြီးတယ် ။ ကံသမားဟာ ကံကလွဲပြီး ဘာမှမယုံသလို ၊ ဉာဏ်သမားကလည်း ဉာဏ်ကလွဲပြီးဘာကိုမှ မယုံဘူး ။ ၀ီရိယသမားကလည်း ၀ီရိယမှ … ၀ီရိယ ။ သတို့ သုံးယောက် ဆုံတိုင်း အမြဲငြင်းခုန်ရလေ့ရှိတယ်တဲ့ ။

ဒီလိုနဲ့ တစ်နေ့ သူတို့ သုံးယောက် ငြင်းခုံကြရင်နဲ့ စကားများ ကြတယ် ။ ပွဲကတဖြည်းဖြည်း ကြမ်းလာပြီး အနီးနားကလူတွေ ပါ ၀ိုင်းဖြေရှင်းပေးပေမယ့်မရဘူး ။ နောက်ဆုံး သူတို့ သုံးယောက် ကို မြို့ ဝန်မင်း ဆီပို့ လိုက်တယ်ပေါ့ကွာ ။ မြို့ ဝန်မင်းကလည်း အဲဒီ ပြဿနာကို ဖြေရှင်းမပေးနိင်ဘူး ။ ဒါနဲ့ ဘုရင်ကြီးဆီခေါ်သွားတယ် ။ နန်းတော် ထဲရောက်တော့ ဘုရင်ကြီးကမေးတာပေါ့ ။ ဘယ်လိုအကြောင်းခြင်းရာမျိုးရှိလို့ လဲ ၀န်မင်းဆိုတော့ မြို့ ဝင်မင်းက ပြန်လျှောက်တယ်။ ဒီလူသုံးယေက်က ပြဿနာတစ်ရပ်ကို ငြင်းခုံနေကြပါတယ်ဘုရား ။ လောကကြီးမှာ ကံ ၊ ဉာဏ် ၊ ၀ီရိယ သုံးပါးအနက်က ဘယ်အခြင်းအရာဟာ အဓိက ဖြစ်သလဲဆိုတဲ့ အချက်ကို ငြင်းခုံရင်းရဲ့ ကျွန်တော် မျိုးဆီရောက်လာတာပါဘုရား ။ အဲဒါ ကျွန်တော် မျိုးလည်း ဖြေရှင်းမပေးတတ်လို့ အရှင့်ရှေ့တော် မှော က် ခေါ်သွင်းလာတာပါ ”

အဲဒီ မှာ တင် ဘုရင်ကြီးလည်း စဉ်းစားသွားတယ်ကွ ။ ကံ ၊ ဉာဏ် ၊ ၀ီရိယ သုံးယောက် ကတော့ ဘုရင်ကြီးရဲ့ ဆုံးဖြတ်ချက်ကို ရင်တထိတ်ထိတ်နဲ့ စောင့်နေကြတာပေါ့ ။ ဒါပေမယ့် သူတို့ ထင်သလို ဖြစ်မလားဘူး ။

ဘုရင်ကြီးက သူတို့ သုံးယောက် ကို တစ်ညတာ အကျဉ်းချပြီး နောက်တစ်နေ့ မိုးသောက်မှ အဖြေပေးမယ်လို့ ပြောလိုက်တယ် ။

ဒါနဲ့ ပဲ ကံ ၊ ဉာဏ် ၊ ၀ီရိယ သုံးယောက် စလုံးခမျာ အကျဉ်းကျသွားတာပေါ့ ”

တစ်ခန်းလုံးမှာ ဆရာဦးခန့် နောင် ပုံပြင်ကို စိတ်ဝင်တစားနားထောင်နေကြသည် အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေသော အခန်းကို တစ်ချက်ဝေ့ကြည့်ရင်း ကျေနပ်စွာ ပြုံးကာ ဆက်ပြောသည် ။

“ဒီလိုနဲ့ ညသန်းခေါင်ရောက်တော့ ဗိုက်ဆာကြတာပေါ့ကွာ ။ သူတို့ သုံးယောက် စလုံးကလည်း တစ်နေ့ လုံး ဘာမှစားထားရတာ မဟုတ်ဘူး ။ ရှင်းရှင်းပြောရရင် ရေတစ်ခွက်တောင် မသောက်ရသေးဘူး ။ ဒီတော့ ဆာပြီပေါ့ … သုံးယောက် သား အချုပ်ခန်းထဲမှာ ထိုင်နေကြရင်းနဲ့ ကံသမား ကတော့ ထောင့်တစ်ထောင့်မှထိုင်ပြီး ဘုရားစာတွေ ရွတ်နေတယ် ။ ဉာဏ်သမား ကတော့ အစာရအောင် ဘယ်လို ဖန်တီးရမလဲဆိုပြီး အကြံထုတ်နေတာပေါ့ ။ ၀ီရိယသမား ကတော့ အငြိမ်မနေဘူးကွ ။ ၀ီရိယ အားကိုးတဲ့သူဆိုတော့ အချုပ်ခန်းထဲမှာ ခေါက်တုံခေါက်ပြန်လမ်းလျှောက်ပြီး လွတ်လမ်းရှာနေတယ် ။

ဒီလိုနဲ့ နေကြရင်း အချိန်တွေ တဖြည်းဖြည်းကုန်လာ ၊ ဗိုက်တွေ လည်း ဆာသထက်ဆာလာကြတာပေါ့ ။ အဲဒီ မှာ တင် ၀ီရိယသမားက အရင်ဆုံး ပုရွတ်ဆိတ်တွေ ကို စတွေ့ တယ်။ သူက တစ်ခန်းလုံးအနှံလိုက်ကြည့်နေတဲ့သူကိုး ။ ပုရွတ်ဆိတ်တွေ က ထူးထူးဆန်းဆန်း အတန်းလိုက် လေးတန်းစီပြီး ငြိမ်နေကြတယ်တဲ့ကွ ။ မင်းတို့ လည်းသိမှာ ပေါ့ …ပုရွတ်ဆိတ်ဆိုတာ ငြိမ်နေတဲ့ သတ္တ၀ါမှမဟုတ်တာ … အမြဲသွားနေတာ ။ ဒါနဲ့ သူက အထူးအဆန်းဆိုပြီး ဉာဏ်သမားနဲ့ ကံသမားကို ခေါ်ပြတယ် ။ ဉာဏ်သမားလည်း တွေ့ ရော စဉ်းစားတာပေါ့ ။ အင်း … ပုရွတ်ဆိတ် တွေ ဟာ အကြောင့် မရှိဘဲနဲ့ တော့ ငြိမ်နေမှာ မဟုတ်ဘူး ။ သတို့ ငြိမ်နေပုံကလည်း လမ်းကြောင်းလေးတစ်ခုလို အတန်းလိုက်လေးဆိုတော့ မဟုတ်မှလွဲရော သူတို့ အချိုအရသာရှိတဲ့ လမ်းကြောင်းတစ်ခုပေါ် ငြိမ်ပြီးလျက်နေကြတာ ဖြစ်မယ် ။ အဲလိုတွေးပြီး ဉာဏ်သမားက ပုရွတ်ဆိတ်လမ်းကြောင်း အတိုင်းလိုက်ကြည့်တယ် ။ ပုရွတ်ဆိတ်တွေ က အချုပ်ခန်းနံရံကြားတစ်နေနရာမှာ လမ်းကြောင်း ပြတ်သွားတယ်ကွ ။ ဒါကိုလည်း တွေ့ ရော ပထမ ဉာဏ်သမား အံ့သြသွားတာပေါ့ ။ နောက်မှ သေချာကြည့်မိတော့ အချုပ်ခန်း နံရံ မှ အံဝှက်လေး တစ်ခုရှိနေတာ တွေ့ ၇တယ် ။ အဲဒီ အံဝှက်လေးကို လည်း ဖွင့်လိုက်ရော အထဲမှာ က …”

ဆရာက ပုံပြင်ကိုဆက်မပြောဘဲ ရပ်လိုက်သည် ။ ဒါက နားထောင်သူတွေ ကို သိချင်စိတ်ပြင်းပြအောင် နှိုးဆွလိုက်ခြင်း ဖြစ်ပေသည် ။ ထင်သည့်အတိုင်းပင် တစ်ခန်းလုံးဆူညံသွားသည် ။ ဒီတော့မှ ဆရာကပုံပြင်ကို ဆက်သည် ။

“အထဲမှာ က … သူတို့ ပျားရည်အိုးကို သွားတွေ့ တယ်ကွ ။ ပျားရည်တွေ က အိုးနှုတ်ခမ်းကနေစီးကျနေပြီး နံရံအောက်ဘက်ကိုစီး ကြောင်းလေးအတိုင်းဆင်းသွားတာ ။ အဲဒါ ပျားရည်စီးကြောင်းလေးပေါ် ပုရွတ်ဆိတ်တွေ တက်ပြီး လျက်နေတာ ။ အဲဒါနဲ့ သူတို့ သုံးယောက် ပျော်ပြီး ပျားရည်ကို ညစာအ ဖြစ် သောက်လိုက်ကြတယ်ပေါ့ကွာ ။ ဒီလိုနဲ့ မနက်မိုးသောက်လို့ ဘုရင့်ရှေ့မှော က်လည်း ရောက်ရော ဘုရင်က မေးတယ် …

ပျားရည်ချိုလားတဲ … စောင့်ကြည့်ခိုင်းထားတဲ့ အချုပ်ခန်း စောင့်တွေ က တဆင့် ဘုရင်ကသိပြီးသွားပြီကိုး …

ဒါနဲ့ သူတို့ သုံးယောက် လည်း ချိုကြောင်းပြန်လျှောက်တယ် ။ အဲဒီ မှာ တင် ပျားရည်အိုးကို ဘယ်သူ့ အစွမ်းကြောင့် ရခဲ့တယ်ထင်သလဲလို့ မေးတော့ သုံးယောက် စလုံးက ‘ကျွန်ုပ်အစွမ်းကြောင့် ပါ’ လို့ တစ်ပြိုင်နက် ထအော်ကြတယ်ကွ ”

ပုံပြင်ကို ခဏနားလိုက်ပြန်သည် ။ ပြီးတော့ ချက်ချင်း ထပ်ဆက်သည် ။

“နောက်ဘုရင်က ပျားရည်အိုးရလာပုံအဆင့်ဆင့်ကို တစ်ယောက် ချင်းတင်လျှောက်စေလို့ မိန့် တော့မှ ပထမဆုံး ၀ီရိယသမားက စပြောတယ် ။ ကျွန်တော် မျိုးရဲ့ ၀ီရိယကြောင့် အရင်ဆုံးပုရွတ်ဆိတ်တွေ တန်းစီပြီး ငြိမ်နေတာတွေ့ ရပါတယ် ။ ဒါသာလျှင် ပျားရည်အိုးကိုတွေ့ ဖို့ ပထမဆုံးအကြောင်းပါ ။ ဒါကြောင့် ပျားရည်အိုးကို တွေ့ သာသည် ကျွန်ုပ်အစွမ်းကြောင့် ဖြစ်ပါတယ်လို့ လျှောက်တယ် ”

ဉာဏ်သမားအလှည့်ရောက်တော့ ဉာဏ်သမားက ပုရွတ်ဆိတ်တွေ တွေ့ ရုံလောက်နဲ့ ဆိုရင်တော့ ပျားရည်အိုးကို မရနိုင်ပါဘူး ။ ကျွန်တော် မျိုးရဲ့ အစွမ်းကြောင့် သာ ပျားရည်အိုးကိုတွေ့ တာပါ ။ ဒါ့ကြောင့် ပျားရည်အိုးရခဲ့တာလည်း ကျွန်ုပ်အစွမ်းကြောင့် ပါလို့ လျှောက်ပြန်တယ် ။

ကံသမားအလှည့်ရောက်ပြန်တော့ ကံသမားက ကျွန်တော် အချုပ်ထဲကို ရောက်ကတည်းက သုံးယောက် စလုံးကံကောင်းဖို့ အတွက် တစ်ချိန်လုံးဘုရားစာတွေ ရွတ်နေခဲ့တာပါ ။ အခုလို ပျားရည်အိုးတွေ့ တာကလည်း ကျွန်တော် မျိုးရွတ်တဲ့ ဘုရားစာတွေ ကတဆင့် ကံတရားတွေ အဓိကပါဝင်ပါတယ် ။ ဒါကြောင့် ပျားရည်အိုးရအောင်စွမ်းဆောင်နိုင်ခဲ့တာသည် ကျွန်ုပ်အစွမ်းကြောင့် ဖြစ်ပါတယ်လို့ လျှောက်တယ် ။

သုံးယောက် စလုံးစကားတွေ ဆုံးတော့ ဘုရင်ကြီးကပြုံးတယ်ကွ ။ ပြီးတော့ ဆက်မိန့် တယ် ”

ဆရာ့စကားကို ခဏ ရပ်၍ လက်ကိုင်ပ၀ါဖြင့် မျက်နှာမှ ချွေးတို့ ကို သုတ်သည် ။ ပြီးတော့ …

အဲဒါဆို ငါမေးမယ် ။ ၀ီရိယသမား တစ်ယောက် ထဲနဲ့ ဒီပျားရည်အိုးကို တွေ့ နိုင်ပါ့မလား ။ ၀ီရိယမပါဘဲ ဉာဏ်တစ်ခုတည်နဲ့ ရော ရနိုင်ပါ့မလား ။ ၀ီရိယနဲ့ ဉာဏ်မပါဘဲ ကံတစ်ခုတည်းနဲ့ ဆိုရင်ရော တွေ့ နိုင်ပါဦးမလား ”

အဲ့လိုမေးလိုက်တော့ သုံးယောက် စလုံးမဖြေနိုင်ဘူးတော့ဘူးကွ ။ ဒီတော့မှ ဘုရင်ကြီးက …

“အိမ်း … မှတ်ထားကြ ၊ ကံတစ်ခုတည်းယုံနေလို့ လည်း မ ဖြစ်ဘူး ။ ဉာဏ်တစ်ခုတည်းကိုပဲ အားကိုး နေလို့ မရဘူး ။ ၀ီရိယတစ်ခု တည်းကိုပဲ အားထုတ်နေလို့ မပြီးဘူး ။ ကံ ၊ ဉာဏ် ၊ ၀ီရိယ ဆိုတာ သူ့ နေရာနဲ့သူ တန်ဖိုး ရှိတယ်ဆို ပြီး မိန့် လိုက်တယ်တဲ့ကွ ”

ထိုသို့ ဖြင့် ဆရာဦးခန့် နောင်က ပုံပြင်ကို အဆုံးသတ်လိုက်ပါသည် ။

*

“ဒီပုံပြင်လေးနဲ့ ပတ်သက်ပြီး ဆရာပြောချင်တာက ငါ့တပည့် တွေ အကုန်လုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ဖြေဆိုကြရတော့မယ် ။ အခုလိုမျိုးအချိန်မှာ အယူမလွဲစေချင်ဘူး ။ မြန်မာတွေ ရဲ့ထုံးစံ ၊ ဗေဒင်နဲ့ ယတြာတွေ လုပ်တာလည်း လုပ်ပေါ့ကွာ ။ ဒါပေမယ့် ကံဆိုတာချည်းကို သိပ်မယုံနဲ ။ ဉာဏ်သုံးပြီး ဖြေမယ်ဆိုပြီးတော့လည်း Micro တွေ ၊ Copy တွေ ကို အားမကိုးနဲ့ ၊ ၀ီရိယ လွန်ပြီးတော့ လည်း စစ်မရောက်ခင်မြားကုန်တာမျိုး မ ဖြစ်စေနဲ့ … ဟုတ်ပြီလား”

တစ်ခန်းလုံး ခေါင်းညိတ်အဖြေပေးလိုက် ကြပါသည် ။ တချို့ တလေ ကတော့ ‘ ဟုတ်ကဲ့ပါဆရာ’ ဟု ပြောသည် ။ နောက် ဆရာက ကျောက်သင်ပုန်းပေါ်တွင် မြေဖြူဖြင့် …

ကံ + ဉာဏ် + ၀ီရိယ = အောင်မြင်မှု

ဟုရေး ပြသည် ။ တစ်ခန်းလုံးမှ ဆရာဘာဆက်ပြောမည် ကို ငြိမ်ကာ နားထောင်နေကြပါ ၏ ။ တစ်ခန်းလုံးတိတ်နေသည် ။ သူတို့ ကိုယ်စီ ၏ စိတ်ထဲတွင် လည်း ကံ ၊ ဉာဏ် ၊ ၀ီရိယ သုံးခုပေါင်းမှ အောင်မြင်မှု ရမည် ဟု ယုံကြည်နေကြသည် ။ ထိုစဉ်မှာ ပင် ဆရာ ‘ကံ’ ဟူသော စကားလုံးကို မြေဖြူဖြင့် ယောက် ၍ …

“ကဲ … တပည့်တို့ ကံတစ်ခုတည်းနဲ့ စာမေးပွဲဖြေလို့  ဖြစ်ပါ့မလား”

“ ဖြစ်ပါတယ်ဆရာ”

“ဟင်”

“ဟာ”

တစ်ခန်းလုံး အာမေဍိတ်သံတွေ ထွက်ကုန်ကြသည် ။ ဆရာကိုယ်တိုင်လည်း ကြောင်သွားသည် ။ ‘ မ ဖြစ်ပါဘူး ’ ဟု ဖြေမည့်  ပါးစပ်တွေ တန်းလန်းနှင့် ရပ်ကုန်ပါ ၏ ။

ယုံကြည်မှုပြည့်ဝလွန်းသော အသံဖြင့် ကျယ်လောင်စွာ ထဖြေလိုက်သည်ကား. ..

“ကံထူး”

ဆရာဦးခန့်နောင် ပါးစပ်အဟောင်းသားနှင့် ကြောင်နေရာမှ သတိဝင်သွားသည် ။ နောက် ‘ကံထူး’ ကို နားမလည်သလို တစ်ချက်ကြည့်ရင်း …

“အေး … အဲဒါဆို မင်းခဏနေဦး ။ မင်းကိစ္စနောက်မှရှင်းမယ် ။ ကဲ … ကျန်တဲ့လူတွေ ဆက်မေးမယ် … ဖြေ … ဉာဏ်တစ်ခုတည်ကိုအားကိုးပြီးတော့ရော ဖြေလို့ ဖြစ်ပါ့မလားဟေ့”

“ ဖြစ်ပါတယ်ဆရာ”

“ဟေ”

“ဟာ”

ဆရာဦးခန့် နောင် ထပ်ဆင့်ကြောင်ကာ သွားပါသည် ။

ဒီတစ်ခါထပြောလိုက်သူက ဉာဏ်ထူး …

တစ်ခန်းလုံးလည်း ရဲ့ဝံ့စွာ ထဖြေလိုက်ကြသော နှစ် ယောက် ကို ကြည့်၍ အံ့သြကာသွားသည် ။ ဆရာဦးခန့် နောင်ဆိုလျှင် အလှုပ်မယှက် ။

နောက်တော့မှ ဘာမှမ ဖြစ်သလို ချောင်းတစ်ချက်ဟန့် လိုက်ရင်း …

“ဟုတ်ပြီ … ခဏနေကြဦး”

ကံထူး နှင့် ဉာဏ်ထူး ကိုပြောသည် ။ ပြီးတော့ အားလုံးကို ဝေ့ကြည့်လိုက်ရင်း …

“ကျန်တဲ့လူတွေ ၀ီရိယတစ်ခုတည်းနဲ့ ရော စာမေးပွဲဝင်ဖြေလို့  ဖြစ်ပါ့မလား”

“ ဖြစ်ပါတယ်ဆရာ”

သူ့ နာမည် က ဇွဲထူး

နောက်တစ်ယေက်ထ, လာပြန်ပါပြီ ။ ဆရာဦးခန့် နောင်ခမျာ စိတ်အညစ်ကြီးညစ်သွားရတော့သည် ။ ကျောင်းသားတွေ အကုန်လုံးလည်း ထိုလူထူးဆန်းသုံးယောက် ကို တအံ့တသြကြည့်နေသည် ။ မတ်တတ်ရပ်နေသူ သုံးယောက် ကတော့ ဘာကိုမှ ဂရုမစိုက်သလိုပုံစံကိုယ်စီဖြင့် တည်ငြိမ်ကာနေ၏ ။

သူတို့ ပုံစံက ကိုယ့်ယုံကြည်မှုနှင့် ပတ်သက်ပြီး ဘာကိုမှ စိတ်မ၀င်စား ၊ စိတ်ထဲမထည့်သည့်ပုံစံမျိုး ။

ဆရာဦးခန့် နောင်က ရဲဝင့်သော ပုံစံကိုယ်စီဖြင့် ရပ်နေကြသော ကျောင်းသားသုံးယောက် ကိုကြည့်၍ နဖူးမှ ချွေးကိုသုတ်သည် ။ နောက်ကျောက်သင်ပုန်းပေါ်မှ သူရေး ထားသော စာကို တစ်ချက်ကြည့်သည် ။ ပြီးတော့ စားပွဲပေါ်မှစာအုပ်တွေ ကို သိမ်းကာ အခန်းထဲမှ ထွက် သွားပါတော့သည် ။

ရပ်နေသူသုံးယောက် ကတော့ အမိန့် ပေးရန်မလို ရဲရင့်သော ခြေလှမ်းကိုယ်စီဖြင့် ဆရာ့နောက်မှ လိုက်ကာ သွားပါတော့သည် ။

ကိုယ်စီကိုယ်စီထွက်သွားကြသော ကျောပြင်တို့ ကိုကြည့်၍ အခန်းထဲ့မှ ကျောင်းသူ တစ်ယောက် စုတ်သပ်ကာ ခပ်ညည်းညည်းပြောသည် ။

“ကျွတ် … သူတို့ သုံးယောက် နဲ့ တော့ ခက်ပါတယ်”

သူမနာမည် က “မေ၀သန်”

*

(b)

“ကဲ … ဆိုစမ်းပါဦး ၊ မင်းတို့ သုံးယောက် က ဘယ်လို ဖြစ်ကြတာလဲ”

ဆရာ့အသံက ဒေါသသံမပါပါ ။ ဒါပေမယ့် နားမလည်သည့် အဓိပ္ပာယ်တွေ အများ ကြီးပျော်ဝင်နေသည် ။

“ဘယ်လိုမှမ ဖြစ်ပါဘူးဆရာ ၊ ကျွန်တော် တို့ ယုံကြည့်လို့ မရလို့ ပါ”

“ဘာ…”

ပြောသည့်လူက “ကံထူး”

“နေပါဦး … မင်းတို့ က ဘာကိုယုံကြည်လို့ မရတာ လဲ”

“ကျွန်တော် ကံက လွဲပြီး ဘာကိုမှ မယုံဘူး”

“ဟာ”

“ဟုတ်တယ်ဆရာ … ကျွန်တော် လည်း ဉာဏ်ကိုပဲယုံတယ်”

“…..”

“ကျွန်တော့် အတွက် ကတော့ ၀ီရိယရှိရင် ဖြစ်တယ်ဆရာ”

“ဟေ …”

ဆရာဦးခန့် နောင်လည်း ပါးစပ်ဟောင်းလောင်းပွင့်သွားရသည် ။

တော် တော် လည်း အံ့အားသင့်သွားပုံရပါ၏ ။

“ဟာ … ဘယ်လိုတွေ တုံး” ဟုလည်း စိတ်ထဲမှတွေးမိသွားသည် ။ ချက်ချင်း ပင် စာမေးပွဲကြီးအတွက် ဒီကလေးသုံးယောက် ကို စိတ်ပူသွားရသည် ။ ဦးခန့် နောင် ဣနြေ္ဒကို ပြန်ထိန်းလိုက်၍ …

“မင်းတို့ က အဲလိုတစ်မျိုးစီကိုပဲယုံတော့ စာမေးပွဲအတွက် ဘယ်လိုများ စဉ်းစားထားကြတုံး ။ ခုနကမေးသလိုပဲ ကံတစ်မျိုး ၊ ဉာဏ်တစ်မျိုး နဲ့ စာမေးပွဲဖြေမလို့ လား ”

“ဟုတ်ပါတယ်ဆရာ … ကျွန်တော် တို့ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပဲဖြေမှာ ပါ ။ စာမေးပွဲအတွက်လည်း ကြိုတင်ပြင်ဆင်ပြီး သွားပါပြီ ”

ကံထူးစကားကြောင့် ဦးခန့် နောင် အံ့သြသွားသည် ။ နောက်ပြီး ဘယ်လိုတွေ ပြင်ဆင်ထားသည်ဆိုတာကိုလည်း သိချင်သွားရသည် ။

“ကဲ … အဲဒါဆို ဆရာ့ကိုပြောပြပါဦး … မောင်ကံထူးစာမေးပွဲအတွက် မင်းယုံကြည်ထားတဲ့ကံအပေါ်မှာ ဘယ်လိုပြင်ဆင်ထားလဲ ။ ဘယ်လိုအားကိုးမယ်လို့ စိတ်ကူးထားလဲ”

ကံထူးပြုံးလိုက်သည် ။

“ရှင်းရှင်းလေးပါ … ကျွန်တော် စာတွေ ကို အကုန်မကျက်ဘူး … ရွေးကျက်တယ် ။ ကျွန်တော့် ကံကို ကျွန်တော် ယုံတယ်လေ ။ နောက်တစ်ချက်က ကျွန်တော် အကုန်လုံးကိုလည်း မကျက်နိုင်ဘူး ”

“ဟေ … ဒါဆို မင်းဆိုလိုတဲ့သဘောက မင်းရွေးကျက်ထားတဲ့စာတွေ ပဲ မေးခွန်းမှာ မေးမှာ ပေါ့”

“အဲဒီ သဘောမဟုတ်ပါဘူး … ဒါပေမယ့် အောင်မှတ်ရရုံလောက်တော့ တိုးမှာ ပါ”

“ဟ … သေချာလှချည်လားကွ”

ကံထူး ရဲရဲဝံ့ဝံ့ပြုံးလိုက်ရင်း …

“ကံမပါဘဲ … ချဉ်ပေါင်ဟင်းစားရတဲ့ ရေသည်ယောက်ျားမင်းမ ဖြစ်ပါဘူး”

“ဟေ …”

ဦးခန့် နောင် နားလည်လိုက်သည် ။ ဒီကျောင်းသားကို သူဘယ်လိုမှပြော၍ ရမည် မဟုတ်တော့ ။

ထို့ ကြောင့် ဦးခန့် နောင် ဉာဏ်ထူးဘက်သို့ လှည့်လိုက်သည် ။

“ဉာဏ်ထူး မင်းက ဉာဏ်ကိုအားကိုးတဲ့ကောင်ဆိုတော့ … ခုန အတန်းထဲမှာ ပြောသလို Micro တို့ Copy တို့ ကို အားကိုးမယ် ဆိုတဲ့သဘောလား”

“မဟုတ်ပါဘူး”

ဉာဏ်ထူး က တည်တည်ငြိမ်ငြိမ်ပြန်ဖြေသည် ။

“ဒါဆို မင်းစာတွေ ပိုင်နေပြီလား”

“မပိုင်သေးပါဘူး”

“ဟေ … ဒါဆို မင်းဘယ်လိုဖြေမလဲ”

ဉာဏ်ထူးစကားကြောင့် ဦးခန့် နောင် မျက်လုံးပြူးသွားပြန်သည် ။စိတ်ထဲမှလည်း ‘အလာကြီးပါလား’ ဟု တွေးမိသည် ။ Micro , Copy လည်းမသုံး ၊ စာကိုလည်းမပိုင်သေးဘဲနဲ့ ဉာဏ်ကိုသုံးပြီး အောင်အောင်ဖြေမယ်ဆိုတော့ …

“ဆရာ… စိတ်ဝင်စားတယ်ကွာ ။ မင်းဉာဏ်ကို ဘယ်လိုအသုံးချမလဲ”

“အဲဒါကိုတော့ ခွင့်လွှတ်ပါဆရာ ၊ ကျွန်တော် ပြောပြလို့ မရပါဘူး ။ ဒါပေမဲ့ ဆရာထင်သလို Micro , Copy မသုံးဘူးဆိုတာတော့ သေချာပါတယ်”

ဒီ တစ်ယောက် ကိုလည်း ဦးခန့် နောင်လက်လျှော့လိုက်ရပါသည် ။

ဒီတစ်ခါ အလှည့်ကျသူက ‘ဇွဲထူး’

“ဇွဲထူး … မင်းကရောဘယ်လိုလဲ”

“ကျွန်တော် က ၀ီရိယသမားပဲဆရာရယ် ။ လွန်ခဲ့တဲ့တစ်လလောက်ကတည်းက စာတွေ အကုန်ပြတ်သွားပြီ”

“ဟေ … ဒါဆို မင်းက D မှန်းလို့ တောင်ရပြီပေါ့”

ဦးခန့် နောင်က အားတက်သရောပြောသည် ။ ဒါပေမဲ့ ဦးခန့် နောင်ထင်သလို ဇွဲထူးထံမှ “ဟုတ်ကဲ့ ဆရာ” ဟုဖြေသံ ထွက်မလာပါ ။

ဇွဲထူးက ကြေကြေကွဲကွဲ ခေါင်းယမ်းသည် ။

“ကျွန်တော် ကအရင်ကတည်းက မှတ်ဉာဏ်မှမကောင်းတာ ဆရာရယ် ။ ၀ီရိယကြောင့် သာ ကျွန်တော် ဒီအတန်းထိရောကလာတာ ။ အခုလည်း ကျွန်တော် ၀ီရိယပြင်းပြင်းနဲ့  ကြိုးစားထားသမျှ အလကားပဲ ။ ကျက်ထားသမျှစာတွေ အကုန်မေ့ကုန်ပြီ ။ မှတ်ဉာဏ်ကလက်မခံနိုင်တော့ဘူး”

ဇွဲထူးစကားကြောင့် ဦးခန့်နောင် အပါအ၀င် ကံထူးနှင့် ဉာဏ်ထူးနှစ် ယောက် စလုံးပါ စိတ်မကောင်း ဖြစ်သွားကြသည် ။

“ဒါပေမယ့် စိတ်မပူပါနဲ့ ဆရာရယ် … ကျွန်တော် အောင်မှာ ပါ ။ ခုနကပြောတဲ့ပုံပြင်ထဲကလိုပေါ့ ၀ီရိယသမားအတွက် လောကကြီးက အမြဲတမ်း နေရာတစ်နေရာချန်ထားပါတယ်”

ဦးခန့် နောင် ခေါင်းညိတ်မိသည်လား ၊ ခေါင်းယမ်းမိသည်လား မသိတော့ပါ ။

ဒါပေမယ့် သူတစ်ခုခုကိုတော့ ပြင်းပြင်းပြပြ သိချင်နေသည် ။အဲဒါက …

ကံ ၊ ဉာဏ် ၊ ၀ီရိယ သုံးခုမှ တစ်ခုစီကိုလွန်စွာ ယုံကြည်သက်ဝင်သည့် ကျောင်းသားသုံးယောက် ၏ အနာဂတ် …

ဟုတ်သည် ၊

သူတို့ သုံးယောက် စလုံး စာမေးပွဲအောင်ကြမည် လား ?

သုံးယောက် စလုံး စာမေးပွဲကျကြမည် လား ?

ဒါမှမဟုတ် မည် သူတွေ အောင်လို့ မည် သူတွေ ကျမည် နည်း ?

ဒီမေးခွန်းတွက် အဖြေကစောနေသေးသည်ဟု သူထင်သည် ။

“ဒါနဲ့ မင်းတို့ သုံးယောက် စလုံး မေ၀သန်တို့ အိမ်မှာ စာကျက်ကြတယ်ဆို”

“ဟုတ်ပါတယ်ဆရာ … ဘာ ဖြစ်လို့ လဲ”

“ဘာမှမ ဖြစ်ပါဘူး … မေ၀သန့် မိဘတွေ နဲ့ ဆုံလို့ ပြောမိလို့ ပါ ။ ကဲ … ကဲ … သွာြး ကတော့ … မင်းတို့ သုံးယောက် စလုံး စာမေးပွဲအောင်ပါစေလို့ ဆုတောင်းပါတယ်”

“ပေးတဲ့ဆုနဲ့ ပြည့်ပါစေဆရာ”

ထို့ နောက် သုံးဦးသား ဆရာဦးခန့် နောင် ရှေ့မှ ထွက်ခြဲ့ ကတော့သည် ။

*

(c)

မေ၀သန်တို့ အိမ်ရှေ့မြက်ခင်းပြင်ပေါ်တွင် ဖြစ်သည် ။ အလယ်တွင် လက်ဖက်သုပ်တစ်ပွဲ ၊ အချဉ်ထုပ်မျိုးစုံဖြင့် သူတို့ အုပ်စုစာကျက်နေကြသည် ။

မေ၀သန် ၊

ဝသန်သည် ရုပ်ချောသည် ။ စာတော် ပါသည် ။ သူမတို့ အသိုင်းအ၀ိုင်းက ပိုက်ဆံရှိပါသည် ။စသည့်အခြင်းအကြောင်းအရာတွေ ကြောင့် ၀သန့် ကိုစိတ်ဝင်စားသူများ သည် ၊ ထိုအထဲတွင် သူတို့ သုံးယောက် လည်း ပါဝင်ပါ၏ ။ (အထက်ပါ အခြင်းအကြောင်းအရာတွေ ကြောင့် တော့ မဟုတ်ပါ)

ဒါကို သူတို့ ယောက်ျားလေးအချင်းချင်းလည်းသိသည် ။ ၀သန်လည်းသိသည် ။ သို့ သော် ငယ်ငယ်ကတည်းက ခင်မင်လာသော သူငယ်ချင်းဟူသည့် တားအဆီးကတစ်ကြောင်း ၊ စာမေးပွဲကိစ္စနှင့် မအားလပ်ရသည်ကတစ်ကြောင်း ၊ သူတို့ သုံးယောက် စလုံး တစ်ယောက် နှင့် တစ်ယောက် အလွတ်မပေးသည်ကတစ်ကြောင်း ထို့ ကြောင့် သုံးယောက် စလုံးမည် သူမျှ ၀သန့်အပေါ် တရားဝင်ချစ်ခွင့်မပန်ရသေး ။

ဒါပေမယ့် သုံးယောက် စလုံး တစ်ယောက် အလစ်ကိုတော့ တစ်ယောက် ချောင်းနေကြသည် ။ ယခုလည်း သုံးယောက် စလုံး ရင်ထဲမှခံစားချက်ကို ခဏပယ်ကာ စာကိုကုန်းရုန်းကျက်နေကြ၏ ။

စာကျက်သည်ဆိုသော်လည်း လေးယောက် တွင် သုံးယောက် သာ အားရပါးရကျက်၍ ဉာဏ်ထူး တစ်ယောက် ကတော့ စာရွက်တစ်ရွက် နှင့် ခေါင်းစားနေသည် ။

ကံထူးကရော …

ကံထူးသည်လည်း စာရွက်တစ်ရွက် ဘောပင်တစ်ချောင်းနှင့် ခေါင်းစားနေ၏ ။ ဒါပေမယ့် ခေါင်းစားပုံချင်းမတူ ၊ ကံထူးခေါင်းစားပုံကရှင်းသည် ။ စာရွက်အလွတ်တစ်ရွက်၌ စာအုပ်ထဲရှိသမျှ ခေါင်းစဉ်တွေ အကုန်ချရေး သည် ။

ပြီး ထိုစာရွက်ပေါ်၌ မျက်လုံးမှိတ်ကာ ဘောပင်ထောက်သည် ။ ဘောပင်အောက်မှ ခေါင်းစဉ် (သို့ ) မေးခွန်းကိုကျက်သည် ။ ကံထူးလုပ်ကွက်က ရှင်းရှင်းလေး ။

ဒါပေမယ့် ဉာဏ်ထူးလုပ်ကွက် ကတော့ ခေါင်းစားရသည် ။ သူ့ ရှေ့ရှိစာရွက်ထဲမှာ သူဖြေရမည့်  အခန်း၏ ခုံနံပါတ်တွေ ရှိသည် ။ ဉာဏ်ထူးသူ့ ခုံနံပါတ်ဝန်းကျင်ရှိ ခုံနံပါတ်တွေ ကို ကြည့်ကာ စဉ်းစားနေသည် ။ သူအဆင်ပြေချင်သည်ဟုပြော၍ ရသည် ။

သူ့ ခုံနံပါတ်နှင့် ဘေးချင်းကပ်လျက်မှာ က ၀င်းပပထွန်းခုံနံပါတ် ။ ၀င်းပပထွန်းသည် ကျောင်းမှာ ‘တစ်’ ပြေးနေသော ကျောင်းသူ တစ်ယောက် ဖြစ်ပါ၏ ။ စာတော် သလောက် ပညာနှင့် ပတ်သက်၍ မာနကြီးသည် ။ ပညာနှင့် ပတ်သက်လျှင် တစ်ဖက်သားကို သူ့ လောက်မတတ်ကဟု ခံယူကာ အထင်သေးတတ်သည် ။

ဒါသူစဉ်းစားသင့်သော အချက် ။

နောက် သူ့ ရှေ့ခုံမှ တစ်ယောက် က ဇော်ထက် ။

ကံထူးနှင့် ဇွဲထူးတို့  ကတော့ သူတို့ ရှေ့တစ်ခန်းတွင် ခုံနံပါတ်ချင်း ရှေ့ဆင့်နောက်ဆင့်ကျ၍ အဆင်ပြေသည် ။ သူသည်သာ နောက်တစ်ခန်း၌ အားကိုးရာမဲ့နေရသည် ။ ၀သန့် အခန်း ကတော့ သူတို့ တွေ နှင့် တော် တော် ဝေးပါ၏ ။

ဉာဏ်ထူးရှေ့ခုံမှ ဇော်ထက်နှင့် ပတ်သက်၍ အားနည်းချက်ကို ရှာနေသည် ။ ဇော်ထက်သည် စာတော် သော ကျောင်းသား တစ်ယောက် ဖြစ်ပါသည် ။ ဒါပေမယ့် အရှက်အကြောက်တော့ နည်းနည်း ကြီးသည် ။ တစ်ခါက ရန် ဖြစ်၍ ဆရာမ က ပေါင်လှန်ရိုက်ရာ ရှက်ပြီး တစ်ပတ်လောက် ကျောင်းပျက်ဖူးသည် ။

ဒီအချက်သည် စဉ်းစားသင့်သော အချက်နံပါတ်တစ် ။

သူတို့ ယောက်ျားလေးသုံးယောက် ထဲတွင် တော့ ဇွဲထူးသည် စာအတော် ကျက်သူ ဖြစ်သည် ။ ကျက်သလောက်လည်း ပြန်ပြန်မေ့တတ်သည် ။ ယခုလည်း ဇွဲထူး တစ်ယောက် အားကြိုးမာန်တက် စာကိုကုန်းရုန်းကျက်နေပါ ၏ ။

စာရွက်တစ်ရွက်နှင့် စဉ်းစားခန်းဝင်နေသော သူ့ ပုံစံကိုကြည့်၍ ၀သန်က အားမရစွာ ပြောသည် ။

“ဉာဏ်ထူး … နင်ဒီစာရွက်တစ်ရွက်တည်းနဲ့ ပဲပြီးတော့မှာ လား သူများ တွေ ဒီလောက်အပြူးအပြဲကျက်နေကြတာ ။ နင် တစ်ယောက် ပဲအေးဆေးနေတယ် ။ စာလည်း အခုထက်ထိတစ်လုံးမှဖတ်တာ မတွေ့ သေးဘူး”

“အေးဆေးပါဟာ … ဒီစာတွေ က အရင်ကတည်းက ငါကျက်ထားပြီးသားစာတွေ ပါ ။ခဏလောက်ပြန်နွှေးရင် ဖြစ်ပါတယ် ။ အခု ငါ ထပ်စာမကျက် ရဘဲနဲ့ ဖြေလို့ ရမယ့်နည်းကို စဉ်းစားနေတာဟ ”

“လုပ်ပြန်ပြီ … နင်ပေါက်ကရတွေ လျှောက်မလုပ်နဲ့ နော် ။ စာမေးပွဲခန်းထဲကိုလည်း ဟိုဟာ ဒီဟာတွေ ယူမသွားနဲ့ ။ အဲဒါ နှစ် ပယ်ခံရလိမ့်မယ် ”

ဝသန်က စိုးရိမ်စိတ်အပြည့်ဖြင့် ပြောသည် ။

“စိတ်ချပါဟာ … ငါအဲဒါတွေ မလုပ်ပါဘူး ။ အခု ငါတွေးနေတာက တစ်မျိုးပါ”

“ဉာဏ်ထူးရယ် … အဲလိုတွေ လျှောက်လုပ်နေမယ့်အစား စာကိုပဲ သေချာကျက်ပါလား ။ ဉာဏ်လည်းကောင်းချက်သားနဲ့ ။ ငါနင်တို့ သုံးယောက် မှာ ဘယ်သူ့ ကိုမှမပူဘူး ၊ နင့်ကိုပဲပူတယ် ”

ဝသန့် စကားကြောင့် သူ ဟက်ခနဲ ရယ်လိုက်သည် ။

“ဘာမှမပူပါနဲ့ ဝသန် … ငါ့ကိုယ်ငါယုံတယ် … ငါအောင်မှာ ။ ငါတို့ အတွက် ကြိုးစားချိန် သုံးနာရီပေးထားတယ်ဟာ ။ အဲဒီ သုံးနာရီအတွင်းမှာ တော့ နည်းမျိုးစုံနဲ့ အောင်မှတ်ရအောင်ရှာရမှာ ပဲ ။ ဒါပေမယ့် ငါရှာမယ့် နည်းတွေ ထဲမှာ ဥပဒေအရတားမြစ်ထားတဲ့နည်းတွေ မပါပါဘူး စိတ်ချပါ ”

ဝသန်သက်ပြင်ချမိတော့သည် ။ နောက် သူမ စာဆက်ကျက်သည် ။ ဉာဏ်ထူး ကတော့ …

“သုံးနာရီအတွင်းမှမှ အမှတ် (၄၀) ဖိုးပဲရှာရမှာ … ငါရှာနိုင်ပါတယ် ။ တစ်နာရီကို ဆယ့်သုံးမှတ်နဲ့ တွက်ရင်တောင် လေးမိနစ်တစ်မှတ်နှုန်းနဲ့ ရှာနိုင်ရင် ဖြစ်ပြီ … အေးဆေးပါ … ငါလုပ်နိုင်ပါတယ် ။ ငါ့မှာ အရင်ကျက်ထားတာတွေ လည်း ရှိတာပဲ ”

ဉာဏ်ထူး ထိုသို့ စိတ်မှတွေးရင်း လက်ထဲမှစာရွက်တစ်ရွက်ကို ချလိုက်သည် ။ ပြီးတော့ ဒီနေ့ အတွက် ပထမဆုံးအကြိမ်အ ဖြစ် စာကျက်ရန် စာအုပ်ကိုကိုင်လိုက်ပါတော့သည် ။

*

(d)

ဉာဏ်ထူး၏ ပထမ စစ်ဆင်ရေး

ဉာဏ်ထူး တစ်ယောက် ကျောင်းတွင် တစ်စုံး တစ်ယောက် ကို စောင့်နေသည် ။ သူစောင့်နေသူက ၀င်းပပထွန်း ။

ဒါသည် စာမေးပွဲအတွက် ၀င်းပပထွန်းနှင့် ပတ်သက်၍ ပြင်ဆင်မှု တစ်ရပ်ကို ပြုလုပ်ရန် ဆိုင်းငံ့နေခြင်း ။

မကြာပါ ။ ၀င်းပပထွန်းမှာ သူမသူငယ်ချင်းတစ်ဦးနှင့် ကျောင်းလမ်းထဲသို့ ဝင်ကာလာသည် ။ ဉာဏ်ထူး ကိုယ်ကိုပြင်ရပ်၍ သတိအနေအထားနေလိုက်သည် ။ သူမတို့ တဖြည့်ဖြည်းနီးလာပါပြီ ။

သူ့ ရှေ့အရောက်မှာ ပင် …

“၀င်းပပထွန်း”

“ဘာလဲ”

ခပ်ဆတ်ဆတ်ထူးကာ လှည့်ကြည့်ည်။

“နင်စာတွေ တော် တော် ပိုင်နေပြီလား … ”

“ပိုင်နေပြီ … ဘာလုပ်မလို့ လဲ”

“ငါက Revision နှစ် ခါတောင် ပြန်ပြီးသွားပြီဟ ။ အဲဒါ စာလေးဘာလေးဖလှယ်ရအောင် သင့်တော် မယ့်သူလိုက်ကြည့်နေတာ”

ဉာဏ်ထူး၏ အထက်စီးဖြင့် ခပ်တင်းတင်းစကားကြောင့် ၀င်းပပထွန်း တအံ့တသြ ဖြစ်သွားပြီး သူ့ ကိုမယုံသလို သေချာကြည့်သည် ။

“အဲဒါနဲ့ ငါ့ကို ခေါ်တာနဲ့ ဆိုင်လို့ လား…”

“ဆိုင်မယ်လို့ ထင်တာပဲ ။ နင်နဲ့ ငါ စာပြိုင်ရအောင်ဟာ”

“ဘာ … နင်က …”

ဝင်းပပထွန်း စွေ့ စွေ့ ခုန်သွားသည် ။ အကြောင်းသိအချင်းချင်းသူမကို လာစိန်ခေါ်သည့်အတွက် တော် တော် လည်း ခံပြင်းသွားပုံရပါ ၏ ။

“အောင်မာ … ဘာစာပြိုင်မလဲ ။ နင့်လိုကောင်မျိုးကို ဆယ်လေးတစ်လေးပေးတယ်”

“တကယ်နော်”

“နှစ် ကယ် …”

ဉာဏ်ထူးပြုံးသွားသည် ။ ဒါသူဆင်မည့် အကွက်ထဲသို့ မဖိတ်ခေါ်ရဘဲနှင့် ၀င်လာခြင်း ။

“တကယ် ဆယ်လေးတစ်လေးနော်”

“ဟုတ်တယ်”

“အိုကေ … အဲဒါဆို မပြိုင်ခင် ကြေးစကားအရင်စပြောရအောင်”

ဝင်းပပထွန်းမဲ့သည် ။ သူမပုံစံက သူ့ လိုကောင်မျိုးကို လုံးဝအထင်မကြီးဘူးဆိုသည့် ပုံစံမျိုး ။

“နင် နဲ့ ငါ စာနဲ့ ပတ်သက်ပြီး မေးခွန်း တစ်ယောက် တစ်ခုစီ မေးမယ်ဟာ ။ နင်မေးတဲ့မေးခွန်းကို ငါမဖြေနိုင်ရင် နင်ခိုင်းတာကို ငါတစ်ရက်လုပ်မယ် ။ ငါမေးတဲ့မေးခွန်းကို နင်မဖြေနိုင်ရင် ငါခိုင်းတာကို နင်ဆယ်ရက်လုပ်ရမယ် … ဘယ်လိုလဲ …ဒါနင်ပြောတဲ့ ဆယ်လေးတစ်လေးပဲနော်”

ဝင်းပပထွန်း မှာ ဒုတိယမ္ပိမဲ့ပြန်သည် ။ သူလိုကောင်မျိုးက အခုလိုစိန်ခေါ်သည့်အတွကတော် တော် မခံချိမခံသာ ဖြစ်နေပုံရသည် ။

“နင့်ကိုယ်နင် မယုံဘူးဆိုရင်လည်း ငါဆန္ဒကိုချုပ်သိမ်းပေးမယ်နော် ။ ငါနဲ့ ဆွေးနွေးလို့ ရမယ့် နောက် တစ်ယောက် ကို ငါထပ်ရှာမယ် ”

တော် တော် ထိသွားသည်ထင်သည် ။ မျက်နှာတစ်ပြင်လုံးရဲတွတ်သွားကာ ခန္ဓာကိုယ်သည် တစ်ချက်တုန်သွားသည် ။ နောက် နှာခေါင်း ရဲရဲကို စူပွစူပွလုပ်ရင်း …

“ရ… ရတယ် ၊ ငါလက်ခံတယ် … ပြော ဘာစာပြိုင်မှာ လဲ”

အံကြိတ်သံနှင့် ရောထွေးကာ ထွက်လာသော စကားတို့ ကြောင့် ဉာဏ်ထူးရယ်ချင်သွားသည် ။ဒါပေမယ့် ခပ်တည်တည်ပင် ။

“အဟဲ … အခု လမ်းလယ်ခေါင်ကြီးမှာ ဆိုတော့ မကောင်းဘူးဟာ ။ နင်လည်း လေ့လာရင်လေ့လာချိန်ရအောင် နေ့ ခင်းမုန့် စားချိန်ရောက်မှ ဒေါ်ခင်တုန်မုန့် တီဆိုင်မှာ ပြိုင်မယ် ”

“မလိုပါဘူး … ဘာစာပြိုင်မလဲသာပြော”

ဉာဏ်ထူးစကားကို ခဏရပ်၍ သူမကို သေချာကြည့်လိုက်သည် ။ နောက်တစ်လုံးချင်းပြောသည် ။

“ဦးပုညရဲ့ ရေသည်ပြဇာတ်”

“ဘာ … ရေသည် …”

မထင်ထားသော စကားကြောင့် ၀င်းပပထွန်းမှာ အအံ့သြကြီးအံ့သြသွားသည် ။

“နင်စိတ်မှကောင်းသေးရဲ့လား … ဒီလောက်လွယ်တဲ့ ရေသည်ပြဇာတ်ကို မှ …”

“အေး … ငါစိတ်မကောင်းတာတော့ အမှန်ပဲ ။ ဘာ ဖြစ်လို့ လဲ ဆိုတော့ နင်ရှုံးတော့မယ်ဆိုတာ ကြိုသိနေလို့ ”

“ဘာ …”

ဉာဏ်ထူးဂရုမစိုက်တော့ပါ ။ နာရီကို တစ်ချက်ပုပ်ပြ၍ ဒေါ်ခင်တုတ်မုန့် တီဆိုင်ကို မေးငေါ့ပြရင်း ထွက်ခဲ့ပါတော့သည် ။

*

(e)

ဒေါ်ခင်တုတ်မုန့် တီဆိုင်သည် ထူးထူးခြားခြား ဒီနေ့ လူရှင်းနေပါ ၏ ။ တိုက်ပွဲတစ်ခု ဖြစ်ပွားရန် လုံလောက်သော အကြောင်းရင်း ဖြစ်နေသည် လားတော့မသိ ။

ဆိုင်ရှေ့စားပွဲခုံတစ်ခုတွင် လူသုံးယောက် မျက်နှာချင်းဆိုင်ထိုင်နေသည် ။ တစ်ယောက် က ဉာဏ်ထူး ၊ သူ့ မျက်နှာချင်းဆိုင်မှ မိန်းကလေးနှစ် ယောက် က ၀င်းပပထွန်းနှင့် စန္ဒာ ။ ၀င်းပပထွန်းစစ်ကူခေါ်လာခြင်းတော့ ဖြစ်ဟန်မတူ ။ သူနှင့် နှစ် ယောက် တည်း မုန့် ဆိုင်မထိုင်လို၍ ခေါ်လာခြင်း ဖြစ်ရပေမည် ။

တိတ်ဆိတ်နေသော အခြေအနေတစ်ခုအား ဉာဏ်ထူးစတင်ဖြိုခွင်းလိုက်သည် ။

“စလို့ ရပြီ ၀င်းပပထွန်း … နင်အရင်မေးပါ ”

“ရတယ် … ရေသည်တစ်အုပ်လုံး အလွတ်ရနေတဲ့ ငါ့အတွက် အရင်မေးရမှာ အားနာတယ် ။ နင်အရင်မေး ”

ဉာဏ်ထူးပြုံးလိုက်သည် ။ ၀င်းပပထွန်းကို သူအထင်မသေးရဲပါ ။ ဒါပေမယ့် သူ့ မေးခွန်းကိုလည်း သူယုံသည် ။

“ဟုတ်ပြီ … အဲဒါဆို ငါအရင်မေးမယ်နော် ”

အခြေအနေတစ်ခုမှာ ရုတ်ခြည်းငြိမ်သက် သွားပါ ၏ ။ လေပြင်းတစ်ချက် သူတို့ နှစ် ဦးရှေ့ဖြတ်တိုက်သွားသည် ။ သစ်ရွက်တချို့ ကြွေသွားသည် ။

ထို့ နောက်မှာ တော့ …

“ရေသည်ယောက်ျားနဲ့ ရေသည်မိန်းမတို့ ဦးပုညက လမ်းခုလတ်တစ်နေရာမှာ ဆုံကြတယ်လို့ ဆိုထားတယ် ။ သူတို့ နှစ် ယောက် ဆုံတဲ့ နေရာဟာ ခန့် မှန်းခြေ ယူဇနာ ဘယ်လောက်ရှိမလဲ ”

“ဘာ… ”

ဝင်းပပထွန်းဆီမှ နားမလည်သည့် အာမေဍိတ်သံကို ကြားရသည် ။

“နင်ဘာကိုဆိုလိုတာလဲ ။ နင့်မေးခွန်းကို ငါမရှင်းဘူး ”

ဉာဏ်ထူးနားလည်စွာ ခေါင်းညိတ်လိုက်သည် ။ ပြီးတော့ ရှေ့မှ ကော်စားပွဲကို လက်ညှိုးဖြင့် တစ်ချက်ခေါက်လိုက်ရင်း …

“ဟုတ်ပြီ … ငါထပ်ရှင်းပြမယ် ။ ရေသည်ယောက်ျားနဲ့ ရေသည် မိန်းမဟာ တစ်ယောက် နဲ့  တစ်ယောက် ၁၂ ယူဇနာအကွာကနေ ထွက်လာတယ်ဟာ ။ သူတို့ နှစ် ယောက် ယူဇနာ ဘယ်လောက်မှာ ဆုံကြသလဲ ။ ဆိုလိုတာက (၅) ယူဇနာမှာ ဆုံကြတာလား … ဒါမှမဟုတ် (၇) ယူဇနာမှာ ဆုံကြတာလား … (၈) ယူဇနာမှာ ဆုံကြတာလား … အဲဒါကိုမေးတာ ”

ဝင်းပပထွန်း စဉ်းစားသွားလေသည် ။ ဒီမေးခွန်းက ရေသည် စာအုပ်တစ်အုပ်လုံးမှာ မပါတတော့ သူမသိသည် ။ ဒါပေမယ့် မပါဘူးဟုလည်း ငြင်းရန်ခက်သည် ။ ဒီမေးခွန်းသည် မေးသင့်သော မေးခွန်းတစ်ခုပင် မဟုတ်ပါလား ။

ဉာဏ်ထူး ကတော့ သူ့ မေးခွန်းကို သူယုံစွာ ရေနွေးတစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်နေသည် ။ စာအုပ်ထဲမှာ မပါ၍ မဖြေဘူးဟုလည်းပြော၍ မရ ။ ဒါပေမယ့် သူစဉ်းစား၍ မရပါ ။ ဒီမေးခွန်း၏ အဖြေကိုလည်း သူမသိချင်နေသည် ။ ဒါဦးပုညလွတ်သွားသော အကြောင်းအရာတစ်ခုပင်မဟုတ်ပါလော ။

“ဘယ်အရာ ဖြစ် ဖြစ် သိကြာသွားရင်မကောင်းဘူးဟ”

ဉာဏ်ထူးက ခပ်ရိရိစကားဆိုသည် ။ သူမ မဖြေနိုင်တော့ပါ ။ ထို့ ကြောင့် …

“ငါမသိဘူး”

ဉာဏ်ထူးပြုံးသွားသည် ။

“ဒါဆို နင်ရှုံးသွားပြီနော်”

သူမဖြည်းပင်စွာ ခေါင်းညိတ်ပြပါ ၏ ။

“ကဲ … ဒါဆို အခုနင့်အလှည့် ။ နင်ကြိုက်တဲ့မေးခွန်းတစ်ခု ငါ့ကိုမေးပါ ”

ဉာဏ်ထူးစကားကြောင့် သူမခဏစဉ်းစားသည် ။ ပြီး ဘေးမှ သူငယ်ချင်းကိုလည်း တစ်ချက်ကြည့်သည် ။ ပြီးမှ သူ့ အကြည့်ကို ရင်ဆိုင်၍ …

“ငါအရင်တုံး ကတော့ နင့်ကိုမေးဖို့ စဉ်းစားထားတဲ့ မေးခွန်းတစ်ခု ရှိတယ် ။ ဒါပေမယ့် အဲဒီ မေးခွန်းကို အခုမမေးတော့ဘူး ။ နင်မေးတဲ့ မေးခွန်းကိုပဲ ငါ့မေးခွန်းအ ဖြစ် နင့်ကို ပြန်မေးမယ် ။ ရေသည်ယောက်ျားနဲ့ ရေသည်မိန်းမ ဘယ်လောက်ယူဇနာမှာ ဆုံကြသလဲ ”

သူမ၏ စိတ်ကူးကိုတော့ သဘောကျသွားသည် ။ ဒါပေမယ့် ကိစ္စတော့မရှိ ။ ဒီမေးခွန်းသည် သူမေးထားသော မေးခွန်းတစ်ခုပင် မဟုတ်ပါလား ။ နောက်ပြီး ဒီလိုအခြေအနေမျိုးကိုလည်း သူကြိုတင်ခန့် မှန်းထား သည် လေ ။

“ငါလည်းမသိဘူး”

“ဘာ …”

“ဘယ်လို …”

သူရှေ့မှ မိန်းကလေးနှစ် ယောက် စလုံး ကြက်သေသေကုန်ကြသည် ။ နောက် ချက်ချင်း ပင် ၀င်းပပထွန်း က သတိပြန်ဝင်ကာ …

“ဉာဏ်ထူး .. . နင်ဒါ တမင်သက်သက် လူပါးဝတာ”

“နိုး … နိုး … ငါလူပါးဝတာမဟုတ်ဘူး ။ ငါတကယ်မသိလို့ မသိဘူးပြောတာ”

ဝင်းပပထွန်းက ဒေါသသံတို ဖြင့် သူ့ အားလက်ညှိုးထိုး၍ …

“နင်ကိုယ်တိုင် အဖြေမသိတဲ့မေးခွန်းကို ဘာလို့ ငါ့ကိုလာမေးတာလဲ”

“ရှင်းရှင်းလေးပါဟာ … နိုင်ချင်လို့ ။ အခု ငါနိုင်သွားပြီ ။ ဒီတော့ ငါနိုင်တဲ့ဆယ်ရက်ထဲက ငါရှုံးတဲ့တစ်ရက်ကိုနှုတ်လိုက် ။ နင် ငါခိုင်းတာ ကိုးရက်လုပ်ရမယ် ”

“ဘာ …”

အလုံးစုံကို သဘောပေါက်သွားကာ အသံတို့ တုန်သွားသလို မသတီသော အကြည့်တွေ လည်း သူထံသို့ ရောက်လာသည် ။

“ဒါပေမယ့် ငါမတရားမလုပ်ပါဘူးဟာ ။ နင်မေးခွန်းနောက်တစ်ခုထပ်မေးပါ ။ ငါဖြေပါ့မယ် ”

ဝင်းပပထွန်း အသံတိတ်နေသည် ။ ဒေါသထွက်နေတာလား ၊ စကားမပြောချင်တော့တာလားမသိ ။ တအောင့်အကြာမှ. ..

“ငါရှုံးသွားပြီပဲ ၊ မမေးတော့ပါဘူး”

သို့ သော်

“ပပ မမေးရင်နေ ငါမေးမယ်”

ပြောသူက စန္ဒာ ။ သူမသည်လည်း သူလူလည်ကျသည်ကို ခံပြင်းနေပုံရပါသည် ။

“ရပါတယ် ၊ ငါဖြေမယ် … မေး”

သူစိတ်လှုပ်ရှားမနေ ပါ ။ ရင်တုန်မနေပါ ။ ဒါပေမယ့် နားတွေ တော့စွင့်ထားရလွန်းသဖြင့် တဆတ်ဆတ်တုန်နေသည် ။

“ရေသည်ယောက်ျားနဲ့ ရေသည်မိန်းမမှာ ဘယ်သူက လမ်းလျှောက်ပိုမြန်လဲ”

ထိုမေးခွန်းကြောင့် သူ့ ဦးနှောက်မှာ ဆတ်ခနဲ တစ်ချက် ခုန်သွားသည် ။ ပြီး ၀င်းပပထွန်းကို ကြည့်ကာ …

“ဒါ ခုန နင်ငါ့ကို မေးဖို စဉ်းစားထားတဲ့ မေးခွန်းလား”

ညိတ်သည်ဆိုရုံမျှ ဦးချိုးပြသည် ။

“ဒါဆိုရင်တော့ ငါတို့ မေးခွန်းနှစ် ခုလုံး ညီပါတယ် ”

သူ့ စကားကို မည် သူမျှမထောက်ခံပါ ။ သို့ ပေမယ့် ဉာဏ်ထူး သက်ပြင်းတစ်ခုကို ခပ်လေးလေး ချလိုက်ရင်း …

“စိတ်တော့မကောင်းဘူးဟာ ။ မဖြေနိုင်ရင်တော့ ငါနိုင်ထားတဲ့ ကိုးရက်စလုံးကို လျော်ပေးမလို့ ။ ဒါပေမယ့် နင်တို့ မေးခွန်းကို ငါဖြေနိုင်တယ် ”

ထိုသို့ ပြော၍ စကားကိုခဏရပ်သည် ။ ပြီး နှစ် ဦးစလုံးကို သေချာကြည့်ရင်း …

“ရေသည် ယောက်ျားက မြန်တယ် ”

ဝင်းပပထွန်းရော ၊ စန္ဒာရော မျက်နှာပျက်သွားကြပါသည် ။

“ဘာကြောင့် မြန်တာလဲဆိုတာ ရော ပြောဖို လိုသေးလား”

“နင်ရမ်းဖြေတာမဟုတ်ဘူးဆိုရင်တော့ ပြောစရာရှိမှာ ပါ”

စန္ဒာကပြောခြင်း ဖြစ်သည် ။

ဉာဏ်ထူးပြုံးလိုက်ပါ၏ ။

“ရှိပါတယ် … နားထောင် ၊ ငါပြောပြမယ်”

မြောက်အရပ်ကနေ တောင်အရပ်ကို ရေရောင်းသားမယ့် ရေသည်ယောက်ျားနဲ့ တောင်အရပ်ကနေ မြောက်အရပ်ကို ရေရောင်းသွားမယ့် ရေသည်မိန်းမတို့ က တစ်ဦးနဲ့ တစ်ဦး (၁၂) ယူဇနာ ဝေးကြတယ် ။ သူတို့ နှစ် ဦးရဲ့ အလယ်တည့်တည့် (၆) ယူဇနာမှာ က ရှင်ဘုရင့်နန်းတော် ရှိတယ် ။ ဒီလိုနဲ့ သူတို့ နှစ် ဦးဆြုံ ကတော့ ဆုံတဲ့နေရာကို ရေသည်မိန်းမရှိရာတောင်ဘက်ခြမ်းမှာ လို့ တွေးလို့ ရတယ် ။ ဘာ ဖြစ်လို့ လဲဆိုရင် ရေသည်ယောက်ျား မြောက်မြို့ ရိုးမှာ ၀ှက်ထားတဲ့ငွေသားလေးရွေးကို ပြန်ယူတဲ့အခါမှာ ဘုရင့်နန်းတော် ရှေ့က ဖြစ်ရတယ် ။ ဒါကို ကြည့်ခြင်းအား ဖြင့် ရေသည် ယောက်ျားရောက်နေရာသည် ဘုရင့်နန်းတော် ကို ကျော်လွန်ပြီး ဟိုဘက်ရေသည်မိန်းမရှိရာ တောင်ဘက်ခြမ်း … အဲဒီ မှာ တင် အဖြေကထွက်နေပြီ ။ ထွက်လာတာချင်းအတူတူ ရေသည်ယောက်ျားက အလယ်စင်တာကို ကျော်ပြီးတော့ တစ်ဖက်ကို ရောက်နေတယ် ။ အဲဒါ ရေသည်ယောက်ျား လမ်းလျှောက်မြန်လို့ ပေါ့ ”

ဝင်းပပထွန်း တို့ နှစ် ယောက် ငြိမ်သက်ကာသွားကြလေသည် ။

“ဘာမှစိတ်မပူပါနဲ့ ဟာ ။ နင်အကြီးကြီးတွေ မလုပ်ရပါဘူး ။ ပါးပါးပဲ ငါ့ကိုကူညီရမှာ ပါ ။ ဘာကူညီရမယ်ဆိုတာတော့ နီးမှပဲ ပြောပြတော့မယ် ”

ပြောပြီး ဉာဏ်ထူးက နောက်ဆုံးလက်ကျန် ရေနွေးခွက်ကို ရှင်းသည် ။

“ငါသွားတော့မယ်ဟာ … ကျောင်းတက်ဖို့ ငါးမိနစ်ပဲလိုတော့တယ် ။ အတန်းထဲမှ လုပ်စရာရှိသေးလို့ ”

ထို့ နောက် ဉာဏ်ထူး တစ်ယောက် စာသင်ခန်းဆီသို့ ဦးတည်ခဲ့ပါသည် ။ အခုလောလောဆယ် ကတော့ တစ်ဝက်သေချာသွားပေပြီ ။ နောက်တစ်ဝက်ကိုတော့ ဆက်လက်ကြိုးစားရဦးမည် ။

ဒါပေမယ့် အရမ်းကြီးခက်ခဲမည် မထင်ပါ ။ အကြောင်းကား ဇော်ထက်ကို သေသေချာချာ လေ့လာထားသည်မဟုတ်ပါလား ။

*

(f)

ဉာဏ်ထူး၏ ဒုတိယစစ်စင်ရေး

အခန်းဝတွင် ရပ်ကာ ဇော်ထက်ကို သူရှိုးလိုက်သည် ။ ဇော်ထက်က လူမှန်နေရာမှန်မှာ စာအုပ်တစ်အုပ်ရှေ့ချ၍ စာကြည့်နေပါ ၏ ။ဉာဏ်ထူးခပ်တည်တည်ဖြင့် ဇော်ထက်ဆီသို့ သွားလိုက်သည် ။ ပြီးတော့ …

“ဇော်ထက် ငါ့ကို သင်္ချာတစ်ပုဒ်လောက်ရှင်းပြစမ်းပါကွာ ”

သူ၏ စကားကြောင့် ဇော်ထက်က လိုလိုလားလားပင် …

“ရတယ် သူငယ်ချင်း ၊ ပြောလေ ဘယ်အပုဒ်လဲ”

ဇော်ထက်ဘေးမှာ ၀င်ထိုင်လိုက်ရင်း လွယ်အိတ်ထဲမှ သင်္ချာစာအုပ်ကို ထုတ်သည် ။ ပြီးတော့ အရင်ကတည်းက ကြိုရွေးထားသည့် အခက်ဆုံးပုစ္ဆာတစ်ပုဒ်အား ဇော်ထက်ကို ရှင်းပြခိုင်းပါ ၏ ။

ဇော်ထက် ကတော့ တကယ်ဟုထင်ကာ ကြိုးကြိုးစားစားရှင်းပြနေသည် ။ သူ့ အာရုံက ဇော်ထက်ဆီမှာ မရှိ ၊ အာရုံရှိသည့် နေရာ က ခုံအောက် ။

ဉာဏ်ထူး ဇော်ထက်ပုဆိုးစကို ခြေမ , ဖြင့် ညှပ်ကာ စာရေး ခုံခြေထောက်အောက်သို့ ထိုးသွင်းနေသည် ။ သို့ သော် စာရေး ခုံမှာ ဇော်ထက် ဖိထားသည့်အတွက် မကြွ ။

“သူငယ်ချင်းခဏ … စာရေး ခုံ ရှေ့နည်းနည်း ရောက်နေလား လို့ ”

ပြောလည်းပြော စာရေး ခုံကို မကာ နောက်နည်းနည်း ဆုတ်လိုက်သည် ။ စာရေး ခုံအကြွ သူ့ ခြေထောက်ကအထည့် ။

အဆင်ပြေသွားလေပြီ ၊ ဇော်ထက်ပုဆိုးစ စာရေး ခုံအောက်ရောက်သွားပြီ ။ သူခြေမဖြင့် ခပ်ဆတ်ဆတ်ညှပ်ဆွဲကြည့်လိုက် ၏ ။

အဆင်ပြေသည်၊ လုံချည်စက နည်းနည်း လေးမှပင် ပါမလား ။ ပြီးနောက် ခပ်တည်တည်ပင် ဇော်ထက်ရှင်းပြနေသော စာကို နားထောင်နေလိုက် ၏ ။

ကျောင်းတက်သွားပေပြီ ။ မကြာခင် , ဆရာမ ၀င်တော့မည် ။ ဉာဏ်ထူးမျက်လုံးတွေ အခန်းဝမှာ ၀ဲနေသည် ။ ထိုစဉ်မှာ ပင် ရိပ်ခနဲမြင်လိုက်သော အရိပ်တစ်ခု ၊ ဟုတ်သည် ဆရာမ ။

ချက်ချင်း ပင် ဉာဏ်ထူးမတ်တပ်ရတ်ကာ စာရေး ခုံကို လက်ဖြင့် မသိမသာ ဖိထားလိုက်ပါ ၏ ။ ထိုအချိန်မှာ ပင် …

“ပဉ္စဂုဏံ … အဟံဝန္ဒာမိ …”

တစ်ခန်းလုံးမတ်တတ်အရပ် …

“လျှော ...”

“ဟိုက်”

“ကျွီ … ဒုန်း …”

အခြေအနေတစ်ခုက ရုတ်ချည်းရှုပ်ထွေးသွားသည် ။ ဇော်ထက် မတ်တတ်အရပ် လုံချည်မှာ လျှောခနဲ ။

ဓာတ်လိုက်သလို တစ်ချက်တုန်သွားပြီး ကမန်းကတန်း ပေါင်အောက်ရောက်နေသော လုံချည်ကို ဆောင့်ဆွဲလိုက်သည် ။ အရှိန်ကြောင့် ရှေ့မှ စာရေး ခုံမှာ ‘ကျွီ’ ခနဲ တစ်ချက်မြည် သွားပြီး ပြန်အကျ ‘ ဒုန်း ’ ဟူသော အသံ ဆက်တိုက်ဆိုသလို ထွက်သွား ပါ ၏ ။

အခြေအနေက တကယ့်ခဏလေးပါ ။ ဇော်ထက်မျက်နှာတစ်ပြင်လု့း ရော်အံ့ဆဲဆဲ ခရမ်းချဉ်သီးလို ရှုံတွ နီမြန်းသွားပြီး နဖူး၌ ချွေးတွေ ချက်ချင်း သီးသွားသည် ။

နောက်ဆုံးတန်း ဖြစ်နေ၍ ဇော်ထက်၏ တီးတိုးဆင်ဆာတွေ ကို မြင်သူမျှမမြင်လိုက် ။ သို့ သော် …

“ဟာ … ဟေ့ကောင် ဇော်ထက် … မင်း အတွင်းခံ ဘောင်းဘီလည်း မ၀တ်ထားဘူး ။ မင်းတင်ပါးမှာ ဟိုဟာ … ”

ဇော်ထက် အမွှေးတွေ ပင် ဖျဉ်းခနဲ ထောင်သွားကာ ချက်ချင်း ပင် ပါးစပ်ကို ပိတ်ပါ ၏ ။

“ဟာ … အဟား … ဟား ငါမြင်သွားပြီနောင် ဟေ့ကောင် ။ တင်ပါးမှာ ဟိုဥစ္စာတွေ ”

ဇော်ထက်မှာ အတင်းမရမကကို လိုက်ပိတ်နေပါသည် ။ သူ့ ပါးစပ်ကို လက်ဖြင့် အုပ်ထားရင်းမှလည်း …

“ဉာဏ်ထူး … ငါတောင်းပန်ပါတယ်ကွာ ။ ဘယ်သူမှ လျှောက်မပြောပါနဲ့ ။ ငါရှက်လို့ ပါကွာနော် ။ ငါတောင်းပန်ပါတယ် ”

အသည်းအသန် ပြောနေသော ဇော်ထက်ပုံစံကို ကြည့်၍ ဉာဏ်ထူးငြိမ်ပြီးနေလိုက်သည် ။ ထိုအခါမှ မ၀ံ့မရဲဖြင့် သူ့ပါးစပ်မှ လက်ကို ဖယ်ပေးရင်း …

“တောင်း … တောင်းပန်ပါတယ် သူငယ်ချင်းရာ ။ ငါ … ငါတကယ်ရှက်လို့ ပါကွာ ။ ငါအရင်ကတည်းက အရှက်အကြောက်ကြီးတယ်ဆိုတာ မင်းသိပါတယ် … နော် သူငယ်ချင်း .။ ဘယ်သူမှ လျှောက်မပြောပါနဲ့ ကွာ ”

ဇော်ထက်မှာ ချက်ချင်း ပင် ခခယယ ဖြစ်သွားကာ မျက်နှာငယ် လေးဖြင့် သူ့ ကိုတောင်းပန်သည် ။ ကြက်သီးတွေ ထကာ နှုတ်ခမ်းတွေ တုန်နေသော် ဇော်ထက်ကို သူခပ်တည်တည်ဖြင့် ကြည့်လိုက်၍ …

“အေး … မင်းမပြောနဲ့ ဆို မပြောဘူး ။ ဒါပေမယ့် မင်း ငါ့ကို တစ်ခု ကူညီရမယ် ”

“ဟာ … ကူ … ကူညီမယ်သူငယ်ချင်း ၊ ကူညီမယ်ကွာ ။ ပြော … ဘာကူညီရမလဲ ”

ဇော်ထက်မှာ ချက်ချင်း ပင် တက်ကြွသွားက လျှာခလုတ် တိုက်မတတ် ပြောသည် ။

“ဒါပေမယ့် အခုတော့ မဟုတ်ပါဘူး ။ လိုတဲ့ အချိန်ကျမှာ ပြောမယ် ။ အဲဒီ တော့မှ မကူညီဘူးဆိုလို့  ကတော့ မင်းတင်ပါးမှာ ဘာတွေ ရှိ … ”

ဉာဏ်ထူးစကားပင် မဆုံးလိုက် ။ ဇော်ထက် လက်ပုပ်ကောက်ချီ ကာ …

“ဘာ … ဘာ ဖြစ် ဖြစ် ကူညီ ပါ့မယ်ကွာ ။ တော် … တော် ပါတော့ ”

ဉာဏ်ထူးကျေနပ်သွားပေပြီ ။ ဒီအနေအထား လောက်ဆိုရင် ရပြီ ။

ပြီးနောက် …

“အေး … အဲဒါဆိုပြီးရော … ငါသွားတော့မယ် ။ မင်းစကားနဲ့ မင်းနော် ”

“အေးပါ သူငယ်ချင်းရာ … ကျေးဇူးတင်ပါတယ် ”

ထို့ နောက်တွင် တော့ ဉာဏ်ထူး တစ်ယောက် မှာ ၀ံ့ကြွားသော ခြေလှမ်းဖြင့် သူ့ နေရာသူ ပြန်ခဲ့ပါတော့သည် ။

*

(g)

“ကံထူး … ညနေကျရင်အားလား ”

“အားမယ်မထင်ဘူးဟာ ။ ညနေကျရင် ငါဘုရားမှာ အဓိဋ္ဌာန် ၀င်စရာရှိတယ် ”

“ဉာဏ်ထူး … နင်ရော … ”

“မအာဘူး ”

သူတို့ နှစ် ယောက် ၏ အဖြေကြောင့် ၀သန်က နှုတ်ခမ်းကိုမဲ့သည် ။

“နင်တို့ နှစ် ယောက် မအားမှတော့ ဇွဲထူးကို မေးစရာမလိုတော့ဘူး ”

ဇွဲထူးကလည်း ခပ်တည်ဖြင့် ပင် ခေါင်းကို ညိတ်သည် ။ ပြီးတော့ …

“နင်က ဘာလုပ်မလို့ လဲ ”

“ငါတို့ နှစ် လမ်းကျော်မှာ နတ်ဝင်တဲ့ အိမ်တစ်အိမ် ရှိတယ်ဟ ။ နတ်ဝင်ပြီး ဗေဒင်တွေ ဘာတွေ လည်း ဟောတယ် ။ အဲဒါ ညနေကျရင် ငါသွားမေးချင်လို့ ။ ဒါပေမဲ့ နင်တို့ သုံးယောက် လုံးမအားဘူးဆိုတော့ ငါ တစ်ယောက် တည်းပဲ သွားရမှာ ပေါ့ ”

ဝသန့် စကားဆုံးတော့ သုံးယောက် စလုံး ကန့် ကွက်ကြသည် ။

“ဟာ … ၀သန်ရာ ၊ မဟုတ်တာတွေ လျှောက်မလုပ်စမ်းပါနဲ့ ”

“အေးလေဟာ … အဓိပ္ပာယ်မရှိ … ”

ဗေဒင်ကိုတော့ သူတို့ ယောက်ျားလေးသုံးယောက် စလုံးမယုံပါ ။ ယုတ်စွအဆုံး ကံ ၊ ကံ ၏ အကျိုးကို ယုံကြည်သော ကံထူးပင်မယုံ ။

“နင်က ဘာအကြောင်းသွားမေးမလို့ လဲ ”

“စာမေးပွဲ အကြောင်း သွားမေးမှာ ပေါ့ ။ ငါဂုဏ်ထူးဘယ်နှခု ထွက်မလဲ ။ နင်တို့ သုံးယောက် ရော စာမေးပွဲအောင်မလား ။ ရိုးရိုးအောင်မလား … ဂုဏ်ထူးနဲ့ လား … အဲဒါတွေ သွားမေးမှာ ပေါ့ ”

“ဟာ … မဆိုင်လိုက်တာ ၀သန်ရာ ။ ကိုယ်ကြိုးစားမှကိုယ်ရမယ့်ဥစ္စာ ။ နင်ဗေဒင်သွားမေးတော့ ဘာလုပ်မှာ လဲ ”

“အေးလေဟာ … နင့်ဘာသာမေးချင်မေး ။ ငါတို့ အကြောင်းတော့မမေးနဲ့ ။ ငါတို့ လုံးဝအယုံအကြည်မရှိဘူး ”

ခါးခါးသီးသီးငြင်းနေသော သူတို့ သုံးယောက် ကိုကြည့်၍ ၀သန်နှုတ်ခမ်းစူသွားသည် ။ နောက် ရန်တွေ့ သလို ခါးထောက်ပြီး …

“အေးပါ … မယုံလည်းနေ ။ နင်တို့ ကိုလည်း ဘယ်သူမှ မခေါ်ပါဘူး ။ ငါ့ဘာသာငါ တစ်ယောက် တည်း သွားမယ် ”

ထိုသို့ ပြောရင်း ၀သန်မှာ ဆောင့်ကြီးအောင့်ကြီး ထွက် သွားပါတော့သည် ။ ကျန်ရစ်ခဲ့သော သူတို့ သုံးယောက် မှာ တော့ စိတ်ဆိုးပြီး ထွက်သွားသော ၀သန့် ကျောပြင်ကိုငေးကြည့်နေရင်းဖြင့် …

“အင်း … ဒီကောင်တွေ ကို အသိမပေးဘဲ ။ ညနေကျဝသန် သွားမယ့်ဆီကို လိုက်ပို့ ရမယ် ။ အခြေအနေကောင်းရင် တစ်ခါတည်း ဖွင့်ပြောမယ်ကွာ ”

ဒါသုံးယောက် လုံး စိတ်ထဲမှ ကိုယ်စီကိုယ်စီတွေးနေခြင်းပါ ။ ဒီလို နှင့် …

ညနေရောက်တော့ …

*

“ဟေ့ကောင် … မင်းဘာလာလုပ်တာလဲ ”

“အောင်မာ … မင်းကရော အဓိဋ္ဌာန်ဝင်စရာရှိတယ်ဆို ”

ကံထူးနှင့် ဉာဏ်ထူးနှစ် ယောက် ၀သန်တို့ လမ်းထိပ်မှာ မျက်နှာ ချင်းဆိုင်တွေ့ ကြခြင်းပါ ။

နှစ် ယောက် စလုံး တစ်ယောက် ကို တစ်ယောက် ‘ ငါသိတယ်နော် ’ ဟူသော မျက်ဝန်းတွေ ဖြင့် ကြည့်နေကြရင်းမှ …

“အဓိဋ္ဌာန်ဝင်ပြီးသွားပြီကွ ။ ပြီးလို့ ဒီဘက်ထွက်လာတာ ။ မင်းကရော ….”

“ငါလည်း ကိစ္စရှိလို့ ”

နှစ် ယောက် စလုံး ခပ်တည်တည်ဖြင့် ဖောနေကြခြင်းဆိုတာ ကိုယ်စီကိုယ်စီသိနေကြသည် ။ ဒါပေမယ့် မသိချင်ယောင်ဆောင်၍ လျှောက်လာကြရင်းမှ ၀သန်တို့ ခြံရှေ့အရောက် သူတို့ နှစ် ဦးမျက်လုံးပြူးသွားရပါသည် ။

အကြောင်းကား …

ခြံထဲမှထွက်လာသော ဇွဲထူးနှင့် ၀သန် ။

“ဟာ … ဟေ့ကောင်တွေ … မင်း … မင်းတို့ …”

“ဟယ် … ကံထူးနှင့် ဉာဏ်ထူး”

ဝသန်မှာ သူတို့ နှစ် ယောကိကုတွေ့ ၍ အံ့သြပျော်ရွှင်သွားသလောက် ဇွဲထူးမှာ တော့ (၇) ရက်ထားသော မသာအလောင်းလို ပုပ်သိုးသွားသည် ။ သွားပြီ ။ သူ့ အစီအစဉ်ပျက်ပြီ ။

ဇွဲထူး တစ်ယောက် ကတော့ သူတို့ ကိုစိတ်ထဲမှ ကြိတ်ကျိန်ဆဲနေမှာ သေချာသည် ။

ကံထူးနှင့် ဉာဏ်ထူး နှစ် ဦး၏ စိတ်ထဲမှာ ကား …

“ဟုတ်သားပဲ … ဒီကောင့်ရဲ့ ၀ီရိယကို မေ့သွားတယ် ။ တော် သေးတာပေါ့ အချိန်မီ ရောက်လာလို့ ”

ဒီလိုနဲ့ ပဲ သူတို့ သုံးယောက် မှာ ၀သန်ဦးဆောင်သည့် နတ်ဝင်အိမ်သို့ လိုက်ခဲ့ပါတော့သည် ။ လမ်းတွင် သုံးယောက် စလုံးစကားမပြော ဖြစ်ကြပါ ။ ဒါပေမဲ့ သုံးဦးစလုံး၏ စိတ်ထဲတွင် ကြိတ်မနိုင်ခဲမရ တွေ ဖြစ်ကုန်သည်။ နောက်ပြီး ရယ်ချင်သလိုလည်း ဖြစ်လာရပါ ၏ ။ ဟုတ်သည် ။သူတို့ သုံးယောက် အ ဖြစ်က ရယ်စရာကောင်းနေသည် မဟုတ်ပါလား ။

ဒီလို ဖြစ်တတ်သော ကိစ္စသည် သူတို့ သုံးယောက် စလုံးအတွက် မဆန်းတော့ပါ ။ ဘယ်သူမှမသိအောင် ကြိတ်လုပ်သည့် ကိစ္စဆိုလျှင် တိုက်ဆိုင်နေတတ်သည်က သဘာဝ ။ တစ်ခါလည်း မဟုတ် ၊ နှစ် ခါလည်းမဟုတ် ။

စိတ်ချင်းများ ဆက်နေသည်လားတော့ မပြောတတ် ။

ဒါပေမယ့် ရယ်ဖို့ တော့ကောင်းပါသည် ။

“အဟီး. …ဟီး ….”

ဉာဏ်ထူးကစရယ်သည် ။

ဉာဏ်ထူးရယ်သံကြောင့် ပထမတော့ ဟိုနှစ် ယောက် ကြောင်သွားသည် ။ နောက်မှ ဘာကိုဆိုလိုမှန်း သဘောပေါက် ကာ နှစ် ယောက် သား လိုက်ရယ်ပါ ၏ ။

“အဟီး … ဟီး … ခွီး … ဟား ဟား ဟား”

အကြောင်းမရှိ ပြိုင်တူရယ်နေကြသော သူတို့ သုံးယောက် ကို တော့ ရှေ့မှာ သွားနေသည့် ၀သန် နားလည်မည် မထင်ပါ ။

ထိုသို့ နားမလည်ခြင်းသည်ပင် သူတို့ သုံးယောက် စလုံးအတွက် ကောင်းနေပါ ၏ ။

ဗေဒင်မေးပြီးပြန်လြာ ကတော့ အပြန်လမ်းတွင် ၀သန်က ဉာဏ်ထူးကိုမေးသည် ။

“ဉာဏ်ထူး … ဒီနှစ် ယောက် ကတော့ သတ်သတ်လွတ်စား အဓိဋ္ဌာန်ဝင်တဲ့လူနဲ့ … အပြင်မထွက်နိုင်အောင် စာကျက်တဲ့ သူနဲ့ ။ စာမေးပွဲ အတွက် အဆင်သင့် ဖြစ်နေပြီ ။ နင်ကရော …”

ဉာဏ်ထူး ရှေ့၌ ရှိသော ခဲတစ်လုံးကို ကန်ထုတ်လိုက်ရင်းမှ …

“ငါလည်း မနက်ဖြန်ဆို အဆင်သင့် ဖြစ်ပါပြီဟာ ”

*

(h)

“သူငယ်ချင်း … နေကောင်းလား .. ဟဲဟဲ”

အပိုးမကျိုးစွာ ရယ်ကျဲကျဲဖြင့် မေးသော ဉာဏ်ထူးကို ၀င်းပပထွန်းမျက်စောင်းထိုးလိုက်ရင်း …

“နင်မျက်စိမမြင်ဘူးလား”

“မြင်ပါတယ် ။ ဒါပေမယ့် စာမေးပွဲနီးနေပြီဆိုတော့ ဖျားနေမှာ စိုးလို့ ပါဟာ ”

ဝင်းပပထွန်း မဲ့သွားကာ …

“အပိုတွေ လျှောက်ပြောမနေနဲ့ ဉာဏ်ထူး ။ နင်ဘာရည်ရွယ်ချက်နဲ့ ငါ့ဆီကို လာတယ်ဆိုတာ ငါသိတယ် ။ ပြော … ငါဘာလုပ်ရမှာ လဲ ”

သဘောပေါက်လွယ်သော ၀င်းပပထွန်းကြောင့် ဉာဏ်ထူးနိဒါန်း ပျိုးရသက်သာသွားသည် ။ ထို့ ကြောင့် …

“ဘာမှမလုပ်ရပါဘူး သူငယ်ချင်းရယ် ။ ငါ့ကို အကူအညီနည်းနည်း လေး ပေးရုံပါပဲ ”

သူ့ စကားကြောင့် ၀င်းပပထွန်း မျက်မှော င်ကြုတ်သည် ။

“အကူအညီ … ဘာကူညီရမှာ လဲ ”

“ဟို … ဟိုလေ .. ဟို”

ဉာဏ်ထူး ခေါင်းကုတ်ဖင်ကုတ်လုပ်ကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်သည် ။ ပြီးနောက် ၀င်းပပထွန်းနားသို့ တိုးကပ်၍ တိုး ညှင်းသော လေသံဖြင့် …

“ငါ … ငါ့ကို စာမေးပွဲခန်းထဲမှာ စာနည်းနည်း ပြပါဟာ ”

သူမ မအံ့သြပါ ။ ‘ ထင်သားပဲ ’ ဟူသော ပုံစံဖြင့် သူ့ ကိုကြည့်သည် ။

“လုပ် … လုပ်ပါ သူငယ်ချင်းရယနော် ။ နင်မှမကယ်ရင် ငါစာမေးပွဲ ကျဖို့ သေချာနေလို့ ပါဟာ ။ ငါအများ ကြီးလည်း မတောင်းဆိုပါဘူး ။ အမှတ် (၂၀) ဖိုးလောက်ပဲပြရင် ကျေနပ်ပါပြီ ။ နောက်ပြီး နင့်ဂုဏ်ထူးမှတ်တွေ ကိုလည်း ငါလုမယူပါဘူး … ကူညီပါဟာ … အမှတ် (၂၀) ဖိုးတည်းပါ ”

ဉာဏ်ထူးပုံစံက မသိရင် ဂုဏ်ထူးမှတ်ပေးချင်သွားရလောက်အောင် ညင်သာသည် ။ ဒါပေမယ့် ၀င်းပပထွန်း က အင်တင်တင်ဖြင့် မသိသလို လုပ်နေရာ …

“နင်နဲ့ ငါနဲ့ က သူငယ်တန်းကတည်းက အတူတူတစ်ကျောင်းတည်း တက်လာခဲ့ကြတာပါ ။ နောက်ပြီး နင့် မိဘ ၊ ငါ့မိဘ ဆိုတာကလည်း ဆွေ မျိုးလိုခင်နေကြတာ ။ နင့် ဦးလေးနဲ့ငါ့ဦးလေးဆိုတာကလည်း စီးပွားဖက် ။ နင့်အကို ၊ ငါ့အကို လက်ထက်တုန်း ကလည်း … ”

“ကဲ … တော် ပါတော့ ဉာဏ်ထူးရယ် … ပြဆိုပြပါမယ် ။ တကယ်တည်း လေရှည်လိုက်တာ ”

မှိုရတဲ့ မျက်နှာလို ဉာဏ်ထူးဖွေးဖွေးဖြူသွားလေသည် ။

“နင် … နင် တကယ်ပြောတာနော်”

“အေး”

“၀မ်းသာလိုက်တာဟာ … ဒါဆိုဒီလိုလုပ် ။ စာမေးပွဲဖြေချိန်ကနေပြီးတော့ တစ်နာရီခွဲအတွင်း ရှေ့ပိုင်းမေးခွန်းတွေ ထဲက အမှတ် (၂၀) ဖိုးပြ ။ ငါလောဘမကြီးဘူး ။ အမှတ် (၂၀) ဖိုးရရင် ကျန်တာတွေ ငါ့ဦးနှောက်နဲ့ ငါကြိုးစားပြီးဖြေမယ်. .. နော် ”

ဝင်းပပထွန်း ခေါင်းညိတ်ပါသည် ။

“ကျေးဇူးအများ ကြီးတင်တယ်ဟာ ။ ငါ့ကို ကူညီတဲ့အတွက် နင်ဂုဏ်ထူးတွေ အများ ကြီးထွက်မှာ ပါ ”

ဉာဏ်ထူးရင်ထဲမှ အလုံးကြီးတစ်ဝက်ပြုတ်ကျ သွားပါသည် ။ နောက်တစ်ဝက်ကျန်သေးသည် ။ အဲ့ဒါက ဇော်ထက် ။

“ဒါဆို ငါသွားမယ်သူငယ်ချင်း ။ ကိုးရက်မှာ ခြောက်ရက်နှုတ်ပြီး ကျန်သုံးရက် ကတော့ …”

“ဘာ …”

သူ့ စကားကြောင့် ၀င်းဝင်းထွန်း က ‘ ဘာ ’ဆို၍ မော့ကြည့်သည် ။

“ဟဲ … ဟဲ … တစ်မျိုးမထင်ပါနဲ့ ဟာ ။ လျှော်လိုက်တော့်မယ်လို့ …”

စပ်ဖြီးဖြီး ပြောလိုက်သော သူ့ စကားကြောင့် သူမ ရယ်ချင်ပက်ကျိမျက်နှာပေးဖြင့် မျက်စောင်းထိုးရင်း …

“ကောင်စုတ် … တတ်လည်းတတ်နိုင်တယ် ”

“သူငယ်ချင်း ဇော်ထက်”

“ဟေ”

စာငုံ့ ရေး နေသော ဇော်ထက်မှာ ခေါ်သံကြောင့် ပြန်ထူးရင်း မော့ကြည့်ရာ သူ့ ကိုမြင်သွားချိန်တွင် ဖွေးနေသော မျက်နှာက ယုတ်ချည်း ပုစွန်ဆီရောင် သမ်းသွားသည် ။

ရှက်သွေးဖျန်းသွားခြင်းတော့ ဟုတ်ဟန်မတူ ။ ဒါပေမယ့် ရှက်သွားသည်မှာ သေချာပါသည် ။

“အေးဆေးပဲမလား”

“အေး … အေးဆေးပါတယ်”

သူ့ ကိုမော့မကြည့်ပါ ။ အရင်ကတည်းက အရှက်အကြောက်ကြီးသူ ဖြစ်သည့်အတွက် မျက်နှာချင်းမဆိုင်ရဲခြင်း ဖြစ်ရပေမည် ။

“မကြောက်ပါနဲ့ ကွ ၊ မင်းကိစ္စကို ငါဘယ်သူ့ ကိုမှ မပြောပါဘူး ”

ဇော်ထက် မ၀ံ့မရဲမော့ကြည့်သည် ။ ပြီး …

“ကျေးဇူးတင်ပါတယ်ကွာ ”

“အေးပါကွာ … ရပါတယ် ။ ဒါပေမယ့် မင်းငါ့ကို တစ်ခုကူညီရမယ် ။ ငါနှုတ်လုံလုံနဲ့ စောင့်ထိန်းပေးရတဲ့အတွက် ”

ဇော်ထက်ပြန်မဖြေပါ ။ ဒါပေမယ့် ဒီလိုအချိန်မှာ သူဘာလုပ်လုပ် ဖြစ်သည်ကို ဉာဏ်ထူးနားလည်သည် ။ ထို့ ကြောင့် …

“မင်းနဲ့ ငါနဲ့ က စာမေးပွဲမှာ ခုံချင်းရှေ့ဆင့်နောက်ဆင့်ဆိုတော့ မင်းငါ့ကို စာနည်းနည်း တော့ ပြကွာ ။ ဒါမှ ငါနှုတ်လုံရကျိုးနပ်မှာ ”

ဇော်ထက်က သူ့ စကားကို သေချာငံ့လင့်နေသည် ။

“ဒီလိုလုပ်ကွာ … ငါမတရားမလုပ်ဘူး ။ မင်းငါ့ကို နောက်ပိုင်း မေးခွန်းထဲက အမှတ် (၂၀) ဖိုးပဲပြ ။ ရှေ့ပိုင်းမေးခွန်းကို ငါ့ဘာသာငါဖြေမယ် … ဟုတ်လား ”

သိပ်မပြောလိုက်ရပါ ။ ယောက်ျားလေးချင်းမို လို့ လား ၊ ဒါမှ မဟုတ် ဉာဏ်ထူးကိုင်ထားသော နိုင်ကွက်ကြောင့် လားမသိ ၊ ခဏချင်းမှာ ပင် အဆင်ပြေ သွားပါသည် ။

“ကျေးဇူးတင်တယ် သူငယ်ချင်း … မင်းကျေးဇူး တစ်သက် မမေ့ပါဘူးကွာ ။ စာမေးပွဲဖြေချိန် တစ်နာရီခွဲနောက်ပိုင်း ငါမင်းဆီကအဖြေကို မျှော်လင့်နေမယ်နော် ”

ဤမျှသာ …

ဉာဏ်ထူး ရင်ထဲမှ အလုံးကြီးများ လုံးလုံးလျားလျား ပြုတ်ကျ သွားပါတော့သည် ။ ထို့ နောက် ဉာဏ်ထူးတစ်ကိုယ်တည်း ဟစ်ကြွေးမိသည်ကား …

*

‘ လောကမှာ ဉာဏ်ရှိရင် ဘာမဆို ဖြစ်ပါတယ် ’

*

(i)

ဒီလိုနဲ့ တက္ကသိုလ် စာမေးပွဲကြီး ဖြေဆိုကြပါတော့သည် ။

သက်သတ်လွတ်စား ၊ ဥပုသ်စောင့် ၊ အဓိဋ္ဌာန်ဝင် ၊ ပုတီးစိပ် ၊ ဘုရားရှိခိုး၍ ကံကို ခေါင်းပေါ်တင်ထားသော ကံထူးမှာ တောက်လျှောက် အခြေအနေကောင်းလာခဲ့သည် ။

သူရွေးကျက်ထားသော စာတွေ တိုးသည် ။ သူထင်ထားသော အပုဒ်တွေ ပါလာသည် ။

ဒါ ကံတရားကသူ့ ကို ဖေးမနေခြင်း ။

ဉာဏ်ထူး

ဉာဏ်ထူးသည်လည်း လှည့်ကြည့်နေစရာမလိုအောင် အဆင်ပြေလာသည် ။ ပထမ အချိန်တစ်နာရီခွဲအတွင်းမှာ ၀င်းပပထွန်းဆီမှ အမှတ် (၂၀) ဖိုးယူသည် ။ ပြီတော့ ဇော်ထက်အလှည့်မရောက်ခင် သူကျက်ထားတာတွေ ကို ဖြေသည် ။ တစ်နာရီခွဲပြီးတော့ ဇော်ထက်ဆီမှာ အမှတ် (၂၀) ဖိုးထပ်ယူသည် ။ အချိန်ပိုနေသေးလျှင် အလကားမနေ ။ နည်းမျိုးစုံမှ အောင်မှတ်ရအောင်ကြိုးစားသည် ။ ထို့ ကြောင့် သူ့ ကိုယ်သူသိသည် ။

ရိုက်ချလျှင် တောင် သူဒီစာမေးပွဲကို ကျမှာ မဟုတ် ။

ဒါ သူအရမ်းအားကိုးလွန်းသည့် ဉာဏ် ၏ အကျိုးကျေးဇူးကို ခံစားရခြင်း ။

ဇွဲထူး

သူ ကတော့ ပြောစရာမလိုပါ ။ လောကကြီးက အမှန်တကယ် ပင် သူ့ အတွက် နေရာတစ်နေရာ ချန်ထားပေးပါသည် ။ ဉာဏ်သိပ်မထက်လှသော်လည်း ၀ီရိယ၏ အကျိုးကြောင့် သူဂုဏ်ထူးပင်မှန်းထား ခဲ့သည် ။

ဒါက၀ီရိယ ရှိခြင်း ၏ အကျိုး ၊

မေ၀သန်

သူမ ကတော့ (၆) ဘာသာစလုံးကို အမှားအယွင်းမရှိဖြေနိုင်သည် ။ သူမအရမ်းတက်ချင်သော ဆေးတက္ကသိုလ်သို့ လည်း ရောက်ရမည် ဟု ယုံကြည်နေသည် ။ သူမ ကတော့ ကံတစ်ခုတည်းကိုလည်း မယုံပါ ။ ဉာဏ်တစ်ခုတည်းကိုလည်း အားမကိုးပါ ။ ၀ီရိယကိုလည်း လိုသည်ထက်မပို ပါ ။

သူမ လက်ခံထားသည် က …

ကံ + ဉာဏ် + ၀ီရိယ = အောင်မြင်မှု

ဒီလိုနှင့် ပင် …

( )

“နင်တို့ ဘယ်လိုလဲ … ဖြေနိုင်ကြလား ”

မေ၀သန်၏ အမေးကို စာမေးပွဲခန်းထဲမှ အပြုံးကိုယ်စီဖြင့် ထွက်လာကြသော သူတို့ သုံးယောက် က ၀ံ့ကြွားစွာ ခေါင်းညိတ်ပြလိုက်ကြသည် ။

“ဟာ … ပျော်စရာကြီး … ဒါဆို ငါတို့ လေးယောက် စလုံး တက္ကသိုလ် ရောက်ကြမှာ ပေါ့ ”

လေးယောက် စလုံးရင်ထဲ၌ အပြုံးတွေ ဝေနေကြပါသည် ။ သူတို့ လေးယောက် ပင်မဟုတ် ၊ ဆယ့်တစ်နှစ် လုံးလုံးဝတ်လာသော အဖြူအစိမ်း ၀တ်စုံသည် ဒီနေ့ နောက်ဆုံးပါလားဟူသော အသံဖြင့် အားလုံးပျော်ရွှင်နေပါ ၏ ။

“လာဟာ … ငါတို့ ပြောထားတဲ့အတိုင်း ရုပ်ရှင်သွားကြည့်ရအောင် ”

ဝသန့် စကားက တက်ကြွနေသော သူတို့ စိတ်တွေ ကို ဦးတည်ချက်ပေးလိုက် ၏ ။

“အေး … သွားမယ် ”

ဒီလိုနှင့် သူတို့ လေးယောက် ရုပ်ရှင်ရုံသို့ ဦးတည်လိုက်ြ ကတော့သည် ။ ရုပ်ရှင်ရုံရောက်တော့ ဇာတ်ကားက စပြနေပါပြီ ။ ထိုစဉ်မှာ ပင် ကံထူးက လေးယောက် စာ လက်မှတ်သွားဝယ် ၍ အကြံဖန်လုပ်တော့သည် ။

အဘယ်ကြောင့် ဆိုသော် သူဝသန်နှင့် အတူထိုင်ချင်သည် မဟုတ်ပါလား ။

တစ်ယောက် တစ်စောင်စီ လက်မှတ်ပေးနေရာမှ ကံထူးက …

“ ကိုယ်ရတဲ့ခုံမှာ ပဲ ကိုယ်ထိုင်ရမှာ နော် ”

ဒီလောက်နဲ့ ပင် ဉာဏ်ထူးနပ်သွားခဲ့ပါသည် ။ သူကဦးနှောက် ကို အမြဲသုံးနေသူပင်လေ ။

ရုံထဲရောက်တော့ ဓာတ်မီးရောင် မှိန်မှိန်ဖြင့် နေရာပြသော ၀န်ထမ်းနောက်မှ လိုက်သွားကြရင်း ဉာဏ်ထူးထင်သည့်အတိုင်းပင် ဖြစ်သွားခဲ့သည် ။ ၀သန်က ဓာတ်မီးထိုးပြရာ ခုံနံပါတ်ဆီသို့ အရင်ဝင် သွားပါ ၏ ။ ၀သန့် ဘေးကပ်လျက်က ကံထူးခုံနံပါတ် ၊ ကံထူးဘေးမှာ မှသူ ၊ သူ့ ဘေးက ဇွဲထူး ။

“ဟေ့ကောင် မင်းကို ဟိုမှာ ခေါ်နေတယ် ”

“ဟင်”

ကံထူးက ကြောင်တောင်တောင်ဖြင့် သူလက်ညှိုးထိုးပြရာဆီ သို့ ကြည့်သည် ။ ဟုတ်သည် ။ မှော င်ကြီးထဲမှ တစ်စုံတစ်ဦးက သူ့ ကို လက်ယပ်ခေါ်နေပါ ၏ ။ ကံထူးအံ့သြသွားသည် ။

“မင်းအသိလားမသိဘူး … သွားလိုက်ဦး”

ဉာဏ်ထူးစကားဆုံးတော့ သတိလက်လွတ်ထွက်သွားလိုက်မိပါသည် ။ ထိုစဉ်မှာ ပင် ကံထူး၏ ခုံနံပါတ်သို့ ဉာဏ်ထူးဝင်သွားလိုက်တော့သည် ။ ဉာဏ်ထူးနောက်မှ ဇွဲထူးကဆက်ဝင်သည် ။

ချက်ချင်း ပင် ကံထူးပြန်ရောက်လာကာ ရူးရူးရှဲရှဲဖြင့် …

“ငါ့ကို ခေါ်တာမဟုတ်ဘူးကွ ။ ထိုင်ခုံပြတဲ့ ၀န်ထမ်းကိုခေါ်တာ ။ ဟေ့ကောင် … ဉာဏ်ထူး … ဖယ် … အဲဒါ ငါ့နေရာ ”

ဉာဏ်ထူး ရယ်ချင်သွားသည် ။ သို့ သော် အသံကိုတမင်ငြိမ်အောင်ထိန်း ၍ …

“ဘာလဲကွ … မင်းပဲ ကိုယ်ရတဲ့ခုံ ကိုယ်ထိုင်ဆို ”

“အေးလေ … အဲဒါ မင်းရတဲ့ခုံမှမဟုတ်တာ ။ မင်းခုံနံပါတ်က ဇွဲထူးနေရာမှာ ”

“ဟ … ဒါ ငါရလို့ ငါထိုင်နေတာလေ ။ ဘာလဲကွ … မင်းခုနပြောတဲ့ ထဲမှာ လက်မှတ်ဆိုတဲ့စကားပါလို့ လား ”

“ဘာ … ”

ကံထူး ဒေါခွီးသွားလေသည် ။ နောက်ဆုံး မရသည့်အဆုံး ထိုဘေးခုံမှာ ပင် ဆောင့်ကြီးအောင့်ကြီး ၀င်ထိုင်ရတော့သည် ။

ရုပ်ရှင်မှာ ဟာသကား ဖြစ်သည့် အတွက် ရယ်ရပါသည် ။ ထို့ ကြောင့် အဆင်မပြေမှုများ ခဏချင်းပင် ပပျောက်သွားလေသည် ။

ဝသန်နှင့် အနီးကပ်ထိုင်ရသည့် ဉာဏ်ထူး တစ်ယောက် မှာ တော့ မှော င်မှော င်မည်းမည်းထဲ ရင်ခုန်နေသည်ပေါ့ ။

ဒီလှိုနှင့် ပဲ ရုပ်ရှင်ပြီးသွားတော့ ၀သန်က အမှတ်တရဓာတ်ပုံရိုက်ဖို့ ပြောသည် ။ သူတို့ လေးယောက် စလုံး တက်ညီလက်ညီ ပင် ၇ုပ်ရှင်ရုံအနီးမှ ဓာတ်ပုံဆိုင်တစ်ဆိုင်တွင် ၀င်ရိုက်လိုက်ကြပါ၏ ။

Studio ခန်းထဲရောက်တော့ ၀သန်က နေရာလုမည့်  အရေး ကို ကြိုတွေးကာ ခုံတစ်ခုံတောင်း၍ ထိုင်သည် ။ သူတို့ လေးယောက် ကတော့ ၀သန့် နောက်မှာ တန်းစီ ရပ်လိုက်ကြပါ ၏ ။ ပြီးတော့ …

“အိုကေ … ရယ်ဒီ … ၀မ်း. … တူး … သရီး … ရိုက်ပြီ ”

“ကလစ်”

*

(j)

ဓာတ်ပုံကို ရင်ဘတ်ပေါ်တင်ရင်း အတိတ်ဆီသို့ အလည်သွားနေရာမှ ကံထူး တစ်ယောက် ထထိုင်လိုက်သည် ။

နောက် ဓာတ်ပုံကို စားပွဲပေါ်ပြန်တင်ကာ နာရီကို ကြည့်မိတော့ (၁၂) နာရီထိုးပေပြီ ။ မဆီမဆိုင် ထူးထူးခြားခြား ဉာဏ်ထူး တစ်ယောက် ကို သတိရမိပါ၏ ။

“သြော် … ဉာဏ်ထူး ၊ ဉာဏ်ထူး … တော် တော် ဉာဏ်များ တဲ့ကောင် ။ အေးလေ … ငါဒီဘ၀ရောက်လာတာလည်း ဒီကောင့် ကျေးဇူးတွေ အများ ကြီးပါတယ် ”

ထိုသို့ ပါးစပ်မှ ခပ်တိုးတိုးပြောရင်းဖြင့် တစ်ချက်သန်းဝေကာ ရေတစ်ခွက်ငှဲ့ သောက်သည် ။ ပြီးတော့ …

မကြာလိုက်ပါ ။ ကံထူးအခန်းသည် ဖျော်ခနဲ မီးပိတ်သံနှင့် အတူ အမှော င်အတိကျသွားလေတော့သည် ။

ယခုတော့ ကံကို ဦးထပ်ထား ယုံကြည်ကိုးစားလွန်းသော ကံထူး တစ်ယောက် မှာ နှစ် နှစ် ခြိုက်ခြိုက် အိပ်မောကျသွားခဲပါပြီ ။

သူ့ အတိတ်က ကံတစ်ခုတည်းကိုသာ ယုံကြည်ခဲ့သည် ။

ယခုအချိန်မှာ ရော အသို့ နည်း ?

အနာဂတ်တွင် ရော ဆက်လက်ယုံကြည်နေမည် လား ?

II

Cover

ထိုသို့ သော စာတန်း၏ အောက်တည့်တည့်တွင် လူ တစ်ယောက် ထိုင်ကာ စာရင်းဇယားတွေ လုပ်နေသည် ။ ထိုသို့ လုပ်နေရင်းမှ တစ်ချိန် တွင် သူ့ ရှေ့စားပွဲတင်နာရီက (၁၂) ချက်မြည် ကာ သွားပါ ၏ ။

ဉာဏ်ထူး စာရင်းလုပ်နေရာမှ နာရီကိုတစ်ချက်ကြည့်လိုက်သည် ။ ပြီး အလုပ်တွေ ကို လက်စသတ်လိုက်ရင်း …

“၁၂ နာရီတောင် ထိုးပြီပဲ … နားတော့မှ ။ မနက်ဖြန်ကုမ္ပဏီ ဖွင့်ပွဲရှိသေးတယ် ”

ထိုသို့ ပြော၍ စားပွဲပေါ်မှ စာရွက်စာတမ်းတွေ ကို အစီအရီ ထပ်တင်လိုက်သည် ။ ပြီးနောက် ဖွင့်ထားသော ပြတင်းပေါက်ဆီသို့ သွား ၍ ပြင်ပလေကို တ၀ကြီး ရှူသွင်းလိုက်ပါသည် ။

ညလယ်ခင်းလေရနံ့ က သင်းသင်းလေးမွှေးနေပါ၏ ။ အပြင်ခြံဝန်းမီးသီးတွေ ပေါ်ပျံဝဲနေကြတာ ညပိုးကောင်လေးတွေ က တစိမ့်စိမ့်အေးသော ဆောင်းညကို အံတုလို့ နေသည် ။ သစ်ရွက်ခတ်ရုံလောက်သာ တိုက်စားနေသော လေက နှင်းရနံ့ တွေ ပါနေ ၏ ။

မျက်စိတစ်ဆုံးမည်းနေသော ကောင်းကင်ကြီးကို အဆုံးသတ်ကြည့်လိုက်ပြီးချိန်တွင် တော့ ဉာဏ်ထူးပြတင်းတံခါးကို ပိတ်လိုက်ပါတော့သည် ။

ပြီးနောက် ခုတင်ဆီသို့ ပုံမှန်လှမ်းနေကျခြေလှမ်းအတိုင်း လှမ်းလာနေရင်းမှ တစ်နေရာအရောက်တွင် သူ့ ခြေလှမ်းရပ်တန့်  သွားပါသည် ။ သူရပ်နေရာနေရာက သူ၏ ကိုယ်ပိုင်စာအုပ်စင်ရှေ့ ။

ဉာဏ်ထူး ကြည်နူးသော မျက်ဝန်းစိုလက်လက်တွေ နှင့် စာအုပ်စင်ပေါ်သို့ ကြည့်နေမိပါသည် ။ စာအုပ်စင်ပေါ်တွင် ကား ဓာတ်ပုံလေးသုံးပုံ ။

ထိုသုံးပုံထဲမှ ဒုတိယပုံလေးကို လက်လှမ်းလိုက်သည် ။ ဒီပုံသည် သူတို့ သူငယ်ချင်း သုံးယောက် အင်းယားကန်ပေါင်ပေါ်တွင် ရိုက်ထားသော ပုံ ။

ဒီဓာတ်ပုံလေးရိုက်တုံးက သူ့ ဆီတွင် ယခုလိုအဆောင်အယောက် တွေ မရှိသေးပါ ။ ဒါပေမယ့် အနာဂတ်ကို စိန်ခေါ်နေသည့် ရဲဝံ့သော စိတ်ဓာတ်တွေ ရှိသည် ။ ရှင်းရှင်းပြောရလျှင် ဒီဓာတ်ပုံလေးသည် သူဒီဘ၀ ရောက်အောင် မြှင့်တင်ပေးသော တွန်းအားတစ်ခု ။

ဉာဏ်ထူး ထိုဓာတ်ပုံလေးကိုယူ၍ ခုတင်ဆီသို့ လှမ်းလာခဲ့သည် ။ နောက်ခုတင်ပေါ်သို့ ပစ်လှဲချလိုက်ရင်း ဓာတ်ပုံလေးအား တရှိုက်မက်မက်ကြည့်ရှုကာ …

အတိတ်မှာ ခြေရာများ သတိတရ ပြန်လည်လွင့်မျောရင်းဖြင့် -

*

(a)

ဒီနေ့ သည် ကံထူး ၊ ဉာဏ်ထူးနှင့် ဇွဲထူးတို့ သုံးယောက် စလုံး တက္ကသိုလ်ကျောင်းသား ဖြစ်ပြီး သုံးပတ်မြောက်သော နေ့ ။ အချိန်အားဖြင့် ဆိုလျှင်တော့ မေ၀သန်နှင့် ပတ်သက်၍ သုံးယောက် စလုံး သူ့ ထက်ငါသာအောင် အမှတ်ယူနေကြသော အချိန် ။

တစ်ယောက် နှင့် တစ်ယောက် မသိမသာ ချောက်တွန်းတာတွေ လည်းရှိသလို သိသိသာသာ အမှတ်ယူတာတွေ လည်းရှိသည် ။

မေ၀သန် တစ်ယောက် သာ … ဂုဏ်ထူးငါးဘာသာဖြင့် ဆေးတက္ကသိုလ်ရောက်သွား၍ သူတို့ သုံးယောက် ကတော့ ရိုးရိုးသာ အောင်ခဲ့သည် ။ တက္ကသိုလ်တက်ဖို့ ရွေးကြသော်လည်း သုံးယောက် စလုံး စိတ်တူကိုယ်တူပင် အဝေးသင်တက်ဖို့ သဘောတူခဲ့ကြ ၏ ။

Super Market တစ်ခုတွင် စာရင်းစစ်ဝင်လုပ်နေသော ကံထူး အတွက် အဝေးသင်တက်မှ အဆင်ပြေသလို ၊ အဖေ ဖြစ်သူ၏ ကုန်သည်လုပ်ငန်းထဲ ခြေစုံပစ်ဝင်ခဲ့သော ဉာဏ်ထူးအတွက်မှာ လည်း Day တက်ဖို့ အဆင်မပြေလှ ။ ဇွဲထူး ကတော့ သူ့မိဘပိုင်စာအုပ်တိုက် တာဝန်ကို ပခုံးလွှဲယူလိုက်ရသည့်အတွက် အဆင်ပြေဆုံးတက္ကသိုလ်က အဝေးသင် ။

ဒီတော့ သုံးယောက် စလုံးပင် အဝေးသင်တတ်ကဖို့ ဆုံးဖြတ်ခဲ့ကြပါသည် ။ ယူသည့်မေဂျာကလည်း သုံးယောက် စလုံးပုံစံတူ Physics မေဂျာ ။

ကျောင်းတက်တာသုံးပတ်ရှိပြီဆိုတော့ တက္ကသိုလ်၏ အဓိပ္ပာယ်ကို သုံးယောက် စလုံးဖွင့်ဆိုတက်နေပါပြီ ။ ဒီနေ့ လည်း …

“အန်တီ … ဉာဏ်ထူးရော … သားတို့ ကျောင်းသွားဖို့ လာခေါ်တာ ”

“အေး… အခန်းထဲမှာ ရှိတယ်ကွဲ့  ။ အ၀တ်လဲနေလားမသိဘူး ။ တက်သွားကြချည် ”

အပြုံးဖြင့် ဆိုသော ဉာဏ်ထူးအမေ၏ စကားကြောင့် ကံထူးနှင့် ဇွဲထူးတို့ ဉာဏ်ထူးအခန်းရှိရာအပေါ်ထပ်သို့ တက်ခဲ့သည် ။ အခန်းဝရောက်တော့ တံခါးဖွင့်ဝင်မည် ပြုစဉ် အခန်းထဲမှ ကြားလိုက်ရသော အသံ တို့ ကြောင့် …

“ဘာ … နင့်ကို ကံထူးနဲ့ ဇွဲထူးက ရည်းစားစကားပြောတယ် ဟုတ်လား ”

“ဟင်”

တံခါးတွန်းဖွင့်ဆဲဆဲ ကံထူး၏ လက်မှာ လေထဲတွင် တန့် သွားပါ ၏ ။ ကံထူးနောက်မှ ဇွဲထူးသည်လည်း တစ်ချက်တုန်သွားသည် ။ မခံချိမခံသာထွက်လာသော ဉာဏ်ထူး၏ စကားများ အရ …

ဝသန် ကတော့ သူတို့ နှစ် ယောက် အကြောင်း ဉာဏ်ထူးအားအသိပေးလိုက် ပြီဟု တွက်ဆမိသည် ။ တိုက်ဆိုင်လွန်းသော အခြေအနေတစ်ရပ်ကိုလည်း ကံထူးနှင့် ဇွဲထူး အံ့သြမိပါ ၏ ။

သူခိုးလူမိသွားသလို သူတို့ နှစ် ယေက်မှာ တစ်ယောက် ကို တစ်ယောက် မကြည့်ရဲတော့ ။ တစ်ယောက် နှင့် တစ်ယောက် မသိအောင်ခိုးလုပ်သော ကိစ္စမှာ အခုတော့ …

ဒါပေမယ့် တစ်ခုတော့ ထူးဆန်းသလိုရှိသည် ။ အဲဒါက အရာရာ မှာ လက်သွက်ခြေသွက်ရှိသော ဉာဏ်ထူး တစ်ယောက် ယခုလို နှလုံးသား ကိစ္စမှာ သူတို့ နှစ် ဦးထက် နှောင့်နှေးနေခြင်း ။

“ဟာကွာ. .. ဒီကောင်တွေ သူငယ်ချင်းအချင်းချင်း ဒါမျိုး မလုပ်သင့်ဘူး ”

အခန်းထဲမှ ဉာဏ်ထူးစကားကြောင့် ကံထူးနှင့် ဇွဲထူးနှစ် ယောက် စလုံးပေါက်လိုက်သည် ။ ဉာဏ်ထူးမှာ အမှတ်ယူနေပါပြီ ။ တစ်ဖက်မှ ၀သန်ဘာပြောလိုက်သည်မသိ အခန်းထဲမှထွက်လာသော ဉာဏ်ထူး စကားကြောင့် သူတို့ စိတ်ဝင်စားသွားရလေသည် ။

“ဟာ … ဒါနင်ဆုံးဖြတ်ရမှာ လေဟာ ။ ငါနဲ့ မှ မဆိုင်တာ ”

“ ….”

“မ ဖြစ်ပါဘူးဟာ … အကုန်လုံးက သူငယ်ချင်းတွေ ချည်းပဲ ။ ငါသတို့ ကြားထဲ မ၀င်ချင်ဘူး ”

ဒီလိုဆိုတော့လည်း မဆိုးပါလားဟု အပြင်မှနားထောင်နေသော ကံထူးနှင့် ဇွဲထူးတွေးမိသည် ။ သို့ သော် နောက်ဆက်တွဲ ကြားရသည့် စကားတွေ ကြောင့် …

“နင်ဦးနှောက်ခြောက်နေတယ်ဆိုလည်း ငါအကြံတစ်ခုပေးမယ် ။ ဒါပေမယ့် ဒီကောင်တွေ ကို ငါပြောတာလို့ သွားမပြောနဲ့ နော် ”

ဇာတ်လမ်းစပြီဆိုတာသိလိုက်ပြီ ။ ဉာဏ်ထူးဘာချောက်တွင်းဦးမည် မသိ ။ ကံထူးနှင့် ဇွဲထူး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် မိကြသည် ။

“ဒီလိုလုပ် … ဒီကောင်နှစ် ကောင် အရည်အချင်းဘယ်လောက် ရှိလဲသိရအောင် ရိုးရိုးမပြောခိုင်းဘဲ ခပ်ဆန်းဆန်းနည်းနဲ့ ပြောခိုင်းလိုက် ”

“ …. ”

“ဒီလိုဟာ … ကံထူးက ကံကိုအရမ်းယုံတယ်မလား ။ အဲဒီ တော့ ကံနဲ့ ပတ်သက်ပြီး ကံကိုအခြေခံထားတဲ့ ရည်းစားစကားမျိုးကိုပြောခိုင်း ။ အဲဒါဆို ဒီကောင်တိုင်ပတ်ပြီ ။ ကံထူးဆိုတဲ့ကောင်က ‘ ကံကောင်းပါစေ ’ ဆိုတဲ့စကားကလွဲပြီး ဘာမှပြောတတ်တဲ့ကောင် မဟုတ်ဘူး ။ အေး အဲဒီ ထဲကိုမှ ဒီကောင့်ကို စဉ်းစားချိန်သိပ်မပေးဘဲ အချိန်တစ်ခုလောက် သတ်မှတ်ပေးလိုက် ရင်ပြီးပြီ ။ ဇွဲထူးကိုလည်း အဲဒီ အတိုင်းပဲလုပ် ”

ဉာဏ်ထူး၏ စကားတို့ ကြောင့် ကံထူး ဖျက်ခနဲ မခံမရပ်နိုင် ဖြစ်သွားရကာ အံတစ်ချက်ကြိတ်၍ တံခါကို ဆောင့်တွန်းဖွင့်ရန် ပြင်သည် ။ ဒါပေမယ့် နောက်မှ ဇွဲထူးက သိုင်းဖက်ကာ ကံထူးကို ကမန်းကတန်းခေါ်ထုတ် သွားပါ ၏ ။

“အေး … အေး … ငါအကြံပေးတယ်လို့ မပြောနဲ့ နော် ”

နောက်မှာ ဉာဏ်ထူး၏ အာကလီအာချောက်ချသံက ကပ်ပါလာသေးသည် ။

ဒါပေမယ့် လောလောဆယ်သူတို့ ရူးချင်ယောင်ဆောင်၍ သာ ထွက်လာခဲ့လိုက်ပါ ၏ ။

အလှည့်ဆိုတာ ထောင့်ချိုးတွေ ၊ လမ်းကွေ့ တွေ ၊ ချုံကွယ်တွေ က နေပြီး ရပ်စောင့်နေတာ ပို၍ ထိရောက်မှုရှိသည် မဟုတ်ပါလား ။

*

(b)

ကျောင်းရောက်တော့ လမ်းတွင် တိုင်ပင်လာသည့်အတိုင်း ကံထူး နှင့် ဇွဲထူး ဆရာဦးကိုကိုအောင် လိုက်ရှာတော့သည် ။ သိပ်မရှာလိုက်ရပါ ။ ကန်တင်းတစ်ခုတွင် ဆရာမ ဒေါ်ဝေေ၀လွင်နှင့် အတူတွေ့ ပါ ၏ ။ ဦးကိုကိုအောင်နှင့် ဒေါ်ဝေေ၀လွင်မှာ စေ့စပ်ထားသည့် ချစ်သူစုံတွဲ တစ်တွဲ ဖြစ်ကြောင်း တစ်ကျောင်းလုံးသိသည် ။

ကံထူးတို့ ကံကောင်းသည်ပြောရပေမည် ။ သူတို့ လိုချင်သော ပုံစံနှင့် ကွက်တိသွားကျနေပါ၏ ။

ကံထူးတို့ နှစ် ယောက် စားပွဲတွင် ၀င်ထိုင်တော့ အပျိုကြီး လူပျိုကြီးနှစ် ယောက် မှာ ဘာမှန်းညာမှန်းမသိ ရှက်အမ်းအမ်းတွေ ဖြစ်ကုန်ကြသည် ။ သိပ်မကြာခင်မှာ ပဲ ဒေါ်ဝေေ၀လွင်မှာ ထထွက် သွားပါ ၏ ။ ဒီတော့မှ တိုင်ပင်ထားသည့်အတိုင်း ဆင်မယဉ်သာလျှောက်လှမ်းသွားသော ဒေါ်ဝေေ၀လွင်၏ နောက်ပိုင်းအလှကို အားနာနာဖြင့် ကြည့်ရင်း ဇွဲထူးက …

“အင်း … ငါ့အမြင်တော့ အပြစ်ပြောစရာ တစ်ကွက်မှမတွေ့ ပါဘူး ”

“အေး … ငါလည်း အမှားအယွင်းမရှိဘူးလို့ ထင်တယ် ”

ဒေါ်ဝေေ၀လွင်၏ လမ်းလျှောက်သွားပုံကို သေချာကြည့်ကာ ပြောနေသည် ဆရာဦးကိုကိုအောင် မျက်နှာကြီးရဲတွတ်သွားကာ …

“ဟေ့ကောင်တွေ မင်းတို့ ဘာပြောတာလဲ ”

ဒေါသတကြီးမေးသော ဦးကိုကိုအောင်အမေးကို သိပ်အလေးမထားသလို ခေါင်းကိုခါရမ်းရင်း တစ်စုံတစ်ခုကို တွေးတောသလို လုပ်ကာ …

“ဉာဏ်ထူးတော့ တစ်ခုခုလွဲနေပြီ”

ကံထူး၏ ဟန်ပန်နှင့် စကားကြောင့် ဦးကိုကိုအောင်မှာ နားလည်ရခက်သွားသည် ။ထိုစဉ်မှာ ပင် ဇွဲထူးက …

“ဆရာမ ဒေါ်ဝေေ၀လွင်က အလှနဲ့ ပတ်သတ်လို့ ကျောင်းသူတွေ နဲ့ အပြိုင် သတင်းတွေ ကြီးနေတယ်ဆိုတာ ဆရာလက်ခံတယ်မလား ”

“ဟင် … အေး… အေး ”

ကြောင်တောင်တောင်နှင့် ဦးကိုကိုအောင် ခေါင်းညိတ်သည် ။

“ဆရာနဲ့ လည်း တော် တော် လိုက်တယ် ”

ဒီတစ်ခါတော့ ရှက်ဝဲ၀ဲနှင့် သွားတက်ကလေးပေါ်အောင်ရယ်သည် ။ ပီတိ ဖြစ်သွားပုံရပါ ၏ ။

“ဒီလောက်လှပြီး ဒီလောက်စတိုင်ကျတဲ့ဆရာမ ကိုမှ ဆရာရယ် ဉာဏ်ထူးပြောပုံက မဟုတ်သေးပါဘူး ”

“ဟင် … ဉာဏ်ထူးက ဘာပြောလို့ လဲ ”

သူ့ ချစ်သူ အပျိုကြီးဆရာမ ကိုပြော၍ ထင်သည် ။ ဦးကိုကိုအောင် ချက်ချင်း စိတ်ဝင်စား သွားပါ ၏ ။ဒါပေမယ့် ဇွဲထူးက စိတ်မပါသလို ခေါင်းကိုတစ်ချက်ယမ်းရင်း …

“မပြောချင်ပါဘူးဆရာရယ် ၊ ဒီကောင့်စကားက တစ်ဖက်သတ် ကြီးမို့ လို့ ပါ ”

“ဘာ … ဘယ်လိုတစ်ဖက်ကြီးမို့ လို့ လဲ … ပြောစမ်း ”

ဦးကိုကိုအောင် ပိုဆိုးသွားသည် ။ အသက်ကြီးကြီး အပျိုကြီး ၊ လူပျိုကြီးတို့ ၏ ထုံးစံအတိုင်း ဆတ်ဆတ်ထိမခံ ဖြစ်သွားကာ ဒေါသအရှိန်တွေ ပင် အနည်းငယ်ရောလာသလိုရှိပါ ၏ ။

“မပြောချင်ပါဘူးကွာ”

“ပြော … ပြောစမ်းပါကွ … ဉာဏ်ထူးက ‘ ဝေလေး’ ကိုဘာပြောလို့ လဲ ”

‘ ဝေလေး ’ ဟူသော အသုံးအနှုန်းကြောင့် ‘ ခွီး’ ခနဲ ထွက်မသွားအောင် ရယ်ချင်စိတ်ကို မနည်းဖုံးဖိကာ …

“ဆရာသိချင်တယ်ဆိုရင်တော့ ကျွန်တော် တို့ ပြောပြပါ့မယ် ။ ဒါပေမယ့် ဉာဏ်ထူးကိုတော့ ကျွန်တော် တို့ ပြောတယ်ဆိုတဲ့အကြောင်း မပြောပါနဲ့ ”

“အေးပါ … ငါမပြောပါဘူး ။ ဉာဏ်ထူးဘာပြောသလဲဆိုတာ သာပြောစမ်းပါ ”

အရမ်းအလျင်လိုနေသော ဦးကိုကိုအောင်ကို စိတ်မကောင်းသလို တစ်ချက်ကြည့်၍ ကံထူးက …

“ ဆရာမ ဒေါ်ဝေမှာ အပြစ်ဆိုစရာ တစ်ချက်မှမရှိဘူးဆိုတာ ဆရာလက်ခံတယ်နော် ”

“အေး”

“ ကျွန်တော် တို့ လည်း လက်ခံပါတယ် ။ ဒါပေမဲ့ ဉာဏ်ထူးက ဆရာမ ဒေါ်ဝေေ၀လွင်ဟာ လမ်းလျှောက်နည်းမမှန်ဘူးတဲ့ … သီအိုရီ မှားနေတယ်လို့ ပြောတယ် ”

“ ဘာ ”

“ ဟုတ်တယ် … မိန်းကလေးတွေ အသုံးပြုတဲ့ လမ်းလျှောက်နည်း သီအိုရီနဲ့ ကွဲလွဲချက်တွေ ရှိတယ်လို့ ပြောတယ် ။ အဲဒါကို ကျွန်တော် တို့ က လက်မခံတာ ။ ဒီလောက်တောင် ဆွဲဆောင်မှုရှိတဲ့ ဆရာမ ကို ဗျာ ”

“ဟုတ်ပ … ဒီကောင်မို့ လို့ ပြောတယ် ”

ကံထူးနှင့် ဇွဲထူး အတိုင်အဖော်ညီနေသည် ။ ဆရာဦးကိုကိုအောင်လည်း သူတို့ လိုချင်သော ပုံစံအနေအထားသို့ တဖြည်းဖြည်း ပြောင်းလာပါ ၏ ။

သက်ရှိတွေ အကုန်လုံး အချစ်အတွက်ဆိုလျှင် အဆိပ်ရှိတတ်ကြသည်မဟုတ်ပါလား ။

“ ဘာလဲကွ … မိန်းကလေးတွေ ရဲ့ လမ်းလျှောက်နည်း သီအိုရီဆိုတာ … ”

“ မသိဘူးဆရာ … ကျွန်တော် တို့ မေးတော့လည်း မပြောဘူး ။ ဒါပေမယ့် ဆရာမ ဒေါ်ဝေေ၀လွင်လမ်းလျှောက်တာ သီအိုရီမှားနေတယ်လို့ ပြောပြောနေတာပဲ ”

ကံထူးက အခွင့်သာတုံး ဆက်တိုက်လွှတ်သည် ။ ဇွဲထူးကလည်း

“ ကျွန်တော် တို့ တော့ မထင်ပါဘူးဆရာရယ် … ဒါပေမယ့် မိန်းကလေးတွေ ရဲ့ လမ်းလျှောက်နည်း သီအိုရီကိုမသိတော့ မဟုတ်ဘူးလို့ လည်း ပြောရခက်တယ် ”

ဦးကိုကိုအောင် တွေ ဝေသွားလေသည် ။ ဒီလိုအခွင့်အရေး ကို အပြည့်အ၀ယူ၍ ကံထူး က …

“ဆရာ …. မိန်းကလေးတွေ ရဲ့ လမ်းလျှောက်နည်း သီအိုရီကို သိချင်လား ”

ခေါင်တော့မညိတ်ပါ ။ ဣနြေ္ဒဆယ်နေပုံရသည် ။ ဒါပေမယ့်လည်း စိတ်ဝင်တစားသိချင်နေသည့် ဟန်မှာ အထင်းသားပေါ်လွင်နေပါ ၏ ။

“ဒီသီအိုရီကိုသိမှလည်း ဆရာမ ကို ဉာဏ်ထူးပြောတဲ့စကားမှန်မမှန် ချိန်ထိုးကြည့်လို့ ရမှာ ပေါ့ မဟုတ်ဘူးလား ”

ဒီတစ်ခါတော့ ခပ်ရေး ရေး လေးခေါင်းညိတ်သည် ။ ထိုအခါမှ ဇွဲထူးက …

“ဒီတော့ ဒီလိုလုပ်ရအောင် ။ မိန်းကလေးတွေ ရဲ့ လမ်းလျှောက်နည်းသီအိုရီကို ဆရာလည်းသိချင်တယ် ။ ကျွန်တော် တို့ လည်း သိချင်တယ်။ ကျွန်တော် တို့ နည်းတူပဲ တစ်ကျောင်းလုံးမှာ ရှိတဲ့ ကျောင်းသားတွေ အားလုံးသိချင်မှာ ပဲ ။ ဘာ ဖြစ်လို့ လဲဆိုတော့ ဒါဘယ်သူမှသေချာမသိသေးတဲ့ သီအိုရီအသစ် ဖြစ်နေတာကိုး ။ နောက်ပြီး ဒါမျိုးကိစ္စတွေ က ယောက်ျားလေးအားလုံးလိုလို စိတ်ဝင်စားကြတယ်လေ ။ ”

ဒီတော့ ကျွန်တော် တို့ သိချင်တာလည်းသိရအောင် ၊ ဉာဏ်ထူးလည်း ဆရာမ ဒေါ်ဝေေ၀လွင်နဲ့ ပတ်သက်ပြီး နောက်တစ်ခါ ဒီလိုပေါက် ကရမပြောအောင် ကျွန်တော် တို့ စဉ်းစားထားတာတစ်ခုရှိတယ် ”

“ဘယ်လို စဉ်းစားထားလို့ လဲ ”

ကံထူးနှင့် ဇွဲထူးတို့ ၏ စိတ်အစဉ်တွင် အလှည့်ဆိုသော အရာတစ်ခုက အတိအကျနေရာယူသွားပြီးနောက် …

“အဟင်း … တွေ့ ကြသေးတာပေါ့ ဉာဏ်ထူးရာ ”

*

(c)

ဉာဏ်ထူး သုတ်သုတ်သုတ်သုတ်ဖြင့် အခန်းဆီပြေးအပိုင်းလာခဲ့သည် ။ ပထမဆုံးအချိန်သည် ဆရာဦးကိုကိုအောင် အချိန် ၊ တော် သေးသည် ဆရာမ ၀င်သေး ၊ ဉာဏ်ထူးနောက်ပေါက်မှနေ၍ အခန်းထဲ ၀င်မည် ပြုစဉ်မှာ ပင် အခန်းထဲမှ အလျင်စလိုထွက်လာသော ကံထူးနှင့် ဆုံသည် ။

ကံထူးက သူ့ လက်ထဲသို့ စာရွက်တစ်ရွက်ကိုထည့်ပေးရင်း ပြောပါ ၏ ။

“ဆရာက ဒီစာကို ဘောမှာ ရေး ပေးထားပါတဲ့ ။ ငါ Toilet သွားချင်လို့ ငါ့အစားရေး ထားပေးပါကွာ ”

ကံထူး၏ စကားကြောင့် လက်ထဲမှစာရွက်ကိုဖြန့် ကြည့်မိတော့ ဉာဏ်ထူးကြောင်သွားသည် ။ ဒါပေမယ့် ကံထူးရှိမနေတော့ပါ ။ Toilet ရှိရာထောင့်ချိုးသို့ ကွေ့ ဝင်သွားပြီ ဖြစ်သည် ။ ထိုစဉ်မှာ ပင် ဇွဲထူးက အနားရောက်လာကာ …

“ပုစ္ဆာတစ်ပုဒ်ကို ဒီသီအိုရီနဲ့ ပတ်သက်ပြီး ရှင်းပြစရာရှိတယ်ပြောတယ် ။ မင်းပဲ ဘောမှာ သွားရေး လိုက်ပါကွာ ။ ငါတို့ က လူတွေ အများ ကြီး ရှေ့ထွက်ပြီး ရေး ရဲတာမဟုတ်ဘူး ”

ဇွဲထူး၏ အတည်အတန့် စကားတွေ ကြောင့် ဉာဏ်ထူးယုံသွားမိသည် ။ ထို့ ကြောင့် ချက်ချင်း ပင်လွယ်အိတ်ကိုချကာ အတန်းရှေ့သို့ လျှောက်ခဲ့ပါ၏ ။ ဆရာဦးကိုကိုအောင် မကြာခင်လာတော့မည် လေ ။

ဉာဏ်ထူး ဘောတွင် စရေး လိုက်သည့်အချိန် ၌ ပင် တစ်ခန်းလုံးမှအာရုံတွေ သူ့ လက်မှထွက်သော စကားလုံးတွေ ဆီသို့ ရောက်လာသည် ။ တိတ်သွားသော အသံအနေအထားတို့ ကို ခံစားရင်း မကြာမီမှာ ပင် အခန်းထဲသို့ ဆရာဦးကိုကိုအောင် ၀င်လာပါ ၏ ။

အကုန်လုံးက ထုံးစံအတိုင်းမတ်တတ်ရပ်နှုတ်ဆက်ကြသည် ။ ဒါပေမယ့် နှုတ်ဆက်သံက အရင်နေ့ တွေ လောက် အသက်မပါပါ ။ အကြောင်းကား ဉာဏ်ထူးရေး နေသော စာသည် တစ်ခန်းလုံး၏ အာရုံကို စိုးမိုးထားသည်မဟုတ်ပါလား ။

ဉာဏ်ထူးရေး နေရာမှ ဆရာ့ကိုမော့ကြည့်၍ ရယ်ပြသည် ။ ပြီးတော့ဆက်ရေး သည် ။ ဆရာဦးကိုကိုအောင်သည် သူကိုယ်တိုင်ရေး ခိုင်းထားသော စာကို ကြည့်နေမည် ထင်သည် ။ မကြာပါ … စာမှာ တစ်ကြောင်းတည်း ဖြစ်သည့်အတွက် အဆုံးသတ် သွားပါ ၏ ။

ဒီတော့မှ ဉာဏ်ထူးလည်း မြေဖြူကိုချကာ စာကိုသေချာပြန်ဖတ်ကြည့်သည် ။

မိန်းကလေးတွေ လမ်းလျှောက်တဲ့အခါ ဘာသီအိုရီကို အသုံးပြုသလဲ ?

ပြီးတော့ ဆရာ့ကိုတစ်ချက်ပြုံးပြီး နေရာဆီပြန်မည် ပြုစဉ်မှာ ပင် …

“ဉာဏ်ထူး … နေဦး”

ခပ်မာမာခပ်တင်းတင်းတားလိုက်သော ဆရာ့စကားကြောင့် ဉာဏ်ထူးခြေအစုံကို တန့် လိုက်ကာ …

“ဆရာဘာခိုင်းစရာရှိသေးလို့ လဲ ”

ဉာဏ်ထူးစကားကြောင့် ဆရာက ခေါင်းယမ်းသည် ။ နောက် …

“ မင်းကို ဒီမေးခွန်း ဘောမှာ ဘယ်သူရေး ခိုင်းတာလဲ ”

“ဗျာ … ဆရာရေး ခိုင်းတာလေ ”

ကြောင်အအဖြင့် ဉာဏ်ထူးပြန်ဖြေလိုက်သည် ။ သို့ သော် …

“ငါက … ငါမရေး ခိုင်းပါဘူး ။ မင်းကို ဘယ်သူပြောလဲ ”

ဉာဏ်ထူးစိတ်ထဲတွင် ထင့်သွားသည် ။ ကမန်းကတန်းပင် အခန်းနောက်ဆုံးဆီ မျက်လုံးဝေ့ကြည့်လိုက်တော့ ကံထူးနှင့် ဇွဲထူးရှိမနေတော့ ။ သွားပြီ ၊ သူခံလိုက်ရပေပြီ ။

“ ဒီမေးခွန်းကို ငါရေး ခိုင်းတယ်လို့ မင်းကိုဘယ်သူပြောလဲ ”

သူ့ မှာ ချက်ချင်း လက်ငင်းဖြေစရာစကားမရှိပါ ။ ထို့ ကြောင့် မျက်လုံးပြူးလေးနှင့် ပဲ ရှိနေစဉ်မှာပင် …

“ ဆရာ … ကျွန်တော် တို့ သိချင်ပါတယ် ။ ဒီသီအိုရီကိုပြောပြပါ ”

“ဟုတ်တယ်ဆရာ … ကျွန်တော် တို့ ကိုပြောပေးပါ ”

ကျောင်းသားတွေ ဆီမှ အသံထွက်လာသည် ။ ဉာဏ်ထူးရင်တွေ တဒိုင်းဒိုင်းခုန်ကာ ဒူးတွေ ပင် တဆတ်ဆတ်တုန်ကုန်ပါ ၏ ။ဆရာက သူ့ ကို အဓိပ္ပာယ်ပါပါတစ်ချက်ကြည့် သည် ။ ပြီး …

“ကဲ … သိချင်တဲ့သူတွေ ကတော့ မေးနေပြီ ။ မင်းမေးခွန်းကို မင်းပဲဖြေပေးလိုက် တော့ ”

“ဗျာ … ဆ … ဆရာ … ကျွန်တော် မသိ …”

“မလိမ်ချင်စမ်းပါနဲ့ ကွာ … မင်းပြောပြချင်လို့ ဒီမေးခွန်းကိုဘောမှာ ရေး လိုက်တာမလား ။ ဟိုမှာ ၀ိုင်းအော်နေပြီ … ဖြေပေးလိုက် ”

ဆရာဦးကိုကိုအောင်စကားအဆုံး အမှန်တကယ်ပင် အခန်းထဲ ၌ ဆူညံ သွားပါ ၏ ။ ကျောင်းသားတွေ ပင်မဟုတ် ၊ ကျောင်းသူတွေ မှာ လည်း ဣနြေ္ဒဆည်နေရသော ကြောင့် သာ ငြိမ်နေပုံရသည် ။ သူမတို့ လည်း သူမတို့ ၏ လမ်းလျှောက်နည်းသီအိုရီကို သိချင်ကြသည့်ဟန်မှာ အထင်းသား ပေါ်လွင်နေပါ ၏ ။

ဉာဏ်ထူး ချွေးတွေ ပင်ပျံလာပါပြီ ။ စိတ်ထဲမှလည်း ကံထူးနှင့် ဇွဲထူးကို ပက်ပက်စက်စက် မေတ္တာပို့ နေသည်မှာ ဆဲနည်းပေါင်းမျိုးစုံသွားသည် ။ ပြီး ဒီကောင်တွေ ဘလိုင်းကြီးပါလားလို့ လည်း တွေးမိပါ ၏ ။

“ဘယ်လိုလဲ … ဖြေလေကွာ … ဘာကြောင်ကြည့်နေတာလဲ ”

ဆရာဦးကိုကိုအောင်မှာ သူ၏ ချစ်သဲညှာအတွက် တော် တော် ဘ၀င်မကျ ဖြစ်နေပုံရသည် ။ ထို့ ကြောင့် အတင်းကိုဖြေခိုင်းနေပါ ၏ ။ ဒါမှ လည်း မှန်မမှန် ချိန်ထိုးကြည့်လို့ ရမည် မဟုတ်ပါလား ။

ဉာဏ်ထူးမှာ တော့ အတွေးတွေ ရှုပ်ယှက်ခတ်ကာ ဖြစ်နိုင်စရာ အဖြေကမတွေ့ ။ ဒါပေမယ့် ဉာဏ်ကိုအဓိကအားကိုးသည့် ဉာဏ်ထူးပဲ လေ ။ တစ်ခန်းလုံးရှေ့မှာ တော့ အလွတ်ကြီးအရှက်ကွဲမခံ ။ ဒီတော့ -

“ဆရာ … ကျွန်တော် တစ်ခုတောင်ဆိုချင်ပါတယ် ”

ဉာဏ်ထူးစကားကြောင့် ဆရာမျက်မှော င်ကြုတ်သွားကာ လေသံခပ်အေးအေးဖြင့် …

“ဘာတောင်းဆိုချင်လို့ လဲ ”

“ကျွန်တော့်  ကို အချိန်နည်းနည်း ပေးပါဆရာ ။ ဘာ ဖြစ်လို့ လဲဆိုတော့ ဒီသီအိုရီက လက်တွေ့ ကျကျအချိန်ယူပြီး ကြည့်ရှု ဆုံးဖြတ်ရမှာ မို့ လို့ ပါ ။ ဒီလို သီအိုရီမျိုးက မိန်းကလေး တစ်ယောက် တည်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးလေ ”

“အို”

ကျောင်းသူတွေ ဘက်ခြမ်းမှ ရှက်သွေးဟဟသံတွေ တိုးညည်းကုန်သည် ။

“မိန်းကလေးအတော် များများ ကို အချိန်ယူလေ့လာပြီးမှ တူညီရာတူညီရာတွေ ကို ပျမ်းမျှပြုပြီး သီအိုရီထုတ်ရမှာ ဆိုတော့ အချိန်နည်းနည်း လောက်ပေးမှ ဖြစ်မယ်ထင်ပါတယ် ”

ဉာဏ်ထူးစကားကြောင့် ဆရာကတစ်ခုခုကို စဉ်းစားသွားသလို မျက်မှော င်ကြုတ်သွားသည် ။ ပြီး နားမလည်သလိုဖြင့် …

“အတိအကျမရှိဘဲနဲ့  ဘာလို့ မင်းက ဘယ်သူကဖြင့် လမ်းလျှောက်တာ သီအိုရီမှားနေတယ် … ဘယ်သူကဖြင့် သီအိုရီနဲ့ မညီဘူး ပြောရတာ လဲ ”

“ဗျာ … ”

ဒီစကားကိုလည်း ဉာဏ်ထူးနားမလည်ပါ ။ ဒါပေမယ့် ဟိုနှစ် ကောင်၏ ချောက်တွန်းမှုကိုတော့ မစဉ်းစားဘဲသိလိုက်သည် ။ ဒီလိုဆိုတော့လည်း …

“အဲဒါက ကျွန်တော် အပ်ါယံသဘောလောက်ကိုပဲ ကြည့်ပြီး ပြောတာပါ ။ တိတိကျကျသိဖို့ ဆိုရင်တော့ အချိန်နည်းနည်း ယူရပါမယ် ”

ဟုတ်တာမဟုတ်တာ ၊ ရတာ မရတာ အသာထား ။ အခုလောလောဆယ် အဆင်ပြေရေး ကို ဉာဏ်ထူးအသည်းအသန် ကြိုးပမ်းလိုက်သည် ။

သူ့ စကားကြောင့် ဆရာစဉ်းစားဟန်တစ်ချက်ပြုကာ …

“ မင်းက အချိန်ဘယ်လောက်ယူချင်လို့ လဲ ”

“သိပ်အများ ကြီး မဟုတ်ပါဘူး … နောက်အပတ်လောက်ဆို ရင် ရပါပြီ ”

ဆရာက သူ့ အား သေသေချာချာကြည့်၍ …

“သီအိုရီ တကယ်ထွက်မှာ လား … ”

“ထွက်လောက်ပါတယ် ”

“ဟုတ်ပြီ … အဲဒါဆိုရင် နောက်အပတ်စနေနေ့ မှာ ပဲ ဒီမေးခွန်းရဲ့ အဖြေကိုလိုချင်တယ် ”

ဉာဏ်ထူးခေါင်းညိတ်ပြလိုက်ကာ .. .

“ကဲ … အဲဒါဆို အခန်းထဲကကျောင်သားတွေ အားလုံး နောက်အပတ်စနေနေ့ မှာ ဒီမေးခွန်းရဲ့ အဖြေကိုသိရမယ်တဲ့ ။ ဘယ်လိုလဲ လက်ခံလား ”

“လက်ခံပါတယ် ”

ထိုအသံမှာ တစ်ကျောင်းလုံးသို့ ဟိန်းသွားသည် ။

ဆရာ့အတန်းချိန်ပြီးတော့ ဉာဏ်ထူးအခန်းထဲမှထွက်ခဲကာ ကံထူးနှင့် ဇွဲထူးကို တစ်ကျောင်းလုံးအနှံ ပတ်ရှာတော့သည် ။ ဉာဏ်ထူးပဲ ကံဆိုးသည်လည်း သူတို့ နှစ် ယောက် ပဲ ကံကောင်းသည်လား မသိ ၊ တစ်ကျောင်းလုံး ရှာမတွေ့ တော့ ။ အခြေအနေအားလုံးကို ကြိုတင်တွက်ဆကာ Stay ရှောင်သွားပုံ ရပါ ၏ ။

ဒါနဲ့ ဉာဏ်ထူးလည်း အတန်းချိန်ပြီးသည်အထိမနေတော့ဘဲ ဇွဲထူးအိမ်သို့ လိုက်သွားလိုက်သည် ။ ဇွဲထူးအိမ်တွင် ရှိမည် ဟု တွက်ဆမိသော ကြောင့် ဖြစ်ပါ ၏ ။ သူ့ စိတ်ကူး မှန်သည်ပြောရမည် ။ အိမ်ဧည့်ခန်း၌ ထိုင်ကာ နှစ် ယောက် သား ဂိမ်းကစားနေသည်ကို တွေ့ ရပါ ၏ ။

ဉာဏ်ထူး ကပျာကရာပင် အိမ်ထဲဝင်သွားလိုက်ပြီးသည့် နောက်

“ဘုန်း … ဘုန်း …”

လက်ဝါးနှင့် နားရင်း မိတ်ဆက်သံနှစ် ချက်က ဆက်တိုက်ဆိုသလိုထွက်သွားသည် ။ ကံထူးနှင့် ဇွဲထူးတော့မသိ ၊ ဉာဏ်ထူးမှာ တော့ လက်ဝါးပင်ကျဉ်သွားသည် ။ ဒေါသရှိန်ပြင်းထန်သော အကြည့်တွေ ၀ုန်းခနဲ ထကြွလာသော်လည်း ဉာဏ်ထူးကိုမြင်ပြီးသည့်နောက် …

“ခွေးသားတွေ … မင်းတို့ ယုတ်မာလှချည်လား ”

“အောင်မာ … အယုတ်တမာက ပြောရသေးတယ် ”

“မင်းတို့ ဘာကိစ္စငါ့ကို ချောက်တွန်းရတာ လဲ ”

“မင်းအတိုင်းပဲပေါ့ ”

အပြန်အလှန်စကားတို့ ကြောင့် ဉာဏ်ထူးတွေ ဝေသွားရကာ …

“ငါ့အတိုင်းပဲ … ငါကမင်းတို့ ကို ဘယ်မှာ ချောက်တွန်းလို့ လဲ ”

သူ့ စကားကြောင့် ကံထူးနှင့် ဇွဲထူး တို့ က သူ့ ကိုမသတီသလို ၀ိုင်းကြည့်ရင်း …

“မင်းကိုမင်းမသိဘူးလား … မနက်စောစောစီးစီး သူများ ကို မကောင်းကြံတာ ။ ငါတို့ လုပ်တာ နည်းတောင်နည်းသေးတယ် ”

“ဘာ … ”

ဉာဏ်ထူးအံ့သြသွားသည် ။ ချက်ချင်း ပင် မနက်က ၀သန်နှင့် သူဖုန်းပြော ဖြစ်သည့်ကိစ္စကိုလည်း ပြန်မြင်ယောင်မိပါ၏ ။

“ဒါဆို မင်းတို့ မနက်က … ”

“အေး … မင်း ၀သန့် ဆီမှာ အမှတ်ယူပြီး ငါတို့ နှစ် ယောက် ကို ချောက်တွန်းလိုက်တာတွေ အကုန်လုံး ငါရောဇွဲထူးရောကြားတယ် ”

တိုက်ဆိုင်သွားသော အခြေအနေတစ်ရပ်ကို ဉာဏ်ထူးအပြစ်မတင်မိတော့ပါ ။

“သြော် … အဲဒါကြောင့် မင်းတို့ က အကြွေးကို အကြေပြန်ဆပ်တယ်ပေါ့ ”

သူ့ စကားကြောင့် ဇွဲထူးက ကံထူးကို ပြုံးယောင်ယောင်တစ်ချက်ကြည့်ရင်း …

“မရည်ရွယ်ပါဘူးကွာ … ဒါပေမယ့် ငါတို့ ဆပ်တာ အတိုးပဲ ရှိသေးတယ် ။ အရင်းကျန်သေး တယ် ”

“ဘာ … အရင်းကျန်သေးတယ် ။ ဘာအရင်းလဲ ”

သူ့ အမေးကို နှစ် ယောက် စလုံး ပြန်မဖြေပါ ။ သူ့ ကို မချိုမချဉ် ပြန်ကြည့်ရင်း ….

“ဒါ ကတော့ သိပ်မကြာခင်မင်းသိလာမှာ ပါ ။ ကိုယ့်ရှူးကိုယ်ပတ်တယ်ဆိုတဲ့စကားလည်း ရှိတာပဲ ”

ဉာဏ်ထူးနားမလည် ။ ဒါပေမယ့် ကံထူးနှင့် ဇွဲထူး ကတော့ သူ့ ကိုအရေး မလုပ်တော့ဘဲ တီဗွီဂိမ်းကိုသာ ဆက်ကစားနေလေတော့သည် ။

အပြန်လမ်းတွင် ဉာဏ်ထူးစဉ်းစားမိပါ ၏ ။

မိန်းကလေးတွေ ဘယ်သီအိုရီနဲ့ လမ်းလျှောက်တာလဲ ။ သီအိုရီသီးသန့် ရှိလား ။ ဒါမှမဟုတ် ဘာသာရပ်တစ်ခုခုနဲ့ ဆက်နွယ်နေမည့်  သီအိုရီလား ။

သူ မတွေးတတ်ပါ ။ ဒါပေမယ့် ဉာဏ်ထူးဆိုသည့်အတိုင်း ဉာဏ်ကိုတော့ အားကိုးရပေမည် ။

မိန်းကလေးတွေ ကိုသွားပြီး …

“ခင်ဗျားတို့ ဘာသီအိုရီနဲ့ လမ်းလျှောက်လဲ ” ဆိုပြီးမေးလို့ ကောင်းမည် မဟုတ် ။ မေးလို့ ကောင်းသည့်တိုင်အောင် သူလို ချင်သည့ အဖြေမျိုးရအံ့မထင် ။

အကြောင်းကား ဘယ်မိန်းကလေးမှ မိမိလမ်းလျှောက်တာ သီအိုရီ ရှိမရှိ စူးစမ်းဖူးဟန်မထင် ။ ဒီတော့ကား …

ဉာဏ်ထူး တစ်ယောက် အကြံအိုက်စွာ ခေါင်းကုတ်မိလေတော့ သည် ။ စိတ်ရှုပ်ရှုပ်ဖြင့် ဖိကုန်လိုက်သည်ကြောင့် ဦးရေဖျားမှာ အနည်းငယ်စပ် သွားပါ ၏ ။ ဘာမှတော့မဆိုင် ။ ဒါပေမယ့် ဉာဏ်ထူးပြုံးမိသည် ။

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသည်ဟူသော နယူတန် ၏ နိယာမနှင့် သွားတိုက်ဆိုင်နေသည်မဟုတ်ပါလား ။

*

(d)

ဉာဏ်ထူး အတွေးတွေ တစ်လှေကြီးဖြင့် ဆရာဦးခန့် နောင်ဆီပြေးရတော့သည် ။ မတတ်နိုင် ။ ကိုယ်ကိုယ်တိုင်မှ မလေ့လာနိုင်တာ ဆရာ့ကိုပဲ အားကိုးရပေတော့မည် ။

လမ်းမှာ တွေ့ သမျှမိန်းကလေးတွေ ကိုလည်း စိတ်ရှုပ်ရှုပ်ဖြင့် ကြည့်မိပါ ၏ ။ စိတ်ပဲမကြည်လင်လို့ လား ၊ မျက်လုံးတွေ ပဲ မဝေခွဲတ်လို့ လားမသိ ။ စာတင်လောက်သည့် သီအိုရီမတွေ့  ။

ဒီလိုနှင့် ပဲ ဦးတည်ရာ ဆရာဦးခန့် နောင်အိမ်ရှေ့သို့ ရောက်လာပါသည် ။ဉာဏ်ထူးခြံတံခါး ဆွဲဖွင့်၍ ၀င်လိုက်စဉ်မှာ ပင် ကြားလိုက်ရသော ရယ်သံလွင်လွင်ကြောင့် …

“၀သန် ”

ဉာဏ်ထူး ရင်တစ်ချက်ဆောင့်ခုန်သွားကာ အိမ်ဆီမှ ၀သန့် အငွေ့ အသက်အချို့ ကိုရလိုက်သည် ။ သူပျော်သွားသည်လား မသိပါ ။ ဆရာ့ဆီလာခဲ့သည်မှာ လည်း မှန်သွားပြီဟု တွေးမိပါ ၏ ။

အိမ်ဆင်ဝင်အောက်ကိုကျော်ကာ ဖိနပ်ချွတ်ရာဆီရောက်တော့ ၀သန်နှင့် ပတ်သက်သော ရင်ခုန်နေကျအတိုင်း ဖိနပ်လေးကို တွေ့ မိတော့ ရင်ခုန်မိပါ ၏ ။ နောက် ဧည့်ခန်းထဲသို့ သူခြေချလိုက်စဉ်မှာ ပင် …

“ဟာ … ဉာဏ်ထူး … လာ …”

ဆရာဦးခန့် နောင်က တအံ့တသြ ဆီးကြိုသည် ။

“ဟယ် … ဉာဏ်ထူး ”

မျှော်လင့်ရာဆည်းလည်းသံလေးက နောက်မှကပ်ပါလာပါ ၏ ။

ဉာဏ်ထူးအပျော်စိတ်တို့ ဖြင့် နှစ် ယောက် စလုံးကို ပြုံးပြလိုက်သည် ။

“နင် ဆရာ့ဆီလာလည်တာလား ”

“အေး … မေးစရာလေးနည်းနည်း ရှိလို့ ”

“သြော် … ”

ဝသန်၏ ‘ သြော် ’ လေးက ချစ်ဖို့ ကောင်းနေသည် ။

“ဒါနဲ့ ဒီနေ့ ကျောင်းဖွင့်ရက်ပါ ။ နင်ကျောင်းမသွားဘူးလား ”

“အေး … ဒီနေ့ ငါ့အဖေမွေးနေ့ ရှိလို့ ကျောင်းမသွားတာ ။ ဆရာ့အိမ် မရောက်တာလည်း ကြာပြီဆိုတော့ မုန့် လာပို့ ရင်းနဲ့ လာလည်တာလေ ။ တော် သေးတယ် … ငါပြန်တော့မလို့ ”

ထိုစကားကြောင့် ဉာဏ်ထူး အကြံတစ်ခုရသွားသည် ။

“ခဏနေဦးလေဟာ … ငါပြန်လိုက်ပို့ ပေးမယ် ။ ဒီမှာ ငါဆရာ့ကို သိချင်တာလေးနည်းနည်း မေး လိုက်ဦးမယ် ”

“ဘာလဲကွ … ကံ ၊ ဉာဏ် ၊ ၀ီရိယမှာ ဘယ်ဟာအရေး ကြီး ဆုံးလဲ ဆိုတဲ့မေးခွန်းလား ”

ဆရာ့စကားကြောင့် ဉာဏ်ထူးရယ် ဖြစ်သည် ။ ဆရာလည်း သဘောတကျလိုက်ရယ်ပါ ၏ ။ဉာဏ်ထူးဝသန့် ဆီတစ်ချက်ကြည့်လိုက်ရင်း …

“၀သန် ခဏဟာ … ငါဆရာနဲ့ စကားနည်းနည်း ပြောချင်လို့ ”

“ပြောလေ …”

ဝသန်က ပုံမှန်အတိုင်း ပြန်ပြောသည် ။

“ မဟုတ်ဘူး … ဟို … ဟိုလေဟာ … ငါပြောမှာ က နင်နားထောင်လို့ သိပ်မသင့်လို့ ”

“ဟေ …”

“ဟင် …”

ဆရာဦးခန့် နောင်ရော ၊ ၀သန်ပါ သူ့ စကားကို အံ့သြသွားကာ

“ဟ … ငါ့တပည့်က ဘာတွေ များ မေးမှာ မလို့ လဲ ”

ဆရာက ရယ်ကျဲကျဲနှင့် မေးသလို …

“ဉာဏ်ထူး … နင်ဘာတွေ ပေါက်ကရလုပ်ဦးမလို့ လဲ ”

ဝသန်က ခပ်ဖြီးဖြီးနှင့် နောက်သည် ။

“မဟုတ်ပါဘူးဟာ … ငါသီအိုရီတစ်ခု ကိုမေးချင်လို့ ပါ ”

သူ့ စကားကြောင့် ၀သန်က မသင်္ကာသလို သူ့ ကို တစ်ချက်ကြည့်ရင်း …

“ပြီးရောလေ … ဒါဆိုလည်း ငါခြံထဲမှာ ပန်းပင်တွေ ကို ကြည့်ရင်းနဲ့ စောင့်နေမယ် ”

“အေး … အေး ”

ဝသန် ခြံထဲသို့ ဆင်းသွားသည် ။ သည်တော့မှ ဉာဏ်ထူးလည်း …

(၁၅) မိနစ်လောက် ကြာသွားမည် ထင်သည် ။

“ မင်း သေသေချာချာ လေ့လာချင်တယ်ဆိုရင်တော့ ဆရာ E – mail လိပ်စာ ပေးလိုက် မယ် … သွားဖွင့်ကြည့်လိုက် ။ မင်းပြောတာနဲ့ ဆိုင်မယ်ထင်တာပဲ ”

“ ဟုတ်ကဲ့ ဆရာ … ကျေးဇူးပဲ ”

ထို့ နောက် ဉာဏ်ထူး ဆရာပေးသော လိပ်စာကို ကူးလိုက်သည် ။ ထိုစဉ်မှာ ပင် …

“ဉာဏ်ထူး မပြီးသေးဘူးလား … ငါပြန်ချင်ပြီ ”

ခြံထဲမှ လှမ်းအော်သော ၀သန့် အသံကြောင့် …

“အေး … အေး … ပြီးပြီ ”

ဉာဏ်ထူးပြန်အော်ကာ ဆရာ့ကို နှုတ်ဆက်၍ အိမ်ထဲမှ ထွက်ခဲ့တော့သည် ။

နောက်တော့ …

*

လေတစ်ချက်အဝေ့တွင် သင်းခနဲ ကျီစယ်လိုက်သော ရှန်ပူရနံ့ ကြောင့် ဉာဏ်ထူးလက်ဖ၀ါးတွေ အေးစက်သွားသည် ။ ဉာဏ်ထူးရင်တွေ ပရမ်းပတာခုန်နေပါ ၏ ။

ဘေးချင်းယှဉ်လျှောက်ကာ သူမတက်နေသော ဆေးတက္ကသိုလ် အကြောင်းကို အားပါးတရပြောနေသော ၀သန့် မျက်နှာလေးက တစ်နှစ် ခွဲအရွယ် သူငယ်လေး တစ်ယောက် လို အပြစ်ကင်းနေသည် ။ ဉာဏ်ထူး ကြည့်နေ ရင်းနှင့် ပင် စိတ်တို့ မထိန်းနိုင်အောင် ဖြစ်လာရသည် ။

ဝသန် ကတော့ မူပျက်နေသော သူ့ အ ဖြစ်ကို သိမည် မဟုတ် ။ ဒီအချိန်သည် ဖွင့်ပြောရန်အကောင်းဆုံး အချိန်ဆိုတာ သူသိသည် ။ ကံထူးနှင့် ဇွဲထူး ကို ပါးပါးလေးပုတ်ထားသည့်အတွက် အခုလိုအချိန်မှာ ပြိုင်ဘက်က သူတစ်ဦးသာ ။

ရှေ့တစ်ကွေ့ ကျော်လျှင် လမ်းမပေါ်သို့ ရောက်ပေပြီ ။ ဒီလိုဆို လျှင် ဖွင့်ပြောရန် သိပ်အဆင်မပြေတော့ ။ ဒီတော့ …

“၀ …. ၀သန် ”

စကားတို့ ထစ်ငေါ့စွာ ထွက်သွားသည် ။

ဝသန်က ဘာလဲဟူသော သဘောဖြင့် လှည့်ကြည့်ကာမေးငေါ့ပြပါ ၏ ။ ဉာဏ်ထူးစိတ်ကို အတတ်နိုင်ဆုံး စုစည်လိုက်ကာ ရဲရင့်မှုကို အရောင် တင်လိုက်ရင်း …

“ငါ … ငါလေ … နင့်ကို …”

“ဟယ် … ဒီမှာ လှတယ်ဟေ့ ”

“အန် ”

ပြောအံ့ဆဲဆဲစကားတွေ ဘယ်ရောက်ကုန်သည်မသိ ။ ဘာမဆိုင်ညာမဆိုင် ဘာမှမဟုတ်သည့် ခဲတစ်လုံးကို ကုန်းကောက်ကာ လှတယ်လုပ်နေသော ၀သန့် ကိုလည်း တော် တော် မချင့်မရဲ ဖြစ်သွားသည် ။

ဒါပေမယ့် ဦးတည်ချက်ကို မရမကပြန်ယူလိုက်ရင်း …

“ငါနင့်ကို …”

“တကယ်လှတယ်ဟ … နော် ။ ဒီမှာ အကျားအကျားလေးတွေ တောင်ပါသေးတယ် ”

ရယ်ချင်ပက်ကျိမျက်နှာပေးဖြင့် တမင်လုပ်ပြောနေသော ၀သန့် ပုံစံကြောင့် …

“၀သန် … မနောက်နဲ့ ဟာ … ငါနင့်ကို တကယ် … ”

“ချစ်စရာလေးဟာ ဘာကျောက်အမျိုးအစားလဲ မသိဘူး ”

ဉာဏ်ထူးလုံးဝကို မခံမရပ်နိုင် ဖြစ်သွားရက …

“၀သန် ”

သူအော်သံက တော် တော် ကျယ်သွားသည် ။ ၀သန်က သူ့ ကို မချိုမချဉ်ပြန်ကြည့်ရင်း …

“ဘာလဲ ”

“ငါအတည်ပြောမလို့ ဟာ … မနောက်နဲ့ ”

ခပ်တည်တည်ပြောသော သူ့ ပုံစံကြောင့် ၀သန့် မျက်နှာအနည်းငယ် ငြိမ်သွားကာ သူ့ ကိုသေချာ ပြန်ကြည့်ရင်း …

“ဘာလဲ … နင်ငါ့ကို ရည်းစားစကားပြောမလို့ လား ”

သူ မညာချင်ပါ ။

“ဟုတ်တယ် ”

ခုနထက်နက်ရှိုင်သော အကြည့်တစ်စုံ သူ့ မျက်ဝန်းတည့်တည့်သို့ ထိုးဖောက်လာသည် ။ သူတို့ နှစ် ဦး တစ်ယောက် ကို တစ်ယောက် ခပ်ကြာကြာကြည့်မိကြသည် ။

ဒါပေမယ့် ၀သန့် မျက်ဝန်းထဲမှာ ရင်ခုန်ရိပ်သန်းနေသော တစ်စုံ တစ်ရာမတွေ့  ။ နောက် ၀သန်က သက်ပြင်းတစ်ခုကို ချရင်း …

“နင် ရည်းစားစကားပြောဖို့ ဆိုရင်တော့ အခုမပြောနဲ့ ဦး ။ လာမယ့် တနင်္ဂနွေနေ့ ညနေလေးနာရီ ငါအင်းယားကန်ဘောင်ပေါ်မှာ ရှိတယ် ။ အဲဒီ တော့မှပြော ”

ဘုရားရေ … ဒါသူ့ ကို ၀သန်ကချိန်းတာလား ။ အဲလောက်ထိတော့ သူ့ ဇာတာ မတက်တတ်ကောင်း ပေ ။ ဒါပေမယ့် …

“ဒါ … ဒါဆို ငါတို့ နှစ် ယောက် တည်း ကန်ဘောင်မှာ တွေ့ မှ ပြောရမှာ ပေါ့ ”

ဝသန်က ခေါင်းညိတ်ပြသည် ။ ‘ ဟေး ’ ခနဲ ထအော်မိမတတ် ဖြစ်သွားပြီးနောက် ။

သေချာပြီ ။ သူဇာတာတွေ ၊ စန်းတွေ မတရားတက်နေပေပြီ ။

သို့ သော် ပျော်လို့ မှမဆုံးသေး ။

“ကံထူးနဲ့ ဇွဲထူးလည်း ရှိနေလိမ့်မယ် ”

“ဘာ ”

အပျော်လှိုင်းတွေ လျှပ်ပြက်သလို ပျောက်သွားက နားမလည် စွာ ဖြင့် …

“ဒီ … ဒီကောင်တွေ က ဘာလုပ် …”

“သူတို့ လည်း ငါ့ကိုရည်းစားစကားပြောမှာ လေ ။ နင်ပေးတဲ့ အကြံအတိုင်း ငါသူတို့ နှစ် ယောက် ကို အချိန်သတ်မှတ်ပေးလိုက် တာ ”

“ဘာ ”

“ဟုတ်တယ် … လာမယ့် တနင်္ဂနွေနေ့ ညနေ လေးနာရီ အင်းယားမှာ သူတို့ နှစ် ယောက် တည်း ငါ့ကို ရည်းစားစကားပြောလိမ့်မယ် ။ နင်ပါပါရင် သုံးယောက် ပေါ့ ”

ဉာဏ်ထူးစကားမပြောနိုင်လောက်အောင်ကို ဆွံ့ အသွားလေသည် ။

“သူတို့  ကတော့ နင့်အကြံအတိုင်း ကံနဲ့ ဝီရိယပေါ်ကို အခြေခံပြီး Propose လုပ်မှာ ။ အဲတော့ နင်လည်း သူ တို့ အတိုင်းလုပ်နိုင်အောင် ကြိုးစားထားပေါ့လေ ။ ဒါ နင်ကိုယ်တိုင်ပေးတဲ့ အကြံပဲ မဟုတ်ဘူးလား ”

ဉာဏ်ထူး မလှုပ်မယှက် ဆွံ့ အငြိမ်သက်သွားစဉ်မှာ ပင် ၀သန်မှာ သူ့ ဘေးမှ ထွက်ခွာသွားလေတော့သည် ။ ယခုမှ ကံထူးနှင့် ဇွဲထူး ပြောသော ‘ ကိုယ့်ရှူးကိုယ်ပတ်တယ် ’ ဟူသော စကားကို နားလည် သွားပါ ၏ ။တကယ့်ကို ‘ ကိုယ့်ရှူးကိုယ်ပတ် ’ သွားတာပါ ။

ခုနတက်သည်ဆိုသော ဇာတာတွေ ဘယ်ထောင့်ကပ်သွားသည် မသိ ။ အခုမှပဲ သူ၏ ကံမှာ ဂြိုလ်တိုင်အောက်ဆုံးရောက်နေမှန်းသိလိုက် ရတော့သည် ။

အခုတော့ သူ့ မှာ စဉ်းစားစရာ နောက်တစ်ခုတိုးလာပေပြီ ။ စနေနေ့ မှာ က မိန်းကလေးတစ်ယေက်၏ လမ်းလျှောက်နည်း သီအိုရီ ။ တနင်္ဂနွေနေ့ မှာ က ဉာဏ်ကို အခြေခံထားသည့် ချစ်ရေး ဆို Propose ။

“ဟူး …”

ဟီးနိုးကားကြီးတစ်စီး အရမ်းကာရော ဘရိတ်ကို ခပ်ပြင်းပြင်း ဆောင့်အုပ်လိုက်သည် ။

လေ ၊ ဖုန်နှင့် မီးခိုးတွေ ကန်ထွက်ကုန်ပါ ၏ ။

အမှန်က ဉာဏ်ထူးသက်ပြင်းချလိုက်ခြင်းသာ ။

*

(e)

ဘယ်ကလေက၀လက်ချက်လဲမသိ ၊ အခန်းထဲဝင်ဝင်ချင်းမှာ ပင် ကျောက်သင်ပုန်းမှာ စာတစ်ကြောင်းက ဆီးကြိုနေပါ ၏ ။( ‘က၀ ’ ဆိုတာ တော့ ပဲခူးတိုင်းအတွင်းမှ မြို့ ငယ်တစ်မြို့  ဖြစ်မှန်းသိသည် ။ ‘ကလေ’ ဆိုတာ ကိုတော့ မသိ ။ ဒါပေမယ့် ထိုအနီးအနားက ရွာနီးစပ်တစ်ခု ဖြစ်မည် ဟု တွေးမိသည် ။ ဘာပဲပြောပြော ‘ကလေက၀’ ဆိုတာ ပဲခူးသားဟု လွယ်လွယ်ခန့် မှန်းမိပါသည် ။)

ယခုလည်း ကျောက်သင်ပုန်းတွင် ရေး ထားသော စာက ပဲခူးသား တစ်ဦးဦး၏ လက်ချက်ပင် ဖြစ်ရပေမည် ။ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသော အခန်းထဲမှ မျက်လုံးတွေ ကို ဥပေက္ခာပြု၍ ဉာဏ်ထူးခပ်တည်တည်ပင် နောက်ဆုံးအတန်း၌ ၀င်ထိုင်လိုက်ပါ ၏ ။ကံထူးနှင့် ဇွဲထူးက ရောက်မလာသေး ။

မကြာပါ ။

အခန်းထဲသို့ ဆရာဦးကိုကိုအောင် ၀င်လာလေသည် ။ အခန်းထဲရောက်ချင်းပင် ဦးကိုကိုအောင်၏ အကြည့်တွေ က တစ်ခန်းလုံးဝဲသွားသည် ။ နော် ဉာဏ်ထူးဆီအရောက်တွင် အကြည့်လမ်းကြောင်းမှာ ရပ်တန့်  သွားပါ ၏ ။ကံထူးနှင့် ဇွဲထူး ပြောပြချက်များ အရ ဦးကိုကိုအောင် သိချင်စိတ်တွေ မည် မျှ ဖြစ်ထွန်းနေမည် ဆိုတာ ဉာဏ်ထူးသဘောပေါက်သည် ။ ဆရာမ ဒေါ်ဝေေ၀လွင် လမ်းလျှောက်ပုံကိုလည်း ဉာဏ်ထူးအတွေးမှန်ခဲ့လျှင် ဦးကိုကိုအောင် သေချာကြည့်ထားပေမည် ။ ဉာဏ်ထူးသာ သီအိုရီထုတ်ပေးနိုင်ပါက ချက်ချင်း ပင် လမ်းလျှောက်ပုံ သီအိုရီ မှန်မမှန် စိတ်မှန်းဖြင့် ချိန်ထိုးတွက်ဆကြည့်မည့်  သဘောရှိသည် ။

နောက် ဦးကိုကိုအောင်က ကျောက်သင်ပုန်းတွင် ရေး ထားသော စာကို သေချာကြည့်သည် ။ ထိုစာက အရင်တစ်ပတ်က ဉာဏ်ထူးကိုယ်တိုင်ရေး ခဲ့သော အခုတစ်ပတ်ပဲခူးသား၏ လက်ရာ ။

မိန်းကလေးတွေ လမ်းလျှောက်တဲ့အခါ ဘာသီအိုရီကို

အသုံးပြုသလဲ ?

ပြီးတော့ ဆရာက ဉာဏ်ထူးကိုကြည့်ကာ မြေဖြူထောင်ပြပါ၏ ။ လာဖြေတော့ဆိုသည့်သဘော ။ ဉာဏ်ထူး ထိုင်ရာမှထ၍ အတန်းရှေ့လျှောက်သွားလိုက်သည် ။ တစ်ခန်းလုံးလည်း ရုန်းစုရုန်းစု ၊ ကျွတ်စီကျွတ်စီ ဖြစ်ကုန်ကြပါ ၏ ။

ဉာဏ်ထူးအတန်းရှေ့ရောက်သွားစဉ်မှာ ပင် ဦးကိုကိုအောင်က

“ဘယ်လိုလဲ … ရပြီလား …”

“ဟုတ်ကဲ့ဆရာ … ရပါပြီ”

ဆရာ့မျက်နှာ ပြုံးယောက် သန်းသွားသည် ။

“ဟုတ်ပြီ … အဲဒါဆို လုပ်စမ်းပါဦး ကြည့်ရအောင် ”

ပြီးနောက် ဆရာက ကျောင်းသားတွေ ဘက်လှည့်၍ …

“ဒီအဖြေကို မသိချင်တဲ့လူရှိလား”

“မရှိပါဘူး … မရှိပါဘူး…”

ဟိန်းထွက်သွားသော ကျောင်းနေဖော်သူငယ်ချင်းတွေ ၏ အသံကြောင့် ဉာဏ်ထူးအားတက်သွားကာ ဆရာ့ကိုကြည့်သည် ။ ဆရာက မိန့် မိန့် ကြီး ပြုံး၍ ဘောကိုလက်ပြပါ ၏ ။

ဉာဏ်ထူး ဆရာ့လက်ထဲမှ မြေဖြူကိုယူကာ မေးခွန်းအောက်တည့်တည့်၌ ဤသို့ ရေး လိုက်သည် ။

“ A sinusoidal vibrations is known as Simple Hormonic Motion”

နောက်ပုံတစ်ပုံပါ အောက်တွင် ဆွဲပြလိုက်သည် ။

Cover

ပြီးတော့ တစ်ခန်းလုံးဘက်သို့ ဉာဏ်ထူးလှည့်၍ …

“မိန်းကလေး တစ်ယောက် လမ်းလျှောက်တာသည် Simple Hormonic Motion (SHM) သီအိုရီနဲ့ လျှောက်တာ ဖြစ်ပါတယ် ”

“ဟေး ….”

ဉာဏ်ထူးအဖြေကို ကျောင်းသားတွေ ၀ိုင်းအားပေးကြသည် ။ အချို့ ကလည်း ဘာကြောင့် နည်းဟူသော မျက်လုံးအကြည့်တွေ ဖြင့် ငြိမ်နေကြသည် ။ ဉာဏ်ထူးအားတက်သွားကာ ဆက်ပြောပါ ၏ ။

“ Simple Hormonic Motion ဆိုတာ သာမန်ညီညာသော ရွေ့ လျားမှုပါ ။ သူ့ ရဲ့ definition က ဒီစာကြောင်း ဖြစ်ပါတယ် ”

ဟုဆိုကာ မေးခွန်းအောက်မှ ပထမဆုံးစာကြောင်းကို ထောက်ပြသည် ။

“အဓိပ္ပာယ်က …

Sin ပုံစံညီညာသော တုန်ခါမှုများ သည် သာမန်ညီညာသော ရွေ့ လျားမှု ဖြစ်သည်တဲ့ ”

ဟုဆို၍ ဉာဏ်ထူးက စကားကိုခဏရပ်သည် ။

“ ဥပမာ ဆိုရရင်တော့ စပရင်တစ်ခုဆိုပါစို့  ။ အဲဒီ စပရင်ပေါ်ကို အားတစ်ခုသက်ရောက်လိုက်မယ်ဆိုရင် ပထမ အဲဒီ စပရင်ဟာ ကျုံ့ သွားမယ် ။ သက်ရောက်နေတဲ့ အားကိုဖယ်လိုက်ရင် မူလရှိတဲ့စပရင်အရွယ်ထက် ပြန်ကန်တက်လာမယ် ။ မူလရှိနေတဲ့ အရွယ်ကနေ ကျုံသွားတဲ့ပုံစံနဲ့ ပြန်ကန်တက်လာတဲ့ပုံစံ အရွယ်ဟာတူညီတယ် ။ အဲဒါ ဒီသီအိုရီရဲ့ အနှစ် ချုပ်ပါပဲ ”

ပြော၍ ဉာဏ်ထူးက ပုံတစ်ပုံထပ်ဆွဲ ပြသည် ။

Cover

“ဥပမာ ချိန်သီးတစ်ခုဆိုပါစို့  ။ မူလရှိနေတဲ့ အလယ်မှတ်က (0) ပါ ။ အဲဒီ (0) ပေါ်ကို အားတစ်ခုသက်ရောက်တယ်ဆိုရင် အဲဒီ ချိန်သီးဟာ ဘယ်ညာရမ်းသွားမယ် ။ အဲဒီ အခါမှာ Right force , left force တွေ ဖြစ်ပေါ်ပြီး ချိန်သီးဟာ မူလမှတ် (0) ကိုဖြတ်ပြီးတော့ ဟိုဘက်ဒီဘက် အညီအမျှရွေ့လျားမယ် ။ ရှင်းရှင်းပြောရရင် ဘယ်ညာအညီအမျှ ရမ်းတယ် ပေါ့ ။ ဒါလည်းပဲ Simple Hormonic Motion ပါပဲ ။ ဒါက ဒီသီအိုရီရဲ့ အဓိပ္ပာယ်ဥပမာပေါ့ ။ ထားပါ ကျွန်တော် အဓိကဆိုလိုချင်တာ အဲဒါမဟုတ်ပါဘူး ။ ကျွန်တော် အဓိကပြောချင်တာက မိန်းကလေး တစ်ယောက် လမ်းလျှောက်တဲ့ သီအိုရီပါ ။ ဒီပုံကိုကြည့်လိုက်ပါ ”

ဟုဆို၍ ဉာဏ်ထူး ပထမပုံကို လက်ညှိုးထိုးပြသည် ။

“ဒီ AB မျဉ်းပေါ်မှာ မိန်းကလေး တစ်ယောက် လမ်းလျှောက်တယ်ဆိုပါစို့ ။ တစ်ဖြောင့်တည်းမျဉ်းပေါ်မှာ လမ်းလျှောက်တဲ့ခြေလှမ်း အား တစ်ခုသက်ရောက်တယ်ဆိုရင်ပဲ အဲဒီ မိန်းကလေးရဲ့ အလှအပတစ်စုံ တစ်ရာဟာ Right force ၊ left force တွေ ဖြစ်ပေါ်လာပြီးတော့ ဘယ်ညာ ရမ်း သွားပါတယ် ။ အဲဒီ ရမ်းနေပုံဟာလည်း ချိန်သီးဥပမာလို တစ်ဖက်နဲ့ တစ်ဖက် ပုံသဏ္ဍာန် ၊ အရွယ်အစား ၊ အချိန်အဆ အားလုံးတူညီနေတယ် ။ ရှင်းရှင်းပြောရရင် ထက်အောက်ဘယ်ညာအညီအမျှရမ်းတယ် ပေါ့ ။ ဒါဟာ ဘယ်လိုမှငြင်းလို့ မရတဲ့ သီအိုရီပါ ”

ဉာဏ်ထူးစကားဆုံးတော့ ယောက်ျားလေးတွေ ဆီမှ ‘ ဟေး ’ ဟူသော အားပေးသံနဲ့ အတူ ‘ ရွှီး ’ ဆိုသည့် လက်ခေါက်မှုတ်သံတစ်ချက်ပါ ကြားလိုက်ရသည် ။ မိန်းကလေးများ သည် ရှက်မျက်နှာရဲရဲတွေ ကို မနိုင့်တနိုင်ကွယ် ၀ှက်ဖို့ ကြိုးစားရင်း အလုပ်များ နေကြပါ ၏ ။

အားပေးသံ ညံသွားသော သူငယ်ချင်းများ ကို လက်ကာပြလိုက်ရင်း ဉာဏ်ထူးဆက်ပြောသည် ။

“ဒါဟာ … သာမန်အသင့်အတင့်ရှိတဲ့ မိန်းကလေးတစ်ယေက်ရဲ့ လမ်းလျှောက်မှုသီအိုရီပါ ။ ဒီထက်သာတဲ့ တကယ့်အစစ် အပေါက်ကျတဲ့ မိန်းကလေးမျိုးကျတော့ ဒီ့ထက်နည်းနည်း ပို သွားပါတယ် ။ ဘယ်ညာအညီအမျှ ရမ်းရုံတင်မဟုတ်တော့ပါဘူး ”

တစ်ခန်းလုံး အသံပြန်တိတ်သွားသည် ။

ဉာဏ်ထူး ပုံတစ်ပုံထပ်ဆွဲလိုက်ပါ ၏ ။

Cover

*

“ Speaker တစ်ခုမှာ ဆိုပါစို့ ၊ လျှပ်စစ်အားတစ်ခု သက်ရောက်လိုက်တဲ့ အခါမှာ Speaker အရွက်ဟာ Right force , Left force ဆိုပြီး ဘယ်ညာရမ်းရုံတင်မဟုတ်တော့ပါဘူး ။ Vibration ဆိုတဲ့ တုန်ခါမှုတစ်ခုပါပိုလာပါတယ် ။ အဲဒီ တော့ အစစ်ပေါက်ကျတဲ့ မိန်းကလေးတစ်ဦး တစ်ကြောင်းမျဉ်းပေါ်လမ်းလျှောက်တဲ့အခါမှာ လည်း ဘယ်ညာအညီအမျှရမ်းရုံတင်မဟုတ်ဘူး ၊ အဲဒီ မိန်းကလေးရဲ့ အလှအပတစ်စုံတစ်ရာဟာ တစ်ထောင့်တစ်နေရာမှ လှစ်ခနဲတုန်သွားတယ် ။ အထင်အရှားလှုပ်ရှားသွားတဲ့အခါမျိုး တွေ ရှိသလို မသိမသာ ရေး ရေး လေး ဖြတ်ပြေးသွားတဲ့ အခါမျိုးတွေ လည်း ရှိတတ်ပါတယ် ။ သက်ရောက်မှုအားများ ရင်များ သလို တစ်ခုနဲ့ တစ်ခု မတူဘူးပေါ့ ။ ရှင်းအောင်ပြောရရင် လမ်းမြန်မြန်လျှောက်ရင် တုန်ခါမှုကြိမ်နှုန်းများ ပြီး သာမန်အတိုင်းလမ်းလျှောက်ရင်တော့ ပုံမှန်ကြိမ်နှုန်းတွေ နဲ့ ပဲ လည်ပတ်ပါတယ် ”

မိန်းကလေးများ ဘက်မှ အသံပင်မထွက်တော့ပါ ။ ယောက်ျားလေးများ အသံသာ တစ်ဖက်သတ်ကြီးစိုးနေသည် ။ ထိုအချိန်မှာ ပင် အခန်းထဲသို့ ကံထူးနှင့် ဇွဲထူး ၀င်လာပါ ၏ ။ဉာဏ်ထူးက စကားထပ်ဆက်သည် ။

“သက်ရောက်မှုအားများ သွားရင်လည်း မကောင်းပါဘူး ။ စပရင်တစ်ခုမှာ သက်ရောက်မှုအားများ သွားရင် ကျိုးပျက်သွားနိုင်သလို Speaker တစ်ခုမှာ ဆိုရင်လည်း အရွယ်တွေ ပျက်စီးသွားနိုင်ပါတယ် ။ အဲဒီ လိုဆိုရင်တော့ SHM သီအိုရီနဲ့ မညီတော့ဘူးပေါ့ ”

ဒါပေမယ့် ကိုယ့်အလှကိုယ်ယုံကြည်တဲ့ မိန်းကလေးအတော် များများ လမ်းလျှောက်တဲ့အခါမှု ခြေလှမ်းတစ်ချုင်းစီအပေါ်ကို အားတွေ အများ ကြီးမသက်ရောက်စေဘဲ သာမန်ခြေလှမ်းတွေ နဲ့ ပဲ ဘယ်ညာအညီ အမျှရမ်းပြီး တစ်ထောင့်တစ်နေရာက အတုန်အခါလေးတွေ ကို လှစ်ပြတတ်ပါတယ် ။ ဒါဆိုရင်တော့ SHM သီအိုရီပေါ့ ”

ဒီတော့ အချုပ်အားဖြင့် ပြောရရင် သင့်တင့်တဲ့ မိန်းကလေး တစ်ယောက် ဟာ သာမန်ညီညာသော ရွေ့ လျားမှုနဲ့ လမ်းလျှောက်ပြီး အသင့်တင့်မကတဲ့ မိန်းကလေးတွေ ကတော့ Sin ပုံစံညီညာသော တုန်ခါမှုတွေ နဲ့ လမ်းလျှောက်ပါတယ် ။ ဘာပဲ ဖြစ် ဖြစ် အဲဒီ နှစ် ခုလုံးကလည်း SHM သီအိုရီရဲ့ ဆိုလိုရင်း ဖြစ်တဲ့အတွက် မိန်းကလေး တစ်ယောက် လမ်းလျှောက်ခြင်း သည် Simple Hanmonic Motion ( SHM ) သီအိုရီနဲ့ ပဲ ဖြစ်ပါတယ် ခင်ဗျာ ”

“ဟေး … ”

“ရွှီး … ”

“ဖြောင်း … ဖြောင်း … ဖြောင်း ”

အားပေးသံတွေ ဆူညံသွားလေသည် ။

နောက် ဉာဏ်ထူးက ကျောက်သင်ပုန်းတွင် တစ်စုံတစ်ခုထပ်ရေး ပြလိုက်သည် ။ ပါးစပ်မှလည်း …

“ကျွန်တော် ရှင်းပြနိုင်တာ ကတော့ ဒီလောက်ပါပဲ ။ ဒီသီအိုရီနဲ့ ပတ်သက်ပြီး ဒီထက်မကလေ့လာချင်တယ်ဆိုရင်တော့ ဒီလိပ်စာအတိုင်း Internet ဖွင့်ပြီး လေ့လာနိုင်ပါတယ် ”

www.light and matter.com

ထိုအချိန်မှာ ပင် ဆရာက ကျေနပ်သော အပြုံးဖြင့် ပခုံးကိုပုတ်ရင်း …

“ငါ့တပည့် … မင်းတော် တော် လေ့လာထားတာပဲကွ ”

ချီးကျူးတာလား ၊ ရှုတ်ချတာလားတော့မသိ ၊ သို့ ပေမယ့် …

“အဲ့လောက်လည်း မဟုတ်ပါဘူး ဆရာရယ် ”

ထိုသို့ သော အပြုံးဖြင့် ပြောရင်း ဉာဏ်ထူးဆင်းလာခဲ့ပါသည် ။ သူ ၏ ခြေလှမ်းတွေ က စစ်အောင်နိုင်သော စစ်သူကြီး တစ်ယောက် လို ၀ံ့ကြွားနေဆဲ ။ ထိုစဉ်မှာ ပင် မိန်းကလေးတွေ အတန်းဘေးမှ ဖြတ်အလျှောက် …

“ဟယ် … ဟုတ်တယ်တော့ ဘယ်ညာအညီအမျှရမ်းတယ် ”

“အန် ”

ဉာဏ်ထူးအလိုလို လက်နှင့် နောက်ကို ကာမိသွားသည် ။

“ဟုတ်ပ … တစ်ထောင့်တစ်နေရာကတောင် တုန်နေသေး ”

“ဗျာ”

ဉာဏ်ထူးတစ်ကိုယ်လုံးတုန်တက်သွားရကာ လူကအလိုလိုကြက်သီးတွေ ထသွားသည် ။ သွားပြီ … သူဝဋ်လည်ပြီ ။

ဉာဏ်ထူး ချက်ချင်း ပင် လွယ်အိတ်ကောက်ဆွဲကာ အပြင်ပြေးထွက်ခဲ့ပါတော့သည် ။ သူဆက်နေလို့  ဖြစ်မည် မဟုတ်တော့ ။

တော် ကြာ အသင့်အတင့်တွေ ၊ အသင့်တင့်မကတာတွေ ပါကုန်ရင်ခက်မည် ။ သူ့ နောက်မှ ကံထူးနှင့် ဇွဲထူးတို့ လည်း လိုက်လာကြသည် ။ အဆောင်ထဲမှထွက်၍ အပြင်လက်ဖက်ရည်ဆိုင်ရောက် မှပင် ဉာဏ်ထူးသက်ပြင်းချမိပါ၏ ။

ဒါတောင် ဟိုနှစ် ကောင် အစပိုင်းသူတို့ လွတ်သွား၍ ပြန်ရှင်းပြခိုင်းသည်ကြောင့် ရှင်းပြရသေးသည် ။ သိပ်မကြာခင်မှာ ပင် ဆိုင်ထဲသို့ ကျောင်းသားတစ်အုပ်ဝင်လာပါ ၏ ။သူ့ ကို တွေ့ တွေ့ ချင်းပင် …

“ဟာ … အစ်ကိုကြီး ဘယ်ညာရမ်း ”

“အန်”

“ဟာ … မဟုတ်ပါဘူး … အစ်ကိုကြီး တုန်ခါ …”

“ဗုဒ္ဓေါ”

ထိုကျောင်းသားတစ်အုပ်က ဘာမှန်းညာမှန်းမသိ လက်ကိုလာဆွဲသည် ။

“လေးစားတယ်ဗျာ … အစ်ကို သီအိုရီထုတ်သွားတာ အရမ်းမိုက်တယ် ။ ဘာ … မိန်းကလေး တစ်ယောက် လမ်းလျှောက်တာ Simple Hanmonic Motion (SHM) သီအိုရီနဲ့ ဟုတ်လား ။ လန်းတယ်ဗျာ … အစ်ကို့ သီအိုရီ ကတော့ ကျောင်းသားတွေ ကြားမှာ ရေပန်းစားတော့မှာ ပဲ ။ ဒါ … ဒါနဲ့ အစ်ကို့ နာမည် က … ”

“ဉာဏ် … ဉာဏ် ထူးပါ ”

“ဟာ … ကိုဉာဏ်ထူး လေးစားတယ် … ကျွန်တော် တို့ နဲ့ လက်ဖက်ရည်လာသောက်ပါလား … ဂုဏ်ပြုချင်လို့ ပါ ”

“နေ … နေပါစေတော့ကွာ … ရပါတယ် ”

အတင်းခေါ်၍ မရတော့မှ ထိုကျောင်းသားအုပ်ဆိုင်အတွင်းထဲဝင်သွားသည် ။ ဉာဏ်ထူးအောင်မြင်မှုက ကြောက်ခမန်းလိလိပင် ။

ထိုကျောင်းသားတစ်အုပ်အထဲဝင်သွားတော့မှ ကံထူးက တွေးတွေးဆဆဖြင့် …

“ဟုတ်တယ်ကွ … ဒီကောင်တွေ ပြောသလို မင်းသီအိုရီက ကျောင်းမှာ နာမည် ကြီးမှာ သေချာတယ် ။ ဘာ ဖြစ်လို့ လဲဆိုတော့ ဒီလိုသီအိုရီမျိုးကရခဲတယ်လေ ”

ဇွဲထူးကလည်း ကံထူးစကားကို ၀င်ထောက်ခံသည် ။

“ဟုတ်တာမဟုတ်တာ အပထားပေါ့ကွာ ။ ဘာပဲ ဖြစ် ဖြစ်လက်ဖက်ရည်ဆိုင်မှာ တို့ ယောက်ျားလေးတွေ ပြောစရာစကားတစ်ခု တိုးတာပေါ့ ”

ထိုသို့ အားလုံးက သူ့ အဆိုကိုလက်ခံနေကြသော်လည်း ဉာဏ်ထူးဝမ်းမသာမိ ။ အကြောင်းက ဒီနေ့ အတွက် စိတ်အေးသွားရသော်လည်း မနက်ဖြန်အတွက် တွေးပူမိသည် ။ ကံထူးနှင့် ဇွဲထူး ကတော့ အေးဆေးနေသည် ။ မနက်ဖြန်အတွက် အဆင်သင့် ဖြစ်နေပုံရပါ ၏ ။ သူရော အဆင်သင့် ဖြစ်ပြီလား …

မသေချာ ။ ဒါပေမယ့် ဉာဏ်ကိုအမြဲတမ်း လက်ကိုင်ပြုလာခဲသော သူ့ ဦးနှောက်နှင့် အတွေးအခေါ်ကိုတော့ ယုံကြည်နေသည် ။

ဒီနေ့ စနေနေ့ ဆိုတော့ ဘယ်လိုပဲ ဖြစ် ဖြစ် မနက်ဖြန် တနင်္ဂနွေ နေ့  ဖြစ်မှာ သေချာသည် ။ ဒီလိုဆိုတော့ …

*

(f)

အင်းယားရနံ့ က သင်းသင်းမွှေးနေသည် ။ ဆိုင်တစ်ဆိုင်ထဲတွင် လူလေးယောက် ထိုင်နေကြပါ ၏ ။မိန်းကလေး တစ်ယောက် နှင့် ယောက်ျားလေးသုံးယောက် ။

ဆိတ်ငြိမ်ရပ်ဝန်းတစ်ခုကို ထိုမိန်းကလေးကပင် စတင်ဖြိုခွဲလိုက်ပါ ၏ ။

“ အမှန်အတိုင်း ပြောရရင် တော့ ငါတို့ လေးယောက် ကြားမှာ ရှိတဲ့ အဖြူရောင် သံယောဇဉ်လေးကိုပဲ သဘောကျတယ် ။ ငါတို့ တွေ ငယ်ငယ် ကတည်းက သူငယ်ချင်းအ ဖြစ် ရှင်သန်လာခဲ့တယ် ။ အခုလည်း သူငယ်ချင်းပဲ ။ ဒါပေမယ့် ဘ၀တစ်ဆစ်ချိုးကွေ့ မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အလေ့ အထတစ်ခုကိုတော့ ငါနားလည်ပါတယ် ။ ဒါမျိုးကိစ္စတွေ က ဘယ်သူမဆိုအချိန်တန် အရွယ်ရောက်ရင် တစ်နည်းမဟုတ်တစ်နည်း ကြုံတွေ့ ကြမှာ ပါ ။ အခု နင်တို့ သုံးယောက် စလုံးလည်း အဲဒီ ကိစ္စအတွက် ငါ့ရှေ့ရောက်ခဲ့ပြီ ။ အဲဒီ တော့ နင်တို့ ဘယ်လိုစဉ်းစားထားလဲ ”

ဝသန့် စကားကြောင့် ကံထူး ဉာဏ်ထူး နှင့် ဇွဲထူးသုံးယောက် စလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိသည် ။ ကြိုတင်တိုင်ပင် ထားသည့်အတိုင်း ဉာဏ်ထူးနှင့် ဇွဲထူးက အလိုက်တသိထိုင်နေရာမှထလိုက်သည် ။ ပြီး ခပ်ဝေးဝေးစားပွဲသို့ သွားထိုင်နေလိုက်ပါ ၏ ။

သူတို့ နှစ် ယောက် ကံထူးကို ဦးစားပေးလိုက် ခြင်းပင် ။ ကျန်နေခဲ့သူက ကံထူးနှင့် ၀သန် ။ ကံကိုယုံသော ကံထူး ၊ ကံကိုအခြေခံပြီး မည် သို့ သော စကားလုံးတွေ နဲ့ နှလုံးသားရေး ရာကို ဆွေးနွေးမည် နည်း ။

ကံထူး အင်္ကျီအိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်လိုက်ကာ …

“၀သန် … ရော့ ”

ဝသန်က ကံထူးလက်ထဲမှ ပစ္စည်းကို တစ်ချက်ကြည့်ကာ နားမလည်ဟန်တွေ အထင်းသားပေါ်သွားသည် ။

“ဘာလဲ … ဒီထီလက်မှတ်က …”

“ဒါ … ကံကိုယုံကြည်တဲ့ ငါ့အတွက် အကောင်းဆုံးသက်သေပါပဲ ။ ငါနှစ် ၇ွက်ဝယ်ပြီး နင့်အတွက် ငါတစ်ရွက်ခွဲယူထားတယ် ။ လတိုင်း လတိုင်းလည်း နင့်အတွက်တစ်စောင် အမြဲတမ်းပေးမယ် ။ ကျန်တဲ့ တစ်စောင်က ငါ့အတွက်ပေါ့ ။ နင့်အပေါ်ထားတဲ့ ငါ့ရဲ့မေတ္တာတွေ မှန်ကန်ခဲ့ရင် တစ်နေ့ နေ့ တစ်ချိန်ချိန်တော့ ဒီထီလက်မှတ်တွေ ကတစ်ဆင့် ငါတို့ နှစ် ယောက် ထီပေါက်မှာ ပါ ။ ငါ့ရဲ့ မေတ္တာတွေ မှန်ကန်ကြောင်း နင်ယုံကြည်လာတဲ့ တစ်နေ့ ပေါ့ ”

ကံထူးက စကားကို ခဏရပ်၍ ထီလက်မှတ်ကို သူမရှေ့သို့ တိုး ပေးသည် ။ ပြီးတော့ …

“ငါ နင့်ကို တကယ်ချစ်တယ်ဆိုတာ တစ်နေ့ နေ့ ကံတရားကြီးက ငါ့အစားသက်သေ ပြပေးမှာ ပါ … ၀သန် ။ ငါပြောချင်တာတော့ ဒီလောက်ပါပဲ ”

စကားဆုံးတော့ ကံထူးထထွက်သွားသည် ။ သူ့ ကိစ္စပြီးလေပြီ ၊ ကျန်ရစ်ခဲ့သော မေ၀သန်မှာ တော့ ထီလက်မှတ်တစ်စောင်ကိုကြည့်၍ ကြောင်အနေဆဲ ။ ဘာပဲပြောပြော ကံထူး၏ idea လေးက တော် တော် လှနေသည် ။

ဒီတစ်ခါအလှည့်ကျသူက ဉာဏ်ထူး ။

ဉာဏ်ထူး ခပ်တည်တည်ပင် ခုနကံထူးထိုင်သွားသော နေရာမှာ ၀င်ထိုင်လိုက်သည် ။ ပြီးနောက်. …

“ဖြောင်း … ဖြောင်း ”

ကောင်တာသို့ လှည့်ကြည့်က လက်အုပ်နှစ် ချက်တီးလိုက်သည် ။ မကြာပါ … ဆိုင်ဝန်ထမ်း တစ်ယောက် က စူပါပလိန်းတစ်ခွက် လာချပေးပါ၏ ။ ဒီတော့မှ …

“တကယ်ဆိုရင်တော့ လက်ခုပ်နှစ် ချက်တီးပြရုံနဲ့ တင် လုံလောက်ပါပြီ ။ ဒါပေမယ့် ငါ့ အချစ်တွေ ကို ရုပ်ဝတ္ထု ၊ ပစ္စည်းတစ်ခုအ ဖြစ် သက်သေပြဖို့ လိုအပ်လို့ ပါ ။ ရော . … ၀သန် ဒါနင့်အတွက် ငါ့ရဲ့ အချစ်သက်သေ ”

စူပါကော်ဖီကို သူမရှေ့သို့ ထိုးပေးလိုက် သည့်အတွက် ၀သန်ကြောင်သွားသည် ။ သူမမှ ကော်ဖီမကြိုက်တာပဲ ။

နောက်ပြီး ဉာဏ်ထူးပြောသည့် အချစ်သက်သေဆိုတာက …

“ဒါ …. ငါ နင့်ကို ဘယ်လောက်ချစ်ခဲကြောင်း ပြတဲ့ သက်သေ တစ်ခုပါ ”

“ဟင် ”

ဝသန် မျက်လုံးပြူးသွားသည် ။ သူမ နားမလည်ပါ ။ ထို့ ကြောင့် …

“ဒီကော်ဖီက သက်သေ … ”

ဝသန် တော် တော် ဘ၀င်မကျ ဖြစ်သွားလေသည် ။ ဒီစူပါပလိန်း က သူ့ အချစ်ရဲ့ သက်သေတဲ့ ။ ဘာတွေ လဲ

နားမလည်သော သူမပုံစံကို ကြည့် ၍ ဉာဏ်ထူးက သဘောပေါက်စွာ …

“လက်ခုပ်နှစ် ချက်တီးတာဟာ စူပါရဲ့ အဓိပ္ပာယ်ဆိုတာတော့ နင်သိတယ်မဟုတ်လား ”

သူမ ကမန်းကတန်း ခေါင်းညိတ်ပြမိသည် ။

“အဲဒါဆို နင် Super coffee ဝေါရှိကိုတော့ မြင်ဖူးမှာ ပေါ့ ”

“ ကော်ဖီကောင်းကောင်း တစ်ခွက်ရဖို့ (၇) နှစ် အချိန်ယူရပါတယ် ။ ချက်ချင်း မျိုမချလိုက်ပါနဲ့ … ဇိမ်ခံပြီးမှသောက်ပါ … ဆိုတာလေ …”

“အေးလေ … မြင်ဖူးတယ် … အဲဒီ တော့ …”

“ဖြောင်း … ဖြောင်း ”

ဉာဏ်ထူး လက်ခုပ်နှစ် ချက် ထပ်တီးလိုက်သည် ။

“အဲဒီ တော့ လက်ခုပ်နှစ် ချက်ရဲ့ အဓိပ္ပာယ်က … ကိုယ်မင်းကို ချစ်နေတာ (၇) နှစ် ရှိပါပြီ ။ ချက်ချင်း မငြင်းလိုက်ပါနဲ့ … သေချာဇိမ်ခံပြီးမှ အဖြေပေးပါဆိုတဲ့ အဓိပ္ပာယ်ပဲ ”

“ဟေ … ”

ဝသန် အာမေဍိတ်သံပင် ထွက် သွားပါသည် ။ ဉာဏ်ထူး ကတော့ ခပ်တည်တည် အမူအရာဖြင့် …

“အဲဒီ တော့ ငါအများ ကြီးမမျှော်လင့်ဘူး ၀သန် ၊ နင်ဒီကော်ဖီကို သောက်လိုက်ပါဟာ ”

ဝသန်မသောက်ပါ ။ စိတ်မပါသလို အမူအရာဖြင့် ကော်ဖီခွက် ကို အသာကြည့်နေသည် ။ ဉာဏ်ထူး သဘောပေါက်စွာ ပြုံးလိုက်သည် ။ ပြီးနောက် …

“နင် အခုလောလောဆယ် သောက်ချင်စိတ်မရှိဘူးဆိုရင်လည်း ငါနားလည်တယ်ဝသန် ။ နင်သောက်ချင်စိတ် ဖြစ်ပေါ်လာတဲ့ အချိန်အတိုင်း အတာတစ်ခုထိ ငါစောင့်မယ် ။ ဒါပေမယ့် ဒီ Super coffee ထုပ်လေးကိုတော့ (၇) နှစ် တာ ချစ်လာခဲ့တဲ့ သက်သေတစ်ခုအ ဖြစ် ယူသွားလိုက်ပါနော် ”

ဉာဏ်ထူး အေးဆေးစွာ ပင် လှည့်ထွက်ခဲ့လေသည် ။

စားပွဲတွင် ပုံမှန်အတိုင်း ကျန်နေခဲ့သော ၀သန်မှာ တော့ …

ဇွဲထူး ကတော့ ကြွပ်ကြွပ်အိတ်ကြီးတစ်လုံးကိုဆွဲကာ ထိုင်နေရာမှထ ထွက်သွားသည် ။ သူ၏ ဦးတည်ရာက ၀သန့် ဆီသို့ ၊ ဒီတစ်ခါသည် သူ့ အလှည့် ။

ဝသန့် ရှေ့ရောက်တော့ လက်ထဲမှ ကြွပ်ကြွပ်အိတ်ကြီးကိုဖွင့်လိုက်ကာ …

“ရော့ … ၀သန် ၊ ဒါနင့်အတွက် ငါကိုယ်တိုင်သီထားတဲ့ စကားဖြူပန်းတွေ ။ အားလုံးအပွင့် (၁၅၀၀) တိတိရှိတယ် ။ နင့်ကိုချစ်တဲ့ ငါ့ ရဲ့ဝီရိယပေါ့ဟာ ။ ဒီစကားဖြူပန်းအပွင့် (၁၅၀၀) ရဖို့ ကို ငါမနည်းကြီး ကြိုးစားထားရတာ ”

ဇွဲထူး စားပွဲပေါ်တင်လိုက်သော စကားဖြူပန်းကုံးများ ကို ကြည့်၍ …

“ဟာ …. ငါမှ စကားဖြူပန်းမကြိုက်တာ ”

ဝသန့် စကားကြောင့် ဇွဲထူး မချိတင်ကဲပြုံးလိုက်သည် ။

“ငါသိပါတယ် ၀သန် … ဒါပေမယ့် နင်ကြိုက်တဲ့ စံပယ် ပန်းပေးရင် နိမိတ်မကောင်းလို့ စကားဖြူပန်းကိုရွေးလိုက်တာ ”

“ဟင် …. စံပယ်ပန်က နိမိတ်မကောင်းဘူး ”

“အေးလေ … စံပါယ်ပါဆိုမှ စကတည်းက အပယ်ခံရမှာ စိုးလို့ ငါမပေးတော့တာ ”

“ဒါဆို စကားဖြူကျတော့ရော …”

“ငါအခုပြောနေတဲ့ စကားတွေ အားလုံး ဖြူစင်ပါတယ်ဆိုတဲ့ အဓိပ္ပာယ်လေ ”

“သြော်”

ဝသန် ‘ သြော် ’ မိသွားလေသည် ။ ယခု သူမရှေ့စားပွဲပေါ်တွင် ရှိနေသည်ကား …

ထီလက်မှတ်တစ်ခု ၊ Super coffee တစ်ထုပ် ၊ ပြီးတော့ (၁၅၀၀) အပွင့်တည်းဟူသော စကားဖြူပန်းကုံးများ ။

သူမ ဝေခွဲရခက်စွာ ငေးကြည့်နေဆဲခဏမှာ ပင် အင်းယားရေပြင်ထဲသို့ နေလုံးကြီး ငုပ်လျှိုးသွားသည် ။

အိမ်ပြန်ချိန်မတိုင်ခင်ခဏမှာ သူတို့ လေးယောက် အင်းယားကန်စောင်းပေါ်၌ ဓာတ်ပုံတစ်ပုံရိုက် ဖြစ်ကြသည် ။

ဒီလိုနှင့် ပဲ သူတို့ လေးယောက် ၏ အိမ်ပြန်ချိန်သို့ ရိုးရိုးလေးရောက်သွားခဲပါသည် ။

လေးယောက် စလုံး၏ စိတ်ထဲတွင် ကား …

မတင်ကျသော အတွးကိုယ်စီဖြင့် ယှက်သိုင်းရစ်နွယ်ရင်း …

*

ဒီလိုနှင့်

သူတို့ တွေ ကျောင်းပြီးသွားသော တစ်နေ့ 

*

(g)

မနက်ခင်းတစ်ခု၏ လတ်ဆတ်ခြင်းသည် ပြတင်းဆီမှ ငွေ့ ငွေ့ လေးတိုးဝင်ကျဆင်းလာပါသည် ။

“သမီးရေ … ခြံဝမှာ ခေါင်းလောင်းသံကြားတယ် ။ ဘယ်သူလဲမသိဘူး … သွားကြည့်လိုက်ဦး ”

မေမေ့အသံကြောင့် ၀သန် စာကျက်နေရာမှထရင်း ခြံထဲသို့ ဦးတည်လျှောက်ဆင်းသွားလိုက်သည် ။ ကံထူ ၊ ဉာဏ်ထူး နှင့် ဇွဲထူး သုံးယောက် စလုံးမှာ ကျောင်းပြီးသွားပြီ ဖြစ်သော်လည်း ဆေးတက္ကသိုလ်တက်နေရသော သူမ တစ်ယောက် မှာ ကျောင်းမပြီးသေး ။

ခြံတံခါးဝဆီသို့ အကြည့်တစ်ချက်အရောက်မှာ ပင် သိမ့်ခနဲ နွေးသွားရသော ရင်အစုံက မနက်ခင်းတစ်ခုကို အံတုသွားသည် ။ ခြံတံခါး ၀ တွင် သူမတွေ့ ရသည်ကား …

စကားဖြူပန်းကုံးများ … ။

ဟိုလွန်ခဲ့သော သုံးနှစ် ခန့် က အင်းယားကန်ပေါင်ပေါ်မှာ ရက်စွဲတစ်ချို့ ကို သူ မ သတိရသွားသည် ။

“ ဟုတ်သားပဲ … ဒီနေ့ (၁၆) ရက်နေ့ ပဲ ဥစ္စာ ။ ဒါဆိုရင် ဟိုနှစ် ယောက် ဟာလည်း ရောက်နေပြီလား မသိဘူး ”

ဝသန်စိတ်ထဲမှတွေးရင်း တံခါးဆီရောက်တော့ ထင်သည့်အတိုင်းပင် ခြံတံခါးမှာ ချိတ်ဆွဲထားသော စာတိုက်ပုံး၌ စာနှစ် စောင်ရောက်နေသည် ။

သူမ စာနှစ် စောင်နှင့် စကားဖြူပန်းကုံးများ ကိုယူကာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည် ။ အခန်းထဲရောက်တော့ စကားဖြူပန်းကုံးများ ကို စားပွဲပေါ်တင်၍ စာနှစ် စောင်ကို ဖောက်လိုက်သည် ။ ပထမ စာအိတ်ထဲတွင် ကား ထင်ထားသည့်အတိုင်း ထီလက်မှတ်တစ်စောင် … ဒုတိယ စာအိတ်ဖောက်လိုက်ပြန်တော့လည်း အရင်လတွေ အတိုင်း Super coffee တစ်ထုပ်နှင့် စာရွက်တစ်ရွက် ။

စာရွက်ကိုဖွင့်ကြည့်လိုက်တော့ (+3) ဟုရေး ထားသည် ။ ဒါဆိုလျှင် သူမကိုချစ်နေတာ (၁၀) နှစ် ရှိပြီဆိုသည့်သဘောပေါ့ ။

ရနံ့ ကြည်နူးမှုလား ၊ အသိမှတ်ပြုမှုလားမသိသော အပြုံးတစ်ခု က မျက်နှာပေါ်ထင်သွားသည် ။ နောက် အခန်းပတ်ပတ်လည်မှ ချတ်ဆွဲထားသော စကားဖြူပန်းခြောက်များ ကို ကြည့်သည် ။ ပြီး လစဉ်မပျက်ပို့ နေသော ထီလက်မှတ်များ နှင့် ကော်ဖီထုပ်များ ဆီသို့ လည်း အကြည့်ရောက်သည် ။

လစဉ်မပျက် (၁၆) ရက်နေ့ ဆိုလျှင် ရောက်လာတတ်သော စကားဖြူပန်းပွင့် (၁၅၀၀) ၊ ထီလက်မှတ်တစ်စောင် ၊ ကော်ဖီတစ်ထုပ်တို့ က အစဉ်အလာမပျက်ပေ ။

တိုက်တိုက်ဆိုင်ဆိုင် (၁၆) ရက်နေ့ ကိုပင် သုံးယောက် စလုံး ရွေးကာပေးကြသည်ကြောင့် သူမအံ့သြမိနေသည် ။ သုံးယောက် သားတိုင်ပင်ပြီး ပေးတာတော့ မ ဖြစ်နိုင်ပေ ။ ထူးဆန်းသော ကိစ္စတစ်ခုလည်းမဟုတ် ။

ဒီလိုပဲ သူတို့ သုံးယောက် က တိုက်ဆိုင်နေကျပင် မဟုတ်ပါလား ။

ဒါပေမယ့် သုံးနှစ် တိုင်တိုင် အစဉ်အလာမျက် ရောက်လာနေကျ ချစ်သက်သေများ ကိုတော့ တူညီစွာ အသိအမှတ်ပြုပါသည် ။

သို့ သော် ရွေးဖို့ ခက်နေသော သူမ နှလုံးသားကိုတော့ သူတို့ သုံးယောက် အစား သူမ ဒေါသထွက်ပါသည် ။

“အေးလေ … အချစ်ဆိုတာ လုပ်ယူလို့ ရတာ မှ မဟုတ်တာ ”

သူမတိုးညင်းစွာ ညည်းရင်း ကံထူး ၊ ဉာဏ်ထူးနှင့် ဇွဲထူးတို့ သုံယောက် စလုံးကို သတိရမိသည် ။

သုံးယောက် စလုံးနှင့် အဆက်အသွယ်မပျက်ရှိကြသော်လည်း နောက်ပိုင်း လုပ်ငန်းခွင်အသီးသီး ၀င်ကုန်၍ အရင်လောက်သိပ်မတွေ့  ဖြစ် တော့ ။ ကံထူး တစ်ယောက် သာ မန်နေဂျာ ဖြစ်သည်မှလွဲ၍ ကျန်သည့် နှစ် ယောက် ကတော့ ဆိုင်ရာဆိုင်ရာနယ်ပယ်တွင် တော် တော် အောင်မြင်နေသည် ။

အပြင်မှာ တွေ့ ရန်စဉ်းစားမိသော်လည်း ဒီနေ့ မအားဘူးဆိုတာ တွေးမိ၍ သူမခေါင်းထဲမှ အစီအစဉ်ကို ထုတ်လိုက်သည် ။

အကြောင်းကား …

သူမတို့ ၏ ငယ်စဉ်က အတန်းပိုင်ဆရာ ဦးခန့် နောင် တစ်ယောက် သူ၏ ဇာတိရွာလေးတွင် ဦးပဉ္ဇင်းတက်ရန်ရှိသည်ဟူ၍ ဖိတ်ထားသည့်အတွက် သူမတို့ တစ်မိသားစုလုံး သွားရန်ရှိသည်မဟုတ်ပါလား ။

*

(h)

“ဟယ်လို … ”

“ကံထူးလား … ငါပါ ၀သန် ”

“အေး … ပြော ၀သန် … ဘာပြောမလို့ လဲ ”

“ မနက်ဖြန် နင်အားလား”

“အားတော့မအားဘူးဟ … ဘာကိစ္စရှိလို့ လဲ”

“ငါ နင်ရယ် ၊ ဉာဏ်ထူးရယ် ၊ ဇွဲထူးရယ်ကို ရွာတစ်ရွာကို ခေါ်သွားချင်လို့ ”

“ ရွာ … ဘာရွာလဲ …”

“ရောက်တော့ သိမှာ ပေါ့ဟာ … ဒါပဲ … မနက်ဖြန်မနက် (၁၀) နာရီလောက် ဆုံနေကျနေရာကိုလာခဲ့ … ငါတို့ စောင့်နေမယ် ”

“ဉာဏ်ထူး … မနက်ဖြန် နင်အားတယ်မလား ”

“……”

“အေး … ငါ နင်တို့ သုံးယောက် ကို ရွာတစ်ရွာကို ခေါ်သွားချင်လို့ ”

“…………”

“ဒါပဲနော် … မနက်ဖြန် ဆုံနေကျနေရာမှာ တွေ့ မယ် ”

*

“ဇွဲထူး … ငါ ၀သန် ”

“………..”

“………….”

“အေး …. အေး …. ဒါပဲ ဒါပဲ …. မနက်ဖြန် (၁၀) နာရီ ထိုးအရောက်လာခဲ ”

*

(i)

“ ကံထူးကလည်း ကြာလိုက်တာဟယ် ”

“အေးဟာ … သေချာချိန်းထားလျက်သားနဲ့ ”

ချိန်းထားသည့်နေရာတွင် သုံးဦးသားထိုင်ကာ ကံထူးကိုစောင့်နေကြသည် ။ ချိန်းထားသည့် အချိန်ထက် နာရီဝက်နောက်ကျနေပါပြီ ။ သို့ သော် ကံထူးပေါ်မလာသေး ။

“ငါ နင်တို့ ကို အရမ်းထူးဆန်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားမလို့ ဟ ။ နင်တို့ တွေ့ ရင်လည်း အရမ်းအံ့သြသွားမှာ …”

“ဘယ်လို နေရာမို့ လို့ လဲ ”

“နင်တို့ ဝင်္ကဘာတွေ ဘာတွေ ပတ်ဖူးလား ”

“အေး ”

“အဲဒါနဲ့ နည်းနည်း ဆင်တူတယ် ။ ဒါပေမယ့် ဘုရားပွဲတွေ ၊ မျက်လှည့်ပွဲတွေ က ၀င်္ကဘာမဟုတ်ဘူး ။ သူက ခေါင်းနည်းနည်း စား ရတယ် ။ ခေါင်းစားရတဲ့ ၀င်္ကဘာပေါ့ဟာ ”

“ဟုတ်လား”

ဝသန့် စကားကို သာမန်ကာ လျှံကာပဲ သဘောထားမိသည် ။ ဇွဲထူး ကတော့ နာရီတကြည့်ကြည့်နှင့် ဖင်တကြွကြွ ဖြစ်နေသည် ။ သူကအစောဆုံးကြိုရောက်နေသူဆိုတော့ ကံထူးကို ဒေါသထွက်နေလောက်သည် ။

ထိုစဉ်မှာ ပင် ၀သန့် ဖုန်းမှာ မြည် လာ၍ ၀သန် ဖုန်းကိုကြည့်ကာ …

“ကံထူးဆက်တာဟဲ …”

ပြောလည်းပြော ၊ လက်ကလည်း ဖုန်းကိုဖွင့်ကာ ထူးလိုက်သည် ။

“ဟယ်လို …”

“ …. ”

“အေး. … အကုန်ရောက်နေပြီ ”

“………”

“နင်ကလည်းဟာ … သေချာချိန်းထားတာကို ….”

“………”

“နည်းနည်း လောက်ကြိုးစားပြီး ထွက်ကြည့်ပါလား ”

ပြောနေပုံအရတော့ ဟိုကောင်ကံထူးမလာနိုင်၍ ဖုန်းဆက်တာ ဖြစ်မည် ။ ဒီအတိုင်းဆိုရင်တော့ ဒီကောင့်ကို အသာတကြည်လွှတ်ပေး လို့ မရ ။ နည်းနည်း ပါးပါးတော့ ငေါက်ငမ်းပေးမှ ဖြစ်မည် ။ ထိုစဉ်မှာ ပင် ၀သန်က ဖုန်းပြောနေရာမှ သူနှင့် ဇွဲထူးဘက်ကို လှည့်၍ …

“ကံထူးဆိုင်မှာ လူကျနေလို့ လာလို့ မရဘူးတဲ့ ”

ဘာတတ်နိုင်မည် နည်း ၊ ဇွဲထူးက ခေါင်းညိတ်ပြလိုက်သည် ။

ထိုအခါမှ ၀သန်ကဖုန်းကို နားနှင့် ပြန်ကပ်၍ …

“အေးဟာ … ပြီးရော …. ပြီးရော … နင်ကလည်း အရာရာနဲ့ အကြောင်းကြောင်း ချည်းပဲ … ဒါပဲမလား ”

ဝသန်ဖုန်းချလိုက်တော့မည့် ပုံစံကြောင့် ဉာဏ်ထူးကလက်ကာပြကာ ဖုန်းကိုလှမ်းတောင်းသည် ။

“အေး. …. အေး …. ခဏနေဦး … ဉာဏ်ထူးပြောမလို့ တဲ့ …. ဖုန်းမချနဲ့ ဦး ”

“ဟေ့ကောင် မင်းဘာအချိုး ….”

ဖုန်းချသွားလေပြီ ။

ဉာဏ်ထူးကောတော့မည် ဆိုတာသိ၍ တမင်ညစ်ကျယ်ကျယ် သွားခြင်း ဖြစ်ရမည် ။

ဒီနောက်မှာ တော့ ၀သန်ပြောသည့် ထူးဆန်းသော အစီအစဉ်ကို ဖျက်ကာ ကိုယ်စီကိုယ်စီလမ်းခွဲခဲ့ကြပါ၏ ။

*

(j)

ညနေမကျတကျမှာ ပင် ဉာဏ်ထူးဆီသို့ ဖုန်းနံပါတ်တစ်ခုရောက်လာသည် ။ ကြည့်လိုက်တော့ ကံထူးအလုပ်လုပ်နေသော ဆိုင်မှ ဖုန်းနံပါတ် ၊ ချက်ချင်း ပင် မနက်ကအပြောခံရလွတ်အောင် ရှောင်သွားသော ကံထူးမှန်းသိလိုက်သည် ။

“ဟယ်လို”

“ဟေ့ကောင် …. ဉာဏ်ထူး … ငါ …. ငါထီပေါက်ပြီ ”

“ဟင်”

“ငါထီပေါက်ပြီဟေ့ကောင် … ငါသိန်းတစ်ထောင်ပေါက်ပြီ ”

ဝမ်းသာအယ်လဲကြားလိုက်ရသော ကံထူးအသံတို့ ကြောင့် ဉာဏ်ထူး ပထမအံ့သြသွားသည် ။

“ဘာ … ဘာပြောတယ် ”

“ဟာ … ငါ သိန်းတစ်ထောင် ထီပေါက်ပြီဟေ့ကောင် … ဒီနေ့ ထီဖွင့်ရက်လေကွာ ။ အဲဒါ … ဟား …”

ကြားလိုက်ရသော စကားတို့ ကြောင့် ကံထူးပင်မဟုတ် ၊ ကံထူးအစား ဉာဏ်ထူးပင် ၀မ်းသားလုံးဆို့ သွားသည် ။

“သေ … သေချာလို့ လားကွာ ”

“အေး … သေချာသွားပြီ ။ ငါ့အလုပ်ထဲကို ထီဆိုင်ကကိုယ်စားလှယ်တွေ ကိုယ်တိုင်ရောက်လာတာ ”

“ဟေး …. ၀မ်းသာတယ်ကွာ ၊ ငါတကယ်ဝမ်းသာတယ် ။ မင်း … မင်းဟိုကောင်တွေ ကို ပြောပြီးသွားပြီလား ”

“၀သန့် ကိုတော့ ပြောပြီးသွားပြီကွ ။ ဟိုကောင် ဇွဲထူးကိုတော့ မပြောရသေးဘူး ။ ၀သန်လည်းမင်းလိုပဲ တော် တော် ၀မ်းသာနေတယ် ”

ကံထူးအ ဖြစ်က သူငယ်ချင်းတွေ အကုန်လုံး မျှော်လင့်နေသော ကိစ္စတစ်ခု ဖြစ်သည့်အတွက် အကုန်လုံးဝမ်းသာနေကြမှာ သေချာသည် ။

“နောက် … နောက်ပြီးတော့ တစ်ခုရှိသေးတယ်ကွ ။ အခုပေါက်တဲ့ ထီလက်မှတ်က လစဉ်လတိုင်း ငါနဲ့ ဝသန်အတွက် ရည်ရွယ်ပြီး ထိုးတဲ့ ထီလက်မှတ်ထဲက ပေါက်တာ ။ ၀မ်းသာလိုက်တာကွာ ။ ငါဝသန့် အပေါ် တကယ်ချစ်တယ်ဆိုတာကို ကံတရားကြီးကတောင် အသိအမှတ်ပြုလိုက်ပြီပေါ့ ”

ထိုစကားကြောင့် ဉာဏ်ထူးစိတ်ထဲတွင် နည်းနည်း တော့ ဘ၀င်မကျ ဖြစ်သွားသည် ။ ဒါပေမယ့် သူဝမ်းသာပါသည် ။

သူငယ်ချင်းသုံးယောက် ထဲတွင် ကံကိုယုံသော ကံထူး တစ်ယောက် သာ စီးပွားရေး တွင် နောက်ကျ ကျန်ခဲ့သည်မဟုတ်ပါလား ။

အခုတော့ ….

သုံးယောက် စလုံး ပြေးလမ်းပေါ်တွင် ခြေလှမ်းတူသွားချေပြီ ။

ဆိုင်တော့မဆိုင်ပါ ။ ဒါပေမယ့် ၀သန်မည် သူ့ ကို ရွေးမည် နည်း ။

*

(k)

ကားတစ်စီးလုံးတွင် လောလောလတ်လတ်ထီပေါက်ထားသော ကံထူးအသံသာကြီးစိုးနေသည် ။ ကံ , ကံ ၏ အကျိုးတွေ ၊ ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ၊ ကံသာအမိ ၊ ကံသာအဖတွေ ချည်းလုပ်၍ ကံချင်းထပ်ကာ မိုးမွှန်နေပါသည် ။

နောက်ခန်းတွင် ၀သန်နှင့် တွဲ ထိုင်ကာ ကံချည်းစွတ်တူးနေသည့် အတွက် ဉာဏ်ထူးက …

“တော် ပါတော့ကွာ ကံထူး … ကြာရင် ငါထကန်မိတော့မယ် ”

ဒီတော့မှ ကံထူးအနည်းငယ်ငြိမ်ကျသွားသည် ။ ဉာဏ်ထူးစကားကြောင့် ၀သန်က ‘ ခွီး ’ ခနဲ ထရယ်သလို ကားမောင်းနေသော ဇွဲထူးကလည်း ဉာဏ်ထူးကို ဂုဏ်ပြုပြုံး ပြုံးပြပါ ၏ ။

ဒီတော့မှ ကံထူး တစ်ယောက် မအူမလည်ဖြင့် ကံအတူးရပ်သွားသည် ။ ဒီကောင် ဘာကိုဆိုလိုနေသလဲဆိုတာ ဉာဏ်ထူးသိသည် ။ သူဝသန့် အပေါ်ထားသည့် မေတ္တာတွေ မှန်ကန်ကြောင်း ၊ ၀သန့် ကို တကယ်ချစ်ကြောင်း ၊ သူ့ အချစ်ကို ကံတရားကြီးကပင် အသိအမှတ်ပြုပြီ ဖြစ်ကြောင်း … အဲဒါကို ဆိုလိုချင်နေတာ ။

ဒါပေမယ့် ၀သန်ကလည်း မသိသလို လုပ်နေသည့်အတွက် ကံထူးမှာ ဝေ့လည်ကြောင်ပတ်ဖြင့် ကံချင်းထပ်ကာပြောနေခြင်း ဖြစ်သည် ။အခုတော့ …

အနည်းငယ် ငြိမ်ကျသွားလေသည် ။ ၀သန်ကိုယ်တိုင်က သူ့ ဘက်မပါတာကိုး ။

ကားအတွင်းထဲမှာ အနည်းငယ်အသံငြိမ်သွားတော့မှ ဇွဲထူးက

“ ၀သန် … နင် ငါတို့ သုံးယောက် ကို ဘယ်ခေါ်သွားမလို့ လဲ ”

“ငါ … ဟို တစ်ခါပြောထားတဲ့ ထူးဆန်းသော ခရီးစဉ်လေ ဟာ ”

ဝသန့် အဖြေကြောင့် ဉာဏ်ထူးက …

“အမယ် … ထူးဆန်းသော ခရီးစဉ်ဆိုပါလား … ခေါင်းစဉ်တွေ ဘာတွေ တပ်လို့ နင်ရိုးတော့ရိုးပါတယ်နော် ”

သူ့ စကားကြောင့် ၀သန်ကြောင်သွားပြီး သူ့ ကိုပြန်မေးသည် ။

“ ဘာလဲဟ … ငါက ဘာရိုးပါတယ်လဲ ”

“သြော် … ငါတို့ ယောက်ျားလေးသုံးယောက် ကို နင်က မိန်းကလေးတန်မယ့် ထူးဆန်းသော ခရီးစဉ်ဆိုပြီး ဦးဆောင်ခေါ်သွားလို့ …. ဟဲ ဟဲ … ဟိုလေ ခိုးပြေးတာတော့ မဟုတ်ပါဘူးနော် ”

“ ဘာ … ”

ဝသန့် အသံက နားထဲအူဆင်းသွားသည် ။

“ကောင်စုတ် … သေနာ … ဘုန်း ဘုန်း ဘုန်း ”

နောက်ခန်းမှနေ၍ တဘုန်းဘုန်းလှမ်းထုနေသော ကြောင့် ဉာဏ်ထူးမထိအောင် မနည်းရှောင်နေရသည် ။ ဒါတောင် သုံးလေးချက်အထုခံ လိုက်ရသေးသည် ။

စိတ်ရှိလက်ရှိ ထုပြီးတော့မှ ၀သန်က မျက်နှာကို တင်း၍ နှုတ်ခမ်းစူကာ တစ်ဖက်လှည့်သွားသည် ။ စိတ်ဆိုးသွားသည်ပေါ့ ။

စိတ်ဆိုးနေသော ၀သန့် မျက်နှာလေးကို နောက်ကြည့်မှန်မှ တစ်ဆင့်ကြည့်၍ ဉာဏ်ထူး ရင်တွေ ခုန်နေမိသည် ။ ထိုစဉ်မှာ ပင် ကားမောင်းနေသော ဇွဲထူးက ရယ်ကျဲကျဲဖြင့် …

“နှုတ်ခမ်းကြီးပဲ စူမနေနဲ့ … ဘယ်ကိုမောင်းရမှာ လဲဆိုတာ ပြောဦး … တော် ကြာ ထူးဆန်းသော ခရီးစဉ်မရောက်ဘဲနေဦးမယ် ”

“ခွီး ”

ခွီးခနဲ ထွက်သွားသော ရယ်သံကို မနည်းဘရိတ်ဖမ်းလိုက်ရသော်လည်း ၀သန့် မျက်စောင်းနှင့် နောက်ကြည့်မှန်ပေါ်တွင် ဆုံသွားသည် ။

“ငါသိပါတယ် … လိုအပ်ရင်ပြောမှာ ပေါ့ ”

ဇွဲထူးကိုပင် မျက်စောင်းလှမ်းထိုးကာ လေသံမာမာနှင့် ပြောသည် ကြောင့် သူတို့ ထပ်မစရဲတော့ ။ တော် ကြာ အမှတ်တွေ လျော့သွားနိုင်သည် လေ ။

ဒီလိုနှင့် ပဲ တစ်နာရီလောက်ကြာအောင် မောင်းလိုက်ရသည် ။ ပြီးတော့ လမ်းမကြီးမှဖဲ့ဆင်းကာ တောလမ်းအတိုင်း နောက်ထပ်တစ်နာရီ လောက်ကြာအောင် မောင်းပြီးချိန်တွင် တော့ …

သူတို့ ကားက ရွာတစ်ရွာ၏ နယ်နိမိတ်နှင့် ဦးတိုက်သွားလေသည် ။

ကျေးရွာဟုဆိုသော်လည်း အိမ်ခြေငါးဆယ်ပင်မပြည့်တတ်သော ရွာသိမ်ရွာငယ်လေး ဖြစ်သည် ။ သို့ သော် ရွာနှင့် မလိုက်စွာ ၀င့်ထည်ကြီး မားသော အဆောက်အဦကြီးတစ်ခုကို ခပ်လှမ်းလှမ်း ရွာမ၀င်ခင်လောက်ကတည်းက သူတို့ လှမ်းတွေ့ ရပါ ၏ ။

ဝသန်က ထိုအဆောက်အဦကြီးကို ကားပေါ်မှ လက်ညှိုးထိုးပြကာ …

“ငါပြောတဲ့ ထူးဆန်းသော ခရီးစဉ်ဆိုတာ အဲဒီ အဆောက်အဦ ကြီးကို ရည်ရွယ်ပြီးပြောတာ ”

သူတို့ လည်း ကားပေါ်မှပင် လှမ်းကြည့်မိကြပါသည် ။ ၀သန် ပြောသလို ဘာတွေ ထူးခြားနေသည်လည်းတော့မသိ ။ ဒါပေမယ့် ဒီလို ရွာကလေးတွင် အခုလို အဆောက်အဦကြီးရှိနေသည်ဆိုကတည်းကိုက တစ်မျိုးထူးခြားနေခြင်းပင် မဟုတ်ပါလား ။

ရွာထဲ ၀င်ပြန်တော့လည်း တွေ့ သမျှလူတွေ အကုန်လုံးက သူတို့ ကားကို အထူးအဆန်းသဖွယ် ၀ိုင်းကြည့်နေကြသည် ။ သူတို့ ကားဝင်လာတာ မထူးဆန်းပါ ။ ဒါပေမယ့် အထူးအဆန်းကြည့်နေသော မျက်ဝန်းတွေ က တစ်မျိုးဟု သူတို့ ထင်မိသည် ။

ထိုစဉ်မှာ ပင် ကားမောင်းနေသော ဇွဲထူးက ဘာတွေးမိသည်မသိ ။

“၀သန် … နင်ငါတို့ ကို ဘယ်နေရာခေါ်လာတာလဲ ”

ဇွဲထူး၏ သံသယ အမေးကို ၀သန်က အေးဆေးစွာ ပင် …

“ထူးဆန်းတဲ့ နေရာလေဟာ ”

“ဘာ … ”

ဇွဲထူး စကားဆက်မပြောနိုင်တော့ပါ

“ ဟိုရှေ့က ညာဘက်လမ်းကို ချိုးမောင်း … အဲဒီ လမ်းကသွားရမှာ ”

ဉာဏ်ထူး ‘ ဘာတွေ လဲ ’ ဟု ပင် စိတ်ထဲမှာ ခပ်ညည်းညည်းပြော ဖြစ်ပါသည် ။ ဉာဏ်ထူးစိတ်ထဲမှာ တစ်ခုခုကို စိုးရိမ်မကင်း ဖြစ်နေပါ၏ ။ ဒေသစိမ်း ၊ ပတ်ဝန်းကျင်စိမ်းဆိုတာထက် တစ်ခုခုပိုနေသလို ခံစားနေရသည် ။ မိုင်းကွင်းထဲ လမ်းလျှောက်နေသော လူတွေ ၏ ခံစားမှုလိုမျိုး ၊ ဘယ်နေရာများ ငါဘာ ဖြစ်သွားမလဲ ဟူသော ခံစားမှုကြီးက ကြီးစိုးစထက် ကြီးစိုးလာသည် ။

ဤရွာတွင် တစ်ခုခုထူးခြားနေတာတော့ သေချာပါ၏ ။ ကံထူးကို ကြည့်မိတော့ ထုံးစံအတိုင်း ပါးစပ်လှုပ်ရုံလေး ဘုရားစာရွတ်လို့ ။

မကြာလိုက်ပါ ။ သူတို့ ကားလေးက အဆောက်အဦကြီးရှေ့တည့်တည့်သို့ ဦးတည်စိုက်ဆင်းသွားသည် ။ အနီးနားရောက်မှ သူတို့ ထင်ထားတာထက်ပင် အဆောက်အဦကြီးက ကြီးမားခံ့ထည်နေကြောင်း သတိပြုမိသည် ။ လက်ရာမှာ ဥရောပဆန်သလို ၊ ရှေးဆန်သလိုနှင့် သူတို့ ခန့် မှန်း၍ မရ ။

ဥရောပဟန်ရောနေသော ရှေးကျသည့် လက်ရာတစ်ခုလို့ တော့ သတ်မှတ်၍ ရနိုင်သည် ။

ထိုအဆောက်အဦဘေးမှ ကားကို ပတ်မောင်းကာ တစ်နေရာ အရောက်တွင် ရပ်တန့် သွားလေသည် ။ သူတို့ ရှေ့မှာ ရှိနေသည်ကား …

ထိုအဆောက်အဦကြီးနှင့် လားလားမှမဆိုသော ကျောင်းအိုတစ်လုံး ၊ သင်္ကန်းတွေ လှမ်းထားပုံအရတော့ ဘုန်းကြီးကျောင်း တစ်ကျောင်း ဖြစ်မည် ထင်သည် ။

ဝသန်က ကားတံခါးဖွင့်ကာ ဆင်းသည်ကြောင့် သူတို့ လည်း အလိုလိုကားပေါ်မှဆင်းပြီးသား ဖြစ်သွားသည် ။ ထိုစဉ်မှာ ပင် ကိုရင်လေးတစ်ပါး ကျောင်းပေါ်မှ ပြေးဆင်းလာကာ …

“ ဒါယိကာမလေး … ဆရာဘုန်းကြီးဆီ လာလည်တာလား ”

“ ဟုတ်တယ် ကိုရင်လေး ၊ ဆရာဘုန်းကြီးရှိလား ”

“မရှိဘူး … ဟိုဘက်ရွာမှာ အလှူရှိလို့ မနက်ကတည်းက ဆရာတော် ကြီးနဲ့ ကြွသွားတယ် ။ ဟိုမှာ ကျိမ်းမယ်လို့ လည်း မှာ သွားတယ် ။ ဒီမှာ ကျန်ခဲ့တာက ကိုရင်တို့ သုံးပါးတည်း”

ထိုကိုရင်လေးဘေးမှာ ရပ်နေသော ကိုရင်နှစ် ပါးကလည်း သူတို့ ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေသည် ။ သူတို့ သုံးယောက် က တော့ ဝသန့် ကို ကြည့်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ။

“ဒါဆိုရင်လည်း ဘယ်တတ်နိုင်မလဲ ကိုရင်လေးရာ နောက်တစ်ခေါက်ပေါ့ ”

ထိုသို့ ပြော၍ သူတို့ သုံးယောက် ဘက်သို့ လှည့်ကာ …

“လာ … ငါတို့ ကျောင်းပေါ်တက်ရအောင် ”

သူတို့ သုံးယောက် လည်း ယောင်လည်လည်ဖြင့် ပင် ၀သန့် နောက်မှပါသွားရလေသည် ။

ကျောင်းပေါ်ရောက်တော့ ဘုရားဝတ်ချ၍ ၀သန်ကပြောသည် ။

“ငါ ဒီကို တစ်ခါပဲရောက်ဖူးတာ ဟ … အဲဒီ တုန်းက ငါ့အဖေ ရော ၊ ငါ့ အမေရာ ပါတယ် ”

သူတို့  ကတော့ ဘာမှပြန်မပြောနိုင်ဘဲ ကျောင်းကိုသာ သေသေချာချာ ကြည့်နေသည် ။ ကျောင်း ကတော့ ဘုန်းကြီးကျောင်းဆိုတာ သေချာသလောက်ရှိသည် ။ ဒါပေမယ့် သူတို့ သုံးယောက် စိတ်ထဲမှာ ဘ၀င်မကျ ။ သလောက်ရှိသည် ။ ဒါပေမယ့် သူတို့ သုံးယောက် စိတ်ထဲမှာ ဘ၀င်မကျ ။

ဘာကို ဘ၀င်မကျလို့ မကျမှန်းလည်းမသိ ။

ထိုစဉ်မှာ ပင် တစ်ချိန်လုံးငြိမ်နေသော ကံထူးက …

“၀သန် … နင်ခုန ကိုရင်လေးနဲ့ ပြောတဲ့ ဆရာဘုန်းကြီးဆိုတာ ဘယ်သူလဲ ”

ကံထူးအမေးကို ၀သန်က အလေးဂရုမထားသလို လေသံဖြင့်

“သြော် … ဒါလား … နောက်တော့ သိရမှာ ပေါ့ဟာ ဖြည်းဖြည်း ပေါ့ ”

ဒီအဖြေကိုလည်း သူတို့ သုံးယောက် ဘ၀င်မကျပါ ။ နောက်ပြီး ၀သန်က တစ်ကိုယ်တည်းပဲပြောသလို ၊ သူတို့ ကိုပဲ ပြောသလို နှင့် ကျောင်းနံရံမှ ပန်းချီကားလေးတစ်ချပ်ကိုကြည့်ရင်း ပြောလေသည် ။

“အေးလေ … ငါမှ ကြိုမပြောထားတာ … မဟုတ်ရင် တစ်ခါတည်း လုပ်လို့ ရတယ် ”

ဝသန် ဘာကိုပြောနေမှန်း သူတို့ နားမလည်ပါ ။ ၀သန်ကြည့်ရာ ပန်းချီကားဆီကို ကြည့်မိတော့ …

ဓားမောက်ကြီးထမ်းထားသော အင်္ဂုလိမာလရုပ်ပုံက မာထန်နေသည် ။ ဘာမှတော့ မဆိုင်ပေမယ့် သူတို့ သုံးယောက် ကျောချမ်းသလိုပင် ဖြစ်သွားရပါ ၏ ။

ထို့ နောက် ၀သန်က ထိုင်နေရာမှ ထလိုက်ရင်း …

“လာဟာ … နင်တို့ သုံးယောက် ကို ငါဟိုအဆောက်အဦကြီးထဲ လိုက်ပြမယ် ။ အကြိုပေါ့ … ပြီးရင် ပြန်ကြမယ် ”

ဘာမှ နားမလည်ပေမယ့် သူတို့ သုံးယောက် ၀သန့် နောက်မှ လိုက်ရပြန်ပါသည် ။

အရာရာသည် လျှို့ ဝှက်မှုတွေ ၊ မတင်ကျမှုတွေ ၊ သိလိုမှုတွေ ၊ စိုးရွံမှုတွေ နဲ့ ပြည့်စုံနေပါ၏ ။

*

(l)

ကြီးမားခံ့ထည်သော အဆောက်အဦကြီးဘေးမှ ပတ်လျှောက်ကာ ၀င်ပေါက်ဆီသို့ သွားရသည် ။

အဆော်အဦးကြီး၏ ပြင်သဏ္ဍာန်က ပုဂံဘုရားပုထိုးတွေ လို အုတ်နီခဲတွေ ပေါ်သည့် နေရာကပေါ်နေသည် ။ ရေညှိခြောက်တွေ ကို အားယူတွက်ကပ်ပေါက်နေသော နွယ်ပင် ၊ မြက်ပင် အချို့ လည်းရှိသည် ။ ဘယ်လိုပဲ ဖြစ် ဖြစ် အဆောက်အဦကြီးက ကြီးမားခံ့ထည်လွန်းလှပါသည် ။

အကျယ်ဧက ဘယ်လောက်ပေါ်မှာ အခြေယူတည်ဆောက်ထား သည်ဆိုတာတော့ ခန့် မှန်း၍ မရ ။ဘေးမှကပ်လျှောက်သော သူတို့ ကိုယ်သူတို့ ပင် သိမ်ငယ်သလို ခံစားရသည် ။

ဒီလို နှင့် လိုဏ်ဂူဝလို ကြီးမားကျယ်ဝန်းသော ၀င်ပေါက်အ၀ သို့ ခြေချလိုက်မိသည် ။ ခဏမှာ ပင် …

သင်းခနဲရလိုက်သော အမွှေးနံ့ တစ်ခုနှင့် အတူ သူတို့ တစ်ယော်ကို တစ်ယောက် ကြည့်မိသွားကြပါသည် ။

အကြောင်းကား …

“၀သန် … နင့်ဟာက ဘုရားကျောင်းကြီးပဲ ”

“အေးလေ … ဘုန်းကြီးကျောင်းဘေးမှရှိပါတယ်ဆိုမှ ဘုရားကျောင်းပဲ ဖြစ်မှာ ပေါ့ ”

ဟုတ်သည် ။ ထိုင်တော် မူဆင်းတုတော် တစ်ဆူနှင့် အတူ ဆင်းတုတော် ရှေ့တွင် ပူဇော်ထားသော ဖယောင်းတိုင်နှင့် အမွှေးတိုင်တို့ ကြောင့် သူတို့ ပြောလိုက်မိခြင်း ဖြစ်ပါသည် ။

ပြင်ပအလင်းရောက် သိပ်မ၀င်လို့ လားမသိ ၊ ဘုရားကျောင်းအတွင်းတွင် အနည်းငယ် မှော င်လျက်ရှိသည် ။

သူတို့ လေးယောက် အ၀တွင် ပင် ဖိနပ်ချွတ်ကာ အတွင်းသို့ ဝင်ခဲ့ကြပါ ၏ ။ ပြီးနောက် ဘုရားကို အာရုံပြု၍ ကန်တော့ပြီးသည့် အဆုံးမှာ ၀သန်ကစကားစသည် ။

“ဒီအဆောက်အဦကြီးကို အင်္ဂလိပ်ခေတ်က အင်္ဂလိပ်တွေ ကိုယ်တိုင်ဆောက်ခဲ့ကြတာဟ ။ အဲဒါကြောင့် ထူးဆန်းတယ်လို့ ပြေတာ ”

ဝသန့် စကားကြောင့် ဇွဲထူးကနားမလည်စွာ ဖြင့် …

“ဟာ … အင်္ဂလိပ်တွေ ဆောက်တာနဲ့ ပဲ ထူးဆန်းသွားရောလား ”

ဇွဲထူး၏ အမေးစကားကြောင့် ၀သန်က ပြုံးလိုက်သည် ။

“အင်္ဂလိပ် တွေ ဆောက်ရုံလောက်ဆိုရင်တော့ ဘယ်ထူးဆန်းမလဲ ဟာ ။ ဒါပေမယ့် ထူးဆန်းအောင် ဆောက်ခဲ့လို့ ထူးဆန်းတယ်လို့ ပြောတာ ”

“ဘယ်လို ဆောက်ခဲ့လို့ လဲ ”

“ဒီဘုရားကျောင်းကြီးထဲမှာ ဒီအခန်းအပါအ၀င် အခန်းပေါင်း (၃၈) ခန်းတိတိရှိတယ် ။ အဲဒီ (၃၈ ) ခန်းကို ဒီအနီးနား ပတ်ဝန်းကျင်က လူတွေ ရော ၊ ဒီရွာကလူတွေ ရော ၊ ယုတ်စွအဆုံး ဒီကျောင်းက ကိုယ်တော် တွေ တောင် အခန်းစေ့ မရောက်ဖူးဘူး ”

“ဟင်”

“ဘာ ဖြစ်လို့ လဲ ”

ဝသန့် စကားကြောင့် သုံးဦးသား အံ့သြသွားသည် ။

“ဒီအဆောက်အဦကြီးတစ်ခုလုံးက ၀င်္ကဘာလို ဖြစ်နေလို့ ”

“ဘာ … ”

“၀င်္ကဘာလို ”

ထပ်ဆင့် အံ့သြရပြန်ပါသည် ။ ၀သန်ကပင်ဆက်၍ …

“ဟုတ်တယ် … ဒီအခန်းအပါအ၀င် အခန်းအားလုံးက အကုန်လုံး ပုံစံတူတွေ ချည်းပဲ ။ နောက်ပြီး တစ်ခန်းနဲ့ တစ်ခန်း လည်းဆက်နေတာ ။ အခန်းတစ်ခန်းကို ၀င်ပြီးသွားရင် အဲဒီ အခန်းက အခုဝင်တဲ့ အခန်းလား ၊ ခုန၀င်ခဲ့တဲ့ အခန်းလားဆိုတာ ဝေခွဲလို့ မရတဲ့အထိ လှည့်စားနိုင်စွမ်းရှိတယ် ။ တော် ရုံတန်ရုံ အထဲကို ၀င်သွားမိရင် ပြန်ထွက်ဖို့ မလွယ်တော့ဘူး ။ နောက်ပြီး အခန်းတွေ မှာ နံပါတ်မတပ်ထားတော့ ပိုဆိုးတာပေါ့ ”

ဉာဏ်ထူးတို့ သုံးယောက် စလုံး စကားပင် မပြောနိုင်ြ ကတော့ပါ ။ ၀သန့် စကားအကြောင့် အရာက အာရုံအားလုံးကို ဆွဲခေါ်သွားသည် ။

“အခု ငါတို့ ရောက်နေတဲ့ အခန်းမှာ တင် အပေါက်သုံးပေါက်ရှိတယ်ဟ ။ ၀င်လာတဲ့ အပေါက်ပါပါရင် လေးခု ”

ဝသန့် စကားကြောင့် သုံးယောက် စလုံးနားမလည်စွာ အခန်းကို ဝေ့ကြည့်၍ …

“နှစ် ပေါက်ပဲရှိတာလေဟာ … ၀င်လာတဲ့ အပေါက်ပါပါမှ သုံးခု ”

ကံထူးစကားကြောင့် ၀သန်က ပြုံးသည် ။ ဟုတ်တော့လည်း ဟုတ်သည် ။ သူတို့ အားလုံးမျက်မြင်မှာ က ၀င်လာတဲ့ တစ်ပေါက်ရယ် ။ ဗုဒ္ဓဆင်းတုတော် ဘေးဘယ်ညာမှ လူတစ်ရပ်လွတ်စာ လိုဏ်ခေါင်းလို နှစ် ပေါက်ရယ်ပဲတွေ့ သည်မလား ။

“မဟုတ်ဘူး … လိုဏ်ခေါင်းပုံစံ သုံးပေါက်ရှိတာ ။ ဘုရားဆင်းတုတော် နောက်မှာ ကြည့်ကြည့်လိုက် ။ နောက်ထပ်တစ်ပေါက်ရှိသေးတယ် ”

“ဟုတ်လား ”

ဝသန့် စကားကြောင့် သုံးယောက် သားထကြည့်ကြသည် ။ အနည်းငယ်မှော င်နေသော်လည်း ဂူပေါက်ပုံစံလောက်ကိုတော့ တွေ့ ရပါ ၏ ။

“အေးဟ … ရှိတယ်”

ဉာဏ်ထူးကထောက်ခံသည် ။ ထိုအခါမှ ၀သန်က စကားကို ထပ်ဆက်သည် ။

“ဆင်းတုတော် နောက်ကလမ်းအတိုင်း ၀င်သွားတယ်ဆိုပါစို့  ဟာ ။ ဒီလမ်းအတိုင်းပြန်ထွက်လာချင်မှ လာနိုင်မယ် ။ ညာဘက်လမ်း က ထွက်လာရင်လည်း ထွက်လာနိုင်တယ် ။ ဘယ်ဘက်လမ်းကလည်း ထွက်လာရင်လာနိုင်တယ် ။ ဒါမှမဟုတ် ပြန်မထွက်လာနို်င်ဘဲ အထဲမှာ မျက်စိလည်ပြီး ပိတ်မိသွားရင်လည်း ပိတ်မိသွားနိုင်တယ် ”

ဝသန်က ခဏနားကာ သူတို့ သုံးယောက် ကို ကြည့်သည် ။ သူတို့ သုံးယောက် ကတော့ မျက်လုံးအ၀ိုင်းသားနှင့် နားထောင်နေပါ ၏ ။

“ဆရာတော် ကြီး တစ်ခါပြောဖူးတယ် ။ ဒီကျောင်းကို ကိုရင်ဝတ်တဲ့ အာဂန္တုကိုရင်တစ်ပါး ဘယ်သူမှမသိဘဲ ဒီလိုဏ်ဂူထဲကို ၀င်သွားမိတယ်တဲ့ ။ ဘယ်အချိန်ဝင်သွားမှန်းလည်း ဘယ်သူမှ မသိကြဘူး ။ တစ်ညလုံးပျောက်နေတာလည်း ဘယ်သူမှသတိမထားမိကြဘူး ။ နောက်တစ်နေ့ မနက်အရုဏ်ဆွမ်းစားမှ ကိုရင်တစ်ပါးပျောက်နေတာကို သိပြီး ဆရာတော် ကြီးကိုယ်တိုင် ဒီဝင်္ကဘာထဲကို လိုက်ရှာတော့မှ အခန်းတစ်ခန်းမှ ငုတ်တုတ်လေးထိုင်နေတာကို တွေ့ ရတယ်တဲ့ ။ ဒါပေမယ့် မှော င်နဲ့ မည်းမည်း တစ်ညလုံးကို တစ်ယောက် တည်းကျော်ဖြတ်ခဲ့ ရလို့ လား ၊ ဒါမှမဟုတ် ထိတ်လန့် ချောက်ချားစရာတစ်စုံတစ်ခုကိုပဲ တွေ့ လိုက်လို့ လားမသိဘူး အဲဒီ ကိုရင်လေး စိတ်မနှံသလို ဖြစ်သွားတယ်တဲ့ ”

“ဟာ”

သုံးယောက် စလုံး အံ့အားသင့် သနားသွားမိကြသည် ။

“အဲဒီ အချိန်ကစပြီး ဆရာတော် ကြီးက ဒီဝင်္ကဘာထဲကို ဘယ်သူ့ မှပေးမ၀ငန်တော့သလို အမိန့် ပါတစ်ခါတည်း ထုတ်လိုက်တယ် ”

“သြော် ”

ကံထူးတော် တော် မှင်တက်သွားမိပါသည် ။ ဉာဏ်ထူးနှင့် ဇွဲထူး ကို ကြည့်မိတော့လည်း နှစ် ယောက် စလုံးက ကြေကွဲရိပ်လွှမ်းသော မျက်နှာ ကိုယ်စီနှင့် ။

ထိုစဉ်မှာ ပင် ဉာဏ်ထူးက …

“နေပါဦး ၀သန်ရ … ဘာ ဖြစ်လို့ အင်္ဂလိပ်တွေ က ဒီဘုရားကျောင်းကြီးကို ၀င်္ကဘာပုံစံဆောက်ခဲ့ရတာ လဲ ”

“ဆရာတော် ကြီးပြောတာတော့ အင်္ဂလိပ်တွေ က သူတို့ စုဆောင်းထားတဲ့ ရွေ ၊ ငွေ ၊ ကျောက်သံ ပတ္တမြားတွေ ၊ ဘုရားဆင်းတုတော် တွေ ကို ဒီဘုရားကျောင်းကြီးထဲက အခန်းတွေ ထဲမှာ ၀ှက်ထားကြတာတဲ့ ။ အဲဒီ ပစ္စည်းတွေ ကို သူခိုးဓားပြတွေ အလွယ်တကူယူလို့ မရအောင် ဆောက်ကတည်းက ကြိုတင်ကြံစည်စိတ်ကူးပြီး ဆောက်ခဲ့ကြတာနေမှာ ပေါ့ ။ နောက်ပြီး ထူးဆန်းတာတစ်ခုရှိသေးတယ်ဟ ။ ဒီအဆောက်အဦကြီးထဲ က အခန်း (၃၈) ခန်းရဲ့ တစ်ခန်းခန်းမှာ ထွက်ပေါက်တစ်ခုရှိတယ်တဲ့ ။ အဲဒီ ထွက်ပေါက်က ပျောက်နေတယ် ”

“ဟင် ”

“ထွက်ပေါက် ”

သူတို့ သံယောက် လိုက်မိသွားရပြန်ပါသည် ။

“ဘယ်. .. ဘယ်လို ပျောက်နေတာလဲ ”

ဇွဲထူးက ကြောင်အမ်းစွာ မေးလိုက်သည် ။

“အဲဒါတော့ ငါလည်းမသိဘူး ”

ဝသန့် စကားကြောင့် သူတို့ ခဏတွေ ဝေသွားသည် ။

“နေပါဦးဝသန်ရ ၊ အခု ငါတို့ ဝင်လာတဲ့အပေါက်က ၀င်ပေါက် ထွက်ပေါက် မဟုတ်ဘူးလား ”

“ဟုတ်တယ်လေ. .. ဒီအပြင်ကို နောက်ထပ်ထွက်ပေါက်တစ်ခုရှိနေသေးတာ ။ ရည်ရွယ်ချက် ကတော့ ဟာ စစ်ရှုံးလို့ သူတို့ တွေ ဒီထဲမှာ ပိတ်မိနေခဲ့ရင်တောင် အသက်ရှင်လွတ်မြောက်ဖို့ ထွက်ပေါက် တစ်ခုချန်ထားတဲ့သဘောပေါ့ ။ အင်္ဂလိပ်တွေ ပဲ သိတယ်မလား ”

သူတို့ တွေ ခေါင်းညိတ်မိကြပါသည် ။ ထိုစဉ်မှာ ပင် ဉာဏ်ထူးမရှင်တာတစ်ခုကို ထမေးသည် ။

“တကယ်လို့ သာ … နင်ပြောသလို သူတို့ တွေ ပိတ်မိနေတယ်ဆိုပါစို့  ။ ထွက်ပေါက်ရှာတဲ့အခါ ဒီအဆောက်အဦးကြီးက အခုလို ၀င်္ကဘာ ဖြစ်နေတော့ သူတို့ ဘယ်လိုလုပ်ကြမလဲ ။ သူတို့ လည်း မျက်စိလည်ပြီး လမ်းတွေ ပျောက်ကုန်မှာ ပေါ့ ”

“ကောင်းလိုက်တဲ့ မေးခွန်း ”

ကံထူးက ထောက်ခံသည် ။

သူ့ စကားကြောင့် ၀သန်က …

“ဒါ ကတော့ဟာ … သူတို့ က ဆောက်တဲ့သူတွေ ပဲ သူတို့ အမှတ်အသားနဲ့ သူတို့ တော့ရှိမှာ ပေါ့ ။ နေဦး … နင်တို့ ကို ငါနောက်တစ်ခု ထူးဆန်းတာပြီဦးမယ် ”

ဟုဆိုကာ ၀သန်က ဘုရားဆင်းတုတော် ကြီးနောက်ကို ၀င်သွားသည် ။ ထို့ ကြောင့် သူတို့ လည်း ၀သန့် နောက်မှ လိုက်ခဲ့ကြပါ၏ ။

တစ်နေရာအရောက်တွင် ၀သန်ကရပ်၍ နံရံကို လက်ညှိုးထိုးပြသည် ။

“ဟိုမှာ စတုရန်းတစ်ကွက်တွေ့ လား ”

ဝသန်က လက်ညှိုးထိုးပြရာဆီကြည့်မိတော့ …

ဟုတ်သည် ။ အုတ်သားနံရံမှာ စတုရန်းကြီးကြီးတစ်ကွက် အသေအချထွင်းထားသည်ကို တွေ့ ရပါ၏ ။

ထိုစတုရန်းကွက်မှာ ဤသို့  ဖြစ်လေသည် ။

Cover

စတုရန်းကွက်ကြီးတစ်ခုပေါ်တွင် စတုန်ရန်းကွက်ငယ် (၁၆) ကွက်ရေး သွင်းထားသော နံရံအားပြ၍

“ဆရာတော် ကြီး ပြောတာတော့ … ဒီအဆောက်အဦကြီးတစ်ခုလုံးကို ဟောဒီ စတုရန်း (၁၆) ကွက်နဲ့ အခြေခံပြီး တည်ဆောက်ထားတာ တဲ့ ။ ဘာအဓိပ္ပာယ် ၊ ဘာသဘောလဲတော့ ငါလည်းမသိဘူး ။ လျှို့ ဝှက်ချက်တစ်ခုခုတော့ ရှိမှာ ပေါ့ဟာ ။ တော် တော် ထူးခြားတယ်လို့ လည်း ပြောတာပဲ ။ ငါ ကတော့ ဒီစတုရန်းကွက်တွေ ကို ကြည့်ရင် ဒီစတုရန်းကွက်တွေ ပဲ မြင်တယ် ၊ ဒီ့ထက် ပိုမမြင်ဘူး ။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်တော့ ဒီစတုရန်းကွက်ပေါ်မှာ ရှိတယ်ဟ ။ အဲဒါက ပျောက်နေတဲ့ ထွက်ပေါက်ဟာ ဒီစတုရန်း (၁၆) ကွက်က ဂဏန်းတစ်ခုမှာ ရှိတယ်တဲ့  ”

“ဘာ”

သူတို့ သုံးယောက် စလုံး အမှန်တကယ်ပင် စိတ်ဝင်စားသွားသည် ။ ပြီး နံရံပေါ်မှ စတုရန်းကွက်ကိုလည်း အသေအချကြည့်မိကြပါ၏ ။

“ဒါပေမယ့် ဒီမှာ ရှိတဲ့ အခန်းတွေ အကုန်လုံးကို နံပါတ်တပ်မထားတော့ ဂဏန်းရှာတွေ့ လည်း ဘယ်အခန်းမှန်းသိမှာ မဟုတ်ပါဘူးဟာ ”

ကြေကွဲစွာ ပြောသော ၀သန့် စကားက ဟုတ်တော့လည်းဟုတ်သည် ။ ထွက်ပေါက် ဂဏန်းကို ရှာတွေ့ လင့်ကစား ဘယ်အခန်းမှန်းမသိတော့ ဘယ်လို လုပ်မည် နည်း ။

“ဒါဆို နင်ဆိုလိုတာက ပျောက်နေတဲ့ ထွက်ပေါက်ပါတဲ့ အခန်း ကို ဘယ်သူမှမသိဘူးပေါ့ ။ အဲလိုလား ….”

ဇွဲထူးစကားကို ၀သန်က ခဏစဉ်းစားသည် ။ ပြီးနောက် …

“ငါ့အထင် ဆရာတော် ကြီးတော့ သိမယ်ထင်တာပဲ ။ ဒါပေမယ့် ဆရာတော် ကြီးက ဒီအကြောင်းတွေ ကို လုံးဝဖုံးထားတာာဟ ။ ဒါတောင် ငါနဲ့ မေမေ အတင်းမေးလို့ အားနာပြီးပြောပြတာ ”

“ဟာ … ဒါဆို အန်တီလည်း ဒီအကြောင်းတွေ ကို သိတာပေါ့ ”

“သိတာပေါ့ … မေမေတင်မဟုတ်ဘူး ၊ ဖေဖေပါသိတယ် ”

ဉာဏ်ထူးဘာမှမပြော ဖြစ်တော့ပါ ။ နံရံပေါ်မှ စတုရန်းကွက်ကို သာ စိတ်ဝင်တစားငေးကြည့်နေမိသည် ။ ကံထူးနှင့် ဇွဲထူး ကတော့ အခန်း ပတ်ပတ်လည်ကို လျှောက်ကြည့်နေကြပါ၏ ။

သူတို့ သည် ယောင်လို့ မှ လိုဏ်ဂူလမ်းထဲသို့ မ၀င်ရဲ ။ ၀သန့် ပြောစကားအရနဲ့ တင် သူတို့ မှာ တော် တော် သွေးဆုတ်နေကြပါပြီ ။

ဉာဏ်ထူးကြည့်နေရာမှ ဒီစတုရန်းကွက်ကို တစ်နေရာရာမှာ မြင်ဖူးသလို ထင်မိသည် ။ ဒါပေမယ့် မသဲကွဲ ၊ ဟုတ်သလိုလို မဟုတ်သလိုလိုနှင့်

ပုံစံပဲတူတာလား … ဒါမှမဟုတ် ဂဏန်းတွေ ပဲတူတာလား သူမသဲကွဲ ။ ထိုစဉ်မှာ ပင် ၀သန်က သူ့ ဘေးနားရောက်လာ၍ …

“ဘာလဲ … ဒီစတုရန်းရဲ့ လျှို့ ဝှက်ချက်ကို ရှာနေတာလား ”

“မဟုတ်ပါဘူး … ထူးဆန်းတယ်ဆိုလို့ ကြည့်နေတာပါ ”

“ဘာတွေ့ လဲ ”

ဝသန့်  အမေးကို ဉာဏ်ထူးပခုံးတွ န့်ရင်း ဖြေလိုက်သည် ။

“ဘာမှ မတွေ့ ဘူး”

တအောင့်ကြာတော့ ၀သန်က နာရီကိုတစ်ချက်ကြည့်၍ ပြောလိုက်သည် ။

“(၄)နာရီတောင် ထိုးတော့မယ်ဟ … ငါတို့ ပြန်ရအောင် ။ တော် ကြာ ရန်ကုန်ထဲဝင်ရင် မိုးချုပ်နေဦးမယ် ”

ဒီလိုနှင့် ပဲ သူတို့ လေးယောက် ပြန်ခဲ့ကြပါသည် ။

အပြန်ကားပေါ်တွင် ကံထူးက လာတုန်းက အဆက် ကံထပ်တူးနေပါသည် ။ ကြာလာတော့ ဇွဲထူးက နားကြားပြင်းကပ်လာသည်ထင်သည် ။ ကားမောင်းနေရာမှ လှည့်၍ ကံထူးကို တစ်ခုမေးသည် ။

“ဟေ့ကောင် အင်္ဂလိပ် Grammer မှာ ကံဆိုတာ ဘာလဲ ”

“Object လေ”

“Object ဆိုတာက မြန်မာလိုပြန်ရင် …”

“ပြုလုပ်ခြင်းကို ခံရသူ ”

“အေး …. မင်းသိရင်ပြီးတာပဲ ။ ကံဆိုတာ အမြဲတမ်းခံတဲ့ဘက်ကချည်းပဲကွ ။ ငါတို့ လုပ်သမျှကို အမြဲခံရတာ ။ ကံက ငါတို့ ကို ဦးမဆောင်နိုင်ဘူး ။ ဘာမှ မလုပ်ပေးနိုင်ဘူး ။ ငါတို့ လို Subject လုပ်သမျှကိုသာ အမြဲခံနေရတာ ပါကွာ ။ အဲဒီ တော့ ကံကို သိပ်မယုံနဲ့ မင်းပါရောပြီးခံနေရလိမ့်မယ် ”

“အန်”

ပထမတော့ ကံထူးကြောင်သွားသည် ။ နောက်မှ ရှူးရှူးရှဲရှဲဖြင့်

“ဟ … အဲလို ပြောလို့ တော့ ရမလားကွ ။ တစ်ခါ တစ်ခါ 0bject ကနေ Subject ဖြစ်သွားတာတွေ လည်း ရှိတာပဲ ”

“ဘာလဲ … Passive Voice လုပ်ရင်လား”

ကံထူးပြန်မဖြေပါ ။ မင်းဒါတောင် နားမလည်ဘူးလားဆိုသည့် သဘော ။

“အင်္ဂလိပ်ဝေါဟာရ Passive ဆိုတာ မြန်မာလို ‘ပြုပြင်ခြင်းမရှိသော ’ တဲ့ကွ ။ Voice ဆိုတာအသံ ၊ ပြုပြင်ခြင်းမရှိတဲ့ အသံဆိုမှတော့ကွာ အသံဆိုးကြီးပဲ ဖြစ်မှာ ပေါ့ ။ ဒီတော့ သူငယ်ချင်းကံထူး မင်းပါးစပ်လေး ပိတ်ပြီး ငြိမ်ငြိမ်လေးနေပေးပါကွာ ။ မင်းအသံဆိုးကြီးကို မခံစားနိုင်တော့လို့ ပါ ”

“ဘာကွ”

ကံထူးမှာ ကိုယ့်စကားနှင့် ကိုယ် ဂိသွားသည် ။

ဝသန် ကတော့ ကံထူးနှင့် ဇွဲထူးကိုကြည့်၍ ရယ်နေပါ၏ ။ ဒါပေမယ့် ဉာဏ်ထူး တစ်ယောက် ကတော့ မရယ်ပါ ။ ကံနဲ့ ဝီရိယစစ်ပွဲကြားတွင် လည်း မပါဝင်ပါ ။

အပြင်ကို ငေး၍ သာ တစ်စုံတစ်ခုကို တွေးတောနေသည် ။

ဉာဏ်ထူး ဘာတွေ တွေးနေသည်လဲ ။

ထူးဆန်းသော ရွာနှင့် ကြီးမားသော ဘုရားကျောင်းကြီးအကြောင်း လား ?

ဒါမှမဟုတ် ထူးခြားသော စတုရန်းကွက်၏ လျှို့ ဝှက်ချက်များ လား ?

မည် သူမျှ အတပ်မပြောနိုင်ပါ ။

သူ့ စိတ်ထဲတွင် ထက်ထက်သန်သန် တွေးတောနေသော အကြောင်းအရာတစ်ခုကိုတော့ သူကိုယ်တိုင်မှပင် သေချာစွာ သိနိုင်မည် လေ ။

ဒီလိုနဲ့ …

*

(m)

“ဒေါင် … ဒေါင် ”

အဝေးဆီမှ ပျံ့ လွင့်လာသော မီးကင်းခေါက်သံနှစ် ချက်ကြောင့် ဉာဏ်ထူး အတွေးတို့ လွင့်မျောနေရာမှ ကပျာကရာ ထထိုင်လိုက်သည် ။

နောက် စားပွဲပေါ်မှ နာရီကို လှမ်းကြည့်လိုက်တော့ …

ဟုတ်သည် ။ နှစ် နာရီထိုးနေပေပြီ ။

ဉာဏ်ထူးလက်ထဲမှ ဓာတ်ပုံအား စာအုပ်စင်ပေါ်သို့ သေချာစွာ ပြန်ထားရင်း တစ်ဦးတည်း ခပ်တိုးတိုးရေရွတ်မိသည်ကား …

“အေးလေ… အဲဒီ အချိန်အထိ ငါတို့ သုံးယောက် စလုံး အမြင်မှန်မှ မရသေးတာပဲ”

ထို့ နောက် ခုတင်ပေါ်သို့ ဉာဏ်ထူးကိုယ်လုံးကြီးအား မသာမယာ ပစ်ချလိုက်ပါတော့သည် ။

“၀ုန်း”



ဝန်ဇင်းချစ်သူများ သိုးဆောင်း ၏ “ သုံးခါနမ်းမှ ပွင့်မယ့်ပန်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လျှို့ဝှက်မြို့ရိုး

သစ္စာမဖောက်ကြေးစာချုပ်

ကတိသစ္စာ တည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏