Cover

ကျေးဇူးတင်စကား

အနုပညာကို ဦးစားပေးရေး ဖွဲ့ထားသော ဝတ္ထုတစ်ပုဒ် ဖြစ်ပါသည်။ ကျွန်တော ရေး သားခဲ့သော အရင်လက်ရာများ နှင့် တော့ ကွဲလွဲကောင်း ကွဲလွဲနေပါလိမ့်မည် ။

ဘာပဲ ဖြစ် ဖြစ် လုပ်သင့်တာထက် လုပ်ချင်တာကို နှစ်သက် သူမို့ ကိုယ့်ကိုယ်ကိုယ် တော့ တာဝန်ကျေပါသည်။

ကျွန်တော့် အား ဗေဒင်ပညာသင်ကြားပေးသည့် အဘဆရာကြီး ဒေါက်တာ မင်းသိင်္ခ၊ သင်ကြားပြသပေးသော ဆရာများ အားလုံးနှင့် ၂/၂ဝဝ၈ သင်တန်းဆင်းများ အားလုံးသို့ . . .

အောက်မေ့သတိရလျက် . . .

သိုးဆောင်း

I

ညသည် နက်နက်မှော င်နေ၏ ။

ကြယ်ခိုးကြယ်ပွင့် တစ်ခုတလေပင်မရှိသော လမိုက်ည ဖြစ်သည်။ ဤစေတီကြီး သည် ဝေသာလပြည်မှာ တန်ခိုးအကြီးဆုံး စေတီတော် ကြီး ဖြစ်၏ ။

တစ်ချိန်က ဆရာဝရုဏခေါ်တွင် သူ လူတစ်ဦး ဤစေတီကြီး၏ ခြေရင်းတော် တွင် အစီရင် တစ်ခု ပြုလုပ်ခဲ့ဖူးလေသည်။

ညသန်းခေါင်မလို့လားမသိ၊ ဘုရားပရဝဏ်သည်လည်းကောင်း၊ ပတ်ဝန်းကျင်သည် လည်းကောင်း ဆူပူသံမကြားရ။ ညပျော်သတ္တဝါတို့၏ သည်းရှိုက်သံများ လည်းမရှိ။ ယုတ်စွ အဆုံး လေတိုးသံပင် မကြားရပါ။

ဒါပေမဲ့ ဤပရဝဏ်တွင်းကိုတော့ လူ တစ်ယောက် ရောက်ရှိနေသည်။ အေးအေး သက်သာပင် ရင်ပြင်တော် ပေါ်၌ ဒူးထောက်ကာ ထိုင်နေ၏ ။ ပူပင်မှု တစ်စုံတစ်ရာ ကင်း လွတ် နေသလို။

သူကိုယ်တိုင်ကလွဲ၍ သူ့ကိုမည် သူမည် ဝါ ဖြစ်မှန်း သိကြမည် မဟုတ်ပါ။ အကြောင်း က အနက်ရောင် ဝတ်ရုံကို ဦးခေါင်းမှ ခြေဖျားထိ ဆင်မြန်းထားသည်။ ပြီးတော့ မတုန်မလှုပ် ငြိမ်ဝပ်စွာ ထိုင်နေသည်။ ညမှော င်မှော င်နှင့် မို့ လူ တစ်ယောက် ရှိနေသည် ဆိုတာပင် ရိပ်မိဖို့မလွယ်။

ထိုစဉ်မှာ ပဲ အနက်ရောင် ဝတ်ရုံကြားမှာ လက်တစ်ဖက်အပြင်ထွက်လာသည်။ ဘယ်ဘက်လက် ဖြစ်၏ ။ လက်တွင်းမှာ အရာတစ်ခုကို ကိုင်ထားပြီး ထိုအရာက အရောင် တလက်လက် ထွက်နေသည်။

ပြီးတော့ ညာဘက်လက်။

ထိုအခိုက် လက်နှစ် ဖက်စလုံး အပေါ်ပင့်မြှောက်လာလေ၏ ။

ပြီးတော့ ထိုသူ၏ နှုတ်မှ စိတ်ဝင်စားဖွယ်စကားသံတစ်ချို့ ထွက်လာလေသည်။

“မခိုးချင်ပဲ ခိုးရ၏ ။ ခိုးသော အပြစ်သည် ကျွန်ုပ်အပြစ် ဖြစ်လေသည်။ ခိုးယူသူသည် ကျွန်ုပ် မဟုတ်။ မခိုးရမနေနိုင်သော စိတ် ဖြစ်သည်။

ကျွန်ုပ်က စောရနက္ခတ်ရှင် ဖြစ်၏ ။ ထိုမကောင်းသော အမိုက်စိတ်ထား၏ နှိုးဆော် မှု ကြောင့် ဤပစ္စည်းကို ခိုးယူရပါသည်”

ထိုလူ့စကားတို့က ဆို့နင့်ဖွယ် တစ်စွန်းတစ်စနှင့် ရပ်တန့်သွား၏ ။ ဘုရားပရဝဏ်က ယခုတိုင် တိတ်ဆိတ်လျက်ရှိနေတုန်း။

“ဤနေရာ၊ ဤပတ်ဝန်းကျင်ကို စောင့်ကြပ်သော အစောင့်အကြပ်ပုဂ္ဂိုလ်၊ သာသနာ စောင့်နတ်မင်းနှင့် တကွ သမ္ဘာဒေဝ နတ်ကောင်းနတ်မြတ်များ ၊ ကျွန်ုပ်အ ဖြစ်ကို သိရှိလတ္တံ သော သူတော် ကောင်းအပေါင်းတို့ . . . အရှင်တို့အားတိုင်တည်၍ ကျွန်ုပ် သစ္စာဆိုပါသည်။ ယခုဘဝတွင် မခိုးမနေနိုင်သော စောရနက္ခတ်ရှင် ဖြစ်၍ ကျွန်ုပ်ကို ခွင့်လွတ်တော် မူကြပါ။ ယခုဘဝမှ လွန်မြောက်၍ နောက်နောင်ဘဝများ တွင် တော့ . . .”

အံ့ကြိတ်သံတစ်ခုကို ကြားရသည်။ ပြီးတော့ . . .

“ညာဘက်လက်တွင်းရှိ သဲတစ်ဆုပ်မှ သဲတစ်ပွင့်စီနှင့် ညီမျှသော ဖြစ်လေရာ ဘဝတိုင်းတွင် ဤအပြစ်ဒဏ်ခတ်မှု ကို ကျေနပ်စွာ ခံယူပါ့မယ်ဘုရား”

သဘောတူသလို လေတစ်သုတ် ဆွတ်ဖြန်းလာ၏ ။

လက်တွင်းမှ သဲပွင့်လေးတွေ ရင်ပြင်တော် ပေါ်သို့ တစ်ပွင့်စီ ကြွေကျလာသည်။

*


3 Months ago

*


(a)

“ကျွန်ုပ် ဇနီးသည် ညက သားဦးယောက်ျားလေး မီးဖွားတယ်”

“အချိန်အတိအကျ ပြောပါအရှင်”

အချိန်မှတ်ထားဟန်တူသော ပေရွက်ခေါက်လေးကိုဖွင့်၏ ။ ပြီးတော့ မှတ်သားထား သော အချိန်ကိုပြောသည်။

“ညနှစ် ချက်တီးနဲ့ လေးချက်တီးအတွင်း . . . အချိန်အတိအကျက”

သင်ပုန်းကြီးနှင့် ကျောက်သားချွန်မှာ တဒေါက်ဒေါက် အသံကြားရင်း အချိန် အတော် ကြာ ထိခတ် သွားပါသည်။ တအောင့်ကြာတော့ သင်ပုန်းကြီးပေါ်မှာ ဇာတာတစ်ပုဒ် ထင်ရှားလာ၏ ။ ထိုစဉ်မှာ ပဲ . . .

“ငါ့သားကြီးရင် ဘာ ဖြစ်မလဲ”

မေးပုံက တိကျသည်။ ပြီးတော့ ယုံကြည်မှု တွေ တစ်ခဲနက်ပါဝင်နေသည်။

“ထင်ရှားတဲ့ သဘင်သည် တစ်ယောက် ဖြစ်မယ်”

မျက်နှာကွက်ခနဲ ပျက်သွား၏ ။ ချက်ချင်း ပင် . . .

“အရှင့်အယူကို မပြင်နိုင်တော့ဘူးလား”

သင်ပုန်းကြီးပေါ်မှ ဇာတာကို လက်နှင့် ပွတ်ဖျက်ကာ . . .

“ကျွန်တော့် ပညာကို ကျွန်တော် ယုံတယ်”

*


(b)

ရှေ့ကို ငိုကြီးချက်မဖြင့် လူတစ်စုရောက်လာသည်။ အားလုံးရဲ့ မျက်နှာတွေ က ရှိုက်ကြီးတငင် ငိုကြွေးထားပုံတွေ အတိုင်းသားပေါ်လွင်နေ၏ ။ မျက်ရည်လည်ရွှဲ ကျဆင်း နေသူ မိန်းမ တစ်ယောက် သူ့ရှေ့တည့်တည့်ကို ဝင်ထိုင်ရင်း . . .

“ကျွန်မအမေ မနက်က သေဆုံး သွားပါတယ်။ အခု သူ ဘယ်နေရာကိုရောက်နေလဲ ကျွန်မတို့ သိချင်ပါသည်။

သက်ပြင်းတစ်ခုကို ခပ်လေးလေးချကာ . . .

“ကျွန်တော် မသိဘူး။ အကြားအမြင်ဆရာ တစ်ယောက် ယောက် ဆီ သွားမေးတာက ပိုပြီး သင့်လျော်မယ်ထင်ပါတယ်”

*


(c)

သူအိမ်က ထွက်လာပြီး မကြာခင်မှာ လမ်းဘေးတစ်နေရာ၌ လူများ စုဝေးနေကြ သည်ကို တွေ့ ရပါသည်။ အိမ်တစ်အိမ်အား စိတ်ဝင်တစား ဝိုင်းဝန်းကြည့်ရှုနေကြခြင်း ဖြစ်၏ ။

ထိုစဉ်မှာ ပဲ အိမ်ထဲမှ ‘ဟိန်း’ ထွက်လာသော အသံတစ်ခု။

“ငါ ဆရာအမိန့်နဲ့ ခိုဝင်ပူးကပ်သူ ကဝေစုန်းမျိုး တစ်လက်မကြား ဤခန္ဓာတွင်းမှ စော လျင်စွာ ထွက်လော့ . . . ဘုန်း”

ထို့နောက်မှာ ‘ဟီး ဟီး . . . ဟား ဟား’ ထရပ်သော မိန်းကလေး တစ်ယောက် ရဲ့ အသံကြီးကို မသတီစရာကြားလိုက်ရသည်။

အနီးကပ်တိုးသွားကြည့်တော့ ဆရာယောင်သမားယောင်နဲ့ ပုဂ္ဂိုလ်က ကြိမ်လုံး တဝင့်ဝင့် နဲ့ အော်လို့ဟစ်လို့။

အိမ်ပေါ်မှာ မည် သူမှရှိမနေကြ။ အိမ်ပေါက်ဝမှပဲ ဖြစ်ပျက်သမျှ အလုံးစုံကို ရင်တ ထိတ်ထိတ် ကြည့်ရှုနေကြသည်။ မြင်ရုံနှင့် ဘာဆိုတာ သဘောပေါက်လိုက်၏ ။ ဒါပေမဲ့ . . .

“ဘာ ဖြစ်တာလဲဗျ”

ယခုမှရောက်လာဟန်တူသူ တစ်ယောက် က အိမ်ဆီလှည့်ကြည့်ပြီး မေးတော့ . . .

“ဟို . . . မိန်းကလေးကို ဖုတ်ဝင်နေတာလေ။ အဲ့ဒါ ဆရာပင့်ပြီး ပယောဂ ချွတ်နေ တာ”

လက်ပိုက်ရပ်နေသူ တစ်ယောက် က ဆရာကြီးစတိုင်နဲ့ ဝင်ပြောသည်။

“ထွက်သွားစမ်းဟဲ့ . . . ဘုန်း . . .”

မိန်းကလေးရဲ့ ကျောပြင်ကို ဆရာဆိုသူကကြိမ်လုံးနှင့် ရိုက်၏ ။ မိန်းကလေးက စားတော့ဝါးတော့မတတ် မျက်လုံးတွေ နဲ့ ပယောဂဆရာကိုမီးဝင်းဝင်းတောက် ကြည့်နေ သည်။ ဆရာကလည်း ဟန်ကိုယ်ဖို့ဆိုသလို အလွတ်ကျက်ထားတာတွေ ဆက်တိုက် ရွတ်ပြီး ကြိမ်လုံးနှင့် သာ တဘုန်းဘုန်းရိုက်နေတော့ . . .

အခြေအနေဟန်ပုံမရပါ။ မိန်းကလေးက ချည်ထားသော ကြိုးတွေ ကို အတင်း ရုန်းကန်နေသည်။ ပြီးတော့ ပယောဂဆရာကိုလည်း အားကျမခံပြန်လည်ဆဲဆို၏ ။ တစ်ခါ တစ်လေ မသတီစရာအသံကြီးနဲ့ ကျယ်ကျယ်လောင်လောင် အော်ရယ်နေတော့ . . .

သူ ခေါင်းကိုယမ်းပြီး ရှေ့တိုးသွားလိုက်သည်။ မိန်းကလေးက အံကိုကြိတ်ကာ တကိုယ်လုံး တဆတ်ဆတ်တုန်လို့။

မှားစရာမရှိပါချေ။ အမှော င့်ပယောဂတစ်ခု ဝင်ရောက်ပူးကပ်နေကြောင်း သေချာ နေတာမို့။

သူမကို အာရုံပြုပြီး ဂါထာတစ်ပုဒ် တီးတိုးရွတ်ဆိုတော့ ... အခြေအနေက ချက်ချင်း ပြောင်းလဲသွားသည်။

တဆတ်ဆတ်တုန်နေတဲ့ခန္ဓာ ခဏချင်းပင်ငြိမ်ကျ၊ ရွှတ်ဆိုမှု ပြီးလျှင်ပြီးချင်း မိန်းကလေးမှာ အရုပ်ကြိုးပြတ် ခွေလဲကျသွားတော့၏ ။

ပယောဂဆရာဆိုသူ ကတော့ ကြိမ်လုံးကိုဝင့်ရင်း အောင်နိုင်သူ တစ်ယောက် ဟန်နဲ့ ကြုံးဝါးနေလေရဲ့ . . .

“ငါဆရာနဲ့တွေ့ ရင် သင်းတို့ခံနိုင်ရိုးလား . . . ဟား . . . ဟား . . . ဟား . . .”

သူ လူအုပ်ကြားထဲမှ လည့်ထွက်ခဲ့လိုက်ပါသည်။

*


(d)

သူနေထိုင်ရာ ဒေသလေး ကတော့ ‘ဝေသာက’လို့ခေါ်တဲ့ တိုင်းနိုင်ငံငယ်လေး တစ်ခုပါ။ တချို့ကလည်း ဝေသာလတိုင်းလို့ ခေါ်ကြတယ်။ တချို့ ကတော့ ဝေသာလ ပြည်တဲ့၊ ဘယ်လိုပဲပြောပြော လူတွေ အုပ်စုဖွဲ့နေထိုင်ရာ အစုအဝန်းလေးတစ်ခုဆိုတာ တော့ သေချာပါတယ်။

ထိုအရပ်ဒေသမှာ တော့ သူဟာ လုံးဝ ထင်ရှားခြင်းမရှိတဲ့ ပေါပေါမှိန်မှိန် လူငယ်တစ် ယောက် ပေါ့။ သိပ်ဆင်းရဲပါတယ်။ အသက်ခြောက်ဆယ်ကျော် အမေအိုကြီးကို တတ်စွမ်း သလောက် ဝတ်ကြီးဝတ်ငယ်ပြုစုရင်း ဘဝလမ်းကို လျှောက်လှမ်းနေသူ တစ်ယောက် ပေါ့။

သူရဲ့ အဖေဟာ ပုဏ္ဏားမျိုးနွယ်က ဆင်းသက်လာတဲ့ ပုဏ္ဏားတော် တစ်ယောက် ပါ။ ဟိုးရှေးရှေးတုန်း ကတော့ သူတို့ရဲ့ အဘိုးအဘွားတွေ ဟာ ရှင်ဘုရင်အနီးအနားမှာ ခစား ရတဲ့ ပညာရှိဟူးရားဖြူ၊ ဟူးရားညိုတွေ တဲ့။ ဒါပေမဲ့ ဘာကြောင့် ယခုလို နန်းတော် အပြင်ဘက် ရောက်လာတယ်ဆိုတာ သူမသိပါဘူး။

သူ့အဖေကလည်း ပြောမပြခဲ့ဘူး။ သူအသက် ဆယ့်သုံးနှစ် သားမှာ လူကြီး ရောဂါ နဲ့ သူ့အဖေဆုံးပါးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူတို့ဘဝဟာ အားကိုးအားထားပြုစရာ နေမင်းကြီး ကွယ်ပျောက်သွားခဲ့တာပေါ့။ အဖေဆုံးပါးသွားချိန်မှာ ကျန်ရစ်သူ သိပ်မရှိပါဘူး။ သူရယ်၊ အမေရယ်၊ ပြီးတော့ အဖေနဲ့လုံးဝမတည့်တဲ့ အဖေ့ရဲ့ သားကြီး သူ့အစ်ကိုရယ်ပါပဲ။

ပြီးတော့ အိမ်ရဲ့ ခေါင်းရင်းမှာ တခမ်းတနားကျန်ရစ်ခဲ့တဲ့ အရာတွေ လည်းရှိပါသေး တယ်။ အဲ့ဒါတွေ ကတော့ ဆွေစဉ်မျိုးဆက် အမွေဆက်ခံခဲ့တဲ့ နက္ခတ်၊ ဗေဒင်ဆိုင်ရာ ပေပုရပိုက်နဲ့ စာရွက်စာတမ်းတွေ ပါ။ ဒါတွေ ဟာ အဖေအမြဲတမ်း ဂုဏ်ယူဝင့်ကြွားခဲ့တဲ့ အဖေ ရဲ့ ရတနာထုပ်တွေ ပေါ့။

သူတို့မိသားစုကို နှစ် ပေါင်းမှားစွာ ရှာဖွေကြွေးမွေးခဲ့တဲ့ ထမင်းရှင်တွေ ဆိုရင်လည်း မမှားပါဘူး။ ယခုတော့ ထိုအရာတွေ က မတောင်းယူပါပဲ သူ့နှလုံးသားတွင်းသို့ ရောက်လို့ နေပါပြီ။

တစ်ချိန်က အဖေထိုင်ခဲ့တဲ့နေရာမှာ သူထိုင်တယ်။ နောက်ပြီး အဖေလုပ်ခဲ့တဲ့ အလုပ်တွေ ကိုပဲ ဆက်လုပ် နေပါတယ်။

အပြင်မှာ နေပူ၊ လေပူတွေ တလူလူ လွင့်မျောနေကြတယ်။ ဖုန်တွေ သဲတွေ လည်း ယခုလို လူရှုပ်တဲ့လမ်းဘေးထက်အောက်ဝန်းကျင်မှာ မှု န်ရီပါးလွင်လို့သူနဲ့မလှမ်းမကမ်း မှာ ပေါက်ပေါက်ရောင်းနေတဲ့ကောင်လေး တစ်ယောက် ဈေးဗန်းလေးကိုခင်းပြီးထိုင်နေ တယ်။

နာမည် က ‘ကံစီ’ ပါ။ သက်တူရွယ်တူ ဖြစ်ပြီး သူ့သူငယ်ချင်းဆိုရင်လည်းမမှားပါဘူး။ နောက် တစ်ယောက် ကတော့ ‘ဦးတိုက်စိုး’ တဲ့။ ခန္ဓာကိုယ်နေရာအနှံမှာ ယားနာတွေ ၊ ပွေး၊ ဝဲတွေ စွဲကပ်နေသူဝေဒနာရှင် တစ်ယောက် ပေါ့။ သူ့အလုပ် ကတော့ရှင်းပါတယ်။ တောင်းစား တယ်။

ကံစီရော၊ ဦးတိုက်စိုးရော နှစ် ယောက် လုံးဟာ နေ့စဉ်နေ့တိုင်းလိုလို အဆင်မပြေ တတ်ကြပါဘူး။ ကံစီပေါက်ပေါက်ဆုပ်တွေ က နေ့စဉ်နဲ့ အမျှရောင်းမကောင်းသလို တောင်း စားတဲ့ဦးတိုက်စိုးလည်း ပိုက်ဆံမရဘူး။ သူတောင်းစားဆိုရင် လူတွေ ကအထင်သေး တတ်ကြတယ်လေ။

ဦးတိုက်စိုးဆိုသူလူကြီးက ခိုးမစားပါဘူး။ လူလူချင်းလည်း ကတုံးပေါ်ထိပ်ကွက်ပြီး လိမ်မစားဘူး။ နိုင်ထက်စီးနင်းလုပ်မစားဘူး။ ကိုယ့်ဝမ်းတစ်ခါးအတွက် သူတစ်ပါး မျက်ရည် ကြီး ငယ်ကျအောင်လုပ်တဲ့ လူစားမျိုးလည်းမဟုတ်ဘူး။ ရိုးသားစွာ တောင်းစား တယ်။

ဒါကို လူတွေ က ဘာလို့အထင်သေးကြပါလိမ့်။ ဘာပဲပြောပြော အထက်ပါ လူမျိုးတွေ ထက်စာရင်တော့ ဦးတိုက်စိုးက ဂုဏ်ရည်ရော အဆင့်အတန်းကော အများ ကြီး သာပါတယ်။

နံဘေးမှာ ချထားတဲ့ လွယ်အိတ်လေးကိုဟကြည့်တော့ အတွင်းမှာ ငွေဒင်္ဂါးအချို့ ဝင်နေပါပြီ။ အချိန်နာရီနှင့် ချိန်ထိုးကြည့်လျှင် ဒီနေ့အတွက်တော့မဆိုးပါဘူး။ သိမ်းမယ် ဆိုရင်တောင် သိမ်းလို့ရနေပါပြီ။ ဒါပေမဲ့ အနည်းငယ်စောနေပါသေးတယ်။ လောဘကြီး တာမဟုတ်ပေမဲ့ ဒီနေ့ကံစီရော၊ ဦးတိုက်စိုးရော အခြေအနေမကောင်းဘူးဆိုတာ သူသိပါတယ်။

ဒါကြောင့် နေ့လည်စာအတွက် နည်းနည်း ဆက်ထိုင်ဖို့ လိုအပ်နေတယ်ထင်ရဲ့ . . .

“တကောင်း . . . မင်းမှာ ဆေးပါသေးလားကွ။ ငါ့အနာတွေ အလိုလိုနေရင်း ယားလာလို့ . . .”

သူရှိရာအပေါ်လှေကားထစ်တွေ ဆီ တက်လာရင်း ပြောသော ဦးတိုက်စိုး စကား ကြောင့် သူမော့ကြည့်မိတော့ . . .

ဦးတိုက်စိုးက လက်မောင်းကိုလှန်ပြီး သူ့အနာတွေ ကို တဗျင်းဗျင်းကုတ်နေတယ်။ ဘယ်လောက်တောင်ကုတ်ထားလည်း မသိပါဘူး။ လည်ပင်းနဲ့ လက်မောင်းတွေ မှာ အသား နီလန်နေပြီ။ ထို့ကြောင့် ကပျာကယာပဲ ဦးတိုက်စိုးအတွက် ဖော်စပ်ထားတဲ့ ဆေးထုပ်ကို ရှာဖွေလိုက်ရတယ်။

“ရော့ . . . ဦးတိုက်စိုး ဒါပဲကျန်တော့တယ်။ မနက်ဖြန်မှ ကျွန်တော် ထပ်စပ် လာခဲ့မယ်”

ဦးတိုက်စိုးက သူ့လက်တွင်းမှ ဆေးထုပ်ကို လှမ်းယူကာ တဗျင်းဗျင်းကုပ်ရင်း . . .

“အေးပါကွာ”

ပြီးတော့ သူ့နေရာ သူပြန်သွားပြီး အနာတွေ ကို ဆေးထည့်နေပါတယ်။ ထိုစဉ်မှာ ပဲ တောက်တောက် ပြောင်ပြောင် ဝတ်ထားတဲ့ လူကြီး တစ်ယောက် အနားကိုရောက်လာ တယ်။ အနာဖတ်တွေ ကိုခွာရင်း ဆေးထည့်နေတဲ့ ဦးတိုက်စီုးကိုမြင်တော့ နှာခေါင်းရှုံ့သွား လေရဲ့ ။ ပြီးတော့ သရိုးသရီကြည့်ရင်း သူ့ဘက်လှည့်လာကာ . . .

“မောင်ရင်က ရှေ့ ဖြစ်ဟောတာနော်”

“ဟုတ်ပါတယ်”

“ပစ္စည်းပျောက်ရော ဟောလား”

“ဦးရီးက ဘာပစ္စည်းပျောက်လို့လဲ”

သူ့အမေးကြောင့် ရှေ့မှပုဂ္ဂိုလ်က ဘေးဘီကိုကြည့်တယ်။ ယခုအချိန်ထိ မတ်တတ် ရပ်နေတုန်းပါပဲ။ ရှေ့မှာ ထိုင်ဖို့ နေရာခင်းထားပေမဲ့ ဝင်မထိုင်ပါဘူး။

“ထိုင်ပါလား”

“ရတယ် . . . ရတယ်”

ဧည့်ဝတ်ပြုပေမဲ့ ငြင်းဆန်တာကြောင့် ဆက်မပြောတော့ဘူး။ ရပါတယ်၊ မေးသူက မတ်တတ်ရပ်ပြီးသူကထိုင်ဟောလည်း ဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်ကစကားမဆက်ဘဲ သူ့အခန်း လေးကို စူးစမ်းသလို ဝေ့ဝဲကြည့်တယ်။ ရှေ့ ဖြစ်ဟောသူ တစ်ယောက် ရဲ့ ဆိုင်ခန်း အပြင် အဆင်ကို လေ့လာလိုက်တာပါ။

ခက်တာက အခန်းထဲမှာ စာအုပ်တွေ ကလွဲပြီး အထင်ကြီးစရာ ဘာမှမရှိဘူး စားပွဲ ပေါ်မှာ က သင်ပုန်းကြီးနဲ့ ကျောက်တံရယ်၊ အလှတင်ထားတဲ့ စောင်းအိုလေးတစ်လုံး ရယ်၊ ဒါပါပဲ။ ထိုအခိုက် . . .

“တကောင်း . . . ငါဈေးတန်းဘက်သွားမလို့ ဘာမှာ ဦးမလဲ”

ခပ်ဝေးဝေးမှ ကံစီ လှမ်းအော်တော့ . . .

“မှာ စရာမရှိပါဘူးကွာ။ ဒါနဲ့ နေဦး . . .”

စကားကိုရပ်ပြီး စားပွဲပေါ်မှ စောင်းအိုလေးဆီ လက်လှမ်းလိုက်တယ်။ အနေ တော် တင်းထားတဲ့ စောင်းကြိုးတွေ ဆီ လက်ဖျားနဲ့ထိကြည့်တော့ စောင်းအိုလေးရဲ့ ကြိုး တွေ က မည် သူမျှမလုပ်ဆောင်ဘဲ အလိုလိုလျော့နေတာကိုတွေ့ ရတယ်။ ထို့ကြောင့် . . .

“အမိုးအကာတစ်ခုခု ယူသွားဦး . . . ကံစီရာ၊ မကြာခင် မိုးရွာတော့မယ်”

“ဟေ . . .”

ကံစီပင်မဟုတ်ဘူး ရှေ့ကလူကြီးလည်း အံ့သြသွားတယ်။ ပြီးတော့ ပူပြင်းသော နေရောင် တွေ တလက်လက်တောက်နေတဲ့ စောင်းတန်းအပြင်ကို လှမ်းကြည့်ပြီး . . .

“ဒီလောက်နေပူနေတာကို . . .”

တိုးတိုးလေး ဖြစ်ပေမဲ့ သူကြားလိုက်ပါတယ်။ ပြီးတော့ လက်မခံနိုင်သလို နှုတ်ခမ်း ကို တွန့်ကွေးပြီး ပြုံးတယ်။ ကံစီ ကတော့ သူပကိုကြောင်တောင်တောင် ကြည့်ပြီး ‘သြော် . . . အေး အေး’ ဟုဆိုကာ ခမောက်ကြီးတစ်ချပ် ဆွဲသွားလေရဲ့ . . .

“ကျုပ်က မင်းခစားဝင်ရတဲ့ အမတ်မင်း တစ်ယောက် ပါ”

“ကျွန်တော် ရိပ်မိပါတယ် ဦးရီးတော် ”

မြန်မြန်ပြီးလျှင် အေးရော သဘောမျိုး ပြောလိုက်ခြင်း ဖြစ်ပေမဲ့ သူတုံ့ပြန်စကား ကြောင့် ထပ်မံတုံ့နှေးသွားတယ်။

“အခုလာရတဲ့ အကြောင်းကလည်း မင်းပြစ်မင်းဒဏ်သင့်နိုင်တဲ့ ရတနာတစ်ပါး ပျောက်သွားလို့ လာမေးတယ်ဆိုတာလည်းသိထားပါတယ်”

“ဟေ . . .”

ဒီတစ်ခါ အံ့သြမှု ကတော့ အလွန်အကျူးပါပဲ။ မျက်လုံးပြူးရုံပင်မဟုတ်၊ မတ်မတ် ထောင်ထားတဲ့ ခါးပါ ရှေ့သို့ ညွတ်ကျလာသလားပဲ။

“မောင်ရင် ဘယ်လိုလုပ်”

မထိတ်လန့်ပါနဲ့ . . .ဦးရီးတော် ။ ကျွန်တော် တတ်တဲ့ ပညာကလွဲပြီး ဦးရီးတော် တို့ နန်းတွင်းရေး ဘာတစ်ခုမှမသိပါဘူး”

သက်ပြင်းချသံသဲ့သဲ့ကို ကြားရတယ်။ အနည်းငယ် ဖြုံသွားပုံလည်းရပါတယ်။ သူ့ကိုလည်းအကြာကြီး စိုက်ကြည့်နေတယ်။ ပြီးတော့မှ လေသံကိုလျှော့ချရင်း . . .

“ဟုတ်ပါတယ် ... မင်းတရားကြီးကိုယ်တိုင်ချီးမြှင့်ထားတဲ့ လည်ဆွဲရတနာ ပျောက် သွားလို့ . . .”

ဝေသာလဆိုတဲ့ တိုင်းနိုင်ငံငယ်လေးမှာ ထိုအချိန် ထိုကာလကစပြီး ခိုးသူတွေ သော င်းကျန်းနေပါပြီ။ မင်းခစားအမတ်ကြီး ဘာကြောင့် သူ့လို မထင်မရှား ရှေ့ ဖြစ်ဟော သူဆီ လာမေးရတယ်ဆိုတာကိုလည်း သဘောပေါက်ပါတယ်။ ရှင်ဘုရင်ကိုယ်တိုင် ချီးမြှောက်ထားတဲ့ လည်ဆွဲဆိုတော့ အပါးတော် မြဲ ပညာရှိတွေ ထံမှာ မေးလို့မသင့်တော် ဘူးလေ။

သတင်းပေါက်ကြားလျှင် ရွှေနန်းတော် ရှင် အမျက်တော် ရှနိုင်တယ်။

ဒါကြောင့် . . .

အချိန်အကြာကြီး မယူလိုက်ရပါဘူး။

“နေမကုန်ခင်ထိ အိမ်ထဲမှာ ပဲ ရှိသေးတယ်။ အပြင်မထွက်သေးဘူး။ စားဖိုဆောင်ကို သေချာရှာပါ။ နေကုန်လို့မှ မတွေ့ ရင်တော့ ဦးရီးတော် ဒီတစ်သက်ပြန်ရမှာ မဟုတ် တော့ဘူး”

မျက်နှာက လငပုတ်ဖမ်းသလို မှိုင်းမို့အုံ့မဲသွားတယ်။ ထိုခဏမှာ ပဲ . . .

“ဒိန်း . . . ဂျလိန်း . . .”

ကျဲကျဲပူနေသော နေရောင် အောက်မှာ မိုးခြိမ်းသံတစ်ချက် လျှပ်တစ်ပြက်သလို ပေါ်လာတော့ . . .

“မောင်ရင့် နာမည် ဘယ်သူ . . .”

“တကောင်း”

မကြာပါဘူး။ နေပူပူမှာ မိုးဖွဲတွေ တစ်ခဲပြီးတစ်ခဲ ဝေကျလာပါပြီ။ တကယ်ပဲ မိုးရွာ လာချေပြီ . . .

II

“ဂျိန်း . . . ”

ကျယ်လောင်သော တံခါးဖွင့်သံကြောင့် အိပ်နေရာမှ လန့်နိုးသွားတယ်။ ကြားဖူးနေ ကျ အသံတစ်ခု ဖြစ်ပေမဲ့ ယခုတစ်ခေါက် ပိုကျယ်သလိုပါပဲ။ မျက်လုံးကိုဖွင့်ကြည့်တော့ အချုပ်တံခါးတစ်ချက်ဖွင့်ပြီး ခွက်လေးတစ်ခွက် အတွင်းသို့ ရောက်လာတယ်။ ပြီးတော့ ‘ဂျိန်း’ခနဲ မြည် အောင် တံခါးကို ပြန်ဆွဲပိတ် သွားပါတယ်။

ဆက်တိုက်ဆိုသလိုပဲ တံခါးဆွဲဖွင့်သံ၊ ခွက်ထိုးပေးသံ၊ ပြန်ပိတ်သံများ ကို အစဉ် အတိုင်းကြားရတယ်။ ဒါဟာ သူတို့လို အချုပ်သားတွေ ကို မနက်စာကျွေးတဲ့ အချိန်ပါ။ တခြားအခန်းတွေ မှာ တော့ မနက်စာရောက်တာနဲ့ အငမ်းမရစားကြပေမဲ့ သူ ကတော့ မစားချင်သေးတာကြောင့် မျက်လုံးစုံမှိတ်ပြီး ဆက်မှိန်းနေလိုက်တယ်။

ခဏအကြာမှာ အချုပ်တံခါးဖွင့်သံပိတ်သံတွေ ကို မကြားရတော့ဘူး။ ဒါပေမဲ့ ဆောင့်ကြီးအောင့်ကြီးခြေသံတွေ ကိုကြားရတယ်။ မနက်စာလာကျွေးသူ ပုဂ္ဂိုလ်တွေ အချုပ် ခန်းကြီးတွင်းမှ ပြန်ထွက်ဖို့ပြင်ဆင်နေကြပြီ။ တဘုန်းဘုန်းမြည် အောင် ခြေကိုဆောင့် ရင်း ဘယ်သူ့ကိုမှန်းမသိ အာဏာပြ ငေါက်ငမ်းနေပါတယ်။

“လူလိုစားကြစမ်း . . . ။ ကျက်သရေယုတ်လိုက်တာ စားသောက်နေတာ တိရစ္ဆာန် တွေ အတိုင်းပဲ”

မျက်လုံးမှိတ်ထားပေမဲ့ အတိုင်းသားကြားနေရတာ ကြောင့် ရင်တွင်းမှ ခံပြင်း စိတ်တွေ တစ်မုဟုတ်ချင်း ဖြစ်ပျက်သွားတယ်။ ဒါပေမဲ့လည်း အချိန်မီ တားဆီးလိုက်နိုင် ပါတယ်။

အပြစ်ရှိလို့ အချုပ်ခံထားရတဲ့သူတွေ ပဲ ထားရာနေ၊ စေရာသွားရမှာ ပေါ့။ ပြီးတော့ ကျွေးတာကိုစားပြီး ပြောတာကိုခံရမယ်၊ မတတ်နိုင်ဘူးလေ၊ မခံချင်တော့ရော ဘာတတ် နိုင်မှာ မလို့လဲ။ တစ်ဖက်ပိတ် အုတ်နံရံနဲ့ သုံးဖက်သုံးတန် သံတိုင်တွေ ကြားထဲ ရောက်နေ သူ တစ်ယောက် က မခံချင်တော့ရော ဘာလုပ်နိုင်မှာ မလို့လဲ”

သူ့အခန်းရှေ့က ဖြတ်လျှောက်သွားတဲ့ ဖိနပ်သံတွေ ကိုကြားရတာ့  ကျောပေးနေ လိုက်မိပါတယ်။ မမြင်ချင် မတွေ့ ချင်ပါဘူး။ မြင်မိရင် ကိုယ်လည်းစိတ်ဆင်းရဲရသလို သူလည်း ဒေါသထွက်မယ်။ ဒါကြောင့် ကျောပေးပြီးတော့ သူတို့ထွက်အသွားကို စောင့်နေ လိုက်တယ်။

မကြာပါဘူး၊ တံခါးမကြီးဖွင့်ပြီး ထွက်သွားသံကြားရတယ်။ ဒီတော့မှ မျက်လုံးကို ဖွင့်ကာ ယိုင်နဲ့နဲ့ ခုတင်ပေါ်မှ ဆင်းလိုက်ပါတယ်။ တံခါးပေါက်လေးရဲ့ အောက်ခြေမြေပြင်မှာ ခွက်လေးတစ်ခွက်။

တိရစ္ဆာန်ကျွေးနည်းနဲ့ မခြားတဲ့မနက်စာပါ။ မြေပေါ်ထိုင်ချပြီး ယူကြည့်လိုက်တော့ စားချင်စဖွယ်တစ်စက်လေးမှမရှိပါဘူး။ နေ့တိုင်းလိုလို ထူးမခြားနားစွာ စားနေရတဲ့ အမျိုး အမည် တစ်ခုပါပဲ။ ဒါမှမစားလျှင်လည်း အစာပြတ်လတ်ပြီး သေဖို့သာရှိတာမို့ ကြိတ်မှိတ် ပြီးတော့ပဲ စားနိုင်ဖို့ ကြိုးစားရမှာ ပေါ့။

လက်နဲ့ယူကာ စားမယ်ပြင်တော့ . . .

“ကိုတံကောင်း . . . ”

နာမည် ကိုခေါ်ရင်း လူ တစ်ယောက် ရှေ့ဆီရောက်လာတယ်။ မော့ကြည့်တော့ . . .

“သြော် . . .ဒီရာ”

‘ဒီရာ’ဆိုတာ ဤအချုပ်ခန်းကြီးကိုစောင့်တဲ့ အစောင့်အကြပ်ပေါင်းများ စွာ ထဲက ဝန်ထမ်းသေးသေးလေး တစ်ယောက် ပါ။ ဒီရာက လက်တွင်းမှ ပန်ကန်တစ်ချက်ကို သူ့ရှေ့ တိုးပေးရင်း . . .

“ဒါကျွန်တော့် ရတဲ့ မနက်စာ။ ကိုတကောင်း ယူလိုက်ပါ”

“မဟုတ်တာပဲ။ မင်းရဲ့ မနက်စာကို ငါက ဘာလို့ယူရမှာ လဲ။ မင်းအတွက်မနက်စာကို မင်းပဲ စားရမှာ ပေါ့”

“မဟုတ်ဘူး ကိုတကောင်းရဲ့ ၊ ကျွန်တော် အိမ်က စားလာလို့ပါ။ ဗိုက်လည်း မဆာ ဘူး။ ရော့ပါ . . . ယူလိုက်ပါ”

ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းပြလိုက်တယ်။

“ကျွန်တော် တကယ်ပြောတာပါ။ ကိုတကောင်း လက်မခံနိုင်ဘူးဆိုရင်လည်း ကျွန်တော် ဒါနပြုတယ်လို့ သဘောထားပေးပေါ့”

ဒီရာ့ပုံစံကိုကြည့်ရတာ တကယ်ပင် ထက်ထက်သန်သန် ဖြစ်လို့နေပါတယ်။ လိမ်ညာပြီး ပြောနေပုံလည်း မတွေ့ ရဘူး။ ဒါနပြုတယ်လို့တောင် သူ့ကိုသဘောထားခိုင်း နေပါ သေးတယ်။

သူ မတားလိုက်နိုင်ခင်မှာ ဘဲ ဒီရာက သူ့ပန်းကန်တွင်းမှ မုန့်တွေ ကို သံတိုင်ကြားမှ လှယ်ထည့်ပြီးနေပါပြီ။ ဒီတော့လည်း မတတ်နိုင်ပါဘူး။ ဒီရာ စိတ်ကျေနပ်အောင် စားပေး လိုက်ရပါတယ်။

မုန့်စားနေသော သူ့ကို ဒီရာက သံတိုင်ကြားမှ ပြုံးပြီး ကြည့်နေတယ်။ တစ်ဝက် ကျိုးတော့ အခန်းထောင့်မြေပြင်မှာ တည်ထားတဲ့ သောက်ရေအိုးထဲက ရေတစ်ခွက် ခပ်သောက်ပြီး . . .

“အမေ . . . သက်သာရဲ့ လား”

သူ့အမေးကြောင့် ချက်ချင်း လက်ငင်း ဒီရာ ကြောင်တောင်တောင် ဖြစ်သွားတယ်။ ပြီးမှ အားရပါရပြုံးရင်း . . .

“ကျွန်တော် အဲ့ဒါကိုပြောချင်လို့စောင့်နေတာ ကိုတကောင်းရ။ အမေ တော် တော် သက်သာသွားပြီ။ ထူထူထောင်ထောင် ဖြစ်ရုံမဟုတ်ဘူး၊ နောက်တစ်ရက် နှစ် ရက်ဆို လမ်းတောင်လျှောက်နိုင်တော့မယ် အစ်ကိုရ”

အမေ ကျန်းမာရေး ကောင်းလာမှု ကို သား တစ်ယောက် အနေနဲ့ ပျော်ရွှင်ကြည်နူး နေတာ ကြည့်ပြီး တကောင်း ပီတိ ဖြစ်မိတယ်။ သူလည်းပဲ ဒီရာ့နည်းတူ ဝမ်းသာရပါတယ်။

“ကိုတကောင်းကို ကျွန်တော် ကျေးဇူးအများ ကြီးတင်ပါတယ်ဗျာ၊ အမေ့ကို ကိုတကောင်း ကယ်လိုက်တာပါ။ အမေမွေးခဲ့တဲ့ သား၊ သမီးတွေ အားလုံးရဲ့ ကျေးဇူးရှင် ဟာ ကိုတကောင်းပါ”

သူ့အမေ နေပြန်ကောင်းလာတဲ့အတွက် ဒီရာ ကတော့ တကောင်းကို ကျေးဇူးတွေ အကြိမ်ကြိမ်တင်နေပါတယ်။

“အဲ့လောက်လည်းမဟုတ်ဘူး ထင်တယ်ကွ။ ငါက မင်းအမေကို ကိုယ်တိုင်ဆေးကု ပေးတာမှ မဟုတ်တာ။ ပျောက်ကင်းနိုင်တဲ့ ဆေးနည်းပြောပြရုံလေးပဲ”

“အဲ့ဒါကိုကပဲ ကယ်တင်ရှင်ပေါ့ . . . ကိုတကောင်းရယ်။ ကိုတကောင်းပြောပြတဲ့ ဆေးနည်းအတိုင်း ဖော်စပ်တိုက်ကျွေးလို့ အမေ အခုလို ပြန်ကျန်းမာလာတဲ့ဥစ္စာ”

သူငြင်းမနေတော့ပါဘူး၊ သံတိုင်ကို မှီပြီးပဲ ငြိမ်နေလိုက်တယ်။

“မှန်သော သစ္စာစကားပါ ကိုတကောင်း၊ ကိုတကောင်း အခုလိုအကျဉ်းကျခံနေရ တာကို ကျွန်တော် နည်းနည်း မှမကြည့်ရက်ဘူး။ ကျွန်တော် ကိုယ်တိုင်ကလည်း ဘာမှ မဟုတ်တော့ ကိုတကောင်း လွတ်မြောက်အောင် စွမ်းဆောင်မပေးနိုင်ဘူးပေါ့ဗျာ”

ထိုစကားကိုကြားရတော့ ပြုံးမိတယ်။

“ခံရမယ့်ဝဋ်ကြွေးပါလာတယ်လို့ပဲ သဘောထားပါတယ်ကွာ။

ဒီမှာ ငါ တစ်ယောက် တည်း ရှိတာမှမဟုတ်ဘဲ။ ကျန်တဲ့အချုပ်သားတွေ လည်း ရှိနေတာပဲ”

“ဒါပေမဲ့ ကိုတကောင်းက သူတို့လို လူသတ်လို့၊ ခိုးလို့၊ လုယက်လို့၊ သူများ သားမယား စော်ကားလို့ အချုပ်ကျခံရတာ မဟုတ်ဘူးလေ”

အခုလိုပြောတော့ တကောင်းမျက်လုံးတွင်းမှာ တစ်စုံ တစ်ယောက် သော သူကို လှမ်းမြင်မိတယ်။ ထိပ်ထားလေး၊ သူရဲ့ နှလုံးသည်းပွတ်မှာ အရိုးစွဲအောင် ထင်ကျန် နေလိမ့်ဦးမယ် . . . ထိပ်ထားလေး။ မျက်လုံးတွင်းမှာ မျှော်ငေးမိတော့ ရင်ခွင်က တနုံ့နုံ့ ခံစားရတယ်။

နာကျည်းတာမဟုတ်ပါဘူး။ ဆွတ်ဆွတ်ပျံ့ပျံ့ လွမ်းမိတာပါ။ ယခုအချိန်ဆို ထိပ်ထားလေး ဘာလုပ်နေမှာ ပါလိမ့်။

“ဟင့်အင်း . . . ငါ ကတော့လုံးဝနောင်တမရဘူး”

သူ့စကားကြောင့် ဒီရာ စိတ်ပျက်လက်ပျက် ခေါင်းယမ်းတယ်။

“ဒီလောက်တောင်ပဲလားဗျာ”

ဒီရာကိုတော့ ဆက်မပြော ဖြစ်ပါဘူး။ ဒါပေမဲ့ စိတ်ထဲ ကတော့ တစ်ယောက် တည်း တိုးတိုးညည်းမိတယ်။

“ဒီထက်တောင်ပိုသေးတယ် ညီလေးရယ်”

တအောင့်ကြာတော့ သူ့နားမှ ဓီရာ ထွက်သွားတယ်။ တစ်ယောက် တည်း ကျန်တော့မှ အချုပ်ခန်းသံတိုင်ကိုမှီပြီး မနက်တိုင်း လုပ်နေကျအလုပ်လေးကို စတင် လိုက်ပါတယ်။ စိတ်ရောကိုယ်ရော နစ်မြှုပ်ပြီး ထိပ်ထားလေးကျန်းမာစေသာစေကြောင်း ဆုတောင်းပေးတာပါ။

သူ့အာရုံမှာ ထိပ်ထားလေးရဲ့ ရုပ်ပုံလွှာက ပီပြင်လှပစွာ ပေါ်နေတယ်။ ထိုရုပ်ပုံ လေးကို စိတ်ညွတ်ပြီး ဖြူဖြူစင်စင် ဆုတောင်းပေးလိုက် ပါတယ်။

“ထိပ်ထားလေး . . . ကျန်းမာ၊ ချမ်းသာပါစေ။ အန္တရာယ် ကင်းဘေးရှင်းပါစေ”

ဆယ်မိနစ်ကြာအောင် နစ်နစ်မျောမျော ကိုင်းညွတ်ဆုတောင်းပေးလိုက် တာ . . .

ဒါဟာ သူတို့လောကီနယ်ပယ်ရဲ့ တစ်ဖက်လူ၏ ချစ်ခြင်းမေတ္တာကို အချိန်ယူ သိမ်းပိုက်ရာ နည်းလေးတစ်နည်းပေါ့။ လူရဲ့ မသိစိတ်ဟာ တန်ခိုးစွမ်းအား အလွန်ကြီး ပါတယ်။ အချို့ Autosuggestion ပညာရှိ ပုဂ္ဂိုလ်တွေ ဆိုရင် စကြာဝဠာကြီးနဲ့ တောင် ဆက်သွယ်နိုင်တယ်လို့ အယူရှိကြတယ်။

တစ်ဦးနဲ့တစ်ဦးလည်း မသိစိတ်ချင်းဆက်သွယ်နိုင်ပါတယ်။ ယခုသူသုံးလိုက်တဲ့ နည်း ဟာ မသိစိတ်ချင်းဆက်သွယ်တဲ့နည်းပေါ့။

မသိစိတ်မှတစ်ဆင့် သူ၏ ချစ်ခြင်းမေတ္တာတွေ ထိပ်ထားလေး ကိုယ်တွင်းပျံ့နှံ့ စိမ့်ဝင်သွားလိမ့်မယ်လို့ ယုံကြည်နေတယ်။

အကယ်၍ ဟိုးအတိတ်ဘဝ အဆက်ဆက်မှာ သာ သူနဲ့ထိပ်ထားလေး ရန်ငြိုးကြီး ကြီး မားမားမရှိခဲ့ဘူးဆိုရင် အခုနည်းကအဆင်ပြေမှာ ပါ။ မပြေလည်း ကိစ္စမရှိပါဘူး။ သူ့ရည်ရွယ်ချက်က ထိပ်ထားလေးရဲ့ ချစ်ခြင်းမေတ္တာတွေ ကို သိမ်းပိုက်ဖို့မှ မဟုတ်တာ လေ။

မျက်လုံးဖွင့်ပြီးတော့ အချုပ်ခန်းလေးရဲ့ ထောင့်တစ်နေရာကို တရွေ့ချင်း တိုးသွား လိုက်တယ်။ သူတို့အချုပ်သားတွေ အတွက် နှစ် ယောက် တစ်အိုးစနစ်နဲ့ သောက်ရေအိုးလေး တစ်အိုး မြေမှာ တည်ပေးထားတယ်။

မြေအိုးမည်းမည်းလေးပါ။ ဘယ်တော့မှ ရေကအပြည့်ဖြည့်ထားပေးတယ်မရှိဘူး။ နှစ် ခန်းတစ်အိုးစနစ်ဆိုပေမဲ့ လောလောဆယ်တော့ သူ တစ်ယောက် တည်းပဲ သောက်ရတာ ပါ။ ဟိုအခန်းမှာ လောလောဆယ် အချုပ်သမားမရှိဘူးလေ။ အခန်းလွတ်သက်သက်။

မြေအိုးလေးထဲက ရေတစ်ခွက်ခပ်ပြီး အိုးလေးအောက်ခြေမြေပြင်ကို တစ်စက်ချင်း လောင်းချလိုက် တယ်။ ပြီးတော့နောက်တစ်ခွက် . . .

အိုးလေးအောက်ခြေမြေပြင်က ခဏချင်းစိုစွတ် သွားပါတယ်။ မြေဇာခဲတွေ ပေါ်မှာ ရေတွေ ပေကျံကုန်တယ်။ မကြာပါဘူး။ ထိုသောက်ရေတွေ က မြေကြီးထဲကို တစိမ့်စိမ့် ဝင်သွားလေရဲ့ ။

စိမ့်ဝင်သွားတဲ့ ရေမှု န်လေးတွေ ကိုကြည့်ပြီးလည်း နှလုံးသွင်းဆင်ခြင်မိတယ်။

“အကျွန့်မေတ္တာဟာ ဖြူစင်ပါတယ်နော်”

ဘာကြောင့် မှန်းမသိပါဘူး။ သူတို့အချုပ်ခန်းကြီးတစ်ခုလုံး အိမ်မြှောင်စုတ်ထိုးသံ တွေ ဆူညံကုန်ရဲ့ . . .

---------------

“ဒီဇာတာကိုကြည့်သား၊ ရာဟုက လဂ်ကနေ ၁ဝ တန့်၊ စန်းကနေ ၁၂ တန့်မှာ တည်နေရတယ်။ ၁၂တန့်ရဲ့ သဘောက ဘာလဲသား”

သူသွက်သွက်လက်လက်ပဲ ပြန်ဖြေလိုက်တယ်။

“ပျက်စီးဆုံးရှုံးခြင်း၊ အကျဉ်းအချုပ်နှောင်ခံရခြင်းနဲ့ ပတ်သတ်ပါတယ် . . . အဖေ”

အဖေက ခေါင်းကိုတစ်ချက်ညိတ်ပြီး . . .

“ဟုတ်တယ် . . . သား။ ဒီအသက်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်”

“ဘာ ဖြစ်လို့လဲ အဖေ”

“ဒါ . . . မင်းရဲ့ ဇာတာ ဖြစ်နေလို့ပေါ့ . . . သားရယ်”

တစ်ချိန်က အဖေပြောခဲ့သော စကားတို့ကို ကြားယောင်ရင်း မြေမှာ ချတွက်ထားတဲ့ ကိုယ့်ဇာတာ ကိုယ်ပြန်ကြည့်မိတယ်။ ဟုတ်ပါတယ် … အဖေကိုယ်တိုင်ဖွဲ့ပေးသွားတဲ့ ဇာတာ ကတော့ တစ်သက်တာပတ်လုံး ပြောင်းလဲမှု မရှိပါဘူး။

သူ့ဇာတာက ရာဟုသည် လဂ်ကနေ ၁ဝတန့်၊ စန်းကနေ ၁၂တန့်မှာ တည်ထား ပါတယ်။ အသက်အရွယ်ဟာလည်း ယခု ရောက်ရှိနေတဲ့ အသက်အရွယ်ပါပဲ။ ဝမ်းနည်း စရာ မဟုတ်ပါဘူး။ ကြိုတင်ပြဋ္ဌာန်းပြီးသားမို့ တုန်လှုပ်စရာလည်းမရှိဘူး။ ဘယ်သူ့ကိုမှ အပြစ်တင်စရာလည်း မလိုပါဘူး။

မွေးကတည်းက ဒီအသက်အရွယ်မှာ ဒါ ဖြစ်ရမယ်လို့ ပါပြီးသားပါ။ မြေကြီးမှာ ကိုယ့်ဇာတာကိုယ်ပြန်ရေး ပြီး ဂြိုလ်ဝင်ဂြိုလ်ထွက်တွေ ကို တစ်ခုချင်း စမ်းစစ်နေမိတယ်။ ထိုခဏမှာ ပဲ . . .

‘ဝုန်း’ခနဲ အသံကြီးနဲ့အတူ သူတို့အချုပ်တိုက် ပင်မတံခါးကြီးပွင့် သွားပါတယ်။ ပြီးတော့ ဆူဆူညံညံနဲ့ လူတစ်ချို့ဝင်လာတယ်။ ပြင်ပမှအလင်းရောင် တွေ ဖျန်းကနဲ ဝင်ရောက်လာတာမို့ အတွင်းမှအချုပ်သားတွေ အကုန်လုံး ခေါင်းထောင်သွားကြတယ်။

ကြည့်နေစဉ်မှာ ပဲ လျှောက်လမ်းပေါ် လူသုံးယောက် ရောက်လာပါတယ်။

လက်ပြန်ကြိုးတုပ်ပြီး ခြေထောက်မှာ သံခြေချင်းတွေ နဲ့ပါ။ နောက်မှာ က အစောင့် အကြပ် အာဏာပါးကွက်သားတွေ ပါလာတယ်။ ထိုသူတို့ကိုမြင်တော့ အချုပ်သား တွေ ဝမ်းသာအားရ ထအော်ကြလေရဲ့ ။

“ဟေး . . . ဝေး . . . ဝေး . . .”

တချို့လည်း လက်ခုပ်လက်ဝါးတွေ တီးပြီး ခုန်ပေါက်ကြတယ်။

“ဟေး . . . ဖြောင်း . . . ဖြောင်း . . . ဖြောင်း . . . ငါတို့အတွက် အဖော်အသစ် တွေ ထပ်ရောက်လာပြီဟေ့ . . . အဖော်သစ်တွေ ကွ . . . ဟေး . . .”

“ကြိုဆိုတယ်ဟေ့ . . .”

“ပျော်ရွင်စရာနေ့ပါကွာ”

လက်ပြန်ကြိုးတုပ်ပြီး ပါလာတဲ့လူသုံးယောက် ကိုကြည့်ပြီး ပျော်သူပျော်ကြ၊ အားပေးသူ လှောင်ပြောင်သူတို့နဲ့ အချုပ်ခန်းကြီးတစ်ခုလုံး ဝက်ဝက်ကွဲ သွားပါတယ်။

ပါးကွက်သားတွေ ကလည်း အာဏာပြလို့ရတုန်းလေး ခေါ်လာတဲ့ လူသုံးယောက် ကို နောက်မှ တဖုန်းဖုန်းဆောင့်ကန်နေကြတယ်။

“ဘာအမှု လဲဗျို့ . . . ဘာအမှု နဲ့ အဖမ်းခံရတာ လဲ”

“ဟုတ်တယ် . . . သူတို့တွေ ဘာအမှု နဲ့ အဖမ်းခံရတာ လဲ ကျုပ်တို့သိချင်တယ်”

ပါးကွက်သားကြီး တစ်ယောက် က အချုပ်တိုက်တစ်ခုလုံးကြားအောင် အော်ပြော တော့ . . .

“ခိုးမှု ဗျို့ . . .။ ဒီသုံးကောင်လုံး သူများ ပစ္စည်းခိုးလို့ အဖမ်းခံရတာ ။ ဒီကောင်တွေ သူခိုး တွေ . . .”

ပိုမိုဆူညံသွားသလားပဲ။ ကြိုဆိုနှုတ်ဆက်ပုံက ချက်ချင်း လက်ငင်း ပြောင်းလဲသွား ပါတယ်။

“အမျိုးယုတ်တွေ ကွ . . . ထွီ”

လျှောက်လှမ်းတစ်လျှောက် ဖမ်းလာသူသုံးယောက် ကို တံတွေးနဲ့ ဝိုင်းထွေးကြ တယ်။

“သူခိုးတွေ . . . သူများ ပစ္စည်းခိုးတဲ့ အောက်တန်းစားကောင်တွေ . . . ထွီ . . .”

“ထွီ . . .”

“ x x x . . .”

တချို့ကလည်း အတွင်းကနေ ရေနဲ့လှမ်းပက်ကြတယ်။ မြေကြီးဆုပ်နဲ့ ပေါက်သူ ရော၊ အဝတ်စုတ်နဲ့ပေါက်သူရော၊ ဟင်းကျန် ထမင်းကျန်နဲ့ ဝိုင်းပက်သူတွေ ရော စုံလို့ . . .

ခိုးသားသုံးယောက် ခမျာ ဘာမှ မတုံ့ပြန်နိုင်ရှာဘူး။ ခေါင်းကိုငုံ့ရင်း အခန်းတွင်းက အချုပ်သားတွေ ပြုသမျှခံရင်း သူတို့နေရမဲ့အချုပ်ခန်းရောက်အောင် ယိုင်ယိုင်ထိုးထိုး သွားနေရတယ်။

တကောင်း ကတော့ ဖြစ်ပျက်နေတဲ့ အခြင်းအရာတွေ ကိုကြည့်ပြီး ခေါင်းယမ်းမိ တယ်။ မြင်တွေ့ နေကျ အရာတွေ ဖြစ်လေတော့ မထူးဆန်းတော့ပါဘူး။

မြေကြီးမှာ တစ်တုတ်ချောင်းနဲ့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ် နေလိုက်တယ်။

“ကျုပ်နဲ့ ကပ်လျက်အခန်းမှာ ထားပါဗျ။ ဒီကောင်တွေ ကို ကျုပ်ဆုံးမချင်လို့”

ဝမ်းခေါင်းသံနဲ့ အော်ကာပြောသော အသံကြီးနောက်မှာ . . .

“ဟုတ်တယ်ဗျို့ . . . ဟုတ်တယ်။ ဒီကောင်တွေ ကို ညိုကြီး အခန်းဘေးမှာ ထားပါ ဗျို့။ ခင်ဗျားတို့အစား ညိုကြီး ဆုံးမပေးလိမ့်မယ်”

ဝိုင်းအော်ကြသော အသံတွေ တစ်ခဲနက်ထွက်လာတော့ . . .တကောင်းသိပါတယ်။ ညိုကြီးဆိုတာ လူနှစ် ကိုယ်စာလောက်ရှိသော လူဘီလူးကြီးပါ။ ဘာမှမဆိုင်ဘဲ သူတို့အချုပ် သားတွေ အားလုံးလိုလိုကကြောက်ကြတယ်။ ဒါကိုလည်း ထိုလူဘီလူးကြီးက ဂုဏ်ယူ တတ်တဲ့သဘောသဘာဝ ရှိပါတယ်။

ယခုလည်း ဖမ်းလာတဲ့လူသုံးယောက် ကို သူနဲ့ကပ်လျက်အခန်းမှာ ထားခိုင်းပုံ ပေါက်ရင် သွေးဆာနေတယ် ထင်ရဲ့ . . .

ဒါပေမဲ့ အမှု ထမ်းတွေ က သဘောပေါက်စွာ မထားပါဘူး။ တစ်အောင့်ကြာတော့ အမှု ထမ်းတွေ ပြန်ထွက်သွားတယ်။

တစ်ခဏတော့ ဆူညံနေသေးရဲ့ ။ နောက်တော့ မကြာပါဘူး။ လေကုန်တော့ အသီးသီးရပ်သွားကြတာပါပဲ။ ဒီတော့မှ သူ့အလုပ်သူ စိတ်အေးလက်အေး ဆက်လုပ် လို့ရတယ်။

“ဘာတွေ တွက်နေတာလဲ . . . ကိုတကောင်းရ”

သော့ တွဲ အကြီးကြီးတစ်ခုကိုကိုင်ရင်း ဒီရာ အနားကိုရောက်လာလို့ . . .

“သြော် . . . မဟုတ်ပါဘူး ကိုယ့်ဇာတာ ကိုယ်ပြန်စစ်ကြည့်နေတာပါကွာ။ မင်းက ရော ဘယ်လဲ”

“အသစ်ရောက်လာတဲ့ လူတွေ အတွက် သောက်ရေသွားထည့်ပေးမလို့”

သူခေါင်းညိတ်ပြတော့ . . .

“ဘာလဲဗျ . . . ကိုယ့်ဇာတာ ကိုယ်ပြန်ကြည့်ပြီး ဘာလို့အချုပ်ကျရတယ်ဆိုတာကို အဖြေ ထုတ်နေတာလား”

“အဖြေထုတ်စရာ မလိုပါဘူးကွာ။ ဒီအသက်အရွယ်မှာ အချုပ်ကျမယ်ဆိုတာ အရင်ကတည်းကပါပြီးသားပဲ။ ပြီးတော့ နောက်တစ်ခုရှိသေးတယ်”

“ဘာလဲဗျ . . .”

စိတ်ဝင်စားသလို သံတိုင်နား တိုးကပ်လာတော့ . . .

“ငါ ဒီထဲကို နောက်တစ်ခေါက် ပြန်လာရဦးမှာ ”

“ဗျာ . . .”

စကားမဆက်တော့ပါဘူး။ ထိုင်ရာကထပြီး လက်ထဲက တုတ်ချောင်းနဲ့ ချေးအလိမ်း လိမ်းစွဲနေသော နံရံမှာ ခပ်နက်နက်ရေး လိုက်တယ်။

“ငါ နောက်တစ်ခေါက် ပြန်လာရဦးမယ်”

*


(a)

နေပူနေတယ်ဆိုပေမဲ့ တကယ့်တကယ်မိုးရွာတော့ အုံနဲ့ကျင်းနဲ့ပါ။ ပြာလွင်ကြည်စင် နေတဲ့ ကောင်းကင်က ချက်ချင်း ပဲ မိုးသားတိမ်လိပ်တွေ တက်လာပြီး အုံ့မှိုင်းလာတယ်။ ပြီးတော့ ဆိုင်းမဆင့်ဗုံမဆင့် မိုးသီးတွေ ကြွေကျလာပါတယ်။

သူတို့ တန်ဆောင်းရှေ့လမ်းမပေါ်မှာ လူတွေ ရှင်းလင်းပြီး အမိုးအကာအောက်ကို ရောက်ကုန်တယ်။ သူ့ဟောခန်းလေးတွင် မှာ တော့ မင်းခစားအမတ်ကြီးမရှိတော့ပါဘူး။ နေမကုန်ခင် ပျောက်သွားတဲ့လည်ဆွဲ တွေ့ အောင်ရှာရမှာ မို့ မိုးရွာထဲပဲ ခေါင်းပေါ် လက်အုပ်ပြီး ခပ်သွက်သွက်ထွက်သွားလေရဲ့ ။

ဒါပေမဲ့ သူ တစ်ယောက် တည်းတော့ မဟုတ်လေဘူး။ ဦးတိုက်စိုးကြီးပါ လာရောက် မိုးခိုနေပါတယ်။ ရွာနေသော မိုးကိုကြည့်ပြီးလည်း တောက်တခတ်ခတ် မြည် တွန်နေတယ်။

“တော် တော် နှောက်ယှက်တဲ့ မိုးကွာ။ ငါ ဘယ်လိုလုပ် ပိုက်ဆံတောင်းလို့ ရတော့ မှာ လဲ”

ပြီး လက်မောင်းနဲ့ ခြေသလုံးတွေ ကို တဗျင်းဗျင်းကုတ်ကာ . . .

“ဆေးမရှိတော့ဘူးလားကွာ . . . ပြန်ယားလာပြန်ပြီ”

ဒီတစ်ခါတော့ သူလည်းမတတ်နိုင်တော့ပါဘူး။ ဆေးကတကယ်ပင် ကုန်နေပါပြီ။ ခေါင်းယမ်းပြတော့ . . .

“ဆေးမကုတတ်တာ နာတယ်ကွာ။ မဟုတ်ရင် ငါ့ကိုယ်ငါ ပြန်ကုလို့ရတယ်။ အေး ဆေးပဲ . . .”

ဆေးမရှိလည်းဘာအရေး လဲ ဟူသည့်သဘောနဲ့ သူ့ကို ခပ်ငေါ့ငေါ့ပြောတာပါ။ ဦးတိုက်စိုးကြီးရဲ့ ချစ်စဖွယ်ဟန်အမူအရာကို ကြည့်ပြီး တကောင်းပြုံးမိတယ်။ ဘာမှတော့ ပြန်မပြောမိပါဘူး။ အပြင်မှာ ရွာနေတဲ့မိုး ကတော့ သဲကြီးမဲကြီးပါ။

တအောင့်ကြာတော့ ဦးတိုက်စိုးကြီးက အပြင်တစ်နေရာကိုကြည့်ပြီး ‘တခွီးခွီး’ ထရယ် ပါတယ်။ အူလှိုက်သည်းလှိုက် ရယ်တာမို့သူပင် စိတ်ဝင်စားသွားရတယ်။ ရယ်ရင်းနဲ့ ဦးတိုက်စိုးကြီးက အပြင်ကိုလက်ညှိုးထိုးကာ . . .

“ခွီး ခွီး . . . ကြွက်စုတ်ကွ ကြွက်စုတ် . . . ဟား . . . ဟား . . .”

တကောင်းလည်း ကြောင်တောင်တောင်နဲ့ လက်ညှိုးထိုးရာကို လိုက်ကြည့်တော့ ...

“ဟိုမှာ . . . ကြွက်စုတ်ပြန်လာပြီဟေ့ . . . ခွီး ခွီး . . .”

တွေ့ ပါပြီ။ ခမောက်ကြီးတစ်ချက်ကို ဆောင်းရင်း သူတို့ရှိရာသို့ အပြေးလာနေသူ ကံစီပါ။

အတွင်းကိုရောက်တော့ ကံစီက ခမောက်ကြီးကိုချွတ်ပါတယ်။ ဦးခေါင်းကလွဲပြီး ကံစီတစ်ကိုယ်လုံး ရွဲရွဲစိုနေရဲ့ ။ ကံစီပုံစံကိုကြည့်ပြီး ဦးတိုက်စိုးကြီးမှာ ရယ်လို့မဆုံးပါဘူး။ ပြီးတော့ ကလေးဆိုးကြီးလို သူ့ကိုယ်ပေါ်ကအဝတ်တွေ ရေမစိုကြောင်း ကံစီမြင်အောင်ပြ ပါတယ်။

ကံစီက အဝတ်မှရေတွေ ကို ဆိုင်ဝမှာ ညစ်ချပြီး သူ့ဘက်ကိုလှည့်ကာ . . .

“တကောင်း . . . ဟိုလူကြီးပြန်သွားပြီလား”

ကံစီရဲ့ ဟိုလူကြီးဆိုတာကို သူနားလည်ပါတယ်။ မကြာခင်ကပြန်သွားတဲ့ မင်းခစား လူကြီးကိုပြောတာပါ။

“ပြန်သွားပြီလေ”

“မိုးမရွာခင်ကလား”

“မဟုတ်ဘူး။ မိုးရွာထဲပဲ ပြန်သွားတာ”

စကားမဆုံးခင် ကံစီက သူ့ဘေးမှာ ဝင်ထိုင်တယ်။ ပြီးတော့ . . .

“မင်းကိုတော့ တော် တော် ဖြုံသွားမယ်နော်”

“ဘာ ဖြစ်လို့လဲ . . .”

ကံစီက ‘ဟက်’ခနဲ တစ်ချက်ရယ်ရင်း။

“မင်း . . . မိုးရွာမယ်လို့ပြောတော့ သူ့မျက်နှာမဲ့သွားတာ ငါမြင်လိုက်တယ်ကွ။ အပြင်မှာ နေတွေ ပူနေလို့ မင်းစကားမ ဖြစ်နိုင်ဘူးပေါ့ကွာ။ အခုတော့ သူလက်တွေ့ ခံစား သွားရပြီ”

နှုတ်ခမ်းတွန့်ကွေးယုံသာ တကောင်းပြုံးမိလိုက်ပါတယ်။ ထိုလူကြီးမဲ့ပြုံးပြုံးသွားတာ ကို သူလည်းမြင်လိုက်ပါရဲ့ ။ လက်မခံနိုင်သလိုပြောသော စကားတိုးတိုးကိုလည်း သူကြား လိုက်ပါရဲ့ ။ တစ်ယောက် တည်းပြုံးနေသော သူ့ကိုကြည့်ပြီး ကံစီက . . .

“နေစမ်းပါဦးကွာ . . . ဒီလောက်နေပြင်းပြင်း ပူနေတာကနေ ဗြုန်းစားကြီး မိုးရွာ မယ်လို့ မင်းဘယ်လိုလုပ်ပြီးသိလိုက်တာလဲ”

ဒီတစ်ခါတော့ ‘ဟက်’ခနဲ ရယ်သူမှာ သူကိုယ်တိုင် ဖြစ်လို့ သွားပါပြီ။ ကံစီကိုငဲ့ကြည့် တော့ သူ့စကားကို ငံ့လင့်နေတာမို့ . . .

“ဒီစောင်းကြိုးလေးတွေ လျှော့နေတာကိုကြည့်ပြီး ခန့်မှန်းမိတာပါ”

စားပွဲပေါ်တင်ထားတဲ့ စောင်းအိုလေးရဲ့ လက်ခတ်ကြိုးတွေ ကို ထိလိုက်ရင်း ပြော တော့ . . .

“ဟေ . . . စောင်းကြိုးလျော့ရင်း မိုးရွာတယ်လား”

“အတိအကျကြီးတော့ မဟုတ်ပါဘူးကွာ။ ငါကအသင့်တီးလို့ရအောင် ကြိုးတွေ ကို တင်းထားတာလေ။ ဒါပေမဲ့ အလိုလိုနေရင်း ကြိုးတွေ က လျော့နေတယ်။ ပြီးတော့ ဦးတိုက်စိုးကြီး ယားနာထတာကို မင်းသတိထားမိလား”

“ဟေ . . .”

ကံစီအသံနှင့် အတူ ဦးတိုက်စိုးကြီးကပါ ‘ဟေ’ ဟု အသံပြုရင်းဆိုင်ပေါက်ဝက လှည့်ကြည့်တယ်. . .

“အကြမ်းအားဖြင့် ပေါ့ကွာ . . . တင်းနေတဲ့ တူရိယာကြိုးတွေ သူ့ဘာသာသူ လျော့လာတာတို့၊ ယားနာ၊ ပွေးနာ၊ ဒူလာရှိတဲ့လူတွေ အလိုလိုယားလာတာတို့၊ တွင်း အောင်းပုရွက်ဆိတ်တွေ အုံဖွဲ့ပြီး တွင်းပြင်ထွက်လာတာတို့၊ ပြီးတော့ ပလူကောင်တွေ တောင်ပို့ကနေ တစ်ခဲနက် ပျံထွက်လာကြရင်၊ အနာကြီး ရောဂါ ရှိတဲ့လူတွေ အနာက ထူအမ်းပြီး အရည်ရွဲရွဲ အစိုပြန်လာရင်၊ ကျွဲနွားတွေ တစ်စုတစ်ဝေးထဲရပ်ပြီး ကျောခိုင်း နေ ရင်၊ နောက်ဆုံး ကြက်၊ ဘဲ၊ ငန်းတွေ ညရေး ညအခါ ဆူဆူညံညံ ထအော်ကြရင် အဲ့ဒါ မကြာခင် မိုးရွာတော့မယ့်နိမိတ်ပဲ”

“သြော် . . .”

ကံစီ တအံ့တသြ ရေရွတ်ရင်း ငြိမ် သွားပါတယ်။ တအောင့်ကြာတော့ ရွာနေသော မိုးမှာ တဖြည်းဖြည်း စဲသွားတယ်။ လုံးဝတိတ်သွားတာတော့ မဟုတ်သေးဘူး။

အချိန်ကိုကြည့်တော့ တော် တော် လင့်နေပါပြီ။ ပြန်ဖို့အချိန်တောင် ကျော်လွန်နေပြီ။ ဒီတော့ သူနဲ့ကံစီ နှစ် ယောက် ပြန်ရန် ပြင်ကြတယ်။ ဆိုင်တံခါးပိတ်ပြီး ဦးတိုက်စိုးကြီးကို ထမင်းဖိုး ပိုက်ဆံပေးတော့ …

“ဟာ . . .ဟ . . . တယ် သဒ္ဒါတရားရှိတဲ့ တကောင်းပါလား။ မင်းကျေးဇူး မမေ့ပါ ဘူး ကွ။ ငါဘုရင် ဖြစ်ရင် ပြန်ဆက်ပါ့မယ်”

ကံစီက ရယ်တယ်။ သူ ကတော့ . . .

“ဦးတိုက်စိုးဘုရင် ဖြစ်ရင် ကျွန်တော့် ကို အမတ်ခန့်နော်”

“ခန့်မှာ ပေါ့ကွ . . . ဟေ့ကောင်ရ၊ မင်းကမိုးရွာမှာ တောင် ကြိုသိတဲ့ကောင်ပဲ။ မင်းကို ပညာရှိအမတ်ခန့်မယ် . . . ဟား . . . ဟား”

သုံးယောက် သား ဟက်ဟက်ပက်ပက်ရယ်မိကြတယ်။ ဥိးတိုက်စိုးက တစ်ခါ တစ်ရံမှာ ကလေး တစ်ယောက် လို့ပဲ အရမ်းဖြူစင်ပါတယ်။ ခင်ဖို့လည်း ကောင်းတယ်။ သူတို့ ပြန်ခဲ့ပေမဲ့ ဦးတိုက်စိုး ကတော့ မပြန်သေးပါဘူး

“ငါ့အနာတွေ ယားနေတုံးပဲကွ . . . မိုးထပ်ရွာရင် ရွာမှာ ။ ငါ့မှာ အဝတ်အစား အပို မရှိဘူး။ ဒီမှာ ပဲ မိုးခိုလိုက်ဦးမယ်”

ဘုရားစောင်းတန်းဝမှာ ဦးတိုက်စိုး ကျန်ရစ်နေခဲ့ပါတယ်။ သူနဲ့ကံစီ ကတော့ ထုံးစံ အတိုင်း စားနေကျဆင်ခြေဖုံး ခေါက်ဆွဲဆိုင်လေးရှိရာဆီ ထွက်လာခဲ့တယ်။

မိုးစက်တွေ ကတော့ တစ်ဖွဲ့နှစ် ဖွဲ့ကျနေတုန်းပဲ။ ခုနသည်းထန်စွာ ရွာသွန်းခဲ့တဲ့ မိုးရေ တွေ ကြောင့် လမ်းဘေးရေမြောင်းလေးတွေ မှာ ပြည့်လျှံကာနေတယ်။ အမှိုက်နဲ့ အမှု န် အမွှားတွေ လည်း မြေနိမ့်ရာဘက်ကို ပေါလောမျောနေကြတယ်။

လျှောက်လာကြရင်း သစ်ပင်ကြီးတစ်ပင်အောက်ကို ရောက်တော့ တကောင်း ခြေလှမ်းတွေ ရပ်သွားမိတယ်။ မနက် သူလာခဲ့တုန်းက ဒီသစ်ပင်ကြီးရဲ့ ကိုယ်ထည်ဟာ ပြောင်ရှင်းလျက်ပါ။ ယခု ထိုအတိုင်း မဟုတ်တော့ဘူး။ သစ်ပင်ကြီးရဲ့ ကိုယ်ထည်မှာ ကြေငြာ ချက်တစ်ရပ်ထုတ်ပြန်ထားတာ တွေ့ ရတယ်၊

မိုးလေတွေ တိုက်ခတ်ထားပေမဲ့ အသေအချာရိုက်နှိပ်ထားတာကြောင့် မပျက်မယွင်းဘူး။

ဝေသာလပြည့်ရှင် မင်းတရားကြီး၏ နှစ် နှစ် ဆယ်ကျော် ပျောက်ဆုံးနေသော သမီးတော် နဝသိင်္ဂီအား နဂရတိုင်းမှ ပြန်ရှာဖွေတွေ့ ခဲ့ပါပြီ။

နက်ဖြန်နံနက် မင်္ဂလာအချိန်၌ သမီးတော် နဝသိင်္ဂီကိုယ်တိုင် ရံရွှေတော် အပေါင်းခြံရံလျက် အရှေ့တံခါးမှ ကြွချီတော် မူမည် ။

ဝေသာလတိုင်းသူ/ပြည်သားများ အားလုံး ထွက်ရောက်ကြိုဆိုဖူးမြော်ရမည် ။

အမိန့်တော်

*


(b)

“တကောင်း . . . ဘာရေး ထားတာလဲကွ”

ကံစီကမေးတော့ ပြဋ္ဌာန်းထားတဲ့ အမိန့်စာကို အစမှအဆုံးပြန်ဖတ်ပြလိုက်တယ်။ အမိန့်စာဆုံးတော့ . . .

“ဒါဆို . . . မနက်ဖြန် အရှေ့တံခါးမှာ သွားကြိုရမှာ ပေါ့”

ခေါင်းသာ ညိတ်ပြလိုက်ပါတယ်။ မကြိုလို့မရပါဘူး။ အမိန့်တော် ထုတ်ထားတာမို့ မလွန် ဆန်ဝံ့ဘူး။ သူတို့ရဲ့ ရေမြေ့အရှင်သမီးတော် ဖြစ်နေတာကြောင့် မသွားမ ဖြစ်သွားရ မယ်။

ဒါပေမဲ့ အမိန့်စာဖတ်ပြီး စိတ်ထဲမှာ အတွေးတစ်ခုရောက်မိတယ်။ နှစ် နှစ် ဆယ် ကျော်အောင် ပျောက်ဆုံးနေတာဆိုတော့ ဘယ်လိုများ ဖြစ်လို့ပါလိမ့်။ ပြီးတော့ သူတို့ ဝေသာလပြည်ထဲက ပြန်ရှာတွေ့ တာမဟုတ်ဘူး။ ‘နဂရ’တိုင်းကတဲ့။ ဘယ်လို ဖြစ်လို့များ ဘုန်းရှင်ကံရှင် ဘုရင့်သမီးတော် က ပျောက်ဆုံးသွားရတာ လဲ။

ဤမျှလောက်နှစ် တွေ အကြာကြီးကြာမှ ပြန်ရှာတွေ့ ရတာ လဲ။ သူ့လို ကျောက်ခင်း လမ်းပေါ်က လူ တစ်ယောက် အနေနဲ့ နဝရတ်ကိုးသွယ်စီရင်သော လမ်းသူလမ်းသားတွေ နဲ့ ကိုယ်ရေး ကိုယ်တာကို တွေးမပေါက်တာတော့ အမှန်ပါ။

နောက်ဆုံးတော့ သမီးတော် နဝသိင်္ဂီ ပျောက်ချင်လို့ပျောက်ပြီး ရှာတွေ့ ချင်လို့ ရှာတွေ့ တယ်လို့ပဲ သဘောပိုက်လိုက်ပါတယ်။

ဒီလိုတွေးရင်းငေးရင်း သူတို့နှစ် ယောက် စားနေကျ ခေါက်ဆွဲဆိုင်သို့ ရောက်လာခဲ့ တယ်။ ဆိုင်ဝမှာ လည်း ခုနလို အမိန့်စာတစ်စောင် ကပ်ထားပါသေးတယ်။ ဆိုင်တွင်းဝင် ကာ သူတို့နှစ် ဦး ခေါက်ဆွဲ တစ်ယောက် တစ်ပွဲစီ မှာ စားလိုက်တယ်။

ဆိုင်ကလူဝင်နည်းပါသည်။ သူတို့လို ဆင်ခြေဖုန်းတွေ သာ အလာများ တဲ့ဆိုင်မို့ ခမ်းခမ်းနားနားမရှိဘူး။ လက်ရာလည်းကောင်းကောင်းမွန်မွန်မရှိပါဘူး။ ဒါပေမဲ့ ကိုယ့် အတိုင်း အတာနဲ့ကိုယ်တော့ ဒီဆိုင်ကအကောင်းဆုံးစာရင်းဝင်ထားပါတယ်။

စားသောက်ပြီးတော့ အိမ်မှာ ကျန်ခဲ့တဲ့အမေ့အတွက် ခေါက်ဆွဲတစ်ထုပ် ထပ်ဝယ် လိုက်တယ်။ ပြီးတော့ သူနဲ့ကံစီ ဆိုင်ဝမှာ ပင် လမ်းခွဲလိုက်ပါတယ်။

မနက်ဖြန် အရှေ့တံခါးသွားဖို့ အရေး ကိုတော့ လမ်းမခွဲခင် တိုင်ပင်သတ်မှတ် လိုက်ကြတယ်။

ရေမြေ့အရှင်ရဲ့ သမီးတော် ဆိုလေတော့ လေးစားရမှာ ပေါ့။ အမိန့်တော် အတိုင်း မလွဲ မသေ လိုက်နာကျင့်သုံးရမှာ ပေါ့။

ပျက်ကွက်ခွင့် မရှိပါဘူး။

ရေမြေ့ရှင်ဆိုတာ လိုက်မမီသော ဘဝဘဝရဲ့ ဘုန်းကံတွေ နဲ့ပါ။

……….

သူတို့ရဲ့ ဝေသာလပြည်ကြီးမှာ အကြားအမြင်ဟောသူတွေ ၊ နက္ခတ်ဗေဒင်တွက် သူတွေ ၊ ဓာတ်ဆရာ၊ နတ်ဆရာတွေ ၊ ပုဏ္ဏားတော် တွေ တော် တော် စုံပါတယ်။ ထိုအထဲကမှ သူဟာ မထင်မရှား လူ တစ်ယောက် ပေါ့။ ဘုရားစောင်းတန်းမှာ ဆိုင်ခန်းလေးတစ်ခုပြုပြီး ရှေ့ ဖြစ်ဟောသူအ ဖြစ် ကျားကုတ်ကျားခဲ ရပ်တည်နေရသူဆိုရင်လည်း မမှားပါဘူး။

ယဉ်ကျေးမှု မကောင်းမွန်သေးတဲ့ ကာလဆိုတော့ ဒီအတတ်ပညာက လူတွေ ကြားမှာ အစဉ်သဖြင့် ပေါက်ရောက်နေတယ်။ လူတိုင်းလိုလိုလည်း ကိုယ့်အတိုင်းအတာနဲ့ ကိုယ် ယုံကြည် လက်ခ့ကြပါတယ်။

ဝါသနာပါ လေ့လာလိုက်စားသူတွေ လည်း အများ အပြားပဲ။ ဝေသာလပြည့်ရှင် မင်းတရားကြီးရဲ့ အပါးတော် မှာ လည်း ထိုထိုသော ပညာရှင်တွေ အများ ကြီးပါ။

ပညာရှင်တွေ နဲ့ စုဝေးတိုင်ပင်ပြီးတော့ပဲ တိုင်းရေး ပြည်ရေး ကို ရှင်ဘုရင်က ဆုံးဖြတ် တယ်။ ရှင်ဘုရင်တစ်ပါး ဘုန်းကံတောက်ပြီဆို ထိုဘုန်းကံနဲ့ ညီမျှတဲ့ ပညာရှိအမှတ် ပေါ်ပေး ရတယ်။ ဒါဟာ လောကကြီးရဲ့ ဓမ္မတာပါ။ လူမင်းဘုန်းကြီး နတ်မင်းမနေသာဆိုတဲ့ သဘောပေါ့။

ပဒေသရာဇ်ဘုရင်တွေ အားလုံးမှာ ဘုန်းကံတောက်သော မင်းလက်ထက်တိုင်း ဖြစ်ပေါ်နေကျ အစဉ်အလာဆိုလည်းမမှားပါဘူး။ ယခုသူတို့ရဲ့ ရေမြေ့ရှင်ဆီမှာ လည်း ပညာရှိများ တယ်လို့ကြားပါတယ်။ သူ ကတော့ ကျောက်ခင်းလမ်းပေါ်က ငချွတ် တစ် ကောင်ပေါ့။

မျိုးနွယ်နိမ့်သူ ဖြစ်လေတော့ သူရဲ့ အရည်အချင်းက ရွှေနားတော် ရောက်ဖို့မပြောနဲ့ အနီးအနားပတ်ဝန်းကျင်တောင်တိုးမပေါက်ပါဘူး။

နေထိုင်ရာဒေသက နိမ့်ပါးလွန်းလှတယ်လေ။

……………..

သူတို့နေထိုင်ရာ ဆင်ခြေဖုန်းလေးက ရွှေနန်းတော် ရဲ့ တောင်ဘက်စွန်းစွန်းမှာ ရှိပါ တယ်။ ဒီနေရာ ဒီဒေသမှာ ရွှစလွယ်၊ငွေစလွယ်တွေ မရှိပါဘူး။ မင်းမျိုးမင်းနွယ်နဲ့ တော် ဝင် သူတွေ လည်း (လုံးဝ) နေထိုင်ခြင်းမရှိပါဘူး။ တေလေတွေ ၊ ဆိုးသွမ်းနိမ့်ပါးသူတွေ နဲ့ ဆင်းရဲသားဆန်ဆန် အသိုက်အမြုံလေးပါ။

သူ့အိမ်ရှိရာလမ်းလေးရဲ့ထောင့်ချိုးမှာ သူဆင်းရဲမ တစ်ယောက် ကလေးနို့တိုက် နေတယ်။ ကပ်လျက်အိမ်ကလည်း ထမင်းရ်ာတွေ ငှဲ့ချထားလို့ စေးပျစ်ပျစ်ကြောင်းတစ်ခုက လမ်းပေါ်ကို ကန့်လန့်ဖြတ် စီးနေတယ်။

ယိုင်ထိုးနေတဲ့ တဲအိမ်လေးတွေ ၊ ကန့်လန့်ဖြတ်တန်းထားတဲ့ အဝတ်ကြိုးတန်းတွေ ၊ ဘယ်လိုလျှော်လျှော် အရောင် မထွက်တော့တဲ့ အဝတ်တွေ နဲ့ ပေလူးညစ်ကျံနေတဲ့ နှာရည်တွဲ ကလေးတွေ ။

ဒါတွေ ကိုမြင်ရုံနဲ့ ဒီအသိုက်အမြုံရဲ့ လူနေမှု အဆင့်အတန်းကို သိသာနိုင်ပါတယ်။

အမေ့အတွက် ခေါက်ဆွဲထုပ်လေးကိုဆွဲရင်း လျှောက်လာတော့ လမ်းဘေးကလေး တွေ နဲ့ ခွေးလေခွေးလွင့်တွေ က သွားရည်တမြမြ ကြည့်နေကြတယ်။

စိတ်မကောင်းပါဘူး။ အမေ့အတွက်ပေမို့ ပေးကမ်းလို့မ ဖြစ်နိုင်ဘူး။ သူ့မှာ လည်း အပိုပါမလာဘူး။ မသိယောင်ပြုပြီးတော့ပဲ အိမ်ကိုရောက်အောင် လျှောက်လာလိုက်တယ်။

အိမ်ရှေ့ရောက်တော့ ခြံဝမှာ မျက်နှာစိမ်းနှစ် ယောက် ထိုင်နေတာ တွေ့ ရတယ်။ သူ့ကိုမြင်တော့ ခပ်ယောင်ယောင်ပြုံးပြကြလေရဲ့ ။ ဒီလောက်ဆို နားလည်လိုက်ပြီ။ အစ်ကို မင်းထင်ပြန်ရောက်နေပါပြီ။ မင်းထင်ဆိုတာ အမေမွေးထားတဲ့ သားအကြီးဆုံး ဖြစ်ပြီး သူ့ရဲ့ တစ်ဦးတည်းသော အစ်ကို ဖြစ်ပေမဲ့ အိမ်မှာ မနေပါဘူး။

ဘယ်မှာ နေမှန်း သူရော အမေရော မသိဘူး။ အခုလိုပဲ တစ်ခါတစ်လေမှ အိမ်ကို ပြန်လာတတ်တယ်။

အိမ်ပေါ်ကိုလှမ်းတက်တော့ ခေါင်းရင်းပိုင်းမှာ အစ်ကိုမင်းထင်နဲ့ အမေ စကားပြော နေတာကိုတွေ့ ရတယ်။ သူတက်လာတာကိုမြင်တော့ အစ်ကိုဝမ်းသာအားရနဲ့ …

“ငါ့ညီ . . . ပြန်လာပြီလားကွ”

“ဟုတ်ကဲ့ . . . အစ်ကို”

အစ်ကို့မျက်နှာဟာ အရင်ကအတိုင်း ပြုံးလို့ပါပဲ။ သူ့ကိုချစ်ခင်ညှာတာသည့် အငွေ့ အသက်တွေ လည်း မပျောက်မပျက် ကျန်ရှိနေသေးတယ်။ အစ်ကို့ကို ကျန်းမာစွာ ပြန်တွေ့  ရလို့ သူဝမ်းသာပါတယ်။

“အစ်ကို နေကောင်းတယ်မလား”

“ကောင်းတာပေါ့ကွာ၊ ငါ့ညီအမြင်ပဲ”

သပ်ရပ်တောက်ပြောင်နေတဲ့ အစ်ကိုပုံစံကို တွေ့ ပြီးကတည်းက သူသဘောပေါက် လိုက်ပါတယ်။ အမေ့ရှေ့မှာ လည်း အစ်ကို ကန်တော့ထားဟန်တူတဲ့ အထုတ်ကြီး အထုတ် ငယ်တွေ ကို တွေ့ ရတယ်။ အမေ ကတော့ သူ့သားကြီးကို ကျန်းမာစွာ တွေ့ ရလို့ ဝမ်းသာရ မယ့်အစား မျက်နှာမကောင်းပါဘူး။

ဘာကြောင့် လဲ စဉ်းစားလို့မရနိုင်သေးခင် အမေက အစ်ကို့ကို စူးစိုက်ကြည့်ကာ …

“ဒီမှာ . . . သားကြီး၊ အဒိန္နဒါနာကံဆိုတာ လူ တစ်ယောက် စောင့်ထိန်းသင့်တဲ့ ဒုတိယကျင့်ဝတ်ပဲ။ ဒီကံကို ဖောက်ဖျက်ခဲ့ရင် . . .”

သူဆက်နားမထောင်တော့ဘူး။ အမေ့အတွက် ဝယ်လာခဲ့တဲ့ ခေါက်ဆွဲထုပ် လေး ကိုဆွဲရင်း နောက်ဖေးမီးဖိုချောင်ဖက် ထွက်ခဲ့တယ်။ အမေ့စကားသံတွေ ကတော့ ကာရံ ထားတဲ့ ဝါးထရံတွေ ကို ဖောက်ပြီး နောက်ဖက်ဆီရောက်အောင် ပျံ့လွင့်နေတယ်။

အစ်ကို့အသံကိုတော့ တစ်လုံးတစ်ပါဒမျှမကြားရဘူး။ သူကိုယ်တိုင် ကတော့ မှိုင်းဆွဲ နေတဲ့ ပန်းကန်စင်က ပန်းကန်လေးတစ်ချပ်ကို ယူပြီး ဝယ်လာတဲ့ ခေါက်ဆွဲထုပ်ကို လှယ်ထည့် နေလိုက်တယ်။ မကြာခင်မှာ ပဲ မီးဖိုချောင်ဆီလှမ်းလာတဲ့ ခြေသံကိုကြားရတော့ . . .

အစ်ကို မင်းထင်ပါ။

အစ်ကိုက သူ့ပုခုံးကို လှမ်းပုတ်ပြီး . . .

“ရော့ . . . ငါ့ညီအတွက် အစ်ကိုဝယ်လာတဲ့ စာအုပ်တွေ ”

အိတ်တစ်ထုပ် သူ့ကိုလှမ်းပေးတော့ ကပျာကယာပဲ ဖွင့်ကြည့်လိုက်တယ်။ ဆန်း၊ ကျမ်း၊ ဗေဒင်၊ လက္ခဏာနဲ့ပတ်သတ်သော စာအုပ်တွေ ပါ။ ရင်တွင်းမှာ အတိုင်းမသိ ဝမ်းသာသွားပြီး အစ်ကို့ကိုလည်း လှိုက်လှိုက်လှဲလှဲ မော့ကြည့်မိတယ်။ အစ်ကို ကတော့ ပြုံးလျက်ပါပဲ။

“ကျေးဇူးပါ . . . အစ်ကို”

“ရပါတယ်ကွာ။ အစ်ကိုကသာ ငါ့ညီကို ကျေးဇူးပြန်တင်ရမှာ ပါ”

“ဘာကြောင့် လဲ . . .”

“အမေ့ကို အစ်ကို့အစား စောင့်ရှောက်ပေးလို့ . . .”

အစ်ကိုမင်းထက်အသံက မချိတင်ကဲပါ။ အမေ့ကို ကိုယ်တိုင်ဝတ်ကြီးဝတ်ငယ် ပြုစု မပေးနိုင်လို့ သူ့ကိုယ်သူ ယူကြုံးမရ ဖြစ်နေပုံမျိုး။

“ကျေးဇူးတင်စရာမလိုပါဘူး . . . အစ်ကိုရာ။ ကျွန်တော် တို့ အမေပဲ အမေ့အတွက် အစ်ကိုမရှိရင် ကျွန်တော် ရှိပေးရမှာ ပေါ့။ အမေ နေကောင်းပါတယ်။ အစ်ကို့ကိုတော့ အမေ နေ့တိုင်းလွမ်းနေတာ”အစ်ကို့မျက်လုံးအိမ်မှာ မျက်ရည်တွေ ဝေသီလာတာကိုတွေ့ ရတယ်။ ပြီးတော့ သူ့ပုခုံးကို ဆုတ်ကိုင်ဖျစ်ညှစ်ပါတယ်။“အစ်ကို . . . ညအိပ်မှာ မလား။ အစ်ကို ကြိုက်တဲ့ ငါးဟင်း ကျွန်တော် ဝယ်ချက်ပေးမယ်လေ”

ပခုံးကို ဖျစ်ညှစ်ထားရာမှ ခေါင်းယမ်းပြီး . . .

“မအိပ်ဘူး . . . ငါ့ညီရ။ အစ်ကို ခရီးထွက်စရာရှိလို့ ငါ့ညီနဲ့ အမေ့ကို လာနှုတ် ဆက်တာ”

ဘယ်ကိုသွားမှာ လဲ သူမမေးမိဘူး။ မေးမိတာက . . .

“အဝေးကြီးလား . . .”

“အေး . . .”

ထိုမျှနဲ့ သူတို့နှစ် ဦး စကားပြောဆိုမှု က ပြီးဆုံးလို့သွားတယ်။

“အစ်ကိုတို့ ဘဝအတွက်ပါကွာ။ အမေနဲ့ ငါ့ညီကို အစ်ကို ဒီလိုမျိုးဘဝမှာ မထား ချင်ဘူး”

သူစကားဆက်မဆိုမိတော့ဘူး။ အစ်ကိုက ပခုံးကိုဖက်ပြီး အိမ်ရှေ့ကို ခေါ်သွား တယ်။ အမေ့ရှေ့ကိုရောက်တော့ . . .

“လာကွာ . . . ငါတို့ညီအစ်ကိုနှစ် ယောက် အမေ့ကို ကန်တော့် ရအောင်”

မျက်ရည်ဝဲဝဲနဲ့ပဲ အမေ့ကို နှစ် ဦးသား ထိုင်ကန်တော့လိုက်ပါတယ်။ အမေ ကတော့ ညီအစ်ကိုနှစ် ယောက် ကို တတ်သလောက်မှတ်သလောက် ဆုတွေ ပေးနေလေရဲ့ ။

တွေ့ ဖူးသမျှ မိန်းမတွေ ထဲမှာ အမေကစိတ်မာလွန်းသူ တစ်ယောက် ပါ။ သား နှစ် ဦး စလုံး မျက်ရည်လည်ရွဲ ဖြစ်နေတာတောင် အမေက လုံးလုံးမတုန်လှုပ်ပါဘူး။

အစ်ကိုအိမ်ပေါ်ကဆင်းတော့ ခြံဝထိရောက်အောင် သူလိုက်ပို့ပေးပါတယ်။

“တကောင်း . . . ညီလေး၊ အစ်ကိုသွားမယ်နော်”

သူလက်ပြတော့ အစ်ကိုက နောက်တော် ပါး နှစ် ယောက် နဲ့အတူ ထွက်ခွာ သွားပါပြီ။ ရင်တွင်းမှာ တနင့်နင့် . . .

အံကြိတ်ပြီး အော်ခေါ်မိတယ်။

“အစ်ကို . . .”

သွားလက်စ ခြေလှမ်းကိုရပ်ပြီး သူ့ကိုလှည့်ကြည့်တော့ . . .

“အရင်လိုပဲ ကျွန်တော် တို့တွေ လုပ်ကိုင်စားရအောင်ဗျာ”

အစ်ကို့မျက်နှာ အကြီးအကျယ်ပျက်ယွင်းသွားတယ်။ သို့ ပေမဲ့ ထိုပျက်ယွင်းမှု ကို ရင့်ကျက်စွာ ထိန်းရင်း သူ့ကိုပြုံးပြကာ . . .

“အေးပါကွာ . . . အစ်ကို ကြိုးစားပါ့မယ်”

တကယ်တော့ သူစိတ်ချမ်းသာစေရန် ပြောသွားသော စကားပါ။ ဒါပေမဲ့ သူလုံးဝ စိတ်မချမ်းသာခဲ့ဘူး။

အိမ်ထဲပြန်ဝင်တော့ ဘာကြောင့် မှန်းမသိ သူတို့အိမ်မိုးစွန်းမှာ တိမ်ညိုမည်းတွေ ရစ်သိုင်းလို့။ အိမ်ပေါ်တက်လာသော သူ့ကို အမေကတည်ငြိမ်စွာ ကြည့်ရင်း . . .

“သားငယ် . . . အမေဗိုက်ဆာပြီ” တဲ့

“ဒါတွေ ကို အိမ်ဘေးနားကလူတွေ ဝေပေးလိုက် သား။ ငွေဒင်္ဂါးတွေ ကိုလည်း သူ့နာမည် နဲ့ အလှူတစ်ခုလုပ်ပေးလိုက် ။ ဒါတွေ က သန့်ရှင်းစွာ ရှာဖွေထားတဲ့ ဥစ္စာပစ္စည်း တွေ မဟုတ်ဘူး”

“သြော် . . . အမေရယ်”

မိခင်မေတ္တာဆိုတာကို ထိုအချိန် ထိုအခါမှစပြီး သူသိရှိခဲ့ပါတယ်။ မိခင် တစ် ယောက် ကို သူကိုယ်တိုင် မွေးထားတဲ့သားက ဘယ်သော အခါမှ ပြန်လိမ်လို့မရပါဘူး။ သားရဲ့ မျက်နှာကိုမြင်တာနဲ့ ထိုအရာတွေ က ဖုံးကွယ်စရာမလိုဘဲ ပေါ်လွင်ပြီးသားပါ။

အမေဘာလို့ အလုံးစုံသိနေရတာ လဲ။ ပြီးတော့ ဘာလို့ စိတ်ဓာတ်တွေ ဒီလောက် ထိ ပြတ်သားမာကျောနေရတာ လဲ အမေရယ်။

“ငါ သူ့ကို ဆုံးမသွန်သင်ခဲ့တာတွေ အားလုံးဟာ အလကားပဲ”

(လုံးဝ) ဝမ်းနည်းသံ မပါပါဘူး။ အမေ့စကားသံကို ခွဲခြမ်းစိတ်ဖြာကြည့်ရရင် ခံပြင်းမှု နဲ့ အားမလိုအားမရ ဖြစ်မှု တွေ သာ အရွယ်အစားပြင်းပြင်းနဲ့ ပါဝင်နေပါလိမ့်မယ်။

ပြီးတော့ သူဝယ်လာတဲ့ ခေါက်ဆွဲနွေးနွေးလေးကို . . .

အမေ မြိန်ယှက်စွာ စားပါတယ်။

*


(c)

ဒီနေ့ မနက်ခင်းဟာ သူတို့ ဝေသာလပြည်ကြီးတစ်ခုလုံး ခြိမ့်ခြိမ့်သဲစည်ကားတဲ့ မနက်ခင်းလေးပေါ့။ နေရောင် ဝါဝါတို့က အရှေ့ဘက် မြို့တံခါးပေါ် မစို့မပို့ ကျရောက် ပေးထားတယ်။ ဒီလို ကျက်သရေရှိလှတဲ့ မနက်ခင်းလေးမှာ နေမင်းရဲ့ သားတော် တွေ အစုံအညီ မျက်နှာမသစ်ကြသေးဘူး။

သူရောက်တော့ အရှေ့ဘက်မြို့တံခါးနဲ့ အဝင်လမ်းမတစ်လျှောက်မှာ သဲသဲ လှုပ်လှုပ် စည်ကားနေပါပြီ။ လူတွေ လူတွေ မှ ကြိတ်ကြိတ်တိုးပဲ။ ကံစီကို ရှာမတွေ့  တော့ ဘူး။ ကံစီ ကတော့ စောစောရောက်လုမှာ ပေါ့။ သူ့ကိုစောင့်ရတာ စိတ်မ၇ှည်လို့ လူအုပ်ထဲ ရောနှောသွားပြီ ထင်ရဲ့ ။

သူ ကိုယ်တိုင်က နောက်ကျသူ ဖြစ်နေတာကိုး။

ညက အိမ်မက်မကောင်းဘူး။ အရမ်းလှတဲ့ လိပ်ပြာလေးတစ်ကောင် သူ့ရဲ့ ဘယ်ဘက်ရင်အုံပေါ် တက်နားနေတယ်တဲ့။ ရင်ခုန်သံ အနိမ့်အမြင့်ကိုလိုက်ပြီး ထိုလိပ်ပြာလေးက တအိအိ နှစ် ခြိုက်စွာ နားခိုနေပါတယ်။ ဒါပေမဲ့ နားနေရာက ထပျံတော့ လိပ်ပြာ လေးနဲ့ နှုတ်ခမ်းက သူ့ရဲ့ နှလုံးသားတစ်စုံကို ကိုက်ချီယူသွားတယ်။ ပြီးတော့ တဒိတ်ဒိတ်ခုန်နေတဲ့ သူ့နှလုံးသားကို ပိတုန်းနက်နက်တွေ အကြား ပစ်လျလိုက်တော့ . . .

ပိတုန်းကောင်တွေ ဝိုင်းတုပ်လိုက်တာမှ တအားပဲ။

ရင်တစ်ခုလုံး စပ်ဖျင်းထုံထိုင်းစွာ လန့်နိုးသွားခဲ့တယ်။ ပြီးတော့ အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ မိုးလင်းသွားတယ်။ အိပ်ယာကထတော့ သူ့စိတ်တွေ မကြည်လင်ပါဘူး။ ဆက်အိပ် လို့မရတော့တာကြောင့် မရွင်လန်းစွာ နဲ့ဘဲ လုပ်စရာရှိတာတွေ ကို ဝတ္တရားမပျက် လုပ်ဆောင်ဖြေရှင်းလိုက်တယ်။

သူတို့အနီးဝန်းကျင်လေးက ဒီနေ့မနက်မှ ထူးထူးခြားခြား တိတ်ဆိတ် လို့နေပါ တယ်။ ပြီးမှသတိရတယ်။ သြော်... အကုန်လုံးအရှေ့တံခါး သွားနေကြပြီကိုး။ သူကိုယ်တိုင် လည်း အမိန့်အတိုင်းမပျက်မကွက် သွားရမှာ မို့ အိမ်ကိစ္စတွေ ပြီးတော့ အမေ့ကို ကန်တော့ ကာ ထွက်ခဲ့လိုက်ပါတယ်။

လမ်းပေါ်ရောက်ပြီး လေး၊ ငါး၊ ခြောက်အိမ်လွန်ပြီးချိန်မှာ . . .

“နှစ် နှစ် ဆယ်မှာ ပေါ်လာသည် ယှဉ်နိုင်ဦးကွဲ့

ယှဉ်ဦးကွဲ့။

လေးဖြာနိုင်၍ ဘယ်သူပိုင်၊ ပိုင်သူရှိဘူးကွဲ့

ပိုင်ဆိုင်လိမ့်နိုး၊ မျှော်ကာကိုး မျှော်ကိုးသူပင်

ပျက်လိမ့်မည်

နဝသိင်္ဂီရှင်တမှီး တပင်နန်းနှင့် ဗိုလ်ရှုခံ

စံဦးကွဲ့လေး . . .”

သားသည် မိခင်တစ်ဦး သားချော့သိပ်တေးဆိုသံ ဖြစ်ပါတယ်။ ထိုတေးသံကိုကြား တော့ တကောင်းပြုံးလိုက်မိကာ . . .

“သြော် . . . ရှင်ဘုရင် သမီးတော် ဆိုတော့လည်း ရောက်တာနဲ့ ဘုန်းတော် ဘွဲ့တေး တွေ တောင် ပေါ်နေပါပေါ့လား”

သားသည် မိခင် ကတော့ သားငယ်ကိုပွေ့ရင်း ထိုတေးထပ်ကိုသာ ထပ်ခါတစ်လဲလဲ ဆိုနေပါတယ်။ တစ်ယောက် တည်း စိတ်မှာ တွေါ်ရင်း ဆက်လျှောက်လာခဲ့လိုက်တယ်။ အရင်တုန်းက ဆူညံပွက်လောရိုက်နေတဲ့ ပတ်ဝန်းကျင်က အခုဆို လွန်လွန်ကျူးကျူး တိတ်ဆိတ် လို့နေပါတယ်။ တစ်မြို့လုံး အရှေ့တံခါးမှာ စုဝေးနေလောက်ပြီထင်ရဲ့ ။

တကောင်း ဟိုကြည့်ဒီကြည့် လျှောက်လာရင်း တစ်နေရာရောက်တော့ ထူခြားတဲ့ အသံတစ်ခုကိုကြည့်ရတယ်။ ဖားတစ်ကောင်ရဲ့ အော်သံပါ။ မနက်ဘက်မှာ အော်သော ဖားသံမို့ စိတ်ထဲမှာ ထူးခြားမှု ကို ခံစားရတယ်။ အတိတ်နိမိတ်လေ့လာတတ်သူ ဖြစ်လေ တော့ ပိုဆိုးပါတယ်။

နောက်ပြီး အော်ပုံက သာမာန်နဲ့မတူဘူး။

စိတ်ဝင်တစား အသံထွက်ပေါ်ရာအရပ်ကို ရှာတွေ့ တော့ လမ်းဘေးရေမြောင်း တွင်းမှာ ကိုရွေဖားကို တွေ့ လိုက်ရလေရဲ့ ။ တစ်ကောင်တည်းမဟုတ်ပါဘူး။ နှစ် ကောင်ပါ။

သို့ သော်ကျန်တဲ့ တစ်ကောင်က ချိုင့်ခွက်လေးအတွင်းမှာ ပက်လက်လဲကျနေ တယ်။ သေချာကြည့်တော့ ထိုဖားမှာ လှုပ်ရှားမှု မရှိတော့ဘူး။ လက်တွင်းယူကြည့်လိုက် တော့ အဖြေတစ်ခု ထွက်လာတယ်။

ဖားငယ်သေနေပါပြီ။ သေနေသော ဖားငယ်တို့ကြည့်ပြီး ကျန်တဲ့အကောင်က စို့စို့နင့်နင့် အော်မြည် နေတာပါ။

ဖားမသေလို့ ဖားထီးအော်တာလား။

မဟုတ်ပါဘူး။ ဖားထီးသေလို့ ဖားမအော်နေတာပါ။

တော် တော် ထူးဆန်းတဲ့ နိမိတ်ပါပဲ။ လက်တွင်းမှ ဖားသေလေးကို အိုင်တွင်းပြန်ချပြီး တကောင်း အတော် ကြာ ရပ်နေ ဖြစ်တယ်။

သူ့ အတွေ့ အကြုံအရ လုံးဝကောင်းသော နိမိတ်မဟုတ်ပါဘူး။ တိုင်းပြည် မင်းရေး ခင်းရေး နဲ့တောင် ပတ်သတ်နေသလားပဲ။ နောက်ပြီးဒီနေ့က နှစ် နှစ် ဆယ်ကျော်ပျောက် ဆုံးနေ သော သမီးတော် ကို ကြိုဆိုတဲ့နေ့။

နန်းတော် ကြီး တည်ရှိရာ အရပ်ကို မျှော်ကြည့်ပြီး တကောင်းစိတ်ထဲမှာ လေးသွား တယ်။ နန်းတွင်းမှာ တစ်ခုခု ထူးခြားပါတော့မယ်။ ဒီထက်ပိုပြီးလည်း လောလောဆယ် သူမဆုံးဖြတ်နိုင်သေးဘူး။ ဘယ်လိုပဲ ဖြစ် ဖြစ် စိတ်လေးသွားတာတော့ သေချာသွားတာ တော့ သေချာပါတယ်။

“ကောင်းသော ထူးခြားခြင်းပဲ ဖြစ်ပါစေ”

စိတ်မှာ ဆုတောင်းရင်း သုတ်သုတ်လျှောက်လာတော့ သူလျှောက်လာသော လမ်းမှာ တဖြည်းဖြည်း လူရှုပ်လာတာကိုတွေ့ ရတယ်။ သူ့လိုပဲ အရှေ့တံခါးသွားဖို့ နောက် ကျသူတွေ ပါ။

မကြာပါဘူး လမ်းချိုးတစ်ခု လွန်မြောက်ပြီးနောက်မှာ တစ်ခဲနက် စုဝေးနေသော လူအုပ်ကြီးကို ရှေ့တည့်တည့်မှာ မြင်လိုက်ရလေရဲ့ ။

“သမီးတော် . . . ကြွလာပြီလား”

“မကြွသေးဘူး မြန်မြန်သွား၊ တအောင့်နေကြွလာတော့မှာ ”

“ခရုသင်းမှု တ်တာကိုစောင့်၊ ခရုသင်းမှု တ်သံကြားရင် သမီးတော် ကြွလာပြီ”

ရှေ့ဆီမှ အလျင်စလို လျှောက်ရင်း ပြောသွားသော အသံတွေ ပါ။ ပြောစကားများ ကို နားထောင်ရင်း စိတ်အေးသွားတယ်။ ဒါဆို သူနောက်မကျသေးပါဘူး။ ထိုကြောင့် ရှေ့မှာ ရပ်စောင့်နေကြတဲ့ လူအုပ်ကြီးဆီ ဝင်ရောက်ရောနှောလိုက်တယ်။

ကွမ်းတစ်ရာညက်မယ် မထင်ဘူး။

“ဘော် . . .”

ခရုသင်းမှု တ်သံကြီးက အရှေ့တံခါးဆီမှ ပေါ်ထွက်လာတော့ ရပ်စောင့်နေသူတွေ လှုပ်လှုပ်ရွရွ ဖြစ် သွားပါပြီ။ တချို့ကလည်း ‘ဟေး’ခနဲ ထအော်ကြတယ်။

သူ ကတော့ အေးဆေးပါပဲ။ နောက်လိုက်မဟုတ်သူမို့ သူများ ‘ဟေး’ တိုင်း လိုက်မ ‘ဟေး’ပါဘူး။ ခဏအကြာမှာ အရှေ့တံခါးကြီး ဖွင့်လိုက်သံကို ကြားရတယ်။ ထိုအသံကြီး ကိုကြားပြီး မရှေးမနှောင်းမှာ ဘဲ တစ်ပြည်လုံး ဝက်ဝက်ကွဲ သွားပါပြီ။

သဲသဲလှုပ်ကြိုဆိုသံ၊ ဟစ်ကြွေးကောင်းချီးပေးသံ၊ စည်တီးသံတွေ ၊ ခရုသင်းမှု တ်သံ တွေ ကို ဆက်တိုက်ဆိုသလို ကြားရတယ်။ သမီးတော် နဝသိင်္ဂီ မြို့တွင်းကြွချီတော် မူလာပါပြီ။

ပန်းကြဲသူတွေ ကြဲ၊ လက်ခုတ်တီးသူတွေ တီး၊ ဝှေ့ယမ်းခုန်ပေါက်သူတွေ ခုန်ပေါက် ကြနဲ့ . . .

တချို့လည်း . . .

“နဝသိင်္ဂီမင်းသမီး ...သက်တော် ရာကျော်ရှည်ပါစေ။ နဝသိင်္ဂီမင်းသမီး ... သက်တော် ရာ ကျော်ရှည်ပါစေ”လို့ သံပြိုင်ဟစ်ကြွေး ကောင်းချီးပေးကြတယ်။

သေချာတာ ကတော့ လက်ခုပ်တီးသူတွေ ထဲမှာ ရော၊ ဟစ်ကြွေးကောင်းချီးပေးသူ၊ ဝှေ့ယမ်းနှုတ်ဆက်သူတွေ ထဲမှာ ရော သူမပါပါဘူး။ ကိုယ့်ဘုရင်ရဲ့ သမီးတော် ကို လာရောက်ကြည့်ရှုသူ တစ်ယောက် အနေနဲ့ပဲ သူရောက်လာတာပါ။

မကြာခင်မှာ မြင်းညိုကြီးတစ်ကောင်နဲ့ ထိုမြင်းကြီးကို ကျွမ်းကျင်လိမ္မာစွာ ထိန်း ကျောင်းစီးနင်းလာတဲ့ စစ်မက်တစ်ဦးကို အရင်ဆုံးစမြင်ရတယ်။ မြင်းပေါ်က ပုဂ္ဂိုလ်ကိုတွေ့ တော့ . . .

“ဟာ . . . တပ်မှူးကြီးကိုယ်တိုင် ပင့်ဆောင်လာတာဟေ့”

“တပ်မှူးရာဇသမိန်ကိုယ်တိုင် မင်းသမီးလေးကို ပင့်ဆောင်လာတာ”

ကြားရသော စကားတွေ ကို ထောက်ရှုပြီး ရှေ့ဆုံးကပုဂ္ဂိုလ်မှာ တပ်မှူးရာဇသမိန် ဖြစ်ကြောင်း သိလိုက်တယ်။ မမြင်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ ရာဇသမိန်ဆိုတဲ့ ဂုဏ်သတင်းကိုတော့ ကြားဖူးနားဝ ရှိနေတာကြာပြီ။ စစ်ရေး စစ်ရာ ကျွမ်းကျင်သူအပြင်၊ မြို့တွင်းမြို့ပြင်က ခိုးသူ၊ ဓားပြ အမှော င်ဒုစရိုက်သမားတွေ အားလုံး သူ့ကိုဖိန့်ဖိန့်တုန်အောင်ကြောက်သတဲ့။

သူဟာ ဝေသာလပြည်ကြီးရဲ့ စစ်သူကြီးဆိုလည်း မမှားသလို လူဆိုးထိန်းဆိုလျှင် လည်း မမှားပါဘူး။ ဒါကြောင့် ရာဇသမိန်ဆိုတဲ့ နာမည် ကို ကြားဖူးနားဝရှိနေတာ ဖြစ်ပြီး လူကိုတော့ (အခုမှ) မြင်ဖူးတာပါ။ မြင်ရုံနဲ့ ကြားရသော ဂုဏ်သတင်း မှန်ကန်ကြောင်း နားလည် လိုက်တယ်။

သူ့နောက်မှာ ကအုန်းခွံရောင် မြင်းကိုယ်စီနဲ့ လုံခြုံရေး တပ်သားတွေ ။ ထို့နောက်မှာ မှ. . .

ကမ္ဘာစောင့်နတ်မင်းရဲ့ ကောင်းချီးပေးသံလို ရှင်းပစူးမြောက်တဲ့လင်္ကာတစ်ပုဒ်ရဲ့ အစပိုင်းအား တကောင်းကြားနာခွင့်ရလိုက်ပြီ၊ လုံးကျစ်ဖွံ့ထွားသော မြင်းဖြူလေးကောင်က သည့် ရထားတစ်စင်း။

ခြူးခက်ပန်းနွယ်တွေ ဝေဆာဆင်မြန်းထားတာကြောင့် မသိရင် နတ်ပြည်က ပန်းရထားနဲ့ အမှတ်မှားချင်စရာ၊ ခြူသံတချွင်ချွင်ပေးရင်း မြင်းလေးကောင်က ခုနစ်ထွေကကြိုးနဲ့ တခိုးတဝေ ပို့ဆောင်လာတယ်။

ထိုထိုသော မင်္ဂလာရထားပေါ်မှ နတ်သက်ကြွေဣနြေ္ဒနဲ့ အလှပေါင်း ဝေနေသူ တစ်ယောက် ။

“နဝသိင်္ဂီမင်းသမီး . . . ဘုန်းကြီး၍ အသက်ရှည်ပါစေ”

တစ်ဖက်တစ်ချက်မှ စောင့်ဆိုင်းကြိုဆိုသူတွေ ပြိုင်တူဟစ်ကြွေးတော့ . . .

အဲ့ဒါ နဝသိင်္ဂီပါပဲ။

သူတို့ကို အုပ်ချုပ်မင်းလုပ်သော ရေမြေ့အရှင်ရဲ့ သမီးတော် ။

ရွှေခိုးရွှေငွေ့တစ်ခဏချင်းပဲ သူတို့အပါးကို ယှက်သိုင်းလာတယ်။ ခုနစ်ဆောင်ဘုံနန်းမှာ မီးမထွန်းဘဲ လင်းတယ်လို့ဗတာ့ အာမမခံဝံ့ဘူး။ သေချာတာ ကတော့ မြို့လမ်းမကြီးရဲ့ ထက်အောက်ဝန်းကျင်မှာ နေရောင် တွေ ချက်ချင်း ဖျော့ဆင်းသွားတာပါ။

သူမရဲ့ ကိုယ်ရောင် နဲ့ ပတ်ဝန်းကျင်က ချက်ချင်း လင်းဖြာသွားတယ်။

နားထဲမှာ ဟစ်ကြွေးကောင်းချီးပေးသံတွေ ကို မကြားရတော့ဘူး။ ဝှေ့ယမ်းနှုတ်ခမ်းသူတွေ ၊ ပန်းကြဲပန်းကပ်သူတွေ ကိုလည်းမမြင်တော့ဘူး။

တကောင်းဆိုတဲ့ ရှေ့ ဖြစ်ဟောဆရာလေး တစ်ယောက် မြင်သွားတာက . . .

မင်္ဂလာရထားလေးဟာ တရွေ့ရွေ့နဲ့ သူ့ရှေ့ကိုရောက်လာပါတယ်။ ပြီးတော့ ထူးခြားမှု တစ်ခုကို မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။ စီးနင်းလိုက်ပါလာသူ နဝသိင်္ဂီ မင်းသမီးလေးဟာ တလက်လက်တောက်နေသော သရဖူကိုဆောင်းထားပေမဲ့ မျက်နှာ တော် ကို လှစ်ဟမထားပါဘူး။ မျက်နှာကိုဖော်ပြီး နှာယောင်းနဲ့ပါးပြင်ကို ရွှေပဝါအုပ်ထား တယ်။

(ဘာကြောင့် ရယ်မသိဘူး) သူ့တိုင်းသူ့ပြည်ကို မျက်နှာပေး မပြချင်လို့လား၊ ဒါမှ မဟုတ် ရှက်ကြောက်ခြင်း ကြီးလို့လား။

ကြိုဆိုသူတွေ ကတော့ ရေမြေ့အရှင်ရဲ့ သမီးတော် ဆိုပြီး ဘယ်လိုပဲ ဖြစ် ဖြစ် သဲသဲ လှုပ်လို့ပါ။

ထိုစဉ်မှာ ပဲ တကောင်းဆိုသော ကောင်လေး တစ်ယောက် ရဲ့ ကံဆိုးမှု ဟာ သေရာပါ သွားခဲ့ပါတယ်။ ကြိုတင်ပြင်ဆင်ခွင့် မရလိုက်ဘူး။ ပြီးတော့ တားဆီးထိန်းကွပ်နိုင်တဲ့ အစွမ်း သတ္တိတွေ လည်း သူ့ကိုယ်တွင်းမှာ ခန်းခြောက်သွားခဲ့ပြီ။

ပြာနုမှု န်ဝေတဲ့ လေတစ်ဆုပ်ရဲ့ ကလူကျီဆယ်မှု ကြောင့် မင်းသမီးလေးရဲ့ မျက်နှာ အုပ်ပဝါတော် ဟာ . . .

ကံဆိုးသူ ငမိုက်သားရှေ့တည့်တည့်မှာ ပြေကျလို့ သွားခဲ့ပါတယ်။

လျှောခနဲ ပြေကျသွားသော ပဝါလေးရဲ့ အောက်ဖက်မှာ ကား . . .

“ဟာ . . .”

မွေးရာပါ မျက်လုံးနှစ် လုံးကို ထိုသော ခဏမှာ ပဲ ငမိုက်သားက ကျေးဇူးတွေ အကြိမ်ကြိမ်တင်မိလိုက်ပြီ။

ရွှေပဝါအောက်က အလှဖွဲ့တွေ ကို မည် သူတွေ ဖူးတွေ့ ခွင့်ရလိုက်သလဲ။

သူမသိခဲ့ဘူး။

တကောင်းဆိုတဲ့ လူ တစ်ယောက် ရဲ့ စိတ်နဲ့ခန္ဓာမှာ သိလိုက်မိတာဆိုလို့ . . .

တစ်ခုတည်းရယ်ပါ။

ဥမ္မာဒန္တီရေ . . .

နင့်ကိုငါ သနားလိုက်တာ။

*


(d)

စောင်းအိုရှင်နဲ့ ရွှေမင်းသမီးညားတဲ့ ခေတ်မဟုတ်တော့ဘူးဆိုတာ သူသိပါတယ်။ မဟော်သဓာနဲ့ အမရာလည်း မဟုတ်ဘူး။ အချစ်ကို တလေးတနက် တင်စားပြီး မေ့မေ့မူးမူး ရူးကြသူတွေ ရှိသေးပေမဲ့ အခြေအနေမတူပါဘူး။

ခက်တာက သူလိုလူမျိုး တစ်ယောက် တလေမှ ရှိမှာ မဟုတ်တာပါ။ ဘယ်သူ့ သွားမေးမေး သူဟာ ငမိုက်သား တစ်ယောက် ဆိုတာထက် ပိုလာမှာ မဟုတ်ဘူး။

ဟုတ်ပါတယ်။ သူဟာ ငမိုက်သားပါ။

မိုက်တာမှ တက်ကုန်ရွက်ကုန်မိုက်တဲ့ ရာဇဝင်ငမိုက်သား။

တေလေ တစ်ယောက် ၊ လမ်းဘေးမှာ ရှေ့ ဖြစ်ဟောတဲ့အညတရ တစ်ယောက် က ရွှေ မင်းသမီးရဲ့ မျက်နှာတော် ကို တစ်ကြိမ်တစ်ခါမြင်ပြီး ပန်းတွေ ဝေအောင် ခံစားသွား သတဲ့။ မိုက်လိုက်တာ။

ရွှေမင်းသမီးကြောင့် ပန်းပွင့်တယ်ဆိုတဲ့ ငမိုက်သားရဲ့ ပန်းဟာသေပန်းပဲ ဖြစ်မှာ ပေါ့။ သေပန်းကလွဲပြီး တခြားမ ဖြစ်နိုင်ဘူး။

ဒါပေမဲ့လည်း နှလုံးသားဆိုတာက မြင်းတစ်ကောင်လို ဇက်ကြိုးတပ် ထိန်းကွပ်လို့ ရတာ မဟုတ်ဘူးလေ။ ဆင်တစ်ကောင်လိုလည်း ချွန်း၊ အုပ်၊ ထူးခတ်လို့မရဘူး။

သူကိုယ့်ငွေ့နဲ့ သူရှင်သန်တယ်။ သူ့ရေသောက်မြစ်ကို သူရှာတယ်။ ပြီးတော့ သူ့အချိန် သူ့အခါနဲ့ ပွင့်လိုသော ပန်းကို ပွင့်ပါတယ်။ ဒါကို မပွင့်နဲ့လို့ ပြောလို့မရဘူး။ တားဆီး ပိတ်ပင်လို့လည်း မရဘူး။

အခုလည်း သူ့ရင်ခွင်မှာ ပန်းတစ်ပွင့် ပွင့်နေပါပြီ။

‘နေမြင့်လေ၊ အရူးရင့်လေ’ဆိုတာကို အစက သူကောင်းကောင်း နားမလည်ပါဘူး။ အခု တော့ အသည်းပေါက်မတတ် နားလည်သွားခဲ့ပြီ။

နေမမြင့်သေးပါဘူး။ နှင်းတွေ တဖွဲဖွဲဝေသီနေတဲ့ မနက်ခင်းအချိန်လေးပါ။ ဒါပေမဲ့ အရူး ကတော့ တော် တော် ရင့်နေပြီ။

ရွှေမင်းသမီးလေးရဲ့ မျက်နှာအုပ်ပဝါလေးပြေကျသွားပြီးနောက်ပိုင်း ထိုနေရာက သူ လှည့်ထွက်ခဲ့လိုက်ပါတယ်။ သူလျှောက်သော လမ်းမှာ တော့ ပန်းကြဲသူတွေ ၊ ပေါက်ပေါက် ခင်း သူတွေ ၊ လက်ခမောင်းခတ် ကြိုဆိုသူတွေ မရှိဘူး။

တန်ရာတန်ရာပဲ တိတ်ဆိတ်ကာနေတယ်။

ကြိုဆိုသူ မရှိတဲ့အပြင် . . .

“သောက်ရူးတစ်ကောင် လာပြီဟေ့လို့တောင် ဝိုင်းလှောင်ကြသလားပဲ”

သူ အိမ်မပြန် ဖြစ်ဘူး။ နန်းတော် ကြီးကို အနီးကပ်မြင်တွေ့ နိုင်တဲ့ တောင်ကုန်းလေး ပေါ် တစ်ယောက် တည်း တက်လာခဲ့တယ်။ ပြီးတော့ တစ်နေကုန် နန်းတော် ကြီးကို ထိုင်ငေး နေပါတယ်”

ဇရပ်အဆောင်ဆောင်၊ နန်းအဆောင်ဆောင် များ ပြားလှတာမို့ နဝသိင်္ဂီမင်းသမီး လေးရဲ့ နန်းဆောင်ဟာ ဘယ်ဟာမှန်း သူမသိပါဘူး။ ဒါပေမဲ့ သူမရှိသော မြေနေရာ မို့ကြည့် ရတာ အဓိပ္ပာယ်ရှိလို့နေပါတယ်။

အခုဆို နေမင်းကွယ်ပျောက်လို့ ညချမ်းချိန်ပင် ရောက်လို့နေပါပြီ။ ဒါပေမဲ့ ပြန်ဖို့ စိတ်ကူးမရှိသေးဘူး။ ထိုင်နေဆဲပဲ။ နန်းမြင့်အဆောင်ဆောင်ကို တစ်ခုတ်တရ ငေးနေဆဲပဲ။

ထားရင်လည်းနေမှာ ပါပဲ။ သတ်ရင်လည်း ဝိညာဉ်အ ဖြစ် ဒီအနီးအနားဝန်းကျင်မှာ ကုတ်ကပ်နေဖို့ ကြိုးစားမှာ ပါ။

ဘယ်သူတွေ ဘယ်လိုပဲပြောပြော။

ဘယ်လိုပဲ ထင်ထင်ပေါ့။

ရှင်ဘုရင့် သမီးတော် ဖြစ်ပေမဲ့လည်း သူ့မှာ ချစ်ပိုင်ခွင့်ရှိပါတယ်။

ဘုရင့်သမီးတော် ကို တေလေ တစ်ယောက် က မချစ်ရဘူးလို့ အမိန့်မထုတ် ထားပါဘူး။

ရွှေဘုံရွှေနန်းနဲ့ သဲသူသဲသား ကွာခြားလွန်းပေမဲ့ သူ့မှာ ချစ်ပိုင်ခွင့်ရှိနေတယ်

ဟုတ်ပါတယ်။ ဒါဟာနှလုံးသားတိုင်းအတွက် လွတ်လပ်သော အခွင့်အရေး ပါ။

ဘယ်လိုပဲ ဖြစ် ဖြစ် သူ့မှာ ချစ်ပိုင်ခွင့်ရှိပါတယ်။

မြတ်နိုးပိုင်ခွင့်ရှိတယ်။

ပြီးတော့ စိတ်ကူးနဲ့ ရူးပိုင်ခွင့်လည်း ရှိတာပါပဲ။

“ချစ်တယ် . . . ထိပ်ထားရယ်”

ပြီးတော့ . . .

“ချစ်သွားတယ်”

*


(e)

တရားစီရင်ရာ ခုံရုံးတစ်ခု၏ ရှေ့တွင် လူတွေ စုရုံးနေကြသည်။ တော် တော် များ ၏ ။ သူတို့အားလုံးရဲ့ မျက်နှာတွေ ပေါ်မှာ တစ်စုံတစ်ရာအား စိတ်ဝင်စားမှု တွေ အထင်းသား ပေါ်လွင်နေပါတယ်။ သူတို့၏ မျက်လုံးဦးတည်ရာတွေ ကို လေ့လာမည် ဆိုလျှင်တော့ အရာ နှစ် ခု၌ ကူးလူးပြေးလွှားနေကြောင်း မြင်တွေ့ ရမည် ဖြစ်၏ ။

ပထမတစ်ခုက ယခုတိုင် ပိတ်ထားဆဲ ဖြစ်သော ခုံရုံးတံခါး နောက်တစ်ခုက ထိုပိတ် ထား သော ခုံရုံးတံခါးရှေ့တွင် သည်းသည်းထန်ထန်ငိုကြွေးနေသော လူသုံးဦး။ သားအမိ၊ သားအဖသုံးယောက် ဖြစ်ဟန်တူသည်။

နှစ် ဦးမှာ သက်ကြီးပိုင်းအရွယ် ဖြစ်ပြီး ကျန်တစ်ဦး ကတော့(၁၇၊ ၁၈) နှစ် အရွယ် မိန်းကလေး တစ်ယောက် ဖြစ်၏ ။

သုံးဦးလုံးက ပိတ်ထားသော ခုံရုံးတံခါးကြီးကို စုံကိုင်ကာ ရှိုက်ကြီးတငင် ငိုကြွေး နေကြသည်။ စုရုံးနေသူအားလုံးမှာ လည်း ထိုသုံးဦးအားကြည့်ပြီး စိတ်မကောင်းကြ။ ခေါင်းယမ်း သူ ယမ်းကြသည်။ တောက်ခတ်သူ ခတ်ကြသည်။

အကြောင်းအရင်းအမှန်ကို မသိသူ တစ်ချို့ကလည်း အချင်းချင်း လက်ကုတ် မေးမြန်းကြ၏ ။

ခုံရုံးရှေ့တွင် ငိုကြွေးနေခြင်းဖို့ ပြစ်မှု တစ်စုံတစ်ရာ တိုင်တန်းရန် ဖြစ်သည်မှာ မလွဲ။ မကြာခင် ခုံရုံးတံခါးဖွင့်တော့မည် ။

ရွှေမြို့တော် ဆီမှ ခရာကိုးကြိမ်မှု တ်တော့မည် မဟုတ်ပါလား။

တဖြည်းဖြည်းနှင့် ခုံရုံးရှေ့တွင် လူတွေ များ သထက် များ လာပါသည်။ တစ်ယောက် စကား တစ်ယောက် နားနှင့် လာရောက်ကြည့်ရှုသူများ ရှိသလို လူတွေ အုံနေသည်ကြောင့် ဝင်ရောက်စူးစမ်းသူများ လည်းရှိသည်။

မကြာလိုက်ပါချေ။

“ဘော် . . . ဘော် . . . ဘော် . . . ဘော် . . .”

ရွှေနန်းတော် ဆီမှ ခရာသံကိုးချက် ထွက်ပေါ်လာချေပြီ။ မရှေးမနှောင်းဆိုသလိုပင် ခုံရုံး အတွင်းမှလည်း စည်တီးသံသုံးချက် ထွက်လာ၏ ။ ထိုခဏ . . .

တံခါးမကြီးနှစ် ချက်မှာ အတွင်းမှ ဆွဲဖွင့်လိုက်သော ကြောင့် ‘ဝုန်း’ ခနဲမြည် ကာ ပွင့်သွား တော့၏ ။

ထိုအခါမှာ တော့ . . .

ငိုကြွေးနေသူသုံးဦးနှင့် တကွ ရပ်ကြည့်စောင့်ဆိုင်းနေသော လူအုပ်ကြီးမှာ . . .

ခုံရုံးအတွင်းသို့ အပြေးအလွှား။

သဘောပေါက်ဖို့ ကောင်းသည်။

ဝေသာလပြည်မှာ ပြစ်မှု တစ်ခုတိုးလို့လာပြန်ပါပြီ။

*


(f)

“မနက် ငါလာတော့ ခုံရုံးရှေ့မှာ လူတွေ အများ ကြီးရပ်နေတာကို တွေ့ ခဲ့တယ်ကွ။ ညက မြောက်ပြင်ဘက်က အိမ်တစ်အိမ်ကို သူခိုးဝင်သွားလို့တဲ့။ သားအဖသုံးယောက် နေတဲ့အိမ်။ တစ်အိမ်လုံးကုန်သွားတယ်ပြောတာပဲ”

“ . . . x x x . . . .”

“ဟေ့ကောင် . . . ဘာ ဖြစ်နေတာလဲ”

“ . . . x x x . . .”

“ဟေ့ကောင် . . . တကောင်း”

ကံစီရဲ့ အော်သံက နားထဲကို ဖိတ်စင်လျှံကျလာတယ်။ တော် တော် ကျယ်အောင် အော်လိုက်တယ်ထင်ရဲ့ ။ ဒါပေမယ့် သူ့နားထဲမှာ တော့ ဟိုးအဝေးက တရိပ်ရိပ်လွင့် မျှောလာသလို တိမ်းတိမ်းတိုးတိုးပါပဲ။

“ဟင် . . . ဘာလဲ”

ကြောင်တောင်တောင် သူ့ရဲ့ တုံ့ပြန်မှု ကို . . .

“မင်း ဘာ ဖြစ်နေတာလဲ။ ငါပြောတာကြားလား”

“ဘာပြောလိုက်တာလဲ”

ကံစီက သက်ပြင်းကိုချရင်း ပြောပြီးသားစကားကို နောက်တစ်ခါ ထပ်ပြောပြတယ်။ စကားဆုံးတော့ . . .

“သြော် . . . ဟုတ်လား”

သူရဲ့ မှတ်ချက်ပြုသံက အသက်ပါမှာ မဟုတ်ပါဘူး။ ပြီးတော့ စိတ်ဝင်စားမှု လည်း လျော့ပါးနေလိမ့်မယ်။ ကံစီက သူ့ကိုကြည့်ကာ အားမလိုအားမရဟန်နဲ့ . . .

“တကောင်း . . . မင်း ဘာ ဖြစ်နေတာလဲ။ နေမကောင်းဘူးလား”

သူ့ပုံစံက အဲလောက်တောင် သိသာသွားပြီလား။ နေကောင်းပါတယ်။ ဒါပေမဲ့ အလုပ်မှာ စိတ်မပါဘူး။ ပြီးတော့ နေရထိုင်ရလည်း အရင်လို ပျော်ပျော်ရွှင်ရွှင်မရှိဘူး။

“မဟုတ်ပါဘူးကွာ . . . ငါနေလို့ကောင်းပါတယ်”

ကံစီဘာမှထပ်မပြောတော့ဘူး။ မပြောရတဲ့အကြောင်းက သူ့ရဲ့ ပေါက်ပေါက်ဆုပ် တွေ ကို ဝယ်သူလာလို့ပါ။ ရောင်းချပြီး ဝယ်သူပြန်သွားတော့ . . .

“ငါတို့မြို့မှာ လည်း သူခိုးတွေ တော် တော် ထကြွနေတယ်ကွ။ ခိုးမှု ဖြစ်လို့ တိုင်တန်း ထားတာတွေ တော် တော် များ နေပြီ”

စိတ်မပါပေမဲ့လည်းဣနြေ္ဒဆယ်ကာ နားထောင်နေလိုက်မယ်။

“ဒါပေမဲ့ ထူးတော့ထူးဆန်းတယ်ကွ။ ဒီလောက်ခိုးမှု များ နေတာတောင် တရားခံကို မိအောင် ဖမ်းမပေးနိုင်သေးဘူး”

ဒီသတင်းကိုတော့ အစကနဦးကတည်းက သူကြားပြီးသားပါ။ သူတင်မဟုတ်ဘူး၊ တစ်မြို့လုံးလိုလိုလည်း ထိုအကြောင်းကို သတိထားမိကြတယ်။ တရားခံ ဘယ်တော့ ဖမ်းမိမလဲ စောင့်နေကြတာ ကြာပါပြီ။ ဒါပေမဲ့ သက်ဆိုင်သူတွေ ဘက်က အခုချိန်ထိ တရားခံကို မိအောင်ဖမ်းမပေးနိုင်သေးဘူး။

ပြီးတော့ ခုံရုံးကလည်း ထိုက်တန်တဲ့ အပြစ်ပေးလိုက် တယ်လို့ သတင်းမကြားမိဘူး။ ဒါကြောင့် လည်း ထိုကိစ္စနဲ့ပတ်သတ်ပြီး တစ်မြို့လုံး စိတ်ဝင်စားနေကြတာပါ။ ဘယ်လိုပဲ ဖြစ် ဖြစ် တရားခံမမိသေးဘူး ဆိုတော့ မလုံခြုံဘူးလေ။

ယခုဆို နောက်တစ်မှု ပင် တိုးလို့လာပါပြီ။

“ရွံဖို့ အင်မတန်ကောင်းတယ်ကွာ။ သူများ ချွေးနဲစာကို မတရားသဖြင့် လိုချင်တဲ့ ကောင်တွေ ။ မိရင်တော့ ခေါင်းဖြတ်သတ်ပစ်ဖို့ကောင်းတယ်”

ထိုစကားက သူစိတ်ကို အနည်းငယ် နှိုးဆွသွားသလားပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ကိုယ် ပြန်ဖြေလိုက်ပါတယ်။ သတ္တဝါ တစ်ခု၊ ကံတစ်ခုပဲလေ။ အားလုံးကို လျစ်လျူရှုထား နိုင်တယ်။ အမေနဲ့ တစ်ယောက် သော သူက လွဲလို့ပေါ့။

နောက်ပိုင်းတော့ သူတို့စကားဝိုင်းလေးကဘက်မညီစွာ နဲ့ဘဲတိတ်ဆိတ် သွားတယ်။ ဒီနေ့ ဦးတိုက်စိုးကြီးကို မတွေ့ ပါဘူး။ ကံစီ ကတော့ သူ့ရဲ့ ပေါက်ပေါက်ဆုပ်တွေ ရောင်း ကောင်း လို့ ပျော်နေတယ်။

သူ တစ်ယောက် ပါပဲ။

လမ်းဘေးရှေ့ ဖြစ်ဟော ဆရာလေး တစ်ယောက် ဆီကို ဒီနေ့မည် သူမျှ ရှေ့ ဖြစ်လာ မကြည့်ကြဘူး။ ရပါတယ်။ ဝမ်းနည်းစရာ မဟုတ်ပါဘူး။ ဒီလိုပါပဲ။ လူ့ဘဝဆိုတာ လဲကျ လိုက် ကုန်းထလိုက်ပေါ့။

ကုန်းထချင်စိတ်ရှိနေသ၍ ဘယ်တော့မှ အချိန်အကြာကြီး လဲကျမနေပါဘူး။ ထိုစိတ် ကြောင့် ပဲ လား မသိဘူး။

သိပ်မကြာခင်မှာ ပဲ သူ့ဆိုင်ခန်းကျဉ်းကျဉ်းလေးရှေ့ကို လူနှစ် ယောက် ရောက် လာပါတယ်။

“ဆရာလေး . . . ကျုပ်ကိုမှတ်မိလား”

မမှတ်မိ မရှိပါဘူး။ လည်ဆွဲရတနာပျောက်လို့ တစ်နေ့က သူ့ဆီရောက်လာတဲ့ မင်းခအမတ်ကြီးပေါ့။ ဒါပေမဲ့ ပုံစံ ကတော့ အရင်နဲ့မတူတော့ဘူး။ လုံးဝကိုပြောင်းလဲသွားပြီ။ နံဘေးမှာ သူ့ရဲ့ ပါရမီဖြည့်ဖက် ဖြစ်ဟန်တူသူ မိန်းမကြီး တစ်ယောက် ပါလာပါတယ်။

နှစ် ဦးစလုံးက မထင်မှတ်ရလောက်အောင် ရိုကျိုးနေတယ်။ ဒီတစ်ခါတော့ နှစ် ဦးလုံး သူ့ရှေ့မှာ ခပ်ရို့ရို့ဝင်ထိုင်ပါတယ်။ အပြောင်းလဲဆုံး ကတော့ မင်းခစားအမတ်ကြီး သုံးနှုန်း လိုက်တဲ့ ‘ဆရာလေး’ဟူသော စကားပါပဲ။

“ကျေးဇူးတင်လို့ မဆုံးပါဘူးဗျာ။ ဆရာလေး ကယ်ပေလို့သာပေါ့။ မဟုတ်ရင် ကျုပ် ဒုက္ခကောင်းကောင်းရောက်မှာ ”

ပြီးတော့ နံဘေးမှာ ထိုင်နေသူကို လက်ညှိုးထိုးရင်း . . .

“ဆရာလေးရဲ့ အသက်အရွယ်ကို ပြောပြတော့ သူကမယုံဘူး။ အဲ့ဒါကြောင့် တစ်ခါတည်း ခေါ်လာတာ။ ဒါ ကျုပ်ရဲ့ ဇနီးသည်ပါ”

သူထင်ထားသလိုပါပဲ။ သူမ ကတော့ တော် တော် ကို အံ့သြနေဟန်ရှိတယ်။“ ဆို တော့ ဦးရီးတော် ရဲ့ လည်ဆွဲက ပြန်ရပြီပေါ့”

“ရပြီပေါ့ . . .ဆရာလေးရယ်။ ဆရာလေးရှာခိုင်းတဲ့ စာဖိုဆောင်ထဲမှာ ကပဲ ပြန်တွေ့  တာ။ ဘယ်သူ့လက်ချက်ဆိုတာတော့ ဂဃနဏ မဖော်နိုင်သေးဘူး။ ဘာပဲပြောပြော ပြန်တွေ့ တာပဲ တော် လှပါပြီ။

တကောင်း ခေါင်းတဆတ်ဆတ်ညိတ်မိရဲ့ ။ ပြီး ချက်ချင်း ဆိုသလိုပင် . . .

“အခု ဦးရီးတော် တို့ လည်ဆွဲပါလာလား”

သူ့စကားကြောင့် နားမလည်စွာ နှစ် ဦးစလုံး ကြောင်ငေးကုန်တယ်။

“ပြန်ရှာတွေ့ ထားတဲ့ လည်ဆွဲကိုမြင်ရင်တော့ ခိုးသူကို အနီးစပ်ဆုံး . . . ကျွန်တော် ရှာပေးနိုင်မယ် ထင်တာပဲ”

“ပါ . . . ပါပါတယ် . . . ဆရာလေး။ ပါလာပါတယ်”

ချက်ချင်း ဆိုသလိုပဲမင်းခစားအမတ်ကြီးက လည်ဆွဲကို ချွတ်ပေးပါတယ်။ လက် တွင်းရောက်လာသော လည်ဆွဲကို သေချာကြည့်ပြီး တစ်ခဏတာ မျက်လုံး မှိတ်ဆင်း လိုက်တယ်။ သူ့ရဲ့ အသိအာရုံတွေ မှာ ဤလည်ဆွဲရတာ နဲ့ ပတ်သက်ပြီး နိမိတ်တစ်ခုရှာရန် အားမွေးကုန်ကြပြီ။

သော တအာရုံက ကြားရသမျှကို နားစိုက်ထောင်တယ်။

ပတ်ဝန်းကျင်မှ ဆူပူသံတွေ ၊ ခွက်ချင်းထိသံတွေ ၊ စကားပြောသံတွေ က သူ့ရဲ့ အကြား အာရုံထဲကို စုပြုံဝင်ရောက်လာတယ်။ မျက်လုံးကိုပြန်ဖွင့်တော့ ဟိုးခပ်ဝေးဝေး လမ်းချိုး လေးတစ်ခုအလွန်မှာ လူ တစ်ယောက် လမ်းလျှောက်နေတာကို တွေ့ ရလေရဲ့ ။

အလိုလို ပြုံးမိ သွားပါတယ်။ ပြီးတော့ သူ့ရဲ့ နှုတ်မှ အမိန့်ပေးသလို တိကျသော စကားသံတွေ ဖြင့် . . .

“ဆံပင်ကောက်ကောက်၊ ခြေတစ်ဖက်နှိမ့်နေတယ်။ ပုဆိုးတိုတို ဝတ်တတ်တယ်”

နှစ် ဦးစလုံး မျက်လုံးပြူးကုန်ပြီ။

ဥပေက္ခာပြုပြီး နောက်ဆုံးစကားတစ်ခွန်းကို ထပ်ပြောလိုက်တယ်။

“အသားညိုတယ်”

မကြာပါဘူး။ သူ့ရှေ့ကို ငွေဒင်္ဂါးအချို့ ရောက်လာပါတယ်။ ပြီးတော့ မင်းခစား အမတ်ကြီးက တစ်ခွန်းပြောသွားသေးတယ်။

“အကူညီလိုရင် ပြောပါ။ ကျုပ်ကို အများ က ရွေတောင်ရွာစားကြီးလို့ ခေါ်ကြတယ်”

*


(g)

ရှေ့ ဖြစ်ဟောရာ ဘုရားစောင်းတန်းလေးမှ ဆင်းလာတော့ သူ့ရဲ့ ဦးတည်ရာက အများ ကြီးမရှိပါဘူး။ ရွှေမင်းသမီးလေးရဲ့ အရိပ်အငွေ့တွေ ရှိရာ နန်းတော် ကြီးဆီသို့ ဦး တည်လိုက်တယ်။

စောစောစီးစီး ပစ္စည်းတွေ သိမ်းပြီး တန်ဆောင်းလေးမှခွာတော့ ကံစီက ဘယ်သွား မလဲ မေးပါသေးတယ်။ သူ ပြန်မဖြေ ဖြစ်ပါဘူး။ ခေါင်းယမ်းပြတော့ ကြောင်တောင် တောင်မျက်လုံးနဲ့သာ ကံစီကျန်ခဲ့တယ်။

ချစ်သူရှိရာအရပ်ကို သွားရမှာ မို့ ခြေလှမ်းတွေ က တက်ကြွလျင်မြန်နေပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က နန်းတော် ကြီးကို တစ်ပတ်ပတ်ကြည့်မယ်။ ပြီးလျှင် မနေ့ကထိုင်ခဲ့တဲ့ တောင်ကုန်းလေးပေါ် ပြန်သွားထိုင်မယ်။ ဒီလောက်ပါပဲ။

သူလို အညတရ တစ်ယောက် က နန်းတော် ထဲဝင်လို့မှ မရတာ လေ။ မကြာခင်မှာ ပဲ သူနဲ့အနီးဆုံး ဖြစ်သော တောင်ပြင်တံခါးကို ရောက်လာတယ်။

မရောက်တာကြာပေမဲ့ ဘာမှ မပြောင်းလဲပါဘူး။ ကြီးထွားတုတ်ခိုင်သော လူနှစ် ရပ် နီးနီးအုတ်တံတိုင်းကြီးရယ်၊ ထုထည်ကြီးမားစွာ ထွင်းလုပ်ထားတဲ့ တံခါးမ ကြီးရယ်။ တံခါးမကြီးရဲ့ အောက်ခြေမှာ လှံရှည်ကိုယ်စီကိုင်ရင်း စောင့်ကြည့်နေတဲ့ တံခါးမှူး နှစ် ယောက် ရယ်။

ထိုအရာတို့မှလွဲပြီး အရာအားလုံး ရှင်းလင်းနေတယ်။ ခပ်ဝေးဝေးမှပဲ တကောင်း ရပ်ကြည့် ဖြစ်တယ်။ ဘယ်သူ့မေးမေး သူ့လုပ်ရပ်က အဓိပ္ပာယ်မရှိဘူးလို့ ပြောလိမ့်မယ်။ သူ့အတွက် ကတော့ အဓိပ္ပာယ်တော် တွေ အနန္တပါ။

ပြီးတော့ နန်းမြို့ရိုးအတိုင်း အနောက်ဘက်ကို ဆက်လျှောက်ခဲ့တယ်။ ဘယ်အချိန် ဘယ်ကာလ တည်ဆောက်ထားမှန်းမသိပေမဲ့ ယခုချိန်ထိ နန်းမြို့ရိုးမှာ အတိုင်းထက် အလွန် တောင့်တင်းခိုင်မာလျက် ရှိနေပါသေးတယ်။

ဒါဟာ တားမြစ်နယ်မြေတစ်ခုပါ။ မျိုးရိုးဆက်နွယ်နဲ့ လူနေမှု အဆင့်အတန်းတွေ ကို အလိုလိုပိုင်းခြားထားလိုက်တဲ့ မြို့ရိုးကြီးပေါ့။ အတွင်းဘက်မှာ က တော် ဝင်သူ အမျိုး အနွယ်တော် တွေ နေထိုင်တယ်။ အပြင်ဘက်မှာ က သူတို့လို သာမန်လူတန်းစားတွေ နေထိုင် တယ်။

အတွင်းနဲ့အပြင် ပတ်သတ်ခွင့်နှီးနှောခွင့် လုံးဝမရှိပါဘူး။ ကျူးကျော်ဝင်ရောက် ခွင့်လည်း မရှိဘူး။ ဒီလိုနဲ့ သူလျှောက်လာရင်း အနောက်ပြင်တံခါးကို ရောက်လာတယ်။

ဒီတံခါးဟာလည်း တောင်ပြင်တံခါးနဲ့ မထူးခြားပါဘူး။ တံခါးကြီးနှစ် ချပ်ကို တင်း တင်း စေ့ပြီး ရဲမက်နှစ် ယောက် စောင့်ကြပ်နေတယ်။ အတန်ကြာရပ်ငေးပြီးတော့ ထုံးစံ မပျက် မြို့ရိုးကိုပတ်ပြီး မြောက်ပြင်ဘက်ကို ဦးတည်လိုက်တယ်။

မြောက်ပြင်တံခါးဆီ ရောက်သွားချိန်မှာ တော့ . . .

“ဟင် . . .”

သူ့နှလုံးသွေးတို့ ရပ်တန့်သွားတာမဟုတ်ရင် မိနစ်ပိုင်းလောက် အသက်မဲ့ သွားတာ ပါ။

မြောက်ပြင်တံခါးမှာ အမိန့်စာတစ်စောင်။

လုံးဝ . . .

မထင်မှတ်ထားပါဘူး။

ပြီးတော့ နန်းတော် ကြီးကို ပတ်ကြည့်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ကျေးဇူးတွေ သည်းသည်းလှိုက်လှိုက် တင်မိသွားလေရဲ့ ။

သမီးတော် နဝသိင်္ဂီစံပျော်ရန် ဥယျာဉ်ငယ်တစ်ခု ဆောက်လုပ်ရန်ရှိသည်။

ဝင်ရောက်အမှု တော် ထမ်းလိုသူ မည် သူမဆို တန်ဆောင်မုန်းလဆန်း(၁ဝ)ရက်၊ နံနက်ကိုးခရာတွင် နန်းတော် မြောက်ပြင်တံခါးရှေ့၌ လာရောက်စုဝေးရန်။

ပြန်လာတော့ သတင်းသဲ့သဲ့ကြားတာ တစ်ခုရှိသေးတယ်။ ဥယျာဉ်ငယ်အတွက် အမှု ထမ်းလိုသူတွေ အကုန်လုံး သစ်ပင်တစ်ပင်စီစိုက်ပြရမယ်တဲ့။

တကယ်ပါပဲ။

ဟောဒီနေ့လယ်ဟာ သူ့အတွက် စံပယ်နံ့သင်းသည့် နေ့တစ်ခင်း ဖြစ်ခဲ့ပြီ။

ညရောက်တော့ ကိုယ်တိုင်တွက်ချက်ပြီး မနက်ဖြန်အတွက် အခါတော် ပေးမိတယ်။

ခရာသံ သုံးခါ သည်း စည်ကြီး တစ်ကြိမ်မြည် ။

နှစ် ကြိမ်မြည် လျှင် တစ်တွင်းတူး။

သုံးကြိမ်မြည် လျှင် မျက်နှာလှည့်။

ခရာစေ့လျှင် တွင်းကိုချ။

*


(h)

စုတ်တစ်ချောင်း၊ ဆေးတစ်ဘူး၊ ပေတစ်ရွက်ကို လွယ်အိတ်လေးထဲထည့်လွယ်လာ လိုက်တယ်။ သူရောက်သွားတော့ မြောက်ပြင်တံခါးရှေ့မှာ အမှု တော် ထမ်းလိုသူတွေ တော် တော် များများ ရောက်နေကြပြီ။

ကျား၊ မကြီးငယ် အရွယ်စုံပါတယ်။ အကုန်လုံးက စိတ်လှုပ်ရှားစွာ နဲ့ မကြာခင် ပွင့်လာ တော့မယ့် တံခါးမကြီးကို စောင့်ကြပ်နေတယ်။

စိုးထိတ်စရာ မရှိပါဘူး။ တစ်ခုပဲ။ သူကိုယ်တိုင် အခါပေးထားတာနဲ့ လက်တွေ့  ထပ်တူ ကျမကျ၊ ဒါကိုပဲ စိုးရိမ်နေတာပါ။

တစ်ယောက် နဲ့ တစ်ယောက် စကားပြောသံတွေ ၊ ပိတ်ထားသော တံခါးကြီးကို ကြည့်ပြီး မှတ်ချက်ပြုသံတွေ ၊ အသစ်ဆောက်မဲ့ ဥယျာဉ်တော် နဲ့ ပတ်သတ်ပြီး ထင်ရာ မြင် ရာ အကျယ်တဝင့် ပြောဆိုသံတွေ ဆူညံကာနေတယ်။

“ဂျလိ . . . ဂျလိ . . . ဂျီး . . . ဝုန်း . . .”

ကာဆီးထားသော တံခါးကြီးနှစ် ချပ် ပွင့်ဟ သွားပါပြီ။

သင်တိုင်းကိုယ်ကျပ်ကို ကျနစွာ ဝတ်ဆင်ထားသော လူကြီးတစ်ဦး မြင်းညိုကြီး စီးပြီး တစ်လှမ်းချင်း ထွက်လာတယ်။ သူဘယ်သူလဲ တကောင်းမသိပါဘူး။

ဒါပေမဲ့ သူ ကတော့ အားလုံးရှေ့မှာ ရပ်ပြီး စကားအချို့ပြောတယ်။ ပြီးတော့ စုဝေးနေသူအားလုံးရဲ့ အလယ်မှဖြတ်ပြီး မြောက်စူးစူးကို ဦးတည် သွားပါတယ်။ သူတို့ အကုန်လုံး ထိုလူကြီးနောက်မှ လိုက်သွားရတယ်။ ဦးတည်ရာက ဥယျာဉ်သစ်တည်ရန် မြေနေရာကိုပါ။

သူတို့မြို့ကြီးရဲ့ မြောက်စူးစူးမှာ ကား တောတောင်စိမ့်စမ်းတွေ သဘာဝ အတိုင်း တည်ရှိနေပါတယ်။ ဟိုးအတွင်းပိုင်းကား တောနက်ပြီး ရိုးမဆန်တယ်။ သားရဲ တိရစ္ဆာန် တွေ လည်း တောစပ်၊ တောနက်ကို လိုက်ပြီး အမျိုးအစား အစုံရှိတယ်။

ဝေသာလပြည်ရဲ့ မုဆိုးတော် တော် များများ ကျက်စားရာ တောအုပ်တောတန်းကြီး ပေါ့။ တစ်ခါတလေလည်း ထိုတောကြီးအတွင်းကို ရှင်ဘုရင်နဲ့ မူးတော် မတ်တော် တွေ တောကစား ထွက်တယ်လို့ ကြားဖူးတယ်။ သူ ကတော့ တစ်ခါမှ မရောက်ဖူးပါဘူး။

မြို့ကိုလွန်တော့ မျက်စိတစ်ဆုံး ကျယ်ဝန်းလှတဲ့ လယ်ကွင်းပြင်တွေ ကို တွေ့ ရ တယ်။ ဒါဟာ သူတို့ဝေသာလပြည်ရဲ့ ရိက္ခာတိုက်ကြီးပေါ့။ ထိုလယ်ကွင်းပြင်တွေ ကို ဖြတ် လျှောက် ရပြန်ပါတယ်။ တဖြည်းဖြည်းနဲ့ ရိုးမတောစပ်နဲ့ နီးလာပါပြီ။

တောစပ်မှာ တလူလူလွင့်နေတဲ့အရာတွေ ကို မြင်ရချိန် ပထမတော့ ဘာတွေ မှန်း သူတို့မဝေခွဲတတ်ဘူး။ နီးလာတော့မှ သဘောပေါက်တယ်။ သူတို့ဝေသာလတံဆိတ် ရိုက်နှိပ်ထားတဲ့ အလံတော် တွေ ပါ။ အရောင် အသွေး စုံလှပါတယ်။

ထိုအခြင်းအရာကို မြင်ပြီးနောက်မှ တကောင်းအားလုံးကို သဘောပေါက်လိုက်ပြီ။ ဒါဟာ ဥယျာဉ်တော် အသစ် တည်ရန် သတ်မှတ်ထားသော မြေနေရာ ဖြစ်ရမယ်။ အနီး ရောက်ခိုက်မှာ စိုက်ထူထားသော အလံတော် တွေ နဲ့အတူ အမှု ထမ်းအချို့ကိုပါ တွေ့ ရ လေရဲ့ ။

အားလုံးက ဖျဉ်သင်တိုင်းကိုယ်စီ ဝတ်ထားပြီး အနီရောင် ခမောက် စောင်းထား ကြတယ်။ ထိုအခါမှာ ပဲ ဦးဆောင်သူပုဂ္ဂိုလ်က မြင်းဇက်ကိုဆွဲရင်း သူတို့ဘက်လှည့်လာကာ . . .

“ဟောဒါ . . . ကျုပ်ပြောတဲ့ ဥယျာဉ်သစ်တည်ရာနယ်မြေပဲ”

အားလုံးခေါင်းထောင်သွားစဉ် . . .

“ဥယျာဉ်တော် အ ဖြစ် သတ်မှတ်ထားတဲ့ နယ်မြေတစ်လျှောက်မှာ ကျုပ်တို့ ဝေသာလ ရဲ့ အလံတွေ စိုက်ထားတယ်။”

အသံက ပြတ်သားပြီး အမိန့်သံပါနေတယ်။ သူတမျှော်တခေါ် လိုက်ကြည့်မိတော့ အလံတွေ က မျက်စိတစ်ဆုံး ရှည်လျားလွန်းလှတယ်။ တချို့ကိုသာ မြင်ရပြီး တချို့က တောစပ်သစ်ပင်ကြီးငယ်တွေ ကြားမှ ဝင်ရောက် ပျောက်ကွယ်နေတယ်။

“အမှု ထမ်းအ ဖြစ် ရွေးချယ်ခံရဖို့အတွက် မင်းတို့တွေ တစ်ယောက် ကို သစ်ပင် တစ်ပင်စီ စိုက်ပြရမယ်။ မင်းတို့စိုက်ပျိုးထားတဲ့ သစ်ပင်ကိုကြည့်ပြီးတော့မှ အမှု တော် ထမ်း ခွင့်ရမရ သမီးတော် နဝသိင်္ဂီကိုယ်တိုင် ဆုံးဖြတ်ပေးမှာ ။ မင်းတို့စိုက်ပျိုးရမဲ့ သစ်ပင်တွေ ကတော့ ဟိုမှာ ပဲ”

လက်ညှိုးညွှန်ပြရာကိုကြည့်တော့ ဖျဉ်သင်တိုင်းကိုယ်စီ၊ ခမောက်ကိုယ်စီဆောင်း ထားသော အမှု ထမ်းတွေ ရဲ့ နောက်မှာ အစီအရီချထားသော အပင်ငယ်များ စွာ ကို တွေ့ ရတယ်။

“အဲ့ဒီထဲကမှ ကျရာသစ်ပင်ကိုယူပြီး ဟောဒီဝန်းကြီးရဲ့ မည် သည့်နေရာမှာ မဆို မင်းတို့နှစ်သက် သလို စိုက်ပျိုးနိုင်တယ်။ စိတ်တိုင်းကျစိုက်ပျိုးပြီးရင် ကိုယ့်အိမ်ကိုယ် ပြန် လို့ရပြီ။ နောက်သုံးရက်ကြာရင် ဒီနေရာကို ပြန်လာခဲ့ကြ။ အမှု တော် ထမ်းခွင့် ရမဲ့လူတွေ ကို ရာထူးနဲ့အတူ ကြေငြာပေးမယ်။ ဟုတ်ပြီလား”

စကားဆုံးတော့ အကုန်လုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြတယ်။ ဥယျာဉ်တော် မှာ အမှု ထမ်းခွင့်ရဖို့ သစ်ပင်စိုက်ပြရတာ ဖြစ်ထိုက်ပါတယ်။ ဥယျာဉ်အလုပ်ဆိုတာ သစ်ပင် တိုင်းကို ရှင်စေပြီး ပန်းတိုင်ကို ပွင့်စေရသူ မဟုတ်ပါလား။

ပထမဆုံး တစ်ယောက် ရှေ့ကိုထွက်သွားတယ်။ အမှု ထမ်းက မြေမှာ ချထားသော အပင်ငယ်တွေ ထဲက နီးစပ်ရာသစ်ပင်တစ်ပင်ကို ယူပြီးလက်တွင် ထည့်ပေးတယ်။ နောက် တစ်ယောက် က ထိုလူနာမည် နဲ့ စိုက်ပျိုးရာသစ်ပင်ကို မှတ်သားပါတယ်။

သစ်ပင်လေးကို ကိုင်ပြီး ထိုလူဥယျာဉ်တွင်း ဝင်သွားတယ်။ ပြီးတော့ နောက် တစ်ယောက် ။

ဒီလိုနဲ့ တစ်ယောက် ချင်း ရှေ့ထွက်လိုက်၊ ပေးသော သစ်ပင်ကိုယူလိုက်၊ ဥယျာဉ် တွင်း ဝင်သွားလိုက်နဲ့ သူ့အလှည့် ရောက်လာတော့။

တကောင်း ဖြည်းဖြည်းအေးအေးပဲ ရှေ့ကိုထွက်သွားလိုက်စဉ် . . .

“ရော့ . . .”

လက်တွင်းရောက်လာသည်က အစေ့မကွဲသေးသော သရက်ပင်ပေါက်တစ်ပင်ပါ။ တခြားသူတွေ ဘာပင်တွေ ရလို့၊ ဘယ်နေရာမှာ စိုက်ပျိုးနေကြတယ်မသိဘူး။ သူ့အတွက် စိုက်ပျိုးရန်ရောက်လာသည် ကတော့ သရက်ပင်လေး။

“မင်းနာမည် ဘယ်သူလဲ”

“တကောင်း . . .”

စကားဆုံးတော့ သရက်ပင်ပေါက်လေးကိုကိုင်ရင်း ဥယျာဉ်တွင်းဝင်ခဲ့ပါတယ်။ အတွင်းမှာ ကား သူ့ရှေ့အရင်ဝင်ရောက်ထားသူများ ကို နေရာအနှံမှာ တွေ့ ရလေရဲ့ ။ တချို့က စိုက်နေကြပြီး တချို့က ဘယ်မှာ စိုက်ရမလဲ နေရာရှာမတွေ့ သေးဘူး။

သူ ကတော့ လက်တွင် သရက်ပင်ရောက်လာတယ်ဆိုကတည်းက ဘယ်အရပ်မှာ စိုက်ပျိုးရမည် မှန်း ကြိုတွေးပြီးသားပါ။ ဒါကြောင့် အရပ်မျက်နှာတစ်ခုကို ဦးတည်ပြီး လျှောက်လာခဲ့လိုက်တယ်။

ဥယျာဉ်တော် ရဲ့ တောင်ဘက်အရပ်က အခြားနေရာတွေ ထက် ရှင်းလင်းကာ နေပါတယ်။ ဒီဘက်ကို လာရောက်စိုက်ပျိုးသူ မရှိသေးပါဘူး။ တောင်ဘက်အရပ်မှာ ပဲ စိုက်ပျိုးရန်မြေနေရာကို ရွေးချယ်မိလိုက်တယ်။ သစ်ပင်ကြီးငယ်ရှင်းလင်းရာ၊ နေရောင် ကျ ရောက်ရာ မြေသားနူးညံ့ရာ ထိုသုံးခုပေါင်းစုံရာ မြေတစ်ကွက်ကိုတွေ့ တော့ . . .

ချက်ချင်း လက်ငင်းစိုက်လို့ မရသေးဘူး . . .

ကိုယ်တိုင် အခါတော် ပေးပြီးသားမို့ စိုက်ပျိုးရန် အချိန်အခါကို စောင့်ရဦးမှာ ပါ။

ထိုစဉ်မှာ ပဲ အနားကို လူ တစ်ယောက် ရောက်လာတယ်။ သူ့လိုပဲ စိုက်ပျိုးရန် နေရာ လိုက်ရှာသူ ထင်ပါရဲ့ ။ မလှုပ်မယှက်ရပ်နေသော သူကိုတွေ့ တော့ ကြောင်တောင် တောင်ကြည့်ပြီး ရှေ့ကို ဆက်လှမ်းသွားတယ်။

ပြီးတော့ သူ့ရှေ့မလှမ်းမကမ်းမှာ ကျင်းတူးကာ သစ်ပင်ကို စိုက်ပျိုးပါတယ်။ ထိုလူစိုက်ပျိုးသည်က အလှစိုက်ပန်းတစ်ပင်။ စိုက်ပုံစိုက်နည်းကို လေ့လာတော့ စနစ်တကျ ရှိသူတစ်ဦး ဖြစ်မှန်း တွေ့ ရတယ်။ စိုက်ပျိုးရေး ကို ဝါသနာပါပုံလည်းရပါတယ်။ သူ ကတော့ သရက်ပင်ပေါက်လေးကို ကိုင်ပြီး အခုချိန်ထိ ရပ်နေတုန်းပါပဲ။

စောင့်ရဦးမယ် . . .

အချိန်တစ်ခုရောက်လာအောင် စောင့်ရဦးမယ်။

စိုက်လို့မရသေးဘူး။ ဥယျာဉ်ခြံဝန်းကြီး တစ်ခုလုံး မြေကြီးတူးသံ၊ လှုပ်ရှားသံတွေ ဆူညံနေပေမယ့် သူ ကတော့ အေးအေးဆေးဆေး ရပ်နေဆဲပါ။

ကိုယ်တိုင်ကိုယ်ကျ အခါတော် ပေးထားတဲ့အတိုင်း စည်ကြီးနှစ် ကြိမ်မြည် တာကို စောင့်ရမယ်။ ထိုအခါမှ မြေမှာ ကျင်းတူးလို့ရမယ်။ တတိယအကြိမ် စည်းတီးလျှင် သရက်ပင်ပေါက်လေးနဲ့ အညွန့်ကို တောင်ဘက်သို့ မူပြီး ခရာသံစေ့မှ တွင်းထဲချရမယ်။

ထိုအတိုင်း အတိအကျပါပဲ။ လုံးဝလွဲလို့မရဘူး။ တစ်ခုခုလွဲချော်သွားလျှင် သူသေချာ တွက်ချက် မျှော်မှန်းထားတာတွေ အားလုံး ဆုံးရှုံးသွားလိမ့်မယ်။

ဒါဟာ သူတို့မြို့လေးရဲ့ အပြုအမူတစ်ခုပေါ့။ တစ်နာရီတစ်ခါ ရွှေနန်းတော် မှ ခရာ မှု တ်ပါတယ်။ သူတို့မြို့လေးမှာ နာရီစင်မရှိဘူး။ တစ်နာရီ တစ်ချက်တီးတဲ့ သံချောင်း ခေါက်သူမရှိဘူး။ မြို့သူ မြို့သားတွေ အားလုံးက နန်းတော် က ထွက်ပေါ်လာမယ့် ခရာသံ ကိုစောင့်ရတယ်။

ခရာသံကို အတည်ပြုရတယ်။ ခရာတစ်ခါမှု တ်ခြင်းဟာ တစ်နာရီထိုးခြင်းပါပဲ။ ခရာနှစ် ခါမှု တ်လျှင် နှစ် နာရီ၊ သုံးခါမှု တ်လျှင် သုံးနာရီ။ သုံးနာရီပြည့်လျှင် အစဉ်အလာအရ မင်္ဂလာစည်တော် တစ်ခါတီးတယ်။ မင်္ဂလာစည်တော် နှစ် ခါတီးလျှင် ဒါဟာ ခြောက်နာရီပါ။

သူတို့မြို့ရဲ့ အချိန်သတ်မှတ်မှု က ထိုပုံစံအတိုင်းပဲ သွားတယ်။ ယခုရော ခရာသံ ဘယ်နှခါရောက်၍ မင်္ဂလာစည်တော် ဘယ်နှခါ တီးပြီးသွားပြီလဲ။ သူတို့အားလုံး မြောက်ပြင်တံခါးမှာ စောင့်ဆိုင်းစဉ်က ခရာကိုးခါမှု တ်၍ စည်တော် သုံးကြီးတီးပြီးသွားပြီ။

ကိုးနာရီ ထိုးပြီးသွားပြီပေါ့။ သူစောင့်နေတာ နောက်ထပ်တစ်နာရီပြည့်မည့်  ခရာ မှု တ်သံကိုပါပဲ။

ဒီလိုနဲ့ အချိန်တွေ က တဖြည်းဖြည်း ကုန်လွန်ကာလာပါတယ်။ သူ့အသိအာရုံမှာ ဥယျာဉ်ဝန်းကြီး တစ်ခုလုံး တစ်စထက်တစ်စ တိတ်ဆိတ်လာသလို ခံစားရတယ်။ ထိုစဉ်မှာ ပဲ လူ တစ်ယောက် ရှေ့ကို ရောက်လာကာ . . .

“ဘယ်လိုလဲဗျ . . . သရက်ပင်ကိုင်ပြီး ဘာရပ်လုပ်နေတာလဲ၊ မစိုက်တော့ဘူးလား။ ခင်ဗျားနောက်ကရောက်လာတဲ့ ကျုပ်တောင် စိုက်ပြီးသွားပြီ”

လှမ်းကြည့်တော့ တကယ်ပဲ အလှပင်လေးက မြေမှာ မတ်မတ်ထောင်နေပြီ . . .

“စိုက်မှာ ပါ . . .”

ထိုမျှသာ ပြန်ဖြေ ဖြစ်ပါတယ်။ မတုန်မလှုပ်ရပ်နေသော သူ့ကို အချိန်အတော် ကြာ ရပ်ကြည့်ပြီး ထိုသူထွက်သွားတယ်။ တဖြည်းဖြည်းနဲ့ သူတို့ဥယျာဉ်ကြီးက တိတ်သ ထက်တိတ်၊ ဆိတ်သထက် ဆိတ်လာပါပြီ။ သူ့လို အမှု တော် ထမ်းခွင့်ရဖို့ သစ်ပင်စိုက် သူတွေ ပြီးစီးကာ ပြန်ကုန်ကြပြီထင်ရဲ့ ။

ဟုတ်ပါတယ်။ တကယ်ပဲ ဥယျာဉ်တော် ကြီးက လူသူကင်းရှင်းပြီး တိတ်ဆိတ် ငြိမ်သက်နေပါပြီ။ သူ ကတော့ ယခုတိုင် မပျက်မယွင်းရပ်နေဆဲပဲ။ မကြာခင် နောက်ဖက်မှ လျှောက်လာသော ခြေသံတွေ ကို ကြားရတယ်။

ပြီးတော့ . . .

“ဟေ့လူ . . . ဘာရပ်လုပ်နေတာလဲ”

သင်တိုင်းကိုယ်စီဝတ်ထားတဲ့ အမှု ထမ်းရဲမက်တွေ ပါ။ သရက်ပင်ငယ်ကို ကိုင်ကာ မစိုက်ပျိုးသေးဘဲ ရပ်နေသော သူ့ကိုတွေ့ တော့ အံ့သြနေကြပုံရပါတယ်။

“ဘာ ဖြစ်လို့လဲ . . . ခင်ဗျားရတဲ့သစ်ပင်က သေနေလို့လား”

“မဟုတ်ပါဘူး . . .”

“ဒါဆို ဘာလို့ရပ်နေတာလဲဗျ။ သူများ တွေ ဆို စိုက်ပြီးလို့ ပြန်ကုန်ကြပြီ။ ဘယ်သူမှ တောင် မကျန်တော့ဘူး။ ခင်ဗျား တစ်ယောက် ပဲ ကျန်တော့တယ်”

နောက် တစ်ယောက် ကပါ ဝင်ပြောတယ်။

“ဒါဖြင့် လည်း စိုက်လေဗျာ။ ဘာလို့ မစိုက်သေးတာလဲ”

“ကျွန်တော် အချိန်ကို စောင့်နေတာပါ”

“ဟေ . . .”

“ဘာ . . .”

သူ့အဖြေကြောင့် အကုန်လုံး ကြောင်တောင်တောင် ဖြစ်သွားကြတယ်။ ကျိုးနွံသော အပြုံးတစ်ခုကို ပြုရင်း တကောင်း ဆက်ပြောလိုက်ပါတယ်။

“သစ်ပင်စိုက်ဖို့အတွက် အချိန်ကန့်သတ်မထားဘူးမလား . . . နောင်ကြီးတို့”

တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ဘယ်လိုသဘောပေါက်သွားတယ် မသိဘူး။ သဘောကောင်းပုံရသော တစ်ယောက် က . . .

“မကန့်သတ်ထားဘူး . . . ရတယ် . . . ရတယ် . . . လုပ်ပါ၊ အဆင်ပြေသလို လုပ်ပါ။ ကျုပ်တို့ ကတော့ ဒီမှာ တစ်နေကုန်နေရမှာ ခင်ဗျာ။ တစ်နေကုန်စိုက်နေလည်း ရတယ်၊ ကိစ္စမရှိဘူး . . .”

ပြောပြီး ဟိုဟိုဒီဒီကြည့်ကာ ထွက်သွားကြတယ်။ သူတို့ထွက်သွားပြီး မကြာပါဘူး …

“ဘော် . . . ဘော် . . .”

ခရာသံ သုံးချက် ထွက်သွားပြီးနောက် . . .

“ဒူ . . .”

မင်္ဂလာစည်တော် ကို ယွန်းလိုက်ချေပြီ။ တစ်ဆက်တည်းဆိုသလို . . .

“ဘော် . . . ဘော် . . . ဘော် . . .”

“ဒူ . . .”

တကောင်းဆက်ခနဲ ဒူးထောက်ထိုင်ချကာ မြေပြင်ကို တူးဆွလိုက်တယ်။

“ဘော် . . . ဘော် . . .”

နောက်နှစ် ချက် . . .

မြေပြင်က အားထည့်တူးဖော်မှု ကြောင့် ခဏချင်း သစ်တစ်ပင်စာ ချိုင့်ခွက် သွားပါတယ်။

“ဘော် . . .ဒူ . . .”

စည်ကြီးသုံးကြိမ်မြည် ပြီး အခါတော် အရ သုံးကြိမ်မြည် လျှင် မျက်နှာလှည့်ရတယ်။ ကိုယ်တိုင်က တောင်ဘက်အရပ်မှာ ရှိပြီးသားမို့ အပင်ငယ်ရဲ့ အညွန့်အခက်ကို တောင်ဘက်သို့ မျက်နှာမူလိုက်ပါတယ်။

ဒါပေမဲ့ ခရာမစေ့သေးဘူး။ ခရာမစေ့လျှင် တွင်းထဲချလို့မရသေးဘူး။ ခရာမှု တ်ဖို့ နောက်တစ်ချက်ကျန်သေးတယ်။ စောင့်မျှော်နေစဉ်မှာ ပဲ . . .

“ဘော် . . .”

ခရာစေ့ချေပြီ။ ခရာစေ့လျှင်တော့ . . .

သရက်ပင်ပေါက်လေးက တောင်ဘက်သို့ မျက်နှာမူ၍ တွင်းထဲရောက်သွားခဲ့ပြီ။ အောင်မြင်ခဲ့ပြီမို့ ခန္ဓာကိုယ်က လွတ်လပ်ပေါ့ပါးသွားတယ်။ ထို့နောက်မှာ တော့ အစေ့အုပ်အောင် မြေဇာတို့ကို တယုတယ ဖုံးအုပ်ပေးလိုက် ပါတယ်။

(ယခုခေတ် လူတွေ ပြောနေကြသော ‘ခရေစေ့တွင်းကျ’ ဟူသော စကားမှာ အမှန် မဟုတ်။ ခရေစေ့တွင်းချ ဟူသော စကားသာလျှင် အမှန် ဖြစ်သည်။ တိကျသေချာလွန်းစွာ ဆံခြည်တစ်မျှင်မျှ မှားယွင်း၍ မရဟု အဓိပ္ပာယ်ယူရမည် ဖြစ်သည်။ ခေတ်တွေ ကြာ ညောင်းလာသည်နှင့် အမျှ နားလည်မှု အယူလွဲကာ ‘ခရေစေ့တွင်းကျ’ ဟုသုံးနှုန်းနေကြခြင်း ဖြစ်၏ ။

စာရေး သူ)

အားလုံးပြီးတော့ အိမ်ကယူလာခဲ့သော လွယ်အိတ်တွင်းမှ အရာများ ကို ထုတ်လိုက်ပါတယ်။ ပထမဆုံး ပေရွက်ကို ထုတ်ကာ မြေမှာ ချခင်းလိုက်တယ်။

ပြီး ဆေးဘူးကို အဖုံးဖွင့်၍ စုတ်ကိုထိုးနှစ် ကာ ပေရွက်ပေါ်တွင် ရေး လိုက်သည်ကား . . .

*


(i)

သမီးတော် ကိုယ်တိုင် ကြွလာတယ်ဆိုတော့ ဥယျာဉ်တစ်ခုလုံး လှုပ်ရှားသွား ကြသည်။ ရထားပေါ်က ဆင်းရန်ပြင်တော့ အထိန်းတော် ကြီးက အနားရောက်လာကာ . . .

“ထိပ်ထားလေး . . . ထိန်းတော် ကြီးလက်ကို ကိုင်ဆင်း”

“ရတယ် . . . ထိပ်ထားဘာသာ ဆင်းပါ့မယ်”

ပြောပြောဆိုဆို ရထားပေါ်မှ လွှားခနဲခုန်ဆင်းလိုက်တော့ . . .

“အို . . . ထိပ်ထားရယ်၊ မတော် လဲကျသွားမှဖြင့် ”

အထိန်းတော် ကြီးက ရင်ဘတ်ကိုဖိရင်း စိုးရိမ်ပူပန်စွာ ပြောပေမယ့် သူမ ကတော့ ပေါ့ပေါ့ပါးပါးပင် မြေမှာ ရောက်လို့နေပါပြီ။ သူမဆင်းသက်လာပြီဆိုတော့ ထုံးစံအတိုင်း ဥယျာဉ်တွင်းရှိ အစောင့်ရဲမက်တွေ အကုန်လုံး ဒူးထောက်ခစားကုန်တယ်။

လက်ကို ဝှေ့ယမ်းပြရင်း . . .

“သက်သာသလိုနေကြပါ”

အသက်နှစ် ဆယ်ပြည့်မှ သမီးတော် အဆောင်အယောင်တွေ ခံစားရသူမို့ အရာအား လုံးက သူမအတွက် သူစိမ်းဆန်လို့နေပါသည်။ သူမနေထိုင်ပုံ၊ သွားလာလှုပ်ရှားပုံတွေ ကြည့်ပြီးတော့ အထိန်းတော် ကြီးမှာ ရင်တမမနှင့် ။ ‘ထိပ်ထားလေး . . . ဒါကိုဒီလိုခေါ်တယ်၊ ဒါကိုဒီလိုပြော၊ ဒီလိုတော့ဖြင့် ရာဇဣနြေ္ဒနဲ့ မသင့်တော် ပါဘူး’ စသဖြင့် အပါးမှာ အချိန်ပြည့် ခစားကာ လိုအပ်သမျှ ဖြည့်ဆည်းပေးနေရသည်။

ယခုလည်း ရထားပေါ်မှ သူမ ခုန်ဆင်းလိုက်ပုံကိုကြည့်ကာ အထိန်းတော် ကြီး မျက်လုံးပြူးသွားပုံက ရယ်ဖွယ်ပင် ကောင်းသေးတော့၏ ။ နန်းတော် နှင့် ဝေးရာကို ရောက်ပြီ မို့ သူမစိတ်အစဉ်မှာ လွတ်လပ်ပေါ့ပါးကာ နေပါသည်။ ဟန်ဆောင်ထိန်းချုပ်မှု တွေ အကုန် ခွာချချင်နေပြီ။

စိတ်ထဲရှိသလိုသာ ပြောဆိုနေထိုင်ချင်နေပြီ။ မပြေးရုံတမည် ဥယျာဉ်တွင်းဝင်တော့ အထိန်းတော် ကြီးက နောက်မှထပ်ကြပ်မကွာ လိုက်လာသည်။ တကယ်တော့ သူမ ခမည်းတော် ဆီ ခွင့်ပန်ရုံလာတုန်းက သတ်မှတ်ပေးထားယော ဥယျာဉ်သစ်နေရာကို ကြည့်ရှုချင်လို့ပါ။

နောက်ပြီး စိုက်ပျိုးထားသော အပင်ငယ်တို့နှင့် တကွ ကြိုက်နှစ်သက် ရာ အမှု ထမ်းကို ရွေးချယ်ဖို့။

ယခုတော့ နန်းတော် နဲ့ ကွာခြားလွန်းလှသော တောတောင်လျှိုမြောင် တို့ကို မြင်တွေ့ လိုက်ရတော့ သူမစိတ်တွေ ပေါ့ပါးကာ မေ့သွားရသည်။

ကြည့်ပါဦး . . . ။ ခမည်းတော် သတ်မှတ်ပေးထားတဲ့ မြေနေရာက ကျယ်လှ ချည်ရဲ့ ။ နောက်ပြီး သဘာဝ အတိုင်းရှိနေတဲ့ သစ်ပင်ပန်းပင်တွေ က ပြုပြင်တည်ဆောက် စရာ မလိုအောင်ပင် သူမအမြင်မှာ လှနေပါကော။

စိတ်လွတ်ကိုယ်လွတ် ပြေးလွှားကာ ပန်းပွင့်လေးတွေ ခူးလိုက်၊ အထိန်းတော် ကြီး မမြင်အောင် လှည့်ပတ်ကစားလိုက်နဲ့ အပျော်ကြီးပျော်လို့နေပါသည်။ ဒါဟာ သူမစံပျော်ဖို့ ဥယျာဉ်တဲ့။ ပျော်ဖို့ကောင်းလိုက်တာ။

ထိပ်ထားလေး . . . အစောင့်ရဲမက်တွေ နဲ့ ဣနြေ္ဒထိန်းပါဦး။ ဒီလိုဆော့ကစားနေလို့ မရဘူးလေ။ ထိပ်ထားလေးကို အရိုအသေတန်သွားလိမ့်မယ်”

ထိုစကားကြားတော့ ဆော့ကစားနေတဲ့ သူမခြေလှမ်းတို့ တိခနဲရပ်သွား၏ ။ ပြီးတော့ ခမည်းတော် သင်ပြပေးထားတဲ့ စကားတွေ နားထဲ တစ်ခုချင်း ပြန်ဝင်လာသည်။

“သမီးတော် ဟာ ဒီရေဒီမြေကို အုပ်ချုပ်တဲ့ ဘုရင့်သမီးတော် ၊ မဟာစည် မဟာသွေး ဖြစ်တယ်။ ဟောဒီ တစ်ပြည်လုံးမှာ သမီးတော် ကို မစေဘဲ မော်ဖူးဝံ့သူမရှိဘူး။ သမီးတော် နှုတ်ထွက်စကားကို လွန်ဆန်ဝံ့သူ မရှိဘူး။ သမီးတော် ရဲ့ ဂုဏ်ရောင် ဂုဏ်ဝါကို ယှဉ်နိုင်သူ မရှိဘူး။ ဒီတိုင်းဒီပြည်မှာ သမီးတော် က ဘုန်းကံအရှိဆုံး၊ အာဏာအရှိဆုံး မိန်းကလေးပဲ။ သမီး . . .”

ခမည်းတော် မိန့်မူထားသော စကားကို နားတွင်းမှာ ကြားယောင်လာတော့ . . .

“ဘယ်သူတွေ ...အရိုသေတန်မှာ လဲ။ အရိုသေတန်တဲ့လူတွေ အကုန်လုံးကို ဒဏ်ခတ်ပစ်မယ်”

သူမစကားကြောင့် အထိန်းတော် ကြီး မျက်နှာကွက်ခနဲ ပျက်သွားပြီ ကပျာကယာပင် . . .

“ဒီလိုမဟုတ်ပါဘူး . . . ထိပ်ထားလေး၊ အထိန်းတော် ကြီးပြောတာ အဲ့ဒီသဘောမျိုး မဟုတ်ပါဘူး။ ရေမြေ့ရှင် သမီးတော် တစ်ပါးအနေနဲ့ ဒီလိုနေလို့ မသင့်တော် ဘူးလို့ တင်လျှောက်တာပါ”

အထိန်းတော် ကြီး မျက်စိမျက်နှာပျက်ကာ ပျာပျာသလဲ တောင်းပန်၏ ။ ဒါပေမဲ့ နှုတ်ခမ်းကိုကိုက်ကာ မျက်နှာကို တစ်ဖက်လှည့်တော့ အထိန်းတော် ကြီး ဒူးထောက်ကျ သွားသည်။

အထိန်းတော် ကြီးခမျာ ခေါင်းကိုငုံ့ရင်း အသားတို့ဆတ်ဆတ်တုန်သည်ထိ ကြောက် ရွံ့သွားရသည်။ သမီးတော် က အပြစ်တစ်စုံတစ်ရာ ပေးမှာ ကို သေမလောက် ကြောက်ရွံ့ နေသည့်အလား။

ဒီလိုဆိုတော့လည်း သူမစိတ်မကောင်းနိုင်ပါ။ ထို့ကြောင့် သက်ပြင်းကိုချရင်း . . .

“အမှု တော် ထမ်းလိုသူ အမည် တွေ နဲ့ စိုက်ပျိုးသွားတဲ့ အပင်ငယ်တွေ ကို လိုက်ပြ ပေး၊ ထိပ်ထားကြည့်ချင်လို့”

သူမလေသံပျော့သွားမှန်း သိတော့မှ အထိန်းတော် ကြီးမှာ ဝမ်းပန်းတသာ ဦးညွှတ်ရင်း ထထွက် သွားပါသည်။ ခဏချင်းပင် ရဲမက် တစ်ယောက် နှင့် ပြန်ရောက်လာကာ . . .

“ထိပ်ထားလေး . . . ကြည့်တော် မူလို့ရပါပြီ”

အထိန်းတော် ကြီးနှင့် ပါလာသော ရဲမက်ကစာချွန်လွှာ တစ်ထပ်ကြီးကို လှန်ရင်း မှတ်ထားသော အမည် များ နှင့် စိုက်ပျိုးခဲ့သော သစ်ပင်ငယ်တို့ကို ယှဉ်တွဲ ပြသည်။

သူမ ကတော့ လိုက်ပါကြည့်ရှုရင်း တော် သလိုနေလိုက်၏ ။ တကယ်က သူမ ရွေးချယ်ရန် မတတ်ပါ။ ဒီကိစ္စက အထိန်းတော် ကြီးတာဝန်သာ ဖြစ်ပါသည်။ ဒါပေမဲ့ သူမ အတွက် တည်ဆောက်ပေးမည့်  ဥယျာဉ်ဆိုတော့လည်း . . .

တစ်နေရာရောက်တော့ . . .

“ဟိုမှာ ကြည့်ပါဦး . . . ထိပ်ထားလေး”

အထိန်းတော် ကြီးညွှန်ပြရာ အပင်ငယ်လေးကား . . .

သရက်ပင်လေးတစ်ပင်ပါ။

ဒါပေမဲ့ ထိုအပင်လေးရဲ့ နံဘေးတွင် ပေတစ်ရွက်ကို မြေမှာ စိုက်ထား၏ ။

ပေရွက်ပေါ်တွင် စုတ်ဆေးဖြင့် ရေး ထားသည်ကား . . .

သုံးရက်မြောက်သော် ရွှေအဆင်းရှိသည့်အရွက်ကို ဖူးလိမ့်မည် ။

နေရောင် ကျချိန် တစ်ပြိုင်နက်ပေါ်ပါက တစ်ပြိုင်နက်ပေါ်ပါက တစ်သက်တာပတ်လုံး

ရွှေဝါရောင် ဆောင်သော အရွက်အဖူးတို့သာ ပေးလတ္တံ့။

နှစ် ဝါလွန်သော် အဦးဆုံးသစ်သီး သီးလိမ့်မည် ။

ထိုအသီးသည် ရွှေလိုဝင်း၍ တစ်ပြည်လုံး၌ ပြိုင်ဘက်ကင်းသော အနံ့အရသာကို ပေးစွမ်းလတ္တံ့။

“သူ . . . ဘယ်သူလဲ”

ရဲမက်က ဒူးထောက်ကာ တင်လျှောက်သည်။

“တကောင်းလို့ ခေါ်ပါတယ် . . . သမီးတော် ”

*


(j)

“ခိုးသားကို အမြန်ဆုံးဖမ်းပေးပါ . . .”

“ထိုက်ထန်တဲ့ ပြစ်ဒဏ်ချပေးပါ . . .”

“ခိုးသားကို အမြန်ဆုံးဖမ်းပေးပါ . . .”

“ထိုက်တန်တဲ့ ပြစ်ဒဏ်ချပေးပါ . . .”

လက်သီးလက်မောင်းတန်းကာ လူတွေ တစ်အုပ်ကြီး ခုံရုံးရှေ့တွင် စုဝေးအော် ဟစ်နေကြ၏ ။ ညကဘယ်အရပ် ဘယ်ဋ္ဌာနတွင် သူခိုးဝင်မွှေသွားပြန်သည်မသိ။ သူတို့ပုံစံ ကြည့်ရတာ တော် တော် ကြီးကို ခံပြင်းဒေါသထွက်နေပုံရပါတယ်။ ပြီးတော့ ယခုချိန်ထိ သူခိုးကို လက်ရဖမ်းဆီးမပေးနိုင်သော ခုံရုံးအားလည်း အထင်သေးရှုတ်ချလိုမှု တွေ အထင်း သားေ ပ်ါလွင်နေသည်။

ညစဉ်ညတိုင်းလိုလို တစ်အိမ်မဟုတ်တစ်အိမ် ဝင်ရောက်ခိုးယူခြင်း ခံရတာ ဆိုတော့ ဘယ်သူမှ သည်းမခံနိုင်ြ ကတော့။ အကုန်လုံးက ငါ့အလှည့် ဘယ်တော့ရောက်လာမလဲ ကျီးလန့်စာစားနေရသလို ဖြစ်နေသည်။

အိပ်ကောင်းခြင်းလည်း မအိပ်ရတော့၊ စားကောင်းခြင်းလည်း မစားနိုင်တော့ လုပ်ငန်းတာဝန်တွေ ကိုလည်း စိတ်ပါလက်ပါ မလုပ်နိုင်တော့။ ဒီလိုဆိုတော့ မည် သူမှ သည်းမခံနိုင်တော့ချေ။ ဒီလောက် သူခိုးတွေ သော င်းကျန်းနေလျက် မိအောင် မဖမ်း ပေးနိုင်သည့် ခုံရုံးအမှု ထမ်းရဲမက်များ သာ အားလုံး ဝိုင်းဝန်းရှုတ်ချစရာ ဖြစ်နေပါ တော့သည်။

ဒီတော့လည်း ပြည်သူတွေ မှာ သူတို့မကျေနပ်ချက်တွေ ကို တတ်နိုင်သလောက် ဖွင့်ထုတ်တောင်းဆိုကုန်တော့၏ ။

“ခိုးသားကို အမြန်ဆုံး ဖမ်းပေးပါ . . .”

“ထိုက်တန်တဲ့ ပြစ်ဒဏ်ချပေးပါ . . .”

ခုံရုံးတွင်းမှာ လည်း သက်ဆိုင်ရာအမှု ထမ်းတွေ အကုန်လုံးခေါင်းခြောက်နေရပြီ။ သူတို့ လည်း ကိုယ့်တာဝန်ကိုယ်သိပါသည်။ ဒါပေမဲ့ ကြိုးစားဖမ်းဆီးပါသော်လည်း ခိုးသား တွေ ရဲ့ အရိပ်အယောင်ကိုမျှ မမြင်နိုင်။ စုံစမ်းထောက်လှမ်းသော်လည်း သတင်းအစ အနပင်မရ။ ဒီလိုဆိုတော့ သူတို့ မည် သို့ တတ်နိုင်မည် နည်း။

ယခုဆို ခုံရုံးတံခါးဖွင့်ချိန်ကို ကျော်လွန်နေပါပြီ။ သို့ သော် သူတို့ဖွင့်မပေးရဲ။ ဖွင့်ပေး လိုက်ပါက အပြင်တွင် စုဝေးနေသော လူစုကြီးမတားနိုင်မဆီးနိုင် ဝင်လြာ ကတော့မည် ။ နောက်ပြီး မကျေနပ်ချက်တွေ ကို တန်းစီတိုင်တန်းအော်ဟစ်ကြမည် ။ အပြစ်တော့ မဆို သာ။

ဒီသတင်းခုနစ်ပတ်အတွင်း ဖြစ်ပွားခဲ့မည့်  ခိုးမှု က အကြိမ်နှစ် ဆယ်ကျော်နေပြီ။ အရင့်အရင်ခိုးမှု တွေ နဲ့ ပေါင်းက သူတို့မဖော်ထုတ်နိုင်တာသည် တော် တော် ကြီးကို များ ပြား နေခဲ့ပြီမဟုတ်ပါလား။

မနက်စောစောကတည်းက ရှေ့မှာ လာရောက်စုဝေး အော်ဟစ်နေကြခြင်း ဖြစ်၏ ။ တဖြည်းဖြည်းနှင့် လူတွေ များ သထက်များ လာကာ ယခုဆို နည်းနည်း နောနော မဟုတ် တော့။ သူတို့ရဲ့ သံပြိုင်အော်သံတွေ မှာ လည်း ဝေသာလတစ်ပြည်လုံး ဖုံးလုနည်းနည်း ပင် ဖြစ်ချေနေပြီ။

ပြည်သူတွေ ကတော့ ခုံရုံးတံခါးမဖွင့်လေ ပိုမိုရုန်းကြွလေဖြင့် …

“ကျုပ်တို့ရဲ့ ချွေးနှဲစာကို ကာကွယ်ပေးပါ . . .”

“ခိုးသားတွေ ရဲ့ အတင့်ရဲမှု ကို တားဆီးပေးပါ . . .”

“ခိုးသားတွေ ကို အမြန်ဆုံး ဖမ်းပေးပါ . . .”

“ထိုက်တန်တဲ့ ပြစ်ဒဏ်ချပေးပါ . . .”

ထိန်းလို့မရတော့။ လူအင်အားက ပိုတောင့်တင်းလာပြီ။ သံပြိုင်အော်နေပုံက မိုးထိအောင်ညံလို့။

သူတို့ အားကိုးတကြီး ဟစ်ကြွေးတိုင်တည်ရာ ခုံရုံးမှာ တော့ ယခုတိုင် မတုန် မလှုပ်ရှိနေဆဲ။

ကံကြမ္မာရဲ့ အလှည့်အပြောင်းပဲလားတော့မသိ။

ထိုအမှု ကိစ္စကြီးက ဘုရင့်ရွှေနားတော် တိုင်အောင် ရောက်ရှိသွားခဲ့၏ ။ ဖြစ်ပုံက ဒီလို . . .။

ထိုသို့ ခုံရုံးရှေ့တွင် စုဝေးအော်ဟစ်နေသော အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ဝေသာလ ပြည့်ရှင်မင်းတရားကြီးမှာ အချိန်အခါမဟုတ် တိုင်းခန်းလှည့်လည်ချင်သော ဆန္ဒ ရင်တွင်း၌ တစ်မုဟုတ်ချင်း ဖြစ်ပေါ်လာ၏ ။

ထိုအခါမှာ အနီးပါးခစားလျက်ရှိသော ပညာရှိတို့ကို ယခုအခါတိုင်းခန်း လှည့်လည် ရန် သင့်မသင့် တွက်ချက်ကာခိုင်း၏ ။ ပညာရှိတို့တွက်ချက်၍ သင့်တော် ကြောင်း လျှောက်ထားစဉ်မှာ တော့ စီးတော် ဆင်ကိုပြင်ကာ နောက်လိုက်နောက်ပါ အစုံအညီဖြင့် တိုင်းခန်းလှည့်လည်တော် မူလေတော့သည်။

တောင်တံခါးမှထွက်၍ ခုံရုံးရှေ့ရောက်သည်တွင် လက်သီးလက်မောင်းတန်းကာ စုဝေးအော်ဟစ်နေကြသော ပြည်သူများ ကိုမြင်ရာ . . .

ထူးခြားသော ဖြစ်ရပ်မို့ ရွှေနန်းရှင်က အကြောင်းရင်းမှန်ကို သိလိုတော် မူသည်။ အပါးတော် မြဲအမတ်များ လျှောက်တင်ရာ၌ . . .

ဝေသာလပြည်တွင် ခိုးသားများ ထကြွ၍ ပြည်သူတွေ ဒုက္ခရောက်ရကြောင်း သိလေ တော့သည်။ ထိုအခါမှာ ရွှေစိတ်တော် ညှိုးကာ စီးတော် ဆင်ကို ဦးလှည့်၍ နန်းတော် တွင်း ပြန်ဝင်စေပါသည်။ ပြီးနောက် ချက်ချင်း ပင် ညီလာခံအား ဆင့်ခေါ်တော့၏ ။

တိုင်းသူပြည်သားများ အား ရင်ဝယ်သားကဲ့သို့ မင်းကျင့်တရား(၁ဝ)ပါးနှင့် အညီ အုပ်ချုပ်သော ခေါင်းဆောင်မင်းမြတ် ဖြစ်သည်မို့ ယခုအရေး သည် ပြည်သူတွေ အရေး ပင် မဟုတ်။ သူ့အရေး ပင် ဖြစ်ချေတော့သည်။

ထိုအရေး နှင့် ပတ်သတ်၍ ညီလာခံစီရင်ပြီး နောက်မှာ တစ်တိုင်းတစ်ပြည်လုံး စိတ်အေးရလောက်သော အမိန့်တစ်ရပ်ထွက်လာလေသည်။

ထိုအမိန့်မှာ ကား . . .

တပ်မှူးရာဇာသမိန်အား တာဝန်တစ်ရပ် ပေးအပ်လိုက်ခြင်း ဖြစ်ပင် ဖြစ်ချေတော့၏ ။



ဝန်ဇင်းချစ်သူများ သိုးဆောင်း ၏ “ ကတိသစ္စာ တည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


One Day

လက်ညိုးထိုး၍ ပန်းဝေသည်

မြို့ကလေးရဲ့ရာဇ၀င်