Cover

မြို့ကလေးရဲ့ ရာဇ၀င်

သိုးဆောင်း

I

ဤမျှမှော င်နေတည်းက သတိပြုမိဖို့ကောင်းသည်။

သူ့လက်မောင်နှစ် ဖက်အား စုံကိုင်စွဲထားသည့် အားတစ်ခုသက်ရောက်လာသည်ကို ခံစား ရသည်။ ထိုအားနှင့် ပင် လဲကျနေသော ခန္ဓာကိုယ်က အလိုလို မတ်တတ်ရပ်ပြီးသား ဖြစ်သွား သည်။ မျက်တောင်ကိုခပ်တော့ မှော င်နေသော အမြင်အာရုံမှာ ပုံရိပ်တွေ ပေါ်လာ၏ ။ ချက်ခင်းပဲ သူ့လက်မောင်းအား ပိုင်စိုးပိုင်နင်း လာစွဲသူများ ကို ကြည့်လိုက်တော့….

“ဟား….”

မျက်လုံး ပြူးသွား၏ ။ ရင်တုန်သွားရ၏ ။ ပြီးတော့ အသက်ရှူဖို့လည်း မေ့သွားသည်။ ဘီလူးလား၊ သဘက်လား၊ ဒါမှမဟုတ် တခြားကမ္ဘာမှ ဂြိုဟ်သားလား။ မြင့်မားသော အရပ်၊ ထောင် မောင်းသော ခန္ဓာကိုယ်၊ မည်းကြုတ်သော အသားအရည်ရှိကာ လက်မှာ ခရင်းသုံးခွပါ လှံရှည်ကြီး များ ကို ကိုင်ထား၏ ။

အနည်းငယ် လန့်သွားသော စိတ်ကို ရင်ထဲမျိုချရင်း……

“ခင်ဗျားတို့….ဘယ်သူတွေ လဲ”

ဘီလူးကြီးနှစ် ကောင်က ပြန်မဖြေ။ မဖြေသည့်အပြင် သူ့ကိုလေပေါ်ဆွဲမကာ တစ်နေရာကို လွှတ်ပစ်လိုက်ပါ၏ ။ ဘိုကြီးရင်ထဲအေးကျသွားသည်။ လေမှဝဲသွားပြီးနောက် အရာတစ်ခုပေါ် ကွက်တိသွားကျ၏ ။ ကျရောက်ရာနေရာကို အလန့်တကြား ကြည့်မိတော့…

ရာထားလား၊ ကားလား မသိသော အရာတစ်ခု။ မောင်းသူနေရာမှာ ခုနအတိုင်းပင် ဘီလူး ကြီးတစ်ကောင် ထိုင်နေသည်။

“ဒါ…..ဒါလာကြီးလဲ”

“ရထားလေ”

အလန့်တကြားထွက်သွားသော သူ့အမေကို မောင်သူနေရာမှ ဘီလူးကြီးက အေးဆေးစွာ ပင်ပြန်ဖြေသည်။

`ရထား´ဆိုမှ သေချာထပ်ကြည့်ရပါသည်။ တော့ကြာကိုယ်စီးတဲ့မြင်း အထီးလား၊အမလား မသိ ဖြစ်နေရင် ဒုက္ခ။ ဒါပေမဲ့ ရထားပုံစံနဲ့ နည်းနည်း မှ မတူပါချေ။ သံလမ်းနှစ် ခုပေါ် `တအီအီ´ အော်မြည် ရင်းတွားသွားသတ္တ၀ါတစ်ကောင်လို ရင်ဘက်ကွဲနှင့် တရွက်တိုက်ဆွဲသော စီးဖူးနေကျ ရာထားမျိုးမဟုတ်။

အခုဟာက အနီးစပ်ဆုံးပြောရလျှင် `ရာမယနဇာတ်တော် ´ ထဲမှ `ဒဿဂီရိ´စီးတဲ့ရာထား ပုံစံမျိုး ဖြစ်နေသည်။ ဓာတ်ရထားလား၊ နတ်ရထားလားမသိ။ ထိုစဉ်မှာ ပင် သူ့ကို ပစ်လွှတ်လိုက် သည့် ဘီလူးနှစ် ကောင်အနီးရောက်လာသည်။ ပြီးတော့ ရထားပေါ်တက်ကာ သူ့ဘေးနှစ် ဖက်မှာ လာရပ်၏ ။

ဘိုးကြီးကြောင်နေစဉ်မှာ ပဲ ရထားကြီးမှာ မှိုင်ဝေသော မီးပုံပျံကြီးလို လှုပ်လာပါတော့သည်။ ရင်ထဲမှာ စိုးရိမ်စိတ် ၀င်သွားပြီး….

“ဟာ….ခင်ဗျားတို့ ကျွန်တော် ကို ဘယ်ခေါ်သွားမလို့လဲ”

နောက်ကျသွားချေပြီ။ ရထားကြီးက မြေပြင်မှ ပစ်လွှတ်လိုက်သော တာဝေပစ်ဒုံးကျည် တစ်စင်းလို “၀ှီး”ခနဲ ပျံတက်သွားတော့၏ ။

* * * * *

II

လေတွေ တဟူးဟူး တိုက်နေသည်။

မြင်ရသော မြင်ကွင်က အဖုံဖုံ။ တစ်ခုမှ မမြင်တွေ့ ဖူးသော မြို့ပြတွေ ကို ဖြတ်ကျော်ရ၏ ။ တောင်ကုန်တွေ ကို လျှောဆင်ရ၏ ။ တစ်ခါတစ်ရံ တိမ်တွေ ပေါ်ရောက်သွားသည်။ တစ်ခါတစ်ခါ တိမ်တွေ ကကိယ်အောက် ရောက်နေသည်။

သူ့ကို ဘယ်ခေါ်သွားနေတာလဲမသိရ။ ဘယ်ရောက်နေတာလဲ ဆိုပိုလို့တောင် မသိ။ တစ်နေရာရောက်တော့ မြန်နှုန်းမြင့်ပျံသန်းနေသော ရထားက အရှိန်လျှော့သွားပြီး အောက်ဖက်ကို နိမ့်ဆင်း သွားပါသည်။ ဘိုးကြီးငုံ့ကြည့်လိုက်စဉ် အောက်ဖက်မှာ စိမ်းလန်းသော တော့အုပ်ကြီးတစ် ခုကိုမြင်ရသည်။

ထူးဆန်းသည်က အလယ်တွင် ကျင်းကြီးတစ်ကျင်း။ ပေါက်ကွဲထားသော မီးတောင်၏ ပါးစပ်ဝကြီးလို ကျယ်ဝန်မည်းနက်နေသော ကျင်းကြီး ဖြစ်ပါသည်။ ရထားက ထိုကျင်းကြီးကို ဦးတည်ကာ ပျံသန်းနေခြင်း ဖြစ်၏ ။

နီးလားလေ ကျင်းကြီးမှာ ကြောက်မက်ဖွယ်ကောင်းလေ၊ စိုးရွံ့စိတ်တို ပိုလာလေဖြင့် အချိန်မရွေး ထပေါက်တော့မည့်  မီးတောင်ကြီးလို၊ သေမင်း၏ ဖြဲဟထားသော ပါးစပ်ကြီးလို…

“၀ုန်………”

အရှိန်တင်ပြီး ရထားမှာ ထိုကျင်ကြီးတွင်း ထိုးဆင်း သွားပါသည်။

အပူငွေ့တွေ က နာနှင့် မဆန့်အောင် ကြားရပါသည်။ ခဏချင်းပဲ ပြင်ပအလင်းတို့ပျေက် ကာ ပတ်ဝန်းကျင်ကြီးတစ်ခုလုံး မည်းမှော င်ကာသွားတော့၏ ။

ဘာမှမြင်ရတော့။ ကျင်းမည်းကြီးတွင်း ၀င်နေသည်ဆိုတာကလွဲပြီး ဘာမှမသိသော ။ ပခုံးပေါ်သို့ ပိဿနှစ် ဆယ်လောက်လေးသည့် လက်ကြီးနှစ် ဖက် ရောက်လာသည်။ လှုပ်ရှား နေသော သူ့ခန္ဓာကိုယ်ကို ငြိမ်အောင် ဖိထားသည်။ ပြီးပြီပေါ့။

လှောင်အိမ်ထဲက ယုန်လေးတစ်ကောင်လို နှုတ်ခမ်းကိုက်၊ ထိုင်နေရုံကလွဲပြီး ဘာမှမရှိ တော့။

မျက်လုံးကို မှိတ်လိုက်၏ ။ပြီးတော့……..

ပြီးတော့………..

သူ့စိတ်ထင် ဆယ့်ငါးမိနစ်လောက် ထပ်ကြားသွားမည် ထင်ပါသည်။ တစ်နေရာမှာ တော့ ရထားမှာ တုံ့ခနဲ ရပ်သွား၏ ။

“ရောက်ပြီ………”

ဘီလူးတစ်ကောင်၏ စကားကြောင့် မျက်လုံးကို ဖွင့်ကြည့်လိုက်စဉ်……..

“ဟင်……..”

ခမ်းနားကြီးကျယ်သော မုခ်ဦးကြီးတစ်ခု။ ဤမျှကြီးကျယ်လွန်းသော မုခ်ဦးကြီးကို တစ်သက်နှင့် တစ်ကိုယ် မမြင်ဘူး။ အလယ်တွင် စာတစ်ကြောင်းရေး ထားသည်။

“ငရဲပြည်”

“ဟာ………..”

“၀ုန်း”ခနဲ နောက်လန်ကျသွားသည်။

* * * * *

III

လဲကျသွားသော သူ့အား ဘီလူးကြီးနှစ် ကောင် ခမ်းကြမ်းကြမ်းဆွဲယူသည်။

“ဆင်းစမ်း”

လေသံမှာ မာထန်လွန်းလှ၏ ။ ခုနနှင့် ပင်မတူ။ ကိုယ့်မြို့ကိုယ့်ရွာရောက်၍ လေသံကျယ်လာ သော ရပ်ကွက်လူမိုက်၏ အထာမျိုး။ ဘိုးကြီးမဆင်း။ ပေကပ်ကပ်ပင် ရထားပေါ် ဆက်ရပ်နေ တော့…..

“ဆင်းလို့ ပြောနေတယ်လေကွာ”

အသံက ပိုကျယ်လာသည်။ ဘိုးကြီး ကတော့ “ငရဲပြည်”ဟူသော မုခ်ဦးကြီးကို ကြည့်ပြီး သွေးလေချောက်ချာကာ ရပ်နေဆဲ။ မလှုပ်တလှုပ်ဘိုးကြီးပုံစံကို ကြည့်ကာဘီလူးကြီး တင်းသွား သည် ထင်ပါ၏ ။ နီးစပ်သော တစ်ကောင်က သူ့အား လက်မောင်းမှကိုင်ကာ ရာထားပေါ်မတျ ဆွဲချ သည်။

မြေပေါ်ရောက်သည့်တိုင် ဘိုကြီးမှာ ရှိမျှအင်အားနှင့် ရုန်းကန်နေသည်မို့ ဘီလူးကြီးမှာ သူ့အားဒရွတ်တိုက်ဆွဲခေါ် သွားပါသည်။ ဘိုးကြီးယက်ကန်ယက်ကန်ဖြင့် ပါသွားရ၏ ။ မုခ်ဦးဝကို ရောက်တော့ ပိတ်ထားသော တံခါးကြီးနှစ် ချပ်က အလိုလို ပွင့်လာပါသည်။ အတွင်းမှာ မြင်လိုက် သည်ကား…

အလင်းရောင် လုံးဝမရှိသော မှော က်မိုက်နေသည့် ရပ်ဝန်ကြီးတစ်ခု။ ဒါပေမဲ့ ခဏချင်းပင် ပြင်ပမှ အလင်းတန်းတစ်ခု ထိုးကျလာသည်။ ထိုအလင်းနှင့် အတူ သူတို့မျက်စိရှေ့မှာ ညီညာ ဖြောင့်ပြူးသော ကျောက်ခင်းလမ်းလေတစ်ခု ပေါ်လာပါ၏ ။ ဘီလူးကြီးနှစ် ကောင်က ထိုကျောက် ခင်းလမ်းလေတစ်ခု ပေါ်လာပါ၏ ။ ဘီလူးကြီးနှစ် ကောင်က ထိုကျောက်ခင်းလမ်းလေး အတိုင်း တစ်လှမ်းချင်း လျှောက်ဝင်သွားတော့….

တစ်ဖက်တစ်ချက်မှာ မှော င်မည်းလျက်ရှိနေသည်။ အတော် ဝေးဝေးဆီမှ သစ်ပင်လိုလို၊ တောင်တန်းလိုလို၊ အရိပ်အငွေ့တွေ ကို မြင်ရ၏ ။မြူတွေ လည်း ဆိုင်နေသယောင်ရှိသည်။ ဘိုးကြီး ကတော့ ဘီလူးနှစ် ကောင်၏ လက်မှာ ဒရွတ်ဆွဲလျက်….

ထူးတော့ ထူးဆန်းပါ၏ ။ ပြင်ပအလင်းရောင် က ကျန်နေရာတို့ကို လေတစ်ချက်မျှပင်မထိ ဘဲ ကျောက်ခင်းလမ်းကိုသာ ကျရောက်ပေးထားသည်။ ဒါပေမဲ့ ကျောက်ခင်းလမ်းဆုံးသွားတော့ တဂျိမ်းဂျိမ်းအော်သံများ နဲ့တူ အ၀င်ဝမုခ်ဦး တံခါးကြီးနှစ် ချပ်မှုာ ပြန်ပိတ် သွားပါသည်။ တစ်ကွင်းလုံး မှော င်ကျသွား၏ ။ အမှော င်ကလွဲပြီး ဘာမှမမြင်ရတော့။

ထိုစဉ်မှာ ပဲ…….

“ဖျောက်……”

အသံတစ်ခုနှင့် အရှေ့ဆီမှ ထွက်ပေါ်လာသည့် အလင်းတန်းများ ၊ ဘိုးကြီးမျက်ဆန်အိမ် ကျယ်သွားသည်။ မြင်တွေ့ ရတာ က……..

“ဟား………..”

အသံတစ်ဆင့်ချင်း မြင့်တက်သွားသည့် ကျောကသားလှေကားထစ်များ ၊ လှေကားထစ် အအောက်ခြေ မှာ တရုတ်သိုင်းကားတွေ ထဲက ပညာရှိလိုလို၊ နန်းရင်းဝင်လိုလို၊ ဖို့ရို့ဖားရား ၀တ်စုံနှင့် အဘိုးကြီးတစ်ဦး။ လှေကားထစ် အပေါ်ဆုံးမှာ က လွန်စွာ ကြီးမားခန့်ညားလွန်းသော ကျောက်စားပွဲနှင့် ကျောက်ကုလားထိုင်ကြီး။ ထိုနောက်မှာ လှံရှည်ကိုင်ဘီလူးလေးကောင်က မတ်တတ်ရပ်နေသည်။

ဘိုးကြီးအား ထိုနေရာရောက်အောင် ဒရွတ်ဆွဲခေါ် သွားပါ၏ ။ လှေကားထစ်အောက်ခြေကို ရောက်တော့ ဘီလူးနှစ် ကောင်က သူ့ကို “၀ုန်း”ခနဲ ပစ်ချပြီး အဘိုးအိုအား အရိုအသေပေးကာ လှည့်ထွက်သွားသည်။

“ကျွန်တော် ဘယ်ရောက်နေတာလဲ”

ဟိုဟိုဒီဒီ ကြည့်ရင်း မေးလိုက်သော အမေးအား…

“ငရဲပြည်လေ….မုခ်ဦးမှာ မဖတ်ခဲ့ဘူးလား”

အဘိုးအိုစကားကြောင့် နောက်တစ်ကြိမ် ဝေ့၀ဲကြည့်ရင်း ဘိုးကြီးရယ်မိပါသည်။ အရယ် တစ်ဝက်နှင့်ပင်….

“ငရဲပြည်..ဟုတ်လား……မ ဖြစ်နိုင်တာဗျာ…..ဟားဟား..ကျွန်တော် အမြင်တော့တရုတ် ကားထဲရောက်နေသလိုပဲ”

“ဘာလို့ အဲလိုထင်တာလဲ”

“ဟုတ်တယ်လေဗျာ…ခင်ဗျားပုံစံကိုလည်း ကြည့်ဦး။ တရုတ်သိုင်းကားတွေ ထဲက သိုင်း ဆရာလိုလို၊ ပညာရှိလိုလိုနဲ့။ နောက်ပြီး ဟိုနောက်မှာ မတ်တတ်ရပ်နေတဲ့လေးယောက် ကာ ပုံစံတွေ ပဲကွဲသွားတာ။ ကိုင်ထားတဲ့လက်နက်တွေ က တရုတ်ကာထဲက လက်နက်တွေ နဲ့အတူ တူပဲ”

“ဘာလဲကွ……”

လေးယောက် စလုံးဆီမှ ပြိုင်တူထွက်လာသည် ဖြစ်ရာ ကျယ်လောင်ကာသွားသည်။ ဘိုးကြီးတုန်ပင်တတ်သွားရတော့…..

“ခင်ဗျားတို့ ရုပ်ရှင်များ ရိုက်နေတာလား”

“မရိုက်ပါဘူးကွာ…ဒါတကယ့် ငရဲပြည်ပါ”

အဘိုးအိုကိပြုံးမြမြပြောသည်။

“ဒါကို ငရဲတရားရုံးလို့ခေါ်တယ်။ ခုန မင်းကိုခေါ်လာတာ ကငရဲထိန်းတွေ ။ ဟိုမှာ ရပ်နေတဲ့ လေးယောက် ကတော့ ဒီငရဲပြည်ကြီးတစ်ခုလုံးရဲ့ ငြိမ်ဝပပ်ပိပြားရေး ကို တ၀န်ယူထားရတဲ့ တိုင်း မှူးတွေ ပေါ့ကွာ”

“ဗျာ….တိုင်းမှူး……..”

အာမေဍိပ်သံပင် ထွက်သွားရသည်။ နားကြားများ လွဲသွားတာလား။

“ခင်ဗျား….တိုင်းမှူးလို့ ပြောလိုက်တာလား”

“ဟုတ်တယ်လေ…. တိုင်းမှူး”

“ငရဲပြည်မှာ လည်း တိုင်းမှူးက ရှိသေတယ်လား”

“ရှိတာပေါ့”

ဘိုးကြီး ခေါင်းကုတ်မိတော့၏ ။ အဘိုးကြီးက တစ်ယောက် ချင်းမိတ်ဆက်ပေးသည်။

“ဟိုဘက်အစွန်ဆုံး တစ်ယောက် က အရှေ့ပိုင်းတိုင်း ငရဲဌာနချုပ် တိုင်းမှူး လှသိန်းတဲ့”

“လှသိန်း…..”

ရေရွတ်ကြည့်မိသည်။ နာမည် ပိုင်ရှင်ပုဂ္ဂိုလ် ကတော့ တိုင်းမှူးပီပီခေါင်းမော့ရင်ကော့ လျက်။ “ဒုတိယ တစ်ယောက် က အနောက်ပိုင်းတိုင်း ငရဲဌာနချုပ်တိုင်းမှူးဝင်းစိုး”

နာမည် က ကြားဖူးသလိုလိုရှိသည်။

“တတိယ တစ်ယောက် ကတော့ တောင်ပိုင်းတိုင်း ငရဲဌာနချုပ် တိုင်းမှူးမြင့်အုန်း”

ဟာ…ဒါလည်း တစ်မျိုးပါလား။ ကြားတော့ကြားဖူးနေကျ နာမည် ပဲ။ ဒါပေမဲ့ တစ်ခုခု လွဲနေသလို။

“နောက်ဆုံးတစ်ယောကက မြောက်ပိုင်းတိုင်း ငရဲဌာနချုပ်တိုင်းမှူး မင်းအောင်”

အမယ်…..သူ ကတော့ အဆိုကျော်နာမည် ပါလား။ အားလုံး၏ ပုံစံက ရရှိထားသော ရာထူးနေရာနဲ့ ပတ်သတ်ပြီး ဂုဏ်ယူဝံ့ကြွားနေကာ ဘယ်သူကိုမှ လူမထင်သော အနေအထားတွေ ရှိနေ၏ ။ ဒါတကယ့်ငရဲပြည်ဆိုရင်တော့ သေချာပေါက် သတိထားရတော့မည် ။

ရုပ်ရည်ရူပကာတွေ ကြည့်ရတာ အချိန်မရွေးပါးထရိုက်မည့်  အနေအာထားမျိုး။ ပြီးတော့ အဘိုးကြီးက သူ့ကိုယ်သူ မိတ်ဆက်သည်။

“ငါ ကတော့ ယမမင်းအကြံပေးလို့လည်း ပြောလို့ရတယ်။ လွယ်လွယ်ပြောရရင်တော့ ပညာ ရှိပေါ့ကွာ။ နာမည် က ခမိန်သု”

“ဗျာ……..”

နောက်တစ်ကြိမ် အံသြကာ သွားသည်။ နာမည် က ထူးထူးဆန်းဆန်း။

“ပညာရှိသုခမိန်ပဲ ကြားဖူးပါတယ်ဗျာ…….ခင်ဗျားဟာက ဘယ်လိုကြီးလဲ”

“ဘယ်လိုမှ မလဲဘူး။ ယမမင်းအကြံပေး ခမိန်သု”

သူကလည်း သူ့နေရာနှင့် သူတော့ ပြတ်သားလှသည်။ “ခမိန်သု” အေးပေါ့လေ။ ခမိန်သုဆို လည်း ခမိန်သုပေါ့။ ဘယ်တတ်နိုင်မလဲ။ နာမ်ည်လွဲသလို လူမလွဲဖို့ကသာ အရေး ကြီးသည်မဟုတ် ပါလား။

“ဒါဆို ယမမင်းကရော ဘယ်မှာ လဲ၊ မတွေ့ ပါလား”

ကျောက်ကုလားထိုင်ကြီးတွင် ထိုင်သူမရှိသည်မို့ မေးလိုက်တော့…..

“သူ ဒီအချိန်အိပ်ရာ မနိုးသေးဘူး။ စောင့်ရဦးမယ်”

“ဗျာ………”

ဒီတစ်ခါတတော့ တတိယအကြိမ် အံသြသွားတာပါ။ တော် တော် လည်းအူထွက် နေတာပါ သည်။

“ညက သိကြားမင်းပို့လိုက်တဲ့ ခွေးသားရေပရပိုက်ကို စောင့်ယနေရတာ အိပ်ရာဝင် နောက်ကျသွားတယ်လေ”

“သြော်…….”

ခေါင်းတဆတ်ဆတ် ညိတ်မိတော့၏ ။ တရားလည်း တော် ကျသွားသည်။

“မင်းနာမည် ”

“ဘိုးကြီး…အဲ…`ဘ´နဲ့ `ဘို´တာနော်၊ `ဗ´ နဲ့ `ဗိုလ်´ တာမဟုတ်ဘူး။ တော် ကြာခင်ဗျား တို့ အထင်မှားနေမှာ စိုးလို့”

ဒါလည်းအရေး ကြီးပါသည်။ သေချာပေါက် ရှင်းပြရမည် ။ ငြိမ်ဝပ်ပိပြားရေး တွေ ရှိနေတာမို့ အထင်လွဲသွားရင်ဒုက္ခ။ ခမိန်သုက နှစ် လိုဖွယ် ပြုံးရင်း..

“သိပါတယ်ကွာ…မင်းပုံစံကြည့်ကတည်းက။ `ဘ´နဲ့ `ဘို´မှန်းသိပြီးသားပါ”

စိတ်ထဲ အခုမှ ပေါ့သွားသည်။ တော် သေ၏ ။

“ဒါနဲ့ နေပါဦးကွ၊ ဒီအသက်အရွယ်နဲ့ ငရဲရောက်လာရအောင် လူပြည်မှာ ဘာမကောင်းမှု တွေိများ လုပ်ခဲ့လို့လဲ”

“ဘာမှ မလုပ်ဘူး၊ သိတတ်တဲ့ အရွယ်ကစပြီး ကောင်းတာတွေ ပဲလုပ်လာခဲတာ”

ခမိန်သု`ဟက်´ ခနဲ ရယ်သည်။

“ကောင်းတာလုပ်ရင် ငရဲပြည်ရောက်လာပါမလားကွာ။ ထားပါ…. ဒါတွေ က ယမမင်းလာ ရင်အလိုလို ရှင်းသွားလိမ့်မယ်။ သူ့ရဲ့ ခွေးသာရေပရပိုက်မှာ လူ့ပြည်မှာ မင်းလုပ်ခဲ့သမျှ အကုန်ပါပြီး သာ”

ဘိုးကြီးခေါင်းကို ကုတ်လိုက်သည်။ တစ်ခုခုတော့ လွဲနေတာသေချာနေပြီ။

“ခင်ဗျားတို့ တကယ်ပြောနေကြတာလား။ ဒါတကယ့်ငရဲပြည်လား”

“မင်းကနောက်နေတယ် ထင်လို့လား”

“မဟုတ်ဘူးလေဗျာ….ကျွန်တော် ဖတ်ဖူးတဲ့ စအုပ်တွေ ၊ ဘုရားစောင်းတန်းမှာ ဆွဲထားတဲ့ ပန်းချီကားတွေ ထဲမှာ ငရဲပြည်က ဒါမျိုးမဟုတ်ဘူးဗျ။ မီးတောက်တွေ နဲ့၊ ဒယ်အိုးကြီးတွေ နဲ့၊ အပြစ်ပေးသူတွေ နဲ့။ အခုခင်ဗျားတို့ ငရဲပြည်က ဘာမှလည်း မရှိဘူး။ ဟုတ်ရောဟုတ်ရဲ့ လား”

ခမိန်သုက သဘောတကျ ရယ်သည်။ ပြီးတော့…

“ဟိုကိုကြည့်လိုက်”

လက်ညှိုးထိုးပြရာ လှမ်းကြည့်တော့ တိုင်းမှူးလေးယောက် က နံဘေးရှဲပေးသည်။ သူတို့ နောက်နံရံမှာ ပေါ်လာသည်ကား….

“အဲဒါ ငရဲပြည်မြေပုံပဲ။ မြေပုံထဲမှာ ငါတို့ အခုရှိနေတဲ့ ငရဲတရားရုံးနေရာ မပါဘူး။ အလယ် ကငရဲကြီး။ အမြင့်ဆုံး ပြစ်ဒဏ်ခံရတဲ့လူတွေ အဲဒီ ကိုရောက်တယ်။ ဘေးက ပတ်ဝိုင်းထားတာတွေ ကငရဲငယ်တွေ ပဲ။ ငရဲတရားရုံးက ငရဲငယ်တစ်ခုနဲ့ တစ်ခုကြား အကြားအလပ်နေရာတွေ မှာ ရှိတယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး။ အပြစ်ပေးသူနဲ့ အပြစ်ရှိသူလို့ ရောက်လာသူတွေ ပဲ မြင်ရ တာ”

တစ်ခန်းတနားတော့ လုပ်ထား၏ ။ ဒါပေမဲ့ သူစိတ်တိုင်းမကျ။ ပညာရှိခမိန်သုက သဘော ပေါက်ပုံရကာ ခေါင်းကိုညိတ်သည်။

“မယုံဘူးပေါ့”

ခေါင်းကိုယမ်းတော့…..

“ယမမင်းလည်း မနိုးသေးဘူးဆိုတော့ အချိန်ရပါသေးတယ်။ ဖျောက်…ဖျောက်…”

လက်ဖျောက်နှစ် ချက် တီးလိုက်ရာ ခဏချင်းပင် တ၀ီဝီအော်သံနဲ့ ရထားကြီးတစ်စီး ရောက်လာသည်။ ဒါပေမဲ့ သူစီးလာသည့် ရာထားနဲ့ ပုံသဏ္ဌာန်မတူသည်မို့..

“ဒါကြီးက…..”

“ယာဉ်ပျံလို့ ခေါ်တယ်။ ကဲ…..တက်”

ပထမတော့ မ၀ံ့မရဲ ဖြစ်နေသေး၏ ။

ဒါပေမဲ့ မထူးတော့တာမို့……

“တက်တယ်ဗျာ…..”

* * * * *

IV

သူတို့တက်ပြီးနောက် ယာဉ်ပျံမှာ ဝေါခနဲ့ မောင်းထွက်သွား၏ ။

“ငါတို့လူကြီးပိုင်းတွေ က တစ်နေရာက တစ်နရာကို ဒါမျိုးနဲ့ပဲ သွားတယ်”

“ဟုတ်လား….ရှေ့တော် ပြေးတို့၊ နောက်လိုက်နောက်ပါတို့ရော မပါဘူလား”

“ယမမင်းတို့၊ ဟိုလေးယောက် တို့ သွားရင်တော့ ပါတာပေါ့ကွာ။ ငါ ကတော့အကြံပေးဆို တော့ ဘယ်ပါမလဲ”

ဘိုကြီး ခေါင်းတဆတ်ဆတ် ညိတ်မိပါသည်။ အေးပေါ့လေ့ ပညာရှိ သုခမိန်မှ မဟုတ်ဘဲ။ အကြံပေးခမိန်သုဆိုတော့ ဘယ်ပါမှာ လဲ။ ကိုယ့်တန်းနဲ့ကိုယ်ပေါ့။

ထိုစဉ်မှာ ပဲ ခမိန်သုက ယာဉ်မောင်းကို အရှိန်လျှော့ခိုင်းပြီ့း့

“ဒါ့ ခွေး၊ လင်းတ၊ ကျီ့း့ ငရဲလို့ခေါ်တယ်”

“ဘာငရဲ”

“ခွေး၊ လင်းတ၊ ကျီ့း့ ငရဲ၊ အောက်ကိုကြည့်လိုက်” ဘိုကြီးငုံ့ကြည့်တော့ အမှော င်ကလွဲ ပြီး ဘာမှမမြင်ရပါချေ။

“ခင်ဗျားဟာက ဘာမှလည်း မမြင်ရဘူး။”

“သေချာကြည့်ပါဦး”

မျက်လုံးကို လက်နဲ့လေးငါးခါ ပွတ်လိုက်သည်။ ပြီးမျက်ခွံကိုဖြဲပြီး သေချာကြည့်တော့မှ အောက်ဖက်မှာ သစ်ပင်ကြီးငယ်နှင့် တောအုပ်လိုလိုပေါ်လာ၏ ။ ထပ်ကြည့်တော့ တောအုပ်တွင်း မှာ ပြေးလွှားနေသည့် လူများ ကို မြင်ရသည်။ ယောင်္ကျား၊ မိန်းမ အစုံပါ၏ ။ အသက်လု ပြေးနေရ သည့်ပုံစံမျိုး။

ထိုစဉ်မှာ ပင့့် နောက်ဖက်မှ တဝေါင်းဝေါင်းအသံပေးကာ မည်းမည်းအကောင်ကြီးများ လိုက်လာ၏ ။ လူတစ်ကိုယ်လောက် အကောင်ကြီးက မျက်လုံးမှလွဲပြီး တစ်ကောင်လုံး မည်းနက် ကာနေသည်။ ပါးစပ်ကိုဖြဲတော့ အစွယ်ဖွေးဖွေးကြီးများ ပေါ်လာ၏ ။

“ဖခင်ကိုသတ်တဲ့လူ၊ သူတော် ကောင်း ရဟန်းသံဃာကို ဆဲရေး တိုင်းတွာထဲ့လူ၊ ကောက် ကျစ်စဉ်းလဲစွာ တရားရေး ဆုံးဖြတ်တဲ့လူတွေ ဒီငရဲကိုကျတာ။ ဟိုမှာ ပြေးနေတဲ့လူတွေ က အဂတိ လိုက်စားပြီး မတရားသဖြင့် ဆုံးဖြတ်ခဲ့တဲ့ တရားသူကြီး၊ တရားသူကြီးမတွေ ပဲ”

“သြော့့်”

ကြည့်နေစဉ်မှာ ပင် ခွေးမည်းကြီးက နီးစပ်ရာလူကို ခုန်ဖမ်းသည်။

“၀ုန့်း့ ဝေါင်း”

ကြောင်ခံတွင်းတွင် ပါသွားသော ကြွက်သူငယ်ကို အသံပင် မထွက်နိုင်။ ခွေးကြီးက ကုပ်မှ ဆွဲခါသည်။ အရိုးအကြောတို့ ပြုတ်ထွက်သံ တဗျင်းဗျင်းကို ကြားရ၏ ။ မလှုပ်ရှားနိုင်တော့မှ မြေတွင် ချကာ ရင်ဘတ်အား ခြေဖြင့် နင်းသည်။ ထို့နောက်မှာ သားကောင်းရသော ကျားနာတစ် ကောင်လို အငမ်းမရ စားသောက်ပါတော့၏ ။

“အမယ်လေ့း့”

ကြက်သီးတွေ သီးသွားသည်။ အစားခံရသူမှာ ပထမတော့ ဆန့်ငင်ဆန့်ငင် အကြောဆွဲနေ သေး၏ ။ ဒါပေမဲ့ မကြာပါ့

“ဟိုအပေါ်မှာ လင်းတနဲ့ ကျီးတွေ ရှိတယ်။ ခွေးတွေ ပြီးသွားရင် သူတို့အလှည့်ပဲ”

သစ်ကိုင်းများ ဘက်ဆီကြည့်တော့ သွားရည်တမြားမြားနှင့် ရှိနေသော လင်းတကြီးများ နှင့် ကျီးမည်းကြီးများ ကို မြင်ရပါသည်။ ဘိုကြီးဆက်မကြည့်ရဲတော့။ အသည်းယားလှသည်လေ။

ယာဉ်ပျံမှာ ဆက်လက်ထွက်သွားသည်။ တစ်နေရာရောက်တော့ ယာဉ်ပျံကို အရှိန်လျှော့ စေရင့်း့

“ဟောဒါ့ ကြိမ်ပိုက်ချောင်းငရဲ။ ဒီငရဲကို ရောက်လာသူတွေ က သားသတ်သမားတွေ ၊ ခိုးသူတွေ ၊ ခန္ဓာအင်အား၊ ဥစ္စာအင်အားကြီးမားလို့ ကိုယ့်ထက်နိမ့်ပါးသူတွေ ကို အနိုင်အထက်ပြု ကျင့်သူ၊ နှုတ်ရင်းကြမ်းတမ်းပြီး ဆဲရေး ခြင်းဆယ်မျိုးနဲ့ အမျိုးမျိုးဆဲရေး သူတွေ ပဲ။ ကြည့်လိုက်ဦ့း့”

ဘိုကြီးငုံ့ကြည့်တော့

ရှိန်းရှိန်းထနေသော ကြေးနီရည်ထဲတွင် လူတွေ ထက် အောက်ပြောင်းပြန်၊ နောက်ပြန်ပက် လက် ကူးခတ်နေပါ၏ ။ ကူခတ်နေသည့်ကြားမှ အမိအဖစုံအောင် တမ်းတနေကြသည်။ ငရဲထိန်း များ က သန်လျက်၊ အဲမောင်း၊ သံချွန်၊ ဆောင်ပုတ်တို့ကို ကိုင်ကာ ကမ်းမှစောင့်နေသည်။

အပြစ်ခံရသူ ငရဲသားများ အတွက် ပြေးရန် လမ်းမရှိ။ တစ်နေရာ၌ ချောင်းကိုကန့်လန်ဖြတ် ပြီး သင်တုန်းဓားသွားကဲ့သို့ ထက်ရှသော အသွား၊ အရွက်များ ဖြင့် ဒလက်ကြီးတစ်ခုမှာ လည်နေ သည်။ ရေရှိန်နဲ့ ထိုဒလက်ကြီးနားရောက်လာသူ ငရဲသားများ မှာ အပိုင်းပိုင်းပြတ်ကုန်၏ ။

ရေပြင်တစ်ခုလုံးက ခဏချင်း သွေးရောင် လွှမ်းသွားသည်။ သင်တုန်းဓားသွား ဒလက်ကြီး နှင့် မဆုံလိုသူ ငရဲသားများ မှာ ကမ်းပေါ်တက်ပြေးသည်။ ထိုအခါ အသင့်စောင့်နေသော ငရဲထိန်း တို့က လူ့ပြည်တွင် သတ္တ၀ါတို့အား နည်းအမျိုးမျိုးဖြင့် သတ်ဖြတ်ပစ်သကဲ့သို့ သူတို့ကိုလည်း ထိုနည်းလမ်းအတိုင်း နှိပ်စက်ပါတော့၏ ။

နှုတ်ရင်းကြမ်းတမ်းခဲ့သူများ ကိုတော့ ငါတို့ကို ငါးမျှားချိတ်ဖြင့် ဆွဲတင်သကဲသို့ သံချိတ်ဖြင့် လည်ကိုချိတ်ကာ ကမ်းပေါ်ဆွဲတင်သည်။ ပြီးတော့ ခံတွင်းကိုဖြဲကာ ကျိုက်ကျိုက်ဆူနေသော သံရည်ပူတွေ လောင်းထည့်၏ ။ ငရဲသားတို့မှာ အရှင်လတ်လတ်ပင် လည်ပင်း။ လည်ကုပ်များ တွန့်လိမ်ကောက်ကွေးလာရ၏ ။ အပူဒဏ်ကြောင့် ဆားထိသော တီကဲ့သို့ ကျွမ်းထိုးမှော က်ခုံ ဖြစ် ကုန်သည်။

ဘိုကြီးဆက်မကြည့်ရဲတော့ချေ။ ခမိန်သုက ဘယ်လိုလဲဟူသည့် သဘောမေးငေါ့ပြသည်။ ရင်ထဲမှာ ပျို့တက်လာသော ဘိုကြီးအန်ချမိပါတော့သည်။ ယာဉ်ပျံက ကြေးနီချောင်းကိုဖြတ်ပြီး ဆက်လက်ပျံသန်းသည်။

“အဲလောက် အနှိပ်အစက်ခံနေရတာ သူတို့တွေ အသက်မသေကြဘူးလားဗျာ့”

“သေတာပေါ့ ဒါပေမဲ့ အကုသိုလ်ကံ မကုန်မချင်း အခါခါပြန်ရှင်ရတယ်။ ပြီးရင် အခါခါ အနှိပ်စက်ပြန်ခံရတယ်”

ကြားရသော စကားက ကြက်သီးထဖွယ်။ ဒါပေမဲ့သူ့ကိုယ်သူတော့ ယုံပါသည်။ ဤမျှ ပြင်းထန်ရက်စက်လှသော ငရဲများ သို့ ကျရောက်စရာ အကြောင်းမရှိ။ ထိုစဉ်မှာ ပင် ယာဉ်ပျံက တစ်နေ ရာကို ဆိုက်ကပ်လာပြန်သည်။ ထူးဆန်းလှသော နေရာတစ်ခု ဖြစ်၏ ။

မိန်းမသားတို့ကို ခါးမှစ၍ ခန္ဓာကိုယ်အောက်ပိုင်းအား မြေ၌ မလှုပ်ရှားနိုင်အောင် မြှုပ်ထား သည်။ မြေပေါ်တွင် ရှိနေသော ခန္ဓာကိုယ်အပေါ်ပိုင်းမှာ လည်း သွေးအလူးလူး၊ ပိုင်းဖြတ်ထိုးနှက် ခံထားရသဖြင့် လည်းအပိုင်းပိုင်း အပေါက်ပေါက်၊ မြင်တွေ့ ရသည်က အဆင်းအင်္ဂါကင်းမဲ့ကာ စက်ဆုပ်ဖွယ်အတိပြီးနေ၏ ။

ထိုစဉ်မှာ အရှေ့အရပ်ဆီမှ မီးလျှံပြောင်ပြောင် တောက်လောင်နေသော သံတောင်ကြီး လိမ့်ဆင်းလာပါသည်။ ထိုသံတောင်ကြီးက မိန်းမသားတို့၏ ခန္ဓာကိုယ်အားဖိချေကျိတ်နင်း သွားပါ ၏ ။ အရှေ့အရပ်မှ တိုးဝင်လာသော သံတောင်သည် အနောက်နံရံသို့ ရောက်သော အခါ ကြေမွ နေသော ခန္ဓာကိုယ်များ မှာ အသစ်ပြန် ဖြစ်လာလေသည်။ ထို့နောက် ကြီးစွာ သော မိုးခြိမ်းသံနှင့် အတူ အရှေ့၊ အနောက်၊ တောင်၊ မြောက်မှ သံတောင်များ မှာ အဆက်မပြတ်လိမ့်ဆင်းပါတော့၏ ။

တောင်နှစ် လုံး ဆုံမိသော အခါ ကြံရည်စက်၌ ကြံရည်ညှစ်သကဲ့သို့ ငရဲခံရသူ မိန်းမသားတို့ ၏ ခန္ဓာကိုယ်မှ သွေးတို့သည် ကျိုက်ကျိုက်ဆူကာ စီးထွက်ကုန်၏ ။

“ဒါ သံတေင်ကြိတ်ငရဲလို့ ခေါ်တယ်။ ရှေးဘ၀က မိမိလင်ယောင်္ကျားကို စွန့်ပယ်ကျော်လွန် ပြီး အခြားတစ်ပါးသော ယောင်္ကျားနဲ့ ဖောက်ပြန်ကျူးလွန်တဲ့ မိန်းမတွေ ဒီငရဲကို ရောက်လာရတာ ”

“သြော်”

ယာဉ်ပျံမှာ ဆက်လက်ထွက်ခွာသွား၏ ။ ဒါပေမဲ့ သူ့စိတ်ထဲတွင် မတင်မကျ ဖြစ်နေသော အရာတစ်ခုရှိလာသည်။

“အဲလိုဆို ဖောက်ပြန်တဲ့ ယောင်္ကျားတွေ ကရော ငရဲမခံရတော့ဘူးလား”

“ခံရတာ ပေါ့။ အဲဒီ ငရဲကိုတော့ ဦးခေါင်းဇောက်ထိုးငရဲလို့ ခေါ်တယ်။ ဟောဒီငရဲကြီးရဲ့ တစ်ဖက်ခြမ်းမှာ ရှိတယ်။

ယမမင်းက ယာဉ်ပျံ၏ ဘယ်ဘက်ခြမ်းကို ညွှန်ပြပါ၏ ။ ထိုအရာမှာ တံတိုင်းအထပ်ထပ် ကာရံထားသော အဆောက်အဦးကြီး ဖြစ်ပါသည်။ အတွင်းကို မမြင်ရ။”

“မြေပုံမှာ မြင်ရတဲ့ ငရဲကြီးကိုပြောတာလား”

“အင့်း့”

ခမိန်သု ခေါင်းညိတ်ရင်း အဖြေပေးသည်။

“အထဲမှာ ဘာတွေ ရှိလဲဗျ။ ၀င်ကြည့်လို့မရဘူးလား”

“မရဘူ့း့။ အထဲကို တာဝန်မှအပ ဘယ်သူမှ ၀င်လို့မရဘူး”

ဘိုကြီးနှုတ်ခမ်းမဲ့မိလိုက်သည်။ စည်းကမ်းတောင် တင်းကြပ်လို့ပါလား။

“ဦးခေါင်းဇောက်ထိုးငရဲက ဒီငရဲကြီးရဲ့ ဟိုဘက်ခြမ်းမှာ ။ အဲမှာ တော့ ယောင်္ကျားလေးတွေ ချည်းပဲ။ သူတို့ကို ငရဲထိန်းတွေ က မှိန်းနဲ့ထိုး၊ ခရင်းနဲ့ ပစ်ပြီး မီးကျီးခဲတွေ ပြည့်နေတဲ့ ကျင်းကြီးရှိရာ ကို ခေါ်သွားတယ်။ ကျင်းဝရောက်တော့ သူတို့ကို ခြေထောက်ကကိုင်ပြီး ကျင်းထဲကို ဇောက်ထိုး ပစ်ချတာ။ ရှေးဘ၀က ဖောက်ပြန်တဲ့ ယောင်္ကျားတွေ ၊ သူများ အိမ်ရာကျူးလွန်တဲ့ ယောင်္ကျားတွေ ပေါ့ကွော”

ဒီလိုဆိုတော့လည်း မဆိုးပါ။ မျှမျှတတတော့ ရှိသား။ ငရဲခံရသူတွေ ဘက်က မျှတသလို၊ အပြစ်ပေးသူတွေ ဘက်ကလည်း မျှတမှု ရှိဖို့လိုပါသည်။ ဒါသည်လည်း အရေး ကြီးသော အရာတစ်ခု မဟုတ်ပါလား။

တစ်နေရာရောက်တော့ ယာဉ်ပျံက ရပ်သွားပြန်သည်။ ဒီတစ်ခါမြင်ကွင်းက အသည်းကို ဓားနဲ့မွှန်းသကဲ့သို့

သံမြေပြင်၌ အရောင် တလက်လက်ထ၍ တမြိမြိ ထက်ရှနနေသော ဓားကြီးများ ကို စီးခင်းကာထား၏ ။ ငရဲထိန်းများ က ငရဲသားများ ကို တစ်နေရာမှထိုနေရာသို့ ရောက်အောင် မောင်း နှင်လာသည်။ နောက်ကျောမှနေ၍ မီးလက်နက်ဖြင့် ပစ်ဒ။ ကျာပွတ်ဖြင့် ရိုက်၏ ။ ကြောက်လန့်လွန်းသဖြင့် ငရဲများ မျာ ဓားများ စီးခင်းထားရာသို့ ပြေးလာရသည်။

ငရဲထိန်းများ က နောက်မှ အဆက်မပြတ် ရိုက်နှက်နေရာ ငရဲသားများ မှာ ဓားများ ပေါ်သို့ ဖြတ်နင်းပြေးရတော့၏ ။ ထိုအခါခြေတွေ ၊ လက်တွေ အပိုင်းပိုင်းပြတ်ထွက်ကုန်သည်။ သို့ သော် အဖန်ဖန် ပြန်ထ၍ ဆက်ပြေးရသည်။

ဘိုကြီး တံတွေးကို မျိုးချလိုက်ကာ့

“ဒါ ဘာငရဲလဲဗျ”

“သင်တုန်းဓားသွားငရဲလို့ခေါ်တယ်”

“ဘာအပြစ်ကြောင့် လဲ”

“လူ့ဘ၀က ကြမ်းတမ်းသော ကိုယ်ဝန်ကျဆေးတွေ မိမိကိုယ်ကိုသော်လည်းကောင်း၊ အခြားသူတကိုသော်လည်းကောင်း တိုက်ကျွေးခဲ့လို့”

“ဂလု့”

တံတွေးကိုသာ နောက်တစ်ကြိမ် မျိုချမိပါတော့သည်။ ခါးသီးလွန်းသဖြင့် ကြက်သီးတွေ ဖျန်းဖျန်းပွင့်နေ၏ ။ ယာဉ်ပျံက ဆက်လက်ထွက်ခွာပြန်သည်။ ဒီတစ်ခါ ဘယ်ငရဲကို လိုက်ပြဦး မည် မသိ။ ကြည့်ရတာ ပင် မရဲတော့ပါချေ။

မကြာပါ၊ နောက်တစ်နေရာ ရောက်လာပြန်ပါ၏ ။

“လှံတံကျင်ငရဲပဲ။ ရဟန်းသံဃာကို နာကျင်စေအောင်လည်းကောင်း၊ အသက်သေအောင် လည်းကောင်း ပြုလုပ်ခဲ့တဲ့ လူတွေ ဒီမှာ လာခံရတာ ။ ဘယ်လိုပုံစံမျိုးလည်း ကြည့်ကြည့်ပါဦး”

သက်ပြင်းချမိပါ၏ ။ ကိုယ်ကမကြည့်ချင်သော်လည်း စိတ်ကဆွယ်နေသည်မို့ ငုံ့ကြည့်လိုက် ရာ့

ငရဲထိန်းတို့က လက်နက်မျိုးစုံဖြင့် ရိုက်နှက်ပုတ်ခတ်ကာ ငရဲသားတို့အား မီးလျှံတပြောင် ပြောင် တောက်လောင်နေသော သံတောင်ကို တက်စေသည်။ လက်နက်ရန်ကို ကြောက်သဖြင့် ငရဲသားတို့မှာ သံတောင်ပေါ် ကုတ်ကပ်တက်ရ၏ ။ ထိုအခါ ငရဲသားတို့၏ ကိုယ်ခန္ဓာကို မီးစွဲလောင် လေ၏ ။

တောင်ထိပ်သို့ ရောက်သော် လေပြင်းတိုက်သဖြင့် အောက်သို့ ပြန်လျှောကျသည်။ ထိုအခိုက် တောင်အောက်ခြေတွင် လှံတံကျင်တို့ ပေါ်လာပြီး ငရဲသားခန္ဓာကိုယ်မှာ ထိုအပေါ်သို့ ကျ ၏ ။ တံစို့ထိုးခံရသော ငါးကဲ့သို့ကျ၏ ။ တံစို့ထိုးခံရသော ငါးကဲ့သို့ သွေးပွက်ပွက်ထွက်ကာ အသက် မသေဘဲ မြည် တမ်းအော်မြည် နေရပါတော့သည်။

နေရင်းထိုင်ရင်း ဘိုကြီး လက်အုပ်ထချီမိလိုက်၏ ။ မ ဖြစ်ချေတော့။ လူ့ပြည်ရောက်လျှင် တော့ ရဟန်းသံဃာကို အရင်ကထက်ပိုကိုင်းရှိုင်းရတော့မည် ။

“ကဲ့ကဲ့ ထွက်ပါတော့ဗျာ”

ခမိန်သုက သူ့ကိုကြည့်ကာ မချိုပြုံးပြုံး၏ ။

“ဘယ်လိုလဲ့ မင်း ငရဲပြည်ကု ရောက်နေတယ်ဆိုတာ ယုံပြီလား”

သက်ပြင်းချရုံသသာရှိတော့၏ ။

“နောက်ငရဲသားတွေ လိုက်ကြည့်ချင်သေးလား”

“မကြည့်တော့ဘူး”

သမိန်သုက ယာဉ်မောင်းအား နောက်ပြန်လည့်စေသည်။

အပြန်လမ်းတစ်လျှောက်လုံး သူ စဉ်းစားလာသည်က လူ့ပြည်၌ မည် သည့်မကောင်းမှု တွေ ကိုများ သူ လုပ်ခဲ့ပါသနည်း။ စဉ်းစားလို့မရ။ အာရုံ၌ ငရဲသို့ ရောက်ရလောက်သော အပြစ်ကြီးကြီး မားမားပေါ်မလာ။

“ဒီအချိန်ဆိုရင်တော့ ယမမင်း နိုးလောက်ပြီထင်တာပဲ”

ခမိန်သုစကားကြောင့် သူ့သွေးခုန်နှုန်းတွေ ပူနွေးသွားသည်။

နားတွင် ၌ နာမည် ကျော် မင်းသားကြီးတစ်ဦး ပြောခဲ့ဖူးသော စကားတစ်ခွန်းက ပြန်လည် ကြားယောင်လာသည်။

“သေမင်းနဲ့တွေ့ ရင် စကားတွေ ပြောဖို့ စဉ်းစားထားတယ်”

အင့်း့ စကားတော့ ပြောရပါဦးမည် ။

* * * * *

V

ငရဲတရားရုံးကု ပြန်ရောက်သည်ထိ ကျောက်ကုလားထိုင်ကြီးပေါ်တွင် ယမမင်းကို မတွေ့  ရသေး။ သမိန်သုက လှမ်းမေးသည်။

“ယမမင်းမလာသေးဘူးလား”

“မလာသေးပါဘူး။ ဒါပေမဲ့ အိပ်ရာတော့ ထပါပြီ။ Breakfast စားနေတယ်လို့ သတင်းပို့ ထားပါတယ်”

အနောက်ပိုင်းတိုင်း ၀င်းစိုးက ရိုသေစွာ အဖြေပေးလာတော့ ဘိုကြီးစိတ်တွင်းမှ စဉ်းစားမိပါ ၏ ။ တိုင်းမှူး ဖြစ်ပေမဲ့ ခမိန်သုကိုတော့ ရိုသေသား။ အင်းပေါ့လေ့ သူတို့အချင်းချင်းလည်း ကျော်မရတဲ့ ခွင်တွေ ရှိရင် ရှိနေမှာ ပေါ့။ ၀င်းစိုးစကားကြောင့် ခမိန်သုမှာ စိတ်သက်သာသွားသလို လေသံဖြင့့်

“အဲလိုဆိုရင်တော့ မကြာတော့ပါဘူး”

ပြီးတော့ ဘာလုပ်ရမှန်းမသိ ဟိုကြည့်ဒီကြည့် ဖြစ်နေသော ဘိုကြီးအာ့း့

“ယမမင်း လာတော့မှာ ဆိုတော့ မင်းက ဟိုနားမှာ ဒူးထောက်ထိုင်စောင့်နေ”

“ဗျာ့”

ဘိုကြီးနားမရှင်းလိုက်

“ယမမင်းလာတော့မှာ လေ”

“ဒီအတိုင်းရပ်စောင့်လို့ မရဘူးလား”

“မရဘူး”

“ဟာ့ ခင်ဗျားတို့ဟာက ဘာလဲဗျ။ ဘာကိစ္စ ကျွန်တော် က ဒူးထောက်ရမှာ လဲ”

“မင်းက ငရဲကျခံဖို့ ရောက်လာတဲ့ အပြစ်သားလေ။ အဲတော့ ယမမင်းရှေ့မှာ ဒူးထောက် ထိုင်ရမှာ ပေါ့”

“ဘာအပြစ်လဲ့ ဘာအပြစ်သားလဲ။ လူ့ပြည်မှာ ဘာအပြစ်တွေ လုပ်ခဲ့လို့ ကျွန်တော် က ငရဲကျခံရမှာ လဲ”

“အဲဒါယမမင်းလာရင် သိလိမ့်မယ်။ ငါတို့ပြောပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ ငရဲဥပဒေအရ ငရဲပြည် ကို အပြစ်ခံဖို့ရောက်လာတဲ့ အပြစ်သားဟာ ငရဲတရားရုံးမှာ ဒူးထောက်ထိုင်ရမယ်။ ပြီးတော့ ယမမင်းလာရင် လက်အုပ်ချီပြီး ကြိုရမယ်”

“ဟ့ ဘလုင်းကြီးပါလား။ လက်အုပ်ချီပြီး ကြိုရအောင်ခင်ဗျားတို့ ယမမင်းက ဘုန်းကြီး လား”

“မဟုတ်ဘူ့း့ ဒါပေမဲ့ ဒါဟာ ငရဲပြည်ရဲ့ ထုံးတမ်းစဉ်လာပဲ”

ဒီလိုနေရာမျိုးကျတော့ လူ့ပြည်နှင့် ပင် လာတူနေသေး၏ ။ ဘုန်းကြီးမဟုတ်၊ ဘာမဟုတ် လူလူချင်းကို တစ်ခါတလေ လူ့ပြည်လက်အုပ်ချီရ၏ ။ တချို့တွေ ကို ပြောပါတယ်။

ဘိုကြီးခြောက်ကပ်ကပ်အော်ရယ်လိုက်ပါသည်။

“ဟင့်း့ ဟင့်း့ သိတယ်။ ခင်ဗျားတို့ ဘယ်အကွက်ချိုးနေလဲ့ သိတယ်။ အလကား နေရင်း လက်အုပ်ချီ ကန်တော့ခိုင်းပြီး ခင်ဗျားတို့ ဘုန်းကံတိုးအောင် လုပ်နေတာ။ ခင်ဗျားတို့ နန်းသက်ကြာအောင် ယတြာချေနေတာ့ သိတယ့့် ဘိုကြီး အကုန်သိတယ်။ စာတွေ အများ ကြီး ဖတ်လာတဲ့ကောင်၊ ဒီလောက်တော့ နပ်ပြီးသား”

ခမိန်သုမျက်နှာကြီး ရဲဗလောင်းခတ်ကာ သွားပြီ့

“မင်း ဘာတွေ ပြောနေတာလဲ”

“အမှန်တွေ ပြောနေတာလေ။ အဲဒါကြောင့် မလို့ ဒူးလည်း မထောက်နိုင်ဘူး၊ လက်အုပ် လည်း မချီနိုင်ဘူး။ ဒီမိုကရေစီတိုင်းပြည်ကလာတဲ့ကောင်။ နောက်ပြန်လည့်ဖို့ မစဉ်းစားနဲ့”

ခမိန်သုတင်းသွားချေပြီ။

“တကယ်ကို မထောက်ဘူးလား”

ဘိုကြီးနှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးလိုက်ရင့်း့

“မထောက်တော့ ခင်ဗျားက ဘာလုပ်မလဲ”

“ဟိုကောင်တွေ မင်းခြေထောက်ကိုချိုးလိမ့်မယ်”

နောက်လှည့်ကြည့်တော့

“ဟာ့”

တရုတ်သိုင်းကားတွေ ထဲက စစ်တပ်ကြီးချီလာသလို ပုံဆိုးပန်းဆိုး ငရဲထိန်းတစ်သိုက် သေမင်းနိုင်အလံတွေ ကိုင်ပြီး တစ်လှမ်းချင်းချီလာ၏ ။ အယောင်အရေအတွကို ကြည့်ပြီး ဘိုကြီး အနည်းငယ်တော့ ကျွတ်ဆင်းသွားသည်။

“ဒါ ယမမင်းရဲ့ သက်စောင့်တပ်ပဲ။ ဘယ်လိုလဲ မင်း ဆက်ရပ်နေဦးမှာ လား”

အခြေအနေကို တွက်ဆရပြီ။ အရမ်းကြီး ခေါင်းမာရမည့် အချိန် မဟုတ်မှန်း ချက်ချင်း ပဲ သဘောပေါက်လိုက်ပါ၏ ။ ဒီလိုနေရာမျိုးတွင် ခေါင်းမာနေပါက အခြေအနေတွေ ရှုပ်ထွေးသွားနိုင် သည်။ သူကောင်းသားတွေ ကြည့်ရတာ တကယ်လုပ်မယ့်ရုပ်မျိုး။

အခြေအနေရော၊ အချိန်အခါပါ ကိုယ့်ဘက်က အားနည်းနေသည် ဖြစ်ရာ အားမတန်၍ မာန်လျှော့လိုက်ရပါတော့သည်။ အံကိုကြိတ်ရင်း ဒူးကိုထောက်လိုက်သည်။ ခမိန်သုက သူ့ပုံစံကို ကြည့်ကာ ခနဲ့တည့်တည့်ပြုံး၏ ။

ထိုစဉ်မှာ ပင် ငလျင်လှုပ်သလို၊ လေပြင်းမုန်တိုင်းတိုက်သလို ထစ်ချုန်းသံကြီးတစ်ခု ပတ်ဝန်းကျင်မှာ အော်မြည် လာသည်။

“ဟာ့ ဘာ ဖြစ်တာလဲ”

ဘိုကြီး ထိတ်လန့်သွားကာ ပတ်ဝန်းကျင်ကိုဝေ့၀ဲကြည့်တော့ အားလုံးကိုမထူးဆန်းသော ကိစ္စတစ်ခုလို ဣနြေ္ဒမပျက်ရှိကာနေသည်။ မကြာလိုက် ရဟတ်ယာဉ်တစ်စင်း၏ ပန်ကာခတ်သံနှင့် တူသော အသံများ ကျယ်လောင်လာကာ သူတို့ရှေ့ဆီသို့ လွန်စွာ ကြီးမားခန့်ညားလွန်းသော ယာဉ်ပျံ ကြီးတစ်စင်း ဆိုက်ရောက်လာပါတော့၏ ။

ကြည့်နေစဉ်မှာ ပဲ တံခါးကြီးတစ်ချပ်ပွင့်လာသည်။

ပြီးတော့ အမည်းရောင် အောက်ခံပေါ်တွင် ရွှေကွပ်ထားသော ဖိနပ်တစ်ရန်ကို မြင်လိုက်ရသည့်ခဏ ခမိန်သုအပါအ၀င် ရှိနေသူအားလုံးတို့၏ ဦးခေါင်းများ ငုံ့ဆင်း သွားပါတော့၏ ။

ဒီလောက်နှင့် ဆင်းလာသူမှာ မည် သူ ဖြစ်ကြောင်း ဘိုကြီးသိလိုက်သည်။ ပုံစံကိုကြည့်ဦး။

ပခုံးနှင့် ရင်ဘတ်မှာ အချွန်အတက်တွေ ၊ အကွင်းအခက်တွေ ၊ စလွယ်တွေ ၊ ဆုတံဆိပ်တွေ နဲ့ ဖိတ်ဖိတ်တောက်နေသြည်။ လူကောင်၀၀၊ ဗိုက်ရွှဲရွှဲ၊ အရက်ဖော ဖောနေသော မျက်နှာ၊ ဆင်ကြံကြံ သော မျက်လုံး၊ ထူးမဲမည်းပြာသော နှုတ်ခမ်း၊ ရေမြင်းပါးစပ်နှင့် ၀က်နှာခေါင်း။

တော် တော် ကို ကြည့်ရကျက်သရေယုတ်သော ရုပ်ဆင်းအင်္ဂါ ဖြစ်ပါ၏ ။ ဒါနှင့် ပင် အားမရ သေးပဲ ဦးချိုနှစ် ဖက်ပါသော ခေါင်းဆောင်းကြီးကို ဆောင်းထားသည်။ ဤရုပ် ဤရည်ကိုမြင်သည် နှင့် သဘောပေါက်လိုက်ပါသည်။ ငရဲပြည်ကြီးတစ်ခုလုံး ကြောက်ရွံ့နေရသည်မှာ မဆန်းတော့။ ပုံစံက ကြောက်ရွံ့ရုံမဟုတ်တော့ဘဲ အော့နှလုံးနာသည်ဘက်ပင် ရောက်နေပြီ မဟုတ်ပါလား။

တစ်ယောက် တည်း ဆင်းလာသည်မဟုတ်။ Bodyguard လေးယောက် နှင့် ။ လေးယောက် လုံးက သူ့ကိုဝန်းရံထားပြီး လက်နက်တပြင်ပြင်နဲ့ ပျာယာတွေ ခတ်နေသည်။ အရှိဝန်သုံးသည် မှန်သော်လည်း မျက်စိတော် တော်နောက်ရ၏ ။ ပြီးတော့ လက်ထဲတွင် သားရေဖုံးစာအုပ်ထူကြီးတစ် အုပ်ကိုလည်း ကိုင်လာပါသေးသည်။

အကုန်ဆင်းပြီးနောက်မှာ ယာဉ်ပျံကြီးက ပြန်လည်ထွက်သွားသည်။ ကျောက်လှေကားထစ် ပေါ်သို့ တစ်လှမ်းချင်း တက်သွားပြီးနောက် စာအုပ်ကို စားပွဲပေါ်ပစ်ချ၏ ။ ပြီးတော့ ကျောက်ကုလား ထိုင်ကြီးပေါ်တစ်လောကလုံးကို လုပ်ကျွေးထားရသော မျက်နှာနှင့် ၀င်ထိုင်လိုက်သည်။

“ဒုန့်း့”

စားပွဲအား တူဖြင့် ထုလိုက်မှ တစ်ချိန်လုံးငုံ့နေသည့် ဦးခေါင်းများ ပြန်မော့လာသည်။ သေချာပါ၏ ။ ဤနေရာက အမိန့်ချတော့မည့် တရားခွင် တစ်ခု ဖြစ်သွားလေပြီ။ ယမမင်းဆိုသူက ဒူးထောက်ထိုင်နေသော သူ့အားအဖက်မတန်သလို တစ်ချက်ကြည့်ပြီ့း့

“ဒီနေ့ တစ်ယောက် တည်းလား”

“ဟုတ်ပါတယ့့် ငရဲမင်း”

ခမိန်သုက ဦးခေါင်းကိုညွှတ်ရင်း အဖြေပေးတော့

“ရော့”

စားပွဲပေါ် ပစ်ချထားသော စာအုပ်ကြီးကို ရှေ့တိုးပေးသည်။ ခမိန်သု ကပျာကယာ အပေါ် တက်သွားပြီး စာအုပ်ကြီးကိုယူကာ ရှေ့ဆုံးစာမျက်နှာကို လှန်၏ ။ ထို့နောက် အကုန်လုံးကြား လောက်သော လေသံဖြင့့်

“အမည့့် မောင်ဘိုကြီး၊ ကလေးနှစ် ယောက် ဖခင်။ မထားမှာ ဒဏ်မခံနိုင်၍ ဒုတိယ ကလေး နှစ် နှစ် အရွယ်တွင် အပင်ပန်းလွန် ရောဂါ ဖြင့် သေဆုံး။ ကျန်ရစ်ခဲ့သော ကလေးနှစ် ယောက် အတွက် အရက်ပုန်းရောင်းသူစြဖ်လာ။ လူတို့စောင့်ထိန်းအပ်သော ကံငါးပါးတွင် တစ်ပါးမှမလုံ။ အသက်သုံးဆယ့်ငါးနှစ် တွင် ဌာန၌ အရက်သွားထုတ်ရင်း အရက်ပုံးပိသေဆုံး”

“ဒုန့်း့”

ယမမင်းထံမှ တူထုသံကြီး ထွက်ပေါ်လာကာ့

“မိုက်လိုက်တဲ့လူသာ့း့။ လူ့ပြည်မှာ ဒီလောက်လုပ်စရာ အလုပ်တွေ ပေါပါလျက် အရက်မှ ရောင်းရလားကွ။ ကိုယ်တိုင်လည်း သီလပျက်တယ်။ သူများ တွေ ကိုလည်း သီလပျက်အောင် လုပ်တဲ့ကောင်။ ဘယ်ငရဲကိုပို့ရမလဲ ထပ်ကြည့်စမ်း”

ခမိန်သုက စာရွက်အား ထပ်လှန်ရန်ပြင်စဉ့့်

“ဟ့ နေစမ်းပါဦ့း့ နေစမ်းပါဦ့း့ ခင်ဗျားတို့ဘယ်သူ့ကိုပြောနေတာလဲ”

“ဘာကွ့”

ယမမင်းနောက်တွင် ရှိနေသော အရှေ့ပိုင်းလှသိန်းက ထအော်သည်။

ဘိုကြီးတင်းရချေပြီ။

“လူပါးဝလို မင်းအကြောင်းမင်းမသိဘူးလား။ လှံနဲ့ပိတ်ထိုးလိုက်ဦးမယ်”

ဘိုဘီးတင်းရချေပြီ။

“ဟာ့ ခင်ဗျားတို့က ဘာတွေ လဲ။ ဘယ်ကဘိုကြီးလဲ။ ဘယ်သူ့အကြောင်းကို ပြောနေ တာလဲ။ ကျွန်တော် တစ်ခါမှ အရက်မရောင်းဖူးဘူး။ မိန်းမတွေ ၊ ကလေးတွေ လည်းမရှိဘူး။ အခုမှ အသက်နှစ် ဆယ်ပဲရှိသေးတယ်ဗျ။ ကျေင်းသာ့း့ ကျောင်းတောင်မပြီးသေးဘူး”

“ဟေ့”

အရက်ဖောဖောနေသော ယမမင်းကြီး အာမေဍိတ်သံထွက်သွားသည်။ ဘာ ဖြစ်တာလဲ ဟူသော မျက်လုံးတွေ နှင့် ခမိန်သုအား လှမ်းကြည့်ပါ၏ ။ ခမိန်သုမှာ မျက်စိပျက်မျက်နှာပျက်ဖြင့် ယမမင်းအား တိုးတိုးကပ်ပြောနေသည်ကို မြင်ရသည်။

ထို့နောက်မှ ယမမင်းကြီးမျက်နှာ မည်းကျသွားလေတော့၏ ။ ခမိန်သုက စာအုပ်ကို ရှေ့တိုး ပေးရင်း တစ်နေရာကို ညွှန်ပြသည်။ ယမမင်း၏ မည်းနေသော မျာက်နှာမှာ အမ်းထွက် သွားပြီး နောက် ပါးစုံကြီးနှစ် ဖက်ပင် ရဲတက် သွားပါသည်။

ခမိန်သုက ဘာမှမ ဖြစ်သလို အမူအရာဖြင့် လည်းချောင်းတစ်ချက်ရှင်းကာ့

“မင်းရဲ့ နေရပ်လိပ်စာပြော”

ဘိုကြီးခပ်သွက်သွက်ရွတ်ဆိုပြတော့

“အဖေ၊ အမေနာမည့့်”

“ဦးဘို၊ ဒေါ်ကြီ့း့ မှတ်ပုံတင်နံပါတ် ပြောဖို့လိုသေးလား”

“မလိုဘူ့း့ ရပြီ”

ခမိန်သုက စာအုပ်ကြီးအား သည်းကြီးမဲကြီး လှန်သည်။ ဘိုကြီးသက်ပြင်းချမိလိုက်သည်။ ထင်ထားသလိုပါပင် တစ်ခုခုတော့ မှားနေပြီ မဟုတ်ပါလား။

“တွေ့ ပြီ”

ခမိန်သုက ၀မ်းသာအားရ ထအော်ကာ စာအုပ်ကိုကြည့်လိုက်၊ သူ့ကိုကြည့်လိုက် အရင် လုပ်သည်။ ပြီးမှ့

“ရုပ်လည်းတူတယ်”

ယခုမှ စိတ်အေးသွားရသော ပုံစံဖြင့် ယမမင်းမှာ့

“အင့်း့ Biography ပြောပါဦး”

“အမည့့် ဘိုကြီး၊ ဘူမိဗေဒကျောင်းသား။ ထူးခြားအောင်မြင်သော ဓာတ်သတ္တုရှာဖွေး ရေး ပညာရှင်။ အသက်သုံးဆယ်၌ ဓာတ်သတ္တုရှာဖွေတွေ ရှိမှု အသစ်တစ်မျိုးအား ကမ္ဘာသို့ တင်ပြ နိုင်၊ ကမ္ဘာကချီးမြှင့်သော ဒေါက်တာဘွဲ့ရရှိ၊ သုံးဆယ့်သုံးနှစ် တွင် နာမည် ကြီးရုပ်ရှင်မင်းသမီးနှင့် အိမ်ထောင်ကျ၊ သားသမီးသုံးဦး ထွန်းကား၊ ခြွင်းချက်အနည်းငယ်မှလွဲ၍ သီလလုံသူ ဖြစ်၊ ထို့ကြောင့် အသက်ကြီးလေ ချမ်းသာလေ့”

“တော် တော့”

ယမမင်းထံမှ တားမြစ်သံကြီးထွက်လာသည်။ ကိုယ့်နောင်ရေး ကိုယ်သိ၊ ကိုယ့်အနာဂတ် ကိုယ်မြင်နေရသော ဘိုကြီးမှာ ယမမင်း၏ တားမြစ်သံကြောင့် မချင့်မရဲ ဖြစ်သွားသည်။ သူတစ်ပါး တိုးတက်ကြီးပွားကြောင်းကို ကြာကြာ မကြားချင်ပုံရလေသည်။

“သူ့သက်တမ်းဘယ်လောက်ကျန်သေးလဲ”

ခမိန်သုက စာအုပ်ကိုပြန်ကြည့်၍့

“သက်တမ်းကုန်နေရမှာ့ ယမမင်း”

ပြီးလေပြီ။ ဘိုကြီးထခုန်မိမတက်ပင် ၀မ်းသာသွားတော့၏ ။ သူ့လောက် ကံကေင်းမည့် သူ ကမ္ဘာတွင် မရှိနိုင်တော့။

“ဒါဆို လူမှားခေါ်လာတာပေါ့”

ခမိန်သုမှာ ခေါင်းကိုလေးပင်စွာ ညိတ်သည်။ ယမမင်းက့

“သူ့ကို ဘယ်သူသွားခေါ်တာလဲ။ ခေါ်တဲ့ကောင် ရှေ့ထွက်ခဲ့စမ်း”

အသံမှာ ပြင်းထန်းလွန်းလှ၏ ။ ချက်ချင်း ပင် ညာဘက်အရပ်ဆီမှ ငရဲထိထန်းနှစ် ဦး မ၀ံ့မရဲ ဖြင့် ရှေ့ထွက်လာသည်။ မှတ်မိပါ၏ ။ အိမ်ရှေ့ရောက်မှ အကျယ်ရဲသော ရပ်ကွက်လူမိုက်နှစ် ကောင်။ ဒါပေမဲ့ အခုတော့ ကျားရှေ့မှော က်လျက်လဲသော သမင်လေးနှစ် ကောင်လို ဒူးထောက်ထိုင်ချသည်။

“ဘာလို့လူမှားလာတာလဲ”

“ဟို့ ဟိုဟာ့ ကျွန်တော် တို့”

တစ်ဦးကိုတစ်ဦးကြည့်ကာ ဘာဖြေရမှန်းမသိ။

“ဖြေလေကွာ”

နောက်တစ်ကြိမ်အော်သံ ထွက်လာသော်လည်း အဖြေမရှိ။

“ဘယ်သူ့ကိုခေါ်ရမလဲဆိုတာ သေစာရင်းစာအုပ်စောင့် နတ် သမီးက အိပ်မက်မပေးဘူး လား”

“ပေးပါတယ်”

“ပေးရက်နဲ့ ဘာလို့မှားတာလဲ ”

ဒူးထောက်နေလျက်မှ တစ်ဦးက ဦးခေါင်းကို ငုံ့ကာတင်လျှောက်သည်။

“မနေ့က မီးလျှံငရဲမှာ တစ်နေကုန် ပင်ပန်းထားလို့ အိပ်ရာဝင်တော့ တစ်ချိုးတည်း အိပ် ပျော် သွားပါတယ်။ သေစာရင်းစာအုပ်စောင့်နတ်သမီးပေးတဲ့ အိပ်မက်ကို အကုန်မမှတ်မိလိုက်ပါ ဘူး။ နာမည် ပဲမှတ်မိလိုက်ပါတယ်။ အဲဒါကြောင့် ပါ”

ယမမင်းရဲ့ မျက်လုံးများ မီးဝင်းဝင်းတောက်လာပြီ့း့

“မင်းကရော့”

အမေးခံရသူ ငရဲထိန်းမှာ တစ်ကိုယ်လုံး တုန်ယင်လာပါ၏ ။

“ကျွန့့် ကျွန်တော် ညကမျက်စိကြောင်ပြီး အိပ်မပျော်လို့ အိပ်မက်မမက်လိုက်ပါဘူး”

“အိပ်မပျော်ရအောင် မင်းကဘာလုပ်နေလို့လဲ”

“ဘောလုံးပွဲကြည့်နေလို့ပါ”

“ဘာကွ့”

ယမမင်း၏ ဒေါသတို့ပြင်းထန်လေပြီ။ အခြေအနေကို သဘောပေါက်စွာ ခမိန်သုက ၀င်းထိန်းသည်။ ယမမင်းနားသို့ ကပ်ကာ တစ်စုံတစ်ရာကို ပြော၏ ။ ဘာပြောလိုက်သည်မသိ။ ယမ မင်းမှာ ငရဲထိန်းနှစ် ကောင်အား စိန်းစိန်းကြည့်နေရာမှ့

“အေ့း့ မင်းတို့ကိစ္စပြီးမှရှင်းမယ်။ အခုလောလောဆယ် သူ့ကို အမြန်ဆုံးပြန်ပို့ပေးလိုက်”

သက်သာရာရသွားသလို ခေါင်းများ ပြန်မော့လာတော့

“ဘယ်ကခေါ်လာတာလဲ”

“အလယ်ရိုးမကပါ”

ယမမင်း မျက်မှော င်ကြုတ်သွားစဉ့့်

“လျှိုထဲပြုတ်ကျပြီး သတိလစ်နေတာတွေ့ လို့ပါ”

“ပြောတော့ မင်းကကျောင်းသားဆို။ ရိုးမထဲလာပြီး ဘာလုပ်တာလဲ”

အမေးရှိလာတော့ ဖြေရပြီ။ ထောက်ထားသော ဒူးကိုဖြုတ်ရင်း ခါးထောက်ကာ မတ်တတ် ရပ်လိုက်သည်။ ပြီးတော့

“ဟုတ်တယ့့် ကျွန်တော် က ကျောင်းသား၊ အလယ်ရိုးမကိုလေ့လာရေး ခရီး ထွက်လာ တာ။ သူငယ်ချင်းတွေ ရော၊ ဆရာမ တွေ ရောပါတယ်။ ကဲ့ ခင်ဗျားတို့ ဘာသိချင်သေးလဲ”

ကိုယ့်ဘက်က မှန်နေပြီ ဖြစ်ရာ ဘိုကြီးမကြောက်တော့။ ခနဲ့တဲ့တဲ့ကြည့်ထားသော ခမိန်သု ကို မချိုမချဉ် ပြန်ကြည့်ရင့်း့

“ဟိုမှာ အခုချိန်ဆို ကျွန်တော် ပျောက်လို့ ဆရာမ တွေ ၊ သူငယ်ချင်းတွေ ခေါင်းမီးတောက် နေလောက်ပြီ။ အဲဒါကို ခင်ဗျားတို့ ဘယ်လိုတာဝန်ယူမှာ လဲ။ ဒါ တရားစွဲလို့ရတယ်နော်။ ပေါ့သေး သေးမထင်နဲ့”

ခမိန်သုကမကြားယောင်ပြုကာ့

“ကဲ့ ကဲ့ သူ့ကိုပြန်ပို့လိုက်ြ ကတော့”

ဒူးထောက်ထိုင်နေသော ငရဲထိန်းနှစ် ဦး မတ်တတ်ရပ်လာသည်။ ထိုအခိုက့့်

“အမောင်လူသာ့း့”

ယမမင်းခေါ်သံ။

“ဘာလဲ့”

“လူ့ပြည်မှာ အရင်အတိုင်းပဲ ကောင်းမှု ကုသိုလ် ဆက်ပြုပါ။ မကောင်းမှု တွေ ကို တတ်နိုင် သမျှ ရှောင်ကြဉ်ပါ။ ရှာဖွေအပ်သော ဥစ္စာ ပစ္စည်းတို့၏ မမြဲခြင်းသဘောကို သိရှိ၍ ကိုယ့်နောက်ပါ မည့် အလှူဒါနကိုပြုပါ။ ပြုပြီးတိုင်းလည် ကျွန်ုပ်ကို နာမည် ခေါ်ပြီး အမျှဝေပါ”

အလကားနေရင်း နှမ်းလှမ်းဖြူးလိုက်သေးသည်။ မပြောမ ဖြစ်လို့ ထုံးစံအရ ပြောရသော ပုံစံ ပါ။ စေတနာရှိလို့ ဟုတ်မည် မထင်။ အမျှဝေရင်တောင် သူ့နာမည် ခေါ်ပြီး ဝေပါတဲ့။ ဝေးသေ့း့။

ဟိုအရင်တုန်း ကတော့ မသိလို့ဝေခဲ့သည်။ အခုတော့ နေလိုက်တော့။ ဘယ်သူဘာကောင် ဆိုတာ ရှင်းရှင်းဘွင်းဘွင်းကြီး သိလိုက်ရပြီ မဟုတ်ပါလား။

“ကဲ့ ပို့မယ်ဆုလည်း မြန်မြန်ပို့ဗျာ။ ခင်ဗျားတို့ဆီနေရတာ အသက်ရှူကြပ်လွန်းလို့”

ငရဲထိန်းနှစ် ကောင်က လာတုန်းကအတိုင်း သူ့ကိုတစ်ဖက်တစ်ချက်မှ ကိုင်ကာ ပြန်ခေါ် သွား၏ ။ ဒရွတ်ဆွဲမသွားတော့။ ဒရွတ်ဆွဲလျှင်လည်း ဖနောင့်နဲ့ ထပေါက်တော့မည် ။

အ၀ရောက်တော့ မုခ်ဦးတံခါးကြီးနှစ် ချပ်က အလိုလိုပြန်ပွင့်သွားပြီး အလင်းရောင်းပေါ်လာ သည်။ ကျောက်ခင်းလမ်းလေးမှ ထွက်တော့ အပြင်မှာ ရထားတစ်စီးက အသင့်စောင့်နေ၏ ။

ဘိုကြီးနောက်လှည့်ကာ နှုတ်ဆက်လိုက်သည်။

“Goodbye ငရဲပြည်”

ထို့နောက်

* * * * *


ဝန်ဇင်းချစ်သူများ သိုးဆောင်း ၏ “ မြို့ကလေးရဲ့ရာဇ၀င် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သိသောသူမည်ကား ကြားပါစေ

တောရိလျောရိလေးပဲ ချစ်ခဲ့သည်

နှစ်ပါးသွား Message