I
ကျူရှင်မှဆင်းဆင်းချင်း သူမကားမှတ်တိုင်သို့ ခပ်သွက်သွက် သွားမိသည်။ ဖေဖေလာကြိုမှာ မဟုတ်သည့်အတွက် လိုင်းကားစီး၍ သာ ပြန်ရပေမည် ။ Taxi ဖြင့် ပြန်ရအောင်ကလည်း လက်ထဲမှာ ပိုက်ဆံကမပြည့်။
နာရီကိုကြည့်မိတော့ ညကိုးနာရီပင် ကျော်နေပါပြီ။ စာမေးပွဲအတွက် အရေး ကြီးသည်များ သင်နေသည်မို့ အချိန်လွန်နေပြီဆိုတာ သိပေမဲ့ ဆရာမ ကို မည် သူမျှ သတိမပေး ဖြစ်ကြ။ ယခုတော့ မိုးချုပ်ရုံပင်မဟုတ် ဗိုက်ပင်တော် တော် ဆာနေပြီ။
မတတ်နိုင်တော့။ အိမ်ရောက်မှသာ စားရပေတော့မည် ။ အခုလောလောဆယ် အရေး ကြီး သည်က စောင့်နေသော ဘတ်စ်ကား မြန်မြန်လာဖို့၊ အိမ်ရောက်ဖို့က ဘတ်စ်ကားတစ်ဆင့်စီးရုံဖြင့် ရောက်မည် မဟုတ်ပါ။ ကြားမှတ်တိုင်တစ်ခါဆင်းပြီး နောက်တစ်ကား ပြောင်းစီးရပေဦးမည် ။
ထို့အတွက်ကြောင့် စောင့်နေသော ကား မြန်မြန်လာဖို့သာ သူမ စိတ်စောနေမိပါသည်။
"နွေးနွေးရေ . . . သွားပြီနော်"
ထွက်ခါနီး ဆဲဆဲ ဘတ်စ်ကားပေါ်မှ သူငယ်ချင်းတွေ လက်ပြနေကြသည်မို့ သူမ ပြန်လည် လက်ပြရင်း နှုတ်ဆက် ဖြစ်ပါသည်။ ထိုစဉ်မှာ ပဲ ခပ်လှမ်းလှမ်းဆီမှ မှတ်တိုင်သို့ ဦးတည်လာနေသော ဘတ်စ်ကားကြီးတစ်စင်းကို တွေ့ ရပါ၏ ။
ကားနဖူးဆီမှ နံပါတ်အား သေချာစူးစိုက်ကြည့်ပေမဲ့ မီးရောင် နှင့် မို့ သဲသဲကွဲကွဲ မမြင်ရ။ ဒါပေမဲ့ ခဏချင်းမှာ ပင် သူမ ခွဲခြားသိနိုင်ခဲ့သည်။ သူမစောင့်နေသော ဘတ်စ်ကားကြီးတစ်စီးပါပဲ။ ထိုင်ခုံ နေရာလွတ်မရှိသည့် အပြင် မတ်တတ်ရပ်သူတွေ ပါ အတော် များများ ရှိပေမဲ့ သူမ မရွေးချယ်နိုင်ပါ။ ခပ်သွက်သွက် ကားပေါ်သို့ လှမ်းတက်ခဲ့လိုက်သည်။
မတ်တတ်တစ်နေရာအား တိုးဝှေ့ရှာဖွေပြီးသွားစဉ်မှာ ပဲ ကားကြီးမှာ မှတ်တိုင်မှ ထွက်ခွာသွား ပါ၏ ။ တော် သေးသည်။ တံခါးပေါက်မှ လေတိုးဝင်နေသည်မို့ လူကြပ်ပေမဲ့ အသက်ရှူမကြပ်။ ဒါပေမဲ့ အလယ်လျှောက်လမ်းကျဉ်းသည်မို့ မှတ်တိုင်အတက်အဆင်း လူတွေ ၏ တိုးဝှေ့မှု ကိုတော့ ခဏခဏ ခံရသည်။
ညဘက်ပေမို့ ကားကြီးက အသွားသွက်ကာ မှတ်တိုင်တွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာ သည်။ မကြာခင် သူမဆင်းရမည့် မှတ်တိုင်သို့ ရောက်ပေတော့မည် ။
မကြာလိုက်။ မှတ်တိုင်အော်သံတစ်ခု၏ အဆုံးသတ်မှာ တော့ 'ပါတယ်' ဟူသော စကားသံ တိုးတိုးနှင့် အတူ သူမ အပေါက်ဝဆီသို့ ဦးတည်လိုက်ပါသည်။
'ကျွီ . . .' ခနဲ ကားဘရိတ်အုပ်သံဆုံးတော့ ရှေ့မှနှစ် ယောက် အရင်ဆင်းသွား၏ ။ ထိုနောက်မှ သူမ . . .
ပြင်ပရနံ့နှင့် မာကျူရီမီးတွေ က ညတစ်ခု၏ အလှကို တောက်ပပေးနေပေမဲ့ သူမ မခံစားနိုင်ပါ။ မှတ်တိုင်အောက်သို့ ဝင်ရင်း ခြေစုံရပ်မိသည်။ အိမ်ရောက်ဖို့ နောက်ကားတစ်စီး ထပ်စီးရပေဦးမည် ။
တော် သေးသည်။ ညကိုးနာရီကျော်နေပေမဲ့ မှတ်တိုင်က လူမပြတ်သေး။ ဒါပေမဲ့ အလကား ရပ်နေလို့မ ဖြစ်။ နောက်ကားစီးဖို့အတွက် စပယ်ယာအော်ငေါက်မှု လွတ်ရန် သူမလုပ်စရာရှိတာ လုပ်ရ ပေမည် ။ ဘာပဲပြောပြော လက်ထဲမှာ ကားခအသင့်ကိုင်ထားမှ တော် ကာကျမည် ကြောင့် ပခုံးမှာ လွယ်ထားသော အိတ်အား ဖြုတ်လိုက်ပါသည်။
''ဖျောက် . . . ''
အဖွင့်အပိတ်ကြယ်သီးအား ဖြုတ်၍ အိတ်တွင်း လက်နှိုက်လိုက်စဉ်မှာ ပဲ . . .
''ဟာ . . .''
ဒိန်းခနဲ ဖြစ်သွားသော ရင်ခုန်မှု တစ်ခုနဲ့အတူ မျက်လုံးတို့ ပြူးကျယ်သွားကာ . . .
''ဘုရားရေ . . . ''
ကမန်းကတန်းပင် အိတ်ကို အနီးကပ်ယူကြည့်လိုက်တော့ . . .
လည်သာသားရေအိတ်လေးသည်ကား ထိုးခွဲထားသော ဓားရာတစ်ချက်နဲ့အတူ ရင်ကွဲ ပက်လက် အသက်ပျောက်နေပေပြီ။
အလျင်စလိုပင် အတွင်းမှာ ထည့်ထားသည့် ပိုက်ဆံအိတ်သေးသေးလေးအား ရှာကြည့်လိုက် ပေမဲ့ ရှိမနေတော့။
စာအုပ်အချို့နှင့် ကျောင်းသားကတ်မှလွဲ၍ အိတ်၏ အတွင်းပိုင်းမှာ ရှင်းလင်းလို့နေပေပြီ။ တစ်ကိုယ်လုံး ကြက်သီးတွေ နွေးခနဲ ဖြစ်သွားကာ ခေါင်းတစ်လုံး ထူပူသွားသည်။ ခါးပိုက်နှိုက်ခံရပြီဟု သိပြီးသည့်နောက်မှာ အရင်ဆုံး ခေါင်းတွင် ပေါ်လာသည်ကား . . .
အိမ်သို့ ဘယ်လိုပြန်ရမလဲ။ သေချာတာ ကတော့ သူမဆီမှာ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ကျန်မနေတော့ပါ။ ချက်ချင်း ပင် မျက်ရည်တို့ ဝဲတက်လာကာ ရင်တွင်း၌ အားငယ်စိတ်တွေ မွှန်ထူသွား သည်။ တစ်ခါမှ မတွေ့ ကြုံဖူးသည့်အပြင် ညကြီးအချိန်မတော် ။
အလိုလိုသိမ်ငယ်စိတ်တွေ ၊ ရှက်စိတ်တွေ ရောမွှေသွားပြီး ဘာကြောင့် မှန်းမသိ ရပ်နေရာ ကားမှတ်တိုင်မှ ထွက်လာမိလျက်သား ဖြစ်သွားသည်။ ကျောပဲမလုံချင်သလိုလို၊ မျက်နှာပဲပူသလိုလို။ အိမ်ကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းရမည် လား၊ ဖုန်းယူမလာမိသော မိမိကိုယ်ကို ယခုမှ အပြစ်တင်နေ မိသည်။
Taxi ကားစီးပြီး အိမ်ရောက်မှ ပိုက်ဆံပေးလျှင်တော့ ရနိုင်ပါသည်။ သိပ်လွယ်မည် တော့ မဟုတ်။ အကျင့်မရှိတော့ ပါးစပ်က စကားစခက်နေမှာ သေချာသည်။ ဒါပေမဲ့ လုံးဝရွေးချယ်စရာ လမ်းမရှိလျှင်တော့ မတတ်နိုင်။ ထိုအတိုင်းသာ လုပ်ရပေလိမ့်မည် ။
လောလောဆယ် ဆက်သွယ်စရာ ဖုန်းတစ်လုံးလောက်ရှိလျှင်ရော။
အိမ်ကိုဖုန်းဆက်၍ လာခေါ်ခိုင်းမည် ။ ပိုက်ဆံမရှိပေမဲ့ တောင်းပန်ကာ အိမ်ကကားအလာကို စောင့်နေမည် ။ ကားရောက်လာမှ ကျသင့်သည့်ဖုန်းဖိုးကို ရှင်းပေးမည် ဆိုလျှင်ရော . . .
မဆိုး။ ဒီအကြံလေးက ကျန်တာတွေ ထက် ပိုအဆင်ပြေနိုင်သည်။ အတွေးရလျှင်ရချင်းမှာ ပဲ ဘယ်ကိုမှန်းမသိ လျှောက်လာနေသော သူမခြေထောက်တွေ ကို ရပ်တန့်လိုက်ပါ၏ ။ ဆက်သွယ်စရာ ဖုန်းတစ်လုံးတစ်လေ ရှိလိုရှိငြား ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။
ယနေ့ညသည် သူမအတွက် ကံဆိုးသော ညတစ်ညဆိုတာ သေချာပါ၏ ။ ဆက်သွယ်ရေး ဖုန်း မပြောနှင့် အိမ်ဖုန်းပင် အကူအညီ တောင်းဖို့မလွယ်တော့ပါ။ အကုန်လုံး တံခါးပိတ်ကာ မီးမှိတ်ကုန်ကြ ပြီ။
ဒါပေမဲ့ ခပ်လှမ်းလှမ်း အကွာအဝေးတစ်ခုမှာ တော့ မီးရောင် လက်လက်ကို မြင်ရ၏ ။ ရောင် စုံ မီးပြေးတွေ ဖြင့် စုံလင်စွာ အလှဆင်ထားသည့် ဆိုင်းဘုတ်တစ်ခုပါ။ ဝမ်းသာစိတ်နည်းနည်း ဖြင့် ခပ်သွက်သွက် လှမ်းသွားမိလိုက်ပါသည်။ ကလေးကစားကွင်းတစ်ခု။
ရင်တွင်း၌ ကယ်တင်ရှင် နတ်ဘုရားတစ်ပါးအား ဖူးတွေ့ လိုက်ရသလို ဝမ်းသာစိတ်တွေ ဖြစ်ထွန်းသွားရပါ၏ ။ ဘာပဲပြောပြော ဖုန်းဆက်ဖို့တော့ အဆင်ပြေလောက်ပါသည်။ မိန်းကလေး ဝန်ထမ်းရှိနေလျှင် ပိုကောင်းသည်။ ဒီလိုကိစ္စမျိုးက မိန်းကလေးချင်းပြောဆိုလျှင် ပိုမိုပွင့်လင်းနိုင်သည် မဟုတ်ပါလား။
ဒါပေမဲ့ ဆိုင်တွင်းသို့ ရောက်စဉ်မှာ ပဲ သူမအတွေးတွေ လုံးဝလွဲချော်သွားကြောင်း သိရတော့၏ ။ မိန်းကလေးဝန်ထမ်း တစ်ဦးတစ်လေမျှ ရှိမနေပါ။ အံ့သြသလို ဖြစ်သွားမိပေမဲ့ နာရီကိုကြည့်မိတော့ သူမပေါ့လျော့မှု တစ်ခုကို ထပ်တွေ့ လိုက်ရသည်။
ဒီအချိန် မိန်းကလေးဝန်ထမ်း ဘယ်ရှိတော့မည် လဲ။ အိမ်ပြန်ကုန်ကြရောပေါ့။ ဒါဆိုဘယ်လို လုပ်ရမလဲ။
ကစားကွင်းအတွင်း တတ်နိုင်သလောက် မျက်လုံးကစားကြည့်ပေမဲ့ ဆက်သွယ်ရေး ဖုန်းနဲ့ တူတာ မတွေ့ ရပါချေ။ ကစားနေသော လူအချို့နှင့် အလုပ်ရှုပ်နေသော ဝန်ထမ်းများ ကိုသာ တွေ့ ရ သည်။ သူမ အတွေးမမှားဘူးဆိုပါက မကြာခင် ကစားကွင်းပိတ်တော့မည် ။
ဘာလုပ်ရမည် လဲ။ သေချာတာတစ်ခု ကတော့ ဆက်သွယ်ရန် ဖုန်းတစ်လုံးကို အမြန်ရှာဖို့ ခြေကို ခပ်သွက်သွက်လှမ်းရင်း ဂိမ်းစက်များ ကို ကွေ့ကာဝိုက်ကာ ဖြစ်နိုင်ချေကောင်တာများ ကို ရှာဖွေ ကြည့်လိုက်သည်။ ဖြုတ်သိမ်းလိုက်ကြပြီလားမသိ။ ငွေလဲကောင်တာတွေ ပေါ်မှာ ရှင်းလင်းလျက်သာ ရှိနေပါသည်။
စိုးထိတ်သော ခြေလှမ်းများ နှင့် ပတ်ဝန်းကျင်ကို ကြည့်ရှုရှာဖွေနေစဉ်မှာ ပဲ . . .
နေရာတစ်ခု၏ ညှို့ကွင်းမှာ မျက်လုံးတို့ ခိုဝင်သွားတော့သည်။ ခြေလှမ်းတို့မှာ လည်း ညှို့ချက် ဗဟိုဆီ အလိုလို လှမ်းမိလျက်သား ဖြစ်သွား၏ ။
ကစားနည်းလေးတစ်ခုပဲ။ ရိုးရိုးရှင်းရှင်း ကစားနည်းလေးတစ်ခုပါပဲ။ ကျေးရွာဘုရားပွဲနှင့် ရပ်ကွက်ဘုရားပွဲအချို့မှာ တွေ့ ရတတ်သည်။ ကစားကွင်းတော် တော် များ မှာ လည်း တွေ့ ရပါ၏ ။ လျှပ်စစ်မော်တာအရှိန်ဖြင့် လည်နေသော စားပွဲဝိုင်းတစ်ခု။ ထိုအပေါ်မှာ ငွေဖလားခုနှစ် လုံးခန့်ကို စက်ဝိုင်းသဏ္ဌာန်တင်ထားသည်။ ထိုငွေဖလားတွေ ၏ မျက်နှာစာမှာ လည်း စာတန်းတစ်ခုစီ ရေး ထိုး ထား၏ ။
ကံကောင်းပါစေ။ ချစ်သူခင်သူ ပေါပါစေ။ ထီပေါက်ပါစေ။ စာမေးပွဲအောင်ပါစေ။ ချစ်သော သူ နှင့် ညားပါစေ စသော စာတန်းများ ။ ထိုလည်ပတ်နေသော စားပွဲဝိုင်းကို အပြင်မှ ခါးလည်ခန့်အမြင့် ရှိသော သံဆန်ခါကွက်တွေ ဖြင့် ကာရံထား၏ ။ ပြုလုပ်ပုံက ရှင်းပါသည်။
ကံစမ်းလိုသူသည် သံဆန်ခါ၏ အပြင်ဘက်မှနေ၍ အလိုရှိရာဖလားထဲသို့ အကြွေစေ့ (သို့ ) စက္ကူပိုက်ဆံကို ပစ်ထည့်ရသည်။
(ဥပမာ - 'ကံကောင်းပါစေ' ဟူသော ဖလားကို ရည်ရွယ်၍ ပစ်ထည့်ပါက တည့်မတ်စွာ ဝင်လျှင် ကံကောင်းမည် ဖြစ်ပြီး လွဲချော်ပါက ကံကောင်းမှု နှင့် ဝေးမည် ဖြစ်သည်။)
ကံကိုယုံကြည်သူများ ၏ အစဉ်အလာ ကစားနည်းတစ်ခု ဖြစ်သလို၊ ယုံကြည်မှု အလိုက် အကျိုး သက်ရောက်သည်ဟုလည်း အယူရှိကြသည်။ ခရစ်ယာန်ဘာသာဝင် ဖြစ်ပေမဲ့ ကံကိုယုံကြည်သူများ ထံ တွင် တော့ သူမလည်း တစ်ဦးအပါအဝင် ဖြစ်ပါသည်။
ယခုကာရံထားသော သံဆန်ခါကွက်နားကို သူမရောက်လာသည်က ကံစမ်းဖို့လား . . .
မဟုတ်။
အတွင်းသို့ ဝင်ရန် ပြုလုပ်ထားသော တံခါးလေး ပွင့်ဟနေသည်။ ဒါက ငွေဖလားများ အတွင်း ပစ်သွင်းထားသော အကြွေစေ့နှင့် ငွေစက္ကူများ ကို သိမ်းဆည်းရန် အတွင်းပိုင်းသန့်ရှင်းရေး လုပ်ရန် ပြုလုပ်ထားသော တံခါးလေးပါ။
ပြန့်ကျဲနေသော ငွေစက္ကူများ နှင့် အကြွေစေ့များ ကို ကြည့်ခြင်းဖြင့် သိမ်းဆည်းမှု မလုပ်ရသေး ဆိုတာ သေချာသည်။ တံခါးပွင့်နေသည် ကတော့ ဝန်ထမ်းတွေ ၏ ပေါ့လျော့မှု တစ်ခုပါပဲ။ နောက်ထပ် ပေါ့လျော့မှု တစ်ခု ကတော့ အနီးအနားမှာ ဝန်ထမ်း တစ်ယောက် တစ်လေမျှ မရှိခြင်းပင်။
နီးစပ်ရာ ဂိမ်းစက်များ မှာ လည်း ကစားသူမရှိ။ ထိုအခြေအနေ၏ လှုံ့ဆော်မှု ကြောင့် သူမ ခေါင်းတွင်းသို့ ထောင်ချောက်ဆန်ဆန် အတွေးတစ်ခု ဝင်ရောက်လာသည်။ ဒါက သူမအတွက် ဘုရား သခင်၏ မျက်နှာပေးမှု တစ်ခုလား။
သူမ တံတွေးတစ်ချက်ကို မျိုချမိလိုက်ပါသည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း ကျဉ်စပ်စပ် ဖြစ်သွား၏ ။ ဖုန်းဆက်ရန် လိုက်ရှာနေဦးမှာ လား၊ အမှတ်မထင်ရလာသည့် အခွင့်အရေး ကို အမိအရ ဖမ်းဆုပ်မှာ လား။
မည် သည်က သေချာသနည်း။
ဦးနှောက်က ခဏချင်းပင် ခွဲခြားမှု တစ်ခုအား ပြုလုပ်ပေးလိုက် ပြီးသည့်နောက်မှာ တော့ . . .
လက်သီးတစ်ချက် ဆုပ်မိသွား၏ ။ ပြီးတော့ အသက်တစ်ချက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက် သည်။ ထို့နောက်မှာ တော့ . . .
ဘဝမှာ ပထမဦးဆုံးအကြိမ် ဖြစ်ပေမဲ့ သူမလုပ်ရပ်ကို မည် သူမျှ သတိမထားမိလိုက်ပါ။
မတတ်နိုင်တော့။
လူ့ဘဝ၏ ကျဉ်းကြပ်ချိန်ထဲ၌ ကိုယ့်ကိုယ်ကိုယ် စတေးလိုက်ရသော လွတ်မြောက်မှု တွေ လောကမှာ ဘယ်လောက်များ ရှိနေပြီလဲ။
မတွေးချင်တော့။
သေချာတာတစ်ခု ကတော့ သူမလက်တွင်းမှာ ငွေစက္ကူအချို့ ပါလာသည်။ အပြင်ကိုရောက် တော့ Taxi တစ်စီးကို လက်ပြတားလိုက်၏ ။
နောက်ထပ်သေချာမှု တစ်ခုလည်း ရှိနေပါသေးသည်။
အဲဒါက . . .
နှိုက်ယူခဲ့သော ငွေဖလား၏ မျက်နှာစာမှစာတန်း။
လူတိုင်း ဖြစ်ချင်ခဲ့သော အဓိပ္ပာယ်လေးတစ်ခုပါပဲ။
ဒါပေမဲ့ သူမ မျက်ဝန်းထဲမှာ သေချာစွဲနေသည်။
× × ×
တစ်ခါတုန်းက တက္ကသိုလ်တစ်ခုတွင် အဖွဲ့လေးတစ်ဖွဲ့ ရှိခဲ့ဖူးလေသည်။
အဖွဲ့လေးနာမည် က အရမ်းလှပါသည်။ နာမည် ကြားရုံနဲ့ပင် အဖွဲ့လေးနှင့် ရင်းနှီးလိုမှု တို့ ဖြစ်သွားရလောက် စွဲဆောင်မှု ရှိသည်။
ရိုးရိုးလေးပါ။
ဒါပေမဲ့ အရမ်းခေါ်လို့ကောင်းသည်။
အဖွဲ့လေးနာမည် က 'ရင်ခုန်သံ' တဲ့။
× × ×
'ရင်ခုန်သံ' ဆိုတာ ဘယ်လိုအဖွဲ့လေးလဲ?
တက္ကသိုလ်အများ စုမှာ သာမန်အားဖြင့် ရှိတတ်သော အဖွဲ့တွေ နှင့် လုံးဝမတူသော အဖွဲ့လေး။
- ကဗျာဆရာအဖွဲ့မဟုတ်။
- ဂီတရူးသွပ်သူများ ပေါင်းစုထားသည့် အဖွဲ့မဟုတ်။
- ကျောင်းတော် ကြီးတွင် ချစ်သူစုံတွဲ များ တိုးပွားအောင် ကူညီပေးသော (ဝါ)အောင်သွယ် လုပ်ပေးသော (ဝါ) အကျိုးဆောင်ပေးသော အဖွဲ့မဟုတ်။
- ကျောင်းတော် ၏ အချောအလှများ ကို စာရင်းပြုစုကာ ထိုသူတို့၏ အချက်အပြည့်အစုံ ကို အလိုရှိသူများ အား အခကြေးငွေဖြင့် ရောင်းစားတတ်သည့် အဖွဲ့မျိုးမဟုတ်။
ဒါဆို 'ရင်ခုန်သံ' ဟူသော အဖွဲ့လေးက ဘယ်လိုအဖွဲ့မျိုးလေးလဲ။
× × ×
နာမည် နှင့် လိုက်ဖက်သော လုပ်ငန်းစဉ်ကိုသာ လုပ်ဆောင်ပါသည်။
အကူအညီတောင်းသူများ ၏ 'ရင်ခုန်သံ' များ အတိုင်း လိုက်ပါခံစားရင်ခုန်သည်။
ပြီးတော့ . . .
အဖြေထုတ်ပေးသည်။
× × ×
အဖွဲ့လေးနှင့် ရင်ခုန်သံချင်းနီးစပ်ဖို့ ဒါမျိုးလေးလုပ်ပေးရသည်။
- အကူအညီတောင်းလိုသော နှလုံးသားရေး နှင့် ပတ်သက်သည့် အချက်အလက် အပြည့်အစုံ၊
- သက်ဆိုင်သူ၏ နာမည် နှင့် လိပ်စာတို့ကို အဖွဲ့လေးတည်ရှိရာဌာနသို့ တက္ကသိုလ်စာတိုက်မှတစ်ဆင့် ပေးပို့ရပါသည်။
- သို့ ပေမဲ့ 'ရင်ခုန်သံ' ၏ တည်နေရာကို ရင်ခုန်သံအဖွဲ့ဝင်များ မှလွဲ၍ မည် သူမျှမသိ။
'ရင်ခုန်သံ' နှင့် အကူအညီတောင်းသူများ နီးစပ်ဖို့ ကြားခံပစ္စည်းတစ်ခုသာ ရှိသည်။
× × ×
'ရင်ခုန်သံ' သို့ ဆက်သွယ်ရန်လိပ်စာ။
မှတ်ရလွယ်ပါသည်။
ပြီးတော့ စွဲဆောင်မှု တစ်ခုလည်း ရှိသည်။
တစ်လေးလုံး
(သို့ )
စာတိုက်သေတ္တာအမှတ် - 1111
× × ×
'ရင်ခုန်သံ' ၏ လုပ်ငန်းဆောင်ရွက်ပုံအကျဉ်းချုပ်။
သို့
'ရင်ခုန်သံ' ရှင့် . . .
သမီးက ဒုတိယနှစ် အင်္ဂလိပ်စာတက်နေတဲ့ ကျောင်းသူတစ်ဦးပါ။ သမီးမှာ ချစ်သူရှိပါတယ်။ သမီးထက် နှစ် နှစ် ကြီးပြီး သမီးကို အရမ်းအလိုလိုက်ပါတယ်။ သမီးအပေါ် အရမ်းကောင်းပြီး အားကိုးထိုက်သူ တစ်ယောက် ဖြစ်လို့ အဖြေပေးခဲ့မိတာပါ။
နှစ် ဖက်မိဘတွေ လည်း သိနေကြပါပြီ။ ကျောင်းပြီးရင် လက်ထပ်ကြဖို့လည်း တိုင်ပင်ပြီးသားပါ။ ချစ်သူသက်တမ်းတစ်လျှောက်မှာ လည်း သူ့ဘက်က အမှားအယွင်းပြစ်ချက် တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။
ဒါပေမဲ့ အခုတလော သမီးစိတ်တွေ တစ်မျိုး ဖြစ်နေပါတယ်။ အကြောင်းရင်း ကတော့ သမီးဘဝထဲကို 'သူ' ရောက်လာခဲ့လို့ပါ။
သူက အရမ်းဆိုးပါတယ်။ မေဂျာတူ ဖြစ်လို့ သူ့အကြောင်းတွေ လည်း အားလုံးသိပြီးသားပါ။ ဆိုးသွမ်းကျောင်းသားစာရင်းမှာ တောင် ထိပ်ဆုံးကလို့ ပြောရမလားပဲ။ သူက သမီးကို စိတ်ဝင်စားနေပါတယ်။ လူမရှောင်၊ နေရာမရှောင် စကားလိုက်ပြောတယ်။ ငြင်းရင် မချေမငံ ပြန်ပြောတယ်။ သူပေးတဲ့လက်ဆောင်ကို မယူရင်လည်း သမီးရှေ့မှာ တင် ပေါက်ခွဲပြပါတယ်။ ညတိုင်းလည်း အိမ်ရှေ့မှာ ဂီတာလာတီးတယ်။ မတီးဖို့ပြောလည်း မရပါဘူး။
တစ်ရက် သမီးတို့ရပ်ကွက်က လူတွေ နဲ့ သူတို့အုပ်စု ရန် ဖြစ်ကြတယ်။ နောက်တစ်နေ့ ခေါင်းမှာ ပတ်တီးနဲ့ သူ့ကို ကျောင်းမှာ တွေ့ တယ်။ ဒါပေမဲ့ သူ သမီးကို လုံးဝလှည့်မကြည့်တော့ပါဘူး။ အရင်လိုလည်း မနှောင့်ယှက်တော့ဘူး။
အဲဒီ နေ့ကစပြီး သမီးစိတ်ထဲမှာ ဘာကိုမှန်းမသိ တစ်ခုခုလစ်ဟာသွားခဲ့တာပါ။ ကျောင်းတက်တာလည်း စိတ်မပါတော့ဘူး။ သူအရင်တုန်းက မချေမငံပြောတဲ့စကားတွေ ၊ စိတ်တိုင်းမကျရင် အော်တဲ့စကားအသံတွေ ၊ ဖုန်းဆက်လို့ ဖုန်းမကိုင်ရင် voice message နဲ့ 'တောက်' ခတ်သံပို့တာတွေ ကို သတိရနေမိတယ်။
အခုဆိုရင် သူပို့ထားတဲ့ 'တောက်' ခတ်သံတွေ ကိုတောင် ခဏ ခဏ ပြန်ပြန် နားထောင်နေမိတဲ့ အထိပါပဲ။ အရင်ကအကြောင်းတွေ ပြန်တွေးမိရင် ရင်တွေ ခုန်လာတယ်။
သမီး ဘာလုပ်ရမှန်းမသိဘူး 'ရင်ခုန်သံ' ရယ်။
ကူညီပေးပါဦး။
ပန်းယမုံ
စံပယ်ဆောင်၊ အခန်း (၃)
× × ×
သမီးလေး ပန်းယမုံရေ . . .
မြင်းနှစ် ကောင်ကို အလယ်က ခွစီးလို့ မရဘူးနော်။ သမီးက ဟိုဘက်မြင်းလည်း လက်မလွှတ်ချင်သလို၊ ဒီဘက်မြင်းလည်း ကောင်း၊ မကောင်း စီးကြည့်ချင်ပုံရတယ်။
အမှန် ကတော့ သမီး ကိုယ့်ကိုယ်ကိုယ် သေချာစမ်းကြည့်ရမှာ ပါ။ စာအရ သမီးရဲ့ ချစ်သူက လူကောင်း တစ်ယောက် ပါ။ နှလုံးသားရေး ကိစ္စမှာ လွတ်လပ်ပိုင်ခွင့်ရှိပေမယ့် သမီးအပေါ် တကယ်ချစ်ပြီး သမီးရဲ့ တရားဝင်ချစ်သူဆိုတာ မေ့ထားလို့ မရပါဘူး။
ဒါမျိုးက ဖြစ်တတ်လို့ သမီးကိုလည်း အပြစ်မတင်ပါဘူး။ ချစ်သူက သမီးအပေါ် အစစအရာရာ ကောင်းပြီး တစ်ဘဝလုံး အားကိုးထိုက်လို့ ရွေးချယ်လိုက်ပေမယ့် တစ်ဖက်က ထင်မထားတဲ့ အပြုအမူတွေ ၊ မကြုံဖူးတဲ့ ဆက်ဆံရေး နည်းတွေ နဲ့ တိုးဝင်လာတဲ့အခါမှာ သမီးရင်ခုန်သွားတယ် ထင်ပါတယ်။
ဒါပေမဲ့ တစ်ခုစဉ်းစားရမှာ က သမီးအပေါ် တကယ်ချစ်တာ ဟုတ်ရဲ့ လားဆိုတာပဲ။ ရန် ဖြစ်ပြီးတဲ့နောက်မှာ သမီးကို လှည့်မကြည့်တော့ဘူးလို့ ဖတ်လိုက်ရတယ်။ သူလိုလူမျိုး တစ်ယောက် အတွက် ရန် ဖြစ်တယ်ဆိုတာ ဆန်းကြယ်လှမှာ မဟုတ်ပါဘူး။
ဒါကို သမီးကြောင့် လို့ ခေါင်းစဉ်တပ်လိုက်တဲ့ သဘောလား၊ တကယ်ချစ်တာသာမှန်ရင် ဒါမျိုးက ဖြစ်သင့်သလား သေချာစဉ်းစားပါ။ စဉ်းစားတဲ့အခါမှာ လည်း နှစ် ဖက်စလုံးက ဝင်နေကြည့်ပါ။ သူ့ကိုလည်း အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်ပါ။
အဓိက ကတော့ သမီးလေးရေ . . .
ခဏတာသာယာမှု နဲ့ တစ်ဘဝစာပျော်ရွှင်မှု ဒီနှစ် ခုထဲက သမီး ဘာကိုရွေးမှာ လဲ . . .။
ဒါပါပဲ . . .။
Heart Beat
× × ×
သို့
အစ်ကို 'ရင်ခုန်သံ' ခင်ဗျာ . . .
ကျွန်တော့် နာမည် ဌေးသူရလို့ ခေါ်ပါတယ်။ ကျွန်တော် က အခုမှ First Year သင်္ချာ တက်နေ တာပါ။
ကျွန်တော် စိတ်ဝင်စားနေတဲ့ မိန်းကလေးဟာ မဟာသိပ္ပံ ဓာတုဗေဒ နောက်ဆုံးနှစ် တက်နေတဲ့ မမ တစ်ယောက် ပါ။ အရမ်းလှပြီး မာနလည်း အရမ်းကြီးပါတယ်။ ပထမနှစ် ကနေစပြီး အခု မဟာသိပ္ပံ နောက်ဆုံးနှစ် အထိ Queen ဘွဲ့ ဆက်တိုက်ရထားသူ ဖြစ်လို့ 'ဓာတုကလျာ' ဆိုပြီး သတင်းကြီးပါတယ်။ အစ်ကိုလည်း သိလိမ့်မယ်ထင်ပါတယ်။
ကျွန်တော် သူ့ကို ချစ်မိနေတယ်ဗျာ။ ဒါပေမဲ့ မာနအရမ်းကြီးတော့ သူ့နားကိုကပ်ဖို့က မလွယ်ဘူး။
အဲဒါ ကျွန်တော် ဘယ်လိုစ try ရမလဲ အကြံဉာဏ်ပေးပါဦး။
ဌေးသူရ
'ချစ်မကြီး' မုန့်တီဆိုင်၊ သုံးခွမြို့။
× × ×
သူမြင်နိုင်တဲ့နေရာကနေပြီး နှစ် ပတ်လောက် ဆက်တိုက် တံတွေးထွေးပါ။
ထွေးတဲ့နေရာမှာ သူ့ကို သေချာကြည့်ပါ။ ပြီးတော့မှ တစ်နေရာရာကို အားထည့်ပြီး ထွေးပစ်လိုက်ပါ။
'ထွီ' လို့ အသံမြည် ပါစေ။
တစ်ခုခု ထူးခြားလာပါလိမ့်မယ်။
Heart Beat
× × ×
'ရင်ခုန်သံ' အဖွဲ့သို့ . . .
ကျွန်တော် အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ။
ကျွန်တော် တို့ကြိုက်နေတဲ့ ကောင်မလေးက ရှေးဟောင်းသုတေသန အဖွဲ့ဝင် တစ်ယောက် ပါ။ ကျွန်တော် တို့လို့ သုံးလိုက်ရတာ က ကျွန်တော် နဲ့ ကျွန်တော့် သူငယ်ချင်း နှစ် ယောက် လုံး သူမကို ကြိုက်နေလို့ပါပဲ။
တစ်နေ့မှာ သူမက ကျွန်တော် တို့ နှစ် ယောက် ကို မေးပါတယ်။
'ပုဂံမှာ ဘုရားအဆူပေါင်း ဘယ်လောက်ရှိသလဲ' တဲ့။ အဲဒါ ကျွန်တော် က ငယ်ငယ်က သင်ဖူးထားတဲ့ 'လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း' ဆိုတဲ့ သံပေါက် အတိုင်း ဘုရားအဆူပေါင်း (၄,၄၄၆,၇၃၃) ဆူ ရှိတယ်လို့ ပြောတော့ . . .
မဟုတ်ဘူးတဲ့ . . . ။
ကျွန်တော် လည်း မသိတော့ပါဘူး။ ပြိုင်ဘက်သူငယ်ချင်းလည်း အခုချိန်ဆို ပုဂံမှာ ဘုရားအဆူ ပေါင်း ဘယ်လောက်ရှိတယ်ဆိုတဲ့ အထောက်အထားတွေ မြေလှန်ရှာဖွေနေမှာ သေချာပါတယ်။
ဖြစ်နိုင်ရင် ကူညီပေးပါ။ သူမအထင်သေးသွားရင် ကျွန်တော့်  မျှော်လင့်ချက်တွေ ဝေဝါးသွားနိုင်ပါတယ်။
Please . . .
ထက်ပိုင်
ကေသရာဇာ အမျိုးသားဆောင်၊
အခန်း (၁၀)။
× × ×
သူငယ်ချင်းထက်ပိုင် . . .
ချစ်သူရဲ့ အထင်သေးခံရခြင်းဟာ ယောက်ျား တစ်ယောက် ရဲ့ အရည်အချင်းကို အများ ကြီး ကျဆင်းစေတယ်ဆိုတာ ကျွန်တော် တို့ နားလည်ပါတယ်။
အဲဒါကြောင့် သူငယ်ချင်းရဲ့ အခက်အခဲကို အတတ်နိုင်ဆုံး ကြိုးစားကူညီပေးလိုက် တယ်။
ပထမဆုံးစဉ်းစားပေးရမှာ က ပုဂံရဲ့ ဧရိယာအကျယ်အဝန်းပါပဲ။ တကယ်တော့ ပုဂံဆိုတာ မိုင် (၂၀) ပတ်လည်လောက်သာရှိတဲ့ ဒေသတစ်ခုပါ။ ဒီအကျယ်အဝန်းလေးမှာ ဘုရားအဆူပေါင်း (၄,၄၄၆,၇၃၃) ဆူ ရှိဖို့ဆိုတာ စဉ်းစားစရာပါပဲ။ ပြီးတော့ 'ရွှေလသာ ဝါဝါဝင်း' ဆိုပြီး ဘုရား အဆူပေါင်း (၄၄၆,၄၄၄) ဆူဟာ ဧရာဝတီမြစ်ကမ်းပြိုရာမှာ ပါသွားခဲ့တယ်လို့ မှတ်တမ်းဝင်ထား တာကို တွေ့ ရပါတယ်။
ဒါပေမဲ့ ပုဂံတည်နေရာက ဧရာဝတီက မြစ်ကမ်းပြိုခြင်းမရှိနိုင်တဲ့ ပထဝီ အနေအထားပါ။
'လှည်းဝင်ရိုးသံ' လောက်သာ ကောက်ယူမယ်ဆိုရင်လည်း (၄,၄၄၆) ဆူသာ ရှိနေတယ်။ အင်းဝ၊ မိုးညင်းမင်းတရားလက်ထက်မှာ တော့ 'ဝင်းဝင်းထိန်လျံ' လို့ သင်္ကေတပြုထားတာ တွေ့ ရတယ်။ အဲဒီ သင်္ကေတအရဆိုရင်တော့ (၄,၄၇၄) ဆူ ရှိပါတယ်။
ကိုလိုနီခေတ် ကမ္ပည်းကျောက်စာဌာနမှတ်တမ်းမှာ တော့ (၂၁၇၁) ဆူလို့ ရေး ထိုးထားပါတယ်။ ဒါတွေ ကိုကြည့်မယ်ဆိုရင် ပုဂံဘုရားအရေအတွက်ဟာ အတိအကျ မရှိပါဘူး။ အတိအကျရှိမယ်ဆိုရင်လည်း တိတိကျကျ ပြောလို့ရမယ့် တစ်ခုတည်းသော ရေး ထိုးထားမှု မျိုး မရှိခဲ့ဘူး။
ဒါပေမဲ့ ၁၉၆၈ ခုနှစ် မှာ နောက်ဆုံးကောက်ယူခဲ့တဲ့ စာရင်းသစ်အရ (၂၂၁၇) ဆူရှိကြောင်း တွေ့ ရတယ်။ အမှတ်သင်္ကေတအ ဖြစ် 'ကျောင်းကြီးအုတ်နီ' လို့ မှတ်တမ်းတင်ထားတယ်။
အဲဒီ တော့ အခုလောလောဆယ် အနေအထားအရ ပျောက်ပျက်သွားတဲ့ ဘုရားအဆူတစ်ဝက်လောက်ကိုပါ ထည့်တွက်မယ်ဆိုရင် မိုင် (၂၀) ပတ်လည် ဧရိယာအကျယ်အဝန်းမှာ ပုဂံဘုရားအဆူပေါင်း (၅၀၀၀) ဝန်းကျင်လောက်သာ အမှန်တကယ် ရှိနိုင်ပါတယ်။
သူငယ်ချင်းထက်ပိုင် အဆင်ပြေပါစေ။
Heart Beat
× × ×
'ရင်ခုန်သံ' သို့ . . .
သူနဲ့ သမီးနဲ့က ဆယ်တန်းနှစ် မှာ ကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။ သူက စာတော် ပါတယ်။ ဆယ်တန်းအောင်တော့ သူက ဆေးတက္ကသိုလ်တက်ပြီး သမီး ကတော့ ရိုးရိုးမေဂျာပဲရလို့ day တက်ခဲ့တယ်။
ပထမနှစ် ကုန်သွားတဲ့အထိ သမီးတို့ဆက်ဆံရေး က နွေးနွေးထွေးထွေးပါ။ ဒါပေမဲ့ ဒုတိယနှစ် မှာ တော့ သူ့ဘက်က စိမ်းလာပါတယ်။ သတင်းကြားတာက ကောင်မလေး တစ်ယောက် နဲ့ တွဲ နေတယ်တဲ့။ သမီးမေးတော့ ပထမငြင်းပါတယ်။
ဒါပေမဲ့ သတင်းတွေ တစ်နေ့တစ်မျိုး မရိုးအောင်ကြားပြီး နောက်ဆုံး ငြင်းမရတော့မှ ဝန်ခံပါတယ်။ သူအရမ်းချစ်ရတဲ့ချစ်သူကို ရှာတွေ့ သွားပြီတဲ့။ သမီးကိုလည်း လမ်းခွဲဖို့ ပြောတယ်။
သမီး သူ့ကို တကယ်ချစ်တာပါ။ ဒါပေမဲ့ သူစိတ်ချမ်းသာစေဖို့ သူ့သဘောအတိုင်း လမ်းခွဲပေးလိုက် တယ်။ အခုဆို သမီးတို့လမ်းခွဲပြီးတာ တစ်နှစ် ကျော်ပါပြီ။ ဒါပေမဲ့ သူ့ကို သတိရနေသေးတယ်။ သူ့သတင်းတွေ ဆိုရင် နားစွင့်နေမိသေးတယ်။ သူနဲ့ပျော်ခဲ့တဲ့ အတိတ်ကအချိန်တွေ ကို ပြန်တွေးပြီး လွမ်းနေမိသေးတယ်။
သူ့ကို ပိုင်ဆိုင်ရဖို့လည်း မမျှော်လင့်တော့ပါဘူး။ ဖြစ်နိုင်ရင် သမီး သူ့အကြောင်းတွေ အားလုံးကို မေ့ပစ်လိုက်ချင်ပါတယ်။ ဒါပေမဲ့ အဲဒီ ကိစ္စကြီးက သမီးအတွက် တော် တော် ခက်ခဲနေတယ်။
ကူညီပါ 'ရင်ခုန်သံ' . . .
သမီး ဘယ်လိုလုပ်ရမလဲ။
သဲသဲ
FMI City (လှိုင်သာယာ)
× × ×
ဆရာတော် ရှင်ဆန္ဒာဓိကရေး ထားတဲ့ အောက်ပါစာအုပ်နှစ် အုပ်ကို ဖတ် ဖြစ်အောင် ဖတ်လိုက်ပါ။
- အချစ်ကံခေပေမယ့် အနှစ် ကျန်စေရမယ်။
- အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်။
အေးချမ်း သွားပါလိမ့်မယ်။
Heart Beat
× × ×
သို့
'ရင်ခုန်သံ' . . .
ကျွန်တော် အကူအညီတစ်ခု တောင်းချင်လို့ပါ။ ကျွန်တော့် အ ဖြစ်က ခုနှစ် ပြည်ထောင်မင်းတွေ ဝိုင်းဝိုင်းလည်နေတဲ့ ပပဝတီလိုမိန်းကလေးမျိုးကိုမှ ချစ်မိနေတဲ့ မင်းကုသလို အ ဖြစ်မျိုးပါ။
တကယ်တမ်းပြောရရင်တော့ ကျွန်တော် မင်းကုသလောက် ရုပ်မဆိုးပါဘူး။ ဒါပေမဲ့ သူနဲ့ ကျွန်တော် က အဆင့်ချင်း အရမ်းကွာဟလွန်းပါတယ်။ သူမနားမှာ အချိန်ပြည့် ကပ်နေသူတွေ ကလည်း ကျွန်တော် ဘယ်လိုမှယှဉ်လို့မရနိုင်တဲ့ ဒိတ်ဒိတ်ကျဲတွေ ချည်းပါပဲ။
သူတို့တွေ လို ကားအကောင်းစားကြီးတွေ လည်း မစီးနိုင်ပါဘူး။ သူတို့သုံးသလိုလည်း ပိုက်ဆံကို ရေလိုမသုံးနိုင်ပါဘူး။ ကျွန်တော် ဘယ်လိုလုပ်ရမလဲခင်ဗျာ။ သူမကို လိုက်နေသူအားလုံးထက်သာအောင် ဘယ်လိုချဉ်းကပ်မှု မျိုးတွေ နဲ့ တိုးဝင်ရမလဲ။
ဖြစ်နိုင်ရင် ကူညီပေးပါ။ အကြံဉာဏ် တစ်စွန်းတစ်စလေးပဲ ဖြစ် ဖြစ်ပေါ့ . . . ။
သူရဟန်
ရွှေဘိုဆောင်၊ အခန်း (၇)
× × ×
ညီလေး သူရဟန် . . .
အမှန်က ညီလေး ကိုယ့်ကိုယ်ကိုယ် စိတ်အားငယ်နေတာပါ။ ဘာ ဖြစ်လဲ ... ညီလေး စိတ်ဝင်စားနေတဲ့ မိန်းကလေးကို ဘယ်သူတွေ က ဘယ်လိုကားအကောင်းစားကြီးတွေ စီးပြီး လိုက်ရုံမကလို့ လေယာဉ်ပျံကြီးမောင်းပြီးပဲ လိုက်လိုက်ပေါ့။
အဓိက ညီလေးခေါင်းထဲ ထည့်ထားရမှာ က နှလုံးသားကို ထိအောင်ပစ်ဖို့ပဲ။ သူ့ရဲ့ နှလုံးသားကို ညီလေး ဘယ်လိုကိုင်တွယ်မလဲ။ အဲဒါပဲ အဓိကကျတာ။
ရုပ်ဝတ္ထုကိုအားကိုးပြီး လိုက်တဲ့လူတွေ က ပြန်ရရင်လည်း ရုပ်ဝတ္ထုကိုသာ ရတတ် တယ်။
ညီလေးသူရဟန် . . .
နှလုံးသားကိုလိုချင်ရင်တော့ နှလုံးသားနဲ့လိုက် . . .
Heart Beat
× × ×
ဒါလေးတွေ ဟာ နှလုံးသားရေး ရာကိစ္စတွေ မှာ အခက်တွေ ပနေသူတွေ ၊ ရှုံးနိမ့်သူတွေ ၊ ရှေ့တိုး ဖို့ ခက်နေသူတွေ နဲ့ ရင်ခုန်သံအဖွဲ့ကြား ဆက်သွယ်မှု လေးတွေ ပေါ့။
နောက်ပြီး ရင်ခုန်သံအဖွဲ့ကို စိတ်ဝင်စားကြသည့် အကြောင်းတစ်ချက်လည်း ရှိသေးသည်။ အဲဒါက ရင်ခုန်သံမှာ အဖွဲ့ဝင်ဘယ်နှစ် ယောက် ရှိသလဲ၊ သူတို့က ဘယ်သူတွေ လဲ လုံးဝမသိရခြင်းပင်။
သေချာတာ ကတော့ 'ရင်ခုန်သံ' အဖွဲ့မှာ ဒီတက္ကသိုလ်တစ်ခု၌ သာရှိပြီး ရင်ခုန်သံအဖွဲ့ဝင်များ မှာ လည်း ဒီကျောင်းဝန်း၌ သာရှိနေမှာ သေချာပါသည်။
ဒါပေမဲ့ တစ်နေ့မှာ တော့ ရင်ခုန်သံအဖွဲ့ဆီသို့ ထူးဆန်းသော စာတစ်စောင် ရောက်လာလေ၏ ။
× × ×
II
အခန်းလေးတစ်ခုက ဘာသာဗေဒမဲ့စွာ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေသည်။ အရင်အချိန်တွေ တုန်းကလည်း တိတ်ဆိတ်လျက်သာရှိသော အခန်းလေးတစ်ခု ဖြစ်ပေမဲ့ တိတ်ဆိတ်မှု က အရင်အကြိမ် တွေ ထက် သာလွန်ကာနေပါ၏ ။
အရင်တုန်း ကတော့ ဒီအခန်းလေးထဲမှာ စာအိတ်ဖောက်သံ၊ စာရွက်ခေါက်သံ၊ ပြီးတော့ အချင်းချင်း ကြားရုံလောက်သာ ပြောတတ်ကြသည့် စကားသံတိုးတိုး၊ ထိုမျှလောက်သာ ညင်သာ ဆူညံမှု မျိုး ရှိတတ်ပေမဲ့ ယခုမှာ က ဘာသံမျှမကြားရလောက်အောင် တိတ်ဆိတ်နေသည်။
ဘာကြောင့် ပါလဲ။
ပေးပို့စာလေးတစ်ခုကြောင့် ရှင်းအောင်ပြောရပါက အရင်ရောက်ရှိလာနေကျ နှလုံးသားရေး အကူအညီတောင်းစာတွေ နှင့် လုံးဝမတူသော စာလေးတစ်စောင်ကြောင့် ။
စာလေးဟာ တစ်ဦးလက်တစ်ဦးပြောင်းကာ အံ့သြတည်ငြိမ်နေသည်။ အကုန်လုံး၏ မျက်နှာ တွေ မှာ လည်း မယုံကြည်နိုင်မှု တွေ ၊ အံ့သြမှု တွေ ၊ တွေးခေါ်စဉ်းစားမှု တွေ နဲ့ လေးလေးနက်နက် . . . ။
စာလေးက ကျောင်းသူမိန်းကလေး တစ်ယောက် ၏ ကိုယ်တိုင်ကြုံတွေ့ ခံစားနေရသော အ ဖြစ် အပျက်ကို ရိုးရိုးရှင်းရှင်းလေး ရေး ပြထားခြင်း ဖြစ်သည်။ ထိုရိုးရှင်းမှု မှာ ပင် ကြီးကျယ်သော ထူးဆန်းမှု တစ်ခု ခိုတွဲပါဝင်နေ၏ ။ အနည်းငယ်တော့ ရှည်လျားပေသည်။ ဒီလိုပါ . . . ။
× × ×
ကျူရှင်လွှတ်နောက်ကျတဲ့ ညတစ်ညမှာ ပေါ့ . . .
ကျွန်မ ဘတ်စ်ကားတစ်စီးပေါ် ရောက်နေပါတယ်။ ခရီးသည်တွေ ပြည့်ကျဉ်းကြပ်ပိတ်နေတဲ့ ဘတ်စ်ကားပေါ့။ ထိုင်ခုံနေရာမရလို့ မတ်တတ်ပဲ လိုက်လာခဲ့ရတယ်။ ကျွန်မဘေးနားမှာ ခပ်ဝဝ မိန်းမကြီး တစ်ယောက် နဲ့ သားသားနားနား ကောင်လေး တစ်ယောက် ရပ်လို့နေတယ်။ ကြပ်နေလို့ လူဝင်လူထွက် ခဏခဏ အတိုးခံရတယ်။
ဒါပေမဲ့ မိနစ်နှစ် ဆယ်လောက်ကြာတော့ ကျွန်မဆင်းရမယ့် မှတ်တိုင်ရောက်လို့ ဆင်းလိုက်ပါတယ်။ ဒီနေ့ဟာ ကျွန်မ ကံဆိုးမိုးမှော င် ကျတဲ့နေ့လို့ အောက်ရောက်လို့ ကားကြီးထွက်ပြီးသွားမှ သိလိုက်တာပါ။ ပခုံးမှာ လွယ်ထားတဲ့အိတ်က ဖင်မှာ ဓားရာတစ်ချက်နဲ့ ကွဲနေပါပြီ။ ပစ္စည်းအချို့ ကျန်နေသေးပေမယ့် ပိုက်ဆံအိတ်မရှိတော့ဘူး။ ကျွန်မ ခါးပိုက်နှိုက်ခံလိုက်ရပြီ။
သေချာတာ ကတော့ ကျွန်မမှာ ပိုက်ဆံတစ်ပြားမှ မကျန်တော့ပါဘူး။ ဘာလုပ်ရမှန်းမသိလို့ စိတ်ညစ်ညစ်နဲ့ ထွက်လာစဉ်မှာ ပဲ ခပ်လှမ်းလှမ်းမှာ မီးရောင် တလက်လက်နဲ့ ကစားကွင်းတစ်ခုကို မြင်လိုက်ရတယ်။ ဖုန်းဆက်လို့ရလိုရငြား အားတက်ပြီး ကစားကွင်းထဲ ဝင်သွားလိုက်ပေမဲ့ ဆိုင်သိမ်းခါ နီးလို့ ဖြုတ်သိမ်းလိုက်ပြီထင်ပါရဲ့ ဖုန်းတစ်လုံးမှ မတွေ့ တော့ဘူး။
ဒါပေမဲ့ ကစားနည်းတစ်ခုကို တွေ့ လိုက်ရတယ်။ အဲဒီ ကစားနည်းကြောင့် ပဲ ကျွန်မ အခုလို စာရေး လိုက်ရတာ ပါ။
ကံကြမ္မာရဟတ်လို့ခေါ်တဲ့ ကစားနည်းပါ။ ဘုရားပွဲတွေ ကစားကွင်းတွေ မှာ မြင်ဖူးပါလိမ့်မယ်။ ဆုံလည်စားပွဲပေါ်က ဖလားတွေ ထဲကို ပိုက်ဆံပစ်သွင်းရတဲ့ ကစားနည်းပေါ့။
အတိုချုံးပြောရရင်တော့ အဲဒီ ဖလားတစ်ခုထဲက ပိုက်ဆံကို အိမ်အပြန်လမ်းစရိတ်အတွက် ကျွန်မ နှိုက်ယူမိခဲ့လိုက်တယ်။ ပြီးတော့ Taxi ငှားပြီး အိမ်ပြန် သွားပါတယ်။ ဒါပေမဲ့ ဖလားမှာ ရေး ထားတဲ့ စာတန်းကိုတော့ သေချာမှတ်ထားခဲ့တယ်။ နှိုက်ယူခဲ့တဲ့ပိုက်ဆံအတိုင်း နောက်တစ်နေ့ ပြန်လာထည့်ပေးဖို့ပါ။
ဖလားမှာ ရေး ထားတဲ့ စာတန်းက 'ချစ်သူခင်သူ ပေါပါစေ' တဲ့။ ဒါပေမဲ့ နောက်တစ်နေ့ မိုးလင်းအပြီးမှာ ပဲ ထင်မှတ်မထားတဲ့ ထူးဆန်းမှု တွေ ကို တအံ့တသြ ကြုံရပါတော့တယ်။
ကျွန်မနဲ့ မျက်လုံးချင်း တစ်စိတ်တစ်ပိုင်းဆုံမိတဲ့ ယောက်ျားလေးတိုင်း ကျွန်မမျက်နှာကို စက္ကန့် အတော် ကြာငေးမိတဲ့ ယောက်ျားလေးတိုင်း ကျွန်မကို စွဲစွဲလမ်းလမ်း ဝိုင်းကြိုက်ြ ကတော့တာပဲ။ လုံးဝ ထင်မှတ်မထားပါဘူး။ နေ့ချင်းညချင်း မယုံကြည်နိုင်လောက်အောင် စန်းပွင့်သွားတယ်။
အခုဆို ကျွန်မလမ်းထွက်တာနဲ့ နောက်ကလိုက်မယ့်သူတွေ ပုံနေပြီး ရည်းစားစာပေးတဲ့ခေတ် ကုန်ပြီဆိုပေမဲ့လည်း ဖတ်လို့မနိုင်တော့ပါဘူး။ ဖုန်းလာလွန်းလို့ ဖုန်းတောင် လဲကိုင်လိုက်ရပြီ။
ကျွန်မ ဒုက္ခအရမ်းတွေ့ နေပါတယ်။ ဒီဒုက္ခကို မခံစားနိုင်တော့လို့ အခုလို အကူအညီ တောင်းလိုက်ရတာ ပါ။ ဒီအ ဖြစ်အပျက်တွေ အားလုံးဟာလည်း 'ချစ်သူခင်သူ ပေါပါစေ' ဆိုတဲ့ ဖလားထဲက ပိုက်ဆံကို ယူသုံးမိတဲ့အတွက်ကြောင့် လို့ ထင်ပါတယ်။
ကျွန်မ ဘယ်လိုလုပ်ရမလဲ။
အခုဆို ကျောင်းလာရင်တောင် ရုပ်ဖျက်ပြီး လာရတဲ့အဆင့်ကို ရောက်နေပြီ။ ကူညီပါဦး။
စာပါအကြောင်းအရာ ကတော့ ထိုမျှပင်။ စာအောက်ဆုံးမှာ နာမည် နှင့် လိပ်စာကို ရေး ထား သည့်အပြင် မေဂျာ၊ အခန်းနံပါတ်နှင့် ခုံနံပါတ်ကိုပါ ရေး ပြထား၏ ။
အကူအညီတောင်းခံချင်ပေမဲ့ မယုံကြည်လျှင် မေ့ပစ်လိုက်ပါဟု ဆိုထားသေးသည်။
မည် မျှကြာအောင် တိတ်ဆိတ်သွားကြသည်မသိ။ တစ်စုံ တစ်ယောက် ၏ စကား စတင်သံကြား မှသာ အခန်းလေးက အသက်ဝင်သွားသည်။
'' ဖြစ်နိုင်ပါ့မလား''
တိုးရှရှလေး ဖြစ်သွားပေမယ့် လေယူလေသိမ်းက အရမ်းနားထောင်လို့ ကောင်းပါသည်။ ညှို့ယူသိမ်းသွင်းနိုင်သော အသံမျိုး။
''သာမန်အားဖြင့် ဆိုရင်တော့ ဖြစ်နိုင်ချေမရှိဘူး။ ဒါပေမဲ့ သာမန်ထက်ကျော်လွန်တဲ့ အကြောင်း ကိစ္စတွေ က ဘယ်နေရာ၊ ဘယ်အချိန်မှာ မဆို ဖြစ်နိုင်တာပဲ။ . . . ဆိုလိုတာက ယုတ္တိလွန် အကြောင်း အရာတွေ ပေါ့''
''ငါတို့အဖွဲ့ကို တမင်ခေါင်းစားတာဆိုရင်ရော''
နားထောင်နေသူ တစ်ယောက် က ထမေးသည်။
''ဒါလည်း မ ဖြစ်နိုင်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ စာအောက်ဆုံးမှာ နာမည် ၊ လိပ်စာ၊ ခုံနံပါတ် တွေ အတိအကျ ရေး ပေးထားတယ်။ တကယ်လို့ လိမ်နေတာဆိုရင် လွယ်လွယ်လေးပဲ။ တစ်ချက် တောက်ကြည့်ရုံနဲ့ သိနိုင်တယ်''
'' ဖြစ်နိုင်ပါ့မလားကွာ။ 'ချစ်သူခင်သူပေါပါစေ' ဆိုတဲ့ ဖလားထဲက ပိုက်ဆံယူသုံးမိလို့ တကယ်ပဲ မယုံကြည်နိုင်လောက်အောင် စန်းပွင့်သွားရသလား။ ချစ်သူခင်သူတွေ ပေါလာရသလား''
ထိုအမေးစကားကြောင့် ကနဦးပြောသူတွေ က ပခုံးတွန့်သည်။
''သူရေး ပေးထားတာပဲ။ မယုံကြည်ရင် မေ့ပစ်လိုက်ပါတဲ့။ ဒီလိုပဲ မယုံမကြည် ဖြစ်လာမယ်ဆို တာ သိနေလို့ ရေး ပေးထားတာ ဖြစ်လိမ့်မယ်''
''အေးလေကွာ . . . သူ့ဟာ ဘယ်လိုမှ လက်မခံချင်စရာကြီး''
ထိုသို့ ပြောနေပေမဲ့ တစ်ယောက် သော သူ ကတော့ ထိုင်ခုံမှာ ထိုင်ရင်း ငြိမ်နေပါသည်။ ဒါကို ရိပ်မိသော ကျန်လူတွေ က . . .
''ဟေ့ကောင် . . . ငြိမ်လှချည်လား။ ဘာတွေ တွေးနေတာလဲ''
ချက်ချင်း မဖြေ။ တစ်အောင့်ကြာမှ သက်ပြင်းတစ်ရှိုက်နှင့် အတူ စကားသံက တစ်လုံးချင်း ထွက်ကျလာသည်။
''စိတ်ဝင်စားစရာပဲ''
ပြီးတော့ ခေါင်းကို တဆတ်ဆတ် ညိတ်နေသည်။ ထိုအရာကိုကြည့်၍ တစ်ယောက် က . . .
''မင်း ဘယ်လိုထင်လဲ''
''ဘယ်လိုမှမထင်ဘူး။ ဒါပေမဲ့ သူရေး ပေးတဲ့ အကြောင်းအရာလေးကို ငါစိတ်ဝင်စားသွားတာ တော့ အမှန်ပဲ။ ဟုတ်တယ် မဟုတ်ဘူးဆိုတာ စုံစမ်းလိုက်ရင် လွယ်ပါတယ်။ စိတ်ဝင်စားသွားတာက ငါတို့ဆီကို ဒီလိုစာမျိုး တစ်ခါမှ ရောက်မလာဘူးလို့ပဲ။
ဒီတစ်ခါတော့ အားလုံး ခေါင်းညိတ်ကြသည်။
''တကယ်လို့ သူရေး ထားတဲ့အတိုင်းသာ တကယ် ဖြစ်တာမှန်ရင် ပွဲက ပိုစိတ်ဝင်စားဖို့ ကောင်းသွားပြီ''
စကားကိုရပ်တော့ အကုန်လုံး ငံ့လင့်နေကြပါ၏ ။ ချက်ချင်း ပဲ စကားကို ဆက်လိုက်သည်။
''ဒါမျိုးကိစ္စတွေ က အကြိမ်တစ်ရာမှာ တစ်ကြိမ် ဖြစ်ခဲတယ်။ ဖြစ်မယ်ဆိုလို့လည်း နှစ် ခါ မ ဖြစ် နိုင်ဘူး။ နှစ် ယောက် မရှိဘူး''
''အေး . . . အဲဒါတော့ ဟုတ်တယ်''
''ငါတော့ စိတ်ဝင်စားသွားပြီကွာ . . . ။ တွေ့ နေကျ နှလုံးသား ပြဿနာအားလုံးထက် ဒါလေးက ရင်ခုန်စရာ ပိုကောင်းတယ်''
''ဟုတ်တယ်ကွ . . . ။ တကယ်သာ စာထဲကအတိုင်းဆို ငါတို့အတွက် ရင်ခုန်စရာပဲ''
''အမှန်ပဲ''
''ဒါဆို စာထဲကအတိုင်း တကယ် ဟုတ် မဟုတ် အရင်စုံစမ်းကြည့်ရမှာ ပေါ့''
''ဟုတ်တယ်''
ထို့နောက်မှာ တော့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိသွားကြလေသည်။ ပြီးတော့ မေးခွန်းတစ်ခုက ခပ်ကျယ်ကျယ် ထွက်လာသည်။
''ငါတို့ ဘာလုပ်ကြမလဲ''
လိုက်ဖက်သော အဖြေတစ်ခုပါပဲ။ ဒါပေမဲ့ ထိုအဖြေက အရမ်းကြီးတိကျလွန်းနေသည်။
''ကွင်းဆင်းကြည့်ကြတာပေါ့''
× × ×
III
စားပွဲတစ်ခုကို အလယ်တွင် ထားပြီး ကျောင်းသားနှစ် ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြ သည်။ သူတို့နှစ် ဦး၏ နောက်နှင့် ဘေးပတ်လည်မှာ လည်း လူတွေ အုံခဲလို့။ ဒါပေမဲ့ လူတွေ အားလုံးမှာ ဘာသံမျှထွက်လို့မရအောင် တစ်စုံတစ်ရာက သူတို့ကို ဖမ်းစားထားပါ၏ ။
ထိုင်နေသူနှစ် ယောက် ကြား စားပွဲပေါ်တွင် အနီအနက် လေးထောင့်ကွက်များ ကို ချနင်းထား သော အရုပ်ငယ်လေးများ က ရှိနေသူအားလုံးအား လှုပ်ရှားလို့မရအောင် ဖမ်းစားထားခြင်းပါ။ ကြည့်နေသူများ မှာ အတိုး၊ အဆုတ်တိုက်ကွက်များ ၏ လွှမ်းမိုးမှု အောက်၌ အသက်ရှူကြပ်မတတ်။
တချို့မှာ ကစားပွဲအားကြည့်ရင်းနှင့် အလိုလို မောနေကြသည်။ ဒါပေမဲ့ ကစားနေသူ နှစ် ယောက် ကတော့ လောကကြီးထဲမှ ခဏတာခွဲထွက်ကာ ဉာဏ်ရည်ချင်းယှဉ်ရသော တိုက်ပွဲတစ်ခု ထဲ၌ ဝင်ရောက်ဆင်နွှဲနေရပါ၏ ။ ထိန်းချုပ်ကွပ်ကဲနေရပါ၏ ။
သူတို့နှစ် ဦး၏ မျက်နှာတွေ မှာ စိုးရိမ်မှု ၊ ထိတ်လန့်မှု ၊ မောဟိုက်မှု ၊ ပျော်ရွှင်မှု အလျဉ်းမရှိ။ ပကတိ ငြိမ်သက်ကာ ကစားကွက်ပေါ်မှ အရုပ်ငယ်များ ထဲတွင် ဝိညာဉ်နှင့် စိတ်ဓာတ်တို့ ထည့်သွင်း ထားကြသည်။
ကစားပွဲမှာ အချိန်ကြာမြင့်နေပါပြီ။ တိတိကျကျဆိုရပါက တစ်နာရီစွန်းစွန်းပင် ရှိနေပါပြီ။ ဒါပေမဲ့ အနိုင်အရှုံး မပေါ်သေး။ ကစားကွက်ပေါ်မှာ လှုပ်ရှားနေသော အရုပ်ငယ်များ မှာ လည်း တစ်စ ထက်တစ်စ နည်းပါးလားကာ နှစ် ဖက်စလုံး ချည့်နဲ့နေကြပြီ။
အနိုင်အရှုံးအားသိချင်၍ စောင့်မျှော်နေသူအားလုံးမှာ ကာယကံရှင်နှစ် ဦး၏ တိုက်ကွက်များ အောက်တွင် ရင်တထိတ်ထိတ်။ ထိုစဉ်မှာ ပဲ . . .
''Check''
အေးစက်စက်ထွက်ပေါ်လာသော စကားသံတစ်ခုနောက်မှာ တော့ . . .
''ဟာ . . . ''
''ဟယ် . . . ''
''အို . . . ''
''ကျွတ် . . . ကောင်းလိုက်တဲ့ ချက်စ်ကွက်ကွာ''
''ဇေယျတို့ ကတော့ လုပ်ပြီဟေ့''
ရပ်ကြည့်နေသူတွေ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပြီ။
ပြီးတော့ အချက်စ်ခံရသူဘက်သို့ မျက်လုံးတွေ စုပြုံရောက်လာသည်။ ဒါပေမဲ့ တစ်ဖက် ကတော့ အေးဆေးပါသည်။ ထင်မှတ်မထားသော အပြုအမူတစ်ခုကိုပင် လုပ်ပြလိုက်သေး၏ ။ အဲဒါက . . .
ကျောပိုးအိတ်အားဖွင့်ရင် တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်။ ကလေးတွေ စားတတ်သော ချိုချဉ်ကို ပိုက်တပ်ထားသည့် စုတ်လုံးလေး။
''ဟင် . . . ''
''ဘာလဲဟ''
ထိုသော အသံတွေ ထွက်လာပေမဲ့ ကာယကံရှင် ကတော့ အေးအေးလူလူပင်။ အခွံနွှာနေ၏ ။ ဘုရင်တစ်ကောင်လုံး အချက်စ်ခံထားတာတောင် လုံးဝစိတ်မလှုပ်ရှားသည့်အလား။ အကုန်လုံးလည်း တအံ့တသြဖြင့် သူ့အပြုအမူကို ဝိုင်းကြည့်နေကြသည်။
ဂရုစိုက်ပုံမရပါ။ ခပ်တည်တည်ပင်။ စုတ်လုံးအား ပါးစပ်တွင်းသို့ ထိုးထည့်ပြီးကာမှ ကစားပွဲဆီ အာရုံပြန်ရောက်လာ၏ ။ ခဏချင်းပင် လက်တစ်ဖက် လှုပ်ရှားသွားလေသည်။ ထိုလှုပ်ရှားမှု ၏ အောက်မှာ အချက်စ်ခံထားရသော အရုပ်လေးတစ်ရုပ်သည်က ကစားပွဲ၏ အဆုံးသတ်ဆီသို့ . . . ။
အရင်ကတည်းက ရှာတွေ့ ထားသော အကွက် ဖြစ်ပေမဲ့ နိုင်ကွက် ရှိလိုရှိငြား ရှာနေခြင်း ဖြစ်သည်။
တုတ်တုတ်မျှမလှုပ်ကြသော အသံဗလံတွေ ဆူညံလာစဉ်မှာ ပဲ မတ်တတ် ထရပ်လိုက်လေ သည်။ ပြီးတော့ ရှေ့မှာ ရှိနေသော ပြိုင်ဘက်ဉာဏ်ကြီးရှင်အား သေချာကြည့်ရင်း . . .
''ဒီလောက်ဆို လုံလောက်ပြီ ထင်တာပဲ''
စူးလက်သော အကြည့်နှစ် ခု ဒိုင်းခနဲဆုံသွားပြီးနောက်မှာ . . .
''ဟုတ်ပါတယ် . . . ပွဲပြီး သွားပါပြီ''
ဇေယျ၏ စကားသံဆုံးသွားတော့ နှုတ်ခမ်းကို တွန့်ကွေးရင်း တစ်ချက် ပြုံးမိလိုက်သည်။ ကြည့်နေသူပရိသတ်တွေ ကတော့ ယခုမှ ပွဲအခြေအနေကို သဘောပေါက်သွားသလိုမျိုး။ အသံတွေ ထွက်လာသည်။
''ဒီပွဲလည်း သရေပဲပေါ့''
''ဟုတ်တ.် . . . ။ သုံးပွဲဆက်တိုက် သရေဆိုတာတော့ လွန်လွန်းပါတယ်ကွာ''
''သူတို့နှစ် ယောက် က လက်ညီတာကိုးကွ''
စကားတွေ ကို ကျောခိုင်းရင်း မည် သူ့ကိုမျှ နှုတ်မဆက်ဘဲ အခန်းထဲမှ ထွက်လာခဲ့လိုက်ပါ သည်။
နှုတ်ဆက်ခြင်းဆိုသည်မှာ တစ်ခါတစ်ရံ ပါးစပ်တွင်းမှ စုတ်လုံးလောက်တောင် အရသာရှိသည် မဟုတ်ပါလား။
ဒါပေမဲ့ ခပ်ဆန်းဆန်းအကြည့်တွေ တော့ နောက်မှာ ပါလာမှာ သေချာပါ၏ ။ အခန်းပြင်ရောက်၍ ခြေငါးလှမ်းမပြည့်လိုက် . . .
''လင်းခက် . . . ''
ပြတ်သားသော နာမည် ခေါ်သံက တံခါးဝမှ ထွက်ပေါ်လာသည်။ နောက်လှည့်မကြည့်ပေမဲ့ လှမ်းလက်စခြေလှမ်းတွေ တော့ ရပ်တန့်သွား၏ ။ ပြီးတော့ ပါးစပ်တွင်းမှ စုတ်လုံးကို နေရာပြောင်းကာ ခေါင်းကို အနည်းငယ်လှည့်ပေးလိုက် သည်။ 'ပြော . . . နားထောင်နေတယ်' ဆိုသည့်သဘော။
''မင်း ငါ့ကို မနိုင်သေးဘူးနော်''
ပြုံးသည်ဆိုရုံ နှုတ်ခမ်းအတွန့်လေးပါပဲ။
''ဟုတ်တယ် . . . ။ ငါလည်း မင်းကို မရှုံးသေးပါဘူး''
စကားဆုံးသည့်နောက်မှာ တစ်လှမ်းချင်း လျှောက်လှမ်းသွားသော ခြေသံတစ်ခုက ရပ်ကြည့် ကျန်နေသူအားလုံးကို နှုတ်ဆက်သွားလေတော့သည်။
''ဒေါက် . . . ဒေါက် . . . ဒေါက် . . . ''
× × ×
တစ်နေကုန်ရပ်ထားရသည်မို့ ကား၏ အတွင်းပိုင်းက ပူလှောင်အိုက်စပ်နေသည်။ ချက်ချင်း ပဲ ကားစက်နှိုးကာ Air-con ဖွင့်လိုက်ရ၏ ။ ချက်ချင်း အေးမလာသေး။ တစ်အောင့်ကြာမှ အပူတွေ ဖယ်ထုတ်ရင်း နေရ ထိုင်ရ အဆင်ပြေလာသည်။
မောင်းမထွက်သေးဘဲ ခဏငြိမ်နေလိုက်သည်။ အချိန်ကိုကြည့်မိတော့ သုံးနာရီခွဲသာသာပင် ရှိနေပြီ။ ထို့ကြောင့် ကျောင်းထဲမှာ လူနည်းပါးပြီး တိတ်ဆိတ်နေခြင်းပါ။ ပြန်ကုန်ကြပြီပေါ့။
အရင်ကဆို သူလည်း ဒီအချိန် ကျောင်းထဲမှာ ရှိမနေတော့။ အဆုံးသတ်မရသော စစ်တုရင်ပွဲ တစ်ပွဲကြောင့် ကြာနေရခြင်း ဖြစ်ပါသည်။ အံ့သြဖို့တော့ ကောင်းသည်။ ဘယ်လိုရေစက်မှန်းမသိ။ သူနှင့် ဇေယျ တော် တော် ရေစက်ဆုံလေသည်။
ပထမနှစ် စတက်သည်မှစလို့ ယခု ဂုဏ်ထူးတန်းရောက်သည်ထိ တစ်မေဂျာတည်း၊ တစ်ခန်း တည်း။ ပြီးတော့ Roll No ဆိုလျှင်လည်း အမြဲ ရှေ့ဆင့်နောက်ဆင့်။ အခန်းတွင်းစာမေးလျှင်၊ စာတန်း ဖတ်လျှင်လည်း ထိပ်တိုက် ခဏခဏ တွေ့ သည်။
ကျောင်းတွင် စစ်တုရင်ပြိုင်ပွဲ၏ ပထမနေရာအား နှစ် ယောက် တွဲ ပေးရမလို ဖြစ်နေသည်ကပင် တစ်ကျောင်းလုံး စိတ်ဝင်စားလောက်နေပြီ ဖြစ်၏ ။ တကယ်ပါပဲ။ စစ်တုရင်ဗိုလ်လုပွဲ ပြန်လည်ကျင်းပ တာ ဒီနေ့ပါနှင့် ဆို သုံးကြိမ်ရှိနေပါပြီ။ သို့ ပေမဲ့ အဖြေက မထွက်သေး။
''ဟူး . . . မင်း တကယ်တော် တယ် ဇေယျ။ ဒါပေမဲ့ ငါတို့ နှစ် ယောက် က ပြိုင်ဘက်တွေ မဟုတ် ပါဘူး''
လင်းခက် တိုးတိုးရေရွတ်ရင်း ကားကို ဂီယာထိုးကာ မောင်းထွက်ရန်ပြင်လိုက်စဉ် . . .
''ဝုန်း . . . ''
ဝုန်းခနဲ တံခါးဆွဲဖွင့်သံနှင့် အတူ ကားနောကခန်းထဲသို့ မပြောမဆို ဝင်လာသူ တစ်ယောက် ။
''ဟာ . . . ''
လင်းခက် ကြောင်တောင်တောင်ဖြင့် နောက်လှည့်ကြည့်မိတော့ . . .
''မောင်း . . . မောင်း . . . မောင်းတော့ . . . ''
လင်းခက် ကြောင်သွားရပါသည်။ တစ်ဆက်တည်း အံ့သြစိတ်တို့ဖြင့် မျက်မှော င်လည်း ကုပ်မိ သွားပါ၏ ။ ကားနောက်ခန်းတွင်းသို့ ရောက်ရှိလာသူက ယောက်ျားလေး တစ်ယောက် မဟုတ်။ မိန်းကလေး။
နောက်လှည့်ကြည့်တော့ ကြက်သေသေသွားသော သူ့အား မချောက စိတ်မရှည်သော လေသံဖြင့် . . .
''မောင်းတော့လေ . . . ဘာကြည့်နေတာလဲ''
လင်းခက် ထပ်မံ ကြောင် အ သွားရသည်။ ထို့ကြောင့် . . .
''ခင်ဗျား . . . ဘယ်သူလဲ။ ဘာကိစ္စ ကျွန်တော့်ကား . . . ''
''ကဲ . . . စကားများ လိုက်တာ။ မောင်းဆို မောင်းတာမဟုတ်ဘူး။ ဒီမှာ အရေး ကြီးနေပြီ''
စီခနဲထွက်လာသော တုံ့ပြန်စကားကြောင့် ဘာပြောလို့ပြောရမှန်းပင် မသိတော့ပါ။ ကိုယ့်ကား ထဲလည်း ဝင်ထိုင်သေး၊ ပြောပုံဆိုပုံက ကိုယ့်ကိုပဲ Taxi ဒရိုင်ဘာလိုလို၊ စိတ်ထဲ တင်းခနဲ ဖြစ်သွား သည်မို့ . . .
''ဘာလဲဗျ . . . ။ ခင်ဗျားက အလွတ်ကြီးပါလား။ ခင်ဗျားဝင်ထိုင်နေတာ Taxi မဟုတ်ဘူးနော်။ ကျွန်တော် ကလည်း ဒရိုင်ဘာမဟုတ်ဘူး''
''သိတယ် . . . Taxi မဟုတ်မှန်းလည်း သိတယ်။ ရှင့်ကားမှန်းလည်း သိတယ်။ ကျွန်မ ဒုက္ခ ရောက်နေလို့ အကူအညီတောင်းတာ''
စကားကိုရပ်၍ ကျောမလုံသလို နောက်ဘက်အား လှည့်ကြည့်နေသည်ကို တွေ့ ရသည်။ နောက်ပြီး စုတ်တစ်ချက်ကို မတိုးမကျယ် သပ်ကာ . . .
''ကျွတ် . . . ဒုက္ခပါပဲ။ ရှင်လုပ်တာနဲ့ပဲ တွေ့ ကုန်တော့မယ်''
ရေး ကြီးသုတ်ပျာအမူအရာနှင့် တွဲ လျက်ထွက်လာသော စကားကြောင့် လင်းခက် နောက်ကြည့်မှန်မှ ကြည့်မိတော့ . . .
''ကဲ . . . မမောင်းလည်း နေတော့ရှင်။ ကျွန်မ ဆင်းတော့မယ်။ ချောက် . . . ''
တံခါးဖွင့်သံပါ နောက်က ကပ်ပါလာသည်။ ပြီးတော့ ကားပြင်ပသို့ ခြေကိုချကာ ထွက်ရန် ဟန်ပြင်လိုက်စဉ်မှာ ပဲ . . .
''ဟာ . . . ''
ထိတ်လန့်သံတစ်ခုနဲ့အတူ လူက အတွင်းသို့ ယို့ခနဲ ပြန်ရောက်လာသည်။
''ဝုန်း . . . ''
တံခါးပိတ်သံတစ်ခုပါ ခပ်ကျယ်ကျယ် ထွက်လာ၏ ။ သို့ ပေမဲ့ ခေါင်းကို အောက်ငုံ့ကာ သူခိုး ပြောပြောသော နှုတ်ထွက်စကား ကတော့ တော် တော် ကြီးကို တိုးလှပါသည်။
''ဟိုနောက်မှာ ရပ်နေတဲ့နှစ် ယောက် ကို တွေ့ လား''
လင်းခက် ကြောင်တောင်တောင်နှင့် ပင် နောက်လှည့်ကြည့်လိုက်တော့ . . .
ကျောင်းသားလေးနှစ် ယောက် တောင်ငေးမြောက်ငေးနှင့် တစ်စုံတစ်ရာအား ရှာနေသလိုပုံစံ အား တွေ့ ရသည်။
''အဲဒီ နှစ် ယောက် က ကျွန်မနောက်ကိုလိုက်နေတာ သုံးရက်ရှိပြီ။ သူတို့ကို မျက်ခြေဖြတ်ချင်လို့ ရှင့်ကို အကူအညီတောင်းတာ စိတ်ပျက်စရာပဲ။ ဒုက္ခရောက်သူကို ကူညီတတ်တဲ့အကျင့် ရှင့်မှာ မရှိဘူး လား''
ဗုံးကျဲသလို စကားလုံးတွေ က တဝုန်းဝုန်းရောက်ရှိလာပေမဲ့ လင်းခက် စိတ်ကို လျှော့ချလိုက် သည်။ စကားနိုင်မလုချင်တော့။
ဟုတ်ဟုတ် မဟုတ်ဟုတ် မိန်းကလေး တစ်ယောက် ဖြစ်နေလေတော့ ကူညီကောင်းပါသည်။ ထမင်းအတူတူစားပြီး သူတို့က အားနွဲ့သူအ ဖြစ် ခံယူထားကြသည်ကိုး။
ထို့ကြောင့် လီဗာကို ခပ်ပြင်းပြင်းဆောင့်နင်း၍ မောင်းထွက်ခဲ့လိုက်သည်။ နောက်ခန်းမှ မချော ကတော့ ငုံ့ထားသော ခေါင်းကို မော့မလာသေး။ စိတ်ချလောက်သည့် နေရာတစ်ခုရောက်အောင် ခြေရာဖျောက်ထားချင်သည် ထင်သည်။
တော် တော် ဝေးဝေးရောက်ပါမှ ခါးမတ်ကာ နောက်ကိုလှည့်ကြည့်သည်။
''ဘယ်သူမှ လိုက်မလာပါဘူး''
ဒီတော့မှ စိတ်အေးသွားသလို သက်ပြင်းဖွဲဖွဲချသံကို ကြားရ၏ ။ ထို့နောက်ပိုင်း စကားမဆိုမိ။ စကားမဆိုမိသည်ထက် စကားစခက်နေသည်ဆိုလျှင် ပိုမှန်ပေလိမ့်မည် ။ ကားလေး ကတော့ ထူးထူး ဆန်းဆန်း မိန်းကလေး တစ်ယောက် ကို တင်ဆောင်ရင်း ကျောင်းပြင်ရောက်လာပါ၏ ။
ထိုစဉ်မှာ ပင် နောက်ခန်းတွင်းထိုင်နေသူ မိန်းကလေးမှာ ထင်မှတ်မထားသော အပြုမူတစ်ခုကို ထပ်လုပ်လာသည်။ အဲဒါက ပခုံးနောက်ရောက်နေသော ဆံပင်ကို ပါးပေါ်ဖြန့်ချကာ လျှာထိုးဦးထုပ် ရှည်ကြီါ်အား ဆောင်းလိုက်ခြင်းပါပဲ။ ပြီးတော့ . . .
''ဟိုရှေ့မှာ ရပ်ပေးတော့။ ကျွန်မ ဆင်းမယ်''
ညှို့ယူမှု တစ်ခုမဟုတ်ပေမဲ့ လူက ငြင်းဆန်ခြင်းမဲ့စွာ ကားကို အရှိန်လျှော့မိလျက်သား ဖြစ်သွားသည်။ ကားရပ်၍ တံခါးပွင်းသွားစဉ်မှာ ပဲ ထင်မှတ်မထားသော စကားတစ်ခွန်းကို ကြားလိုက် ရလေသည်။
''ကျေးဇူးပါ . . . ကိုလင်းခက်''
''ဗျာ . . .''
ထိုမျှပါပဲ။
သူမ ကတော့ နောက်ကို တစ်ချက်မှ လှည့်မကြည့်တော့ပေ။ လင်းခက်စိတ်ထင် ဖြစ်ကောင်း ဖြစ်မည် ။ သူမလမ်းလျှောက်ပုံက ဆောင်းရာသီဆန်နေသည်။
× × ×
![]() သင်ပြန်လာရမှာပါ | ![]() တောရိလျောရိလေးပဲ ချစ်ခဲ့သည် | ![]() လျှို့ဝှက်မြို့ရိုး |