သင်ပြန်လာရမှာ ပါ
မိုးလေး တဖျောက်ဖျောက်ကျနေ၏ ။ တစ်ခါတစ်ရံ အနောက်ဘတ်ကမ်းစပ်မှ လျှပ်စီးတ၀င်း ၀င်းပင်လက်လာတက်သည်။ ထိုအခါမျိုးတွင် မှော င်နေသော ပတ်ဝန်းကျင်မှာ စက္ကန့်ပိုင်းလောက် လင်းချင်းသွား၏ ။ တစ်ယောက် တည်းဆိုပါက ကျောချမ်းစရာ။ အဖော်တွေ ရှိနေ၍ သာတော် တော့ သည်။
ကင်းဘဲအောက်ခြေမှ မီးဖိုမှာ တည်ငြိမ်စွာ တောက်လောင်လျက် ရှိနေပါသည်။ ရေနွေးဆူသံ ကိုကြားရသည်။ သို့ သော် မည် သူမျှ ထ, မထည့်။ မှိန်းသူကမှိန်း၊ အိပ်သူက အိပ်လျက်ရှိနေသည်။ လေမတိုက်တာပင် ကျေးဇူးတင်ရမည် ။ မဟုတ်ပါက အမိုးလုံသော်လည်း ဘေးကမိုးပက်သည့်ဒဏ် ကိုသူတို့ခံနိုင်မည် မထင်ပါ။
ရွာဦးကျောင်းစီမှ ညတစ်ချက်တီးပြီ ဖြစ်ကြောင်း အသိပေးသံချောင်းသံ ထွက်ပေါ်လာ သည်။ စောင်ကိုပြင်ခြုံလိုက်သည်။
ထိုစဉ်မှာ ပဲ…
‘အား…လုပ်ကြပါဦး...’
မိုးကျသံမှတစ်ပါး တိတ်ဆိတ်သော ညဥ့်ယံကို ဖရိုဖရဲ ဖြစ်သွားစေသော အော်သံတစ်ခု။
“ဟင်…”
“အမလေး…ကယ်ကြပါအုံး…ဘီလူး၊ ဘီလူးကြီး နောက်မှာ …နောက်မှာ လိုက်လာနေတယ်”
“ဒိန်း…ဂျလိမ်း”
ထစ်ချုန်းသွားသော မိုးခြိမ်းသံအောက်မှာ ထိပ်ပြာသွားသော အော်သံနောက်တစ်ခွန်း။
“အမယ်လေး…ဘုရား…ကယ်ပါ”
လျှပ်ပြက်သွားစဉ် မြင်ရသော မြင်ကွင်းကား…
“ဟာ…”
လူနှစ် ဦး သူတို့ရှိရာ ကင်းတဲဆီ အသည်းအသန်ပြေးလာနေသည်။ နှုတ်မှလည်း…
“ဘီလူး…ဘီလူးကြီး”
ဒီတစ်ခါတော့ သူတို့ကင်းတဲလေး တုန်လှုပ်သွားလေပြီ။ မှိန်းနေသူများ ၊ အိပ်နေသူများ ၀ုန်းဝုန်းဒိုင်းဒိုင်း ပြေးလာကြကာ…
“ဘာလဲ…ဘာ ဖြစ်တာလဲ”
“ဘယ်က ဘီလူးလဲ…ဘယ်မှာ လဲ”
ကင်းတဲပတ်ပတ်လည်ကို မျတ်လုံးတွေ ချာချာဝေသွား၏ ။ မှော င်နေသည်မို့အသံသာကြား ရသည်။ လူကို မမြင်ရ။
“ဂျိမ်း… ဒလိမ်း… ’’
လျှပ်ပြတ်လိုက်ချေပြီ။ လင်းလက်သွားသော ရောင် စုံတစ်စနှင့် အတူ…
“ ဟိုမှာ … လူ ’’
“ ဟာ…ဘီလူးကြီး၊ လုပ်ကြပါဦးဗျာ… လျှာကြီးတန်းလန်းနဲ့ ကျုပ်နောက်ကိုလိုက်လာ နေတယ် ကယ်ကြပါဦး”
မိုးစက်များ တဖြောက်ဖြောက်ကျလျက်ရှိနေ၏ ။ လူတစ်ဦး သူတို့ကင်းတဲဆီ သွေးရူးသွေး တမ်းပြေးလာနေသည်။ ကင်းတဲပေါ်မှ ဓါတ်မီးလင်းများ ပြေးလာသူထံ ရောက်သားသည်။ မီးရောင် ဖြင့် ထိုလူ့မျက်နှာကိုမြင်တော့…
“ဟင်…”
ကင်းတဲပေါ်မှ ဦးဖိုးငွေ အာမေဍိတ်သံ ထွက်သွားကာ…
“ဖမ်းကြစမ်း… သူ့ကို ၀ိုင်းဖမ်းကြစမ်း”
ကင်းတဲပေါ်မှလူအချို့ အောက်ခုန်ဆင်းသွား၏ ။ အောက်မြေမှ မီးပုံလေး လှုပ်းရှားယိမ်းထိုး သွားသည်။
“ မျိုးကြီး…မျိုးကြီး…ဟေ့ကောင်မျိုးကြီး ဘာ ဖြစ်တာလဲ”
ဝိုင်းဝန်းအော်ဟစ်ရင်း ပြေးလာသူမျိုးကြီးအား ဖမ်းလိုက်ြ ကတော့မျိုးကြီးမှာ ကြောက်ကြောက်လန့်လန့်ဖြင့် အတင်းရုန်းသည်။ သုံးယောက် ၀ိုင်းချုပ်တာတောင် ထိန်းမနိုင်ချင်။
“သူ့ကို ခေါ်လာခဲ့ … ဒီထဲခေါ်လာခဲ့”
ဦးဖိုးငွေစကားအတိုင်း မနိုင်မနင်း ထိန်းချုပ်၍ ကင်းတဲပေါ် ခေါ်တင်လာတော့ မျိုးကြီးတစ်ကိုယ်လုံးမိုးရေတွေ ရွှဲနေသည်။ မျတ်နှာမှာ ဖြူဆုတ်ပြီး နှုတ်ခမ်းတွေ တဆက်ဆက် တုန်နေ၏ ။ သရုပ်အပျက်ဆုံးမှာ မျတ်လုံးပါပင်။ ကျီးကန်းတောင်းမှော က်လား၊ ချာချာလည်နေတာ လားမသိ။ သေချာတာ ကတော့ တစ်စုံတစ်ရာကို ထိတ်လန့်ချောက်ချား နေတာပါ။
ကင်းတဲပေါ်ရောက်သည့်တိုင် မျိုးကြီးမှာ စိတ်နှင့် ကိုယ် ကပ်မိသေးဟန်မတူ။ တစ်ကိုယ်လုံး တန်ယင်၍ အကြောက်လွန်ကာ နှုတ်မှလည်း…
‘ ဘီလူးကြီး…ဘီလူးကြီး ’ဆိုတာကို ဘုရားစာရွတ်သလို မနားတမ်းရွတ်နေသည်။
ဦးဖိုးငွေက ရေနွေးပူပူ တစ်ခွက်ငှဲ့ပြီး မျိုးကြီးအားတိုက်သည်။ မည် မျှ အာခြောက်အောင် အော်ခဲ့ရသည်မသိ။ ရေနွေးပူပူကိုပင် နှစ် ခွက်ဆင့်သောက်သည်။ ထို့နောက်မှာ မျိုးကြီး အနည်းငယ် ဣနြေ္ဒ ရလာသည်။ စိတ်နှင့် ကိုယ်ကပ်မိသလို ရှိလာသည်။ ထိုအခါမှ …
“ ဟာ…ဦးလေးဖိုးငွေ၊ ကျွန်တော် ကိုကယ်ပါဦးဗျာ။ ကျွန် ကျွန်တော့် ကို ရွာဦးကျောင်းဆရာ တော် ဆီ မြန်မြန်ပို့ပေးကြပါ ”
“ တူမောင် … မင်းဘာမှမ ဖြစ်တော့ဘူးလေ။ ဦးလေးတို့ ရှိတယ်။ ရွာက ကာလသားတွေ လည်းရှိတာပဲ။ ဘာမှမပူနဲ့၊ မင်းဘာမှမ ဖြစ်တော့ဘူး ”
မျိုးကြီးက သူ့ကို အုပ်မိုးကြည့်နေသော မျက်နှာများ ကို တစ်ယောက် ချင်း လိုင်ကြည့်၏ ။ ပြီးတော့…
“ကျွန်တော် ဘယ်ကိုရောက်နေတာလဲ …”
“ရွာထိပ် ကင်းတဲ”
မျက်လုံးပြူးကာ ငြိမ်သွား၏ ။ သက်ပြင်းကိုချသည်။
“မင်း … ဘာတွေ ဖြစ်လာတာလဲ”
ချက်ချင်း ပဲမျိုးကြီး ခန္ဓာကိုယ်တစ်ချက်တုန်လှုပ်သွားပြီး ခုနပျောက်ကွယ်နေသည့် ကြောက် ရွံ့မှု များ ပြန်ပေါ်လာကာ …
“ ကျွန်တော့် … ကျွန်တော့် နောက်ကို ဘီလူးကြီးလိုက်လာတယ် ”
ကင်းတဲပေါ်မှ ကာလသားများ ကျောမလုံသလို နောက်လှည့်မိကြသည်။
“ မဟုက်ပါဘူးကွယ်… ဦးလေးတို့တွေ့ တာတော့ မင်း တစ်ယောက် တည်းပါ”
“ ပါလာတယ် … ဦးလေးတို့မမြင်လို့၊ ကျွန်တော့် နောက်မှာ နွားတင်းကုတ်လောက်ကြီးတဲ့ ဘီလူးကြီးလျှာတန်းလန်းနဲ့ ပါလာတယ်”
ဟုက်၊ မဟုက် မသိပေမဲ့ မျိုးကြီး၏ ကြောက်လန့်နေသော ဟန်ပန်ကြောင့်
“ဘယ်လိုပါလာတာလဲ … မင်းနဲ့ဘယ်လိုတွေ့ ပြီး ပါလာတာလဲ ပြောပြပါဦး”
မန်ကျည်းပင်တန်း။
ရွာမှ လေးမိုင်ခန့်ဝေးသော နေရာ၊ မြေကြမ်း၏ ရာဇ၀င်နှင့် နေသော အရပ် ဖြစ်သည်။ ညဘက် အဖော်မပါဘဲ ဘယ်သူမှမသွားကြ။ တလောကတင် ထိုနေရာ၌ …
“ မန်ကျည်းပင်အောက်မှာ ဖားကြီးမှ အကြီးကြီးဗျာ။ ပြောင်ဝင်းနေတာပဲ။ ဓာတ်မီးနှင့် ထိုးပြီး ကျွန်တော် လည်းပြေးကောက်ရော ဖားမဟုက်ဘဲ လက်ပြတ်ကြီးတစ်ဖက် ဖြစ်နေတယ်။ လက်ဝါး ကြီးကဖြူဖွေးပြီး လက်ကောက်ဝတ်ကပြတ်နေတာ။ သွေးတွေ တစက်စက်နဲ့”
“ ဟာ… ”
“ဟင် … ”
“ ကျွန်တော် ကြက်သီးမွေးညင်းထသွားတယ်။ အဲ့ဒါကြီး ပစ်ချပြီးလှည့်လည်းပြေးရော ပျော့အိအိအရာကြီးတစ်ခုနဲ့ ၀င်တိုက်မိတယ်။ ဓာတ်မီးနဲ့လည်း ထိုးကြည့်ရောဗျာ …”
နားထောင်နေသူများ အသက်ရှုဖို့မေ့သွားကြ၏ ။
“ မျက်လုံးကြီးပြူးပြီး ကျွန်တော့် ကိုရယ်ပြတယ်။ အမယ်လေး မျက်လုံးတစ်လုံးတစ်လုံးက ဘုန်းကြီးသပိတ်လောက်ကို ကြီးတာဗျ။ သွားကြီးတွေ ကလည်း …”
တစ်ဝက်တစ်ပြတ်နှင့် မျိုးကြီးအသံတိမ်ဝင်သွားသည်။ ပြီး … ကင်းတဲပြင်ပကို လက်ညိုးထိုး ကာ မျက်လုံးပြူး မျတ်ဆံပြူးဖြင့် …
“ ဟာ…ဟိုမှာ … ဟိုမှာ … ကျွန်တော့် ကို ရယ်ပြနေတယ်။ လုပ်ပါအုံး… အား…”
ကင်းတဲပေါ်မှ လူများ နောက်ကို တစ်ပြိုင်နက် လှည့်ကြည့်ကြ၏ ။မှော င်နဲ့မည်းမည်း။ မျိုးကြီး ဆီအကြည့်ပြန်ရောက်တော့ …
“ ဟာ…မျိုးကြီး … မျိုးကြီး....”
မျိုးကြီး တစ်ယောက် အကြောက်လွန်ကာ တက်သွားလေပြီ။
ဥသြတို့ တွန်လေပြီ… ။
နွေအခါသမယတွင် `မီးတွင်းကုန်း´ ရွာလေးမှာ နေရ၊ ထိုင်ရသက်သော င့်သက်သာ ရှိလှ သည်။ ရေငန်မြစ်တစ်ခုကို မေးတင်ရပ်တည်ထားသော ရွာလေးတစ်ရွာ ဖြစ်ပြီး၊ တစ်ဖက်ကမ်းတွင် ပျဉ်ညောင်ဟူသော ရွာကြီးတစ်ရွာရှိပါသည်။ ထိုရွာမှ အရှေ့ဘက်မိုင်လေးဆယ်ခန့်မကွာတွင် နယ်မြို့လေးတစ်မြို့ရှိလေသည်။
နယ်မြို့ဆိုသော်လည်း စီးပွားရေး ပွင့်လင်းသည်ကြောင့် လူနေများ သည်။ ရောင်း ၀ယ်ဖောက်ကားမှု ထွန်းကားသည်။ ငွေကြေး ချောင်လည်သည်။ အနီးအနား ကျေးရွာများ အားလုံး မှာလည်းထိုမြို့ကိုပင် အဓိကအသက်သွေးကြောအ ဖြစ် အားထားကာ စီးပွားရေး ပြုလုပ်ကြရ၏ ။
နယ်မြို့ဆိုသော်လည်း စီးပွားရေး ပွင့်လင်းသည်ကြောင့် လူနေများ သည်။ ရောင်းဝယ် ဖောက်ကားမှု ထွန်းကားသည်။ ငွေကြေးချောင်လည်သည်။ အနီးအနား ကျေးရွာများ အားလုံးမှာ လည်း ထိုမြို့ကိုပင် အဓိကအသက်သွေးကြောအ ဖြစ် အားထားကာ စီးပွားရေး ပြုလုပ်ကြရ၏
ထိုမြို့ကလေးကို အားကိုးအားထားပြုရသူများ တွင် မီးတွင်းကုန်း ရွာလေးလည်း တစ်ရွာ အပါအ၀င် ဖြစ်ပါသည်။ သို့ သော်အလယ်တွင် မြစ်တစ်ခုခြားနေသည့်အတွက် ပျဉ်ညောင်ရွာကြီး လောက်တော့ စီးပွားရေး မစည်ပင်။ မြစ်တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းသို့ကူးသန်းရာ ကူးတို့ဆိပ်ရှိသည်ကြောင့် ကုန်းတွင်းပိုင်းမှ ကျေးရွာများ မြို့သို့ သွားလိုလျှင် မီးတွင်းကုန်းကိုအရင် လာရ၏ ။
ထိုမှ … ကူးတို့ဖြင့် တစ်ဖက်ကမ်းကိုကူးကာ မြို့ကိုခရီးဆက်သည်။ အပြန်တွင် လည်း ကူးတို့ဖြင့် သာမီးတွင်းကုန်းသို့ ကူးလာရကာ ထိုမှတစ်ဆင့် မိမိနေရပ်သို့ ပြန်ကြပါသည်။
နွေအခါရောက်ပြီမို့ တစ်ရွာနှင့် တစ်ရွာ ကူးသန်းသွားလာရေး မှာ လည်း မိုးတွင်းလိုမခက်ခဲ တော့။ ပြောင်းလဲလာသော ခေတ်၊ စနစ်အရ နေရာတိုင်းတွင် စက်ဘီး၊ ဆိုင်ကယ်တို့ရှိနေပြီ။ ထို့ကြောင့် … အရင်လိုလှည်းကြုံစောင့်စီးစရာ မလို။ ညဘက်အိမပြန်နောက်ကျ၍ လည်း ကူးတို့ ဆိပ်တွင် ညအိပ်စရာမလိုတော့။
တစ်ရွာနှင့် တစ်ရွာ၊ တစ်နေရာမှတစ်နေရာသို့ သယ်ယူပို့ဆောင်ပေးသာ အငှားယာဉ် (သို့ ) ဆိုင်ကယ်ကယ်ရီများ က ကူးတို့ဆိပ်တွင် အချိန်ပြည့်ရှိနေသည်။ ထို့ကြောင့် ဘယ်အချိန်မဆို အိမ် ပြန်နိုင်၏ ။ မိုးချုပ်နိုင်၏ ။
ဒါပေမဲ့လိုက်ပို့သူ ဆိုင်ကယ်သမားများ အားလုံး ကတော့ နေရာတစ်ခုကို ခါးခါးသည်းသည်း ရှောင်ကြည်ကြသည်။
“အေးသော င်း … ”
အများ စုက သူ့ကိုသူရအေးသော င်းဟု နာမည် တပ်ကြသည်။ သူရသတ္တိနှင့် ပြည့်စုံ၍ ဘွဲ့ တံဆိပ်အပ်နှင်းထား သည်ကားမဟုတ်။ သူရဖို့တစ်ခုတည်းသာ ကြည့်သော ကြောင့် အမည် ပေး ထားခြင်း ဖြစ်ပါ၏ ။ အေးသော င်းသည် မီးတွင်းကုန်းကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမား တစ်ယောက် ဖြစ်ပါသည်။
မိသားစုများ ၏ ။ ထို့ကြောင့် … သူများ တွေ ထက် အလုပ်ပိုလုပ်ရ၏ ။ နေ့ရောညပါ ကယ်ရီဆွဲ သည်။ ကူးတို့ဆိပ်တွင် အေးသော င်းဆိုင်ကယ် အစဉ်သဖြင့် ရှိနေတက်သည်။ ထမင်းစားချိန်မှလွဲပြီး အိမ်မပြန်။ အချို့နေ့များ ၌ ကူးတို့ဆိမ်မှာ ပင် ခရီးသည်စောင့်ရင်း ညအိပ်တတ်ပါသည်။
တစ်ရက် …
ဝေလီဝေလင်းအချိန်၌ အေးသော င်း တစ်ယောက် ရွာလမ်းမကြီးအတိုင်း ငူငူကြီး လျှောက် ၀င်လာသည်။ တစ်ကိုယ်လုံး ဖူးယောင်ညိုမည်းကာ နှုတ်မှလည်းဘာမှန်းမသိသော စကားတွေ ပြောလာသည်။
“ သရဲကြီး …ဟား …ဟား …ငါ့ကိုထိုးတယ်။ ငါကလည်းပြန်ထိုးတယ်။ ဒီကောင်ကြီး တော် တော် အီစလံဝေသွားပြီ။ ငါ့ကိုနောက်တစ်ခါတွေ့ ရင် မေးခွန်းတွေ ၊ ထပ်မေးရဲမှာ မဟုက် တော့ဘူး ။ ဟား …ဟား … ”
ထိုစကားများ ကိုသာ တတွတ်တွတ်ပြောဆို လာပါ၏ ။ ဘာကြောင့် မှန်းမသိ အေးသော င်း မျတ်လုံးတွေ က ကြောင်တောင်တောင်နိုင်နေသည်။ ခွေးများ က အေးသော င်းကို ကမူးရှူးထိုးဝိုင်း ဟောင်ကြသည်။ အေးသော င်း ကတော့ ဘာဆိုဘာမှသိဟန်မတူ။
စောစောစီးစီး ဘုန်းကြီးဆွမ်းလောင်းရန် ပြင်ဆင်နေသော အဘွားဒေါ်လှစီက အေးသော င်း ကိုအရင်ဆုံးမြင်တွေ့ ကာ…
“ ဟဲ့ … အေးသော င်း ၊ တစ်ကိုယ်လုံးလည်း ဖူးယောင်လို့ ဘယ်သူနဲ့ရန် ဖြစ်လာတာလဲ ”
“ သရဲကြီးနဲ့လေ။ မန်ကျည်းပင်တန်းက သူရဲကြီးနဲ့ ရန် ဖြစ်လာတာ။ ကျွန်တော် ကျွေးလိုက် တာဒီကောင်ကြီးတော် တော် အီစလံဝေသွားတယ်။ ဟား …ဟား ”
“ဟင် …”
အဘွားဒေါ်လှစီမှာ ထိုမျှပင် ပြောနိုင်ပါတော့သည်။ အေးသော င်းကိုကြည့်ပြီးလည်း ဝေခွဲမရ ဖြစ်သွား၏ ။ အေးသော င်းပုံစံမှာ အူကြောင်ကြောင်နိုင်နေသည်မို့ ..
“ ဟဲ့ …အေးသော င်း … အေးသော င်း … နေကောင်းရဲ့ လား … ဒီကိုကြည့်စမ်း…ငါဘယ်သူ လဲ ….သိလား”
“ ဘယ်သူလဲ…သရဲမကြီးလား… သရဲမကြီးဆိုပိတ်… ထိုးပစ်လိုက်မယ်”
အေးသော င်းပြောစကားကြောင့် ဒေါ်လှစီ မျက်နှာပျက်သွား၏ ။ အနည်းငယ်လည်း ထိတ် လန့်သွားသည်။ ဆက်မမေးရဲတော့။ အေးသော င်း ကတော့ ယိုင်ထိုးထိုးဖြင့် ရွာတွင်းဘက်ဝင်သွား သည်။ ရွာအ၀င်လမ်းတစ်လျှောက် တွေ့ သမျှခွေးတိုင်းက စူးစူးဝါးဝါး ၀ိုင်းဟောင်ကြသည် ဖြစ်ရာ အေးသော င်းအ ဖြစ်ကို ရွာသူရွာသားများ တစ်စထက်တစ်စ ရိပ်မိလာကြ၏ ။
ဖူးယောင်ညိုပြာနေသော မျက်နှာနှင့် ခန္ဓာကိုယ်၊ တစ်ဦးတည်းပြောဆိုလာသော စကားများ ၊ မူမှန်မဟုက်သော အခြအနေတို့ကြောင့် ခဏခြင်းပင် တစ်ရွာလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွား ရကာ…
“အေးသော င်း …မင်းဆိုင်ကယ်ရော …”
ကယ်ရီဆွဲဖော်သူငယ်ချင်းတစ်ဦးက သတင်းကြား၍ အူယားဖားယား ရောက်လာကာ ၀င်မေးတော့ …
“ဆိုင်ကယ်လား… မန်ကျည်းပင်တန်းမှာ ကျန်ခဲ့တယ်”
“ဟာ… မန်ကျည်းပင်တန်းကို မင်းကဘာသွားလုပ်တာလဲ ”
“ဟီး…ဟီး … ခရီးသည်သွားပို့တာ ။ မီးလင်းကုန်းကို ညကခရီးသည်လိုက်ပို့တာ။ ဟား… ဟား …မန်ကျည်းပင်တန်းကိုရောက်တော့ သရဲကြီး… သရဲကြီးက ငါ့ကုပ်ကို ခွစီးတယ်။ ငါ့ကုပ်ပေါ်တပ်ထိုင်ပြီး ငါ့ကိုမေးခွန်းတွေ မေးတယ်။ မဖြေနိုင်တော့ငါ့ကို ထိုးတယ်။ ငါကလည်းပြန် ထိုးတယ်။ ငါကဖတ်လုံးတော့ ငါ့ကိုပြန်လုံးတယ်။ ဟေ့…ဟေ့… ထိုးလို့မကောင်းပါဘူးကွာ။ ဖွဲအိတ် ကြီးထိုးရတဲ့အတိုင်းပဲ။ သူတစ်လှည့် ငါ့တစ်လှည့် ထိုးလိုက်ကြတာ မိုးလင်းမှပဲရပ်တော့တယ်ဟေ့။ ဒီအကောင်ကြီး အခုလောက်ဆို တော် တော် အီစလံ ဝေနေလောက်ပြီ။ ဟား…ဟား… ”
မေးသူမှာ ပါးစပ်ဟောင်းလောင်း ပွင့်သွားသည်။ ထိုစဉ်မှာ ပဲ အေးသော င်းမိသားစုဝင်များ ငိုကြီးချက်မဖြင့် ရောက်လာကြပါသည်။ ဒါပေမဲ့ … အေးသော င်းမှာ မည် သူ့ကိုမျှ မမှတ်မိတော့။ ရယ်လိုက်၊ ပြုံးလိုက်ဖြင့် သာ တစ်ယောက် တည်း စကားတွေ ပြောနေသည်။
နောက်ဆုံးတော့ …
`ဘာဘာကြီး´ ဟူသော ဆရာတစ်ဦးကို ပင့်ကာ ဆေးကုလိုက်ရသည့် အဆင့်ကိုပင် ရောက် သွားပါသည်။ နှစ် ရက်၊ သုံးရက်လောက်ကြာတော့ အေးသော င်း တစ်ယောက် ပုံမှန်အခြေ အနေ ပြန် ဖြစ်လာသည်။ ပြောသလိုပင် သူ့ဆိုင်ကယ်အား မန်ကျည်းပင်တန်းအောက်မှာ ရှာတွေ့  ခဲ့သည်။ဒါပေမဲ့ … နေကောင်းပြီးနောက်မှာ အရင်လိုကယ်ရီထွက်မဆွဲတော့။ ကုန်လွန်ခဲ့သော ည တစ်ညနှင့် မန်ကျည်းပင်တန်းကိုလည်း အေးသော င်းအား ဘယ်လိုမှ မေးမရတော့။
ဇာတ်သိမ်းမှာ တော့ သူရအေးသော င်း တစ်ယောက် မှာ ကယ်ရီဆွဲခြင်းအလုပ်ကို စွန့်လွှတ် ပြီး နီးစပ်ရာလယ်ပိုင်ရှင်တစ်ဦးထံ၌ သူရင်းငှား ၀င်လုပ်နေပါတော့၏ ။
နာမည် ကြီး မန်ကျည်းပင်တန်းမှာ မီးတွင်းကုန်းနှင့် မီးလင်းကုန်း ရွာနှစ် ရွာကြားတွင် ရှိလေ သည်။
ထိုနှစ် ရွာမှာ ကိုးမိုင်ခန့်် ဝေးပါ၏ ။
ဖုတ်သွင်းရထားကြီးလား…
နှာခေါင်းပိတ်လိုက်စမ်းပါ။
ငါ့ပခုံးပေါ်မှာ တော့ လမ်းမရှိဘူး။
ခုတ်မှာ လား၊ ရပ်မှာ လား။
ရတယ်။
မင်းခုတ်နေသရွေ့
ငါ့ဇက်မကျိုးသရွေ့
အမှော င်တွေ မရပ်သာရွေ့ပေါ့…
“၀ုတ် ၀ုတ် … ၀ုတ် ၀ုတ်”
ဟောင်သံနှင့် အတူ ခွေးမည် ကြီးတစ်ကောင် နောက်မှပြေးလိုက်လာသည်။ ဒီတစ်ကြိမ် တော့ မျက်ကွယ်ပြုရန် မ ဖြစ်နိုင်တော့ပါ။ ကိုင်ထားသော ၀ါးလုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး နောက်လှည့်လိုက်သည်။
ရင်ဆိုင်လိုက်သော ဖိုးခွားပုံစံကြောင့် ခွေကြီးမှာ တုံ့ခနဲ့ ခြေလှမ်းရပ်သွား၏ ။ ပြီးတော့ သူ့ကို မတုန်မလှုပ် စိုက်ကြည့်နေသည်။
လရောင် သာရှိသော်လည်း ပတ်ဝန်းကျင်ကို ရှင်းလင်းသဲကွဲစွာ မြင်နေရ၏ ။
“ဂီး…”
ခွေးကြီးက သွေးတိုးစမ်းသလို အသံတစ်ချက်ပေးရင်း ရှေ့တိုးလာသည်။ တစ်လှမ်း၊ နှစ် လှမ်း၊ သုံးလှမ်း…။
သုံးလှမ်းမြောက် လာစဉ်မှာ တော့ သူ့ဘက်က အရင်လက်ဦးမှု ရယူကာ လက်ထဲမှ ၀ါးလုံး ဖြင့် ခွေကြီးကို ပြေးရိုက်တော့ …
တုတ်က လေကိုသာ ရိုက်မိသည်။ ခွေးကိုမထိ၊ မထိသည့်အပြင် ခွေးမှာ မြင်ကွင်းမှ ပျောက်သွား၏ ။
“ဂီး …”
ဒီတစ်ကြိမ်လည်း လေကို ရိုက်မိသည်။ ထို့နောက်မြင်ကွင်းမှ ပျောက်သွားပြန်သည်။
“ဟာ …”
သုံးကြိမ်မြောက်သွားစဉ်မှာ တော့ အနည်းငယ် စိုးရိမ်စပြုလာလေပြီ။ သာမန်မဟုတ်ချေတော့။ ယခုလည်း ခွေကြီးကို မတွေ့ ရတော့။ ဟိုကြည့်ဒီကြည့်ဖြင့် အချိန်အတော် ကြာအောင် ရှာဖွေကြည့်သော်လည်း လရောင် အောက် ရပ်ဝန်းလေးတစ်ခု၌ လိုက်လံနှောင့်ယှက်နေသည့် ခွေး တစ်ကောင်မှာ ပြန်ပေါ်မလာတော့ချေ။
ထို့ကြောင့် တံတွေးကို မျိုချရင်း ခရီးကို ဆက်သည်။ သို့သော် …
“ဂီး …”
ထွက်ပေါ်လာသည်က အရှေ့ခပ်လှမ်းလှမ်းဆီမှာ ။ ဒီတစ်ခါတော့ ပြင်းထန်လှုပ်ရှားသွား သော စိတ်ကို ဖိုးခွားမထိန်းနိုင်တော့ပြီ။ အံကိုဖိကြိတ်ရင်း ခွေးသားကြီးကို အားကုန်ပြေးရိုက် လိုက်၏ ။
“သေးစမ်းကွာ … ဖြောင်း …”
ခွေကိုမထိ၊ လွှဲရိုက်လိုက်သော ပြင်းအားကြောင့် ၀ါးလုံးမှာ အောက်မှ ကျောက်တုံးဖြင့် ရိုက်မိပြီး ထက်ပိုင်းကျိုးသွားသည်။
သွားပြီ။ ကိုယ့်အမှားကိုယ်သိပြီးပြီိးချင်းနောက်မျာ လုပ်ရသော အလုပ်သည်ကား…
“၀ုတ် … ၀ုတ် … ဂီး … ဂီး …”
ဟောင်သံ၊ မာန်ဖီသံတွေ ပေးရင်း ခွေးကြီးမှာ နောက်မှအပြေးလိုက်လာသည်။ ဖိုးခွား အသက်လုပြေးရလေတော့၏ ။ မတတ်နိုင်တော့။ ကျန်တော့သည် မဟုတ်ပါလား။ ခွေးကြီး ကတော့ နောက်မှ ထပ်ကြပ်မခွာပါလာသည်။
ခြေလှမ်းကို သွပ်သည်ထက်သွပ်စေရင်း အားကုန်ထုတ်ပြေးသော်လည်း နောက်ဆုံးမှာ မှာ ကား …
“၀ုန်း . . .”
ခုန်အုပ်သံကြီးတစ်ခုနဲ့အတူ ဖိုးခွား တစ်ယောက် မှာ . . .
“ဒုတ် . . . ခွပ် . . . အင့် . . .”
ကံကောင်းတာလား၊ ကံဆိုးတာလား မသိ။ လူက ခလုပ်တိုက်ကာ ဟပ်ထိုးလဲကျသွား သည်။
ဒါပေမဲ့ . . .
“ဟေ့ကောင် . . . ထစမ်း”
ဦးခေါင်းတွင်း၌ မူးနောက်နောက် ဖြစ်နေသည်။ ဒါပေမဲ့ အမိန့်သံကြောင့် ထဖို့ ကြိုးစားလိုက်၏ ။ မရ။ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးက တစ်စုံတစ်ရာ၏ ဖိနှိပ်ခြင်းခံထားရသလို လေးလံကာနေသည်။ အထူးသဖြင့် လည်ပင်းနှင့် ကုပ်ပိုးတစ်ဝိုက် . . .
“ထလို့ ပြောနေတယ်လေကွာ”
“ဟ . . . ဟား . . . သိပြီမလား။ အခုတော့ ကိုယ့်ကိုယ်ကိုယ် သိပြီမလား။ ခုနတော့ ငါ့ကိုတောင် ပြန်ဆော်နေသေးတယ်။ လူဆိုတာ ကိုယ့်အကြောင်း ကိုယ်သိရတယ်ကွ။ လက်ရှိအခြေ အနေကိုလက်ခံရတယ်။ အခုမင်း ဘာ ဖြစ်နေလဲ . . . သိလား”
“ခလုတ်တိုက်ပြီး မှော က်လဲကျနေတယ်လေ”
“ဟုတ်တယ် . . . ခလုပ်တိုက်ပြီး မှော က်လဲကျနေတယ်။ မင်းလည်းကုပ်ပေါ်ကို ငါက ခွထိုင်ထားတယ် . . . ရှင်းပြီးလား။ အဲဒါကို အရင်းဆုံး လက်ခံလိုက်”
လက်မခံလို့က မရ။ တကယ်ပဲ ခွစီးခံထားရသည်မို့ လက်ခံရပေမည် ။
“ဒါဆို . . . ဖယ်လေဗျာ။ ခင်ဗျား . . . ဆက်ထိုင်နေရင်း ကျုပ်အသက်ရှူကြပ်ပြီး သေသွား မှာ ပေါ့”
“နေစမ်းပါဦး . . . ငါကမင်းလည်းကုပ်ပေါ် တက်ထိုင်ချင်လို့ထိုင်နေတယ်များ ထင်လို့လား”
“ဒါဖြင့် ဘာလို့ထိုင်နေတာလဲ”
“သိချင်တာလေးတွေ မေးချင်လို့”
“ဟ . . . မေးတိုင်းဖြေရအောင် ကျုပ်က တရားခံမဟုတ်ဘူးဗျ”
“ဟုတ်တယ် . . . ငါလည်းတရားသူကြီးမဟုတ်ဘူး။ တရားသူကြီးထက် ပါဝါမြင့်တယ်။ တရားသူကြီးက မင်းကို သေမိန့်ပဲ ပေးနိုင်တာ။ ငါက အမိန့်မပေးဘဲ သက်ပစ်နိုင်တယ်။ မယုံရင် ဒီမှာ ကြည့်”
လည်ပင်းက တစ်စုံတစ်ရာဖြင့် ဆွဲညှပ်ခံလိုက်ရသလို ရုတ်ခြည်းတင်ကျပ် ပူဝေသွားကာ . .
“အာ . . . အာ့ . . . ခလူ့ . . .”
“ဘယ်လိုလဲ ငါမေးတာကို ဖြေမှာ လား မဖြေဘူးလား”
မရှူနိုင် မကယ်နိုင် မြေပြင်ကို တဘုန်းဘုန်းပုတ်ရင်း . . .
“ဖြေ . . . မြေမယ် . . . ဖြေမယ်”
ထိန်ချုပ်မှု မှ လွှတ်လွှတ်ချင်း အသက်ကို အမောတကောရှူသည်။
“လိမ္မာစမ်းပါ . . . အခုလို clever ဖြစ်စမ်းပါ။ အသား မနာချင်းစမ်းပါနဲ့”
ဖိုးခွာား ဘာမှမပြောနိုင်။ လည်ပင်းညှပ်ခံရသော အရှိန်ကြောင့် မျက်ရည်တွေ ဝေသီထွက် လာသည်။ ရင်ခေါင်းတွင်းမှလည်း တဝေါဝေါပျို့တက်လာကာ မကောင်းဆိုးဝါးကြီးကို စိတ်တွင်းမှ ကျိန်ဆဲမိလိုက်၏ ။
“ခွေးသားကြီး…”
“ကဲ . . . ဘယ်လိုလဲ၊ ဖြေဖို့ အဆင်သင့် ဖြစ်ပြီးလား”
အသက်ကို ၀အောင်ရှူ၍ သက်ပြင်းကို ချရင်း . . .
“မေးဗျာ . . . မေး . . . မေး၊ ဒီနေ့တော့ တကယ့် ပြဿဒါးပါပဲ”
“ဟာ ဟ . . . ကိုယ်ခံရတော့ ပြဿဒါးပေါ့ကွာ။ ကိုယ်နိုင်ရင်တော့ ကမ္ဘာပျက်မယ့်နေ့ လည်း ရက်ရာဇာပေါ့ . . . ဟုတ်လား”
“ကဲ . . . ကြာတယ်ဗျာ။ ခင်ဗျား ဘာမေးမှာ လဲ . . . မေး”
“မင်းနာမည် ဘယ်လို့ခေါ်လဲ”
သေစမ်း . . . ဒါလေးမေးဖို့ကို ဒီလောက် ကိန်းကြီးခန်းကြီးတွေ လုပ်နေရတယ်လို့။
“ခင်ဗျား ကတော့ တကယ့်ပြဿနာပဲ၊ ဒါလေးပေးဖို့ကို”
“ဖြေမှာ သာ ဖြေစမ်းပါကွာ”
“ဖိုးခွား . . .”
“အလုပ်အကိုင်”
“ကျောင်းဆရာ”
“ကျောင်းဆရာ . . . ဟုတ်လား။ ခွီး . . . ခစ် ခစ်”
နေရင်းထိုင်ရင်း မသတီဖွယ် အသံဆိုးကြီးနှင့် ထရယ်သည်။
“နောက်ဆုံးတော့ တွေ့ ပြီးပေါ့ကွာ။ နောက်ဆုံးတော့ ငါရှားနေတဲ့လူမျိုး တွေ့ ပြီးပေါ့။ ဟီး . . .ဟီး . . .”
“ခင်ဗျားက ကျောင်းဆရာရှာပြီး ဘာလုပ်မလို့လဲ”
“မသိတာတွေ မေးရမယ်လေ။ ကျောင်းဆရာဆိုတော့ သာမန်လူတွေ ထက်စာရင် ဗဟုသုတ ပိုစုံတာပေါ့။ မဟုတ်ဘူးလား။ ငါတော့ကံကောင်းပြီးဟေ။ ဟီး . . .ဟီး . . . အဲလိုပဲကွ . . . အချိန်တစ်ခုက လူ တစ်ယောက် အတွက် ကံဆိုးပေးမဲ့ နောက် တစ်ယောက် အတွက်တော့ ကံကောင်းရင် ကောင်းနေတတ်တယ်။ အဲ . . . မှားလို့ . . . ငါက လူမှမဟုတ်တာ”
“ဒါဆို ခင်ဗျားက ဘာလဲ”
“အစိမ်းသရဲ”
“ဗျာ . . .”
အဲသြသွားရသည်။
“ဘာလဲဗျာ . . . အစိမ်းသရဲ”
“ဟာကွာ . . . အစိမ်းသေသေပြီး သရဲ ဖြစ်နေတာ။ ဒါပဲ”
“ကျွတ် . . .”
ထင်တော့ ထင်သား။
“နေပါဦး . . . မင်းက အချိန်မတော် တစ်ယောက် တည်း လာရအောင် ဒီနယ်မှာ ဒီလောက်နာမည် ကြီးနေတဲ့ မန်ကျဉ်းပင်းတန်းကို မကြားဖူးဘူးလား။ ဒါမှမဟုတ် ကြားဖူးရဲသားနဲ့ မသိချင်ယောင်ဆောင်လာတာလား”
ကြားဖူးတယ် . . . သိလည်း သိတယ် ဒါပေမဲ့ မလာမ ဖြစ်မို့ အရဲစွန့်ပြီး ထွက်လာတာ။ ဆိုင်ကယ်သမားတွေ ခေါ်တော့လည်း ဘယ်လောက်ပိုက်ဆံပေးပေး ဘယ်သူမှ လိုက်မပို့ကြလို့”
“ဟား . . . ဟား . . . အဲဒါပဲ . . . သရဲတစ်ကောင်ရဲ့ အရှိန်အ၀ါဆိုတာ အဲဒါပဲ”
စိတ်ပျက်ဖို့ ကောင်းပါသည်။ လက်ခမောင်းပင် ထခက်နေသေး၏ ။
“မလာမ ဖြစ် လာရတာ ဆိုတော့ အကြောင့် ရှိလို့လဲ’
“ကျုပ်အမေ အသည်းအသန် နေမကောင်း ဖြစ်နေလို့”
“သြော် . . .’
ကိုယ်ချင်းစာသွားသည် ထင်သည်။
“မဆိုးပါဘူး။ အမေ့အတွက် ငါ့ကိုတောင်ပြန်အန်တုရဲတယ်ဆိုတော့ . . .”
“ကဲ . . . ခင်ဗျားသိချင်တာတွေ မေးပြီးပြီဆိုရင်လည်း ဖယ်တော့လေဗျာ။ ကျုပ် ခရီးဆက်ရဦးမယ်”
“ဟ . . . ဘာမှတောင် မမေးရသေးဘူး”
“ဟာ . . . ခင်ဗျား အခုပဲ မေးခွန်းတွေ အများ ကြီး မေးပြီးသွားပြီးလေ”
“အာ . . . အဲဒါတွေ က intro ပဲရှိသေးတာကွ။ တစ်ယောက် နဲ့ တစ်ယောက် မိတ်ဆက်ရုံသဘောလောက်ပဲ”
“သေပါတော့ဗျာ . . . လျှော့ပေးလို့ ရောင့် တတ်မလာနဲ့။ လည်ပင်းဆွဲလိုက်မယ်”
ကုပ်ပေါ်ခွထားဆဲ ပုဂ္ဂိုလ်ကြီး အသံမာသွားသည်။ ဒီလိုဆိုတော့လည်း သူ့ဘက်က ပြန်လျှော့ရပါသည်။ အချိန်မရွေး ကိုယ့်ကို (မတင်ရင် မထင်သလို) လုပ်နိုင်သည်ကိုး။
“အေးပါဗျာ . . . ဖြေဆိုလည်း ဖြေပေးပါ့မယ်။ ဒါပေမဲ့ ဒီလိုပုံစံကြီးနဲ့တော့ မဖြေချင်ဘူး။ ကျုပ်ရင်ဘတ်တွေ နာနေပြီး။
“မင်းက ဘယ်လိုဖြေချင်လို့လဲ”
“လမ်းလျှောက်ရင်း လင်ဗျားမေးတာတွေ က်ု ဖြေပေးမယ်ဗျာ။
ကျူပ်က ရွာကိုလည်း မိုးမလင်းခင် အရောက်သွားရမှာ ဗျ။ ကျူပ်အမေအခြေအနေက ဘာမှန်းသိတာမဟုတ်ဘူး”
အစိန်းသရဲကြီး အသံတိတ်သွားသည်။ စဉ်းစားသွားသည် ထင်ပါသည်။ အတော် ကြားမှ . . .
“ကောင်းပြီးလေ . . . ငါ သိချင်တာတွေ ရဖို့အတွက် နည်းနည်း တော့ လျှော့ပေးရမှာ ပေါ့။ ဒါပေမဲ့ မေးတာမဖြေနိုင်ရင်တော့ မင်းကို ကုပ်ချိုးသတ်ပစ်မှာ နော်”
“ဖြေနိုင်ရင်ရော . . .”
“ဖြေနိုင်ရင် လွှတ်ပေးမှာ ပေါ့”
“သေချာတယ်နော်”
“သေချာတယ်နော်”
“သရဲကတိကွာ”
ဘာလဲဟ။ တစ်ခါမှ မကြားဖူး။ သရဲကတိတဲ့။
“ကဲ . . .ဒါဆို အပေါ်က ဖယ်ပေး”
ထိုခဏ ကုပ်ပေါ်ခွစီးထားသော လေးပင်မှု တစ်ခုက ရုတ်ခြည်းလျော့ပါးသွားသည်။ ချက်ချင်း ပဲ မှော က်လျက်လဲနေရာမှ ထထိုင်တော့ရင်ထဲမှာ ပေါ့ကျသွား၏ ။ အသက်ကို ၀၀ရုသည်။ မတ်တပ်ရပ်ရန် ဆက်ခနဲ ကုန်းထတော့. . .
“ဟာ . . . လေးတယ်၊ လေးတယ် . . . အား ဂျွတ်. . .”
ခါးမှ အသံပင် ထွက်သွားသည်။ လူက မတ်တတ်မရပ်နိုင်ဘဲ ကုန်းကုန်းကွကွကြီး ဖြစ်နေတော့ . . .
“မပြောမဆိုဘဲ မတ်တတ်ထရပ်တာကိုးကွ၊ ငါ့ကို ပြောစရာပေါ့”
“ဟာ . . . ခင်ဗျားမရှိတော့ဘူး ထင်လို့ပေါ့ဗျ။ ကျုပ် ခါးကျိုးတော့မယ်ဗျ။ မြန်မြန်ဖယ်ပေး”
“ဖယ်ပေးလို့တော့ မရဘူး။ မတ်တတ်ရပ်နိုင်အောင်တော့လျှော့ပေးမယ်။ ဒါလောက်ဆို ရပြီးလား”
အနည်းငယ်တော့ ပေါ့သွား၏ ။ ဒါပေမဲ့ . . .
“မရသေးဘူး”
“အခုရော . . .”
“လေးနေသေးတယ်”
“ဒီလောက်ဆိုရင်ရော . . . ”
“မရသေးဘူး . . . လေးတုန်းပဲ”
“ဒီထက်တော့ လျှော့လိုမရတော့ဘူး . . . ဟေ့ကောင်၊ ဒီထက်လျှော့ရင် လေလေး နည်းနည်တိုက်တာနဲ့ ငါလွင့်သွားလိမ့်မယ်”
ဖိုးခွား ကိုယ်ကိုဆန့်ရင်း မတ်မတ်ရပ်ကြည့်လိုက်သည်။ လေးပင်သော ဖိအားတစ်ခု ကတော့ ကုပ်ပေါ်မှာ ရှိနေသေး၏ ။ ဒါပေမဲ့ ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်။ လမ်းလျှောက်လို့တော့ရသည်။ ဒါပေမဲ့ . . .
“အပေါ်က ဖယ်ပေးလို့ မရဘူးလားဗျာ။ ကုပ်ပိုးကြီး လေးနေတယ်ဗျ။ သွားရလာရ မလွတ်လပ်ဘူး”
“နိုး . . . နိုး . . . တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ပဲ . . . ဟေ့ကောင် . . . လုံးဝမရဘူး။ ဒါမှ မင်းမဖြေနိုင်တာနဲ့ အဆင်သင့်ကုပ်ချိုးသတ်ပစ်လို့ရမှာ ”
မတတ်နိုင်တော့ မေးတာဖြေပေးရုံမှတစ်ပါး။ အခြားလွတ်လမ်း မရှိတော့ပြီ။
“ကဲ . . . ဘာမေးမှာ လဲ မေးဗျာ”
စိတ်ပျက်ပျက်နှင့် ရွာဘက်ကို ဦးတည်ရင်း ပြောတော့ . . .
“ငါက အသတ်ခံပြီး သေရတာ ”
“အင်း . . .”
“ဓားနဲ့ ထိုးသတ်ခံရတာ ”
“အင်း . . .”
“ပြီးခဲ့တဲ့ လေးဘ၀လုံးလုံးလည်း သူများ သတ်လို့ သေခဲ့တာပဲ”
“ဟင်း . . . လေးဘ၀တောင်”
“ဟုတ်တယ်”
“အဲဒါလေးဘ၀လုံးမှာ လည်း ငါ့ကိုသတ်တဲ့သူက တစ်ယောက် တည်း”
“ဗျာ . . .”
“ဘာလို့ အဲလို ဖြစ်ရတာ လဲ၊ အဲဒါကို ငါ သိချင်တယ်”
စိတ်ဝင်စားဖို့ အရမ်းကောင်းသော ကိစ္စတစ်ခုဆိုတာ အလိုလိုသိလိုက်သည်။ ဒါပေမဲ . . .
“သိမလားဗျ . . . ခင်ဗျားတို့ ဘ၀ဘ၀တွေ က ဘယ်လိုရန်ငြိုးရန်စတွေ ရှိခဲ့လဲမှ မသိတာ”
“အဲဒါကို ငါသိချင်တယ်ကွာ . . . ငါ့ကို ဖြေပေး”
အော်သာ ငိုလိုကပ်ချင်တော့၏ ။ သူကိုယ်တိုင်တောင် မသိတဲ့ကိစ္စ အခြားသူလာမေး နေတော့ ဘယ်လို အဖြေပေးရမည် နည်း။ တော် တော် အူအူကြောင်ကြောင်နိုင်သော မေခွန်းပါ။
“ခင်ဗျားကလည်း နှစ် နှစ် သားကလေးလေးဆီလာပြီး လွန်ခဲ့တဲ့ အနှစ် နှစ် ဆယ်က မင်း ဘာတွေ လုပ်ခဲ့မေးသလို ဖြစ်နေပြီ။ကျုပ်က ဘယ်လိုလုပ် သိမှာ လဲဗျ။ ခင်ဗျားကိုယ်တိုင်တောင် မသိတဲ့ကိစ္စ၊ ခင်ဗျားပြောတာလေး နားထောင်ပြီး အဖြေတန်းပေးနိုင်လောက်အောင် ကျုပ်က ဥာဏ်ကြီးရှင် မဟုတ်ဘူး။ တန်ခိုးရှင်လည်း မဟုတ်ဘူး။ နောက်ပြီးခင်ဗျားတို့ အရင်ဘ၀တွေ က ကိစ္စတွေ ကျုပ်မမြင်ရတာ လည်းမဟုတ်၊ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့ရတာ လည်းမဟုက်၊ အဲ့တော့ ခင်ဗျားမေးတာကို ကျုပ်ဘယ်လိုဖြေပေးရမှာ လဲ”
အသံမကြားရ။ အချိန်အတော် ကြာ ငြိမ်သက်ပြီးကာမှ သက်ပြင်းချသံလေးလေးနှင့် အတူ…
“ကောင်းပြီလေ … အဲ့လိုဆိုလည်း မင်းကိုယ်တိုင်မြင်ရ၊ တွေ့ ရခံစားရအောင် တစ်လ၀ချင်းစီ ခေါ်သွားပြရတာ ပေါ့ ”
“ဗျာ …”
အရှေ့စီမှ မြူခိုးတွေ ဝေနေသည်။ ဘာကြောင့် မှန်းမသိ အနီးဝန်းကျင်ကမှော င်သော ညဥ့် နက်နက်အောက်မှာ အနည်းငယ်လင်းချင်းလာသလို ခံစားရသည်။ ရုတ်ချင်းပြောင်းလဲသွားသော အနေအထားအရ …
“အရှေ့မှာ ဘာ ဖြစ်နေတာလဲဗျ ”
“မင်းကိုငါအသတ်ခံရတဲ့ ပထမဆုံးဘ၀ကိုခေါ်လာတာလေ”
“ဗျာ”
ကုပ်ပေါ်မှ စကားကြောင့် လူကကြောင်စင်းသွားတော့ …
“ဟုက်တယ် … မင်းကိုအဲ့ဒီ ဘ၀ခေါ်လာပြီး ငါဘာကြောင့် အသက်ခံရတယ်ဆိုတာ ဖော်ထုတ်ခိုင်းမလို့။ မင်းပဲပြောတယ်လေ။ ကိုယ်တိုင်ပါဝင်ပတ်ခဲ့ရတာ မဟုက်လို့ ငါမေးတာကိုဖြေ မရဘူးဆို”
သေပြီ။ ကိုယ့်စကားနှင့် ကိုယ် ချောင်ပိတ်မိလေပြီ။ အမှန်ကပြီးပြီးရော ပြောလိုက်ခြင်း။
“ဒီကနေ ရှေ့တစ်ခေါ်လောက်မှာ မြို့တစ်မြို့ရှိတယ်။…ကဏှာဒီပမြို့လို့ခေါ်တယ်။ ရှင်ဘု ရင်အုပ်ချုပ်တဲ့ခေတ်က မြို့ဆိုပါတော့ကွာ။ မှတ်မိသလောက် အဲ့ဒီဘ၀မှာ ငါကရှင်ဘုရင်အနီးအပါး ခစားရတဲ့အမတ်ကြီးကွ။ နာမည် ကမဟာပညာမွန်တဲ့။ ဂုဏ်ပြုညစာ ဧည့်ခံပွဲတစ်ခုမှာ အသတ်ခံ လိုက်ရတာ ။ ကဲ…မြို့ထဲဝင်ပြီး ငါသိချင်တာကို ဆုံစမ်းဖော်ထုတ်ပေးပေတော့ ”
ဒီကောင်ကြီးသရဲဘ၀ကနေ အရူးဘ၀ရောက်သွားတာလား။ ဘာတွေ ပြောနေပါနည်း။
“ခင်ဗျား ဘာတွေ ပြောနေတာလဲ”
“လျှာမရှည်နဲ့ ။ငါခိုင်းတာကိုပဲ လုပ်”
ထိုခဏမှာ ပဲ အရှေ့ဆီမှာ မြင်ရသော မြင်ကွင်းက သူ့ကိုတအံ့တသြ ဖြစ်သွားစေပါသည်။ ခြေလှမ်းငါးဆယ်လောက်အကွာတွင် မြို့ရိုးကြီးတစ်ခုရှိသည်။ ရဲမက်နှစ် ဦးက မြို့တံခါးဝမှာ လှံရှည် ကိုင်ပြီး စောင့်နေသည်။ ဒါဆို တကယ်ကြီးပေါ့။ ကိုယ့်မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားစဉ်…
“ရုတ်ရုတ်တော့လုပ်မယ် မကြံနဲ့နော်။ မင်းအနားမှာ ငါအမြဲရှိ နေတယ်။ မြို့ထဲကိုကောင်း ကောင်းဝင် ၊ ငါသိချင်တဲ့အဖြေကို ရအောင်ရှာ။ မမှားစေနဲ့။ မှားရင်သတ်ပစ်မယ်။ အဖြေမရရင် လည်းသတ်မယ်”
“ခင်ဗျားကလည်း… ဘာမှကိုလုပ်မရအောင် ဖြစ်နေပြီ။ သတ်မယ်ဆိုတာကြီးပဲ”
“သတ်ရမယ်။ အဲ့တော့မှအသတ်မခံရအောင် မင်းကြိုးစားမှာ ”
ဖိုးခွားသတ်ပြင်းကိုချမိလိုက်ပါသည်။
“ခင်ဗျား ဘာသိချင်တာလဲ”
“ငါ့ကို ဘယ်သူသတ်တာလဲ။ ဘာကြောင့် သတ်တာလဲ”
နောက်တစ်ကြိမ် သက်ပြင်းချမိ၏ ။ အလိုလိုနေရင်း ကျောင်းဆရာဘ၀မှ စုံထောက် ဖြစ် ချေပြီ။
“မင်းကုတ်ပေါ်ကခွစီးထားတာ ကနေဖယ်ပေးမယ်။ ဒါပေမဲ့မင်းအနားမှာ ငါအချိန်ပြည့်ရှိ နေတယ်။ အခုလိုမျိုး ငါ့ကို လုံးဝစကားမပြောနဲ့။ လိုအပ်ရင်ငါပြောမယ်။ ကဲ …၀င်တော့”
ထိုစဉ်မှာ ပဲ အရေး တစ်စုံတစ်ရာကို သတိရပြီး တားလိုက်ရပါသည်။
``ဟာ…နေ … နေ …နေဦး´´
``ဘာလဲ´´
``ကျုပ်ကမြို့ထဲကို ဘယ်လိုပုံစံနှင့် ၀င်ရမှာ လဲဗျ။ အဲ့ဒီ မြို့သားလည်းမဟုက်။ ဘယ်သူ့ကို မှလည်းသိတာမဟုက်။ အစောင့်တွေ ကပေးမ၀င်ရင် ဘယ်လိုလုပ်မလဲ´´
``ပေးမ၀င် မရှိပါဘူးကွာ … မင်းသာမသိတာပါ။ မင်းကိုသူတို့အားလုံ့းကသိနေကြ ပါတယ်´´
``ဘာ ဖြစ်လို့လဲ´´
`` မင်းကအမတ်ကြီး ပညာမွန် ကိုယ်တိုင် ဖြစ်နေလို့လေ´´
``ဗျာ…´´
နှလုံးအစုံ `ဒုန်း´ခနဲ ဆောင့်ခုန်သွားပြီးသကာလ။
``ဟာ…ဟေ့ … ဟေ့လူကြီး …ဟာ …သရဲကြီး သရဲကြီး´´
အသံမကြားရတော့။ အသံရော ကုပ်ရော ပေါ့သွားလေပြီ။ ကျန်ခဲ့သည်ကား သူတစ် ယောက် တည်း။ ခြေစုံရပ်ကာ စဉ်းစားမိလိုက်၏ ။ အရှေ့မှာ မြို့ရိုးတစ်ခု၊ တံခါးနှစ် ချပ်နှင့် အစောင့် နှစ် ဦးရှိနေသည်။ အနောက်ဖက်မှာ တော့ သူဝင်ရောက်လာသည့် အမှော င်ထု။
ယခု သူ့ကုပ်ပေါ်တွင် မည် သူမှရှိမနေတော့။ အရင်အခြေအနေ အတိုင်းပေါ့ပါး သွက်လပ် နေပြီ။
ဘာဆက်လုပ် ရမည် နည်း။
ရှေ့ဆက်သွားမလား၊ နောက်ပြန်လှည့်မလား။
စဉ်းစားစရာမလို … အဖြေတစ်ခုကမမေးကတည်းက ကိုယ့်ကိုယ်ကိုယ် သေချာပြီးသားမို့ နောက်ပြန်လှည့်လိုက်သည်။ ထိုအခိုက် …
``အား …´´
လည်ပင်းအား ပြုတ်တူနှင့် ဖိညှပ်လိုက်သလို …
``ဂစ် … ဂစ်…´´
လူက ချက်ချင်း မျက်ဖြူဆိုက်သွားလေပြီ။
လက်သီးကိုဆုပ်ရင်း တံတွေးကို မျိုချလိုက်ပါသည်။ တံတွေးက လည်ချောင်းတစ်လျှောက် မီးစနှင့် ထိုးသလိုပူဆင်းသွား၏ ။ လည်ပင်းကအခုချိန်ထိနာနေသေးသည်။ အသည်းအသန် တောင်းပန်လိုက်ပေလို့။ မဟုက်ပါက သူ့ကိုအသေသတ်မည့်  သဘောရှိသည်။
ဖိုးခွားလုံးဝ နောက်ပြန်မလှည့်ရဲတော့။ ဒီတစ်ခါတော့ ဘယ်လောက်တောင်းပန်တောင်းပန် လွှတ်ပေးမည် မထင်တော့ပါ။ ရွေးချယ်စရာမရှိတော့သည်မို့ ရှေ့ကိုသာ ဆက်လှမ်းရတော့မည် ။
လည်ပင်းကို တစ်ချက်ပွတ်ကာ သက်ပြင်းကိုချရင်း ခြေလှမ်းစလိုက်သည်။ အရှေ့မလှမ်း မကမ်းဆီမှ မြို့ဝင်တံခါးနှင့် အစောင့်နှစ် ဦးက သူ့ကိုမျှော်ကြည့်နေ၏ ။ အနီးရောက်တော့ ဘာလုပ် ရမှန်းမသိသည်မို့ မျတ်နှာလိုမျက်နှာရရယ်ပြလိုက်သည်။
ထိုအခါမှ အစောင့်နှစ် ဦးက မတ်တပ်ရပ်နေရာမှ ဒူးထောက်ခစားပြီး …
“ကျန်းခံ့သာလို့ မာပါစအရှင်”
အလယ့် . . . တယ်ဟုတ်ပါလား။ ဘယ်လိုတွေ ပါလိမ့်။
“ပို့သတဲ့မေတ္တာကြောင့် ကျန်းမာပါတယ်ကွယ်”
“ဟင် . . .”
ကိုယ့်အသံကိုယ် ကြားယောင်ပြီး လူက ကြက်သီးထသွား၏ ။ ငါ့အသံလည်း မဟုတ်ပါ လား။ ဘယ်သူ့အသံကြီးလဲ။
“အတွင်းကို ၀င်ပါအရှင်။ စောလျင်စွာ ခရီးဦးကြို မပြုမိလို့ ကျွန်ုပတို့နှစ် ဦးရဲ့ အပြစ်ကို လျှော့ပေါ့သည်းခံပေးပါ။
ထိုခဏမှာ ပဲ ပိတ်ထားသော တံခါးကြီးနှစ် ချပ် ပွင့်သား၏ ။ ကျိန်းစပ်သွားသော အလင်းမျှင်တန်းတစ်ခုနှင့် အတူ အတွင်းဘက်ဆီမှာ မြင်လိုက်ရသည်ကား . . .
“ဟင် . . .”
လုံးဝမယုံနိုင်ဖွယ် မရှိပါ။ အမြင်မှားတာလား။ ဇဝေဇ၀ါ ဖြစ်တာလား စစ်ဆေးတော့ အာရုံခံစားမှု စနစ်က တိကျသော အဖြေကို ထုတ်ပေးသည်။ အတုမဟုတ်။ တကယ်ပင်အစစ်ကြီးပါတဲ့။
လွန်ခဲ့သော မိနစ်ပိုင်းကပင် ညအချိန် ဖြစ်ပါသည်။ ဒါပေမဲ့ အခုတံခါးဖွင့်တော့ နေ့သစ် တစ်ခုက သူ့ကိုကြိုလင့်နေဟ၏ ။ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်တော့ ပိုလို့ပင် အံ့သြရပါသည်။ ခန္ဓာ ကိုယ်ပေါ်မှာ ရှိနေသည်ကား အရင်အ၀တ်အစား မဟုတ်တော့ပါ။
ပိုးအင်္ကျီကိုယ်ကြပ်နှင့် ရွှေဖလားတောင်ရှည် အချိတိပုဆိုးနှင့် ရွှေးပိုးရောင် အနာကွပ် ကန်တော့ချွန် ဖိနပ်နှင့် အသံပါ ပြောင်းရုံမဟုတ်၊ လူပါ ပြောင်းနေပြီ။
အံ့သြလို မဆုံးခင်မှာ ပဲ ဘယ်ကမှန်းမသိသော စကားတစ်ခုနားတွင် လွင့်ပျံလာသည်။ မကြာခင် အချိန်ပိုင်းက နားနှင့် စပ်စပ်ကြားခဲ့ရသည့် စကား။ “မှတ်မိသလောက် အဲ့ဒီဘ၀မှာ ငါက ရှင်ဘုရင်းအနီးအပါး ခစားရတဲ့ အမတ်ကြီးကွ။ နာမည် က မဟာပညာမွန်တဲ့”
“ဘုရားရေး . . .”
သူ့တစ်ကိုယ်လုံး တုန်ဆင်းသွားသည်။ ပြီးတော့ နောက်တစ်ခွန်း။
“မင်းက အမတ်ကြီး မဟာပညာမွန်ပဲ”
“ဟိုက် . . .”
![]() မြကျွန်းညို မဟုတ်သော်လည်း | ![]() လက်ညှိုးထိုး၍ ပန်းဝေသည် (၂) | ![]() ဈာပနရှင်းတမ်း |