အခန်း (၁)
ချစ်သူတွေ ဖြစ်ပြီးနောက်ပိုင်း၌ ကျွန်တော် တို့ နှစ် ဦးအတွက် ညနေချိန်များ သည် လွန်စွာ လှပ သာယာခဲ့သည်။ တစ်နည်းပြောရလျှင် သူမ၏ မြင်းဖြူလေးသည် ကျွန်တော် တို့အတွက် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်လာခဲ့၏ ။
မြင်စီးမည် ဟူသော အကြောင်းပြချက်ဖြင့် ညနေတိုင်းလိုလို သူမ ကျွန်တော့် ဆီ ရောက်လာခဲ့သည်။ ဦးချမ်းသာ၏ အာဏာစက်လွတ်ရာ ရိုးမတောင်ခြေတစ်ခွင်သည် ကျွန်တော် တို့ နှစ် ဦးအတွက် ဧဒင်ဥယျာဉ် ဖြစ်လာခဲ့၏ ။ ထိုဥယျာဉ်ထဲတွင် ကျွန်တော် တို့နှစ် ဦး မြင်းလျှောက်စီးကြသည်။ စကားတွေ ထိုင်ပြောကြသည်။
ကျွန်တော် တို့ ထပ်ပိုးတင်ဆောင်ပေးရသော်လည်း မြင်းဖြူးလေးမှာ ညည်းညူဟန်မပြ ခါးကော့ လည်မောင့်စွာ ဖြင့် ပင် ကျွန်တော် တို့ ချစ်သူနှစ် ဦးကို တာဝန်ကျေပေးရှာသည်။
တစ်ခါတစ်ရံတွင် တော့ သူမရော မြင်းဖြူလေးပါ ပျောက်နေတတ်၏ ။ ခြံထဲမှ အလုပ်သမားများ အပေါ် ဦးချမ်းသာ ဒေါသူပုန်ထသော င်းကျန်နေသော အခါမျိုးတွင် သူမ အပြင် မထွက်ရဲ။
ထိုနေ့မျိုးမှာ တော့ ကျွန်တော် တစ်ဦးတည်းသာ တွေ့ နေကျ တောင်ကုန်းထက်တွင် အထီးကျန်ဆန်ရလေ့ရှိသည်။ ယိုမယ်နဲ့ မတွေ့ ခဲ့ရသည့်ညမျိုးမှာ ရွှေဂဲသည် ကျွန်တော့်အတွက် အကောင်းဆုံးအဖော် ဖြစ်ခဲ့သည်။ ကျွန်တော် လွမ်းဆွတ်ရင်ဖွင့်သမျှကို မညည်းမညူ နားထောင် ပေးရှာ၏ ။ တစ်ခါတစ်ရံတွင် လည်း အကြောင်းမဲ့စွာ နှစ် ရက်သုံးရက်လောက် သူမ အပြင်မထွက် တတ်။
ထိုအခါမျိုး၌ ကျွန်တော့်မှာ နေမထိ ထိုင်မသာ။ ယိုးမယ် ကျန်းမာရေး များ မကောင်းလို့ လား၊ ကျွန်တော် တို့အကြောင်းတွေ ပဲ ဦးချမ်းသာသိသွားလို့လား၊ အတိုင်းထက်အလွန်စိုးရိမ် ပူပန်ရပါသေးသည်။
ဒါပေမဲ့ သူမနဲ့ ပြန်တွေ့ စဉ်မှာ အကျိုးအကြောင်းမေးမြန်းတော့ ပြန်ဖြေသော စကားက အသည်းယားချင်စရာ။
ကျွန်တော် နဲ့ မတွေ့ ဘဲ ဘယ်နှစ် ရက်လောက်နေနိုင်သလဲ သူ့မကိုယ် သူမ စမ်းကြည့် တာပါတဲ့။
ဘယ်လောက် အသည်းယားဖို့ကောင်းလိုက်သလဲ။ ကျွန်တော့်မှာ တော့ စိုးရိမ်ပူပန်ရ လွန်းသဖြင့် နှလုံး ရောဂါ စွဲနေပြီ။ သူမ ကတော့ အေးအေးလူလူပင် စမ်းသပ်ကာနေပါသေး၏ ။
“ဘယ်နှစ် ရက်နေနိုင်သလဲ”
စိတ်မရှည်စွာ မေးတော့ ဟီးခနဲ မျက်နှာချိုသွေးကာ ရယ်သည်။ ပြီး ကလေးငယ် တစ်ဦးလို လက်နှစ် ချောင်းကို ပြောစိစိထောင်ပြရင်း…
“နှစ် ရက်”
“နည်းတာပေါ့ နှစ် နှစ် လောက်ဆို ပိုကောင်းမယ်ထင်တယ်”
“ဘာရှင့်…”
ဆတ်ဆတ်ထိ မခံသော အသံလေးကြားရတော့ မျက်နှာတည်လျက်မှပင် ကျွန်တော် ကျိတ် ကြည်နှုးနေရသေးသည်။ စိတ်လိုလက်ရရှိသည့် အခါမျိုးမှာ ကျွန်တော့် ပခုံးကို ခေါင်းကလေးမှီ၍ တစ်ဦးတည်းစကားပြောနေတတ်သော သူမအကျင့်။
ယိုမယ်လေး…..ကနောင့်ကို သိပ်ချစ်တာသိလား။ ယိုမယ်တစ်ခါမှ ချစ်သူမထားဖူးဘူး။ ကနောင်ဟာ ပထမဆုံးပဲ။ ကနောင်ကရောဟင်….
တစ်ဦးတည်းပြောသလိုနှင့် အဆုံးသတ်မှာ ကျွန်တော့်ကို မေးခွန်းထုတ်ပါသည်။ ထိုအခါမျိုး တွင် တော့ ကျွန်တော် တွေ ဝေငေးမောခြင်းမဲ့စွာ အဖြေပြန်ပေး ဖြစ်သည်။
“ကိုယ်တို့ဘ၀တွေ က ချစ်သူတွေ ၊ သံယောဇဉ်တွေ ကို ဦးစားပေးခွင့်မရတဲ့ ဘ၀တွေ ပါ။ မိဘ၊ ဆွေမျိုး၊ ငွေကြေး၊ သံယောဇဉ်အားလုံးကို စွန့်လွှတ်ထားရတာ ။ ကိုယ်တို့ဆီမှာ ခံယူ ချက်နဲ့ စိတ်ဓာတ်ပဲ ရှိတယ်။ လိုအပ်ရင် ခန္ဓာကိုယ်နဲ့ အသက်ကိုတောင် လဲဖို့ ဆုံးဖြတ်ထားတယ်။ ဒီလို မျိုးတွေ အတွက် ချစ်သူဆိုတာ ဘယ်မှာ ရှိပါ့မလဲ”
အဖြေဆုံးတော့ သူမမျက်နှာမှာ ပြုံးငွေ့ငွေ့ ကျေနပ်မှု များ ကိုတွေ့ ရသည်။ တစ်ခါတစ်လေ တော့လည်း ကျွန်တော် တို့ရဲ့ ကျောင်းသားဘ၀အတွေ့ အကြုံများ ကို စိတ်ဝင်တစားမေးမြန်းတတ် ပါသည်။ ချစ်သူကမေးလေတော့ စိတ်မပါပေမဲ့လည်း ပြောပြ ဖြစ်သည်။
အဆောင်နေ ကျောင်းသားဘ ၀၏ ပျော်စရာကောင်းပုံ၊ ကျွန်တော် ကိုယ်တိုင်ပါဝင်ခဲ့သည့်။ ကျောင်းသားလှုပ်ရှားမှု များ ၊ တိုင်းပြည်ရဲ့ ရင်သွေးများ ကို ရာဇ၀တ်သားတွေ နဲ့မခြား၊ မညှာမတာ ချမှတ်ပစ်ခဲ့သည့် အဆောင်စည်းကမ်းများ ။
ကျွန်တော် တို့ရဲ့ အေးချမ်းပျော်ရွှင်ဖွယ်ရာ တက္ကသိုလ် ကျောင်းဝင်းကြီးအတွင်း သေနတ်သံ များ ဖုံးလွှမ်းခဲ့ပုံ။ အသက်ပေး ကာကွယ်သွားသည့် ခေါင်းဆောင်များ ၊ ကျဆုံးခဲ့သည့် အာဇာနည် ကျောင်းသားရဲဘော်များ ။
စသော စကားတွေ ကို တခမ်းတနားပြောပြတော့ ယိုးမယ်လေးမှာ မျက်တောင်မခတ်စတမ်း နားထောင်ရှာပါသည်။ ပြီးတော့ ကျွန်တော့်အား ဖြေရခက်စေသော မေးခွန်းတစ်ခုကို လျှက်တစ် ပြက်မေးသည်။
အဲဒါတွေ ကို မလုပ်ပါနဲ့တော့လား ဟင်
ဘာ ဖြစ်လို့လဲ
သူ့ကို စိုးရိမ်လို့ပါ
ကျွန်တော် ခေါင်းကို ယမ်းပြတော့ ယိုမယ်ကလေးမှာ အကြောင်းသားငေး သွားပါသည်။ ပြီးတော့ အမှန်တရားနဲ့ ငဲ့ညှာမှု ၊ အာဏာပြရက်စက်မှု တွေ ကို ကျွန်တော် သူမအား သေသေချာချာ ပြောပြ ဖြစ်သည်။ သူမနားလည်ပါစေတော့ရယ်လို့လည်း စကားတစ်ခု ထပ်ဆိုမိ၏ ။
“ကိုယ်တို့လက်မှာ သေနတ်ကိုင် မထားပါဘူး။ လက်ထဲမှာ တကယ်တမ်း ရှိနေတာက စအုပ်နဲ့ ဘောပင်လေးတွေ ပါ ယိုးမယ်ရယ်”
အဲဒီ နေ့နောက်ပိုင်းက စပြီး ငါးရက်တိတိ ယိုးမယ် ကျွန်တော့် ဆီ မလာတော့ပါဘူး။ သူမ စကားကို ကက်မခံ၍ စိတ်ကောက်သွားသည်ဟု ထင်ပါသည်။ ဒီလိုဆိုတော့လည်း ကျွန်တော် တို့ ခြံဆီ သုံးရက်တစ်ခါလာတတ်သော ကိုကြီးမောင်ကိုပဲ ရှေ့မျက်နှာနောက်ထားပြီး အကူအညီ တောင်းရလေသည်။
ထင်မှတ်မထားစွာ ကိုကြီးမောင်က ကျွန်တော် တို့နှစ် ဦး ချစ်သူတွေ ဖြစ်နေတာကို သိထားပါသတဲ့။ သူ့ညီမအား ကျွန်တော် နှင့် ဆို သဘောတူပါသတဲ့။ နောက်ပိုင်းတော့ ကိုကြီမောင် သည် ကျွန်တော် တို့နှစ် ဦး၏ ကြားခံဆက်သွယ်မှု တစ်ခု ဖြစ်ခဲ့ရသည်။
ကျွန်တော် ပြောလိုက်သည့် စကားအား ယိုးမယ်ထံ သွားတာ ဖြစ်စေ၊ ယိုမယ်ပြောလို့သည့် အေကြောင်းအရာကို ကျွန်တော့်ထံ ပို့ဆောင်တာ ဖြစ်စေ ပြုလုပ်ပေးရသည်။ ကျွန်တော် တို့နှစ် ဦး အကြောင်းအား သိထားသူမှာ ကိုကြီးမောင်ပင်မဟုတ်။ နောက်တစ်ဦး ရှိနေပါသေးသည်။
သူက….။
ဒေါ်အေးမေ။
ဒေါ်အေးမေသည်လည်း ကျွန်တော် တို့နှစ် ဦး ချစ်ကြိုက်နေတာ ကို သိထားပါသတဲ့။
ကိုကြီးမောင်သည် တာဝန်ကျေသူ တစ်ယောက် ဖြစ်ပါ၏ ။ ခြောက်ရက်မြောက်ညနေပိုင်းမှာ သူကိုယ်တိုင်ပင် ယိုးမယ်ကို ကျွန်တော် ထံ ခေါ်လာပေးသည်။ ကျွန်တော့်ရင်ခုန်ပျော်ရွှင်သွားရ သလောက် သူမ ကတော့(ငါးရက်လုံးလုံးမတွေ့ ရသော ချစ်သူကိုပြန်တွေ့ ရပေမဲ့)မျက်နှာတွင် ပျော်ရွှင်မှု ကို မတွေ့ ရ။
နောက်ပြီး ကျွန်တော် မေ့ထားသော သူမဘ၀ဇာတ်ကြောင်းကိုပြောပြပါ၏ ။ ကျွန်တော် သည် ဒိဋ္ဌဓမ္မ မြင်တွေ့ ဆက်ဆံရသော ပုဂ္ဂိုလ်မှလွဲ၍ သူတို့၏ ဘ၀နောက်ကြောင်းများ ကို စိတ်ဝင်စားလေ့ ရှိသူတစ်ဦး မဟုတ်ပါ။
ဒါပေမဲ့ ချစ်သူက မှု န်တေတေ မျက်နှာဖြင့် သူမ ဘ၀ဇာတ်ကြောင်းကို ပြောပြသည်။
“ယိုးမယ်မှာ အငယ်ကတည်းက အမေမရှိတော့ဘူး။ ဖေကြီးရဲ့ ပြုစုစောင့်ရှောင့်မှု နဲ့ပဲ လူလားမြောက်လာရတာ ။ ကျောင်းနေတဲ့အရွယ်ရောက်တော့ ကျေးရွာမူလတန်းကျောင်းမှာ ပဲ နေရ တယ်။ မူလတန်းပြီးတော့ နီးစပ်ရာ မြို့မှာ ပဲ အလယ်တန်းနဲ့ အထက်တန်းကို ဆက်တက်တယ်။
အထက်တန်းပြီးတော့ ဖေကြီးက ယိုးမယ်ကို တက္ကသိုလ် ဆက်မထားတော့ဘူး။ အိမ်ကို ပြန်ခေါ်ထားတယ်။ အဲတော့ ကနောင်ပြောပြောနေတဲ့ တက္ကသိုလ်ဆိုတာကို ယိုးမယ်မရောက်ဖူး ပါဘူး။ သီချင်းတွေ ၊ ရုပ်ရှင်တွေ ၊ စာအုပ်တွေ ထဲမှာ ပဲမြင်ဖူး ကြားဖူးတာပါ။ တက္ကသိုလ်မရောက်ဖူး တဲ့အတွက် အဆောင်နေကျောင်းသားဘ၀ ပျော်ရွှင်လွတ်လပ်မှု တွေ လည်းမသိဘူး။ ကျောင်းသားလှုပ်ရှားမှု ဆိုတာကိုလည်း ကနောင်ပြောပြမှကြားဖူးတာပါ။ ယိုးမယ်တို့ကျေးလက်နဲ့ မြို့ကြီးပြ ကြီးက အလှမ်းဝေးလွန်းတယ်လေ။ တက္ကသိုလ်ကျောင်းသူဘ၀ကို ယိုမယ်မခံစားဖူးဘူး။ ကျောင်းသားတစ်ဦးမှာ ရှိသင့်တဲ့ ခံယူချက်၊ စိတ်ဓာတ်တွေ ယိုးမယ် မသိဘူး၊ ဒါပေမဲ့ ကနောင်ရယ်…”
ချစ်သူလေး၏ စကားမှာ တစ်ဝက်တစ်ပျက်နှင့် ရပ်သွားသည်။ ပြီးတော့မှု န်ပျပျတောအုပ် လေးဆီ ငေးငေးရီရီ ကြည့်နေ၏ ယိုးမယ်ပုံစံကို ကြည့်ပြီး ကျွန်တော့်ရင်တွင်းမှာ လည်း ၀မ်းနည်းမှု ကိုလိုလို စိတ်မကောင်းမှု လိုလို ကို ခံစားသွားရသည်။
ထိုစဉ်မှာ ပဲ နှုတ်ခမ်းပါးနှစ် လွှာမှာ လှုပ်ခတ်လာပြန်သည်။
ယိုးမယ်မှာ ဟိုးကလေးဘ၀ကတည်းက မက်ခဲ့တဲ့ အိပ်မက်တစ်ခုရှိတယ် သိလား။ ယိုးမယ် ကမိစုံ ဖစုံ နေခဲ့ရတာ မဟုတ်ဘူးလေ အဲတော့ယိုမယ်အိမ်ထောင်ပြုချိန်ရောက်လို့ ဘ၀တစ်ခုထူ ထောင်လည်း အေးအေးချမ်းချမ်းပဲ ဖြစ်ချင်တယ်။ ယိုးမယ်မွေးလာမဲ့ သားသမီးတွေ ကိုလည်း မိစုံဖစုံပဲ မြင်စေချင်တယ်။ ယိုးမယ်ရယ် ယိုးမယ်လက်ထက်မဲ့ အရမ်းချစ်တဲ့ချစ်သူရယ်၊ ယိုးမယ်မွေး လာမဲ့ သားသမီးတွေ ရယ် တစ်သက်လုံး ဥမကွဲ အသိုက်မပျက် အေးအေးချမ်းချမ်းပေါ့။
တော် တော် တာသွားသည့် စကားလေးပါ။ ချစ်သူက ဥမကွဲ အသိုက်မပျက် နေချင်ပါသတဲ့။ သူမမွေးလာမဲ့ ရင်သွေးတွေ ကို မိစုံဖစုံမြင်စေချင်ပါသတဲ့။
ကျွန်တော် ဆို့နင့်ကာ ကျသွားလေသည်။
ချစ်သူရယ် ယောက်ျား တစ်ယောက် ရဲ့ ယုံကြည်ရာကို မင်းဥပေက္ခာပြုရက်တယ်ပေါ့။ ကိုယ် ယုံကြည်ရာလုပ်ခွင့် မရှိသည့် ယောက်ျား တစ်ယောက် ရဲ့ ဘ၀ကရော မည် မျှအဓိပ္ပာယ်မဲ့သွား ပြီလဲ။
ချစ်သူလေးကိုလည်း သနားမိသည်။ မိန်းမသား ဖြစ်လေတော့ ဘ၀တစ်ခုကို အေးချမ်စွာ တည်ဆောက်ချင်မှာ ပေါ့။ ချစ်ရသော ခင်ပွန်းသားသမီးတွေ နဲ့ ပျော်ရွှင်လွတ်လပ်စွာ နေလိုမှာ ပေါ့။
အိမ်ထောင်ဖက်တစ်ဦးအ ဖြစ် တစ်ဘ၀လုံး လက်တွဲ ဖို့ ရည်ရွယ်ပေးသည်ကိုတော့ ကျွန် တော် အတိုင်းထက်အလွန် ကြည့်နှုးဝမ်မြောက်ရပါသည်။ သို့ ပေမဲ့ ဘ ၀နှစ် ခုက အစမှအဆုံးတိုင် ကွာခြားနေသလိုခံစားရသည်။
ချစ်သူသည် တစ်သက်တာပတ်လုံး တည်မြဲအေးချမ်းစွာ နေလာခဲ့ရ၏ ။ ကျွန်တော် မှာ ကား မတည်မြဲ။
တစ်ချိန်မဟုတ် တစ်ချိန်…
ဒါပေမဲ့…
ကျွန်တော် နားလည်ထားသည် ကတော့ ဘ၀ဆိုတာ ယုံကြည်မှု ကို ရဲဝံ့စွာ ဖြတ်သန်းတတ်ဖို့ သာလိုပါသည်။
အခန်း (၂)
ထိုနေ့ညက တစ်မှေးမှ အိမ်မပျော်ခဲ့။
ငူငူကြီးထိုင်ကာ ဆေးလိပ်ဖွာ စဉ်းစားနေသော ဦးလေးသော င်းက အားလုံးကို သိနေသည့် အလား တစ်ခွန်းမေး၏
ဘာလဲကွ…..ခံယူချက်နဲ့ ချစ်သူ ရွေးရခက်နေပြီလား
ကျွန်တော့်မှာ အဖြေစကားမရှိ၊ အဖြေမရှိတော့ မေးခွန်းသာပြန်မေးသည်။
ဦးလေးသော င်းဆိုရင်ကော ဘာကို ရွေးမလဲ
ကျွန်တော့်အမေးကို ကြားတော့ ဦးလေးသော င်းမှာ တစ်ဟားဟားအော်ရယ်သည်။ ပြီးတော့ ခေါင်းကို တဆတ်ဆက်ညိတ်ရင်း….
“ငါ့တူက တက္ကသိုလ်ကျောင်းသား ဖြစ်ပြီး မိန်းကလေးတွေ အကြောင်း ကောင်းကောင်းမှ မသိသေးပဲကိုကွ။ မသေမချင်းမှတ်ထား၊ မိန်းကလေးဆိုတာ ရွှံ့နဲ့ အလားသဏ္ဍာန်တူတယ်။ သူ့ကိုဒီအတိုင်းပုံသွင်းလို့ မရဘူး။ ရေအရင်ရောရတယ်။ ပြီးရင်ပုံသွင်းလို့ရလောက်တဲ့ ပျော့ပျောင်း ကျစ်လစ်မှု ရအောင် ကြိုးပမ်းရတယ်။ နောက်ပြီးမှ ကိုယ့်စိတ်ကြိုတ်ရုပ်ပုံရအောင် ပုံသွင်းယူရတဲ့ အမျိုးကွ”
ဦလေးသော င်းစကားက အဓိပ္ပာယ်များ စွာ ကို ကျွန်တော် အားပေးသွားခဲ့၏ ။ သေချာစဉ်းစား ကြည့်တော့ အဖြေရေး ရေး ပေါ်လာသည်။ ထိုခဏမှာ ပဲ ဦးလေးသော င်းကို ကျွန်တော် လေးစားမိ သွားသည်။
အဖြေထွက်သွားခဲ့ပြီ။
တိုက်ဆိုင်စွာ ပင် နောက်တစ်နေ့ ညနေ၌ ကိုကြီးမောင်က ကျွန်တော့်အတွက် သတင်း ကောင်းတစ်ခုကို ယူဆောင်လာသည်။
ထိုနေ့သည် တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် နှင့် ယိုးမယ် ချစ်သူ ဖြစ်ပြီး တစ်လတိတိ ပြည့် သော နေ့လည်း ဖြစ်သည်။
ဂလောင်…..ဂလောင်……ဂလောင်
အချက်ပေးသံကြားတော့ သူမအိပ်ရာမှ နိုးထလိုက်ပါသည်။ နေ့စဉ်နေ့တိုင်း ပြုလုပ်နေကျ ၀တ္တရာ ပေမို့ ခန္ဓာကိုယ်ကလေး တွဲ ထုံထိုင်မနေဘဲ သွတ်လက်ကာ နေပါ၏ ။ နေ့သစ်တစ်ခုကို အားပြည့်အင်ပြည့်ဖြင့် စတင်ရတော့မည် မဟုတ်ပါလား။
ယနေ့မနက်တွင် တော့ ဘုရားခန်း၌ ဖေကြီးနှင့် ဆုံရန် မရှိနိုင်ပြီး ကြားသိထားသော သတင်း အရကြီးမေနှင့် ခြံစောင့်နှစ် ယောက် မှ လွဲပြီး တစ်အိမ်းသားလုံး ဖေကြီးနှင့် ပါသွားကြမည် ဖြစ်ပါ သည်။
ယခုချိန်ဆို ခရီးပင် တော် တော် ရောက်နေရော့မည် ။ အရုဏ်မတက်ခင်ထွက်ကြမည် ဟု မနေ့ညက ဖေကြီး အမိန့်ပေးသံကို ကြားရ၏ အိပ်ရာသိမ်းပြီးတော့ မှန်တင်ခုံရှေ့ဝင်ကာ နိုးထစ မျက်နှာကို အနည်းငယ်သပ်ရပ်အောင် ပြင်ဆင်သည်။ မိန်းကလေးတစ်ဦး၏ ။ အိပ်ရာထပုံစံကို ဖုံးဖိ ကာကွယ်ရန် လုံလောက်သွားစဉ်မှာ တော့ မှန်တင်ခုံရှေ့မှ ထလိုက်ပါသည်။
ပြီးနောက် အခန်းတံခါးကို ဆွဲဖွင့်လိုက်စဉ်မှာ ပဲ….
“ဟောတော့….”
မြင်ရသော မြင်ကွင်းက သူမစိတ်နဲ့ အာရုံကိုခဏတာ မှင်သက်ပစ်လိုက်တော့သည်။ ဖယောင်းတိုင်လေးများ စီတန်းထားသော လမ်းလေးတစ်သွယ်၊ ထိုလမ်းကလေးက သူမအခန်း ထွက်ပေါက်မှ စကာ အောက်ထပ်သို့ ဆင်းသည့် လှေကားဆီ သွယ်တန်းထားသည်။
ဖရောင်းတိုင်လေးတွေ ရဲ့ ထိပ်ပိုင်းမှာ မီးပွင့်တွေ အစီအရီထွန်းပွင့်လို့။ ပန်းစီလမ်းတော့ မဟုတ်။ ဒါပေမဲ့….
ထိုစဉ်မှာ ပဲ အိမ်အောက်ထပ်ဆီမှ လွင့်ပျံလာသည့် အသံလေးတစ်ခု။
“အို့…..”
နှလုံးခုန်နှုန်းတွေ ကစဥ့်ကလျား လွင့်စင်သွားစဉ်….
“ဘုရားရေ…ဒီအသံက….”
မှားစရာမရှိ။ ဘာဂျာသံ၊ ထွက်လာသည့် သံစဉ်ကလည်း ကြားဖူးနေကျသံစဉ်။
“ကနောင်….”
အလိုလိုသိနေသော စိတ်အစဉ်၏ နှုတ်ထွက်စကားကို ကြားနာပြီးသွားသည့်နောက် ရပ်နေရာမှ သူမ ပြေးထွက်လိုက်ပါတော့၏ ။ ပြေးသော အရှိန်ကြောင့် လမ်းတစ်လျှောက်ရှိ မီးပွင့်ကလေးတွေ ယိမ်းထိုးသွားသည်။ လှေကားကို အလျင်စလို ဆင်းချင်လာတော့ မီးသွယ်လမ်းမှာ မဆုံးသေး။
လှေကားမှတစ်ဆင့် ဧည့်ခန်းဆီ ထပ်မံသွယ်တန်းထားပါသည်။ ဧည့်ခန်းရောက်တော့ ထင်ထားသလို ကနောင် ရှိမနေပါ။ စားပွဲတစ်လုံးကို အောင်ခြေမှ ပတ်ဝိုင်းထားသည့် မီးတိုင် ကလေးများ စားပွဲပေါ်တွင် တည့်မတ်တောက်လောင်နေသော အလုံးတုတ် ဖယောင်းတိုင်တစ် ချောင်း၊ ဒါပဲ ဖြစ်၏ ။
ကနောင်ကို မတွေ့ ရ။
စားပွဲဘေးတွင် ရပ်ရင်း အသံထွက်လာရာဆီ ဟိုဟိုဒီဒီရှာကြည့်မိခိုက်….
“၀ုန်း”
လေပြင်းတိုက်ခံလိုက်ရသလို သူမတို့ အိမ်အ၀င်တံခါးကြီးနှစ် ချပ်မှာ ပွင့်ထွက်သွားသည်။ တုန်လှုပ်စိတ်ဖြင့် ကြည့်မိတော့ တံခါးဝတွင် ရပ်နေသူ တစ်ယောက် ၊ အဖြူရောင် ထက်အောက်ဝတ် စုံကို ဆင်မြန်းပြီး တစ်လှမ်းချင်း လျှောက်ဝင်လာနေသည်။
“ကနောင်”
သူမနှုတ်မှ တိမ်တိမ်တိုးတိုး ထွက်သွားပြီးနောက်မှာ ဂီတသံစဉ်လေးက နီးသထက် နီးလာပါပြီ။ နီးလာမှ သေချာကြည့်မိ၏ ။ ကနောင်လက်တွင်းမှာ ထူးဆန်းသော အရာလေးတစ်ခု ကိုင်ဆောင်လာပါသည်။
ကတ်ထူစက္ကူပြားလေးတစ်ချပ်ကို ၀ါးခြမ်းဖြင့် ညှပ်ပြီး ထောင်မတ်လို့ရအောင် လုပ်ထား သည်။ ဘာလေးမှန်းမသိ၊ စားပွဲနားနီးလာတော့လက်ထဲမှ အရာလေးကို စားပွဲပေါ်တင်သည်။ တင်ကြိုထွန်းထားသော အလုံးတုတ် ဖယောင်းတိုင်ကိုတော့ နောက်ခံထားထား၏ ။
ထို့နောက်မှ သူမကို အမူအရာတစ်ခုလုပ်ပြပါသည်။
ပြီးတော့ သူမကို သူ့လို အလုပ်ခိုင်းသည်။ ယိုးမယ်လည်း ညှို့ကွင်းမိနေသူ တစ်ယောက် လို ကနောင့်ပုံစံအတိုင်း စက္ကူပြားလေးကို လေးမှု တ်ကြည့်တော့….
“ဖူး”
နောက်မှ ဖယောင်းတိုင်မှာ လေရှိန်ဖြင့် မိးသေမသွားဘဲ စက္ကူပြားဘက်သို့ ပင် ယိမ်းနွဲ့လာ သေး၏ ။ ထိုအရာမှလွဲပြီး ကျန်တာ မထူးခြား ထူးခြားမှု မရှိသည်ကြောင့် ကနောင့်ကို မော့ကြည့် တော့ နောက်တစ်ကြိမ်းလုပ်ကြည့်ဟူသော သဘောမျိုး မေးဆတ်ပြသည်။
လေအားပြင်းပြင်း မှု တ်ရန်ကိုလည်း လက်ဖြင့် အမှု အရာလုပ်ပြသေး၏ ။ ဒီတစ်ကြိမ်းမှာ တော့…
“ဖူး”
“ဟာ….”
အနည်းငယ် မျက်လုံးပျူးသွားသည်။ စက္ကူပေါ်မှာ ရုပ်ပုံတချို့ဝိုးတ၀ါးပေါ်လာသည်။ ပြီး ချက်ချင်း ပဲ ပြန်ပျောက်သွားသည်ကြောင့် ဘာပုံမှန်း မသဲကွဲလိုက်၊ ထို့ကြောင့် နောက်တစ်ကြိမ်း အားထည့်ကာ မှု တ်ထုတ်ကြည့်လိုက်စဉ်မှာ တော့။
ဗလာချည့်ရှိသော စက္ကူပြားတွင် ပေါ်လာသော ပုံရိပ်မှာ ကား-
“ဟင်…”
ပုံရိပ်တစ်ခုက သဲကွဲသွားချေပြီ။ ဆတ်ခနဲ ကနောင့်ဘက် လှည့်ပြီးစဉ်မှာ မေးခွန်းတစ်ခုက နှုတ်မှ အလိုလိုထွက်သွားသည်။
“ဒါ ဘာပုံလဲ”
သူမကို ပြုံးမဲ့မဲ့အမူအရာဖြင့် စိုက်ကြည့်နေသေး၏ ။ ပြီးတော့မှ..
“ကိုယ်တို့နှစ် ယောက် ရိုးမြေကျပေါင်းကြမယ်လို့ အဓိပ္ပာယ်ဖော်ထားတဲ့ ပုံလေ”
“ရှင်”
သူမနှုတ်မှ အာမေဋိသံ တစ်ခု လွှတ်ခနဲ ထွက်သွားစဉ်…
“ကိုယ်မင်းကို အရှုံးပေးဖို့ ဆုံဖြတ်ပြီးသွားပြီ”
နှုတ်ခမ်းကိုလက် နှင့် အုပ်ထားလျက်မှ မယုံကြည်နိုင်မှု ၊ ၀မ်းသာပျော်ရွှင်မှု တို့ တစ်ပြိုင်နက် ပေါင်းစုံသွားကာ….
“ဒါ…..ဒါဆို….”
စကားဆုံးအောင် မဆိုနို်င်တော့ဘဲ ကနောင် ကတော့ အဖြေဆုံးအောင်ဖြေပေးသည်။ ပါးစပ်နှင်တော့မဟုတ်။ ကိုယ်ကိုကိုင်းကာ စက္ကူပြားကို လေရှည်ဆွဲပြီး မှု တ်ပြ၏ ။ ပေါ်လာသည်မှာ ကား…..။
အရိုးကျသည့်တိုင် လက်ချင်းတွဲ ထားသော ချစ်သူနှစ် ဦး၏ ရုပ်ပုံတစ်ဦးနှင့် တစ်ဦး အသက်မဲ့ပြီး သွားပေမဲ့ လွတ်ထွက်သွားမှာ စိုးသည့် အလား။
ရိုးမြေကျ ပေါင်းကြမယ်တဲ့။
ကနောင် သူမကို ရွေးချယ်လိုက်တာပေါ့။
အပျော်များ စွားဖြင့် နောင်ရေး အတွက် စိတ်ကူးယဉ်နေသော ယိုးမယ်ကို ကံကြမ္မာက လှလှပပ ပညာပေးလိုက် သည်။
ညနေ….
နေစောင်းပြီးစဉ်မှာ ဖြစ်တော့၏ ။
မြင်းညိုကြီးစီးကာ ခြံတွင် ၀င်လာသော ဖေကြီးကို အိမ်ဝမှယိုးမယ် ပြုံးပြလိုက်သည်။ ဒါပေမဲ့ ဖေကြီးဆီမှ တုံ့ပြန်မှု ကို မရပါ။ ဖေကြီးပုံစံကအားအင်ကုန်ခန်းကာ တုံ့ပြန်ပြုံးပြနိုင်စွမ်းပင် မရှိတော့ သလို၊ ဖေကြီးပုံစံကိုကြည့်ပြီး သူမအံ့သြနေစဉ်မှာ ပဲ ခြံတွင်းသို့ နောက် တစ်ယောက် ထပ်ဝင်လာ၏ ။
ကိုကြီးမောင်….
ကိုကြီးမောင်လည်း မျက်နှာမကောင်း။ အားပျက်ညှိုးရော်ဟန်တွေ အထင်းသားပေါ်လွန် နေသည်။ အိမ်ရှေ့ကိုရောက်တော့ မြင်းပေါ်မှ ဆင်းကာ ခေါင်းငိုက်စိုက်ဖြင့် ဖေကြီး အိမ်ထဲလျှောက်ဝင်လာသည့် တံခါးဝတွင် သူမရပ်နေတာတောင် တစ်ချက်မှ စောင်းငဲ့ကြည့်မသွား
ဘာ ဖြစ်လာကြတာလဲ။
သူမအတွေး မဆုံးခင်မှာ ခြံဝဆီမှာ ကြိမ်းမောင်းရိုက်ပုတ်သံများ ကို ကြားလိုက်ရပါတော့ သည်။ အလျင်စလို လှမ်းကြည့်လိုက်တော့ ကြိမ်းလုံးတ၀င့်ဝင့်ဖြင့် နွားတစ်ကောင်ကို ဆွဲသွင်း လာသော လူတစ်အုပ်။
“ဘုရားရေ…”
ဘုရာပင် တမိသွားတော့သည်။ မြင်ကွင်းကို ကြည့်ပြီး ရင်ဘက်ဖိမိသည်။ ဖေကြီးအချစ် တော် အောင်ဇေယျကြီးမှာ ဘယ်လိုမှ မြင်မကောင်းအောင် ပုံပျက်ပန်းပျက် ဖြစ်နေပါသည်။
ဦးခေါင်းတစ်ခုလုံးသွေးတို့ ခြင်းခြင်းနီနေသည်။ လည်တိုင်တစ်လျှောက်မှာ လည်း သွေးကွက်၊ သွေးစီးကြောင်းတွေ မနည်း။ ရှေ့လက်ပြင်နှင့် ပေါင်နှစ် ချောင်းလုံးမှာ လည်း ခြစ်ရာ၊ ပဲ့ရာတွေ မြင်မကောင်း၊ အဆိုးဆုံး ကတော့ တစ်ချိန်ကလှပကားစွင့်ခဲ့သော ဦးချိုကြီးနှစ် ချောင်းမှာ တစ်ချောင်းကျိုးနေခဲ့ပြီ။
အ၀တ်ပတ်ထားသော ဦးချိုအငုတ်ကလေးမှ သွေးတွေ မျက်လုံးနှင့် ပါးပြင်ပေါ် ဖြတ် သန်းစီးကျနေ၏ ။
“ဘုရား….ဘုရား”
စို့နင့်သွားမိသည်။ ထူးဆန်းနေတာက ဤမျှဒဏ်ရာရထားတာတောင် အောင်ဇေယျကြီးမှာ အငြိမ်မနေ။ တစ်ချက်တစ်ချက် ကဆုန်ပေါက်ထခုန်နေသည်ကြောင့် မနည်းထိန်းနေရ၏ ။
ပြီးတော့ တစ်ခါ ပြန်ငြိမ် သွားပါသည်။ စက္ကန့်ပိုင်းသာ ကြာပြီး နောက်တစ်ကြိမ် ခုန်ပေါက်လာပြန်၏ ။ အစိုးမရသည့်အကြောင့် ၀ိုင်းဝန်းထိန်းသိမ်းသူများ မှာ ခက်ခဲစွာ ထိန်းကျောင်း နေရ၏ ။
တစ်ကြိမ်းတွင် လည်ကိုမော့ပြီး ဆွဲခါသည်။ ကြိုးကိုင်ထားသူများ က လွှတ်မပေတော့ နောက်ခြေကို မြှော က်ပြီး အားနှင့် ဆွဲပြေးသည်။ အားချင်းမမျှသည်မို့ ကြိုထိန်းထားသူများ နွားကြီးနောက် ပါသွားကြသည်။ ဦးတည်ရာမှ လူများ ထွက်ပြေးကြ၏ ။ ခြံတွင်းမှာ အနည်းငယ် ယောက် ယက်ခတ် သွားပါသည်။
“တောက်….”
ကိုကြီးမောင် ထိုအချင်းအရာကို ကြည့်ပြီး တောက် တစ်ချက်ခတ်ကာ…
“တင်းကုပ်ထဲ မြန်မြန်သွင်းလိုက်ကြစမ်းကွာ၊ ကြာရင် ဒီကောင်တော့ ငါ့လက်စာမိတော့ မယ်။”
လူငါးယောက် လောက်ဝိုင်းကာ အောင်ဇေယျကြီးကို မနိုင့်တနိုင်ထိန်းရင်း တင်းကုပ်ထဲ ဆွဲသွင်းကြသည်။
ကိုကြီးမောင် ကတော့ နွားကြီး တင်းကုပ်ထဲဝင်သွားသည့်တိုင် ခါးထောက်ရပ်ကြည့်နေ သည်။
ဘာတွေ ဖြစ်လာကြတာလဲ သူမ မမေးရဲ။
ဒါပေမဲ့ အောင်ဇေယျကြီး၏ ပုံစံနှင့် အလုပ်သမားများ ၏ တီးတိုးပြောစကားအရ….
မကြုံစဖူး ဦးချမ်းသာ နွားပွဲရှုံးလာပါသတဲ့။
အခန်း (၃)
နောက်တစ်နေ့ မနက်အစောကြီးမှာ ပင် မြင်းတစ်စီးနှင့် ဦးချမ်းသာ အိမ်မှထွက်သွားခဲ့သည်။ ဘယ်ကိုသွားမည် ဟု မည် သူ့ကိုမှ မပြောသွားသလို ဘယ်သူ့ကိုမှလည်း အဖော်ခေါ်မသွားခဲ။့
မိုးပင် မလင်းသေး။
နေမွန်းတိမ်းပြီးစဉ်မှာ ပြန်ရောက်လာသည်။ မျက်နှာက အတိုင်းထက်အလွန် ပျက်ယွင်းကာ စိတ်ပင်ပန်းမှု နှင့် မွန်းကြပ်ဟန်တွေ အထင်းသားပေါ်လွင်လို့၊ ကြီးစွာ သော စိတ်ဒုက္ခတစ်ခုကို အသက်အရွယ်နဲ့မလိုက် ထမ်းပိုးထားရသလို။
မြင်ပေါ်မှ ဆင်းတော့ အရာအားလုံးက အသက်မဲ့နေသရောင် ရောင် ၊ နောက်တစ်ခုကို ရင်ဝယ်ပိုက်ရင်း အိမ်တွင်းဝင်ခဲ့လိုက်သည်။ သူ့အိုး၊ သူ့အိမ်၊ သူ့ပိုင်ဆိုင်မှု အားလုံးကပင် သူ့ကို မခင်တွယ်တော့သလို။ မလေးစားတော့သလို။
သို့ မဟုတ် ဟားတိုက်လှောင်ပြောင်နေသလို။
ဝမ်းနည်းမှု ၊ မချိတင်ကဲ ဖြစ်မှု တို့က ရင်မှာ အပြည့်၊ လမ်းတစ်လျှောက်ငိုလာခဲ့ရသည်။ မျက်ရည်တွေ ပင် ပါးပေါ်တွင် စိုဖန့်ဖန့် ရှိသေးသည်။ အံကြိတ်ထားရလွန်းသဖြင့် သွားတွေ ပင် ကျွတ်ထွက်မတတ်။
မျက်လုံးအတွင်းမှ ချစ်သော သမီးလေးရဲ့ မျက်နှာ၊ သူ့အားမှီခိုအသက်မွေးနေ သော အလုပ်သမားများ ရဲ့ မျက်နှာတွေ တစ်လှည့်စီပေါ်နေသည်။ ခံပြင်းနာကျည်းစိတ်က ရင်တွင်းမှာ တလိမ့်လိမ့်တက်လာ၏ ။ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်စွာ တောက်တစ်ချက် ခတ်မိသည်။
“တောက်”
သမီးလေးနှင့် အတူ တမလွန်မှဇနီးသည် သူကို ဘ၀ဆက်တိုင်းနာကျည်းနေပေ တော့မည် ။ အံကြိတ်ထားလျက်မှ မျက်ရည်တို့ ပါးပြင်ပေါ် စီးကျလာ၏ ။
“မိုက်လိုက်တာကွယ်….”
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရုံမှတစ်ပါး အခြားမရှိတော့။ နောင်တသည် အဘယ်မှာ ချိုမြိုင်ပါမည် နည်း။
“ယိုးမယ်လေး…..သမီးဖေကြီး ခေါ်နေတယ်”
“ဟုတ်….လာပြီ….ကြီးမေ”
မိုးလင်းကတည်းက တစ်ခြံဝန်းလုံး တိတ်ဆိတ်အသက်မဲ့နေသလို ခံစားနေရ၏ ။ ဖေကြီးကလည်း မိုးမလင်းမီကပင် အပြင်ထွက်သွားသည်။ ယခုတော့ ပြန်ရောက်လာပြီ ထင်သည်။ ဘာတွေ အရေး ကြီးလာပြန်သည်မသိ။
ဧည့်ခန်းကိုရောက်တော့ ဖေကြီးက ကြိမ်ကုလားထိုင်ပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ ထိုင်နေသည်။
“ဖေကြီး…သမီးရောက်ပြီ”
သူမအသံကြောင့် မှိတ်စင်းထားသော မျက်လုံးအစုံ ဖွင့်လာကာ….
“ထိုင်….”
ညွန်ပြသော ထိုင်ခုံတွင် ၀င်ထိုင်ပြီးစဉ်မှာ ဖေကြီးက သက်ပြင်းရှည်ကြီးတစ်ချက် ကိုပြု၍ …..
“သမီး”
“ရှင်”
“သမီး ဖေကြီးကိုချစ်လား”
ထင်မှတ်မထားသော မေးခွန်းကြောင့် ယိုးမယ် အံ့သြသွားသည်။ ဒါပေမဲ့ ချက်ချင်း ပင်….
“ချစ်တာပေါ့”
“ဒီအိမ်နဲ့ ခြံကြီးကိုရော”
“ချစ်တယ်”
သူမအဖြေဆုံးတော့ ဖေကြီး ခေါင်းတဆတ်ဆတ်ညိတ်သည်။ ယိုးမယ်မှာ တော့ ဖေကြီးရဲ့ မေးခွန်းများ ကြောင့် နားမလည်းစွာ ကြောင်ငေးငေး၊ ထိုစဉ်မှာ ပဲ တတိယ မြောက်မေးခွန်းကို ဖေကြီး မေးလာသည်။
“ခြံထဲက အလုပ်သမားတွေ ကိုရောသမီး”
“သူတို့တွေ ကိုလည်း ချစ်တာပေါ့။ သမီးမွေးတဲ့ အချိန်ကစပြီး အခုအချိန်အထိ သူတို့တွေ က သမီးရဲ့ အဖော်ပဲဥစ္စာ”
ဦးခေါင်းတစ်ခုလေးပင်စွာ ညိတ်ကျလာသည်။ ပြီးတော့ဘယ် နှစ် ကြိမ်းမြောက်မှန်း မသိသော သက်ပြင်းကိုချကာ….
“သူတို့တွေ အကုန်လုံးက ဖေဖေတို့ ဖေကြီးတို့သားအဖ နှစ်ယောက် အပေါ်မှာ မှီခို နေကြတာ။ ဒီအိမ်၊ ဒီခြံဝန်းကြီး မရှိတော့ရင် ဖေကြီးတို့ရဲ့ အလုပ်အကိုင်၊ လယ်ယာတွေ မရှိတော့ရင် သူတို့ဒုက္ခရောက်ကုန်ကြလိမ့်မယ်။ ခိုကိုးရာမဲ့သွားကြလိမ့်မယ်။”
“ဟုတ်တယ်လေ”
ဖေကြီးက သူမမျက်နှာကို အကြာကြီးငေးကြည့်နေပါသည်။ ကြည့်နေရင်းနဲ့ ဖေကြီး မျက်ဝန်းမှာ မျက်ရည်စတွေ ရစ်သိုင်းလာ၏ ။ မျက်လုံးထောင့်စွန်းများ နီထွေးစိုစွတ်လာ သည်။
ထိုအခါမှာ ….
“ဖေကြီး ဖေကြီး ဘာ ဖြစ်နေတာလဲ ဟင်….”
သူမ၏ စိုးရိမ် တစ်ကြီးအမေးစကားနှင့် အတူ ဖေကြီးနှုတ်မှ ထွက်လာသော စကားလုံးအချို့။
ငိုသံစွက်သော ထိုစကားလုံးများ က သူမနားတွင်းသို့ ပူလောင်ခါးသက်စွာ စီးကျသွားသည်။
“ကနောင်…..ကနောင်….”
“ဟေ့ကောင် ကနောင်”
ခြံတွင်းသို့ အလောတကြီး ပြေးဝင်လာသော ကိုကြီးမောင်ကို မြင်တော့….
ကိုကြီးမောင်…..ကျွန်တော် ဒီမှာ
စိုက်ခင်းရေလောင်းနေရာမှ ရှာတွေ့ စေရန် လှမ်းအော်လိုက်သည်။ ကျွန်တော့်ကို မြင်တော့ လမ်းဘေးမှ မုန်လာမြောင်းကို ခုန်ကျော်ပြီး အမောတကော ပြေးချလာ၏ ။ ဤမျှအထိ ရေး ကြီးသုတ်ပြာပုံစံကို ကိုကြီးမောင်ဆီမှာ မမြင်ဖူးသည်မို့ ကျွန်တော် အံ့သြသွားရသည်။
ပြေးလာနေရာမှ….
“မင်းတို့တော့ ဒုက္ခရောက်ပြီ၊ ကနောင်ရေ၊ မင်းနဲ့ ယိုးမယ်တော့ ဒုက္ခရောက်ပြီ”
“ဗျာ…”
ယိုးမယ်ဆိုသော အသံကြောင့် ဘယ်ဘက်ရင်အုံမှာ ဒိန်းခနဲဆောင့်ခုန်သည်။
“ဟိုမှာ …ယိုးမယ် ဒုက္ခရောက်နေပြီ”
ပခုံးပေါ်ထမ်းထားသည့် ထမ်းပိုးနှင့် ရေပုံးတို့ လွတ်ကျသွား၏ ။ ကစဥ့်ကလျှား မှော က်လဲသွားသော ရေပုံးကို ကျော်ခွပြီး ကိုကြီးမောင်ဆီ ပြေးသွားကာ…
“ဘာ ဖြစ်လို့လဲ ယိုးမယ် ဘာ ဖြစ်လို့လဲ”
နိမ့်ချည် မြင့်ချည် ဖြစ်နေသော ရင်ဘက်ကိုဖိကာ အသက်ဝအောင် အရင်ရှူသည်။ ပြီးတော့မှ…..
“ယိုးမယ်…ယိုးမယ်…..ဒွေးပင်ရွာသူဌေး ဦးသိုက်ညိုနဲ့ လက်ထပ်ရတော့မယ်။”
“ဘာ”
ကိုယ့်နားပင် ကိုယ်မယုံနိုင်။ ကိုကြီးမောင် ပခုံးကို လှမ်းကိုင်ပြီး….
“ဘာပြောတယ်…ကို်ယ်ကြီးမောင်၊ ဘာပြောလိုက်တယ်”
ကျွန်တော့်ရဲ့ ဒုတိယမြောက်မေးခွန်းကို ကိုကြီးမောင်က ယတိပြတ် ပြန်ဖြေ၏ ။
“ယိုးမယ် ဒွေးပင် ရွာသူဌေး ဦးသိုက်ညိုနဲ့ လက်ထပ်ရတော့မယ်”
“ဟာ ဘာတွေ လဲ”
“နေဦး ငါရှင်းပြမယ်”
နားမလည်နိုင်သော ကျွန်တော့်ပုံစံကို ကြည့်ပြီးကိုကြီးမောင်က ကပျာကယာ ၀င်ရှင်းသည်။
မနေ့မနက်က ငါတို့ရွာနဲ့ ဒွေးပင်ရွာကြား ဆားမြေကွင်းမှာ နွားတိုက်ကြတယ်။ အဲ့ဒီမှာ ငါတို့ ရှုံးသွားတယ်။
ခဏတစ်ဖြုတ် ထူပူသွားသော ကြောင့် ကိုကြီးမောင် ဆိုလိုရင်းကို နားမလည်။ ထို့ ကြောင့် …
“ကျွန်တော် နားမလည်ဘူး။”
“ဒီလို မင်းကိုငါ တစ်ခါပြောဖူးပါတယ်။ ဒွေးပင်ရွာသူဌေးဦးသိုက်ညှိုနဲ့ ငါ့ဘကြီး ဦးချမ်းသာ နွားပွဲချိန်းထားတယ်ဆိုတာလေ။။ ငါတို့အောင်ဇေယျကြီး နတ်ပြတော့ မင်းတောင် ခြံထဲလာသေးတဲ့ဥစ္စာ”
“ဟုတ်တယ်လေ အဲဒါနဲ့ ဘာဆိုင်လို့လဲ”
တကယ်လည်း ကိုကြီးမောင်ပြောနေသမျှ ယိုးမယ်နဲ့ လားလားမှ မဆိုင်သေး။
“အေး…..မနေ့က နွားပွဲမှာ ငါတို့အောင်ဇေယျကြီး ရှုံးသွားတယ်။ နွားပွဲရှုံးတော့ လောင်းထားသမျှ ကုန်ရောဆိုပါတော့ကွာ။ ငါ့ဘကြီးဆို ရှုံးတယ်ဆိုကတည်းက မျက်နှာပျက်ကျသွားတာ ဘယ်သူ့မှတောင် စကားမပြောနိုင်တော့ဘူး။ ဒါပေမဲ့ သူတို့ ဘယ်လောက်ကြေးလောင်းထားတယ်ဆိုတာ မနေ့က ဘယ်သူမှမသိခဲ့ဘူး။ ဒီနေ့အစောကြီးဘကြီးချမ်းသာ အိမ်ကထွက်သွားတယ်။ တအောင့်နေကမှ ပြန်ရောက် လာတယ်။ ဦးသိုက်ညိုဆီက ပြန်လာတာ။ ဘကြီးချမ်းသာ ပြန်ရောက်မှ မနေ့က နွားပွဲလောင်းကြေးကို သိတော့တာပဲ။”
“ဘယ်လောက်လဲ”
“စည်းစိမ်အကုန်ကြေး”
“ဟင်….”
“ဟုတ်တယ် ဘကြီးချမ်းသာနဲ့ ဦးသိုက်ညှို ဒီနွားပွဲမှာ စည်းစိမ်အကုန်ကြေး လောင်းထားတာ။ ငါတို့နိုင်ရင် ဦးသိုက်ညှိုရဲ့ စည်းစိမ်အကုန်ရမယ်။ ငါတို့ရှုံးရင် ဘကြီးချမ်းသာ ပိုင်ဆိုင်သမျှ စည်းစိမ်အကုန်ပေးရမယ်။ အခု ငါတို့ရှုံးသွားတယ်။”
ကျွန်တော် ရင်မခုန်အား။ များ ပြားလှသော လောင်းကြေးကိုလည်း စိတ်မ၀င်စား။ ကျွန်တော် နဲ့ သက်ဆိုင်တာသည် ယိုးမယ်။ အရေး ကြီးတာသည် ကျွန်တော့်ချစ်သူ။
ဒါပေမဲ့ ဦးသိုက်ညှိုက အခွင့်အရေး တစ်ခုပေးတယ်။ ယိုးမယ်ကိုသာ သူနဲ့ပေးစားရင် ဘကြီးချမ်းသာရဲ့ စည်းစိမ်းတွေ ကို တစ်ပြားတစ်ချပ်မှ မယူဘူးတဲ့
“ဘာ”
ခံပြင်းစိတ်ဖြင့် ကျွန်တော့်အသံ ကျယ်လောင်သွားသည်။ ခန္ဓာကိုယ်မှသွေးတွေ ပင် ပွတ်ပွတ်ဆူလာတော့….
“နောက်ပြီး သူနဲ့ လက်ထပ်တဲ့နေ့မှာ ပဲ ယိုးမယ်ကို သူပိုင်ဆိုင်တဲ့ စည်းစိမ်းတစ်ဝက်ခွဲပေးမယ်လို့ပြောတယ်။”
“ဒါနဲ့ပဲ ခင်ဗျား ဘကြီးက သူ့စည်းစိမ်လည်းမပေးရ၊ သူများ စည်းစိမ်လည်း တစ်ဝက်ရမယ်ဆိုပြီး သမီးကို ထိုးပေးလိုက် ရောလာဗျ။ တောက်…ဥစ္စာရှုးကြီး”
“မဟုတ်ဘူး။”
ကိုကြီးမောင်က အလျင်စလို့ တားမြစ်သည်။
“မင်းထင်သလို မဟုတ်ဘူး။ ဘကြီးချမ်းသာက ယိုးမယ်ကို အရမ်းချစ်တယ်။ ငါတို့ လက်အောက်ငယ်သားတွေ ကိုလည်း သား၊ သမီ၊ နဲ့မခြား ချစ်တယ်။ တကယ်လို့ ဘကြီးသာအားလုံး စွန့်လွတ်လိုက်ရမယ် ဆိုရင် ခြံထဲကအလုပ်သမားတွေ ဒီအိမ်နဲ့ ခြံကြီးကို မှီခိုနေတဲ့ မိသားစုတွေ အယောက် ပေါင်းများ စွာ သော ပါးစပ်တွေ ထမင်းငတ်သွားလိမ့်မယ်။ ဒါတွေ ကိုကြည့်ပြီး ရင်သွေးနဲ့ဘ၀ပေါင်းများ စွာ လဲလိုက်ရတဲ့ သဘောပဲ”
“ဟာဗျာ”
ကျွန်တော် စိုးနင့်စွာ ရေရွှတ်မိလိုက်သည်။ ဘယ်လိုလုပ်ရမှန်းပင် မဝေခွဲနိုင်တော့။
“ယိုးမယ် ယိုးမယ်ကရော….”
“ငါထွက်လာတော့ အခန်းတံခါးပိတ်ပြီး ငိုနေတယ်”
“ဟာ…”
ရင်ထဲမှာ ဘာမှမရှိတော့သလို ဟာ ထွက်သွားသည်။ အသက်ရှင်မှု ရပ်ဝန်းများ အားလုံးပင် အေးခဲတုံ့ဆိုင်းသွားသလို ထိုစဉ်မှာ ပင်ကိုကြီးမောင်၏ နောက်ဆက်တွဲ စကား တစ်ခုက ကျွန်တော့်ကို တပ်လှန့်လိုက်တော့၏ ။
“ညနေ (၆)နာရီယိုးမယ်ကို ဒွေးပင်သွားပို့ရမယ်။”
ရင်တွင်းမှာ ပေါက်ကွဲသွားသော ဗုံးတစ်လုံး။
“မင်းဘာလုပ်ချင်လဲ။ မင်းတစ်ခုခု ဆုံးဖြတ်လို့ရအောင် အချိန်မီ ငါလာပြောတာ”
တွေ ဝေစရာမရှိ တိကျသော စကားတစ်ခု နှုတ်မှထွက်သွားသည်။
ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်ဘူး
အေး….ငါလည်း သိုက်ညိုလိုလူမျိုးလက်ထဲ ငါ့ညီမကိုထည့်မပေးနိုင်ဘူး။ ဒီလူကြီးရဲ့ မယားအ ဖြစ်မခံနိုင်ဘူး။ အဲ့တော့ မင်းဘာလုပ်မလဲ
ကျွန်တော် ယိုးမယ်ကို ခိုးပြေးမယ်။
ကိုကြီးမောင် မျက်ဝန်းဆီမှ ၀င်းလက်သွားသော အရောင် တစ်စကို မြင်လိုက်ရ သည်။
“ဟုတ်ပြီ…ဒါဆို ညနေ (၆)နာရီမထိုးခင် ရွာထိပ်ကို လာခဲ့။ ကုက္ကိုပင်အောင်မှာ စောင့်နေ။ ငါယိုးမယ်ကို မ ဖြစ် ဖြစ်အောင် ခေါ်လာခဲ့မယ်။”
ကိုကြီးမောင် စကားကြောင့် ကျွန်တော့်  နှလုံးသွေးတို့ ပူနွေးသွားကာ
ခင်ဗျား ဖြစ်ပါ့မလား။
“ရတယ် နောက်ပိုင်းကိစ္စတွေ ငါကြည့်ရှင်းမယ် ဘယ်လိုမှ ရှင်းမရလည်း တစ်ဖက်နဲ့တစ်ဖက် သတ်ကြရုံပေါ့။ ငါ့ရဲ့ အချစ်ဆုံး ညီမလေးကိုတော့ ဒီလိုလူမျိုးဆီ သွားမဆက်သနိုင်ဘူး။”
“ဦးချမ်းသာကရော”
“သူကိုယ်တိုင် ဒွေးပင်ကို လိုက်ပို့မှာ ။ အိမ်ကမထွက်ခင် ငါရအောင်ခေါ်လာမယ်”
ပြီးလေပြီး အချိန်သိပ်မရှိတော့ဘူး။
ကိုကြီးမောင်ကိုပင် တစ်သက်တာ ကျေးဇူးတင်ရတော့မည် ။ ထိုနောက်မှာ
“ဒါဆို ငါ ပြန်တော့မယ်။ အိမ်မှာ လည်း ဒေါ်လေးအေးမေတော် တော် သော င်းကျန်းနေတယ် တစ်အိမ်လုံးလည်း ပွတ်လောရိုက်နေပြီ”
ပြောပြောဆိုဆို ခြံဝဘက်ဆီ ကိုကြီးမောင် ပြေးထွက်သွား၏ အတော် ဝေးဝေး ရောက်မှ နောက်ပြန်လှည့်ကာ….
“မင်းလာ ဖြစ်အောင်း လာခဲ့နော်”
“စိတ်ချ မ ဖြစ် ဖြစ်အောင် လာခဲ့မယ်။”
ပြတ်သားခိုင်မာစွာ ကတိပြုလိုက်သည်။ မသွားလို့မ ဖြစ်ပါ။ ယိုးမယ်နှင့် ဝေးရန်လည်း မ ဖြစ်။
ချစ်သူနဲ့ ကွေကွင်းရသော ဒုက္ခသည်ကား…
အခန်း (၄)
ကိုကြီးမောင် ပြန်သွားတော့ နေပင်စောင်းလှနေပြီ။ ရင်တွင်းမှာ ဗလောင်ဆူနေ သည်။ စိတ်တွေ ယောက် ယက်ခတ်နေပေမဲ့ တွေ ဝေခြင်းတော့မဟုတ်။ ဆန္ဒစောလွန်းနေ တာပါ။
ကိုကြီးမောင်းပြန်သွားပေမဲ့ ဦးလေးသော င်က ရောက်မလာသေး။ စိုက်ပျိုးရေး ပစ္စည်းများ နှင့် လိုအပ်တာဝယ်ရန် ဦးလေးသော င်းမြို့တတ်သွားသည်။ ယခုအချိန်ထိ အိမ် ပြန်မရောက်သေး။ တဲရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ဦးလေးသော င်းကို မျှော်နေမိသည်။
ယိုးမယ်နှင့် ဝေးရန်မ ဖြစ်နိုင်သလို ဦးလေးသော င်ကိုလည်း တွေ့ ချင်သေးတယ်။ အကျိုးအကြောင်း ပြောပြချင်သေးတယ်။ တဲရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် သော ကျွန်တော့ကို ရွှေဂဲ ကတော့ မျက်စီနောက်နေပေလိမ့်မည် ။
ခြံဝကိုလှမ်းမျှော်လိုက်၊ အနောက်ဘက်ကောင်းကင်မှ တအိအိကျဆင်းနေသော နေ လုံးကြီးကို ကြည့်လိုက်၊ လူကနေမထိ ထိုင်မသာ။ နောက်ဆုံး ဘယ်လိုမှ စိတ်မရှည်နိုင် တော့သည်ကြောင့် ခြံရှေ့တွင် မျှော်နေလိုက်သည်။ မျက်စိတစ်ဆုံး လှမ်းမျှော်ကြည့်မိ၏ ။ ခပ်ဝေးဝေးဆီမှ လေရှိန်နှင့် လွင့်လူနေသော ဖုန်များ မှ လွဲပြီး လူရိပ်လူယောင် မတွေ့ ရပါ။
ကျောက်ကြီးရွာထိသာ ကားရောက်ပြီး ဒီဘက်ခြမ်းကို လှည်းကြုံစောင့်စီးရမည် မို့ နွားလှည်းသံ ကြားလို့ကြားငြား နားစွင့်ထားရသေးသည်။ ဒါပေမဲ့ အချိန်ကုန်၊ စိတ်ပင်ပန်းတာသားအဖတ်တင်သည်။ အနောက်ရိုးမသို့ နေလုံးမေးတင်ပြီးသည့်တိုင် ဦးလေးသော င်း ရောက်မလာခဲ့။
အချိန်ကာလ၏ စိုးရိမ်ဖွယ်အနေအထားကို တဖြည်းဖြည်းရောက်လာပြီးမို့ မတက်နိုင်စွာ နဲ့ပဲ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရတော့သည်။ ဦးလေးသော င်းကိုဆက် စောင့်ရန် မ ဖြစ်နိုင်တော့ပါ။ စာရေး ပြီးသာထားခဲ့တော့မည် ။ ထို့နောက်မှာ တော့ အတွင်း ပြန်ဝင်ကာ ယူစရာရှိတာများ ယူသည်။
အ၀တ်နှစ် စုံနှင့် ငွေစအချို့။ ပြီးတော့မပါမ ဖြစ်လက်ဆွဲတော် ဘာဂျာကလေး။ နောက်ထပ်လိုအပ်တာများ ကို အလျင်အမြန်စဉ်းစား၍ ကတိုက်ကရိုက်စုကာ လုံချည်ကွင်း တစ်ထည်ဖြင့် ပတ်ပြီး ကျောမှာ လွယ်စသည် နာရီကိုလှမ်းကြည့်တော့ အချိန်နီးကပ်နေပြီ။
ဦးလေးသော င်းနားလည်စေရန် စာတစ်စောင်အလျင်အမြန်ရေး ပြီးထားခဲ့ရသေး ၏ ။ တဲပေါ်ဆင်းစဉ်မှာ ပဲ တိုက်တိုက်ဆိုင်ဆိုင်ပင်….
“ငါ့တူရေ ထူးထူးခြားခြား မင်းအမေ စာပို့လိုက်တယ်ကွ”
အော်သံနှင့် အတူ ခြံတွင်း-၀င်လာသည့် ဦးလေးသော င်း။ လှမ်းကြည့်တော့ မြို့က ၀ယ်လာသည့် ၀န်စည်စလယ်များ ထမ်းပိုးကာ ခြံတွင်းဝင်လာသည်။ အိမ်ဝမှ ကျွန်တော့်ပုံစံ ကိုမြင်တော့….
“ဟ ဘယ်သွားမလို့တုန်းကွ”
အမေးကို မဖြေအားပဲ သိချင်သော အကြောင်းအရာကို အလျင်စလို မေးလိုက်သည်။
“မေမေ စာပို့လိုက်တယ် ဟုတ်လား”
“အေးကွာ..”ငါမြို့တက်တဲ့နေ့မှာ ပဲ တိုက်တိုက်ဆိုင်ဆိုင် ကားဂိတ်ကို ငါ့နာမည် နဲ့ စာရောက်လာတယ်။ ငါ့အစ်မတော့ မင်းကိုလွမ်းနေပြီထင်တယ်ကွ”
“ကျွန်တော့်ကို ပေးပါဦး”
ဦးလေးသော င်းက သယ်ပိုးလာသော ပစ္စည်းများ ကို အိမ်ရှေ့ကွပ်ပျစ်ပေါ်ချသည်။ ပြီးလွယ်လာသော ကျောပိုးအိတ်တွင်းမှ စာတစ်စောင် ထုတ်ပေး၏ ။ ကပျာကယာယူကြည့် လိုက်တော့…
မေတ္တာအပြည့်ဖြင့် မေ့မေ့လက်ရေး သေးသေးလေးများ ကို အရင်ဆုံး မြင်ရပါသည်။ ပြီးတော့…
သားကြီး….
အိမ်ကို စစ်တပ်က လူတွေ ရောက်လာတယ်။ တစ်အိမ်လုံးမွှေနှောက်ပြီး မင်းအဖေကို စစ်မေးဖို့ ဖမ်းခေါ်သွားတယ်။ မင်းသူငယ်ချင်းတွေ အားလုံးလည်း ဖမ်းမိသွား ကြပြီ။ အခုနေရာက မလုံခြုံတော့ဘူး။
မေမေ
“ဟင်….”
စာဆုံးသွားစဉ်မှာ ပဲ ကျွန်တော့်တစ်ကိုယ်လုံး တောင့်မတ်ကာသွားသည်။ ကျွန်တော့်ပုံစံကို မြင်တော့ ဦးလေးသော င်းမှာ ကပျာကယာစာကို ဆွဲယူဖတ်ကြည့်သည်။ ထိုအခါမှာ ပဲ….
ဟာ…အဲ့ဒါမှ ဒုက္ခပဲ
အထိတ်တလန့် ဖြစ်သွားသော ဦးလေးသော င်း၏ အသံနှင့် မျက်နှာ၊ တောင့်မတ်နေရာမှ ကျွန်တော် သတိဝင်သွားစဉ်။
“ကျောက်ကြီး ကားပေါ်မှ မျက်နှာစိမ်းလေးငါးယောက် ကို တွေ ခဲ့တယ်။ သူတို့တွေ ထင်တာပဲ။ ကားပေါ်က လူတွေ ကိုတောင် စစ်မေးနေသေးတယ်။”
“ဟင်…”
ကြက်သီးတို့ ဖျင်းခနဲ ထသွားစဉ်…
“ငါလှည်းကြုံစောင့်စီးလာတာ။ လမ်းမှာ တော့ သူတို့ကိုမတွေ့ တော့ဘူး။ ဒါပေမဲ့။”
စကားမဆုံးလိုက်တော့ ဆုံးဖြတ်ချက်တစ်ခုချရန်ပင် မလုံးလောက်တောင့်သော အချိန်၌ ခြံဝမှထွက်လာသော အမိန့်သံတစ်ခု။
မကြားချင်ဆုံးစကား။
နားတွင်းသို့ သံရည်ပူ လောင်းချခံလိုက်ရသလို နာကြည်းပူလောင်လွန်သည့် စကား။
ကျွန်တော့်အာရုံနှင့် အသိဥာဏ်တွင် တစ်သက်မမေ့သည့်စကား။
တွေးမိတိုင်း သွေးပွက်ပွက်ဆူစေမည့် စကား။
“ကနောင်….မင်းကို ငါတို့ဖမ်းလိုက်ပြီ”
ဦးလေးသော င်းနှင့် ကျွန်တော် အကြည့်ချင်းဆုံသည်။ နေရာမှခုန်ထွက်ပြီး ပတ်ဝန်းကျင်ကို လေ့လာတော့….
ခြံဝင်ပေါက်မှ လူနှစ် ဦး အတွင်းဝင်လာနေသည်။ မေမြို့ပန်းချုံကွယ်မှ လူတစ် ယောက် ထလာသည်။ ရေတွင်းဘက်ခြမ်းဆီမှ ကျွန်တော့်ဆီလှမ်းလာနေသော နောက်ထပ် လူနှစ် ယောက် ။ ပြေးပေါက်မရှိအောင် ၀န်းရံထားလိုက်ခြင်း ဖြစ်သည်။
နောက်ထပ် ဘယ်နှစ် ယောက် ထွက်လာဦးမလဲ စောင့်ကြည့်မိသေး၏ ။ ထပ်ထွက် မလာတော့ပါ။ စုစုပေါင်း ငါးယောက် ။ ဘယ်အချိန်ကတည်းက ခြံထဲရောက်နေကြသည် မသိ။ ကျွန်တော့်ပစ္စည်းများ ထုတ်ပိုးနေချိန် ၀င်ရောက်နေရာယူထားကြခြင်း ဖြစ်နိုင်ပါသည်။
“ငါတို့ခဲ့တာ သူတို့ပဲ”
နှစ် ဦးတည်း ကြားလောက်ရုံ ဦးလေးသော င်း လှမ်းပြောသည်။ ထိုစဉ်မှာ ပဲ ခြံဝမှ ၀င်လာသူနှစ် ဦးအနက် တစ်ဦးက ခြောက်လုံးပြူးသေနတ်ကို ထုတ်သည်။ ခေါင်းဆောင် ဖြစ်ဟန်တူပါသည်။ ကျွန်တော့် ကို ထိုးချိန်တော့ ခေါင်းထဲမှာ ဆုံးဖြတ်ချက်တစ်ခု အတွက် အတွေးတွေ စုပြုံလာ၏ ။
ကျွန်တော် ငြိမ်ဝပ်စွာ အဖမ်းခံလိုက်ရမည် လား။ ဒါဆိုလျှင်တော့ ယိုးမယ်နဲ့ သေချာပေါက် ဝေးရတော့မည် ။ မ ဖြစ်နိုင်ပါ။ ဒီလိုဆိုတော့-
လိုအပ်သော အကွာအဝေး ရောက်စဉ်မှာ သေနတ်ကိုင်လက်အား ကျွန်တော် လျှပ် တစ်ပြက် ခုန်ကန်လိုက်သည်။ ထင်မှတ်မထားသည်မို့သေနတ်ကိုင်လူ ဘာမှ မလုပ်နိုင်ပါ။
“ဖြောင်း….ခနဲအသံနဲ့အတူ သေနတ်မှာ ခပ်ဝေးဝေးပန်းချုံထဲကို လွင့်ထွက်သွား၏ ။ ထိုနောက်မှာ တော့ တိုက်ပွဲစတင်လေပြီ။ ကြောင်ငေးနေသော လတ်တစ်လောအခြေအနေကို အခွင့်ကောင်းယူ၍ ခေါးဆောင် ဖြစ်သူအား ဘယ်ဗိုက်၊ ညာဗိုက်၊ နှစ် လုံး ပစ် ကျွေးလိုက်၏ ။”
နောက်ဘက်မှ တစ်ယောက် ကျွန်တော့်ကို ဖမ်းချုပ်သည်။ ကျင့်သားရနေသော တံထောင်တစ်ချက်က ဖမ်းချုပ်သူနံကြားကို စွေ့ခနဲဝင်သွားသည်။ တဲရှေ့တွင် အခြေအနေ အနည်းအငယ်ရှုပ်ထွေးသွားတော့ ဦးလေးသော င်းမှာ အားကိုးရသည်။
တဲပေါ်ခုန်တက်ကာ အမိုးထောက်တစ်ခုကို ဆွဲဖြုတ်ပြီး ကျွန်တော့်အား ပစ်ပေး၏ ။ လေပေါ်ဝဲတက်လာသည့် အမိုးထောက်ဝါးပြတ်တို့အား ကျွန်တော် ခုန်ဖမ်းလိုက်ပြီးချိန်မှာ ..
“ဖြောင်း..”
“၀ှစ်….ဘုန်း…”
မည်းမည်းမြင်ရာ စွတ်ရိုက်တော့ ခဏတွင်းပင် လူနှစ် ယောက် လဲကျသွားသည်။ ခေါင်းဆောင် ဖြစ်သူမှာ သေနတ်အရသာကို တော် တော် အကြိုက်တွေ့ ထားသူထင်၏ ။သေ နတ်အား ပန်းချုံထဲတွင် အသည်းအသန်လိုက်ရှာနေသည်။ တွေ့ မသွားခဲ့ပါဘူး။ သူ့ကို ဦးလေးသော င်းက ထိန်းလိုက်သည်။
နှစ် ယောက် ဘေးထွက်ပြီးချိန်မှာ ကျန်နှစ် ယောက် ကို လှမ်းကြည့်တော့ အားကိုးရှိ နေပြီး ဖြစ်၏ ။ ဘယ်အချိန်ကတည်းက ထုတ်လိုက်မှန်းမသိသော ဓားမြောင်တိုနှစ် လက်။ ဒါပေမယ့်လည်း ကျွန်တော့ထံအရဲစွန့်ပြီး ၀င်မလာရဲပါ။ ကျွန်တော် ကိုင်းထားသော ၀ါးပြတ်တို့က လက်တစ်ဖောင်ကျော်ကျော်လောက်ရှိနေသည်။ နောက်ပြီး နောက်ပြီး သူတို့ ရှေ့မှာ ပင် လူနှစ် ယောက် ကို လှဲသိပ်ထားသည် မဟုတ်ပါလား။
သူတို့မ၀ံရဲသော်လည်း ကျွန်တော် ကတော့ ၀င်ရပေမည် ကျွန်တော့်မှာ အချိန်မရှိ၊ ရှေ့တစ်လှမ်းတိုးပြီး နီးစပ်ရာ တစ်ယောက် ကို အုပ်ရိုက်ချတော့ သတိရှိနေသည်မို့ သူကောင့်သားက ငုံ့ရှောင်သည်။ ရိုက်ချက်လွဲသွားတာကို အခွင့်ကောင်းယူပြီး နောက် တစ်ယောက် က ဓားနဲ့ ၀င်ပက်၏ ။
တွေးထားပြီးသားပေမို့ ကိုယ်ကိုရုတ်ပြီး လှည့်ကန်တော့ အလိုကြီးသူ အရနည်းသွားရသည်။ ရင်ဝကို ခြေစောင်းဝင်သွားရာ နှစ် လံလောက် လွင့်ထွက်သွားရ သည်။ ထိုအခါတွင် ကျန်သော တစ်ယောက် ကို ကျွန်တော် မဲရိုက်လိုက်ပါသည်။
ဦးလေးသော င်းဆီ မျက်လုံးရောက်တော့ သူတစ်ပြန် ကိုယ်တစ်ပြန်၊ လက်ချင်းပေ မို့ ဦးလေးသော င်း ပွဲသိမ်းဖို့မလွယ်၊ ကျွန်တော် ကတော့ ရှေ့ကို တစ်လှမ်းပြီးတစ်လှမ်း တိုးကာ တုတ်ချက်တွေ တစ်ချက်ပြီး တစ်ချက် ဒါတောင် သူကောင့်သားက ဓားမြှော င်တို လေးနှင့် ကြောက်ကန် ကန်ခုခံနေသေး၏ ။
ကျွန်တော့်ရိုက်ချက်တွေ စိပ်သထက်စိပ်လာပြီးနောက်မှာ တော့ ပွဲသိမ်းရန် မလိုတော့။ ဒါပေမဲ့ ရှေ့ကိုသာမဲပြီး နောက်ကျောကို ကျွန်တော် သတိမထားမိခဲ့ပါ။
တစ်ကြိမ်တွင် ဘယ်ဘက်ပေါင်လယ်မှာ ပူခနဲ ဖြစ်ပြီး ကျွန်တော် ဒူးထောက်ကာ ကျသွားသည်။ သွေးစွန်းသွားသော ဓားမြှော င်လေးတစ်ချောင်း ခပ်လှမ်းလှမ်းကို လွင့်စင်သွား၏ ။ နောက်ကျောမှ ပစ်လွှတ်လိုက်သော ဓားမြှော င်ငယ်က ကျွန်တော် ၏ ကြွက်သားတစ်ချောင်းကို လှီးဖြတ်ပစ်လိုက်လေပြီ။
နောက်ကိုလှည်ကြည့်တော့ ခြေစောင်းဒဏ်ခံထားရသူက ကျွန်တော့် ဆီ ပြေးလာ နေသည်ကို မြင်ရ၏ ။ အလှည့်အပြောင်းမှာ မြန်လှသည်။
ကျွန်တော် သတိတစ်ချက်သာ လွတ်သွားခဲ့တာပါ။ ဒါပေမဲ့ ပြန်ရလိုက်သည့် အကျိုး အမြတ်မှာ ကား…
“ဖြောင်း..”
ခနဲ ခြေကန်ချက်ကြောင့် လူက လည်ထွက်သွားသည်။ ပြီးတော့ နှာနုကို ဖြတ်ကန်လိုက်သည့် နောက်တစ်ချက်။
“ဖြောင်း…”
ဦးခေါင်းတစ်ခုလုံး စူးရှမွန်းကြပ် သွားပါသည်။ ပါးပြင်ပေါ်နှာခေါင်းသွေးတွေ ဖြာကျသွားသည်။ တဒင်္ဂ အသက်ရှူမရနိုင်အောင် အတွင်းမှာ မွန်းသွား၏ ။ဒါပေမဲ့ သတိ တော့ မလွတ်သေး။
အရိုက်ကို ထပ်ကန်သည့်ခြေထောက်ကိုတော့ ကိုယ်နှင့် ကာကာ ဖမ်းထားနိုင်သည် ဒါပေမဲ့..
“ဘုန်း”
ကျောပြင်တစ်လျှောက် စူးအောင့်သွားသည်။
“ဦးလေးသော င်းပြေးတော့”
အော်သံဆုံးစဉ်မှာ ရင်ဘက်ပေါ်ခွစီးခံလိုက်ရပြီးနောက် မျက်နှာအနှံ့ဆီအရှိန်ပြင်း ပြင်း ထိုးသွင်းလိုက်သော လက်သီးများ ။
“ခွပ်….ခွပ်….ဖြောင်း..”
“ဘုန်း….ဖုန်း…”
ရှိသလောက်အင်အားနှင့် တွန်းကန်ကာကွယ်ရင်း ကျွန်တော် ဦးလေးသော င်းကို သတိပေးနေသေးသည်။
“ဦးလေးသော င်း ပြေး ပြေးတော့”
“ခွပ်….ခွပ်….ခွပ်”
“ဖြောင်း…”
အား။
အချက်ပေါင်းများ စွာ အထိုးခံလိုက်ရသည့်မျက်နှာက နာရာမှ တစ်ဖြည်းဖြည်း ထုံလာသည်။ ထုံရာမှ တဖြည်းဖြည်း ထူလာ၏ ဘေးသို့ စောင်းငဲ့နိုင်စွမ်းပင် မရှိတော့။
သို့ ပေမဲ့ လက်သီးချက်တွေ ကတော့ အဆက်မပြတ် ကျဆင်းနေတုန်း ပြီးတော့…
ပြီးတော့…
ပြီးတော့…
ကျွန်တော် ဘာမှ မသိတော့။
အခန်း (၅)
ဖေကြီးကို မုန်းသည် ။ယခုထိမမြင်ဖူးသေးသော ဦးသိုက်ညှိုဆိုသည့် လူကြီးကို လည်းမုန်းသည်။ အမုန်ဆုံး ကတော့ လောင်းကစား ဟူသော အရာကြီးကိုပါပင်။
ကောင်းကျိုးနည်းသည့်ထိုအရာကို ဘာကြောင့် များ လူတွေ ဖက်တွယ်ထားရသနည်း။ သူကလူတွေ ကို ဘာတွေ ကောင်းကျိုးပြုသနည်း။ အကျိုးရှိသည်ထားဦး၊ လောင်းကစားကြောင့် ရရှိသည့် အကျိုးအမြက်ကရော ဘယ်လောက်ကြာကြာခံမှာ နည်း။ ကိုယ်ချည်းယူရသည့်သဘာဝမဟုတ်သည်ကြောင့် ပြန်ပေးရသော အလှည့်လည်း သေချာ ပေါက်ရှိနေလိမ့်မည် ။
ယခုတော့ ဖေကြီး ပြန်ပေးနေရပြီ။ ယူအလှည့်တုန်းက မသိသာပေမဲ့ ပြန်ပေးရတော့ တစ်ဘ၀စာ။ ရှင်ယိုးမယ်ဟူသော မိန်းကလေးတစ်ဦးကကြားခံ၊ အသုံးချခံ သက်သက်။
သားသမီးမကောင်း မီဘခေါင်းတဲ့။ မိဘမကောင်းတော့်လည်း သားသမီးခေါင်းထိရ တာပါပဲ။
အရှေ့ဆီမှာ မြင်းသုံးစီးနှင့် လူသုံးယောက် ။ ရှေ့ဆုံးမှ ဦးဆောင်သွားနေသူက ဖေကြီး။ မြင်းသုံးစီးနောက်မှာ နွားဆွဲလှည်းယာဉ်လေးတစ်စီး။ ထိုပေါ်တွင် ရှိုက်ကြီးတငင် ငိုကြွေးနေသူ မိန်းကလေးတစ်ဦးပါလာသည်။
ထွက်လာကတည်းက ငိုနေသော အငိုမှာ ယခုအချိန်ထိ မရပ်တန့်နိုင်သေး။ တစ်လမ်းလုံးငိုလာသည်မို့ ပါးပြင်တစ်ခုလုံးမျက်ရည်စတွေ စေးထန်ကာနေသည်။ ၀မ်းနည်းလိုက်သည်မှာ တအား။ လောင်းကစားတစ်ခုရဲ့ အဆုံးသက်မှာ မြေဇာပင် ဖြစ်သွားသူက သူမ။
ဖေကြီးမတရားဘူး။
သူမကို ချစ်တယ်ဆိုတာဘာကို ပြောတာနည်း။ ဖေကြီးသူ့ဘက်ကို လုံးဝထည့်မ တွက်ခဲ့၊ အလုပ်သမားပေါင်းများ စွာ ရဲ့ ဘ၀ကို ကြည့်ပြီးရွေးလိုက်ရတာ ပါတဲ့။ သူမသည် သက်မဲ့အရုပ် တစ်ရုပ်မဟုတ် အသွေးနှင့် အသားနှင့် ခံစားတတ်သော နှလုံးသားနှင့် ။
တကယ်တော့ အလုပ်သမားပေါင်းများ စွာ ရဲ့ ဘ၀နဲ့ သူမကိုလဲလိုက်တာ မဟုတ်ပါဘူး။ ဖေကြီးရဲ့ အတ္တနဲ့ သူမကို လဲလိုက်တာပါ။ အလုပ်သမားတွေ ရဲ့ ဘ၀ကိုငဲ့လျှင် ဘာကြောင့် ယခုအလောင်းအစားကို ပြုခဲ့ပါသလဲ။ တစ်သက်လုံး ရှာဖွေစုဆောင်းခဲ့ရသော စည်းစိမ်းအားလုံးကို ပုံပြီး လောင်းကြေးထပ်ခဲ့ပါသလဲ။
မှီခိုသူတွေ ရဲ့ ဘ၀နှင့် အလဲခံရခြင်းထက် အတ္တတစ်ခုနှင့် အလဲခံရခြင်းကို ပို၍ နာကျင်သည်။ ကိုယ်မွေးထားတဲ့ သား၊ သမီးကိုယ်ပိုင်သည်။ မှားမှား၊ မှန်မှန်၊ ကိုယ့်ဆုံးဖြတ်ချက်အတို်င်း လိုက်နာရမည်းဟူသည့် သဘောထားကို မုန်းသည်။
ဒါပေမဲ့ သူမ ဘာမှ မတတ်နိုင်ခဲ့ပါ။
ကြီးမေ ကတော့ သူမလက်ကိုဆုပ်ကိုင်ရင်း အံကြိတ်ထား၏ ။ ကြီးမေပါးပြင်မှာ လည်း မျက်ရည်စတွေ ကျဆင်းလို့။
သူမကို လှည်းယာဉ်လေးဘေးမှ မြင်းတစ်စီးနှင့် ကိုကြီးမောင်ကပ်လိုက်လာသည်။ နောက်မှာ က သူမ အသုံးအဆောင်ပစ္စည်းများ တင်ဆောင်လာသည့် ၀န်တင်လှည်းတစ်စီး။ ထိုလှည်းနောက်မှာ အဆုံးပိတ်မြင်းနှင့် ကောင်နှင့် လူနှစ် ယောက် ။
စထွက်လာစဉ်က ညနေပင်ရှိသေးပေမဲ့ ယခု မိုးစုန်းစုန်းချုပ်နေပြီ။ မိုးချုပ်သော် လည်း မီးတုတ်များ ထွန်းညှိကာ ခရီးဆက်လျက်။
မကြာခင်ဒွေးပင်ရွာကို ရောက်တော့မည် ။
ထိုစဉ်မှာ ပဲ သူမရင်တွင်းကို နာမည် တစ်ခု ဖြတ်စီးသွားသည်။
“ကနောင်”
သူဘယ်ရောက်နေသလဲကွယ် ချိန်ထားရသို့ ဘာကြောင့် များ ရောက်မလာရတာ လဲ။ ကနောင် ရောက်မလာသည်ကြောင့် ယခု လှည်းပေါ်တွင် သူမပါလာရခြင်းပါ။ ချိန်းထား သော နေရာတွင် သူမနဲ့ ကိုကြီးမောင် ကနောင့်ကို စောင့်နေခဲ့ပါ၏ ။ သတ်မှတ်ချိန် ကျော်လွန်ပြီးသည်အထိ ကနောင်ရောက်မလာ။
ကနောင်ရောက်မလာပေမဲ့ မြင်းတစ်စီးနှင့် ဖေကြီးရောက်လာပါသည်။ သူမတို့ ရည်ရွယ်ချက်ကို သိပေမဲ့ အပြစ်မဆို၊ ကိုကြီးမောင်ကိုပင် အရင်လို မာန်မဲခြင်းမရှိ။ သူမကို မြင်းပေါ်တင်၍ အိမ်ပြန်ခေါ်သွားသည်။ ထို့နောက်မှာ သူမဘ၀၏ ငရဲခန်းသည်စတော့၏ ။
ငရဲတံခါးဝသို့ သွားရမည့် အတွက် ၀မ်းနည်းခံစားနေရသလို တစ်ဖက်ကလည်း ချိန်း ထားရာသို့ ရောက်မလာသော ကနောင့်ကို စိတ်ပူမိသေးသည်။ ကနောင်ဘယ်လိုနည်းနှင့် မှ သူမနဲ့ အဝေးခံနိုင်လိမ့်မည် မဟုတ်ပါ။ အရောက်လာရန် မ ဖြစ်မနေကြိုးပမ်းမည်းမှာ သေချာသည်။
သို့ သော် ရောက်မလာခဲ့။ အန္တရာယ်တစ်ခုခုများ ကြုံနေလို့လား၊ ငိုကြွေးလျက်မှ ချစ်သူကို ပူပင်မိနေသးသည်။ ကိုကြီးမောင် ကတော့ ကနောင်သေချာပေါက် လိုက်လာလိမ့် မယ်ဟုဆို၏ ။ ယခုအချိန်ထိတော့ ကနောင့် အရိပ်အယောင်ကို မမြင်ရသေး။
အရှေ့ဆီမှာ မီးရောင် လက်လက်ဖြင့် ရွာကြီးတစ်ရွာကို လှမ်းမြင်နေရပြီး မကြာခင် ငရဲတခါးဝကို ရောက်တော့မည် ။
မသွားနဲ့
မရောက်ပါစေနဲ့။ ဒွေးပင်ရွာကို မရောက်ပါစေနဲ့။
ဖေကြီးစိတ်ပြောင်းပြီး နောက်ပြန်လှည့်ပါစေ။
သို့ သော် ဆုတောင်းသည် ဆုတောင်းမျှသာ ဖြစ်ခဲ့၏ ။ လက်တွေ့ ကို မလွန်ဆန်နိုင် ခဲ့ပါ။ မီးရောင် တွေ နှင့် နီးသထက်နီးလာသည် တဖြည်းဖြည်းနှင့် လယ်ကွင်းပြင်များ မှ လွန်မြာက်ကာ သစ်ပင်ဝါးပင်တွေ အောက် ရောက်လာသည်။
မကြာခင်မှာ ပဲ သူမကိုတင်ဆောင်လာသည့် လှည်းယာဉ်လေးမှာ ဒွေးပင်ရွာတွင်း သို့ ချင်းနင်းဝင်ရောက်ခဲ့တော့၏ ။
ရွာကိုဝင်တော့ ကြီးမေက သူမလက်ကို ဖျစ်ညှစ်သည်။
ခေါင်းကိုငုံ့ကာ သူမ အိခနဲ ရှိုက်ငိုသည်။
လူ့ဘ၀ဟူသည်ကား တစ်ခါ တစ်ရံ၌ ငရဲဆန်တတ်၏ ။
မီးရောင် ညင်းညင်းထိုကျသော အရပ်တွင် လှည်းရပ်သွားသည်။ ရှေ့ပိုင်းဆီ မှ ဖေကြီးနှင့် လူအချို့၏ စကားပြောဆိုသံကိုကြားရ၏ ။ တအောင့်ကြာတော့ ၀န်းတံခါးဖွင် သံ ပေါ်လာသည်။
ရောက်ပြီပေါ့။
ရင်တွင်းမှတလှပ်လှပ် ဖြစ်ကာ အလိုလိုမောလာပြီး အသက်ရှူမ၀တော့သလို။ ခေါင်းကို ငုံ့ထားပေမဲ့ အိမ်ကြီးဆီမှ အသံများ ကို ကြားနေရ၏ ။ ကြီးမေလက်ကို တင်းတင်းဆုပ်ကိုင်ထားမိပါသည်။
အောက်လင်းမီးရောင် တွေ ပြောင်ပြောင်ဝင်းနေသော အိမ်တခါးမကြီးရှေ့ကို ရောက်တော့ လှည်းမှာ ရပ်သွားသည်။ ထိုခဏ…
သမီးလေး ရောက်ပြီ၊ ဆင်းရအောင်
ဖေကြီးအသံကိုကြားတော့ ကြီးမေက လှည်းပေါ်မှ အရင်ဆင်းသည်။ ပြီး သူမ ဆင်းရလွယ်ကူစေရန် လက်ကမ်းပေး၏ ခါင်းငုံ့ထားလျက်မှပင် ကြီးမေလက်ကို အားပြုပြီး လှည်းပေါ်မှ ဆင်းလိုက်သည်။
မြေကြီးနှင့် ခြေထောက် ထိမိပြီးပြီးချင်း ခန္ဓာကိုယ်နေရာအနှံ့ဆီမှ မလုံခြုံသော ခံစားမှု များ ကို တစ်ပြိုင်နက်ခံစားလိုက်ရ၏ ။ ဒါဟာ လူပေါင်းများ စွာ သူမကို ၀ိုင်းကြည့်နေ ကြောင်း သေချာသည့် ခံစားမှု ။ ငုံ့ထားသော ခေါင်းပင် ထပ်မံငုံ့ကျသွားသည်လား မသိပါ။
“လာဗျာ ဦးချမ်းသာ ဧည့်သည်တွေ တောင်တော် တော် စုံနေပြီဗျ”
ဖိနပ်အမည်းရောင် ၀တ်ဆင်ထားသော လူကြီးတစ်ဦး ဖေကြီးနားရောက်လာပြီး အိမ်တွင်းသို့ လက်ဆွဲခေါ်သွားသည်။
“ကဲ လာကြဗျာ၊ အားလုံးပဲ အိမ်ထဲကို ကြွကြပါ။”
ဖေကြီးနောက်မှ သူမနှင့် ကြီးမေပြီးတော့ ကိုကြီးမောင်။
ဒီလိုနှင့် ခေါ်ဆောင်ရာအတိုင်း သူမတို့အိမ်ထဲ ပါသွားကြသည်။
“အစ်ကိုကြီးကတောင် စိတ်ပူနေတာ။ တအောင့်နေမှ ရောက်မလာရင် ကျွန်တော် တို့ လိုက်လြာ ကတော့မလို့”
ကိုကြီးမောင် ခြေလှမ်းရပ်သွားသည်။ သူတို့စကားမှားသွားကြောင်းသိသည် ထင်၏ ။ ကပျာကယာပင် မျက်နှာချိုသွေးပြင်ဆင်သည်။
“မဟုတ်ပါဘူး ညမှော င်နေပြီဆိုတော့ လမ်းခရီးမှာ စိတ်မချလို့ပါ။ သိတဲ့အတိုင်းပဲ ဒွေးပင်နဲ့ ပွေးလှကုန်းက ခရီးနီးတာမဟုတ်ဘူးလေ။ ဟင်း….ဟင်း”
မရောက်လာပါက လိုက်လာမည် ဆိုခြင်းသည် မယုံကြည်သည့် သဘော။ ရင့်သီး သည့်သဘောတို့ အချိုးအစား များများ ပါနေသည်မဟုတ်ပါလား။
ခေါင်းငုံ့လျှောက်လာသည်မို့ အိမ်ကြီးအတွင်းထဲကို ရောက်နေပြီ ဖြစ်မှန်း ကြမ်းခင်း ကော်ဇောများ ၏ တောက်ပြောင်မှု အရ သိနေသည်။ ဘာကြောင့် မှန်းမသိ တံခါးတစ်ချပ် ဖွင့်ပြီး အခန်းကျယ်ကြီးတစ်ခုတွင်းဝင်ရောက်မိချိန်မှာ သူမ စိတ်ဝယ်တွင် အားငယ်မှု တို့ အလိုလို ဖြစ်ထွန်းလာသည်။
တစ်ဆက်တည်းအနေဖြင့် ကြောက်ရွံ့စိတ်၊ ရှက်ရွံ့စိတ်၊များ တစ်ပြိုင်နက် ဖြစ်လာပြီးသွားသည့်နောက်…
“သမီးလေး…”
“ရှင် ကြီးမေ”
သတိလက်လွတ်ခေါင်းမော့ မိချိန် မြင်လိုက်ရသည့် မြင်ကွင်းမှာ ကား….
“ဘုရားရေ….”
အခန်းအပြည့်စုရုံးထားသော လူအုပ်ကြီး။ ထိုလူအုပ်ကြီး၏ ထိပ်ပိုင်းဆီမှ ထိုင်နေ သော မုတ်ဆိတ်မွေး ကျင်စွယ်နှင့် လူကြီးတစ်ဦး။
အချိန်ခဏလေးအတွင်း သူမခန္ဓာကိုယ် နေရာအနှံ့ဆီ ၀ိုင်းဝန်းထိုးဆိတ်လိုက်ကြ သည့် မျက်လုံးများ ။
ရှက်စိတ်၊ ရွံမုန်းစိတ်၊ မိန်းမသားတစ်ဦး၏ ကြောက်ရွံ့စိတ်တွေ ဖြင့် မျက်လုံးများ တို့ ပြာဝေသွားစဉ်…
စိတ်တွင်းမှာ လန့်အော်မိလိုက်သည်ကား…
“ကနောင်ရေ….ယိုးမယ်ကို ကယ်ပါဦး”
အခန်း (၆)
နားထဲမှာ ခေါ်သံလိုလို ကြာလိုက်ရ၏ ။
ဖျတ်ခနဲ မျက်လုံးဆွဲဖွင့်တော့ ကြယ်ရောင် ပြိုးပြက်သော ကောင်းကင်တစ်ထည်ကို မြင်ရသည်။ လခြမ်းကွေးလေးက အနောက်ထောင့်တစ်နေရာမှ အားယူပွင့်အာလျက်။
ထိုခဏမှာ ပဲ မျက်လုံးတစ်ဝိုက် စပ်ဖျင်းမှု ဝေဒနာကို ခံစားရသည်။ မျက်ခမ်းစတွေ အလိုလို ပိတ်ကျ သွားပါသည်။ ငါဘယ်ကိုရောက်နေတာလဲ။ မျက်လုံးမှိတ်ပြီးစဉ်းစားတော့..
ခန္ဓာကိုယ်က ရွေ့လျားနေသလိုခံစားရသည်။ တစ်ခါတစ်ခါတွင် မြောက်တက်သွား ၏ ။ ထိုအခါမျိုးတွင် ကျောပြင်ဆီမှ စူးအောင့်သွားတတ်ပါသည်။ ပြီးတော့ ကျောအောက် ဘက်ဆီမှ ၀င်ရိုးချင်းပွတ်တိုက်သံ တဂျီးဂျီးကိုလည်း ကြားရသည်။
“ဟဲ့ နွား….”
ထိုအခါမှ ကျွန်တော် ရောက်နေရာအရပ်ကို သဘောပေါက်လိုက်သည်။ နွားလှည်း တစ်စီးပေါ် ပလက်လက်အနေအထားဖြင့် ရှိနေတာပါ ။ပါးချောင်၊နားထင်နှင့် မေးရိုး၊ နှာရိုး နု စတာတွေ က မခံမရပ်နိုင်အောင် နာကျင်နေသည်။
ငါဘာလို့ လှည်းပေါ်ရောက်နေတာလဲ။ နောက်ပြီး ငါ့တစ်ကိုယ်လုံး ဘာကြောင့် နာကျင်နေရတာ လဲ။ ထပ်စဉ်းစားတော့ ။ ခေါင်းတွင်းမှာ လျှပ်ပြက်သွားသည်။
“ဟင်…..ယိုးမယ်…”
ပထမဆုံး သတိရလာသူက ယိုးမယ်၊ ယိုးမယ်ကိုခိုးပြေးရန် ရွာထိပ်တွင် ကိုကြီး မောင်နှင့် ချိန်းထားတာပါ။ ထိုမတိုင်ခင် လူငါးယောက် ရောက်လာပြီး၊ ကျွန်တော့်ကို ဖမ်းဆီးဖို့ကြိုးစား၏ မမျှတစွာ ဆင်နွဲခဲ့ရသည့် ပွဲတစ်ပွဲ။ လည်ပေါ်တွင် ခွစီး၍ တရစပ်ထိုး သွင်းလာသော လက်သီးများ ။
ထိုနောက်မှ ကျွန်တော် ဘာမှ မသိတော့။
ယခု နွားလှည်းတစ်စီးပေါ် ရောက်နေသည်။ ပြီးတော့ညအချိန် ယိုးမယ်နှင့် တွေ့ ဆုံ ရန် ပြောထားသော အချိန်ကို ကျော်လွန်သွားခဲ့ပြီ။ ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့်ကို သူတို့ ဘယ်ခေါ်သွားနေကြတာလဲ။ယခုဘယ်နေရာကိုလှည်းရောက်နေပြီလဲ၊ ယိုးမယ်ကရော ကျွန်တော့်ကို စောင်စောင့်နေတုန်းပဲလား။
လှည်းဆောင့်လိုက်တိုင်း ဘယ်ဘက်ပေါင်က စူးခနဲ စူးခနဲ နာကျင်နေသည်။ လက်နှစ် ဖက်ဆီမှာ တင်းကြပ်မှု ကို ခံစားရ၏ ။ ဓားထိထားသည်ကြောင့် ပေါင်မှာ နာကျင် နေခြင်း ဖြစ်ပြီး လက်နှစ် ဖက်တင်းကြပ်မှု မှာ တော့ ကြိုးတုပ်ခံထားရသော ကြောင့် ဖြစ်သည်။
လှည်းပေါ်တွင် လူဘယ်နှစ် ယောက် ပါလာသလဲ။
သတိထားပြီး မျက်လုံးတစ်ဖက်ကို အနည်းငယ် ဖွင့်ကြည့်တော့တွေ့ ရသည်က တစ်ဖက်တစ်ချက်ဆီတွင် ထိုင်နေသော လူနှစ် ယောက် ခေါင်းတည့်တည့်မှာ လှည်းမောင်း နေသူ တစ်ယောက် ။ သုံးယောက် တည်း။
လှည်းမောင်းသမား ကတော့ ရွာခံ ဖြစ်ဟန်တူသည်။ ဒါဆို ကျွန်တော် နှင့် အတူပါ လာသော လူနှစ် ယောက် ၊ ကျွန်တော့် ကို သတိမရလောက်သေးဟု ထင်ပြီး အေးအေးလူလူ ထိုင်နေကြခြင်း ဖြစ်သည်။ သူတို့နှစ် ကြားတွင် အရှေ့ကို ခေါင်းပေးလျက် ကျွန်တော် က ပက်လက်အနေအထား။
မျက်လုံးပြန်မှိတ်ပြီး နားစွင့်ကြည့်တော့ နောက်လှည်းတစ်စီးပါလာသေးသည်။ သူတို့အဖွဲ့မှ ကျန်သုံးယောက် နောက်လှည်းတစ်စီးလိုက်လာသည်ထင်၏ ။ သူတို့နဲ့ပါသွား ရန် ဘယ်လိုမှ မ ဖြစ်နိုင်ပါ။
ကျွန်တော့်မှာ ယိုးမယ်ရှိနေသေးသည်။ ပြီးတော့ယခုညသည် ကျွန်တော် တို့နှစ် ဦး အတွက် အဆုံးအဖြတ်။ ဒီည လွန်မြောက် သွားပါက ယိုးမယ်နဲ့ ကျွန်တော် တစ်သက်လုံး ဝေးပေပြီ။
ချိုန်းထားသော နေရာတွင် ယိုးမယ်ရှိနေပါဦးမည်းလား။ ယခုက ဘယ်အချိန်ရှိပြီလဲ။
ထိုစဉ်မှာ ပဲ…
“ကျောက်ကြီးကို တော် တော် သွားရဦးမလား”
“သွားရမှာ ပေါ့..ဆရာရဲ့ ။ ရွာကထွက်လာတာမှ မကြာသေးဘူး။”
ခေါင်းဆောင် ဖြစ်သူ၏ စိတ်မရှည်ဟန်အမေးကို လှည်းမောင်းသူက ပြန်ဖြေသည်။ ထိုစကားအရ ရွာမှ အရမ်းကြီးမဝေးသေးမှန်းခန့်မှန်းမိလိုက်သည်။ လက်ကိုကြိုးတုပ်ထား ပေမဲ့ ခြေထောက်ကို လွှတ်ထားသည်ကြောင့် ခုန်ချပြေးလျှင် ရနိုင်သည်။
ဒါပေမဲ့ ပေါင်မှာ ဒဏ်ရာနှင့် ။ ကွင်းထီးထီးမှာ ကျွန်တော် မည် မျှကြာကြာ ထွက် ပြေးနို်င်ပါမည် လဲ။ ဤမျှ ဒဏ်ရာတွေ နှင့် သူတို့ငါးယောက် ကို ရင်ဆိုင်တိုက်ခိုက်ရန်လည်း မလွယ်ကူနိုင်ပါ။
“ဆရာတို့ လှည်းရံတိုင်ကို ခဏကိုင်ထားကြပါဦး။ ရှေ့မှာ ချောင်းဖြတ်ရှိတယ်။”
ဘုရားမတာပါပဲ။ လှည်းသမားစကားက ကျွန်တော့်ကို ထခုန်မတတ် ၀မ်းသာသွား စေသည်။ ရောက်ရှိနေသော နေရာဒေသနှင့် လွတ်မြောက်ရန် လမ်းစဉ်ကိုလည်း ချင့်တွက်မိလိုက်သည်။
ရှေ့တွင် ရှိနေသော ချောင်းရိုးကို ကျွန်တော် ကောင်းကောင်းသိနေသည်။ ကျောက် ကြီးနှင့် ပွေးလှကုန်းကြားတွင် တစ်ခုတည်းရှိနေသော ချောင်းရိုး၊ နောက်ပြီး၊ ထိုချောင်းက ဒွေးပင်ရွာဘက်သို့ ဆက်လက်စီးဆင်းသွားသည်။ ရွာနှင့် ဘယ်လောက်မှ မဝေးသေးပါ။
ကုန်းပေါ်တွင် လှည်းမှ ဆင်းပြေးရန်မ ဖြစ်။ ဒါပေမဲ့ ရေမှာ တော့ ဖြစ်နိုင်သည်။ ချောင်းလယ်ရောက်ချိန် ကိုယ်ကိုလှည်းပေါ်မှ လှိမ့်ချလိုက်မည် ။ ညမှော င်မှော င်မှာ ချောင်း ရေက မည်းမည်း။ ပြီးလေပြီ။
ကျွန်တော့်အတွက် အခွင့်အရေး က ရှိနေပြီ။
ဒါပေမဲ့…
“ဟေ့ကောင်…ဒီကောင့်လက်ကို ဆွဲထားဦး လှည်းကရေထဲမောင်း ဆင်းမှာ ၊ တော် ကြာရေထဲ ပြုတ်ကျသွားဦးမယ်။”
“ဟင်….”
ကျွန်တော့်လက်နှစ် ဖက်ကို တစ်ဖက်တစ်ချက်ဆီမှ တင်းတင်းဆုပ်ကိုင်သော အထိ အတွေ့ တစ်ခု လူက အသက်ရှူရပ်သွားသည်။
“သွားပြီ”
ကံကြမ္မာက မျက်နှာသာပေးပြီးကာမှ လွတ်မြောက်ရာ တံခါးကို ပိတ်ပစ်လိုက်ပြီ။ အားထည့်ထိန်းချုပ်ထားသော လက်နှစ် ဖက်ကြောင့် လှည်းပေါ်မှ လှိမ့်ချရန် မ ဖြစ်နိုင်တော့။
လှည်းက အနိမ့်ပိုင်းကို မောင်းဆင်းသွားသည်။ ရေသံများ ကို ကြားရ၏ ။ လှည်းမောင်းသူက ကြိမ်ကို တဖြန်းဖြန်းရိုက်ရင်း တစ်ဖက်ကမ်းရောက်ရန် နွားနှစ် ကောင် ကို ညာသံပေးသည်။
ပထမရေတိမ်ပိုင်း ပြီးတော့ ရေနက်ပိုင်း။
ရေထဲရောက်စဉ်မှာ ချုပ်ကိုင်ထားသော လက်နှစ် ဖက်က အားပိုပြင်းလာသည် ကြောင့် ကျွန်တော် ငြိမ်နေလိုက်ရတော့သည်။ ရုန်းပြီးကာမှ မလွတ်မြောက်လျှင် ပိုဆိုးသွား နိုင်သည် မဟုတ်ပါလား။
ဒီလိုနှင့် တစ်ဖက်ကမ်းကို ရောက်သွားခဲ့ပါသည်။ လှည်းလမ်းကြောင်းဆီ ပြန်လှည်ခြေချမိမှ ချုပ်ကိုင်ထားသော လက်ချောင်းတွေ ကလျော့ကျသွားသည်။ သိပ်မကြာ ခင်မှာ မူလအတိုင်း လွတ်လပ်ခွင့်ရ၏ ။
ရသည့်အခွင့်အရေး ကို ကျွန်တော် လက်လွတ်မခံခဲ့ပါ။
အသက်ကိုဝအောင်ရှူသွင်း၍ မာန်တစ်ချက်သွင်းကာ…
“ကျား”
ဆတ်ခနဲ ထထိုင်၍ လှည်းပေါ်မှ လှိမ့်ချလိုက်သည်။ မြေပေါ်ကျောကျတော့ နောက်လှည်းလွတ်ရန် ဘေးကို ထပ်လှိမ့်သည်။ လှည်းလမ်းကြောင်းမှ ဖုန်တွေ ကျွန်တော့ တစ်ကိုယ်လုံးကို လူးသွား၏ ။ လေးငါးပတ်လည်သွားပြီးစဉ်မှာ အားယူကုန်းထပြီး ချောင်းရိုး ဘက်ဆီသို့ ပြေးပါတော့သည်။
ပထမတော့ လှည်းနှစ် စီးလုံး ကြောင်နေသေးသည်။ ပြီးမှ..
“ဟာ…..”
“ဟေ့ကောင်. မပြေးနဲ့”
အော်သူက အော် လှည်းပေါ်မှ ခုန်ဆင်းသူက ဆင်း။
ကျွန်တော် ကတော့ ခြေတစ်ပတ်ကို အားပြု၍ ချောင်းရိုးဆီ အမြန်ဆုံးရောက် အောင်ပြေးသည်။ ကမ်းပါးစွန်းရောက်တော့…
“ဒိန်း…”
သေနတ်သံတစ်ချက်နှင့် အတူ ကျွန်တော် ခန္ဓာကိုယ် ချောင်းထဲကို လွင့်ကျသွား သည်။
“ဗွမ်း…”
ခေါင်းပေါ်ပေါ်ချင်း အသက်ကို အမောတကော ရှူရသည်။ နောက်လှည့်ကြည့် တော့ အတော် ဝေးဝေး ကမ်းပါးပေါ်တွင် လှုပ်ရှားပြေးလွှားနေသူများ ကို တွေ့ ရ၏ ။
လက်မှာ တုပ်ထားသော ကြိုးကို ပါးစပ်နှင့် ကိုက်ဖြည်သည် တော် တော် နဲ့မရ။ အားကုန်သုံးမှ တစ်ဖက်ပြေသွား၏ ။ ကြိုးပြေတော့ရေထဲသို့ ဦးစိုက်ပြစ်ဆင်းလိုက်ပါသည်။
ဒုတိယအကြိမ်ခေါင်းဖော်တော့ လူရိပ်လူယောင်များ ကို မတွေ့ ရတော့ပါ။ ဒီတော့မှ ကမ်းစပ်ကို အလျင်အမြန် ကူး၍ လိုက်သည်။ သဲသော င်ပြင်ရောက်တော့ လူက တော် တော် မောနေပြီ။ ဟင်းလင်းပြင် ဖြစ်နေသော သဲသော င်ပေမို့ စိတ်ချလက်ချမနားရဲ။ ညဘက်ပင် ဖြစ်သော်လည်း အရိပ်မည်းမည်းကိုတော့ တွေ့ ကောင်းတွေ့ ရနိုင်သည် မဟုတ် ပါလား။
ကမ်းပါးစွန်း အကွယ်လေးရောက်မှ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ မြေနံရံကို မှီကာ ခေတ္တခဏ အမောဖြေ၏ ။ အချိန်မရှိသည့် မို့ အမော့စေ့လောက်တော့ ထိုင်ရာမှထ လိုက်ပါသည်။ ရောက်ရာနေရာကိုစုံစမ်းတော့ လက်ဝဲဘက်အရပ်ဆီမှ မီးရောင် လဲ့လဲ့ကို တွေ့ ရသည်။
အချိန်အတော် ကြာနေထားဖူးသူမို့ မှားစရာမရှိပါ။ ပွေးလှကုန်းရွာ။ မြင်ရသော အရပ်သည်။ ရွာမြောက်ဘက်အရပ်၊ ရွာထိပ်ရောက်ရန်တော် တော် ပြန်သွားရဦးမည် ။ ရွာထိပ်တွင် ယိုးမယ် ရှိနေပါဦးမည် လား။
ရောက်လိုဇောကြီးစွာ ဖြင့် ကမ်းပါးပေါ် ထွားတက်လိုက်ပါသည်။
ရှေ့မလှမ်းမကမ်းတွင် ပြောင်းဖူးခင်းများ ရှိနေ၏ ။ ကိုယ်ကိုကိုင်းကာ ပြောင်းဖူးခင်းရှိ ရာသို့ သွက်သွက်လှမ်းလိုက်သည်။ ခြေတစ်ဖက်ဒဏ်ရာရထားသည်မို့ စိတ်သွားတိုင်းတော့ ကိုယ်မပါ။ ဒါပေမဲ့ ပြောင်းဖူးခင်းထဲ ခန္ဓာကိုယ် တိုးဝင်ပြီးသွားချိန်မှာ နောက်ကျောလုံသွား သလိုခံစားရသည်။
ဟိုလူငါးယောက် ကို ကြောက်ရန်မရှိတော့။ ကျွန်တော် နယ်မြေ ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။ထိုနောက်တော့ ညာဘက်ခြေထောက်ကိုအားပြု၍ ရွာထိပ်ကို ဦးတည်သည် ဘယ်ဘက်ပေါင်မှ တဆစ်ဆစ်ကိုက်နေသော ဒဏ်ရာနှင့် အတူ ရင်ထဲမှာ ဗလောင်ဆူနေ၏ ။
ယိုးမယ် ကျွန်တော့် ကို စောင့်နေပါဦးမည်းလော။
ဒါမှမဟုတ် ဒွေးပင်ကိုပဲ ပါသွားပြီလား။
လျှောက်ရင်းလျှောက်ရင်းနှင့် ခြေထောက်မှ ဒဏ်ရာကြောင့် ချွေးစေးတွေ ပျံလာ သည်။ အချိန်ကြာလေ ပိုနာလာ ဖြစ်ပေမဲ့ အံကိုကြိတ်ကာ ဆက်လျှောက်နေဆဲ။
နောက်ဆုံးတော့။
“ဟာ…”
အံ့သြစိတ်နှင့် ၀မ်းနည်းစိတ်ကို ကျွန်တော် တစ်ပြိုင်တည်းခံစားလိုက်ရပါသည်။ ရွာထိပ်ကုက္ကိုပင်အောက်မှာ မြင်းဖြူလေးတစ်ကောင်ခြေစုံရပ်ကာနေ၏ ။ ရင်တွင်းမှ ပြောင်းလဲ ဖြစ်ထွန်းသွားသော အတိုင်းမသိပျော်ရွှင်မှု များ ကို ပြောပြ၍ ရနိုင်မည် မထင်တော့ ပါ။
ယိုးမယ်၏ အချစ်တော် မြင်းဖြူလေး။ ဒါဆိုယိုးမယ် ဒီအချိန်တိုင်အောင် ကျွန်တော့် ကိုစောင့်နေတာပေါ့။ ပင်ပန်းမှု ၊ နာကျင်ကိုက်ခဲမှု အားလုံးပင် ဘယ်နားရောက်ကုန်သည် မသိတော့ပါ။
“ယိုးမယ် …”
အသံကုန်အော်ရင်း ပြေးသွားတော့ မြင်းလေးက ရှေ့ခြေကိုမြှော က်ရင်းတစ်ချက် ထဟည်း၏ ။ ဒါပေမဲ့….
“ယိုးမယ်….ယိုးမယ်…”
သစ်ပင်အောက်ရောက်ချိန်မှာ ယိုးမယ်ကို မတွေ့ ရ။ စိုးရိမ်စိတ်တွေ ရင်ဝယ် ဖြစ်ပြီး.
“ယိုးမယ် ကိုယ်ရောက်နေပြီလေ။ ယိုးမယ် ဘယ်မှာ လဲ”
တုံ့ပြန်မှု မရှိ အရိပ်အယောက် ကိုမမြင်။ မြင်လေးဆီပြေးသွားတော့ ထူးခြားမှု တစ်ခု ကိုတွေ့ ရ၏ ။ လည်ပတ်တွင် ထိုးညှပ်ထားသော စာလေးတစ်စောင်။ အလျင်အမြန်ဖွင့်ကြည့် လိုက်ပေမဲ့ ဘာရေး ထားမှန်းမမြင်ရပါ။ ထို့ကြောင့် သစ်ပင်အောက်မှ ပြေးထွက်သွားလိုက်၏
စာမှာ တစ်ကြောင်းတည်း။
ဒါပေမဲ့ လက်သည်းကွင်း လမင်းကလည်း ထိုတစ်ကြောင်းတည်းစာအား ရှင်းလင်း ပြတ်သားမှု ကို မပေးနိုင်။ သို့သော်လည်းကံကောင်သည်ဟု ပြောရမည် ။ အကြောင်းက အရှေ့ဆီတွင် ပိုးစုန်းကြူးတစ်အုပ်ကွန့်မြူနေ၏ ။ သည်အကြံတစ်ချက်ပေါ်လာတော့ ပိုးစုန်း ကြူအုပ်ဆီ ပြေးသွားပြီး နီးစပ်ရာကို လက်ဖြင့် ဖမ်းဆွဲလိုက်သည်။
သုံးကောင်ခန့် လက်သီးဆုပ်တွင်းမှာ ပါလာ၏ ။
လက်ချောင်းကြားမှ ထွက်သော ပိုးစုန်းကြူးအလင်းဖြင့် စာကို ဖက်ကြည့်တော့…
“ဒွေးပင်ကို အမြန်ဆုံးလိုက်လာပါ။”
“ကြီးမောင်”
ပိုးစုန်းကြူးကိုပင် ကျေးဇူးမတင်အားတော့။
စာဖက်ပြီးပြီးချင်း သစ်ပင်အောက်ပြန်ပြေးကာ မြင်းပေါ်ခုန်တက်၍ ဇက်လွှတ်လိုက် ပါသည်။ ခွာသံ တဖြောင်းဖြာင်းက ညဦးယံမှာ ဆူညံသွား၏ ။
ဒွေးပင်ကိုသွားရာ လမ်းမသိသည်ကြောင့် ချောင်းရိုးဆီ ပြန်မောင်းခဲ့သည်။ ချောင်းရိုးအတိုင်း အောက်သို့ စုန်ဆင်းပါက ဒွေးပင်ကိုရောက်မည် မှာ အမှန်ပင်မဟုတ် ပါလား။ မြင်းလေး ကတော့ တာဝန်ကျေးလွန်းစွာ သခင်မရှိရာအရပ်ကို မရပ်မနားပြေးလွှား နေသည်။ ဖက်ကုန်လွှတ်ထားပေမဲ့လည်း ကျွန်တော့်စိတ်ထင် နှေးလွန်းသည်ထင်မိသည်။ ဒွေးပင်ကို အမြန်ဆုံးရောက်ချင်နေပြီလေ။
ထို့ကြောင့် ချစ်သူလေး၏ စိတ်နှင့် ကိုယ် အန္တရာယ်ကင်းပါစေ ဆုတောင်းရင်း မြင်း လေးကို အားကုန်သွန်ခိုင်းရင်းနဲ့သာ။
တဆစ်ဆစ်ကိုက်ခဲ့နေသော ဒဏ်ရာကိုပင် သတိမရတော့။ နာကျင်မှု အားလုံးကို ဥပေက္ခာပြုပြီး ချစ်သူရှိရာဆီသို့ အရောက်သွားနေသည်။
ရှေ့တူရူဆီမှာ တောတန်လေးတစ်ခု။ ထိုတောတန်းလေးအဆုံးဆီမှာ မီးအရောင် လဲ့လဲ့။ မရောက်ဖူးပေမဲ့ ချစ်သူရှိရာအရပ်ကို အလိုလိုသိနေသည်။ ဒွေးပင်ရွာမှတစ်ပါး အခြားမ ဖြစ်နိုင်တော့။
ချောင်းရိုးမှခွဲထွက်ကာ လယ်ကွင်းများ ကိုဖြတ်ချလိုက်သည်။ မကြာခင်မှာ ပဲ ရွာစပ် ကို ရောက်လာ၏ ။
“ဦးသိုက်ညှို”
ကြားဖူးနားဝရှိထားခဲ့သော ဒွေးပင်ရွာမှ ဘုရင်တစ်ပါး သူ၏ အိမ်တော် ကြီးက အဘယ်အရပ်ဆီမှာ နည်း။ ယိုးမယ်ကရော ဘယ်မှာ လဲ။ ဦးသိုက်ညှို၏ အိမ်တော် ကြီးမှာ ရှိ နေမှာ လား။ ကိုကြီးမောင်ကရော….
သတင်းစကားအရ မနက်ဖြန်မှ လက်ထပ်ပွဲ ကျင်းပမည် ဟုသိထား၏ ။ ဦးသိုက်ညှို အိမ်ကို အရင်ဆုံးတွေ့ အောင်ရှာရမည် ။
ဒါပေမဲ့ သိပ်အကြာကြီးမရှာလိုက်ရ။ ခမ်းနားကြီးကျယ်သော မီးရောင် တို့ထိန်ထိန် ညီနေသော အိမ်တော် ကြီးသည် တစ်ရွာလုံး၌ တစ်ခုတည်းသာ ရှိနေသည်မဟုတ်ပါလား။
အလှမ်းမကမ်းရောက်စဉ်မှာ မှော င်ရိပ်တစ်ခုကိုရွေးပြီး မြင်းကိုရပ်လိုက်သည်။ ခြံဝန်းကြီးတစ်ခုလုံးက အောက်လင်းမီးအရောင် တွေ ။ စိုက်ထွန်းထားသော မီးတုတ်တွေ နှင့် ထိန်ထိန်သာလျက်…
အိမ်ဘေး ကွက်လပ်၌ မူးရစ်ပျော်ပါးနေသူများ ရှိနေသည်။ ဦးသိုက်ညှိုတပည့် တပန်းများ အောင်ပွဲခံနေကြသည်ထင်၏ ။ ယိုးမယ်အိမ်ထဲတွင် ရှိနေသည်လား၊ တပ်အပ်သေချာတော့မသိ။ အိမ်ထဲမှာ ဆိုလျှင်တော့ ၀င်ရောက်ခေါ်ယူရန် အဆင်မပြေ နိုင်ပါ။
စောင့်ကြည့်နေစဉ်မှာ ပဲ အိမ်ထဲမှ လူ တစ်ယောက် ထွက်လာသည်။
“ဟာ ကိုကြီးမောင်”
အော်ခေါ်မိတော့မလို့ ဖြစ်ပြီးမှ သတိရကာ ကိုယ့်ပါးစပ်ကိုယ် ပိတ်လိုက်ရသည်။ ကိုကြီးမောင် ကတော့ အိမ်ဝတွင် ရပ်ကာ ခြံပြင်ကိုလှမ်းကြည့်ပြီးမျှော်နေ၏ ။ မျက်နှာပုံပန်း အရ တစ်စုံတစ်ရာကို ရှာဖွေစောင့်မျှော်နေကြောင်း ထင်ရှားလှသည်။
ဘယ်လိုလုပ်ရမလဲ။
ကျွန်တော် ရောက်နေပြီဆိုတာ ကိုကြီးမောင်သိအောင် ဘယ်လိုလုပ်ရမလဲ။
မှော င်ထဲ မျှော်ကြည့်နေရာမှ သောက်စားမူးရစ်နေသူများ ကိုကြည့်ပြီး ကြီးမောင် ခေါင်းယမ်းမိသည်။ ကနောင် ရောက်မလာသေး။ စိတ်ဓာတ်များ ပင် ကျချင်လာသည်။
အတော် ကြာအောင် မှော င်ထဲသို့ ရပ်ကြည့်နေမိသေးသည်။ နောက်ဆုံး စိတ်ပျက် လက်ပျက်ဖြင့် အိမ်တွင်း ပြန်ဝင်မည် ပြုတော့…
ဘာဂျာသံလေးတစ်ခု။
“ဟင်….”
လေကိုခွင်းက လွင့်ပျံလာသည်။
အခန်း (၇)
ခုံတွင် ၀င်ထိုင်သော ကိုကြီးမောင်က သူမကို မျက်လုံးတစ်ဖက်မှိတ်ပြသည်။ နောက်ပြီး ခေါင်းကိုပင် မသိမသာညိတ်ပြတော့ သူမမျက်လုံးတို့ ၀င်းပသွားခဲ့ပြီ။
ကနောင်ရောက်လာခဲ့ပြီ။ အပျော်နှင့် သတ္တိတွေ တစ်မဟုတ်ချင်း မြင့်တက်သွား၏ ။ ခုနကထိ ထွက်ခွာမသွားနိုင်သော ၀မ်းနည်းပူဆွေစိတ်တွေ ယခုမှ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တော့သည်။ ဇက်ကျိုးသလို ငုံ့ထားသော ဦးခေါင်းမှာ အခုမှ ထူထူ ထောင်ထောင် ဖြစ်လာပြီး အနီးဝန်းကျင်ကို ကြည့်ရဲသည်။
အခန်းလုံးပြည့် လူတွေ များ လှ၏ ။ သူမတို့ကို ဘဲဥပုံ စားပွဲရှည်ကြီးတွင် အသီးသီး ထိုင်ခိုင်းကာ စာသောက်ဖွယ်ရာမျိုးစုံဖြင့် တည်ခင်းကျွေးမွေးထားသည်။ အိမ်ခံများ က ဘေးပတ်ပတ်လည်တွင် ရပ်ပြီး လိုအပ်သမျှကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပါသည်။
ဒါပေမဲ့ မည် သူမျှ ဟက်ဟက်ပတ်ပတ်မစားနိုင်ပါ။ အားလုံးကမှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုအတွက် ယူကျုံးမရ ဖြစ်နေကြသည် မဟုတ်ပါလား။
စားပွဲဝိုင်းထိပ်တွင် ဦးသိုက်ညှိုက ၀ံ့ကြွားစွာ ထိုင်နေသည်။ အခုမှ ဦးသိုက်ညှိုကို သေချာအကဲခတ်မိပါသည်။ နှုတ်ခမ်းမွေးကျင်စွယ်မုတ်ဆိတ်မွေးဗရဗျစ်နှင့် တော် တော် အမြင်ကပ်စရာကောင်သည့် လူကြီးအသက်အရွယ်က သူမထက် ထက်ဝက်မက ကြီးပေ လိမ့်မည် .။
ဦးသိုက်ညိုဘေးတွင် ရုပ်ချင်းဆင်သူ လူ တစ်ယောက် ရပ်နေသည်။ ဦးသိုက်ညို ညီ ညိုမှိုင်းဆိုတာ ဖြစ်လောက်သည်။ ယခုတော့ အာလုံးကို ရင်ဆိုင်ကာ သူမကြည့်ရဲနေခဲ့ပြီ။ ချစ်သူရှိနေသည်ဟူသော အသိက သူမစိတ်နှင့် ခန္ဓာကိုယ်ကို အားပြည့်စေသည် မဟုတ် ပါလား။
“ကြီးမေ သမီးနားချင်ပြီ”
ကြီးမေ ပခုံးပေါ် ခေါ်မှီရင်းဆိုတော့…
“ကိုယ်ချစ်သာ ရှင့်သမီးနားချင်နေပြီတဲ့”
ကြီးမေက ဖေကြီးအား ခပ်ငေါက်ငေါက် လှမ်းပြောတော့
“ဟာ ဟုတ်တာပေါ့။ ခရီးပန်းလာတာဆိုတော့ နားချင်နေကြပြီးပေါ့။ ကဲ….မှိုင်းညို အားလုံးကို အစဉ်ပြေအောင် စီစဉ်ပေးလိုက် ပါကွာ။”
အမိန့်သံဆုံးသွားစဉ်။
ဟုတ်ကဲ့ကြွပါခင်ဗျာ။ အားလုံးအစဉ်ပြေအောင် စီစဉ်ထားပါတယ်။
စားပွဲမှ ထြ ကတော့ သူမကို အားလုံးကိုမှိုင်းညိုဆိုသူက ဦးဆောင်ခေါ်ငင်သွား သည်။ ၀ိုင်းမှမထွက်ခင် ဦးသိုက်ညိုက ဖေကြီးကိုပဲ ပြောသလိုလိုနဲ့ အားလုံးကြားယောင်သ တိပေးလိုလိုနဲ့ စကားဝင်ဆိုသေး၏ ။
“နက်ဖြန်နံနက် (၇)နာရီ ဧည့်သည်တွေ ကြွလာပါလိမ့်မယ်။”
တရားသူကြီးမင်းနဲ့ မြို့ကကျုပ်မိတ်ဆွေတွေ တော့ တစ်ဖက်ခန်းမှာ ရောက်နေပါပြီ။ မနက်မှပဲ အားလုံးနဲ့ မိတ်ဆက်ပေးပါတော့မယ်။ အခုတော့ နားလိုက်ကြပါဦး။
လှေကားဆီတက်သော သူမခန္ဓာကိုယ်သို့ ဦးသိုက်ညို၏ ရွံရှာဖွယ်အကြည့်တစ် ခု ကပ်ပါလာသည်။ သူမ၏ စိတ်ထဲမှ ကောင်းကောင်းကျိန်ဆဲလိုက်၏ ။ မှိုင်းညိုက သူမတို့ အားလုံးအား အိမ်အပေါ်ထပ်ကိုခေါ်သွား၏ ။ ပြီးတော့တစ်ခန်းပြီးတစ်ခန်း လိုက်လံပို့ဆောင် ပါသည်။
ဖေကြီးက တစ်ခန်း သူမနှင့် ကြီးမေက တစ်ခန်း အတူပါလာသော မိန်းမပျိုများ က တစ်ခန်း၊ ယောက်ျားလေးများ အတွက် တစ်ခန်း၊ သီးသီးနေရာယူကြသည်။ အားလုံးပြီး တော့။….
စိတ်အေး လက်အေး အနားယူကြပါ။ မနက်စောစော ကျွန်တော့လူတွေ လာနှိုးပေး ပါလိမ့်မယ်။
ယိုးမယ် အခန်းတွင်း ၀င်ပြီးစဉ်မှာ ပဲ
“ကြီးမေ မြန်မြန်…”
သဘောပေါက်စွာ ကြီးမေက အခန်းတံခါးကို အလျင်အမြန်ပိတ်၏ ။ ပြီးအ၀တ်အိတ် ကိုဖွင့်ကာ အနက်ရောင် ၀တ်စုံတစ်ထည်ကို သူမအား အမြန်လဲပေးသည်။ ထိုစဉ်မှာ ပဲ….
“ပီး……ပီး….”
အချက်ပေးသံထွက်လာတော့ ကြီးမေက ပြတင်းတံခါးကို ပြေးဖွင့်သည်။
“အောက်မှာ ရောက်နေပြီ”
“ဟုတ်ကြီးမေ”
အင်္ကျီကို ကြယ်သီးသွက်သွက် တပ်ကာ ပြင်တင်းပေါက်ဆီပြေးတော့…
“ဘာမှ ယူမသွားတော့ဘူးလား သမီး။”
“ရပြီ….မလိုတော့ဘူး။”
ချစ်သူရှိနေပြီ ဖြစ်ရာ ဘာမှ မလိုအပ်တော့။ ပြတင်းမှခုန်ချတော့ ကိုကြီးမောင်က အောက်မှဆီးဖမ်းထားသည်။ ပြီးအသံမထွက်ရန် သူမကို သတိပေးပြီး သစ်တစ်ပင်အောက် ဆီသို့ ဦးဆောင်ပြေးသွား၏ ။ မီးတုတ်များ ခြံဝန်းအနှံ့ ထိုးစိုက်ထားပေမဲ့ သစ်ပင်ပေါသည် ကြောင့် သူမတို့အတွက် အကာအကွယ် ရသည်။
အိမ်၏ ဟိုဘက်ခြမ်းဆီမှတော့ သောက်စားမူးရစ်နေကြသော ဆူပူသံများ ကို ကြားရ၏ ။ ခြံစည်းရိုးရှေ့ရောက်တော့ ကိုကြီးမောင် အကူအညီနဲ့ ယိုးမယ်ခုန်ကျော်လိုက် သည်။ ပြီးတော့ ကိုကြီးမောင်။
ခြံပြင်သို ခြေချမိသည်နှင့် ကိုကြီးမောင်က နေရာတစ်ခုကို ညွန်ပြသည်။ ခပ်လှမ်း လှမ်း သစ်ပင်ရိပ်အောက်မှာ မြင်းဖြူလေးတစ်စီး အလျင်အမြန်ပြေးသွား၍ …
“ကနောင်…ကနောင်…”
သူမအသံကြားတော့….
“ဟာ …..ယိုးမယ်။”
သစ်ပင်ပေါ်မှ ခုန်ဆင်းလာသော အရိပ်တစ်ခု။ ထို့နောက်မှာ တစ်ဦးကိုတစ်ဦး လွမ်းလွမ်းရှရှ ပွေ့ဖက်မိကြ၏ ။
“ကနောင်ရယ် ……မျော်လိုက်ရတာ ။ အခုမှ ရောက်လာရသလား။”
ကျွန်တော် ဘာမှ မပြောနိုင်။ ကြုံတွေ့ ခဲ့ရသော ဒုက္ခတွေ ကို အခုချိန်မှာ မရှင်းပြချင် တော့။ ဖြေရခက်နေသော ကျွန်တော့ကို အနီးရောက်လာသည့် ကိုကြီးမောင်က တပ်လှန့် သည်။
“ကဲ အချိန်မရှိဘူး။ မင်းတို့ အမြန်ဆုံးသွာြး ကတော့”
မြင်းပေါ်လွှာခနဲခုန်တက်၍ ယိုးမယ်ကို လက်လှမ်းသည်။ ကမ်းပေးသော ကျွန်တော့် လက်ကို အားယူခိုတွယ်ကာ ယိုးမယ်မြင်းပေါ်ရောက်လာ၏ ။ သူမကို ရှေ့တွင် ထားကာ ကျွန်တော် က နောက်မှ သိုင်းဖက်၍ မြင်းဇက်ကြိုးကို ကိုင်သည်။
မျက်ရည်စက်လက်နှင့် ယိုးမယ်မှာ ကျွန်တော့်လက်မောင်းအား အားကိုးတကြီး ခိုတွယ်ကာထားသည်။
“ကဲသွာြး ကတော့…”
စကားနှင့် အတူ မြင်းတင်ပါးကို ကိုကြီးမောင် လှမ်းပုတ်လိုက်တော့…
ခွပ်….ခွပ်…..ခွပ်
သခင်နှစ် ဦး၏ အလိုတော် ကို မြင်းလေးက ဆောင်ကြဉ်းပေးလိုက်တော့သည်။
ထွက်ခွာသွားသော ချစ်သူနှစ် ဦးကို ကြည့်ပြီး ၀မ်းမြောက်နေသူတစ်ဦးရှိပါ၏ ။ သူကဒေါ်အေးမေသို့ ကြီးမေ။
အခန်းပြတင်းပေါက်တွင် ရပ်ကာ မြင်းဖြူလေးပေါ်မှ ချစ်သူနှစ် ဦးကိုကြည့်ပြီး ဒေါ်အေးမေ မျက်ရည်ဝဲနေမိသည်။ ဒါပေမဲ့ သူမ၏ ၀မ်းမြောက်မှု မှာ တာရှည်မခံခဲ့ပါ။ ရုတ်ခြည်းပွင့်သွားသော အခန်းတံခါးက အစပြုလိုက်တော့သည်။
“ကလစ်….”
တံခါးဖွင့်သံကြောင့် ဒေါ်အေးမေ အထိတ်တလန့်ဖြင့် နောက်လှည့်ကြည့်စဉ် အခန်း ၀၌ ရပ်နေသူတစ်ဦး။
“အစ်ကိုယ်လေးမှိုင်းညိုက ရေသုတ်ပ၀ါ ပေးခိုင်းလိုက်လို့ပါရှင်”
ဒေါ်လေး အေးမေ၏ ပျက်ယွင်းနေသော မျက်နှာ၊ ရှင်းလင်းသော အိမ်ခန်း၊ ပွင့်နေ သော ပြတင်းတံခါး၊ ပျောက်ကွယ်နေသော အသစ်စက်စက် သတို့သမီးလောင်း၊ စတာတွေ ကို သတိပြုမိတော့ ထိုမိန်းကလေးမှာ အခန်းတွင်း ၀င်ရောက်ရှာဖွေသည်။
ထိုနောက်မှာ ၀ရုန်းသုန်းကား အခန်းပြင် ပြေးထွက်သွားတော့၏ ။
တရားသူကြီးမင်းနှင့် မြို့မှ အထူးဧည့်သည်များ ကို အရက်အကောင်းစား၊ စားကောင်းသောက်ဖွယ် အစုံအလင်နှင့် ဧည့်ခံနေရာမှ တံခါးဖွင့်ဝင်လာသော တပည့် ကျော်ဝေလကို မျက်မှော က်ကြုတ်ကြည့်သည်။
ဝေလက ခပ်လှမ်းလှမ်းမှ အားလုံးကို ဦးညွတ်ပြရင်း သူ့နားကပ်လာသည်။ ပြီးတော့ နားနားကပ်ကာ သတင်းတစ်ပုဒ်ဆို၏ ။
“ဘာ…”
ဦးသိုက်ညို မျက်နှာတစ်ပြင်လုံး အုံ့မည်းကျသွားသည်။ဒါပေမဲ့ ဣနြေ္ဒကိုထိန်းကာ အေးအေးသက်သာ အမူအရာဖြင့် ဧည့်သည်များ ကို ဦးညွတ်ရင်း ၀ိုင်းမှ ထွက်လာခဲ့ပါ သည်။ အပြင်ကိုရောက်တော့ အခန်းတံခါးကို ပိတ်ပစ်လိုက်သည်။
တလိမ့်လိမ့်တက်လာသော ဒေါသတွေ နောက်မှာ တောက်တစ်ချက် ပြင်းထန်စွာ ထွက်သွား၏ ။
“တောက်….”
မဟာအရှက်တော် ကွဲချေပြီ။ တကူးတက ပင့်ဖိတ်ထားသော တရားသူကြီးမင်း၊ အထူးဧည့်သည့် မိတ်ဆွေ၊ ရပ်ဝေး၊ ရပ်နီးမှ စုရုံးရောက်လာကြသော သူ့ရဲ့ တပည့်တပန်း ဧည့်ပရိတ်သတ်တွေ ၊ စသော လူတွေ ရှေ့မှာ ။
သူ့မြေ၊ သူ့ယာ၊ သူ့ပိုင်နယ်တွင်းမှာ …
မြွေပွေးကို အမြီးနင်းလိုက်ချေပြီ။
“မြင်းတွေ ထုတ်စမ်း….ငါကိုယ်တိုင်လိုက်မယ်။”
တိုးတိုးတိတ်တိတ်နှင့် တစ်အိမ်လုံးယောက် ယက်ခတ် သွားပါသည်။ ခဏတွင်းမှာ ပင်သောက်စားအောင်ပွဲခံနေသူ ဦးသိုက်ညိုတပည့်များ မြင်းပေါ်ရောက်ကုန်သည်။
ပြီးတော့…
မြေပြင်မှာ မြင်းတွေ ခွာရာထပ်သွားတော့၏ ။
ဒါပေမဲ့ မာန်သွင်းပြေးထွက်သွားသော မြင်းခွာသံများ ကို လိုက်လံမှတ်သားနေသူ တစ်ဦးတော့ ရှိနေခဲ့သည်။
သူက ကိုကြီးမောင်။
သေချာမှတ်မိလိုက်ပါသည်။ ဦးသိုက်ညိုအပါအ၀င် အားလုံး (၁၃)ယောက် တိတိ။
ရင်ဘတ်ကို ဖိပြီး ဆုတစ်ခုကို အလျင်အမြန် တောင်းမိသည်။
“ကနောင်နဲ့ ယိုးမယ်…မင်းတို့ အန္တရာယ် ကင်းပါစေ”
![]() နေကမ္ဘာရဲ့မီးအိမ်ရှင် | ![]() ဆိုက်ကိုဆော့ဝဲဖ် | ![]() အပေအတေတစ်ယောက်ရဲ့ ကျောင်းဆင်းချိန် |