နိဒါန်း
“ဒေါက်…..ဒေါက် …ဒေါက်”
တံခါးခေါက်နေခြင်းမဟုတ်ပါ။ ကျောက်သင်ပုန်းနှင့် ကျောက်တံထိခါထွက်လာသော
အသံ ဖြစ်ပါသည်။ ထိပ်ပြောင်ပြောင်နှင့် လူကြီး တစ်ယောက် ဘေးတွင် ကောင်မလေးသုံး ယောက် ဝိုင်းထိုင်နေပါ၏ ။
လူကြီးရှေ့တည့်တည့်မှ ကောင်မလေးက ဘေးမှ အဖော်ကောင်မလေးကို ကပ်၍ ပြော သည်။
“နင်တို့ ဗေဒင်ဆရာက စာအုပ်နဲ့ ဘောပင် မကိုင်တတ်ဘူးနဲ့တူတယ်”
“အဟိ ….. ဟိ …… ခစ် ……….ခစ်”
ကောင်မလေးနှစ် ယောက် ဆီမှ ရယ်သံတွေ ထွက်လာသည်။ ထိုအချိန်မှာ ပင် …
“သမီးက သိုက်ဖွားနဲ့တူတယ် …..”
“ရှင် … အသိုက်ကဖွားတာမဟုတ်ဘူးရှင့် ။ ဗိုက်ကဖွားတာ”
“ဟေ”
ထိပ်ပြောင်ပြောင်နှင့် ဗေဒင်ဆရာ ကြောင်သွားသည်။ ရှေ့မှ ကောင်မလေးအား ခပ် တည်တည်တစ်ချက်ကြည့်ပြီး ဆက်ဟောသည်။
“သမီးငယ်ငယ်က ချူချာပုံရတယ်”
“ရှင် …. ချူချာ ….. ချူချာဆိုတာ ဘယ်သူလဲ။ ငယ်ငယ်တုန်း ကတော့ ဘယ်သူ့ ဓာတ်ပုံမှ မကောက်ရပါဘူး”
“ ဘာ ”
“ညည်းကျောင်းတက်တုံးလား”
“မဟုတ်ဘူး ….. အခုလောလောဆယ်က ဗေဒင်မေးတုံး”
ဗေဒင်ဆရာ ပေါက်ကွဲသွားသည်ထင်သည်။
“ညည်းတော် ရင်ကောင်းမယ်နော်”
“တော် ပါတယ် ……… သမီးက ငယ်ငယ်ကတည်းက တော် ပြီးသား။ ကျောင်းမှာ ဆို လည်း အမြဲတမ်းအဆင့် (၁) ။ အခုလည်း ………..”
“ညည်းတို့ ထွက်သွားတော့ ……..ငါ စိတ်မတိုခင် ထွက်သွားတော့။ မဟုတ်ရင် ငါ့ပညာ ကို စော်ကားမှု နဲ့ တရားစွဲရလိမ့်မယ်”
“ပညာစော်ကားမှု ဆိုတာ ရှိလို့လား”
“ ဘာ ………..”
ဗေဒင်ဆရာ ရှူးရှူးရှဲရှဲ ဖြစ်သွားသည်။ မျက်နှာကြီးရဲလာသည်။ နဖူးကြီးပင် နီလာပါ၏ ။
“အသရေဖျက်မှု ဆိုတာရှိတယ်ကွ။ ညည်းတို့ကို အသရေဖျက်မှု နဲ့ တရားစွဲလို့ ရတယ်”
“သမီးတို့ ဘယ်သူ့သားရေကိုမှ မဖျက်ပါဘူး။ ဒီမှာ ကြည့်ပါလား ……ဝင်းဝင်းလေး”
ဟု ဆို၍ ဗေဒင်ဆရာရှေ့မှ ကောင်မလေးက ဘေးမှ ကောင်မလေးလက်ကို ကိုင်မြှောက်ရင်းပြောသည်။
“တော် ………”
အသံတော် တော် ကျယ် သွားပါသည်။ ကောင်မလးအုပ်စုလည်း လန့်ဖျပ်ကာ ထပြေးကြ လေတော့သည်။
အတော် ဝေးဝေးရောက်ပါမှ ………..
“အလကားပါဟာ ……… လောကမှာ ဘုရားသခင်ကလွဲပြီး ဘယ်သူမှ အနာဂတ်ကို ကြို မသိဘူး။ ဒီလိုတွက်တိုင်းသာ လူတိုင်းရဲ့ အနာဂတ်ကို ကြိုသိနေမယ်ဆိုရင် လောကကြီးက ဘယ် မှာ လာအဓိပ္ပာယ်ရှိတော့မှာ လဲ”
တကယ်တော့ အနာဂတ်ကို ကြိုသိအောင် ကြိုးစားနေသူတွေ ဟာလည်း လောကကြီး ကို အဓိပ္ပာယ်မဲ့အောင် ဖန်တီးနေတဲ့လူတွေ ပါ”
ရူပါလင်း
“အို …… ကောင်းကင်ဘုံ …
ကျွန်ုပ်အား ကောင်းချီးပေးပါလော့”
ကျွန်ုပ်၏ အတွေး၊ အကြံ၊ အလုပ်များ သန့်ရှင်းစင်ကြယ်ခြင်းကို ပေးပါလော့။ ကျွန်ုပ် အား ဦးဆောင်ပါလော့။ ကောင်းကင်ဘုံ၏ အသိဥာဏ်ကို ပေးပါလော့။
ကောင်းကင်ဘုံကဆောင်ရွက်ပေးပါလျှင် မ ဖြစ်နိုင်သော အရာ ဟူ၍ မရှိကြောင်း ကျွန်ုပ် ကောင်းစွာ ယုံကြည်ပါသည်။
ကျွန်ုပ်၏ တစ်ကိုယ်လုံးတွင် မေတ္တာဓာတ်များ ၊ ကရုဏာဓာတ်များ ဖြည့်ပေးပါလော့။
ကျွန်ုပ်နှင့် တွေ့ ကြုံရသော လူအပေါင်းတို့အား ကူညီခွင့်ပေးပါလော့။
စစ်မှန်သော စွမ်းရည်၊ အသိဥာဏ်၊ မေတ္တာဓာတ်တို့ ကျွန်ုပ်၏ ဝိညာဉ်၌ ပေးသနား ပါလော့။
ကျွန်ုပ်သည် ကောင်းကင်ဘုံအား ရိုးသားစွာ ယုံကြည်ပါသည်။ မြေပြင်ပေါ်မှ ကျွန်ုပ်နှင့် စပ်သမျှသော သူအားလုံးအား ကောင်းကင်ဘုံ၏ အကူအညီဖြင့် ကူညီနိုင်ပါစေသတည်း။
ဂုဏ်ကျေးဇူးကို အထူးအောက်မေ့ပါသည် …….. ကောင်းကင်ဘုံ၊ ယခုဟောပြောသမျှ မှန်ကန်၍ ဆောင်ရွက်သမျှ အောင်မြင်ရပါစေသတည်း။
ဖြိုးခေတ်
ဖြိုးခေတ် ကျောင်းထဲသို့ ခပ်သုတ်သုတ် ဝင်လာနေသည်။ ဒီနေ့ တစ်နေ့လုံး အလုပ် မ ဖြစ်သေး။ ထို့ကြောင့် ဘူကာ ကျောင်းထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ ဦးတည်ရာက သူတို့ သူ ငယ်ချင်းများ စုဝေးရာ ကန်တင်းဆီသို့ ……………….
“ကိုဖြိုးခေတ် ……. ကိုဖြိုးခေတ်……….”
တစ်နေရာမှ သူ့နာမည် ကို လှမ်းခေါ်လိုက်သံကြောင့် ဖြိုးခေတ် ခြေလှမ်းတို့ကို ရပ် လိုက်သည်။ ပြီး အသံလာရာဆီ လှမ်းကြည့်မိတော့ ကျောင်းသား တစ်ယောက် ။
သူ့ဆီ အပြေးတစ်ပိုင်းဖြင့် လာနေပါ၏ ။ သူနားရောက်ရောက်ချင်းပင် ထိုကျောင်း သားက ……
“ရှာလိုက်ရတာ ဗျာ ….. တစ်မနက်လုံး ရှာနေတာနှံ့ နေတာပဲ။ ကန်တင်းတွေ မှာ မနက် ပိုင်းရှိတတ်တယ်ဆိုလို့ ကျွန်တော် ကျောင်းကို ရောက်လာကတည်းက ကန်တင်းတွေ ကို လိုက်ကြည့် နေတာ။ အခုမှ တွေ့ တော့တယ်”
ထိုကျောင်းသားကို သူမမြင်ဖူး။ ဒါပေမယ့် သူ့အသိမိတ်ဆွေတွေ ထဲက တစ်ယောက် ယောက် တော့ ဖြစ်လိမ့်မည် ။ ဒါမှမဟုတ် သူ့ အသိမိတ်ဆွေထဲက တစ်ယောက် ယောက် နှင့် တော့ ပတ် သက်နေလိမ့်မည် ။
လူမှု ရေး အရ ဖြိုးခေတ်ပြုံးပြလိုက်ပါ၏ ။ ယောင်လည်လည် ဖြစ်နေသော ဖြိုးခေတ်ပုံစံ ကို ထိုကျောင်းသား သဘောပေါက်သည် ထင်သည်။
“ကိုဖြိုးခေတ် ကျွန်တော့် ကို မမှတ်မိဘူးနဲ့တူတယ်။ ကျွန်တော့်  နာမည် မိုးလွင် လေ။ ကျော်မြင့်နဲ့ အစ်ကို့ ဆီ တစ်ခါလာဖူးတယ်”
ကျော်မြင့်ဆို၍ ဖြိုးခေတ် သတိရသွားသည်။ သူ့ဆီမှ ကဗျာတစ်ပုဒ်တောင်းသွားသည့် သူငယ်ချင်း။ ဖြိုးခေတ်မှတ်ဥာဏ်ထဲတွင် ထို မိုးလွင်ဆိုသော ကျောင်းသားပုံစံက ရေး ရေး လေး ပေါ်လာပါ၏ ။
“ဟာ …. အေး ….. ဆောရီးကွာ။ အစ်ကို့ မှတ်ဥာဏ် အားနည်းသွားတယ်။ ဒါနဲ့ ကျော်မြင့်ရော ၊ သူ့ကောင်မလေးနဲ့ အဆင်ပြေရဲ့ လား”
“ဟာ … အိုကေတယ် အစ်ကို …. အားလုံး အဆင်ပြေတယ်။ အခုသူတို့ နှစ် ယောက် ချစ်သူတွေ ဖြစ်သွားကြပြီ”
ဖြိုးခေတ် ပြုံးမိပါသည်။ တစ်ဆက်တည်းပင် ကျော်မြင့် သူ့ဆီက ယူသွားသော ကဗျာ
ကိုလည်း သတိရမိသည်။
ထိုစဉ်က ဖြိုးခေတ်အလုပ်အားနေပါ၏ ။ စောစောစီးစီးပင် အလုပ်တို့ ပြတ်သွားသော ကြောင့် ကန်တင်း၌ တစ်ယောက် တည်း ထိုင်နေစဉ် ကျောင်းသားနှစ် ယောက် ရောက်လာပါ၏ ။
ထိုနှစ် ယောက် က ကျော်မြင့်နှင့် ယခု သူ့ရှေ့မှ ကျောင်းသား။
“ဟေ့ကောင် …. ဖြိုးခေတ် ငါ့ကို ကူညီပါဦးကွာ။ ငါ အရမ်း အရေး ကြီးနေလို့”
ရောက်မဆိုက်ပြောလိုက်သော ကျော်မြင့် စကားကြောင့် သူပင် ကြောင်သွားသည်။
“ဘာ……….ဘာ ဖြစ်လို့လဲ”
သူ၏ အမေးကို ကျော်မြင့်က ချက်ချင်း အဖြေမပေး၊ လင်းဒ ဝမ်းချုပ်သလို ရုပ်ဖြင့် ဆက်ပြောသည်။
“ငါတော့ သွားပြီနဲ့တူပါတယ်ကွာ”
အသံက တော် တော် သနားဖို့ကောင်းသည်။ ဖြိုးခေတ်ပင် ဘာမှန်းညာမှန်းမသိ၊ ဝမ်း နည်းသွားရပါ၏ ။ ပြီးဘာ ဖြစ်တာလဲ ဟူသော သဘောဖြင့် ဘေးမှ ကျောင်းသားကို မေးဆတ်ပြတော့ ဘေးမှကျောင်းသားက သူလည်းမသိကြောင်း ခေါင်းရမ်းပြသည်။ ထိုအခါမှ ကျော်မြင့်က နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ရင်း……….
“ဒီလိုကွ ………. ငါကြိုက်နေတဲ့ ကောင်မလေးက တရားသမား၊ အဲဒါဟိုတစ်နေ့က ငါလိုက်ပြောတော့ ငါ့ကို ဘုရားအကြောင်း ၊ တရားအကြောင်းနဲ့ ပတ်သက်တဲ့ ကဗျာတစ်ပုဒ် ရွတ်ပြ တဲ့။ အဲဒါ ငါလည်း ဘာလုပ်ရမှန်းမသိတာနဲ့ မနက်ဖြန်ကျရင် ရွတ်ပြမယ်လို့ ပြောလိုက်မိတယ်ကွာ။ အဲဒါ တအောင့်နေရင် ကောင်မလေးကျောင်းကို လာတော့မှာ ငါ့ကို ကူညီစမ်းပါဦးကွာ ။ မင်းမှ မကူညီ ရင် ငါ့ဘဝက သွားပြီ”
ကျော်မြင့်၏ ဖြစ်ပျက်သွားသော ပုံစံကြောင့် သူတော် တော် သနားသွားသည်။ နောက် သူကဗျာတစ်ပုဒ်ကို စဉ်းစားလိုက်ပါ၏ ။
“ဘုရား ၊ တရားနဲ့ ပတ်သက်တဲ့ ကဗျာတော့မဟုတ်ဘူးကွ။ ဒါပေမယ့် အဲဒီ သဘောနဲ့ နည်းနည်း ဆင်တဲ့ ကဗျာတော့ ငါ့မှာ ရှိတယ်။ မင်း လိုချင်ရင် ကူးသွားချေ”
သူ့စကားကြောင့် ကျော်မြင့်မှာ ထခုန်မတတ်ပင် ဝမ်းသာ သွားပါ၏ ။
“ကူး ….. ကူးမယ်ကွာ ……….ဘာပဲ ဖြစ် ဖြစ် ကဗျာရဖို့ အရေး ကြီးတယ်”
“အေး …………. အဲဒါဆို မင်းလိုက်ကူး … ကဗျာကို ငါရွတ်ပြမယ်”
ထို့နောက် ဖြိုးခေတ် ကဗျာတစ်ပုဒ်ကို ရွတ်ပြလိုက်သည်။ ကဗျာမှာ အောက်ပါ အတိုင်း ဖြစ်ပါ၏ ။
I am rich
And I Shall die;
You are poor
And you will die.
မြန်မာလို
ကျွန်တော် ချမ်းသာသည်၊ ကျွန်တော် တစ်နေ့သေရမည် ။
သင်ဆင်းရဲသည်၊သင်လည်း တစ်နေ့ သေဆုံးရမည် ။
“အဲဒါကို သံဝေဂကဗျာလို့ ခေါ်တယ်။ အနောက် အမေရိက ဘက်ကလာတဲ့ ကဗျာ တစ်ပုဒ်ပဲ”
ကျော်မြင့်ရေး ထားသော စာရွက်ကို ကြည့်၍ ပါးစပ်မှ တွတ်တွတ် တွတ်တွတ် ရွတ် သည်။ ပြီး အလွတ်ရတော့မှ …
“ကျေးဇူးပဲ သူငယ်ချင်းရာ၊ မင်းကျေးဇူးကို ငါမမေ့ပါဘူး”
နောက် တစ်ဝိုင်းလုံးကို ပိုက်ဆံရှင်း၍ ထွက်သွားသည်။
နောက်ပိုင်းတော့ ကျော်မြင့်ကို မတွေ့ မိတော့ ……
အခု ကျော်မြင့်တို့ နှစ်ယောက် အဆင်ပြေသွားပြီလို့ သတင်းရပါ၏ ။
“ဒါနဲ့ အခု ညီလေးလာတာက ….”
“အာ …. ကျွန်တော် လည်း အစ်ကို့ အကူအညီကို လိုအပ်နေလို့ လိုက်ရှာနေတာ။ ကျွန်တော် ကိုလည်း ကူညီပါဦးဗျာ … အစ်ကို ကူညီရင် ဖြစ်မှာ ပါ”
ဖြိုးခေတ် နည်းနည်း တော့ စိတ်ဝင်စားသွားသည်။ ဒါနဲ့ ….
“ဆိုပါဦးကွာ … အစ်ကို ဘာကူညီရမှာ လဲ”
ဖြိုးခေတ်၏ အမေးကြောင့် ကောင်လေးက ဘေးဘီကို တစ်ချက် ကြည့်သည်။ ပြီး ….
“မတ်တတ်ကြီးရပ်ပြောရတာ မကောင်းဘူးဗျ။ ကျွန်တော် တို့ ဟို နားကခုံမှာ သွားထိုင် ပြီးပြောရအောင် …. လာပါ”
သို့နှင့် ထိုကောင်လေးခေါ်ရာနောက်သို့ ဖြိုးခေတ်ပါသွားရသည်။ ထိုင်ခုံမှာ နှစ် ယောက် သား ထိုင်ပြီးတော့မှ ထိုကောင်လေးက စတင်၍ ပြောသည်။
“ဒီလို အစ်ကို ကျွန်တော် အ ဖြစ်က ကျော်မြင့်နဲ့ နည်းနည်း တော့ ဆင်တယ်။ ဒါပေမယ့် ကျော်မြင့်ထက်ပိုခက်တယ်။ ဒါနဲ့ စကားမစပ် အစ်ကို တိရစ္ဆာန်စကား တတ်လား”
“ဟေ …”
ဖြိုးခေတ် ကြောင်သွားရသည်။
“ဟာ … ဘယ်လိုလုပ် တတ်မှာ လဲကွ။ ငါက တိရစ္ဆာန်မှ မဟုတ်တာ”
ဖြိုးခေတ်စကားကြောင့် ကောင်လေး မျက်နှာငယ်သွားသည်။
“ဒါဆိုရင်တော့ သွားပါပြီဗျာ။ အစ်ကိုလည်း ကျွန်တော့် အခက်အခဲကို ကူညီနိုင်မယ် မထင်ပါဘူး”
ဖြိုးခေတ် ထပ်ဆွံ့အသွားရပြန်သည်။
“ဟေ …. မင်းအခက်အခဲက တိရစ္ဆာန်စကားတတ်မှ ရမှာ လား”
“ဟုတ်တယ် အစ်ကို တိရစ္ဆာန်စကားတတ်မှကို ဖြစ်မှာ ”
ဖြိုးခေတ် တော် တော် စိတ်ဝင်စားသွားသည်။ ထို့ကြောင့် ……
“ဆိုစမ်းပါဦးကွာ ………. မင်းအခက်အခဲ၊ ကူညီလို့ ရရင်လည်း ရမှာ ပေါ့”
သူ့စကားကို ကောင်လေးက ခေါင်းရမ်းသည်။ ပြီးမှစိတ်ပျက် အားငယ်သော မျက်နှာ လေးဖြင့် အဝေးတစ်နေရာသို့ ငေးရင်း ……..
“ ဖြစ်မယ်တော့မထင်ပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော် ပြောပြပါ့မယ်။ ဒီလိုပါ ကျွန်တော် ကောင်မလေး တစ်ယောက် ကို လိုက်နေတယ်။ ဒီကျောင်း ကတော့မဟုတ်ဘူး စီးပွားရေး က။ လိုက်နေ တာတော့ကြာပါပြီ။ ကျွန်တော် နဲ့လည်း အိမ်နီးချင်း၊ နာမည် က ‘မြတ်နိုးပွင့်’ တဲ့။ ဒါပေမယ့် အဲဒီ ကောင်မလေးက ပေါက်ပေါက်ရှာရှာ အရမ်းနိုင်တယ်ဗျာ”
ဖြိုးခေတ်ခေါင်းထဲသို့ စဉ်းစားစရာတွေ ထိလာပါ၏ ။ သူဒါမျိုးကို အရမ်းစိတ်ဝင်စား သည်။
“ဘယ်လို ပေါက်ပေါက်ရှာရှာနိုင်တာလဲ”
“ကျွန်တော့် ကို တိရစ္ဆာန်လို ရည်းစားစကား ပြောခိုင်းလို့ဗျာ”
“ဟေ …..”
ဖြိုးခေတ် တော် တော် အံ့သြသွားသည်။
“ဟုတ်တယ် အစ်ကို …. တိရစ္ဆာန်လို ရည်းစားစကားပြောနိုင်မှ လက်ခံမယ်တဲ့။ အဲဒါ ဗျာ …..”
ထိုကောင်လေး စကားပင် ဆက်မပြောနိုင်တော့ပါ။ ချက်ချင်း ပင်မျက်ရည်တို့ ဝဲတက် လာပါ၏ ။ ဖြိုးခေတ်လည်း ထိုကောင်လေးကို ကြည့်၍ စိတ်မကောင်း ဖြစ်သွားသည်။ ထိုကောင်လေး ကတော့ ခြေကုန်လက်ပမ်းကျသွားသော ရေနစ်သူ တစ်ယောက် လို မလှုပ်မယှက်ငြိမ်သက်ကာသွား ပါ၏ ။
ဖြိုးခေတ် ပြုံးလိုက်သည်။
“မင်းအခက်အခဲကို အစ်ကို ကူညီနိုင်ပါတယ်”
“ဘယ်လို ……..”
ဝုန်းခနဲပင် မျှော်လင့်ချက်တို့ ပြည့်နေသော မျက်နှာတစ်ခု သူ့ဆီသို့ လှည့်လာပါသည်။
“ အ …. အစ်ကို .. တကယ်ပြောတာလား”
ဖြိုးခေတ် ခေါင်းညိတ်ပြလိုက်၏ ။ ပြီး ……
“မင်း …….. မင်းကောင်မလေးကို ကျီးကန်းတွေ အော်သလို (အား …….အား ) လို့ အော်ပြရမယ်”
“ဗျာ … ကျီးကန်းတွေ အော်သလို (အား … အား) လို့ အော်ပြရမယ်”
“အေး …..ဟုတ်တယ်၊ အဲဒါ ကျီးကန်းလို ရည်းစားစကား ပြောတာပဲ”
“ဗျာ”
ထိုကောင်လေးမှာ ဆွံ့အသွားသည်။ ပြီးမယုံသလိုဖြင့် ဖြိုးခေတ်ကို ကြည့်နေပါ၏ ။
“ဘာလဲ ….. မင်းမယုံဘူးလား”
“မဟုတ်ပါဘူး၊ ကျွန်တော် နားမလည်လို့”
“အေး ……….. မင်းနားမလည်သလို မင်းကောင်မလေးကလည်း နားလည်မှာ မဟုတ် ဘူး။ ဘာအဓိပ္ပာယ်လဲလို့ မေးကို မေးလိမ့်မယ်။ အဲဒီ ကျရင်မင်းက ….. ‘ကိုယ်က တောကျီးကန်းပါ’ ဆိုတဲ့စကားတစ်ခွန်း ထပ်ပြောရမယ်”
“အဲဒါ ….. ဘာအဓိပ္ပာယ်လဲ …..”
“အေး ……. အဲလိုပဲမေးမှာ ပဲ …… အဲဒီ တော့မှ မင်းကသူ့ကို ပုံပြင်တစ်ပုဒ်ပြောပြ”
“ဘယ်လိုပုံပြင်လဲ ……”
“တောကျီးကန်းနဲ့ မြို့ကျီးကန်းပုံပြင် ……… မင်းကြားဖူးလား”
“ဟင့်အင်း …. မကြားဖူးဘူး”
“မကြားဖူးရင် နားထောင်၊ ပုံပြင်က ဒီလို ……”
ဟု ဆို၍ ဖြိုးခေတ် ပုံပြင်တစ်ပုဒ် ပြောပြလိုက်သည်။
“တစ်ခါတုန်းက တော် မှ နေတဲ့ ကျီးကန်းရယ်၊ မြို့မှာ နေတဲ့ ကျီးကန်းရယ် ဆိုပြီး ကျီးကန်းနှစ် ကောင်ရှိကြတယ်တဲ့။ တော် မှာ နေတဲ့ ကျီးကန်းက တော် မှာ ရှာဖွေစားသောက်ရတာ ကျပ်တည်းလို့ဆိုပြီး မြို့တက်လာ၊ မြို့မှာ နေတဲ့ ကျီးကန်းကလည်း မြို့မှာ ရှာဖွေစားသောက်ရတာ ကျပ် တည်းလို့ဆိုပြီး တောကို ဆင်းလာ။ ဒါနဲ့ ကျီးကန်းနှစ် ကောင် က လမ်းခုလပ်မှာ ရှိတဲ့ ညောင်ပင်ကြီး
တစ်ပင်မှာ ဆုံတွေ့ ကြတယ်တဲ့”
ဖြိုးခေတ်စကားကို ခဏရပ်၍ ကောင်လေးကို ရှိုးလိုက်သည်။ ကောင်လေးမှာ စိတ်ဝင် တစားနားထောင်နေပါ၏ ။
“အဲဒီ ညောင်ပင်ကြီးပေါ်မှာ ကျီးကန်းမတစ်ကောင်လည်းရှိနေတယ်။ ပြီးတော့ ညောင် ပင်ကြီးရဲ့ မလှမ်းမကမ်းမှာ အကြော်ရောင်းတဲ့ အကြော်တဲတစ်တဲလည်း ရှိနေတယ်တဲ့။ အဲဒီ တော ကျီးကန်းနဲ့ မြို့ကျီးကန်းဟာ ညောင်ပင်ကြီးပေါ်မှာ နားနေတဲ့ ကျီးကန်းမကို မြင်မြင်ချင်းပဲ နှစ် ကောင် လုံး ချစ်မိသွားကြတယ်။ ဒါနဲ့ သူတို့နှစ် ကောင်ဟာ ကျီးကန်းမကို ပြိုင်တူချစ်ရေး ဆြို ကတော့ ကျီးကန်းမ ကပြောတယ်၊ ဟိုမှာ လှမ်းမြင်နေရတဲ့ အကြော်တဲက အကြော်တစ်ခုကို သူမစားဖို့အတွက် ယူပေးနိုင် တဲ့သူကို ချစ်သူအ ဖြစ် ရွေးချယ်မယ်လို့ ပြောလိုက်တယ်”
“ဟာ ……… ဇာတ်ရှိန်က တက်လာပြီ …….”
ထိုကောင်လေးက ဆိုသည်။ ဖြိုးခေတ် ခေါင်းညိတ်ပြရင်း ပုံပြင်ကို ဆက်ပြောပါ၏ ။
“အဲဒီ မှာ တင် တောကျီးကန်းက အရင်ဆုံးသွားပြီး ချီတာပေါ့။ တောကျီးကန်းဆို တော့ သိတယ်မလားကွာ။ ‘အ’ တော့ အကြော်ကို ဒီအတိုင်း နှုတ်သီးနဲ့ သွားချီတော့ အကြော်ကြော်နေတဲ့ မိန်းမကြီးက ယောက် မနဲ့ နှုတ်သီးကို ခုတ်လွှတ်လိုက်တယ်”
“ဟာ ….”
“အဲဒီ မှာ တင်တောကျီးကန်းလည်း ‘အား …အား’ လို့အော်ပြီး ပျံပြေးတာပေါ့။ ဒါပေ မယ့် မြို့ကျီးကန်းအလှည့်ရောက်လာတော့ မြို့ကျီးကန်းကလည်တယ်လေ။ သူက တောကျီးကန်းလို အကြော်ကို ဒီအတိုင်းသွားမနှိုက်ဘူး။ အရင်ဆုံး အကြော်ကြော်နေတဲ့ မိန်းမကြီးရဲ့ မနီးမဝေးက လက်နှီးစုတ်ကို အရင်ချီပြေးပြီး တော် တော် လှမ်းလှမ်းမှာ သွားချထားလိုက်တယ်။ ပြီးသူက ညောင်ပင် ပေါ် ပြန်ပြီးစောင့်နေတယ်။ မကြာပါဘူး၊ အကြော်ကြော်နေတဲ့ မိန်းမကြီးလည်း အကြော်အိုးချခါနီး လည်းကျရော လက်နှီးစုတ်မရှိလို့ ခုန ကျီးကန်းချီပြီးချထားတဲ့ လက်နှီးစုတ်ကို သွားယူရရော။ အဲဒီ တော့မှ မြို့ကျီးကန်းက အကြော်ဗန်းထဲက အကြော်တစ်ခုကို သွားချီပြီ ကျီးကန်းမကို ကျွေးတယ်တဲ့။ ပုံပြင် ကတော့ အဲဒီ မှာ ပဲ ဆုံးသွားပြီ။ ဒါပေမယ့် ကျီးကန်းမက ကျီးကန်းနှစ် ကောင်ထဲက ဘယ်ကျီးကန်း ကို ချစ်သူအ ဖြစ် ရွေးချယ်လိုက်တယ်ထင်လဲ”
ဖြိုးခေတ်၏ အမေးကို ထိုကောင်လေးက မဆိုင်းမတွပင် ဖြေလိုက်သည်။
“မြို့ကျီးကန်းကို ပဲ ရွေးချယ်လိုက်မှာ ပေါ့”
ဖြိုးခေတ် နှစ် လိုစွာ တစ်ချက်ပြုံး၍ ခေါင်းရမ်းပြလိုက်ပါသည်။
“မဟုတ်ဘူး……….. တောကျီးကန်းကို ရွေးချယ်သွားတာ”
ကောင်လေး မျက်လုံးပြူးသွားသည်။
“ဘာ ဖြစ်လို့ ရွေးချယ်လိုက်တာလဲ ဆိုတဲ့မေးခွန်းနှစ် ခုအတွက် အဖြေနှစ် ခုရှိတယ်။ ပထမတစ်ခုက မြို့ကျီးကန်းထက်အရင် အကြော်ကို သွားယူလို့။ ဦးစားပေးအလေးထားတယ်ဆိုတဲ့ သဘောပေါ့။ နောက်တစ်ချက်က နှုတ်သီးကို ယောက် မနဲ့ အခုတ်ခံရတဲ့အထိ အနာခံပြီး အကြော်ကို ယူပေးလို့ သေရင်သေ သွားပါစေ မင်းအတွက်ဆို အဆင်သင့်ပဲဆိုတဲ့ သဘောပေါ့။
အဲဒါကြောင့် မို့လို့ မင်းကို တောကျီးကန်းလို ‘အား …… အား’ လို့ အော်ခိုင်းရတဲ့ အဓိပ္ပာယ်က မင်းကို ဦးစားပေးအလေးထားပြီး မင်းအတွက်ဆို အသက်သေသည်အထိ ချစ်ပြမယ် ဆိုတဲ့ သဘောပဲ …….. ဟုတ်ပြီလား”
ဖြိုးခေတ် စကားဆုံးတော့ ကောင်လေးမှာ လုံးဝတက်ကြွ သွားပါ၏ ။
“ဟာ …. ရေလည်မိုက်တယ်အစ်ကို ….. ဟုတ်တယ် ကျွန်တော့်  ကောင်မလေးကို (အား …..အား) လို့ပဲ ပြောရမယ်”
ထို့နောက်တော့ ကောင်လေးမှာ ဖြိုးခေတ်အား ကျေးဇူးအထပ်ထပ်တင်၍ သူ့ကောင်မ လေးအလာကို စောင့်ရန်အတွက် ထွက် သွားပါတော့သည်။
တစ်ယောက် တည်းကျန်ခဲ့သော ဖြိုးခေတ်သည်လည်း ပေါက်ပေါက်ရှာရှာနိုင်သော မြတ်နိုးပွင့်ဆိုသည့် ကောင်မလေးနာမည် အား ဘာရယ်မဟုတ်စိတ်ထဲမှ တိုးတိုးရေရွတ်ရင်းဖြင့် …….
သူငယ်ချင်းများ စုဝေးရာ ကန်တင်းဆီသို့ ခပ်သွက်သွက်လာခဲ့ပါတော့သည်။
ကျောင်းမှပြန်ရောက်၍ ထမင်းစားနေသော ရူပါ့ကို ပန်းကန်ဆေးနေသော မေမေက မေးသည်။
“သမီး ………………. ကျောင်းတက်ရတာ အဆင်ပြေရဲ့ လား”
“ပြေပါတယ်မေမေ၊ သမီးက ကျောင်းသူအသစ်ဆိုပေမယ့် ကျောင်းတက်ရတာ မစိမ်း ပါဘူး။ တက္ကသိုလ်ဆိုတာ ကတော့ နေရာ ဒေသအခေါ်အဝေါ်တွေ ပြောင်းသွား ပေမယ့် အားလုံး အတူ တူချည်းပါပဲ မေမေရာ။ ပျော်ဖို့ကောင်းပါတယ်။ အခုဆို သမီး သူငယ်ချင်း အသစ်တွေ တောင် ရနေပြီ”
“အေး …… အေး …… ကောင်းတယ်သမီး”
ထို့နောက်တော့ မေမေက သူ့အလုပ်သူဆက်လုပ် သည်။ ရူပါလည်း သူ့ထမင်းသူ ဆက်စားသည်။ ထမင်းစားနေရင်းမှ ဒီနေ့ ဗေဒင်သွားမေးခဲ့သော အ ဖြစ်အပျက်ကို သတိရမိပြီး ပြုံးမိ ပါ၏ ။ ဗေဒင်ဆရာ၏ နေလောင်ခရမ်းသီးတစ်လုံးလို ရှုံ့တွမည်းပြာသွားသော မျက်နှာကြီးကိုလည်း ပြန်လည်မြင်ယောင်မိသည်။
“ခွီး …….”
စိတ်မထိန်းနိုင်ဘဲ ခွီးခနဲ ထွက်သွားသော ရယ်သံကြောင့် မေမေက လှည့်ကြည့်သည်။ ရူပါ မျက်နှာကို ကမန်းကတန်းတည်လိုက်ရင်း ဟန်ဆောင်ပန်ဆောင် ထမင်းဆက်စားစဉ်မှာ ပင် မေမေ က တစ်ခုခုကို သတိရလိုက်သလိုဖြင့် …..
“သြော် …… သမီး တအောင့်နေကျရင် မေမေတို့ ဒီကို ပြောင်းလာတုန်းက အစစ အရာရာ အကူအညီပေးခဲ့တဲ့ မေမေ့သူငယ်ချင်း တစ်ယောက် လာလိမ့်မယ်။ သူနဲ့ဗေဒင်သွားမေးစရာ ရှိလို့ သမီးလိုက်ဦးမလား ………”
“ဟင် .. ဗေဒင်”
ဗေဒင်ဆိုသည်နှင့် ပင် သူမနှလုံးသွေးတို့ ဆူပွက်သွားသည်။
“အာ …… မေမေတို့က ဘာကိစ္စရှိလို့ ဗေဒင်သွားမေးမှာ လဲ”
“ကိစ္စတော့ ထွေထွေထူးထူးမရှိပါဘူးသမီးရယ်။ ဒီအိမ်ဝယ်ထားတာလည်း မကြာသေး ဘူးဆိုတော့ အခိုက်တွေ ဘာတွေ ရှိမရှိ သွားကြည့်ထားချင်လို့။ ယတြာတွေ ဘာတွေ ချေစရာရှိလည်း တစ်ခါတည်း ချေလာခဲ့လို့ရအောင်။ ဒီအိမ်ဝယ်ပြီးမှ ဗေဒင်တစ်ခါမှ မမေးရသေးဘူးလေ”
မေမေ့စကားကြောင့် ရူပါနှာခေါင်းရှုံ့သွားမိသည်။
“မေမေတို့က အဲ့ဒီရှေးအယူတွေ ကို တော် တော် ယုံတာပဲ၊ ခိုက်တာတွေ ၊ ဘာတွေ ဆို တာလည်း အဲဒီ ဗေဒင်ဆရာတွေ ပဲပြောတာ။ ဗေဒင်သွားမမေးဘဲနဲ့ ခိုက်တယ်ဆိုတာ သိလည်းမသိဘူး၊ ရှိလည်း မရှိဘူး။ ဗေဒင်သွားမေးလို့ ကတော့ မေးတဲ့အချိန်ကစပြီး ခိုက်တယ်ဆိုတဲ့စကား ကြားရပြီသာ မှတ်။ ခိုက်ချင်းခိုက် ကျန်တာတွေ ကတော့ ခိုက်မှာ မဟုတ်ဘူး ဗေဒင်ဆရာကပဲ ခိုက်လိမ့်မယ်။ အခု သွားမေးကတည်းက မေမေ့ အိတ်ထဲကပိုက်ဆံ အရင်အခိုက်ခံရပြီ”
“တော် စမ်း ……..ရူပါ ၊ ညည်းမသိဘဲနဲ့ လျှောက်ပြောမနေနဲ့။ လောကမှာ ညည်းမသိ၊ မမြင်တာတွေ အများ ကြီး။ ညည်းဘာသာလိုက်ချင်လိုက် ၊ မလိုက်ချင်နေ ကျုပ် ကတော့သွားမှာ ပဲ။
ပြောပြီး သူမကို မျက်စောင်းတစ်ချက်ထိုးကာ မေမေထွက်သွားလေသည်။ မကြာပါ အိမ်ရှေ့မှ ကားသံကြားရ၍ အမျိုးသမီး တစ်ယောက် အသံကိုပါ ကြားရသည်။
ပြီးနောက် တစ်အိမ်လုံး တိတ်ဆိတ်သွားလေသည်။
မေမေတို့ သွားကြပြီ။
အိမ်မှာ ကျန်ခဲ့တာက သူမနှင့် အဘိုး နှစ် ယောက် တည်း။ အဘိုး ကတော့ စာကြည့်ခန်း ထဲတွင် စာဖတ်နေမည် ထင်သည်။ သူမ ကတော့ ဧည့်ခန်းထဲတွင် တီဗွီထိုင်ကြည့်နေလိုက်ပါ၏ ။
သိပ်မကြာလိုက်။ နောက်တစ်နာရီလောက်အကြာတွင် ဆူဆူ ဆူဆူနှင့် ပြန်ဝင်လာ သည်။ ထင်သည့်အတိုင်းပင် ဖေဖေ၊ မေမေနှင့် မေမေတို့ အရွယ် ရုပ်ချောချော၊ အန်တီ တစ်ယောက် ။ သူမ ကတော့ ဧည့်ခန်းတွင် သာ နေမြဲအတိုင်း တီဗွီထိုင်ကြည့်နေလိုက်သည်။
မေမေတို့ သုံးယောက် ကတော့ စကားတွေ ဖောင်ဖွဲ့ကာ မကြာခင် ဧည့်သည်ပြန်သွား သည်။ ပြန်ခါနီး လေးတွင် ထိုအန်တီက သူမကို စူးစမ်းကြည့်တစ်ချက်ကြည့်သည်။ သူမကလည်း ပြန် အကြည့် အကြည့်ချင်းဆုံသွားသည်တွင် ထိုအန်တီက ဖော်ရွေစွာ တစ်ချက်ပြုံးပြလိုက်ရသည်။
ထို့ကြောင့် သူမလည်း အားနာစွာ ပြန်ပြုံးပြလိုက်ရသည်။
ဧည့်သည်ပြန်သွားတော့ မြန်မာတွေ ၏ ထုံးစံအတိုင်း ဖေဖေနှင့် မေမေ အတင်းတုတ် တော့သည်။
“အေးကွာ …….. သူတို့ မိသားစုအရေး ကြားရတော့လည်း စိတ်မကောင်းပါဘူး။ ကိုယ် တို့ ပြောင်းလာစတုန်း ကတော့ ကိုကျော်မောင့် ရုံးခန်းမှာ တစ်ခါ ဆုံဖူးတယ်ကွ။ သန့်သန့်ပြန့်ပြန့် နဲ့ ထက်ထက်မြက်မြက် ရှိမယ်ပုံပါပဲ။ ဒါပေမယ့် လူငယ်ဆိုတော့လည်းကွာ၊ ခက်သားလား”
“ကိုကျော်မောင် ကတော့ သူ့ခြေရာမနင်းတဲ့အတွက် တော် တော် ဒေါသထွက်နေမှာ ပဲ”
မေမေတို့ ဘာတွေ ပြောနေမှန်း သူမ မသိပါ၊ နားလည်းမထောင်ပါ။ ဒါပေမယ့် သူမ ဧည့်ခန်းထဲတွင် တီဗွီကြည့်နေသလို မေမေတို့ကလည်း ဧည့်ခန်းထဲမှာ ပင် ပြောနေကြသည့်အတွက်
မကြားချင်ဘဲနှင့် ကြားနေရသည်။
ထို့နောက် …….
မေမေတို့ ဆက်ပြောသည်။
သူမလည်း တီဗွီဆက်ကြည့်သည်။
အနံ့ခံပြွန်ထဲသို့ မပြောမဆို ဝင်လာသော မီးခိုးငွေ့တို့ကြောင့် ဖြိုးခေတ် ဆက်အိပ်လို့ မရတော့ဘူးဆိုတာ သဘောပေါက်လိုက်သည်။ ပေ၍ ဆက်အိပ်မည် ကြံသော်လည်း အသက်ရှူပင် ကြပ်လာသည့်အတွက် ပြတင်းတံခါးကို ပြေးဖွင့်လိုက်ရပါ၏ ။
ဒါတောင် တော် တော် နှင့် မထွက်။ အခန်းထဲတွင် ဝေ့လည်ကြောင်ပတ်လုပ်နေသည်။ ဒါကြောင့် ဖိနပ်ပေါ်စုပုံကျနေသော အင်္ကျီကို ကောက်ကိုင်ကာ ခပ်ကြမ်းကြမ်းနှိမ်နင်းခါမှ ခွေးပြေး ဝက်ပြေးထွက်ပြေးသွားကြပါ၏ ။ ပြင်ပလောကတွင် အလင်းရောင် က မျက်နှာမသစ်သေး။ သင်္ကာ မကင်း ဖြစ်သွားကာ စားပွဲပေါ်မှ နာရီကို ယူကြည့်လိုက်သည်။
နာရီဒိုင်ခွက်ထဲက လက်တံက သူ့ကို (၁၀) ကြိမ် ပြုံးပြနေပါ၏ ။ ဒါဆိုရင်တော့ သူ၏ မနက်လင်းချိန်ဟာ အရင်နေ့တွေ ထက် မကျော်လွန်သေးပေ။
သွားတိုက်ဆေးကုန်တာ ဒီနေ့ပါနှင့် ဆို (၁၅) ရက်ရှိသွားပေပြီ။ တွန့်လိမ်ကွေးကောက် နေသော သွားတိုက်ဆေးဘူးခွံလေးကို ကြည့်၍ သူ့ကိုယ်သူ စိတ်မကောင်း ဖြစ်မိသည်။ နောက် မေမေ့ ကိုပါ တစ်ခါတည်း သတိရမိပါ၏ ။ သူအရင် ဖြိုးခေတ်မှ မဟုတ်တော့တာပဲ။ ယခု ဖြိုးခေတ်က ဂျစ်ပစီ ဖြိုးခေတ်။
ထို့နောက် သူ ‘ဟက်’ ခနဲ တစ်ချက်ရယ်လိုက်ရင်း စားပွဲပေါ်မှ ဆားဘူးကို လက်လှမ်း ခိုက် …….
“သွားပြီ ……….”
ဆားတွေ က ဘယ်သူ့အားကိုးနှင့် အရည်ပျော်ကုန်ရပါသနည်း။
လက်ထဲသို့ ဆားရေတွေ သာပါလာသည်။ ဆားတစ်မှု န့်တလေမျှပင် မရှိတော့။
“ဟူး …….”
ဆိုးလိုက်ပါသည့်ဘဝရယ် ဘယ်လိုပုံစံနဲ့များ သွားတိုက်ရမည် နည်း။ ဆပ်ပြာမှု န့် ရေ ဖျော်ပြီး ပလုတ်ကျင်းရအောင်ကလည်း ဆပ်ပြာမှု န့်ဘူးက ဖင်ကပ်။ ဘူးသစ်လည်း မဝယ်နိုင်သေး။ မျက်နှာသစ်ဖို့ ကိုယ်တိုက်ဖို့ ချန်ရဦးမည် ။ ဒါဆို ………
“ဟုတ်ပြီ ……..”
တန်းပေါ်လွှားထားသော ပုဆိုးကို ကောက်ဆွဲကာ လေ တစ်ချက် ချွန်ရင်းဖြင့် အောက် ထပ်သို့ ဆင်းလာခဲ့ပါသည်။ ထို့နောက် အဆောင်ကို ပတ်၍ နောက်ဖေးပေါက်ဆီသို့ ဦးတည်ကာ
ပထမ လူရှင်းမရှင်း ရှိုးသည်။
“ဟုတ်ပြီ …….”
ရှင်းသည်။ အားလုံးအလင်း။ ဒုတိယ လှစ်ခနဲ မီးဖိုချောင်ထဲပြေးဝင်လိုက်သည်။ တတိယ ထမင်းအိုးမှ အိုးမည်းများ ကို နီးစပ်ရာ တုတ်ချောင်းဖြင့် ခပ်မြန်မြန်ခြစ်ချလိုက်ပါ၏ ။
လုံလောက်သော အနေအထားရခိုက် တုတ်ကို ပစ်ချကာ လှည့်ထွက်မည် ပြုစဉ် မ သမာမှုကို မြူဆွယ်နေသည့် ခြင်းတောင်းထဲမှ မီးသွေးခဲများ ……..
ဖြိုးခေတ် အကြံတစ်ချက်လက်သွားသည်။ ဘာဘာညာညာ စဉ်းစားမနေတော့ အကြီး ဆုံးအခဲကို ဆွဲကာ ပြေးထွက်သွားခဲ့ပါတော့သည်။
အုတ်ကန်ဘေးရောက်မှ မီးသွေးခဲကို လက်ဖြင့် ဆဆကြည့်ရင်း ဖော်မပြနိုင်သော ပီတိ အပြုံးတွေ ဖြင့် …….
“အင်း …….. ဒီအနေအထားလောက်ဆိုရင်တော့ တစ်ပတ်ဆယ်ရက်သွားတိုက်ဖို့ အခြေအနေကောင်းသွားချေပြီ”
ရေချိုးပြီး အခန်းထဲပြန်ရောက်တော့ (၁၀) နာရီခွဲပေပြီ။ တချုတ်ချုတ်မြည် နေသော ဝမ်းကို အားနာပြီး တန်းတွင် လွှားထားသော အင်္ကျီအိတ်ကပ်ထဲကို နှိုက်ကြည့်မိတော့ …..
ငါးရာတန်တစ်ရွက်က ကြေကွဲစွာ ထွက်လာပါ၏ ။ လောလောဆယ် ဗိုက်ဖြည့်လို့ မ ဖြစ် သေး။ ကျောင်းရောက်ရန် ကားစီးရဦးမည် ။ ဒါပေမယ့် ကိစ္စတော့မရှိပါ။ သူ့မှာ မျှော်လင့်ချက်ရောင် မျှင် တန်းလေးတွေ တော့ ရှိပါ၏ ။
အဲဒါက ‘ဒီနေ့ ကျောင်းမှာ အလုပ်ကောင်းလျှင်’ ဟူသော ………
ဆာလောင်နေသော ဗိုက်ကို ဘေးချိတ်၍ (ဘေးချိတ်၍ မရပါ။ ဗိုက်က သူ့နေရာသူ အလယ်တွင် ပဲ ကပ်နေပါသည်) တန်းတွင် လွှားထားသော ဝါကျင့်ကျင့် (Altershit) အဖြူရောင် အင်္ကျီ ကို ကောက်စွပ်လိုက်သည်။ နောက် ပြီးခဲ့တဲ့အပတ်က တစ်ပတ်လုံးဝတ်ထားသော ဂျင်းဘောင်းဘီကို သုံးလေးချက်ခါ၍ ဝတ်လိုက်ပါ၏ ။ (မှတ်ချက် စနေ၊ တနင်္ဂနွေ နှစ် ရက်တွင် တော့ နေပူထုတ်လှန်းထား ပါသည်)
ပြီးတော့ ခုတင်အောက်ရှိ အနီမှ အဖြူသို့ ပြောင်းနေသော All star လည်ရှည်ဖိနပ်ကို ခြေထောက်နှစ် ဖက်ဆီသို့ ထိုးသွင်းပြီး ချိန်တွင် မတော့ ………
ဖြိုးခေတ်၏ ကျောင်းသွားဖြင်းစတိုင်မှာ ပြီးပြည့်စုံသွားခဲ့ပါပြီ။
နောက် ခုတင်ပေါ်ပြန့်ကျဲနေသော ပစ္စည်းအားလုံးကို လွယ်အိတ်ထဲသို့ သိမ်းကျုံး ထည့်သည်။ ပြီး နာရီ ဘောင်းဘီအိတ်ထဲသို့ ထိုးသွင်းလိုက်သည်။ ထို့နောက် အခန်းတံခါးပိတ်ကာ
အောက်ထပ်သို့ ဆင်းလာခဲ့ပါတော့သည်။
အဆောင်တံစက်မြိတ် အောက်ရောက်သည်နှင့် ခြေစုံကို ရပ်ကာ ……..
“သမိုင်းအဆက်ဆက်မှ ရာဇဝင်တွင် ခဲ့သော ခေတ်အဆက်ဆက်၏ ဂျစ်ပစီများ အား လုံး ကျွန်ုပ်ကို မစကြပါ။
ယနေ့ ကျောင်းမှာ ကျွန်ုပ်၏ အလုပ်အဆင်ပြေပါစေ”
ဂျစ်ပစီ စားသောက်ဆိုင်
အချိန်အားဖြင့် ဆိုလျှင်တော့ မွန်းတည့်ဖို့ မိနစ်အနည်းငယ်သာ လိုပါတော့သည်။ ရာသီဥတု အခြေအနေမှာ ကား မိုးရွာပြီးခါစအချိန် ပတ်ဝန်းကျင်ပုံသဏ္ဍာန်ကား စွတ်စိုလန်းဆန်းမှု တွေ နှင့် ရောပြွန်းနေသော ကျောင်းတွင်းမှ စားသောက်ဆိုင်တစ်ဆိုင်။
စားပွဲဝိုင်းတစ်ဝိုင်းမှလွဲ၍ ကျန်သည့်စားပွဲဝိုင်းတွေ အကုန်လုံး လူပြည့်နေသည်။ ထို အထီးကျန်ဆန်သော စားပွဲမှာ ကား ‘ဖြိုးခေတ်’ ဆိုသော ကျောင်းသား တစ်ယောက် ထိုင်နေပါ၏ ။
ထမင်းစားနေခြင်းလား၊ မဟုတ်ပါ။
ထမင်းဖိုးရှာနေခြင်း။
စားပွဲပေါ်မှာ ကား ရေနွေးကုန်နေပြီ ဖြစ်သော ဓာတ်ဘူးတစ်လုံး၊ ရေနွေးပန်းကန်ထည့် ထားသော ကော်ရည်ခွက် တစ်ခွက်၊ တစ်ရှူးတစ်ဘူး နှင့် သောက်ရလွန်းသဖြင့် ပါးစပ်ရာထပ်နေ သော ဖန်ခွက်တစ်လုံးအပြင် အတော် အသင့်ကျယ်ဝန်းသော ပိတ်စတစ်ခု။
ထိုပိတ်စကား ကောင်းကင်ရောင် ( မိုးပြာရောင် ) တစ်ပေခွဲ ပတ်လည်လောက်တော့ အလျားအနံရှိပေမည် ။ ထိုပိတ်စအလယ်တည့်တည့်တွင် ရွှေရောင် ဖြင့် ကြယ်ပုံ၊ တစ်ပုံဆွဲထားသေး သည်။ ထိုအပေါ်မှာ ကား ဖဲထုပ်လိုလို၊ ဘာလိုလိုနှင့် စက္ကူကဒ်ထူတစ်ထပ်။
အမြင်ရိုးနေပြီ ဖြစ်သော လူများ ကတော့ ဘာမှ သဘောမထားကြသော်လည်း ‘ ဂျစ်ပစီ’ နှင့် စိမ်းနေသူများ ကတော့ ‘ဘာလဲ’ ဆိုသည့် အကြည့်တွေ သူ့ထံသို့ တဒိုင်းဒိုင်း ရောက်လာနေသည်။
ဒါတွေ ကို ဖြိုးခေတ် ဂရုမစိုက်အား ။ ဒါသူ့အလုပ်သူ လုပ်နေခြင်း။
ဖြိုးခေတ်က ဘာလုပ်သနည်း
ရှင်းပါသည်။ ဒီလိုမျိုးကျောင်းကန်တင်းမှာ စက္ကူနှစ် ဆယ့် နှစ် ချပ်ဖြင့် တဲရော့ဗေဒင် ဟောသည်။ ကျောင်းတက်ရင်း ငွေရှာသည်ဆိုလျှင် ချဲ့ကားရာရောက်ပါလိမ့်မည် ။ ကျောင်းတက်ရင်း ထမင်းဖိုးရှာခြင်း။
အရင်တုန်း ကတော့ ဖြိုးခေတ်တဲရော့ကို အခုလို အခကြေးငွေဖြင့် မဟော။ ဘော်ဒါ မိတ်ဆွေ၊ သူငယ်ချင်းတွေ ကြားထဲတွင် အပျော်သဘောသာရှိခဲ့သည်။ ဒါပေမယ့် အရင်ကတည်းက တော့ ဖြိုးခေတ်တဲရော့ကို ရူးသွပ်ခဲ့ပါသည်။ ယခုလို အခကြေးငွေဖြင့် ဟောသည်မှာ မကြာသေး။ တိတိကျကျဆိုရလျှင်တော့ သူ့မှာ နေစရာအိမ်၊ ကျွေးထားမည့်  မိဘတွေ နှင့် ကင်းကွာခဲ့ရသည့် အချိန်
က စလို့ပေါ့”
ယခုတော့ ဘဝကြီးက သူ့ကို လှလှပပစိန်ခေါ်ခဲ့ပါပြီ။ ဒီတော့လည်း တတ်သည့်ပညာ မနေသာဆိုသလို။
ထိုမနေသာသော ပညာဖြင့် ရပ်တည်မှု တစ်ခုကို စတင်ခဲ့ရသည်မှာ ကြာပေါ့။ ဒါပေမယ့်
သူပျော်ပါသည်။ သူ့ဘဝသူ ကျေနပ်သည်။
ဂျစ်ပစီဆိုတာ ဒီလို လမ်းပေါ်က ပေတေလေလွင့်နေသော အစဉ်လာရှိရှိ သတ္တဝါတွေ မဟုတ်ပါလား။
“သူ့နာမည် က ဖြိုးခေတ်တဲ့ ….. ဒီကျောင်းမှာ တော့ နာမည် ကြီးပဲ”
“ဟင် ……… ဖြိုးခေတ်”
အံ့သြစိတ်ကြောင့် ရူပါ့အသံကျယ်သွားသည်။ ကျယ်သွားသော ရူပါ့အသံကြောင့် သီရိ
က တစ်ဝိုင်းကျော်ကို လက် ညှိုးထိုးပြရင်း ‘ရှူး’ ဟု ပြောလေသည်။ ဒီတော့မှ ရူပါလည်း ဣနြေ္ဒကို ထိန်းလိုက်ရင်း တစ်ဝိုင်းကျော်ကို လှည့်ကြည့်သည်။ ဖြစ်ချင်တော့ သူမကလည်း ကျောပေးထားသလို ဖြိုးခေတ်ဆိုသူကလည်း သူမအားကျောပေးကာ တစ်ဖက်ကို လှည့်နေသည့်အတွက် မျက်နှာကို မမြင် ရ။ ဒါပေမယ့် ခပ်နွမ်းနွမ်းအဝတ်အစားအောက်မှာ ပင် အရောင် တစ်ခုက လက်နေသည်။
ဒါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားလွန်းသော မာနအရောင် မျိုး။
“ဘာလဲ …. နင်ကသိလို့လား ……”
သက်ထား၏ အမေးကြောင့် ရူပါခေါင်းကို ရမ်းလိုက်ရင်း
“ဟင့်အင်း ….. မသိပါဘူး။ ဒါပေမယ့် ငါကျောင်းစတက်တဲ့နေ့ကတည်းက ဖြိုးခေတ် ဆိုတဲ့နာမည် က နားထဲမှာ ယဉ်နေလို့ အံ့သြသွားတာ”
“သြော် …….”
သက်ထားက မှတ်ချက်ပြုသည်။
“ဟုတ်လောက်ပါတယ်။ ဖြိုးခေတ်က ကျောင်းမှာ နာမည် ကြီးပဲ ဥစ္စာ လူပြောများ မှာ ပေါ့။
နင့်ကိုတောင် ငါတို့ ပြထားမလို့ မဆုံသေးလို့”
သီရိစကားကို ရူပါ ပြန်မပြော ဖြစ်ပါ။ တိုက်ဆိုင်သွားသည့် တစ်စုံတစ်ရာအတွက်လည်း အနည်းငယ်အံ့သြသွားသည်။
“ဒါနဲ့ အဲ့ဒီဖြိုးခေတ်ဆိုတဲ့လူက ဘယ်လို ဖြစ်လို့ ဒီကျောင်းမှာ နာမည် အဲလောက်ကြီး နေတာလဲ”
ရူပါ့ စကားကြောင့် သီရိနှင့် သက်ထားက တစ်ယောက် ကို တစ်ယောက် ကြည့်သည်။ ပြီးတော့ လျှို့ဝှက် ပြုံးသလိုလို ဘာလိုလို အပြုံးတွေ ကို လုပ်ရင်း …..
“အဟင်း ….. ဘာလို့ နာမည် ကြီးလဲဆိုတာကို တအောင့်နေရင် နင်သိရမှာ ပေါ့။ ခဏ စောင့်ကြည့်နေ …..”
ထိုသို့သာပြော၍ သက်ထားက သူမနေရာနှင့် နေရာလဲထိုင်ရန် ပြောသည်။ အကြောင်း က ယခု ရူပါထိုင်နေသော ခုံမှာ ကျောချင်းကပ်လျက် ဖြစ်နေသည့်အတွက် မမြင်ရမှာ စိုးလို့ ဟုဆို၏ ။
ဘာတွေ နည်းဟူ၍ ရူပါလည်း နေရာလဲထိုင်လိုက်ပါသည်။
ထိုအခါမှ ဖြိုးခေတ်ဆိုသော သူကို ဘေးတစ်စောင်းအနေအထားနှင့် မြင်ရတော့သည်။
ရူပါ တစ်ချက်ငေးသွားရပါ၏ ။ ဖြိုးခေတ်မချောပါ။ ကြည့်ကောင်းရုံထက် မပို။ သို့ပေ မယ့် သူ့မျက်နှာပေါ်က ညှို့ချက်တစ်ခုရှိသည်ထင်သည်။ တစ်ခါကြည့်မိသွားလျှင် နောက်တစ်ခါ ထပ် ကြည့်ချင်သည့် ရုပ်ရည်မျိုး။
“အဲဒါ ပထမအချက်ပဲ …..”
သက်ထားက ရူပါ့ကို ကြည့်၍ စပ်ဖြီးဖြီးပြောသည်။ ရူပါမျက်နှာ တစ်ချက်ရဲ သွားပါ၏ ။ ပြီးတော့ ဂရုမစိုက်သလို ဟန်ပန်ဖြင့် အကြည့်ကိုလွှဲရင်း ….
“အဲလောက်လည်း မဟုတ်ပါဘူးဟာ”
“ ဒါပေမယ့် ….. နင်ငေးသွားတယ်မလား”
ရူပါ ပြန်မဖြေမိ၊ ပြုံးရုံသာ ပြုံးနေသည်။ ပြုံးသွားသော ရူပါ့ပုံစံကို ကြည့်၍ သီရိက …
“အဲဒါပဲဟ………….. ဖြိုးခေတ်မချောဘူးနော်။ ဒီကျောင်းမှာ သူ့ထက်ဖြောင့်တဲ့ လူတွေ တပုံကြီး။ ဒါပေမယ့် ဖြိုးခေတ်က ထူးကို ထူးနေတာ။ သူ့မျက်နှာကို အမှတ်တမဲ့လောက်လေး ဆုံဖူး လိုက် နောက်တစ်ခါထပ်မကြည့်ဘဲ မနေနိုင်ဘူး”
“အဲဒါ ပထမအချက်ပဲ ရှိသေးတယ်”
“ညွှန်လှချည်းလားဟာ ……… အဲလောက်တောင်ပဲလား။ ဒါဆို ပြောစမ်းပါဦး၊ ဒုတိယ အချက်ကဘာလဲ”
ဒီတစ်ခါတော့ နှစ် ဦးစလုံးအသံတိတ်သွားသည်။ ပြီးတော့ တည်တည်ငြိမ်ငြိမ် သူမ ကို ပြန်ကြည့်ရင်း …….
“နောက်တစ်ချက် ကတော့ နင်နဲ့ သိပ်အဆင်ပြေမှာ မဟုတ်ဘူး။ သူ့မှာ အရည်အချင်း
ရှိနေရင်တောင် နင့်သဘောထားနဲ့တော့ ငြိမှာ ပဲ”
“ဘာလဲ”
တအံ့တသြ မေးလိုက်သည့် သူမအမေးကို သီရိက ပြန်မဖြေဘဲ တစ်နေရာကို လက်ညှိုးထိုးပြရင်း ……
“ငါတို့ မပြောဘဲ နင်သိမှာ ပါ။ နားထောင်နေ ………….”
သီရိလက်ညှိုးထိုးပြရာဆီ ရူပါလှမ်းကြည့်မိတော့ ဖြိုးခေတ်ရှေ့ မျက်နှာချင်းဆိုင် ထိုင်ခုံ သို့ ကျောင်းသား တစ်ယောက် ဝင်ထိုင်လိုက်သည် ကို တွေ့ ရသည်။ ထို့ကြောင့် ရူပါလည်း စိတ်ဝင်စား သွားကာ သီရိပြောသည့်အတိုင်းပင် နားထောင်နေလိုက်ပါ၏ ။
ခုံမှာ တစ်ဝိုင်းကျော်ပင် ဖြစ်သည့်အတွက် သူတို့ နှစ် ယောက် ပြော စကားများ ကို ရူပါ တို့ဘက်မှ ရှင်းရှင်းလင်းလင်း ကြားရသည်။
“ဂျစ်ပစီမှာ ဗေဒင်ဟောတယ်ဆိုတာ အစ်ကိုလားမသိဘူး”
သူ့ထက်အနည်းငယ် ငယ်ပုံရသော ကျောင်းသား တစ်ယောက် ၏ အမေးကြောင့် ဖြိုးခေတ်ပြုံးလိုက်သည်။
“အေး ………. အစ်ကိုတော့ ဟုတ်တယ်ကွ။ ဒါပေမယ့် အစ်ကိုက ဗေဒင်ဟောတာ မဟုတ်ဘူး”
“ဗျာ …..”
“အစ်ကိုက တဲရော့ဗေဒလို့ ခေါ်တဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး အစ်ကို လေ့လာထား တာလေးတွေ ကို ဆွေးနွေးပေးတာ၊ သဘောပေါက်လား”
“ဗျာ ……… ဟုတ် ….. ဟုတ်ကဲ့”
မအူမလည် ဖြစ်သွားသော ကောင်လေးပုံစံကိုကြည့်၍ ဖြိုးခေတ်ဒုတိယအကြိမ် ထပ်ပြုံး လိုက်သည်။ ပြီးတော့ ……
“အေး အဲဒါဆို ညီလေးရဲ့ လာရင်းကိစ္စကိုပြော။ အစ်ကို တတ်နိုင်သလောက် ကူညီ မယ်။ အစ်ကို ဘာလုပ်ပေးရမလဲ”
“ဒီ …. ဒီလိုပါ အစ်ကို၊ ကျွန်တော် အစ်ကို့ဆီမှာ ဗေဒင်ကြည့် ……”
“ရော် …. ခက်ပါလားကွာ၊ အစ်ကိုက ဗေဒင်တွက်တာ မဟုတ်ဘူး။ တခြားနည်းလမ်း နဲ့မင်းသိချင်တာကို ပြောပြမှာ ။ ကဲ …. ပြော ….. မင်းဘယ်လို ကိစ္စမျိုးနဲ့ အစ်ကို့ဆီရောက်လာတာလဲ။ ဗေဒင် ဗေဒင်နဲ့ ခဏခဏမပြောနဲ့။
ဖြိုးခေတ်စကားကြောင့် ကောင်လေးမျက်နှာ ငယ်သွားသည်။ ပြီးတော့ မတိုးမကျယ်
လေသံနှင့် ။
“ကျွန်တော် ……….”
“နေဦး ……….”
ပြောမည့် ဆဲဆဲ ဖြတ်ပြောလိုက်သော ဖြိုးခေတ်ကို ကောင်လေးက ကြောင်တောင် တောင်ဖြင့် ငေး သွားပါ၏ ။ ဒါကိုပင် ဂရုမစိုက်သလို တစ်ချက်ကြည့်၍ ….
“မင်းသိချင်တာ အချစ်ရေး လား၊ ပညာရေး လား၊ စီးပွားရေး လား၊ ကျန်းမာရေး လား”
မှင်သေသေဖြင့် မေးလိုက်သော ဖြိုးခေတ်ပုံစံကြောင့် ကောင်လေး အ,ထစ်ထစ်ဖြင့် …
“အ ….. အချစ်ရေး ပါ”
ဖြိုးခေတ် ငါးခူပြုံးတစ်ချက်ပြုံးလိုက်သည်။ ပြီးနောက် ……
“OK ဟုတ်ပြီ၊ အစ်ကို အလုပ်စကားပြောမယ်နော်။ အချစ်ရေး ဆိုရင် အစ်ကို (၁၅၀၀) ယူတယ်။ ကျန်တဲ့ ကိစ္စဆိုရင် (၁၀၀၀) ပဲယူတယ် ။ ဒါအစ်ကိုရဲ့ ပုံမှန်ဈေးနှုန်းထားပဲ။ ဥာဏ်ပူဇော်ခ တော့ မဟုတ်ဘူးပေါ့ကွာ …. ပညာကြေးပေါ့။ ဘယ်လိုလဲ ညီလေး၊ လက်ခံလား”
ဖြိုးခေတ်စကားကြောင့် ကောင်လေးက ပြာပြာသလဲပင် …..
“ဟုတ် …. ဟုတ်ကဲ့အစ်ကို ၊ လက်ခံပါတယ်”
ထိုအခါမှ ဖြိုးခေတ်ကလည်း အခင်းပေါ်ရှိ တဲရော့ကို ယူ၍ ဖျက်လိုက်သည်။ ဖျက်နေ ရင်းမှလည်း တရှုံ့ရှုံ့နမ်းနေသည့်အတွက် ကောင်လေးမှာ တစ်ခါမှ မမြင်ဖူးသော လူထူးဆန်းတစ် ယောက် လို သူ့ကို သေသေချာချာ ငေးလို့နေသည်။ ဆိုင်တွင်းမှာ လည်း လူရှင်းသွားပြီ ဖြစ် သည့် အတွက် သူတို့ကို စပ်စုမည့် သူ သိပ်မရှိပါ။ (သူ့အထင်)
ကိုယ့်အာရုံနှင့် ကိုယ် လန်းနေသူတွေ သာ များ ပါသည်။
ဖြိုးခေတ်လည်း ဒီနေ့တော့ လန်းပြီပေါ့ ….
တဲရော့ကို အားရအောင် ဖျက်ပြီးတော့မှ နောက်ဆုံးတစ်ချက်နမ်း၍ အခင်းပေါ်သို့ ဖြန့်ချလိုက်ပါသည်။ ပြီး တဆက်တည်းပင် ….
“ညီလေး ….”
ကောင်လေးက မအူမလည်ဖြင့် မော့ကြည့်လာသည်။ ဖြိုးခေတ်အဓိပ္ပာယ်ပါပါ မျက်လုံး ကို ပင့်ပြလိုက်ပါ၏ ။
အဓိပ္ပာယ်ကိုတော့ နားလည်မှာ ပါ။
ဒါတောင် သဘောမပေါက်သေးဘဲ ဟိုကြည့်၊ ဒီကြည့် လှည့်ကြည့်ပြီးခါမှ . . .
“ဘာလဲအစ်ကို . . . ကျွန်တော့် ကို ဘာပြောမလို့လဲ . . .”
“ကျွတ် . . . အကွက်တွေ က နှေးလိုက်တာကွာ”
ညည်းသလိုလို၊ အပြစ်တင်သလိုလိုနှင့် တကိုယ်တည်း ရေရွတ် ဖြစ်မိသည်။ ပထမ ကောင်လေးစဉ်းစား သွားပါသည်။ ပြီးမှ သဘောပေါက်သွားပြီး . . .
“ဟာ . . . ဆောရီးအစ်ကိုရာ၊ ကျွန်တော် မေ့သွားတယ်။ ဆောရီး . . . ဆောရီး”
ပြောပြောဆိုဆို ကောင်လေးက ပိုက်ဆံအိတ်ဖွင့်ကာ ပိုက်ဆံ(၁၅၀၀) ကို အခင်းပေါ် ချပေးပါသည်။
ဖြိုးခေတ် ခပ်တည်တည်ဖြင့် ဆွဲသိမ်းလိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ . . .
“အဟမ်း . . . ကဲ . . . ပြော၊ ညီလေးသိချင်တာတစ်ခုကို ပြော . . . ဘာသိချင်လဲ”
“ဒီလိုပါအစ်ကို၊ လာမယ့်အပတ် တနင်္လာနေ့မှာ ကောင်မလေးက ကျွန်တော့် ကို အဖြေ ပေးမှာ ပါ။ အဲဒါ . . .”
“ရပြီ ညီလေး၊ အစ်ကိုသဘောပေါက်ပြီ။ မင်းလိုချင်တဲ့အဖြေရမရ”
“ဟာ . . . ဟုတ်တယ်အစ်ကို၊ အဲဒါပဲ . . . အဲဒါ ကျွန်တော့် ကို . . .”
ဖြိုးခေတ် လက်ဝါးကာပြလိုက်သည်။ ပြီး လွယ်အိတ်ထဲမှ ပုလင်းတစ်လုံးထုတ်လိုက် ကာ . . .
“ညီလေး . . . မင်းလက်ဝါးဖြန့်လိုက်ပါ . . .”
“ဗျာ . . .”
“လက်ဝါးဖြန့်လိုက်ပါ . . .”
ကောင်လေးလည်း အူကြောင်ကြောင်၊ ရွံ့တွန့်တွန့်ဖြင့် လက်ဝါးဖြန့်ပေးပါ၏ ။ ထိုအခါမှ ကောင်လေး၏ လက်ဝါးပေါ်သို့ ရေမွှေးဆွတ်ပေးလိုက် ပြီး . . .
“မင်းလက်ဝါးနှစ် ဖက်ကို ပွတ်လိုက် . . . ပြီးရင် ခေါင်းကိုပါပွတ်လိုက် . . .”
ဖြိုးခေတ်ကိုယ်တိုင်လည်း သူပြောသလိုလုပ်နေသည့် အတွက် ကောင်လေးမှာ မနေ သာတော့ဘဲ လိုက်လုပ်ရတော့သည်။ ပြီးတော့ . . .
မိုးပြာရောင် အခင်းအလယ်ရှိ တဲရော့ကဒ်ဆီသို့ ညွှန်ပြ၍
“ကဲ . . .ညီလေးချိုးပါ . . .”
ကောင်လေးက ပါးစပ်ကို ဟစိဟစိလုပ်ကာ ဆုတောင်းရင်း တဲရော့ကို ချိုးလိုက်ပါ၏ ။
ချိုးပြီးသား ကျန်ခဲ့သည့်ကဒ်တွေ ထဲက အပေါ်ဆုံးကဒ်ကို ယူ၍ ဖြည်းဖြည်းချင်း လှန် ကြည့်လိုက်သည်တွင် . . .
“ဟင် . . .”
ဖြိုးခေတ် ကောင်လေးမျက်နှာဆီ လှမ်းကြည့်လိုက်သည်။ နောက်လက်ထဲမှကဒ်ကို သေချာပြန်ကြည့်သည်။
ဟုတ်ပါသည်၊ ဘယ်လိုမှ မမှားနိုင်ပါ။
ကောင်လေးချိုးလိုက်သော ကဒ်မှာ ကား တဲရော့နှစ် ဆယ့်နှစ် ချပ်ထဲတွင် အညံ့ကဒ်စာ ရင်းဝင် ဖြစ်သည့် . . .
နံပါတ် (၂၂) ဟုခေါ်သော ကဒ်ပင် ဖြစ်သည်။
ဒီလိုဆိုလျှင်တော့ ကောင်လေးအတွက် သူ့ကောင်မလေးပေးမည့်  အဖြေမှာ ဘယ်လို မှမကောင်းနိုင်။ စားပေါက်ချောင်မှု အတွက် ဆိုရင်တော့ ယခုလိုမျိုးမှာ ကဒ်ကို ပြောင်းပြန်ဟော၍ လိမ် လို့ရပေသည်။ သို့သော် သူ အသက်လိုတန်ဖိုးထားသော ပညာတစ်ခုအတွက် ဘယ်တော့မှ အလွယ် မလိုက်၊ တစ်နပ်စားဥာဏ်မသုံး၊ အရှိကိုအရှိအတိုင်း ဟောမည် ။
ပေါ်တာကိုပေါ်သည့်အတိုင်း ဆွေးနွေးမည် ။ ဒါမှ ဂျစ်ပစီအစစ်၊ ထို့ကြောင့် . . .
“ညီလေး . . . ကဒ်သဘောတရား နိမိတ်ပုံအရတော့ မင်းအတွက် အကောင်းထက် အဆိုးကများ နေတယ်”
“ဗျာ . . .”
ငယ်ဆင်းသွားသော မျက်နှာလေးကို စိတ်မကောင်းစွာ ကြည့်ရင်း . . .
“ဟုတ်တယ် . . . မင်းလိုချင်တဲ့အဖြေမရနိုင်ဘူး”
“ဒါ . . . ဒါဆို . . .”
ဖြိုးခေတ် ခေါင်းညိတ်လိုက်ပါသည်။
“စိတ်မကောင်းပါဘူးကွာ”
ကောင်းလေးအပီအပြင်ကြေကွဲ သွားပါ၏ ။ ဆူးပုပ်ရွက်သာသာ ရှိတော့သော မျက်နှာ လေးဖြင့် . . .
“ကယ် . . .ကယ်လို့မရတော့ဘူးလား အစ်ကိုရယ်၊ ရရင်ကူညီပါဦးဗျာ။ ကျွန်တော် . . . ကျွန်တော် . . .”
ကောင်လေးစကားပင် ရှေ့မဆက်နိုင်တော့ . . .
ကံဆိုးလွန်းသွားသော ကောင်လေးကို ခေါင်းတဆတ်ဆတ် ညိတ်ကာ ကြည့်နေရင်းမှ . . .
“တစ်ခုတော့ ရှိတယ်ကွ”
“ဗျာ . . .”
‘ဗျာ’ ဆိုသော အသံမှာ တော် တော် ကျယ်သွားသည်၊ အားကိုးရှိလိုရှိငြား မျှော်လင့်ချက် များ သွားသည့်အသံမျိုး။
“ယတြာကောင်းရင် မင်းလောင်း ဖြစ်တယ်ဆိုတဲ့စကား မင်းကြားဖူးလား”
“ဟုတ်ကဲ့ . . . ကြားဖူးတယ်အစ်ကို ။ ဘာပဲ ဖြစ် ဖြစ် ကျွန်တော် တကယ်လုပ်မယ်။ ကျွန်တော့် သူ့ဆီက အဖြေရမှ ဖြစ်မှာ ”
ဝမ်းသာအားရပြောနေသော စကားတို့ကို ဖြိုးခေတ် ခေါင်းညိတ်အသိအမှတ်ပြုလိုက် ရင်းမှ တည်ကြည်လေးနက်သော လေသံဖြင့် …….
“ဟိုးလွန်ခဲ့တဲ့ နှစ် ပေါင်းများ စွာ ဂျစ်ပစီတွေ ရဲ့ အယူအဆတစ်ခုပေါ့ကွာ။ ဂျစ်ပစီတွေ
ဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခိုက်ရန် ဖြစ်လို့ပဲ ဖြစ် ဖြစ်၊ အယူဝါဒစစ်ပွဲတွေ လူမျိုးရေး စစ်ပွဲတွေ ကို ဆင်နွှဲလို့ပဲ ဖြစ် ဖြစ် သူတို့ လုပ်နေကျအလုပ်တစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ခြောက်ထောင့် ကြယ်ပုံပါတဲ့ အနက်ရောင် အင်္ကျီကို ဆင်တူဝတ်ကြတာပဲ။ ခြောက်ထောင့်ကြယ်ဆိုတဲ့ အမှတ်အသားကိုလည်း ကံကောင်းတဲ့ အဆောင်တစ်ခုအ ဖြစ် တန်ဖိုးထားကြတယ်။ ဂန္ဓာရီသင်္ချာပိုင်းမှာ လည်း ခြောက်ထောင့် ကြယ်က တော် တော် စွမ်းအားကြီးတယ်ကွ။ ခြောက်ထောင့်ကြယ်ရဲ့ စွမ်းအားကို ကိုးလို့တောင် သတ်မှတ်ထားတာ။
အဲဒီ တော့ အစ်ကိုဆိုလိုချင်တာက မင်းချိုးလိုက်တဲ့ ကဒ်မကောင်းလို့ စိတ်မပျက်နဲ့။ အခု အစ်ကို ပြောတဲ့ အဆောင်ကို လုပ်သွား။ ဒါဆို မင်းကံကောင်းလိမ့်မယ်”
ကောင်လေး အားတက်သွားပုံရကာ ….
“ဒါဆို ကျွန်တော် အဖြေတောင်းမယ့်နေ့မှာ ခြောက်ထောင့်ကြယ်ပုံပါတဲ့ အနက်ရောင် အင်္ကျီကို ဝတ်သွားရမှာ ပေါ့”
“နေဦး …. မင်းအနက်ရောင် မဝတ်နဲ့။ မုန်းတယ်ဆိုတော့ ကက်ကင်းရိုက်ပြီးသားလည်း ဖြစ်အောင် နက်ပြာရောင် အင်္ကျီကို ဝတ်သွား”
“ဒါပေမယ့် အစ်ကို ခြောက်ထောင့် ကြယ်ပုံပါတဲ့ အင်္ကျီက ဝယ်လို့ ရပါ့မလား”
ကောင်လေး စကားကြောင့် ဖြိုးခေတ်ပြုံးလိုက်သည်။
` “ဝယ်လို့မရလည်း ဘာ ဖြစ်လဲကွ၊ မင်းဘာသာ အင်္ကျီမှာ ဆွဲသွားလိုက်ပေါ့ …..”
“အော် …. အဲလိုရတယ်လား။ ဒါနဲ့ ဟိုခြောက်ထောင့်ကြယ်ဆိုတာက …”
“ခြောက်ထောင့်ကြယ်ဆိုတာက ဒီလိုပုံ …..”
ဟူ၍ ဖြိုးခေတ်က ရေနွေးခွက်ထဲ လက်နှိုက်ကာ ရေနွေးဖြင့် ပင် စားပွဲပေါ်၌ ဆွဲပြ လိုက်သည်။
ဖြိုးခေတ်ဆွဲပြသော ပုံလေးကို ကြည့်ပြီး ကောင်လေးမှာ ဝမ်းသာအားရပင် စာအုပ်ဖွင့် ကာလိုက်ကူးပါ၏ ။ ပြီးတော့ ဖြိုးခေတ်အား ကျေးဇူးတင်အကြည့်တွေ ဖြင့် ဝေသီစွာ ကြည့်လိုက်ရင်း ….
“ကျေးဇူးတင်တယ် အစ်ကိုရာ၊ ကျွန်တော် အစ်ကိုပြောတဲ့အတိုင်း တကယ်လုပ်မှာ ပါ။ အဲဒါဆိုရင်တော့ ကျွန်တော် လိုချင်တဲ့ အဖြေရပြီပေါ့နော်”
“ဒါ ကတော့ အဆောင်လက်ဖွဲ့အပေါ်မှာ ယုံကြည်တဲ့ မင်းရဲ့ စိတ်ဓာတ်ပေါ်မှာ မူတည် တာပေါ့ကွာ။ တကယ်ယုံကြည်ရင်တော့ တကယ်ရမှာ ပေါ့”
“ဟာ ….. အစ်ကို …. ကျေးဇူးပဲ ၊ တကယ်ကျေးဇူးတင်သွားပြီ”
ဖြိုးခေတ် ကတော့ ပြုံး၍ သာ ရှိနေပါတော့သည်။ ကောင်လေးမှာ တော့ မျက်ရည်မျုားပင် ဝဲတက်လာကာ ကောက်ခါငင်ကာပင် …..
“ရွှီး …….. ရွှီး …… ဖြောင်း ……. ဖြောင်း ……. ညီလေးရေ၊ ခေါက်ဆွဲကြော်လုပ်ပါဟေ့
အခေါက်ကင် တစ်ပွဲပါ မြန်မြန်လေးလုပ်”
ထိုအသံကြားလိုက်သည်နှင့် သူ့ ဗိုက်ထဲက ‘ဂွီ’ ကနဲ တစ်ချက် အော်သွားသည်။ ဒီနေ့ နေ့လယ်စာအတွက်တော့ လန်းသွားပေပြီ။ တစ်မနက်လုံး ဘာမှ မစားရသေးသည့် ဗိုက်ကလည်း လုပ်ငန်းသစ်လည်ပတ်ဖို့ ငံ့လင့်နေကြပါပြီ။
ထို့နောက်မှာ တော့ …..
“ဘယ်လိုလဲ ရူပါ …… တော် တယ်နော်”
သီရိစကားကြောင့် ရူပါ ခပ်ချဉ်ချဉ်တစ်ချက်ရယ်လိုက်ရင်း …..
“အဟင်း …. ငါ့အထင်တော့ လိမ်စားနေတာလို့ပဲ မြင်တယ်”
“ဘယ်လို …..”
ရူပါ ဖြေရှင်းမနေတော့ပါ။ ပိုက်ဆံရှင်း၍ ထထွက်လာခဲ့လိုက်သည်။
ဖြိုးခေတ်ဆိုသော လူဘေးမှ ဖြတ်အလျှောက် ဘာရယ်မဟုတ် မျက်နှာကို တစ်ချက် ကြည့်လိုက်မိတော့ ….
သူမ၏ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းတစ်နေရာလောက်တွင် ငလျင်တစ်ခုကပ်လှုပ်သွား သည်။
“ည” က အမဲ “လ” က အဖြူ
“လ” ထဲ စုတ်တံထည့်ပြီး
“ည” ပေါ်မှာ ရေး ခြစ်ရင်
ကြယ်တစ်လုံးတော့
ပွင့်နိုင်ကောင်းပါရဲ့
ကချေသည်။
ထိုကောင်လေးပြန်သွားတော့ ဖြိုးခေတ် နာရီကို တစ်ချက်ရှိုးလိုက်သည်။ အချိန်သိပ် မကျန်တော့ အတန်းချိန်တွေ ပြီးပေတော့မည် ။
ထို့ကြောင့် ဖြိုးခေတ် စာသင်ဆောင်တွေ ဘက်သို့ သွားရန် မစဉ်းစားတော့ဘဲ ကျောင်းပြင်သို့ ထွက်ခဲ့ပါ၏ ။
နောက် BM ကားတစ်စီးပေါ်တက်ထိုက်ကာ ကွမ်းတစ်ယာကို ပါးစပ်ထဲ ပစ်ထည့်လိုက် ရင်းဖြင့် …….
“ကျွတ် ….. ကားတွေ ကလည်း ဒီနေ့မှ ကြပ်လိုက်တာ”
ရူပါ ညည်းမိသည်။ ကျောင်းလမ်းတစ်လျှောက်မှာ ကိုယ်ပိုင်ကားတွေ ၊ ဖယ်ရီကားတွေ ၊ မော်တော် ဆိုင်ကယ်တွေ ဖြင့် ရှုပ်ယှက်ခတ်နေပါ၏ ။
ဒါ့အပြင် မိုးပါဖွဲဖွဲလေးရွာနေသည့်အတွက် လူတွေ ကကြိတ်ကြိတ်တိုး။ ဂီယာထိုးလိုက်၊ ဟွန်းတီးလိုက်၊ ဘရိတ်အုပ်လိုက်ဖြင့် စိတ်မရှည် ဖြစ်မိသည်။
သို့သော် စိတ်မရှည်လို့ကမရ။ ဒါကျောင်းဆင်းချိန်တိုင်း ဖြစ်နေကျအထာ။ ဒီလိုနှင့် ပဲ တရွေ့ရွေ့ ဖြင့် …..
ထိုအချိန်မှာ ပင် ရှေ့မှကားလမ်းကြောင်းမှာ ပွင့်သွားသည့်အတွက် ရူပါကားကို အရှိန် တင်လိုက်သည်။ ဒီလိုနှင့် ကျောင်းပြင်အရောက် ရှေ့၌ ပိတ်နေသော ပါရမီတစ်စီးကို နောက်မှ ပတ် ထွက်ကာ BM (တက္ကသိုလ်ကြိုပို့) ကားဘေးမှ ယှဉ်အမောင်း ..
“ဖတ် ….”
“ဟင် ….”
ကားရှေ့မှန်တစ်ပြင်လုံး ရဲသွားသည် သွေးတော့မဟုတ်။ ဒါပေမယ့် သွေးနှင့် အလား သဏ္ဌာန်တူသည့် ကွမ်းတံတွေးများ ။ ရူပါ အံ့သြမှု နှင့် မခံမရပ်နိုင်မှု ပေါင်းသွားကာ ဘရိတ်ကို အလိုလို နင်းမိရက်သား။
“ကျွီ ….”
“တောက် ……”
ဝုန်းခနဲ ဆောင့်တက်သွားသော ဒေါသရှိန်တွေ နှင့် အတူ ခေါင်းကို ထုတ်၍ တရားခံကို ရှာလိုက်မိတော့ ….
“ဟင် ….”
တွေ့ ပါပြီ၊ တိုက်ဆိုင်မှု ဟု မထင်မိပေမယ့် မတော် တဆဟူသော အ ဖြစ်တစ်ခုထက် ကျော်လွန်သွားသည်ကြောင့် …..
အရှိန်မထိန်းနိုင်သော ဒေါသတွေ နှင့် အတူ ကားတံခါးကို ဆွဲဖွင့်ရန်ပြင်ခိုက် ……
“တီတီ …. တီ …… တီတီ …….”
နောက်ကားတွေ မှ ဟွန်းတီးသံတွေ အဆက်မပြတ်ပေါ်လာပါတော့သည်။
ရူပါ လက်လျှော့လိုက်ရပါ၏ ။ ဒီအ ဖြစ်အပျက်တွေ ကိုတော့ ကားပေါ်မှပုဂ္ဂိုလ် သိမည်
မထင်ပါ။ ဒါပေမယ့် ရူပါ့ စိတ်ထဲမှာ တော့ မှတ်မှတ်ထင်ထင် ဖြစ်သွားသည်။ သူမ ဥာဏ်ကောင်းဦးမည် ဆိုလျှင်တော့ ကားပေါ်မှ ကွမ်းတံတွေးပိုင်ရှင်ကို သေချာမှတ်မိသင့်သည် ထင်သည်။
ထိုသူက “ဖြိုးခေတ်” ။
ရူပါ ဒေါသကို ခဏဖယ်၍ ကားကို ခပ်သွက်သွက်မောင်းထွက်ခဲ့ရပါတော့သည်။
သူမ၏ ဦးတည်ရာက အနီးဆုံးကား Service တစ်ခုဆီသို့ ……….
အဆောင်လမ်းကြားထဲသို့ ဝင်လိုက်သည်နှင့် လက်ဖက်ရည်ဆိုင်ထဲမှ လှမ်းခေါ်သံကို ဖြိုးခေတ် ကြားလိုက်ရသည်။
“ဟေ့ကောင်ဖြိုးခေတ် ….. ငါတို့ ဒီမှာ ”
ခေါ်သံကြားလို့ လှည့်ကြည့်လိုက်သည်။ တစ်ဆောင်တည်းနေ တစ်ကျောင်းတည်း တက်နေသည့် ဘဝတူသူငယ်ချင်းနှစ် ယောက် ကျော်စွာ နှင့် မင်းသစ်။ သူတို့ နှစ် ယောက် အပြင် ကောင်လေး တစ်ယောက် ပါ ထိုင်နေသေးသည်။ ထိုကောင်းကိုတော့ ကျောပေးထားသည့်အတွက် ဘယ်သူမှန်းမသိ။
ဖြိုးခေတ် ဆိုင်တွင်းသို့ ဝင်သွားလိုက်သည်။ မင်းသစ်တို့ စားပွဲဝိုင်းနားအရောက်မှာ ပင် ထူးခြားမှု တွေ ကို စတင်သတိပြုမိပါ၏ ။ အဲဒါက မစားစဖူး စားထားသော စားပွဲခုံပေါ်မှ ပန်းကန်လွတ် များ ။
ဦးနှောက်က သတိပေးခေါင်းလောင်းသံ တစ်ချက်မြည် သွားသည်။ ဒီကောင်တွေ စားသောက်ထားပြီး ပိုက်ဆံရှင်းစရာမရှိလို့ သူ့ကိုခေါ်ရှင်းခိုင်းတာလား၊ ခင်ရေး ရေး ဝင်လာသော အတွေးတို့ကို သတိထားလက်ခံရင်း ခုံတွင် မဝံ့မရဲ ဝင်ထိုင်လိုက်ပါ၏ ။
ထိုအခါမှ …..
“ဟေ့ကောင် …ဖြိုးခေတ်၊ မင်းကို ဒီညီလေးက အကူအညီတစ်ခုတောင်းချင်လို့တဲ့”
“အကူအညီ”
ဖြိုးခေတ် သံယောင်ရေရွတ်လိုက်ရင်း မင်းသစ်မေးငေါ့ပြရာ ကောင်လေးကို ကြည့်မ တော့ ………
ဖြိုးခေတ်မျက်မှန်း တန်းမိသည်။ ဒါသူတို့ မျက်နှာချင်းဆိုင် အဆောင်မှ ကောင်လေး …
ဒီလိုပဲ သူ့ကို အကူအညီတောင်းသူတွေ များ သည်မို့ ထူးဆန်းသော ကိစ္စ တစ်ခု တော့ မဟုတ်။ ဘေးမှ ကျော်စွာ က သူ့ခြေထောက်ကိုတစ်ချက်နင်း၍ စားပွဲခုံပေါ်မှ ပန်းကန်အလွတ်များ ကို မျက်လုံးပြူးပြသည်။
သိလိုက်ပြီ၊ “ဒါ ငါတို့ စားနှင့် ပြီးသွားပြီ။” ဆိုသည့် သဘော။ ဖြိုးခေတ် သက်ပြင်း တစ်
ချက် ကို ခပ်လေးလေးချလိုက်ရင်း ရှေ့မှကောင်လေးကို ကြည့်ကာ …..
“ဘာလဲ ညီလေး …. အစ်ကို ဘာကူညီရမှာ လဲ”
“အစ်ကို့မှာ ကိုယ်ချစ်နေတဲ့ကောင်မလေး ကိုယ့်ကို ပြန်ကြိုက်အောင်လုပ်တဲ့ ဆေး နည်းလေး ဘာလေးမရှိဘူးလား”
ဒီလောက်ဆိုလျှင် ဖြိုးခေတ် သဘောပေါက်သွားချေပြီ။
“ဘာလဲ …….. မင်းကို နွယ်နီမြင့်က ပြန်မကြိုက်ဘူးလား”
“အမှန်ပဲအစ်ကိုရာ၊ ကျွန်တော် ဘယ်လိုမှကပ်လို့မရဘူး။ အဲဒါ သူစိတ်ပြောင်းပြီး ကျွန်တော့် ဘက်ယိုင်လာအောင် လုပ်လို့ရတဲ့နည်းလေးရှိရင် ကျွန်တော့် ကို ပေးစမ်းပါဗျာ”
(နွယ်နီမြင့်ဆိုသည်မှာ ထိုကောင်လေးနေသော အဆောင်ပိုင်ရှင်၏ သမီး ဖြစ်ပြီး ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသူ ဖြစ်ပါသည်)
ဖြိုးခေတ်လေပူတစ်ချက်ကို မှု တ်ထုတ်လိုက်သည်။
“အေးပေါ့ကွာ ……. ဒီသောက်ငတ်နှစ် ကောင်ကလည်း စားထားပြီးသွားပြီဆိုတော့ ပြောရတော့မှာ ပေါ့”
သူ့စကားကြောင့် ဟိုနှစ် ကောင် ‘ဟီး’ ကနဲ ရယ်သည်။
“ဟာ …….. လုပ်ပါ အစ်ကိုရယ်၊ ကူညီစမ်းပါ။ ကျွန်တော် အရေး ကြီးလို့ပါ”
ဖြိုးခေတ် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ရင်း ….
“အေး ….. ဒါဆို မင်းသေချာလိုက်မှတ် ….
လပြည့်ည သန်းခေါင်ယံအချိန်မှာ မှန်တစ်ခုကို ယူပြီး မှန်ပေါ်မှာ မင်းကြိုက်တဲ့ ကောင်မလေးနာမည် ကိုရေး ။ နောက် အဲဒီ မှန်ကို လရောင် ထိုးတဲ့နေရာမှာ ထားလိုက်။ ပြီးရင် မှန်ပေါ် မှာ မင်းကောင်မလေးမျက်နှာ ပေါ်လာအောင် စိတ်မှန်းနဲ့ကြည့်ပြီး ပါးစပ်က စကားနည်းနည်း ပြော ရမယ်”
“ဘယ်လိုစကားလဲ အစ်ကို ရည်းစားစကားလား”
“မဟုတ်ဘူး ……
ရူးချင်ယောင်ဆောင်မနေနဲ့၊ ငါ့ကို အမြန်လာကြိုက်လှည့်လို့ပြောရမယ်”
“အဲ …. အဲဒါဆို ကောင်မလေးက ကျွန်တော့် ကို ပြန်ကြိုက်ပြီပေါ့ …..”
“အဲဒီ နည်းကို လဆွဲအားနည်းလို့ခေါ်တယ်။ စိတ်စွမ်းအား ကျင့်စဉ်နည်းတွေ ထဲက တစ်ခုပဲ။ ကောင်မလေးပြန်ကြိုက်မကြိုက်ဆိုတာ ကတော့ကောင်မလေးကို မင်းဘယ်လောက်ထိချစ် သလဲတိုတဲ့ စိတ်ပေါ်မှာ ပဲ မူတည်တယ်။ တကယ် နှစ် နှစ် ကာကာချစ်တာဆိုရင်တော့ မကြာပါဘူး
ကောင်မလေးမင်းဘက်ကို စိတ်ယိုင်လာမှာ ပါ”
“ကြိုက်ပြီဗျာ၊ ကျွန်တော့် သူ့ကို တကယ်ချစ်တာ။ ကျွန်တော် ဘယ်လောက်တောင် သူ့ကိုချစ်သလဲဆိုတာ ကျွန်တော့် ကိုယ် ကျွန်တော် ပဲ သိတယ်။
အစ်ကိုနည်းအတိုင်း လာမယ့်လပြည့်နေ့ ညမှာ တကယ်လုပ်မယ်ဗျာ”
ထိုသို့ပြောပြီး ကောင်လေးမှာ ကောင်တာဆီသို့ ထ သွားပါ၏ ။ ပိုက်ဆံသွားရှင်းသည် ထင်သည်။
ထိုစဉ်မှာ ပင် မယုံကြည်ဟန်မျက်နှာလေးဖြင့် ကျော်စွာ က
“ဟေ့ကောင် … ဖြိုးခေတ်၊ မင်းဟာကြီးက သေချာလို့လား”
ဖြိုးခေတ် နှုတ်ခမ်းတို့ကို တွန့်ကွေးလိုက်ရင်း …..
“မယုံရင် စမ်းကြည့်လိုက်ပေါ့ကွာ”
(မှတ်ချက်။ ။ လဆွဲအားနည်းကို မယုံကြည်ပါက မည် သူမဆို စမ်းသပ်ကြည့်နိုင်ပါသည်)
ကားမှန်တံခါးမှဝင်လာသော လေတွေ က ကြယ်သီးရှိသော ဖြိုးခေတ်အင်္ကျီကို ကျော်၍ ရင်ဝကို ခပ်ပြင်းပြင်းလေး လာရိုက်နေသည်။ ရှေ့မှခုံတန်းနှင့် နဖူးဆောင့်မိသည်မှာ လည်း ဘယ်နှကြိမ် မြောက်မှန်းမသိ၊ ဘေးမှ တံခါးဘောင်နှင့် နားထင်ဆောင့်မိသည်မှာ လည်း အကြိမ်ကြိမ်။ သို့ပေမယ့် ဖြိုးခေတ်မျက်လုံးတို့က ဘယ်လိုမှဖွင့်မရ။
ဘေးမှာ ထိုင်နေသော ကောင်မလေးကလည်း ကြာလာတော့ ဆက်လက်သည်းမခံနိုင် တော့ပုံရသည်။ ထပြီးမတ်တပ်ရပ်နေတာကို ခုနခုံနှင့် နဖူးဆောင့်မိစဉ် ယောင်ရမ်းပြီး မျက်လုံးပွင့်သွား ၍ မြင်လိုက်ရခြင်း ဖြစ်သည်။
သည်းမခံနိုင်လောင်သည့် အတိုင်းအတာလွန်မည် ဆိုလည်း လွန်လောက်ပါသည်။ ဖြိုးခေတ် ဖြစ်နေပုံကကြည့်ဦး ……..
ကောင်မလးခေါင်းကို သူ့ခေါင်းနှင့် ပြေးပြေးဆောင့်လိုက်၊ ပခုံးကို ခေါင်းအုံးအမှတ်နှင့် မှီလိုက်၊ နောက်ဆုံး စပယ်ယာကအော်မှ ပြူးပြဲကြည့်မိတော့ ကောင်မလေးပေါင်ပေါ်မှာ ဖြိုးခေတ် မှော က်ရက်ကြီး။
အဲလောက်ထိကို ဖြိုးခေတ် အိပ်ငိုက်နေတာပါ၊ ငိုက်လွန်းသည့် မျက်စိလည်း အပစ် မဆိုသာ၊ အကြောင်းကား …….
သူတစ်ခါမှ သည်လောက်အစောကြီး အိပ်ယာမထဖူးသည်ပဲ။ မထလို့ကလည်းမ ဖြစ်၊ ဒီနေ့မနက် (၈) နာရီအတိမှာ ကျောင်းရှေ့၌ ယတြာချေပေးစရာကိစ္စတစ်ခု ရှိသည်။
ယတြာချေရမည့်  ကောင်လေး ကတော့ ဘယ်လိုလာမည် မသိ။ သူ ကတော့ အခု လောလောဆယ် နဖူးတွေ သီးနေပါပြီ။
“ဒုန်း”
နဖူးချိုင့်သွားပြီထင်ရလောက်အောင် ပြင်းထန်လွန်းတော့ ဆောင့်ချက်အဆုံးမှာ ကားစပယ်ယာ၏ ဂိတ်ဆုံးအော်သံကို ကြားရပါတော့သည်။
ထိုအခါမှ ဖြိုးခေတ်လည်း ပိဿလေးဆယ်လောက် အချိန်စီးနေသည့် မျက်ခွံကို လွယ်အိတ်ဖြင့် ခပ်ကြမ်းကြမ်းပွတ်လိုက်ရင်း ……
“ဝါး”
တစ်ချက်သန်းကာ ကားပေါ်မှဆင်းလိုက်ပါ၏ ။
လူကသာ ကားအောက်ရောက်သွားသော်လည်း လွယ်အိတ်က ပါမလာ။ တစ်ယောက် ယောက် ဆွဲထားသလို၊ တစ်ခုခုနဲ့ ငြိနေသလိုတင်းနေသည်။ ဖြိုးခေတ်စဉ်းစားမနေ၊ သွေးစို့သွားသော နဖူးကို တံတွေးဆွတ်နေရင်းမှ ဆောင့်ဆွဲချလိုက်သည်။
“ပြိ …..”
ရှင်းရော၊ လွယ်အိတ်ပြဲသွားပေပြီ။
ဒါတွေ ကို သူဂရုမစိုက်အားသေး။ အခု လောလောဆယ် အရေး ကြီးနေသည်က သွေးစို့ သွားသော သူ့နဖူး။
ဖြိုးခေတ်တွေးမနေတော့ဘဲ ဝတ်ထားသော လုံချည်ကို ဖြေလိုက်သည်။ နောက်လုံချည် အနားစကိုလုံးကာ ပါးစပ်ထဲသို့ ထိုးထည့်သည်။ ပြီးမှ ခေါင်းကို ငုံ့ကာ ကြပ်ပူထိုးလိုက်ပါ၏ ။
အတော် အသင့် သက်သာသွားတော့မှ လုံချည်ကို ပြန်ဝတ်ရင်း ဘေးဘီဝေ့ကြည့်လိုက် သည်။ ယတြာချေပေးရမည့်  ကောင်လေးကို မတွေ့ ။ ကျောင်းရှေ့အုတ်ခုံတွေ နှင့် အပြင်ကန်တင်း တွေ မှာ လည်း လူအနည်းငယ်သာရှိသည်။
ဒါဆိုရင်တော့ ကောင်မလေး မလာသေးတာလား၊ သူ့နောက် ကျနေလို့ပဲ ပြန်သွားတာ လား တစ်ခုခုပင်။ မတတ်နိုင်တော့။ အခု လောလောဆယ် မနက်တည်းက မရှင်းရသေးသည့် ဗိုက်ကိစ္စကို ရှင်းရဦးမည် ။
ဖြိုးခေတ်ကားလမ်းကူး၍ ကျောင်းထဲသို့ ပြေးဝင်လိုက်သည်။ အပြင်ဆိုင်တွေ မှာ ကိစ္စ ရှင်းလို့ရသော်လည်း ဟိုလူတံခါးခေါက်၊ ဒီလူ တံခါးခေါက်ကို ဖြိုးခေတ်စိတ်ပျက်သည်။ အိမ်သာ တက်သည်ဆိုတာ ဇိမ်ယူခြင်း တစ်မျိုးပဲလေ။ ဒါက ဘယ်သူမှ ငြင်းလို့မရတဲ့ သီအိုရီ။
ဒီတော့ အေးအေးဆေးဆေး ကျောင်းက Tiolet ထဲမှာ ပဲ ကောင်းသည်။ ဖြိုးခေတ် ကိုယ့်အတွေးနှင့် ကိုယ် ပြုံးလိုက်ကာ နီးစပ်ရာ အဆောင်ဘက်သို့ ချိုးအဝင်တွင် …..
“ဖြောင်း ……..ဖြောင်း …………..အစ်ကိုကြီး …. အစ်ကိုကြီး”
နောက်ဆီမှ လှမ်းခေါ်သံတစ်ခုကို ကြားလိုက်ရသည်။ ထို့ကြောင့် သူနောက်လှည့် ကြည့်တော့ ……
“ဟိုမှာ အစ်ကိုကြီး အိတ်ထဲက အထုပ်တစ်ထုပ်ကျသွားတယ်”
ကောင်လေး ညွန်ပြရာဆီကြည့်မိတော့ ဖြိုးခေတ်ခေါင်းပင် ကြီးသွားသည်။
“ဟာ …. တဲရော့ …..”
ချက်ချင်း ပင် လွယ်အိတ်ကို မ,ကြည့်တော့ လွယ်အိတ်က ဖင်မှာ ပေါက်နေသည်။ ခုန ကားပေါ်မှာ အဆင်း ပြဲသွားခြင်း ဖြစ်ပေလိမ့်မည် ။
ဖြိုးခေတ် ကပျာကရာပင် သွားကောက်ရန်ပြင်ခိုက် …….
“တီ ….”
ခနဲဆိုသော ကားဟွန်းသံနှင့် အတူ စပါးကြီးမြွေ၏ အကြည့်မျိုးဖြင့် ရက်ရက်စက်စက် လှသည့် ကောင်မလေး တစ်ယောက် ။
ထိုကောင်မလေး မောင်းလာသော ကားက …..
“ဟာ …….”
သူ့ခေါင်းကို ကားတက်နင်းသွားချေပြီ။
“သွားပြီ”
ဆိုသော အသိနဲ့အတူ ဖြိုးခေတ်တစ်ကိုယ်လုံး ရှိန်းခနဲနေအောင်ပင် ပူတက်သွားသည်။
သူ၏ အသက်ဝိညာဉ်တဲ့ရော့ကဒ်လေး ကားဘီးအောက်မှာ မလှမပ အသက်ပျောက်သွားချေပြီ။
တဲရော့ကဒ်တွေ ထည့်ထားသည့် အနီရောင် ကတ္တီပါရှုံ့အိတ်လေးပေါ်မှာ ကား ရွံ့တွေ သဲတွေ ပေကျံနေသည့် လတ်လတ်ဆတ်ဆတ် ကားဘီးရာတစ်ခု။
“တောက်”
ကျယ်လောင်စွာ တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်၍ စိမ်ခေါ်သူကို မမှိတ်မသုန် ဆိုက်ကြည့်လိုက်သည်။
ဖြိုးခေတ် ကားနံပါတ်ကို အထပ်ထပ်ရွတ်ရင်း ဒေါသတို့ကို ခေတ္တမြိုသိပ်ထားလိုက်ရ သည်။ နောက်ကတ္တီပါ ရှုံ့အိတ်ကလေးကို တယုတရပွတ်သပ်၍ အဆောင်ထဲသို့ ဝင်ခဲ့ပါတော့သည်။
ဒီနေ့အတွက်တော့ သူ၏ လွတ်လပ်စွာ ဇိမ်ခံမှု သည် ပြင်းထန်သော ဒေါသတွေ ဖြင့် သာ ဝန်းရံနေပါတော့မည် ။
Tiolet ထဲကထွက်သည်နှင့် ဖြိုးခေတ်ဂျစ်ပစီသို့ တန်းပြေးတော့သည်။ ဆိုင်ထဲရောက် တော့ ကောင်တာဆီသို့ တန်းသွားလိုက်ကာ ….
“ဦးလေး …. ဦးလေးဆီမှာ သံမှိုလေးငါးဆယ်ချောင်းလောက် ရှိမလား”
“သံမှို”
ကောင်တာမှ ဦးလေးကြီးက ကြောင်တောင်တောင်နှင့် သူ့ကို ကြည့်သည်။
“ဟုတ်တယ် ….သံမှို”
သူ့စကားကြောင့် နားမလည်သလို ထပ်ကြည့်ရင်း ….
“သံမှိုတော့မရှိဘူးကွ။ ဆိုင်အမိုး မိုးတုန်းက ကျန်နေတဲ့သွပ်မှိုတွေ တော့ ရှိတယ်”
“ဟာ …. ပိုကောင်းတာပေါ့ဗျာ ။ ကျွန်တော့် ကို နည်းနည်း လောက်ပေးစမ်းပါ”
‘ ဘာလုပ်မလို့လဲ’ ဟု မမေးတော့ပါ။ မေးစရာမလိုအောင်လည်း ရင်းနှီးနေသည်ကိုး။ ဒီလိုနှင့် ဦးလေးကြီးဆိုင်နောက်ဘက်ဝင်သွားပြီး ပြန်ထွက်လာတော့ လက်ထဲမှာ သွပ်မှိုတစ်ထုပ် ပါ လာသည်။
ထိုအထဲကမှ ဖြိုးခေတ်စိတ်ကြိုက်သွပ်မှို ရှစ်ချောင်းခန့်ကို ရွေးယူရင်း ကျေးဇူးတင် စကားဆိုကာ ပြန်ထွက်လာခဲ့လိုက်သည်။
ဟုတ်သည် ၊ ဒီကား …..
နည်းနည်း လေးမှ လွဲစရာမရှိ။ ဂျစ်ပစီထဲက ထွက်လာကတည်းက ကျောင်းဝန်းအနှံ ဒီကားကို လိုက်ရှာနေတာ။ နာရီဝက်လောက်ပင် ရှိပြီ။
ဖြိုးခေတ်ကားနံပါတ်ကို သေချာကြည့်လိုက်ပါ၏ ။
ပြီး ကားတစ်ခုလုံးကိုလည်း သေချာမှု ရှိအောင် ပတ်ကြည့်လိုက်သည်။ ဟုတ်ပါ၏ ။ ဒီ ကားမှ ဒီကားအစစ်ပါ။
သေချာလောက်ပြီဆိုတော့မှ ဖြိုးခေတ် ပတ်ဝန်းကျင်အခြေအနေကို တစ်ချက်ကြည့် လိုက်သည်။ အကုန်လုံး အခြေအနေကောင်းသည်။ ကိုယ့်အာရုံနှင့် ကိုယ် သွားလာနေကြသော ဖြတ်သွားဖြတ်လာတို့မှ အစ ဘယ်သူမှသူ့ကို မရိပ်မိ။ ခပ်လှမ်းလှမ်းတွင် တော့ ကောင်မလေးသုံး ယောက် ထိုင်နေသည်။ ဒါပေမယ့် ကြားထဲမှာ ကားတစ်စီးခံနေ၍ ဗြုန်းခနဲ သူ့ကို မတွေ့ နိုင်။
ဒီတော့မှ ဖြိုးခေတ်လွယ်အိတ်ထဲမှ ဖြောင့်စင်း၍ ချွန်မြိနေသော သွပ်မှိုရှစ်ချောင်းကို ထုတ်လိုက်ကာ တစ်ဘီးကို နှစ် ချောင်းနှုန်းဖြင့် ကားလေးဘီးလုံးအောက်သို့ ဂရုတစိုက် ထောင်ထား ပေးလိုက်ပါတော့သည်။
ကုန်းကုန်းကွကွ၊ ရှုံ့ရှုံ့တွတွ၊ တုံးလုံးမကျတကျဖြင့် အားကြိုးမာန်တက် ကွက်တိဝင် အောင် ကြိုးစားပြီးချိန်မှာ တော့ ……
ချွေးတို့ဖြင့် ရွှဲနစ်နေသော အင်္ကျီကို ကြယ်သီးအကုန် ဖြုတ်လိုက်သည်။ နောက် အဆီ ပြန်နေသော မျက်နှာကို လုံချည်အောက်စဖြင့် တစ်ချက် ကုန်းသုတ်လိုက်ရင်း ….
ရူးချင်ယောင်ဆောင်ကာ ထွက်လာခဲ့လိုက်ပါတော့သည်။
သူ၏ စိတ်ထဲ၌ ကြုံးဝါးနေသည်ကား ….
“အကယ်၍ သာ အားမယ်ဆိုရင် ….ဒီနေ့မင်းရဲ့ အိမ်ပြန်ချိန်ကို ပြုံးပြုံးကြီး ရပ်ကြည့်ချင် ပါသေးတယ်၊ ကောင်မလေးရယ်”
“နင်တို့ နှစ် ယောက် ဇာတ်လမ်း ဖြစ်လာပြီပေါ့”
“ဘာဇာတ်လမ်းလဲ …..”
“အချစ်သည် ကွမ်းတံတွေးကစသည်ဆိုတဲ့ ဇာတ်လမ်းလေ”
သက်ထားစကားကြောင့် ရူပါအံကြိတ်ပြမိသည်။
ညနေကျောင်းဆင်းပြီမို့ သူမတို့သုံးယောက် ကားဆီလျှောက်လာကြရင်း ပြောလာခြင်း ဖြစ်ပေသည်။
“မသိပါဘူးဟာ …. ကောက်ခါငင်ကာ ဖြိုးခေတ်အကြောင်းတွေ လာမေးနေလို့ ငါတို့က ဟိုဟာထင်ထားတာ”
“မဟုတ်ပါဘူး၊ ကားမှန်ပေါ် ကွမ်းတံတွေးထွေးချသွားတဲ့လူ တစ်ယောက် ကို ခံရတဲ့ လူဘက်က သိချင်ရုံ သက်သက်ပါ”
“ဒါပဲလား ….”
“ဒါပဲပေါ့”
“အဟီး …. နည်းနည်း ပိုလိုက်ပါဟာ …..”
သက်ထားစကားကြောင့် ရူပါမဲ့သည်။
“ဘယ်လိုမှ ပိုလို့မရဘူး။ ငါ ဗေဒင်ဆို အရမ်းမုန်းတာ နင်တို့ သိရက်သားနဲ့”
“မုန်းပေါ့ … ဗေဒင်နဲ့ ဗေဒင်ဆရာ တူတာမှ မဟုတ်တာ။ ဗေဒင်ကိုမုန်းပေမယ့် ….. ဗေ ဒင်ဆရာကို ……..”
“တော် တော့ …..”
ရူပါ့ဟန့်တားသံကြောင့် မချိုမချဉ်မျက်နှာဖြင့် သက်ထားက ‘ဟီး’ ခနဲ ရယ်ပြသည်။ ထိုအချိန်မှာ ပင် ငြိမ်နေသော သီရိက …
“စကားတစ်ခွန်းကြားဖူးတယ်ဟ၊ အမှန်၏ ဟိုဘက်မှာ အမှားမဟုတ်တဲ့အခြား အမှန် တရားတစ်ခုရှိတယ်တဲ့။ အခုလည်း နင်တို့ နှစ် ယောက် က အဲလို ဖြစ်နေတယ်။ နင်လည်း IT ခေတ်က မိန်းကလေး တစ်ယောက် အနေနဲ့ ဗေဒင်ဆိုတာ ယုံကြည်ခွင့်မရှိနိုင်သလို ဖြိုးခေတ်လည်း မြန်မာ တစ်ယောက် အနေနဲ့ ဗေဒင်ကို ရူးသွပ်ပိုင်ခွင့်ရှိတယ်။ အဲဒီ တော့ နင့်ကို မှန်တယ်လို့ ပြောရင် ဖြိုးခေတ် ကိုလည်း မှန်တယ်လို့ ပြောရမှာ ပဲ။ အမှား ပြောလို့မရဘူး”
“အဲဒါဆို ငါလည်း ကမ္ဘာကျော်အဆိုအမိန့် တစ်ခုကို ပြောပြမယ်။ ‘ အမှန်နှစ် ခု ပေါင်းရင် အမှား ဖြစ်တယ်’ တဲ့ ငါတို့ နှစ် ယောက် ပုံစံက ဒီအဆိုအမိန့်နဲ့ တော် တော် ညီတယ်။ ရှေ့လျှောက်လည်း အဲဒီ အတိုင်းပဲ ဖြစ်မယ်ထင်တယ် …..”
“ဘာ ဖြစ်လို့ ……”
သီရိ အမေးကြောင့် ရူပါ မထိတထိ တစ်ချက်ပြုံးလိုက်သည်။
“ဒီနေ့မနက်တင် ငါတို့ နှစ် ယောက် ထိပ်တိုက်တွေ့ ပြီးသွားပြီ။ ဒါပေမယ့် ငါနိုင်တယ် ထင်တယ်”
“ဘယ်လို …..”
“ဟုတ်တယ် … ဒီနေ့ မနက်တင် ငါသူ့ရဲ့ အထုပ်တစ်ထုပ်ပေါ်ကို ကားနဲ့တက်နင်းခဲ့ မိသွားပြီ”
“ဟောတော့ ….”
“တဲရော့ထုပ် ဖြစ်မယ် ထင်တယ်”
“ဟယ် ….”
သီရိနှင့် သက်ထား လန့်သွားကြသည်။ ဘယ်က ဘယ်လို ကားပေါ်ကို သုံးယောက် သားရောက်သွားကြမှန်းပင်မသိ။ စကားသံတွေ ကလည်း တိတ်သွားသည်။ ကိုယ်စီကိုယ်စီ ဖြစ် နိုင်ခြေ များ ကို တွေ့ သွားသည်ထင်သည်။
ထိုအခိုက် ရူပါကကားစက်နှိုး၍ ကားဘီးကို စလှိမ့်လိုက်စဉ်မှာ ပင် ….
“ဖောင်း …. ဖောင်း …. ရှူး … ရှူး”
“ဟင် ….”
“ဟောတော့ …..”
“ဟယ် … ဘီးတွေ ပေါက်ကုန်ပြီ”
သုံးယောက် သား အထိတ်တလန့်ဖြင့် ကားပေါ်မှ ဆင်းကာ ကားဘီးတွေ ကို ငုံ့ကြည့်မိ ခိုက် …
ပျော့အိပြားကပ်သွားသော ကားလေးဘီးနှင့် အတူ ထိနစ်ဝင်နေသော သွပ်မှိုရောင် လက်လက်တို့က ….
ရူပါ ချက်ချင်း သဘောပေါက်သွားသည်။ နောက် မာနပြုံးတစ်ခုက မျက်နှာပေါ် အလိုလို ရောက်လာရင်း …..
“နင်တို့ ပြောတာ တစ်ခုလိုသွားတယ်။ အဲဒါ ဘာလဲဆိုတော့ ဖြိုးခေတ်ဆိုတဲ့လူက
ကလဲ့စားချေခြင်းကို နှစ်သက် တယ်ဆိုတာပဲ”
ရှေ့တည့်တည့်ရောက်လာသော လူရိပ်တစ်ရိပ်၊ ထိုအရိပ်နှင့် ပူးတွဲ ပါလာသည်ကား ယစ်မူးဖွယ် ညှို့ရနံ့တစ်ခု။
ဖြိုးခေတ် တဲရော့ကို တစ်ကဒ်ချင်းရေမွှေးဆွတ်နေရာမှ အမှတ်မထင် မျက်လုံးပင့် ကြည့်လိုက်သည့်အခိုက်မှာ တော့ သူ့မျက်လုံးတွေ မျက်ဖြူလန်မလိုပင် ဖြစ်သွားသည်။
‘ရူပါလင်း’ ဟူသော နာမည် ကို စိတ်ထဲမှ ရေရွတ်လိုက်မိသော်လည်း တကယ့် တကယ်ပါးစပ်က ထွက်သွားသည်ကား ‘သွားပြီ’ ဟူသော စကားနှစ် လုံးသာ။
“သွားပြီ ….”
ရထားတစ်စီး ခုတ်မောင်းသွားသလို နှလုံးသားက ဂျုံးဂျုံး ဂျက်ဂျက်မြည် သွားသည်။ ဦးနှောက်ထဲသို့ သတိပေးသံတွေ လည်း တန်းစီဝင်ရောက်လာပါ၏ ။ ဒီအနေအထားမှ ထွက်ပြေးလို့ လည်း ရမည် မဟုတ်တော့။
ဖြိုးခေတ်မျက်လုံးထဲတွင် လေပြားသွားသော ကားလေးဘီးနှင့် အတူ ရူပါလင်း၏ လက်ဝါးတွေ ကို ပြေးမြင်မိပါ၏ ။ သူ၏ ပါးနှစ် ဖက်စလုံးမှာ လည်း အက်ဆစ်နဲ့ ထိသလို ဖျင်းကနဲ ဖြစ်သွားသည်။
သူမနောက်မှ အဖော်သူငယ်ချင်းနှစ် ယောက် ၊ ဘယ်လိုမှပင် ထွက်ပြေးဖို့ အခွင့်မသာ တော့သော အခြေအနေပါ။
ထိုအခိုက်မှာ ပင် သူမပါးစပ်မှ ထွက်ကျလာသော စကားတစ်ခွန်းက သူ့နားကို ကန့် လန့် တိုက်သွားစေသည်။
“ကျွန်မ ဗေဒင်ကြည့်ချင်လို့”
‘ဟင်’ ခနဲပင် ဖြစ်သွားရကာ သူမကို မော့ကြည့်မိသည်။
စိတ်ထဲမှာ လည်း အံ့သြမှု အမှတ်တွေ ကျော်လွန်ကုန်ပါ၏ ။
အောင်မြင်စွာ ဖြတ်နင်းသွားသည့်ကား၊ နောက် ထိုကားနှင့် ပတ်သက်သည်များ ကို ကျော်စွာ တို့ စုံစမ်းပေးထားသော အချက်အလက်များ အရ ….
ရူပါလင်းသည် ကျောင်းသူအသစ် ဖြစ်သူ၊ ရုပ်ချောသူ၊ ပိုးပန်းသူတွေ များ သူ ဟူသော အချက်အပြင် ဗေဒင်ကို လုံးဝမယုံကြည်ဘူးဟူသည့်အချက် ပါ ပါသည်။
သို့သော် ယခု သူမပုံစံက တကယ့်အတည်။
ဖြိုးခေတ် ဆွံ့အ သယောင်ပင် ဖြစ်သွားရသော်လည်း ရူပါလင်း ကတော့ အေးအေး သက်သာပင် ရှေ့ခုံမှာ ဝင်ထိုင်နေပါ၏ ။
ဒါဟာ ပြင်းထန်သော မုန်တိုင်းတစ်ခုဝင်ဖို့ အစပျိုးလိုက်ခြင်းဆိုရင်တော့ သူမလုပ်ကွက် တော် တော် လှသည်ဟု ဆိုရပေမည် ။
သံသယ အငွေ့ပါသော အကြည့်ဖြင့် သူမကို ဒုတိယအကြိမ်ကြည့်မိသည်။ သူရင်ဆိုင် လိုက်ရသည်ကား သူမ၏ ခပ်ထေ့ထေ့အပြုံး။
အထင်မကြီးဘူးဆိုသည့် အပြုံး၊ အယုံအကြည်မရှိဘူးဟူသော သရော်တော် တော် အပြောင်အပြက်အပြုံး။
တော် တော် လှသည်။
ဒါပေမယ့် တော် တော် လည်း ခံပြင်းဖို့ကောင်းသည်။
အမြတ်တနိုး တန်ဖိုးထားခဲ့သော ပညာကို စော်ကားရုံသက်သက်ရောက်လာခြင်း၊ တစ်ချိန်က မှားခဲ့ဖူးသော အမှားအတွက် သူနောင်တမရတော့ပါ။ အသက်သဖွယ် တန်ဖိုးထားသော တဲရော့ကို နင်းဖြတ်သွားသည့်ကားဘီးအား ဖောက်ခဲ့ခြင်းသည်လည်း ထိုက်တန်သည်ဟု ယူဆချက် တွေ ခိုင်မာသွားသည်။
တလိမ့်လိမ့်တက်လာသော မာနတွေ နှင့် အတူ ထီမထင်သော အပြုံးတစ်ခုကလည်း လုပ်မယူရပါဘဲနှင့် မျက်နှာပေါ်သို့ ထွက် သွားပါသည်။
“ထိုင်ပါခင်ဗျာ …. ထိုင်ပါ …..”
တင်းခနဲ ဖြစ်သွားသော စိတ်ကို ထွက်ပေါက်ပေးသည့် သဘောနှင့် နောက်မှာ မတ်တပ် ရပ်နေသော မိန်းကလေးနှစ် ယောက် ကို လောကွပ်ပြုလိုက်သည်။ ဖြစ်ချင်ရာ ဖြစ်ပေတော့ စိန်ခေါ်သူ ရှိမှတော့ စိတ်မပါပေမယ့်လည်း ဘက်ညီအောင် ကစားရပါတော့မည် ။
“ဒီက ညီမက ဘာကိစ္စများ ……..”
“ဗေဒင် မေးချင်လို့”
စူးအက်အက်အသံတစ်သံက ရူပါလင်းဆီမှ ထွက်လာသည်။
“ဒါဆိုရင်တော့ ညီမတို့ မှားနေပြီ။ အစ်ကိုက ဗေဒင်တွက်တာမဟုတ်ဘူး။ အနာဂတ် ပုံရိပ်တွေ ကို ဟောဒီကဒ်တွေ ပေါ်မှာ ပေါ်သ၍ ပြောပြတာ”
ဒိုင်ယာလော့ အဟောင်းကြီးဟူသော သဘောဖြင့် ရူပါ အထင်မကြီးစွာ မဲ့ပစ်လိုက် သည်။
“ဟုတ်ပါပြီ …… ရှင့် ဘာသာ ဗေဒင်ပဲ တွက်တွက်၊ အနာဂတ်ပုံရိပ်တွေ ပဲ ဟောဟော ကျွန်မနဲ့ မဆိုင်ဘူး၊ ကျွန်မနဲ့ ဆိုင်တာက ရှင်လူ တစ်ယောက် ရဲ့ အနာဂတ်ကို ဘယ်လောက်မှန်အောင် ဟောနိုင်မလဲ”
ဖြိုးခေတ် ဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။
“ဟောဒီကဒ်တွေ ပေါ်မှာ ပေါ်သ၍ နဲ့ ငါ့အာရုံမှာ ထင်သ၍ အားလုံးမှန်အောင် ဟောနိုင် တယ်”
ဒီတစ်ခါ ရယ်သူက ရူပါလင်း။
“ကြည့်ရသေးတာပေါ့”
အဓိပ္ပာယ် တစ်မျိုးသက်ရောက်သော အပြုံးကို ရူပါက နှုတ်ခမ်းတွန့် ကွေးမှာ ဖြည့် စွက်ရင်း ဆိုသည်။
ဖြိုးခေတ် ကတော့ ထုံးစံအတိုင်း တဲရော့ကို သုံးလေးခါဖျက်၍ အခင်းပေါ်တင်လိုက် သည်။ ထိုအခါမှပဲ တဲရော့ဆီသို့ လှမ်းလာသော ရူပါ့လက်ကြောင့် ဖြိုးခေတ်ကပျာကရာပင် လက်နှင့် ဖမ်းဆုပ်ကာ …..
“နေပါဦး၊ မင်းရဲ့ လက်ဝါးဖြန့်ပါ”
ပထမတော့ ရူပါ ကြောင်သွားသည်။
နောက်တစ်ကြိမ်ထပ်ပြောမှပင် ဘုမသိဘမသိဖြင့် လက်ဝါးဖြန့် ပေးမိပါသည်။ ထိုအခါ မှ ဖြိုးခေတ်လည်း ရေမွှေးပုလင်းထုတ်၍ လက်ဝါးပေါ်ဆွတ်ပေးလိုက် ရင်း ….
“လက်ဝါးနှစ် ဖက်ကို ပွတ်လိုက်ပါ”
ရူပါ မငြင်းသာတော့ဘဲ နှုတ်ခမ်းကြီးစူကာ လက်ဝါးနှစ် ဖက်ကို ဆောင့်ကြီးအောင့်ကြီး ဖြင့် ပွတ်ရပါတော့၏ ။
“ရပြီလား ……”
နှုတ်ခမ်းစူနေသော ရူပါ့ပုံစံကို ကြည့်၍ ဖြိုးခေတ်ပြုံးမိသည်။ တော် တော် တော့ လှသား ဟု လည်း စိတ်ထဲမှာ မှတ်ချက်ပေးမိပါ၏ ။
“ရပြီ …. ချိုးပါ ……”
လှပသွယ်တန်းသော လက်ချောင်းကလေးများ က နှစ် ဆယ့် နှစ် ချပ်သော ကဒ်တွေ ကို သုံးပုံတစ်ပုံခန့် ချိုးချပြီးသည့် အခါမှာ တော့ …..
ဖြိုးခေတ်ကဒ်ကိုဆွဲယူ၍ လှန်မကြည့်သေးဘဲ နမ်းလိုက်သည်။
ပြီးနောက် ပြတ်သားရဲရင့်လွန်းသော အကြည့်များ ကို ရူပါ့ဆီသို့ တစ်ဆင့်ချင်းရွေ့၍
တစ်လုံးချင်းမေးလိုက်သည်။
“မင်း …… ဘာ ………… သိ ……..ချင် ……. တာ ……….လဲ”
ဖြိုးခေတ်ပုံစံက တကယ့်အရင်းမှန်တာပဲ ဟောမည် ။ ဟောတာမှန်ရမည် ။ မမှန်ရင် ပါးရိုက်ဆိုသည့် ပုံစံမျိုး။
ရူပါကလည်း ရှင်းသည်။
“ကျွန်မကားဘီးတွေ ကို ဘယ်သူဖောက်သွားတာလဲ သိချင်တယ်”
“အွန်”
ဖြိုးခေတ် ခမျာ “အွန်” ဟုပဲ ထွက်နိုင်ပါတော့သည်။ အရှိုက်ကို ဒူးနဲ့ပစ်ဆောင့်ခံလိုက် ရသလို၊ မျက်လုံးတွေ ပါပြာပြီး အသက်ရူပင်ကြပ်သွားသည်။
ခေါင်းထဲတွင် လည်း ‘မိုက်’ ကနဲ ဖြစ်သွားရကာ လက်ထဲမှ ကဒ်လွတ်ကျမသွားအောင် ပင် သတိထားထိန်းလိုက်ရပါ၏ ။
“သေပြီ”
ဘယ်လိုမှ ထင်မှတ်မထားသော မေးခွန်း။
တရားခံကသူ၊ ထိုတရားခံကို ဖော်ထုတ်ပေးရည့်သူက သူ၊ ပိုဆိုးသည်က အားလုံး မှန် အောင်ပင် ဟောနိုင်တယ်ဟု ပြောထားသော သူ့စကား၊ ချောင်ပိတ်သွားသော မေးခွန်းကို တမင်တကာ မေးလိုက်သည့် ရူပါလင်း။
ကြောင်, အစွာ ဖြစ်သွားချိန်မှာ ပင် ‘ဘယ်လိုလဲ’ ဟူသော အကြည့်က ထေ့ငေါ့စွာ ရောက်လာသည့်အတွက် ဖြိုးခေတ်ဖျင်းခနဲတစ်ချက် ဖြစ်သွားသည်။
“ဘယ်လိုလဲ ….. ရှင်မပြောနိုင်တော့ဘူးမလား”
ဖြိုးခေတ်ဆီမှ အသံထွက်မလာ ….
“ရှင်ပြောတော့ အကုန်လုံးမှန်အောင် ဟောနိုင်တယ်ဆို”
ဖြိုးခေတ် နှုတ်ဆိတ်မြဲဆိတ်လျက်၊ နဖူးမှလည်း ချွေးသီးတို့ တွဲ ခိုနေပါပြီ။
“ဒါများ ရှင် လူအထင်ကြီးအောင် ဟန်ကြီးတစ်ခွဲသားလုပ်နေသေးတယ်။ ကျွန်မက ဘယ်သူလဲဆိုတာ သိချင်ရုံသက်သက်ပါ။ဘာရည်ရွယ်ချက်မှလည်း မရှိဘူး။ ခက်တာက ရှင်က ပြောပြ မပေးနိုင်တော့ ဘယ်တတ်နိုင်မလဲလေ။ ကျွန်မကံလို့ပဲ ပြောရမှာ ပေါ့”
ခနဲ့သလို၊ သရော်သလို စကားလုံးများ က မျက်နှာကို အက်ဆစ်နဲ့ အပက်ခံရသည် ထက်ဆိုးစွာ မာနကို ထိုးဆွနေပါသည်။ ဖြိုးခေတ်မှာ တော့ ရူပါလင်းစကားတွေ ကိုပဲ ခံပြင်းနေရမည် လား။ မိမိကိုယ်ကိုပဲ ဒေါသထွက်ရမည် လား မသိ။
ဒါပေမယ့် ရူပါလင်း၏ နောက်ဆုံးစကားတစ်ခုက ယောက်ျားမာနကို တိတိကျကျ ထိခိုက်လိုက်ခြင်းပင်။
“ကဲ ……. ရှင်မပြောနိုင်ဘူးဆိုရင်လည်း ကျွန်မသွားတော့မယ်။ ဒါပေမယ့် ရှင့်ကို အကြံဥာဏ်တစ်ခုတော့ ပေးခဲ့ချင်တယ်။ အဲဒါဘာလဲ ဆိုတော့ ရှင်နောက်နေ့ကစပြီး ကျောင်းမှာ ဗေဒင်မဟောနဲ့တော့။ လမ်းဘေးမှာ ပဲ သွားဟောချည်။ ဒါတောင် ရှင့်အဆင့်နဲ့ဆိုရင်တော့ လမ်းဘေး ကဗေဒင်ဆရာတေါ သိက္ခာကျမှာ တော့ အမှန်ပဲ။ နောက်ပြီး လေကိုလည်း နည်းနည်း လျော့၊ ကိုယ့် ကိုယ်ကိုယ် သိပ်အထင်မကြီးနဲ့ ဟုတ်ပြီလား”
ဘလိုင်းကြီး နှိပ်ကွပ်သွားလိုက်ခြင်းပင်။ ယောက်ျားမာနဆိုတာလဲ။ သူမ၏ စကားလုံး တွေ အောက်မှာ ရစရာမရှိတော့၊ ဖြိုးခေတ်တော် တော် ခံပြင်းသွားသည်။
ပြောချင်ရာပြောပြီး ထွက်သွားဖို့ ပြင်လိုက်သော ရူပါလင်း၏ ခြေလှမ်းမရွေ့မီမှာ ပင် ….
“နေဦး ….”
ခံပြင်းစိတ်ဖြင့် အသံက ဟိန်းသွားသည်။ ရူပါလင်း၏ ခြေလှမ်းလည်း တန့်သွားသည်။ ပြီးသူု့ကို ခပ်ဆတ်ဆတ် လှည့်ကြည့်ပါ၏ ။
ရင်ထဲမှာ ခံပြင်းစိတ်နှင့် ဒေါသတွေ မုန်တိုင်းဝင်သလို ပတ်မွှေနေသော်လည်း တည်ငြိမ် သော မျက်နှာသွင်ပြင်ကို တမင်လုပ်ယူလိုက်ရင်း။
“အမေးကို အမေးဖြင့် တုံ့ပြန်ခြင်းသည် အဖြေပေးခြင်းထက် တစ်ခါတရံမှာ ပိုအသုံးဝင် သည် ဆိုတဲ့စကားကို မင်းကြားဖူးလား”
ဖြိုးခေတ်စကားကြောင့် ရူပါမျက်မှော င်ကြုတ်သွားသည်။
“ရှင်ဘာကို ဆိုလိုတာလဲ”
“ရှင်းရှင်းလေးပါ၊ မင်းမေးခွန်းကို ငါမဖြေဘူး၊ မေးခွန်းတစ်ခု မင်းကိုပြန်မေးမယ်”
ကန်တင်းသည် ရုတ်တရက်ငြိမ်ကျသွားသည်ဟု ထင်လိုက်မိပါ၏ ။
“မင်းအိမ်ရဲ့ ဘုရားခန်းကို မင်းဖိနပ်စီးပြီးတက်လား”
“ဘာရှင့် …. ရှင်ဘာစကားပြောတာလဲ”
ရူပါ ရှူခနဲ ဖြစ်သွားသည်။
“အခု ကျွန်မမေးတာနဲ့ ရှင်ပြောတာနဲ့ က ဘာဆိုင်လို့လဲ”
ဖြိုးခေတ် ခပ်ဟဟရယ်လိုက်ရင်း ….
“ငါက ဟောဒီကဒ်တွေ ကို အရမ်းယုံကြည်တာကွ”
ရူပါ သဘောပေါက်လိုက်ပါပြီ။ ဟိုတစ်နေ့က သူမကားနဲ့ သူ့ကဒ်တွေ ပေါ် နင်းခဲ့ မိ
သည့် ကိစ္စကို ဆိုလိုခြင်းပင်။
ရူပါလည်း ပြန်ပြောစရာ စကားမရှိတော့။ ရဲဝံ့သော မျက်လုံးနှစ် စုံသာ တစ်ခဏတာ ဆုံသွားသည်။ ထို့နောက် တစ်ယောက် ကို တစ်ယောက် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ သည်မှာ …….
“တစ်စက္ကန့် ………
နှစ် စက္ကန့် ……….
ငါးစက္ကန့် ……….
တစ်မိနစ် ………”
ကြည့်နေရင်းမှ ဖြိုးခေတ် ရင်တွေ ခုန်လာရသည်။ မျက်လုံးအရောင် တွေ လည်း ပြောင်း သွားသည်လားမသိ။
ထိုစဉ်မှာ ပင် …….
ဆတ်ခနဲ ကျိုးသွားသော အကြည့်တစ်စုံနှင့် အတူ သက်ပြင်းချသံ သဲ့သဲ့ကိုပါ ကြား လိုက်ရသည်။ ပြီးတော့ ………
သူမမျက်လွှာကို ချကာ အကြည့်လွှဲသွားလေသည်။
“ကောင်းပြီလေ ကျွန်မတို့ နှစ် ပိုင်းခွဲကြတာပေါ့”
ဘာကို ဆိုလိုမှန်း သဘောမပေါက်ခင်မှာ ပင် ဆက်ပြောသည်။
“ကျွန်မကားက ရှင့်တဲရော့ထုပ်ပေါ်နင်းသွားတယ်၊ ရှင်က ကားဘီးကို ပြန်ဖောက် တယ်။ အဲဒီ မှာ နှစ် ယောက် စလုံးညီတယ်။ ဘယ်သူမှ မနိုင်ဘူး။ အဲဒီ တစ်ပိုင်းကို ထားလိုက်။ အခုတစ် ပိုင်းက ကျွန်မချိုးထားတဲ့ကဒ်ကို ကြည့်ပြီး ကျွန်မအနာဂတ်အတွက် ရှင်ဘယ်နှခွန်းလောက် မှန်အောင် ပြောနိုင်မလဲ”
“အဟား ………………. သိပ်ပြောနိုင်တာပေါ့ ……..”
တစ်ဆက်တည်းမှာ ပင် ရှေ့မှာ မှော က်လျက်ရှိနေသော ကဒ်အား ဖြိုးခေတ်ဖြည်းညင်း စွာ လှန်ကြည့်လိုက်သည်။
အာဒံလား၊ ဧဝလားမသိပေမယ့် သူတို့ နှစ် ယောက် ကို ရည်စူးထားသည့်ကဒ်။
သူကျေနပ်စွာ ပြုံးလိုက်သည်။ ထို့နောက် အားမနာတမ်း စိုက်ကြည့်နေသော ရူပါ့မျက် ဝန်းကို တည်တံ့စွာ ရင်ဆိုင်လိုက်၍ …..
“မင်း ………….. မကြာခင် ချစ်သူ တစ်ယောက် ရမယ်”
“ရှင် ……ခွီး …….ခွီး …….ခစ်………..ခစ်………..”
‘ရှင်’ ဆိုသော စကားသံနောက်မှာ ပင် ‘ခွီး’ ဆိုသော ရယ်သံတွေ ဆက်တိုက်ထွက် လာတော့သည်။ ပြီး ရယ်သံတစ်ဝက်နဲ့တင် သူ့ကို သရော်ကြည့်ကြည့်၍ ……….
“မ ဖြစ်နိုင်လိုက်တာရှင်၊ ကျွန်မက ချစ်သူရမယ်ဟုတ်လား။ ယုံအောင်ရွှီမယ်ဆိုလည်း ဒီပြင့်စကားတွေ အများ ကြီးရှိပါတယ်ရှင် ဒီစကားကြီးက မ ဖြစ်နိုင်လွန်းပါဘူး ….. ခစ် ….ခစ် ….ခစ်”
ဖြိုးခေတ် တမုတ်ချင်း တက်လာသော ခံပြင်းဒေါသတွေ ကို မနည်းထိန်းကွပ်ချုပ် တည်းလိုက်ရင်း …..
“မင်း ……ငါ့ကို လှောင်တာလား”
“မလှောင်ပါဘူး၊ မယုံကြည်တာ”
ဖြိုးခေတ် အံ့တစ်ချက်ကြိတ်မိသွားသည်။ ပြီးတော့ ……
“ကောင်းပြီ …….. မင်းနဲ့ ငါနဲ့ သဘောတူညီမှု တစ်ခုလောက်လုပ်ရအောင်။ ဒီကဒ်မှာ ပေါ်တဲ့ ငါ့ရဲ့ ဟောကွက်တွေ ကို စာရွက်လွတ်တစ်ရွက်မှာ ရေးြ
ပီး စာအိတ်တစ်အိတ်နဲ့ သိမ်းထား လိုက်မယ်။ ပြီးရင် အဲဒီ စာအိတ်ကို မင်းနဲ့ငါ မဟုတ်တဲ့ အခြား တစ်ယောက် ဆီမှာ အပ်ထားမယ်ကွာ။ ခြောက်လမပြည့်မချင်း မင်းလည်းမကိုင်ရဘူး။ ငါလည်းမကိုင်ရဘူး။ ခြောက်လပြည့်တဲ့နေ့မှ နှစ် ယောက် စလုံးရှေ့မှာ ဖွင့်ကြည့်မယ် ဘယ်လိုလဲ”
“အဟား ………အလာကြီးပါလား”
ဖြိုးခေတ် ဆက်မပြောတော့ပါ။
“ရတယ် ၊ ကျွန်မလက်ခံတယ်။ ဒါပေမယ့် ဒီလိုစိမ်ခေါ်မှု မျိုးတော့ ဘယ်ဗေဒင်ဆရာ့ ပါးစပ်ကမှ ကျွန်မ မကြားဖူးဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတဲ့အတွက် ရှင့်ကို ကျွန်မ ချီးကျူးပါတယ်”
“စောပါသေးတယ် …….. ငါချီးကျူးမခံချင်သေးဘူး။ ဒါပေမယ့် လောလောဆယ်တော့ မင်း ဒီဝိုင်းက ခဏထပေးပါ။ ငါ ဟောကွက် တချို့ရေး ရဦးမယ်”
ရူပါလင်းနှင့် အတူ သူမအဖော်နှစ် ယောက် ပါ တခြားဝိုင်း ပြောင်းသွား သည်။ ဒီတော့မှ ဖြိုးခေတ်လည်း ကဒ်ကို သေချာကြည့်၍ နှလုံးသားမှ လာသော စကားလုံးတချို့ကို စာရွက်လွတ်ပေါ် တွင် ရေး ချလိုက်ပါ၏ ။
ပြီးတော့ စာအိတ်လွတ်တစ်အိတ်ထည့်ကာ အပေါ်မှရက်စွဲတစ်ခု တပ်လိုက်သည်။ ထို့နောက်တော့ ….
ရူပါလင်းထိုင်နေရာဝိုင်းသို့ လျှောက်သွားကာ …..
“စာအိတ်ပေါ်မှာ နောက် (၆)လအတွက် ရက်စွဲတစ်ခုကိုပါတပ်ထားတယ်။ ဒီစာအိတ် ကို မင်း ဘယ်သူ့ဆီမှာ အပ်ထားဖို့ ဆန္ဒရှိသလဲ”
ဖြိုးခေတ်စကားကြောင့် ရူပါအနည်းငယ်စဉ်းစားလိုက်ရင်း ဆိုင်နောက်ဘက်သို့ ကြည့် သည်။
“ကောင်တာမှာ ထိုင်နေတဲ့ ဒီဆိုင်ပိုင်ရှင်ဆီကို သွားအပ်ထားမယ်”
နောက်တော့ သူတို့နှစ် ဦးကောင်တာဆီသို့ လျှောက်သွားလိုက်ကြသည်။ ဆိုင်ပိုင်ရှင်မှာ အရင်ကတည်းက သူတို့ နှစ် ယောက် ကို အကဲခတ်နေသည်ထင်သည်။ အများ ကြီးမပြောလိုက်ရ။ အဆင်ပြေသွားသည်။
“ဦးကိုလည်း စိတ်ချပါ၊ (၆) လမပြည့်မချင်း ဦးလည်း ဒီစာအိတ်ကို မကိုင်ပါဘူး။ ဒါမျိုးတွေ ကို ဦးလည်းစိတ်ဝင်စားတယ်ကွ”
ဆိုင်ပိုင်ရှင်စကားကို သူတို့ ပြုံး၍ သာလက်ခံရင်း ကိုယ်ထိုင်ရာ ဝိုင်းဆီပြန်လည် လျှောက်လြာ ကတော့ ….
“ရူပါ မင်းနဲ့ ကိုယ် နောက်(၆) လကြာရင် ဒီနေရာ၊ ဒီအချိန်မှာ ပဲ ဒီလိုခံယူချက်တွေ နဲ့ ပြန်တွေ့ ရအောင်”
“အဟင်း …… စိတ်ချပါ ရှင့်ဘက်ကသာ ကတိတည်ပါစေ”
“ရူပါ နင်ဘယ်လိုမှမနေဘူးလား၊ ငါ ကတော့ ရင်တွေ ခုန်နေပြီ”
“အေးဟာ . . . ဖြိုးခေတ်စာရွက်ထဲမှာ ဘာတွေ ရေး ထားလဲ သိချင်လိုက်တာ။ မိရူပါ လျှော့မတွက်နဲ့ ၊ ဖြိုးခေတ်က တဲရော့ကိုတော် တော် ယုံကြည်တယ်။ သူ့ပုံစံကိုကြည့်ပါလား”
သက်ထားနှင့် သီရိစကားတွေ ကို ရူပါပြန်အဖြေမပေးမိပါ။ သက်ထားတို့ပြောသလို သူမလည်း ရင်ခုန်နေပါသည်။ ဒါပေမယ့်လည်း ဘာတွေ ရေး သွားသည်ကိုလည်း သိချင်နေပါသည်။ ဒါပေမယ့်လည်း တည်တံ့စွာ သဘောတူထားသော စာအိတ်တစ်ခု ဖြစ်နေသည် မဟုတ်ပါလား။
ဖြိုးခေတ်ပုံစံကြည့်ရတာ တော့ သူ့ပညာသူတော် တော် ယုံကြည်နေပုံပင်။ ထိုစဉ်မှာ ပင် သီရိက စုတ်တစ်ချက်ကိုသပ်ရင်း . . .
“ကျွတ် . . . အချိန်တွေ ကိုသာ (၆) လလောက် မြန်ပစ်လို့ရရင် သိပ်ကောင်းမယ်။ ဒါမှ ရူပါ့ချစ်သူဘယ်သူလဲ မြန်မြန်သိရမှာ ”
“အေးဟာ . . . စာရွက်ထဲမှာ ဖြိုးခေတ် နာမည် အတိအကျတွေ များ ရေး သွားလားမသိဘူး . . .”
သက်ထားမှတ်ချက်ပေးမှု က စိတ်ဝင်ဝစားဖို့တော့ကောင်းသည်။ ဒါပေမယ့် အဲလောက်တော် သော ဗေဒင်ဆရာဆိုလျှင်တော့ လူမဟုတ်၊ သိကြားမင်းပင် ဖြစ်လိမ့်မည် ။
“ဒါပေမယ့်ဟာ (၆) လဆိုတာကြီးတော့ ပျင်းစရာကောင်းလွန်းပါတယ်”
“ငါ့အထင်တော့ ပျင်းဖို့ကောင်းမယ်မထင်ဘူး”
ရူပါ့စကားကြောင့် နှစ် ယောက် စလုံးက သူမကိုကြည့်သည်။
“ငါတို့ဘက်ကသာ ပျင်းဖို့ကောင်းရင်ကောင်းနေမှာ ၊ သူ့လိုလူမျိုး ကတော့ နေ့တိုင်း မှာ စိတ်ဝင်စားစရာတွေ နဲ့ ချည်းနေမှာ ပဲ။ ဟိုလူက အကူအညီတောင်းနဲ့ ပျင်းချိန်တောင် ရမှာ မဟုတ် ဘူး”
ရူပါ့စကားလည်း ဖြစ်နိုင်ချေမှတ်ရောက်နေသည့်အတွက် စကားမဆက်ြ ကတော့ဘဲ ခေါင်းညိတ်ထောက်ခံနေလိုက်ကြပါတော့သည်။
ဟုတ်သည်လေ။
ဖြိုးခေတ်ဆိုတာ နှယ်နှယ်ရရမှမဟုတ်တာပဲ။
ညနေ အိမ်ပြန်ရောက်တော့ ကားပေါ်မှဆင်းကာ ဖိနပ်စင်၌ ဖိနပ်ချွတ်နေစဉ်မှာ ပင် အိမ်ထဲမှ ဖေဖေနှင့် မေမေပြောနေသော စကားသံအချို့ကို ကြားလိုက်ရသည်။
သူမရင်တစ်ချက် လှိုက်ခနဲ နွေး သွားပါ၏ ။
မြန်မာတွေ ၏ ထုံးစံအတိုင်း သူများ အကြောင်းပြောနေခြင်းပါ။ ပြောသည့်အကြောင်းက လည်း သူမပင် နားရည်ဝကာ အပ်ကြောင်းထပ်နေပြီ ဖြစ်သော ဦးကျော်မောင်မိသားစုအကြောင်း၊ ဦးကျော်မောင် စီးပွားရေး လောကတွင် နာမည် ကြီးကြောင်း၊ အကွက်မြင်ကြောင်း လုပ်ငန်းတွေ မည် မျှ ထိ ခိုင်မာကြောင်းတို့အပြင် တစ်စုံ တစ်ယောက် ကို တစ်စုံတစ်ရာ ချီးကျူးသံတွေ ပါနေပါသည်။
အရင်အချိန်မျိုးဆိုလျှင် သူမကိုယ့်အခန်းကို ကိုယ်သွားနားမည် ဖြစ်သော်လည်း . . .
တစ်စုံတစ်ရာ စိတ်ဝင်စားနေသည်ကတစ်ကြောင်း၊ ယနေ့ကျောင်းမှာ ကြုံတွေ့ ရင်ဆိုင် လာရသော အယူအဆ ပဋိပက္ခအချို့တို့ကြောင့် စိတ်လက်မကြည်မသာ ဖြစ်နေသည်ကတစ်ကြောင်း၊ ထို့ကြောင့် သက်သာလိုသက်သာငြား စကားဝိုင်းတွင် ဝင်ထိုင်နေလိုက်ပါသည်။
ဒီလိုနှင့် ပင် ညနေတစ်ခု၏ ကုန်ဆုံးချိန်သည်ကား . . .
“ဟာ . . . အရမ်းမိုက်တယ်ကွာ၊ ဟုတ်တယ် . . . ဟေ့ကောင်။ အဲလိုလူမျိုးကို ဒီအတိုင်းပဲ ပညာပေးရမှာ ။ ဘလိုင်းကြီး အစွန်းရောက်နေတာ”
ခုတင်ပေါ်လှဲအိပ်နေကြရင်း မနက်က စိန်ခေါ်မှု တစ်ရပ်ကို ပြောပြခိုက် ကျော်စွာ က အားရပါးရထောက်ခံခြင်း ဖြစ်သည်။ မင်းသစ်ကလည်း . . .
“မင်းကွာ . . . အဲဒါများ တစ်ခါတည်း ဖိုက်ပစ်လိုက်တာမဟုတ်ဘူး။ နောက် (၆) လ စောင့်ခိုင်းနေရသေးတယ်”
“မဟုတ်ဘူးလေကွာ၊ သူ့ရဲ့ နိမိတ်ကဒ်သဘောအတိုင်းအမှန်ကို ပြောလိုက်တာ။ လတ်တလောပြောလို့ရတာ တော့ ငါပြောလိုက်တာပဲလေ။ ဒါပေမယ့် တချို့ဟာတွေ က အချိန်က အဆုံးအဖြတ်ပေးသွားတာတွေ ၊ ကာယကံရှင်တွေ ရဲ့ လုံ့လစိုက်မှု ကြောင့် အဖြေပြောင်းလဲသွားတာ တွေ ရှိတယ်။ အဲဒါမျိုးကျရင်တော့ ချက်ချင်း ကြီးမှန်းပြောလို့ ဘယ် ဖြစ်မလဲ”
သူ့စကားကို ဒီကောင်တွေ နားလည်မည် မထင်ပါ။ ဒါပေမယ်ကျော်စွာ က သူသိလို သော အချက်ကို အနီးကပ်ဆုံးနှိုက်သည်။
“ဒါနဲ့ မင်းစာရွက်ထဲမှာ ရူပါလင်းချစ်သူကို နာမည် အတိအကျနဲ့ ရေး လိုက်တာလား”
“အေး”
“ဘယ်သူလဲ ဟေ့ကောင်၊ ငါတို့ စုံစမ်းပေးထားတဲ့ ရူပါလင်းကိုလိုက်နေတဲ့ ကောင်တွေ ထဲက တစ်ယောက် လား”
ဖြိုးခေတ် ပြန်မဖြေ ဖြစ်ပါ။ စိတ်ထဲတွင် လည်း အတွေးတို့က လွန်ဆွဲနေသည်။
“မသိပါဘူးကွာ၊ တဲရော့ထုပ် ကားနဲ့ နင်းသွားတဲ့ ကောင်မလေးကို ကားနံပါတ်မှတ်ပြီး စုံစမ်းခိုင်းတော့ ငါတို့က မင်းတို့ဇာတ်လမ်းများ ဖြစ်တော့မှာ လားလို့ ရူပါလင်းကလည်း ကျောင်းပြောင်းလာတဲ့ ကျောင်းသူအသစ်ဆိုပေမယ့် စန်းရှိနေတော့ ငါတို့ကမင်းနဲ့ ဆိုလိုက်မှာ ပဲလို့ တွေးနေတာ၊ အခုတော့ . . . ပြဒါးတစ်လမ်း . . . သံတစ်လမ်း . . .”
“အေးကွာ . . . ဆုံမှဆုံတတ်တယ်”
ထိုစကားတွေ ကိုတော့ ဖြိုးခေတ်အကြွင်းမဲ့ လက်ခံမိပါသည်။
ဟုတ်သည်။
ယခုသူတိုနှစ် ယောက် ပြဒါးတစ်လမ်း၊ သံတစ်လမ်းပင် မဟုတ်ပါလော . . .
ရူပါ ခုတင်ပေါ်၌ လူးလှိမ့်ရင်း တောင်တောင်အီအီ စဉ်းစားနေမိသည်။ ဒီနေ့ကျောင်း မှာ ကြုံတွေ့ ခဲ့ရသော အ ဖြစ်အပျက်များ စိတ်ကူးရောက်မိသလို၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဟန်အပြည့် ဖြင့် ရဲရဲဝံ့ဝံ့စိန်ခေါ်ရဲသော ဖြိုးခေတ်မျက်နှာကိုလည်း မျက်စိထဲတွင် မြင်ယောင်မိသည်။
ပြီးတော့ လာမည့်  (၆)လအကြာမှ ရက်စွဲတစ်ခုနှင့် စာတစ်စောင်၊ နောက် ဖြိုးခေတ် ပြောသည့် ‘မင်း . . . မကြာခင် ချစ်သူ တစ်ယောက် ရမယ်’ ဟူသော စကား။
တွေးနေရင်းနှင့် ပင် သူမရင်တို့ ခုန်လာမိသည်။ အတွေးတို့များ လာတော့ သူမတစ် ယောက် ယောက် အပေါ်ရင်ဖွင့်ချင်သည့်ဆန္ဒပြင်းပြလာကာ ခုတင်ပေါ်မှာ ဆင်း၍ ဖုန်းကိုကောက်ကိုင် လိုက်သည်။
ဖုန်းခွက်ကိုနားနှင့် ကပ်ကာ နံပါတ်တစ်စုံတစ်ရာ နှိပ်မည် ကြံစဉ်မှာ ပင် . . .
“ဟင် . . .”
ဖုန်းထံမှ စကားသံအချို့ကြောင့် သူမအံ့သြသွားမိသည်။ နောက် ချက်ချင်း ပင် သဘော ပေါက် သွားပါ၏ ။ အောက်ထပ်မှ မေမေ သူ့သူငယ်ချင်းဆိုသော အန်တီနှင့် စကားပြောနေခြင်းပါ။
ရူပါဖုန်းကို ပြန်ချမည် ပြင်ခိုက် . . .
ရုတ်တရက် သူမ၏ နှလုံးခုန်နှုန်းတို့ တိခနဲ ရပ်သွားသည်။
ထို့နောက်တော့ . . .
သူမ နားထောင်နေဆဲ . . .
မေမေတို့လည်း စကားပြောနေဆဲ . . .
“ဂွပ် . . .”
အောက်ထပ်မှ မေမေဖုန်းချသွားသည်။
ဖုန်းကိုင်လျက်ရပ်နေသော ရူပါ၏ မျက်နှာမှာ တော့ အံ့သြမှု တွေ လား၊ မခံချင်မှု တွေ လား၊ မသိသော အရောင် တွေ နှင့် အတူ တစ်စုံတစ်ရာကို စဉ်းစားသွားသည်။
ထို့နောက်တော့ သူမဂဏန်းအချို့ကို ကောက်နှိပ်လိုက်ပါ၏ ။
ဖြိုးခေတ်၊ မင်းသစ်နှင့် ကျော်စွာ တို့သုံးယောက် ထူးထူးဆန်းဆန်းအခန်းထဲတွင် စာသင်နေသည်။ ထူးဆန်းသော အခန်းမဟုတ်ပါ။ သုံးယောက် စလုံး စာသင်ခန်းထဲတွင် မရှိစဖူးရှိနေ သည့်အတွက် ထူးဆန်းသည်ဟု သုံးလိုက်ခြင်း ဖြစ်ပါသည်။
ရူပါလင်းနှင့် အခြေအတင် ဖြစ်ပြီးသည်မှစလို့ ဖြိုးခေတ်အတန်း ချိန်မှန်လာသည်။ ဘာ ကြောင့်မှန်းတော့မသိ၊ အနက်ပိုင်းလောက်လာဂျစ်ပစီ၌ ရှိတော့၍ ညနေပိုင်းတွင် အတန်းထဲ၌ ရှိတာများ သည်။
ယခုလည်း အတန်းချိန်တစ်ခုနှင့် တစ်ခုကြား အနည်းငယ် လွတ်လပ်နေသည့်အတွက် ဖြိုးခေတ်တို့အေးဆေးနေပါ၏ ။
ထိုစဉ်မှာ ပင် . . .
“အစ်ကို . . . အစ်ကို . . .”
နောက်ဘက်မှ ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။
“အစ်ကိုကို သင်္ချာ Paper II ဆရာ ခေါ်နေတယ်”
“ဟေ . . .”
ဖြိုးခေတ်အနည်းငယ် ကြောင်အသွားသည်။
“ငါ့ကို . . .”
“ဟုတ်တယ် ကိုဖြိုးခေတ်မလား”
“အေး”
“ဆရာက ရုံးခန်းထဲမှာ စောင့်နေမယ်တဲ့”
ကျော်စွာ နှင့် မင်းသစ်က ဘာကေ့(စ်)လဲဟု မေးငေါ့ပြသည်။ဖြိုးခေတ်မသိကြောင်း ခေါင်းရမ်းပြရင်း အခန်းထဲမှထွက်ခဲ့ပါ၏ ။
ဆရာ့ဆီရောက်တော့ . . .
ရုံးခန်းထဲမှ ဆရာက စာရွက်တစ်ရွက်ဖြင့် ဆီးကြိုနေသည်။
သူ ဆရာ့စားပွဲရှေ့ရောက်ရောက်ချင်းမှာ ပင် ဆရာက . . .
“အဲလိုကြီး ကတော့ မကောင်းဘူးပေါ့ကွာ”
“ဗျာ . . .”
“မင်း အဲလိုမလုပ်သင့်ဘူး”
“ဗျာ . . . ဆရာ”
ဆရာကလက်ကာပြရင်း သူ့ဆီကို လက်ထဲမှစာရွက်ထိုးပေးသည်။ ထို့ကြောင့် ဖြိုးခေတ်လည်း ကြောင်ငေးငေးဖြင့် ပင် စာရွက်ကို ယူကြည့်လိုက်ရပါ၏ ။
စာရွက်ပေါ်တွင် မြင်ရသည်ကား . . .
အကြောင်းအရာ။ ။ သင်္ချာ Final မှ ဖြိုးခေတ်အားစုံစမ်းစစ်ဆေးပေးပါရန်။
ဖြိုးခေတ်သည် သမီး၏ ဘောပင် (၉) ချောင်းအား (၃၆) ချောင်း ဖြစ်အောင် လုပ်ပေး မည် ဟုဆိုကာ ယူ သွားပါသည်။
သို့သော် ယခုအချိန်အထိ (၃၆) ချောင်းမရသည့်အပြင် ယူသွားသော ဘောပင်(၉) ချောင်းနှင့် တကွ လူပါပေါ်မလာတော့ပါ။
ထို့အတွက်ကြောင့် သမီး၏ ဘောပင်(၉) ချောင်းမှာ အကြောင်းမဲ့ဆုံးရှုံးလျက်ရှိနေပါ သည်။
အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ ဖြိုးခေတ်အားစုံစမ်းစစ်ဆေးပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။
“ဟာ”
စာရွက်ကိုကြည့်၍ ဖြိုးခေတ်အာမေဍိတ်သံပင် ထွက်သွားသည်။ဘာတွေ နည်း။
ကြောင်အစွာ ဆရာ့ကို ကြည့်မိတော့။
“ဘယ်သူဘာညာတော့ ငါမမေးပါဘူး၊ ပြန်ပေးလိုက် ပါကွာ။ ဘောပင်(၉) ချောင်း တောင်ဆိုတော့ မင်းအတွက်လည်း များ လွန်းပါတယ်။ ငါ့မှာ ရေး စရာဘောပင်မရှိလို့ တစ်ချောင်းတ လေလောက်ပေးပါဆိုရင် လည်းပေးမှာ ပါ။ ဒါပေမယ့် မင်းက အခုလိုကြီးလုပ်သွားတော့ ဘယ်ကောင်း မလဲ”
“ဟာ . . . ဆရာ . . . မဟုတ်”
“ရတယ် . . . ငါနားလည်တယ်၊ ကဲ . . . သွား . . . သွား သွားပြန်ပေးလိုက် ”
ဆရာ ကတော့ လုံးဝကိုအတည်ယူသွားပေပြီ။ ဘာတွေ နည်း။ ဒီစာကရော မည် သူရေး တာနည်း။
လောလောဆယ်တော့ သူ့မှာ လုပ်စရာတစ်ခုပဲရှိသည်။
“ဒီ . . . ဒီစာကို ဘယ်သူလာပေးသွားတာလဲ၊ ဆရာ”
‘မင်းမသိဘူးလား’ ဟူသော အကြည့်ဖြင့် သူ့ကိုတစ်ချက်ကြည့်သည်။ ပြီးတော့ ခေါင်းကို ခပ်လေးလေးရမ်းရင်း . . .
“မသိဘူးကွ၊ ငါအခန်းထဲပြန်ရောက်တော့ စားပွဲပေါ်မှာ ဒီစာတွေ့ တာပဲ”
ဖြိုးခေတ်ခေါင်းတို့ အလုပ်ရှုပ်သွားလေသည်။ သူ့မှာ ရန်သူမရှိပါ။ ဒါပေမယ့် ယခုပုံစံက လှလှပပလုပ်ကြံသွားသော ပုံစံ။
ဒါနဲ့ ပဲ ဖြိုးခေတ်စာရွက်ကို ကိုင်ကာ အခန်းထဲမှ ထွက်ခဲ့ပါတော့သည်။
“ဟေ့ကောင် . . . သေချာပြန်ပေးလိုက် နော်”
ဆရာ့အသံက နောက်မှကပ်ပါလာပါ၏ ။
ဖြိုးခေတ်မှာ တော့ . . .
စာလည်း ဆက်သင်ချင်စိတ်မရှိတော့သည့်အတွက် ကန်တင်းများ ဘက်သို့ပဲ ထွက်လာခဲ့သည်။ ခေါင်းစားစရာ ကိစ္စတစ်ခု ကတော့ ပေါ်လာပါပြီ။
စာရွက်ကိုကိုင်ရင်း ငေါင်တောင်တောင်ဖြင့် ကန်တင်းတစ်ခုရှေ့မှအဖြတ်။
“ကိုဖြိုးခေတ် . . . ကိုဖြိုးခေတ်”
နာမည် ခေါ်သံကြောင့် လှည့်ကြည့်မိတော့ သက်ထား၊ စားပွဲတွင် ထိုင်နေသော ရူပါလင်းနှင့် သီရိကိုလည်း တွေ့ လိုက်ရသည်။ လက်ယပ်လှမ်းခေါ်နေသည်ကြောင့် ဖြိုးခေတ်ကြောင် သွားသည်။ ပြီး နားမလည်သော ပုံစံဖြင့် သူ့ကိုယ်သူလက်ညှိုးထိုးပြသည်။
‘ဟုတ်တယ်’ဟူ၍ သက်ထားက ခေါင်းညိတ်ပြသည်ကြောင့် သူဝင်သွားလိုက်ရပါ၏ ။ အထဲရောက်တော့ . . .
“ကိုဖြိုးခေတ် ကျွန်မတို့ကို တစ်ခုကူညီပါဦး”
သိပ်ဆန်းသော ကိစ္စတစ်ခုမဟုတ်ပါ။ ထို့ကြောင့်လည်း . . .
“ပြောလေ . . . ဘာကူညီရမှာ လဲ”
သက်ထားက ရူပါလင်းကိုကြည့်သည်။ ပြီး သီရိကိုကြည့်သည်။ သီရိကလည်း ရူပါလင်းကိုကြည့်သည်။
ဘာတွေ မှန်းမသိသည်ကြောင့် သူလည်း ဘာမှန်းမသိဘဲနှင့် ဝင်ထိုင်လိုက်သည်။
ထိုအခါမှပင် ရူပါလင်းက ရှက်သံဝဲဝဲဖြင့် . . .
“ကျွန်မတို့ကို ပဟေဋ္ဌိတစ်ခုလောက် ဖြေပေးစမ်းပါ”
“ပဟေဋ္ဌိ”
သူသံယောင်လိုက်သွားသည်။
ရှက်သံဝဲဝဲ ဖြစ်နေသော ရူပါ့ပုံစံကိုကြည့်၍ လည်း စိတ်ဝင်စားသွားရပါ၏ ။
“ပြောလေ . . . ဘာပဟေဋ္ဌိလဲ”
“ဒီလိုပါ . . . ခုန ကျွန်မတို့ကို သူငယ်ချင်း တစ်ယောက် က ပဟေဋ္ဌိ ဝှက်သွားတယ်။ ပြောနိုင်ရင် ရုပ်ရှင်လိုက်ပြမယ်လို့လည်း ပြောသွားတယ်။ အဲဒါကြောင့် . . .”
“ဒါဆို ကျွန်တော် ပြောနိုင်ရင် ကျွန်တော့် ကိုလည်း ရုပ်ရှင်ပြမှာ ပေါ့ . . .ဓ
“အာ . . . ပြမှာ ပေါ့ မှန်အောင်သာဖြေပေး”
သီရိစကားကြောင့် ဖြိုးခေတ်အနည်းငယ်ပြုံးလိုက်သည်။ နောက်ရူပါ့ဆီသို့လည်း တစ် ချက်ကြည့်မိပါ၏ ။ ဂျစ်ပစီဆိုင်မှကိစ္စကို မေ့ဖျောက်ထားသည့်အလား မျက်နှာလေးက ပကတိဖြူစင်နေ သည်။
ထိုစဉ်မှာ ပင် သက်ထားက . . .
“ဒီလိုကိုဖြိုးခေတ်ရဲ့ ၊ ပဟေဋ္ဌိက သွားကြားထိုးတံကိုးချောင်းကို ဒီလိုစီချထားတယ်တဲ့”
ပြော၍ သက်ထားက သွားကြားထိုးတံကိုးချောင်းကို ခွက်ထဲမှနှိုက်ကာစားပွဲပေါ်တွင် စီ
ချပြသည်။
“အဲလိုစီချထားတဲ့(၉) ချောင်းကို သုံးဒါဇင် ဖြစ်အောင် အသွင်ပြောင်းပေးရမယ်တဲ့။ သုံးဒါဇင်ဆိုတော့ (၃၆) ချောင်းပေါ့”
“ဟင် ….”
ဒိန်းခနဲခုန်တက်သွားသော ဦးနှောက်သတိပေးသံနှင့် အတူ ဖြိုးခေတ်လက်က အလိုလို
အိတ်ထဲမှ စာရွက်ကို စမ်းမိသွားသည်။ ရုံးခန်းမှရလာသော စာရွက်နှင့် က ….
တစ်ခုခု ကတော့ ဆက်စပ်နေပြီး ဘောပင် (၉)ချောင်းကို (၃၆) ချောင်း ဖြစ်အောင် လုပ်ပေးမယ်ဆိုတာနဲ့ သွားကြားထိုးတံကိုးချောင်းကို (၃၆) ချောင်း ဖြစ်အောင် အသွင်ပြောင်းပေးရမယ် ဆိုတာနဲ့က ….
ဘောပင်နှင့် သွားကြားထိုးတံသာ ကွာ၍ ဆိုလိုရင်းက တူနေသည်မဟုတ်ပါလား။ ဒါ …
ဒါဆို ။
ဖြိုးခေတ် ရူပါလင်းဆီ အကြည့်ရောက်သွားသည်။ ရူပါလင်း ကတော့ သူမနှင့် မသက် ဆိုင်သည့်အလား သက်ထားစီပြထားသော သွားကြားထိုးတံတွေ ကိုသာ စိုက်ကြည့်နေပါ၏ ။
“ဒီ ……….. ဒီပဟေဠိကို ဘယ်သူမေးတာလဲ”
အလျင်စလို မေးလိုက်သော သူ့မေးခွန်းကို …..
“ကျွန်မတို့ သူငယ်ချင်း တစ်ယောက် ။ ဒါပေမဲ့ သူက ဒီကျောင်း ကတော့ မဟုတ်ဘူး စီးပွားရေး က။ ကျွန်မတို့ဆီကို လာလည်ရင်းနဲ့ ဖွက်သွားတာ။ ခုနလေးတင် ပြန်သွားပြီ”
ဖြိုးခေတ် နှလုံးသွေးတို့ ဆူပွက်သွားသည်။ အဲဒီ မိန်းကလေး ဘယ်သူလဲ ……
သိချင်စိတ်တို့ဖြင့် ပြင်းပြသွားရကာ မေးမည် ဟန်ပြင်လိုက်ပြီးမှ တစ်စုံတစ်ခုကို တွေးမိ ပြီး ပြန်ငြိမ်နေလိုက်သည်။ ထိုစဉ်မှာ ပင် သီရိက -
“ဘယ်လိုလဲ ကိုဖြိုးခေတ် ….. ကူညီနိုင်မလား”
ဖြိုးခေတ်စိတ်တို့ကို ပဟေဠိထဲသို့ ခဏဆွဲသွင်းလိုက်ပြီး ခေါင်းကို အလုပ်ပေးလိုက် သည်။ရူပါ အပါအဝင် သုံးယောက် လုံးကလည်းသူ့အဖြေကို စိတ်ဝင်တစား ငံ့လင့်ဟန်တွေ အထင်း သားပေါ်နေ၏ ။
ဖြိုးခေတ်စဉ်းစားနေရင်းမှ ရေး တေးတေးလေး သဘောပေါက်လာသည်။ ဖြိုးခေတ်စိတ် ထဲမှ သွားကြားထိုးသံကိုးချောင်းကို သုံးဒါဇင် ဖြစ်အောင် စီကြည့်လိုက်သည်။ ဟုတ်ပြီ ….. ရပြီ။
မေးခွန်းက အသွင်ပြောင်းပေးဖို့ပင် မဟုတ်ပါလား။
ထိုနောက်တော့ ဖြိုးခေတ်စားပွဲပေါ်မှ သွားကြားထိုးတံတွေ ကို လက်ချောင်းတို့ဖြင့်
ထိတွေ့  လှုပ်ရှားလိုက်ပါ၏ ။ ခဏချင်းပင် သွားကြားထိုးတံကိုးချောင်းမှာ သုံးဒါဇင်သို့ အသွင်ပြောင်း သွားသည်။
ဝင်းတက်သွားသော သဘောပေါက်ဟန် မျက်နှာတွေ နှင့် အတူ သူ့ဆီသို့ အထင် တကြီးအကြည့်တွေ တပုံကြီးရောက်လာသည်။
ဖြိုးခေတ်သွားကြားထိုးတံ ကိုးချောင်းကို သုံးဒါဇင် (သုံးဆယ့်ခြောက်ချောင်း) ဖြစ် အောင် အသွင်ပြောင်းပေးလိုက်ပုံက အောက်ပါအတိုင်းသာ ……..
“ဟယ် … ဟုတ်တယ်တော့”
“ဟေး …… ရုပ်ရှင်ကြည့်လို့ရပြီ”
ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသော ရူပါလင်းတို့ သုံးယောက် မျက်နှာကို ကြည့်မိရင်း မှ သူတစ်ခုစဉ်းစားမိသည်။
“ကိုဖြိုးခေတ် ………. ကျွန်မတို့နဲ့ ရုပ်ရှင်လိုက်ကြည့်မှာ လား”
သူ ပြုံးရင်း ခေါင်းတစ်ချက်ရမ်းလိုက်ကာ …
“မကြည့်တော့ပါဘူးဗျာ၊ ဒါပေမယ့် ဒီပဟေဠိပိုင်ရှင် နာမည် ကို ကျွန်တော် သိခွင့်ရှိ မလား”
“ရပါတယ် ………. နာမည် က မြတ်နိုးပွင့် တဲ့။ စီးပွားရေး ဒုတိယ နှစ် က”
“မြတ်နိုးပွင့်”
ဖြိုးခေတ်စိတ်ထဲ ရေရွတ်မိသည်။ ဒီနာမည် ကို သူကြားဖူးသည်။ စိတ်ထဲတွင် လည်း ရင်းနှီးနေသည်။ ထိုစဉ်မှာ ပင် သူတို့ထိုင်နေရာကန်တင်းရှေ့မှ ဖြတ်သွားသော ကျောင်းသားတစ် ယောက် ဆီသို့ အကြည့်တစ်ခုရောက်သွားချိန်မှာ တော့ ဖြိုးခေတ် အရာရာကို နားလည် သွားပါသည်။ ဟုတ်သည် (အား …. အား)
အရင်ရက်စွဲတချို့ဆီမှ တိရစ္ဆာန်စကားတတ်လားဟူသော မိုးလွင်၏ အကူအညီ တောင်းသံနှင့် တိရစ္ဆာန်လိုရည်းစားစကား အပြောခံချင်သော ထူးထူးဆန်းဆန်း ကောင်မလေးကို သတိရမိသည်။ ဟုတ်သည် အဲ့ဒီကောင်မလေးနာမည် လည်း မြတ်နိုးပွင့်။
စီးပွားရေး ကပဲ ……….
ပြီးတော့ သီရိစကားအရ သူမတို့၏ သူငယ်ချင်းလို့ ဆိုသည်။ ဒါဆို ……..
“ဒီတစ်ခါ သူခင်ဗျားတို့ဆီလာရင် ကျွန်တော့် ကို မိတ်ဆက်ပေးပါလား”
သူ့စကားကြောင့် သီရိမျက်လုံး အရောင် တစ်မျိုး ပြောင်းသွား သည်။ ပြီး ရူပါ့ဆီကို ကြည့်သည်။ နောက် သူ့ဆီကို အကြည့်ပြန်လှည့်၍ အားတုံ့အားနာဖြင့် ………..
“မိတ်ဆက်ပေးလို့တော့ရပါတယ်။ ဒါပေမယ့် သူလည်း ရူပါ့လိုပဲ ဗေဒင်ဆို မယုံဘူး။ တစ်ခါတစ်ခါ ရူပါ့ ထက်တောင်ပိုဆိုးသေးတယ်။ တော် ကြာ ကျွန်မတို့ မိတ်ဆက်ပေးပြီးမှ ဗေဒင်ဆရာ မှန်းသိရင် ကိုဖြိုးခေတ်ကို အားနာစရာတွေ ဖြစ်မှာ စိုးလို့။ သူက တစ်မျိုး ဗေဒင်ဆရာတွေ ကို အလောင်း အစားလုပ်ပြီးစမ်းတာ။ မှားရင်တော့ အရှက်ကွဲတော့တာပဲ။ အဲဒါကြောင့် မို့လို့ ……….
ဖြိုးခေတ် ကြက်သီး ဖျင်းကနဲထသွားသည်။ နှလုံးသွေးတို့ ပူနွေးရှိန်ဖိန်း သွားပါ၏ ။ သူကြုံတွေ့ ခဲ့ရသော ရက်စွဲတစ်ခုအရ သီရိစကားက ယုံကြည်၍ ရသည်။ မိုးလွင်ဆိုသော ကောင်လေး
၏ အတွေ့ အကြုံနှင့် သူ၏ အကြံပေးချက်အရ မြတ်နိုးပွင့်သည် ဒီလို ကိစ္စမျိုး စိတ်ဝင်စားနိုင်သည်။ ပြီးတော့ ရုံးခန်းထဲမှ တိုင်စာနှင့် သွားကြားထိုးတံပဟေဠိ၊ ဒါကရော ဘာသဘောနည်း။ သူ့ကို ဘလိုင်း ကြီးဝင်နွှယ်တာလား ………..
ဒါမှမဟုတ်…….
“အဟင်း …….. ကျွန်တော် လည်း အဲလိုစိမ်ခေါ်သူတွေ ကို စိတ်ဝင်စားပါတယ်။ ရပါတယ် ဒီတစ်ခါလာရင်သာ ကျွန်တော် နဲ့ မိတ်ဆက်ပေးပါ”
ပြော၍ ဖြိုးခေတ်မတ်တပ်ထရပ်လိုက်သည်။ ပြီးနောက် ရူပါ့ဆီသို့ အကြည့်တစ်ခု အတတ်နိုင်ဆုံးရိုးသားရင်းကြည့်ကာ ကန်တင်းထဲမှ ထွက်လာခဲ့ပါတော့သည်။
ကံကြမ္မာကြီးက သူ့အပေါ်ဘယ်လိုပုံဖော်ပေးဦးမည် နည်း။ သူ့ကို ဒုတိယရူပါလင်းနဲ့ ထပ်တွေ့ စေဦးမည် လား။
"ဟာ"
စာရွက်ကိုကြည့်၍ ဖြုးခေတ် အာမေဍိတ်သံပင် ထွက်သွားသည်၊ ဘာတွေ နည်း။
ကြောင်အစွာ ဆရာ့ကို ကြည့်မိတော့။
"ဘယ်သူဘယ်ညာတော့ ငါအမေးပါဘူး၊ ပြန်ပေးလိုက် ပါကွာ။ ဘောပင် (၉) ချောင်းတောင်ဆိုတော့ မင်းအတွက်လည်း များ လွန်းပါတယ်။ ငါ့မှာ ရေး စရာဘောပင်မရှိလို့ တစ်ချောင်းတစ်လေလောက်ပေးပါဆိုရင် ပေးမှာ ပါ။ ဒါပေမယ့် မင်းက ခုလိုကြီးလုပ်သွားတာတော့ ဘယ်ကောင်းမလဲ"
"ဟာ....ဆရာ.....မဟုတ်"
"ရတယ် ....ငါနားလည်တယ်၊ ကဲ.....သွား....သွား ...သွားပြန်ပေးလိုက် "
ဆရာက လုံးဝကို အတည်ယူသွားပေပြီ။ ဘာတွေ နည်း ဒီစာကရော မည် သူရေး တာနည်း။
လောလောဆယ်တော့ သူ့မှာ လုပ်စရာတစ်ခုပဲရှိသည်။
"ဒီ....ဒီစာကို ဘယ်သူပေးသွားတာလဲ ဆရာ"
'မင်းမသိဘူးလား ' ဟူသော အကြည့်ဖြင့် သူ့ကိုတစ်ချက်ကြည့်သည်။ ပြီးတော့ ခေါင်းကို ခပ်လေးလေး ရမ်းရင်း........
"မသိဘူးကွ၊ ငါ အခန်းထဲပြန်ရောက်တော့ စားပွဲပေါ်မှာ ဒီစာကို တွေ့ တာပဲ"
ဖြိုးခေတ်ခေါင်းတို့ အလုပ်ရှုပ်သွားလေသည်။ သူ့မှာ ရန်သူမရှိပါ။ ဒါပေမယ့် ယခုပုံစံက လှလှပပလေး လုပ်ကြံသွားသော ပုံစံ။
ဒါနဲ့ ဖြိုးခေတ်စာရွက်ကို ကိုင်ကာ အခန်းထဲမှ ထွက်သွားခဲ့ပါတော့သည်။
"ဟေ့ကောင် ..... သေချာပြန်ပေးလိုက် နော်"
ဆရာအသံက နောက်မှ ကပ်ပါလာ၏ ။
ဖြိုးခေတ်မှာ တော့.........
*
စာလည်း ဆက်သင်ချင်စိတ်မရှိတော့သည့်အတွက် ကန်တင်းများ ဘက်သို့ ဘဲ ထွက်လာခဲ့သည်။ ခေါင်းစားစရာ ကိစ္စတစ်ခု ကတော့ ပေါ်လာပါပြီ။
စာရွက်ကိုကိုင်ရင်း ငေါင်တောင်တောင်ဖြင့် ကန်တင်းတစ်ခုရှေ့မှ အဖြတ်။
"ကိုဖြိုးခေတ်....ကိုဖြိုးခေတ်"
နာမည် ခေါ်သံကြောင့် လှည့်ကြည့်မိတော့ သက်ထား၊ စားပွဲတွင် ထိုင်နေသော ရူပါလင်းနှင့် သီရိကိုလည်း တွေ့ လိုက်ရသည်။ လက်ယပ်လှမ်းခေါ်နေသော ကြောင့် ဖြိုးခေတ်ကြောင်သွားသည်။ ပြီးမှ နားမလည်သော ပုံစံဖြင့် သူ့ကိုယ်သူ လက်ညိုးထိုးပြသည်။
'ဟုတ်တယ်' ဟူ၍ သက်ထားက ခေါင်းညိတ်ပြလိုက်သော ကြောင့် သူဝင်သွားလိုက်ရပါ၏ ။ အထဲရောက်တော့......
"ကိုဖြိုးခေတ် ကျွန်မတို့ကို တစ်ခုကူညီပါဦး"
သိပ်ဆန်းသော ကိစ္စတစ်ခု မဟုတ်ပါ ။ ထို့ကြောင့် လည်း.............
"ပြောလေ ...ဘာကူညီရမလဲ"
သက်ထားက ရူပါလင်းကိုကြည့်သည်။ ပြီးတော့ သီရိကိုကြည့်သည်။
ဘာတွေ မှန်းမသိကြောင့် သူလည်းဘာမှန်းမသိဘဲနှင့် ၀င်ထိုင်လိုက်သည်။
ထိုအခါမှ ရှုပါလင်းက ရှက်ဝဲ၀ဲ အသံဖြင့် …….
“ကျွန်မတို့ကို ပဟေဠိတစ်ခုလောက်ဖြေပေးစမ်းပါ”
“ပဟေဠိ”
သူ သံယောင်လိုက်သွားသည်။
ရှက်ဝဲ၀ဲ ဖြစ်နေသော ရူပ ပုံစံကို ကြည့်၍ လည်း စိတ်ဝင်စားသွားရပါ၏ ။
“ပြောလေ…………ဘာပဟေဠိလဲ”
“ဒီလိုပါ ….ခုန ကျွန်မတို့ကို သူငယ်ချင်း တစ်ယောက် က ပဟေဠိ ၀ှက်သွားတယ်။ ပြောနိုင်ရင် ရုပ်ရှင်လိုက်ပြမယ်လို့လည်း ပြောသွားတယ်။ အဲဒါကြောင့် …………”
“ဒါဆို ကျွန်တော် ပြောနိုင်ရင် ကျွန်တော့် ကိုလည်း ရုပ်ရှင်ပြမှာ ပေါ့………..”
“အာ…..ပြာမှာ ပေါ့မှန်အောင်သာဖြေပေး”
သီရိစကားကြောင့် ဖြိုးခေတ်အနည်းငယ်ပြုံးလိုက်သည်။ နောက်ရူပဆီသို့ လည်း တစ်ချက်ကြည့်မိ၏ ။ ဂျစ်ပစီ ဆိုင်မှကိစ္စကိုမေ့ဖျောက်ထားသည့်အခလျား မျက်နှာလေး ပကတိ ဖြူစင်နေသည်။
ထိုစဉ်မှာ ပင် သက်ထားက ………………
“ဒီလိုဆို ကိုဖြိုးခေတ်ရဲ့ ၊ ပဟေဠိက သွားကြားထိုးတံကိုးချောင်းကို ဒီလိုချထားတယ်တဲ့”
ပြော၍ သက်ထားက သွားကြားထိုးတံကိုးချောင်းကို ခွက်ထဲမှ နှိုက်ကာ စားပွဲပေါ်တွင် စီချပြသည်။
“အဲဒီ လိုချထားတဲ့ (၉) ချောင်းကို သုံးဒါဇင် ဖြစ်အောင် အသွင်ပြောင်းပေးရမယ်တဲ့။ သုံးဒါဇင်ဆိုတော့ (၃၆) ချောင်းပေါ့”
“ဟင်……”
ဒိန်းကနဲ ခုန်တက်သွားသော ဦးနှောက်သတိပေးသံနှင့် အတူ ဖြိုးခေတ်လက်က အလိုလို အိတ်ထဲမှ စာရွက်ကို စမ်းမိသွားသည်။ ရုံးခန်းမှ ရလာသော စာရွက်နှင့် က……..
တစ်ခုခုတော့စပ်စက်နေပြီး ဘောပင် (၉)ချောင်းကို (၃၆) ချောင်း ဖြစ်အောင် လုပ်ပေးမယ်ဆိုတာနဲ့ သွားကြားထိုးတံ ကိုးချောင်ူးကို (၃၆) ချောင်း ဖြစ်အောင် အသွင်ပြောင်းပေးမယ်ဆိုတာနဲ့က………
ဘောပင်နှင့် သွားကြားထိုးတံသာကွာ၍ ဆိုလိုရင်းက တူနေသည် မဟုတ်ပါလား။ ဒါ…..ဒါဆို။
ဖြိုးခေတ် ရူပါလင်းဆီ အကြည့်ရောက်သွားသည်။ ရူပါလင်း ကတော့ သူမနှင့် မဆိုင်သည့်အလား သက်ထားစီပြထားသော သွားကြားထိုးတံကိုသာ စိုက်ကြည့်နေပါ၏ ။
“ဒီ………….ဒီ ပဟေဠိကို ဘယ်သူမေးတာလဲ”
အလျစ်စလိုမေးလိုက်သော သူ့မေးခွန်းကို…………..
“ကျွန်မတို့ သူငယ်ချင်း တစ်ယောက် ပါ ။ ဒါပေမယ့် သူက ဒီကျောင်း ကတော့ မဟုတ်ဘူး စီးပွားရေး က။ ကျွန်မတို့စီ လာလည်ရင်းနဲ့ ဖွက်သွားတာ။ ခုန လေးတင်ပြန်သွားပြီ”
ဖြိုးခေတ် နှလုံးသားတို့ ဆူပွက်သွားသည် ။ အဲဒီ မိန်းကလေးဘယ်သူလဲ………
သိချင်စိတ်တို့ဖြင့် ပြင်းပြသွားရကာ မေးမည် ဟန်ပြင်လိုက်ပြီးမှ တစ်စုံတစ်ခုကိုတွေးမိပြီး ပြန်ငြိမ်နေလိုက်သည်။ ထိုစဉ်မှာ ပင် သီရိက -
“ဘယ်လိုလဲ ကိုဖြိုးခေတ်………….ကူညီနိုင်မလား”
ဖြိုးခေတ်စိတ်တို့ကို ပဟေဠိထဲသို့ ခဏဆွဲသွင်းလိုက်ပြီး ခေါင်းကို အလုပ်ပေးလိုက်သည်။ ရူပါအပါအ၀င် သုံးယောက် လုံးကလည်း သူ့အဖြေကို စိတ်ဝင်တစား ငံ့လင့်ဟန်တွေ အထင်းသားပေါ်နေ၏ ။
ဖြိုးခေတ် စဉ်းစားနေရင်းမှ ရေး တေးတေးလေး သဘောပေါက်လာသည်။ ဖြိုးခေတ်စိတ်ထဲမှ သွားကြားထိုးတံကိုးချောင်းကို သုံးဒါဇင် ဖြစ်အောင် စီစဉ်ကြည့်လိုက်သည်။ ဟုတ်ပြီ………..ရပြီ။
မေးခွန်းက အသွင်ပြောင်းပေးဖို့ပင် မဟုတ်လား။
ထို့နောက် ဖြိုးခေတ် စားပွဲပေါ်မှ သွားကြားထိုးတံတွေ ကို လက်ချောင်းတို့ဖြင့် ထိတွေ့ လှုပ်ရှားလိုက်ပါတော့သည်။ ခဏချင်းပင် သွားကြားထိုးတံ ကိုးချောင်းမှ သုံးဒါဇင်သို့ အသွင် ပြောင်းသွား သည်။
ဝင်းလက်သွားသော သဘောပေါက်ဟန် မျက်နှာတွေ နှင့် အတူ သူ့ဆီသို့ အထင်တကြီးအကြည့်တွေ တပုံကြီးရောက်လာသည်။
ဖြိုးခေတ် သွားကြားထိုးတံကိုးချောင်းကို သုံးဒါဇင် (သုံးဆယ့်ခြောက်ချောင်း) ဖြစ်အောင် အသွင်ပြောင်းပေးလိုက် ပုံက အောက်ပါအတိုင်းသာ……….
“ဟယ်……ဟုတ်တယ်တော့”
“ဟေး……..ရုပ်ရှင်ကြည့်ရပြီ”
ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသော ရူပါလင်းတို့သုံးယောက် မျက်နှာကိုကြည့်မိရင်းမှ သူတစ်ခု စဉ်းစားမိသည်။
“ကိုဖြိုးခေတ် ကျွန်မတို့နဲ့ ရုပ်ရှင်လိုက်ကြည့်မှာ လား”
သူပြုံးရင် ခေါင်းတစ်ချက် ရမ်းလိုက်ကာ………
“မကြည့်တော့ပါဘူးဗျာ ဒါပေမယ့် ဒီပဟေဠိပိုင်ရှင်နာမည် ကို ကျွန်တ်ာသိခွင့်ရှိမလား”
“ရပါတယ်…..နာမည် က မြတ်နိုးပွင့်တဲ့။ စီးပွားရေး ဒုတိယနှစ် က”
“မြတ်နိုးပွင့်”
ဖြိုးခေတ် စိတ်ထဲမှ ရေရွတ်မိသည်။ ဒီနာမည် ကို သူကြားဖူးသည်။ စိတ်ထဲတွင် လည်း ရင်းနှီးနေသည်။ ထိုစဉ်မှာ ပင် သူတို့ထိုင်နေရာကန်တင်းရှေ့မှ ဖြတ်သွာသော ကျောင်းသား တစ်ယောက် ဆီသို့ အကြည့်ရောက်သွားချိန်မှာ တော့ ဖြိုးခေတ် အရာရာကိုနားလည် သွားပါသည်။ ဟုတ်သည်(အား………အား)
အရင်ရက်စွဲတစ်ချို့စီမှ တိရိစ္ဆာန်စကားတက်လားဟူသော မိုးလွင်၏ အကူအညီတောင်းသံနှင့် တိရိစ္ဆာန်လို ရည်းစားစကားအပြောခံချင်သော ထူးထူးဆန်းဆန်းကောင်မလေးကို သွားသတိရမိသည်။ ဟုတ်သည် အဲဒီ့ ကောင်မလေးနာမည် လည်း မြတ်နိုးပွင့်။
စီးပွားရေး ကပဲ……..
ပြီးတော့ သီရိစကားအရ သူမတို့၏ သူငယ်ချင်းလို့ဆိုသည်။
ဒါဆို………..
“ဒီတစ်ခါ သူခင်ဗျားတို့ဆီလာရင် ကျွန်တော့်ကို မိတ်ဆက်ပေးပါလား”
သူ့စကားကြောင့် သီရိမျက်လုံး အရောင် တစ်မျိုး ပြောင်းသွား သည်။ ပြီး ရူပဆီကို ကြည့်သည်။ နောက် သူ့ဆီကို အကြည့်ပြန်လှည့်၍ အားတုံအားနာဖြင့် ……..
“မိတ်ဆက်ပေးလို့တော့ ရပါတယ်။ ဒါပေမယ့်သူလည်း ရူပါ့လိုပဲ ဗေဒင်ဆို မယုံဘူး။ တစ်ခါတစ်ခါ ရူပါ့ထက်တောင်ဆိုး ပိုဆိုးသေးတယ်။ တော် ကြာကျွန်မတို့ မိတ်ဆက်ပေးပြီးမှ ဗေဒင်ဆရာမှန်းသိရင် ကိုဖြိုးခေတ်ကို အားနာစရာတွေ ဖြစ်ကုန်မှာ စိုးလို့။ သူကတစ်မျိုး ဗေဒင်ဆရာတွေ ကို အလောင်းအစားလုပ်ပြီးစမ်းတာ။ မှားရင်တော့ အရှက်ကွဲတော့တာပဲ။ ဒါ့ကြောင့် မို့လို့……”
ဖြိုးခေတ် ကြက်သီးတစ်ချက် ဖြန်းခနဲထသွားသည်။ နှလုံးသွေးတို့ ပူနွေးရှိန်းဖိန်း သွားပါ၏ ။ သူကြုံတွေ့ ခဲ့ရသော ရက်စွဲတစ်ခုအရ သိရိစကားက ယုံကြည့်ရသည်။ မိုးလွင်ဆိုသော ကောင်လေး၏ အတွေ့ အကြုံနှင့် သူ၏ အကြံပေးချက်အရ မြတ်နိုးပွင့်သည် ဒီလိုကိစ္စမျိုး စိတ်ဝင်စားနိုင်သည်။ ပြီးတော့ ရုံးခန်းထဲမှ တိုင်စာနှင့် သွားကြားထိုးတံ ပဟေဠိ၊ ဒါကရော ဘာသဘောနည်း။ သူ့ကို ဘလိုင်းကြီးဝင်နွှယ်တာလား…….
ဒါမှ မဟုတ်…………….
“အဟင်း…..ကျွန်တော် လည်း အဲဒီ လို စိန်ခေါ်သူတွေ ကို စိတ်ဝင်စားပါတယ်။ ရပါတယ် ဒီတစ်ခါလာရင်သာ ကျွန်တော် နဲ့ မိတ်ဆက်ပေးပါ”
ပြော၍ ဖြိုးခေတ် မတ်တပ်ထရပ်လိုက်သည်။ ပြီးနောက် ရူပါဆီသို့ အကြည့်တစ်ခု အတက်နိုင်ဆုံး ရိုးသားရင်းကြည့်ကာ ကန်တင်းထဲမှ ထွက်လာခဲ့ပါတော့သည်။
ကံကြမ္မာကြီးက သူ့အပေါ် ဘယ်လိုပုံဖော်ပေးဦးမည် နည်း။ သူ့ကို ဒုတိယရူပါလင်းနှင့် ထပ်တွေ့ စေဦးမည် လား။
“အင်း ……… ဒီအတိုင်းဆိုရင် မင်းကိစ္စက တော် တော် စိတ်ဝင်စားဖို့ ကောင်းနေပြီ။ မင်း ပြောပုံအရဆိုရင်တော့ မြတ်နိုးပွင့်က မင်းကို ပေါ်တင်ကြီး လာနွယ်တယ်လို့ ထင်စရာပဲ၊ မင်းရော ဘယ်လိုထင်လဲ”
“အဲလိုလည်း ငါမထင်ချင်ဘူးကွ။ ဒါပေမယ့် မင်းထင်သလို မတွေးဘဲ ရိုးရိုးလေးတွေး ရင်လည်း တစ်ယောက် ကပျောက်နေပြန်ရော”
“ဘယ်လို ပျောက်တာလဲ”
“တိုင်စာပို့တဲ့လူနဲ့ မြတ်နိုးပွင့်နဲ့က တစ်ယောက် စီ ဖြစ်မယ်ဆိုရင်ရော …….. မြတ်နိုးပွင့် က ရူပါတို့နဲ့ သူငယ်ချင်းကွာ။ ဒါ့ကြောင့် ရူပါတို့ဆီလာလည်တယ်။ ပြန်ခါနီး သူတို့ကို ပဟေဠိတစ်ခု ဝှက်သွားတယ်။ အဲဒီ ပဟေဠိကို သူတို့ မဖြေနိုင်လို့ ငါ့ကို မေးတယ်။ ဒါဆိုရင် ရှင်းရှင်းလေး မြတ်နိုးပွင့်
က ငါနဲ့ မဆိုင်တော့ဘူး။ အဲလိုတွေးမယ်ဆိုရင် ငါနဲ့ဆိုင်တာ တိုင်စာပို့တဲ့လူ ဖြစ်သွားပြီ။ ဒါပေမယ့် တိုင်စာပို့တဲ့လူက ဘယ်သူမှန်းမသိ ပျောက်နေပြန်ရော”
“ဒါမှ မဟုတ် မင်းထင်သလို မြတ်နိုးပွင့်က မင်းကို စိတ်ဝင်စားလို့ လာနွယ်တာဆို ရင်ရော”
“ဒါတော့ ဖြစ်မယ်မထင်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ ငါ့ကို စိတ်ဝင်စားတယ်ဆိုရင် ငါ့ အကြောင်းကို အနည်းအကျဉ်းတော့ သိထားမှာ ပဲ။ မြတ်နိုးပွင့်က ရူပါလင်းလိုပဲကွ။ ဗေဒင်ကို လုံးဝမယုံ
ဘူး။ အဲဒါနဲ့တင် မင်းအထင် လုံးဝမှားသွားပြီ။ နောက်ပြီး မိုးလွင်နဲ့ကလည်း ဒီအချိန်ဆို အဆင်ပြေနေ လောက်ပြီ။ အဲဒါဆိုရင် အခုကိစ္စက မြတ်နိုးပွင့်နဲ့ မဆိုင်တော့ဘူး”
“တကယ်လို့ မိုးလွင်နဲ့ အဆင်မပြေသေးဘဲ မင်းဆီကို ဦးတည်လာတယ်ဆိုရင်ရော”
“ဒါဆိုရင်တော့ မြတ်နိုးပွင့် တိုင်စာပို့တဲ့သူနဲ့ အတူတူထည့်စဉ်းစားရမှာ ပေါ့”
“အေးကွ ………. မိုးလွင်နဲ့ ကြိုက်မကြိုက်သေချာသိရင်တော့ ငါတို့ စဉ်းစားစရာလူ တစ်ယောက် လျော့သွားမယ်”
“အေး … ငါလည်း အဲ့ဒီကိစ္စကို သေချာသိချင်လို့ ညနေကမိုးလွင်ကို လိုက်ရှာတာ နှံနေ
တာပဲ။ ခြေသာတိုသွားတယ် မတွေ့ ဘူး”
သူတို့ သုံးယောက် စကားသံတို့ ခဏတိတ်သွားသည်။ တအောင့်ကြာတော့ ……
“ဟေ့ကောင် ဖြိုးခေတ် ……. မင်းရူပါ့ကို ဘယ်လိုမြင်လဲ”
ကျော်စွာ စကားကြောင့် ဖြိုးခေတ်မျက်မှော င်ကြုတ်သွားသည်။
“ငါဆိုလိုတာက ဒီကိစ္စထဲမှာ ရူပါ ပါမပါ …..”
“ငါတော့ မထင်ဘူး”
မင်းသစ်က ဝင်ပြောလိုက်ခြင်းပါ။
“မြတ်နိုးပွင့်မပါတဲ့အပိုင်းကို စဉ်းစားကြည့်။ ရူပါက ဗေဒင်ကို မယုံဘူး။ ဖြိုးခေတ်က အရမ်းရူးသွပ်တယ်။ အဲဒီ တော့ သူတို့ နှစ် ယောက် အယူဝါဒ ကွဲလွဲချက်အရ (၆) လကြာမှ ဖွင့်မယ် ဆိုတဲ့ စာတစ်စောင်ရေး ပြီး အလောင်းအစားလုပ်တယ်။ အဲ့ဒီမှာ တင် ဇာတ်လမ်းက ပြီးသွားပြီ။ ထပ် ဆက်လို့မရတော့ဘူး။ ဆက်မယ်ဆိုရင်လည်း နောက်(၆) လပြီးမှ ဆက်လို့ရမယ် ……
နောက် (၆) လ ပြည့်ပြီးမှ စာအိတ်ဖောက်ကြည့်လို့ ဖြိုးခေတ်မှန်ရင် ဇာတ်လမ်းထပ် ဆက်၊ မမှန်ရင် ဇာတ်လမ်းကလုံးဝ ရပ်။ ဒီကြားထဲမှာ သူတို့နှစ် ယောက် ဇာတ်လမ်း ဖြစ်စရာမရှိဘူး။ အဲဒီ တော့ ရူပါ့ကို ထင်မယ်ဆိုရင်လည်း နောက် (၆)လ ပြည့်ပြီးမှ ထင်လို့ရမယ်”
မင်းသစ်စကားကလည်း ဟုတ်နေသည်။ ဒီကြားထဲမှာ သူနှင့် ရူပါ ထိပ်တိုက်တွေ့ စရာ ကိစ္စမရှိ။
ဒါဆို ဘာကို ဘယ်လိုတွေးရမည် လဲ ……..
ဖြိုးခေတ် စိတ်ရှုပ်ထွေးစွာ ခေါင်းရမ်းမိသည်။
ဒီလိုနှင့် ပဲ မရေရာသော ညတစ်ခုက ကုန်လွန်သွားခဲ့ပါ၏ ။
ဒီနေ့မနက်တော့ ဖြိုးခေတ် အခြေအနေကောင်းနေသည်။ နေ့ဝက်ပင်မကျိုးချင်သေး လူနှစ် ယောက် ရပြီးသွားပြီ။ အိတ်ကပ်ထဲမှ နှစ် ယောက် စာဟောကြေးမ ဖြစ်စလောက်က ဖေဖေမသိ အောင် မေမေ ခိုးထည့်ပေးထားသော သူ့ဘဏ်စာအုပ်ထဲမှ ငွေများ နှင့် ယှဉ်လျှင်တော့ သိမ်ငယ် ချင် ကောင်းသိမ်ငယ်လိမ့်မည် ။
ဒါပေမယ့် ဒီငွေမ ဖြစ်စလောက်လေးသည် သူကိုယ်တိုင် လုံ့လပြု၍ ရှာထားသော ငွေ၊ သူ့ကြိုးစားမှု ၏ အသီးအပွင့်၊ အိမ်ပေါ်မှဆင်းခဲ့သည့် အချိန်မှစလို့ ယခုအချိန်ထိ သူ့ဘဏ်လက်မှတ် က အရာမယွင်းသေး၊ ကင်းနိုင်သမျှကင်းအောင်လည်း နေသည်။
“မင်းကြိုက်တဲ့လမ်းကို မင်းလျှောက်ခဲ့ပြီးပြီ။ မင်းကိုယ်မင်း တာဝန်မယူရဲဘူးလား။ မင်း အားကျတဲ့ ဂျစ်ပစီဆိုတာ ဒီလို ပျော့ညံ့ညံ့ ကောင်တွေ လား။ မင်းလို ပျော့ညံ့တဲ့သားမျိုး မွေးထားမိတာ ငါမှားတာပဲ”
ဟူသော ဖေဖေ့စကားသံတွေ ကို သူ အတတ်နိုင်ဆုံး ရှောင်ရှားချင်သည်။
အခုတော့လည်း သူ့ဘဝက အနည်းငယ်နေသားကျလို့နေပါပြီ။ ဖြိုးခေတ်လေပူ တစ်ချက်ကို မှု တ်ထုတ်လိုက်ရင်း နာရီကို ကြည့်သည်။
ကျော်စွာ နှင့် မင်းသစ်လည်း ရောက်မလာသေး။ မိုးလွင်ကို မတွေ့ သေးလို့ထင်သည်။
မိုးလွင်နှင့် တွေ့ လျှင်တော့ တစ်စုံတစ်ရာအဖြေတစ်ခုတော့ ရလိမ့်မည် ဟု ဖြိုးခေတ် တွေးမိပါ၏ ။
ထိုစဉ်မှာ ပင် ……………
“ဘာလဲကွာ ……. ကမ္ဘာဦးအစတည်းက မိန်းမနဲ့ ယောက်ျားချစ်လြာ ကတော့ သီအိုရီ ရှိတယ်မကြားဖူးဘူး။ သူ့ကျမှ အချစ်သီအိုရီတဲ့ ……… မ ဖြစ်နိုင်တာကြီး”
“ဟုတ်တယ် ……….. ဟေ့ကောင်၊ အဲဒါမင်းကို မြတ်နိုးပွင့် သက်သက် စားလိုက်တာ”
မြတ်နိုးပွင့်ဟူသော အသံကြောင့် ဖြိုးခေတ် အသံလာရာဆီ အကြည့်ရောက် သွားပါ၏ ။ သူ၏ မျက်စောင်းထိုးဝိုင်းမှ ကျောင်းသားတစ်အုပ်စု ကျိတ်မနိုင်ခဲမရ မချိတင်ကဲ ပြောနေခြင်း ဖြစ်သည်။
“အချစ်သီအိုရီကိုထုတ်နိုင်မှ မင်းချစ်ရေး ဆိုတာကို လက်ခံမယ် ဆိုတော့ ဘယ်လို ဆက်လုပ် မလဲ”
“အေးကွာ ……. ဘာဆက်လုပ် ရမှန်းကို မသိဘူး”
စကားအသွားအလာများ ကြောင့် နောက်ဆုံးပြောလိုက်သော တစ်ယောက် သည် မြတ်နိုးပွင့်ကို စိတ်ဝင်စားသူ ဖြစ်မည် ဟု တွေးမိသည်။ ဖြိုးခေတ်တိုက်ဆိုင်လွန်းသော အခြေအနေတစ် ရပ်ကို ဆက်စပ် ကြည့်နေမိစဉ်မှာ ပင် …..
အချစ်သီအိုရီဟူသော စကားကြောင့် ပြုံး ဖြစ်သည်။
ပြဋ္ဌာန်းစာအုပ်တွေ ထဲမှတော့မပါ။ ဒါပေမယ့် သူတစ်ချိန်က တွေးခဲ့ဖူးပါ၏ ။ နောက်ပြီး ထူးထူးဆန်းဆန်းတွေးတတ်သည့် မြတ်နိုးပွင့်ကိုလည်း ချီးကျူးမိသည်။
ထိုစဉ်မှာ ပင် လက်မောင်းကို တို့ထိလိုက်သော အထိတွေ့ တစ်ခုနှင့် အတူ ……..
“ကိုဖြိုးခေတ်”
“ဟေ”
ဖြိုးခေတ် တစ်ကိုယ်လုံး တောင့်မတ်သွားသည်။ သူ့မျက်စိရှေ့တွင် တွေ့ ရသည်ကား မိုးလွင်။
“ဟ …… မိုးလွင်၊ မင်း ……….. မင်း ……………….”
“ကျွန်တော် အစ်ကို့ကို တွေ့ ချင်နေတာ အရေး တကြီးကိစ္စ ရှိလို့”
“ဟာ …. ငါလည်း မင်းကို တွေ့ ချင်နေတာကွ၊ အရေး ကြီးတယ်”
သူ့စကားကြောင့် မိုးလွင်က ဘေးဘီကို ဝေ့ကြည့်သည်။ နောက်အချစ်သီအိုရီဆို၍ မကျေမချမ်းရေရွတ်နေသော ကျောင်းသားတစ်အုပ်စု ဆီသို့ အကြည့်ရောက်သွားပြီး မျက်နှာပျက်သွား ပါ၏ ။ ပြီးတော့ ………..
“တစ်နေရာကို သွားပြောရအောင် အစ်ကိုရာ။ ဒီထဲမှာ က မလွတ်လပ်ဘူး”
မိုးလွင်စကားကို ဖြိုးခေတ်လက်ခံကာ သိမ်းဆည်းစရာပစ္စည်းများ ကို သိမ်း၍ မိုးလွင် နောက်မှ လိုက်လာခဲ့ပါ၏ ။
သူတို့ နှစ် ယောက် ကျောင်းပြင်ထွက်ပြီး သောက်သူ မရှိသလောက်နည်းသည့် လမ်း ဘေးမြေစိုက်လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တွင် ထိုင်ကြသည်။
လက်ဖက်ရည်မှာ ပြီးတော့မှ မိုးလွင်က စကားစသည်။
“အစ်ကို ကျွန်တော့် ကို တွေ့ ချင်တယ်ဆိုတာ ဘာကိစ္စလဲ”
ဗြုန်းဒိုင်းကြီးမေးလိုက်သော မိုးလွင်အမေးကြောင့် ဖြိုးခေတ်ဘယ်က စမေးလို့ မေးရ မှန်းမသိ ဖြစ်သွားသည်။ ဒါနဲ့ပဲ ……..
“ငါ့ကိစ္စကို ခဏထားလိုက်ပါ။ အခု မင်းငါ့ကို တွေ့ ချင်တာ ဘာကိစ္စလဲ”
ဖြိုးခေတ် အမေးကြောင့် မိုးလွင်က မသာမယာခေါင်းကို ရမ်းသည်။ ပြီးတော့ ……
“အစ်ကို ခုန ဂျစ်ပစီမှာ ကြားခဲ့တဲ့ စကားကို မှတ်မိလား”
“ဘာစကားလဲ”
“အချစ်သီအိုရီဆိုတဲ့စကား………..”
မိုးလွင် မျက်နှာမကောင်းပါ။
“အေး …. ကြားလိုက်တယ်၊ ဘာ ဖြစ်လို့လဲ”
“ကျွန်တော့်  ကိစ္စကလည်း အဲဒါနဲ့ ပတ်သက်နေတယ် အစ်ကို”
“ဟင် …….”
“ဟုတ် တယ် ……. အစ်ကို့ကို ကျွန်တော် တွေ့ ချင်တယ်ဆိုတာ အဲဒီ အချစ်သီအိုရီ ကိစ္စ”
ဖြိုးခေတ်စိတ်ဝင်စားသွားသည်။ ပြီး ဂျစ်ပစီမှာ ကြားခဲ့သော စကားကိုလည်း ပြန်အမှတ် ရမိသည်။ ဒါဆို အခု မိုးလွင်ကိစ္စသည်လည်း မြတ်နိုးပွင့်နှင့် ပတ်သက်နေပြီလား။
“အစ်ကို့ဆီက ကျွန်တော် တိရစ္ဆာန်လို ရည်းစားစကားပြောနည်း တောင်းသွားတာ အစ်ကို မှတ်မိမှာ ပေါ့”
“အေးလေ .. မှတ်မိတယ်။ ဘယ်လိုလဲ ကောင်မလေးနဲ့ အိုကေသွားပြီလား”
ဖြိုးခေတ် သူလိုချင်သည့် Point ကို အခွင့်သာတုံး ညှပ်မေးလိုက်သည်။ မိုးလွင်က ခေါင်းကို ရမ်းပါ၏ ။
“အဆင်မပြေပါဘူး အစ်ကိုရာ … မြတ်နိုးပွင့်က လည်တယ်။ တိရစ္တာန်လို ရည်းစား စကားပြောနိုင်မှ ကျွန်တော် အချစ်ရေး ကို လက်ခံမယ်လို့ ပြောတာလေ။ အခုတော့ လက်ခံသွားပြီ။ ဒါပေမယ့် အဖြေမရသေးဘူး။ အဲဒါကို ကျွန်တော် ပေါက်ကွဲနေတာ”
ဖြိုးခေတ် ခေါင်းထဲတွင် အချက်အလက်တို့ ရှုပ်ထွေးသွားသည်။ မိုးလွင်နှင့် မြတ်နိုးပွင့် အဆင်မပြေလောက်သေးဘူးဟု ပြောသည့် ကျော်စွာ အထင် မှန်နေပြီလား။ ဒါဆိုရင်တော့ မင်းသစ် တွေးထင်သည့် အချက်က စဉ်းစားစရာ ဖြစ်လာပြီ။
“မင်းက ဘာတွေ ပေါက်ကွဲနေတာတုံး၊ တကယ်ချစ်ရင် စိတ်ရှည်ပေါ့ကွာ။ ရမှာ ပေါ့”
“မဟုတ်ဘူးအစ်ကို ကျွန်တော် တစ်ယောက် တည်းဆို ဘယ်လောက်ပဲ ကြာကြာ ကျွန်တော် စောင့်နိုင်တယ်၊ စိတ်ရှည်နိုင်တယ်။ အခုက ကျွန်တော် တစ်ယောက် တည်းမဟုတ်ဘူး”
“ဟေ …….”
“ဟုတ်တယ် …. ဂျစ်ပစီထဲမှာ တွေ့ ခဲ့တဲ့ ကောင်တွေ လည်း လိုက်နေတာ”
“ဟို ………… အချစ်သီအိုရီမရလို့ ပေါက်ကွဲနေတဲ့ကောင်တွေ လား”
“ဟုတ်တယ် အစ်ကို …….. အဲဒါကိုလည်း ကျွန်တော် တင်းနေတာ”
မိုးလွင် စကားကြောင့် ဖြိုးခေတ်ကြောင် သွားပါသည်။ သူ့ဘာသာ အချစ်သီအိုရီမရလို့ ပေါက်ကွဲနေတဲ့ကိစ္စ မိုးလွင်က ကြားထဲက ဘာကိုတင်းရသနည်း။
“အစ်ကို စဉ်းစားကြည့်ဗျာ …… မြတ်နိုးပွင့်နဲ့ ကျွန်တော် နဲ့က ငယ်ငယ်ကတည်းက သူငယ်ချင်း။ ပြီးတော့ အိမ်နီးနားချင်း၊ သူ့သဘောကျ တိရစ္ဆာန်လို ရည်းစားစကားပြောပြီးခဲ့တာလည်း ကြာပြီ။ ဒါကို မနေ့တနေ့ကမှ လိုက်တဲ့ကောင်တွေ နဲ့ တန်းတူသတ်မှတ်တာ တော် တော် တင်းဖို့ ကောင်းတယ် အစ်ကို၊ မြတ်နိုးပွင့် မတရားဘူး”
ဖြိုးခေတ် သဘောပေါက်လိုက်ပြီ။
“ဒါဆို မင်းကိုလည်း အချစ်သီအိုရီ ရှာခိုင်းတယ်ပေါ့”
“ဟုတ်တယ် …….. အဲဒါကြောင့် မို့လို့ အစ်ကို့ကို လိုက်ရှာနေတာ’
သူ အနည်းငယ်ပြုံးရင်း ခေါင်းတဆတ်ဆတ် ညိတ်မိသည်။
“ဒါနဲ့ နေပါဦးကွ၊ စီးပွားရေး က ကျောင်းသူ တစ်ယောက် ကို တို့ ကျောင်းကကောင်တွေ က ဘယ်လိုတွေ့ ပြီး လိုက် ဖြစ်သွားတာလဲ”
“အဲဒါက ဒီလိုအစ်ကို၊ မြတ်နိုးပွင့်က ဒီကျောင်းမှာ သူ့အစ်မရှိလို့ သူ့အစ်မဆီကို လာလာလည်တာ။ အဲဒါကို ဒီကောင်တွေ က တွေ့ ပြီးလိုက်တာ”
အခုတော့ ဒီကျောင်းအလာကိုတောင် မစောင့်တော့ဘူး။ စီးပွားရေး ကို ဒီကောင်တွေ အုပ်စု ခဏခဏ လိုက်သွားတယ်ကြားတယ်”
“သြော် …….”
သူ ‘သြော်’ လိုက်ရသော်လည်း စိတ်ထဲတွင် တော့ အနည်းငယ် ရှုပ်ထွေးသွားသည်။ သီရိတို့ပြောတော့ မြတ်နိုးပွင့်က သူမတို့ သူငယ်ချင်း။ သူမတို့ဆီ လာလည်တာတဲ့။ ယခု မိုးလွင်ပြော တော့ မြတ်နိုးပွင့်က သူ့အစ်မဆီ လာလည်တာတဲ့။
ကြားထဲတွင် သူမသိသော အကွက်တစ်ကွက် မြုပ်နေပြီထင်သည်။ ။ဒါပေမယ့် ….
“မင်းကို ငါကူညီလို့ရပါတယ်။ အဲဒီ မြတ်နိုးပွင့်ပြောတဲ့ အချစ် သီအိုရီဆိုတာကို ငါတစ် ချိန်က စဉ်းစားဖူးတယ်။ အတိအကျကြီးတော့ ဘယ်ဟုတ်မလဲကွာ၊ အနီးစပ်ဆုံးပေါ့။ နောက်ပြီး အဲဒီ သီအိုရီက သင်္ချာနည်းလေးပါ နည်းနည်း ရောတယ်”
မိုးလွင်မျက်နှာ လပြည့်ညက လမင်းကြီးလို ဝင်းပြည့်ဖောင်းအစ်သွားလေသည်။
“ဟာ ……… ရ ……… ရတယ်အစ်ကို ………. ကျွန်တော့် ကို သာပေး ကျွန်တော် ယူ မယ်။ ဒါနဲ့ အစ်ကို ဘယ်သူ့ပေးပြီးသွားပြီလဲ”
“ဟင့်အင်း”
“ဟာ ……….. ဝမ်းသာတယ်အစ်ကိုရာ၊ ကျေးဇူးလည်းတင်တယ်”
ချက်ချင်း ပင် မိုးလွင်က ဘောပင်နှင့် စာရွက်ထုတ်ကာ လိုက်ကူးဖို့ပြင်သည်။ ဒီတော့မှ ဖြိုးခေတ်လည်း မိုးလွင်ထံမှ ဘောပင်နှင့် စာရွက်ကိုယူ၍ သူုကိုယ်တိုင်ပင် ရေး ပေးလိုက် သည်။
သည်းခံမှု မာန် မေတ္တာ
နားလည်မှု - မာန = သစ္စာ
သဘောထားကြီးမှု အတ္တ အကြင်နာ
မေတ္တာ
သစ္စာ × နှလုံးသား = အချစ်
အကြင်နာ
“သည်းခံမှု ၊ နားလည်မှု ၊ သဘေားထားကြီးမှု တွေ ထဲက မာန်၊ မာန၊ အတ္တကို နှုတ်ရင် မေတ္တာရယ်၊ သစ္စာရယ်၊ အကြင်နာရယ်ဆိုပြီးတော့ရတယ်။
အဲ့ဒီ မေတ္တာရယ်၊ သစ္စာရယ်၊ အကြင်နာရယ်ကိုမှ နှလုံးသားနဲ့ မြှောက်ရင် ‘အချစ်’ ရပြီပေါ့”
ဖြိုးခေတ် လက်မှလည်းရေး ၊ ပါးစပ်မှလည်း ရှင်းပြသည်။
“ဒါ အစ်ကို ဥာဏ်ရှိသ၍ စဉ်းစားထားတာနော်၊ လူတိုင်းအတွက် တော့ မဆိုလိုဘူး။ အစ်ကို့အတွက်တော့ ဒီသီအိုရီက အမှန်ဆုံးပဲ”
မိုးလွင်မျက်နှာ ဝင်းကျသွားလေသည်။
“ကြိုက်တယ်အစ်ကို ဒီလောက်ဆို ဖြစ်တယ်”
ပြောပြီး မိုးလွင်က စာရွက်ကို တယုတယသိမ်းဆည်းပြီးတော့ ရေနွေးတစ်ခွက်ကို ကောက်မော့သည်။ နောက် သူ့ကို ကြည့်၍ သတိတရဖြင့် …..
“အစ်ကို ကျွန်တော့် ကို တွေ့ ချင်တယ်ဆိုတာကရော ဘာကိစ္စလဲ”
သူ့မှာ မေးစရာအကြောင်းမရှိတော့ပါ။ ဒါပေမယ့် နားမလည်တာ တစ်ခုတော့ ရှိနေ သည်။ အဲဒါက ………
“ဘာမှ မဟုတ်တော့ပါဘူးကွာ ….. ထားလိုက်ပါ။ ဒါပေမယ့် ငါမရှင်းတဲ့ ကိစ္စ တစ်ခု တော့ ရှိတယ်။ နောက်ပြီး မင်းကိုလည်း အကူအညီတောင်းချင်တယ်”
“ဘာလဲ အစ်ကို”
ချက်ချင်း ပင် မိုးလွင်စိတ်ဝင်စားသွားသည်။
“ဒီလို ………………………………………………………………………………..................
…………………………………………………………………………………………………………………………..
……………………………………………….. အဲဒါပဲ”
သူ့စကားဆုံးတော့ မိုးလွင် သဘောပေါက်သလို ခေါင်းတဆတ်ဆတ်ညိတ်ရင်း ……
“ရပါတယ်အစ်ကို …. ကျွန်တော် ကူညီနိုင်ပါတယ်။ သူ့ကို တိုက်ရိုက်မဟုတ်ရင် တောင် သူ့မိဘတွေ ဆီ မေးပေးလို့ရတယ်။ ဒါပေမယ့် အစ်ကို တွေးတာမှန်မှာ ပါ”
ထို့နောက် သူတို့ နှစ် ယောက် အချိန်ကြာကြာ စကားထပ်ပြော ဖြစ်ကြသည်။
ဟိုအကြောင်း၊ ဒီအကြောင်းတွေ ပေါ့ …..
နောက်ပြီးတော့ ဘာညာ၊ ဘာညာတွေ ပေါ့ …
![]() လက်ညှိုးထိုး၍ ပန်းဝေသည် (၂) | ![]() ဧဒင်မြို့က အပြေးသမား | ![]() ဈာပနရှင်းတမ်း |