Cover

သို့ /-

ဖေဖေနှင့် မေမေ

သားကိုမမွေးခင် ဟိုတစ်ချိန်တုန်း ကတော့ ဖေဖေနဲ့မေမေက လူပျိုလူလွတ်တွေ ဖြစ်ကြမှာ ပါ။ နှစ် ဖက်မိဘတွေ ကလည်း သဘောမတူဘူးကြားတယ်။ ဒါပေမဲ့ သဘောမတူတဲ့ကြားထဲက ဘိုးဘိုး ဘွားဘွားတွေ ဆီက မေမေ့ကို ဖေဖေ အဒိန္နဒါနာကံ ပြုခဲ့ကြတယ်နော်။ မေမေကလည်း သဘောတူ ကြည်ဖြူခဲ့တယ်။ သား တစ်ခု မရှင်းဘူးဖေဖေ။

သားငယ်ငယ်လေးကတည်းက ငါးပါးသီလနဲ့ ပတ်သက်ပြီး ဖေဖေနဲ့မေမေ ဆုံးမတာကို နာယူခဲ့ ရပါတယ်။ ငါးပါးသီလနဲ့အကျိုးအပြစ်တွေ ကိုလည်း သိခဲ့တယ်။ ကံငါးပါးမျှ လုံအောင်မထိန်းနိုင်ရန် လူ မပီသဘူးလို့လည်း ဖေဖေပြောခဲ့တယ်။ သားမရှင်းတာက ကံငါးပါးနဲ့ပတ်သက်ပြီး သားအပေါ် ဒီလောက်ဂရုစိုက်ခဲ့တဲ့ ဖေဖေက ဘိုးဘိုးဘွားဘွားတွေ ဆီက မေမေ့ကို အဒိန္နဒါနာကံ ပြုခဲ့တာကိုပဲ။ မေမေကရော ဘာ ဖြစ်လို့ လက်ခံခဲ့တာလဲ။

သားအထင်တော့ အဲဒီ အဒိန္နဒါနာဆိုတဲ့ကံကြီးက တော် တော် အရသာရှိတယ်နဲ့ တူတယ်နော်။ အဲဒီ အရသာကို သားလည်းပဲ ခံစားကြည့်ချင်တယ်။ ဒါကြောင့် မတော် ရသေးတဲ့ ယောက္ခမလောင်း တွေ ဆီက မတော် ရသေးတဲ့ ဇနီးလောင်းလေးကို အဒိန္နာဒါနာကံ ပြု သွားပါပြီ။ သားကိုခွင့်လွှတ်ပါ။

လိုက်မရှာပါနဲ့။ ဖေဖေရဲ့ personality ကို သားယုံသလို သားရဲ့ personality ကိုလည်း သား ယုံတယ်။ ဒါကြောင့် လိုက်မရှာခိုင်းတာပါ။ တစ်ချိန်က အချစ်အတွက်နဲ့ ကံငါးပါးကို တစ်ပါးကျိုးခဲ့တဲ့ ဖေဖေ၊ သားအလှည့်မှာ လည်း ကိုယ်ချင်းစာတရားကို လက်ကိုင်ထားရင်း ဒေါသအမောတွေ ဖြေ ဖျောက်နိုင်ပါစေလို့ …

အဒိန္နာဒါနာကံ အရသာကို ခံစားချင်ရုံသက်သက်ဖြင့် ….

ချစ်သော သား

မဟော်သွေး

မှတ်ချက် ။ ။ 'ဇ'ရှိလျှင်တော့ လိုက်မရှာပါနဲ့လို့ မတားလိုပါ။

'တောက်'

'ဘာလဲကွ … ဒါ ဘာသဘောလဲ။ ဘာလုပ်သွားတာလဲ'

ဦးထိပ်တင်ဒေါသသံက ဧည့်ခန်းထဲတွင် ဟိန်းသွားသည်။ ပြင်းထန်လွန်းသော ဒေါသ ပေါက်ကွဲသံကြောင့် ဒေါ်ဝင်းဝင်းနု ခန္ဓာကိုယ်မှာ အလိုလိုကျုံ့မိ သွားပါ၏ ။

ထိုစဉ်မှာ ပင် အိမ်မှာ တောက်တိုမယ်ရခေါ်ထားသော မိနီက စာရွက်တစ်ရွက်ကိုင်၍ ဧည့်ခန်း ထဲ ၀င်လာပြီး …

'အစ်ကိုလေး အခန်းထဲက ဒီစာရွက်တစ်ရွက် တွေ့ ခဲ့တယ် ဘဘကြီး'

'ပြစမ်း'

စိတ်ရှုပ်ရှုပ်နှင့် ဆွဲယူဖတ်ကြည့်ပြီးစဉ်မှာ ပင် ဦးထိပ်တင်မျက်နှာပြင်ကြီးက အနုမြူဗုံးဒဏ်ထိ သော ဟီရိုရှီးမားလို မှိုင်းဝေအုံကြွ မည်းပြာသွားတော့သည်။ ပြီး စာရွက်အား ဒေါသတကြီး လုံးချေပစ် လွှတ်လိုက်ရင်း ….

'တောက်.. ရိုက်သတ်ဖို့ ကောင်းလိုက်တာ။ အကုန်လုံးလည်း ပြင်ဆင်ပြီးပြီ။ မင်္ဂလာရက်လည်း သတ်မှတ်ပြီးမှ ဘာအရူးထသွားတာလဲ။ ဒါ … ဟိုကောင် .. ကျော်ခေါင်လက်ချက်ပဲ ဖြစ်ရမယ်။ မင်္ဂလာဆောင်ကို သူသဘောကျတဲ့ ဟိုတယ်မှာ မလုပ်ရလို့ သူ့သမီးကို မြှောက်ပေးပြီး ငါ့သားကို ခိုးပြေးခိုင်းတာ။ ပေးစမ်းကွာ … ဖုန်း'

ခါးထောက်ကာ ကျောပေးရပ်ရင်း ပြောလိုက်သော ဦးထိပ်တင်စကားကြောင့် ဒေါ်ဝင်းဝင်းနုမှ မ၀ံ့မရဲဖြင့် ..

'ဖုန်းက ရှင့်ခါးကြားမှာ လေ'

'ငါ သိတယ်။ မင်းကို တောင်းတာ မဟုတ်ဘူး။ ငါ့ကိုယ်ငါ တောင်းတာ။ တောက် … ကျော်ခေါင် မင်းနဲ့ငါ တွေ့ ကြပြီပေါ့ကွာ'

ဒေါသတကြီး အော်ငေါက်ရင်း ခါးကြားမှဖုန်းကိုထုတ်ကာ ဆက်သည်။ သို့ သော် ….

'တော် …ဒီသောက်ဖုန်းကလည်း အရေး ဆို ခေါ်လို့မရတော့ဘူး။ သွားစမ်းကွာ…'

ဖုန်းမှာ သခင်၏ ဒေါသအလိုအတိုင်း ဆိုဖာကုလားထိုင်ပေါ် ဘုတ်ခနဲ ရောက်သွားရသည်။

'ဟမ်းဖုန်းကို ဆက်လို့မရရင်လည်း အိမ်ဖုန်းကို ဆက်ကြည့်ပါလား။ အိမ်ဖုန်းဆိုရင် …'

ဒေါ်ဝင်းဝင်းနုစကားပင် မဆုံးလိုက်ပါ။ မိုးခြိမ်းသံလို အာခေါင်ခြစ်အော်လိုက်သံတစ်ခုက …

'ငါသိတယ် … မင်း လျှာမရှည်နဲ့။ အခုပဲ ကောက်ဆက်မလို့ စဉ်းစားနေတာ'

ဒါပါပဲ။

ဦးထိပ်တင်ဆိုတာ နာမည် အတိုင်း သူများ ထိပ်ပေါ်မှာ တင်နေချင်တဲ့လူလေ။

မျက်စိထဲ မြင်ကြည့်စမ်းပါဗျာ … ။ ထိပ်တင်ဆိုတော့ ထိပ်(ဦးခေါင်း)ပေါ်မှာ တင် (တင်ပါး) ရောက်နေမယ့်ပုံစံကို။

ဒါ ဦးထိပ်တင် ဒေါသထွက်ရင် ဖြစ်နေကျပုံစံပေါ့။

တော် တော် ဂွတီးဂွကျနိုင်မယ့် ပုံစံဆိုတာ တွေးကြည့်စရာမလိုဘဲ သိပါတယ်။ သြော်… ဒါနဲ့ အရေး ကြီးတာ ပြောရဦးမယ်။ သူက ခေါင်းတုံးကြီးဗျ။ တမင်သက်သက် တုံးထားတဲ့ ခေါင်းတုံး မဟုတ် ဘူး။ ထိပ်အပြောင်လွန်နေတဲ့ ခေါင်းတုံးဝင်းဝင်းကြီး။

ဒါဆို အမြင်ရှင်းပါပြီ။

×××××××


သို့ /-

ဖေဖေနှင့် မေမေ

သမီးကိုမမွေးခင် ဟိုတစ်ချိန်တုန်း ကတော့ ဖေဖေနဲ့မေမေက လူပျိုလူလွတ်တွေ ဖြစ်ကြမှာ ပါ။ နှစ် ဖက်မိဘတွေ ကလည်း သဘောမတူဘူးကြားတယ်။ ဒါပေမဲ့ သဘောမတူတဲ့ကြားထဲက ဘိုးဘိုး ဘွားဘွားတွေ ဆီက မေမေ့ကို ဖေဖေ အဒိန္နဒါနာကံ ပြုခဲ့ကြတယ်နော်။ မေမေကလည်း သဘောတူ ကြည်ဖြူခဲ့တယ်။ သမီးတစ်ခု မရှင်းဘူးဖေဖေ။

သမီးငယ်ငယ်လေးကတည်းက ငါးပါးသီလနဲ့ ပတ်သက်ပြီး ဖေဖေနဲ့မေမေ ဆုံးမတာကို နာယူခဲ့ရပါတယ်။ ငါးပါးသီလနဲ့အကျိုးအပြစ်တွေ ကိုလည်း သိခဲ့တယ်။ ကံငါးပါးမျှ လုံအောင်မထိန်းနိုင်ရန် လူမပီသဘူးလို့လည်း ဖေဖေပြောခဲ့တယ်။ သမီးမရှင်းတာက ကံငါးပါးနဲ့ပတ်သက်ပြီး သားအပေါ် ဒီလောက်ဂရုစိုက်ခဲ့တဲ့ ဖေဖေက ဘိုးဘိုးဘွားဘွားတွေ ဆီက မေမေ့ကို အဒိန္နဒါနာကံ ပြုခဲ့တာကိုပဲ။ မေမေကရော ဘာ ဖြစ်လို့ လက်ခံခဲ့တာလဲ။

သမီးအထင်တော့ အဲဒီ အဒိန္နဒါနာဆိုတဲ့ကံကြီးက တော် တော် အရသာရှိတယ်နဲ့ တူတယ်နော်။ အဲဒီ အရသာကို သားလည်းပဲ ခံစားကြည့်ချင်တယ်။ ဒါကြောင့် မတော် ရသေးတဲ့ ယောက္ခမလောင်း တွေ ဆီက မတော် ရသေးတဲ့ ဇနီးလောင်းလေးကို အဒိန္နာဒါနာကံ ပြု သွားပါပြီ။ သားကိုခွင့်လွှတ်ပါ။

လိုက်မရှာပါနဲ့။ ဖေဖေရဲ့ personality ကို သမီးယုံသလို သမီးရဲ့ personality ကိုလည်း သမီး ယုံတယ်။ ဒါကြောင့် လိုက်မရှာခိုင်းတာပါ။ တစ်ချိန်က အချစ်အတွက်နဲ့ ကံငါးပါးကို တစ်ပါးကျိုးခဲ့တဲ့ ဖေဖေ၊ သမီးအလှည့်မှာ လည်း ကိုယ်ချင်းစာတရားကို လက်ကိုင်ထားရင်း ဒေါသအမောတွေ ဖြေ ဖျောက်နိုင်ပါစေလို့ …

အဒိန္နာဒါနာကံ အရသာကို ခံစားချင်ရုံသက်သက်ဖြင့် ….

ချစ်သော သမီး

လေပြေ

မှတ်ချက် ။ ။ 'ဇ'ရှိလျှင်တော့ လိုက်မရှာပါနဲ့လို့ မတားလိုပါ။

II

'ဒါ ငါတို့နှစ် ဖက်မိဘတွေ ကို သက်သက်အရှက်ခွဲတာကွ။ တောက် … တစ်မျိုးလုံးလည်း သိကုန်ပြီ။ ဖိတ်စာလည်း ဝေပြီးသွားမှ အခုလိုလုပ်သွားတာ ဖနောင့်နဲ့ပဲ ပေါက်သတ်ချင်စရာ ကောင်း တော့တယ်’

ဦးကျော်ခေါင်ဒေါသက ထိန်းမရနိုင်အောင် ပေါက်ကွဲလွင့်စင်ထွက်ကုန်ပါပြီ။ ဒီတော့ ထုံးစံ အတိုင်း ဇနီး ဖြစ်သူကို လှည့်ရမ်းပါ၏ ။

'သမီးဒီလိုလုပ်မယ်မှန်း နည်းနည်း လေးမှ မရိပ်မိတာ မင်းမလွန်လွန်းဘူးလား မေကြီး'

'အိုတော် … ဘယ်သူက ထင်မှာ လဲ။ အခုလည်း သူတို့နှစ် ယောက် ကို မင်္ဂလာဆောင်ပေးဖို့ အတွက်ပဲ အကုန်လုံးလုပ်နေကြတာ။ သဘောမကျတဲ့လူနဲ့ ပေးစားလို့ချစ်တဲ့သူနဲ့ ခိုးရာလိုက်သွား တယ်ဆို လူကြားလို့ကောင်းသေးတယ်။ ပေးစားပါ့မယ်။ သဘောတူပါတယ်ဆို အခုလိုလုပ်သွားတာ ဘယ်သူက သိမှာ လဲ။ ရှင်ရော သိလို့လား'

'ဟ … ငါက မင်္ဂလာဆောင်ကိစ္စအတွက် အပြင်မှာ အလုပ်ရှုပ်နေတာကွ။ မင်းက အိမ်ထဲမှာ နေ ပြီး ဘယ်အချိန်လိုက်သွားလို့ လိုက်သွားမှန်းမသိတာ မင်းမညံ့လို့ ဘယ်သူညံ့တာလဲ'

'သွားတုန်းက ဆရာကန်တော့ပွဲဆိုပြီး သွားတာရှင်။ မနေ့ညနေကတည်းက မနက်ဖြန် ဆရာ ကန်တော့ပွဲမို့ ကျောင်းမှာ သူငယ်ချင်းတွေ စုအိပ်ကြမယ်ဆိုပြီး ထွက်သွားတာ။ ဒီနေ့ညနေထိ ပြန် ရောက်မလာတော့မှ သူငယ်ချင်းတွေ ဆီ ဖုန်းဆက်ကြည့်တော့ သူတို့နှစ် ယောက် လုံး ဆရာကန်တော့ပွဲ ကို ရောက်မလာဘူးတဲ့။ အဲဒါ ကျွန်မအလွန်လား'

'လင်နောက်လိုက်တာကို လင်နောက်လိုက်ပါမယ်လို့တော့ ဘယ်သူက ပြောသွားမှာ လဲကွ။ မင်းတုန်းကရော ပြောခဲ့လို့လား။ ယုံယုံကြည်ကြည်နဲ့လွှတ်လိုက်တာကိုက မင်းညံ့တာပဲ'

'ဆရာ/ဆရာမ တွေ သွားကန်တော့မှာ ကျွန်မက မလွှတ်လို့ ဖြစ်မလား'

ဦးကျော်ခေါင် ဆက်မပြောတော့ဘဲ 'တောက်'တစ်ချက်ထပ်ခေါက်ကာ ကုလားထိုင်ပေါ် ထိုင်ချ လိုက်သည်။ မျက်နှာတစ်ခုလုံးမှာ လည်း ဒေါသဖြင့် ရဲနေပါ၏ ။ ဟုတ်တော့လည်း ဟုတ်သည်။ မင်္ဂလာ ဆောင်ရက်က တစ်ပတ်သာလိုတော့သည်။ ဒါကို ခိုးပြေးတဲ့အရသာ သိချင်လို့ပါဆိုပြီး အရူးထသွား တာ ဘယ်လောက်ဒေါသထွက်ဖို့ကောင်းလိုက်သလဲ တွေးကြည့်ဖို့ပင် မလို။

ဒီကြားထဲ သူတို့နှစ် ယောက် က မိဘတွေ ကို ရိသွား ကလိသွားသေးသည်။

'တောက်..ဒါ ဟိုကောင်ထိပ်တင် လက်ချက်ပဲ ဖြစ်ရမယ်။ မင်္ဂလာဆောင်မှာ သူကျွေးချင်တဲ့ အစားအသောက်မကျွေးရလို့ သူ့သားကို မြှောက်ပေးပြီး ငါ့သမီးကို ခိုးပြေးခိုင်းတာ'

ချက်ချင်း ပင် ဦးကျော်ခေါင်မှာ ဦးထိပ်တင်ကို ဖုန်းခေါ်ပါ၏ ။ ဖုန်းက တော် တော် နှင့် ခေါ်မရ။ အင်ဂေ့(ခ်ျ) ဖြစ်နေသည်။ ထုံးစံအတိုင်း ဇနီးကိုလှည့်ရမ်းမည် ကြံပြီးမှ သတိရပြီး အိမ်ဖုန်းကို ဆက်လိုက် သည်။ ဒီတစ်ခါ ချက်ချင်း ပင် ၀င် သွားပါ၏ ။

ဖုန်းဝင်လျှင် ၀င်သွားချင်း…

'ကလင် .. ကလင် .. ကလင်…'

သူတို့အိမ်ဖုန်းလည်း မြည် လာသဖြင့် ဒေါ်ခင်ခင်ယု ကောက်ကိုင်လိုက်စဉ် …

'အေး..နုနုလား…ဟိုကောင် ထိပ်တင်ရှိလား'

ဦးကျော်ခေါင်က မေးလိုက်ခြင်း..

'အင်း…ရှိတယ်…ရှိတယ်။ အခုပဲ ဖုန်းခေါ်နေတာ။ ဘေးမှာ ရှိတယ်'

ထိုအသံသည် ဦးကျော်ခေါင်ဇနီး ဒေါ်ခင်ခင်ယု ဖုန်းပြန်ဖြေနေသံ ဖြစ်ပါ၏ ။ ပြီးတော့ …

'ကိုထိပ်တင်…ဒီမှာ ကိုကျော်ခေါင် ဖုန်းဆက်တယ်'

ဖုန်းတွင်းမှ အသံကြားရသည်။ အပြင်၌ လည်း..

'ကိုကျော်ခေါင်…ဖုန်း..ကိုထိပ်တင်တဲ့'

နှစ် ယောက် စလုံး ဟန်းဖုန်းကိုယ်စီပစ်ချရင်း အိမ်ဖုန်းဆီသို့ ပြေးသွားလိုက်ကြသည်။ အရင်ဆုံး ဦးကျော်ခေါင်က …

'ဟေ့ကောင်..ထိပ်တင် … မင်းအကြံ ဒါအကုန်ပဲလား။ မင်္ဂလာဆောင်မှာ မင်းကျွေးချင်တဲ့ အစားအသောက်မကျွေးရလို့ မင်္ဂလာပွဲပျက်အောင် ကလေးတွေ ကို ခိုးပြေးခိုင်းတဲ့ မင်းအကြံ ငါမသိရင် ခက်မယ်'

'လာလာချည်သေး။ ခွေးက ချီးမစားဘူး ငြင်းချင်သေးတယ်။ သူများ ကို သွားပြောချည်ကွ။ ငါ့ကို လာမပြောနဲ့။ မင်းနဲ့ငါ ငယ်ငယ်ကတည်းက ပေါင်းလာတာ။ မင်းအကြောင်း ငါသိတယ်'

'အေး…ငါလည်း မင်းအကြောင်းသိတယ်…ကျော်ခေါင်'

'ထိပ်တင်..မင်းအပိုတွေ လျှောက်ပြောမနေနဲ့။ အဲဒီ ကိစ္စ မင်းငါနဲ့ စာရင်းရှင်းချင်နေတာမလား'

'ဟုတ်တယ်…'

'အေး..ဒါဆို ငါ့အိမ်လာခဲ့။ ငါလည်း မင်းနဲ့ရှင်းချင်နေတာ'

'မင်းလာခိုင်းတိုင်း လာရမှာ လားကွ၊ မလာနိုင်ဘူး။ မင်းပဲ ငါ့အိမ်လာခဲ့ချည်'

'ဘာကွ …'

ဦးကျော်ခေါင်ဘက်မှ ခဏအသံတိတ်သွားသည်။ မကြာပါ။

'မိုးချုပ်နေပြီကွ..ငါ မျက်စိမကောင်းဘူး'

ဦးထိပ်တင်ဘက်မှလည်း …

'အေး..ငါ့ကား ရှေ့မီးတွေ နှစ် လုံးစလုံး ကျွမ်းနေတယ်'

ဒီလိုနှင့် သူတို့နှစ် ဦး အပြန်အလှန် ငြင်းခုန်ကြရင်း နောက်ဆုံးမှာ တော့…

'ဒါဆိုလည်း တွေ့ နေကျဆိုင်မှာ ပဲ တွေ့ ကြမယ်။ နောက်…နာရီဝက်အတွင်း အရောက်လာခဲ့'

'ပြီးရော…'

III

အေးချမ်းဆိတ်ငြိမ်သော ဆိုင်လေးတစ်ဆိုင်၏ သီးသန့်ခန်းထဲတွင် ပြိုင်ပွဲတစ်ရပ်က အချိုးမညီ ၀ါကျတွေ ဖြင့် ဖြစ်ပွားလျက်ရှိသည်။

ပြိုင်ပွဲက စကားရည်လုပွဲ။

ပြိုင်ပွဲဝင်နှစ် ယောက် က ဦးထိပ်တင်နှင့် ဦးကျော်ခေါင်။

ပထမ သူတစ်ခွန်း၊ ငါတစ်ခွန်း၊ အော်ဟစ်ငြင်းခုံနေကြသော ကြောင့် ဆိုင်ဝန်ထမ်းများ နှင့် လာ ရောက်စားသုံးသူများ စိတ်ဝင်တစား ဖြစ်မိကြသည်။ ၀န်ထမ်းအချို့ဆို အခြေအနေဆိုးလျှင် ၀င်ရ အောင် အခန်းတံခါးဝမှာ စောင့်နေရပါ၏ ။ နောက်မှ အခန်းတွင်းရှိ လေတိုက်နှုန်းမှာ သိသိသာသာ လျော့ကျသွားသည်။ ဒီတော့မှပဲ တစ်ဆိုင်လုံးမှာ ပုံမှန်လည်ပတ်ခွင့် ရသွားတော့သည်။

အခန်းတွင်း၌ လည်း တကယ်ပင် လေတိုက်နှုန်းလျှော့ကျသွားလေပြီ။ ဒါဆို ဦးထိပ်တင်နှင့် ဦး ကျော်ခေါင်တို့ ညီညွတ်မှု ရသွားကြပြီပေါ့။ မဟုတ်ပါ။ နားလည်မှု ယူလိုက်ခြင်းသာ။

“ဒါဆို … မင်းရော ငါရော ပရောဂမပါဘဲ သူတို့နှစ် ယောက် သဘောအတိုင်း ထွက်ပြေးသွားကြ တာပေါ့”

“အမှန်ပဲ …. ။ မင်းသား ထားခဲ့ထတဲ့ စာရွက်နဲ့ ငါ့သမီးထားခဲ့တဲ့စာရွက်ကို တိုက်ကြည့်လိုက် လေ။ ဘယ်သူ့ပယောဂမျှမပါဘဲ သူတို့ဘာသာ ထင်ရာလုပ်သွားတာအသိသာကြီးပဲ။ ပြီးတော့ ငါတို့ ခိုးပြေးခိုင်းတိုင်း ခိုးပြေးရအောင် သူတို့က ကလေးတွေ မဟုတ်ဘူး”

ဦးကျော်ခေါင်စကားကြောင့် ဦးထိပ်တင်မှာ ခေါင်းတဆတ်ဆတ်ညိတ်သည်။ နောက် စားပွဲ ပေါ်တွင် ရှိနေသော စာရွက်နှစ် ရွက်ကို သေချာတိုက်ကြည့်ရင်း …

“ဒီအတိုင်းသာဆိုရင်တော့ ငါတော် တော် ခံပြင်းသွားပြီ ကျော်ခေါင်။ စာရဲ့ အဓိပ-ာယ်ကို မင်း သဘောပေါက်တယ်မလား။ ဒါ ငါတို့နှစ် ယောက် ကို ပါးပါးလေးရိသွားတာ။ ငါတို့ personality တွေ ကို စိန်ခေါ်သွားတာ”

ဦးကျော်ခေါင်က မဲ့ပြုံးတစ်ချက်ပြုံးကာ ခေါင်းကိုညိတ်ရင်း …

“သေချာတာပေါ့ကွာ။ ဘာတဲ့ …. “ဇ”ရှိလျှင်တော့ လိုက်မရှာပါနဲ့လို့ မတားလိုပါတော့ ငါတို့နှစ် ယောက် ကို “ဇ”ရှိရင် လိုက်ရှာ “ဇ”မရှိရင် လိုက်မရှာနဲ့လို့ ပြောတာကွ။ ဘယ်လောက် ခံပြင်းဖို့ကောင်း လိုက်သလဲ။ ငါတို့မွေးလို့ လူ ဖြစ်လာတဲ့ မျောက်မသားတွေ က ရိသွားတာ”

“အဲဒီ တော့ ကျော်ခေါင် … မင်းဘာလုပ်ချင်လဲ”

ဦးထိပ်တင် မျက်နှာကိုတည်ရင်း မေးလိုက်တော့ …

“ဘာလုပ်ရမှာ လဲကွ။ ငါတို့နှစ် ယောက် လုံး ငယ်ငယ်ကတည်းက ဘာကောင်တွေ ဆိုတာ သိတယ်မလား။ ဒီလိုမျိုး ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်တာတော့ အ ဖြစ်မခံနိုင်ဘူး”

“အေး…ငါလည်း အ ဖြစ်မခံနိုင်ဘူး”

“နောက်ပြီး မင်္ဂလာပွဲပျက်လို့ အရှက်ကွဲမခံနိုင်ဘူး”

“ဟုတ်တယ်..။ မင်္ဂလာပွဲ ပျက်လို့မ ဖြစ်ဘူး”

“အဲဒီ တော့ ငါတို့ personality တွေ ဘယ်လောက်ကျန်သေးတယ်ဆိုတာ ပြရသေးတာပေါ့ ကွာ။ ငါတို့မှာ သူတို့သဲလွန်စပေးခဲ့တဲ့ စာရွက်နှစ် ရွက်ရှိတယ်”

“အင်း..”

“အဲဒီ သဲလွန်စပေါ် အခြေခံပြီး မရရအောင် လိုက်ရှာမယ်ကွာ၊ ပြီးရင် မင်္ဂလာပွဲအမီ ရအောင် ပြန်ခေါ်လာမယ်။ ဒီမှာ ကျန်ခဲ့တဲ့ မင်္ဂလာကိစ္စတွေ ကတော့ နုနုနဲ့ယုယုကို ဆက်လုပ် ခိုင်းထားခဲ့မယ်။ ဘယ်လိုလဲ”

“အိုကေလေကွာ… မင်္ဂလာပွဲကို လုံးဝအပျက်မခံဘူး။ ရက်မရွှေ့ဘူး။ နောက်မဆုတ်ဘူး။ မတွေ့  တွေ့ အောင်ရှာပြီး မရရအောင် ပြန်ခေါ်ခဲ့မယ်”

“ဟုတ်ပြီ….”

နောက်တော့ ဦးကျော်ခေါင်နှင့် ဦးထိပ်တင်တို့နှစ် ယောက် မှ ငယ်မူငယ်သွေးတွေ တက်ကြွ ပူနွေးရင်း ဖန်ခွက်ချင်း တိုက်လိုက်ြ ကတော့သည်။

ပူရှိန်းရှတသော အရသာကို နှစ် ယောက် လုံးခံစားရင်း ဖန်ခွက်တို့ကို ကိုယ်စီပြန်ချကာ…

“ထိပ်တင်ရာ..ငါ ကတော့ အလောင်းစည်သူမင်းကြီးပြောခဲ့တဲ့စကားအတိုင်းသာ ပြောလိုက်ချင် တော့တယ်”

“ဘယ်လိုလဲ”

ဦးကျော်ခေါင်က လက်မောင်းနှစ် ဖက်ကို ဟန်ပါပါ မြှော က်ရင်း…

“ငါတို့ မအိုသေးပါဘူးလို့”

ဒီလိုနှင့် ….

မင်္ဂလာပွဲ ကျင်းပဖို့ အဆင်သင့် ဖြစ်နေတာတောင် ခိုးပြေးတဲ့အရသာကို သိချင်ပါသည်ဆိုသော ၊ တကယ်လည်း ခိုးပြေးသွားခဲ့သော စုံတွဲ တစ်တွဲ နှင့် …

ငယ်သူငယ်ချင်း “ဇ”တူ ပေါင်းသင်းခဲ့သူ အဖေနှစ် ဦး၏ စိန်ပြေးတမ်း (သို့ ) တူတူရေ၀ါး ကစားပွဲ လေးတစ်ပွဲက အမှတ်မထင် သမိုင်းမ၀င့်တ၀င့်လေး ဖြစ်ပွားလာပါတော့သည်။

IV

ချန်ထားခဲ့သော သဲလွန်စစာရွက်မှာ ဂျာနယ်အချို့နှင့် ပဟေဠိစာအုပ်အချို့တွင် တွေ့ ရသော စကားလုံးပဟေဠိ (Puzzle) လိုလို ဘာလိုလို ဖြစ်သည်။

Yangon ဟု စရေး ထားပြီး နောက်ကွက်လပ်တွေ အတွက်တော့ (u, I, u, k)ဟု စကားလုံး လေးလုံးသာ ထည့်ပေးထားသည်။ ဒါဆိုလျှင် ကျန်သည့်စကားလုံး ဆက်သွယ်မှု တွေ ကို သူတို့လူကြီး နှစ် ဦး ရှာရမည် ဟူသည့် သဘောပေါ့။ ဒါပေမဲ့ သူတို့နှစ် ဦးလည်း ဒီလောက်ဒုံးမဝေးပါ။ အောက်ဆုံးမှ (8:00 to 8:30)ဟူသော စာကြောင်းနှင့် အပေါ်ဘက်မှ အမှတ်အသားတစ်ခုကို ကြည့်ရုံဖြင့် ဆိုလိုရင်း ကို သဘောပေါက်သည်။

မျဉ်းတစ်ကြောင်းပေါ် ယခုကဲ့သို့ အပိုင်းပိုင်းဖြတ်ထားသလို အမှတ်အသားတွေ လုပ်ထားသည် ကား…

ပထ၀ီသင်ဖူးသူ (သို့ ) မြေပုံလေ့လာဖူးသူတိုင်း သိသည်။ ဒါသည် မီးရထားလမ်းကိုပြထားခြင်း။ ဒီတော့ အောက်မှ 8:00 to 8:30 နှင့် ဆက်စပ်လိုက်လျှင် အဖြေက ရှင်းပါသည်။

ရှစ်နာရီမှ ရှစ်နာရီခွဲကြား ထွက်သော ရထား။

ဒီလောက် ဆို ပထမအဆင့်အနေနှင့် သူတို့နှစ် ဦး ဘာလုပ်ရမည် ကို သဘောပေါက်လိုက်ပါပြီ။

ကလေးတွေ ပြောစကားနှင့် ပြောရလျှင်တော့ “စတွေ့ ပြီပေါ့”

မနက် 7 နာရီသာ ရှိသေးသော်လည်း ဦးထိပ်တင်နှင့် ဦးကျော်ခေါင် ရန်ကုန်ဘူတာကြီးသို့ ရောက်နေပါပြီ။ သူတို့ အချိန်ဖြုန်းလို့ မ ဖြစ်။ မင်္ဂလာရက်က ဒီနေ့အပါ ကြားထဲ၌ ခြောက်ရက်သာကျန် တော့၏ ။ ဒီတော့ အမြန်ဆုံး လိုက်ရပေမည် ။

ဘူတာထဲ ၀င်ဝင်ချင်းပင် ဦးထိပ်တင်က စင်္ကြန်လက်မှတ်ရောင်းသူ ၀န်ထမ်းထံ ပြေးသွားကာ…

“8 နာရီကနေ 8 နာရီခွဲကြား ထွက်တဲ့ရထားက ဘယ်ရထားလဲဗျ”

ရွယ်တူလောက်ရှိမည် ထင်ရသော်လည်း ၀န်ထမ်းက ထုံးစံအတိုင်း ရှုတည်တည်မျက်နှာထား နှင့် …

“8 နာရီ 8 နာရီခွဲကြားမှာ က ရထားတစ်စီးထဲ ထွက်တာမဟုတ်ဘူးဗျ။ လေးစီးထွက်တာ”

ဦးထိပ်တင်တို့ တစ်ယောက် ကို တစ်ယောက် ကြည့်မိသွားသည်။ ထင်သလောက်လွယ်မည့်  အလားအလာ မတွေ့ ပါလား။ ဦးထိပ်တင်က မျက်နှာကို အတတ်နိုင်ဆုံး ချိုရင်း ထပ်မေးသည်။

“ဘယ်ရထားတွေ လဲဗျ”

“မန္တလေးတစ်စီး၊ နေပြည်တော် နှစ် စီး၊ ရွှေညောင်တစ်စီး ထွက်တာ။ ခုနစ်နာရီခွဲဆို လက်မှတ် စရောင်းတော့မှာ ဟိုမှာ လက်မှတ်ဝယ်မယ့်သူတွေ တောင် တန်းစီနေကြပြီ”

ထိုလူ ညွှန်ပြရာဆီ သူတို့လှမ်းကြည့်မိတော့ ဟုတ်သည်။ လက်မှတ်ရောင်း ကောင်တာရှေ့၌ တန်းစီသူတွေ ပင် တော် တော် များ နေပြီ မဟုတ်ပါလား။

သူတို့ ဘာလုပ်ရမည် လဲ။ လေးစီးလုံး လက်မှတ်ဝယ်ရမည် လား။ ဒါတော့ မ ဖြစ်တန်ရာ။ စာရွက် ထဲမှာ လည်း ဘာမျှ ထပ်မရေး ထား။ ဒါသည် သူတို့နှစ် ဦးကိုလှည့်မယ့် လှည့်ကွက်လား။ လက်မှတ်မှား ၀ယ်ပြီး ပါသွားလို့ ကတော့ တိုင်ပတ်သွားမည့် သဘောရှိသည်။

ကြောင်တောင်တောင်နှင့် ရပ်၍ ဘာဆက်လုပ် ရမှန်းမသိ ဖြစ်နေစဉ်မှာ ပင် ဦးကျော်ခေါင်က ဘူတာအပြင်တစ်နေရာမှ မြင်ကွင်းရပ် လှမ်းမြင်သည်။ အဲဒါက အန်စာတုံးခေါက်တမ်း ကစားနေသော ကလေးနှစ် ယောက် ။

ချက်ချင်း ပင် ဦးထိပ်တင်ကို ပခုံးနှင့် လှမ်းတိုက်ကာ…

“ဟေ့ကောင် … ထိပ်တင် … ဟိုမှာ ကြည့်စမ်း”

“ဘာလဲ”

ဦးထိပ်တင်က ဘာမှန်းညာမှန်းမသိ ဦးကျော်ခေါင် မေးငေါ့ရာဆီ လှမ်းကြည့်ကာ…

“ဟိုကလေးနှစ် ယောက် ကို ပြတာလား”

“အေးလေ…”

“ဘာ ဖြစ်လို့လဲ။ မင်းနဲ့သိလို့လား”

“မင်းအဘကြီး ငါနဲ့သိရမှာ လား။ တောတော် ဝေးတဲ့ကောင်။ အဲဒီ ကလေးနှစ် ယောက် ကို ပြတာ မဟုတ်ဘူး။ သူတို့ကစားနေတဲ့လက်ထဲက အန်စာတုံးကိုပြတာ”

ဦးထိပ်တင် တစ်ချက်တွေ ဝေသွားသည်။ ဦးကျော်ခေါင်ဆိုလိုချက်ကို စဉ်းစားလိုက်ဟန်တူပါ၏ ။ ငယ်ငယ်ကတည်းက ပေါင်းလာသည့် တစ်ယောက် သဘော တစ်ယောက် နားလည်သူပီပီ ချက်ချင်း ပင် သဘောပေါက်လိုက်ကာ…

“ဘာလဲ … မင်းက အန်စာတုံးနဲ့ဆုံးဖြတ်ချင်လို့လား”

“အေး”

ဦးထိပ်တင် ထပ်စဉ်းစားလိုက်ပါသည်။ ပြီးတော့ …

“ပိုနေတဲ့ (5)နဲ့ (6) ကရော…”

“ဖယ်ထားလိုက်ကွာ။ (1)ကနေ (4)အထိပဲ ယူမယ်”

“ပြီးရော…”

ထို့နောက်တော့ သူတို့နှစ် ဦး အန်စာတုံးခေါက်နေသော ကလေးတွေ ဆီသွားလိုက်သည်။ ပြီးတော့ ဦးကျော်ခေါင်က ကလေးနှစ် ယောက် ကို မုန့်ဖိုးပေးကာ အန်စာတုံးကို ခဏငှားသည်။ အန်စာ တုံးရပြီးချိန်တွင် သူတို့နှစ် ဦးမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ြ ကတော့သည်။ အဲဒီ နောက်မှာ …

“ထိပ်တင် မင်းခေါက်မှာ လား၊ ငါခေါက်ရမှာ လား”

“မင်းပဲ ခေါက်ကွာ”

ရန်ကုန်ဘူတာကြီး၏ ပြင်ပတစ်နေရာတွင် မကြီးမငယ်နှင့် လူရည်သန့် လူကြီးနှစ် ဦး အန်စာတုံး ခေါက်တမ်း ကစားနေပုံက တွေ့ မြင်ရသူအဖို့ အတော် ကြောင်တက်တက်နိုင်လှပေမည် ။ ဒါပေမဲ့လည်း မတတ်နိုင်။ ဆုံးဖြတ်ခက်နေသော ကိစ္စအချို့တွင် ကလေးဆန်လိုက်ခြင်းသည် လူကြီးဆန်ဆန် တွေး တောခြင်းထက် တစ်ခါတစ်ရံ ပိုပြီးထိရောက်မှု ရှိနိုင်သည် မဟုတ်ပါလား။

ကလေးများ ကစားသလို ဦးကျော်ခေါင်က အန်စာတုံးကို လက်မှာ ထည့်ရင်း အနည်းငယ် ခလောက်ကာ ပစ်ချလိုက်သည်။

အန်စာတုံးတို့၏ ထုံးစံအတိုင်း (6)ကျ၏ ။

နောက်တစ်ခါ ထပ်ခေါက်သည်။ ဒါလည်းပဲ (6)။

တတိယမြောက်တွင် တော့ ဦးထိပ်တင် စိတ်မရှည်တော့စွာ အန်စာတုံးကို ဆွဲယူရင်း တစ်ချက် နှစ် ချက်လှုပ်ကာ ပစ်ချလိုက်တော့…

အန်စာတုံးလေးက လိမ့်ကာလိမ့်ကာနှင့် …

ပထမ(4)။ နောက်(5)ကို ကျော်ကာ (3)။ ပြီးတော့မှ နှစ် ပွင့်မြောက် မျက်နှာပြင်တွင် အန်စာ တုံးက ရပ် သွားပါ၏ ။ ပြီးသွားလေပြီ။ မှန်သည်မှားသည်၊ ကောင်းသည်ဆိုးသည်၊ ကံကြမ္မာ၏ အကျိုး အကြောင်း အဆိုးအကောင်း အားလုံးသည် ထိုနံပါတ်(2)ဟူသော ဂဏန်း၏ အရှိန်အ၀ါပေါ်မှာ ။

ရှင်းရှင်းလေးပါ။

8 နာရီမှ 8 နာရီခွဲအတွင်း 8 နာရီ 10 မိနစ်တွင် ဒုတိယမြောက်ထွက်မည့်  ရန်ကုန်-နေပြည် တော် ရထား၏ လက်မှတ်ကို ၀ယ်လိုက်ကြရုံသာ။ ပဟေဠိ၏ ဆိုလိုချက်နှင့် ကိုက်ညီသည်လား၊ မညီ ဘူးလား။

သူတို့ သား/သမီး နှစ် ဦးစီးသွားသော ရထားသည် ဒီရထားလား။ သူတို့ မသိနိုင်တော့။

ဒါပေမဲ့ သားနှင့် သမီးကို လိုက်ရှာမည့်  အဖေနှစ် ဦးအတွက် ကံကြမ္မာကြီးက ပေးတာတော့ ဒီ ဂဏန်းသည်ပင်။

နောက်ဆုံးမှာ တော့ ဦးကျော်ခေါင်နှင့် ဦးထိပ်တင်တို့နှစ် ယောက် မှာ ရထားလက်မှတ် တန်းစီနေ သော လူအုပ်ကြီးနောက်သို့ ပါဝင်တန်းစီလိုက်ပါတော့သည်။

လက်မှတ်ဝယ်ပြီးသွားတော့ 8 နာရီထိုးတော့မည် ။ နှစ် ယောက် သား ခရီးဆောင်အိတ်ကိုယ်စီ ဆွဲရင်း စင်္ကြန်သို့ အလျင်အမြန်ဆင်းလာခဲ့ပါ၏ ။ ပြီးတော့ ရထားဆိုက်ရောက်ထားရာသို့ သွားကာ အထက်တန်းတွဲ တစ်တွဲ ပေါ် တက်လိုက်သည်။

တွဲ ပေါ်၌ လူပင် တော် တော် စုံနေပါပြီ။ ဦးထိပ်တင်က ပြတင်းပေါက်ဘေးတွင် ထိုင်သည်။ ဦး ကျော်ခေါင်က အတွင်းဘက်။ သူတို့နှစ် ဦးရှေ့တွင် ခုံပိုင်ရှင်တွေ မလာသေး။ ဘေးမျက်နှာချင်းဆိုင် လေးခုံကလည်း လောလောဆယ်လွတ်နေသည်။ ခရီးသွားတို့၏ ထုံးစံအတိုင်း မိမိတို့၏ ရှေ့နောက်ဝဲ ယာ ဘယ်သူတွေ ရောက်မလဲ သိချင်စိတ်ဖြင့် အကဲခတ်စောင့်ကြည့်နေခိုက်။

“ထိပ်တင် ငါတစ်ခု စဉ်းစားမိတယ်ကွ။ အခု ငါတို့လုပ်နေတာတွေ အကုန်လုံးက ကလေးများ ဆန်နေလားလို့”

ဦးကျော်ခေါင့်စကားကြောင့် အပြင်ကိုငေးနေသော ဦးထိပ်တင်လှည့်ကြည့်ကာ …

“ဒါဆို မင်းက လူကြီးဆန်ဆန် အရှက်ကွဲခံချင်လို့လား”

“ဟာ…အဲလိုတော့ ဘယ်အ ဖြစ်ခံချင်မလဲကွ”

“အေး…အဲဒါဆို ဘာမှပြောမနေနဲ့။ သားသမီး ခိုးရာလိုက်သွားလို့ မိဘတွေ က စုံစမ်းတာ လိုက်ရှာတာ ထုံးစံပဲ။ ငါတို့မှ လိုက်ရှာတာမဟုတ်ဘူး။ မင်းတို့ငါတို့ အလှည့်တုန်းကရော မိဘတွေ က လိုက်ရှာတာပဲ မဟုတ်ဘူးလား”

ဦးထိပ်တင်၏ အပြောကြောင့် ဦးကျော်ခေါင် ငြိမ်သွားသည်။ ဟုတ်လည်း ဟုတ်ပေသည်။ သူတို့ အလှည့်တုန်းကလည်း မိဘတွေ မှာ ဒေါသမျက်ရည် အလျှံပယ်နှင့် ပူလောင်ခဲ့ရသည်မဟုတ်ပါလား။ ဒါပေမဲ့ သူတို့တုန်းက မိဘသဘောမတူလို့ လုပ်ရိုးလုပ်စဉ် ခိုးပြေးခြင်း။ ယခု သားတွေ သမီးတွေ အလှည့်ရောက်မှပဲ သဘောတူသည့်ကြားထဲက အရသာသိချင်လို့ဆိုကာ ခိုးပြေးခြင်းသည် ထူးရင်ထူး၊ မထူးရင် ရူးလို့ပေပဲဟုသာ တွက်ရတော့မည် ။

ထိုစဉ် ဆူညံဆူညံ အသံများ ကြောင့် အတွေးကိုရပ်ကာ ကြည့်လိုက်မိစဉ် ကျောပိုးအိတ်ကိုယ်စီ လွယ်ရင်း တက်လာကြသော လူငယ်အချို့။ ယောက်ျားလေးနှစ် ယောက် ၊ မိန်းကလေးနှစ် ယောက် ။ ပုံစံ တွေ ကြည့်ရတာ တော့ ရန်ကုန်သူ၊ ရန်ကုန်သားတွေ ဖြစ်ပုံရသည်။

အနီးရောက်မှ ကြည့်မိတော့ ကျောပိုးအိတ်ကိုယ်စီလွယ်ထားသည့်အပြင် ယောက်ျားလေး၊ မိန်းကလေးအကုန်လုံး ဖိနပ်ဆင်တူဝတ်ထားသေး၏ ။ ပြီးတော့ ဘာတံဆိပ်မှန်းမသိသည့် လက်ပတ် ကြိုးဆင်တူကိုလည်း ညာဘက်လက်တိုင်းတွင် ၀တ်ထားသေးသည်။

သူငယ်ချင်းတွေ ပဲလား၊ ချစ်သူစုံတွဲ တွေ ပဲလား မသိ။ မောင်နှမတွေ မဟုတ်တာတော့ သေချာ သည်။ စနောက် ရယ်မောရင်း တက်လာကာ ဦးကျော်ခေါင်၏ တစ်ဖက်ခြမ်း မျက်နှာချင်းဆိုင်လေးခုံ တွင် ၀င်ထိုင်လိုက်ြ ကတော့မှ …

ဦးထိပ်တင် နှာခေါင်းရှုံ့မိသွားလေပြီ။ သားယောက်ျားလေး မွေးထားသူပင် နှာခေါင်းရှုံ့မိသွား ရာက သမီးမွေးထားသူ ဦးကျော်ခေါင်မှာ ဆိုဖွယ်ရာမရှိတော့။

နေပုံထိုင်ပုံ အမြင်မတော် သည့်အပြင် ၀တ်ဆင်ထားကြတာတွေ က စိတ်ပျက်ဖွယ်ကောင်း အောင် ခေတ်ဆန်လွန်းလှ၏ ။ ယောက်ျားလေးနှစ် ယောက် မှာ အကြောင်းမဟုတ်သော်လည်း မိန်းက လေးနှစ် ယောက် မှာ ကား…

ဦးကျော်ခေါင် မျက်လုံးလွှဲရင်း တွေးမိသွားသည်။

“သြော်…ငါတို့တွေ အခုမှ ကမ္ဘာဦးအစကို ပြန်ရောက်နေကြတာပါလာ။ သစ်ရွက်ဖုံးသည့် ယဉ်ကျေးမှု ကပင် ချစ်ဖို့ကောင်းဦးမည် ထင်သည်။ အခုဟာက…

လန်းတော့ လန်းကြပေါ့ကွယ်။ မလန်စေနဲ့ပေါ။ ပြီးတော့ မလွင့်ပါစေနဲ့လို့လည်း ဆုတောင်းပါ တယ်”

ဦးထိပ်တင် ကတော့ မြင်ကွင်းကိုကြည့်ရင်း ဆရာတော် ဦးဇောတိက၏ စာအုပ်တစ်အုပ်ထဲမှ စာသားအချို့ကို သတိရမိသည်။

“ကိုယ်ရည်ကိုယ်သွေးဆိုတာ ဘာလဲ?”

ကိုယ်ရည်ကိုယ်သွေးဆိုတာ လူ တစ်ယောက် မှာ ပါတာ အကုန်လုံးပဲလို့ ဆိုပါတယ်။ ရုပ်ရည်က လည်း ကိုယ်ရည်ကိုယ်သွေးထဲမှာ ပါတယ်။ ဆံပင်ဖီးပုံကလည်း ကိုယ်ရည်ကိုယ်သွေးထဲမှာ ပါတယ်။ အ၀တ်အစားဝတ်ပုံကလည်း ကိုယ်ရည်ကိုယ်သွေးထဲမှာ ပါတယ်။ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံ၊ လမ်းလျှောက်ပုံ၊ ပြူမူကျင့်ကြံပုံ၊ လူအများ နဲ့ ဆက်ဆံပုံအားလုံး ကိုယ်ရည်ကိုယ်သွေးထဲမှာ ပါတယ်။

ဆံပင်ကို ကောက်ပြီးဖွထားသူရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖီးထားတဲ့ လူရဲ့ ကိုယ်ရည်ကိုယ်သွေး မတူဘူး။ လူ တစ်ယောက် ရဲ့ ဆံပင်ပုံစံကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ကိုယ် ရည်ကိုယ်သွေးကို အကဲခတ်လို့ရတယ်။ ထို့အတူပဲ .. အင်္ကျီအရောင် အသွေး အမျိုးမျိုး၊ အကွက်အမျိုး မျိုး ၀တ်ထားတာကို ကြည့်ခြင်းအားဖြင့် လက်ရှိအခြေအနေမှာ ဒီနေ့၊ ဒီအချိန်၊ ဒီလူရဲ့ စိတ်အခြေ အနေကို ခန့်မှန်းလို့ရတယ်။

ထို့အတူပဲ စကားပြောပုံကလည်း လူရဲ့ ကိုယ်ရည်ကိုယ်သွေးထဲမှာ ပါတယ်။ စကားလုံး အသုံး အနှုန်းက စရိုက်သဘာဝကို ထင်ဟပ်ပြတယ်။ စကားလုံး ရိုးရိုးသုံးတဲ့ လူရဲ့ စိတ်အခြေအနေနဲ့ ခေတ် စကားများများ သုံးတဲ့ လူရဲ့ စိတ်အခြေအနေချင်း မတူဘူး။ ဘ၀ကို လေးလေးနက်နက် သဘောထားပုံ ချင်း မတူဘူး။

ဘန်းစကား သိပ်ဆန်တဲ့စကားကို မပြောပါနဲ့။ ကိုယ့်ကိုယ်ရည်ကိုယ်သွေးကို ပျက်စီးစေတယ်။ သိပ်ပြီး ခေတ်ဆန်လွန်း၊ ကလက်လွန်းတဲ့ မသပ်မရပ် ဖြစ်နေတဲ့ အ၀တ်အစားကို မ၀တ်ပါနဲ့။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်ပါတယ်”တဲ့။

ထိုစာသားအချို့ကို သတိရရင်း ဦးထိပ်တင် ခေါင်းဆတ်မိသည်။ ပြီး စိတ်ထဲမှ…

“သြော်…ကိုယ့်ကိုယ်ရည်ကိုယ်သွေး ကိုယ် ဖျက်ဆီးနေကြတာပဲ”

ပိုဆိုးသည်က ထိုမိန်းကလေးနှစ် ယောက် မှာ သူတို့နှင့် တစ်တန်းတည်းထိုင်နေတာ မဟုတ်။ ယောက်ျားလေးနှစ် ယောက် မှာ သာ သူတို့နှင့် တစ်တန်းတည်း ဖြစ်၍ ထိုမိန်းကလေးတွေ ကတော့ ယောက်ျားလေးတွေ ၏ ရှေ့မျက်နှာချင်းဆိုင်မှာ ဖြစ်သည်။

ဒီတော့ အဘိုးကြီးနှစ် ယောက် နှင့် ခေတ်လွန်အ၀တ်အစားတွေ အောက်မှ မိန်းကလေးနှစ် ယောက် မှာ မျက်စောင်းထိုး။ ရှေ့ခုံ ကတော့ ယခုအချိန်အထိ လူလွတ်နေသေးသည်။ ရထားထွက်လို့မှ ပိုင်ရှင်ရောက်မလာလျှင်တော့ ရှေ့ခုံပြောင်းထိုင်ရန် စဉ်းစားမိသည်။

8 နာရီ 5 မိနစ်။

ရထားထွက်ပေတော့မည် ။ speaker မှ ရထားထွက်တော့မည် ဖြစ်ကြောင်း သတိပေးနေပြီ။ မကြာလိုက်…

ဥသြဆွဲသံကို ကြားရ၏ ။ နောက်…

နေပြည်တော် သို့ ထွက်မည့်  ရထားကြီးဆီမှ နောက်ဆုံးအကြိမ် သတိပေးဥသြသံအဆုံး…

ဦးကျော်ခေါင်နှင့် ဦးထိပ်တင်တို့၏ ရည်ရွယ်ချက် ပြည့်လုပြည့်ခင်မှာ ပင် အပေါက်ဝဆီမှ ရိပ်ခနဲ လှုပ်ရှားမှု တစ်ခုနှင့် အတူ …

ဦးကျော်ခေါင် ဆတ်ခနဲ မတ်တပ်ရပ်ကာ ရထားတွဲ ပေါ်ဝေ့ကြည့်လိုက်သည်။ ဘယ်နေရာမျှ ခုံလွတ်မရှိတော့။

သွားပေပြီ။ သူတို့မြင်ရသည်ကား မျက်နှာချင်းဆိုင်မှ လျှောက်လာနေသော ရသေ့ကြီးတစ်ပါး နှင့် လူ တစ်ယောက် ။

ရသေ့ကြီးမှာ သတ်လတ်ပိုင်းအရွယ်လောက်သာ ရှိမည် ဟု ထင်ရပြီး အညိုရောင် ၀တ်ရုံကို သပ်သပ်ရပ်ရပ် ရုံထားသည်။ ညာလက်တွင် ယပ်တောင်ကိုကိုင်ကာ ဘယ်လက်မှာ တော့ ပုတီးတစ် ကုံး ပတ်ထားပါ၏ ။ ကြည်ညိုဖွယ် ဖြစ်သည်။ ထူးခြားသည် ကတော့ ထိုရသေ့သည် ဒေါက်ရှာဆောင်း ထားသော ရသေ့မဟုတ်ဘဲ ခေါင်းတုံးမကျ။ ခေါင်းတုံးဆံဒေါက်မကျနှင့် ထူးထူးခြားခြား ရသေ့တစ်ပါး ဖြစ်လေသည်။

နောက်မှ လူ ကတော့ ဒကာ ဖြစ်မည် ထင်ရကာ လက်ဆွဲအိတ်တစ်လုံးကို ဆွဲ၍ ပါလာသည်။

သံသယ ဖြစ်စရာ မလိုပါ။ သူတို့နှစ် ဦးစလုံး၏ ရည်ရွယ်ချက်များ မှာ ပျက်စီး သွားပါပြီ။ မကြာခင် ရှေ့မှ ထိုင်ခုံနှစ် လုံးမှာ နေရာလွတ်ရှိမည် မဟုတ်တော့။

“ဘော်..”

ရထားထွက်ပြီ။

မင်းတစ်ခါပြုံးရင် ကမ္ဘာတစ်လုံး ပျက်စီးမယ်ဆိုပါစို့

ကိုယ်ခြေချစရာ ကမ္ဘာမရှိရင်နေ

မင်းအပြုံးလေးကိုပဲ လှသထက်လှအောင်

ဆက်ပြုံးပါ။

V

ရထားကြီးက လှုပ်လီယိမ်းနွဲ့ကာ ဘူတာတွင်းသို့ တဖြည်းဖြည်းဝင်လာပါ၏ ။ ပြေလျော့လျော့ ဖြစ်နေသော ဖိနပ်ကြိုးအား ကျွန်တော် ပြင်ချည်ရင်း မတ်တပ်ထရပ်မိသည်။ စတော် ဘယ်ရီနံ့သင်းသော မနက်ခင်းစိုစွတ်စွတ်အောက်ဝယ် မိုးပြာရောင် အနွေးအင်္ကျီလေးနှင့် သူမ ကတော့ လှချင်တိုင်း လှ နေသည်။

မိန်းကလေး တစ်ယောက် ရဲ့ အလှဆုံးအချိန်ဟာ ဘယ်အချိန်မှန်းမသိသော်လည်း ကျွန်တော် က တော့ အိပ်ရေး မ၀တ၀နှင့် ကပိုကရိုလှနေသော ယခုအလှကို စာရင်းပေးမိသည်။ ကျွန်တော့် အဖို့ တော့ သူမသည် ဘယ်အချိန်ကြည့်ကြည့် လှနေသည်သာ။

ဘူတာတွင်း၌ ၀ဏ္ဏ္ဏနှင့် သူသူတို့ ရောက်နေကြပြီလားမသိ။ ကြိုတင်အကြောင်းကြားထားသည့် အတွက် လာကြိုမှာ တော့ သေချာသည်။ ကျွန်တော် အ၀တ်အိတ်နှစ် အိတ်အားဆွဲရင်း အ၀လျှောက် သွားတော့ သူမက ကျွန်တော့် အင်္ကျီစကို ဆွဲကာ နောက်မှပါလာသည်။ အပေါက်ဝတွင် ဆင်းမည့် ခရီး သည်တို့ဖြင့် စည်ကားနေပါ၏ ။

မကြာပါ။ ရထားကြီးက တုံ့နှေးတုံ့နှေးလုပ်ကာ ရပ် သွားပါတော့သည်။ ယခု ဘူတာတွင် တော့ ရှေ့ဘူတာများ လို ဈေးသည်တွေ အုံလိုက်ကြီးရောက်မလာတော့။

ထို့အတွက်ကြောင့် အေးဆေးစွာ ပဲ ရထားပေါ်မှ ဆင်းလိုက်သည်။ ဘူတာ သမံတလင်းနှင့် ခြေ ထောက်တွေ့ တွေ့ ချင်းမှာ ပင် …

“ဟေ့ကောင်…မဟော်”

“လေပြေ”

အားရ၀မ်းသာ အော်ဟစ်သံတို့ကြောင့် ကြည့်မိသည်တွင် သူတို့ရပ်နေရာဆီသို့ ပြေးလာနေ သော ၀ဏ္ဏနှင့် သူသူ။

“ဟယ် … သူသူ…”

အနားရောက်ရောက်ချင်း ကျွန်တော့် ဘယ်ဘက်ရင်အုံလေးက သူသူ့ကို ဆီးဖက်သည်။ ကျွန် တော် နှင့် ၀ဏ္ဏ ကတော့ သူမတို့လို မဖက် ဖြစ်ပါ။ ဒါပေမဲ့ ၀မ်းသာနွေးထွေးအပြုံးတွေ နှင့် တစ်ဦးလက်ကို တစ်ဦး ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏ ။

ကျောင်းပြီးကတည်းက ကွဲသွားကြသည့် သူငယ်ချင်းတွေ မို့ ယခုလို ပြန်တွေ့ြ ကတော့ ပြောမပြတတ်အောင် ၀မ်းသာနေကြသည်။ ပြီး အတန်ကြာအောင် လေးဦးသား စကားမဆိုမိကြ။

ဒါပေမဲ့ မကြာပါ။ ကျောင်းကတည်းက ဟောင်ဖွာဟောင်ဖွာ လုပ်တတ်လွန်းသော ၀ဏ္ဏက ကျွန်တော့် ကိုကြည့်ကာ မချိုမချဉ်ပြုံးလာသည်။ ပြီးတော့ လေပြေ့ကိုပါ သိမ်းကျုံးကြည့်ရင်း…

“ဘယ်လိုလဲကွ..။ ခိုးပြေးတဲ့အရသာကို သိပြီလား”

ဝဏ္ဏစကားကြောင့် ကျွန်တော့် ဘယ်ဘက်ရင်အုံလေးမှာ ရဲခနဲ ရှက်သွားသည်။ ပန်းရောင် သွေး ရောသွားသော ချစ်သူမျက်နှာရဲရဲလေးကို ကျွန်တော် ပွပွယယကြည့်ရင်း …

“ဘယ်သိဦးမလဲကွ။ အခုမှ အစပဲရှိသေးတဲ့ဥစ္စာ..နော”

စကားအဆုံး “နော”ဟူ၍ သူမဘက်လှည့်ကာ ပြောလိုက်သော ကြောင့်

“ဘာ ဖြစ်တယ်”ဟု ဆိုကာ နှုတ်ခမ်းတစ်ဖက်ကို ကိုက်ရင်း ကျွန်တော့် ဗိုက်ကို ဆွဲဆိတ်သည်။ မျက်နှာကိုမဲ့ရင်း တွန့်ခနဲ ဖြစ်သွားသော ကျွန်တော့် အားကြည့်ကာ ၀ဏ္ဏနှင့် သူသူက ရယ်ပါ၏ ။ ပြီး ၀ဏ္ဏ က ဟန်ပါပါဖြင့် မျက်နှာကိုမော့ရင်း …

မင်းတို့က အခုကတည်းက ဒီလိုကြီးလားကွ။ ငါ့မိန်းမ သူသူဆိုရင် အခုအချိန်အထိ ငါ့ကို မော် မကြည့်ရဲသေးဘူး။

“ကြည့်လို့ရမလား… နင်က ဂျပုကိုး”

လေပြေက ပက်ခနဲပြန်ပြောသည်ကြောင့် ဆောင့်ကြွားကြွားလုပ်နေသော ငနဲသားမှာ မအီ မလည် ဖြစ်သွားသည်။ တကယ်လည်း ၀ဏ္ဏက သူသူနှင့် ယှဉ်လျှင် ပုယောင်ယောင် ဖြစ်နေသည့် အတွက် ပြန်မပြောသာ။ ဒါတောင်…

“ငါက ပုချင်လို့ပုတာ မဟုတ်ဘူးဟေ့။ ကိုယ့်မိန်းမကိုယ် (Row)တင်ချင်လို့ ပုပေးထားတာ။ လမ်းတွဲ လျှောက်ရင် သူများ တွေ အမြင်မှာ ၀ဏ္ဏက သူအရပ်ပုပေမယ့် သူ့ထက်အရပ်ရှည်တဲ့ မိန်းမကို ရအောင်ယူနိုင်တယ်။

သူ့မိန်းမကလည်း တန်းတူအရပ်ရှည်ရှည် ယောက်ျားကို မယူဘဲနဲ့ ၀ဏ္ဏလို ပုပုဖြောင့်ဖြောင့် ယောက်ျားမျိုးကိုမှ ရွေးယူတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် .. သြော် .. သူတို့နှစ် ယောက် ဟာ သိပ်ချစ် ကြပါလားဆိုတဲ့ အတွေးမျိုးဝင်သွားအောင် ယူထားတာ။ ငါလည်း ဂုဏ်တတ်တယ်။ ငါ့မိန်းမကိုလည်း Row တင်ပြီးသား ဖြစ်သွားတယ်။ ဘယ်လောက်ကောင်းလဲ”

“ဘာမှ မဆိုင်ဘူး”

ဘယ်ဘက်ရင်အုံလေးက နှုတ်ခမ်းကိုမဲ့ကာ လက်ခါရင်း ပြောသည်။ သူသ ကတော့ စကား နည်းသူပီပီ ပြုံး၍ သာ နေပါ၏ ။ လေးယောက် သားမှာ ဘူတာအတွင်းမှထွက်၍ နီးစပ်ရာဆိုင်တစ်ဆိုင် သို့ ဦးတည်ခဲ့ကြသည်။ ကျွန်တော် တို့နှစ် ယောက် မှာ ညက တစ်ညလုံး ရထားပေါ်၌ အချိန်ကုန်ခဲ့သည် ဖြစ်ရာ ဗိုက်တို့ဆာလှပြီမဟုတ်ပါလား။ ဆိုင်တွင်းကို ရောက်တော့ ဒေသထွက်စားစရာအချို့ကို အရင် ဆုံးမှာ ဖြစ်သည်။

အရင်ကတည်းက အကြိုက်ဆုံးအစားအစာ စာရင်းဝင်တွေ မို့ ရောက်လာတော့ အားရပါးရ စား ဖြစ်သည်။ လေပြေမှာ လည်း ကျွန်တော့် နည်းတူ ခေါင်းမဖော်တမ်းစားနေသည်။ အားရပါးရ စားနေ သော လေပြေ့ပုံစံလေးအား ကြည့်ရင်း ကျွန်တော့် စိတ်ထဲ၌ တစ်စုံတစ်ရာကို တွေး ဖြစ်ပါသည်။

“ဒါဟာ ခိုးပြေးခြင်းရဲ့ အရသာလား”

ဟုတ်သည်ဆိုလျှင်တော့ ကျွန်တော် နှစ် နှစ် ခြိုက်ခြိုက် ခုံမင်မိပါသည်။ ထိုစဉ်မှာ ပင် ၀ဏ္ဏဆီမှ ထောပနာပြုသံကို ကြားရ၏ ။

“အဲဒါပဲကွ။ တူနှစ် ကိုယ် တဲအိုပျက်မှာ နေရနေရတို့၊ ထမင်းရည်ပဲ လျက်ရလျက်ရတို့ဆိုတာ အလကားပြောတာ။ ဘယ်သူမှ မနေနိုင်ဘူး။ အခုပဲ ကြည့်ပါလား။ ခိုးပြေးလာတာဖြင့် နှစ် ရက်မပြည့် သေးဘူး။ စားနေကြတာ စူဇကာပုဝဏ္ဏား ၀င်စီးနေတဲ့အတိုင်းပဲ”

စားနေရင်းတန်းလန်း လေပြေ့ဆီမှ “ခွီး”ခနဲ အသံထွက်လာပြီး ကျွန်တော် ကတော့ “ခွေးသား” ဟု ဆဲရေး ဖြစ်သည်။ သူသူ ကတော့ ထုံးစံအတိုင်း ရယ်နေ၍ သာ…

“သိပ်ရယ်မနေနဲ့ဦး။ မျက်နှာကြီး ပျော်ကျလာဦးမယ်။ အခုတောင် တော် တော် ရဲနေပြီ”

နီဆွေးဆွေး ဖြစ်နေသော မျက်နှာအားကြည့်ရင်း ပြောလိုက်သည်ကြောင့် …

“အဲဒါ မင်းတို့မကောင်းတာကွ။ မင်းတို့လုပ်လို့ ငါ့မိန်းမ အအေးမိပြီး မျက်နှာရဲနေတာ”

သူသူက ၀ဏ္ဏအား မျက်စောင်းထိုးသည်။

“ဘာ ဖြစ်လို့လဲ။ ဆိုင်ကယ်စီးလာရတော့ လေတိုးလို့လား”

မသိနားမလည်စွာ သူသူ့အားကြည့်ရင်း လေပြေမေးတော့

“ဘယ်ကလာ … မနက်ကတည်းက…”

“၀ဏ္ဏ … နင်နော်”

သူသူက အော်ကာတားသည်ကြောင့် ကျွန်တော် အခြေအနေတစ်ခုကို သဘောပေါက်လိုက် ပါသည်။ ထို့ကြောင့် …

“လုပ်စမ်းပါဦးကွ။ ဘယ်လို အအေးမိလို့လဲ”

“မင်းတို့ကိုကြိုဖို့ ငါ့မိန်းမ စောစောစီးစီး ရေထချိုးတာကွာ”

“ဒါများ ဟယ်.. ထူးဆန်းတာမှတ်လို့၊ ရေမှားချိုးလို့ အအေးမိတာပဲ”

ဝဏ္ဏစကားမဆုံးခင် လေပြေက သူမထင်မြင်ချက်ကို ၀င်ပြော၏ ။ ၀ဏ္ဏက ရယ်ကျဲကျဲဖြင့် ခေါင်း ကိုယမ်းရင်း…

“ရေအေးချိုးလို့ အအေးမိရင် ငါလက်ခံတယ်။ အခုဟာက လုံးဝမအေးတဲ့ရေကိုချိုးပြီး အအေးမိ သွားတာကို ငါ အံ့သြနေတာ”

“၀ဏ္ဏ”

ရှက်အမ်းအမ်းပုံစံဖြင့် တားသေးသော်လည်း အရှိန်ရနေပြီ ဖြစ်သည့်အတွက် မရတော့။ ကျွန်တော် နှင့် လေပြေမှာ လည်း အနည်းငယ် စိတ်ဝင်စားသွားရသည်။

“လူကြီးတွေ ပြောတာ မင်းတို့ကြားဖူးမှာ ပေါ့။ အခုလို ဆောင်းရာသီ အေးတဲ့အချိန် ရေချိုးရင် ပထမဆုံး ကိုယ်ပေါ်လောင်းလိုက်တဲ့တစ်ခွက်ပဲ အေးပြီး နောက်လောင်းတဲ့ခွက်တွေ က သူ့အလိုလို နွေးပြီး အဆင်ပြေသွားတယ်ဆိုတာလေ…”

“အေး…ကြားဖူးတယ်”

စကားဝင်ထောက်သော ကြောင့် သူသူ၏ မျက်စောင်းဒဏ်ကို ခံရသည်။

“အဲဒါကို ငါ့မိန်းမက ဘယ်လိုလုပ်တယ်မှတ်လဲ။ အေးတယ်ဆိုတဲ့ ပထမဆုံးခွက်ကို ကိုယ်ပေါ် မလောင်းဘဲ ဘေးပက်ထုတ်ပြီး နွေးတယ်ဆိုတဲ့ ဒုတိယခွက်ကစပြီး ခေါင်းပေါ်က လောင်းချိုးပစ်လိုက် တာကွာ။ ကံကောင်းလို့ လေမဖြတ်တယ်”

ဝါးခနဲအော်ရယ်မိကြသည်။ သူသူလည်း ရှက်တက်တက်အမူအရာဖြင့် ရောယောင်ကာ လိုက် ရယ်သည်။ ယခုမှ အမှန်တကယ်ရဲသွားသော သူသူ့မျက်နှာအားကြည့်ရင်း..

“အေးကွ.. အရင်ကတည်းက တိုင်းရင်းသူပီပီ ပါးနှစ် ဖက်ရဲနေတဲ့အပြင် အခု မျက်နှာတစ်ပြင် လုံးပါ ရဲလာတော့ မျောက် ဟိုဟာနဲ့တောင် သွားတူတယ်”

“ဘာပြောတယ်”

ကျွန်တော့် စကားကြောင့် နှုတ်ခမ်းကိုကိုက်ရင်း “ဘာပြောတယ်”ဟုဆိုကာ လက်တွင် လုံးချေ ထားသော တစ်ရှူးဖြင့် လှမ်းပေါက်၏ ။ ဒါကို လေပြေက

“သူသူနော် … သူများ ဟိုဒင်းဟိုဟာကို ရာရာစစ”

ခပ်တည်တည်ဆိုသော လေပြေကိုကြည့်ရင်း သူသူက မျက်စောင်းတစ်ချက် လှမ်းထိုး၍ နှုတ်ခမ်းကိုမဲ့ကာ..

“အခုမှ သိပ်သည်းပြမနေနဲ့။ အမြင်ကပ်ဖို့ကောင်းလိုက်တာ။ မကျေနပ်ရင် ၀ဏ္ဏကိုပြန်ပေါက်။ ရော့…တစ်ရှူးဘူး”

“မပေါက်နိုင်ပါဘူး။ နင့်လူ ဂျပုကိုများ ”

ကျွန်တော် ဟက်ခနဲရယ် ဖြစ်သော်လည်း ၀ဏ္ဏ ကတော့ အီလည်လည်ကြီးဖြင့် ခွေးအကြီးလှည်း ကြိတ်သလို တအီးအီးရယ်သည်။ အရယ်ဆုံး ကတော့ ၀ဏ္ဏက လက်စားချေသည့်သဘောနှင့် ..

“စားပြီးရင်လည်း သွားကြတယ်။ မင်းတို့ကမှ အခုမှ ခိုးပြေးလာကြတဲ့ ဇနီးမောင်နှံဆိုတော့ ကိုယ်ချင်းစာပါတယ်ကွာ။ ညကလည်း တစ်ညလုံး ရထားကြီးပေါ်မှာ ဆိုတော့..ဟီး…ဟီး…”

ဝဏ္ဏ၏ “ဟီး..ဟီး”ကြောင့် ကျွန်တော် လည်း အံသွားချင်း ကြိတ်ရင်း လိုက် “ဟီး”လိုက်သည်။

“ဟီး…ဟီး…”

“ဘာလဲ .. ရထားကြီးပေါ်မှာ ဘာ ဖြစ်လဲ။ ဟို တစ်ယောက် ကလည်း ဘာလိုက်ဟီးနေတာလဲ”

ရှက်သံဝဲ၀ဲဖြင့် နှုတ်ခမ်းကိုကိုက်ကာ ငေါက်ငမ်းလိုက်သော သူမကြောင့်

“သြော် .. မဟုတ်ပါဘူး။ ရထားကြီးပေါ်မှာ တစ်ညလုံး စီးလာရတော့ ခရီးပန်းလာမှာ ပဲလို့ ပြော မလို့ပါ”

ဝဏ္ဏက မြန်မာဗီဒီယိုကားတွေ ထဲကလို ခပ်ညံ့ညံ့အိုင်တင်ဖြင့် ဖြီးချသည်။ ဒါကိုပင်..

“ဟွန်း.. ဟို တစ်ယောက် ကရော ..”

“အဟီး..မောင်လည်း အဲဒါပဲ ပြောမလို့”

ကျွန်တော့် အပြောကြောင့် သူမ မထိန်းနိုင်တော့စွာ “ခစ်”ခနဲ ရယ်သည်။ အကုန်လုံးကလည်း ပြုံးစိစိ။

ဆိုင်ထဲကထွက်လာပြီးတော့ ဆိုင်ကယ်ဆီသို့ ဦးတည်သွားစဉ်မှာ ပဲ ..

“မင်းတို့ ဆိုင်ကယ်စီးချင်ပါချည်ရဲ့ ဆိုလို့သာ ကားယူမလာရတာ ။ ငါ့မိန်းမက ဆိုင်ကယ်စီး သိပ် ကျွမ်းတာမဟုတ်ဘူးကွ။ ငါက သူသူ့ကို လေတိုးတာတောင် သိပ်ခံချင်တာမဟုတ်ဘူး”

ဝဏ္ဏက mood အပြည့်ဖြင့် ခပ်တည်တည်ဆိုသော်လည်း

“လဲသေလိုက်”

ဟူသည့် သူသူ့အဖြေ ကတော့ တော် တော် လေးသင်းသည်။ ထိုစဉ်မှာ ပင် ကျွန်တော် တစ်စုံ တစ်ခုကို သတိရလိုက်ပါ၏ ။

“၀ဏ္ဏ .. ဘူတာထဲမှာ Toliet ရှိတယ်မလား”

“အေး..ရှိတယ်လေ။ ဘာလဲ .. မင်း Toliet ၀င်ချင်လို့လား။ ဒီဆိုင်မှာ သွားလည်း ရတယ်”

“ရတယ်..ရတယ်..မင်းတို့ ခဏစောင့်နေ။ ငါ ဘူတာထဲက Toliet ပဲ သွားလိုက်မယ်”

ပြောပြီး ကျွန်တော် ပြေးထွက်သွားတော့ အကုန်လုံးက ဘာမှန်းမသိ ကြောင်နေမှာ သေချာ သည်။

VI

မီးရထားကြီး ဂျုန်းဂျုန်းဂျက်ဂျက်လို့ပဲ ပြောပြော၊ မီးရထားကြီး ၀ုန်းဝုန်းလို့ပဲဆိုဆို၊ တစ်နေကုန် စုန်ချည်ဆန်ချည် လှုပ်ရှားနေတယ်ပဲသတ်မှတ်သတ်မှတ်။ ဆိုလိုချင်တာ ကတော့ မီးရထားကြီး ခုတ် တောင်းနေတယ်လို့ ဆိုလိုချင်တာပါ။

ကျန်ခရီးသည်တွေ မှာ တော့ အပြင်ငေးသူငေး၊ မျက်စိမှိတ် မှိန်းသူမှိန်းနှင့် ရှိနေသလောက် ဦးထိပ်တင်နှင့် ကျော်ခေါင်မှာ တော့ စာရွက်တစ်ရွက်နှင့် အလုပ်ရှုပ်နေသည်။

မီးရထား ဥသြတစ်ခါဆွဲတိုင်း အပြင်ခေါင်းထွက်ကြည့်ရသည်မှာ အမော။ ရန်ကုန်နယ်နိမိတ် အတွင်းတွင် ရထားမှာ မမှေးမမြန် သွားပေးသည့်အတွက် ဘူတာစဉ်နာမည် တို့ကို ဖတ်လို့ရသေးသော် လည်း ရန်ကုန်နယ်နိမိတ် အပြင်ရောက်သည်နှင့် ရထားမ အမြန်ခုတ်မောင်းလာသည်။ ထို့ကြောင့် ဘူတာနာမည် တို့ကို ခေါင်းထွက်ဖတ်ရသည်မှာ အဆင်မပြေတော့။

သူတို့လက်တွင်းရှိ သဲလွန်စစာရွက်၏ ဆိုလိုချက်ကိုတော့ သေချာ သဘောပေါက်ထားသည်။ Yangon ဟူသော စကားလုံးခြောက်လုံးတွင် '၀'နေရာမှ သုံးကွက်ထုတ်ထားသည့်အတွက် ထည့်သွင်း ရမည့် ဘူတာသည် နာမည် လေးလုံးရှိသော ဘူတာ ဖြစ်ရပေမည် ။ ပြီး '၀'နှင့် စရပေမည် ။ ဒါမှ မဟုတ် '၀' နှင့် ဆုံးရပေမည် ။

ဒီတော့ ရထားကြီး ဥသြဆွဲ၍ ဘူတာဝင်တိုင်း ဘူတာနာမည် ကို အတင်းဖတ်ရပါသည်။ ရထားမှာ အရှိန်မလျှော့ဘဲ ခုတ်မောင်းသည့်အတွက် ဖတ်ရသည်မှာ အလျင်စလိုနိုင်၍ အဆင်မပြေ လှ။

ဒါပေမဲ့ ယခုအချိန်အထိ '၀'နှင့် စ (သို့ ) '၀'နှင့် ဆုံးသော ဘူတာမတွေ့ သေးပါ။

ဂျုန်းဂျုန်းဂျက်ဂျက်နှင့် ရထားကြီးက တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးထောင့်ကန်၊ ဒါးပိန် စသော ဘူတာစဉ်အတိုင်း အပြေးကျော်ဖြတ်လာသည်။

နောက် တဖြည်းဖြည်းနှင့် သူတို့မျက်ဝန်းအကြည့်တွေ ထဲသို့ တစ်မျှော်တခေါ် လယ်ကွင်းများ နှင့် ခပ်ဝေးဝေးဆီမှ ဟိုတစ်စု၊ ဒီတစ်စု သစ်ပင်၊ တဲစုများ ကသာ နေရာယူလာတော့သည်။ ဘူတာနှင့် ဝေးသွားချေပြီး သူတို့မျက်နှာချင်းဆိုင်မှ ရသေ့ကြီးနှင့် ဒကာမှာ လည်း ထိုင်ခုံကို ကျောမီထိုင်ရင်း မှိန်း နေပါ၏ ။

ဘေးမှလေးယောက် သည်လည်း ထူးခြားစွာ ငြိမ်နေသည်။ သေချာကြည့်လိုက်မိတော့ နားထဲမှ နားကြပ်ကိုယ်စီတပ်ကာ ငြိမ့်နေကြခြင်း ဖြစ်သည်။ အနည်းငယ်ကြာတော့ ဦးကျော်ခေါင်နှင့် ဦးထိပ်တင် နှစ် ယောက် စလုံး စိတ်ကိုလျှော့ချကာ အများ နည်းတူ ကျောမှီထိုင်လိုက်ပါ၏ ။

ပေးထားခဲ့သော သဲလွန်စစာရွက်အရ ရန်ကုန်နယ်နိမိတ်နှင့် နီးနီးလေးမဟုတ်ဆိုတာ တွက်မိ တာလည်း ပါသည်။ စာရွက်အတိုင်းဆိုပါက ဘူတာစဉ် အတော် များများ ကို ဖြတ်ကျော်သွားရပေဦး မည် ။

ဝေးရာမှ နီးလာ၊ နီးရာမှ ပျောက်သွားသော အပြင်ရှုမြင်ကွင်းများ ကို ကြည့်ရင်းဖြင့် စိတ်တို့မှာ တဖြည်းဖြည်း ပါးလျလာသည်။ နောက်ညောင်းစပ်စပ် ဖြစ်လာသော မျက်စိတို့အား တစ်ခဏသာ အနားပေးသည့်သဘောနှင့် ခပ်ဖွဖွမှိတ်ရင်း ရထားဥသြဆွဲသံကိုသာ နားစွင့်နေလိုက်ြ ကတော့၏ ။

မီးရထားကြီးက သူကိုယ်ပိုင် ဘာသာစကားတို့ကိုပြောဆိုအော်ဟစ်ရင်း ပြေးသထက် ပြေးကာ လာသည်။ ပြတင်းမှဝင်လာသော လေအေးကလည်း ရထားအရှိန်နှင့် လိုက်ဖက်စွာ တလှပ်လှပ်ခပ်ရင်း ခပ်ရင်းဖြင့် …

အဲဒီ နောက်မှာ တော့ …

×××××

'ကျွီ'ခနဲ လှုပ်ခတ်သွားမှု ကြောင့် မျက်လုံးတို့ ပွင့်သွားသည်။ ပွင့်လျှင်ပွင့်ချင်းပင် နှစ် ယောက် စလုံး ခေါင်းနားပန်းကြီးသွားောတ့၏ ။

ဘယ်ကိုရောက်နေပြီလဲ။

ရထားကြီးမှာ ရပ်နေသည်။ ချက်ချင်း ပင်ဦးထိပ်တင် အပြင်ကို ခေါင်းထွက်ကြည့်လိုက်တော့…

'ဘုရားသုံးဆူဘူတာ။ ရှေ့ဘူတာက 'ပဲခူး'။

နာရီကို ကောက်ကြည့်လိုက်တော့ (10)နာရီထိုးတော့မည် ။ ရန်ကုန်ကထွက်လာတာ နှစ် နာရီ နီးပါးပင်ရှိ သွားပါလား။ ဘေးမှ ဦးကျော်ခေါင်ကလည်း အခုမှ ကမန်းကတန်းထကာ..

'ငါတို့ ဘယ်နှဘူတာ ကျော်သွားပြီလဲ မသိဘူး'

မျက်လုံးကိုပြူးကာ ပြောလိုက်သည်ကြောင့် သူ့စိတ်ထဲတွင် 'ငါတို့တော့ တိုင်ပတ်ပြီ'ဟု တွေးနေပုံရပါ၏ ။ ဒါပေမဲ့ ဦးထိပ်တင် ကတော့ အေးဆေးစွာ ပင် ယခု ဆိုက်ရောက်ဘူတာနှင့် ဖြတ်ကျော်လာခြ့သော ဘူတာ မကြာခင် ရောက်ရှိလာတော့မည့်  ဘူတာတို့အား ရေး ထိုးထားသည့် ဆိုင်းဘုတ်အား လှမ်းကြည့်ရင်း…

'ကွက်တိပါပဲ။ ရှေ့ဘူတာက ပဲခူး။ သဲလွန်စစာရွက်မှာ တော့ နာမည် တစ်လုံး ထည့်လို့ရသွားပြီ'

ဦးထိပ်တင်အပြောကြောင့် ဦးကျော်ခေါင်က အိတ်ထဲမှ စာရွက်ကိုထုတ်ကြည့်ကာ..

'ဟုတ်သားပဲ။ ပဲခူး Bago ဆိုတော့ 'o'နဲ့ ဆုံးတာ။ စာလုံးကလည်း လေးလုံး ကွက်တိပဲ'

ပြောပြောဆိုဆိုပင် ဦးကျော်ခေါင်က သူ့စာရွက်မှာ ကောက်ဖြည့်လိုက်ပါ၏ ။ ပွဲလေးက အနည်းငယ် နွေးလာသလိုရှိသည်။ ဦးထိပ်တင် ကတော့ လက်ထဲမှစာရွက်ကိုကြည့်ရင်း ရှေ့ဆက်ရ မည့်  ခရီးစဉ်အတွက် ရင်ခုန်နေသည်။

ထိုစဉ်မှာ ပ် ရှေ့မှဝင်လာသော ရထားတစ်စီး၏ ဥသြဆွဲသံကို ကြားလိုက်ရသည်။ ဤအခါမှပင် သူတို့ရထား ရပ်နေရခြင်းအကြောင်းကို သဘောပေါက်သွား၏ ။ တွဲ ရှောင်ရန် ရပ်ပေးထားခြင်း မဟုတ် လား။

ထိုရထားလွန်သွားတော့ သူတို့ရထားလည်း ခရီးဆက်သည်။ မကြာလိုက်ပါ။ ရထားမှာ 'ပဲခူး' နယ်နိမိတ်အတွင်းသို့ ၀င်လာတော့သည်။

'ရေသန့်တစ်ဘူး ဘယ်လောက်လဲကွ'

'လေးရာ ဦးလေး'

'အေး..တစ်ဘူးပေး'

ဈေးများ မှန်းသိသော်လည်း ရထားဈေးသည်ဆိုသည့်အချက်နှင့် ရေဆာနေသည်ကြောင့် ဦးကျော်ခေါင် ၀ယ်လိုက်သည်။ တစ်ထောင်တန်ထုတ်ပေးတော့ ကောင်လေးက အကြွေအမ်းစရာ မရှိ သေးဟုဆိုကာ အကြွေရအောင် လိုက်ရောင်းဦးမည် ။ ပြီးမှ ပိုက်ဆံလာယူမည် ဟုပြောပြီး တွဲ ကူးသွား ၏ ။

ဒီဈေးသည်ကောင်လေး မဆိုးဟု တွက်မိသည်။ ရေသန့်ဘူးကိုထားသွားသည့်အတွက် ဈေး ရောင်းတတ်သည်ဟု တွေးကာ ဦးကျော်ခေါင် ဖောက်သောက်လိုက်ပါ၏ ။ မကြာပါ။

'ဘော်…'

ပဲခူးဘူတာ ၀င်ပေတော့မည် ။

မကြာပါ ထိုဈေးသည်ကောင်လေး ပြန်ရောက်လာသည်။ ဦးကျော်ခေါင်က တစ်ထောင်တန် ထုတ်ပေးတော့ ထိုပိုက်ဆံကိုယူကာ…

'ခဏလေးနော်..ဦးလေး..ကျွန်တော့် မှာ အကြွေမပြည့်သေးဘူး။ ဟိုနောက်မှာ ပိုက်ဆံကောက် စရာရှိသေးတယ်။ အဲဒီ ကရရင် လာပေးမယ်နော်'

'အေး…အေး…'

ရထားကြီးက တစာစာဟစ်အော်ရင်း တဖြည်းဖြည်း နှေးကွးလာသည်။ ပြီး 'ပဲခူး'ဟု စာလုံးမည်း ကြီးဖြင့် ရေး ထားသော ဆိုင်းဘုတ်ဖြူဖြူကြီးကိုဖြတ်ကျော်ရင်း ဘူတာအတွင်းသို့ ၀င်သွားတော့၏ ။ အော်သံ၊ ဟစ်သံတွေ ၊ ဈေးရောင်းသံတွေ ၊ ပြေးသံလွှားသံတွေ ဆူညံသွားသည်။ တုံ့လှီလေးတဲစွာ သွားနေရင်းမှ ရထားကြီးက တိခနဲရပ်သွားသည်။ တိခနဲ ဖြစ်သွားသော ရထားကြီးနည်းတူ ဦးကျော် ခေါင်ရင်မှာ လည်း တိခနဲ။

တွဲ ပေါ်တွင် ဈေးသည်ကောင်လေး ရှိမနေတော့ပါ။ ဦးကျော်ခေါင် ကမူးရှူးထိုး ထရပ်ကာကြည့် သည်။ လုံးဝကို ရှိမနေတော့။

အောက်ဆင်းသွားတာလား၊ တွဲ ကူးသွားတာလား မသိလိုက်ပေမယ့် သေချာတစ်ခု ကတော့ သူခံလိုက်ရပေပြီ။ ခံပြင်းမှု ဒေါသတွေ နှင့် အတူ ပြတင်းပေါက်မှ ခေါင်းထွက်ရှာသော်လည်း…

မလောက်လေး မလောက်စားလေးက သူ့ကို တစ်ပတ်ရိုက် သွားပါပြီ။

'တောက်..ဘယ်ရောက်သွားလဲ မသိဘူး'

'ရှိတော့မလားကွ…မင်းရှာနေလည်း အပိုပဲ။ အခုအချိန်ဆို မင်းပိုက်ဆံနဲ့ဟိုက ယပ်ခပ်နေ လောက်ပြီ'

ဦးကျော်ခေါင် ဘာမျှပြန်မပြောသာဘဲ အံတကြိတ်ကြိတ်ဖြင့် သာ ခံရခက်နေစဉ်၌ …

'ဒီကောင်တွေ က ဒီလိုပဲဗျ…။ ကျွန်တော် တို့က ရထားစီးနေကျဆိုတော့ နပ်နေပြီ'

မျက်နှာချင်းဆိုင်ရသေ့ကြီးဘေးမှလူက ပြောသည်။ သူတို့ ဘာတတ်နိုင်မည် နည်း။ ဘူတာ တွင်းကိုသာ မတွေ့ နိုင်မှန်းသိရက်နဲ့ ခံရခက်ခက် ကြည့်ရင်းသာ…

ဦးထိပ်တင် ကတော့ ယခုမှပင် အေးဆေးစွာ လက်ထဲမှာ စာရွက်ကိုဖြန့်၍ Bago ဟု ဖြည့်လိုက် သည်။

(10)မိနစ်သာသာလောက် ရောက်တော့ ပဲခူးဘူတာကို ရထားကြီးက ချန်ခဲ့သည်။ ပဲခူးမှထွက် သည်နှင့် နောက်ထပ်ဘူတာအတွက် နှစ် ယောက် စလုံး ရင်ခုန်နေကြပြီ။ ပေးထားသော သဲလွန်စအရ နောက်တစ်ဘူတာသည် စာလုံးငါးလုံး။ ထိုစာလုံးတွင် ဒုတိယစာလုံးက (a)။ နောက်ဆုံးစာလုံးက (u)။

ရထားဖြတ်ကျော်သွားရာ ဘူတာစဉ်အတိုင်း ဂရုတစိုက်ကြည့်ပေတော့….။ ရထားက တဖြည်း ဖြည်း နှေးရာမှ အရှိန်ရလာသည်။ ပြီးတော့ ပြန်လာသည်။ နောက် …

ထပ်တွေ့ သည့်ဘူတာက ရွှေလှေ (SHWELE)။

စာလုံးခြောက်လုံး ဖြစ်နေသည်။ မဟုတ်သေး။ တစ်အောင့်ကြာတော့ ဘုရားကြီး (PAYAGYI) ဆိုပြီး ပေါ်လာသည်။ ဒါလည်းမဟုတ်။ ပြီးတော့ တပ်တွေ့ ရသည်က ဘုရားလေး (PAYALAY)ဘူတာ။ မဟုတ်သေးပြန်။

ရထားပေါ်ရှိလူတွေ အကုန်လုံး အေးဆေးနေသလောက် သူတို့ အသက် 50 ကျော်၊ 60 လူကြီး နှစ် ယောက် မှာ သာ ဘူတာတစ်ခုဝင်တိုင်း အမောတကော ကြည့်ရ၊ ပြီး အင်္ဂလိပ်စာလုံးကိုမီအောင် မနည်းလိုက်ဖတ်ရ၊ လက်ထဲမှာ စာရွက်နှင့် တိုက်ကြည့်ရနှင့် ဂနာမငြိမ် ဖြစ်နေရာ အမြင်ကပ်ဖို့ကောင်း နေမှာ သေချာသည်။

နောက်ဆုံး ရှေ့မှရသေ့ကြီးပင် မျက်စိနောက်လာသည်လားမသိ။ မကြည်ကြည့်တွေ ကြည့် ကုန်သည်။ ဘေးမှလူ ကတော့ သူတို့နှစ် ဦးလက်ထဲမှ စာရွက်ကို စိတ်ဝင်စားသည့်သဘောရှိသည်။ ပြီး စပ်စုသည့်ပုံစံကိုလည်း တွေ့ ရ၏ ။

ထိုစဉ်မှာ ပင် ရထားကြီးက နောက်တစ်ဘူတာ ထပ်ကျော်သွားသည်။

ပျဉ်ပုံကြီး (PYIN BON YI)။

ဒါလည်း မဟုတ်သေး။

ဘူတာစဉ်တွကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာခဲ့သည့်အတိုင်း အချိန်တွေ ကလည်း ပြေးနေ သော ရထားကြီးနည်းတူ အလျင်အမြန်ကုန်ဆုံးလာသည်။ ဒါပေမဲ့ နောက်တစ်ဘူတာ အရောက်မှာ တော့ နှစ် ယောက် စလုံး ရင်ခုန်သွား၏ ။

စာလုံးငါးလုံး။ ဒုတိယစာလုံးက (a)။ ဒါပေမဲ့ နောက်ဆုံးစာလုံးတစ်လုံးထဲ ကပ်လွဲသွားသည်။ ထိုဘူတာက …

ကဒုတ် (KADOK)။

ဖြစ်နိုင်ခြေရှိသော်လည်း မ ဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရတော့ နှမြောသလိုလိုပင် ဖြစ်သွားရပါ ၏ ။ နောက်တစ်ဘူတာအား စောင့်ကြည့်နေစဉ်မှာ ပင်…

ဖောင်တော် သီ (PHAUNG DAW THE) ဆိုသည့် စာလုံးအများ ကြီး ဘူတာရောက်လာသည်။ ဖြစ်နိုင်ဖို့ဝေးစွ။ ဒါပေမဲ့ ဖောင်တော် သီအလွန်မှာ ပင် နှစ် ယောက် စလုံး၏ စိတ်ခံစားမှု တွေ က အတိုင်း အတာတစ်ခုထိ မြင့်တက်လာပါတော့သည်။

ရောက်ရှိလာသည့်ဘူတာက 'အိမ်ခြေလေးဆယ်'။

ထိုဘူတာကြောင့် စိတ်လှုပ်ရှားခြင်းမဟုတ်။ ဆိုင်းဘုတ်မှာ ပြထားသော ရှေ့တစ်ဘူတာ ကြောင့် ….။

မကြာခင် ရောက်ရှိလာတော့မည့်  ဘူတာနာမည် အား ဖတ်လိုက်ပြီးပြီးချင်းမှာ ပင် ဦးကျော်ခေါင် က ဦးထိပ်တင်ကိုလက်တို့ကာ…

'ဟေ့ကောင်…ဒိုက်ဦးရောက်တော့မယ်'

ထိုစကားကြောင့် အပြင်ကို လွမ်းလွမ်းဆွေးဆွေး ငေးနေရာမှ ဦးထိပ်တင်လှည့်ကြည့်ရင်း..

'ငါသိတယ်..။ ဖောင်တော် သီ ရောက်ကတည်းက သတိရနေတာ'

ဒီလောက်ဆိုလင် ပရိသတ်ကြီး သဘောပေါက်မှာ ပါ။ ဒိုက်ဦးဘူတာနှင့် ပတ်သက်၍ ဦးထိပ်တင် နှင့် ဦးကျော်ခေါင်နှစ် ယောက် လွန်ခဲ့သော အတိတ်နှစ် ခုဆီက သမိုင်းကြောင်းတွေ ရှိထားတယ်ဆိုတာ။

ဟုတ်ပါ၏ ။ လွန်ခဲ့သော နှစ် 20 သာသာခန့်က ဦးထိပ်တင်မှာ ဒိုက်ဦးသူ တစ်ယောက် နှင့် ရေ ရေလည်လည် ရည်းစား ဖြစ်ခဲ့ဖူးလေသည်။ ဒိုက်ဦးမြို့သူတော့မဟုတ်။ ဒိုက်ဦးမြို့ပိုင် 'ဗိုင်းဒါး'ကျေးရွာမှ ကျေးရွာသူ တစ်ယောက် နှင့် ဖြစ်သည်။

ယူဖို့ထိ စဉ်းစားခဲ့ဖူးသော်လည်း ကံကြမ္မာကြီးက သဘောမတူ၍ ခွဲပစ်လိုက်ရာ ယခုတော့ သူမ မှာ လည်း သမီးနှစ် ယောက် ပင် အရွယ်ရောက်လာပြီ ဖြစ်၍ သူ့မှာ လည်း သား တစ်ယောက် နှင့် အိုစာခဲ့ရ ပြီ ဖြစ်သည်။

ဒါပေမဲ့လည်းပေါ့လေ..ငယ်ကချစ် အနှစ် 100 မမေ့သာ။ ငယ်ကျွမ်းဆွေ လွမ်းမပြေဆိုသည့် စကားတွေ အတိုင်း ဒိုက်ဦးဟူသည့်အသံကြားတိုင်း ဒိုက်ဦးမြို့နယ် နယ်နိမိတ်အတွင်းသို့ ခြေချမိတိုင်း ဟိုတစ်ချိန် ကြေကွဲခံစားမှု တွေ က ရင်ကို တနဲ့နဲ့လှုပ်နှဲ့နေမြဲ ဖြစ်သည်။

ရှင်းရှင်းပြောရရင်တော့ ယခုအချိန်အထိ သတိရနေမြဲ၊ လွမ်းနေမြဲလို့ ဆိုချင်တာပါ။ အိမ်မှ တွံတေးသိန်းတန်၏ 'လေးဆယ်ကျော်အချစ်'သီချင်းခွေပင် နားထောင်လွန်း၍ သူ့ဇနီးအမြင်ကပ်ပြီး လွှင့်ပစ်ခဲ့တာကြာပေါ့။

ထိုစဉ်မှာ ပင် ရထားကြီးက ဥသြဆွဲရင်း ဘူတာအတွင်းသို့ ဖြည်းညင်းစွာ ၀င်သွားလိုက်သည်။ နောက် တအိအိလှုပ်ခါရင်း ရပ်တန့် သွားပါ၏ ။ သေချာသွားပေပြီ။ ဒုတိယစာလုံးက (a) ဖြစ်ပြီး နောက် ဆုံး (u)နှင့် ဆုံးသော စာလုံးငါးလုံးပါနေသည့် ဘူတာ။

ဒိုက်ဦး (DAIKU)

ရထားက ဘူတာမှ အမောပြေနားနေစဉ်၌ ရထားပေါ်ရှိ ဦးထိပ်တင်နှင့် ဦးကျော်ခေါင်မှာ လည်း…

‘ဟေ့ကောင်…ထိပ်တင်..ဟို ကုက္ကိုပင်ကြီး မှတ်မိသေးလား’

ဦးကျော်ခေါင် မညွှန်ပြခင်ကတည်းက ငေးနေခြင်း ဖြစ်ရာ … မပြောင်းလဲသွားဘူးနော်။ ငါတို့ သာ ဇနီးတွေ ၊ သားတွေ ၊ သမီးတွေ နဲ့ ပြောင်းလဲသွားတာ။ အဲဒီ ညတုန်းက မင်းဘူတာ ဟိုထောင့်မှာ ထိုင်ပြီး စောင့်ပေးရတာ လေ။ ငါတို့က ဒီဘက်ထောင့် အမှော င်ရိပ်ထဲမှာ ’

‘အေး…’

ဦးထိပ်တင်က လွမ်းလွမ်းဆွေးဆွေး ရှိနေသော်လည်း ဦးကျော်ခေါင် ကတော့ တက်တက်ကြွ ကြွ ရှိနေ၏ ။

ခိုးပြေးဖို့ စီစဉ်ထားသည့်ညက တစ်ညလုံး ဒီသစ်ပင်ကြီးအောက်တွင် သူနှင့်ဗိုင်းဒါးသူတို့ အကြေအလည် ဆွေးနွေးကြသည်။ ဒါပေမဲ့ မိုးသာလင်းသွားသည် အဆင်မပြေခဲ့။ ညှိလို့မရခဲ့။ အဓိက နှောင့်ယှက်သူတရားခံ ကတော့ မတော် လိုက်ရသည့် ယောက္ခမကြီး ဒေါ်ညို။

ဒါကြောင့် အညိုဆိုလျှင် ဦးထိပ်တင် ခါးခါးသီးသီးမုန်းသည်။ ယောဂီရောင် ပင် ကြည့်မရ။ သောက်နေကျ လက်ဖက်ရည်ပေါ့ဆိမ့်ပင် ညိုဖျော့ဖျော့ ဖြစ်နေ၍ လက်ခံထားခြင်း ဖြစ်ပါ၏ ။

ဒါတောင် လက်ဖက်ရည်သောက်တိုင်း၊ လက်ဖက်ရည်ခွက်နှင့် နှုတ်ခမ်းတေ့မိတိုင်း တစ်ချိန်က ခံပြင်းမှု က ယခုထက်တိုင် ရင်ထဲမှာ တဆစ်ဆစ်နာနေဆဲ။ ခံပြင်းသတိရနေဆဲပါ။

‘တောက်..ကျော်ခေါင်ရာ..မင်းသမီး ဖြစ်နေလို့။ မဟုတ်ရင် ငါ့သားကို သူ့သမီးနဲ့မရရအောင် ပေးစားတယ်။ သူ့အမေဒေါ်ညို့မျက်နှာကို သေချာကြည့်ပြီးတော့ကို မအေ့လက်ထက်က မရလိုက်တဲ့ သွေးကြွေး သားအလှည့်မှာ အကြေဆပ်ပစ်လိုက်ချင်တာ’

‘ဟ..မင်းပေးစားချင်တိုင်း ပေးစားလို့ရမလားကွ။ လူငယ်တွေ သဘောက ရှိသေးတာပဲ။ အကြောင်းမရှိ အကြောင်းရှာ။ မင်းသားကို ဗိုင်းဒါးနှစ် ခေါက် သုံးခေါက် ခေါ်သွားပြီး ဆွေပြမျိုးပြလိုလို ဘာလိုလိုနဲ့ သွားပြသေးတယ်မလား။ မင်းသားကိုယ်တိုင်က သဘောမကျလို့ ငါ့သမီးနဲ့အကြောင်းပါ သွားတဲ့ဥစ္စာ’

‘မဟုတ်ဘူးကွ။ အရင်ကတည်းက မင်းသမီးနဲ့ ချစ်သူတွေ ဖြစ်ပြီးသားမို့ မကြိုက်တာ။ ဒီကောင့် အကြောင်း ငါသိတယ်။ ဒီကောင်လည်း ဖအေတူသားပဲဥစ္စာ။ ဒါမျိုးနဲ့ ပတ်သက်လို့ ကတော့ 'ဇ'မသေး ပါဘူး။ ဒါပေမဲ့ မင်းသမီး လေပြေညှင်းကလည်း အပြစ်ပြောစရာမရှိအောင် ချစ်ဖို့ကောင်းနေတော့ ဒီ ကောင် ရွေးရခက်နေတယ်နဲ့ တူပါတယ်ကွာ။

နောက်မှ လေပြေကလွဲရင် ဘယ်သူ့မှမလိုချင်ဘူးဆိုပြီး လူကြီးတွေ ကို စီစဉ်ခိုင်းတော့တာ။ မဟုတ်ရင် မကြွေးကြေတယ်ကွ။ သူ့သမီးလေးတွေ ကိုလည်း မဆိုးပါဘူးကွာ။ မအေမမီပေမယ့် သူ့ဟာ နဲ့သူ ကတော့ ချစ်စရာလေးတွေ ပါ'

ထိုစကားကြောင်း ဦးကျော်ခေါင်က ဖြစ်မှ ဖြစ်ရလေဟူသော ပုံစံဖြင့် နှုတ်ခမ်းကိုမဲ့ရင်း …

'မင်းသားကိုလည်း ဟိုက ကြိုက်ဦးမှကိုး'

ဟု ပြောသည်။

'ဒါလည်း ဟုတ်တာပဲ'

ဦးထိပ်တင်စကားသံက မရှေးမနှောင်းမှာ ပင် ထွက်ပေါ်လာသည်။

ထိုအချိန်မှာ ပဲ ရထားကြီးက တစ်ချက်သမ်းဝေရင်း ထွက်ခဲ့တော့၏ ။ ဦးထိပ်တင်နှင့် ဦးကျော် ခေါင်တို့ နှစ် ယောက် မှာ တော့ ဟိုအရင်အတိတ်က ဇာတ်လမ်းလေးတွေ ကို ပြန်လည်ခံစားရင်း ဒိုက်ဦး ဘူတာကို နှုတ်ဆက်ခဲ့လိုက်ပါသည်။

Daiku ဟူ၍ စာရွက်ပေါ်မှာ ဖြည့်ပြီးသွားတော့ နောက်တစ်ဘူတာအတွက်ပင် ရန်ခုန်ချိန်မရ လိုက်ပါ။ စကားလုံး 8 လုံးနှင့် တတိယမြောက်စာလုံး u ဖြစ်သော ဘူတာက ခဏချင်းပင် ရောက်လာ သည်။ နှစ် ယောက် စလုံး တွေ ဝေမနြေ ကတော့ဘဲ စာရွက်တွင် …

ပြွန်တန်ဆာ (PYUNTAZA)ဟူ၍ ဖြည့်လိုက်သည်။

ပြွန်တန်ဆာပြီးသွားတော့ ကြားကျေးရွာ နှစ် ရွာသုံးရွာကိုဖြတ်ရင်း ရထားကြီးက နောက်ထပ် မြို့တစ်မြို့၏ ဘူတာသို့ ဦးဆိုက်သွား၏ ။ ထိုဘူတာက ညောင်လေးပင်ဘူတာ ဖြစ်သည်။

လက်ထဲမှာ စာရွက်နှင့် တိုက်ကြည့်တော့ ညီညွတ်နေသည့်အတွက် ထပ်ဖြည့်လိုက်ပြန်သည်။

ညောင်လေးပင် (NYAUNGLAY BIN)။

VII

အေးမြလတ်ဆတ်သော လေကိုတိုးခွဲကာ ဆိုင်ကယ်နှစ် စီး တရိပ်ရိပ်ပြေးနေသည်။ တစ်စီးက ရှေ့တော် တော် ဝေးဝေးသို့ ရောက်နေပြီး တစ်စီး ကတော့ နောက်နားခပ်ကျကျတွင် သာ မနှေးမမြန် အရှိန်ဖြင့် ပါလာသည်။

တောင်ပေါ်လေပြင်းပြင်းက ရင်ဘတ်သို့ တိုးဝှေ့တိုက်ခတ်နေသည်ကြောင့် ဆိုင်ကယ်မောင်း နေရင်းမှပင် ကျွန်တော် ဂျာကင်ဇစ်ကို ဆွဲတင်လိုက်သည်။ နောက်မှ လေပြေ ကတော့ ကျွန်တော့် ခါး အား ခပ်ဖွဖွဖက်ရင်း ပါလာသည်။

'လေပြေ…'

ခေါ်သံက တိုးနေ၍ လား၊ ရှေ့တည့်တည့်မှ တိုက်နေသော လေအရှိန်ကြောင့် လားမသိ။ ကျွန် တော့် ဘယ်ဘက်ရင်အုံလေးမှာ မကြား။

'လေပြေ…'

အသံကိုမြှင့်ရင်း ဒုတိယအကြိမ် ခေါ်လိုက်တော့မှ ကျွန်တော့် ပခုံးစွန်းသို့ ပါးအပ်ကာတိုးလာ ရင်း ..

'ဘာပြောမလို့လဲ'

တိုးသဲ့သဲ့အသံလေးဆုံးတော့ ကျွန်တော် ဆိုင်ကယ်ကို အနည်းငယ်အရှိန်လျှော့လိုက်ကာ..

'ပျော်လား'

'အင်း…'

အသံက လွန်စွာ တိုးလွန်းနေသည်ကြောင့် …

'တကယ်လား'

'တကယ်ပြောတာကွ။ ည ကတော့ အကျင့်မရှိလို့ ရထားပေါ်မှာ ဘယ်လိုမှ အိပ်မရဘူး။ ဒါပေမဲ့ ဒီပြည်နယ်ပေါ်ကို ခြေချမိတာနဲ့ စိတ်က အလိုလိုပျော်လာတယ်။ အခု ဆိုင်ကယ်စီးရတာ လည်း အရမ်း ပျော်တာပဲ။ ရန်ကုန်မှာ တစ်ခါမှ မစီးဖူးဘူးလေ'

ရယ်သွမ်းရိပ်ဖြင့် ခပ်သွက်သွက်ဆိုသည်ကြောင့် စိတ်အေးစွာ နဲ့ပဲ ကျွန်တော် ယုံလိုက်မိသည်။ ကျွန်တော် ကတော့ မငြင်းပါ။ လုံးဝကိုပျော်နေသည်။ မိန်းမခိုးရတာ ပျော်ဖို့ကောင်းမှန်းလည်း အခုမှ သိ တော့၏ ။ ထိုစဉ်မှာ ပင်..

'ရှုခင်းတွေ က အရမ်းလှတာပဲနော်။ အပြီးတော့ အသက်ရှူရတာ လည်း မတရားလွတ်လပ် တယ်'

'ဟုတ်တယ် လေပြေရ။ မောင်ဆို ဒီပြည်နယ်မှာ အရမ်းနေချင်တာ။ ကျောင်းတက်တုန်းက ၀ဏ္ဏနဲ့တစ်ခေါက် လိုက်လည်ဖူးတယ်လေ။ အဲဒီ ကတည်းက သဘောကျသွားတာ။

တောင်တွေ က သစ်ပင်ထူထူမရှိပေမယ့် တစ်တောင်နဲ့တစ်တောင် ထပ်နေဆက်နေတော့ ဘယ်တော့မှ မဆုံးနိုင်တဲ့ wave တစ်ခုကို ကြည့်နေရသလိုပဲ။ အရမ်းလှတယ်။ ပြီးတော့ တစ်တောင်နဲ့ တစ်တောင်က အနိမ့်အမြင့်မတူတော့ 'ခေးအော့စ်'ကို အပြင်မှာ လက်တွေ့ မြင်နေရသလိုပဲ'

ကျွန်တော့် အပြောကြောင့် သူမက တောင်ကတုံးမို့မို့တွေ ကို သေချာကြည့်ကာ…

'ဟုတ်တယ်နော်'

ကျွန်တော် ခေါင်းညိတ်ပြ ဖြစ်သည်။ ထိုစဉ်မှာ ပင် သူမက ခပ်လှမ်းလှမ်းမြေကွက်လပ်တစ်ခုဆီမှ စိုက်ခင်းအား လက်ညှိုးထိုးပြရင်း

'ဟိုအပင်တွေ က ဘာအပင်တွေ လဲ မောင်။ သီးနေတဲ့အသီးတွေ ကရော ဘာသီးလဲ'

'အဲဒါ လိမ္မော်စိုက်ခင်းလေ'

ကျွန်တော့် စကားကြောင့် သူမ အံ့သြသွားသည်ထင်သည်။

'ဟယ်..လိမ္မော်သီးတွေ က အဲလိုသီးတာလား။ ချစ်ဖို့ ကောင်းလိုက်တာ။ အများ ကြီးပဲ'

လှိုက်လှိုက်လှဲလှဲပြောသော သူမစကားကြောင့် ကျွန်တော် ဆိုင်ကယ်မောင်းနေရင်းမှပင် ခေါင်းညိတ် ဖြစ်သည်။ တဖြည်းဖြည်းနီးသထက်နီးလာသော လိမ္မော်စိုက်ခင်းများ ကိုကြည့်၍ …

'ပြောရင်းဆိုရင်းတောင် စားချင်လာပြီ မောင်ရ'

'ရတယ်…။ ရှေ့မှာ ရောင်းတဲ့ဆိုင်တွေ ရှိတယ်။ ဆိုင်ကယ်ခဏရပ်ပြီး ၀င်ဝယ်ကြမယ်'

မကြာလိုက်ပါ။ လမ်းဘေးတွင် ရောင်းနေသော ဆိုင်တစ်ဆိုင်ရှေ့သို့ အရောက်ဆိုင်ကယ်ကို ရပ်လိုက်သည်။ ပြီးတော့ ဆိုင်ကယ်ပေါ်မှဆင်းကာ လိမ္မော်သီးတစ်ထုပ် ၀ယ်လိုက်၏ ။ ဈေးမှာ ရန်ကုန် နှင့် ထက်ဝက်နီးနီးလောက်ကို သာနေသည့်အတွက် …

'တန်တယ်ကွ..မောင်ရ။ နောက်နှစ်ထုတ်လောက် ထပ်ဝယ်ရအောင်'

'ဟာ…ဘာလုပ်မှာ လဲ။ ၀ဏ္ဏတို့ဆီမှာ ပေါလွန်းလို့။ အခု တစ်ထုပ်ကိုပဲ ဆယ်လုံးသာသာ လောက် ပါနေတာ။ လမ်းမှာ စားပါလေ့'

ကျွန်တော့် အပြောကြောင့် လေပြေက လက်ထဲမှ လိမ္မော်သီးအိတ်အား အပေါ်ကိုမြှောက်ကြည့် ရင်း ဟုတ်တုတ်တုတ် အမူအရာဖြင့် ခေါင်းကိုညိတ်ကာ…

'ဒါဆိုလည်း ပြီးရောလေ.. လစ်ကြမယ်။ ၀ဏ္ဏတို့ဆိုင်ကယ်တောင် ဘယ်ရောက်သွားမှန်းမသိ တော့ဘူး။ တော် ကြာ နောက်ကပါမလာလို့ စိတ်ပူပြီး ပြန်လှည့်လာဦးမယ်'

ဒီလိုနှင့် ဆိုင်ကယ်ပေါ်တက်ပြီး မောင်းထွက်ခဲ့ကြသည်။ အတော် ဝေးဝေးမောင်းပြီးတော့ …

'တို့အဖေနှစ် ယောက် တော့ ဘယ်လို ဖြစ်နေတယ် မပြောတတ်ဘူး'

လေပြေက ကျွန်တော့် စကားကို အားစိုက်နားထောင်ပြီး …

'ဒေါသထွက်တာလောက်က ကိစ္စမရှိပါဘူး။ လေပြေစိုးရိမ်တာက သူတို့လိုက်မလာနိုင်မှာ ကို စိုးတာ'

ဒီတစ်ခါတော့ ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်လိုက်ပါသည်။ ကျွန်တော့် အဖေအကြောင်း ကျွန်တော် သိသည်ပဲလေ။ ဒီအချိန်ဆို ရထားပေါ် ရောက်နေလောက်ရောပေါ့။

'မပူပါနဲ့ လေပြေရာ။ သူတို့ 'ဇ'တွေ မကုန်သေးပါဘူး'

VIII

ဦးကျော်ခေါင် လက်ကိုင်ဖုန်းအားဖွင့်ကာ ကြည့်ရင်း စုတ်တစ်ချက်သပ်မိသည်။ ဖုန်းမှာ service မမိတော့။ ဒါလည်း တစ်မျိုးတော့ကောင်းပါ၏ ။ နားအေးသက်သာသွားသည်။

မကြာသေးသော အချိန်တစ်ခုကပင် သူ့ဇနီး ဒေါ်ခင်ခင်ယုမှာ ငိုမလို ရယ်မလိုနှင့် သော ကတွေ လာချပြနေသည်။ ဒီမှာ လည်း ကိုယ့်သော ကနှင့် ကိုယ်။ သူတို့ကမှ အိမ်မှာ လုပ်စရာမရှိ မှော က်အိပ်နေ လို့ရသေးသည်။ ဒီမှာ က နား၊ မျက်စိလည်း အနားမပေးရ။ လက်လည်း အနားမပေးရ။

နောက်ဆုံး တွေ့ အောင်ရှာပေးပါ့မည် ဟု ကတိအထပ်ထပ်ပေးမှ ရှိုက်သံတစ်ချက်နှစ် ချက်ပြု ရင်း ဖုန်းချသွားသည်။ သူ ဖုန်းပြောပြီးလို့ မကြာလိုက်သေး။ ထိပ်တင်ခါးကြားမှ ဖုန်းမှာ မြည် လာပြန် သည်။ ဒီတစ်ခါလည်း ထူးမခြားနားဆက်သူက ဦးထိပ်တင်ဇနီး ဖြစ်သူ ဒေါ်ဝင်းဝင်းနု။

ယခုတော့ service မမိသော နေရာသို့ ရောက်နေပြီ ဖြစ်ရာ နားအေးရောပေါ့။

ရထားကြီး ကတော့ ၀တ္တရားမပျက်စွာ ဥသြဥံရှည်စွဲပေးနေသည်။ ဘူတာတစ်ခုကို အရှိန် မလျှော့ဘဲ ဖြတ်ကျော်သွားမည် ထင်၏ ။ ထင်သည့်အတိုင်းပင် မကြာခင်သော အချိန်တစ်ခု၌ ဘူတာ မှတ်တိုင်တစ်ခုကို ရိပ်ခနဲမြင်လိုက်သည်။

အပေါက်မှ ခေါင်းထွက်ကြည့်လိုက်တော့ တော် ၀ိ (Taw Wi)ဆိုသော ဘူတာ။ ဘူတာသေး တစ်ခု ဖြစ်သည့်အတွက် မရပ်ဘဲ ဆက်လက်ခုတ်မောင်းသွားခြင်း ဖြစ်သည်။

စာရွက်နှင့် တိုက်ကြည့်စရာမလိုပါ။ ဘာမျှမဆိုင်။

လိုနေတာက စာလုံး 9 လုံး။ တတိယမြောက် အက္ခရာက (i) ဘာမျှမဆိုင်သည်မို့ မဆိုင်သလိုပဲ ထားပစ်ခဲ့လိုက်သည်။

နောက်တော့ အတန်ငယ်ကြာသွားပြန်ပါသည်။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် စွန်းစွန်းလောက်ကြာ သွားတော့ ရထားဥသြဆွဲသံကို ထပ်ကြားရပါ၏ ။ ဒီတစ်ခါတော့ အဆင်ပြေသွားလေပြီ။ လိုနေသော အက္ခရာနှင့် ဘူတာက ငွားငွားစွင့်စွင့် ပေါ်လာသည်။ အဲဒါက …

ပိန်းဇလုတ် (PEINZALOK)။

တိုင်ပင်ထားစရာမလိုအောင်ပင် ပြိုင်တူ ဖြည့်လိုက်ကြပါ၏ ။

အဲဒီ မှာ ပင် ဇာတ်လမ်းက စတော့သည်။

ပထမဆုံး သတိထားမိသည်က ရသေ့ကြီး တစ်ချိန်လုံး ငြိမ်လာသလောက် ဤပိန်းဇလုပ် ဘူတာအရောက်မှာ တော့ မငြိမ်တော့။

အပေါက်မှ ခေါင်းထွက်ကာ ဘူတာတွင်းသို့ ကျီးကြည့်ကြောင်ကြည့် ကြည့်နေသည်။ ပြီး ဘေးမှ ပုဂ္ဂိုလ်ထံ စကားလှည့်ပြောသည်။ နောက် ကျီးကြည့်ကြောင်ကြည့် ထပ်ကြည့်သည်။

ဘေးမှပုဂ္ဂိုလ်ကလည်း ဘာ ဖြစ်သည်မသိ မျောက်မီးခဲကိုင်မိသလို ဂနာမငြိမ် ဖြစ်ကာ မတ်တပ် ရပ်၍ ရထားတွဲ တစ်ခုလုံးကို ဝေ့၀ဲကြည့်လိုက်၊ လူတက်ရာ အပေါက်ဝ ဆီ စူးစူးစမ်းစမ်းကြည့်လိုက်၊ အပြင်ဘက် ခေါင်းထွက်နေသော ရသေ့ကြီးကိုကြည့်လိုက်၊ ရသေ့ကြီးဘေးထပ်တိုးကာ ရသေ့ကြီး နည်းတူ အပြင်ကို ခေါင်းထွက်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေစဉ်မှာ ပင် …

ဦးကျော်ခေါင်ဘေးရှိ ချာတိတ်လေးလေးယောက် ထဲမှ တစ်ယောက် မှာ ချက်ချင်း လက်ငင်းကြီး ဘူတာထဲသို့ ပြေးဆင်းသွားတော့၏ ။ ဘာတွေ မှန်းမသိပေမယ့် ကိုယ်နဲ့မဆိုင်၍ ဦးကျော်ခေါင်တို့နှစ် ယောက် မှာ မျက်လုံးမှိတ်၍ ပဲ မှိန်းနေလိုက်သည်။

မကြာခင် ရထားကြီးက ဘူတာမှထွက်ခွာရန် အချက်ပေးဥသြသံကို ပြုသည်။ ပြီး တစ်ဘီးချင်း စလှိမ့်သည်။

'ထိပ်တင်…မင်းနဲ့ငါနဲ့ နေရာလဲထိုင်ရအောင်ကွာ။ ငါ ဆေးလိပ်သောက်ချင်လို့'

ဦးကျော်ခေါင် အပြောကြောင့် ပြတင်းပေါက်ဘေးတွင် ထိုင်နေသော ဦးထိပ်တင် နေရာလဲ ထိုင်လိုက်ပါ၏ ။ ဦးထိပ်တင် အတွင်းဘက်ထိုင်ခုံသို့ ထိုင်ပြီးစဉ်မှာ ပဲ ခုနပြေးဆင်းသွားသော ချာတိတ် မှာ ချွေးသံတရွှဲရွှဲနှင့် နေရာဆီရောက်လာသည်။ ဒါပေမဲ့ မူပျက်လာသည်။ အဓိကအချက် ကတော့ နေရာလဲထိုင်လိုက်၍ အတွင်းဘက်ရောက်လာသော ဦးထိပ်တင်အား အဓိပ္ပာယ်မဖော်နိုင်သော မျက်လုံးတွေ ဖြင့် ကြည့်နေခြင်း၊ စူးစမ်းသလိုလို၊ တစ်စုံတစ်ခုနှင့် ပတ်သက်မှု ရှိသလိုလို၊ သိကျွမ်းခဲ့ဖူး သော အသိမိတ်ဆွေ တစ်ယောက် အား အခုမှ အမှတ်မထင် တွေ့ လိုက်ရသလိုလို ခပ်ဆန်းဆန်း ဖြစ် သည်။

ဒါပေမဲ့ ဦးထိပ်တင် ပြန်ကြည့်သည့်အကြည့်နှင့် ဆုံလျှင်တော့ သူက အရင် မျက်လုံးလွှဲ သွားပါ ၏ ။ ဒါက ဦးထိပ်တင်အပိုင်း။

အပေါက်ဘေးရောက်သွားသော ဦးကျော်ခေါင်မှာ လည်း တစ်စုံတစ်ရာကို စိတ်ဝင်တစား လေ့လာနေသည်။ အဲဒါက သူ့ရှေ့တည့်တည့်မှ ခေါင်းတုံးပြောင်ပြောင်နှင့် ရသေ့။ ရသေ့ကြီးမှာ ဘူတာ မှထွက်လာကတည်းက ဂနာမငြိမ် ဖြစ်နေသည်။ တိတိကျကျပြောရလျှင် ချာတိတ်လေးယောက် ထဲမှ အောက်ပြေးဆင်းသွားသော တစ်ယောက် ရထားပေါ်သို့ ပြန်ရောက်လာချိန်မှ ဖြစ်သည်။

ယပ်တောင်ကို တဖျတ်ဖျတ်ခပ်သည်။ လက်တွင် ပတ်ထားသော ပုတီးကိုဖြုတ်ကာ လေးငါးလုံး စိပ်သည်။ ပြီးတော့ ဆက်မစိပ်ဘဲ လည်ပင်းမှာ ဆွဲသည်။ နောက် လည်ပင်းမှ ပြန်ဖြုတ်ပြီး လက်မှာ ပြန်ပတ်သည်။ ကျောမှီထိုင်နေရာမှ မတ်မတ်ထိုင်သည်။ အပြင်ကို တစ်ချက်နှစ် ချက်ငေးရင်း ကျောမှီ ပြန်ထိုင်သည်။

ဘေးမှလူကိုလည်း တီးတိုးတီးတိုးပြောသည်။ ဘေးမှလူကလည်း တီးတိုးတီးတိုး ပြန်ပြော သည်။ နောက် နှစ် ယောက် သား ခေါင်းတွေ ညိတ်သည်။

ထိုအခိုက်မှာ ပင် ဦးထိပ်တင်နံဘေးဘက်ဆီမှ စကားသံအချို့ကို စကြားရပါတော့၏ ။

'အန်ကယ် ..အန်ကယ်…'

ချွေးသံတရွှဲရွှဲနှင့် ရထားပေးပြန်တက်လာသော ချာတိတ်က ဦးထိပ်တင်လက်မောင်းအား တို့ရင်းခေါ်လိုက်သံ ဖြစ်သည်။

လက်မောင်းအားတို့ကာ အနီးကပ်ခေါ်လိုက်သံကြောင့် ဦးထိပ်တင် မှိန်းနေရာမှ မျက်လုံးဖွင့် ကြည့်ကာ..

'ဘာလဲကွ…'

ဦးထိပ်တင် ပြန်ထူးလိုက်တော့ …

'အန်ကယ်က တောထဲမှာ နေဖူးတယ်မလား'

'ဟင်…'

ဦးထိပ်တင်ကြောင်သွားသည်။ ထို့အတူ ဦးကျော်ခေါင်လည်း အနည်းငယ် အံ့သြ သွားပါ၏ ။ ဦးထိပ်တင် တောထဲမှာ နေဖူးတာ ဒီချာတိတ် ဘယ်လိုလုပ် သိသနည်း။ အရင် သစ်တောဝန်ထမ်းဘ၀ တုန်း ကတော့ တောထဲမှာ ပဲ နေခဲ့ရသည်မဟုတ်လား။

'အေး…နေဖူးတယ်လေ'

'အဆင်ပြေတယ်မလား'

'ပြေ…ပြေပါတယ်ကွ'

ဘာမှန်း ညာမှန်းမသိ ဦးထိပ်တင် ကြောင်တောင်တောင်နှင့် ပြန်ဖြေလိုက်တော့…

'ဒါဆို တောကောင်ရလာမှာ ပေါ့။ ဘယ်လိုအကောင်မျိုးတွေ ပါလာလဲ'

'ဘာ…'

ဒီတစ်ခါတော့ ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားသည်။ ဘယ်လိုရည်ရွယ်ချက်နှင့် မေးနေ သည်လည်း မသိသလို။ ဘာအဓိပ္ပာယ်မှန်းလည်း မသိ။ ၀န်ထမ်းဘ၀မှ အနားယူခဲ့တာပဲကြာပြီ။ ဘယ်ကတောကောင် ပါလာရမည် နည်း။

ထိုစဉ်မှာ ပင် …

'ဒကာလေးက ဘယ်လိုတောကောင်ကို စိတ်ဝင်စားလို့လဲ'

သူတို့ရှေ့မှရှိနေသော ရသေ့ကြီးက မေးလိုက်ခြင်း ဖြစ်သည်။ ချာတိတ်က မေးသူရသေ့ကြီး အား မျက်မှော င်ကြုတ်ကြည့်ပြီး…

'ယုန်…'

'အဖြူလား..အမည်းလား..'

'အမည်း..'

'အင်း..ယုန်အမည်းဆိုရင်တော့ ငါ့ဆီမှာ ငါးကောင်စာလောက်ပါတယ်။ လမ်းမှ သွားရင်းလာ ရင်း စားရအောင်ယူလာတာ'

စကားဆုံးသွားတော့ ပြောသူရသေ့ကြီးနှင့် ချာတိတ်တို့ မျက်လုံးချင်းခဏတာ ဆုံးသွားသည်။ တစ်အောင့်ကြာတော့ ချာတိတ်မှာ ကိုယ့်နေရာကိုယ် ပြန်ထိုင်၍ ရသေ့ကြီးမှာ အပြင်ကို ငေးသွားတော့ သည်။

ဦးထိပ်တင်နှင့် ဦးကျော်ခေါင်မှာ တော့ ဘာမှန်းမသိစွာ နဲ့ပဲ တစ်ယောက် ကို တစ်ယောက် ကြည့်မိ ကြပါ၏ ။ ဤမျှပါပဲ။

ရှေ့လျှောက်တော့ ဘာမှ ဖြစ်မလာတော့။ မျက်နှာချင်းဆိုင်မှထိုင်နေသော ရသေ့နှင့် ဒကာကြီး လည်း ငြိမ်သွားသလို ဘေးမှချာတိတ်တွေ လည်း တိတ်သွားသည်။

ရထားကြီး ကတော့ ကိုယ့်တာဝန်ကိုယ်ကျေစွာ ပြေးလွှားနေဆဲ။ တစ်အောင့်ကြာတော့ ရထား က ဘူတာတစ်ခုကို ၀င်တော့မည် ဖြစ်ကြောင်း အချက်ပေးသည်။

'ဘော်…'

ဆိုက်ရောက်ရာ ဘူတာက …

ကျောက်တံခါး (KYAUK TAGA)။

'ပိန်းဇလုပ်'ပြီး၍ လိုနေသော နောက်တစ်ဘူတာနှင့် အံကိုက် ဖြစ်သွားသည်။ ငါးလုံးမြောက်က (k)။ စကားလုံးစုစုပေါင်းက 9 လုံး။

သေချာသွားပေပြီ။ ထို့ကြောင့် ထုံးစံအတိုင်း လက်တို့လှုပ်ရှားလိုက်ကြသည်။

'ကျောက်တံခါး'မှာ ခဏနားပြီးတော့ ရထားက ဆက်ထွက်သည်။ လမ်းတစ်လျှောက်ရှိ ရိတ်သိမ်းပြီးကာစ လယ်ကွင်းများ ၊ တဲအိမ်စုလေးများ ၊ ဟိုး ခပ်ဝေးဝေး မိုးကုတ်စက်ဝိုင်း အစွန်းဆီမှ စိမ်းညို့ညို့တောင်တန်းကြီးများ က တစ်မျှော်တစ်ခေါ်နှင့် လွမ်းမောဖွယ်ကောင်းလှဆဲ…

လမ်းမှ ရွာသိမ်ရွာငယ်တချို့၊ ထိုရွာတို့၏ အထွတ်အမြတ်စေတီငယ်အချို့နှင့် တစ်ခါတစ်ရံမှ တွေ့ ရတတ်သည့် တံတားငယ်အချို့ကို ဖြတ်ကျော်ပြီး သွားသည့်နောက်မှာ တော့…

ဖြည့်ရန်ဘူတာတစ်ခုက ဆီးကြိုနေပြန်သည်။ ထိုဘူတာက 'ပဲနွယ်ကုန်း'ဟူသည့် ဘူတာငယ် တစ်ခု ဖြစ်သည်။

IX

တောင်ငူ

TAUNGGU

တောင်ငူဘူတာတွင် သာမန်ထက်ပိုသော အ ဖြစ်အပျက်တစ်ခု ဖြစ်ပွားနေသယောင် ရှိသည်။

လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က ဘူတာအတွင်းတွင် ရထားစောင့်နေသော ခရီးသည်များ ၊ ဈေးသည်များ သာ ရှိသော်လည်း ယခုမှာ တော့ ဘူတာဝန်ထမ်းအချို့နှင့် လုံခြုံရေး ၀န်ထမ်း အတော် များများ ကို တွေ့ နေရ၏ ။ သူတို့ပုံစံက ရန်ကုန်မှအ၀င်ရထားလမ်းကို မျှော်ကြည့်နေကြခြင်း ဖြစ်ရာ ရန်ကုန်ရထားကို စောင့်နေခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

အကုန်လုံးက သိုသိုသိပ်သိပ်နှင့် ဂရုတစိုက်ရှိလှသည့်အတွက် ကိစ္စတစ်စုံတစ်ရာ အရေး ကြီး နေသည်မှာ သေချာ၏ ။

အသို့ နည်း…

×××××


တောင်ငူဘူတာ ရုံပိုင်ကြီးရုံးခန်းတွင် ဖြစ်သည်။ အကုန်လုံး အလုပ်ရှုပ်နေကြ၏ ။ အဓိကက တော့ လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က ၀င်လာသည့် ဆက်သွယ်ရေး မှ အမိန့်တစ်ရပ်ကြောင့် ဖြစ် သည်။

ထိုအမိန့်ရပြီးနောက်မှာ ယခုကဲ့သို့ အခြေအနေတွေ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါ၏ ။ ထိုစဉ် ဘူတာ ၀န်ထမ်း တစ်ယောက် က ရုံးခန်းထဲဝင်လာကာ ဆက်သွယ်ရေး စက်ရှေ့၌ အလုပ်ရှုပ်နေသော ရုံပိုင်ကြီး နှင့် လုံခြုံရေး အရာရှိတစ်ဦးအား..

'ဆရာ..လူ တစ်ယောက် က ဒီစာပေးသွားလို့'

အလုပ်ရှုပ်နေချိန် ဖြစ်သည့်အတွက် စိတ်မရှည်စွာ ရုံပိုင်ကြီးမော့ကြည့်ရင်း…

'ဘာစာလဲ..ဘယ်သူပေးသွားတာလဲ'

'နာမည် တော့ ပြောမသွားဘူးဆရာ။ တာဝန်သိ ပြည်သူ တစ်ယောက် လို့ပဲ ပြောသွားတယ်။ စာ ကတော့ အခုဝင်လာမယ့် ရန်ကုန်ရထားနဲ့ ပတ်သက်နေတယ်လို့ ပြောတာပဲ'

'ဘာ..'

ရုံပိုင်ကြီးစိတ်ထဲ ထင့်ခနဲ ဖြစ်သွားကာ စာကို တစ်ချက်ကြည့်မိသွားသည်။ ယခုလောလော ဆယ်လည်း သူတို့တွေ အကုန်လုံး ထိုကိစ္စနဲ့ အလုပ်ရှုပ်နေကြသည် မဟုတ်ပါလော။

'ပြစမ်း'

ပြောပြောဆိုဆိုပင် ဆွဲယူကြည့်လိုက်တော့..

'ဟင်..'

ရုံပိုင်ကြီး မျက်လုံးပြူးသွားလေပြီ။ ဦးနှောက်တစ်ခုလုံးမှာ လည်း ပိနေသော အလုပ်တာဝန်တွေ နှင့် ပေါင်းကာ ရှုပ်ထွေးနောက်ကျိ သွားပါတော့၏ ။

လျှပ်တစ်ပြက်ပြောင်းလဲသွးသော အခြေအနေကြောင့် လုံခြုံရေး အရာရှိကလည်း ရုံပိုင်ကြီး လက်ထဲမှစကာကို ယူကာကြည့်သည်။ ပြီးတော့ သူသည်လည်း..

စာက မြန်မာလိုရေး ထားသော မြန်မာစာစစ်စစ် ဖြစ်သည်။ ဒါပေမဲ့ ထိုမြန်မာလို ရေး ထားသော မြန်မာစာကို မြန်မာ တစ်ယောက် က မဖတ်တတ်ခြင်း…

အရက်သမားစကားနှင့် ပြောရလျှင်တော့..

'နှစ် ပင်လိမ်သွားလေပြီ'

X

ဦးကျော်ခေါင် သည်းခံနိုင်မှု အတိုင်းအတာ လွန်သွားခဲ့ပါပြီ။ ရှေ့တစ်ခုံကျော်မှပုဂ္ဂိုလ် (ရှေ့တည့်တည့်ရှိ ရသေ့ကြီးနှင့် ကျောချင်းကပ်ထိုင်နေသူ)။ သွားနေသော ရထားအချိန်နှင့် နောက်မှ လူတွေ ကို ဂရုမစိုက်ဘဲ ကွမ်းတံတွေးတွေ တဗျစ်ဗျစ် ထွေးထုတ်နေခြင်းသည် ယဉ်ကျေးမှု မရှိဟူသော စကားလုံးထက် ကိုယ်ချင်းစာစိတ်မရှိခြင်းပင် ဖြစ်သည်။

ရှေ့မကြည့် နောက်မကြည့်နှင့် ရထားတစ်တွဲ လုံးတွင် သူ တစ်ယောက် တည်းရှိနေသည်ဟု သဘောပိုက်ထားလေသလားမသိ။ တစ်ခါနှစ် ခါဆိုလျှင်တော့ မပြောလို။ ယခုဟာက…

(မီးရထားနှင့် ဘတ်(စ်)ကားစီးဖူးလျှင် ဒီဒုက္ခမျိုးကို ခံစားဖူးကြမည် ဖြစ်သည်။ ရှေ့ခုံကာ ကွမ်း တံတွေးအပြင်ထွေးထုတ်၍ နောက်မှာ ထိုင်နေသာ ကိုယ့်ကိုလာစင်တာမျိုး။ နှပ်ညှစ်ထုတ်၍ လာစင်တာမျိုး) ထိုင်နေသော ကိုယ့်ကို လာစင်တာမျိုး။ နှပ်ညှစ်တာ၍ လာစင်တာမျိုး)

ဟော…အခုလည်း တဖြီးဖြီး ထွေးထုတ်နေပြန်ပါပြီ။ ဒါပေမဲ့ လေ့လာာကည့်ရသလောက်တော့ နောက်ဆုံးလက်ကျန်ဟုတိုက်ကာ ထွေးထုတ်နေသောောကာင့် ဖြစ်သည်။ ဤအခြင်းအရာကြောင့် တစ်ခုခု တုံ့ပြန်ပြောရင်း ပြင်ထားသော စိတ်တို့အား လျှော့ချကာ ငြိမ်နေလိုက်ပါ၏ ။ ဒုက္ခငြိမ်းတော့မည် လေ။

ဒါပေမဲ့ ရေဘူးဖွင့်၍ ပါးစပ်ထဲလောင်းထည့်နေသည်ကို မြင်ရသည်။ ပြီးတော့ ပလုပ်ကျင်း သည်။ သေချာပါပြီ။ ဒီတစ်ကြော ရှောင်ရဦးမည် ။ ထို့ကြောင့် အသင့်အနေအထားဖြင့် စောင့်မျှော် လျက်ရှိခိုက်…

ကျောပေးထားလျက်မို့ ဘာမျှမသိဘဲ ရသေ့ကြီးက အပေါက်ဘက် ခေါင်းထွက်လိုက်သည်။

ရသေ့ကြီးက ခေါင်းအထွက် ဟိုကအထွေး…

“ဟာ… ရသေ့ကြီး”

စက္ကန့်ပိုင်းလေးစော၍ ဦးခေါင်းကအတွင်းဘက် ဆတ်ခနဲ ပြန်ရောက်လာသော်လည်း သတိ ပေးသူ ဦးကျော်ခေါင်မှာ တော့…

နီကျင်ကျင် ရေမှု န်စတွေ က ဖွားခနဲ။

ဖွာခနဲ ကျဲပက်လိုက်သော ရေမှု န်စတွေ နဲ့အတူ…

“ဗြိ…”

ရသေ့ကြီး၏ လက်မောင်းဆီမှ အသံတစ်သံကို ပြိုင်တူကြားလိုက်ရသည်။ ထိန်းချုပ်နိုင်မှု ကို ခဏတာပျောက်သွားကာ ကျိုးတိုးကျဲတဲလာစင်သော ရေမှု န်စက်တွေ ကြားမှာ ပင် ခန္ဓာကိုယ်က အလို လိုထရပ်မိလျက်သား ဖြစ်သွားသည်။ သို့ သော် ….

“ဒကာကြီး … သည်းခံလိုက်ပါ”

တိုးညင်းသော ဟန့်တားသံတစ်ခု။ ဦးကျော်ခေါင်ကြည့်လိုက်တော့ ပြဲသွားသော အညိုရောင် ၀တ်ရုံကို လက်ဖြင့် စုကိုင်ထားလျက်မှ တားမြစ်သော မျက်ဝန်းတစ်ခုဖြင့် ဆုံသည်။ ဆတ်ခနဲအတွင်း သို့ ပြန်ဝင်စဉ် တံခါးဘောင်မှ တစ်စုံတစ်ရာနှင့် ငြိကာ ပြဲသွားခြင်း ဖြစ်ဟန်တူသည်။

ဝတ်ရုံအောက်မှ လက်မောင်းသားပင် ပေါ်ကာနေ၏ ။ သို့ သော်လည်း မေတ္တာနှင့် သည်းခံစိတ် ရောထားသည့် ရသေ့ကြီး၏ မျက်နှာကြောင့် စိတ်တို့ တစ်ခဏတာ ငြိမ်းချမ်းသွားလားပင် မသိလိုက်။

“ဟင်း”ခနဲ သက်ပြင်းကိုချရင်း ဦးကျော်ခေါင် ပြန်ထိုင်ချလိုက်သည်။ ဦးထိပ်တင် ကတော့ နှုတ် ဆိတ်လျက်သာရှိ၏ ။ မေတ္တာနှင့် သည်းခံခြင်းသည် တရားသော အောင်မြင်ခြင်းပင် မဟုတ်ပါလား။

ရထားကြီးက “တောကျွဲအင်း”ဆိုသော ဘူတာငယ်တစ်ခုကို ကျော်ဖြတ်ကာ “ကညွတ်ကွင်း” ဟူသော ဘူတာတွင် သွားရပ်သည်။ စိတ်မပါသဖြင့် ဦးကျော်ခေါင် ငြိမ်နေလိုက်သော်လည်း ဦးထိပ် တင် ကတော့ “ကွက်တိပဲ”ဟုဆိုကာ စာရွက်တွင် ဖြည့်နေပါ၏ ။ ပြီး … ပြောသေးသည်။

“ငါတို့သားသမီးတွေ မဆိုးဘူးကွ။ မိဘတွေ ကို စိတ်ဆိုးအောင်လည်း လုပ်တတ်တယ်။ စိတ်ဝင် စားအောင်လည်း လုပ်တတ်တယ်။ ပဟေဠိလိုလို၊ သဲလွန်စလိုလိုတွေ လည်း အကွက်စေ့အောင် ပေး တတ်တယ်။ ဘာပဲပြောပြော ပျောက်နေတဲ့ ငယ်ငယ်တုန်းက “ဇ”တွေ ပြန်ပေါ်လာလာတာပေါ့ကွာ”

ဦးထိပ်တင်ပြောနေသော်လည်း ဦးကျော်ခေါင် ကတော့ စိတ်မပါစွာ အပြင်ကိုပဲ ငေးနေလိုက် သည်။ ငေးနေရင်းမှ ဦးထိပ်တင်ပြောသလို သားနဲ့သမီးကို သတိရမိပါ၏ ။ ဘယ်အထိများ သွားကြတာ လဲ။ သူတို့ အဖေနှစ် ဦးကရော ဘယ်အထိ လိုက်ရမှာ လဲ။

နာရီကိုကြည့်မိတော့ နေ့လယ် နှစ် နာရီပင်ထိုးတော့မည် ဖြစ်သည်။ နောက်ပြီး တစ်စုံတစ်ရာကို အသေအချာတွေးရန် လိုအပ်နေပါပြီ။ အဲဒါက…

နောက်တစ်ဘူတာ ဖြစ်ပြီးလျှင် ရင်ဆိုင်ရမည့် စာရွက်မှ သင်္ကေတ။ ထိုသင်္ကေတပြီးပါက ဘူတာ နောက်နှစ် ခု။ ရှေ့မှဖြည့်ပြီးခဲ့သော ဘူတာများ အရ ထိုနှစ် ခုကို ဘူတာဟု သတ်မှတ်ရမည် ဖြစ်သော် လည်း ကတ်ကြေးနှစ် ခုကို ဖြဲထားသလို (W) လိုလို၊ (M)လိုလို၊ (W)နှင့် (M)ကိုပဲ ပေါင်းထားသလို သင်္ကေတက ခေါင်းစားဖို့ကောင်းနေသည်။

ဘာလဲ…ထိုသင်္ကေတက ဘာကိုဆိုလိုတာလဲ။

ထိုစဉ်မှာ ပင် ဦးထိပ်တင်က…

“ဟေ့ကောင်..ကျော်ခေါင်၊ ငါတို့တစ်ခုခု ဆုံးဖြတ်ရတော့မယ်နဲ့တူတယ်”

“အေး…ငါလည်း အဲဒါကိုပြောမလို့။ နောက်တစ်ဘူတာရောက်ရင် ငါတို့ ဘာဆက်လုပ် ကြ မလဲ”

နှစ် ယောက် စလုံး စာရွက်ကိုထုတ်ကာ ကြည့်လိုက်ကြသည်။ အဓိက စဉ်းစားရခက်နေသည်က ထိုသင်္ကေတ ဖြစ်ပါ၏ ။

“မင်း..ဘယ်လိုတွေးမိလဲ”

ဦးထိပ်တင်က ဦးကျော်ခေါင်ကို မေးသည်။ ဦးကျော်ခေါင်က မတွေးတတ်ကြောင်း ခေါင်းယမ်း ပြတော့…

“ငါ စဉ်းစားမိတာ တစ်ခုတော့ရှိတယ်ကွ”

စကားကို ခဏရပ်ကာ ဆက်ပြောသည်။

“ရှေ့မှာ ရောက်လာမယ့်ဘူတာ။ ငါတို့စာရွက်ထဲမှာ ဖြည့်ရမယ့်ဘူတာက ဥပမာ-မြို့တစ်မြို့ ဆိုပါစို့ကွာ။ အဲဒီ မြို့မှာ ဒီသင်္ကေတနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခု ရှိလိမ့်မယ်လို့ ထင်တယ်။ ငါ့စိတ်ထင်ပြောရရင် လမ်းတစ်ခုခုပေါ့။ (ဂ)ငယ်ကွေ့တို့၊ (s)ကွေ့တို့ဆိုပြီး ကားလမ်းတွေ မှာ ရှိတယ် မလား။ အခုလည်း ဒီသင်္ကေတက အဲလိုလမ်းချိုးလမ်းကွေ့တွေ ကို ပြထားတဲ့ သင်္ကေတလားလို့”

ဦးထိပ်တင်စကားကြောင့် ဦးကျော်ခေါင် စဉ်းစားသွားသည်။ ပြီး တစ်အောင့်ကြာတော့..

“ဒါဆို မင်းဆိုလိုတာက သင်္ကေတမှာ ပြထားတဲ့ (1,2,3,4)ဆိုတာက လမ်းထောင့်ချိုးတွေ ကို ပြထားတာပေါ့”

“အေး..လမ်းထောင့်ချိုးလေးခု ဆုံးသွားရင် (k)စကားလုံးပါတဲ့ နာလည်လေးတစ်ခုခု၊ လမ်းတစ် ခုခု တွေ့ လိမ့်မယ်လို့ ငါထင်တယ်”

ဦးကျော်ခေါင် တွေ ဝေသွားပြန်သည်။

“ဘူတာကနေပြီးတော့ ဘတ်စ်ကား လေးမှတ်တိုင်စီးလို့ ပြောတာရော မ ဖြစ်နိုင်ဘူးလား”

ဦးကျော်ခေါင်စကားကြောင့် ….

“အေး…အဲဒါလည်း ဖြစ်နိုင်တာပဲ။ ဒီလောက် ရထားအရှည်ကြီး ကတော့ မြေပြင်ညီမှာ ပြထား တဲ့ သင်္ကေတအတိုင်း သွားလို့ရတာ သေချာတယ်”

“ဒါဆို ဘယ်လိုလုပ်မလဲ။ နောက်တစ်ဘူတာမှာ ဆင်းကြမလား”

ဦးထိပ်တင် စဉ်းစားရပါပြီ။ သူတို့ထွက်သည့်အတိုင်းသာ သေချာရင်တော့ ဒီနေ့တစ်နေ့ထဲနှင့် ပင် အိမ်ပြေးနှစ် ယောက် ကို မိနိုင်မည့် သဘောရှိသည်။ အကယ်၍ တွက်သည့်အတိုင်း မဟုတ်လျှင်ရော ….။

ဒါလည်း ကိစ္စမရှိ။ သူတို့မှာ နောက်ငါးရက်တိတိ အချိန်ရှိသည်။ မင်္ဂလာပွဲမတိုင်ခင် တွေ့ အောင် ရှာဖို့ အချိန်လုံလောက်သေးသည် မဟုတ်လား။

ဒီတော့…

ဦးကျော်ခေါင်နှင့် ဦးထိပ်တင်တို့ မျက်လုံးချင်းခဏတာ တွေ့ ဆုံသွားပြီးသည့်အဆုံး…

မေးရန် မလိုတော့ပါ။

အဖြေက ရှင်းနေပြီပဲ။

xxxxx

ရထားကြီးက ကညွတ်ကွင်းမှတစ်ဆင့် ညောင်ပင်သာ၊ ဖြူး၊ ဇေယျဝတီ စသည့် ဘူတာ အဆင့် ဆင့်ကို ကျော်သွားသည်။ ဒါပေမဲ့ လိုအပ်သော စကားလုံးအရေအတွက်နှင့် အဆုံးသတ်အက္ခရာ မတူ ညီသည့်အတွက် ဒီအတိုင်းပဲ ထားခဲ့လိုက်ရသည်။

ဖြူး (Phu)ဘူတာတစ်ခုသာ (u)နှင့်ဆုံးသော်လည်း သုံးလုံးတည်း ဖြစ်နေရာ အဆင်မပြေဘဲ ဆက်စီးခဲ့ပါ၏ ။ ဇေယျာဝတီပြီးတော့ ညောင်ခြေထောက်၊ ကျွဲပွဲ စသော ဘူတာငယ်နှစ် ခုကို ဖြတ်ကျော် ပြီးသွားသည့်နောက်မှာ တော့…

သူတို့ဆင်းရမည့် ဘူတာကို ရေး ရေး မျှ တွေ့ လိုက်ရပါပြီ။

ရထားကြီးက တဘော်ဘော်အော်မြည် ကာ မြန်ရာမှ နှေးလာသည်။ နှေးရာမှ လှုပ်လာသည်။ လှုပ်ရာမှ တဖြည်းဖြည်း…တဖြည်းဖြည်းဖြင့် …

သစ်သားမှတ်တိုင် ဖြူဖြူပေါ်မှာ ရေး ထားသော စာလုံးမည်းမည်းတွေ ကို မြင်လိုက်ရကတည်း က သူတို့နှစ် ဦး အ၀တ်အိတ်တွေ ချပြီးသွားသည်။

ဘူတာတွင်း ရထားဆိုက်လိုက်သည်နှင့် အလုအယက် ၀ိုင်းဝန်းတိုးတက်ကြသော ခရီးသည် များ ၊ အော်ဟစ်ပြေးလွှားကာ တကြော်ကြော် အော်ရောင်းနေကြသော ဘူတာဈေးသည်များ နှင့် ဖြုးန် ခနဲဆို ဘူတာကြီးက အသက်ဝင် သွားပါတော့၏ ။

ပြီးတော့ ရထားရပ်သွားသည်။ ဆင်းသည့်လူလည်း ဆင်းသည်။ တက်သည့်လူလည်း တက် သည်။ ထိုအထဲတွင် သူတို့နှစ် ဦးသည်လည်း အ၀တ်အိတ်ကိုယ်စီဆွဲရင်းဖြင့် …

“သားရေ … ဖေဖေတို့တော့ လိုက်လာပြီ”

ဦးထိပ်တင် ရင်ထဲမှ ပြောမိသော စကား။

“သမီးရေ…လုံအောင်သာ ပုန်းတော့”

ဦးကျော်ခေါင် ရင်ထဲမှ ပြောမိသော စကား။

XI

ဘူတာနှင့် ခြေထောက် ထိမိသွားသည်နှင့် နှစ် ဦးလုံး၏ မျက်လုံးများ က ဘူတာထွက်ပေါက်ကို ရှာလိုက်ကြပါသည်။ သူတို့တွက်ကိန်းတွေ အရ ဘူတာအပြင်ရောက်ပါမှ ဆက်လက်လှုပ်ရှားလို့ရမည် မဟုတ်ပါလား။

သိပ်မရှာလိုက်ရပါ။ ခပ်လှမ်းလှမ်း၌ လူဝင်လူထွက်များ သော အပေါက်တစ်ခုကို တွေ့ ရသည်။ ဒါနဲ့ပဲ နှစ် ဦးသား ထိုနေရာဆီသို့ ဦးတည်သွားလိုက်ကြ၏ ။

လက်ထဲမှာ စာရွက်တစ်ရွက်စီနှင့် အ၀တ်အိတ်တစ်အိတ်စီကို ဆွဲရင်း ပဟေဠိဆန်သော မျက်နှာတွေ ဖြင့် နှစ် ယောက် သားမှာ ..

ခြေလှမ်းတို့ တစ်လှမ်း၊ နှစ် လှမ်း၊ သုံးလှမ်း…

ငါးလှမ်း၊ ခြောက်လှမ်း..

ရှစ်လှမ်း၊ ကိုးလှမ်း..

ဆယ်လှမ်းပြည့်ရန် ခြေတစ်ချက် လှမ်းလုလှမ်းခင် အချိန်မှာ တော့ တို့ထိလိုက်သော လက် မောင်းသားတို့ဆီမှ အထိအတွေ့ နှင့် အတူ..

“ဦးလေးတို့…ကျွန်တော် တို့နဲ့ ခဏလိုက်ခဲ့ပါ”

XII

ဘူတာရုံပိုင်ကြီး၏ ရုံးခန်းတွင် ဖြစ်သည်။ စားပွဲခုံတစ်လုံးပေါ်မှ အ၀တ်အိတ်နှစ် လုံးမှာ ဟာလာ ဟင်းလင်း ဖြစ်၍ အထဲမှ ပစ္စည်းတွေ အကုန်လုံးလည်း ကစဥ့်ကလျား ပျံ့လွင့်နေပါသည်။

ထိုစားပွဲရှေ့တွင် အသက်ငါးဆယ်ကျော်အရွယ် လူကြီှးနှစ် ယောက် ရပ်နေသည်။ ထိုလူနှစ် ယောက် ၏ ခန္ဓာကိုယ်မှ အ၀တ်အစားတွေ မှာ လည်း ကပိုကရိုနှင့် သပ်ရပ်မှု မဲ့နေ၏ ။

“ဘာသဘောလဲကွ…။ ငါတို့နှစ် ယောက် ကို ဘယ်လိုထင်လို့ သူခိုးဖမ်းသလိုဖမ်းပြီး အခုလို ရှာနေရတာ တုံး”

ဒေါသတကြီးပြောလိုက်သော ဦးထိပ်တင်၏ စကားကြောင့် ယူနီဖောင်းဝတ်ထားသော လုံခြုံရေး အရာရှိ တစ်ယောက် က..

“ခွင့်လွှတ်ပါဦးလေး…။ ကျွန်တော် တို့က တာဝန်အရမို့လို့ပါ”

“တာဝန်အရဆိုတာ ငါနားလည်တယ်။ ငါလည်း ၀န်ထမ်းလောက ထွက်လာတာ။ ဒါပေမဲ့ ဘယ်လိုတာဝန်မို့လို့ အခုလိုလုပ်နေတာလဲဆိုတာ ပြောဦးမှာ ပေါ့”

ထိုစဉ်မှာ ပင်…

“ဘာမှ မတွေ့ ဘူးဆရာ”

အ၀တ်အိတ်နှစ် လုံးကို မွှေနှောက်ရှာဖွေနေသော ၀န်ထမ်း တစ်ယောက် က ပြောသည်။ ထို အခိုက် ယူနီဖောင်းဝတ်ထားသော အရာရှိက သက်ပြင်းချပါ၏ ။ စားပွဲနောက်မှာ ထိုင်နေသည့် ရုံပိုင် ဖြစ် ဟန်တူသူ ၀၀ပုဂ္ဂိုလ်ကလည်း သက်ပြင်းချသည်။

“ငါတို့ လူမှားသွားပြီနဲ့တူတယ်”

ထိုသို့ ပြောရင်း အရာရှိက သူတို့လူကြီးနှစ် ယောက် ကို ထိုင်စရာနေရာကိုယ်စီပေးကာ ဒုတိယ သက်ပြင်းတစ်ခုကို ထပ်ပြု၏ ။

ပြီးမှ လေသံအေးအေးဖြင့် …

“ဒီလိုပါ။ လွန်ခဲ့တဲ့ နာရီဝက်လောက်က ကျွန်တော် တို့ဌာနကို သတင်းတစ်ခုရောက်လာပါ တယ်။ အဲဒါ ကတော့ အခု ဦးလေးတို့လိုက်ပါလာတဲ့ ရထားပေါ်မှာ ဥပဒေနဲ့မလွတ်ကင်းတဲ့ အရောင်း အ၀ယ်လုပ်သူ အဖွဲ့နှစ် ဖွဲ့ ပါလာတယ်တဲ့။

အဲဒီ အဖွဲ့နှစ် ဖွဲ့ဟာ ဒီ တောင်ငူဘူတာမှာ အရောင်းအ၀ယ်လုပ်ကြမယ်။ ပစ္စည်းချင်းလဲကြမယ် ဆိုတဲ့ သတင်းတစ်ခုကြောင့် ကျွန်တော် တို့ တာဝန်ရှိသူတွေ နဲ့ ဘူတာဝန်ထမ်းတွေ ပူးပေါင်းဖမ်းဆီးကြ တာပါ”

“မင်းတို့ဥစ္စာကလည်း သေချာမစုံစမ်း မစစ်ဆေးဘဲနဲ့ တွေ့ ရာလူကို အခုလိုဖမ်းလိုက်ကြတာပဲ လားကွာ”

“မဟုတ်ပါဘူး။ ကျွန်တော် တို့ သေချာစုံစမ်းစစ်ဆေးပြီးသားပါ။ သတင်းလည်း ရပြီးသားပါ။ ဒါပေမဲ့ ရထားဆိုက်ကာနီးမှ ရောက်လာတဲ့ စာတစ်စောင်ကြောင့် အခုလို အမှားမှားအယွင်းယွင်းတွေ ဖြစ်သွားရတာ ပါ။ ကျွန်တော် တောင်းပန်ပါတယ်။ အရင်သတင်းရထားတဲ့ အဖွဲ့နှစ် ဖွဲ့ကိုလည်း ဖမ်းမိ အောင် နောက်တစ်ဘူတာကို အကြောင်းကြားထားပြီးပါပြီ”

ထိုသို့ ပြောပြီး နောက်အရာရှိက စားပွဲပေါ်မှ စာတစ်စောင်ကိုယူကာ သူတို့နှစ် ဦးရှေ့ကို ထိုး ပေးသည်။

“ဒီစာကြောင့် ပဲ ကျွန်တော် တို့ လူမှားသွားရတာ ပါ။ တောင်းပန်ပါတယ်”

ရှေ့မှစာကို တစ်ချက်ကြည့်ရင်း ဦးထိပ်တင်က မကျေမချမ်းလေသံဖြင့် ..

“ဘာလဲကွ…လူတောင်မှားရတယ်ဆိုတော့ မင်းတို့စာက နားမလည်တဲ့ ဘာသာစကားနဲ့ ရေး ထားလို့လား”

အရာရှိ၏ လေသံက အေးဆေးပါသည်။

“မဟုတ်ပါဘူး။ မြန်မာလို ရေး ထားတာပါ”

“ဒါဆို စာမဖတ်တတ်လို့ မှားတာပေါ့”

ဦးထိပ်တင် ရွဲ့မေးလိုက်ခြင်း။ ဒါပေမဲ့…

“အမှန်ပါပဲ”

နှစ် ယောက် လုံး ကြောင်သွားလေသည်။ နောက် တစ်ယောက် ကို တစ်ယောက် ကြည့်ကာ စားပွဲ ပေါ်မှစာအား ဆွဲယူဖွင့်ကြည့်လိုက်သည့်အခါမှာ တော့ …

“ဟင်….”

ခေါင်းတုံးတစ်တုံး တုံးသူနှင့် လူမည်း တစ်ယောက် ၊ နှစ် ယောက် ပါသည်။ သင်လည်း ကျီးကန်း ရောင် လို ၀တ်ထားပြီး၍ ငါတို့ ဘယ်ဘက်ကို လက်ဆုပ်ထဲတွင် စာရွက်ပု၊ ညာလက်တီးတွင် ကြိုးပတ် အိတ်ဆွဲထားပါသေးသည်။ သင်သည် ဘယ်သန်ညာလက်ဖြင့် လက်မောင်းသားပေါ်တွင် အဖေ၊ အမေ မမေ့သည့် ချစ်သား ကျွန်တော် ဟု စုတ်မည်းဆေးနှင့် ဆေးမှင်ရောကာ ထိုးကွင်းထိုးထားခြင်း ဖြစ်သည်။ သိတတ်သူ မိုးပေါ်က ထွန်းကြယ်တစ်လုံးကို ဖွဲ့စည်းမည် ။

ကောင်းကင်ကို လေးနဲ့ပစ်။ နှစ် ယောက် တစ်ယောက် ဖိုက်တဲ့ကောင်။ မင်းလို မလောက်လေး မလောက်စားလေးတွေ ကို နှစ် ယောက် သုံးယောက် ပေးတယ်။ ကျောကုန်းက ပိုးထားတဲ့အိတ်ကိုကြည့်။ ကိုယ်နှစ် ခြမ်းစီ ဖြစ်အောင် လွယ်ခုတ်ပစ်ထားလိုက်မယ်။ သည်ကောင်တော့ ဖိထားလို့ နပ်နေပြီ။ ဆင် နှစ် ကောင် တူထိုင်ပြီးစီးကြမယ်။ ထားခဲ့ပါသည် မြသဲညာ။ ငါ့ရဲ့ လက် ပင့်မြှော က်တိုင်း မင်းဆီတွင် အတူတူလက်တွဲ ညီကြမယ်။ လက်ပတ်ကိုပတ်ထားတဲ့ တစ်ယောက် အခုထွက်ခဲ့။ စီပေ အ၀တ်ကို ၀တ် ထားတဲ့ကောင် သည်တစ်ခါ သူနဲ့ငါတို့အားလုံးက တစ်ယောက် တစ်လှည့် မိတ်ဖွဲ့ကြမယ်။

ရနံ့ငယ်ပေါ် ဒွေးလုံးကျော်၊

ဖော်၍ ယူကာ သုံး။

XIII

စာရွက်ကိုကြည့်၍ ဦးကျော်ခေါင်နှင့် ဦးထိပ်တင် အတန်ငယ်တွေ ဝေ သွားပါ၏ ။ အဓိက ကတော့ အပေါ်အင်္ကျီ အမည်းရောင် ကို ထပ်ဝတ်ထားသော ဦးကျော်ခေါင် ဖြစ်သည်။ နောက်ပြီး သူက ပညာ ရေး ၀န်ထမ်းကောင်းတစ်ဦးပင် မဟုတ်ပါလား။

သူ နယ်ကောလိပ်တစ်ခုတွင် တာဝန်ထမ်းဆောင်စဉ်က အခုလို “လျှို့ဝှက်ခေါ်စာခေါ်”စာမျိုး ကို တစ်စောင်နှစ် စောင် ကြုံတွေ့ ဖူးလေသည်။ အဲဒီ တုန်းက ကျောင်းကပစ္စည်းတွေ ခဏခဏ ပျောက် နေချိန်။ တရားခံကိုလည်း ဖမ်းမမိ။ အဲဒီ မှာ တရားခံနှင့် အနီးကပ်နေသူ တစ်ယောက် က ယခုလို လျှို့ ၀ှက်စာမျိုးနှင့် အသိပေးဖူးလေသည်။

ယခု သူတို့မျက်မှော က်ရောက်နေသည့် စာနှင့် တော့မတူ။ ဒါပေမဲ့ အနည်းငယ် ဆင်သယောင် ရှိပါ၏ ။ ထိုစဉ် …. “စာကို ဖတ်ပြီးတော့ ကျွန်တောတို့ အဓိပ္ပာယ် မကောက်တတ်ဘူးဗျ။ ပထမ တစ် ကြောင်းနှစ် ကြောင်းကိုသာ နားလည်ပြီး ကျန်တာတွေ ကို နားမလည်ဘူး ဖြစ်နေတယ်။ စာတွေ က တစ် ကြောင်းနဲ့တစ်ကြောင်း အဆက်အစပ်မရှိတာလည်း ပါတာပေါ့။ ဦးလေးတို့ အပေါ်နှစ် ကြောင်း သုံး ကြောင်းကို ဖတ်ပြီးပြီဆိုရင်တော့ ကျွန်တော် တို့ ဘာကြောင့် လူမှားရတယ်ဆိုတာ နားလည်မှာ ပါ”

အရာရှိ၏ စကားအဆုံး ဦးထိပ်တင်သဘောပေါက်မိပါသည်။ ဦးကျော်ခေါင် ကတော့ ငြိမ်နေပါ ၏ ။ ဟုတ်ပေသည်။ စာ၏ ပထမအကြောင်း ဖြစ်သည့် “ခေါင်းတုံးတစ်တုံးတုံးသူနှင့် လူမည်း တစ်ယောက် နှစ် ယေက်ပါသည်”

ဦးထိပ်တင်က ခေါင်းတုံးနှင့် ဖြစ်သည်။ ပြီးတော့ ဦးကျော်ခေါင်က အပေါ်အင်္ကျီအမည်းရောင် ကို ထပ်ဝတ်ထားသည့်အတွက် စာထဲမှအတိုင်း လူမည်း တစ်ယောက် ။

“သင်လည်း ကျီးကန်းရောင် ကို ၀တ်ထားပြီး၍ ငါတို့ဘယ်ဘက်ရှိ လက်ဆုပ်ထဲတွင် စာရွက်ပု၊ ညာလက်တီးတွင် ကြိုးပတ်အိတ် ဆွဲထားပါသေးသည်။”

ဟုတ်နေပြန်ပါ၏ ။ ကျီးကန်းရောင် (အမည်းရောင် ) ၀တ်ထားသူက ဦးကျော်ခေါင်။ သူတို့နှစ် ယောက် လုံး ရထားပေါ်ကဆင်းတော့ ဘယ်ဘက်လက်ထဲတွင် သဲလွန်စ စာရွက်ကိုယ်စီကိုင်ထား သည်။ ညာဘက်တွင် အိတ်တစ်လုံးစီ ဆွဲထားသည်။ ဒီတော့ မှားပြီပေါ့။

အောက်မှာ ရေး ထားသော ကျန်စာကြောင်းတွေ ကတော့ အဓိပ္ပာယ်ဆက်စပ်မှု သိပ်မရှိတော့ ပေ။ ယခုလို သိလိုက်ရတော့ တာဝန်အရ လုပ်ဆောင်နေရသော ၀န်ထမ်းတွေ ကိုလည်း စိတ်ဆိုးရခက် သွားပါ၏ ။ အဓိက ကတော့ မယုံချင်စရာကောင်းသည့် တိုက်ဆိုင်မှု တစ်ခုပင်။

ထိုစဉ်မှာ ပင် …

“ဖော်လို့ရပြီ ထိပ်တင်။ ဒီစာရဲ့ အဓိပ္ပာယ်ကို ငါ ဖော်လို့ရပြီ”

“ဟင်…”

အလျင်စလိုထွက်လာသော ဦးကျော်ခေါင်၏ စကား။ ဦးကျော်ခေါင်စကားနောက်မှ စိတ်ဝင်စား မှု ကိုယ်စီဖြင့် ခေါင်းဆောင်သွားရသည်ကား ဦးထိပ်တင်အပါအ၀င် ကျန်လူအားလုံး။

နောက် ဦးကျော်ခေါင်က စာပိုဒ်အောက်မှ ကဗျာလိုလို၊ စာချိုးလိုလိုကို ထောက်ကာ အကုန် လုံးကြားအောင် ရှင်းပြပါ၏ ။ အခန်းတွင်းရှိသူအားလုံးလည်း ဦးကျော်ခေါင်နားတွင် စုပြုံသွားကြသည်။ ဦးကျော်ခေါင်က…

“ရနံ့ငယ်ပေါ် ဒွေးလုံးကျော် ဖော်၍ ယူကာသုံး…ဆိုတာ အမှန်တော့ အပေါ်က စာနှစ် ပိုဒ်ကို ဖတ်ရမယ့် စာဖတ်နည်းကို ရေး ထားတာကွ။ အဓိက ဂရုပြုရမှာ က “ဒွေး”ဆိုတဲ့စကားလုံးပေါ့။ ငါတို့ မြန်မာစာမှာ “ဒွေး”ဆိုတာ နှစ် ဂဏန်းကို ဖော်ပြတာ။

နှစ် ခု၊ နှစ် ကောင်၊ နှစ် ယောက် ၊ နှစ် လုံး စသည်ဖြင့် ပေါ့ကွာ။ အခု ဒီစာထဲမှာ ရေး ထားတဲ့ “ဒွေး လုံးကျော်”ဆိုတာ နှစ် လုံးကျော်ပြီးဖတ်သွားဆိုတဲ့ အဓိပ္ပာယ်ပဲ။

ရော့…ပထမစကားလုံးကနေ စပြီး နောက်ဆုံးစကားလုံးအထိ နှစ် လုံးကျော်ပြီး ဖတ်သွားကြည့် လိုက်။ အဖြေတွေ့ လိမ့်မယ်။ တရားခံတွေ ကတော့ ရထားပေါ်က ငါတို့ အိမ်နီးနားချင်းတွေ ပဲ”

ဦးကျော်ခေါင်၏ အဖြေစကားဆုံးသွားတော့ အကုန်လုံး စာရွက်ဆီကို ကြည့်မိကြပါ၏ ။ အရာရှိ က…

“ဒါဆို စကားလုံး နှစ် လုံးစီကျော်ပြီး ဖတ်သွားရမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့”

“ဟုတ်တယ် …”

ဝန်ထမ်း တစ်ယောက် က စာရွက်ကိုယူကာ နှစ် လုံးစီကျော်၍ သုံးလုံးမြောက်စကားလုံးတိုင်း ကို မျဉ်းတားသည်။ ပြီးတော့ မျဉ်းတားထားသော စကားလုံးတို့ကိုပင် အကုန်လုံးကြားအောင် ဖတ်ပြလိုက် သည့်အခါ..

စကားဆုံးသွားတော့…

“ကျွန်တော် တို့ရထားတဲ့ သတင်းနဲ့ ကွက်တိပါပဲ။ ဒီလျှို့ဝှက်အကြောင်းကြားစာ လာပေးသူကို ရော ဦးလေးတို့နှစ် ယောက် ကိုရော ကျွန်တော် တို့အားလုံးက ကျေးဇူးတင်ပါတယ်”

ဦးကျော်ခေါင်နှင့် ဦးထိပ်တင်တို့မှာ တော့ ဖိုသီဖတ်သီ ကျယ်ပြန့်နေသော အ၀တ်အိတ်နှင့် အ၀တ်အိတ်နှင့် အ၀တ်များ ကိုကြည့်၍ ပဲ ခပ်နွမ်းနွမ်းပြုံး ဖြစ်သည်။ ထိုစဉ် ရုံပိုင်ကြီးက…

“သတင်းအချက်အလက်ချင်း ကတော့ အတူတူပါပဲ။ ဒါပေမဲ့ အယောင်ဆောင်ရသေ့ရဲ့ ဘယ် ဘက်လက်မောင်းမှာ က ဆေးမှင်ထိုးမထိုးက မသိတော့ အခုလို မှားသွားမှာ စိုးရိမ်ရတယ်”

ရုံပိုင်ကြီး၏ အပြောကြောင့် ဦးကျော်ခေါင်က…

“မမှားပါဘူး။ ကျွန်တော် တို့ ထိုင်ခုံရှေ့က နှစ် ယောက် နဲ့ဘေးက လေးယောက် ကိုသာ ဖမ်းလိုက် ပါ။ ရသေ့တုရဲ့ လက်မောင်းမှာ “အမေ့သား”လို့ ဆေးမှင်ထိုးထားတာ ကျွန်တော် သေချာမြင်လိုက် တယ်။”

ထို့နောက် ဦးကျော်ခေါင်က တစ်ခုံကျော်မှ ကွမ်းတံတွေးထွေးသူ ပုဂ္ဂိုလ်နှင့် ရသေ့ကြီးအပါ အ၀င် ရထားပေါ်မှ သူ၏ ဇာတ်လမ်းကိုပြောပြသည်။ ထိုအခါမှ အားလုံးဇာတ်ရည်လည်သွားကာ သက် ပြင်းချမိကြ၏ ။

အကုန်လုံးက တရားခံဘယ်သူဆိုတာ သေချာသွား၍ စိတ်အေးသွားသော်လည်း ဦးထိပ်တင် နှင့် ဦးကျော်ခေါင်တို့နှစ် ယောက် မှာ တော့ မအေးနိုင်ဘဲရှိသည်။ အဲဒါက..

မိုးချုပ်ပေတော့မည် ။

သူတို့၏ မူလရည်ရွယ်ချက်များ ကို ဘယ်လိုအကောင်အထည်ဖော်ရမည် နည်း။ ကိစ္စပြီးလျှင် တော့ အကြောင်းစုံဖွင့်ပြောပြီး သားနှင့် သမီးကိုရှာဖို့ အကူအညီတောင်းကြည့်မည် ဟု စဉ်းစားမိခိုက်…

ဖုန်းဝင်လာသည်။ အရာရှိက ကောက်ယူနားထောင်လိုက်သည်။

တစ်အောင့်ကြာ သွားပါ၏ ။ ဒါပေမဲ့ အရာရှိဖုန်းပြောပြီးသည့်နောက်မှာ တော့ သူတို့ရင်ထဲမှ စိတ် ကူးတွေ မှာ …

“ရှေ့ဘူတာမရောက်ခင် နှစ် ဖွဲ့လုံးဆင်းသွားကြတယ်တဲ့။ အခု သူတို့ဆင်းသွားတဲ့နေရာကို စုံစမ်းပြီး လိုက်နေကြတုန်းရှိသေးတယ်။ မမိသေးဘူး။ ဒီတော့…”

အရာရှိက စကားကိုခဏရပ်ကာ ဦးထိပ်တင်နှင့် ဦးကျော်ခေါင်ကိုကြည့်သည်။ နှစ် ယောက် စလုံး သဘောပေါက်လိုက်ပါပြီ။ တရားခံကိုမိမှ လိုရာသွားကြပါ။ ကျွန်တော် တို့ အဆင်ပြေအောင် လုပ်ပေးပါ့ မယ် ဦးကြီးတို့ရယ်ပေါ့။

ဘယ်တတ်နိုင်ဦးမည် နည်း။

ထို့နောက်တော့ ခဏတစ်ဖြုတ်နားကြရင်း အရာရှိကပင် စမေးသည်။ ဘယ်သွားလို့ ဘယ်လာ မည် ။ ဘယ်လိုအကြောင်းကိစ္စ စသည်ဖြင့် ..

ဦးထိပ်တင်တို့ကလည်း သူတို့၏ ဖြစ်စဉ် အစအဆုံးကို ပြောပြလိုက်တော့ အကုန်လုံး စိတ်ဝင် စားသွားကြသည်။ ကြုံတွေ့ ရင်ဆိုင်နေရသော ကိစ္စက လျှို့ဝှက်သည်းဖိုဆန်ဆန်နှင့် ရင်ခုန်ဖွယ် ကောင်းနေသည်မဟုတ်ပါလား။ အထူးသဖြင့် သား၊ မသီးနှစ် ယောက် ၏ လုပ်ရပ်မှာ ရိုးရိုးလေးနှင့် လှ နေခြင်းပင်။

ခိုးပြေးသည့် အရသာကိုလည်း သိချင်သည်။ ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲကြီးကိုလည်း ဆင်နွှဲချင်သည်။ ဒီတော့ မင်္ဂလာပွဲမရောက်ခင် ခိုးပြေးသည်။ နောက်ပြီး လှည့်ကွက်သုံးကာ အဖေ နှစ် ဦးကို ရှာခိုင်းသည်။ အချိန်မီတွေ့ ရင် မင်္ဂလာပွဲ ပြန်နွှဲလို့ရတယ်ပေါ့။

ဒါက ဦးကျော်ခေါင်အမြင်။ ဦးထိပ်တင်မှာ လည်း သူ့အမြင်နှင့် သူတော့ ရှိပေလိမ့်မည် ။ ဘယ်လို ပဲပြောပြောပါ လုပ်ကွက်လှည့်ကွက်လေး ကတော့ ရိုးရိုးလေးနှင့် လှနေပါသည်။

အထူးသဖြင့် စုံစမ်းထောက်လှမ်းနေကျလူတွေ အဖို့ ပိုလို့ပင် စိတ်ဝင်စားသွားပေဦးမည် ။ ထို့ ကြောင့် အရာရှိကပင် ဦးထိပ်တင်ဆီမှ သဲလွန်စစာရွက်ကို ကောင်းယူကြည့်ပါ၏ ။

သူတို့ အခုရောက်နေသည့် နောက်ဆုံးဘူတာ“တောင်ငူ”ကို ထည့်သွင်းထားပြီးပြီ ဖြစ်သည့် အတွက် စာရွက်မှာ ဤသို့ ဖြစ်နေသည်။

XIV

အရာရှိက သေချာကြည့်ကာ ရုံပိုင်ကြီးဆီသို့ ထိုးပေးသည်။ ရုံပိုင်ကြီးက တစ်ချက်မျှပင် ၀င့်ကြည့်လိုက်ပြီးနောက် ပြုံးသွားသည်။ ပြီးတော့ …

'ဘယ်တူဘာထိ သွားရမယ်ဆိုတာတော့ ကျွန်တော် အခုပြောလိုက်ရင် ဖြစ်ပါတယ်။ ဒါ ခင်ဗျား တို့ထင်သလို ကားလမ်းမဟုတ်ပါဘူး။ ရထားလမ်းပါ။ ဒါပေမဲ့ ကျွန်တော် ပြောလို့ အဲဒီ နေရာဆီ တန်း သွားလိုက်ရင် ကြားထဲမှာ သဲလွန်စတစ်စုံတစ်ခုများ ခင်ဗျားတို့ သား၊ သမီးတွေ ချန်ထားခဲ့ရင် လွတ်သွားနိုင်တယ်။ ဒီတော့ စီးရမယ့်ရထားကိုပဲ လမ်းညွှန်ပေးလိုက် မယ်။ ဖြစ်လား..'

သူတို့ ဘာပြောရမည် နည်း။ ရုံပိုင်ကြီးပြောတာလည်း ဟုတ်တော့ ဟုတ်နေသည်။ တန်းသွား လိုက်လျှင် သဲလွန်စတစ်စုံတစ်ရာ လွတ်သွားနိုင်သည် မဟုတ်ပါဘား။ ပြီးတော့ သူက မီးရထားရုံပိုင်၊ မီးရထားလမ်းနှင့် ပတ်သက်လျှင် သံသယ ဖြစ်စရာမလို။ နောက်ဆုံး ဘူတာကိုလည်း သူတို့မသိချင် သေး။ ဒီအတိုင်းလေးကသာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းနေသည်လေ။

ဒီတော့….

ဦးထိပ်တင်နှင့် ဦးကျော်ခေါင်တို့နှစ် ဦး ခေါင်းညိတ်ပြလိုက်ြ ကတော့…

'မနက်ဖြန်ညနေ 3 နာရီဝန်းကျင်လောက်မှာ ဒီတောင်ငူဘူတာကို ရန်ကုန်-ရွှေညောင်ရထား ဆိုက်လိမ့်မယ်။ အဲဒီ ရထားနဲ့ လိုက်သွားလိုက်။ အဲဒါ ခင်ဗျားတို့ သားနဲ့သမီး စီးသွားတဲ့ ရထားအမှန်ပဲ'

'ဟင်'

နှစ် ယောက် သား အံ့သြကာ တစ်ယောက် ကို တစ်ယောက် ကြည့်မိသွားသည်။

'မနက်ဖြန်ညနေမှ …'

ဦးထိပ်တင်၏ စကားအဆုံး ဦးကျော်ခေါင်က…

'ဒါဆို ဒီညက ဘယ်လိုလုပ်ရမှာ လဲ'

ညည်းသံတိုးတိုး ထွက်သွားပြီးနောက်တွင် ရုံပိုင်ကြီးစကားသံက အ ဖြစ်သင့်ဆုံး လုပ်ရပ်တစ်ခု ကို ညွှန်ပြပေးလိုက် ပါ၏ ။

'ဒီညတော့ … ဒီမှာ ပဲ အိပ်လိုက်ကြပေါ့ဗျာ'

ကောင်မလေးရေ ….

နပိုလီယံကိုလည်း ငါ အရေး မစိုက်ဘူး၊

ဟစ်တလာကိုလည်း မကြောက်ဘူး၊

ဘုရင့်နောင်နဲ့ အလောင်းဘုရားကိုလည်း

ရင်မခုန်ဘူးကွာ …

မင်းသာ အနားမှာ ရှိရင်

အရာရာကို ရင်ဆိုင်ရတယ်။

XV

'၀ါး…ဒီနေ့မှပဲ ဘယ်လို ဖြစ်တယ်မသိဘူး။ မျက်စိတွေ က စပ်ပြီး အစောကြီးအိပ်ချင်နေတယ်'

ရုပ်တည်ဖြင့် တစ်ချက်သမ်းဝေကာ မျက်လုံးကော်ပွတ်ရင်းကြည့်လိုက်တော့ သူမက ညစ် ကျယ်ကျယ်အပြုံးဖြင့် TV ဆက်ကြည့်နေသည်။

ကျွန်တော် တကယ်ကို အိပ်ချင်ဟန်ဆောင်ရန်း ခုတင်ပေါ် ပစ်လှဲလိုက်ပါ၏ ။ ဒါပေမဲ့ သူမက တော့ TV ဆက်ကြည့်မြဲ။ အခြေအနေကို ခဏလေးစောင့်ကြည့်လိုက်သည်။ ထူးခြားမလာ။ ဒီတော့ ကျွန်တော် မချင့်မရဲ ဖြစ်လာရကာ…

'ညကလည်း တစ်ညလုံး ခရီးပန်းလာတော့ ဒီညတော့ စောစောအိပ်ရင် ကောင်းမယ်နဲ့တူ တယ်'

ကျွန်တော့် စကားအဆုံး သူမဆီမှ 'ခစ်'ခနဲ ရယ်သံကို ကြားရသည်။ ခုတင်အောက်ခြေအစွန်း တွင် တင်ပျဉ်ခွေထိုင်ကာ TV ကြည့်နေခြင်း ဖြစ်သည့်အတွက် မျက်နှာကို မမြင်ရ။ ရယ်ချင်ပက်ကျိ ဖြစ် နေမှာ တော့ သေချာသည်။

ရင်ထဲတွင် ဘယ်လိုကြီးမှန်းမသိ။ ကျောပေးထားသော သူမကို ကြည့်ရင်း အသည်းယားလာ သည်။ သူမ ညစ်နေပြီဆိုတာ ကျွန်တော် သဘောပေါက်သည်။ ဘာဆက်လုပ် ရမှန်းလည်း မသိ။ ကြာ တော့ အော်ငိုချင်စိတ်ပင် ပေါက်လာရကာ..

'လေပြေ .. မအိပ်သေးဘူးလား'

ကျွန်တော့် အမေးကို ပြုံးမဲ့မဲ့မျက်နှာလေးဖြင့် လှည့်ကြည့်ရင်း …

'မအိပ်ချင်ပါဘူး။ အခုမှ 9 နာရီပဲ ရှိသေးတယ်'

' 9 နာရီဆိုတာ လူငယ်ခေါင်းချချိန်လေ'

ဟုတ်လား မဟုတ်လား မသိ။ ကိုယ်လိုရာကို ဆွဲပြောလိုက်တော့ ..

'အေးလေ…ဘာ ဖြစ်လဲ။ ငါတို့က လူငယ်မှ မဟုတ်တာ။ ဘွဲ့ရပြီးတာဖြင့် ကြာလှပြီ'

ဘာဆက်ပြောရမှန်းပင် မသိတော့ပါ။ ပညာပြနေပြီဆိုတာတော့ ရိပ်မိသည်။ ထိုစဉ် သူမကြည့် နေသော ကိုရီးယားကို သတိရပြီး cover ကို ကောက်ယူကြည့်လိုက်ကာ..

'ဟာ..လေပြေ ဒီအခွေက အပိုင်းဆက်အများ ကြီးပါတာဟ။ တော် တော် နဲ့ပြီးမှမဟုတ်ဘူး။ နောက်နေ့ကျမှ ဆက်ကြည့်ပါလား'

သူမဆီမှ ခွီးခနဲရယ်သံ ခပ်အုပ်အုပ်ထွက်လာသည်။

'မကြည့်ပါဘူး။ ဒီမှာ ကောင်းခန်းရောက်နေပြီ။ ဒီညပြီးအောင်ကြည့်မှာ '

'ဟာ..ဒါဆို ပြီးတော့မှာ ပေါ့။ ဘယ်အပိုင်းရောက်သွားပြီလဲ'

'အပိုင်း(1)'

'အန် … '

ကျွန်တော် 'အန်'သွားလေပြီ။ နဖူးနှင့်ခေါင်းအုံးပင် စိတ်ရှိလက်ရှိ ဆောင့်ပစ်လိုက်ချင်တော့ သည်။ ဒီအတိုင်းကြီး ကတော့ မ ဖြစ်ရေး ချမ ဖြစ်။ မင်္ဂလာဦးညမှာ ခေါင်းအုံးဖက်အိပ်ခဲ့ရသည်ဆိုသည့် အမည်းစက်ကြီးတော့ ဘ၀မှာ အ ဖြစ်မခံနိုင်။ သူမ ကတော့ တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ကျောပေး ကာ TV ဆက်ကြည့်နေသည်။

သူမလည်း TV တွင် စိတ်ရောက်မနေဘူးဆိုတာ ကျွန်တော် သိသည်။ တမင်သက်သက်ကို ညစ်ကျယ်ကျယ်လုပ်နေတာ။ ညစာတော့ အငတ်ခံလို့မ ဖြစ်။ ဒီတော့ ဘာလုပ်ရရင် ကောင်းမလဲ။

မွေ့ရာပေါ် ကောက်ကွေးလူးလှမ့်ရင်း နောက်တစ်မျိုး ထပ်စမ်းကြည့်လိုက်သည်။

'လေပြေ … TV ပိတ်လိုက်ပါလား။ မောင်က အဲလိုအသံတွေ ကြားရင် မအိပ်တတ်လို့'

ညောင်နာနာအသံဖြင့် ကူလီကူမာလုပ်ကာ ပြောကြည့်သော်လည်း …

'သြော် … ဟုတ်လား..အဲဒါဆို အသံတိုးပေးမယ်လေ။ အိပ်ပျော်အောင် အိပ်'

ကျွန်တော် တကယ်ပင်ငိုချင်လာသည်။ အသံမှာ ဘာမျှမကြားရတော့လောက်အောင်ကို တိုးသွား၏ ။

'အသံမကြားရတော့ လေပြေကြည့်ရတာ အဆင်ပြေပါ့မလား။ နောက် …'

'အား..ရတယ်။ အသံကြားဖို့ မလိုဘူးလေ။ အောက်က စာတမ်းလိုက်ဖတ်ရင် ပြီးတာပဲ'

ခေါင်းတခါခါပြောရင်း သူမ ခွီးခနဲရယ်လိုက်သေးသည်။ ကျွန်တော် နောက်မှနေ၍ ကျောကုန်း ပိတ်ကန်ချင်စိတ်တွေ ပင်ပေါက်လာရကာ..

'ဟူး…'

စိတ်ကိုလျှော့ပြီး သက်ပြင်းချကာ သူမက မချိုမချဉ် နောက်လှည့်ကြည့်ပြီး….

'ဘာ ဖြစ်တာလဲ'

'မိသဲကို သတိရလို့။ အိမ်မှာ ဆို မိသဲကို ဖက်အိပ်နေကျလေ။ မိသဲမရှိတော့ အိပ်ရတာ တစ်ခုခု လိုနေသလိုပဲ။ ဘာကိုဖက်အိပ်ရမှန်းမသိဘူး ဖြစ်နေတယ်' (မိသဲဆိုသည်မှာ အိမ်မှကြောင်မလေးတစ် ကောင် ဖြစ်သည်။)

ကျွန်တော် ဘာကိုရည်ရွယ်ပြီး ပြောလိုက်မှန်းသဘောပေါက်သည်ထင်သည်။ မျက်နှာမှာ ရဲ တက်သွား၏ ။ ပြီး ရှက်ရဲရဲမျက်နှာနှင့် ကျွန်တော့် ကိုကြည့်ကာ..

'ဘေးမှာ ဖက်ခေါင်းအုံးရှိတယ်လေ။ ဖက်ခေါင်းအုံးဖက်အိပ်ပေါ့။ မိသဲထက်တောင် ဖက်လို့ ကောင်းဦးမယ်'

ခင်ဗျားတို့ ကျွန်တော့် နေရာမှာ ၀င်ကြည့်စမ်းပါဗျာ။ ဒေါပွလို့ ဘယ်လောက်ကောင်းလိုက်မလဲ။ ဘယ်သတို့သမီးမှ ဒီလိုညမျိုးမှာ ပေကပ်ကပ်လုပ်မနေလောက်ပါဘူး။ သူ့ကျမှပဲ …

ဒါပေမဲ့ ကျွန်တော် အတွေးတစ်ချက် လင်းသွားလေပြီ။

ဖက်ခေါင်းအုံး။ ဟုတ်တယ်…ဖက်ခေါင်းအုံး။ အမှတ်မထင် သတိရသွားသည့် အတွေးတစ်ခုနှင့် အတူ..

'လေပြေ…ပုံပြောပြမယ်။ နားထောင်မလား'

ကျောပေးထားလျက်မှပင် ခန္ဓာကိုယ်တစ်ချက် ငြိမ်သွားသည်ကို သတိထားလိုက်မိသည်။ ကျွန်တော့်  ဘယ်ဘက်ရင်အုံလေးသည် ပုံပြင်အရမ်းကြိုက်သည် မဟုတ်ပါလား။

ရည်းစားဘ၀တုန်းကဆိုလျှင် တွေ့ သည့်အချိန်တိုင်း ပုံပြင်တစ်ခုမဟုတ်တစ်ခု ပြောပြခိုင်းတတ် ပြီး သူမ ကတော့ ပခုံးပေါ် ခေါင်းမှီတင်ကာ နားထောင်နေတတ်သည်။ ငြိမ်သွားသည့်အခွင့်အရေး ကို ကျွန်တော် လက်မလွတ်စွာ …

'အရမ်းစိတ်ဝင်စားဖို့ ကောင်းတာနော်။ ပုံပြင်ထက်ကို ပိုပြီး ပါးစပ်ရာဇ၀င်လိုလိုကို ဖြစ်နေတာ'

တစ်ချက်ရှိုးလိုက်တော့ အခြေအနေကောင်းသည့် သူမစိတ်ဝင်စားနေလေပြီ။

'လေပြေ .. မြောင်းကျော်ခဲ့ရမလားနဲ့ မြောင်းမကျော်နိုင်ပါဘူးဆိုတဲ့ စကားနှစ် ခွန်းကို ကြားဖူး လား'

'ဟင့်အင်း…မကြားဖူးဘူး'

ကျောပေးထားလျက်မှ ချက်ချင်း ဖြေသည်။

'ကျွတ် ..လေပြေတို့ အရမ်းခေတ်နောက်ကျတာပဲ။ ဒီခေတ်ကြီးထဲမှာ နေပြီး လူငယ်တွေ ဒီလောက်သုံးနေတဲ့စကားကို မကြားဖူးဘူးဆိုတော့..ဟိုတစ်နေ့ကတောင် မောင့်အိမ်ဘေးက ဆယ် တန်းတက်နေတဲ့ ကောင်မလေးက သူ့အစ်မကို ပြောပြနေသံကြားတယ်။

သမီးကိုကျောင်းမှာ ကောင်လေး တစ်ယောက် က 'မြောင်းကျော်ခဲ့ရမလား'လို့ လာပြောလို့ ' နင် မြောင်းမကျော်နိုင်ပါဘူး'လို့ ပြန်ပြောခဲ့လိုက်တယ်တဲ့'

ဒီစကားက တော် တော် ထိသွားလေသည်။ ဆယ်တန်းအရွယ်တွေ တောင် သုံးနေကြပြီဆိုတာ ကိုး။ နောက်ပြီး မိန်းကလေးဆိုတာ အကြောင်းအရာသစ်ဆိုရင် သူများ ထက် အရင်သိချင်၊ တတ်ချင် ဖြေချင်ကြသည်လေ။

'နားထောင်မလား'

ဒီတစ်ခါတော့ ဘယ်ဘက်ရင်အုံလေးက လျောလျောလျူလျူ ခေါင်းညိတ်၏ ။

'အင်း..နားထောင်မယ်'

'အဲဒါဆို TV ပိတ်လိုက်လေ။ ပြီးရင် ဒီဘေးမှာ တုံးလုံးလာလှဲချည်။ လာ …မောင်ပြောပြမယ်'

ကျွန်တော့် စကားကြောင့် သူမ အထာနပ်စွာ နှုတ်ခမ်းကိုမဲ့ရင်း..

'အံမယ် ..မလှဲပါဘူး။ TV ပိတ်ပြီး ဒီအတိုင်းပဲ နားထောင်မယ်။ ပြော…'

အရှောင်အတိမ်းနေရာမှာ သူမက ဆရာကျလွန်းလေသည်။ ဒါပေမဲ့ မတတ်နိုင်ပါ။ TV ပိတ်လိုက်ခြင်းကိုပင် ကျေးဇူးတင်ရမည် ဖြစ်သည်။

ထို့နောက်မှာ တော့ ကျွန်တော့် ပုံပြင်လိုလို၊ ပါးစပ်ရာဇ၀င်လိုလို တစ်ခုကိုပြောပြလိုက်သည်။ ဖက်ခေါင်းအုံး၏ မကင်းရာမကင်းကြောင်းကျေးဇူးကို အမှတ်ရ၍ ပေါ့…

'ပြင်သစ်ပြည် ပဲရစ်မြို့က တက္ကသိုလ်တစ်ခုမှာ ပေါ့။ မေဂျာတစ်ခုက ကျောင်းသား၊ ကျောင်းသူ တွေ စုပြီးတော့ လေ့လာရေး ခရီးထွက်ကြတယ်။ ဇိမ်ခံကားရှည်ကြီးတွေ ကိုယ်စီနဲ့ပေါ့။ ဒါပေမဲ့ သူတို့ ထွက်လာပြီး လမ်းတစ်ဝက်လောက်အရောက်မှာ သတင်းတစ်ခုကြားရတယ်။

အဲဒါက ရှေးမြို့အလွန်မှာ နှင်းမုန်တိုင်းကျနေတယ်တဲ့။ ရှေ့ဆက်ခရီးဆက်လို့မရအောင် လမ်း တွေ ပိတ်နေပြီလို့ကြားတယ်။ အဲဒီ မှာ တင် ဒုက္ခရောက်ရော။ မိုးက ချုပ်ခါနီး ဖြစ်နေတာကိုး။

ဒါနဲ့ ရှေ့ကမြို့ရောက်အောင် ကားကိုအမြန်မောင်းပြီး သူတို့တွေ ညအိပ်ရပ်နားစရာ တည်းခို ခန်းရှာကြတယ်။ ဒါပေမဲ့ တည်းခိုခန်းတွေ အကုန်လုံးကလည်း ရှေ့ဆက်မရတဲ့ခရီးသည်တွနဲ့ ပြည့်နေ ပြီလေ။

တစ်ခန်းစ နှစ် ခန်းစ ရပြန်တော့လည်း ပါလာတဲ့လူအများ ကြီးနဲ့က အဆင်မပြေဘူး။ အဲမှာ တင် ဒီမြို့ကိုရောက်ဖူးတဲ့ ကျောင်းသား တစ်ယောက် က စဉ်းစားတယ်။ တည်းခိုခန်းမရလို့ ကားပေါ်မှာ အိပ်ရမယ့်အတူတူ မြို့တောင်ပိုင်းမှာ ရှိတဲ့ သူ့အသိ တစ်ယောက် အိမ်ကို ဆရာမ ဆီမှာ ခွင့်တောင်းပြီး သွားအိပ်မယ်လို့ စဉ်းစားတယ်။ ချက်ချင်း ပဲ ဆရာမ ဆီမှာ ခွင့်တောင်းတော့ ခွင့်ပြုလို့ ကားပေါ်က ဆင်း ခဲ့တယ်။

အဲလိုပဲ နောက်တစ်ကားပေါ်က ကျောင်းသူ တစ်ယောက် ကလည်း သူ့ဦးလေးအိမ် သွားအိပ် မယ်လို့ပြောလို့ ဆရာမ က ခွင့်ပြုလိုက်တယ်။

ပုံပြင်ကိုရပ်လိုက်တော့ ရှုသိုးသိုးကြည့်သည်။ ကျွန်တော် ပက်လက်လဲနေရာမှ ခန္ဓာကိုယ်ကို တစ်ချက်ပြင်လိုက်ပြီး ပုံပြင်ကို ဆက်ပြောသည်။

'ပထမဆုံး ကောင်လေးက မြို့တောင်ဘက်မှာ ရှိတဲ့ သူ့မိတ်ဆွေအိမ်သွားတော့ အဆင် မပြေဘူး။ အိမ် ပြောင်းသွား ကြပြီတဲ့။ ကောင်မလေးကလည်း သူ့ဦးလေးအိမ်ရောက်တော့ ကောင်လေး လိုပဲ ကံမကောင်း ဖြစ်သွားတယ်။ တစ်အိမ်သားလုံး ခရီးထွက်သွားကြတယ်တဲ့။ အဲဒီ မှာ တင် နှစ် ယောက် စလုံး စိတ်ပျက်လက်ပျက်နဲ့ ပြန်လာကြတာပေါ့လေ။

အဲလိုပြန်လာရင်း သူတို့နှစ် ယောက် က မြို့လယ်မှာ သွားဆုံတယ်။ ပထမတော့ ဝေးနေသေးလို့ မမှတ်မိကြဘူး။ ကျောင်းမှာ ကလည်း မျက်မှန်းတန်းမိရုံလောက်ပဲ ရှိတာကိုး။ အနားရောက်မှ မှတ်မိ သွားကြပြီး သူတို့ရဲ့ အ ဖြစ်အပျက်တွေ ကို စိတ်ပြေလက်ပျောက် ပြန်ပြောပြကြတာပေါ့။

နှစ် ယောက် စလုံးကလည်း ဆရာမ နဲ့ ကျောင်းကားတွေ စီ ပြန်မသွားချင်ြ ကတော့ဘူး။ ဒါနဲ့ သူတို့ နှစ် ယောက် ညအိပ်စရာ တည်းခိုခန်းလိုက်ငှားကြမယ်လို့ သဘောတူလိုက်တယ်။ အဲဒီ အချိန်မှာ မိုးက ချုပ်နေပြီ'

'ဒီလိုနဲ့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်ရှာကြပြီး မြို့စွန်က အင်းကျိုးလေးထဲမှာ ဆောက်ထား တဲ့ တည်းခိုခန်းကို ရောက်သွားတယ်။ အဲဒီ မှာ လည်း အရင်တည်းခိုခန်းတွေ အတိုင်း လူကပြည့်နေပြီ။ ဒါပေမဲ့ တစ်ယောက် ခန်းတစ်ခန်းတော့ လွတ်နေသေးတယ်တဲ့။

နှစ် ယောက် စလုံးလည်း လမ်းဆက်မလျှောက်နိုင်တော့လောက်အောင် ပင်ပန်းနေပြီဆိုတော့ တစ်ယောက် ခန်းမှာ ပဲ နှစ် ယောက် အိပ်ဖို့ သဘောတူပြီး ငှားလိုက်ကြတယ်တဲ့'

'နင့်ပုံပြင်လေးက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဆက်ပြော ဘာဆက် ဖြစ်လဲ'

'ဒါနဲ့ သူတို့နှစ် ယောက် တကယ်အိပ်ကြမယ်ဆိုတော့ ဒုက္ခရောက်ရော။ ခုတင်က တစ်ယောက် အိပ်ခုတင်။ တစ်ယောက် ဆင်းအိပ်ရအောင်ကလည်း မတရားချမ်းနေတာ့ တစ်ညလုံး အိပ်နိုင်မှာ မဟုတ်ဘူး။ ခုတင်ပေါ်မှာ ကျတော့လည်း ယောက်ျားလေးနဲ့မိန်းကလေးဆိုတော့ ခက်နေရော။ အဲဒီ မှာ တင် ကောင်မလေးက ပြောတယ်။ ရှင်လည်း ခုတင်ပေါ်တက်အိပ်ပါ။ ကျွန်မတို့နှစ် ယောက် အလယ်မှာ ဒီဖက်ခေါင်းအုံးလေးခြားပြီး အိပ်ကြတာပေါ့တဲ့။

ဒါနဲ့ ကောင်လေးလည်း သူကိုယ်တိုင်က ဘယ်လိုမှ အောက်ဆင်းမအိပ်နိုင်အောင် ချမ်းနေတဲ့ အတွက် ကောင်မလေးစကားအတိုင်းပဲ ခုတင်ပေါ်တက်အိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ အိပ်ကြ တော့ နှစ် ယေက်စလုံးက ဘယ်လိုမှ အိပ်လို့မပျော်ဘူး။ မောင်တို့နှစ် ယောက် လိုပေါ့'

ကျွန်တော့် စကားကြောင့် သူမက 'ဟင်း'ဟု အံကြိတ်ပြသည်။

'အိပ်မပျော်ြ ကတော့ တောင်စဉ်းစား၊ မြောက်စဉ်းစားလုပ်ရင်းနဲ့ ကောင်မလေးက တစ်ခုတွေး တယ်။ ဒီလိုမျိုး တစ်မြို့တစ်နယ်မှာ တစ်ခန်းထဲ အတူတူနေတုန်း တစ်စုံတစ်ခု ဖြစ်သွားခဲ့ရင်တောင် ဘယ်သူမှ သိမှာ မဟုတ်ဘူးလို့ တွေးတယ်။ ကောင်မလေးကို တစ်စုံတစ်ရာသော စိတ်က နှောင့်ယှက် နေပြီပေါ့။ အဟီး..'

ရယ်ကျဲကျဲ ကျွန်တော့် ပုံစံကိုကြည့်၍ မျက်စောင်းထိုးပြန်ပါသည်။ ကျွန်တော် ပုံပြင်ကို ဆက်ပြောလိုက်သည်။

'ကြာလာတော့ ကောင်မလေးက ဖက်ခေါင်းအုံးကို ကျော်ပြီး ကောင်လေးရင်ဘတ်ပေါ်ကို လက်တစ်ဖက်တင်လိုက်တယ်။ ဒါကို ကောင်လေးကလည်း သိတယ်။ ဒါပေမဲ့ ဘာမှ မတုံ့ပြန်ဘူး။ ဆိုလိုတာက ကောင်မလေးလက်ကိုတော့ ပြန်ကိုင်ထားတယ်ကွာ။ နောက်တစ်ဆင့် ထပ်မတက်ဘူး။

အဲဒီ မှာ တင် ကောင်မလေးက အားမလိုအားမရ ဖြစ်လာပြီး ခြေတစ်ဖက်ပါ ကောင်လေးခြေ ထောက်ပေါ်ကို ထပ်တင်လိုက်တယ်။ ကောင်လေး ကတော့ ဒီအတိုင်းပဲ။ ဒီတော့ ထုံးစံအတိုင်း ကောင် မလေးက သမရိုးကျအတွေးတွေ တွေးတော့တာပေါ့။

ဒီကောင် ယောက်ျားမဟုတ်ဘူးလား။ ဘာလားပေါ့။ ပိုဆိုးတာက ကောင်လေးကလည်း အိပ် မပျော်ဘူးဆိုတာ သိနေတာကိုး။ ငါလို မိန်းကလေးကတောင် စရဲသေးတာ သူက ဘာ ဖြစ်လို့ ငြိမ်နေရ တာလဲ၊ ဘာလဲပေါ့'

တော် တော် ကြာတဲ့အထိ ထူးခြားမလာတော့ ကောင်မလေးက ထထိုင်လိုက်တယ်။ နောက် နောက်ကောင်လေးဘက်ကိုလှည့်ပြီး..

'ရှင်လည်း အိပ်လို့မရဘူးမလား။ ရှင် အိပ်မပျော်ဘူးဆိုတာ ကျွန်မသိတယ်။ အိပ်လို့မရမယ့် အတူတူ ကျွန်မတို့ အရက်သွားသောက်ရအောင်လား။ အရက်ကို နှစ် ယောက် လုံး မူးအောင်သောက် ပြီး အိပ်ကြတာပေါ့'

လို့ ပြောတယ်။ ကောင်လေးကလည်း ကောင်မလေးစကားကို သဘောတူပြီး သူတို့နှစ် ယောက် အရက်ထွက်သောက်ကြတယ်။

ခဏရပ်ရင်း သူမကိုကြည့်လိုက်တော့ ကျွန်တော့် ဘေးတွင် မျက်လုံးလေးမှေးဆင်းကာ နား ထောင်နေ၏ ။

သြော်..ပြောဖို့ မေ့သွားတယ်။ ကျွန်တော့် ဘယ်ဘက်ရင်အုံလေးက ဘာစိတ်ကူးပေါက်တယ် မသိဘူး…ကျွန်တော့် ဘေးမှာ တစောင်းလေး တုံးလုံးဝင်လှဲနေပြီဗျ။ အခြေအနေ တိုးတက်လာတယ်လို့ ပြောရမှာ ပေါ့။

'ဆက်ပြောလေ…'

ခေါင်းကိုမော့ကာ တိုးရှရှအသံဖြင့် တောင်းဆိုမှု ကြောင့် ကျွန်တော် တံတွေးကို ဂလုခနဲ မျိုချရင်း ဆက်ပြောသည်။

'အင်း…အရက်သောက်ပြီးတော့ ကောင်မလေးက တော် တော် မူးနေပြီ။ ကောင်လေးကိုမှီရင်း ဒယိမ်းဒယိုင်နဲ့ အခန်းထဲကို ၀င်သွားတယ်။ ခုတင်ပေါ်ရောက်တော့ ကောင်လေးရင်ခွင်ထဲကို ထိုးကျ သွားတယ်တဲ့။

ပုံမှန်အတိုင်းဆက်သွားရင်တော့ ဗီဒီယိုတွေ ၊ ရုပ်ရှင်တွေ ထဲကလို ဒီနေရာမှာ မှားယွင်းမိကြမှာ ပေါ့။ ဒါပေမဲ့ သူတို့နှစ် ယောက် ဘာမှမ ဖြစ်ကြဘဲ အဲဒီ ပုံစံအတိုင်းလေးပဲ မိုးလင်းသွားခြ့တယ်'

'အဲဒီ တော့…'

သူမက စိတ်ဝင်စားလာကာ စကားထောက်ပေးသည်။

'အဲဒီ တော့ မနက်လည်းမိုးလင်းရော သူတို့နှစ် ယောက် ပြန်ကြတာပေါ့။ အဲမှာ တင် ဇာတ်လမ်း က စတာ'

သူတို့တည်းခိုခန်းရှေ့မှာ က တစ်ပေခွဲနှစ် ပေလောက် ကျယ်တဲ့ရေမြောင်းလေးရှိတယ်။ အဲဒီ မြောင်းလေးအပေါ်မှာ မှ တည်းခိုခန်းကိုဝင်ဖို့ထွက်ဖို့ တံတားထိုးထားတာကိုး။ ဒါပေမဲ့ တံတားက သွားသူလာသူတွေ နဲ့ ရှုပ်နေတော့ ကောင်လေးကပြောတယ်…

'တို့နှစ် ယောက် တံတားပေါ်ကမသွားဘဲ ရေမြောင်းပေါ်က ကျော်သွားရအောင်'တဲ့။ အဲမှာ တင် ကောင်မလေးက ကောင်လေးကို ကြည့်ပြီးပြောတယ်။

'ရှင် မကျော်နိုင်ပါဘူးတဲ့'

ကောင်လေးကလည်း ကောင်မလေး ဘာကိုဆိုလိုတယ်ဆိုတာ နားမလည်တော့ ခပ်တည် တည်ပဲ။

'ကျော်နိုင်ပါတယ်ကွာ။ နီးနီးလေးပဲဥစ္စာ'

လို့ ထပ်ပြောတယ်။ ကောင်မလေး ကတော့ မရပါဘူး။ ကောင်လေး မကျော်နိုင်ပါဘူးချည်းပဲ ထပ်ကာထပ်ကာ ပြောနေတော့ ကောင်လေး ပေါက်ကွဲပြီလေ။ တစ်ပေခွဲနှစ် ပေလောက်ကို ယောက်ျား လေးပဲ ဘယ်လိုကျော်ကျော် ကျော်နိုင်တာကိုး။ အဲဒီ မှာ တင် ကောင်လေးကတင်းပြီးမေးတယ်။

'မင်းက ဘာကိစ္စကြောင့် ငါ့ကို မကျော်နိုင်ဘူးလို့ ပြောနေတာလဲ။ မင်းတောင် ကျော်လို့ရနိုင်တဲ့ အကွာအဝေးကို ငါက ဘာကြောင့် မကျော်နိုင်ရမှာ လဲတဲ့'

ကောင်မလေးက အားကျမခံ ပြန်ပြောတယ်။

ကျွန်မက ကျော်နိုင်တယ်။ ဒါပေမဲ့ ရှင်ကျော်နိုင်မှာ မဟုတ်ပါဘူးတဲ့။ ကောင်မလေးစကား လည်း ကြားရော ကောင်လေးက ပိုပေါက်ကွဲပြီလေ။ ဒေါသလည်း တောတော် ထွက်သွားတယ်။

မင်းရူးနေလားပေါ့။ ဟိုမှာ လူတွေ တောင် ကျော်နေကြတာ ဘာ ဖြစ်လို့ မကျော်နိုင်ရမှာ လဲပေါ့။

အဲတော့မှ ကောင်မလေးက ကောင်လေးကို နောက်ဆုံးစကားတစ်ခွန်း ပြောလိုက်တယ်။ အရမ်းလှတဲ့ စကားလေးပေါ့။ အဲဒီ စကားလေးက ဒီပုံပြင်ရဲ့ အသက်ပဲ။ ကောင်မလေးပြောလိုက်တာ က…

'ရှင်ကျော်နိုင်တယ်ဆိုတာ ကျွန်မ ဘယ်လိုနည်းနဲ့မှ မယုံဘူးတဲ့။ ဘာ ဖြစ်လို့လဲဆိုတော့ ခြောက် လက်မလောက်ပဲ အနံရှိတဲ့ ဖက်ခေါင်းအုံးကိုတောင် ရှင်မကျော်နိုင်တဲ့ကိစ္စ။ အခု တစ်ပေခွဲ နှစ် ပေ လောက်ကျယ်တဲ့အကျယ်ကို ကျော်နိုင်မယ်ဆိုတာ အရမ်းကြီးကျယ်တဲ့ဟာသပြက်လုံး တစ်ခုလိုပါပဲ တဲ့'

အဲမှာ တင် ပုံပြင်က ပြီးသွားပြီ။

ဒီပုံပြင်ကို အစွဲပြုပြီးတော့ စကားနှစ် ခွန်း ပေါ်လာတယ်။ အဲဒါက 'မြောင်းကျော်ခဲ့ရမလား'ဆိုတဲ့ စကားနဲ့ 'မြောင်းမကျော်နိုင်ပါဘူး'ဆိုတဲ့စကား။ ပထမစကားကို ယောက်ျားလေးတွေ သုံးပြီးတော့ ဒုတိယစကားကို မိန်းကလေးတွေ သုံးတယ်။ အဓိပ္ပာယ် ကတော့ ကိုယ့်ဘာသာ စဉ်းစားပေါ့'

'သြော်…'

ပုံပြင်ဆုံးသွားတော့ သူမက 'သြော်'ဟု မှတ်ချက်ပြုသည်။

ကျွန်တော် ကတော့ 'မသြော်'နိုင်သေးပါ။ ပြောစရာစကား ကျန်သေးပါသည်။

'ဒီပုံပြင်နဲ့ပတ်သက်ပြီး လေပြေကို မောင်တစ်ခုမေးမယ်။ ပုံပြင်ထဲက ကောင်လေးနဲ့ကောင်မ လေး ဘယ်သူကမှားပြီး ဘယ်သူက မှန်သလဲ'

မေးခွန်းဆုံးတော့ သူမက ဆတ်ခနဲ ထပြောပါ၏ ။

'ကောင်မလေး မှန်တာပေါ့'

ကျွန်တော့် ရင်ထဲ ဒုန်းခနဲ ဖြစ်သွားသည်။ ဒါ ကျွန်တော် လိုချင်နေသော စကားပါ။ ဒီစကားကို လိုချင်လို့ ဝေ့လည်ကြောင်ပတ် အဝေးကြီးလျှောက်ပြောနေတာ။

'Ok… ကောင်မလေးမှန်တယ်ဆို ကောင်မလေးက ဘယ်အချိန်မှာ မှန်တာလဲ။ ဆိုလိုတာက ညပိုင်းမှာ မှန်တာလား၊ မနက်ပိုင်းမှာ မှန်တာလား'

ဒီတစ်ခါမေးခွန်းကို မေးအပြီး ကျွန်တော့် ရင်တွေ ခုန်လာသည်။ လည်ချောင်းတွေ လည်း ခြောက်လာ၏ ။ ဒီမေးခွန်းက ဒီညအတွက် အလွန့်အလွန်ကို အရေး ကြီးနေသည် မဟုတ်ပါလော။

သူမက တစ်ချက်စဉ်းစားကာ ပြောလိုက်၏ ။

'ညပိုင်းမှာ မှန်တာပေါ့'

ပွဲသိမ်းလေပြီ။ ကျွန်တော့် ရင်ထဲမှာ အလုံးကြီးကျသွားသည်။ ဆတ်ခနဲပင် ကျွန်တော် ထထိုင် ကာ သူမကို ခေါ်လိုက်သည်။

'လေပြေ…'

ခေါင်းအုံးပေါ် ပါးအပ်ထားလျက်မှပင် မျက်လုံးကို ပင့်ကြည့်သည်။

'ဘာလဲ'ဆိုသည့်သဘော။ အခုအချိန်အထိ ကျွန်တော့် ပုံပြင်ကိုရော၊ ရည်ရွယ်ချက်ကိုရော သဘောပေါက်သေးဟန်မတူ။

'ဒါဆို မောင် မြောင်းကျော်ခဲ့တော့မယ်နော်'

'အဲ..'

ဒါပါပဲ။

ဒီနည်းနဲ့ပဲ ကျွန်တော် သူမကို အနိုင်ယူခဲ့တာပါ။

(ပုံပြင်ထဲမှ ကောင်လေးနှင့် ကောင်မလေး ဘယ်သူမှန်သလဲဆိုတာ ကိုယ့်အတွေးနှင့် ကိုယ် စဉ်းစားစေချင်ပါတသည်။

စာရေး သူကိုယ်တိုင် ပုံပြင်ကို ပြောပြ၍ မိန်းကလေးသူငယ်ချင်း အတော် တော် များများ ကို မေးကြည့်ဖူးပါ၏ ။ တညီတညွတ်တည်း ပြန်ဖြေကြသည် ကတော့ ကောင်မလေး မှန်တယ်ဟူ၍ သာ။

ဘယ်အချိန်မှန်သလဲ ဆက်မေးကြည့်တော့ တချို့ မဖြေကြ။ တချို့က ညပိုင်းမှန်တယ်ဟု ပြော သည်။ တချို့လည်း မနက်ပိုင်းမှန်တယ်ဟု ပြောသည်။

ကဲ..ကျွန်တော့်  ပရိသတ် မိန်းကလေးသူငယ်ချင်းများ အားလုံးတို့..

သင်တို့ကိုရော ကောင်လေး တစ်ယောက် ယောက် က မြောင်းကျော်ခဲ့ရမလားဟု မေးလာလျှင် သင် ဘယ်လိုပြန်ဖြေမည် နည်း။)



ဝန်ဇင်းချစ်သူများ သိုးဆောင်း ၏ “ ဧဒင်မြို့က အပြေးသမား ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တောရိလျောရိလေးပဲ ချစ်ခဲ့သည်

လျှို့ဝှက်မြို့ရိုး

သင်ပြန်လာရမှာပါ