အခန်း(၁)
I
တက္ကသိုလ်တစ်ခု…………
ထိုတက္ကသိုလ်အတွင်းမှ လက်ဖက်ရည်တစ်ဆိုင်၊ ထိုဆိုင်သည် များ သော အားဖြင့် ကျောင်းသားများ သာ တိုင်လေ့ရှိသော ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။
ရှင်းရှင်းပြောရလျှင် ဘယ်မိန်းကလေးမှ ထိုဆိုင်တွင် မထိုင်။ အကြောင်းကား ထိုဆိုင် သည် လက်ဖက်ရည်တစ်မျိုးတည်းစာ ရလေသည်။ နောက်ပြီး ထိုဆိုင်တွင် ထိုင်သည့်သူများ အားလုံးသည်လည်း (ဆိုင်ပိုင်ရှင်) မှစလို့ “မ” ဆိုလျှင် “လက်မ” တောင် စိတ်နာနေတတ် သည့် လူမျိုးတွေ ။
ခြင်အချင်း အတူတူတောင် “ခြင်မ” ကသွေးစုပ်သည်။ ခြေချောင်းချင်းအတူတူ “ခြေမ” က ခလုတ်တိုက်သည်ဟူ၍ “မ” တစ်လုံးကို စိတ်နာနေသူတွေ ။
ထိုသို့ သော လူမျိုးတွေ သာ ထိုင်လေ့ရှိသော ဆိုင်ကို ဘယ်မိန်းကလေးမှ မထိုင်။
ဒါပေမဲ့…
ထူးခြားစွာ မိန်းကလေး တစ်ယောက် သည် ထိုဆိုင်တွင် နေ့တိုင်းလာထိုင်ပါသည်။ ရှင်းရှင်းပြောရလျှင် ကျောင်းသူ တစ်ယောက် ။
လက်ထဲတွင် လည်း စာရွက်လိပ်တစ်ရွက်ကိုကိုင်၍ မှု န်ရီဝေမှိုင်းသော မျက်နှာဖြင့် အမြဲ တစေ ထိုင်နေတတ်ပါသည်။
ထိုမိန်းကလေးက မည် သူနည်း…?
မိန်းကလေးများ ထိုင်လေ့မရှိသည့် ဆိုင်ကို ဘာကြောင့် လာထိုင်နေသနည်း…?
သူမလက်ထဲမှ စာရွက်လိပ်က အဘယ်နည်း။?
သို့ နှင့် ထိုမိန်းကလေးအကြောင်းမှာ ကျောင်းတွင်း၌ လူအများ ပြောစရာ စကားခေါင်း စဉ်တစ်ပုဒ်လို ဖြစ်လာသည်။
II
“ဟေ့ကောင်….သံစဉ်၊ မင်းနဲ့သင်းရနဲ့တို့ ဘာ ဖြစ်ထားကြတာလဲ။ ဟိုမှာ သင်းရနံ့က ညနေတိုင်း အသည်းကွဲကဖီးဆိုင်ကို သွားထိုင်နေတာ…မင်းမသိဘူးလား”
ထိုသို့ သူငယ်ချင်းများ က မင်းသံစဉ်ဆိုသော သူ့ကိုမေးကြသည်။ ထိုအခါမျိုးတွင် သူက…
“သိသားပဲ….သူ ငါပြောတဲ့စကားတစ်ခွန်းကို အဓိပ္ပာယ်မဖော်တတ်လို့ နေ့တိုင်းသွား ထိုင်နေတာပါ”
“မင်းက ဘာစကားပြောလိုက်လို့လဲ”
“လာစကာ (၈) ကြိမ်မြောက် ချန်ပီယံ ဖြစ်မယ်နေ့မှာ လက်မှတ်ထိုးမယ်လို့ ပြောလိုက် တာ”
“ဟင်….ဘယ်လို”
မင်းသံစဉ် နောက်တစ်ခါထပ်ပြောဖို့ မစဉ်းစားခဲ့တော့ပါ။ မေးသမျှလူတွေ ကို သူ ဒီအတိုင်းသာ ဖြေခဲ့သည်။ ဘာအဓိပ္ပာယ်လဲ၊ ဘာကိုရည်ညွှန်းသလဲ သူထပ်ရှင်းမပြ။
ရှုပ်လို့ရှင်းသည်ဟု သူခံယူထားသည်။ ယခု သူ့စကားက ရှင်းရှင်းလေးပါ။
တကယ့်ကိုရှင်းရှင်းလေး။
ဒါကြောင့် သူရှင်းမပြ။
ဒါပေမယ့် သင်းရနံ့ ကတော့ အသည်းကွဲကဖီးမှာ ညနေတိုင်း ဆက်ထိုင်နေသည်။
“လာစက(၈) ကြိမ်မြောက် ချန်ပီယံ ဖြစ်မယ့်နေ့မှာ လက်မှတ်ထိုးပေးမယ်”
အစတစ်ခု၏ အဆုံး
III
သင်းရနံ့ ဒေါကန်နေသည်။ ဒေါကန်ကန်နှင့် ကားဘီးကိုပိတ်ကန်လိုက်သည်။
“တောက်..ဘယ်ကလေကဝတွေ ရဲ့ လက်ချက်လဲမသိဘူး”
ဟုတ်သည်။ သူမကားဘီးက ရိုးရိုးတန်းတန်း ပေါက်ခြင်းမဟုတ်။ မရိုးမသား အဖောက် ခံထားရခြင်း။ သူမပါးစပ်မှ စကားလုံးတွေ အစီအစဉ်မကျ ပွက်ပွက်ဆူနေသည်။
“အဆင့်အတန်းဆိုတာအဲဒါပဲ။ တန်ဖိုးနားမလည်တဲ့လူတွေ ကိုယ်ဘယ်နေရာရောက် နေတယ်ဆိုတာ မသိသတွေ အတွက် ကတော့ သံတစ်ချောင်းလောက် သူမကားဘီးအောက် ထည့်နိုင်တာကိုပဲ ဂုဏ်ယူမဆုံး ဖြစ်နေကြတာ။ ဒါပေမယ့် ကိုယ်ဘယ်ဆင့်ရောက်သွားမှန်း သတိမထားကြဘူး”
ထိုသို့ ကြိတ်မနိုင်ခဲမရပြောရင်း သူမအဖေပိုင်ကားဝပ်ရှော့ကို ဖုန်းဆက်သည်။ နောက် ကားတံခါးကိုပိတ်ခဲ့၍ တက္ကစီတစ်စီး ရှာပါ၏ ။ ဒါပေမယ့် ဒီနေ့ညနေမှ တက္ကစီတွေ က စုန်းစုန်း မြုပ်ကာ ပေါ်မလာ။
ရနံ့ နာရီကို ပင့်ကြည့်လိုက်သည်။ အချိန်က ပုံမှန်ထက် နှာဆယ်ဖျားလောက်သာသွား ပါပြီ။ ထို့နောက်တော့ သူမစုတ်တစ်ချက်ကိုသပ်ကာ ထွက်အံ့ဆဲဆဲ ဖြစ်နေသော လိုင်းကား တစ်စီးပေါ်သို့ တက်လိုက်ရပါတော့သည်။
“ဟေ့ကောင် သံစဉ်…အချိန်စေ့ပြီ ထွက်မယ်”
“အေး…အေး”
သံစဉ် ရေနွေးတစ်ခွက်ကို ကောက်မော့ကာ လီဗာတစ်ဗျင်းဗျင်းပုတ်နေသော ကားပေါ် သို့ ပြေးတက်ခဲ့ပါတော့သည်။
ကားတံခါးဝတွင် စာရွက်တစ်ရွက်ကပ်ထားပါ၏ ။ ထိုစာရွက်က အောက်ပါအတိုင်းသာ
မိတ်တွေ
သင့်ရဲ့ ဥစ္စာနဲ့ ရာထူးကို
အိမ်မှာ ပဲထားခဲ့ပါ
IV
“မြို့ထဲကို..မြို့ထဲကို..မြို့ထဲကို”
သံစဉ်ကားပေါက်ဝမှနေ၍ တကြော်ကြော်အော်နေသည်။
“ကဲ….အဝမပိတ်ပါနဲ့..အထဲကိုဝင်ပေးကြပါဗျာ။ မှတ်တိုင်မှာ အကြာကြီးရပ်ပေးမယ်။ အားလုံးပဲနော်…ကျွန်တော့် ကို ကူညီပေးကြပါ”
သူက “ဗညား”….
နောက် တစ်ယောက် က….
သူ ကတော့ ကဗျာဆန်သည်။ အနုပညာသွေး နှစ် ဆက်ပါသည်။ အဘယ့်ကြောင့် ဆို သော် သူက နှစ် နှစ် ဆက်တိုက် ကျောင်းမှာ ကဗျာပထမဆု ရဖူးလေသည်။
“ကဲ…အားလုံးပဲ ကောင်းကင်ကိုမော့ကြည့်လိုက်ပါဗျာ”
ထိုသူ၏ စကားကြောင့် ခရီးသည်တွေ အကုန်လုံး ကြောင်တောင်တော် ဖြင့် ကောင်းကင် ကို မော့ကြည့်ကြသည်။ သူတို့အားလုံးတွေ့ သည်ကား ကားခေါင်းမိုးသာ။
သို့ သော်….
“ကောင်းကင်က တိမ်တွေ တောင် လေတိုက်ရင်ရွေ့ရပါသေးတယ်ဗျာ။ အခု ကျွန်တော် တို့ကားမှာ လည်း အဲကွန်းဖွင့်ပေးထားပါတယ်။ ဒါကြောင့် တိမ်တွေ လိုပဲ ရွေ့ပေးကြ ပါဗျာ။ ကဲ…ဟို..ဦးထုပ်ဆောင်းထားတဲ့ ညီအစ်ကိုလေး..နောက်ဆက်လျှောက်ပေးလိုက်ပါ”
သူ့နာမည် က “သူရ”….
သူတို့သုံးယောက် စလုံး ကားစပယ်ယာတွေ လား၊ မဟုတ်။
ကျောင်းသားတွေ လား၊ ဟုတ်သည်။
ဒါဆိုဘာကြောင့် ကားစပယ်ယာ လိုက်ရသနည်း။
သူတို့မှာ အကြောင်းရှိပါသည်။
“မြို့ထဲကို….မြို့ထဲကို….မြို့ထဲကို….မြို့ထဲကို….”
သံစဉ်တကြော်ကြော်အော်ကာ လူခေါ်တင်နေသည်။ အထဲမှာ ကလည်း…
“ကဲ…နောက်တက်လေးတွေ လှမ်းလိုက်ပါ။ နောက်တက်ဆယ့်ငါးယောက် …ဟုတ်ပြီ.. တစ်ယောက် ရပြီ၊ နှစ် ယောက် ……….”
“မြို့ထဲကို….မြို့ထဲကို….”
“ဆယ့်နှစ် ရောက်……ဆယ့်သုံးယောက် ”
“အား…”
မိန်းကလေး တစ်ယောက် ၏ စူးစူးဝါးဝါးအော်သံကြောင့် အာရုံတွေ အကုန်လုံး သူမဆီ ရောက်သွားသည်။
“ဖိနပ်ကိုဘာလို့တက်နင်းတာလဲ”
ရနံ့ ခပ်ဆတ်ဆတ် အော်လိုက်ပါ၏ ။
“တောင်းပန်ပါတယ်ဗျာ၊ မတော် လို့ပါ..ဆောရီး”
“ပြတ်သွားရင်ဘယ်လိုလုပ်မလဲ ရှင်လျော်နိုင်လို့လား”
“ဘာဗျ”
ဗညား တင်းသွားသည်။ ပြီး…ထိုမိန်းကလေးကို အကြည့်စူးစူးဖြင့် တစ်ချက်ကြည့်မိပါ ၏ ။ ထိုစဉ်မှာ ပင် သူရက အခြေအနေကို သဘောပေါက်ကာ ဗညားဘက်က ဝင်တောင်းပန် သည်။
“တောင်းပန်ပါတယ်ဗျာ….စိတ်မရှိပါနဲ့….မတော် လို့ပါ”
“မတော် တာတွေ …တော် တာတွေ ကျွန်မနားမလည်ဘူး၊ တန်ဖိုးမသိလို့ပြောပြနေတာ။ ဒီဖိနပ်ဘယ်လောက်တန်လဲ၊ ရှင်တို့သိလား”
ကြားနေရသော စကားတို့ကြောင့် သံစဉ်စိတ်ပျက်သွားမိသည်။ ငွေကြေးတွေ ၊ အဆင့်အတန်းဆိုတာတွေ ကို သူမုန်းသည်။ ဖြစ်နိုင်လျှင် ထိုအရာတွေ ၏ အဝေးဆုံးမှာ သူနေ ချင်ပါ၏ ။
ဒါပေမယ့် အခုလောလောဆယ် အခြေအနေမှာ တော့ သူဝင်ပါရပေတော့မည် ။
“မိန်းကလေး..တဆိတ်..စိတ်နည်းနည်း လျှော့ပေးပါဗျာ။ တောင်းပန်သူက တောင်းပန် နေပြီပဲ..ကျေနပ်ပါတော့။ ဒါမှမကျေနပ်သေးရင် ကျွန်တော် ပါဝင်တောင်းပန်ပါတယ်”
သံစဉ် ကျားသစ်ပျိုမတစ်ကောင်၏ မျက်လုံးမျိုးကဲ့သို့ စူးရဲသော မျက်လုံးတစ်စုံဖြင့် ဆုံရသည်။
“လူတွေ က အဲဒါပဲ..တန်ဖိုးကိုနားမလည်..အဆင့်အတန်းဆိုတာကို နားမလည်ဘဲ လုပ်ချင်ရာလုပ်ပြီးမှ တောင်းပန်တာ ကျွန်မသိပ်မုန်းတယ်။ ဒီမှာ ဖိနပ်သဲကြီုးက တစ်ချောင်း ပြတ်သွားပြီ”
သံစဉ်ကြည့်လိုက်မိတော့ ဟုတ်သည်။ ကြိုးပေါင်းများ စွာ ဖြင့် ယှက်နွယ်ထားသော သူမဖိနပ်၏ ဘေးဘက်ဆီမှ သဲကြိုးတစ်ချောင်းမှာ ပြတ်ကာနေသည်။ သူမသည်လည်း အခုမှ တွေ့ မိခြင်း ဖြစ်ပေသည်။
ထိုအခါမှ ပွဲက ပိုလှ သွားပါ၏ ။
“ကဲ……ဘယ်လိုလုပ်မလဲ…ရှင်တို့ လျော်နိုင်ရဲ့ လား။ ဘယ်လောက်တန်လဲဆိုတာရော …….ရှင်တို့သိလား”
တကယ်ပင်ပြတ်သွားသည့်အတွက် သံစဉ်စိတ်ကို လျှော့လိုက်မိသည်။
“ကျွန်တော် တို့ လျော်ပေးပါ့မယ်။ ဘယ်လောက်လဲပြောပါ”
တစ်ကားလုံးမှလူများ သည်လည်း သူတို့လေးယောက် အပေါ်တွင် သာ အာရုံရောက်နေ သည်ထင်သည်။ မည် သူမျှ အသံမထွက်ကြ။
သံစဉ်စကားလည်းကြားရော ထိုမိန်းကလေးမှာ ဟက်ဟက်ပက်ပက် ရယ်ပါတော့ သည်။
“ဘာရှင့်…ရှင်တို့က လျော်မယ်ဟုတ်လား…ရယ်ဖို့ကောင်းလိုက်တာ။ ကိုယ်ဘာအလုပ် လုပ်နေတယ်ဆိုတာ သေချာပြန်ကြည့်ပါဦးရှင်..လျော်နိုင်မလားလို့”
“ဘာပြောတယ်”
ဗညားဆီမှ ထွက်သွားခြင်း ဖြစ်သည်။ သံစဉ်က ရှေ့တစ်လှမ်းတိုးလာသော ဗညားကို လှမ်းတားလိုက်သည်။
“မိန်းကလေး..မင်းပါးစပ်က ဒီလိုစကားလုံးတွေ ပြောဖို့အကျင့်ပါနေတယ်ဆိုရင်လည်း ကျွန်တော် တောင်းပန်ပါတယ်။ ဘယ်လောက်တန်သလဲပဲ ပြောပါ”
ရနံ့မျက်နှာကို တည်လိုက်သည်။ နောက်…မဲ့ပြုံးတစ်ခုကို ပြုံးရင်း……..
“ရှင်တို့သုံးယောက် တစ်လလုပ်စာမက တန်တယ်”
သံစဉ်ချဉ်သွားရလေသည်။ နောက် မာနတစ်ခုက ဝုန်းခနဲ ဆောင့်တက်လာပါ၏ ။ မ ဖြစ် တော့…..
“နေစမ်းပါဦးကွ..မင်းက ငွေကြေးစကား တော် တော် ပြောလှချည်လား။ မင်းဘယ် လောက်ချမ်းသာလဲ..ဘယ်လောက်အဆင့်အတန်းရှိလဲ။ မင်းပါးစပ်က ထွက်ထွက်နေတဲ့ အဆင့်အတန်းဆိုတာကရော ဘာလဲ။ တစ်ဆိတ်လောက် ငါမသိလို့ ရှင်းပြပေးစမ်းပါဦးကွာ။ မင်းပြောတဲ့ အဆင့်အတန်းဆိုတာ ငွေကြေးကိုပြောတာလား…ပညာနဲ့ ရာထူးကိုပြောတာ လး….ငါမသိလို့”
သံစဉ်စကားတို့ မာထန်စွာ ထွက်သွားသည်။ ငုံ့ခံနေလို့မရတော့။ ဒီမိန်းကလေးစကား တွေ က သည်းခံမှု အတိုင်းအတာကို ကျော်လွန်လာနေပြီ ဖြစ်သည်။
သံစဉ်ထိုသို့ ပြောလိုက်သည့်အတွက် ပထမတော့ ထိုမိန်းကလေးကြောင်သွားသည်။ လုံးဝမထင်မှတ်ထားသော စကားတွေ ဖြစ်နေသော ကြောင့် ဖြစ်မည် ။ ဒါကိုပင် သံစဉ်က ထပ်မံ၍ …
“ဖြေလေကွာ..ဘာ ဖြစ်လို့ ငြိမ်သွားတာလဲ…နားရှုပ်သွားရင် ထပ်မေးမယ်…မင်း ဘယ်လောက်ချမ်းသာလဲ”
“ဘာ”
ရနံ့ အသားတို့ပင်တုန်လာနေပြီ ဖြစ်သည်။ ဒီလိုလူမျိုးက လူကြားထဲ၌ သူ့မကို…
“အဲလိုမေးတဲ့ ရှင့်ပါးစပ်ကို…ရှင်မရွံဘူးလား”
“ငါမေးမယ်..မင်းဘယ်လောက်ချမ်းသာလဲ”
ပွဲရှိန်က တော် တော် ကြီးကိုမြင့်တက်သွားလေပြီ။ သံစဉ်လျော့ပေးရန် ဆန္ဒမရှိတော့။ ဒီလိုမိန်းကလေးကို ဒီလိုလုပ်မှသင့်တော် မည် ဟု သူဆုံးဖြတ်လိုက်သည်။
“မင်း.ဧဒင်ခရီးသွားဝန်ဆောင်မှု ဆိုတဲ့ ကုမ္ပဏီကို သိလား”
ရနံ့ အသံတိတ်သွားသည်။ ဒီကုမ္ပဏီကို သူမသိသည်။ သူမအဖေပင် ရှယ်ယာထည့် ချင်သည်ပြောနေသော ကုမ္ပဏီ။
“အဲ့ဒီအသိုင်းအဝိုင်းနဲ့ ဝေးတဲ့လူတွေ ဆိုရင်တော့ သိမှာ မဟုတ်ဘူး..မင်းမသိရင် ငါပြောပြမယ်။ မြန်မာနိုင်ငံတွင်းမှာ ပြေးဆွဲနေတဲ့ လေယာဉ်တွေ ..ပြည်ပကို ပြေးဆွဲနေတဲ့ ပုဂ္ဂလိကလေယာဉ်တွေ …အဝေးပြေးကားတွေ ..ကွန်တိန်နာတွေ …ထရပ်ကားတွေ …အဲဒါတွေ အားလုံးရဲ့ သုံးပုံနှစ် ပုံလောက်ကို အဲဒီ ကုမ္ပဏီက ပိုင်တယ်။ အဲဒီ ကုမ္ပဏီရဲ့ ဥက္ကဌ ဦး ကောင်းကျော်ကို မင်းသိလား။ မင်းမသိရင်လည်းမှတ်ထား..အဲ့ဒါ ငါ့အဖေပဲ”
“ဘာ….”
သူမ အံ့ဩသွားသည်လား၊ မယုံကြည်လွန်းသွားသည်လား မပြောတတ်။ ထိုကုမ္ပဏီ အဲ့ဒီလောက်ချမ်းသာတာတော့ ဖေဖေပြောပြောနေ၍ သူမသိသည်။
“အခု မင်းစီးနေတဲ့ကားလည်း ငါ့ကားပဲ။ ဒီရန်ကုန်မြို့တွင်းက အထူးကားတွေ အကုန်လုံးကိုလည်း မင်းလက်ညှိုးထိုးမလွဲစေရဘူး။ ဧဒင်နာမည် တပ်ထားတယ်။ မင်းယုံလား”
“မယုံဘူး”
ရနံ့ သံပြတ်ဖြင့် ဖြေလိုက်သည်။
“မင်းမယုံရင် ငါလက်တွေ့ ပြမယ်”
ထိုသူက ကားရှေ့ခန်းဖက်သို့ ထွက်သွားသည်။ မကြာပါ လက်ထဲတွင် ဟမ်းဖုန်းတစ် လုံးကိုင်ကာ ပြန်ရောက်လာပါ၏ ။ ပြီးတော့ ဖုန်းနံပါတ်တချို့ကို နှိပ်သည်။
“ဟဲလို့..ဖေဖေလား…ဖေဖေသားကို ကားတစ်စီးလောက်လွှတ်ပေးလိုက် စမ်းပါ…သား ပြန်ဖို့ အခက်အခဲ ဖြစ်နေလို့”
“………………”
“အင်း…အခုဖေဖေ BMW စီးထားတာမလား”
“……………….”
“ဟာ…မလွှတ်နဲ့..မလွှတ်နဲ့..မာစီးဒီးမစီးချင်ဘူး။ PRADO ဖြစ် ဖြစ်၊ CYGNUS ဖြစ် ဖြစ် လွှတ်ပေးလိုက် ”
“………………”
“အင်း..သားအခု (xxxxxxxx)နားကိုရောက်တော့မယ်။ အခုလွှတ်ပေးလိုက်နော်”
“………………..”
“ဟုတ်ကဲ့…….ဟုတ်ကဲ့”
နောက် သံစဉ် ဖုန်းကိုပိတ်လိုက်သည်။ ရနံ့ အံ့ဩသွားသည်။
ထိုလူနောက်နေတာလား….တကယ်လား………
သူမ စဉ်းစားရခက်နေသည်။ တစ်ဆက်တည်းမှာ ပင် မ ဖြစ်နိုင်ဟုလည်း သူမတွေးမိပါ ၏ ။ ထိုစဉ်မှာ ပင်………
“ဘာလဲ.ဦးကောင်းကျော်သားက စပယ်ယာလိုက်နေလို့ မင်းအံ့ဩနေတာလား…. မအံ့ဩနဲ့...ငါက ဂုဏ်တွေ ငွေတွေ ၊ အဆင့်အတန်းဆိုတာတွေ ကို တအားမုန်းတဲ့ကောင်။
ငါက အဲဒါတွေ ကို စစ်တုရင်ခံပေါ်က Pawn တစ်ရုပ်လောက် တန်ဖိုးထားတာမဟုတ် ဘူး”
သူမစကားသံတို့မဲ့နေပါ၏ ။ မကြာပါ။ သူမမယုံကြည်သော ကိစ္စတစ်ခုသည် တကယ် ပင် ဖြစ်လာလေသည်။
နို့နှစ် ရောင် PRADO ကားကြီးတစ်စီးက သူမတို့စီးလာသော လိုင်းကားကိုကျော်ကာ ခပ်လှမ်းလှမ်းတွင် ရပ်လိုက်သည်။
ထိုလူက သူမကို ဘယ်လိုလဲဟူသော အပြုံးဖြင့် ပြုံးပြသည်။ ပြီးတော့…….
“ဟေ့ကောင်နှစ် ကောင်…မင်းတို့ဖုန်းတွေ ၊လွယ်အိတ်တွေ သွားယူလေ၊ငါတို့ဆင်းမယ်”
ထိုသူက သူ့သူငယ်ချင်းနှစ် ယောက် ကို ပြောသည်။ ပြီးတော့ သူမဘက်သို့ လှည့်၍ ..
“သူတို့နှစ် ယောက် ကလည်း မင်းထင်သလို မရှိလို့လုပ်စားနေတာမဟုတ်ဘူး။ သူတို့ အဖေနှစ် ယောက် လုံးက ဧဒင်ရဲ့ ရှယ်ရာဝင်တွေ ချည်းပဲ။ မင်းစကားနဲ့ဆိုရင်တော့ အဆင့် အတန်းရှိတဲ့ထဲကပေါ့။ ငါတို့သုံးယောက် စလုံးကိုလည်းမှတ်ထားပါ..ဘူမိဗေဒ(Final) က မင်း နဲ့အတူတူပါပဲ”
“ရှင်….”
ဒီစကားကိုတော့ သူမအံ့ဩသွားသည်။ ဒါဆို သူတို့က သူမကို သိနေတယ်ပေါ့…
ကားပေါ်ကဆင်းခါနီး တွင် ထိုသူက စကားတစ်ခွန်းထပ်ပြော သွားပါ၏ ။
“ငါ ကတော့ အဆင့်အတန်းဆိုတာကို ကိုယ်ကျင့်တရားတစ်ခုတည်းနဲ့တိုင်းတယ်”
ဒီလိုနဲ့ တစ်နေ့ သူတို့နှစ် ယောက် ကို ဒုတိယအကြိမ်မြောက် ထိပ်တိုက်တွေ့ ရန် အကြောင်းဖန်လာပါသည်။
ဒီတစ်ခါ တွေ့ ဖို့ရန် ဖန်လာသူက………..
အပ်တစ်ချောင်းမဟုတ်၊ လေပြားနေသော ကားမဟုတ်၊ ဖိနပ်တစ်ရံမဟုတ်၊ ပြတ်သွား သော သဲကြိုးတစ်ချောင်းမဟုတ်။
မင်းသံစဉ်ဆိုသော သူကိုယ်တိုင်။
V
ဒီနေ့သည် သော ကြာနေ့ ဖြစ်လေသည်။ သော ကြာနေ့၏ ထုံးစံအတိုင်း ညနေကျောင်း လွှတ်ချိန်သည် ကျောင်းဝမရောက်ခင်စပ်ကြားမှာ လူတွေ နှင့် ကြိတ်ကြိတ်တိုးနေပါ၏ ။
ကျောင်းဝ၌ ကား ကလေးနှစ် ယောက် လက်ကမ်းစာစောင်တွေ ဝေနေသည်။ ရပြီးသွား သည့်လူတွေ လည်းရှိကြသည်။ မရသေးသော လူတွေ လည်းရှိကြသည်။ သံစဉ်တို့အုပ်စုက တော့ ထိုလက်ကမ်းစာစောင်တစ်ရွက်ကိုကိုင်၍ စဉ်းစားခန်းဝင်နေလျက်ရှိနေကြပါသည်။ သံစဉ်က စမေးသည်။
“ဟေ့ကောင်..R-ဇာနည်က ဘယ်မြို့တော် မှာ နေတာလဲ”
“ရန်ကုန်မြို့တော် မှာ နေတာလေ”
ဗညား၏ အဖြေကြောင့် သံစဉ်ကျိန်ဆဲလိုက်သည်။
“မင်းအဘ..အဲဒါတော့ မင်းပြောမှလား…ငါလည်းသိတာပေါ့”
“သိရက်သားနဲ့…….ဘာလို့မေးနေလဲ”
“နောက်တစ်မြို့များ ရှိဦးမလားလို့ပေါ့ကွာ။ ဒီအတိုင်းဆိုရင် လက်ရုံးကိုတွေ့ ဖို့က ရန်ကုန်တစ်မြို့လုံး လိုက်ရှာရမလို ဖြစ်နေပြီ”
“အေး…ငါလည်း မထင်ဘူး…ဒါပေမယ့် ငါတို့လည်း ဒီလောက်ပဲ စဉ်းစားလို့ရတယ်”
သူရက ထောက်ခံစကားဆိုသည်။ ပြီး စာရွက်ကို သေချာထပ်ကြည့်ရင်း..
“နောက်ပြီး ဒီ heart ဖဲ Queen ကို တစ်ဝက်ဖြတ်ထားတာကြီးက ဘာသဘောလဲ မသိဘူး”
“အေး…ငါတို့လည်း အဲဒါပဲ စဉ်းစားရကြပ်နေတာ”
ပြောပြီး သုံးယောက် သား စာရွက်ကိုသေချာထပ်ကြည့်ကြသည်။ သံစဉ်က စာရွက်ကို ကြည့်နေရာမှ စာရွက်တွင် ရေး ထားသော စာသားအချို့ကို တိုးတိုးရေရွတ်သည်။
“သူမ…R-ဇာနည်နေတဲ့ မြို့တော် ကို ဦးတည်သွားနေတယ်။ R-ဇာနည်က ဘယ်မြို့ တော် မှာ နေတာလဲ”
စာသာဆုံးသွားသည် အတွေးက အစပျိုးလို့ပင် မရသေး။ ထိုအချိန်မှာ ပင် ဆူညံဆူညံ နှင့် မိန်းကလေးတစ်သိုက် ဆိုင်ထဲသို့ ဝင်လာကြပါ၏ ။ ဝင်လာသူမိန်းကလေးများ က သင်းရနံ့၊ ချိုလဲ့နှင့် ဖြူပြာ။
ချိုလဲ့နှင့် ဖြူပြာမှာ သူတို့သုံးယောက် နှင့် တစ်ခန်းတည်း ဖြစ်သည့်အပြင် တစ်အုပ်စုလုံး နှင့် ရင်းနှီးသည်မို့ လှမ်းပြုံးပြသည်။ သူတို့အုပ်စုလည်း အလိုက်သင့်ပြန်ပြုံးပြလိုက်သည်။ ဒါပေမယ့် သင်းရနံ့ ကတော့ သူတို့အုပ်စုရှိရာသို့ အကြည့်တစ်ချက် ရောက်မလာ။
သို့ ပေမယ့်လည်း သံစဉ် သူမကိုလိုက်ကြည့်မိပါသည်။ ထီမထင်ဟန်မျက်နှာလေးက အသည်းယားချင်စရာ။ ဆင်မယဉ်သာခြေလှမ်းမျိုးမဟုတ်ပေမယ့် ကျားသစ်ပျိုမတစ်ကောင်၏ ရဲရင့်သော ခြေလှမ်းမျိုးကပင် မာန်ပြည့်သော သူမမျက်နှာနှင့် လိုက်ဖက်လို့နေပါသည်။
“တစ်ခုတော့ရှိတယ်..ဟေ့ကောင်…ရောမမြို့ကို တစ်ယောက် တည်းနဲ့တော့ တည်လို့ မရဘူး။ အားလုံးရဲ့ စုပေါင်းအားနဲ့ ရောမဆိုပြီး ဖြစ်လာတာ။ ဒီတော့ ငါတို့သုံးယောက် စလုံး စဉ်းစားမရလည်း ဘာ ဖြစ်လဲကွာ..အားလုံးကိုစဉ်းစားခိုင်းတာပေါ့”
ဗညား၏ စကားကြောင့် သံစဉ်မျက်မှော င်ကြုတ်လိုက်သည်။
“မင်းဘာကိုဆိုလိုတာလဲ”
“မင်း သွေးရှိမယ်ဆိုရင်..ငါတို့စဉ်းစားလို့မရတဲ့စာရွက်ကို သင်းရနံ့တို့ဝိုင်းကိုသွားပေး ပြီး စဉ်းစားခိုင်းလိုက်”
ဗညား၏ စကားကြောင့် သူ့ရင် လျှပ်စီးလက်သွားသည်။ ဝင်းခနဲ…
“ဟာ..မ ဖြစ်ပါဘူးကွာ၊ ဖြူပြာနဲ့ချိုလဲ့က ရှော့မရှိဘူး….ဟို တစ်ယောက် က ရှော့ရှိတယ်”
“မင်း ဒီပဟေဠိရဲ့ အဖြေကိုရရင် လက်ရုံးရဲ့ အချစ်မြှားကို ဘယ်သူ့ကိုပေးမှာ လဲ”
“ဟာ…ဒါ ကတော့”
သံစဉ် အဖြေရခက်သွားသည်။
“မင်း…သင်းရနံ့ကိုပေးမှာ မလား။ အဲဒီ တော့ သူ့ကိုပေးမယ့် မြားရှိတဲ့နေရာကို သူ့ကို သာ သွားမေး။ အဲဒါ ဘယ်သူမှမလုပ်ရသေးဘူး”
“ဟာ…….ဟုတ်တယ်…..ဒါဆို တော် တော် ဆန်းသွားပြီ”
သူရကပါ ဝင်ထောက်ခံသည်။
သံစဉ် စဉ်းစားရကြပ်သွားသည်။ ဟိုနှစ် ကောင် ကတော့ အတင်းတိုက်တွန်းနေသည်။ သံစဉ် ရနံ့တို့ဝိုင်းကို လှမ်းကြည့်လိုက်သည်။
သင်းရနံ့ဟူသော မိန်းကလေးက ဘေးမှသူငယ်ချင်းနှစ် ယောက် နှင့် စကားကောင်းနေ ပါ၏ ။
“ဟေ့ကောင်..ကျွတ်မနေနဲ့…ဖြူပြာနဲ့ချိုလဲ့လည်း ရှိတယ်။ မင်းပဲ အသစ်ကြိုက်တယ် ဆို..အခုငါတို့ပေးတဲ့နည်းက ဘယ်သူမှမသုံးရသေးတဲ့ နည်းသစ်”
သူဘာလုပ်ရမလဲ။
ဟိုတစ်ခေါက် ကားပေါ်ကကိစ္စမ ဖြစ်ခင်ကတည်းက သင်းရနံ့ဆိုသော မိန်းကလေးကို သံစဉ်သတိထားမိနေတာ ကြာပြီ။ ဒါပေမယ့် အဲလောက် မာန်မာနရှိမည် မထင်ခဲ့။
ကားပေါ်မှာ ဖြစ်သော ကိစ္စကလည်း ဘယ်သူတွေ ဘာပြောပြော သံစဉ် သူ့အလွန်ဟု ခံယူထားသည်။ သူက ယောက်ျားလေးပင် မဟုတ်ပါလား။ သူ ပြန်တောင်းပန်သင့်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ လည်း သံစဉ်နှင့် ဗညားတို့ စကားအခြေအတင် ဖြစ်ကြသည်။ တောင်းပန်၏ ။ မတောင်းပန်၏ ။
ဒါပေမယ့် သံစဉ်၏ ရင်ဖွင့်ချက်တွေ အဆုံးမှာ ဗညားနှင့် သူရ နှစ် ယောက် လက်ခံသွား ပါသည်။ ထို့ကြောင့် လည်း ယခုကဲ့သို့ တွန်းပို့နေခြင်းပင် ဖြစ်သည်။
နောက်ဆုံးမှာ တော့ သံစဉ်ယောင်လည်လည်နှင့် ပင် ချိုလဲ့၊ ဖြူပြာနှင့် သင်းရနံ့ရှိရာဝိုင်း သို့ ရောက်သွားရပါသည်။ ဟုတ်သည်။ မင်းသံစဉ်သည် သစ်ရမည် ။ ထိုသို့ အားတင်းရင်းဖြင့် ..
“ချိုလဲ့…ငါဒီမှာ …ခဏထိုင်မယ်နော်”
သူ့စကားကြောင့် ချိုလဲ့နှင့် ဖြူပြာက သူ့ကိုမော့ကြည့်သည်။
“ဩော်…….သံစဉ်……လာ………ထိုင်လေ”
ချိုလဲ့နှင့် ဖြူပြာက သူ့ကိုပြုံးကာနှုတ်ဆက်ကြသည်။ သူမ ကတော့ သူ့ကိုမြင်သည်နှင့် အကြည့်တစ်ခုကို တစ်နေရာဆီသို့ လွှဲ သွားပါ၏ ။
သံစဉ်ဝင်ထိုင်လိုက်ရင်းမှ လက်ထဲကစာရွက်ကို စားပွဲပေါ်သို့ တင်လိုက်ပါသည်။
“သံစဉ်..အဲဒါဘာကြီးလဲ”
ဖြူပြာ့ရေ့သို့ ထိုးပေးလိုက် ရင်း…
“လက်ရုံးရဲ့ ပဟေဠိလေဟာ”
သူမတို့နှစ် ယောက် စိတ်ဝင်တစား ကောက်ကြည့်ကြပါသည်။ ပြီး အတန်ကြာကြည့် ရင်းမှ နှစ် ယောက် စလုံး ခေါင်းကိုယမ်းရင်း..
“ဘာအဓိပ္ပာယ်လဲဟ..ငါတို့ စဉ်းစားလို့မရဘူး”
“အေး..ငါလည်း စဉ်းစားလို့မရလို့ နင်တို့များ ရမလားဆိုပြီး….လာမေးတာ”
သံစဉ်စကားကြောင့် ဖြူပြာနှင့် ချိုလဲ့မှာ ခေါင်းယမ်းပြကြသည်။ ပြီး တဆက်တည်းပင်..
“ရနံ့ ဒါကိုခဏကြည့်စမ်းပါ”
ဖြူပြာက ရနံ့မျက်စိရှေ့သို့ စာအရွက်ကို ထောင်ကာပြသည်။ ရနံ့စိတ်မပါသို တစ်ဖက် လှည့်လိုက်ရင်းမှ..
“မကြည့်ချင်ပါဘူး”
“ခဏလေးပါဟာ..နင်ဆိုရင် ဖြေနိုင်မှာ ပါ”
ရနံ့ လှည့်မကြည့်ပေ။ ဒါပေမယ့် ချိုလဲ့တို့နှစ် ယောက် မှာ အတင်းတိုက်တွန်းနေသည် ကြောင့် နောက်ဆုံး စာရွက်ဆီသို့ မျက်လုံးရောက်သွားလေသည်။
စိတ်မပါဟန် ပေါ်လွင်နေသည့် မျက်နှာတို့က တဖြည်းဖြည်း မျက်နှာကြောတို့ လျော့ လာကာ စိတ်ဝင်စားသည့် အရောင် တို့ ထင်ဟပ်လာသည်။
“ပြစမ်း”
ရနံ့ စာရွက်ကို ဆွဲယူကာကြည့်လိုက်ပါသည်။
ထိုစာရွက်ကား အောက်ပါအတိုင်း
………………………………………..
အခန်း(၂)
VI
အချိန်နည်းနည်း ဆန့်သွားသည်ထင်၏ ။ နောက်…….
“ငါသိပြီ”
သံစဉ် လှိုက်ခနဲ ဝမ်းသာ သွားပါသည်။ ပြီး ချက်ချင်း ပင်…
“ဘာ…ဘာလဲဟင်…အဓိပ္ပာယ်က ဘာတဲ့လဲ”
“ဘာလို့ပြောပြရမှာ လဲ”
“အမ်..”
သံစဉ် ပါးစပ်ပိတ်သွားရသည်။ ပြီး ဖြူပြာနှင့် ချိုလဲ့တို့ကို အားကိုးရိပ်စွန်းသော မျက်ဝန်းတို့ဖြင့် ကြည့်လိုက်မိသည်။
“လုပ်…လုပ်ပါဗျာ…သိရင်ပြောပြစမ်းပါ။ ကျွန်တော့် အတွက် အရမ်းအရေး ကြီးနေလို့ပါ။ ဖြစ်ပြီးသားကိစ္စတွေ ကိုလည်း ကျွန်တော် တောင်းပန်ပါတယ်…စိတ်ထဲမထားပါနဲ့။ တစ်ကျောင်း တည်းသားချင်းတွေ ပဲဟာ..အဟဲ…”
သံစဥ့်စကားကြောင့် ရနံ့ကမဲ့သည်။ သူမပုံစံကြည့်ရသည်မှာ သူ့အား တမင်သက်သက် အနိုင်ယူနေသလိုမျိုး။ သံစဉ် မချင့်မရဲ ဖြစ်သွားရပါသည်။
နောက် စားပွဲခုံအောက်မှနေ၍ ဖြူပြာ၏ ခြေထောက်ကို လှမ်းတို့လိုက်သည်။ ဖြူပြာက လည်း သဘောပေါက်ပါသည်။
“ငါတို့လည်း သိချင်တယ်ဟာ..သူ့ကို မပြောရင်နေ၊ ငါတို့ကိုတော့ ပြောပြနော်”
“ပြောမယ်..ဘယ်မှာ သွားပြောရင်ကောင်းမလဲ”
“ဒီမှာ ပဲပြောလေ”
သံစဉ် ဝင်ပြောလိုက်သည်။ သံစဥ့်စကားကြောင့် ..
“တော် တော် အ တယ်” ဟူသော သဘောဖြင့် နှုတ်ခမ်းကိုကိုက်ကာ မျက်စောင်းလှမ်း ထိုးသည်။ သံစဉ်ရင်တစ်ခုလုံး ဘာ ဖြစ်သွားမှန်းပင်မသိ ကလိကလိ မြည် သွားသည်။
“ဟုတ်ပါတယ်ဟာ..ကျောင်းလည်းလွှတ်နေပြီ။ ဘယ်မှသွားမနေပါနဲ့တော့..ဒီမှာ ပဲ ပြောစမ်းပါ”
“ဒီမှာ ပဲပြောဟာ နော်..ရနံ့”
ရနံ့က ဖြူပြာနှင့် ချိုလဲ့တို့နှစ် ယောက် ကို မျက်စောင်းလှမ်းထိုးလိုက်သည်။
“ဟဲ…ဟဲ”
အပိုးမကျိုးစွာ မိန်းမနှစ် ယောက် က ရယ်ကာပြသည်ကြောင့် ရနံ့ သူငယ်ချင်းတွေ ၏ ဆန္ဒကိုငြင်းဆန်ရန် အင်အားနည်းသွားရပါတော့သည်။
ထို့နောက်တော့…
“ဒီမှာ ကြည့်”
ဟုဆိုရာ ရနံ့က စာရွက်ပေါ်တွင် လက်ထောက်ကာပြသည်။
“ဒီ heart Queen က ဘာ ဖြစ်နေလဲ”
“တစ်ဝက်ပြတ်နေတယ်လေ”
“မဟုတ်ဘူးကွဲနေတာ…ဒီဖဲရဲ့ အထက်အောက် အသည်းနှစ် ခုစလုံးကိုကြည့်လိုက်.. အသည်းနှစ် ခုစလုံး တစ်ဝက်စီကွဲနေတယ်။ အဲဒီ တော့ သူဆိုလိုတာက အသည်းကွဲနေတဲ့ ဘုရင်မလို့ ဆိုလိုတာ”
ဖြူပြာနှင့် ချိုလဲ့ပင်မဟုတ် သံစဉ်ပင် စိတ်ဝင်စားသွားရပါသည်။
“အဲဒီ အသည်းကွဲနေတဲ့ဘုရင်မက R-ဇာနည်နေတဲ့ မြို့တော် ကို ဦးတည်သွားနေတယ် ဆိုတော့ ..ဘယ်မြို့တော် ဖြစ်မယ်ထင်လဲ”
ပြန်ဖြေသံမကြားရ…..
“အသည်းကွဲမြို့တော် ပေါ့”
“ဟင်..”
ပြိုင်တူလို အာမေဍိတ်တွေ ထွက်သွားသည်။
“အသည်းကွဲမြို့တော် နဲ့ R-ဇာနည်နေတဲ့မြို့က ဘာဆိုင်လို့လဲ”
ချိုလဲ့က နားမလည်စွာ ဝင်မေးသည်။
“အသည်းကွဲမြို့တော် ဆိုတာ R-ဇာနည့် သီချင်းလေ”
စကားသံတို့ တိတ်ဆိတ် သွားပါသည်။ ကိုယ်စီကိုယ်စီ စဉ်းစားသွားကြခြင်းလည်း ဖြစ် နိုင်သည်။ ထိုစဉ်မှာ ပင် သံစဉ် စဉ်းစားကြည့်နေသော ကိစ္စတစ်ခုကို ထုတ်မေးလိုက်သည်။
“အသည်းကွဲမြို့တော် ဆိုတာ ဘယ်နားမှာ လဲဗျ..ကျွန်တော် တော့ သီချင်းပဲကြားဖူး တယ်….မြန်မာနိုင်ငံထဲမှာ ရှိလို့လား”
“မရှိပါဘူး”
ဖြူပြာက ဝင်ဖြေခြင်း ဖြစ်သည်။
“မရှိဘဲနဲ့ လက်ရုံးက အသည်းကွဲမြို့တော် မှာ သူရှိနေမယ်လို့လိမ်ပြီး ပဟေဠိ ဝှက် လိုက်တာပေါ့”
“မဟုတ်ဘူးရှိတယ်၊ ဒီကျောင်းဝန်းထဲမှာ ကိုရှိတယ်”
“ဘယ်လို ဒီကျောင်းဝန်းထဲမှာ ဘယ်နားမှာ လဲ”
“မြို့တော် တော့မဟုတ်ဘူး..လက်ဆက်ရည်ဆိုင်”
“ဟင်……….”
သံစဉ် နှုတ်ဆိတ်သွားလေသည်။ နောက် ရနံ့ပြောသော စကားကို ဆက်စပ်ကြည့် လိုက်သည်။
“ဒါဆို ခင်ဗျားဆိုလိုတာက အသည်းကွဲကဖီးပေါ့”
“အမှန်ပဲ”
သံစဉ် အားရကျေနပ်စွာ ပြုံးမိသွားလေသည်။ ဟုတ်သည်။ မနက်ဖြန်မနက် အသည်း ကွဲကဖီးမှာ သွားစောင့်ရမည် ။
ထို့နောက်တွင် တော့ ထိုင်နေရာမှ ထလိုက်ပြီး..
“ကျေးဇူးပဲဗျာ…ခင်ဗျားကိုပစ်မယ့် အချစ်မြားရှိရာနေရာကို ခင်ဗျားကိုယ်တိုင် လမ်းပြ ပေးတာ အရမ်းကျေးဇူးတင်ပါတယ်။ သွားလိုက်ပါဦးမယ်”
“ဘာရှင့်”
ရနံ့နှုတ်ခမ်းဆီမှ တအံ့တဩ အာမေဍိတ်သံတို့ ခုန်ထွက်သွားသည်။
သို့ သော် သံစဉ်မှာ ကား…
ဝေး၍ ဝေး၍ သွားခဲ့ပါပြီ။
VII
ဒီလိုနှင့် သိပ်မကြာလှသော အချိန်တစ်ခု(တစ်လလောက်ကြာမည် ထင်ပါသည်) မှာ ပင် သံစဉ်နှင့် သင်းရနံ့မှာ ချစ်သူတွေ ဖြစ်သွားကြသည်။ ဘယ်သူ့ကြောင့် နည်း။
မေးရန်လိုမည် မထင်ပါ။ လက်ရုံး၏ အချစ်မြားသုံးစင်းကြောင့် ပင် ဖြစ်ပါသည်။ ဒါပေမယ့် သူတို့နှစ် ဦးစလုံး တစ်ယောက် နှင့် တစ်ယောက် တကယ်ချစ်ကြသည်လား၊ တွဲ ရုံတွဲ တာလားဆိုတာ ကတော့ သူတို့နှစ် ဦးမှလွဲပြီး မည် သူမျှ သိမည် မထင်ပါ။
ဒါပေမယ့် သူတို့နှစ် ယောက် တကယ်ချစ်သူတွေ ဖြစ်သွားခဲ့ပါသည်။ ချစ်သူတွေ ဖြစ် သွားသည့်တိုင် သူတို့မှာ တစ်ယောက် နှင့် တစ်ယောက် အယူအဆ မတူညီကြသေး။
ဂုဏ်တွေ ၊ ငွေတွေ ၊ အဆင့်အတန်းတွေ ကို စကားလုံးလှလှတွေ နှင့် ပေါပေါသီသီသုံး ကာ ရနံ့ တစ်ယောက် မွေ့လျော်နေသလောက်။
သံစဉ်မှာ တော့ လူသားတေ၊ စာအုပ်တွေ ၊ ဆီညှော်နံ့တို့ဖြင့် ရောယှက်သော ပတ်ဝန်း ကျင်လေထုတွေ ၊ “မြို့ထဲကို…မြို့ထဲကို” ဟု တကြော်ကြော်အော်နေသည့် လူတန်းစားဇာစ် မြစ်တွေ ၌ သာ ကျင်လည်နေတတ်ပါသည်။
သူတို့နှစ် ယောက် ကား ခံယူချက်မတူ၊ နားလည်မှု မတူ၊ ရပ်တည်ပုံချင်းမတူ၊ ခံစားချက် ချင်းမတူ၊ ပျော်ရွှင်မှု နှင့် ဘဝကို ဖြတ်သန်းပုံချင်းမတူ၊ ဒါပေမယ့် ချစ်သူတွေ အ ဖြစ်တော့ ဆက်လက် လက်တွဲ နေကြသည်။
ဒီလိုနှင့် နောက်ဆုံးနှစ် ဟူသော ကျောင်းတက်နှစ် ၏ နေ့တစ်နေ့မှာ …
သူတို့ ဘူမိဗေဒမေဂျာ၏ ထုံးစံအတိုင်း…..
Field ဆင်းရန် ဖြစ်လာပါတော့သည်။
ကွင်းဆင်းလေ့လာရေး ခရီးထွက်ခြင်းဆိုသော်လည်း တကယ့်တကယ်က မိမိသင်ယူ ထားသော ပညာတွေ ကို လက်တွေ့ အသုံးချရန် ညွှန်ကြားစေခိုင်းခြင်း။
မေဂျာတစ်ခုလုံး ပျော်နေကြပါသည်။ သင်းရနံ့တို့တစ်အုပ်စုလုံးလည်း ပျော်နေကြသ လို ဗညားနှင့် သူရတို့လည်း လေ့လာရေး ခရီးစဉ်အတွက် ပျော်နေကြပါသည်။ သူကရော..
သူ ကတော့ အဲလောက်မပျော် ဒါပေမယ့် ရင်ခုန်နေသည်။
သင်းရနံ့နှင့် အတူတူ သွားရမည့် အတွက်ကြောင့် လား…
မဟုတ်။
ထိုခရီးစဉ်မှရမည့်  အတွေ့ အကြုံအတွက်..
ဟုတ်သည်။ ခရီးတစ်ခုထွက်ခြင်းသည် ရင်ခုန်ဖွယ်ကောင်းသည့် အတွေ့ အကြုံသစ် တွေ နှင့် ပင် မဟုတ်ပါလော။
ဒါပေမယ့် ထိုအတွ့အကြုံသည် ကံကြမ္မာကြီးက သူတို့နှစ် ယောက် အပေါ် မျက်နှာသာ မပေးသော ခရီးတစ်ခု ဖြစ်မည် ဆိုပါကား…..
လုံးဝမမျှော်လင့်၊ မထင်မှတ်ထားသော စိတ္တဇဆန်ဆန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်မည် ဆိုပါကား….
လျှို့ဝှက်သည်းဖိုဆန်ဆန် အိပ်မက်တစ်ခု၏ တစ်စွန်းတစ်စ ဖြစ်မည် ဆိုပါကား……
နေရာပေါင်းစုံမှ အတိုက်ခံထားရသည့် စစ်တုရင်ခုံပေါ်မှ အဖြူရောင် အရုပ်တစ်ရုပ် ဖြစ်မည် ဆိုပါကား……..
ထိုခရီးသည် သူ့အတွက် ရင်ခုန်စရာကောင်းဦးမည် လား..
(သို့ )
ကြိုတင်ရင်ခုန်ရကျိုး နပ်ပါမည် လား…
ဘယ်လိုပဲ ဖြစ် ဖြစ် အိုမင်းရင့်ရော်နေတဲ့ ကြယ်တစ်လုံးမှာ တော့ ကြွေကျခြင်းဆိုတဲ့ ထွက်ပေါက်တစ်ခု ရှိနေပါသည်။
ဒီတော့ သူသည်လား…….
ဒီလိုနှင့် သူတို့အားလုံး မျှော်လင့်နေသော ခရီးထွက်မည့် နေ့သို့ ရောက်လာပါတော့ သည်။
VIII
သူတို့သွားရမည့် နေရာက ရှမ်းပြည်နယ်တောင်ပိုင်းရှိ မထင်မရှား မြို့လေးတစ်မြို့။
ကျောင်းမှ မီးရထားစီစဉ်ပေးထားမှု ကြောင့် သူတို့တွေ အကုန်လုံး မီးရထားဖြင့် ပဲ ခရီးစကြသည်။ လူငယ်တို့၏ ထုံးစံအတိုင်း လမ်းခရီး၌ ပျော်ဖို့ကောင်းပါသည်။ တစ်ဦးနှင့် တစ်ဦး စလိုက်နောက်လိုက်၊ ရယ်လိုက်မောလိုက်ဖြင့် အတိတ်ဆိုတာကိုမေ့၊ အနာဂတ်ဆိုတာကိုမေ့၊
ပစ္စုပ္ပာန်တည့်တည့်မှာ တော့ ရယ်သံတွေ နှင့် သာ။
ဒါပေမယ့် သံစဉ် ကတော့ ထိုသို့ မဟုတ်၊ စာအုပ်တစ်အုပ်ကို စိတ်နှစ် ကာ ငြိမ်သက်လို့ နေသည်။ ဒါဆို ရနံ့ကရော……
ရနံ့ ကတော့ ဟမ်းဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေပါသည်။ မီးရထားဆိုက်သမျှနေရာ တိုင်း အိမ်သို့ ဖုန်းဆက်ပြောရတာ အမော၊ အဆင်ပြေကြောင်း၊ အန္တရာယ်ကင်းကြောင်း၊ ဆရာ တွေ ကလည်း ဂရုစိုက်ကြောင်း စသည်ဖြင့် အိမ်ကထွက်လာတာပင် တစ်ရက်မပြည့်သေး၊ မမောနိုင် မပန်းနိုင်။
သံစဉ် ဘာမှဝင်မစွက်ဖက်ပါ။ သံစဉ် ခရီးတစ်လျှာက်လုံး စာထိုင်ဖတ်နေသည်ကို လည်း ရနံ့ဝင်မစွက်ဖက်ပါ။
ဝါသနာနှင့်ဗီဇဆိုတာ တစ်ဦးနှင့် တစ်ဦး မတူကြောင်း သူတို့တွေ လက်ခံထားသည် မဟုတ်ပါလား။
ဒီလိုနှင့် တစ်ညအိပ်ပြီးလို့ နောက်တစ်မနက် ဖွံ့ဖြိုးလာချိန်မှာ ထင်းရှူးနံ့သင်းသော လေပြည်တွေ သူတို့ နှာသီးဝသို့ ရိုက်ခတ်စပြုလာပါပြီ။ ချယ်ရီငွေ့ပါသော လေအေးအေး လေးတွေ က သူတို့ရင်ဝသို့ နမ်းရှိုက်လို့နေသည်။
တောင်ပေါ်ဒေသ၏ အရသာကို သူတို့ခိုလှုံနေကြပြီ ဖြစ်ပါ၏ ။ နေမွန်းမတည့်မီအ ချိန်လောက်တွင် သူတို့အားလုံး၏ ခရီးဆုံးဘူတာသို့ ရထားကြီးက ဂိတ်ထိုး လိုက်တော့သည်။ လူတွေ ဆင်းကြ၊ အထုပ်အပိုးတွေ ချကြ၊ လူစစ်ကြနှင့် ဘူတာတွင် ခေတ္တမျှ ရှုပ်ထွေးသွား သည်။
နောက်……မီးရထားကြီးမှာ မဆုံးသေးသော ခရီးကိုချီတက်ရန် တွန်ကျူးလိုက်သည် ကား……….
“ဘော်……………..”
သူတို့ခရီးစဉ်က ဒီမြို့တွင် ဆုံးသည်မဟုတ်။ ဒီမြို့နှင့် အတန်ငယ်ဝေးသော ရွာမှာ ဆုံး မည် ဖြစ်ရာ ပါလာသော ဦးဆောင်သူ ဆရာဆရာမ များ က ကားငှား၍ ခရီးဆက်ရန် ပြင်သည်။
ဒီလိုနှင့် ကားငှား၍ ခရီးဆက်ရပြန်ပါသည်။ ရထားတစ်တန်၊ ကားတစ်တန်ဆိုတာ ဒါမျိုး ပေပဲဟု သံစဉ်ကားစီးလာရင်းမှ တွေးမိပါသည်။ သူရနှင့် ဗညား ကတော့ မမြင်ဖူးသော ရှမ်းတောင်တန်းအလှတွေ ကို ငေးမောလို့သာ နေပါ၏ ။
သင်းရနံ့ကရော..
သူမ ကတော့ ထုံးစံအတိုင်း ဟမ်းဖုန်းကိုကိုင်ရင်း ခလုတ်တစ်ချိုကို နှိပ်နေသည်။ ဒါပေမယ့် ဖုန်းခေါ်လို့မရဘူးထင်ပါ၏ ။ သူမမျက်နှာ သုန်မှု န်နေသည်။
တစ်နာရီကျော်လောက် ကြာမည် ထင်ပါသည်။ ရှမ်းဘာသာဖြင့် ရေး ထိုးထားသော ဆိုင်းဘုတ်တစ်ခုကို တွေ့ ရပြီး မကြာခင်မှာ ပဲ သူတို့လိုက်ပါသော ကားကြီးမှာ အိ ခနဲ ရပ်သွား ပါတော့သည်။
“ရောက်ပြီဟေ့…အားလုံးပဲ ကားပေါ်ကဆင်းတော့..”
ဆရာ တစ်ယောက် ၏ စကားသံအဆုံးမှာ ပင် မြေပြင်နှင့် ဖိနပ်ထိသံတွေ တဖုန်းဖုန်း ကြားရတော့သည်။ နောက် ဆရာဆရာမ တွေ နှင့် ရွာလူကြီးတွေ စကားပြောဆိုဆွေးနွေးနေ ကြသည်။
ကြိုတင်ချိတ်ဆက်ထားသည်မို့ သိပ်မကြာလိုက်ပါ။ အဆင်ပြေသွားလေသည်။ သူတို့တစ်ဖွဲ့လုံးကို ရွာသူကြီးက ကျေးရွာစာသင်ကျောင်းဆီသို့ ပို့ဆောင်ပေးပါ၏ ။ နွေရာသီ ကျောင်းပိတ်ရက် ဖြစ်သည့်အတွက် ကျောင်းမှာ စာအံသံတွေ ပျောက်နေသည်။
ဒီလိုနှင့် သူတို့တစ်ဖွဲ့လုံး၏ တည်းခိုရိပ်သာက စာသင်ကျောင်း ဖြစ်သွားလေသည်။
မထင်မရှားကျေးရွာလေးတစ်ရွာ ဖြစ်တာက တစ်ကြောင်း၊ တောထဲတောင်ထဲမှ လူသူ မနီး စာသင်ကျောင်း ဖြစ်နေတာကတစ်ကြောင်းတို့ကြောင့် ကျောင်းမှာ သိပ်မပြည့်စုံလှ။ သို့ ပေ မယ့် သူတို့တွေ နေလို့တော့ ရပါသည်။
ပစ္စည်းတွေ သယ်ချရ၊ သယ်ပိုးရ၊ နေရာချရ၊ ယောက်ျားလေး၊ မိန်းကလေး နေဖို့ ထိုင်ဖို့ ခွဲရနှင့် ပင် ထိုနေ့၏ နေမင်းကြီးမှာ ဖရဲမှည့်ရောင် သမ်း သွားပါသည်။
သူတို့တွေ အကုန်လုံး ရေမချိုးနိုင်တော့ ကိုယ်စီကိုယ်စီ အနွေးထည်အင်္ကျီလေးတွေ နှင့် ထိုတစ်ညကို ဖြတ်သန်းရပါတော့သည်။
ညဘက် ကျောင်းရှေ့တွင် မီးပုံဖိုကာ စကားပြောနေကြစဉ်၌ ဗညားက ထူးဆန်းသော စကားတစ်ခွန်းကို ဆိုလေသည်။
“ဟေ့ကောင်…သံစဉ် မင်းရွာသူကြီးကို ဘယ်လိုမြင်လဲ”
မထင်ထားသော မေးခွန်းကြောင့် သံစဉ် ရုတ်တရက်ကြောင်သွားသည်။
“ဘာ ဖြစ်လို့လဲ……..ဘယ်လိုမှမမြင်ပါဘူး”
“မင်း သေချာသတိမထားလိုက်မိဘူးနဲ့တူတယ်၊ ရွာသူကြီးပုံစံက တစ်ခုခုကို လျှို့ဝှက် နေတယ်လို့ ငါထင်တယ်”
“ဘယ်လို………”
“ဟုတ်တယ်..သူ့ပုံစံက တစ်ခုခုကို လျှို့ဝှက်ချင်နေတယ်။ နောက်ပြီးငါတို့တွေ ဒီရွာ ရောက်လာတာကိုလည်း မနှစ် မြို့တဲ့ပုံပဲ”
သူရကပါ ဝင်ထောက်ခံသည်။ နောက်ပြီး သူရကပင်ဆက်၍ ..
“ငါတို့တွေ ကို အပေါ်ယံမှာ သာ ပြုံးပြနေတာကွ၊ သူ့မျက်လုံးတွေ ကိုကြည့်ရင်သိတယ်.. ဒီလူကြီး မရိုးဘူး”
စကားတွေ က သေချာလို့နေပါ၏ ။ သံစဉ် ခေါင်းရှုပ်သွားသည်။ ရွာသူကြီးပုံစံကို အနည်းငယ်တော့ဖြင့် သူလည်း ရိပ်မိပါ၏ ။ ဒါပေမယ့် သူရတို့ပြောသလောက်ထိ သူမထင်ရဲ။
ဒီရွာသည် သူ့ရွာ၊ သူ့နယ်မြေပင် မဟုတ်ပါလား။
သံစဉ် ပတ်ဝန်းကျင်ကိုဝေ့ကြည့်၍ စကားစကိုဖြတ်လိုက်သည်။ ယခု သူတို့ပြောနေ သော စကားကို တစ်စုံတစ်ဦးကြား သွားပါက သင့်တော် မည် မဟုတ်ပေ။
ဒါပေမယ့် သံစဉ်စိတ်ထဲမှာ တော့ တွေးစရာတစ်ချက်ဝင် သွားပါသည်။ ဒီလိုနှင့် ပင် မီးပုံ မှ မီးစွယ်တို့ကျိုးချိန်၌ သူတို့အိပ်ယာဝင်ခြဲ့ ကတော့သည်။
IX
“အောက်.အိ..အီး..အွတ်”
တောင်ပေါ်ရနံ့ပါသော မနက်ခင်းတစ်ခုသည် ကောင်းကင်ဆီမှ လှပစွာ ခုန်ဆင်းလာခဲ့ ပါပြီ။ မနက်လင်းပေပြီ။
ကျောင်းရှေ့၌ လူတွေ တန်းစီကာ ရပ်နေကြပါ၏ ။ ထိုအထဲတွင် သံစဉ်လည်းပါသည်။ ရနံ့လည်းပါသည်။ ဖြူပြာလည်းပါသည်။ သူရလည်းပါပါ၏ ။ ထိုလူတန်းကြီးရှေ့၌ ဆရာမ တစ် ယောက် က စာရွက်တစ်ရွက်ကိုကိုင်ကာ နာမည် တွေ အော်ခေါ်နေသည်။
လေ့လာရေး ထွက်လာသော ကျောင်းသားများ ကို လူစုခွဲနေခြင်းပင် ဖြစ်ပါ၏ ။ အုပ်စုဖွဲ့ နေခြင်း ဖြစ်ပါ၏ ။
သံစဉ်၊ ဗညား၊ ရနံ့နှင့် နောက်မိန်းကလေးနှစ် ယောက် ကတစ်ဖွဲ့၊ သူရ၊ ဖြူပြာ၊ ချိုလဲ့တို့ က တစ်ဖွဲ့ကျသည်။ သံစဉ်တို့အဖွဲ့က နံပါတ်(၅) အဖွဲ့၊ ထိုစဉ်မှာ ပင် ..ဆရာမ ဆီမှ အမိန်သံ တစ်သံကျလာပါသည်။
“ကဲ..အဖွဲ့ (၁) ဒီနေ့ တစ်နေ့စာလုံးအတွက် စားဖို့သောက်ဖို့ တာဝန်ယူရမယ်။ မင်းတို့ ငါးယောက် ငါတို့နဲ့ ဈေးလိုက်ရမယ်။ ဝယ်ရခြမ်းရမယ်။ ချက်ပြုတ်ရမယ်။ အဲဒီ အလုပ်ကို တစ်ဖွဲ့တစ်ရက်စီ အလှည့်ကျတာဝန်ယူရမယ်။ မနက်ဖြန် အဖွဲ့(၂)၊ နောက်နေ့ အဖွဲ့(၃)။ ကျန်တဲ့အဖွဲ့တွေ က ဒီရွာအတွင်းမှာ ပဲ လွတ်လွတ်လပ်လပ် သွားလာလည်ပတ်နိုင်တယ်။ ဒီနေ့ လေ့လာရေး မလုပ်ဘူး…မနက်ဖြန်ကစမယ်။ ညနေမှာ မင်းတို့ ဒီပတ်ဝန်းကျင်တောတောင်တွေ ကို ကွင်းဆင်းလေ့လာဖို့အတွက် အရေး ကြီးတဲ့အချက်တွေ ၊ လိုအပ်တဲ့အကြောင်းအရာတွေ ကို ရွာသူကြီးက ပြောပြလိမ့်မယ်”
ဆရာမ က စကားကိုခဏနားသည်။ နောက် အားလုံးကိုဝေ့ကြည့်၍ ..
“အားလုံး ဘာမရှင်းတာရှိသေးလဲ”
“မရှိပါဘူး………”
ထိအသံမှာ ကျောင်းဝန်းအတွင်း၌ ဟိန်းထွက်သွားလေတော့သည်။
သံစဉ်တို့အုပ်စုမှာ နံပါတ်(၅) ဖြစ်သည့်အတွက် မီးဖိုချောင်တာဝန်က ဝေးသေးသည်။ သူရတို့အဖွဲ့က နံပါတ် (၇) ဆိုတော့ ပိုလို့ပင် အေးဆေးပါ၏ ။ ထို့ကြောင့် သူတို့တစ်အုပ်စုလုံး အေးအေးဆေးဆေးပင် သူတို့အမည် မဖော်တတ်သော ရှမ်းရွာအတွင်းသို့ ခြေဆန့်ခဲ့တော့ သည်။
ရွာထဲဝင်မိတော့မှ ထိုရွာ၏ ထူးခြားမှု ကို သံစဉ် တစ်စထက်တစ်စ ရိပ်မိလာရသည်။ ရွာလမ်းတစ်လျှောက်တွင် လူတွေ ရှင်းလို့နေ၏ ။ အိမ်ခြံဝန်းတွေ ထဲလည်း လူတွေ မတွေ့ ၊ အိမ် ထဲက အိမ်ပြင်ပင် ထွက်ကြရဲ့ လားမသိ။ တစ်ယောက် စနှစ် ယောက် စတွေ့ တော့လည်း အကြည့်တွေ ကို သိပ်မသင်္ကာချင်။ သံစဉ်တို့အုပ်စုကိုတွေ့ ၍ ကြည့်သွားသော အကြည့်ထဲ၌ အဓိပ္ပာယ်တွေ ၊ လျှို့ဝှက်ချက်တွေ များ စွာ ပါဝင်နေသလို ခံစားရသည်။
ဒီရွာက ဘာရွာနည်း၊ ဒီရွာကလူတွေ က ဘယ်လိုနည်း။
ဘယ်လိုအကြောင်းအရာတွေ ကို ဖုံးကွယ်ထားချင်ရသနည်း၊ စသော အတွေးတို့က သံစဥ့်ခေါင်းထဲမှာ ရှုပ်ထွေးနေသည်။ ဒါပေမယ့် သူတို့တည်းခိုရာကျောင်းသို့ ပြန်ရောက်လာတဲ့ အချိန်အထိ သံစဉ် စဉ်းစားမရခဲ့ပါ။
ဒီလိုနှင့် နေမင်းကြီးအလိုကျ ငိုက်စင်းမေးတင်သွားသည့်အချိန်တွင် …
လူတစ်စုရှေ့၌ ရှမ်းဘောင်းဘီနှင့် ခေါင်းပေါင်းပေါင်းထားသော လူကြီး တစ်ယောက် ရပ်ကာနေသည်။ လူတစ်စုမှာ သူတို့လေ့လာရေး ကျောင်းသားတွေ ဖြစ်၍ ရှမ်းဘောင်းဘီနှင့် ခေါင်းပေါင်းပေါင်းထားသော လူကြီးမှာ ရွာသူကြီး ဖြစ်ပါသည်။
ဆရာမ မနက်ကပြောခဲ့သည့်စကားအတိုင်း သူတို့ကျေးရွာပတ်ဝန်းကျင်မှ တော တောင်၊ ရေမြေ၊ ချောက်ကမ်းပါး၊ လျှိုမြောင် စသည်တို့၏ အလေးဂရုပြုဖွယ်၊ လိုက်နာ ဖွယ် အချက်အလက်များ ကို ပြောဆိုနေခြင်း ဖြစ်ပါသည်။
ကျောင်းသားတစ်အုပ်စုလုံး ဂရုတစိုက် ငြိမ်ကာနားထောင်နေသည်။ ရှမ်းလေသံ ဖြစ်သ ဖြင့် နားလည်ရန် အာရုံစိုက်နေကြခြင်းလည်း ဖြစ်နိုင်ပါ၏ ။
ပထမပြောသွားသော စကားတို့မှာ သာမန်မျှပင် ဖြစ်ပါသည်။ ထူးထူးခြားခြား မရှိပါ။ ဒါပေမယ့် နောက်ဆက်တွဲ ပြောသွားသည့် စကားတွေ မှာ တော့ အာရုံစိုက်စရာတွေ ဖြစ်လာ သည်။ စဉ်းစားစရာတွေ ဖြစ်လာသည်။ သူတို့ရွာ၏ လျှို့ဝှက်ချက်ဟု ထင်ရမည့် စကားတွေ တစ်စွန်းတစ်စ ပါလာသည်။
“အဓိက ကျုပ်ပြောချင်တာက ရွာတောင်ဘက် (၅) မိုင်လောက်အကွာမှာ လျှိုတစ်ခု ရှိပါတယ်။ အဲဒီ လျှိုထဲကို လုံးဝမဆင်းပါနဲ့။ အားလုံးပဲ..အဲဒီ တစ်ချက်ကို ကျုပ် ပြင်းပြင်းထန် ထန် ကန့်ကွက်ပါတယ်။ ဖြစ်နိုင်ရင် အဲဒီ လျှိုနားကိုတောင် မသွားကြပါနဲ့။ ကျုပ်တို့ရွာသား တွေ တောင် အဲဒီ ဘက်ကို ရှောင်ကြတယ်….မသွားဘူ။ အရေး တကြီး ကိစ္စပေါ်ရင်လည်း ဒီ့ပြင် လမ်းက သွားတယ်။ အဲဒီ ဘက်က မသွားဘူး…ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီ လျှိုဟာ ရိုးမနဲ့ ဆက်စပ်နေတယ်။ နောက် အဲဒီ လျှိုထဲကို ဆင်းမိသူမှန်သမျှ ပြန်တက်လာတယ်ဆိုတာ မရှိဘူး”
“ဟာ……..”
“ဟင်…..”
“အို….”
အကုန်လုံး အာမေဍိတ်သံတွေ ထွက်ကုန်သည်။
“ဘာ ဖြစ်လို့လဲလို့ ကျုပ်ကိုမမေးနဲ့ ကျုပ်လည်း မသိဘူး။ ဒါပေမယ့် လျှိုထဲဆင်းသွားသူ မှန်သမျှ ပြန်တက်မလာနိုင်တာတော့ အမှန်ပဲ”
ကြားရတဲ့စကားတွေ က ကိုယ့်နားကိုယ်ပင် မယုံချင်။ ဒီရွာသူကြီး သက်သက်မဲ့ ခြောက်ပြောနေတာဟုလည်း မထင်မိ။ တကယ်အတည်ပြောနေခြင်းဆိုတာ သူသိသည်။
ဒါဆို ဘာကိစ္စ လျှိုထဲဆင်းသွားသူတွေ ပြန်မတက်လာနိုင်သနည်း။ သူတော် တော် စိတ်ဝင်စားသွားသည်။ သံစဥ့်အတွက် စိန်ခေါ်မှု တွေ ကတော့ နေရာတိုင်းမှာ စောင့်လို့နေပါ၏ ။ ဒါမျိုး Feel ကို သူအရမ်း ကြိုက်သည်။ ဒီ Feel က အသစ် ဖြစ်နေသည်။ မဟုတ်ပါလော..
“ဒီတော့…အခုကတည်းက ကျုပ်အားလုံးကို ကြိုပြောထားပါတယ်..လျှိုနားကို ဘယ်သူ မှ မ သွားပါနဲ့။ အကယ်၍ သွားမိခဲ့သော်..လျှိုထဲကိုဆင်းမိခဲ့သော်..ကျုပ်တာဝန်ကင်းပါတယ်”
ထို့နောက် စကားကိုဖြတ်၍ ရွာသူကြီးမှာ လှည့်ပြန်သွားလေတော့သည်။
စိန်ခေါ်မှု တွေ ၊ ပဟေဠိတွေ ၊ အတွေးတွေ ဖြင့် လုံးထွေးရင်း ကျန်ခဲ့သူများ ကတော့ သူတို့တွေ အကုန်လုံးသာ..
X
နောက်တစ်နေ့မနက်မှပင် သူတို့လေ့လာရေး ခရီးစြ ကတော့သည်။ သူများ အဖွဲ့တွေ က တစ်ဖွဲကို ခေါင်းဆောင် တစ်ယောက် စီ သတ်မှတ်ထားကြသော်လည်း သူတို့အုပ်စု ကတော့ ခေါင်းဆောင်မထား။
ညီညွတ်မှု နှင့် နားလည်မှု သည်သာ အကောင်းဆုံးခေါင်းဆောင်အ ဖြစ် သူတို့အဖွဲ့လုံး ခံယူထားသည်။
ရေဘူး၊ ထမင်းချိုင့်၊ လေ့လာရေး အတွက် လိုအပ်သည့်တန်ဆာပလာများ ထည့်ပိုးထား သည့် ကျောပိုးအိတ် စသည်တို့ကို ကိုယ်စီကိုယ်စီ သယ်ဆောင်ကြသော်လည်း ရနံ့ ကတော့ တစ်ခုပိုနေသည်။ အဲဒါက ဟမ်းဖုန်း…နောက်ပြီး..
“ရနံ့…မင်းဝတ်ထားတဲ့ ဆွဲကြိုးတွေ ၊ လက်ကောက်တွေ ၊ ဟမ်းချိန်းတွေ ကို ကျောင်းမှာ ထားခဲ့ပါလားကွာ။ တောလမ်းခရီးသွားတာ အဲဒါတွေ ပါတော့ ဝန်ပိုတာပေါ့”
သူ့စကားကို ရနံ့က ဘာမှမတုံ့ပြန်ပါ။ သူပြောသလိုလည်း ကျောင်းမှာ ချွတ်မထားခဲ့ပါ။ ဒီအတိုင်းပင် ပါလာသည်။ သံစဉ်ကလည်း နောက်ထပ်မပြောတော့..
လူ တစ်ယောက် ရဲ့ ဗီဇဆိုတာ ပတ်ဝန်းကျင်စိန်ခေါ်မှု လောက်နဲ့တော့ မပြောင်းလဲနိုင် ကြောင်း သူယုံကြည်ထားသည်လေ။ ဒါပေမယ့် တစ်နေ့မှာ တော့ ရနံ့ရဲ့ အယူအဆတွေ ၊ မွေ့လျော်ရာ ဂုဏ်ဓနတွေ ကို ပြောင်းလဲပေးနိုင်လိမ့်မည် ဟု သူ့ကိုယ်သူ ယုံကြည်ထားသည်။
နေရာရွေြး ကတော့လည်း သူများ တွေ ရွေးသလိုပင် လျှိုရှိရာ တောင်ဘက်ကိုပယ်၍ ကျန်သည့်နေရာတွေ ကို ဦးစားပေးရွေးကြသည်။ သံစဉ်စိတ်ထဲမှာ တော့ ရှိသည်။ ဒါပေမယ့် လေ့လာဖို့ လိုအပ်နေသေးသည်ကြောင့် ခေတ္တမျှ စူးစမ်းလိုစိတ်ကို ချုပ်တည်းထားလိုက်ပါ၏ ။
တောတောင်၊ လျှိုမြောင်တွေ ထဲသွားရတာ အမြင်အေးချမ်းပါသည်။ လတ်ဆတ်သော လေကလည်း တက်ကြွမှု ကိုပေးပါ၏ ။ ကျောက်တောင်တွေ ပေါ်တက်ကြ၊ ထိုင်ကြ၊ သွားကြ၊ မှတ်တမ်းရေး ရနှင့် အချိန်တွေ မည် သို့ မည် ပုံ ကုန်လွန်လေမှန်းပင်မသိ။
ထမင်းစာြး ကတော့လည်း မြက်ခင်းပေါ်ထိုင်၍ လက်ရည်တစ်ပြင်တည်၊ ပျော်ဖို့ကောင်း ပါသည်။ ရနံ့ တစ်ယောက် ကတော့ ဒီလိုမျိုး စားနေကျမဟုတ်သည့်အတွက် စားလို့သိပ်မဝင် မှန်း သံစဉ်ရိပ်မိသည်။
ထမင်းစားပြီးသွားတော့ တအောင်တနား နားကာ သူတို့ငါးယောက် အုပ်စု ဓာတ်ပုံရိုက် ကြသည်။ မှတ်မှတ်ရရ သူနှင့် ရနံ့ နှစ် ယောက် တွဲ ပုံကို ပထမဆုံးအကြိမ်အ ဖြစ် ရိုက်ဖူးခဲ့ပါ သည်။
အပြန်လမ်းမှာ တော့ အားလုံးပင်ပန်းကုန်ကြပါပြီ။ ခြေတွေ လက်တွေ မသယ်ချင်တော့။ ဟမ်းဖုန်းမှလွဲ၍ ရနံ့ဝန်စည်စလယ်တွေ အားလုံး သူ့ဆီမှာ ။ ဗညားကြည့်တော့ သူ့ထက်ပင် ပိုဆိုးလို့နေပါ၏ ။ ဗညားက နှစ် ယောက် စာ။
ဒီလိုနှင့် ကျောင်းသို့ ပြန်ရောက်ခဲ့ကြသည်။ သူရနှင့် ဖြူပြာတို့အုပ်စုက ကြိုလို့ပင် ရောက်နှင့် နေကြပြီ ဖြစ်သည်။ တအောင့်တနားနားကာ ရေမိုးချိုးပြီးတော့မှ ခန္ဓာကိုယ်မှာ ပြန် လတ်ဆတ်လို့ လာလေသည်။
ထမင်းစားဖို့ အချိန်လည်း လိုသေးသည့်အတွက် သူတို့ ယောက်ျားလေးသုံးယောက် လက်ဖက်ရည်ဆိုင်ထွက်ခဲ့ကြသည်။ လက်ဖက်ရည်ဆိုင်ဆိုသော်လည်း ကော်ဖီမစ်သာရသည့် ခနော်ခနဲ့ဆိုင်ကလေးပါ။
သူတို့သုံးယောက် တစ်ဝိုင်းထိုင်၍ ကော်ဖီ တစ်ယောက် တစ်ခွက်စီနှင့် အတွေ့ အကြုံ ချင်း ဖလှယ်နေစဉ်မှာ ပင် ထူးဆန်းသော စကားသံအချို့ကို စကြားရတော့သည်။
“အလကားပါကွာ…လျှောက်ဖြဲခြောက်နေတာ။ ငါတို့ ဒီနေ့တင်ရောက်ခဲ့တာ ဘာမှ မ ဖြစ်ဘူး”
“ရှူး………..တိုးတိုး….သူများ တွေ ကြားကုန်ဦးမယ်”
တစ်စွန်းတစ်စ ကြားလိုက်ရသော စကားတို့ကြောင့် သံစဉ်တို့ သုံးယောက် စိတ်ဝင်စား သွားသည်။
“မကြားပါဘူးကွာ…မင်းကလည်း၊ ငါ လူကြည့်ပြီးမှပြောတာ။ ဆိုင်ရှင်တွေ မရှိဘူး.. အနောက်ဘက်ထွက်သွားတယ်”
လေသံက တိုးပါသည်။ ဒါပေမယ့် ဆိုင်ထဲမှာ သူတို့နှစ် ဝိုင်းပဲရှိသည်မို့ ကြားနေရပါ သည်။
“မင်းတို့အဖွဲ့လိုက်ဆို ကောင်မလေးတွေ လည်းပါတာပေါ့”
“ပါတာပေါ့…သူတို့က ပိုတောင်ဆိုးသေးတယ်။အဲဒီ တစ်ဝိုက်က View တော် တော် ကောင်းတယ်ကွ။ နောက်ပြီး သစ်ခွပန်းတွေ လည်း အများ ကြီးပဲ”
“ဟုတ်လား..ဒါဆို မင်းတို့လျှိုထဲရော ဆင်းသေးလား”
“အချိန်မရတော့လို့ မဆင်း ဖြစ်ဘူးကွ။ နောက်တစ်ခါပေါ့”
ကြားနေရသော စကးတို့ကြောင့် တားမြစ်နယ်မြေကို ကျူးကျော်ခဲ့သော သူရဲကောင်း အဖွဲ့ ဖြစ်ကြောင်း သိလိုက်ရသည်။
“အဲဒီ လောက် သာယာနေတာတောင် ရွာသူကြီးက ဘာ ဖြစ်လို့ ပေးမသွားချင်ရတာ လဲ မသိဘူး”
“အေးပေါ့ကွာ…အကြောင်းရှိလို့နေမှာ ပေါ့”
ထို့နောက် စကားကိုသိမ်းကာ ထိုအဖွဲ့ပြန်သွားသည်။ သံစဉ်တို့တစ်ဝိုင်းသာ စဉ်းစား ရင်း ကျန်ခဲ့ပါ၏ ။
“အကြောင်းရှိလို့……”
ဘာအကြောင်း ဖြစ်မည် နည်း၊ သံစဉ် သိချင်နေပါသည်။ နောက်ပြီး သူတို့ပြောသော လျှိုဆီသို့ လည်း သွားချင်စိတ်တွေ ဖြစ်ထွန်းလာသည်။
သူများ အဖွဲ့တွေ တောင် ရောက်ခဲ့ဖူးသွားလေပြီ။ သူတို့အဖွဲ့ကရော…
သံစဉ် ဗညားဆီသို့ အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ ဗညားကလည်း သဘောပေါက် ပါ၏ ။
နှစ် လိုဖွယ်တစ်ချက်ပြုံးကာ ခေါင်းညိတ်ပြသည်။
နောက်တော့….
သူတို့သုံးယောက် လည်း ကျောင်းဆီသို့ ပြန်လာခဲ့ပါတော့သည်။
![]() ၀င်ခွင့်မရမြို့ | ![]() ဆိုက်ကိုဆော့ဝဲဖ် | ![]() သုံးခါနမ်းမှ ပွင့်မယ့်ပန်း |