Cover

I

မှိုင်းပြပြလရောင် မှတ်တပါး အရာအားလုံး အလင်းပျောက်နေသည်။ တိုးဝှေ့ကျီစယ် သယောင်နှင့် ဟားတိုက်လှောင်ပြောင်နေသော စိမ်းဖန့်ဖန့် လေပြည်အောက်မှာ ကောင်လေး တစ်ယောက် တိုးဖွဲ့ဖွဲ့ ငိုရှိုက်နေပါ။

ခန္ဓာကိုယ်အနှံ့မှာ လည်း ဖူးညိုပြာယောင်သော ဒဏ်ရာဒဏ်ချက်တွေ နှင့် ခုနတုန်းက ရွာသားတွေ ဝိုင်းဝန်းကန်ကျောက်သွားကြခြင်း ဖြစ်ပေသည်။ ရင်ထဲမှာ လည်း ဝမ်းနည်းလိုက် သည်မှာ တအား၊ အားငယ်လိုက်သည်မှာ လည်း ဆိုဖွယ်မရှိ။

ငါဟာဘာလဲ။ “ချဉ်ဖတ်” ဆိုတဲ့ငါဟာ ဘာလဲ။

သူဘာသာသူ ရွံ့မုန်းနာကြည်းမိသည်။ ခပ်ဝေးေးဆီမှ မှိုင်းပြပြရွာလေးဆီသို့ နှမြော တသ လှမ်းငေးကြည့်နေမိရင်း ရင်ထဲမှာ ဝမ်းနည်းသည်ထက် ဝမ်းနည်းလာသည်။ ဝိုးတဝါး လရောင် ကတော့ ထိုရွာနှင့် ဆန့်ကျင်ဘက် အရပ်မျက်နှာဆီသို့ ထိုးကျပေးနေပါ၏ ။

ထိုစဉ်မှာ ပင် အေးစက်ပျော့ပျောင်းသော လက်တစ်ဖက်က သူ့ကျောပေါ်ကျလာသည်။ ပထမ ထိတ်လန့်သွားမိသော်လည်း လက်ဝါးပြင်ဆီမှ နူးညံ့သော ဓာတ်တစ်မျိုးကြောင့် နွေးထွေးသွားသလိုပင် ခံစားလိုက်ရသည်။

“မင်းက ဝမ်းနည်းနေတာလား”

ဂရုဏာသံတစ်ခုနှင့် အတူ တစ်စုံ တစ်ယောက် သူ့ရှေ့ရောက်လာပါ၏ ။

သူမော့ကြည့်လိုက်မိတော့…

“ဩော်”

ချေးအထပ်ထပ်ရစ်နေသော ဝတ်စုံရှည်ဖားဖား၏ လက်မောင်းအိုးကို ဟန်ကျပန်ကျ လှန်တင်လိုက်ပုံက ကြည့်လို့ပင်ကောင်းနေသေးပါ၏ ။ ပြည်ပြည်လေးထိုးကျနေသော လ ရောင် က အဖြူတစ်ဝက်စွန်းနေသော မျက်ခုံးထူထူနှင့် ပါးမြိုင်းမုတ်ဆိတ် ဖြူဖြူထွေးထွေးတို့ ကို ခန့်ညားနေစေသည်။ စုသိမ်းချည်နှောင်ထားသော ဆံပင်ဖွေးဖွေးနှင့် ကျယ်ပြန့်သော နဖူးပြင်က နက်ရှိုင်းသည့်အသွင်ကို ဆောင်နေသည်။

သူမှတ်မိသည်။ အန်စာတုံးကစားစဉ်က သူ့ကို တရှိုက်မက်မက်ကြည့်နေသော အဘိုး ကြီး။ ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် ဟန်ပန်နှင့် ဥပဓိရုပ်က လေးစားဖို့ကောင်းသည်။

“ဝမ်းနည်းတာကို တချို့လူတွေ က ငိုကြွေးခြင်းရဲ့ နိဒါန်းလို့ ပြောကြတယ်ကွ။ ဒီစကား ဟာ အရမ်းမှားတယ်။ ပျော်ပြီးငိုတဲ့အငိုလည်း ရှိတာပဲလေ။ အခုမင်းငိုတာငါ့ အထင်ပြောရ ရင်တော့ ပျော်ပြီး ငိုနေတာပဲ”

ဒီ အဘိုးကြီး ဘာတွေ ပြောနေမှန်း သူနားမည် ပါ။ ဒါပေမဲ့..

“မဟုတ်တာဗျာ။ ကျွန်တော် ဝမ်းနည်းလို့ ငိုနေတာဗျ”

ခပ်ဆတ်ဆတ်အော်လိုက်တော့ ထို အဘိုးကြီးက ပြုံးသည်။

“ဟုတ်လို့လားကွ…သေချာစဉ်းစားကြည့်ပါဦး။ မင်းအဲဒီ ရွာကလူတွေ ကို ချစ်လား”

“မချစ်ဘူး”

“အဲဒီ ရွာကိုရော ချစ်လား”

သူအနည်းငယ် စဉ်းစားလိုက်သည်။ နောက်…..

“မချစ်ဘူး”

“ဒီရွာမှာ ရော ဆက်နေချင်လား…..”

“မနေချင်ဘူး”

“အဖြေက ရှင်းနေပြီပဲ။ ကိုယ်မချစ်တဲ့ရွာ၊ ကိုယ်မနေချင်တဲ့ရွာမှာ မနေရလို့ မင်းငိုနေ တာက ပျော်ပြီး ငိုတဲ့အငိုပေါ့ကွ။ ဘယ်လိုလုပ် ဝမ်းနည်းပြီး ငိုတဲ့အငို ဖြစ်မှာ လဲ… မဟုတ်ဘူလား”

သူဘာပြန်ပြောလို့ ပြောရမှန်းမသိအောင်ပင် ဖြစ်သွားသည်။ ဥာဏ်မီသလောက် စဉ်းစားကြည့်ပြန်တော့လည်း ဒီ အဘိုးကြီးပြောာတ ဟုတ်နေပါ၏ ။

ဒါပေမဲ့..

“မဟုတ်ဘူးဗျ။ ကျွန်တော့် ရင်ထဲမှာ မပျော်ဘူး။ ဝမ်းနည်းပြီး ငိုတာပဲ ဖြစ်ပါလိမ့်မယ် ဗျာ”

“မင်း ပျော်တယ်ဆိုတဲ့ အရသာကိုရော ခံစားဖူးလို့လား”

ဒါလည်း ဟုတ်နေပြန်သည်။ သူသိတတ်စအရွယ်မှ ယခုအချိန်အထိ ပျော်တယ်ဆိုတာ ကို သေချာမခံစားဖူး။ သူ့ဘဝက လူတကာအနှိမ်ခံ၊ အစွန့်ပစ်ခံဘဝပင် မဟုတ်ပါလား။ ဘယ်မှာ ပျော်စရာရှိမည် နည်း။

“မင်းရင်ထဲမှာ ဝမ်းနည်းစိတ်၊ အားငယ်စိတ် ဖြစ်နေတယ်ဆိုရင်တောင် အဲဒီ စိတ်ကို တခြားရှုထောင့်ကနေ နေရာပြောင်းပြီး ကြည့်ကြည့်လိုက်။ ပုံစံ ပြောင်းသွား လိမ့်မယ်။ လောက ကြီးမှာ အကောင်းနဲ့ အဆိုးက အမြဲဒွန်တွဲ နေတာကွ။ နောက်ပြီး အဲဒီ နှစ် ခုက နီးနီး လေး။ ကြည့်တတ်ဖို့ပဲလိုတာ”

ဘာတွေ ပြောနေမှန်း သူမသိပါ။ နားထောင်ကောင်းသလိုလိုတော့ ရှိသည်။

“မင်းကိုရွာသားတွေ ဝိုင်းပြီးကန်ကျောက်နေကတည်းက ငါမြင်နေတာကွ။ ဒါပေမဲ့ ငါလည်း မြင်ရက်နဲ့ ဘာမျှမတတ်နိုင်ဘူး။ မင်းကလည်းမင်းပဲ။ ဘာကိစ္စ ရွာပျက်မယ်လို့ သွား ပြောရတာ လဲ”

“ကျွန်တော် ပြောချင်လို့ပြောတာမဟုတ်ဘူးဗျ။ သူ့ဘာသာ အလိုလိုပါးစပ်က ထွက် သွားတာ။ ကျွန်တော် လည်း မတတ်နိုင်ဘူး။ စိတ်ထဲကမပါပဲ။ ဘာကိစ္စ ပြောပြောထွက်သွား မှန်းလည်း မသိဘူး”

ထို အဘိုးကြီးက သူ့ကို ထူးဆန်းသလိုကြည့်သည်။

“မင်းအဲလိုပြောလိုက်တိုင်းလည်း တကယ် ဖြစ်လာတာပဲလား”

ကျွန်တော် မှတ်မိသလောက် ကတော့ ဖြစ်တာများ ပါတယ်

သက်ပြင်းတစ်ချက်ချရင်း အဘိုးကြီးကိုကြည့်မိတော့ သူ့ကိုကြည့်နေသော အကြည့် တစ်ခုနှင့် သွားဆုံသည်။

“အေးပေါ့ကွာ…ဒါလည်း အဆိုးထဲက အကောင်းပဲပေါ့”

“ဘာကိုပြောတာလဲဗျ”

သူ့စကားကြောင့် အဘိုးကြီးက သူ့ကိုငုံ့ကြည့်ရင်း…..

“ခုန မင်းအခြေအနေက အဆိုးထဲမှာ လေ။ ရွာသားတွေ ဝိုင်းပြီး ကန်ကျောက်နေကြ တာ။ ဒါပေမဲ့ အခုတော့ ကောင်း သွားပါပြီ”

“ဘယ်လိုကောင်းတာလဲဗျ။ ကျွန်တော့် မှာ သွားစရာလည်းမရှိဘူး။ နေစရာလည်း မရှိဘူး။ စားစရာလည်း မရှိဘူး”

“မင်းမှာ သွားစရာရှိပါတယ်။ ငါနဲ့လိုက်ခဲ့ရင် ငါသွားသမျှက မင်းသွားစရာတွေ ချည်းပဲ ပေါ့”

“ဘကြီးနဲ့လိုက်ရမယ်”

အဘိုးအရွယ် ဖြစ်သော်လည်း ဘကြီးလို့ပဲ ခေါ်လိုက်သည်။

“အေးလေ”

“ဒါဆို နေစရာကရော ဘကြီးက ဘယ်မှာ နေတာလဲ”

သူ့အမေးကြောင့် အဘိုးကြီးမှာ ဟက်ဟက်ပက်ပက် ရယ်ပါ၏ ။

“ဟောဒီ ကမ္ဘာလောကကြီးတစ်ခုလုံးက ငါ့အိမ်ပဲပေါ့ကွ။ ဟား.ဟား…ဟား…ဟား”

“စားဖို့ကျတော့ ဘယ်လိုလုပ်မလဲ”

“ဒါလည်း မခက်ပါဘူးကွာ။ တောင်းစားတာပေါ့”

“ဗျာ…တောင်းစားမှာ ”

“ဟုတ်တယ်လေ..ငါအဲဒီ အလုပ်လုပ်ပြီးတော့ပဲ ဒီအရွယ်ရောက်လာတာ”

“ဒါဆို ဘကြီးက သူတောင်းစားပေါ့့”

“မဟုတ်ပါဘူးကွ။ လိုတရပုဂ္ဂိုလ်ပါ။ လိုသမျှကို တောင်းရုံနဲ့ ရနေတဲ့လူလေ”

“ဟာဗျာ….သူတောင်းစာကြီးတော့ မလုပ်ချင်ပါဘူး”

ခေါင်းကို ခပ်သွက်သွက်ခါယမ်းရင်း ပြောလိုက်သည်။

“ဟေ့ကောင်ရ…သူတောင်းစားဆိုတာ လူတိုင်းလုပ်လို့ရတာ မဟုတ်ဘူ။ လူပေါ် လူဇော်တွေ ပဲ လုပ်လို့ရတာ ”

“တောင်းစားတာက လူပေါ်လူဇော် လုပ်တာလားဗျ”

“ဒါပေါ့ကွ။ ဘာမှမဟုတ်ပဲ အလုပ်လုပ်တဲ့လူတွေ ဆီကနေ လက်ဖြန့်တောင်းတာ ဒီထက် လူပေါ်လူဇော်လုပ်တာ ရှိဦးမလား”

သူ တွေ ဝေသွားသည်။ ဒီ အဘိုးကြီးကြီးပြောတာ ဟုတ်များ ဟုတ်နေပြီလား။ သူ့ဟာ နှင့် သူ ကတော့ အကြောင်းပြချက် ခိုင်လုံနေသည်။

တွေ ဝေနေသော သူ့ပုံစံကိုကြည့်၍ အဘိုးကြီးက ထပ်ကွန့်သည်။

“ကဲ….ဘယ်လိုလဲ။ မင်းတစ်သက်လုံး ပင်ပင်ပန်းပန်းနဲ့ အသက်မွေးမလား။ ငါနဲ့ လူပေါ်လူဇော်လိုက်လုပ်မလား။ ငါနဲ့ လိုက်မယ်ဆိုရင်တော့ မင်းငါ့ဆီက လူပေါ်လူဇော် လုပ် နည်းအပြင် တခြားပညာတွေ အများ ကြီးရမယ်။ မင်းတတ်ချင်တာတွေ ကိုလည်း သင်ပေးမယ်”

“ဘာပညာတွေ ရမှာ လဲ”

“ဒါ ကတော့ လိုက်ကြည့်မှသိမှာ ပေါ့”

စကားသံတို့ ခေတ္တဆိတ်ငြိမ်သွားသည်။ ဆင်ဆွယ်ရောင် ဖျော့တော့တော့ ကောင်းကင် မှာ ပိတောက်ရောင် ကြယ်လေးတွေ ပင် မှိတ်ချည်ပွင့်ချည် ကစားနေကြသည်။ ဆောင်းခိုငှက် တချို့ ကတော့ သူတို့နှစ် ဦး၏ စကားသံကို တိတ်တဆိတ် နားထောင်နေကြသည်ဟု ထင်မိ သည်။

သူ ဘာလုပ်ရမလဲ။ အခု လောလောဆယ်မှာ က သူ့တွင် နေစရာမရှိ။ စားစရာမရှိ။ ဒီ အဘိုးကြီးနဲ့ လိုက်သွားလျှင်ကော….

အခုမှဆုံတွေ့ ရသော်လည်း ဒီ အဘိုးကြီးကို သူလေးစားသလို။ ကြည့်ညိုသလို စိတ်က အလိုလို ဖြစ်နေမိသည်။ သူ့ဦးနှောက်နှင့် ဥာဏ်မမီသော်လည်း ဒီ အဘိုးကြီးပြော သည့်စကားတွေ က ပေါ့ပျက်ပျက်မဟုတ်ကြောင်း ခံစားမိသည်။ ပညာရှိဆိုတာ ဘယ်လိုဘယ် ပုံဆိုတာတော့ သူမမြင်ဘူး။ ဒါပေမဲ့ ဒီ အဘိုးကြီးက သူ့စိတ်ထင် ပညာရှိ တစ်ယောက် ဖြစ်နိုင် သည်ဟု ယုံကြည်နေမိသည်။

ထိုစဉ်၌ ပင် ခပ်လှမ်းလှမ်းမှ ကြားရသော ကြက်တွန်သံတစ်ခုနှင့် အတူ…..

“ပြီးရောဗျာ….ကျွန်တော် ဘကြီးနဲ့လိုက်မယ်”

သူ့အဖြေစကားကြားရတော့ အဘိုးကြီးက နှစ် နှစ် ခြိုက်ခြိုက်ပြုံးပါသည်။ ပြီး ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း….

“ဒီလိုပဲ ဖြစ်ရမှာ ပေါ့ကွာ။ ဒါနဲ့ မင်နာမည် ဘယ်လိုခေါ်လဲ”

“ချဉ်ဖတ်”

အဘိုးကြီးမျက်နှာ မီးဟပ်ခံလိုက်ရသလို တွန့်ခနဲ မဲ့ရွဲ့ သွားပါ၏ ။ နောက် စူးစူးဝါးဝါး သူ့ကို ကြည့်ရင်း….

“အောက်တန်းစားနာမည် ပဲကွ။ အရမ်းနိမ့်ကျတယ်။ ငါနဲ့လိုက်မယ်ဆိုရင်တော့ မင်း နာမည် ကို အရင်ပြောင်းမှ ဖြစ်မယ်”

သူငြိမ်၍ နားထောင်နေလိုက်သည်။ အမှန်တကယ် သူလည်း ဒီနာမည် ကိုမကြိုက်ပါ။ ဒါပေမဲ့ မွေးကတည်းက သူ့မှာ နာမည် သတ်သတ်မှတ်မှတ်မရှိ။ “ချဉ်ဖတ်” ဆိုသော နာမည် မှာ ရွာသားတွေ ဝိုင်းဝန်းခေါ်ဆိုရာမှ အမည် တွင် လာခြင်း ဖြစ်ပါသည်။

“မင်းအသက် ဘယ်နှနှစ် လဲ”

“ဆယ့်သုံးနှစ် ”

နောက် အဘိုးကြီးက ကောင်းကင်ကိုမော့ကြည့်ရင်း တည်ငြိမ်စွာ တိတ်ဆိတ်သွား၏ ။ အတန်ကြာမှ ပါးစပ်က တစ်လုံးချင်းရွက်ကာ….

“ဒီနေ့ ဗုဒ္ဓဟူးနေ့..အသက်က ဆယ်သုံးနှစ် ….ဆိုတော့ …ဝိုဒင်…ဟုတ်တယ်..ဝိုဒင်။ မင်းနာမည် ကို ငါ “ဝိုဒင်”လို့ ပြောင်းပေးမယ်”

“ဘာလဲဗျ…ဝိုဒင်”

အဘိုးကြီးပြောတဲ့နာမည် က သူ့နားထဲသို့ ကန့်လန့်ကြီး တိုးဝင်သွားသည်။

“ဒါတွေ မင်းနောက်တော့ နားလည်လာမှာ ပါ။ အခုလောလောဆယ်တော့ ဝိုဒင်လို့ပဲ မှတ်ထားလိုက်။ နောက်ပြီး မင်းဘာဝါသနာပါလဲ”

သူ တစ်ချက်စဉ်းစားလိုက်သည်။ အမှန်က စဉ်းစားစရာပင်မလိုပါ။ သူ့သွေးသားထဲမှ ဖြစ်တည်နေသော အရှိန်အဟုန်ပြင်းသည့် ဝါသနာ၊ ဗီဇပိုးကို သူသိသည်။

နောက် အဘိုးကြီးအား သေချာစူးစိုက်ကြည့်လိုက်ကာ သူ့နှုတ်မှ တစ်လုံးချင်း….

“ကဗျာ…..”

တွန်းလှည်းကြိတ်သံ တဂျီဂျီ

ခြေသံတစ်ရှပ်ရှပ်

ဆေးဝါးရနံ့၊ ငိုကြွေးနံ့တွေ နှင့်

အဖြူရောင် ဝတ်စုံတွေ ကြား

အသက်ရှုပိုက်ကို ရှိုက်ရင်းနဲ့ငါ

မသေဆုံးပါရစေနဲ့။

ငါကိုယ်တိုင်မြင်နေရတဲ့ ငါ့ခန္ဓာကို

ဘယ်သူတစ်ဦး တစ်ယောက် မှ

မျက်ရည်ပိတ်ဖြူ မအုပ်စေနှင့်

သူ့ဘာသာ လွတ်လပ်ပါစေ။

လွန်စွာ သန့်ရှင်းကြယ်စင်သော

ငါ့ဖခင် ဘုရားသခင်က ငါ့ပေါ်မိုး၍

ကောင်းချီးပေးလိမ့်မည် ။

သင်တို့လည်း နာယူပါ

သတိ….မငိုပါနဲ့။

င့ါအသားအရိုး၊ အဖြူရောင် သွေးတွေ နဲ့

သနံရည်တွေ ထည့်ဖို့

အနက်ရောင် သေတ္တာရှည်တစ်လုံး

မဝယ်ပါနဲ့

အနက်ရောင် ကို ငါမုန်းတယ်။

ခေါင်းတလားထဲ ပန်းတွေ ထည့်ပြီး

ငါနဲ့အတူ လောင်ကျွမ်းမပစ်လိုက်ပါနဲ့

ပြာအိုးယူဖို့ မမျှော်ပါနဲ့

သံစားမီးက ငါ့အသားကို မဝါးနိုင်ဘူး။

ဝါးစိမ်းနက်နက်ကို ခြောက်ကွက်ယက်ပြီး

မြစ်ဆုံမြစ်ခွ မျောမချလိုက်ပါနဲ့

အပြစ်မဲ့တဲ့ရေကို သနားပါ

ငါ့ကိုခေါ်သွားမယ့်လေကို အားနာပါ။

ငါ့ခန္ဓာက စစ်ချမယ့် အရည်နဲ့

အနံ့ကို ငါတာဝန်မယူနိုင်ဘူး။

အရယ်အပြုံးတွေ ကင်း

ဝမ်းနည်းမှု နဲ့ ငိုကြွေးမှု တို့ မရှင်သန်တဲ့နေရာ

ထာဝရမ ဖြစ်တည်တဲ့နေရာမှာ ပဲ

ငါ့ခန္ဓတစ်ကိုယ်စာကို တူးဆွယက်ဖော်ပေးပါ။

ငါ့ခေါင်းတည့်တည့်ကို နေမင်းဖုံးတဲ့အချိန်

လေအေးတစ်ချက် ဝေ့ဝိုက်တဲ့အချိန်

အဲဒီ အချိန်မှာ အားလုံးပြုံးရယ်ရင်း

ငါ့ကို မြေဖို့ပေးကြပါတော့

ပြီးတော့……..

ခနော်ခနဲ့ မှတ်တိုင်အစား

ငါ့နှလုံးသား တည့်တည့်ပေါ်

သစ်ရာတစ်ပင်လောက် စိုက်ပေးလျင်ဖြင့်

သင်တို့တာဝန်ကျေပါပြီ

….တာဝန်ကျေပါပြီ။

မတည်မြဲတဲ့ ငါ့ခန္ဓာကို တည်မြဲသယောင်ထင်တဲ့

မြေထုထဲသို့ ပဲ

တိုးဝှေ့ပစ်လိုက်တော့မယ်ကွယ်…

ငါကို ခွင့်လွှတ်ကြပါ….

ခွင့်လွှတ်ကြပါ….

ခွင့်လွှတ်ကြပါ….

နှုတ်ဆက်ခဲ့ပါတယ်……….

နောက်ပြီး မင်းတို့အားလုံးကိုလည်း

ငါစောင့်နေမယ်

မင်းတို့အခု မမြင်နိုင်သေးတဲ့

တစ်နေရာမှာ ပေါ့…..

သွားပြီ၊

ထာဝရ ထွက်ခွာသွားပြီ၊

င့ါကို လက်ခုပ်လက်ဝါးတီးပြီး အားပေးကြပါ။

ကမ္ဘာသစ်တစ်ခုခုမှာ ပဲ

ပြန်တွေ့ ကြတာပေါ့နော်…..

ဟုတ်တယ်မလား

အဲဒီ ရောက်မှ တွေ့ ကြမယ်

ကမ္ဘာဦး လူသားတွေ အနေနဲ့ပေါ့….

………………………………………………………………………………..

………………………………………………………………………………..

………………………………………………………………………………..

………………………………………………………………………………..

………………………………………………………………………………..

………………………………………………………………………………..

………………………………………………………………………………..

………………………………………………………………………………..

………………………………………………………………………………..

………………………………………………………………………………..

II

“ဟာ….မိုး…….မိုး…….မိုးတွေ ရွာတော့မယ်”

ဝုန်းခနဲ ထထိုင်လိုက်သော အရှိန်ကြောင့် ဇရပ်အိုချည့်နဲ့နဲ့မှာ ယိမ်းထိုးလှုပ်ရမ်းသွား သည်။ တလှပ်လှပ်ခုန်နေသော ရင်ဘတ်ကိုဖိရင်း ဘေးမှ “လုခ်” အဘိုးအိုကို ကြည့်မိတော့…

တိုင်ကိုမှီရင်း မျက်လုံးမှေးဆင်းကာ သူ့ကိုကြည့်နေသည်။

“အိပ်မက်မက်နေတာလား”

လုခ်အဘိုးအိုက တည်ငြိမ်စွာ မေးသည်။

“ဟုတ်တယ်ဘကြီး။ ကျွန်တော့် အိပ်မက်ထဲမှာ မိုးတွေ ရွာနေတယ်”

နာမည် သည် “ကော့လုခ်” ဖြစ်ကြောင်းသိသော်လည်း မခေါ်တတ်၍ ဘကြီးဟုသာ သူ လွယ်လွယ်ခေါ်သည်။

“အဲဒါကြောင့် မင်း မိုးတွေ ရွာတော့မယ်လို့အော်ရင်း ထထိုင်တာကိုး။ ငါလည်း ကြယ် တွေ နေရာပြောင်းကုန်လို့ ထူးဆန်းတယ်ဆိုပြီး ကြည့်နေတာကွ။ အခုမှ သဘောပေါက်တော့ တယ်။ အင်း…..မင်းပြောသလိုများ မိုးရွာလာရင်တော့ ငါ့လက်တစ်ဖက်က အအေးမိဦးမှာ ပေါ့။ ဒါနဲ့ ဝိုဒင်…မင်းညနေတုန်းက အမှိုက်ပုံနားက ကောက်လာတဲ့ ဓာတ်မီးလေး ခဏပေးစမ်းပါ”

ချဉ်ဖတ်ဟူသော နာမည် ကို ဖျောက်၍ လုခ်အဘိုးအိုက သူ့ကို ဝိုဒင်ဟု နာမည် ပေးထား သည်။ ဗုဒ္ဓဟူးနေ့တွင် သူတို့နှစ် ဦး ဆုံတွေ့ ကြသည့်အတွက် ဝိုဒင်ဟု ပေးထားခြင်း ဖြစ်ပါ၏ ။ ဗုဒ္ဓဟူးနေ့သည် ဝိုဒင်နတ်ဘုရား၏ နေ့ ဖြစ်ကြောင်းကိုလည်း ပြောသည်။

လုခ်အဘိုးအိုကိုသာ ဘကြီးဟု နှုတ်ကျိုးရသော်လည်း သူ ကတော့ ဝိုဒင်ဟူသော နာမည် ဖြင့် အသားကျနေပြီ ဖြစ်သည်။

ခေါင်းရင်း၌ ထောင်ထားသော လွယ်အိတ်ပုလေးထဲသို့ လက်နှိုက်၍ ရှာလိုက်သည်။ အမှိုက်ပုံနားမှာ တွေ့ သဖြင့် လှသည်ကတစ်ကြောင်း၊ မီးမှိန်မှိန်လင်းသေးသည်က တစ် ကြောင်းတို့ကြောင့် ယူလာခဲ့ခြင်း ဖြစ်၏ ။

“ရော့”

လွယ်အိတ်ထဲမှ နှိုက်၍ ပေးလိုက် သည်။ လုခ်အဘိုးအိုက လှမ်းယူကာ မှော င်ထဲမှာ ပင် ဓာတ်မီး၏ ပုံသဏ္ဍာန်ကို ပွတ်ထိမှန်းဆရင်း….

“မင်းဓာတ်မီးက အကောင်းစားပဲကွ”

ဟုပြော၏ ။ နောက် အဘိုးအိုက ခလုတ်ဖွင့်၍ အဝတ်လွတ်နေသော သူ၏ ခြေသလုံး နှစ် ဖက်ကို ထိုးကြည့်လိုက်ရာ…

အားပါး….လုခ်အဘိုးအို၏ ခြေသလုံးတွင် ကုတ်ဖဲ့သွေးစုပ်နေကြသော ခြင်မည်းတွေ နည်းနည်း နောနောမဟုတ်။

သူ ကြက်သီးများ ပင် ထသွားရပါ၏ ။

“ဟာ…ခြင်တွေ အများ ကြီးပဲ။ ကျွန်တော် ရိုက်လိုက်မယ်”

ပြောပြောဆိုဆို မြောက်တက်သွားသော သူ့လက်တစ်ဖက်အား လုခ်အဘိုးအိုက ဆတ်ခနဲ လှမ်းဆွဲလိုက်ရင်း…

“မရိုက်ပါနဲ့ကွာ။ ငါတမင်ထားထားတာ။ သူတို့ကို လေးစားလို့”

ဝိုဒင် နားမလည်နိုင်အောင် ဖြစ်သွားသည်။ လုခ်အဘိုးအိုက တည်ငြိမ်စွာ ဆက်ပြောပါ ၏ ။

“အမှန်အတိုင်းပြောရရင် တချို့လူတွေ ထက် ခြင်တွေ က ပိုလေးစားဖို့ကောင်းတယ်။ ပိုပြီး ရဲရင့်တယ်ကွ။ ဘာ ဖြစ်လို့လဲ သိလား”

သူ ခပ်သွက်သွက် ခေါင်းယမ်းပြလိုက်တော့…

“ဟောဒီလောကကြီးမှာ တစ်ဝမ်းတစ်ခါးအတွက် အသက်နဲ့ရင်းပြီး ရှာဖွေရတဲ့လူ မရှိ သလောက်ရှားတယ်။ ဒါပေမဲ့ ခြင်တွေ ကတော့ တစ်ဝမ်းတစ်ခါးအတွက် အသက်ကိုတောင် လောင်းကြေးထပ်ရတာ ကွ”

လုခ်အဘိုးအိုက ဓာတ်မီးဖြင့် ခြေသလုံးကို ထပ်ထိုးပြရင်း ဆက်ပြောသည်။

“အခုနေအချိန် ငါ တစ်ချက်ရိုက်လိုက်ရင် ခြင်ဆယ်ကောင်ထက်မနည်း သေသွားနိုင် တယ်။ အရိုက်ခံရတာ နဲ့ သူတို့ကိုယ်သူတို့ သေမယ်ဆိုတာလည်းသိတယ်။ ဒါပေမဲ့ သူတို့ ဂရု မစိုက်ဘူးနော်။ သူတို့ရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်အတွက် အသက်ကိုတောင် ထပ်ကြေး တင်ပြီး သွေးစုပ်ရဲတယ်။ ကဲ…ဘယ်လောက်လေးစားဖို့ကောင်းလဲ”

လုခ်အဘိုးအိုနဲ့ နေလာခဲ့သမျှကာလပတ်လုံး ကြားရသည့်စကားတွေ ထဲမှာ တော့ ဒီ စကားလေးကို သူတော် တော် ကြိုက်သွားသည်။

ဟုတ်ပေသားပဲ။ ရည်ရွယ်ချက်အောင်မြင်ဖို့ တိရစ္ဆာန်တောင် အသက်စွန့်ရဲသည်လေ။ ခြင်တွေ ရဲ့ ရည်ရွယ်ချက်က သွေးစုပ်ဖို့ဆိုရင် သူတို့၏ ရည်ရွယ်ချက်ကရော ဘာလဲ။

လုခ်အဘိုးအိုနှင့် တွဲ ၍ တော့ တတ်နိုင်သမျှ ရည်ရွယ်ချက်အောင်မြင်အောင် ကြိုးစားခဲ့ သည်။ လုခ်အဘိုးအို ရည်ရွယ်ချက် ပြည့်ဝခဲ့သည်လား သူမသိ။ ဒါပေမဲ့ သူ ကတော့ လုခ်အဘိုးအို၏ ကျေးဇူးကြောင့် ရည်ရွယ်ချက် ပြည့်ဝခဲ့သည်။

ဝိုဒင် သက်ပြင်းကိုချရင်း အင်္ကျီအိတ်ကပ်ထဲကို စမ်းမိ၏ ။ ထူထဲထဲ စက္ကူခေါက်ကလေး ကတော့ ယခုအချိန်အထိ ပုံစံမပျက် ရှိနေသည်။ သူ့စိတ်ကိုဖြေလျှော့ရင်း ပြန်လှဲချလိုက် သည်။ ပြီးတော့…

ရည်ရွယ်ချက်….

နောက် ခြင်၊

အသက်စွန့်တာ…

ကြယ်ရောင် တောက်သော ပတ်ဝန်းကျင်က မကြာခင်မှာ ဘဲ ပုပ်သိုးရင့်ရော်လာပါတော့ သည်။

အေးစက်ထူးခြားသော ခံစားမှု က သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသလို ခံစားရသည်။ ဝိုဒင် ကမူးရှူးထိုး ထထိုင်လိုက်ပါ၏ ။

“ဒိန်း”

ဝင်းခနဲ လက်သွားသော လျှပ်စီးတစ်ချက်နဲ့အတူ မိုးခြိမ်းသံကိုပါ ကြားလိုက်ရသည်။ အပြင်မှာ မိုးရွာနေပေပြီ။ ထို့အတွက်ကြောင့် အေးစိမ့်စိမ့် အစိုဓာတ်ကို ခံစားနေရခြင်း ဖြစ်ပါ ၏ ။ လုခ်အဘိုးအို ကတော့ အရာအားလုံးသည် သူနှင့် မဆိုင်သည့်အလား သိမ်မွေ့စွာ အိပ်မော ကျနေသည်။

“ဒိန်း”

လျှပ်ပြက်သွားပြန်သည်။ ဓာတ်ပုံရိုက်သလို ဖျတ်ခနဲလင်း၍ ဖြုတ်ခနဲပျောက်သွားသော အလင်းပျောက်အောက်မှ ပတ်ဝန်းကျင်မှာ -

“ဟင်”

သူ့မျက်လုံးနှစ် လုံး ပြူးကျယ်သွားသည်။ တစ်ဆက်တည်း မ ဖြစ်နိုင်ဘူးဟူ၍ လည်း ထင် မိပါ၏ ။ နောက် အေးစိမ့်စိမ့်ခံစားမှု ကြောင့် ဆန့်ထားသော ခေါင်းကို ညွတ်ကွေးလိုက်ရင်း နောက်တစ်ခေါက် လျှပ်တစ်ပြက်ကို ရင်တမမ စောင့်ခိုက်….

လင်းခနဲ တစ်ချက်ဝင်းသွားစဉ်…

ဒီတစ်ခါတော့ သေချာပေပြီ။ ဟုတ်သည်။ အမြင်မမှားတော့။

“ဘကြီး…ဘကြီး…ထဦး။ ဟိုမှာ ကျွန်တော် တို့ဆီကို လူနှစ် ယောက် လာနေတယ်”

ပြောလည်းပြော၊ လက်ကလည်း လှုပ်နှိုးလိုက်သည်ကြောင့် ဆန့်မောစွာ လှဲနေရာမှ လုခ်အဘိုးအို ထထိုင်သည်။

လင်းခနဲ လျှပ်အပြက်….

သူတို့ရှိရာဇရပ်နှင့် လွန်စွာ နီးကပ်နေသော လူနှစ် ယောက် ။

လုခ်အဘိုးအို အိတ်ကပ်ထဲမှ မီးခြစ်ဟောင်းလေးတစ်လုံးအား ထုတ်ရင်း တတောက် တောက်မီးခြစ်ပါ၏ ။ ဒါပေမဲ့ လုခ်အဘိုးအို၏ ညာဘက်လက်မှာ တံတောင်ဆစ်မှ လက်ဖျားထိ ရေစိုနေသည့်အတွက် မီးခြစ်မှာ မီးမပွင့်နိုင်ဘဲ ရှိသည်။ ထို့ကြောင့် မီးခြစ်ကို လက်ပြန်ပြောင်း ရင်း ဆယ်ခါလောက်ခြစ်ပါမှ မီးတောက်ကလေးမှာ လွင့်ခနဲ တက်လာ၏ ။

ပြီးတော့ ခေါင်းရင်းရှိ ပစ္စည်းဟောင်းအမြည့် များ ကြားမှ ဖယောင်းတိုင်သေးသေးလေး ကို ရှာယူကာ မီးညှိသည်။ နောက် ဖယောင်းတိုင်ကို လေလုံသော တိုင်အကွယ်တွင် စိုက်ထူ ရင်း…

“ဧည့်သည် ကတော့ ရောက်လာပြီ။ ဧည့်ဝတ်ကျေဖို့ပဲလိုတယ်”

လုခ်အဘိုးအိုပြောပြီး မကြာလိုက်ပါ။

“အထဲမှာ လူရှိလားမသိဘူးခင်ဗျ။ ကျွန်တော် တို့ ခရီးသွားတွေ ပါ။ ခဏလောက် မိုးခို ချင်လို့ပါ”

“ဝင်ခဲ့ပါ…ဝင်ခဲ့ပါ..ကျုပ်တို့လည်း လှမ်းမြင်ကတည်းက ခင်ဗျားတို့ကို စောင့်နေတာ”

လုခ်အဘိုးအို၏ ဖိတ်ခေါ်သံအဆုံး၌ လူနှစ် ယောက် မှာ ဇရပ်တွင်းသို့ ဝင်ရောက်လာ ပါသည်။ အနီးရောက်မှ ကြည့်မိတော့ ယောက်ျားလေး တစ်ယောက် နှင့် မိန်းကလေးတစ် ယောက် ဖြစ်သည်။ အသက်မှာ လည်း သိပ်မကြီးလှသေး။ အများ ဆုံးရှိမှ နှစ် ဦးစလုံး နှစ် ဆယ့် ငါးဝန်းကျင်လောက်သာ ရှိဦးမည် ။

ဒါပေမဲ့ သူတို့နှစ် ဦးပုံစံက ကျောမလုံသလို၊ သူတို့နောက်မှာ ပဲ ကြောက်မက်ဖွယ် တစ်စုံတစ်ရာ လိုက်ပါလာသလို ထိတ်လန့်စိုးရွံ့ဟန်တွေ ပေါ်နေပါ၏ ။ မိန်းကလေးမှာ ယောက်ျားလေးလက်မောင်းကို အားကိုးတကြီး ဆွဲကိုင်ထားသည်။ အတော် ကြီးကို စိုးရွံ့နေ ဟန် ရှိသည်။ နှစ် ဦးစလုံးပင် ချောမောလှပကြ၍ လိုက်ဖက်သည်ဟု ထင်မိ၏ ။

“ဘယ်ကလာလို့ ဘယ်ကိုသွားကြမှာ တုံးကွဲ့”

လုခ်အဘိုးအိုက အနေခက်မည် စိုးသဖြင့် စကားစပေးသည်။ ထိုစကားကြောင့် နှစ် ဦးစလုံးမှာ ပိုလို့ပင် အနေခက်သွားသလို ရှိပါ၏ ။ အားတုံ့ထစ်အသော ပုံစံကိုယ်စီဖြင့် စကားစရှာမရသလို ဖြစ်နေရင်းမှ တစ်ယောက် ကို တစ်ယောက် ကြည့်ကာ ယောက်ျားလေးက အရင် သက်ပြင်းချသည်။

ပြီးတော့ အားမပါသလို လုခ်အဘိုးအိုအား ပြန်ကြည့်ရင်း..

“အမှန်အတိုင်းပြောရရင်တော့ ကျွန်တော် တို့ချစ်သူနှစ် ယောက် ထွက်ပြေးလာကြတာ ပါ”

လုခ်အဘိုးအို ကတော့ သိပြီးသားကိစ္စတစ်ခုကို ကြားလိုက်ရသလိုမျိုး တည်တည်ငြိမ် ငြိမ် ခေါင်းညိတ်ပါ၏ ။ သူ ကတော့ ထွက်ပြေးလာကြတာဟူသော စကားကို အနည်းငယ် ထူးဆန်းသလိုရှိသည်။

“ကျွန်တော့် နာမည် ဇီနိုပါ။ သူ ကတော့ ဂျူးဂျူးပါ။ ကျွန်တော် တို့နှစ် ယောက် လုံး လူးကပ်(စ်) (Lucus) မြို့က ထွက်ပြေးလာကြတာပါ”

“ဩော်..(lucus)….ကြားဖူးတယ်၊ ကြားဖူးတယ်….အများ ကြီးတိုးတက်နေတဲ့ မြို့ပဲ။ ကျုပ်လည်း ငယ်ငယ်တုန်းက တစ်ခေါက်ရောက်ဖူးပါတယ်။ ဒါပေမဲ့ အခုလောက်တော့ မတိုး တက်သေးဘူး။ ဒါနဲ့ မောင်ရင်တို့နှစ် ယောက် က ထွက်ပြေးလာကြတာဆိုတော့ တစ်စုံတစ်ရာ အနှောင့်အယှက်ရှိတယ် မှတ်တယ်”

လုခ်အဘိုးအို၏ ထင်မြင်ချက်ကို ဇီနိုခေါ်သူ ယောက်ျားလေးက ခေါင်းညိတ်ရင်း တိုးတိုးဆိုသည်။

“ဟုတ်ပါတယ်….ကျွန်တော့် ကို ဂျူးဂျူးအသိုင်းအဝိုင်းက လက်မခံပါဘူး။ အဓိကက တော့ ဂျူးဂျူးအစ်ကိုတွေ ပါပဲ။ လက်မခံလည်း လက်မခံချင်လောက်အောင် ကျွန်တော် က အညာတရ တစ်ယောက် ဖြစ်နေတာကိုး။ ဒါပေမဲ့ ကျွန်တော် လည်း အစွမ်းအစတုံးနေတဲ့ လူ တစ်ယောက် မဟုတ်ပါဘူး…အဘရာ။ ကိုယ့်ချစ်သူကိုတော့ ကိုယ့်အစွမ်းအစ လုပ်ကျွေးနိုင် တဲ့ အရည်အချင်းရှိပါတယ်။ နောက်ပြီး ကျွန်တော် ဂျူးဂျူးကို တစ်ကယ်ချစ်တာပါ”

ဇီနိုဆိုသူမှာ မိန်းကလေးအသိုင်းအဝိုင်း၏ သဘောထားကို ဘဝင်မကျ ဖြစ်နေဟန် တူသည်။ ယခုမှ ရင်ဖွင့်စရာ လူတွေ့ သကဲ့သို့ ရင်ဖွင့်တိုင်တည်နေပါ၏ ။ ဂျူးဂျူးဆိုသည့် မိန်းကလေးမှာ တော့ ဇီနို့ဘေးမှာ ထိုင်ရင်း ဇီနို့မျက်နှာကို အားကိုးတကြီး ငေးမောနေသည်။

“အင်း….မင်းချစ်သူကို တကယ်ချစ်တယ်ဆိုတာကိုတော့ လက်တွေ့ ပဓာနသဘော အရ လက်ခံပါတယ်။ ချစ်တဲ့သူကို ချစ်လို့ ခိုးပြေးလာတာဟာ လက်တွေ့ ကျပါတယ်။ ဒီမိန်းကလေးကို လုပ်ကျွေးဖို့ အစွမ်းအစရှိတယ်၊ မရှိဘူး ဆိုတာတော့ မင်းတကယ်လုပ်နိုင်မှ ပဲ မှန်မမှန် သိရမှာ ပေါ့”

ဇီနိုမှာ လုခ်အဘိုးအို၏ စကားကို နားရှုပ်သွားဟန်ရှိကာ သူ့ကိုလှမ်းကြည့်သည်။ တစ်ခါ တစ်လေ လုခ်အဘိုးအိုက ဒီလိုပဲ ဖြစ်သည်။ အနီးကပ် နှစ် အကြာကြီးနေလာတဲ့ သူတောင် တစ်ခါတစ်ရံ လုခ်အဘိုးအို၏ စကားကို နားမလည်၊ ဆိုလိုချက်ကို ချက်ချင်း သဘောမပေါက်၊ ထိုဘက်တွင် ပါရမီနည်းတာလဲ ပါပေလိမ့်မည် ။

တုံဏိဘာဝေ ဖြစ်သွားသော ဇီနိုကိုကြည့်၍ လုခ်အဘိုးအိုက သဘောပေါက်စွာ ....

“လက်တွေ့ ပဓာနဝါဒဆိုလို့ နားရှုပ်သွားတာလား။ အေးလေ မင်းတို့ရာစုမှာ တော့ “ဘာထရမ်ရပ်ဆယ်” ရဲ့ အတွေးအမြင်တွေ ပဲ လွှမ်မိုးနေမှာ ပေါ့ ထားပါ။ မင်းတို့အခု ဘယ် ဆက်သွားမယ် စိတ်ကူးလဲ”

ဇီနို ခဏငိုင်သွားသည်။ နောက်…ဘေးမှမိန်းကလေးကို ကြည့်သည်။ ပြီးတော့…

“ပထမထွက်ပြေးလြာ ကတော့ ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက်ဆိုပြီး ထွက် ပြေးလာကြတာပါ။ ဒါပေမဲ့ လမ်းတစ်ဝက်လောက်ရောက်မှ စိတ်ကူးတစ်မျိုးပြောင်းပြီး ဒီဘက် ကူးလာကြတာ။ နောက်မှာ ဂျူးဂျူးအစ်ကိုတွေ ကျွန်တော် တို့ကိုခွဲဖို့ လိုက်လာကြတယ်လေ။ အဲဒါကြောင့် ကျွန်တော် တို့ “ဝင်ခွင့်မရမြို့” ကိုသွားဖို့ စဉ်းစားထားတယ်”

“ဝင်ခွင့်မရမြို့” လုခ်အဘိုးအိုက တိုးတိုးရေရွတ်သည်။ ပြီးတော့…..

“ကောင်းတယ်…ဝင်ခွင့်မရမြို့ကိုသွား။ ဒါနဲ့ ဝင်ခွင့်မရမြို့ မှာ ရော မင်းတို့ အသိမိတ် ဆွေတွေ ရှိလား”

နှစ် ဦးစလုံး၏ မျက်နှာမှာ ညှိုးရော်သွားသည်။

“မရှိပါဘူး။ ဝင်ခွင့်မရမြို့က လူဖြူတွေ ဝင်ခွင့်မပေးဘူး ကြားဖူးလို့ပါ။ ကျွန်တော် တို့ ကို ခွဲဖို့လိုက်လာတဲ့ အုပ်စုထဲမှာ လူဖြူတွေ ပါတယ်လေ”

လုခ်အဘိုးအိုက တွေးတွေးဆဆ ခေါင်းညိတ်ပါ၏ ။ ဇီနိုမှာ ပြောပြီး စိတ်ပျက်ဟန် ခေါင်းငုံ့သွားသည်။ ဂျူးဂျူးဆိုသည့် မိန်းကလေးမှာ လည်း ထိုအတိုင်း။ လုခ်အဘိုးအိုက….

“ဝင်ခွင့်မရမြို့ကို သွားမယ်ဆိုရင်တော့ မပူပါနဲ့။ ငါကူညီလိုက်ပါ့မယ်”

ထိုအခိုက်…..

လျှပ်စီးတစ်ချက် ဝင်းခနဲ လက်သွားသည်။ ပြီးတော့…..

“ဘကြီး….ကျွန်တော် တို့ဇရပ်ကို မကြာခင် နောက်ထပ်ဧည့်သည်တွေ ရောက်လာ တော့မယ်”

“ဟင်”

လုခ်အဘိုးအိုနှင့် တကွ အားလုံး အံ့ဩသွားခိုက်..

“ဟုတ်တယ် သိပ်မကြာတော့ဘူး”

မယုံကြည်ဟန် မျက်နှာတွေ ဖြင့် သူ့ကိုတစ်လှည့် လုခ်အဘိုးအိုကိုတစ်လှည့်၊ မျက်ဝန်း နှစ် စုံတို့ လူးလာခေါက်ပြန်ပြေးသွားစဉ်၌ …

ချက်ချင်း ပင် ဇရပ်အပြင်သို့ လှမ်းကြည့်ကြ၏ ။ မိုးတိတ်သွားပြီ ဖြစ်သော်လည်း အပြင် မှာ မှော င်နဲ့မည်းမည်း၊ အုံ့အုံ့မှိုင်းမှိုင်း။

“ကဲ…..အချိန်မှာ မရှိတော့ဘူး။ မင်းတို့ကို ငါကူညီလိုက်မယ်။ ငါပြောတဲ့နေရာကိုသွား၊ ငါပြောတဲ့အတိုင်းလုပ်….ဟုတ်လား”

ဇီနိုနှင့် ဂျူးဂျူး ကမန်းကတန်းခေါင်းညိတ်သည်။ သိပ်မကြာလိုက်ပါ။

“ရော့ ဒီဆွဲကြိုးကိုယူသွား။ ဝင်ခွင့်မရမြို့က ပိုလာတာ နန်းတော် ကိုရောက်အောင် သွား၊ ပြီးရင် ဒလိုင်းမာကို ဒီဆွဲကြိုးပြလိုက်။ ကျွန်တော် တို့ ကော့လုခ်ရဲ့ မိတ်ဆွေတွေ ပါ၊ ကော့လုခ်လွှတ်လိုက်တာပါလို့ ပြော။ မင်းတို့ကို အစစအရာရာ ကူညီပေးလိမ့်မယ်.. ဟုတ်လား”

ပြောပြောဆိုဆိုဖြင့် လုခ်အဘိုးအိုက သူ့လည်ပင်းတွင် ဆွဲထားသော ဆွဲပြားအဝိုင်း လေးပါသည့် ဖြူလွှလွှဆွဲကြိုးကို ချွတ်ပေးသည်။ ဆွဲကြိုးအားကြည့်၍ နှစ် ယောက် သား ကြောင်ငေးနေစဉ်မှာ ပင်…

“ဘာလဲ..မင်းတို့က ငါပြောတာမယုံလို့လား။ ငါမှာ လိုက်တဲ့အတိုင်း လုပ်ကြည့်ပါ။ ငါ ပြောတာ မှန်၊ မမှန် မင်းတို့လက်တွေ့ သိရလိမ့်မယ်…ရော့”

ဇီနိုက ခပ်ရွံ့ရွံ့ဖြင့် ဆွဲကြိုးကို လှမ်းယူသည်။ ထိုအခိုက် ဆွဲကြိုးကိုကမ်းပေးသော လုခ်အဘိုးအို၏ လက်နှင့် မတော် တဆ ထိသွားရာ ရင်တစ်ခုလုံး လှပ်ခနဲ အေး သွားပါ၏ ။ ကြက်သီးများ ပင် ထသွားသည်။ ဝုန်းခနဲ အကြည့်တစ်ခုကရောက်သွားစဉ် လုခ်အဘိုးအိုက တော့ အေးဆေးပါ၏ ။

“ကဲ….သွာြး ကတော့၊ မင်းတို့ “ဝင်ခွင့်မရမြို့”ကိုရောက်မှာ ပါ။ ဒီတည့်တည့်ကနေ ညာဘက်လမ်းကိုချိုးပြီး ဆယ့်ငါးမိနစ်လောက် လျှောက်သွားရင် လမ်းလေးခွဆုံတဲ့နေရာ ရောက်လိမ့်မယ်။ အဲဒီ ထဲကမှ အနီးဆုံးလမ်းကိုရွေးလိုက်…အဲဒါ ဝင်ခွင့်မရမြို့”

မကြာလိုက်သော အချိန်တစ်ခုမှာ ပင် ဇရပ်ပေါ်မှ ယောက်ျားလေးနှင့် မိန်းကလေးနှစ် ဦး ဆင်းသွားကြလေတော့သည်။

“ဩော်…ဒါနဲ့နေဦး။ မင်းတို့ကို ငါအရေး ကြီးတဲ့စကားတစ်ခွန်းပြောဖို့ မေ့နေတယ်။ တစ်ဘဝလုံးအတွက်ပေါ့ကွာ။ မင်းတို့ဆက်ဆံရေး ကောင်းအောင် ကြိုးစားပါ..စကားပြောချို သာပါ….ဒါဆို မင်းတို့ မိတ်ဆွေသူငယ်ချင်းကောင်းတွေ အများ ကြီးရလိမ့်မယ်…ဟုတ်လား။ အဲဒါကို တစ်သက်လုံးမှတ်သွားချည်။ ကဲ….သွာြး ကတော့…သွာြး ကတော့”

အပြင်မှာ မိုးမရွာတော့သော်လည်း လျှပ်စီး ကတော့ ချစ်သူနှစ် ဦးကို လမ်းပြပေးသည့် အလား တလှပ်လှပ် ပြက်နေပါ၏ ။

အချစ်ကိုကိုးစားရင်း မှော င်မိုက်နေသည့် လမ်းတွေ ကို ရင်ဆိုင်ဖြတ်သန်းမည့်  ချစ်သူ နှစ် ဦးမှာ တော့….

အားဟုန်မာန်ရှိန်ကိုယ်စီဖြင့် တစ်ယောက် လက် တစ်ယောက် စွဲကာ ချစ်သူတို့ခိုလှုံရာ ဗိမာန်တစ်ခုဆီသို့

ပုံရိုက်ရန်

ဝင်းခနဲ လက်သွားသော လျှပ်စီးရောင် အောက်တွင် တွေ့ ရသော ပတ်ဝန်းကျင်နှင့် လမ်းညွှန်ဆိုင်းဘုတ်က ဥရောပမှော်ကားဆန်ဆန် ချောက်ချားစရာ ကောင်းနေသည်။

ဇီနိုလက်ထဲမှ Lighter ၏ အလင်းရောင် ဖြင့် လမ်းညွှန်ဆိုင်းဘုတ်တွေ ပေါ် ထိုးကြည့် လိုက်သည်။ ကော့လုခ်ဆိုသော အဘိုးကြီးစကားအရတော့ အနီးဆုံးလမ်းကို ရွေးရပေမည် ။ ဒါပေမဲ့ ခက်နေသည်ကား လမ်းညွှန်ဆိုင်းဘုတ်။

ဆန့်ကျင်ဘက်လေးလေးခုကို ချိန်ရွယ်ပြထားသော်လည်း အနီးဆုံးလမ်းကို ရွေးဖို့ခက် နေသည်။ အကြောင်းကား…….

လမ်းနှစ် ခုကိုသာ ခရီးမိုင်အကွာအဝေးကပ်ထား၍ ကျန်နှစ် ခုကို ကပ်မထားဆိုတော့ ဒီလမ်းလေးခုပေါ်တွင် အနီးဆုံးလမ်းကို မည် သို့ ရွေးရမည် နည်း။

ဇီနို Lighter ကိုပိတ်၍ ခဏစဉ်းစားလိုက်သည်။

ဒါဘာအဓိပ္ပာယ်နည်း။

ဘာအကြောင်းနည်း။

ကော့လုခ်ဆိုသော အဘိုးကြီးကရော ဘာအဓိပ္ပာယ်နှင့် အနီးဆုံးလမ်းဟု ပြောလိုက် တာနည်း။ တွေးစရာတွေ စုပြုံဝင်လာသော ဦးနှောက်ကိုတစ်ကန့်စီခွဲကာ စိစစ်ကြည့်သည်။ သူတို့မှာ အချိန်မရှိတော့။ ဒီအချိန်ဆို နောက်မှ ခွဲရန်လိုက်လာသော အဖွဲ့ သူတို့ဝင်ခဲ့သော ဇရပ်ကို ရောက်နေပြီလား။

ကြီးလေးသော ဝန်ထုပ်ကြီးတစ်ခုလို ထို Pressure က ဖိနှိပ်ပါ၏ ။ ဇီနို Lighter ကိုပြန် ဖွင့်ကာ လမ်းညွှန်ဆိုင်းဘုတ်ကို ထပ်ထိုးကြည့်သည်။

ဆိုင်းဘုတ်တစ်ခုချင်း၊

စကားတစ်လုံးချင်း၊

တစ်ခုခုမြှုပ်ထားသည်ဟုတော့ တွက်မိသည်။ မြှုပ်ထားတာကဘာလဲ။ ပြီးတော့ အနီး ဆုံးလမ်း။

ကိုင်ထားသာ ချစ်သူ၏ လက်က သူ့လက်ကို ဖျစ်ညှစ်သည်။ ချစ်သူ စိတ်လှုပ်ရှားနေပြီ ထင်၏ ။ ထိုစဉ်မှာ ပင် လက်ဝါးမှတစ်ဆင့် နှလုံးသားထဲထိတိုင်အောင် စူးနစ်ဝင်လာသော ချစ်သူ၏ ခွန်အား၊ ပြီးတော့ အားကိုးမှု ၊ နောက်……..

သူ့ဘေးမှာ ချစ်သူရှိနေသည်။

ချစ်သူလက်ကို ဆုပ်ကိုင်ရင်း ချစ်သူပေးတဲ့ ခွန်အားနဲ့ ဒီပန်းချီကားကို မှု န်းခြယ်မည် ။ ဒီရုပ်တုကို အပြီးသတ်ရမည် ။

ချစ်သူလက်ကိုသာ ဆုပ်ကိုင်ထားရပါစေ။

ကမ္ဘာကျော်စစ်တုရင်ကွက်ကိုလည်း မကြောက်တော့ပါ။ နာမည် ကျော် စုတ်ချက်တွေ ကိုလည်း မမှု တော့ပါ။

သူ့ဘေးမှာ ချစ်သူရှိနေသည်။

သူနိုင်အောင်ကစားမည် ။ ပွဲသိမ်းခရာသံ မကြားမချင်း ပန်းဝင်အောင် သူကြိုးစားမည် ။

အောင်ပွဲတစ်ခါရတိုင်း ချစ်သူလက်ကို ဖွဖွနမ်းမည် ။

ကဲ…..ချစ်သူ။

အမုန်းမပါတဲ့ အင်အားတွေ လာပေးလှည့်ပါ။

ချစ်သူလက်သာ ဆုပ်ကိုင်ထားရပါစေ။

ဘဝရဲ့ ဒုက္ခဆိုတာ

အရမ်းချိုတဲ့ ဧဒင်ဥယျာဉ်ထွက်

သစ်သီးတစ်လုံးပါ၊

အဲဒီ သစ်သီးထဲမှာ ချစ်သူ

အပြုံးတွေ ပါတယ်

ချစ်သူ့ရယ်သံတွေ ပါတယ်

ချစ်သူ့အင်အားတွေ ပါတယ်

ချစ်သူရဲ့ “ချစ်တယ်” ဆိုတဲ့

စကားသံတွေ ပါတယ်။

နောက်ဆုံးတစ်ခေါက် စိစစ်တွက်ချက်ပြီးသည့်အဆုံးမှာ တော့ ဇီနိုပြုံးသွားလေသည်။ နောက်…..ဘေးမှာ ရှိနေသော ချစ်သူနဖူးကို ဖွဖွတစ်ချက်နမ်းလိုက်ရင်း….

“လာ…သွားရအောင်ဂျူးဂျူး၊ ကိုယ်လမ်းတွေ့ ပြီ”

IV

သိမ့်ခနဲ တစ်ချက်တုန်ခါသွားပြန်ပါ၏ ။ဒီတစ်ခါတော့ လုခ်အဘိုးအိုရော၊ ဝိုဒင်ရော အိပ် မနေတော့။ သူတို့နှစ် ဦး ခပ်ဝေးဝေးကတည်းက မြင်နေသည်။ အားလုံးပေါင်း ငါးယောက် ၊ ရှေ့ မှ ဖယောင်းတိုင်လေးပင် မီးစာမကုန်သေး။

အသားညိုညို၊ ရုပ်ခပ်လတ်လတ်လူ တစ်ယောက် ထိုင်နေသော သူတို့နှစ် ဦးရှေ့သို့ ရောက်လာကာ…

“အဘိုးကြီး….ဒီကို လူနှစ် ယောက် ရောက်လာတယ်မဟုတ်လား။ ယောက်ျားလေး တစ်ယောက် နဲ့ မိန်းကလေး တစ်ယောက် ။ အခု သူတို့ဘယ်ရောက်သွားကြလဲ”

ဒေါသသံမပေါက်သော်လည်း မောက်မာဟန်အမေးကြောင့် စိတ်ထဲ ခပ်မြက်မြက်တော့ ဖြစ်သွားသည်။ သို့ သော်လည်း လုခ်အဘိုးအိုက အေးဆေးတည်ငြိမ်စွာ ပင်…

“အေး…ခုနတော့ ရောက်လာကြတယ်ကွယ့်။ အခုမရှိတော့ဘူး ပြန်သွားကြပြီ”

“ဘယ်ကိုပြန်သွားတာလဲ”

လေသံမာကျောကျောက ဆက်ထွက်လာပါ၏ ။

“ဝင်ခွင့်မရမြို့ကို သွားမယ်လို့တော့ ပြောတာပဲ။ ဒီထက်တော့ ဘာမှပိုမပြောဘူး”

“ဝင်ခွင့်မရမြို့”

ထိုလူကရေရွတ်ရင်း နောက်မှအဖော်တွေ ကို လှည့်ကြည့်သည်။ အဖော်တွေ ကလည်း ကြောင်တောင်တောင်ဖြင့် သူ့ကိုပြန်ကြည့်နေသည်ကို မှော င်ကြီးထဲမှာ ဝိုးတဝါးတွေ့ ရ၏ ။

“ကိုငယ်…ဝင်ခွင့်မရမြို့တဲ့။ ရောက်ဖူးလား”

“မရောက်ဖူးဘူး။ မင်းရော……”

“ငါလည်း ကြားပဲကြားဖူးတယ်။ မရောက်ဖူးဘူး”

ညီအစ်ကိုနှစ် ယောက် ဖြစ်ဟန်တူသည်။ကျန်လူများ ကသူတို့လည်း မရောက်ဖူးကြောင်း ခေါင်းယမ်းပြကြသည်။ ထို့ကြောင့် ……..

“အဘိုးကြီး….သေချာတယ်နော်။ သူတို့နှစ် ယောက် ဝင်မရမြို့ကိုသွားတာ”

လုခ်အဘိုးအိုကတည်ငြိမ်စွာ ခေါင်းညိတ်ပြရင်း…….

“သေချာပါတယ်ကွယ့် သူတို့ ဝင်ခွင့်မရမြို့ကို သွားကြတာပါ”

“ဒါဆို ဝင်ခွင့်မရမြို့က ဘယ်နားမှာ လဲ၊ ဘယ်လိုသွားရတာ လဲ ခင်ဗျားသိတယ်မလား။ ကျုပ်ကိုပြောပြစမ်းပါ”

အကူအညီတောင်းသည်ကိုပင် ကိုကြီးဆိုသူ၏ လေသံက မာထန်နေပါ၏ ။ ဝိုဒင်က တော့ သူနှင့် မဆိုင်သလိုပဲ ခပ်မဆိတ်သာနေလိုက်သည်။ သို့ သော် သူ၏ စိတ်တွင် တစ်စုံတစ် ရာ ကြိုသိနေသည်။ အဲဒါက…..

“ဒီလမ်းအတိုင်း ညာဘက်ချိုးပြီး ဆယ့်ငါးမိနစ်လောက် လျှေက်သွားရင် လမ်းလေးခွ ဆုံတဲ့နေရာ ရောက်လိမ့်မယ်။ အဲဒီ အထဲကမှ အနီးဆုံးလမ်းအတိုင်းဝင်သွားရင် ဝင်ခွင့်မရမြို့ ပဲ”

လုခ်အဘိုးအိုစကားဆုံးသွားတော့…

“ခင်ဗျားပြောတဲ့အတိုင်း မှန်ခဲ့ရင်တော့ ကျေးဇူးပဲအဘိုးကြီး။ မဟုတ်ရင်တော့ ခင်ဗျား နာပြီသာမှတ်”

ကိုကြီးဆိုသူမှာ သူ့ထက် အသက်ထက်ဝက်မကကြီးသော အဘိုးအို တစ်ယောက် ကို နင်ပဲငဆပြော၍ မကြာခင်အတွင်းမှပြင် သူ့လူများ ကိုခေါ်ကာ ဇရပ်ပေါ်မှ ဆင်းသွားတော့ သည်။

ထိုလူတစ်အုပ် အမှော င်တွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့မှ…

“ဘကြီးက ဘာလို့အမှန်အတိုင်းပြောလိုက်တာလဲ။ လမ်းကို လွှဲပြောလိုက်ရမှာ ”

သူ့စကားကြောင့် လုခ်အဘိုးအိုက ပြုံးသည်။ ထိုအပြုံးက ရင့်ကျက်မှု တွေ ၊ ပြည့်စုံမှု တွေ ပျော်ဝင်ရောမွှေထားသော အပြုံး။ အရာရာကိုစဉ်းစားချင့်ချိန် အဖြေထုတ်ပြီးသည့် အပြုံး။

“ထားလိုက်ပါကွာ။ သူတို့အုပ်စု ဝင်ခွင့်မရမြို့ကို မရောက်ပါဘူး”

ထိုစကားကြောင့် ဝိုဒင် မျက်လုံးပြူးသွားကာ အဘိုးအိုကို မော့ကြည့်ရင်း…

“သေချာလှချည်လားဗျ။ ဒီတစ်ခါ ကျွန်တော့် ထက်တောင် ဘကြီးက သေချာနေသလို ပဲ”

သူ့အပြောကြောင့် လုခ်အဘိုးအိုက ခုနအပြုံးမျိုး ဒုတိယအကြိမ် ပြုံးလိုက်ရင်း….

“သူတို့အားလုံးရဲ့ ပုံသဏ္ဍာန်နဲ့ ဥပဓိရုပ်တွေ ကို ခုနမင်းမြင်တယ်မလား။ ထူးထူး ချွန်ချွန်နဲ့ အရည်အချင်းရှိတဲ့လူ ဘယ်နှယောက် ပါလဲ”

ဝိုဒင် တွေ ဝေသွားသည်။ လုခ်အဘိုးအိုသင်ပေးသော အကဲခတ်အတတ်ပညာနည်း တွေ နှင့် ချိန်ထိုးကြည့်လျှင်တော့ တစ်ခုမျှမတွေ့ ပါ။

“မင်းကို နောက်နေ့မှ ငါခေါ်သွားပြမယ်။ ဝင်ခွင့်မရမြို့ကို အရည်အချင်းမရှိပဲနဲ့ ဝင်လို့ မရောက်နိုင်ဘူး”

ထိုစကားက သူ့နားထဲမှတစ်ဆင့် နှလုံးအိမ်ထဲသို့ တိုင်အောင် ဆွဲနစ်သွားတော့သည်။ အသို့ နည်း။

“ဘကြီးက အဲဒီ ရှုထောင့်ကကြည့်ပြီး ဆုံးဖြတ်ရင်တော့ မပြောတတ်ဘူး။ ကျွန်တော် သိရတာ က အဲဒီ လူတစ်အုပ်လုံး ဘကြီးပြောသလို ဝင်ခွင့်မရမြို့ကို မရောက်တဲ့အပြင် သူတို့ မှားပြီး ရောက်သွားမယ့် နေရာကနေလည်း ဘယ်တော့မျှ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး”

“ဟင်”

လုခ်အဘိုးအို အကြီးအကျယ် အံ့အားသင့်သွားလေသည်။ ပြီး အံ့ဩဟန်မျက်လုံးအစုံ နှင့် သူ့ကို အထိတ်တလန့်ကြည့်ရင်း….

“ဒါ….ဒါဆို”

“ဟုတ်တယ်……….. သူတို့သာယာသွားမှာ ”

မိုးငွေ့တချို့ ရောစပ်ထားသော လေအေးတစ်ချက်က သူတို့ထိုင်နေရာဆီ အလည် ရောက်လာသည်။ အေးစွတ်စွတ် ခံစားမှု ကြောင့် ကြက်သီးများ ပင် ထမိ သွားပါ၏ ။

လုခ်အဘိုးအို အကြာကြီး တွေ ဝေသွားလေသည်။ ပြီးမှ သက်ပြင်းတစ်ချက်ကို ခပ် လေးလေးချရင်း….

“ဘယ်တတ်နိုင်မလဲလေ။ အတုအယောင်သာယာမှု တွေ ကိုမှ တကယ့်အစစ်အမှန် ချမ်းသာမှု လို့ ထင်နေကြတာကိုး”

လေအေးတစ်ချို့ ထပ်ရောက်လာသည်။ ဒီတစ်ခါတော့ လုခ်အဘိုးအိုက သူ့ကိုကြည့် ကာ…

“မင်းဆက်အိပ်ရင်အိပ်လေ။ ငါ ကတော့ အိပ်လို့ရမှာ မဟုတ်တော့ဘူး။ ငါ့လက်တစ် ဖက်က အေးလွန်းလို့ ကျဉ်တောင်နေပြီ။ ခုန မိုးရွာကတည်းက စိုထားတာ။ အခု လေပါထပ် တိုက်တော့……”

စကားကိုမဆက်ပဲရပ်ကာ လုခ်အဘိုးအိုက သူ့ညာဘက်လက်ကို ထောင်ကြည့်သည်။ ဟုတ်ပေသည်။ ညာဘက်လက်တစ်ချောင်းလုံး တံတောင်ဆစ်မှစ၍ ရေစိုထားပါ၏ ။ အပေါ်မှ ဝတ်ရုံဖားဖားကြီးကလည်း ရေစိုထားမှု ကြောင့် အသားတွင် ကပ်ကာနေသည်။

ဝိုဒင်ကြည့်နေရင်းမှ ဝမ်းနည်းစိတ်တို့ တိုးဖွဲ့ဝင်ရောက်လာကာ မျက်ရည်ဝဲမိသည်။ သူ ဘယ်လိုမှ စိတ်မကောင်းနိုင်ပါ။

စိတ်မကောင်းရုံကလွဲပြီးလည်း သူဘာမျှ လုပ်မပေးနိုင်။ မကူညီနိုင်။ ဝမ်းနည်းစိတ်ကို ရင်ထဲမှာ ပင် မလှမပသိမ်းဆည်းရင်း ယူကြုံးမရစွာ ဖြင့် …

“ငါကိုက စောလွန်းပါတယ်လေ”

ရင်ထဲမှပြောမိခြင်း ဖြစ်သော်လည်း ထိုစကားက အဖျားတွင် ဖျောတော့ဆွတ်ရည်နေ ပေလိမ့်မည် ။

V

လမ်းညွှန်ဆိုင်းဘုတ်အားကြည့်ကာ ငါးယောက် စလုံး တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ် မိသည်ကား ဝင်ခွင့်မရမြို့သည် (Jewish) ဟုညွှန်ထားသည့်လမ်း။

ဇရပ်မှ သူတောင်းစားအဘိုးကြီး ပြောစကားများ အရ ထိုလမ်းသည် ဖော်ပြထားသော မိုင်အကွာအဝေးများ ကြားထဲတွင် အငယ်ဆုံး ဖြစ်ပါ၏ ။ ထို့ကြောင့် ဝင်ခွင့်မရမြို့နှင့် အနီးဆုံး ဖြစ်ပေလိမ့်မည် ။ အားလုံး တညီတညွတ်တည်း ဆုံးဖြတ်ပြီးသည့်နောက်မှာ တော့ သူတို့၏ ခြေ လှမ်းတွေ က….

(Jewish) အမည် ရှိလမ်းဆီသို့ …

VI

“တုံ…တုံ..တုံ……..တုံ……….တုံ………”

ရုတ်တရက်ကြားလိုက်သော အုန်းမောင်းခေါက်သံရှည်ကြောင့် ဇီနို့ခြေလှမ်းတို့ တုံ့ သွားသည်။ ရှေ့တစ်မျှော်တစ်ခေါ်ဆီမှ ကြားနေရခြင်း ဖြစ်သော်လည်း ဇီနိုဝမ်းမသာပဲ မနေနိုင် တော့ပါ။ သူတို့ခရီး လမ်းဆုံးပေပြီ။

ဝင်ခွင့်မရမြို့ကို ရောက်ပါပြီ။

ကိုင်ထားသော ချစ်သူ၏ လက်ဖဝါးနုနုကို တခုတ်တရ ဖျစ်ညှစ်ဆုပ်ကိုင်ရင်း……

“ဂျူးဂျူး…ကိုယ်တို့ ဘယ်တော့မှမခွဲရတော့ဘူး။ ရှေ့မှာ ဝင်ခွင့်မရမြို့ကို ရောက်ပြီ”

ချစ်သူ၏ အပြုံးနွမ်းနွမ်းက ပင်ပန်းနေသည့်ကြားမှပင် ကြည်နူးအားကိုးရိပ်တို့ သိုင်း ဖွဲ့သွားသည်။

နှလုံးသားတိုင်း ရင်းနှီးလိုမှု သည် ချစ်သူတိုင်းအတွက် တခမ်းတနား မှတ်တိုင်တစ်ခု ပင်မဟုတ်ပါလား။ နှစ် ဦးစလုံ မနားမနေလျှောက်လာမှု ကြောင့် ခြေထောက်တို့ ယိုင်လဲလု ဖြစ်နေသလို ခန္ဓာကိုယ်မှ အင်အားတွေ လည်း ကုန်လုနီးနီး ဖြစ်နေပေပြီ။ ဒါပေမဲ့ သူတို့စိတ်မချနိုင်သေး။ ဝင်ခွင့်မရမြို့ထဲကို အမြန်ဝင်ရောက်နိုင်မှ ဖြစ်ပေမည် ။ ကြားနေသော အုန်းမောင်းခေါက်သံများ အရတော့ ရှေ့တွင် သိပ်အဝေးကြီး မဟုတ်တော့ကြောင်း ခန့်မှန်းလို့ သည်။

ချွေးသီးတို့ ဖူးဥဝေသီနေသော ချစ်နဖူးပြင်ကို တယုတယ သုတ်ပေးရင်း ဖွဖွနမ်းလိုက် သည်။ ချစ်သူ့ခန္ဓာကိုယ်က ချွေးစေးတို့ဖြင့် စေးပိုင်နေသော်လည်း သူ့ရင်ခွင်ထဲတွင် ထည် ထည်ဝါဝါ အသားကျနေသည်။

မည်းယောင်ယောင် ဖြစ်နေသော ပတ်ဝန်းကျင်နှင့် ဝေလီဝေလင်းလေအေးက သူတို့ နှစ် ဦးကို တိုက်ရှနောက်ပြောင်သွားသော်လည်း အကြင်နာဝတ်ရုံပါးဖြင့် နွေးထွေးနေကြ၏ ။

မြန်ဆန်သော အသက်ရှူသံတွေ တဖြည်းဖြည်း နှေးကွေးတိုးတိတ်လာသည်။ ပတ်ဝန်းကျင်တွင် လည်း အလင်းမှု န်ပျပျက အမှော င်ထဲမှ ဖောက်ထွက်လာပေပြီ။

“ဂျူးဂျူး………..မောပြီလား”

ရင်ခွင်ထဲမှာ ထွေးပွေ့ထားရင်းမှပင် မေးလိုက်သည်။ ချစ်သူက ရင်ခွင်တွင် ပါးအပ် ရင်း ပျပျလေး ခေါင်းညိတ်ပြပါ၏ ။

“ဖဲကြိုးစည်းလိုက်ပါလား။ ဂျူးဂျူး၊ ခေါင်းရှင်းသွားတာပေါ့”

သူ့အပြောကြောင့် ဂျူးဂျူးက အပေါ်အင်္ကျီအိတ်အတွင်းသို့ လက်နှိုက်ကာ ဖဲကြိုးကိုရှာ သည်။ ဂျူးဂျူးသည် တခြားမိန်းကလေးတွေ လို ဆံထိုးမထိုးတတ်၊ ကလစ်မညှပ်တတ်၊ ပဝါ မအုပ်တတ်၊ ဖဲကြိုးရောင် စုံလေးတွေ နှင့် သာ ဆံပင်ကို စုသိမ်းချည်နှောင်ထားတတ်သည်။ အမြဲတမ်းလည်း ဝတ်ဆင်သော အဝတ်အစားနှင့် ဖဲကြိုးအရောင် တို့က လိုက်ဖက်နေတတ် သည်။ ထူးခြားသော တစ်ခါတစ်ရံ၌ ဖဲကြိုးစလေးတွေ ကို နဖူးတွင် ပတ်ချည်ထားတတ်ပါ၏ ။ ဒါသည် သူများ နှင့် မတူသည့် ဇီနိုအရမ်း မြတ်နိုးသော ဂျူးဂျူး၏ ကိုယ်ပိုင်ယဉ်ကျေးမှု ။

“ဟော့တော် ….ဖဲကြိုးတွေ ထည့်လာတဲ့ပါ ဘယ်နားမှာ ကျကျန်ခဲ့လည်းမသိဘူး၊ မရှိ တော့ဘူး”

အင်္ကျီအိတ်အနှံ့ကို လက်ထိုးရှာရင်း သူမပျာယာခတ်စွာ ပြောသည်။ သူမပုံစံက အစား ထိုးမရသော ဘဝအစိတ်အပိုင်းတစ်ခု ပျောက်ကျသွားသလို နှမျောတသ ဖြစ်ကာနေပါ၏ ။

လွမ်းမောလှုပ်ခတ်နေသော သူမပုံစံကိုကြည့်၍ ဇီနိုပြုံးလိုက်သည်။ နောက် ကိုယ်နှင့် မကွာ အမြဲဆောင်ထားတတ်သော ချစ်သူအရိပ်ဖဲကြိုးကလေးအား လက်မောင်းမှ ဖြည်သည်။ ပြီးတော့ သူမနဖူးကို ပတ်ကာ အနောက်ဖက်ဆံပင်များ ပေါ်တွင် ချည်ပေးလိုက် ပါ၏ ။

နဖူးမှဖဲကြိုးကိုစမ်းရင်း သူမမျက်ရည်ဝဲသွားသည်။ ဒီဖဲကြိုးသည် သူတို့နှစ် ဦး ချစ်သူ ဖြစ်ပြီး တစ်နှစ် တိတိပြည့်သော နေ့တွင် သူမကိုယ်တိုင် ဇီနို့လက်မောင်းတွင် ချည်ပေးထားခဲ့ ခြင်း ဖြစ်ပါ၏ ။

“ဂျူးဂျူး…ချည်ပေးပြီးကတည်းက အခုအချိန်အထိ ကိုယ်မဖြည်ရသေးဘူး”

ဇီနိုက ဖဲကြိုးအားချည်ပေးနေရင်းမှ စကားဆိုသည်။ သူမရင်ထဲတွင် ဝမ်းနည်းမှု နှင့် ကြည်နူးမှု တို့ ရောပြွန်းသွားကာ ရှိုက်သံတစ်ချက်ပင် ထွက်သွားလားမသိ၊ ကိုယ်ပေးထားသော ချစ်လက်ဆောင်ကို ချစ်ရသူက တန်ဖိုးထားခြင်းသည် ဘာနဲ့မျှမလဲနိုင် သော ဆုလာဘ်တစ်ခုပင် မဟုတ်ပါလား။

“အချစ်စစ်တို့ လျှောက်ရာလမ်းသည် ကွေ့ကောက်သည်” ဟူ၍ ခေတ်ဟောင်းအဆိုရှင် တို့ ဟောပြောသွားခဲ့သည်။ ယခု သူတို့လျှောက်မည့် လမ်းကရော ကွေ့ကောက်နေသည်လား၊ အတားအဆီးတွေ့နေသည်လား မပြောတတ်။

ဘယ်လောက်ပဲ ခက်ထန်ကြမ်းတမ်းနေပါစေ။ ဒုက္ခတွေ ၊ အဆင်မပြေမှု တွေ ဘယ် လောက်ပဲများ နေပါစေ၊

အချစ်စစ်သာမှန်လျှင် အချစ်စစ်တန်ခိုးက ဖေးကူလက်တွဲ သွားပါလိမ့်မည် ။

အချစ်စစ်တို့လျှောက်ရာလမ်းသည် မဖြောင့်တန်းပါ။ သို့ သော် ချစ်စိတ်ဖြင့် ဖြောင့် တန်းစေနိုင်ပါသည်။ မြတ်နိုးစိတ်ဖြင့် ပြန့်ပြူးစေနိုင်ပါသည်။ ကြည်နူးစိတ်ဖြင့် ပျော်ရွှင်စေနိုင် ပါသည်။

ယခုရော…….

အလင်းစက်တချို့က သူတို့နှစ် ဦးပခုံးပေါ် သည်းသည်ထက်သည်းစွာ ဖွဲချလိုက်ပြီး သည့်နောက်….

“အော..အီး..အီး..အွတ်”

တောကြက်ဖတစ်ကောင် နရီဟစ်သံတစ်ခုနှင့် အတူ…

“သွားရအောင် ဂျူးဂျူး၊ ကိုယ်တို့ နည်းနည်း ဆက်လျှောက်သွားရင် မြို့ကိုတွေ့  လောက်ပြီ”

VII

ပတ်ဝန်းကျင်က လုံးဝကို လင်းချင်းသွားပေပြီ။ တစ်မိုးသောက်ခဲ့ပြီပေါ့။

လူနှစ် ရပ်မကသော နီညိုဆွေးရောင် အုတ်တံတိုင်းထူထူကြီးက မျက်စိတစ်ဆုံး ရှည် လျားလွန်းလှသည်။ တချို့ ခပ်ဝေးဝေးနေရာတို့၌ ပေါက်ပြဲကျိုးပဲ့နေသည်ကိုလည်း တွေ ရ၏ ။ လင်းဝေဝေမနက်ရောင် အောက်ရှိ တံတိုင်းရှည်ကြီးမှာ အိပ်မောကျနေသော မြွေကြီးတစ် ကောင်နှင့် ပင် တူနေသေးတော့သည်။

ဒါသည် မြို့ကို ပတ်ဝိုင်းရစ်ချည်ထားသော အုတ်စည်းရိုးကြီးတစ်ခုပင်။

ကြီးမားခန့်ထည်သော မြို့ဝင်တံခါးမကြီးနှစ် ချပ်၏ ရှေ့တည့်တည့်၌ လူနှစ် ယောက် ရပ်နေသည်။ ထိုလူနှစ် ယောက် မှာ တံခါးရှေ့၌ ရပ်ရင်း တစ်စုံတစ်ရာကို မော့ငေးနေပါ၏ ။

ထိုလူနှစ် ယောက် မှာ ဇီနိုနှင့် ဂျူးဂျူး ဖြစ်ပြီး သူတို့စိတ်ဝင်တစား မော့ငေးနေသည့်အရာ ကား…….

တံခါးမကြီး၏ အပေါ်ဘက်အုတ်သားပေါ်တွင် ရေး ထွင်းထားခြင်း ဖြစ်သည်။

“ဒါ ဝင်ခွင့်မရမြို့ပဲ ဂျူးဂျူး။ သေချာတယ်”

ဇီနို၏ စကားကြောင့် ဂျူးဂျူးမှာ အုတ်နံရံပေါ်မော့ကြည့်ရင်း ပြောသည်။

“ကို………ကတရုတ်စာတတ်တယ်လား”

ဂျူးဂျူးအမေးကြောင့် ဇီနိုမထင်မရှားပြုံးရင်း ခေါင်းယမ်းလိုက်ကာ……

“တရုတ်စာမတတ်ပါဘူး။ တရုတ်စကားလည်း မပြောတတ်ဘူး”

“ဟင်”

သူ၏ အပြောကြောင့် ဂျူးဂျူးကြောင်သွားသည်း။ ပြီး နားမလည်နိုင်သော မျက်နှာဖြင့် သူ့ကိုကြည့်ရင်း……

“တရုတ်စာမတတ်ပဲနဲ့ ဒီထွင်းထားတာတွေ ကိုကြည့်ပြီး ဝင်ခွင့်မရမြို့လို့ ဘာလို့ ပြောတာလဲ”

သူ ပြုံးလိုက်ပါသည်။

“တို့ မိုးဝင်ခိုတဲ့ ဇရပ်က အဘိုးကြီးပြောလိုက်တဲ့ နောက်ဆုံးစကားကို မှတ်မိလား”

ဂျူးဂျူးကတစ်ချက်တွေးရင်း…….

“တို့တွေ ဇရပ်ပေါ်က ပြန်ဆင်းခါနီး ပြောလိုက်တဲ့စကားလား”

“ဟုတ်တယ်…မင်းတို့ ဆက်ဆံရေး ကောင်းအောင်ကြိုးစားပါ။ စကားပြောချိုသာပါ။ ဒါဆို မင်းတို့ မိတ်ဆွေသူငယ်ချင်းကောင်းတွေ အများ ကြီးရလိမ့်မယ်ဆိုတဲ့ စကားလေ”

“အင်း……..မှတ်မိတယ်”

ဂျူးဂျူးက ချက်ချင်း ပင် ပြန်ဖြေသည်။

“အခု ဒီနံရံပေါ်မှာ ထွင်းထားတဲ့ တရုတ်စာအောက်က မြှားတွေ ၊ အဝိုင်းတွေ ၊ ကြယ် တွေ ၊ စကားလုံးတွေ ကလည်း အဲဒီ အဓိပ္ပာယ်ပဲ”

“ဘယ်လို”

“ဟုတ်တယ်…ဒါ “သိုးဆောင်း” စကားပုံတစ်ခုကို လျှို့ဝှက်ဝါကျတစ်ခုနဲ့ ရေး ထားတာ။ ဒီရုပ်ပုံတွေ အားလုံးပေါင်းလိုက်ရင် စကားလုံးတစ်ခုရတယ်”

သူ့စကားကို ဂျူးဂျူး မယုံသင်္ကာနဲ့ ကြည့်သည်။

“ဒီရုပ်ပုံတွေ စုပေါင်းရင် “You will find many good friends if you join Mensa” လို့ထွက်တယ်။ အဓိကအဓိပ္ပာယ် ကတော့ “မင်းသာဆက်ဆံရေး ကောင်းမယ်ဆိုရင် မိတ်ဆွေ ကောင်းတွေ အများ ကြီး တွေ့ လိမ့်မယ်” တဲ့။ အဲတော့ ဒီစကားပုံရဲ့ အဓိပ္ပာယ်က ဇရပ်က အဘိုးကြီး ပြောလိုက်တဲ့စကားတွေ နဲ့ တူမနေဘူးလား”

ဂျူးဂျူးတွေ ဝေသွားသည်။ ပြီးတော့ ခေါင်းကို မသိမသာညိတ်ရင်း……

“အင်း………တူသလိုလိုပဲ။ ဒါပေမဲ့……….”

ဂျူးဂျူးက စကားကို ဒါပေမဲ့နဲ့ အဆု့းသတ်ရင်းရပ်သွားသည်။

“ဒါပေမဲ့ ဘာ ဖြစ်လဲ”

စကားထောက်ပေးလိုက် တာ့…….

“ဒါပေမဲ့ စကားပုံအဓိပ္ပာယ်တူရုံနဲ့ ဒီမြို့ကို ဝင်ခွင့်မရမြို့လို့ သတ်မှတ်လို့ ဖြစ်ပါ့မလား”

ဇီနို ခေါင်းညိတ်ရင်း ပြုံးလိုက်ကာ…………

“ဒီလောက်နဲ့တော့ ဘယ်သတ်မှတ်လို့ရမလဲ။ အပေါ်က တရုတ်စာကိုလည်း ကြည့်ရ တာပေါ့။ ဒီစာက တရုတ်ပြည်လို့ ရေး ထားတာလေ”

“ဟင်…..ကိုပြောတော့ တရုတ်စာ မတတ်ဘူးဆို”

“အေးလေ….မတတ်ဘူး”

“မတတ်ဘဲနဲ့ ဒီစာက တရုတ်ပြည်ဆိုတာကို ဘယ်လိုလုပ်သိလဲ”

ဇီနိုကပြုံးရင်း ဂျူးဂျူးပခုံးကို ဖျစ်ညှစ်လိုက်သည်။ ပြီးတော့….

“အဲဒီ တရုတ်စာကို အောက်ဆုံးကနေ အပေါ်ကိုပင့်ကြည့်လိုက်၊ ဒါမှမဟုတ် မျက်လုံးထဲမှာ ကန့်လန့်ဖြတ်ထားပြီး ကြည့်ကြည့်လိုက်။ အင်္ဂလိပ်လို China ဆိုပြီးတော့ တွေ့ လိမ့်မယ်”

သူ့စကားကြောင့် ဂျူးဂျူးက မယုံသင်္ကာဟန်ဖြင့် ချက်ချင်း မော့ကြည့်သည်။ ပြီး…..

“ဟယ်……..ဟုတ်တယ်တော့၊ China လို့ရေး ထားတာပဲ….အဲ”

ဒီတစ်ခါတော့ မပြောခင်ကပင် ဇီနိုသဘောပေါက်လိုက်သည်။

“တရုတ်ပြည်တော့မဟုတ်ပါဘူး။ တို့ရောက်နေတာ တရုတ်ပြည်ပိုင် နယ်နိမိတ်ထဲက ဝင်ခွင့်မရမြို့ကိုပါ”

“ဩော်………”

တို“ဩော်” ဆိုသော အသံလေးက အဖျားတွင် ဆွတ်ရည်တိုးခက်သွားလေသည်။ ထိုစဉ်မှာ ပင်….

“ဂျိန်း…………”

တံခါးမကြီးနှစ် ချပ်ဆီမှ တုန်ခါသံပြင်းပြင်းကို ကြားရပါ၏ ။ ဂျူးဂျူးနောက်ဆုတ်သွားက သူ့လက်မောင်းကို အားကိုးတကြီး ဖက်တွယ်ထားသည်။ နောက်တစ်ချက်…..

“ဂျိန်း……….”

တံခါးမကြီးက ခုနထက်ပြင်းစွာ တုန်ခါအော်ဟစ်သည်။ တံခါးရှေ့မှာ ရပ်နေသော သူတို့နှစ် ယောက် မှာ တော့ ရင်ခုန်သံတဒိတ်ဒိတ်ဖြင့် ဘာတွေ များ ဖြစ်လာမလဲ စိုးရိမ်နေစဉ်၌ ..

“ဂျိန်း……………..”

အပြင်းထန်ဆုံး မြည် ဟည်းသွားသော အသံဝါဝါကြီးနှင့် အတူ တံခါးမကြီးနှစ် ချပ် ပွင့်ဟ သွားပါတော့၏ ။ ပြီးတော့……….

“ဝင်ခွင့်မရမြို့မှ ကြိုဆိုပါတယ်ခင်ဗျာ”

သံပြိုင်ထွက်လာသော ဖိတ်ခေါ်သံများ ……..

VIII

စုစုပေါင်းလေးယောက် ။ တံခါးစောင့်တွေ ဖြစ်ဟန်တူသည်။ နှုတ်ဆက်ပြုံးပြတော့ သူတို့လေးယောက် ကလည်း နှစ် လိုဖွယ်ပြန်ပြုံးပြပါ၏ ။ ထို့ထက်မပို။

သူတို့ပုံစံက ဇီနိုနှင့် ဂျူးဂျူးအတွက် ဘာမျှအရေး အရာသိပ်ထားလှသည့် ပုံစံမျိုးမရှိ။ လူစိမ်းနှစ် ဦး ဝင်လာသည်မှာ သူတို့အတွက် မထူးဆန်းသလိုရှိသည်။ လူဖြူစစ်စစ် မဟုတ်ကြ သည်လည်း ပါပေမည် ။

တံခါးကြီးကို ဇီနိုနှင့် ဂျူးဂျူးဖြတ်ကျော်ပြီးတော့ ထိုလေးယောက် မှာ တံခါးပိတ်ရင်း ကျန်ခဲ့သည်။ဘာလို့များ တံခါးဖွင့်မထားရသလဲဟုဇီနိုနှင့် ဂျူးဂျူး မဆီမဆိုင် တွေးမိသေးသည်။

အထဲရောက်မတွေ့ ရသည်မှာ မြို့ဝင်တံခါးနှင့် မြို့သည် တွဲ လျက်မဟုတ်။ မြို့က တစ်မျှော်တစ်ခေါ် ဝေးနေပါသေးသည်။ တံခါးမကြီးနှင့် မြို့ကြားတွင် မြက်ခင်းပြင်စိမ်းစိမ်းနှင့် ပြောင်းခင်းတို့က ခံနေသည်။ မြက်ခင်းစိမ်းပေါ်တွင် တော့ မြို့သို့ သွားမည့် လမ်းဖြူးဖြူးမှာ ထင်းနေပါသည်။

“တံခါးမှူးတွေ နဲ့ တူတယ်နော်”

ဂျူးဂျူးက နောက်လှည့်ကြည့်ရင်းပြောသည်။ ဇီနိုခေါင်းညိတ်လိုက်ကာ…….

“ဟုတ်တယ် တံခါးမှူးတွေ ပဲ။ တို့နှစ် ယောက် ရှေ့မှာ ရောက်နေတာကို သူတို့ တစ်နေ ရာက မြင်နေပုံရတယ်။ သူတို့စိတ်ကြိုက် ကြည့်ရှုစစ်ဆေးပြီးမှ တံခါးဖွင့်ပေးတာ”

ဂျူးဂျူးက ထောက်ခံသလို ခေါင်းညိတ်သည်။ ပြီး အရှေ့ဆီမှ ကြီးမားခန့်ထည်သော မြို့ကြီးကို တစ်မျှော်တစ်ခေါ် လှမ်းကြည့်ရင်း…….

“မြို့နဲ့တံခါးနဲ့က အဝေးကြီးပဲနော်။ ကြားမှာ လည်း မြက်ခင်းစိမ်းတွေ ၊ ပြောင်းခင်းတွေ နဲ့ ပျော်စရာကြီး။ပြောင်းခင်းဟိုဘက်မြို့စပ်နားက အပင်တွေ ကရော ဘာပင်တွေ လည်းမသိ ဘူး ”

ဂျူးဂျူးက ကလေးငယ် တစ်ယောက် လိုပင် ခပ်လှမ်းလှမ်းမှ မြို့ကြီးနှင့် သူမနင်း လျှောက်နေသော မြက်ခင်းပြင်တို့ကိုကြည့်ရင်း ခုန်ပေါက်မြူးထူးနေသည်။ မနက်၏ နုပြိုမှု နှင့် အတူ အပြစ်ကင်းသော သူမမျက်နှာနုဖွေးဖွေးကိုကြည့်ရင်း သူပင် ပျော်ရွှင်လာမိသည်။ တစ်ညလုံး ပင်ပန်းခဲ့ကြသော်လည်း ယခုအခါမှာ တော့ သူတို့နှစ် ဦး လျှောက်မည့် လမ်းမှာ အားသစ်အင်သစ်တွေ နှင့် လန်းဆန်းနေပါပြီ။

ပြောင်းခင်းကိုလွန်တော့စိုက်ခင်းအချို့ကိုတွေ ရသည်။ ဒီမြို့မှ လူတွေ သည် အလုပ် ကြိုးစားကြပုံပေါ်ပါသည်။ နေရောင် ပင်မစင်သေးသော စိုက်ခင်းပြင်၌ အလုပ်လုပ်သူတွေ စုနေပါပြီ။

ထိုသူအားလုံးတို့လည်း ဇီနိုနှင့် ဂျူးဂျူးကို တစ်ချက်သာလှည့်ကြည့်၍ ကိုယ့်အလုပ်ကို ဆက်လုပ် နေကြပါ၏ ။ ဤအခြင်းအရာကိုကြည့်၍ မြို့တွင်းသို့ သူစိမ်းဧည့်သည်အဝင်အထွက် များ သော ကြောင်း ဆင်ခြင်မိသည်။

တဖြည်းဖြည်း ရုပ်လုံးပေါ်လာသော မြို့ကြီးကလည်း ရောက်ခါနီး လေ လှလေ ဖြစ်လာ သည်။ တောင်ကုန်းတောင်တန်းများ ပေါ်တွင် ခြေကုပ်တည်ဆောက်ထားသော မြို့ကြီးမှာ အဝေးမှကြည့်လျှင် ထင်းနေသလို အနီးမှကြည့်ပြန်တော့လည်း ထည်ဝါနေပြန်ပါ၏ ။

ရှေ့တွင် တောင်ကမူလေးတစ်ခုရှိနေသည်။ ထိုတောင်ကမူလေး ကျော်လျှင်တော့ မြို့ တွင်းသို့ သူတို့နှစ် ဦး ရောက်ပေတော့မည် ။ နှစ် ယောက် သား တစ်ယောက် လက် တစ်ယောက် ဆွဲရင်း လျှောက်လာကြရာ တောင်ကမူလေးကျော်မှာ တော့ သူတို့နှစ် ဦး မထင်မှတ်ထားသော အရာတစ်ခုကို တွေ့ ရသည်။

အဲဒါက သူတို့ရှိရာနေရာ တောင်ကမူလေးနှင့် မြို့အကြားတွင် စမ်းချောင်းကလေး တစ်ခု။ ထိုစမ်းချောင်းလေးပေါ်တွင် သစ်သားတံတားလေး ခြားထားပုံကရော၊ ထိုစမ်းချောင်း ပေါ်မှ သစ်သားတံတားလေးကရော မြင်ရသည်မှာ ကဗျာပင်ဆန်နေသေးတော့၏ ။

တံတားဟိုဘက်ခြမ်းတွင် တော့ ကျောက်ဆိုင်းဘုတ်တစ်ခု ဆိုက်ထူထားသည်။ သူတို့ ရပ်နေရာမှပင် လှမ်းဖတ်ကြည့်မိတော့…..

LASER (လာဆာမြို့)

ပင်လယ်ရေမျက်နှာပြင်မှ အမြင့် - 11,831 ပေ

ဒီလိုနှင့် လျှောက်လာကြရင်း တံတားကိုကျော်ဖြတ်ပြီးသွားသည့်အခါတွင် ….

“ကို………. ဂျူးဂျူးတို့ ဘယ်သွားကြမှာ လဲဟင်”

ဂျူးဂျူးက သွားလာလှုပ်ရှားနေကြသော လူတွေ ကိုကြည့်ရင်း မေးသည်။ ထို့ကြောင့် ဇီနိုခြေလှမ်းကိုရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပါ၏ ။

ဇရပ်မှအဘိုးကြီး အမှာ စကားများ အရတော့ သူတို့ “ပိုလာတာ” နန်းတော် ကို သွားရပေ မည် ။ ပိုလာတာ နန်းတော် က ဘယ်အရပ်မှာ နည်း။ သူမသိ။ မေးရအောင်လည်း တွေ့ သမျှ အကုန်လုံးက ကိုယ့်အာရုံနှင့် ကိုယ် သွားလာလှုပ်ရှားနေကြသည်က များ သည်။ ဇီနိုသတိရကာ လည်ပင်းမှ ကော့လုခ်ဆိုသော အဘိုးကြီး၏ ဆွဲကြိုးကို စမ်းကြည့်မိတော့ ပုံစံမပျက် ရှိနေပါ သေးသည်။

ဇီနိုပတ်ဝန်းကျင်ကို မျက်စိကစားနေရင်းမှ တစ်နေရာအရောက်မှာ တော့ မျက်လုံးအ ကြည့်မှာ ရပ်တန့်သွားတော့သည်။ ရင်ထဲမှာ လည်း တမုဟုတ်ချင်း ဝမ်းသာ သွားပါ၏ ။ ဌာန တစ်ခုတစ်ခု၏ ဆိုင်းဘုတ်ကိုတွေ့ လိုက်ရသော ကြောင့် ဖြစ်သည်။

ချက်ချင်း ပင်ဂျူးဂျူး၏ လက်အား လှုပ်ယမ်းလိုက်ကာ……

“လာ…..ကိုယ်တို့ ဟိုဌာနကို သွားမေးရအောင်”

ညွှန်ပြရာနေရာကိုကြည့်၍ ဂျူးဂျူးက ဌာနဆိုင်းဘုတ်ကို အသံထွက်ဖတ်သည်။

“စုံစမ်းရန်ဌာန”

ကင်းတဲသာသာ အဆောက်အဦလေးပင် ဖြစ်ပါ၏ ။ သို့ပေမဲ့ အုတ်ဖြင့် အခိုင်အမာ တည်ဆောက်ထားသည်။ သူတို့နှစ် ဦး ဝင်သွားလိုက်တော့ သံတိုင်များ နောက်မှ လူငယ်တစ်ဦး က…..

“ဘာများ အကူအညီပေးရမလဲခင်ဗျ”

“ကျွန်တော် တို့ ပိုလာတာနန်းတော် ကို သွားချင်လို့ပါ။ ဘယ်လိုသွားရမှန်းမသိလို့ အကူအညီတောင်းတာပါ”

လူငယ်က သူတို့နှစ် ဦးကို သေချာကြည့်သည်။ ပြီးတော့……

“စိတ်မရှိပါနဲ့ခင်ဗျာ…တာဝန်အရမို့လို့ပါ။ ပိုလာတာနန်းတော် ကို ဘာသွားလုပ်မှာ လဲ မသိဘူး”

“ဒလိုင်းလားမားနဲ့ တွေ့ ချင်လို့ပါ”

သူ့အဖြေစကားကြောင့် ပေးသူလူငယ်မှာ အံ့ဩသွားလေသည်။ အံ့အားသင့်ဟန် မျက်လုံးအစုံဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်ရင်း……..

“ဒလိုင်းလားမားနဲ့တွေ့ ဖို့ဆိုရင် ကြိုတင်ရက်ချိန်းယူရပါတယ်။ ရက်ချိန်းပြည့်မှ တွေ့  ခွင့်ကတ်ပြပြီး တွေ့ လို့ရတာ ပါ။ ဒါနဲ့ ဒလိုင်းလားမားဆိုတာ ဘယ်သူလဲဆိုတာရော သိလို့လား မသိဘူး”

ဇီနိုနှင့် ဂျူးဂျူး တစ်ယောက် ကို တစ်ယောက် ကြည့်ရင်း….

“မသိပါဘူး”

“ဒလိုင်းလာမားဆိုတာ ဒီတစ်မြို့လုံးကို အုပ်ချုပ်တဲ့ တိဗက်ရဟန်းမင်းပါ”

ထိုစကားကြောင့် ဇီနိုနဲ့ဂျူးဂျူးမှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားသည်။ အနည်း ငယ်လည်း စိုးရွံ့ သွားပါ၏ ။ သူတို့က အခုမှရောက်လာတဲ့ ဧည့်သည်တွေ ။ ဘယ်လိုလုပ် ရက်ချိန်းယူနိုင်မည် နည်း။ အချိန်အကြာကြီးလဲ မစောင့်နိုင်ပါ။ ဘယ်လိုပဲ ဖြစ် ဖြစ် ဒလိုင်းလား မားနှင့် တွေ့ ရပေမည် ။

“ကျွန်တော် တို့က အခုမှရောက်လာတဲ့ ဧည့်သည်တွေ ပါ။ ရက်ချိန်းလည်း မယူရသေး ပါဘူုး။ ဒါပေမဲ့ ကျွန်တော် တို့ ဒလိုင်းလားမားနဲ့ တွေ့ မှ ဖြစ်မှာ မို့လို့ပါ။ အရေး ကြီးကိစ္စလည်း ပါလာပါတယ်။ နောက်ပြီး ကျွန်တော် တို့က ကော့လုခ်ရဲ့ မိတ်ဆွေတွေ ပါ”

“ကော့လုခ်”

ထိုလူငယ်က တိုးတိုးရေရွတ်ရင်း မသိကြောင့် ခေါင်းယမ်းသည်။ နောက် အရေး တကြီး အလျင်စလို ဖြစ်နေသော သူတို့နှစ် ယောက် ကိုလည်း ကြည့်သည်။ ပြီးတော့ မျက်မှော င်ကြုတ် ၍ စဉ်းစားသည်။ အတော် ကြီးကြာမှ သက်ပြင်းတစ်ခုကိုချကာ….

“ကောင်းပြီလေ….အရေး ကြီးတယ်ဆိုရင်လည်း ကျွန်တော် လမ်းညွှန်လိုက်ပါ့မယ်။ တွေ့  ခွင့်ရတာ ၊ မရတာ ကတော့ ခင်ဗျားတို့ကံပေါ့”

ဇီနိုနှင့် ဂျူးဂျူး လှိုက်ခနဲပင် ဝမ်းသာသွားရကာ မျက်နှာတွေ မှာ လည်း ဝင်းသွားသည်။ ထိုစဉ်မှာ ပင် လူငယ်က တည်ငြိမ်လေးနက်သော လေသံဖြင့် ………

“ဒလိုင်းလားမားက…“အ” မပါတဲ့ အရပ်မှာ ရှိတဲ့ တောင်မဟုတ်တဲ့ တောင်တစ်လုံးပေါ် မှာ သတင်းသုံးနေပါတယ်။ ဒလိုင်းလားမား သတင်းသုံးနေထိုင်တဲ့ ကျောင်းတော် က ပိုလာတာနန်းတော် ပါပဲ”

ပြောပြီး လူရွယ်မှာ ထသွားလေတော့သည်။ ဘာတွေ ပြောသွားမှန်းမသိ။ ကျီးကြည့် ကြောင်ကြည့်နှင့် ကျန်ခဲ့သော သူတို့နှစ် ယောက် မှာ တော့………

ဘာတွေ လဲ….ခေါင်းကိုကုတ်ရင်း သူနှင့် ဂျူးဂျူး ထွက်လာခဲ့သည်”

“အ”မပါတဲ့အရပ်၊ သူတို့မကြားဖူး၊ အရှေ့အနောက် တောင်မြောက်သာ သိလေသည။် ဘယ်လို “အ” မပါတဲ့အရပ်လဲ။ သူတို့မသိသေးတဲ့ အရပ်မျက်နှာသစ်တခုခုလား။ ဒါမှမဟုတ် ဒီမြို့၏ အခေါ်အဝေါ်တွေ ကို သူတို့နားမလည်တာလား။

ဒုတိယတစ်ခုက ဖြစ်နိုင်ချေနီးစပ်လေသည်။

ဤလာဆာမြို့မှာ ရှေးဟောင်းဗိသုကလက်ရာ အဆောက်အဦတို့မှလွဲ၍ တော် တော် ကြီးကို တိုးတက်နေသည်ဟု သူထင်သည်။ အထူးသဖြင့် လူတွေ ၏ ဦးနှောက်ပိုင်း၊ အတွေးအခေါ်ပိုင်း တိုးတက်နေသည်ကို ထိုလူများ သုံးသော အဆောင်အယောင်ပစ္စည်းများ ကို ကြည့်ခြင်းဖြင့် သိသည်။

ရာစုနှစ် တစ်ခုစာလောက်နောက်ကျနေသော ဗိသုကာလက်ရာတွေ ကတော့ ရှေး ဟောင်းမြို့တော် တစ်ခုဟု နာမည် တပ်ရလောက်အောင် အနုစိတ်ကျသည်။ အနုပညာမြောက် သည်။ ထို့ကြောင့် ပင် ဤလက်ရာများ ကို မပျောက်မပျက် ထိန်းသိမ်းထားတာ ဖြစ်နိုင်သည်။

ဘာပဲပြောပြောပါ။ ရှေးဟောင်းမြို့တော် ပင် ဖြစ်လင့်ကစား မြို့သူမြို့သားတွေ ကတော့ သစ်နေတာ သေချာသည်။

ဒီတော့ “အ” မပါတဲ့အရပ်ဆိုတာ သူတို့နားမလည်သော ဤဒေသ၏ အရပ်မျက်နှာ အခေါ်အဝေါ်သစ်တစ်ခု ဖြစ်နိုင်ပါသည်။ ဒါတို ဘာနည်း။ ဘယ်အရပ်မျက်နှာကို ခေါ်တာ နည်း။ ထိုစဉ်မှာ ပင်….

“အရှေ့အနောက်၊ တောင်မြောက်”

ဂျူးဂျူးက တိုးတိုးရေရွတ်သည်။

“အရှေ့အနောက်….တောင်မြောက်…..”

“အရှေ့အနောက်”

“ဟင်…………”

သူ၏ အလျင်စလို အာမေဍိတ်သံကြောင့် ဂျူးဂျူးပင် အတွေးရပ်ကာ မော့ကြည့်သည်။

“အရှေ့အနောက်…….”

အလျင်စလိုရေရွတ်ကာ အနည်းငယ် တွေ ဝေသွားပြီးသည့်နောက်…..

“ဟုတ်ပြီ….သိပြီ…..“အ” မပါတဲ့အရပ်ဆိုတာ တောင်နဲ့မြောက်အရပ်ကိုပြောတာ။ အရှေ့နဲ့အနောက်မှာ “အ” ပါတယ်”

ဇီနို၏ စကားသံအဆုံး….

“ဒါ…ဒါဆို ပိုလာတာနန်းတ်ာက တောင်နဲ့မြောက်အရပ်မှာ ရှိတာပေါ့…ဟုတ်လား။ ဘယ်လိုကြီးလဲ..ဆန့်ကျင်ဘက်ကြီး”

ဂျူးဂျူးက တွေးတွေးဆဆဝင်ပြောသည်။ ဟုတ်လည်းဟုတ်သည်။ တောင်နဲ့မြောက်ဆို တာ ဆန့်ကျင်ဘက်အရပ်မျက်နှာနှစ် ခု မဟုတ်ပါလား။ ဇီနိုစဉ်းစားသွားသည်။ ဒါပေမဲ့ သိပ်မ ကြာပါ။

“နေဦး..ခုနပြောသွားတဲ့ထဲမှာ “အ”မပါတဲ့အရပ်မှာ ရှိတဲ့ တောင်မဟုတ်တဲ့ တောင် တစ်လုံးပေါ်မှာ လို့ပါတယ်။ “အ” မပါတဲ့အရပ်ဆိုတာ ကတော့ တောင်နဲ့မြောက်အရပ်။ တောင် မဟုတ်တဲ့ တောင်တစ်လုံးဆိုတော့..တောင်အရပ်မဟုတ်တဲ့ မြောက်အရပ်က တောင်တစ်လုံး ပေါ်မှာ လို့ ပြောတာ ဖြစ်ရမယ်”

ဇီနို၏ စကားအဆုံး ဂျူးဂျူးက ဝမ်းသာအားရဖြင့် …..

“အင်း…..ဟုတ်မယ်…ကိုပြောတဲ့အတိုင်း ပိုလာတာနန်းတော် က မြောက်အရပ်က တောင်တစ်လုံးပေါ်မှာ ပဲ ဖြစ်လိမ်မယ်”

သူတို့နှစ် ဦးစလုံး၏ မျက်နှာများ ဝင်းလက်သွားသည်။ တစ်ယောက် လက် တစ်ယောက် ဆုပ်ကိုင်မိသွား၏ ။

ထို့နောက်မှတော့…….



ဝန်ဇင်းချစ်သူများ သိုးဆောင်း ၏ “ ၀င်ခွင့်မရမြို့ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တောရိလျောရိလေးပဲ ချစ်ခဲ့သည်

ပဉ္စလက်ရွာ

ကတိသစ္စာ တည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏