ခပ်ဝေးဝေးဆီမှ မှိုင်းပျပျရွာလေးကိုကြည့်ရင်း သက်ပြင်းတစ်ချက် ရှိုက်မိသည်။ စိမ်းစိမ်းစိုစို ကင်းမဲ့သော ကျေးရွာတစ်ရွာပါ။ သစ်ကြီးဝါးကြီးမရှိသည့် အပြင် နေရောင် ၏ ဝါးမျိုမှု ကြောင့် အငွေ့ပျံနေသည်ဟုပင် ထင်မြင်မိပါသည်။
သို့ ပေမဲ့လည်း မတတ်နိုင်၊ ရောက်အောင်တော့ သွားရပေဦးမည် ။ ဒုတိယမြောက် သက်ပြင်း ကိုပြုရင်း တံလျှပ်ထနေသော မြေပြင်ကို စိုးစိုးရွံ့ရွံ့ ကြည့်မိ၏ ။ နေပူပူ၊ သဲပူပူ၊ ပြီးတော့ အမိုးအကာ မပါ။ စလွယ်သိုင်းထားသော လွယ်အိတ်တစ်လုံး၊ ခရီးမိုင်ပေါင်းများ စွာ မျောရွေ့လျှောက်လှမ်းလာ သည့် ပျော်ကျလုလု ဖိနပ်တစ်ရန်။
ဒါပါပဲ။
လွယ်အိတ်ကိုပြင်လွယ်ရင်း သစ်ခြောက်ပင်ကြီးအောက်မှ ခြေတစ်လှမ်း စတင်လိုက်သည်။ ပြီးတော့ နောက်တစ်လှမ်း။
ရွာနားကိုကပ်လာသည့်တိုင်အောင် ကျေးရွာကလေးက မယုံကြည်နိုင်စွာ လွန်လွန်ကျူးကျူး တိတ်ဆိတ်နေပါ၏ ။ အဝေးကမြင်ရသည်ထက် အနီးရောက်တော့ ပိုမိုခြောက်ကပ်နေသည်ကို သတိ ထားမိသည်။ ရွာခြံစည်းရိုးဟု ပြောရမည် ဖြစ်သော်လည်း လုံခြုံမှု လုံးဝမရှိသော အုတ်သား အဆွေး အမြည့် တွေ ပါ။ တချို့နေရာတွေ မှာ လူတစ်ကိုယ်စာ ပေါက်ပြဲ၍ အထဲတိုးဝင်နိုင်သလို တချို့နေရာတွေ မှာ အုတ်ချပ်နှစ် ချပ်၊ သုံးချပ် လွတ်နေသည်။
လှည်းတစ်စီးနီးနီးဝင်လို့ရသော ပေါက်ပြဲမှု များ ကိုလည်း တွေ့ ရ၏ ။ ထိုအရာကိုတော့ ဝါးကပ် ဆွေးဆွေးတွေ နှင့် ကာရံထားသည်။ လုံခြုံမှု လုံးဝကင်းမဲ့သော ရွာခြံစည်းရိုးပါပဲ။ အနီးနားရောက်သည့် တိုင် လူနေကျေးရွာနှင့် ညီမျှသော ဆူညံမှု ကိုမတွေ့ ။ ထူးခြားဆန်းပြားမှု အငွေ့အသက်တွေ ဒီရွာမှာ တလူလူ ပျံ့လွင့်နေကြောင်း ရိပ်စားမိသည်။
သတိထားရမှာ တော့ သေချာပါ၏ ။ ရွာပျက်ကြီးလား၊ ဒါမှမဟုတ်၊ စွန့်ပစ်အံ့ဆဲဆဲ ကျေးရွာ တစ်ရွာလား။
ရွာတွင်းသို့ ရောက်စဉ်မှာ ပင် သူ့ယူဆချက်ကို ခိုင်မာစေသည့် သက်သေတစ်ခုကို ထပ်တွေ့  ရ၏ ။ ရွာမှာ အိမ်ခြေတော် တော် များများ တွေ့ သော်လည်း လူရိပ်လူခြည် မတွေ့ ရ။ ကျွဲ၊ နွား၊ ခွေး၊ ကြောင် စသော အိမ်မွေးတိရစ္ဆာန်တွေ လည်း မတွေ့ ။
ဒါပေမဲ့ အိမ်တံခါးတွေ ကိုတော့ ဖွင့်ထားသည်။ အိမ်တွေ မှာ လည်း ဝန်းခြံသဘောမျိုး ကာရံထား ခြင်းမရှိပါ။ တချို့မှာ တစ်အိမ်နှင့် တစ်အိမ် ကပ်လျက် ဖြစ်ပြီး တချို့ ကတော့ အတန်ငယ်ဝေးပါ၏ ။ သို့ ပေမဲ့ တူညီတာတစ်ခု ကတော့ ရှိသမျှအိမ်တွေ အားလုံး ခြောက်သွေ့တိတ်ဆိတ်နေသည်။
ခြေစုံရပ်လျက် ကြည့်နေရာမှ တံတွေးတစ်ချက် မျိုမိသည်။
'ရေ . . . '
အလွန်အမင်းကို ဆာလောင်လျက်ရှိနေသည်။ ခရီးအဝေးကြီး လျှောက်လှမ်းလာသည့် အတွက် လူကနားချင်ပြီ ဖြစ်သလို ခန္ဓာကိုယ်က တောင့်တောင့်တတ ဆာလောင်တာတစ်ခုလည်း ရှိ၏ ။ အဲဒါက ရေဓာတ်ကို ငတ်ငတ်မွတ်မွတ် တောင့်တနေတာပါပဲ။
သို့ ပေမဲ့ ဤနေရာ၊ ဤပတ်ဝန်းကျင်တွင် ရေဓာတ်နှင့် တူတာ မတွေ့ ပါ။ တခြားကျေးရွာတွေ လို ရေအိုး၊ ရေစည်များ အိမ်ဘေးတွင် ချထားသည်ကိုလည်း မတွေ့ ရ။ လျှောက်နေရင်းနဲ့ ဝေခွဲရခက်သော လမ်းဆုံတစ်ခုကို ရောက်၍ လာသည်။
သူ့ကို လမ်းနှစ် သွယ်က ဆီးကြိုနေ၏ ။ ဘယ်လမ်းက ဆက်လျှောက်ရမလဲ ရပ်တန့်ကာ စဉ်းစားနေမိသည်။ သို့ ပေမဲ့ မရောက်ဖူးသည့်ရွာပေမို့ ဘယ်လမ်းကဝင်ဝင် ထူးခြားမှု မရှိနိုင်ရကာ ညာဘက်လမ်းထဲကိုပဲ ချိုးကွေ့ဝင်မိပါသည်။
မြေနီလမ်း ဖြစ်ပေမဲ့ မြေသွားတွေ မှာ တောင့်တင်းကြံ့ခိုင်ခြင်း မရှိတော့။ ဖုန်အလိပ်လိပ်က ခြေမျက်စိမြုပ်အောင် ထူထပ်နေသည်။ လမ်းပေါ်တွင် ခြေရာအနည်းငယ်တွေ့ သည်ကြောင့် စိတ် သက်သာရာတော့ ရလိုက်မိသည်။ မကြာခင်က လျှောက်လှမ်းသွားသော ခြေရာတွေ မို့ ဤရွာတွင် နေထိုင်သူရှိလောက်ပါသည်။
လမ်းတစ်လျှောက် သစ်ပင်နှင့် တူတာဟူ၍ တစ်တောင်လောက် သစ်ငုတ်တိုပင် မတွေ့ ရ။ သစ်ကြီးဝါးကြီးဆိုလျှင် ဝေးလွန်းပါသည်။ ဤရွာမှာ ထူးခြားနေတာ ဒါပါပဲ။ လွင်တီးခေါင်ပြင်ကြီးတွင် ကျေးရွာလာတည်ထားသည်လားဟုပင် အထင်ရောက်မိသည်။
နဖူးမှခိုတွဲ လာသော ချွေးသီးများ ကို လက်ဖြင့် ပင့်သုတ်ရင်း နှုတ်ခမ်းတစ်ချက်သပ်လိုက်သည်။ ဒီအချိန် ရေတစ်ပေါက်က သူ့အတွက် ကမ္ဘာတစ်ခုမျှ အရေး ပါနေသည် မဟုတ်ပါလား။
ထိုစဉ်မှာ ပင် အသံတစ်ခုက နားထဲသို့ အမှတ်မထင် တိုးထိလာတော့၏ ။
''နောင် . . . ဝေ . . . ဝေ . . . ''
ကြေးစည်သံ။
ဟုတ်တယ်၊ ကြေးစည်ထုသံ၊ ဝမ်းသာအားရ အသံထွက်လာရာဘက်ဆီ မျက်လုံးဝေ့ကြည့် လိုက်တော့ . . .
ခပ်ဝေးဝေးကောင်းကင်တွင် တလိပ်လိပ်တက်နေသော ဖုန်လုံးများ ကို မြင်ရ၏ ။ ဆူဆူပူပူ လူသံတွေ ကိုလည်း ကြားရသည်။ ဝမ်းသာစိတ်တို့ အတိုင်းမသိ ဖြစ်ထွန်းသွားကာ ခြေကို သွက်သည် ထက် သွက်အောင် လှမ်းလိုက်မိပါသည်။ ဘာပဲပြောပြော ဤရွာမှာ လူရှိနေတာ သေချာပါသည်။
ခြေမျက်စိမြုပ်သော ဖုန်တောထဲတွင် ပူလို့ပူမှန်းပင် မသိတော့။ အပေါ်မှ စီးမိုးလောင်မြိုက်နေ သော နေလုံးကိုလည်း သတိမရ၊ အောက်မှ အငွေ့တထောင်းထောင်းထနေသော ဖုန်ပူကိုလည်း သတိမရ။ တလှပ်လှပ်ထနေသော ဝမ်းသာစိတ်တွေ နှင့် ကြားနေရသော အသံများ ဆီ နီးသထက် နီးအောင် လျှောက်လှမ်းသွားလိုက်စဉ်မှာ ပဲ . . .
''ဟင် . . . ''
''နောင် . . . ဝေ . . . ဝေ . . . ''
အနီးကပ်ကြားလိုက်ရသော ကြေးစည်သံတစ်ချက်၊ မျက်နှာချင်းဆိုင်မှ မြင်လိုက်ရသော လူအုပ်ကြီးတစ်ခု၊ ကြေးစည်သံနှင့် လူအုပ်ကြီးကြားမှ တအိအိလိုက်ပါလာသော လှည်းတစ်စီး၊ ထိုလှည်းကို ယောက်ျားလေးများ ကတွန်း၍ နောက်မှ လူအုပ်ကြီးက ငိုကြီးချက်မဖြင့် ပါလာကြသည်။
လုံးဝ လွဲမှားစရာမရှိသော ဖြစ်ရပ်တစ်ခုပါပဲ။
ဘယ်နေရာ၊ ဘယ်ရပ်ဝန်းမှာ မဆို မြင်ရုံနှင့် သိသာနိုင်ပါသည်။ အသုဘတစ်ခု ချလာတာပါ။ ရင်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းမသိ။ ဆာလောင်ငတ်မွတ်နေသော စိတ်တို့ပင် ခဏတာ ပျောက်ရှသွား သလို ထင်ရသည်။
အတန်ငယ်လှမ်းသေးပေမဲ့ သေချာမြင်နေရသလို သူ့ကိုလည်း ထိုအထဲမှ လူတချို့က လှမ်းမြင်နေမည် ဆိုတာ သေချာပါသည်။ သူ ရှေ့ဆက်မတိုးမိ။ ဟာဆင်းသွားသော စိတ်အစဉ်နဲ့ ရပ်တန့်၍ သာ ကြည့်နေသည်။
သို့ ပေမဲ့ သူရှိရာဆီသို့ အသုဘအလောင်းလှည်း ရောက်မလာပါ။ ထို့အတူ နောက်မှ ငိုယို လိုက်ပါလာကြသော လူအုပ်ကြီးလည်း ရောက်မလာခဲ့။ ရပ်ကြည့်နေဆဲမှာ ပင် 'နောင်ဝေဝေ' အော်မြည် သော ကြေးစည်သံက လမ်းချိုးတစ်ခုထဲသို့ ချိုးကွေ့ဝင်သွားသည်။ ကြေးစည်သံနောက်ကို အလောင်းတင်တွန်းလှည်းလည်း မျောရွေ့လိုက်ပါသွား၏ ။
ကြည့်နေရင်းမှာ ပင် ဘာမှန်းမသိသော ကွဲလွဲမှု တွေ ကို စိတ်ထဲမှာ တစ်ခုပြီးတစ်ခု မြင်လိုက်ရ သည်။
လူတွေ ၏ မျက်နှာ၊ ပြီးတော့ အသားအရေ၊ ပြောဆိုနေကြသော စကားများ ။
ဝမ်းနည်းသည်ထက်သာလွန်သော ခံစားမှု တစ်ခုက အားလုံး၏ မျက်နှာတွေ မှာ ပေါ်နေသည်။ အဲဒါက တစ်စုံတစ်ခုကို တောင့်တနေခြင်း၊ လူတိုင်း၏ မျက်နှာတွေ မှာ ရှင်းသန့်ကြည်လင်မှု ကို မတွေ့ ၊ မည်းညိုခြောက်ကပ်ကာနေသည်။ ပြီးတော့ မျက်လုံးတွေ မှာ အားပျော့ရီဝေ နေကြ၏ ။
အသားအရေတွေ မှာ ပိုလို့ပင်ဆိုးပါသည်။ မြင်တွေ့ ရသလောက် လူတော် တော် များများ ၏ အသားအရေတွေ က နေလောင်ခံထားရသည်ထက် သာလွန်ကာ မာတင်းအက်ကွဲလျက် ရှိကြသည်။ ဘာတွေ ဖြစ်နေကြတာလဲ၊ ဒီရွာက ဘယ်လိုရွာလဲ။
စိတ်ထဲမှာ အတွေးတွေ ယောက် ယက်ခတ်နေပေမဲ့ လူ ကတော့ ညှို့ငင်မှု တစ်ခုနောက်ကို အလိုလိုလိုက်သွားမိသည်။ အဲဒါက လမ်းချိုးတစ်ခုထဲသို့ ချိုးကွေ့ဝင်သွားသော လူအုပ်ကြီးနောက်ကို လိုက်သွားမိတာပါပဲ။ အတော် လိုက်ဝင်သွားပြီးမှ လှမ်းတွေ့ ရသော နေရာတစ်ခုကိုမြင်ပြီး သဘော ပေါက်လိုက်မိသည်။
ရှေ့မှာ လူတို့၏ နောက်ဆုံးအိမ်ပြန်ချိန်ရပ်ဝန်းလေးက သံဝေဂဆန်ဆန် သူတို့အားလုံးကို စောင့်ကြိုနေ၏ ။
ထိုစဉ်မှာ ပင် ရှေ့ပိုင်းဆီမှ ဝိုင်းဝန်းအော်ဟစ်လိုက်ကြသော အသံတွေ ကို ထူးထူးခြားခြား ကြားလိုက်ရသည်။ တကယ့်ကို ထူးထူးခြားခြားပါပဲ။ ခံပြင်းမှု တို့ ပြည့်နှက်ပေါ်လွင်လွန်းနေသော အမေးစကားသံတစ်ခု။
"နောက်တစ်ခါ လာဦးမလားဟေ့ …"
ယောက်ျားလေးအချို့မှာ လည်း သုသာန်အဝင်ဝမှစောင့်ကာ အလောင်းတင်လှည်းကို ခဲနဲ့ ဝိုင်းပစ်ကြသည်။ ပြီးတော့ တစ်ဆက်တည်း ဝိုင်းအော်ကြ၏ ။
''နောက်တစ်ခါ လာဦးမလား''
''မလာတော့ဘူး . . . ''
''ရေရှားတယ်လို့ပြောဦးမလား''
''မပြောတော့ဘူး''
''ရေငတ်ပြီး သေကြဦးမလား . . . ''
''မသေတော့ဘူး . . . မသေတော့ပါဘူး''
ထို့နောက်တော့ လိုက်ပါပို့ဆောင်သူအားလုံး အားရပါးရ အော်ဟစ်ငိုယိုကြပါတော့သည်။ ထူးဆန်းလွန်းသော စကားတွေ ကြောင့် ကြောင်အ,ကာ သွားမိ၏ ။
ကြည့်နေစဉ်မှာ ပင် လူအချို့က လှည်းပေါ်မှ အလောင်းကိုချကာ တစ်နေရာသို့ ထမ်းယူသွား ကြသည်။ အလောင်းသယ်သွားရာနောက်သို့ လူတချို့လိုက်ပါသွားကြပြီး တချို့ ကတော့ ရပ်၍ သာ ကျန်ခဲ့ပါသည်။ သူ ကတော့ နောက်ပိုင်းမှာ ရပ်ငေးနေရာမှ နေရာတစ်ခုဆီသို့ မြွေလိမ်မြွေကောက် တိုးရွေ့သွားလိုက်သည်။
ဇရပ်လေးတစ်လုံး . . .
သုသာန်၏ အလယ်တည့်တည့်လောက်မှာ မြင်ရသည်မို့ သူလျှောက်လှမ်းသွားနေခြင်း ဖြစ် သည်။ မူလရပ်နေရာက လူတွေ ကွယ်နေသည်မို့ အလောင်းထမ်းသွားရာနေရာကို မမြင်ရ။ လူတွေ ၏ ပယ်ဖျောက်မရသော ဗီဇတစ်ခုအတိုင်း ထူးဆန်းသော အသုဘချမှု တစ်ခုကို သူအစအဆုံး မြင်တွေ့  ချင်နေသည် မဟုတ်ပါလား။
ဇရပ်လေးဆီရောက်တော့ သူ့ထက်ကြိုရောက်နှင့် နေသူတစ်ဦးကို အခန့်သားတွေ့ ရ၏ ။ ကလေးငယ်တစ်ဦး အောက်ခြေသံမံတလင်းပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ တစ်စုံတစ်ရာကို ရေး ခြစ် နေသည်။ ဇရပ်ပေါ်တက်လာသော သူ့ကို မော့ကြည့်၏ ။ ပြီးတော့ ခေါင်းပြန်ငုံ့ကာ လုပ်လက်စအလုပ် ကို ဆက်လုပ် နေသည်။
ရှိလှမှ အသက်အရွယ်က ဆယ်နှစ် သာသာ ဒါပေမဲ့ . . .
အုတ်နီခဲချွန်တစ်ခုကိုကိုင်ကာ အောက်ခြေတွင် တဒေါက်ဒေါက် ရေး ခြစ်နေ၏ ။ ထိုရေး ခြစ်နေ သော အရာများ ကို အမှတ်မထင် ကြည့်လိုက်မိသည့်အခိုက် . . .
''ဟင် . . . ''
အံ့သြသွားရပါပြီ။
တွက်ချက်နေသည်ကား ဂျော်မေတြီပုစ္ဆာတစ်ပုဒ်။ ရောက်ဆဲအသက်နှင့် လုံးဝကွဲလွဲနေသော တွက်ချက်မှု တစ်ခု ဖြစ်သည်။ ဇရပ်အနှံ့အပြားမှာ လည်း အရွယ်နှင့် မလိုက်စွာ ရေး ခြစ်ထားသော ဂျော်မေတြီပုစ္ဆာများ ၊ ဂဏန်းသင်္ချာများ ကိုလည်း တွေ့ ရသည်။ မယုံနိုင်စရာပါပဲ။
သူ ကြောင်ငေးသွားရပေမဲ့ ထိုကလေး ကတော့ သူ့ကို အာရုံရှိမနေပါ။ သူ့ကိုပင်မဟုတ်၊ ဆူပူ အော်ဟစ်နေကြသော အသုဘချမှု တစ်ခုကိုလည်း အာရုံမရှိ။
ထိုစဉ်မှာ ပဲ အလောင်းသယ်သွားရာနေရာတစ်ခုဆီမှ ငိုယိုအော်ဟစ်သံတွေ တစ်ခဲနက် ထွက် ပေါ်လာသည်။ လှမ်းမျှော်ကြည့်မိတော့ သယ်ဆောင်သွားရာအလောင်းအား မြေမြုပ်သဂြိုဟ်နေသည် ကို ဝိုးတဝါး တွေ့ ရသည်။ ပါရမီရှင်လေး ကတော့ အေးဆေးပါပဲ။ သူပြုလုပ်နေရာ အလုပ်မှလွဲ၍ ကျန်တာကို စိတ်ဝင်စားဟန်မပြ။
ခပ်ဝေးဝေးဆီမှ လူအုပ်ကြီးကို မျှော်ငေးနေရင်းမှ ခေါင်းကို တဆတ်ဆတ်ယမ်းမိသည်။ လူတွေ သေလျှင် ဘာကြောင့် ငိုကြတာလဲ။
သေလူက ရယ်အောင်သေမပေးတတ်လို့သာ ဖြစ်ပါလိမ့်မည် ။ ကြည့်နေရင်းနှင့် ပင် အလောင်း မှာ မြေကျသွားသည်။ ပြီးတော့ မြေဖို့သည်။ အလျှံညီးညီး တောက်လောင်နေသော သော ကမီးများ ကို ကြည့်ရင်း သက်ပြင်းတစ်ခုကို ခပ်လေးလေး ချမိ၏ ။ ထိုအခိုက်မှာ ပဲ လိုက်ပို့သူလူအုပ်ကြီးဆီမှ ထူးခြား မှု နောက်တစ်ခုကို ထပ်တွေ့ ရှိလိုက်ရသည်။ သူတို့ ဘယ်ကိုသွားနေကြတာလဲ . . . ။
ပုံမှန်အားဖြင့် အလောင်းမြေဖို့သွားပြီဆိုလျှင် လိုက်ပို့သူတွေ မှာ ပြန်ဖို့သာရှိသည်။ သို့ ပေမဲ့ ယခု မပြန်ကြသေးပါ။ နေရာတစ်ခုဆီသို့ ဆက်လက် လျှောက်လှမ်းသွားနေကြ၏ ။
သုသာန်က အုတ်တံတိုင်း လေးဘက်လေးတန် ကာရံထားသော သုသာန် ဖြစ်ပြီး ဝင်ပေါက် ထွက်ပေါက်မှာ လည်း တစ်ပေါက်တည်း ဖြစ်၏ ။ ဒါပေမဲ့ လူတွေ သွားနေကြတာက ထွက်ပေါက်ဆီသို့ မဟုတ်။ သုသာန်၏ အနောက်ဘက် နံရံတစ်ခုဆီသို့ ဦးတည်ကာ သွားနေခြင်း ဖြစ်သည်။
အမြင်ဆန်းနေသည်မို့ စိတ်ဝင်တစားကြည့်နေစဉ်မှာ ပဲ အနီးဆုံးရောက်သွားသူမှာ နံရံရှေ့တွင် ရပ်တန့်လိုက်လေသည်။ ပြီးတော့ တစ်စုံတစ်ရာကို ပြုလုပ်လိုက်သည်။
''ဟင် . . . ''
အုတ်နံရံမှာ နှစ် ကာလ၏ ပြိုလဲမှု ကြောင့် အင်္ဂတေကွာကာ အုတ်ချပ်တို့ပင် အစီအရီ ပေါ်နေပြီ ဖြစ်၏ ။ ထိုလူပြုလုပ်လိုက်တာက စာရွက်ခေါက်တစ်ခုကို အုတ်ချပ်ကြားတွင် ထိုးညှပ်လိုက်တာပါပဲ။ နောက်မှပါလာသူအားလုံးမှာ လည်း ထိုအတိုင်းပင် လိုက်လုပ်ကြလေသည်။
ခဏချင်းပင် အုတ်နံရံ၏ နေရာတစ်ကွက်စာမှာ စာရွက်ခေါက်တို့ဖြင့် ပြည့်သိပ်သွား၏ ။ ထိုအချိန်မှာ တော့ ကြောက်မက်ဖွယ်ကောင်းသော အသံဝါကြီးတစ်ခုက ဘယ်ကမှန်းမသိ ထွက်ပေါ် လာပါတော့သည်။
''နောက်တစ်ခါ ဒီလို အ ဖြစ်ဆိုးတွေ ထပ်မ ဖြစ်ပါရစေနဲ့ . . .
ရေရှားပြီး သေပွဲမဝင်ပါရစေနဲ့ . . .
ကျုပ်တို့ရွာကြီး အရင်ကအတိုင်း ရာသီဥတုပြန်မှန်ပါစေ''
ကြောက်မက်ဖွယ်ထိုအသံကြီးက သုသာန်တစ်ဝန်းလုံးကို ဟိန်းသွားသည်။ ထို့နောက်တော့ လိုက်ပါပို့ဆောင်သူအားလုံးမှာ ကိုယ်လိုရာကိုယ် အော်ဟစ်ကြပါတော့သည်။
''မိုး အမြန်ဆုံးရွာပါတော့''
''ချောင်းတွေ ၊ ကန်တွေ ရေပြည့်ပါတော့''
''ဘုရားသခင်၊ ကျွန်တော် တို့ ''ကိုးချောင်းရွာကြီး'' ကို ဆောင်မတော် မူပါ''
''ကျုပ်တို့တစ်ရွာလုံး ရေငတ်ပြီးမသေပါရစေနဲ့ . . .''
''ဒီအတိုင်းဆက်သွားရင် အကုန်လုံး သေရပါတော့မယ်''
ဟိုမှသည်မှ မခံမရပ်နိုင် အော်ဟစ်လိုက်ကြသော အသံများ ကို နားထောင်ရင်း ကြက်သီးတို့ ပင် ဖျိုးဖျိုးဖျင်းဖျင်း ထမိ သွားပါသည်။
ကြောက်မက်ဖွယ်ပါပဲ။
ပြီးတော့ . . .
စိတ်ဝင်စားဖို့လည်း အင်မတန်ကောင်းနေသည်။
''အစ်ကို့နာမည် ရိုးစစ်ပါ''
ကောင်လေးက သူ့ကို မော့ကြည့်၏ ။
''ဟုတ်လား၊ ကျွန်တော် က အီလစ်''
သာမန်ထက်မပိုသော တုံ့ပြန်မှု တစ်ခု ထွက်ကျလာပါသည်။
''အစ်ကိုက ခရီး သွားပါ''
''ကျွန်တော် ကတော့ ဒီရွာကပဲ''
ပြောပြီး ကောင်လေးက မတ်တပ်ထရပ်ပါသည်။ ယခုတော့ သုသာန်တွင်းမှာ မည် သူမျှ ရှိမနေ တော့။ အကုန်လုံး ထွက်ပေါက်မှတစ်ဆင့် ရွာတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြပြီ ဖြစ်သည်။ သုသာန်ကြီးမှာ ခုနက ဘာမှမ ဖြစ်ခဲ့သလို လေတဟူးဟူး တိုက်ခတ်နေ၏ ။
ကြည့်နေရင်းနှင့် ပင် ဇကာခုံးတစ်ခုကိုကိုင်ကာ ကောင်လေးက ဇရပ်ပေါ်မှဆင်းသွားသည်။ ထွက်ခွာသွားရာနောက်ကျောအား ရိုးစစ် ငေးကြည့်ရင်း မှတ်ချက်တစ်ခုပြုမိသည်။ ဟက်ဟက် ပက်ပက် ပုံစံမျိုးကို မတွေ့ ရ။ မျက်နှာသေပြီး အရယ်အပြုံးရှားပါးမည့်  ရုပ်လက္ခဏာမျိုး ရှိသည်။
ကောင်လေးက ခုနရွာသားတွေ စက္ကူခေါက်များ ထိုးညှပ်ခဲ့သော နံရံဆီသို့ ဦးတည်ကာ သွားနေခြင်း ဖြစ်ပါသည်။ ရိုးစစ်ကြည့်နေဆဲမှာ ပင် ကောင်လေး စက္ကူခေါက်များ ကို နံရံမှခွာယူကာ ဇကာတွင်းသို့ ထည့်နေ၏ ။ ခဏချင်းပင် အုတ်နံရံမှာ ထိုးညှပ်ထားသော စာရွက်ခေါက်များ ကုန်သွား သည်။
နောက်ဆုံးစာရွက်ခေါက်တစ်ခုအား ဆွဲယူပြီးချိန်၌ အေးအေးလူလူပင် ဇရပ်ဆီသို့ ပြန်လည် လျှောက်လှမ်းလာနေ၏ ။ အပေါ်ရောက်တော့ ဇကာကိုချကာ စာရွက်ခေါက်များ ကို ဖြန့်ကာစီနေသည်။
ရိုးစစ်ကြည့်မိတော့ စာရွက်အများ စုက တစ်ဖက်ခြမ်းမျာသာ စာပါပြီး တစ်ဖက်က ဗလာ ဖြစ်သည်။ ဘာတွေ ရေး ထားမှန်းတော့ မသိ။ စာမျက်နှာနှစ် ခုလုံး သုံးထားသော စာရွက်များ လည်း ရှိ၏ ။
သူ နားမလည်ပါ။ ဘယ်နေရာ ဘယ်ဒေသမှာ မှလည်း ယခုကဲ့သို့ လုပ်ဆောင်မှု မျိုးကို မမြင်ဖူး၊ ထို့အတွက်ကြောင့် . . .
''ကောင်လေး . . . ''
မပွင့်တပွင့် သူ့ခေါ်သံကြောင့် မော့ကြည့်လာသည်။
''အဲဒါ ဘာတွေ လဲ . . . ''
ကောင်လေးရဲ့ မျက်နှာမှာ ခပ်နွမ်းနွမ်းအပြုံးတစ်ခုကို တွေ့ ရသည်။ ပြီးတော့ လက်ထဲမှာ ကိုင်ထားသော စာရွက်တစ်ရွက်အား သူ့ဆီထိုးပေးရင်း . . .
''ရော့ . . . ဖတ်ကြည့်လေ''
ကပျာကယာ ဆွဲယူကြည့်လိုက်တော့ . . .
''ခင်ဗျားအတွက် တကယ်ပဲဝမ်းနည်းပါတယ်။ တမလွန်မှာ ပျော်ရွှင်ပါစေ . . . ''
ဦးဘသန်း
ကောင်လေးက နောက်တစ်ရွက် ထပ်ပေးသည်။ ပထမစာရွက်လိုပင် စာမျက်နှာတစ်ခြမ်းသာ အသုံးပြုထားသော . . .
ကျေးရွာအတွက်၊ မိသားစုအတွက် ခင်ဗျား တာဝန်ကျေပါတယ်။ ခင်ဗျား စိုက်ပျိုး ခဲ့တဲ့ သစ်ပင်တွေ ၊ ခင်ဗျားတူးဖော်ခဲ့တဲ့ ရေကန်တွေ ရဲ့ အကျိုးကို မြင်တွေ့ ခွင့်ရမသွားပေမဲ့ ကျွန်တော် ယုံကြည်တယ်။ တစ်ချိန်မှာ ကျွန်တော် တို့ရွာကြီး ခင်ဗျား ဖြစ်စေချင်သလို အေးချမ်းသာယာလာမှာ ပါ။ ခင်ဗျား မြင်စေချင်သလို စိမ်းစိုလန်းဆန်းလာမှာ ပါ။
ဦးပြည့်ဝ ကောင်းရာသုဂတိလားပါစေ . . . ။
ထွန်းဦး
ပြီးတော့ နောက်တစ်ရွက် လက်တွင်းသို့ ရောက်လာပြန်သည်။ ဒီတစ်ရွက် ကတော့ အရှေ့ အနောက် နှစ် မျက်နှာစလုံးကို သုံးထား၏ ။ မိသားစုတစ်ခုက ဦးပြည့်ဝ သေဆုံးသွားခြင်းအပေါ်မှာ နှမြောတသ လွမ်းဆွတ်ထားခြင်း ဖြစ်သည်။
''ငယ်ငယ်ကတည်းက ပေါင်းသင်းလာကြပေမဲ့ မပြောင်းလဲတဲ့ နင့်ရဲ့ စိတ်ဓာတ်ကို လေးစားပါတယ်။ ငါတို့ အတူတူကစားခဲ့တာတွေ ၊ စာကျက်ခဲ့တာတွေ ၊ ဘုရားသွားခဲ့တာတွေ အခု အသက်ခြောက်ဆယ်ကျော်တဲ့အထိ အောက်မေ့နေတုန်းပဲ။ တစ်ချိန်မှာ ဒီရွာကို အုပ်ချုပ်ခွင့်ရချင်တယ်ဆိုတဲ့ နင့်ရဲ့ ဆန္ဒ၊ ငါတို့ရွာကြီး ကောင်းသည်ထက် ကောင်းအောင်၊ အနီးအနားကျေးရွာတွေ ကြားမှာ ခေါင်းမော့နိုင်အောင်၊ ဆန်ရေစပါး ပေါများ အောင် လုပ်ပေးချင်တယ်ဆိုတဲ့ နင့်ရဲ့ စိတ်ဓာတ်။
ကျောသားရင်သား မခွဲခြားတဲ့ နင့်ရဲ့ အုပ်ချုပ်မှု ၊ ဒါတွေ ကို မြင်ရကြားရတိုင်း မျက်ရည်ဝဲခဲ့ရပါတယ်။ နင့်ရဲ့ အုပ်ချုပ်မှု အောက်မှာ နေခွင့်ရတဲ့ ငါ့ကိုယ်ငါလည်း ဂုဏ်ယူခဲ့တယ်။ ဒါပေမဲ့ ငါ စိတ်မကောင်းပါဘူး။
မိုးခေါင်နေတဲ့ သက္ကရာဇ်တွေ ကို တိုက်ဖျက်ဖို့ကြိုးစားရင်း နင် သေဆုံးသွားခဲ့ပြီ။ စောင့်နေပါ။ ငါတို့မောင်နှမလည်း နင့်နောက်လိုက်လာမှာ ပါ။ အခုဆို ငါ့မောင် ဖိုးလူလည်း နင်သေဆုံးရခြင်းကို သေလုမျောပါး ခံစားနေရတယ်။
ငါတို့လိုက်အလာကို စောင့်နော်။ ပြီးတော့ နင်ချစ်တဲ့ ငါတို့ 'ကိုးချောင်း' ရွာကြီးကို တမလွန်က စောင့်ရှောက်ပေးနေဦး''
ဒေါ်အေးသင်
စာဆုံးသွား၍ ကျောဖက်ကို လှန်ကြည့်လိုက်တော့ . . .
''ဟေ့ကောင် ပြည့်ဝ . . .
မင်းသူငယ်ချင်း ဖိုးလူလေကွာ၊ ဘယ်လို ဖြစ်တာလဲ။ မင်းကို သေမင်းက ဘာလို့ အစောကြီးခေါ်သွားရတာ လဲ။ ငါတော့ သေချိန်မတန်သေးတဲ့ လူသား တစ်ယောက် အတွက် သေမင်းကို လုံးဝအခဲမကျေဘူးဟေ့။ မင်း ဘာမှမပူနဲ့ သူငယ်ချင်း။ မင်းထားခဲ့တဲ့ ရွာကို ငါတို့ စောင့်ရှောက်မယ်။ ပြီးတော့ မိုးခေါင်လွန်းတဲ့ ငါတို့ရွာကြီး ကျိန်စာပြေဖို့ ငါ အစွမ်းကုန်ကြိုးစားမယ်။ ငါ့ကို ယုံပါကွာ။ မိုးသီးတစ်လုံး ကြွေဖို့ ငါ့အသက်တစ်ချောင်းကို ပေးရင် ပေးရပါစေ၊ ငါပေးရဲတယ်။ ကျေးရွာနဲ့လူမျိုးကိုချစ်စိတ် မင်းလောက်မပြင်းပေမဲ့ ငါလည်း ငါတို့ရွာသားတွေ ပူလောင်မှု မျက်ရည် တစ်ခါစီးရတိုင်း ဆတ်ဆတ်ခါအောင် ရင်နာရပါတယ်။
ငါ့ကိုယုံ။ တစ်ချိန်မှာ ငါတို့ မင်းတို့ရဲ့ ဆန္ဒ လုံးဝပြည့်ဝရမှာ ပါ။ ဒါပေမဲ့ ငါ့ရဲ့ ဝိညာဉ်ကိုတော့ အားဖြည့်ပေးနော်''
မင်းရဲ့ သူငယ်ချင်း
ဖိုးလူ
လက်ထဲမှစာရွက်ကို တမေ့တမောကိုင်ရင်း ကြောင်ငေးသွားမိသည်။ စာပါအဓိပ္ပာယ်တွေ ကို နားမလည်ပါချေ။ အတန်ငယ် ငြိမ်သက်သွားပြီးမှ လက်ထဲမှစာရွက်ကိုချရင်း တစ်ရွက်ကောက်ကိုင် လိုက်သည်။
''ဦးအတွက် ကျွန်တော် တို့ စိတ်မကောင်းပါဘူး။ ခြောက်နှစ် တာ အုပ်ချုပ်ခဲ့တဲ့ ဦးကို ကျွန်တော့် နည်းတူ တစ်ရွာလုံးလည်း ဝမ်းနည်းမဆုံး ဖြစ်နေကြမှာ ပါ။ စိတ်ချပါ၊ ဦးနေရာကို အစားထိုးအုပ်ချုပ်မဲ့ ဦးယုဝကိုလည်း ကျွန်တော် တို့အားလုံး ရိုသေမယ်။
ဘာပဲ ဖြစ် ဖြစ် ကျွန်တော် တို့တွေ ဒီကိုးချောင်းရွာကြီးကို ကာကွယ်မယ်လို့ ကတိပေးပါတယ်''
(ကိုးချောင်းရွာ ကာလသားများ အဖွဲ့)
လက်တွင်းသို့ နောက်တစ်ရွက် ထပ်ရောက်လာပြန်သည်။ ဒီစာရွက် ကတော့ အုတ်နီကြမ်းတွေ ပေနေသဖြင့် ခါကာ ဖတ်ရသည်။
''ယက္ခတို့အဖွဲ့ ကတော့ ကျေနပ်နေမှာ သေချာတယ်။ ရွာကို သူတို့ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့ရပြီလေ။ သေချာတာ ကတော့ ဦးမရှိရင် ရွာပိုင်ရေလှောင်ကန်ထဲကရေကို သူတို့သိသလောက် တောင်ြး ကတော့မှာ ပဲ။
ဘယ်လိုလုပ်ကြမလဲ။
အမှန်က ဦးအစား ယက္ခတို့အဖွဲ့ သေရမှာ ဗျ''
ဖိုးစည်
စာဆုံးသွားသည့်နောက်မှာ တော့ အသက်ကို ပြင်းပြင်းရှူရင်း ငြိမ်သက်သွားမိသည်။ သို့ ပေမဲ့ လည်း လူတို့၏ သဘာဝ အတိုင်း သိချင်မှု ကို အတောမသတ်နိုင်သဖြင့် နောက်တစ်ရွက် ထပ်ကိုင်မိ ပါ၏ ။
ထိုစာရွက် ကတော့ . . .
''ခင်ဗျား မြန်မြန်သေတာပဲ ကောင်းပါတယ်ဗျာ။ တကယ်တော့ ခင်ဗျားက ကျွန်တော် တို့လို အုပ်ချုပ်တဲ့လူ မဟုတ်ဘူး။ အနိုင်ကျင့်တဲ့လူဗျ။ ဦးသီလသေသွားတာ ခြောက်နှစ် ရှိနေပြီ။ ဒါပေမဲ့ ကျုပ်တို့ရွာကို မိုးရွာအောင် ခင်ဗျား အခုချိန်ထိ မစွမ်းဆောင်နိုင်ဘူး။ ကျုပ်တို့ကိုကျတော့ နေ့တိုင်း ရေခပ်ခိုင်းတယ်။ သောက်ရေကိုကျ ခွဲတမ်းနဲ့ ပြန်ခွဲပေးတယ်။
ခင်ဗျားအုပ်ချုပ်မှ ကျုပ်တို့မှာ ရေတောင် ဝဝလင်လင် မသောက်ရဘူး။ ဒီကြားထဲ ယက္ခတို့ အတွက် ရေကို တစ်လနှစ် ခါလောက် ပုံမှန်ခွဲပေးနေရသေးတယ်။ ခွဲပေးရမှာ ပေါ့ . . .
ခင်ဗျားမှ ယက္ခကို မယှဉ်နိုင်ပဲ။
ခင်ဗျားတတ်ထားတဲ့ ပညာတွေ ကိုတော့ နှမြောတယ်။
ဒါပေမဲ့ မြန်မြန်သေတာပဲ ကောင်းပါတယ်ဗျာ''
စိန်လှ
နောက်တစ်ရွက်လည်း ဆက်မဖတ်ချင်တော့။ ဒီရွာအကြောင်း ဘာမှမသိသေးပေမဲ့ ဖတ်လိုက် ရသော စာတွေ အရ သာမန်ကျေးရွာတစ်ရွာ၏ ဖြစ်တည်မှု ထက် ထူးခြားနေတာတော့ သေချာသည်။ ပြီးတော့ စိတ်ဝင်စားဖို့ ကောင်းနေသည်မှာ လည်း ဆိုဖွယ်ရာမရှိ။
လက်ထဲမှ စာရွက်ကိုချရင်း အီလစ်ဟူသော ကောင်လေးကို စူးစူးစိုက်စိုက်ကြည့်ကာ . . .
''အခု သေသွားတာ ဒီရွာရဲ့ လူကြီးလား''
''ဟုတ်တယ်။ ကျွန်တော် တို့ အခေါ်အရတော့ ရွာသူကြီးပေါ့''
ကောင်လေးက စာရွက်များ ကို တစ်ပုံစီပုံနေရာမှ အဖြေပေးသည်။
''အခုလို စာတွေ ရေး ပြီး သုသာန်နံရံမှာ သွားညှပ်ကြတာကရော ဘာသဘောလဲကွ . . . ''
မရှင်းမလင်း ဖြစ်နေသော ကိစ္စကို ခပ်သွက်သွက်ပင် မေးလိုက်သည်။ ရိုးစစ်အမေးကို ကြား တော့ ကောင်လေးက လိုလိုချင်ချင် ပြုံး၏ ။
''ဒါ . . . ဟောဒီကျေးရွာရဲ့ ထုံးစံတစ်ခုပေါ့။ လူ တစ်ယောက် သေဆုံးတာနဲ့ အသုဘချတဲ့နေ့မှာ အခုလိုပဲ သေဆုံးသူအတွက် ဝမ်းနည်းစာတွေ ရေး ပြီး သုသာန်နံရံမှာ ထိုးညှပ်ကြတယ်။ ဘယ် ကတည်းကလုပ်ခဲ့တဲ့ အစဉ်အလာလည်းတော့ မသိဘူး''
ရိုးစစ် မျက်မှော င်ကြုတ်မိ သွားပါသည်။ ကြားရသည့်စကားတွေ က ထူးဆန်းနေသည် မဟုတ်ပါ လား။
''ခင်ဗျားလည်း ဖတ်ကြည့်ပြီးသွားပြီပဲ။ ဘယ်လိုလဲ။ ကျွန်တော် ပြောတာ ဟုတ်ရဲ့ လား''
''ဟုတ်တော့ဟုတ်တယ်။ ဒါပေမဲ့ ငါ ဖတ်ကြည့်ရသလောက်တော့ ဝမ်းနည်းစာကြီးပဲ မဟုတ် သလိုပဲ''
အီလစ် နောက်တစ်ကြိမ် ထပ်ပြုံးသည်။ ဘာမျှတော့မပြော။
''ဒါ သူကြီးသေသွားလို့ ဝမ်းနည်းစာတွေ ဒီလောက်များ တာပါ။ သာမန်ရွာသားတစ်ဦးဆိုရင် တော့ ဝမ်းနည်းစာ နည်းနည်း ပါပဲ''
စာရွက်ခေါက်တွေ ဖြန့်ကာစီနေသော ကောင်လေးကိုကြည့်ပြီး မေးမိသည်။
''မင်းကရော ဒီစာရွက်တွေ ကို ဘာလို့စီနေတာလဲ''
''သင်္ချာတွက်ဖို့လေ''
ထိုစကားကြားရတော့ ဇရပ်ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ထပ်ကြည့်မိသည်။ တကယ် ဟုတ်လောက်၏ ။ ဇရပ်ကြမ်းပြင်နှင့် နံရံတို့မှာ မညီမညာရေး ခြစ်ထားသော တွက်ချက်မှု ဂဏန်းတွေ က သက်သေခံနေသည် မဟုတ်ပါလား။ တစ်စုံတစ်ရာမေးမည့် ဟန်ပြင်ပြီးမှ မမေး ဖြစ်ဘဲ တံတွေးကိုသာ မျိုချမိသည်။
လည်ချောင်းတစ်လျှောက် ပူကာဆင်းသွား၏ ။ ထိုအခါမှ ခန္ဓာကိုယ်က ရေတစ်ပေါက်ကို လှိုက်လှိုက်မောမော တောင့်တနေဆဲ ဖြစ်ကြောင်း သတိပြန်ဝင်သွားသည်ကြောင့် . . .
''ကောင်လေး . . . ဒီနားမှာ ရေလေးတစ်ခွက်လောက် မရနိုင်ဘူးလား''
သူ့စကားကြောင့် အီလစ်မှာ ဟက်ဟက်ပက်ပက် ရယ်ပါ၏ ။
''ရေ . . . ဟုတ်လား၊ အဟက် . . . ဟား ဟား . . . ဟား ခင်ဗျား တော် တော် ရယ်ရတဲ့လူပဲ။ ခုန အသုဘလိုက်ပို့တဲ့လူတွေ ဝိုင်းအော်ကြတဲ့စကားတွေ ကို မကြားဘူးလား''
ရိုးစစ် မျက်မှော င်ကုတ်မိသွားတော့ . . .
''ရေရှားတယ်လို့ ပြောဦးမလား၊ ရေငတ်ပြီး သေကြဦးမလား ဆိုတာလေ''
ရိုးစစ် မှတ်မိသလို ခေါင်းညိတ်ပြလိုက်သည်။
''ဒီရွာမှာ မိုးမရွာတာ ခြောက်နှစ် ရှိပြီ''
''ဟေ . . . ''
''ဟုတ်တယ်၊ မိုးမရွာတာ ခြောက်နှစ် ရှိသွားပြီ''
ချက်ချင်း ပဲ ခုနဖတ်လိုက်ရသော စာသားတစ်ရပ်ကို သတိရမိပါသည်။ ဖတ်တုန်း ကတော့ မယုံ တစ်ဝက်၊ ယုံတစ်ဝက်၊ ကျိန်စာတွေ ၊ မိုးခေါင်တာတွေ ကို ဖတ်သာဖတ်လိုက်ရတယ်။ သိပ်မယုံချင်၊ နားလည်း နားမလည်၊ ဒါပေမဲ့ . . .
''ဘာ ဖြစ်လို့လဲ''
''ကျိန်စာအတိုက်ခံထားရလို့''
စာထဲမှာ သိထားပြီးသား ဖြစ်ပေမဲ့ သူပါးစပ်ဟောင်းလောင်း ပွင့်သွားသည်။ အံ့သြတကြီး ဖြစ်သွားသော သူ့ပုံစံကိုကြည့်၍ ကောင်လေးက . . .
''ကဲပါ၊ ဒါတွေ ထားလိုက်ပါ။ အခုလောလောဆယ် ခင်ဗျား ရေဆာပြေဖို့ ကျွန်တော် ကူညီပေး ပါ့မယ်''
ပြောပြောဆိုဆို ကောင်လေးက ဇရပ်တစ်နေရာကို လျှောက်လှမ်းသွားသည်။ ထိုနေရာမှာ ကောင်လေး၏ တိုလီမိုလီပစ္စည်းများ ထားရှိရာနေရာ ဖြစ်နိုင်ပါသည်။ စာအုပ်အဟောင်းတွေ ၊ ရေဘူးခွံ တွေ ၊ ပန်းကန်ခွက်ယောက် အစုတ်အပြတ်တွေ ၊ အဝတ်အစား အဟောင်းအမြည့် တွေ ၊ မီးသွေးခဲ အတို အစတွေ စုံကာနေ၏ ။
ထိုအထဲကမှ ကောင်လေးက ဘူးသီးခြောက်တစ်လုံးကို ဆွဲထုတ်လာပြီး . . .
''ရော့ . . . ခင်ဗျား တစ်ယောက် စာတော့ ရမှာ ပါ''
ဘူးသီးကို အူတိုင်နွှာ အခြောက်ခံထားသော ကျေးလက်ရေဘူးတစ်မျိုး ဖြစ်သည်။ အဖုံး ဖွင့်ကြည့်လိုက်တော့ လက်နှစ် ဆစ်ပမာဏလောက်သော ရေထုထည်တစ်ခုကို တလှုပ်လှုပ် တွေ့ ရ သည်။ ရိုးစစ် အငမ်းမရ မော့ချလိုက်တော့ . . .
''ဖြည်းဖြည်းသောက်ဗျ . . . သီးနေဦးမယ်''
အူလမ်းကြောင်းတစ်လျှောက် အေးမြသက်ဆင်းသွားသည်။ စေတနာရှင်ကောင်လေးက နံဘေးတွင် ရပ်ကာ ငတ်ငတ်မွတ်မွတ် သောက်နေသော သူ့ပုံစံကိုကြည့်ရင်း . . .
''ဗိုက်ရောဆာနေသေးလား . . . ဗိုက်ဆာရင်တော့ ကျွန်တော့် မှာ စားစရာမရှိတော့ဘူး''
''ရပါတယ်''
ဘူးသီးခြောက်ကိုချကာ အဖြေပြန်ပေးတော့ ကောင်လေးက ခေါင်းတစ်ချက် ညိတ်သည်။ ရေ အဝသောက်လိုက်ရသည်ကြောင့် လား မသိ၊ မျက်ခွံတို့ လေးလံလာသည် ထင်မိသည်။ ခရီးပင်ပန်းမှု ၊ မောဟိုက်နွမ်းနယ်မှု တွေ နှင့် လူက ချက်ချင်း ဆိုသလို ထုံထုံထိုင်းထိုင်း ဖြစ်သွား၏ ။
ဒါကို ကောင်လေးက ရိပ်မိသည်ထင်သည်။
''ခရီးပမ်းလာတာပဲဗျာ၊ ခဏလောက်အိပ်လိုက်ပါလား၊ အားပြန်ပြည့်တာပေါ့''
ရိုးစစ် ခေါင်းညိတ်မိလိုက်သလား မသိ။ ဒါပေမဲ့ ကောင်လေးအကြောင်းကိုလည်း ယခုထက် ပိုသိချင်နေသေးသည်။ ထို့အတွက်ကြောင့်
''အခုလို ကူညီတာ ကျေးဇူးအများ ကြီး တင်ပါတယ်ကွာ''
ပြောပြောဆိုဆို ကောင်လေးရှေ့သို့ လက်ထိုးပေးတော့ . . .
''ရပါတယ်''
လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သော အထိအတွေ့ တစ်ခုအောက်မှာ . . .
ခဏတာ လွင့်မျောသွားသည် ထင်မိသည်။ ပြီးတော့မှ . . .
''သြော် . . . ''
လွယ်အိတ်ကို ခေါင်းအုံးအိပ်နေရာမှ ဆတ်ခနဲ နိုးလာတော့ နေရောင် က သူအိပ်ပျော်ရာအရပ် ကို ထိုးကျနှုတ်ဆက်နေပါပြီ။ နားထဲမှာ လည်း တံမြက်စည်းလှည်းသံ တရှပ်ရှပ်ကို ကြားရသည်ကြောင့် ထထိုင်လိုက်တော့ . . .
''ချလွမ် . . . ''
ခြေထောက်က သံပန်းကန်တစ်ချပ်ကို အမှတ်မထင် သွားတိုက်မိ၏ ။ ထိုအသံကြောင့် တံမြက် စည်းလှည်းသံ ရပ်သွားပြီး . . .
''နိုးပြီလားဗျ . . . ''
ကြားဖူးထားသော အသံတစ်ခုက နားထဲတိုးဝင်လာသည်။
''အေးကွာ . . . နိုးပြီ''
ပြန်လည်အဖြေပေးရင်း နေရောင် ဝါဝါ ထိုးကျနေသော ပတ်ဝန်းကျင်ကို မယုံသလို ဝေ့ဝဲကြည့်မိ တော့ . . .
''ဘာလဲ . . . နေ့တစ်ဝက်နဲ့ တစ်ညလုံးအိပ်ပျော်သွားလို့ ကိုယ့်ကိုယ်ကိုယ် အံ့သြနေတာလား''
ကြားရသော စကားကြောင့် ဝေဝေဝါးဝါး ဖြစ်နေသော မျက်လုံးတို့ ပြူးကျယ်သွား၏ ။ ကိုယ့် ကိုယ်ကိုယ်လည်း မယုံမရဲ ဖြစ်သွားကာ . . .
''ငါ တကယ် အဲလောက်ထိ အိပ်ပျော်သွားတာလား''
''ဟုတ်တယ်လေ . . . ၊ မိုးလင်းပြီးလို့ ဟိုမှာ နေတောင်ထွက်နေပြီ''
တကယ်လည်း နေလုံးနီနီက ထွက်ပြူစပင်ရှိသေးတာမို့ မယုံမကြည် ဖြစ်မိပေမဲ့ လက်ခံလိုက်ရ တော့၏ ။ လမ်းခရီး၏ ပင်ပန်းမှု ဒဏ်တွေ ကို အိပ်စက်ခြင်းနှင့် ကုစားလိုက်ရသည် မဟုတ်ပါလား။ ယခုမှ လူက အနည်းငယ်ပေါ့ပါးကာ စိတ်လက်ကြည်လင်လာသလို ရှိသည်။
''ဟိုမှာ ခင်ဗျား မျက်နှာသစ်ဖို့ ရေယူလာတယ်''
ညွှန်ပြရာဆီကြည့်မိတော့ ရေအပြည့်နှင့် ခွက်နှစ် ခွက်ကို တွေ့ ရသည်။ ထိုရေနှစ် ခွက်အား ကြည့်ရင်း အနည်းငယ် တွေ ဝေမိ သွားပါသည်။ မနေ့က သောက်ရေပင် အနိုင်နိုင် ဖြစ်သော ဇရပ်က ယခု ခွက်ပြည့်နှစ် ခွက်ဆိုတော့ . . .
''ဒီရေတွေ က . . . ''
တစ်ဝက်တစ်ပျက်နှင့် ရပ်သွားပေမဲ့ ကောင်လေးက သဘောပေါက်သလို . . .
''ဟိုးတောင်ထိပ်က တဲဝိုင်းဝိုင်းလေးကိုတွေ့ လား''
လက်ညှိုးညွှန်ရာ လှမ်းမျှော်ကြည့်မိတော့ နုသစ်စနေရောင် အောက်မှာ တစ်လုံးတည်းရှိနေ သော တဲပုပုဝိုင်းဝိုင်းလေးကို တွေ့ ရသည်။ တောင်ကုန်းမြင့်ပေါ်မှာ ထိုတဲအိမ်တစ်လုံးမှလွဲပြီး ကျန်သည့် အဆောက်အဦးများ ကို မတွေ့ ရ။ ဆောက်လုပ်ထားသော အချိန် ကြာမြင့်ပြီး ဖြစ်ကြောင်း အိုဟောင်းကျွတ်ဆပ်နေသော တိုက်အိမ်လေးကို ကြည့်ရင်း တွေးမိသည်။
သို့ ပေမဲ့ ဘာကြောင့် မှန်းမသိ ကြည့်ရတာ တစ်ခုခု ဆန်းကြယ်နေသည်။
''ဒီရေတွေ အဲဒီ အိမ်ကယူလာတာ''
''အဲဒီ မှာ ရေပေါတယ်ပေါ့''
''အင်း . . . ဆိုပါတော့ . . . ''
သိပ်တော့ နားမလည်ပါချေ။ တောင်ကုန်းမြင့်ပေါ်သွားပြီး ရေပေါရသည်တဲ့။ သူ နားမလည် ပေမဲ့ ကောင်လေး ကတော့ တံမြက်စည်း ဆက်လှဲနေသည်။ ထို့ကြောင့် သူလည်း ထိုင်ရာမှထကာ ရေနှစ် ခွက်ရှိရာဆီ သွားလိုက်သည်။ အနီးကပ်ကြည့်မိတော့ ရေမှာ အကြည်လင်ကြီးမဟုတ်ပေမဲ့ စိမ်းလဲ့လဲ့ ရှိနေပါသည်။
တစ်ငုံ ငုံကြည့်လိုက်တော့ ပေါ့ရွှတ်ရွှတ်အရသာကို ခံစားရ၏ ။ ကိစ္စမရှိပါ။ သူ မော့သောက်ပစ် လိုက်ပါသည်။ ပြီးတော့မှ မျက်နှာသစ်ခြင်းအမှု ကို ပြုသည်။ ပြီးဆုံးသွားစဉ်မှာ ပဲ ရပ်ကြည့်နေပုံရသော ကောင်လေးက . . .
''ပြီးရင် သွားရအောင်''
''ဘယ်ကိုလဲ''
ရိုးစစ် ကြောင်တောင်တောင်ဖြင့် ပြန်မေးလိုက်တော့ . . .
''ခင်ဗျားကို သူကြီးအိမ်လိုက်ပို့ပေးမလို့''
''သူကြီးအိမ် . . . ''
သံယောင်လိုက်သွားမိကာ မျက်လုံးတွင်းမှာ လည်း မနေ့က အသုဘတစ်ခုကို ပြေးမြင်မိသွား သည်ကြောင့် . . .
''သူကြီးက မနေ့ကပဲ အသုဘချလိုက်ပြီ မဟုတ်ဘူးလား''
''ဟုတ်တယ်လေ၊ ဒါပေမဲ့ သူ့ညီ ကျန်ခဲ့တယ်။ ခင်ဗျားကို သူ့ညီဆီလိုက်ပို့ပေးမှာ ''
''ဘာလုပ်ဖို့လဲ''
ကောင်လေးက သူ့ကို သေချာကြည့်၏ ။
''ခင်ဗျား ဗိုက်မဆာဘူးလား''
ထိုအခါမှ သတိရသွား၏ ။ ဟုတ်သားပဲ။ သူ ထမင်းမစားရတာ ရက်ပေါင်းတော် တော် ကြာနေ ပြီ။ ပါလာသော ရိက္ခာ ပြတ်သွားချိန်မှာ အဆင်ပြေတာကို စားသောက်ရင်း ခရီးဆက်လာရသည် မဟုတ်ပါလား။
ဆက်ရမဲ့ခရီးက ဘယ်ဆီဘယ်ဝယ်မှန်း မသိသေး။ ခန္ဓာကိုယ်အတွက် အာဟာရတစ်ခုခုတော့ ဖြည့်တင်းပေးမှ ဖြစ်ပေမည် ။ ရေပဲရှိသည့်ခန္ဓာကိုယ်က ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ သူ ဆုံးဖြတ်ဖို့ မတတ်နိုင်သည်လေ။
''လိုက်ခဲ့ပါ၊ ကျွန်တော် တို့ရွာက ဧည့်သည်တွေ အပေါ်မှာ တာဝန် အမြဲကျေပါတယ်''
ပြောပြောဆိုဆို ကောင်လေးက လက်ခေါက်တစ်ချက်အား အသံရှည်ဆွဲကာ မှု တ်လိုက်သည်။
''ရွှီး . . . ''
လက်ခေါက်သံက သုသာန်တွင်းမှတစ်ဆင့် လေဆောင်ရာကို မျောပါသွား၏ ။ ရိုးစစ် ကြောင် တောင်တောင်ဖြင့် ရပ်ကြည့်မိစဉ်မှာ ပဲ မြင်းခွာသံတချို့ကို ကြားရသည်။ မကြာလိုက်၊ မြင်းညိုကြီး တစ်ကောင် သုသာန်တွင်းသို့ ဒုန်းစိုင်းပြီး ဝင်ရောက်လာပါသည်။ အီလစ် ရှေ့တည့်တည့်အရောက်မှာ ငြိမ်ဝပ်ပိပြားစွာ ရပ်တန့်လိုက်သည်ကို တွေ့ ရ၏ ။
''မင်းကို ငါပြန်လာမှ ရွာထိပ်မှာ အစာလိုက်ကျွေးမယ်။ အခုတော့ ဒီမှာ ခဏနေဦး''
ပြောလည်းပြော လက်ကလည်း မြင်းကြီးကိုဆွဲကာ ဇရပ်တိုင်တစ်တိုင်တွင် ကြိုးချည်နေတာမို့ . . .
''ဟာ . . . တယ်ဟုတ်ပါလား . . . မင်း မြင်းကြီးက လိမ္မာလှချည်လား''
ရိုးစစ် မနေနိုင်စွာ ဆိုတော့ ကောင်လေးက . . .
''ဒီရွာမှာ ကျွန်တော့် စကားနားထောင်တာ ဒီကောင်ကြီးပဲရှိတယ်''
ပြောပြီး လှည့်ထွက်သွားသည်ကြောင့် ရိုးစစ်လည်း လွယ်အိတ်ကိုဆွဲကာ ကောင်လေးနောက် မှ အပြေးလိုက်ရတော့သည်။
''မြန်မြန်လာပါဗျ။ ကျွန်တော် က ရွာထဲကို ခိုးဝင်ရတာ ''
လာပြန်ပါပြီ။ ဒီရွာကိုရောက်ကတည်းက မြင်ရ ကြားရသော ထူးဆန်းမှု တွေ မှာ မကုန်သေး။ အခုလည်း ထပ်ကြားရပြန်ပါပြီ။ ရွာထဲကို ခိုးဝင်ရတာ တဲ့။ ကောင်လေးပုံစံက ပြောသော စကားနှင့် လျော်ညီစွာ သွက်သွက်လက်လက်၊ ခိုးကြောင်ခိုးဝှက်ပုံစံပါပင်။ ရှေ့ကသာ သွားနေရသည်။ တစ်စုံ တစ်ယောက် က သူ့ကိုတွေ့ သွားမှာ စိုးရွံ့နေသော ပုံစံမျိုး။
ဘာပဲ ဖြစ် ဖြစ် ရိုးစစ် ကောင်လေးကိုမီအောင် ခပ်သွက်သွက် လှမ်းလိုက်၏ ။ သူက ဧည့်သည် ပင်မဟုတ်ပါလား။ ရွာထဲသို့ အချိန်အတော် ကြာဝင်ပြီးသည့်တိုင်အောင် မနေ့ကအတိုင်းပဲ တိတ်ဆိတ် မှု တွေ ကိုသာ ရင်ဆိုင်ရသည်။ သူတို့နှစ် ယောက် လျှောက်လှမ်းလာရာ လမ်းဘေးတစ်ဖက်တစ်ချက်မှာ လူနေအိမ်များ ကို တွေ့ ရပေမဲ့ လူရိပ်လူခြည် ကင်းမဲ့နေ၏ ။ ဒါပေမဲ့ တချို့တလေအိမ်တွေ မှာ တော့ ကလေးငယ်များ နှင့် သက်ကြီးရွယ်အိုများ ကို တွေ့ ရသည်။
သူ့လိုအရွယ် လူငယ်များ ကို မတွေ့ ရ။ ပြီးတော့ မြင်တွေ့ ရသမျှ ပတ်ဝန်းကျင်မှာ လည်း ဆိုးရွား လှ၏ ။ ဖုန်ထူရုံပင်မဟုတ်၊ အရိုးပြိုင်းပြိုင်း ထနေသော သစ်ခြောက်ပင်များ ၊ အမှိုက်များ ၊ တဲအိမ်အစုတ် အပြတ်များ နှင့် မြင်မြင်သမျှက မီးလောင်ပြင်ဆန်နေသည်။
တစ်ချိန်က အသုံးပြုခဲ့ဟန်တူသော ရေကန်အဟောင်းများ ကိုလည်း တွေ့ ရ၏ ။ ရေရှိဖို့ ဝေးစွ၊ ပတ်ကြာအက်တွေ နှင့် သာ ပြည့်နှက်နေသည်။ စိုက်ပျိုးရေး လုပ်ခဲ့ဟန်တူသော ခြံကျယ်ကြီးများ ၊ ရေနုတ်မြောင်းများ ကိုလည်း တွေ့ ရသည်။ ဤအခြင်းအရာတွေ ကို ကြည့်ခြင်းအားဖြင့် ရာသီမည် မျှ တိုင်တိုင် မိုးဥတုမဲ့ခဲ့ကြောင်း ရိုစစ် ခန့်မှန်းမိသည်။
လျှောက်လာရင်း အချိန်အတော် ကြာတော့ အိမ်ကြီးတစ်ဆောင်ကို ခပ်လှမ်းလှမ်းမှ တွေ့ ရ သည်။ အီလစ်က ထိုအိမ်ကြီးဆီသို့ ဦးတည်ကာသွားနေ၏ ။ သဘောပေါက်လိုက်ပါသည်။ ထိုအိမ်ကြီး မှာ သူကြီးအိမ်ပင် ဖြစ်ပေလိမ့်မည် ။
ထင်သည့်အတိုင်းပါပဲ။ ခြံပေါက်ဝနှင့် အနီးဆုံးနေရာရောက်တော့ . . .
''ဒါ . . . သူကြီးအိမ်ပဲ . . . ''
ကြီးမားခန့်ထည်လွန်းပါသည်။ ဒီရွာမှာ အကြီးဆုံးအိမ်ဟု ပြော၍ ရလောက်သည်။ ယခင်က တော့ ရေနံချေးရောင် တပြောင်ပြောင်နှင့် ရှိလိမ့်မည် ဖြစ်သော်လည်း ယခုတော့ ဖြူလျော်နေပါပြီင်္။ နှစ် ထပ်အိမ် ဖြစ်ပြီး ကျွန်းတိုင်လုံးအများ အပြားနှင့် ဆောက်လုပ်ထားကြောင်း တွေ့ ရ၏ ။
ကြည့်ရုံနှင့် ပင် စိတ်ကို တစ်စုံတစ်ရာ လွှမ်းမိုးထားနိုင်သော တည်ဆောက်ပုံ ဖြစ်သည်။ ရိုးစစ် ကြည့်နေရင်းနှင့် စိတ်ထဲမှာ စနိုးစနောင့် ဖြစ်လာသည်ကြောင့် နံဘေးမှ အီလစ်ကို လှည့်ကြည့်လိုက် တော့ . . .
''ဟင် . . . ''
ခေါင်းနားပန်းကြီးသွားရပါသည်။ အီလစ်မှာ ရှိမနေတော့။ ထိတ်လန့်တကြား ဟိုဟိုဒီဒီ ရှာကြည့်မိစဉ်မှာ ပင် . . .
''ဧည်သည်မောင်ရင်လေး . . . အထဲကိုဝင်ခဲ့လေ''
''ဟာ . . .''
ကြက်သီးတို့ ဖျန်းခနဲသီးကာ လူကအလိုလို နောက်တစ်လှမ်း ဆုတ်မိသွား၏ ။ မနေ့က သုသာန်မှာ ကြားခဲ့ရသော ကြောက်မက်ဖွယ်အသံဝါကြီး။ ထိတ်ထိတ်ပျာပျာဖြင့် ဟိုဟိုဒီဒီ ကြည့်လိုက် မိစဉ်မှာ ပဲ . . .
''လာပါ၊ အန္တရာယ်မရှိပါဘူး''
အိမ်ကြီးထဲမှ ထွက်လာခြင်း ဖြစ်လေသည်။ အိမ်ကြီးဆီကြည့်ကာ လူက ဘာလုပ်ရမှန်းမသိ ငြိမ်သက်သွားမိတော့ . . .
''ဟား . . . ဟား . . . ဟား . . . ''
ချောက်ချားဖွယ်ရယ်သံကြီးတစ်ခု ထပ်ထွက်လာပါ၏ ။ ထိုရယ်သံကြီးနှင့် အတူ . . .
''အဟား . . . မကြောက်ပါနဲ့၊ . . . ပြီးမှ အထင်နဲ့ အမြင်လွဲနေရင် အသည်းငယ်မိတဲ့ ကိုယ့်ကို ကိုယ် နောင်တရနေဦးမယ်''
ပထမဆုံး သူ့ကို ဆွံ့အသွားစေသော စကားပါပဲ။ ဒီစကားမှာ အဓိပ္ပာယ်တစ်ခု ပါနေသလို။ ဟုတ်တော့လည်း ဟုတ်သည်။ ဘာမှန်းမသိသည့်ရွာကို တစ်ယောက် တည်းရောက်လာသည်။ ကြောက်လည်း ကြောက်နေပြန်သေးလျှင် ပိုဆိုးပေတော့မည် ။ ထို့ကြောင့် စိတ်ကိုတင်းကာ ခြေတစ်လှမ်းရှေ့တိုးလိုက်၏ ။
ခြံတံခါးဖွင့်ထားလျက်မို့ လေးလှမ်းမြောက်မှာ ပင် ခြံတွင်းသို့ ရောက်သွားသည်။ အထဲမှပုဂ္ဂိုလ် ကတော့ သူ့ကိုမြင်နေမှာ သေချာ၏ ။ အသံတော့ ထပ်ထွက်မလာသေး။ ဒါပေမဲ့ အိမ်ကြီးနဲ့နီးလာတော့ တုန်လှုပ်ချောက်ချားစိတ်တို့ ပြန်လည် ဖြစ်ထွန်းလာပါသည်။ အကြောင်းကား အိမ်ကြီးအား ကာရံထား သော ပျဉ်ချပ်များ ကို အနီးကပ်မြင်တွေ့ လိုက်ရသော ကြောင့် ။
သာမန်အကာရံတစ်ခု မဟုတ်ပါ။ ပျဉ်ပေါ်တွင် နံရံဆေးရေး ပန်းချီသဘောမျိုး အရုပ်တွေ ရေး ဆွဲ ထားသည်။ နီးစပ်နေသော ရုပ်ပုံတစ်ခုကို လှမ်းကြည့်လိုက်တော့ . . .
ဝတ်ရုံရှည်ဝတ်ထားသော လူ တစ်ယောက် ၊ နှင်တံတစ်ခုကို ကိုင်ကာ မျက်လှည့်ပြနေသည်။ ကြည့်ရှုနေဟန် ပရိသတ်ပုံတွေ လည်း ရေး ဆွဲထားသည်။ နောက်တစ်ပုံက လူ တစ်ယောက် ကို လှဲနေ စေပြီး ဝတ်ရုံရှည်ဝတ်ထားသော ဆရာက ဓားမောက်တစ်ချောင်းဖြင့် လည်ပင်းကို ပိုင်းဖြတ်ဟန် ရွယ်ထားသည်။ တစ်ဆက်တည်းပုံတစ်ခုမှာ လှဲထားပေးသူ၏ ဦးခေါင်း ပြတ်ကျသွား၏ ။ ထိုဦးခေါင်းကို ခွေးတစ်ကောင်က လာဆွဲသွားသည်။
နောက်တစ်ပုံမှာ မျက်လှည့်ဆရာက လက်ကို ဆန့်တန်းထား၏ ။ လူ တစ်ယောက် မှာ ဆရာ၏ ပညာစွမ်းဖြင့် လေပေါ်တွင် ဝဲပျံနေသည်။ ရိုးစစ် မျက်မှော င်ကြုတ်ကာ စိတ်ထဲမှာ လည်း ထင့်ခနဲ ဖြစ်သွားသည်။ ထို့ကြောင့် ကပျာကယာပင် နောက်ပုံတစ်ခုကို အကြည့်ရွှေ့လိုက်တော့ . . .
မိန်းမပျို တစ်ယောက် တယောထိုးနေသည်။ ဆရာက မိန်းမပျိုရှေ့မှ လိုက်ကာ ကွယ်လိုက်၏ ။ လိုက်ကာဖယ်လိုက်သော အခါ မိန်းမပျိုမှာ မရှိတော့ချေ။ ဒါပေမဲ့ တယောနှင့် ဘိုတံမှာ လေထဲ၌ တံ့ပြီး ဆက်လက် လှုပ်ရှားလျက်ရှိနေသည်။
ကြက်သီးများ ပင် ထမိသွားသလား မသိတော့ပါ။ ဒီရုပ်ပုံလွှာတွေ မှာ မျက်လှည့်ပညာ၏ အဆင့် မြင့်ပြကွက်တွေ ဖြစ်သည်။ ဒီရုပ်ပုံတွေ ကို ဘာကြောင့် အိမ်နံရံမှာ ရေး ဆွဲထားရတာ နည်း။ ရိုးစစ် ကြောင်ငေးရပ်နေစဉ်မှာ ပဲ . . .
''မောင်ရင်က မျက်လှည့်ကို စိတ်ဝင်စားတယ်လား''
ရှေ့တူရူဆီမှ ထွက်ပေါ်လာသော အသံနောက်မှာ သက်ပြင်းကို ချလိုက်မိတော့၏ ။ ကြောက် မက်ဖွယ်အသံဝါကြီးက ဒီတစ်ခါ တိုးဖျော့လို့လားမသိ၊ အနည်းငယ် နားဝင်ချိုနေသည်။ သူ့ရှေ့မှာ လိုက်ကာတစ်စ။ ထိုလိုက်ကာက အိမ်ကြီးနှင့် သူ့ကို ခြားနားထား၏ ။ လိုက်ကာကိုဖယ်၍ ရှေ့တစ်လှမ်း တိုးလျှင် အိမ်တွင်းသို့ ရောက်ပေပြီ။ အိမ်ထဲမှာ ကြောက်မက်ဖွယ်အသံကိုပိုင်ဆိုင်သူ ပုဂ္ဂိုလ်ရှိနေသည်။ ဘာလုပ်ရမလဲ၊ ဒီအတိုင်းရပ်နေရမလား၊ လိုက်ကာဖယ်ပြီး ဝင်သွားရမလား။
တုံ့ဆိုင်းမိပေမဲ့ ခဏအကြာမှာ သူ့နှုတ်ခမ်း တွန့်ကွေးသွား၏ ။ ခန္ဓာကိုယ်တွင်းမှာ အမေ့ရဲ့ သွေး တွေ စီးဝင်လာသလို ခံစားလိုက်ရသည်။ ထိုခဏမှာ ပဲ လက်က အလိုလို လိုက်ကာအား ဆွဲဖယ်ပစ် လိုက်တော့၏ ။ အတွင်းမှ ထွက်ပေါ်လာသည် ကတော့ . . .
V
''မြန်မြန်လာပါဗျ။ ကျွန်တော် က ရွာထဲကို ခိုးဝင်ရတာ ''
လာပြန်ပါပြီ။ ဒီရွာကိုရောက်ကတည်းက မြင်ရ ကြားရသော ထူးဆန်းမှု တွေ မှာ မကုန်သေး။ အခုလည်း ထပ်ကြားရပြန်ပါပြီ။ ရွာထဲကို ခိုးဝင်ရတာ တဲ့။ ကောင်လေးပုံစံက ပြောသော စကားနှင့် လျော်ညီစွာ သွက်သွက်လက်လက်၊ ခိုးကြောင်ခိုးဝှက်ပုံစံပါပင်။ ရှေ့ကသာ သွားနေရသည်။ တစ်စုံ တစ်ယောက် က သူ့ကိုတွေ့ သွားမှာ စိုးရွံ့နေသော ပုံစံမျိုး။
ဘာပဲ ဖြစ် ဖြစ် ရိုးစစ် ကောင်လေးကိုမီအောင် ခပ်သွက်သွက် လှမ်းလိုက်၏ ။ သူက ဧည့်သည် ပင်မဟုတ်ပါလား။ ရွာထဲသို့ အချိန်အတော် ကြာဝင်ပြီးသည့်တိုင်အောင် မနေ့ကအတိုင်းပဲ တိတ်ဆိတ် မှု တွေ ကိုသာ ရင်ဆိုင်ရသည်။ သူတို့နှစ် ယောက် လျှောက်လှမ်းလာရာ လမ်းဘေးတစ်ဖက်တစ်ချက်မှာ လူနေအိမ်များ ကို တွေ့ ရပေမဲ့ လူရိပ်လူခြည် ကင်းမဲ့နေ၏ ။ ဒါပေမဲ့ တချို့တလေအိမ်တွေ မှာ တော့ ကလေးငယ်များ နှင့် သက်ကြီးရွယ်အိုများ ကို တွေ့ ရသည်။
သူ့လိုအရွယ် လူငယ်များ ကို မတွေ့ ရ။ ပြီးတော့ မြင်တွေ့ ရသမျှ ပတ်ဝန်းကျင်မှာ လည်း ဆိုးရွား လှ၏ ။ ဖုန်ထူရုံပင်မဟုတ်၊ အရိုးပြိုင်းပြိုင်း ထနေသော သစ်ခြောက်ပင်များ ၊ အမှိုက်များ ၊ တဲအိမ်အစုတ် အပြတ်များ နှင့် မြင်မြင်သမျှက မီးလောင်ပြင်ဆန်နေသည်။
တစ်ချိန်က အသုံးပြုခဲ့ဟန်တူသော ရေကန်အဟောင်းများ ကိုလည်း တွေ့ ရ၏ ။ ရေရှိဖို့ ဝေးစွ၊ ပတ်ကြာအက်တွေ နှင့် သာ ပြည့်နှက်နေသည်။ စိုက်ပျိုးရေး လုပ်ခဲ့ဟန်တူသော ခြံကျယ်ကြီးများ ၊ ရေနုတ်မြောင်းများ ကိုလည်း တွေ့ ရသည်။ ဤအခြင်းအရာတွေ ကို ကြည့်ခြင်းအားဖြင့် ရာသီမည် မျှ တိုင်တိုင် မိုးဥတုမဲ့ခဲ့ကြောင်း ရိုစစ် ခန့်မှန်းမိသည်။
လျှောက်လာရင်း အချိန်အတော် ကြာတော့ အိမ်ကြီးတစ်ဆောင်ကို ခပ်လှမ်းလှမ်းမှ တွေ့ ရ သည်။ အီလစ်က ထိုအိမ်ကြီးဆီသို့ ဦးတည်ကာသွားနေ၏ ။ သဘောပေါက်လိုက်ပါသည်။ ထိုအိမ်ကြီး မှာ သူကြီးအိမ်ပင် ဖြစ်ပေလိမ့်မည် ။
ထင်သည့်အတိုင်းပါပဲ။ ခြံပေါက်ဝနှင့် အနီးဆုံးနေရာရောက်တော့ . . .
''ဒါ . . . သူကြီးအိမ်ပဲ . . . ''
ကြီးမားခန့်ထည်လွန်းပါသည်။ ဒီရွာမှာ အကြီးဆုံးအိမ်ဟု ပြော၍ ရလောက်သည်။ ယခင်က တော့ ရေနံချေးရောင် တပြောင်ပြောင်နှင့် ရှိလိမ့်မည် ဖြစ်သော်လည်း ယခုတော့ ဖြူလျော်နေပါပြီင်္။ နှစ် ထပ်အိမ် ဖြစ်ပြီး ကျွန်းတိုင်လုံးအများ အပြားနှင့် ဆောက်လုပ်ထားကြောင်း တွေ့ ရ၏ ။
ကြည့်ရုံနှင့် ပင် စိတ်ကို တစ်စုံတစ်ရာ လွှမ်းမိုးထားနိုင်သော တည်ဆောက်ပုံ ဖြစ်သည်။ ရိုးစစ် ကြည့်နေရင်းနှင့် စိတ်ထဲမှာ စနိုးစနောင့် ဖြစ်လာသည်ကြောင့် နံဘေးမှ အီလစ်ကို လှည့်ကြည့်လိုက် တော့ . . .
''ဟင် . . . ''
ခေါင်းနားပန်းကြီးသွားရပါသည်။ အီလစ်မှာ ရှိမနေတော့။ ထိတ်လန့်တကြား ဟိုဟိုဒီဒီ ရှာကြည့်မိစဉ်မှာ ပင် . . .
''ဧည်သည်မောင်ရင်လေး . . . အထဲကိုဝင်ခဲ့လေ''
''ဟာ . . .''
ကြက်သီးတို့ ဖျန်းခနဲသီးကာ လူကအလိုလို နောက်တစ်လှမ်း ဆုတ်မိသွား၏ ။ မနေ့က သုသာန်မှာ ကြားခဲ့ရသော ကြောက်မက်ဖွယ်အသံဝါကြီး။ ထိတ်ထိတ်ပျာပျာဖြင့် ဟိုဟိုဒီဒီ ကြည့်လိုက် မိစဉ်မှာ ပဲ . . .
''လာပါ၊ အန္တရာယ်မရှိပါဘူး''
အိမ်ကြီးထဲမှ ထွက်လာခြင်း ဖြစ်လေသည်။ အိမ်ကြီးဆီကြည့်ကာ လူက ဘာလုပ်ရမှန်းမသိ ငြိမ်သက်သွားမိတော့ . . .
''ဟား . . . ဟား . . . ဟား . . . ''
ချောက်ချားဖွယ်ရယ်သံကြီးတစ်ခု ထပ်ထွက်လာပါ၏ ။ ထိုရယ်သံကြီးနှင့် အတူ . . .
''အဟား . . . မကြောက်ပါနဲ့၊ . . . ပြီးမှ အထင်နဲ့ အမြင်လွဲနေရင် အသည်းငယ်မိတဲ့ ကိုယ့်ကို ကိုယ် နောင်တရနေဦးမယ်''
ပထမဆုံး သူ့ကို ဆွံ့အသွားစေသော စကားပါပဲ။ ဒီစကားမှာ အဓိပ္ပာယ်တစ်ခု ပါနေသလို။ ဟုတ်တော့လည်း ဟုတ်သည်။ ဘာမှန်းမသိသည့်ရွာကို တစ်ယောက် တည်းရောက်လာသည်။ ကြောက်လည်း ကြောက်နေပြန်သေးလျှင် ပိုဆိုးပေတော့မည် ။ ထို့ကြောင့် စိတ်ကိုတင်းကာ ခြေတစ်လှမ်းရှေ့တိုးလိုက်၏ ။
ခြံတံခါးဖွင့်ထားလျက်မို့ လေးလှမ်းမြောက်မှာ ပင် ခြံတွင်းသို့ ရောက်သွားသည်။ အထဲမှပုဂ္ဂိုလ် ကတော့ သူ့ကိုမြင်နေမှာ သေချာ၏ ။ အသံတော့ ထပ်ထွက်မလာသေး။ ဒါပေမဲ့ အိမ်ကြီးနဲ့နီးလာတော့ တုန်လှုပ်ချောက်ချားစိတ်တို့ ပြန်လည် ဖြစ်ထွန်းလာပါသည်။ အကြောင်းကား အိမ်ကြီးအား ကာရံထား သော ပျဉ်ချပ်များ ကို အနီးကပ်မြင်တွေ့ လိုက်ရသော ကြောင့် ။
သာမန်အကာရံတစ်ခု မဟုတ်ပါ။ ပျဉ်ပေါ်တွင် နံရံဆေးရေး ပန်းချီသဘောမျိုး အရုပ်တွေ ရေး ဆွဲ ထားသည်။ နီးစပ်နေသော ရုပ်ပုံတစ်ခုကို လှမ်းကြည့်လိုက်တော့ . . .
ဝတ်ရုံရှည်ဝတ်ထားသော လူ တစ်ယောက် ၊ နှင်တံတစ်ခုကို ကိုင်ကာ မျက်လှည့်ပြနေသည်။ ကြည့်ရှုနေဟန် ပရိသတ်ပုံတွေ လည်း ရေး ဆွဲထားသည်။ နောက်တစ်ပုံက လူ တစ်ယောက် ကို လှဲနေ စေပြီး ဝတ်ရုံရှည်ဝတ်ထားသော ဆရာက ဓားမောက်တစ်ချောင်းဖြင့် လည်ပင်းကို ပိုင်းဖြတ်ဟန် ရွယ်ထားသည်။ တစ်ဆက်တည်းပုံတစ်ခုမှာ လှဲထားပေးသူ၏ ဦးခေါင်း ပြတ်ကျသွား၏ ။ ထိုဦးခေါင်းကို ခွေးတစ်ကောင်က လာဆွဲသွားသည်။
နောက်တစ်ပုံမှာ မျက်လှည့်ဆရာက လက်ကို ဆန့်တန်းထား၏ ။ လူ တစ်ယောက် မှာ ဆရာ၏ ပညာစွမ်းဖြင့် လေပေါ်တွင် ဝဲပျံနေသည်။ ရိုးစစ် မျက်မှော င်ကြုတ်ကာ စိတ်ထဲမှာ လည်း ထင့်ခနဲ ဖြစ်သွားသည်။ ထို့ကြောင့် ကပျာကယာပင် နောက်ပုံတစ်ခုကို အကြည့်ရွှေ့လိုက်တော့ . . .
မိန်းမပျို တစ်ယောက် တယောထိုးနေသည်။ ဆရာက မိန်းမပျိုရှေ့မှ လိုက်ကာ ကွယ်လိုက်၏ ။ လိုက်ကာဖယ်လိုက်သော အခါ မိန်းမပျိုမှာ မရှိတော့ချေ။ ဒါပေမဲ့ တယောနှင့် ဘိုတံမှာ လေထဲ၌ တံ့ပြီး ဆက်လက် လှုပ်ရှားလျက်ရှိနေသည်။
ကြက်သီးများ ပင် ထမိသွားသလား မသိတော့ပါ။ ဒီရုပ်ပုံလွှာတွေ မှာ မျက်လှည့်ပညာ၏ အဆင့် မြင့်ပြကွက်တွေ ဖြစ်သည်။ ဒီရုပ်ပုံတွေ ကို ဘာကြောင့် အိမ်နံရံမှာ ရေး ဆွဲထားရတာ နည်း။ ရိုးစစ် ကြောင်ငေးရပ်နေစဉ်မှာ ပဲ . . .
''မောင်ရင်က မျက်လှည့်ကို စိတ်ဝင်စားတယ်လား''
ရှေ့တူရူဆီမှ ထွက်ပေါ်လာသော အသံနောက်မှာ သက်ပြင်းကို ချလိုက်မိတော့၏ ။ ကြောက် မက်ဖွယ်အသံဝါကြီးက ဒီတစ်ခါ တိုးဖျော့လို့လားမသိ၊ အနည်းငယ် နားဝင်ချိုနေသည်။ သူ့ရှေ့မှာ လိုက်ကာတစ်စ။ ထိုလိုက်ကာက အိမ်ကြီးနှင့် သူ့ကို ခြားနားထား၏ ။ လိုက်ကာကိုဖယ်၍ ရှေ့တစ်လှမ်း တိုးလျှင် အိမ်တွင်းသို့ ရောက်ပေပြီ။ အိမ်ထဲမှာ ကြောက်မက်ဖွယ်အသံကိုပိုင်ဆိုင်သူ ပုဂ္ဂိုလ်ရှိနေသည်။ ဘာလုပ်ရမလဲ၊ ဒီအတိုင်းရပ်နေရမလား၊ လိုက်ကာဖယ်ပြီး ဝင်သွားရမလား။
တုံ့ဆိုင်းမိပေမဲ့ ခဏအကြာမှာ သူ့နှုတ်ခမ်း တွန့်ကွေးသွား၏ ။ ခန္ဓာကိုယ်တွင်းမှာ အမေ့ရဲ့ သွေး တွေ စီးဝင်လာသလို ခံစားလိုက်ရသည်။ ထိုခဏမှာ ပဲ လက်က အလိုလို လိုက်ကာအား ဆွဲဖယ်ပစ် လိုက်တော့၏ ။ အတွင်းမှ ထွက်ပေါ်လာသည် ကတော့ . . .
မျက်နှာချင်းဆိုင် ပေါ်လာသည်ကား . . .
ဆောင်ပုဒ်လိုလို၊ သတိပေးကြော်ငြာလိုလို၊ သစ်သားပြားတစ်ချပ်ဖြင့် ချိတ်ဆွဲထားသော စာ သုံးကြောင်း၊ ဒါပေမဲ့ ထိုစာသုံးကြောင်းကို လောလောဆယ် အာရုံမရောက်မိ။ အာရုံရောက်မိသည် ကား စာသုံးကြောင်း ချိတ်ဆွဲထားရာနံရံကို ကျောပေးထိုင်နေသော ပုဂ္ဂိုလ်ကိုပါပဲ။
လွန်စွာ သေးကွေးပိန်လှီ၍ လွန်စွာ အရပ်ပုသော လူ တစ်ယောက် ဖြစ်သည်။ သူနှင့် ထိုပုဂ္ဂိုလ် ကြားမှာ စားပွဲတစ်လုံး ခံနေ၏ ။ သူ့ပုံစံကိုကြည့်ကာ ထိုပုဂ္ဂိုလ်က ပြုံးစစနှင့် . . .
''ကဲ . . . ဘယ်လိုလဲ၊ အံ့သြသွားသလား။ ဒါမှမဟုတ် ခုနပြောခဲ့သလိုပဲ အသည်းငယ်မိတဲ့ ကိုယ့်ကိုယ်ကိုယ် နောင်တရသွားတာလား''
ရိုးစစ် ဘာပြန်ပြောလို့ ပြောရမှန်းမသိ။ ခုနကြားရသော အသံဝါကြီးက ဒီပုဂ္ဂိုလ်ပြောတာမှ ဟုတ်ရဲ့ လား။ သံသယပင် ဖြစ်သွားရသည်။ ဒါပေမဲ့ . . .
''ထိုင်လေကွာ . . . ''
ဒီလောက်ဆိုလျှင်ဖြင့် မှားစရာမရှိတော့ပါ။ လူနှင့် အသံ လုံးဝ လိုက်ဖက်မှု မရှိသော ကွဲလွဲမှု တစ်ခုပါပဲ။ တုန်လှုပ်မှု တို့ ခဏချင်းပင် ပ, ပျောက်သွားရသည်။ ထို့ကြောင့် အိုးတိုးအမ်းတမ်း ဖြစ်နေ ရာမှ ညွှန်ပြသော မျက်နှာချင်းဆိုင်ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ . . .
''ငါ့နာမည် ယုဝလို့ခေါ်တယ်။ မနေ့က မင်းတွေ့ ခဲ့တဲ့ အသုဘက ငါ့အစ်ကို ပြည့်ဝရဲ့ အသုဘ။ ဒီနောက်ကျောက စာသုံးကြောင်း ကတော့ ငါ့အစ်ကို ပြည့်ဝ ကိုယ်တိုင်ရေး ခဲ့တဲ့ စာကြောင်းတွေ ပေါ့''
တိုးတိုးဆိုပေမဲ့ စကားက မာန်ပါကာ ပြတ်သားနေသည်။ ထူးဆန်းသော အသံပိုင်ရှင်ဟုလည်း ထင်မှတ်မိသည်။ ကျယ်ကျယ်အော်လျှင် ကြောက်မက်ဖွယ်ကောင်းပြီး တိုးတိုးဆိုပြန်တော့ ပြတ်ရှကာ မာန်ပါနေ၏ ။
''မင်းနာမည် ဘယ်သူ . . . ''
''ရိုးစစ်ပါ . . . ''
ကျိုးကျိုးနွံနွံပင် အဖြေပြန်ပေးမိသည်။
''ဒီရွာကိုရောက်လာရတဲ့ ရည်ရွယ်ချက်က . . . ''
''ကျွန်တော် လူ တစ်ယောက် ကို လာရှာတာ''
ရိုးစစ်ပြောစကားကြောင့် ဦးယုဝ မျက်မှော င်ကြုတ်သွားသည်ကို တွေ့ ရ၏ ။ သဘောပေါက်စွာ နဲ့ ပင် ဆေးရောင် တို့ပျက်ပြယ်နေပြီ ဖြစ်သော ဓာတ်ပုံလေးတစ်ပုံကို လွယ်အိတ်တွင်းမှထုတ်ယူရင်း . . .
''ကျွန်တော် သူ့ကို လိုက်ရှာနေတာ''
ဦးယုဝ ယူကာကြည့်၏ ။ အတန်ကြာတော့ မျက်မှော င်ကို မှေးကျင်းရင်း ခေါင်းရမ်းသည်။
''ဒီရွာမှာ တော့ မမြင်ဖူးဘူး''
သက်ပြင်းတစ်ချက်ကို လှိုက်လှိုက်လှဲလှဲ ချလိုက်ပါသည်။ ရည်ရွယ်ချက်တစ်ခု ပျောက်ရှသွား သလို ရင်ထဲမှာ ဟာဆင်းသွား၏ ။ စိတ်ဓာတ်ပင် ကျချင်ချင် ဖြစ်သွားရပါသည်။ မတတ်နိုင်ပါ။ ဒီရွာမှာ မတွေ့ လည်း နောက်တစ်နေရာပေါ့။
သူ၏ ရှာပုံတော် ခရီးမှာ ဘယ်ဆီဘယ်ဝယ်မသိ ဆက်လက်လွင့်ပါးရပေဦးမည် ။
''ရှာတာ ဘယ်လောက်ကြာနေပြီလဲ''
''ကြာပြီ၊ တော် တော် ကြာနေပြီ''
ပြောသာပြောလိုက်ရပေမဲ့ လူက သိပ်အားမရှိချင်။
''ရှေ့မှာ ဘယ်နှရွာ ရောက်ခဲ့ပြီးပြီလဲ''
''လေးရွာ . . . ၊ ဒီရွာက ငါးရွာမြောက်ပဲ''
စကားဆုံးတော့ ဦးယုဝ ခေါင်းတဆတ်ဆတ် ညိတ်ပါသည်။ ရိုးစစ် ဓာတ်ပုံလေးအား လွယ်အိတ်တွင်းသို့ ပြန်ထည့်ရင်း သက်ပြင်းတစ်ချက်ကို ချမိ၏ ။ လွယ်အိတ်တွင်းမှာ ဓာတ်ပုံနဲ့အတူ အိုးလေးတစ်အိုးလည်း ရှိနေသည်။ သူ၏ အသက်ဝိညာဉ်တွေ ပါပဲ။ ရှာနေသူကို မတွေ့ မချင်း ဒီအရာ တွေ က မပျောက်မပျက် ရှိနေရပေမည် ။
''ရောက်ခဲ့ရသမျှရွာတွေ ထဲမှာ တော့ ဒီရွာက မင်းအတွက် အဆိုးဆုံး ဖြစ်မယ်ထင်တယ်''
ရိုးစစ် ဟက်ခနဲ တစ်ချက်ရယ်ကာ . . .
''ကျွန်တော် ကတော့ အဲလိုမသတ်မှတ်ဘူး။ ရောက်လာခဲ့သမျှ ရွာတွေ ထဲမှာ ဒီရွာက စိတ်ဝင် စားဖို့အကောင်းဆုံးရွာပဲ''
ဦးယုဝ၏ ခြောက်ကပ်ကပ်ရယ်သံကို ကြားရသည်။ ပြီး အရယ်တစ်ဝက်နဲ့ သူ့ကိုလှမ်းကြည့်၍ . . .
''အဲလိုသဘောထားလို့ ကျေးဇူးတင်ပါတယ်။ ဒါမှလည်း မင်းဆီက အကြံဉာဏ်တောင်းလို့ ရမှာ ။ ဒီအချက်အတိုင်းပေါ့''
ဦးယုဝ နေက်ကိုလှည့်ကာ ချိတ်ဆွဲထားသော စာသုံးကြောင်းအနက် ဒုတိယစာကြောင်းကို လက်ထောက်ပြသည်။ ရိုးစစ်ကြည့်လိုက်တော့ 'အကြံဉာဏ်တောင်းပါ' ဟူသည့် နံပါတ်နှစ် စာကြောင်း၊ ထို့ကြောင့်
''ဘယ်လိုအကြံမျိုးလဲ''
''ကျိန်စာပြယ်ပြီး . . . ငါတို့ရွာ မိုးပြန်ရွာစေမဲ့ အကြံမျိုးပေါ့''
ရင်တစ်ချက်က ဒိုင်းခနဲဆောင့်ခုန်သည်။ တုန်လှုပ်သွားခြင်းတော့မဟုတ်၊ စိတ်ဝင်စားမှု နှင့် သွေးအေးမှု တို့ ထိပ်တိုက်တွေ့ သွားတာပါ။ ပျော်စရာပါပဲ။ ဒီရွာက ရောက်ကတည်းက သူ့ကိုစိမ်ခေါ်နေ ပါပြီ။ မတုန်တလှုပ် ဖြစ်သွားသော သူ့ပုံစံကိုကြည့်ကာ ဦးယုဝ အားနာသွားသည်ထင်၏ ။
''စိတ်ရှုပ်သွားလား မသိဘူး၊ အတင်းအကြပ်ကြီးတော့ မဟုတ်ပါဘူးကွာ၊ မင်းစိတ်ပါမှပါ''
''ရပါတယ်၊ ဒါပေမဲ့ ကျွန်တော် တစ်ခုမေးချင်တယ်''
လေးနက်သွားသော သူ့ပုံစံကြောင့် ဦးယုဝမျက်နှာ တည်ကြည်သွား၏ ။ ရိုးစစ် လေးနက်စွာ တစ်ခွန်းချင်း မေးလိုက်သည်။
''ကျိန်စာတိုက်ခံထားရလို့ မိုးခေါင်တယ်ဆိုတာ တကယ်လား''
ဦးယုဝ မျက်နှာ ပြုံးယောင်သမ်းသည်ကို တွေ့ လိုက်ရသည်။ ရိုးစစ် မေးခွန်းနှင့် ပတ်သက်ပြီး စိုးရိမ်စိတ်မရှိသလိုမျိုး။
''ကောင်းပြီလေ . . . တစ်အောင့်ကြာရင် မင်းကိုအားလုံးလိုက်ပြပေးမယ်။ အခုလောလော ဆယ်တော့ ထမင်းစားလိုက်ကြဦးစို့၊ အထဲမှာ အဆင်သင့် ဖြစ်လောက်ပြီ''
ထို့နောက်တော့ . . .
ထမင်းစားသောက်ပြီး၍ တစ်အောင့်ကြာတော့ အိမ်တွင်းမှ ဦးယုဝနှင့် ရိုးစစ် နှစ် ယောက် စလုံး ထွက်လာခဲ့ကြပါသည်။ သိခွင့်ရခဲ့သည်က ဦးယုဝသည် သံခဲဆိုသော တပည့်တစ်ဦးနှင့် အတူ နေထိုင်သူ ဖြစ်သည်။
ဦးယုဝမှာ လူကောင်သေးကွေးသလောက် မျက်နှာတည်ပြီး လေသံပြတ်သားသူ ဖြစ်သည်။ စကားလည်း အပိုမပြော။ လိုအပ်မှသာ ပြောသူ ဖြစ်သည်။ ထို့အတွက် ရိုးစစ် ဘာမျှမမေးရဲ။ ယခု ဦးတည်သွားရာနေရာကိုလည်း သူမသိ။ ဦးယုဝနောက်မှသာ ခပ်ကုပ်ကုပ်လိုက်လာခဲ့သည်။
ဒါပေမဲ့ ရွာလမ်းတစ်လျှောက်မှာ ရှင်းလင်းနေသည်မို့ နှုတ်က မေးခွန်းတစ်ခု အလိုလို မေးမိ သွား၏ ။
''ဦးတို့ရွာမှာ ကျွန်တော့် အရွယ် လူငယ်တွေ တော် တော် ရှားတယ်နော်''
ဦးယုဝ ခပ်သွက်သွက်လှမ်းနေရာမှ အရှိန်အနည်းငယ်လျော့သွားကြောင်း သတိထားမိသည်။ ရိုးစစ် အမေးစကားက ဦးယုဝခြေလှမ်းတို့အား တုံ့နှေးသွားစေသလို၊ ထွက်ပေါ်လာမည့် အဖြေစကား ကို ငံ့လင့်ရင်းနှင့် ပင် သူ့ခြေလှမ်းတို့ ဦးယုဝကို မီသွား၏ ။ နံဘေးရောက်လာသော ရိုးစစ်ကို ဦးယုဝ စွေစောင်းကြည့်ရင်း . . .
''ရှားမလားကွာ၊ ရှိတာပေါ့။ သုံးပင်ရွာကို အလုပ်သွားလုပ်နေကြတယ်''
ထွက်ပေါ်လာသော စကားတို့ကြောင့် ဦးယုဝကို လှမ်းကြည့်မိပါသည်။ ရိုးစစ်အကြည့်အား ဦးယုဝက သဘောပေါက်သလို . . .
''သုံးပင်ရွာဆိုတာ တို့ကိုးချောင်းရွာကနေ (၇) မိုင် ဝေးတယ်။ အရင်ဆုံး ကတော့ ခြောက်ကပ် ကပ်ပဲ။ အခုတော့ တော် တော် စည်ကားနေပြီ။ တို့ရွာကလွဲပြီး အနီးအနားရွာတွေ အကုန်လုံး မိုးမှန်ကြ တယ်ကွ။ တို့ရွာတစ်ရွာတည်း မိုးမမှန်တော့ စိုက်ပျိုးရေး လုပ်လို့မရဘူး။ အဲဒါကြောင့် သုံးပင်ရွာကို သွားလုပ်ကြတယ်။ သုံးပင်ရွာရဲ့ ဘေးမှာ အမြဲမပြတ် စီးဆင်းနေတဲ့ တောင်ကျချောင်းလေးတစ်ခု ရှိတယ်။ အဲဒီ ချောင်းလေးဘေးမှာ သွားလုပ်ကြတာ။ မနက်မိုးလင်းတာနဲ့ ရွာက အလုပ်လုပ်နိုင်တဲ့ လူတွေ အကုန်လုံး သုံးပင်ရွာကို သွားကြတယ်။ ချောင်းလေးဘေးမှာ အလုပ်လုပ်ကြတယ်။ ချက်ပြုတ် စားသောက်ကြတယ်။ ညနေပြန်လာကြတယ်''
ထူးဆန်းလွန်းသော စကားတို့အား ရိုးစစ် ငြိမ်သက်စွာ နားထောင်နေမိပါသည်။ လမ်းလျှောက် ရင်းပြောနေပေမဲ့ ဦးယုဝလေသံက အနိမ့်အမြင့်မရှိ၊ ကြုံတွေ့ နေရသော ဒုက္ခတို့အား သက်သာလို သက်သာငြား ရင်ဖွင့်နေသလိုလည်း ရှိသည်။
''ညနေပြန်လာပြီဆိုရင်တော့ ရွာမှာ ကျန်ခဲ့တဲ့မိသားစုတွေ အတွက် နိုင်သလောက် ရေတွေ သယ်လာရတယ်။ ပြီးတော့ တို့ရွာမှာ စည်းကမ်းတစ်ခုရှိသေးတယ်ကွ။ ငါ့အစ်ကို ဦးပြည့်ဝလက်ထက် မှ သတ်မှတ်ခဲ့တဲ့စည်းကမ်းပေါ့။ အဲဒါဘာလဲဆိုတော့ သယ်လာတဲ့ရေတွေ ထဲကနေ ခွဲတမ်းနဲ့ ရွာပိုင် ရေလှောင်ကန်ထဲကို ထည့်ပေးရတယ်။ ရွာမှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေ ၊ ကလေးတွေ အတွက်။ ပြီးတော့ ရွာမှာ ကျန်းမာရေး မကောင်းရင် ဒါမှမဟုတ် မီးဘေး ရေဘေး တစ်ခုခုသင့်ရင် အသုံးပြုလို့ ရအောင်ပေါ့''
ချီးကျူးဖွယ်ပါပဲ။ မိုးခေါင်လွန်းသည့်ရွာအတွက် အသက်ကယ်ဆေး ဖော်စပ်တတ်သော အုပ်ချုပ်သူတွေ ကိုလည်း လေးစားမိသွားသည်။
''ဒါပေမဲ့ အခုနောက်ပိုင်း လှောင်ကန်ထဲကရေတွေ ကို တို့ရွာသားတွေ မသုံးရပါဘူးကွာ''
''ဘာ ဖြစ်လို့လဲ''
သူ၏ အလျင်စလိုအမေးကို ဦးယုဝ ချက်ချင်း ပင်ဖြေပေး၏ ။
''ယက္ခတို့လူစုကို ခွဲပေးနေရလို့''
'ယက္ခ' ဒီနာမည် ကို ကြားဖူးထားသည်။ ခဏချင်းပင် နာမည် တစ်ခုနှင့် ပတ်သက်သော အကြောင်းအရာက ဦးနှောက်မှာ ထင်ရှားလာသည်။ ယက္ခဆိုသည်မှာ မနေ့ကဖတ်ခဲ့ရသော စာ တစ်စောင်ထဲတွင် ပါဝင်ထားသည် မဟုတ်ပါလား။
''ဘာလို့ ခွဲပေးရတာ လဲ''
ဒီတစ်ခါတော့ ချက်ချင်း မဖြေ။ အဝေးတစ်နေရာကို အတန်ကြာ ငေးသွားလေသည်။ ပြီးတော့မှ သက်ပြင်းတစ်ခုနှင့် အတူ စိတ်မသက်သာဟန်အဖြေက ဖျော့ဖျော့ရီရီ တိုးထွက်လာ၏ ။
''အဲဒီ့ အကြောင်းတွေ အားလုံးကို မကြာခင် မင်းတစ်ခုချင်းသိရမှာ ပါ''
ဘာကြောင့် မှန်းမသိ၊ ဦးယုဝ စကားကိုနားထောင်ပြီး စိတ်ထဲမှာ ဝမ်းနည်းသလို ခံစားလိုက်ရ သည်။ ထိုစဉ်မှာ ပဲ ခေါင်းလောင်းထိုးသံသုံးချက်ကို ရှေ့တူရူဆီမှ ပီပီသသ ကြားလိုက်ရလေသည်။
ထင်တော့ ထင်ထားပါသည်။ ခေါင်းလောင်းထိုးသံ ကြားကတည်းက ဘုန်းကြီးကျောင်း (သို့ ) ဘုရားကျောင်း ဖြစ်လိမ့်မည် ဟု။ ခပ်ဝေးဝေးမှပင် ကြီးမားခန့်ထည်သော မုခ်ဦးကြီးနှင့် ဘုန်းကြီး ကျောင်းတစ်ကျောင်းက သူတို့အား ဆီးကြိုနေ၏ ။
အရင်တုန်း ကတော့ သစ်ရိပ်ဝါးရိပ်နှင့် အေးချမ်းဟန်ရှိသော်လည်း ယခုတော့ နေမင်း၏ ရိုင်းပျမှု ကြောင့် အရာရာက ပူလောင်သွေ့ခြောက်နေပါပြီ။ သစ်ပင်၊ ဝါးပင် ကင်းမဲ့နေသည်ကြောင့် ဘုန်းကြီး ကျောင်းကိုကြည့်ရသည်မှာ အဖော်အမွန်မရှိ၊ ထိုးထိုးထောင်ထောင် ဖြစ်နေသည်။
မုခ်ဦးဝရောက်တော့ ဦးယုဝ ဖိနပ်ချွတ်ကာ ဝင်သွားသည်ကြောင့် ရိုးစစ်လည်း ဖိနပ်ကို ချွတ်ကာ ဦးယုဝနောက်မှ လိုက်သွားမိသည်။ နီးကပ်လာချိန်မှာ ရှေးဟောင်းဗိသုကာအတတ်တွေ ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း တွေ့ ရ၏ ။
ဘုန်းကြီးကျောင်းတွင်းသို့ ဝင်လိုက်လျှင်ပဲ ရိုးစစ်၏ ခန္ဓာကိုယ်မှာ ဆန့်ကျင်ဘက်ခံစားမှု တို့ တစ်ပြိုင်နက် ခံစားလိုက်ရလေသည်။ ခန္ဓာကိုယ်က ချက်ချင်း အေးချမ်းသွားသလို ရင်ထဲမှာ လည်း အေးသွားသည်။ အပြင်မှာ ကြုံတွေ့ ခဲ့ရသော ပူလောင်မှု မျိုးကို မခံစားရတော့။
အုတ်ကျောင်းတစ်ကျောင်း ဖြစ်သည့်အားလျော်စွာ ဘုန်းကြီးကျောင်း၏ အတွင်းဘက် အေးစိမ့် လို့နေပါသည်။ အပြင်ဘက်မှာ ကဲ့သို့ ပူလောင်မှု မရှိ၊ နောက်အေးချမ်းမှု တစ်ခုကိုတွေ့ တော့ ရိုးစစ် ဒူးထောက်ပင် ထိုင်ချမိသွားသည်။ ဝင်ပေါက်တည့်တည့်မှာ ထိုင်တော် မူရုပ်ပွားတော် တစ်ဆူက အကြည်ညိုခံလျက်ရှိနေ၏ ။
ဗုဒ္ဓရုပ်ပွားတော် ၏ မျက်နှာတော် အားကြည့်ကာ ရိုးစစ် ရင်တွင်း၌ အေးချမ်းသွားရခြင်း ဖြစ် သည်။ ဒူးထောက်လျက်မှပင် ဦးချကန်တော့မိတော့ ကိုယ်တွင်းမှာ ရှိနေသော သော ကတွေ ပင် ခဏ တာလွင့်ပျောက်သွားသလား ထင်ရသည်။
ဦးယုဝ ကတော့ သူ၏ လုပ်ဆောင်မှု ကိုကြည့်ကာ ခေါင်းတဆတ်ဆတ် ညိတ်လို့နေပါသည်။ ပြီးတော့ တစ်နေရာကို ဦးဆောင်ကာ ခေါ်သွား၏ ။ ဦးယုဝခေါ်သွားရာနေရာက . . .
နံရံတစ်ခု၏ ရှေ့တွင် ဘုန်းကြီးတစ်ပါး တင်ပျဉ်ခွေထိုင်ကာ တစ်စုံတစ်ရာကို ပြုလုပ်လျက်ရှိနေ သည်။ ဘုန်းကြီးပြုလုပ်နေသော အရာကို ကြည့်ကာ ရိုးစစ် မျက်လုံးပြူးသွားသည်။ ပြီးတော့ ချက်ချင်း ဆိုသလို မျက်မှော င်လည်း ကုပ်မိသွား၏ ။ ဘုန်းကြီးပြုလုပ်နေသည်ကား . . .
ကြေးဝါပြားတစ်ခုပေါ်တွင် တိုင်သုံးတိုင်ကို ဖိုခနောက်သဏ္ဌာန် စိုက်ထူထားသည်။ ထိုတိုင် တစ်ခုစီမှာ အရွယ်အစားမတူသော ကွင်းကလေးတွေ သူ့အရေအတွက်နဲ့သူ ရှိနေ၏ ။ ဘုန်းကြီးက ထိုကွင်းကလေးများ ကို တစ်တိုင်မှ တစ်တိုင်သို့ ရွှေ့နေခြင်း ဖြစ်သည်။
အံ့သြရလေပြီ၊ ကစားနေခြင်းမဟုတ်ပါ။ ဘုန်းကြီးပုံစံကြည့်ရတာ တကယ့် လေးလေးနက် နက်။ သူတို့ရောက်နေသည်ကိုတောင် တစ်ချက်မျှ လှည့်မကြည့်။ နားမလည်သည်မို့ ရိုးစစ် မေးရန် ဟန်ပြင်တော့ ဦးယုဝက လက်ကာပြသည်။ ပြီး ရှေ့တည့်တည့်မှာ ရှိနေသော နံရံကို လက်ညှိုးထိုးကာ . . .
''ဟောဒီစာတွေ ကို အရင်ဖတ်ကြည့်လိုက်''
ကြည့်လိုက်တော့ ရှေ့တည့်တည့်နံရံမှာ မညီမညာလက်ရေး နဲ့ ကဗျာလိုလို စာတွေ ကို တွေ့ ရ ၏ ။ ပုံစံကိုကြည့်ရုံနဲ့ ရေး ထားချိန် ကြာမြင့်လှပြီ ဖြစ်ကြောင်း ခန့်မှန်းမိသည်။ ဆေးသားတို့ ခြောက်ကပ် ဖျော့ရီကာ တချို့နေရာမှာ ပျက်တောင်ပျက်နေပြီ။ ဒါပေမဲ့ ဖတ်လို့တော့ ရနေသေးသည်။
ဘာရယ်မဟုတ်၊ ဦးယုဝပြောသည့်အတိုင်း ရိုးစစ် အသံထွက် ဖတ်ကြည့်လိုက်တော့ . . .
အစွန်းနက္ခတ် ရောက်ရှာလတ်၍
နေမင်းကွယ်ပျောက် နက္ခရောက်လတ္တံ့။
တစ်ပါးရာသီ ပျက်ရာတည်သော်
မိုးခေါင်ရေရှား နှစ် များ လတ္တံ့။
နက္ခတ်ပွင့်လန်း ဇာတာဆန်းချိန်
သုံးပုံပဟေဠိ ပေါ်လိမ့်မည် ။
တောက်ရှူးစုန်းမီး ကြွေလိမ့်မည် ။
အလျှံညီးညီး မီးတောက်လိမ့်မည် ။
ဘုရားပေးလက်ဆောင် နှစ် ခုပေါင်းမှ
မင်းတို့ရွာကြီး မိုးသီးကြွေလတ္တံ့။
တောတောင်မြေပြင် သောက်ငင်ပြီးသော်
သဲချောင်းဘောင်ဘင် သွင်သွင်စီးလတ္တံ့။
ကွေ့ကောက်ချောင်းငယ် စီးရေလျှံမှ
ကိုးချောင်းတည်ရာ ထိုထိုရွာ
ပွင့်လန်းစည်ပင် ဝလင်လိမ့်မည် ။
''အဲဒါ တပေါင်ပဲ''
''ဗျာ . . . ''
ဖတ်သံဆုံးဆုံးချင်း ထွက်လာသော ဦးယုဝစကားနောက်မှာ သူ 'ဗျာ' မိသွားသည်။
''တပေါင်''
''ဟုတ်တယ်၊ အဲဒါ ငါတို့ရွာကြီးရဲ့ ကံကြမ္မာလို့ ပြောလို့ရတဲ့ တပေါင်ပဲ''
လုံးလုံး နားမလည်ပါချေ။ ဦးယုဝ၏ ဖြေရှင်းသံ ထပ်ထွက်လာသည်။
''ဟိုး . . . လွန်ခဲ့တဲ့ ခြောက်နှစ် သာသာတုန်းက တို့ရွာကို သက်တော် ရှည်ဘုန်းကြီးတစ်ပါး ကြွလာခဲ့တယ်။ အဲဒီ ဘုန်းကြီးကပဲ ဒီတပေါင်ကို ရေး သွားခဲ့တာ။ ပြီးတော့ ဒီသုံးပုံပဟေဠိကိုလည်း ပေးခဲ့တယ်''
ဦးယုဝညွှန်ပြရာကိုကြည့်ပြီး ရိုးစစ် စိတ်ဝင်စားသွားမိသည်။ ရှေ့တည့်တည့်မှ ဘုန်းကြီးပြုလုပ် နေတာသည် သုံးပုံပဟေဠိ ဆိုပါလား။ သုံးပုံပဟေဠိဆိုတာ ဘယ်လိုမျိုးလဲ သူ မသိ။
ထိုစဉ်မှာ ပဲ ဦးယုဝ၏ မေးမြန်းသံတစ်ခုက သူ့ဆီသို့ လေးလေးနက်နက် ရောက်လာသည်။
''တပေါင် . . . ဆိုတာကို မင်းဘယ်လိုမြင်လဲ''
ရိုးစစ် ငြိမ်သက်သွားမိသည်။ စမ်းသပ်မှု တစ်ခုလား မသိ။
''ကျွန်တော် မြင်တဲ့အတိုင်း ပြောပြရမှာ လား''
''ပြောကြည့်ပါ''
ဦးယုဝ စကားဆုံးတော့ . . .
''တပေါင်ဆိုတာ အနာဂတ်မှာ ဖြစ်ပျက်မဲ့ ကံကြမ္မာတစ်စုံတစ်ရာကို နိမိတ်ဖတ်စပ်ဆိုတဲ့ ကဗျာ ရှည်တစ်ပုဒ်ပဲ။ ရှေးမြန်မာဓလေ့မှာ တပေါင်ပေါ်ရင် သတိထားကြတယ်။ ဥပေက္ခာမပြုကြဘူး။ ဘာ ဖြစ် လို့လဲဆိုတော့ ထွက်ပေါ်လာတဲ့တပေါင်အတိုင်း အနာဂတ်မှာ တကယ် ဖြစ်ပျက်လာတတ်လို့ပဲ။ ပြီးတော့ တပေါင်ထွက်ပေါ်လာစေတဲ့ ပုဂ္ဂိုလ်ကလည်း နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ်ဘူး''
ဦးယုဝ၏ အကြည့်တချို့ ရိုးစစ်ထံ ရောက်လာသည်။ လေးစားလက်ခံသည့် အကြည့်မျိုး၊ ပြီးတော့မှ ခေါင်းကို အားပါးတရ ညိတ်ကာ . . .
''အသေအချာပဲ''
'' × × × × × × ''
''ဒီတပေါင်ကိုရေး သွားတဲ့ သက်တော် ရှည်ဘုန်းကြီးက နယ်နယ်ရရ ပုဂ္ဂိုလ် ဟုတ် မဟုတ်တော့ ငါ မသိဘူး။ ဒါပေမဲ့ ဒီတပေါင် ကတော့ ငါတို့ရွာကြီးအတွက် လုံးဝကို မှန်နေတယ်''
ရိုးစစ် စကားမဆိုမိ၊ ဦးယုဝဆက်ပြောမည့် စကားတွေ ကိုသာ နားစွင့်နေမိသည်။
''အပေါ်နှစ် ပိုဒ်ကို ဖတ်ကြည့်ရင် မင်းသဘောပေါက်မှာ ပါ''
ဘာမှန်းမသိပေမဲ့ ရိုးစစ် တကယ်ပင် ဖတ်ကြည့်လိုက်သည်။
''အစွန်းနက္ခတ် ရောက်ရှာလတ်၍
နေမင်းကွယ်ပျောက် နက္ခရောက်လတ္တံ့။
တစ်ပါးရာသီ ပျက်ရာတည်သော်
မိုးခေါင်ရေရှား နှစ် များ လတ္တံ့''
တစ်လုံးချင်း အဓိပ္ပါယ်ဖော် ဖတ်လိုက်သည်မို့ နှစ် ပိုဒ်ဆုံးချိန်မှာ ရိုးစစ် နားလည်သင့် သလောက် နားလည်လိုက်သည်။ ဒါပေမဲ့ အပေါ်နှစ် ကြောင်းကို သဘောမပေါက်ချေ။ ဦးယုဝ၏ 'ဘယ်လိုလဲ' ဟူသော အကြည့် ရောက်လာတော့ ရိုးစစ် ပွင့်ပွင့်လင်းလင်းပင် နားမလည်သည်ကို မေးလိုက်သည်။
''ဒုတိယပိုဒ် ကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ကျွန်တော် ပထမပိုဒ်ကို နားမလည်ဘူး''
ဒီလိုပဲ ဖြစ်လိမ့်မယ်ဟူသော ပုံစံနှင့် ဦးယုဝ ခေါင်းကို ညိတ်လိုက်သည်။ ပြီးတော့မှ အသက် တစ်ချက်ကို ရှူသွင်းရင်း . . .
''မင်း နားလည်အောင် ရှင်းပြရရင်တော့ ဟိုးလွန်ခဲ့တဲ့ခြောက်နှစ် ကျော်က တို့ရွာကို အုပ်ချုပ်ခဲ့ တဲ့ ရွာသူကြီး ဦးသီလအကြောင်းက စရှင်းရမှာ ပဲ''
ဦးယုဝလေသံက အားပျော့တိုးရီကာ သွားပါသည်။ မျက်နှာမှာ လည်း လွမ်းဆွတ်သတိရဟန် တို့ ချက်ချင်း ပင်ပေါ်သွားသည်။ ထိုစဉ်မှာ ပဲ . . .
''ဦးသီလဆိုတာ နာမည် အတိုင်းပဲ သီလ၊ သမာဓိနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက် ပေါ့။ သူ့ကို ငါတို့တစ်ရွာလုံးက ဝိုင်းချစ်ကြတယ်။ သူ့လက်ထက်မှာ တို့ကိုးချောင်းရွာကြီးက တော် တော် ကြီး ကို ဝပြောစည်ပင်ခဲ့တယ်လေ။ ငါနဲ့ ငါ့အစ်ကို ပြည့်ဝ ကတော့ သူ့လက်အောက်က တပည့်လက်သား တွေ ပေါ့။ တစ်နေ့မှာ တို့ရွှာကို မျက်လှည့်အဖွဲ့တစ်ဖွဲ့ ရောက်လာခဲ့တယ်။ မျက်လှည့်အဖွဲ့ကို ဦးဆောင် သူက 'ဖိုးလက်ဖြူ' လို့ခေါ်တဲ့ ပညာသည် တစ်ယောက် ပေါ့။ အသားမည်းသလောက် လက်နှစ် ဖက်လုံး က ရေနွေးပူလောင်ထားသလို ဆွတ်ဆွတ်ဖြူနေလို့ 'ဖိုးလက်ဖြူ' လို့ခေါ်တယ် ပြောတာပဲ။ သူရယ်၊ သူ့ညီယက္ခရယ်၊ တပည့်သုံးယောက် ရယ်၊ ပေါင်းငါးယောက် ရောက်လာခဲ့တယ်''
'ဦးသီလ' ၊ ဒီနာမည် ကိုလည်း ကြားဖူးထားပါသည်။ ရိုးစစ် အတွေးမဆုံးခင် . . .
''တို့ရဲ့ ဦးသီလကလည်း မျက်လှည့်မှာ ဆရာတစ်ဆူ မြောက်တယ်။ ငါ့အစ်ကိုရော၊ ငါရော၊ နောက်ပြီး ရွာထဲက လူတော် တော် များများ လည်း ဦးသီလ သင်ပေးထားလို့ မျက်လှည့်ကို ထိုက်သလောက်တတ်နေတော့ ရောက်လာတဲ့အဖွဲ့ကို ဝမ်းပမ်းတသာပဲ ကြိုဆိုကြပါတယ်။ တို့တွေ စိတ်ထဲမှာ တော့ နယ်လှည့်ပြသနေတဲ့မျက်လှည့်အဖွဲ့မို့ ပညာဆည်းပူးဖို့ အခွင့်အရေး ဆိုပြီး ပျော်နေကြ တာပေါ့။ ဒါပေမဲ့ တို့ထင်သလို တစ်ခုမှ ဖြစ်မလာခဲ့ဘူး။
ရောက်ပြီး တစ်ရက်နှစ် ရက်မှာ ပဲ ဖိုးလက်ဖြူက ဒီရွာကိုသဘောကျပြီး သူ အုပ်ချုပ်ချင်ကြောင်း ပြောတယ်။ တစ်ရွာလုံး ဘယ်သူမှလက်မခံကြဘူး။ အဲဒီ မှာ ပဲ ဖိုးလက်ဖြူက ဦးသီလကို ပညာပြိုင်ဖို့ စိန်ခေါ်တယ်။ နိုင်တဲ့လူက ဒီရွာကိုအုပ်ချုပ်ကြေးပေါ့''
''အဲဒါနဲ့ပဲ ပြိုင်လိုက်ကြရောလား''
ရိုးစစ် လက်မခံနိုင်သလို မေးလိုက်ပါသည်။ စိန်ခေါ်တာနဲ့ပဲ ပြိုင်ရရောလား။ စိန်ခေါ်တိုင်း ဘွာမခတ်ကြေးဆို ခေါင်းဆောင် တစ်ယောက် ရဲ့ အရည်အချင်းက ဘယ်ရောက်သွားပြီလဲ။ ရိုးစစ် ဘာကိုဆိုလိုကြောင်း ဦးယုဝ သဘောပေါက်ကာ ရှင်းပြ၏ ။
''ပညာသည်အချင်းချင်းက စိန်ခေါ်ရင် နောက်ဆုတ်လို့မရဘူး။ စိတ်ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ ပြိုင်ရတယ်''
ရိုးစစ် နားမလည်ပါချေ။ သူ လက်ခံထားသည် ကတော့ ပညာတစ်ရပ်ကို တတ်မြောက်ခြင်း သည် စနစ်တကျသုံးတတ်ဖို့သာ အဓိကကျပါသည်။ ထိုပညာကို ဘယ်နေရာမှာ သုံးရမည် ၊ ဘယ် နေရာမှာ မသုံးရ စသော စည်းမျဉ်းများ ကို သူ လက်မခံနိုင်။ ဒါပေမဲ့ . . .
''အဲလိုပြိုင်တော့ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးသွားလဲ''
ဦးယုဝ ခေါင်းရမ်း၏ ။
''ဘယ်သူနိုင်လို့ ဘယ်သူရှုံးလဲတော့မသိဘူး။ ဦးသီလ ကတော့ ရွာက ပျောက်သွားတယ်''
''ဗျာ . . . ''
သူ၏ တအံ့တသြ ရေရွတ်သံကို . . .
''ဟုတ်တယ် . . . ၊ ဦးသီလ ရွာကပျောက်သွားတယ်။ ဘယ်လိုပျောက်သွားလဲဆိုတာ မသိ ဘူး။ ဘာကြောင့် ပျောက်သွားရတယ်ဆိုတာလည်း ဘယ်သူမှမသိဘူး''
''ဖိုးလက်ဖြူကရော . . .''
''ဖိုးလက်ဖြူ ကတော့ မျက်စိတစ်ဖက် ကန်းသွားတယ်''
''ဟာ . . . ''
''ပြီးတော့ နောက်တစ်လလောက်အကြာမှာ ပဲ ဖိုးလက်ဖြူ သေသွားတယ်''
ကြားရသော စကားတွေ က စိတ်ဝင်စားဖို့ကောင်းသည်ဆိုတာထက်ကို သာလွန်သွားသည်။ ထိုစဉ်မှာ ပဲ ဦးယုဝထံမှ စကားတစ်ခွန်း ထွက်ကျလာပြန်ပါ၏ ။ ဒီစကား ကတော့ လွန်စွာ ကို ပါးလျလွန်း သည်။ စိတ်မကောင်းမှု နှင့် ဝမ်းနည်းမှု လည်း ပေါင်းစပ်ပျော်ဝင်နေသည်။
''ဖိုးလက်ဖြူသေသွားပြီးတဲ့ အချိန်ကစပြီး တို့ရွာကြီး မိုးမရွာတော့တာပဲ''
ထိုစကားနောက်မှာ တော့ ရိုးစစ်ခေါင်းတွင်းမှာ အတွေးတို့ စုန်ချည်ဆန်ချည် ပြေးသွားသည်။ ဖြစ်နိုင်ခြေများ ကိုလည်း ဆက်စပ်မိသွား၏ ။
''ဒါဆို ဦးတို့ ကိုးချောင်းရွာ ကျိန်စာမိနေတယ်ဆိုတာ ဖိုးလက်ဖြူကြောင့် လို့ ဆိုလိုချင်တာပေါ့''
ဦးယုဝ မဖြေ၊ ခေါင်းကိုသာ ညိတ်ရုံ ညိတ်သည်။
''ဦးတို့ဆိုလိုတဲ့သဘောက ဦးသီလနဲ့ ဖိုးလက်ဖြူတို့ ပညာပြိုင်ြ ကတော့ ဦးသီလရှုံးပြီး ရွာက ပျောက်သွားတယ်။ ဖိုးလက်ဖြူ ကတော့ နိုင်ပေမဲ့ မျက်စိတစ်ဖက်ကန်းပြီး ကျန်ခဲ့တယ်။ အဲဒါကို အငြိုး ထားပြီး သူမသေခင်မှာ ရွာကိုကျိန်စာ တိုက်သွားတယ်ဆိုတဲ့ သဘောလား''
''အမှန်ပဲ၊ ဒါပေမဲ့ ငါတို့အထင်တော့ ဦးသီလ ရွာကပျောက်သွားတာမဟုတ်ဘူး။ သေသွားတာ''
''ဘာကြောင့် လဲ''
ရိုးစစ် ချက်ချင်း ဆိုသလို မေးလိုက်တော့ . . .
''မင်းနားမလည်ဘူးဆိုတဲ့ တပေါင်ပထမအပိုဒ်က အဲဒါပဲလေ။ နေမင်းဆိုတာ ငါတို့လောကကြီး ကို အလင်းရောင် ပေးနေတဲ့သ၊ တစ်နည်းအားဖြင့် လောကရဲ့ အရှင်သခင်ပဲ။ အဲ့ဒီအရှင်သခင်က ကွယ် ပျောက်သွားတာ။ ဆိုလိုတဲ့သဘောက ငါတို့ရဲ့ အရှင်သခင် ဦးသီလလည်း တပေါင်ထဲကအတိုင်း ကွယ်ပျောက်သွားတာ''
ရှေ့တည့်တည့်မှာ ရှိနေသော တပေါင်ကိုကြည့်ရင်း ရိုးစစ် ငြိမ်သက် သွားပါသည်။ ဦးယုဝ စကားတို့၏ ဖြစ်နိုင်ခြေကိုလည်း တွေးခေါ်မိသွား၏ ။
''ကွယ်ပျောက်တာနဲ့၊ ပျောက်ကွယ်တာ မတူဘူးလေ''
ဖြေရှင်းသံထပ်ထွက်လာတော့ ရိုးစစ် အကောင်းဆုံးကို ဆင်ခြင်မိသည်။ တပေါင်ကို အဓိပ္ပါယ် ဖွင့်ဖို့ အဘိဓာန်သပ်သပ်မှ မထားခဲ့တာပဲ။ ကိုယ်လိုရာကိုယ်စွဲတွေးလျှင်တော့ အစထွက်သမျှအရာ အားလုံးက ဖြစ်နိုင်ခြေရှိနေပါသည်။ ထိုစဉ်မှာ ပဲ . . .
''အသက်မသေဘဲ ရွာက ပျောက်သွားတယ်ပဲထား၊ ရွာကို အရမ်းချစ်တဲ့လူ တစ်ယောက် အနေ နဲ့ တစ်ချိန်ချိန်တော့ ပြန်လာမှာ ပဲ။ ဒါပေမဲ့ အခု ခြောက်နှစ် တင်းတင်း ပြည့်နေပြီ၊ ပေါ်မလာခဲ့ဘူး။ အဲဒါတွေ ကို ဆင်ခြင်ပြီး ငါတို့တစ်ရွာလုံးက ဦးသီလသေသွားပြီလို့ သတ်မှတ်လိုက်ကြတာပဲ''
စကားသံက အဖျားခတ်ကာ တုန်ရီသွားသည်။ ဦးယုဝမျက်နှာမှာ ဘာမှန်းမသိ လွမ်းဆွတ် သတိရဟန်တို့ကို တွေ့ ရ၏ ။ တပေါင်ကို နောက်တစ်ကြိမ်ကြည့်ရင်း ရိုးစစ် ခေါင်းတဆတ်ဆတ် ညိတ်လိုက်မိသည်။
ဟုတ်မှာ ပါလေ၊ သူတို့အတွေးနဲ့သူတို့လည်း ငြင်းကွက်မရှိ၊ မှန်နေတာပါပဲ။ ဒါပေမဲ့ ရိုးစစ် လုံးဝ နားမလည်တာ တစ်ခုကျန်နေသေး၏ ။ ထို့အတွက်ကြောင့် . . .
''ဒီ သုံးပုံပဟေဠိဆိုတာ ကျွန်တော့် ကို ရှင်းပြဦးလေ''
ထိုအခါမှ သတိရသွားသလို . . .
''အေး . . . ဟုတ်သားပဲ၊ ခဏစောင့်။ မင်းတို့ဧည့်သည်တွေ ကို ရှင်းပြဖို့ လုပ်ထားတာတစ်ခု ရှိတယ်''
ထိုသို့ ပြောရင်း ဦးယုဝ အခန်းတစ်ခုထဲသို့ ဝင်သွားသည်။ ရိုးစစ်မှာ တော့ ကျန်ရစ်ခဲ့သော ဘုန်းကြီးတစ်ပါး၏ ပြုလုပ်ပုံကိုသာ ကြည့်ရင်းနဲ့ . . .
တစ်အောင့်ကြာတော့ အခန်းတွင်းမှ ဦးယုဝ ပြန်ထွက်လာသည်။ လက်တွင်းမှာ သုံးပုံပဟေဠိနဲ့ ဆင်ဆင်တူသော အရာတစ်ခုပါလာ၏ ။
သစ်သားပြားတစ်ခုပေါ်တွင် တိုင်သုံးတိုင်စိုက်ထားသည်။ တစ်တိုင်မှာ အဝိုင်းပြားရှစ်ခုကို ကြီးစဉ်ငယ်လိုက် စေတီပုံသဏ္ဌာန်စွပ်ထားသည်။
''အလွယ်ဆုံးပြောပြရရင်တော့ ဒီအဝိုင်းပြားရှစ်ခုကို တိုင်လွတ်တစ်ခုခုသို့ အကြိမ်ရေအနည်း ဆုံးနဲ့ ရွှေ့ပေးဖို့ပဲ။ ရွှေ့တဲ့နေရာမှာ စည်းကမ်းရှိတယ်။ တစ်ကြိမ်မှာ တစ်ပြားပဲရွှေ့ရမယ်။ တိုင်တစ်ခုခု မှာ စွပ်ရမယ်။ ဘေးချမထားရဘူး။ စွပ်တဲ့နေရာမှာ လည်း ငယ်တဲ့အပြားပေါ်မှာ ကြီးတဲ့အပြားကို ဘယ်လိုအခြေအနေမျိုးမှာ မှ မထားရဘူး။ နောက်ဆုံး အားလုံးပြီးသွားချိန်မှာ အခုစွပ်ထားတဲ့အတိုင်း လေးပဲ စေတီပုံသဏ္ဌာန်ရှိနေရမယ်''
စိတ်ဝင်စားဖွယ်ပါပဲ။ ဦးယုဝ လက်မှာ ကိုင်ထားသည့် ကစားနည်းလေးကို ရိုးစစ် သေချာစွာ ကြည့်နေမိသည်။
''ဒါ သုံးပုံပဟေဠိရဲ့ အနှစ် ချုပ်ပဲ။ ကွဲသွားတာ ကတော့ ဒီမှာ အဝိုင်းပြားရှစ်ပြားပဲ ပါတယ်။ ဟိုဘုန်းကြီးရွှေ့နေတဲ့ သုံးပုံပဟေဠိမှာ တော့ ကွင်းပေါင်း (၂၁) ကွင်းတိတိ ပါတယ်။ အဲဒါပဲကွာတာ ကျန်တဲ့ စည်းကမ်းချက်တွေ ၊ ရွှေ့ပုံရွှေ့နည်းတွေ အားလုံး အတူတူပဲ''
ရိုးစစ် နားလည် သွားပါပြီ၊ ထို့အတွက်ကြောင့် ဦးယုဝကိုင်ထားသော ကစားနည်းလေးကို ယူကာကြည့်မိသည်။
''သက်တော် ရှည်ဘုန်းကြီးက ဒီသုံးပုံပဟေဠိကို ပေးပြီး တစ်ခွန်းပြောသွားသေးတယ်ကွ။ 'သုံးပုံပဟေဠိပေါ်တဲ့နေ့က မင်းတို့ရွာကြီး အသစ်ကပြန်စမဲ့နေ့ပဲ' တဲ့။ အဓိပ္ပါယ် ကတော့ တိုင်မှာ စွပ် ထားတဲ့ ကွင်းလေး (၂၁) ကွင်းကို တခြားတိုင်လွတ်တစ်ခုခုမှာ အမှားအယွင်းမရှိ ပုံစံတူစွပ်နိုင်တဲ့နေ့ က တို့ရွာကြီး အသစ်ကပြန်စမဲ့နေ့ပေါ့။ အဲဒီ တုန်း ကတော့ ဒီကိုးချောင်းရွာကြီးက စည်ပင်ဝပြောနေ တော့ ဘုန်းကြီးဘာကိုပြောသွားတယ်ဆိုတာ နားမလည်ဘူး။ အခုတော့ နားလည်ပါပြီ''
ဦးယုဝက အတိတ်ကို သတိရဟန်နဲ့ သံဝေဂရသလို ပြောသည်။
''မင်းစိတ်ထဲမှာ ဒီလောက်မိုးခေါင်ပြီး ဒုက္ခရောက်နေတာတောင် ဘာလို့ ရွာပြောင်းမသွားတာ လဲလို့ ထင်ကောင်းထင်လိမ့်မယ်။ တို့တွေ ရွာမပြောင်းရတဲ့ အဓိကအကြောင်းရင်းက သုံးပုံပဟေဠိနဲ့ ဘုန်းကြီးပြောသွားတဲ့စကားကြောင့် ပဲ။ ဘုန်းကြီးပြောသွားတဲ့ စကားအတိုင်းပဲ သုံးပုံပဟေဠိပေါ်ပြီး တို့ရွာကြီး အသစ်ကပြန်စမဲ့နေ့ကို စောင့်ရင်းနဲ့ အခုလို ခြောက်နှစ် တိတိ ကြာသွားခဲ့တာဆိုပါတော့''
ရိုးစစ်စိတ်ထဲမှာ မရှင်းမလင်း ဖြစ်နေသော ကိစ္စတွေ ရှင်းလင်းသွားသည်။ တကယ်လည်း ဦးယုဝပြောသလို ဒီလောက်ဒုက္ခရောက်နေတာတောင် ရွာဘာလို့ မပြောင်းကြတာလဲ တွေးနေမိ တာပါ။ ယခုတော့ ရှင်းလင်းသွားချေပြီ။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်သော သတ္တဝါတစ်မျိုး ပင် မဟုတ်ပါလား။
ရိုးစစ် ခေါင်းတဆတ်ဆတ်ညိတ်ရင်း လက်ထဲမှ ကစားနည်းကို တစ်ပြား၊ နှစ် ပြား ရွှေ့ကြည့်မိ သည်။ ရိုးစစ် လုပ်ပုံကိုကြည့်ရင်း . . .
''သုံးပုံပဟေဠိနဲ့ ပုံစံတူလုပ်ထားတဲ့ ဒီကစားနည်း ကတော့ မင်းတို့လို ဧည့်သည်တွေ ရောက်လာ ရင် ရှင်းပြလို့ရအောင် ငါ့အစ်ကို ဦးပြည့်လုပ်သွားခဲ့တာပဲ။ ပြီးတော့မှ အိမ်မှာ ရေး ထားတဲ့ အချက် သုံးချက်အတိုင်း အကြံဉာဏ်တောင်းမယ်လေ''
မျက်လုံးတွင်းမှာ ဦးယုဝနဲ့စတွေ့ စ နံရံမှာ ကပ်ထားသော အချက်သုံးချက်ကို ပြေးမြင်မိသည်။
''မိုးခေါင်ပြီးတဲ့နောက်မှာ ငါတို့တစ်ရွာလုံး မိုးပြန်ရွာအောင် အစွမ်းကုန်ကြိုးစားကြတယ်။ သစ်ပင်တွေ စိုက်တယ်။ ပိုင်ရာဆိုင်ရာတွေ ကို ပ, သတယ်။ ဒါပေမဲ့ ဘယ်လိုပဲလုပ်လုပ် မိုးရွာမလာ ဘူး။ ရေရအောင် ရေတွင်းတွေ တူးကြတယ်။ ဘယ်လောက်နက်အောင် တူးတူး ရေထွက်မလာဘူး။ နောက်ဆုံးတော့ သစ်ပင်တွေ သေကုန်တာပေါ့။ အဲတော့မှ ငါတို့လည်း လက်လျှော့ပြီး သုံးပင်ရွာကို အလုပ်ပြောင်းလုပ်ကြတာပဲ''
ငြိမ်သက်၍ သာ နားထောင်နေမိပါတော့သည်။ စကားပြန်ဆိုဖို့ပင် သတိမရ၊ ကိုးချောင်းရွာ၏ ထူးခြားမှု တွေ က သူ့ကို တအိအိဆွဲခေါ်နေ၏ ။
''ငါတို့ နည်းလမ်းပေါင်းစုံသုံးပြီးသွားပြီလေ။ အဆင်မပြေဘူး။ အဲတော့ ငါ့အစ်ကိုဦးပြည့်ဝက တစ်ရွာလုံးအတွက် ဆောင်ပုဒ်တစ်ခု ရေး တယ်။
အဲဒီ ဆောင်ပုဒ်ကိုတော့ မင်းတွေ့ ခဲ့ပြီးသွားပြီလေ။ ဆောင်ပုဒ်ထဲကအတိုင်းပဲ ရွာကိုရောက်လာ တဲ့ ဧည်သည်တွေ ကို တို့ရွာရဲ့ ဒုက္ခကိုပြောပြပြီး အကူအညီတောင်းတယ်။ အကြံဉာဏ်တောင်းတယ်။ အခုချိန်ထိတော့ အဆင်မပြေသေးဘူး''
ရိုးစစ် နားလည်ခဲ့ပြီ။ မိုးခေါင်ရေရှားလွန်းသော ရွာလေးကိုလည်း စာနာမိသွား၏ ။
''ဒီရွာမှာ နေလို့ မင်းဘာမှမပူနဲ့။ မင်းကို အန္တရာယ်ပေးမဲ့လူ မရှိဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ တစ်ရွာလုံးက ဧည့်သည်ရောက်လာရင် သူတို့ရဲ့ ဒုက္ခတွေ ကို ကယ်တင်ဖြေရှင်းပေးမဲ့လူလို့ သဘော ထားပြီး ဧည့်ဝတ်ကျေ ကြည်ဖြူကြလို့ပဲ။ ဦးပြည့်ဝရဲ့ ဆောင်ပုဒ်အတိုင်း လိုက်နာတာလည်းပါတာပေါ့''
''သြော် . . . ''
တကယ်ပင် ရွာသားတွေ ရဲ့ ဒုက္ခကို နားလည်ခံစားသွားသည်။ ဘာမှန်းညာမှန်းမသိ ရောက်လာသည့် ဧည့်သည်ကိုပင် သူတို့ရဲ့ ကယ်တင်ရှင်လို့ မှတ်ယူနေရတဲ့ ဘဝတွေ ပါလား။
''ဒီကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဘုန်းကြီးရှိရင်လည်း မင်းကို ဝမ်းပန်းတသာ ကြိုဆိုမှာ ။ အခုတော့ မရှိဘူး။ သုံးပင်ရွာကို ကြွသွားတယ်''
ဘာကြောင့် မျန်းမသိ၊ ဘုန်းကြီးကျောင်းတစ်ခုလုံးအား ဝေ့ဝဲကြည့်မိလိုက်သည်။
''ဒါ ကတော့ ငါ့အစ်ကိုလက်ထက်မှာ မှ တူးဖော်ခဲ့တဲ့ ရေလှောင်ကန်ပဲ''
ဦးယုဝပြသသော ရေလှောင်ကန်အား ရိုးစစ် လှည့်ပတ်ကြည့်ရှုမိပါသည်။ လှောင်ကန်က ဆယ့်ငါးပေပတ်လည်လောက် အကျယ်အဝန်းရှိ၍ အုတ်တို့ဖြင့် တည်ဆောက်ထားလေသည်။ အနက် ပေတော့ မည် မျှရှိသည် မသိ။
မြေပြင်ပေါ်၌ ပေါင်လယ် မရှိတရှိ အမြင့်ရောက်နေပြီး ဓနိမိုးထားလေသည်။ ရိုးစစ် ငုံ့ကြည့် လိုက်တော့ တည်ငြိမ်နေသော ရေပြင်၌ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရသည်။ ရေတို့မှာ ကြည်လင်နေ ၏ ။
''ဒါ တို့တစ်ရွာလုံးရဲ့ သောက်ရေကန်လို့ ပြောရင်လည်း ရတယ်။ မင်းကို လမ်းမှာ ငါပြောလာခဲ့ တဲ့ သယ်လာတဲ့ရေတွေ ခွဲတမ်းနဲ့လာထည့်ရတယ်ဆိုတာ ဒီကန်ပေါ့''
လှောင်ကန်အား ခြံစည်းရိုးခတ်ထားသည်ကို ကြည့်ခြင်းအားဖြင့် ထိုရွာအတွက် ဘယ်လောက် ထိအရေး ပါတယ်ဆိုတာ ခန့်မှန်းမိ၏ ။ ဟုတ်မှာ ပါ၊ ရေရှားလွန်းသော ကျေးရွာတစ်ရွာအတွက် ဤ ရေလှောင်ကန်က အသက်တမျှ အရေး ပါ ပါလိမ့်မည် ။
ထိုအခိုက်မှာ ပဲ ဦးယုဝဆီမှ သက်ပြင်းချသံတစ်ချက်ကို ကြားရသည်။ တစ်ဆက်တည်း ဆိုသလို . . .
''ဦးသီလ မရှိတော့တဲ့နောက်ပိုင်းမှာ ဖိုးလက်ဖြူက ရွာကို တစ်လတိတိ အုပ်ချုပ်ခဲ့တယ်လေ။ ပြီးတော့ သူလည်း ဆုံးသွားခဲ့တယ်။ သူဆုံးသွားတော့ ဆက်ပြီးအုပ်ချုပ်မဲ့လူက သူ့ညီ ယက္ခပေါ့။ ဒါပေမဲ့ ယက္ခက ရွာကို လူကြီးလုပ်ပြီး မအုပ်ချုပ်ချင်ဘူး။ ရွာကိုအုပ်ချုပ်ဖို့ ငါ့အစ်ကို ဦးပြည့်ဝကို တာဝန်ပေးတယ်။ သူနဲ့ သူ့အဖွဲ့ ကတော့ ရွာပြင်တောင်ကုန်းပေါ်မှာ တဲထိုးပြီး နေတယ်''
ဒီရွာရဲ့ သမိုင်းကြောင်းပဲဆိုတာ သိသည်မို့ ရိုးစစ် ငြိမ်ကာ နားထောင်နေမိသည်။ အင်မတန်ကို စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာတွေ ပါပဲ။ ဦးယုဝ ရေလှောင်ကန်ကို ကျောမှီကာ ဆက်ပြောသည်။ (သာမန်လူ တစ်ယောက် အနေနှင့် ရေကန်ကို ကျောမှီ၍ မရ။ ဦးယုဝမှာ အရပ်ပုသည် မို့ ရေကန်အုတ်ပေါင်ကို ကျောမှီ၍ ရသည်။)
''ဒါပေမဲ့ သူတို့အဖွဲ့အတွက် တစ်လတစ်ခါ ရိက္ခာပို့ပေးရတယ်။ အရင်တုန်းကကိစ္စမရှိပေမဲ့ မိုးခေါင်ပြီးတဲ့နောက်မှာ အခက်အခဲရှိလာတယ်။ အဓိက ကတော့ ရေပြဿနာပဲ။ ငါတို့ကိုယ်တိုင်ကိုက သုံးပင်ရွာကရေကို ခက်ခက်ခဲခဲ သယ်ယူပြီး သုံးနေရတော့ သူတို့အဖွဲ့အတွက် ရေပို့မပေးနိုင်ဘူး။ အဲဒီ မှာ ဒုက္ခတွေ့ တော့တာပဲ။ ရေလိုတိုင်း တို့ရွာဆီ ဆင်းပြီးတောင်းတော့တာပဲ''
''ဟာ . . . ဦးတို့ကရော တောင်းတိုင်းပေးလိုက် တာပဲလား''
''ဘယ်ပေးလိမ့်မလဲကွ။ ငါ့အစ်ကိုပြည့်ဝနဲ့ အကြီးအကျယ်ကို ပြဿနာ ဖြစ်တာပေါ့။ ဒါပေမဲ့ ယက္ခက ဖိုးလက်ဖြူလောက် မကြမ်းတမ်း မရိုင်းစိုင်းဘူးကွ။ ဖိုးလက်ဖြူထက်လည်း မြော်မြင်ဉာဏ် ရှိတယ်။ သူက တို့ရွာကို ပညာပြိုင်ဖို့ စိန်ခေါ်တယ်။ နိုင်ရင် လိုသလောက်ရေယူမယ်။ ရှုံးရင်ရေမယူ ဘူးပေါ့''
''ဘာပညာပြိုင်ရမှာ လဲ''
''မျက်လှည့်''
''နောက်ဆုံးတော့ ယက္ခတို့အဖွဲ့ကိုကြောက်ပြီး လက်မခံချင်ပေမဲ့ လက်ခံလိုက်ရတာ ပေါ့ကွာ။ ဒါပေမဲ့ ငါ့အစ်ကိုက လိုသလောက် ရေကို မပေးဘူး။ တစ်ခါနိုင်ရင် ရေတစ်စည်ပဲပေးမယ်။ ပြီးတော့ တစ်လမှာ နှစ် ခါပဲပြိုင်ခွင့်ရှိတယ်လို့ တောင်းဆိုတယ်။ အဲလိုမှမဟုတ်ရင် အကုန်လုံး ရွာပြောင်းတော့ မယ်ဆိုတော့မှ လက်ခံတယ်။ အဲ့ဒီနောက်တော့ အမြဲတမ်းလိုလို တစ်လကို ရေနှစ် စည် ယက္ခတို့အဖွဲ့ ကို ပေးနေရတာ ပေါ့ကွာ''
ဦးယုဝ စကားတွေ အများ ကြီးပြောလိုက်ရသည်မို့ မောသွားကာ နှုတ်ဆိတ်သွားသည်။ သူလည်း ရေလှောင်ကန်လေးနှင့် မှိုင်းညိုညိုရွာလေးကိုကြည့်ရင်း သက်ပြင်းလေးလေး ရှိုက်မိ၏ ။ တော် တော့် ကို ဒုက္ခကြီးသော ရွာလေးပါပဲ။ တအောင့်ကြာတော့ . . .
''ပြိုင်တော့ရော ဦးတို့က အမြဲတမ်းရှုံးတာပဲလား''
''အမြဲတမ်းမဟုတ်ပေမဲ့ အမြဲတမ်းလိုလိုပါပဲ။ ရွာမှာ က ဦးသီလ သင်ထားပေးလို့ တတ်မြောက် ကြတာလေ။ ဦးသီလတောင် ရှုံးပါတယ်ဆိုတော့မှ . . . ''
စကားကိုမဆက်ဘဲ တစ်ဝက်တစ်ပျက်နှင့် ရပ်လိုက်ပေမဲ့ နားလည်လိုက်ပါသည်။ ရိုးစစ် သိချင် သော မေးခွန်းတစ်ခုကို မေးလိုက်၏ ။
''ပြိုင်တော့ရော ဦးတို့ရွာက ဘယ်သူတွေ ထွက်ပြိုင်လဲ''
''ဒီလိုပါပဲ၊ မခံချင်စိတ်ရှိတဲ့လူတွေ ထွက်ပြိုင်ကြတာပေါ့။ များ တာ ကတော့ ငါ့အစ်ကိုပြည့်ဝ ရယ်၊ ငါရယ်၊ ငါ့တို့သူငယ်ချင်း ဖိုးလူရယ်၊ မင်းကို ခုနကလိုက်ပို့ခဲ့တဲ့ ဘုန်းကြီးကျောင်းက ဆရာတော် ရယ်၊ ဒီလောက်ပါပဲ''
နားထောင်နေရင်းမှပင် နားမလည် ဖြစ်နေသေးသည်မို့ . . .
''ဒါပေမဲ့ ကျွန်တော် နားမလည်တာက ဦးတို့ကတစ်ရွာလုံးတောင်ပဲ။ ဘာလို့ ယက္ခတို့လူ လေးယောက် ကို ကြောက်နေရတာ လဲ။ ရွာက မောင်းထုတ်ပစ်လိုက်ပါလား''
ဦးယုဝက မခံချိမခံသာပုံစံနဲ့ 'ဟက်' ခနဲ တစ်ချက်ရယ်သည်။ ပြီးတော့ မချိပြုံးဖြင့် သူ့ကို လှမ်းကြည့်ကာ . . .
''မင်း . . . မှော်တို့၊ ကဝေတို့၊ စုန်းတို့ဆိုတာကို ကြားဖူးလား''
''ကြားဖူးတယ်''
မချိပြုံးလျက်မှ ဦးယုဝ ခေါင်းကိုညိတ်ကာ . . .
''ယက္ခ အဲ့ဒီပညာတွေ တတ်တယ်ဆိုတာသာသိရင် ခုနမေးခွန်းမျိုး မင်းမေးမှာ မဟုတ်ဘူး''
သူကလည်း တစ်ခွန်းပင် ပြန်ဆိုမိသည်။
''ဟုတ်ရဲ့ လား ဦးလေးရယ်''
ပြောလည်း ပြော၊ လက်ကလည်း ဦးယုဝ လက်မောင်းတစ်ဖက်ကို အမှတ်မထင် ဆုပ်ကိုင် လိုက်တော့ . . .
လူကဓာတ်လိုက်သလို တုန်ခါသွားသည် ထင်မိ၏ ။ ပြီးတော့ စိတ်ထဲမှ စကားတစ်ခွန်းကို လည်း ဆိုမိသည်။
''သူပြောတာ အမှန်တွေ ပဲ''
မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေ ရဲ့ အလင်းကိုဖုံးကာ ကားစွင့်စွင့် လမင်းကြီးက ထိန်ထိန် သာနေသည်။ လရောင် ဆမ်းသော ညကောင်းကင်က မြင်ရသူ၏ စိတ်ကို တစ်မျိုးတစ်မည် ကြည်နူးစေ ပါသည်။
ခပ်ဝေးဝေးဆီမှ အသံဗလံတွေ ကိုလည်း တိုးတိုးရီရီ ကြားနေရ၏ ။ ဦးယုဝပြောသလိုပင် သုံးပင် ရွာသို့ အလုပ်သွားလုပ်နေကြသော ရွာသူ/သားတွေ ပြန်လာကာ ချက်ပြုတ်စားသောက်နေကြခြင်း ဖြစ်သည်။ ကြားနေရသော ထိုအသံတွေ က ဒီကိုးချောင်းရွာ၏ ပုံမှန်ညနေခင်းဂီတသံတွေ ဖြစ်ပုံရလေ သည်။
သြော် . . . ပင်ပန်းနေသူတို့မှာ တော့ ရှားပါးသော ညအရသာကို ဘယ်မှာ လာခံစားခွင့်ရမှာ ပါလိမ့်။ ခြောက်နှစ် တိတိ မိုးမရွာခဲ့ပေမဲ့ ဆွတ်ပျံ့ပျံ့ညလေအေး ကတော့ တဖြူးဖြူး တိုက်ခတ်လျက် ရှိနေပါသည်။
တစ်ယောက် တည်း ကွပ်ပျစ်ပေါ်ထိုင်ရင်း ကောင်းကင်ကြီးအား မော့ကြည့်ကာ တောင်တောင် အီအီ တွေးတောလျက် ရှိနေသည်။
သူတွေ နေသည်ကား ဤကိုးချောင်းရွာအကြောင်း . . .
လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းသော ကျေးရွာတစ်ခု ဖြစ်သလို ဆန်းပြားလွန်းသော ရွာတစ်ရွာ လည်း ဖြစ်သည်။ ခြောက်နှစ် တိတိ မိုးခေါင်ခဲ့သည်တဲ့။ ကျိန်စာတိုက်ခံထားရသည်တဲ့။ မိုးမရွာသည်က တော့ သူ့ကိုယ်တွေ့ ပဲ ဖြစ်သည်။ ပြီးတော့ ဘုန်းကြီးကျောင်းနံရံမှတပေါင်။ ကြိုးစားပမ်းစား အဖြေရှာ နေသော သုံးပုံပဟေဠိ။
လွန်ခဲ့သော ခြောက်နှစ် ကျော်က သက်တော် ရှည်ဘုန်းကြီးတစ်ပါး ကြွလာခဲ့သည်တဲ့။ ထို ဘုန်းကြီးကပင် တပေါင်ကိုရေး ပြီး သုံးပုံပဟေဠိပေါ်တဲ့နေ့က မင်းတို့ရွာကြီး အသစ်ကပြန်စမဲ့နေ့ပဲလို့ ပြောခဲ့သည်တဲ့။
ကြောက်စရာဟောကိန်းတွေ ပါပဲ။ ထိုစဉ်တုန်းက ဘုန်းကြီးပြောခဲ့တာတွေ ကို ဘာမှန်းမသိပေမဲ့ ယခုတော့ လက်တွေ့ ခံစားနေရပါပြီ။ အတွေးထဲမှာ ပင် ဦးယုဝပြောပြခဲ့သော ကိုးချောင်းရွာ သမိုင်း ကြောင်းက တရစ်ဝဲဝဲ ဝင်ရောက်လာပြန်၏ ။
''သက်တော် ရှည်ဘုန်းကြီးထွက်သွားပြီး မကြာခင်မှာ ရွာသို့ ဖိုးလက်ဖြူဦးဆောင်သော မျက်လှည့်အဖွဲ့ ရောက်လာသည်။ ဖိုးလက်ဖြူက ဒီရွာကိုသဘောကျပြီး အုပ်ချုပ်ဖို့ပြောသည်။ လက်မခံနိုင်၍ ဦးသီလနှင့် ဖိုးလက်ဖြူတို့ ပညာပြိုင်ကြသည်။ ဦးသီလ ရှုံးပြီး ရွာကပျောက်သွားသည်။ ဒါကို တစ်ရွာလုံးက ဦးသီလ သေသွားတာလို့ မှတ်ယူကြသည်။
ဖိုးလက်ဖြူ ကတော့ မျက်စိတစ်ဖက်ကန်းပြီး နောက်တစ်လလောက်အကြာမှာ သေသွားသည်။ မသေခင်မှာ သူ့မျက်လုံးတစ်ဖက်ကမ်းသွားတာကို ငြိုးပြီး ရွာကို ကျိန်စာတိုက်သွားခဲ့သည်။ ထိုကျိန်စာ ကြောင့် ပဲ ရွာမှာ မိုးခေါင်ခဲ့ရသည်။
အဲဒီ နောက်မှာ ရွာကိုအုပ်ချုပ်ဖို့ ဖိုးလက်ဖြူညီ ယက္ခ ဖြစ်လာသည်။ ယက္ခက ရွာကို မအုပ်ချုပ်၊ ဦးပြည့်ဝကိုလွှဲပေးပြီး သူ ကတော့ ရွာပြင်တောင်ကုန်းပေါ်မှာ တဲထိုးနေသည်။ ယက္ခတို့အဖွဲ့အတွက် ရွာက လစဉ်စားနပ်ရိက္ခာ ထောက်ပံ့ပေးရသည်။
အဲ့ဒီမှာ ပြဿနာ ဖြစ်လာသည်က 'ရေ'။
မိုးခေါင်လွန်းတဲ့အတွက် ဦးပြည့်ဝက တစ်ရွာလုံးရဲ့ သောက်သုံးရေအ ဖြစ် ရေလှောင်ကန် တစ်ကန်တူးသည်။ ပြီးတော့ သုံးပင်ရွာက ရေကိုသယ်ပြီး လှောင်ကန်ထဲထည့်သည်။ ထိုရေကို ယက္ခကတောင်းသည်။ လွယ်လွယ်နဲ့မရတော့ မျက်လှည့်ပညာပြိုင်ပြီး ရေကို ယူသည်။
ရွာမှာ လည်း ယက္ခကိုနိုင်အောင် ယှဉ်နိုင်တဲ့သူ မရှိတဲ့အတွက် ယက္ခသဘောအတိုင်းပဲ ဖြစ်နေ ရသည်။ ဒီကိုးချောင်းရွာရဲ့ သမိုင်းကြောင်းအကျဉ်းချုပ်မှာ ဒါပဲ ဖြစ်၏ ။
အမှန်ဆုံးပြောရလျှင်တော့ သူရောက်ရှိနေရာရွာသည် စိတ်ဝင်စားဖွယ်၊ စိုးရွံ့ထိတ်လန့်ဖွယ် တွေ ပြည့်နှက်နေသော ရွာတစ်ရွာပါပဲ။ ဒါပေမဲ့ သူ့စိတ်ထဲမှာ မတင်မကျ ဖြစ်နေသော အကြောင်းအရာ တွေ လည်း ရှိနေသေးပါသည်။ အဲဒါက . . .
ယက္ခတို့လူစု ဘာကြောင့် ဒီရွာမှာ ဆက်နေနေတာလဲ။ အစ်ကိုလည်းရှိတော့တာမဟုတ်၊ ရွာကို ကိုယ်တိုင်အုပ်ချုပ်တာလည်း မဟုတ်။ ဒီလောက် မိုးခေါင်ရေရှားပြီး ဒုက္ခများ နေတာတောင် ဘာကြောင့် ပါလဲ။
လောလောဆယ်တွေးမိတာ ကတော့ စားပေါက်ချောင်လို့သာ ဆက်လက်နေထိုင်ခြင်း ဖြစ်ပါ လိမ့်မည် ။ ပြီးတော့ ဦးသီလ သေသွားတယ်ဆိုတာရော ဟုတ်ရဲ့ လား။ သေသွားတာမှန်လျှင် လူ တစ်ယောက် ကို သေအောင်ပြုစားနိုင်သော ပညာအတိမ်အနက်က မည် မျှထိရှိနေမလဲ။
ထိုပုဂ္ဂိုလ်မျိုး တိုက်သွားတဲ့ကျိန်စာကို လွယ်လွယ်ကူကူ ချေဖျက်လို့ ရနိုင်ပါမည် လား။ တော် တော် ခက်ခဲသော ကိစ္စတစ်ရပ် ဖြစ်ပါသည်။
ထိုစဉ်မှာ ပင် မျက်လုံးထဲမှာ လူတစ်ဦး၏ ရုပ်ပုံက ပေါ်လွင်လာသည်။ မြင်ယောင်မိလျှင်ပဲ ရင်တစ်ချက် ဒိန်းခနဲ ဆောင့်ခုန်သွားသည်။ ဒီရွာမှာ စိတ်ဝင်စားဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်လေး . . .
နာမည် က နှစ် လုံးထဲပါ။ 'အီလစ်'
ထိုအခိုက် နီးကပ်လာသော ခြေသံတရှပ်ရှပ်ကို ကြားရသည်ကြောင့် လှည့်ကြည့်လိုက်တော့
. . .
''ဘာတွေ တွေးနေတာလဲကွ''
ရေနွေးကရားအိုးတစ်လုံးနှင့် ခွက်နှစ် ခွက်အား ကွပ်ပျစ်ပေါ်ချရင်း ဦးယုဝ မေးသည်။ ရိုးစစ် ကိုယ်ကိုပြင်ထိုင်ကာ . . .
''ဘာရယ်မဟုတ်ပါဘူး၊ ဦးတို့ရွာနဲ့ပတ်သက်ပြီး မရှင်းတာလေးတွေ တွေးကြည့်နေတာပါ''
''အဟား . . . ဟုတ်လှချည်လား''
ဦးယုဝက ပေါ့ပေါ့ပါးပါးဆိုရင်း ကွပ်ပျစ်ပေါ် တက်ထိုင်သည်။ ပြီးတော့ ယူလာသော ခွက်နှစ် ခွက်တွင်းသို့ ရေနွေးလောင်းထည့်နေ၏ ။ လရောင် နှင့် ဖြစ်ပေမဲ့ ရှင်းရှင်းလင်းလင်း မြင်နေရ သည်မို့ ဦးယုဝလုပ်ကိုင်ပုံတွေ ကို ဘာရယ်မဟုတ် ငေးကြည့်နေမိသည်။ ခွက်တွင်းမှ ရေနွေးငွေ့တွေ အပြင်သို့ လျှံကာထွက်နေ၏ ။
''ဘာတွေ မရှင်းမလင်း ဖြစ်နေလို့လဲ''
''မရှင်းဘူးဆိုတာထက်စာရင် လူ တစ်ယောက် အကြောင်းကို ပိုသိချင်တာ''
''ဘယ်သူလဲ . . . ''
''အီလစ် . . . ''
စကားစက တိုင်ပင်မထားပါဘဲ ပြတ်တောက်သွားသည်။ ရိုးစစ် ကြည့်မိတော့ ဦးယုဝက လရောင် ထိုးကျနေသော ရွာလေးဆီ ငေးသွားလေသည်။ အတန်ကြာသည်ထိ မည် သူ့ဆီကမှ စကား သံထွက်မလာ။
''အင်း . . . ဒီကလေးလေးဘဝက သနားစရာပါ''
သူသိပါသည်။ စတွေ့ စဉ်ကပင် အီလစ်နှင့် ပတ်သက်ပြီး ရိုးစစ် သိတန်သလောက် သိခဲ့သည်။ ဒါပေမဲ့ သူ ထပ်သိချင်နေသည်။
''အမှန်အတိုင်းပြောရရင်တော့ အီလစ်က ဒီရွာက မဟုတ်ဘူး။ ဘယ်ကမှန်းလည်း မသိဘူး။ ဘယ်သူမွေးမှန်းလည်း မသိဘူး။ သူ့ကို သင်္ချိုင်းက ကောက်ရခဲ့တာ။ သင်္ချိုင်းကကောက်ရလို့ ဦးသီလ မွေးစားခဲ့တာပဲ။ ဦးသီလက အဲ့ဒီကလေးလေးကို အရမ်းချစ်တယ်။ အီလစ်ဆိုတဲ့နာမည် ကိုလည်း သူပဲ ပေးခဲ့တာ''
''ကျွန်တော် မသိလို့ တစ်ခုလောက်မေးမယ်။ ဦးသီလက သား၊ သမီး မရှိဘူးလား''
''မရှိဘူး၊ ဇနီးလည်း မရှိဘူး''
''သြော် . . . ''
သဘောပေါက်ပြီ။ ခေါင်းညိတ်တော့ ဦးယုဝစကားကိုဆက်၏ ။
''ဒါပေမဲ့ အရမ်းအံ့သြဖို့ကောင်းတယ်ကွ။ အီလစ်က ဉာဏ်တအားကောင်းတယ်။ ကြောက်စရာ အကောင်းဆုံးက သူရဲ့ သင်္ချာဉာဏ်ပဲ။ မင်းလည်း တွေ့ ခဲ့ရပြီးပါပြီ။ သူ့ရဲ့ ပါရမီလို့ပဲပြောရမှာ ပေါ့။ အီလစ်ကို ဦးသီလကိုယ်တိုင်ပဲ စာသင်ပေးတာ။ ဦးသီလမွေးစားသားဆိုတော့ ငါတို့နဲ့အတူတူပဲ ဒီအိမ် ကြီးမှာ နေရတာ ပေါ့။ ဒါပေမဲ့ အီလစ်လေး၊ ငါးနှစ် သားအရွယ်မှာ ဦးသီလ ဆုံးသွားတယ်။ ဘာကြောင့် ရယ်မသိဘူး ကျန်ခဲ့တဲ့ ဖိုးလက်ဖြူက ဒီကလေးလေးကို ရွာက အတင်းမောင်းထုတ်တာပဲ''
''ဟာ . . . ''
ရိုးစစ် တအံ့တသြ အာမေဋိတ်သံထွက်သွားတော့ . . .
''ဘယ်သူ ဝိုင်းပြောလို့မှမရဘူး။ ဘာကြောင့် မောင်းထုတ်မှန်းလည်း မသိဘူး။ ဒါပေမဲ့ ငါတို့ တစ်ရွာလုံး အံ့သြရတာ က အီလစ်ပဲ။ ဘာမှမ ဖြစ်သလို အိမ်ကထွက်သွားပြီး သင်္ချိုင်းမှာ သွားနေတယ်။ ငါးနှစ် ပဲရှိသေးတာနော်။ ကြောက်တာ လန့်တာလည်း မရှိဘူး။ အေးအေးဆေးဆေးပဲ။ စာအုပ် တစ်ထပ်နဲ့ သင်္ချိုင်းကို သူ့အိမ်လုပ်ပစ်လိုက်တော့တာပဲ''
သိပြီးသားကိစ္စတွေ ဖြစ်ပေမဲ့ အံ့သြမှု တွေ အကြိမ်ကြိမ် ဖြစ်မိသည်။ အီလစ်အစား ရင်ထဲမှာ တော် တော် မောသွားရ၏ ။ တကယ့် အာဂကလေးလေးပင်။
''စားဖို့သောက်ဖို့ကိစ္စကိုတော့ သူထွက်သွားတဲ့အချိန်ကစပြီး အခုအချိန်အထိ ငါတို့ပို့ပေးနေ တယ်''
''တော် သေးတာပေါ့'' ဟု စိတ်ထဲမှ ရေရွတ်မိလိုက်သည်။
''အခုနောက်ပိုင်းတော့ မဆိုးပါဘူး။ ယက္ခက သူ့ကိုချစ်တယ်ကွ။ ညဘက်တွေ သူတို့တဲကို ခေါ်ခေါ်အိပ်တယ်။ ဒါပေမဲ့ ရွာထဲကိုတော့ ဝင်ခွင့်မပြုဘူး''
''ယက္ခတို့တဲဆိုတာက . . . ''
ရိုးစစ် အမေးမဆုံးခင် ဦးယုဝက တစ်နေရာကို လက်ညှိုးညွှန်ပြ၏ ။
''ဟိုတောင်ကုန်းလေးပေါ်က မီးရောင် လေးကိုတွေ့ လား''
လရောင် ထိုးကျနေသည်မို့ တောင်ကုန်းလေးကို မြင်ရပါသည်။ ပြီး . . . တောင်ကုန်းထိပ်မှ ပုပုဝိုင်းဝိုင်းတဲလေးနှင့် ထိုအထဲမှ ဖြာထွက်နေသော မီးရောင် လဲ့လဲ့ကိုလည်း မြင်ရသည်။
''ဟုတ်ကဲ့ . . . တွေ့ တယ်''
''အဲဒါ ယက္ခတို့တဲပဲ''
ရိုးစစ် သဘောပေါက်လိုက်ပါပြီ။ မနက်က အီလစ် ညွှန်ပြခဲ့သော တဲလေးပါပဲ။ ဒါကြောင့် မလို့ စောစောစီးစီး သူ့အတွက် ရေနှစ် ခွက်ယူလာနိုင်တာကိုး။ မျက်လှည့်ပြိုင်ပြီး ရေတွေ အလကား ရနေ တာမို့ အီလစ်ပြောသလို ထိုတဲမှာ ရေပေါတာ ဖြစ်နိုင်ပါသည်။
ဒါဆိုညက သူ တစ်ယောက် တည်း သုသာန်မှာ အိပ်ခဲ့ရတာ ပေါ့။ ပြီးတော့ ရွာထဲသို့ အဝင်မခံ သည့်အတွက် မနက်က ခိုးကြောင်ခိုးဝှက်ဖြင့် သူ့ကို သူကြီးအိမ်ပို့ပေးခဲ့ပုံ၊ နောက်ပြီး ချက်ချင်း ပျောက် သွားတာတွေ ကိုလည်း ဆက်စပ်မိလိုက်၏ ။ ဒါပေမဲ့ အတွေးတစ်ခု ကတော့ သူ့ခေါင်းထဲ တိတိကျကျ ဝင်ရောက်လာသည်။
''အီလစ်ကို ဘာကြောင့် ရွာက မောင်းထုတ်တာလဲ''
အကြောင်းတစ်ခုခုတော့ ရှိနေမှာ ပါ။
ထိုစဉ်မှာ ပဲ သူတို့နှစ် ဦးထိုင်နေရာပတ်ဝန်းကျင်က အနည်းငယ် အမှော င်ကျသွား၏ ။ လကို တိမ်ဖုံးသွားခြင်း ဖြစ်သည်။ ဒါပေမဲ့ မကြာလိုက်၊ လေ၏ အကူအညီနှင့် တိမ်တိုက်တွေ လွင့်ပါးသွား သည်။
ခဏချင်းပင် လမင်းကြီးက မူလအတိုင၈်း ပြန်လည်ကြည်လင်လာသည်။ ထိန်ထိန်သာနေ သော လမင်းကြီးအား မော့ကြည့်ရင်း ဦးယုဝထံမှ သက်ပြင်းလေးကြီးတစ်ချက် ထွက်ပေါ်လာ၏ ။
တစ်ခုခုထူးဆန်းသည်ကြောင့် ရိုးစစ် လေ့လာမိတော့ . . .
''ဒီနေ့ လဆန်း (၁၄) ရက်နေ့ပဲ။ မနက်ဖြန် လပြည့်မှာ ကို ငါ စိုးရိမ်နေတယ်ကွာ''
''ဘာလို့လဲ . . . ''
''လပြည့်နေ့ဆို ယက္ခတို့အုပ်စု တို့ရွာကို ဆင်းလာတတ်လို့''
စိုးရိမ်သည့်အတိုင်း တကယ်ပင် ဖြစ်ခဲ့ပါသည်။ နောက်တစ်နေ့ ညနေမှာ ပင် ယက္ခတို့နေထိုင်ရာ တောင်ကုန်းထက်္ဆီမှ မောင်းထုသံ သုံးချက်တိတိ ထွက်ပေါ်လာသည်။
''ဒူ . . . ဒူ . . . ဒူ . . . ''
ထို့နောက်မှာ တော့ တစ်ရွာလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်တော့၏ ။
ကွင်းပြင်တစ်ခုတော့ မဟုတ်ပါ။ ရေခန်းခြောက်နေသော သဲချောင်းမြေပြင်ပေါ်တွင် ရွာသူ/ သားများ စုစုရုံးရုံးဖြင့် ရှိနေကြသည်။ သူတို့အားလုံး၏ မျက်ဝန်းအကြည့်တွေ က ခပ်ဝေးဝေး တောင်ကုန်းမြင့်ဆီမှ တရွေ့ရွေ့လာနေသော မီးရောင် တစ်စကိုကြည့်ပြီး စိုးစိုးရွံ့ရွံ့ ရှိနေကြ၏ ။
အချိန်ကား နေဝင်ရီတရောကိုကျော်လွန်ကာ အမှော င်ဘက် လုနေပြီ ဖြစ်သည်။ အချင်းချင်း တီးတိုးပြောဆိုသံများ ၊ စိုးရွံ့ဝေဖန်သံများ ဟိုမှ သည်မှ ကြားနေရ၏ ။ သူတို့တွေ ဘာကိုစောင့်မျှော်နေ ကြတာလဲ။ ဘာကြောင့် ဤသဲသော င်ပြင်မှာ လာရောက်စုရုံးနေရတာ လဲ။
ညနေကကြားခဲ့ရသော မောင်းထုသံ သုံးချက်နောက်ပိုင်းမှာ တစ်ရွာလုံး ယခုကဲ့သို့ အုံးအုံး ကျွက်ကျွက် ဖြစ်သွားခြင်း ဖြစ်ပါသည်။ ပြီးတော့ သူတို့စုဝေးရာနေရာမှာ လည်း ရေလှောင်ကန် အနီး တစ်ဝိုက်တွင် ဖြစ်၏ ။
''ဟဲ့ . . . ဦးယုဝရောက်နေပြီလား၊ ဦးဖိုးလူရော . . . ''
စိုးရိမ်တကြီးမေးသော မိန်းကလေးသံတစ်သံ လူအုပ်ကြားထဲမှ ထွက်ပေါ်လာသည်။
''မတွေ့ သေးဘူး၊ ရောက်မလာသေးတာနဲ့တူတယ်''
''ဒုက္ခပါပဲ၊ သူတို့မရှိရင် ဘယ်လိုလုပ်မှာ လဲ''
မိန်းကလေးများ ဆီမှ ကျွက်စီကျွက်စီ အသံများ ကို ကြားရ၏ ။ စိုးရိမ်မည် ဆိုလည်း စိုးရိမ် လောက်သည်။ ရွာမှာ က ကျွမ်းကျွမ်းကျင်ကျင်ရှိသူဆိုလို့ သူတို့နှင့် ဆရာတော် ပင် ရှိသည်မဟုတ်ပါ လား။ ဆရာတော် မှာ ကား သုံးပင်ရွာ ကြွသွားသည်ဆိုတော့ . . .
ယက္ခတို့လူစု ကတော့ ရောက်လာလျှင် ထုံးစံအတိုင်း ရွာကို ဦးစားပေးလိမ့်မည် ။ ရွာထဲမှ တစ်ဦးဦး၏ လက်စွမ်းပြမှု ကို စောင့်ကြည့်နေပေလိမ့်မည် ။ ပြီးမှ သူတို့ဘက်က စတင်မည် ဖြစ်သည်။ ယခု ရွာဘက်မှာ လူမရှိသေး။
ထိုစဉ်မှာ ပင် သူတို့အားလုံး ရင်တမမစောင့်ကြည့်နေသော မီးရောင် မှာ နီးသထက် နီးကပ်လာ လေသည်။ ရှင်းလင်းပြတ်သားစွာ ထိုးကျနေသော လရောင် နှင့် မို့ မကြာခင်မှာ ပင် မြင်ကွင်းက ပြတ်သားလာသည်။ လှည်းတစ်စီး၊ ရှင်းအောင်ပြောရပါက မြင်းတစ်ကောင်ဆွဲလာသော လှည်းတစ်စီး၊ ထိုလှည်းပေါ်မှ သယ်ဆောင်လာသော မီးတုတ်နှစ် ချောင်းကြောင့် ဟိုးအဝေးကြီးကတည်းက မြင်နေရ ခြင်း ဖြစ်သည်။
မြင်းခွာသံတဖြောင်းဖြောင်းက အနီးကပ်ထွက်ပေါ်လာတော့ ရှိနေသူအားလုံးမှာ တိတ်ဆိတ် သွားသည်။ လှည်းမှာ တစ်စီးတည်းမဟုတ်၊ နောက်ပိုင်းမှာ ကြိုးနှင့် ဆွဲလာသော ဘီးနှစ် ဘီးတပ်အရာ တစ်ခုလည်း ပါလာသည်။
အမြင်ရိုးနေပြီမို့ မထူးဆန်းတော့ပေမဲ့ ထိုအရာကို မြင်ပြီးနောက်ပိုင်း ပိုမိုတိတ်ဆိတ်သွားတာ တော့ သေချာ၏ ။ ရေစည်တစ်စည် ဖြစ်လေသည်။ ရေစည်ကို အောက်မှာ ဘီးတပ်ပြီး မြင်းလှည်းနှင့် ဆွဲလာခြင်း ဖြစ်သည်။ သူတို့နိုင်လျှင် တစ်ခါတည်း ရေထည့်ယူသွားမည့် သဘောမျိုး။
လူတွေ ရှေ့ရောက်လျှင်ပင် မြင်းလှည်းပေါ်မှ မီးတုတ်ကိုင်ထားသော လူနှစ် ယောက် ခုန်ဆင်း လာလေသည်။ ကြည့်နေသူတွေ မှာ ရှဲခနဲ ဘေးကိုဝိုင်းသွားကြ၏ ။
ဆင်းလာသူနှစ် ယောက် မှာ ရှမ်းဘောင်းဘီနှင့် ဖျင်ကြမ်းအင်္ကျီကို ဝတ်ထားပြီး ခေါင်းပေါင်း လည်း ပေါင်းထားသည်။ ထိုနှစ် ယောက် က လက်ထဲမှမီးတုတ်တွေ ကို မြေကြီးမှာ စိုက်ကာ မြင်းလှည်း ဆီပြန်လည် တိုးကပ်သွား၏ ။
လှည်းနားရောက်စဉ်မှာ ပင် မြင်းမှာ ရှေ့ခွာကိုမြှောက်ပြီး အကြောက်အကန် ထ 'ဟီ' လေ သည်။ မြင်းဟီသံက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးသွား၏ ။ မောင်းနှင်လာသူက ဇက်ကြိုးကို အားနှင့် ဆွဲလိုက်သော ကြောင့် ဖြစ်သည်။ ပြီး ထိုသူကပင် မြင်းကိုဇက်သပ်ကာ လှည်းပေါ်မှ ခုန်ဆင်းလာ၏ ။
ကြည့်နေသူများ အားလုံး 'ဟာ' ခနဲ 'ဟင်' ခနဲ ဖြစ်သွားသည်။ အကြောင်းက ထိုလူဆင်းလာပုံ မှာ လူများ နဲ့မတူ ညှို့ငင်မှု တစ်ခု ပါနေသယောင်။ ပြီးတော့ လှုပ်ရှားမှု တွေ အားလုံးမှာ သေသပ်ပိရိ နေ၏ ။ ကျကျနန လေ့ကျင့်ထားခြင်း ဖြစ်မည် ဟု တွေးမိသည်။ ထိုစဉ်မှာ ပင် . . .
''ယက္ခပါမလာဘူးပဲ''
''ဟုတ်တယ်တော့ စောညိုတို့သုံးယောက် ပဲလာကြတာ''
ကြည့်နေသူတွေ ဆီမှ တီးတိုးတီးတိုးအသံတွေ ထွက်လာသည်။ ယက္ခပါမလာဘူးဆိုပါလား။
''လှည်းပေါ်က အဝတ်အုပ်ထားတာ ဘာကြီးလဲမသိဘူး''
''အခေါင်းကြီးနဲ့တူတယ်''
လူတွေ အာရုံက ဆင်းလာသူသုံးယောက် ပေါ်တွင် သာမဟုတ် လှည်းပေါ်မှာ ကျန်နေသေးသော လူတစ်ရပ် မရှိတရှိ ရှည်မျောမျော အရာပေါ်တွင် လည်း စူးစူးစမ်းစမ်းရှိနေသည်။ အဝတ်အုပ် ထားသည်မို့ ဘာမှန်းတော့မသိသေး။ ပြောစကားအရတော့ စောညိုဆိုသူမှာ နောက်ဆုံးမှ ဆင်းလာ သူ ဖြစ်ပေမည် ။ သုံးယောက် တွင် လည်း သူပင် ခေါင်းဆောင် ဖြစ်ပုံရသည်။
စောညိုက လက်ဝှေ့ယမ်းပြတော့ ကျန်နှစ် ယောက် က အုပ်ထားသော အဝတ်ကို ဆွဲဖယ်လိုက် စဉ် . . .
''ဟာ . . . ''
''အို . . . ''
''အခေါင်းကြီးပဲ''
အာမေဋိတ်သ့တွေ ထွက်သွား၏ ။ မီးတုတ်ရောင် နဲ့မို့ စောညိုပုံစံကို သေချာမြင်ရသည်။ နာမည် နှင့် လိုက်ပါသည်။ လူကောင်က ပုပုပြတ်ပြတ်၊ အသားကညိုသည်ထက်ပိုကာ ကြေးနီရောင် သန်းနေသည်။ ခက်ထန်မာကျောမည့်ပုံစံလည်း ရှိသည်။
ထိုစဉ်မှာ ပဲ တပည့်နှစ် ယောက် မှာ လှည်းပေါ်မှအခေါင်းကြီးအား ထမ်းချလာပါတော့၏ ။ လူ တစ်ယောက် ကောင်းကောင်းဝင်ဆန့်သော အခေါင်းကြီးပါပဲ။ အရောင် ကမည်းနက်ကာ ခြောက်ခြားမှု ကို ပိုသွားစေသလို။
''ဟဲ့ . . . ယက္ခက ဒီအခေါင်းကြီးထဲမှာ လားမသိဘူး''
''အေး . . . ဖြစ်နိုင်တယ် သူတို့ထမ်းလာတာ လေးနေသလိုပဲ''
စိုးရွံ့ထိတ်လန့်နေဆဲမှာ ပင် မိန်းမတွေ ၏ ထုံးစံအတိုင်း ထင်ရာမြင်ရာတော့ ပြော ဖြစ်အောင် ပြောကြသေး၏ ။
ထမ်းလာသူနှစ် ယောက် က ထိုးစိုက်ထားသော မီးနှစ် တိုင်အလယ်မှာ အခေါင်းကိုချသည်။ ချပေးသော အခေါင်းပေါ်သို့ စောညိုက ခြေတစ်ဖက်တင်ကာ ခါးထောက်ရပ်လိုက်သည်။ ပတ်ဝန်းကျင်က မီးကို ရေနှင့် ငြိမ်းလိုက်သလို ရုတ်ခြည်းငြိမ်ကျသွား၏ ။ ထိုစဉ်မှာ ပဲ စောညိုက လေ့ကျင့်ထားဟန်တူသော သြဇာသံကြီးဖြင့် . . .
''ကျုပ်တို့ ဒီကိုဘာလာလုပ်တယ်ဆိုတာကိုတော့ အထူးတလည် ပြောနေစရာမလိုတော့ပါဘူး။ ဒီတော့ ကျုပ်လိုရင်းပဲပြောမယ်။ ခင်ဗျားတို့ဘက်က ယှဉ်မဲ့သူဘယ်သူရှိလဲ ရှိရင်ထွက်ခဲ့ပါ''
အကုန်လုံး တုပ်တုပ်မျှမလှုပ်မြိ ကတော့။ ဘယ်သူထွက်လာမလဲဟူသော အကြည့်တွေ ဖြစ်ထွန်းသွားကြသလို သူထွက်နိုး၊ ငါထွက်နိုး တစ်ယောက် ကို တစ်ယောက် လည်း ကြည့်ကုန်ကြသည်။ ခက်တာက ယခုရှိနေသူတွေ ထဲမှာ ယခင်ကထွက်ရောက်ယှဉ်ပြိုင်နေကျလူတွေ ပါမနေခြင်းပင်။
စောညိုက မျက်မှော င်ကိုကြုတ်ရင်း နောက်တစ်ကြိမ် ထပ်ပြောသည်။
''ကျုပ်ထပ်ပြောမယ် ယှဉ်မဲ့သူရှိရင် ရှေ့ထွက်ခဲ့ပါ''
ပြောပြီး ရပ်နေသူလူအုပ်ကြီးအား ဝေ့ဝဲပြီးကြည့်သည်။ တစ်စုံ တစ်ယောက် ကို ရှာနေသလိုမျိုး။ အတော် ကြာသည့်တိုင် တစ်ဖက်မှ တုံ့ပြန်မှု ကိုမတွေ့ ။
ထိတ်လန့်တိတ်ဆိတ်နေသော လူအုပ်ကြီးအားကြည့်ရင်း စောညိုက တစ်ချက်ရယ်သည်။ သူ့ပုံစံက ဒီနေရာတွင် ဘာလုပ်လုပ် ရနေသလိုမျိုး။ နောက်ဆုံးအကြိမ်အ ဖြစ် စောညိုက တစ်ရွာလုံး အား အထင်သေးသော အကြည့်တွေ ဖြင့် ကြည့်ရင်း . . .
''ကောင်းပြီ ထွက်မယ့်သူမရှိဘူးဆိုရင်တော့ ကျုပ်တို့အလှည့်ပေါ့။ ဟေ့ကောင်တွေ . . . ''
စကားဆုံးဆုံးချင်း တပည့်နှစ် ယောက် က စောညိုခြေထောက်အောက်မှာ ရှိနေသော အခေါင်း ကြီးကို ဆွဲဖွင့်သည်။ လေတစ်ချက်က ဝေ့ခနဲတိုက်ပြီး မီးတိုင်တို့ယိမ်းထိုးသွား၏ ။
အကုန်လုံး ခေါင်းတွေ ထောင်ပြီးလှမ်းကြည့်မိတော့ အခေါင်းတွင်းမှာ ဘာမျှရှိမနေပါ။ ဘာတွေ များ ဆက် ဖြစ်လာမလဲ ရင်တထိတ်ထိတ် စောင့်နေခိုက် . . .
တပည့်နှစ် ယောက် က အခေါင်းကြီးကို ကောက်, မလိုက်ပါသည်။ ပြီးတော့ အထဲမှာ ဘာမျှမရှိ ကြောင်း ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးမြင်အောင် ပခုံးပေါ်ထမ်းပြီး လှည့်ပြသည်။ မျက်လှည့်ပြပွဲ ကို ဆိုင်းသံ၊ ဗုံသံတွေ မပါပေမဲ့ မီးတုတ်အောက်မှလှုပ်ရှားပုံတွေ က တစ်မျိုးတစ်မည် ကြောက်ဖို့ ကောင်းနေသည်။
ဝိုင်းကြီးပတ်ပတ်ပုံစံဖြင့် သုံးပတ်ပတ်ပြီးချိန်မှာ ရပ်တန့်လိုက်ပါသည်။ ပြီးတော့ အခေါင်းကို စောညိုရှေ့တွင် ပြန်ချကာ အဖုံးဖုံးလိုက်၏ ။
မီးတုတ်နှစ် ချောင်းက အရှိန်ပြင်းစွာ တောက်လောင်နေသည်။ လေ၏ တိုးဝေ့မှု ကြောင့် တစ်ခါ တစ်ခါတွင် လည်း ယိမ်းထိုးတတ်သည်။ မီးခိုးငွေ့တွေ လည်း ပတ်ဝန်းကျင်သို့ တလူလူ ထွက်နေသည်။ ထိုအခိုးအငွေ့တွေ ကပင် ပတ်ဝန်းကျင်ကိုဖုံးနေပြီး စောညို၏ ပြသမှု ကို ကူညီပေးနေသလို။
စောညိုက အခေါင်းကိုအဝတ်ဖြင့် ပြန်အုပ်ကာ သူ၏ ပြသမှု ကို စတင်လိုက်လေသည်။ အခေါင်း ပေါ် ခြေတစ်ဖက်တင်ထားရာမှ လက်နှစ် ဖက်ကိုဆန့်တန်းပြီး ထိန်ထိန်သာသော လမင်းကို မော့ကြည့် သည်။ ပြီးတော့ ကောင်းကင်မှ တစ်စုံတစ်ရာ ဆွဲယူလိုက်ဟန်ကိုပြုပြီး အခေါင်းထဲသို့ ပစ်ထည့်သည်။ တင်ထားသော ခြေကိုချကာ ကိုယ်ကိုကိုင်းညွှတ်ပြီး အခေါင်းထိပ်ပိုင်းကို သုံးချက်ပုတ်၏ ။
ညာလက်ဖြင့် ခေါင်းပိုင်းမှအောက်ပိုင်းသို့ လည်း အလျားလိုက် သပ်ချသည်။ နောက်ပြီး အခေါင်း၏ အလယ်ပိုင်းကို သုံးချက် ပုတ်ပြန်သည်။
အကုန်လုံးကအသက်ပြင်းပြင်းမရှူရဲ။ စောညို၏ လုပ်ပုံကိုင်ပုံတွေ ကိုကြည့်ကာ အမောတကော
ဖြစ်နေသည်။ ဖြစ်လောက်ပါသည်။ မျက်လှည့်ဆရာ တစ်ယောက် ၏ ဟန်အမူအရာ ပေါ်လွင်သလို ပရိသတ်ကို ဆွဲဆောင်နိုင်စွမ်းလည်းရှိ၏ ။
ထိုစဉ်မှာ ပဲ အခေါင်းအား 'ဘုန်း' ခနဲ တစ်ချက်ပုတ်ကာ ဖုံးထားသော အဝတ်ကို ဆွဲဖယ် ပစ်လိုက်၏ ။ ကြည့်နေသူအားလုံး ခေါင်းတွေ ဆတ်ခနဲ မတ်အသွား . . .
စောညိုက မာန်တစ်ချက်သွင်းကာ အခေါင်းဖုံးကို 'ဝုန်း' ခနဲ ဆွဲလှန်လိုက်တော့ . . .
''ဟာ . . . ''
''ဟယ် . . . ''
'ဘုရားရေ . . . ''
''အိုး . . . အီလစ်''
အခေါင်းထဲတွင် ကား . . .
ဆန့်ဆန့်ကြီးလဲနေသော ကလေးလေး တစ်ယောက် ။
အီလစ်။
စောညိုကအောင်ပွဲခံသလို လက်နှစ် ဖက်ကို ဟန်ပါပါ ဆန့်တန်းတော့ အီလစ်က ဆတ်ခနဲ ထထိုင်သည်။ ပြီးတော့ ပတ်ဝန်းကျင်အား တစ်ခါမှ မမြင်ဖူးသလို ကြည့်သည်။ သူ့ပုံစံက ယခု သူရောက်နေရာကိုရော ဘာကြောင့် ရောက်နေရတယ်ဆိုတာကိုရော ဘာတစ်ခုမှမသိသလိုမျိုး မျက်လုံးကြောင်ကာ ဝိုင်းနေသော လူအုပ်ကြီးကိုကြည့်ပြီး ဝုန်းခနဲ ထပြေးပါတော့သည်။
အကုန်လုံးမှာ ပါးစပ်အဟောင်းသားနှင့် ပြေးထွက်သွားသော အီလစ်ကိုကြည့်လိုက်၊ အခေါင်း မည်းကြီးကို ကြည့်လိုက် . . . ။
စောညို ကတော့
''ကဲ . . . ကျုပ်ရဲ့ ပြကွက် ကတော့ ပြီးသွားပြီ''
စကားကို ခဏရပ်ကာ ရင်ကိုကော့ရင်း ကြည့်နေသူတွေ ကို ဝေ့ကြည့်၏ ။ ပြီးတော့ . . .
''ဒီတော့ ထုံးစံအတိုင်းပဲ ကျုပ်ပြကွက်ရဲ့ လျှို့ဝှက်ချက်ကိုသိတဲ့လူရှိရင် ရှေ့ကိုထွက်ခဲ့ပါ။ အားလုံးရှေ့မှာ ပဲ လျှို့ဝှက်ချက်ကို ပြောပြပါ။ သိတဲ့လူမရှိဘူးဆိုရင်တော့ အရင်အခေါက်တွေ ကလိုပဲ ဟိုရေလှောင်ကန်ထဲက ရေတစ်စည် ကျုပ်ယူသွားရလိမ့်မယ်''
မည် သူ့ဆီကမျှ အသံမထွက်။ ရှေ့ကိုလည်း တစ်ယောက် မျှ ထွက်မလာ။ ဒါပေမဲ့ 'လျှို့ဝှက် ချက်ကိုသိတဲ့လူ ရှိပါစေ' လို့တော့ အကုန်လုံးဆုတောင်းနေမှာ သေချာပါသည်။
စောညို ကတော့ ဝံ့ဝံ့ကြွားကြွားပါပဲ။ ခါးထောက်လျက်မှောနက်ထပ်တစ်ခါ ထပ်ပြောသည်။
''ကျုပ်ပြကွက်ရဲ့ လျှို့ဝှက်ချက်ကို ဖော်နိုင်တဲ့လူမရှိဘူးလား။ ဒါဆိုရင်တော့ ကျုပ်ရေတစ်စည် ယူသွားပြီ''
ပြောပြောဆိုဆို စောညိုက ချာခနဲ နောက်လှည့်ကာ ကျောခိုင်းသွားသည်။ သူ့တပည့် နှစ် ယောက် မှာ လည်း ပွင့်နေသော အခေါင်းကြီးအား ဖုံးအုပ်ဟန်ပြင်လိုက်တော့ . . .
လေပြင်းတစ်ချက်က ဝေ့အတိုက် . . .
ဘယ်ကမှန်းမသိသော ခွေးတစ်ကောင်က စူးစူးဝါးဝါး ထအအူ။
''နေဦး''
ပတ်ဝန်းကျင်က စက္ကန့်ပိုင်းမျှ အသက်မဲ့သွားသည်ဟု ထင်ရသည်။ ရပ်ကြည့်နေသူတွေ အားလုံး ခေါင်းတွေ နောက်ဘက်သို့ ချာခနဲ လှည့်လာ၏ ။
လှည်းစီသို့ တစ်လှမ်းချင်းလျှောက်နေသော စောညို၏ ခြေလှမ်းတွေ လည်း တိခနဲ ရပ်သွား သည်။ အခေါင်းကြီးအား အဖုံးပိတ်ရန် ပြင်ဆင်နေသူနှစ် ယောက် မှာ လည်း ဘာဆက်လုပ် ရမှန်း မသိ။
''ဟယ် . . . ဧည့်သည်လေး''
''ရိုးစစ်''
နောက်သို့ လှည့်လာကြသော ခေါင်းတွေ ထဲမှ ထင်မှတ်မထားသော စကားသံတွေ ထွက်ကျ လာသည်။ အကုန်လုံးမှာ လည်း တအံ့တသြ။ ရိုးစစ်အား မမြင်ဖူးသူ တစ်ယောက် လို မျက်လုံးပြူ မျက်ဆံပြူးတွေ ဖြင့် ဝိုင်းကြည့်ကုန်ကြသည်။ တချို့မျက်နှာတွေ မှာ လည်း စိုးရိမ်ထိတ်လန့်ဟန်တွေ ကို တွေ့ ရ၏ ။
''ကျွတ် . . . ဒီကောင်လေးတော့ ဒုက္ခပါပဲ''
''ဘာမှန်းညာမှန်းမသိဘဲနဲ့ ဒုက္ခတွေ့ ဦးမယ်''
ကျွက်စီကျွက်စီ အသံတွေ ထွက်လာပေမဲ့ ရိုးစစ် ဂရုမစိုက်မိတော့ပါ။ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်၏ ။ ထိုအခါ ရှေ့၌ ရပ်နေသူ လူအုပ်ကြီးမှာ လမ်းရှင်းပေးလိုက် သလို လူ တစ်ယောက် စာ ဘေးသို့ ရှဲသွားသည်။ ရိုးစစ် တစ်လှမ်းချင်းပင် ရှေ့တိုးသွားလိုက်ပါသည်။ အကုန်လုံးက မမြင်ဖူးသော သတ္တဝါတစ်ကောင်ကို ယိုင်းကြည့်နေသလိုမျိုး။
စောညိုလည်း ကျောပေးရပ်နေရာမှ မမြင်ဖူးသော အသံရှင်ကို လှည့်ကြည့်ရင်း ရှေ့သို့ ပြန်လည် လျှောက်လှမ်းလာသည်။ အခေါင်းရှေ့ကိုရောက်တော့ ရိုးစစ် ခြေလှမ်းကို ရပ်လိုက်သည်။ မျက်နှာချင်းဆိုင်တည့်တည့်မှာ ကား သူ့အားစူးစိုက်ကြည့်နေသော စောညို။
ရိုးစစ် အေးဆေးစွာ ပင် ပြန်လည်ကြည့်ပေးလိုက် တော့ ပတ်ဝန်းကျင်က အနည်းငယ် အေးစက် သွားသည်ဟု ထင်ရသည်။ အေးစက်စက် အငွေ့အသက်တွေ ဖုံးလွှမ်းလာသလိုမျိုး။
ရိုးစစ် အကြည့်ကို အောက်ချမပေးမိ။ မီးတိုင်နှစ် တိုင်မှ မီးတောက်တွေ က ယိမ်းထိုးနေကြ သည်။ မီးနှစ် တိုင်၏ အလယ်တည့်တည့်မှာ က အခေါင်းမည်းကြီးတစ်လုံး။ ထိုအခေါင်းကြီးကို အလယ် တွင် ထားကာ အကြည့်ပြိုင်နေကြသည်ကား သူတို့နှစ် ယောက် ။
သူတို့နှစ် ယောက် လည်း ငြိမ်သက်နေသလို မည် သူ့ဆီမှလည်း လှုပ်ရှားသံထွက်မလာပါ။ ယုတ်စွအဆုံး ရပ်နေသော မြင်းကပင် တုပ်တုပ်မျှမလှုပ်။ အေးစက်စက်ပတ်ဝန်းကျင်ကို မကြိုက်သည် မို့ သူကပင် စတင်ဖြိုခွင်းလိုက်သည်။
စကားပြောခြင်းတော့မဟုတ်။ ကိုယ်ကိုငုံ့ကိုင်းကာ အခေါင်းတွင်းသို့ လက်နှိုက်လိုက်ခြင်း ဖြစ်ပါသည်။ ခဏချင်းပင် ပတ္တာတစ်ချက်မှာ ပြုတ်သွားသည်။ ပြီးတော့ နောက်တစ်ချက်၊ ပတ္တာ နှစ် ချက်ကို ဖြုတ်ပြီးသွားချိန်ကျပ် နှစ် ထပ် ဖြစ်နေသော ဘေးကာကို ဆွဲလှန်လိုက်ပါသည်။
'ဝုန်း' ခနဲ အော်မြည် ကာ ပျဉ်တစ်ချပ် အောက်ခင်းပြားပေါ် ပြုတ်ကျသွားသည်။
ထိုခဏမှာ ပဲ . . .
ရိုးစစ် လက်နှစ် ဖက်ကို ဖုန်တစ်ချက်ခါကာ . . .
''အဲဒီ ပျဉ်ပြားပဲ''
နှင်းငွေ့နှင်းမှု န်တွေ က ပတ်ဝန်းကျင်မှာ တဖျောက်ဖျောက် ကျဆင်းနေသည်။ တောင်ကုန်း လေးတစ်ခု၏ အပေါ်ဘက်ပိုင်းမှာ လူ တစ်ယောက် မတ်တပ်ရပ်ရင်း အရှေ့ဘက်ဆီသို့ စူးစူးငေးငေး ကြည့်နေ၏ ။
ကျေးရွာလေးတစ်ရွာပါ။ နှင်းငွေ့တွေ တလူလူ ပျံ့လွင့်နေသော နှစ် ချို့ရွာလေးတစ်ရွာပါပဲ။ ဒီရွာမှာ က မျက်လှည့်ပညာရှင်တွေ စုဝေးနေထိုင်ကြလေသည်။ တစ်ရွာလုံးကို စီးမိုးကြည့်နိုင်သော တောင်ကုန်းမြင့်လေးမို့ နိုးထသက်ဝင်စမပြုသေးသော ရွာလေးကိုကြည့်ရသည်မှာ အေးချမ်း တိတ်ဆိတ်နေသည်။
သို့ ပေမဲ့ ဒီရွာ၏ ပူလောင်မှု ကိုတော့ ရွာမှာ နေထိုင်သူတွေ မှလွဲ၍ မည် သူမျှမသိကြ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလိုပါပဲ။ ရွာရဲ့ ဒုက္ခကို ရွာခံတွေ သာ သိလေသည်။
ရွာလေးပေါ်သို့ နှင်းစက်တွေ ကျဆင်းနေပုံကိုကြည့်ရင်း ရင်ထဲမှာ ကြည်နူးနေမိသည်။ ဤတောင်ကုန်းလေးပေါ်မှ မနက်ခင်းမြင်ကွင်းအား ကြည့်ရသည်မှာ ဘာနှင့် မျှ မလဲနိုငသော ပန်းချီ ကားတစ်ချပ်ကို ကြည့်ရှုနေရသလိုပါပဲ။ ရင်ထဲမှာ အေးချမ်းမှု ရော၊ ကြည်နူးမှု ရော၊ ပျော်ရွှင်မှု ရော၊ ရသ ပေါင်းစုံကို တလှည့်စီ ခံစားနေရသည်။
သြော် . . . ကိုးချောင်းရွာလေး။
ဘာလိုလိုနှင့် သူတောင် ဒီရွာကိုရောက်နေတာ သုံးရက်ပြည့်သွားပြီပဲ။ သုံးရက်သာပြည့်သွားခဲ့ ပါသည်။ သူလိုချင်သော သတင်းနှင့် ပတ်သက်ပြီး ဘာတစ်ခုမှမရရှိခဲ့။
ရည်ရွယ်ချက်မပြည့်သည့်အပြင် ပြဿနာကြားထဲပင် ညှပ်သွားရသေးသည်။ ကိုယ့်ကို ထမင်း ကျွေးထားတော့လည်း ကျေးဇူးပြုရမည် ပေါ့။ ဘယ်တတ်နိုင်မည် နည်း။ မနေ့ညက စောညိုတို့ပြန်သွား တော့ သူ့ကို တစ်ရွာလုံးက ဝိုင်းဝန်းချီးကျူးကြသည်။
သြော် . . . သေသွားပြီးသည့်တိုင်အောင် အမေက အခုချိန်ထိ သူ့ကို တင့်တယ်နေစေသေး တာပါလား။ ဒီပညာတွေ က အမေသင်ပေးခဲ့တဲ့ပညာတွေ ။ ရောက်လေရာအရပ်မှာ သူ့ကို ထမင်းကျွေး နေတဲ့ပညာတွေ ၊ လူအထင်မသေးစေတဲ့ပညာတွေ ။
ဒီပညာတွေ သင်ပေးခဲ့တဲ့အမေ့ကို သူမသေခင်တော့ ကျေးဇူးဆပ်ချင်ပါသေးသည်။ ဒါကြောင့် လည်းပဲ အရပ်တကာ နယ်တကာလှည့်ပြီး ရှာဖွေနေခဲ့တာပေါ့။ အမေ့ရဲ့ သစ္စာ၊ အမေ့ရဲ့ သိက္ခာနဲ့ သား တစ်ယောက် ကို ခက်ခဲပင်ပန်းစွာ လူလားမြောက်စေခဲ့တာတွေ ကို ပြောပြချင်ပါသေးသည်။ အမေ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်ပါသည်။
ဘဝလှိုင်းဒဏ်ရဲ့ ရိုက်ပုတ်မှု တွေ ကို သား တစ်ယောက် လက်မှာ စွဲလို့ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တဲ့ အမေ၊ ဘယ်တော့မှအရှုံးမပေးခဲ့တဲ့အမေ၊ အားငယ်စိတ်တွေ ၊ ကြောက်စိတ်တွေ ခန္ဓာကိုယ်ထဲကို ဘယ်တော့မှအဝင်မခံခဲ့တဲ့အမေ၊ ဘယ်လောက်ပဲပင်ပန်းပါစေ ခေါင်းမငုံ့ အောက်မျကျို့ခဲ့တဲ့ အမေ။
အမြဲတမ်းခေါင်းမော့နေတတ်တဲ့အမေ၊ ရုပ်ရော စိတ်ပါ မနိမ့်ကျခဲ့တဲ့အမေ။
သူ့ရဲ့ ထာဝရစံပြအမေ။
အောက်မေ့သတိရလာသည်မို့ လွယ်ထားသော အိတ်လေးကိုချွတ်ကာ ရင်မှာ ပွေ့ပိုက်ထားမိ သည်။ မျက်ဝန်းမှာ လည်း မျက်ရည်ကြည်တို့ ရစ်ဝဲလာသည် ထင်၏ ။ ပြီးမှသတိရကာ မျက်လုံးကို အတင်းပိတ်ပစ်လိုက်သည်။ အမေက ငိုတာလုံးဝမကြိုက်။
သူကိုယ်တိုင်လည်း မငိုသလို၊ မွေးထားသော သားကိုလည်း မငိုစေရ။ ကျင့်သားရနေလို့လား မသိ။ မျက်လုံးအိမ်က ချက်ချင်း ပင် ခမ်းခြောက်သွားသလား ထင်ရသည်။
ထိုစဉ်မှာ ပင် နေဝန်းနီနီက အရှေ့ကောင်းကင်မှာ ထွန်းတောက်စပြုလာသည်။ နေရောင် ဝါဝါ တို့လည်း နှင်းငွေ့တို့အကြားသို့ အလုအယက် ထိုးကျလာကြသည်။ ကိုးချောင်းရွာလေးက တစ်မျိုး ကြည့်လို့ကောင်းနေပြန်ပါသည်။ ဘုန်းကြီးကျောင်းဆီမှ ခေါင်းလောင်းထိုးသံကိုလည်း ကြားရ၏ ။
နေထွက်ပြီမို့ ခရီးဆက်ရတော့မည် ။
သုံးပင်ရွာသွားသည်လမ်းကို ညက ဦးယုဝထံ မေးထားသည်မို့ အခက်အခဲတော့ ရှိမည် မထင် ပါ။ အလုပ်သွားမည့် လူစုနှင့် လိုက်ရန် ပြောသော်လည်း သူမသွားချင်။ အေးအေးဆေးဆေးသာ ဦးနှောက်ဆေးသည့်သဘော တစ်ယောက် တည်း သွားချင်သည်။ ပြီးတော့ ခန္ဓာကိုယ်ကိုလည်း အားသစ်တစ်ဖန် လန်းဆန်းစေချင်နေပါပြီ။
တသွင်သွင်စီးနေသည့်ရေမှာ သူ့ခန္ဓာကိုယ်ကို အကြာကြီး စိမ်ပစ်ချင်နေသည်။ အားရပါးရ ရေချိုးချင်စိတ်တွေ လည်း တဖွားဖွား ဖြစ်ထွန်းနေသည်။
တောင်ကုန်းလေးပေါ်မှ တရွေ့ရွေ့ ဆင်းလာခဲ့၏ ။ နေရောင် ပျပျအောက်မှာ တောလမ်းလေး က ရှင်းလင်းနေသည်။ အိပ်တန်းထကာစ ကျေးငှက်တွေ ၏ ကျီကျီအာအာ အော်သံတို့ကိုလည်း ကြားရသည်။ သစ်ပင်သစ်ရွက်တွေ က နှင်းငွေ့နဲ့စိမ်းစိုပြီး အသက်ရှူရတာ လွတ်လပ်ပေါ့ပါးနေ၏ ။
စိတ်ကြည်နူးဖွယ်ပါပဲ။
ရိုးစစ် ပတ်ဝန်းကျင်အား ကြည်ကြည်နူးနူးကြည့်ရင်း တစ်လှမ်းချင်း လျှောက်လာခဲ့မိသည်။ စိတ်ထဲမှာ ရှိနေသော အပူတွေ ၊ သော ကတွေ ၊ ခဏတာလွင့်ပျောက်သွားသလို။
လျှောက်ကောင်းကောင်းနှင့် လျှောက်လာလလိုက်တာ မည် မျှခရီးဝေးသွားသည် မသိ။ သစ်ပင်ကြီးတွေ ထူထပ်ပေါများ သော နေရာသစ်တစ်ခုသို့ ရောက်စဉ်မှာ ပဲ . . .
''သုံးပင်ရွာသွားမလို့လား သူရဲကောင်းလေး''
အမှတ်မထင် ကြားလိုက်ရသော အသံကြောင့် ရင်တစ်ချက် ဆတ်ခနဲခုန်ကာ ခြေစုံရပ်မိသွား သည်။ ချက်ချင်း ပင် အရပ်လေးမျက်နှာကို စူးစမ်းလိုက်တော့ . . .
''မရှာနဲ့ဦး၊ တွေ့ မှာ မဟုတ်သေးဘူး ဆက်လျှောက်လာခဲ့''
ကြက်သီးတို့ပင် ဖျင်းခနဲ ထမိ သွားပါသည်။ စကားသံက ကြီးကျယ်ခန်းနားနေပြီး အရပ်ပေါင်းစုံ မှ ပျံ့လွင့်လာနေသလို။
ဦးယုဝလား တွေးထင်မိပေမဲ့ မ ဖြစ်နိုင်ပါ။ ဦးယုဝနှင့် အသံမတူ။ ကျယ်တာခြင်းတူပေမဲ့ ဒီအသံ က ပိုမိုကြည်လင်တောက်စူးနေသည်။ ကြောက်စိတ်မ ဖြစ်ပေမဲ့ တစ်လှမ်းချင်းကို သတိနှင့် ဆက်လှမ်း လိုက်သည်။ ဆယ်လှမ်းကျော်ကျော်လောက်လှမ်းမိတော့ . . .
''ရပြီ၊ ညာဘက်ကိုလှည့်လိုက်''
ရိုးစစ် ဆတ်ခနဲ လှည့်လိုက်စဉ် . . .
''ဟင် . . . ''
ပါးစပ်မှာ ဆေးတံခဲထားသော လူကြီး တစ်ယောက် သစ်ပင်ကိုမှီကာ ထိုင်နေသည်။ သူ မမြင်ဖူး ပါ။ ဥပဓိရုပ်မှာ ခန့်ခန့်ညားညားမရှိပေမဲ့ ကြည်ကြည်စင်စင်တော့ ရှိသည်။ ထိုင်နေပုံ ကတော့ သက်သော င့်သက်သာပါပဲ။ အင်္ကျီအဖြူပွပွကြီးကို ဝတ်ထားပြီး အသက်မှာ (၆၀) ဝန်းကျင်ရှိမည် ဟု ခန့်မှန်းမိသည်။ ဆံပင်တွေ မှာ တစ်ခေါင်းလုံးနီးပါး အဖြူဖုံးနေပြီး မုတ်ဆိတ်မွှေးအချို့လည်း အောက်ကိုရှည်ကျနေ၏ ။ ထိုစဉ်မှာ ပင် နောက်ထပ်စကားသံကို ထပ်ကြားရ၏ ။
''ညကကိစ္စအတွက် မင်းကို ကျေးဇူးအများ ကြီးတင်ပါတယ်။ ဦးတို့ ဘယ်သူမှရောက်မလာတဲ့ အချိန်မှာ မင်းကယ်ပေလို့သာပေါ့''
ရိုးစစ် မျက်မှော င်ကြုတ်မိသွား၏ ။ ကိုးချောင်းရွာသားတစ်ဦး ဖြစ်ပုံရလေသည်။ လူကြီးက ဆေးတံကိုတစ်ချက်ဖွာရင်း . . .
''မင်းအစောကြီးထလာတာပဲ။ ဘုန်းကြီးကျောင်းဝင်ပြီး ဘုရားကန်တော့ခဲ့သေးတယ်ပေါ့''
''ဗျာ . . . ''
ရိုးစစ် 'ဗျာ' မိသွားတော့ . . .
''ဟုတ်တယ်လေ၊ မင်း ဘုရားကန်တော့ခဲ့တာပဲ။ သုံးပုံပဟေဠိတောင် ဝင်ရွှေ့ခဲ့သေးတယ် မဟုတ်ဘူးလား''
သူမျက်လုံးပြူးကာ လူကအလိုလို ထိုလူကြီးအနားတိုးကပ်သွားမိသည်။ ဘာကြောင့် မနက်က သူလုပ်ခဲ့တာတွေ ကို ဒီလူကြီး သိနေရတာ လဲ။ နောက်ကများ နောက်ယောင်ခံလိုက်လာတာလား။ မ ဖြစ်နိုင်ပါ။
''တောင်ကုန်းပေါ်ကတောင် ရွာကို အကြာကြီး ကြည့်နေသေးတယ်။ ဘာလဲကွ မင်းတောင် ငါတို့ရွာကို သနားသွားပြီလား''
စကာားမဆိုမိတော့ချေ။ နှုတ်ပိတ်လျက်သာ ထိုင်နေသူလူကြီးကို ကြည့်လိုက်မိတော့သည်။ လူကြီး ကတော့ အေးအေးလူလူပင် ဆေးတံကိုသာ ဖွာလျက်ရှိနေပါ၏ ။ အတန်ကြာတော့ မနေနိုင် သည်မို့ . . .
''ဘကြီးက ကျွန်တော့် နောက်က နောက်ယောင်ခံလိုက်လာတာလား''
လူကြီးက တဟားဟား အော်ရယ်သည်။
''မလိုက်ပါဘူးကွ၊ ငါဒီမှာ ထိုင်နေတာ ညကတည်းကပဲ''
''ဒါဆို ဘာလို့ ကျွန်တော် လုပ်ခဲ့သမျှတွေ ကို သိနေရတာ လဲ''
အသံကျယ်ကီးဖြင့် တဟားဟား ရယ်ပြန်ပါသည်။ ပြီးတော့မှ အရယ်ကိုရပ်ရင်း . . .
''မင်း . . . လိပ်ပြာလွှင့်တယ်ဆိုတာကို ကြားဖူးလား''
''လိပ်ပြာလွှင့်တာ''
ရိုးစစ် တိုးတိုးလေးရေရွတ်လိုက်မိသည်။ ကြားဖူးပါသည်။ ဒါဟာ ပညာတစ်ရပ်ပေပဲ။ တော် ရုံ ပညာတစ်ရပ်မဟုတ်။ စိတ်စွမ်းအားကြီးမြင့်သူ၊ နှစ် ပေါင်းကြာရှည်စွာ လေ့ကျင့်သင်ကြားထားသူတွေ သာ တတ်မြောက်သည့်ပညာ။
''ကျွန်တော် ကြားဖူးတယ်''
''အေး . . . ငါလိပ်ပြာလွှင့်ပြီး မင်းကို ကြည့်နေတာဆိုပါတော့''
ရိုးစစ် လုံးဝကို ဆွံ့အသွားလေပြီ။ ကြက်သီးတို့ပင် ဖျင်းခနဲထမိသွားလားမသိ။ ဒီလူကြီး တကယ် တတ် မတတ်မသိပေမဲ့ ပြောသမျှတော့ အကုန်မှန်နေသည်။ ရိုးစစ် မယုံသလို ဖြစ်မိသည်မို့ . . .
''ဦးက အဲ့ဒီပညာတတ်ထားတာလား''
''အဟင်း . . . လေ့ကျင့်တုန်းဆိုပါတော့။ ကျွမ်းကျွမ်းကျင်ကျင်တော့ မဟုတ်သေးပါဘူး။ အဲ့ဒီ ပညာကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်တဲ့နေ့က ငါသေရင်သေ၊ မသေရင် ဟိုအယုတ်တမာကောင် သေမဲ့ နေ့ပဲ''
အနည်းငယ်ထူးဆန်းသွားသော စကားကြောင့် ရိုးစစ် ကြောင်တောင်တောင် ဖြစ်မိသွားသည်။ ဒါကို ထိုလူကြီးက သဘောပေါက်စွာ မေ့မေ့ပျောက်ပျောက်ပုံစံဖြင့် . . .
''ထားပါ၊ ညက ငါရောက်မလာပေမဲ့ ငါ့ညီမတော့ မင်းတို့ပွဲကို လာကြည့်လိမ့်မယ် ထင်တယ်။ မျက်လှည့်ပြတဲ့နေရာနဲ့ ငါတို့အိမ်နဲ့က နီးနီးလေးကွ''
ကိုးချောင်းရွာသားတစ်ဦး ဖြစ်မှန်း သေချာသွားပြီမို့ . . .
''ဦးက ဘယ်သူလဲ''
''ငါ့နာမည် ဖိုးလူတဲ့။ မကြာခင်က သေသွားတဲ့ ရွာသူကြီးဦးပြည့်ဝရဲ့ သူငယ်ချင်းပေါ့''
''ဗျာ . . . ဖိုးလူ . . . ဦးဖိုးလူ''
''ဟုတ်တယ်လေ''
သိပါသည်။ ဖိုးလူဆိုသည့် နာမည် ကို ရင်းရင်းနှီးနှီးပင် သိနေသည်။ အီလစ်ဆီက ဖတ်ခဲ့ရ သော စာထဲမှာ ရော၊ ဦးယုဝ၏ ပြောစကားထဲမှာ ပါ ဖိုးလူဆိုတာကို ကြားဖူးနေသည်မဟုတ်ပါလား။
တိုက်တိုက်ဆိုင်ဆိုင် လာဆုံနေသော ဦးဖိုးလူကိုကြည့်ကာ ရိုးစစ် မဝံ့မရဲ ဖြစ်မိသည်။ ပြီးတော့ တချို့စကားတွေ ကိုလည်း နားမလည်သည်ကြောင့် . . .
''ဦးက ဒီမှာ ညကတည်းကထိုင်နေတာဆိုတော့ ဘာလုပ်နေတာလဲ''
''ဒီလိုပါပဲ၊ မပြီးသေးတဲ့အလုပ်လေးတစ်ခုကို ဆက်လုပ် နေတာ။ ပြီး သွားပါပြီ။ အခုပဲပြန်တော့ မလို့''
ပြောပြောဆိုဆိုပဲ ဦးဖိုးလူ မတ်တပ်ထရပ်လေသည်။ ပုံစံကြည့်ရသည်မှာ စိတ်မြန်သည့်ပုံစံ ရှိသည်။
ထိုစဉ်မှာ ပင် ဦးဖိုးလူက ထင်မှတ်မထားသော ကိစ္စတစ်ရပ်ကို ပြုလုပ်လိုက်လေသည်။ အဲ့ဒါက ရိုးစစ် လက်တစ်ဖက်ကို ဆတ်ခနဲ ဆွဲကိုင်လိုက်တာပါ။
ရိုးစစ် 'ဗြုန်း' ဆို သတိလွတ်သလို ဖြစ်ပြီး မျက်လုံးတွင်းမှာ ပုံရိပ်တွေ တစ်ခုပြီးတစ်ခု ပေါ်သွား တော့ . . .
''ကောင်လေး . . . မင်းကို ငါတို့ရွာအတွက် အားကိုးပါရစေ''
ရိုးစစ် လက်အား သူ၏ လက်နှစ် ဖက်ဖြင့် အသေအချာဆုပ်ကိုင်ပြီး ပြောခြင်း ဖြစ်သည်။ သူ၏ မျက်လုံးတွေ က ရိုးစစ် မျက်လုံးနှစ် လုံးပေါ် တည်တံ့စွာ ကျရောက်နေ၏ ။ မည် မျှထိလေးနက်ကြောင်း သူ၏ စကားသံနှင့် မျက်လုံးတွေ က သက်သေခံနေပါသည်။
ပြီးတော့မှ လက်ကိုလွှတ်ချကာ . . .
''မင်း သုံးပင်ရွာကိုသွားမှာ မလား သွားတော့ . . . ''
ထိုမျှပင်ပြောပြီး ရိုးစစ်ကို ကျောခိုင်းကာ ထွက်သွားတော့သည်။ သူ ကတော့ မျက်လုံးတွင်းမှ ပုံရိပ်တွေ ကို ဦးနှောက်သို့ ပို့ရင်း အထပ်ထပ် လှန်ကြည့်နေချိန်၌ . . .
တစ်လှမ်းချင်း လှမ်းသွားနေရာမှ ဘာကြောင့် မှန်းမသိ နောက်ကို ပြန်လှည့်ကာ . . .
''သြော် . . . ဒါနဲ့ကောင်လေး . . . ''
ရိုးစစ် ကြည့်လိုက်တော့ . . .
''စောညိုတို့အုပ်စုကို သတိထားဦး၊ ညက မင်းကို မကြည်သွားဘူး''
ဒီလောက်ပါပဲ။
ထွက်ခွာ သွားပါသည်။ ရိုးစစ်မှာ တော့ ဦးဖိုးလူအားကြည့်ကာ အတွေးပေါင်းများ စွာ နှင့် . . . ။
သူ့စိတ်ထင် တစ်နာရီခွဲလောက် လျှောက်ခဲ့ရသည် ထင်သည်။ တောလမ်းခရီးပေမို့ တစ်ခါတရံ ခရိးက မတွင် ။ မြေညီညီ၌ သွားရတာ တွေ ရှိသလို၊ တောင်ကုန်းတောင်စောင်းများ အား ကွေ့ဝိုက်သွားရ တာတွေ လည်း ရှိသည်။
အောက်ပေါင်းရှင်း၍ သာ တော် တော့၏ ။ နေတော့ မပူ။ သစ်ရိပ်ဝါးရိပ်ထူသည်မို့ နေစက် နေပြောက်လောက်သာ ထိုးကျနေသည်။ ဒါကလည်း သုံးပင်ရွာနားနီးလာ၍ ပါ။ ကိုးချောင်းရွာပတ်ဝန်း ကျင်မှာ တော့ သွေ့ခြောက်ပူပြင်းကာ ကန္တာရသဖွယ်ပင် ဖြစ်သည်။
နောက်ဆုံးတော့ သူ တွေ့ ချင်မြင်ချင်နေသော စမ်းချောင်းလေးအား မြင်တွေ့ ခွင့်ရခဲ့ပါပြီ။ တောင်ကျချောင်းလေးတစ်ခုပါ။ အနောက်ဘက် မှိုင်းညို့ညို့တောင်တန်းဆီမှ အစပျိုးစီးဆင်းလာ သော ချောင်းလေးတစ်ခု ဖြစ်ပေသည်။ အကျယ်အဝန်းမရှိလှပေမဲ့ ရေ ကတော့ စိမ်းစိမ်းကြည်နေ၏ ။
ထိုးကျနေသော နေရောင် အောက်မှာ အငွေ့များ ပင် တလူလူ ထွက်ပေါ်နေသေးသည်။ ချောင်းလေး၏ ဟိုဘက်ကမ်းမှာ တော့ သုံးပင်ရွာဟုထင်ရသည့် ရွာတစ်ရွာကိုလည်း ပျပျလှမ်းမြင်ရ သည်။ ချောင်းရိုးတစ်လျှောက် စိုက်ခင်းများ ကိုလည်း တွေ့ ရ၏ ။ ကိုးချောင်းရွာစိုက်ခင်းများ ဖြစ်ပေ မည် ။
သူ ထိုစိုက်ခင်းများ နှင့် ဝေးရာဘက်သို့ လျှောက်လာခဲ့သည်။ အနားယူမှု က တိတ်ဆိတ်လေ၊ ကောင်းမွန်လေပင် မဟုတ်ပါလား။ အတော် လျှောက်မိတော့ သဲသော င်ပြင်ပြေပြေနှင့် ချောင်းအဝ ကျယ်လေးတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့ ရ၏ ။ ထိုနေရာလေးမှာ ပင် ရေချိုးဖို့ ဆုံးဖြတ်ကာ လွယ်ထား သော လွယ်အိတ်ကို နီးစပ်ရာသစ်ကိုင်းမှာ ချိတ်လိုက်သည်။ ပြီးတော့ အင်္ကျီကိုချွတ်ရင်း . . .
''ဝုန်း''
ခုန်ချလိုက်သော အရှိန်ကြောင့် လူကအောက်ခြေသို့ ထိုးဆင်းသွားသည်။ အောက်ခြေနံရံကို ခြေဖြင့် ကန်တက်ရင်း ရေပေါ်သို့ ဘွားခနဲပေါ်လာချိန်၌ . . .
''ဝူး''
ကိုယ်တွင်းမှလေကို မှု တ်ထုတ်ရင်း ရိုးစစ် ခေါင်းကို ဘယ်ညာခါရမ်းလိုက်ပါတော့သည်။ လူက ခဏချင်းပင် တက်ကြွလန်းဆန်းသွားသည်ဟု ထင်လိုက်မိ၏ ။ ရေမှာ အေးစိမ့်နေသည်မို့ ရှိနေသော အပူတွေ ပင် ရေနှင့် ရောသွားသလို။
တော် တော် နှင့် အပေါ်ပြန်မတက်တော့။ အစုန်အဆန်ကူးရင်း ညောင်းညာနေသမျှ၊ ပူလောင် နေသမျှကို အတိုးချကုစားနေမိပါတော့သည်။ ရေကူးလိုက်၊ မောလျှင် ကမ်းပေါ်တက် နားလိုက်၊ ပြီး ရေမှာ ဆင်းပြီး ပြန်စိမ်နေလိုက်နှင့် အချိန်တွေ မည် မျှကြာသွားမိသည်မသိ။
တစ်စထက်တစ်စဖြင့် တက်လာသော နေလုံးလေး ဆယ့်ငါးဒီဂရီကျော်သွားစဉ်မှာ တော့ ရိုးစစ် ကမ်းပေါ်တက်ခဲ့တော့၏ ။ လူက သိသိသာသာကို ပေါ့ကျသွားသည်။ ပြီးတော့ ချိတ်ဆွဲထားသော လွယ်အိတ်နှင့် အင်္ကျီရှိရာကို လျှောက်သွားလိုက်စဉ်မှာ ပဲ . . .
''ဟာ . . . ''
ရင်တစ်ချက် ဒိုင်းခနဲဆောင့်ခုန်ကာ ခေါင်းနားပန်းကြီးသွားသည်။
''ဘုရားရေ . . . ''
မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် အလျင်စလို ပြေးသွားလိုက်တော့ . . .
''လွယ်အိတ်''
လွယ်အိတ်မှာ ချိတ်ဆွဲထားသော သစ်ပင်တွင် ရှိမနေတော့။
''ဟာ . . . ဒုက္ခပဲ''
လူက ခဏတာ အသိလွတ်သွားသလားပင် ထင်လိုက်မိသည်။ ကယောင်ကတမ်းဖြင့် အနီး အနား ရှာကြည့်မိပေမဲ့ လွယ်အိတ်နှင့် တူတာ မတွေ့ ။ ဘာမှန်းမသိသော ခံစားမှု တွေ နှင့် အတူ သွေးတို့ နားထင်စုခဲသွားသည် ထင်လိုက်မိတော့ . . .
မျက်ဝန်းတွေ တဖျတ်ဖျတ် လက်သွားသည်။ ဦးနှောက်တွင်းသို့ လည်း အသိဉာဏ်တွေ ဖျတ်ခနဲတိုးဝင်လာ၏ ။ ချိတ်ထားသော လွယ်အိတ်က သူ့အလိုလိုပျောက်သွားတာတော့ မ ဖြစ်နိုင်။ ဒါဆို ဘယ်သူယူသွားတာလဲ။
ထိုလွယ်အိတ်ထဲမှာ သူ့ဘဝတွေ ပါသည်။ အမေ့ရဲ့ ဝိညာဉ်တွေ ထိုအထဲမှာ ကိန်းအောင်းနေ သည်။ ထိုလွယ်အိတ်က သူ့အတွက် အသက်တမျှအရေး ကြီးသော ကိုယ်ပွားအသက်တစ်ချောင်း။
ဒါကို ဘယ်သူယူသွားတာလဲ။
အဖြေတစ်ခု တိတိကျကျ မထွက်ပေမဲ့ ဒေါသတွေ ဆူဝေလာတာတော့ သေချာသည်။ ဦးနှောက်တွင်းမှာ လည်း အတွေးတွေ တစ်ချက်ပြီး တစ်ချက် ပြေးလွှားနေ၏ ။
သူ၏ ပေါ့လျော့မှု တစ်ခုပါပဲ။ စိတ်လွတ်ကိုယ်လွတ် ရေချိုးနေချိန်တွင် တစ်စုံ တစ်ယောက် လာယူသွားဖွယ်ရှိသည်။ ဘယ်သူလဲ ဘာကြောင့် လာယူသွားရတာ လဲ။ လာကတည်းက သူ့နောက်မှာ ခြေရာခံလိုက်လာတာလား။ ဒါဆို ဘာလို့ သူ သတိမထားမိတာလဲ။ နောက်ဆုံးတော့ အဖြေတစ်ခုသာ ထွက်လာသည်။ သူပေါ့လျော့လို့ ကိုယ့်အသက်ဝိညာဉ်ကို ကိုယ်နှင့် မကွာ မထားခဲ့လို့။
နောက်ဆုံးအကြိမ် လေ့လာပြီးသည့်နောက်မှာ တော့ တဒိန်းဒိန်း ခုန်နေသော ရင်ဘတ်ရဲ့ အလို အတိုင်း ဤနေရာမှလှည့်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဘယ်သူယူသွားမှန်းမသိပေမဲ့ အကောင်းဆုံး အလုပ်တစ်ခုတော့ သူလုပ်ရတော့မည် ။ ဒါပေမဲ့ . . .
''ဟင်''
မြေပြင်တစ်နေရာကိုကြည့်ကာ ရိုးစစ် မျက်မှော င်ကြုတ်မိသွား၏ ။ ပဝါလေးတစ်ထည်။
ကောက်ကိုင်လိုက်တော့ . . .
အမည်းရောင် အောက်ခံမှာ အရိုးပုံခေါင်းတစ်ခုကို ရေး ဆွဲထားလေသည်။ လာတုန်းက ဤ နေရာမှာ မရှိခဲ့တာ သေချာသည်။
ဒါဆို . . .
ရိုးစစ် အမြန်ဆုံး ပြေးထွက်လိုက်တော့သည်။
မရပ်မနား ပြေးလာခဲ့သော ခြေထောက်မှာ ရွာနှင့် အနီးဆုံး တောင်ကုန်းလေးပေါ်ရောက်တော့ အလိုလိုရပ်တန့်မိသွားသည်။ မနက်က အချိန်အတော် ကြာအောင် သူရှိနေခဲ့သည့်တောင်ကုန်းလေး။ ယခု ထိုတောင်ကုန်းလေးပေါ်မှာ လူသစ် တစ်ယောက် ထိုင်ကာနေသည်။ တိတိကျကျ ပြောရပါက ကလေးလေး တစ်ယောက် ။
'အီလစ် . . . '
အလကားထိုင်နေခြင်းမဟုတ်။ မြေပြင်ကို တုတ်တစ်ချောင်းဖြင့် ရေး ခြစ်နေခြင်း ဖြစ်၏ ။ အောက်ဖက်မှာ ရှိနေသော ရွာကို လှမ်းမျှော်ကြည့်လိုက်၊ မြေပေါ်တွင် ခြစ်လိုက်နှင့် မို့ ရိုးစစ် စိတ်ဝင် တစား တိုးကပ်သွားလိုက်တော့ . . .
သင်္ချာတစ်ပုဒ်အား တွက်ချက်နေခြင်း ဖြစ်ပါသည်။ ဂျော်မေတြီနှင့် ပတ်သက်သော ပုစ္ဆာတစ်ပုဒ်။ ရိုးစစ် ရောက်လာသည်ကိုသိ၍ ထင်သည် အီလစ် နောက်ကိုလှည့်ကာ ကြည့်၏ ။ ပြီးတော့ ခေါင်းပြန်ငုံ့ ကာ မူလအတိုင်း ပြန်လည်ရေး ခြစ်နေပြန်သည်။
သူကြည့်လိုက်ပေမဲ့ မြေပေါ်မှာ မို့လားမသိ သိပ်မရှင်းလင်း။ ထို့ကြောင့် ခပ်တိုးတိုးပင် မေးလိုက်သည်။
''အီလစ် . . . မင်းတွက်နေတာ ဘာပုစ္ဆာလဲ''
''ရိုးရိုးအနားပြိုင်စတုဂံ ပုစ္ဆာတစ်ပုဒ်ပါ။ ဒါပေမဲ့ တွက်နေရင်းနဲ့ ဒီကိုးချောင်းရွာကြီးနဲ့တူတာတွေ တွေ့ နေရလို့''
''ဟေ . . . ''
အီလစ်စကားကြောင့် သူ အံ့သြသွားသည်။ သင်္ချာပုစ္ဆာတစ်ပုဒ်က ဒီကိုးချောင်းရွာကြီးနဲ့ တူနေ တယ်ဆိုပါလား။ ရိုးစစ် စိတ်ဝင်စားသွားကာ အလျင်စလိုပင် . . .
''ဘယ်မှာ လဲ . . . ဘာတွေ တူနေလိုပလဲ''
ကောင်လေးက ခပ်အေးအေးပင် နြပ်ပြော၏ ။
''မေးခွန်း ကတော့ ရှင်းရှင်းလေးပဲ။ ဒီစတုဂံအနားဗဟိုချက်ကို ဆက်သွယ်ထားတဲ့မျဉ်းဖြောင့် တွေ တစ်ခုကိုတစ်ခု ထက်ဝက်ပိုင်းကြောင်း သက်သေပြဖို့၊ ဒီမှာ . . . ''
ပြောပြောဆိုဆို အီလစ်က ပုံတစ်ပုံ အသစ်ပြန်ဆွဲပြ၏ ။
ဆွဲပြသော ပုံကိုကြည့်ကာ ပုစ္ဆာ၏ လိုရင်းကို ရိုးစစ် သဘောပေါက်လိုက်သည်။ PR နှင့် QS တို့ တစ်ခုကိုတစ်ခု ထက်ဝက်ပိုင်းကြောင်း သက်သေပြဖို့ပါပဲ။ သိပ်မခက်ပါ။
သူ့အတိုင်းပင်။
''ဘာမှတော့မခက်ပါဘူး။ ဒီမှာ ကျွန်တော် ပြန်တွက်ပြမယ်'' ဟုဆိုကာ အီလစ်က နောက် တစ်ကြိမ် ပြန်တွက်ပြသည်။
''ဖြည့်စွက်ချက်အနေနဲ့ ကျွန်တော် PQRS ကို အစဉ်လိုက် ဆက်သွယ်လိုက်တယ်ဗျာ''
''အဲတော့ PQRS ဟာ အနားပြိုင်စတုဂံ ဖြစ်သွားပြီ။ ဒါဆိုပြီးပြီပေါ့။ စီးကွင့်(စ်) သီအိုရီအရ PQ နဲ့ RS တို့ဟာ တစ်ခုကိုတစ်ခု ထက်ဝက်ပိုင်းသွားပြီ''
ဟုတ်ပါ၏ ။ အီလစ်တွက်ပြသည်ကိုကြည့်ပြီး ရိုးစစ် လက်ခံခေါင်းညိတ်မိသည်။ ဒါပေမဲ့ . . .
''ထက်ဝက်ပိုင်းတာ ကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ မင်းခုနပြောတဲ့ ကိုးချောင်းရွာနဲ့တူနေတယ် ဆိုတာ ဘာကိုပြောတာလဲ''
''ဒီပုံလေဗျာ ဒီပုံကိုသေချာကြည့်။ ကျွန်တော် တို့ ကိုးချောင်းရွာနဲ့ တူမနေဘူးလား''
ပထမဆုံးပုံကို လက်ထောက်ပြသည်ကြောင့် သူ သေချာကြည့်မိပါသည်။ ဒါပေမဲ့ ရှင်းလင်း ရေရာမှု တော့ ခေါင်းထဲမှာ ပေါ်မလာ။ ဒါကို သဘောပေါက်သည်ထင်သည်။ အီလစ်က . . .
''ဒီမှာ ( . . . . . ) စတုဂံပေါ်က ABCD ကို ဖြုတ်ပြီးကြည့်လိုက်။ ကျွန်တော် တို့ရွာစည်းရိုးကြီးနဲ့ တူမသွားဘူးလား''
''ဟင် . . . ''
ရိုးစစ် အလျင်စလိုပင် တောင်ကုန်းပေါ်မှ ရွာကိုလှမ်းကြည့်လိုက်သည်။ ပြီးတော့ အီလစ် ပြသော ပုံကို ပြန်ကြည့်၏ ။ ဟုတ်သည်။ ဒီစတုဂံက ရွာကိုအတွင်းမှထားကာ ခြံစည်းရိုးခတ်ထားပုံနှင့် တော် တော် တူသည်။
''ပိုပြီးတူတာ ကတော့ PQRS ပဲ၊ ရွာကိုကြည့်လိုက် PQRS နေရာမှာ ဘာတွေ ရှိသလဲလို့''
ရွာကို မျက်နှာမူကာ သေချာထပ်ကြည့်လိုက်တော့ . . .
''S နေရာမှာ ရွာဝင်ပေါက်၊ P နေရာမှာ စာကြည့်တိုက်၊ Q နေရာမှာ သုသာန်၊ R နေရာမှာ ရွာထွက်ပေါက်၊ ဟုတ်တယ်မလား''
ရိုးစစ်အဆိုကို အီလစ်က ခေါင်းညိတ်ထောက်ခံသည်။
အီလစ်ကပင် . . .
''ထူးဆန်းမနေဘူးလား''
''အေးကွ . . . ထူးဆန်းတယ်။ ပြီးတော့ နောက်တစ်ခုလည်း ထူးဆန်းနေသလိုပဲ''
''ဘာလဲ''
''အမှန်ဆို S နေရာက ဝင်ပေါက်ဆို Q နေရာက ထွက်ပေါက် ဖြစ်ရမှာ လေ။ ဘာလို့ R နေရာကို ထွက်ပေါက်က ရောက်သွားရတာ လဲ''
ရွာကိုကြည့်ကာ အီလစ် အတန်ကြာငြိမ်သက်သွား၏ ။ ရိုးစစ် ပြောဆိုမှု ကို သူတစ်ခါမျှ မစဉ်းစားမိခဲ့သလိုမျိုး။ ပြီးမှ ခေါင်းကိုညိတ်ကာ လေသံအေးဖြင့် . . .
''ဟုတ်တယ်နော်''
''အေး . . . ဒီပုံက ရွာနဲ့တော် တော် တူတာပဲ။ ရွာကိုဖြတ်စီးနေတဲ့ သဲချောင်းမပါတာကလွဲလို့ ပေါ့။ မင်း ဒီပုစ္ဆာကို ဘယ်ကရတာ လဲ''
''စာကြည့်တိုက်က ငှားလာတဲ့စာအုပ်ထဲက။ ပြီးတော့ ဒီလိုပုံမျိုးတစ်ခုကိုလည်း ယက္ခအိမ်မှာ တွေ့ ဖူးတယ်။ ဘာသဘောလည်းတော့ မသိဘူး''
ယက္ခဆိုမှ ရိုးစစ် လာရင်းကိစ္စကို သတိရသွား၏ ။ သို့ ကြောင့် ချက်ချင်း ပင် . . .
''မင်း . . . ဒီလက်ကိုင်ပဝါကို မြင်ဖူးလား''
အလျင်စလို ရိုးစစ်ပြတော့ အီလစ်က တစ်ချက်ကြည့်ကာ . . .
''မြင်ဖူးတယ်လေ''
အီလစ်ပုံစံက ဘာမှသိပ်မထူးဆန်းသလို ပေါ့ပေါ့ပါးပါး။
''အဲဒါ စောညိုလက်ကိုင်ပဝါ''
''ဘာ . . . ''
ကျယ်လောင်သွားသော အော်သံတစ်ခုနဲ့ လူကကြက်သီးတို့ ဖျင်းခနဲ သီးသွားသည်။
''သေ . . . သေချာလို့လား။ မင်းဘယ်လိုလုပ်သိတာလဲ''
''ကျွန်တော် ညတိုင်း သူတို့ဆီသွားအိပ်နေရတာ သိတာပေါ့''
သေချာသွားလေပြီ။ ဒီကလေးလေး မလိမ်တတ်ကြောင်း သူအစကတည်းက သိသည်။ ဒါဆို လျှင်တော့ လုပ်စရာတစ်ခုပဲရှိတော့၏ ။ အံကိုတစ်ချက်ကြိတ်ကာ လက်သီးကိုဆုပ်ရင်း . . .
''စောညိုလက်ကိုင်ပဝါသာမှန်ရင်တော့ မရ, ရအောင် ပြန်ယူရမှာ ပဲ''
အီလစ်က နားမလည်သလို လှည့်ကြည့်ကာ . . .
''ဘာကိုပြန်ယူမလို့လဲ . . . ဘာလဲ . . .''
''ငါ့ လွယ်အိတ်''
အိမ်ခြံဝန်းထဲသို့ အလျင်စလို ပြေးဝင်လာသော သူ့ကို သံခဲက ဆီးကြိုကာပြောသည်။
''အစ်ကို့ကို အိမ်အပေါ်ထပ်မှာ သူကြီးစောင့်နေတယ်။ ရောက်ရင် တက်လာခဲ့ပါတဲ့''
ဇောနှင့် မို့ ချက်ချင်း ပင် ပြေးတက်သွားလိုက်သည်။ အပေါ်ကိုရောက်တော့ အခန်းထဲမှာ တွေ့ ရ သည်ကား . . .
''ဟင် . . . ''
သူ အံ့သြသွားလိမ့်မည် ဟု ကြိုတင်တွက်ဆထားပုံရသော သူကြီးက ပြုံးကာကြည့်နေသည်။
''သူကြီး . . . ဒီအခန်းက . . . ''
''ဦးသီလ နောက်ဆုံးနေသွားတဲ့အခန်းပေါ့''
အခန်းတွင်းမှာ ကား အံ့သြစရာကောင်းလောက်အောင် မျက်လှည့်ပစ္စည်းများ နှင့် ပြည့်နှက်ကာ နေပါ၏ ။ မှော်ကြိမ်လုံးများ ၊ လျှို့ဝှက်အံဆွဲတပ်စားပွဲများ ။ လက်ကိုင်ပဝါရောင် စုံများ ၊ ဖဲချပ်များ ၊ သေတ္တာ အတိုအရှည်များ နှင့် ပြည့်နှက်ကာနေသည်။ အခြား မျက်လှည့်နှင့် သက်ဆိုင်သော တိုလီ မိုလီပစ္စည်းများ ကိုလည်း တွေ့ ရ၏ ။ ထူးဆန်းသည်ကား ရုပ်ပြောင်းရုပ်လွဲပညာနှင့် ပတ်သက်သော ပစ္စည်းများ ရှိနေခြင်း ဖြစ်သည်။
ရိုးစစ် တအံ့တသြဖြင့် လှည့်ပတ်ကြည့်နေစဉ်မှာ ပဲ . . .
''ဒီအခန်းထဲကပစ္စည်းတွေ ကို ငါရော ငါ့အစ်ကိုရော လိုအပ်လို့ယူသုံးဖူးတယ်။ အခု မင်းကို ခေါ်ပြတာကလည်း အသုံးလိုရင် သုံးလို့ရအောင် ခေါ်ပြတာ''
သူ နားမလည်။
''ညက မင်းလုပ်ရပ်ကိုကြည့်ပြီး ဆုံးဖြတ်လိုက်တာ။ ဒီထဲက ပစ္စည်းတွေ ကို မင်းလိုအပ်သလို ယူသုံးနိုင်တယ်''
ရိုးစစ် ခေါင်းတွင်းမှာ အကြံတစ်ချက် လက်သွား၏ ။ ထိုအကြံနှင့် အတူ . . .
''အတော် ပဲ၊ ဒီပစ္စည်းတွေ နဲ့ပဲ ကျွန်တော့် လွယ်အိတ်ကို ပြန်ယူရမှာ ''
ဦးယုဝ မျက်မှော င်ကြုတ် သွားပါသည်။ လွယ်အိတ်ပျောက်သွားရပုံကို အစမှအဆုံး ရှင်းပြလိုက် သည်။ စကားဆုံးတော့ လက်ကိုင်ပဝါလေးကို ဦးယုဝကိုင်ကာကြည့်ရင်း . . .
''စောညိုဆိုတာ သေချာတယ်ပေါ့''
''ဒီလက်ကိုင်ပဝါအရတော့ သေချာတယ်''
ဦးယုဝအကြည့်တို့ သူ့ထံ လေးလေးနက်နက် ရောက်လာသည်။ ပြီးတော့ တစ်ခွန်းချင်း ထွက်ကျလာ၏ ။
''မင်း ဘာဆက်လုပ် မယ်စိတ်ကူးလဲ''
''ရအောင်ပြန်ယူရမှာ ပေါ့။ စောညိုယူသွားတာလို့ သတ်မှတ်လို့ရပေမဲ့ အဓိကတရားခံက ယက္ခ လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ ဒီရွာကြီးမိုးခေါင်တာနဲ့ပတ်သက်ပြီး အဓိက အရေး ကြီးဆုံးလူ တစ်ယောက် ကလည်း ယက္ခပဲ ဖြစ်လိမ့်မယ်''
နားမလည်ဟန်အကြည့်တချို့ ရောက်လာသည်ကြောင့် . . .
''ကျိန်စာတိုက်ခဲ့တာ ကတော့ ဖိုးလက်ဖြူပဲ။ ဒါပေမဲ့ ဖိုးလက်ဖြူ ဘယ်လိုကျိန်စာတိုက်ခဲ့တယ် ဆိုတာ ယက္ခကလွဲပြီး ဘယ်သူသိနိုင်မှာ လဲ''
အဖြေတစ်ခုရလိုက်သလို ဦးယုဝမျက်နှာ လေးနက်သွားပြီးနောက် . . .
''အဲဒါဆို မင်းဘာလုပ်မှာ လဲ''
ရိုးစစ် 'ဟက်' ခနဲ တစ်ချက်ရယ်လိုက်သည်။ ပြီးတော့ . . .
''တစ်ခုခုပေါ့''
အရင်တုန်း ကတော့ ဒီရွာနဲ့ပတ်သက်ပြီး သူ့အသိဉာဏ်တွေ ဝေဝေဝါးဝါးပဲ ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းသော ရွာတစ်ရွာ ဖြစ်သည်ဆိုတာကလွဲ၍ ကျန်တာတွေ အာရုံမှာ သိပ်မရှိ။ မနေ့ညက ကိစ္စမှာ လည်း ရွာသူရွာသားတွေ ပင်ပန်းခက်ခဲစွာ သယ်ယူထားသော ရေကို အနိုင်ကျင့်ဝေစုခွဲခြင်းကို မခံချင်၍ တတ်သလောက် ကူညီလိုက် သည်သာ။
ဒါပေမဲ့ . . .
ယခုတော့ သူနဲ့ တိုက်ရိုက်ပတ်သက်သွားလေပြီ။ သူ့အသက် ဝိညာဉ်တွေ ကိန်းအောင်းနေသော အိတ်လေးတစ်လုံးက ယက္ခတို့လူစု ထံ ရောက်သွားခဲ့ပြီ။
ဒီတော့ . . . ။
ထိုနေ့ညနေပိုင်းမှာ တင် သတင်းတစ်ပုဒ်က ကိုးချောင်းရွာ တစ်ရွာလုံးသို့ ပျံ့နှံ့သွားလေသည်။
ထိုသတင်းမှာ ကား . . .
'မနက်ဖြန်ညနေ (၅) နာရီမှာ ဧည့်သည်လေးရိုးစစ်က အုတ်နံရံ ကိုဖောက်ပြီး လမ်းလျှောက်ပြမယ်တဲ့'
တဲအိမ်လေးတစ်လုံးက တငွေ့ငွေ့ တိတ်ဆိတ်နေသည်။ ထိုတဲလေးထဲမှ မီးရောင် လဲ့လဲ့လည်း အပြင်ကို ဖြာကျလျက်ရှိနေ၏ ။ တောင်ကုန်းမြင့်ပေါ်မှာ တစ်တဲတည်းရှိနေသော တဲလေးတစ်လုံးမို့ သူ့ကိုယ်ထဲမှထွက်လာသော မီးရောင် လဲ့လဲ့ကို အရပ်လေးမျက်နှာမှ မြင်ရနိုင်ပါသည်။
အိပ်မောကျတိတ်ဆိတ်နေသော ညလေးတစ်ညပါပဲ။
ထိုတဲလေးပတ်ဝန်းကျင်မှာ လည်း ဆူသံပူသံ လုံးဝမရှိ။ အကုန်လုံး နှစ် နှစ် ခြိုက်ခြိုက် အိပ်ပျော် နေသလား ထင်ရသည်။ ဒါမှမဟုတ် ဆူပူလို့မရအောင် အကြောင်းတစ်စုံတစ်ရာကြောင့် တိတ်ဆိတ် နေသလားဟုလည်း တွေးထင်စရာရှိ၏ ။ ရွာအပြင်ဘက် တောင်ကုန်းလေးပေါ်မှာ ဆောက်လုပ်ထား သည်မို့ အရင်ကတည်းက ငြိမ်ငြိမ်သက်သက် ရှိသော နေရာလေးပါ။
ဤတဲ၊ ဤပတ်ဝန်းကျင်ကိုလည်း မည် သူမျှ အရောက်အပေါက် မရှိသည်မို့ အထီးကျန်ဆန် သော နေရာလေးတစ်ခုဟုဆိုလျှင်တောင် ရလေသည်။ တကယ်တော့ အထီးကျန်ဆန်ခြင်းမဟုတ်ပါ။ တောင်ကုန်းအောက်ဘက်မှာ ရှိနေသော ရွာလေးက ဤရပ်ဝန်းမှာ နေထိုင်သော လူလေးယောက် ကို အဆက်အဆံ မလုပ်ခြင်းပင် ဖြစ်ပါသည်။
သူတို့ကလည်း အရေး တယူ ဆက်ဆံလိုခြင်းမရှိ။ လိုအပ်မှသာ ရွာသို့ ဆင်းတတ်လေသည်။ အမှန်အတိုင်းပြောရလျှင်တော့ တစ်ရွာလုံးက သူ့ကို ကြောက်ကြသည်။ ဒါကိုပင် ဂုဏ်ယူနေတတ် သော လူ တစ်ယောက် လည်း ဖြစ်၏ ။ အစ်ကို ဖြစ်သူ ဖိုးလက်ဖြူ သေဆုံးသွားပြီးသည်မှစလို့ သူတို့ နေထိုင်လာတာ ဤတောင်ကုန်းလေးပေါ်တွင် ခြောက်နှစ် တင်းတင်း ပြည့်ခဲ့ပြီ။ ခြောက်နှစ် အတွင်း တစ်ရွာလုံး ဒုက္ခပေါင်းစုံခံစားနေရပေမဲ့ သူတို့ ကတော့ . . .
တကယ်တော့ သူတို့လည်း ဤရွာမှာ နေချင်လွန်း၍ တော့ မဟုတ်ပါ။ မပြီးပြတ်သေးသည့်ကိစ္စ တွေ ကြောင့် . . . ။
တဲခေါင်းရင်းဘက်မှာ အစ်ကို ဖြစ်သူ ဖိုးလက်ဖြူ၏ အုတ်ဂူတစ်လုံး ရှိနေသည်။ သူ တစ်ရက် မပြတ် သွားရောက်ဦးချကန်တော့နေသော နေရာလည်း ဖြစ်၏ ။
မိုးခေါင်ရေရှားလွန်းသော ဒီပတ်ဝန်းကျင်၌ ဆက်လက်နေထိုင်နေခြင်းမှာ အကြောင်းရင်း နှစ် ချက် ရှိပါသည်။
ပထမတစ်ချက်က အစ်ကို ဖြစ်သူ၏ အုတ်ဂူအား ပစ်မထားခဲ့ရက်၍ ။
ဒုတိယတစ်ချက်က အစ်ကိုဖိုးလက်ဖြူပေးခဲ့သော ပဟေဠိတစ်ပုဒ်အား မဖြေရှင်းနိုင်သေး၍ ။
ဖိုးလက်ဖြူမှာ လျှို့ဝှက်သိပ်သည်းသူ တစ်ယောက် ဖြစ်သည့်အတွက် ကျိန်စာနှင့် ပတ်သက်ပြီး သူတို့ကို ဘာမှအသိမပေးခဲ့။ ဒါပေမဲ့ သေဆုံးခါနီး အချိန်မှာ အမြင်မှန်ရသွားခဲ့သည်။ သူ့ကို မျက်စိ တစ်ဖက် ဆုံးရှုံးစေခဲ့သူ ဦးသီလနှင့် ရွာကို သီးသီးသန့်သန့် ခွဲခြားနိုင်ခဲ့သည်။
သို့ အတွက်ကြောင့် သေအံ့ဆဲဆဲအချိန်တွင် သူတိုက်ခဲ့သော ကျိန်စာ၏ လျှို့ဝှက်ချက်ကို ပြောပြရန် ကြိုးစားခဲ့ပါသည်။
ဒါပေမဲ့ . . . အခြေအနေ မပေးခဲ့။
ပြောရင်းတစ်ပိုင်းတစ်နဲ့ အမောဖောက်ကာ ဆုံးသွားခဲ့သည်။ ဖိုးလက်ဖြူ ပေးသွားခဲ့သည်က တော့ ကတ်ပြားခုနှစ် ချပ်ပါပဲ။ ထိုခုနှစ် ချပ်ထဲမှ နှစ် ချပ်ကိုရွေးထုတ်ကာ . . .
''ဒီနှစ် ချပ်က အရေး ကြီးတယ်''
ဟု အမောဖောက်သော လေသံနှင့် ပြောပြီး ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထို့ထက်ပိုပြီး ဘာမှမသိ လိုက်ရ။ ကျိန်စာနှင့် ပတ်သက်ပြီးလည်း သူ ဘာမျှမသိ။ နောက်ဆုံးပေးသွားခဲ့သော 'အရေး ကြီးတယ်' ဟူသည့် ကတ်ပြားနှစ် ချပ်သာ ပဟေဠိတစ်ပုဒ်အ ဖြစ် ကျန်ခဲ့ခြင်း ဖြစ်ပါသည်။
ကျိန်စာနှင့် ပတ်သက်သော လျှို့ဝှက်ချက်တစ်ခုမှန်းသိပေမဲ့ ယခုအချိန်ထိ သူ မဖြေရှင်းနိုင် သေး။ ဖြေရှင်းဖို့ကြိုးစားရင်းနှင့် ပင် ခြောက်နှစ် တင်းတင်း ပြည့်လာခဲ့ခြင်း ဖြစ်သည်။ ဤရွာမှာ ဆက်လက်နေထိုင် ဖြစ်နေခြင်းဟာလည်း အကြောင်းရင်းနှစ် ချက်အနက် ထိုဒုတိယအကြောင်းကြောင့် ပင် ဖြစ်သည်။
ကိစ္စတော့မရှိသေး။ ဒီရွာမှာ သူ့ကိုယှဉ်နိုင်တဲ့လူ မပေါ်သ၍ တော့ ယခုအတိုင်းသာ အေးအေး လူလူရှိနေဦးမည် မဟုတ်ပါလား။ ဒါပေမဲ့ . . .
စိတ်ဝင်စားဖွယ်ကောင်းသော လူငယ် တစ်ယောက် ကိုးချောင်းရွာသို့ ရောက်လာခဲ့ပါပြီ။
အပြင်ဘက်မှ အီလစ်၏ ဟောက်သံသဲ့သဲ့ကို ကြားရသည်။ စောညိုတို့လည်း အိပ်နေလောက် ပြီထင်ပါသည်။ ညသန်းခေါင်ကျော်ပြီမို့ အကုန်လုံးက တိတ်ဆိတ်အိပ်မောကျလျက်သာ ရှိနေ၏ ။ သို့ ပေမဲ့ အခန်းတစ်ခုအတွင်းမှာ တော့ အိပ်စက်ခြင်းမရှိသေးသော လူ တစ်ယောက် ရှိနေပါသည်။
မီးအိမ်ထွန်းထားသည့်အတွက် အခန်းလေးထဲမှာ နီကျင်ကျင်အလင်းရောင် က မပီဝိုးတဝါး ကျရောက်နေသည်။ နံရံမှာ ချိတ်ဆွဲထားသော အရိုးခေါင်းများ ၊ အင်းကွက်များ ၊ ပန်းချီကားများ ကို မီးရောင် နဲ့ ဝေဝေဝါးဝါး မြင်ရသည်။ အခန်းထောင့်မှာ စာအုပ်ပုံကြီးတစ်ပုံ။ နာမည် တပ်လို့မရသော တိုလီမိုလီမျက်လှည့် အသုံးအဆောင်ပစ္စည်းများ စသည်တို့ ကတော့ အခန်းထဲမှာ ဟိုတစ်စ ဒီတစ်စ ကျဲပြန့်နေ၏ ။
ထိုအရာတို့၏ အလယ်မှာ ဆံပင်ရှည်ကိုဖြန့်ချထားသော လူကြီး တစ်ယောက် ထိုင်ကာနေသည်။ မုတ်ဆိတ်မွေး၊ ပါးပြိုင်းမွေးတွေ ထူထပ်နေသည်မိုပ ရုပ်ရည်တိတိကျကျနှင့် အသက်ကို ခန့်မှန်းလို့မရ။ သူ့အစ်ကိုပေးသွားသည့်နာမည် ကတော့ ယက္ခတဲ့။ ဝါလဲ့လဲ့မီးအိမ်ရောင် လေးအောက်မှာ ထိုင်နေပုံက ဘီလူးတစ်ကောင်အလား။
နေလတံဆိပ် အင်္ကျီပွပွကြီးကိုလည်း ဝတ်ထားသည်မို့ ပုံစံက ပိုမိုခြောက်ခြားဖွယ် ဖြစ်နေသည်။ ငြိမ်သက်စွာ ထိုင်နေပုံမှာ လည်း တစ်စုံတစ်ရာအား အာရုံစူးစိုက်ထားသလိုမျိုး။
လက်တွင်းမှာ ဓာတ်ပုံတစ်ပုံကိုင်ထားပါသည်။ ရှေ့စားပွဲပေါ်မှာ က စုပုံကျနေသော လွယ်အိတ် လေးတစ်လုံးနှင့် မြေအိုးလေးတစ်အိုး ရှိနေ၏ ။ လက်တွင်းမှဓာတ်ပုံအား စူးစိုက်ကြည့်ကာ ပုံဖော်နေ ခြင်း ဖြစ်သည်။ သူ မြင်ဖူးနေသည်။ ဒီဓာတ်ပုံထဲမှပုဂ္ဂိုလ်ကို တစ်နေရာရာမှာ သူ မြင်ဖူးထားသည်။
ဘယ်မှာ မြင်ဖူးထားတာလဲ စဉ်းစားလို့မရ။ သေချာတာ ကတော့ မျက်လုံး၊ ဒီမျက်လုံးမျိုးကို သူ ရင်းနှီးဖူးသည်။ ဒါပေမဲ့ ဓာတ်ပုံထဲက မျက်နှာနှင့် မျက်လုံးက သူ့အာရုံထဲမှာ တွဲ ပြီးပေါ်မလာ။ လူ တစ်ယောက် အတွက် ဘယ်လိုပဲ ရုပ်ကို ပြောင်းလဲနိုင်ပါစေ မျက်လုံးကိုတော့ ပြောင်းလဲ၍ မရနိုင်သည် မဟုတ်ပါလား။
ဘယ်သူ ဖြစ်နိုင်မလဲ၊ တွေးမရဘဲ ရှိနေပါသည်။
အတန်ကြာတော့ ဓာတ်ပုံလေးအား ပြန်ချရင်း မြေအိုးလေးကို ယူကြည့်မိသည်။ ဘာမျှထူးခြား မှု မရှိသော သာမန်မြေအိုးလေးတစ်အိုး။ အဖုံးဖွင့်လိုက်တော့ အတွင်းမှာ တစ်ဝက်သာသာလောက်ရှိ သော ပြာမှုံများ ကို တွေ့ ရသည်။ သူ့အထင်တော့ အရိုးပြာများ ဖြစ်ပုံရလေသည်။
စောညိုယူလာခဲ့သော လွယ်အိတ်အတွင်းမှ ပစ္စည်းများ ကို ထုတ်ယူကြည့်နေခြင်း ဖြစ်ပါ၏ ။ စောညိုပြကွက်ကို အနိုင်ယူသွားသူ တစ်ယောက် မို့ သတိထားသည့်သဘော နောက်ယောင်ခံ လိုက် ကြည့်ခိုင်းခြင်း ဖြစ်ပါသည်။ ဒါပေမဲ့ ခိုင်းသည်ထက်ပိုကာ စောညိုက လွယ်အိတ်တစ်လုံး ယူဆောင် လာ၏ ။
တကယ်တန်း အသုံးမဝင်ပါပေ။ သူတို့လိုချင်သော သတင်းအချက်အလက်တွေ ဤ လွယ်အိတ်အတွင်းမှာ ပါမလာခဲ့။ သူတို့သိချင်သည်က ဒီကောင်လေး ဘယ်သူလဲ။ ဘယ်လိုရည်ရွယ် ချက်နဲ့ ကိုးချောင်းရွာကို ရောက်လာတာလဲ။
နာမည် ကိုတော့ ရိုးစစ်ဟု သိထားသည်။ လျော့တွက်လို့မရသော လူ တစ်ယောက် ဆိုတာ လည်း သိနေသည်။ ကျန်တာတွေ တော့ သိမလာသေး။ ဒါပေမဲ့ စိတ်ဝင်စားဖွယ်ကောင်းသော သတင်း တစ်ပုဒ်တော့ ရထားပါသည်။
အဲဒါက . . .
မနက်ဖြန်ညနေ (၅) နာရီ အုတ်နံရံကိုဖောက်ပြီး လမ်းလျှောက်ပြမယ်တဲ့။
ဘာသဘောလဲ။
![]() မိုးမိသော အိမ်မက်များ | ![]() မြကျွန်းညို မဟုတ်သော်လည်း | ![]() ဈာပနရှင်းတမ်း |