Cover

နိဒါန်း

ညက စုန်းအိုတစ်ကောင်ရဲ့ ၀တ်ရုံလို မည်းမည်းလှုပ်နေသည်။

မိုးစက်တွေ က ကောင်းကင်ကြီး ရေညှစ်ချသလို တဝေါဝေါနှင့် အဆက်မပြတ်။

ဝင်းခနဲ လက်သွားတတ်သည့် လျှပ်ကြိုးမျှင်တွေ ကိုပင် မြင်တွေ့ နေရသေးသည်။

လေကြမ်းက ဘီလူးနမ်းသလို၊

မှော င်မည်းနေပေမဲ့ အသက်ပါလွန်းလှသည့် မိုးပြင်းညတစ်ည ဖြစ်သည်။

*********

'သား'ဟူ၍ ကြောက်ခမန်းလိလိ အော်လိုက်သော မိခင် တစ်ယောက် ရဲ့ အော်သံ၊

'ဒိုင်း' ခနဲ ထွက်ပေါ်လာသည့် ထိခိုက်သံတစ်ချက်၊

မီးစုံဖွင့်ထားသည့် ကားတစ်စီး၊

သွေးပျက်မတတ် ထိတ်လန့်ကြောက်ရွံ့သွားသော မိခင် တစ်ယောက် ရဲ့ ပြယုဂ်၊

မှော င်နှင့် မည်းမည်း မိုးရေထဲမှာ ……

နက်သော ညပေမို့ ပတ်ဝန်းကျင်က ရှင်းရှင်းလင်းလင်း၊

ထိုစဉ်မှာ ပင် ဟွန်းသံနှင့် အတူ ကားမီးရောင် တစ်ချက်က နောက်ပိုင်းမှ ထွက်ပေါ်လာသည်။

*********

တစ်ခါတုန်းက တက္ကသိုလ်တစ်ခုတွင် ပုံပြင်အရမ်းကြိုက်သော ကျောင်းသူတစ်ဦး ရှိခဲ့ဖူးလေသည်။ မည် မျှအထိ ကြိုက်သလဲဆိုလျှင် သူမကို စိတ်ဝင်စား၍ ရည်းစား ဖြစ်ရန် ကြိုးစားသူတိုင်းကို ပုံပြင်တစ်ပုဒ် ပြောပြခိုင်းသည်။

ပုံပြင်လေး နာမည် က 'ယုန်နဲ့ လိပ် ဒုတိယပုံပြင်'။

ဒါပေမဲ့ မည် သည့်ကျောင်းသားကမျှ ထိုပုံပြင်ကို မှန်အောင် ပြောမပြနိုင်ကြ။ (၀ါ) သူမလက်ခံ နိုင်အောင် ပြောမပြနိုင်ကြချေ။

ထို့ကြောင့် မည် သူတစ်ဦး တစ်ယောက် မျှ သူမအချစ်ကို ရအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

ဒါပေမဲ့ တစ်နေ့မှာ တော့ ထိုအစဉ်အလာကို လုံးဝရိုက်ချိုးပစ်လိုက်သော ကျောင်းသားတစ်ဦး ပေါ်လာလေသည်။

နာမည် က 'ဝေဖြိုး'။

*********

I

ကင်န်တင်းတစ်ခုက အသက်ရှူသံများ နှင့် လျှို့ဝှက်သည်းဖိုဆန်ဆန် တိတ်ဆိတ်နေသည်။

'အခု ပြောမယ့် ပုံပြင်က ကျွန်တော် တို့ ငယ်ငယ်တုန်းက ကျောင်းမှာ သင်ခဲ့ရတဲ့ ယုန်နဲ့ပုံပြင်ရဲ့ အဆက်ပေါ့။ ခင်ဗျားပြောခိုင်းတဲ့ ယုန်နဲ့လိပ် ဒုတိယပုံပြင်လို့လည်း ပြောလို့ရပါတယ်။ ပထမပုံပြင်ထဲက အတိုင်း ယုန်နဲ့လိပ် အပြေးပြိုင်ြ ကတော့ ယုန်က ရှုံးသွားတယ်။ အဲဒီ မှာ တင် လိပ်အပေါင်းက အောင်ပွဲ ခံကြတာပေါ့။ ဒါ သူတို့ဘယ်လိုမျှ မျှောင်လင့်မထားတဲ့ အနိုင်လေ။ သူတို့ရဲ့ သမိုင်းမှာ လည်း ယုန်ကို နိုင်အောင် ပြေးနိုင်တယ်ဆိုတာ မှတ်ကျောက်တင်သွားပြီ။

တောအုပ်ထဲမှာ ရှိသမျှ တိရစ္ဆာန်အပေါင်းကလည်း လိပ်တွေ ကို တအံ့အသြနဲ့ ၀ိုင်းဝန်းချီးကျူး ကြတယ်။ လိပ်တွေ က သတ္တိရှိပြီး ဇွဲလည်းကောင်းကြတယ်ပေါ့။ ဒီပြိုင်ပွဲရဲ့ ရလဒ်နဲ့ ပတ်သက်ပြီး လိပ် တွေ ကိုလည်း အထင်မသေးရဲတော့ဘူး။

အဲဒီ အချိန်မှာ ယုန်တွေ ကတော့ လိပ်တွေ နဲ့ ဆန့်ကျင်ဘက်ပဲ။ ခေါင်းတောင် မဖော်နိုင်ကြဘူး တဲ့။ သူတို့အားလုံးကို ၀ိုင်းဝန်းကဲ့ရဲ့ သံတွေ လည်း နေရာတိုင်းမှာ ကြားနေရတယ်။

အပျင်းကြီးတယ်။ ပြိုင်ဘက်ကို လျှော့တွက်တယ်။ အရှက်ကို မရှိကြဘူးနဲ့ စုံနေတာပဲတဲ့။ ဒီမှာ တင် ယုန်တွေ က တိုင်ပင်တယ်။ သူတို့ ဒီလိုအ ဖြစ်မခံနိုင်ကြဘူးလေ။ အနှေးဆုံးလို့ သတ်မှတ်ထား တဲ့ သတ္တ၀ါတွေ က သူတို့ကို အနိုင်ယူပြီး တောအုပ်မှာ သမိုင်းသစ်တင်သွားတာကို လက်မခံနိုင်ကြ ဘူး။

အဲတော့ သူတို့က လိပ်နဲ့နောက်တစ်ကြိမ် အပြေးထပ်ပြိုင်ဖို့ တိုင်ပင်တယ်။ ပြီးတော့ ချက်ချင်း ပဲ သတင်းပို့လိုက်တယ်တဲ့။ ယုန်နဲ့ လိပ် နောက်တစ်ကြိမ် အပြေးထပ်ပြိုင်ကြမယ်ပေါ့။

ယုန်တွေ ရဲ့ စိန်ခေါ်မှု ကိုလည်း ကြားရော လိပ်တွေ ဘက်က ချက်ချင်း လက်မခံသေးဘူး။ စိန်ခေါ်သံကြားကြားချင်း လိပ်အပေါင်းက တိုင်ပင်တယ်။ ဒီပွဲမှာ သူတို့နိုင်ခဲ့တယ်ဆိုတာလည်း သူတို့ တော် လို့မဟုတ်ဘဲ ယုန်ရဲ့ ပေါ့လျော့မှု ဆိုတာ သိနေတာကိုး။ ဘယ်လိုပဲ ဖြစ် ဖြစ် ဒီတစ်ကြိမ်ပြိုင်ပွဲမှာ ယုန်က ထပ်အိပ်မှာ မဟုတ်တော့ဘူးလေ။ ဒါဆိုသူတို့ အနိုင်ရဖို့ မသေချာတော့ဘူး။ အဲတော့ ဘယ်လို လုပ်ကြမလဲ။ ယုန်တွေ ကတော့ လိပ်တွေ ရဲ့ အဖြေကို စောင့်ရတာ ခြေတကြွကြွပဲ။

နောက်တစ်နေ့မှာ တင်လိပ်တွေ ဘက်က အပြေးပြိုင်ဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ လိပ်တွေ ဘက်က တစ်ခုတောင်းဆိုတယ်။ ပြိုင်ရမယ့် ပြေးလမ်းကြောင်းနဲ့ ပန်းတိုင်ကို သူတို့ဘက်က သတ်မှတ်မယ်တဲ့။

ယုန်တွေ ကတော့ အပြေးထပ်ပြိုင်ရဖို့သာ ဆန္ဒစောနေလို့ ဘာမျှမစဉ်းစားတော့ဘူး။ လိပ်တွေ ဘက်က အဆိုကို ချက်ချင်း ပဲ သဘောတူလိုက်တယ်။ နောက်တော့ သူတို့နှစ် ဖက်တိုင်ပင်ပြီး ပြိုင်ပွဲနေ့ ကို သတ်မှတ်လိုက်ကြတယ်ပေါ့။

အပြေးပြိုင်မယ့်နေ့လည်း ရောက်ရော လာကြည့်မယ့် ပရိသတ်တွေ အများ ကြီးပဲတဲ့။ ပထမ အကြိမ်တုန်းကထက်ကို ပရိသတ်တွေ အများ ကြီး လာကြည့်ကြတယ်။ ဒါပေမဲ့ မတူတော့ဘူး။ ပထမ အကြိမ်တုန်းကလို ပရိသတ်က ယုန်ဘက်မှာ ချည်း ရှိမနေတော့ဘူးလေ။ အခုတစ်ကြိမ်မှာ ပရိသတ်က နှစ် ဖက်မျှသွားပြီ။

ယုန်နဲ့လိပ် ပြိုင်ပွဲကွင်းဆီလည်း ၀င်ရော အော်ဟစ်အားပေးကြတဲ့အသံတွေ တစ်တောလုံးကို ညံသွားတာပဲတဲ့။ နှစ် ကောင်လုံး နေရာယူပြီးသွားတော့ လိပ်အကြီးအကဲက သူတို့ရှေ့ရောက်လာ တယ်။ ပြီးတော့ တာမထွက်ခင် စကားနည်းနည်း ပြောတယ်။

အဆွေယုန်နဲ့ အဆွေလိပ်တဲ့….. သင်တို့ နှစ် ယောက် အတွက် ယခုရပ်နေရာလမ်းဟာ သင်တို့ရဲ့ ပြေးလမ်းပါပဲ။ ဒီလမ်းရဲ့ အဆုံးမှာ သင်တို့အတွက် ပန်းတိုင်ရှိတယ်။ အဲဒီ ပန်းတိုင်ကို အရင် ဆုံးရောက်အောင် သွားနိုင်သူက ဒီပွဲအတွက် အနိုင်ရသူ ဖြစ်ပါတယ်လို့ ပြောပြီး လိပ်အကြီးအကဲက သူ့နေရာဆီ ပြန်လည်ထွက်ခွာသွားတယ်။ ဒါပေမဲ့ လိပ်အကြီးအကဲရဲ့ မျက်နှာမှာ ဘာမှန်းမသိတဲ့ အပြုံးတစ်ခုရှိနေတာကို ဘယ်သူမျှ သတိမထားမိလိုက်ကြဘူး။

ဒါဟာ ပြိုင်ပွဲဆီ အာရုံရောက်နေတာရယ်၊ လိပ်ကို အနိုင်ပြေးချင်နေတာရယ်ကြောင့် သတိလက် လွတ် ဖြစ်သွားရတဲ့ ယုန်တွေ ရဲ့ ချို့ယွင်းချက်ပေါ့။

တာစလွှတ်တယ်ဆိုရင်ပဲ ယုန်က အားသွန်ခွန်စိုက်ပြေးတာပေါ့။ ဒီပွဲကို သူအနိုင်ရမှ ဖြစ်မှာ ။ ဒါက သူ့အတွက်တင်မဟုတ်ဘူး။ သူတို့တစ်မျိုးလုံးအတွက်၊ ယုန်တွေ ရဲ့ သမိုင်းကြောင်း အတွက်ဆိုတဲ့ ဖိအားတွေ ရှိနေတယ်လေ။ လိပ် ကတော့ အေးဆေးပဲတဲ့။ ပထမပွဲတုန်းက ထက်တောင် စိတ်အေး လက်အေးနဲ့ ဖြည်းဖြည်းချင်း၊ တရွေ့ချင်း လှမ်းသွားနေတယ်လို့ ထင်မိတယ်။

ပြေးလာလိုက်တာ သိပ်မကြာပါဘူး။ ခဏလေးနဲ့ ယုန်ကပန်းတိုင်းကို လှမ်းမြင်နေရတဲ့ အကွာ အဝေးကို ရောက်လာတယ်။ အားပေးတဲ့ ပရိသတ်တွေ ကလည်း ဆူဆူညံလို့ပေါ့။

‘ပြေးထားကွ…… ရောက်တော့မယ်….. သိပ်မလိုတော့ဘူး’

‘ယုန်ကွ’

‘ဒီပွဲမှာ ယုန်နိုင်မှာ ကွ။ ငါတို့ယုန်ပဲ နိုင်မှာ ကွ’

ယုန်ဘက်က အားပေးနေတဲ့ ပရိသတ်တွေ ဆူဆူညံသွားတယ်။ သူတို့တွေ လိပ်ကိုခံပြင်း နေကြပြီလေ။

ဒါပေမဲ့ လိပ်တွေ ဘက် ကတော့ ဂရုမစိုက်ပါဘူး။ အနိုင်အရှုံးရလဒ်ကို ပြိုင်ပွဲမစခင်ကတည်းက ကြိုသိနေသလိုမျိုး၊ ထီမထင်အပြုံးတွေ နဲ့ ငြိမ်နေကြတယ်။ ‘စောင့်ကြည့်လိုက်’ ဆိုသည့် သဘောမျိုးပေါ့။

မကြာပါဘူး။ ပန်းတိုင်ရောက်ခါနီး ဆဲဆဲမှာ ပဲ အနိုင်အရှုံးက မထင်မှတ်တဲ့ အချိုးအကွေ့ကနေ တစ်မျိုး ပြောင်းသွား ပါတယ်။ ယုန် ဘယ်လိုမှ ဆက်ပြေးလို့မရတော့ဘူး။ ပန်းတိုင်ဆိုတာလည်း မြင်နေ လျက်နဲ့ တစ်ပါးသူအတွက် ဖြစ်သွားရပါပြီ။

ဘာ ဖြစ်လို့လည်းဆိုတော့ ယုန်ရဲ့ ပြေးလမ်းကြောင်းတည့်တည့်မှာ ရေမြောင်းတစ်ခု ခံနေတယ်။ တော် တော် လည်း ကျယ်တော့ ယုန်ခမျာ ဘာမှ ဆက်လုပ် လို့ မရတော့ဘူး။ ခုန်ကူးလို့လည်း မရဘူး။ ရေထဲက ဖြတ်သွားဖို့ကျတော့လည်း ရေမကူးတတ်တော့ ဒုက္ခရောက်ပြီပေါ့။

ပန်းတိုင်က ရေမြောင်းရဲ့ တစ်ဖက်မှာ ။ တကယ်မှ နီးနီးလေး။ ကုန်းပေါ်မှာ ဆိုရင် ပန်းတိုင်ကို ခဏချင်းပဲ ရောက်သွားမှာ ပါ။ ဒါပေမဲ့ အခုတော့ လုံးဝကို သွားပြီ။

ဘယ်လိုဆက်လုပ် ရမလဲ စဉ်းစားပေမဲ့ အကြံကမထွက်ဘူး။ လမ်းကလည်း ဒီတစ်လမ်းပဲရှိတာ။ နောက်တစ်လမ်းကနေ ပတ်သွားလို့လည်း မရဘူး။ ပြန်ပဲလှည့်ရမလား။ ဒီအတိုင်းပဲ ဆက်နေရမလား တစ်ကောင်တည်း ယောက် ယက်ခတ်နေတာနဲ့ အချိန်က တော် တော် ကြာသွားတယ်။

စောင့်ကြည့်နေတဲ့ ပရိသတ်တွေ ကလည်း ယုန် ဘယ်အချိန်များ ပန်းတိုင်ရောက်ပြီးအောင်ပွဲခံ မလဲ စောင့်ကြည့်နေကြတာပေါ့။ ဒီမှာ ယုန်က ဒုက္ခအကြီးအကျယ်နဲ့ တွေ့ နေပြီ။

ဒီလိုနဲ့ အတော် ကြီးကြာသွားချိန်မှာ ပဲ လိပ်က သူ့အနားကို ရောက်လာခဲ့တယ်။ ယုန်ကို တွေ့ တွေ့ ချင်းပဲ လိပ်က လှောင်ပြုံးလေးနဲ့ ခနဲ့တဲ့တဲ့ပြောတယ်။

‘အဆွေယုန်က ဘာလို့ ဆက်မသွားတာလဲဗျ။ ပန်းတိုင်ကို ရောက်တော့မှာ ပဲဥစ္စာ။ ဘာလဲ….. ကျွန်ုပ်ကို စောင့်နေတာလား။ ဒါမှမဟုတ် ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းကလိုပဲ တစ်ရေး အိပ်ပြီး အခုမှ နိုးလာတာလား။

လိပ်ရဲ့ မထိတထိ ရိလိုက်တဲ့စကားကို ကြားပေမယ့် ဒီအချိန်မှာ ယုန်ခမျာ ဘာမှပြန်မပြောနိုင် ရှာဘူး။ သေချာတာ ကတော့ သူ လိပ်ကို ဒုတိယအကြိမ် ထပ်ရှုံးသွားပြီလေ။ ဒီတစ်ခါလည်း သူတို့ရဲ့ ပေါ့လျော့မှု ပါပဲ။ လိပ်ကို အနိုင်လိုချင်တာနဲ့ ဘာကိုမျှ မစဉ်းစားခဲ့ဘူး။

လိပ်တွေ ဘက်က ပြေးလမ်းနဲ့ ပန်းတိုင်သတ်မှတ်မယ်ဆိုတာကို သဘောတူလိုက်တာကိုက သူတို့အမှားပဲ။ လိပ်တွေ အားလုံး ပူးပေါင်းပြီး ပြေးလမ်းပေါ်မှာ ရေအိုင်တစ်အိုင်တူးတယ်။ ပြီးတော့ ပန်းတိုင်ကို ရေအိုင်ရဲ့ တစ်ဖက်ခြမ်းမှာ သတ်မှတ်တယ်။ ကောက်ကျစ်တာ မဟုတ်ဘူးဆိုရင်တော့ လိပ်တွေ ရဲ့ ဦးနှောက်က ချီးကျူးစရာပေါ့။ ဒါပေမဲ့ ဒီပွဲအတွက်တော့ ယုန်တွေ ရဲ့ အရှုံးက သေချာသွားပြီ လေ’

အဲဒီ အချိန်မှာ ပဲ တရွေ့ရွေ့သွားနေတဲ့ လိပ်က ယုန်ကိုကျော်ပြီး ရေအိုင်စပ်ကို ရောက်သွား တယ်။ ပြီးတော့ မျက်နှာကိုမော့ပြီး ၀ံ့ကြွားတဲ့အပြုံးနဲ့ စကားတစ်ခွန်းပြောတယ်။ လိပ်ပြောသွားတဲ့ စကားလေးက အရမ်းလှတာပဲ။

‘အဆွေယုန်….. ပြိုင်ပွဲတစ်ခုရဲ့ အနှိုင်အရှုံုးဆိုတာ သူ့ရဲ့ ဗီဇပေါ်မှာ လည်း မမူတည်ဘူး။ မနေမနား ကြိုးစားအားထုတ်ရတဲ့ ၀ီရိယအပေါ်မှာ လည်း မမူတည်ဘူး။ သတ္တ၀ါအများ စု လက်ကိုင်ထား တတ်ကြတဲ့ ‘ကံ’ ဆိုတဲ့ ဝေါဟာရပေါ်မှာ လည်း မူတည်တာ မဟုတ်ဘူး။ အရှုံးကို အနိုင် ဖြစ်အောင် လှည့်တတ်တဲ့သူ့ရဲ့ အရည်အသွေးပေါ်မှာ ပဲ မူတည်တာပါတဲ့’

ပြီးတော့ လိပ်က ရေအိုင်ကိုကူးပြီး ပန်းတိုင်ဆီကို ရောက်သွားတယ်’

ပုံပြင်ဟုခေါ်သော စကားအရှည်ကြီး ဆုံးသွားတော့ တိတ်ဆိတ်နေသော ကန်တင်းက အနည်း ငယ် အသက်ဝင်လာသယောင် ရှိသည်.။

ထိုစဉ်မှာ ပဲ…..

‘ဒီပုံပြင်လေးရဲ့ ရည်ရွယ်ချက် ကတော့ ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလိုမချမိဖို့ ဆိုတာရယ်။ ပြိုင်ပွဲတစ်ခုအတွက် အဲဒီ ပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ အရည်အချင်း ကိုယ့်မှာ နည်းနေရင်တောင် အားသာတဲ့ ကိုယ့်ရဲ့ နောက်အရည်အချင်းတစ်ခုနဲ့ ပြိုင်ပွဲရဲ့ အနှိုင်အရှုံးကို ကိုယ်လိုသလို လှည့်ယူနိုင်တယ်ဆိုတဲ့ အကြောင်း ရည်ရွယ်ထားတဲ့ ပုံပြင်တစ်ပုဒ်ပဲ’

စကားဆုံးလျှင် ဆုံးသွားချင်းမှာ တော့ ပုံပြင်စကတည်းက တအံ့တသြ ဖြစ်နေသော မိန်းကလေး တစ်ယောက် မှာ …..

‘ရှင်….. ရှင်…. ဒီပုံပြင်ကို ဘယ်ကရလာတာလဲ’

ဝေဖြိုးဆိုသော ကျောင်းသားမှာ လျှို့ဝှက်ပြုံးတစ်ခုကို ပီပီပြင်ပြင် ပြုံးလိုက်သည်။

‘အဲဒီ မေးခွန်းက တို့နှစ် ယောက် ကြားမှာ မရှိဘူးလေ။ မင်းက ပုံပြောခိုင်းတယ်။ မင်း ပြောခိုင်းတဲ့ ပုံပြင်ကို ငါကပြောတယ်။ အဲဒီ တော့ တို့နှစ် ယောက် ကြားမှာ ရှိတာက ငါပြောလိုက်တဲ့ ပုံပြင် မှန်မမှန်ဆိုတဲ့ အချက်ပဲ’

ထိုစကားကြောင့် နားထောင်သူမိန်းကလေးမှာ မျက်နှာတစ်ချက်ပျက်သွားလေသည်။ ပြီးတော့……

‘ခက်တာက ပုံပြင်က မပြီးသေးဘူး’

‘သိထားပါတယ်။ ယုန်နဲ့ လိပ်ပုံပြင်က နောက်တစ်ပုဒ်ကျန်သေးတယ်။ မင်းအလိုဆိုရင်တော့ ယုန်နဲ့လိပ် တတိယပုံပြင်လို့ သတ်မှတ်မှာ ပေါ့’

မိန်းကလေးဘက်မှ နောက်တစ်ကြိမ် အံ့သြမှု ကို တွေ့ ရသည်။

‘ကျွန်မပုံပြင်တွေ ကို အခုအချိန်အထိ မှန်အောင်ပြောနိုင်တဲ့သူ မရှိသေးဘူး’

‘ဒါလည်း သိထားပါတယ်။ ငါ ကတော့ ခြွင်းချက်ပေါ့’

မိန်းကလေး၏ စကားသံမှာ မခံချင်မှု နှင့် စိန်ခေါ်မှု တို့ ရောစွက်ပါဝင်နေသလို ထင်ရသည်။

‘ဒါ ကတော့ ပုံပြင်ကိုအစအဆုံးနားထောင်လိုက်ရတဲ့ မင်းက ပိုသိမှာ ပါ’

ပုံပြောသူ ဝေဖြိုးဆိုသော ကျောင်းသား၏ မျက်လုံးနှင့် စကားသံများ တွင် လည်း ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု တို့ ရာနှုန်းပြည့်ပါဝင်နေသည်။

‘ကျွန်မသိချင်တာက ဒီပုံပြင်တစ်ပုဒ်တည်း မဟုတ်ဘူး။ ကျွန်မဆီမှာ ပုံပြင်တွေ အများ ကြီး ကျန်သေးတယ်။ ဒါပေမဲ့ ပုံလာပြောသူတိုင်းက ပထမပုံပြင်မှာ တင် မှားသွားကြလို့’

‘ငါ သဘောပေါက်တယ်’

လက်ကာကာ ပြောလိုက်သော ဝေဖြိုးစကားကြောင့် ပြောသူမိန်းကလေးမှာ စကားတို့ ရပ်သွား သည်။

‘နောက်ပြီး မင်းပြောခိုင်းမယ့် ပုံပြင်တွေ ကို အမှားအယွင်းမရှိ ပြောပြဖို့ စိတ်ဝင်စားနေတယ်’

မျက်လုံးချင်း ခဏတာဆုံ သွားပါသည်။ နှစ် ဦးစလုံးက လက်ဝင်းနေသော အကြည့်တွေ ကို လွန်လွန်ကျူးကျူး သုံးထားကြသည်မို့ ကြည့်ရသည်မှာ ကျောပင်ချမ်း သွားလောက်သည်။ ထိုခဏ…..

‘ကျွန်မလည်း ရှင်ပြောပြမယ့် ပုံပြင်တွေ ကို နားထောင်ဖို့ စိတ်အရမ်းထက်သန်နေတယ် ဆိုရင် ရော’

‘ကောင်းပြီလေ….. မနက်ဖြန် ယုန်နဲ့လိပ် တတိယပုံပြင်ကို ငါ လာပြောပြမယ်’

ထို့နောက်မှာ တော့ ကန်တင်းတစ်ခုလုံးသည် ထိန်းချုပ်မှု အရှိန်အ၀ါကင်းလွတ်စွာ နဲ့ အသက်ဝင် သွားပါတော့သည်။ ဆိုင်အပြင်ဘက်သို့ ကျောင်းသား တစ်ယောက် မှာ လွယ်အိတ်ကို စလွယ်သိုင်းရင်း လက်တစ်ဖက်ဖြင့် ပုဆိုးကိုမရင်းနှင့် ခပ်သွက်သွက် လျှောက်သွားနေသည်။

ကျောင်းသူ တစ်ယောက် ကတော့ ဆိုင်တွင်းမှနေ၍ ထိုကျောင်းသား၏ ကျောပြင်အား မမှိတ် မသုန် စိုက်ကြည့်နေပါသည်။

သူမနာမည် က ‘ပိုးကဗျာ’

*******

II

ဒုတိယအကြိမ် ယုန်တွေ ထပ်ရှုံးသွားပြီးတဲ့နောက်မှာ တော့ လိပ်တွေ က တောထဲမှာ ဘုရင်တစ်ဆူလိုလိုကို ဖြစ်သွားကြပြီး ခေါင်းကိုမော့ ရင်ကိုကော့ပြီး ၀င့်ဝင့်ကြွားကြွားနဲ့ပေါ့။ ယုန်တွေ ခမျာတော့ နေစရာတောင် မရှိတော့ဘူးတဲ့။

ဒါပေမဲ့ သူတို့စိတ်ဓာတ်မကျပါဘူး။ နောက်တစ်ကြိမ် ထပ်ပြိုင်ကြဖို့ စိန်ခေါ်တယ်။ ဒီတစ်ခါ စိန် ခေါ်သံလည်း ကြားရော လိပ်တွေ က ဟက်ဟက်ပက်ပက် ရယ်ကြတယ်တဲ့။ နှစ် ခါရှုံးသွားပြီးတာ တောင် မမှတ်သေးဘူးလားပေါ့။

ဒီအချိန်မှာ လိပ်တွေ က စိတ်ကြီးဝင်သွားပြီ။ တစ်သက်လုံးနိုင်လာတဲ့ ယုန်တွေ သူတို့ လက်ထက်မှာ ရှုံးရပြီဆိုပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသွားကြပြီ။

ယုန်တွေ စိန်ခေါ်ပုံကလည်း လိပ်တွေ အလှည့်တုန်းကလိုပါပဲ။ ဒီတစ်ခါ ပြိုင်ပွဲရဲ့ ပြေးလမ်းကြောင်းနဲ့ ပန်းတိုင်ကို သူတို့ဘက်က သတ်မှတ်မယ်တဲ့။ လိပ်တွေ က အရင်လိုတွေးတော တတ်ရင် ဒါ ယုန်တွေ ရဲ့ အနိုင်ရဖို့ အကြံအစည်ဆိုတာ တွေးမိမှာ ပါ။ တွေးလည်း တွေး ဖြစ်လိမ့်မယ်။ ဒါပေမဲ့ လိပ်တွေ က အရင်လို မဟုတ်တော့ဘူး။ ယုန်တွေ ဘယ်လိုပြိုင်ပြိုင် သူတို့ကို မနိုင်ပါဘူးဆိုတဲ့ စိတ်ကို ၀င်သွားတာ။ အဲတော့ ဘာမျှ တွေးမနေတော့ဘဲ ပြိုင်ပွဲကို လက်ခံလိုက်တယ်။

တတိယအကြိမ်ပြိုင်ပွဲမှာ လည်း ဒုတိယအကြိမ်တုန်းကလိုပဲ ပရိသတ်အများ ကြီးပါပဲ။ ယုန်နဲ့ လိပ်ပြိုင်ပွဲကွင်းမှာ နေရာယူပြီးသွားတော့ ပထမပြိုင်ပွဲတုန်းက လိပ်အကြီးအကဲအတိုင်းပဲ ယုန်အကြီးအကဲဆင်းလာတယ်။ ပြီးတော့ ယှဉ်ပြိုင်ကြမယ့် သူတို့နှစ် ယောက် ကို ပြောတယ်။

‘အဆွေယုန်နဲ့ အဆွေလိပ်….. ဟောဟိုမှာ မြင်နေရတဲ့ တောင်ကုန်းလေးရဲ့ ထိပ်မှာ ပန်းတိုင်ရှိ ပါတယ်။ ပန်းတိုင်ကို အရင်ရောက်အောင် သွားနိုင်သူက အနိုင်ပါပဲတဲ့’

ဒါ ယုန်တွေ ရဲ့ နောက်ဆုံးကျည်ဆန်။ ဒီတစ်ပွဲမှ သူတို့ထပ်ရှုံးသွားရင် သူတို့ဘ၀က သွားပြီ။

‘တာစလွှတ်တယ်ဆိုရင်ပဲ နှစ် ကောင်စလုံးက ကြိုးကြိုးစားစား ပြေးကြတယ်။ ယုန်ကလည်း အနိုင်ရချင်သလို၊ လိပ်ကလည်း သူရထားတဲ့အနိုင်ကို ဆက်ထိန်းချင်တယ်လေ။ ဒါပေမဲ့ ထုံးစံ အတိုင်းပါပဲ။ ယုန်က အဝေးကြီးကိုရောက်သွားချိန်မှာ လိပ် ကတော့ နောက်မှာ တရွေ့ရွေ့ပေါ့။

အဲဒီ မှာ ပဲ ယုန်က မထင်မှတ်တာတစ်ခုကို လုပ်လိုက်တယ်။ သူရောက်နေတဲ့နေရာက ပန်းတိုင် ကို သိပ်မလိုတော့ဘူး။ မတ်စောက်တဲ့ တောင်ကုန်းလေးကို တက်သွားလိုက်တာနဲ့ ရောက်ပြီ။ ဒါပေမဲ့ ယုန်က ဆက်မတက်ဘဲ တောင်ကုန်းလေးအောက်ခြေမှ တစ်ချက်သမ်းဝေပြီး အိပ်လိုက်တယ်တဲ့။

အားပေးတဲ့ ပရိသတ်တွေ ‘ဟာ’ ခနဲ ဖြစ်ကုန်ကြတာပေါ့။ လိပ်တွေ ဘက်ကဆို အဆိုးဆုံးပဲတဲ့။ ပထမဆုံးပွဲလိုမျိုးပဲ ယုန် အပျင်းကြီးပြီး အိပ်လိုက်တာလို့ သူတို့က ထင်ကြတယ်။ ပြိုင်ပွဲကို ကြည့်နေသူတွေ အကုန်လုံးကလည်း ယုန်ကို ၀ိုင်းကဲ့ရဲ့ ကြတာပေါ့။

ပထမပွ္ဂဲရှုံးဖူးထားတာတောင် မမှတ်ဘဲ ပန်းတိုင်နီးမှ အိပ်တယ်။ ဘာညာပေါ့လေ။ ဒါပေမဲ့ ယုန် တွေ ကတော့ အေးဆေးပါပဲ။ တရွေ့ရွေ့သွားနေတဲ့ လိပ်ကိုသာ ခပ်တည်တည်ကြည့်နေကြတယ်။

လိပ်ကလည်း ယုန်အိပ်နေတာမြင်တော့ အားတက်ပြီး ပြေးလိုက်တာ ခဏလေးနဲ့ ယုန်အိပ် နေရာဆီ ရောက်သွားတယ်။ ယုန် ကတော့ လိပ်ရောက်လာတာ မသိပါဘူး။ တခူးခူးနဲ့ အိပ်ပျော်နေတာ ပိုးလိုးပက်လက်တွေ တောင် လန်လို့။

ပန်းတိုင်က သိပ်မလိုတော့ဘူး။ မက်စောက်တဲ့ တောင်ကုန်းလေးကို တက်ပြီးသွားတာနဲ့ ရောက်ပြီ။ လိပ်က တရွေ့ရွေ့နဲ့ ယုန်ကိုကျော်သွားပြီး တောင်ကုန်းလေးကိုတက်ဖို့ ကြိုးစားတယ်။ ပထမ ခြေလှမ်းနည်းနည်း လောက်က ကိစ္စမရှိပေမဲ့ တောင်ကုန်းလေးတစ်ဝက်လောက်အရောက်မှာ ပဲ လိပ်ခမျာ ကျွမ်းပြန်ပြီး ပြုတ်ကျသွားတယ်တဲ့။

ဘာ ဖြစ်လို့လဲဆိုတော့ လိပ်ရဲ့ ကျောခွံ့ လေးတယ်လေ။ တောင်ကုန်းက မတ်စောက်နေတော့ တစ်ဝက်အရောက်မှာ ပဲ နောက်လေးပြီး ပက်လက်လန်ကျသွားတာ။ အခါခါကြိုးစားပြီး တက်ပေမဲ့ လိပ်ဘယ်လိုမှ တက်လို့မရနိုင်ဘူး။ တောင်ကုန်းတစ်ဝက်လောက် ရောက်တာနဲ့ ပက်လက်လန်ကျ သွားတာပဲ။

နောက်ဆုံး ဘယ်လိုမျှ တက်လို့မရတဲ့အဆုံးမှာ တော့ လိပ်ခမျာ လက်လျော့လိုက်ရတယ်။ တစ်ကိုယ်လုံးလည်း မလှုပ်ရှားနိုင်အောင် နိုးချည့်သွားတာပေါ့။ အဲဒီ အချိန်မှာ ပဲ အိပ်နေတဲ့ယုန်က နိုးလာခဲ့တယ်။ ပြီးတော့ တုတ်တုတ်မျှ မလုပ်နိုင်အောင် အမောဖြေနေတဲ့ လိပ်ကိုကြည့်ပြီး စကားတစ်ခွန်းပြောတယ်။

ယုန်ပြောသွားတဲ့ စကားလေးက အရမ်းလှတာပဲ။

‘ ကဲ…. ခင်ဗျားအခုတော့ ကျွန်တော့် ရဲ့ ရေမြောင်းထဲကို ရောက်နေပြီိလေတဲ့’

‘ဇာတ်သိမ်း ကတော့ ငါဆက်ပြောဖို့ လိုတော့မယ် မထင်ပါဘူး’

စကားဆုံးသွားသည့်နောက်မှာ တော့ ပိုးကဗျာဆိုသူ မိန်းကလေးမှာ လုံးဝကို တုန်လှုပ်သွားရ တော့သည်။ မယုံကြည်နိုင်လောက်အောင် တအံ့တသြ ဖြစ်နေသော ပိုးကဗျာအား ကြည့်ရင်း…..

‘ဘာလဲ…. ဒုတိယပုံပြင်ကိုလည် အမှားအယွင်းမရှိငါ ပြောပြလို့ အံ့သြသွားတာလား။ မအံ့သြနဲ့။ ဒီထက်အံ့သြစရာတွေ မင်းအများ ကြီး ထပ်ကြုံရဦးမှာ ’

ပိုးကဗျာ ကတော့ နှုတ်ဆိတ်လျက်သာရှိနေပါ၏ ။

‘ပုံပြင်ရဲ့ ရည်ရွယ်ချက် ကတော့ ဘယ်လောက်ပဲအနိုင်တွေ ရနေပါစေ…. ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးမ၀င်ဖို့၊ မာနမထားရှိဖို့နဲ့ ပြိုင်ပွဲတစ်ခုရဲ့ အနိုင်အရှုံးဆိုတာ တစ်ခါတစ်ရံ ကိုယ့်အားသာချက်၊ သူ့အားသာချက် … .လွယ်လွယ်ပြောရရင်တော့ သူ့ကွင်း ကိုယ့်ကွင်းရွေးတတ်မှု အပေါ်မှာ လည်း မူတည်ကြောင်း ဖော်ပြပေးထားတဲ့ ပုံပြင်တစ်ပုဒ်ပဲ။ ဘယ်လိုလဲ….. ငါပြောတဲ့ ရည်ရွယ်ချက်ကလည်း ဆိုးဆိုးဝါးဝါးကြီး မမှားဘူးမလား’

ပိုးကဗျာ ကတော့ တိတ်မြဲ တိတ်လျက်။

‘ထားပါတော့လေ…. ။ ဒီနေ့အတွက် ဒီလောက်ပါပဲ။ ဒီနေ့ကလည်း သော ကြာနေ့ဆိုတော့ နောက်အပတ်မှပဲ ပုံပြင်တွေ ကို ထပ်ဆက်ကြတာပေါ့’

ပြောပြီးပြီးချင်း လွယ်အိတ်ကိုဆွဲကာ ထရပ်လိုက်စဉ်မှာ ပဲ…….

‘နေပါဦး…. နောက်တစ်ခေါက်အတွက် ကျွန်မမေးမယ့် ပုံပြင်တွေ ကို မသိချင်တော့ဘူးလား။ ပုံပြင်နဲ့ သက်ဆိုင်ရာ ခေါင်းစဉ်လေးတွေ ကိုပေါ့’

ထိုစကားကြောင့် ဝေဖြိုး၏ နှုတ်ခမ်းထောင့်စွန်းမှာ တွန့်သည်ဆိုရုံလောက်သာ တွန့်ကွေးသွား လေသည်။ ပြီးတော့…….

‘ငါ ထင်ပါတယ်၊ ငါ့စကားကို နားထောင်ပြီးတာနဲ့ ဒီနေ့အတွက် မင်း တတိယအကြိမ်မြောက် အံ့သြသွားလိမ့်မယ်’

အသံမထွက်ပေမဲ့ ပိုးကဗျာ၏ အကြည့်တို့ စူးခနဲ့ လက်သွားသည်။

‘မင်း ပြောခိုင်းမယ့် ပုံပြင်တွေ ကို ငါကြိုသိနေတယ်ဆိုရင် လက်ခံမလား’

‘မ ဖြစ်နိုင်ဘူး’

ပိုးကဗျာ နှုတ်ဖျားဆီမှ စကားတစ်ခွန်း ထွက်သွားသည်။

‘ ဖြစ်နိုင်ပါတယ်။ မင်းစိတ်ထဲမှာ ပဲရှိတဲ့…. ဘယ်သူ့ကိုမျှ မမေးဖူးသေးတဲ့၊ ဘယ်သူကမျှလည်း မှန်အောင်ပြောမပြနိုင်သေးတဲ့ ပုံပြင်တွေ ကို ငါကြိုသိနေတယ်။ အထူးသဖြင့် နောက်အပတ်မှာ မင်းငါ့ကိ ပြောခိုင်းမယ့် မင်းစိတ်ထဲက တတိယမြောက်ပုံပြင်ကိုပေါ့’

ဒိန်းခနဲ့ ဆောင့်ခုန်သွားသော ရင်ခုန်သံတစ်ချက်နဲ့အတူ ပိုးကဗျာမျက်တောင်တို့ တွန့်ချိုး မှေးစင်း သွားလေပြီ။

‘ကြွက်တစ်ကောင်ကိုတော့ အထင်မကြီးကောင်းဘူးပေါ့ကွာ။ ဒါပေမဲ့ မင်းပုံပြင်ထဲက ကြွက်ကို ငါအရမ်းအားကျတယ်’

*******

III

ရှေ့မှာ ဆရာဘာသင်နေလဲ မိုးတိမ် မသိပါ။ အခန်းထဲရှိနေသူတွေ မှာ လည်း ဆရာသင်နေတာ ကို နားထောင်နေကြလား၊ ဒါမှမဟုတ် လိုက်ပါဆွေးနွေးနေကြလားလည်း သူမသိ။ သိတာက အခု လောလောဆယ် သူစာအုပ်တစ်အုပ်ကို အသည်းအသန် ဖတ်နေသည်။

ရေး သူ ကတော့ စိတ်ပညာပါမောက္ခ ဟိုးဝပ်ဂါဒနာဆိုသူ ဖြစ်၍ ဖတ်နေသည့်အကြောင်းအရင်း က Multiple Intelligence ဟူသော ‘ဉာဏ်များ စွာ သီအိုရီ’ ဖြစ်သည်။

ဆရာကြီးရေး ထားသည်က ဉာဏ်ခုနစ်မျိုးရှိကြောင်း၊ လူတို့တွင် ထိုဉာဏ်ခုနစ်မျိုးအနက် တစ်မျိုးမဟုတ် တစ်မျိုးရှိတတ်ကြောင်း၊ အချို့မှာ နှစ် မျိုး သုံးမျိုးထိပင် ရှိကြောင်း၊ အဓိက အရေး ကြီး သည်မှာ အဦးဆုံးဉာဏ်နှစ် မျိုး ဖြစ်ပြီး ထိုဉာဏ်နှစ် မျိုးရှိသူမှာ အတန်းပညာသင်ယူရာတွင် ထူးချွန်နိုင် ကြောင်း၊ ထိုဉာဏ်နှစ် မျိုးမရှိပေမယ့်လည်း အခြားဉာဏ်များ တွင် ထူးချွန်ပါက သက်ဆိုင်ရာနယ်ပယ်တို့ တွင် အောင်မြင်သူများ ဖြစ်နိုင်ကြောင်း စသည်တို့ကို ဖော်ပြထားသည်။

သူ ကတော့ ထိုဉာဏ်ခုနစ်မျိုးအား ဖတ်ရင်း ကိုယ့်မှာ ဘယ်လိုဉာဏ်တွေ ရှိနိုင်မလဲ စိစစ်နေ ပါ၏ ။ဆရာကြီးရဲ့ ဉာဏ်ရည်ခုနစ်မျိုးက……

(၁) ဘာသာစကားဉာဏ် (Lingustic intelligence)

(၂) လောဂျစ် - သင်္ချာဉာဏ် (Logical-mathematical intelligence)

(၃) ဂီတဉာဏ် (Musical intelligence)

(၄) ကွက်လပ်အကွာအဝေးဉာဏ် (Spatical intelligence)

(၅) ခန္ဓာကိုယ် လှုပ်ရှားရွေ့လျားဉာဏ် (Body-kinesthetic intelligence)

(၆) လူအချင်းချင်း ဆက်ဆံရေး ဉာဏ် (Inter personal intelligence)

(၇) လူအတွင်းကြည့်ဉာဏ် (Intra personal intelligence)

ထို ဉာဏ်ခုနစ်မျိုးအား တစ်ခုချင်းဆီကြည့်ရင်း ကိုယ့်မှာ ဘယ်ဉာဏ်ရည်တွေ ရှိသလဲ ခေါင်းညိတ်ခေါင်းခါ ရွေးချယ်စိစစ်နေစဉ်မှာ ပင် အသံတစ်ခုက အခန်းထဲမှာ ဟိန်းပြီး ထွက်လာသည်။ (အမှန်တော့ ကိုယ့်အာရုံနဲ့ ကိုယ်မို့ ထိုအသံကို မကြားလိုက်ပါ)

‘နောက်ဆုံးတန်းက အင်္ကျီဖြူဝတ်ထားတဲ့ ကျောင်းသား….. မတ်တပ်ရပ်စမ်း’

အနည်းငယ် တိတ်ဆိတ်သွားသည်ဟုတော့ အာရုံမှာ ခံစားမိသည်။ ဒါပေမဲ့ စိတ်မ၀င်စားပါ။ စိတ်ဝင်စားသည်က ကွက်လပ်အကွာအဝေးဉာဏ် (Spatical intelligence) ဟူသည့် ပန်းချီဆရာနှင့် စွန့်ဦးတီထွင်သူ စီးပွားရေး သမားတွေ ၊ ကွန်ပျူတာ ပရိုဂရမ်ရေး သူတွေ မှာ ရှိတတ်သည့်ဉာဏ်မျိုး သူ့မှာ ရှိမရှိ သိပ်တော့ မသေချာပါ။ သူ့မှာ ပန်းချီဉာဏ်က ဝေေ၀၀ါးဝါးပင် မဟုတ်လား။

ထိုစဉ်မှာ ပင် ဘေးမှ ကျောင်းသားက တံတောင်ဖြင့် တို့ကာ…..

‘ဟေ့ကောင်….. မင်းကို ဆရာ မတ်တပ်ရပ်ခိုင်းနေတယ်’

ထိုအသံနဲ့ မရှေးမနှောင်းမှာ ပင်……

‘ဟေ့ကောင် ….. မင်းကို မတ်တပ်ရပ်ခိုင်းနေတာ မကြားဘူးလား’

ဒေါသတကြီးနှင့် ဆရာ၏ အော်ငေါက်သံကြားတော့မှ မိုးတိမ်အသက်ဝင်သွားကာ ကမန်းကတန်းထရပ်တော့…..

‘မင်းက ဘာလဲကွ။ သင်နေတဲ့ စာကို မလေးစားတာလား။ ငါ့ကို မလေးစားတာလား။ မင်းကို ကြည့်နေတာ ကြာပြီ။ ငါစာသင်နေတာကို အာရုံမရောက်ဘဲ တစ်ယောက် တည်း ခေါင်းညိတ်ခေါင်းခါနဲ့ ဘာလုပ်နေတာလဲ’

‘ဗျာ……. ဟို….. ဟိုဟာ……. ကျွန်တော် …….’

ချက်ချင်း လက်ငင်း ဘာပြောလို့ ပြောရမှန်းမသိ။ ဒါပေမဲ့ မိုးတိမ်ပဲလေ။ မကြာပါဘူး။ ဘောကို တစ်ချက်ကြည့်ပြီး အကောင်းဆုံးအဖြေတစ်ခုကို ခပ်တည်တည်ပေးလိုက်သည်။

‘ဆရာ သင်နေတာနဲ့ ပတ်သက်ပြီး ကျွန်တော့် အမြင်နဲ့ ဟုတ်၏ ။ မဟုတ်၏ ။ ချိန်ထိုးကြည့်နေ တာပါ’

‘ဘာကွ’

ထင်မှတ်မထားသော စကားမို့ ဆရာ့အသံ ဟိန်းထွက်သွားသည်။

ပြီးတော့ မျက်နှာကို မဲရင်းသူ့ကို ခပ်ချဉ်ချဉ်ကြည့်ကာ….

‘လာလှချည်လားကွ၊ မင်းက ငါသင်နေတာကို ဟုတ်တယ်၊ မဟုတ်ဘူး ချိန်ထိုးကြည့်ရအောင် အခု ငါဘာသင်နေတယ်ဆိုတာရော သိလို့လား’

ဘောကို လှမ်းကြည့်မိတော့ ချားလ်စ်ဒါဝင် (Charles Darwin ၏ Evolution theory(အဆင့်ဆင့်ပြောင်းလဲခြင်း သီအိုရီ) ကို ရှင်းထားတာ ဖြစ်ပြီး လူသည် မျောက်က ဆင်းသက်လာသည် ဖြစ်ကြောင်းကို မှတ်စုအတိုအစများ စွာ နဲ့ ရုပ်ပုံတချို့ကိုပါ ရေး ဆွဲပြထားသည်။

‘သိပါတယ် Evolution သီအိုရီပါ’

‘Evolution သီအိုရီရဲ့ ဆိုလိုရင်းက ဘာလဲ’

မိုးတိမ်အနည်းငယ်ငြိမ်ကာ ဘောမှ မှတ်စုအတိုအစများ ကို ကြည့်ရင်း ခေါင်းကို ခပ်လေးလေး ရမ်းမိသည်။ ပြီးတော့ နောင်လာနောင်သားတွေ အတွက် ရတက်မအေး ဖြစ်သွားရပုံမျိုး အမူအရာဖြင့် …..

‘လူဟာ မျောက်ကဆင်းသက်လာတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါပေမဲ့ အဲဒီ သီအိုရီ မှားနေတယ်’

‘ဘာကွ’

ဆရာ၏ အသံဝါကြီးနဲ့အတူ တစ်ခန်းလုံး ငြိမ်ကျသွားသည်။ မတ်တပ်ရပ်နေသော သူ့ကိုလည်း တစ်ခန်းလုံးက ၀ိုင်းကြည့်ကုန်ကြ၏ ။

‘ဒီလိုပါ…..။ လူဟာ မျောက်က ဆင်းသက်လာတာ မှန်ခဲ့ရင် မျောက်ဆိုတဲ့ သတ္တ၀ါတွေ ဘာကြောင့် ကမ္ဘာပေါ်မှာ ဆက်ရှိနေသေးတာလဲ’

‘……….’

‘ဒီသီအိုရီ ပေါ်တာကြာပါပြီ။ အမှန်ဆို လူဟာ မျောက်က ဆင်းသက်လာလို့ မျောက်နေရာမှာ လူတွေ နေရာယူပြီး ကမ္ဘာပေါ်မှာ လူသားတွေ ချည်းပဲ ရှိနေသင့်ပြီ။ မျောက်မရှိသင့်တော့ဘူး။ အခု လက်ရှိမျောက်တွေ ရှိနေသေးတာ ဒီသီအိုရီ လုံးဝမှားတယ်ဆိုတဲ့ အချက်ပါပဲ’

ဆရာက ထူးဆန်းစွာ ငြိမ်သက်နေသည်။ ဒါပေမဲ့ ခါးကြီးထောက်ကာ မျက်လုံးတွေ ကတော့ စား တော့ဝါးတော့မတတ်။

‘ကျွန်တော် တို့ မျက်စိရှေ့မှာ ပဲ မျောက်တွေ မွေးလာတယ်။ ပြီးတော့ မျောက်အ ဖြစ်နဲ့ပဲ သေသွားတယ်။ ဒါဝင်ရဲ့ သီအိုရီအတိုင်း ဘာလို့ လူအ ဖြစ်ပြောင်းပြီးမှ သေမသွားရတာ လဲ။ ကျွန်တော် လည်း မျောက်တွေ ကို မြင်မိတိုင်း စောင့်ကြည့်မိပါတယ်။

ဘယ်အချိန်များ လူအ ဖြစ် ပြောင်းလာမလဲလို့။ လူအ ဖြစ်လည်း မပြောင်းပါဘူး။ လူမကျ၊ မျောက်မကျ ဘ၀ကိုလည်း ပြောင်းမလာဘူး။ မျောက်က မျောက်ဘ၀အတိုင်းပဲ သေသွားတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒါဝင်ရဲ့ သီအိုရီမှားတယ်ဆိုတာ အသေအချာပါပဲ။’

‘Right……မင်း လုံးဝမှန်တယ် သူငယ်ချင်း’

ဘေးမှ တစ်ယောက် က ခပ်တိုးတိုး ထောက်ခံသည်။ ဟိုတစ်စ၊ ဒီတစ်စ ရယ်သံတွေ လည်း အခန်းထဲမှာ ဖြိုးဖြိုးဖြောက်ဖြောက် ကြားရသည်။ ဆရာ ကတော့ ခါးထောက်ထားလျက်မှ မျက်နှာပြင် တစ်ပြင်လုံး ရဲတွက်ကာ မီးဝင်းဝင်းတောက် မျက်လုံးတွေ ဖြင့် ကြည့်နေ၏ ။

အတန်ကြာတော့မှ ဒေါသကို မနည်းမျိုးသိပ်ထားရဟန်နှင့် ……

‘မင်းနာမည် ဘယ်သူလဲ’

‘မိုးတိမ်ဟန်ပါ’

နာမည် ကြားတော့မှ ပိုဆိုးသွားလေသည်။ ဆရာ့ပုံစံက ဒေါသထွက်ရုံတင်မဟုတ်တော့ဘဲ တရားခံတွေ့ သည့် စုံထောက် တစ်ယောက် ပုံစံပင် ပေါက်သွားကာ…..

‘သြော်….. မိုးတိမ်ဟန်ဆိုတာ မင်းကိုး’

‘……..’

‘ နာမည် တော့ အကြီးသားပဲကွ၊ ငါတို့ ဆရာတွေ ကြားမှာ မင်းနာမည် ခဏခဏ ကြားနေရ တယ်။ အတန်းမှန်မှန် မတက်တာတွေ ၊ စာသင်ချိန် ပေါက်ကရ မေးခွန်းတွေ ထမေးတာတွေ ၊ စာမေးပွဲ ခန်းထဲမှာ အောင်မှတ်ပဲ ဖြေပြီး အချိန်စေ့အောင် ထိုင်အိပ်နေတာတွေ နဲ့မင်းက ဟုတ်တော့ ဟုတ်သားကွ’

ချီးမွမ်းခန်းဋီကာ မဟုတ်ပေမဲ့ မိုးတိမ် ကတော့ သူနဲ့ မဆိုင်သလိုပင်၊ ရှုံ့ချအပြစ်တင်နေတာ တောင် အောင်ပွဲရစစ်သူကြီး တစ်ယောက် လို ၀ံ့ဝံ့ကြွားကြွားရပ်ကာ မျက်နှာကို မော့ထားသေး၏ ။

‘ဒါပေမဲ့ မကြာတော့ပါဘူး။ မင်းအပြစ်တွေ ကို မေဂျာပါမောက္ခဆီ တင်ပြလို့ ပါမောက္ခက မင်း အတွက် စာတစ်စောင်ရေး ပေးသွားတယ်။ ကြုံတုန်း တစ်ခါတည်း ဖတ်သွားလိုက်’

ဒီတစ်ချက် ကတော့ မျက်လုံးပင်ပြူးသွားရသည်။ တစ်ဆက်တည်းလိုလိုပင် အုံ့မည်းညိုမှိုင်း သော ကံကြမ္မာလှလှကြီးကိုလည်း ပြေးမြင်မိလိုက်၏ ။ ဆရာ ကတော့ ဘယ်အချိန်ကတည်းက ရေး ချင် နေသည်မသိသော စာတစ်ကြောင်းကို ဘောမှာ ရေး ချနေသည်…….

Pardon impossible, to be sent to section (C)

ပြီးတော့ မြေဖြူဖြင့် စာကြောင်းကို တစ်ချက်ခေါက်ရင်း သူ့ကို ပြောသည်။

‘မင်းကို ဒီအပြစ်ပေးမှာ ’

ရေး ပြသော စာကြောင်းအား ဘာသာပြန်ကြည့်လိုက်တော့….

‘ခွင့်လွတ်၍ မ ဖြစ်နိုင်၊ section (C) သို့ ပို့ရန်၊

အနည်းငယ်ဆိုတာထက်ကို အတိုင်းအတာတစ်ခုထိ ကျွတ်ကျဲသွားသည်။ section (B) ဆိုလျှင်တောင် ပေါင်းစရာ သင်းစရာ သူငယ်ချင်းအချို့ရှိသေးသည်။ ဒါပေမဲ့ section (C) ကတော့ သူ့အတွက် အစိမ်းသက်သက်၊ ဖြစ်တော့ မ ဖြစ်သေး။

‘အဲတော့ ဒီ section (A) ထဲမှာ မင်းဘာတွေ ထပ်လုပ်ချင်သေးလဲ။ ဘာတွေ ထပ် ဖြစ်ချင်သေး လဲ။ အားရအောင် လုပ်သွားချည်။ ပြီးရင်တော့ section(C)ကို မြန်းတော့’

ရေး ပြသော ပြစ်ဒဏ်အားကြည့်ရင်း မိုးတိမ်ခေါင်းတဆတ်ဆတ်ညိတ်နေပါသည်။ ပြီးတော့ မျက်နှာ mood ကို ချက်ချင်း ချိန်းပစ်လိုက်ကာ…..

‘ကျွန်တော် ဘာမျှ ထပ်မလုပ်ချင်တော့ပါဘူး ဆရာ၊ ဘာမျှလည်း ထပ်မ ဖြစ်ချင်တော့ပါဘူး။ ဒါပေမဲ့ ဖြစ်ခွင့်ရှိရင်တော့ ဆရာရေး ပြထားတဲ့ စာကြောင်းက ကော်မာ(Comma) လေး ဖြစ်ချင်တယ်။

သူ၏ ပြောစကားကြောင့် ဆရာ မျက်မှော င်ကြုတ်ကာ ကြည့်သည်။ အခန်းတွင် ရှိနေသူတွေ မှာ လည်း သူ့ကိုတစ်လှည့်၊ ဘောမှ စာကြောင်းကိုတစ်လှည့် အကြည့်တွေ ပြေးကုန်၏ ။ ထိုစဉ်မှာ ပင် အခန်းဝသို့ ဆရာမ တစ်ယောက် ရောက်လာကာ…….

‘ဆရာ…. ဒီမှာ လက်မှတ်လေး တစ်ချက်လောက်’

ဘာကြောင့် မှန်းမသိပေမဲ့ ဆရာသူ့ကို ကြည့်နေရမှ အာရုံ ပြောင်းသွား ပြီး အပေါက်ဝဘက် လျှောက်သွားသည်။ ထိုအခွင့်အရေး ကို မိုးတိမ် လက်လွတ်မခံခဲ့ပါ။ ဆတ်ခနဲပင် အတန်းရှေ့ပြေးသွား ပြီး အသင့်ရှိနေသော မြေဖြူဖြင့် ကော်မာ(Comma)ကို နေရာပြောင်းပစ်လိုက်သည်။ ပြီးတော့ လွယ် အိတ်ကို ကောက်ဆွဲရင်း အခန်းနောက်ပေါက်မှ တစ်ရှိန်ထိုးလစ်လေတော့၏ ။

အတန်းရှေ့ အမည်းရောင် ကျောက်သင်ပုန်းကြီးပေါ်တွင် ကျန်ခဲ့သည် ကတော့….

Pardon, impossible to be sent to section (C)

‘ခွင့်လွတ်လိုက်ပါ၊ section (C)သို့ ပို့ရန် မ ဖြစ်နိုင်’

မိုးတိမ်ဟန်ဆိုတာ အဲဒါပါပဲ။

ထိုအခြင်းအရာ၏ နောက်ဆက်တွဲ အ ဖြစ် အခန်းထဲမှာ မိန်းကလေးသံ နှစ် သံက ခပ်တိုးတိုး လေး ထွက်ပေါ်လာလေသည်။

‘သူဆိုရင်ရော ဘယ်လိုလဲ’

‘မဆိုးဘူး။ သူဆိုရင် ငါတို့သိချင်တာကို ကောင်းကောင်းစုံစမ်းပေးနိုင်လိမ့်မယ်’

‘ဒါပေမဲ့ တစ်ခုပဲ။ သူလိုလူ တစ်ယောက် က အခြား တစ်ယောက် အကူအညီတောင်းတာကို လွယ်လွယ်လက်ခံပြီး ဆောင်ရွက်ပေးမှာ လား’

‘မပူပါနဲ့။ ငါ့မှာ အကြံရှိပါတယ်’

*******

IV

အခန်းထဲမှ အပြေးထွက်လာသည်မို့ ခဏချင်းပင် အဆောင်ပြင်ရောက်လာသည်။ ပြီးတော့ ဘယ်သွားရမှန်းလည်း မသိ။ ကန်တင်းသွားရအောင်ကလည်း ဒီအချိန် ဘယ်သူမျှ ရှိမှာ မဟုတ်။ ထို့ကြောင့် နီးစပ်ရာ သစ်ပင်တစ်ပင်အောက်မှာ သာ ၀င်ထိုင်နေလိုက်သည်။

ဘယ်လိုလုပ်ရမလဲ။ section (C)ကိုတော့ ရောက်လို့မ ဖြစ်။ ဒါပေမဲ့ ခုနက ဆရာပြောသွားတာ ကို ထောက်လျင်တော့ တကယ်ပင် Section (C) သို့ ရောက်ကိန်း မြင်နေသည်။ ဆရာ့ကိုပဲ သွား တောင်းပန်ရမလား။ ဒါမှမဟုတ် ပါချုပ်ကိုပဲ သွားတွေ့ ရမလား။ ဘယ်လိုပဲပြောပြော မလွယ်တာတော့ သေချာသည်။

စိတ်ညစ်ညစ်နှင့် ထိုင်နေစဉ်မှာ ပဲ ခြေသံတစ်ခုနှင့် အတူ နှုတ်ဆက်သံလိုလိုကိုပါ တွဲ လျက် ကြားလိုက်ရသည်။

‘မိုးတိမ်….. ဘာလုပ်နေတာလဲ’

ကြည့်မိတော့ ပထမနှစ် ကတည်းက တစ်ခန်းထဲတက်လာသည့် အတန်းဖော်သူငယ်ချင်း အေးစုကြည်။

‘အေးဟာ ပျင်းပျင်းရှိတာနဲ့ ထိုင်နေတာ’

မိုးတိမ်စကားကြောင့် အေးစုကြည်က သူ့ကို ရယ်ချင်ပက်ကျိမျက်နှာနှင့် ကြည့်ကာ….

‘ဟုတ်လို့လား ဘယ်သူ့ကို ပညာထပ်ပြရမလဲ ထိုင်စဉ်းစားနေတာ မဟုတ်ဘူးလား’

မိုးတိမ် ပြုံး ဖြစ်ပါသည်။ နောက်ပြီး ဘေးမှာ ၀င်ထိုင်လိုက်သော အေးစုကြည်အား မချိုမချဉ် ကြည့်ရင်း…..

‘ခုန အခန်းထဲမှာ နင်ရှိနေတယ်ပေါ့’

‘ရှိတာပေါ့ဟ….. နင် မတ်တပ်ထရပ်တဲ့ အချိန်ကနေစပြီး အခန်းထဲက ထွက်ပြေးတဲ့ အချိန်အထိကို ရှိနေတာ။ ဘယ်လိုလဲ တော် တော် မှ မောသွားရဲ့ လား’

မိုးတိမ်ခြောက်ကပ်ကပ် တစ်ချက်ရယ်မိသည်။ တကယ်တော့လည်း ဘာမျှမဟုတ်ပါဘူး။ ကျောင်းသားဘ၀ကို ကျောင်းသားပီစွာ ဖြတ်သန်းချင်သူ တစ်ယောက် အတွက် ယခုကိစ္စလောက်က စာရင်းထဲမှာ မရှိသလောက်ပင် ပါးလျလွန်းလှသည်။ ဒါပေမဲ့ ရလဒ် ကတော့ သိပ်ကောင်းမည် မထင်ပါ။

‘ဒီလောက်က ငါ့အတွက် အကြောင်းမဟုတ်ပါဘူးဟာ…….. ရိုးနေပါပြီ။ ဒါပေမဲ့ တစ်ခုပဲ ဆန်း သွားတယ်’

‘ဘာလည်း ဆရာပေးမယ်ဆိုတဲ့ အပြစ်ဒဏ်ကို ပြောတာလား’

‘အေး….. ငါလည်း အဲဒါကိုပဲ စဉ်းစားနေတာ။ section (C) ကို မသွားရအောင် ဘယ်လိုလုပ်ရမလဲလို့’

‘ဘယ်လိုမှ မလုပ်နဲ့။ ဒီအတိုင်းလေးပဲနေ။ နင် section(C)ကိုမပြောင်းရပါဘူး’

အေးစုကြည်စကားကြောင့် မိုးတိမ်နားမလည်စွာ လှမ်းကြည့်ရင်း

‘ဘာ ဖြစ်လို့’

‘ နင် section(C) ကိုမပြောင်းရအောင် အကူအညီပေးနိုင်တဲ့ လူ တစ်ယောက် ရှိတယ်’

‘ဘယ်သူလဲ…. ဆရာမ ဒေါ်အေးသီတာလား’

ဆရာမ ဒေါ်အေးသီတာမှာ မိုးတိမ်နှင့် အေးစုကြည်အပါအ၀င် အခန်းဖော်သူငယ်ချင်း အတော် များများ တက်ကြသော ကျူရှင်ဆရာမ ဖြစ်သည်။ ကျောင်းတွင် လည်း နည်းပြဆရာမ တစ်ယောက် ဖြစ်၏ ။

'မဟုတ်ဘူး…… ဆရာမ လည်း မဟုတ်ဘူး။ ဆရာလည်း မဟုတ်ဘူး။ ငါတို့လို ကျောင်းတက် နေတဲ့ သာမန်ကျောင်းသူ တစ်ယောက် '

မိုးတိမ်အသံထွက်အောင်ပင် ရယ်လိုက်မိသည်။ ပြီးတော့ အရယ်တစ်ဝက်နှင့် ပင်……

'အေးစုကြည်…. နင်ငါ့ကို လာနောက်နေတာလား။ ပါမောက္ခ ကိုယ်တိုင်ပေးမယ့် အပြစ်ကို ကျောင်းသူ တစ်ယောက် က ဘယ်လိုကူညီမှာ လဲ'

'ရော်….. ဟုတ်ပါတယ်ဆိုမှပဲ။ အဲဒါပြောချင်လို့ ငါလိုက်လာတာ။ မဟုတ်ဘဲနဲ့ နင့်နောက်ကို ငါ ခြေညောင်းခံပြီး လိုက်လာမလား'

အေးစုကြည်၏ ရူတည်တည်စကားကြောင့် မိုးတိမ်မျက်နှာတည်သွားရသည်။ ပုံစံကြည့်ရတာ တော့ နောက်နေခြင်း ဖြစ်ဟန် မတူ။ ထိုစဉ်မှာ ပင် အေးစုကြည်ထံမှ နောက်ထပ်စကားသံအချို့ ထပ်ထွက်လာပါ၏ ။

'နင် Section (C) ကို မပြောင်းရအောင် သူကူညီပေးနိုင်တယ်။ ဒါပေမဲ့ သူပေးတဲ့အကူအညီနဲ့ ညီမျှတဲ့ ကူညီမှု တစ်ခုကို နင်ကလည်း သူ့အတွက် လုပ်ပေးရလိမ့်မယ်'

ဒီစကား ကတော့ အံ့သြရုံပင်မ ကတော့ဘဲ စိတ်ဝင်စားမှု တို့ အစပျိုးသွားသည်။ အရင်ကတည်း က ဒါမျိုးတွေ စိတ်ဝင်စားတတ်သော သူ့အတွက် ယခုကိစ္စက အဆင်ပြေသည်ထက် သာလွန်ကာ အလျော်အစားလည်း မျှနေသည်။ ထို့ကြောင့် ……

'နင်…. နောက်နေတာမဟုတ်ဘူးဆိုရင်တော့ ငါစိတ်ဝင်စားသွားပြီ။ ငါ section (C) ကို ဘယ်လိုမျှ ရောက်သွားလို့ မ ဖြစ်ဘူး'

'ဟုတ်ပြီလေ…. အဲဒါဆိုလည်း သူတောင်းဆိုတာကို လက်ခံလိုက်ပေါ့'

'ဒါနဲ့ နေပါဦး သူက ဘယ်သူလဲ။ ငါ့က ဘယ်လိုအကူအညီမျိုးတွေ ပေးရမှာ လဲ'

'အခုလောလောဆယ်တော့ ငါပြောပြခွင့်မရှိဘူး။ အခုကိစ္စကို နင့်ဘက်က လက်ခံတယ်ဆိုမှ သာ'

အေးစုကြည်က စကားကို ဆက်မပြောဘဲ ရပ်လိုက်သည်။ သို့ ပေမယ့် သူမရဲ့ ဆိုလိုရင်းကို မိုးတိမ်နားလည်လိုက်ပါသည်။ ထို့ကြောင့် …..

'ကောင်းပြီလေ….. သူ့ဘက်ကသာ သေချာတယ်ဆိုရင်တော့ နင့်သူငယ်ချင်းကို ပြောလိုက်ပါ။ ငါ့ဘက်ကလည်း အဆင်သင့်ပါပဲလို့'

'အိုကေ….'

ထို့နောက်မှာ တော့ နှစ် ဖက်သော ပြောစကားတို့ အဆုံးသတ်သွားခဲ့လေသည်။ မကြာခင်အချိန် အတွင်း တစ်လှမ်းချင်းလှမ်းထွက်သွားသော မိန်းကလေး တစ်ယောက် ၏ ခြေသံကို ကြားရသည်။

ပြီးတော့ ထိုမိန်းကလေး၏ ကျောပြင်အားကြည့်ကာ စဉ်းစားခန်းဝင်သွားသော ကျောင်းသား တစ်ဦး၏ အတွေးတစ်စကိုပါ မြင်လိုက်ရလေသည်။

*******

V

ပါမောက္ခရုံးခန်းထဲက ထွက်လာတော့ ခေါင်းတွေ ချာချာလည်နေသည်။ ပါမောက္ခ ထိပ်ခေါက် လွှတ်လိုက်၍ မဟုတ်ပါ။ ခေါင်းနဲ့ တံခါးဝင်ဆောင်မိလို့လည်း မဟုတ်။ ပါမောက္ခပြောသည့် စကားတွေ ကြောင့် ချာချာလည်သွားခြင်း။

'မင်းကို ငါ့တူမက တော် တော် ထောက်ခံပေးနေတယ်။ နောက်တစ်ခါ အဲလိုအပြစ်တွေ ထပ်မ ဖြစ်စေရပါဘူးတဲ့။ သူတို့သူငယ်ချင်းတွေ ၀ိုင်းပြီး ထိန်းပေးမယ်လို့ ပြောတယ်။

လိမ္မာစမ်းပါကွာ။ မင်းလည်း အရည်အချင်းရှိတဲ့ ကျောင်းသား တစ်ယောက် မှန်း ငါသိပါတယ်။ ဘာမဟုတ်တဲ့ကိစ္စတွေ နဲ့ အရည်အချင်းတွေ ဖြုန်းမပစ်စမ်းပါနဲ့'

ဘာတွေ လဲ။ ပါမောက္ခရဲ့ တူမဆိုသည်က 'ပိုးကဗျာ'တဲ့။ ပိုးကဗျာနဲ့ သူနဲ့က သူငယ်ချင်းတဲ့။ သူ အခန်းမပြောင်းရဖို့ ပိုးကဗျာက ပါမောက္ခဆီမှာ ထောက်ခံပေးထားတယ်တဲ့။

တော် တော် တော့ စဉ်းစားရခက်သော ကိစ္စပင်။ သေချာတာတစ်ခုတော့ ရှိသည်။ အဲဒါက မိုးတိမ်အခန်းပြောင်းရမှာ မဟုတ်တော့။ ဒါပေမဲ့ ခံဝန်လက်မှတ်တစ်ခုနှင့် ကတိအထပ်ထပ်ကို ပါမောက္ခဆီ၌ ပေးထားခဲ့ရသည်။ ကိစ္စမရှိပါ။ ဒါမျိုးတွေ က သူ့အတွက် ရိုးနေပါပြီ။

အခုလောလောဆယ် တွေးရခက်နေသည် ကတော့ 'ပိုးကဗျာ' ဆိုသော ကျောင်းသူ တစ်ယောက် အကြောင်းပါပဲ။ ပြီးတော့ မနေ့က အေးစုကြည်ပြောသွားခဲ့သည့် စကားတွေ နားထဲမှ တရစ်ဝဲ၀ဲကြားယောင်လာသည်။ ဒါဆို သူ့ကို အကူအညီတောင်းမှာ သည် ပိုးကဗျာများ လား။

အကြောင်းမရှိဘဲနဲ့တော့ သူ့ကို ကူညီမှာ မဟုတ်။ ပြီးတော့ သူငယ်ျခင်းဆိုတာလည်း မဟုတ်ခဲ့။ မသိဘူးလားဆိုလျှင်တော့ ပိုးကဗျာကို မိုးတိမ် ကောင်းကောင်းသိပါသည်။ ပုံပြင်ကို ဗဟိုပြု၍ အချစ်ရေး ကို ရှောင်တိမ်းတတ်သည့် သတင်းကြီးသော မိန်းကလေးကို သူသေချာသိသည်။

ဒီလို သတင်းကြီးသော မိန်းကလေးမျိုးနဲ့ မပတ်သတ်ချင်ခဲ့ပါ။ ဒါပေမဲ့ အခုအ ဖြစ်အပျက်က တော့……

ပိုးကဗျာဘက်က စတင်လိုက်တာလား။

(သို့ )

မပါချင်၍ ဘေးထွက်နေသူကှိုမျှ တမင်တကာ ၀င်တိုက်လိုက်တာလား။

အတိအကျတော့ မသိ။ ဒါပေမဲ့ သေချာမှု တစ်ခုရရန်တော့ မိုးတိမ်ကြိုးစားရပေလိမ့်မည် ။ သိပ် ခက်ခဲမည် တော့ မထင်ပါ။

အခန်းထဲသွားပြီး အေးစုကြည်နဲ့ တွေ့ လိုက်လျှင် အရာအားလုံး ရှင်းလင်းသွားနိုင်သည် မဟုတ်ပါလား။

ဝ ၀ ဝ

'အေးစုကြည်'

ရှေ့တည့်တည့်မှာ ရပ်ရင်း ခေါ်လိုက်တဲ့သူ့ ခေါ်သံကြောင့် စာငုံ့ရေး နေရာမှ အေးစုကြည် မော့ ကြည့်သည်။ ပြီးတော့ စူးရဲရဲ ဖြစ်နေသော သူ့ပုံစံကို ကြည့်၍ သဘောပေါက်သွားသလို ကိုယ်ကိုရို့၍ နေရာပေးကာ…….

'မိုးတိမ်…. လာထိုင်လေ..'

လိုရင်းကိုပဲ ပြောလိုက်ပါသည်။

' ငါ ပါမောက္ခနဲ့ တွေ့ ပြီးသွားပြီ'

ထိုစကားကြောင့် အေးစုကြည်က ဖျတ်ခနဲ မော့ကြည့်ကာ….

'ဟုတ်လား…. အဆင်ပြေတယ် မလား'

သူမပုံစံနှင့် ပြောစကား ကတော့ အရာအားလုံးကို သိနေသလိုမျိုး။

' အေး အဆင်ပြေပါတယ်။ အဲဒါကြောင့် လည်း နင့်ကိုလာတွေ့ တာ'

မပွင့်တပွင့်ပြုံးပါ၏ ။ မိုးတိမ်သိလိုသည်ကို ဆက်မေးလိုက်သည်။

'ငါ အခန်းမပြောင်းရအောင် ကူညီပေးမယ်ဆိုတဲ့ နင့်သူငယ်ချင်းက ပိုးကဗျာလား..'

ချက်ချင်း မဖြေသေးဘဲ တုံးရန်ကောဟူသော ပုံစံဖြင့် ကြည့်လိုက်ပြီးကာမှ….

'နင်ကလည်း နှင်းဆီပါဆိုမှ ဆူးပါလားလို့ မေးနေရသေးတယ်။ အေးပေါ့ဟ…။ ပိုးကဗျာ မို့ နင့်ကို ကူညီတာပေါ့။ မဟုတ်ရင် ဘယ်သူက အခြောက်တိုက် နင့်ကို ကူညီမှာ လဲ'

'ဒါဆို ငါပြန်ကူညီရမှာ ကလည်း ပိုးကဗျာပေါ့'

အေးစုကြည် ခေါင်းညိတ်လိုက်သည့်နောက်မှာ သူ့ရင်ထဲအလိုလို လေးကျသွားရသည်။ ပြီးတော့ သူမက နှုတ်ခမ်းလှုပ်ရုံပြုံးကာ တစ်နေရာကို မေးငေါ့ပြရင်း……

'ပြောရင်း ဆိုရင်း ဟိုမှာ လာနေပြီ။ သူ့ဘက်က တာဝန်ကျေပြီလို့တော့ ငါထင်တာပဲ။ နင့် ဘက်ကပဲ ကျန်တော့တယ်'

မိုးတိမ်လှမ်းကြည့်လိုက်စဉ်မှာ ပဲ…….

ညှို့ငင်လွန်းသော ခြေတစ်လှမ်းကို စခင်းလိုက်သည့် မိန်းကလေး တစ်ယောက် ၊ ယစ်မူးဖွယ် အပြုံးတွေ နှင့် အခန်းတွင်းဝင်လာနေသည်။

တစ်ခန်းလုံး ငြိမ်ကျသွားသလို……

ဒါပေမဲ့ မိုးတိမ်ဆိုသော သူ့အတွက်မှာ တော့……

အရာရာသည် တင်းရင်းပိတ်လှောင်လို့….။

အစအဆုံးဖတ်နေရာမှ မိုးတိမ်စာအုပ်ကို ပိတ်လိုက်ပါသည်။ ပြီးတော့ စိတ်ထဲတွင် တစ်ခေါက် ပြန်စီကြည့်လိုက်သည်။ အားလုံးအဆင်ပြေသွားတော့မှ စာအုပ်ကို စာအုပ်စင်ပေါ်တင်ရင်း ထထွက်ခဲ့ လိုက်ပါ၏ ။

အခန်းထဲရောက်၍ နာရီကြည့်မိတော့ ၈း၀၀ နာရီ ထိုးဖို့ ငါးမိနစ်။ ထုံးစံအတိုင်းပဲ စားပွဲပေါ်မှ သူ၏ လက်ကိုင်ဖုန်းလေးအား ကောက်ကိုင်ကာ တစ်နေ့တာ၏ ပထမဆုံးအကြိမ်အ ဖြစ် စက်ဖွင့်ပေး လိုက်သည။

သူထင်တာ မမှားဖူးဆိုလျှင်တော့ သေချာပါသည်။

မကြာခင်အချိန်အတွင်း ရှင်းအောင်ပြောရပါက ၈း၀၀ နာရီတိတိအချိန်မှာ တစ်စုံ တစ်ယောက် ၏ ခေါ်ဆိုမှု ကြောင့် သူ့ဖုန်းလေးမြည် လာနိုင်ပါသည်။

ထို့အတူ သူ့ဘက်က ဖုန်းထူးသံတစ်ခုကိုလည်း ထုံးစံအတိုင်း ပြန်လည်ပြောကြားပေးရပေလိမ့်မည် ။

*******



ဝန်ဇင်းချစ်သူများ သိုးဆောင်း ၏ “ ပုံပြင်တွေလွယ်ထားတဲ့ချစ်သူ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တောရိလျောရိလေးပဲ ချစ်ခဲ့သည်

နေကမ္ဘာရဲ့မီးအိမ်ရှင်

ဝင်ခွင့်မရမြို့