စာရေး သူ၏ အမှာ စာ
ကျွန်တော့် စာအုပ်ရဲ့ ရှေ့ဆုံးစာမျက်နှာတွေ မှာ “အမှာ စာ”ဆိုသော ခေါင်းစဉ်နဲ့ တခြားတစ် ယောက် ၀င်ရောက်ရေး သားပေးသော စာကြောင်းရေ နည်းနည်း သော်လည်းကောင်း၊ များများ သော်လည်းကောင်း ပါလေ့ပါထ မရှိပါဘူး။ ဒါဟာလည်း ကျွန်တော့် စာအုပ်မှာ “သိုးဆောင်း”ဆိုတဲ့ နာမည် ကလွဲပြီး တခြားတစ်စုံ တစ်ယောက် ရဲ့ နာမည် ကို ဦးဦးဖျားဖျား ဖော်ပြခွင့်မပေးတဲ့ ကျွန်တော့် ရဲ့ အတ္တကြောင့် ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီစာအုပ်မှာ တော့ ကျွန်တော် ကိုယ်တိုင် အမှာ စာရေး ဖို့ လိုလာပါပြီ။ ဒီစာအုပ်လေး ဖြစ်လာဖို့ ကျွန်တော် အများ ကြီး အားထုတ်ကြိုးပမ်းခဲ့ရတယ်။ လေ့လာမှု တွေ ၊ အနုပညာဝိညာဉ် ပူးကပ်မှု တွေ ၊ အအိပ်အစားပျက်မှု တွေ ၊ ထိုစိတ်တွေ နဲ့ ကျန်းမာရေး ညံ့ဖျင်းမှု တွေ အများ ကြီးပါပဲ။ အမှန်အတိုင်း ပြောရရင် ဒီစာအုပ်က ရှေ့ကထွက်ပြီးသားစာအုပ်တွေ ထက် ပိုပင်ပန်းခဲ့ပါတယ်။
ဘာ ဖြစ်လို့လဲဆိုတော့ ပရိသတ်ကို ကျွန်တော် အသစ်တစ်ခုပေးချင်လို့ပါပဲ။ အနုပညာရပ် တွင် သရုပ်ဖော်ရာ၌ ရသမြောက်ဖို့သာလျှင် အဓိကကျတယ်လို့ ကျွန်တော် ခံယူပါတယ်။ ထွက်ပြီး သား စာအုပ်တွေ နဲ့ မတူတဲ့ရသမျိုးပေါ့၊ ကျွန်တော် လိုင်းခွဲရေး တာမဟုတ်ပါဘူး။ ပေးချင်တဲ့အနု ပညာကို တခြားပုံစံတစ်မျိုးနဲ့ ပရိသတ်ထဲ ထည့်ပေးတာပါ။
ဒီစာအုပ် ဖတ်ပြီးသွားလို့ ပရိသတ်တွေ ရဲ့ ရင်ထဲမှာ မတူညီတဲ့ ရသတစ်မျိုးခံစားရမယ်ဆို ရင်၊ ဒီစာအုပ်နဲ့ပတ်သက်ပြီး ဗဟုသုတတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် ကျွန်တော် အပင်ပန်းခံရကျိုး နပ်ပါပြီ။
ဒါဟာ “သက်တံသစ်” ဆိုသော စာအုပ်နဲ့ပတ်သက်တဲ့ ကျွန်တော် ရင်တွင်းစကားလေးပါပဲ။
သိုးဆောင်း
I
ဂျပန်ခေတ်လက်ရာ အဆောက်အဦကြီးတစ်ခု။
ရှင်းအောင်ပြောရလျှင်တော့ ဂျပန်တွေ ကိုယ်တိုင် ကြီးကြပ်ဆောက်လုပ်ခဲ့သော တက္ကသိုလ် ကျောင်းကြီးတစ်ခုပါ။
တစ်ခေတ်တစ်ခါတုန်း ကတော့ ဤကျောင်းကြီးတွင် ပြည်တွင်းပြည်ပ ပညာဆည်းပူးသူတွေ နှင့် စည်းကားနေခဲ့သည်။ ယခုအခါမှာ တော့ သက္ကရာဇ်တို့ တိုက်စားလဲပြိုမှု ကြောင့် ကျောင်းကြီးမှာ အိုမင်းရင့်ရင်နေပါပြီ။ ဒါပေမဲ့ အသက်ရှိနေသေး၏ ။
အဘယ်သို့ နည်း။
ကျောင်းကြီးမှာ ယခုအချိန်အထိ သူက သားငယ် သမီးထွေးများ ကို ရင်ဝယ်ပိုက်ထားဆဲ။ ဂျပန်ခေတ်တို့လက်ရာ ထိုကျောင်းဝင်းကြီးက ယနေ့တိုင်အောင် ကျောင်းသား၊ ကျောင်းသူတွေ နှင့် သူ၏ တက္ကသိုလ်ဂုဏ်သိက္ခာကို ထိန်းသိမ်းထားပါသည်။
ဟိုမှသည်မှ အမိုးချွန်အဆောက်အဦးများ ၊ အုတ်နီတို့ဖြင့် ကာယူတည်ဆောက်ထားသည့် စာသင်ကျောင်းများ ၊ နားနေဆောင်များ မှာ အုတ်ချပ်တို့ ကွာကျပျက်စီး၍ ဟောင်းနွမ်းလွန်းလှပြီ ဖြစ်သော်လည်း အသုံးပြု၍ ရနေသေး၏ ။ ယခုလက်ရှိလည်း အသုံးပြုနေဆဲ ဖြစ်သည်။
ရေညှိတွေ ၊ ချုံနွယ်ပိတ်ပေါင်းတွေ ဖုံးလွှမ်းနေသည့် အချို့အဆောင်တွေ ကိုတော့ သော့ ပိတ်ထားသည်။
ဘာပဲပြောပြောပါ။
တက္ကသိုလ်ဆိုသည် ကတော့ မည် မျှပင် နှစ် တွေ ကြာ သွားပါစေ။ ဘယ်လောက်ပဲ အိုမင်း ဟောင်းနွမ်း သွားပါစေ။
တက္ကသိုလ် ကတော့….
တက္ကသိုလ်ပါပဲ။
II
ညနေ နေ၀င်ရီတရောအချိန် ကျော်လွန်သွားသလို ညီအစ်ကို မသိတသိအချိန်လည်း မ ကတော့။
ကျောင်းဝန်းကြီးက လျှပ်စစ်မီးပြတ်တောက်မှု ကြောင့် တိတိကျကျ အမှော င်ကျနေသည်။ ဒါပေမဲ့ မိုးကုပ်စက်ဝိုင်းအစွန်းဆီမှ နီကျင်ကျင်လရောင် ကတော့ အ၀ါရောင် သန်းဖို့ အားပြုနေပါပြီ။
ပုစဉ်းရင်ကွဲသံ၊ သစ်ရွက်လေတိုးသံတို့မှအပ တခြားအသံများ ကို မကြားရ။ အဘယ်ကြောင့် ကျောင်းကြီးက ဤမျှလောက် တိတ်ဆိတ်နေရပါသနည်း။ စဉ်းစားစရာတော့ ကောင်းနေပါသည်။
အရင်အချိန်တွေ ကဆိုလျှင် ဒီလိုညမျိုး၌ မိန်းကလေးဆောင်များ ဆီမှ စာကျက်သံနှင့် ယောက်ျားလေးဆောင်များ ဆီမှ ဂီတာသံကို ကြားရသော်လည်း ယခုအတောအတွင်းမှာ မှ ဗြုန်းစား ကြီး တိတ်ဆိတ်သွားကြခြင်း ဖြစ်သည်။ တိတ်ဆိတ်သွားပုံကလည်း ကြောက်မက်ဖွယ် မကောင်း ဆိုးဝါးတွေ ၏ ခြောက်လှန့်မှု ကို ခံစားရသလို၊ အချိန်ကိုက်ရောက်လာမည့်  ကြီးမားသော ခြောက်လှန့်မှု တစ်ခုအတွက် အားလုံး စိုးရွံ့တုန်လှုပ်နေကြသလို …
လိပ်ပြာလန့်သည့် တိတ်ဆိတ်မှု မျိုး။
မှု န်ဝါးဝါးအလင်းရောင် အောက်မှ ကျောင်းအိုအဆောင်ဆောင် ကတော့ ထိုမကောင်းဆိုးဝါး တို့၏ ဂီတသံအား ငံ့လင့်နေကြသလိုပင် ရှိနေတော့၏ ။ အဖော်မပါ တစ်ဦးတည်းသာရှိနေပါက သွေးပျက်သွားစေနိုင်သော အရိပ်အငွေ့တို့ ထိုကျောင်းဝန်းအတွင်း ရှိနေကြောင်း ရိပ်ပါစားမိပါ သည်။
မီးပျက်နေသော်လည်း အချို့အဆောင်တွေ ဆီမှ ဖယောင်းတိုင်မီးရောင် အချို့ကို လှမ်းတွေ့  နေရသည်။ ဒါပေမဲ့ လှုပ်ရှားမှု မတွေ ။ အရာအားလုံးက အသက်မဲ့နေသယောင် အေးစက်စက် ဖြစ် နေသည်။
လူငယ်ကျောင်းသား၊ ကျောင်းသူတွေ ပင်ရှိသော ကျောင်းကြီးက ဘာအတွက်ကြောင့် ဤမျှ လောက် တိတ်ဆိတ်နေရပါသနည်း။ ယခုကဲ့သို့ တိတ်ဆိတ်နေမှု မျိုး ကတော့ သေချာပါသည်။ သူတို့အားလုံး တစ်စုံတစ်ရာကို ကြီးကြီးမားမား ထိတ်လန့်တုန်လှုပ်နေကြတာပါ။ ဘာလဲ ….
မကြာမီက တစ်စုံ တစ်ယောက် များ ကျောင်းဝန်းထဲမှာ သေဆုံးသွားခဲ့လို့လား။ သေချာ မပြောနိုင်ပေမယ့် ပုံသဏ္ဌာန်နှင့် အငွေ့အသက် ကတော့ ထိုသဘောမျိုးပါ။
ထိုစဉ်မှာ ပင် ကွန်ကရစ်လမ်းမပေါ် ဖြတ်နင်းလျှောက်လာသော ခြေသံတစ်ခုကို စတင် ကြားလိုက်ရသည်။
“ရှပ် … ရှပ် ….”
ဖိနပ်ရှပ်တိုက်လျှောက်သံ ဖြစ်သော်လည်း လျှောက်လာသူကို မမြင်ရ။ ဒါပေမဲ့ ဖိနပ်သံကို တော့ ထပ်ကြားရသည်။
“ရှပ် …. ရှပ် …..”
ဘာ ဖြစ်လေသည်မသိပါ။ အနီးအနားမှ ခွေးတစ်ကောင်က စူးစုးဝါးဝါး ထိုးဟောင်လေတော့ သည်။ ထိုဟောင်သံ မရှေးမနှောင်းမှာ တော့ နောက်ထပ်ခွေးတ်စကောင်၏ ကျယ်လောင်သော အူသံတစ်ခုမှ အစပြုကာ …
“၀ူး ….”
ဘယ်ကမှန်းမသိသော ခွေးအူသံတွေ မှာ ကျောင်းဝန်းကြီးအတွင်း ဆက်တိုက်ဆိုသလို ပေါ် လာပါတော့၏ ။ ကျောင်းဝန်းထဲမှာ ခွေးအူသံတွေ ဖုံးလွှမ်းသွားသည်။ ထိုခွေးအူသံတွေ ကြားလိုက် ရချိန်မှာ ပဲ ယခင်တိတ်ဆိတ်နေသော ပတ်ဝန်းကျင်က ပိုမိုတိတ်ဆိတ်အေးစက်သယောင်ရှိသွား ကာ ….
“ဟယ် …. ခွေးတွေ စအူလာပြီ”
မိန်းကလေးဆောင်၏ အခန်းတစ်ခုအတွင်းမှ ထွက်လာသော ထိတ်လန့်ချောက်ချားသံ တစ်ခု။ ကိုယ့်အိပ်ရာကိုယ်ဝင်နေကြသော်လည်း မည် သူမျှ အိပ်မပျော်ကြသေးပါ။ ထိုခွေးအူသံ ထွက်ပေါ်လာမည် ကို သူတို့ စိုးရွံ့ရွံ့ဖြင့် စောင့်စားနေကြရခြင်း ဖြစ်သည်။ ယခုတော့ ကျောင်းဝန်း ထဲတွင် ခွေးတွေ စအူလာပါပြီ။
“ဒါ … ဒါဆို ဟိုသီချင်းသံလည်း ကြားရတော့မှာ ပေါ့”
ခုနမိန်းကလေးနှင့် ကပ်လျက်ခုတင်မှ စိုးရွံ့မောဟိုက်နေသော ကျောင်းသူ တစ်ယောက် ၏ အသံတစ်ခု။ ထိုစကားသံနောက်မှာ တော့ တစ်ဆောင်လုံးက အာစေးငွေ့မိသွားသလို တိတ်ဆိတ် ဆွံ့အသွားတော့သည်။
ပြီးတော့ အေးစက်စက်အခိုးအငွေ့များ က ကျောင်းဝန်းကြီးတစ်ခုလုံးအား ဖုံးလွှမ်းသိုင်း ခြုံလာသလို ခံစားလိုက်ရ၏ ။ သိပ်မကြာလိုက်။ ထွန်းထားသော ဖယောင်းတိုင်မီးမှာ မည် သူ့လက် ချက်မှန်းမသိဘဲ ရိပ်ခနဲ ငြိမ်းသွားလေသည်။
ယခုတော့ အရာအားလုံးက သက်မဲ့ရပ်ဝန်းတစ်ခုလို မှော င်မည်းတိတ်ဆိတ် သွားပါပြီ။
“ဟေ့ကောင် …. ဘယ်လိုလုပ်မလဲ။ ဟိုအဆောင်တစ်ဝိုက်မှာ တော့ ခွေးအူသံတွေ က ဆူဆူညံနေပြီ”
“အေး …. ခွေးတွေ က အဲဒီ အဆောင်နားမှာ ကို သည်းကြီးမည်းကြီး ၀ိုင်းအူနေကြသလိုပဲ နော်”
“ဟုတ်တယ် …. ငါ ကတော့ မကြာခင် သီချင်းသံကြားရလိမ့်မယ်ထင်တာပဲ။ အရင်ညတွေ ကလည်း အခုလိုခွေးဟောင်သံတွေ ကြားပြီးရင် သိပ်မကြာဘူး သီချင်းသံထွက်လာတာ”
ယောက်ျားလေးဆောင်တစ်ဆောင်၏ အ၀င်ဝအမှော င်ထဲတွင် ကျောင်းသားသုံးယောက် ထိုင်ကာ ယခုကြားနေရသော ခွေးအူသံနှင့် ပတ်သက်၍ ပြောဆိုနေကြခြင်း ဖြစ်သည်။ ယောက်ျား လေးတွေ မို့ဣနြေ္ဒဆည်ကာ ခပ်တည်တည်လုပ်နေရသော်လည်း ကျောချမ်းနေကြကြောင်း ရိပ်မိ သည်။ အကြောင်းကား …
ဟိုကြည့်၊ ဒီကြည့်နှင့် လှုပ်လှုပ်ရွရွ ဖြစ်နေသော ခန္ဓာကိုယ်တွေ က သက်သေခံနေ၏ ။
ထိုစဉ်မှာ ပင် တဒုန်းဒုန်းနှင့် အပေးထပ်မှလူ တစ်ယောက် ပြေးဆင်းလာသည်။ မည် သူနည်း ဟူ၍ သူတို့ကြည့်မိလိုက်ြ ကတော့ ….
မှော င်မည်းမည်း ပတ်ဝန်းကျင်မှာ ပင် ကျင့်သားရနေသော မျက်လုံးအကြည့်တို့က မည် သူ မည် ၀ါ ဖြစ်ကြောင်း ခွဲခြားပြီးသည့်နောက်တွင် ….
ပြေးဆင်းလာသူတို့ထံမှ ဓာတ်မီးရောင် တစ်ချက် ဖွေးခနဲ ဖြစ်သွား၏ ။ ပြီးတော့ ..
“ငါ …. ဟိုကောင့်ကို စိတ်မချတော့ဘူး။ သူ့နောက်လိုက်သွားရအောင် ငါနဲ့ ဘယ်သူလိုက် မလဲ”
ထိုင်နေသော သုံးယောက် မှာ ကြောင်သွားသည်။ ဒါပေမဲ့ ခဏချင်းပင် ….
“ဘယ်သူ့ကို စိတ်မချလို့ မင်းက ဘယ်သူ့နောက်လိုက်သွားမှာ လဲ”
“အောင်ရဲထွန်း နောက် ….”
“…………”
“အောင်ရဲထွန်း”
ထိုင်နေသူတစ်ဦးထံမှ သံယောင်လိုက်စကားသံ ထွက်ပေါ်လာသည်။ ပြီးတော့ ….
“အောင်ရဲထွန်းက ဘယ်သွားလို့လဲ”
“C-2 အဆောင်ကို”
“ဟင် ….”
“ဘာ ….”
အကုန်လုံး အာမေဋိတ်သံတွေ ထွက်သွားသည်။ မှော င်ထဲမှာ ပင် ထိတ်လန့်စိုးရွံ့ဟန်တွေ ပေါ်သွားကာ တစ်ယောက် က ….
“C …. C-2 အဆောင်ဆိုရင် အခုခွေးတွေ ၀ိုင်းအူနေကြတဲ့ အဆောင်ပေါ့”
“အေး …”
“ဟာ ….”
မေးသူမှာ လွန်စွာ ထိတ်လန့်သွားကြောင်း သူ၏ ပုံပန်းနျင့် စကားသံက သက်သေခံသွား သည်။
“အောင်ရဲထွန်းက အဲဒီ အဆောင်ကို ဘာသွားလုပ်တာလဲ”
“ငါတို့တစ်ကျောင်းလုံး မတင်မကျ ဖြစ်နေတဲ့ ကိစ္စတစ်ခုကို သွားစုံစမ်းတာ”
“ဘယ်လို ….”
အနည်းငယ်ကျယ်သွားသော စကားသံ၏ နောက်မှာ ….
“ဟုတ်တယ် … သီချင်းသံ ဘယ်အခန်းက ပေါ်လာတာလဲ သွားစုံစမ်းတာ”
“ဟေ….”
ပြီးသွားပေပြီ။ ထိုင်နေသူသုံးယောက် လုံးမှာ ကြက်သေသေသွား၏ ။ ကြက်သီးတွေ ပင် ထသွားကြမလားမသိ။
“တစ် … တစ်ယောက် တည်းသွားတာလား”
“ဟုတ်တယ်”
ပတ်ဝန်းကျင်က ခုနထက် အေးစက်လာသယောင် ရှိသည်။
“ကဲ …. အခု မင်းတို့သုံးယောက် ထဲက ငါနဲ့ဘယ်သူလိုက်မလဲ။ အပေါ်ကလူတွေ ကိုတော့ ငါခေါ်ကြည့်ပြီးသွားပြီ။ တစ်ယောက် မှ မလှုပ်ကြဘူး”
စကားသံ ဆုံးသွားသည့်နောက်မှာ သုံးယောက် သား တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကမိကြသည်။ အားလုံး ကတော့ သူငယ်ချင်းတွေ ပင်။ အောင်ရဲထွန်းအတွက်လည်း စိုးရိမ်မိ ကြသလို သီချင်းသံ၏ မူလပထမ ဖြစ်တည်ရာကိုလည်း သူတို့သိချင်မိကြသည်။ ဒါပေမဲ့ ….
ခွေးတွေ က ဆက်လက်အူနေကြဆဲ။ လေတစ်ချက် ခပ်ပြင်းပြင်းတိုက်လိုက်မှု ကြောင့် သူတို့ ရှေ့မှ သစ်ပင်က ရှဲခနဲအော်မြည် ကာ ယိမ်းသွားသည်။ အလိုလို ကျောချမ်းမိသွားကြ၏ ။ ထိုစဉ် တစ်ယောက် က …
“အမှန်အတိုင်း ပြောရရင်တော့ ငါမလိုက်ရဲဘူး”
“ငါလည်း အတူတူပဲ”
ရှေ့ဆင့်နောက်ဆင့် ထွက်လာသည့် စကားတို့ကြောင့် သွားရန်ခေါ်ငင်သူမှာ အနည်းငယ် တွေ ဝေတုံ့ဆိုင်းသွားသည်။ ရှင်းရှင်းပြောရလျှင် သူလည်း သွေးရှိလွန်း၍ တော့ မဟုတ်။ သဘောတူ လိုတူငြား အဖော်ညှိကြည့်ခြင်း ဖြစ်သည်။
တစ်ကျောင်းလုံးက သူမတူအောင် ချောက်ချားနေကြသည်မဟုတ်ပါလား။ ထိုစဉ်မှာ ပင် သူတို့အဆောင်ရှေ့တည့်တည့်မှ ခွေးတစ်ကောင်က စူးစူးဝါးဝါး အူလိုက်လေသည်။
III
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အပေါ်သွားဖြင့် အောက်နှုတ်ခမ်းကို ဖိကိုက်လိုက် သည်။ ခွေးအူသံတွေ က သူ၏ ဦးတည်ရာ အဆောင်တစ်ဝိုက်မှာ ဆူဆူညံနေသည်။
ဘယ်လိုလဲ … သူဆက်သွားမှာ လား။
မေးကြည့်ဖို့ မလိုပေမယ့် အနည်းငယ် တုံ့ဆိုင်းသွားတာတော့ အမှန်ပါ။ တကယ်တမ်း စဉ်းစားလိုက်ပြန်တော့လည်း မနက်နှင့် ညက ဘာမျှမကွာပါ။ မနက်မှာ လျှောက်သော လမ်းက ညမှာ လျှောက်ရင်လည်း ဒီလမ်းပါပဲ။ ပတ်ဝန်းကျင်လင်းတာနှင့် မှော င်တာသာ ကွာသည်။
ခွေးဆိုတာကရော မနက်ပိုင်းမျာ မဟောင်ဘူးလော။
ဟောင်တာပါပဲ။ ဒါဆို ဘာသွေးပျက်စရာ ရှိမည် နည်း။ သူအခု သွားနေတာက မနက်တိုင်း သွားနေကျ လမ်းပေါ်မှာ သွားနေခြင်း။ ဒီတော့ ပတ်ဝန်းကျင်လင်းတာနဲ့ မှော င်တာကိုဖယ်လိုက် လျှင် အရာအားလုံးက ရှင်းရှင်းလေးပါ။
နေ့ဘက်အိပ်လျှင်လည်း အိပ်မက်မက်တာပါပဲလေ။ ဒီတော့ ….
“ရှပ် …. ရှပ် ….”
မှော င်ရိပ်ထဲမှ တစ်လှမ်းချင်း ထိုးထွက်လိုက်သည်။ မှော င်ရိပ်မှလွန်သည်နှင့် ကျောတည့် တည့်မှ တိုးလိုက်သည့် လရောင် က ကိုယ့်အရိပ်ကို မျက်စိရှေ့ရောက်သွားစေသည်။ ကိုယ့်အရိပ်ကိုယ် နည်းလျှောက်ခြင်းကပင် တစ်မျိုးတစ်ဘာသာ ခြောက်လှန့်နေသလိုမျိုး။
မှိုင်းပြပြ လရောင် အောင်မှ အမိုးချွန်အဆောက်အဦတစ်ခု ကတော့ သူ့ကို လက်ယပ်ခေါ်နေ ပါပြီ။ လေက ပြင်းရှရှလေး တိုက်နေသည်ကြောင့် နံဘေးရှိ သစ်ပင်တို့မှာ သစ်ရွက်ခတ်သံတွေ ညံနေသည်။ ပုစဉ်းရင်ကွဲတို့၏ တီးမှု တ်ရာ ဂီတတို့မှာ လည်း မကြာခင်ကျရောက်လာမည့်  အန္တရာယ်တစ်စုံတစ်ရာကို ကြိုတင်နိမိတ်ဖတ်နေသလိုမျိုး။
“ရှပ် …. ရှပ် …. ရှပ်”
သူ ကတော့ ဆက်လက်လျှောက်လှမ်းနေဆဲ။ ရှေ့တွင် လမ်းထောင့်ချိုးကွေ့တစ်ခုရှိသည်။ ထိုကွေ့ကိုလွန်လျှင်တော့ ပဟေဠိရောင် လက်သော အဆောင်နှင့် သူ ပက်ပင်းတိုးတော့မည် ။
ထိုစဉ်မှာ ပင် နံဘေးနားမှ ခွေးတစ်ကောင်က သူ့ကိုမြင်တော့ မဆီမဆိုင် ထဟောင်၏ ။ သတိမထားမိသည်မို့ ဗြုန်းခနဲ လန့်သွားသည်။
“၀ုတ် ၀ုတ် … ၀ုတ် ၀ုတ်”
သတိနှင့် အနည်းငယ် လွန်သွားနေကာ …
“ဟာ … ဒီသောက်ခွေးစုတ်က တစ်မှော င့်”
ခပ်ကျယ်ကျယ်အော်ရင်း နီးစပ်ရာခဲတစ်လုံးဖြင့် ပစ်ပေါက်လိုက်တော့မှ ပြေးထွက်သွား သည်။ ဒါပေမဲ့ စိတ်ကူးထဲမှာ တော့ နင့်ခနဲ ဖြစ် သွားပါသည်။ ဘာကြောင့် မှန်းတော့မသိ။ ကြက်သီး တွေ ပင် သီးသွားရကာ အရှေ့စူးစူးဆီမှ အဆောင်ကို လှမ်းကြည့်လိုက်မိတော့….
လရိပ်ထိုးနေသော အဆောင်က တစ်ဝက်တစ်ပြက် ရုပ်လုံးပေါ်နေသည် ကတော့ ချွန်သဏ္ဌာန် ခေါင်မိုးနှင့် အောက်ဖက်ရှိ အုပ်ကြွက်သားတွေ က ဟောင်းနွမ်းလွန်းနေပြီ ဖြစ်ရာ ကျောင်းအိုကြီးတစ်ခု ဖြစ်ကြောင်း ရှင်းပြရန်မလို။ ဒါပေမဲ့ ထိုဝန်းကျင်အိုကြီးက လောလောဆယ်မှာ တော့ တစ်ကျောင်းလုံး၏ အာရုံကို ဖမ်းစားထားသည်။
ဆက်လျှောက်သွားလိုက်ပါ။ သည်တစ်ခါတော့ တမင်ပင် ဖော့လျှောက်လို့လား၊ ပစ်မှတ် နားနီးနေသော မုဆိုးတစ်ကောင်လို ခြေသံလုံစေချင်လို့လားတော့ မသိ။ ဖိနပ်သံထွက်မလာတော့။
ကျောင်းနောက်ဖက်ဆီမှ တိုးတိုးဟောင်နေကြသော ခွေးအူသံတွေ နှင့် ကျောင်းရှေ့တည့် တည့်မှ ခွေးအူသံတစ်ခုမှာ သူ့အနီးအနားရောက်လာသည်ကို မသိလင့်ကစား ပုံစံမပျက် ရှိနေ သည်။
ကျောင်းနောက်ဖက်ဆီမှ တိုးတိုးဟောင်နေကြသော ခွေးသံတွေ နှင့် ကျောင်းရှေ့တည့် တည့်မှ ခွေးအူသံတစ်ခုမှာ သူ့အနီးအနားရောက်လာသည်ကို မသိလင့်ကစား ပုံစံမပျက်ရှိနေ သည်။
ခြေလှမ်းတို့ ရပ်တန့်သွားသည်။ ကျောင်းအိုကြီးနှင့် သူရှိရာနေရာက သိပ်မကွာတော့ပါ။ ခြေလှမ်းနှစ် ဆယ်သာသာ ရှိတော့သည်။ စိတ်ကိုငြိမ်အောင်ထိန်း၍ ကျောင်းကြီးအား မမှိတ်မသုန် စိုက်ကြည့် ဖြစ်သည်။ ယခုအချိန်ထိတော့ ခွေးအူသံတွေ မှတစ်ပါး ထူးခြားမှု တစ်စုံတစ်ရာ ဖြစ်မလာ သေးပါ။
ဒါပေမဲ့ မကြာဘူးဆိုတာ ကတော့ စိတ်ကအလိုလိုသိနေသည်။ သူရပ်ကြည့်နေစဉ်မှာ ပင် ခွေးဟောင်သံတွေ က တဖြည်းဖြည်းအားလျော့လာကြောင်း သတိထားမိသည်။ ပြီးတော့ မထင်ရ လောက်အောင် တိတ်ဆိတ်သွားလေတော့သည်။ ရုတ်ခြည်းငြိမ်သက်သွားသော ကာလတစ်ခုမှာ …. သူ့ရင်ခုန်သံတွေ မြန်လာနေပါပြီ။ သိရတော့မည် ။ မကြာခင်မှာ ဘာဆိုတာ အဖြူအမည်း သဲကွဲ တော့မည် ။ ခုနရှိနေသော ကြောက်စိတ်တွေ ဘာကြောင့် မှန်းမသိ အဆောင်ရှေ့ရောက်မှ အနည်း ငယ် ပပျောက်သွားသလိုရှိကာ ….
စိတ်နှင့် ကိုယ်မှာ လည်း ပြန်တွဲ မိလာသည်။ ဘာတွေ ထူးခြားမှာ လဲ၊ ဘယ်က ထူးခြားလာ မှာ လဲ။
ခွေးအူသံတွေ တိတ်သွားသည်နှင့် ကျောင်းဝန်းတစ်ခုလုံးက မထင်ရလောက်အောင် တိတ်ဆိတ်ငြိမ်သက် သွားပါပြီ။ ကျောင်းဝန်းထဲရှိ လူသားအားလုံးသည်လည်း အသံတစ်သံကို နားစွင့်နေကြမှာ ပါ။ ဘာသံလဲ။
ခွေးအူသံတော့ မဟုတ်နိုင်ပေ။
ဒါဆို ….
ကြားလိုက်ရပါပြီ။ မပီဝိုးတ၀ါးအသံလေးတစ်သံက လေဟာနယ်ကိုဖြတ်၍ နားအတွင်း ၀င်ရောက်လာသည်။ ပထမ လေတိုးသံတွေ နှင့် ရောကာ ပါးပါးလျလျလေး။ ဒါပေမဲ့ တဖြည်းဖြည်း ကြည်လင်လာသည်။ ပြီးတော့ ပြည့်စုံလာသည်။ နောက် ….
အောင်ရဲထွန်း ရင်အစုံက မြင့်မောက်သွားခဲ့ပါပြီ။ နှလုံးခုန်သံတွေ ပင် ရပ်သွားလားမသိ။ အသက်ရှူသံတွေ နှေးကွေးသွားတာတော့ သေချာသည်။ ပြီးတော့ ရုတ်ခြည်း ခန္ဓာကိုယ်ကြွက် သားတို့ တင်းသွားသည်။
ဟုတ်ပါသည်။ သူ့နားနှင့် ဆက်ဆက်ကို ကြားလိုက်ရပါပြီ။ ကျောင်းတစ်ဝန်းလုံးအား ထိတ်လန့်ချောက်ခြားမှု တွေ ပေးနေသော ဒီအသံပါ။ သူတို့ကျောင်းတွင် ကလေးမရှိ။ ရှိလျှင် တောင် ဒီလိုအသံမျိုး ထွက်မလာနိုင်ပေ။
ယခုကြားနေရသော အသံချိုချိုကြည်ကြည်လေးသည်က ကလေး တစ်ယောက် ၏ နာကျင် မှု ကို ဖွင့်ပြသော အင်္ဂလိပ်သီချင်းတစ်ပုဒ်ပါ။ ဆိုနေသော လုံးဝမှားစရာမရှိသည့် ကလေးတစ် ယောက် အသံ။ ယောက်ျားလေး။
လေယူလေသိမ်း၊ အရှိုက်အငင် အရမ်းကောင်းသည်။ ပိုပြီးသေချာသည်က ဤသီချင်းသံ သည် မြန်မာကလေး တစ်ယောက် ဆိုနေသော သီချင်းသံမဟုတ်။ စန္ဒယားတီး၍ ဆိုနေသလိုမျိုး ဖြစ်သည့်အပြင် သီချင်းက ခေတ်ဟောင်းဘက်ကျသော သီချင်းမျိုး။
စန္ဒယားသံကိုတော့ မကြားရ။ ဒါပေမဲ့ သီချင်းသံ ကတော့ ကလေး တစ်ယောက် နှင့် မဆိုင် စွာ ကြည်လင်ပြတ်သားနေသည်။
ဆိုနေတာက ဘယ်သူလဲ၊ ဘာကြောင့် ဆိုနေတာလဲ။
လောလောဆယ် အရေး မကြီး။ အရေး ကြီးသည်က ထိုသီချင်းသံ ဘယ်အခန်းက ထွက်လာ တာလဲ။ အဲဒါ အရမ်းအရေး ကြီးနေပါသည်။ ထို့ကြောင့် ချက်ချင်း ပင် ခြေလှမ်းတို့ကို စတင်လိုက် သည်။ ပထမဖြည်းဖြည်း၊ နောက် သွက်သွက်။ ပြီးတော့ အပြေး။ အဆောင်တံခါးဝရောက်တော့ ခြေလှမ်းတို့ကို ရပ်တန့်လိုက်ပါသည်။ သီချင်းသံက ရပ်မ သွားပါ။ အောင်ရဲထွန်း အဆင်သင့်ပါလာ သော ဓာတ်မီးကိုထုတ်ကာ တံခါးဆွဲဖွင့်လိုက်သည်။ ညနေကတည်းက စီစဉ်ထားသည်မို့ တံခါးမှာ အလွယ်တကူ ပွင့်သွား၏ ။
အဆောင်အောက်ထပ်မှ ထွက်လာခြင်းမဟုတ်ကြောင်း၊ အကြားအာရုံအရ သတိထားမိ သည်။ ထို့ကြောင့် မီးရောင် ကို အပေါ်တက်သော လှေကားဆီသို့ ဦးတည်လိုက်ပါသည်။
စိတ်တို့ မြန်နေသည်။ မြန်နေသော စိတ်တို့နှင့် အတူ ခြေလှမ်းတွေ မှာ လည်း ခပ်သွက် သွက်။
သီချင်းသံ ဘယ်အခန်းက ထွက်လာတာလဲ။
ဒီအချိန်ကြီး သီချင်းဆိုနေတာ ဘယ်သူလဲ။
လူလား …
ဒါမှမဟုတ် ….
သိချင်စိတ်တွေ ဖြင့် အောင်ရဲထွန်း လှေကားထစ်တွေ ကို ကမန်းကတန်းတက်လိုက်သည်။ မှော င်မည်းတိတ်ဆိတ်နေသည်မို့ လှေကားပေါ်တက်သော သူ့ခြေသံတဒုန်းဒုန်းက မထင်ရ လောက်အောင် ကျယ်လောင်သွားလေသည်။
ဒါပေမဲ့ မကြာလိုက်ပါချေ။ ထိုခြေသံတွေ မှာ တိခနဲ ရပ်သွားတော့၏ ။ ပြီးတော့ အသံတစ်ခု ကိုပါ နောက်ဆက်တွဲ အ ဖြစ် ကြားလိုက်ရသည်။
“၀ုန်း ….”
ကလေး တစ်ယောက် ဆိုညည်းသော အနောက်တိုင်းသီချင်းသံ ကတော့ ဆက်လက်ပျံ့လွင့် နေဆဲ။
IV
တစ်မိုးသောက်ပြီဟု ပြော၍ ရပေပြီ။ ညတစ်ညက ပါးလျခြောက်ချားစွာ နဲ့ ကုန်ဆုံးသွားခဲ့ သည်။ တက္ကသိုလ်ကျောင်းဝင်းကြီးကလည်း ယခုမှာ တော့ မျက်နှာသုတ်ပ၀ါကို ဆုပ်ကိုင်ပွတ်တိုက် ရင်း ကိုယ်လက်သန့်စင်ပြီးသွားခဲ့ပြီ။
နေရောင် ခြည်၏ လက်ဖြာသော ရွှေအဆင်းအောက်မှာ လက်ဖက်ရည်ဆိုင်လေးက သူမတူ အောင် စည်ကးနေသည်။ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ ကို အဓိကအားထား၍ ရောင်းချခြင်း ဖြစ်သည့်အတွက် ထိုလက်ဖက်ရည်ဆိုင်လေးတွင် အခုလို မနက်ခင်းစည်ကားနေ သည်မှာ ထုံးစံ။ ဒါပေမဲ့ အခုအတောအတွင်းမှာ ထိုလက်ဖက်ရည်ဆိုင်လေးက ယခင်ထက် လူပို စည်နေ၏ ။
အဘယ်ကြောင့် နည်။။
“ညက ဟိုသီချင်းဆိုသံ ဘယ်အချိန်မှာ ရပ်သွားသလဲ”
ကျောင်းသားတစ်ဦးက ဘေးမှာ ရှိနေသော အဖော် ဖြစ်သူကို မေးလိုက်သည်။
“သိပ်မကြာပါဘူး။ ဆယ့်ငါးမိနစ်လောက်ပဲကြာပြီး ပျောက်သွားတာပဲ”
“မင်း မှတ်မထားဘူးလား”
“ဟင့်အင်း … ငါညက အစောကြီး အိပ်ပျော်သွားတာ”
တခြားဝိုင်းမှ ကျောင်းသားတစ်ဦးက သူတို့ဆက်ပြောမည့် စကားကို နားစွင့်နေသည်။ သူလည်း ၀င်ပြောချင်ပုံရ၏ ။
“ငါတို့ကျောင်းကြီးလည်း အခုမှ ဘာနိမိတ်ဆိုးတွေ ရောက်လာတာလဲမသိဘူး”
“မကောင်းဆိုးဝါးတွေ နေရာပြောင်းလာတာနဲ့ တူပါတယ်ကွာ”
ကျောင်းသား တစ်ယောက် က ခပ်နောက်နောက်ပင်ပြောသည်။
“ဆရာတွေ ပြောတာတော့ လွန်ခဲ့တဲ့ အတိတ်က ဖြစ်ရပ်တွေ နဲ့ ပတ်သက်နေတယ်ပြောတာ ပဲ”
ထိုစဉ်မှာ ပင် နောက်ထပ်ကျောင်းသား တစ်ယောက် က ၀ိုင်းထဲဝင်လာကာ ….
“ဟုတ်မှာ ကွ။ သီချင်းသံနားထောင်ကြည့်ပါလား။ ခေတ်ဟောင်းသီချင်းသံကြီး”
အကုန်လုံးခေါင်းညိတ်ကြသည်။ မရှေးမနှောင်းပင် ပထမဆုံးစမေးသည့် တစ်ယောက် က ….
မင်းတို့ သတိထားမိလား။ ကျောင်းစောင့်အဘိုးကြီးလည်း ဒီအတောအတွင်းမှာ တော် တော် ထူးခြားနေတယ်”
“ဟုတ်တယ် …. ။ အဆောင်နောက်က နွယ်ပင်တွေ ကို တစ်ယောက် တည်း သဲကြီးမဲကြီး ရှင်းနေတာ ကြည့်ပါလား။ လုံးဝ မူမမှန်ဘူး”
စကားဝိုင်းက အနည်းငယ် ငြိမ်သွားပြန်၏ ။
“အစ်ကိုတို့ …. အစ်ကိုတို့ကို ကျွန်တော် တစ်ခုလောက်မေးချင်လို့”
ဘေးဝိုင်းမှ သူတို့စကားကို စူးစမ်းနားထောင်နေဟန်ရှိသော ကျောင်းသားလေး ဖြစ်သည်။ အကုန်လုံးက ဘာမျှမတုံ့ပြန်ဘဲ ငြိမ်နေလိုက်ြ ကတော့ ….
“ညက အစ်ကိုတို့အဆောင်မှာ သီချင်းသံက တစ်ခါပဲကြားရတာ လား”
“ဟုတ်တယ်လေ”
သွက်သွက်လက်လက်ဖြေလိုက်သော အဖြေတစ်ခု၏ အဆုံးမှာ တော့ မေးသူကောင်လေး မှာ မျက်နှာပျက်သွားတော့သည်။ ထို့ကြောင့် ….
“ဘာ ဖြစ်လို့လဲ။ မင်းတို့ဘက်မှာ သီချင်းသံကို ဘယ်နှစ် ခါ ကြားရလို့လဲ”
“နှစ် ခါ”
“ဟေ ….”
“ဟုတ်တယ်။ ညဦးပိုင်းက တစ်ခါ၊ သန်းခေါင်ကျော်လောက်က တစ်ခါရယ်။ နှစ် ခါကြားရ တယ်”
တိတ်သွားလေပြီ။ စကားသံပင် ထပ်ထွက်မလာတော့။ တစ်ခုခု လွဲနေတာတော့ သေချာပြီ။
ထိုစဉ်မှာ ပင် ကျောင်းသား တစ်ယောက် က ဆိုင်တွင်းသို့ ကမူးရှုးထိုးပြေးဝင်လာ၏ ။ ပုံစံမှာ လုံးဝတုန်လှုပ်ထိတ်ပျာနေရကာ မောလိုက်နေပုံမှာ လည်း ခက်ခက်ခဲခဲရှိလှသည်။
“ရှုပ်ကုန်ပြီ ….။ အားလုံး ရှုပ်ကုန်ပြီ”
ထိုကျောင်းသား၏ အမောတကောအသံကြီးကြောင့် တစ်ဆိုင်လုံးမှအာရုံတွေ သူ့ဆီရောက် သွားကြသည်။
ထိုစဉ်မှာ ပင် နောက်ဆက်တွဲ အ ဖြစ် ….
“ညက အောင်ရဲထွန်း ဆောင်ကိုပြန်ရောက်မလာဘူး”
လက်ဖက်ရည်ဆိုင်ထဲမှ ကျောင်းသားတစ်အုပ်ပြေးထွက်သွားသည်။ သူတို့အားလုံး၏ ပုံစံက အလျင်စလို ထိတ်ပြာမှု တွေ ဖြင့် …
ဦးတည်ရာနေရာကိုတော့ မေးဖို့ လိုမည် မထင်ပါ။ တစ်ကျောင်းလုံး စိတ်ဝင်တကားရှိနေကြ သော ဘာမှန်းမသိသည့် ညှို့ငင်မှု တွေ ဖြင့် ထိတ်လန့်ဝေသီနေသော အဆောင်တစ်ဆောင်သို့ …..
အဆောင်ရောက်တော့ အ၀င်တံခါးက စောစောစီးစီး ပွင့်ဟနေသည်။ ဒီအချိန် ဘယ် ကျောင်းသားမှ ရောက်မလာသေး။ သူတို့အဆောင်နေသူတွေ အတွက်တောင် ယခုမှ မနက်လင်းစ ပဲရှိနေသးသည်။ ပွင့်ဟနေသော တံခါးကိုကြည့်၍ အနည်းငယ်တော့ စနိုးစနောင့် ဖြစ်သွားကြသည်။ ဒါပေမဲ့ ကိစ္စမရှိပါ။ မနက်လင်းနေပါပြီ။
ထို့ကြောင့် အုပ်စုလိုက်ကြီး အဆောင်ထဲသို့ ၀င်ကာ လူစုခွဲရှာလိုက်ပါ၏ ။ အပေါ်ထပ် အဆောင်တွေ ဆီ တစ်ဝက်တက်သွားပြီ၊ အောက်ထပ်တွင် တစ်ဝက်ကျန်ခဲ့သည်။ ပြီးတော့ တစ်ခန်း ၀င်တစ်ခန်းထွက် ရှာဖွေလိုက်ကြပြီးသည့်နောက်…..
“ဘယ်လိုလဲ အပေါ်မှာ မတွေ့ ဘူးလား”
“ဟင့်အင်း … မင်းတို့ရော”
လူပြန်စုံလျှင်စုံချင်း ပြောကြသည့်စကားတွေ က လှပမှု သိပ်မရှိတော့ပါ။ အဖြေဆီမရောက် သေးပေမဲ့ မျက်နှာပုံပန်းတွေ ကို ကြည့်ရုံနှင့် သဘောပေါက်လိုက်ပြီ။ အောင်ရဲထွန်း တစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီကော။
ထိုစဉ်….
“အစ်ကိုတို့ …. အစ်ကိုတို့ … အောင်ရဲထွန်းကို E-1 အဆောင်ဘေးက လက်ဖက်ရည်ဆိုင် မှာ တစ်ယောက် တည်းထိုင်နေတာ ကျွန်တော် တွေ့ ခဲ့တယ်”
သူတို့အ ဖြစ်ကို သိသူ တစ်ယောက် က နောက်မှလိုက်လာကာ ပြောခြင်း ဖြစ်နိုင်သည်။ သို့သော်လည်း သူတို့အားလုံး ကျေးဇူးတင်စကားမဆိုမိ။ အလုပ်သင့်ဆုံး အရာတစ်ခုကိုသာ ချက်ချင်း ကောက်လုပ်လိုက်သည်။ အဲဒါက E-1 အဆောင်ဆီသို့ ။
တွေ့ လိုက်ပါပြီ။ ခင်းကျင်းပြီးကာစပဲရှိသေးသည့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ ထောင့်ကျကျစားပွဲတွင် လူ တစ်ယောက် ငူငူကြီးထိုင်နေသည်။
“အောင်ရဲထွန်း”
အနီးနားရောက်၍ ခေါ်လိုက်သည်ကိုပင် မကြား။ ခံစားချက်မဲ့သော မျက်နှာဖြင့် အပြင်ကို ငေးနေသည်။ အလျင်စလို ၀င်လာကြသော သူတို့အားလုံးကိုလည်း ရိပ်မိဟန်မတူ။
“ဟေ့ကောင် …. အောင်ရဲထွန်း”
လက်ကိုလှုပ်ခါကာ အနီးကပ်ခေါ်လိုက်တော့မှ ဘာမှန်းမသိသော အသံတစ်သံပြုရင်း ကြောင်တောင်တောင် လှည့်ကြည့်သည်။ ဟုတ်၏ ။ အောင်ရဲထွန်းမျက်လုံးတွေ က ကြောင်နေ သည်။ ပြီးတော့ မျက်နှာက သွေးဆုပ်ဖြူလျော်ကာ ခံစားချက်မဲ့နေသည်။ နှလုံးခုန်နေသော်လည်း အသက်မဲ့သလို အဆင်းအင်္ဂါတွေ ဖြင့် အေးစက်နေ၏ ။
“မင်းဒီမှာ တစ်ယောက် တည်း ဘာလုပ်နေတာလဲ”
အိပ်မက်မှ လှုပ်အနိုးခံလိုက်ရသလို ခန္ဓာကိုယ်တစ်ချက်တုန်သွားပြီး သူတို့ကိုမော့ကြည့် သည်။ နံဘေးနားရောက်နေသော သူတို့ကိုပင် ယခုမှ သတိထားမိလိုက်သလို၊ ခန္ဓာထဲမှ ထွက် သွားသော အသိစိတ်က ယခုမှ ကိုယ်တွင်းပြန်ရောက်လာသလို လျှပ်တစ်ပြက် ကြောင်အမ်းသွား ရာက ….
“ဟင် …. ဘာ… ဘာ ဖြစ်လို့လဲ”
စကားတွေ က အစီအစဉ်မကျစွာ ထွက်လာသည်။
“မင်းကိုမေးနေတာ။ ဒီမှာ တစ်ယောက် တည်း ဘာလုပ်နေတာလဲလို့”
ချက်ချင်း မဖြေပါ။ ဘေးပတ်ပတ်လည်တွင် ၀ိုင်းနေကြသော လူတွေ အား တစ်ယောက် ချင်း လိုက်ကြည့်သည်။ ပြီးတော့မှ ….
“ဘာမှမ ဖြစ်ပါဘူး။ ငါ တစ်ယောက် တည်း ထိုင်နေချင်လို့”
ထွက်လာသော စကားတို့က အေးစက်စက်။ ပြောသလိုပင် သူ့ပုံစံက တစ်ယောက် တည်း ရှိနေချင်ကြောင်း သိသာသည်။ သို့ သော် ….
“မင်းညက C-2 အဆောင်ကို တစ်ယောက် တည်းသွားတယ်ဆို ဟုတ်လား”
ဘာမှန်းမသိသော အရိပ်အငွေ့တစ်ခုဖြင့် အောင်ရဲထွန်း မော့ကြည့်သည်။ သူ့ပုံစံက ထိုကိစ္စနှင့် ပတ်သက်၍ ဘာခံစားချက်မှ ရှိမနေတော့သလို။ အတန်ကြာစိုက်ကြည့်နေမိပြီးကာမှ ခပ်လေးလေး ခေါင်းညိတ်သည်။ နှုတ်မှလည်း ….
“ဟုတ်တယ်”
တုံးတိအေးစက်စွာ ကြားလိုက်ရသော ဖြေဆိုသံ မရှေးမနှောင်းမှာ ပင် ….
“ဒါ … ဒါဆို သီချင်းသံကို မင်းကြားလိုက်ရတယ်ပေါ့ ဟုတ်လား။ ဘယ်သူဆိုနေတာလဲ။ ဘယ်အခန်းက ထွက်လာတာလဲ”
မေးခွန်းတို့က အလျင်လိုစွာ ထွက်လာသော်လည်း အဖြေမရှိပါ။ အောင်ရဲထွန်းက မဖြေ၍ မဟုတ်။ ဖြေသော်လည်း အဖြေကိုမရခြင်း။
“ငါ အဲဒါတွေ ကို ဘာတစ်ခုမှ မသိခဲ့ဘူး”
“ဟင် ….”
မေးသူအားလုံးမှာ အံ့အားသင့်သွားကြသည်။ ဒါပေမဲ့ …
“သေချာတာတစ်ခုတော့ရှိတယ်။ အဲဒါက C-2 ဆောင်ကပဲ သီချင်းသံထွက်လာတာ။ ကျန်တာတွေ ကိုတော့ ငါစုံစမ်းခွင့်မရခဲ့ဘူး”
အောင်ရဲထွန်း၏ စကားကြောင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိသွားကြသည်။ နားမလည်မှု အား ကြာကြာဖုံးဖိမထားနိုင်သူ တစ်ယောက် ကတော့ ….
“မင်းက ဘာကြောင့် စုံစမ်းခွင့် မရခဲ့တာလဲ”
အောင်ရဲထွန်း၏ အကြည့်တို့ တစ်နေရာကို ငေး သွားပါ၏ ။ နောက် လေးလေးပင်ပင်ဖြင့် ထောင်ထားသော အင်္ကျီကော်လံကို အောက်သို့ ဆွဲချပြကာ ….
“ဒီမှာ ကြည့် ….”
အားလုံး၏ အကြည့်တို့က ပြဆိုရာနေရာသို့ အရောက် ….
“ဟင် ….”
“ဟာ….”
“ဘာရာကြီးလဲ”
တအံ့တသြစကားသံတို့ တစ်ယောက် တစ်ပေါက် အော်မြည် သွားသည့်နောက်မှာ တော့ တိကျသော အဖြေတစ်ခုက ခပ်ကျယ်ကျယ်ပေါ်လာသည်။
ခေါင်းညိတ်ရင်း အင်္ကျီကော်လံကို မူလအတိုင်း ပြန်ထောင်ထားလိုက်ကာ….
“ဟုတ်တယ်…။ ငါ ညက သီချင်းသံကြားကြားချင်း အပေါ်ထပ်ကို ပြေးတက်သွားတော့ လှေကားထောင့်ချိုးအကွေ့မှာ ငါ့ကို တစ်ယောက် ယောက် က ရိုက်လိုက်တာပဲ”
“ဟာ….”
“ဘယ်သူလဲ မင်းသိခဲ့လား”
ခေါင်းယမ်း၏ ။
“မသိခဲ့ဘူး။ မသိတဲ့အပြင် ငါ သတိပါလစ်သွားခဲ့တာ”
“ဟင် … ဒါဆို ….”
စကားသံက ဆက်ထွက်မလာဘဲ ရပ်သွားသည်။ အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ပါပြီ။
“မနက် ဝေလီဝေလင်းအချိန်ရောက်မှ ငါ့ကို လက်တစ်ဖက်က လှုပ်နိုးလို့ သတိရခဲ့တာပဲ”
“လက်တစ်ဖက်….”
ပြူးကျယ်သွားသော မျက်လုံးနှင့် အမေးစကားတို့ကြောင့် ….
“သက်ရှိလက်တစ်ဖက်ပါ”
“ဘယ်သူ့လက်လဲ”
“ကျောင်းစောင့်အဘိုးကြီးလက်”
“ဟင် … ဟိုဂျပန်အဘိုးကြီးကို ပြောတာလား”
“ဟုတ်တယ် … ၀မ် ….”
အကုန်လုံး မှင်သက်မိသွားကြသည်။
“သူ တစ်ယောက် တည်းလား”
“မဟုတ်ဘူး … နောက် တစ်ယောက် ပါသေးတယ်”
“ဘယ်သူလဲ….”
လေတစ်ချက်ဝေ့တိုက်လိုက်သလို ရပ်နေသူတွေ အားလုံး အေးစက်စက် ဖြစ်သွားကြ၏ ။ အောင်ရဲထွန်းက လုံးခြေထားသော လက်ထဲမှတစ်ရှုးစအား ခပ်ဝေးဝေးသို့ ပစ်လွှတ်ကာ….
“သက်တံ့”
ထိုသို့ သော ဇာတ်လမ်းတွေ ၏ ဦးတည်ရာ
ပထမ အစ
(သို့ )
ကျောင်းဖွင့်စရက်လေးတစ်ရက်မှာ ပေါ့ ….
V
မိုးမှု န်တို့က ခပ်ဖွဲဖွဲ ပညာပြနေသည့်အတွက် အဆောင်မှထွက်ထွက်ချင်းပင် ကျွန်တော် ထီးဖွင့်ဆောင်းလိုက်ရသည်။ အဆောင်နှင့် ကျောင်းက အနည်းငယ်လှမ်းသေးသည့်အတွက် မိုးမစို ရန် လွတ်အိတ်ကို နေရာပြောင်းလွယ်လိုက်သည်။
ဒီနေ့သည် ကျောင်းဖွင့်စ ပထမရက်တော့မဟုတ်။ ဒါပေမဲ့ ကျောင်းဖွင့်စနေ့ရက်များ ထဲတွင် တော့ တစ်ရက်အပါအ၀င် ဖြစ်သည်။ ဟုတ်ပါသည်။ ဒီနေ့သည် ကျောင်းဖွင့်ပြီး၍ သုံးရက်ကျော် လေးရက်မြောက်သော နေ့ပါ။ ကျွန်တော့် လို နှစ် ကြီးသမား တစ်ယောက် အတွက် ကတော့ ပုံမှန် ကျောင်းစတက်ရက်ဖြစသည်။
နှစ် ကြီးသမားဆိုလို့ အတန်းကျကျောင်းသားဟု မထင်လိုက်ပါနှင့်။ ကျွန်တော် တို့ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်သည် လေးနှစ် တက်ရသော တက္ကသိုလ် ဖြစ်သည်။ ကျွန်တော် က ယခုတတိယနှစ် ။ ဒီတော့ ကျောင်းမှာ နှစ် ကြီးသမားစာရင်းဝင်သွားပေပြီ။ ဒါပေမဲ့ တတိယနှစ် ချင်းအတူတူ နှစ် ကြီး သမား စာရင်းမ၀င်သေးသူများ လည်း ရှိသည်။ အဲဒါက Diploma ကောလိပ်မှ ပြောင်းလာကြသူ များ ။
ကျွန်တော် တို့ကျောင်းက လေးနှစ် စလုံး အစမှအုံးတိုင် တက်လို့ရသလို၊ တစ်ဝက်တစ်ပျက် လည်း ဖြတ်တက်လို့ရသည်။ အခြားကောလိပ်တစ်ခုခုမှ ပထမနှစ် ၊ ဒုတိယနှစ် အောင်မြင်ကြောင်း Diploma နှင့် ကျွန်တော် တို့ကျောင်းတွင် တတိယနှစ် နှင့် စတုတ္ထနှစ် ကို ဆက်တက်နိုင်သည်။ ထိုသူများ ကတော့ တတိယနှစ် ပင် ဖြစ်သော်လည်း နှစ် ကြီးစာရင်းမ၀င်။ ကျောင်းသားသစ်များ သာ ဖြစ်သည်။ ယခုလည်း ကျောင်းဖွင့်စရက်ပေမို့ ကျောင်းသား၊ ကျောင်းသူသစ်များ ဖြင့် တက္ကသိုလ်က နုပျိုသစ်နေပေဦးမည် ။
အတွေးဖြင့် လျှောက်လာစဉ်မှာ ပဲ နံဘေးသို့ ကားတစ်စီးထိုးဆိုက်လာသည်။ အနည်းငယ် ဆန်းသွားသည်မို့ ကျွန်တော် လှည့်ကြည့်လိုက်မိတော့ လျှော့ဆင်းသွားသော မှန်တံခါးနောက်မှ ကံ့ကော်တစ်ပွင့်ကို တွေ့ လိုက်ရသည်။
“ဟေ့ … you တစ်ယောက် တည်းပါလား။ ကားပေါ်တက်လေ။ အေမီ လိုက်ပို့ပေးမယ်”
ပလတ်စတစ်ပန်း၏ အလှမျိုးဖြင့် မချောစကားကြောင့် ကျွန်တော် အနည်းငယ်တော့ အံ့အားသင့်သွားရသည်။ မြင်ဖူးသလိုလိုရှိသည့်ကြောင့် မျက်မှော င်ကြုတ်လိုက်မိစဉ်မှာ ပဲ ….
“ဘာလဲ … you က ကားစုတ်ကြီးဆိုပြီး မစီးချင်လို့လား။ ကောင်းနေပါပြီကွ။ ဒက်ဒီ ပြင်ပေးပြီးသွားပြီ။ လာ …..”
ထိုစကားကြားတော့မှ ကျွန်တော် သတိတစ်ချက်ရလိုက်သည်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း အားနာပြုံး တစ်ချက်ပြုံးကာ …
“ကျေးဇူးအများ ကြီးတင်ပါတယ်ဗျာ။ ကျွန်တော် လိုက်မစီးတော့ပါဘူး။ ဒီအတိုင်းပဲ လမ်း လျှောက်ပြီး သွားလိုက်ပါ့မယ်”
ခပ်ဆန်းဆန်း တုံ့ပြန်သော အကြည့်တစ်ချက်ကို တွေ့ ရ၏ ။ ထိုအကြည့်မှာ နားမလည်မှု နှင့် စူးစမ်းမှု တို့ အချိုးကျ ရောနှောနေသည်။ ဤကျောင်းမှာ က အေမီသည် “ဘာဆိုလားပဲ”ဆိုသည့် အမျိုးအစားထဲမှာ ပါဝင်သည်။ ယောက်ျားအများ စုအတွက် ကတော့ အေမီသည် ဧဒင်မြို့ရဲ့ သမီးပျို တစ်ယောက် ။
ဒါပေမဲ့ ကျွန်တော် တည်သော မြို့မှာ တော့ သူမသည် ရနံ့ပြင်းသော ပန်းလှလှတစ်ပွင့်ထက် ပိုမည် မဟုတ်ပါ။ သူမနှင့် ကားတစ်စီးတည်း စီးရမည့် အရေး အတွက် ကျွန်တော် ဂုဏ်မယူမိသလို၊ မိုးဖွဲဖွဲအောက်မှာ လျှောက်မည့်  ကျွန်တော် ခြေလှမ်းတွေ ကိုလည်း အားနာမိသည်။
“You က … အေမီနဲ့ အတူတူ မစီးချင်လို့လား”
“ဟာ… မဟုတ်ပါဘူးဗျာ။ ကျွန်တော် လမ်းလျှောက်ပြီးပဲ သွားချင်လို့ပါ။ ကျောင်းလည်း ရောက်တော့မှာ ပဲ။ အခုလိုခေါ်တဲ့အတွက် အများ ကြီး ကျေးဇူးတင်ပါတယ်။ အေမီ့ဘာသာပဲ သွားလိုက်တော့နော်”
စကားဆုံးတော့ ကျွန်တော့် ကို မျက်ဝန်းကြည်လက်လက်ဖြင့် တစ်ချက်စိုက်ကြည့်သည်။ ရင်ထဲမှာ ပူရှိန်းရှိန်အရသာတချို့ကို ခံစားလိုက်ရ၏ ။
“You က တစ်မျိုးပဲနော်”
ကျွန်တော် စကားပြန်မဆိုမိပါ။ ဒါပေမဲ့ အပြုံးတစ်ခုကိုတော့ ဖြူဖြူစင်စင်ပြုံးပြလိုက်သည်။ သူမဆီမှလည်း အပြုံးတစ်ခုကို ရလိုက်၏ ။ ထိုအပြုံးကိုတော့ ကျွန်တော် အဓိပ္ပာယ်မဖွင့်တတ်။ ပြီးတော့ ကားမှန်တံခါး အပေါ်ပြန်တက်သွားပြီး မောင်းထွက်သွားသည် မနှေးမမြန်မောင်းသွား သော ကားနောက်မှီးအား ကြည့်ရင်း ကျွန်တော် ခပ်တိုးတိုး ရေရွတ် ဖြစ်ပါသည်။
“အမှည့်လွန်သွားတဲ့ သစ်သီးလိုပဲပေါ့ကွာ။ အလှလွန်သွားရင်လည်း စံမမီတော့ဘူး”
မိုးက အနည်းငယ်သည်းလာသယောင်ရှိသည်မို့ ကျွန်တော် သွက်သွက်လေး ဆက်လှမ်း ဖြစ်ပါသည်။ ပြီးတော့ အေမီနဲ့ ဆုံခဲ့သည့် ညနေတစ်ခုကို သတိရမိသည်။
ပြီးခဲ့သည့် နှစ် ကုန်ခါနီး လောက်က ညနေတစ်ခုမှာ ပေါ့။ အဲဒီ တုန်းက ကျွန်တော် စာကြည့် တိုက်ထဲတွင် တစ်နေကုန်ခဲ့ပြီး၍ ပြန်ထွက်လာသော အချိန်။
ကျောင်းဝင်းထဲ၌ လူပင်တော် တော် ရှင်းနေပါပြီ။ ကျောင်းဆင်းချိန်လွန်သွားပြီမို့ အကဲပိုနေ ကြသည့် သမီးရည်းစား သုံးလေးတွဲ သာ တွေ့ တော့သည်။ ဒါပေမဲ့ မလှမ်းမကမ်းမှာ တော့ အနည်း ငယ်ထူးခြားသည့် မြင်ကွင်းတစ်ခုကို မြင်ရ၏ ။
အဲဒါက ကားတစ်စီးနှင့် မိန်းကလေး တစ်ယောက် ။
သာမန်အခြေအနေမှာ တော့ ထူးခြားလောက်သည့် ကိစ္စတစ်ခုမဟုတ်။ ဒါပေမဲ့ ဒီလိုအချိန် မှာ တော့ ထူးခြာပါသည်။ ကားပျက်နေခြင်း ဖြစ်ရပေမည် ။ ထို့ကြောင့် သွက်သွက်လေး လှမ်းသွား လိုက်ကာ …
“မိန်းကလေး .. ကျွန်တော် ဘာအကူအညီပေးရမလဲ”
အနီးကပ်ကြားလိုက်ရသော စကားကြောင့် မိန်းကလေးက ဆတ်ခနဲ လှည့်ကြည့်သည်။ ၀ဲခနဲ လွင့်ဖျာသွားသော ဆံပင်နှင့် 45ံလှည့်လာသော မျက်နှာတို့က စိတ်မထိန်းနိုင်လျှင် ချက်ချင်း ရူး သွားလောက်သည်။ သို့ သော် စိတ်ပျက်သလို ခေါင်းကိုခါယမ်းကာ ခပ်တိုးတိုး ရေရွတ်သံတစ်ခု ကို မိန်းကလေးဆီမှ ကြားလိုက်ရ၏ ။
“လာပြန်ပြီး နောက် တစ်ယောက် ”
“ဗျာ …..”
နားမလည်သည်မို့ ကျွန်တော် “ဗျာ”မိသွားတော့ …
“ဒီမှာ … ရှင်တို့ ယောက်ျားလေးတွေ က မိန်းကလေးမြင်တာနဲ့ အရမ်းကာရော ကူညီချင်ကြ တာပဲ”
မာနနှင့် ရောကာ နှလုံးတစ်ချက် ၀ုန်းခနဲ ဆောင့်တက်သွားသည်။ ထိုစဉ်မှာ ပဲ …
“ရှင့်လိုပဲ ကျွန်တော် တို့ ဘာအကူအညီပေးရမလဲဆိုတဲ့ စကားပြောပြီး ခုနနှစ် ယောက် လာ သွားသည်။ ကျွန်မဘယ်သူဆိုတာသိလို့ ရည်ရွယ်ချက်ကြီး တစ်ပွေ့တစ်ပိုက်နဲ့ ရောက်လာတာ ဆိုရင်တော့ တစ်ခါတည်းပြောလိုက်မယ်။ ကိုယ့်လမ်းကိုယ် ဆက် သွားပါ။ ဒီမှာ ကားစက်နှိုးမရလို့ ကျွန်မ စိတ်ရှုပ်နေတယ်။ ရှင်တို့ရဲ့ မိန်းကလေးချောချောလှလှမြင်တိုင်း စိတ်ဝင်စားတတ်တဲ့ အကျင့်နဲ့ အရည်အရ အဖတ်မရစကားတွေ ဒီအချိန်မှာ ကျွန်မ နားမထောင်နိုင်ဘူး”
လုံးဝကို အလွတ်ကြီး ငြိလိုက်ခြင်း ဖြစ်သည်။ ကျွန်တော် အဖြူထည်သက်သက်ဖြင့် ရောက် လာကြောင်း ကိုယ့်ကိုယ်ကိုယ် သိသည်။ ဒါကို …
“ဟက် ” ခနဲ ရယ်လိုက်တော့ ကြောင်တောင်တောင်ဖြင့် ကျွန်တော့် ကို မော့ကြည့်သည်။
“အဟင်း … မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်တဲ့ မျိုးရိုးက ပေါက်ဖွားလာတာနဲ့ တူပါတယ်။ ဒီလိုပဲကွ ကိုယ့်အလှကိုယ် မယုံတဲ့မိန်းကလေးတိုင်းဟာ စကားထဲမှာ ခဏခဏ ကိုယ့်ကိုယ်ကိုယ်လှတယ်လို့ ထည့်ပြောတတ်တယ်”
“ဘာရှင့် …..”
ကျွန်တော် လက်ပြတားလိုက်ရင်း …
“ခဏလေး.. မင်း ဘယ်သူလဲ ငါမသိဘူး၊ စိတ်လည်း မ၀င်စားဘူး။ မိန်းကလေးတစ် ယောက် ကားပျက်နေတာတွေ့ လို့ အကူအညီပေးရအောင် ရောက်လာရုံသက်သက်ပဲ။ ငါ့စိတ်မှာ အစွန်းအထင်းကင်းတယ်”
လွှတ်ပေးလိုက် လျှင် စကားတို့က တာဝေးပစ်ဒုံးကျည်တစ်စင်းလို တ၀ီဝီပျံသန်းသွားနိုင် သည်။ အမှန်အတိုင်းပြောရလျှင် မဖျစ်ညစ်ကျယ်အလှကလေးဖြင့် မာန်တက်ပြနေသော မိန်းကလေးများ ကို ချေပဖို့ ကျွန်တော့် မှာ စကားလုံးတွေ လေယာဉ်တင်သင်္ဘောဆယ်စီးစာ လောက်ရှိသည်။ သို့ သော် ကျွန်တော် တည်ငြိမ်လိုက်နိုင်ပါသည်။
ဘယ်သူမျှ အပြစ်တင်စရာမလိုပါ။ ကျွန်တော် စမိထားတာပဲ။ ဒါတောင် စိတ်ထိန်းနေသည့် ကြားမှ စကားတချို့က ထွက်သွားသေးသည်။
“အကူအညီပေးတတ်သူတွေ ကို တုံ့ပြန်ဖြေဆိုဖို့ မင်းအမေက ဒီလိုစကားမျိုးပဲ သင်ပေး ထားတာ ကတော့ ငါဝမ်းနည်းမိတာ အမှန်ပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အဆင့်မပြေတော့လည်း မကူညီရုံပဲပေါ့”
ပြောပြီး ကျွန်တော် လှည့်ထွက်ခဲ့လိုက်သည်။ ဒါပေမဲ့ ခြေသုံးလှမ်းပင် မပြည့်လိုက်…
“ခဏနေဦး”
တင်းမာမှု အရှိန် လျော့လျော့ပြေးနေသော အသံလေးက နောက်မှပေါ်လာ၏ ။ တိခနဲ မရပ်သွားမိသော်လည်း အနည်းငယ်တုံ့ဆိုင်းသွားတာ ကတော့ အမှန်ပါ။
“ယောက်ျားလေး တော် တော် များများ ရဲ့ စကားကို ကျွန်မ အယုံအကြည်မရှိခဲ့ဖူးဘူး။ ဒါပေမဲ့ ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ အခု ရှင်ပြောတဲ့စကားကို ကျွန်မ ယုံမိသွားသလိုပဲ”
ကျွန်တော် ပခုံးတစ်ချက် တွန့်လိုက်မိသည်။ သူမ မျက်နှာက ခုနထက် ဖြူစင်လာသလို ရှိ၏ ။ ထိုစဉ်မှာ ပဲ သူမဘက်မှ အလံဖြူတစ်ချက် လွှင့်သွားသည်။
“ပြီးရောလေ… ကျွန်မ တောင်းပန်ပါတယ်။ ဒါဆို ….”
တစ်ချိန်က အတိတ်အပိုင်းအစတချို့ကို ကျွန်တော် ပြုံး ဖြစ်သည်။ အဲဒီ နောက်တော့ သူမနာ မည် အေမီ ဖြစ်ကြောင်းနှင့် ကျောင်းတွင် သူမရဲ့ သတင်းကြီးမှု တွေ ကိုပါ သိလိုက်ရသည်။ ကိုယ်နှင့် သိပ်မဆိုင်သည်မို့ မဆိုင်သလိုပဲ နေ ဖြစ်ပါသည်။
နောက်နေ့တွေ မှာ တော့ ပုံမှန်လည်ပတ်ပုံအတိုင်းသာ ကျောင်းတွင်းမှာ ကျွန်တော် လည် ပတ်ခဲ့သည်။ ဒါပေမဲ့ သတင်းတစ်ခုကိုတော့ သိုးသိုးသဲ့သဲ့ ကြားရ၏ ။ ကျွန်တော့် ကို ကျောင်းသူ တစ်ယောက် အသည်းအသန် လိုက်ရှာနေသည်တဲ့။
ဘာအကြောင်းကိစ္စမှန်း မသိပေမဲ့ ကျွန်တော် အေးဆေးစွာ ပဲ နေ ဖြစ်ခဲ့ပါသည်။ သူမနှင့် တွေ့ အောင်လည်း မကြုးစားသလို၊ သူမ အလွယ်တကူရှာလို့ရရန်လည်း မနေ ဖြစ်ခဲ့ပါ။ အရာရာ သည် ပုံမှန်အတိုင်းပါပဲ။
အခုလည်း ပုံမှန်အတိုင်းပဲပေါ့။
ထို့အတွက် ကျွန်တော် ပုံမှန်ခြေလှမ်းတွေ နဲ့ပဲ ဆက်လျှောက်ခဲ့ပါသည်။ မိုးကလည်း ပုံမှန် အတိုင်း ခပ်ဖွဲဖွဲရွာသွန်းနေသည်။ မိုးရွာနေသော်လည်း ကျောင်းလမ်းမကြီးက စည်ကားမှု မဲ့မသွားခဲ့။
“သက်တံ့ … လက်ဖက်ရည် သောက်သွားဦးလေ”
လက်ဖက်ရည်ဆိုင်တစ်ခုအတွင်းမှ လှမ်းခေါ်လိုက်သံကြောင့် လှည့်ကြည့်လိုက်တော့ ….
“သြော်….”
နှုတ်မှ မတိုးမကျယ် ထွက်သွားပြီး …
“ငါ သောက်လာခဲ့ပြီးသွားပြီကွ။ နောက်နေ့မှပဲ သောက်တော့မယ်။ ကျေးဇူးပဲ”
တစ်ဖက်မှ ခေါင်းညိတ်ပြီး လက်ကာပြသည်။ ကျွန်တော် အားနာပြုံးတစ်ခုကို ပြုံးရင်း ဆက်လျှောက်လာခဲ့လိုက်ပါ၏ ။ စိတ်ထဲမှာ တော့ ဧည့်ဝတ်ပြုသူနှင့် ပတ်သက်၍ စကားတစ်ခုကို ပြော ဖြစ်သည်။
“နောက်များ မှပဲ တို့တွေ လက်ဖက်ရည်အတူသောက်ကြတာပေါ့ ကျော်စိုးရာ။ ဒီနှစ် တော့ မင်းနဲ့ငါ တွဲ ကစားရဖို့ မျှော်လင့်ပါတယ်”
“ကျော်စိုး” ဆိုသူမှာ ပေါ့သေးသေးမဟုတ်။ ကျွန်တော် တို့ကျောင်း၏ ဘတ်စကက်ဘော လက်ရွေးစင် ဖြစ်သည်။ တော် သည်။ ဒါပေမဲ့ …
ကျွန်တော် လျှောက်နေရင်းနဲ့ ကန်တင်းတွေ ဆီ လိုက်ကြည့် ဖြစ်ပါသည်။ ဇေသူနှင့် နေလင်း ကို ရှာရဦးမည် ။ ဒါပေမဲ့ မိုးရွာထဲမှာ ထီးဆောင်းရှာရသည်မို့ သိပ်အဆင်မပြေချင်။
ထိုစဉ်မှာ ပဲ အလုံပိတ်အခန်းအတွင်း နှင်းဆီပွင့်တစ်ပွင့် ပွင့်လိုက်သလို ပတ်ဝန်းကျင်က နှင်းဆီရနံ့တို့ သင်းသွားသည်။ ကျွန်တော့် ရင်ခွင်ဘယ်ဘက်တစ်နေရာက ခုန်သည်ဆိုတာထက် ပျပျလေး နွေးသွားတာပါ။
အမိုးအကာမပါသည့် နှင်းဆီလေးတစ်ပွင့် ကျွန်တော့် ရှေ့ ခပ်လှမ်းလှမ်းမှာ လမ်းလျှောက် လို့နေသည်။ အနီရောင် ကို ပျောင်းပျောင်းနွဲ့နွဲ့ ဆင်မြန်းထားသည့် မိန်းကလေး တစ်ယောက် ။ ထက်အောက် အနီဖြင့် တင့်တယ်နေသည့်အပြင် စီးလာသော ဖိနပ်က အနီနှင့် အဖြူကို လေးထောင့်ကျကျ အကွက်လေးများ ဖော်ထား၏ ။ ပြီးတော့ ဆံပင်ကို မဟော်ဂနီရောင် ရင့်ရင့် ဆိုးထားသေးသည်။
ကျွန်တော် အသက်ရှူဖို့ မေ့လျော့ကာ ငေးသွား၏ ။ အမိုးအကာမပါဘဲ မိုးဖွဲဖွဲအောက် လမ်းလျှောက်နေပုံက နှင်းဆီပွင့်တစ်ပွင့်ကို ရေစွတ်ထားသလိုမျိုး။
အနောက်တိုင်း အယူအဆအားဖြင့် အနီရောင် ကို ဆန္ဒ၊ ရမ္မက်ပြင်းပြစေသော အရောင် ဟု သတ်မှတ်ထားကြသော်လည်း သူမဆင်မြန်းထားပုံက နှင်းဆီတစ်ပွင့် မွေးဖွားလာသလိုပါပဲ။ ဖြူဝင်း မွတ်ဝါသော အသားအရေက အသက်ရှူမှားလောက်အောင် လင်းလက်လှလွန်းသည်။
ကျွန်တော် မြင်တွေ့ နေရသည်က ထီးဟန်နန်းဟန်ကျကျ လျှောက်လှမ်းနေသော သူမရဲ့ နောက်ပိုင်းအလှ။ အပြင်အဆင်အားဖြင့် ခေတ်ဆန်သော်လည်း ကျွန်တော် တွေ့ မြင်သမျှ အရာရာ က စံတော် အိမ်ခြေလှမ်းမျိုးဖြင့် တင့်တယ်နေသည်။ ပြီးတော့ အလှအပအစိတ်အပိုင်းအားလုံးက မဟာသွေး ရောနေသလို။
ကျွန်တော် အလျင်အမြန်ပင် သူမနှင့် ကပ်လျက်နေရာကို ပြေးသွားလိုက်ကာ။
“ရော့ ….”
ကျွန်တော့် အသံနှင့် ထိုးပေးလိုက် သော ထီးကိုကြည့်ရင်း သူမတစ်ခဏလေး အံ့ကြသွား သည်။ ခဏလေးမှ တကယ့်ခဏလေးပါ။ ပြီးတော့ ကျွန်တော့် အား မျက်လုံးစူးစူးဖြင့် တစ်ချက် ကြည့်သည်။ ဆံပင်တို့က ပါးနှစ် ဖက်ပေါ် အုပ်ကာထားသည်မို့ မျက်နှာကို အပြည့်မမြင်ရ။ ဒါပေမဲ့ ကျွန်တော့် ရင်တစ်ခုလုံး လှိုက်ခနဲ နွေးသွားခဲ့ချေပြီ။
သနပ်ခါးလိမ်းထားသည့် ပန်းပွင့်လေးပါလား။
နှာတံချွန်ချွန်လေးနှင့် တွဲ လျက် နှုတ်ခမ်းစိုရဲရဲလေးနှစ် ခု။ ပြီးတော့ စူးတောက်တောက်မျက် လုံးလေး။ အထူးခြားဆုံးနှင့် အလှပဆုံး ကတော့ သူမရဲ့ မျက်လုံးတွေ ပါပဲ။ စနစ်တကျစိုက်ပျိုးထား သော ပန်းခင်းတစ်ခုကို သူမမျက်ခုံးတွေ က နှင်းဆီနက်တွေ ပွင့်နေသည်။ ပြီးတော့ ပါးနှစ် ဖက်ဆီမှ သနပ်ခါး ပါးကွက်လေးတစ်ဝက်တစ်ပျက်ကို မြင်ရ၏ ။ ဒါသည် ပါးနှစ် ဖက်ပေါ်သို့ ဖုံးအုပ်နေသော ဆံနွယ်နှစ် ခုကြားမှ မြင်ရသည့်အလှတစ်ကွက်ပါ။
ကျွန်တော် ၀န်ခံပါသည်။ ဤမျှနှင့် ပဲ ကျွန်တော် သူမကို ချစ်သွားခဲ့တာပါ။
“ရပါတယ်”
နောင်တစ်ချိန်မှာ “နှင်းဆီလေး၏ လေချွန်သံ”ဟု ကျွန်တော် တင်စားမိခဲ့သည့် အသံလေး က တိုးလျလျလေးထွက်လာသည်။ ထိုအသံလေး၏ အုပ်မိုးသွားမှု ကြောင့် ကျွန်တော့် တစ်ကိုယ်လုံး ပင် နွေးပျပျလေး ဖြစ်သွား၏ ။ မပီမသ အပြုံးတစ်ခုနှင့် ကျွန်တော် ထပ်မံတိုက်တွန်း ဖြစ်သည်။
“ယူ သွားပါ။ မိန်းကလေး တစ်ယောက် အတွက် ရေစိုအ၀တ်တွေ က မသင့်တော် ဘူး”
သူမကိုယ်သူမ ငုံ့ကြည့်သည်။ အမှန်တော့ သူမအ၀တ်အစားတွေ ပေါ်မှာ ရေစက်ရေမှု န် တွေ က နေရာသိပ်မယူရသေး။
“ကျွန်မကို ထီးပေးရင် ရှင်ကရော ဘယ်လိုဆက်သွားမှာ လဲ”
“ရပါတယ်။ ကိုယ်က ယောက်ျားလေးပဲ ကိစ္စမရှိပါဘူး”
အဓိပ္ပာယ်ဖော်ရန်ခက်သော အပြုံးတစ်ခုကို သူမပြုံးလိုက်၏ ။ ပြီးတော့ ကျွန်တော့် အား ခပ်တည်တည်ကြည့်ရင်း ….
“သမိုင်းတွေ ထဲမှာ တော့ သူတစ်ပါးကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံသူတွေ ကို အတိုင်းအဆမရှိ ကြီးကြယ်သူတွေ အ ဖြစ် တခမ်းတနားသတ်မှတ်ကြတယ်။ ရှင်ကရော သမိုင်းဝင် အောင် ကြိုးစားနေသူ တစ်ယောက် ပဲလား”
ကျွန်တော် နှုတ်ခမ်းထောင့်စွန်းအား ရယ်ရွှန်းရိပ်ဖြင့် တွန်းကွေးလိုက်ရင်း….
“ထီးမဆောင်းတဲ့ မိန်းကလေး တစ်ယောက် ကို ကူညီပေးရုံလောက်နဲ့တော့ သမိုင်းမ၀င် လောက်ပါဘူး။ ဒါပေမဲ့ ကိုယ်တစ်ခုဝန်ခံပါတယ်။ မင်းကို အခုကူညီတာ စေတနာသန့်သန့်နဲ့ မဟုတ်ဘူး”
“ဘာ ဖြစ်တယ်”
စကားနဲ့အတူ ဆတ်ခနဲ ခေါင်းကိုအမော့ …
လေတ်စချက် ၀ဲခနဲ ပင့်အတိုက် ….
ပါးပြင်ပေါ်သို့ ဖုံးအုပ်ထားသော ဆံနွယ်လေးနှစ် ဖက်က လှစ်ခနဲ ပင့်မြောက်သွားစဉ် …
“ဟာ ….”
ခန္ဓာကိုယ်တစ်ခုလုံး စကြ၀ဠာအပြင်ဘက်သို့ ကျသွားသလို ရင်တွင်းမှာ တလှပ်လှပ် အေးသွား၏ ။
“သူမ …. သူမရဲ့ ပါးလေးနှစ် ဖက်မှာ က ….”
စိတ်ထဲမှ တုန်တုန်ရီရီ ရေရွတ်ရင်း ကျွန်တော် ခွန်အားတို့ မောလျသွားသည်။ ကြယ်စင် ပျိုလေးတစ်စင်း၏ ပါးနှစ် ဖက်ကို ကျွန်တော် အမှတ်မထင်မြင်တွေ့ လိုက်ရပေပြီ။ ဘာကြောင့် မှန်း မသိ။ ကိုယ့်ကိုယ်ကိုယ် ခမ်းနားသွားသလိုလို။
ပါးပြင်လေးနှစ် ဖက်က သူမတူအောင် ထူးထူးခြားခြား ကြည်စိမ်းနေသည်။ ပြီးတော့ လေက အရူးဘုံမြှော က်ပေးနေသလို နောက်တစ်ချက် ထပ်တိုက်သည့်အခါမှာ ကျွန်တော့်  သွေး လည်ပတ်မှု တို့ ခဏတာ တုံ့ဆိုင်းသွားသည်ထင်၏ ။ လက်ထဲမှာ ကိုင်ထားသော ထီးက လေစီးနဲ့ မျောပါသွားကာ ကိုယ်ပေါ်သို့ မိုးစက်အချို့ကျလာသည်။
ကျွန်တော် သက်မဲ့ကျောက်ရုပ်အ ဖြစ် ပါးပြင်လေးအား ငေးကြည့်နေဆဲ။ လက်ထဲမှ ထီးမရှိ တော့သည်ကိုပင် ကျွန်တော် သတိမထားမိပါ။ အာရှတိုက်၏ အခမ်းနားဆုံး အရောင် အသွေးတစ်ခု ကို သူမပါးပြင်ဆီမှ အမှတ်မထင် မြင်ခွင့်ရလိုက်လေပြီ။ ကြည့်နေရင်းနဲ့ ရင်ထဲမှာ နာမည် မဖော်နိုင် သော ခံစားမှု တွေ ထကြွတုန်ရီလာကာ …
တတိယမြောက် လေတစ်ချက်၏ ပင့်တိုက်ပေးမှု အဆုံးမှာ တော့ ဘာနဲ့မျှ တိုင်းတာမရသော ခံစားမှု တစ်ခုက ကျွန်တော့် အသိတွေ အားလုံးကို အုပ်စိုးသွားချေပြီ။
သိလိုက်ပါတယ်။
ကျွန်တော် သူမကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားတာပါ။
ထိုစဉ်မှာ ပင် လုံးဝထင်မှတ်မထားသော အရာတစ်ခုကို မျက်လုံးအိမ်က ပြုလုပ်လိုက်၏ ။
ပါးပြင်ပေါ်သို့ နွေးနွေးငွေ့ စီးကြောင်းတစ်ခု ဖြတ်စီးသွားသည်။
“ဟာ”ခနဲနေအောင် ထိတ်လန့်အံ့ကြမှု နဲ့အတူ ကျွန်တော် တစ်ဖက်သို့ ဆတ်ခနဲ လှည့် လိုက်တော့….
မျက်ရည်တစ်စက်က မိုးဖွဲဖွဲနဲ့ ရောသွား၏ ။
ကျွန်တော် သူမကို အဲဒီ လောက်ထိ ချစ်မိသွားခဲ့တာပါ။ အလျင်မြန်ဆုံး တစ်ဖက်လှည့်လိုက် သည့်အတွက် သူမမြင်သွားမှာ တော့မဟုတ်။ ဒါပေမဲ့…
“သက်တံ့ …”
တအံ့တကြမျက်နှာနှင့် ကျွန်တော့် အား ကြည့်နေသူ တစ်ယောက် ၊ ပြီးတော့ သူက ကျွန်တော့် ကိုကျော်ကာ နောက်ကိုလှမ်းကြည့်သည်။ မင်း ရိပ်မိလိုက်မှာ ပါ ဇေသူ။
စက္ကလေးတစ်ချက်အခုန်နဲ့တင် ငါ သူမကို ရူးရူးနှမ်းနှမ်း ချစ်သွားခဲ့တာပါ။
VI
“သဲ…..”
နောက်ဆုံးတန်းမှာ ထိုင်ရင်း ရင်ထဲမှ အကြိမ်ကြိမ်ခေါ်နေမိသည်။ သူမ ကတော့ ဒုတိယ တန်းမှာ ပွပွယောင်းယောင်းဆံပင်လေးကို အုံ့အုံ့ဖျန့်ချရင်း ထိုင်နေသည်။ ကျွန်တော့် ခေါ်သံကို ကြားမည် မဟုတ်ဘူးဆိုတာ သေချာသည်။ သို့ သော် ရင်ထဲမှာ တော့ “သဲ”ဆိုသည့် တစ်လုံးတည်း သော စကားက ပဲ့တင်ကာ အော်မြည် နေ၏ ။
တစ်ခန်းလုံး တိတ်ဆိတ်ကာ ရှေ့တွင် ရှိနေသော ဆရာမ ပြောမည့် စကားကို ကိုင်းကိုင်း ညွတ်ညွတ် နားစွင့်နေကြသည်။ ဆရာမ က အတန်းရှေ့တွင် ထိုင်ရင်း စာရွက်တစ်ထပ်ကို လှန်နေ သည်။
တစ်အောင့်ကြာသွားပြီးကာမှ စာရွက်ထပ်အားချရင်း မတ်တပ်ထရပ်တော့ တစ်ခန်းလုံး၏ အာရုံတွေ က ဆရာမ ဆီမှာ ….
“ဒီနှစ် ကတော့ ထူးခြားတဲ့နှစ် လို့ ပြောရမှာ ပဲ”
ဆရာမ ၏ သြရှရှအသံက တစ်ခန်းလုံးအား ဖုံးလွှမ်းသွားစဉ် -
“ပြည်ပကောလိပ်က တို့ကျောင်းကို ပြောင်းလာသူတွေ ထဲမှာ အမှတ်အများ ဆုံးနဲ့ တစ်ယောက် ပါလာတယ်။ ဘာသာရပ်တိုင်းကိုလည်း ဆရာမ အခုကြည့်ပြီးသွားပြီ။ သူ့ရဲ့ ဘာသာ ရပ်အလိုက် ရမှတ်တွေ က များ တယ်ဆိုတာထက်ကို တော် တော် ပိုနေတယ်။ ယောက်ျားလေး မဟုတ်ဘူး မိန်းကလေး။ ဒီအခန်းထဲမှာ ရှိတယ်”
ဆရာမ စကားကြောင့် တစ်ခန်းလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားသည်။ ထိုစဉ်မှာ ပဲ ….
“နာမည် က သဲဆုနွေးတဲ့။ ရှိရင် မတ်တတ်ရပ်ပြပါဦး။ ဆရာမ တွေ့ ဖူးထားချင်လို့”
မိန်းကလေး တစ်ယောက် မတ်တက်ထရပ်သည်။ ကျွန်တော့်နှင်းဆီပွင့်လေးပါ။ လှသည် ထက်ပိုကာ တန်ဖိုးကြီးသွားရပါပြီ။
“သဲဆုနွေးက သမီးလား”
“ဟုတ်ကဲ့”
တိုးလွန်းသော်လည်း ကျွန်တော် ကြားလိုက်သည်။ မပြောင်းလဲပါ။ ခုနက ကျွန်တော် နှင့် တွေ့ စဉ်ကလိုပဲ အသံကတိုးပေမယ့် မာန်တစ်ခုပါနေသည်။
“သမီးအရမ်းတော် တယ်။ ဆက်ကြိုးစားနော်”
“ဟုတ်ကဲ့ပါ ဆရာမ ”
ဆရာမ က သူရရှိခဲ့သော အမှတ်တို့အား တစ်ခန်းလုံးကြားအောင် ပြောပြလိုက်သည့် နောက်မှာ အာမေဋိတ်သံအတော် များများ က အထင်ကြီးဂုဏ်ယူမှု တွေ အ ဖြစ် တိုးတိုးတိတ်တိတ် ထွက်ပေါ်လာ၏ ။
“ဒါဆို ဆရာမ သူက Roll-1ပေါ့”
“ဟုတ်တယ် …. Roll-1”
“ဒါဆို Roll-2 က ဘယ်သူလဲ ဆရာမ ”
ဒီမေးခွန်းကိုတော့ ဆရာမ က ပြန်မဖြေ။ ဒါပေမဲ့ ….
“Roll-2 မပြောခင် Roll-3 ကို အရင်ပြောမယ်။ Roll-3 က အောင်ရဲထွန်း”
ကျွန်တော့် ရှေ့နှစ် ခုံကျော်မှ ဟေးခနဲ ထအော်လိုက်သံကို ကြားရ၏ ။ ၀မ်းသာသင့်ပါသည်။ No-3 ဆိုတာ လူတွေ ကျင်လည်ရာ ရပ်ဝန်းတစ်ခုပဲလေ။ ဒါပေမဲ့ အကုန်လုံးက Roll-2 ဘယ်သူ ဆိုတာ သိချင်ကြ၏ ။ ဒါကို သဘောပေါက်စွာ ဆရာမ က ….
“ဒီနှစ် က ထူးခြားတဲ့နှစ် ဆိုတာ Roll-2 ကို ပြောတာပဲ။ တို့အခန်းထဲမှာ Roll-2 မရှိဘူး။ ဘာ ဖြစ်လို့လည်းဆိုတော့ Roll-1 နှစ် ယောက် ဖြစ်နေလို့”
ဆရာမ စကားကြောင့် သူမ ဆတ်ခနဲခါးမတ်သွားကြောင်း ကျွန်တော် တွေ့ လိုက်သည်။
“သူ ကတော့ ယောက်ျားလေး။ သဲဆုနွေး ရမှတ် စုစုပေါင်းနဲ့ ထူးထူးခြားခြားတစ်ထပ် တည်း ဖြစ်နေလို့ Roll-2 ပျောက်သွားတယ်။ သူလည်း ဒီအခန်းထဲမှာ ပဲ”
ကျွန်တော် ဆက်လက်နားမထောင်တော့ဘဲ အခန်းထဲမှ ထွက်ခဲ့လိုက်သည်။ အပေါက်ဝနား တွင် ထိုင်နေခြင်း ဖြစ်သည့်အတွက် ကျွန်တော် ထွက်သွားသည်ကို မည် သူမျှ သတိထားမိလိုက် မည် မဟုတ်ပါ။ ဒါပေမဲ့ ဆရာမ စကားသံက နောက်မှကပ်ပါလာသည်။
“နာမည် က သက်တံ့တဲ့။ ဆရာမ ကို မတ်တတ်ရပ်ပြပါဦး”
အခန်းထဲ၌ ထရပ်မည့် သူ မရှိတော့မည် မဟုတ်တော့။
ကျွန်တော် အပြင်ရောက်ရောက်ချင်းပင် စင်္ကြမှာ ရပ်နေသူ တစ်ယောက် ကို တွေ့ ရသည်။
“ဇေသူ မင်းအတန်းမတက်ဘူးလား”
ကျွန်တော် မေးလိုက်တော့ ….
“ဟင့်အင်း …. မင်းထွက်လာမယ်ဆိုတာ သိလို့ စောင့်နေတာ”
ဇေသူ့စကားကြောင့် ကျွန်တော် ခြောက်ကပ်ကပ် တစ်ချက်ရယ်လိုက်ရင်း ….
“သေချာလှချည်လား”
ဇေသူမဖြေ။ အခန်းရှိရာကို တစ်ချက်ဝင့်ကြည့်ကာ
“တော် ပါတယ်။ မင်းနဲ့ ကွက်တိပါပဲ။ ဒါပေမဲ့ မင်းကိုတစ်ချက်မေးရဦးမယ်။ အချစ်နဲ့ ရှုံးနိမ့် ခြင်းက ထပ်တူကျလား”
အတန်ငယ် စဉ်းစားမိသည်။ ပြီးတော့ ….
“ထပ်တူမကျဘူး။ ဒါပေမဲ့ အရှုံးပေးခြင်းနဲ့ ကတော့ ထပ်တူကျကောင်းကျလိမ့်မယ်”
နားမလည်ဟန်အကြည့်တစ်ခု ရောက်လာမယ်ဆိုတာကို သိသော်လည်း ကျွန်တော် လှည့် ထွက်ခဲ့လိုက်ပါသည်။
ကျွန်တော့် နောက်သို့ ဇေသူအပါအ၀င် မည် သူမျှ လိုက်မလာခဲ့ပါ။ ဒါပေမဲ့ ချစ်ခြင်းတစ်ခု ကတော့ ကျွန်တော့် ဆီ ကပ်ငြိပါလာပါသည်။ ပြီးတော့ ကျွန်တော် စကားတစ်ခွန်းကို တိုးတိုး ဆို ဖြစ် သည်။
“ကောင်မလေးရယ် …. ကိုယ့်အတွက်နဲ့တော့ မင်းဘယ်တော့မှ နံပါတ်(၂)မ ဖြစ်စေရ ဘူး။ တရှိုက်မက်မက်နဲ့ပဲ အရှုံးကို လက်ခံလိုက်မှာ ပါ”
VII
ခန်းမကြီးတစ်ခုလုံးက ဘောလုံးပစ်သံ၊ ပုတ်သံ၊ ဂိုးပစ်သံ၊ အော်ဟစ်သံတွေ နှင့် အသက်ဝင် နေသည်။ ကျွန်တော် ပွဲကြည့်စင်၏ မှော င်ရိပ်ကျကျထောင့်တစ်ခုမှာ ထိုင်ရင်း ကွင်းထဲ၌ ကစားနေ ကြသည်ကို ကြည့်နေမိသည်။
ဆရာ ဦးစိုးဝင်းကိုယ်တိုင် လေ့ကျင့်ပေးနေသည်မို့ ကစားသမားတို့မှာ ခိုလို့မရ။ အားကျိုး မာန်တက် ဂရုစိုက်ကာ ကစားနေရသည်။ ကစားသမားထဲမှာ တော့ တစ်ယောက် သော သူက ထူးထူးခြားခြား ပေါ်လွင်နေသည်။ သူက ကျော်စိုး။
အပေးအယူ၊ အလှည့်အထွက်၊ ပေးပို့မှု ၊ ဖန်တီးမှု ၊ ဂိုးသွင်းမှု အားလုံးက လေ့ကျင့်ရည်ပြည့် ၀နေကာ သပ်ရပ်နေသည်။ သက်လုံကောင်းမှု ကလည်း ပရော်ဖက်ရှင်နယ်တန်းတစ်ခုမှာ ထဲထဲ ၀င်ဝင် ဖြစ်လောက်သည်။ ကျွန်တော့် ကိုတော့ မည် သူမျှ မြင်ဦးမည် မဟုတ်ပါ။ သူ့တို့ လေ့ကျင့်ကွင်း မဆင်းမီကတည်းက ခန်းမထဲရောက်နေခြင်း ဖြစ်ပါ၏ ။ ဒါပေမဲ့ စိတ်မပါသေး၍ ပွဲကြည့်စင်တွင် ထိုင်ကာ သူတို့ကစားပုံအား ကြည့်နေခြင်း ဖြစ်သည်။
ဆရာဦးစိုးဝင်းက စနစ်ကြီးသည်။ စည်းကမ်းကောင်းသည်။ အုပ်ချုပ်မှု နိုင်နင်းသည်။ စိတ်ပညာနှင့် ပတ်သက်၍ ဒေါက်တာ တစ်ယောက် ဖြစ်သော်လည်း သင်ကြားပေးအပိုင်းတွင် အချိန်ပိုင်းနည်းပြအ ဖြစ်သာ တာဝန်ယူထားသည်။ ဒါပေမဲ့ ယခုလိုအားကစားပိုင်းတွင် တော့ ကျွန်တော် တို့ တက္ကသိုလ်ဘတ်စကက်ဘောအသင်း၏ အုပ်ချုပ်သူ။
ဆရာဦးစိုးဝင်းကိုယ်တိုင်ရှိနေ၍ အဖွဲ့သားများ အားလုံးက လက်စွမ်းပြနေကြ၏ ။ ကျွန်တော် တော့ မပါဝင်သေး။ တစ်နှစ် အတွင်း မထင်ရလောက်အောင် လက်တက်လာသော ကျော်စိုး၏ ကစားပုံကို ကျွန်တော် အာရုံစူးစိုက်ကာ ကြည့်နေမိသည်။ ပြီးတော့ ကျော်စိုး၏ ကြိုးစားအားထုတ် မှု ကိုလည်း သဘောကျနေမိသည်။
“အေးလေ .. မနှစ် က မရလိုက်တဲ့ လက်ခုပ်သံတွေ ဒီနှစ် သူပြန်ကြားအောင် အစွမ်းကုန် ကြိုးစားတော့မှာ ပေါ့”
ထိုသို့ တွေးရင်း ကျွန်တော် ခေါင်းဆတ်မိသည်။ ထိုစဉ်မှာ ပဲ ဆေးပြင်းလိပ်နံ့တစ်ခုကို နီးနီး ကပ်ကပ် ကျွန်တော် ရလိုက်၏ ။ ချက်ချင်း ပင် ဘေးဘီသို့ လှည့်ကြည့်တော့ ….
“၀မ်”
နှုတ်မှ တိုးတိုးထွက်သွားသည်။ ဟုတ်ပါသည်။ ကျောင်းစောင့်ဂျပန်အဘိုးကြီး ၀မ်မှာ ကျုံလှီ နှေးကွေးစွာ နဲ့ ကျွန်တော် ရှိရာဘက်ဆီ လာနေသည်။ အနီးနားရောက်တော့ သူကအရင် ကျွန်တော့် အား ပြုံးရယ်ပြ၏ ။
ဆေးပြင်းလိပ်ကို နှစ် ပေါင်းများ စွာ ရှုရှိုက်ထားသည်မို့ သွားဖုံးနှင့် သွားတွေ က ညိုညစ်ညစ် မည်းနေသည်။ နှုတ်ခမ်းက ပြာသည်ထက်ပိုကာ ပျော့တွဲ ကျနေသော အသားအရေတွေ နှင့် ကြည့်ရ တော် တော် ဆိုးသည်။ သို့ သော် နှုတ်ဆက်နေသည်မို့ ကျွန်တော် ပြန်လည်ပြုံးပြလိုက်သည်။
ဝမ်က ကျွန်တော့် ဘေးတွင် ၀င်ထိုင်တော့ ညှဉ်းသိုးသိုးအနံ့အသက်တစ်ခုက နှာခေါင်း တွင် တိုးဝင်လာသည်။ ထိုစဥင်္မှာ ပဲ ကစားကွင်းဆီမှ ဂိုးဟူသော အော်သံကို ကြားရသည့်အတွက် ၀မ်ရော ကျွန်တော် ပါ ကစားကွင်းဆီ ကြည့်မိသွားတော့ ကျော်စိုးဂိုးသွင်းသွားခြင်းပါ။
ကျွန်တော် ကျေကျေနပ်နပ် ပြုံး ဖြစ်သည်။ ဒီလက်အတိုင်းသာ ကျော်စိုးဆက် သွားပါက သေချာသည်။ ဒီနှစ် တက္ကသိုလ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲမှာ ကျွန်တော် တို့အသင်း မှု စရာ မရှိနိုင်တော့။
တွေးနေမိစဉ်မှာ ပဲ ….
“လူလေး… မင်းရော ၀င်မကစားဘူးလား”
မြန်မာသံပီပီသသမဟုတ်ပေမယ့် နားရည်ဝနေသည်မို့ ၀မ်ပြောသည့်စကားကို နားလည် သည်။ ကျွန်တော် ခေါင်းညိတ်ပြရင်း ….
“ဟုတ်ကဲ့ .. ၀မ်၊ ကျွန်တော် စိတ်မပါလို့ ၀င်မကစားသေးတာ”
ကျွန်တော့် စကားကြောင့် ၀မ်က ခေါင်းကိုငုံ့ကာ ခပ်တည်တည်ကြည့်သည်။ ပြောလိုက် သော စကားနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဘ၀င်မကျ ဖြစ်သွားဟန်တူ၏ ။ ထင်သည့်အတိုင်းပင်…
“အနုပညာမှမဟုတ်တာကွာ အားကစားမှာ စိတ်ပါတယ်မပါဘူး ရှိသေးလို့လား”
ပြန်ဖြေရန်စကားတို့ ကျွန်တော့် မှာ ချက်ချင်း မရှိ။ ဒါပေမဲ့ ….
“စိတ်မပါဘူးဆိုပေမယ့် အဲဒီ စိတ်မပါတာကို ဖိလုပ်နေရင်းနဲ့မှ အလိုလိုစိတ်ပါသွားတာ တွေ လည်း ရှိတယ်။ လွယ်လွယ်ပြောရရင် ၀ိညာဉ်နှိုးတာပေါ့ကွာ။ တကယ်တော့ တို့တွေ လူ ဖြစ် လာကတည်းက အလုပ်အတော် များများ ကို အလိုလို တတ်မြောက်ပြီးသားကွ။ သဘောကိုမသိ လို့။ ၀ိညာဉ်နှိုးတယ်ဆိုတာ အမှန်တော့ တတ်မြောက်ပြီးသား ဘာသာရပ်တွေ ပေါ်ထွက်လာ အောင် အစပျိုးပေးတာပဲ”
အဘိုးကြီးစကားထဲ၌ နာယူစရာအကြောင်းတော် တော် များများ ကို တွေ့ လိုက်သည်။ ဟုတ်၏ ။ တချို့အလုပ်တွေ တွင် ကိုယ်က စိတ်မပါပေမယ့် မကောင်းတတ်၍ လည်းကောင်း၊ ဘာရယ်မဟုတ် စမ်းကြည့်ချင်၍ လည်းကောင်း လုပ်ကြည့်ရင်းမှ ၀ါသနာပိုးဝင်သွားပြီး အောင်မြင် သွားတာတွေ ရှိသည်။
ယခု အဘိုးကြီးဝမ်ပြောသွားသည့် စကားက ထိုအချက်တွေ ကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြသွားသည့်စကားပါ။ စိတ်ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ လုပ်ရမည့် အလုပ်ကို တော့ လုပ် ဖြစ်အောင်လုပ်ရမည် မဟုတ်ပါလား။ ယခုလည်း စိတ်မပါပေမယ့် ကိုယ်လုပ်ရမယ့်အလုပ်ကို တော့ လုပ်ပေမည် ။
ကစားကွင်းဆီလှမ်းကြည့်တော့ အားလုံးလိုလိုပင် တက်တက်ကြွကြွ ကစားနေကြ၏ ။ လေ့ကျင့်ရုံသက်သက်သာ ဖြစ်သော်လည်း အားလုံးက ကြိုးကြိုးစားစား၊ ကစားကွင်းဆီ အကြည့် ရောက်နေစဉ်မှာ ပဲ နံဘေးမှ ဘာတွေ မှန်းမသိသည့် စကားဆန်းဆန်းတွေ ကို ကြားနေရသည်။ ပြောသူက ဆေးလိပ်ကို အားရပါးရ ဖွာရှိုက်နေသည့် ကျောင်းစောင့်အဘိုးကြီး ၀မ်။
“သူတို့လည်း ဘတ်စကက်ဘောကစားနည်းကို တော် တော် ၀ါသနာကြီးတဲ့ မိသားစုပဲ။ ညနေဘက်ဆို မိသားစုတွေ ကစားကြတာပေါ့။ ဒီနေရာမှာ ပဲ ဖြစ်ပါလိမ့်မယ်။ ကြာခဲ့ပါပြီ။ နှစ် တွေ ကြာခဲ့ပြီဆိုပေမယ့် လွယ်လွယ်နဲ့တော့ မေ့ရခက်သားလား”
ဘာတွေ ပြောနေမှန်း မသိခဲ့ပါ။ သိအောင်လည်း ကြိုးစားဖို့ စိတ်မကူးခဲ့ပါ။ ကစားပွဲအား ကြည့်နေရင်းနဲ့ပင် ကျွန်တော် မတ်တတ်ထရပ်လိုက်မိသည်။ ပြီးတော့ ဘေးမှအဘိုးကြီးအား ဦးညွတ်နှုတ်ဆက်ရင်း ကျွန်တော် ကွင်းထဲသို့ ဆင်းသွားခဲ့၏ ။
ကွင်းထဲရောက်လာသော ကျွန်တော့် ကို ဆရာဦးစိုးဝင်းက တစ်ချက်လှမ်းကြည့်သည်။ ဘာမျှတော့ မပြော။ ကစားဖော်အချို့ကလည်း ကြိုဆိုသော မျက်နှာထားတွေ ဖြင့် ပြုံးရယ်နှုတ် ဆက်ကြသည်။
ကျွန်တော် ပြန်လည်ပြုံးရယ်ရင်း ကျောပိုးအိတ်ကိုပြင်လွယ်ကာ အ၀တ်လဲခန်းထဲသို့ ၀င်ခဲ့ လိုက်ပါတော့၏ ။
ကျွန်တော် ကစားဖို့ စိတ်ပါလာနေပြီ။
VIII
ညမှော င်မှော င်က ပုရစ်သံ၊ ပုစဉ်းရင်ကွဲသံ၊ ချိုးချိုးချွတ်ချွတ် သစ်ရွက်ခတ်သံတွေ ဖြင့် ညဂီတကို အသက်သွင်းနေသည်။ ကျောင်းဝင်းကြီး ကတော့ အိပ်မောကျချိန်ကို မရောက်သေး။ ဟိုအဆောင်၊ ဒီအဆောင်တို့ဆီမှ မီးရောင် တစ်ပြ၊ နှစ် ပြကို မြင်နေရသေးသည်။
ဥရောပဆန်ဆန် ဆောက်လုပ်ထားသော အိမ်တစ်ဆောင်၏ အခန်းတစ်ခုအတွင်းမှာ က လင်းပြပြမီးရောင် ဖြင့် လူကြီး တစ်ယောက် စာထိုင်ဖတ်နေသည်။ သူ၏ ပတ်ပတ်လည်မှာ က ကြီးမားလှသော စာအုပ်စင်ကြီးတွေ ဖြင့် ။ ထိုစာအုပ်စင်အပေါ်မှာ က တန်းစီချိတ်ဆွဲထားသော ဓာတ်ပုံကြီး ဆယ့်သုံးပုံရှိနေသည်။
ထိုဓာတ်ပုံတို့၏ ရှေ့တွင် လည်း လည်သာအဖုံးထူထူနှင့် ချုပ်လုပ်ထားသော စာအုပ်ထူထူ ကြီးတစ်အုပ်စီကို ထောင်ထားသည်။ ချိတ်ဆွဲထားသော ဓာတ်ပုံကြီးများ က ဤကျောင်းကြီး စတင် တည်ထောင်ျခိန်မှစ၍ တာဝန်ယူအုပ်ချုပ်ခဲ့ကြသော ကျောင်းအုပ်ဆရာကြီးများ ၏ ဓာတ်ပုံတွေ ပါ။ သူတို့ရှေ့မှ စာအုပ်ထူတစ်အုပ်စီက သူတို့ စတင်ကိုင်တွယ်အုပ်ချုပ်သည့်နေ့မှစ၍ ပြီးဆုံးပြောင်း ရွှေ့ကြသည့်အချိန်အထိ မပျက်မကွက် ရေး ထိုးမှတ်တမ်းတင်ခဲ့ကြသော ဤကျောင်းကြီးအတွက် သူတို့၏ မှတ်တမ်း။
ဒါပေမဲ့ ဓာတ်ပုံကသာ ဆယ့်သုံးပုံရှိသော်လည်း မှတ်တမ်းစာအုပ် ကတော့ ဆယ့်တစ်အုပ် သာရှိသည်။ အဘယ်ကြောင့် န်ညး။
ခြောက်ယောက် မြောက် ကျောင်းအုပ်ကြီး၏ ရှေ့မှာ နှင့် ဆယ့်သုံးယေက်မြောက် ယခုလက် ရှိအုပ်ချုပ်နေသော ကျောင်းအုပ်ကြီးတို့၏ ရှေ့မှာ က စာအုပ်နေရာလွတ်လပ်နေသည်။
ယခုလက်ရှိ ဤကျောင်းတွင် အုပ်ချုပ်နေသော ကျောင်းအုပ်ကြီးနာမည် က ဒေါက်တာ ထွန်းလွင်။ ဦးထွန်းလွင်၏ ရှေ့မှာ ကတော့ မှတ်တမ်းစာအုပ်ရှိမနေသေး။ ရေး နေဆဲပဲ ရှိလိမ့်ဦး မည် ။ ခြောက်ယောက် မြောက် ကျောင်းအုပ်ကြီး၏ မှတ်တမ်း ကတော့ ယခု ဦးထွန်းလွင်ဖတ်နေ၍ လွတ်လပ်နေခြင်းပါ။ ဤကျောင်းကြီး၌ အုပ်ချုပ်ခဲ့သော ကျောင်းအုပ်များ မှာ မြန်မာနိုင်ငံသားများ လည်း ရှိခဲ့သလို ပြည်ပနိုင်ငံ ကျောင်းအုပ်များ လည်း ရှိခဲ့ဖူး၏ ။
ယခု ဦးထွန်းလွင်ဖတ်နေသော ခြောက်ယောက် မြောက်ကျောင်းအုပ်ကြီးမှာ တော့ မြန်မာနိုင်ငံသားပင် ဖြစ်သည်။ နာမည် က ဦးသန်းစိန်။ မှတ်တမ်းထူကြီးအား ဖတ်နေရာမှ မျက်လုံး တို့ ညောင်းလာသည့်အတွက် ဦးထွန်းလွင် မျက်လုံးကို ခဏမှိတ်ထားလိုက်သည်။ သိပ်မကျန် တော့။ မနက်ဖြန်ဆို ဤမှတ်တမ်းကြီး ပြီးပေပြီ။
သူ့ရှေ့မှ ကျောင်း ပြောင်းသွား သူ ဆယ့်နှစ် ယောက် မြောက် ကျောင်းအုပ်၏ မှတ်တမ်းမှ စဖတ်ခဲ့ခြင်း ဖြစ်ရာ မနက်ဖြန်ဆိုလျှင်တော့ မှတ်တမ်းခြောက်အုပ် ပြီးပေပြီ။
ဦးထွန်းလွင် မျက်လုံးကိုပြန်ဖွင့်ရင်း မျက်မှန်ကိုချွတ်ကာ စားပွဲ့ပေါ်တင်လိုက်သည်။ အနည်းငယ်အေးလာသည်မို့ ည၀တ်အင်္ကျီရှည်၏ ရင်ဘတို ဆွဲစေ့လိုက်သည်။ ပြီးတော့ မီးရောင် ဖြင့် လင်းနေသော စာဖတ်ခန်းအား ဘာရယ်မဟုတ် တောင်တောင်အီအီ လျှောက်ကြည့်နေမိသည်။
မျက်လုံးရောက်သွားသည် ကတော့ စာအုပ်စင်တို့အပေါ်ဆီမှ ဓာတ်ပုံတွေ ပါပဲ။ အစီအစဉ် မရှိပါဘဲနှင့် ဦးထွန်းလွင် တစ်ယောက် ချင်းလျှောက်ကြည့်မိပါသည်။ ရှေ့မှ အရင်အုပ်ချုပ်သွား သူတွေ ကတော့ ဆိုင်ရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားခဲ့ပြီးပါပြီ။ ယခုအကြိမ်သည် ကတော့ သူ့အလှည့်။
တစ်အောင့်အကြာတော့ မှတ်တမ်းစာအုပ်ကြီးအား ပိတ်ကာ မူလနေရာသို့ သွားပြန်ထား လိုက်သည်။ ကျက်သရေခေါင်းပေါင်းအောင်မှ ဆရာကြီး၏ ခန့်ထည်ဝင့်ကြွားသော အပြုံးတွေ ကအတုယူချင်စရာ။ အလိုလိုပင် ဦးညွှတ်အရိုအသေပေးမိ သွားပါ။ မြန်မာနိုငငံသား ဖြစ်သည့် အတွက် မြန်မာလို ၀တ်စားမှု တွေ ကလည်း အနောက်တိုင်းဝတ်စုံများ ကြားတွင် ထူးခြားပေါ်လွင် နေသည်။
ဆရာကြီး ဦးသန်းစိန်ပြီးတော့ နံဘေးမှ ကပ်လျက် ငါးယောက် မြောက်ကျောင်းအုပ်ကြီး ဆီသို့လည်း အကြည့်ရောက်မိသည်။ သူ ကတော့ ဂျပန်နိုင်ငံသား “ဒေါက်တာမူဟိုင်း”။
အနည်းငယ်တော့ ထူးခြားနေ၏ ။ ဒေါက်တာမူဟိုင်း၏ ဓာတ်ပုံထဲမှ ပုံစံမှာ အခြားကျောင်း အုပ်များ နှင့်မတူဘဲ အနည်းငယ်ထူးခြားနေသည်။ ပင်ကိုပုံစံလေး အကြောင်းတစ်ခုကြောင့် လား မသိ ဓာတ်ပုံထဲတွင် နွမ်းလျအားငယ်ဟန်တို့ ပေါ်နေသည်။ ပြီးတော့ သူ၏ ရှေ့မှ မှတ်တမ်းစာအုပ်။
အစဉ်အဆက် ဆရာကြီးများ ၏ စာအုပ်မျက်နှာဖုံးက လည်သာရောင် ဖြင့် သာ ချုပ်လုပ် ပုံနှိပ်ထားသော်လည်း ဒေါက်တာမူဟိုင်းရှေ့မှ စာအုပ်ကြီးမှာ တော့ အနီရောင် တောက်တောက် ကြီး ဖြစ်နေသည်။
စာအုပ်အနီကြီး။
ထို့ကြောင့် ထိုမှတ်တမ်းကြီးမှာ အားလုံးထဲတွင် ပေါ်လွင်နေသည်။ စိတ်ဝင်စားနေသည်မို့ ယူငင်လှန်လှောကြည့်လိုက်တော့ ပထမစာအုပ်တွေ အတိုင်းပင် အစမှအဆုံးတိုင် အင်္ဂလိပ်ဘာသာ ရပ်ဖြင့် ရေး ထိုးထားသည်။ တချို့စာမျက်နှာများ တွင် လည်း မှတ်တမ်းတင်ဓာတ်ပုံများ ကို တွေ့ ရ ၏ ။
မျက်နှာဖုံးအရောင် ချင်း ကွဲလွဲသည်မှလွဲ၍ ကွာခြားမှု တော့ သိပ်မတွေ့ ရပါ။ ဒါပေမဲ့ ထိုမှတ်တမ်းအား ကိုင်မိချိန်တွင် ထူးထူးခြားခြား ဖတ်ချင်စိတ်ပေါ်လာမိသည်။ သို့ သော်လည်း မသိလိုက်မသိဘာသာ နေမိရင်း စာအုပ်အား မူလနေရာသို့ ပြန်တင်ထားလိုက်မိသည်။ အချိန်မရှိ တော့။
ဒါပေမဲ့ နောက်တစ်ရက် နှစ် ရက်အတွင်းမှာ တော့ သေသေချာချာ ဖတ်မိပေလိမ့်မည် ။ ထို့နောက်တော့ ဦးထွန်းလွင် စာကြည့်စားပွဲအား ဖြတ်ကျော်ရင်း ပြတင်းပေါက်ဆီသို့ သွားလိုက် သည်။ ဖွင့်လိုက်တော့ ပြင်ပလေတစ်သုတ်က ဖြိုးဖြိုးဖျန်းဖျန်း ၀င်လာ၏ ။ ထိုလေနှင့် အတူ ခပ်ဝေး ဝေး ကျောင်းသားဆောင်တို့ဆီမှ ဂီတာသံသဲ့သဲ့ကို ကြားလိုက်ရ၏ ။
ညဥ့်နက်လှပြီ ဖြစ်သော်လည်း ကျောင်းသားဘ၀ကို တိတိပပခံယူကာ ပျော်ရွှင်နေကြဆဲ။
တစ်အောင့်ကြာအောင် ဦးထွန်းလွင် တစ်ယောက် အဓိပ္ပာယ်မဲ့ ပြတင်းမှာ ရပ်နေလိုက် သည်။ ထိုစဉ်မှာ ပဲ အသံတစ်ခုက တစ်မူထူးကာ နားတွင်းဝင်ရောက်လာသည်။
“ဟင် …. ”
ညင်းပျောင်းသွဲ့ဖွဲ့သော လက်သံတစ်ခု။
ထူးထူးခြားခြား ပျံ့လွင့်ကာ လာသည်။
ဘယ်အရပ်၊ ဘယ်ဆီက ပျံ့လွင့်လာမှန်းမသိပေမယ့် လက်သံက လွမ်းလွမ်းဆွေးဆွေးနိုင် လှသည်။ ပြီးတော့ ၀မ်းနည်းမှု နှင့် သတိရမှု တွေ ဆွတ်ရည်နေသည်။
ဤလိုညမျိုးမှာ ကြားရသည့်အတွက်
တိုးတိတ်ညင်သာစွာ
ပျောင်းအိစိုက်ငြိစွာ …
သာသာလေး
“တယောသံ”
IX
“၁၀၀၀ မီတာ/စက္ကန့် အရှိန်နဲ့ ပြောင်းဝက ပစ်လွှတ်လိုက်တဲ့ ကျည်တစ်စင်းကို လက်နဲ့ ဖမ်းယူမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား”
“မ ဖြစ်နိုင်ပါဘူး”
“တစ်ခန်းလုံးက ဆရာ၏ အမေးကို အုံးအုံးကျွက်ကျွက်ထအော်ကြသည်။ အခန်းထဲတွင် စာသင်နေတာပါ။ ကျွန်တော် ကတော့ ထုံးစံအတိုင်း နောက်ဆုံးမှာ ပါပဲ။ “သဲ” ကတော့ သူမထိုင်နေ ကျရှေ့ပိုင်းမှ နေရာတစ်ခုမှာ ပဲ ထိုင်နေသည်။
စာသင်နေသူက ဆရာဦးစိုးဝင်း။ ကျွန်တော့် ဘေးတွင် ဇေသူနှင့် နေလင်းတို့ နှစ် ယောက် ရှိ နေသည်။ စာသင်ချိန်မရောက်ခင်ကတည်းက ကျွန်တော် တို့ဘတ်စကက်ဘောသမားများ ထရိန် နင်ဆင်းထားသည်မို့ ဆရာဦးစိုးဝင်းက လွတ်လပ်ခွင့်ပေးထားသည်။
သို့သော်လည်း ကျွန်တော် တို့အားလုံးမှာ မပျက်မကွက် ဆရာ့အချိန်ကို တက်ကြပါ သည်။ အားလုံးဆိုသော်လည်း ကျွန်တော် တို့သုံးယောက် မှာ ကျွန်တော် တစ်ယောက် တည်းပါ။ ဇေသူနှင့် နေလင်းက ဘတ်စကက်ဘောအသင်းတွင် မပါ။ အခြားပါဝင်သူတွေ တော့ အခန်းထဲမှာ ရှိနေ သည်။
အမှန်က ဆရာဦးစိုးဝင်းသင်သော ဘာသာရပ်သည် အတန်းတက်ရေး မတက်ရေး နှင့် မဆိုင်ပါ။ ဆိုလိုသည်က စာမေးပွဲနှင့် မဆိုင်။ စာမေးပွဲဖြေရမည့်  ဘာသာရပ်တို့တွင် ဆရာဦးစိုးဝင်း ခွဲဝေယူမထား။ အဓိကအကြောင်းအရာနှင့် မသက်ဆိုင်သော်လည်း ဆရာ့အချိန်ဆို လူပြည့်သည်။ တက်တက်ကြွကြွ ၀င်ရောက်သင်ယူကြသည်။ ကြိုးစားကြသည်။ ဘာကြောင့် လဲ။
အကြောင်းတစ်ခုတော့ ရှိပါသည်။ ဆရာဦးစိုးဝင်းက ပြန်ဖြေသော စကားတို့ကြောင့် မဲ့ပြုံးပြုံးရင်း ခေါင်းကို တဆိတ်ဆိတ်ညိတ်ကာ ….
“အခြေအနေတစ်ခုခုမှာ ဆိုရင်ရောကွ”
“မ ဖြစ်နိုင်ပါဘူး”
ဒီတစ်ခါလည်း ကျယ်ကျယ်လောင်လောင်အောင်သံတို့ ကျွတ်ကျွတ်ညံသွားသည်။ သို့ သော် တချို့တစ်ဝက်သာအော်၍ တစ်ချို့က ငြိမ်သွားကြသည်။
“ဟုတ်ပါ့မလားကွ။ မင်းတို့ကို အနီးစပ်ဆုံး ဥပမာပေးမယ်။ မီတာ ၂၀၀၀ အမြင့်မှာ ပျံသန်း နေတဲ့ ကောင်းကင်က လေယာဉ်တစ်စင်းထဲမှာ မင်းတို့ရှိနေကြတယ်ဆိုပါစို့။ ငါက ဒီကနေပြီး တော့ မင်းတို့ လေယာဉ်ဆီကို ၁၀၀၀ မီတာ/စက္ကန့် ကျည်ထွက်အားရှိတဲ့ သေနတ်နဲ့ ကျည်ဆန် တစ်တောင့်ပစ်တင်လိုက်မယ်ဆိုရင် မင်းတို့ အဲဒီ ကျည်ဆန်ကို ဖမ်းလို့ရနိုင်မလား”
ဒီတစ်ခါတော့ ချက်ချင်း မဖြေ ကတော့။ ခဏတာ တိတ်ဆိတ်သွားသည်။ သို့ သော်လည်း ….
“ဖမ်းလို့ မရနိုင်ဘူး”
ရှေ့ဘက်ပိုင်းမှ ကျောင်းသား တစ်ယောက် က ထပြောသည်။ အားလုံး၏ အာရုံက ထိုကျောင်းသားပေါ် ရောက်သွားကြ၏ ။ ဆရာဦးစိုးဝင်းက ရဲတင်းပွင့်လင်းသော ထိုကျောင်းသား ပုံစံကိုကြည့်၍ နှစ် နှစ် ခြိုက်ခြိုက် ခေါင်းညိတ်ကာ …
“ဟုတ်ပြီ …. ဘာလို့ ဖမ်းမရနိုင်တာလဲဆိုတာ ပြောပြပါဦး”
“ကျွန်တော် တို့က အထက်လမ်း၊ အောက်လမ်းပညာရှင်တွေ မဟုတ်ဘူး။ အင်းအိုင် လက်ဖွဲ့ တွေ လည်း မဆောင်ထားဘူး။ တုတ်ပြီး၊ ဓားပြီး ၊ သေနတ်ပြီးဆေးတွေ လည်း မထိုးထားဘူး။ အဲဒီ တော့ ၁၀၀၀ မီတာ/စက္ကန့်အရှိန်နဲ့ ထိုးတက်လာတဲ့ ကျည်ဆန်ကို လက်နဲ့သာ ဆီးဖမ်းရင် လက်ဝါးပေါက်ထွက်သွားဖို့ပဲ ရှိပါတယ်။ ကျည်ဆန်ကိုတော့ ဖမ်းလို့မိနိုင်မယ်မထင်ပါဘူး”
နောက်တန်းမှ ကျောင်းသားအချို့ ပြုံးစိစိတွေ ဖြစ်ကုန်သည်။ ဇေသူနှင့် နေလင်းလည်း ထိုကျောင်းသားအဖြေကြောင့် ရယ်ကျဲကျဲလုပ်ကြသည်။ ထိုစဉ်မှာ ပင် ….
“ဟုတ်ပါတယ်။ သေနတ်ကျည်ဆန်ကို လက်နဲ့ဖမ်းဖို့ဆိုတာ ဘယ်လိုမှမ ဖြစ်နိုင်ပါဘူး”
နောက်တစ်ကျောင်းသား တစ်ယောက် က တိတိကျကျ ထပြောသည်။ ဆရာဦးစိုးဝင်း နောက်တစ်ကြိမ် ထပ်ပြုံးသွားသည်။
“ကဲ …. ပြောကြည့်စမ်းပါဦး”
လမ်းကြောင်း ဖွင့်ပေးလိုက် တော့ ….
“သေနတ်ဆိုတာ လူသတ်လက်နက်ပါ။ လူကိုသေစေနိုင်ပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပြောပြော အဓိက လူသတ်ဖို့ တီထွင်ထားတာပါ။ အဲလို လူသတ်ဖို့ တီထွင်ထားတဲ့ သေနတ်ကထွက်လာတဲ့ ကျည်ဆန်ကို လက်နဲ့သာ ဖမ်းလို့ရမယ်ဆိုရင် အဲဒီ သေနတ်က လက်နက်မဟုတ်တော့ဘဲ ကလေးကစားစရာ ဖြစ်သွားမှာ ပေါ့”
“၀ါး” ခနဲ ရယ်သံတွေ အခန်းတွင်းမှာ ဆူညံသွားသည်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ လက်နဲ့သာ ဖမ်းလို့ရပါက ကလေးကစားစရာ ဖြစ်သွားမှာ ပေါ့။ ထိုစကားကြောင့် ဆရာကိုယ်တိုင် လည်း ပြုံးသွားသလို ကျွန်တော် လည်း လိုက်ပြုံးမိသည်။
ဇေသူနှင့် နေလင်း ကတော့ အများ နည်းတူ လိုက်ရယ်ကြသည်။ ရယ်သံတွေ ဆုံးသွား သည့်တိုင် ဆရာက တစ်စုံတစ်ရာမပြောသေး။ မိမိအတွေးကို ၀င်ရောက်တင်ပြမည့်  နောက်တစ်ဦး ကို ငံ့လင့်နေသည်။ ထင်သည့်အတိုင်းပင် ရယ်သံတွေ နှင့် အတန်ငယ်ဝေးသွားချိန်မှာ မိန်းကလေး တစ်ယောက် မတ်တတ်ထရပ်၏ ။
“ကဲ … ဟုတ်ပြီ။ မိန်းကလေးတွေ ဘက် ကတော့ တစ်ယောက် ဈေးဦးပေါက်သွားပြီ။ ပြောပါဦး သမီးကရော ဖမ်းနိုင်မယ်ထင်လား”
ခေါင်းခါယမ်းလိုက်သည်ကို မြင်ရ၏ ။ အခန်း၏ ဟိုနေရာ ဒီနေရာတို့ဆီမှ ခိုးခိုးခစ်ခစ် ရယ်သံ အချို့ထွက်လာသည်။ ထိုခဏမှာ ပဲ ထရပ်သူမိန်းကလေးက သူ၏ အမြင်ကို ဖွင့်ပြသည်။
“သာမန်လက်နဲ့ပဲ ဖမ်းရမှာ ဖြစ်တဲ့အတွက် ဖမ်းလို့မရနိုင်တာပါ”
“နင့်ကြီးတော် ကြီး လက်နဲ့ဖမ်းရမှာ ပါဆိုမှ သာမန်လက်နဲ့မဖမ်းဘဲ နင်က ဘာနဲ့ဖမ်းချင် လို့တုံး”
ကျွန်တော် စိတ်ထဲမှ ပျစ်ပျစ်နှစ် နှစ် ပြော ဖြစ်သည်။“၀ါး”ခနဲ ထမရယ်ကြသော်လည်း သူ့ဟာနဲ့သူ ရယ်သံတွေ တော် တော် စီသွား၏ ။
“ဒီလိုပါ။ ၁၀၀၀ မီတာ/စက္ကန့်အရှိန်နဲ့ တက်လာတဲ့ ကျည်ဆန်ကို ခုန တစ်ယောက် ပြော သွားသလို လက်နဲ့ဆီးမဖမ်းဘဲ ဆုပ်ကိုင်ဖမ်းယူမယ်ဆိုရင်တောင်မှ ဖမ်းမိဖို့ မ ဖြစ်နိုင်ပါဘူး။ ကျည်ဆန်ရဲ့ ပွတ်မှု အားကြောင့် အုပ်ကိုင်ဖမ်းမိတဲ့ ကျွန်မတို့လက်တွေ စုတ်ပြတ်သွားနိုင်ပါတယ်။ အဲဒါကြောင့် ” သာမန်ရိုးရိုးလက်နဲ့ ကတော့ ကျဉ်ဆန်ကို ဖမ်းဖို့မ ဖြစ်နိုင်ဘူးလို့ ပြောချင်တာပါ”
အဖြေဆုံးတော့ မရယ်ြ ကတော့ပါ။ သူ့ဟာနဲ့သူ ဟုတ်သယောင်ရှိနေသည်ကိုး။
ဒါပေမဲ့ ဆရာလိုချင်သည့်အဖြေတစ်ခု မဟုတ်မှန်းတော့ တွေးမိကြသည်။ သို့ သော်လည်း နောက်ထပ်တင်ပြဆွေးနွေးမည့် သူတွေ မတွေ့ ရတော့။ မည် သူမျှ မတ်တတ်ထမရပ်ြ ကတော့ပါ။
“ဘယ်လိုလဲကွ။ ဆွေးနွေးမဲ့သူ ကုန်သွားပြီလား”
ပြန်ဖြေသံမကြား။ ဆရာဦးစိုးဝင်းက တစ်ခန်းလုံးအား ဝေ့ကြည့်ရင်း …..
“ဒီလောက်လေးပဲလားကွ။ လူအများ ကြီးထဲမှာ မှ ကိုယ့်အမြင်ကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ရဲတာ ခုနသုံးယောက် ပဲ ရှိတာလား”
ပြောပြီး ဆရာ့အကြည့်က ကျွန်တော့် ဆီရောက်လာသည်။ ကျွန်တော် သဘောပေါက်ပါ သည်။ သို့ သော်လည်း တစ်ယောက် ယောက် ကို ကျွန်တော် ဦးစားပေးချင်မိသည်။ ရှေ့ကိုလှမ်း ကြည့်တော့ သူမက ခပ်တည်ငြိမ်နေ၏ ။
“Roll-1 to 5 ရထားတဲ့သူတွေ ဘယ်ရောက်ကုန်ပြီလဲ။ မရြှိ ကတော့ဘူးလား”
ခန္ဓာကိုယ်ပင် ရှိန်းခနဲ ဖြစ်သွားရ၏ ။ ကျွန်တော့် လိုပင် Roll- 1 to 5 တွေ အားလုံးလည်း ဖြစ် သွားကြမှာ သေချာသည်။ တစ်ခုံကျော်မှ Roll-3 အောင်ရဲထွန်းက မသိမသာလှည့်ကြသည်။ ဂရု မစိုက်မိပါ။ အာရုံအားလုံးက သူမထံပါးမှာ ရောက်နေသည်။
ကျောက်ရုပ်တစ်ရုပ်လို ငြိမ်ကာထိုင်နေ၏ ။ ထိုအခြေအနေမျိုးမှာ ပင် ကျွန်တော် တမ်းတမ်း တတ ရင်ခုန် ဖြစ်လိုက်ပါသေးသည်။ ဆရာ၏ အကြည့်က ကျွန်တော့် ထံ ဒုတိယအကြိမ် ရောက်လာ သည့်အချိန်မှာ တော့ မ ဖြစ်တော့ပါ။
မဟော်ဂနီရောင် ဆံနွယ်တို့ ကျဲချထားသော နောက်ကျောပြင်လေးအား နင့်နင့်နဲနဲကြည့် ရင်း ….
“မင်း မထလို့ပါ သဲ”
ကျွန်တော် မတ်တတ်ထရပ်လိုက်တော့ သက်ပြင်းချသံတိုးတိုးကို ကြားရသည်။ ရှေ့တစ်ခုံ ကျော်မှ အောင်ရဲထွန်းပါ။ ဆရာ ကတော့ ယခုမှ ဘ၀င်ကျသွားသလို မျက်နှာကို ပြုံးယောင်ပြုရင်း ….
“ကဲ .. သက်တံ့ ၊ မင်းဆိုရင်ရော ဖမ်းနိုင်ပါ့မလား”
“ဖမ်းနိုင်ပါတယ်”
တစ်ခန်းလုံး၏ တအံ့တသြအကြည့်များ ကျွန်တော့် ထံရောက်လာသည်။ ဆရာက ကျွန်တော့် အား ခပ်တည်တည်ကြည့်ကာ ခေါင်းညိတ်သည်။ နောက် …
“ဆက်ပြော ….”
“ဆရာပစ်လွှတ်လိုက်တဲ့ ကျည်ဆန်ကို ကျွန်တော် အချိန်တစ်ခုမှာ ဖမ်းနိုင်ပါလိမ့်မယ်”
“ဘယ်အချိန်မှာ လဲ”
တစ်ခန်းလုံး ကြားလောက်သော လေသံဖြင့် ဆရာကမေးလိုက်တော့ ….
“လေယာဉ်နဲ့ ကျည်ဆန် အလျင်ချင်း၊ လားရာချင်း တူသွားတဲ့အချိန်”
ဆရာ ပြုံးသွားပေပြီ။ ကျေနပ်ပြုံးတစ်ခုဖြင့် ခေါင်းကိုညိတ်ကာ ….
“ဟုတ်ပြီ။ ဘာကြောင့် ဖမ်းနိုင်တာလဲဆိုတာ ဆက်ရှင်းပြလိုက်တော့”
“အမြင့် ၂၀၀၀ မီတာမှာ ပျံသန်းနေတဲ့ လေယာဉ်ပေါ်ကကျွန်တော် တို့ဟာ ဆရာပစ်လွှတ် လိုက်တဲ့ ကျည်ဆန်နဲ့ အလျင်ချင်း လားရာချင်းတူသွားတဲ့အချိန်မှာ အလွယ်တကူ ဖမ်းလို့ရနိုင်ပါ တယ်။ ဒီလိုပါ။ ရူပဗေဒသီအိုရီတစ်ခုရှိပါတယ်။ အရာဝတ္ထုတစ်ခုကို ပင့်မြှော က်လိုက်ရင် အဲဒီ အရာဝတ္ထုဟာ သူနဲ့သက်ဆိုင်တဲ့အရှိန်နဲ့ အမြင့်ကိုတက်သွားပြီး အမြင့်တစ်နေရာအရောက်မှာ အဲဒီ ၀တ္ထုက အလျင်ကုန်ပြီး ရပ် သွားပါတယ်။ ပြီးတော့ အောက်ကို ပြန်ကျလာတယ်။
အဲဒီ အတိုင်းပါပဲ။ အောက်က ဆရာပစ်လွှတ်လိုက်တဲ့ ကျည်ဆန်က ထွက်ထွက်ချင်း ၁၀၀၀ မီတာ/စက္ကန့်ဆိုပေမယ့် လမ်းတစ်လျှောက် ဖြတ်သန်းလာရတဲ့ လေထုရဲ့ ထုထည်ကာဆီးမှု ၊ ကမ္ဘာမြေရဲ့ ဆွဲအားတို့ကြောင့် ကျွန်တော် တို့လေယာဉ်နားရောက်တဲ့အချိန်မှာ အလျင်လျော့နည်း သွားပါပြီ။
ကျည်ဆန်တစ်တောင့်ရဲ့ အောက်ကို ပြန်ကျခါနီး အလျင်က (၄၀မီတာ/စက္ကန့်) လောက်ပဲ ရှိပါတော့တယ်။ အဲဒီ အလျင်မျိုးကို သာမာန်လေယာဉ်တွေ လည်း သွားနိုင်ပါတယ်။ ဒီတော့ လေယာဉ်နဲ့ကျည်ဆန် အလျင်ချင်း လားရာချင်းတူညီနီးကပ်သွားရင် ကျည်ဆန်ကို အလွယ်တကူ လှမ်းဖမ်းလို့ရလောက်ပြီပေါ့”
စကားဆုံးတော့ တစ်ခန်းလုံး ငြိမ်ကျ သွားပါသည်။ ကျွန်တော် ၏ ယူဆချက် မှန်မမှန်ကို လည်း သိချင်သွားကြသည်ထင်၏ ။ ဆရာ့ဆီမှ ကြားရမည့် အဖြေကို နားစွင့်သွားကြသည်။ ဒါပေမဲ့ ဆရာက ….
“သက်တံ့ရဲ့ ယူဆချက် မှန်မမှန်ဆိုတာ ဆရာဆုံးဖြတ်မပေးတော့ဘူး။ ခုနလိုပဲ သက်တံ့ အယူအဆကို ဘယ်သူထောက်ခံပြီး ဘယ်သူငြင်းမလဲ ထပ်ပြီး ဆွေးနွေးကြ”
စကားဆုံးသွားချင်းပင် မိန်းကလေး တစ်ယောက် ထရပ်၏ ။ မှတ်မိပါသည်။ ခုန ၀င်ရောက် ဆွေးနွေးသွားခဲ့သော သုံးယောက် ထဲမှ မိန်းကလေးပါ။
“ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျွန်မဆွေးနွေးသွားတုံးကလိုပဲ အရှိန်နဲ့သွားနေတဲ့ ကျည်ဆန်ကို လက်နဲ့ဆုပ်ကိုင်မယ်ဆိုတော့ ကျွန်မတို့လက်တွေ ဘာ ဖြစ်သွားနိုင်မလဲ”
“အင်း … ကျွန်တော့် အထင် လက်ပူရုံလောက်ကလွဲပြီး ဘာမှ ဖြစ်သွားမယ်မထင်ပါဘူး။ ဘာ ဖြစ်လို့လည်းဆိုတော့ ကျည်ဆန်က ပြောင်းဝက ထွက်လာကတည်းက ကမ္ဘာ့လေထုရဲ့ ပွတ် တိုက်မှု ကို ခံရပြီလေ။ ပြီးတော့ လက်နဲ့ဖမ်းမိတဲ့အချိန်မှာ မီတာ ၂၀၀၀ အမြင့်ကိုရောက်နေပြီ။ ကျည်ဆန်ရဲ့ အလျင်ကလည်း “၀” မှတ်ကို တဖြည်းဖြည်းနီးလာနေပြီဆိုတော့ လက်နဲ့လှမ်းဖမ်း လိုက်ရင်တောင် ထိခိုက်မှု ကြီးကြီးမားမား မ ဖြစ်နိုင်တော့ပါဘူး။ ခုနပြောခဲ့သလိုပဲ အများ ဆုံး လက်ပူရုံပေါ့”
ထိုစဉ်မှာ ပင် မျက်ဝန်းထောင့်စွန်းဆီမှ အရိပ်တစ်ခု ဆတ်ခနဲတွေ့ လိုက်ရသည်။ ထင်မှတ် မထားပါ။ သို့သော် သူမက မတ်တတ်ရပ်ပြီးသွားခဲ့ပါပြီ။
“သဲ ….”
နှုတ်မှ တိုးတိုးခေါ်မိတော့ ဇေသူက မော့ကြည့်သည်။ ပြီး မျက်ဝန်းထောင့်လေးကို သေချာ ကြည့်၏ ။ ကျွန်တော် ပြုံးမိ သွားပါသေးသည်။ မျက်ရည်ကျမိမည် မဟုတ်ပါ။
သူမပါးပြင်မှ ကျွန်တော် အရမ်းမြတ်နိုးသော ယဉ်ကျေးမှု လေးကို ဆံနွယ်ဖြင့် ဖုံးအုပ်ထား သည်ပဲ။
“သမီးကရော သက်တံ့ရဲ့ ယူဆချက်နဲ့ပတ်သက်ပြီး ဘာပြောချင်လဲ”
“ယူဆချက်နဲ့ ပတ်သက်လို့တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ သူပြောသွားတဲ့ထဲမှာ အလျင် ချင်း လားရာချင်း တူနေချိန်မှာ ကျည်ဆန်ကို အလွယ်တကူ ဖမ်းလို့ရနိုင်တယ်လို့ ပြော သွားပါ တယ်။ သမီးမရှင်းတာက အလျင်တစ်ခုနဲ့သွားနေတဲ့ လေယာဉ်ပေါ်ကနေ အလျင်တူသွားနေတဲ့ ကျည်ဆန်ကို အလွယ်တကူ ဖမ်းလို့ရနိုင်တယ်ဆိုတဲ့ အချက်ပဲ။ အဲဒီ အချက်နဲ့ပတ်သက်ပြီး ဒီထက် ရှင်းရှင်းလင်းလင်း ထပ်သိချင်ပါတယ်”
ဆရာက ကျွန်တော့် ကို ဒိုင်းခနဲ ကြည့်သည်။ တစ်ခန်းလုံးဆီမှ အကြည့်တွေ ကလည်း ကျွန်တော့် ထံပါးကို အလုံးအရင်းနှင့် ၀င်ရောက်လာ၏ ။
“ ဖြစ်ပါတယ်။ အလွယ်ကူဆုံး ဥပမာတစ်ခုကို ကျွန်တော် ပေးပါ့မယ်။ အလျင်ချင်း၊ လားရာချင်း တူညီတဲ့ အရာဝတ္ထုနှစ် ခုအနက် တစ်ခုက အခြားတစ်ခုအတွက် ရပ်တန့်နေတယ်။ ဒါမှမဟုတ် အနည်းငယ်လောက်ပဲ လှုပ်ရှားနေတယ်လို့ ကျွန်တော် တို့ ကြုံဖူးကောင်း၊ ကြုံဖူးကြပါ လိမ့်မယ်။
မီးရထားနှစ် စင်း အပြိုင်ခုတ်မောင်းနေကြတယ်ဆိုပါစို့။ မီးရထားစီးဖူးရင် သိမှာ ပါ။ မီးရထား နှစ် စင်းက ပြိုင်လျက်အနေအထားနဲ့ နှုန်းတူခုတ်မောင်းနေကြတယ်ဆိုရင် ကျွန်တော် တို့ စီးနေတဲ့ အတွဲ ကနေ အခြားအတွဲ ကိုကြည့်လိုက်ပါ။ အခြားအတွဲ က ရပ်နေတယ်။
ဒါမှမဟုတ် အနည်းငယ်လောက်ပဲ လှုပ်ရှားနေတယ်လို့ မြင်ကြမှာ ပါ။ တကယ်လို့ တစ်ဖက် အတွဲ မှာ သူငယ်ချင်း တစ်ယောက် ပါလာပြီး ကျွန်တော့် ဆီက စာအုပ်ငှားရင် အလွယ်တကူပဲ ပေးလို့ ရနိုင်ပါလိမ့်မယ်။ လေယာသ်နဲ့ ကျည်ဆန်မှာ လည်း ဒီအတိုင်းပဲပေါ့”
ကျွန်တော့် အဖြေစကား ပြီးဆုံးသွားသည့်နောက်မှာ သက်ပြင်းချသံတွေ ၊ ကျေနပ်သွားကြ သံတွေ အထင်တကြီးအကြည့်တွေ ကျွန်တော့် ထံရောက်လာ၏ ။ နဂိုကတည်းက သာယာနေကျ မဟုတ်တော့ အေးဆေးစွာ ပဲ ကျွန်တော် ပြန်ထိုင်ချလိုက်ပါသည်။ နောက်ထပ် ၀င်ရောက်ဆွေးနွေး မည့် သူလည်း ပေါ်မလာတော့ပါ။
ထိုအခါမှ ဆရာက အတန်းရှေ့ပြန်ရပ်ရင်း ယခုပုစ္ဆာ၏ အဖြေကို ထုတ်ပြသည်။
“မောင်သက်တံ့ ပြောသွားသလိုပါပဲ။ အလျင်ချင်း လားရာချင်း တူနေချိန်မှာ ၁၀၀၀ မီတာ/ စက္ကန့်အလျင်နဲ့ ပစ်လွှတ်လိုက်တဲ့ ကျည်ဆန်ကို မီတာ ၂၀၀၀ အမြင့်မှာ ပျံသန်းနေတဲ့ လေယာဉ် ပေါ်ကနေ ဖမ်းလို့ရနိုင်ပါတယ်။ တကယ်လည်း အဲလို ဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးတယ်”
ထိုစကားကို ကြားရတော့ အားလုံး နားရွက်ကိုယ်စီထောင်ကုန်ကြသည်။ ထင်မှတ်မထား သော ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပင် မဟုတ်ပါလား။ တပည့်တွေ စိတ်ဝင်စားနေသည်ကို သဘော ပေါက်စွာ ဆရာက ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြသည်။
“ပထမကမ္ဘာစစ်အတွင်းကပေါ့။ ပြင်သစ်လေယာဉ်မှူးတစ်ဦး ဒီလို ဖြစ်ရပ်မျိုးကို ကြုံဖူး တယ်။ လေယာဉ်မှူးနာမည် ကတော့ ဖော်ပြမထားဘူး။ အဲဒီ တုန်းက သူ့လေယာဉ်က ၂၀၀၀ မီတာ အမြင့်မှာ ပျံသန်းနေတယ်။ အဲဒီ အခိုက်အတန့်မှာ သူ့ဘေးဘက် လေဟာနယ်ထဲမှာ အရုပ်လေး တစ်ရုပ်ပျံသန်းနေသလိုလို တွေ့ ရတယ်။
ပထမတော့ ပိုးကောင်လေးတစ်ကောင်ပဲလို့ သူထင်လိုက်တာပေါ့။ ဒါပေမဲ့ မသင်္ကာတာနဲ့ ဖမ်းယူကြည့်လိုက်တော့မှ သူဖမ်းမိတဲ့အရာက ပိုးကောင်မဟုတ်ဘူး။ ဂျာမနီဘက်က ပစ်တင်လိုက် တဲ့ ကျည်ဆန်တစ်တောင့် ဖြစ်နေတယ်”
“အမယ်လေး ….”
“ဘုရား … ဘုရား ….”
“တော် သေးတာပေါ့။ ဘေးနားရောက်မလာဘဲ လေယာဉ်တည့်တည့်ထိသွားရင် ဒုက္ခ”
မိန်းကလေးများ ဘက်မှ ထိုသို့ သော စိုးရိမ်တကြီးအသံတွေ ထွက်လာကြသော်လည်း ယောက်ျားလေးများ ကတော့ ….
“ဒီလူတော့ တော် တော် နာမည် ကြီးသွားမှာ ပဲ။ ကျည်ဆန်ကို လက်နဲ့ဖမ်းနိုင်တယ်ဆိုပြီး တော့”
“အဲဒါ ဂင်းနစ်စံချိန်ကွက်ကွ”
“ဂျာမနီတော့ တော် တော် ရင်နာသွားမှာ ပဲနော်”
စသော တစ်ယောက် တစ်ပေါက်အသံတို့ ထွက်လာသည်ကြောင့် ဆရာက လက်ကာပြ သည်။ တစ်ခဏချင်းမှာ ပင် အခန်းက လုံးဝဆိတ်ငြိမ်သွား၏ ။ ဒီတော့မှ ….
“ဆရာလိုချင်တာ ကတော့ အလျင်လားရာတို့နဲ့ ပတ်သက်တဲ့ Eassy တစ်ပုဒ်ပဲ။ လိုချင်တဲ့ အချက်အလက်က တို့တွေ နေမိသားစု အစုအဝေးကြီးထဲမှာ ဂြိုဟ်တွေ အားလုံးက ကိုယ့်ဝင်ရိုးပေါ် ကိုယ်ရပ်တည်ပြီး အပြန်အလှန် ဆွဲအားတွေ နဲ့ နေကိုလှည်ပတ်နေကြတယ်။ ဂြိုဟ်တွေ အားလုံး နေကို လှည့်ပတ်တဲ့နေရာမှာ လားရာတူတယ်။ ဒါပေမဲ့ အလျင်ချင်းမတူဘူး။
နည်းနည်း ထပ်တွေးကြည့်ရအောင်။ နေနဲ့အနီးဆုံး မာကျူရီဂြိုဟ်ကနေ အဝေးဆုံး ပလူတိုဂြိုဟ်အထိ ဂြိုဟ်အားလုံးရဲ့ အလျင်ဟာ တပြေးတည်း ဖြစ်ပြီး နာရီလက်တံလို အတန်းလိုက် တစ်ချိန်တည်းမှာ နေကိုပြိုင်တူလှည့်ပတ်ကြတယ်ဆိုရင် ဘာတွေ ဖြစ်လာမလဲ။
ဆွဲအားတွေ ပြောင်းပြန် ဖြစ်ပြီး နေမိသားစုအစုအဝေးကြီး ပျက်စီးသွားနိုင်မလား၊ ဂြိုဟ်တွေ တစ်ခုနဲ့တစ်ခု တိုက်ပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ အများ ကြီး ထပ် ဖြစ်လာနိုင်လား။ ဒီလိုဆိုရင် တို့ကမ္ဘာကြီးကရော ဘာ ဖြစ်သွားနိုင်မလဲ။ ပေါက်ကွဲသွားမလား၊ ပျက်စီးသွားမလား၊ ဒါမှမဟုတ် ပျောက်ကွယ်သွားမလား။ အဲဒါတွေ နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်လွတ်လပ်တွေးခေါ်မှု တွေ နဲ့ ရေး ဖွဲ့ ထားတဲ့ Eassy တစ်ပုဒ်စီ လိုချင်တယ်”
ဆရာ့စကားသံမှလွဲ၍ အရာအားလုံးက တိတ်ဆိတ်မှု တို့ ကြီးစိုးနေသည်။ အကုန်လုံးက ဆရာဦးစိုးဝင်းအား မျက်တောင်မခတ် နားထောင်နေကြသည်။
“အိမ်က ရေး လာစရာမလိုဘူး။ အခန်းထဲမှာ ပဲ Roll No. အလိုက် တန်းစီပြီး ရေး ရမယ်။ အကောင်းဆုံး Eassy ကတော့ ထုံးစံအတိုင်း နှစ် ပတ်လည်မဂ္ဂဇင်းမှာ ဂုဏ်ပြုခံရမှာ ပေါ့”
ဆရာဦးစိုးဝင်းစကားဆုံးတော့ တစ်ခန်းလုံးက ၀မ်းသာအားရ “ဟေး” ဟု ထအော်ကြ သည်။ ဤကျောင်းမှာ တော့ နှစ် ပတ်လည်မဂ္ဂဇင်းမှာ ပါဝင်ခွင့်ရရေး သည် ကျောင်းသားတိုင်းမက် ချင်ကြသော အိပ်မက်တစ်ခုပင် မဟုတ်ပါလား။
“ဒီအခန်းထဲမှာ မဟုတ်ဘူးနော်။ C-2 အဆောင်က အခန်း No.207 မှာ ။ ဒီနှစ် ကျောင်း ပြောင်းလာသူတွေ ကတော့ C-2 ဆောင်ကို ရောက်ဖူးမှာ မဟုတ်သေးဘူး”
C-2 ဆောင်မှာ အဆောင်ကြီးသလောက် စာသင်ခန်းအနည်းငယ်သာ ထားသော အဆောင်တစ်ခုပါ။ ကျန်သည့်အခန်းတွေ ကိုတော့ ခုံနံပါတ်အလွယ်ထားသည်။ ယခုကဲ့သို့ မျိုး (သို့ ) စာမေးပွဲဖြေရန်အခါမျိုးအတွက် အဆင်သင့်လုပ်ထားခြင်း ဖြစ်သည်။
“ဒီတော့ နောက်တစ်ချိန်မှာ C-2 ဆောင်ကိုပဲ လာခဲ့ကြ။ ကဲ … အားလုံးပဲ မင်္ဂလာပါ”
ထိုစဉ် ကတော့ ဘာရယ်မဟုတ် C-2 ဆောင်မှာ ပဲ
Essay ရေး ဖို့ ဆုံးဖြတ်ခဲ့ခြင်းပါ။
ဒါပေမဲ့ ….
တစ်ကျောင်းလုံးမှာ
မကြာခင်ကျရောက်လာတော့မည့် 
တုန်လှုပ်ချောက်ချားသွေးပျက်မှု ကြီးသည်
ထိုနေ့၊ ထိုအချိန်၊ ထိုအခန်းထဲမှာ ပင်
စတင်ခဲ့ခြင်း ဖြစ်ကြောင်း
ကြိုတင်သိခွင့်ရခဲ့ပါလျှင် ….
X
ဒီနေ့တော့ အလုပ်အားလုံးကို စောစောအပြီးသတ်ကာ ဦးထွန်းလွင် စာကြည့်ခန်းထဲသို့ ၀င်ခဲ့ပါ၏ ။ မှတ်တမ်းရေး စရာရှိသော်လည်း ရေး ချင်စိတ်မရှိသေး။ အကြောင်းက သူ၏ စိတ်ကို တစ်စုံတစ်ရာက စိုးမိုးနေသည်။
အဲဒါက ငါးယောက် မြောက်ကျောင်းအုပ်ကြီး ဒေါက်တာမူဟိုင်း၏ ဓာတ်ပုံရှေ့မှ စာအုပ်နီ ကြီးပါ။ မနေ့က ခြောက်ယောက် ကျောင်းအုပ်ကြီး ဦးသန်းစိန်၏ မှတ်တမ်းပြီးသွားပြီမို့ ဒီနေ့သည် ထိုစာအုပ်ကြီးအား စတင်ဖတ်ရှုရမည့် နေ့ပါပဲ။ ထို့ကြောင့် လည်း စာကြည့်ခန်းထဲသို့ စောစောဝင် ခဲ့ခြင်း ဖြစ်သည်။
ရောက်ရောက်ချင်းပင် ဓာတ်ပုံဆီသို့ သွား၍ စာအုပ်ကြီးကိုယူလိုက်ပါ၏ ။ နောက် စာကြည့် စားပွဲတွင် ထိုင်ကာ မီးကိုထွန်းလိုက်သည်။ ဖျောက်ခနဲ လင်းသွားသော မီးရောင် အောက်မှ စာအုပ် ကြီးက အသွင်တစ်မျိုးဖြင့် ခန့်ညားနေသည်။ ပြီးတော့ ညှို့ငင်ဓာတ်တစ်ခုက ပျံ့လွင့်နေသလို။
ထိုစဉ်မှာ ပင် နာရီဆီမှ (၁၁) နာရီထိုးပြီ ဖြစ်ကြောင်း အချက်ပေးသံကို ကြားရ၏ ။ ဦးထွန်းလွင် စာအုပ်နီကြီး၏ မျက်နှာဖုံးကို လှန်လိုက်ပါသည်။ ပထမဆုံးပေါ်လာသည်က ဤမှတ် တမ်းကြီးအား ရေး သားပြုစုသူ ဂျပန်နိုင်ငံသား ဒေါက်တာမူဟိုင်း၏ ရုပ်ပုံ။ နောက်တစ်ရွက်လှန် လိုက်တော့ သူကိုယ်တိုင်ရေး သားထားသည့် ဤမှတ်တမ်းကြီးအတွက် အမှတ်တရစာ။
ထူးခြားမှု သိပ်မရှိပေမယ့် ဆွဲဆောင်မှု တစ်မျိုးဖြင့် အချိန်အနည်းငယ်အတွင်း စာကဆုံးသွား သည်။ ဒါပေမဲ့ နောက်တစ်ရွက်မှာ ပင် ထူးခြားမှု တစ်ခုကို စတင်တွေ့ လိုက်ရတော့၏ ။ အဲဒါက အမှာ စာနှင့် ဖြည့်စွက်ချက်တစ်ခု။ ဒေါက်တာ မူဟိုင်းကိုယ်တိုင် ရေး ထားခြင်းမဟုတ်ပါ။
ဒေါက်တာမူဟိုင်း၏ အနီးကပ်တပည့် တစ်ယောက် မှ ရေး ထားခြင်း ဖြစ်ပါသည်။ ဖတ်ရှုခဲ့သမျှ ဘယ်မှတ်တမ်းမှာ မျှ ဒီလိုအခြား တစ်ယောက် ၀င်ရေး ပေးသော အမှာ စာသဘောမျိုး မတွေ့ ရပါ။ ဤအချက်က ထူးခြားနေပါသည်။
ဒီလိုနဲ့ အမှာ စာအား စတင်ဖတ်ရှုလိုက်ရသည့်အချိန်မှာ တော့ နောက်ဆက်တွဲ ရေး ထားချက် အကြောင်းအရာတို့သည်က …..
မိန်းမောလှုပ်ရှား မျောပါသွားသော စိတ်. …
ဝင်စားမှု ၊ ပျော်ဝင်မှု ၊ ခံစားမှု ၊ အံ့ကြမှု ၊ တလှပ်လှပ် လှုပ်ရှားမှု စသည့် ခံစားမှု အားလုံးသည် အမှာ စာ၏ သုံးပုံတစ်ပုံအချိန်မှ စလို့ပင် ရင်တွင်း၌ တစ်လှည့်စီ စီးမျောလှုပ်ခါ နေရာယူလာပါတော့ သည်။
ဟုတ်ပါ၏ ။
ဦးထွန်းလွင် ကြက်သီးတစ်ချက် ဖြိုးဖြိုးဖျင်းဖျင်း သီးသွားလေသည်။
![]() သုံးခါနမ်းမှ ပွင့်မယ့်ပန်း | ![]() MAY WE HELP YOU | ![]() ၀င်ခွင့်မရမြို့ |