Cover

သူ့အချစ်မျိုးဟာ

ကိုယ့်ဇာတ်လမ်းတွင် ကိုယ်ကိုယ်တိုင် ဇာတ်ကောင်တစ်ယောက် အနေဖြင့် ပါဝင်ကပြခဲ့ရစဉ်ကမူ ''ဘာကြောင့် အေးနှင့် အကြောင်းမဆုံစည်းရသနည်း'' ဟူသော ပြဿနာမှာ ကိုထင်အောင့်အဖို့ မပြေလည်နိုင်သော ပြဿနာကြီးတစ်ရပ် ဖြစ်၍ နေခဲ့လေသည်။

ကိုထင်အောင်သည် ရန်ကုန်တက္ကသိုလ်သို့ ရောက်ပြီးဒုတိယနှစ် တွင် တစ်ခန်းတည်းနေ မိတ်ဆွေ ကိုကျော်ဝင်းအကြောင်းပြု၍ တွေ့ ဆုံသိကျွမ်းခဲ့ရ၏ ။ အေးနှင့် ကိုကျော်ဝင်းမှာ တစ်ရပ်တည်းတွင် နေခဲ့ဖူးသဖြင့် ခင်မင်ရင်းနှီးသူများ ဖြစ်ကြ၏ ။

တစ်နေ့တွင် ကိုထင်အောင်နှင့် ကိုကျော်ဝင်းတို့သည်မိန်းမတို့၏ အလှနှင့် ပတ်သက်၍ စကားပြောကြရာမှ သူ့စိတ်ထဲတွင် ထိခိုက်ညွတ်နူးမိခဲ့သော မိန်းမတို့၏ အသွင်အပြင် အချိုးအစားကို ပြောပြမိ၏ ။ ထိုအခါ ကိုကျော်ဝင်းက ဓာတ်ပုံစာအုပ်ကိုထုတ်၍ ''ခင်ဗျားစိတ်ထဲမှာ ထိခိုက်ညွတ်နူးမိတဲ့ အလှမျိုးကဒါမျိုးလား...'' ဟုဆိုကာ အေး၏ ဓာတ်ပုံကို ပြလေသည်။

ကိုထင်အောင်မှာ ''အစစ်ပေါ့...အဲဒီ လိုရုပ်မျိုးမှ ကျွန်တော် ကသဘောကျတာ'' ဟု ပြောကာ ဓာတ်ပုံကို စေ့စေ့စပ်စပ် ကြည့်နေမိခဲ့၏ ။

ကိုကျော်ဝင်းသည် အေး၏ ဓာတ်ပုံကို ဖြန့်၍ ချထားရင်းက အေး၏ စိတ်သဘောထား၊ အေး၏ သိမ်မွေ့မှု ၊ ထက်မြက်မှု စသည်တို့ကို ပြောလေတော့သည်။

ထိုမှ ကိုကျော်ဝင်းသည် အေးထံသို့ စာရေး ရာ၌ ကိုထင်အောင်နှင့် သူသည် အေးအကြောင်း ပြောမိကြသည်ကိုပါထည့်၍ ရေး ပေးလိုက် လေသည်။ အေးက စာပြန်သော အခါကိုထင်အောင်ဆိုတာ ဘယ်သူလဲ ဟူသော စာလုံးများ ပါလာလေသည်။ သို့ နှင့် သူတို့သည် ကိုကျော်ဝင်း၏ စာမှတဆင့် တစ်ယောက် အကြောင်း တစ်ယောက် သိကြရာမှ တစ်ယောက် ကို တစ်ယောက် မိတ်ဆက်စာ ကိုယ်တိုင်ရေး ကြလေတော့သည်။

စင်စစ် ကိုထင်အောင်ကား ထိုစဉ်က ချစ်ဦးသူနှင့် ကွေကွင်းခဲ့ရသည်မှာ လေးနှစ် ခန့်သာ ရှိသေး၍ နောက်ထပ် မိန်းကလေးတစ်ဦး တစ်ယောက် အပေါ်တွင် ချစ်ရ ကြိုက်ရမည် ကို ထိတ်လန့်နေသော အချိန် ဖြစ်၏ ။ အေးထံသို့ မိတ်ဆက်စာ ရေး ပို့မိသည်မှာ လည်း သူငယ်ချင်း ကျော်ဝင်းက တိုက်တွန်းလွန်းသည်က တစ်ကြောင်း၊ စိတ်ပြေလက်ပျောက်ပေါ့လေဟု သဘောထားမိသည်က တစ်ကြောင်းကြောင့် ပင်။

သို့ သော်...စာနှစ် စောင်သုံးစောင်ခန့် အပြန်အလှန်ရေး မိလာသော အခါ၌ ကား ကိုထင်အောင်မှာ အေးအပေါ်တွင် အထူးပင် စိတ်ဝင်စားလာလေတော့သည်။ တစ်နှစ် ခန့်ကြာသော အခါတွင် ကား ကိုထင်အောင်မှာ အေးအား မမြင်ဖူးသော်လည်းအတော် ပင် စွဲလမ်းနေမိလေတော့သည်။

အထူးသဖြင့် ထိုနှစ် တက္ကသိုလ်ကျောင်းပိတ်ရက်၌ ကိုထင်အောင်မှာ အေးအား လွမ်းဆွတ်မိလေသည်။ ကျောင်းပိတ်ခဲ့သည်အထိ ဆရာ ဖြစ်သင်ကျောင်းတွင် ရှိနေသူအေးထံသို့ သွားရောက်၍ မတွေ့ ဆုံမိသည်ကို နောင်တကြီးစွာ ရနေမိခဲ့၏ ။

အေး၏ ဓာတ်ပုံကို ကျောင်းပိတ်ရက်၌ ယူထားမည် ဟု မတောင်းယူမိခဲ့။ မနောဒွာယတွင် ထင်မြင်၍ နေသော ရုပ်သွင်ကိုသာမှန်းဆရင်းက အေးထံသို့ စာရှည်ကြီးများ ကို ရေး ၍ ပေးမိခဲ့၏ ။

အေးကလည်း ရှည်လျားသော စာများ ကို ပြန်ခဲ့၏ ။ နောက်တစ်နှစ် တက္ကသိုလ်ပြန်ဖွင့်ချိန်၌ ကား အေးနှင့် ကိုထင်အောင်တို့သည် လူချင်းတွေ့ ဆုံကြလေတော့သည်။

လူချင်း တွေ့ မိကြသော အခါ မဆွတ်ခင်ကပင် ညွတ်ချင်ရက်ရက်ရှိနေသော ကိုထင်အောင်၏ ချစ်မေတ္တာပန်းပွင့်မှာ ကြွေလွင့်၍ သာ ကျလာလေသည်။

သို့ သော်...မထိုင်ခင် ခြေဆင်းဆိုသကဲ့သို့ လူချင်းဆုံမိကာမျှဖြင့် ချစ်စကားဖွင့်ဟ၍ ပြောရမည် မှ မဝံ့မရဲရှိလှသည်တဝ။ လမ်းစဖော်၍ ပေးခဲ့သူ ကိုကျော်ဝင်းကိုလည်း အားနာမိသည်က တဖုံကြောင့် ချစ်ကြောင်းကုန်စင်ကို မြုံ၍ သာ ထားခဲ့ရလေသည်။

တစ်နေ့တွင် မူ ကိုကျော်ဝင်းအား ''အေးမှာ ...ရည်းစားများ ရှိနေသလား'' ဟု မေးမိ၏ ။

''မပြောတတ်ဘူးဗျ...ကျွန်တော် တို့နဲ့ ဟင်္သာတမှာ အတူနေခဲ့ဖူးတုန်း ကတော့ သူကလဲ အပျို ဖြစ်စဆိုတော့ အတော် ပဲ ချစ်တဲ့ကြိုက်တဲ့လူတွေ ပေါခဲ့သဗျ။ ဒါပေမဲ့ ဘယ်သူဘယ်ဝါနဲ့ အတည်တကျကြိုက်နေကြတယ်ရယ်လို့တော့ မကြားမိပါဘူး။အခုတော့ ကျွန်တော် တို့လည်း တစ်မြို့ထဲ နေကြရတော့တာမဟုတ်တော့ သေသေချာချာမသိဘူး။ ရန်ကုန်မှာ လည်း ဟိုလူဒီလူနဲ့တော့ တွဲ တာတွေ့ မိတယ်။ ဒါပေမဲ့ ရည်းစားရယ်လို့တော့ရှိပုံမရပါဘူး...''

ကိုထင်အောင်မှာ ကိုကျော်ဝင်း၏ မတင်မကျစကားတွင် မိမိ ဖြစ်စေချင်သည့် စေတနာကို နှောကာ အေးတွင် ရည်းစားမရှိပါဘူးဟုသာ ယူဆခဲ့၏ ။ ထိုသို့ မိမိကိုယ်ကိုမိမိ အေးအောင်တွေး၍ အေးအေးနေခဲ့ရာမှ အေးထံသွားရောက်လေတိုင်း အခြားယောက်ျားဧည့်သည်များ နှင့် ဆုံမိတတ်သည်ကိုသတိပြုမိလာသော အခါ ရင်ထဲတွင် ပူတိပူဆာ ဖြစ်လာသဖြင့် ကိုကျော်ဝင်းအား တိုင်တည်ရပြန်လေသည်။



ဝန်ဇင်းချစ်သူများ သန်းဆွေ ၏ “ သူ့အချစ်မျိုးဟာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ငယ်ချစ်ဆွေ

ဆုထူးရွယ်

ကြုံလေဘုံဘေ