ကြုံလေဘုံဘေ
ကိုတင်ထွန်းတို့ လင်မယားနှင့် ကျွန်တော် သည် လွန်စွာ ခင်မင်ရင်းနှီးသည့် မိတ်ဆွေရင်းများ ဖြစ်ကြပါသည်။
ထို့ကြောင့် ကိုတင်ထွန်း သေဆုံးသွားကြောင်း သိလျှင်သိချင်း ဇနီး ဖြစ်သူ မခင်မေသည် ကျွန်တော့် ထံ လူလွှတ်၍ ခေါ်ကာ အကျိုးအကြောင်း ပြောပြခဲ့လေသည်။ ထို့နောက် သူ့ထံသို့ နေ့တိုင်းလိုလို လာပါရန် တောင်းပန်လေသည်။ ကျွန်တော် ကလည်း နေ့စဉ်လိုလိုပင် သူ့ထံသို့ သွားရောက်ကာ စိတ်သက်သာရာရစေရန် နှစ် သိမ့်စကားများ ပြောကြားခဲ့လေသည်။
မခင်မေတို့၏ ပျော်မွေ့ဘွယ်အိမ်ထောင်ကြီးကား ပျက်စီးပြိုကွဲခဲ့လေပြီ။ မခင်မေ တစ်ယောက် ကြီးစွာ သော ဆုံးရှုံးမှု နှင့် ရင်ဆိုင်၍ နေရလေပြီ။မည် မျှစိတ်နှလုံး ယူကျုံးမရ ဖြစ်ရှာလိမ့်မည် နည်း။
မခင်မေကမူ သူ၏ သော ကကို ဖုံးကွယ်၍ ထားပါသည်။ ကိုတင်ထွန်းအား မေ့နိုင်သမျှမေ့အောင် ကြိုးစားမည် ဟု ဆိုလေသည်။ သူ့ဘဝဇာတ်လမ်းတွင် တစ်စခန်းဖြင့် သိမ်းခဲ့လေပြီတဲ့။ ထို့ပြင် ကိုတင်ထွန်းနှင့် ပတ်သက်၍ နာမညတ် ကူုပိ င် မပြောပါနှင့် တော့် ဟုလည်း ကျွန်တော့် အား တားမြစ်လေ သည။်
နှစ် ကြိမ်မှ သုံးကြိမ်တိုင် ကျွန်တော် ရောက်သွားသည့်အခါ၌ ကားမခင်မေသည် အိမ်တွင် ချိတ်ဆွဲထားသမျှ ကိုတင်ထွန်း၏ ဓာတ်ပုံများ ကိုဖြုတ်ပစ်လိုက်သည်ကို တွေ့ ရလေသည်။ နောက်တစ်ကြိမ်၌ ကား မခင်မေသည် သူနှင့် ကိုတင်ထွန်းတို့ လက်ထပ်စဉ်က မင်္ဂလာလက်စွပ်အ ဖြစ် ဝတ်ခဲ့သော လက်စွပ်ကိုပင် ချွတ်ထားလေတော့သည်။
ထိုထိုသော ပစ္စည်းများ သည် သူ၏ ကြေကွဲမှု ကို အထောက်အပံ့ပြုနေသည်ဟု ယူဆထားလေသည်။ ကျွန်တော့် အနေဖြင့် ကား ဤအ ဖြစ်မျိုးဖြင့် မခင်မေအား တွေ့ ရသည့်အတွက် စိတ်မသက်သာလှပေ။
သို့ နေခဲ့ရာမှ တစ်နေ့တွင် မခင်မေသည် မဖောက်ရသေးသော စာအိတ် တစ်အိတ်ကို ကျွန်တော့် အား ပေးလေသည်။
''အဲဒါ မောင့်ဆီက လာတဲ့စာလေ။ မောင်သေပြီးမှ ရောက်လာတဲ့စာခင်မေဖတ်တော့ကြည့်ချင်တယ်။ ဒါပေမယ့် စိတ်မနိုင်ဘူး။ အဲဒါကြောင့် မဖတ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်လိုက်တယ်''
ကျွန်တော် သည် မခင်မေဆိုလိုသော အဓိပါယ်ကို နားလည်လိုက် သဖြင့်''ကောင်းပါတယ်လေ။ အခုနေအခါတော့ မဖတ်ဘဲ ဒီလိုဘဲ သိမ်းထားဦးပေါ့''ဟု ပြောလိုက်လေသည်။
''အခုလည်း မဖတ်ဘူး။ နောက်ကိုလည်း မဖတ်တော့ဘူး ကိုအောင်။ဒီမှာ ကိုအောင်၊ ဒီစာကို ရှင်ပဲ ယူထားပါ။ ရှင်ပဲ ဖတ်ကြည့်ပါ။ နောက်ပြီးမှခင်မေ သိသင့်သိထိုက်တာဆိုရင် ပြောပြပါ။ ကိုအောင်နဲပ ခင်မေတို့နဲ့ဆိုတာက တစ်ယောက် နဲ့ တစ်ယောက် ဘာမှ ဖုံးကွယ်စရာမရှိပါဘူး။ ဒီတော့ ခင်မေပြောသလို လုပ်ပေးပါနော်''
ကျွန်တော် သည် စိတ်မပါလှသော်လည်း မခင်မေ၏ စိတ်သက်သာရာရရေး အတွက် ခင်မေ့ဆန္ဒအတိုင်း လိုက်လျောခဲ့လေသည်။
ကိုတင်ထွန်းနှင့် ပတ်သက်၍ မခင်မေအနေဖြင့် နောက်ဆုံးသိရသမျှမှာ ကိုတင်ထွန်း မြိတ်မြို့မှ စီးနင်းလိုက်ပါသွားသော စက်လှေသည် လေမုန်တိုင်းမိ၍ ပင်လယ်၌ နစ်မြုပ်သွားကြောင်းမျှသာ ဖြစ်လေသည်။ ထိုကြေးနန်း၌ ကိုတင်ထွန်း၏ အမည် ပါမလာချေ။ ထိုစက်လှေနှင့် အတူပါသွားသော ခရီးသည်များ စာရင်းကို သတင်းစာတွင် ကျေညာရာ၌ လည်း ကိုတင်ထွန်း၏ အမည် မပါပေ။ ကိုတင်ထွန်းမှာ စုံထောက်အရာရှိ တစ်ဦး ဖြစ်လေရာရောက်ရာအရပ်တွင် နာမည် အမျိုးမျိုး၊ အလုပ်အကိုင် အမျိုးမျိုးဖြင့် နေခဲ့ရလေသည်။ ယခုလည်း ကိုတင်ထွန်းသည် မြိတ်မြို့၌ သတ္တုတွင်းအင်ဂျင်နီယာတစ်ဦးကဲ့သို့ နေထိုင်ရင်းက တာဝန်အရ စက်လှေဖြင့် ခရီးထွက်ရင်း ပျက်စီးခဲ့ခြင်း ဖြစ်လေသည်။
ကိုတင်ထွန်းလို လူ တစ်ယောက် ဤမျှလျှို့ဝှက် သိပ်သည်းစွာ လုပ်ဆောင်ရသည့် လုပ်ငန်းမျိုးတွင် ပါဝင်ဆောင်ရွက်နေသည်မှာ အံ့သြဘွယ်ရာ ဖြစ်သည်။ သူသည် မည် သည့်အခါ၌ မဆို ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်သူ ဖြစ်လေသည်။ သူ့၌ ကြောင်လက်သည်းဝှက်သဘောမျိုး ရှိပုံမပေါ်ချေ။ သူသည် သူ့အလုပ်နှင့် ပတ်သက်၍ ကျွန်တော် တို့အား ပြောခဲလှပေသည်။ပြောပြန်လျှင်လည်း ရယ်စရာအနေဖြင့် သာ ပြောတတ်လေသည်။ သူနှင့် မဆိုင်သော လုပ်ငန်းကို လုပ်နေသူအနေဖြင့် သာ ပြောတတ်လေသည်။
ကိုတင်ထွန်းသည် မခင်မေနှင့် တကွ အိုးအိမ်ကို ခင်တွယ်သူလည်း ဖြစ်ပေသည်။ သူ့လောက် သားမယား အိုးအိမ်နှင့် ပတ်သက်၍ ဂုဏ်ယူတတ်သူကို တစ်ခါမျှ မတွေ့ ဖူးခဲ့။ သားမယားကို ပွဲထုတ်ရာ၌ လည်း စံတင်လောက်သူ ဖြစ်ပေသည်။ သားမယားကို မြှောက်စားအမွှန်းတင်လွန်းသဖြင့် အပေါင်းအသင်းများ ၏ မဲ့စရာပင် ဖြစ်ခဲ့ရလေသည်။ သူတို့နှစ် ယောက် သည် တစ်ယောက် ကို တစ်ယောက် သင်္ကာမကင်းသည့် စိတ်မျိုးလည်း မထားကြ။ ဟန်ဆောင်မှု လည်း မပြုကြ။ ပကတိစင်ကြယ်သော နှလုံးသားတို့ဖြင့် ဆက်ဆံကြသူများ ဖြစ်လေသည်။ တစ်ခါကဆိုလျှင် ကိုတင်ထွန်းသည်...
''အေးဗျာ ကံကောင်းတယ်လို့ပဲ ဆိုရမလား မသိဘူး။ မခင်မေဟာကျွန်တော့် အလုပ်နဲ့ပတ်သက်လို့ တစ်ခါမှ စပ်စပ်စုစု မလုပ်ခဲ့ဖူးဘူးဗျ။ အဲလေအဲဒီ လို စပ်စပ်စုစု လုပ်ခဲ့ရင်တော့ သူနဲ့ကျွန်တော် ရင်လည်း ကွဲချင်ကွဲ၊ ဒါမှမဟုတ် ကျွန်တော် ရင်လည်း အလုပ်ပြုတ်မှာ ပဲ'' ဟူ၍ မခင်မေ၏ အနေတတ်ပုံများ ကို ချီးကျူးပြောဆိုခဲ့လေသည်။
ဤသို့ လျှင် ကြင်နာစွာ ပေါင်းဖက်ခဲ့သော လင်သား တစ်ယောက် ရုတ်တရက် ကွယ်လွန်သွားသော အခါ၌ ကျန်ရစ်သူခမျာ စိတ်နှလုံး ပူပန်ရှာမည် မှာ ယုံမှားဘွယ်ရာ မရှိချေ။
ထိုအတွေးဖြင့် ပင် ကျွန်တော် သည် မခင်မေထံမှ စာကို ယူခဲ့လေသည်။မခင်မေသည် စာအိတ်ကို ပေးရင်း... ''ရှင်ဖတ်ပြီး အကြောင်းမထူး ရင်လည်းမီးရှို့ပစ်လိုက်နော် ဟုတ်လား၊ ရှင့်ဆီမှာ ရှိမှန်းသိနေရင် တစ်ချီချီမှာ ဖတ်မိနေဦးမယ်။ ဖတ်လည်း မဖတ်ချင်တော့ဘူး။ မီးသာရှို့ပစ်ပါ'' ဟု ပြောလေသေးသည်။
ကျွန်တော် သည် စိတ်မသက်သာစွာ ဖြင့် ပင် အိမ်သို့ ပြန်ခဲ့ပြီးနောက်ကိုတင်ထွန်းထံမှစာကို ဖတ်မိလေတော့သည်။ စာမှာ ဇူလိုင်လ ၇ ရက်နေ့ဟုနေ့စွဲတပ်ထားလေသည်။ ကိုတင်ထွန်းတို့ စက်လှေနစ်သော နေ့မှာ ဇူလိုင်လ၁ဝ ရက် ဖြစ်ရာ မသေမီ ၄ ရက်က ရေး သော စာပင်။
စာ၏ အစမှာ ရိုးရိုးတန်းတန်း မာကြောင်း သာကြောင်းပင် ဖြစ်သော်လည်း နောက်ပိုင်းတွင် မူ ဆန်းလာလေတော့သည်။
''ဒါထက် ခင်ရေ၊ ခင့်ကို မောင်ရေး ချင်တာတွေ ရှိသေးတယ်။ ဘယ်လိုရေး ရမှန်းလည်း မသိဘူး။ မရေး ဘဲလည်း မနေနိုင်ဘူး။ ခင်ဟာ ဒီစာကိုဖတ်ပြီးရင် မောင့်သဘောကို နားလည်နိုင်လိမ့်မယ်ထင်ပါတယ်။ မောင်လေအခု မြိတ်မှာ မိန်းကလေး တစ်ယောက် နဲ့ ချစ်နေမိပြီ...။
ဒီစာပိုဒ်ကို ဖတ်ပြီး ခင်ဘယ်လိုခံစားရမယ်ဆိုတာကို မောင်တွေးမိပါတယ်။ ဒီစာပိုဒ်ကို မောင်ဟာ ပင်ပန်းကြီးစွာ နဲ့ ရေး ရတယ်ဆိုတာတော့ယုံစေချင်ပါတယ်။ မောင်ရှင်းပြပါရစေခင်...
ခင်သိထားစေချင်တဲ့အချက် ကတော့ အခုမောင်ရေး သမျှတွေ ဟာမောင့်ရဲ့ စိတ်နှလုံး အေးဆေးစွာ နဲ့ ရေး လိုက်တာတွေ ပါ။ မွှန်ထူပြီး ရေး တာမဟုတ်ပါဘူး။ မောင့်ရင်ထဲမှာ ရှင်းလင်းစွာ နဲ့ ရေး လိုက်တာတွေ ပါ။
ဘယ်ကစပြီး ဘယ်လို ဖြစ်လာကြတယ်ဆိုတာကိုတော့ မောင်လည်းမရေး တတ်တော့ပါ။ နောက်ဆုံးအခြေအနေမှာ တော့ မောင့်မှာ ဖြစ်တည်နေ တဲ့အခြေအနေကို တွန်းလှန်နိုင်လောက်တဲ့ ခွန်အားမျိုး မရှိတော့တဲ့ဘဝကိုရောက်နေပါပြီ။ ဒါပေမယ့် မောင်ဟာ ခင့်ကို ချစ်တယ်ဆိုတဲ့စကားလုံးတိုင်းမှာ ချစ်မေတ္တာစိတ်အပြည့်ပါတယ်ဆိုတာကိုလည်း ခင် ယုံစေချင်ပါတယ်။အခု သူနဲ့ ဖြစ်ရတဲ့အ ဖြစ် ကတော့ မောင်တစ်ခါမျှ မတွေးခဲ့ဖူး၊ မကြုံခဲ့ဖူး။ အိပ်မက်တောင် မမက်ခဲ့ဖူးတဲ့ အ ဖြစ်ပါပဲ။ ခင့်ဆီကို စာရေး ပြီးအကြောင်းကြားရလောက်အောင် ဖြစ်ရတဲ့အ ဖြစ်ဟာ သေးဖွဲတဲ့အ ဖြစ်တော့မဟုတ်ဘူးဆိုတာ ခင်ရိပ်မိရောပေါ့။
သူ့နာမည် ကတော့ ဆင်သီယာတဲ့။ အင်္ဂလိပ်သွေးပါတဲ့ တရုတ်ကပြားကလေးပါ။ သူနဲ့မောင်နဲ့ သိနေကြတာ ကြာပါပြီ။ မောင်လူပျိုဘဝတုန်းကတည်းကပါပဲ။ အခု သူမြိတ်မှာ ရောက်နေတယ်။ အရင်တုန်း ကတော့ သာမန်မိတ်ဆွေအ ဖြစ် နေခဲ့ကြပေမယ့် မြိတ်မှာ ဆုံမိကြလို့ တစ်လအတွင်းလောက်မှာ ပဲ မောင်တို့ရဲ့ အခြေအနေဟာ ဆိုးလာတယ်။ တစ်ယောက် နဲ့ တစ်ယောက် တစ်နေ့တစ်ခါမှမမြင်ရရင် မနေနိုင်လောက်အောင် ဖြစ်လာတယ်။ ဒါတွေ ခင့်ကိုရေး ပြရတာ ဟာ အင်မတန်မှ မကောင်းမှန်း မောင်သိပါတယ်။ ဒါပေမယ့် မရေး ဘဲ မနေနိုင်ဘူး။ တခြားလူပြောမှ ခင်သိရတာ နဲ့စာရင် မောင်ကိုယ်တိုင်ဖွင့်ပြောလို့ ခင်သိရတာ က ပိုသက်သာလိမ့်မယ်ထင်ပါတယ်။
နောက်ပြီး ဆင်သီယာရော မောင်ရော မောင်တို့အ ဖြစ်ကို ခင်သိစေချင်ကြတယ်။ ဆင်သီယာ့အနေနဲ့ ဒီကိစ္စမှာ ခင့်ဘက်ကနေ တွေးနေတာကများ နေတယ်။ မောင့်မှာ မယားကြီးရှိမှန်း သိရက်နဲ့ မောင့်ကို ချစ်တယ်ဆိုတော့ ဆင်သီယာကို အကျင့်ယုတ်မ၊ ကြောင်တောင်နှိုက်မ၊ လင်ငတ်မလို့ထင်ကောင်းထင်လိမ့်မယ်။ နို့ပေမယ့် ဆင်သီယာဟာ တကယ့်သူတော် ကောင်းမလေးပါ။ မလွှဲမရှောင်သာတဲ့ အကြောင်းတွေ ကြောင့် မောင်နဲ့ အခုလို ဖြစ်ပေမယ့် သူ့ခမျာ တစ်နေ့မှ စိတ်မချမ်းသာရရှာပါဘူး။ ဆင်သီယာဟာဘယ်လိုမိန်းကလေးဆိုတာ ခင်တွေ့ တဲ့အခါ သိပါလိမ့်မယ်။ မောင်အခုလောက်အ ဖြစ်မျိုး ဘာကြောင့် ရောက်ရတယ်ဆိုတာ ဆင်သီယာကို ခင်တွေ့ ရရင် သိပါလိမ့်မယ်။ တကယ်ပါပဲ ခင်၊ ခင်ရယ် မောင်ရယ် ဆင်သီယာရယ်၃ ယောက် သား တစ်ခါလောက်ဆုံပြီး ဆွေးနွေးချင်တယ်ကွယ်။ ၃ ယောက် မဟုတ်တောင် ခင်နဲ့ဆင်သီယာ နှစ် ယောက် ထဲပဲ ဖြစ် ဖြစ်ပေါ့။
ဒါပါပဲ ခင်၊ နောက်ထပ် ဘာရေး ရမှန်းလည်း မသိတော့ပါဘူး။ ခင်ရဲ့ စိတ်ကို ထိခိုက်အောင် ပြုမူရတဲ့အတွက် မောင်ရဲ့ စိတ်မှာ လည်း အထူးပဲထိခိုက်လှပါတယ်။
ဒီလို ဖြစ်ရတာ နဲ့ပတ်သက်ပြီး ခင်ဟာ မောင့်ကို ခွင့်လွှတ်လိမ့်မယ်လို့မောင် မမျှော်လင့်ပါဘူး။ ဒါပေမယ့် မောင့်ရင်ထဲမှာ ခံစားနေရတဲ့ စိတ်မချမ်းမြေ့မှု ကိုတော့ ခင် နားလည်အောင် တွေးတတ်လိမ့်မယ်လို့တော့ မျှော်လင့်မိပါတယ်။ မောင် နောက်ထပ်လည်း စာရေး ပါဦးမယ်။ ဒါပါပဲ ခင်...။''
စာကို ဖတ်ပြီးသော အခါ ကျွန်တော့် မှာ လွန်စွာ တုန်လှုပ်ချောက်ချားမိလေသည်။ အင်း ဒုက္ခပါပဲဟုလည်း ညည်းတွားမိလေသည်။ ပထမသော်ကိုတင်ထွန်း အသက်ရှင်နေဆဲပင်ဟု ခံစားမိသော ကြောင့် ဖတ်ရင်း ဖတ်ရင်းစိတ်ဆင်းရဲမှု မှာ ပိုမိုကြီးမား၍ လာသော်လည်း ကိုတင်ထွန်း တစ်ယောက် မရှိတော့ပါတကားဟု သတိရတော့မှ အနည်းငယ် စိတ်သက်သာရာ ရလာလေသည်။ ဘုရားသိကြားမ၍ မခင်မေသည် ထိုစာကို သူကိုယ်တိုင်မဖတ်ဘဲကျွန်တော့် အား ပေးဖတ်ခဲ့လေသည်။ ထို့ကြောင့် ကိုတင်ထွန်း နောက်ဆုံးရက်များ အတွင်း ကြုံတွေ့ ခံစားသွားရသော စိတ်သော ကကို မသိရတော့ပြီ။ သိရန်လည်း မလိုတော့ပြီ။
ကျွန်တော် သည် စာကို နောက်တစ်ကြိမ်ပြန်၍ ဖတ်ပြီးနောက် မခင် မေပြောသည့်အတိုင်း မီးရှို့ပစ်လိုက်လေသည်။ ဤစာကား မည် သူမျှမဖတ်အပ်သည့် စာ ပါတကား။ ကိုတင်ထွန်းသည် ဤစာကို ရေး စဉ်ကမြိတ်မှနေ၍ ရေး သည်ဆိုသော်လည်း စင်စစ် မြိတ်မြို့ပေါ်မှ ရေး ခြင်းမဟုတ်။သူ တာဝန်ကျရာ ယိုးဒယား-မြန်မာနယ်စပ်မှ ရေး ခဲ့ဟန် တူပေသည်။ ထို့ကြောင့် စာသည် ဤမျှရက်ပိုင်းကြာမှ ရောက်လာခြင်း ဖြစ်ပေလိမ့်မည် ။ကိုတင်ထွန်းတို့ စုံထောက်အရာရှိများ မှာ မိမိတို့ရောက်နေရာဒေသကို သားမယားများ ကိုပင် လျှို့ဝှက်တတ်ပေသည်။
မည် သို့ ပင် ဖြစ်စေ၊ ကိုတင်ထွန်းသည် ဇူလိုင်လ ၇ ရက်မှ ပင်လယ်သို့ ထွက်ရသည်။ ဇူလိုင်လ ၁ဝ ရက်အတွင်း၌ နောက်ထပ် စာရေး ဦးမည် ဟူသော အဆိုအတိုင်း ရေး ပေလိမ့်ဦးမည် ။ ¤င်းပြင် သူ့စာအရ ဆင်သီယာသည်ရန်ကုန်သို့ လာပေဦးတော့မည် ။ ထိုအခါတွင် မည် သို့ပြုရပါအံ့နည်း။
နောက်တစ်နေ့ညနေဘက်၌ မခင်မေထံ ရောက်သွားသော အခါနောက်ထပ် စာနှစ် စောင် ရောက်နေကြောင်း သိရလေသည်။
''ဒီစာတွေ ကိုလည်း ကျွန်မ မဖတ်ပါရစေနဲ့ရှင်၊ ဘာ ဖြစ်လို့များ စာတွေ က ခုမှ ဒါလောက် ဆက်လာနေရပါလိမ့်''
''သူရောက်နေတဲ့ နေရာက ခေါင်လွန်းတော့ မခင်မေကို သိပ်သတိရတယ် ထင်ပါရဲ့ ။ မခင်မေကို သတိရတိုင်း စာတွေ ချည်း ဖိရေး နေတာ ဖြစ်မှာ ပေါ့''
မခင်မေသည် စာအိတ်ပေါ်ရှိ ကိုတင်ထွန်း၏ လက်ရေး များ ကို ကြည့်ရင်း ရှုံ့မဲ့မဲ့ ဖြစ်၍ နေလေသည်။
မနေ့ကစာထဲမှာ ဆိုရင်လည်း မခင်မေကို သတိရကြောင်း လွမ်းကြောင်းတွေ ပဲ ရေး ထားတာပဲ။ ကိုတင်ထွန်းဟာ အခုလို ရုတ်တရက် သေမယ်မှန်းသိရင် ဒီစာတွေ ရေး ခဲ့မယ်မထင်ဘူး။ အခုနေအခါမှာ ဒီစာတွေ ကိုမခင်မေ ဖတ်စေချင်မယ်လည်း မထင်ဘူး။ သူ့ကိုယ်ရေး ကိုယ်တာတွေ ဆိုတော့ကျွန်တော် လည်း တယ်မဖတ်ချင်ဘူး။ ပေးပါဗျာ တစ်ခါထဲ မီးရှို့ပစ်ရအောင်''
''နေပါဦးလေ၊ မီးမရှို့ပါနဲ့ဦး ဖတ်ကြည့်ပါဦး၊ အကြောင်းထူးရှိလို့သာဒီလောက်တောင် စာတွေ ကို ဆက်တိုက်ရေး နေမှာ ပေါ့''
မခင်မေသည် လက်တွင်းရှိစာအိတ်နှစ် အိတ်ကို ပေးပြီးနောက် မျက်ရည်အဝဲသားဖြင့် အိပ်ခန်းဘက်သို့ ထွက်သွားလေသည်။ ကျွန်တော် လည်းစာကို ယူ၍ ပြန်ခဲ့လေသည်။
စာများ ကား ဇူလိုင်လ ၉ ရက်နေ့စွဲဖြင့် ရေး ထားသော စာများ ဖြစ်လေသည်။ ပထမ စာကဲ့သို့ ပင် ကိုတင်ထွန်းသည် မခင်မေက သူ့အား နားလည်မှု ရှိပါရန်။ ကြုံရသည့်အ ဖြစ်အတွက် စိတ်ဆင်းရဲနေရသည်ကိုလည်းသိထားပါရန် ရေး ထားလေသည်။ သူ့စာများ အရ ကိုတင်ထွန်းသည် သူနှင့် ဆင်သီယာတို့၏ အချစ်ကို အပေါစားအချစ်ဟု အထင်ခံရမည် ကိုလည်း စိုးရိမ်နေဟန် တူလေသည်။ သူတို့ ၂ ယောက် ၏ အချစ်သည် တကယ့်မေတ္တာစစ်မေတ္တာမှန် ဖြစ်ကြောင်းကိုလည်း ရေး ထားသေးသည်။
ကျွန်တော် သည် စာများ ကို ဖတ်ပြီးသော အခါ အပိုင်းပိုင်း အစိတ်စိတ်ဆုတ်ဖြဲ၍ ပစ်လိုက်လေသည်။ ထိုစာများ မရှိတော့ခြင်းကြောင့် စိတ်အေးရသော်လည်း ပူမိသည်မှာ ကား တစ်ရက် နှစ် ရက်အတွင်း၌ ကျွန်တော့် မှာ ကိစ္စတစ်ခုဖြင့် ပဲခူးသို့ ၃-၄ ရက် သွားနေရမည် ဖြစ်ရာ ကျွန်တော် မရှိသည့် ရက်အတွင်း ကိုတင်ထွန်းထံမှ စာများ နောက်ထပ်ရောက်လာဦးမည် လောကိုတွေးတောပူပန်ခြင်းပင် ဖြစ်လေသည်။ အကယ်၍ ကျွန်တော် မရှိသည့်ရက်အတွင်း ထိုစာလာခဲ့သော် မခင်မေသည် သည်းခံနိုင်စွမ်းရှိတော့မည် မဟုတ်သဖြင့် ဖွင့်၍ ဖတ်ပေတော့မည် ။ ထိုစာသည် မနက်ဖြန်တွင် ပင် လာလျှင်လာနိုင်ပေသည်။ ထို့ကြောင့် ကျွန်တော် သည် ပဲခူးသို့ ညရထားဖြင့် လိုက်ရန်စီစဉ်ရလေသည်။
နောက်တစ်နေ့နေ့လယ်၌ ကျွန်တော် သည် မခင်မေထံသို့ သွားရောက်ကာ ညရထားဖြင့် ပဲခူးသွားမည့် အကြောင်းကို ပြောပြမိလေသည်။ထိုမှ မခင်မေနှင့် ကျွန်တော် တို့သည် ရှေ့ရေး ကို ဆွေးနွေးကြရာ မခင်မေကသူလည်း သူ့သားချင်းများ ရှိရာ မန္တလေးသို့ ပြန်တော့မည့် အကြောင်း ပြောလေသည်။
''သြော်...ဒါထက် မနေ့က သူ့စာထဲမှ ဘာများ ထူးထူးခြားခြားပါသေးသလဲ''
မခင်မေသည် ရုတ်ခြည်းကောက်၍ မေးလိုက်လေသည်။ သူ့ကြည့်ရသည်မှာ အတော် ပင် စိတ်ပင်ပန်းနေပုံရလေသည်။
''ဘာမှ မထူးပါဘူး မခင်မေရာ။ ခင်ဗျားကို သတိရတဲ့အကြောင်း၊လွမ်းတဲ့အကြောင်း၊ ချစ်တဲ့အကြောင်းတွေ ပါပဲ။ ပြန်ချင်တဲ့အကြောင်းလည်းပါတယ်လေ။ ဒီစာတွေ ဟာ သူအသက်ရှင်နေသေးရင်တော့ ဖတ်လို့မဝနိုင်စရာတွေ ပေါ့။ ဒါပေမယ့် အခုနေအခါမှာ တော့ မဖတ်ထိုက်တော့ပါဘူး။နောက်ပြီး မကြာခင် ပြန်လာမယ်ဆိုတာလည်း ပါသေးတယ်။ တခြားဘာမှတော့ မထူးပါဘူး''
''နောက်ထပ် ရေး ဦးမယ်လို့ရော ပါသေးသလား''
''ရေး ဦးမယ်လို့တော့ မပါဘူး။ ဒါပေမယ့် တစ်စောင်လောက်တော့လာဦးမယ် ထင်တာပဲ။ ဘာ ဖြစ်လို့လည်းဆိုတော့ အခုစာတွေ က ဇူလိုင်လ၉ ရက်က စာတွေ ကိုး''
''နောက်စာကျရင်တော့ ကျွန်မပဲ သိမ်းထားတော့မယ်။ သူရဲ့ နောက်ဆုံးစာအ ဖြစ်ပေါ့။ အဲဒီ စာကျရင်တော့ ဘယ်လောက်ပဲ စိတ်ထိခိုက်ထိခိုက်ဖတ်ကြည့်ရမယ်''
ကျွန်တော် သည် ရင်ထဲတွင် ဟာကနဲ ဖြစ်သွားမိရာမှ ''သိပ်လည်းမျှော်မနေနဲ့လေ။ လာချင်မှလည်း လာမှာ ပါ'' ဟု မရေမရာပြောလိုက်မိလေသည်။
ပြီးမှ ''အင်းပါလေ နောက်ထပ်စာလာရင် မခင်မေသဘောအတိုင်းလုပ်ချင်ရာ လုပ်နိုင်ပါတယ်။ မခင်မေရဲ့ ကိစ္စပဲဟာ။ ဒါပေမယ့် ကျွန်တော့် သဘော ကတော့ မခင်မေ ဒီစာကိုလည်း မဖတ်စေချင်ဘူး။ ကျွန်တော့် ကိုအသိမပေးဘဲ မဖတ်စေချင်ဘူး။ မခင်မေမှာ ဒီစာကို ဖတ်နိုင်လောက်တဲ့ခံနိုင်ရည် မရှိသေးဘူး။ ဒီစာတွေ ကြောင့် မခင်မေ ဂယောင်ချောက်ချား ဖြစ်သွားနိုင်တယ်။ သူ့ကို မသေသေးဘူးထင်ပြီး ဖြစ်ချင်ရာ ဖြစ်နိုင်တယ်။ဒီတော့ အနီးအနားမှာ မိတ်ဆွေရင်းချာ တစ်ယောက် မရှိဘဲနဲ့ ဒီစာကို မဖတ်ပါနဲ့လို့ ပြောချင်ပါတယ်'' ဟု လေပြေထိုးရလေသည်။မခင်မေသည် စိတ်ရှုပ်သွားဟန်ဖြင့် သက်ပြင်း တစ်ချက်ချလိုက်ပြီးမှ''ကောင်းပါပြီရှင်၊ ကတိတော့ မပေးပါရစေနဲ့။ ကိုအောင်ပြောတာ မှန်ပါတယ်။ ဒါကြောင့် ကျွန်မ ကိုအောင်ပြောသလို လုပ်ပါ့မယ်'' ဟု ပြောလေသည်။
ကံအားလျော်စွာ ပင် မခင်မေအိမ်မှ ကျွန်တော် ပြန်တော့မည် အပြု တွင် စာပို့လုလင်ရောက်လာကာ စာလာပေးလေသည်။ ထိုစာများ ထဲ၌ ကိုတင်ထွန်းထံမှ စာလည်း ပါလေသည်။
''ရှင်...ကျွန်မကို မဖတ်စေချင်ဘူးနော်''မခင်မေက စာအိတ်ကို ကိုင်ရင်း ပြောလေသည်။''ဟုတ်တယ် မခင်မေ၊ မဖတ်ပါနဲ့''
မခင်မေသည် စိတ်မချမ်းမြေ့စွာ ဖြင့် ကျွန်တော့်အား စိုက်ကြည့်နေလေသည်။ သူ့အကြည့်တွင် တောင်းပန်နေသည့် အမူအရာလည်း ပါနေလေ သည်။
''ဒီလိုပါ မခင်မေ၊ ဒီစာဟာ မခင်မေရဲ့ စာပါ။ ဒါပေမယ့် ကျွန်တော့် သဘောကို နားလည်စေချင်ပါတယ်။ မခင်မေရင်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာကို ကျွန်တော် အမှန်မှာ မသိပါဘူး။ မခင်မေအနေနဲ့ အခုအချိန်မျိုးမှာ ဘယ်လို ဖြစ်သွားနိုင်တယ်ဆိုတာတော့ ကျွန်တော် မှန်းဆနိုင်ပါတယ်။ဒီစာတွေ ကို အခုနေအချိန်မှာ မခင်မေဖတ်ရင် မခင်မေ စိတ်ဆင်းရဲရုံပဲ ရှိမှာ ပါ။ဟောဒေီ နာကဆ်ုးံ စာဆုရိ င် သာပြီး ဆိုး ပါလမိ မ့် ယ။် မခငေ် မအတကွ် ဘာအကျိုးမှမရှိနိုင်ပါဘူး''
''ကိစ္စမရှိပါဘူး ကိုအောင်၊ ကျွန်မ ဖတ်ပါရစေ။ အခု ကျွန်မရင်ထဲမှာ ခံစားနေရတဲ့ဒုက္ခထက် ပိုပြီးကြီးမားတဲ့ဒုက္ခမျိုးတော့ ပေါ်လာစရာအကြောင်းမရှိပါဘူး''
မခင်မေသည် စာအိတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီးနောက်...
''ရှင်က ကျွန်မကို ကလေးလို သဘောထားတယ်။ ကျွန်မအနေနဲ့ဘယ်လောက်ခံနိုင်ရည် ရှိတယ်ဆိုတာ ကျွန်မ သိပါတယ်။ နောက်ပြီး ဒီစာတွေ ဟာ ကျွန်မရဲ့ လင်ယောက်ျားဆီကလာတဲ့ စာတွေ ပါ။ စာထဲမှာ ဘာတွေ ပါသလဲဆိုတာ ကျွန်မလည်း သိချင်တာပေါ့။ ဒါပေမယ့် ရှင့်စိတ်ထဲမှာ ...''''ကျွန်တော့် စိတ်ထဲမှာ ဘယ်လိုမှ မရှိပါဘူး မခင်မေ။ အရင်စာတွေ ထဲမှာ ဘာတွေ ပါတယ်ဆိုတာ ကျွန်တော် သာ သိပါတယ်။ မခင်မေ မသိပါဘူး။သူရေး ထားတာတွေ ဟာ သူ့ဘဝရဲ့ နောက်ဆုံးရက်ကလေးအတွင်းမှာ သူဘယ်လိုခံစားနေရတာ တွေ ၊ ဘယ်လို မျှော်လင့်ထားတာတွေ ပါပဲ''
ကျွန်တော့် စကားကြောင့် မခင်မေသည် ဆတ်ကနဲခေါင်းထောင်လာ ကာကျွန်တော့် အား စိန်းစိန်းကြည့်နေလေသည်။
''ဒီစာကို ကျွန်တော် ပဲ ယူထားပါရစေ မခင်မေ။ ဒီစာကို မရင်စာတွေ လို မီးရှို့မပစ်ပါဘူး။ မခင်မေကို တစ်နေ့မှာ ပြန်ပေးပါ့မယ်''
မခင်မေသည် မည် သို့ မျှ မတတ်သာတော့ဟူသော အမူအရာဖြင့် စာအိတ်ကို ကျွန်တော့် အား ပေးလေတော့သည်။
ကိုတင်ထွန်း၏ နောက်ဆုံးစာကို မီးရထားပေါ်၌ ကျွန်တော် ဖတ်ရလေသည်။ ထုံးစံအတိုင်းပင် ဖြေရှင်းချက်၊ မျှော်လင့်ချက်၊ တမ်းတချက်တို့ဖြင့် ပြည့်၍ နေပေသည်။
''ကဲ...ဒီစာဟာ နောက်ဆုံးစာပါပဲ။ မကြာခင် နာရီပိုင်းအတွင်းမှာ မောင်တို့ ပင်လယ်ဘက်ကို ထွက်ကြရလိမ့်မယ်။ ဒီအတွင်း စာရေး နိုင်တော့မှာ မဟုတ်ဘူး။ မောင်လည်း သြဂုတ်လထဲမှာ ရောက်အောင် ပြန်လာနိုင်လိမ့်မယ်ထင်တယ်။ ဒါထက် ဆင်သီယာလည်း သြဂုတ်လဆန်းမှာ ရန်ကုန်ကို လာမတဲ့၊ ခင်နဲ့လည်း တွေ့ ချင်သတဲ့။ အဲဒီ အချိန်မှာ မောင် ရောက်နိုင်အောင်ကြိုးစားပါ့မယ်''
ကျွန်တော် သည် စာကို ဖတ်ပြီးနောက် လွန်စွာ ပင် စိတ်မသက်မသာ ဖြစ်မိလေသည်။ သူ့စာအတိုင်းဆိုပါက ဆင်သီယာသည် သြဂုတ်လဆန်း၌ ရန်ကုန်တွင် ရောက်နေပေရော့မည် ။ ယခုပင် သြဂုတ်လဆန်းနေပြီ ဖြစ်ရာဆင်သီယာသည် ရန်ကုန်တွင် ရှိနေကောင်း ရှိနေပေတော့မည် ။
ကိုတင်ထွန်း သေဆုံးသွားကြောင်းကို ဆင်သီယာသည် သိမှသိပါလေစ။ အကယ်၍ ကိုတင်ထွန်း သေဆုံးကြောင်း မသိသေးလျှင် သူသည်မခင်မေထံသို့ မုချ လာပေလိမ့်မည် ။ သူတို့ကပြားမလေးတွေ မှာ ဤကိစ္စမျိုး၌ အရှက်အကြောက်မကြီးတတ်ကြ။ ရဲရဲတင်းတင်းပင် ဆက်ဆံပေလိမ့်မည် ။ထိုအခါ၌ မခင်မေ မည် သို့ ပြုချိမ့်မည် နည်း။
ကျွနေ် တာသ် ည် နောကဆ် တံ ငငင် င်ြဖငပ့် င် ပခဲူး မြို့၌ ပြုဘယွ က် စ္စိ များ ကိုပြုခဲ့ရာမှ မပြန်မီ တစ်ရက်ညနေဘက်တွင် မခင်မေထံ တယ်လီဖုန်းဆက်မိလေသည်။
''ကိုအောင်လား၊ ကျွန်မက ကိုအောင် ရန်ကုန် ပြန်ရောက်လောက်ပြီထင်နေတာ။ ဒီမှာ ကိုအောင်၊ ကိုအောင် တယ်လီဖုန်းဆက်တာ အတော် ပဲ။ကျွန်မမေးစရာရှိလို့''
''ဘာများ ပါလိမ့် မခင်မေ''
''ဆင်သီယာဆိုတာ ဘယ်သူလဲ။ ကိုအောင် သိလား''
''အဲဒီ အကြောင်းပြောမလို့ပဲ မခင်မေ၊ ကိုတင်ထွန်းရဲ့ နောက်ဆုံးစာထဲမှာ ဆင်သီယာဟာ သြဂုတ်လဆန်းမှာ ရန်ကုန်ကို လာလိမ့်မယ်တဲ့။ အဲဒါကျွန်တော် ပြောချင်တာက မခင်မေ သူ့ကို အတွေ့ မခံပါနဲ့။ ဘာ ဖြစ်လို့လဲ။မခင်မေ ဘာ ဖြစ်လို့မေးတာလဲ''
''နေ့လယ်က သူ့ဆီက စာလာတယ်။ သူ အိမ်ကို လာပြီး ကျွန်မနဲ့တွေ့ ချင်သတဲ့''
''မတွေ့ ပါနဲ့ မခင်မေ၊ တွေ့ ချင်ရင်လည်း ကျွန်တော် လာပြီးမှတွေ့ ပါ''
''မ ဖြစ်ဘူး ကိုအောင်၊ သူက စာကို လူနဲ့လွှတ်ပေးတာ။ ကျွန်မကလည်း မောင်ရဲ့ အသိထဲကနေမှာ ပဲဆိုပြီး လာတွေ့ နိုင်တဲ့အကြောင်း စာပြန်ရေး ပေးလိုက် တယ်''
''ကျွန်မဘယ်သိပါ့မလဲ ကိုအောင်ရဲ့ ၊ ဘယ်လို ဖြစ်နေတာလဲ ကို အောင်။ဒီမိန်းမက ကျွန်မကို သတ်မှာ ကျနေတာပဲ။ မောင့်ဆီကစာထဲမှာ သူ့အကြောင်းအတော် ဆိုးဆိုးရွားရွား ရေး ထားသလား...''
''မရေး ပါဘူး၊ ဒါပေမယ့် မခင်မေသူနဲ့ မတွေ့ ရင်ကောင်းမယ်။ သူကမခင်မေကို ရန်ရှာမှာ စိုးလို့ပြောတာ မဟုတ်ပါဘူး။ မခင်မေ သူနဲ့တွေ့ ပြီးရင်စိတ်မချမ်းသာစရာတွေ ဖြစ်လာမှာ စိုးလို့ပါ။ မတွေ့ ပါနဲ့ မခင်မေရာ။ နေမကောင်းချင်ယောင်ဆောင်နေပါ။ တစ်နေရာရာကို ထွက် သွားပါ။ ရိုင်းတယ်ထင်ချင် ထင်ပါစေ။ ရှောင်နေပါ''
'' ဖြစ်မှ ဖြစ်ရလေ ကိုအောင်ရယ်။ ကိုအောင်က ကျွန်မထက်တောင်သဲနေတာကိုး။ ကဲပါလေ စိတ်အေးအေးထားပြီး အိပ်ပါ။ မနက်ဖြန် ပြန်လာမှာ မှု တ်လား။ ကျွန်မကို ဘယ်သူမှ မကောင်းမကြံနိုင်ပါဘူး စိတ်ချပါ''
ကျွန်တော် သည် မပြောအပ်သည် သိသော်လည်း မနေသာတော့သဖြင့်..
''ဒီမှာ ...မခင်မေ ကျွန်တော် ပြောတာကို နားထောင်ပါ။ အလေးအနက် ပြောနေတာပါ။ ခင်ဗျား ဆင်သီယာနဲ့ မတွေ့ ဘဲနေပါ။ တွေ့ ချင်ရင်ကျွန်တော် လာပြီးမှ တွေ့ ပါ။ မနက်ဖြန် ကျွန်တော် လာမယ်''
''အိုး...ကိုအော်ကလဲ။ ကျွန်မကို ကလေးလို မဆက်ဆံပါနဲ့ ကျွန်မတွေ့ ချင်တဲ့လူကို တွေ့ ပါရစေ။ ကိုအောင် ဝင်မစွက်ပါနဲ့။ ဒုက္ခပါပဲရှင်။ ကိုအောင်စိတ်မဆိုးနဲ့နော်။ ကျွန်မ စိတ်လိုက်မာန်ပါ ပြောမိတာ။ ဒါပါပဲ''
မခင်မေသည် တယ်လီဖုန်းခွက်ကို ချလိုက်လေသည်။ ကျွန်တော် တညလုံး တော် တော် နှင့် အိပ်မပျော်နိုင်ခဲ့ပေ။ နောက်တစ်နေ့တွင် အလုပ်လက်စကို သိမ်းပြီး မော်တော် ကားဖြင့် ပြန်ခဲ့လေသည်။
အိမ်တွင် အမောအပန်းဖြေကာ နံနက်စာ စားသောက်ပြီးမှ မခင်မေတို့အိမ်သို့ ထွက်ခဲ့လေသည်။ မခင်မေတို့ အိမ်ဝသို့ ရောက်သော အခါ တံခါးပိတ်ထားသဖြင့် လူခေါ်ခေါင်းလောင်းခလုတ်ကို နှိပ်လိုက်ရလေသည်။ မကြာမီ အိမ်အတွင်းမှ ခြေသံကြားရပြီး တံခါးပွင့်လာကာ မခင်မေကို တွေ့ ရလေတော့သည်။
မခင်မေ၏ မျက်နှာမှာ အသွေးအရောင် ဟူ၍ လုံးဝမရှိဘဲ လူသေမျက်နှာကဲ့သို့ ဖြစ်နေလေသည်။ ဝမ်းနည်းခြင်း၊ နာကျည်းခြင်း၊ ရှက်ခြင်းတို့ဖြင့် သူ့မျက်နှာမှာ ညိုပုပ်နေလေသည်။ သူသည် ကျွန်တော့် ကို မြင်သော အခါမုန်းတီးရွံရှာသော မျက်လုံးတို့ဖြင့် ကြည့်လိုက်ပြီး တံခါးရွက်ကို ပြန်ဆွဲကာ''တော် ပါပေတယ် ကိုအောင်၊ ရှင်မလာပါနဲ့တော့'' ဟု နှင်လေတော့သည်။
ကျွန်တော် က မလှုပ်မရှက် ရပ်မြဲရပ်နေတော့မှ ''ကဲပါလေ ရှင်ရှိနေလဲကောင်းပါတယ်။ သူပြန်သွားတော့ တမျိုးတဖုံး စီစဉ်ရတာ ပေါ့။ ကဲ လာချင်လဲလာပါ။ ဒါပေမယ့် ဘာစကားတစ်ခွန်းမှ မပြောဘဲနေပါ။ ကျွန်မ အခုဘယ်သူ့စကားမှ နားမထောင်ချင်သေးဘူး'' ဟုပြောကာ အိမ်တွင်းသို့ ပြန်ဝင်သွားလေသည်။
ကျွန်တော် လည်း နောက်မှလိုက်သွားရာ ဧည့်ခန်းသို့ ရောက်သော အခါမခင်မေက ဧည့်ခန်းထဲတွင် မတ်တတ်ရပ်နေသော အမျိုးသမီးတစ်ဦးနှင့် မိတ်ဆက်ပေးလေသည်။ ဆင်သီယာပါတကား...။
ဆင်သီယာသည် ဗိုလ်ဆန်ဆန်ပင် ကျွန်တော့် အား လက်ဆွဲ၍ နှုတ်ဆက်လေသည်။ သို့သော် သူ့မျက်နှာထားမှာ ပြုံးရယ်ခြင်းကား မရှိပေ။ သူသည်ကျွန်တော့် အား သိဟောင်းကျွမ်းဟောင်းကဲ့သို့ ပင် နှုတ်ဆက်လေ သည်။သူ့အသွင်အပြင်မှာ မခင်မေနှင့် တခြားစီ ဖြစ်လေသည်။ မခင်မေကပြော့ပျောင်းနွဲ့နှောင်းစွာ လှပ၍ သူက တောင့်တင်းခိုင်မာကာ ကျော့ရှင်းသူ ဖြစ်လေသည်။
''ကဲ...ကျွန်မ သွားလိုက်ပါဦးမယ်ရှင်။ ကျွန်မကို ခုလိုတွေ့ ခွင့်ပေးတာ ကျေးဇူးတင်ပါတယ်''
ဆင်သီယာသည် ငိုသံပါနှင့် ပြောရင်း နှုတ်ဆက်ကာ ပြန်သွားလေသည်။
မခင်မေ မပြောသော်လည်း ကျွန်တော် သိပါပြီ။ မခင်မေနှင့် ဆင်သီယာတို့သည် စိတ်မချမ်းမြေ့ဘွယ်ရာ ပြဿနာနှင့် ရင်ဆိုင်ခဲ့ရပါပြီ။
ထိုမှ မခင်မေသည် ''ကဲ...ဆိုစမ်းပါဦး ကိုအောင်'' ဟု စကားစလေသည်။
''ဘာမှ ဆိုစရာမရှိပါဘူး။ သူဘာတွေ ပြောသွားသလဲ မခင်မေ''
''ပြောတာ ကတော့ အစုံပဲ။ ဒါထက် ကိုအောင် ဖတ်တဲ့စာတွေ ထဲမှာ သူ့အကြောင်းပါတယ်နော်''
မခင်မေ၏ အသံမှာ ဒေါသဖြင့် တုန်နေလေ၏ ။
''ပါပါတယ် မခင်မေ။ ဒါပေမယ့် မခင်မေသိလည်း အကြောင်းထူးမှာ မဟုတ်လို့ မပြောခဲ့တာပါ။ အခု ဆင်သီယာ လာမယ်ဆိုတာကိုတောင် စောစောက ကျွန်တော် သိရရင် မခင်မေနဲ့ တွေ့ ခွင့်ရမှာ မဟုတ်ပါဘူး''
''စောစော ကတော့ ကျွန်မရှင့်ကို သိပ်စိတ်ဆိုးတာပဲ ကိုအောင်။ ဒါပေမယ့် ဘာပဲ ဖြစ် ဖြစ် ကျေးဇူးတင်ပါတယ်''
''ဟုတ်ပါတယ်၊ မခင်မေရင်ထဲမှာ ဘယ်လိုခံစားနေမယ်ဆိုတာ ကျွန်တော် ရိပ်မိပါတယ်။ မခင်မေ အခုလောက်နေနိုင်တာပဲ တော် လှပြီ''
''အိုလေ ကျွန်မဖြင့် သူ့ကို သတ်ချင်စိတ်တောင် ပေါက်မိပါတယ်။မနည်းထိန်းသိမ်းရပါတယ်''
''ကဲ...ဒါတွေ ပြောမနေနဲ့တော့ မခင်မေရယ်။ စိတ်ကောင်းကောင်းထားပြီး အနားယူပါ။ တရေး တမော အိပ်ပစ်လိုက်ပါ။ နောက်မှ စိတ်ပြေလက်ပျောက် ရုပ်ရှင်လေးဘာလေး ကြည့်ကြရအောင်''
''ကျွန်မတော့ မအိပ်ချင်ဘူး ကိုအောင်၊ သေချင်တယ်။ ရှင်လည်းသေရင်ကောင်းမယ်။ ဟိုကောင်မလည်း သေရင်ကောင်းမယ်။ အင်း...အင်း...ဟိုကောင်မတော့ မသေစေချင်ပါဘူးလေ။ သူ့ခမျာ လှလှပပနဲ့ သူချစ်တဲ့ကိုတင်ထွန်းကို အသက်ရှည်သမျှ စောင့်နေနိုင်ပါစေ''
''ဘာဆိုလိုတာလဲ မခင်မေ''
''သူလည်း ကျွန်မလို ကိုတင်ထွန်းကို စောင့်နေစေချင်လို့ပေါ့။ သူကကိုတင်ထွန်းကို မသေဘူးထင်နေတာ။ တာဝန်အရ နယ်ခြားမှာ ရှိနေသေးတယ်ထင်နေတာ။ ကိုတင်ထွန်းက သူ ပင်လယ်ဘက်သွားတာ ပြောမထားဘူးထင်ပါရဲ့ ''
''မပြောပါဘူး၊ သူ စရောက်ကတည်းက သူပြောသမျှ ကျွန်မကနား ထောင်နေခဲ့တာပါ။ သူ့စိတ်ထဲမှာ ကိုတင်ထွန်းဟာ တာဝန်ကိစ္စပြီးဆုံးရင်သူ့ဆီ ပြန်လာမယ်ထင်နေတယ်'
ကွ်ျတော် သည် မခင်မေအား ရူးများ နေရော့သလားဟု သံသယ ဖြစ်လာမိပါသည်။ မခင်မေ၏ အပြုအမူ အပြောအဆိုတို့ကို ကျွန်တော် နားမလည်နိုင်တော့ပါ။
''ဒီမှာ မခင်မေ ဒီလိုမလုပ်ပါနဲ့။ ခင်ဗျားဘယ်လိုပဲ စိတ်ထိခိုက်ထိခိုက်လူ တစ်ယောက် ကို ဒီလို မနှိပ်စက်ပါနဲ့။ ခင်ဗျားမှာ သာ ပိုစိတ်ဆင်းရဲမှာ ပါ။အ ဖြစ်မှန်ကို သူသိပါစေ။ သူဘယ်မှာ နေသတဲ့လဲဟင်''
''ကျွန်မ မသိဘူး ကိုအောင်။ ဒီလိုလေ ဆင်သီယာဟာ မောင့်ကိုချစ်တယ်။ မောင် အသက်ရှင်နေတုန်းပဲလို့ ထင်တယ်။ သူဒီလိုထင်တဲ့အတွက် ကျွန်မမှာ လည်း မောင်ဟာ အသက်ရှင်နေတုန်းပဲလို့ ထင်လာတယ်။စောစောက သူလာပြီး မောင့်အကြောင်းတွေ ပြောနေတုန်းမှာ ကျွန်မအနေနဲ့မောင် အသက်ရှင်နေတုန်းပဲလို့ ခံစားရတယ်။ ဒီလိုခံစားရတာ ဟာ မကောင်းဘူးလား ကိုအောင်။ သူ အသက်ရှင်နေသေးတာပဲဆိုတဲ့သဘောထားဟာကျွန်မကို စိတ်သက်သာရာ ရစေပါတယ်။ ကျွန်မ ပြောတာ သဘောပေါက်ရဲ့ လား ကိုအောင်''
ကျွန်တော် သည် သဘောမပေါက်သော်လည်း ခေါင်းညိတ်ကာ မခင်မေအား နှစ် သိမ့်စေခဲ့လေသည်။ ကျွန်တော် သည် နောက်ထပ် အတန်ကြာမျှမခင်မေအား ချော့မော့ဖျောင်းဖျကာ အိမ်သို့ ပြန်ခဲ့လေသည်။
နောက်တစ်နေ့ မခင်မေတို့အိမ်သို့ ရောက်သော အခါ ဧည့်ခန်းစားပွဲပေါ်တွင် စာတစ်စောင် တွေ့ ရသဖြင့် ဖတ်ကြည့်ရာ ဆင်သီယာထံမှစာ ဖြစ်နေလေသည်။
''မမလို မိန်းမ တစ်ယောက် ရဲ့ ယောက်ျားနဲ့ ကျွန်မဟာ အရှုပ်အရှင်းမ ဖြစ်ထိုက်ကြောင်း ကျွန်မသိပါပြီ။ မနေ့က ကျွန်မအပေါ်မှာ မမဆက်ဆံပုံမျိုးကို ကျွန်မသာ မမနေရာမှာ နေရရင် ဆက်ဆံနိုင်မယ် မဟုတ်ပေဘူး။ဒီတော့ ကျွန်မ ဒီအတိုင်းနေလို့ မ ဖြစ်တော့ပါ။ မမကို ကိုကိုထွန်း ချစ်ကြောင်းကျွန်မ သိပါသည်။ ကိုကိုထွန်းအပေါ်မှာ ထားရှိတဲ့မမရဲ့ ချစ်မေတ္တာဟာကျွန်မထက် ပိုမိုကြီးမားပါတယ်။ ကျွန်မ သိပါပြီ။ ဒါကြောင့် မို့ ကိုကိုထွန်းနဲ့ကျွန်မ နောက်ထပ်မတွေ့ တော့ပါ။ မမအပေါ်မှာ ကျွန်မ အနိုင်မယူရက်ပါ။အရှုံးပေးပါပြီ။ ကျွန်မရဲ့ ဘဝကိုလည်း အရှုံးပေးပါပြီ။ မမရဲ့ မောင်ကို မမတစ်ဦးတည်းသာ အပိုင်ယူပါတော့''
စာအဆုံး၌ ကျွန်တော် သည် မခင်မေကို လိုက်ရှာရာ အိပ်ရာပေါ်တွင် ငို၍ နေသော မခင်မေကို တွေ့ ရလေသည်။
မခင်မေ၏ စိတ်ထိခိုက်မှု ကား ပြင်းထန်လှပေသည်။ ရက်အတော် ကြာမျှမည် သူနှင့် မျှလည်း စကားမပြော။ အစာလည်း သိပ်မစား။ အိပ်လည်းသိပ်မအိပ်သဖြင့် ဆရာဝန်ပင် ခေါ်၍ ကုရလေသည်။
ဆင်သီယာသည် အ ဖြစ်မှန်ကို တကယ်ပင်မသိဘဲ မခင်မေအား ကရုဏာ စေတနာထက်သန်စွာ ဖြင့် သေဆုံးခဲ့ပြီ ဖြစ်သော ကိုတင်ထွန်းအား ပြန်ပေးခဲ့လေသလော။ သို့ မဟုတ် ကိုတင်ထွန်း သေဆုံးသွားပြီကို နောက်မှသိလာကာ မခင်မေအား စိတ်ထိခိုက်စေလိုသည့် သဘောထားဖြင့် မိန်းမတို့ဘာဝငေါ့သွားခြင်းပေလော။
ကျွန်တော် ကား မည် သို့ မျှ မတွေးတတ်နိုင်ခဲ့ပေ။ မည် သို့ ပင် ဖြစ်စေထိုအကြောင်းကို တွေးမိတိုင်း ကျွန်တော် သည် မခင်မေကိုရော ဆင်သီယာကိုပါ ကရုဏာသက်ကာ ခွင့်လွှတ်မိပါသတည်း။ ။
သန်းဆွေ
မြဝတီမဂ္ဂဇင်ွး
အတွဲ ၁၁၊ အမှတ် ၁၂၊ွ
ပွင့်ဦး | ဆုထူးရွယ် | ကြယ်ပွင့်လွှာ |