ဂီတနက်သန်-ကိုစောညိန်း
(၁၉၂၅-၁၉၅၂)
မြင်းခြံမြို့နယ်၊ နွားထိုးကြီးအပိုင် ရွာသာယာ၌ မွေးဖွား ခဲ့သည်။
ကိုစောညိန်းသည် ကာတွန်းဆရာ၊ ပန်းချီဆရာ၊ သတင်းစာဆရာ၊ စာရေး ဆရာ တဦးလည်း ဖြစ်သည်။ (၁၉၃၈-၃၉)နှစ် ၊ ကာတွန်းရုပ်စုံခေတ်မှစ၍ သမာဓိ သတင်းစာ၊ ဒီးဒုတ်ဂျာနယ်၊ လင်းယုန်ဂျာနယ်၊ရန်ကျော်ဂျာနယ်တို့ တွင် ရေး သားခဲ့သည်။
၁၉၅ဝ-ခုနှစ် က ဆန်းသစ်စ ကာလပေါ်အပျော်တမ်းအဖွဲ့မှ''ဝသန်ခါဦး'' သီချင်းရေး သားပြီး ဂီတလောက၌ ထင်ရှားလာခဲ့သူ ဖြစ်သည်။
စံပယ်၊ သစ္စာ၊ စိန်၊ မိုးသက်လေနှင်၊ ပွင့်ဦး၊ နွေနှောင်း ဝသန်၊ချစ်ပြုံးနှင်းဆီ၊ ဝဏ္ဏပဘာဟူ၍ အပါအဝင် သီချင်း ပေါင်း ၃၇-ပုဒ် ရေး သားခဲ့သည်။
ညီ ဖြစ်သူ ကိုလှဝေ ရန် ဖြစ်လာရာမှ ကိုစောညိန်း ဝင်ရောက်ဖျန်ဖြေယင်း ထိခိုက်ဒဏ်ရာရလျက် ကွယ်လွန်ရှာခဲ့သည်။ ကိုစောညိန်းကွယ်လွန်ချိန်တွင် သူ၏ အသက်မှာ ၂၇-နှစ် သာ ရှိသေးသည်။
စာရေး ဆရာ-သန်းဆွေ
(၁၉၂၆-၁၉၆၄)
ဆရာသန်းဆွေသည် စစ်ပြီးခေတ်တွင် ထင်ရှားလာသော ...စာရေး ဆရာ တဦး ဖြစ်သည်။
''ချစ်ကြွေးမပြေ'' အမည် ရှိ ဝတ္ထုရှည်ကြီးဖြင့် စတင်နာမည် ကြီးလာသည့် အလွမ်းစာရေး ဆရာ တဦးလည်း ဖြစ်သည်။
သတင်းစာ ဆရာဘဝ၊ စာရေး ဆရာဘဝများ ၌ ကျင်လည်ခဲ့ယင်းဂီတပညာကိုပါ မြတ်နိုးလေ့လာသူ တဦး ဖြစ်ရာ... ထိုခေတ်က ဂီတလောက၌ နာမည် ကြီးလှသည့် ''ဂီတနက်သန် ကိုစောညိန်း''နှင့် ရင်းနှီးသူ ဖြစ်၏ ။
''ပွင့်ဦး'' သည် ဂီတနက်သန် ကိုစောညိန်း၏ နာမည် ကြီးသီချင်းတပုဒ်ကို မူတည်၍ ရေး ဖွဲ့ထားသော တကယ့်အ ဖြစ်အပျက်များ သာ ဖြစ်ပါသည်။
စာရေး ဆရာ သန်းဆွေသည် ၁၉၆၄-ခု ဧပြီလ ၁၄-ရက်နေ့တွင် အင်းလျားကန်၌ ရေနစ်၍ သေဆုံးခဲ့ရရှာသည်။ ကွယ်လွန်ချိန်တွင် ၃၈-နှစ် သာ ရှိသေးသည်။
ဤဝတ္ထုတွင် ...ဂီတနက်သန် ကိုစောညိန်း၏ ''အချစ်ဒဿနသစ်'' ခံစားမှု အား ဆရာသန်းဆွေက... ဖွဲ့နွဲ့ထားသည်ကို ဖော်ပြလိုက်ပါကြောင်း...
ပွင့်ဦး
တယောဆရာလေး ကိုစောနိုင်နှင့် ကျွန်တော့် အား စာရေး ဆရာကိုဘုန်းကြွယ်က မိတ်ဆက်ပေးခဲ့လေသည်။
ထိုစဉ်က ကိုစောနိုင်အား တယောဆရာ ဂီတသမားအ ဖြစ်နှင့် မသိခဲ့ရ။ ဆင်းရဲခြင်း အထပ်ထပ် ရစ်ပတ်ဝန်းရံလျက်ရှိသော မြန်မာစာရေး ဆရာလောကကို ဝင်ရောက်ရန် လက်လှမ်းနေသူ တစ်ဦးအနေဖြင့် သိခဲ့ရလေသည်။ ကျွန်တော့် မှာ မူ စာပဒေသာမဂ္ဂဇင်းကို အောင်မြင်၊ တင့်တယ်တို့နှင့် တွဲ ဖက်၍ လုပ်ကိုင်နေချိန် ဖြစ်လေသည်။ အလုပ်အားလပ်ချိန်များ တွင် ရောဂါ သည် ကိုဘုန်းကြွယ်ထံ အလည်အပတ်သွားယင်း ကိုဘုန်းကြွယ်နှင့် ထွေရာလေးပါး စကားလက်ဆုံကျတတ်သည်။ ကိုစောနိုင်မှာ ကိုဘုန်းကြွယ်နှင့် အတူနေထိုင်သူ ဖြစ်သဖြင့် ကိုစောနိုင်နှင့် လည်း ဆုံကြရပေသည်။
သို့ နှင့် တစ်နေ့တွင် ဂီတအကြောင်း စကားစပ်မိတော့မှကိုစောနိုင်မှာ တယောသက် ဆယ်နှစ် ခန့်ရှိသော တယောဆရာတစ်ဦးမှန်း သိရလေသည်။ တယောသာမက အခြားတူရိယာများ ကိုလည်း အသင့်အတင့် တီးမှု တ်တတ်သူ ဖြစ်ကြောင်းကို ကိုဘုန်းကြွယ်က ပြောပြ၍ သိခဲ့ရလေသည်။ ကျွန်တော် ၏ တောင်းပန်ချက်ကြောင့် သူ၏ တယောသံကို ကြားရတော့သည်။
သူ့ တယောသံကား ပျော့လှသည်။ နွဲ့လှသည်။ ချွဲလှသည်။ငိုသံပါနေပါသည်။ အဆိုတော် မိန်းကလေးထံမှ အလွမ်းဇာတ်တစ်ခုကို နားထောင်နေရသည်နှင့် တူလှပေသည်။ သူ၏ သီချင်းဆိုသံမှာ လည်း သူ့တယောသံကဲ့သို့ ပင် ပျော့လှသည်။ နုလှသည်။ ချွဲလှသည်။အေးလှသည်။ သူ့တယောသံနှင့် သီချင်းသံကို ကြားရစက ကျွန်တော့်မှာ ဝမ်းနည်းသလို၊ ငိုချင်သလိုလို ဖြစ်ခဲ့မိ၏ ။
နောက်တစ်ကြိမ် ကိုဘုန်းကြွယ်ထံသို့ သွားသော အခါတွင် ကား ကိုစောနိုင် တစ်ယောက် သူ၏ မိဘများ ထံသို့ ပြန်သွားကြောင်းသိရလေတော့သည်။ သူသည် မပြန်မီ လူသိနည်းသော ဝတ္ထုတစ်ပုဒ်ကို ရေး သား ထုတ်ဝေခဲ့ရှာပေသည်။
''ကိုစောနိုင်တော့ စာပေလောကကို စိတ်ပျက်တာနဲ့ လစ်သွားတာ ထင်ပါရဲ့ ဗျာ၊ ဟုတ်လား ကိုဘုန်းကြွယ်...''
''ဟုတ်မှာ ပါပဲ''
''ကိုယ့်လူက တယောထိုး အတော် ကောင်းတာပဲ။ တယောဆရာလုပ်ယင် ထမင်းစားလောက်လျက်သားနဲ့ ဘာ ဖြစ်လို့ မလုပ်ပါလိမ့်''
''တစ်ခါက ပြဇာတ်တစ်ခုမှာ ဝင်လုပ်ဖူးသေးတယ်။ ဒါပေမယ့် ခက်တာက သူက ဂီတလိုက်စားတာမှာ ပညာတစ်ရပ်အနေနဲ့လိုက်စားပေမယ့် ကြေးစားသမားအ ဖြစ်နဲ့ မခံယူဘူး''
''သြော်...သြော်...''
''နောက်ပြီး ဒီလူက ပန်းချီလည်း အတော် အတန်ဆွဲနိုင်တာပဲ။ ပန်းချီသင်တန်းတွေ ဘာတွေ လည်း တက်ခဲ့တယ်''
''စမ်းကြည့်ဖို့ ကောင်းတယ်''
''စမ်းတော့ ဝင်စမ်းတာပဲ။ ဒါပေမယ့် ခက်တယ် ကိုသန်းဆွေ။ အနုပညာသမား၊ စာပေ ပန်းချီ ဂီတသမားတွေ ဟာ မသေရုံနေနိုင်တာကလွဲလို့ စီးပွား ဖြစ် လုပ်ကိုင်နိုင်ဖို့ အတော် ခဲယဉ်းတယ်။ဒီတော့ ဒီလောကထဲကို တော် ရုံတန်ရုံဟာ မဝင်နိုင်ဘူးပေါ့''
''ကိုစောနိုင်လည်း စိတ်ပျက်နေပြီ ထင်ပါရဲ့ ''
''ဟုတ်ချင်မှ ဟုတ်မှာ ဗျ။ ဒီလူက ဇွဲတော့ကြီးတယ်။ သူလုပ်ချင်တာကို မ ဖြစ် ဖြစ်အောင် လုပ်တတ်တယ်။ နောက်ဆုတ်တတ်တဲ့လူမျိုးတော့ မဟုတ်ဘူး''
ကိုဘုန်းကြွယ်ကား ယခုမရှိတော့ပြီ။
ကိုဘုန်းကြွယ် သေပြီးနောက်တွင် မှ ကိုစောနိုင်နှင့် ကျွန်တော် မှာ ရင်းနှီးစွာ ပေါင်းသင်းမိကြလေတော့သည်။ ကိုစောနိုင်နှင့် နောက်တစ်ကြိမ် တွေ့ ချိန်ကား ကိုစောနိုင်မှာ ဂီတသမားသက်သက် ဖြစ်နေသည်ကို တွေ့ ရပေတော့သည်။ ဂီတဖြင့် ငွေမရှာသေးဘဲ အခြား လုပ်ငန်းတစ်ခုကို လုပ်နေသော်လည်း ဂီတကို ပို၍ အရေး ထားလေသည်။ လုပ်ငန်းချိန် အခြားမဲ့၌ ကျန်နေသော အချိန်တို့တွင် တူရိယာ တစ်ခုကို အခန့်သင့်သလို တီးမှု တ်နေတတ်ပေသည် သီချင်းများ ကိုလည်း စပ်ဟပ်သီကုံးနေတတ်လေသည်။
တစ်ခါတစ်ရံ ကျွန်တော် နှင့် အတူ စာပေ ဂီတအကြောင်းမှစ၍ လောကရေး ရာ အဖြာဖြာတို့ကို ဆွေးနွေးတတ်ကြပေသည်။
ကျွန်တော် သည် သူ့အား တစ်နေ့ထက်တစ်နေ့ ခင်မင်လာသည်နှင့် အမျှ သူ့ဘဝကိုလည်း စိတ်ဝင်စားလာမိတော့သည်။ သူ၏ ကြေကွဲဖွယ်ရာ သီချင်းများ ကို ဆိုရင်း နားထောင်ရင်း တိမ်မြုပ်နေခဲ့ပြီ ဖြစ်သော သူ၏ အတိတ်ကာလကို မှန်းဆကြည့်မိလေသည်။ သူ၏ အတိတ် ဖြစ်စဉ်ကို မေးလိုလှသော်လည်း ရင်တွင်းရှိ စိတ်မချမ်းသာမှု ကို အနိုင်နိုင် ဖိနှိပ်ထားရဟန်တူသော သူ၏ အမူအရာကြောင့် မေးလိုသည့်စကားကိုပင် မမေးရက်ခဲ့ပေ။
လူ တစ်ယောက် ၏ ချစ်ဇာတ်လမ်းကို သူ့အလိုလိုပြောမလာဘဲနှင့် မေးမြန်းစုံစမ်းရသည်ဆိုခြင်းမှာ ကျွန်တော့် အဖို့ မလွယ်ကူလှပေ။ ထိုအချစ်ဇာတ်လမ်းမှာ ကြေကွဲဖွယ်ရာ ဖြစ်ပေလိမ့်မည် ။
တွေးမိသည့်ဇာတ်မျိုးဆိုပါက သာ၍ ပင် အမေးရခက်လေသည်။
သို့ သော် တစ်နေ့တွင် ကိုစောနိုင်သည် သူ၏ ချစ်ဇာတ်လမ်းကို ဖော်ပြလျက်ရှိသော သီချင်းတစ်ပုဒ်ကို စပ်ခဲ့ရာ သူ၏ ဇာတ်လမ်းကို ကျွန်တော့် အား ပြောပြလေသည်။
သီချင်း၏ အမည် ကို ''ပွင့်ဦး'' ဟူ၍ မှည့်ခေါ်ထားလေသည်။
ချစ်ကြွေးမပြေ | ချစ်သဝဏ်လွှာ | ကြယ်ပွင့်လွှာ |